ဥဒါနပါဠိ
ဘုရားရှင် အထူးအားရဝမ်းမြောက်တော်မူသည့် အခါများတွင် အလိုအလျောက် မိန့်ကြားတော်မူသော ဥဒါနစကားတော် (၈၀) ပုဒ်၊ ဇာတ်လမ်းအကျဉ်းချုပ်နှင့်တကွ ပါဝင်ကျမ်းစု။
ဤကျမ်း၏ အဋ္ဌကထာ
ဥဒါနပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယေ
ဥဒါနပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗောဓိဝဂ္ဂေါ
၁။ ပဌမဗောဓိသုတ္တံ
၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (သျာ။ ပီ။ က။)]။ အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌဟိတွာ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမံ သာဓုကံ မနသာကာသိ –
‘‘ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ, ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ, ယဒိဒံ – အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ,
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ,
ယတော ပဇာနာတိ သဟေတုဓမ္မ’’န္တိ။ ပဌမံ၊
၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်းနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဥ့်၏ ပဌမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်ပေါ်လာ၏။ ယင်းအကြောင်းအကျိုးတို့ကား မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်၏။ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ဖြစ်၏။ အာယတနခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ’ဖြစ်၏။ တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ဖြစ်၏။ တပ်နှစ်သက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဖြစ်ကြောင်း ‘ဘဝ’ ဖြစ်၏။ ဖြစ်ကြောင်း ‘ဘဝ’ ကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏။ ပဋိသန္ဓေနေမှု ‘ဇာတိ’ ကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ပေါ်လာကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -“အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး)တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ အကြောင်းနှင့်တကွ (ပဋိစ္စသမုပ္ပါဒ်) တရားကို အပြားအားဖြင့် သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 1.1 Upon Awakening (1st) So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the tree of awakening on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. When seven days had passed, the Buddha emerged from that state of immersion. In the first part of the night, he carefully applied the mind to dependent origination, going with the grain: “So, when this exists, this comes to be; due to the arising of this, this arises. That is: Ignorance is a requirement for choices. Choices are a requirement for consciousness. Consciousness is a requirement for name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When things become clear to the keen, meditating brahmin, his doubts are dispelled, since he understands each thing and its cause.”
၂။ ဒုတိယဗောဓိသုတ္တံ
၂။ ဧဝံ မေ သုတံ – ဧက သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌဟိတွာ ရတ္တိယာ မဇ္ဈိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ ပဋိလောမံ သာဓုကံ မနသာကာသိ –
‘‘ဣတိ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ, ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ, ယဒိဒံ – အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ,
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ,
ယတော ခယံ ပစ္စယာနံ အဝေဒီ’’တိ။ ဒုတိယံ၊
၂-ဒုတိယဗောဓိသုတ် ၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူ၍ ညဥ့်၏ မဇ္ဈိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်၊ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ ယင်းအကြောင်းအကျိုးတို့ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏။ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။ ပဋိသန္ဓေဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ နာမ်ရုပ် ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ချုပ်၏။ အာယတနခြောက်ပါး ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏။ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏။ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်၏။ တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း‘ဘဝ’ ချုပ်၏။ ဖြစ်ကြောင်း ‘ဘဝ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏။ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းမှု ‘ဥပါယာသ’တို့ ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်ပျောက်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -“အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ အဝိဇ္ဇာစသော အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 1.2 Upon Awakening (2nd) So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the tree of awakening on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. When seven days had passed, the Buddha emerged from that state of immersion. In the second part of the night, he carefully applied the mind to dependent origination, going against the grain: “So, when this doesn’t exist, this doesn’t come to be; due to the cessation of this, this ceases. That is: When ignorance ceases, choices cease. When choices cease, consciousness ceases. When consciousness ceases, name and form cease. When name and form cease, the six sense fields cease. When the six sense fields cease, contact ceases. When contact ceases, feeling ceases. When feeling ceases, craving ceases. When craving ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When things become clear to the keen, meditating brahmin, his doubts are dispelled, since he’s known the end of conditions.”
၃။ တတိယဗောဓိသုတ္တံ
၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌဟိတွာ ရတ္တိယာ ပစ္ဆိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ သာဓုကံ မနသာကာသိ –
‘‘ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ, ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ, ဣမသ္မိံ အသတိ ဣဒံ န ဟောတိ, ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ ယဒိဒံ – အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
‘‘အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ,
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ,
သူရိယောဝ [သုရိယောဝ (သီ။ သျာ။ ကံ။ ပီ။)] ဩဘာသယမန္တလိက္ခ’’န္တိ။ တတိယံ၊
၃-တတိယဗောဓိသုတ် ၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်းနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဥ့်၏နောက်ဆုံး ပစ္ဆိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏- ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်။ ဤ (အဝိဇ္ဇာ စသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ ယင်းဖြစ်ပုံ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ဖြစ်၏။ အာယတနခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။ တွေ့ ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ခံစားမှု ‘ဝေဒနာ’ ကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ဖြစ်၏။ တပ်နှစ်သက်မှု ‘တဏှာ’ ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဖြစ်ကြောင်း ‘ဘဝ’ ဖြစ်၏။ ဖြစ်ကြောင်း ‘ဘဝ’ ကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏။ ပဋိသန္ဓေနေမှု ‘ဇာတိ’ ကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် ကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏။ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။ ပဋိသန္ဓေဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး ‘သဠာယတန’ ချုပ်၏။ အာယတနချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏။ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏။ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်၏။ တပ်နှစ်သက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏။ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ‘ဘဝ’ ချုပ်၏။ ဖြစ်ကြောင်း ‘ဘဝ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏။ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် အမိုက်တိုက်ကို ဖျက်ဆီးလျက် တည်နေသကဲ့သို့ ထိုရဟန္တာသည် မာရ်စစ်သည်ကို ဖျက်ဆီးလျက်တည်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 1.3 Upon Awakening (3rd) So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the tree of awakening on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. When seven days had passed, the Buddha emerged from that state of immersion. In the last watch, he carefully applied the mind to dependent origination, going both with and against the grain: “So, when this exists, this comes to be; due to the arising of this, this arises. When this doesn’t exist, this doesn’t come to be; due to the cessation of this, this ceases. That is: Ignorance is a requirement for choices. Choices are a requirement for consciousness. Consciousness is a requirement for name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. When ignorance fades away and ceases no residue left behind, choices cease. When choices cease, consciousness ceases. When consciousness ceases, name and form cease. When name and form cease, the six sense fields cease. When the six sense fields cease, contact ceases. When contact ceases, feeling ceases. When feeling ceases, craving ceases. When craving ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When things become clear to the keen, meditating brahmin, he remains, scattering Māra’s army, as the sun lights up the sky.”
၄။ ဟုံဟုင်္ကသုတ္တံ
၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌာသိ။
အထ ခေါ အညတရော ဟုံဟုင်္ကဇာတိကော [ဟုဟုင်္ကဇာတိကော (သီ။ သျာ။ ကံ။ ပီ။)] ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိတ္တာဝတာ နု ခေါ, ဘော ဂေါတမ, ဗြာဟ္မဏော ဟောတိ, ကတမေ စ ပန ဗြာဟ္မဏကရဏာ [ဗြာဟ္မဏကာရကာ (က။)] ဓမ္မာ’’တိ?
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယော ဗြာဟ္မဏော ဗာဟိတပါပဓမ္မော,
နိဟုံဟုင်္ကော [နိဟုဟုင်္ကော (သီ။ သျာ။ ကံ ပီ။)] နိက္ကသာဝေါ ယတတ္တော၊
ဝေဒန္တဂူ ဝူသိတဗြဟ္မစရိယော,
ဓမ္မေန သော ဗြဟ္မဝါဒံ ဝဒေယျ၊
ယဿုဿဒါ နတ္ထိ ကုဟိဉ္စိ လောကေ’’တိ။ စတုတ္ထံ၊
၄-ဟုံဟုင်္ကသုတ် ၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်၏ အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူူ၏။ ထိုအခါတဟုန်းဟုန်း မာန်မူခြင်းကို ပြုတတ်သော သဘောရှိသော ပုဏ္ဏား တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အဘယ်မျှဖြင့် ဗြာဟ္မဏ ဖြစ်ပါသနည်း? ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်သူသည် မကောင်းမှုကို အပပြုပြီး ဖြစ်၏။ တဟုန်းဟုန်း မာန်မူခြင်းသဘော မရှိ၊ ကိလေသာဟူသော ဖန်ရည် မရှိ၊ ဘာဝနာကို စီးဖြန်းအားထုတ်သော စိတ်ရှိ၏။ သိခြင်း၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်၏။ ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏမည်၏။ ထိုဗြာဟ္မဏသည် (ဟုတ်မှန်သော) သဘောဖြင့် မြတ်သော စကားကိုလည်း ဆိုရာ၏။ အကြင်ပုဂ္ဂိုလ်သည် လောကဝယ် တစ်စုံတစ်ရာ အာရုံ၌ တပ်မက်မှု စသည် တိုးပွါးခြင်း မရှိ၊ ထိုပုဂ္ဂိုလ်သည်သာ ဟုတ်မှန်သောသဘောဖြင့် ငါ ဗြာဟ္မဏဟု ပြောဆို ထိုက်၏ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 1.4 The Mystic Syllable Huṁ So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the goatherd’s banyan tree on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. When seven days had passed, the Buddha emerged from that state of immersion. Then a certain brahmin, one of those who murmured the mystic syllable <i lang='pi' translate='no'>huṁ</i>, <i lang='pi' translate='no'>huṁ</i>, went up to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he stood to one side and said, “Worthy Gotama, how do you define a brahmin? And what are the things that make one a brahmin?” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Any brahmin who has banished bad qualities— not murmuring the mystic syllable <i lang='pi' translate='no'>huṁ</i>, <j>unstained, self-controlled, a complete knowledge master <j>who has completed the spiritual journey— they may legitimately proclaim the divine doctrine; who have no pretensions about anything in the world.”
၅။ ဗြာဟ္မဏသုတ္တံ
၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာမောဂ္ဂလ္လာနော အာယသ္မာ စ မဟာကဿပေါ အာယသ္မာ စ မဟာကစ္စာနော [မဟာကစ္စာယနော (သီ။ ပီ။ က။)] အာယသ္မာ စ မဟာကောဋ္ဌိကော အာယသ္မာ စ မဟာကပ္ပိနော အာယသ္မာ စ မဟာစုန္ဒော အာယသ္မာ စ အနုရုဒ္ဓေါ အာယသ္မာ စ ရေဝတော အာယသ္မာ စ နန္ဒော [အာနန္ဒော (သီ။ ပီ။)] ယေန ဘဂဝါ တေနုပသင်္ကမိံသု။
အဒ္ဒသာ ခေါ ဘဂဝါ တေ အာယသ္မန္တေ ဒူရတောဝ အာဂစ္ဆန္တေ၊ ဒိသွာန ဘိက္ခူ အာမန္တေသိ – ‘‘ဧတေ, ဘိက္ခဝေ, ဗြာဟ္မဏာ အာဂစ္ဆန္တိ၊ ဧတေ, ဘိက္ခဝေ, ဗြာဟ္မဏာ အာဂစ္ဆန္တီ’’တိ။ ဧဝံ ဝုတ္တေ, အညတရော ဗြာဟ္မဏဇာတိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဗြာဟ္မဏော ဟောတိ, ကတမေ စ ပန ဗြာဟ္မဏကရဏာ ဓမ္မာ’’တိ?
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဗာဟိတွာ ပါပကေ ဓမ္မေ, ယေ စရန္တိ သဒါ သတာ၊
ခီဏသံယောဇနာ ဗုဒ္ဓါ, တေ ဝေ [တေဝ (သီ။)] လောကသ္မိ ဗြာဟ္မဏာ’’တိ။ ပဉ္စမံ၊
၅-ဗြာဟ္မဏသုတ် ၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလ္လာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာကောဋ္ဌိကအသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတနှင့် အသျှင်နန္ဒတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် ထိုအသျှင်မြတ်တို့ လာကြသည်ကို အဝေးကပင်မြင်၍ ရဟန်းတို့အား “ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏။ ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် ဗြာဟ္မဏဇာတ်ရှိသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်မျှဖြင့် ဗြာဟ္မဏမည်ပါသနည်း? ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ် မျှတို့ပါနည်း”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်တို့သည် မကောင်းမှုတရားတို့ကို အပပြုပြီးဖြစ်လျက် အခါ ခပ်သိမ်း သတိရှိကုန်သည်ဖြစ်၍ သွားလာနေထိုင်ကုန်၏။ သံယောဇဥ်ကုန်ခန်းပြီး၍ သစ္စာလေးပါးကို သိပြီးဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သာ လောက၌ အမှန်စင်စစ် ဗြာဟ္မဏတို့ မည်ကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 1.5 The Brahmin So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a number of senior monks approached the Buddha—the venerables Sāriputta, Mahāmoggallāna, Mahākassapa, Mahākaccāna, Mahākoṭṭhita, Mahākappina, Mahācunda, Anuruddha, Revata, and Nanda. The Buddha saw them coming off in the distance, and addressed the mendicants: “These, mendicants, are brahmins coming! These are brahmins coming!” When he said this, a certain mendicant who was brahmin by birth asked the Buddha, “Sir, how do you define a brahmin? And what are the things that make one a brahmin?” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Having banished bad qualities, those who live always mindful, with fetters ended, awakened, they are the world’s true brahmins.”
၆။ မဟာကဿပသုတ္တံ
၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာကဿပေါ ပိပ္ပလိဂုဟာယံ [ပိပ္ဖလိဂုဟာယံ (သျာ။), သိမ္ဗလိဂုဟာယံ (က။)] ဝိဟရတိ အာဗာဓိကော [အာဗာဓိကော ဟောတိ (သျာ။ ပီ။)] ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ အာယသ္မာ မဟာကဿပေါ အပရေန သမယေန တမှာ အာဗာဓာ ဝုဋ္ဌာသိ။ အထ ခေါ အာယသ္မတော မဟာကဿပဿ တမှာ အာဗာဓာ ဝုဋ္ဌိတဿ ဧတဒဟောသိ – ‘‘ယံနူနာဟံ ရာဇဂဟံ ပိဏ္ဍာယ ပဝိသေယျ’’န္တိ။
တေန ခေါ ပန သမယေန ပဉ္စမတ္တာနိ ဒေဝတာသတာနိ ဥဿုက္ကံ အာပန္နာနိ ဟောန္တိ အာယသ္မတော မဟာကဿပဿ ပိဏ္ဍပါတပဋိလာဘာယ။ အထ ခေါ အာယသ္မာ မဟာကဿပေါ တာနိ ပဉ္စမတ္တာနိ ဒေဝတာသတာနိ ပဋိက္ခိပိတွာ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ – ယေန ဒလိဒ္ဒဝိသိခါ ကပဏဝိသိခါ ပေသကာရဝိသိခါ။ အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ မဟာကဿပံ ရာဇဂဟေ ပိဏ္ဍာယ စရန္တံ ယေန ဒလိဒ္ဒဝိသိခါ ကပဏဝိသိခါ ပေသကာရဝိသိခါ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အနညပေါသိမညာတံ, ဒန္တံ သာရေ ပတိဋ္ဌိတံ၊
ခီဏာသဝံ ဝန္တဒေါသံ, တမဟံ ဗြူမိ ဗြာဟ္မဏ’’န္တိ။ ဆဋ္ဌံ၊
၆-မဟာကဿပသုတ် ၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် မကျန်းမမာ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူ၏။ ထို့နောက် အခါတစ်ပါး၌ အသျှင်မဟာကဿပသည် ထိုအနာမှ ထမြောက်၏။ ထိုအနာမှ ထမြောက်ပြီးသော အသျှင်မဟာကဿပအား “ငါသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ၏ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြ စိုက်နေကြကုန်၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ပယ်ကာ နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံလှည့်လည်သော အသျှင်မဟာကဿပကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတစ်ပါးတို့ မွေးမြူမှု မခံမူ၍ (လာဘ်ပူဇော်သကာအတွက် မိမိကိုယ်ကို) ထင်ရှားအောင် မပြုသော ဣန္ဒြေတို့ကို ဆုံးမပြီး၍ အရဟတ္တဖိုလ်ဟူသော အနှစ်သာရ၌ တည်သော အာသဝေါကုန်ခန်းပြီး၍ အပြစ်ဒေါသကို ထွေးအန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 1.6 With Mahākassapa So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Mahākassapa was staying in the Pipphali cave, and he was sick, suffering, gravely ill. Then after some time he recovered from that illness. It occurred to him, “Why not enter Rājagaha for almsfood?” Now at that time five hundred deities were ready and eager for the chance to offer alms to Mahākassapa. But Mahākasspa turned down those deities. In the morning, he robed up, took his bowl and robe, and entered Rājagaha for alms. He went to the street markets of the poor, the destitute, and the embroiderers. The Buddha saw him wandering for alms in the street markets of the poor, the destitute, and the embroiderers. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The stranger, providing for no other, tamed, consolidated in the core, with defilements ended and flaws purged: that’s who I declare a brahmin.”
၇။ အဇကလာပကသုတ္တံ
၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ပါဝါယံ [ပါဋလိယံ (ပီ။)] ဝိဟရတိ အဇကလာပကေ စေတိယေ, အဇကလာပကဿ ယက္ခဿ ဘဝနေ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ၊ ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ အဇကလာပကော ယက္ခော ဘဂဝတော ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော အဝိဒူရေ တိက္ခတ္တုံ ‘‘အက္ကုလော ပက္ကုလော’’တိ အက္ကုလပက္ကုလိကံ အကာသိ – ‘‘ဧသော တေ, သမဏ, ပိသာစော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဒါ သကေသု ဓမ္မေသု, ပါရဂူ ဟောတိ ဗြာဟ္မဏော၊
အထ ဧတံ ပိသာစဉ္စ, ပက္ကုလဉ္စာတိဝတ္တတီ’’တိ။ သတ္တမံ၊
၇-အဇကလာပကသုတ် ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည်ပါဝါပြည် အဇကလာပကဘီလူးနေရာ အဇကလာပကနတ်ကွန်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်ဝယ် လွင်တီးခေါင်၌ နေတော်မူ၏။ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ရွာကျ၏။ ထိုအခါ အဇကလာပကဘီလူးသည် မြတ်စွာဘုရားအား ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို သောကြောင့် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏မနီးမဝေးအရပ်၌ “အက္ကုလ ပက္ကုလ”ဟု သုံးကြိမ်တိုင်တိုင် “ရဟန်း ဤသူသည် သင်၏အသားကို စားတတ်သော ဘီလူးတည်း”ဟု အက္ကုလ ပက္ကုလ အသံ (ဘီလူးကြိမ်း ကြိမ်းသံ) ကို ပြု၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဘီလူးသဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်အခါ၌ ရဟန္တာပုဂ္ဂိုလ်သည် မိမိ၏ သီလ သမာဓိစသောတရားတို့၌ တစ်ဖက်ကမ်းသို့ ရောက်၏။ ထိုအခါ၌ ဤပြအပ်သော ကြောက်မက်ဖွယ် ဘီလူးရုပ်ကိုလည်းကောင်း၊ အက္ကုလ ပက္ကုလ (ကြိမ်းဝါးသံ) ကိုလည်းကောင်း လွန်မြောက်နိုင်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 1.7 At Ajakalāpaka So I have heard. At one time the Buddha was staying in Pāvā at the Ajakalāpaka Shrine, the haunt of the native spirit Ajakalāpaka. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then Ajakalāpaka, wanting to make the Buddha feel fear, terror, and goosebumps, approached him, and while not far away yelled three times, “Havoc and heck!” Then he added, “Now that’s a goblin for you, ascetic!” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When a brahmin gets over their own issues, they transcend this goblin and his havoc.”
၈။ သင်္ဂါမဇိသုတ္တံ
၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သင်္ဂါမဇိ သာဝတ္ထိံ အနုပ္ပတ္တော ဟောတိ ဘဂဝန္တံ ဒဿနာယ။ အဿောသိ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ – ‘‘အယျော ကိရ သင်္ဂါမဇိ သာဝတ္ထိံ အနုပ္ပတ္တော’’တိ။ သာ ဒါရကံ အာဒါယ ဇေတဝနံ အဂမာသိ။
တေန ခေါ ပန သမယေန အာယသ္မာ သင်္ဂါမဇိ အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသိန္နော ဟောတိ။ အထ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ ယေနာယသ္မာ သင်္ဂါမဇိ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သင်္ဂါမဇိံ ဧတဒဝေါစ – ‘‘ခုဒ္ဒပုတ္တဉှိ [ခုဒ္ဒပုတ္တာမှိ (သီ။)], သမဏ, ပေါသ မ’’န္တိ။ ဧဝံ ဝုတ္တေ, အာယသ္မာ သင်္ဂါမဇိ တုဏှီ အဟောသိ။
ဒုတိယမ္ပိ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ အာယသ္မန္တံ သင်္ဂါမဇိံ ဧတဒဝေါစ – ‘‘ခုဒ္ဒပုတ္တဉှိ, သမဏ, ပေါသ မ’’န္တိ။ ဒုတိယမ္ပိ ခေါ အာယသ္မာ သင်္ဂါမဇိ တုဏှီ အဟောသိ။
တတိယမ္ပိ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ အာယသ္မန္တံ သင်္ဂါမဇိံ ဧတဒဝေါစ – ‘‘ခုဒ္ဒပုတ္တဉှိ, သမဏ, ပေါသ မ’’န္တိ။ တတိယမ္ပိ ခေါ အာယသ္မာ သင်္ဂါမဇိ တုဏှီ အဟောသိ။
အထ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ တံ ဒါရကံ အာယသ္မတော သင်္ဂါမဇိဿ ပုရတော နိက္ခိပိတွာ ပက္ကာမိ [ပက္ကမိ (က။) ဧဝမုပရိပိ] – ‘‘ဧသော [ဧသ (သီ။ က။)] တေ, သမဏ, ပုတ္တော၊ ပေါသ န’’န္တိ။
အထ ခေါ အာယသ္မာ သင်္ဂါမဇိ တံ ဒါရကံ နေဝ ဩလောကေသိ နာပိ အာလပိ။ အထ ခေါ အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာ အဝိဒူရံ [အဝိဒူရေ (သျာ။ ပီ။)] ဂန္တွာ အပလောကေန္တီ အဒ္ဒသ အာယသ္မန္တံ သင်္ဂါမဇိံ တံ ဒါရကံ နေဝ ဩလောကေန္တံ နာပိ အာလပန္တံ, ဒိသွာနဿာ ဧတဒဟောသိ – ‘‘န စာယံ သမဏော ပုတ္တေနပိ အတ္ထိကော’’တိ။ တတော ပဋိနိဝတ္တိတွာ ဒါရကံ အာဒါယ ပက္ကာမိ။ အဒ္ဒသာ ခေါ ဘဂဝါ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန အာယသ္မတော သင်္ဂါမဇိဿ ပုရာဏဒုတိယိကာယ ဧဝရူပံ ဝိပ္ပကာရံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အာယန္တိံ နာဘိနန္ဒတိ, ပက္ကမန္တိံ န သောစတိ၊
သင်္ဂါ သင်္ဂါမဇိံ မုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏ’’န္တိ။ အဋ္ဌမံ၊
၈-သင်္ဂါမဇိသုတ် ၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရောက်လာ၏။ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် “အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ ရောက်လာသည်”ဟု ကြား၍ သားငယ်များကို ခေါ်ယူလျက် ဇေတဝန်ကျောင်းသို့ သွား၏။ ထိုအခါ အသျှင်သင်္ဂါမဇိသည် သစ်ပင်တစ်ပင်၏ အရင်း၌ နေ့သန့်စင်ခြင်းဖြင့် ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိထံသို့ ချဥ်းကပ်၍ အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု ဤစကားကို လျှောက်၏။ ဤသို့လျှောက်လေသော် အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား “ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့”ဟု လျှောက်၏။ သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် ထိုကလေးကို အသျှင်သင်္ဂါမဇိ၏ ရှေ့၌ ချထား၍ “ရဟန်း ဤကလေးသည် သင်၏သားတည်း။ ထိုသားကို လုပ်ကျွေးလော့”ဟု (ဆိုကာ) ဖဲသွားလေ၏။ ထိုအခါ အသျှင်သင်္ဂါမဇိသည် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြော၊ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် မနီးမဝေးအရပ်သို့ ရောက်၍ ပြန်ကြည့်လတ်သော် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြောသော အသျှင်သင်္ဂါမဇိကို မြင်သောကြောင့် “ဤရဟန်းသည်သားဖြင့်လည်း အလိုမရှိဟု ထိုမယားဟောင်းအား အကြံဖြစ်၏။ ထို့ကြောင့် ပြန်လှည့်၍ ကလေးကို ခေါ်ယူပြီးလျှင် ဖဲသွားလေ၏။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်မျက်စိဖြင့် အသျှင်သင်္ဂါမဇိမယားဟောင်း၏ ဤဖောက်ပြန်ပုံသဘောကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “လာသော မယားဟောင်းကို မနှစ်သက်၊ ပြန်သွားသည်ကို မစိုးရိမ်၊ ကပ်ငြိ တွယ်တာခြင်းမှ လွတ်သော သင်္ဂါမဇိရဟန်းကို ဗြာဟ္မဏ (ရဟန္တာ) ဟု ငါဘုရား ဟော၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 1.8 With Saṅgāmaji So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Saṅgāmaji had arrived at Sāvatthī to see the Buddha. His former wife heard that he had arrived, and went to the Jetavana, taking their boy. Now at that time Venerable Saṅgāmaji was sitting at the root of a tree for the day’s meditation. Then his former wife went up to him and said, “Ascetic, please raise this little boy.” When she said this, Saṅgāmaji kept silent. For a second time she said, “Ascetic, please raise this little boy.” For a second time, Saṅgāmaji kept silent. For a third time she said, “Ascetic, please raise this little boy.” For a third time, Saṅgāmaji kept silent. Then she put down the boy in front of Saṅgāmaji, saying, “This is your child, ascetic. Please raise him.” But Saṅgāmaji neither looked at the boy nor spoke to him. Then his former wife went a little distance away. Looking back, she saw Saṅgāmaji ignoring the boy, and thought, “This ascetic doesn’t even want his child.” She returned to pick up the boy, then left. With clairvoyance that is purified and superhuman, the Buddha saw how Saṅgāmaji’s former wife went back for the child. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When she came he was not glad, when she left he did not grieve. Victorious in battle, freed from chains, that’s who I declare a brahmin.”
၉။ ဇဋိလသုတ္တံ
၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဂယာယံ ဝိဟရတိ ဂယာသီသေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဇဋိလာ သီတာသု ဟေမန္တိကာသု ရတ္တီသု အန္တရဋ္ဌကေ ဟိမပါတသမယေ ဂယာယံ ဥမ္မုဇ္ဇန္တိပိ နိမုဇ္ဇန္တိပိ, ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိ ကရောန္တိ ဩသိဉ္စန္တိပိ, အဂ္ဂိမ္ပိ ဇုဟန္တိ – ‘‘ဣမိနာ သုဒ္ဓီ’’တိ။
အဒ္ဒသာ ခေါ ဘဂဝါ တေ သမ္ဗဟုလေ ဇဋိလေ သီတာသု ဟေမန္တိကာသု ရတ္တီသု အန္တရဋ္ဌကေ ဟိမပါတသမယေ ဂယာယံ ဥမ္မုဇ္ဇန္တေပိ နိမုဇ္ဇန္တေပိ ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိ ကရောန္တေ [ဥမ္မုဇ္ဇနိမုဇ္ဇံ ကရောန္တေပိ (သီ။ ပီ။ က။)] ဩသိဉ္စန္တေပိ အဂ္ဂိမ္ပိ ဇုဟန္တေ – ‘‘ဣမိနာ သုဒ္ဓီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘န ဥဒကေန သုစီ ဟောတီ, ဗဟွေတ္ထ နှာယတီ [နဟာယတီ (သီ။)] ဇနော၊
ယမှိ သစ္စဉ္စ ဓမ္မော စ, သော သုစီ သော စ ဗြာဟ္မဏော’’တိ။ နဝမံ၊
၉-ဇဋိလသုတ် ၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာမြို့ ဂယာသီသတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရသေ့တို့သည် ချမ်းအေးကုန်သော ဆောင်းဥတု ညဥ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဥ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ “ဤအကျင့်ဖြင့် စင်ကြယ်၏”ဟု ဂယာဆိပ်၌ ငုပ်လည်း ငုပ်ကြကုန်၏။ ပေါ်လည်း ပေါ်ကြကုန်၏။ ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်၏။ (ရေဖြင့်) ခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်၏။ မီးကိုလည်း ပူဇော်ကြကုန်၏။ မြတ်စွာဘုရားသည် ချမ်းအေးသော ဆောင်းဥတု ညဥ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဥ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ “ဤအကျင့်ဖြင့် စင်ကြယ်၏”ဟု ဂယာဆိပ်၌ ငုပ်လည်းငုပ် ပေါ်လည်း ပေါ်ကြကုန်သော ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်သော ရေဖြင့်လည်းခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်သော မီးကိုလည်း ပူဇော်ကြကုန်သော ထိုများစွာသော ရသေ့တို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤဂယာမြစ်ဆိပ်၌ များစွာသော လူအပေါင်းသည် ရေချိုး၏။ ရေကြောင့် စင်ကြယ်ခြင်းကား မဖြစ်နိုင်၊ အကြင်ပုဂ္ဂိုလ်၌ သစ္စာသည်လည်းကောင်း မဂ်ဖိုလ်တရားသည်လည်းကောင်း ရှိ၏။ ထိုုပုဂ္ဂိုလ်သည် စင်ကြယ်၏။ ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏ (ရဟန္တာ) မည်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 1.9 Matted Hair Ascetics So I have heard. At one time the Buddha was staying near Gayā on Gayā Head. Now at that time—during the cold spell when the snow falls in the January winter—many matted hair ascetics plunged in and out of the Gayā river. Plunging and showering, they served the sacred flame, thinking: “Through this there is purity.” The Buddha saw them plunging in and out. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Purity doesn’t come from water, no matter how many people bathe there. One who has truth and principle, they are pure, they are brahmins.”
၁၀။ ဗာဟိယသုတ္တံ
၁၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဗာဟိယော ဒါရုစီရိယော သုပ္ပါရကေ ပဋိဝသတိ သမုဒ္ဒတီရေ သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အထ ခေါ ဗာဟိယဿ ဒါရုစီရိယဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ယေ ခေါ ကေစိ လောကေ အရဟန္တော ဝါ အရဟတ္တမဂ္ဂံ ဝါ သမာပန္နာ, အဟံ တေသံ အညတရော’’တိ။
အထ ခေါ ဗာဟိယဿ ဒါရုစီရိယဿ ပုရာဏသာလောဟိတာ ဒေဝတာ အနုကမ္ပိကာ အတ္ထကာမာ ဗာဟိယဿ ဒါရုစီရိယဿ စေတသာ စေတောပရိဝိတက္ကမညာယ ယေန ဗာဟိယော ဒါရုစီရိယော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဗာဟိယံ ဒါရုစီရိယံ ဧတဒဝေါစ – ‘‘နေဝ ခေါ တွံ, ဗာဟိယ, အရဟာ, နာပိ အရဟတ္တမဂ္ဂံ ဝါ သမာပန္နော။ သာပိ တေ ပဋိပဒါ နတ္ထိ ယာယ တွံ အရဟာ ဝါ အဿ [အဿသိ (သျာ။ က။)] အရဟတ္တမဂ္ဂံ ဝါ သမာပန္နော’’တိ။
‘‘အထ ကေ စရဟိ သဒေဝကေ လောကေ အရဟန္တော ဝါ အရဟတ္တမဂ္ဂံ ဝါ သမာပန္နော’’တိ? ‘‘အတ္ထိ, ဗာဟိယ, ဥတ္တရေသု ဇနပဒေသု [ဇနပဒေ (သီ။)] သာဝတ္ထိ နာမ နဂရံ။ တတ္ထ သော ဘဂဝါ ဧတရဟိ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ သော ဟိ, ဗာဟိယ, ဘဂဝါ အရဟာ စေဝ အရဟတ္တာယ စ ဓမ္မံ ဒေသေတီ’’တိ။
အထ ခေါ ဗာဟိယော ဒါရုစီရိယော တာယ ဒေဝတာယ သံဝေဇိတော တာဝဒေဝ သုပ္ပါရကမှာ ပက္ကာမိ။ သဗ္ဗတ္ထ ဧကရတ္တိပရိဝါသေန ယေန သာဝတ္ထိ ဇေတဝနံ အနာထပိဏ္ဍိကဿ အာရာမော တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ အဗ္ဘောကာသေ စင်္ကမန္တိ။ အထ ခေါ ဗာဟိယော ဒါရုစီရိယော ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘ကဟံ နု ခေါ, ဘန္တေ, ဧတရဟိ ဘဂဝါ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ? ဒဿနကာမမှာ မယံ တံ ဘဂဝန္တံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ။ ‘‘အန္တရဃရံ ပဝိဋ္ဌော ခေါ, ဗာဟိယ, ဘဂဝါ ပိဏ္ဍာယာ’’တိ။
အထ ခေါ ဗာဟိယော ဒါရုစီရိယော တရမာနရူပေါ ဇေတဝနာ နိက္ခမိတွာ သာဝတ္ထိံ ပဝိသိတွာ အဒ္ဒသ ဘဂဝန္တံ သာဝတ္ထိယံ ပိဏ္ဍာယ စရန္တံ ပါသာဒိကံ ပသာဒနီယံ သန္တိန္ဒြိယံ သန္တမာနသံ ဥတ္တမဒမထသမထမနုပ္ပတ္တံ ဒန္တံ ဂုတ္တံ ယတိန္ဒြိယံ နာဂံ။ ဒိသွာန ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ပါဒေ သိရသာ နိပတိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဒေသေတု မေ, ဘန္တေ ဘဂဝါ, ဓမ္မံ၊ ဒေသေတု, သုဂတော, ဓမ္မံ, ယံ မမဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ ဗာဟိယံ ဒါရုစီရိယံ ဧတဒဝေါစ – ‘‘အကာလော ခေါ တာဝ, ဗာဟိယ, အန္တရဃရံ ပဝိဋ္ဌမှာ ပိဏ္ဍာယာ’’တိ။
ဒုတိယမ္ပိ ခေါ ဗာဟိယော ဒါရုစီရိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဒုဇ္ဇာနံ ခေါ ပနေတံ, ဘန္တေ, ဘဂဝတော ဝါ ဇီဝိတန္တရာယာနံ, မယှံ ဝါ ဇီဝိတန္တရာယာနံ။ ဒေသေတု မေ, ဘန္တေ ဘဂဝါ, ဓမ္မံ၊ ဒေသေတု, သုဂတော, ဓမ္မံ, ယံ မမဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ ဗာဟိယံ ဒါရုစီရိယံ ဧတဒဝေါစ – ‘‘အကာလော ခေါ တာဝ, ဗာဟိယ, အန္တရဃရံ ပဝိဋ္ဌမှာ ပိဏ္ဍာယာ’’တိ။
တတိယမ္ပိ ခေါ ဗာဟိယော ဒါရုစီရိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဒုဇ္ဇာနံ ခေါ ပနေတံ, ဘန္တေ, ဘဂဝတော ဝါ ဇီဝိတန္တရာယာနံ, မယှံ ဝါ ဇီဝိတန္တရာယာနံ။ ဒေသေတု မေ ဘန္တေ ဘဂဝါ, ဓမ္မံ၊ ဒေသေတု, သုဂတော, ဓမ္မံ, ယံ မမဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘တသ္မာတိဟ တေ, ဗာဟိယ, ဧဝံ သိက္ခိတဗ္ဗံ – ‘ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ, သုတေ သုတမတ္တံ ဘဝိဿတိ, မုတေ မုတမတ္တံ ဘဝိဿတိ, ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဗာဟိယ, သိက္ခိတဗ္ဗံ။ ယတော ခေါ တေ, ဗာဟိယ, ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ, သုတေ သုတမတ္တံ ဘဝိဿတိ, မုတေ မုတမတ္တံ ဘဝိဿတိ, ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ, တတော တွံ, ဗာဟိယ, န တေန၊ ယတော တွံ, ဗာဟိယ, န တေန တတော တွံ, ဗာဟိယ, န တတ္ထ၊ ယတော တွံ, ဗာဟိယ, န တတ္ထ, တတော တွံ, ဗာဟိယ, နေဝိဓ န ဟုရံ န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာ’’တိ။
အထ ခေါ ဗာဟိယဿ ဒါရုစီရိယဿ ဘဂဝတော ဣမာယ သံခိတ္တာယ ဓမ္မဒေသနာယ တာဝဒေဝ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိ။
အထ ခေါ ဘဂဝါ ဗာဟိယံ ဒါရုစီရိယံ ဣမိနာ သံခိတ္တေန ဩဝါဒေန ဩဝဒိတွာ ပက္ကာမိ။ အထ ခေါ အစိရပက္ကန္တဿ ဘဂဝတော ဗာဟိယံ ဒါရုစီရိယံ ဂါဝီ တရုဏဝစ္ဆာ အဓိပတိတွာ [အဓိပါတေတွာ (သီ။ သျာ။ ပီ။), အဓိပါတိတွာ (က။)] ဇီဝိတာ ဝေါရောပေသိ။
အထ ခေါ ဘဂဝါ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော သမ္ဗဟုလေဟိ ဘိက္ခူဟိ သဒ္ဓိံ နဂရမှာ နိက္ခမိတွာ အဒ္ဒသ ဗာဟိယံ ဒါရုစီရိယံ ကာလင်္ကတံ [ကာလကတံ (သီ။ သျာ။ ကံ။)]၊ ဒိသွာန ဘိက္ခူ အာမန္တေသိ – ‘‘ဂဏှထ, ဘိက္ခဝေ, ဗာဟိယဿ ဒါရုစီရိယဿ သရီရကံ၊ မဉ္စကံ အာရောပေတွာ နီဟရိတွာ ဈာပေထ၊ ထူပဉ္စဿ ကရောထ။ သဗြဟ္မစာရီ ဝေါ, ဘိက္ခဝေ, ကာလင်္ကတော’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပဋိဿုတွာ ဗာဟိယဿ ဒါရုစီရိယဿ သရီရကံ မဉ္စကံ အာရောပေတွာ နီဟရိတွာ ဈာပေတွာ ထူပဉ္စဿ ကတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဒဍ္ဎံ, ဘန္တေ, ဗာဟိယဿ ဒါရုစီရိယဿ သရီရံ, ထူပေါ စဿ ကတော။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ? ‘‘ပဏ္ဍိတော, ဘိက္ခဝေ, ဗာဟိယော ဒါရုစီရိယော ပစ္စပါဒိ ဓမ္မဿာနုဓမ္မံ၊ န စ မံ ဓမ္မာဓိကရဏံ ဝိဟေသေသိ။ ပရိနိဗ္ဗုတော, ဘိက္ခဝေ, ဗာဟိယော ဒါရုစီရိယော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယတ္ထ အာပေါ စ ပထဝီ, တေဇော ဝါယော န ဂါဓတိ၊
န တတ္ထ သုက္ကာ ဇောတန္တိ, အာဒိစ္စော နပ္ပကာသတိ၊
န တတ္ထ စန္ဒိမာ ဘာတိ, တမော တတ္ထ န ဝိဇ္ဇတိ။
‘‘ယဒါ စ အတ္တနာဝေဒိ [ဝေဓီ (က။)], မုနိ မောနေန ဗြာဟ္မဏော၊
အထ ရူပါ အရူပါ စ, သုခဒုက္ခာ ပမုစ္စတီ’’တိ။ ဒသမံ၊
၁၀-ဗာဟိယသုတ် ၁၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သစ်သားပျဥ်ချပ် ဝတ်သောကြောင့် ဒါရုစီရိယမည်သော ဗာဟိယသည် ရိုသေခြင်း လေးမြတ်ခြင်း မြတ်နိုးခြင်း ပူဇော်ခြင်း တုပ်ဝပ်ခြင်းကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသည်ဖြစ်၍ သမုဒ္ဒရာကမ်းခြေ သုပ္ပါရကဆိပ်၌ နေ၏။ ထိုအခါ ဒါရုစီရိယမည်သော ဗာဟိယအား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းရာ၌ “လောက၌ ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်ကြသောသူတို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုသူတို့တွင် တစ်ယောက် အပါအဝင်တည်း”ဟု ဤသို့ စိတ်အကြံသည် ဖြစ်၏။ ထိုအခါ ဗာဟိယ၏ ရှေးဘဝက ဆွေမျိုးတော်ဖူးသော နတ်သားသည် စောင့်ရှောက်လိုသည် အစီးအပွါးကို အလိုရှိသည်ဖြစ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယ၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိသောကြောင့် သစ်သား အဝတ်ဝတ်သော ဗာဟိယရှိရာသို့ ချဥ်းကပ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယကို “ဗာဟိယ သင်သည် ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်သို့ ရောက်သူလည်း မဟုတ်၊ အကြင်အကျင့်ဖြင့် သင်သည် ရဟန္တာလည်း ဖြစ်ရာ၏။ အရဟတ္တမဂ်သို့လည်း ရောက်ရာ၏။ သင့်အား ထိုအကျင့်မျှသော်လည်း မရှိ”ဟု ဤစကားကို ပြောဆို၏။ ထိုအခါ ဗာဟိယသည် နတ်သားအား နတ်နှင့်တကွသော လောက၌ ရဟန္တာသည် လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း အဘယ်အရပ်၌ နေကြကုန်သနည်းဟု (မေးလေ၏)။ ဗာဟိယ ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏။ ထိုသာဝတ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ နေတော်မူ၏။ ဗာဟိယ ထိုမြတ်စွာဘုရားသည် ရဟန္တာလည်းဟုတ်၏။ ရဟန္တာဖြစ်ခြင်းငှါ တရားကိုလည်း ဟော၏ဟု (ပြောလေ၏)။ ထိုအခါ သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယသည် ထိုနတ်သား၏ ထိတ်လန့်စေမှုကြောင့် ထိုခဏ၌ပင် သုပ္ပါရက ဆိပ်ကမ်းမှ ဖဲသွားလေ၏။ ခရီးအားလုံးတို့၌ တစ်ညဥ့်အိပ်နေခြင်းဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းသို့ ရောက်၏။ ထိုအခါ၌ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ ထိုအခါ သစ်သားပျဥ်ချပ် ဝတ်သော ဗာဟိယသည် ထိုရဟန်းတို့ရှိရာသို့ ချဥ်းကပ်၍ ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာ နေပါသနည်း? အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်လိုပါကုန်၏”ဟု လျှောက်ထား၏။ ဗာဟိယမြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်တော်မူ၏ဟု (ပြောဆိုကုန်၏)။ ထိုအခါ သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယသည် လျင်မြန်သော သဘောရှိကာ ဇေတဝန်ကျောင်းတော်မှထွက်၍ သာဝတ္ထိမြို့သို့ ဝင်လတ်သော် ကြည်ညိုဖွယ်ရှိသော ကြည်ညိုဖွယ်ကို ဆောင်သော ငြိမ်သက်သော ဣန္ဒြေရှိသော ငြိမ်းအေးသော စိတ်ရှိသော မြတ်သော ဒမထ, သမထသို့ ရောက်သော ယဥ်ကျေးသော လုံခြုံသော ရဟန်းဣန္ဒြေရှိသော ရဟန္တာဖြစ်သော မြတ်စွာဘုရားကို သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်သည်ကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးဖြင့်တိုက်၍ မြတ်စွာဘုရားအား “အသျှင်ဘုရား အကြင်တရားတော်သည် တပည့်တော်၏ရှည်ကြာစွာသော နေ့ညဥ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ ဤသို့ လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယကို “ဗာဟိယ အခါ မဟုတ်သေး၊ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်နေ၏”ဟု ဤစကားကို မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း၊ တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဥ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယကို “ဗာဟိယ အခါ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်နေ၏”ဟု ဤစကားကို မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဥ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား တရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားကို တပည့်တော်အား ဟောတော်မူပါလော့”ဟု ဤစကားကို လျှောက်ထား၏။ ထိုသို့ ဖြစ်လျှင် ဗာဟိယ သင်သည် ဤသို့ ကျင့်အပ်၏ “မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့”ဟု ဤသို့ သင်သည် ကျင့်အပ်၏။ ဗာဟိယ အကြင်အခါ၌ သင်သည် မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏အဆုံးတည်းဟု (ဟောတော်မူ၏)။ ထိုအခါ သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်အား ဤအကျဥ်းဖြစ်သော မြတ်စွာဘုရား တရားဟောခြင်းဖြင့် ထိုခဏ၌ပင်လျှင် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်၏။ ထိုအခါ မြတ်စွာဘုရားသည် သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဤအကျဥ်းဖြစ်သော ဆုံးမခြင်းဖြင့် ဆုံးမ၍ ဖဲကြွတော်မူ၏။ ထိုအခါ မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ နို့စို့သားငယ်ရှိသော နွားမသည် သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဝှေ့၍ ဇီဝိတိန္ဒြေမှ ချ၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံပြီးသည်မှနောက်၌ ဆွမ်းခံရွာမှ ဖဲကြွခဲ့ပြီးသော် များစွာသော ရဟန်းတို့နှင့်အတူ သာဝတ္ထိမြို့မှ ထွက်တော်မူ၍ သေသော သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယကို မြင်၍ ရဟန်းတို့ကို “ရဟန်းတို့ ဆောင်ယူကြလော့၊ သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့ကြကုန်လော့၊ ထိုဗာဟိယ၏ စေတီကိုလည်း ပြုကြကုန်လော့၊ ရဟန်းတို့ သင်တို့၏ သီတင်းသုံးဖော်သည် သေ၏”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယ၏ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့၍ထိုဗာဟိယ၏ စေတီကိုလည်း ပြုလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ နေကြကုန်၏။ တစ်ခုသောအရပ်၌ နေပြီးသော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား“အသျှင်ဘုရား သစ်သားပျဥ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို မီးရှို့အပ်ပါပြီ။ ထိုဗာဟိယ၏ စေတီကိုလည်း ပြုအပ်ပါပြီ။ ထိုဗာဟိယ၏ လားရာဂတိကား အဘယ်ပါနည်း? ရှေးရှုရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု ဤစကားကို လျှောက်ထားကုန်၏။ ရဟန်းတို့ သစ်သားပျဥ်ချပ်ဝတ်သော ဗာဟိယသည် ပညာရှိ၏။ လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်၏။ တရားတည်းဟူသောအကြောင်းကြောင့် ငါဘုရားကို မညှဥ်းဆဲ။ ရဟန်းတို့ သစ်သားပျဥ်ချပ် ဝတ်သော ဗာဟိယသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်နိဗ္ဗာန်၌ အာပေါဓာတ်သည်လည်းကောင်း၊ ပထဝီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်သည်လည်းကောင်း၊ ဝါယောဓာတ်သည်လည်းကောင်း မတည်နိုင်၊ ထိုနိဗ္ဗာန်၌ ကြယ်တို့သည် မတောက်ပကုန်။ နေသည်လည်း မတောက်ပ၊ လသည်လည်း မတောက်ပ၊ အမိုက်တိုက်လည်း မရှိ။ အကြင်အခါ၌ သစ္စာလေးပါးကို သိသောကြောင့် မုနိအမည်ရသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တိုင် နိဗ္ဗာန်ကို သိ၏။ နိဗ္ဗာန်ကို သိပြီးသည်မှ နောက်၌ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာဆင်းရဲမှလည်းကောင်း လွတ်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ (မြတ်စွာဘုရားသည် ဤဥဒါနကိုလည်း ဟောတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါ၏)။ ရှေးဦးစွာသော ဗောဓိဝဂ် ပြီး၏။
Heartfelt Sayings 1.10 With Bāhiya So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Bāhiya of the Bark Cloth was residing by Suppāraka on the ocean shore, where he was honored, respected, revered, venerated, and esteemed. And he received robes, almsfood, lodgings, and medicines and supplies for the sick. Then as he was in private retreat this thought came to his mind, “I am one of those in the world who are perfected or on the path to perfection.” Then a deity who was a former relative of Bāhiya, having sympathy and wanting what’s best for him, approached him and said: “Bāhiya, you’re not a perfected one, nor on the path to perfection. You don’t have the practice by which you might become a perfected one or one on the path to perfection.” “So who then are those in the world who are perfected or on the path to perfection?” “In the northern lands there is a city named Sāvatthī. There that Blessed One is now staying, the perfected one, the fully awakened Buddha. He is a perfected one and teaches the Dhamma for the sake of perfection.” Impelled by that deity, Bāhiya left Suppāraka right away. Sojourning no more than a single night in any place, he made his way to Anāthapiṇḍika’s monastery in the Jeta Grove at Sāvatthī. At that time several mendicants were walking mindfully in the open air. Bāhiya approached them and said, “Sirs, where is the Blessed One at present, the perfected one, the fully awakened Buddha? For I want to see him.” “He has entered an inhabited area for almsfood, Bāhiya.” Then Bāhiya rushed out of the Jeta Grove and entered Sāvatthī, where he saw the Buddha walking for alms. He was impressive and inspiring, with peaceful faculties and heart, attained to the highest self-control and serenity, like an elephant with tamed, guarded, and controlled faculties. Bāhiya went up to the Buddha, bowed down with his head to the Buddha’s feet, and said, “Sir, let the Blessed One teach me the Dhamma! Let the Holy One teach me the Dhamma! That would be for my lasting welfare and happiness.” The Buddha said this: “It’s not the time, Bāhiya, so long as I have entered an inhabited area for almsfood.” For a second time, Bāhiya said, “But you never know, sir, when life is at risk, either the Buddha’s or my own. Let the Blessed One teach me the Dhamma! Let the Holy One teach me the Dhamma! That would be for my lasting welfare and happiness.” For a second time, the Buddha said, “It’s not the time, Bāhiya, so long as I have entered an inhabited area for almsfood.” For a third time, Bāhiya said, “But you never know, sir, when life is at risk, either the Buddha’s or my own. Let the Blessed One teach me the Dhamma! Let the Holy One teach me the Dhamma! That would be for my lasting welfare and happiness.” “In that case, Bāhiya, you should train like this: ‘In the seen will be merely the seen; in the heard will be merely the heard; in the thought will be merely the thought; in the known will be merely the known.’ That’s how you should train. When you have trained in this way, you won’t be ‘by that’. When you’re not ‘by that’, you won’t be ‘in that’. When you’re not ‘in that’, you won’t be in this life or the next or between the two. Just this is the end of suffering.” Then, due to this brief Dhamma teaching of the Buddha, Bāhiya’s mind was right away freed from defilements by not grasping. And when the Buddha had given Bāhiya this brief advice he left. But soon after the Buddha had left, a cow with a baby calf charged at Bāhiya and took his life. Then the Buddha wandered for alms in Sāvatthī. After the meal, on his return from almsround, he exited the city together with several mendicants and saw that Bāhiya had passed away. He said to the monks, “Mendicants, pick up Bāhiya’s corpse. Having lifted it onto a cot and carried it, cremate it and build a monument. Mendicants, one of your spiritual companions has passed away.” “Yes, sir,” replied those mendicants. They did as the Buddha asked, then returned to the Buddha and said, “Sir, Bāhiya’s corpse has been cremated and a monument built for him. Where has he been reborn in his next life?” “Mendicants, Bāhiya was astute. He practiced in line with the teaching, and did not trouble me about the teachings. Bāhiya of the Bark Cloth has become fully quenched.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Where water and earth, fire and air have no footing— there no star does shine, nor does the sun shed its light; there the moon glows not, yet no darkness is found. And when a sage, a brahmin, finds understanding through their own sagacity, then, from forms and formless, from pleasure and pain they are released.” This too is a heartfelt saying that was spoken by the Blessed One: that is what I heard.
(အယမ္ပိ ဥဒါနော ဝုတ္တော ဘဂဝတာ ဣတိ မေ သုတန္တိ။) [( ) သျာမပေါတ္ထကေ နတ္ထိ]
ဗောဓိဝဂ္ဂေါ ပဌမော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
တယော ဗောဓိ စ ဟုံဟုင်္ကော [တယော စ ဗောဓိ နိဂြောဓော (သဗ္ဗတ္ထ)], ဗြာဟ္မဏော [တေ ထေရာ (သီ။ သျာ။ ပီ။), ထေရော (က။)] ကဿပေန စ၊
အဇ [ပါဝါယ (သီ။ သျာ။), ပါဋလိယံ (ပီ။), ပါဝါ (က။)] သင်္ဂါမ ဇဋိလာ, ဗာဟိယေနာတိ တေ ဒသာတိ။
၂။ မုစလိန္ဒဝဂ္ဂ
၁။ မုစလိန္ဒသုတ္တ
၁၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ မုစလိန္ဒမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ။
တေန ခေါ ပန သမယေန မဟာ အကာလမေဃော ဥဒပါဒိ သတ္တာဟဝဒ္ဒလိကာ သီတဝါတဒုဒ္ဒိနီ။ အထ ခေါ မုစလိန္ဒော နာဂရာဇာ သကဘဝနာ နိက္ခမိတွာ ဘဂဝတော ကာယံ သတ္တက္ခတ္တုံ ဘောဂေဟိ ပရိက္ခိပိတွာ ဥပရိမုဒ္ဓနိ မဟန္တံ ဖဏံ ဝိဟစ္စ အဋ္ဌာသိ – ‘‘မာ ဘဂဝန္တံ သီတံ, မာ ဘဂဝန္တံ ဥဏှံ, မာ ဘဂဝန္တံ ဍံသမကသဝါတာတပသရီသပ [သိရိံသပ (သီ။ သျာ။ ကံ။ ပီ။)] သမ္ဖဿော’’တိ။
အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌာသိ။ အထ ခေါ မုစလိန္ဒော နာဂရာဇာ ဝိဒ္ဓံ ဝိဂတဝလာဟကံ ဒေဝံ ဝိဒိတွာ ဘဂဝတော ကာယာ ဘောဂေ ဝိနိဝေဌေတွာ သကဝဏ္ဏံ ပဋိသံဟရိတွာ မာဏဝကဝဏ္ဏံ အဘိနိမ္မိနိတွာ ဘဂဝတော ပုရတော အဋ္ဌာသိ ပဉ္ဇလိကော ဘဂဝန္တံ နမဿမာနော။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သုခေါ ဝိဝေကော တုဋ္ဌဿ, သုတဓမ္မဿ ပဿတော၊
အဗျာပဇ္ဇံ သုခံ လောကေ, ပါဏဘူတေသု သံယမော။
‘‘သုခါ ဝိရာဂတာ လောကေ, ကာမာနံ သမတိက္ကမော၊
အသ္မိမာနဿ ယော ဝိနယော, ဧတံ ဝေ ပရမံ သုခ’’န္တိ။ ပဌမံ၊
၂-မုစလိန္ဒဝဂ် ၁-မုစလိန္ဒသုတ် ၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ကျည်းပင်ရင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ်ကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ ချမ်းအေးသောလေ နှိပ်စက်သည့် ခုနစ်ရက်စွေသောအခါမဲ့ မိုးကြီးသည် ရွာသွန်း၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှ ထွက်လာပြီးလျှင် “မြတ်စွာဘုရားကို အအေး အပူ ခြင် မှက် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်”ဟု နှလုံးသွင်း၍ မြတ်စွာဘုရား၏ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသောပါးပျဥ်းကို မိုးလျက် တည်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့်ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထ၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက်ကင်းစင် သည်ကို သိ၍မြတ်စွာဘုရားကိုယ်တော်မှ အခွေတို့ကို ဖြေ၍ မိမိအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင်ကို ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား ရှေ့မှောက်၌ ရပ်တည်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“မဂ်ဉာဏ်လေးပါတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသောတရားရှိသည့် ခပ်သိမ်းသောတရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဝိဝေကသည် ချမ်းသာ၏၊ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တဝါအပေါင်းတို့၌ (မညှဥ်းဆဲမိအောင်) စောင့်စည်းခြင်းသည်လည်းကောင်း ချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟု ဆိုအပ်သော စွဲမက်မှု ‘ရာဂ’ ကင်းသည့်အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာန်ကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာခြင်း ဖြစ်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 2.1 With Mucalinda So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the Mucalinda tree on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. Just then a large storm blew up out of season, bringing seven days of precipitation, with cold winds and overcast skies. Mucalinda, the dragon king, came out from his abode, encircled the Buddha’s body with seven coils and spread his large hood over his head, thinking, “May the Buddha not be hot or cold, nor be bothered by flies, mosquitoes, wind, sun, or reptiles.” When seven days had passed, the Buddha emerged from that state of immersion. When he knew the heavens were clear and cloudless, Mucalinda unwrapped his coils from the Buddha’s body. Hiding his own form, he manifested in the form of a brahmin youth. He stood in front of the Buddha, venerating him with cupped palms. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Seclusion is happiness for the contented who see the teaching they have learned. Kindness for the world is happiness for one who’d not harm a living creature. Dispassion for the world is happiness for one who has gone beyond sensual pleasures. But dispelling the conceit ‘I am’ is truly the ultimate happiness.”
၂။ ရာဇသုတ္တ
၁၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာနံ ဘိက္ခူနံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ ဥပဋ္ဌာနသာလာယံ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ – ‘‘ကော နု ခေါ, အာဝုသော, ဣမေသံ ဒွိန္နံ ရာဇူနံ မဟဒ္ဓနတရော ဝါ မဟာဘောဂတရော ဝါ မဟာကောသတရော ဝါ မဟာဝိဇိတတရော ဝါ မဟာဝါဟနတရော ဝါ မဟဗ္ဗလတရော ဝါ မဟိဒ္ဓိကတရော ဝါ မဟာနုဘာဝတရော ဝါ ရာဇာ ဝါ မာဂဓော သေနိယော ဗိမ္ဗိသာရော, ရာဇာ ဝါ ပသေနဒိ ကောသလော’’တိ? အယဉ္စရဟိ တေသံ ဘိက္ခူနံ အန္တရာကထာ ဟောတိ ဝိပ္ပကတာ။
အထ ခေါ ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနုပဋ္ဌာနသာလာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ကာယ နုတ္ထ, ဘိက္ခဝေ, ဧတရဟိ ကထာယ သန္နိသိန္နာ သန္နိပတိတာ, ကာ စ ပန ဝေါ အန္တရာကထာ ဝိပ္ပကတာ’’တိ?
‘‘ဣဓ, ဘန္တေ, အမှာကံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ ဥပဋ္ဌာနသာလာယံ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ – ‘ကော နု ခေါ, အာဝုသော, ဣမေသံ ဒွိန္နံ ရာဇူနံ မဟဒ္ဓနတရော ဝါ မဟာဘောဂတရော ဝါ မဟာကောသတရော ဝါ မဟာဝိဇိတတရော ဝါ မဟာဝါဟနတရော ဝါ မဟဗ္ဗလတရော ဝါ မဟိဒ္ဓိကတရော ဝါ မဟာနုဘာဝတရော ဝါ ရာဇာ ဝါ မာဂဓော သေနိယော ဗိမ္ဗိသာရော, ရာဇာ ဝါ ပသေနဒိ ကောသလော’တိ? အယံ ခေါ နော, ဘန္တေ, အန္တရာကထာ ဝိပ္ပကတာ, အထ ဘဂဝါ အနုပ္ပတ္တော’’တိ။
‘‘န ခွေတံ, ဘိက္ခဝေ, တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧဝရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ, ဘိက္ခဝေ, ဒွယံ ကရဏီယံ – ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဉ္စ ကာမသုခံ လောကေ, ယဉ္စိဒံ ဒိဝိယံ သုခံ၊
တဏှက္ခယသုခဿေတေ, ကလံ နာဂ္ဃန္တိ သောဠသိ’’န္တိ။ ဒုတိယံ၊
၂-ရာဇသုတ် ၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြ၍ တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား “ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း? ပိုလွန်၍ များသော အတွင်းအပ အသုံးအဆောင် ရှိသနည်း? ပိုလွန်၍ များသော ကျီ ကြ ဘဏ်တိုက် ရှိသနည်း? ပိုလွန်၍ များသောတိုင်းပြည် ရှိသနည်း? ပိုလွန်၍များသော ဆင်မြင်းစသော ယာဥ် ရှိသနည်း? ပိုလွန်၍ များသော စစ်သည်ဗိုလ်ပါ ရှိသနည်း? ပိုလွန်၍ ကြီးမားသောဘုန်းကံ ရှိသနည်း? ပိုလွန်၍ ကြီးသောတန်ခိိုးအာနုဘော် ရှိသနည်း”ဟု ဤအကြားစကားသည် ထင်ရှားဖြစ်၏။ ထိုရဟန်းတို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရားသည် ညနေချမ်းအခါ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ တရားသဘင်မဏ္ဍပ်သို့ ချဥ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း? စုဝေးထိုင်နေကုန်သော သင်တို့၏ မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ဤနေရာ၌ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲ၍ ပြန်လာကြကုန်သောတပည့်တော်တို့အား တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်စဥ် “ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း? ပိုလွန်၍ များသော အတွင်းအပ အသုံးအဆောင် ရှိသနည်း? ပိုလွန်၍ များသော ကျီကြဘဏ်တိုက် ရှိသနည်း? ပိုလွန်၍ များသောတိုင်းပြည် ရှိသနည်း? ပိုလွန်၍များသော ဆင်မြင်းစသော ယာဥ် ရှိသနည်း? ပိုလွန်၍ များသော စစ်သည်ဗိုလ်ပါ ရှိသနည်း? ပိုလွန်၍ ကြီးမားသော ဘုန်းကံ ရှိသနည်း? ပိုလွန်၍ ကြီးသောတန်ခိိုးအာနုဘော် ရှိသနည်း”ဟု ဤအကြားစကားသည် ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်တို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရား ကြွလာတော်မူပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကုန်သော အမျိုးကောင်းသားဖြစ်ကုန်သော သင်တို့အား ဤသို့ သဘောရှိသော စကားမျိုးကို ပြောဆိုခြင်း သည် မလျောက်ပတ်၊ ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့သည် တရားစကား ပြောဆိုမှုကိုလည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်းကောင်း ဤကိစ္စ နှစ်ပါးကိုသာ ပြုအပ်၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “လောက၌ ကာမချမ်းသာသည်လည်းကောင်း၊ နတ်၌ ဖြစ်သော ချမ်းသာသည်လည်းကောင်း ဤချမ်းသာတို့သည် တဏှာကုန်ရာ (ဖလသမာပတ်) ချမ်းသာ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 2.2 Kings So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time, after the meal, on return from almsround, several mendicants sat together in the assembly hall and this discussion came up among them: “Which of these two kings has greater wealth, riches, treasury, dominion, vehicles, forces, might, and power: King Seniya Bimbisāra of Magadha or King Pasenadi of Kosala?” At that point the conversation among those mendicants was left unfinished. Then in the late afternoon, the Buddha came out of retreat, went to the assembly hall, sat down on the seat spread out, and addressed the mendicants: “Mendicants, what were you sitting talking about just now? What conversation was left unfinished?” So the mendicants told him what they had been talking about when the Buddha arrived. The Buddha said, “Mendicants, it is not appropriate for you gentlemen who have gone forth out of faith from the lay life to homelessness to talk about such things. When you’re sitting together you should do one of two things: discuss the teachings or keep noble silence.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Neither the pleasures of the senses, nor even divine happiness, is worth even a sixteenth part of the happiness of craving’s end.”
၃။ ဒဏ္ဍသုတ္တ
၁၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ကုမာရကာ အန္တရာ စ သာဝတ္ထိံ အန္တရာ စ ဇေတဝနံ အဟိံ ဒဏ္ဍေန ဟနန္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ ဘဂဝါ သမ္ဗဟုလေ ကုမာရကေ အန္တရာ စ သာဝတ္ထိံ အန္တရာ စ ဇေတဝနံ အဟိံ ဒဏ္ဍေန ဟနန္တေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သုခကာမာနိ ဘူတာနိ, ယော ဒဏ္ဍေန ဝိဟိံသတိ၊
အတ္တနော သုခမေသာနော, ပေစ္စ သော န လဘတေ သုခံ။
‘‘သုခကာမာနိ ဘူတာနိ, ယော ဒဏ္ဍေန န ဟိံသတိ၊
အတ္တနော သုခမေသာနော, ပေစ္စ သော လဘတေ သုခ’’န္တိ။ တတိယံ၊
၃-ဒဏ္ဍသုတ် ၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏ အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဥ်းဆဲကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်း၏အကြား၌ မြွေကို တုတ်ဖြင့် ရိုက်နှက်ညှဥ်းဆဲကြသော များစွာသော သူငယ်တို့ကို မြင်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်သူသည် မိမိ၏ ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် ရိုက်နှက် ညှဥ်းဆဲ၏။ ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။ အကြင်သူသည် မိမိ၏ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် မရိုက်နှက် မညှဥ်းဆဲ၊ ထိုသူသည်သာ တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 2.3 A Stick So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time, between Sāvatthī and the Jeta Grove, several boys were hitting a snake with a stick. Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He saw the boys hitting the snake. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Creatures love happiness, so if you harm them with a stick in search of your own happiness, after death you’ll find no happiness. Creatures love happiness, so if you don’t harm them with a stick in search of your own happiness, after death you will find happiness.”
၄။ သက္ကာရသုတ္တ
၁၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော, လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ဘိက္ခုသံဃောပိ သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော, လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အညတိတ္ထိယာ ပန ပရိဗ္ဗာဇကာ အသက္ကတာ ဟောန္တိ အဂရုကတာ အမာနိတာ [န အပစိတာ (သျာ။ ပီ။)] အပူဇိတာ အနပစိတာ, န လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အထ ခေါ တေ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဘဂဝတော သက္ကာရံ အသဟမာနာ ဘိက္ခုသံဃဿ စ ဂါမေ စ အရညေ စ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသေန္တိ ဝိဟေသေန္တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဧတရဟိ, ဘန္တေ, ဘဂဝါ သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော, လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ဘိက္ခုသံဃောပိ သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော, လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အညတိတ္ထိယာ ပန ပရိဗ္ဗာဇကာ အသက္ကတာ အဂရုကတာ အမာနိတာ အပူဇိတာ အနပစိတာ, န လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အထ ခေါ တေ, ဘန္တေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဘဂဝတော သက္ကာရံ အသဟမာနာ ဘိက္ခုသံဃဿ စ ဂါမေ စ အရညေ စ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသေန္တိ ဝိဟေသန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဂါမေ အရညေ သုခဒုက္ခဖုဋ္ဌော,
နေဝတ္တတော နော ပရတော ဒဟေထ၊
ဖုသန္တိ ဖဿာ ဥပဓိံ ပဋိစ္စ,
နိရူပဓိံ ကေန ဖုသေယျု ဖဿာ’’တိ။ စတုတ္ထံ၊
၄-သက္ကာရသုတ် ၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်းကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင် တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြရလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏။ သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို မခံယူကြရကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကြကုန်။ ထိုအခါ သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအား လည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်ကြ သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်ကြလျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ခြိမ်းခြောက်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ နှောင့်ယှက်ကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ “အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက် အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၍ သာသနာတော်မှ ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြရဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင် တို့ကို မရရှိကုန်။ အသျှင်ဘုရား သာသနာတော်မှ ပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်လျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ခြိမ်းခြောက်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ နှောင့်ယှက်ကုန်၏ဟု (လျှောက်ကြကုန်၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း၊ ချမ်းသာဆင်းရဲနှင့် တွေ့ထိသော် ဤချမ်းသာ ဆင်းရဲသည် မိမိကြောင့်လည်းကောင်း၊ သူတစ်ပါးကြောင့်လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ၊ တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကို စွဲ၍ တွေ့ထိကုန်၏။ ခန္ဓာငါးပါးမရှိသူကို အဘယ်အကြောင်းကြောင့် တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 2.4 Esteem So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was honored, respected, revered, venerated, and esteemed. And he received robes, almsfood, lodgings, and medicines and supplies for the sick. And the mendicant Saṅgha was also honored, respected, revered, venerated, and esteemed. And they received robes, almsfood, lodgings, and medicines and supplies for the sick. But the wanderers who followed other religions were not honored, respected, revered, venerated, and esteemed. And they didn’t receive robes, almsfood, lodgings, and medicines and supplies for the sick. Then those wanderers who followed other religions, unable to bear the esteem of the mendicant Saṅgha, abused, attacked, harassed, and troubled the mendicants in the village and the wilderness. Then several mendicants went up to the Buddha, bowed, sat down to one side, and told him what had happened. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “When struck by pleasure and pain <j>in the village or wilderness, regard it not as self or alien. Contacts strike because of attachment; how would contacts strike one free of attachment?”
၅။ ဥပါသကသုတ္တ
၁၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရော ဣစ္ဆာနင်္ဂလကော ဥပါသကော သာဝတ္ထိံ အနုပ္ပတ္တော ဟောတိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ သော ဥပါသကော သာဝတ္ထိယံ တံ ကရဏီယံ တီရေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ ဥပါသကံ ဘဂဝါ ဧတဒဝေါစ – ‘‘စိရဿံ ခေါ တွံ, ဥပါသက, ဣမံ ပရိယာယမကာသိ ယဒိဒံ ဣဓာဂမနာယာ’’တိ။
‘‘စိရပဋိကာဟံ, ဘန္တေ, ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိတုကာမော, အပိ စာဟံ ကေဟိစိ ကေဟိစိ ကိစ္စကရဏီယေဟိ ဗျာဝဋော။ ဧဝါဟံ နာသက္ခိံ ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိတု’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သုခံ ဝတ တဿ န ဟောတိ ကိဉ္စိ,
သင်္ခါတဓမ္မဿ ဗဟုဿုတဿ၊
သကိဉ္စနံ ပဿ ဝိဟညမာနံ,
ဇနော ဇနသ္မိံ ပဋိဗန္ဓရူပေါ’’တိ။ ပဉ္စမံ၊
၅-ဥပါသကသုတ် ၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဣစ္ဆာနင်္ဂလရွာသား ဥပါသကာတစ်ယောက်သည်သာဝတ္ထိပြည်သို့ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။ ထို့ နောက် ထိုဥပါသကာသည် သာဝတ္ထိမြို့၌ ပြုဖွယ်ကိစ္စကို ပြီးစီးစေ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ထိုဥပါသကာအား မြတ်စွာဘုရားသည် “ဥပါသကာ ဤငါ့ထံသို့ လာသော အလှည့်အကြိမ်ကို ကြာမြင့်မှ သင် ပြုဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဥ်းကပ်လိုသည်မှာ ကြာမြင့်လှပါပြီ။ သို့သော်လည်း တပည့်တော်သည် ထိုထိုဤဤ ပြုဖွယ်အမှု ကြီးငယ်တို့ဖြင့် ကြောင့်ကြရှိပါ၏။ တပည့်တော်သည် ဤသို့ကြောင့်ကြအားဖြင့် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဥ်းကပ်ခြင်းငှါ မစွမ်းနိုင်ခဲ့ပါဟု (လျှောက်၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “တစ်ဆယ့်ခြောက်ချက် မဂ်ကိစ္စကို ပြုပြီးဖြစ်၍ အကြားအမြင်များလျက် တစ်စုံတစ်ခု ကြောင့်ကြမှု တစ်စုံတစ်ရာမရှိသူသည် အမှန်စင်စစ် ချမ်းသာ၏။ ကြောင့်ကြမှုရှိ၍ ပင်ပန်းခြင်းသို့ ရောက်သူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက် အပေါ်၌ တွယ်တာစွဲလမ်းသည် ဖြစ်၍ ပင်ပန်း၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 2.5 A Lay Follower So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a certain lay follower from Icchānaṅgalaka arrived at Sāvatthī on some business. Having concluded his business in Sāvatthī he went to the Buddha, bowed, and sat down to one side. The Buddha said this to him: “It’s been a long time, lay follower, since you took the opportunity to come here.” “For a long time I’ve wanted to come and see the Buddha, but I wasn’t able, being prevented by my many duties and responsibilities.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “One who has nothing is happy indeed, a learned person who has appraised the teaching. See how troubled are those with attachments, a person bound tight to people.”
၆။ ဂဗ္ဘိနီသုတ္တံ
၁၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရဿ ပရိဗ္ဗာဇကဿ ဒဟရမာဏဝိကာ ပဇာပတိ ဟောတိ ဂဗ္ဘိနီ ဥပဝိဇညာ။ အထ ခေါ သာ ပရိဗ္ဗာဇိကာ တံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – ‘‘ဂစ္ဆ တွံ, ဗြာဟ္မဏ, တေလံ အာဟရ, ယံ မေ ဝိဇာတာယ ဘဝိဿတီ’’တိ။
ဧဝံ ဝုတ္တေ, သော ပရိဗ္ဗာဇကော တံ ပရိဗ္ဗာဇိကံ ဧတဒဝေါစ – ‘‘ကုတော ပနာဟံ, ဘောတိ [ဘောတိယာ (သျာ။ ပီ။ က။)], တေလံ အာဟရာမီ’’တိ? ဒုတိယမ္ပိ ခေါ သာ ပရိဗ္ဗာဇိကာ တံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – ‘‘ဂစ္ဆ တွံ, ဗြာဟ္မဏ, တေလံ အာဟရ, ယံ မေ ဝိဇာတာယ ဘဝိဿတီ’’တိ။ ဒုတိယမ္ပိ ခေါ သော ပရိဗ္ဗာဇိကော တံ ပရိဗ္ဗာဇိကံ ဧတဒဝေါစ – ‘‘ကုတော ပနာဟံ, ဘောတိ, တေလံ အာဟရာမီ’’တိ? တတိယမ္ပိ ခေါ သာ ပရိဗ္ဗာဇိကာ တံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – ‘‘ဂစ္ဆ တွံ, ဗြာဟ္မဏ, တေလံ အာဟရ, ယံ မေ ဝိဇာတာယ ဘဝိဿတီ’’တိ။
တေန ခေါ ပန သမယေန ရညော ပသေနဒိဿ ကောသလဿ ကောဋ္ဌာဂါရေ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သပ္ပိဿ ဝါ တေလဿ ဝါ ယာဝဒတ္ထံ ပါတုံ ဒီယတိ [ဒိယျတိ (သီ။ က။)], နော နီဟရိတုံ။
အထ ခေါ တဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘ရညော ခေါ ပန ပသေနဒိဿ ကောသလဿ ကောဋ္ဌာဂါရေ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သပ္ပိဿ ဝါ တေလဿ ဝါ ယာဝဒတ္ထံ ပါတုံ ဒီယတိ, နော နီဟရိတုံ။ ယံနူနာဟံ ရညော ပသေနဒိဿ ကောသလဿ ကောဋ္ဌာဂါရံ ဂန္တွာ တေလဿ ယာဝဒတ္ထံ ပိဝိတွာ ဃရံ အာဂန္တွာ ဥစ္ဆဒ္ဒိတွာန [ဥဂ္ဂိရိတွာန (သီ။ သျာ။ ပီ။), ဥစ္ဆဒိတွာ (သီ။ သျာ။ အဋ္ဌ။), ဥစ္ဆဍ္ဍိတွာန (က။)] ဒဒေယျံ, ယံ ဣမိဿာ ဝိဇာတာယ ဘဝိဿတီ’’တိ။
အထ ခေါ သော ပရိဗ္ဗာဇကော ရညော ပသေနဒိဿ ကောသလဿ ကောဋ္ဌာဂါရံ ဂန္တွာ တေလဿ ယာဝဒတ္ထံ ပိဝိတွာ ဃရံ အာဂန္တွာ နေဝ သက္ကောတိ ဥဒ္ဓံ ကာတုံ, န ပန အဓော။ သော ဒုက္ခာဟိ တိဗ္ဗာဟိ [တိပ္ပါဟိ (သျာ။)] ခရာဟိ ကဋုကာဟိ ဝေဒနာဟိ ဖုဋ္ဌော အာဝဋ္ဋတိ ပရိဝဋ္ဋတိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ ဘဂဝါ တံ ပရိဗ္ဗာဇကံ ဒုက္ခာဟိ တိဗ္ဗာဟိ ခရာဟိ ကဋုကာဟိ ဝေဒနာဟိ ဖုဋ္ဌံ အာဝဋ္ဋမာနံ ပရိဝဋ္ဋမာနံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သုခိနော ဝတ ယေ အကိဉ္စနာ,
ဝေဒဂုနော ဟိ ဇနာ အကိဉ္စနာ၊
သကိဉ္စနံ ပဿ ဝိဟညမာနံ,
ဇနော ဇနသ္မိံ ပဋိဗန္ဓစိတ္တော’’ [ပဋိဗဒ္ဓစိတ္တော (သျာ။), ပဋိဗန္ဓရုပေါ (?)] တိ။ ဆဋ္ဌံ၊
၆-ဂဗ္ဘိနီသုတ် ၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တစ်ယောက်သော ပရိဗိုဇ်၏ မယားဖြစ်သူ ပရိဗိုဇ်မငယ်သည် ကိုယ်ဝန်ရှိလျက် သားဖွားချိန် နီး၏။ ထိုအခါ ပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။ ဤသို့ ပြောဆိုသော် ထိုပရိဗိုဇ်ယောကျာ်းသည် ထိုပရိဗိုဇ်မကို “ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့နည်း”ဟု ပြော၏။ နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်ယောကျာ်းသည် ထိုပရိဗိုဇ်မကို “ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့ နည်း”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို “ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့”ဟု ပြောဆို၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအား လည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ။ ထိုအခါ ထိုပရိဗိုဇ်ယောကျာ်းအား “ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ၊ ငါသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဤပရိဗိုဇ်မ သားဖွားရန်အတွက် ဆီကို အန်၍ ပေးရပါမူကောင်းလေစွ”ဟု အကြံဖြစ်၏။ ထို့နောက် ထိုပရိဗိုဇ်ယောကျာ်းသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဆီကို အန်ထုတ်ခြင်းငှါလည်း မစွမ်းနိုင်၊ (ဝမ်းလျှောကျစေခြင်းငှါလည်း) မစွမ်းနိုင်၊ ထိုပရိဗိုဇ်ယောကျာ်းသည် ထက်မြက် ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောကြောင့် ကိုယ်ကို ထိုမှ ဤမှ လူးလှိမ့်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် ထက်မြက် ကြမ်းကြုတ်ကုန်သော စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ထိုမှ ဤမှ လူးလှိမ့်နေသော ထိုပရိဗိုဇ်ကို မြင်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကြောင့်ကြမှု မရှိသူတို့သည် စင်စစ် ချမ်းသာကုန်၏။ အရိယာမဂ်ဉာဏ်သို့ ရောက်သူတို့သည် ကြောင့်ကြမှု မရှိကုန်။ ကြောင့်ကြမှု ရှိ၍ ပင်ပန်းခြင်းသို့ ရောက်သောသူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက်အပေါ်၌ တွယ်တာ စွဲလမ်းသည်ဖြစ်၍ ပင်ပန်း၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 2.6 The Pregnant Woman So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a certain wanderer had a young brahmin wife who was pregnant and about to give birth. She said to him, “Go, brahmin, bring oil for my delivery.” The wanderer said, “But where, my dear, can I get oil?” For a second time, she said, “Go, brahmin, bring oil for my delivery.” For a second time, the wanderer said, “But where, my dear, can I get oil?” For a third time, she said, “Go, brahmin, bring oil for my delivery.” Now at that time ghee and oil were being given away to any ascetic or brahmin at the storehouse of King Pasenadi of Kosala. But it was only to drink there, not to take away. Knowing this, the wanderer thought, “Why don’t I go to the king’s storehouse, drink as much oil as I can, then come home and throw it up so it can be used for the delivery?” Then he did just that. But when he got home he was unable to either bring it up or pass it out. He rolled to and fro, suffering painful, sharp, severe, acute feelings. Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He saw the wanderer in agony. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Oh! How happy are those with nothing! Hence knowledge masters are people with nothing. See how troubled are those with attachments, a person bound tight to people.”
