ဓမ္မလမ်း
← ပါထိကဝဂ္ဂပါဠိ

ပါထိကဝဂ္ဂပါဠိ မူလပါဠိတော်

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၅၅

၂၇၁။ ‘‘ပဉ္စဟိ ခေါ, ဂဟပတိပုတ္တ, ဌာနေဟိ အယျိရကေန [အယိရကေန (သီ။ သျာ။ ပီ။)] ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌာတဗ္ဗာ – ယထာဗလံ ကမ္မန္တသံဝိဓာနေန ဘတ္တဝေတနာနုပ္ပဒါနေန ဂိလာနုပဋ္ဌာနေန အစ္ဆရိယာနံ ရသာနံ သံဝိဘာဂေန သမယေ ဝေါဿဂ္ဂေန။ ဣမေဟိ ခေါ, ဂဟပတိပုတ္တ, ပဉ္စဟိ ဌာနေဟိ အယျိရကေန ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ အယျိရကံ အနုကမ္ပန္တိ – ပုဗ္ဗုဋ္ဌာယိနော စ ဟောန္တိ, ပစ္ဆာ နိပါတိနော စ, ဒိန္နာဒါယိနော စ, သုကတကမ္မကရာ စ, ကိတ္တိဝဏ္ဏဟရာ စ။ ဣမေဟိ ခေါ, ဂဟပတိပုတ္တ, ပဉ္စဟိ ဌာနေဟိ အယျိရကေန ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ အယျိရကံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဟေဋ္ဌိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။

၂၇၁။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏။ ခွန်အားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့်လည်းကောင်း။ ထမင်းရိက္ခာ ပေးခြင်းဖြင့်လည်းကောင်း။ မကျန်းမာသောအခါ ပြုစုခြင်းဖြင့်လည်းကောင်း။ ထူးဆန်းသော အရသာများကို ခွဲဝေပေးခြင်းဖြင့်လည်းကောင်း။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာ စသည်ပေးခြင်းဖြင့်လည်းကောင်း (ပြုစုအပ် ကုန်၏)။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက် ကုန်၏။ (အရှင်၏) ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။ (အရှင်အိပ်သည်မှ) နောက်၌ အိပ်လေ့ရှိကုန်၏။ ပေးသည်ကိုသာ ယူလေ့ရှိကုန်၏။ အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။ (အရှင်၏) ဂုဏ်သတင်းကို ဆောင်ကုန်၏။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက် အရပ်မည်သော အစေအပါး အလုပ်သမားတို့သည် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ ဤသို့ ကောင်းစွာ ပြုစုသည်ရှိသော် ထိုအောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

A master should serve their bondservants and workers as the lower quarter in five ways: by organizing work according to ability, by paying food and wages, by nursing them when sick, by sharing special treats, and by giving time off work. Bondservants and workers served by a master in these five ways show sympathy to him in five ways. They get up first, and go to bed last. They don’t steal. They do their work well. And they promote a good reputation. Bondservants and workers served by a master in these five ways show sympathy to him in these five ways. And that’s how the lower quarter is covered, kept safe and free of peril.

၂၇၂။ ‘‘ပဉ္စဟိ ခေါ, ဂဟပတိပုတ္တ, ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌာတဗ္ဗာ – မေတ္တေန ကာယကမ္မေန မေတ္တေန ဝစီကမ္မေန မေတ္တေန မနောကမ္မေန အနာဝဋဒွါရတာယ အာမိသာနုပ္ပဒါနေန။ ဣမေဟိ ခေါ, ဂဟပတိပုတ္တ, ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌိတာ ဆဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ – ပါပါ နိဝါရေန္တိ, ကလျာဏေ နိဝေသေန္တိ, ကလျာဏေန မနသာ အနုကမ္ပန္တိ, အဿုတံ သာဝေန္တိ, သုတံ ပရိယောဒါပေန္တိ, သဂ္ဂဿ မဂ္ဂံ အာစိက္ခန္တိ။ ဣမေဟိ ခေါ, ဂဟပတိပုတ္တ, ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌိတာ ဣမေဟိ ဆဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဥပရိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ’’တိ။

