ဓမ္မလမ်း

ဧကကနိပါတပါဠိ

အင်္ဂါတစ်ပါးတည်းဖြင့် စီစဉ်ထားသော သုတ်တော်များ ပါဝင်သည့် ပထမနိပါတ်။

ဤကျမ်း၏ အဋ္ဌကထာ

ဤကျမ်း၏ ဋီကာ

ဧကကနိပါတပါဠိ မူလပါဠိတော်

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁

အင်္ဂုတ္တရနိကာယော

ဧကကနိပါတပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ရူပါဒိဝဂ္ဂေါ

၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကရူပမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ဣတ္ထိရူပံ။ ဣတ္ထိရူပံ, ဘိက္ခဝေ, ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ ပဌမံ။

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ရဟန်းတို့ ဤမိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ ပထမသုတ်။

Numbered Discourses 1.1–10 The Chapter on What Occupies the Mind 1 So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I do not see a single sight that occupies a man’s mind like the sight of a woman. The sight of a woman occupies a man’s mind.” 2

၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကသဒ္ဒမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ဣတ္ထိသဒ္ဒေါ။ ဣတ္ထိသဒ္ဒေါ, ဘိက္ခဝေ, ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ ဒုတိယံ။

၂။ ရဟန်းတို့ ဤမိန်းမ၏ အသံသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အသံကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အသံသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single sound that occupies a man’s mind like the sound of a woman. The sound of a woman occupies a man’s mind.” 3

၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဂန္ဓမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ဣတ္ထိဂန္ဓော။ ဣတ္ထိဂန္ဓော, ဘိက္ခဝေ, ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ တတိယံ။

၃။ ရဟန်းတို့ ဤမိန်းမ၏ အနံ့သည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အနံ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အနံ့သည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single smell that occupies a man’s mind like the smell of a woman. The smell of a woman occupies a man’s mind.” 4

၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကရသမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ဣတ္ထိရသော။ ဣတ္ထိရသော, ဘိက္ခဝေ, ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ စတုတ္ထံ။

၄။ ရဟန်းတို့ ဤမိန်းမ၏ အရသာသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အရသာကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အရသာသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single taste that occupies a man’s mind like the taste of a woman. The taste of a woman occupies a man’s mind.” 5

စာ-၂

၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဖောဋ္ဌဗ္ဗမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ဣတ္ထိဖောဋ္ဌဗ္ဗော။ ဣတ္ထိဖောဋ္ဌဗ္ဗော, ဘိက္ခဝေ, ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ ပဉ္စမံ။

၅။ ရဟန်းတို့ ဤမိန်းမ၏ အတွေ့သည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အတွေ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အတွေ့သည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single touch that occupies a man’s mind like the touch of a woman. The touch of a woman occupies a man’s mind.” 6

၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကရူပမ္ပိ သမနုပဿာမိ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ပုရိသရူပံ။ ပုရိသရူပံ, ဘိက္ခဝေ, ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ ဆဋ္ဌံ။

၆။ ရဟန်းတို့ ဤယောကျာ်း၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောကျာ်း၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, I do not see a single sight that occupies a woman’s mind like the sight of a man. The sight of a man occupies a woman’s mind.” 7

၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကသဒ္ဒမ္ပိ သမနုပဿာမိ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ပုရိသသဒ္ဒေါ။ ပုရိသသဒ္ဒေါ, ဘိက္ခဝေ, ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ သတ္တမံ။

၇။ ရဟန်းတို့ ဤယောကျာ်း၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြားတစ်ခုသော အသံကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောကျာ်း၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single sound that occupies a woman’s mind like the sound of a man. The sound of a man occupies a woman’s mind.” 8

၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဂန္ဓမ္ပိ သမနုပဿာမိ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ပုရိသဂန္ဓော။ ပုရိသဂန္ဓော, ဘိက္ခဝေ, ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ အဋ္ဌမံ။

၈။ ရဟန်းတို့ ဤယောကျာ်း၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြား တစ်ခုသော အနံ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောကျာ်း၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single smell that occupies a woman’s mind like the smell of a man. The smell of a man occupies a woman’s mind.” 9

၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကရသမ္ပိ သမနုပဿာမိ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ပုရိသရသော။ ပုရိသရသော, ဘိက္ခဝေ, ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ နဝမံ။

၉။ ရဟန်းတို့ ဤယောကျာ်း၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အရသာကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောကျာ်း၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single taste that occupies a woman’s mind like the taste of a man. The taste of a man occupies a woman’s mind.” 10

၁၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဖောဋ္ဌဗ္ဗမ္ပိ သမနုပဿာမိ ယံ ဧဝံ ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ, ဘိက္ခဝေ, ပုရိသဖောဋ္ဌဗ္ဗော။ ပုရိသဖောဋ္ဌဗ္ဗော, ဘိက္ခဝေ, ဣတ္ထိယာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’’တိ။ ဒသမံ။

ရူပါဒိဝဂ္ဂေါ ပဌမော။

၁၀။ ရဟန်းတို့ ဤယောကျာ်း၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အတွေ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောကျာ်း၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ရှေးဦးစွာသော ရူပါဒိဝဂ် ပြီး၏။

“Mendicants, I do not see a single touch that occupies a woman’s mind like the touch of a man. The touch of a man occupies a woman’s mind.”

၂။ နီဝရဏပ္ပဟာနဝဂ္ဂေါ

၁၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နော ဝါ ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ကာမစ္ဆန္ဒော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, သုဘနိမိတ္တံ။ သုဘနိမိတ္တံ, ဘိက္ခဝေ, အယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ ဥပ္ပန္နော စ ကာမစ္ဆန္ဒော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’တိ။ ပဌမံ။

၂-နီဝရဏပ္ပဟာနဝဂ် ၁၁။ ရဟန်းတို့ ဤသုဘနိမိတ်၁သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၂၏ ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ် ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သိုု့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သုဘနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.11–20 The Chapter on Giving Up the Hindrances 11 “Mendicants, I do not see a single thing that gives rise to sensual desire, or, when it has arisen, makes it increase and grow like the feature of beauty. When you apply the mind irrationally to the feature of beauty, sensual desire arises, and once arisen it increases and grows.” 12

စာ-၃

၁၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နော ဝါ ဗျာပါဒေါ ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ဗျာပါဒေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပဋိဃနိမိတ္တံ။ ပဋိဃနိမိတ္တံ, ဘိက္ခဝေ, အယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ဗျာပါဒေါ ဥပ္ပဇ္ဇတိ ဥပ္ပန္နော စ ဗျာပါဒေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’တိ။ ဒုတိယံ။

၁၂။ ရဟန်းတို့ ဤပဋိဃနိမိတ်၃သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏၄လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပဋိဃနိမိတ်ကို မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဗျာပါဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single thing that gives rise to ill will, or, when it has arisen, makes it increase and grow like the feature of aversion. When you apply the mind irrationally to the feature of aversion, ill will arises, and once arisen it increases and grows.” 13

၁၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နံ ဝါ ထိနမိဒ္ဓံ [ထီနမိဒ္ဓံ (သီ။ သျာ။ ကံ။ ပီ။)] ဥပ္ပဇ္ဇတိ ဥပ္ပန္နံ ဝါ ထိနမိဒ္ဓံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အရတိ တန္ဒီ [တန္ဒိ (က။)] ဝိဇမ္ဘိတာ [ဝိဇမ္ဘိကာ (သီ။ သျာ။ ကံ။ ပီ။)] ဘတ္တသမ္မဒေါ စေတသော စ လီနတ္တံ။ လီနစိတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နဉ္စေဝ ထိနမိဒ္ဓံ ဥပ္ပဇ္ဇတိ ဥပ္ပန္နဉ္စ ထိနမိဒ္ဓံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’တိ။ တတိယံ။

၁၃။ ရဟန်းတို့ ဤမမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်လက်ဆန့်ငင်ခြင်း ထမင်းဆီယစ်ခြင်း စိတ်၏ ဆုတ်နစ်ခြင်းသည် မဖြစ်ပေါ်သေးသော ထိန မိဒ္ဓ၆၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိန မိဒ္ဓ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုတ်နစ်သော စိတ်ရှိသူအား မဖြစ်ပေါ်သေးသော ထိန မိဒ္ဓသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that gives rise to dullness and drowsiness, or, when they have arisen, makes them increase and grow like discontent, sloth, yawning, sleepiness after eating, and mental sluggishness. When you have a sluggish mind, dullness and drowsiness arise, and once arisen they increase and grow.” 14

၁၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နံ ဝါ ဥဒ္ဓစ္စကုက္ကုစ္စံ ဥပ္ပဇ္ဇတိ ဥပ္ပန္နံ ဝါ ဥဒ္ဓစ္စကုက္ကုစ္စံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စေတသော အဝူပသမော။ အဝူပသန္တစိတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နဉ္စေဝ ဥဒ္ဓစ္စကုက္ကုစ္စံ ဥပ္ပဇ္ဇတိ ဥပ္ပန္နဉ္စ ဥဒ္ဓစ္စကုက္ကုစ္စံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’တိ။ စတုတ္ထံ။

၁၄။ ရဟန်းတို့ ဤစိတ်၏ မငြိမ်းအေး၇ခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၉၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်မငြိမ်းအေးသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that gives rise to restlessness and remorse, or, when they have arisen, makes them increase and grow like an unsettled mind. When your mind is unsettled, restlessness and remorse arise, and once arisen they increase and grow.” 15

၁၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ ဝါ ဝိစိကိစ္ဆာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အယောနိသောမနသိကာရော။ အယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ စ ဝိစိကိစ္ဆာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’တိ။ ပဉ္စမံ။

၁၅။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၁၁၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ် သေးသော ဝိစိကိစ္ဆာသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that gives rise to doubt, or, when it has arisen, makes it increase and grow like irrational application of mind. When you apply the mind irrationally, doubt arises, and once arisen it increases and grows.” 16

၁၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နော ဝါ ကာမစ္ဆန္ဒော နုပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ကာမစ္ဆန္ဒော ပဟီယတိ ယထယိဒံ, ဘိက္ခဝေ, အသုဘနိမိတ္တံ။ အသုဘနိမိတ္တံ, ဘိက္ခဝေ, ယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ကာမစ္ဆန္ဒော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ကာမစ္ဆန္ဒော ပဟီယတီ’’တိ။ ဆဋ္ဌံ။

၁၆။ ရဟန်းတို့ ဤအသုဘနိမိတ်၁၂သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ အသုဘနိမိတ်ကို သင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, I do not see a single thing that prevents sensual desire from arising, or, when it has arisen, gives it up like the feature of ugliness. When you apply the mind rationally to the feature of ugliness, sensual desire does not arise, or, if it has already arisen, it’s given up.” 17

၁၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နော ဝါ ဗျာပါဒေါ နုပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ဗျာပါဒေါ ပဟီယတိ ယထယိဒံ, ဘိက္ခဝေ, မေတ္တာ စေတောဝိမုတ္တိ။ မေတ္တံ, ဘိက္ခဝေ, စေတောဝိမုတ္တိံ ယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ဗျာပါဒေါ နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ဗျာပါဒေါ ပဟီယတီ’’တိ။ သတ္တမံ။

၁၇။ ရဟန်းတို့ ဤမေတ္တာစေတောဝိမုတ္တိ၁၃သည် မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ် ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗျာပါဒ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗျာပါဒ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိ ကို သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ဗျာပါဒသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ် ပြီးသော ဗျာပါဒသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single thing that prevents ill will from arising, or, when it has arisen, gives it up like the heart’s release by love. When you apply the mind rationally to the heart’s release by love, ill will does not arise, or, if it has already arisen, it’s given up.” 18

စာ-၄

၁၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နံ ဝါ ထိနမိဒ္ဓံ နုပ္ပဇ္ဇတိ ဥပ္ပန္နံ ဝါ ထိနမိဒ္ဓံ ပဟီယတိ ယထယိဒံ, ဘိက္ခဝေ, အာရမ္ဘဓာတု နိက္ကမဓာတု ပရက္ကမဓာတု။ အာရဒ္ဓဝီရိယဿ, ဘိက္ခဝေ, အနုပ္ပန္နဉ္စေဝ ထိနမိဒ္ဓံ နုပ္ပဇ္ဇတိ ဥပ္ပန္နဉ္စ ထိနမိဒ္ဓံ ပဟီယတီ’’တိ။ အဋ္ဌမံ။

၁၈။ ရဟန်းတို့ ဤအာရဗ္ဘဓာတ် နိက္ကမဓာတ် ပရက္ကမဓာတ်၁၆သည် မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ရှိသော သူအား မဖြစ်ပေါ်သေးသော ထိနမိဒ္ဓသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that prevents dullness and drowsiness from arising, or, when they have arisen, gives them up like the elements of initiative, persistence, and vigor. When you’re energetic, dullness and drowsiness do not arise, or, if they’ve already arisen, they’re given up.” 19

၁၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နံ ဝါ ဥဒ္ဓစ္စကုက္ကုစ္စံ နုပ္ပဇ္ဇတိ ဥပ္ပန္နံ ဝါ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီယတိ ယထယိဒံ, ဘိက္ခဝေ, စေတသော ဝူပသမော။ ဝူပသန္တစိတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နဉ္စေဝ ဥဒ္ဓစ္စကုက္ကုစ္စံ နုပ္ပဇ္ဇတိ ဥပ္ပန္နဉ္စ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီယတီ’’တိ။ နဝမံ။

၁၉။ ရဟန်းတို့ ဤစိတ်၏ ငြိမ်းအေးခြင်းသည် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ငြိမ်းအေးသော စိတ်ရှိသောသူအား မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that prevents restlessness and remorse from arising, or, when they have arisen, gives them up like a settled mind. When the mind is settled, restlessness and remorse do not arise, or, if they’ve already arisen, they’re given up.” 20

၂၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ဝိစိကိစ္ဆာ နုပ္ပဇ္ဇတိ ဥပ္ပန္နာ ဝါ ဝိစိကိစ္ဆာ ပဟီယတိ ယထယိဒံ, ဘိက္ခဝေ, ယောနိသောမနသိကာရော။ ယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ ဝိစိကိစ္ဆာ နုပ္ပဇ္ဇတိ ဥပ္ပန္နာ စ ဝိစိကိစ္ဆာ ပဟီယတီ’’တိ။ ဒသမံ။

နီဝရဏပ္ပဟာနဝဂ္ဂေါ ဒုတိယော။

၂၀။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်း၁၇သည် မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့ သိုု့ ဤအတူ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာသည်လည်း ကင်းပျောက်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ နှစ်ခုမြောက် နီဝရဏပ္ပဟာနဝဂ် ပြီး၏။ ၁။ ရာဂဖြစ်ကြောင်း နှစ်သက်ဖွယ် အာရုံ။ ၂။ ကာမဂုဏ်တို့၌ ဖြစ်ပေါ်သော လိုလားတောင့်တခြင်း။ ၃။ ဒေါသဖြစ်ကြောင်း မနှစ်သက်ဖွယ် အာရုံ။ ၄။ သူတစ်ပါးကို ပျက်စီးစေလိုခြင်း။ ၅။ စိတ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။ ၆။ ကိုယ်၏ မခံ့ကျန်းခြင်း လေးလံထိုင်းမှိုင်းခြင်း။ ၇။ ဈာန်ဖြင့်သော်လည်းကောင်း ဝိပဿနာဖြင့်သော်လည်းကောင်း မငြိမ်းအေးစေအပ်သေးသော စိတ်။ ၈။ စိတ်၏ ပျံ့လွင့်ခြင်း။ ၉။ ပြုလိုက်မိသော မကောင်းမှု မပြုလိုက်မိသော ကောင်းမှုကြောင့် ဖြစ်ပေါ်သော နှလုံးမသာခြင်း။ ၁၀။ အနိစ္စ၌ နိစ္စဟု ဒုက္ခ၌ သုခဟု အနတ္တ၌ အတ္တဟု အသုဘ၌ သုဘဟု မှားသောနည်းလမ်းဖြင့် စိတ်၌ ထားခြင်း။ ၁၁။ ဘုရားတရား သံဃာ သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်း။ ၁၂။ ဥဒ္ဓုမာတက စသည့် အသုဘ ဆယ်ပါး၌ ဖြစ်သောအာရုံနှင့် တကွသော ပဌမဈာန်။ ၁၃။ ဗျာပါဒမှ လွတ်သောစိတ်နှင့် ယှဥ်သော မေတ္တာဈာန်။ ၁၄။ ဦးစွာအစ အားထုတ်ခြင်း။ ၁၅။ ပျင်းရိမှုမှ လွတ်မြောက်အောင် အားထုတ်ခြင်း။ ၁၆။ နိက္ကမဓာတ်ထက် လွန်ကဲအောင် အားထုတ်ခြင်း။ ၁၇။ အနိစ္စ၌ အနိစ္စဟု ဒုက္ခ၌ ဒုက္ခဟု အနတ္တ၌ အနတ္တဟု အသုဘ၌ အသုဘဟု မှန်သော နည်းလမ်းဖြင့် စိတ်၌ထားခြင်း။

“Mendicants, I do not see a single thing that prevents doubt from arising, or, when it has arisen, gives it up like rational application of mind. When you apply the mind rationally, doubt does not arise, or, if it’s already arisen, it’s given up.”

၃။ အကမ္မနိယဝဂ္ဂေါ

၂၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ အကမ္မနိယံ ဟောတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ [ယထယိဒံ စိတ္တံ (သီ။ ပီ။) ဧဝမုပရိပိ]။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အကမ္မနိယံ ဟောတီ’’တိ။ ပဌမံ။

၃-အကမ္မနိယဝဂ် ၂၁။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်၂သည် ပြုခြင်းငှါ မသင့််လျော် မလွယ်ကူ သကဲ့သို့၊ ဤအတူ ပြုခြင်းငှါ မသင့်လျော် မလွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.21–30 The Chapter on the Unworkable 21 “Mendicants, I do not see a single thing that is so unworkable as this mind that is not developed. An undeveloped mind is unworkable.” 22

၂၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ကမ္မနိယံ ဟောတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ကမ္မနိယံ ဟောတီ’’တိ။ ဒုတိယံ။

၂၂။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်၅သည် ပြုခြင်းငှါ သင့််လျော် လွယ်ကူသကဲ့သို့၊ ဤအတူ ပြုခြင်းငှါ သင့်လျော်လွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူ၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single thing that is so workable as this mind that is developed A developed mind is workable.” 23

စာ-၅

၂၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ တတိယံ။

၂၃။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not developed. An undeveloped mind is very harmful.” 24

၂၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ စတုတ္ထံ။

၂၄။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is developed. A developed mind is very beneficial.” 25

၂၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ အပါတုဘူတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အပါတုဘူတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ပဉ္စမံ။

၂၅။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not developed or manifested. An undeveloped and unmanifested mind is very harmful.” 26

၂၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ပါတုဘူတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ပါတုဘူတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဆဋ္ဌံ။

၂၆။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is developed and manifested. A developed and manifested mind is very beneficial.” 27

၂၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ အဗဟုလီကတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အဗဟုလီကတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ သတ္တမံ။

၂၇။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ် သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not developed and cultivated. An undeveloped and uncultivated mind is very harmful.” 28

၂၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ အဋ္ဌမံ။

၂၈။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is developed and cultivated. A developed and cultivated mind is very beneficial.” 29

၂၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဘာဝိတံ အဗဟုလီကတံ ဒုက္ခာဓိဝဟံ ဟောတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဘာဝိတံ အဗဟုလီကတံ ဒုက္ခာဓိဝဟံ ဟောတီ’’တိ။ နဝမံ။

၂၉။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့၊ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that brings such suffering as this mind that is not developed and cultivated. An undeveloped and uncultivated mind brings suffering.” 30

၃၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ သုခါဓိဝဟံ ဟောတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ သုခါဓိဝဟံ ဟောတီ’’တိ။ ဒသမံ။

အကမ္မနိယဝဂ္ဂေါ တတိယော။

၃၀။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့၊ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ သုံးခုမြောက် အကမ္မနိယဝဂ် ပြီး၏။ ၁။ ဘာဝနာ၏ အစွမ်းဖြင့် မပွါးများအပ်သေး မဖြစ်စေအပ်သေးသော။ ၂။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော လောကီစိတ်။ ၃။ ပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့သို့ ရောက်အောင် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ။ ၄။ ဘာဝနာအစွမ်းဖြင့် ပွါးများအပ်ပြီး ဖြစ်စေအပ်ပြီးသော။ ၅။ ဝဋ်ဆင်းရဲမှ ကင်းလွတ်သော လောကုတ္တရာစိတ်။

“Mendicants, I do not see a single thing that brings such happiness as this mind that is developed and cultivated. A developed and cultivated mind brings happiness.”

စာ-၆

၄။ အဒန္တဝဂ္ဂေါ

၃၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဒန္တံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဒန္တံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ပဌမံ။

၄-အဒန္တဝဂ် ၃၁။ ရဟန်းတို့ မဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.31–40 The Chapter on the Untamed 31 “Mendicants, I do not see a single thing that is so very harmful as this mind that is not tamed. An untamed mind is very harmful.” 32

၃၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဒန္တံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဒန္တံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဒုတိယံ။

၃၂။ ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is tamed. A tamed mind is very beneficial.” 33

၃၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဂုတ္တံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဂုတ္တံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ တတိယံ။

၃၃။ ရဟန်းတို့ မလုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မလုံခြုံစေ အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not guarded. An unguarded mind is very harmful.” 34

၃၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဂုတ္တံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဂုတ္တံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ စတုတ္ထံ။

၃၄။ ရဟန်းတို့ လုံခြုံစေအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ လုံခြုံစေအပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is guarded. A guarded mind is very beneficial.” 35

၃၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အရက္ခိတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အရက္ခိတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ပဉ္စမံ။

၃၅။ ရဟန်းတို့ မစောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မစောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not protected. An unprotected mind is very harmful.” 36

၃၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ရက္ခိတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ရက္ခိတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဆဋ္ဌံ။

၃၆။ ရဟန်းတို့ စောင့်ရှောက်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စောင့်ရှောက်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is protected. A protected mind is very beneficial.” 37

၃၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အသံဝုတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အသံဝုတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ သတ္တမံ။

၃၇။ ရဟန်းတို့ မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆို့ပိတ် အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not restrained. An unrestrained mind is very harmful.” 38

၃၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ သံဝုတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, သံဝုတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ အဋ္ဌမံ။

၃၈။ ရဟန်းတို့ ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆို့ပိတ်အပ် သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as this mind that is restrained. A restrained mind is very beneficial.” 39

စာ-၇

၃၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ နဝမံ။

၃၉။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ် မဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that is so very harmful as this mind that is not tamed, guarded, protected, and restrained. An untamed, unguarded, unprotected, and unrestrained mind is very harmful.” 40

၄၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဒန္တံ ဂုတ္တံ ရက္ခိတံ သံဝုတံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဒန္တံ ဂုတ္တံ ရက္ခိတံ သံဝုတံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဒသမံ။

အဒန္တဝဂ္ဂေါ စတုတ္ထော။

၄၀။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆုံးမအပ် လုံခြုံစေအပ် စောင့်ရှောက်အပ် ဆို့ပိတ်အပ်သော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ လေးခုမြောက် အဒန္တဝဂ် ပြီး၏။

“Mendicants, I do not see a single thing that is so very beneficial as this mind that is tamed, guarded, protected, and restrained. A tamed, guarded, protected, and restrained mind is very beneficial.”

