ခုဒ္ဒကပါဌပါဠိ
ရဟန်းသစ်များ အလွယ်တကူ ရွတ်ဆိုနိုင်ရန် ရည်ရွယ်ပြီး၊ သရဏဂုံ၊ သိက္ခာပုဒ်ဆယ်ပါး၊ မင်္ဂလသုတ် အစရှိသည့် အတို (၉) ပုဒ်ပါဝင်သော၊ ခုဒ္ဒကနိကာယ်တွင် ပထမဆုံးကျမ်း။
ဤကျမ်း၏ အဋ္ဌကထာ
ခုဒ္ဒကပါဌပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယေ
ခုဒ္ဒကပါဌပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ သရဏတ္တယံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
သရဏတ္တယံ [သရဏဂမနံ နိဋ္ဌိတံ (သျာ။)] နိဋ္ဌိတံ။
၂။ ဒသသိက္ခာပဒံ
၁။ ပါဏာတိပါတာ ဝေရမဏီ-သိက္ခာပဒံ [ဝေရမဏီသိက္ခာပဒံ (သီ။ သျာ။)] သမာဒိယာမိ။
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်၁ကို ဆောက်တည်ပါ၏။
Basic Passages 2 The Ten Precepts I undertake the precept to refrain from killing living creatures.
၂။ အဒိန္နာဒါနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၂။ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from stealing.
၃။ အဗြဟ္မစရိယာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၃။ မမြတ်သော (မေထုန်) အကျင့်မှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from sexual activity.
၄။ မုသာဝါဒါ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၄။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from lying.
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၅။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဥ်ကြောင်းသိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from intoxicants of beer, wine, and liquor.
၆။ ဝိကာလဘောဇနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၆။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from food at the wrong time.
၇။ နစ္စ-ဂီတ-ဝါဒိတ-ဝိသူကဒဿနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၇။ ကခြင်း သီခြင်း တီးမှုတ်ခြင်းနှင့် (သူတော်ကောင်း) တရား၏ ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲဲလမ်းသဘင်တို့ကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from seeing shows of dancing, singing, and music.
၈။ မာလာ-ဂန္ဓ-ဝိလေပန-ဓာရဏ-မဏ္ဍန-ဝိဘူသနဋ္ဌာနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၈။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း တန်ဆာဆင်ခြင်း အပြေအပြစ်ပြုခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from attiring and adorning myself with garlands, fragrance, and makeup.
၉။ ဥစ္စာသယန-မဟာသယနာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
၉။ မြင့်သောနေရာ မြတ်သောနေရာ (၌ နေထိုင်ခြင်း)မှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
I undertake the precept to refrain from high and luxurious beds.
၁၀။ ဇာတရူပ-ရဇတပဋိဂ္ဂဟဏာ ဝေရမဏီ-သိက္ခာပဒံ သမာဒိယာမိ။
ဒသသိက္ခာပဒံ [ဒသသိက္ခာပဒံ နိဋ္ဌိတံ (သျာ။)] နိဋ္ဌိတံ။
၁၀။ ရွှေငွေကို ကိုင်ခြင်း ခံယူခြင်းမှ ရှောင်ကြဥ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ သိက္ခာပုဒ်ဆယ်ပါး ပြီး၏။ ၁။ (သိက္ခာ= သီလ သမာဓိ ပညာ အကျင့်သုံးပါးကို၊ ပဒ= ရခြင်း၏အကြောင်း) သိက္ခာပဒ= အကျင့်သိက္ခာ သုံးပါးကို ရကြောင်း။ ၃-သုံးဆယ့်နှစ်ကောဋ္ဌာသ ဤကိုယ် (ရုပ်အပေါင်း)၌ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဥ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်သည် ရှိ၏။ သုံးဆယ့်နှစ်ကောဋ္ဌာသ ပြီး၏။ ၁။ ဧဝံ တတ္ထ တတ္ထ မတ္ထလုင်္ဂံ အဋ္ဌိမိဉ္ဇေန သင်္ဂဟေတွာ ဒေသိတံ၊ ကာယဂတာသတိကောဋ္ဌာသဘာဝနာ ပရိယာယံ ဒွတ္တိံသာကာရကမ္မဋ္ဌာနံ အာရဒ္ဓံ။ အဋ္ဌကထာ။
I undertake the precept to refrain from receiving gold and currency. Basic Passages 3 The Thirty-Two Parts of the Body “In this body there is head hair, body hair, nails, teeth, skin, flesh, sinews, bones, bone marrow, kidneys, heart, liver, diaphragm, spleen, lungs, intestines, mesentery, undigested food, feces, brain, bile, phlegm, pus, blood, sweat, fat, tears, grease, saliva, snot, synovial fluid, urine.”
၃။ ဒွတ္တိံသာကာရော
အတ္ထိ ဣမသ္မိံ ကာယေ –
ကေသာ လောမာ နခါ ဒန္တာ တစော,
မံသံ နှာရု [နဟာရု (သီ။ ပီ။), နဟာရူ (သျာ။ ကံ။)] အဋ္ဌိ [အဋ္ဌီ (သျာ။ ကံ)] အဋ္ဌိမိဉ္ဇံ ဝက္ကံ,
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ,
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ [( ) သဗ္ဗတ္ထ နတ္ထိ, အဋ္ဌကထာ စ ဒွတ္တိံသသင်္ချာ စ မနသိ ကာတဗ္ဗာ],
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ,
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တန္တိ [မုတ္တံ, မတ္ထကေ မတ္ထလုင်္ဂန္တိ (သျာ။)]။
ဒွတ္တိံသာကာရော နိဋ္ဌိတော။
၄။ ကုမာရပဉှာ
၁။ ‘‘ဧကံ နာမ ကိံ’’? ‘‘သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ’’။
၄-ကုမာရပဥှာ ၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါဟူသမျှတို့သည် အကြောင်း ‘အာဟာရ’လျှင် တည်ရာရှိကုန်၏။
Basic Passages 4 The Boy’s Questions What is the one? All sentient beings are sustained by food.
၂။ ‘‘ဒွေ နာမ ကိံ’’? ‘‘နာမဉ္စ ရူပဉ္စ’’။
၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း? နာမ်နှင့် ရုပ်တည်း။
What is the two? Name and form.
၃။ ‘‘တီဏိ နာမ ကိံ’’? ‘‘တိဿော ဝေဒနာ’’။
၃။ သုံးခုသောတရားမည်သည် အဘယ်နည်း? ဝေဒနာသုံးပါးတို့တည်း။
What is the three? Three feelings.