၇။ ဧကပုတ္တကသုတ္တံ
၁၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရဿ ဥပါသကဿ ဧကပုတ္တကော ပိယော မနာပေါ ကာလင်္ကတော ဟောတိ။
အထ ခေါ သမ္ဗဟုလာ ဥပါသကာ အလ္လဝတ္ထာ အလ္လကေသာ ဒိဝါ ဒိဝဿ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နေ ခေါ တေ ဥပါသကေ ဘဂဝါ ဧတဒဝေါစ – ‘‘ကိံ နု ခေါ တုမှေ, ဥပါသကာ, အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကမန္တာ ဒိဝါ ဒိဝဿာ’’တိ?
ဧဝံ ဝုတ္တေ, သော ဥပါသကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မယှံ ခေါ, ဘန္တေ, ဧကပုတ္တကော ပိယော မနာပေါ ကာလင်္ကတော။ တေန မယံ အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကမန္တာ ဒိဝါ ဒိဝဿာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ပိယရူပဿာဒဂဓိတာသေ [ပိယရူပဿာတဂဓိတာသေ (သီ။ ပီ။)],
ဒေဝကာယာ ပုထု မနုဿာ စ၊
အဃာဝိနော ပရိဇုန္နာ,
မစ္စုရာဇဿ ဝသံ ဂစ္ဆန္တိ။
‘‘ယေ ဝေ ဒိဝါ စ ရတ္တော စ,
အပ္ပမတ္တာ ဇဟန္တိ ပိယရူပံ၊
တေ ဝေ ခဏန္တိ အဃမူလံ,
မစ္စုနော အာမိသံ ဒုရတိဝတ္တ’’န္တိ။ သတ္တမံ၊
၇-ဧကပုတ္တကသုတ် ၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဥပါသကာတစ်ယောက်၏ ချစ်အပ် နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်လေ၏။ ထိုအခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော များစွာသော ဥပါသကာတို့သည် နေ့ခင်းချည်း အချိန်၌ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်၏။ တစ်ခုသောအရပ်၌ ထိုင်ကြသော ထိုဥပါသကာတို့ကို မြတ်စွာဘုရားသည် “စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိကုန်သော ဥပါသကာတို့ သင်တို့သည် အဘယ့်ကြောင့် ငါ့ထံသို့ နေ့လယ်ချည်းအချိန်၌ ချဥ်းကပ်ကုန် သနည်း”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် ထိုဥပါသကာသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်၏ ချစ်အပ်နှစ်သက်အပ်သောတစ်ဦးတည်းသော သားသည် ကွယ်လွန်ခဲ့ပါ၏။ ထို့ကြောင့် စိုစွတ်သော အဝတ်စိုစွတ်သော ဆံရှိသောတပည့်တော်တို့သည် နေ့ (မွန်းတည့်ချိန်) ၌ အသျှင်ဘုရားထံသို့ ချဥ်းကပ်ပါကုန်၏”ဟု လျှောက်၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ချစ်အပ်သော သဘောရှိသော ရူပက္ခန္ဓာ စသည်တို့၌ သာယာမှုဖြင့် တပ်မက်ကြသော နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း ဆင်းရဲကုန်လျက် ဆုတ်ယုတ်ကုန်၍ သေမင်း၏အလိုသို့ လိုက်ပါကြရကုန်၏။ အကြင်ပုဂ္ဂိုလ်တို့သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း မေ့လျော့ခြင်း မရှိဘဲ ချစ်အပ်သော သဘောရှိသော ခန္ဓာငါးပါးကို စွန့်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် လွန်မြောက်နိုင်ခဲသည့် သေမင်းသုံးသပ်အပ်သော ဝဋ်ဆင်းရဲအမြစ်ကို တူးဖြိုနိုင်ကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 2.7 An Only Son So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a certain lay follower’s dear and beloved only child passed away. Then in the middle of the day several lay followers with wet clothes and hair went up to the Buddha, bowed, and sat down to one side. The Buddha said to them: “Why, lay followers, have you come here in the middle of the day with wet clothes and hair?” The lay follower replied, “Sir, my dear and beloved only child has passed away. That’s why we came here in the middle of the day with wet clothes and hair.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Hosts of gods and most human beings are bound to what seems dear and pleasant. Gloomy and exhausted, they fall under the sway of the King of Death. The diligent, who day and night give up what seems pleasant, dig out the root of gloom— Death’s bait so hard to escape.”
၈။ သုပ္ပဝါသာသုတ္တံ
၁၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကုဏ္ဍိကာယံ [ကုဏ္ဍိယာယံ (သီ။ သျာ။ ပီ။)] ဝိဟရတိ ကုဏ္ဍဓာနဝနေ [ကုဏ္ဍိဋ္ဌာနဝနေ (သျာ။ ပီ။)]။ တေန ခေါ ပန သမယေန သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဒုက္ခာဟိ တိဗ္ဗာဟိ ခရာဟိ ကဋုကာဟိ ဝေဒနာဟိ ဖုဋ္ဌာ တီဟိ ဝိတက္ကေဟိ အဓိဝါသေတိ – ‘‘သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ၊ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော၊ သုသုခံ ဝတ တံ နိဗ္ဗာနံ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတီ’’တိ။
အထ ခေါ သုပ္ပဝါသာ ကောလိယဓီတာ သာမိကံ အာမန္တေသိ – ‘‘ဧဟိ တွံ, အယျပုတ္တ, ယေန ဘဂဝါ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ၊ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ၊ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဒုက္ခာဟိ တိဗ္ဗာဟိ ခရာဟိ ကဋုကာဟိ ဝေဒနာဟိ ဖုဋ္ဌာ တီဟိ ဝိတက္ကေဟိ အဓိဝါသေတိ – သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ၊ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော၊ သုသုခံ ဝတ တံ နိဗ္ဗာနံ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတီ’’’တိ။
‘‘ပရမ’’န္တိ ခေါ သော ကောလိယပုတ္တော သုပ္ပဝါသာယ ကောလိယဓီတာယ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ကောလိယပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတိ၊ ဧဝဉ္စ ဝဒေတိ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဒုက္ခာဟိ တိဗ္ဗာဟိ ခရာဟိ ကဋုကာဟိ ဝေဒနာဟိ ဖုဋ္ဌာ တီဟိ ဝိတက္ကေဟိ အဓိဝါသေတိ – သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ၊ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော၊ သုသုခံ ဝတ နိဗ္ဗာနံ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတီ’’’တိ။
‘‘သုခိနီ ဟောတု သုပ္ပဝါသာ ကောလိယဓီတာ၊ အရောဂါ အရောဂံ ပုတ္တံ ဝိဇာယတူ’’တိ။ သဟ ဝစနာ စ ပန ဘဂဝတော သုပ္ပဝါသာ ကောလိယဓီတာ သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာယိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ကောလိယပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန သကံ ဃရံ တေန ပစ္စာယာသိ။ အဒ္ဒသာ ခေါ သော ကောလိယပုတ္တော သုပ္ပဝါသံ ကောလိယဓီတရံ သုခိနိံ အရောဂံ အရောဂံ ပုတ္တံ ဝိဇာတံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, တထာဂတဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ, ယတြ ဟိ နာမာယံ သုပ္ပဝါသာ ကောလိယဓီတာ သဟ ဝစနာ စ ပန [သဟ ဝစနာ ပန (ပီ။), သဟ ဝစနာ (?)] ဘဂဝတော သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာယိဿတီ’’တိ! အတ္တမနော ပမုဒိတော ပီတိသောမနဿဇာတော အဟောသိ။
အထ ခေါ သုပ္ပဝါသာ ကောလိယဓီတာ သာမိကံ အာမန္တေသိ – ‘‘ဧဟိ တွံ, အယျပုတ္တ, ယေန ဘဂဝါ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ၊ ဧဝဉ္စ ဝဒေဟိ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဧတရဟိ သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာတာ။ သာ သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ဘတ္တေန နိမန္တေတိ။ အဓိဝါသေတု ကိရ, ဘန္တေ, ဘဂဝါ သုပ္ပဝါသာယ ကောလိယဓီတာယ သတ္တ ဘတ္တာနိ သဒ္ဓိံ ဘိက္ခုသံဃေနာ’’’တိ။
‘‘ပရမ’’န္တိ ခေါ သော ကောလိယပုတ္တော သုပ္ပဝါသာယ ကောလိယဓီတာယ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ကောလိယပုတ္တော ဘဂဝန္တံ ဧတဒဝေါစ –
‘‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ၊ ဧဝဉ္စ ဝဒေတိ – ‘သုပ္ပဝါသာ, ဘန္တေ, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဧတရဟိ သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာတာ။ သာ သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ဘတ္တေန နိမန္တေတိ။ အဓိဝါသေတု ကိရ, ဘန္တေ, ဘဂဝါ သုပ္ပဝါသာယ ကောလိယဓီတာယ သတ္တ ဘတ္တာနိ သဒ္ဓိံ ဘိက္ခုသံဃေနာ’’’တိ။
တေန ခေါ ပန သမယေန အညတရေန ဥပါသကေန ဗုဒ္ဓပ္ပမုခေါ ဘိက္ခုသံဃော သွာတနာယ ဘတ္တေန နိမန္တိတော ဟောတိ။ သော စ ဥပါသကော အာယသ္မတော မဟာမောဂ္ဂလ္လာနဿ [မဟာမောဂ္ဂလာနဿ (က။)] ဥပဋ္ဌာကော ဟောတိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ အာမန္တေသိ – ‘‘ဧဟိ တွံ, မောဂ္ဂလ္လာန, ယေန သော ဥပါသကော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ တံ ဥပါသကံ ဧဝံ ဝဒေဟိ – ‘သုပ္ပဝါသာ, အာဝုသော, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေသိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဧတရဟိ သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာတာ။ သာ သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ဘတ္တေန နိမန္တေတိ။ ကရောတု သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဘတ္တာနိ, ပစ္ဆာ တွံ ကရိဿသီ’တိ [ကရိဿသီတိ သညာပေဟိ (က။)]။ တုယှေသော ဥပဋ္ဌာကော’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝတော ပဋိဿုတွာ ယေန သော ဥပါသကော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဥပါသကံ ဧတဒဝေါစ – ‘‘သုပ္ပဝါသာ, အာဝုသော, ကောလိယဓီတာ သတ္တ ဝဿာနိ ဂဗ္ဘံ ဓာရေတိ။ သတ္တာဟံ မူဠှဂဗ္ဘာ သာ ဧတရဟိ သုခိနီ အရောဂါ အရောဂံ ပုတ္တံ ဝိဇာတာ။ သာ သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ဘတ္တေန နိမန္တေတိ။ ကရောတု သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဘတ္တာနိ, ပစ္ဆာ တွံ ကရိဿသီ’’တိ။
‘‘သစေ မေ, ဘန္တေ, အယျော မဟာမောဂ္ဂလ္လာနော တိဏ္ဏံ ဓမ္မာနံ ပါဋိဘောဂေါ – ဘောဂါနဉ္စ ဇီဝိတဿ စ သဒ္ဓါယ စ, ကရောတု သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဘတ္တာနိ, ပစ္ဆာဟံ ကရိဿာမီ’’တိ။ ‘‘ဒွိန္နံ ခေါ တေ အဟံ [ဒွိန္နံ ခေါ တေသံ (ပီ။), ဒွိန္နံ ခေါ နေသံ (က။)], အာဝုသော, ဓမ္မာနံ ပါဋိဘောဂေါ – ဘောဂါနဉ္စ ဇီဝိတဿ စ။ သဒ္ဓါယ ပန တွံယေဝ ပါဋိဘောဂေါ’’တိ။
‘‘သစေ မေ, ဘန္တေ, အယျော မဟာမောဂ္ဂလ္လာနော ဒွိန္နံ ဓမ္မာနံ ပါဋိဘောဂေါ – ဘောဂါနဉ္စ ဇီဝိတဿ စ, ကရောတု သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဘတ္တာနိ, ပစ္ဆာဟံ ကရိဿာမီ’’တိ။
အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ဥပါသကံ သညာပေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သညတ္တော [သညာတော (သျာ။)], ဘန္တေ, သော ဥပါသကော မယာ၊ ကရောတု သုပ္ပဝါသာ ကောလိယဓီတာ သတ္တ ဘတ္တာနိ, ပစ္ဆာ သော ကရိဿတီ’’တိ။
အထ ခေါ သုပ္ပဝါသာ ကောလိယဓီတာ သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ, တဉ္စ ဒါရကံ ဘဂဝန္တံ ဝန္ဒာပေသိ သဗ္ဗဉ္စ ဘိက္ခုသံဃံ။
အထ ခေါ အာယသ္မာ သာရိပုတ္တော တံ ဒါရကံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, ဒါရက, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ န ကိဉ္စိ ဒုက္ခ’’န္တိ? ‘‘ကုတော မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ, ကုတော ယာပနီယံ! သတ္တ မေ ဝဿာနိ လောဟိတကုမ္ဘိယံ ဝုတ္တာနီ’’တိ။
အထ ခေါ သုပ္ပဝါသာ ကောလိယဓီတာ – ‘‘ပုတ္တော မေ ဓမ္မသေနာပတိနာ သဒ္ဓိံ မန္တေတီ’’တိ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ အဟောသိ။ အထ ခေါ ဘဂဝါ (သုပ္ပဝါသံ ကောလီယဓီတရံ အတ္တမနံ ပမုဒိတံ ပီတိသောမနဿဇာတံ ဝိဒိတွာ [ဒိသွာ (သီ။)]) [( ) နတ္ထိ ဣင်္ဂလိသပေါတ္ထကေ] သုပ္ပဝါသံ ကောလိယဓီတရံ ဧတဒဝေါစ – ‘‘ဣစ္ဆေယျာသိ တွံ, သုပ္ပဝါသေ, အညမ္ပိ ဧဝရူပံ ပုတ္တ’’န္တိ? ‘‘ဣစ္ဆေယျာမဟံ, ဘဂဝါ, အညာနိပိ ဧဝရူပါနိ သတ္တ ပုတ္တာနီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အသာတံ သာတရူပေန, ပိယရူပေန အပ္ပိယံ၊
ဒုက္ခံ သုခဿ ရူပေန, ပမတ္တမတိဝတ္တတီ’’တိ။ အဋ္ဌမံ၊
၈-သုပ္ပဝါသာသုတ် ၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုဏ္ဍိကာမြို့ ကုဏ္ဍဓာနတော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံးကိုယ်ဝန်ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံးကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။ ထိုသုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသည်ရှိသော် “အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။ ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူပေစွတကား၊ အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ ကောင်းစွာ ကျင့်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွတကား၊ အကြင်နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန်ချမ်းသာလေစွတကား”ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏။ ထို့နောက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ခင်ပွန်းသည်ကို ခေါ်၍ “အရှင့်သား သင်သည် လာပါလော့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ကျွန်မ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါလော့၊ အနာရောဂါကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာ ထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်ပါချေလော့။ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။ အနာရောဂါကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်လိုက်ပါ၏’ဟု လျှောက်ပါလော့။ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။ သုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောအခါ အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။ ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူပေစွတကား။ အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါကောင်းစွာ ကျင့်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွတကား။ အကြင် နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန်ချမ်းသာလေစွတကား’ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏ဟု ဤသို့လည်း လျှောက်ပါလော့”ဟု ဆို၏။ ထိုကောလိယမင်းသားသည် “ကောင်းပြီ”ဟု ကောလိယမင်းသမီး သုပ္ပဝါသာ၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။ အနာရောဂါ ကင်းရှင်းခြင်း ဆင်းရဲကင်းခြင်း လျင်စွာထနိုင်ခြင်း ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကို မေးလျှောက်လိုက်ပါ၏။ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။ ထိုသုပ္ပဝါသာမင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောအခါ အကြင်မြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၏။ ထိုမြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍သိတော်မူ ပေစွတကား၊ အကြင်သံဃာတော်သည် ဤသို့ သဘောရှိသော ဆင်းရဲကို ပယ်ခြင်းငှါကောင်းစွာ ကျင့်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပေစွ တကား၊ အကြင်နိဗ္ဗာန်၌ ဤသို့ သဘောရှိသော ဆင်းရဲ မရှိ၊ ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား’ဟု ဤသုံးပါးသော ကြံစည်ခြင်းတို့ဖြင့် သည်းခံ၏။ ဤသို့လည်း လျှောက်လိုက်ပါ၏”ဟု (လျှောက်၏)။ “ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိမူ၍ ချမ်းသာစေသတည်း။ ရောဂါကင်းသော သားကို ဖွားစေသတည်း”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား မိန့်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်လေ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုကောလိယမင်းသားသည် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မိမိအိမ်သို့ ပြန်သွားလေ၏။ ကောလိယမင်းသားသည် ရောဂါကင်းသော သားကို ဖွားမြင်ပြီးသော ရောဂါမရှိမူ၍ ချမ်းသာခြင်းရှိသော ကောလိယမင်းသမီး သုပ္ပဝါသာကို မြင်၍ ကောလိယမင်းသားအား ဤသို့ အကြံဖြစ်၏ “အချင်းတို့ မြတ်စွာဘုရား၏ ကြီးသောတန်ခိုး ကြီးသော အာနုဘော် ရှိသည်၏အဖြစ်သည် အံ့ဖွယ်ရှိပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်စွာဘုရား မိန့်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဤကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏”ဟု နှစ်လိုခြင်း ဝမ်းမြောက်ခြင်း နှစ်သက်ရွှင်လန်းခြင်း ဖြစ်လေ၏။ ထို့နောက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ခင်ပွန်းသည်ကို ခေါ်၍ “အရှင့်သား လာပါဦးလော့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ကျွန်မ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့်ရှိခိုးပါလော့ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏’၊ ‘အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရ၏။ သုပ္ပဝါသာမင်းသမီးသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်ပါ၏။ သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်ပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့် အတူတကွ ကောလိယမင်းသမီး သုပ္ပဝါသာ၏ ဆွမ်းတို့ကို ခုနစ်ရက်ပတ်လုံး သည်းခံ သာယာတော်မူပါ’ဟု ဤသို့လည်း လျှောက်ထားလော့”ဟု ပြောဆို၏။ ကောလိယမင်းသားသည် “ကောင်းပြီ”ဟု ကောလိယမင်းသမီး သုပ္ပဝါသာ၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါ၏။ “အသျှင်ဘုရား ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေပါ၏။ သုပ္ပဝါသာမင်းသမီးသည် ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏။ သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်ပါ၏။ အသျှင်ဘုရားသည် ရဟန်းသံဃာနှင့် အတူတကွ ကောလိယမင်းသမီး သုပ္ပဝါသာ၏ ဆွမ်းတို့ကို ခုနစ်ရက်ပတ်လုံး သည်းခံသာယာတော်မူပါ”ဟု ဤသို့လည်း လျှောက်လိုက်ပါ၏ဟု (ဤသို့ လျှောက်၏)။ ထိုအခါ တစ်ယောက်သော ဥပါသကာသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို နက်ဖြန်အလို့ငှါ ဆွမ်းစားပင့်ဖိတ်ထားပြီး ဖြစ်၏။ ထိုဥပါသကာသည်ကား အသျှင်မဟာမောဂ္ဂလ္လာန်၏ အလုပ်အကျွေးဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်မဟာမောဂ္ဂလ္လာန်ကို ခေါ်၍ “မောဂ္ဂလ္လာန် လာဦးလော့၊ ဥပါသကာထံသို့ ချဥ်းကပ်ပြီးလျှင် ထိုဥပါသကာကို ဤသို့ ပြောဆိုလော့ ‘ဥပါသကာ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံးကိုယ်ဝန်ကြောင့် မိန်းမော တွေဝေရ၏။ သုပ္ပဝါသာမင်းသမီးသည် ယခုအခါ ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏။ သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်၏။ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ သင်ကား နောက်မှကျွေးပါ’ဟု ပြောချေလော့၊ ဤဥပါသကာသည် သင်၏ အလုပ်အကျွေးတည်း”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ ဥပါသကာထံသို့ ချဥ်းကပ်ပြီးလျှင် ထိုဥပါသကာကို ဤသို့ မိန့်ဆို၏ “ဥပါသကာ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်နှစ်တို့ပတ်လုံး ကိုယ်ဝန်ကို ဆောင်ရ၏။ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေ၏။ သုပ္ပဝါသာမင်းသမီးသည် ယခုအခါ ရောဂါမရှိမူ၍ ချမ်းသာစွာ ရောဂါကင်းသော သားကို ဖွားမြင်၏။ သုပ္ပဝါသာမင်းသမီးသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းစားပင့်ဖိတ်၏။ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ သင်ကား နောက်မှ ကျွေးပါ”ဟု ဤသို့ (မိန့်ဆို၏)။ အသျှင်ဘုရား အသျှင်မဟာမောဂ္ဂလ္လာန်သည် တပည့်တော်၏ စည်းစိမ်ဥစ္စာကို လည်းကောင်း၊ အသက်ကိုလည်းကောင်း၊ သဒ္ဓါတရားကိုလည်းကောင်း ဤသုံးပါးသောတရားတို့ကို အာမခံနိုင်ပါမူ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ တပည့်တော်ကား နောက်မှကျွေးပါမည်ဟု (လျှောက်၏)။ ဥပါသကာ ထိုတရားသုံးပါးတို့တွင် စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း ဤနှစ်ပါးသောတရားတို့ကို ငါ အာမခံနိုင်၏။ သဒ္ဓါတရားကိုမူကား သင်သည်ပင်လျှင် အာမခံလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အသျှင်မဟာမောဂ္ဂလ္လာန်သည် တပည့်တော်၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း အသက်ကိုလည်းကောင်း တရားနှစ်ပါးကို အာမခံနိုင်ပါမူ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ တပည့်တော်က နောက်မှ ကျွေးပါမည်ဟု (လျှောက်၏)။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုဥပါသကာကို သိစေပြီး၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်သည် ထိုဥပါသကာကို အသိပေးခဲ့ပါပြီ။ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပါစေ၊ ထိုဥပါသကာသည် နောက်မှကျွေးပါလိမ့်မည်”ဟု လျှောက်၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲတင်းတိမ်သည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထိုသူငယ်ကိုလည်း မြတ်စွာဘုရားနှင့် ရဟန်းသံဃာအားလုံးကို ရှိခိုးစေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ထိုသူငယ်ကို “သူငယ် သင့်အား ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဒုက္ခ ကင်းပါ၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားသာရိပုတြာ တပည့်တော်အား အဘယ်မှာ ခန့်ကျန်းပါအံ့နည်း? မျှတပါအံ့နည်း? တပည့်တော်သည် ခုနစ်နှစ်တို့ပတ်လုံး သွေးအိုင်ထဲ၌ နေခဲ့ရပါသည်ဟု (လျှောက်၏)။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် “ငါ၏သားသည် တရားစစ်သူကြီး အသျှင်သာရိပုတြာနှင့် အတူတကွ ပြောဆို၏”ဟု နှစ်လိုခြင်း ဝမ်းမြောက်ခြင်း နှစ်သက် ရွှင်လန်းခြင်း ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကောလိယမင်းသမီး သုပ္ပဝါသာအား နှစ်လိုဝမ်းမြောက်ခြင်း နှစ်သက်ရွှင်လန်းခြင်းဖြစ်သည်ကို သိသောကြောင့် ကောလိယမင်းသမီး သုပ္ပဝါသာကို “သုပ္ပဝါသာ သင်သည် ဤသားမှတစ်ပါး ဤသို့ သဘောရှိသော သားမျိုးကို အလိုရှိသေးသလော”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားတပည့်တော်မသည် ဤသားမှတစ်ပါး ဤသို့ သဘောရှိကုန်သော သားခုနစ်ယောက်တို့ကို အလိုရှိပါသေးသည်ဟု (လျှောက်၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “မသာယာအပ်သော သဘောတရားသည် သာယာဖွယ်အသွင် သဘောဖြင့်လည်းကောင်း မချစ်ခင်အပ်သော သဘောတရားသည် ချစ်ခင်ဖွယ်အသွင် သဘောဖြင့်လည်းကောင်း ဆင်းရဲသော သဘောတရားသည် ချမ်းသာဖွယ်အသွင် သဘောဖြင့်လည်းကောင်း မေ့လျော့နေသူကို လွှမ်းမိုးဖိစီး၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 2.8 Suppavāsā So I have heard. At one time the Buddha was staying near Kuṇḍiyā in the Kuṇḍadhāna Grove. Now at that time Suppavāsā the Koliyan had been pregnant for seven years, and in obstructed labor for seven days. While suffering painful, sharp, severe, acute feelings, three thoughts helped her endure: “Oh! The Blessed One is indeed a fully awakened Buddha, who teaches the Dhamma for giving up suffering such as this. Oh! The Saṅgha of the Buddha’s disciples is indeed practicing well, who practice for giving up suffering such as this. Oh! Extinguishment is so very blissful, where such suffering as this is not found.” Then Suppavāsā addressed her husband, “Please, master, go to the Buddha, and in my name bow with your head to his feet. Ask him if he is healthy and well, nimble, strong, and living comfortably. And then say: ‘Suppavāsā the Koliyan has been pregnant for seven years, and in obstructed labor for seven days. While suffering painful, sharp, severe, acute feelings, three thoughts help her endure: “Oh! The Blessed One is indeed a fully awakened Buddha, who teaches the Dhamma for giving up suffering such as this. Oh! The Saṅgha of the Buddha’s disciples is indeed practicing well, who practice for giving up suffering such as this. Oh! Extinguishment is so very blissful, where such suffering as this is not found.”’” “Excellent idea,” he replied. He went to the Buddha and told him of his wife’s struggles. The Buddha said: “May Suppavāsā the Koliyan be happy and healthy! May she give birth to a healthy child!” As soon as he spoke, Suppavāsā, happy and healthy, gave birth to a healthy child. Saying “Yes, sir,” the Koliyan gentleman approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right. Then he returned to his own house. He saw that his wife, happy and healthy, had given birth to a healthy child, and thought, “Oh lord, how incredible, how amazing! The Realized One has such psychic power and might! For as soon as he spoke, Suppavāsā, happy and healthy, gave birth to a healthy child.” He became uplifted and overjoyed, full of rapture and happiness. Then Suppavāsā addressed her husband, “Please, master, go to the Buddha, and in my name bow with your head to his feet. And then say, ‘Suppavāsā the Koliyan, who was pregnant for seven years, and in obstructed labor for seven days, is now happy and healthy and has given birth to a healthy child. She invites the mendicant Saṅgha headed by the Buddha to a meal for seven days. Sir, would the Buddha please accept seven meals from Suppavāsā?’” “Excellent idea,” he replied. He went to the Buddha, told him the good news, and conveyed his wife’s invitation. Now at that time a certain lay follower had already invited the Saṅgha of monks headed by the Buddha for the meal on the following day. That lay follower was Venerable Mahāmoggallāna’s supporter. Then the Buddha addressed Venerable Mahāmoggallāna, “Please, Moggallāna, go to that lay follower and say to him, ‘Suppavāsā the Koliyan, who was pregnant for seven years, and in obstructed labor for seven days, is now happy and healthy and has given birth to a healthy child. She invites the mendicant Saṅgha headed by the Buddha to a meal for seven days. Let Suppavāsā make seven meals, afterwards you can make yours.’ He is your supporter.” “Yes, sir,” replied Mahāmoggallāna. He went to that lay follower and conveyed the Buddha’s request. “If, sir, Master Mahāmoggallāna can guarantee me three things— wealth, life, and faith— then let Suppavāsā make seven meals, afterwards I shall make mine.” “I can guarantee you two things— wealth and life. But as for faith, you alone are the guarantor.” “If, sir Master Mahāmoggallāna can guarantee me two things— wealth and life— then let Suppavāsā make seven meals, afterwards I shall make mine.” Having persuaded that lay follower, Mahāmoggallāna went to the Buddha and said, “I’ve persuaded the lay follower. Let Suppavāsā make seven meals, afterwards he shall make his.” For seven days Suppavāsā served and satisfied the mendicant Saṅgha headed by the Buddha with her own hands with delicious fresh and cooked foods. And she made her little boy bow to the Buddha and the mendicant Saṅgha. Then Sāriputta said to the boy, “I hope you’re keeping well, little boy, I hope you’re all right. I hope you are not in pain.” “How could I be keeping well? How could I be getting by? For seven years I lived in a pot of blood.” Then Suppavāsā, thinking, “My child is conversing with the General of the Dhamma!” was uplifted and overjoyed, full of rapture and happiness. Knowing this, the Buddha said to her, “Would you like to have another child like this?” “Sir, I would like to have seven more children like this!” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Pain in the guise of pleasure, the disliked in the guise of the liked, suffering in the guise of happiness, overpower the negligent.”
၉။ ဝိသာခါသုတ္တ
၁၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဝိသာခါယ မိဂါရမာတုယာ ကောစိဒေဝ အတ္ထော ရညေ ပသေနဒိမှိ ကောသလေ ပဋိဗဒ္ဓေါ [ပဋိဗန္ဓော (ပီ။ က။)] ဟောတိ။ တံ ရာဇာ ပသေနဒိ ကောသလော န ယထာဓိပ္ပါယံ တီရေတိ။
အထ ခေါ ဝိသာခါ မိဂါရမာတာ ဒိဝါ ဒိဝဿ [ဒိဝါဒိဝဿေဝ (သျာ။), ဒိဝါဒိဝဿေယေဝ (ပီ။), ဒိဝါ ဒိဝဿယေဝ (က။)] ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဝိသာခံ မိဂါရမာတရံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ ကုတော နု တွံ, ဝိသာခေ, အာဂစ္ဆသိ ဒိဝါ ဒိဝဿာ’’တိ? ‘‘ဣဓ မေ, ဘန္တေ, ကောစိဒေဝ အတ္ထော ရညေ ပသေနဒိမှိ ကောသလေ ပဋိဗဒ္ဓေါ၊ တံ ရာဇာ ပသေနဒိ ကောသလော န ယထာဓိပ္ပါယံ တီရေတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သဗ္ဗံ ပရဝသံ ဒုက္ခံ, သဗ္ဗံ ဣဿရိယံ သုခံ၊
သာဓာရဏေ ဝိဟညန္တိ, ယောဂါ ဟိ ဒုရတိက္ကမာ’’တိ။ နဝမံ၊
၉-ဝိသာခါသုတ် ၁၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (ဝိသာခါ) အလိုအတိုင်း မပြီးစေ။ ထို့နောက် မိဂါရမာတာ ဝိသာခါသည် နေ့လယ်ချည်းအချိန်၌ပင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါကို မြတ်စွာဘုရားသည် “ဝိသာခါ သင်သည် ယခု နေ့လယ်အချိန်၌ အဘယ်မှလာသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်မ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (တပည့်တော်မ) အလိုအတိုင်း မပြီးပါစေဟု (လျှောက်၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတစ်ပါး အလိုလိုက်ရမှုဟူသမျှသည် ဆင်းရဲ၏။ အစိုးရမှုဟူသမျှသည် ချမ်းသာ၏။ မှန်လှ၏။ ယောဂလေးပါးမှ လွန်နိုင်ခဲသောကြောင့် သတ္တဝါတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ပင် ပန်းကြရကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 2.9 With Visākhā So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Now at that time Visākhā was caught up in some business with King Pasenadi. But the king’s settlement did not meet her expectations. Then, in the middle of the day, she went to the Buddha, bowed, and sat down. The Buddha said to her: “So, Visākhā, where are you coming from in the middle of the day?” “Sir, I am caught up in some business with King Pasenadi. But the king’s settlement did not meet my expectations.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “All under another’s control is suffering, all under one’s own authority is pleasing; what’s shared is stressful for both parties, for yokes are hard to escape.”
၁၀။ ဘဒ္ဒိယသုတ္တ
၂၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အနုပိယာယံ ဝိဟရတိ အမ္ဗဝနေ။ တေန ခေါ ပန သမယေန အာယသ္မာ ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘‘အဟော သုခံ, အဟော သုခ’’န္တိ!
အဿောသုံ ခေါ သမ္ဗဟုလာ ဘိက္ခူ အာယသ္မတော ဘဒ္ဒိယဿ ကာဠီဂေါဓာယ ပုတ္တဿ အရညဂတဿပိ ရုက္ခမူလဂတဿပိ သုညာဂါရဂတဿပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေန္တဿ – ‘‘အဟော သုခံ, အဟော သုခ’’န္တိ! သုတွာန နေသံ ဧတဒဟောသိ – ‘‘နိဿံသယံ ခေါ, အာဝုသော, အာယသ္မာ ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော အနဘိရတော ဗြဟ္မစရိယံ စရတိ, ယံသ ပုဗ္ဗေ အဂါရိယဘူတဿ [အဂါရိကဘူတဿ (သျာ။)] ရဇ္ဇသုခံ, သော တမနုဿရမာနော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘အဟော သုခံ, အဟော သုခ’’’န္တိ!
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အာယသ္မာ, ဘန္တေ, ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘အဟော သုခံ, အဟော သုခ’န္တိ! နိဿံသယံ ခေါ, ဘန္တေ, အာယသ္မာ ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော အနဘိရတော ဗြဟ္မစရိယံ စရတိ။ ယံသ ပုဗ္ဗေ အဂါရိယဘူတဿ ရဇ္ဇသုခံ, သော တမနုဿရမာနော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘အဟော သုခံ, အဟော သုခ’’’န္တိ!
အထ ခေါ ဘဂဝါ အညတရံ ဘိက္ခုံ အာမန္တေသိ – ‘‘ဧဟိ တွံ, ဘိက္ခု, မမ ဝစနေန ဘဒ္ဒိယံ ဘိက္ခုံ အာမန္တေဟိ – ‘သတ္ထာ တံ, အာဝုသော ဘဒ္ဒိယ, အာမန္တေတီ’’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ဘိက္ခု ဘဂဝတော ပဋိဿုတွာ ယေနာယသ္မာ ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဒ္ဒိယံ ကာဠီဂေါဓာယ ပုတ္တံ ဧတဒဝေါစ – ‘‘သတ္ထာ တံ, အာဝုသော ဘဒ္ဒိယ, အာမန္တေတီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ ဘဒ္ဒိယော ကာဠီဂေါဓာယ ပုတ္တော တဿ ဘိက္ခုနော ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ဘဒ္ဒိယံ ကာဠီဂေါဓာယ ပုတ္တံ ဘဂဝါ ဧတဒဝေါစ –
‘‘သစ္စံ ကိရ တွံ, ဘဒ္ဒိယ, အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘အဟော သုခံ, အဟော သုခ’’’န္တိ! ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘ကိံ ပန [ကံ ပန (သျာ ပီ။)] တွံ, ဘဒ္ဒိယ, အတ္ထဝသံ သမ္ပဿမာနော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ – ‘အဟော သုခံ, အဟော သုခ’’’န္တိ! ‘‘ပုဗ္ဗေ မေ, ဘန္တေ, အဂါရိယဘူတဿ ရဇ္ဇံ ကာရေန္တဿ အန္တောပိ အန္တေပုရေ ရက္ခာ သုသံဝိဟိတာ အဟောသိ, ဗဟိပိ အန္တေပုရေ ရက္ခာ သုသံဝိဟိတာ အဟောသိ, အန္တောပိ နဂရေ ရက္ခာ သုသံဝိဟိတာ အဟောသိ, ဗဟိပိ နဂရေ ရက္ခာ သုသံဝိဟိတာ အဟောသိ, အန္တောပိ ဇနပဒေ ရက္ခာ သုသံဝိဟိတာ အဟောသိ, ဗဟိပိ ဇနပဒေ ရက္ခာ သုသံဝိဟိတာ အဟောသိ။ သော ခေါ အဟံ, ဘန္တေ, ဧဝံ ရက္ခိတော ဂေါပိတော သန္တော ဘီတော ဥဗ္ဗိဂ္ဂေါ ဥဿင်္ကီ ဥတြာသီ ဝိဟာသိံ။ ဧတရဟိ ခေါ ပနာဟံ, ဘန္တေ, အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ ဧကော [ဧကကော (သျာ။ ပီ။)] အဘီတော အနုဗ္ဗိဂ္ဂေါ အနုဿင်္ကီ အနုတြာသီ အပ္ပေါဿုက္ကော ပန္နလောမော ပရဒတ္တဝုတ္တော [ပရဒဝုတ္တော (က။ သီ။ သျာ။ ပီ။)], မိဂဘူတေန စေတသာ ဝိဟရာမိ။ ဣမံ [ဣဒံ (သီ။ က။)] ခေါ အဟံ, ဘန္တေ, အတ္ထဝသံ သမ္ပဿမာနော အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အဘိက္ခဏံ ဥဒါနံ ဥဒါနေသိ [ဥဒါနေမိ (က။)] – ‘အဟော သုခံ, အဟော သုခ’’’န္တိ!
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿန္တရတော န သန္တိ ကောပါ,
ဣတိဘဝါဘဝတဉ္စ ဝီတိဝတ္တော၊
တံ ဝိဂတဘယံ သုခိံ အသောကံ,
ဒေဝါ နာနုဘဝန္တိ ဒဿနာယာ’’တိ။ ဒသမံ၊
မုစလိန္ဒဝဂ္ဂေါ ဒုတိယော နိဋ္ဌိတော။
တဿုဒ္ဒါနံ-
မုစလိန္ဒော ရာဇာ ဒဏ္ဍေန, သက္ကာရော ဥပါသကေန စ၊
ဂဗ္ဘိနီ ဧကပုတ္တော စ, သုပ္ပဝါသာ ဝိသာခါ စ၊
ကာဠီဂေါဓာယ ဘဒ္ဒိယောတိ။
၁၀-ဘဒ္ဒိယသုတ် ၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနုပိယမြို့ သရက်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သားဖြစ်သော အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကျူးရင့်၏။ ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကျူးရင့်သည်ကို များစွာသော ရဟန်းတို့ ကြားကြ၍ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ “ငါ့သျှင်တို့ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို့ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဥ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကျူးရင့်၏ဟု (ဤအကြံသည် ဖြစ်၏)။ ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏“အသျှင်ဘုရား ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ‘ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ’ဟု မပြတ်ဥဒါနကို ကျူးရင့်ပါ၏။ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဥ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကျူးရင့်ပါ၏ဟု (လျှောက်ထားကုန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ “ရဟန်း လာလော့၊ ငါ၏ စကားဖြင့် ဘဒ္ဒိယရဟန်းကို ‘ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယထံသို့ ချဥ်းကပ်၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို “ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤသို့ ပြောကြား၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို မြတ်စွာဘုရားသည် ဘဒ္ဒိယ သင်သည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကျူးရင့်၏ဟု ငါ ကြားရခြင်းသည် မှန်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ထား၏)။ ဘဒ္ဒိယ သင်သည် အဘယ်အကြောင်းကို သိမြင်သောကြောင့် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪ ချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဥဒါနကို ကျူးရင့်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ရှေးလူအဖြစ်ဖြင့် မင်းပြုစဥ် နန်းတော်တွင်း နန်းတော်ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ မြို့တွင်း မြို့ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ ဇနပုဒ်အတွင်း ဇနပုဒ်အပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ဤသို့ စောင့်ရှောက်အပ် လုံခြုံစေအပ်သည်ဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်သည်ဖြစ်၍ နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ယခုအခါ၌မူကား တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ မကြောက်မရွံ့ မထိတ်မလန့်သည်ဖြစ်၍ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကြက် သီးမွေးညင်းမထဘဲ သူတစ်ပါးနှင့်စပ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ဤအကြောင်းကို သိမြင်သည်ဖြစ်၍ တော၌ နေသည်ဖြစ်စေ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ “ဪချမ်းသာပေစွ၊ ဪ ချမ်းသာပေစွ”ဟု မပြတ် ဤဥဒါနကို ကျူးရင့်ပါ၏ဟု (လျှောက်ထားလေ၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက် ‘ဒေါသ’တို့သည် မရှိကုန်။ ဤသို့ ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏။ ဘေးကင်း၍ ချမ်းသာသော ကြောင့်ကြကွာသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်ကုန်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ နှစ်ခုမြောက် မုစလိန္ဒဝဂ် ပြီး၏။
Heartfelt Sayings 2.10 With Bhaddiya So I have heard. At one time the Buddha was staying near Anupiya in a mango grove. Now at that time, Venerable Bhaddiya son of Kāḷīgodhā, even in the wilderness, at the foot of a tree, or in an empty dwelling, frequently expressed this heartfelt sentiment: “Oh, what bliss! Oh, what bliss!” Several mendicants heard him and thought, “Without a doubt, Venerable Bhaddiya leads the spiritual life dissatisfied. It’s when recalling the pleasures of royalty he formerly enjoyed as a layperson that, even in the wilderness, at the foot of a tree, or in an empty dwelling, he frequently expresses this heartfelt sentiment: ‘Oh, what bliss! Oh, what bliss!’” Then those mendicants went up to the Buddha, bowed, sat down to one side, and told him what was happening. So the Buddha addressed one of the monks, “Please, monk, in my name tell the mendicant Bhaddiya that the Teacher summons him.” “Yes, sir,” that monk replied. He went to Bhaddiya and said to him, “Reverend Bhaddiya, the Teacher summons you.” “Yes, reverend,” Bhaddiya replied. He went to the Buddha, bowed, and sat down to one side. The Buddha said to him: “Is it really true, Bhaddiya, that even in the wilderness, at the foot of a tree, or in an empty dwelling, you frequently express this heartfelt sentiment: ‘Oh, what bliss! Oh, what bliss!’?” “Yes, sir.” “But why do you say this?” “Formerly, as a layperson ruling the land, my guard was well organized within and without the royal compound, within and without the city, and within and without the country. But although I was guarded and defended in this way, I remained fearful, scared, suspicious, and nervous. But these days, even when alone in the wilderness, at the foot of a tree, or in an empty dwelling, I’m not fearful, scared, suspicious, or nervous. I live relaxed, unruffled, surviving on charity, my heart free as a wild deer. It is for this reason that, even in the wilderness, at the foot of a tree, or in an empty dwelling, I frequently expressed this heartfelt sentiment: ‘Oh, what bliss! Oh, what bliss!’” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “They who hide no anger within, passed beyond any kind of existence; happy, free from fear and sorrow— even the gods can’t see them.”
၃။ နန္ဒဝဂ္ဂ
၁။ ကမ္မဝိပါကဇသုတ္တ
၂၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပုရာဏကမ္မဝိပါကဇံ ဒုက္ခံ တိဗ္ဗံ ခရံ ကဋုကံ ဝေဒနံ အဓိဝါသေန္တော သတော သမ္ပဇာနော အဝိဟညမာနော။
အဒ္ဒသာ ခေါ ဘဂဝါ တံ ဘိက္ခုံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပုရာဏကမ္မဝိပါကဇံ ဒုက္ခံ တိဗ္ဗံ ခရံ ကဋုကံ ဝေဒနံ အဓိဝါသေန္တံ သတံ သမ္ပဇာနံ အဝိဟညမာနံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သဗ္ဗကမ္မဇဟဿ ဘိက္ခုနော,
ဓုနမာနဿ ပုရေ ကတံ ရဇံ၊
အမမဿ ဌိတဿ တာဒိနော,
အတ္ထော နတ္ထိ ဇနံ လပေတဝေ’’တိ။ ပဌမံ၊
၃-နန္ဒဝဂ် ၁-ကမ္မဝိပါကဇသုတ် ၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဥ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဥ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးကပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ (နိဗ္ဗာန်၌) တည်သောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 3.1 Born of the Fruits of Deeds So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now, at that time a certain mendicant was sitting not far from the Buddha, cross-legged, with his body straight. As a result of past deeds, he suffered painful, sharp, severe, and acute feelings, which he endured unbothered, with mindfulness and awareness. The Buddha saw him meditating and enduring that pain. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A mendicant who has left all deeds behind, shaking off the dust of past deeds, unselfish, steady, unaffected, has no need to complain.”
၂။ နန္ဒသုတ္တ
၂၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ နန္ဒော ဘဂဝတော ဘာတာ မာတုစ္ဆာပုတ္တော သမ္ဗဟုလာနံ ဘိက္ခူနံ ဧဝမာရောစေတိ – ‘‘အနဘိရတော အဟံ, အာဝုသော, ဗြဟ္မစရိယံ စရာမိ၊ န သက္ကောမိ ဗြဟ္မစရိယံ သန္ဓာရေတုံ, သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တိဿာမီ’’တိ။
အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘အာယသ္မာ, ဘန္တေ, နန္ဒော ဘဂဝတော ဘာတာ မာတုစ္ဆာပုတ္တော သမ္ဗဟုလာနံ ဘိက္ခူနံ ဧဝမာရောစေတိ – ‘အနဘိရတော အဟံ, အာဝုသော, ဗြဟ္မစရိယံ စရာမိ, န သက္ကောမိ ဗြဟ္မစရိယံ သန္ဓာရေတုံ, သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တိဿာမီ’’’တိ။
အထ ခေါ ဘဂဝါ အညတရံ ဘိက္ခုံ အာမန္တေသိ – ‘‘ဧဟိ တွံ, ဘိက္ခု, မမ ဝစနေန နန္ဒံ ဘိက္ခုံ အာမန္တေဟိ – ‘သတ္ထာ တံ, အာဝုသော နန္ဒ, အာမန္တေတီ’’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ဘိက္ခု ဘဂဝတော ပဋိဿုတွာ ယေနာယသ္မာ နန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ နန္ဒံ ဧတဒဝေါစ – ‘‘သတ္ထာ တံ, အာဝုသော နန္ဒ, အာမန္တေတီ’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ နန္ဒော တဿ ဘိက္ခုနော ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ နန္ဒံ ဘဂဝါ ဧတဒဝေါစ –
‘‘သစ္စံ ကိရ တွံ, နန္ဒ, သမ္ဗဟုလာနံ ဘိက္ခူနံ ဧဝမာရောစေသိ – ‘အနဘိရတော အဟံ, အာဝုသော, ဗြဟ္မစရိယံ စရာမိ, န သက္ကောမိ ဗြဟ္မစရိယံ သန္ဓာရေတုံ, သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တိဿာမီ’’’တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘ကိဿ ပန တွံ, နန္ဒ, အနဘိရတော ဗြဟ္မစရိယံ စရသိ, န သက္ကောသိ ဗြဟ္မစရိယံ သန္ဓာရေတုံ, သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တိဿသီ’’တိ? ‘‘သာကိယာနီ မံ [မမ (သျာ။, အဋ္ဌကထာ ဩလောကေတဗ္ဗာ)], ဘန္တေ, ဇနပဒကလျာဏီ ဃရာ နိက္ခမန္တဿ [နိက္ခမန္တံ (အဋ္ဌကထာယံ ပါဌန္တရံ)] ဥပဍ္ဎုလ္လိခိတေဟိ ကေသေဟိ အပလောကေတွာ မံ ဧတဒဝေါစ – ‘တုဝဋံ ခေါ, အယျပုတ္တ, အာဂစ္ဆေယျာသီ’တိ။ သော ခေါ အဟံ, ဘန္တေ, တမနုဿရမာနော အနဘိရတော ဗြဟ္မစရိယံ စရာမိ, န သက္ကောမိ ဗြဟ္မစရိယံ သန္ဓာရေတုံ, သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တိဿာမီ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ နန္ဒံ ဗာဟာယံ ဂဟေတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ [သမ္မိဉ္ဇိတံ (သီ။ သျာ။ ကံ။ ပီ။)] ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ [သမ္မိဉ္ဇေယျ (သီ။ သျာ။ ကံ။ ပီ။)], ဧဝမေဝ – ဇေတဝနေ အန္တရဟိတော ဒေဝေသု တာဝတိံသေသု ပါတုရဟောသိ။
တေန ခေါ ပန သမယေန ပဉ္စမတ္တာနိ အစ္ဆရာသတာနိ သက္ကဿ ဒေဝါနမိန္ဒဿ ဥပဋ္ဌာနံ အာဂတာနိ ဟောန္တိ ကကုဋပါဒါနိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ နန္ဒံ အာမန္တေသိ – ‘‘ပဿသိ နော တွံ, နန္ဒ, ဣမာနိ ပဉ္စ အစ္ဆရာသတာနိ ကကုဋပါဒါနီ’’တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘တံ ကိံ မညသိ, နန္ဒ, ကတမာ နု ခေါ အဘိရူပတရာ ဝါ ဒဿနီယတရာ ဝါ ပါသာဒိကတရာ ဝါ, သာကိယာနီ ဝါ ဇနပဒကလျာဏီ, ဣမာနိ ဝါ ပဉ္စ အစ္ဆရာသတာနိ ကကုဋပါဒါနီ’’တိ? ‘‘သေယျထာပိ, ဘန္တေ, ပလုဋ္ဌမက္ကဋီ ကဏ္ဏနာသစ္ဆိန္နာ, ဧဝမေဝ ခေါ, ဘန္တေ, သာကိယာနီ ဇနပဒကလျာဏီ ဣမေသံ ပဉ္စန္နံ အစ္ဆရာသတာနံ ဥပနိဓာယ သင်္ချမ္ပိ [သင်္ခမ္ပိ (သီ။)] နောပေတိ ကလဘာဂမ္ပိ နောပေတိ ဥပနိဓိမ္ပိ နောပေတိ။ အထ ခေါ ဣမာနိ ပဉ္စ အစ္ဆရာသတာနိ အဘိရူပတရာနိ စေဝ ဒဿနီယတရာနိ စ ပါသာဒိကတရာနိ စာ’’တိ။
‘‘အဘိရမ, နန္ဒ, အဘိရမ, နန္ဒ! အဟံ တေ ပါဋိဘောဂေါ ပဉ္စန္နံ အစ္ဆရာသတာနံ ပဋိလာဘာယ ကကုဋပါဒါန’’န္တိ။ ‘‘သစေ မေ, ဘန္တေ, ဘဂဝါ ပါဋိဘောဂေါ ပဉ္စန္နံ အစ္ဆရာသတာနံ ပဋိလာဘာယ ကကုဋပါဒါနံ, အဘိရမိဿာမဟံ, ဘန္တေ, ဘဂဝတိ ဗြဟ္မစရိယေ’’တိ [ဘဂဝါ ဗြဟ္မစရိယေတိ (သျာ။ ပီ။), ဘဂဝါ ဗြဟ္မစရိယန္တိ (က။)]။
အထ ခေါ ဘဂဝါ အာယသ္မန္တံ နန္ဒံ ဗာဟာယံ ဂဟေတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – ဒေဝေသု တာဝတိံသေသု အန္တရဟိတော ဇေတဝနေ ပါတုရဟောသိ။
အဿောသုံ ခေါ ဘိက္ခူ – ‘‘အာယသ္မာ ကိရ နန္ဒော ဘဂဝတော ဘာတာ မာတုစ္ဆာပုတ္တော အစ္ဆရာနံ ဟေတု ဗြဟ္မစရိယံ စရတိ၊ ဘဂဝါ ကိရဿ ပါဋိဘောဂေါ ပဉ္စန္နံ အစ္ဆရာသတာနံ ပဋိလာဘာယ ကကုဋပါဒါန’’န္တိ။
အထ ခေါ အာယသ္မတော နန္ဒဿ သဟာယကာ ဘိက္ခူ အာယသ္မန္တံ နန္ဒံ ဘတကဝါဒေန စ ဥပက္ကိတကဝါဒေန စ သမုဒါစရန္တိ – ‘‘ဘတကော ကိရာယသ္မာ နန္ဒော ဥပက္ကိတကော ကိရာယသ္မာ နန္ဒော အစ္ဆရာနံ ဟေတု ဗြဟ္မစရိယံ စရတိ၊ ဘဂဝါ ကိရဿ ပါဋိဘောဂေါ ပဉ္စန္နံ အစ္ဆရာသတာနံ ပဋိလာဘာယ ကကုဋပါဒါန’’န္တိ။
အထ ခေါ အာယသ္မာ နန္ဒော သဟာယကာနံ ဘိက္ခူနံ ဘတကဝါဒေန စ ဥပက္ကိတကဝါဒေန စ အဋ္ဋီယမာနော ဟရာယမာနော ဇိဂုစ္ဆမာနော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော ခေါ ပနာယသ္မာ နန္ဒော အရဟတံ အဟောသိ။
အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အာယသ္မာ, ဘန္တေ, နန္ဒော ဘဂဝတော ဘာတာ မာတုစ္ဆာပုတ္တော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’’တိ။ ဘဂဝတောပိ ခေါ ဉာဏံ ဥဒပါဒိ – ‘‘နန္ဒော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’’တိ။
အထ ခေါ အာယသ္မာ နန္ဒော တဿာ ရတ္တိယာ အစ္စယေန ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ နန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယံ မေ, ဘန္တေ, ဘဂဝါ ပါဋိဘောဂေါ ပဉ္စန္နံ အစ္ဆရာသတာနံ ပဋိလာဘာယ ကကုဋပါဒါနံ, မုဉ္စာမဟံ, ဘန္တေ, ဘဂဝန္တံ ဧတသ္မာ ပဋိဿဝါ’’တိ။ ‘‘မယာပိ ခေါ တွံ, နန္ဒ [ခေါ တေ နန္ဒ (သီ။ သျာ။ ပီ။), ခေါ နန္ဒ (က။)], စေတသာ စေတော ပရိစ္စ ဝိဒိတော – ‘နန္ဒော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’တိ။ ဒေဝတာပိ မေ ဧတမတ္ထံ အာရောစေသိ – ‘အာယသ္မာ, ဘန္တေ, နန္ဒော ဘဂဝတော ဘာတာ မာတုစ္ဆာပုတ္တော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’တိ။ ယဒေဝ ခေါ တေ, နန္ဒ, အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုတ္တံ, အထာဟံ မုတ္တော ဧတသ္မာ ပဋိဿဝါ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ နိတ္တိဏ္ဏော ပင်္ကော,
မဒ္ဒိတော ကာမကဏ္ဋကော၊
မောဟက္ခယံ အနုပ္ပတ္တော,
သုခဒုက္ခေသု န ဝေဓတီ သ ဘိက္ခူ’’တိ။ ဒုတိယံ၊
၂-နန္ဒသုတ် ၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား “ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့”ဟု ပြောဆို၏။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏ သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား ‘ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါမစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့’ဟု ပြောဆိုပါသည်’ဟု ” လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ “ရဟန်း လာလော့၊ ငါဘုရား၏ စကားဖြင့် နန္ဒရဟန်းကို ‘ငါ့သျှင်နန္ဒ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အသျှင်နန္ဒထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်နန္ဒကို “ငါ့သျှင်နန္ဒ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤသို့ ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်နန္ဒသည် ထိုရဟန်း၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်သော အသျှင်နန္ဒကို “နန္ဒ သင်သည် များစွာသော ရဟန်းတို့အား ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့”ဟု ပြောဆို၏ဟု ငါ ကြားရသည်ကား မှန်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်၏)။ နန္ဒ သင်သည် အဘယ့်ကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်သနည်း? မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်မူ၍ သိက္ခာချ၍ လူထွက်လိုဘိ သနည်းဟု (မေးမြန်းတော်မူ၏)။ အသျှင်ဘုရား တစ်ဝက်သာ ဖြီးပြီးသော ဆံပင်တို့ဖြင့် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် တပည့်တော် အိမ်မှ ထွက်လာစဥ် တပည့်တော်ကို စောင့်ငဲ့ကြည့်ရှုလျက် “အရှင့်သား လျင်မြန်စွာ ပြန်လာခဲ့ပါ”ဟု ဤသို့ ပြောဆိုပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ထိုစကားကို မပြတ်အောက်မေ့သောကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်ပါ၊ သိက္ခာချ၍ လူထွက်ပါအံ့ဟု (လျှောက်ထား၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့လျက် တာဝတိံသာ နတ်ဘုံတို့၌ ထင်ရှားဖြစ်၏။ ထိုအခါ ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့သည် နတ်တို့အရှင် သိကြားမင်းထံသို့ ခစားရန် လာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကို “နန္ဒ သင်သည် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီး ငါးရာတို့ကို မြင်၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်ထား၏)။ နန္ဒ ထိုအရာကို သင်အဘယ်သို့ ထင်မှတ်သနည်း? သာကီဝင်မင်းသမီး ဇနပဒကလျာဏီနှင့် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီးငါးရာတို့သည် အဘယ်က ပို၍ အဆင်းလှပသနည်း? ပို၍ ရှုချင်ဖွယ် ရှိသနည်း? ပို၍ နှစ်သက်ဖွယ် ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နား နှာခေါင်းပြတ်ကာ ကိုယ်အင်္ဂါပျက်စီးသော မျောက်မကဲ့သို့ ဤအတူ ဤနတ်သမီးငါးရာတို့ကို ထောက်ဆလျှင် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် မိန်းမဟူသော အရေအတွက်သို့ပင် မဝင်ပါ၊ တစ်စိတ်မျှ မမှီပါ၊ မနှိုင်းစာလောက်ပါ၊ စင်စစ်မှာကား ဤနတ်သမီးငါးရာတို့ကသာ ပို၍ အဆင်းလှပါကုန်၏။ ပို၍ ရှုချင်ဖွယ်ရှိပါကုန်၏။ ပို၍နှစ်သက်ဖွယ်ရှိပါကုန်၏ဟု (လျှောက်၏)။ နန္ဒ သာသနာတော်၌ ပျော်ရွှင်စွာ နေလော့၊ နန္ဒ ပျော်ရွှင်စွာ နေလော့၊ ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါတာဝန်ယူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်အတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူနိုင်ပါမူ တပည့်တော်သည် သာသနာတော်တွင်းဝယ် ဘုရားရှင်အထံတော်၌ ပျော်ရွှင်စွာ နေပါတော့မည်ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် တာဝတိံသာနတ်တို့ပြည်မှ ကွယ်ခဲ့လျက် ဇေတဝန်ကျောင်းတော်၌ ထင်ရှားဖြစ်၏။ ရဟန်းတို့သည် “မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူသတတ်”ဟု ကြားကြကုန်၏။ ထိုအခါ အသျှင်နန္ဒ၏ အပေါင်းအဖော် ရဟန်းတို့သည် အသျှင်နန္ဒကို “အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်သတဲ့၊ ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူခဲ့သတဲ့၊ အသျှင်နန္ဒသည် ကြေးစားဖြစ်လေစွတကား၊ အသျှင်နန္ဒသည် ကုန်ဝယ်သူ ဖြစ်လေစွတကား”ဟု သူခစားဟူသော စကားလုံးဖြင့်လည်းကောင်း၊ ကုန်ဝယ်သူဟူသော စကားလုံးဖြင့်လည်းကောင်း ကျီစယ်ပြောဆိုကြကုန်၏။ ထိုအခါ အသျှင်နန္ဒသည် အပေါင်းအဖော် ရဟန်းတို့၏ သူခစားဟူသော ကျီစယ်ချက် ကုန်ဝယ်သူဟူသော ကျီစယ်ချက်ကြောင့် ငြီးငွေ့ရှက်နိုး စက်ဆုပ်သည်ဖြစ်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိလျက် နေသည်ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကြသော အမျိုးသားများ အလိုရှိအပ်သော အတုမရှိ မြတ်သောအကျင့်၏အဆုံး အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ကပ်ရောက်ကာ နေ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ။ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ။ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိပြီ”ဟု သိ၏။ အသျှင်နန္ဒသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်သန်းခေါင် လွန်ပြီးသောအခါ အလွန်နှစ်သက်ဖွယ်သော အဆင်းအရောင်ရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါတရားကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု (လျှောက်၏)။ “နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက် ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု မြတ်စွာဘုရား၏ ဉာဏ်တော်၌လည်း ထင်တော်မူ၏။ ထိုအခါ အသျှင်နန္ဒသည် ထိုညဥ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဘုရား တပည့်တော်အတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားကို တပည့်တော်သည် ထိုတာဝန်ကို ယူခြင်းမှ လွှတ်ပါပြီ”ဟု (လျှောက်၏)။ နန္ဒ ငါဘုရားသည်လည်း “နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ငါဘုရားစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍သိခဲ့ပြီ။ “အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါ မရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏”ဟု နတ်တို့ကလည်း ငါဘုရားအား ဤအကြောင်းကို လျှောက်၏။ နန္ဒ အကြင်အခါ သင်၏စိတ်သည် စွဲလမ်းမှုကင်းလျက် အာသဝေါတို့မှ လွတ်၏။ ထိုအခါ ငါဘုရားသည် ထိုတာဝန်ယူခြင်းမှ လွတ်ပြီဟု (မိန့်တော်မူ၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား (ကိလေသာ) ညွန်ကို ကူးမြောက်အပ်၏။ ကာမဟူသော ဆူးငြောင့်ကို နင်းနယ်ချိုးဖျက်အပ်၏။ တွေဝေခြင်း ‘မောဟ’ ကုန်ခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ချမ်းသာဆင်းရဲတို့ကြောင့် မတုန်လှုပ်”ဟု ဤဥဒါနကို ကျူးရင့် တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 3.2 With Nanda So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Nanda, the Buddha’s brother and maternal cousin, informed several mendicants: “I lead the spiritual life dissatisfied. I am unable to keep up the spiritual life. I shall resign the training and return to a lesser life.” Then a mendicant went up to the Buddha, bowed, sat down to one side, and told him what was happening. So the Buddha addressed one of the monks, “Please, monk, in my name tell the mendicant Nanda that the Teacher summons him.” “Yes, sir,” that monk replied. He went to Nanda and said to him, “Reverend Nanda, the Teacher summons you.” “Yes, reverend,” Nanda replied. He went to the Buddha, bowed, and sat down to one side. The Buddha said to him: “Is it really true, Nanda, that you informed several mendicants that you are unable to keep up the spiritual life; that you shall resign the training and return to a lesser life?” “Yes, sir,” he replied. “But why are you so dissatisfied with the spiritual life?” “As I left my house, sir, the finest lady of the Sakyan land, her hair half-combed, glanced at me and said, ‘Hurry back, master.’ Recalling that, I am dissatisfied and shall resign the training.” Then the Buddha took Nanda by the arm and, as easily as a strong person would extend or contract their arm, vanished from Jeta’s Grove and reappeared among the gods of the thirty-three. Now at that time five hundred dove-footed nymphs had come to attend to Sakka, the lord of gods. Then the Buddha said to Nanda, “Nanda, do you see these five hundred dove-footed nymphs?” “Yes, sir,” he replied. “What do you think, Nanda? Who is more attractive, good-looking, and lovely—the finest lady of the Sakyan land, or these five hundred dove-footed nymphs?” “Compared to these five hundred dove-footed nymphs, the finest lady of the Sakyan land is like a deformed monkey with its ears and nose cut off. She doesn’t count, there’s no comparison, she’s not worth a fraction. These five hundred dove-footed nymphs are far more attractive, good-looking, and lovely.” “Rejoice, Nanda, rejoice! I guarantee you five hundred dove-footed nymphs.” “If, sir, you guarantee me five hundred dove-footed nymphs, I shall happily lead the spiritual life under the Buddha.” Then the Buddha took Nanda by the arm and, as easily as a strong person would extend or contract their arm, vanished from the gods of the thirty-three and reappeared at Jeta’s Grove. The mendicants heard, “It seems Venerable Nanda—who is both the Buddha’s half-brother and maternal cousin—leads the spiritual life for the sake of nymphs. And it seems that the Buddha guaranteed him five hundred dove-footed nymphs.” Monks who were his friends accused him of being a hireling and a lackey, “It seems Nanda is a hireling, it seems he is a lackey: he leads the spiritual life for the sake of nymphs. And it seems that the Buddha guaranteed him five hundred dove-footed nymphs.” Then Nanda—embarrassed, ashamed, and disgusted at being called a hireling and a lackey—living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” Venerable Nanda became one of the perfected. Then, late at night, a glorious deity, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and said to him: “Sir, Venerable Nanda—who is both the Buddha’s half-brother and maternal cousin—has realized the undefiled freedom of heart and freedom by wisdom. He lives having realized it with his own insight in this very life due to the ending of defilements.” And the knowledge also came to the Buddha: “Nanda has realized the undefiled freedom of heart and freedom by wisdom. He lives having realized it with his own insight in this very life due to the ending of defilements.” Then, when the night had passed, Nanda went to the Buddha, bowed, sat down to one side, and said to him, “Worthy sir, you guaranteed me five hundred dove-footed nymphs. I release you from that promise.” “Nanda, I encompassed your mind and knew that you had realized the undefiled freedom of heart and freedom by wisdom. And deities also told me about this. As soon as your mind was freed from defilements by not grasping, I was released from that promise.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The mendicant who has crossed over the bog, who has crushed the thorn of sensuality, who has reached the end of delusion, trembles not at pleasure and pain.”
၃။ ယသောဇသုတ္တ
၂၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ယသောဇပ္ပမုခါနိ ပဉ္စမတ္တာနိ ဘိက္ခုသတာနိ သာဝတ္ထိံ အနုပ္ပတ္တာနိ ဟောန္တိ ဘဂဝန္တံ ဒဿနာယ။ တေဓ ခေါ အာဂန္တုကာ ဘိက္ခူ နေဝါသိကေဟိ ဘိက္ခူဟိ သဒ္ဓိံ ပဋိသမ္မောဒမာနာ သေနာသနာနိ ပညာပယမာနာ ပတ္တစီဝရာနိ ပဋိသာမယမာနာ ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ [ဥစ္စာသဒ္ဒမဟာသဒ္ဒါ (က။)] အဟေသုံ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ကေ ပနေတေ, အာနန္ဒ, ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ ကေဝဋ္ဋာ မညေ မစ္ဆဝိလောပေ’’တိ? ‘‘ဧတာနိ, ဘန္တေ, ယသောဇပ္ပမုခါနိ ပဉ္စမတ္တာနိ ဘိက္ခုသတာနိ သာဝတ္ထိံ အနုပ္ပတ္တာနိ ဘဂဝန္တံ ဒဿနာယ။ တေတေ အာဂန္တုကာ ဘိက္ခူ နေဝါသိကေဟိ ဘိက္ခူဟိ သဒ္ဓိံ ပဋိသမ္မောဒမာနာ သေနာသနာနိ ပညာပယမာနာ ပတ္တစီဝရာနိ ပဋိသာမယမာနာ ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ’’တိ။ ‘‘တေနဟာနန္ဒ, မမ ဝစနေန တေ ဘိက္ခူ အာမန္တေဟိ – ‘သတ္ထာ အာယသ္မန္တေ အာမန္တေတီ’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘သတ္ထာ အာယသ္မန္တေ အာမန္တေတီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နေ ခေါ တေ ဘိက္ခူ ဘဂဝါ ဧတဒဝေါစ –
‘‘ကိံ နု တုမှေ, ဘိက္ခဝေ, ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ, ကေဝဋ္ဋာ မညေ မစ္ဆဝိလောပေ’’တိ? ဧဝံ ဝုတ္တေ, အာယသ္မာ ယသောဇော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣမာနိ, ဘန္တေ, ပဉ္စမတ္တာနိ ဘိက္ခုသတာနိ သာဝတ္ထိံ အနုပ္ပတ္တာနိ ဘဂဝန္တံ ဒဿနာယ။ တေမေ အာဂန္တုကာ ဘိက္ခူ နေဝါသိကေဟိ ဘိက္ခူဟိ သဒ္ဓိံ ပဋိသမ္မောဒမာနာ သေနာသနာနိ ပညာပယမာနာ ပတ္တစီဝရာနိ ပဋိသာမယမာနာ ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ’’တိ။ ‘‘ဂစ္ဆထ, ဘိက္ခဝေ, ပဏာမေမိ ဝေါ [ဝေါ ပဏာမေမိ (သဗ္ဗတ္ထ) မ။ နိ။ ၂။၁၅၇ ပဿိတဗ္ဗံ]၊ န ဝေါ မမ သန္တိကေ ဝတ္ထဗ္ဗ’’န္တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပဋိဿုတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ သေနာသနံ သံသာမေတွာ [ပဋိသံသာမေတွာ (သျာ။)] ပတ္တစီဝရမာဒါယ ယေန ဝဇ္ဇီ တေန စာရိကံ ပက္ကမိံသု။ ဝဇ္ဇီသု အနုပုဗ္ဗေန စာရိကံ စရမာနာ ယေန ဝဂ္ဂုမုဒါ နဒီ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဝဂ္ဂုမုဒါယ နဒိယာ တီရေ ပဏ္ဏကုဋိယော ကရိတွာ ဝဿံ ဥပဂစ္ဆိံသု။
အထ ခေါ အာယသ္မာ ယသောဇော ဝဿူပဂတော [ဝဿူပဂတေ (က။)] ဘိက္ခူ အာမန္တေသိ – ‘‘ဘဂဝတာ မယံ, အာဝုသော, ပဏာမိတာ အတ္ထကာမေန ဟိတေသိနာ, အနုကမ္ပကေန အနုကမ္ပံ ဥပါဒါယ။ ဟန္ဒ မယံ, အာဝုသော, တထာ ဝိဟာရံ ကပ္ပေမ ယထာ နော ဝိဟရတံ ဘဂဝါ အတ္တမနော အဿာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော ယသောဇဿ ပစ္စဿောသုံ။ အထ ခေါ တေ ဘိက္ခူ ဝူပကဋ္ဌာ အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရန္တာ တေနေဝန္တရဝဿေန သဗ္ဗေဝ တိဿော ဝိဇ္ဇာ သစ္ဆာကံသု။
အထ ခေါ ဘဂဝါ သာဝတ္ထိယံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ဝေသာလီ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဝေသာလီ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။
အထ ခေါ ဘဂဝါ ဝဂ္ဂုမုဒါတီရိယာနံ ဘိက္ခူနံ စေတသာ စေတော ပရိစ္စ မနသိ ကရိတွာ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘အာလောကဇာတာ ဝိယ မေ, အာနန္ဒ, ဧသာ ဒိသာ, ဩဘာသဇာတာ ဝိယ မေ, အာနန္ဒ, ဧသာ ဒိသာ၊ ယဿံ ဒိသာယံ [ယာယံ (က။)] ဝဂ္ဂုမုဒါတီရိယာ ဘိက္ခူ ဝိဟရန္တိ။ ဂန္တုံ အပ္ပဋိကူလာသိ မေ မနသိ ကာတုံ။ ပဟိဏေယျာသိ တွံ, အာနန္ဒ, ဝဂ္ဂုမုဒါတီရိယာနံ ဘိက္ခူနံ သန္တိကေ ဒူတံ – ‘သတ္ထာ အာယသ္မန္တေ အာမန္တေတိ, သတ္ထာ အာယသ္မန္တာနံ ဒဿနကာမော’’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ယေန အညတရော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ဧဟိ တွံ, အာဝုသော, ယေန ဝဂ္ဂုမုဒါတီရိယာ ဘိက္ခူ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ ဝဂ္ဂုမုဒါတီရိယေ ဘိက္ခူ ဧဝံ ဝဒေဟိ – ‘သတ္ထာ အာယသ္မန္တေ အာမန္တေတိ, သတ္ထာ အာယသ္မန္တာနံ ဒဿနကာမော’’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ သော ဘိက္ခု အာယသ္မတော အာနန္ဒဿ ပဋိဿုတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – မဟာဝနေ ကူဋာဂါရသာလာယံ အန္တရဟိတော ဝဂ္ဂုမုဒါယ နဒိယာ တီရေ တေသံ ဘိက္ခူနံ ပုရတော ပါတုရဟောသိ။ အထ ခေါ သော ဘိက္ခု ဝဂ္ဂုမုဒါတီရိယေ ဘိက္ခူ ဧတဒဝေါစ – ‘‘သတ္ထာ အာယသ္မန္တေ အာမန္တေတိ, သတ္ထာ အာယသ္မန္တာနံ ဒဿနကာမော’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ တဿ ဘိက္ခုနော ပဋိဿုတွာ သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – ဝဂ္ဂုမုဒါယ နဒိယာ တီရေ အန္တရဟိတာ မဟာဝနေ ကူဋာဂါရသာလာယံ ဘဂဝတော သမ္မုခေ ပါတုရဟေသုံ။ တေန ခေါ ပန သမယေန ဘဂဝါ အာနေဉ္ဇေန သမာဓိနာ နိသိန္နော ဟောတိ။ အထ ခေါ တေသံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘ကတမေန နု ခေါ ဘဂဝါ ဝိဟာရေန ဧတရဟိ ဝိဟရတီ’’တိ? အထ ခေါ တေသံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘အာနေဉ္ဇေန ခေါ ဘဂဝါ ဝိဟာရေန ဧတရဟိ ဝိဟရတီ’’တိ။ သဗ္ဗေဝ အာနေဉ္ဇသမာဓိနာ နိသီဒိံသု။
အထ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ ပဌမေ ယာမေ, ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ [စီဝရံ (သဗ္ဗတ္ထ)] ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော ပဌမော ယာမော၊ စိရနိသိန္နာ အာဂန္တုကာ ဘိက္ခူ၊ ပဋိသမ္မောဒတု, ဘန္တေ, ဘဂဝါ အာဂန္တုကေဟိ ဘိက္ခူဟီ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ တုဏှီ အဟောသိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ မဇ္ဈိမေ ယာမေ, ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော မဇ္ဈိမော ယာမော၊ စိရနိသိန္နာ အာဂန္တုကာ ဘိက္ခူ၊ ပဋိသမ္မောဒတု, ဘန္တေ, ဘဂဝါ အာဂန္တုကေဟိ ဘိက္ခူဟီ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ တုဏှီ အဟောသိ။
တတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ ပစ္ဆိမေ ယာမေ, ဥဒ္ဓသ္တေ အရုဏေ, နန္ဒိမုခိယာ ရတ္တိယာ ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော ပစ္ဆိမော ယာမော၊ ဥဒ္ဓသ္တော အရုဏော၊ နန္ဒိမုခီ ရတ္တိ၊ စိရနိသိန္နာ အာဂန္တုကာ ဘိက္ခူ၊ ပဋိသမ္မောဒတု, ဘန္တေ, ဘဂဝါ, အာဂန္တုကေဟိ ဘိက္ခူဟီ’’တိ။
အထ ခေါ ဘဂဝါ တမှာ သမာဓိမှာ ဝုဋ္ဌဟိတွာ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘သစေ ခေါ တွံ, အာနန္ဒ, ဇာနေယျာသိ ဧတ္တကမ္ပိ တေ နပ္ပဋိဘာသေယျ [နပ္ပဋိဘေယျ (?)]။ အဟဉ္စ, အာနန္ဒ, ဣမာနိ စ ပဉ္စ ဘိက္ခုသတာနိ သဗ္ဗေဝ အာနေဉ္ဇသမာဓိနာ နိသီဒိမှာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ ဇိတော ကာမကဏ္ဋကော,
အက္ကောသော စ ဝဓော စ ဗန္ဓနဉ္စ၊
ပဗ္ဗတောဝ [ပဗ္ဗတော ဝိယ (သီ။ သျာ။ ပီ။)] သော ဌိတော အနေဇော,
သုခဒုက္ခေသု န ဝေဓတီ သ ဘိက္ခူ’’တိ။ တတိယံ၊
၃-ယသောဇသုတ် ၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ယသောဇအမှူး ရှိသော ရဟန်းငါးရာတို့သည် သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ ထို အာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်သော အသံ ရှိကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ငါးလုရာ၌ တံငါသည်တို့ကဲ့သို့ ထိုဆူညံသော အသံ ကျယ်လောင်သော အသံရှိသော ထိုသူတို့ကား အဘယ်သူတို့နည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာသော ယသောဇအမှူးရှိသော ရဟန်းငါးရာတို့ပါတည်း။ ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏ဟု (လျှောက်၏)။ အာနန္ဒာသို့ ဖြစ်လျှင် ငါဘုရား၏ စကားတော်ဖြင့် ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ပြောဆိုလော့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ထိုရဟန်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု (လျှောက်၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကုန်၏။ တစ်ခုသောအရပ်၌ နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်- ရဟန်းတို့ သင်တို့သည် အဘယ့်ကြောင့် တံငါသည်တို့ကဲ့သို့ ဆူညံသော အသံ ကျယ်လောင်သောအသံ ရှိကုန်သနည်းဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အသျှင်ယသောဇသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဤရဟန်းငါးရာတို့သည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်း တို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏”ဟု လျှောက်၏။ ရဟန်းတို့သွားကြကုန်လော့၊ သင်တို့ကို ငါနှင်၏။ “သင်တို့သည် ငါ့အထံ၌ မနေရ”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဝဇ္ဇိတိုင်းသို့ ဒေသစာရီ ကြွကြကုန်၏။ ဝဇ္ဇိတိုင်းတို့၌ အစဥ်အတိုင်းဒေသစာရီ လှည့်လည်ကြသော် ဝဂ္ဂုမုဒါမြစ်သို့ ရောက်၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ သစ်ရွက်မိုးကျောင်းတို့ကို ဆောက်လျက် ဝါဆိုကြကုန်၏။ ထိုအခါ အသျှင်ယသောဇသည် ဝါဆိုသော ရဟန်းတို့ကို “ငါ့သျှင်တို့ အကျိုးစီးပွါးကို လိုလား၍ သနားတော်မူတတ်သော မြတ်စွာဘုရားသည် သနားတော်မူခြင်းကြောင့် ငါ့တို့ကို နှင်ထုတ်အပ်ကုန်၏။ ငါ့သျှင်တို့ မြတ်စွာဘုရား နှစ်သက်တော်မူသည့်အတိုင်း ငါတို့နေကြကုန်အံ့”ဟု (မိန့်ဆို၏)။ “ငါ့သျှင်ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်ယသောဇ၏ စကားကို ဝန်ခံ၏။ ထို့နောက် ထိုရဟန်းတို့သည် ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေကြကုန်သော် ထိုဝါတွင်း၌ပင် အလုံးစုံသော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အလိုတော်ရှိသရွေ့ နေပြီးလျှင် ဝေသာလီပြည်သို့ ဖဲကြွတော်မူ၏။ အစဥ်အားဖြင့် ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ဝေသာလီပြည်သို့ ဆိုက်ရောက်တော်မူ၏။ မြတ်စွာဘုရားသည် ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြားသိ၍ အသျှင်အာနန္ဒာကို မိန့်တော်မူ၏ “အာနန္ဒာ ရဟန်းတို့နေသော ဝဂ္ဂုမုဒါ မြစ်ကမ်းနားအရပ်သည် အလင်းရောင်ကဲ့သို့ ငါဘုရားအား ထင်၏။ ငါဘုရားသွားရန် နှလုံးသွင်းရန် နှစ်သက်တော်မူ၏။ အာနန္ဒာ သင်သည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏အထံသို့ ‘အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် အသျှင်ဘုရားတို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏’ဟု တမန် စေလွှတ်လော့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ရဟန်းတစ်ပါးထံသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်းကို ဤသို့ မိန့်ဆို၏ “ငါ့သျှင် လာလော့၊ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့သို့ ချဥ်းကပ်၍ ဤသို့ ဆိုလော့ ‘ငါ့သျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် ငါ့သျှင်တို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏’ဟု ဤသို့ ပြောလော့”ဟု (မိန့်ဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းသည် အသျှင်အာနန္ဒာ၏ (စကားကို) ဝန်ခံ၍ အားရှိသော ယောကျာ်းသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းမှ ကွယ်ခဲ့၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား ထိုရဟန်းတို့၏ ရှေ့၌ ထင်ရှားဖြစ်၏။ ထို့နောက် ထိုရဟန်းသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့ကို “အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် အသျှင်ဘုရားတို့အား တွေ့လို၏”ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ ကျောင်းအိပ်ရာနေရာတို့ကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းတို့ကို ယူဆောင်လျက်အားရှိသော ယောကျာ်းသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဝဂ္ဂုမုဒါမြစ်ကမ်းနားမှ ကွယ်ခဲ့၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထင်ရှားဖြစ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏။ ထိုအခါ ထိုရဟန်းတို့အား “မြတ်စွာဘုရားသည် ယခုအခါ အဘယ်နေခြင်းဖြင့် နေတော်မူသနည်း”ဟု ဤအကြံသည် ဖြစ်၏။ ထိုအခါ ထိုရဟန်းတို့အား “မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏”ဟု ကြံပြီးသော် အလုံးစုံသော ရဟန်းတို့သည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညဥ့်၏ ပဌမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ “အသျှင်ဘုရား ညဥ့်၏ ပဌမယာမ် လွန်ပါပြီ။ အာဂန္တုရဟန်းတို့ ထိုင်နေရသည်မှာ ကြာပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော် မူပါ”ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်၏ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ “အသျှင်ဘုရား ညဥ့်၏ မဇ္ဈိမယာမ် လွန်ပါပြီ။ အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော် မူပါ”ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်၏ ပစ္ဆိမယာမ် လွန်၍ နှစ်သက်ဖွယ် မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်ပြီးလျှင် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ “အသျှင်ဘုရား အလွန်နှစ်သက်ဖွယ်ရှိသော ညဥ့်၏ ပစ္ဆိမယာမ် လွန်ပါပြီ။ အရုဏ်တက်ပါပြီ။ ညဥ့်သည် နှစ်သက်ဖွယ်ရှိသော မျက်နှာကဲ့သို့ ရှိပါပြီ။ အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါကုန်ပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော်မူပါ”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသမာဓိမှ ထ၍ အသျှင်အာနန္ဒာကို “အာနန္ဒာ သင်သည် အကယ်၍သိခဲ့မူ ဤမျှလောက်ကိုပင် သင်သည် မလျှောက်ရာ၊ အာနန္ဒာ ငါဘုရားသည် လည်းကောင်း၊ အလုံးစုံသော ဤရဟန်းငါးရာတို့သည်လည်းကောင်း မတုန်မလှုပ်သော စတုတ္ထဈာန်နှင့်ယှဥ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏”ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား ကာမဆူးငြောင့်ကိုလည်းကောင်း၊ ဆဲရေးခြင်းကိုလည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း အောင်နိုင်၏။ ထိုရဟန်းသည် တောင်ကဲ့သို့ မတုန်မလှုပ် တည်၏။ ထိုရဟန်းသည် ချမ်းသာ ဆင်းရဲတို့ကြောင့် မတုန်လှုပ်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 3.3 With Yasoja So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time five hundred mendicants headed by Yasoja arrived at Sāvatthī to see the Buddha. At that, those visiting mendicants, while exchanging pleasantries with the resident mendicants, preparing their lodgings, and putting away their bowls and robes, made a colossal racket. Then the Buddha said to Venerable Ānanda, “Ānanda, who’s making that colossal racket? You’d think it was fishermen hauling in a catch!” “Sir, those five hundred mendicants headed by Yasoja have arrived at Sāvatthī to see the Buddha. It’s those visiting mendicants who, while exchanging pleasantries with the resident mendicants, preparing their lodgings, and putting away their bowls and robes, made a colossal racket.” “Well then, Ānanda, in my name tell those mendicants that the Teacher summons them.” “Yes, sir,” Ānanda replied. He went to those mendicants and said, “Venerables, the Teacher summons you.” “Yes, reverend,” replied those mendicants. Then they rose from their seats and went to the Buddha, bowed, and sat down to one side. The Buddha said to them, “Mendicants, what’s with that colossal racket? You’d think it was fishermen hauling in a catch!” When he said this, Venerable Yasoja said to the Buddha, “Sir, these five hundred mendicants have arrived at Sāvatthī to see the Buddha. It’s these visiting mendicants who, while exchanging pleasantries with the resident mendicants, preparing their lodgings, and putting away their bowls and robes, made a colossal racket.” “Go away, mendicants, I dismiss you. You are not to stay in my presence.” “Yes, sir,” replied those mendicants. They got up from their seats, bowed and respectfully circled the Buddha, keeping him on their right. They set their lodgings in order and left, taking their bowls and robes. Traveling stage by stage in the land of the Vajjis, they arrived at the Vaggumudā River. They built leaf huts near the riverbank and there they entered the rainy season. Then Venerable Yasoja, having entered the rainy season, addressed the mendicants: “Out of sympathy, reverends, the Buddha dismissed us, wanting what’s best for us. Come, let us live in such a way that the Buddha would be pleased with us.” “Yes, reverend,” they replied. Then those mendicants, living alone, withdrawn, diligent, keen, and resolute, all realized the three knowledges in that same rainy season. When the Buddha had stayed in Sāvatthī as long as he pleased, he set out for Vesālī. Traveling stage by stage, he arrived at Vesālī, where he stayed in the hall with the peaked roof. Then, having applied his mind to comprehending the minds of the mendicants staying on the bank of the Vaggumudā River, the Buddha said to Venerable Ānanda, “A light, it appears to me, has arisen in this quarter, Ānanda; a brightness has arisen. I’m not put off at the thought of going to where the mendicants are staying on the bank of the Vaggumudā River. Send a message to those mendicants: ‘Venerables, the Teacher summons you. He wants to see you.’” “Yes, sir,” Ānanda replied. He went to one of the mendicants and said, “Please, Reverend, go to the mendicants staying on the bank of the Vaggumudā River and say to them, ‘Venerables, the Teacher summons you. He wants to see you.’” “Yes, reverend,” replied that mendicant. Then, as easily as a strong person would extend or contract their arm, he vanished from the Great Wood, in the hall with the peaked roof, and reappeared in front of those mendicants on the bank of the Vaggumudā River. Then he said to those mendicants, “Venerables, the Teacher summons you. He wants to see you.” “Yes, reverend,” replied those mendicants. They set their lodgings in order and took their bowls and robes. Then, as easily as a strong person would extend or contract their arm, they vanished from the bank of the Vaggumudā River, and reappeared in the presence of the Buddha in the Great Wood, in the hall with the peaked roof. But at that time the Buddha was sitting immersed in imperturbable meditation. Then those mendicants thought, “What kind of meditation is the Buddha practicing right now?” They thought, “He is practicing the imperturbable meditation.” They all sat in imperturbable meditation. And then, as the night was getting late, in the first watch of the night, Venerable Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the first watch of the night, and the visiting mendicants have been sitting long. Sir, please greet the visiting mendicants.” But the Buddha kept silent. For a second time, as the night was getting late, in the middle watch of the night, Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the second watch of the night, and the visiting mendicants have been sitting long. Sir, please greet the visiting mendicants.” But for a second time the Buddha kept silent. For a third time, as the night was getting late, in the last watch of the night, as dawn stirred, bringing joy to the night, Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the last watch of the night; dawn stirs, bringing joy to the night, and the visiting mendicants have been sitting long. Sir, please greet the visiting mendicants.” Then the Buddha emerged from that immersion and addressed Ānanda, “If you’d known, Ānanda, you wouldn’t have said so much. Both I and these five hundred mendicants have been sitting in imperturbable meditation.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A mendicant who has beaten <j>the thorn of sensuality— and abuse, killing, and caging— steady as a mountain, imperturbable, trembles not at pleasure and pain.”