၅။ ပဏိဟိတအစ္ဆဝဂ္ဂေါ

၄၁။ ‘‘သေယျထာပိ, ဘိက္ခဝေ, သာလိသူကံ ဝါ ယဝသူကံ ဝါ မိစ္ဆာပဏိဟိတံ ဟတ္ထေန ဝါ ပါဒေန ဝါ အက္ကန္တံ ဟတ္ထံ ဝါ ပါဒံ ဝါ ဘေစ္ဆတိ [ဘိဇ္ဇိဿတိ (သျာ။ ကံ။ က။), ဘေဇ္ဇတိ (သီ။) မောဂ္ဂလ္လာနဗျာကရဏံ ပဿိတဗ္ဗံ] လောဟိတံ ဝါ ဥပ္ပါဒေဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? မိစ္ဆာပဏိဟိတတ္တာ, ဘိက္ခဝေ, သူကဿ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု မိစ္ဆာပဏိဟိတေန စိတ္တေန အဝိဇ္ဇံ ဘေစ္ဆတိ, ဝိဇ္ဇံ ဥပ္ပါဒေဿတိ, နိဗ္ဗာနံ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? မိစ္ဆာပဏိဟိတတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ ပဌမံ။

၅-ပဏိဟိတအစ္ဆဝဂ် ၄၁။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကိုဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော် လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ၂ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ၃ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက် မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.41–50 The Chapter on a Spike 41 “Mendicants, suppose a spike of rice or barley was pointing the wrong way. If you trod on it with hand or foot, it is impossible for it to break the skin and produce blood. Why is that? Because the spike is pointing the wrong way. In the same way, it is quite impossible for a mendicant whose mind is pointing the wrong way to break ignorance, produce knowledge, and realize extinguishment. Why is that? Because their mind is pointing the wrong way.” 42

၄၂။ ‘‘သေယျထာပိ, ဘိက္ခဝေ, သာလိသူကံ ဝါ ယဝသူကံ ဝါ သမ္မာပဏိဟိတံ ဟတ္ထေန ဝါ ပါဒေန ဝါ အက္ကန္တံ ဟတ္ထံ ဝါ ပါဒံ ဝါ ဘေစ္ဆတိ လောဟိတံ ဝါ ဥပ္ပါဒေဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? သမ္မာပဏိဟိတတ္တာ, ဘိက္ခဝေ, သူကဿ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု သမ္မာပဏိဟိတေန စိတ္တေန အဝိဇ္ဇံ ဘေစ္ဆတိ, ဝိဇ္ဇံ ဥပ္ပါဒေဿတိ, နိဗ္ဗာနံ သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? သမ္မာပဏိဟိတတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ ဒုတိယံ။

၄၂။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကို ဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော်လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ကောင်းစွာ ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, suppose a spike of rice or barley was pointing the right way. If you trod on it with hand or foot, it’s possible it may break the skin and produce blood. Why is that? Because the spike is pointing the right way. In the same way, it is quite possible for a mendicant whose mind is pointing the right way to break ignorance, produce knowledge, and realize extinguishment. Why is that? Because the mind is pointing the right way.” 43

စာ-၈

၄၃။ ‘‘ဣဓာဟံ [ဣဒါဟံ (သီ။)], ဘိက္ခဝေ, ဧကစ္စံ ပုဂ္ဂလံ ပဒုဋ္ဌစိတ္တံ ဧဝံ စေတသာ စေတော ပရိစ္စ ပဇာနာမိ – ‘ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ, ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ’။ တံ ကိဿ ဟေတု? စိတ္တံ ဟိဿ, ဘိက္ခဝေ, ပဒုဋ္ဌံ။ ‘‘စေတောပဒေါသဟေတု ပန, ဘိက္ခဝေ, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တီ’’တိ။ တတိယံ။

၄၃။ ရဟန်းတို့ ဤလောက၌ (ဒေါသကြောင့်) ပျက်စီးသော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ ငရဲသို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ပျက်စီးသောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, when I’ve comprehended the mind of an individual whose mind is corrupted, I understand: ‘If this individual were to die right now, they would be placed in hell as if delivered there.’ Why is that? Because their mind is corrupted. Corruption of mind is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell.” 44

၄၄။ ‘‘ဣဓာဟံ, ဘိက္ခဝေ, ဧကစ္စံ ပုဂ္ဂလံ ပသန္နစိတ္တံ ဧဝံ စေတသာ စေတော ပရိစ္စ ပဇာနာမိ – ‘ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ, ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ’။ တံ ကိဿ ဟေတု? စိတ္တံ ဟိဿ, ဘိက္ခဝေ, ပသန္နံ။ ‘‘စေတောပသာဒဟေတု ပန, ဘိက္ခဝေ, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ။ စတုတ္ထံ။

၄၄။ ရဟန်းတို့ ဤလောက၌ (သဒ္ဓါတရားကြောင့်) ကြည်လင်သော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ နတ်ပြည်သို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ ကုန်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, when I’ve comprehended the mind of an individual whose mind is pure, I understand: ‘If this individual were to die right now, they would be placed in heaven as if delivered there.’ Why is that? Because their mind is pure. Purity of mind is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm.” 45

၄၅။ ‘‘သေယျထာပိ, ဘိက္ခဝေ, ဥဒကရဟဒေါ အာဝိလော လုဠိတော ကလလီဘူတော တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော န ပဿေယျ သိပ္ပိသမ္ဗုကမ္ပိ [သိပ္ပိကသမ္ဗုကမ္ပိ (က။)] သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။ တံ ကိဿ ဟေတု? အာဝိလတ္တာ, ဘိက္ခဝေ, ဥဒကဿ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု အာဝိလေန စိတ္တေန အတ္တတ္ထံ ဝါ ဉဿတိ ပရတ္ထံ ဝါ ဉဿတိ ဥဘယတ္ထံ ဝါ ဉဿတိ ဥတ္တရိံ ဝါ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? အာဝိလတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ ပဉ္စမံ။

၄၅။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောက်ဘက်ခတ်၏၊ ညွန်အနည် ထ၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် နောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြု လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Suppose, mendicants, there was a lake that was cloudy, murky, and muddy. A person with clear eyes standing on the bank would not see the clams and mussels, pebbles and gravel, and schools of fish swimming about or staying still. Why is that? Because the water is clouded. In the same way, that a mendicant whose mind is clouded would know what’s for their own good, the good of another, or the good of both; or that they would realize any superhuman distinction in knowledge and vision worthy of the noble ones: this is quite impossible. Why is that? Because their mind is clouded.” 46

၄၆။ ‘‘သေယျထာပိ, ဘိက္ခဝေ, ဥဒကရဟဒေါ အစ္ဆော ဝိပ္ပသန္နော အနာဝိလော တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော ပဿေယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။ တံ ကိဿ ဟေတု? အနာဝိလတ္တာ, ဘိက္ခဝေ, ဥဒကဿ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု အနာဝိလေန စိတ္တေန အတ္တတ္ထံ ဝါ ဉဿတိ ပရတ္ထံ ဝါ ဉဿတိ ဥဘယတ္ထံ ဝါ ဉဿတိ ဥတ္တရိံ ဝါ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ တံ ကိဿ ဟေတု? အနာဝိလတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ ဆဋ္ဌံ။

၄၆။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မနောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂ္ဂိုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင်အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ စိတ်၏ မနောက်ကျုခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Suppose, mendicants, there was a lake that was transparent, clear, and unclouded. A person with clear eyes standing on the bank would see the clams and mussels, pebbles and gravel, and schools of fish swimming about or staying still. Why is that? Because the water is unclouded. In the same way, that a mendicant whose mind is not clouded would know what’s for their own good, the good of another, or the good of both; or that they would realize any superhuman distinction in knowledge and vision worthy of the noble ones: this is quite possible. Why is that? Because their mind is unclouded.” 47

၄၇။ ‘‘သေယျထာပိ, ဘိက္ခဝေ, ယာနိ ကာနိစိ ရုက္ခဇာတာနံ ဖန္ဒနော တေသံ အဂ္ဂမက္ခာယတိ ယဒိဒံ မုဒုတာယ စေဝ ကမ္မညတာယ စ။ ဧဝမေဝံ ခေါ အဟံ, ဘိက္ခဝေ, နာညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ မုဒု စ ဟောတိ ကမ္မညဉ္စ ယထယိဒံ စိတ္တံ။ စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ မုဒု စ ဟောတိ ကမ္မညဉ္စ ဟောတီ’’တိ။ သတ္တမံ။

၄၇။ ရဟန်းတို့ ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏၊ ထို သစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပြုခြင်းငှါ သင့်လျော် လွယ် ကူသည့်အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဤအတူပင် ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သိုု့၊ ပြုခြင်းငှါ သင့်လျော်လွယ်ကူသည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော စိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Just as, mendicants, the sandan is said to be the best kind of tree in terms of its pliability and workability, so too, I do not see a single thing that’s as pliable and workable as this mind that is developed and cultivated. A mind that is developed and cultivated is pliable and workable.” 48

စာ-၉

၄၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ လဟုပရိဝတ္တံ ယထယိဒံ စိတ္တံ။ ယာဝဉ္စိဒံ, ဘိက္ခဝေ, ဥပမာပိ န သုကရာ ယာဝ လဟုပရိဝတ္တံ စိတ္တ’’န္တိ။ အဋ္ဌမံ။

၄၈။ ရဟန်းတို့ ဤစိတ်သည် လျင်မြန်စွာ ပြောင်းလဲသကဲ့သို့ ဤအတူ လျင်မြန်စွာ ပြောင်းလဲ တတ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဥပမာပြုရန် မလွယ်ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that’s as quick to change as this mind. So much so that it’s not easy to give a simile for how quickly the mind changes.” 49

၄၉။ ‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌ’’န္တိ။ နဝမံ။

၄၉။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“This mind, mendicants, is radiant. But it’s corrupted by visiting corruptions.” 50

၅၀။ ‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဝိပ္ပမုတ္တ’’န္တိ။ ဒသမံ။

ပဏိဟိတအစ္ဆဝဂ္ဂေါ ပဉ္စမော။

၅၀။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ငါးခုမြောက်ပဏိဟိတအစ္ဆဝဂ် ပြီး၏။ ၁။ စူးလတ္တံ့သော အခြင်းအရာဖြင့် ဆူးအဖျားကို အထက်သို့ ထောင်မထားခြင်းကို ဆိုသည်။ ၂။ သစ္စာလေးပါးကို မသိမြင်အောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်။ ၃။ မောဟမှောင်တိုက်ကို ဖောက်၍ သိမြင်သော အရဟတ္တဖိုလ်ဉာဏ်။

“This mind, mendicants, is radiant. And it is freed from visiting corruptions.”

၆။ အစ္ဆရာသံဃာတဝဂ္ဂေါ

၅၁။ ‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ တံ အဿုတဝါ ပုထုဇ္ဇနော ယထာဘူတံ နပ္ပဇာနာတိ။ တသ္မာ ‘အဿုတဝတော ပုထုဇ္ဇနဿ စိတ္တဘာဝနာ နတ္ထီ’တိ ဝဒါမီ’’တိ။ ပဌမံ။

၆-အစ္ဆရာသင်္ဃာတဝဂ် ၅၁။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်မရှိသော ပုထုဇဥ်ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ မသိ၊ ထို့ကြောင့် “အကြားအမြင်မရှိသော ပုထုဇဥ်ပုဂ္ဂိုလ်၁အား စိတ်ကို ပွါးများခြင်း မရှိ”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.51–60 The Chapter on a Finger-Snap 51 “This mind, mendicants, is radiant. But it is corrupted by visiting corruptions. An unlearned ordinary person does not truly understand this. So I say that the unlearned ordinary person has no development of the mind.” 52

၅၂။ ‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဝိပ္ပမုတ္တံ။ တံ သုတဝါ အရိယသာဝကော ယထာဘူတံ ပဇာနာတိ။ တသ္မာ ‘သုတဝတော အရိယသာဝကဿ စိတ္တဘာဝနာ အတ္ထီ’တိ ဝဒါမီ’’တိ။ ဒုတိယံ။

၅၂။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်ရှိသော အရိယာသာဝက၂သည် ဟုတ်တိုင်းမှန်စွာ သိ၏၊ ထို့ကြောင့် “အကြား အမြင်ရှိသော အရိယာသာဝကအား စိတ်ကို ပွါးများခြင်း ရှိ၏”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“This mind, mendicants, is radiant. And it is freed from visiting corruptions. A learned noble disciple truly understands this. So I say that the learned noble disciple has development of the mind.” 53

၅၃။ ‘‘အစ္ဆရာသံဃာတမတ္တမ္ပိ စေ, ဘိက္ခဝေ, ဘိက္ခု မေတ္တာစိတ္တံ [မေတ္တံ စိတ္တံ (သီ။), မေတ္တစိတ္တံ (သျာ။ ကံ။ ပီ။ က။)] အာသေဝတိ၊ အယံ ဝုစ္စတိ, ဘိက္ခဝေ – ‘ဘိက္ခု အရိတ္တဇ္ဈာနော ဝိဟရတိ သတ္ထုသာသနကရော ဩဝါဒပတိကရော, အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ’။ ကော ပန ဝါဒေါ ယေ နံ ဗဟုလီကရောန္တီ’’တိ! တတိယံ။

၅၃။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဥ်သော စိတ်ကို အကယ်၍ မှီဝဲအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဥ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဥ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“If, mendicants, a mendicant cultivates a mind of love even as long as a finger-snap, they’re called a mendicant who does not lack absorption, who follows the Teacher’s instructions, who responds to advice, and who does not eat the country’s alms in vain. How much more so those who make much of it!” 54

စာ-၁၀

၅၄။ ‘‘အစ္ဆရာသံဃာတမတ္တမ္ပိ စေ, ဘိက္ခဝေ, ဘိက္ခု မေတ္တာစိတ္တံ ဘာဝေတိ၊ အယံ ဝုစ္စတိ, ဘိက္ခဝေ – ‘ဘိက္ခု အရိတ္တဇ္ဈာနော ဝိဟရတိ သတ္ထုသာသနကရော ဩဝါဒပတိကရော, အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ’။ ကော ပန ဝါဒေါ ယေ နံ ဗဟုလီကရောန္တီ’’တိ! စတုတ္ထံ။

၅၄။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဥ်သော စိတ်ကို အကယ်၍ ပွါးများအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဥ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဥ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။ စတုတ္တသုတ်။

“If, mendicants, a mendicant develops a mind of love even as long as a finger-snap, they’re called a mendicant who does not lack absorption, who follows the Teacher’s instructions, who responds to advice, and who does not eat the country’s alms in vain. How much more so those who make much of it!” 55

၅၅။ ‘‘အစ္ဆရာသံဃာတမတ္တမ္ပိ စေ, ဘိက္ခဝေ, ဘိက္ခု မေတ္တာစိတ္တံ မနသိ ကရောတိ၊ အယံ ဝုစ္စတိ, ဘိက္ခဝေ – ‘ဘိက္ခု အရိတ္တဇ္ဈာနော ဝိဟရတိ သတ္ထုသာသနကရော ဩဝါဒပတိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ’။ ကော ပန ဝါဒေါ ယေ နံ ဗဟုလီကရောန္တီ’’တိ! ပဉ္စမံ။

၅၅။ ရဟန်းတိုု့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဥ်သော စိတ်ကို အကယ်၍ နှလုံးသွင်းအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဥ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဥ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“If, mendicants, a mendicant focuses on a mind of love even as long as a finger-snap, they’re called a mendicant who does not lack absorption, who follows the Teacher’s instructions, who responds to advice, and who does not eat the country’s alms in vain. How much more so those who make much of it!” 56

၅၆။ ‘‘ယေ ကေစိ, ဘိက္ခဝေ, ဓမ္မာ အကုသလာ အကုသလဘာဂိယာ အကုသလပက္ခိကာ, သဗ္ဗေ တေ မနောပုဗ္ဗင်္ဂမာ။ မနော တေသံ ဓမ္မာနံ ပဌမံ ဥပ္ပဇ္ဇတိ, အနွဒေဝ အကုသလာ ဓမ္မာ’’တိ။ ဆဋ္ဌံ။

၅၆။ ရဟန်းတို့ အကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော အကုသိုလ်အသင်းဝင်ဖြစ်ကုန်သော အကုသိုလ်ဟူ သမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ အကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, intention is the leader of all things whatsoever that are unskillful, part of the unskillful, on the side of the unskillful. Intention is the first of those things to arise, and unskillful things follow right behind.” 57

၅၇။ ‘‘ယေ ကေစိ, ဘိက္ခဝေ, ဓမ္မာ ကုသလာ ကုသလဘာဂိယာ ကုသလပက္ခိကာ, သဗ္ဗေ တေ မနောပုဗ္ဗင်္ဂမာ။ မနော တေသံ ဓမ္မာနံ ပဌမံ ဥပ္ပဇ္ဇတိ, အနွဒေဝ ကုသလာ ဓမ္မာ’’တိ။ သတ္တမံ။

၅၇။ ရဟန်းတို့ ကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော ကုသိုလ်အသင်းဝင်ဖြစ်ကုန်သော ကုသိုလ်ဟူသမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ ကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, intention is the leader of all things whatsoever that are skillful, part of the skillful, on the side of the skillful. Intention is the first of those things to arise, and skillful things follow right behind.” 58

၅၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ပမာဒေါ။ ပမတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ အဋ္ဌမံ။

၅၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’၃တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့သောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like negligence. When you’re negligent, unskillful qualities arise and skillful qualities decline.” 59

၅၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အပ္ပမာဒေါ။ အပ္ပမတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ နဝမံ။

၅၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့သောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like diligence. When you’re diligent, skillful qualities arise and unskillful qualities decline.” 60

၆၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ကောသဇ္ဇံ။ ကုသီတဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ဒသမံ။

၆၀။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သ ကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ခြောက်ခုမြောက် အစ္ဆရာသင်္ဃာတဝဂ် ပြီး၏။ ၁။ ဒိဋ္ဌိ ဝိစိကိစ္ဆာ စသော ကိလေသာတို့ဖြင့် ရစ်ပတ် ဖုံးလွှမ်းနေသော ပုဂ္ဂိုလ်။ ၂။ ရဟန်းဖြစ်စေ လူဖြစ်စေ မဂ် ဖိုလ် ဆိုက်ရောက်ပြီးသော မြတ်စွာဘုရား၏ တပည့်သားအပေါင်း။ ၃။ ဒုစရိုက်တရားတို့၌လည်းကောင်း ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း စိတ်ကို စွန့်လွှတ်၍ထားခြင်း၊ ကုသိုလ်တို့၏ ဖြစ်ပေါ်ခြင်းငှါ ဆန္ဒမရှိခြင်း ဆုတ်နစ်ခြင်း မေ့လျော့ခြင်း။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like laziness. When you’re lazy, unskillful qualities arise and skillful qualities decline.”

စာ-၁၁

၇။ ဝီရိယာရမ္ဘာဒိဝဂ္ဂေါ

၆၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ဝီရိယာရမ္ဘော [ဝိရိယာရမ္ဘော (သီ။ သျာ။ ကံ။ ပီ။)]။ အာရဒ္ဓဝီရိယဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ပဌမံ။

၇-ဝီရိယာရ မ္ဘာဒိဝဂ် ၆၁။ ရဟန်းတို့ ဤထက်သန်သောလုံံ့လ‘ဝီရိယာရမ္ဘ’၁တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လရှိသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.61–70 The Chapter on Arousing Energy 61 “Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like arousing energy. When you’re energetic, skillful qualities arise and unskillful qualities decline.” 62

၆၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, မဟိစ္ဆတာ။ မဟိစ္ဆဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ဒုတိယံ။

၆၂။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like having many wishes. When you have many wishes, unskillful qualities arise and skillful qualities decline.” 63

၆၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အပ္ပိစ္ဆတာ။ အပ္ပိစ္ဆဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ တတိယံ။

၆၃။ ရဟန်းတို့ ဤအလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like having few wishes. When you have few wishes, skillful qualities arise and unskillful qualities decline.” 64

၆၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အသန္တုဋ္ဌိတာ။ အသန္တုဋ္ဌဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ စတုတ္ထံ။

၆၄။ ရဟန်းတို့ ဤမရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like lack of contentment. When you lack contentment, unskillful qualities arise and skillful qualities decline.” 65

၆၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, သန္တုဋ္ဌိတာ။ သန္တုဋ္ဌဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ပဉ္စမံ။

၆၅။ ရဟန်းတို့ ဤရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like contentment. When you’re contented, skillful qualities arise and unskillful qualities decline.” 66

၆၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အယောနိသောမနသိကာရော။ အယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ဆဋ္ဌံ။

၆၆။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မန သိကာရ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like irrational application of mind. When you apply the mind irrationally, unskillful qualities arise and skillful qualities decline.” 67

စာ-၁၂

၆၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ယောနိသောမနသိကာရော။ ယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ သတ္တမံ။

၆၇။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသောမနသိကာရ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည့်းဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like rational application of mind. When you apply the mind rationally, skillful qualities arise and unskillful qualities decline.” 68

၆၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အသမ္ပဇညံ။ အသမ္ပဇာနဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ အဋ္ဌမံ။

၆၈။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like lack of situational awareness. When you lack situational awareness, unskillful qualities arise and skillful qualities decline.” 69

၆၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, သမ္ပဇညံ။ သမ္ပဇာနဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ နဝမံ။

၆၉။ ရဟန်းတို့ ဤဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်း တို့ ဆင်ခြင်သော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ် ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like situational awareness. When you have situational awareness, skillful qualities arise and unskillful qualities decline.” 70

၇၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ပါပမိတ္တတာ။ ပါပမိတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ဒသမံ။

ဝီရိယာရမ္ဘာဒိဝဂ္ဂေါ သတ္တမော။

၇၀။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ် ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ် ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ခုနစ်ခုမြောက် ဝီရိယာရမ္ဘာဒိဝဂ် ပြီး၏။ ၁။ တက်ကြွ ပြည့်စုံသော သမ္မပ္ပဓာန် ဝီရိယ။ ၂။ သဒ္ဓါမရှိသော, သီလမရှိသော, အကြားအမြင်နည်းသော, နှမြောဝန်တိုသော, ပညာမဲ့သော အဆွေခင်ပွန်း။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like bad friends. When you have bad friends, unskillful qualities arise and skillful qualities decline.”

၈။ ကလျာဏမိတ္တာဒိဝဂ္ဂေါ

၇၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, ကလျာဏမိတ္တတာ။ ကလျာဏမိတ္တဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ပဌမံ။

၈-ကလျာဏမိတ္တာဒိဝဂ် ၇၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်း ရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ် ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ် ကုန်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.71–81 The Chapter on Good Friends 71 “Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like good friends. When you have good friends, skillful qualities arise and unskillful qualities decline.” 72

၇၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ။ အနုယောဂါ, ဘိက္ခဝေ, အကုသလာနံ ဓမ္မာနံ, အနနုယောဂါ ကုသလာနံ ဓမ္မာနံ အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ ဒုတိယံ။

၇၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ ကို အားမထုတ်ခြင်းကြောင့် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like pursuing bad habits and not good habits. When you pursue bad habits and not good habits, unskillful qualities arise and skillful qualities decline.” 73

စာ-၁၃

၇၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ။ အနုယောဂါ, ဘိက္ခဝေ, ကုသလာနံ ဓမ္မာနံ, အနနုယောဂါ အကုသလာနံ ဓမ္မာနံ အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။ တတိယံ။

၇၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းကြောင့် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like pursuing good habits and not bad habits. When you pursue good habits and not bad habits, skillful qualities arise and unskillful qualities decline.” 74

၇၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ဗောဇ္ဈင်္ဂါ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ဗောဇ္ဈင်္ဂါ န ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ ယထယိဒံ, ဘိက္ခဝေ, အယောနိသောမနသိကာရော။ အယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ ဗောဇ္ဈင်္ဂါ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ဗောဇ္ဈင်္ဂါ န ဘာဝနာပါရိပူရိံ ဂစ္ဆန္တီ’’တိ။ စတုတ္ထံ။

၇၄။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် မဖြစ်ပေါ်သေးသော ဗောဇ္ဈင်၂တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ မရောက်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ပြည့်စုံခြင်းသို့ မရောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ မရောက်ကုန်ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that prevents the awakening factors from arising, or, if they’ve already arisen, prevents them from being fully developed like irrational application of mind. When you apply the mind irrationally, the awakening factors don’t arise, or, if they’ve already arisen, they’re not fully developed.” 75

၇၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ဗောဇ္ဈင်္ဂါ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ ယထယိဒံ, ဘိက္ခဝေ, ယောနိသောမနသိကာရော။ ယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ ဗောဇ္ဈင်္ဂါ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တီ’’တိ။ ပဉ္စမံ။

၇၅။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့၏လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that gives rise to the awakening factors, or, if they’ve already arisen, fully develops them like rational application of mind. When you apply the mind rationally, the awakening factors arise, or, if they’ve already arisen, they’re fully developed.” 76

၇၆။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ပရိဟာနိ ယဒိဒံ ဉာတိပရိဟာနိ။ ဧတံ ပတိကိဋ္ဌံ, ဘိက္ခဝေ, ပရိဟာနီနံ ယဒိဒံ ပညာပရိဟာနီ’’တိ။ ဆဋ္ဌံ။

၇၆။ ရဟန်းတို့ အကြင် ဆွေမျိုးတို့၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည့်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Loss of relatives, mendicants, is a small thing. Wisdom is the worst thing to lose.” 77

၇၇။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ဝုဒ္ဓိ ယဒိဒံ ဉာတိဝုဒ္ဓိ။ ဧတဒဂ္ဂံ, ဘိက္ခဝေ, ဝုဒ္ဓီနံ ယဒိဒံ ပညာဝုဒ္ဓိ။ တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ပညာဝုဒ္ဓိယာ ဝဒ္ဓိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ သတ္တမံ။

၇၇။ ရဟန်းတို့ အကြင် ဆွေမျိုးတို့၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှ သာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်း တကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါးကုန်အံ့”ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Growth of relatives, mendicants, is a small thing. Wisdom is the best thing to grow. So you should train like this: ‘We will grow in wisdom.’ That’s how you should train.” 78

၇၈။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ပရိဟာနိ ယဒိဒံ ဘောဂပရိဟာနိ။ ဧတံ ပတိကိဋ္ဌံ, ဘိက္ခဝေ, ပရိဟာနီနံ ယဒိဒံ ပညာပရိဟာနီ’’တိ။ အဋ္ဌမံ။

၇၈။ ရဟန်းတို့ အကြင် စည်းစိမ်ဥစ္စာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤပညာ၏ ဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Loss of wealth, mendicants, is a small thing. Wisdom is the worst thing to lose.” 79

စာ-၁၄

၇၉။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ဝုဒ္ဓိ ယဒိဒံ ဘောဂဝုဒ္ဓိ။ ဧတဒဂ္ဂံ, ဘိက္ခဝေ, ဝုဒ္ဓီနံ ယဒိဒံ ပညာဝုဒ္ဓိ။ တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ပညာဝုဒ္ဓိယာ ဝဒ္ဓိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ နဝမံ။

၇၉။ ရဟန်းတို့ အကြင် စည်းစိမ်ဥစ္စာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်း တကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါးကုန်အံ့”ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Growth of wealth, mendicants, is a small thing. Wisdom is the best thing to grow. So you should train like this: ‘We will grow in wisdom.’ That’s how you should train.” 80

၈၀။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ပရိဟာနိ ယဒိဒံ ယသောပရိဟာနိ။ ဧတံ ပတိကိဋ္ဌံ, ဘိက္ခဝေ, ပရိဟာနီနံ ယဒိဒံ ပညာပရိဟာနီ’’တိ။ ဒသမံ။

ကလျာဏမိတ္တာဒိဝဂ္ဂေါ အဋ္ဌမော။

၈၀။ ရဟန်းတို့ အကြင် အခြံအရံ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ဆုတ်ယုတ်ခြင်းသည် ရှိ၏၊ ဤဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ရှစ်ခုမြောက် ကလျာဏမိတ္တာဒိဝဂ် ပြီး၏။ ၁။ သဒ္ဓါရှိသော, သီလရှိသော, အကြားအမြင်များသော, ပေးလှူစွန့်ကြဲတတ်သော, ပညာရှိသော အဆွေခင်ပွန်း။ ၂။ ဗောဓိဉာဏ်၏ အစိတ်အပိုင်း ဗုဒ္ဓဖြစ်ကြောင်းအင်္ဂါ၊ သစ္စာလေးပါးကို သိစေတတ်သော တရား။

“Loss of fame, mendicants, is a small thing. Wisdom is the worst thing to lose.” 81

၉။ ပမာဒါဒိဝဂ္ဂေါ

၈၁။ ‘‘အပ္ပမတ္တိကာ ဧသာ, ဘိက္ခဝေ, ဝုဒ္ဓိ ယဒိဒံ ယသောဝုဒ္ဓိ။ ဧတဒဂ္ဂံ, ဘိက္ခဝေ, ဝုဒ္ဓီနံ ယဒိဒံ ပညာဝုဒ္ဓိ။ တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ပညာဝုဒ္ဓိယာ ဝဒ္ဓိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ပဌမံ။

၉- ပမာဒါဒိဝဂ် ၈၁။ ရဟန်းတို့ အကြင် အခြံအရံ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်းတကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါး ကုန်အံ့”ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

“Growth of fame, mendicants, is a small thing. Wisdom is the best thing to grow. So you should train like this: ‘We will grow in wisdom.’ That’s how you should train.”