၄။ ‘‘စတ္တာရိ နာမ ကိံ’’? ‘‘စတ္တာရိ အရိယသစ္စာနိ’’။
၄။ လေးခုသောတရားမည်သည် အဘယ်နည်း? အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။
What is the four? Four noble truths.
၅။ ‘‘ပဉ္စ နာမ ကိံ’’? ‘‘ပဉ္စုပါဒါနက္ခန္ဓာ’’။
၅။ ငါးခုသောတရားမည်သည် အဘယ်နည်း? (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။
What is the five? Five grasping aggregates.
၆။ ‘‘ဆ နာမ ကိံ’’? ‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ’’။
၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း? အတွင်း ‘အဇ္ဈတ္တိက’ အာယတနခြောက်ပါးတို့တည်း။
What is the six? Six interior sense fields.
၇။ ‘‘သတ္တ နာမ ကိံ’’? ‘‘သတ္တ ဗောဇ္ဈင်္ဂါ’’။
၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း? ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။
What is the seven? Seven awakening factors.
၈။ ‘‘အဋ္ဌ နာမ ကိံ’’? ‘‘အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ’’။
၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။
What is the eight? The noble eightfold path.
၉။ ‘‘နဝ နာမ ကိံ’’? ‘‘နဝ သတ္တာဝါသာ’’။
၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါတို့၏ တည်နေရာ ‘သတ္တာဝါသ’ ကိုးပါးတို့တည်း။
What is the nine? Nine abodes of sentient beings.
၁၀။ ‘‘ဒသ နာမ ကိံ’’? ‘‘ဒသဟင်္ဂေဟိ သမန္နာဂတော ‘အရဟာ’တိ ဝုစ္စတီ’’တိ။
ကုမာရပဉှာ နိဋ္ဌိတာ။
၁၀။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို “ရဟန္တာ”ဟု ဆိုအပ်၏။ ကုမာရပဥှာ ပြီး၏။
What is the ten? One endowed with ten factors is called “perfected”.
၅။ မင်္ဂလသုတ္တ
၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
၅-မင်္ဂလသုတ် ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဥ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏-
Basic Passages 5 Blessings So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then, late at night, a glorious deity, lighting up the entire Jeta’s Grove, went up to the Buddha, bowed, and stood to one side. That deity addressed the Buddha in verse:
၂။ ‘‘ဗဟူ ဒေဝါ မနုဿာ စ, မင်္ဂလာနိ အစိန္တယုံ၊
အာကင်္ခမာနာ သောတ္ထာနံ, ဗြူဟိ မင်္ဂလမုတ္တမံ’’။
၂။ (မြတ်စွာဘုရား) များစွာကုန်သော နတ် လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ မင်္ဂလာ (တရား)တို့ကို ကြံကြပါကုန်၏။ (အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။
“Many gods and humans have thought about blessings desiring well-being: declare the highest blessing.”
၃။ ‘‘အသေဝနာ စ ဗာလာနံ, ပဏ္ဍိတာနဉ္စ သေဝနာ၊
ပူဇာ စ ပူဇနေယျာနံ [ပူဇနီယာနံ (သီ။ သျာ။ ကံ။ ပီ။)], ဧတံ မင်္ဂလမုတ္တမံ။
၃။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း, ပညာရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း, ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
“Not to fraternize with fools, but to fraternize with the wise, and honoring those worthy of honor: this is the highest blessing.
၄။ ‘‘ပတိရူပဒေသဝါသော စ, ပုဗ္ဗေ စ ကတပုညတာ၊
အတ္တသမ္မာပဏိဓိ [အတ္ထသမ္မာပဏီဓီ (ကတ္ထစိ)] စ, ဧတံ မင်္ဂလမုတ္တမံ။
၄။ (နတ်သား) သင့်လျော်လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း, ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်းလည်းကောင်း, မိမိ (ကိုယ် စိတ်) ကို ကောင်းစွာ ထားခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Living in a suitable region, having made merit in the past, being rightly resolved in oneself, this is the highest blessing.
၅။ ‘‘ဗာဟုသစ္စဉ္စ သိပ္ပဉ္စ, ဝိနယော စ သုသိက္ခိတော၊
သုဘာသိတာ စ ယာ ဝါစာ, ဧတံ မင်္ဂလမုတ္တမံ။
၅။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း၊ ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Education and a craft, discipline and training, and well-spoken speech: this is the highest blessing.
၆။ ‘‘မာတာပိတု ဥပဋ္ဌာနံ, ပုတ္တဒါရဿ သင်္ဂဟော၊
အနာကုလာ စ ကမ္မန္တာ, ဧတံ မင်္ဂလမုတ္တမံ။
၆။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း, သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း, ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍ အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Caring for mother and father, kindness to children and partners, and unstressful work: this is the highest blessing.
၇။ ‘‘ဒါနဉ္စ ဓမ္မစရိယာ စ, ဉာတကာနဉ္စ သင်္ဂဟော၊
အနဝဇ္ဇာနိ ကမ္မာနိ, ဧတံ မင်္ဂလမုတ္တမံ။
၇။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း, ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း, အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Giving and righteous conduct, kindness to relatives, blameless deeds: this is the highest blessing.
၈။ ‘‘အာရတီ ဝိရတီ ပါပါ, မဇ္ဇပါနာ စ သံယမော၊
အပ္ပမာဒေါ စ ဓမ္မေသု, ဧတံ မင်္ဂလမုတ္တမံ။
၈။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဥ်ခြင်းလည်းကောင်း, မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဥ်ခြင်းလည်းကောင်း, သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း, ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Desisting and abstaining from evil, avoiding drinking liquor, diligence in good qualities: this is the highest blessing.
၉။ ‘‘ဂါရဝေါ စ နိဝါတော စ, သန္တုဋ္ဌိ စ ကတညုတာ၊
ကာလေန ဓမ္မဿဝနံ [ဓမ္မဿာဝဏံ (က။ သီ။), ဓမ္မသဝနံ (က။ သီ။)], ဧတံ မင်္ဂလမုတ္တမံ။
၉။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း, (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း, ရောင့်ရဲလွယ်ခြင်းလည်းကောင်း, သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း၊ ဤတရားငါးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Respect and placidity, contentment and gratitude, and timely listening to the teaching: this is the highest blessing.