၄။ သာရိပုတ္တသုတ္တ
၂၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ သာရိပုတ္တံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယထာပိ ပဗ္ဗတော သေလော, အစလော သုပ္ပတိဋ္ဌိတော၊
ဧဝံ မောဟက္ခယာ ဘိက္ခု, ပဗ္ဗတောဝ န ဝေဓတီ’’တိ။ စတုတ္ထံ၊
၄-သာရိပုတ္တသုတ် ၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဥ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဥ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုုင်နေသော အသျှင်သာရိပုတြာကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကျောက်တောင်ကြီးသည် မတုန်မလှုပ် ကောင်းစွာတည်သကဲ့သို့ ဤအတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် ကျောက်တောင်ကြီးကဲ့သို့ မတုန်လှုပ်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 3.4 With Sāriputta So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was sitting not far from the Buddha, cross-legged, his body set straight, and mindfulness brought to the present. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “As a rocky mountain is unwavering and well grounded, so when delusion ends, a monk, like a mountain, doesn’t tremble.”
၅။ မဟာမောဂ္ဂလ္လာနသုတ္တ
၂၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ကာယဂတာယ သတိယာ အဇ္ဈတ္တံ သူပဋ္ဌိတာယ။ အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ကာယဂတာယ သတိယာ အဇ္ဈတ္တံ သူပဋ္ဌိတာယ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သတိ ကာယဂတာ ဥပဋ္ဌိတာ,
ဆသု ဖဿာယတနေသု သံဝုတော၊
သတတံ ဘိက္ခု သမာဟိတော,
ဇညာ နိဗ္ဗာနမတ္တနော’’တိ။ ပဉ္စမံ၊
၅-မဟာမောဂ္ဂလ္လာနသုတ် ၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဥ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကာယဂတာသတိဖြင့် ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဥ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကောယဂတာ သတိဖြင့် ထိုင်နေသော အသျှင်မဟာမောဂ္ဂလ္လာန်ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန်းအား ကာယဂတာသတိသည် ကောင်းစွာထင်၏။ ထိုရဟန်းသည် ဖဿာယတနခြောက်ပါးတို့၌ စောင့်စည်းကာ အမြဲမပြတ် တည်ကြည်သော သမာဓိ ရှိသည်ဖြစ်၍ မိမိ၏ ကိလေသာချုပ်ငြိမ်းမှု (နိဗ္ဗာန်) ကို (ပစ္စဝေက္ခဏာဉာဏ်ဖြင့်) သိနိုင်ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 3.5 With Mahāmoggallāna So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Mahāmoggallāna was sitting not far from the Buddha, cross-legged, with his body straight and mindfulness of the body well-established in himself. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “With mindfulness of the body established, restrained in the six fields of contact, a mendicant always immersed in samādhi would know extinguishment in themselves.”
၆။ ပိလိန္ဒဝစ္ဆသုတ္တ
၂၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ ပိလိန္ဒဝစ္ဆော [ပိလိန္ဒိဝစ္ဆော (သီ။)] ဘိက္ခူ ဝသလဝါဒေန သမုဒါစရတိ။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အာယသ္မာ, ဘန္တေ, ပိလိန္ဒဝစ္ဆော ဘိက္ခူ ဝသလဝါဒေန သမုဒါစရတီ’’တိ။
အထ ခေါ ဘဂဝါ အညတရံ ဘိက္ခုံ အာမန္တေသိ – ‘‘ဧဟိ တွံ, ဘိက္ခု, မမ ဝစနေန ပိလိန္ဒဝစ္ဆံ ဘိက္ခုံ အာမန္တေဟိ – ‘သတ္ထာ တံ, အာဝုသော ပိလိန္ဒဝစ္ဆ [ဝစ္ဆ (သျာ။)], အာမန္တေတီ’’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ဘိက္ခု ဘဂဝတော ပဋိဿုတွာ ယေနာယသ္မာ ပိလိန္ဒဝစ္ဆော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ပိလိန္ဒဝစ္ဆံ ဧတဒဝေါစ – ‘‘သတ္ထာ တံ, အာဝုသော ပိလိန္ဒဝစ္ဆ, အာမန္တေတီ’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ ပိလိန္ဒဝစ္ဆော တဿ ဘိက္ခုနော ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ပိလိန္ဒဝစ္ဆံ ဘဂဝါ ဧတဒဝေါစ – ‘‘သစ္စံ ကိရ တွံ, ဝစ္ဆ, ဘိက္ခူ ဝသလဝါဒေန သမုဒါစရသီ’’တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မတော ပိလိန္ဒဝစ္ဆဿ ပုဗ္ဗေနိဝါသံ မနသိ ကရိတွာ ဘိက္ခူ အာမန္တေသိ – ‘‘မာ ခေါ တုမှေ, ဘိက္ခဝေ, ဝစ္ဆဿ ဘိက္ခုနော ဥဇ္ဈာယိတ္ထ။ န, ဘိက္ခဝေ, ဝစ္ဆော ဒေါသန္တရော ဘိက္ခူ ဝသလဝါဒေန သမုဒါစရတိ။ ဝစ္ဆဿ, ဘိက္ခဝေ, ဘိက္ခုနော ပဉ္စ ဇာတိသတာနိ အဗ္ဗောကိဏ္ဏာနိ ဗြာဟ္မဏကုလေ ပစ္စာဇာတာနိ။ သော တဿ ဝသလဝါဒေါ ဒီဃရတ္တံ သမုဒါစိဏ္ဏော [အဇ္ဈာစိဏ္ဏော (သျာ။ ပီ။ က။ အဋ္ဌကထာယံ ပါဌန္တရံ)]။ တေနာယံ ဝစ္ဆော ဘိက္ခူ ဝသလဝါဒေန သမုဒါစရတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယမှီ န မာယာ ဝသတီ န မာနော,
ယော ဝီတလောဘော အမမော နိရာသော၊
ပနုဏ္ဏကောဓော [ပဏုန္နကောဓော (ပီ။)] အဘိနိဗ္ဗုတတ္တော,
သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခူ’’တိ။ ဆဋ္ဌံ၊
၆-ပိလိန္ဒဝစ္ဆသုတ် ၂၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု (ခေါ်ဝေါ်) ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပါသည်”ဟု လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ၏စကားဖြင့် ပိလိန္ဒဝစ္ဆရဟန်းကို ‘ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ပြောချေလော့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ အသျှင်ပိလိန္ဒဝစ္ဆထံ ချဥ်းကပ်ပြီးလျှင် အသျှင်ပိလိန္ဒဝစ္ဆကို “ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဆို၏။ “ကောင်းပါပြီ”ဟု အသျှင်ပိလိန္ဒဝစ္ဆသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော အသျှင်ပိလိန္ဒဝစ္ဆကို မြတ်စွာဘုရားသည် “ဝစ္ဆ သင်သည် ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ် ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏ဟု ကြားရသည်ကားမှန်သလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမှန်ပါ၏ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပိလိန္ဒဝစ္ဆ၏ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို နှလုံးသွင်းတော်မူ၍ ရဟန်းတို့ကို ရဟန်းတိုု့ သင်တို့သည် ဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ရဟန်းတို့ ဝစ္ဆသည် ဒေါသစိတ် ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုသည် မဟုတ်၊ ရဟန်းတို့ ဝစ္ဆရဟန်းသည် ဘဝငါးရာတို့ပတ်လုံး ပုဏ္ဏားမျိုး၌ အဆက်မပြတ် ဖြစ်ခဲ့ဖူး၏။ ထိုဝစ္ဆရဟန်းသည် ထိုသူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းကို ညဥ့်နေ့ရှည်စွာ လေ့ကျက်ခဲ့ဖူး၏။ ထို့ကြောင့် ဤဝစ္ဆရဟန်းသည် ရဟန်းတို့ကို သူယုတ်-ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုနေ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် လှည့်ပတ်မှု ‘မာယာ’ ထောင်လွှားမှု ‘မာန’ မရှိ၊ လောဘ ကင်း၏။ မြတ်နိုးမှု မရှိ၊ တောင့်တမှု ‘အာသာ’ မရှိ၊ အမျက် ‘ဒေါသ’ကို ပယ်နုတ်ပြီး ဖြစ်၏။ ငြိမ်းအေးပြီးသော စိတ်ရှိ၏။ ထိုပုဂ္ဂိုလ်သည် မကောင်းမှုမှ အပပြုပြီးသူ ‘ဗြာဟ္မဏလည်း မည်၏။ မကောင်းမှုမှ ငြိမ်းအေးပြီးသူ ‘သမဏ’လည်း မည်၏။ ကိလေသာကို ဖျက်ဆီးပြီးသူ ‘ဘိက္ခု’လည်း မည်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 3.6 With Pilindavaccha So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Pilindavaccha addressed the mendicants as “lowlifes”. Then several mendicants went up to the Buddha, bowed, sat down to one side, and said to him, “Sir, Venerable Pilindavaccha addresses the mendicants as ‘lowlifes’.” So the Buddha addressed one of the monks, “Please, monk, in my name tell the mendicant Pilindavaccha that the Teacher summons him.” “Yes, sir,” that monk replied. He went to Pilindavaccha and said to him, “Reverend Pilindavaccha, the Teacher summons you.” “Yes, reverend,” Pilindavaccha replied. He went to the Buddha, bowed, and sat down to one side. The Buddha said to him: “Is it really true, Vaccha, that you addressed the mendicants as ‘lowlifes’?” “Yes, sir,” he replied. Then, having applied his mind to Pilindavaccha’s past lives, the Buddha said to the mendicants, “Mendicants, don’t complain about the mendicant Vaccha. He doesn’t address the mendicants as ‘lowlifes’ out of hate. For five hundred lives without interruption he was reborn in a brahmin family. For a long time, he has addressed people as ‘lowlife’. That’s why he addresses the mendicants as ‘lowlifes’.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “In whom dwells no deceit or conceit, rid of greed, unselfish, <j>with no need for hope, with anger cast aside, quenched: they are a brahmin, an ascetic, a mendicant.”
၇။ သက္ကုဒါနသုတ္တ
၂၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာကဿပေါ ပိပ္ပလိဂုဟာယံ ဝိဟရတိ, သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ အညတရံ [နိသိန္နော အညတရံ (သျာ။ က။)] သမာဓိံ သမာပဇ္ဇိတွာ။ အထ ခေါ အာယသ္မာ မဟာကဿပေါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌာသိ။ အထ ခေါ အာယသ္မတော မဟာကဿပဿ တမှာ သမာဓိမှာ ဝုဋ္ဌိတဿ ဧတဒဟောသိ – ‘‘ယံနူနာဟံ ရာဇဂဟံ ပိဏ္ဍာယ ပဝိသေယျ’’န္တိ။
တေန ခေါ ပန သမယေန ပဉ္စမတ္တာနိ ဒေဝတာသတာနိ ဥဿုက္ကံ အာပန္နာနိ ဟောန္တိ အာယသ္မတော မဟာကဿပဿ ပိဏ္ဍပါတပဋိလာဘာယ။ အထ ခေါ အာယသ္မာ မဟာကဿပေါ တာနိ ပဉ္စမတ္တာနိ ဒေဝတာသတာနိ ပဋိက္ခိပိတွာ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။
တေန ခေါ ပန သမယေန သက္ကော ဒေဝါနမိန္ဒော အာယသ္မတော မဟာကဿပဿ ပိဏ္ဍပါတံ ဒါတုကာမော ဟောတိ။ ပေသကာရဝဏ္ဏံ အဘိနိမ္မိနိတွာ တန္တံ ဝိနာတိ။ သုဇာ [သုဇာတာ (သျာ။ ပီ။ က။)] အသုရကညာ တသရံ ပူရေတိ။ အထ ခေါ အာယသ္မာ မဟာကဿပေါ ရာဇဂဟေ သပဒါနံ ပိဏ္ဍာယ စရမာနော ယေန သက္ကဿ ဒေဝါနမိန္ဒဿ နိဝေသနံ တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သက္ကော ဒေဝါနမိန္ဒော အာယသ္မန္တံ မဟာကဿပံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဃရာ နိက္ခမိတွာ ပစ္စုဂန္တွာ ဟတ္ထတော ပတ္တံ ဂဟေတွာ ဃရံ ပဝိသိတွာ [ပဝိသေတွာ (က။)] ဃဋိယာ ဩဒနံ ဥဒ္ဓရိတွာ ပတ္တံ ပူရေတွာ အာယသ္မတော မဟာကဿပဿ အဒါသိ။ သော အဟောသိ ပိဏ္ဍပါတော အနေကသူပေါ အနေကဗျဉ္ဇနော အနေကရသဗျဉ္ဇနော [အနေကသူပရသဗျဉ္ဇနော (သီ။ ပီ။)]။ အထ ခေါ အာယသ္မတော မဟာကဿပဿ ဧတဒဟောသိ – ‘‘ကော နု ခေါ အယံ သတ္တော ယဿာယံ ဧဝရူပေါ ဣဒ္ဓါနုဘာဝေါ’’တိ? အထ ခေါ အာယသ္မတော မဟာကဿပဿ ဧတဒဟောသိ – ‘‘သက္ကော ခေါ အယံ ဒေဝါနမိန္ဒော’’တိ။ ဣတိ ဝိဒိတွာ သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘‘ကတံ ခေါ တေ ဣဒံ, ကောသိယ၊ မာ [မာဿု (သီ။ သျာ။)] ပုနပိ ဧဝရူပမကာသီ’’တိ။ ‘‘အမှာကမ္ပိ, ဘန္တေ ကဿပ, ပုညေန အတ္ထော၊ အမှာကမ္ပိ ပုညေန ကရဏီယ’’န္တိ။
အထ ခေါ သက္ကော ဒေဝါနမိန္ဒော အာယသ္မန္တံ မဟာကဿပံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ တိက္ခတ္တုံ ဥဒါနံ ဥဒါနေသိ – ‘‘အဟော ဒါနံ ပရမဒါနံ [ပရမံ ဒါနံ (ပီ။ က။)] ကဿပေ သုပ္ပတိဋ္ဌိတံ! အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတံ!! အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတ’’န္တိ!!! အဿောသိ ခေါ ဘဂဝါ ဒိဗ္ဗာယ သောတဓာတုယာ ဝိသုဒ္ဓါယ အတိက္ကန္တမာနုသိကာယ သက္ကဿ ဒေဝါနမိန္ဒဿ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ တိက္ခတ္တုံ ဥဒါနံ ဥဒါနေန္တဿ – ‘‘အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတံ! အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတံ!! အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတ’’န္တိ!!!
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ပိဏ္ဍပါတိကဿ ဘိက္ခုနော,
အတ္တဘရဿ အနညပေါသိနော၊
ဒေဝါ ပိဟယန္တိ တာဒိနော,
ဥပသန္တဿ သဒါ သတီမတော’’တိ။ သတ္တမံ၊
၇-သက္ကုဒါနသုတ် ၂၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ တစ်ခုသော (နိရောဓသမာပတ်) သမာဓိကို ဝင်စားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုခုနစ်ရက်ကို လွန်သဖြင့် (နိရောဓသမာပတ်) သမာဓိမှ ထတော်မူ၏။ ထိုအခါ (နိရောဓသမာပတ်) သမာဓိမှထသော အသျှင်မဟာကဿပအား “ငါသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြစိုက်နေကြကုန်၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ဆွမ်းမလောင်းရန် တားမြစ်၍ နံနက်ချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပအား ဆွမ်းလှူလိုရကား ရက်ကန်းသည်အသွင်ကို ဖန်ဆင်း၍ ရက်ကန်း ရက်နေ၏။ အသုရာ၏သမီး သုဇာသည် ရက်ဖောက် ရောက်၏။ ထိုအခါ အသျှင်မဟာကဿပသည် ရာဇဂြိုဟ်မြို့၌ အိမ်စဥ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် နတ်တို့ အရှင်သိကြားမင်း၏ နေအိမ်သို့ ချဥ်းကပ်၏။ နတ်တို့အရှင် သိကြားမင်းသည် ကြွလာသော အသျှင်မဟာကဿပကို အဝေးကပင် မြင်၍ အိမ်မှ ထွက်ပြီးလျှင် ခရီးဦးကြိုဆို၍ လက်မှ သပိတ်ကို ယူပြီးလျှင်အိမ်သို့ ဝင်ကာ ထမင်းအိုးမှ ထမင်းကို ခူး၍ သပိတ်ကို ပြည့်စေလျက် အသျှင်မဟာကဿပအား ပေးလှူ၏။ ထိုဆွမ်းသည် (ပဲနောက်စသော) အမျိုးမျိုးသော ဟင်း အထူးထူးအပြားပြားသော လက်သုတ်ဟင်းလျာ အရသာအမျိုးမျိုးရှိသော စားမဲဟင်းလျာ ရှိ၏။ ထိုအခါ အသျှင်မဟာကဿပအား “ဤသို့ သဘောရှိသောတန်ခိုးအာနုဘော်ရှိသည့် ဤပုဂ္ဂိုလ်ကား အဘယ်သူနည်း”ဟု အကြံဖြစ်၏။ ထို့နောက်အသျှင်မဟာကဿပအား “ဤပုဂ္ဂိုလ်ကား နတ်တို့အရှင် သိကြားမင်းတည်း”ဟု သိ၍ နတ်တို့အရှင်သိကြားမင်းကို “ကောသိယ သင်သည် ဤအမှုကို ပြုဘိ၏။ ဤသို့ သဘောရှိသော အမှုကို နောက်တစ်ဖန်မပြုလင့်”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမဟာကဿပ တပည့်တော်တို့ သည်လည်း ကုသိုလ်ကောင်းမှုကို အလိုရှိကြပါ၏။ တပည့်တော်တို့သည်လည်း ကုသိုလ်ကောင်းမှုကို ပြုထိုက်ပါသေးသည်ဟု (လျှောက်၏)။ ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် “အသျှင်မဟာကဿပ၌ ကောင်းစွာ တည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း။ အသျှင်မဟာကဿပ၌ တည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း။ အသျှင်မဟာကဿပ၌ တည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း”ဟု သုံးကြိမ်တိုင်တိုင်ဥဒါနကျူးရင့်၏။ ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် “အသျှင်မဟာကဿပ၌ ကောင်းစွာတည်သော ဒါနသည် အံ့ဩဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း”ဟု သုံးကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း၏ ဥဒါနကျူးရင့်သံကို လူတို့၏ နားအကြားကို လွန်သော နတ်တို့၏ သောတပသာဒနှင့်တူသော စင်ကြယ်သော ဒိဗ္ဗသောတအဘိညာဥ်ဖြင့် မြတ်စွာဘုရားသည် ကြားတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍အမြဲမပြတ် သတိရှိသော ကိလေသာငြိမ်းအေး၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 3.7 Sakka’s Heartfelt Saying So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Mahākassapa was staying in the Pipphali cave. Having entered a certain state of immersion, he sat cross-legged for seven days without moving. When seven days had passed, Mahākassapa emerged from that state of immersion. It occurred to him, “Why not enter Rājagaha for almsfood?” Now at that time five hundred deities were ready and eager for the chance to offer alms to Mahākassapa. But Mahākasspa turned down those deities. In the morning, he robed up, took his bowl and robe, and entered Rājagaha for alms. Now at that time Sakka, lord of gods, wished to give alms to Mahākassapa. Having manifested in the appearance of an embroiderer, he wove the thread. The titan maiden Sujā spun it onto the spindle. Then, as Mahākassapa wandered indiscriminately for almsfood in Rājagaha, he approached Sakka’s house. Seeing Mahākassapa coming off in the distance, Sakka came out of his house, greeted him, and took the bowl from his hand. He re-entered the house and filled the bowl with rice from the pot. That almsfood had many tasty soups and sauces. Then it occurred to Mahākassapa, “Now, what being is this who has such psychic power?” It occurred to him, “This is Sakka, lord of gods.” Knowing this, he said to Sakka, “This is your doing, Kosiya; don’t do such a thing again.” “But Honorable Kassapa, we too need merit! We too ought to make merit.” Then Sakka bowed and respectfully circled Mahākassapa, keeping him on his right. Then he rose into the air and, sitting cross-legged in midair, expressed this heartfelt sentiment three times: “Oh the gift, the best gift is well established in Kassapa! Oh the gift, the best gift is well established in Kassapa! Oh the gift, the best gift is well established in Kassapa!” With clairaudience that is purified and superhuman, the Buddha heard Sakka express this heartfelt sentiment while sitting in the sky. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A mendicant who relies on alms, self-supported, providing for no other; the unaffected one is envied by even the gods, calm and ever mindful.”
၈။ ပိဏ္ဍပါတိကသုတ္တ
၂၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာနံ ဘိက္ခူနံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ ကရေရိမဏ္ဍလမာဠေ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ –
‘‘ပိဏ္ဍပါတိကော, အာဝုသော, ဘိက္ခု ပိဏ္ဍာယ စရန္တော လဘတိ ကာလေန ကာလံ မနာပိကေ စက္ခုနာ ရူပေ ပဿိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ သောတေန သဒ္ဒေ သောတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ဃာနေန ဂန္ဓေ ဃာယိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ဇိဝှါယ ရသေ သာယိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ကာယေန ဖောဋ္ဌဗ္ဗေ ဖုသိတုံ။ ပိဏ္ဍပါတိကော, အာဝုသော, ဘိက္ခု သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော ပိဏ္ဍာယ စရတိ။ ဟန္ဒာဝုသော, မယမ္ပိ ပိဏ္ဍပါတိကာ ဟောမ။ မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ စက္ခုနာ ရူပေ ပဿိတုံ, မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ သောတေန သဒ္ဒေ သောတုံ, မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ ဃာနေန ဂန္ဓေ ဃာယိတုံ, မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ ဇိဝှါယ ရသေ သာယိတုံ, မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ ကာယေန ဖောဋ္ဌဗ္ဗေ ဖုသိတုံ၊ မယမ္ပိ သက္ကတာ ဂရုကတာ မာနိတာ ပူဇိတာ အပစိတာ ပိဏ္ဍာယ စရိဿာမာ’’တိ။ အယဉ္စရဟိ တေသံ ဘိက္ခူနံ အန္တရာကထာ ဟောတိ ဝိပ္ပကတာ။
အထ ခေါ ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ကရေရိမဏ္ဍလမာဠော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ကာယ နုတ္ထ, ဘိက္ခဝေ, ဧတရဟိ ကထာယ သန္နိသိန္နာ, ကာ စ ပန ဝေါ အန္တရာကထာ ဝိပ္ပကတာ’’တိ?
‘‘ဣဓ, ဘန္တေ, အမှာကံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ ကရေရိမဏ္ဍလမာဠေ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ –
‘ပိဏ္ဍပါတိကော, အာဝုသော, ဘိက္ခု ပိဏ္ဍာယ စရန္တော လဘတိ ကာလေန ကာလံ မနာပိကေ စက္ခုနာ ရူပေ ပဿိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ သောတေန သဒ္ဒေ သောတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ဃာနေန ဂန္ဓေ ဃာယိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ဇိဝှါယ ရသေ သာယိတုံ, လဘတိ ကာလေန ကာလံ မနာပိကေ ကာယေန ဖောဋ္ဌဗ္ဗေ ဖုသိတုံ။ ပိဏ္ဍပါတိကော, အာဝုသော, ဘိက္ခု သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော ပိဏ္ဍာယ စရတိ။ ဟန္ဒာဝုသော, မယမ္ပိ ပိဏ္ဍပါတိကာ ဟောမ။ မယမ္ပိ လစ္ဆာမ ကာလေန ကာလံ မနာပိကေ စက္ခုနာ ရူပေ ပဿိတုံ…ပေ… ကာယေန ဖောဋ္ဌဗ္ဗေ ဖုသိတုံ။ မယမ္ပိ သက္ကတာ ဂရုကတာ မာနိတာ ပူဇိတာ အပစိတာ ပိဏ္ဍာယ စရိဿာမာ’တိ။ အယံ ခေါ နော, ဘန္တေ, အန္တရာကထာ ဝိပ္ပကတာ, အထ ဘဂဝါ အနုပ္ပတ္တော’’တိ။
‘‘န ခွေတံ, ဘိက္ခဝေ, တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧဝရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ, ဘိက္ခဝေ, ဒွယံ ကရဏီယံ – ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ပိဏ္ဍပါတိကဿ ဘိက္ခုနော,
အတ္တဘရဿ အနညပေါသိနော၊
ဒေဝါ ပိဟယန္တိ တာဒိနော,
နော စေ သဒ္ဒသိလောကနိဿိတော’’တိ။ အဋ္ဌမံ၊
၈-ပိဏ္ဍပါတိကသုတ် ၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။ ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ်ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့ဟု ထိုရဟန်းတို့၏ ဤကြားညှပ်စကားသည် မပြီးပြတ်သေး။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်းသို့ ချဥ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင်ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကြ ကုန်သနည်း? သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤအရပ်၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သောတပည့်တော်တို့အား ဤကြားညှပ် စကားသည် ဖြစ်ပါ၏။ ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ်ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့။ အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားပါတည်း။ ထိုအခါ မြတ်စွာဘုရားသည် ကြွရောက်လာပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြသော အမျိုးကောင်းသားတို့အား ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ ရဟန်းတို့စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော်လည်းကောင်း ဤနှစ်ပါးကိုသာ ပြုသင့်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရဟန်းသည် မျက်မှောက် မျက်ကွယ်၌ ချီးမွမ်းကျော်စောသံကိုမှီသူ အကယ်၍ မဖြစ်ခဲ့မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍ တာဒိဂုဏ်နှင့်ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 3.8 One Who Eats Only Almsfood So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time, after the meal, on return from almsround, several mendicants sat together in the pavilion by the kareri tree and this discussion came up among them: “Reverends, when a mendicant who eats only almsfood is wandering for alms, from time to time they get to see pleasing sights, hear pleasing sounds, smell pleasing odors, taste pleasing flavors, and encounter pleasing touches. They wander for alms being honored, respected, revered, venerated, and esteemed. Come, we too should eat only almsfood. From time to time we too will get to see pleasing sights, hear pleasing sounds, smell pleasing odors, taste pleasing flavors, and encounter pleasing touches. We too shall wander for alms being honored, respected, revered, venerated, and esteemed.” At that point the conversation among those mendicants was left unfinished. Then in the late afternoon, the Buddha came out of retreat and went to the pavilion by the kareri tree, where he sat down on the seat spread out and addressed the mendicants: “Mendicants, what were you sitting talking about just now? What conversation was left unfinished?” So the mendicants told him what they had been talking about. The Buddha said, “Mendicants, it is not appropriate for you gentlemen who have gone forth out of faith from the lay life to homelessness to talk about such things. When you’re sitting together you should do one of two things: discuss the teachings or keep noble silence.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A mendicant who relies on alms, self-supported, providing for no other; the unaffected one is envied by even the gods, but not if they’re after popularity and reputation.”
၉။ သိပ္ပသုတ္တ
၂၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာနံ ဘိက္ခူနံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ မဏ္ဍလမာဠေ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ – ‘‘ကော နု ခေါ, အာဝုသော, သိပ္ပံ ဇာနာတိ? ကော ကိံ သိပ္ပံ သိက္ခိ? ကတရံ သိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ?
တတ္ထေကစ္စေ ဧဝမာဟံသု – ‘‘ဟတ္ထိသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘အဿသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ရထသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ဓနုသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ထရုသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘မုဒ္ဒါသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ဂဏနာသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘သင်္ခါနသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘လေခါသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ကာဝေယျသိပ္ပံ [ကာဗျသိပ္ပံ (သျာ။)] သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘လောကာယတသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ခတ္တဝိဇ္ဇာသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ။ အယဉ္စရဟိ တေသံ ဘိက္ခူနံ အန္တရာကထာ ဟောတိ ဝိပ္ပကတာ။
အထ ခေါ ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန မဏ္ဍလမာဠော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ကာယ နုတ္ထ, ဘိက္ခဝေ, ဧတရဟိ ကထာယ သန္နိသိန္နာ, ကာ စ ပန ဝေါ အန္တရာကထာ ဝိပ္ပကတာ’’တိ?
‘‘ဣဓ, ဘန္တေ, အမှာကံ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာနံ မဏ္ဍလမာဠေ သန္နိသိန္နာနံ အယမန္တရာကထာ ဥဒပါဒိ – ‘ကော နု ခေါ, အာဝုသော, သိပ္ပံ ဇာနာတိ? ကော ကိံ သိပ္ပံ သိက္ခိ? ကတရံ သိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ?
‘‘တတ္ထေကစ္စေ ဧဝမာဟံသု – ‘ဟတ္ထိသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘အဿသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘ရထသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘ဓနုသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘ထရုသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ, ဧကစ္စေ ဧဝမာဟံသု – ‘မုဒ္ဒါသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ ဧကစ္စေ ဧဝမာဟံသု – ‘ဂဏနာသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘သင်္ခါနသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘လေခါသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘ကာဝေယျသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘လောကာယတသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ၊ ဧကစ္စေ ဧဝမာဟံသု – ‘ခတ္တဝိဇ္ဇာသိပ္ပံ သိပ္ပါနံ အဂ္ဂ’န္တိ။ အယံ ခေါ နော, ဘန္တေ, အန္တရာကထာ ဟောတိ ဝိပ္ပကတာ, အထ ဘဂဝါ အနုပ္ပတ္တော’’တိ။
‘‘န ခွေတံ, ဘိက္ခဝေ, တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧဝရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ, ဘိက္ခဝေ, ဒွယံ ကရဏီယံ – ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အသိပ္ပဇီဝီ လဟု အတ္ထကာမော,
ယတိန္ဒြိယော သဗ္ဗဓိ ဝိပ္ပမုတ္တော၊
အနောကသာရီ အမမော နိရာသော,
ဟိတွာ မာနံ ဧကစရော သ ဘိက္ခူ’’တိ။ နဝမံ၊
၉-သိပ္ပသုတ် ၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော ရဟန်းတို့အား “ငါ့သျှင်တို့အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို သိသနည်း? အဘယ်သူသည် အဘယ်အတတ်ကို သင်ယူသနည်း? အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံးနည်း”ဟူ၍ ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။ ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က “အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “မြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ရထားအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လေးအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “သန်လျက်စသော လက်နက်အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ဂဏန်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည်အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “အက္ခရာစာရေးအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ကဗျာဖွဲ့ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လောကာယတကျမ်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့အား မပြီးပြတ်သေးသော ဤကြားညှပ်စကားသည် ဖြစ်ပေါ်၏။ ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် တန်ဆောင်းဝန်းသို့ ချဥ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို “ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း? သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော တပည့်တော်တို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။ “ငါ့သျှင်တို့ အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို တတ်သနည်း? အဘယ်သူသည် အဘယ်အတတ်ကို သင်သနည်း? အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံး ဖြစ်သနည်း”ဟု ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။ ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က “အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “မြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ရထားအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လေးအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “အတတ်တို့တွင် သန်လျက်စသော လက်နက် အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လက်ဆစ်ချိုးရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ဂဏန်းရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး”ဟု ဆို ကြကုန်၏။ အချို့တို့က “အက္ခရာစာရေးအတတ်သည်အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “ကဗျာဖွဲ့ခြင်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “လောကာယတကျမ်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အချို့တို့က “မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး”ဟု ဆိုကြကုန်၏။ အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားဖြစ်ပါ၏။ ထိုအခါ မြတ်စွာဘုရား ကြွရောက်လာပါသည်ဟု (လျှောက်ထားကုန်၏)။ ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော သင် အမျိုးကောင်းသားတို့သည် ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါးကိုသာပြုသင့်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် အတတ်ကိုမှီ၍ အသက်မွေးလေ့ မရှိ၊ ပေါ့ပါး၏။ အကျိုးစီးပွါးကို အလိုရှိ၏။ ဣန္ဒြေကို စောင့်စည်း၏။ ဘဝအလုံးစုံတို့မှ ကင်းလွတ်၏။ အာယတနခြောက်ပါးတို့၌ သက်ဝင်သော စိတ်မရှိ၊ မြတ်နိုးမှု မရှိ၊ တောင့်တမှု မရှိ၊ မာနကို စွန့်၍ တစ်ယောက်တည်း ကျင့်၏။ ထိုပုဂ္ဂိုလ်သည်သာ ဘိက္ခုမည်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 3.9 Professions So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time, after the meal, on return from almsround, several mendicants sat together in the pavilion and this discussion came up among them: “Who knows a craft? Who is studying which craft? Which is the best craft?” In answer, some said that elephant-craft is the best of crafts. Others said that the best craft is horse-craft, or chariot-craft, or archery, or swordsmanship, or arithmetic, or accounting, or calculating, or writing, or poetry, or cosmology, or geomancy. At that point the conversation among those mendicants was left unfinished. Then in the late afternoon, the Buddha came out of retreat and went to the assembly hall. He sat down on the seat spread out, and addressed the mendicants: “Mendicants, what were you sitting talking about just now? What conversation was left unfinished?” So the mendicants told him what they had been talking about when the Buddha arrived. The Buddha said, “Mendicants, it is not appropriate for you gentlemen who have gone forth out of faith from the lay life to homelessness to talk about such things. When you’re sitting together you should do one of two things: discuss the teachings or keep noble silence.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Living without a craft, light, wanting what is best, with senses controlled, everywhere free; a migrant with no bastion, unselfish, <j>with no need for hope, having given up conceit, wandering alone: <j>that is a mendicant.”
၁၀။ လောကသုတ္တ
၃၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ဝိမုတ္တိသုခပဋိသံဝေဒီ။
အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ဝုဋ္ဌဟိတွာ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေသိ။ အဒ္ဒသာ ခေါ ဘဂဝါ ဗုဒ္ဓစက္ခုနာ ဝေါလောကေန္တော သတ္တေ အနေကေဟိ သန္တာပေဟိ သန္တပ္ပမာနေ, အနေကေဟိ စ ပရိဠာဟေဟိ ပရိဍယှမာနေ – ရာဂဇေဟိပိ, ဒေါသဇေဟိပိ, မောဟဇေဟိပိ [မောဟဇေဟိပီတိ (သဗ္ဗတ္ထ)]။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အယံ လောကော သန္တာပဇာတော,
ဖဿပရေတော ရောဂံ ဝဒတိ အတ္တတော၊
ယေန ယေန ဟိ မညတိ [ယေန ဟိ မညတိ (သျာ။ ပီ။)],
တတော တံ ဟောတိ အညထာ။
‘‘အညထာဘာဝီ ဘဝသတ္တော လောကော,
ဘဝပရေတော ဘဝမေဝါဘိနန္ဒတိ၊
ယဒဘိနန္ဒတိ တံ ဘယံ,
ယဿ ဘာယတိ တံ ဒုက္ခံ၊
ဘဝဝိပ္ပဟာနာယ ခေါ ပနိဒံ ဗြဟ္မစရိယံ ဝုဿတိ’’။
‘‘‘ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဘဝေန ဘဝဿ ဝိပ္ပမောက္ခမာဟံသု, သဗ္ဗေ တေ အဝိပ္ပမုတ္တာ ဘဝသ္မာ’တိ ဝဒါမိ။ ‘ယေ ဝါ ပန ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဝိဘဝေန ဘဝဿ နိဿရဏမာဟံသု, သဗ္ဗေ တေ အနိဿဋာ ဘဝသ္မာ’တိ ဝဒါမိ။
‘‘ဥပဓိဉှိ ပဋိစ္စ ဒုက္ခမိဒံ သမ္ဘောတိ, သဗ္ဗုပါဒါနက္ခယာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။ လောကမိမံ ပဿ၊ ပုထူ အဝိဇ္ဇာယ ပရေတာ ဘူတာ ဘူတရတာ အပရိမုတ္တာ၊ ယေ ဟိ ကေစိ ဘဝါ သဗ္ဗဓိ သဗ္ဗတ္ထတာယ သဗ္ဗေ တေ ဘဝါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’’တိ။
‘‘ဧဝမေတံ ယထာဘူတံ, သမ္မပ္ပညာယ ပဿတော၊
ဘဝတဏှာ ပဟီယတိ, ဝိဘဝံ နာဘိနန္ဒတိ။
‘‘သဗ္ဗသော တဏှာနံ ခယာ,
အသေသဝိရာဂနိရောဓော နိဗ္ဗာနံ၊
တဿ နိဗ္ဗုတဿ ဘိက္ခုနော,
အနုပါဒါ [အနုပါဒါနာ (သီ။)] ပုနဗ္ဘဝေါ န ဟောတိ၊
အဘိဘူတော မာရော ဝိဇိတသင်္ဂါမော,
ဥပစ္စဂါ သဗ္ဗဘဝါနိ တာဒီ’’တိ။ ဒသမံ၊
နန္ဒဝဂ္ဂေါ တတိယော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ကမ္မံ နန္ဒော ယသောဇော စ, သာရိပုတ္တော စ ကောလိတော၊
ပိလိန္ဒော [ပိလိန္ဒိ (သီ။)] ကဿပေါ ပိဏ္ဍော, သိပ္ပံ လောကေန တေ ဒသာတိ။
၁၀-လောကသုတ် ၃၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်ခါစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်ရင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဥ်ခွေကာ ဖလသမာပတ်ချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထိုသမာဓိမှ ထ၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူ၏။ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုလတ်သော် ရာဂကြောင့်လည်းဖြစ်ကုန် ဒေါသကြောင့်လည်းဖြစ်ကုန် မောဟကြောင့်လည်းဖြစ်ကုန်သော များစွာသော ပူပန်ခြင်းတို့ဖြင့် ပူပန်ကုန်သော များစွာသော ပူလောင်ခြင်းတို့ဖြင့် ပူလောင်ကုန်သော သတ္တဝါတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏။ (ဆင်းရဲ) တွေ့ထိမှုဖြင့် နှိပ်စက်၏။ အနာရောဂါကို အတ္တဟူ၍ပြောဆို၏။ လူအပေါင်းသည် အကြင်အကြင် အကြောင်းဖြင့် မှတ်ထင်၏။ ထိုအကြောင်းသည် ထိုအောက်မေ့သည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏။ ဘဝ၌ ကပ်ငြိသော လောကသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘဝဖြင့်နှိပ်စက်အပ်သည် ဖြစ်လျက် ဘဝကိုပင် နှစ်သက်၏။ အကြင်ဘဝကို နှစ်သက်၏။ ထိုဘဝသည် ဘေးဖြစ်၏။ အကြင်ဇရာ စသည်မှ ကြောက်၏။ ထိုဇရာသည် ဆင်းရဲမည်၏။ ဘဝကို ပယ်ခြင်းငှါသာလျှင် ဤဗြဟ္မစရိယကို ကျင့်သုံး၏။ ဘဝဖြင့် ဘဝမှ လွတ်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် ဘဝမှ မလွတ်မြောက်ကုန်ဟု (ငါဘုရား) ဆို၏။ ဘဝကင်းပြတ်မှုဖြင့် ဘဝမှ ထွက်မြောက်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် ‘ဘဝမှ မထွက်မြောက်ကုန်’ဟု (ငါဘုရား) ဆို၏။ မှန်၏။ ခန္ဓာငါးပါးဟူသော ဥပဓိကို စွဲ၍ ဤဆင်းရဲသည် ဖြစ်၏။ အလုံးစုံ စွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာ၏ ကုန်ခြင်းကြောင့် ဆင်းရဲဖြစ်ပေါ်မှု မရှိ၊ ဤလောကကို ကြည့်လော့၊ အဝိဇ္ဇာဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါများစွာတို့သည် သားမယားတို့၌ မွေ့လျော်ကုန်သည်ဖြစ်၍ ဘဝမှ မလွတ်နိုင်ကုန်။ ခပ်သိမ်းသောအရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘဝတို့သည် ရှိကုန်၏။ မမြဲကုန်။ ဆင်းရဲကုန်၏။ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။ “ဤသဘောကိုဟုတ်တိုင်းမှန်စွာ ကောင်းသော ဝိပဿနာပညာဖြင့် ရှုသူသည် ဘဝတဏှာကို ပယ်နိုင်၏။ ဘဝကင်းပြတ်မှု ‘ဥစ္ဆေဒ’ကို မနှစ်သက်၊ အချင်းခပ်သိမ်း တဏှာတို့၏ ကုန်ခြင်းကြောင့် အကြွင်းမဲ့ ရာဂကင်းချုပ်ရာသည် နိဗ္ဗာန်မည်၏။ ထိုကိလေသာ ငြိမ်းအေးပြီးသော ရဟန်းအား စွဲလမ်းမှု မရှိသောကြောင့် ဘဝသစ် မဖြစ်၊ မာရ်မင်းကို နှိပ်စက်၍ အောင်အပ်ပြီး စစ်မြေပြင်ရှိ၏။ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် ဘဝအလုံးစုံတို့ကို ကောင်းစွာလွန်နိုင်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ သုံးခုမြောက် နန္ဒဝဂ် ပြီး၏။
Heartfelt Sayings 3.10 The World So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the tree of awakening on the bank of the Nerañjarā River. There the Buddha sat cross-legged for seven days without moving, experiencing the bliss of freedom. When seven days had passed, the Buddha emerged from that state of immersion and surveyed the world with the eye of a Buddha. He saw sentient beings tormented with many torments, and burning with many fevers born of greed, hate, and delusion. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “This world, born in torment, overcome by contact, speaks of disease as the self. For however you imagine it, it turns out to be something else. The world is attached to continued existence, <j>overcome by continued existence, taking pleasure only in continued existence, <j>yet it becomes something else. What it enjoys, that is the fear; what it fears, that is the suffering. But this spiritual life is led in order to give up continued existence. Of the ascetics and brahmins who say that through continued existence one is freed from continued existence, none are themselves freed from continued existence, I say. Of the ascetics and brahmins who say that through nonexistence one escapes from existence, none have themselves escaped from existence, I say. For this suffering originates dependent on all attachment. With the ending of all grasping there is no origination of suffering. Just look at this world! Mired in many ways by ignorance, beings in love with being are not released from continued existence. Whatever states of continued existence there are—everywhere, all over—all are impermanent, suffering, and perishable. One who sees truly like this, with right wisdom, gives up craving for continued existence, while not looking forward to nonexistence. Extinguishment comes <j>from the ending of all cravings; fading away and cessation no residue left behind. There is no further existence for that mendicant extinguished by not grasping. Victorious in battle, such a one has defeated Māra; they’ve gone beyond all states of existence.”
၄။ မေဃိယဝဂ္ဂ
၁။ မေဃိယသုတ္တ
၃၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ စာလိကာယံ ဝိဟရတိ စာလိကေ ပဗ္ဗတေ။ တေန ခေါ ပန သမယေန အာယသ္မာ မေဃိယော ဘဂဝတော ဥပဋ္ဌာကော ဟောတိ။ အထ ခေါ အာယသ္မာ မေဃိယော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣစ္ဆာမဟံ, ဘန္တေ, ဇန္တုဂါမံ ပိဏ္ဍာယ ပဝိသိတု’’န္တိ။ ‘‘ယဿဒါနိ တွံ, မေဃိယ, ကာလံ မညသီ’’တိ။
အထ ခေါ အာယသ္မာ မေဃိယော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဇန္တုဂါမံ ပိဏ္ဍာယ ပါဝိသိ။ ဇန္တုဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ကိမိကာဠာယ နဒိယာ တီရံ တေနုပသင်္ကမိ။ [ဥပသင်္ကမိတွာ (သဗ္ဗတ္ထ) အ။ နိ။ ၉။၃ ပဿိတဗ္ဗံ] အဒ္ဒသာ ခေါ အာယသ္မာ မေဃိယော [ဥပသင်္ကမိတွာ (သဗ္ဗတ္ထ) အ။ နိ။ ၉။၃ ပဿိတဗ္ဗံ] ကိမိကာဠာယ နဒိယာ တီရေ ဇင်္ဃာဝိဟာရံ [ဇင်္ဃဝိဟာရံ (က။)] အနုစင်္ကမမာနော အနုဝိစရမာနော [အနုဝိစရမာနော အဒ္ဒသာ ခေါ (သီ။ သျာ။ ပီ။), အနုဝိစရမာနော အဒ္ဒသ (က။)] အမ္ဗဝနံ ပါသာဒိကံ မနုညံ ရမဏီယံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘ပါသာဒိကံ ဝတိဒံ အမ္ဗဝနံ မနုညံ [ဣဒံ ပဒံ ဝိဒေသပေါတ္ထကေသု နတ္ထိ, အင်္ဂုတ္တရေပိ] ရမဏီယံ။ အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္ထိကဿ ပဓာနာယ။ သစေ မံ ဘဂဝါ အနုဇာနေယျ, အာဂစ္ဆေယျာဟံ ဣမံ အမ္ဗဝနံ ပဓာနာယာ’’တိ။
အထ ခေါ အာယသ္မာ မေဃိယော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ –
‘‘ဣဓာဟံ, ဘန္တေ, ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဇန္တုဂါမံ ပိဏ္ဍာယ ပါဝိသိံ။ ဇန္တုဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ကိမိကာဠာယ နဒိယာ တီရံ တေနုပသင်္ကမိံ [ဥပသင်္ကမိတွာ (သဗ္ဗတ္ထ)]။ အဒ္ဒသံ ခေါ အဟံ, ဘန္တေ [ဥပသင်္ကမိတွာ (သဗ္ဗတ္ထ)], ကိမိကာဠာယ နဒိယာ တီရေ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော [အနုဝိစရမာနော အဒ္ဒသံ (သဗ္ဗတ္ထ)] အမ္ဗဝနံ ပါသာဒိကံ မနုညံ ရမဏီယံ။ ဒိသွာန မေ ဧတဒဟောသိ – ‘ပါသာဒိကံ ဝတိဒံ အမ္ဗဝနံ မနုညံ ရမဏီယံ။ အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္ထိကဿ ပဓာနာယ။ သစေ မံ ဘဂဝါ အနုဇာနေယျ, အာဂစ္ဆေယျာဟံ ဣမံ အမ္ဗဝနံ ပဓာနာယာ’တိ။ သစေ မံ, ဘန္တေ, ဘဂဝါ အနုဇာနာတိ [အနုဇာနေယျ (အ။ နိ။ ၉။၃)], ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယာ’’တိ။
ဧဝံ ဝုတ္တေ, ဘဂဝါ အာယသ္မန္တံ မေဃိယံ ဧတဒဝေါစ – ‘‘အာဂမေဟိ တာဝ, မေဃိယ, ဧကကမှိ [ဧကကမှာ (သီ။ ပီ။), ဧကကောမှိ (သျာ။)] တာဝ, ယာဝ အညောပိ ကောစိ ဘိက္ခု အာဂစ္ဆတီ’’တိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘဂဝတော, ဘန္တေ, နတ္ထိ ကိဉ္စိ ဥတ္တရိ [ဥတ္တရိံ (သီ။ သျာ။ ကံ။ ပီ။)] ကရဏီယံ, နတ္ထိ ကတဿ ဝါ ပတိစယော။ မယှံ ခေါ ပန, ဘန္တေ, အတ္ထိ ဥတ္တရိ ကရဏီယံ, အတ္ထိ ကတဿ ပတိစယော။ သစေ မံ ဘဂဝါ အနုဇာနာတိ, ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ အာယသ္မန္တံ မေဃိယံ ဧတဒဝေါစ – ‘‘အာဂမေဟိ တာဝ, မေဃိယ, ဧကကမှိ တာဝ, ယာဝ အညောပိ ကောစိ ဘိက္ခု အာဂစ္ဆတီ’’တိ။
တတိယမ္ပိ ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘဂဝတော, ဘန္တေ, နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ, နတ္ထိ ကတဿ ဝါ ပတိစယော။ မယှံ ခေါ ပန, ဘန္တေ, အတ္ထိ ဥတ္တရိ ကရဏီယံ, အတ္ထိ ကတဿ ပတိစယော။ သစေ မံ ဘဂဝါ အနုဇာနာတိ, ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယာ’’တိ။ ‘‘ပဓာနန္တိ ခေါ, မေဃိယ, ဝဒမာနံ ကိန္တိ ဝဒေယျာမ? ယဿဒါနိ တွံ, မေဃိယ, ကာလံ မညသီ’’တိ။
အထ ခေါ အာယသ္မာ မေဃိယော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန တံ အမ္ဗဝနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ အမ္ဗဝနံ အဇ္ဈောဂါဟေတွာ [အဇ္ဈောဂဟေတွာ (သီ။ သျာ။ ပီ။)] အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ အာယသ္မတော မေဃိယဿ တသ္မိံ အမ္ဗဝနေ ဝိဟရန္တဿ ယေဘုယျေန တယော ပါပကာ အကုသလာ ဝိတက္ကာ သမုဒါစရန္တိ, သေယျထိဒံ – ကာမဝိတက္ကော, ဗျာပါဒဝိတက္ကော, ဝိဟိံသာဝိတက္ကော [ဝိတက္ကောတိ (သီ။ ပီ။ က။)]။
အထ ခေါ အာယသ္မတော မေဃိယဿ ဧတဒဟောသိ – ‘‘အစ္ဆရိယံ ဝတ ဘော, အဗ္ဘုတံ ဝတ ဘော! သဒ္ဓါယ စ ဝတမှာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ။ အထ စ ပနိမေဟိ တီဟိ ပါပကေဟိ အကုသလေဟိ ဝိတက္ကေဟိ အနွာသတ္တာ, သေယျထိဒံ – ကာမဝိတက္ကေန, ဗျာပါဒဝိတက္ကေန, ဝိဟိံသာဝိတက္ကေန’’။
အထ ခေါ အာယသ္မာ မေဃိယော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, တသ္မိံ အမ္ဗဝနေ ဝိဟရန္တဿ ယေဘုယျေန တယော ပါပကာ အကုသလာ ဝိတက္ကာ သမုဒါစရန္တိ, သေယျထိဒံ – ကာမဝိတက္ကော, ဗျာပါဒဝိတက္ကော, ဝိဟိံသာဝိတက္ကော။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! သဒ္ဓါယ စ ဝတမှာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ။ အထ စ ပနိမေဟိ တီဟိ ပါပကေဟိ အကုသလေဟိ ဝိတက္ကေဟိ အနွာသတ္တာ, သေယျထိဒံ – ကာမဝိတက္ကေန, ဗျာပါဒဝိတက္ကေန, ဝိဟိံသာဝိတက္ကေန’’’။
‘‘အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ ပဉ္စ ဓမ္မာ ပရိပါကာယ သံဝတ္တန္တိ။ ကတမေ ပဉ္စ?
‘‘ဣဓ, မေဃိယ, ဘိက္ခု ကလျာဏမိတ္တော ဟောတိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ အယံ ပဌမော ဓမ္မော ပရိပါကာယ သံဝတ္တတိ။
‘‘ပုန စပရံ, မေဃိယ, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ အယံ ဒုတိယော ဓမ္မော ပရိပါကာယ သံဝတ္တတိ။
‘‘ပုန စပရံ, မေဃိယ, ဘိက္ခု ယာယံ ကထာ အဘိသလ္လေခိကာ စေတောဝိဝရဏသပ္ပါယာ ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ, သေယျထိဒံ – အပ္ပိစ္ဆကထာ, သန္တုဋ္ဌိကထာ, ပဝိဝေကကထာ, အသံသဂ္ဂကထာ, ဝီရိယာရမ္ဘကထာ, သီလကထာ, သမာဓိကထာ, ပညာကထာ, ဝိမုတ္တိကထာ, ဝိမုတ္တိဉာဏဒဿနကထာ၊ ဧဝရူပါယ ကထာယ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ။ အပရိပါကာယ, မေဃိယ, စေတောဝိမုတ္တိယာ အယံ တတိယော ဓမ္မော ပရိပါကာယ သံဝတ္တတိ။
‘‘ပုန စပရံ, မေဃိယ, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ, အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ [ဥပ္ပါဒါယ (သျာ။)], ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ အယံ စတုတ္ထော ဓမ္မော ပရိပါကာယ သံဝတ္တတိ။
‘‘ပုန စပရံ, မေဃိယ, ဘိက္ခု ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ အယံ ပဉ္စမော ဓမ္မော ပရိပါကာယ သံဝတ္တတိ။ အပရိပက္ကာယ, မေဃိယ, စေတောဝိမုတ္တိယာ ဣမေ ပဉ္စ ဓမ္မာ ပရိပါကာယ သံဝတ္တန္တိ။
‘‘ကလျာဏမိတ္တဿေတံ, မေဃိယ, ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ ယံ သီလဝါ ဘဝိဿတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရိဿတိ, အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခိဿတိ သိက္ခာပဒေသု။
‘‘ကလျာဏမိတ္တဿေတံ, မေဃိယ, ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ ယံ ယာယံ ကထာ အဘိသလ္လေခိကာ စေတောဝိဝရဏသပ္ပါယာ ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ, သေယျထိဒံ – အပ္ပိစ္ဆကထာ, သန္တုဋ္ဌိကထာ, ပဝိဝေကကထာ, အသံသဂ္ဂကထာ, ဝီရိယာရမ္ဘကထာ, သီလကထာ, သမာဓိကထာ, ပညာကထာ, ဝိမုတ္တိကထာ, ဝိမုတ္တိဉာဏဒဿနကထာ၊ ဧဝရူပါယ ကထာယ နိကာမလာဘီ ဘဝိဿတိ အကိစ္ဆလာဘီ အကသိရလာဘီ။
‘‘ကလျာဏမိတ္တဿေတံ, မေဃိယ, ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ ယံ အာရဒ္ဓဝီရိယော ဝိဟရိဿတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။
‘‘ကလျာဏမိတ္တဿေတံ, မေဃိယ, ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ ယံ ပညဝါ ဘဝိဿတိ, ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။
‘‘တေန စ ပန, မေဃိယ, ဘိက္ခုနာ ဣမေသု ပဉ္စသု ဓမ္မေသု ပတိဋ္ဌာယ စတ္တာရော ဓမ္မာ ဥတ္တရိ ဘာဝေတဗ္ဗာ – အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ, မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ, အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ, အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါတာယ။ အနိစ္စသညိနော ဟိ, မေဃိယ, အနတ္တသညာ သဏ္ဌာတိ, အနတ္တသညီ အသ္မိမာနသမုဂ္ဃါတံ ပါပုဏာတိ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာန’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ခုဒ္ဒါ ဝိတက္ကာ သုခုမာ ဝိတက္ကာ,
အနုဂတာ [အနုဂ္ဂတာ (သီ။ က။ အဋ္ဌကထာယံ ပါဌန္တရံ)] မနသော ဥပ္ပိလာဝါ [ဥဗ္ဗိလာပါ (သီ။ သျာ။ ပီ။)]၊
ဧတေ အဝိဒွါ မနသော ဝိတက္ကေ,
ဟုရာ ဟုရံ ဓာဝတိ ဘန္တစိတ္တော။
‘‘ဧတေ စ ဝိဒွါ မနသော ဝိတက္ကေ,
အာတာပိယော သံဝရတီ သတီမာ၊
အနုဂတေ မနသော ဥပ္ပိလာဝေ,
အသေသမေတေ ပဇဟာသိ ဗုဒ္ဓေါ’’တိ။ ပဌမံ၊
၄-မေဃိယဝဂ် ၁-မေဃိယသုတ် ၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် စာလိကာမြို့ စာလိကတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် ဇန္တုရွာ၌ ဆွမ်းခံဝင်ရန် အလိုရှိပါ၏”ဟု (လျှောက်၏)။ မေဃိယ ယခုသွားရန် အချိန်ကို သင် သိ၏။ (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်မေဃိယသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ဇန္တုရွာသို့ ဆွမ်းခံဝင်၏။ ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ကိမိကာဠာမြစ်ကမ်းသို့ ချဥ်းကပ်၍ ကိမိကာဠာမြစ်ကမ်းနား၌ အညောင်းပြေ စင်္ကြံလျှောက် စဥ်စိတ်ကြည်လင်ဖွယ်ကို ဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဥ်ကို မြင်လေ၏။ ထိုသို့ မြင်သောကြောင့် ထိုမေဃိယအား “ဤသရက်ဥယျာဥ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဥ်သည် တရားအားထုတ် လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်လေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် သရက်ဥယျာဥ်သို့ တရားအားထုတ်ရန် လာလို၏”ဟု အကြံဖြစ်၏။ ထို့နောက် အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား တပည့်တော်သည် ယနေ့နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဇန္တုရွာသို့ ဆွမ်းခံဝင်ခဲ့ပါ၏။ ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သောတပည့်တော်သည် ကိမိကာဠာမြစ်ကမ်း နား၌ အညောင်းပြေ စင်္ကြံလျှောက်စဥ် “စိတ်ကြည်လင်ဖွယ်ကိုဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဥ်ကို မြင်ခဲ့ပါပြီ။ ထိုသို့ မြင်သောကြောင့် တပည့်တော်အား “ဤသရက်ဥယျာဥ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဥ်သည် တရားအားထုတ်လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်ပေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် ဤသရက်ဥယျာဥ်သို့ တရားအားထုတ်ရန် လာရမူ ကောင်းလေစွ”ဟု ဤအကြံသည် ဖြစ်ခဲ့ပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဥ်သို့ တရားအားထုတ်ရန် သွားလိုပါ၏ဟု (လျှောက်၏)။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် အသျှင်မေဃိယအား “မေဃိယ ငါဘုရားတစ်ပါးတည်းသာဖြစ်နေ၍ တစ်စုံတစ်ယောက်သောရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဥ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟု (လျှောက်၏)။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “မေဃိယ ငါဘုရားတစ်ပါးတည်းသာ ဖြစ်နေ၍ တစ်စုံတစ်ယောက်သော ရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု (မိန့်တော်မူ၏)။ သုံးကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား“အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ့တပည့်တော်သည် ထိုသရက်ဥယျာဥ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟု (လျှောက်၏)။ မေဃိယ“တရားအားထုတ်ရန်”ဟု ပြောဆိုသူကို အဘယ်သို့ ပြောဆိုနိုင်ကုန်အံ့နည်း? မေဃိယ ယခုသွားရန်အချိန်ကို သင်သိ၏။ (သွားရန်မှာ သင်၏အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်မေဃိယသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် သရက်ဥယျာဥ်သို့ ချဥ်းကပ်ဝင်ရောက်ကာ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေ၏။ ထိုအခါ ထိုသရက် ဥယျာဥ်၌ နေသော အသျှင်မေဃိယအား ကာမနှင့်စပ်ယှဥ်သော ကြံစည်မှု ‘ကာမဝိတက်’ ဖျက်ဆီးလိုခြင်းနှင့် စပ်ယှဥ်သော ကြံစည်မှု ‘ဗျာပါဒဝိတက်’ ညှဥ်းဆဲလိုခြင်းနှင့် စပ်ယှဥ်သော ကြံစည်မှု ‘ဝိဟိံသာဝိတက်’ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအားဖြင့် ဖြစ်ပွါးကုန်၏။ ထိုအခါ အသျှင်မေဃိယသည် “အချင်းတို့အံ့ဩဖွယ် ကောင်းလေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏”ဟု ဤအကြံအစည်သည် ဖြစ်၏။ ထိုအခါ အသျှင်မေဃိယသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျောက်၏ “အသျှင်ဘုရား ထိုသရက်ဥယျာဥ်၌နေသော တပည့်တော်အား ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအားဖြင့် ဖြစ်ပါကုန်၏။ အသျှင်ဘုရား ထိုတပည့်တော်အား အချင်းတို့ အံ့ဩဖွယ် ရှိပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ် ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏”ဟု ဤအကြံအစည်သည် ဖြစ်ပါ၏ဟု လျှောက်၏။ မေဃိယ တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ- မေဃိယ ဤသာသနာတော်၌ ရဟန်းသည် - ၁။ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိသူ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ဖြစ်၏။ မေဃိယ ဤပဌမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ ၂။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် သီလရှိသူပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံသူ ဖြစ်၍နေ၏။ အနည်းငယ်သော အပြစ်တို့၌လည်း ဘေးဟု ရှု၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်၏။ မေဃိယ ဤဒုတိယတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ ၃။ မေဃိယ နောက်တစ်မျိုးကား အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဥ်၏။ စိတ်ကို ဖွင့်လှစ်သော သမထ ဝိပဿနာအား လျောက်ပတ်၏။ စင်စစ် ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားတို့ကား အဘယ်နည်း? အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲမှုလွယ်နှင့် စပ်သောစကား ဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်း မှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကား သီလနှင့်စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ ရဟန်းသည် ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်း ရ၏။ မငြိုမငြင်ဘဲ ရ၏။ မပင်မပန်းဘဲ ရ၏။ မေဃိယ ဤတတိယ တရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ ၄။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသူ အားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေ၏။ မေဃိယ ဤစတုတ္ထတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ ၅။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏။ အဖြစ်အပျက်ကို သိသော ကိလေသာကို ခွဲဖျက်နိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံ၏။ မေဃိယ ဤပဉ္စမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။ မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား “သီလရှိသူ ဖြစ်လိမ့်မည်ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်သူ ဖြစ်လိမ့်မည် အကျင့်‘အာစာရ’ ကျက်စားရာ ‘ဂေါစာရ’နှင့် ပြည့်စုံ၍ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်နိုင်လိမ့်မည်ဟူသော ထိုအလုံးစုံကို မချွတ်ရလိမ့်မည်”ဟု မျှော်လင့်အပ်၏။ မေဃိယ “အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဥ်၏။ စိတ်ကို ဖွင့်လှစ်သော သမထ ဝိပဿနာအား လျောက်ပတ်၏။ စင်စစ်ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားတို့ကား အဘယ်နည်း? အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲလွယ်မှုနှင့် စပ်သောစကားဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်းမှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကားသီလနှင့် စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ရဟန်းအား ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်လိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား “အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လ ရှိသူအားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေလိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့် ရဟန်းအား “ပညာရှိ၍ အဖြစ်အပျက်ကို သိသော ကိလေသာကို ဖောက်ခွဲနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်”ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ မေဃိယ ထိုရဟန်းသည် ဤတရားငါးပါးတို့၌ တည်ပြီးလျှင် တစ်ဆင့်တက်၍ တရားလေးပါးတို့ကို ပွါးများရန် ရာဂကို ပယ်နိုင်ရန် အသုဘကို ပွါများရမည်၊ ဗျာပါဒကို ပယ်နိုင်ရန် မေတ္တာကို ပွါများရမည်၊ ဝိတက်ကို ဖြတ်တောက်နိုင်ရန် အာနာပါနဿတိကို ပွါများရမည်၊ ငါဟူသော မာန်ကို ပယ်နိုင်ရန် အနိစ္စသညာကို ပွါများရမည်။မှန်၏ မေဃိယ အနိစ္စသညာရှိသူအား အနတ္တသညာသည် ထင်၏။ အနတ္တသညာထင်သူသည် ငါဟူသော မာန်ကို ပယ်ခွါခြင်းသို့ ရောက်နိုင်၏။ ယခုဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ - “ယုတ်ညံ့သော ဝိတက် သိမ်မွေ့သော ဝိတက်တို့သည် စိတ်သို့ အစဥ်လိုက်တတ်ကုန်၏။ စိတ်ပေါ်လွင်တက်ကြွမှုကို ပြုတတ်ကုန်၏။ ဤမနောဝိတက်တို့ကို မသိသူသည် စိတ်မတည်တံ့ဘဲ အာရုံတစ်ခုမှအာရုံတစ်ခုသို့ ပြေးသွားတတ်၏။ ထိုမနောဝိတက်တို့ကို သိ၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လနှင့် သတိရှိသူ အကြင်ပုဂ္ဂိုလ်သည် စိတ်သို့ အစဥ်လိုက်တတ် စိတ်ပေါ်လွင် တက်ကြွမှုကို ပြုတတ်သော ဝိတက်တို့ကို ပိတ်ဆို့နိုင်၏။ ထိုပုဂ္ဂိုလ်သည် သစ္စာလေးပါကို သိသည်ဖြစ်၍ ထိုကာမဝိတက် စသည်တို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 4.1 With Meghiya So I have heard. At one time the Buddha was staying near Cālikā, on the Cālikā mountain. Now, at that time Venerable Meghiya was the Buddha’s attendant. Then Venerable Meghiya went up to the Buddha, bowed, stood to one side, and said to him, “Sir, I’d like to enter Jantu village for alms.” “Please, Meghiya, go at your convenience.” Then Meghiya robed up in the morning and, taking his bowl and robe, entered Jantu village for alms. After the meal, on his return from almsround in Jantu village, he went to the shore of Kimikālā River. As he was going for a walk along the shore of the river he saw a lovely and delightful mango grove. Seeing this, it occurred to him, “Oh, this mango grove is lovely and delightful! This is good enough for striving for a gentleman wanting to strive. If the Buddha allows me, I’ll come back to this mango grove to meditate.” Then Venerable Meghiya went up to the Buddha, bowed, sat down to one side, and told him what had happened, adding, “If the Buddha allows me, I’ll go back to that mango grove to meditate.” When he had spoken, the Buddha said to him, “We’re alone, Meghiya. Wait until another mendicant comes.” For a second time Meghiya said to the Buddha, “Sir, the Buddha has nothing more to do, and nothing that needs improvement. But I have. If you allow me, I’ll go back to that mango grove to meditate.” For a second time the Buddha said, “We’re alone, Meghiya. Wait until another mendicant comes.” For a third time Meghiya said to the Buddha, “Sir, the Buddha has nothing more to do, and nothing that needs improvement. But I have. If you allow me, I’ll go back to that mango grove to meditate.” “Meghiya, since you speak of striving in meditation, what can I say? Please, Meghiya, go at your convenience.” Then Meghiya got up from his seat, bowed and respectfully circled the Buddha, keeping him on his right. Then he went to that mango grove, and, having plunged deep into it, sat at the root of a certain tree for the day’s meditation. But while Meghiya was meditating in that mango grove he was beset mostly by three kinds of bad, unskillful thoughts, namely, sensual, malicious, and cruel thoughts. Then he thought, “Oh lord, how incredible, how amazing! I’ve gone forth out of faith from the lay life to homelessness, but I’m still harassed by these three kinds of bad, unskillful thoughts: sensual, malicious, and cruel thoughts.” Then in the late afternoon, Venerable Meghiya came out of retreat and went to the Buddha. He bowed, sat down to one side, and told the Buddha what had happened. “Meghiya, when the heart’s release is not ripe, five things help it ripen. What five? Firstly, a mendicant has good friends, companions, and associates. This is the first thing … Furthermore, a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is the second thing … Furthermore, a mendicant gets to take part in talk about self-effacement that helps open the heart and leads solely to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment when they want, without trouble or difficulty. That is, talk about fewness of wishes, contentment, seclusion, aloofness, arousing energy, ethics, immersion, wisdom, freedom, and the knowledge and vision of freedom. This is the third thing … Furthermore, a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. This is the fourth thing … Furthermore, a mendicant is wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering. This is the fifth thing that, when the heart’s release is not ripe, helps it ripen. These are the five things that, when the heart’s release is not ripe, help it ripen. A mendicant with good friends, companions, and associates can expect to be ethical … A mendicant with good friends, companions, and associates can expect to take part in talk about self-effacement that helps open the heart … A mendicant with good friends, companions, and associates can expect to be energetic … A mendicant with good friends, companions, and associates can expect to be wise … But then, a mendicant grounded on these five things should develop four further things. They should develop the perception of ugliness to give up greed, love to give up hate, mindfulness of breathing to cut off thinking, and perception of impermanence to uproot the conceit ‘I am’. When you perceive impermanence, the perception of not-self becomes stabilized. Perceiving not-self, you uproot the conceit ‘I am’ and attain extinguishment in this very life.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Lesser thoughts and subtle thoughts arise, springing up in the mind. Not understanding these thoughts, one with mind astray runs from one thing to the next. Having understood these thoughts that arise, springing up in the mind, an awakened one—keen, restrained, and mindful— has given them up without remainder.”