၈၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပမာဒေါ။ ပမာဒေါ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ဒုတိယံ။

၈၂။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာအကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

Numbered Discourses 1.82–97 The Chapter on Negligence 82 “Mendicants, I do not see a single thing that is so very harmful as negligence. Negligence is very harmful.” 83

၈၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အပ္ပမာဒေါ။ အပ္ပမာဒေါ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ တတိယံ။

၈၃။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Mendicants, I do not see a single thing that is so very beneficial as diligence. Diligence is very beneficial.” 84

၈၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ကောသဇ္ဇံ။ ကောသဇ္ဇံ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ စတုတ္ထံ။

၈၄။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Mendicants, I do not see a single thing that is so very harmful as laziness. Laziness is very harmful.” 85

၈၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ဝီရိယာရမ္ဘော။ ဝီရိယာရမ္ဘော, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ပဉ္စမံ။

၈၅။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as arousing energy. Arousing energy is very beneficial.” 86

၈၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, မဟိစ္ဆတာ။ မဟိစ္ဆတာ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ဆဋ္ဌံ။

၈၆။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။

“Mendicants, I do not see a single thing that is so very harmful as having many wishes. Having many wishes is very harmful.” 87

စာ-၁၅

၈၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အပ္ပိစ္ဆတာ။ အပ္ပိစ္ဆတာ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ သတ္တမံ။

၈၇။ ရဟန်းတို့ ဤအလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as having few wishes. Having few wishes is very beneficial.” 88

၈၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အသန္တုဋ္ဌိတာ။ အသန္တုဋ္ဌိတာ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ အဋ္ဌမံ။

၈၈။ ရဟန်းတို့ ဤမရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

“Mendicants, I do not see a single thing that is so very harmful as lack of contentment. Lack of contentment is very harmful.” 89

၈၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, သန္တုဋ္ဌိတာ။ သန္တုဋ္ဌိတာ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ နဝမံ။

၈၉။ ရဟန်းတို့ ဤရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as contentment. Contentment is very beneficial.” 90

၉၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အယောနိသော မနသိကာရော။ အယောနိသောမနသိကာရော, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ဒသမံ။

၉၀။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသောမန သိကာရ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။

“Mendicants, I do not see a single thing that is so very harmful as irrational application of mind. Irrational application of mind is very harmful.” 91

၉၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ယောနိသော မနသိကာရော။ ယောနိသောမနသိကာရော, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဧကာဒသမံ။

၉၁။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မန့သိကာရ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as rational application of mind. Rational application of mind is very beneficial.” 92

၉၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အသမ္ပဇညံ။ အသမ္ပဇညံ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ဒွါဒသမံ။

၉၂။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒွါဒသမသုတ်။

“Mendicants, I do not see a single thing that is so very harmful as lack of situational awareness. Lack of situational awareness is very harmful.” 93

၉၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, သမ္ပဇညံ။ သမ္ပဇညံ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ တေရသမံ။

၉၃။ ရဟန်းတို့ ဤဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တေရသမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as situational awareness. Situational awareness is very beneficial.” 94

၉၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပါပမိတ္တတာ။ ပါပမိတ္တတာ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ စုဒ္ဒသမံ။

၉၄။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သ ကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စုဒ္ဒသမသုတ်။

“Mendicants, I do not see a single thing that is so very harmful as bad friends. Bad friends are very harmful.” 95

စာ-၁၆

၉၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ကလျာဏမိတ္တတာ။ ကလျာဏမိတ္တတာ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ပန္နရသမံ။

၉၅။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည် များစွာ အကျိုး ရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပန္နရသမသုတ်။

“Mendicants, I do not see a single thing that is so very beneficial as good friends. Good friends are very beneficial.” 96

၉၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ သောဠသမံ။

၉၆။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သောဠသမသုတ်။

“Mendicants, I do not see a single thing that is so very harmful as pursuing bad habits and not good habits. Pursuing bad habits and not good habits is very harmful.” 97

၉၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ သတ္တရသမံ။

ပမာဒါဒိဝဂ္ဂေါ နဝမော။

၉၇။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တရသမသုတ်။ ကိုးခုမြောက် ပမာဒါဒိဝဂ် ပြီး၏။

“Mendicants, I do not see a single thing that is so very beneficial as pursuing good habits and not bad habits. Pursuing good habits and not bad habits is very beneficial.”

၁၀။ ဒုတိယပမာဒါဒိဝဂ္ဂေါ

၉၈။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပမာဒေါ။ ပမာဒေါ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ပဌမံ။

၁၀-ဒုတိယ ပမာဒါဒိဝဂ် ၉၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော အကြောင်းကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.98–139 The Chapter on Negligence (2nd) 98 “Taking into account interior factors, mendicants, I do not see a single one that is so very harmful as negligence. Negligence is very harmful.” 99

၉၉။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အပ္ပမာဒေါ။ အပ္ပမာဒေါ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ ဒုတိယံ။

၉၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very beneficial as diligence. Diligence is very beneficial.” 100

၁၀၀။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ကောသဇ္ဇံ။ ကောသဇ္ဇံ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ တတိယံ။

၁၀၀။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very harmful as laziness. Laziness is very harmful.” 101

၁၀၁။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ဝီရိယာရမ္ဘော။ ဝီရိယာရမ္ဘော, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ စတုတ္ထံ။

၁၀၁။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very beneficial as arousing energy. Arousing energy is very beneficial.” 102–109

စာ-၁၇

၁၀၂-၁၀၉။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, မဟိစ္ဆတာ…ပေ… အပ္ပိစ္ဆတာ… အသန္တုဋ္ဌိတာ… သန္တုဋ္ဌိတာ… အယောနိသောမနသိကာရော… ယောနိသောမနသိကာရော… အသမ္ပဇညံ… သမ္ပဇညံ… ဒွါဒသမံ။

၁၀၂-၁၀၉။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည်။ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည်။ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည်။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိ သောမနသိကာရ’တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ’တရားသည်။ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည်။ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည်။ ဒွါဒသမသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very harmful as having many wishes … having few wishes … lack of contentment … contentment … irrational application of mind … rational application of mind … lack of situational awareness … situational awareness …” 110

၁၁၀။ ‘‘ဗာဟိရံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပါပမိတ္တတာ။ ပါပမိတ္တတာ, ဘိက္ခဝေ, မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ တေရသမံ။

၁၁၀။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေ ခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ တေရသမသုတ်။

“Taking into account exterior factors, mendicants, I do not see a single one that is so very harmful as bad friends. Bad friends are very harmful.” 111

၁၁၁။ ‘‘ဗာဟိရံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ကလျာဏမိတ္တတာ။ ကလျာဏမိတ္တတာ, ဘိက္ခဝေ, မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ စုဒ္ဒသမံ။

၁၁၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စုဒ္ဒသမသုတ်။

“Taking into account exterior factors, mendicants, I do not see a single one that is so very beneficial as good friends. Good friends are very beneficial.” 112

၁၁၂။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ မဟတော အနတ္ထာယ သံဝတ္တတီ’’တိ။ ပန္နရသမံ။

၁၁၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပန္နရသမသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very harmful as pursuing bad habits and not good habits. Pursuing bad habits and not good habits is very harmful.” 113

၁၁၃။ ‘‘အဇ္ဈတ္တိကံ, ဘိက္ခဝေ, အင်္ဂန္တိ ကရိတွာ နာညံ ဧကင်္ဂမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟတော အတ္ထာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ မဟတော အတ္ထာယ သံဝတ္တတီ’’တိ။ သောဠသမံ။

၁၁၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သောဠသမသုတ်။

“Taking into account interior factors, mendicants, I do not see a single one that is so very beneficial as pursuing good habits and not bad habits. Pursuing good habits and not bad habits is very beneficial.” 114

၁၁၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ပမာဒေါ။ ပမာဒေါ, ဘိက္ခဝေ, သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတီ’’တိ။ သတ္တရသမံ။

၁၁၄။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တရသမသုတ်။

“Mendicants, I do not see a single thing that leads to the decline and disappearance of the true teaching like negligence. Negligence leads to the decline and disappearance of the true teaching.” 115

၁၁၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အပ္ပမာဒေါ။ အပ္ပမာဒေါ, ဘိက္ခဝေ, သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတီ’’တိ။ အဋ္ဌာရသမံ။

၁၁၅။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌာရသမသုတ်။

“Mendicants, I do not see a single thing that leads to the continuation, persistence, and enduring of the true teaching like diligence. Diligence leads to the continuation, persistence, and enduring of the true teaching.” 116

စာ-၁၈

၁၁၆။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ကောသဇ္ဇံ။ ကောသဇ္ဇံ, ဘိက္ခဝေ, သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတီ’’တိ။ ဧကူနဝီသတိမံ။

၁၁၆။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဧကူနဝီသတိမသုတ်။

“Mendicants, I do not see a single thing that leads to the decline and disappearance of the true teaching like laziness. Laziness leads to the decline and disappearance of the true teaching.” 117

၁၁၇။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, ဝီရိယာရမ္ဘော။ ဝီရိယာရမ္ဘော, ဘိက္ခဝေ, သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတီ’’တိ။ ဝီသတိမံ။

၁၁၇။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဝီသတိမသုတ်။

“Mendicants, I do not see a single thing that leads to the continuation, persistence, and enduring of the true teaching like arousing energy. Arousing energy leads to the continuation, persistence, and enduring of the true teaching.” 118–128

၁၁၈-၁၂၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, မဟိစ္ဆတာ…ပေ… အပ္ပိစ္ဆတာ… အသန္တုဋ္ဌိတာ… သန္တုဋ္ဌိတာ… အယောနိသောမနသိကာရော… ယောနိသောမနသိကာရော… အသမ္ပဇညံ… သမ္ပဇညံ … ပါပမိတ္တတာ… ကလျာဏမိတ္တတာ… အနုယောဂေါ အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, အကုသလာနံ ဓမ္မာနံ, အနနုယောဂေါ ကုသလာနံ ဓမ္မာနံ သဒ္ဓမ္မဿ သမ္မောသာယ အန္တရဓာနာယ သံဝတ္တတီ’’တိ။ ဧကတ္တိံသတိမံ။

၁၁၈-၁၂၈။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည်။ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည်။ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည်။ မသင့်လျော်သော အကြောင်းအား ဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ’တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းခြင်း ‘ယောနိသော မနသိကာရ’တရားသည်။ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည်။ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည်။ အဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည်။ အဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည်။ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဧကတ္တိံသတိမသုတ်။

“Mendicants, I do not see a single thing that leads to the decline and disappearance of the true teaching like having many wishes … having few wishes … lack of contentment … contentment … irrational application of mind … rational application of mind … lack of situational awareness … situational awareness … bad friends … good friends … pursuing bad habits and not good habits. Pursuing bad habits and not good habits leads to the decline and disappearance of the true teaching.” 129

၁၂၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယော ဧဝံ သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတိ ယထယိဒံ, ဘိက္ခဝေ, အနုယောဂေါ ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ။ အနုယောဂေါ, ဘိက္ခဝေ, ကုသလာနံ ဓမ္မာနံ, အနနုယောဂေါ အကုသလာနံ ဓမ္မာနံ သဒ္ဓမ္မဿ ဌိတိယာ အသမ္မောသာယ အနန္တရဓာနာယ သံဝတ္တတီ’’တိ။ စတုက္ကောဋိကံ နိဋ္ဌိတံ။ ဗာတ္တိံသတိမံ။

၁၂၉။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဗာတ္တိံသတိမသုတ်။ စတုက္ကောဋိက ပြီး၏။

“Mendicants, I do not see a single thing that leads to the continuation, persistence, and enduring of the true teaching like pursuing good habits and not bad habits. Pursuing good habits and not bad habits leads to the continuation, persistence, and enduring of the true teaching” 130

၁၃၀။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ [တေပိမံ (သီ။)] သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ တေတ္တိံသတိမံ။

၁၃၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ၁ကို “ဓမ္မ”၂ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ တေတ္တိံသတိမသုတ်။

“Mendicants, those mendicants who explain what is not the teaching as the teaching are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. They brim with much wickedness and make the true teaching disappear.” 131

၁၃၁။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ စတုတ္တိံသတိမံ။

၁၃၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ စတုတ္တိံသတိမသုတ်။

“Mendicants, those mendicants who explain what is the teaching as not the teaching are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. They brim with much wickedness and make the true teaching disappear.” 132–139

စာ-၁၉

၁၃၂-၁၃၉။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အဝိနယံ ဝိနယောတိ ဒီပေန္တိ…ပေ… ဝိနယံ အဝိနယောတိ ဒီပေန္တိ…ပေ… အဘာသိတံ အလပိတံ တထာဂတေန ဘာသိတံ လပိတံ တထာဂတေနာတိ ဒီပေန္တိ…ပေ… ဘာသိတံ လပိတံ တထာဂတေန အဘာသိတံ အလပိတံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အနာစိဏ္ဏံ တထာဂတေန အာစိဏ္ဏံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အာစိဏ္ဏံ တထာဂတေန အနာစိဏ္ဏံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အပညတ္တံ တထာဂတေန ပညတ္တံ တထာဂတေနာတိ ဒီပေန္တိ…ပေ… ပညတ္တံ တထာဂတေန အပညတ္တံ တထာဂတေနာတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ ဒွါစတ္တာလီသတိမံ။

ဒုတိယပမာဒါဒိဝဂ္ဂေါ ဒသမော။

၁၃၂-၁၃၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယ၃ကို “ဝိနယ”၄ဟု ပြကုန်၏။ပ။ ဝိနယကို “အဝိနယ”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ် အပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြ ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒွါစတ္တာလီသတိမသုတ်။ ဆယ်ခုမြောက် ဒုတိယ ပမာဒါဒိဝဂ် ပြီး၏။ ၁။ သုတ္တန်ပရိယာယ်အားဖြင့် အကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် မဟုတ်မမှန်သော ဝတ္ထုဖြင့် စောဒနာခြင်းစသည်။ ၂။ သုတ္တန်ပရိယာယ်အားဖြင့် ကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာခြင်းစသည်။ ၃။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို မပယ်ခြင်း ပညာဖြင့် မဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုဝိပတ္တိ သီမာဝိပတ္တိစသည်။ ၄။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို ပယ်ခြင်း ပညာဖြင့် ဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုသမ္ပပတ္တိ သီမာသမ္ပတ္တိစသည်။

“Those mendicants who explain what is not found in the monastic law as found in the monastic law … what is found in the monastic law as not found in the monastic law … what was not spoken and stated by the Realized One as spoken and stated by the Realized One … what was spoken and stated by the Realized One as not spoken and stated by the Realized One … what was not practiced by the Realized One as practiced by the Realized One … what was practiced by the Realized One as not practiced by the Realized One … what was not prescribed by the Realized One as prescribed by the Realized One … what was prescribed by the Realized One as not prescribed by the Realized One are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. They brim with much wickedness and make the true teaching disappear.”

၁၁။ အဓမ္မဝဂ္ဂေါ

၁၄၀။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ [ထပေန္တီတိ (က။)]။ ပဌမံ။

၁၁-အဓမ္မဝဂ် ၁၄၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.140–149 The Chapter on Not the Teaching 140 “Mendicants, those mendicants who explain what is not the teaching as not the teaching are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.” 141

၁၄၁။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ။ ဒုတိယံ။

၁၄၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “ဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, those mendicants who explain what is the teaching as the teaching are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.” 142–149

၁၄၂-၁၄၉။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အဝိနယံ အဝိနယောတိ ဒီပေန္တိ…ပေ… ဝိနယံ ဝိနယောတိ ဒီပေန္တိ…ပေ… အဘာသိတံ အလပိတံ တထာဂတေန အဘာသိတံ အလပိတံ တထာဂတေနာတိ ဒီပေန္တိ…ပေ… ဘာသိတံ လပိတံ တထာဂတေန ဘာသိတံ လပိတံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အနာစိဏ္ဏံ တထာဂတေန အနာစိဏ္ဏံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အာစိဏ္ဏံ တထာဂတေန အာစိဏ္ဏံ တထာဂတေနာတိ ဒီပေန္တိ…ပေ… အပညတ္တံ တထာဂတေန အပညတ္တံ တထာဂတေနာတိ ဒီပေန္တိ…ပေ… ပညတ္တံ တထာဂတေန ပညတ္တံ တထာဂတေနာတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ။ ဒသမံ။

အဓမ္မဝဂ္ဂေါ ဧကာဒသမော။

၁၄၂-၁၄၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယကို “အဝိနယ”ဟု ပြကုန်၏။ပ။ ဝိနယကို “ဝိနယ”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် မပြုအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ တစ်ဆယ့်တစ်ခုမြောက် အဓမ္မဝဂ် ပြီး၏။

“Those mendicants who explain what is not found in the monastic law as not found in the monastic law … what is found in the monastic law as found in the monastic law … what was not spoken and stated by the Realized One as not spoken and stated by the Realized One … what was spoken and stated by the Realized One as spoken and stated by the Realized One … what was not practiced by the Realized One as not practiced by the Realized One … what was practiced by the Realized One as practiced by the Realized One … what was not prescribed by the Realized One as not prescribed by the Realized One … what was prescribed by the Realized One as prescribed by the Realized One … are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.”

၁၂။ အနာပတ္တိဝဂ္ဂေါ

၁၅၀။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အနာပတ္တိံ အာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ ပဌမံ။

၁၂-အနာပတ္တိဝဂ် ၁၅၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။

Numbered Discourses 1.150–169 The Chapter on Non-offense 150 “Mendicants, those mendicants who explain a non-offense as an offense are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. They brim with much wickedness and make the true teaching disappear.” 151

၁၅၁။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အာပတ္တိံ အနာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ ဒုတိယံ။

၁၅၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။

“Mendicants, those mendicants who explain an offense as a non-offense are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. Those mendicants brim with much wickedness and make the true teaching disappear.” 152–159

၁၅၂-၁၅၉။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ လဟုကံ အာပတ္တိံ ဂရုကာ အာပတ္တီတိ ဒီပေန္တိ…ပေ… ဂရုကံ အာပတ္တိံ လဟုကာ အာပတ္တီတိ ဒီပေန္တိ…ပေ… ဒုဋ္ဌုလ္လံ အာပတ္တိံ အဒုဋ္ဌုလ္လာ အာပတ္တီတိ ဒီပေန္တိ…ပေ… အဒုဋ္ဌုလ္လံ အာပတ္တိံ ဒုဋ္ဌုလ္လာ အာပတ္တီတိ ဒီပေန္တိ…ပေ… သာဝသေသံ အာပတ္တိံ အနဝသေသာ အာပတ္တီတိ ဒီပေန္တိ…ပေ… အနဝသေသံ အာပတ္တိံ သာဝသေသာ အာပတ္တီတိ ဒီပေန္တိ…ပေ… သပ္ပဋိကမ္မံ အာပတ္တိံ အပ္ပဋိကမ္မာ အာပတ္တီတိ ဒီပေန္တိ…ပေ… အပ္ပဋိကမ္မံ အာပတ္တိံ သပ္ပဋိကမ္မာ အာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ ဒသမံ။

၁၅၂-၁၅၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ပ။ လေးသော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ပ။ မကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထိုုရဟန်းတို့သည် ဤသာသနာ တော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။

“Those mendicants who explain a light offense as a heavy offense … a heavy offense as a light offense … a grave offense as a minor offense … a minor offense as a grave offense … a curable offense as an incurable offense … an incurable offense as a curable offense … an offense requiring amends as an offense not requiring amends … an offense not requiring amends as an offense requiring amends are acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. Those mendicants brim with much wickedness and make the true teaching disappear.” 160

စာ-၂၁

၁၆၀။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အနာပတ္တိံ အနာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ။ ဧကာဒသမံ။

၁၆၀။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ် မဟုတ်သည်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။

“Mendicants, those mendicants who explain a non-offense as a non-offense are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.” 161

၁၆၁။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အာပတ္တိံ အာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ။ ဒွါဒသမံ။

၁၆၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထို့ရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒွါဒသမသုတ်။

“Mendicants, those mendicants who explain an offense as an offense are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.” 162–169

၁၆၂-၁၆၉။ ‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ လဟုကံ အာပတ္တိံ လဟုကာ အာပတ္တီတိ ဒီပေန္တိ… ဂရုကံ အာပတ္တိံ ဂရုကာ အာပတ္တီတိ ဒီပေန္တိ… ဒုဋ္ဌုလ္လံ အာပတ္တိံ ဒုဋ္ဌုလ္လာ အာပတ္တီတိ ဒီပေန္တိ… အဒုဋ္ဌုလ္လံ အာပတ္တိံ အဒုဋ္ဌုလ္လာ အာပတ္တီတိ ဒီပေန္တိ… သာဝသေသံ အာပတ္တိံ သာဝသေသာ အာပတ္တီတိ ဒီပေန္တိ… အနဝသေသံ အာပတ္တိံ အနဝသေသာ အာပတ္တီတိ ဒီပေန္တိ… သပ္ပဋိကမ္မံ အာပတ္တိံ သပ္ပဋိကမ္မာ အာပတ္တီတိ ဒီပေန္တိ… အပ္ပဋိကမ္မံ အာပတ္တိံ အပ္ပဋိကမ္မာ အာပတ္တီတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ ပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ’’တိ။ ဝီသတိမံ။

အနာပတ္တိဝဂ္ဂေါ ဒွါဒသမော။

၁၆၂-၁၆၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ လေးသော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ် မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ ကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ မကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထိုုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ ဝီသတိမသုတ်။ တစ်ဆယ့်နှစ်ခုမြောက် အနာပတ္တိဝဂ် ပြီး၏။

“Those mendicants who explain a light offense as a light offense … a heavy offense as a heavy offense … a grave offense as a grave offense … a minor offense as a minor offense … a curable offense as a curable offense … an incurable offense as an incurable offense … an offense requiring amends as an offense requiring amends … an offense not requiring amends as an offense requiring amends are acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. They brim with much merit and make the true teaching continue.”

၁၃။ ဧကပုဂ္ဂလဝဂ္ဂေါ

၁၇၀။ ‘‘ဧကပုဂ္ဂလော, ဘိက္ခဝေ, လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော? တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ အယံ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလော လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ။

၁၃-ဧကပုဂ္ဂလဝဂ် ၁၇၀။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၁သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဥ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါး ဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဥ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.170–187 The Chapter on One Individual 170 “One individual, mendicants, arises in the world for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual, mendicants, who arises in the world for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans.” 171

စာ-၂၂

၁၇၁။ ‘‘ဧကပုဂ္ဂလဿ, ဘိက္ခဝေ, ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ။ ကတမဿ ဧကပုဂ္ဂလဿ? တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဣမဿ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလဿ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိ’’န္တိ။

၁၇၁။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏။ အဘယ် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏ဟု (မိန့်တော်မူ၏)။ (၂)

“The appearance of one individual, mendicants, is rare in the world. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual, mendicants, whose appearance is rare in the world.” 172

၁၇၂။ ‘‘ဧကပုဂ္ဂလော, ဘိက္ခဝေ, လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အစ္ဆရိယမနုဿော။ ကတမော ဧကပုဂ္ဂလော? တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ အယံ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလော လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အစ္ဆရိယမနုဿော’’တိ။

၁၇၂။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီးလောက်သောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီး လောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)

“One individual, mendicants, arises in the world who is an incredible human being. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual, mendicants, who arises in the world who is an incredible human being.” 173

၁၇၃။ ‘‘ဧကပုဂ္ဂလဿ, ဘိက္ခဝေ, ကာလကိရိယာ ဗဟုနော ဇနဿ အနုတပ္ပါ [အာနုတပ္ပါ (သီ။)] ဟောတိ။ ကတမဿ ဧကပုဂ္ဂလဿ? တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဣမဿ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလဿ ကာလကိရိယာ ဗဟုနော ဇနဿ အနုတပ္ပါ ဟောတီ’’တိ။

၁၇၃။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏။ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက့်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ကွယ်လွန်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏ဟု (မိန့်တော်မူ၏)။ (၄)

“The death of one individual, mendicants, is regretted by many people. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual, mendicants, whose death is regretted by many people.” 174

၁၇၄။ ‘‘ဧကပုဂ္ဂလော, ဘိက္ခဝေ, လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဒုတိယော အသဟာယော အပ္ပဋိမော အပ္ပဋိသမော အပ္ပဋိဘာဂေါ အပ္ပဋိပုဂ္ဂလော အသမော အသမသမော ဒွိပဒါနံ အဂ္ဂေါ။ ကတမော ဧကပုဂ္ဂလော? တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ အယံ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလော လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဒုတိယော အသဟာယော အပ္ပဋိမော အပ္ပဋိသမော အပ္ပဋိဘာဂေါ အပ္ပဋိပုဂ္ဂလော အသမော အသမသမော ဒွိပဒါနံ အဂ္ဂေါ’’တိ။

၁၇၄။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့် ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့် ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူ ရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့်ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့်ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့်မတူသူ ခပ်သိမ်းသောသတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာတူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၅)

“One individual, mendicants, arises in the world unique, without peer or rival, incomparable, matchless, unrivaled, unequaled, without equal, the best of men. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual, mendicants, who arises in the world unique, without peer or rival, incomparable, matchless, unrivaled, unequaled, without equal, the best of men.” 175–186

၁၇၅-၁၈၆။ ‘‘ဧကပုဂ္ဂလဿ, ဘိက္ခဝေ, ပါတုဘာဝါ မဟတော စက္ခုဿ ပါတုဘာဝေါ ဟောတိ, မဟတော အာလောကဿ ပါတုဘာဝေါ ဟောတိ, မဟတော ဩဘာသဿ ပါတုဘာဝေါ ဟောတိ, ဆန္နံ အနုတ္တရိယာနံ ပါတုဘာဝေါ ဟောတိ, စတုန္နံ ပဋိသမ္ဘိဒါနံ သစ္ဆိကိရိယာ ဟောတိ, အနေကဓာတုပဋိဝေဓော ဟောတိ, နာနာဓာတုပဋိဝေဓော ဟောတိ, ဝိဇ္ဇာဝိမုတ္တိဖလသစ္ဆိကိရိယာ ဟောတိ, သောတာပတ္တိဖလသစ္ဆိကိရိယာ ဟောတိ, သကဒါဂါမိဖလသစ္ဆိကိရိယာ ဟောတိ, အနာဂါမိဖလသစ္ဆိကိရိယာ ဟောတိ, အရဟတ္တဖလသစ္ဆိကိရိယာ ဟောတိ။ ကတမဿ ဧကပုဂ္ဂလဿ? တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဣမဿ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလဿ ပါတုဘာဝါ မဟတော စက္ခုဿ ပါတုဘာဝေါ ဟောတိ, မဟတော အာလောကဿ ပါတုဘာဝေါ ဟောတိ, မဟတော ဩဘာသဿ ပါတုဘာဝေါ ဟောတိ, ဆန္နံ အနုတ္တရိယာနံ ပါတုဘာဝေါ ဟောတိ, စတုန္နံ ပဋိသမ္ဘိဒါနံ သစ္ဆိကိရိယာ ဟောတိ, အနေကဓာတုပဋိဝေဓော ဟောတိ, နာနာဓာတုပဋိဝေဓော ဟောတိ, ဝိဇ္ဇာဝိမုတ္တိဖလသစ္ဆိကိရိယာ ဟောတိ, သောတာပတ္တိဖလသစ္ဆိကိရိယာ ဟောတိ, သကဒါဂါမိဖလသစ္ဆိကိရိယာ ဟောတိ, အနာဂါမိဖလသစ္ဆိကိရိယာ ဟောတိ, အရဟတ္တဖလသစ္ဆိကိရိယာ ဟောတီ’’တိ။

၁၇၅-၁၈၆။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အလင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အရောင်၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ခြောက်ပါးသော (ဒဿနာနုတ္တရိယ စသည့်) အတူမရှိ မြတ်သော တရားတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ လေးပါးသော ပဋိသမ္ဘိဒါဉာဏ်တို့ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ ဝိဇ္ဇာ ဝိမုတ္တိဖိုလ် ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သောတာပတ္တ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်တည်း။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၆-၁၇)

“With the appearance of one individual, mendicants, there is the appearance of a great eye, a great light, a great radiance, and the six unsurpassable things; the realization of the four kinds of textual analysis; the penetration of many and diverse elements; the realization of the fruit of knowledge and freedom; the realization of the fruits of stream-entry, once-return, non-return, and perfection. What one individual? The Realized One, the perfected one, the fully awakened Buddha. This is the one individual whose appearance brings the appearance of a great eye, a great light, a great radiance, and the six unsurpassable things; the realization of the four kinds of textual analysis; the penetration of many and diverse elements; the realization of the fruit of knowledge and freedom; the realization of the fruits of stream-entry, once-return, non-return, and perfection.” 187

စာ-၂၃

၁၈၇။ ‘‘နာဟံ ဘိက္ခဝေ, အညံ ဧကပုဂ္ဂလမ္ပိ သမနုပဿာမိ ယော ဧဝံ တထာဂတေန အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ သမ္မဒေဝ အနုပ္ပဝတ္တေတိ ယထယိဒံ, ဘိက္ခဝေ, သာရိပုတ္တော။ သာရိပုတ္တော, ဘိက္ခဝေ, တထာဂတေန အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ သမ္မဒေဝ အနုပ္ပဝတ္တေတီ’’တိ။

ဧကပုဂ္ဂလဝဂ္ဂေါ တေရသမော။

၁၈၇။ ရဟန်းတို့ ဤသာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့၊ ဤအတူ မြတ်စွာဘုရား လည်စေအပ်သော အတု မရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သော အခြားတစ်ဦးသော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက် ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၈) တစ်ဆယ့်သုံးခုမြောက် ဧကပုဂ္ဂလဝဂ် ပြီး၏။ ၁။ ပါရမီဂုဏ် ဘုန်းဂုဏ်တို့ကြောင့် ကြွင်းသော သတ္တဝါတို့နှင့် မတူမူ၍ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသဖြင့် နှစ်ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသောကြောင့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဟု ဆိုသည်။ ၂။ ဖိုလ်စိတ်နှင့်ယှဥ်သောဉာဏ် ဖိုလ်ဉာဏ်။ ၃။ ဖိုလ်ဉာဏ်မှ ကြွင်းသော သမ္မယုတ်တရားများ။

“Mendicants, I do not see a single other individual who rightly keeps rolling the supreme Wheel of Dhamma that was rolled forth by the Realized One like Sāriputta. Sāriputta rightly keeps rolling the supreme Wheel of Dhamma that was rolled forth by the Realized One.”