၁၀။ ‘‘ခန္တီ စ သောဝစဿတာ, သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ, ဧတံ မင်္ဂလမုတ္တမံ။
၁၀။ (နတ်သား)သည်းခံခြင်းလည်းကောင်း, သူတော်ကောင်းတို့၏ ဆုံးမစကားကို နာလွယ်ခြင်းလည်းကောင်း, ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Patience, being easy to admonish, the sight of ascetics, and timely discussion of the teaching: this is the highest blessing.
၁၁။ ‘‘တပေါ စ ဗြဟ္မစရိယဉ္စ, အရိယသစ္စာန ဒဿနံ၊
နိဗ္ဗာနသစ္ဆိကိရိယာ စ, ဧတံ မင်္ဂလမုတ္တမံ။
၁၁။ (နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း, နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Fervor and chastity seeing the noble truths, and realization of extinguishment: this is the highest blessing.
၁၂။ ‘‘ဖုဋ္ဌဿ လောကဓမ္မေဟိ, စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ, ဧတံ မင်္ဂလမုတ္တမံ။
၁၂။ (နတ်သား) လောကဓံတို့နှင့်တွေ့သော အကြင် ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်, စိုးရိမ်ခြင်းမရှိ, ကိလေသာမြူ ကင်း၏, ဘေးရန်မရှိ၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
Though touched by worldly conditions, their mind does not tremble; sorrowless, stainless, secure: this is the highest blessing.
၁၃။ ‘‘ဧတာဒိသာနိ ကတွာန, သဗ္ဗတ္ထမပရာဇိတာ၊
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ, တံ တေသံ မင်္ဂလမုတ္တမ’’န္တိ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
၁၃။ (နတ်သား) ထိုမင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို့ကြောင့် ထိုတရား သုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။ မင်္ဂလသုတ် ပြီး၏။
Having completed these things, undefeated everywhere; everywhere they go in safety: this is their highest blessing.”
၆။ ရတနသုတ္တ
၁။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ [ဘူမာနိ (က။)] ဝါ ယာနိ ဝ အန္တလိက္ခေ၊
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု, အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၆-ရတနသုတ် ၁။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏။ အလုံးစုံသာလျှင် ဖြစ်သော နတ်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်ကြစေကုန်သတည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား) ဟောအပ်သော ပရိတ်တရားတော်ကို ရိုသေစွာ နာကြစေကုန်သတည်း။
Basic Passages 6 Gems Whatever beings have gathered here, on the ground or in the sky; may beings all be of happy heart, and listen carefully to what is said.
၂။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ, မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ, တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၂။ နတ်များတို့ ထို့ကြောင့် သာလျှင် အသင်နတ်အားလုံးတို့သည် (ဟောတော်မူအပ်သော ပရိတ်တရားတော်ကို စိတ်၌) သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါအပေါင်း၌ မေတ္တာကို ပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း သင်တို့အား ပူဇော်ပသခြင်းကို ပြုကြကုန်၏။ ထို့ကြောင့် သာလျှင် ထိုလူတို့ကို မမေ့မလျော့ စောင့်ရှောက်ကြကုန်လော့။
So pay heed, all you beings, have love for humankind, who day and night bring offerings; please protect them diligently.
၃။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ, သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊
န နော သမံ အတ္ထိ တထာဂတေန, ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါး, ဂဠုန်ပြည်တို့၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော အကြင်ရတနာမျိုးသည် ရှိ၏။ ထိုရတနာမျိုးတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမျိုးသည် မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
There’s no wealth this life or the next, no sublime gem in the heavens, that equals the Realized One. This sublime gem is in the Buddha: by this truth, may you be well!
၄။ ခယံ ဝိရာဂံ အမတံ ပဏီတံ, ယဒဇ္ဈဂါ သကျမုနီ သမာဟိတော၊
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄။ ကိလေသာကုန်ရာဖြစ်သော ရာဂ၏ ကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သော အကြင်နိဗ္ဗာန်ကို တည်ကြည်သော စိတ်ရှိသော သာကီနွယ်ဖွား မြတ်ဘုရားသည် ရတော်မူ၏။ ထို (နိဗ္ဗာန်) တရားနှင့်တူသောတစ်စုံတစ်ခုသော ရတနာမျိုးသည် မရှိ၊ နိဗ္ဗာန်တရားဟူသော ဤရတနာသည်လည်းအမြစ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Ending, dispassion, the undying, the sublime, attained by the Sakyan Sage immersed in samādhi; there is nothing equal to that Dhamma. This sublime gem is in the Dhamma: by this truth, may you be well!
၅။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ, သမာဓိမာနန္တရိကညမာဟု၊
သမာဓိနာ တေန သမော န ဝိဇ္ဇတိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၅။ ဘုရားမြတ်သည် အကြင် (အရဟတ္တမဂ်နှင့်ယှဥ်သော) သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏။ အကြင် အရဟတ္တမဂ်နှင့်ယှဥ်သော သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားသျှင်တို့) ဟောဆိုကုန်၏။ ထိုအရဟတ္တမဂ်နှင့် ယှဥ်သော သမာဓိနှင့်တူသောတရားမျိုးသည် မရှိ၊ တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
The purity praised by the highest Buddha, is said to be the “immersion with immediate fruit”; no equal to that immersion is found. This sublime gem is in the Dhamma: by this truth, may you be well!
၆။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ၊
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ, ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၆။ လေးယောက်အစုံဖြစ်ကုန်သော အကြင်ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ။ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သော အလှူကို ခံထိုက်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
The eight individual persons praised by the good are the four pairs of the Holy One’s disciples; they are worthy of religious donations, what’s given to them is very fruitful. This sublime gem is in the Saṅgha: by this truth, may you be well!
၇။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန, နိက္ကာမိနော ဂေါတမသာသနမှိ၊
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ, လဒ္ဓါ မုဓာ နိဗ္ဗုတိံ [နိဗ္ဗုတိ (က။)] ဘုဉ္ဇမာနာ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၇။ ဂေါတမမြတ်စွာဘုရားသာသနာ၌ အကြင် (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ခိုင်မြဲစွာသော စိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏။ (ကိလေသာတို့မှ) ထွက်မြောက်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ရရောက်ထိုက်သော အရဟတ္တဖိုလ်ကို ရရောက်ကုန်သည်ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တ ဖလသမာပတ်ကို ခံစားကုန်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Dedicated to Gotama’s dispensation, strong-minded, free of sense desire, they’ve attained the goal, plunged into freedom from death, and enjoy the quenching they’ve freely gained. This sublime gem is in the Saṅgha: by this truth, may you be well!