၂။ ဥဒ္ဓတသုတ္တံ
၃၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကုသိနာရာယံ ဝိဟရတိ ဥပဝတ္တနေ မလ္လာနံ သာလဝနေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ ဘဂဝတော အဝိဒူရေ အရညကုဋိကာယံ ဝိဟရန္တိ ဥဒ္ဓတာ ဥန္နဠာ စပလာ မုခရာ ဝိကိဏ္ဏဝါစာ မုဋ္ဌဿတိနော အသမ္ပဇာနာ အသမာဟိတာ ဝိဗ္ဘန္တစိတ္တာ ပါကတိန္ဒြိယာ။
အဒ္ဒသာ ခေါ ဘဂဝါ တေ သမ္ဗဟုလေ ဘိက္ခူ အဝိဒူရေ အရညကုဋိကာယံ ဝိဟရန္တေ ဥဒ္ဓတေ ဥန္နဠေ စပလေ မုခရေ ဝိကိဏ္ဏဝါစေ မုဋ္ဌဿတိနော အသမ္ပဇာနေ အသမာဟိတေ ဝိဗ္ဘန္တစိတ္တေ ပါကတိန္ဒြိယေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အရက္ခိတေန ကာယေန [စိတ္တေန (နေတ္တိယံ)], မိစ္ဆာဒိဋ္ဌိဟတေန [မိစ္ဆာဒိဋ္ဌိဂတေန (ဗဟူသု)] စ၊
ထိနမိဒ္ဓါ [ထီနမိဒ္ဓါ (သီ။ သျာ။ ကံ။ ပီ။)] ဘိဘူတေန, ဝသံ မာရဿ ဂစ္ဆတိ။
‘‘တသ္မာ ရက္ခိတစိတ္တဿ, သမ္မာသင်္ကပ္ပဂေါစရော၊
သမ္မာဒိဋ္ဌိပုရေက္ခာရော, ဉတွာန ဥဒယဗ္ဗယံ၊
ထီနမိဒ္ဓါဘိဘူ ဘိက္ခု, သဗ္ဗာ ဒုဂ္ဂတိယော ဇဟေ’’တိ။ ဒုတိယံ၊
၂-ဥဒ္ဓတသုတ် ၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံမြို့ (တောင်တံခါး၏) အကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဥ်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန်တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်၏။ မြတ်စွာဘုရားသည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန် တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်သော ရဟန်းတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “မစောင့်ရှောက်အပ်သော ကိုယ်အမူအရာဖြင့်လည်းကောင်း၊ မိစ္ဆာအယူ နှိပ်စက် အပ်ထိနမိဒ္ဓလွှမ်းမိုးအပ်သော စိတ်ဖြင့်လည်းကောင်း နေသော ရဟန်းသည် မာရ်၏ အလိုသို့ လိုက်ရ၏။ ထို့ကြောင့် ရဟန်းသည် စောင့်ရှောက်သော ကိုယ်စိတ်ရှိသူ ဖြစ်ရာ၏။မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’လျှင် ကျက်စားရာ အာရုံရှိသူ ဖြစ်ရာ၏။မှန်ကန်သော အယူကို ရှေ့သွားပြုသူဖြစ်ရာ၏။ သင်္ခါရတို့၏ ဖြစ် ပျက်မှုကို သိ၍ ထိနမိဒ္ဓကို နှိမ်နင်းကာ ဒုက္ခသုံးမျိုးတို့ အနှိပ်စက်ခံနေသော ဂတိအားလုံးတို့ကို စွန့်ပယ်နိုင်ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 4.2 Restless So I have heard. At one time the Buddha was staying in the sal forest of the Mallas at Upavattana near Kusinārā. Now at that time several mendicants were staying not far from the Buddha in a wilderness hut. They were haughty, insolent, fickle, scurrilous, loose-tongued, unmindful, lacking situational awareness and immersion, with straying minds and undisciplined faculties. The Buddha saw those mendicants staying nearby. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Unguarded in body, ruined by wrong view, overcome with dullness and drowsiness, you fall under Māra’s sway. That’s why you should guard the mind, with right thoughts your habitat, and right view at the fore. Having understood rise and fall, a mendicant who has overcome <j>dullness and drowsiness would abandon all bad destinies.”
၃။ ဂေါပါလကသုတ္တ
၃၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ။ အထ ခေါ ဘဂဝါ မဂ္ဂါ ဩက္ကမ္မ ယေန အညတရံ ရုက္ခမူလံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။
အထ ခေါ အညတရော ဂေါပါလကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ ဂေါပါလကံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ [သမာဒါပေသိ (?)] သမုတ္တေဇေသိ သမ္ပဟံသေသိ။
အထ ခေါ သော ဂေါပါလကော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော [သမာဒိပိတော (?)] သမုတ္တေဇိတော သမ္ပဟံသိတော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဓိဝါသေတု မေ, ဘန္တေ, ဘဂဝါ သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ သော ဂေါပါလကော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။
အထ ခေါ သော ဂေါပါလကော တဿာ ရတ္တိယာ အစ္စယေန သကေ နိဝေသနေ ပဟူတံ အပ္ပေါဒကပါယသံ [အပ္ပေါဒကပါယာသံ (သဗ္ဗတ္ထ)] ပဋိယာဒါပေတွာ နဝဉ္စ သပ္ပိံ ဘဂဝတော ကာလံ အာရောစေသိ – ‘‘ကာလော, ဘန္တေ, နိဋ္ဌိတံ ဘတ္တ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သဒ္ဓိံ ဘိက္ခုသံဃေန ယေန တဿ ဂေါပါလကဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ သော ဂေါပါလကော ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ အပ္ပေါဒကပါယသေန [အပ္ပေါဒကပါယာသေန စ (သျာ။ ပီ။)] နဝေန စ သပ္ပိနာ သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ သော ဂေါပါလကော ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ ဂေါပါလကံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ အစိရပက္ကန္တဿ ဘဂဝတော တံ ဂေါပါလကံ အညတရော ပုရိသော သီမန္တရိကာယ ဇီဝိတာ ဝေါရောပေသိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ယေန, ဘန္တေ, ဂေါပါလကေန အဇ္ဇ ဗုဒ္ဓပ္ပမုခေါ ဘိက္ခုသံဃော အပ္ပေါဒကပါယသေန နဝေန စ သပ္ပိနာ သဟတ္ထာ သန္တပ္ပိတော သမ္ပဝါရိတော သော ကိရ, ဘန္တေ, ဂေါပါလကော အညတရေန ပုရိသေန သီမန္တရိကာယ ဇီဝိတာ ဝေါရောပိတော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဒိသော ဒိသံ ယံ တံ ကယိရာ, ဝေရီ ဝါ ပန ဝေရိနံ၊
မိစ္ဆာပဏိဟိတံ စိတ္တံ, ပါပိယော နံ တတော ကရေ’’တိ။ တတိယံ၊
၃-ဂေါပါလကသုတ် ၃၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလ တိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီတော်မူလတ်သော် လမ်းခရီးမှ ဖဲ၍ တစ်ခုသော သစ်ပင်အနီးသို့ ချဥ်းကပ်ကာ ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်သော နွားကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။ မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည် စေကာတရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေအပ်သော နွားကျောင်းသားသည် မြတ်စွာဘုရားအာ့း“အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန် တပည့်တော်၏ ဆွမ်းကို ရဟန်းသံဃာနှင့်တကွ လက်ခံတော်မူပါ”ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထို့နောက်ထိုနွားကျောင်းသားသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ဖဲသွား၏။ ထို့နောက် ထိုနွားကျောင်းသားသည် ထိုညဥ့်ကို လွန်သောအခါ၌ မိမိနေအိမ်ဝယ် ရေမပါသော များစွာသော နို့ဃနာဆွမ်းကိုလည်းကောင်း ထောပတ်သစ်ကိုလည်းကောင်း စီရင်စေ၍ မြတ်စွာဘုရားအား“အသျှင်ဘုရား အချိန်တန်ပါပြီ။ ဆွမ်းပြင်ပြီးပါပြီ”ဟု လျှောက်၏။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ ထိုနွားကျောင်းသားအိမ်သို့ ချဥ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ ထိုအခါ ထိုနွားကျောင်းသားသည်မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်း ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် နွားကျောင်းသားသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ထိုနွား ကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှထလျက် ဖဲကြွ တော်မူ၏။ ထို့နောက် မြတ်စွာဘုရားကြွသွား၍ မကြာမီ ထိုနွားကျောင်းသားကို ယောကျာ်းတစ်ယောက်သည် ရွာအကြား၌ ဇီဝိတိန္ဒြေမှ ချ (သတ်) ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား ယနေ့ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်းရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေးသော နွားကျောင်းသားကို ယောကျာ်းတစ်ယောက်သည် ရွာအကြား၌ ဇီဝိတိန္ဒြေမှ ချ (သတ်) အပ်ပါသတတ်”ဟု လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ခိုးသူသည် ခိုးသူကို မြင်၍ ရန်သူသည် မူလည်း ရန်သူကို မြင်၍ ထိုသူ၏ ပျက်စီးခြင်းကို ပြုရာ၏။ ဖောက်ပြန်၍ ဆောက်တည်သော စိတ်သည် ထိုစိတ်ရှိသူကို ထိုခိုးသူ ရန်သူတို့ထက်ပင် ယုတ်မာအောင်ပြုနိုင်၏”ဟု ဤဥဒါနကို ကျူးရင့် တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 4.3 The Cowherd So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants. And then the Buddha left the road, went to the root of a certain tree, and sat down on the seat spread out. Then a certain cowherd went up to the Buddha, bowed, and sat down to one side. The Buddha educated, encouraged, fired up, and inspired him with a Dhamma talk. Then the cowherd said to the Buddha, “Sir, would the Buddha, together with the mendicant Saṅgha, please accept tomorrow’s meal from me?” The Buddha consented with silence. Then, knowing that the Buddha had consented, the cowherd rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. And when the night had passed the cowherd had plenty of thick milk-rice prepared in his own home, with fresh ghee. Then he had the Buddha informed of the time, saying, “Sir, it’s time. The meal is ready.” The Buddha robed up, took his bowl and robe and, together with the Saṅgha of monks, went to the house of that cowherd, where he sat down on the prepared seat in the dining hall. Then the cowherd served and satisfied the mendicant Saṅgha headed by the Buddha with his own hands with a thick milk-rice and fresh ghee. When the Buddha had eaten and washed his hand and bowl, the cowherd took a low seat and sat to one side. The Buddha then educated, encouraged, fired up, and inspired him with a teaching, after which he got up and left. But soon after the Buddha had left, the cowherd was killed by a certain man in the gap between village perimeters. Then several mendicants went up to the Buddha, bowed, sat down to one side, and told him what had happened. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A wrongly directed mind would do you more harm than a hater to the hated, or an enemy to their foe.”
၄။ ယက္ခပဟာရသုတ္တ
၃၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာမောဂ္ဂလ္လာနော ကပေါတကန္ဒရာယံ ဝိဟရန္တိ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဇုဏှာယ ရတ္တိယာ နဝေါရောပိတေဟိ ကေသေဟိ အဗ္ဘောကာသေ နိသိန္နော ဟောတိ အညတရံ သမာဓိံ သမာပဇ္ဇိတွာ။
တေန ခေါ ပန သမယေန ဒွေ ယက္ခာ သဟာယကာ ဥတ္တရာယ ဒိသာယ ဒက္ခိဏံ ဒိသံ ဂစ္ဆန္တိ ကေနစိဒေဝ ကရဏီယေန။ အဒ္ဒသံသု ခေါ တေ ယက္ခာ အာယသ္မန္တံ သာရိပုတ္တံ ဇုဏှာယ ရတ္တိယာ နဝေါရောပိတေဟိ ကေသေဟိ အဗ္ဘောကာသေ နိသိန္နံ။ ဒိသွာန ဧကော ယက္ခော ဒုတိယံ ယက္ခံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, သမ္မ, ဣမဿ သမဏဿ သီသေ ပဟာရံ ဒါတု’’န္တိ။ ဧဝံ ဝုတ္တေ, သော ယက္ခော တံ ယက္ခံ ဧတဒဝေါစ – ‘‘အလံ, သမ္မ, မာ သမဏံ အာသာဒေသိ။ ဥဠာရော သော, သမ္မ, သမဏော မဟိဒ္ဓိကော မဟာနုဘာဝေါ’’တိ။
ဒုတိယမ္ပိ ခေါ သော ယက္ခော တံ ယက္ခံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, သမ္မ, ဣမဿ သမဏဿ သီသေ ပဟာရံ ဒါတု’’န္တိ။ ဒုတိယမ္ပိ ခေါ သော ယက္ခော တံ ယက္ခံ ဧတဒဝေါစ – ‘‘အလံ, သမ္မ, မာ သမဏံ အာသာဒေသိ။ ဥဠာရော သော, သမ္မ, သမဏော မဟိဒ္ဓိကော မဟာနုဘာဝေါ’’တိ။ တတိယမ္ပိ ခေါ သော ယက္ခော တံ ယက္ခံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, သမ္မ, ဣမဿ သမဏဿ သီသေ ပဟာရံ ဒါတု’’န္တိ။ တတိယမ္ပိ ခေါ သော ယက္ခော တံ ယက္ခံ ဧတဒဝေါစ – ‘‘အလံ, သမ္မ, မာ သမဏံ အာသာဒေသိ။ ဥဠာရော သော, သမ္မ, သမဏော မဟိဒ္ဓိကော မဟာနုဘာဝေါ’’တိ။
အထ ခေါ သော ယက္ခော တံ ယက္ခံ အနာဒိယိတွာ အာယသ္မတော သာရိပုတ္တတ္ထေရဿ သီသေ ပဟာရံ အဒါသိ။ တာဝ မဟာ ပဟာရော အဟောသိ, အပိ တေန ပဟာရေန သတ္တရတနံ ဝါ အဍ္ဎဋ္ဌမရတနံ ဝါ နာဂံ ဩသာဒေယျ, မဟန္တံ ဝါ ပဗ္ဗတကူဋံ ပဒါလေယျ။ အထ စ ပန သော ယက္ခော ‘ဍယှာမိ ဍယှာမီ’တိ ဝတွာ တတ္ထေဝ မဟာနိရယံ အပတာသိ [အဝတ္ထာသိ (က။ သီ။)]။
အဒ္ဒသာ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန တေန ယက္ခေန အာယသ္မတော သာရိပုတ္တတ္ထေရဿ သီသေ ပဟာရံ ဒီယမာနံ။ ဒိသွာ ယေန အာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, အာဝုသော, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ န ကိဉ္စိ ဒုက္ခ’’န္တိ? ‘‘ခမနီယံ မေ, အာဝုသော မောဂ္ဂလ္လာန, ယာပနီယံ မေ, အာဝုသော မောဂ္ဂလ္လာန၊ အပိ စ မေ သီသံ ထောကံ ဒုက္ခ’’န္တိ။
‘‘အစ္ဆရိယံ, အာဝုသော သာရိပုတ္တ, အဗ္ဘုတံ, အာဝုသော သာရိပုတ္တ! ယာဝ [ယံ တွံ (သီ။ က။), ယံ (သျာ။)] မဟိဒ္ဓိကော အာယသ္မာ သာရိပုတ္တော မဟာနုဘာဝေါ! ဣဓ တေ, အာဝုသော သာရိပုတ္တ, အညတရော ယက္ခော သီသေ ပဟာရံ အဒါသိ။ တာဝ မဟာ ပဟာရော အဟောသိ, အပိ တေန ပဟာရေန သတ္တရတနံ ဝါ အဍ္ဎဋ္ဌမရတနံ ဝါ နာဂံ ဩသာဒေယျ, မဟန္တံ ဝါ ပဗ္ဗတကူဋံ ပဒါလေယျ, အထ စ ပနာယသ္မာ သာရိပုတ္တော ဧဝမာဟ – ‘ခမနီယံ မေ, အာဝုသော မောဂ္ဂလ္လာန, ယာပနီယံ မေ, အာဝုသော မောဂ္ဂလ္လာန၊ အပိ စ မေ သီသံ ထောကံ ဒုက္ခ’’’န္တိ။
‘‘အစ္ဆရိယံ, အာဝုသော မောဂ္ဂလ္လာန, အဗ္ဘုတံ, အာဝုသော မောဂ္ဂလ္လာန! ယာဝ [ယံ (သျာ။)] မဟိဒ္ဓိကော အာယသ္မာ မဟာမောဂ္ဂလ္လာနော မဟာနုဘာဝေါ ယတြ ဟိ နာမ ယက္ခမ္ပိ ပဿိဿတိ! မယံ ပနေတရဟိ ပံသုပိသာစကမ္ပိ န ပဿာမာ’’တိ။
အဿောသိ ခေါ ဘဂဝါ ဒိဗ္ဗာယ သောတဓာတုယာ ဝိသုဒ္ဓါယ အတိက္ကန္တမာနုသိကာယ တေသံ ဥဘိန္နံ မဟာနာဂါနံ ဣမံ ဧဝရူပံ ကထာသလ္လာပံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ သေလူပမံ စိတ္တံ, ဌိတံ နာနုပကမ္ပတိ၊
ဝိရတ္တံ ရဇနီယေသု, ကောပနေယျေ န ကုပ္ပတိ၊
ယဿေဝံ ဘာဝိတံ စိတ္တံ, ကုတော တံ ဒုက္ခမေဿတီ’’တိ။ စတုတ္ထံ၊
၄-ယက္ခပဟာရသုတ် ၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့သည် ကပေါတကန္ဒရမည်သော ကျောင်း၌ နေကြကုန်၏။ ထိုအခါ၌ ဆံပင်ရိတ်ပြီးစဖြစ်သော အသျှင်သာရိပုတြာသည် လဆန်းပက္ခ ညဥ့်အခါတွင်လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓိကို ဝင်စားလျက် နေတော်မူ၏။ ထိုအခါ သူငယ်ချင်းဖြစ်သူ ဘီလူးနှစ်ယောက်တို့သည် မြောက်အရပ်မှ တောင်အရပ်သို့ တစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သွားကုန်စဥ် လဆန်းပက္ခ ညဥ့်အခါတွင် လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓိကို ဝင်စားလျက် ထိုင်နေတော်မူသော ဆံရိတ်ပြီးစဖြစ်သည့် အသျှင်သာရိပုတြာကို မြင်ကုန်၏။ မြင်ပြီး၍ ဘီလူးတစ်ယောက်သည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏”ဟု (ပြောဆို၏)။ ဤသို့ ပြောဆိုလတ်သော် ထိုအဖော်ဘီလူးသည် ထိုဘီလူးကို “မိတ်ဆွေမသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော်ကြီးလှပေ၏”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း “မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော် ကြီးလှပေ၏”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို “မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း “မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော် ကြီးလှပေ၏”ဟု ပြောဆို၏။ ထို့နောက် ထိုဘီလူးသည် ထိုအဖော်ဘီလူး၏ စကားကို မနာယူဘဲ အသျှင်သာရိပုတြာ၏ ဦးခေါင်းကို ရိုက်ပုတ်လေ၏။ ရိုက်ပုတ်ခြင်းသည် အလွန် ပြင်းထန်လှ၏။ ထိုရိုက်ပုတ်ခြင်းကြောင့် ခုနစ်တောင် ခုနစ်တောင့်ထွာရှိသော ဆင်ကိုသော်လည်း မြေသို့ နစ်မြုပ်စေရာ၏။ တောင်ထွတ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ ထိုခဏ၌ပင် ထိုဘီလူးသည် “ငါပူလောင်၏။ ငါပူလောင်၏”ဟု ဆိုလျက် ထိုအရပ်၌ပင်လျှင် (အဝီစိ) ငရဲကြီး၌ ကျရောက်၏။ အသျှင်မဟာမောဂ္ဂလ္လာန်သည် သန့်ရှင်းကြည်လင်၍ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် အသျှင်သာရိပုတြာဦးခေါင်း၌ ဘီလူးရိုက်ပုတ်သည်ကို မြင်၍ အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်၍ အသျှင်သာရိပုတြာကို “ငါ့သျှင် သင် ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ သင့်အား တစ်စုံတစ်ခုသော ဆင်းရဲမရှိပါ၏လော”ဟု လျှောက်၏။ ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ မျှတပါ၏။ သို့ ရာတွင် ငါ၏ ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏”ဟု (မိန့်ဆို၏)။ ငါ့သျှင်သာရိပုတြာအံံ့ဩဖွယ်ရှိပါပေ၏။ ငါ့သျှင်သာရိပုတြာ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ သင်သည်တန်ခိုးအာနုဘော်ကြီး၏။ ငါ့သျှင်သာရိပုတြာ ယနေ့ သင့်အား ဘီလူးတစ်ယောက်သည် ဦးခေါင်းကို ရိုက်ပုတ်၏။ ရိုက်ပုတ်ခြင်းသည် အလွန်ပြင်းထန်လှ၏။ ထိုရိုက်ပုတ်ခြင်းကြောင့် ခုနစ်တောင် ခုနစ်တောင့်ထွာရှိသော ဆင်ကိုသော်လည်း မြေသို့ နစ်မြုပ်စေရာ၏။ တောင်ထွဋ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ သို့ပါလျက် အသျှင်သာရိပုတြာသည် “ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ မျှတပါ၏။ သို့ ရာတွင်ငါ၏ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏”ဟု ဆိုဘိ၏ဟု (ပြောဆို၏)။ ငါ့သျှင်မောဂ္ဂလ္လာန်အံံ့ဩဖွယ်ရှိပါပေ၏။ ငါသျှင်မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ အသျှင်မဟာမောဂ္ဂလ္လာန်သည် အလွန်တန်ခိုးအာနုဘော်ကြီးပါပေ၏။ ယင်းသို့ ဖြစ်သောကြောင့် ဘီလူးကို မူလည်း မြင်နိုင်ပေ၏။ ငါတို့မှာမူ မြေဘုတ်ဘီလူးကိုမျှလည်း မမြင်ဟု (ပြောဆို၏)။ မြတ်စွာဘုရားသည် သန့်ရှင်းကြည်လင်သော လူတို့၏နားအကြားကို လွန်သော နတ်တို့၏ နားနှင့်တူသော နား ‘ဒိဗ္ဗသောတ’ဖြင့် ထိုရဟန္တာကြီးနှစ်ပါးတို့၏ ဤသို့ သဘောရှိသော စကားပြောဆိုမှုကို ကြား တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ကျောက်တောင်နှင့် တူသည်ဖြစ်၍ တည်၏။ မတုန်လှုပ်၊ တပ်စွန်းဖွယ် အာရုံတို့၌ တပ်ခြင်းကင်း၏။ အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ဤသို့ ပွါးများပြီး ဖြစ်၏။ ယင်းသို့ စိတ်ကို ပွါးများပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်သို့ ဆင်းရဲသည် အဘယ်မှာ ကပ်ရောက်နိုင်ပါမည်နည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 4.4 The Spirit’s Blow So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. At that time the venerables Sāriputta and Moggallāna were staying near the pigeons’ alcove. Now at that time Venerable Sāriputta was sitting outdoors in the moonlight, his head freshly shaven, having entered a certain state of immersion. Now at that time two native spirits who were friends were on their way from the north to the south on some business. They saw Sāriputta meditating there. One of the spirits said to the other, “I feel inspired, my dear, to give this ascetic a blow on the head!” The other spirit replied, “Enough, my dear, don’t hit the ascetic! That is an eminent ascetic, powerful and mighty!” For a second time the first spirit said to the other, “I feel inspired to give this ascetic a blow on the head!” For a second time, the other spirit replied, “Enough, don’t hit the ascetic! That is an eminent ascetic, powerful and mighty!” For a third time the first spirit said to the other, “I feel inspired to give this ascetic a blow on the head!” For a third time, the other spirit replied, “Enough, don’t hit the ascetic! That is an eminent ascetic, powerful and mighty!” Ignoring his friend, the first spirit struck Sāriputta. The blow was so strong it would have felled a bull elephant seven or seven and a half cubits tall, or split apart a great mountain peak. But then the spirit, crying out, “I burn, I burn!” fell into the Great Hell right there. With clairvoyance that is purified and superhuman, Venerable Moggallāna saw that spirit striking Venerable Sāriputta. He approached him and said, “I hope you’re keeping well, reverend, I hope you’re all right. I hope you are not in pain.” “I am keeping well, Reverend Moggallāna; but my head does hurt a little.” “It’s incredible, Reverend Sāriputta, it’s amazing! How mighty and powerful is Venerable Sāriputta! Just now, a native spirit struck you on the head. The blow was so strong it would have felled a bull elephant seven or seven and a half cubits tall, or split apart a great mountain peak. Yet you say, ‘I am keeping well, Reverend Moggallāna; but my head does hurt a little.’” “It’s incredible, Reverend Moggallāna, it’s amazing! How mighty and powerful is Venerable Moggallāna, in that he can even see a native spirit! Whereas I can’t even see a mud-goblin right now.” With clairaudience that is purified and superhuman, the Buddha heard that discussion between those two spiritual giants. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “One whose mind is like a rock, steady, never shaking, free of desire for desirable things, not getting annoyed when things are annoying: from where will suffering strike one whose mind is developed like this?”
၅။ နာဂသုတ္တ
၃၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ အာကိဏ္ဏော ဝိဟရတိ ဘိက္ခူဟိ ဘိက္ခူနီဟိ ဥပါသကေဟိ ဥပါသိကာဟိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ။ အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟရတိ။ အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘အဟံ ခေါ ဧတရဟိ အာကိဏ္ဏော ဝိဟရာမိ ဘိက္ခူဟိ ဘိက္ခူနီဟိ ဥပါသကေဟိ ဥပါသိကာဟိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ။ အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟရာမိ။ ယံနူနာဟံ ဧကော ဂဏသ္မာ ဝူပကဋ္ဌော ဝိဟရေယျ’’န္တိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ကောသမ္ဗိံ ပိဏ္ဍာယ ပါဝိသိ။ ကောသမ္ဗိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော သာမံ သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ အနာမန္တေတွာ ဥပဋ္ဌာကံ အနပလောကေတွာ ဘိက္ခုသံဃံ ဧကော အဒုတိယော ယေန ပါလိလေယျကံ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ပါလိလေယျကံ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ပါလိလေယျကေ ဝိဟရတိ ရက္ခိတဝနသဏ္ဍေ ဘဒ္ဒသာလမူလေ။
အညတရောပိ ခေါ ဟတ္ထိနာဂေါ အာကိဏ္ဏော ဝိဟရတိ ဟတ္ထီဟိ ဟတ္ထိနီဟိ ဟတ္ထိကလဘေဟိ ဟတ္ထိစ္ဆာပေဟိ။ ဆိန္နဂ္ဂါနိ စေဝ တိဏာနိ ခါဒတိ, ဩဘဂ္ဂေါဘဂ္ဂဉ္စဿ သာခါဘင်္ဂံ ခါဒန္တိ, အာဝိလာနိ စ ပါနီယာနိ ပိဝတိ, ဩဂါဟာ စဿ ဥတ္တိဏ္ဏဿ ဟတ္ထိနိယော ကာယံ ဥပနိဃံသန္တိယော ဂစ္ဆန္တိ။ အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟရတိ။ အထ ခေါ တဿ ဟတ္ထိနာဂဿ ဧတဒဟောသိ – ‘‘အဟံ ခေါ ဧတရဟိ အာကိဏ္ဏော ဝိဟရာမိ ဟတ္ထီဟိ ဟတ္ထိနီဟိ ဟတ္ထိကလဘေဟိ ဟတ္ထိစ္ဆာပေဟိ, ဆိန္နဂ္ဂါနိ စေဝ တိဏာနိ ခါဒါမိ, ဩဘဂ္ဂေါဘဂ္ဂဉ္စ မေ သာခါဘင်္ဂံ ခါဒန္တိ, အာဝိလာနိ စ ပါနီယာနိ ပိဝါမိ, ဩဂါဟာ စ မေ ဥတ္တိဏ္ဏဿ ဟတ္ထိနိယော ကာယံ ဥပနိဃံသန္တိယော ဂစ္ဆန္တိ, အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟရာမိ။ ယံနူနာဟံ ဧကော ဂဏသ္မာ ဝူပကဋ္ဌော ဝိဟရေယျ’’န္တိ။
အထ ခေါ သော ဟတ္ထိနာဂေါ ယူထာ အပက္ကမ္မ ယေန ပါလိလေယျကံ ရက္ခိတဝနသဏ္ဍော ဘဒ္ဒသာလမူလံ ယေန ဘဂဝါ တေနုပသင်္ကမိ။ တတြ သုဒံ [ဥပသင်္ကမိတွာ တတြ သုဒံ (သျာ။ ပီ။ က။)] သော ဟတ္ထိနာဂေါ ယသ္မိံ ပဒေသေ ဘဂဝါ ဝိဟရတိ တံ ပဒေသံ [အပ္ပဟရိတဉ္စ ကရောတိ, သောဏ္ဍာယ (ဗဟူသု)] အပ္ပဟရိတံ ကရောတိ, သောဏ္ဍာယ စ [အပ္ပဟရိတဉ္စ ကရောတိ, သောဏ္ဍာယ (ဗဟူသု)] ဘဂဝတော ပါနီယံ ပရိဘောဇနီယံ ဥပဋ္ဌာပေတိ [ဥပဋ္ဌပေတိ (သီ။ သျာ။ ကံ။ ပီ။)]။
အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘အဟံ ခေါ ပုဗ္ဗေ အာကိဏ္ဏော ဝိဟာသိံ ဘိက္ခူဟိ ဘိက္ခူနီဟိ ဥပါသကေဟိ ဥပါသိကာဟိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ, အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟာသိံ။ သောမှိ ဧတရဟိ အနာကိဏ္ဏော ဝိဟရာမိ ဘိက္ခူဟိ ဘိက္ခုနီဟိ ဥပါသကေဟိ ဥပါသိကာဟိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ, အနာကိဏ္ဏော သုခံ ဖာသု ဝိဟရာမီ’’တိ။
တဿပိ ခေါ ဟတ္ထိနာဂဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘အဟံ ခေါ ပုဗ္ဗေ အာကိဏ္ဏော ဝိဟာသိံ ဟတ္ထီဟိ ဟတ္ထိနီဟိ ဟတ္ထိကလဘေဟိ ဟတ္ထိစ္ဆာပေဟိ, ဆိန္နဂ္ဂါနိ စေဝ တိဏာနိ ခါဒိံ, ဩဘဂ္ဂေါဘဂ္ဂဉ္စ မေ သာခါဘင်္ဂံ ခါဒိံသု, အာဝိလာနိ စ ပါနီယာနိ အပါယိံ, ဩဂါဟာ စ မေ ဥတ္တိဏ္ဏဿ ဟတ္ထိနိယော ကာယံ ဥပနိဃံသန္တိယော အဂမံသု, အာကိဏ္ဏော ဒုက္ခံ န ဖာသု ဝိဟာသိံ။ သောမှိ ဧတရဟိ အနာကိဏ္ဏော ဝိဟရာမိ ဟတ္ထီဟိ ဟတ္ထိနီဟိ ဟတ္ထိကလဘေဟိ ဟတ္ထိစ္ဆာပေဟိ, အစ္ဆိန္နဂ္ဂါနိ စေဝ တိဏာနိ ခါဒါမိ, ဩဘဂ္ဂေါဘဂ္ဂဉ္စ မေ သာခါဘင်္ဂံ န ခါဒန္တိ, အနာဝိလာနိ စ ပါနီယာနိ ပိဝါမိ, ဩဂါဟာ စ မေ ဥတ္တိဏ္ဏဿ ဟတ္ထိနိယော န ကာယံ ဥပနိဃံသန္တိယော ဂစ္ဆန္တိ, အနာကိဏ္ဏော သုခံ ဖာသု ဝိဟရာမီ’’တိ။
အထ ခေါ ဘဂဝါ အတ္တနော စ ပဝိဝေကံ ဝိဒိတွာ တဿ စ ဟတ္ထိနာဂဿ စေတသာ စေတောပရိဝိတက္ကမညာယ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဧတံ [ဧဝံ (က။)] နာဂဿ နာဂေန, ဤသာဒန္တဿ ဟတ္ထိနော၊
သမေတိ စိတ္တံ စိတ္တေန, ယဒေကော ရမတီ မနော’’တိ။ ပဉ္စမံ၊
၅-နာဂသုတ် ၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ မြတ်စွာဘုရားအား “ငါသည် ယခုအခါ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ်အပေါင်းမှ (ထွက်၍) တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ”ဟု အကြံသည် ဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြွလျက်ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်းပါလိလေယျက တောအုပ်သို့ ဒေသစာရီကြွတော်မူ၏။ အစဥ်သဖြင့် ဒေသစာရီကြွတော်မူလတ်သော်ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။ မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ နေတော်မူ၏။ ဆင်ပြောင်ကြီးတစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက်သစ်ကိုင်းကိုလည်း (အခြားဆင်တို့) စားကုန်၏။ (ထိုဆင်ပြောင်ကြီးသည်) နောက်ကျုကုန်သော ရေတို့ကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ထိုဆင်ပြောင်ကြီး၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ ထိုဆင်ပြောင်ကြီးအား“ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်းဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ နောက်ကျုသော ရေကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ငါသည်ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ်မှ ထွက်၍ (တစ်ကောင်တည်း) ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ”ဟု ဤအကြံသည် ဖြစ်၏။ ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ နေ၏။ ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရားနေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင်မရှိအောင် ပြု၏။ နှာမောင်းဖြင့်လည်း မြတ်စွာဘုရား၏သောက်ရေ သုံးဆောင်ရေကို တည်ထား၏။ ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား“ငါသည် ရှေးအခါ က ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာမနေရ၊ “ထိုငါသည် ယခုအခါ၌ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏”ဟု စိတ်အကြံ ဖြစ်၏။ ထိုဆင်ပြောင်ကြီးအားလည်း “ငါသည် ရှေးအခါ က ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့်ရောပြွမ်းလျက် နေရသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသောသစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ ငါသည် နောက်ကျုသော ရေတို့ကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ ကြည်လင်သော ရေတို့ကိုလည်းသောက်ရ၏။ ဆိပ်ကမ်းမှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်းမိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသောအချိန်၌- “ဘုရားတည်းဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန်သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည်လှည်းစွယ်ရန်းနှင့်တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 4.5 A Bull Elephant So I have heard. At one time the Buddha was staying near Kosambī in Ghosita’s monastery. Now at that time Buddha lived crowded by monks, nuns, laymen, and laywomen; by rulers and their chief ministers, and monastics of other religions and their disciples. Crowded, he lived in suffering and discomfort. Then he thought, “These days I live crowded by monks, nuns, laymen, and laywomen; by rulers and their chief ministers, and monastics of other religions and their disciples. Crowded, I live in suffering and discomfort. Why don’t I live alone, withdrawn from the group?” Then the Buddha robed up in the morning and, taking his bowl and robe, entered Kosambī for alms. After the meal, on his return from almsround, he set his lodgings in order himself. Taking his bowl and robe, without informing his supporters or taking leave of the mendicant Saṅgha, he set out to go wandering alone toward Pārileyyaka, with no companion. When he eventually arrived, he stayed in a protected forest grove, at the foot of a sacred sal tree. A certain bull elephant was also living crowded by other males, females, younglings, and cubs. He ate the grass they’d trampled, and they ate the broken branches he dragged down. He drank muddy water, and after his bath the female elephants bumped into him. Crowded, he lived in suffering and discomfort. Then he thought, “These days I live crowded by other males, females, younglings, and cubs. I eat the grass they’ve trampled, and they eat the broken branches I’ve dragged down. I drink muddy water, and after my bath the female elephants bump into me. Crowded, I live in suffering and discomfort. Why don’t I live alone, withdrawn from the herd?” So he left the herd and went to Pārileyyaka, where he approached the Buddha in the protected forest grove at the foot of a sacred sal tree. There he attended on the Buddha, clearing the vegetation from the place where the Buddha stayed, and using his trunk to set out water for drinking and washing. Then as the Buddha was in private retreat this thought came to his mind, “Formerly I lived crowded by monks, nuns, laymen, and laywomen; by rulers and their chief ministers, and monastics of other religions and their disciples. Crowded, I live in suffering and discomfort. But now I live uncrowded by monks, nuns, laymen, and laywomen; by rulers and their chief ministers, and monastics of other religions and their disciples. Being uncrowded, I live in happiness and comfort.” And to the bull elephant also this thought came to mind, “Formerly I lived crowded by other males, females, younglings, and cubs. I ate the grass they’d trampled, and they ate the broken branches I’d dragged down. I drank muddy water, and after my bath the female elephants bumped into me. Crowded, I lived in suffering and discomfort. But now I live uncrowded by other males, females, younglings, and cubs. I eat untrampled grass, and other elephants don’t eat the broken branches I have dragged down. I don’t drink muddy water, and the female elephants don’t bump into me after my bath. Being uncrowded, I live in happiness and comfort.” Then, understanding his own seclusion and knowing that elephant’s train of thought, on that occasion the Buddha expressed this heartfelt sentiment: “The giant elephant, with tusks like draft-poles, agrees heart to heart with the spiritual giant, since each finds joy in the woods alone.”
၆။ ပိဏ္ဍောလသုတ္တံ
၃၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ပိဏ္ဍောလဘာရဒွါဇော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အာရညိကော ပိဏ္ဍပါတိကော ပံသုကူလိကော တေစီဝရိကော အပ္ပိစ္ဆော သန္တုဋ္ဌော ပဝိဝိတ္တော အသံသဋ္ဌော အာရဒ္ဓဝီရိယော [အာရဒ္ဓဝိရိယော (သီ။ သျာ။ ကံ။ ပီ။)] ဓုတဝါဒေါ အဓိစိတ္တမနုယုတ္တော။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ ပိဏ္ဍောလဘာရဒွါဇံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အာရညိကံ ပိဏ္ဍပါတိကံ ပံသုကူလိကံ တေစီဝရိကံ အပ္ပိစ္ဆံ သန္တုဋ္ဌံ ပဝိဝိတ္တံ အသံသဋ္ဌံ အာရဒ္ဓဝီရိယံ ဓုတဝါဒံ အဓိစိတ္တမနုယုတ္တံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အနူပဝါဒေါ အနူပဃာတော [အနုပဝါဒေါ အနုပဃာတော (သျာ။ ပီ။ က။)], ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ, ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ, ဧတံ ဗုဒ္ဓါန သာသန’’န္တိ။ ဆဋ္ဌံ၊
၆-ပိဏ္ဍောလသုတ် ၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာအလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိစိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်းလည်းကောင်း၊ ကိုယ်ဖြင့် မညှဥ်း ဆဲခြင်းလည်းကောင်း၊ပါတိမောက္ခသီလ၌ စောင့်စည်းခြင်းလည်းကောင်း၊ ဘောဇဥ်၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်းလည်းကောင်း၊ လွန်ကဲသော စိတ်၌အားထုတ်ခြင်းလည်းကောင်း ဤကား မြတ်စွာဘုရားတို့၏ အဆုံးအမတော်တည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 4.6 The Alms-Gatherer So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Bhāradvāja the Alms-Gatherer was sitting not far from the Buddha, cross-legged, with his body straight. He was one who lived in the wilderness, ate only almsfood, wore rag robes, and owned just three robes. He was of few wishes, content, secluded, aloof, and energetic, an advocate of austerities, dedicated to the higher mind. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Not speaking ill nor doing harm; restraint in the monastic code; moderation in eating; staying in remote lodgings; commitment to the higher mind— this is the instruction of the Buddhas.”
၇။ သာရိပုတ္တသုတ္တံ
၃၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အပ္ပိစ္ဆော သန္တုဋ္ဌော ပဝိဝိတ္တော အသံသဋ္ဌော အာရဒ္ဓဝီရိယော အဓိစိတ္တမနုယုတ္တော။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ သာရိပုတ္တံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အပ္ပိစ္ဆံ သန္တုဋ္ဌံ ပဝိဝိတ္တံ အသံသဋ္ဌံ အာရဒ္ဓဝီရိယံ အဓိစိတ္တမနုယုတ္တံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အဓိစေတသော အပ္ပမဇ္ဇတော,
မုနိနော မောနပထေသု သိက္ခတော၊
သောကာ န ဘဝန္တိ တာဒိနော,
ဥပသန္တဿ သဒါ သတီမတော’’တိ။ သတ္တမံ၊
၇-သာရိပုတ္တသုတ် ၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အလိုနည်းသူရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“လွန်ကဲသော စိတ်ရှိလျက် မမေ့မလျော့မူ၍ အရဟတ္တမဂ်ဉာဏ်၏ လမ်းကြောင်း တရားတို့၌ ကျင့်ကာငြိမ်သက်စွာသောအခါ ခပ်သိမ်းသတိရှိသောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်သောကတို့သည် မဖြစ်ကုန်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 4.7 With Sāriputta So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was sitting not far from the Buddha, cross-legged, with his body straight. He was of few wishes, content, secluded, aloof, energetic, dedicated to the higher mind. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A sage of higher consciousness, diligent, training in the ways of sagacity: there are no sorrows for the unaffected, calm and ever mindful.”
၈။ သုန္ဒရီသုတ္တ
၃၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ဘိက္ခုသံဃောပိ သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ အညတိတ္ထိယာ ပန ပရိဗ္ဗာဇကာ အသက္ကတာ ဟောန္တိ အဂရုကတာ အမာနိတာ အပူဇိတာ အနပစိတာ န လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။
အထ ခေါ တေ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဘဂဝတော သက္ကာရံ အသဟမာနာ ဘိက္ခုသံဃဿ စ ယေန သုန္ဒရီ ပရိဗ္ဗာဇိကာ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သုန္ဒရိံ ပရိဗ္ဗာဇိကံ ဧတဒဝေါစုံ – ‘‘ဥဿဟသိ တွံ, ဘဂိနိ, ဉာတီနံ အတ္ထံ ကာတု’’န္တိ? ‘‘ကျာဟံ, အယျာ, ကရောမိ? ကိံ မယာ န သက္ကာ [ကိံ မယာ သက္ကာ (သျာ။ ပီ။)] ကာတုံ? ဇီဝိတမ္ပိ မေ ပရိစ္စတ္တံ ဉာတီနံ အတ္ထာယာ’’တိ။
‘‘တေန ဟိ, ဘဂိနိ, အဘိက္ခဏံ ဇေတဝနံ ဂစ္ဆာဟီ’’တိ။ ‘‘ဧဝံ, အယျာ’’တိ ခေါ သုန္ဒရီ ပရိဗ္ဗာဇိကာ တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ပဋိဿုတွာ အဘိက္ခဏံ ဇေတဝနံ အဂမာသိ။
ယဒါ တေ အညိံသု အညတိတ္ထိယာ ပရိဗ္ဗာဇကာ – ‘‘ဝေါဒိဋ္ဌာ ခေါ သုန္ဒရီ ပရိဗ္ဗာဇိကာ ဗဟုဇနေန အဘိက္ခဏံ ဇေတဝနံ ဂစ္ဆတီ’’တိ [ဂစ္ဆတီတိ (သီ။ သျာ။ ကံ။ ပီ။)]။ အထ နံ ဇီဝိတာ ဝေါရောပေတွာ တတ္ထေဝ ဇေတဝနဿ ပရိခါကူပေ နိက္ခိပိတွာ [နိခနိတွာ (သီ။ သျာ။ ပီ။)] ယေန ရာဇာ ပသေနဒိ ကောသလော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစုံ – ‘‘ယာ သာ, မဟာရာဇ, သုန္ဒရီ ပရိဗ္ဗာဇိကာ၊ သာ နော န ဒိဿတီ’’တိ။ ‘‘ကတ္ထ ပန တုမှေ အာသင်္ကထာ’’တိ? ‘‘ဇေတဝနေ, မဟာရာဇာ’’တိ။ ‘‘တေန ဟိ ဇေတဝနံ ဝိစိနထာ’’တိ။
အထ ခေါ တေ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဇေတဝနံ ဝိစိနိတွာ ယထာနိက္ခိတ္တံ ပရိခါကူပါ ဥဒ္ဓရိတွာ မဉ္စကံ အာရောပေတွာ သာဝတ္ထိံ ပဝေသေတွာ ရထိယာယ ရထိယံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ မနုဿေ ဥဇ္ဈာပေသုံ –
‘‘ပဿထာယျာ သမဏာနံ သကျပုတ္တိယာနံ ကမ္မံ! အလဇ္ဇိနော ဣမေ သမဏာ သကျပုတ္တိယာ ဒုဿီလာ ပါပဓမ္မာ မုသာဝါဒိနော အဗြဟ္မစာရိနော။ ဣမေ ဟိ နာမ ဓမ္မစာရိနော သမစာရိနော ဗြဟ္မစာရိနော သစ္စဝါဒိနော သီလဝန္တော ကလျာဏဓမ္မာ ပဋိဇာနိဿန္တိ! နတ္ထိ ဣမေသံ သာမညံ, နတ္ထိ ဣမေသံ ဗြဟ္မညံ။ နဋ္ဌံ ဣမေသံ သာမညံ, နဋ္ဌံ ဣမေသံ ဗြဟ္မညံ။ ကုတော ဣမေသံ သာမညံ, ကုတော ဣမေသံ ဗြဟ္မညံ? အပဂတာ ဣမေ သာမညာ, အပဂတာ ဣမေ ဗြဟ္မညာ။ ကထဉှိ နာမ ပုရိသော ပုရိသကိစ္စံ ကရိတွာ ဣတ္ထိံ ဇီဝိတာ ဝေါရောပေဿတီ’’တိ!
တေန ခေါ ပန သမယေန သာဝတ္ထိယံ မနုဿာ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသန္တိ ဝိဟေသန္တိ –
‘‘အလဇ္ဇိနော ဣမေ သမဏာ သကျပုတ္တိယာ ဒုဿီလာ ပါပဓမ္မာ မုသာဝါဒိနော အဗြဟ္မစာရိနော။ ဣမေ ဟိ နာမ ဓမ္မစာရိနော သမစာရိနော ဗြဟ္မစာရိနော သစ္စဝါဒိနော သီလဝန္တော ကလျာဏဓမ္မာ ပဋိဇာနိဿန္တိ! နတ္ထိ ဣမေသံ သာမညံ, နတ္ထိ ဣမေသံ ဗြဟ္မညံ။ နဋ္ဌံ ဣမေသံ သာမညံ, နဋ္ဌံ ဣမေသံ ဗြဟ္မညံ။ ကုတော ဣမေသံ သာမညံ, ကုတော ဣမေသံ ဗြဟ္မညံ? အပဂတာ ဣမေ သာမညာ, အပဂတာ ဣမေ ဗြဟ္မညာ။ ကထဉှိ နာမ ပုရိသော ပုရိသကိစ္စံ ကရိတွာ ဣတ္ထိံ ဇီဝိတာ ဝေါရောပေဿတီ’’တိ!
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဧတရဟိ, ဘန္တေ, သာဝတ္ထိယံ မနုဿာ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသန္တိ ဝိဟေသန္တိ – ‘အလဇ္ဇိနော ဣမေ သမဏာ သကျပုတ္တိယာ ဒုဿီလာ ပါပဓမ္မာ မုသာဝါဒိနော အဗြဟ္မစာရိနော။ ဣမေ ဟိ နာမ ဓမ္မစာရိနော သမစာရိနော ဗြဟ္မစာရိနော သစ္စဝါဒိနော သီလဝန္တော ကလျာဏဓမ္မာ ပဋိဇာနိဿန္တိ။ နတ္ထိ ဣမေသံ သာမညံ, နတ္ထိ ဣမေသံ ဗြဟ္မညံ။ နဋ္ဌံ ဣမေသံ သာမညံ, နဋ္ဌံ ဣမေသံ ဗြဟ္မညံ။ ကုတော ဣမေသံ သာမညံ, ကုတော ဣမေသံ ဗြဟ္မညံ? အပဂတာ ဣမေ သာမညာ, အပဂတာ ဣမေ ဗြဟ္မညာ။ ကထဉှိ နာမ ပုရိသော ပုရိသကိစ္စံ ကရိတွာ ဣတ္ထိံ ဇီဝိတာ ဝေါရောပေဿတီ’’’တိ!
‘‘နေသော, ဘိက္ခဝေ, သဒ္ဒေါ စိရံ ဘဝိဿတိ သတ္တာဟမေဝ ဘဝိဿတိ။ သတ္တာဟဿ အစ္စယေန အန္တရဓာယိဿတိ။ တေန ဟိ, ဘိက္ခဝေ, ယေ မနုဿာ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသန္တိ ဝိဟေသန္တိ, တေ တုမှေ ဣမာယ ဂါထာယ ပဋိစောဒေထ –
‘‘‘အဘူတဝါဒီ နိရယံ ဥပေတိ,
ယော ဝါပိ [ယော စာပိ (သီ။ ပီ။ က။)] ကတွာ န ကရောမိ စာဟ၊
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ,
နိဟီနကမ္မာ မနုဇာ ပရတ္ထာ’’’တိ။
အထ ခေါ တေ ဘိက္ခူ ဘဂဝတော သန္တိကေ ဣမံ ဂါထံ ပရိယာပုဏိတွာ ယေ မနုဿာ ဘိက္ခူ ဒိသွာ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသန္တိ ပရိဘာသန္တိ ရောသန္တိ ဝိဟေသန္တိ တေ ဣမာယ ဂါထာယ ပဋိစောဒေန္တိ –
‘‘အဘူတဝါဒီ နိရယံ ဥပေတိ,
ယော ဝါပိ ကတွာ န ကရောမိစာဟ၊
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ,
နိဟီနကမ္မာ မနုဇာ ပရတ္ထာ’’တိ။
မနုဿာနံ ဧတဒဟောသိ – ‘‘အကာရကာ ဣမေ သမဏာ သကျပုတ္တိယာ။ နယိမေဟိ ကတံ။ သပန္တိမေ သမဏာ သကျပုတ္တိယာ’’တိ။ နေဝ သော သဒ္ဒေါ စိရံ အဟောသိ။ သတ္တာဟမေဝ အဟောသိ။ သတ္တာဟဿ အစ္စယေန အန္တရဓာယိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝတော ဧတဒဝေါစုံ –
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝ သုဘာသိတံ စိဒံ ဘန္တေ ဘဂဝတာ – ‘နေသော, ဘိက္ခဝေ, သဒ္ဒေါ စိရံ ဘဝိဿတိ။ သတ္တာဟမေဝ ဘဝိဿတိ။ သတ္တာဟဿ အစ္စယေန အန္တရဓာယိဿတီ’တိ။ အန္တရဟိတော သော, ဘန္တေ, သဒ္ဒေါ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘တုဒန္တိ ဝါစာယ ဇနာ အသညတာ,
သရေဟိ သင်္ဂါမဂတံဝ ကုဉ္ဇရံ၊
သုတွာန ဝါကျံ ဖရုသံ ဥဒီရိတံ,
အဓိဝါသယေ ဘိက္ခု အဒုဋ္ဌစိတ္တော’’တိ။ အဋ္ဌမံ၊
၈-သုန္ဒရီသုတ် ၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရရှိ၏။ သာသနာတော်မှပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကုန်။ ထိုအခါ သာသနာတော်ပြင်ပမှဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း အရိုအသေပြုခံရသည်ကိုသည်းမခံနိုင်ကြသောကြောင့် သုန္ဒရီပရိဗိုဇ်မထံသို့ ချဥ်းကပ်လျက် သုန္ဒရီပရိဗိုဇ်မကို “နှမ သင်သည် ဆွေမျိုးတို့၏ အကျိုးကို ပြုခြင်းငှါ စွမ်းနိုင်၏”ဟု ပြောကုန်၏။ အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်း? အကျွန်ုပ်သည် အဘယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဘဲ ရှိပါမည်နည်း? ဆွေမျိုးတို့၏ အကျိုးငှါ အကျွန်ုပ်၏ အသက်ကို စွန့်နိုင်ပါ၏ဟု (ပြောဆို၏)။ နှမသို့ ဖြစ်လျှင် ဇေတဝန်ကျောင်းသို့ မပြတ်သွားပါဟု ပြောကုန်၏။ “အသျှင်တို့ ကောင်းပါပြီ”ဟု သုန္ဒရီပရိဗိုဇ်မသည် ထိုသာသနာပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့၏ (စကားကို) ဝန်ခံ၍ ဇေတဝန်ကျောင်းတော်သို့ မပြတ်သွား၏။ သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် “သုန္ဒရီပရိဗိုဇ်မသည် ဇေတဝန်ကျောင်းသို့ မပြတ်သွားသည်ကို လူအများ မြင်၏”ဟု သိကြသောအခါ ထိုသုန္ဒရီပရိဗိုဇ်မကို သတ်၍ ထိုအရပ်၌ပင်လျှင်ဇေတဝန်ကျောင်းတော်အနီး (ပန်းမှိုက်စွန့်ရာ) မြောင်းထဲ၌ ပစ်ချထားပြီးလျှင် ပသေနဒီကောသလမင်းထံသို့ ချဥ်းကပ်လျက် ပသေနဒီကောသလမင်းကို “မင်းကြီး အကျွန်ုပ်တို့ သုန္ဒရီပရိဗိုဇ်မကို မတွေ့မြင်ရတော့ပါ”ဟု ပြောဆိုကုန်၏။ အသျှင်တို့သည် အဘယ်အရပ်၌ ယုံမှားကြပါသနည်းဟု (မေး၏)။ မင်းကြီး ဇေတဝန်ကျောင်း၌ ယုံမှားကြပါကုန်၏ဟု (ဆိုကြကုန်၏)။ သို့ ဖြစ်လျှင် ဇေတဝန်ကျောင်းကို့ (စူးစမ်း) ရှာ ဖွေကြကုန်လော့ဟု (ဆို၏)။ ထိုအခါ သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် ဇေတဝန်ကျောင်းကို စူးစမ်း ရှာဖွေ၍ (မိမိတို့) ပစ်ချထားခဲ့သော အလောင်းကောင်ကို မြောင်းအတွင်းမှ ထုတ်လျက် ညောင်စောင်းငယ်သို့ တင် ပြီးလျှင်သာဝတ္ထိမြို့တွင်းသို့ သွင်းကြ၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဥ်းကပ်လျက် လူတို့ကို ကဲ့ရဲ့စေကုန်၏။ အမောင်တို့ သာကီဝင်မင်းသား ရဟန်းတို့၏ အမှုကို ကြည့်ကြကုန်လော့၊ ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်ညံ့သော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောဆိုကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ သို့ စဥ်လျက် ဤရဟန်းတို့သည် တရားကျင့်ကုန်၏။ ကိုယ်ကျင့်ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြကုန်ဘိသေး၏။ ဤရဟန်းတို့အား ရဟန်း၏အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အား ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင်မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့စေကုန်၏)။ ထိုအခါ၌သာဝတ္ထိမြို့တွင်းဝယ် လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ရေရွတ်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ ညှဥ်းဆဲကုန်၏- ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်မာသော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ သို့ စဥ်လျက် ဤရဟန်းတို့သည် တရားကျင့်ကုန်၏။ ကိုယ်ကျင့်ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘော ရှိကုန်၏ဟူ၍ ဝန်ခံကုန်ဘိသေး၏။ ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည်မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အား ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့ကုန်၏)။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြ ပြီးသော် မြတ်စွာဘုရားအား ဤသို့ လျှောက်ကုန်၏ - အသျှင်ဘုရား ယခုအခါ သာဝတ္ထိမြို့၌ လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးပါကုန်၏။ ရေရွတ်ပါကုန်၏။ ခြုတ်ခြယ်ပါကုန်၏။ ညှဥ်းဆဲပါကုန်၏“ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်မာသော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောဆိုကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ သို့ စဥ်လျက် ဤရဟန်းတို့သည် တရား ကျင့်ကုန်၏။ ကိုယ်ကျင့် ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟူ၍ ဝန်ခံဘိကုန်သေး၏။ ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အားရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အာ့းရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်း”ဟု ကဲ့ရဲ့ကြပါကုန်၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ထိုအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက်လွန်လျှင်ကွယ်ပျောက်လိမ့်မည်။ ရဟန်းတို့ ထိုသို့ ဖြစ်မူ ရဟန်းတို့ကို မြင်လျှင် မလျော်ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန် ညှဥ်းဆဲကုန်သော လူတို့ကို - “မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုပြုပြီးလျှင် ငါ မပြုဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏”ဟု ဤဂါထာဖြင့်ပြန်လည်ချေပကြကုန်လော့ဟု (မိန့်တော်မူ၏)။ ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အထံ၌ ဤဂါထာကို သင်ပြီး၍ ရဟန်းတို့ကို မြင်လျှင်မလျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန်ညှဥ်းဆဲကုန်သော လူတို့ကို ရဟန်းတို့သည် - “မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုပြုပြီးလျှင် ငါ မပြုဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏”ဟု ဤဂါထာဖြင့် ပြန်လည် ချေပကြကုန်၏။ “ဤသာကီဝင်မင်းသား ရဟန်းတို့သည် အပြစ်မရှိကုန်။ ဤသာကီဝင်မင်းသား ရဟန်းတို့သည် (မကောင်းမှုကို) မပြုအပ်၊ ဤသာကီဝင်မင်းသား ရဟန်းတို့သည် ကျိန်စာဆိုကြပေကုန်၏”ဟု လူတို့အား ဤအကြံသည် ဖြစ်၏။ ထိုအသံသည် ကြာမြင့်စွာ မဖြစ်တော့ပေ၊ ခုနစ်ရက်မျှသာလျှင် ဖြစ်၏။ ခုနစ်ရက်လွန်သောအခါ ကွယ်ပျောက်တော့၏။ ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရားအံ့ဩဖွယ် ကောင်းပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ရဟန်းတို့ ဤအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက်လွန်လျှင် ကွယ်ပျောက်လိမ့်မည်”ဟူသော ဤစကားကို အလွန်ကောင်းစွာ ဆိုတော်မူပါပေ၏။ အသျှင်ဘုရား ထိုအသံသည် ကွယ်ပျောက်သွားပါပြီဟု လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ကိုယ် နှုတ် နှလုံးမစောင့်စည်းသော လူတို့သည် သူတစ်ပါးတို့ကို နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏။ ရဟန်းသည် သူတစ်ပါးတို့ ပြောဆိုအပ်သော ကြမ်းသော စကားကို ကြားရသောကြောင့် ဒေါသစိတ်မရှိဘဲသည်းခံရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 4.8 With Sundarī So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was honored, respected, revered, venerated, and esteemed. And he received robes, almsfood, lodgings, and medicines and supplies for the sick. And the mendicant Saṅgha was also honored, respected, revered, venerated, and esteemed. And they received robes, almsfood, lodgings, and medicines and supplies for the sick. But the wanderers who followed other religions were not honored, respected, revered, venerated, and esteemed. And they didn’t receive robes, almsfood, lodgings, and medicines and supplies for the sick. Then those wanderers who followed other religions, unable to bear the esteem of the mendicant Saṅgha, approached the female wanderer Sundarī and said, “Sister, are you able to do something for the welfare of your kin?” “What can I do, masters? How can I help? I’d even give my life for the welfare of my kin.” “Well then, sister, frequently visit Jeta’s Grove.” “Yes, masters,” she replied, and did as they asked. When those wanderers knew that Sundarī had been clearly seen by many people frequently visiting Jeta’s Grove, they killed her and dumped her in the ditch around Jeta’s Grove. Then they went to see King Pasenadi of Kosala and said to him, “Great king, we cannot find the female wanderer Sundarī.” “But where do you suspect she is?” “At Jeta’s Grove, Great King.” “Well then, search Jeta’s Grove.” So the wanderers searched Jeta’s Grove. They pulled her body up from the ditch where they had dumped it, and lifted it on a bier. Having entered Sāvatthī, they went from street to street and from square to square, complaining to people: “See the deed of the ascetics who follow the Sakyan! Shameless are these ascetics who follow the Sakyan, immoral and wicked. They are liars and unchaste. Sure, they claim to be of principled and moral conduct, to be chaste, truthful, ethical, and of good character. But they have no asceticism, no spirituality. Asceticism and spirituality are lost to them! Where is their asceticism, where their spirituality? They have abandoned asceticism and spirituality! How on earth can a man, having done a man’s business, kill a woman!” Then at that time when the people of Sāvatthī saw the mendicants they abused and insulted them with rude, harsh words: “Shameless are these ascetics who follow the Sakyan, immoral, wicked. They are liars and unchaste. Sure, they claim to be of principled and moral conduct, to be chaste, truthful, ethical, and of good character. But they have no asceticism, no spirituality. Asceticism and spirituality are lost to them! Where is their asceticism, where their spirituality? They have abandoned asceticism and spirituality! How on earth can a man, having done a man’s business, kill a woman!” Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. “That rumor, mendicants, won’t last long. It will only be seven days, then it will vanish. So you may respond to those critics with this verse: A liar goes to hell, as does one who denies what they did. Both are equal in the hereafter, those men of base deeds.” The mendicants memorized that verse in the Buddha’s presence, then used it to respond to those critics. People thought, “These ascetics who follow the Sakyan didn’t do it, it was not done by them, they swear it.” That rumor didn’t last long. It was seven days, then it vanished. Then several mendicants went up to the Buddha, bowed, sat down to one side, and said to him, “It’s incredible, sir, it’s amazing! How well said this was by the Buddha: ‘That rumor, mendicants, won’t last long. It will only be seven days, then it will vanish.’ That rumor has vanished, sir.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “People out of control stab with words, like they stab a tusker in battle with darts. When they hear a harsh word spoken, a mendicant should endure with no anger in heart.”
၉။ ဥပသေနသုတ္တ
၃၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, သတ္ထာ စ မေ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ သွာက္ခာတေ စမှိ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော၊ သဗြဟ္မစာရိနော စ မေ သီလဝန္တော ကလျာဏဓမ္မာ၊ သီလေသု စမှိ ပရိပူရကာရီ၊ သုသမာဟိတော စမှိ ဧကဂ္ဂစိတ္တော၊ အရဟာ စမှိ ခီဏာသဝေါ၊ မဟိဒ္ဓိကော စမှိ မဟာနုဘာဝေါ။ ဘဒ္ဒကံ မေ ဇီဝိတံ, ဘဒ္ဒကံ မရဏ’’န္တိ။
အထ ခေါ ဘဂဝါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ စေတသာ စေတောပရိဝိတက္ကမညာယ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယံ ဇီဝိတံ န တပတိ, မရဏန္တေ န သောစတိ၊
သ ဝေ ဒိဋ္ဌပဒေါ ဓီရော, သောကမဇ္ဈေ န သောစတိ။
‘‘ဥစ္ဆိန္နဘဝတဏှဿ, သန္တစိတ္တဿ ဘိက္ခုနော၊
ဝိက္ခီဏော ဇာတိသံသာရော, နတ္ထိ တဿ ပုနဗ္ဘဝေါ’’တိ။ နဝမံ၊
၉-ဥပသေနသုတ် ၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေနအား တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်သို့ ကိန်းအောင်းစဥ့်“ငါသည် အရတော်ပေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေစွ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ငါ၏ ဆရာပေတည်း။ ငါသည် လူ့ဘောင်မှ ထွက်ခဲ့၍ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သူလည်း ဖြစ်၏။ ငါ၏ သီတင်းသုံးဖော်တို့သည်လည်း သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏။ ငါသည် သီလတို့၌ ဖြည့်ကျင့်ရသူလည်း ဖြစ်၏။ ငါသည် ကောင်းစွာ တည်ကြည်၍ မပြန့်လွင့်သော စိတ်ရှိသူလည်း ဖြစ်၏။ ငါသည် အာသဝေါကုန်ခန်းသော ရဟန္တာလည်း ဖြစ်၏။ ငါသည်ကြီးသောတန်ခိုးအာနုဘော်ရှိသူလည်း ဖြစ်၏။ ငါ့အား အသက်ရှင်ခြင်းသည်လည်းကောင်း၊ သေရခြင်းသည်လည်းကောင်း ကောင်း၏”ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေန၏ စိတ်အကြံကို မိမိစိတ်ဖြင့်ပိုင်းခြားသိ၍ ထိုသိသောအချိန်၌- “အကြင်ရဟန္တာပုဂ္ဂိုလ်ကို ရှိနေဆဲ အသက်သည်လည်း မနှိပ်စက်နိုင်၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်သည် သေခါနီးအခါ၌လည်း မစိုးရိမ်၊ နိဗ္ဗာန်ကို မြင်ပြီးသော ပညာ ရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် စိုးရိမ်သူတို့အလယ်၌ မစိုးရိမ်ရတော့ပေ။ ဘဝတဏှာ ဖြတ်တောက်ပြီး၍ ငြိမ်သက်သော စိတ်ရှိသူအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ ထိုရဟန်းအား တစ်ဖန် ဘဝအသစ် မရှိတော့ပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 4.9 With Upasena So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then as Venerable Upasena son of Vaṅgantā was in private retreat this thought came to his mind: “I’m so fortunate, so very fortunate! My Teacher is the Blessed One, perfected, a fully awakened Buddha. Well explained is the teaching and training in which I have gone forth from the lay life to homelessness. My spiritual companions are ethical and of good character. I have fulfilled the precepts. My mind is unified and serene. I am a perfected one who has ended the defilements. I am of great might and power. My life has been good, and my death will be good.” Then, knowing that Venerable Upasena’s train of thought, on that occasion the Buddha expressed this heartfelt sentiment: “One who has no guilt in life, nor grief at facing death: that attentive one who has seen the truth, grieves not among the grieving. For the mendicant with peaceful mind, who has cut off craving for continued existence, transmigration through births is finished, there’ll be no more future lives for them.”
၁၀။ သာရိပုတ္တဥပသမသုတ္တ
၄၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အတ္တနော ဥပသမံ ပစ္စဝေက္ခမာနော။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ သာရိပုတ္တံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အတ္တနော ဥပသမံ ပစ္စဝေက္ခမာနံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဥပသန္တသန္တစိတ္တဿ, နေတ္တိစ္ဆိန္နဿ ဘိက္ခုနော၊
ဝိက္ခီဏော ဇာတိသံသာရော, မုတ္တော သော မာရဗန္ဓနာ’’တိ။ ဒသမံ၊
မေဃိယဝဂ္ဂေါ စတုတ္ထော နိဋ္ဌိတော။
တဿုဒ္ဒါနံ- –
မေဃိယော ဥဒ္ဓတာ ဂေါပါလော, ယက္ခော [ဇုဏှာ (သီ။ သျာ။ ပီ။), ဇုဏှံ (က။)] နာဂေန ပဉ္စမံ၊
ပိဏ္ဍောလော သာရိပုတ္တော စ, သုန္ဒရီ ဘဝတိ အဋ္ဌမံ၊
ဥပသေနော ဝင်္ဂန္တပုတ္တော, သာရိပုတ္တော စ တေ ဒသာတိ။
၁၀-သာရိပုတ္တဥပသမသုတ် ၄၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေးအရပ်၌ မိမိ၏ ကိလေသာငြိမ်းအေးမှုကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မိမိ၏ ကိလေသာငြိမ်းအေးခြင်းကို ဆင်ခြင်လျက် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင်ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“ငြိမ်းအေးငြိမ်သက်သော စိတ်ရှိ၍ ဘဝတဏှာ ပြတ်ပြီးသော ရဟန်းအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်လေတော့၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ လေးခုမြောက် မေဃိယဝဂ် ပြီး၏။
Heartfelt Sayings 4.10 The Peacefulness of Sāriputta So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was sitting not far from the Buddha, cross-legged, with his body straight, reviewing his own peacefulness. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “With mind at peace, so full of peace, for a mendicant who has cut the cord, transmigration through births is finished: they’re freed from Māra’s bonds.”
၅။ သောဏဝဂ္ဂေါ [မဟာဝဂ္ဂ (အဋ္ဌကထာယ သမေတိ)]
၁။ ပိယတရသုတ္တံ
၄၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော မလ္လိကာယ ဒေဝိယာ သဒ္ဓိံ ဥပရိပါသာဒဝရဂတော ဟောတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော မလ္လိကံ ဒေဝိံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ တေ, မလ္လိကေ, ကောစညော အတ္တနာ ပိယတရော’’တိ?
‘‘နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။ တုယှံ ပန, မဟာရာဇ, အတ္ထညော ကောစိ အတ္တနာ ပိယတရော’’တိ? ‘‘မယှမ္ပိ ခေါ, မလ္လိကေ, နတ္ထညော ကောစိ အတ္တနာ ပိယတရော’’တိ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော ပါသာဒါ ဩရောဟိတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ –
‘‘ဣဓာဟံ, ဘန္တေ, မလ္လိကာယ ဒေဝိယာ သဒ္ဓိံ ဥပရိပါသာဒဝရဂတော မလ္လိကံ ဒေဝိံ ဧတဒဝေါစံ – ‘အတ္ထိ နု ခေါ တေ, မလ္လိကေ, ကောစညော အတ္တနာ ပိယတရော’တိ? ဧဝံ ဝုတ္တေ, မလ္လိကာ ဒေဝီ မံ ဧတဒဝေါစ – ‘နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။ တုယှံ ပန, မဟာရာဇ, အတ္ထညော ကောစိ အတ္တနာ ပိယတရော’တိ? ဧဝံ ဝုတ္တေ, အဟံ, ဘန္တေ, မလ္လိကံ ဒေဝိံ ဧတဒဝေါစံ – ‘မယှမ္ပိ ခေါ, မလ္လိကေ, နတ္ထညော ကောစိ အတ္တနာ ပိယတရော’’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ,
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ၊
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ,
တသ္မာ န ဟိံသေ ပရမတ္တကာမော’’တိ။ ပဌမံ၊
၅-သောဏဝဂ် ၁-ပိယတရသုတ် ၄၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းသည်မလ္လိကာမိဖုရားနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိသေးသလော”ဟု ပြောဆို၏။ မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ မင်းကြီး အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိပါသေးသလောဟု (မေး၏)။ မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါဟု (ပြောဆို၏)။ ထို့နောက်ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို- အသျှင်ဘုရား ယနေ့ တပည့်တော်သည် မလ္လိကာမိဖုရားကြီးနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေလျက် မလ္လိကာမိဖုရားကြီးကို “မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလော”ဟု ပြောဆိုပါ၏။ ဤသို့ဆိုသော် မလ္လိကာမိဖုရားသည် တပည့်တော်ကို “မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိပါသေးသလော”ဟု မေးပါ၏။ ဤသို့မေးသော် အသျှင်ဘုရား တပည့်တော်သည် မလ္လိကာ မိဖုရားကို “မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိ”ဟု ဤသို့ ပြောဆိုပါသည်ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“အလုံးစုံ အရပ်တို့သို့ စိတ်ဖြင့် အစဥ်လျှောက်၍ ရှာဖွေသော်လည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ကိုမျှ မရနိုင်၊ ဤသို့ သူတစ်ပါးတို့ထက် မိမိကိုယ်ကို အသီးအခြား ချစ်၏။ ထို့ကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဥ်းဆဲရာ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 5.1 Who is More Dear? So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time King Pasenadi of Kosala was upstairs in the royal longhouse together with Queen Mallikā. Then King Pasenadi addressed Queen Mallikā, “Mallikā, is there anyone more dear to you than yourself?” “No, Great King, there isn’t. But is there anyone more dear to you than yourself?” “For me also, Mallikā, there’s no one.” Then King Pasenadi of Kosala came downstairs from the stilt longhouse, went to the Buddha, bowed, sat down to one side, and told him what had happened. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Having explored every quarter with the mind, one finds no one dearer than oneself. Likewise for others, each holds themselves dear; so one who desires self-knowledge <j>would harm no other.”
၂။ အပ္ပါယုကသုတ္တ
၄၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ အာနန္ဒော သာယနှသမယံ ပဋိသလ္လာနာ [ပဋိသလ္လာဏာ (သီ။)] ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝ အပ္ပါယုကာ ဟိ, ဘန္တေ, ဘဂဝတော မာတာ အဟောသိ, သတ္တာဟဇာတေ ဘဂဝတိ ဘဂဝတော မာတာ ကာလမကာသိ, တုသိတံ ကာယံ ဥပပဇ္ဇီ’’တိ။
‘‘ဧဝမေတံ, အာနန္ဒ [ဧဝမေတံ အာနန္ဒ ဧဝမေတံ အာနန္ဒ (သျာ။)], အပ္ပါယုကာ ဟိ, အာနန္ဒ, ဗောဓိသတ္တမာတရော ဟောန္တိ။ သတ္တာဟဇာတေသု ဗောဓိသတ္တေသု ဗောဓိသတ္တမာတရော ကာလံ ကရောန္တိ, တုသိတံ ကာယံ ဥပပဇ္ဇန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယေ ကေစိ ဘူတာ ဘဝိဿန္တိ ယေ ဝါပိ,
သဗ္ဗေ ဂမိဿန္တိ ပဟာယ ဒေဟံ၊
တံ သဗ္ဗဇာနိံ ကုသလော ဝိဒိတွာ,
အာတာပိယော ဗြဟ္မစရိယံ စရေယျာ’’တိ။ ဒုတိယံ၊
၂-အပ္ပါယုကသုတ် ၄၂။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည်ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက်မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော်မြတ်စွာဘုရားကို “အသျှင်ဘုရားအံံ့ဩဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရား၏မယ်တော်သည်အလွန်နည်းသော အသက်ရှိ၏။ မြတ်စွာဘုရား မွေးဖွားပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်ပါ၏”ဟု လျှောက်၏။ အာနန္ဒာဟုတ်ပေ၏။ အာနန္ဒာ ဘုရားလောင်းမယ်တော်တို့သည် နည်းသော အသက်ရှိကုန်၏။ ဘုရားလောင်းကို ဖွားမြင်ပြီးနောက်ခုနစ်ရက်မြောက်၌ ကွယ်လွန်ကြ၍ တုသိတာနတ်ပြည်၌ ဖြစ်ကြရကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“အကြင်သတ္တဝါတို့သည် ဖြစ်ဆဲဖြစ်ကုန်၏။ အကြင်သတ္တဝါတို့သည်လည်း နောင် ဖြစ်ကုန်လတ္တံ့။ ထိုသတ္တဝါအားလုံးသည်ခန္ဓာကိုယ်ကို ပယ်စွန့်၍ သွားကြကုန်လတ္တံ့။ လိမ္မာသူ ပညာရှိသည်ထိုအလုံးစုံပျက်စီးဆုံးရှုံးခြင်းကို သိမြင်၍ ပြင်းထန်သော လုံ့လရှိလျက်မြတ်သောအကျင့်ကို ကျင့်ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 5.2 Short-lived So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then in the late afternoon, Venerable Ānanda came out of retreat and went to the Buddha. He bowed, sat down to one side, and said to him: “It’s incredible, sir, it’s amazing! How short-lived was the Blessed One’s mother! For seven days after the Blessed One was born, his mother passed away and was reborn in the host of joyful gods.” “That’s so true, Ānanda! For the mothers of beings intent of awakening are short-lived. Seven days after the beings intent on awakening are born, their mothers pass away and are reborn in the host of joyful gods.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Whether born or to be born, all depart, leaving the body behind. The skillful, understanding that all is lost, would keenly practice the spiritual life.”
၃။ သုပ္ပဗုဒ္ဓကုဋ္ဌိသုတ္တ
၄၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ရာဇဂဟေ သုပ္ပဗုဒ္ဓေါ နာမ ကုဋ္ဌီ အဟောသိ – မနုဿဒလိဒ္ဒေါ, မနုဿကပဏော, မနုဿဝရာကော။ တေန ခေါ ပန သမယေန ဘဂဝါ မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေန္တော နိသိန္နော ဟောတိ။
အဒ္ဒသာ ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ တံ မဟာဇနကာယံ ဒူရတောဝ သန္နိပတိတံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘နိဿံသယံ ခေါ ဧတ္ထ ကိဉ္စိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဘာဇီယတိ [ဘာဇီယိဿတိ (သီ။)]။ ယံနူနာဟံ ယေန သော မဟာဇနကာယော တေနုပသင်္ကမေယျံ။ အပ္ပေဝ နာမေတ္ထ ကိဉ္စိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ လဘေယျ’’န္တိ။
အထ ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ယေန သော မဟာဇနကာယော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ဘဂဝန္တံ မဟတိယာ ပရိသာယ ပရိဝုတံ ဓမ္မံ ဒေသေန္တံ နိသိန္နံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘န ခေါ ဧတ္ထ ကိဉ္စိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဘာဇီယတိ။ သမဏော အယံ ဂေါတမော ပရိသတိ ဓမ္မံ ဒေသေတိ။ ယံနူနာဟမ္ပိ ဓမ္မံ သုဏေယျ’’န္တိ။ တတ္ထေဝ ဧကမန္တံ နိသီဒိ – ‘‘အဟမ္ပိ ဓမ္မံ သောဿာမီ’’တိ။
အထ ခေါ ဘဂဝါ သဗ္ဗာဝန္တံ ပရိသံ စေတသာ စေတော ပရိစ္စ မနသာကာသိ ‘‘ကော နု ခေါ ဣဓ ဘဗ္ဗော ဓမ္မံ ဝိညာတု’’န္တိ? အဒ္ဒသာ ခေါ ဘဂဝါ သုပ္ပဗုဒ္ဓံ ကုဋ္ဌိံ တဿံ ပရိသာယံ နိသိန္နံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘အယံ ခေါ ဣဓ ဘဗ္ဗော ဓမ္မံ ဝိညာတု’’န္တိ။ သုပ္ပဗုဒ္ဓံ ကုဋ္ဌိံ အာရဗ္ဘ အာနုပုဗ္ဗိံ ကထံ [အာနုပုဗ္ဗိကထံ (သီ။), အနုပုဗ္ဗိကထံ (သျာ။ ပီ။ က။)] ကထေသိ, သေယျထိဒံ – ဒါနကထံ သီလကထံ သဂ္ဂကထံ၊ ကာမာနံ အာဒီနဝံ ဩကာရံ သင်္ကိလေသံ၊ နေက္ခမ္မေ [နေက္ခမ္မေ စ (သီ။ သျာ။ ပီ။)] အာနိသံသံ ပကာသေသိ။ ယဒါ ဘဂဝါ အညာသိ သုပ္ပဗုဒ္ဓံ ကုဋ္ဌိံ ကလ္လစိတ္တံ မုဒုစိတ္တံ ဝိနီဝရဏစိတ္တံ ဥဒဂ္ဂစိတ္တံ ပသန္နစိတ္တံ, အထ ယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ တံ ပကာသေသိ – ဒုက္ခံ, သမုဒယံ, နိရောဓံ, မဂ္ဂံ။ သေယျထာပိ နာမ သုဒ္ဓံ ဝတ္ထံ အပဂတကာဠကံ သမ္မဒေဝ ရဇနံ ပဋိဂ္ဂဏှေယျ, ဧဝမေဝ သုပ္ပဗုဒ္ဓဿ ကုဋ္ဌိဿ တသ္မိံယေဝ အာသနေ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ’’န္တိ။
အထ ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထု သာသနေ ဥဋ္ဌာယာသနာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ဘဂဝန္တံ ဧတဒဝေါစ –
‘‘အဘိက္ကန္တံ, ဘန္တေ, အဘိက္ကတံ, ဘန္တေ! သေယျထာပိ, ဘန္တေ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘဂဝတာ အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘန္တေ, ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။
အထ ခေါ သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ အစိရပက္ကန္တံ သုပ္ပဗုဒ္ဓံ ကုဋ္ဌိံ ဂါဝီ တရုဏဝစ္ဆာ အဓိပတိတွာ ဇီဝိတာ ဝေါရောပေသိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ယော သော, ဘန္တေ, သုပ္ပဗုဒ္ဓေါ နာမ ကုဋ္ဌီ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော, သော ကာလင်္ကတော။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ?