၁၄။ ဧတဒဂ္ဂဝဂ္ဂေါ

၁။ ပဌမဝဂ္ဂေါ

၁၈၈။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိကောဏ္ဍညော’’ [အညာတကောဏ္ဍညောတိ (က။), အညာကောဏ္ဍညော (သီ။ သျာ။ ကံ။ ပီ။)]။

၁၄-ဧတဒဂ္ဂဝဂ် ၁-ပဌမဝဂ် ၁၈၈။ ရဟန်းတို့ ညဥ့်တို့ကို သိကုန် ‘ရဟန်းဝါရင့်ကုန်’သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အညာသိကောဏ္ဍညသည် ရှိ၏၊ ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.188–197 Chapter One “The foremost of my monk disciples in long standing is Koṇḍañña Who Understood.”

၁၈၉။ … မဟာပညာနံ ယဒိဒံ သာရိပုတ္တော။

၁၈၉။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာရိပုတြာသည် ရှှိ၏၊ ထို သာရိပုတြာသည် အမြတ်ဆုံးပေတည်း။ (၂)

“… with great wisdom is Sāriputta.”

၁၉၀။ … ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလ္လာနော။

၁၉၀။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာမောဂ္ဂလာန်သည် ရှိ၏၊ ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးပေတည်း။ (၃)

“… with psychic power is Mahāmoggallāna.”

၁၉၁။ … ဓုတဝါဒါနံ [ဓုတင်္ဂဓရာနံ (ကတ္ထစိ)] ယဒိဒံ မဟာကဿပေါ။

၁၉၁။ ဓုတ၂ဂုဏ် ဓုတဝါဒ၃ဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကဿပသည် ရှိ၏၊ ထို မဟာကဿပသည် အမြတ်ဆုံးပေတည်း။ (၄)

“… who advocate austerities is Mahākassapa.”

၁၉၂။ … ဒိဗ္ဗစက္ခုကာနံ ယဒိဒံ အနုရုဒ္ဓေါ။

၁၉၂။ ဒိဗ္ဗစက္ခုအဘိညာဥ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါသည် ရှိ၏၊ ထို အနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း။ (၅)

“… with clairvoyance is Anuruddha.”

၁၉၃။ … ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယပုတ္တော။

၁၉၃။ မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် ရှိ၏၊ ထို ဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၆)

“… from eminent families is Bhaddiya son of Kāḷīgodhā.”

၁၉၄။ … မဉ္ဇုဿရာနံ ယဒိဒံ လကုဏ္ဍက [လကုဏ္ဋက (သျာ။ ကံ။)] ဘဒ္ဒိယော။

၁၉၄။ သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် လကုဏ္ဍကဘဒ္ဒိယသည် ရှိ၏၊ ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၇)

“… with a charming voice is Bhaddiya the Dwarf.”

စာ-၂၄

၁၉၅။ … သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော။

၁၉၅။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါး မြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ရှိ၏၊ ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံးပေတည်း။ (၈)

“… with a lion’s roar is Bhāradvāja the Alms-Gatherer.”

၁၉၆။ … ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တာဏိပုတ္တော။

၁၉၆။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ရှိ၏၊ ထို ပုဏ္ဏသည် အမြတ်ဆုံးပေတည်း။ (၉)

“… who speak on the teaching is Puṇṇa son of Mantāṇī.”

၁၉၇။ … သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇန္တာနံ ယဒိဒံ မဟာကစ္စာနောတိ။

ဝဂ္ဂေါ ပဌမော။

၁၉၇။ အကျဥ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ် သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ရှိ၏၊ ထို မဟာကစ္စာနသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀) ပဌမဝဂ် ပြီး၏။ ၁။ ရဟန်းဘဝဖြင့် နေခဲ့သောညဥ့်တရားရပြီး သေက္ခဘဝ ရဟန္တာဘဝနေခဲ့သော ညဥ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်သောဟု ဆိုလိုသည်။ ၂။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ခြင်းသည် ဓုတဂုဏ်။ ၃။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ဖျက်ဆီးရန် ဟောပြောခြင်းသည် ဓုတဝါဒမည်၏။

“… who explain in detail the meaning of a brief statement is Mahākaccāna.”

၂။ ဒုတိယဝဂ္ဂေါ

၁၉၈။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ မနောမယံ ကာယံ အဘိနိမ္မိနန္တာနံ ယဒိဒံ စူဠပန္ထကော’’ [စုလ္လပန္ထကော (သီ။ သျာ။ ကံ။ ပီ။)]။

၁၄-ဧတဒဂ္ဂ္ဂဝဂ် ၂- ဒုတိယဝဂ် ၁၉၈။ ရဟန်းတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.198–208 Chapter Two “The foremost of my monk disciples in creating a mind-made body is Cūḷapanthaka.”

၁၉၉။ … စေတောဝိဝဋ္ဋကုသလာနံ ယဒိဒံ စူဠပန္ထကော။

၁၉၉။ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ (၂)

“… who are skilled in the turning away of the mind is Cūḷapanthaka.”

၂၀၀။ … သညာဝိဝဋ္ဋကုသလာနံ ယဒိဒံ မဟာပန္ထကော။

၂၀၀။ အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာပန္ထကသည် ရှိ၏၊ ထို မဟာပန္ထကသည် အမြတ်ဆုံးပေတည်း။ (၃)

“… who are skilled in the turning away through perception is Mahāpanthaka.”

၂၀၁။ … အရဏဝိဟာရီနံ ယဒိဒံ သုဘူတိ။

၂၀၁။ ကိလေသာကင်းသော နေခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၄)

“… who live without strife is Subhūti.”

၂၀၂။ … ဒက္ခိဏေယျာနံ ယဒိဒံ သုဘူတိ။

၂၀၂။ မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ (၅)

“… who are worthy of a religious donation is Subhūti.”

၂၀၃။ … အာရညကာနံ ယဒိဒံ ရေဝတော ခဒိရဝနိယော။

၂၀၃။ တောကျောင်း၌ နေကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ခဒိရဝနိယရေဝတသည် ရှိ၏၊ ထို ခဒိရဝနိယရေဝတသည် အမြတ်ဆုံးပေတည်း။ (၆)

“… who stay in the wilderness is Revata of the Acacia Wood.”

၂၀၄။ … ဈာယီနံ ယဒိဒံ ကင်္ခါရေဝတော။

၂၀၄။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကင်္ခါရေဝတသည် ရှိ၏၊ ထို ကင်္ခါရေဝတသည် အမြတ်ဆုံးပေတည်း။ (၇)

“… who practice absorption is Revata the Doubter.”

၂၀၅။ … အာရဒ္ဓဝီရိယာနံ ယဒိဒံ သောဏော ကောဠိဝိသော။

၂၀၅။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၈)

“… who are energetic is Soṇa Koḷivisa.”

၂၀၆။ … ကလျာဏဝါက္ကရဏာနံ ယဒိဒံ သောဏော ကုဋိကဏ္ဏော။

၂၀၆။ ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ (၉)

“… who enunciate well is Soṇa of the Sharp Ears.”

၂၀၇။ … လာဘီနံ ယဒိဒံ သီဝလိ။

၂၀၇။ လာဘ်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သီဝလိသည် ရှိ၏၊ ထို သီဝလိသည် အမြတ်ဆုံးပေတည်း။ (၁၀)

“… who receive many possessions is Sīvali.”

၂၀၈။ … သဒ္ဓါဓိမုတ္တာနံ ယဒိဒံ ဝက္ကလီတိ။

ဝဂ္ဂေါ ဒုတိယော။

၂၀၈။ သဒ္ဓါတရား အားကြီးကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝက္ကလိသည် ရှိ၏၊ ထို ဝက္ကလိသည် အမြတ်ဆုံးပေတည်း။ (၁၁) ဒုတိယဝဂ် ပြီး၏။ ၁။ လူဖြစ်စဥ်က တစ်ကုဋေတန်သော နားတန်ဆာကို ဝတ်ဆင်သောကြောင့် ဤအမည်ကို ရသည်။

“… who are committed to faith is Vakkalī.”

၃။ တတိယဝဂ္ဂေါ

၂၀၉။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ သိက္ခာကာမာနံ ယဒိဒံ ရာဟုလော’’။

၁၄-ဧတဒဂ္ဂဝဂ် ၃-တတိယဝဂ် ၂၀၉။ ရဟန်းတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဟုလာသည် ရှိ၏။ ထို ရာဟုလာသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.209–218 Chapter Three “The foremost of my monk disciples who want to train is Rāhula.”

စာ-၂၅

၂၁၀။ … သဒ္ဓါပဗ္ဗဇိတာနံ ယဒိဒံ ရဋ္ဌပါလော။

၂၁၀။ သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် ရှိ၏။ ထို ရဋ္ဌပါလသည် အမြတ်ဆုံးပေတည်း။ (၂)

“… who went forth out of faith is Raṭṭhapāla.”

၂၁၁။ … ပဌမံ သလာကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော။

၂၁၁။ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ (၃)

“… who are the first to vote is Kuṇḍadhāna.”

၂၁၂။ … ပဋိဘာနဝန္တာနံ ယဒိဒံ ဝင်္ဂီသော။

၂၁၂။ ဆန်းကြယ်သော ဉာဏ် ‘ပဋိဘာန်’ ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝင်္ဂီသသည် ရှိ၏။ ထို ဝင်္ဂီသသည် အမြတ်ဆုံးပေတည်း။ (၄)

“… who are eloquent poets is Vaṅgīsa.”

၂၁၃။ … သမန္တပါသာဒိကာနံ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော။

၂၁၃။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား အကြင် ဥပသေနသည် ရှိ၏။ ထို ဥပသေနသည် အမြတ်ဆုံးပေတည်း။ (၅)

“… who are impressive all around is Upasena son of Vaṅgantā.”

၂၁၄။ … သေနာသနပညာပကာနံ ယဒိဒံ ဒဗ္ဗော မလ္လပုတ္တော။

၂၁၄။ ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် ရှိ၏၊ ထို ဒဗ္ဗသည် အမြတ်ဆုံးပေတည်း။ (၆)

“… who assign lodgings is Dabba the Mallian.”

၂၁၅။ … ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။

၂၁၅။ နတ်တို့ ချစ်ခင်မြတ်နိုးအပ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိလိန္ဒဝစ္ဆသည် ရှိ၏၊ ထို ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံးပေတည်း။ (၇)

“… who are beloved of the deities is Pilindavaccha.”

၂၁၆။ … ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော။

၂၁၆။ လျင်မြန်စွာရသော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ရှိ၏၊ ထို ဒါရုစီရိယသည် အမြတ်ဆုံးပေတည်း။ (၈)

“… with swift insight is Bāhiya of the Bark Cloth.”

၂၁၇။ … စိတ္တကထိကာနံ ယဒိဒံ ကုမာရကဿပေါ။

၂၁၇။ ဆန်းကြယ်စွာတရားဟောပြောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုမာရကဿပသည် ရှိ၏၊ ထို ကုမာရကဿပသည် အမြတ်ဆုံးပေတည်း။ (၉)

“… with brilliant speech is Kassapa the Prince.”

၂၁၈။ … ပဋိသမ္ဘိဒါပတ္တာနံ ယဒိဒံ မဟာကောဋ္ဌိတောတိ [မဟာကောဋ္ဌိကောတိ (အညေသု သုတ္တေသု မရမ္မပေါတ္ထကေ)]။

ဝဂ္ဂေါ တတိယော။

၂၁၈။ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကောဋ္ဌိကသည် ရှိ၏၊ ထို မဟာကောဋ္ဌိကသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀) တတိယဝဂ် ပြီး၏။

“… who have attained the methods of textual analysis is Mahākoṭṭhita.”

၄။ စတုတ္ထဝဂ္ဂေါ

၂၁၉။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ ဗဟုဿုတာနံ ယဒိဒံ အာနန္ဒော’’။

၁၄-ဧတဒဂ္ဂဝဂ် ၄-စတုတ္ထဝဂ် ၂၁၉။ ရဟန်းတို့ အကြားအမြင်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.219–234 Chapter Four “The foremost of my monk disciples who are very learned is Ānanda.”

၂၂၀။ … သတိမန္တာနံ ယဒိဒံ အာနန္ဒော။

၂၂၀။ (ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၂)

“… in memory is Ānanda.”

၂၂၁။ … ဂတိမန္တာနံ ယဒိဒံ အာနန္ဒော။

၂၂၁။ (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၃)

“… in rememberance is Ānanda.”

၂၂၂။ … ဓိတိမန္တာနံ ယဒိဒံ အာနန္ဒော။

၂၂၂။ (ငါ၏ စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ်လုပ်ကျွေးခြင်းတို့၌) လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၄)

“… in retention is Ānanda.”

၂၂၃။ … ဥပဋ္ဌာကာနံ ယဒိဒံ အာနန္ဒော။

၂၂၃။ (ငါ့အား) လုပ်ကျွေးသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၅)

“… as a personal attendant is Ānanda.”

၂၂၄။ … မဟာပရိသာနံ ယဒိဒံ ဥရုဝေလကဿပေါ။

၂၂၄။ များသော ပရိသတ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥရုဝေလကဿပသည် ရှိ၏၊ ထို ဥရုဝေလကဿပသည် အမြတ်ဆုံးပေတည်း။ (၆)

“… with a large congregation is Kassapa of Uruvelā.”

၂၂၅။ … ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ။

၂၂၅။ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကာဠုဒါယီသည် ရှိ၏၊ ထို ကာဠုဒါယီသည် အမြတ်ဆုံးပေတည်း။ (၇)

“… who impress lay families is Kāḷudāyī.”

၂၂၆။ … အပ္ပါဗာဓာနံ ယဒိဒံ ဗာကုလော [ဗက္ကုလော (သီ။ သျာ။ ကံ။ ပီ။)]။

၂၂၆။ အနာရောဂါကင်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဗာကုလသည် ရှိ၏၊ ထို ဗာကုလသည် အမြတ်ဆုံးပေတည်း။ (၈)

“… with good health is Bakkula.”

၂၂၇။ … ပုဗ္ဗေနိဝါသံ အနုဿရန္တာနံ ယဒိဒံ သောဘိတော။

၂၂၇။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သောဘိတသည် ရှိ၏၊ ထို သောဘိတသည် အမြတ်ဆုံးပေတည်း။ (၉)

“… who recollect past lives is Sobhita.”

၂၂၈။ … ဝိနယဓရာနံ ယဒိဒံ ဥပါလိ။

၂၂၈။ ဝိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥပါလိသည် ရှိ၏၊ ထို ဥပါလိသည် အမြတ်ဆုံးပေတည်း။ (၁၀)

“… who have memorized the monastic law is Upāli.”

စာ-၂၆

၂၂၉။ … ဘိက္ခုနောဝါဒကာနံ ယဒိဒံ နန္ဒကော။

၂၂၉။ ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒကသည် ရှိ၏၊ ထို နန္ဒကသည် အမြတ်ဆုံးပေတည်း။ (၁၁)

“… who advise the nuns is Nandaka.”

၂၃၀။ … ဣန္ဒြိယေသု ဂုတ္တဒွါရာနံ ယဒိဒံ နန္ဒော။

၂၃၀။ ဣန္ဒြေကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒသည် ရှိ၏၊ ထို နန္ဒသည် အမြတ်ဆုံးပေတည်း။ (၁၂)

“… who guard the sense doors is Nanda.”

၂၃၁။ … ဘိက္ခုဩဝါဒကာနံ ယဒိဒံ မဟာကပ္ပိနော။

၂၃၁။ ရဟန်းယောကျာ်းတို့ကို ဆုံးမတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာ ကပ္ပိနသည် ရှိ၏၊ ထို မဟာကပ္ပိနသည် အမြတ်ဆုံးပေတည်း။ (၁၃)

“… who advise the monks is Mahākappina.”

၂၃၂။ … တေဇောဓာတုကုသလာနံ ယဒိဒံ သာဂတော။

၂၃၂။ တေဇောဓာတ်ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာဂတသည် ရှိ၏၊ ထို သာဂတသည် အမြတ်ဆုံးပေတည်း။ (၁၄)

“… who are skilled in the fire element is Sāgata.”

၂၃၃။ … ပဋိဘာနေယျကာနံ ယဒိဒံ ရာဓော။

၂၃၃။ တရားကို ထင်မြင်လွယ်သော ဉာဏ် ‘ပဋိဘာန်’၁နှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဓသည် ရှိ၏၊ ထို ရာဓသည် အမြတ်ဆုံးပေတည်း။ (၁၅)

“… who inspire eloquent teachings is Rādha.”

၂၃၄။ … လူခစီဝရဓရာနံ ယဒိဒံ မောဃရာဇာတိ။

ဝဂ္ဂေါ စတုတ္ထော။

၂၃၄။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မောဃရာဇသည် ရှိ၏၊ ထို မောဃရာဇသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၆) စတုတ္ထဝဂ် ပြီး၏။ ၁။ ပဋိဝေဓပဋိဘာန်ကို ဆိုသည်။ ၂။ ချည် အထည် ဆိုးရည်အားဖြင့် သုံးမျိုးလုံးညံ့သောဟု ဆိုလိုသည်။

“… who wear coarse robes is Mogharāja.”

၅။ ပဉ္စမဝဂ္ဂေါ

၂၃၅။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝိကာနံ ဘိက္ခုနီနံ ရတ္တညူနံ ယဒိဒံ မဟာပဇာပတိဂေါတမီ’’။

၁၄-ဧတဒဂ္ဂဝဂ် ၅-ပဉ္စမဝဂ် ၂၃၅။ ရဟန်းတို့ ညဥ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် မဟာပဇာပတိဂေါတမီသည် ရှိ၏၊ ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.235–247 Chapter Five “The foremost of my nun disciples in long standing is Mahāpajāpati Gotamī.”

၂၃၆။ … မဟာပညာနံ ယဒိဒံ ခေမာ။

၂၃၆။ ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ခေမာသည် ရှိ၏၊ ထို ခေမာသည် အမြတ်ဆုံးပေတည်း။ (၂)

“… with great wisdom is Khemā.”

၂၃၇။ … ဣဒ္ဓိမန္တီနံ ယဒိဒံ ဥပ္ပလဝဏ္ဏာ။

၂၃၇။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဥပ္ပလဝဏ်သည် ရှိ၏၊ ထို ဥပ္ပလဝဏ်သည် အမြတ်ဆုံးပေတည်း။ (၃)

“… with psychic power is Uppalavaṇṇā.”

၂၃၈။ … ဝိနယဓရာနံ ယဒိဒံ ပဋာစာရာ။

၂၃၈။ ဝိနည်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ပဋာစာရီသည် ရှိ၏၊ ထို ပဋာစာရီသည် အမြတ်ဆုံးပေတည်း။ (၄)

“… who have memorized the monastic law is Paṭācārā.”

၂၃၉။ … ဓမ္မကထိကာနံ ယဒိဒံ ဓမ္မဒိန္နာ။

၂၃၉။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဓမ္မဒိန္နာသည် ရှိ၏၊ ထို ဓမ္မဒိန္နာသည် အမြတ်ဆုံးပေတည်း။ (၅)

“… who speak on the teaching is Dhammadinnā.”

၂၄၀။ … ဈာယီနံ ယဒိဒံ နန္ဒာ။

၂၄၀။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် နန္ဒာ၁သည် ရှိ၏၊ ထို နန္ဒာသည် အမြတ်ဆုံးပေတည်း။ (၆)

“… who practice absorption is Nandā.”

၂၄၁။ … အာရဒ္ဓဝီရိယာနံ ယဒိဒံ သောဏာ။

၂၄၁။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ရှိ၏၊ ထို သောဏာသည် အမြတ်ဆုံးပေတည်း။ (၇)

“… who are energetic is Soṇā.”

၂၄၂။ … ဒိဗ္ဗစက္ခုကာနံ ယဒိဒံ ဗကုလာ [သကုလာ (သီ။ သျာ။ ကံ။ ပီ။)]။

၂၄၂။ ဒိဗ္ဗစက္ခုအဘိညာဥ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဗကုလာသည် ရှိ၏၊ ထို ဗကုလာသည် အမြတ်ဆုံးပေတည်း။ (၈)

“… with clairvoyance is Sakulā.”

၂၄၃။ … ခိပ္ပါဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ။

၂၄၃။ လျင်မြန်စွာရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် ရှိ၏၊ ထို ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ပေတည်း။ (၉)

“… with swift insight is Bhaddā of the Curly Hair.”

၂၄၄။ … ပုဗ္ဗေနိဝါသံ အနုဿရန္တီနံ ယဒိဒံ ဘဒ္ဒါ ကာပိလာနီ။

၂၄၄။ ရှေး၌နေဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါကာပိလာနီသည် ရှိ၏၊ ထို ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံးပေတည်း။ (၁၀)

“… who recollect past lives is Bhaddā daughter of Kapila.”

၂၄၅။ … မဟာဘိညပ္ပတ္တာနံ ယဒိဒံ ဘဒ္ဒကစ္စာနာ။

၂၄၅။ မြတ်သော အဘိညာဥ်သို့ရောက်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒကစ္စာနာသည် ရှိ၏၊ ထို ဘဒ္ဒကစ္စာနာသည် အမြတ်ဆုံးပေတည်း။ (၁၁)

“… who have attained great insight is Bhaddakaccānā.”

၂၄၆။ … လူခစီဝရဓရာနံ ယဒိဒံ ကိသာဂေါတမီ။

၂၄၆။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ကိသာဂေါတမီသည် ရှိ၏၊ ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁၂)

“… who wear coarse robes is Kisāgotamī.”

၂၄၇။ … သဒ္ဓါဓိမုတ္တာနံ ယဒိဒံ သိင်္ဂါလကမာတာတိ [သိဂါလမာတာတိ (သီ။ သျာ။ ကံ။ ပီ။)]။

ဝဂ္ဂေါ ပဉ္စမော။

၂၄၇။ သဒ္ဓါတရားအားကြီးကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သိင်္ဂါလကမာတာသည်ရှိ၏၊ ထို သိင်္ဂါလကမာတာသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၃) ပဉ္စမဝဂ် ပြီး၏။ ၁။ မိထွေးတော်ဂေါတမီ၏သမီး ဇနပဒကလျာဏီပင် ဖြစ်သည်။ ၂။ ရာဟုလာ၏ မယ်တော် ယသော်ဓရာတည်း။

“… who are committed to faith is Sigālaka’s Mother.”

စာ-၂၇

၆။ ဆဋ္ဌဝဂ္ဂေါ

၂၄၈။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဥပါသကာနံ ပဌမံ သရဏံ ဂစ္ဆန္တာနံ ယဒိဒံ တပုဿဘလ္လိကာ [တပဿုဘလ္လိကာ (သီ။ ပီ။)] ဝါဏိဇာ’’။

၁၄-ဧတဒဂ္ဂဝဂ် ၆-ဆဋ္ဌဝဂ် ၂၄၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း ‘သရဏဂုံ’ သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် တပုကဿနှင့်ဘလ္လိကကုန်သည်တို့သည် ရှိကုန်၏၊ ထို တပုဿနှင့်ဘလ္လိကကုန်သည် တို့သည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.248–257 Chapter Six “The foremost of my laymen disciples in first going for refuge are the merchants Tapussa and Bhallika.”

၂၄၉။ … ဒါယကာနံ ယဒိဒံ သုဒတ္တော ဂဟပတိ အနာထပိဏ္ဍိကော။

၂၄၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အကြင် အနာထပိဏ်သူကြွယ်သည် ရှိ၏၊ ထို အနာထပိဏ်သူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၂)

“… as a donor is the householder Sudatta Anāthapiṇḍika.”

၂၅၀။ … ဓမ္မကထိကာနံ ယဒိဒံ စိတ္တော ဂဟပတိ မစ္ဆိကာသဏ္ဍိကော။

၂၅၀။ တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့သား အကြင် စိတ္တသူကြွယ်သည် ရှိ၏၊ ထို စိတ္တသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၃)

“… who speak on the teaching is the householder Citta of Macchikāsaṇḍika.”

၂၅၁။ … စတူဟိ သင်္ဂဟဝတ္ထူဟိ ပရိသံ သင်္ဂဏှန္တာနံ ယဒိဒံ ဟတ္ထကော အာဠဝကော။

၂၅၁။ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် ဟတ္ထကအာဠဝကသည် ရှိ၏၊ ထို ဟတ္ထကအာဠဝကသည် အမြတ်ဆုံးပေတည်း။ (၄)

“… who attract a congregation by the four ways of being inclusive is Hatthaka of Āḷavī.”

၂၅၂။ … ပဏီတဒါယကာနံ ယဒိဒံ မဟာနာမော သက္ကော။

၂၅၂။ မွန်မြတ်သောဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင် မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် ရှိ၏၊ ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း။ (၅)

“… who donate fine things is Mahānāma the Sakyan.”

၂၅၃။ … မနာပဒါယကာနံ ယဒိဒံ ဥဂ္ဂေါ ဂဟပတိ ဝေသာလိကော။

၂၅၃။ နှစ်သက်ဖွယ် ဝတ္ထုကို လှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဝေသာလီပြည်သား အကြင် ဥဂ္ဂသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၆)

“… who donate nice things is the householder Ugga of Vesālī.”

၂၅၄။ … သံဃုပဋ္ဌာကာနံ ယဒိဒံ ဟတ္ထိဂါမကော ဥဂ္ဂတော ဂဟပတိ။

၂၅၄။ သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဟတ္ထိရွာသား အကြင် ဥဂ္ဂတသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂတသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၇)

“… who attend on the Saṅgha is the householder Uggata of Elephant Village.”

၂၅၅။ … အဝေစ္စပ္ပသန္နာနံ ယဒိဒံ သူရမ္ဗဋ္ဌော [သူရော အမ္ဗဋ္ဌော (သီ။ သျာ။ ကံ။ ပီ။) သုရေဗန္ဓော (က။)]။

၂၅၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် သုရဗန္ဓသည် ရှိ၏၊ ထို သုရဗန္ဓသည် အမြတ်ဆုံးပေတည်း။ (၈)

“… who have experiential confidence is Sūra Ambaṭṭha.”