၈။ ယထိန္ဒခီလော ပထဝိဿိတော [ပဌဝိဿိတော (က။ သီ။), ပထဝိံသိတော (က။ သိ။ သျာ။ ကံ။ ပီ။)] သိယာ, စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော၊
တထူပမံ သပ္ပုရိသံ ဝဒါမိ, ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။ မြေ၌ စိုက်ထူအပ်သောတံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယသစ္စာတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟု ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
As Indra’s pillar rooted in earth is not shaken by the four winds, I say a true person is like this, who sees the noble truths in experience. This sublime gem is in the Saṅgha: by this truth, may you be well!
၉။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ, ဂမ္ဘီရပညေန သုဒေသိတာနိ၊
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ, န တေ ဘဝံ အဋ္ဌမမာဒိယန္တိ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသောဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာမေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက် ဘဝကို မယူကုန်။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Those who fathom the noble truths taught by the one of deep wisdom, do not take an eighth life, even if they are hugely negligent. This sublime gem is in the Saṅgha: by this truth, may you be well!
၁၀။ သဟာဝဿ ဒဿနသမ္ပဒါယ [သဟာဝသဒ္ဒဿနသမ္ပဒါယ (က။)], တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ၊
သက္ကာယဒိဋ္ဌီ ဝိစိကိစ္ဆိတဉ္စ, သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
၁၀။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရား သုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဥ်းမျှ ရှိစေကာမူ-
When they attain to vision they give up three things: substantialist view, doubt, and any attachment to precepts and observances.
၁၁။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော, ဆစ္စာဘိဌာနာနိ [ဆ စာဘိဌာနာနိ (သီ။ သျာ။)] အဘဗ္ဗ ကာတုံ [အဘဗ္ဗော ကာတုံ (သီ။)]၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၁။ အပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
They’re freed from the four places of loss, and cannot do six things. This sublime gem is in the Saṅgha: by this truth, may you be well!
၁၂။ ကိဉ္စာပိ သော ကမ္မ [ကမ္မံ (သီ။ သျာ။ ကံ။ ပီ။)] ကရောတိ ပါပကံ, ကာယေန ဝါစာ ဥဒ စေတသာ ဝါ၊
အဘဗ္ဗ [အဘဗ္ဗော (ဗဟူသု)] သော တဿ ပဋိစ္ဆဒါယ [ပဋိစ္ဆာဒါယ (သီ။)], အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၂။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသော မကောင်းမှုကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်) ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့သည့် အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Even if they do a bad deed by body, speech, or mind, they are unable to conceal it; this, it’s said, is the inability <j>of one who has seen the truth. This sublime gem is in the Saṅgha: by this truth, may you be well!
၁၃။ ဝနပ္ပဂုမ္ဗေ ယထ [ယထာ (သီ။ သျာ။)] ဖုဿိတဂ္ဂေ, ဂိမှာနမာသေ ပဌမသ္မိံ [ပဌမသ္မိ (?)] ဂိမှေ၊
တထူပမံ ဓမ္မဝရံ အဒေသယိ [အဒေသယီ (သီ။)], နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၃။ နွေဥတု၏ အစဖြစ်သောတန်ခူးလ၌ပင် လုံးကျွတ်ပွင့်သော အဖျားရှိသော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို မြတ်သော (နိဗ္ဗာန်) အကျိုးငှါ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Like a tall forest tree crowned with flowers in the first month of summer; that’s how he taught the superb Dhamma, leading to extinguishment, the ultimate benefit. This sublime gem is in the Buddha: by this truth, may you be well!
၁၄။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော, အနုတ္တရော ဓမ္မဝရံ အဒေသယိ၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၄။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သော မဂ်ကို ဆောင်တတ်သော မိမိထက်သာသူ မရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
The superb, knower of the superb, giver of the superb, bringer of the superb; taught the superb Dhamma supreme. This sublime gem is in the Buddha: by this truth, may you be well!
၁၅။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ, ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ၊
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ, နိဗ္ဗန္တိ ဓီရာ ယထာယံ [ယထယံ (က။)] ပဒီပေါ၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ။ လာလတ္တံ့သော ဘဝ၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွါးသော ဆန္ဒမရှိကုန်။ ဆီမီးသည် ငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာတို့သည် ခန္ဓာဇာတ်သိမ်း ငြိမ်းကုန်ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
The old is ended, nothing new is produced; their minds have no desire for future rebirth. Withered are the seeds, there’s no desire for growth, those attentive ones are extinguished like this lamp. This sublime gem is in the Saṅgha: by this truth, may you be well!
၁၆။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
၁၆။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Buddha! May you be safe!
၁၇။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
၁၇။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့်ဖြစ်သော နတ်လူတို့ ပူဇော်အပ်သောတရားတော်ကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Dhamma! May you be safe!
၁၈။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
တထာဂတံ ဒေဝမနုဿပူဇိတံ, သံဃံ နမဿာမ သုဝတ္ထိ ဟောတူတိ။
ရတနသုတ္တံ နိဋ္ဌိတံ။
၁၈။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကုန်၏။ ထိုငါတို့သည် မချွတ်မယွင်း ကျင့်ခြင်းရှိတော်မူသော နတ်လူတို့ ပူဇော်အပ်သော သံဃာတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်းဟု (မိန့်တော်မူ၏)။ ရတနသုတ် ပြီး၏။
Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Saṅgha! May you be safe!
၇။ တိရောကုဋ္ဋသုတ္တ
၁။ တိရောကုဋ္ဋေသု တိဋ္ဌန္တိ, သန္ဓိသိင်္ဃာဋကေသု စ၊
ဒွါရဗာဟာသု တိဋ္ဌန္တိ, အာဂန္တွာန သကံ ဃရံ။
၇-တိရောကုဋ္ဋသုတ် ၁။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌လည်းကောင်း၊ လမ်းဆုံ လမ်းခွ အိမ်ခြံစပ်တို့၌လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌လည်းကောင်း ရပ်တည်ကုန်၏။
Basic Passages 7 Outside the Walls Outside the walls they stand and wait, at the junctions and the crossroads. Returning to their former homes they wait beside the door posts.