‘‘ပဏ္ဍိတော, ဘိက္ခဝေ, သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ၊ ပစ္စပါဒိ ဓမ္မဿာနုဓမ္မံ၊ န စ မံ ဓမ္မာဓိကရဏံ ဝိဟေသေသိ။ သုပ္ပဗုဒ္ဓေါ, ဘိက္ခဝေ, ကုဋ္ဌီ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော’’တိ။
ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ အဟောသိ – မနုဿဒလိဒ္ဒေါ, မနုဿကပဏော, မနုဿဝရာကော’’တိ?
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ ဣမသ္မိံယေဝ ရာဇဂဟေ သေဋ္ဌိပုတ္တော အဟောသိ။ သော ဥယျာနဘူမိံ နိယျန္တော အဒ္ဒသ တဂရသိခိံ [တဂ္ဂရသိခိံ (က။)] ပစ္စေကဗုဒ္ဓံ နဂရံ ပိဏ္ဍာယ ပဝိသန္တံ။ ဒိသွာနဿ ဧတဒဟောသိ – ‘ကွာယံ ကုဋ္ဌီ ကုဋ္ဌိစီဝရေန ဝိစရတီ’တိ? နိဋ္ဌုဘိတွာ အပသဗျတော [အပဗျာမတော (သျာ။ သံ။ နိ။ ၁။၂၅၅)] ကရိတွာ ပက္ကာမိ။ သော တဿ ကမ္မဿ ဝိပါကေန ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ ဗဟူနိ ဝဿသတသဟဿာနိ နိရယေ ပစ္စိတ္ထ။ တဿေဝ ကမ္မဿ ဝိပါကာဝသေသေန ဣမသ္မိံယေဝ ရာဇဂဟေ ကုဋ္ဌီ အဟောသိ မနုဿဒလိဒ္ဒေါ, မနုဿကပဏော, မနုဿဝရာကော။ သော တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ သဒ္ဓံ သမာဒိယိ သီလံ သမာဒိယိ သုတံ သမာဒိယိ စာဂံ သမာဒိယိ ပညံ သမာဒိယိ။ သော တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ သဒ္ဓံ သမာဒိယိတွာ သီလံ သမာဒိယိတွာ သုတံ သမာဒိယိတွာ စာဂံ သမာဒိယိတွာ ပညံ သမာဒိယိတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နော ဒေဝါနံ တာဝတိံသာနံ သဟဗျတံ။ သော တတ္ထ အညေ ဒေဝေ အတိရောစတိ ဝဏ္ဏေန စေဝ ယသသာ စာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘စက္ခုမာ ဝိသမာနီဝ, ဝိဇ္ဇမာနေ ပရက္ကမေ၊
ပဏ္ဍိတော ဇီဝလောကသ္မိံ, ပါပါနိ ပရိဝဇ္ဇယေ’’တိ။ တတိယံ၊
၃-သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် ၄၃။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည့်ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ သုပ္ပဗုဒ္ဓမည်သော လူနူသည်လူတကာတို့ထက်ဆင်းရဲသူ အထီးကျန်သူ ချို့တဲ့သူ ဖြစ်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် များစွာသော ပရိသတ်ခြံရံ၍ တရားဟောလျက်နေတော်မူ၏။ သုပ္ပဗုဒ္ဓလူနူသည်စုဝေးနေသော ထိုလူအပေါင်းကို အဝေးကပင်မြင်၍ “ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားသောက်ဖွယ်ကိုလည်းကောင်း မချွတ်ဧကန်ဝေခြမ်းနေဟန်ရှိသည်၊ အကယ်၍ငါသည်ထိုလူအပေါင်းကို ချဥ်းကပ်ရမူ ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း ရနိုင်ကောင်းတန်ရာ၏”ဟု အကြံဖြစ်၏။ ထို့နောက်သုပ္ပဗုဒ္ဓလူနူသည် လူအပေါင်းရှိရာသို့ ချဥ်းကပ်လေသော် များစွာသော ပရိသတ်ခြံရံ၍တရားဟောနေသော မြတ်စွာဘုရားကို မြင်သဖြင့် “ဤအရပ်၌ တစ်စုံတစ်ခုသော ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း ဝေခြမ်းနေသည်မဟုတ်၊ ဤရဟန်းဂေါတမသည်ပရိသတ်၌ တရားဟောနေ၏။ ငါသည်လည်း တရားနာရမူ ကောင်း၏”ဟု ကြံပြီးလျှင်ထိုအရပ်၌ပင် “ငါသည်လည်း တရားနာအံ့”ဟု တစ်ခုသောအရပ်၌ ထိုင်၏။ ထိုအခါ မြတ်စွာဘုရားသည် လူမျိုးစုံပါဝင်သော ပရိသတ်ကို စိတ်တော်ဖြင့် (ပရိသတ်) စိတ်ကို ပိုင်းခြားသိ၍ “ဤပရိသတ်၌ အဘယ်သူသည် တရားကို သိထိုက်သနည်း”ဟု နှလုံးသွင်းတော်မူ၏။ မြတ်စွာဘုရားသည် ထိုပရိသတ်၌ ထိုင်နေသော သုပ္ပဗုဒ္ဓလူနူကို မြင်၍ “ဤပရိသတ်၌ သုပ္ပဗုဒ္ဓလူနူသည်တရားကို သိခြင်းငှါ ထိုက်၏”ဟု ကြံပြီးလျှင်သုပ္ပဗုဒ္ဓလူနူကို အကြောင်းပြု၍အစဥ်အတိုင်းသောတရားကို ဟောတော်မူ၏။ ဤအစဥ်အတိုင်းသောတရားစကားဟူသည်အဘယ်နည်း? ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်းနှင့်စပ်သောစကား ကာမဂုဏ်တို့မှထွက်မြောက်ခြင်း၌ အကျိုးနှင့်စပ်သောစကားတို့တည်း။ ထိုစကားများကို ထင်ရှားပြတော်မူ၏။ မြတ်စွာဘုရားသည် သုပ္ပဗုဒ္ဓလူနူ၌ ခံ့သော စိတ်နူးညံ့သော စိတ်အပိတ်အပင်‘နီဝရဏ’မှ ကင်းသော စိတ်တက်ကြွသော စိတ် ယုံကြည်သော စိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရား၏ကိုယ်တိုင်ထုတ်ဖော်သိမြင်အပ်သော သာမုက္ကံသိက တရားဒေသနာတော်ဖြစ်သော ဆင်းရဲ ‘ဒုက္ခသစ္စာ’ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယသစ္စာ’ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓသစ္စာ’ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းလမ်းစဥ်‘မဂ္ဂသစ္စာ’ကိုးလည်းကောင်းပြတော်မူ၏။ မည်းနက်ခြင်း ကင်း၍ စင်ကြယ်သော အဝတ်သည်ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ဤအတူသာလျှင် သုပ္ပဗုဒ္ဓလူနူအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသောတရားသည်ချုပ်ခြင်းသဘော ရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသောတရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည်ထင်ရှားဖြစ်ပေါ်၏။ ထို့နောက်သုပ္ပဗုဒ္ဓလူနူသည်တရားသို့ ရောက်ပြီးသည်ဖြစ်၍ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍ (သို့လောသို့လော) တွေးတောခြင်းကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်ဖြစ်၍ သူတစ်ပါးကိုအားထား၍ ယုံကြည်သည်မဟုတ်ဘဲကိုယ်တိုင်ပင်သိမြင်ပြီးဖြစ်၍ မြတ်စွာဘုရားမှတစ်ပါး ယုံကြည်ကိုးစားထိုက်သူ မရှိရကား နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော်မြတ်စွာဘုရားကို - အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းအပ်သော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူ့အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ညှိထွန်းသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရား အကျွန်ုပ်သည်မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ယနေ့မှစ၍အသက်ထက်ဆုံး ဘုရား တရား သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ”ဟုမှတ်တော်မူပါဟူ၍ (လျှောက်၏)။ ထို့နောက်သုပ္ပဗုဒ္ဓလူနူသည်မြတ်စွာဘုရားသည် တရာစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေအပ်ပြီးသည်ရှိသော်မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက်မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ဖဲသွားလေ၏။ ထို့နောက်ဖဲသွား၍ မကြာသေးသော သုပ္ပဗုဒ္ဓလူနူကို နို့စို့နွားငယ်ရှိသော နွားမသည်ဝှေ့၍ သတ်လေ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော်“မြတ်စွာဘုရား တရာစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သော သုပ္ပဗုဒ္ဓလူနူသည်ကွယ်လွန်ပါပြီ။ ထိုသုပ္ပဗုဒ္ဓလူနူ၏ လားရာဂတိကား အဘယ်ပါနည်း? တမလွန်ဘဝကားအဘယ်ပါနည်း”ဟု လျှောက်ကုန်၏။ ရဟန်းတို့ သုပ္ပဗုဒ္ဓလူနူသည်ပညာရှိ၏။ တရားအားလျော်သောအကျင့်ကို ထိုးထွင်း၍ သိ၏။ တရားတည်းဟူသော အကြောင်းကြောင့် ငါဘုရားကို မပင်ပန်းစေ၊ ရဟန်းတို့ သုပ္ပဗုဒ္ဓလူနူသည်သံယောဇဥ်သုံးပါးတို့ကုန်ခြင်းကြောင့် ဖရိုဖရဲ ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော်ရဟန်းတစ်ပါးသည်မြတ်စွာဘုရားကို “အသျှင်ဘုရား သုပ္ပဗုဒ္ဓကလူနူသည်လူတကာတို့ထက်ဆင်းရဲရခြင်း အထီးကျန်ရခြင်း ချို့တဲ့ရခြင်း အကြောင်းကား အဘယ်ပါနည်း? အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သုပ္ပဗုဒ္ဓလူနူသည်ဤရာဇဂြိုဟ်ပြည်၌ပင် သူဌေးသား ဖြစ်ဖူး၏။ ထိုသူဌေးသားသည်ဥယျာဥ်သို့ ထွက်လတ်သော် (ရာဇဂြိုဟ်) မြို့သို့ ဆွမ်းခံဝင်သောတဂ္ဂရသိခီပစ္စေကဗုဒ္ဓါကို မြင်၍ “ဤသူသည် အဘယ်သူနည်း? လူနူသည်လူနူအဝတ်ဖြင့် လှည့်လည်၏”ဟု ကြံစည်ပြီးလျှင်တံတွေးထွေးကာ အရိုအသေ မပြုဘဲ ဖဲသွား၏။ ထိုသူဌေးသားသည်ထိုကံ၏ အကျိုးကြောင့် အနှစ်အရာ အနှစ်အထောင်အနှစ်အသော င်းတို့ပတ်လုံး ငရဲ၌ ကျရောက်၏။ ထိုကံ၏ အကျိုးကြွင်းကြောင့် ပင်လျှင်ဤရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက်ဆင်းရဲသော အထီးကျန်သော ချို့တဲ့သော လူနူဖြစ်၏။ ထိုလူနူသည်မြတ်စွာဘုရားဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကိုမှီငြမ်းပြု၍ယုံကြည်မှု ‘သဒ္ဓါ’ကို ဆောက်တည်၏။ စောင့်ထိန်းမှု ‘သီလ’ကို ဆောက်တည်၏။ အကြားအမြင် ‘သုတ’ကို ဆောက်တည်၏။ စွန့်ကြဲမှု ‘စာဂ’ကို ဆောက်တည်၏။ ပညာကို ဆောက်တည်၏။ ထိုလူနူသည်မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကိုမှီငြမ်းပြု၍ယုံကြည်မှု ‘သဒ္ဓါ’ကို ဆောက်တည်သောကြောင့် စောင့်ထိန်းမှု ‘သီလ’ကို အကြားအမြင် ‘သုတ’ကို စွန့်ကြဲမှု ‘စာဂ’ကို ပညာကို ဆောက်တည်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သောတာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်သော နတ်ပြည်သို့ ရောက်၏။ ထိုသုပ္ပဗုဒ္ဓလူနူသည်ထို တာဝတိံသာနတ်ပြည်၌ အဆင်းဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင့်းတစ်ပါးသော နတ်တို့ထက် လွန်၍ တင့်တယ်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“မျက်စိအမြင်ရှိသူသည် လုံ့လဝီရိယရှိလတ်သော်မညီညွတ်သောအရပ်တို့ကို ရှောင်ကြဥ်သကဲ့သို့ ဤအတူ သတ္တလောက၌ ပညာရှိသောသူသည် မကောင်းမှုတို့ကို ကြဥ်ရှောင်ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 5.3 With Suppabuddha the Leper So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. At that time in Rājagaha there was a leper called Suppabuddha. He was a poor person, destitute, and pitiful. Now, at that time the Buddha was teaching Dhamma, surrounded by a large assembly. Suppabuddha saw the crowd seated off in the distance and thought, “Surely some fresh and cooked foods will be distributed there. Why don’t I approach the crowd? Hopefully I’ll get something to eat.” So he approached the crowd where he saw the Buddha teaching Dhamma, surrounded by a large assembly. When he saw this he thought, “There’s no food being distributed here. The ascetic Gotama is teaching Dhamma in an assembly. Why don’t I also listen to the teaching?” Right there he sat down to one side, thinking, “I also will listen to the teaching.” Then the Buddha focused on encompassing the minds of everyone in the assembly, thinking, “Who here is capable of understanding the teaching?” He saw Suppabuddha sitting in the assembly, and thought, “He is capable of understanding the teaching.” He gave a step by step talk especially for Suppabuddha on giving, ethical conduct, and heaven. He revealed the drawbacks of sensual pleasures, so sordid and corrupt, and the benefit of renunciation. When the Buddha knew that Suppabuddha’s mind was ready, pliable, rid of hindrances, elated, and confident he revealed the special teaching of the Buddhas: suffering, its origin, its cessation, and the path. Just as a clean cloth rid of stains would properly absorb dye, in that very seat the stainless, immaculate vision of the Dhamma arose in Suppabuddha: “Everything that is liable to arise is liable to cease.” Then Suppabuddha saw, attained, understood, and fathomed the Dhamma. He went beyond doubt, got rid of indecision, and became self-assured and independent of others regarding the Teacher’s instructions. He rose from his seat and went to the Buddha, bowed, sat down to one side, and said: “Excellent, sir! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the Buddha has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the Buddha remember me as a lay follower who has gone for refuge for life.” After Suppabuddha had been educated, encouraged, fired up, and inspired with a Dhamma talk by the Buddha, he got up from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. But soon after Suppabuddha had left, a cow with a baby calf charged at him and took his life. Then several mendicants went up to the Buddha, bowed, sat down to one side, and said, “The leper named Suppabuddha, after being educated, encouraged, fired up, and inspired with a Dhamma talk by the Buddha, has passed away. Where has he been reborn in his next life?” “Mendicants, Suppabuddha was astute. He practiced in line with the teaching, and did not trouble me about the teachings. With the ending of three fetters, Suppabuddha is a stream-enterer, not liable to be reborn in the underworld, assured, destined for awakening.” When he said this, one of the mendicants said to the Buddha, “What is the cause, sir, what is the reason why Suppabuddha became a leper, a poor person, destitute, and pitiful?” “Once upon a time, mendicants, Suppabuddha used to be a financier’s son right here in Rājagaha. On his way to visit a park, he saw Tagarasikhī, an independent Buddha, entering the city for alms. When he saw this he thought, “Who is this leper wandering about with his leper’s robe?” Before leaving, he spat on the ground and turned his left side to Tagarasikhī. As a result of that deed he burned in hell for many years, for many hundreds, many thousands, many hundreds of thousands of years. And as a residual result of that same deed, he became a leper right here in Rājagaha, a poor person, destitute and pitiful. But owing to faith in the teaching and training proclaimed by the Realized One, he undertook ethics, learning, generosity, and wisdom. After undertaking these things, when his body broke up, after death, he was reborn in a good place, a heavenly realm, in the company of the gods of the thirty-three. There he outshines the other gods in beauty and glory.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “As a clear-eyed man would avoid rough paths, so long as strength is found; an astute person in the living world, would shun bad deeds.”
၄။ ကုမာရကသုတ္တ
၄၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ကုမာရကာ အန္တရာ စ သာဝတ္ထိံ အန္တရာ စ ဇေတဝနံ မစ္ဆကေ ဗာဓေန္တိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ ဘဂဝါ တေ သမ္ဗဟုလေ ကုမာရကေ အန္တရာ စ သာဝတ္ထိံ အန္တရာ စ ဇေတဝနံ မစ္ဆကေ ဗာဓေန္တေ။ ဒိသွာန ယေန တေ ကုမာရကာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ကုမာရကေ ဧတဒဝေါစ – ‘‘ဘာယထ ဝေါ, တုမှေ ကုမာရကာ, ဒုက္ခဿ, အပ္ပိယံ ဝေါ ဒုက္ခ’’န္တိ? ‘‘ဧဝံ, ဘန္တေ, ဘာယာမ မယံ, ဘန္တေ, ဒုက္ခဿ, အပ္ပိယံ နော ဒုက္ခ’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သစေ ဘာယထ ဒုက္ခဿ, သစေ ဝေါ ဒုက္ခမပ္ပိယံ၊
မာကတ္ထ ပါပကံ ကမ္မံ, အာဝိ ဝါ ယဒိ ဝါ ရဟော။
‘‘သစေ စ ပါပကံ ကမ္မံ, ကရိဿထ ကရောထ ဝါ၊
န ဝေါ ဒုက္ခာ ပမုတျတ္ထိ, ဥပေစ္စပိ [ဥပစ္စပိ (က။), ဥပ္ပစ္စပိ (?), ဥပ္ပတိတွာပိ ဣတိ အတ္ထော] ပလာယတ’’န္တိ။ စတုတ္ထံ၊
၄-ကုမာရကသုတ် ၄၄။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်နှင့်ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်သော များစွာသောသူငယ်တို့ကို မြင်၍သူငယ်တို့ထံသို့ ချဥ်းကပ်ပြီးလျှင်သူငယ်တို့ကို “သူငယ်တို့ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ဆင်းရဲမှ ကြောက်ကြကုန်၏ လော”ဟု (မိန့်တော်မူ၏)။မှန်ပါသည်အသျှင်ဘုရား၊ အသျှင်ဘုရားတပည့်တော်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ ဆင်းရဲမှ ကြောက်ကြပါကုန်၏”ဟု (လျှောက်ကုန်၏)။ ထို့နောက်မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သင်တို့သည် အကယ်၍ ဆင်းရဲမှ ကြောက်ကုန်မူ ဆင်းရဲကို မနှစ်သက်ကြကုန်မူ မျက်မှောက်၌ ဖြစ်စေ၊ မျက်ကွယ်၌ ဖြစ်စေ မကောင်းမှုကို မပြုကြကုန်လင့်၊ သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်းပြု နောင်လည်း ပြုမည်ဖြစ်ကြမူ ဖဲရှောင်ထွက်ပြေးကုန်သော်လည်း သင်တို့အား ဆင်းရဲမှလွတ်မြောက်မှု မရှိနိုင်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 5.4 The Boys So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time, between Sāvatthī and the Jeta Grove, several boys were tormenting some fish. Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He saw the boys tormenting the fish. He went to them and said, “Boys, do you fear pain? Do you dislike pain?” “Yes, sir,” they replied. “We dislike pain.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “If you fear pain, if you dislike pain, don’t do bad deeds either openly or in secret. If you should do a bad deed, now or in the future, you won’t be freed from suffering, though you fly away and flee.”
၅။ ဥပေါသထသုတ္တ
၄၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဘဂဝါ တဒဟုပေါသထေ ဘိက္ခုသံဃပရိဝုတော နိသိန္နော ဟောတိ။
အထ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ ပဌမေ ယာမေ, ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ [စီဝရံ (သဗ္ဗတ္ထ)] ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော ပဌမော ယာမော၊ စိရနိသိန္နော ဘိက္ခုသံဃော၊ ဥဒ္ဒိသတု, ဘန္တေ, ဘဂဝါ ဘိက္ခူနံ ပါတိမောက္ခ’’န္တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ တုဏှီ အဟောသိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ မဇ္ဈိမေ ယာမေ, ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော မဇ္ဈိမော ယာမော၊ စိရနိသိန္နော ဘိက္ခုသံဃော၊ ဥဒ္ဒိသတု, ဘန္တေ, ဘဂဝါ ဘိက္ခူနံ ပါတိမောက္ခ’’န္တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ တုဏှီ အဟောသိ။
တတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော အဘိက္ကန္တာယ ရတ္တိယာ, နိက္ခန္တေ ပစ္ဆိမေ ယာမေ, ဥဒ္ဓသ္တေ အရုဏေ, နန္ဒိမုခိယာ ရတ္တိယာ ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တာ, ဘန္တေ, ရတ္တိ၊ နိက္ခန္တော ပစ္ဆိမော ယာမော၊ ဥဒ္ဓသ္တော အရုဏော၊ နန္ဒိမုခီ ရတ္တိ၊ စိရနိသိန္နော ဘိက္ခုသံဃော၊ ဥဒ္ဒိသတု, ဘန္တေ, ဘဂဝါ ဘိက္ခူနံ ပါတိမောက္ခ’’န္တိ။ ‘‘အပရိသုဒ္ဓါ, အာနန္ဒ, ပရိသာ’’တိ။
အထ ခေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဧတဒဟောသိ – ‘‘ကံ နု ခေါ ဘဂဝါ ပုဂ္ဂလံ သန္ဓာယ ဧဝမာဟ – ‘အပရိသုဒ္ဓါ, အာနန္ဒ, ပရိသာ’တိ? အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော သဗ္ဗာဝန္တံ ဘိက္ခုသံဃံ စေတသာ စေတော ပရိစ္စ မနသာကာသိ။ အဒ္ဒသာ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ပုဂ္ဂလံ ဒုဿီလံ ပါပဓမ္မံ အသုစိံ သင်္ကဿရသမာစာရံ ပဋိစ္ဆန္နကမ္မန္တံ အသမဏံ သမဏပဋိညံ အဗြဟ္မစာရိံ ဗြဟ္မစာရိပဋိညံ အန္တောပူတိံ အဝဿုတံ ကသမ္ဗုဇာတံ မဇ္ဈေ ဘိက္ခုသံဃဿ နိသိန္နံ။ ဒိသွာန ဥဋ္ဌာယာသနာ ယေန သော ပုဂ္ဂလော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ပုဂ္ဂလံ ဧတဒဝေါစ – ‘‘ဥဋ္ဌေဟိ, အာဝုသော, ဒိဋ္ဌောသိ ဘဂဝတာ၊ နတ္ထိ တေ ဘိက္ခူဟိ သဒ္ဓိံ သံဝါသော’’တိ။ ဧဝံ ဝုတ္တေ [အထ ခေါ (သဗ္ဗတ္ထ), စူဠဝ။ ၃၈၃၊ အ။ နိ။ ၈။၂၀ ပဿိတဗ္ဗံ], သော ပုဂ္ဂလော တုဏှီ အဟောသိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ပုဂ္ဂလံ ဧတဒဝေါစ – ‘‘ဥဋ္ဌေဟိ, အာဝုသော, ဒိဋ္ဌောသိ ဘဂဝတာ၊ နတ္ထိ တေ ဘိက္ခူဟိ သဒ္ဓိံ သံဝါသော’’တိ။ ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ သော ပုဂ္ဂလော တုဏှီ အဟောသိ။
အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ ဗဟိဒွါရကောဋ္ဌကာ နိက္ခာမေတွာ သူစိဃဋိကံ ဒတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခာမိတော, ဘန္တေ, သော ပုဂ္ဂလော မယာ။ ပရိသုဒ္ဓါ ပရိသာ။ ဥဒ္ဒိသတု, ဘန္တေ, ဘဂဝါ ဘိက္ခူနံ ပါတိမောက္ခ’’န္တိ။ ‘‘အစ္ဆရိယံ, မောဂ္ဂလ္လာန, အဗ္ဘုတံ, မောဂ္ဂလ္လာန! ယာဝ ဗာဟာဂဟဏာပိ နာမ သော မောဃပုရိသော အာဂမေဿတီ’’တိ!
အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘န ဒါနာဟံ, ဘိက္ခဝေ, ဣတော ပရံ [န ဒါနာဟံ ဘိက္ခဝေ အဇ္ဇတဂ္ဂေ (အ။ နိ။ ၈။၂၀)] ဥပေါသထံ ကရိဿာမိ, ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ။ တုမှေဝ ဒါနိ, ဘိက္ခဝေ, ဣတော ပရံ ဥပေါသထံ ကရေယျာထ, ပါတိမောက္ခံ ဥဒ္ဒိသေယျာထ။ အဋ္ဌာနမေတံ, ဘိက္ခဝေ, အနဝကာသော ယံ တထာဂတော အပရိသုဒ္ဓါယ ပရိသာယ ဥပေါသထံ ကရေယျ, ပါတိမောက္ခံ ဥဒ္ဒိသေယျ။
‘‘အဋ္ဌိမေ, ဘိက္ခဝေ, မဟာသမုဒ္ဒေ အစ္ဆရိယာ အဗ္ဘုတာ ဓမ္မာ, ယေ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။ ကတမေ အဋ္ဌ?
‘‘မဟာသမုဒ္ဒေါ, ဘိက္ခဝေ, အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဘာရော, န အာယတကေနေဝ ပပါတော။ ယမ္ပိ [ယံ (သီ။ သျာ။ က။)], ဘိက္ခဝေ, မဟာသမုဒ္ဒေါ အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဘာရော န အာယတကေနေဝ ပပါတော၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ ပဌမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဌိတဓမ္မော ဝေလံ နာတိဝတ္တတိ။ ယမ္ပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဌိတဓမ္မော ဝေလံ နာတိဝတ္တတိ၊ အယံ, ဘိက္ခဝေ [အယမ္ပိ (သဗ္ဗတ္ထ)], မဟာသမုဒ္ဒေ ဒုတိယော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ န မတေန ကုဏပေန သံဝသတိ။ ယံ ဟောတိ မဟာသမုဒ္ဒေ မတံ ကုဏပံ တံ ခိပ္ပမေဝ [ခိပ္ပညေဝ (သီ။), ခိပ္ပံယေဝ (က။)] တီရံ ဝါဟေတိ, ထလံ ဥဿာရေတိ။ ယမ္ပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ န မတေန ကုဏပေန သံဝသတိ, ယံ ဟောတိ မဟာသမုဒ္ဒေ မတံ ကုဏပံ တံ ခိပ္ပမေဝ တီရံ ဝါဟေတိ ထလံ ဥဿာရေတိ၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ တတိယော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယာ ကာစိ မဟာနဒိယော, သေယျထိဒံ – ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီ, တာ မဟာသမုဒ္ဒံ ပတွာ [ပတ္တာ (သျာ။ ပီ။ က။)] ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ၊ ‘မဟာသမုဒ္ဒေါ’တွေဝ သင်္ခံ ဂစ္ဆန္တိ။ ယမ္ပိ, ဘိက္ခဝေ, ယာ ကာစိ မဟာနဒိယော, သေယျထိဒံ – ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီ တာ မဟာသမုဒ္ဒံ ပတွာ ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ, ‘မဟာသမုဒ္ဒေါ’တွေဝ သင်္ခံ ဂစ္ဆန္တိ၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ စတုတ္ထော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယာ စ လောကေ သဝန္တိယော မဟာသမုဒ္ဒံ အပ္ပေန္တိ, ယာ စ အန္တလိက္ခာ ဓာရာ ပပတန္တိ, န တေန မဟာသမုဒ္ဒဿ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ။ ယမ္ပိ, ဘိက္ခဝေ, ယာ စ လောကေ သဝန္တိယော မဟာသမုဒ္ဒံ အပ္ပေန္တိ, ယာ စ အန္တလိက္ခာ ဓာရာ ပပတန္တိ, န တေန မဟာသမ္မုဒ္ဒဿ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ ပဉ္စမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဧကရသော လောဏရသော။ ယမ္ပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဧကရသော လောဏရသော၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ ဆဋ္ဌော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဗဟုရတနော အနေကရတနော။ တတြိမာနိ ရတနာနိ, သေယျထိဒံ – မုတ္တာ မဏိ ဝေဠုရိယော သင်္ခေါ သိလာ ပဝါဠံ ရဇတံ ဇာတရူပံ လောဟိတင်္ဂေါ မသာရဂလ္လံ။ ယမ္ပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဗဟုရတနော အနေကရတနော, တတြိမာနိ ရတနာနိ, သေယျထိဒံ – မုတ္တာ မဏိ ဝေဠုရိယော သင်္ခေါ သိလာ ပဝါဠံ ရဇတံ ဇာတရူပံ လောဟိတင်္ဂေါ [လောဟိတင်္ကော (သီ။ ပီ။), လောဟိတကော (?)] မသာရဂလ္လံ၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ သတ္တမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ပုန စပရံ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ မဟတံ ဘူတာနံ အာဝါသော။ တတြိမေ ဘူတာ – တိမိ တိမိင်္ဂလော တိမိတိမိင်္ဂလော [တိမိ တိမိင်္ဂလော တိမိရပိင်္ဂလော (သီ။ ပီ။, အ။ နိ။ ၈။၁၉)] အသုရာ နာဂါ ဂန္ဓဗ္ဗာ။ သန္တိ မဟာသမုဒ္ဒေ ယောဇနသတိကာပိ အတ္တဘာဝါ, ဒွိယောဇနသတိကာပိ အတ္တဘာဝါ, တိယောဇနသတိကာပိ အတ္တဘာဝါ, စတုယောဇနသတိကာပိ အတ္တဘာဝါ, ပဉ္စယောဇနသတိကာပိ အတ္တဘာဝါ။ ယမ္ပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ မဟတံ ဘူတာနံ အာဝါသော, တတြိမေ ဘူတာ – တိမိ တိမိင်္ဂလော တိမိတိမိင်္ဂလော အသုရာ နာဂါ ဂန္ဓဗ္ဗာ, သန္တိ မဟာသမုဒ္ဒေ ယောဇနသတိကာပိ အတ္တဘာဝါ ဒွိယောဇနသတိကာပိ အတ္တဘာဝါ…ပေ… ပဉ္စယောဇနသတိကာပိ အတ္တဘာဝါ၊ အယံ, ဘိက္ခဝေ, မဟာသမုဒ္ဒေ အဋ္ဌမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။ ဣမေ ခေါ, ဘိက္ခဝေ, အဋ္ဌ မဟာသမုဒ္ဒေ အစ္ဆရိယာ အဗ္ဘုတာ ဓမ္မာ ယေ ဒိသွာ ဒိသွာ အသုရာ မဟာသမုဒ္ဒေ အဘိရမန္တိ။
‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ အဋ္ဌ အစ္ဆရိယာ အဗ္ဘုတာ ဓမ္မာ, ယေ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။ ကတမေ အဋ္ဌ?
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဘာရော, န အာယတကေနေဝ ပပါတော၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ, န အာယတကေနေဝ အညာပဋိဝေဓော။ ယမ္ပိ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ, န အာယတကေနေဝ အညာပဋိဝေဓော၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ ပဌမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဌိတဓမ္မော ဝေလံ နာတိဝတ္တတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယံ မယာ သာဝကာနံ သိက္ခာပဒံ ပညတ္တံ တံ မမ သာဝကာ ဇီဝိတဟေတုပိ နာတိက္ကမန္တိ။ ယမ္ပိ, ဘိက္ခဝေ, မယာ သာဝကာနံ သိက္ခာပဒံ ပညတ္တံ တံ မမ သာဝကာ ဇီဝိတဟေတုပိ နာတိက္ကမန္တိ၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ ဒုတိယော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ န မတေန ကုဏပေန သံဝသတိ၊ ယံ ဟောတိ မဟာသမုဒ္ဒေ မတံ ကုဏပံ တံ ခိပ္ပမေဝ တီရံ ဝါဟေတိ, ထလံ ဥဿာရေတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယော သော ပုဂ္ဂလော ဒုဿီလော ပါပဓမ္မော အသုစိ သင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏပဋိညော အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော, န တေန သံဃော သံဝသတိ၊ အထ ခေါ နံ ခိပ္ပမေဝ သန္နိပတိတွာ ဥက္ခိပတိ။ ကိဉ္စာပိ သော ဟောတိ မဇ္ဈေ ဘိက္ခုသံဃဿ နိသိန္နော, အထ ခေါ သော အာရကာဝ သံဃမှာ, သံဃော စ တေန။ ယမ္ပိ, ဘိက္ခဝေ, ယော သော ပုဂ္ဂလော ဒုဿီလော ပါပဓမ္မော အသုစိ သင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏပဋိညော အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော, န တေန သံဃော သံဝသတိ၊ ခိပ္ပမေဝ နံ သန္နိပတိတွာ ဥက္ခိပတိ။ ကိဉ္စာပိ သော ဟောတိ မဇ္ဈေ ဘိက္ခုသံဃဿ နိသိန္နော, အထ ခေါ သော အာရကာဝ သံဃမှာ, သံဃော စ တေန၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ တတိယော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, ယာ ကာစိ မဟာနဒိယော, သေယျထိဒံ – ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီ တာ မဟာသမုဒ္ဒံ ပတွာ ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ, ‘မဟာသမုဒ္ဒေါ’တွေဝ သင်္ခံ ဂစ္ဆန္တိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, စတ္တာရော ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ တေ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတွာ [ပဗ္ဗဇိတာ (က။ သီ။)] ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ, ‘သမဏာ သကျပုတ္တိယာ’တွေဝ သင်္ခံ ဂစ္ဆန္တိ။ ယမ္ပိ, ဘိက္ခဝေ, စတ္တာရော ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ တေ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတွာ ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ, ‘သမဏာ သကျပုတ္တိယာ’တွေဝ သင်္ခံ ဂစ္ဆန္တိ၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ စတုတ္ထော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, ယာ စ လောကေ သဝန္တိယော မဟာသမုဒ္ဒံ အပ္ပေန္တိ, ယာ စ အန္တလိက္ခာ ဓာရာ ပပတန္တိ, န တေန မဟာသမုဒ္ဒဿ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဗဟူ စေပိ ဘိက္ခူ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယန္တိ, န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ။ ယမ္ပိ, ဘိက္ခဝေ, ဗဟူ စေပိ ဘိက္ခူ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယန္တိ, န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ ပဉ္စမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဧကရသော လောဏရသော၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော ဧကရသော ဝိမုတ္တိရသော။ ယမ္ပိ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော ဧကရသော ဝိမုတ္တိရသော၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ ဆဋ္ဌော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ ဗဟုရတနော အနေကရတနော, တတြိမာနိ ရတနာနိ, သေယျထိဒံ – မုတ္တာ မဏိ ဝေဠုရိယော သင်္ခေါ သိလာ ပဝါဠံ ရဇတံ ဇာတရူပံ လောဟိတင်္ဂေါ မသာရဂလ္လံ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော ဗဟုရတနော အနေကရတနော၊ တတြိမာနိ ရတနာနိ, သေယျထိဒံ – စတ္တာရော သတိပဋ္ဌာနာ, စတ္တာရော သမ္မပ္ပဓာနာ, စတ္တာရော ဣဒ္ဓိပါဒါ, ပဉ္စိန္ဒြိယာနိ, ပဉ္စ ဗလာနိ, သတ္တ ဗောဇ္ဈင်္ဂါ, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ ယမ္ပိ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော ဗဟုရတနော အနေကရတနော, တတြိမာနိ ရတနာနိ, သေယျထိဒံ – စတ္တာရော သတိပဋ္ဌာနာ, စတ္တာရော သမ္မပ္ပဓာနာ, စတ္တာရော ဣဒ္ဓိပါဒါ, ပဉ္စိန္ဒြိယာနိ, ပဉ္စ ဗလာနိ, သတ္တ ဗောဇ္ဈင်္ဂါ, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ သတ္တမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။
‘‘သေယျထာပိ, ဘိက္ခဝေ, မဟာသမုဒ္ဒေါ မဟတံ ဘူတာနံ အာဝါသော, တတြိမေ ဘူတာ – တိမိ တိမိင်္ဂလော တိမိတိမိင်္ဂလော အသုရာ နာဂါ ဂန္ဓဗ္ဗာ, သန္တိ မဟာသမုဒ္ဒေ ယောဇနသတိကာပိ အတ္တဘာဝါ ဒွိယောဇနသတိကာပိ အတ္တဘာဝါ တိယောဇနသတိကာပိ အတ္တဘာဝါ စတုယောဇနသတိကာပိ အတ္တဘာဝါ ပဉ္စယောဇနသတိကာပိ အတ္တဘာဝါ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော မဟတံ ဘူတာနံ အာဝါသော၊ တတြိမေ ဘူတာ – သောတာပန္နော, သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နော, သကဒါဂါမိ, သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော, အနာဂါမီ, အနာဂါမီဖလသစ္ဆိကိရိယာယ ပဋိပန္နော, အရဟာ, အရဟတ္တာယ ပဋိပန္နော [အရဟတ္တဖလသစ္ဆိကိရိယာယ (သီ။)]။ ယမ္ပိ, ဘိက္ခဝေ, အယံ ဓမ္မဝိနယော မဟတံ ဘူတာနံ အာဝါသော, တတြိမေ ဘူတာ – သောတာပန္နော, သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နော, သကဒါဂါမီ, သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော, အနာဂါမီ, အနာဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော, အရဟာ, အရဟတ္တာယ ပဋိပန္နော၊ အယံ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ အဋ္ဌမော အစ္ဆရိယော အဗ္ဘုတော ဓမ္မော, ယံ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တိ။ ဣမေ ခေါ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ အဋ္ဌ အစ္ဆရိယာ အဗ္ဘုတာ ဓမ္မာ, ယေ ဒိသွာ ဒိသွာ ဘိက္ခူ ဣမသ္မိံ ဓမ္မဝိနယေ အဘိရမန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဆန္နမတိဝဿတိ, ဝိဝဋံ နာတိဝဿတိ၊
တသ္မာ ဆန္နံ ဝိဝရေထ, ဧဝံ တံ နာတိဝဿတီ’’တိ။ ပဉ္စမံ၊
၅-ဥပေါသထသုတ် ၄၅။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့၌ ရဟန်းသံဃာခြံရံလျက် နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍ ပဌမယံလွန်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် ဤစကားကို လျှောက်၏ “အသျှင်ဘုရား ညဥ့်နက်ပါပြီ။ ပဌမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍ မဇ္ဈိမယံလွန်လတ်သော် နေရာမှ ထကာလက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်“အသျှင်ဘုရား ညဥ့်နက်ပါပြီ။ မဇ္ဈိမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်နက်သဖြင့် ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီလျက် “အသျှင်ဘုရား ညဥ့်နက်ပါပြီ။ ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်လှပါပြီ။ အသျှင်ဘုရားမြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။ အာနန္ဒာ ပရိသတ်မစင်ကြယ်သေးဟု (မိန့်တော်မူ၏)။ ထိုအခါ “မြတ်စွာဘုရားက အဘယ်သူကို ရည်၍ ‘အာနန္ဒာ ပရိသတ်မစင်ကြယ်သေး’ဟု ” မိန့်တော်မူသနည်းဟု အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည်အလုံးစုံပါဝင်သော ရဟန်းအပေါင်း၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သောအကျင့်ရှိသော မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော ရဟန်းသံဃာအလယ်၌ ထိုင်နေသော ထိုဒုဿီလပုဂ္ဂိုလ်ကို မြင်၍ နေရာမှထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဥ်းကပ်လျက် ထိုပုဂ္ဂိုလ်ကို “ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ”ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို “ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ”ဟု ဆိုသော်လည်း နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ ကိုင်လျက် တံခါးမုခ်ပြင်ဘက်သို့ ဆွဲထုတ်ပြီးလျှင် တံခါးပိတ်ကာ မင်းတုတ်လျှို၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် ထိုရဟန်းကို ထွက်သွားစေပါပြီ။ ပရိသတ်စင်ကြယ်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။ မောဂ္ဂလ္လာန်အံ့ဩဖွယ်ရှိပေစွ၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းသည် လက်မောင်းကို ကိုင်ထုတ်ရသည့်တိုင်အောင်ဆိုင်းငံ့နေဘိသေး၏ဟု (မိန့်တော်မူ၏)။ ထို့နောက်မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ငါဘုရားသည် ယခုအခါ သင်တို့သာ ဥပုသ်ပြုကြကုန်လော့၊ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ယနေ့မှ အစပြု၍ ငါဘုရားသည် ဥပုသ်မပြုတော့အံ့၊ပါတိမောက်မပြတော့အံ့၊ ရဟန်းတို့ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား ဥပုသ်ပြုခြင်းပါတိမောက်ပြခြင်းသည် အကြောင်းမဟုတ်၊ အခွင့်မဟုတ်။ သမုဒ္ဒရာ၏အံ့ဖွယ်ရှစ်ပါး ရဟန်းတို့ မဟာသမုဒ္ဒရာ၌အံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်းဟူမူ- ၁။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဥ်အတိုင်း နိမ့်၏။ အစဥ်အတိုင်းကိုင်း၏။ အစဥ်အတိုင်း ရှိုင်း၏။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အစ၌ ကမ်းပါးစောက်မရှိမူ၍အစဥ်အတိုင်း နိမ့်ခြင်း အစဥ်အတိုင်းကိုင်းခြင်း အစဥ်အတိုင်း ရှိုင်းခြင်းသည် မဟာသမုဒ္ဒရာ၌ ပဌမဖြစ်သောအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၂။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိ၏။ ကမ်းကို မလွန်။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တည်တံ့သော သဘောရှိခြင်း ကမ်းကို မလွန်ခြင်းသည်လည်းမဟာသမုဒ္ဒရာ၌ ဒုတိယအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၃။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၏။ ကုန်း၌ တင်စေ၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အသေကောင်ပုပ်နှင့် မဆက်ဆံခြင်း မဟာသမုဒ္ဒရာ၌ အသေ ကောင်ပုပ်သည် ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်ခြင်းကုန်း၌ တင်စေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ တတိယအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၄။ ရဟန်းတို့ နောက်တစ်မျိုးကား ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍“မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ယင်းသို့ ဂင်္ဂါမြစ် ယမုနာမြစ်အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော်ရှေးအမည်အနွယ်တို့ကို စွန့်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ရခြင်းသည် မဟာသမုဒ္ဒရာ၌ စတုတ္ထအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၅။ ရဟန်းတို့ နောက်တစ်မျိုးကား လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဥ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဥ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ ယင်းသို့လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဥ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဥ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့မှု ပြည့်လျှံမှုမထင်ရှားခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ ပဉ္စမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၆။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည်ငန်သော အရသာ တစ်မျိုးတည်းသာ ရှိ၏။ ရဟန်းတို့ ယင်းသို့ ငန်သော အရသာ တစ်မျိုးတည်းသာ ရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ ဆဋ္ဌအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၇။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်းသန္တာ ရွှေ ငွေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိ၏။ ရဟန်းတို့ယင်းသို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေ ပတ္တမြားနီပတ္တမြားပြောက်ဟူသောတစ်ပါးမက, များသော ရတနာရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ သတ္တမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ၈။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သော ငါး တိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာနဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏ နေရာဖြစ်၏။ မဟာသမုဒ္ဒရာ၌ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာခန္ဓာကိုယ်အတ္တ့ဘောရှိသော သတ္တဝါတို့သည် ရှိနေကုန်၏။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တိမိမည်သော ငါးတိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏နေရာဖြစ်ခြင်း ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာ အတ္တဘောရှိသော သတ္တဝါတို့ရှိနေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အဋ္ဌမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် ဤဓမ္မဝိနယ ‘သာသနာတော်’၌အံ့ဩဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ ယင်းသဘောရှစ်မျိုးတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဥ်အတိုင်း နိမ့်သကဲ့သို့ အစဥ် အတိုင်းကိုင်းသကဲ့သို့ အစဥ်အတိုင်း ရှိုင်းသကဲ့သို့ ဤအတူသာလျှင် အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်း မသိမူ၍ဤဓမ္မဝိနယ ‘သာသနာတော်’၌ သိက္ခာစဥ်ရှိ၏။ လုပ်ငန်းစဥ်ရှိ၏။ ကျင့်စဥ်ရှိ၏။ ရဟန်းတို့ အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်းမသိမူ၍ ဤဓမ္မဝိနယ ‘သာသနာတော်’၌ သိက္ခာစဥ်ရှိခြင်း လုပ်ငန်းစဥ်ရှိခြင်းကျင့်စဥ်ရှိခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ ပဌမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘော ကမ်းကို မလွန်သော သဘော ရှိသကဲ့သို့ ဤအတူသာလျှင် ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်း မကျူးကျော်ကုန်။ ရဟန်းတို့ ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်းမကျူးကျော်ခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ ဒုတိယအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ် ရှိခဲ့မူထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၍ကုန်း၌ တင်စေသကဲ့သို့ ဤအတူသာလျှင် သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော ဒုဿီလပုဂ္ဂိုလ်နှင့်သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်၏။ ထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ သံဃာမှ ဝေးသည်သာတည်း။ သံဃာသည်လည်း ထိုပုဂ္ဂိုလ်မှဝေးသည်သာတည်း။ ရဟန်းတို့ သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့် ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ် ဖြစ်သော ဒုဿီလနှင့် သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်းထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ သံဃာမှ ဝေးခြင်း သံဃာသည်လည်းထိုပုဂ္ဂိုလ်မှ ဝေးခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ တတိယအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဤဓမ္မဝိနယ‘သာသနာတော်’၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သော် ရှေးဖြစ်သော အမည်အနွယ်တို့ကို စွန့်ကုန်၍“သာကီဝင်မင်းသား ရဟန်းတို့”ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဤဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သော် ရှေးဖြစ်သော အမည်အနွယ်တို့ကို စွန့်ကုန်၍ “သာကီဝင်မင်းသား ရဟန်းတို့”ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်ခြင်းသည်လည်း ဤဓမ္မဝိနယ‘သာသနာတော်’၌ စတုတ္ထအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဥ်၏ စီးဝင်ခြင်း ကောင်းကင်မှ မိုးရေအလျဥ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၏ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှားသကဲ့သို့ ဤအတူသာလျှင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကုန်၏။ ယင်းပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှားခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ ပဉ္စမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် ငန်သော အရသာ တစ်မျိုးတည်းသာ ရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ‘သာသနာတော်’၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိ၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်းဤဓမ္မဝိနယ‘သာသနာတော်’၌ ဆဋ္ဌအံ့ဩဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ‘သာသနာတော်’၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါးဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမကများသော ရတနာရှိ၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါးဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမက များသော ရတနာရှိခြင်းသည်လည်းဤဓမ္မဝိနယ ‘သာသနာတော်’၌ သတ္တမအံ့ဩဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် တိမိငါး တိမိင်္ဂလငါး တိမိတိမိင်္ဂလငါး အသုရာ နတ်နဂါးဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏ နေရာဖြစ်၍ ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာအတ္တဘောရှိသော သတ္တဝါတို့ ရှိကုန်သကဲ့သို့ ဤအတူသာလျှင် ဤဓမ္မဝိနယ ‘သာသနာတော်’သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန့်ကျင့်သော ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်အကျိုးငှါ ကျင့်သော ပုဂ္ဂိုလ်တို့ဟူသော မြတ်သော ပုဂ္ဂိုလ်တို့၏ နေရာ ဖြစ်၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်၊ အကျိုးငှါ ကျင့်သော ပုဂ္ဂိုလ်တို့ဟူသော မြတ်သော ပုဂ္ဂိုလ်တို့၏နေရာ ဖြစ်ခြင်းသည် ဤဓမ္မဝိနယ‘သာသနာတော်’၌ အဋ္ဌမအံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ဤဓမ္မဝိနယ ‘သာသနာတော်’၌အံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤရှစ်ပါးသော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အာပတ်ကို ဖုံးလွှမ်းသူကို ကိလေသာမိုး စွတ်၏။ အာပတ်ကို ဖွင့်လှစ်ဖော်ပြ သူကို ကိလေသာမိုးမစွတ်၊ ထို့ကြောင့် ဖုံးလွှမ်းမှုကို ဖွင့်လှစ်ဖော်ပြကုန်လော့၊ ဤသို့ ဖွင့်လှစ်ဖော်ပြသည်ရှိသော် ထိုသူကို ကိလေသာမိုး မစွတ်နိုင်ပေ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 5.5 Sabbath So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Now, at that time it was the sabbath, and the Buddha was sitting surrounded by the Saṅgha of monks. And then, as the night was getting late, in the first watch of the night, Venerable Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the first watch of the night, and the Saṅgha of monks has been sitting long. Please, sir, may the Buddha recite the monastic code to the monks.” But when he said this, the Buddha kept silent. For a second time, as the night was getting late, in the middle watch of the night, Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the middle watch of the night, and the Saṅgha of monks has been sitting long. Please, sir, may the Buddha recite the monastic code to the monks.” But for a second time the Buddha kept silent. For a third time, as the night was getting late, in the last watch of the night, as dawn stirred, bringing joy to the night, Ānanda rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha and said, “Sir, the night is getting late. It is the last watch of the night and dawn stirs, bringing joy to the night. Please, sir, may the Buddha recite the monastic code to the monks.” “Ānanda, the assembly is not pure.” Then Venerable Mahāmoggallāna thought, “Who is the Buddha talking about?” Then he focused on encompassing the minds of everyone in the Saṅgha. He saw that unethical individual, of bad qualities, filthy, with suspicious behavior, underhand, no true ascetic or spiritual practitioner—though claiming to be one—rotten inside, festering, and depraved, sitting in the middle of the Saṅgha. When he saw him he rose from his seat, went up to him and said, “Get up, reverend. The Buddha has seen you. You can’t live in communion with the monks.” But when he said this, that individual kept silent. For a second time and a third time, he asked that monk to leave. But for a third time that individual kept silent. Then Venerable Mahāmoggallāna took that individual by the arm, ejected him out the gate, and bolted the door. Then he went up to the Buddha, and said to him, “I have ejected that individual. The assembly is pure. Please, sir, may the Buddha recite the monastic code to the monks.” “It’s incredible, Moggallāna, it’s amazing, how that futile man waited to be taken by the arm!” Then the Buddha said to the monks, “From this day forth, monks, I will not perform the sabbath or recite the monastic code. Now you should perform the sabbath and recite the monastic code. It’s impossible, monks, it can’t happen that a Realized One could recite the monastic code in an impure assembly. Seeing these eight incredible and amazing things the titans love the ocean. What eight? The ocean gradually slants, slopes, and inclines, with no abrupt precipice. This is the first thing the titans love about the ocean. Furthermore, the ocean is consistent and doesn’t overflow its boundaries. This is the second thing the titans love about the ocean. Furthermore, the ocean doesn’t accommodate a carcass, but quickly carries it to the shore and strands it on the beach. This is the third thing the titans love about the ocean. Furthermore, when they reach the ocean, all the great rivers—that is, the Ganges, Yamunā, Aciravatī, Sarabhū, and Mahī—lose their names and clans and are simply reckoned as ‘the ocean’. This is the fourth thing the titans love about the ocean. Furthermore, for all the world’s streams that reach it, and the showers that fall from the sky, the ocean never empties or fills up. This is the fifth thing the titans love about the ocean. Furthermore, the ocean has just one taste, the taste of salt. This is the sixth thing the titans love about the ocean. Furthermore, the ocean is full of many kinds of treasures, such as pearls, gems, beryl, conch, quartz, coral, silver, native gold, rubies, and emeralds. This is the seventh thing the titans love about the ocean. Furthermore, many great beings live in the ocean, such as leviathans, leviathan-gulpers, leviathan-gulper-gulpers, titans, dragons, and centaurs. In the ocean there are life-forms a hundred leagues long, or even two hundred, three hundred, four hundred, or five hundred leagues long. This is the eighth thing the titans love about the ocean. Seeing these eight incredible and amazing things the titans love the ocean. In the same way, seeing eight incredible and amazing things, monks, the mendicants love this teaching and training. What eight? The ocean gradually slants, slopes, and inclines, with no abrupt precipice. In the same way in this teaching and training the penetration to enlightenment comes from gradual training, progress, and practice, not abruptly. This is the first thing the mendicants love about this teaching and training. The ocean is consistent and doesn’t overflow its boundaries. In the same way, when a training rule is laid down for my disciples they wouldn’t break it even for the sake of their own life. This is the second thing the mendicants love about this teaching and training. The ocean doesn’t accommodate a carcass, but quickly carries it to the shore and strands it on the beach. In the same way, the Saṅgha doesn’t accommodate an individual who is unethical, of bad qualities, filthy, with suspicious behavior, underhand, no true ascetic or spiritual practitioner—though claiming to be one—rotten inside, festering, and depraved. But they quickly gather and expel them. Even if such an individual is sitting in the middle of the Saṅgha, they’re far from the Saṅgha, and the Saṅgha is far from them. This is the third thing the mendicants love about this teaching and training. Furthermore, when they reach the ocean, all the great rivers—that is, the Ganges, Yamunā, Aciravatī, Sarabhū, and Mahī—lose their names and clans and are simply reckoned as ‘the ocean’. In the same way, when they go forth from the lay life to homelessness, all four classes—aristocrats, brahmins, peasants, and menials—lose their former names and clans and are simply reckoned as ‘ascetics who follow the Sakyan’. This is the fourth thing the mendicants love about this teaching and training. For all the world’s streams that reach it, and the showers that fall from the sky, the ocean never empties or fills up. In the same way, though several mendicants become fully extinguished in the element of extinguishment with no residue, the element of extinguishment never empties or fills up. This is the fifth thing the mendicants love about this teaching and training. The ocean has just one taste, the taste of salt. In the same way, this teaching and training has one taste, the taste of freedom. This is the sixth thing the mendicants love about this teaching and training. The ocean is full of many kinds of treasures, such as pearls, gems, beryl, conch, quartz, coral, silver, native gold, rubies, and emeralds. In the same way, this teaching and training is full of many kinds of treasures, such as the four kinds of mindfulness meditation, the four right efforts, the four bases of psychic power, the five faculties, the five powers, the seven awakening factors, and the noble eightfold path. This is the seventh thing the mendicants love about this teaching and training. Many great beings live in the ocean, such as leviathans, leviathan-gulpers, leviathan-gulper-gulpers, titans, dragons, and centaurs. In the ocean there are life-forms a hundred leagues long, or even two hundred, three hundred, four hundred, or five hundred leagues long. In the same way, great beings live in this teaching and training, and these are those beings. The stream-enterer and the one practicing to realize the fruit of stream-entry. The once-returner and the one practicing to realize the fruit of once-return. The non-returner and the one practicing to realize the fruit of non-return. The perfected one, and the one practicing for perfection. This is the eighth thing the mendicants love about this teaching and training. Seeing these eight incredible and amazing things, the mendicants love this teaching and training.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The rain saturates things that are covered up; it doesn’t saturate things that are open. Therefore you should open up a covered thing, so the rain will not saturate it.”
၆။ သောဏသုတ္တံ
၄၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာကစ္စာနော အဝန္တီသု ဝိဟရတိ ကုရရဃရေ [ကုရုရဃရေ (သျာ။ မဟာဝ။ ၂၅၇), ကုလဃရေ (က။)] ပဝတ္တေ ပဗ္ဗတေ။ တေန ခေါ ပန သမယေန သောဏော ဥပါသကော ကုဋိကဏ္ဏော အာယသ္မတော မဟာကစ္စာနဿ ဥပဋ္ဌာကော ဟောတိ။
အထ ခေါ သောဏဿ ဥပါသကဿ ကုဋိကဏ္ဏဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ယထာ ယထာ ခေါ အယျော မဟာကစ္စာနော ဓမ္မံ ဒေသေတိ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’’န္တိ။
အထ ခေါ သောဏော ဥပါသကော ကုဋိကဏ္ဏော ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သောဏော ဥပါသကော ကုဋိကဏ္ဏော အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစ –
‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ယထာ ယထာ ခေါ အယျော မဟာကစ္စာနော ဓမ္မံ ဒေသေတိ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’န္တိ။ ပဗ္ဗာဇေတု မံ, ဘန္တေ, အယျော မဟာကစ္စာနော’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ မဟာကစ္စာနော သောဏံ ဥပါသကံ ကုဋိကဏ္ဏံ ဧတဒဝေါစ – ‘‘ဒုက္ကရံ ခေါ, သောဏ, ယာဝဇီဝံ ဧကဘတ္တံ ဧကသေယျံ ဗြဟ္မစရိယံ။ ဣင်္ဃ တွံ, သောဏ, တတ္ထေဝ အာဂါရိကဘူတော သမာနော ဗုဒ္ဓါနံ သာသနံ အနုယုဉ္ဇ ကာလယုတ္တံ ဧကဘတ္တံ ဧကသေယျံ ဗြဟ္မစရိယ’’န္တိ။ အထ ခေါ သောဏဿ ဥပါသကဿ ကုဋိကဏ္ဏဿ ယော အဟောသိ ပဗ္ဗဇ္ဇာဘိသင်္ခါရော သော ပဋိပဿမ္ဘိ။
ဒုတိယမ္ပိ ခေါ…ပေ… ဒုတိယမ္ပိ ခေါ အာယသ္မာ မဟာကစ္စာနော သောဏံ ဥပါသကံ ကုဋိကဏ္ဏံ ဧတဒဝေါစ – ‘‘ဒုက္ကရံ ခေါ, သောဏ, ယာဝဇီဝံ ဧကဘတ္တံ ဧကသေယျံ ဗြဟ္မစရိယံ။ ဣင်္ဃ တွံ, သောဏ, တတ္ထေဝ အာဂါရိကဘူတော သမာနော ဗုဒ္ဓါနံ သာသနံ အနုယုဉ္ဇ ကာလယုတ္တံ ဧကဘတ္တံ ဧကသေယျံ ဗြဟ္မစရိယ’’န္တိ။ ဒုတိယမ္ပိ ခေါ သောဏဿ ဥပါသကဿ ကုဋိကဏ္ဏဿ ယော အဟောသိ ပဗ္ဗဇ္ဇာဘိသင်္ခါရော သော ပဋိပဿမ္ဘိ။
တတိယမ္ပိ ခေါ သောဏဿ ဥပါသကဿ ကုဋိကဏ္ဏဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ယထာ ယထာ ခေါ အယျော မဟာကစ္စာနော ဓမ္မံ ဒေသေတိ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’’န္တိ။ တတိယမ္ပိ ခေါ သောဏော ဥပါသကော ကုဋိကဏ္ဏော ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သောဏော ဥပါသကော ကုဋိကဏ္ဏော အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစ –
‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ယထာ ယထာ ခေါ အယျော မဟာကစ္စာနော ဓမ္မံ ဒေသေတိ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’န္တိ။ ပဗ္ဗာဇေတု မံ, ဘန္တေ, အယျော မဟာကစ္စာနော’’တိ။
အထ ခေါ အာယသ္မာ မဟာကစ္စာနော သောဏံ ဥပါသကံ ကုဋိကဏ္ဏံ ပဗ္ဗာဇေသိ။ တေန ခေါ ပန သမယေန အဝန္တိဒက္ခိဏာပထော [အဝန္တိ ဒက္ခိဏပထော (သီ။)] အပ္ပဘိက္ခုကော ဟောတိ။ အထ ခေါ အာယသ္မာ မဟာကစ္စာနော တိဏ္ဏံ ဝဿာနံ အစ္စယေန ကိစ္ဆေန ကသိရေန တတော တတော ဒသဝဂ္ဂံ ဘိက္ခုသံဃံ သန္နိပါတေတွာ အာယသ္မန္တံ သောဏံ ဥပသမ္ပာဒေသိ။
အထ ခေါ အာယသ္မတော သောဏဿ ဝဿံဝုဋ္ဌဿ [ဝဿံဝုတ္ထဿ (သီ။ သျာ။ ကံ။ ပီ။)] ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘န ခေါ မေ သော ဘဂဝါ သမ္မုခါ ဒိဋ္ဌော, အပိ စ သုတောယေဝ မေ သော ဘဂဝါ – ‘ဤဒိသော စ ဤဒိသော စာ’တိ။ သစေ မံ ဥပဇ္ဈာယော အနုဇာနေယျ, ဂစ္ဆေယျာဟံ တံ ဘဂဝန္တံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ။
အထ ခေါ အာယသ္မာ သောဏော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သောဏော အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစ –
‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘န ခေါ မေ သော ဘဂဝါ သမ္မုခါ ဒိဋ္ဌော, အပိ စ သုတောယေဝ မေ သော ဘဂဝါ – ဤဒိသော စ ဤဒိသော စာ’တိ။ သစေ မံ ဥပဇ္ဈာယော အနုဇာနေယျ, ဂစ္ဆေယျာဟံ တံ ဘဂဝန္တံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ ( ) [(ဂစ္ဆေယျာဟံ ဘန္တေ တံ ဘဂဝန္တံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ, သစေ မံ ဥပဇ္ဈာယော အနုဇာနာတီတိ (မဟာဝ။ ၂၅၇)]။
‘‘သာဓု သာဓု, သောဏ၊ ဂစ္ဆ တွံ, သောဏ, တံ ဘဂဝန္တံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ [သမာသမ္ဗုဒ္ဓန္တိ (သဗ္ဗတ္ထ)]။ ဒက္ခိဿသိ တွံ, သောဏ, တံ ဘဂဝန္တံ ပါသာဒိကံ ပသာဒနီယံ သန္တိန္ဒြိယံ သန္တမာနသံ ဥတ္တမဒမထသမထမနုပ္ပတ္တံ ဒန္တံ ဂုတ္တံ ယတိန္ဒြိယံ နာဂံ။ ဒိသွာန မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ [ဖာသုဝိဟာရဉ္စ (သီ။)] ပုစ္ဆ – ‘ဥပဇ္ဈာယော မေ, ဘန္တေ, အာယသ္မာ မဟာကစ္စာနော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ [ဖာသုဝိဟာရဉ္စ (သီ။)] ပုစ္ဆတီ’’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ သောဏော အာယသ္မတော မဟာကစ္စာနဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ အာယသ္မန္တံ မဟာကစ္စာနံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ ယေန သာဝတ္ထိ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန သာဝတ္ထိ ဇေတဝနံ အနာထပိဏ္ဍိကဿ အာရာမော, ယေန ဘဂဝါ တေနုပသင်္ကမိ, ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သောဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဥပဇ္ဈာယော မေ, ဘန္တေ, အာယသ္မာ မဟာကစ္စာနော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ [ဖာသုဝိဟာရဉ္စ (သီ။)] ပုစ္ဆတီ’’တိ။
‘‘ကစ္စိ, ဘိက္ခု, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိသိ အပ္ပကိလမထေန အဒ္ဓါနံ အာဂတော, န စ ပိဏ္ဍကေန ကိလန္တောသီ’’တိ? ‘‘ခမနီယံ ဘဂဝါ, ယာပနီယံ ဘဂဝါ, အပ္ပကိလမထေန စာဟံ, ဘန္တေ, အဒ္ဓါနံ အာဂတော, န ပိဏ္ဍကေန ကိလန္တောမှီ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣမဿာနန္ဒ, အာဂန္တုကဿ ဘိက္ခုနော သေနာသနံ ပညာပေဟီ’’တိ။ အထ ခေါ အာယသ္မတော အာနန္ဒဿ ဧတဒဟောသိ – ‘‘ယဿ ခေါ မံ ဘဂဝါ အာဏာပေတိ – ‘ဣမဿာနန္ဒ, အာဂန္တုကဿ ဘိက္ခုနော သေနာသနံ ပညာပေဟီ’တိ, ဣစ္ဆတိ ဘဂဝါ တေန ဘိက္ခုနာ သဒ္ဓိံ ဧကဝိဟာရေ ဝတ္ထုံ, ဣစ္ဆတိ ဘဂဝါ အာယသ္မတာ သောဏေန သဒ္ဓိံ ဧကဝိဟာရေ ဝတ္ထု’’န္တိ။ ယသ္မိံ ဝိဟာရေ ဘဂဝါ ဝိဟရတိ, တသ္မိံ ဝိဟာရေ အာယသ္မတော သောဏဿ သေနာသနံ ပညာပေသိ။
အထ ခေါ ဘဂဝါ ဗဟုဒေဝ ရတ္တိံ အဗ္ဘောကာသေ နိသဇ္ဇာယ ဝီတိနာမေတွာ ပါဒေ ပက္ခာလေတွာ ဝိဟာရံ ပါဝိသိ။ အာယသ္မာပိ ခေါ သောဏော ဗဟုဒေဝ ရတ္တိံ အဗ္ဘောကာသေ နိသဇ္ဇာယ ဝီတိနာမေတွာ ပါဒေ ပက္ခာလေတွာ ဝိဟာရံ ပါဝိသိ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ အာယသ္မန္တံ သောဏံ အဇ္ဈေသိ – ‘‘ပဋိဘာတု တံ ဘိက္ခု ဓမ္မော ဘာသိတု’’န္တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ သောဏော ဘဂဝတော ပဋိဿုတွာ သောဠသ အဋ္ဌကဝဂ္ဂိကာနိ သဗ္ဗာနေဝ သရေန အဘဏိ။ အထ ခေါ ဘဂဝါ အာယသ္မတော သောဏဿ သရဘညပရိယောသာနေ အဗ္ဘနုမောဒိ – ‘‘သာဓု သာဓု, ဘိက္ခု, သုဂ္ဂဟိတာနိ တေ, ဘိက္ခု, သောဠသ အဋ္ဌကဝဂ္ဂိကာနိ သုမနသိကတာနိ သူပဓာရိတာနိ, ကလျာဏိယာသိ [ကလျာဏိယာ စ (က။), ကလျာဏိယာ စာသိ (?)] ဝါစာယ သမန္နာဂတော ဝိဿဋ္ဌာယ အနေလဂဠာယ အတ္ထဿ ဝိညာပနိယာ။ ကတိ ဝဿောသိ တွံ, ဘိက္ခူ’’တိ? ‘‘ဧကဝဿော အဟံ ဘဂဝါ’’တိ။ ‘‘ကိဿ ပန တွံ, ဘိက္ခု, ဧဝံ စိရံ အကာသီ’’တိ? ‘‘စိရံ ဒိဋ္ဌော [စိရဒိဋ္ဌော (သီ။)] မေ, ဘန္တေ, ကာမေသု အာဒီနဝေါ၊ အပိ စ သမ္ဗာဓော ဃရာဝါသော ဗဟုကိစ္စော ဗဟုကရဏီယော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဒိသွာ အာဒီနဝံ လောကေ, ဉတွာ ဓမ္မံ နိရူပဓိံ၊
အရိယော န ရမတီ ပါပေ, ပါပေ န ရမတီ သုစီ’’တိ။ ဆဋ္ဌံ၊
၆-သောဏသုတ် ၄၆။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုရရဃရမြို့ ပဝတ္တတောင်၌ နေတော်မူ၏။ ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်း၏ အလုပ်အကျွေးဖြစ်၏။ ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာအား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ယောက်တည်းနေစဥ် “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ ထို့နောက် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် တပည့်တော်အား “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု စိတ်အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် တပည့်တော်ကို ရှင်ရဟန်း ပြုတော်မူပါဟု (လျှောက်၏)။ ဤသို့ လျှောက်လတ်သော် အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို “သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဥ်းလှ၏။ သောဏ တိုက်တွန်း၏။ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့”ဟု (မိန့်တော်မူ၏)။ ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို “သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဥ်းလှ၏။ သောဏ တိုက်တွန်း၏။ သင်သည်ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့”ဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။ သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏ ဥပါသကာအား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း နေစဥ် “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု စိတ်အကြံဖြစ်၏။ သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် အသျှင်မဟာကစ္စည်းကို - အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်းနေသော တပည့်တော်အား “အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု စိတ်အကြံဖြစ်ပါ၏။ အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် အကျွန်ုပ်ကို ရှင်ရဟန်း ပြုပေးတော်မူပါဟု ဤစကားကို လျှောက်၏။ ထိုအခါ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို ရှင်ပြုပေးလေ၏။ ထိုစဥ်အခါ၌ အဝန္တိတိုင်း ဒက္ခိဏာပထဇနပုဒ်သည် ရဟန်းနည်းပါး၏။ ထိုအခါ၌ အသျှင်မဟာကစ္စည်းသည် သုံးနှစ်လွန်သဖြင့် ငြိုငြင်ပင်ပန်းစွာ ထိုထိုအရပ်မှ တစ်ကျိပ်အစုရှိသော ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် အသျှင်သောဏကို ပဉ္စင်းခံပေး၏။ ထိုအခါ အသျှင်သောဏမထေရ်အား ဝါကျွတ်၍ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ယောက်တည်းနေစဥ် “ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေးဇူး ဤသို့ သဘောရှိသော ဓမ္မကာယကျေးဇူး ရှိတော်မူ၏ဟု ငါသည် ကြားဖူးရုံသာတည်း။ ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏”ဟု စိတ်အကြံ ဖြစ်၏။ ထို့နောက် အသျှင်သောဏမထေရ်သည် ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းနေရာမှ ထလျက် အသျှင်မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် အသျှင်မဟာကစ္စည်းကို အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း ကိန်းအောင်းနေသော တပည့်တော်အား “ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေးဇူး ဤသို့ သဘောရှိသော ဓမ္မကာယကျေးဇူး ရှိတော်မူ၏ဟု ငါသည် ကြားဖူးရုံသာတည်း။ ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏”ဟု ဤသို့ စိတ်အကြံ ဖြစ်ပါသည်ဟု လျှောက်၏။ သောဏ ကောင်းပေစွ ကောင်းပေစွ၊ သောဏ သင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန်သွားလော့။ သောဏ သင်သည် ကြည်ညိုဖွယ် ပသာဒနီယဂုဏ်ကို ဆောင်လျက် ငြိမ်သက်သော ဣန္ဒြေ ငြိမ်းအေးသော စိတ်ရှိသော အလွန်အကဲ ဆုံးမခြင်း အလွန်အကဲ ငြိမ်းအေးခြင်းသို့ ရောက်သည်ဖြစ်၍ ကိုယ်အမူအရာ ယဥ်ကျေးသော နှုတ်အမူအရာကို စောင့်ရှောက်သောမနိန္ဒြေကို စောင့်စည်းတော်မူသော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော ထိုမြတ်စွာဘုရားကို ဖူးမြော်ရလတ္တံ့။ ဖူးမြော်ပြီး၍ “အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကိုလည်း မေးလျှောက်လိုက်ပါ၏”ဟု ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလေလော့၊ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကိုလည်း မေးလျှောက်လေလော့ဟု (မိန့်ဆိို၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သောဏသည် အသျှင်မဟာကစ္စည်း ပြောဆိုသော စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက် အသျှင်မဟာကစ္စည်းကို ရှိခိုး၍ အရိုအသေပြုကာ ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ဖဲသွားလေ၏။ အစဥ်အတိုင်း ဒေသစာရီ လှည့်လည်လတ်သော် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကို မေးလျှောက်လိုက်ပါ၏”ဟု (လျှောက်၏)။ ရဟန်း ခံ့ကျန်း၏လော၊ မျှတ၏လော၊ မပင်ပန်းဘဲ ခရီးကို လာခဲ့ရ၏လော၊ ဆွမ်းဖြင့် ငြိုငြင်ခြင်းမဖြစ်ဘဲ ရှိပါ၏လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ခံ့ကျန်းပါ၏။ မျှတပါ၏။ အသျှင်ဘုရား တပည့်တော်သည် မပင်ပန်းဘဲ ခရီးကို လာခဲ့ရပါ၏။ ဆွမ်းဖြင့်လည်း ပင်ပန်းခြင်း မဖြစ်ပါဟု (လျှောက်၏)။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ဤအာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့”ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်အာနန္ဒာအား “အကြင်ရဟန်းအတွက် မြတ်စွာဘုရားသည် ‘အာနန္ဒာ အာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့’ဟု ငါ့ကို စေခိုင်း၏။ မြတ်စွာဘုရားသည် ထိုရဟန်းနှင့် တစ်ကျောင်းတည်း နေလို၏။ မြတ်စွာဘုရားသည် အသျှင်သောဏနှင့်အတူ တစ်ကျောင်းတည်း နေလို၏”ဟု အကြံဖြစ်ပြီးလျှင် မြတ်စွာဘုရား နေတော်မူသော (ဂန္ဓကုဋိ) ကျောင်း၌ အသျှင်သောဏ၏ အိပ်ရာနေရာကို ခင်းလေ၏။ပ။ ထို့နောက်မြတ်စွာဘုရားသည် ညဥ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် (အချိန်ကို) လွန်စေလျက် ခြေတော်တို့ကို ဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းတော်သို့ ဝင်တော်မူ၏။ အသျှင်သောဏသည်လည်း ညဥ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် အချိန်ကို လွန်စေလျက် ခြေဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းသို့ ဝင်၏။ ထို့နောက် မြတ်စွာဘုရားသည် ညဥ့်၏ မိုးသောက်ယံအခါ၌ ထ၍ “အသျှင်သောဏကို ရဟန်းသင်သည် တရားဟောလော့”ဟု တိုက်တွန်းတော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သောဏသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံးတို့ကို အသံဖြင့် ရွတ်ဆို၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သောဏ၏ သာယာစွာ ရွတ်ဆိုသည်၏ အဆုံး၌ “ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင်သည် အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံး တို့ကို ကောင်းစွာ သင်ထားပေ၏။ ကောင်းစွာ နှလုံးသွင်းထားပေ၏။ ကောင်းစွာ ဆောင်ထား ပေ၏။ သန့်ရှင်း၍ အပြစ်ကင်းသော အနက်ကို သိခြင်းငှါ စွမ်းနိုင်သော သာယာသော စကားနှင့်လည်း ပြည့်စုံ၏ဟု အနုမောဒနာ ပြုတော်မူ၍ ရဟန်း သင်သည် အဘယ်မျှလောက် ဝါရပြီနည်း”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား တပည့်တော်သည် တစ်ဝါသာ ရပါသေး၏ဟု (လျှောက်၏)။ ရဟန်း သင်သည် အဘယ့်ကြောင့် ဤသို့ ကြာမြင့်မှ ရဟန်းပြုသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်သည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်သည်ကား ကြာပါပြီ။ သို့သော်လည်း လူ့ဘောင်၌ နေရခြင်းသည် ကျဥ်းမြောင်းပါ၏။ များသော ကိစ္စရှိပါ၏။ များသော ပြုဖွယ်ရှိပါ၏ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “စင်ကြယ်သောသူသည် မကောင်းမှု၌ မမွေ့လျော်နိုင်၊ ထို့ကြောင့် အရိယာ ပုဂ္ဂိုလ်သည် အလုံးစုံသင်္ခါရလောက၌ အပြစ်ကိုမြင်၍ ဥပဓိကင်းရာ နိဗ္ဗာန်တရားကို သိပြီးသောကြောင့် မကောင်းမှု၌ မမွေ့လျော်တော့ပေ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 5.6 With Soṇa So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Mahākaccāna was staying in the land of the Avantis near Kuraraghara on Steep Mountain. And the layman Soṇa of the Sharp Ears was Mahākaccāna’s attendant. Then as Soṇa was in private retreat this thought came to his mind, “As I understand Master Mahākaccāna’s teachings, it’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from lay life to homelessness?” Then Soṇa went up to Mahākaccāna, bowed, sat down to one side, and told him what he was thinking. Then he said, “May Master Mahākaccāna please give me the going forth!” When this was said, Mahākaccāna said to him, “It’s hard to lead the spiritual life as long as you live, eating in one part of the day and sleeping alone. Come now, Soṇa, while remaining a layperson just as you are, devote yourself to the instructions of the Buddhas, leading the spiritual life at suitable times, eating in one part of the day and sleeping alone.” Then Soṇa’s aspiration to go forth died down. For a second time, while in private retreat the thought came to Soṇa that he should go forth, but the outcome was the same. For a third time, as Soṇa was in private retreat this thought came to his mind, “As I understand Master Mahākaccāna’s teachings, it’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from lay life to homelessness?” For a third time, Soṇa went up to Mahākaccāna, bowed, sat down to one side, and told him what he was thinking. Then he said, “May Master Mahākaccāna please give me the going forth!” Then Mahākaccāna gave Soṇa the going forth. Now at that time the southern region, including Avanti, was short of monks. It took three years and much struggle and difficulty before Venerable Mahākaccāna was able to assemble from here and there a Saṅgha consisting of ten monks and give Venerable Soṇa the full ordination. Then as Venerable Soṇa was in private retreat this thought came to his mind, “I have not personally seen the Buddha. I have only heard reports that that Blessed One is like this or like that. If my mentor allows, I should go to see that Blessed One, the perfected one, the fully awakened Buddha.” Then in the late afternoon, Soṇa came out of retreat, went up to Mahākaccāna, bowed, sat down to one side, and told him what he was thinking. Then Mahākaccāna said, “Good, good, Soṇa! Go to see the Blessed One, the perfected one, the fully awakened Buddha. You will see that Blessed One who is impressive and inspiring, with peaceful faculties and heart, attained to the highest self-control and serenity, like an elephant with tamed, guarded, and controlled faculties. On seeing him, in my name bow with your head to his feet. Ask him if he is healthy and well, nimble, strong, and living comfortably, saying, ‘Sir, my mentor Venerable Mahākaccāna bows with his head to your feet. He asks if you are healthy and well, nimble, strong, and living comfortably.’” Saying, “Yes, sir,” Soṇa welcomed and agreed with Mahākaccāna’s words. He rose from his seat, bowed, and respectfully circled Mahākaccāna, keeping him on his right. Then he set his lodgings in order and, taking his bowl and robe, set out for Sāvatthī. Eventually he came to Sāvatthī and Jeta’s Grove. He went up to the Buddha, bowed, and sat down to one side. Soṇa said to the Buddha, “Sir, my mentor Venerable Mahākaccāna bows with his head to your feet. He asks if you are healthy and well, nimble, strong, and living comfortably.” “I hope you’re keeping well, mendicant, I hope you’re all right. And I hope you have arrived from your journey unwearied, having had no trouble getting almsfood.” “I’m keeping well, Blessed One, I’m all right. And I have arrived from my journey unwearied, having had no trouble getting almsfood.” Then the Buddha said to Venerable Ānanda, “Prepare lodgings for this visiting mendicant.” Then Venerable Ānanda thought, “When the Buddha orders me to prepare lodgings for a specific mendicant, he wishes to stay in the same dwelling with that mendicant. The Buddha wishes to stay together with Venerable Soṇa.” He prepared lodgings for Soṇa in the same dwelling where the Buddha was staying. The Buddha spent much of the night sitting meditation in the open. Then he got up from his seat, washed his feet, and entered the dwelling. Venerable Soṇa did the same. Then the Buddha rose at the crack of dawn and addressed Soṇa, “Speak some Dhamma, mendicant, as you feel inspired.” “Yes, sir,” replied Soṇa. He intoned all sixteen discourses in the Chapter of the Eights. When Soṇa finished his intoning, the Buddha applauded, saying, “Good, good, mendicant! You have learned the sixteen discourses of the Chapter of the Eights well, you have applied the mind and remembered it well. You are a good speaker, with a polished, clear, and articulate voice that expresses the meaning. How many rains have you been ordained, mendicant?” “I have one rains, Blessed One.” “But why did it take you so long to make it?” “Sir, I have long seen the drawbacks of sensual pleasures, yet living in a house is cramped, with many duties and much to do.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Seeing the danger of the world, I understood the truth without attachments. The Noble One does not delight in evil, the Pure One does not delight in evil.”