၂၅၆။ … ပုဂ္ဂလပ္ပသန္နာနံ ယဒိဒံ ဇီဝကော ကောမာရဘစ္စော။

၂၅၆။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အဘယမင်းသား မွေးစားအပ်သော အကြင် ဇီဝကသည် ရှိ၏၊ ထို ဇီဝကသည် အမြတ်ဆုံးပေတည်း။ (၉)

“… who have confidence in an individual is Jīvaka Komārabhacca.”

၂၅၇။ … ဝိဿာသကာနံ ယဒိဒံ နကုလပိတာ ဂဟပတီတိ။

ဝဂ္ဂေါ ဆဋ္ဌော။

၂၅၇။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် နကုလပိတာ သူကြွယ်သည် ရှိ၏၊ ထို နကုလပိတာ သူကြွယ်သည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀) ဆဋ္ဌဝဂ် ပြီး၏။ ၁။ သုရမ္ဗဋ္ဌဟု အဋ္ဌကထာ၌ ရှိ၏။

“… who are trusting is the householder Nakula’s father.”

၇။ သတ္တမဝဂ္ဂေါ

၂၅၈။ ‘‘ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝိကာနံ ဥပါသိကာနံ ပဌမံ သရဏံ ဂစ္ဆန္တီနံ ယဒိဒံ သုဇာတာ သေနိယဓီတာ’’ [သေနာနီ ဓီတာ (သီ။ သျာ။ ကံ။ ပီ။)]။

၁၄-ဧတဒဂ္ဂဝဂ် ၇-သတ္တမဝဂ် ၂၅၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း ‘သရဏဂုံ’ သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် သေနိယသူဌေး၏သမီး အကြင် သုဇာတာသည် ရှိ၏၊ ထိုသူဌေးသမီးသုဇာတာသည် အမြတ်ဆုံးပေတည်း။ (၁)

Numbered Discourses 1.258–267 Chapter Seven “The foremost of my laywomen disciples in first going for refuge is Sujātā of the town of Senā.”

၂၅၉။ … ဒါယိကာနံ ယဒိဒံ ဝိသာခါ မိဂါရမာတာ။

၂၅၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိ အရာ၌ တည်သော အကြင် ဝိသာခါသည် ရှိ၏၊ ထို ဝိသာခါသည် အမြတ်ဆုံးပေတည်း။ (၂)

“… as a donor is Visākhā, Migāra’s mother.”

၂၆၀။ … ဗဟုဿုတာနံ ယဒိဒံ ခုဇ္ဇုတ္တရာ။

၂၆၀။ အကြားအမြင် များကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် ခုဇ္ဇုတ္တရာသည် ရှိ၏၊ ထို ခုဇ္ဇုတ္တရာသည် အမြတ်ဆုံးပေတည်း။ (၃)

“… who are very learned is Khujjuttarā.”

၂၆၁။ … မေတ္တာဝိဟာရီနံ ယဒိဒံ သာမာဝတီ။

၂၆၁။ မေတ္တာစိတ်ဖြင့် နေလေ့ရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သာမာဝတီသည် ရှိ၏၊ ထို သာမာဝတီသည် အမြတ်ဆုံးပေတည်း။ (၄)

“… who dwell in love is Sāmāvatī.”

၂၆၂။ … ဈာယီနံ ယဒိဒံ ဥတ္တရာနန္ဒမာတာ။

၂၆၂။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် နန္ဒသတို့သား၏ မိခင် အကြင် ဥတ္တရာသည် ရှိ၏၊ ထို ဥတ္တရာသည် အမြတ်ဆုံးပေတည်း။ (၅)

“… who practice absorption is Uttarā, Nanda’s mother.”

၂၆၃။ … ပဏီတဒါယိကာနံ ယဒိဒံ သုပ္ပဝါသာ ကောလိယဓီတာ။

၂၆၃။ မွန်မြတ်သော ဝတ္ထုကို ပေးလှူကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကောလိယမင်း၏သမီး အကြင် သုပ္ပဝါသာသည် ရှိ၏၊ ထို သုပ္ပဝါသာသည် အမြတ်ဆုံးပေတည်း။ (၆)

“… who give fine things is Suppavāsā the Koliyan.”

စာ-၂၈

၂၆၄။ … ဂိလာနုပဋ္ဌာကီနံ ယဒိဒံ သုပ္ပိယာ ဥပါသိကာ။

၂၆၄။ သူနာကို လုပ်ကျွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သုပ္ပိယာ ဥပါသိကာမသည် ရှိ၏၊ ထို သုပ္ပိယာဥပါသိကာမသည် အမြတ်ဆုံးပေတည်း။ (၇)

“… who care for the sick is the laywoman Suppiyā.”

၂၆၅။ … အဝေစ္စပ္ပသန္နာနံ ယဒိဒံ ကာတိယာနီ။

၂၆၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ်ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် ကာတိယာနီသည် ရှိ၏၊ ထို ကာတိယာနီသည် အမြတ်ဆုံးပေတည်း။ (၈)

“… who have experiential confidence is Kātiyānī.”

၂၆၆။ … ဝိဿာသိကာနံ ယဒိဒံ နကုလမာတာ ဂဟပတာနီ။

၂၆၆။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် နကုလမာတာ သူကြွယ်မသည် ရှိ၏၊ ထို နကုလမာတာ သူကြွယ်မသည် အမြတ်ဆုံးပေတည်း။ (၉)

“… who are trusting is the housewife Nakula’s mother.”

၂၆၇။ … အနုဿဝပ္ပသန္နာနံ ယဒိဒံ ကာဠီ ဥပါသိကာ ကုလဃရိကာ [ကုလဃရိကာ (က။)] တိ။

ဝဂ္ဂေါ သတ္တမော။

ဧတဒဂ္ဂဝဂ္ဂေါ စုဒ္ဒသမော။

၂၆၇။ တစ်ဆင့်စကားဖြင့် ကြည်ညိုခြင်းရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကုလဃရမြို့သူ အကြင် ကာဠီဥပါသိကာမသည် ရှိ၏၊ ထို ကာဠီဥပါသိကာမသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၀) သတ္တမဝဂ် ပြီး၏။ ဧတဒဂ္ဂဝဂ် ပြီး၏။

“… whose confidence is based on oral transmission is the laywoman Kāḷī of Kuraraghara.”

၁၅။ အဋ္ဌာနပါဠိ

၁။ ပဌမဝဂ္ဂေါ

၂၆၈။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ [ကိဉ္စိ (က။)] သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ကဉ္စိ သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၁၅-အဋ္ဌာနပါဠိ-ပဌမဝဂ် ၂၆၈။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.268–277 Chapter One 268 “It is impossible, mendicants, it cannot happen for an individual accomplished in view to take any condition as permanent. That is not possible. But it is possible for an ordinary person to take some condition as permanent. That is possible.” 269

၂၆၉။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ သင်္ခါရံ သုခတော ဥပဂစ္ဆေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ကဉ္စိ သင်္ခါရံ သုခတော ဥပဂစ္ဆေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၆၉။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)

“It is impossible, mendicants, it cannot happen for an individual accomplished in view to take any condition as pleasant. But it is possible for an ordinary person to take some condition as pleasant.” 270

၂၇၀။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ ဓမ္မံ အတ္တတော ဥပဂစ္ဆေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ကဉ္စိ ဓမ္မံ အတ္တတော ဥပဂစ္ဆေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၀။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရားကို အတ္တဟုယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရား ကို အတ္တဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)

“It is impossible, mendicants, it cannot happen for an individual accomplished in view to take anything as self. But it is possible for an ordinary person to take something as self.” 271

၂၇၁။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော မာတရံ ဇီဝိတာ ဝေါရောပေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော မာတရံ ဇီဝိတာ ဝေါရောပေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၁။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)

“It is impossible, mendicants, it cannot happen for an individual accomplished in view to murder their mother. But it is possible for an ordinary person to murder their mother.” 272

စာ-၂၉

၂၇၂။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ပိတရံ ဇီဝိတာ ဝေါရောပေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ပိတရံ ဇီဝိတာ ဝေါရောပေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၂။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်ကာ့းရှိ၏ဟု (မိန့်တော်မူ၏)။ (၅)

“It is impossible, mendicants, it cannot happen for an individual accomplished in view to murder their father. But it is possible for an ordinary person to murder their father.” 273

၂၇၃။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အရဟန္တံ ဇီဝိတာ ဝေါရောပေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော အရဟန္တံ ဇီဝိတာ ဝေါရောပေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၃။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၆)

“It is impossible, mendicants, it cannot happen for an individual accomplished in view to murder a perfected one. But it is possible for an ordinary person to murder a perfected one.” 274

၂၇၄။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော တထာဂတဿ ပဒုဋ္ဌစိတ္တော လောဟိတံ ဥပ္ပါဒေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော တထာဂတဿ ပဒုဋ္ဌစိတ္တော လောဟိတံ ဥပ္ပါဒေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၄။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှား လိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

“It is impossible, mendicants, it cannot happen for an individual accomplished in view to injure a Realized One with malicious intent. But it is possible for an ordinary person to injure a Realized One with malicious intent.” 275

၂၇၅။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သံဃံ ဘိန္ဒေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော သံဃံ ဘိန္ဒေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၅။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈)

“It is impossible, mendicants, it cannot happen for an individual accomplished in view to cause a schism in the Saṅgha. But it is possible for an ordinary person to cause a schism in the Saṅgha.” 276

၂၇၆။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အညံ သတ္ထာရံ ဥဒ္ဒိသေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော အညံ သတ္ထာရံ ဥဒ္ဒိသေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၆။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသော သူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဥ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသောသူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၉)

“It is impossible, mendicants, it cannot happen for an individual accomplished in view to dedicate themselves to another teacher. But it is possible for an ordinary person to dedicate themselves to another teacher.” 277

၂၇၇။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဧကိဿာ လောကဓာတုယာ ဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျုံ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ဧကိဿာ လောကဓာတုယာ ဧကောဝ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဥပ္ပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

ဝဂ္ဂေါ ပဌမော။

၂၇၇။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားနှစ်ဆူတို့သည် မရှေး မနှောင်း ပွင့်တော်မူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁၀) ပဌမဝဂ် ပြီး၏။ ၁။ သဗ္ဗညုမြတ်စွာဘုရားတို့၏ ဂုဏ်တန်ခိုးတော် ကြီးကျယ်သောကြောင့်တည်း။

“It is impossible, mendicants, it cannot happen for two perfected ones, fully awakened Buddhas to arise in the same solar system at the same time. But it is possible for just one perfected one, a fully awakened Buddha, to arise in one solar system.”

၂။ ဒုတိယဝဂ္ဂေါ

၂၇၈။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဧကိဿာ လောကဓာတုယာ ဒွေ ရာဇာနော စက္ကဝတ္တီ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျုံ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ဧကိဿာ လောကဓာတုယာ ဧကော ရာဇာ စက္ကဝတ္တီ ဥပ္ပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၁၅-အဋ္ဌာနပါဠိ ၂-ဒုတိယဝဂ် ၂၇၈။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း နှစ်ပါးတို့ မရှေး မနှောင်း ဖြစ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း တစ်ပါးတည်းသာ ဖြစ်ပေါ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.278–286 Chapter Two 278 “It is impossible, mendicants, it cannot happen for two wheel-turning monarchs to arise in the same solar system at the same time. But it is possible for just one wheel-turning monarch to arise in one solar system.” 279

စာ-၃၀

၂၇၉။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဣတ္ထီ အရဟံ အဿ သမ္မာသမ္ဗုဒ္ဓေါ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ, ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုရိသော အရဟံ အဿ သမ္မာသမ္ဗုဒ္ဓေါ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၇၉။ ရဟန်းတို့ မိန်းမသည် ပူဇော်အထူးကို ခံတော်မူသော ဘုရားဖြစ်ရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)

“It is impossible, mendicants, it cannot happen for a woman to be a perfected one, a fully awakened Buddha. But it is possible for a man to be a perfected one, a fully awakened Buddha.” 280

၂၈၀။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဣတ္ထီ ရာဇာ အဿ စက္ကဝတ္တီ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုရိသော ရာဇာ အဿ စက္ကဝတ္တီ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၈၀။ ရဟန်းတို့ မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် စကြဝတေးမင်းဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)

“It is impossible, mendicants, it cannot happen for a woman to be a wheel-turning monarch. But it is possible for a man to be a wheel-turning monarch.” 281–283

၂၈၁-၂၈၃။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဣတ္ထီ သက္ကတ္တံ ကာရေယျ…ပေ… မာရတ္တံ ကာရေယျ…ပေ… ဗြဟ္မတ္တံ ကာရေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ပုရိသော သက္ကတ္တံ ကာရေယျ…ပေ… မာရတ္တံ ကာရေယျ…ပေ… ဗြဟ္မတ္တံ ကာရေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၈၁-၂၈၃။ ရဟန်းတို့ မိန်းမသည် သိကြားမင်း ဖြစ်ရာသော။ပ။ မာရ်မင်း ဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် သိကြားမင်း ဖြစ်ရာ သော။ပ။ မာရ်မင်းဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄-၆)

“It is impossible, mendicants, it cannot happen for a woman to perform the role of Sakka, Māra, or the Divinity. But it is possible for a man to perform the role of Sakka, Māra, or the Divinity.” 284

၂၈၄။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ကာယဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ကာယဒုစ္စရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၈၄။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ကာယဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ကာယဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးသာ ဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

“It is impossible, mendicants, it cannot happen for a likable, desirable, agreeable result to come from bad bodily conduct. But it is possible for an unlikable, undesirable, disagreeable result to come from bad bodily conduct.” 285–286

၂၈၅-၂၈၆။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဝစီဒုစ္စရိတဿ…ပေ… ယံ မနောဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ မနောဒုစ္စရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

ဝဂ္ဂေါ ဒုတိယော။

၂၈၅-၂၈၆။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ဝစီဒုစရိုက်’၏။ပ။ စိတ်ဖြင့် ပြု အပ်သော မကောင်းသောအမှု ‘မနောဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘မနောဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈-၉) ဒုတိယဝဂ် ပြီး၏။

“It is impossible, mendicants, it cannot happen for a likable, desirable, agreeable result to come from bad verbal … bad mental conduct. But it is possible for an unlikable, undesirable, disagreeable result to come from bad verbal … bad mental conduct.”

၃။ တတိယဝဂ္ဂေါ

၂၈၇။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ကာယသုစရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ကာယသုစရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၁၅-အဋ္ဌာနပါဠိ ၃-တတိယဝဂ် ၂၈၇။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘ကာယသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။၁ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအမှု ‘ကာယသုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေ တတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.287–295 Chapter Three 287 “It is impossible, mendicants, it cannot happen for an unlikable, undesirable, disagreeable result to come from good bodily conduct. But it is possible for a likable, desirable, agreeable result to come from good bodily conduct.” 288–289

စာ-၃၁

၂၈၈-၂၈၉။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဝစီသုစရိတဿ…ပေ… မနောသုစရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ မနောသုစရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၈၈-၂၈၉။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘ဝစီသုစရိုက်’၏။ပ။ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘မနောသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ် သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘မနောသုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂-၃)

“It is impossible, mendicants, it cannot happen for an unlikable, undesirable, disagreeable result to come from good verbal … good mental conduct. But it is possible for a likable, desirable, agreeable result to come from good verbal … good mental conduct.” 290

၂၉၀။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ကာယဒုစ္စရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ကာယဒုစ္စရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၉၀။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယ ဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)

“It is impossible, mendicants, it cannot happen that someone who has engaged in bad bodily conduct, could for that reason alone, when their body breaks up, after death, be reborn in a good place, a heavenly realm. But it is possible that someone who has engaged in bad bodily conduct could, for that reason alone, when their body breaks up, after death, be reborn in a place of loss, a bad place, the underworld, hell.” 291–292

၂၉၁-၂၉၂။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဝစီဒုစ္စရိတသမင်္ဂီ…ပေ… ယံ မနောဒုစ္စရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ မနောဒုစ္စရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၉၁-၂၉၂။ ရဟန်းတို့ ဝစီဒုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်) ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၅-၆)

“It is impossible, mendicants, it cannot happen that someone who has engaged in bad verbal … bad mental conduct could, for that reason alone, when their body breaks up, after death, be reborn in a good place, a heavenly realm. But it is possible that someone who has engaged in bad verbal … bad mental conduct could, for that reason alone, when their body breaks up, after death, be reborn in a place of loss, a bad place, the underworld, hell.” 293

၂၉၃။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ကာယသုစရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ ကာယသုစရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

၂၉၃။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက် ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယ သုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

“It is impossible, mendicants, it cannot happen that someone who has engaged in good bodily conduct could, for that reason alone, when their body breaks up, after death, be reborn in a place of loss, a bad place, the underworld, hell. But it is possible that someone who has engaged in good bodily conduct could, for that reason alone, when their body breaks up, after death, be reborn in a good place, a heavenly realm.” 294–295

၂၉၄-၂၉၅။ ‘‘အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ ဝစီသုစရိတသမင်္ဂီ…ပေ… ယံ မနောသုစရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ နေတံ ဌာနံ ဝိဇ္ဇတိ။ ဌာနဉ္စ ခေါ ဧတံ, ဘိက္ခဝေ, ဝိဇ္ဇတိ ယံ မနောသုစရိတသမင်္ဂီ တန္နိဒါနာ တပ္ပစ္စယာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ။ ဌာနမေတံ ဝိဇ္ဇတီ’’တိ။

ဝဂ္ဂေါ တတိယော။

အဋ္ဌာနပါဠိ ပန္နရသမော။

၂၉၄-၂၉၅။ ရဟန်းတို့ ဝစီသုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနော သုစရိုက်နှင့် ပြည့်စုံသော သူသည် (ထို မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်) ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်း အခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈-၉) တတိယဝဂ် ပြီး၏။ အဋ္ဌာနပါဠိ ပြီး၏။ ၁။ ချိုသော မျိုးစေ့မှ ခါးသောအသီး ဖြစ်ရိုး မရှိသကဲ့သို့ပင်တည်း။

“It is impossible, mendicants, it cannot happen that someone who has engaged in good verbal … good mental conduct could, for that reason alone, when their body breaks up, after death, be reborn in a place of loss, a bad place, the underworld, hell. But it is possible that someone who has engaged in good verbal … good mental conduct could, for that reason alone, when their body breaks up, after death, be reborn in a good place, a heavenly realm.”

စာ-၃၂

၁၆။ ဧကဓမ္မပါဠိ

၁။ ပဌမဝဂ္ဂေါ

၂၉၆။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ဗုဒ္ဓါနုဿတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတီ’’တိ။

၁၆-ဧကဓမ္မပါဠိ ၁-ပဌမဝဂ် ၂၉၆။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာ တို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဥ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော ဤတစ်ခုသော (ဗုဒ္ဓါနုဿတိ) တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာ ယာဥ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.296–305 Chapter One 296 “One thing, mendicants, when developed and cultivated, leads solely to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. What one thing? Recollection of the Buddha. This one thing, when developed and cultivated, leads solely to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment.” 297–305

၂၉၇။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ဓမ္မာနုဿတိ…ပေ… သံဃာနုဿတိ… သီလာနုဿတိ… စာဂါနုဿတိ… ဒေဝတာနုဿတိ… အာနာပါနဿတိ… မရဏဿတိ… ကာယဂတာသတိ… ဥပသမာနုဿတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတီ’’တိ။

ဝဂ္ဂေါ ပဌမော။

၂၉၇။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဥ်သို့ တင်၍) အထူးသိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- တရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဓမ္မာနုဿတိတရားတည်း။ပ။ သံဃာ၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း သံဃာနုဿတိတရားတည်း။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း သီလာ နုဿတိတရားတည်း။ မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း စာဂါနုဿတိတရားတည်း။ နတ်တို့၏ သဒ္ဓါအစရှိသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဒေဝတာနုဿတိတရားတည်း။ ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း အာနာပါနဿတိတရားတည်း။ သေခြင်းကို အဖန်ဖန် အောက်မေ့ခြင်း မရဏဿတိတရားတည်း။ ဆံအစရှိသော ရုပ်အစုကို အောက် မေ့ခြင်း ကာယဂတာသတိတရားတည်း။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိ့တရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤတစ်ခုသော တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဥ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၀) ပဌမဝဂ် ပြီး၏။

“One thing, mendicants, when developed and cultivated, leads solely to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. What one thing? Recollection of the teaching. …” “Recollection of the Saṅgha. …” “Recollection of ethical conduct. …” “Recollection of generosity. …” “Recollection of the deities. …” “Mindfulness of breathing. …” “Mindfulness of death. …” “Mindfulness of the body. …” “Recollection of peace. This one thing, when developed and cultivated, leads solely to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment.”

၂။ ဒုတိယဝဂ္ဂေါ

၂၉၈။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တိ ယထယိဒံ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိကဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တီ’’တိ။

၁၆-ဧကဓမ္မပါဠိ ၂-ဒုတိယဝဂ် ၂၉၈။ ရဟန်းတို့ ဤမှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ် သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.306–315 Chapter Two 306 “Mendicants, I do not see a single thing that gives rise to unskillful qualities, or, when they have arisen, makes them increase and grow like wrong view. When you have wrong view, unskillful qualities arise or, when they have arisen, they increase and grow.” 307

၂၉၉။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တိ ယထယိဒံ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိကဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တီ’’တိ။

၂၉၉။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာဖြစ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

“Mendicants, I do not see a single thing that gives rise to skillful qualities, or, when they have arisen, makes them increase and grow like right view. When you have right view, unarisen skillful qualities arise or, when they have arisen, they increase and grow.” 308

၃၀၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိကဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။

၃၀၀။ ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

“Mendicants, I do not see a single thing that gives rise to unskillful qualities, or makes skillful qualities decline like wrong view. When you have wrong view, unskillful qualities arise and skillful qualities decline.” 309

စာ-၃၃

၃၀၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ အကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ ယထယိဒံ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိကဿ, ဘိက္ခဝေ, အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တီ’’တိ။

၃၀၁။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

“Mendicants, I do not see a single thing that gives rise to skillful qualities, or makes unskillful qualities decline like right view. When you have right view, skillful qualities arise and unskillful qualities decline.” 310

၃၀၂။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ မိစ္ဆာဒိဋ္ဌိ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ ဝါ မိစ္ဆာဒိဋ္ဌိ ပဝဍ္ဎတိ ယထယိဒံ, ဘိက္ခဝေ, အယောနိသောမနသိကာရော။ အယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ မိစ္ဆာဒိဋ္ဌိ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ စ မိစ္ဆာဒိဋ္ဌိ ပဝဍ္ဎတီ’’တိ။

၃၀၂။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ’တရားသည် မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည့်းဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ (၅)

“Mendicants, I do not see a single thing that gives rise to wrong view, and once arisen, makes it grow like irrational application of mind. When you apply the mind irrationally, wrong view arises, and once arisen it grows.” 311

၃၀၃။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန အနုပ္ပန္နာ ဝါ သမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ ဝါ သမ္မာဒိဋ္ဌိ ပဝဍ္ဎတိ ယထယိဒံ, ဘိက္ခဝေ, ယောနိသောမနသိကာရော။ ယောနိသော, ဘိက္ခဝေ, မနသိ ကရောတော အနုပ္ပန္နာ စေဝ သမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ ဥပ္ပန္နာ စ သမ္မာဒိဋ္ဌိ ပဝဍ္ဎတီ’’တိ။

၃၀၃။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသောမနသိကာရ’တရားသည် မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ (၆)

“Mendicants, I do not see a single thing that gives rise to right view, or, once it has already arisen, makes it grow like rational application of mind. When you apply the mind rationally, right view arises, and once arisen it grows.” 312

၃၀၄။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန [ယေနေဝံ (သီ။ သျာ။ ကံ။ ပီ။)] သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ ယထယိဒံ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိယာ, ဘိက္ခဝေ, သမန္နာဂတာ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တီ’’တိ။

၃၀၄။ ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ ငရဲသို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျ ရောက်ရာ ငရဲသို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ (၇)

“Mendicants, I do not see a single thing that causes sentient beings to be reborn, when their body breaks up, after death, in a place of loss, a bad place, the underworld, hell like wrong view. It is because they have wrong view that sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell.” 313

၃၀၅။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ ယထယိဒံ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိယာ, ဘိက္ခဝေ, သမန္နာဂတာ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ။

၃၀၅။ ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ (၈)

“Mendicants, I do not see a single thing that causes sentient beings to be reborn, when their body breaks up, after death, in a good place, a heavenly realm like right view. It is because they have right view that sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm.” 314

၃၀၆။ ‘‘မိစ္ဆာဒိဋ္ဌိကဿ, ဘိက္ခဝေ, ပုရိသပုဂ္ဂလဿ ယဉ္စေဝ ကာယကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယဉ္စ ဝစီကမ္မံ…ပေ… ယဉ္စ မနောကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယာ စ စေတနာ ယာ စ ပတ္ထနာ ယော စ ပဏိဓိ ယေ စ သင်္ခါရာ သဗ္ဗေ တေ ဓမ္မာ အနိဋ္ဌာယ အကန္တာယ အမနာပါယ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? ဒိဋ္ဌိ ဟိဿ [ဒိဋ္ဌိ ဟိ (သီ။ သျာ။ ကံ။ ပီ။)], ဘိက္ခဝေ, ပါပိကာ။ သေယျထာပိ, ဘိက္ခဝေ, နိမ္ဗဗီဇံ ဝါ ကောသာတကိဗီဇံ ဝါ တိတ္တကလာဗုဗီဇံ ဝါ အလ္လာယ ပထဝိယာ [ပဌဝိယာ (သီ။ သျာ။ ကံ။ ပီ။)] နိက္ခိတ္တံ ယဉ္စေဝ ပထဝိရသံ ဥပါဒိယတိ ယဉ္စ အာပေါရသံ ဥပါဒိယတိ သဗ္ဗံ တံ တိတ္တကတ္တာယ ကဋုကတ္တာယ အသာတတ္တာယ သံဝတ္တတိ။ တံ ကိဿ ဟေတု? ဗီဇံ ဟိဿ [ဝီဇံ (သီ။ သျာ။ ကံ။ ပီ။)], ဘိက္ခဝေ, ပါပကံ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိကဿ ပုရိသပုဂ္ဂလဿ ယဉ္စေဝ ကာယကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယဉ္စ ဝစီကမ္မံ…ပေ… ယဉ္စ မနောကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယာ စ စေတနာ ယာ စ ပတ္ထနာ ယော စ ပဏိဓိ ယေ စ သင်္ခါရာ သဗ္ဗေ တေ ဓမ္မာ အနိဋ္ဌာယ အကန္တာယ အမနာပါယ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? ဒိဋ္ဌိ ဟိဿ, ဘိက္ခဝေ, ပါပိကာ’’တိ။

၃၀၆။ ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့် အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုအပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ်ဖြင့် ပြောဆို အပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ’သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ’သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း ‘ပဏိဓိ’သည်လည်းကောင်း အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရား တို့သည် မလိုလားခြင်းငှါ မနှစ်သက်ခြင်းငှါ နှလုံးကို မပွါးစေခြင်းငှါ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ် ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုးအပ်သော တမာမျိုးစေ့သည်လည်းကောင်း၊ သပွတ်ခါးမျိုးစေ့သည်လည်းကောင်း၊ ဘူးခါးမျိုးစေ့သည်းလည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် ခါးခြင်း သက်ခြင်း မချိုခြင်းငှါ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူ အားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိတဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ’သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ’သည်လည်းကောင်း၊ အကြင် စိတ်ကိုဆောက်တည်ခြင်း ‘ပဏိဓိ’သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် မလိုလားခြင်းငှါ မနှစ်သက်ခြင်းငှါ နှလုံးကို မပွါးစေခြင်းငှါ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)