၂။ ပဟူတေ အန္နပါနမှိ, ခဇ္ဇဘောဇ္ဇေ ဥပဋ္ဌိတေ၊
န တေသံ ကောစိ သရတိ, သတ္တာနံ ကမ္မပစ္စယာ။
၂။ များစွာသော ထမင်းအဖျော် ခဲဖွယ်ဘောဇဥ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်း ထို (ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် ထိုပြိတ္တာသတ္တဝါတို့ကို တစ်စုံတစ်ယောက်သောသူ ကမျှ အမှတ်မရ။
But when lavish food and drink of many kinds is set out, no one remembers them at all, because of those beings’s deeds.
၃။ ဧဝံ ဒဒန္တိ ဉာတီနံ, ယေ ဟောန္တိ အနုကမ္ပကာ၊
သုစိံ ပဏီတံ ကာလေန, ကပ္ပိယံ ပါနဘောဇနံ၊
ဣဒံ ဝေါ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော။
၃။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဥ်ကို ဤအလှူဝတ္ထုသည် သင် (ပြိတ္တာ) ဆွေမျိုးတို့အား ဖြစ်စေသတည်း။ (ပြိတ္တာ) ဆွေမျိုးတို့သည် ချမ်းသာကြစေကုန်သတည်းဟု မိတ်ဆွေ အမျိုးပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏။
That’s why those who have compassion give to their relatives food and drink at the right time, that’s clean, delicious, and suitable.
၄။ တေ စ တတ္ထ သမာဂန္တွာ, ဉာတိပေတာ သမာဂတာ၊
ပဟူတေ အန္နပါနမှိ, သက္ကစ္စံ အနုမောဒရေ။
၄။ ထိုဆွေမျိုးပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုကြကုန်၏။
“May this be for our relatives! May our relatives be happy!” Those ghosts who have gathered there, the departed relatives who have come
၅။ စိရံ ဇီဝန္တု နော ဉာတီ, ယေသံ ဟေတု လဘာမသေ၊
အမှာကဉ္စ ကတာ ပူဇာ, ဒါယကာ စ အနိပ္ဖလာ။
၅။ အကြင်ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏။ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏။ ပေးလှူသူဆွေမျိုးတို့ သည်လည်း အကျိုးများကုန်၏။ ထိုငါတို့၏ ဆွေမျိုးတို့သည် ကြာမြင့်စွာ အသက်ရှည်ကြပါစေ ကုန်သတည်း။
for the lavish food and drink gratefully express appreciation: “May our relatives live long! For those to whom we owe this gain,
၆။ န ဟိ တတ္ထ ကသိ [ကသီ (သီ။)] အတ္ထိ, ဂေါရက္ခေတ္ထ န ဝိဇ္ဇတိ၊
ဝဏိဇ္ဇာ တာဒိသီ နတ္ထိ, ဟိရညေန ကယောကယံ [ကယာက္ကယံ (သီ။), ကယာ ကယံ (သျာ။)]၊
ဣတော ဒိန္နေန ယာပေန္တိ, ပေတာ ကာလင်္ကတာ [ကာလကတာ (သီ။ သျာ။ ကံ။)] တဟိံ။
၆။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌ စည်းစိမ်ရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးဝေအပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် မျှတကုန်၏။
who have given honor to us, it will not be fruitless for the donor.” There is no farming there, no cow pasture can be found;
၇။ ဥန္နမေ ဥဒကံ ဝုဋ္ဌံ, ယထာ နိန္နံ ပဝတ္တတိ၊
ဧဝမေဝ ဣတော ဒိန္နံ, ပေတာနံ ဥပကပ္ပတိ။
၇။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာအရပ်သို့ စီးသွားသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။
likewise there’s no trading, and no commerce in gold coin. The departed, the dead in that place live on what is given here.
၈။ ယထာ ဝါရိဝဟာ ပူရာ, ပရိပူရေန္တိ သာဂရံ၊
ဧဝမေဝ ဣတော ဒိန္နံ, ပေတာနံ ဥပကပ္ပတိ။
၈။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။
Just as water that rains on high flows down to the plains, so too what is given here aids the departed ghosts.
၉။ အဒါသိ မေ အကာသိ မေ, ဉာတိမိတ္တာ [ဉာတိ မိတ္တော (?)] သခါ စ မေ၊
ပေတာနံ ဒက္ခိဏံ ဒဇ္ဇာ, ပုဗ္ဗေ ကတမနုဿရံ။
၉။ ဤသူကား ငါ့အား (ဥစ္စာကို) ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီ၊ ငါ၏ ဆွေမျိုးတည်း၊ ငါ၏မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟု ရှေးဘဝ၌ ပြုခဲ့ဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့အကျိုးငှါ မြတ်သော အလှူရေစက်ကို ပေးလှူရာ၏။
Just as the rivers full swell the ocean seas so too what is given here aids the departed ghosts.
၁၀။ န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊
န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။
၁၀။ ငိုကြွေးခြင်းသည်လည်းကောင်း၊ စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါး ပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏။
Thinking: “They gave to me, they did for me, they were my family, friend, comrade”, give offerings to departed kin, remembering past deeds.
၁၁။ အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊
ဒီဃရတ္တံ ဟိတာယဿ, ဌာနသော ဥပကပ္ပတိ။
၁၁။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍) ပေးလှူအပ်သော ဤအလှူသည် သံဃာ၌ ကောင်းစွာတည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ ထိုပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်၏။
For neither tears nor grief or other lamentations are of any use to the departed, so long as their relatives stay like this.
၁၂။ သော ဉာတိဓမ္မော စ အယံ နိဒဿိတော, ပေတာန ပူဇာ စ ကတာ ဥဠာရာ၊
ဗလဉ္စ ဘိက္ခူနမနုပ္ပဒိန္နံ [… မနုပ္ပဒိန္နဝါ (က။)], တုမှေဟိ ပုညံ ပသုတံ အနပ္ပကန္တိ။
တိရောကုဋ္ဋသုတ္တံ နိဋ္ဌိတံ။
၁၂။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုသော ဝတ္တရားဟူ၍ ပြအပ်၏။ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်း မည်၏။ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏။ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွါးများဆည်းပူးအပ်သည်လည်း မည်၏ဟု (မိန့်တော်မူ၏)။ တိရောကုဋ္ဋသုတ် ပြီး၏။
This offering that has been given, well placed in the Saṅgha, is for their lasting welfare, and aids them right away. The relative’s duty has now been shown: how high honor to departed is performed, how the mendicants can be kept strong, and how no little merit is produced by you.