၇။ ကင်္ခါရေဝတသုတ္တံ
၄၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ကင်္ခါရေဝတော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အတ္တနော ကင်္ခါဝိတရဏဝိသုဒ္ဓိံ ပစ္စဝေက္ခမာနော။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ ကင်္ခါရေဝတံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အတ္တနော ကင်္ခါဝိတရဏဝိသုဒ္ဓိံ ပစ္စဝေက္ခမာနံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယာ ကာစိ ကင်္ခါ ဣဓ ဝါ ဟုရံ ဝါ,
သကဝေဒိယာ ဝါ ပရဝေဒိယာ ဝါ၊
ယေ ဈာယိနော တာ ပဇဟန္တိ သဗ္ဗာ,
အာတာပိနော ဗြဟ္မစရိယံ စရန္တာ’’တိ။ သတ္တမံ၊
၇-ကင်္ခါရေဝတသုတ် ၄၇။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ကင်္ခါရေဝတသည် မြတ်စွာဘုရား၏ မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှစင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှ စင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်ကင်္ခါရေဝတကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤပစ္စုပ္ပန် အတ္တဘော၌လည်းကောင်း၊ အတိတ်အနာဂတ် အတ္တဘော၌လည်းကောင်း၊ မိမိအတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သောသူတစ်ပါး အတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သော ယုံမှားခြင်းအားလုံးတို့သည် ရှိကုန်၏။ သမထ ဝိပဿနာဖြင့် မကောင်းမှုဒုစရိုက်ကို ရှို့မြှိုက်ကြပြီးလျှင်သမ္မပ္ပဓာန်လုံ့လ ရှိကြကုန်လျက် မဂ်တည်းဟူသော ဗြဟ္မစရိယကို ကျင့်သုံးရရှိကြသူပုဂ္ဂိုလ်တို့သည် ထိုယုံမှားမှုအားလုံးတို့ကို ပယ်စွန့်နိုင်ကြကုန်၏”ဟု ဤဥဒါနကို ကျူးရင့် တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 5.7 With Revata the Doubter So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Revata the Doubter was sitting not far from the Buddha, cross-legged, with his body straight, reviewing his own purification by traversing doubt. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Any doubts about this life or the next, about one’s own experiences or those of another: those who meditate give them all up, keenly practicing the spiritual life.”
၈။ သံဃဘေဒသုတ္တံ
၄၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ အာနန္ဒော တဒဟုပေါသထေ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။
အဒ္ဒသာ ခေါ ဒေဝဒတ္တော အာယသ္မန္တံ အာနန္ဒံ ရာဇဂဟေ ပိဏ္ဍာယ စရန္တံ။ ဒိသွာန ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘အဇ္ဇတဂ္ဂေ ဒါနာဟံ, အာဝုသော အာနန္ဒ, အညတြေဝ ဘဂဝတာ အညတြ ဘိက္ခုသံဃာ ဥပေါသထံ ကရိဿာမိ သံဃကမ္မာနိ စာ’’တိ။
အထ ခေါ အာယသ္မာ အာနန္ဒော ရာဇဂဟေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –
‘‘ဣဓာဟံ, ဘန္တေ, ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ မံ, ဘန္တေ, ဒေဝဒတ္တော ရာဇဂဟေ ပိဏ္ဍာယ စရန္တံ။ ဒိသွာန ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ ဧတဒဝေါစ – ‘အဇ္ဇတဂ္ဂေ ဒါနာဟံ, အာဝုသော အာနန္ဒ, အညတြေဝ ဘဂဝတာ အညတြ ဘိက္ခုသံဃာ ဥပေါသထံ ကရိဿာမိ သံဃကမ္မာနိ စာ’တိ။ အဇ္ဇ, ဘန္တေ, ဒေဝဒတ္တော သံဃံ ဘိန္ဒိဿတိ, ဥပေါသထဉ္စ ကရိဿတိ သံဃကမ္မာနိ စာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သုကရံ သာဓုနာ သာဓု, သာဓု ပါပေန ဒုက္ကရံ [သုကရံ သာဓုနာ သာဓုံ, သာဓုံ ပါပေန ဒုက္ကရံ (က။)]၊
ပါပံ ပါပေန သုကရံ, ပါပမရိယေဟိ ဒုက္ကရ’’န္တိ။ အဋ္ဌမံ၊
၈-သံဃဘေဒသုတ် ၄၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဥပုသ်နေ့တစ်နေ့ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်သော အသျှင်အာနန္ဒာကို မြင်၍ အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား “ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုအံ့”ဟု ပြောဆို၏။ ထို့နောက် အသျှင်အာနန္ဒာသည်ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှဖဲခဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော်မြတ်စွာဘုရားကို “အသျှင်ဘုရား တပည့်တော်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ပါ၏။ အသျှင်ဘုရား ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်သောတပည့်တော်ကို မြင်၍ တပည့်တော်ထံသို့ ချဥ်းကပ်ပြီးလျှင် တပည့်တော်ကို “ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍ မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့”ဟု ပြောဆိုပါ၏။ အသျှင်ဘုရား ယနေ့ ဒေဝဒတ်သည်သံဃာကို သင်းခွဲလတ္တံ့။ ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့”ဟု ဤသို့ လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သူတော်ကောင်းသည် ကောင်းသော အမှုကို ပြုလွယ်၏။ သူယုတ်မာသည် ကောင်းသော အမှုကို ပြုနိုင်ခဲ၏။ သူယုတ်မာသည် မကောင်းသော အမှုကို ပြုလွယ်၏။ အရိယာသူတော်ကောင်းတို့သည် မကောင်းသော အမှုကို ပြုဖို့ရန် ခဲယဥ်းလှ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 5.8 Schism in the Saṅgha So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Ānanda robed up in the morning and, taking his bowl and robe, entered Rājagaha for alms. Devadatta saw him wandering for alms, so he went up to him and said, “From this day forth, Reverend Ānanda, I shall perform the sabbath and legal proceedings of the Saṅgha apart from the Buddha and the Saṅgha of mendicants.” Then Ānanda wandered for alms in Rājagaha. After the meal, on his return from almsround, he went to the Buddha, bowed, sat down to one side, and told him what had just happened, adding: “Today, sir, Devadatta will split the Saṅgha. He will perform the sabbath and legal proceedings of the Saṅgha.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “It’s easy for the good to do good, but for the bad, doing good is hard. For the bad, it’s easy to do bad, but for the noble ones, doing bad is hard.”
၉။ သဓာယမာနသုတ္တ
၄၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ မာဏဝကာ ဘဂဝတော အဝိဒူရေ သဓာယမာနရူပါ [သဒ္ဒါယမာနရူပါ (သျာ။ ပီ။ အဋ္ဌကထာယံ ပါဌန္တရံ), ပထာယမာနရူပါ (က။), ဝဓာယမာနရူပါ (က။ သီ။, က။ အဋ္ဌ။), သဒ္ဓါယမာနရူပါ (?), သဒ္ဓုဓာတုယာ သဓုဓာတုယာ ဝါ သိဒ္ဓမိဒန္တိ ဝေဒိတဗ္ဗံ] အတိက္ကမန္တိ။ အဒ္ဒသာ ခေါ ဘဂဝါ သမ္ဗဟုလေ မာဏဝကေ အဝိဒူရေ သဓာယမာနရူပေ အတိက္ကန္တေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ပရိမုဋ္ဌာ ပဏ္ဍိတာဘာသာ, ဝါစာဂေါစရဘာဏိနော၊
ယာဝိစ္ဆန္တိ မုခါယာမံ, ယေန နီတာ န တံ ဝိဒူ’’တိ။ နဝမံ၊
၉-သဓာယမာနသုတ် ၄၉။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူ၏။ ထိုအခါ များစွာသော လုလင်တို့သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ပြက်ရယ်ပြောဆိုခြင်း သဘောရှိကုန်လျက်ဖြတ်သန်းသွားကြကုန်၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ပြက်ရယ်ပြောဆိုသော သဘောရှိသည်ဖြစ်၍ ဖြတ်သန်းသွားကြကုန်သော များစွာသော လုလင်တို့ကို မြင်သည်သာတည်း။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “သတိလွတ်ကုန်သော ပညာရှိယောင်ဆောင်ကုန်သော စကားသာ ကျက်စားရာရှိ သူတို့သည် အလိုရှိသမျှခံတွင်းဟ၍ ပြောဆိုတတ်ကုန်၏၊ အရှက်မရှိခြင်း မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်မှုကို ဆောင်ကြောင်းဖြစ်သော သတိကင်းလွတ်မှု စသည်ကို မူ ထိုသူတို့ မသိကြလေကုန်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 5.9 Teasing So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants. Now at that time several young students were passing by not far from the Buddha in a teasing manner. The Buddha saw them. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Dolts pretending to be astute, they talk, their words out of bounds. They blab at will, their mouths agape, and no one knows what leads them on.”
၁၀။ စူဠပန္ထကသုတ္တ
၅၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ စူဠပန္ထကော [စုလ္လပန္ထကော (သီ။), စူလပန္ထကော (ပီ။)] ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ စူဠပန္ထကံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဌိတေန ကာယေန ဌိတေန စေတသာ,
တိဋ္ဌံ နိသိန္နော ဥဒ ဝါ သယာနော၊
ဧတံ [ဧဝံ (က။)] သတိံ ဘိက္ခု အဓိဋ္ဌဟာနော,
လဘေထ ပုဗ္ဗာပရိယံ ဝိသေသံ၊
လဒ္ဓါန ပုဗ္ဗာပရိယံ ဝိသေသံ,
အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ’’တိ။ ဒသမံ၊
သောဏဝဂ္ဂေါ [သောဏထေရဝဂ္ဂေါ (သျာ။ ကံ။ က။) မဟာဝဂ္ဂေါ (အဋ္ဌကထာယ သမေတိ)] ပဉ္စမော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ပိယော အပ္ပါယုကာ ကုဋ္ဌီ, ကုမာရကာ ဥပေါသထော၊
သောဏော စ ရေဝတော ဘေဒေါ, သဓာယ ပန္ထကေန စာတိ။
၁၀-စူဠပန္ထကသုတ် ၅၀။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကောင်းစွာ ထားအပ်သော ကိုယ်ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော်လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်းမမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ ငါးခုမြောက်သောဏဝဂ်ပြီး၏။
Heartfelt Sayings 5.10 With Cūḷapanthaka So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Cūḷapanthaka was sitting not far from the Buddha, cross-legged, his body set straight, and mindfulness brought to the present. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Steady in body, steady in mind, standing, sitting or lying down: a mendicant focusing on this mindfulness gains an ever higher distinction. And when they have done so, they vanish from the King of Death.”
၆။ ဇစ္စန္ဓဝဂ္ဂ
၁။ အာယုသင်္ခါရောဿဇ္ဇနသုတ္တ
၅၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဝေသာလိံ ပိဏ္ဍာယ ပါဝိသိ။ ဝေသာလိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဂဏှာဟိ, အာနန္ဒ, နိသီဒနံ။ ယေန စာပါလံ [ပါဝါလံ (သျာ။)] စေတိယံ တေနုပသင်္ကမိဿာမ ဒိဝါဝိဟာရာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ နိသီဒနံ အာဒါယ ဘဂဝန္တံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓိ။ အထ ခေါ ဘဂဝါ ယေန စာပါလံ စေတိယံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ –
‘‘ရမဏီယာ, အာနန္ဒ, ဝေသာလီ၊ ရမဏီယံ ဥဒေနံ စေတိယံ၊ ရမဏီယံ ဂေါတမကံ စေတိယံ၊ ရမဏီယံ သတ္တမ္ဗံ စေတိယံ၊ ရမဏီယံ ဗဟုပုတ္တံ စေတိယံ၊ ရမဏီယံ သာရန္ဒဒံ စေတိယံ၊ ရမဏီယံ စာပါလံ စေတိယံ။ ယဿ ကဿစိ, အာနန္ဒ, စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ, သော အာကင်္ခမာနော ( ) [(အာနန္ဒ) (က။)] ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ။ တထာဂတဿ ခေါ, အာနန္ဒ, စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အာကင်္ခမာနော, အာနန္ဒ, တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ’’တိ။
ဧဝမ္ပိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတာ ဩဠာရိကေ နိမိတ္တေ ကယိရမာနေ, ဩဠာရိကေ ဩဘာသေ ကယိရမာနေ, နာသက္ခိ ပဋိဝိဇ္ဈိတုံ၊ န ဘဂဝန္တံ ယာစိ – ‘‘တိဋ္ဌတု, ဘန္တေ, ဘဂဝါ ကပ္ပံ၊ တိဋ္ဌတု သုဂတော ကပ္ပံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ, ယထာ တံ မာရေန ပရိယုဋ္ဌိတစိတ္တော။ ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ –
‘‘ရမဏီယာ, အာနန္ဒ, ဝေသာလီ၊ ရမဏီယံ ဥဒေနံ စေတိယံ၊ ရမဏီယံ ဂေါတမကံ စေတိယံ၊ ရမဏီယံ သတ္တမ္ဗံ စေတိယံ၊ ရမဏီယံ ဗဟုပုတ္တံ စေတိယံ၊ ရမဏီယံ သာရန္ဒဒံ စေတိယံ၊ ရမဏီယံ စာပါလံ စေတိယံ။ ယဿ ကဿစိ, အာနန္ဒ, စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ, သော အာကင်္ခမာနော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ။ တထာဂတဿ ခေါ, အာနန္ဒ, စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အာကင်္ခမာနော, အာနန္ဒ, တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ’’တိ။
ဧဝမ္ပိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတာ ဩဠာရိကေ နိမိတ္တေ ကယိရမာနေ, ဩဠာရိကေ ဩဘာသေ ကယိရမာနေ, နာသက္ခိ ပဋိဝိဇ္ဈိတုံ၊ န ဘဂဝန္တံ ယာစိ – ‘‘တိဋ္ဌတု, ဘန္တေ, ဘဂဝါ ကပ္ပံ၊ တိဋ္ဌတု သုဂတော ကပ္ပံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ, ယထာ တံ မာရေန ပရိယုဋ္ဌိတစိတ္တော။
အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဂစ္ဆ တွံ, အာနန္ဒ, ယဿဒါနိ ကာလံ မညသီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ အဝိဒူရေ အညတရသ္မိံ ရုက္ခမူလေ နိသီဒိ။
အထ ခေါ မာရော ပါပိမာ, အစိရပက္ကန္တေ အာယသ္မန္တေ အာနန္ဒေ, ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ မာရော ပါပိမာ ဘဂဝန္တံ ဧတဒဝေါစ –
‘‘ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော။ ဘာသိတာ ခေါ ပနေသာ, ဘန္တေ, ဘဂဝတာ ဝါစာ – ‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဘိက္ခူ န သာဝကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ [ဝိသာရဒါ ပတ္တယောဂခေမာ (အ။ နိ။ ၈။၇၀), ဝိသာရဒပ္ပတ္တာ ယောဂခေမာ (သီ။ ပီ။ က။), ဝိသာရဒပ္ပတ္တာ ယောဂခေမကာမာ (သျာ။)] ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနော, သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခိဿန္တိ ဒေသေဿန္တိ ပညပေဿန္တိ ပဋ္ဌပေဿန္တိ ဝိဝရိဿန္တိ ဝိဘဇိဿန္တိ ဥတ္တာနီကရိဿန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေဿန္တီ’တိ။ ဧတရဟိ ခေါ ပန, ဘန္တေ [သန္တိ ခေါ ပန ဘန္တေ ဧတရဟိ (သီ။ ပီ။ သံ။ နိ။ ၅။၈၂၂)] ဘိက္ခူ ဘဂဝတော သာဝကာ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ ဥတ္တာနီကရောန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေန္တိ။ ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော။
‘‘ဘာသိတာ ခေါ ပနေသာ, ဘန္တေ, ဘဂဝတာ ဝါစာ – ‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဘိက္ခုနိယော န သာဝိကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနိယော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခိဿန္တိ ဒေသေဿန္တိ ပညပေဿန္တိ ပဋ္ဌပေဿန္တိ ဝိဝရိဿန္တိ ဝိဘဇိဿန္တိ ဥတ္တာနီကရိဿန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေဿန္တီ’တိ။ ဧတရဟိ ခေါ ပန, ဘန္တေ, ဘိက္ခုနိယော ဘဂဝတော သာဝိကာ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနိယော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ ဥတ္တာနီကရောန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေန္တိ။ ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော။
‘‘ဘာသိတာ ခေါ ပနေသာ, ဘန္တေ, ဘဂဝတာ ဝါစာ – ‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဥပါသကာ န သာဝကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခိဿန္တိ ဒေသေဿန္တိ ပညပေဿန္တိ ပဋ္ဌပေဿန္တိ ဝိဝရိဿန္တိ ဝိဘဇိဿန္တိ ဥတ္တာနီကရိဿန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေဿန္တီ’တိ။ ဧတရဟိ ခေါ ပန, ဘန္တေ, ဥပါသကာ ဘဂဝတော သာဝကာ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ ဥတ္တာနီကရောန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေန္တိ။ ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော။
‘‘ဘာသိတာ ခေါ ပနေသာ, ဘန္တေ, ဘဂဝတာ ဝါစာ – ‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဥပါသိကာ န သာဝိကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနိယော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခိဿန္တိ ဒေသေဿန္တိ ပညပေဿန္တိ ပဋ္ဌပေဿန္တိ ဝိဝရိဿန္တိ ဝိဘဇိဿန္တိ ဥတ္တာနီကရိဿန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေဿန္တီ’တိ။ ဧတရဟိ ခေါ ပန, ဘန္တေ, ဥပါသိကာ ဘဂဝတော သာဝိကာ ဝိယတ္တာ ဝိနီတာ ဝိသာရဒါ ဗဟုဿုတာ ဓမ္မဓရာ ဓမ္မာနုဓမ္မပ္ပဋိပန္နာ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနိယော သကံ အာစရိယကံ ဥဂ္ဂဟေတွာ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ ဥတ္တာနီကရောန္တိ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေန္တိ။ ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော။
‘‘ဘာသိတာ ခေါ ပနေသာ, ဘန္တေ, ဘဂဝတာ ဝါစာ – ‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ ယာဝ မေ ဣဒံ ဗြဟ္မစရိယံ န ဣဒ္ဓဉ္စေဝ ဘဝိဿတိ ဖီတဉ္စ ဝိတ္ထာရိကံ ဗာဟုဇညံ ပုထုဘူတံ ယာဝ ဒေဝမနုဿေဟိ သုပ္ပကာသိတ’န္တိ။ ဧတရဟိ ခေါ ပန, ဘန္တေ [တယိဒံ ဘန္တေ (သံ။ နိ။ ၅။၈၂၂)], ဘဂဝတော ဗြဟ္မစရိယံ ဣဒ္ဓဉ္စေဝ ဖီတဉ္စ ဝိတ္ထာရိကံ ဗာဟုဇညံ ပုထုဘူတံ ယာဝ ဒေဝမနုဿေဟိ သုပ္ပကာသိတံ။ ပရိနိဗ္ဗာတု ဒါနိ, ဘန္တေ, ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ, ဘန္တေ, ဘဂဝတော’’တိ။
ဧဝံ ဝုတ္တေ, ဘဂဝါ မာရံ ပါပိမန္တံ ဧတဒဝေါစ – ‘‘အပ္ပေါဿုက္ကော တွံ, ပါပိမ, ဟောဟိ။ န စိရံ တထာဂတဿ ပရိနိဗ္ဗာနံ ဘဝိဿတိ။ ဣတော တိဏ္ဏံ မာသာနံ အစ္စယေန တထာဂတော ပရိနိဗ္ဗာယိဿတီ’’တိ။
အထ ခေါ ဘဂဝါ စာပါလေ စေတိယေ သတော သမ္ပဇာနော အာယုသင်္ခါရံ ဩဿဇ္ဇိ။ ဩဿဋ္ဌေ စ ဘဂဝတာ အာယုသင်္ခါရေ မဟာဘူမိစာလော အဟောသိ ဘိံသနကော လောမဟံသော, ဒေဝဒုန္ဒုဘိယော [ဒေဝဒုဒြဘိယော (က။)] စ ဖလိံသု။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘တုလမတုလဉ္စ သမ္ဘဝံ,
ဘဝသင်္ခါရမဝဿဇိ မုနိ၊
အဇ္ဈတ္တရတော သမာဟိတော,
အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝ’’န္တိ။ ပဌမံ၊
၆-ဇစ္စန္ဓဝဂ် ၁-အာယုသင်္ခါရောဿဇ္ဇနသုတ် ၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော်“အာနန္ဒာ နေရာထိုင်ခင်းကို ယူခဲ့လော့၊ နေ့သန့်စင်ရန် စာပါလစေတီသို့ ချဥ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင်နေရာထိုင်ခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဥ်လိုက်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် စာပါလစေတီသို့ ချဥ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဂေါတမနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ သတ္တမ္ဗနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ သာရန္ဒဒနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ စာပါလနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ အာနန္ဒာတစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး’တို့ကို ပွါးများထား၏။ လေ့ကျင့် ထား၏။ ယာဥ်ကဲ့သို့ ပြုထား၏။ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး ထား၏။ ကောင်းစွာအားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ် ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာ မြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ် လေးပါး’တို့ကို ပွါးများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဥ်ကဲ့သို့ ပြုထားပြီး ဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီးဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီးဖြစ်၏။ အာနန္ဒာ (သို့ ဖြစ်၍) မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။ အသျှင်အာနန္ဒာသည်ကား မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင် ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသောကြောင့် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါနတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ် မြောက်လည်း မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအားမိန့်တော်မူ၏- အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ ဂေါတမနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ သတ္တမ္ဗနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ သာရန္ဒဒ နတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ စာပါလနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး’တို့ကို ပွါးများထား၏။ လေ့ကျင့်ထား၏။ ယာဥ်ကဲ့သို့ ပြုထား၏။ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည် ထား၏။ ကောင်းစွာ ဆည်းပူးထား၏။ ကောင်းစွာအားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာမြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်လေးပါး’တို့ကို ပွါးများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဥ်ကဲ့သို့ ပြုထားပြီး ဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်း ပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီးဖြစ်၏။ အာနန္ဒာသို့ ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသော အသျှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) “အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ။ ထိုုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သင်သွားလော့၊ ယခုအခါ သွားရန်အချိန်ကို သင်သိ၏”ဟု အသျှင်အာနန္ဒာအား (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေလေ၏။ ထိုုအခါ အသျှင်အာနန္ဒာ ဖဲကြွ၍ မကြာမီ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍တစ်ခုသောအရပ်၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရားယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ‘မာရ်နတ်ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု မိန့်တော်မူဖူးပါသည်။ အသျှင့်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာကြပါပြီ။ ကောင်းစွာဆုံးမထားပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင်များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင်တည်တံ့စေနိုင် ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ပေါ်ပေါက်လာသောသူတစ်ပါး၏ ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရားဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် ‘မာရ်နတ် ငါ၏ တပည့်ရဟန်းမိန်းမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည်မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းမိန်မတို့သည် တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာဆုံးမပြီးဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင်များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင်ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့်ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန်အချိန်တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် ‘မာရ်နတ် ငါ၏ တပည့်ဥပါသကာတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါးတို့၏ ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်သား ဥပါသကာတို့သည် တတ်သိလိမ္မာကြပါပြီ။ ကောင်းစွာ ဆုံးမပြီးဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင် များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားအားလျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင် ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို့သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါးတို့၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် ‘မာရ်နတ် ငါ၏ တပည့်ဥပါသိကာမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါးတို့ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့် မည်မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာ ဆုံးမပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားအားလျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါးတို့ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန် တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် ‘မာရ်နတ် ငါ၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် အကြင်မျှလောက် ကာလပတ်လုံး (ပညာရှိ) နတ်လူတို့ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွါးသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ။ စည်ပင်ပါပြီ။ ပြန့်ပွါးပါပြီ။ လူအများ သိပြီးပါပြီ။ များစွာ ဖြစ်ထွန်းပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ”ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်တော်မူ၏“မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု (မိန့်တော်မူ၏)။ ထို့နောက် မြတ်စွာဘုရားသည် စာပါလနတ်ကွန်း၌ (နေစဥ်) အောက်မေ့မှု သတိ’ ဆင်ခြင်ဉာဏ်‘သမ္ပဇဥ်’ရှိလျက် အသက်ရှည်ရန်ပြုပြင်မှု ‘အာယုသင်္ခါရ’ကို စွန့်လွှတ်တော်မူ၏။ မြတ်စွာဘုရားသည် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညင်းထလျက့်ကြောက်မက်ဖွယ်ရာ မြေငလျင် အကြီးအကျယ် လှုပ်လေပြီ။ တော်လည်းသံ (နတ်စည်)တို့သည်လည်းတခြိမ့်ခြိမ့် မြည်ဟည်းကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဖြစ်မှုဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ။ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 6.1 Surrendering the Life Force So I have heard. At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Then the Buddha robed up in the morning and, taking his bowl and robe, entered Vesālī for alms. Then, after the meal, on his return from almsround, he addressed Venerable Ānanda: “Ānanda, get your sitting cloth. Let’s go to the Cāpāla Shrine for the day’s meditation.” “Yes, sir,” replied Ānanda. Taking his sitting cloth he followed behind the Buddha. Then the Buddha went up to the Cāpāla Shrine, where he sat down on the seat spread out. When he was seated he said to Venerable Ānanda: “Ānanda, Vesālī is lovely. And the Udena, Gotamaka, Seven Maidens, Many Sons, Sārandada, and Cāpāla Shrines are all lovely. Whoever has developed and cultivated the four bases of psychic power—made them a vehicle and a basis, kept them up, consolidated them, and properly implemented them—may, if they wish, live for the proper lifespan or what’s left of it. The Realized One has developed and cultivated the four bases of psychic power, made them a vehicle and a basis, kept them up, consolidated them, and properly implemented them. If he wished, the Realized One could live for the proper lifespan or what’s left of it.” But Ānanda didn’t get it, even though the Buddha dropped such an obvious hint, such a clear sign. He didn’t beg the Buddha, “Sir, may the Blessed One please remain for the proper lifespan! May the Holy One please remain for the proper lifespan! That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans.” For his mind was as if possessed by Māra. For a second time … For a third time, the Buddha said to Ānanda: “Ānanda, Vesālī is lovely. And the Udena, Gotamaka, Seven Maidens, Many Sons, Sārandada, and Cāpāla Shrines are all lovely. Whoever has developed and cultivated the four bases of psychic power—made them a vehicle and a basis, kept them up, consolidated them, and properly implemented them—may, if they wish, live for the proper lifespan or what’s left of it. The Realized One has developed and cultivated the four bases of psychic power, made them a vehicle and a basis, kept them up, consolidated them, and properly implemented them. If he wished, the Realized One could live for the proper lifespan or what’s left of it.” But Ānanda didn’t get it, even though the Buddha dropped such an obvious hint, such a clear sign. He didn’t beg the Buddha, “Sir, may the Blessed One please remain for the proper lifespan! May the Holy One please remain for the proper lifespan! That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans.” For his mind was as if possessed by Māra. Then the Buddha said to Venerable Ānanda, “Go now, Ānanda, at your convenience.” “Yes, sir,” replied Ānanda. He rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before sitting at the root of a tree close by. And then, not long after Ānanda had left, Māra the Wicked went up to the Buddha, stood to one side, and said to him: “May the Blessed One now be fully extinguished! May the Holy One now be fully extinguished! Now is the time for the full extinguishment of the Buddha. Sir, you once made this statement: ‘Wicked One, I shall not be fully extinguished until I have monk disciples who are competent, educated, assured, learned, have memorized the teachings, and practice in line with the principle of the teaching. Not until they practice properly, living in line with the teaching. Not until they’ve learned their own denomination, and explain, teach, assert, establish, disclose, analyze, and make it clear. Not until they can legitimately and completely refute the doctrines of others that come up, and teach with a demonstrable basis.’ Today you do have such monk disciples. May the Blessed One now be fully extinguished! May the Holy One now be fully extinguished! Now is the time for the full extinguishment of the Buddha. Sir, you once made this statement: ‘Wicked One, I shall not be fully extinguished until I have nun disciples who are competent, educated, self-assured, learned …’ … Today you do have such nun disciples. ‘Wicked One, I shall not be fully extinguished until I have layman disciples who are competent, educated, self-assured, learned …’ Today you do have such layman disciples. ‘Wicked One, I shall not be fully extinguished until I have laywoman disciples who are competent, educated, self-assured, learned …’ Today you do have such laywoman disciples. May the Blessed One now be fully extinguished! May the Holy One now be fully extinguished! Now is the time for the full extinguishment of the Buddha. Sir, you once made this statement: ‘I shall not be fully extinguished until my spiritual path is successful and prosperous, extensive, popular, widespread, and fully revealed among gods and humans.’ Today your spiritual path is successful and prosperous, extensive, popular, widespread, and fully revealed among gods and humans. May the Blessed One now be fully extinguished! May the Holy One now be fully extinguished! Now is the time for the full extinguishment of the Buddha.” When this was said, the Buddha said to Māra, “Relax, Wicked One. The full extinguishment of the Realized One will be soon. Three months from now the Realized One will be fully extinguished.” So at the Cāpāla Shrine the Buddha, mindful and aware, surrendered the life force. When he did so there was a great earthquake, awe-inspiring and hair-raising, and thunder cracked the sky. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Comparing the incomparable <j>with the creation of prolonged life, the sage surrendered the life force. Happy inside, serene, he shattered self-creation like a suit of armor.”
၂။ သတ္တဇဋိလသုတ္တ
၅၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ဗဟိဒွါရကောဋ္ဌကေ နိသိန္နော ဟောတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။
တေန ခေါ ပန သမယေန သတ္တ စ ဇဋိလာ, သတ္တ စ နိဂဏ္ဌာ, သတ္တ စ အစေလကာ, သတ္တ စ ဧကသာဋကာ, သတ္တ စ ပရိဗ္ဗာဇကာ, ပရူဠှကစ္ဆနခလောမာ ခါရိဝိဝိဓမာဒါယ [ခါရီဝိဓမာဒါယ (က။ သံ။ နိ။ ၁။၁၂၂၊ ဒီ။ နိ။ ၁။၂၈၀)] ဘဂဝတော အဝိဒူရေ အတိက္ကမန္တိ။
အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော တေ သတ္တ စ ဇဋိလေ, သတ္တ စ နိဂဏ္ဌေ, သတ္တ စ အစေလကေ, သတ္တ စ ဧကသာဋကေ, သတ္တ စ ပရိဗ္ဗာဇကေ, ပရူဠှကစ္ဆနခလောမေ ခါရိဝိဝိဓမာဒါယ ဘဂဝတော အဝိဒူရေ အတိက္ကမန္တေ။ ဒိသွာန ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဒက္ခိဏဇာဏုမဏ္ဍလံ ပထဝိယံ [ပဌဝိယံ (သီ။ သျာ။ ပီ။)] နိဟန္တွာ ယေန တေ သတ္တ စ ဇဋိလာ, သတ္တ စ နိဂဏ္ဌာ, သတ္တ စ အစေလကာ, သတ္တ စ ဧကသာဋကာ, သတ္တ စ ပရိဗ္ဗာဇကာ, တေနဉ္ဇလိံ ပဏာမေတွာ တိက္ခတ္တုံ နာမံ သာဝေသိ – ‘‘ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော၊ ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော၊ ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော’’တိ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော အစိရပက္ကန္တေသု တေသု သတ္တသု စ ဇဋိလေသု, သတ္တသု စ နိဂဏ္ဌေသု, သတ္တသု စ အစေလကေသု, သတ္တသု စ ဧကသာဋကေသု, သတ္တသု စ ပရိဗ္ဗာဇကေသု, ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယေ ခေါ [ယေ စ ခေါ (သီ။), ယေ စ တေ (သျာ။), ယေ နု ကေစိ ခေါ (ပီ။), ယေ တေ (သံ။ နိ။ ၁။၁၂၂), ယေ နု ခေါ ကေစိ (?)] ဘန္တေ, လောကေ အရဟန္တော ဝါ အရဟတ္တမဂ္ဂံ ဝါ သမာပန္နာ ဧတေ တေသံ အညတရေ’’တိ [အညတရာတိ (သီ။ က။), အညတရောတိ (သျာ။ ပီ။)]။
‘‘ဒုဇ္ဇာနံ ခေါ ဧတံ, မဟာရာဇ, တယာ ဂိဟိနာ ကာမဘောဂိနာ ပုတ္တသမ္ဗာဓသယနံ အဇ္ဈာဝသန္တေန ကာသိကစန္ဒနံ ပစ္စနုဘောန္တေန မာလာဂန္ဓဝိလေပနံ ဓာရယန္တေန ဇာတရူပရဇတံ သာဒိယန္တေန – ဣမေ ဝါ အရဟန္တော, ဣမေ ဝါ အရဟတ္တမဂ္ဂံ သမာပန္နာတိ။
‘‘သံဝါသေန ခေါ, မဟာရာဇ, သီလံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ န ဣတ္တရံ [န ဣတ္တရေန (သျာ။ သီ။ သျာ။ အဋ္ဌ။)], မနသိကရောတာ နော အမနသိကရောတာ, ပညဝတာ နော ဒုပ္ပညေန။ သံဝေါဟာရေန ခေါ, မဟာရာဇ, သောစေယျံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ န ဣတ္တရံ, မနသိကရောတာ နော အမနသိကရောတာ, ပညဝတာ နော ဒုပ္ပညေန။ အာပဒါသု ခေါ, မဟာရာဇ, ထာမော ဝေဒိတဗ္ဗော။ သော စ ခေါ ဒီဃေန အဒ္ဓုနာ န ဣတ္တရံ, မနသိကရောတာ နော အမနသိကရောတာ, ပညဝတာ နော ဒုပ္ပညေန။ သာကစ္ဆာယ ခေါ, မဟာရာဇ, ပညာ ဝေဒိတဗ္ဗာ။ သာ စ ခေါ ဒီဃေန အဒ္ဓုနာ န ဣတ္တရံ, မနသိကရောတာ နော အမနသိကရောတာ, ပညဝတာ နော ဒုပ္ပညေနာ’’တိ။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝ သုဘာသိတံ စိဒံ [သုဘာသိတမိဒံ (သံ။ နိ။ ၁။၁၂၂)], ဘန္တေ, ဘဂဝတာ – ‘ဒုဇ္ဇာနံ ခေါ ဧတံ, မဟာရာဇ, တယာ ဂိဟိနာ ပုတ္တသမ္ဗာဓသယနံ အဇ္ဈာဝသန္တေန ကာသိကစန္ဒနံ ပစ္စနုဘောန္တေန မာလာဂန္ဓဝိလေပနံ ဓာရယန္တေန ဇာတရူပရဇတံ သာဒိယန္တေန – ဣမေ ဝါ အရဟန္တော, ဣမေ ဝါ အရဟတ္တမဂ္ဂံ သမာပန္နာတိ။ သံဝါသေန ခေါ, မဟာရာဇ, သီလံ ဝေဒိတဗ္ဗံ…ပေ… သာကစ္ဆာယ ခေါ, မဟာရာဇ, ပညာ ဝေဒိတဗ္ဗာ။ သာ စ ခေါ ဒီဃေန အဒ္ဓုနာ န ဣတ္တရံ, မနသိကရောတာ နော အမနသိကရောတာ, ပညဝတာ နော ဒုပ္ပညေနာ’’’တိ။
‘‘ဧတေ, ဘန္တေ, မမ ပုရိသာ စောရာ [စရာ (သံ။ နိ။ ၁။၁၂၂)] ဩစရကာ ဇနပဒံ ဩစရိတွာ ဂစ္ဆန္တိ။ တေဟိ ပဌမံ ဩစိဏ္ဏံ အဟံ ပစ္ဆာ ဩသာရိဿာမိ [ဩတရိဿာမိ (သီ။ သျာ။ ပီ။), ဩယာယိဿာမိ (သီ။ သျာ။ အဋ္ဌ။), ဩသာပယိဿာမိ (သံ။ နိ။ ၁။၁၂၂)]။ ဣဒါနိ တေ, ဘန္တေ, တံ ရဇောဇလ္လံ ပဝါဟေတွာ သုနှာတာ သုဝိလိတ္တာ ကပ္ပိတကေသမဿူ ဩဒါတဝတ္ထဝသနာ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတာ သမင်္ဂိဘူတာ ပရိစာရေဿန္တီ’’ [စာရိယန္တိ (သျာ။)] တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘န ဝါယမေယျ သဗ္ဗတ္ထ, နာညဿ ပုရိသော သိယာ၊
နာညံ နိဿာယ ဇီဝေယျ, ဓမ္မေန န ဝဏိံ [ဝါဏိံ (သီ။), ဝဏီ (သျာ။ ပီ။), ဝါဏိဇံ (က။)] စရေ’’တိ။ ဒုတိယံ၊
၂-သတ္တဇဋိလသုတ် ၅၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူ၍ ပြာသာဒ်တံခါးမုခ်ပြင်ပ၌ နေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ၌ ဆံကျစ်ရသေ့ခုနစ်ယောက်တို့သည်လည်းကောင်း၊ နိဂဏ္ဌတိတ္ထိခုနစ်ယောက်တို့သည်လည်းကောင်း၊ အဝတ်မဝတ်သော အစေလကခုနစ်ယောက်တို့သည်လည်းကောင်း၊ အဝတ်တစ်ထည်သာဝတ်သောတိတ္ထိခုနစ်ယောက်တို့သည်လည်းကောင်း၊ ပရိဗိုဇ်ခုနစ်ယောက်တို့သည်လည်းကောင်းရှုပ်ရှုပ်ထွေးထွေး ပေါက်ရောက်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်းကိုယ်ရေအမွေးရှိကုန်လျက် အထူး ထူးသော ထမ်းပိုးပရိက္ခရာတို့ကို ယူကုန်၍ မြတ်စွာဘုရား၏မနီးမဝေးမှ ဖြတ်သန်းသွားကြကုန်၏။ ပသေနဒီကောသလမင်းသည် ထိုဆံကျစ်ရသေ့ခုနစ်ယောက်တို့ကိုလည်းကောင်း၊ နိဂဏ္ဌတိတ္ထိ ခုနစ်ယောက်တို့ကိုလည်းကောင်း၊ အဝတ်မဝတ်သော အစေလကခုနစ်ယောက်တို့ကိုလည်းကောင်း၊ အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက်တို့ကိုလည်းကောင်း၊ ပရိဗိုဇ်ခုနစ်ယောက်တို့ကိုလည်းကောင်း ရှုပ်ရှုပ်ထွေးထွေး ပေါက်ရောက်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်းကိုယ်ရေအမွေးရှိကုန်လျက် အထူးထူးသော ထမ်းပိုးပရိက္ခရာတို့ကို ယူကုန်၍ မြတ်စွာဘုရား၏ မနီးမဝေးမှ ဖြတ်သန်းသွားသည်တို့ကို မြင်၍ နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လကျာ်ပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် ဆံကျစ်တိတ္ထိခုနစ်ယောက် နိဂဏ္ဌတိတ္ထိခုနစ်ယောက် အဝတ်မဝတ်သော အစေလကခုနစ်ယောက် အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက် ပရိဗိုဇ်ခုနစ်ယောက်တို့ထံသို့ လက်အုပ်ချီလျက် “အသျှင်ဘုရားတို့ တပည့်တော်သည် ပသေနဒီကောသလမင်းပါတည်း။ အသျှင်ဘုရားတို့ တပည့်တော်သည် ပသေနဒီကောသလမင်းပါတည်း။ အသျှင်ဘုရားတို့ တပည့်တော်သည်ပသေနဒီကောသလမင်းပါတည်း”ဟု သုံးကြိမ်တိုင်တိုင် အမည်ကို ပြောကြား၏။ ထို့နောက် ပသေနဒီကောသလမင်းသည် ထိုဆံကျစ်တိတ္ထိခုနစ်ယောက် နိဂဏ္ဌတိတ္ထိခုနစ်ယောက်အဝတ်မဝတ်သော အစေလကခုနစ်ယောက် အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက် ပရိဗိုဇ်ခုနစ်ယောက်တို့ ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်းရှိကြသည့် ပုဂ္ဂိုလ်တို့တွင် ထိုပုဂ္ဂိုလ်တို့သည် တစ်ပါးအပါအဝင်ပါတည်း”ဟု (လျှောက်၏)။ မင်းကြီး ကာမစည်းစိမ်ခံစားသူ သားမယားတို့ဖြင့် ကျဥ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာကာသိတိုင်းဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့် လူဖြစ်သော သင်မင်းကြီးသည် “ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။ ဤသူတို့ကားအရဟတ္တ မဂ်သို့ ရောက်သူတို့တည်း”ဟု သိနိုင်ခဲ၏။ မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ သီလကို သိနိုင်၏။ ယင်းသီလကိုလည်း ရှည်ကြာစွာအတူတကွ နေထိုင်ခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ နေထိုင်ခြင်းဖြင့် မသိနိုင်၊ စဥ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဥ်းစားသူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး အတူတကွ စကားပြောခြင်းဖြင့်သာ စင်ကြယ်သည်၏ အဖြစ်ကို သိနိုင်၏။ ယင်းကိုလည်းရှည်ကြာစွာ ပြောဆိုဖူးမှသာ သိနိုင်၏။ တစ်ခဏမျှ ပြောဆိုကာမျှဖြင့် မသိနိုင်၊ စဥ်းစားဆင်ခြင်သူမှသာ သိနိုင်၏။ မစဥ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး ဘေးရန်တွေ့ကြုံသောအခါတို့၌ ဉာဏ်အားစွမ်းကို သိနိုင်၏။ ယင်းကိုလည်း အခါ များစွာဘေးရန်တွေ့ကြုံမှသာ သိနိုင်၏။ တစ်ရံတစ်ခါ တွေ့ကြုံကာမျှဖြင့် မသိနိုင်၊ စဥ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဥ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး အတူတကွ တရားစကား ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။ ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေးခြင်းဖြင့် မသိနိုင်၊ စဥ်းစားဆင်ခြင် သူမှသာသိနိုင်၏။ မစဥ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားအံ့ဩဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “မင်းကြီး ကာမစည်းစိမ်၌ ခံစားသူ သားမယားတို့ဖြင့် ကျဥ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာ ကာသိတိုင်းဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့် လူဖြစ်သော သင်မင်းကြီးသည် “ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။ ဤသူတို့ကားအရဟတ္တမဂ်သို့ ရောက်သူတို့တည်း”ဟု သိနိုင်ခဲ၏။ မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ သီလကို သိနိုင်၏။ပ။ မင်းကြီး အတူတကွ တရားစကား ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။ ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေးခြင်းဖြင့် မသိနိုင်၊ စဥ်းစားဆင်ခြင် သူမှသာ သိနိုင်၏။ မစဥ်းစားမဆင်ခြင် သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်”ဟူသော ဤစကားကို အလွန်ပင် ကောင်းစွာ ဆိုအပ်ပါ၏။ အသျှင်ဘုရား ဤသူတို့သည် တပည့်တော်၏ သူလျှိုယောကျာ်းတို့ပါတည်း။ ဇနပုဒ်ကို စုံစမ်းထောက်လှမ်းကုန်၍ သွားကြပါကုန်၏။ ထိုသူတို့ ရှေးဦးစွာ စုံစမ်းထောက်လှမ်းပြီးသည်ကို တပည့်တော်ကနောက်မှ ပြုလုပ်ဆောင်ရွက်ရပါ၏။ အသျှင်ဘုရား ယခုပင် ထိုသူတို့သည် ထိုမြူအညစ်အကြေးကို ဆေးလျော်ကုန်လျက် ကောင်းစွာ ရေချိုးကုန် ကောင်းစွာ လိမ်းကျံကုန်၍ ဆံမုတ်ဆိတ်ပြုပြင်ကာ အဝတ်ဖြူကို ဝတ်ကုန်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားကြပေလိမ့်မည်ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရဟန်းသည် မကောင်းမှု အလုံးစုံတို့၌ လုံ့လမပြုရာ၊ (ရဟန်းအသွင်အပြင်ဖြင့်) သူတစ်ပါး၏အခစားယောကျာ်း မဖြစ်ရာ၊ သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊ တရားဟောခြင်းဖြင့် (လာဘ်ပူဇော်သကာ) ကုန်သွယ်ခြင်းတို့ကို မပြုကျင့် ရာ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 6.2 Seven Matted-Hair Ascetics So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Then in the late afternoon, the Buddha came out of retreat and sat outside the gate. Then King Pasenadi of Kosala went up to the Buddha, bowed, and sat down to one side. Now at that time seven matted-hair ascetics, seven Jain ascetics, seven naked ascetics, seven one-cloth ascetics, and seven wanderers passed by not far from the Buddha. Their armpits and bodies were hairy, and their nails were long; and they carried their pack with shoulder-poles. King Pasenadi saw them passing by. He got up from his seat, arranged his robe over one shoulder, knelt on his right knee, raised his joined palms toward those various ascetics, and pronounced his name three times: “Sirs, I am Pasenadi, king of Kosala! I am Pasenadi, king of Kosala! I am Pasenadi, king of Kosala!” Then, not long after those ascetics had left, King Pasenadi went up to the Buddha, bowed, sat down to one side, and said to him, “Sir, these are among those in the world who are perfected or who are on the path to perfection!” “Great king, as a layman enjoying sensual pleasures, living at home with your children, using sandalwood imported from Kāsi, wearing garlands, fragrance, and makeup, and accepting gold and currency, it’s hard for you to know who is perfected or on the path to perfection. You can get to know a person’s ethics by living with them. But only after a long time, not casually; only when attentive, not when inattentive; and only by the wise, not the witless. You can get to know a person’s purity by dealing with them. … You can get to know a person’s resilience in times of trouble. … You can get to know a person’s wisdom by discussion. But only after a long time, not casually; only when attentive, not when inattentive; and only by the wise, not the witless.” “It’s incredible, sir, it’s amazing, how well said this was by the Buddha. … Sir, these are my spies, my undercover agents returning after spying on the country. I shall later make use of what they first spied out. Now—when they have rinsed off the dust and dirt, and are nicely bathed and anointed, with hair and beard dressed, and dressed in white—they will amuse themselves, supplied and provided with the five kinds of sensual stimulation.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Don’t strive in every situation, don’t become another’s man. Don’t live depending on another, and don’t use the teaching to make money.”
၃။ ပစ္စဝေက္ခဏသုတ္တ
၅၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ အတ္တနော အနေကေ ပါပကေ အကုသလေ ဓမ္မေ ပဟီနေ ပစ္စဝေက္ခမာနော နိသိန္နော ဟောတိ, အနေကေ စ ကုသလေ ဓမ္မေ ဘာဝနာပါရိပူရိံ ဂတေ။
အထ ခေါ ဘဂဝါ [ဧတမတ္ထံ ဝိဒိတွာ (သီ။ က။)] အတ္တနော အနေကေ ပါပကေ အကုသလေ ဓမ္မေ ပဟီနေ ဝိဒိတွာ အနေကေ စ ကုသလေ ဓမ္မေ ဘာဝနာပါရိပူရိံ ဂတေ [ဧတမတ္ထံ ဝိဒိတွာ (သီ။ က။)] တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အဟု ပုဗ္ဗေ တဒါ နာဟု, နာဟု ပုဗ္ဗေ တဒါ အဟု၊
န စာဟု န စ ဘဝိဿတိ, န စေတရဟိ ဝိဇ္ဇတီ’’တိ။ တတိယံ၊
၃-ပစ္စဝေက္ခဏသုတ် ၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပယ်အပ်ပြီးဖြစ်ကုန်သော မိမိ၏ များစွာသော အကုသိုလ်တရားယုတ်တို့ကိုလည်းကောင်း၊ ပွါးများမှု ‘ဘာဝနာ’၏ ပြည့်စုံခြင်းသို့ ရောက်ကုန်သော များစွာသော ကုသိုလ်တရားတို့ကိုလည်းကောင်း ဆင်ခြင်လျက် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပယ်အပ်ပြီးဖြစ်ကုန်သော မိမိ၏ များစွာသော အကုသိုလ် တရားယုတ်တို့ကိုလည်းကောင်း၊ ပွါးများမှု ‘ဘာဝနာ’၏ ပြည့်စုံခြင်းသို့ ရောက်ကုန်သော များစွာသော ကုသိုလ်တရားတို့ကိုလည်းကောင်း သိတော်မူ၍ ထိုသိသောအချိန်၌- “(အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်လာသည်မှ) ရှေးကာလ၌ ကိလေသာအပေါင်းသည် ဖြစ်ခဲ့ဖူးပြီ။ ရှေးအခါ က ဖြစ်ခဲ့ဖူးသော ကိလေသာအပေါင်းသည် ထိုအရဟတ္တမဂ် ဉာဏ် ဖြစ်ပေါ်သောအခါ မဖြစ်တော့ပြီ။ (အရိယာမဂ်ခဏမှ) ရှေးကာလ၌ ဆအသာ ဓာရဏဉာဏ်အစရှိသော အနဝဇ္ဇတရားအပေါင်းသည် မဖြစ်ဖူးခဲ့၊ ထိုအနဝဇ္ဇတရား အပေါင်းသည် အရဟတ္တမဂ်ဉာဏ်ဖြစ်ပေါ်လာသောအခါ ဖြစ်ပေါ်ခဲ့၏။ အရိယာမဂ်သည် ရှေးအခါ၌လည်း မဖြစ်ဖူး၊ နောင်လည်းဖြစ်လိမ့်မည် မဟုတ်၊ ယခုလည်း မရှိပေ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 6.3 The Buddha’s Reviewing So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was sitting reviewing his own giving up of many bad, unskillful qualities, and the many skillful qualities he had fully developed. Then, knowing the many bad, unskillful qualities that he had given up and the many skillful qualities he had fully developed, on that occasion the Buddha expressed this heartfelt sentiment: “What was before then was not; what before was not then was. It never was, nor will it be, nor is it found today.”
၄။ ပဌမနာနာတိတ္ထိယသုတ္တ
၅၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတော လောကော, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသဿတော လောကော, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အန္တဝါ လောကော, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အနန္တဝါ လောကော, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘တံ ဇီဝံ တံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အညံ ဇီဝံ အညံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘ဟောတိ တထာဂတော ပရံ မရဏာ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘န ဟောတိ တထာဂတော ပရံ မရဏာ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။
တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
‘‘သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘သဿတော လောကော, ဣဒမေဝ သစ္စံ မောဃမည’န္တိ…ပေ… တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’ တိ။
‘‘အညတိတ္ထိယာ, ဘိက္ခဝေ, ပရိဗ္ဗာဇကာ အန္ဓာ အစက္ခုကာ၊ အတ္ထံ န ဇာနန္တိ, အနတ္ထံ န ဇာနန္တိ, ဓမ္မံ န ဇာနန္တိ, အဓမ္မံ န ဇာနန္တိ။ တေ အတ္ထံ အဇာနန္တာ အနတ္ထံ အဇာနန္တာ ဓမ္မံ အဇာနန္တာ အဓမ္မံ အဇာနန္တာ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဣမိဿာယေဝ သာဝတ္ထိယာ အညတရော ရာဇာ အဟောသိ။ အထ ခေါ, ဘိက္ခဝေ, သော ရာဇာ အညတရံ ပုရိသံ အာမန္တေသိ – ‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယာဝတကာ သာဝတ္ထိယာ ဇစ္စန္ဓာ တေ သဗ္ဗေ ဧကဇ္ဈံ သန္နိပါတေဟီ’တိ။ ‘ဧဝံ, ဒေဝါ’တိ ခေါ, ဘိက္ခဝေ, သော ပုရိသော တဿ ရညော ပဋိဿုတွာ ယာဝတကာ သာဝတ္ထိယာ ဇစ္စန္ဓာ တေ သဗ္ဗေ ဂဟေတွာ ယေန သော ရာဇာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ရာဇာနံ ဧတဒဝေါစ – ‘သန္နိပါတိတာ ခေါ တေ, ဒေဝ, ယာဝတကာ သာဝတ္ထိယာ ဇစ္စန္ဓာ’တိ။ ‘တေန ဟိ, ဘဏေ, ဇစ္စန္ဓာနံ ဟတ္ထိံ ဒဿေဟီ’တိ။ ‘ဧဝံ, ဒေဝါ’တိ ခေါ, ဘိက္ခဝေ, သော ပုရိသော တဿ ရညော ပဋိဿုတွာ ဇစ္စန္ဓာနံ ဟတ္ထိံ ဒဿေသိ။
‘‘ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ သီသံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ ကဏ္ဏံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ ဒန္တံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ သောဏ္ဍံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ ကာယံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ ပါဒံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ သတ္ထိံ [ပိဋ္ဌိံ (သျာ။)] ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ နင်္ဂုဋ္ဌံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’တိ။ ဧကစ္စာနံ ဇစ္စန္ဓာနံ ဟတ္ထိဿ ဝါလဓိံ ဒဿေသိ – ‘ဧဒိသော, ဇစ္စန္ဓာ, ဟတ္ထီ’’’တိ။
‘‘အထ ခေါ, ဘိက္ခဝေ, သော ပုရိသော ဇစ္စန္ဓာနံ ဟတ္ထိံ ဒဿေတွာ ယေန သော ရာဇာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ရာဇာနံ ဧတဒဝေါစ – ‘ဒိဋ္ဌော ခေါ တေဟိ, ဒေဝ, ဇစ္စန္ဓေဟိ ဟတ္ထီ၊ ယဿ ဒါနိ ကာလံ မညသီ’တိ။
‘‘အထ ခေါ, ဘိက္ခဝေ, သော ရာဇာ ယေန တေ ဇစ္စန္ဓာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဇစ္စန္ဓေ ဧတဒဝေါစ – ‘ဒိဋ္ဌော ဝေါ, ဇစ္စန္ဓာ, ဟတ္ထီ’တိ? ‘ဧဝံ, ဒေဝ, ဒိဋ္ဌော နော ဟတ္ထီ’တိ။ ‘ဝဒေထ, ဇစ္စန္ဓာ, ကီဒိသော ဟတ္ထီ’တိ?
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ သီသံ ဒိဋ္ဌံ အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ ကုမ္ဘော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ ကဏ္ဏော ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ သုပ္ပေါ’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ ဒန္တော ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ ခီလော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ သောဏ္ဍော ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ နင်္ဂလီသာ’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ ကာယော ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ ကောဋ္ဌော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ ပါဒေါ ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ ထူဏော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ သတ္ထိ ဒိဋ္ဌော [ပိဋ္ဌိ ဒိဋ္ဋာ (က။ သီ။ သျာ။ ပီ။), သတ္ထိ ဒိဋ္ဌာ (က။ သီ။)] ဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ ဥဒုက္ခလော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ နင်္ဂုဋ္ဌံ ဒိဋ္ဌံ အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ မုသလော’တိ။
‘‘ယေဟိ, ဘိက္ခဝေ, ဇစ္စန္ဓေဟိ ဟတ္ထိဿ ဝါလဓိ ဒိဋ္ဌော အဟောသိ, တေ ဧဝမာဟံသု – ‘ဧဒိသော, ဒေဝ, ဟတ္ထီ သေယျထာပိ သမ္မဇ္ဇနီ’တိ။
‘‘တေ ‘ဧဒိသော ဟတ္ထီ, နေဒိသော ဟတ္ထီ၊ နေဒိသော ဟတ္ထီ, ဧဒိသော ဟတ္ထီ’’’တိ အညမညံ မုဋ္ဌီဟိ သံသုမ္ဘိံသု [သံယုဇ္ဈိံသု (က။ သီ။, သျာ။ ပီ။)]။ တေန စ ပန, ဘိက္ခဝေ, သော ရာဇာ အတ္တမနော အဟောသိ။
‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ အန္ဓာ အစက္ခုကာ။ တေ အတ္ထံ န ဇာနန္တိ အနတ္ထံ န ဇာနန္တိ, ဓမ္မံ န ဇာနန္တိ အဓမ္မံ န ဇာနန္တိ။ တေ အတ္ထံ အဇာနန္တာ အနတ္ထံ အဇာနန္တာ, ဓမ္မံ အဇာနန္တာ အဓမ္မံ အဇာနန္တာ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဣမေသု ကိရ သဇ္ဇန္တိ, ဧကေ သမဏဗြာဟ္မဏာ၊
ဝိဂ္ဂယှ နံ ဝိဝဒန္တိ, ဇနာ ဧကင်္ဂဒဿိနော’’တိ။ စတုတ္ထံ၊
၄-ပဌမနာနာတိတ္ထိယသုတ် ၅၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကုန်၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသော အထူးထူးသောတိတ္ထိ သမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။ “လောကသည် မြဲ၏။ ဤအယူသည်သာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “လောကသည်မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “လောကသည် အဆုံးရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “လောကသည် အဆုံးမရှိ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “ထိုအသက်သည် ထိုကိုယ်တည်း။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “အသက်သည်တခြားကိုယ်သည်တခြားတည်း။ ဤအယူသာမှန်ပါ၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏ့အချို့တို့သည် ရှိကုန်၏။ ထို့ပြင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏။ မဖြစ်လည်းမဖြစ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကုန်၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသော အထူးထူးသောတိတ္ထိသမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိ ပြည်၌ နေကြကုန်၏။ “လောကသည် မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိပါကုန်၏။ပ။ ထိုသမဏဗြာဟ္မဏအချို့တို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏’ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်သည်”ဟု ဤစကားကို လျှောက်ကုန်၏။ ရဟန်းတို့ သာသနာပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် ပညာမျက်စိမရှိကုန်သည်ဖြစ်၍အကျိုးကို မသိကုန် အကျိုးမဲ့ကို မသိကုန် တရားကို မသိကုန် တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ “ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ရဟန်းတို့ ဤသာဝတ္ထိပြည်၌သာလျှင် တစ်ဦးသော မင်းသည် ရှေးကဖြစ်ဖူး၏။ ရဟန်းတို့ ထိုအခါ ထိုမင်းသည် မင်းချင်းယောကျာ်းတစ်ယောက်ကို “အချင်းယောကျာ်း လာလော့၊ သာဝတ္ထိပြည်၌ ရှိကြသည့်သူကန်းအားလုံးတို့ကို တစ်ပေါင်းတည်း စုဝေးစေလော့”ဟု အမိန့်ပေး၏။ ရဟန်းတို့ ထိုယောကျာ်းသည် “အရှင်မင်းကြီး ကောင်းပါပြီ”ဟု ထိုမင်း၏စကားကို ဝန်ခံ၍ သာဝတ္ထိပြည်တွင်းရှိ သူကန်းအားလုံးတို့ကို ခေါ်ယူ၍ ထိုမင်းကြီးထံသို့ ချဥ်းကပ်လျက် ထိုမင်းကြီးကို “အရှင်မင်းကြီး သာဝတ္ထိပြည်တွင်းရှိသူကန်းအားလုံးတို့ကို စည်းဝေးစေအပ်ပါပြီ”ဟု သံတော်ဦးတင်၏။ အချင်းသို့ ဖြစ်လျှင်သူကန်းတို့အား ဆင်ကို ပြလော့ဟု အမိန့်ပေး၏။ ရဟန်းတို့ ထိုမင်းချင်းယောကျာ်းသည် “အရှင်မင်းကြီးကောင်းပါပြီ”ဟု ထိုမင်းကြီး၏ စကားကို ဝန်ခံ၍ သူကန်းတို့အား ဆင်ကို ပြ၏- “သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ ဦးခေါင်းကို ပြ၏။ “သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ နားကို ပြ၏။ “သူကန်းတို့ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ အစွယ်ကို ပြ၏။ “သူကန်းတို့ ဆင်ကာ့းဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ နှာမောင်းကို ပြ၏။ “သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ကိုယ်ကို ပြ၏။ “သူကန်းတို့ ဆင်ကား ဤသဘောရှိ၏”ဟု သူကန်း အချို့တို့အား ဆင်၏ ခြေထောက်ကို ပြ၏။ “သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏ ပေါင်ကို ပြ၏။ “သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်း အချို့တို့အား ဆင်၏။ မီးတံကို ပြ၏။ “သူကန်းတို့ ဆင်ကားဤသဘောရှိ၏”ဟု သူကန်းအချို့တို့အား ဆင်၏။ မီးဆံကို ပြ၏။ ရဟန်းတို့ ထို့နောက် ထိုမင်းချင်းယောက်ကျာ်းသည် သူကန်းတို့အား ဆင်ကို ပြပြီးလျှင် ထိုမင်း ရှိရာသို့ ချဥ်းကပ်၍ ထိုမင်းကို “အရှင်မင်းကြီး ထိုသူကန်းတို့သည် ဆင်ကို တွေ့မြင်အပ်ပါပြီ။ ယခုအခါ သွားရန်အချိန် အခါ ကို သိတော်မူပါလော့”ဟု လျှောက်၏။ ရဟန်းတို့ ထို့နောက် ထိုမင်းကြီးသည် ထိုသူကန်းတို့ထံသို့ ချဥ်းကပ်၍ ထိုသူကန်းတို့ကို “သူ ကန်းတို့သင်တို့သည် ဆင်ကို မြင်ကြကုန်ပြီလော”ဟု (မိန့်တော်မူ၏)။ အရှင်မင်းကြီးမှန်ပါ၏။ အကျွန်ုပ်တို့သည် ဆင်ကို မြင်ဖူးပါကုန်ပြီဟု သံတော်ဦးတင်ကုန်၏။ သူကန်းတို့ ပြောကြကုန်လော့၊ ဆင်ကား အဘယ်သို့ သဘောရှိကုန်သနည်းဟု (မိန့်၏)။ ရဟန်းတို့ဆင်၏ ဦးခေါင်းကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ရေအိုးနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ နားရွက်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ဗန်းဆန်ကောနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ အစွွယ်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ထွန်သွားနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ နှာမောင်းကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ထွန်သံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ကိုယ်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ကျီကြနံရံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ ခြေထောက်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် တိုင်နှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏ ပေါင်ကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် လက်ဆုံနှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏။ မီးတံကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် ကျည်ပွေ့နှင့်တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ ဆင်၏။ မီးဆံကို စမ်းသပ်မိသောသူကန်းတို့က “အရှင်မင်းကြီး ဆင်သည် တံမြက်စည်းနှင့် တူပါ၏”ဟု ဤသို့ သံတော်ဦးတင်ကုန်၏။ ထိုသူကန်းတို့သည် “ဆင်သည် ဤသဘောရှိ၏။ ဆင်သည် ဤသဘောမရှိ၊ ဤသဘောရှိသည်ကားဆင်မဟုတ်၊ ဤသဘောရှိသည်ကား ဆင်တည်း”ဟု အချင်းချင်း လက်သီးဆုပ်တို့ဖြင့် ထိုးကြိတ်ကုန်၏။ ရဟန်းတို့ ထိုသို့ ထိုးကြိတ်သောအခါ ထိုမင်းသည် ဝမ်းမြောက်ဝမ်းသာ ရယ်မောလေ၏။ ရဟန်းတို့ ဤအတူပင် သာသနာတော်မှ ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန်သည်ပညာမျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ “ဤသဘောကား တရားတည်း၊ ဤသဘောကား တရာ့းမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားတည်း”ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အချို့ကုန်သော သမဏဗြာဟ္မဏတို့သည် အနှစ်မရှိသည့် ဤမိစ္ဆာအယူတို့၌ နှစ်သက်စွဲလမ်းကပ်ငြိကုန်ဘိ၏။ (ဆင်ကို) တစ်စိတ်တစ်ဒေသ စမ်းသပ်မိကြသည့် သူကန်းတို့ကဲ့သို့ အချင်းချင်းဆန့်ကျင်ဘက်ပြုကာ ငြင်းခုံကြကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 6.4 Followers of Various Other Religions (1st) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time several ascetics, brahmins, and wanderers who followed various other religions were residing in Sāvatthī, holding different views, beliefs, and opinions, relying on different views. There were some ascetics and brahmins who had this doctrine and view: “The cosmos is eternal. This is the only truth, anything else is futile.” Others held views such as the following, each regarding their own view as true and others as silly. “The cosmos is not eternal.” “The cosmos is finite.” “The cosmos is infinite.” “The soul and the body are one and the same.” “The soul is one thing, the body another.” “A realized one still exists after death.” “A realized one no longer exists after death.” “A realized one both still exists and no longer exists after death.” “A realized one neither still exists nor no longer exists after death.” They were fighting, quarreling, and disputing, continually wounding each other with barbed words: “Such is Truth, such is not Truth! Such is not Truth, such is Truth!” Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. The Buddha said: “The wanderers of other religions are blind and sightless. They don’t understand what is beneficial or what is not beneficial, nor what is the truth and what is not the truth. That’s why they are fighting, quarreling, and disputing, continually wounding each other with barbed words. Once upon a time, mendicants, right here in Sāvatthī there was a certain king. Then the king addressed a man, ‘Please, my man, gather all those blind from birth throughout Sāvatthī and bring them together in one place.’ ‘Yes, Your Majesty,’ that man replied. He did as the king asked, then said to him, ‘Your Majesty, the blind people throughout Sāvatthī have been gathered.’ ‘Well then, lad, show them an elephant.’ ‘Yes, Your Majesty,’ that man replied. He did as the king asked. To some of the blind people he showed the elephant’s head, saying, ‘Here is the elephant.’ To some of them he showed the elephant’s ear, saying, ‘Here is the elephant.’ To some of them he showed the elephant’s tusk, saying, ‘Here is the elephant.’ To some of them he showed the elephant’s trunk, saying, ‘Here is the elephant.’ To some of them he showed the elephant’s flank, saying, ‘Here is the elephant.’ To some of them he showed the elephant’s leg, saying, ‘Here is the elephant.’ To some of them he showed the elephant’s thigh, saying, ‘Here is the elephant.’ To some of them he showed the elephant’s tail, saying, ‘Here is the elephant.’ To some of them he showed the tip of the elephant’s tail, saying, ‘Here is the elephant.’ Then he approached the king and said, ‘Your Majesty, the blind people have been shown the elephant. Please go at your convenience.’ Then the king went up to the blind people and said, ‘Have you seen the elephant?’ ‘Yes, Your Majesty, we have been shown the elephant.’ ‘Then tell us, what kind of thing is an elephant?’ The blind people who had been shown the elephant’s head said, ‘Your Majesty, an elephant is like a pot.’ Those who had been shown the ear said, ‘An elephant is like a winnowing fan.’ Those who had been shown the tusk said, ‘An elephant is like a ploughshare.’ Those who had been shown the trunk said, ‘An elephant is like a draft-pole.’ Those who had been shown the flank said, ‘An elephant is like a storehouse.’ Those who had been shown the leg said, ‘An elephant is like a pillar.’ Those who had been shown the thigh said, ‘An elephant is like a mortar.’ Those who had been shown the tail said, ‘An elephant is like a pestle.’ Those who had been shown the tip of the tail said, ‘An elephant is like a broom.’ Saying, ‘Such is an elephant, not such! Such is not an elephant, such is!’ they punched each other with their fists. At that, the king was pleased. In the same way, mendicants, the wanderers of other religions are blind and sightless. They don’t understand what is beneficial or what is not beneficial, nor what is the truth and what is not the truth. That’s why they are fighting, quarreling, and disputing, continually wounding each other with barbed words. ‘Such is Truth, such is not! Such is not Truth, such is!’” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Some ascetics and brahmins, it seems, cling to these things. Arguing, they dispute, the folk who see just one part.”
၅။ ဒုတိယနာနာတိတ္ထိယသုတ္တ
၅၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတော စ အသဿတော စ [သဿတော အသဿတော (သီ။)] အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘နေဝ သဿတော နာသဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘ပရံကတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတော စ ပရံကတော စ [သယံကတော ပရံကတော (သီ။)] အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသယံကာရော အပရံကာရော [အသယံကာရော စ အပရံကာရော စ (သျာ။ ပီ။)] အဓိစ္စသမုပ္ပန္နော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတဉ္စ အသဿတဉ္စ [သဿတံ အသဿတံ (သီ။)] သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘နေဝ သဿတံ နာသဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝဒိဋ္ဌိနော – ‘‘ပရံကတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတဉ္စ ပရံကတဉ္စ [သယံကထံ ပရံကတံ (သီ။)] သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသယံကာရံ အပရံကာရံ အဓိစ္စသမုပ္ပန္နံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။
တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
‘‘သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘သဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’န္တိ…ပေ… တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
‘‘အညတိတ္ထိယာ, ဘိက္ခဝေ, ပရိဗ္ဗာဇကာ အန္ဓာ အစက္ခုကာ၊ အတ္ထံ န ဇာနန္တိ အနတ္ထံ န ဇာနန္တိ, ဓမ္မံ န ဇာနန္တိ အဓမ္မံ န ဇာနန္တိ။ တေ အတ္ထံ အဇာနန္တာ အနတ္ထံ အဇာနန္တာ, ဓမ္မံ အဇာနန္တာ အဓမ္မံ အဇာနန္တာ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဣမေသု ကိရ သဇ္ဇန္တိ, ဧကေ သမဏဗြာဟ္မဏာ၊
အန္တရာဝ ဝိသီဒန္တိ, အပ္ပတွာဝ တမောဂဓ’’န္တိ။ ပဉ္စမံ၊
၅-ဒုတိယနာနာတိတ္ထိယသုတ် ၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကြ၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသောတိတ္ထိသမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။ “အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်းလောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း မိမိပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးသည် ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းမိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာ ဆင်းရဲရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်းမြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာ, ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါး ပြုအပ်၏။ ချမ်းသာ, ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်း ရှိကြကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ သမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြပါကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက် စကားကို ပြောဆိုကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏’ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်၏”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ဤသာသနာတော်မှ ပြင်ပအယူရှိသော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရာ့းမဟုတ်သည်ကို မသိကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက်“ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အချို့ကုန်သော သမဏဗြာဟ္မဏတို့သည် အနှစ်မရှိသည့် ဤမိစ္ဆာအယူတို့၌ နှစ်သက်စွဲလမ်းကပ်ငြိကုန်ဘိ၏။ ထိုသူတို့သည် ထောက်တည်ရာ နိဗ္ဗာန်သို့ မရောက် ကြကုန်မူ၍အကြား၌သာလျှင် (ဩဃလေးဖြာ သံသရာ၌) နစ်မြုပ်ကြရကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 6.5 Followers of Various Other Religions (2nd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time several ascetics, brahmins, and wanderers who followed various other religions were residing in Sāvatthī, holding different views, beliefs, and opinions, relying on different views. There were some ascetics and brahmins who had this doctrine and view: “The self and the cosmos are eternal. This is the only truth, anything else is futile.” Others held views such as the following, each regarding their own view as true and others as silly. “The self and the cosmos are not eternal.” “The self and the cosmos are both eternal and not eternal.” “The self and the cosmos are neither eternal nor not eternal.” “The self and the cosmos are made by oneself.” “The self and the cosmos are made by another.” “The self and the cosmos are made by both oneself and another.” “The self and the cosmos have arisen anomalously, not made by oneself or another.” “Pleasure and pain are eternal, and the self and the cosmos.” “Pleasure and pain are not eternal, and the self and the cosmos.” “Pleasure and pain are both eternal and not eternal, and the self and the cosmos.” “Pleasure and pain are neither eternal nor not eternal, and the self and the cosmos.” “Pleasure and pain are made by oneself, and the self and the cosmos.” “Pleasure and pain are made by another, and the self and the cosmos.” “Pleasure and pain are made by both oneself and another, and the self and the cosmos.” “Pleasure and pain have arisen anomalously, not made by oneself or another, and the self and the cosmos.” They were fighting, quarreling, and disputing, continually wounding each other with barbed words: “Such is Truth, such is not Truth! Such is not Truth, such is Truth!” Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Some ascetics and brahmins, it seems, cling to these things. They founder in mid-stream, without reaching that objective.”
၆။ တတိယနာနာတိတ္ထိယသုတ္တ
၅၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတော စ အသဿတော စ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘နေဝ သဿတော နာသဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘ပရံကတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတော စ ပရံကတော စ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသယံကာရော အပရံကာရော အဓိစ္စသမုပ္ပန္နော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သဿတဉ္စ အသဿတဉ္စ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘နေဝ သဿတံ နာသဿတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘ပရံကတံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘သယံကတဉ္စ ပရံကတဉ္စ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။ သန္တိ ပနေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘‘အသယံကာရံ အပရံကာရံ အဓိစ္စသမုပ္ပန္နံ သုခဒုက္ခံ အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’’န္တိ။
တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, သမ္ဗဟုလာ နာနာတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာ သာဝတ္ထိယံ ပဋိဝသန္တိ နာနာဒိဋ္ဌိကာ နာနာခန္တိကာ နာနာရုစိကာ နာနာဒိဋ္ဌိနိဿယနိဿိတာ။
‘‘သန္တေကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘သဿတော အတ္တာ စ လောကော စ, ဣဒမေဝ သစ္စံ မောဃမည’န္တိ …ပေ… တေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
‘‘အညတိတ္ထိယာ, ဘိက္ခဝေ, ပရိဗ္ဗာဇကာ အန္ဓာ အစက္ခုကာ။ တေ အတ္ထံ န ဇာနန္တိ အနတ္ထံ န ဇာနန္တိ, ဓမ္မံ န ဇာနန္တိ အဓမ္မံ န ဇာနန္တိ။ တေ အတ္ထံ အဇာနန္တာ အနတ္ထံ အဇာနန္တာ, ဓမ္မံ အဇာနန္တာ အဓမ္မံ အဇာနန္တာ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ – ‘ဧဒိသော ဓမ္မော, နေဒိသော ဓမ္မော၊ နေဒိသော ဓမ္မော, ဧဒိသော ဓမ္မော’’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အဟင်္ကာရပသုတာယံ ပဇာ, ပရံကာရူပသံဟိတာ၊
ဧတဒေကေ နာဗ္ဘညံသု, န နံ သလ္လန္တိ အဒ္ဒသုံ။
‘‘ဧတဉ္စ သလ္လံ ပဋိကစ္စ [ပဋိဂစ္စ (သီ။ သျာ။ ကံ။ ပီ။)] ပဿတော၊
အဟံ ကရောမီတိ န တဿ ဟောတိ၊
ပရော ကရောတီတိ န တဿ ဟောတိ။
‘‘မာနုပေတာ အယံ ပဇာ, မာနဂန္ထာ မာနဝိနိဗဒ္ဓါ [မာနဝိနိဗန္ဓာ (သီ။)]၊
ဒိဋ္ဌီသု သာရမ္ဘကထာ, သံသာရံ နာတိဝတ္တတီ’’တိ။ ဆဋ္ဌံ၊
၆-တတိယနာနာတိတ္ထိယသုတ် ၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်း ရှိကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ, သမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ် မမြဲသည်လည်းမဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်းပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ချမ်းသာဆင်းရဲရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းသူတစ်ပါးပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ချမ်းသာ ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ “အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား“အသျှင်ဘုရား အထူးထူးသော အယူ အထူးထူးသော အလို ‘ဆန္ဒ’ အထူးထူးသော နှစ်သက်ခြင်းရှိကြကုန်လျက် အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ သမဏဗြာဟ္မဏ ပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြပါကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့် ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် ‘ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရား မဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြပါကုန်၏”ဟု လျှောက်ကုန်၏။ ရဟန်းတို့ သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန့်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကြကုန်ဘဲ အကျိုးမဲ့ကို မသိကြကုန်ဘဲ တရားကို မသိကြကုန်ဘဲ တရားမဟုတ်သည်ကို မသိကြကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြော ဆိုကြကုန်လျက် “ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏”ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဤသတ္တဝါအပေါင်းသည် အတ္တလောကသုခနှင့် ဒုက္ခကို ငါပြု၏ဟူသော မိစ္ဆာ အယူ၌ လေ့လာအားထုတ်၏။ သူတစ်ပါး (အစိုးရသူ) ပြု၏ဟူသော မိစ္ဆာအယူနှင့် စပ်ယှဥ်၏။ (အဓိစ္စသမုပ္ပန္နအယူရှိသူ) သမဏဗြာဟ္မဏအချို့တို့သည် ဤမိစ္ဆာအယူ နှစ်မျိုးကို လက်မခံနိုင်ကြကုန်။ သို့ ပင်ဖြစ်သော်လည်း ထိုမိစ္ဆာအယူနှစ်မျိုးကို (ဒုက္ခကို ဖြစ်စေတတ်သည့်) မြားငြောင့်ဟူ၍လည်းမမြင်နိုင်ကြကုန်။ ဤမိစ္ဆာအယူနှစ်မျိုးကို မြားငြောင့်ဟု ကြိုတင်၍ မြင်သူအားမူကား ငါပြု၏ဟူ၍လည်းအယူမဖြစ်၊ သူတစ်ပါးပြု၏ဟူ၍လည်း အယူမဖြစ်၊ ဤသတ္တဝါအပေါင်းသည် မာနနှင့်ပြည့်စုံသည်မာနဖြင့် ထုံးဖွဲ့အပ်သည် မာနဖြင့် ရစ်ပတ်အပ်သည်ဖြစ်၍ မိစ္ဆာအယူတို့၌ (အတ္တုက္ကံသန ပရဝမ္ဘနအားဖြင့်) ခြုတ်ခြယ်စွပ်စွဲသော စကားရှိသောကြောင့် သံသရာကို မလွန်မြောက်နိုင်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 6.6 Followers of Various Other Religions (3rd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time several ascetics, brahmins, and wanderers who followed various other religions were residing in Sāvatthī, holding different views, beliefs, and opinions, relying on different views. There were some ascetics and brahmins who had this doctrine and view: “The self and the cosmos are eternal. This is the only truth, anything else is futile.” Others held views such as the following, each regarding their own view as true and others as silly. “The self and the cosmos are not eternal.” “The self and the cosmos are both eternal and not eternal.” “The self and the cosmos are neither eternal nor not eternal.” “The self and the cosmos are made by oneself.” “The self and the cosmos are made by another.” “The self and the cosmos are made by both oneself and another.” “The self and the cosmos have arisen anomalously, not made by oneself or another.” “Pleasure and pain are eternal, and the self and the cosmos.” “Pleasure and pain are not eternal, and the self and the cosmos.” “Pleasure and pain are both eternal and not eternal, and the self and the cosmos.” “Pleasure and pain are neither eternal nor not eternal, and the self and the cosmos.” “Pleasure and pain are made by oneself, and the self and the cosmos.” “Pleasure and pain are made by another, and the self and the cosmos.” “Pleasure and pain are made by both oneself and another, and the self and the cosmos.” “Pleasure and pain have arisen anomalously, not made by oneself or another, and the self and the cosmos.” They were fighting, quarreling, and disputing, continually wounding each other with barbed words: “Such is Truth, such is not Truth! Such is not Truth, such is Truth!” Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Folk are fixated on the I-maker, which is tied up with the other-maker. There are some who do not realize this, they do not see the dart. But when they see this dart, they do not think, ‘I make it’, nor ‘another makes it’. These folk are caught up in conceit, tied by conceit, shackled by conceit. Vehemently defending their views, they don’t escape transmigration.”