“Mendicants, when an individual has wrong view, whatever bodily, verbal, or mental deeds they undertake in line with that view, their intentions, aims, wishes, and choices all lead to what is unlikable, undesirable, disagreeable, harmful, and suffering. Why is that? Because their view is bad. Suppose a seed of neem, angled gourd, or bitter gourd was planted in moist earth. Whatever nutrients it takes up from the earth and water would lead to its bitter, acerbic, and unpleasant taste. Why is that? Because the seed is bad. In the same way, when an individual has wrong view, whatever bodily, verbal, or mental deeds they undertake in line with that view, their intentions, aims, wishes, and choices all lead to what is unlikable, undesirable, disagreeable, harmful, and suffering. Why is that? Because their view is bad.” 315

စာ-၃၄

၃၀၇။ ‘‘သမ္မာဒိဋ္ဌိကဿ, ဘိက္ခဝေ, ပုရိသပုဂ္ဂလဿ ယဉ္စေဝ ကာယကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယဉ္စ ဝစီကမ္မံ…ပေ… ယဉ္စ မနောကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယာ စ စေတနာ ယာ စ ပတ္ထနာ ယော စ ပဏိဓိ ယေ စ သင်္ခါရာ သဗ္ဗေ တေ ဓမ္မာ ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? ဒိဋ္ဌိ ဟိဿ, ဘိက္ခဝေ, ဘဒ္ဒိကာ။ သေယျထာပိ, ဘိက္ခဝေ, ဥစ္ဆုဗီဇံ ဝါ သာလိဗီဇံ ဝါ မုဒ္ဒိကာဗီဇံ ဝါ အလ္လာယ ပထဝိယာ နိက္ခိတ္တံ ယဉ္စေဝ ပထဝိရသံ ဥပါဒိယတိ ယဉ္စ အာပေါရသံ ဥပါဒိယတိ သဗ္ဗံ တံ မဓုရတ္တာယ သာတတ္တာယ အသေစနကတ္တာယ သံဝတ္တတိ။ တံ ကိဿ ဟေတု? ဗီဇံ ဟိဿ, ဘိက္ခဝေ, ဘဒ္ဒကံ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိကဿ ပုရိသပုဂ္ဂလဿ ယဉ္စေဝ ကာယကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယဉ္စ ဝစီကမ္မံ…ပေ… ယဉ္စ မနောကမ္မံ ယထာဒိဋ္ဌိ သမတ္တံ သမာဒိန္နံ ယာ စ စေတနာ ယာ စ ပတ္ထနာ ယော စ ပဏိဓိ ယေ စ သင်္ခါရာ သဗ္ဗေ တေ ဓမ္မာ ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? ဒိဋ္ဌိ ဟိဿ, ဘိက္ခဝေ, ဘဒ္ဒိကာ’’တိ။

ဝဂ္ဂေါ ဒုတိယော။

၃၀၇။ ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိအယူ’ ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ် ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည် အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ’သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ’သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း ‘ပဏိဓိ’သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် လိုလားခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကိုပွါးစေခြင်းငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုး အပ်သော ကြံမျိုးစေ့သည်လည်းကောင်း၊ သလေးမျိုးစေ့သည်လည်းကောင်း၊ သပျစ်မျိုးစေ့သည်လည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် သာယာခြင်းငှါ ချိုမြိန်ခြင်းငှါ (အခြား) သွန်းလောင်းဖွယ်မရှိခြင်းငှါ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ကောင်းသည်သာ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် မှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိအယူ’ ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ပ။ နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက် တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ’သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ’သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက် တည်ခြင်း ‘ပဏိဓိ’သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံ ကုန်သော ထိုတရားတို့သည် လိုလားခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကိုပွါးစေခြင်းငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာ ဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၀) ဒုတိယဝဂ် ပြီး၏။

“Mendicants, when an individual has right view, whatever bodily, verbal, or mental deeds they undertake in line with that view, their intentions, aims, wishes, and choices all lead to what is likable, desirable, agreeable, beneficial, and pleasant. Why is that? Because their view is good. Suppose a seed of sugarcane, fine rice, or grape was planted in moist earth. Whatever nutrients it takes up from the earth and water would lead to its sweet, pleasant, delectable flavor. Why is that? Because the seed is good. In the same way, when an individual has right view, whatever bodily, verbal, or mental deeds they undertake in line with that view, their intentions, aims, wishes, and choices all lead to what is likable, desirable, agreeable, beneficial, and pleasant. Why is that? Because their view is good.”

၃။ တတိယဝဂ္ဂေါ

၃၀၈။ ‘‘ဧကပုဂ္ဂလော, ဘိက္ခဝေ, လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော? မိစ္ဆာဒိဋ္ဌိကော ဟောတိ ဝိပရီတဒဿနော။ သော ဗဟုဇနံ သဒ္ဓမ္မာ ဝုဋ္ဌာပေတွာ အသဒ္ဓမ္မေ ပတိဋ္ဌာပေတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလော လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာန’’န္တိ။

၁၆-ဧကဓမ္မပါဠိ ၃-တတိယဝဂ် ၃၀၈။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ဖောက်ပြန်သော အားဖြင့် မြင်တတ်သော မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ ကင်းကွာစေ၍ မသူတော်တရား၌ တည်စေ၏။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.316–332 Chapter Three 316 “One individual, mendicants, arises in the world for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. What one individual? Someone with wrong view, whose perspective is distorted. They draw many people away from the true teaching and establish them in false teachings. This is one individual who arises in the world for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans.” 317

စာ-၃၅

၃၀၉။ ‘‘ဧကပုဂ္ဂလော, ဘိက္ခဝေ, လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော? သမ္မာဒိဋ္ဌိကော ဟောတိ အဝိပရီတဒဿနော။ သော ဗဟုဇနံ အသဒ္ဓမ္မာ ဝုဋ္ဌာပေတွာ သဒ္ဓမ္မေ ပတိဋ္ဌာပေတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကပုဂ္ဂလော လောကေ ဥပပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ။

၃၀၉။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- မဖောက်ပြန်သော အားဖြင့် မြင်တတ်သော သမ္မာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို မသူတော်တရားမှ ကင်းကွာစေ၍ သူတော်ကောင်းတရား၌ တည်စေ၏။ ရဟန်းတို့ သမ္မာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂)

“One individual, mendicants, arises in the world for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. What one individual? Someone with right view, whose perspective is undistorted. They draw many people away from false teachings and establish them in the true teaching. This is one individuals who arises in the world for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans.” 318

၃၁၀။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ မဟာသာဝဇ္ဇံ ယထယိဒံ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိပရမာနိ, ဘိက္ခဝေ, မဟာသာဝဇ္ဇာနီ’’တိ [ဝဇ္ဇာနီတိ (သီ။ သျာ။ ကံ။)]။

၃၁၀။ ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’သည် ကြီးလေးသော အပြစ်ရှိသကဲ့သို့၊ ဤအတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကြီးလေးသော အပြစ်ရှိသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

“Mendicants, I do not see a single thing that is so very blameworthy as wrong view. Wrong view is the most blameworthy thing of all.” 319

၃၁၁။ ‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကပုဂ္ဂလမ္ပိ သမနုပဿာမိ ယော ဧဝံ ဗဟုဇနအဟိတာယ ပဋိပန္နော ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ ယထယိဒံ, ဘိက္ခဝေ, မက္ခလိ မောဃပုရိသော။ သေယျထာပိ, ဘိက္ခဝေ, နဒီမုခေ ခိပ္ပံ [ခိပံ (သီ။ သျာ။ ကံ။ ပီ။)] ဥဍ္ဍေယျ [ဩဍ္ဍေယျ (သီ။), ဥဇ္ဈေယျ (က။)] ဗဟူနံ မစ္ဆာနံ အဟိတာယ ဒုက္ခာယ အနယာယ ဗျသနာယ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, မက္ခလိ မောဃပုရိသော မနုဿခိပ္ပံ မညေ လောကေ ဥပ္ပန္နော ဗဟူနံ သတ္တာနံ အဟိတာယ ဒုက္ခာယ အနယာယ ဗျသနာယာ’’တိ။

၃၁၁။ ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော မက္ခလိဂေါသာလသည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သကဲ့သို့၊ ဤအတူ ကျင့်သော အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ များစွာသော ငါးတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ မြစ်ဆုံမြစ်ဝ၌ မြှုံးကို ဖွဲ့နှောင်၍ ထားသကဲ့သို့၊ ဤအတူသာလျှင် များစွာ သော သတ္တဝါတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ (မဂ်ဖိုလ်မှ) အချည်းနှီးသော မက္ခလိဂေါသာလသည် လောက၌ ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။ (၄)

“Mendicants, I do not see a single other individual who acts for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans, as that futile man, the bamboo-staffed ascetic. Just as a trap set at the mouth of a river would bring harm, suffering, calamity, and disaster for many fish, so too that futile man, the bamboo-staffed ascetic, is a trap for humans, it seems to me. He has arisen in the world for the harm, suffering, calamity, and disaster of many beings.” 320

၃၁၂။ ‘‘ဒုရက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော စ သမာဒပေတိ [သမာဒါပေတိ (?)] ယဉ္စ သမာဒပေတိ ယော စ သမာဒပိတော တထတ္တာယ ပဋိပဇ္ဇတိ သဗ္ဗေ တေ ဗဟုံ အပုညံ ပသဝန္တိ။ တံ ကိဿ ဟေတု? ဒုရက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၂။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၅)

“Mendicants, the one who encourages someone in a poorly explained teaching and training, the one who they encourage, and the one who practices accordingly all brim with much wickedness. Why is that? Because the teaching is poorly explained.” 321

စာ-၃၆

၃၁၃။ ‘‘သွာက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော စ သမာဒပေတိ ယဉ္စ သမာဒပေတိ ယော စ သမာဒပိတော တထတ္တာယ ပဋိပဇ္ဇတိ သဗ္ဗေ တေ ဗဟုံ ပုညံ ပသဝန္တိ။ တံ ကိဿ ဟေတု? သွာက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၃။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက် တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာ သော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရား ကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၆)

“Mendicants, the one who encourages someone in a well explained teaching and training, the one who they encourage, and the one who practices accordingly all brim with much merit. Why is that? Because the teaching is well explained.” 322

၃၁၄။ ‘‘ဒုရက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ဒါယကေန မတ္တာ ဇာနိတဗ္ဗာ, နော ပဋိဂ္ဂါဟကေန။ တံ ကိဿ ဟေတု? ဒုရက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၄။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အလှူပေးပုဂ္ဂိုလ်သည် အတိုင်း အရှည်ကို သိရမည်၊ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၇)

“Mendicants, in a poorly explained teaching and training, the donor should know moderation, not the recipient. Why is that? Because the teaching is poorly explained.” 323

၃၁၅။ ‘‘သွာက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ပဋိဂ္ဂါဟကေန မတ္တာ ဇာနိတဗ္ဗာ, နော ဒါယကေန။ တံ ကိဿ ဟေတု? သွာက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၅။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရမည်၊ အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၈)

“Mendicants, in a well explained teaching and training, the recipient should know moderation, not the donor. Why is that? Because the teaching is well explained.” 324

၃၁၆။ ‘‘ဒုရက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော အာရဒ္ဓဝီရိယော သော ဒုက္ခံ ဝိဟရတိ။ တံ ကိဿ ဟေတု? ဒုရက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၆။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)

“Mendicants, in a poorly explained teaching and training an energetic person lives in suffering. Why is that? Because the teaching is poorly explained.” 325

၃၁၇။ ‘‘သွာက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော ကုသီတော သော ဒုက္ခံ ဝိဟရတိ။ တံ ကိဿ ဟေတု? သွာက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၇။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၀)

“Mendicants, in a well explained teaching and training a lazy person lives in suffering. Why is that? Because the teaching is well explained.” 326

၃၁၈။ ‘‘ဒုရက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော ကုသီတော သော သုခံ ဝိဟရတိ။ တံ ကိဿ ဟေတု? ဒုရက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၈။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၁)

“Mendicants, in a poorly explained teaching and training a lazy person lives happily. Why is that? Because the teaching is poorly explained.” 327

၃၁၉။ ‘‘သွာက္ခာတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော အာရဒ္ဓဝီရိယော သော သုခံ ဝိဟရတိ။ တံ ကိဿ ဟေတု? သွာက္ခာတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။

၃၁၉။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လ ရှိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၂)

“Mendicants, in a well explained teaching and training an energetic person lives happily. Why is that? Because the teaching is well explained.” 328

၃၂၀။ ‘‘သေယျထာပိ, ဘိက္ခဝေ, အပ္ပမတ္တကောပိ ဂူထော ဒုဂ္ဂန္ဓော ဟောတိ၊ ဧဝမေဝံ ခေါ အဟံ, ဘိက္ခဝေ, အပ္ပမတ္တကမ္ပိ ဘဝံ န ဝဏ္ဏေမိ, အန္တမသော အစ္ဆရာသံဃာတမတ္တမ္ပိ’’။

၃၂၀။ ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီးကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၃)

“Just as, mendicants, even a little bit of fecal matter still stinks, so too I don’t approve of even a little bit of continued existence, not even as long as a finger-snap.” 329–332

၃၂၁။ ‘‘သေယျထာပိ, ဘိက္ခဝေ, အပ္ပမတ္တကမ္ပိ မုတ္တံ ဒုဂ္ဂန္ဓံ ဟောတိ… အပ္ပမတ္တကောပိ ခေဠော ဒုဂ္ဂန္ဓော ဟောတိ… အပ္ပမတ္တကောပိ ပုဗ္ဗော ဒုဂ္ဂန္ဓော ဟောတိ… အပ္ပမတ္တကမ္ပိ လောဟိတံ ဒုဂ္ဂန္ဓံ ဟောတိ၊ ဧဝမေဝံ ခေါ အဟံ, ဘိက္ခဝေ, အပ္ပမတ္တကမ္ပိ ဘဝံ န ဝဏ္ဏေမိ, အန္တမသော အစ္ဆရာသံဃာတမတ္တမ္ပိ’’။

ဝဂ္ဂေါ တတိယော။

၃၂၁။ ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၄) တတိယဝဂ် ပြီး၏။

“Just as even a little bit of urine, or spit, or pus, or blood still stinks, so too I don’t approve of even a little bit of continued existence, not even as long as a finger-snap.”

စာ-၃၇

၄။ စတုတ္ထဝဂ္ဂေါ

၃၂၂။ ‘‘သေယျထာပိ, ဘိက္ခဝေ, အပ္ပမတ္တကံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမရာမဏေယျကံ ဝနရာမဏေယျကံ ဘူမိရာမဏေယျကံ ပေါက္ခရဏိရာမဏေယျကံ၊ အထ ခေါ ဧတဒေဝ ဗဟုတရံ ယဒိဒံ ဥက္ကူလဝိကူလံ နဒီဝိဒုဂ္ဂံ ခါဏုကဏ္ဋကဋ္ဌာနံ [ခါဏုကဏ္ဍကဓာနံ (သီ။ ပီ။)] ပဗ္ဗတဝိသမံ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ထလဇာ, အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဩဒကာ’’။

၁၆-ဧကဓမ္မပါဠိ ၄-စတုတ္ထဝဂ် ၃၂၂။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သောမြေ သွားလာ ကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ကြည်းကုန်း၌ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ရေ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၁)

Numbered Discourses 1.333–377 Chapter Four 333 “Just as, mendicants, in the Black Plum Tree Land the delightful parks, woods, meadows, and lotus ponds are few, while the hilly terrain, inaccessible riverlands, stumps and thorns, and rugged mountains are many; so too the sentient beings born on land are few, while those born in water are many.” 334

၃၂၃။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ မနုဿေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ အညတြ မနုဿေဟိ ပစ္စာဇာယန္တိ။

… ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ပစ္စန္တိမေသု ဇနပဒေသု ပစ္စာဇာယန္တိ အဝိညာတာရေသု မိလက္ခေသု [မိလက္ခူသု (က။)]။

၃၂၃။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ တစ်ပါးသော အပါယ်ဘုံ၌ ဖြစ်သော သတ္တဝါတို့သည် သာ များကုန်၏။ ရဟန်းတို့ ဤအတူပင်လျှင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား တိုင်းစွန်ပြည်နား ဇနပုဒ်အရပ် သစ္စာလေးပါးကို မသိနိုင်ကုန်သော လူရိုင်း (မိလက္ခု) တို့၌ ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၂)

“… so too the sentient beings reborn as humans are few, while those not reborn as humans are many.” 335 “… so too the sentient beings reborn in the central countries are few, while those reborn in the borderlands, among uneducated foreigners, are many.” 336

၃၂၄။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ပညဝန္တော အဇဠာ အနေဠမူဂါ ပဋိဗလာ သုဘာသိတဒုဗ္ဘာသိတဿ အတ္ထမညာတုံ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဒုပ္ပညာ ဇဠာ ဧဠမူဂါ န ပဋိဗလာ သုဘာသိတဒုဗ္ဘာသိတဿ အတ္ထမညာတုံ။

၃၂၄။ ရဟန်းတို့ ဤအတူပင်လျှင် မထိုင်းမှိုင်းကုန် မဆွံ့ မအကုန်သော ကောင်းစွာ ဆိုအပ်သော စကားမကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို သိနိုင်ကုန်သော ပညာရှိပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ထိုင်းမှိုင်းကုန် ဆွံ့အကုန်သော ကောင်းစွာ ဆိုအပ်သော စကား မကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို မသိနိုင်ကုန်သော ပညာမဲ့ပုဂ္ဂိုလ်တို့သာ များကုန်၏။ (၃)

“… so too the sentient beings who are wise, bright, clever, and able to distinguish what is well said from what is poorly said are few, while the sentient beings who are witless, dull, idiotic, and unable to distinguish what is well said from what is poorly said are many.” 337

၃၂၅။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ အရိယေန ပညာစက္ခုနာ သမန္နာဂတာ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ အဝိဇ္ဇာဂတာ သမ္မူဠှာ။

၃၂၅။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား အဝိဇ္ဇာအမိုက်တိုက်သို့ ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ (၄)

“… so too the sentient beings who have the noble eye of wisdom are few, while those who are ignorant and confused are many.” 338

၃၂၆။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ လဘန္တိ တထာဂတံ ဒဿနာယ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ န လဘန္တိ တထာဂတံ ဒဿနာယ။

၃၂၆။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရားကို ဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်း ငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားကို မဖူးမြော်ရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၅)

“… so too the sentient beings who get to see a Realized One are few, while those who don’t get to see a Realized One are many.” 339

၃၂၇။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ လဘန္တိ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ န လဘန္တိ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ။

၃၂၇။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို ကြားနာ ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယကို မကြားနာရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၆)

“… so too the sentient beings who get to hear the teaching and training proclaimed by a Realized One are few, while those sentient beings who don’t get to hear the teaching and training proclaimed by a Realized One are many.” 340

စာ-၃၈

၃၂၈။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ သုတွာ ဓမ္မံ ဓာရေန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ သုတွာ ဓမ္မံ န ဓာရေန္တိ။

၃၂၈။ ရဟန်းတို့ ဤအတူပင်လျှင် ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ကြားနာရ၍တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၇)

“… so too the sentient beings who remember the teachings they hear are few, while those who don’t remember the teachings are many.” 341

၃၂၉။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ဓာတာနံ [ဓတာနံ (သီ။ သျာ။ ကံ။ ပီ။)] ဓမ္မာနံ အတ္ထံ ဥပပရိက္ခန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဓာတာနံ ဓမ္မာနံ အတ္ထံ န ဥပပရိက္ခန္တိ။

၃၂၉။ ရဟန်းတို့ ဤအတူပင်လျှင် ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း စိစစ်ကြကုန် သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ဆောင်ထားသော တရားတို့၏ အနက်ကို မစုံစမ်း မစိစစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၈)

“… so too the sentient beings who examine the meaning of the teachings they have memorized are few, while those who don’t examine the meaning of the teachings are many.” 342

၃၃၀။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မံ ပဋိပဇ္ဇန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မံ န ပဋိပဇ္ဇန္တိ။

၃၃၀။ ရဟန်းတို့ ဤအတူပင်လျှင် ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို မကျင့်ကြကုန်သော သတ္တဝါတို့သာ များ ကုန်၏။ (၉)

“… so too the sentient beings who understand the meaning and the teaching and practice in line with the teaching are few, while those who don’t understand the meaning and the teaching, and don’t practice in line with the teaching are many.” 343

၃၃၁။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ သံဝေဇနိယေသု ဌာနေသု သံဝိဇ္ဇန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ သံဝေဇနိယေသု ဌာနေသု န သံဝိဇ္ဇန္တိ။

၃၃၁။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်း တို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၀)

“… so too the sentient beings inspired by inspiring places are few, while those who are uninspired are many.” 344

၃၃၂။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ သံဝိဂ္ဂါ ယောနိသော ပဒဟန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ သံဝိဂ္ဂါ ယောနိသော န ပဒဟန္တိ။

၃၃၂။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ကုန်သည် ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားမထုတ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၁)

“… so too the sentient beings who, being inspired, strive effectively are few, while those who, even though inspired, don’t strive effectively are many.” 345

၃၃၃။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ဝဝဿဂ္ဂါရမ္မဏံ ကရိတွာ လဘန္တိ သမာဓိံ [စိတ္တဿ သမာဓိံ (သီ။)] လဘန္တိ စိတ္တဿေကဂ္ဂတံ [စိတ္တဿေကဂ္ဂံ (သီ။)]၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဝဝဿဂ္ဂါရမ္မဏံ ကရိတွာ န လဘန္တိ သမာဓိံ န လဘန္တိ စိတ္တဿေကဂ္ဂတံ။

၃၃၃။ ရဟန်းတို့ ဤအတူပင်လျှင် နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို ရကြကုန် စိတ်၏ တည် ကြည်ခြင်းကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ်သမာဓိကို မရကြကုန် စိတ်၏ တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၂)

“… so too the sentient beings who, relying on letting go, gain immersion, gain unification of mind are few, while those who don’t gain immersion, don’t gain unification of mind relying on letting go are many.” 346

၃၃၄။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ အန္နဂ္ဂရသဂ္ဂါနံ လာဘိနော၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ အန္နဂ္ဂရသဂ္ဂါနံ န လာဘိနော, ဥဉ္ဆေန ကပါလာဘတေန ယာပေန္တိ။

၃၃၄။ ရဟန်းတို့ ဤအတူပင်လျှင် မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို ရကြကုန် သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာ တို့ကို မရကြကုန်မူ၍ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်းဖြင့်လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့်လည်းကောင်း မျှတကြရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၃)

“… so too the sentient beings who get the best food and flavors are few, while those who don’t get the best food and flavors, but get by with scraps in an alms bowl are many.” 347

၃၃၅။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ အတ္ထရသဿ ဓမ္မရသဿ ဝိမုတ္တိရသဿ လာဘိနော၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ အတ္ထရသဿ ဓမ္မရသဿ ဝိမုတ္တိရသဿ န လာဘိနော။ တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – အတ္ထရသဿ ဓမ္မရသဿ ဝိမုတ္တိရသဿ လာဘိနော ဘဝိဿာမာတိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗန္တိ။

၃၃၅။ ရဟန်းတို့ ဤအတူပင်လျှင် ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို မရကြကုန်သော သတ္တဝါတို့ သာ များကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဤသာသနာတော်၌ ဤသို့လျှင် “ဖိုလ်တည်းဟူသော အရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရရှိသူတို့ ဖြစ်ကြကုန်အံ့”ဟု ကျင့်ရ မည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ (၁၄)

“… so too the sentient beings who get the taste of the meaning, the taste of the teaching, and the taste of freedom are few, while the sentient beings who don’t get the taste of the meaning, the taste of the teaching, and the taste of freedom are many. So you should train like this: ‘We will get the taste of the meaning, the taste of the teaching, the taste of freedom.’ That’s how you should train.” 348–350

စာ-၃၉

၃၃၆-၃၃၈။ ‘‘သေယျထာပိ, ဘိက္ခဝေ, အပ္ပမတ္တကံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမရာမဏေယျကံ ဝနရာမဏေယျကံ ဘူမိရာမဏေယျကံ ပေါက္ခရဏိရာမဏေယျကံ၊ အထ ခေါ ဧတဒေဝ ဗဟုတရံ ယဒိဒံ ဥက္ကူလဝိကူလံ နဒီဝိဒုဂ္ဂံ ခါဏုကဏ္ဋကဋ္ဌာနံ ပဗ္ဗတဝိသမံ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ မနုဿာ စုတာ မနုဿေသု ပစ္စာဇာယန္တိ, အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ…ပေ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ…ပေ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ’’။

၃၃၆-၃၃၈။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ သွားလာကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သောတောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်ပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၅-၁၇)

“Just as, mendicants, in the Black Plum Tree Land the delightful parks, woods, meadows, and lotus ponds are few, while the hilly terrain, inaccessible riverlands, stumps and thorns, and rugged mountains are many; so too, those who die as humans and are reborn as humans are few, while those who die as humans and are reborn in hell, or the animal realm, or the ghost realm are many.” 351–353

၃၃၉-၃၄၁။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ မနုဿာ စုတာ ဒေဝေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၃၉-၃၄၁။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၈-၂၀)

“… the sentient beings who die as humans and are reborn as gods are few, while those who die as humans and are reborn in hell, or the animal realm, or the ghost realm are many.” 354–356

၃၄၂-၃၄၄။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ဒေဝါ စုတာ ဒေဝေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဒေဝါ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၄၂-၃၄၄။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၁-၂၃)

“… the sentient beings who die as gods and are reborn as gods are few, while those who die as gods and are reborn in hell, or the animal realm, or the ghost realm are many.” 357–359

၃၄၅-၃၄၇။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ဒေဝါ စုတာ မနုဿေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ဒေဝါ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၄၅-၃၄၇။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ လူ့ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၄-၂၆)

“… the sentient beings who die as gods and are reborn as humans are few, while those who die as gods and are reborn in hell, or the animal realm, or the ghost realm are many.” 360–362

၃၄၈-၃၅၀။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ နိရယာ စုတာ မနုဿေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ နိရယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၄၈-၃၅၀။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ လူ့ဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၇-၂၉)

“… the sentient beings who die in hell and are reborn as humans are few, while those who die in hell and are reborn in hell, or the animal realm, or the ghost realm are many.” 363–365

၃၅၁-၃၅၃။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ နိရယာ စုတာ ဒေဝေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ နိရယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၅၁-၃၅၃။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၀-၃၂)

“… the sentient beings who die in hell and are reborn as gods are few, while those who die in hell and are reborn in hell, or the animal realm, or the ghost realm are many.” 366–368

စာ-၄၀

၃၅၄-၃၅၆။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ တိရစ္ဆာနယောနိယာ စုတာ မနုဿေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ တိရစ္ဆာနယောနိယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၅၄-၃၅၆။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၃-၃၅)

“… the sentient beings who die as animals and are reborn as humans are few, while those who die as animals and are reborn in hell, or the animal realm, or the ghost realm are many.” 369–371

၃၅၇-၃၅၉။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ တိရစ္ဆာနယောနိယာ စုတာ ဒေဝေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ တိရစ္ဆာနယောနိယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၅၇-၃၅၉။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၆-၃၈)

“… the sentient beings who die as animals and are reborn as gods are few, while those who die as animals and are reborn in hell, or the animal realm, or the ghost realm are many.” 372–374

၃၆၀-၃၆၂။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ပေတ္တိဝိသယာ စုတာ မနုဿေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ပေတ္တိဝိသယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

၃၆၀-၃၆၂။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး ၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၉-၄၁)

“… the sentient beings who die as ghosts and are reborn as humans are few, while those who die as ghosts and are reborn in hell, or the animal realm, or the ghost realm are many.” 375–377

၃၆၃-၃၆၅။ … ဧဝမေဝံ ခေါ, ဘိက္ခဝေ, အပ္ပကာ တေ သတ္တာ ယေ ပေတ္တိဝိသယာ စုတာ ဒေဝေသု ပစ္စာဇာယန္တိ၊ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ ယေ ပေတ္တိဝိသယာ စုတာ နိရယေ ပစ္စာဇာယန္တိ… တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ… ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။

ဝဂ္ဂေါ စတုတ္ထော။

ဇမ္ဗုဒီပပေယျာလော နိဋ္ဌိတော။

ဧကဓမ္မပါဠိ သောဠသမော။

၃၆၃-၃၆၅။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ဟု (မိန့်တော်မူ၏)။ (၄၂-၄၄) စတုတ္ထဝဂ် ပြီး၏။ (ဇမ္ဗုဒီပ ပေယျာလ ပြီး၏။)

“… the sentient beings who die as ghosts and are reborn as gods are few, while those who die as ghosts and are reborn in hell, or the animal realm, or the ghost realm are many.”