၈။ နိဓိကဏ္ဍသုတ္တ
၁။ နိဓိံ နိဓေတိ ပုရိသော, ဂမ္ဘီရေ ဩဒကန္တိကေ၊
အတ္ထေ ကိစ္စေ သမုပ္ပန္နေ, အတ္ထာယ မေ ဘဝိဿတိ။
၈-နိဓိကဏ္ဍသုတ် ၁။ ယောကျာ်းသည် အကျိုးစီးပွါးနှင့်စပ်သော ကိစ္စဖြစ်လတ်သော် ငါ၏ အကျိုးငှါ ဖြစ်လိမ့်မည်ဟု နှလုံးပြု၍ ရေသို့ ရောက်လောက်အောင် နက်သောအရပ်၌ ရွှေအိုးကို မြှုပ်နှံထားရ၏။
Basic Passages 8 A Treasure Trove A person stores away their savings in a deep trove by the water’s edge: “When need arises it will be there to help
၂။ ရာဇတော ဝါ ဒုရုတ္တဿ, စောရတော ပီဠိတဿ ဝါ၊
ဣဏဿ ဝါ ပမောက္ခာယ, ဒုဗ္ဘိက္ခေ အာပဒါသု ဝါ၊
ဧတဒတ္ထာယ လောကသ္မိံ, နိဓိ နာမ နိဓီယတိ။
၂။ ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသော ငါ့အား မင်းဘေးမှ လွတ်မြောက်ရန်ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ခိုးသူတို့ နှိပ်စက်ခံရသော ငါ့အား ခိုးသူဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ကြွေးမြီတင်သော ငါ့အား ကြွေးမြီမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးသောအခါ၌ မျှတရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ မီးရေစသော ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် ငါ့အား သုံးစွဲရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း နှလုံးသွင်း၍ ဤအကျိုးပြီးခြင်းငှါ လောက၌ ရွှေအိုးမည်သည်ကို မြှုပ်နှံထားရ၏။
free me from rulers if I am slandered, or from bandits if harassed, or to release me from debt, or in case of famine or losses.” What the world calls savings get stored away for such reasons.
၃။ တာဝဿုနိဟိတော [တာဝ သုနိဟိတော (သီ။)] သန္တော, ဂမ္ဘီရေ ဩဒကန္တိကေ၊
န သဗ္ဗော သဗ္ဗဒါ ဧဝ, တဿ တံ ဥပကပ္ပတိ။
၃။ ရေသို့ ရောက်လောက်အောင် နက်သော မြေ၌ ကောင်းစွာ မြှုပ်ထားအပ်သည် ဖြစ်သော်လည်း အလုံးစုံသော ဥစ္စာသည် အခါ ခပ်သိမ်းပင် ထိုယောကျာ်းအား မပြည့်စုံ။
But no matter how well stored away they are in a deep pit by the water’s edge, all their savings will fail to aid them all the time.
၄။ နိဓိ ဝါ ဌာနာ စဝတိ, သညာ ဝါဿ ဝိမုယှတိ၊
နာဂါ ဝါ အပနာမေန္တိ, ယက္ခာ ဝါပိ ဟရန္တိ နံ။
၄။ ရွှေအိုးသည် မြှုပ်ထားရာအရပ်မှမူလည်း ရွေ့ရှားတတ်၏။ ထိုဥစ္စာရှင်၏ အမှတ်သည်လည်း မေ့လျော့တတ်၏၊ နဂါးတို့သည်လည်း နေရာပြောင်းထားတတ်ကုန်၏။ ဘီလူးတို့သည်လည်း ထိုရွှေအိုးကို ဆောင်ယူတတ်ကုန်၏။
For perhaps those savings shift from there, or they forget what marks the site, or dragons make off with them, or spirits carry them away,
၅။ အပ္ပိယာ ဝါပိ ဒါယာဒါ, ဥဒ္ဓရန္တိ အပဿတော၊
ယဒါ ပုညက္ခယော ဟောတိ, သဗ္ဗမေတံ ဝိနဿတိ။
၅။ မချစ်အပ်ကုန်သော အမွေခံတို့သည် မူလည်း (ဥစ္စာရှင်) မမြင်စဥ် တူးဖော် ထုတ်ဆောင်တတ်ကုန်၏။ ကုသိုလ်ကံကုန်သောအခါ၌မူလည်း ထိုဥစ္စာအားလုံးစုံသည် ပျောက်ပျက်တတ်၏။
or unloved heirs secretly unearth them. When their merit is used up, all of that will vanish.
၆။ ယဿ ဒါနေန သီလေန, သံယမေန ဒမေန စ၊
နိဓီ သုနိဟိတော ဟောတိ, ဣတ္ထိယာ ပုရိသဿ ဝါ။
၆။ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အကြင် တစ်စုံတစ်ယောက်သောသူသည် အလှူပေးခြင်းဖြင့်လည်းကောင်း၊ သီလဆောက်တည်ခြင်းဖြင့်လည်းကောင်း၊ ကိုယ် နှုတ် နှလုံး စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့်လည်းကောင်း ကောင်းမှုတည်း ဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
But by giving and morality, restraint and self-control, a woman or man keeps their savings safe.
၇။ စေတိယမှိ စ သံဃေ ဝါ, ပုဂ္ဂလေ အတိထီသု ဝါ၊
မာတရိ ပိတရိ စာပိ [ဝါပိ (သျာ။ ကံ။)], အထော ဇေဋ္ဌမှိ ဘာတရိ။
၇။ စေတီ၌လည်းကောင်း၊ သံဃာ၌လည်းကောင်း၊ ပုဂ္ဂိုလ်၌လည်းကောင်း၊ ဧည့်သည်တို့၌ လည်းကောင်း၊ အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ ထို့ပြင် အစ်ကိုကြီး အစ်မကြီး၌ လည်းကောင်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
At a shrine or with the Saṅgha, with mother or father, or else an elder sibling,
၈။ ဧသော နိဓိ သုနိဟိတော, အဇေယျော အနုဂါမိကော၊
ပဟာယ ဂမနီယေသု, ဧတံ အာဒါယ ဂစ္ဆတိ။
၈။ ကောင်းစွာမြှုပ်ထားအပ်သော ဤရွှေအိုးသည် (ရန်သူတို့) မအောင်နိုင်သည်ဖြစ်၍ (တမလွန်ဘဝသို့) အစဥ်လိုက်၏၊ (စည်းစိမ်ဥစ္စာတို့ကို) ပယ်စွန့်၍ တမလွန်ဘဝသို့ ပြောင်းသွားရသည်ရှိသော် ထိုကုသိုလ်ရွှေအိုးကို ယူ၍ သွားရ၏။
those savings are kept safe, they stay with you, undecaying. We must go on leaving all behind, only this you take when you go.