၇။ သုဘူတိသုတ္တ
၅၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သုဘူတိ ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အဝိတက္ကံ သမာဓိံ သမာပဇ္ဇိတွာ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ သုဘူတိံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ အဝိတက္ကံ သမာဓိံ သမာပန္နံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ ဝိတက္ကာ ဝိဓူပိတာ,
အဇ္ဈတ္တံ သုဝိကပ္ပိတာ အသေသာ၊
တံ သင်္ဂမတိစ္စ အရူပသညီ,
စတုယောဂါတိဂတော န ဇာတု မေတီ’’တိ [န ဇာတိမေတီတိ (သျာ။ ပီ။ အဋ္ဌ။ ပါဌန္တရံ)]။ သတ္တမံ၊
၇-သုဘူတိသုတ် ၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သုဘူတိသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သုဘူတိကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား အတွင်းသန္တာန်၌ မိစ္ဆာဝိတက်တို့ကို ဖျက်ဆီးအပ်ကုန်ပြီ။ အကြွင်းမဲ့ ကောင်းစွာဖြတ်အပ်ကုန်ပြီ။ ထိုပုဂ္ဂိုလ်သည် ငြိတွယ်မှုအားလုံးကို လွန်ကာ နိဗ္ဗာန်ကို အာရုံပြုသော မဂ်သညာဖိုလ်သညာရှိသည်ဖြစ်၍ ယောဂ လေးပါးကို လွန်ပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသို့ မရောက်တော့ပေ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 6.7 With Subhūti So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Subhūti was sitting not far from the Buddha, cross-legged, with his body straight, having attained the immersion free of placing the mind. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “In whom mental vibrations are cleared away, internally clipped off entirely, perceiving the formless, beyond chains, having overcome the four yokes, <j>they never return.”
၈။ ဂဏိကာသုတ္တ
၅၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ရာဇဂဟေ ဒွေ ပူဂါ အညတရိဿာ ဂဏိကာယ သာရတ္တာ ဟောန္တိ ပဋိဗဒ္ဓစိတ္တာ၊ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ ပါဏီဟိပိ ဥပက္ကမန္တိ, လေဍ္ဍူဟိပိ ဥပက္ကမန္တိ, ဒဏ္ဍေဟိပိ ဥပက္ကမန္တိ, သတ္ထေဟိပိ ဥပက္ကမန္တိ။ တေ တတ္ထ မရဏမ္ပိ နိဂစ္ဆန္တိ မရဏမတ္တမ္ပိ ဒုက္ခံ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိံသု။ ရာဇဂဟေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, ရာဇဂဟေ ဒွေ ပူဂါ အညတရိဿာ ဂဏိကာယ သာရတ္တာ ပဋိဗဒ္ဓစိတ္တာ၊ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ ပါဏီဟိပိ ဥပက္ကမန္တိ, လေဍ္ဍူဟိပိ ဥပက္ကမန္တိ, ဒဏ္ဍေဟိပိ ဥပက္ကမန္တိ, သတ္ထေဟိပိ ဥပက္ကမန္တိ။ တေ တတ္ထ မရဏမ္ပိ နိဂစ္ဆန္တိ မရဏမတ္တမ္ပိ ဒုက္ခ’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဉ္စ ပတ္တံ ယဉ္စ ပတ္တဗ္ဗံ, ဥဘယမေတံ ရဇာနုကိဏ္ဏံ, အာတုရဿာနုသိက္ခတော။ ယေ စ သိက္ခာသာရာ သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရာ, အယမေကော အန္တော။ ယေ စ ဧဝံဝါဒိနော – ‘နတ္ထိ ကာမေသု ဒေါသော’တိ, အယံ ဒုတိယော အန္တော။ ဣစ္စေတေ ဥဘော အန္တာ ကဋသိဝဍ္ဎနာ, ကဋသိယော ဒိဋ္ဌိံ ဝဍ္ဎေန္တိ။ ဧတေတေ ဥဘော အန္တေ အနဘိညာယ ဩလီယန္တိ ဧကေ, အတိဓာဝန္တိ ဧကေ။ ယေ စ ခေါ တေ အဘိညာယ တတြ စ နာဟေသုံ, တေန စ နာမညိံသု, ဝဋ္ဋံ တေသံ နတ္ထိ ပညာပနာယာ’’တိ။ အဋ္ဌမံ။
၈-ဂဏိကာသုတ် ၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမတစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်ကိလေသာဖြင့် ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက် အချင်းချင်း လက်တို့ဖြင့် ရိုက်ပုတ်ကြကုန်၏။ ခဲတို့ဖြင့်လည်း ပေါက်ကြ့ကုန်၏။ တုတ်တို့ဖြင့်လည်း ရိုက်ကြကုန်၏။ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။ ထိုအသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာ အရပ်၌ပင် သေခြင်းသို့လည်း ရောက်ကြကုန်၏။ သေလုနီးပါး ဆင်းရဲသို့လည်း ရောက်ကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီး နောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြကုန်၍တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား ယနေ့ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမ တစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်သည် ကိလေသာဖြင့်ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက် စကားကို ပြောဆိုကုန်လျက် အချင်းချင်း လက်တို့ဖြင့်လည်း ရိုက်ပုတ်ကြကုန်၏။ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏။ တုတ်တို့ဖြင့်လည်း ရိုက်ကြကုန်၏။ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။ ထိုအသင်းအဖွဲ့နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကုန်၏။ သေလုနီးပါးဆင်းရဲသို့လည်းရောက်ကုန်၏ဟု (လျှောက်ကြကုန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရအပ်ခံစားအပ်သော ကာမဂုဏ်နှင့် ရထိုက်ခံစားထိုက်သော ကာမဂုဏ်ဟူသော နှစ်ပါးစုံသည် ကိလေသာနှိပ်စက်ခံရသူ နောက်နောင်အကျိုး မျှော်ကိုးကျင့်ကြံသူ၏ (သန္တာန်၌) ရာဂစသော မြူတို့ဖြင့်ရောပြွမ်း၏။ အကြင်သူတို့သည် သီလဗ္ဗတ စသောအကျင့်ကို ကိလေသာ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။ အကြင်သူတို့အား ရှောင်ကြဥ်မှု ‘သီလ’ ဆင်းရဲငြိုငြင်စွာ ပြုကျင့်မှု ‘ဝတ’ဟင်းရွက်စားခြင်း စသည်ဖြင့် အသက်မွေးမှု ‘ဇီဝိတ’ မေထုန်မှ ရှောင်ကြဥ်မှု ‘ဗြဟ္မစရိယ’ ဗိဿနိုးနတ်စသည်တို့အား လုပ်ကျွေးမှု ‘ဥပဋ္ဌာန’ စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။ ထိုသူတို့၏ သီလဗ္ဗတစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အတ္တကိလမထာနုယောဂဟူသောအကျင့်သည်အယုတ်တရား တစ်ပါးတည်း။ အကြင်သူတို့ကား ‘ကာမဂုဏ်တို့၌ အပြစ်မရှိ’ဟု ဆိုကြကုန်၏။ ထိုသူတို့၏ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ပြောဆိုကျင့်ကြံမှုဟူသော ကာမသုခလ္လိကာနုယောဂ အကျင့်သည်ဒုတိယမြောက်ဖြစ်သော အယုတ်တရားတည်း။ ဤသို့ ဤအယုတ် တရားနှစ်ပါးတို့သည် ကဋသီမည်သောတဏှာအဝိဇ္ဇာတို့ကို ပွါးစေတတ်ကုန်၏။ ကဋသီမည်သောတဏှာအဝိဇ္ဇာတို့သည် မိစ္ဆာဒိဋ္ဌိကို ပွါးစေတတ်ကုန်၏။ ဤအယုတ်တရားနှစ်ပါးတို့ကို မသိခြင်းကြောင့် အချို့သောသူတို့သည် ဆုတ်နစ်ကုန်၏။ အချို့သောသူတို့သည် လွန်၍ ပြေးကုန်၏။ အကြင်သူတို့အား ထိုအယုတ် တရားနှစ်ပါးတို့ကို သိသောကြောင့် ထိုအယုတ်တရား၌ မကျရောက်ကြကုန်။ ထိိုုသို့ အယုတ်တရား နှစ်ပါး၌ မကျရောက်ခြင်းကြောင့် တဏှာမာနဒိဋ္ဌိတို့ဖြင့် (မိမိကိုယ်ကို) အထင်မမှားကြကုန်။ ထိုပုဂ္ဂိုလ်တို့အား (လူနတ်စသည်) ပညတ်ရန် ဝဋ် မရှိတော့ပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 6.8 The Courtesan So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time two gangs were both hopelessly in love with a certain courtesan. Fighting, quarreling, and disputing, they attacked each other with fists, stones, rods, and swords, resulting in death and deadly pain. Then several mendicants robed up in the morning and, taking their bowls and robes, entered Rājagaha for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “What has been attained and what is to be attained are both strewn over with dust for that one training while still sick. Those for whom the training is the essence, or precepts and observances, chastity, and service as the essence: this is one extreme. Those who say, ‘There’s nothing wrong with sensual pleasures’: this is the second extreme. Thus these two extremes swell the charnel grounds, while the charnel grounds swell wrong view. Not realizing these two extremes, some get stuck and some overreach. For those who realize these things, who were not found there, who did not conceive by that, there is no cycle of rebirths to be found.”
၉။ ဥပါတိဓာဝန္တိသုတ္တ
၅၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ တေလပ္ပဒီပေသု ဈာယမာနေသု။
တေန ခေါ ပန သမယေန သမ္ဗဟုလာ အဓိပါတကာ တေသု တေလပ္ပဒီပေသု အာပါတပရိပါတံ အနယံ အာပဇ္ဇန္တိ, ဗျသနံ အာပဇ္ဇန္တိ [နတ္ထိ သီဟဠပေါတ္ထကေ], အနယဗျသနံ အာပဇ္ဇန္တိ [နတ္ထိ သီဟဠပေါတ္ထကေ]။ အဒ္ဒသာ ခေါ ဘဂဝါ တေ သမ္ဗဟုလေ အဓိပါတကေ တေသု တေလပ္ပဒီပေသု အာပါတပရိပါတံ အနယံ အာပဇ္ဇန္တေ, ဗျသနံ အာပဇ္ဇန္တေ, အနယဗျသနံ အာပဇ္ဇန္တေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဥပါတိဓာဝန္တိ န သာရမေန္တိ,
နဝံ နဝံ ဗန္ဓနံ ဗြူဟယန္တိ၊
ပတန္တိ ပဇ္ဇောတမိဝါဓိပါတကာ [… ဓိပါတာ (သီ။ သျာ။)],
ဒိဋ္ဌေ သုတေ ဣတိဟေကေ နိဝိဋ္ဌာ’’တိ။ နဝမံ၊
၉-ဥပါတိဓာဝန္တိသုတ် ၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ ဆီမီးတို့ကို ညှိထွန်းထားရာ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။ ထိုအခါ များစွာသော ပိုးဖလံတို့သည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်းသို့ ရောက်ကုန်၏။ ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်၏။ မြတ်စွာ့ဘုရားသည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်း ပျက်စီးခြင်း ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်သော ထိုပိုးဖလံများစွာတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အချို့သော သမဏဗြာဟ္မဏတို့သည် သီလ သမာဓိ ပညာစသော အနှစ်သာရသို့ မရောက်ကြဘဲလွန်၍ ပြေးကုန်၏။ တဏှာဒိဋ္ဌိဟူသော အသစ် အသစ်ဖြစ်သော အနှောင်အဖွဲ့ကို ပွါးစေကုန်၏။ မြင်ရသော အရာ ကြားရသော အရာတို့ကို ဤသို့မှန်၏ဟု အမှားနှလုံးသွင်းကုန်လျက် ပိုးဖလံတို့သည် ဆီမီးသို့ ကျကုန်သကဲ့သို့ (ရာဂစသောတစ်ဆယ့်တစ်ပါးသော မီးကျီးတို့ဖြင့် ရဲရဲငြိသော ဘဝသုံးပါးဟူသော မီးကျီးတွင်း၌) ကျရောက်ရကုန်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 6.9 Hastening By So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was meditating in the open during the dark of night, while oil lamps were burning. And many moths were falling down and crashing down into the lamps, coming to grief and ruin. The Buddha saw the moths coming to grief. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Hastening by, they miss the essence, sprouting ever more new bonds. Like moths falling in the flame, some have become fixed in what is seen or heard.”
၁၀။ ဥပ္ပဇ္ဇန္တိသုတ္တ
၆၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –
‘‘ယာဝကီဝဉ္စ, ဘန္တေ, တထာဂတာ လောကေ နုပ္ပဇ္ဇန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ တာဝ အညတိတ္ထိယာ ပရိဗ္ဗာဇကာ သက္ကတာ ဟောန္တိ ဂရုကတာ မာနိတာ ပူဇိတာ အပစိတာ လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ယတော စ ခေါ, ဘန္တေ, တထာဂတာ လောကေ ဥပ္ပဇ္ဇန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အထ အညတိတ္ထိယာ ပရိဗ္ဗာဇကာ အသက္ကတာ ဟောန္တိ အဂရုကတာ အမာနိတာ အပူဇိတာ အနပစိတာ န လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ဘဂဝါ ယေဝ [ဘဂဝါ စေဝ (သျာ။)] ဒါနိ, ဘန္တေ, သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ, ဘိက္ခုသံဃော စာ’’တိ။
‘‘ဧဝမေတံ, အာနန္ဒ, ယာဝကီဝဉ္စ, အာနန္ဒ, တထာဂတာ လောကေ နုပ္ပဇ္ဇန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ တာဝ အညတိတ္ထိယာ ပရိဗ္ဗာဇကာ သက္ကတာ ဟောန္တိ ဂရုကတာ မာနိတာ ပူဇိတာ အပစိတာ လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ ယတော စ ခေါ, အာနန္ဒ, တထာဂတာ လောကေ ဥပ္ပဇ္ဇန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အထ အညတိတ္ထိယာ ပရိဗ္ဗာဇကာ အသက္ကတာ ဟောန္တိ အဂရုကတာ အမာနိတာ အပူဇိတာ အနပစိတာ န လာဘိနော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ။ တထာဂတောဝ [တထာဂတော စေဝ (သျာ။)] ဒါနိ သက္ကတော ဟောတိ ဂရုကတော မာနိတော ပူဇိတော အပစိတော လာဘီ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ, ဘိက္ခုသံဃော စာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဩဘာသတိ တာဝ သော ကိမိ,
ယာဝ န ဥန္နမတေ [ဥဂ္ဂမတိ (သီ။), ဥန္နမတိ (သျာ။)] ပဘင်္ကရော၊
(သ) [( ) နတ္ထိ သီ။ သျာ။ ပေါတ္ထကေသု] ဝေရောစနမှိ ဥဂ္ဂတေ,
ဟတပ္ပဘော ဟောတိ န စာပိ ဘာသတိ။
‘‘ဧဝံ ဩဘာသိတမေဝ တက္ကိကာနံ [တိတ္ထိယာနံ (သီ။ သျာ။ ပီ။)],
ယာဝ သမ္မာသမ္ဗုဒ္ဓါ လောကေ နုပ္ပဇ္ဇန္တိ၊
န တက္ကိကာ သုဇ္ဈန္တိ န စာပိ သာဝကာ,
ဒုဒ္ဒိဋ္ဌီ န ဒုက္ခာ ပမုစ္စရေ’’တိ။ ဒသမံ၊
တဿုဒ္ဒါနံ –
အာယုဇဋိလဝေက္ခဏာ, တယော တိတ္ထိယာ သုဘူတိ၊
ဂဏိကာ ဥပါတိ နဝမော, ဥပ္ပဇ္ဇန္တိ စ တေ ဒသာတိ။
ဇစ္စန္ဓဝဂ္ဂေါ ဆဋ္ဌော နိဋ္ဌိတော။
၁၀-ဥပ္ပဇ္ဇန္တိသုတ် ၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားသျှင်တို့ ပွင့်တော်မမူသေးသမျှ ကာလပတ်လုံးသာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိကုန်၏။ အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မူသောအခါ၌ ကား သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှုအလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံရကုန်မူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာသူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရကြကုန်။ အသျှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးအသုံး အဆောင်တို့ကို ရရှိ၏ဟု (လျှောက်၏)။ အာနန္ဒာဟုတ်မှန်၏။ အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မမူသေးသမျှ ကာလပတ်လုံး သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိကုန်၏။ အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့ ပွင့်တော်မူသောအခါ၌ ကား သာသနာတော် ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို မခံရမူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကြကုန်။ ယခုအခါ ငါဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံရလျက်သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို့ရရှိ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်မျှလောက် ကာလပတ်လုံး နေမင်းသည် မထွက်ပေါ်လာသေး၊ ထိုမျှ လောက် ကာလပတ်လုံးပိုးစုန်းကြူးသည် တောက်ပနေသေး၏။ နေမင်းထွက်ပေါ် လာသောအခါ ထိုပိုးစုန်းကြူးအရောင်ပျောက်သကဲ့သို့ မတောက်ပနိုင်သကဲ့သို့ ထို့အတူ အကြင်မျှလောက် ကာလပတ်လုံး လောက၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည် မပွင့်ကုန်သေး၊ ထိုမျှ လောက် ကာလပတ်လုံး ကြံဆကာမျှဖြင့် ယူဆတတ်သောတိတ္ထိတို့၏ အရောင်သည်တောက်ပနိုင်သေး၏။ အကြင်အခါ မြတ်စွာဘုရားတို့သည် ပွင့်ကုန်၏။ ထိုအခါ ကြံဆကာမျှဖြင့်ယူတတ်သောတိတ္ထိတို့သည်လည်းကောင်း၊ တိတ္ထိတို့၏ တပည့်တို့သည်လည်းကောင်း မတောက်ပကုန်။ ဖောက်ပြန်သော အယူရှိသူ တိတ္ထိတို့သည် ဆင်းရဲမှ မလွတ်နိုင်ကြကုန်”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ ခြောက်ခုမြောက် ဇစ္စန္ဓဝဂ် ပြီး၏။
Heartfelt Sayings 6.10 Arising So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, so long as the Realized Ones, the perfected ones, the fully awakened Buddhas do not arise in the world, the wanderers of other religions are honored, respected, revered, venerated, and esteemed. And they receive robes, almsfood, lodgings, and medicines and supplies for the sick. But when the Realized Ones do arise in the world, the wanderers of other religions are no longer honored, respected, revered, venerated, and esteemed. And they do not receive robes, almsfood, lodgings, and medicines and supplies for the sick. Now only the Buddha is honored, respected, revered, venerated, and esteemed. And he receives robes, almsfood, lodgings, and medicines and supplies for the sick.” “That’s so true, Ānanda. So long as the Realized Ones do not arise in the world, the wanderers of other religions are honored, respected, revered, venerated, and esteemed. And they receive robes, almsfood, lodgings, and medicines and supplies for the sick. But when the Realized Ones do arise in the world, the wanderers of other religions are no longer honored in this way. Now only the Realized One is honored, respected, revered, venerated, and esteemed. And he receives robes, almsfood, lodgings, and medicines and supplies for the sick. And so does the mendicant Saṅgha.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The glow-worm shines so long as the beacon of the sun does not rise. But when the dazzling sun has come up, that light is erased and shines no more. So too the sophists shine bright so long as the Buddhas don’t arise in the world. The sophists are not purified, nor are their disciples. Having bad views, they are not freed from suffering.”
၇။ စူဠဝဂ္ဂ
၁။ ပဌမလကုဏ္ဍကဘဒ္ဒိယသုတ္တ
၆၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ လကုဏ္ဍကဘဒ္ဒိယံ အနေကပရိယာယေန ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ [သမာဒါပေတိ (?)] သမုတ္တေဇေတိ သမ္ပဟံသေတိ။
အထ ခေါ အာယသ္မတော လကုဏ္ဍကဘဒ္ဒိယဿ အာယသ္မတာ သာရိပုတ္တေန အနေကပရိယာယေန ဓမ္မိယာ ကထာယ သန္ဒဿိယမာနဿ သမာဒပိယမာနဿ သမုတ္တေဇိယမာနဿ သမ္ပဟံသိယမာနဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ လကုဏ္ဍကဘဒ္ဒိယံ အာယသ္မတာ သာရိပုတ္တေန အနေကပရိယာယေန ဓမ္မိယာ ကထာယ သန္ဒဿိယမာနံ သမာဒပိယမာနံ သမုတ္တေဇိယမာနံ သမ္ပဟံသိယမာနံ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုတ္တံ [ဝိမုတ္တစိတ္တံ (?)]။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဥဒ္ဓံ အဓော သဗ္ဗဓိ ဝိပ္ပမုတ္တော, အယံဟမသ္မီတိ [အယမဟမသ္မီတိ (သီ။ သျာ။ ပီ။)] အနာနုပဿီ၊
ဧဝံ ဝိမုတ္တော ဥဒတာရိ ဩဃံ, အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယာ’’တိ။ ပဌမံ၊
၇-စူဠဝဂ် ၁-ပဌမလကုဏ္ဍကဘန္ဒိယသုတ် ၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူသည်ရှိသော် အသျှင်လကုဏ္ဍကဘဒ္ဒိယ၏စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ပြီ။ အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်သော စိတ်ရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို မြတ်စွာဘုရား မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်သည် အထက်ရူပ, အရူပဓာတ်၌လည်းကောင်း၊ အောက်ကာမဓာတ်၌လည်းကောင်း၊ သင်္ခါရအားလုံး၌လည်းကောင်း ခပ်သိမ်းသော အခြင်းအရာတို့ဖြင့် လွတ်မြောက်၏။ ထိုပုဂ္ဂိုလ်သည် ဤတရားသည်ပင် ငါဖြစ်၏ဟု မရှုတော့ပြီ။ ဤသို့ သံယောဇဥ်ဆယ်ပါး အကုသိုလ်အားလုံးတို့မှ ဤသို့ လွတ်မြောက်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည် တစ်ဖန် ဘဝသစ်၌ မဖြစ်ဖို့ရန် ရှေးအခါ ကမကူးမြောက်ခဲ့ဖူးသော ဩဃလေးဖြာ သံသရာကို ကူးခဲ့လေပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 7.1 Bhaddiya the Dwarf (1st) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was educating, encouraging, firing up, and inspiring Venerable Bhaddiya the Dwarf in many ways with a Dhamma talk. Then after being taught like this Bhaddiya’s mind was freed from defilements by not grasping. The Buddha saw what had happened. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Above, below, everywhere free, not contemplating ‘I am this’. Freed like this, he has crossed the flood not crossed before, so as to not be reborn.”
၂။ ဒုတိယလကုဏ္ဍကဘဒ္ဒိယသုတ္တ
၆၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ လကုဏ္ဍကဘဒ္ဒိယံ သေခံ [သေက္ခောတိ (သျာ။), သေခေါတိ (ပီ။)] မညမာနော ဘိယျောသောမတ္တာယ အနေကပရိယာယေန ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ သာရိပုတ္တံ အာယသ္မန္တံ လကုဏ္ဍကဘဒ္ဒိယံ သေခံ မညမာနံ ဘိယျောသောမတ္တာယ အနေကပရိယာယေန ဓမ္မိယာ ကထာယ သန္ဒဿေန္တံ သမာဒပေန္တံ သမုတ္တေဇေန္တံ သမ္ပဟံသေန္တံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အစ္ဆေစ္ဆိ [အစ္ဆေဇ္ဇိ (က။ သီ။), အစ္ဆိဇ္ဇိ (က။ သီ။ သျာ။), အဆိဇ္ဇိ (က။)] ဝဋ္ဋံ ဗျဂါ နိရာသံ, ဝိသုက္ခာ သရိတာ န သန္ဒတိ၊
ဆိန္နံ ဝဋ္ဋံ န ဝတ္တတိ, ဧသေဝန္တော ဒုက္ခဿာ’’တိ။ ဒုတိယံ၊
၂-ဒုတိယလကုဏ္ဍကဘန္ဒိယသုတ် ၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင့်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်သောကြောင့် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ အသျှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခဟု အောက်မေ့မှတ်ထင်လျက် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ အတိုင်းထက်အလွန် များစွာသော အကြောင်းဖြင့် (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရား မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား ကိလေသာဝဋ် ကမ္မဝဋ်နှစ်ပါးသည် အကြွင်းမဲ့ ပြတ်လေပြီ။ တဏှာကင်းရာနိဗ္ဗာန်ကို အထူးသဖြင့် ရခဲ့ပြီ။ လေးခုမြောက် မဂ်ဉာဏ်တည်းဟူသော နေမင်း၏ဖြစ်ပေါ်မှုကြောင့် အကြွင်းမဲ့ ခြောက်ခန်းခဲ့သောတဏှာဟူသော မြစ်ကြီးသည် မစီးမဆင်းနိုင်တော့ချေ၊ ကိလေသာဝဋ်ပြတ်သဖြင့် ပြတ်လေပြီးသော ကမ္မဝဋ်သည် တဝဲလည်လည် မဖြစ်နိုင်တော့ပေ၊ ထိုပုဂ္ဂိုလ်အားကိလေသာဝဋ် ကမ္မဝဋ် ပြတ်သဖြင့် ထိုဝိပါကဝဋ်၏ မဖြစ်ခြင်းသည် ပင် အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ အဆုံး ဖြစ်လေတော့၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 7.2 Bhaddiya the Dwarf (2nd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was educating, encouraging, firing up, and inspiring Venerable Bhaddiya the Dwarf in even more ways with a Dhamma talk, thinking that he was still a trainee. The Buddha saw what was happening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “They’ve cut the cycle, gone to the wishless; the streams are dried, they flow no more. Cut, the cycle no longer spins. Just this is the end of suffering.”
၃။ ပဌမသတ္တသုတ္တ
၆၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သာဝတ္ထိယာ မနုဿာ ယေဘုယျေန ကာမေသု အတိဝေလံ သတ္တာ ( ) [(ဟောန္တိ) (ဗဟူသု) အဋ္ဌကထာယ သံသန္ဒေတဗ္ဗံ] ရတ္တာ ဂိဒ္ဓါ ဂဓိတာ [ဂထိတာ (သီ။)] မုစ္ဆိတာ အဇ္ဈောပန္နာ သမ္မတ္တကဇာတာ ကာမေသု ဝိဟရန္တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိယံ ပိဏ္ဍာယ ပါဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, သာဝတ္ထိယာ မနုဿာ ယေဘုယျေန ကာမေသု အတိဝေလံ သတ္တာ ရတ္တာ ဂိဒ္ဓါ ဂဓိတာ မုစ္ဆိတာ အဇ္ဈောပန္နာ သမ္မတ္တကဇာတာ ကာမေသု ဝိဟရန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ကာမေသု သတ္တာ ကာမသင်္ဂသတ္တာ,
သံယောဇနေ ဝဇ္ဇမပဿမာနာ၊
န ဟိ ဇာတု သံယောဇနသင်္ဂသတ္တာ,
ဩဃံ တရေယျုံ ဝိပုလံ မဟန္တ’’န္တိ။ တတိယံ၊
၃-ပဌမသတ္တသုတ် ၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန်မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတိုု့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ကုန်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကုန်လျက်မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား“အသျှင်ဘုရား ဤသာဝတ္ထိ ပြည် သူပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန်ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက်ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြပါကုန်၏”ဟု (လျှောက်ကုန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ကာမဂုဏ်တို့၌ ကပ်ငြိကုန်သော ကာမဂုဏ်တို့၌ ငြိတွယ်ခြင်းတို့ဖြင့် ငြိတွယ်ကုန်သော သံယောဇဥ်တို့၌ အပြစ်ကို မမြင်ကုန်သော သံယောဇဥ် ငြိတွယ်ခြင်းဖြင့် ငြိတွယ်ကုန်သော သတ္တဝါတို့သည် ပြန့်ပြောကြီးကျယ်လှစွာသော ဩဃကို မကူးနိုင်ကုန်ရာ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 7.3 Clinging (1st) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time most of the people in Sāvatthī overly clung to sensual pleasures. Lustful, greedy, tied, infatuated, they lived completely addicted to sensual pleasures. Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Clinging to sensual pleasures, <j>to the chains of the senses, blind to the faults of the fetters, clinging to the chain of the fetters, they’ll never cross the flood so vast.”
၄။ ဒုတိယသတ္တသုတ္တ
၆၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သာဝတ္ထိယာ မနုဿာ ယေဘုယျေန ကာမေသု သတ္တာ ( ) [(ဟောန္တိ) (ဗဟူသု) အဋ္ဌကထာယ သံသန္ဒေတဗ္ဗံ] ရတ္တာ ဂိဒ္ဓါ ဂဓိတာ မုစ္ဆိတာ အဇ္ဈောပန္နာ အန္ဓီကတာ သမ္မတ္တကဇာတာ ကာမေသု ဝိဟရန္တိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ ဘဂဝါ သာဝတ္ထိယာ တေ မနုဿေ ယေဘုယျေန ကာမေသု သတ္တေ ရတ္တေ ဂိဒ္ဓေ ဂဓိတေ မုစ္ဆိတေ အဇ္ဈောပန္နေ အန္ဓီကတေ သမ္မတ္တကဇာတေ ကာမေသု ဝိဟရန္တေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ကာမန္ဓာ ဇာလသဉ္ဆန္နာ, တဏှာဆဒနဆာဒိတာ၊
ပမတ္တဗန္ဓုနာ ဗဒ္ဓါ, မစ္ဆာဝ ကုမိနာမုခေ၊
ဇရာမရဏမနွေန္တိ [ဇရာမရဏံ ဂစ္ဆန္တိ (သီ။ သျာ။)], ဝစ္ဆော ခီရပကောဝ မာတရ’’န္တိ။ စတုတ္ထံ၊
၄-ဒုတိယသတ္တသုတ် ၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက်ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန်တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်းသော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာ ပျက်စီးခြင်းသို့ ရောက်ကာ နေကုန်သော သာဝတ္ထိပြည် သူ ပြည် သားတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ဝတ္ထုကာမတို့၌ ကိလေသာကာမဖြင့် ကန်းသည်ကို အပြုခံရသူ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့်အဖုံးလွှမ်းခံရသူ တဏှာတည်းဟူသော အမိုးဖြင့် ဖုံးအုပ်ခံ ရသူ သတ္တဝါတို့သည် မြှုံးဝ၌ ဝင်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း နို့စို့အရွယ် နွားသူငယ်သည်အမိနွားမကြီးသို့ လိုက်သကဲ့သို့လည်းကောင်း ကိလေသာမာရ်ကိုယ်တွင်းရန်၏ အနှောင်အဖွဲ့ကို ခံကြရကုန်သည်ဖြစ်၍ အိုခြင်း သေခြင်းသို့ အစဥ်လိုက်ကြရကုန်၏”ဟု ဤဥဒါနကို ကျူးရင့် တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 7.4 Clinging (2nd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time most of the people in Sāvatthī clung to sensual pleasures. Lustful, greedy, tied, infatuated, attached, and blinded, they lived completely addicted to sensual pleasures. Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He saw how attached the humans were. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Blinded by sensual pleasures, wrapped in a net, they are smothered over by craving; bound by the kinsman of the negligent, like a fish caught in a funnel-net trap. They chase old age and death, like a suckling calf its mother.”
၅။ အပရလကုဏ္ဍကဘဒ္ဒိယသုတ္တ
၆၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ လကုဏ္ဍကဘဒ္ဒိယော သမ္ဗဟုလာနံ ဘိက္ခူနံ ပိဋ္ဌိတော ပိဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ လကုဏ္ဍကဘဒ္ဒိယံ ဒူရတောဝ သမ္ဗဟုလာနံ ဘိက္ခူနံ ပိဋ္ဌိတော ပိဋ္ဌိတော အာဂစ္ဆန္တံ ဒုဗ္ဗဏ္ဏံ ဒုဒ္ဒသိကံ ဩကောဋိမကံ ယေဘုယျေန ဘိက္ခူနံ ပရိဘူတရူပံ။ ဒိသွာန ဘိက္ခူ အာမန္တေသိ –
‘‘ပဿထ နော တုမှေ, ဘိက္ခဝေ, ဧတံ ဘိက္ခုံ ဒူရတောဝ သမ္ဗဟုလာနံ ဘိက္ခူနံ ပိဋ္ဌိတော ပိဋ္ဌိတော အာဂစ္ဆန္တံ ဒုဗ္ဗဏ္ဏံ ဒုဒ္ဒသိကံ ဩကောဋိမကံ ယေဘုယျေန ဘိက္ခူနံ ပရိဘူတရူပ’’န္တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘ဧသော, ဘိက္ခဝေ, ဘိက္ခု မဟိဒ္ဓိကော မဟာနုဘာဝေါ။ န စ သာ သမာပတ္တိ သုလဘရူပါ ယာ တေန ဘိက္ခုနာ အသမာပန္နပုဗ္ဗာ။ ယဿ စတ္ထာယ [ယဿတ္ထာယ (သီ။ က။)] ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘နေလင်္ဂေါ သေတပစ္ဆာဒေါ, ဧကာရော ဝတ္တတီ ရထော၊
အနီဃံ ပဿ အာယန္တံ, ဆိန္နသောတံ အဗန္ဓန’’န္တိ။ ပဉ္စမံ၊
၅-အပရလကုဏ္ဍကဘဒ္ဒိယသုတ် ၆၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏။ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဥ်ရဟန်းတို့ ရှုတ်ချခံရသော သဘောရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို အဝေးကပင် မြင်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ သင်တို့သည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဥ်ရဟန်းတို့ ရှုတ်ချအပ်သော သဘောရှိသော ထိုရဟန်းကို အဝေးကပင် မြင်ကြကုန်၏လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤရဟန်းသည် ကြီးသောတန်ခိုးအာနုဘော် ရှိ၏။ ထိုရဟန်း မဝင်စားဖူးသေးသော သမာပတ်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ထိုရဟန်းသည် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်သော အမျိုးသားများ လိုလားအပ်သော အတုမရှိ မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ကပ်ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အရဟတ္တဖိုလ် သီလတည်းဟူသော အပြစ်အနာကင်းသော လှည်းဘီးရှိသော ဝိမုတ္တိတည်းဟူသော ဖြူသော အဆင်းလည်းရှိသော သတိတည်းဟူသော အကန့်လည်းရှိသော လကုဏ္ဍကဘဒ္ဒိယမထေရ်၏အတ္တဘောတည်းဟူသော ရထားသည် လှည့်လည် သွားလာ၏။ ရဟန်းတို့၏ နောက်မှလာသော ဆင်းရဲမရှိသောတဏှာ အလျဥ်ကင်းပြတ်သော (ကိလေသာ) အဖွဲ့မရှိသော ဤ (လကုဏ္ဍကဘဒ္ဒိယမထေရ်၏ အတ္တဘောဟူသော) ရထားကို ကြည့်ရှုလော့”ဟု ဤဥဒါနကို့ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 7.5 Another Discourse with Bhaddiya the Dwarf So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Venerable Bhaddiya the Dwarf, closely following several mendicants, approached the Buddha. The Buddha saw Venerable Bhaddiya coming off in the distance—ugly, unsightly, deformed, and despised by most of the mendicants. The Buddha addressed the mendicants: “Mendicants, do you see this monk coming—ugly, unsightly, deformed, and despised by most of the mendicants?” “Yes, sir.” “That mendicant is very mighty and powerful. It’s not easy to find an attainment that he has not already attained. And he has realized the supreme culmination of the spiritual path in this very life. He lives having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “With faultless parts and white canopy, the one-spoked chariot rolls on. See it come, untroubled, with stream cut, unbound.”
၆။ တဏှာသင်္ခယသုတ္တ
၆၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ အညာသိကောဏ္ဍညော [အညာတကောဏ္ဍညော (သဗ္ဗတ္ထ)] ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ တဏှာသင်္ခယဝိမုတ္တိံ ပစ္စဝေက္ခမာနော။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ အညာသိကောဏ္ဍညံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ တဏှာသင်္ခယဝိမုတ္တိံ ပစ္စဝေက္ခမာနံ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ မူလံ ဆမာ နတ္ထိ, ပဏ္ဏာ နတ္ထိ ကုတော လတာ၊
တံ ဓီရံ ဗန္ဓနာ မုတ္တံ, ကော တံ နိန္ဒိတုမရဟတိ၊
ဒေဝါပိ နံ ပသံသန္တိ, ဗြဟ္မုနာပိ ပသံသိတော’’တိ။ ဆဋ္ဌံ၊
၆-တဏှာသင်္ခယသုတ် ၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အညာသိကောဏ္ဍညသည် မြတ်စွာဘုရား၏ မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ တဏှာကုန်ခန်းပြီးသော အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေသော အသျှင်အညာသိကောဏ္ဍညကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “အကြင်ပုဂ္ဂိုလ်အား (အဝိဇ္ဇာတဏှာဟူသော) အမြစ် မရှိ၊ (အာသဝ, နီဝရဏ စသော) မြေလည်း မရှိ၊ (မာန, အတိမာနစသော) အခက်အလက်တို့လည်း မရှိကုန်။ (မဒ, ပမာဒ, မာယာ, သာဌေယျစသော) အရွက်တို့ကား အဘယ်မှာရှိအံ့ နည်း? သမ္မပ္ပဓာန်လုံ့လရှိ၍ အနှောင်အဖွဲ့မှ လွတ်ပြီးသော ထိုပုဂ္ဂိုလ်ကို အဘယ်သူသည် ကဲ့ရဲ့ခြင်းငှါ ထိုက်အံ့နည်း? ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။ ဗြဟ္မာပင်သော်လည်း ချီးမွမ်းရ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌမသုတ်။
Heartfelt Sayings 7.6 The Ending of Craving So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Koṇḍañña Who Understood was sitting not far from the Buddha, cross-legged, with his body straight, reviewing the freedom through the ending of craving. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “There is no root or ground or leaves for them, so where would creepers sprout from? That attentive one is released from bonds: who is worthy to criticize them? Even the gods praise them, and by the Divinity, too, they’re praised.”
၇။ ပပဉ္စခယသုတ္တ
၆၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ အတ္တနော ပပဉ္စသညာသင်္ခါပဟာနံ ပစ္စဝေက္ခမာနော နိသိန္နော ဟောတိ။
အထ ခေါ ဘဂဝါ အတ္တနော ပပဉ္စသညာသင်္ခါပဟာနံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ ပပဉ္စာ ဌိတိ စ နတ္ထိ,
သန္ဒာနံ ပလိဃဉ္စ ဝီတိဝတ္တော၊
တံ နိတ္တဏှံ မုနိံ စရန္တံ,
နာဝဇာနာတိ သဒေဝကောပိ လောကော’’တိ။ သတ္တမံ၊
၇-ပပဥ္စခယသုတ် ၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို ဆင်ခြင်လျက် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို သိတော်မူ၍ ထိုသိသောအချိန်၌ -“အကြင်မြတ်စွာဘုရားအား သံသရာကို ချဲ့တတ်သော ကိလေသာ၏ တည်ခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားအား တဏှာဒိဋ္ဌိတည်းဟူသော ကြိုးကိုလည်းကောင်း၊ အဝိဇ္ဇာတည်းဟူသောတံခါးကျည်ကိုလည်းကောင်း လွန်မြောက်ပြီ။ တဏှာကင်းသည်ဖြစ်၍ ကြွသွားတော်မူသော ထိုမြတ်စွာဘုရားကို နတ်နှင့်တကွသော လူအပေါင်းသည် မရှုတ်ချ မကဲ့ရဲ့”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 7.7 The Ending of Proliferation So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was sitting reviewing his own giving up of the judgments driven by the proliferation of perceptions. Then, understanding his own giving up of the judgments driven by the proliferation of perceptions, on that occasion the Buddha expressed this heartfelt sentiment: “There is no proliferation remaining in those who have passed beyond the halter and cross-bar. The sage who lives without craving is never scorned by the world with its gods.”
၈။ ကစ္စာနသုတ္တ
၆၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာကစ္စာနော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ကာယဂတာယ သတိယာ အဇ္ဈတ္တံ ပရိမုခံ သူပဋ္ဌိတာယ။
အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ မဟာကစ္စာနံ အဝိဒူရေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ကာယဂတာယ သတိယာ အဇ္ဈတ္တံ ပရိမုခံ သူပဋ္ဌိတာယ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယဿ သိယာ သဗ္ဗဒါ သတိ,
သတတံ ကာယဂတာ ဥပဋ္ဌိတာ၊
နော စဿ နော စ မေ သိယာ,
န ဘဝိဿတိ န စ မေ ဘဝိဿတိ၊
အနုပုဗ္ဗဝိဟာရိ တတ္ထ သော,
ကာလေနေဝ တရေ ဝိသတ္တိက’’န္တိ။ အဋ္ဌမံ၊
၈-ကစ္စာနသုတ် ၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာသတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု ကောင်းစွာတည်သော ကာယဂတာ သတိဖြင့်ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်မဟာကစ္စည်းကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“ငါ့အား (ကိလေသာကံသည်) အကယ်၍ အတိတ်ကာလက မဖြစ်ခဲ့ပါမူ ဤပစ္စုပ္ပန် ကာလ၌ ငါ၏အတ္တဘောသည် မဖြစ်တန်ရာ၊ ဤပစ္စုပ္ပန်အတ္တဘော၌ ငါ့အား ကိလေသာကံ အကယ်၍ မဖြစ်ငြားအံ့၊ နောင်အနာဂတ်ကာလ၌ ဝိပါကဝဋ်ဖြစ်မည် မဟုတ်ဟု အကြင်ပုဂ္ဂိုလ်အား ဤသို့ ကိုယ်၌ တည်သော သတိသည် အခါ ခပ်သိမ်း အမြဲမပြတ် ဖြစ်ရာ၏။ ဤသို့ ထိုသင်္ခါရတရား၌ အနုပုဗ္ဗဝိပဿနာဖြင့် နေလေ့ရှိသော ထိုပုဂ္ဂိုလ်သည် (ဣန္ဒြေရင့်ကျက်သော) ကာလ၌သာလျှင် တဏှာကို လွန်နိုင် ရာ၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 7.8 Kaccāna So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Mahākaccāna was sitting not far from the Buddha, cross-legged, with his body straight and mindfulness of the body well-established internally on the present. The Buddha saw him meditating there. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Their mindfulness would always be established in the body, constant: ‘It might not be, and it might not be mine, It will not be, and it will not be mine.’ Meditating stage by stage on that, in time they’d cross over clinging.”
၉။ ဥဒပါနသုတ္တ
၆၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ထူဏံ [ထူနံ (သီ။ သျာ။ ပီ။)] နာမ မလ္လာနံ ဗြာဟ္မဏဂါမော တဒဝသရိ။ အဿောသုံ ခေါ ထူဏေယျကာ ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ထူဏံ အနုပ္ပတ္တော’’တိ။( ) [(အထ ခေါ တေ ထူဏေယျကာ ဗြာဟ္မဏဂဟပတိကာ) (?)] ဥဒပါနံ တိဏဿ စ ဘုသဿ စ ယာဝ မုခတော ပူရေသုံ – ‘‘မာ တေ မုဏ္ဍကာ သမဏကာ ပါနီယံ အပံသူ’’တိ။
အထ ခေါ ဘဂဝါ မဂ္ဂါ ဩက္ကမ္မ ယေန ရုက္ခမူလံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, အာနန္ဒ, ဧတမှာ ဥဒပါနာ ပါနီယံ အာဟရာ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဒါနိ သော, ဘန္တေ, ဥဒပါနော ထူဏေယျကေဟိ ဗြာဟ္မဏဂဟပတိကေဟိ တိဏဿ စ ဘုသဿ စ ယာဝ မုခတော ပူရိတော – ‘မာ တေ မုဏ္ဍကာ သမဏကာ ပါနီယံ အပံသူ’’’တိ။
ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, အာနန္ဒ, ဧတမှာ ဥဒပါနာ ပါနီယံ အာဟရာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ပတ္တံ ဂဟေတွာ ယေန သော ဥဒပါနော တေနုပသင်္ကမိ။ အထ ခေါ သော ဥဒပါနော အာယသ္မန္တေ အာနန္ဒေ ဥပသင်္ကမန္တေ သဗ္ဗံ တံ တိဏဉ္စ ဘုသဉ္စ မုခတော ဩဝမိတွာ အစ္ဆဿ ဥဒကဿ အနာဝိလဿ ဝိပ္ပသန္နဿ ယာဝ မုခတော ပူရိတော ဝိဿန္ဒန္တော [ဝိဿန္ဒော (က။)] မညေ အဋ္ဌာသိ။
အထ ခေါ အာယသ္မတော အာနန္ဒဿ ဧတဒဟောသိ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, တထာဂတဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ! အယဉှိ သော ဥဒပါနော မယိ ဥပသင်္ကမန္တေ သဗ္ဗံ တံ တိဏဉ္စ ဘုသဉ္စ မုခတော ဩဝမိတွာ အစ္ဆဿ ဥဒကဿ အနာဝိလဿ ဝိပ္ပသန္နဿ ယာဝ မုခတော ပူရိတော ဝိဿန္ဒန္တော မညေ ဌိတော’’တိ!! ပတ္တေန ပါနီယံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ, တထာဂတဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ! အယဉှိ သော, ဘန္တေ, ဥဒပါနော မယိ ဥပသင်္ကမန္တေ သဗ္ဗံ တံ တိဏဉ္စ ဘုသဉ္စ မုခတော ဩဝမိတွာ အစ္ဆဿ ဥဒကဿ အနာဝိလဿ ဝိပ္ပသန္နဿ ယာဝ မုခတော ပူရိတော ဝိဿန္ဒန္တော မညေ အဋ္ဌာသိ!! ပိဝတု ဘဂဝါ ပါနီယံ, ပိဝတု သုဂတော ပါနီယ’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ကိံ ကယိရာ ဥဒပါနေန,
အာပါ စေ သဗ္ဗဒါ သိယုံ၊
တဏှာယ မူလတော ဆေတွာ,
ကိဿ ပရိယေသနံ စရေ’’တိ။ နဝမံ၊
၉-ဥဒပါနသုတ် ၆၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် “အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီလှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏”ဟု ကြားကြကုန်၏။ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် “ဦးပြည်းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်”ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်းရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဥ်းကပ်လျက် ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီးသော် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရားသောက်ရန်ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ယခုအခါ ဦးပြည်းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်”ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်း ရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြပါကုန်သည်”ဟု (လျှောက်၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရားသောက်ရန် ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဥ်းကပ်၏။ ထိုအခါ အသျှင်အာနန္ဒာ ချဥ်းကပ်လတ်သော်ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှအန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့်တွင်းနှုတ်ခမ်းဝတိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။ ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ “အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏အဖြစ်သည်အံ့ဩဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါချဥ်းကပ်မိသောအခါ ဤရေတွင်းသည်အလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်းတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် ရေတွင်းနှုတ်ခမ်းဝတိုင်အောင် စီးထွက်သကဲ့သို့့တည်၏”ဟု (အကြံဖြစ်၏၊) အသျှင်အာနန္ဒာသည် ဤသို့ ကြံပြီးလျှင် သပိတ်ဖြင့်သောက်ရေကို ယူဆောင်လျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို “အသျှင်ဘုရား မြတ်စွာဘုရား၏တန်ခိုးအာနုဘော် ကြီးသည်၏အဖြစ်သည်အံ့ဩဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရားတပည့်တော် ချဥ်းကပ် မိသောအခါ ထိုရေတွင်းသည် အလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်းတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့်တွင်းနှုတ်ခမ်းဝတိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ”ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“ရေတို့သည် အခါ ခပ်သိမ်း အရပ်အားလုံးတို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့်အသို့ ပြုရအံ့နည်း? အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သောတဏှာ၏အမြစ်ကို ဖြတ်၍ တည်သော ငါကဲ့သို့ သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန်လှည့်လည်ရအံ့နည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 7.9 The Well So I have heard. At one time the Buddha was wandering in the land of the Mallas together with a large Saṅgha of mendicants when he arrived at a brahmin town of the Mallas named Thūṇa. The brahmins and householders of Thūṇa heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—while wandering in the land of the Mallas has arrived at Thūṇa, together with a large Saṅgha of mendicants.” They filled the well with grass and hay right to the top, thinking, “Don’t let these shavelings, these fake ascetics drink the water.” And then the Buddha left the road, went to the root of a tree, and sat down on the seat spread out. When he was seated he said to Venerable Ānanda: “Go on then, Ānanda, fetch me some water from that well.” When he said this, Venerable Ānanda said to the Buddha, “Just now, sir, the brahmins and householders of Thūṇa filled the well with grass and hay right to the top, thinking, ‘Don’t let these shavelings, these fake ascetics drink the water.’” For a second time … For a third time, the Buddha said to Ānanda: “Go on then, Ānanda, fetch me some water from that well.” “Yes, sir,” replied Ānanda. Taking his bowl he went to the well. As he approached the well, all the grass and hay erupted out of the well-mouth. The water stood transparent, unclouded, and clear right up to the top, seeming to overflow. Then Venerable Ānanda thought, “Oh lord, how incredible, how amazing! The Realized One has such psychic power and might! For when I approached this well, all the grass and hay erupted out of the well-mouth. The water stood transparent, unclouded, and clear right up to the top, seeming to overflow.” Gathering a bowl of drinking water he went back to the Buddha, and said to him, “It’s incredible, sir, it’s amazing! The Realized One has such psychic power and might! For when I approached that well, all the grass and hay erupted out of the well-mouth. The water stood transparent, unclouded, and clear right up to the top, seeming to overflow. Drink the water, Blessed One! Drink the water, Holy One!” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “What difference would a well make if water is there all the time? Having cut off craving at the root, who would go out on a quest?”
၁၀။ ဥတေနသုတ္တ
၇၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန ရညော ဥတေနဿ [ဥဒေနဿ (သီ။ သျာ။ ပီ။)] ဥယျာနဂတဿ အန္တေပုရံ ဒဍ္ဎံ ဟောတိ, ပဉ္စ စ ဣတ္ထိသတာနိ [ပဉ္စ ဣတ္ထိသတာနိ (သီ။ သျာ။ ပီ။)] ကာလင်္ကတာနိ ဟောန္တိ သာမာဝတီပမုခါနိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ကောသမ္ဗိံ ပိဏ္ဍာယ ပါဝိသိံသု။ ကောသမ္ဗိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, ရညော ဥတေနဿ ဥယျာနဂတဿ အန္တေပုရံ ဒဍ္ဎံ, ပဉ္စ စ ဣတ္ထိသတာနိ ကာလင်္ကတာနိ သာမာဝတီပမုခါနိ။ တာသံ, ဘန္တေ, ဥပါသိကာနံ ကာ ဂတိ ကော အဘိသမ္ပရာယော’’တိ?
‘‘သန္တေတ္ထ, ဘိက္ခဝေ, ဥပါသိကာယော သောတာပန္နာ, သန္တိ သကဒါဂါမိနိယော, သန္တိ အနာဂါမိနိယော။ သဗ္ဗာ တာ, ဘိက္ခဝေ, ဥပါသိကာယော အနိပ္ဖလာ ကာလင်္ကတာ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘မောဟသမ္ဗန္ဓနော လောကော, ဘဗ္ဗရူပေါဝ ဒိဿတိ၊
ဥပဓိဗန္ဓနော [ဥပဓိသမ္ဗန္ဓနော (က။ သီ။)] ဗာလော, တမသာ ပရိဝါရိတော၊
သဿတောရိဝ [သဿတိ ဝိယ (က။ သီ။)] ခါယတိ, ပဿတော နတ္ထိ ကိဉ္စန’’န္တိ။ ဒသမံ၊
တဿုဒ္ဒါနံ-
ဒွေ ဘဒ္ဒိယာ ဒွေ စ သတ္တာ, လကုဏ္ဍကော တဏှာခယော၊
ပပဉ္စခယော စ ကစ္စာနော, ဥဒပါနဉ္စ ဥတေနောတိ။
စူဠဝဂ္ဂေါ [စုလ္လဝဂ္ဂေါ (သီ။), စူလဝဂ္ဂေါ (ပီ။)] သတ္တမော နိဋ္ဌိတော။
၁၀-ဥတေနသုတ် ၇၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဥတေနမင်းသည် ဥယျာဥ်သို့ ထွက်သွားစဥ်နန်းတော်ကို မီးလောင်၏။ သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့ သည်လည်း သေကြကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို “အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဥ်သို့ ထွက်သွားစဥ် နန်းတော်ကို မီးလောင်ပါ၏။ သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။ အသျှင်ဘုရား ထိုဥပါသိကာမတို့၏ လားရာဂတိကားအဘယ်ပါနည်း? တမလွန်ဘဝကား အဘယ်ပါနည်း”ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။ သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။ အနာဂါမ် ဥပါသိကာမတို့သည် ရှိကုန်၏။ ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“လောကသည် မောဟဖြင့် ဖွဲ့ယှက်ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။ ဥပဓိတို့ဖြင့်အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။ အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသောကြောင့်ကြမှုမရှိနိုင်တော့ချေ”ဟု ဤဥဒါနကို ကျူး ရင့်တော်မူ၏။ ဒသမသုတ်။ ခုနစ်ခုမြောက် စူဠဝဂ် ပြီး၏။
Heartfelt Sayings 7.10 King Udena So I have heard. At one time the Buddha was staying near Kosambī in Ghosita’s monastery. Now at that time, while King Udena was visiting a park, his royal compound burned down. Five hundred women died, with Queen Sāmāvatī at their head. Then several mendicants robed up in the morning and, taking their bowls and robes, entered Kosambī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him had happened. They asked the Buddha, “Sir, where have those laywomen been reborn in the next life?” “Among those laywomen there were stream-enterers, once-returners, and non-returners. None of those laywomen died without some fruit of the practice.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The world is caught up in delusion, but is looked on as making sense. The fool caught up in attachment is surrounded by darkness. It seems as if eternal, but for one who sees, there is nothing.”
၈။ ပါဋလိဂါမိယဝဂ္ဂ
၁။ ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ္တ
၇၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေဓ ဘိက္ခူ [တေ စ ဘိက္ခူ (သီ။ သျာ။ ပီ။ တဒဋ္ဌကထာပိ ဩလောကေတဗ္ဗာ] အဋ္ဌိံ ကတွာ [အဋ္ဌီကတွာ (သီ။ သျာ။), အဋ္ဌိကတွာ (ပီ။)] မနသိ ကတွာ သဗ္ဗံ စေတသော [သဗ္ဗံ စေတသာ (ဣတိပိ အညသုတ္တေသု)] သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အတ္ထိ, ဘိက္ခဝေ, တဒါယတနံ, ယတ္ထ နေဝ ပထဝီ, န အာပေါ, န တေဇော, န ဝါယော, န အာကာသာနဉ္စာယတနံ, န ဝိညာဏဉ္စာယတနံ, န အာကိဉ္စညာယတနံ, န နေဝသညာနာသညာယတနံ, နာယံ လောကော, န ပရလောကော, န ဥဘော စန္ဒိမသူရိယာ။ တတြာပါဟံ, ဘိက္ခဝေ, နေဝ အာဂတိံ ဝဒါမိ, န ဂတိံ, န ဌိတိံ, န စုတိံ, န ဥပပတ္တိံ၊ အပ္ပတိဋ္ဌံ, အပ္ပဝတ္တံ, အနာရမ္မဏမေဝေတံ။ ဧသေဝန္တော ဒုက္ခဿာ’’တိ။ ပဌမံ။
၈-ပါဋလိဂါမိယဝဂ် ၁-ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ် ၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရဟန်းတို့ အကြင်နိဗ္ဗာန်အရပ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် မရှိ၊ အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာ ယတနဈာန်နေဝသညာနာသညာယတနဈာန်လည်း မရှိ၊ ပစ္စုပ္ပန်လောက တမလွန် လောကလည်း မရှိ၊ နှစ်ပါးစုံသော လနေတို့သည်လည်း မရှိကုန်။ ထိုနိဗ္ဗာန်သည် ရှိသည်သာတည်း။ ရဟန်းတို့ ထိုနိဗ္ဗာန်၌လည်းတစ်စုံတစ်ခုသော ဘဝမှလာခြင်းကို ငါမဟော၊ တစ်စုံတစ်ခုသော ဘဝသို့ သွားခြင်းကိုလည်း ငါမဟော၊ တစ်စုံ တစ်ခုသောအရပ်၌ တည်ခြင်းကိုလည်း ငါမဟော၊ ရွေ့လျောစုတေခြင်းကိုလည်း ငါ မဟော၊ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်းကိုလည်း ငါမဟော၊ ထိုနိဗ္ဗာန်သည် တည်ရာ မရှိ ဖြစ်ခြင်းမရှိအာရုံပြုမှုမရှိသည်သာတည်း။ ဤသဘောသည်သာ ဆင်းရဲ၏ အဆုံးတည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဌမသုတ်။
Heartfelt Sayings 8.1 About Extinguishment (1st) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “There is, mendicants, that dimension where there is no earth, no water, no fire, no wind; no dimension of infinite space, no dimension of infinite consciousness, no dimension of nothingness, no dimension of neither perception nor non-perception; no this world, no other world, no moon or sun. There, mendicants, I say there is no coming or going or remaining or passing away or reappearing. It is not established, does not proceed, and has no support. Just this is the end of suffering.”
၂။ ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ္တ
၇၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေဓ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗံ စေတသော သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဒုဒ္ဒသံ အနတံ နာမ, န ဟိ သစ္စံ သုဒဿနံ၊
ပဋိဝိဒ္ဓါ တဏှာ ဇာနတော, ပဿတော နတ္ထိ ကိဉ္စန’’န္တိ။ ဒုတိယံ၊
၂-ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ် ၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“တဏှာကင်းရာ နိဗ္ဗာန်မည်သည်ကား မြင်နိုင်ခဲသောတရားတည်း။မှန်၏- နိဗ္ဗာန်သည် မြင်ခြင်းငှါလွယ်ကူသောတရားမဟုတ်၊ နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍သိသောအားဖြင့် မဂ္ဂသစ္စာကို ပွါးသောအားဖြင့် ထိုးထွင်း၍ သိသကဲ့သို့ တဏှာဟူသော သမုဒယသစ္စာကိုလည်း ပယ်သောအားဖြင့် ထိုးထွင်း၍ သိအပ်၏။ ဤသို့ သစ္စာလေးပါးကို မဂ်ပညာဖြင့်သိသူ မြင်သူအားကြောင့်ကြမှု မရှိနိုင်တော့ပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒုတိယသုတ်။
Heartfelt Sayings 8.2 About Extinguishment (2nd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “It’s hard to see what they call the ‘uninclined’, for the truth is not easy to see. For one who has penetrated craving, who knows and sees, there is nothing.”
၃။ တတိယနိဗ္ဗာနပဋိသံယုတ္တသုတ္တ
၇၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေဓ ဘိက္ခူ အဋ္ဌိံ ကတွာ, မနသိ ကတွာ, သဗ္ဗံ စေတသော သမန္နာဟရိတွာ, ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အတ္ထိ, ဘိက္ခဝေ, အဇာတံ အဘူတံ အကတံ အသင်္ခတံ။ နော စေတံ, ဘိက္ခဝေ, အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ, နယိဓ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ, တသ္မာ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယတီ’’တိ။ တတိယံ။
၃-တတိယနိဗ္ဗာနပဋိသံယုတ္တသုတ် ၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည့်အရိုအသေ ပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာတရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ် နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင် ရှားဖြစ်နေမှု ပြုလုပ်ထားမှုစီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက် ရာသည် ထင်ရှား၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ တတိယသုတ်။
Heartfelt Sayings 8.3 About Extinguishment (3rd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “There is, mendicants, freedom from rebirth, freedom from what has been produced, made, and conditioned. If there were no freedom from rebirth, freedom from what has been produced, made, and conditioned, then you would find no escape here from rebirth, from what has been produced, made, and conditioned. But since there is freedom from rebirth, freedom from what has been produced, made, and conditioned, an escape is found from rebirth, from what has been produced, made, and conditioned.”
၄။ စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ္တ
၇၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေဓ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗံ စေတသော သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘နိဿိတဿ စလိတံ, အနိဿိတဿ စလိတံ နတ္ထိ။ စလိတေ အသတိ ပဿဒ္ဓိ, ပဿဒ္ဓိယာ သတိ နတိ န ဟောတိ။ နတိယာ အသတိ အာဂတိဂတိ န ဟောတိ။ အာဂတိဂတိယာ အသတိ စုတူပပါတော န ဟောတိ။ စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေန [န ဥဘယမန္တရေ (သဗ္ဗတ္ထ) မ။ နိ။ ၃။၃၉၃၊ သံ။ နိ။ ၄။၈၇ ပဿိတဗ္ဗံ]။ ဧသေဝန္တော ဒုက္ခဿာ’’တိ။ စတုတ္ထံ။
၄-စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ် ၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“ရုပ်အစရှိသော သင်္ခါရ၌ တဏှာဒိဋ္ဌိတို့ဖြင့်မှီသောသူအား တဏှာဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှုမရှိသော် ငြိမ်းအေး၏။ ငြိမ်းအေးမှုရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာမရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်းမရှိသော် စုတေခြင်းပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌လည်းကောင်း မဖြစ်တော့လတ္တံ့။ ဤသည်ပင်လျှင်ဆင်းရဲ၏အဆုံးတည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ စတုတ္ထသုတ်။
Heartfelt Sayings 8.4 About Extinguishment (4th) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “For the dependent there is quivering. For the independent there’s no quivering. When there’s no quivering there is tranquility. When there is tranquility there’s no inclination. When there’s no inclination, there’s no coming and going. When there’s no coming and going, there’s no passing away and reappearing. When there’s no passing away and reappearing there’s no this life or the next or between the two. Just this is the end of suffering.”