၁၇။ ပသာဒကရဓမ္မဝဂ္ဂေါ

၃၆၆-၃၈၁။ ‘‘အဒ္ဓမိဒံ, ဘိက္ခဝေ, လာဘာနံ ယဒိဒံ အာရညိကတ္တံ [အရညကတ္တံ (သဗ္ဗတ္ထ)] …ပေ… ပိဏ္ဍပါတိကတ္တံ… ပံသုကူလိကတ္တံ… တေစီဝရိကတ္တံ… ဓမ္မကထိကတ္တံ… ဝိနယဓရတ္တံ [ဝိနယဓရကတ္တံ (သျာ။ ကံ။ ပီ။ က။)] … ဗာဟုသစ္စံ… ထာဝရေယျံ… အာကပ္ပသမ္ပဒါ… ပရိဝါရသမ္ပဒါ… မဟာပရိဝါရတာ… ကောလပုတ္တိ… ဝဏ္ဏပေါက္ခရတာ… ကလျာဏဝါက္ကရဏတာ… အပ္ပိစ္ဆတာ… အပ္ပါဗာဓတာ’’တိ။

သောဠသ ပသာဒကရဓမ္မာ နိဋ္ဌိတာ။

ပသာဒကရဓမ္မဝဂ္ဂေါ သတ္တရသမော။

၁၇-ပသာဒကရဓမ္မဝဂ် ၃၆၆-၃၈၁။ ရဟန်းတို့ တော၌နေသော ရဟန်း၏ အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်း ဖြစ်၏။ပ။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သော ရဟန်း၏ အဖြစ်သည်။ ပံ့သကူသင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တိစီဝရိက်သင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တရားဟောသော ရဟန်း၏ အဖြစ်သည်။ ဝိနည်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ အကြားအမြင်များသော ရဟန်း၏ အဖြစ်သည်။ (သိက္ခာဝါရင့်၍) ထာဝရတည်မြဲခြင်းသို့ ရောက်သော ရဟန်း၏ အဖြစ်သည်။ (ရဟန်းတို့၏) ကြည်ညိုဖွယ် အသွင်အပြင်နှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ စင်ကြယ်သော ခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ များမြတ်သော အခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ အမျိုးကောင်းသား ရဟန်း၏ အဖြစ်သည်။ ကိုယ်အဆင်းနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ ချိုသာ သော စကားရှိသော ရဟန်း၏ အဖြစ်သည်။ အလိုနည်းသော ရဟန်း၏ အဖြစ်သည်။ ကျန်းမာခြင်းနှင့် ပြည့်စုံသော ရဟန်း၏အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်းဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁-၁၆) ပသာဒကရဓမ္မဝဂ် (ကြည်ညိုခြင်းကို ပြုတတ်သော တရားစု) ပြီး၏။

Numbered Discourses 1.378–393 The Chapter on Inspiring Qualities “Mendicants, this is definitely something worth having, that is, living in the wilderness … eating only almsfood … wearing rag robes … having just three robes … teaching Dhamma … memorizing the monastic law … being very learned … being respected … being well-mannered … having a following … having a large following … coming from a good family … being handsome … being one who enunciates well … having few wishes … being healthy.”

စာ-၄၁

၁၈။ အပရအစ္ဆရာသံဃာတဝဂ္ဂေါ

၃၈၂။ ‘‘အစ္ဆရာသံဃာတမတ္တမ္ပိ စေ, ဘိက္ခဝေ, ဘိက္ခု ပဌမံ ဈာနံ ဘာဝေတိ, အယံ ဝုစ္စတိ, ဘိက္ခဝေ – ‘ဘိက္ခု အရိတ္တဇ္ဈာနော ဝိဟရတိ, သတ္ထုသာသနကရော ဩဝါဒပတိကရော, အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ’။ ကော ပန ဝါဒေါ ယေ နံ ဗဟုလီကရောန္တီ’’တိ!

၁၈- အပရအစ္ဆရာသင်္ဃာတဝဂ် ၃၈၂။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း အကယ်၍ ပဌမဈာန်ကို ပွါးများငြားအံ့၊ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဥ်းခြင်း မရှိမူ၍ နေသော ရဟန်းဟူ၍ လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏၊ ထို ဈာန်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.394–574 Another Chapter on a Finger-Snap 394 “If, mendicants, a mendicant develops the first absorption, even as long as a finger-snap, they are called a mendicant who does not lack absorption, who follows the Teacher’s instructions, who responds to advice, and who does not eat the country’s alms in vain. How much more so those who make much of it!” 395–401

၃၈၃-၃၈၉။ ‘‘အစ္ဆရာသံဃာတမတ္တမ္ပိ စေ, ဘိက္ခဝေ, ဘိက္ခု ဒုတိယံ ဈာနံ ဘာဝေတိ…ပေ… တတိယံ ဈာနံ ဘာဝေတိ…ပေ… စတုတ္ထံ ဈာနံ ဘာဝေတိ…ပေ… မေတ္တံ စေတောဝိမုတ္တိံ ဘာဝေတိ…ပေ… ကရုဏံ စေတောဝိမုတ္တိံ ဘာဝေတိ…ပေ… မုဒိတံ စေတောဝိမုတ္တိံ ဘာဝေတိ…ပေ… ဥပေက္ခံ စေတောဝိမုတ္တိံ ဘာဝေတိ…ပေ…။

၃၈၃-၃၈၉။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း ဒုတိယဈာန်ကို ပွါးများငြားအံ့။ပ။ တတိယဈာန်ကို ပွါးများငြားအံ့။ပ။ စတုတ္ထဈာန်ကို ပွါးများငြားအံ့။ပ။ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမေတ္တာကို ပွါးများငြားအံ့။ပ။ ညှဥ်းဆဲလိုခြင်း ‘ဝိဟိံသ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိကရုဏာကို ပွါးများငြားအံ့။ပ။ မမွေ့လျော်ခြင်း ‘အရတိ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမုဒိတာကို ပွါးများငြားအံ့။ပ။ တပ်မက်ခြင်း‘ရာဂ’ မှ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိဥပေက္ခာကို ပွါးများငြားအံ့။ပ။ (၂-၈)

“If, mendicants, a mendicant develops the second … third … or fourth absorption … or the heart’s release by love … or the heart’s release by compassion … or the heart’s release by rejoicing … or the heart’s release by equanimity, even as long as a finger-snap …” 402–405

၃၉၀-၃၉၃။ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ…ပေ… စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ…ပေ… ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။

၃၉၀-၃၉၃။ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ပြင်းစွာအားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလျက် နေငြားအံ့။ (၉-၁၂)

“If a mendicant meditates by observing an aspect of the body … feelings … mind … principles—keen, aware, and mindful, rid of covetousness and displeasure for the world, even for the time of a finger-snap …” 406–409

၃၉၄-၃၉၇။ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ [ဝိရိယံ (သီ။ သျာ။ ကံ။ ပီ။)] အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၃၉၄-၃၉၇။ မဖြစ်ပေါ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ပြုလို သော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့။ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ပြုလိုသော ဆန္ဒ ကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားးတို့ကို ဖြစ်ပေါ်စေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် အဖန်ဖန်ဖြစ်စေရန် ပြန့်ပြောစွာဖြစ်စေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ (၁၃-၁၆)

“If they generate enthusiasm, try, make an effort, exert the mind, and strive so that bad, unskillful qualities don’t arise, even for the time of a finger-snap … If they generate enthusiasm, try, make an effort, exert the mind, and strive so that bad, unskillful qualities that have arisen are given up, even for the time of a finger-snap … If they generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities arise, even for the time of a finger-snap … If they generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities that have arisen remain, are not lost, but increase, mature, and are fully developed, even for the time of a finger-snap …” 410–413

၃၉၈-၄၀၁။ ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ… ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ… စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ… ဝီမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ…။

၃၉၈-၄၀၁။ ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန် ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ပညာကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ (၁၇-၂၀)

“If they develop the basis of psychic power that has immersion due to enthusiasm, and active effort … the basis of psychic power that has immersion due to energy, and active effort … the basis of psychic power that has immersion due to mental development, and active effort … the basis of psychic power that has immersion due to inquiry, and active effort, even for the time of a finger-snap …” 414–418

၄၀၂-၄၀၆။ သဒ္ဓိန္ဒြိယံ ဘာဝေတိ… ဝီရိယိန္ဒြိယံ ဘာဝေတိ… သတိန္ဒြိယံ ဘာဝေတိ… သမာဓိန္ဒြိယံ ဘာဝေတိ… ပညိန္ဒြိယံ ဘာဝေတိ…။

၄၀၂-၄၀၆။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ (၂၁-၂၅)

“If they develop the faculty of faith … the faculty of energy … the faculty of mindfulness … the faculty of immersion … the faculty of wisdom, even for the time of a finger-snap …” 419–423

စာ-၄၂

၄၀၇-၄၁၁။ သဒ္ဓါဗလံ ဘာဝေတိ… ဝီရိယဗလံ ဘာဝေတိ… သတိဗလံ ဘာဝေတိ… သမာဓိဗလံ ဘာဝေတိ… ပညာဗလံ ဘာဝေတိ…။

၄၀၇-၄၁၁။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့၊ ဝီရိယဗိုလ်ကို ပွါးများငြားအံ့၊ သတိဗိုလ်ကို ပွါးများငြားအံ့၊ သမာဓိဗိုလ်ကို ပွါးများငြားအံ့၊ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၂၆-၃၀)

“If they develop the power of faith … the power of energy … the power of mindfulness … the power of immersion … the power of wisdom, even for the time of a finger-snap …” 424–430

၄၁၂-၄၁၈။ သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဝီရိယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပီတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… သမာဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ…။

၄၁၂-၄၁၈။ သတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဝီရိယ သမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ (၃၁-၃၇)

“If they develop the awakening factor of mindfulness … the awakening factor of investigation of principles … the awakening factor of energy … the awakening factor of rapture … the awakening factor of tranquility … the awakening factor of immersion … the awakening factor of equanimity, even for the time of a finger-snap …” 431–438

၄၁၉-၄၂၆။ သမ္မာဒိဋ္ဌိံ ဘာဝေတိ… သမ္မာသင်္ကပ္ပံ ဘာဝေတိ… သမ္မာဝါစံ ဘာဝေတိ… သမ္မာကမ္မန္တံ ဘာဝေတိ… သမ္မာအာဇီဝံ ဘာဝေတိ… သမ္မာဝါယာမံ ဘာဝေတိ… သမ္မာသတိံ ဘာဝေတိ… သမ္မာသမာဓိံ ဘာဝေတိ…။

၄၁၉-၄၂၆။ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသင်္ကပ္ပမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါစာ မဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာကမ္မ န္တမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာအာဇီဝမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါယာမမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသတိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသမာဓိမဂ္ဂင်ကို ပွါးများငြားအံ့။ (၃၈-၄၅)

“If they develop right view … right purpose … right speech … right action … right livelihood … right effort … right mindfulness … right immersion, even for the time of a finger-snap …” 439–446

၄၂၇-၄၃၄။ [ဒီ။ နိ။ ၂။၁၇၃၊ မ။ နိ။ ၂။၂၄၉၊ အ။ နိ။ ၈။၆၅] အဇ္ဈတ္တံ ရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ ရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ နီလာနိ နီလဝဏ္ဏာနိ နီလနိဒဿနာနိ နီလနိဘာသာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပီတာနိ ပီတဝဏ္ဏာနိ ပီတနိဒဿနာနိ ပီတနိဘာသာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ လောဟိတကာနိ လောဟိတကဝဏ္ဏာနိ လောဟိတကနိဒဿနာနိ လောဟိတကနိဘာသာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ။ ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ…။

၄၂၇-၄၃၄။ မိမိသန္တာန်၌ဖြစ်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ်ကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်း အရှည်မရှိ ကြီးမားကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိ သန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ် သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်းအရှည်မရှိ ကြီးမာ့းကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ကသိုဏ်းရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ညိုကုန်သော ညိုသောအဆင်းရှိကုန်သော တခဲနက်ညိုကုန်သော အညိုရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဝါရွှေကုန်သော ဝါရွှေသော အဆင်း ရှိကုန်သော တခဲနက်ဝါရွှေကုန်သော ဝါရွှေသော အရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော နီကုန်သော နီသော အဆင်းရှိ ကုန်သော တခဲနက်နီကုန်သော အနီရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဖြူကုန်သော ဖြူသောအဆင်းရှိကုန်သော တခဲနက် ဖြူကုန်သော အဖြူရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ (၄၆-၅၃)

“Perceiving form internally, they see forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ … Perceiving form internally, they see forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally that are blue, with blue color and blue appearance. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally that are yellow, with yellow color and yellow appearance. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally that are red, with red color and red appearance. Mastering them, they perceive: ‘I know and see.’ … Not perceiving form internally, they see forms externally that are white, with white color and white appearance. Mastering them, they perceive: ‘I know and see.’ …” 447–454

၄၃၅-၄၄၂။ ရူပီ ရူပါနိ ပဿတိ… အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ သုဘန္တေဝ အဓိမုတ္တော ဟောတိ… သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ အနန္တော အာကာသောတိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ… သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ အနန္တံ ဝိညာဏန္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ… သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ နတ္ထိ ကိဉ္စီတိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ… သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ… သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ…။

၄၃၅-၄၄၂။ ရူပဈာန်ရှိသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှုငြားအံ့။ အဇ္ဈတ္တသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိမူ၍ အပသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့။ “တင့်တယ်၏”ဟူ၍သာလျှင် နှလုံးသွင်းငြားအံ့။ ရူပါဝစရဈာန်နှင့်စပ်လျဥ်းသော ရှုမှတ်ခြင်း ရူပသညာတို့ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်ခြင်းကြောင့် ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့်ဖြစ်သော ပဋိဃသညာ တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော အာရုံ၌ ဖြစ်သော အမှတ်သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိ”ဟု စီးဖြန်းပြီးလျှင် အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍ နေငြားအံ့။ အာကာသာနဉ္စာယတန ဈာန်ကို လွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု စီးဖြန်းပြီးလျှင် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ ဝိညာဏဉ္စာယတန ဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ “ပဌမာရုပ္ပ ဝိညာဏ်သည် တစ်စုံတစ်ခုမျှ မရှိ”ဟု စီးဖြန်းပြီးလျှင် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ အာကိဉ္စညာယတနဈာန်ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ နေဝသညာနာသညာယတနဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းဟု ဆိုအပ်သော နိရောဓသမာပတ်သို့ ရောက်၍ နေငြားအံ့။ (၅၄-၆၁)

“Having physical form, they see forms … not perceiving form internally, they see forms externally … they’re focused only on beauty … going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space … going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness … going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness … going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception … going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling …” 455–464

စာ-၄၃

၄၄၃-၄၅၂။ ပထဝီကသိဏံ ဘာဝေတိ… အာပေါကသိဏံ ဘာဝေတိ… တေဇောကသိဏံ ဘာဝေတိ… ဝါယောကသိဏံ ဘာဝေတိ… နီလကသိဏံ ဘာဝေတိ… ပီတကသိဏံ ဘာဝေတိ… လောဟိတကသိဏံ ဘာဝေတိ… ဩဒါတကသိဏံ ဘာဝေတိ… အာကာသကသိဏံ ဘာဝေတိ… ဝိညာဏကသိဏံ ဘာဝေတိ…။

၄၄၃-၄၅၂။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ပွါးများငြားအံ့။ အာပေါ။ တေဇော။ ဝါယော။ နီလ။ ပီတ။ လောဟိတ။ ဩဒါတ။ အာကာသ။ ဝိညာဏကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ပွါးများငြားအံ့။ (၆၂-၇၁)

“They develop the meditation on universal earth … the meditation on universal water … the meditation on universal fire … the meditation on universal air … the meditation on universal blue … the meditation on universal yellow … the meditation on universal red … the meditation on universal white … the meditation on universal space … the meditation on universal consciousness …” 465–474

၄၅၃-၄၆၂။ အသုဘသညံ ဘာဝေတိ… မရဏသညံ ဘာဝေတိ… အာဟာရေ ပဋိကူလသညံ ဘာဝေတိ… သဗ္ဗလောကေ အနဘိရတိသညံ [အနဘိရတသညံ (သီ။ သျာ။ ကံ။ ပီ။)] ဘာဝေတိ… အနိစ္စသညံ ဘာဝေတိ… အနိစ္စေ ဒုက္ခသညံ ဘာဝေတိ… ဒုက္ခေ အနတ္တသညံ ဘာဝေတိ… ပဟာနသညံ ဘာဝေတိ… ဝိရာဂသညံ ဘာဝေတိ… နိရောဓသညံ ဘာဝေတိ…။

၄၅၃-၄၆၂။ မတင့်တယ်သော အာရုံ၌ ဖြစ်သော အသုဘသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလသညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗ လောကေအနဘိရတိသညာ ကို ပွါးများငြားအံ့။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ အမြဲမရှိသော ခန္ဓာငါးပါး၌ ဆင်းရဲ၏ဟု ရှုမှတ်သော ဒုက္ခသညာကို ပွါးများငြားအံ့။ ဆင်းရဲသော ခန္ဓာငါးပါး၌ အလိုသို့လိုက်သော အတ္တမဟုတ်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ ကိလေသာပယ်ခြင်းကို အာရုံပြု၍ ဖြစ်သော ပဟာနသညာကို ပွါးများငြားအံ့။ ရာဂကင်းခြင်းကို့အာရုံပြု၍ ဖြစ်သော ဝိရာဂသညာကို ပွါးများငြားအံ့။ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော နိရောဓသညာကို ပွါးများငြားအံ့။ (၇၂-၈၀)

“They develop the perception of ugliness … the perception of death … the perception of the repulsiveness of food … the perception of dissatisfaction with the whole world … the perception of impermanence … the perception of suffering in impermanence … the perception of not-self in suffering … the perception of giving up … the perception of fading away … the perception of cessation …” 475–484

၄၆၃-၄၇၂။ အနိစ္စသညံ ဘာဝေတိ… အနတ္တသညံ ဘာဝေတိ… မရဏသညံ ဘာဝေတိ… အာဟာရေ ပဋိကူလသညံ ဘာဝေတိ… သဗ္ဗလောကေ အနဘိရတိသညံ ဘာဝေတိ… အဋ္ဌိကသညံ ဘာဝေတိ… ပုဠဝကသညံ [ပုဠုဝကသညံ (က။)] ဘာဝေတိ… ဝိနီလကသညံ ဘာဝေတိ… ဝိစ္ဆိဒ္ဒကသညံ ဘာဝေတိ… ဥဒ္ဓုမာတကသညံ ဘာဝေတိ…။

၄၆၃-၄၇၂။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ ခန္ဓာငါးပါး တို့၌ အလိုသို့မလိုက်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလ သညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗလောကေ အနဘိရတိ သညာကို ပွါးများငြားအံ့။ အရိုးစုကို အာရုံပြု၍ ဖြစ်သော အဋ္ဌိကသညာကို ပွါးများငြားအံ့။ ပိုးလောက် ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ပုဠဝကသညာကို ပွါးများငြားအံ့။ အဖြူ အနီစသည် ရောလျက် များသောအားဖြင့် ညိုသော အဆင်းရှိသည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိနီလကသညာကို ပွါးများငြားအံ့။ အလယ်၌ နှစ်ပိုင်းပြတ်လျက် စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိစ္ဆိဒ္ဒကသညာကို ပွါးများငြားအံ့။ သေသည်မှ အထက် နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ဖြစ်သော ဥဒ္ဓုမာတကသညာကို ပွါးများငြားအံ့။ (၈၂-၉၁)

“They develop the perception of impermanence … the perception of not-self … the perception of death … the perception of the repulsiveness of food … the perception of dissatisfaction with the whole world … the perception of a skeleton … the perception of the worm-infested corpse … the perception of the livid corpse … the perception of the split open corpse … the perception of the bloated corpse …” 485–494

၄၇၃-၄၈၂။ ဗုဒ္ဓါနုဿတိံ ဘာဝေတိ… ဓမ္မာနုဿတိံ ဘာဝေတိ… သံဃာနုဿတိံ ဘာဝေတိ… သီလာနုဿတိံ ဘာဝေတိ… စာဂါနုဿတိံ ဘာဝေတိ… ဒေဝတာနုဿတိံ ဘာဝေတိ… အာနာပါနဿတိံ ဘာဝေတိ… မရဏဿတိံ ဘာဝေတိ… ကာယဂတာသတိံ ဘာဝေတိ… ဥပသမာနုဿတိံ ဘာဝေတိ…။

၄၇၃-၄၈၂။ ဘုရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိကို ပွါးများငြားအံ့။ တရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဓမ္မာနုဿတိကို ပွါးများငြားအံ့။ သံဃာဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း သံဃာနုဿတိကို ပွါးများငြားအံ့။ မိမိ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း သီလာနုဿတိကို ပွါးများငြားအံ့။ စွန့်ကြဲခြင်းဂုဏ်ကို အဖန် တလဲလဲ အောက်မေ့ခြင်း စာဂါနုဿတိကို ပွါးများငြားအံ့။ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဒေဝတာနုဿတိကို ပွါးများငြားအံ့။ ထွက် သက် ဝင်သက်လေကို အဖန်တလဲလဲ အောက်မေ့ခြင်း အာနာပါနဿတိကို ပွါးများငြားအံ့။ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏဿတိကို ပွါးများငြားအံ့။ ဆံစသော ရုပ်အပေါင်း၌ အဖန်တလဲလဲ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများငြားအံ့။ နိဗ္ဗာန်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဥပသမာ နုဿတိကို ပွါးများငြားအံ့။ (၉၂-၁၀၁)

“They develop the recollection of the Buddha … the recollection of the teaching … the recollection of the Saṅgha … the recollection of ethical conduct … the recollection of generosity … the recollection of the deities … mindfulness of breathing … mindfulness of death … mindfulness of the body … the recollection of peace …” 495–574

စာ-၄၄

၄၈၃-၄၉၂။ ပဌမဇ္ဈာနသဟဂတံ သဒ္ဓိန္ဒြိယံ ဘာဝေတိ… ဝီရိယိန္ဒြိယံ ဘာဝေတိ… သတိန္ဒြိယံ ဘာဝေတိ… သမာဓိန္ဒြိယံ ဘာဝေတိ… ပညိန္ဒြိယံ ဘာဝေတိ… သဒ္ဓါဗလံ ဘာဝေတိ… ဝီရိယဗလံ ဘာဝေတိ… သတိဗလံ ဘာဝေတိ… သမာဓိဗလံ ဘာဝေတိ… ပညာဗလံ ဘာဝေတိ…။

၄၈၃-၄၉၂။ ပဌမဈာန်နှင့်တကွဖြစ်သော သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၁၀၂-၁၁၁)

“They develop the faculty of faith together with the first absorption … the faculty of energy … the faculty of mindfulness … the faculty of immersion … the faculty of wisdom … the power of faith … the power of energy … the power of mindfulness … the power of immersion … the power of wisdom together with the first absorption …

၄၉၃-၅၆၂။ ‘‘ဒုတိယဇ္ဈာနသဟဂတံ…ပေ… တတိယဇ္ဈာနသဟဂတံ…ပေ… စတုတ္ထဇ္ဈာနသဟဂတံ…ပေ… မေတ္တာသဟဂတံ…ပေ… ကရုဏာသဟဂတံ…ပေ… မုဒိတာသဟဂတံ…ပေ… ဥပေက္ခာသဟဂတံ သဒ္ဓိန္ဒြိယံ ဘာဝေတိ… ဝီရိယိန္ဒြိယံ ဘာဝေတိ… သတိန္ဒြိယံ ဘာဝေတိ… သမာဓိန္ဒြိယံ ဘာဝေတိ… ပညိန္ဒြိယံ ဘာဝေတိ… သဒ္ဓါဗလံ ဘာဝေတိ… ဝီရိယဗလံ ဘာဝေတိ… သတိဗလံ ဘာဝေတိ… သမာဓိဗလံ ဘာဝေတိ… ပညာဗလံ ဘာဝေတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ – ‘ဘိက္ခု အရိတ္တဇ္ဈာနော ဝိဟရတိ သတ္ထုသာသနကရော ဩဝါဒပတိကရော, အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ’။ ကော ပန ဝါဒေါ ယေ နံ ဗဟုလီကရောန္တီ’’တိ!

အပရအစ္ဆရာသံဃာတဝဂ္ဂေါ အဋ္ဌာရသမော။

၄၉၃-၅၆၂။ ဒုတိယဈာန်နှင့်တကွဖြစ်သော။ပ။ တတိယဈာန်နှင့်တကွဖြစ်သော။ပ။ စတုတ္ထဈာန်နှင့် တကွဖြစ်သော။ပ။ မေတ္တာဈာန်နှင့်တကွဖြစ်သော။ပ။ ကရုဏာဈာန်နှင့်တကွဖြစ်သော။ပ။ မုဒိတာဈာန်နှင့် တကွဖြစ်သော။ပ။ ဥပေက္ခာဈာန်နှင့်တကွဖြစ်သော။ပ။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဥ်းခြင်းမရှိမူ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီးမဖြစ်စေဘဲ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏။ ထို ဥပေက္ခာဈာန်နှင့် တကွဖြစ်သော ပညာဗိုလ်ကို အဖန်ဖန် အလေ့အလာ ပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။ (၁၁၂-၁၈၁) (အပရအစ္ဆရာသင်္ဃာတဝဂ် ပြီး၏။)

the second absorption … the third absorption … the fourth absorption … love … compassion … rejoicing … They develop the faculty of faith together with equanimity … They develop the faculty of energy … the faculty of mindfulness … the faculty of immersion … the faculty of wisdom … the power of faith … the power of energy … the power of mindfulness … the power of immersion … the power of wisdom. That mendicant is called a mendicant who does not lack absorption, who follows the Teacher’s instructions, who responds to advice, and who does not eat the country’s alms in vain. How much more so those who make much of it!”