၉။ အသာဓာရဏမညေသံ, အစောရာဟရဏော နိဓိ၊
ကယိရာထ ဓီရော ပုညာနိ, ယော နိဓိ အနုဂါမိကော။
၉။ (ကုသိုလ်) ရွှေအိုးသည် သူတစ်ပါးတို့နှင့် မဆက်ဆံ၊ ခိုးသူတို့ မခိုးယူနိုင်၊ ပညာရှိသည် ကုသိုလ်ကောင်းမှုတို့ကို ပြုရာ၏။ (ကုသိုလ်) ရွှေအိုးသည် (တမလွန် ဘဝသို့) အစဥ်လိုက်၏။
You don’t have to share it with others, no thief makes off with your savings. An attentive one would make merit, the savings that stay with you.
၁၀။ ဧသ ဒေဝမနုဿာနံ, သဗ္ဗကာမဒဒေါ နိဓိ၊
ယံ ယဒေဝါဘိပတ္ထေန္တိ, သဗ္ဗမေတေန လဗ္ဘတိ။
၁၀။ ဤ (ကုသိုလ်) ရွှေအိုးသည် နတ်လူတို့၏ အလိုဟူသမျှကို ပေး၏။ အကြင် အကြင် ချမ်းသာကို တောင့်တကုန်၏။ ထိုတောင့်တရာရာ ချမ်းသာအားလုံးကိုပင် ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
Such savings grant every desire of gods and humans too. Whatever it is that they wish for through this they have it all.
၁၁။ သုဝဏ္ဏတာ သုသရတာ, သုသဏ္ဌာနာ သုရူပတာ [သုသဏ္ဌာနသုရူပတာ (သီ။), သုသဏ္ဌာနံ သုရူပတာ (သျာ။ ကံ။)]၊
အာဓိပစ္စပရိဝါရော, သဗ္ဗမေတေန လဗ္ဘတိ။
၁၁။ အရေအဆင်းကောင်းသည့်အဖြစ် အသံကောင်းသည့်အဖြစ် အသွင်သဏ္ဌာန် ကောင်းသည့်အဖြစ် ရုပ်အဆင်းလှပသည့်အဖြစ် အစိုးရသည့်အဖြစ် အခြွေအရံများသည့် အဖြစ်ဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
Good looks, a sweet voice, a good shape, and good appearance, leadership and followers: through this they have it all.
၁၂။ ပဒေသရဇ္ဇံ ဣဿရိယံ, စက္ကဝတ္တိသုခံ ပိယံ၊
ဒေဝရဇ္ဇမ္ပိ ဒိဗ္ဗေသု, သဗ္ဗမေတေန လဗ္ဘတိ။
၁၂။ ပဒေသရာဇ်မင်းအဖြစ်ကိုလည်းကောင်း၊ အစိုးရသော ဧကရာဇ်မင်းအဖြစ်ကို လည်းကောင်း၊ နှစ်သက်မြတ်နိုးအပ်သော စကြဝတေးမင်းချမ်းသာကိုလည်းကောင်း၊ နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကိုလည်းကောင်း ဤအကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
Sovereignty of a local kingdom, the happiness of a Wheel-Turning Monarch, even kingship in the heavens: through this they have it all.
၁၃။ မာနုဿိကာ စ သမ္ပတ္တိ, ဒေဝလောကေ စ ယာ ရတိ၊
ယာ စ နိဗ္ဗာနသမ္ပတ္တိ, သဗ္ဗမေတေန လဗ္ဘတိ။
၁၃။ လူ့ပြည် ရှိ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ နတ်ပြည်၌ မွေ့လျော်ဖွယ်ကိုလည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
Human success, heavenly delight, attaining extinguishment: through this they have it all.
၁၄။ မိတ္တသမ္ပဒမာဂမ္မ, ယောနိသောဝ [ယောနိသော ဝေ (သီ။), ယောနိသော စေ (သျာ။), ယောနိသော စ (?)] ပယုဉ္ဇတော၊
ဝိဇ္ဇာ ဝိမုတ္တိ ဝသီဘာဝေါ, သဗ္ဗမေတေန လဗ္ဘတိ။
၁၄။ မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ သင့်သောအကြောင်းအားဖြင့်အားထုတ်သောသူအား အရဟတ္တမဂ် အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်းရှိသောသူ အဖြစ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
Relying on having good friends, rational application of effort, mastery of knowledge and freedom: through this they have it all.
၁၅။ ပဋိသမ္ဘိဒါ ဝိမောက္ခာ စ, ယာ စ သာဝကပါရမီ၊
ပစ္စေကဗောဓိ ဗုဒ္ဓဘူမိ, သဗ္ဗမေတေန လဗ္ဘတိ။
၁၅။ ပဋိသမ္ဘိဒါလေးပါး ဝိမောက္ခ (ရှစ်ပါး) သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
Analytical knowledge, the liberations, the perfections of the disciple, the plane of an independent Buddha: through this they have it all.
၁၆။ ဧဝံ မဟတ္ထိကာ ဧသာ, ယဒိဒံ ပုညသမ္ပဒါ၊
တသ္မာ ဓီရာ ပသံသန္တိ, ပဏ္ဍိတာ ကတပုညတန္တိ။
နိဓိကဏ္ဍသုတ္တံ နိဋ္ဌိတံ။
၁၆။ အကြင် ကုသိုလ်ပြည့်စုံခြင်းသည် ရှိ၏။ ထိုကုသိုလ်ပြည့်စုံခြင်းသည် ဤသို့ များသော အကျိုးရှိ၏၊ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုပြီးသော ကုသိုလ်ကောင်းမှု ရှိသည့်အဖြစ်ကို ချီးမွမ်းကြကုန်၏ဟု (မိန့်တော်မူ၏)။ နိမိကဏ္ဍသုတ် ပြီး၏။ ၁။ ဆိုခဲ့ပြီးသော ကိစ္စအမျိုးမျိုးကို ပြုလုပ်ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်။
This accomplishment in merit is so very beneficial. That’s why the attentive and the astute praise the making of merit.