၅။ စုန္ဒသုတ္တံ
၇၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ပါဝါ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ပါဝါယံ ဝိဟရတိ စုန္ဒဿ ကမ္မာရပုတ္တဿ အမ္ဗဝနေ။
အဿောသိ ခေါ စုန္ဒော ကမ္မာရပုတ္တော – ‘‘ဘဂဝါ ကိရ မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပါဝံ အနုပ္ပတ္တော ပါဝါယံ ဝိဟရတိ မယှံ အမ္ဗဝနေ’’တိ။ အထ ခေါ စုန္ဒော ကမ္မာရပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ စုန္ဒံ ကမ္မာရပုတ္တံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ စုန္ဒော ကမ္မာရပုတ္တော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဓိဝါသေတု မေ, ဘန္တေ, ဘဂဝါ သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။
အထ ခေါ စုန္ဒော ကမ္မာရပုတ္တော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ စုန္ဒော ကမ္မာရပုတ္တော တဿာ ရတ္တိယာ အစ္စယေန သကေ နိဝေသနေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ပဟူတဉ္စ သူကရမဒ္ဒဝံ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘန္တေ, နိဋ္ဌိတံ ဘတ္တ’’န္တိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သဒ္ဓိံ ဘိက္ခုသံဃေန ယေန စုန္ဒဿ ကမ္မာရပုတ္တဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ စုန္ဒံ ကမ္မာရပုတ္တံ အာမန္တေသိ – ‘‘ယံ တေ, စုန္ဒ, သူကရမဒ္ဒဝံ ပဋိယတ္တံ တေန မံ ပရိဝိသ, ယံ ပနညံ ခါဒနီယံ ဘောဇနီယံ ပဋိယတ္တံ တေန ဘိက္ခုသံဃံ ပရိဝိသာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ စုန္ဒော ကမ္မာရပုတ္တော ဘဂဝတော ပဋိဿုတွာ ယံ အဟောသိ သူကရမဒ္ဒဝံ ပဋိယတ္တံ တေန ဘဂဝန္တံ ပရိဝိသိ၊ ယံ ပနညံ ခါဒနီယံ ဘောဇနီယံ ပဋိယတ္တံ တေန ဘိက္ခုသံဃံ ပရိဝိသိ။
အထ ခေါ ဘဂဝါ စုန္ဒံ ကမ္မာရပုတ္တံ အာမန္တေသိ – ‘‘ယံ တေ, စုန္ဒ, သူကရမဒ္ဒဝံ အဝသိဋ္ဌံ တံ သောဗ္ဘေ နိခဏာဟိ။ နာဟံ တံ, စုန္ဒ, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ယဿ တံ ပရိဘုတ္တံ သမ္မာ ပရိဏာမံ ဂစ္ဆေယျ အညတြ တထာဂတဿာ’’တိ [အညတြ တထာဂတေနာတိ (က။ သီ။)]။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ စုန္ဒော ကမ္မာရပုတ္တော ဘဂဝတော ပဋိဿုတွာ ယံ အဟောသိ သူကရမဒ္ဒဝံ အဝသိဋ္ဌံ တံ သောဗ္ဘေ နိခဏိတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ စုန္ဒံ ကမ္မာရပုတ္တံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။
အထ ခေါ ဘဂဝတော စုန္ဒဿ ကမ္မာရပုတ္တဿ ဘတ္တံ ဘုတ္တာဝိဿ ခရော အာဗာဓော ဥပ္ပဇ္ဇိ။ လောဟိတပက္ခန္ဒိကာ ပဗာဠှာ [ဗာဠှာ (သီ။ သျာ။ ပီ။)] ဝေဒနာ ဝတ္တန္တိ မာရဏန္တိကာ။ တတြ သုဒံ ဘဂဝါ သတော သမ္ပဇာနော အဓိဝါသေသိ အဝိဟညမာနော။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘အာယာမာနန္ဒ, ယေန ကုသိနာရာ တေနုပသင်္ကမိဿာမာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စဿောသိ။
‘‘စုန္ဒဿ ဘတ္တံ ဘုဉ္ဇိတွာ, ကမ္မာရဿာတိ မေ သုတံ၊
အာဗာဓံ သမ္ဖုသီ ဓီရော, ပဗာဠှံ မာရဏန္တိကံ။
‘‘ဘုတ္တဿ စ သူကရမဒ္ဒဝေန, ဗျာဓိပ္ပဗာဠှော ဥဒပါဒိ သတ္ထုနော၊
ဝိရိစ္စမာနော [ဝိရိဉ္စမာနော (?) ဝိရေစမာနော (ဒီ။ နိ။ ၂။၁၉၀)] ဘဂဝါ အဝေါစ, ‘ဂစ္ဆာမဟံ ကုသိနာရံ နဂရ’’’န္တိ။
အထ ခေါ ဘဂဝါ မဂ္ဂါ ဩက္ကမ္မ ယေန အညတရံ ရုက္ခမူလံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, အာနန္ဒ, စတုဂ္ဂုဏံ သံဃာဋိံ ပညာပေဟိ၊ ကိလန္တောသ္မိ, အာနန္ဒ, နိသီဒိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ စတုဂ္ဂုဏံ သံဃာဋိံ ပညာပေသိ။ နိသီဒိ ဘဂဝါ ပညတ္တေ အာသနေ။ နိသဇ္ဇ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, အာနန္ဒ, ပါနီယံ အာဟရ၊ ပိပါသိတောသ္မိ, အာနန္ဒ, ပိဝိဿာမီ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဒါနိ, ဘန္တေ, ပဉ္စမတ္တာနိ သကဋသတာနိ အတိက္ကန္တာနိ။ တံ စက္ကစ္ဆိန္နံ ဥဒကံ ပရိတ္တံ လုဠိတံ အာဝိလံ သန္ဒတိ။ အယံ, ဘန္တေ, ကုကုဋ္ဌာ [ကကုတ္ထာ (သီ။), ကုကုဋာ (သျာ။), ကကုဓာ (ဒီ။ နိ။ ၂။၁၉၁)] နဒီ အဝိဒူရေ အစ္ဆောဒကာ သာတောဒကာ သီတောဒကာ သေတောဒကာ သုပတိတ္ထာ ရမဏီယာ။ ဧတ္ထ ဘဂဝါ ပါနီယဉ္စ ပိဝိဿတိ ဂတ္တာနိ စ သီတီကရိဿတီ’’တိ [သီတိံ ကရိဿတီတိ (သီ။), သီတံ ကရိဿတီတိ (သျာ။ ပီ။ က။)]။
ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, အာနန္ဒ, ပါနီယံ အာဟရ၊ ပိပါသိတောသ္မိ, အာနန္ဒ, ပိဝိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ပတ္တံ ဂဟေတွာ ယေန သာ နဒီ တေနုပသင်္ကမိ။ အထ ခေါ သာ နဒီ စက္ကစ္ဆိန္နာ ပရိတ္တာ လုဠိတာ အာဝိလာ သန္ဒမာနာ အာယသ္မန္တေ အာနန္ဒေ ဥပသင်္ကမန္တေ အစ္ဆာ ဝိပ္ပသန္နာ အနာဝိလာ သန္ဒတိ။
အထ ခေါ အာယသ္မတော အာနန္ဒဿ ဧတဒဟောသိ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, တထာဂတဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ! အယဉှိ သာ နဒီ စက္ကစ္ဆိန္နာ ပရိတ္တာ လုဠိတာ အာဝိလာ သန္ဒမာနာ မယိ ဥပသင်္ကမန္တေ အစ္ဆာ ဝိပ္ပသန္နာ အနာဝိလာ သန္ဒတီ’’တိ!! ပတ္တေန ပါနီယံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ, တထာဂတဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ! အယဉှိ သာ, ဘန္တေ, နဒီ စက္ကစ္ဆိန္နာ ပရိတ္တာ လုဠိတာ အာဝိလာ သန္ဒမာနာ မယိ ဥပသင်္ကမန္တေ အစ္ဆာ ဝိပ္ပသန္နာ အနာဝိလာ သန္ဒတိ!! ပိဝတု ဘဂဝါ ပါနီယံ, ပိဝတု သုဂတော ပါနီယ’’န္တိ။
အထ ခေါ ဘဂဝါ ပါနီယံ အပါယိ [အပါသိ (သီ။)]။ အထ ခေါ ဘဂဝါ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ကုကုဋ္ဌာ နဒီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ကုကုဋ္ဌံ နဒိံ အဇ္ဈောဂါဟေတွာ နှတွာ စ ပိဝိတွာ စ ပစ္စုတ္တရိတွာ ယေန အမ္ဗဝနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ စုန္ဒကံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, စုန္ဒက, စတုဂ္ဂုဏံ သံဃာဋိံ ပညာပေဟိ၊ ကိလန္တောသ္မိ, စုန္ဒက, နိပဇ္ဇိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ စုန္ဒကော ဘဂဝတော ပဋိဿုတွာ စတုဂ္ဂုဏံ သံဃာဋိံ ပညာပေသိ။ အထ ခေါ ဘဂဝါ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေသိ ပါဒေ ပါဒံ အစ္စာဓာယ သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိ ကရိတွာ။ အာယသ္မာ ပန စုန္ဒကော တတ္ထေဝ ဘဂဝတော ပုရတော နိသီဒိ။
‘‘ဂန္တွာန ဗုဒ္ဓေါ နဒိကံ ကုကုဋ္ဌံ,
အစ္ဆောဒကံ သာတုဒကံ [သာတောဒကံ (သဗ္ဗတ္ထ)] ဝိပ္ပသန္နံ၊
ဩဂါဟိ သတ္ထာ သုကိလန္တရူပေါ,
တထာဂတော အပ္ပဋိမောဓ လောကေ။
‘‘နှတွာ စ ပိဝိတွာ စုဒတာရိ [နှတွာ စ ဥတ္တရိ (က။)] သတ္ထာ,
ပုရက္ခတော ဘိက္ခုဂဏဿ မဇ္ဈေ၊
သတ္ထာ ပဝတ္တာ ဘဂဝါ ဣဓ ဓမ္မေ,
ဥပါဂမိ အမ္ဗဝနံ မဟေသိ၊
အာမန္တယိ စုန္ဒကံ နာမ ဘိက္ခုံ,
စတုဂ္ဂုဏံ သန္ထရ [ပတ္ထရ (သီ။ ပီ။)] မေ နိပဇ္ဇံ။
‘‘သော စောဒိတော ဘာဝိတတ္တေန စုန္ဒော,
စတုဂ္ဂုဏံ သန္ထရိ [ပတ္ထရိ (သီ။ ပီ။)] ခိပ္ပမေဝ၊
နိပဇ္ဇိ သတ္ထာ သုကိလန္တရူပေါ,
စုန္ဒောပိ တတ္ထ ပမုခေ နိသီဒီ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘သိယာ ခေါ, ပနာနန္ဒ, စုန္ဒဿ ကမ္မာရပုတ္တဿ ကောစိ ဝိပ္ပဋိသာရံ ဥပဒဟေယျ – ‘တဿ တေ, အာဝုသော စုန္ဒ, အလာဘာ, တဿ တေ ဒုလ္လဒ္ဓံ ယဿ တေ တထာဂတော ပစ္ဆိမံ ပိဏ္ဍပါတံ ဘုဉ္ဇိတွာ ပရိနိဗ္ဗုတော’တိ။ စုန္ဒဿာနန္ဒ, ကမ္မာရပုတ္တဿ ဧဝံ ဝိပ္ပဋိသာရော ပဋိဝိနောဒေတဗ္ဗော –
‘‘‘တဿ တေ, အာဝုသော စုန္ဒ, လာဘာ, တဿ တေ သုလဒ္ဓံ ယဿ တေ တထာဂတော ပစ္ဆိမံ ပိဏ္ဍပါတံ ပရိဘုဉ္ဇိတွာ ပရိနိဗ္ဗုတော။ သမ္မုခါ မေတံ, အာဝုသော စုန္ဒ, ဘဂဝတော သုတံ, သမ္မုခါ ပဋိဂ္ဂဟိတံ – ဒွေမေ ပိဏ္ဍပါတာ သမသမဖလာ သမသမဝိပါကာ အတိဝိယ အညေဟိ ပိဏ္ဍပါတေဟိ မဟပ္ဖလတရာ စ မဟာနိသံသတရာ စ။ ကတမေ ဒွေ? ယဉ္စ ပိဏ္ဍပါတံ ပရိဘုဉ္ဇိတွာ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ, ယဉ္စ ပိဏ္ဍပါတံ ပရိဘုဉ္ဇိတွာ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ။ ဣမေ ဒွေ ပိဏ္ဍပါတာ သမသမဖလာ သမသမဝိပါကာ အတိဝိယ အညေဟိ ပိဏ္ဍပါတေဟိ မဟပ္ဖလတရာ စ မဟာနိသံသတရာ စ။
‘‘‘အာယုသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတံ, ဝဏ္ဏသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတံ, သုခသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတံ, သဂ္ဂသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတံ, ယသသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတံ, အာဓိပတေယျသံဝတ္တနိကံ အာယသ္မတာ စုန္ဒေန ကမ္မာရပုတ္တေန ကမ္မံ ဥပစိတ’န္တိ။ စုန္ဒဿာနန္ဒ, ကမ္မာရပုတ္တဿ ဧဝံ ဝိပ္ပဋိသာရော ပဋိဝိနောဒေတဗ္ဗော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ဒဒတော ပုညံ ပဝဍ္ဎတိ,
သံယမတော ဝေရံ န စီယတိ၊
ကုသလော စ ဇဟာတိ ပါပကံ,
ရာဂဒေါသမောဟက္ခယာ သနိဗ္ဗုတော’’တိ [ပရိနိဗ္ဗုတောတိ (သီ။ သျာ။ ပီ။)]။ ပဉ္စမံ၊
၅-စုန္ဒသုတ် ၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီလှည့်လည်တော်မူလတ်သော်ပါဝါမြို့သို့ ဆိုက်ရောက် တော်မူ၏။ ထိုပါဝါမြို့၌ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ သရက်ဥယျာဥ်၌ နေတော်မူ၏။ ရွှေပန်းထိမ်သည်၏သား စုန္ဒသည် “မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော်ပါဝါမြို့သို့ ဆိုက်ရောက်တော်မူ၍ မိမိသရက်ဥယျာဥ်၌ နေတော်မူ၏”ဟု ကြားလေ၏။ ထိုအခါ ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားထံသို့ ချဥ့်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ရွှေပန်းထိမ်သည်၏သား စုန္ဒအား မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသည်ရှိသော် ရွှေပန်းထိမ်သည်၏သား စုန္ဒသည် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန် အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွား၏။ ထိုအခါ ရွှေပန်းထိမ်သည်၏သားစုန္ဒသည် ထိုညဥ့်လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ကိုလည်းကောင်း၊ နူးညံ့သော ဝက်သား ‘သူကရမဒ္ဒဝ’ များကိုလည်းကောင်း စီရင်စေပြီးလျှင် “အသျှင်ဘုရား အချိန်တန်ပါပြီ။ ဆွမ်းပြင်ပြီးပါပြီ”ဟု အချိန်တန်ကြောင်းကို မြတ်စွာဘုရားအား လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ ရွှေပန်းထိမ်သည်၏သား စုန္ဒနေအိမ်သို့ ချဥ်းကပ်၍ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၏။ ထိုင်တော်မူပြီးလျှင် မြတ်စွာဘုရားသည် “ရွှေပန်းထိမ်သည်၏သား စုန္ဒ သင် စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် ငါ့ကို လုပ်ကျွေးလော့၊ သင် စီရင်ထားသည့် အခြားခဲဖွယ် ဘောဇဥ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေးလော့”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် စီရင်ထားသည့် နူးညံ့သော ဝက်သားဖြင့် မြတ်စွာဘုရားကို လုပ်ကျွေး၏။ စီရင်ထားသည့် အခြားခဲဖွယ် ဘောဇဥ်ဖြင့် ရဟန်းသံဃာကို လုပ်ကျွေး၏။ ထိုအခါ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒကို မိန့်တော်မူ၏ “စုန္ဒ သင်၏ ကြွင်းကျန်သော နူးညံ့သော ဝက်သားကိုတွင်း၌ မြှုပ်လိုက်လော့၊ စုန္ဒ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် တကွသော သမဏ, ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤလူ့လောက၌ ထို (နူးညံ့သော ဝက်သား) ကို စားလျှင် မြတ်စွာဘုရားမှတစ်ပါး ကောင်းစွာ အစာကြေအံ့သော ပုဂ္ဂိုလ်ကို ငါမမြင်မတွေ့ရချေ”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ရွှေပန်းထိမ်သည်၏သား စုန္ဒသည်မြတ်စွာဘုရားအား ဝန်ခံ၍ ကြွင်းကျန်သော နူးညံ့သော ဝက်သားကိုတွင်း၌ မြှုပ်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ရွှေပန်းထိမ်သည်၏သား စုန္ဒကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင်နေရာမှ ထကာ ဖဲကြွတော်မူ၏။ ထို့နောက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ ဆွမ်းကို ဘုဥ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားအားကြမ်းတမ်းသော အနာရောဂါကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါဝေဒနာတို့သည် ဖြစ်ပေါ်လာကုန်၏။ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို သတိရှိလျက် ဆင်ခြင်လျက် ပင်ပန်းသည်ကို မရေတွက်ဘဲသည်းခံတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ လာ, သွားကြကုန်အံ့၊ ကုသိနာရုံပြည်သို့ ချဥ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ (နူးညံ့သော ဝက်သား) ဆွမ်းကို့ဘုဥ်းပေးတော်မူပြီး၍ သေလောက်အောင် ပြင်းထန်သော အနာရောဂါကို ရတော်မူသည်ဟု ပြောကြသည်ကို အကျွန်ုပ်ကြားရပါ၏။ နူးညံ့သော ဝက်သားဆွမ်းကို ဘုဥ်းပေးပြီးသောအခါ မြတ်စွာဘုရားအား ပြင်း ထန်သော အနာရောဂါဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဝမ်းသွေးသွန်တော်မူသည် ဖြစ်လျက်သာလျှင် ကုသိနာရုံပြည်သို့ ငါ သွားအံ့ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဥ်းကပ်ပြီးလျှင် “အာနန္ဒာ ငါ ခိုင်း၏။ သင်သည် ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ အာနန္ဒာ ငါဘုရား ပင်ပန်းလာပြီ။ ထိုင်ဦးအံ့”ဟု အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေး၏။ မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် “အာနန္ဒာ ငါ ခိုင်း၏။ သင်သည် ငါဘုရားအတွက်သောက်ရေကို ဆောင်ချေလော့၊ အာနန္ဒာ (ငါဘုရား) ရေမွတ်သိပ်၏။ ရေသောက်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ ဤသို့ မိန့်လတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ “အသျှင်ဘုရား လှည်းအစီးငါးရာတို့ ဖြတ်ကူးသွားကြပါ၏။ လှည်းများ ဖြတ်ကူးထားသောကြောင့် ထို အနည်းငယ်သော (ချောင်း) ရေသည် ချောက်ချား နောက်ကျုလျက် စီးနေပါ၏။ အသျှင်ဘုရားကုကုဋ္ဌာမြစ်သည် မဝေးလှတော့ပါ၊ (ထိုမြစ်သည်) ကြည်လင်သော ရေရှိပါ၏။ ချိုမြိန်သော ရေရှိပါ၏။ အေးမြသော ရေရှိပါ၏။ ညွန်ကင်းသော ရေ ရှိပါ၏။ ကောင်းသော ဆိပ်ကမ်းရှိပါ၏။ မွေ့လျော်ဖွယ်ရှိပါ၏။ ဤကုကုဋ္ဌာမြစ်၌ မြတ်စွာဘုရားသည် ရေကိုလည်း သောက်တော်မူရလတ္တံ့။ ကိုယ်တော်ကိုလည်း အေးမြအောင် ပြုတော်မူရပါလတ္တံ့”ဟု (ဤသို့ လျှောက်၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် “အာနန္ဒာ ငါ ခိုင်း၏။ သင်သည်ငါဘုရားအတွက်သောက်ရေကို ဆောင်ချေလော့၊ အာနန္ဒာ ငါဘုရား ရေမွတ်သိပ်၏။ ရေသောက်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သပိတ်ကို ယူကာ ထိုချောင်းဆီသို့ ချဥ်းကပ်လေ၏။ ထိုအခါ လှည်းများဖြတ်ကူးထားသောကြောင့် ချောက်ချား နောက်ကျုလျက် စီးနေသော ထိုချောင်းရေအနည်းငယ်သည်အသျှင်အာနန္ဒာ ချဥ်းကပ်လေလျှင် ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးလေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဤသို့ ဆင်ခြင်မိ၏ “အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည်အံ့ဩဖွယ် ရှိပါပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ လှည်းများ ဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသော ဤချောင်းရေအနည်းငယ်သည် ငါ ချဥ်းကပ်သောအခါ ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးဘိ၏”ဟု ဆင်ခြင်ပြီးလျှင် သပိတ်ဖြင့် ရေကို ခပ်ယူကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ “အသျှင်ဘုရားမြတ်စွာဘုရား၏ တန်ခိုးတော် အာနုဘော်ကြီးသည်၏ အဖြစ်သည်အံ့ဩဖွယ် ရှိပါပေစွ၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊မှန်ပါ၏။ အသျှင်ဘုရား ယခုပင် လှည်းများဖြတ်ကူးထားသောကြောင့် ချောက်ချားနောက်ကျုလျက် စီးနေသော ထိုချောင်းရေအနည်းငယ်သည် အကျွန်ုပ်ချဥ်းကပ်သွားသောအခါ ကြည်လင်သန့်ရှင်း နောက်ကျုကင်းလျက် စီးပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသောက်ရေကို သုံးဆောင်တော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသောက်ရေကို သုံးဆောင်တော်မူပါ”ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် သောက်ရေကို သုံးဆောင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကုကုဋ္ဌာမြစ်သို့ ချဥ်းကပ်တော်မူ၍ကုကုဋ္ဌာမြစ်၌ သက်ဆင်းလျက် ရေချိုးတော်မူသောက်တော်မူပြီးနောက် တစ်ဖန် ပြန်တက်ပြီးလျှင့်သရက်တောသို့ ချဥ်းကပ်တော်မူ၍ “စုန္ဒ ငါ ခိုင်း၏။ သင်သည် ငါ၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလော့၊ စုန္ဒ ငါဘုရား ပင်ပန်း၏။ လျောင်းစက်ဦးအံ့”ဟု အသျှင်စုန္ဒအားမိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်စုန္ဒသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးလေ၏။ ထို့နောက် မြတ်စွာဘုရားသည် (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဥ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်း ပိုင်းခြားလျက် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ အသျှင်စုန္ဒသည်ကား ထိုအရပ်၌ပင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုင်နေ၏။ ဤလောက၌ အတုမရှိသော သစ္စာလေးပါးကို သိတော်မူသော ဆရာသခင် မြတ်စွာဘုရားသည် ရေကြည်လင်ချိုမြိန်သန့်ရှင်းသော ကုကုဋ္ဌာမြစ်သို့ ချဥ်းကပ် တော်မူပြီးလျှင် အလွန်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ သက်ဆင်းတော်မူကာ ရေချိုးတော်မူသောက်တော်မူပြီးလျှင် ပြန်တက်တော်မူ၏။ ဤ (သာသနာတော်)၌ တရားတို့ကို တီထွင်ဟောကြားတော်မူတတ်သော ဘုန်းတော်ကြီးသော ဆရာသခင် မြတ်စွာဘုရားသည် ထိုသို့ ပြန်တက်တော်မူပြီးလျှင် ရဟန်းအပေါင်း၏ အလယ်၌ (ရဟန်းအပေါင်း) ကြည့်ရှုခြံရံလျက် သရက်တောသို့ ချဥ်းကပ်တော်မူ၏။ ငါ၏ (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ်ခေါက်၍ ခင်းပေးလော့၊ လျောင်းစက်ဦးအံ့ဟု စုန္ဒမည်သော ရဟန်းကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ မြတ်စွာဘုရား စေခိုင်းတော်မူလျှင် ထိုစုန္ဒသည် (ဒုကုဋ်သင်္ကန်းကြီးကို) လေးထပ် ခေါက်၍ လျင်မြန်စွာခင်းပေး၏။ မြတ်စွာဘုရားသည် အလွန်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ လျောင်းစက်တော်မူ၏။ စုန္ဒသည်လည်း (ထိုမြတ်စွာဘုရား၏) မျက်မှောက်၌ပင် ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ၏ “အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ရွှေပန်းထိမ်သည်၏သား စုန္ဒအား အချင်းစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံးဘုဥ်းပေးတော်မူ၍မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရချေ၏။ (ထို့ကြောင့် ) သင်သည် အရမတော်လေစွ၊ သင့်အားမကောင်း သဖြင့် ရအပ်ပေစွ”ဟု ဆိုလျက် နှလုံးမသာခြင်းကို ဖြစ်စေသော်လည်း ဖြစ်စေရာ၏။ အာနန္ဒာ (ထိုသို့ ဖြစ်စေခဲ့ပါလျှင်) ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ ဖြေဖျောက်ရမည်- “ဒါယကာစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံးဘုဥ်းပေးတော်မူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို့ကြောင့် သင့်အား အရတော်ပါပေစွ၊ သင်သည် ကောင်းစွာ ရအပ်ပေစွ၊ ဒါယကာစုန္ဒမြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ကြားနာလိုက်ရ၏။ ခံယူလိုက်ရ၏။ ‘အခြားဆွမ်းတို့ထက် အကျိုး အာနိသင် ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ-အကြင်ဆွမ်းကို ဘုဥ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ် ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အကြင်ဆွမ်းကို ဘုဥ်းပေး တော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာအကြွင်း မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ဟူသည် ဤသည်တို့ပင်တည်း’ (ဟူ၍ဤစကားကို မြတ်စွာဘုရား၏) မျက်မှောက်တော်မှ ကြားနာလိုက်ရ၏၊ ခံယူလိုက်ရ၏။ ထို့ကြောင့် ရွှေပန်းထိမ်သည်၏သား ဒါယကာစုန္ဒသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ အဆင်းလှခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ ချမ်းသာခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ နတ်ပြည်၌ ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ အခြံအရံမျာ့းခြင်းကို ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ။ အကြီးအကဲ ဖြစ်စေတတ်သော ကံကို ဆည်းပူးရပေပြီ”ဟု ဟောကြား၍ ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရမည် အာနန္ဒာဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ပေးလှူသောသူအား ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ စောင့်စည်းသောသူအား ရန်မပွါးနိုင်၊ ဉာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟတို့ကုန်၍ (ကိလေသာမီး) ငြိမ်းအေးလေတော့ သတည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ပဉ္စမသုတ်။
Heartfelt Sayings 8.5 With Cunda So I have heard. At one time the Buddha was wandering in the land of the Mallas together with a large Saṅgha when he arrived at Pāvā. There he stayed in Cunda the smith’s mango grove. Cunda heard that the Buddha had arrived and was staying in his mango grove. Then he went to the Buddha, bowed, and sat down to one side. The Buddha educated, encouraged, fired up, and inspired him with a Dhamma talk. Then Cunda said to the Buddha, “Sir, would the Buddha, together with the mendicant Saṅgha, please accept tomorrow’s meal from me?” The Buddha consented with silence. Then, knowing that the Buddha had consented, Cunda rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. And when the night had passed Cunda had delicious fresh and cooked foods prepared in his own home, and plenty of pork on the turn. Then he had the Buddha informed of the time, saying, “Sir, it’s time. The meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to the home of Cunda together with the mendicant Saṅgha, where he sat down on the seat spread out and addressed Cunda, “Cunda, please serve me with the pork on the turn that you’ve prepared. And serve the mendicant Saṅgha with the other foods.” “Yes, sir,” replied Cunda, and did as he was asked. Then the Buddha addressed Cunda, “Cunda, any pork on the turn that’s left over, you should bury it in a pit. I don’t see anyone in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who could properly digest it except the Realized One.” “Yes, sir,” replied Cunda. He did as he was asked, then came back to the Buddha, bowed, and sat down to one side. Then the Buddha educated, encouraged, fired up, and inspired him with a Dhamma talk, after which he rose from his seat and left. After the Buddha had eaten Cunda’s meal, he fell severely ill with bloody dysentery, struck by dreadful pains, close to death. But he endured unbothered, with mindfulness and situational awareness. Then the Buddha said to Venerable Ānanda, “Come, Ānanda, let’s go to Kusinārā.” “Yes, sir,” Ānanda replied. I’ve heard that after eating the meal of Cunda the smith, the attentive one fell severely ill, with pains, close to death. A severe sickness struck the Teacher who had eaten the pork on the turn. While still purging the Buddha said: “I’ll go to the citadel of Kusinārā.” Then the Buddha left the road and went to the root of a certain tree, where he addressed Ānanda, “Go on then, Ānanda, fold my outer robe in four and spread it out for me. I am tired and will sit down.” “Yes, sir,” replied Ānanda, and did as he was asked. The Buddha sat down on the seat spread out, and said to Venerable Ānanda, “Go on then, Ānanda, fetch me some water. I am thirsty and will drink.” When he said this, Venerable Ānanda said to the Buddha, “Sir, just now around five hundred carts have passed by. The shallow water has been churned up by their wheels, and it flows cloudy and murky. The Kakutthā River is not far away, with clear, sweet, cool water, clean, with smooth banks, delightful. There the Buddha can drink and cool his limbs.” For a second time … For a third time, the Buddha said to Ānanda, “Go on then, Ānanda, fetch me some water. I am thirsty and will drink.” “Yes, sir,” replied Ānanda. Taking his bowl he went to the river. Now, though the shallow water in that river had been churned up by wheels, and flowed cloudy and murky, when Ānanda approached it flowed transparent, clear, and unclouded. Then Venerable Ānanda thought, “Oh lord, how incredible, how amazing! The Realized One has such psychic power and might! For though the shallow water in that river had been churned up by wheels, and flowed cloudy and murky, when I approached it flowed transparent, clear, and unclouded.” Gathering a bowl of drinking water he went back to the Buddha, and said to him, “It’s incredible, sir, it’s amazing! The Realized One has such psychic power and might! For though the shallow water in that river had been churned up by wheels, and flowed cloudy and murky, when I approached it flowed transparent, clear, and unclouded. Drink the water, Blessed One! Drink the water, Holy One!” So the Buddha drank the water. Then the Buddha together with a large Saṅgha of mendicants went to the Kakutthā River. He plunged into the river and bathed and drank. And when he had emerged, he went to the mango grove, where he addressed Venerable Cundaka, “Go on then, Cundaka, fold my outer robe in four and spread it out for me. I am tired and will lie down.” “Yes, sir,” replied Cundaka, and did as he was asked. And then the Buddha laid down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up. But Cundaka sat down right there in front of the Buddha. Having gone to Kakutthā Creek, whose water was transparent, sweet, and clear, the Teacher, being tired, plunged in, the Realized One, without compare in the world. And after bathing and drinking the Teacher emerged. Before the group of mendicants, in the middle, <j>the Buddha, the Teacher who rolled forth <j>the present dispensation, the great seer went to the mango grove. He addressed the mendicant named Cundaka: “Spread out my folded robe so I can lie down.” The evolved one urged Cunda, who quickly spread the folded robe. The Teacher lay down so tired, while Cunda sat there before him. Then the Buddha said to Venerable Ānanda, “Now it may happen, Ānanda, that others may give rise to some regret for Cunda the smith: ‘It’s your loss, respectable Cunda, it’s your misfortune, in that the Realized One was fully quenched after eating his last almsmeal from you.’ You should dispel remorse in Cunda the smith like this: ‘You’re fortunate, respectable Cunda, you’re so very fortunate, in that the Realized One was fully quenched after eating his last almsmeal from you. I have heard and learned this in the presence of the Buddha. There are two almsmeal offerings that have identical fruit and result, and are more fruitful and beneficial than other almsmeal offerings. What two? The almsmeal after eating which a Realized One awakens to the supreme perfect awakening; and the almsmeal after eating which he becomes fully extinguished in the element of extinguishment with no residue. These two almsmeal offerings have identical fruit and result, and are more fruitful and beneficial than other almsmeal offerings. You’ve accumulated a deed that leads to long life, beauty, happiness, glory, heaven, and sovereignty.’ You should dispel remorse in Cunda the smith like this.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “A giver’s merit grows; enmity doesn’t build up when you have self-control. A skillful person gives up bad things— with the end of greed, hate, and delusion, <j>they’re quenched.”
၆။ ပါဋလိဂါမိယသုတ္တ
၇၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မဂဓေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ပါဋလိဂါမော တဒဝသရိ။ အဿောသုံ ခေါ ပါဋလိဂါမိယာ [ပါဋလိဂါမိကာ (ဒီ။ နိ။ ၂။၁၄၈)] ဥပါသကာ – ‘‘ဘဂဝါ ကိရ မဂဓေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပါဋလိဂါမံ အနုပ္ပတ္တော’’တိ။ အထ ခေါ ပါဋလိဂါမိယာ ဥပါသကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ ပါဋလိဂါမိယာ ဥပါသကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဓိဝါသေတု နော, ဘန္တေ, ဘဂဝါ အာဝသထာဂါရ’’န္တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။
အထ ခေါ ပါဋလိဂါမိယာ ဥပါသကာ ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေနာဝသထာဂါရံ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သဗ္ဗသန္ထရိံ အာဝသထာဂါရံ သန္ထရိတွာ အာသနာနိ ပညာပေတွာ ဥဒကမဏိကံ ပတိဋ္ဌာပေတွာ တေလပ္ပဒီပံ အာရောပေတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ ပါဋလိဂါမိယာ ဥပါသကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘သဗ္ဗသန္ထရိသန္ထတံ [သဗ္ဗသန္ထရိံ သန္ထတံ (သီ။ သျာ။ ပီ။)], ဘန္တေ, အာဝသထာဂါရံ၊ အာသနာနိ ပညတ္တာနိ၊ ဥဒကမဏိကော ပတိဋ္ဌာပိတော [ဥဒကမဏိကံ ပတိဋ္ဌာပိတံ (သျာ။)] တေလပ္ပဒီပေါ အာရောပိတော။ ယဿဒါနိ, ဘန္တေ, ဘဂဝါ ကာလံ မညတီ’’တိ။
အထ ခေါ ဘဂဝါ နိဝါသေတွာ ပတ္တစီဝရမာဒါယ သဒ္ဓိံ ဘိက္ခုသံဃေန ယေန အာဝသထာဂါရံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပါဒေ ပက္ခာလေတွာ အာဝသထာဂါရံ ပဝိသိတွာ မဇ္ဈိမံ ထမ္ဘံ နိဿာယ ပုရတ္ထာဘိမုခေါ နိသီဒိ။ ဘိက္ခုသံဃောပိ ခေါ ပါဒေ ပက္ခာလေတွာ အာဝသထာဂါရံ ပဝိသိတွာ ပစ္ဆိမံ ဘိတ္တိံ နိဿာယ ပုရတ္ထာဘိမုခေါ နိသီဒိ ဘဂဝန္တံယေဝ ပုရက္ခတွာ။ ပါဋလိဂါမိယာပိ ခေါ ဥပါသကာ ပါဒေ ပက္ခာလေတွာ အာဝသထာဂါရံ ပဝိသိတွာ ပုရတ္ထိမံ ဘိတ္တိံ နိဿာယ ပစ္ဆိမာဘိမုခါ နိသီဒိံသု ဘဂဝန္တံယေဝ ပုရက္ခတွာ။ အထ ခေါ ဘဂဝါ ပါဋလိဂါမိယေ ဥပါသကေ အာမန္တေသိ –
‘‘ပဉ္စိမေ, ဂဟပတယော, အာဒီနဝါ ဒုဿီလဿ သီလဝိပတ္တိယာ။ ကတမေ ပဉ္စ? ဣဓ, ဂဟပတယော, ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ။ အယံ ပဌမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။
‘‘ပုန စပရံ, ဂဟပတယော, ဒုဿီလဿ သီလဝိပန္နဿ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ။ အယံ ဒုတိယော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။
‘‘ပုန စပရံ, ဂဟပတယော, ဒုဿီလော သီလဝိပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ – ယဒိ ခတ္တိယပရိသံ, ယဒိ ဗြာဟ္မဏပရိသံ, ယဒိ ဂဟပတိပရိသံ, ယဒိ သမဏပရိသံ – အဝိသာရဒေါ ဥပသင်္ကမတိ မင်္ကုဘူတော။ အယံ တတိယော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။
‘‘ပုန စပရံ, ဂဟပတယော, ဒုဿီလော သီလဝိပန္နော သမ္မူဠှော ကာလံ ကရောတိ။ အယံ စတုတ္ထော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။
‘‘ပုန စပရံ, ဂဟပတယော, ဒုဿီလော သီလဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ အယံ ပဉ္စမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ဣမေ ခေါ, ဂဟပတယော, ပဉ္စ အာဒီနဝါ ဒုဿီလဿ သီလဝိပတ္တိယာ။
‘‘ပဉ္စိမေ, ဂဟပတယော, အာနိသံသာ သီလဝတော သီလသမ္ပဒါယ။ ကတမေ ပဉ္စ? ဣဓ, ဂဟပတယော, သီလဝါ သီလသမ္ပန္နော အပ္ပမာဒါဓိကရဏံ မဟန္တံ ဘောဂက္ခန္ဓံ အဓိဂစ္ဆတိ။ အယံ ပဌမော အာနိသံသော သီလဝတော သီလသမ္ပဒါယ။
‘‘ပုန စပရံ, ဂဟပတယော, သီလဝတော သီလသမ္ပန္နဿ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ။ အယံ ဒုတိယော အာနိသံသော သီလဝတော သီလသမ္ပဒါယ။
‘‘ပုန စပရံ, ဂဟပတယော, သီလဝါ သီလသမ္ပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ – ယဒိ ခတ္တိယပရိသံ, ယဒိ ဗြာဟ္မဏပရိသံ, ယဒိ ဂဟပတိပရိသံ, ယဒိ သမဏပရိသံ – ဝိသာရဒေါ ဥပသင်္ကမတိ အမင်္ကုဘူတော။ အယံ တတိယော အာနိသံသော သီလဝတော သီလသမ္ပဒါယ။
‘‘ပုန စပရံ, ဂဟပတယော, သီလဝါ သီလသမ္ပန္နော အသမ္မူဠှော ကာလင်္ကရောတိ။ အယံ စတုတ္ထော အာနိသံသော သီလဝတော သီလသမ္ပဒါယ။
‘‘ပုန စပရံ, ဂဟပတယော, သီလဝါ သီလသမ္ပန္နော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ အယံ ပဉ္စမော အာနိသံသော သီလဝတော သီလသမ္ပဒါယ။ ဣမေ ခေါ, ဂဟပတယော, ပဉ္စ အာနိသံသာ သီလဝတော သီလသမ္ပဒါယာ’’တိ။
အထ ခေါ ဘဂဝါ ပါဋလိဂါမိယေ ဥပါသကေ ဗဟုဒေဝ ရတ္တိံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတေဇေတွာ သမ္ပဟံသေတွာ ဥယျောဇေသိ – ‘‘အဘိက္ကန္တာ ခေါ, ဂဟပတယော, ရတ္တိ၊ ယဿဒါနိ တုမှေ ကာလံ မညထာ’’တိ။ [‘‘ဧဝံ ဘန္တေ‘‘တိ ခေါပါဋလိဂါမိယာ ဥပါသကာ ဘဂဝတော ပဋိဿုတွာ (မဟာဝ။ ၂၈၅၊ ဒီ။ နိ။ ၂။၁၅၁)] အထ ခေါ ပါဋလိဂါမိယာ ဥပါသကာ ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ [‘‘ဧဝံ ဘန္တေ‘‘တိ ခေါပါဋလိဂါမိယာ ဥပါသကာ ဘဂဝတော ပဋိဿုတွာ (မဟာဝ။ ၂၈၅၊ ဒီ။ နိ။ ၂။၁၅၁)] ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမိံသု။ အထ ခေါ ဘဂဝါ အစိရပက္ကန္တေသု ပါဋလိဂါမိယေသု ဥပါသကေသု သုညာဂါရံ ပါဝိသိ။
တေန ခေါ ပန သမယေန သုနိဓဝဿကာရာ [သုနီဓဝဿကာရာ (သီ။ သျာ။ ပီ။)] မဂဓမဟာမတ္တာ ပါဋလိဂါမေ နဂရံ မာပေန္တိ ဝဇ္ဇီနံ ပဋိဗာဟာယ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဒေဝတာယော သဟဿသဟဿေဝ [သဟဿေဝ (သျာ။ က။), သဟဿဿေဝ (ပီ။)] ပါဋလိဂါမေ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ။ ယသ္မိံ ပဒေသေ မဟေသက္ခာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ မဟေသက္ခာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ မဇ္ဈိမာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ မဇ္ဈိမာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ နီစာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ နီစာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။
အဒ္ဒသာ ခေါ ဘဂဝါ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန တာ ဒေဝတာယော သဟဿသဟဿေဝ ပါဋလိဂါမေ ဝတ္ထူနိ ပရိဂ္ဂဏှန္တိယော။ ယသ္မိံ ပဒေသေ မဟေသက္ခာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ, မဟေသက္ခာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ မဇ္ဈိမာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ, မဇ္ဈိမာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ နီစာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ, နီစာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ ပစ္စူသသမယေ ပစ္စုဋ္ဌာယ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ –
‘‘ကေ နု ခေါ [ကော နု ခေါ (သဗ္ဗတ္ထ)] အာနန္ဒ ပါဋလိဂါမေ နဂရံ မာပေန္တီ’’တိ [မာပေတီတိ (သဗ္ဗတ္ထ)]။ ‘‘သုနိဓဝဿကာရာ, ဘန္တေ, မဂဓမဟာမတ္တာ ပါဋလိဂါမေ နဂရံ မာပေန္တိ ဝဇ္ဇီနံ ပဋိဗာဟာယာ’’တိ။ ‘‘သေယျထာပိ, အာနန္ဒ, ဒေဝေဟိ တာဝတိံသေဟိ သဒ္ဓိံ မန္တေတွာ၊ ဧဝမေဝ ခေါ, အာနန္ဒ, သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ပါဋလိဂါမေ နဂရံ မာပေန္တိ ဝဇ္ဇီနံ ပဋိဗာဟာယ။ ဣဓာဟံ, အာနန္ဒ, အဒ္ဒသံ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သမ္ဗဟုလာ ဒေဝတာယော သဟဿသဟဿေဝ ပါဋလိဂါမေ ဝတ္ထူနိ ပရိဂ္ဂဏှန္တိယော။ ယသ္မိံ ပဒေသေ မဟေသက္ခာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ မဟေသက္ခာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ မဇ္ဈိမာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ မဇ္ဈိမာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယသ္မိံ ပဒေသေ နီစာ ဒေဝတာ ဝတ္ထူနိ ပရိဂ္ဂဏှန္တိ နီစာနံ တတ္ထ ရညံ ရာဇမဟာမတ္တာနံ စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတုံ။ ယာဝတာ, အာနန္ဒ, အရိယံ အာယတနံ ယာဝတာ ဝဏိပ္ပထော ဣဒံ အဂ္ဂနဂရံ ဘဝိဿတိ ပါဋလိပုတ္တံ ပုဋဘေဒနံ။ ပါဋလိပုတ္တဿ ခေါ, အာနန္ဒ, တယော အန္တရာယာ ဘဝိဿန္တိ – အဂ္ဂိတော ဝါ ဥဒကတော ဝါ မိထုဘေဒတော ဝါ’’တိ။
အထ ခေါ သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရာဏိယံ [သာရာဏီယံ (သီ။ သျာ။ ကံ။ ပီ။)] ဝီတိသာရေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဓိဝါသေတု နော ဘဝံ ဂေါတမော အဇ္ဇတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။
အထ ခေါ သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ယေန သကော အာဝသထော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သကေ အာဝသထေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစေသုံ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သဒ္ဓိံ ဘိက္ခုသံဃေန ယေန သုနိဓဝဿကာရာနံ မဂဓမဟာမတ္တာနံ အာဝသထော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသုံ သမ္ပဝါရေသုံ။
အထ ခေါ သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နေ ခေါ သုနိဓဝဿကာရေ မဂဓမဟာမတ္တေ ဘဂဝါ ဣမာဟိ ဂါထာဟိ အနုမောဒိ –
‘‘ယသ္မိံ ပဒေသေ ကပ္ပေတိ, ဝါသံ ပဏ္ဍိတဇာတိယော၊
သီလဝန္တေတ္ထ ဘောဇေတွာ, သညတေ ဗြဟ္မစာရယော [ဗြဟ္မစာရိနော (သျာ။), ဗြဟ္မစရိယေ (ပီ။ က။)]။
‘‘ယာ တတ္ထ ဒေဝတာ အာသုံ, တာသံ ဒက္ခိဏမာဒိသေ၊
တာ ပူဇိတာ ပူဇယန္တိ, မာနိတာ မာနယန္တိ နံ။
‘‘တတော နံ အနုကမ္ပန္တိ, မာတာ ပုတ္တံဝ ဩရသံ၊
ဒေဝတာနုကမ္ပိတော ပေါသော, သဒါ ဘဒြာနိ ပဿတီ’’တိ။
အထ ခေါ ဘဂဝါ သုနိဓဝဿကာရာနံ မဂဓမဟာမတ္တာနံ ဣမာဟိ ဂါထာဟိ အနုမောဒိတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။
တေန ခေါ ပန သမယေန သုနိဓဝဿကာရာ မဂဓမဟာမတ္တာ ဘဂဝန္တံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓာ ဟောန္တိ – ‘‘ယေနဇ္ဇ သမဏော ဂေါတမော ဒွါရေန နိက္ခမိဿတိ တံ ‘ဂေါတမဒွါရံ’ နာမ ဘဝိဿတိ။ ယေန တိတ္ထေန ဂင်္ဂံ နဒိံ တရိဿတိ တံ ‘ဂေါတမတိတ္ထံ’ နာမ ဘဝိဿတီ’’တိ။
အထ ခေါ ဘဂဝါ ယေန ဒွါရေန နိက္ခမိ တံ ‘ဂေါတမဒွါရံ’ နာမ အဟောသိ။ အထ ခေါ ဘဂဝါ ယေန ဂင်္ဂါ နဒီ တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန ဂင်္ဂါ နဒီ ပူရာ ဟောတိ သမတိတ္တိကာ ကာကပေယျာ။ အပ္ပေကစ္စေ မနုဿာ နာဝံ ပရိယေသန္တိ, အပ္ပေကစ္စေ ဥဠုမ္ပံ ပရိယေသန္တိ, အပ္ပေကစ္စေ ကုလ္လံ ဗန္ဓန္တိ အပါရာ ပါရံ ဂန္တုကာမာ။ အထ ခေါ ဘဂဝါ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – ဂင်္ဂါယ နဒိယာ ဩရိမတီရေ [ဩရိမတီရာ (ဗဟူသု) မဟာဝ။ ၂၈၆၊ ဒီ။ နိ။ ၂။၁၅၄ ပဿိတဗ္ဗံ)] အန္တရဟိတော ပါရိမတီရေ ပစ္စုဋ္ဌာသိ သဒ္ဓိံ ဘိက္ခုသံဃေန။
အဒ္ဒသာ ခေါ ဘဂဝါ တေ မနုဿေ အပ္ပေကစ္စေ နာဝံ ပရိယေသန္တေ, အပ္ပေကစ္စေ ဥဠုမ္ပံ ပရိယေသန္တေ, အပ္ပေကစ္စေ ကုလ္လံ ဗန္ဓန္တေ အပါရာ ပါရံ ဂန္တုကာမေ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယေ တရန္တိ အဏ္ဏဝံ သရံ,
သေတုံ ကတွာန ဝိသဇ္ဇ ပလ္လလာနိ၊
ကုလ္လဉှိ ဇနော ပဗန္ဓတိ [ဗန္ဓတိ (သျာ။ ပီ။)],
တိဏ္ဏာ [နိတိဏ္ဏာ (က။)] မေဓာဝိနော ဇနာ’’တိ။ ဆဋ္ဌံ၊
၆-ပါဋလိဂါမိယသုတ် ၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်လတ်သော်ပါဋလိရွာသို့ ရောက်တော်မူ၏။ ထိုအခါ “မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်တော်မူရာပါဋလိရွာသို့ ရောက်တော်မူသတတ်”ဟုပါဋလိရွာသား ဥပါသကာတို့ ကြားကုန်၏။ ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော် “အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဧည့်သည်တို့တည်းခိုရာဇရပ်ကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။ ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဥ်းကပ်ကုန်၍ ဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့်ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးတို့ကို တည်ထားခြင်း ဆီမီးထွန်းခြင်းတို့ကို ပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြန်ကုန်၏။ ချဥ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကုန်ပြီးသော် “အသျှင်ဘုရားဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ။ ထိုင်နေစရာတို့ကိုလည်း ပြင်ထားပြီးပါပြီ။ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ။ ဆီမီးကိုလည်း ညှိထွန်းထားပြီးပါပြီ။ အသျှင်ဘုရား ယခုအခါ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည်၊ (ကြွရန်မှာ မြတ်စွာဘုရား၏အလိုတော်အတိုင်း ပင် ဖြစ်ပါသည်)”ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ရဟန်းသံဃာနှင့်အတူ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဥ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ဧည့်သည်တို့တည်း ခိုရာဇရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာထိုင်နေတော်မူ၏။ ရဟန်းသံဃာသည်လည်း ခြေဆေး၍ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ဝင်ပြီးသော်အနောက်ဘက်နံရံကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေ၏။ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကုန်၍ ဧည့်သည်တို့တည်းခိုရာ ဇရပ်သို့ ဝင်ကုန်ပြီးသော် အရှေ့ဘက်နံရံကိုမှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို မိန့်တော်မူ၏- ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ- ဥပါသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏။ ဤသည်ကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ ပဌမဖြစ်သော အပြစ်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤသည်ကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ဒုတိယဖြစ်သော အပြစ်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဥ်းကပ်ခဲ့သော်ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဥ်းကပ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ တတိယဖြစ်သော အပြစ်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေ ဖြစ်လျက်သေရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ စတုတ္ထဖြစ်သော အပြစ်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ပဉ္စမဖြစ်သော အပြစ်တည်း။ ဥပါသကာတို့သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါပါးတို့ပေတည်း။ ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကိုရ၏။ ဤသည်ကား သီလရှိသူ၏သီလပြည့်စုံခြင်း၌ ပဌမဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤသည်ကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဒုတိယဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဥ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုးငယ်ဘဲ ချဥ်းကပ်ရ၏။ ဤကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ တတိယဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် တွေဝေခြင်းမရှိဘဲသေရ၏။ ဤကား သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ စတုတ္ထဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ပဉ္စမဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါပါးတို့ပေတည်းဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်အချိန်ပတ်လုံး (ညဥ့်နက်သည်တိုင်အောင်) တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် “ဥပါသကာတို့ ညဥ့်ဦးယံလွန်လေပြီ။ ယခုအခါ သွားရန် အချိန်ကို သင်တို့ သိကုန်၏။ (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)”ဟု ပြန်လွှတ်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟုပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုလျက် ပြန်သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ်ငြိမ်ရာသို့့ဝင်တော်မူ၏။ ထိုစဥ်အခါ၌ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါပါဋလိရွာ၌ မြို့ တည်ထောင်နေကြကုန်၏။ ထိုအခါ၌ များစွာသော နတ်တို့သည်လည်း တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် နေကြကုန်၏။ တန်ခိုးကြီးသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုး နည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့်အမတ်ကြီးတို့အိမ်ရာ တည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ မြတ်စွာဘုရားသည် တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော ထိုနတ်တို့ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏။ပ။ ထိုအခါ မြတ်စွာဘုရားသည် ညဥ့်၏အဆုံး (မိုးသောက်ယံ၌) လျောင်းစက်ရာမှ ထတော်မူ၍ အာနန္ဒာပါဋလိရွာ၌ မြို့ ကို အဘယ်သူတို့သည် တည်ဆောက်နေကြသနည်းဟု အသျှင်အာနန္ဒာကို မေးတော်မူ၏။ အသျှင်ဘုရား မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင်နေကြပါကုန်၏ဟု လျှောက်၏။ အာနန္ဒာ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင် နေကြသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ထောင်သကဲ့သို့ ပင်ရှိချေ၏။ အာနန္ဒာ တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော များစွာသော နတ်တို့ကို ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် မြင်တော်မူ၏။ အာနန္ဒာတန်ခိုးကြီးသော နတ်တို့ အိမ်ရာ သိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ် ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးနည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ အာနန္ဒာ အရိယာလူမျိုးတို့၏ စုဝေးနေထိုင်ရာကူးသန်းရောင်းဝယ်ရာ မြို့ တို့တွင် ဤမြို့ သစ်သည်ကုန်ထုတ်များကို ဖွင်းလှစ်ရောင်းချရာပါဋလိပုတ်မည်သော အကြီးဆုံးမြို့ ဖြစ်ရစ်ပေလတ္တံ့။ အာနန္ဒာပါဋလိပုတ်မြို့၌ မီးကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ အချင်းချင်း ကွဲပြားမှုကြောင့်လည်းကောင်း ဤသုံးပါးသော အန္တရာယ်တို့သည် ဖြစ်ကုန်လတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား ထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီး၍ တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် “အသျှင်ဂေါတမသည်ယနေ့အဖို့ ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားအားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားလက်ခံတော်မူသည်ကို သိ၍ မိမိတို့ (တည်းခို) အိမ်သို့ ချဥ်းကပ်ကုန်လျက် မိမိတို့ (တည်းခို) အိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ကို စီမံစေပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ။ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို လျှောက်ကြားစေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့၏ (တည်းခို) အိမ်သို့ ချဥ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၏။ ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင်လုပ်ကျွေးကုန်၏။ ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူ၏- “ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏။ ဤအရပ်၌ သီလရှိသော ကိုယ် နှုတ် နှလုံးစောင့်သုံးသော မြတ်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင်ထိုအရပ်၌ ရှိသော နတ်တို့အား အလှူ၏ အဖို့ကို အမျှပေးဝေရာ၏။ ဤသို့ အမျှပေးဝေလတ်သော်နတ်တို့သည် ပူဇော်ခံရသဖြင့် ထို (အမျှပေးဝေ) သူကို အတုံ့ပြန်၍ ပူဇော်ကုန်၏။ မြတ်နိုးခံရသဖြင့်လည်းအတုံ့ပြန်၍ မြတ်နိုးကုန်၏။ ထို့ကြောင့် မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထို (အမျှ ပေးဝေ) သူကို စောင့်ရှောက်ကုန်၏။ နတ်တို့ စောင့်ရှောက်ခံရသောသူသည် အခါ ခပ်သိမ်းကောင်းခြင်း မင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏”ဟု အနုမောဒနာပြုတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့အားဤဂါထာတို့ဖြင့် အနုမောဒနာပြု၍ နေရာမှ ထကာ ဖဲကြွတော်မူ၏။ ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် “ယနေ့ ရဟန်းဂေါတမ ထွက်သွားရာ တံခါးကို ဂေါတမတံခါးဟုတွင်စေလတ္တံ့။ အသျှင်ဂေါတမကူးရာ ဂင်္ဂါမြစ်ဆိပ်ကို ဂေါတမရေဆိပ်ဟုတွင်စေလတ္တံ့”ဟု မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဥ်လိုက်ကုန်၏။ ထိုအခါ မြတ်စွာဘုရား ထွက်သွားရာ ထိုတံခါးသည် ဂေါတမတံခါးဟု အမည်တွင်လေ၏။ ထို့နောက်မြတ်စွာဘုရားသည် ဂင်္ဂါမြစ်သို့ ချဥ်းကပ်တော်မူ၏။ ထိုစဥ်အခါ၌ ဂင်္ဂါမြစ်သည် (ကမ်းမှာနား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့်အညီ ရေပြည့်လျက် ရှိ၏။ ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးရောက်လိုသောအချို့သူတို့သည် လှေကို ရှာကုန်၏။ အချို့သူတို့သည် သစ်ဖောင်ကို ရှာကုန်၏။ အချို့သူတို့သည် ဝါးဖောင်ကို ဖွဲ့ကုန်၏။ ထိုအခါအားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်တန်းသကဲ့သို့ ဆန့်တန်းသော လက်မောင်းကို ကွေးသကဲ့သို့ ဤအတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ကွယ်ခဲ့၍ ထိုမှာဘက်ကမ်း၌ ရဟန်းသံဃာနှင့်အတူ ထင်ရှားဖြစ်တော်မူ၏။ မြတ်စွာဘုရားသည် ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးလိုကုန်သည်ဖြစ်၍ အချို့က လှေကို ရှာလျက်အချို့က ဖောင်ကို ရှာလျက် အချို့က ဝါးဖောင်ကို ဖွဲ့လျက် နေကုန်သော ထိုသူတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “နက်ကျယ်လှစွာသောတဏှာမြစ်ကို ကူးသော အရိယာပုဂ္ဂိုလ်တို့သည် (အရိယ မဂ်) တံတားကို ဆောက်လုပ်၍ ကိလေသာညွန်ပျောင်းတို့ကို ပယ်စွန့်လျက် ကူး သွားကုန်၏။ လူအပေါင်းသည်ကားမြစ်ကို ကူးရန် ဖောင်ကို ဖွဲ့နေကြ၏။ (တဏှာ မြစ်ကို) ကူးမြောက်ပြီးသော ပညာရှိအရိယာပုဂ္ဂိုလ်တို့သည်ကား ဖောင်ကို မဖွဲ့ကြ ရတော့သည်သာတည်း”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဆဋ္ဌသုတ်။
Heartfelt Sayings 8.6 The Layfolk of Pāṭali Village So I have heard. At one time the Buddha was wandering in the land of the Magadhans together with a large Saṅgha of mendicants when he arrived at the village of Pāṭali. The lay followers of Pāṭali Village heard that he had arrived. So they went to see him, bowed, sat down to one side, and said to him, “Sir, please consent to come to our guest house.” The Buddha consented with silence. Then, knowing that the Buddha had consented, the lay followers of Pāṭali Village rose from their seats, bowed and respectfully circled the Buddha, keeping him on their right. Then they went to the guest house, where they spread carpets all over, prepared seats, set up a water jar, and placed an oil lamp. Then they went back to the Buddha, bowed, stood to one side, and told him of their preparations, saying: “Please, sir, come at your convenience.” In the morning, the Buddha robed up and, taking his bowl and robe, went to the guest house together with the Saṅgha of mendicants. Having washed his feet, he entered the guest house and sat against the central column facing east. The Saṅgha of mendicants also washed their feet, entered the guest house, and sat against the west wall facing east, with the Buddha right in front of them. The lay followers of Pāṭali Village also washed their feet, entered the guest house, and sat against the east wall facing west, with the Buddha right in front of them. Then the Buddha addressed them: “Householders, there are these five drawbacks for an unethical person because of their failure in ethics. What five? Firstly, an unethical person loses great wealth on account of negligence. This is the first drawback. Furthermore, an unethical person gets a bad reputation. This is the second drawback. Furthermore, an unethical person enters any kind of assembly unconfident and embarrassed, whether it’s an assembly of aristocrats, brahmins, householders, or ascetics. This is the third drawback. Furthermore, an unethical person feels lost when they die. This is the fourth drawback. Furthermore, an unethical person, when their body breaks up, after death, is reborn in a place of loss, a bad place, the underworld, hell. This is the fifth drawback. These are the five drawbacks for an unethical person because of their failure in ethics. There are these five benefits for an ethical person because of their accomplishment in ethics. What five? Firstly, an ethical person gains great wealth on account of diligence. This is the first benefit. Furthermore, an ethical person gets a good reputation. This is the second benefit. Furthermore, an ethical person enters any kind of assembly bold and self-assured, whether it’s an assembly of aristocrats, brahmins, householders, or ascetics. This is the third benefit. Furthermore, an ethical person dies not feeling lost. This is the fourth benefit. Furthermore, when an ethical person’s body breaks up, after death, they’re reborn in a good place, a heavenly realm. This is the fifth benefit. These are the five benefits for an ethical person because of their accomplishment in ethics.” The Buddha spent much of the night educating, encouraging, firing up, and inspiring the lay followers of Pāṭali Village with a Dhamma talk. Then he sent them off, “The night is getting late, householders. Please go at your convenience.” And then the lay followers of Pāṭali Village approved and agreed with what the Buddha said. They got up from their seat, bowed and respectfully circled the Buddha, keeping him on their right, before leaving. Soon after they left the Buddha entered a private cubicle. Now at that time the Magadhan ministers Sunidha and Vassakāra were building a citadel at Pāṭali Village to keep the Vajjis out. At that time thousands of deities were taking possession of building sites in Pāṭali Village. Illustrious rulers or royal chief ministers inclined to build houses at sites possessed by illustrious deities. Middling rulers or royal chief ministers inclined to build houses at sites possessed by middling deities. Lesser rulers or royal chief ministers inclined to build houses at sites possessed by lesser deities. With clairvoyance that is purified and superhuman, the Buddha saw those deities taking possession of building sites in Pāṭali Village, and the people building houses in accord with the station of the deities. The Buddha rose at the crack of dawn and addressed Ānanda, “Ānanda, who is building a citadel at Pāṭali Village?” “Sir, the Magadhan chief ministers Sunidha and Vassakāra are building a citadel to keep the Vajjis out.” “It’s as if they were building the citadel in consultation with the gods of the thirty-three. With clairvoyance that is purified and superhuman, I saw those deities taking possession of building sites. Illustrious rulers or royal chief ministers inclined to build houses at sites possessed by illustrious deities. Middling rulers or royal chief ministers inclined to build houses at sites possessed by middling deities. Lesser rulers or royal chief ministers inclined to build houses at sites possessed by lesser deities. As far as the civilized region extends, as far as the trading zone extends, this will be the chief city: the Pāṭaliputta trade center. But Pāṭaliputta will face three threats: from fire, flood, and dissension.” Then the Magadhan ministers Sunidha and Vassakāra approached the Buddha, and exchanged greetings with him. When the greetings and polite conversation were over, they stood to one side and said, “Would Worthy Gotama together with the mendicant Saṅgha please accept today’s meal from me?” Then, knowing that the Buddha had consented, they went to their own guest house, where they had delicious fresh and cooked foods prepared. Then they had the Buddha informed of the time, saying, “It’s time, worthy Gotama, the meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to their guest house together with the mendicant Saṅgha, where he sat down on the seat spread out. Then Sunidha and Vassakāra served and satisfied the mendicant Saṅgha headed by the Buddha with their own hands with delicious fresh and cooked foods. When the Buddha had eaten and washed his hand and bowl, Sunidha and Vassakāra took a low seat and sat to one side. The Buddha expressed his appreciation with these verses: “In the place he makes his dwelling, having fed the astute and the virtuous here, the restrained spiritual practitioners, he should dedicate an offering to the deities there. Venerated, they venerate him; honored, they honor him. After that they have sympathy for him, like a mother for the child at her breast. A man beloved of the deities always sees nice things.” When the Buddha had expressed his appreciation to Sunidha and Vassakāra with these verses, he rose from his seat and left. Sunidha and Vassakāra followed behind the Buddha, thinking, “The gate through which the ascetic Gotama exits today shall be named the Gotama Gate. The ford at which he crosses the Ganges River shall be named the Gotama Ford.” Then the gate through which the Buddha exited was named the Gotama Gate. Then the Buddha came to the Ganges River. Now at that time the Ganges was full to the brim so a crow could drink from it. Wanting to cross from the near to the far shore, some people were seeking a boat, some a dinghy, while some were tying up a raft. But, as easily as a strong person would extend or contract their arm, the Buddha, together with the mendicant Saṅgha, vanished from the near shore and landed on the far shore. He saw all those humans wanting to cross over. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Those who cross a deluge or stream have built a bridge and left the marshes behind. While some people are still tying a raft, intelligent people have crossed over.”
၇။ ဒွိဓာပထသုတ္တ
၇၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု အဒ္ဓါနမဂ္ဂပဋိပန္နော ဟောတိ အာယသ္မတာ နာဂသမာလေန ပစ္ဆာသမဏေန။ အဒ္ဒသာ ခေါ အာယသ္မာ နာဂသမာလော အန္တရာမဂ္ဂေ ဒွိဓာပထံ [ဒွေဓာပထံ (သီ။)]။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘အယံ, ဘန္တေ, ဘဂဝါ ပန္ထော၊ ဣမိနာ ဂစ္ဆာမာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ အာယသ္မန္တံ နာဂသမာလံ ဧတဒဝေါစ – ‘‘အယံ, နာဂသမာလ, ပန္ထော၊ ဣမိနာ ဂစ္ဆာမာ’’တိ။
ဒုတိယမ္ပိ…ပေ… တတိယမ္ပိ ခေါ အာယသ္မာ နာဂသမာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အယံ, ဘန္တေ, ဘဂဝါ ပန္ထော၊ ဣမိနာ ဂစ္ဆာမာ’’တိ။ တတိယမ္ပိ ခေါ ဘဂဝါ အာယသ္မန္တံ နာဂသမာလံ ဧတဒဝေါစ – ‘‘အယံ, နာဂသမာလ, ပန္ထော၊ ဣမိနာ ဂစ္ဆာမာ’’တိ။ အထ ခေါ အာယသ္မာ နာဂသမာလော ဘဂဝတော ပတ္တစီဝရံ တတ္ထေဝ ဆမာယံ နိက္ခိပိတွာ ပက္ကာမိ – ‘‘ဣဒံ, ဘန္တေ, ဘဂဝတော ပတ္တစီဝရ’’န္တိ။
အထ ခေါ အာယသ္မတော နာဂသမာလဿ တေန ပန္ထေန ဂစ္ဆန္တဿ အန္တရာမဂ္ဂေ စောရာ နိက္ခမိတွာ ဟတ္ထေဟိ စ ပါဒေဟိ စ အာကောဋေသုံ ပတ္တဉ္စ ဘိန္ဒိံသု သံဃာဋိဉ္စ ဝိပ္ဖါလေသုံ။ အထ ခေါ အာယသ္မာ နာဂသမာလော ဘိန္နေန ပတ္တေန ဝိပ္ဖါလိတာယ သံဃာဋိယာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ နာဂသမာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, တေန ပန္ထေန ဂစ္ဆန္တဿ အန္တရာမဂ္ဂေ စောရာ နိက္ခမိတွာ ဟတ္ထေဟိ စ ပါဒေဟိ စ အာကောဋေသုံ, ပတ္တဉ္စ ဘိန္ဒိံသု, သံဃာဋိဉ္စ ဝိပ္ဖါလေသု’’န္တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘သဒ္ဓိံ စရမေကတော ဝသံ,
မိဿော အညဇနေန ဝေဒဂူ၊
ဝိဒွါ ပဇဟာတိ ပါပကံ,
ကောဉ္စော ခီရပကောဝ နိန္နဂ’’န္တိ။ သတ္တမံ၊
၇-ဒွိဓာပထသုတ် ၇၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အသျှင်နာဂသမာလကို နောက်လိုက်ရဟန်းပြု၍ ကောသလတိုင်း၌ ခရီးရှည်ကြွတော်မူ၏။ အသျှင်နာဂသမာလသည် ခရီးအကြား၌ လမ်းခွဲကို မြင်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ ဤလမ်းဖြင့် သွားပါကုန်အံ့”ဟု မြတ်စွာဘုရားအား လျှောက်၏။ ဤသို့ လျှောက်သော်မြတ်စွာဘုရားသည် “နာဂသမာလ ဤသည်ကား လမ်းကောင်းတည်း။ ဤလမ်းဖြင့် သွားကုန်အံ့”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်နာဂသမာလသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ ဤလမ်းဖြင့် သွားကြကုန်အံ့”ဟု မြတ်စွာဘုရားအား လျှောက်၏။ သုံးကြိမ်မြောက်လည်း “နာဂသမာလ ဤသည်ကားလမ်းကောင်းတည်း။ ဤလမ်းဖြင့် သွားကုန်အံ့”ဟု မိန့်တော်မူ၏။ ထို့နောက် အသျှင်နာဂသမာလသည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ထိုအရပ်မြေကြီးပေါ်၌သာချထားခဲ့၍ “အသျှင်ဘုရား ဤသည်ကား မြတ်စွာဘုရား၏ သပိတ်သင်္ကန်းပါတည်း”ဟု ဆိုကာဖဲသွား၏။ ထို့နောက် ထိုလမ်းခရီးဖြင့်သွားသော အသျှင်နာဂသမာလအား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ကုန်၏။ ခြေတို့ဖြင့်လည်း ကန်ကျောက်ကုန်၏။ သပိတ်ကိုလည်း ခွဲကုန်၏။ သင်္ကန်းကိုလည်း ဆုတ်ဖြဲကုန်၏။ ထို့နောက် အသျှင်နာဂသမာလသည်ကွဲသော သပိတ် စုတ်ပြဲသော သင်္ကန်းရှိသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် “အသျှင်ဘုရား ထိုခရီးလမ်းဖြင့် သွားသောတပည့်တော်အား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ပါကုန်၏။ ခြေတို့ဖြင့်လည်း ကန်ကျောက်ပါကုန်၏။ သပိတ်ကိုလည်း ခွဲပါကုန်၏။ သင်္ကန်းကိုလည်းဆုတ်ဖြဲပါကုန်၏”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “ရေရောသော နို့ရည်ကို သောက်သော ကြိုးကြာသည် ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို) သိခြင်းသို့ ရောက်သော ပညာရှိသည် အကျိုးရှိသည် မရှိသည်ကို မသိသူနှင့်အတူတကွသွားသော်လည်းကောင်း၊ အတူတကွနေသော်လည်းကောင်း၊ ရောနှောသော်လည်းကောင်းမကောင်းမှုကို စွန့်၏”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ သတ္တမသုတ်။
Heartfelt Sayings 8.7 A Fork in the Road So I have heard. At one time the Buddha was traveling along a road in the Kosalan lands with Venerable Nāgasamāla as his second monk. Nāgasamāla saw a fork in the road and said to the Buddha, “Sir, this is the road, let us go this way.” But when he said this the Buddha responded, “Nāgasamāla, this is the road, let us go this way.” For a second time … For a third time Nāgasamāla said to the Buddha, “Sir, this is the road, let us go this way.” And for a third time the Buddha responded, “Nāgasamāla, this is the road, let us go this way.” Then Nāgasamāla put the Buddha’s bowl and robes down on the ground right there and left, saying, “Sir, here are your bowl and robes.” Then as Nāgasamāla was going down that road, he was set upon by bandits who struck him with fists and feet, broke his bowl, and tore up his outer robe. Then Nāgasamāla—with his bowl broken and his outer robe torn—went to the Buddha and told him what had happened. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Walking together, dwelling as one, the knowledge master mixes with foolish folk. Knowing this, they give up wickedness, like a milk-drinking heron the water.”
၈။ ဝိသာခါသုတ္တ
၇၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဝိသာခါယ မိဂါရမာတုယာ နတ္တာ ကာလင်္ကတာ ဟောတိ ပိယာ မနာပါ။ အထ ခေါ ဝိသာခါ မိဂါရမာတာ အလ္လဝတ္ထာ အလ္လကေသာ ဒိဝါ ဒိဝဿ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဝိသာခံ မိဂါရမာတရံ ဘဂဝါ ဧတဒဝေါစ –
‘‘ဟန္ဒ ကုတော နု တွံ, ဝိသာခေ, အာဂစ္ဆသိ အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကန္တာ ဒိဝါ ဒိဝဿာ’’တိ? ‘‘နတ္တာ မေ, ဘန္တေ, ပိယာ မနာပါ ကာလင်္ကတာ။ တေနာဟံ အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကန္တာ ဒိဝါ ဒိဝဿာ’’တိ။ ‘‘ဣစ္ဆေယျာသိ တွံ, ဝိသာခေ, ယာဝတိကာ [ယာဝတကာ (?)] သာဝတ္ထိယာ မနုဿာ တာဝတိကေ [တာဝတကေ (?)] ပုတ္တေ စ နတ္တာရော စာ’’တိ? ‘‘ဣစ္ဆေယျာဟံ, ဘဂဝါ [ဣစ္ဆေယျာဟံ ဘန္တေ ဘဂဝါ (သျာ။)] ယာဝတိကာ သာဝတ္ထိယာ မနုဿာ တာဝတိကေ ပုတ္တေ စ နတ္တာရော စာ’’တိ။
‘‘ကီဝဗဟုကာ ပန, ဝိသာခေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တီ’’တိ? ‘‘ဒသပိ, ဘန္တေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တိ၊ နဝပိ, ဘန္တေ… အဋ္ဌပိ, ဘန္တေ… သတ္တပိ, ဘန္တေ… ဆပိ, ဘန္တေ… ပဉ္စပိ, ဘန္တေ… စတ္တာရောပိ, ဘန္တေ… တီဏိပိ, ဘန္တေ… ဒွေပိ, ဘန္တေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တိ။ ဧကောပိ, ဘန္တေ, သာဝတ္ထိယာ မနုဿော ဒေဝသိကံ ကာလံ ကရောတိ။ အဝိဝိတ္တာ, ဘန္တေ, သာဝတ္ထိ မနုဿေဟိ ကာလံ ကရောန္တေဟီ’’တိ။
‘‘တံ ကိံ မညသိ, ဝိသာခေ, အပိ နု တွံ ကဒါစိ ကရဟစိ အနလ္လဝတ္ထာ ဝါ ဘဝေယျာသိ အနလ္လကေသာ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ။ အလံ မေ, ဘန္တေ, တာဝ ဗဟုကေဟိ ပုတ္တေဟိ စ နတ္တာရေဟိ စာ’’တိ။
‘‘ယေသံ ခေါ, ဝိသာခေ, သတံ ပိယာနိ, သတံ တေသံ ဒုက္ခာနိ၊ ယေသံ နဝုတိ ပိယာနိ, နဝုတိ တေသံ ဒုက္ခာနိ၊ ယေသံ အသီတိ ပိယာနိ, အသီတိ တေသံ ဒုက္ခာနိ၊ ယေသံ သတ္တတိ ပိယာနိ, သတ္တတိ တေသံ ဒုက္ခာနိ၊ ယေသံ သဋ္ဌိ ပိယာနိ, သဋ္ဌိ တေသံ ဒုက္ခာနိ၊ ယေသံ ပညာသံ ပိယာနိ, ပညာသံ တေသံ ဒုက္ခာနိ၊ ယေသံ စတ္တာရီသံ ပိယာနိ, စတ္တာရီသံ တေသံ ဒုက္ခာနိ, ယေသံ တိံသံ ပိယာနိ, တိံသံ တေသံ ဒုက္ခာနိ၊ ယေသံ ဝီသတိ ပိယာနိ, ဝီသတိ တေသံ ဒုက္ခာနိ, ယေသံ ဒသ ပိယာနိ, ဒသ တေသံ ဒုက္ခာနိ၊ ယေသံ နဝ ပိယာနိ, နဝ တေသံ ဒုက္ခာနိ၊ ယေသံ အဋ္ဌ ပိယာနိ, အဋ္ဌ တေသံ ဒုက္ခာနိ၊ ယေသံ သတ္တ ပိယာနိ, သတ္တ တေသံ ဒုက္ခာနိ၊ ယေသံ ဆ ပိယာနိ, ဆ တေသံ ဒုက္ခာနိ၊ ယေသံ ပဉ္စ ပိယာနိ, ပဉ္စ တေသံ ဒုက္ခာနိ၊ ယေသံ စတ္တာရိ ပိယာနိ, စတ္တာရိ တေသံ ဒုက္ခာနိ၊ ယေသံ တီဏိ ပိယာနိ, တီဏိ တေသံ ဒုက္ခာနိ၊ ယေသံ ဒွေ ပိယာနိ, ဒွေ တေသံ ဒုက္ခာနိ၊ ယေသံ ဧကံ ပိယံ, ဧကံ တေသံ ဒုက္ခံ၊ ယေသံ နတ္ထိ ပိယံ, နတ္ထိ တေသံ ဒုက္ခံ, အသောကာ တေ ဝိရဇာ အနုပါယာသာတိ ဝဒါမီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘ယေ ကေစိ သောကာ ပရိဒေဝိတာ ဝါ,
ဒုက္ခာ စ [ဒုက္ခာ ဝ (အဋ္ဌ။)] လောကသ္မိမနေကရူပါ၊
ပိယံ ပဋိစ္စပ္ပဘဝန္တိ ဧတေ,
ပိယေ အသန္တေ န ဘဝန္တိ ဧတေ။
‘‘တသ္မာ ဟိ တေ သုခိနော ဝီတသောကာ,
ယေသံ ပိယံ နတ္ထိ ကုဟိဉ္စိ လောကေ၊
တသ္မာ အသောကံ ဝိရဇံ ပတ္ထယာနော,
ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ’’တိ။ အဋ္ဌမံ၊
၈-ဝိသာခါသုတ် ၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်လေ၏။ ထို့နောက် မိဂါရမာတာ ဝိသာခါသည် စိုစွတ်သော အဝတ်စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ နေ့ခင်းချည်းအချိန်၌ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာဝိသာခါကို - ဝိသာခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အဘယ်အရပ်မှ လာ၍ ငါ့ဘုရားထံသို့ ချဥ်းကပ်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်မ ချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်ခဲ့ပါ၏။ ထို့ကြောင့် တပည့်တော်မသည် စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အသျှင်ဘုရားထံသို့ ချဥ်းကပ်ပါ၏ဟု (လျှောက်၏)။ ဝိသာခါသင်သည်သာဝတ္ထိပြည်၌ ရှိကြသည့် လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိသလောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား တပည့်တော်သည်သာဝတ္ထိပြည်၌ ရှိကြသည့်လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိပါသည်ဟု လျှောက်၏။ ဝိသာခါ သာဝတ္ထိပြည် သူပြည် သားတို့သည် နေ့တိုင်းအဘယ်မျှလောက် များပြားစွာ ကွယ်လွန်ကုန်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သားတို့သည် ဆယ်ယောက်တို့လည်းကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား သာဝတ္ထိပြည် သားတို့သည် ကိုးယောက် ရှစ်ယောက် ခုနစ်ယောက်ခြောက်ယောက် ငါးယောက် လေးယောက် သုံးယောက် နှစ်ယောက်တို့လည်း ကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သား တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏။ အသျှင်ဘုရားသာဝတ္ထိ ပြည် သည် သေသော လူတို့ဖြင့် မဆိတ်ပါဟု (လျှောက်၏)။ ဝိသာခါ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း? သင်သည် တစ်ခါတစ်ရံမျှ မစိုသော အဝတ် မစိုသော ဆံပင်ရှိသည် ဖြစ်နိုင်ပါတော့မည်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ၊ အသျှင်ဘုရားထိုမျှလောက် များပြားသော သားတို့ဖြင့်လည်းကောင်း မြေးတို့ဖြင့်လည်းကောင်း တပည့်တော်မအား အကျိုးမရှိတော့ပါဟု (လျှောက်၏)။ ဝိသာခါ တစ်ရာမျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ကိုးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ကိုးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ရှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အားရှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခုနစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခုနစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခြောက်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခြောက်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ငါးဆယ်မျှလောက်ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ငါးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ လေးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား လေးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ သုံးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား သုံးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ နှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အားနှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ တစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ကိုးခုလောက် ရှိကြသူတို့အားကိုးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ရှစ်ခုလောက် ရှိကြသူတို့အား ရှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ခုနစ်ခုလောက် ရှိကြသူတို့အား ခုနစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ခြောက်ခုလောက် ရှိကြသူတို့အား ခြောက်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ငါးခုလောက် ရှိကြသူတို့အား ငါးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု လေးခုလောက် ရှိကြသူတို့အား လေးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု သုံးခုလောက် ရှိကြသူတို့အား သုံးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု နှစ်ခုလောက် ရှိကြသူတို့အား နှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထုတစ်ခုရှိသူအား တစ်ခုသော ဆင်းရဲသည် ဖြစ်၏။ ချစ်အပ်သော အရာဝတ္ထု မရှိကြသူတို့အား ဆင်းရဲမရှိ၊ “ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်။ ကိလေသာမြူ မရှိကုန်။ ပင်ပန်းမှု မရှိကုန်”ဟု ငါ ဟောဆို၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- “လောက၌ များသော သဘောရှိကုန်သော အလုံးစုံသော စိုးရိမ်ခြင်းတို့သည်လည်းကောင်း၊ ငိုကြွေးခြင်းတို့သည်လည်းကောင်း၊ ဆင်းရဲခြင်းတို့သည်လည်းကောင်း ထင်ကုန်၏။ ထိုအလုံးစုံတို့သည် ချစ်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏။ ချစ်အပ်သော အရာဝထ္ထုမရှိမူ ထိုအလုံးစုံတို့သည် မဖြစ်နိုင်ကုန်။ ထို့ကြောင့် လောက၌ အကြင်သူတို့အား ချစ်အပ်သော အရာဝတ္ထုသည် တစ်စုံ တစ်ခုမျှ မရှိ၊ ထိုသူတို့သည် ချမ်းသာကုန်၏။ စိုးရိမ်မှု ကင်းကုန်၏။ ထို့ကြောင့် စိုးရိမ်ကင်းမှု ကိလေသာမြူကင်းမှုကို တောင့်တသူတို့သည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်မှုကိုမျှ မပြုကြကုန်ရာ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ အဋ္ဌမသုတ်။
Heartfelt Sayings 8.8 With Visākhā So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Now at that time the dear and beloved granddaughter of Visākhā, Migāra’s mother, had just passed away. Then, in the middle of the day, Visākhā with wet clothes and hair went to the Buddha, bowed, and sat down. The Buddha said to her, “So, Visākhā, where are you coming from in the middle of the day with wet clothes and hair?” “Sir, my beloved granddaughter has just passed away. That’s why I came here in the middle of the day with wet clothes and hair.” “Visākhā, would you like as many children and grandchildren as there are people in the whole of Sāvatthī?” “I would, sir.” “But Visākhā, how many people pass away each day in Sāvatthī?” “Every day, sir, there are ten people passing away in Sāvatthī. Or else there are nine, eight, seven, six, five, four, three, two, or at least one person who passes away every day in Sāvatthī. Sāvatthī is never without someone passing away.” “What do you think, Visākhā? Would there ever be a time when your clothes and hair were not wet?” “No, sir. Enough, sir, with so many children and grandchildren.” “Those who have a hundred loved ones, Visākhā, have a hundred sufferings. Those who have ninety loved ones, or eighty, seventy, sixty, fifty, forty, thirty, twenty, ten, nine, eight, seven, six, five, four, three, two, or one loved one have one suffering. Those who have no loved ones have no suffering. They are free of sorrow, stains, and anguish I say.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “All the sorrows and lamentations and the countless forms of suffering in the world occur because of those that we love; without loved ones they do not occur. That’s why those who have no loved ones <j>at all in the world are happy and free of grief. So aspiring to the sorrowless and stainless, have no loved ones in the world at all.”
၉။ ပဌမဒဗ္ဗသုတ္တံ
၇၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပရိနိဗ္ဗာနကာလော မေ ဒါနိ, သုဂတာ’’တိ။ ‘‘ယဿဒါနိ တွံ, ဒဗ္ဗ, ကာလံ မညသီ’’တိ။
အထ ခေါ အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇောဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗာယိ။
အထ ခေါ အာယသ္မတော ဒဗ္ဗဿ မလ္လပုတ္တဿ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇောဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗုတဿ သရီရဿ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယိတ္ထ န မသိ။ သေယျထာပိ နာမ သပ္ပိဿ ဝါ တေလဿ ဝါ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယတိ န မသိ၊ ဧဝမေဝ အာယသ္မတော ဒဗ္ဗဿ မလ္လပုတ္တဿ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇောဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗုတဿ သရီရဿ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယိတ္ထ န မသီတိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အဘေဒိ ကာယော နိရောဓိ သညာ,
ဝေဒနာ သီတိဘဝိံသု [ပီတိဒဟံသု (သီ။ ပီ။), သီတိဒဟိံသု (က။)] သဗ္ဗာ၊
ဝူပသမိံသု သင်္ခါရာ,
ဝိညာဏံ အတ္ထမာဂမာ’’တိ။ နဝမံ၊
၉-ပဌမဒဗ္ဗသုတ် ၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် “မြတ်စွာဘုရား ယခုအခါတပည့်တော်၏ ပရိနိဗ္ဗာန်ပြုရန်အခါပါတည်း”ဟု မြတ်စွာဘုရားအား (လျှောက်၏)။ ဒဗ္ဗ ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အခါ ကို သိ၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင်ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြု၏။ ထို့နောက် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ချေ၊ ဥပမာသော်ကား မီးမြိုက်လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ ပြာမီးသွေးသည်မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သားအသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီး မီးလောင်သော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ချေ။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“မလ္လမင်း၏သား ဒဗ္ဗ၏ကိုယ်သည် အကြွင်းမရှိ ကွယ်ပျောက်ပြီ။ ရူပသညာ စသော သညာအားလုံးတို့သည် ချုပ်ကုန်ပြီ။ ဝေဒနာအားလုံးတို့သည် ငြိမ်းအေးကုန်ပြီ။ သင်္ခါရအားလုံးတို့သည် ချုပ်ငြိမ်းကုန်ပြီ။ ဝိညာဏ်သည် ပြတ်စဲခြင်းသို့ ရောက်လေပြီ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ နဝမသုတ်။
Heartfelt Sayings 8.9 With Dabba (1st) So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then Venerable Dabba the Mallian went up to the Buddha, bowed, sat down to one side, and said to him: “Holy One, it is the time for my full extinguishment.” “Please, Dabba, do as you see fit.” Then Dabba rose from his seat, bowed and respectfully circled the Buddha, keeping him on his right. Then he rose into the air and, sitting cross-legged in midair, entered and withdrew from the fire element before becoming fully extinguished. Then when he was fully quenched while sitting cross-legged in midair, his body burning and combusting left neither ashes nor soot to be found. It’s like when ghee or oil blaze and burn, and neither ashes nor soot are found. Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “The body is broken up, perception has ceased, all feelings have become cool; choices are stilled, and consciousness come to an end.”
၁၀။ ဒုတိယဒဗ္ဗသုတ္တ
၈၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘ဒဗ္ဗဿ, ဘိက္ခဝေ, မလ္လပုတ္တဿ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇောဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗုတဿ သရီရဿ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယိတ္ထ န မသိ။ သေယျထာပိ နာမ သပ္ပိဿ ဝါ တေလဿ ဝါ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယတိ န မသိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဒဗ္ဗဿ မလ္လပုတ္တဿ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇောဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗုတဿ သရီရဿ ဈာယမာနဿ ဍယှမာနဿ နေဝ ဆာရိကာ ပညာယိတ္ထ န မသီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ –
‘‘အယောဃနဟတဿေဝ, ဇလတော ဇာတဝေဒသော [ဇာတဝေဒဿ (သျာ။)]၊
အနုပုဗ္ဗူပသန္တဿ, ယထာ န ဉာယတေ ဂတိ။
ဧဝံ သမ္မာဝိမုတ္တာနံ, ကာမဗန္ဓောဃတာရိနံ၊
ပညာပေတုံ ဂတိ နတ္ထိ, ပတ္တာနံ အစလံ သုခ’’န္တိ။ ဒသမံ၊
ပါဋလိဂါမိယဝဂ္ဂေါ [ပါဋလိဂါမဝဂ္ဂေါ (က။)] အဋ္ဌမော။
တဿုဒ္ဒါနံ-
နိဗ္ဗာနာ စတုရော ဝုတ္တာ, စုန္ဒော ပါဋလိဂါမိယာ၊
ဒွိဓာပထော ဝိသာခါ စ, ဒဗ္ဗေန သဟ တေ ဒသာတိ။
၁၀-ဒုတိယဒဗ္ဗသုတ် ၈၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် - ရဟန်းတို့ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား ဒဗ္ဗ၏ မီးမြိုက်လောင် ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်၊ ဥပမာသော်ကား မီးမြိုက်လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ၊ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -“သံတူဖြင့် ထုခပ်အပ်သော တောက်လောင်နေသော အစဥ်အတိုင်း ငြိမ်းနေသော မီး၏ သွားရာကို မသိနိုင်သကဲ့သို့ ဤအတူ ကောင်းစွာ လွန်မြောက်ပြီး၍ ကာမ အနှောင်အဖွဲ့နှင့် ဩဃလေးပါးမှ လွန်၍တည်ကုန်သောတုန်လှုပ်မှုမရှိသည့် နိဗ္ဗာန်ချမ်းသာကို ရကြသော ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာ ‘ဂတိ’ကို ပညတ်ရန် မရနိုင်တော့ချေ”ဟု ဤဥဒါနကို ကျူးရင့်တော်မူ၏။ ဒသမသုတ်။ ရှစ်ခုမြောက် ပါဋလိဂါမိယဝဂ် ပြီး၏။ ဥဒါနပါဠိတော် မြန်မာပြန် ပြီးပြီ။
Heartfelt Sayings 8.10 Dabba (2nd) So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, when Dabba the Mallian rose into the air and, sitting cross-legged in midair, entered and withdrew from the fire element before becoming fully quenched, his body burning and combusting left neither ashes nor soot to be found. It’s like when ghee or oil blaze and burn, and neither ashes nor soot are found. In the same way, when Dabba the Mallian rose into the air and, sitting cross-legged in midair, entered and withdrew from the fire element before becoming fully quenched, his body burning and combusting left neither ashes nor soot to be found.” Then, understanding this matter, on that occasion the Buddha expressed this heartfelt sentiment: “Just as the glow of iron struck by a hammer in the fire of Jātaveda gradually dissipates, its destiny unknown; in the same way, for the rightly released, who have crossed the flood of sensual bonds, there is no destination to describe— they have found unshakable happiness.” The Heartfelt Sayings are finished.
ဥဒါနေ ဝဂ္ဂါနမုဒ္ဒါနံ
ဝဂ္ဂမိဒံ ပဌမံ ဝရဗောဓိ, ဝဂ္ဂမိဒံ ဒုတိယံ မုစလိန္ဒော၊
နန္ဒကဝဂ္ဂဝရော တတိယော တု, မေဃိယဝဂ္ဂဝရော စ စတုတ္ထော။
ပဉ္စမဝဂ္ဂဝရန္တိဓ သောဏော, ဆဋ္ဌမဝဂ္ဂဝရန္တိ ဇစ္စန္ဓော [ဆဋ္ဌမဝဂ္ဂဝရံ တု တမန္ဓော (သီ။ က။)]၊
သတ္တမဝဂ္ဂဝရန္တိ စ စူဠော, ပါဋလိဂါမိယမဋ္ဌမဝဂ္ဂေါ [ပါဋလိဂါမိယဝရဋ္ဌမဝဂ္ဂေါ (သျာ။ ကံ။ ပီ။), ပါဋလိဂါမဝရဋ္ဌမဝဂ္ဂေါ (သီ။ က။)]။
အသီတိမနူနကသုတ္တဝရံ, ဝဂ္ဂမိဒဋ္ဌကံ သုဝိဘတ္တံ၊
ဒဿိတံ စက္ခုမတာ ဝိမလေန, အဒ္ဓါ ဟိ တံ ဥဒါနမိတီဒမာဟု [အတ္ထာယေတံ ဥဒါနမိတိမာဟု (က။), သဒ္ဓါ ဟိ တံ ဥဒါနန္တိဒမာဟု (သျာ။ ကံ ပီ။)]။
ဥဒါနပါဠိ နိဋ္ဌိတာ။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Bodhivaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#421
- Vipassana Research Institute. (n.d.). 2. Mucalindavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#422
- Vipassana Research Institute. (n.d.). 3. Nandavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#423
- Vipassana Research Institute. (n.d.). 4. Meghiyavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#424
- Vipassana Research Institute. (n.d.). 6. Jaccandhavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#426
- Vipassana Research Institute. (n.d.). 7. Cūḷavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#427
- Vipassana Research Institute. (n.d.). 8. Pāṭaligāmiyavaggo (Suttapiṭaka, Khuddakanikāya, Udānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#428