၁၉။ ကာယဂတာသတိဝဂ္ဂေါ

၅၆၃။ ‘‘ယဿ ကဿစိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ စေတသာ ဖုဋော အန္တောဂဓာ တဿ ကုန္နဒိယော ယာ ကာစိ သမုဒ္ဒင်္ဂမာ၊ ဧဝမေဝံ, ဘိက္ခဝေ, ယဿ ကဿစိ ကာယဂတာ သတိ ဘာဝိတာ ဗဟုလီကတာ အန္တောဂဓာ တဿ ကုသလာ ဓမ္မာ ယေ ကေစိ ဝိဇ္ဇာဘာဂိယာ’’တိ။

၁၉-ကာယဂတာသတိဝဂ် ၅၆၃။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို မဟာသမုဒ္ဒရာကို စိတ်၁ဖြင့် ပျံ့နှံ့အောင် ရှုနိုင်ငြားအံ့၊ သမုဒ္ဒရာသို့ သက်ဆင်းကုန်သော မြစ်ငယ်ဟူသမျှတို့သည် ထိုသူ၏ (စိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန် သကဲ့သို့၊ ရဟန်းတို့ ထို့အတူပင်လျှင် မည်သည့်ပုဂ္ဂိုလ်မဆို ဆံစသော ရုပ်အပေါင်း၌ ဖြစ်သော ကာယ ဂတာသတိကို ပွါးများနိုင်ငြားအံ့၊ အဖန်ဖန် အလေ့အလာပြုနိုင်ငြားအံ့၊ ဝိဇ္ဇာ အဖို့ အစု၌ဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် ထိုသူ၏ (ဘာဝနာစိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.575–615 The Chapter on Mindfulness of the Body 575 “Mendicants, anyone who brings into their mind the great ocean includes all of the streams that run into it. In the same way, anyone who has developed and cultivated mindfulness of the body includes all of the skillful qualities that play a part in realization.” 576–582

၅၆၄-၅၇၀။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော မဟတော သံဝေဂါယ သံဝတ္တတိ… မဟတော အတ္ထာယ သံဝတ္တတိ… မဟတော ယောဂက္ခေမာယ သံဝတ္တတိ… သတိသမ္ပဇညာယ သံဝတ္တတိ… ဉာဏဒဿနပ္ပဋိလာဘာယ သံဝတ္တတိ… ဒိဋ္ဌဓမ္မသုခဝိဟာရာယ သံဝတ္တတိ… ဝိဇ္ဇာဝိမုတ္တိဖလသစ္ဆိကိရိယာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ကာယဂတာ သတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော မဟတော သံဝေဂါယ သံဝတ္တတိ… မဟတော အတ္ထာယ သံဝတ္တတိ… မဟတော ယောဂက္ခေမာယ သံဝတ္တတိ… သတိသမ္ပဇညာယ သံဝတ္တတိ… ဉာဏဒဿနပ္ပဋိလာဘာယ သံဝတ္တတိ… ဒိဋ္ဌဓမ္မသုခဝိဟာရာယ သံဝတ္တတိ… ဝိဇ္ဇာဝိမုတ္တိဖလသစ္ဆိကိရိယာယ သံဝတ္တတီ’’တိ။

၅၆၄-၅၇၀။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ် အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုး၄ကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာ၅သို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဥ် အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်၆ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်၉တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိပေတည်း။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ်အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုးကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာသို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဥ်အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂-၈)

“One thing, mendicants, when developed and cultivated leads to great urgency … great benefit … great sanctuary from the yoke … mindfulness and awareness … gaining knowledge and vision … blissful meditation in this life … the realization of the fruit of knowledge and freedom. What one thing? Mindfulness of the body. This one thing, when developed and cultivated, leads to great urgency … great benefit … great sanctuary from the yoke … mindfulness and awareness … gaining knowledge and vision … blissful meditation in this life … the realization of the fruit of knowledge and freedom.” 583

စာ-၄၅

၅၇၁။ ‘‘ဧကဓမ္မေ, ဘိက္ခဝေ, ဘာဝိတေ ဗဟုလီကတေ ကာယောပိ ပဿမ္ဘတိ, စိတ္တမ္ပိ ပဿမ္ဘတိ, ဝိတက္ကဝိစာရာပိ ဝူပသမ္မန္တိ, ကေဝလာပိ ဝိဇ္ဇာဘာဂိယာ ဓမ္မာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ။ ကတမသ္မိံ ဧကဓမ္မေ? ကာယဂတာယ သတိယာ။ ဣမသ္မိံ ခေါ, ဘိက္ခဝေ, ဧကဓမ္မေ ဘာဝိတေ ဗဟုလီကတေ ကာယောပိ ပဿမ္ဘတိ, စိတ္တမ္ပိ ပဿမ္ဘတိ, ဝိတက္ကဝိစာရာပိ ဝူပသမ္မန္တိ, ကေဝလာပိ ဝိဇ္ဇာဘာဂိယာ ဓမ္မာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တီ’’တိ။

၅၇၁။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် နာမ ကာယ ရူပကာယသည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်း ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် နာမကာယ ရူပကာယ သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင် ခြင်း ‘ဝိစာရ’တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်းပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၉)

“When one thing, mendicants, is developed and cultivated the body and mind become tranquil, thinking and considering settle down, and all of the qualities that play a part in realization are fully developed. What one thing? Mindfulness of the body. When this one thing is developed and cultivated, the body and mind become tranquil, thinking and considering settle down, and all of the qualities that play a part in realization are fully developed.” 584

၅၇၂။ ‘‘ဧကဓမ္မေ, ဘိက္ခဝေ, ဘာဝိတေ ဗဟုလီကတေ အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ, ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပဟီယန္တိ။ ကတမသ္မိံ ဧကဓမ္မေ? ကာယဂတာယ သတိယာ။ ဣမသ္မိံ ခေါ, ဘိက္ခဝေ, ဧကဓမ္မေ ဘာဝိတေ ဗဟုလီကတေ အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ နုပ္ပဇ္ဇန္တိ, ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပဟီယန္တီ’’တိ။

၅၇၂။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏၊ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ် အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၀)

“When one thing, mendicants, is developed and cultivated, unskillful qualities do not arise, and, if they’ve already arisen, they are given up. What one thing? Mindfulness of the body. When this one thing is developed and cultivated, unskillful qualities do not arise, and, if they’ve already arisen, they are given up.” 585

၅၇၃။ ‘‘ဧကဓမ္မေ, ဘိက္ခဝေ, ဘာဝိတေ ဗဟုလီကတေ အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ, ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တိ။ ကတမသ္မိံ ဧကဓမ္မေ? ကာယဂတာယ သတိယာ။ ဣမသ္မိံ ခေါ, ဘိက္ခဝေ, ဧကဓမ္မေ ဘာဝိတေ ဗဟုလီကတေ အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ, ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တီ’’တိ။

၅၇၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

“When one thing, mendicants, is developed and cultivated, skillful qualities arise, and, once they’ve arisen, they increase and grow. What one thing? Mindfulness of the body. When this one thing is developed and cultivated, skillful qualities arise, and, once they’ve arisen, they increase and grow.” 586–590

၅၇၄။ ‘‘ဧကဓမ္မေ, ဘိက္ခဝေ, ဘာဝိတေ ဗဟုလီကတေ အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ, အသ္မိမာနော ပဟီယတိ, အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တိ, သံယောဇနာ ပဟီယန္တိ။ ကတမသ္မိံ ဧကဓမ္မေ? ကာယဂတာယ သတိယာ။ ဣမသ္မိံ ခေါ, ဘိက္ခဝေ, ဧကဓမ္မေ ဘာဝိတေ ဗဟုလီကတေ အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ, အသ္မိမာနော ပဟီယတိ, အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တိ, သံယောဇနာ ပဟီယန္တီ’’တိ။

၅၇၄။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် အဝိဇ္ဇာသည် ကင်းပျောက်၏၊ ဝိဇ္ဇာ၁၁သည် ဖြစ်ပေါ်၏၊ အသ္မိမာန၁၂သည် ကင်းပျောက်၏၊ အနုသယ၁၃တို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇဥ်၁၄တို့ ကင်းပျောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် အဝိဇ္ဇာသည် ကင်းပျောက်၏၊ ဝိဇ္ဇာသည် ဖြစ်ပေါ်၏၊ အသ္မိမာနသည် ကင်းပျောက်၏၊ အနုသယတို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏။ သံယောဇဥ်တို့သည် ကင်းပျောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၂)

“When one thing, mendicants, is developed and cultivated, ignorance is given up … knowledge arises … the conceit ‘I am’ is given up … the underlying tendencies are uprooted … the fetters are given up. What one thing? Mindfulness of the body. When this one thing is developed and cultivated, ignorance is given up … knowledge arises … the conceit ‘I am’ is given up … the underlying tendencies are uprooted … the fetters are given up.” 591–592

၅၇၅-၅၇၆။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော ပညာပဘေဒါယ သံဝတ္တတိ… အနုပါဒါပရိနိဗ္ဗာနာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ကာယဂတာ သတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော ပညာပဘေဒါယ သံဝတ္တတိ… အနုပါဒါပရိနိဗ္ဗာနာယ သံဝတ္တတီ’’တိ။

၅၇၅-၅၇၆။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်း ကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၃-၁၄)

“One thing, mendicants, when developed and cultivated leads to demolition by wisdom … to complete extinguishment with no fuel for grasping. What one thing? Mindfulness of the body. This one thing, mendicants, when developed and cultivated leads to demolition by wisdom … to complete extinguishment with no fuel for grasping.” 593–595

စာ-၄၆

၅၇၇-၅၇၉။ ‘‘ဧကဓမ္မေ, ဘိက္ခဝေ, ဘာဝိတေ ဗဟုလီကတေ အနေကဓာတုပဋိဝေဓော ဟောတိ… နာနာဓာတုပဋိဝေဓော ဟောတိ… အနေကဓာတုပဋိသမ္ဘိဒါ ဟောတိ။ ကတမသ္မိံ ဧကဓမ္မေ? ကာယဂတာယ သတိယာ။ ဣမသ္မိံ ခေါ, ဘိက္ခဝေ, ဧကဓမ္မေ ဘာဝိတေ ဗဟုလီကတေ အနေကဓာတုပဋိဝေဓော ဟောတိ… နာနာဓာတုပဋိဝေဓော ဟောတိ… အနေကဓာတုပဋိသမ္ဘိဒါ ဟောတီ’’တိ။

၅၇၇-၅၇၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် များစွာသော ဓာတ်၁၅တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်၁၆တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍၁၇ သိနိုင်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရား ကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၅-၁၇)

“When one thing is developed and cultivated there is the penetration of many elements … the penetration of diverse elements … the discrimination of many elements. What one thing? Mindfulness of the body. When this one thing is developed and cultivated there is the penetration of many elements … the penetration of diverse elements … the analysis of many elements.” 596–599

၅၈၀-၅၈၃။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော သောတာပတ္တိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… သကဒါဂါမိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… အနာဂါမိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… အရဟတ္တဖလသစ္ဆိကိရိယာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ကာယဂတာ သတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော သောတာပတ္တိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… သကဒါဂါမိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… အနာဂါမိဖလသစ္ဆိကိရိယာယ သံဝတ္တတိ… အရဟတ္တဖလသစ္ဆိကိရိယာယ သံဝတ္တတီ’’တိ။

၅၈၀-၅၈၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိပင်တည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၈-၂၁)

“One thing, mendicants, when developed and cultivated leads to the realization of the fruit of stream-entry … once-return … non-return … perfection. What one thing? Mindfulness of the body. This one thing, when developed and cultivated, leads to the realization of the fruit of stream-entry … once-return … non-return … perfection.” 600–615

၅၈၄-၅၉၉။ ‘‘ဧကဓမ္မော, ဘိက္ခဝေ, ဘာဝိတော ဗဟုလီကတော ပညာပဋိလာဘာယ သံဝတ္တတိ… ပညာဝုဒ္ဓိယာ သံဝတ္တတိ… ပညာဝေပုလ္လာယ သံဝတ္တတိ… မဟာပညတာယ သံဝတ္တတိ… ပုထုပညတာယ သံဝတ္တတိ… ဝိပုလပညတာယ သံဝတ္တတိ… ဂမ္ဘီရပညတာယ သံဝတ္တတိ… အသာမန္တပညတာယ [အသမတ္ထပညတာယ (သျာ။ ကံ။), အသမတ္တပညတာယ (က။), အသမန္တပညတာယ (ဋီကာ) ပဋိ။ မ။ အဋ္ဌ။ ၂။၃။၁ ပဿိတဗ္ဗံ] သံဝတ္တတိ… ဘူရိပညတာယ သံဝတ္တတိ… ပညာဗာဟုလ္လာယ သံဝတ္တတိ… သီဃပညတာယ သံဝတ္တတိ… လဟုပညတာယ သံဝတ္တတိ… ဟာသပညတာယ [ဟာသုပညတာယ (သီ။ ပီ။)] သံဝတ္တတိ… ဇဝနပညတာယ သံဝတ္တတိ… တိက္ခပညတာယ သံဝတ္တတိ… နိဗ္ဗေဓိကပညတာယ သံဝတ္တတိ။ ကတမော ဧကဓမ္မော? ကာယဂတာ သတိ။ အယံ ခေါ, ဘိက္ခဝေ, ဧကဓမ္မော ဘာဝိတော ဗဟုလီကတော ပညာပဋိလာဘာယ သံဝတ္တတိ… ပညာဝုဒ္ဓိယာ သံဝတ္တတိ… ပညာဝေပုလ္လာယ သံဝတ္တတိ… မဟာပညတာယ သံဝတ္တတိ… ပုထုပညတာယ သံဝတ္တတိ… ဝိပုလပညတာယ သံဝတ္တတိ… ဂမ္ဘီရပညတာယ သံဝတ္တတိ… အသာမန္တပညတာယ သံဝတ္တတိ… ဘူရိပညတာယ သံဝတ္တတိ… ပညာဗာဟုလ္လာယ သံဝတ္တတိ… သီဃပညတာယ သံဝတ္တတိ… လဟုပညတာယ သံဝတ္တတိ… ဟာသပညတာယ သံဝတ္တတိ… ဇဝနပညတာယ သံဝတ္တတိ… တိက္ခပညတာယ သံဝတ္တတိ… နိဗ္ဗေဓိကပညတာယ သံဝတ္တတီ’’တိ။

ကာယဂတာသတိဝဂ္ဂေါ ဧကူနဝီသတိမော။

၅၈၄-၅၉၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာ၁၈ကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဥ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဥ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂၂-၃၇) ကာယဂတာသတိဝဂ် ပြီး၏။ ၁။ အာပေါကသိုဏ်းစီးဖြန်းသော ဘာဝနာစိတ်နှင့် ဒိဗ္ဗစက္ခုအဘိညာဥ်စိတ်။ ၂။ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်နှင့် အဘိညာဥ်ခြောက်ပါးအားဖြင့် ဝိဇ္ဇာရှစ်ပါး။ ၃။ ဝိပဿနာဉာဏ် မဂ်ဉာဏ်။ ၄။ ဖိုလ်ဉာဏ်လေးပါး။ ၅။ နိဗ္ဗာန်။ ၆။ ဒိဗ္ဗစက္ခုအဘိညာဥ်။ ၇။ မဂ်ဉာဏ်။ ၈။ မဂ်နှင့်ယှဥ်သော တရား။ ၉။ အရဟတ္တဖိုလ်။ ၁၀။ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်ကို ဆိုသည်။ ၁၁။ မောဟမှောင်တိုက်ကို ထွင်းဖောက်သိမြင်နိုင်သော အရဟတ္တဖိုလ်ဉာဏ်ကို ဆိုသည်။ ၁၂။ ငါ မြတ်သည် ငါ ယုတ်သည် စသည်ဖြင့် ဖြစ်သော ကိုးမျိုးသော ထောင်လွှားမှုကို ဆိုသည်။ ၁၃။ ကာမရာဂစသည် ခုနစ်မျိုးသော အခြေခံ အငုတ်ဓာတ်များ။ ၁၄။ ကာမရာဂစသည့် ဆယ်မျိုးသော အနှောင်အဖွဲ့ ဓာတ်များ။ ၁၅။ စက္ခုစသော ၁၈-ပါးသောဓာတ်တို့၏ လက္ခဏာကိုသိခြင်း။ ၁၆။ ယင်းတစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၏ အမျိုးမျိုးသော လက္ခဏာကို သိခြင်း။ ၁၇။ ဤဓာတ် ပြန့်ပြောလျှင် ဤအကျိုး ဖြစ်၏ဟု ခွဲခြမ်း၍ သိခြင်း။ ၁၈။ ဤမှစ၍ ၁၅-သုတ်တို့၌ လာသော ပညာဟူသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် စသည်ကို ဆိုသည်။

“One thing, mendicants, when developed and cultivated, leads to the getting of wisdom … the growth of wisdom … the increase of wisdom … to great wisdom … to widespread wisdom … to abundant wisdom … to deep wisdom … to extraordinary wisdom … to vast wisdom … to much wisdom … to fast wisdom … to light wisdom … to laughing wisdom … to swift wisdom … to sharp wisdom … to penetrating wisdom. What one thing? Mindfulness of the body. This one thing, when developed and cultivated, leads to the getting of wisdom … the growth of wisdom … the increase of wisdom … to great wisdom … to widespread wisdom … to abundant wisdom … to deep wisdom … to extraordinary wisdom … to vast wisdom … to much wisdom … to fast wisdom … to light wisdom … to laughing wisdom … to swift wisdom … to sharp wisdom … to penetrating wisdom.”

စာ-၄၇

၂၀။ အမတဝဂ္ဂေါ

၆၀၀။ ‘‘အမတံ တေ, ဘိက္ခဝေ, န ပရိဘုဉ္ဇန္တိ ယေ ကာယဂတာသတိံ န ပရိဘုဉ္ဇန္တိ။ အမတံ တေ, ဘိက္ခဝေ, ပရိဘုဉ္ဇန္တိ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇန္တီ’’တိ။

၂၀-အမတဝဂ် ၆၀၀။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ့သတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

Numbered Discourses 1.616–627 The Chapter on Freedom From Death 616 “Mendicants, those who don’t enjoy mindfulness of the body don’t enjoy freedom from death. Those who enjoy mindfulness of the body enjoy freedom from death.” 617

၆၀၁။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အပရိဘုတ္တံ ယေသံ ကာယဂတာသတိ အပရိဘုတ္တာ။ အမတံ တေသံ, ဘိက္ခဝေ, ပရိဘုတ္တံ ယေသံ ကာယဂတာသတိ ပရိဘုတ္တာ’’တိ။

၆၀၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မသုံးဆောင်အပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်အပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်အပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၂)

“Mendicants, those who haven’t enjoyed mindfulness of the body haven’t enjoyed freedom from death. Those who have enjoyed mindfulness of the body have enjoyed freedom from death.” 618

၆၀၂။ ‘‘အမတံ တေသံ, ဘိက္ခဝေ, ပရိဟီနံ ယေသံ ကာယဂတာသတိ ပရိဟီနာ။ အမတံ တေသံ, ဘိက္ခဝေ, အပရိဟီနံ ယေသံ ကာယဂတာသတိ အပရိဟီနာ’’တိ။

၆၀၂။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ဆုတ်ယုတ်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဆုတ် ယုတ်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မဆုတ်ယုတ်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၃)

“Mendicants, those who have lost mindfulness of the body have lost freedom from death. Those who haven’t lost mindfulness of the body haven’t lost freedom from death.” 619

၆၀၃။ ‘‘အမတံ တေသံ, ဘိက္ခဝေ, ဝိရဒ္ဓံ ယေသံ ကာယဂတာသတိ ဝိရဒ္ဓါ။ အမတံ တေသံ, ဘိက္ခဝေ, အာရဒ္ဓံ [အဝိရဒ္ဓံ (က။)] ယေသံ ကာယဂတာသတိ အာရဒ္ဓါ’’တိ။

၆၀၃။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ချွတ်ယွင်းစေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မချွတ်ယွင်းစေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မချွတ်ယွင်းစေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၄)

“Mendicants, those who have missed out on mindfulness of the body have missed out on freedom from death. Those who have undertaken mindfulness of the body have not missed out on freedom from death.” 620

၆၀၄။ ‘‘အမတံ တေ, ဘိက္ခဝေ, ပမာဒိံသု ယေ ကာယဂတာသတိံ ပမာဒိံသု။ အမတံ တေ, ဘိက္ခဝေ, န ပမာဒိံသု ယေ ကာယဂတာသတိံ န ပမာဒိံသု’’။

၆၀၄။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မေ့လျော့ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့သည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မမေ့မလျော့ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမေ့မလျော့သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၅)

“Mendicants, those who have neglected mindfulness of the body have neglected freedom from death. Those who have not neglected mindfulness of the body have not neglected freedom from death.” 621

၆၀၅။ ‘‘အမတံ တေသံ, ဘိက္ခဝေ, ပမုဋ္ဌံ ယေသံ ကာယဂတာသတိ ပမုဋ္ဌာ။ အမတံ တေသံ, ဘိက္ခဝေ, အပ္ပမုဋ္ဌံ ယေသံ ကာယဂတာသတိ အပ္ပမုဋ္ဌာ’’တိ။

၆၀၅။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပျောက်ပျက်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပျောက်ပျက်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မပျောက်ပျက်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပျောက်ပျက်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၆)

“Mendicants, those who have forgotten mindfulness of the body have forgotten freedom from death. Those who haven’t forgotten mindfulness of the body haven’t forgotten freedom from death.” 622

၆၀၆။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အနာသေဝိတံ ယေသံ ကာယဂတာသတိ အနာသေဝိတာ။ အမတံ တေသံ, ဘိက္ခဝေ, အာသေဝိတံ ယေသံ ကာယဂတာသတိ အာသေဝိတာ’’တိ။

၆၀၆။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မမှီဝဲအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမှီဝဲအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မှီဝဲအပ်၏ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မှီဝဲအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၇)

“Mendicants, those who haven’t cultivated mindfulness of the body haven’t cultivated freedom from death. Those who have cultivated mindfulness of the body have cultivated freedom from death.” 623

၆၀၇။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အဘာဝိတံ ယေသံ ကာယဂတာသတိ အဘာဝိတာ။ အမတံ တေသံ, ဘိက္ခဝေ, ဘာဝိတံ ယေသံ ကာယဂတာသတိ ဘာဝိတာ’’တိ။

၆၀၇။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မပွါးများအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပွါးများအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပွါးများအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၈)

“Mendicants, those who haven’t developed mindfulness of the body haven’t developed freedom from death. Those who have developed mindfulness of the body have developed freedom from death.” 624

စာ-၄၈

၆၀၈။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အဗဟုလီကတံ ယေသံ ကာယဂတာသတိ အဗဟုလီကတာ။ အမတံ တေသံ, ဘိက္ခဝေ, ဗဟုလီကတံ ယေသံ ကာယဂတာသတိ ဗဟုလီကတာ’’တိ။

၆၀၈။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာ မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာပြုအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၉)

“Mendicants, those who haven’t made much of mindfulness of the body haven’t made much of freedom from death. Those who have made much of mindfulness of the body have made much of freedom from death.” 625

၆၀၉။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အနဘိညာတံ ယေသံ ကာယဂတာသတိ အနဘိညာတာ။ အမတံ တေသံ, ဘိက္ခဝေ, အဘိညာတံ ယေသံ ကာယဂတာသတိ အဘိညာတာ’’တိ။

၆၀၉။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၀)

“Mendicants, those who haven’t had insight into mindfulness of the body haven’t had insight into freedom from death. Those who have had insight into mindfulness of the body have had insight into freedom from death.” 626

၆၁၀။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အပရိညာတံ ယေသံ ကာယဂတာသတိ အပရိညာတာ။ အမတံ တေသံ, ဘိက္ခဝေ, ပရိညာတံ ယေသံ ကာယဂတာသတိ ပရိညာတာ’’တိ။

၆၁၀။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပိုင်းခြား၍ မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပိုင်းခြား ၍ သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၁)

“Mendicants, those who haven’t completely understood mindfulness of the body haven’t completely understood freedom from death. Those who have completely understood mindfulness of the body have completely understood freedom from death.” 627

၆၁၁။ ‘‘အမတံ တေသံ, ဘိက္ခဝေ, အသစ္ဆိကတံ ယေသံ ကာယဂတာသတိ အသစ္ဆိကတာ။ အမတံ တေသံ, ဘိက္ခဝေ, သစ္ဆိကတံ ယေသံ ကာယဂတာသတိ သစ္ဆိကတာ’’တိ။ (…။) [(ဧကကနိပါတဿ သုတ္တသဟဿံ သမတ္တံ။) (သီ။ သျာ။ ကံ။ ပီ။)]

(ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။) [( ) ဧတ္ထန္တရေ ပါဌော သီ။ သျာ။ ကံ။ ပီ။ ပေါတ္ထကေသု နတ္ထိ]

အမတဝဂ္ဂေါ ဝီသတိမော။

ဧကကနိပါတပါဠိ နိဋ္ဌိတာ။

၆၁၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မျက်မှောက် မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက် မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မျက်မှောက်ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၂) (မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း)။ အမတဝဂ် ပြီး၏။ ဧကကနိပါတ် ပြီး၏။

“Mendicants, those who haven’t realized mindfulness of the body haven’t realized freedom from death. Those who have realized mindfulness of the body have realized freedom from death.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said. The Book of the Ones is finished.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Rūpādivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#186
  2. Vipassana Research Institute. (n.d.). 2. Nīvaraṇappahānavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#187
  3. Vipassana Research Institute. (n.d.). 3. Akammaniyavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#188
  4. Vipassana Research Institute. (n.d.). 4. Adantavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#189
  5. Vipassana Research Institute. (n.d.). 5. Paṇihitaacchavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#190
  6. Vipassana Research Institute. (n.d.). 6. Accharāsaṅghātavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#191
  7. Vipassana Research Institute. (n.d.). 7. Vīriyārambhādivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#192
  8. Vipassana Research Institute. (n.d.). 8. Kalyāṇamittādivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#193
  9. Vipassana Research Institute. (n.d.). 9. Pamādādivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#194
  10. Vipassana Research Institute. (n.d.). 10. Dutiyapamādādivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#195
  11. Vipassana Research Institute. (n.d.). 11. Adhammavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#196
  12. Vipassana Research Institute. (n.d.). 12. Anāpattivaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#197
  13. Vipassana Research Institute. (n.d.). 13. Ekapuggalavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#198
  14. Vipassana Research Institute. (n.d.). 14. Etadaggavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#199
  15. Vipassana Research Institute. (n.d.). 15. Aṭṭhānapāḷi (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#200
  16. Vipassana Research Institute. (n.d.). 16. Ekadhammapāḷi (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#201
  17. Vipassana Research Institute. (n.d.). 17. Pasādakaradhammavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#202
  18. Vipassana Research Institute. (n.d.). 18. Aparaaccharāsaṅghātavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#203
  19. Vipassana Research Institute. (n.d.). 19. Kāyagatāsativaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#204
  20. Vipassana Research Institute. (n.d.). 20. Amatavaggo (Suttapiṭaka, Aṅguttaranikāya, Ekakanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#205