၉။ မေတ္တသုတ္တံ
၁။ ကရဏီယမတ္ထကုသလေန, ယန္တသန္တံ ပဒံ အဘိသမေစ္စ၊
သက္ကော ဥဇူ စ သုဟုဇူ [သူဇူ (သီ။)] စ, သုဝစော စဿ မုဒု အနတိမာနီ။
၉-မေတ္တသုတ် ၁။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ (နေလိုသော) အကျိုးစီးပွါး၌ လိမ္မာသောသူသည် (ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့်အပ်၏- ကျင့်စွမ်းနိုင်ရမည်၊ ကိုယ်နှုတ် ဖြောင့်မတ်ရမည်၊ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမ လွယ်ရမည်၊ စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။
Basic Passages 9 The Discourse on Love Those who are skilled in the meaning of scripture should practice as follows to realize the state of peace. Let them be capable and upright, very upright, easy to speak to, gentle and humble;
၂။ သန္တုဿကော စ သုဘရော စ, အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊
သန္တိန္ဒြိယော စ နိပကော စ, အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။
၂။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊ မွေးမြူလွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဥ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
content and unburdensome, unbusied, living lightly, alert, with senses calmed, courteous, not fawning on families.
၃။ န စ ခုဒ္ဒမာစရေ ကိဉ္စိ, ယေန ဝိညူ ပရေ ဥပဝဒေယျုံ၊
သုခိနောဝ ခေမိနော ဟောန္တု, သဗ္ဗသတ္တာ [သဗ္ဗေ သတ္တာ (သီ။ သျာ။)] ဘဝန္တု သုခိတတ္တာ။
၃။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဥ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ၊ (ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)။ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။
Let them not do the slightest thing that others who are wise would blame. May they be happy and safe! May all beings be happy!
၄။ ယေ ကေစိ ပါဏဘူတတ္ထိ, တသာ ဝါ ထာဝရာ ဝနဝသေသာ၊
ဒီဃာ ဝါ ယေဝ မဟန္တာ [မဟန္တ (?)], မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၄။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ (ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း, ထိတ်လန့်တတ်သော (ပုထုဇဥ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း, စိတ်ဓာတ်ခိုင်ခံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း, ရှည်သော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း, ကြီးသော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း, အလတ်စားကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, သေးဖွဲ သိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။
Whatever living creatures there are with not a one left out— frail or firm, long or large, medium, small, tiny or round,
၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ [အဒိဋ္ဌ (?)], ယေ ဝ [ယေ စ (သီ။ သျာ။ ကံ။ ပီ။)] ဒူရေ ဝသန္တိ အဝိဒူရေ၊
ဘူတာ ဝ [ဝါ (သျာ။ ကံ။ ပီ။ က။)] သမ္ဘဝေသီ ဝ [ဝါ (သီ။ သျာ။ ကံ။ ပီ။)], သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည် လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ပုထုဇဥ် သေက္ခပုဂ္ဂိုလ်တို့သည်လည်းကာင်း ခပ်သိမ်းသောသတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။
seen or unseen, living far or near, those who have been born <j>and those about to be born— may all beings be happy!
၆။ န ပရော ပရံ နိကုဗ္ဗေထ, နာတိမညေထ ကတ္ထစိ န ကဉ္စိ [နံ ကဉ္စိ (သီ။ ပီ။), နံ ကိဉ္စိ (သျာ။), န ကိဉ္စိ (က။)]၊
ဗျာရောသနာ ပဋိဃသညာ, နာညမညဿ ဒုက္ခမိစ္ဆေယျ။
၆။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုတ်ခြယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း မထေမဲ့မြင်မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။
Let none deceive another, nor look down on anyone anywhere. Though provoked or aggrieved, let them not wish pain on each other.
၇။ မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗဘူတေသု, မာနသံ ဘာဝယေ အပရိမာဏံ။
၇။ မိခင်သည် ရင်၌ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဥ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။
Even as a mother would protect with her life her child, her only child, so too for all creatures unfold a boundless heart.
၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိ, မာနသံ ဘာဝယေ အပရိမာဏံ၊
ဥဒ္ဓံ အဓော စ တိရိယဉ္စ, အသမ္ဗာဓံ အဝေရမသပတ္တံ။
၈။ အထက် (ဘဝဂ်) အောက် (အဝီစိ) ဖီလာ အလုံးစုံသော လောက၌ ကျဥ်းမြောင်းခြင်း မရှိသော အတွင်းရန် အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။
With love for the whole world, unfold a boundless heart: above, below, all round, unconstricted, without enmity or foe.
၉။ တိဋ္ဌံ စရံ နိသိန္နော ဝ [ဝါ (သီ။ သျာ။ ကံ။ ပီ။)], သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ [ဝိဂတမိဒ္ဓေါ (ဗဟူသု)]၊
ဧတံ သတိံ အဓိဋ္ဌေယျ, ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။
၉။ ငိုက်မျည်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့်ယှဥ်သော) သတိကို ပွါးများအံ့ဟု ဆောက်တည်ရာ၏။ ဤသာသနာတော်၌ မေတ္တာနှင့်ယှဥ်သော သတိဖြင့်နေခြင်းကို မြတ်သော နေခြင်း ‘ဗြဟ္မဝိဟာရ’ ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။
When standing, walking, sitting, or lying down while yet unweary, keep this ever in mind; for this, they say, is a divine meditation in this life.
၁၀။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ, သီလဝါ ဒဿနေန သမ္ပန္နော၊
ကာမေသု ဝိနယ [ဝိနေယျ (သီ။)] ဂေဓံ, န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတီတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
ခုဒ္ဒကပါဌပါဠိ နိဋ္ဌိတာ။
၁၀။ (ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည် ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။ မေတ္တသုတ် ပြီး၏။ ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန် ပြီး၏။
Avoiding harmful views, virtuous, accomplished in insight, with desire for sensual pleasures dispelled, they never return to a womb again.
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Saraṇattayaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#384
- Vipassana Research Institute. (n.d.). 2. Dasasikkhāpadaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#385
- Vipassana Research Institute. (n.d.). 3. Dvattiṃsākāro (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#386
- Vipassana Research Institute. (n.d.). 4. Kumārapañhā (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#387
- Vipassana Research Institute. (n.d.). 5. Maṅgalasuttaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#388
- Vipassana Research Institute. (n.d.). 6. Ratanasuttaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#389
- Vipassana Research Institute. (n.d.). 7. Tirokuṭṭasuttaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#390
- Vipassana Research Institute. (n.d.). 8. Nidhikaṇḍasuttaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#391
- Vipassana Research Institute. (n.d.). 9. Mettasuttaṃ (Suttapiṭaka, Khuddakanikāya, Khuddakapāṭhapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#392