၂၇၂။ သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် အထက်အရပ် မည်သော သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏။ မေတ္တာနှင့်ယှဥ်သော ကာယကံမှုဖြင့်လည်းကောင်း။ မေတ္တာနှင့်ယှဥ်သော ဝစီကံမှုဖြင့်လည်းကောင်း။ မေတ္တာနှင့်ယှဥ်သော မနောကံမှုဖြင့်လည်းကောင်း။ (အမြဲမပြတ် လှူဒါန်းလိုသော အလောဘ) တံခါးကို ဖွင့်၍ ထားခြင်းဖြင့်လည်းကောင်း၊ ဆွမ်းစသော အာမိသတို့ကို ပေးလှူ ခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ မကောင်းမှုမှ တားမြစ်ကုန်၏။ ကောင်းမှု၌ သက်ဝင်စေကုန်၏။ ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ကုန်၏။ မကြားဖူးသေးသော တရားစကားကို ဟောကြားကုန်၏။ ကြားဖူးပြီးသော တရားစကားကို ဖြူစင်စေကုန်၏။ နတ်ပြည်ခရီးကို ပြောကြားကုန်၏။ သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်း သားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤအထက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

A gentleman should serve ascetics and brahmins as the upper quarter in five ways: by loving deeds of body, speech, and mind, by not turning them away at the gate, and by providing them with material needs. Ascetics and brahmins served by a gentleman in these five ways show sympathy to him in six ways. They keep him from doing bad. They support him in doing good. They think of him with kindly thoughts. They teach him what he does not know. They clarify what he’s already learned. They explain the path to heaven. Ascetics and brahmins served by a gentleman in these five ways show sympathy to him in these six ways. And that’s how the upper quarter is covered, kept safe and free of peril.”

စာ-၁၅၆

၂၇၃။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

‘‘မာတာပိတာ ဒိသာ ပုဗ္ဗာ, အာစရိယာ ဒက္ခိဏာ ဒိသာ၊

ပုတ္တဒါရာ ဒိသာ ပစ္ဆာ, မိတ္တာမစ္စာ စ ဥတ္တရာ။

‘‘ဒါသကမ္မကရာ ဟေဋ္ဌာ, ဥဒ္ဓံ သမဏဗြာဟ္မဏာ၊

ဧတာ ဒိသာ နမဿေယျ, အလမတ္တော ကုလေ ဂိဟီ။

‘‘ပဏ္ဍိတော သီလသမ္ပန္နော, သဏှော စ ပဋိဘာနဝါ၊

နိဝါတဝုတ္တိ အတ္ထဒ္ဓေါ, တာဒိသော လဘတေ ယသံ။

‘‘ဥဋ္ဌာနကော အနလသော, အာပဒါသု န ဝေဓတိ၊

အစ္ဆိန္နဝုတ္တိ မေဓာဝီ, တာဒိသော လဘတေ ယသံ။

‘‘သင်္ဂါဟကော မိတ္တကရော, ဝဒညူ ဝီတမစ္ဆရော၊

နေတာ ဝိနေတာ အနုနေတာ, တာဒိသော လဘတေ ယသံ။

‘‘ဒါနဉ္စ ပေယျဝဇ္ဇဉ္စ, အတ္ထစရိယာ စ ယာ ဣဓ၊

သမာနတ္တတာ စ ဓမ္မေသု, တတ္ထ တတ္ထ ယထာရဟံ၊

ဧတေ ခေါ သင်္ဂဟာ လောကေ, ရထဿာဏီဝ ယာယတော။

‘‘ဧတေ စ သင်္ဂဟာ နာဿု, န မာတာ ပုတ္တကာရဏာ၊

လဘေထ မာနံ ပူဇံ ဝါ, ပိတာ ဝါ ပုတ္တကာရဏာ။

‘‘ယသ္မာ စ သင်္ဂဟာ [သင်္ဂဟေ (က။) အဋ္ဌကထာယံ ဣစ္ဆိတပါဌော] ဧတေ, သမ္မပေက္ခန္တိ [သမဝေက္ခန္တိ (သီ။ ပီ။ က။)] ပဏ္ဍိတာ၊

တသ္မာ မဟတ္တံ ပပ္ပေါန္တိ, ပါသံသာ စ ဘဝန္တိ တေ’’တိ။

၂၇၃။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကိုလည်း မိန့်တော်မူ၏ - “အမိအဖတို့သည် အရှေ့အရပ် မည်ကုန်၏၊ ဆရာတို့သည် တောင်အရပ် မည် ကုန်၏၊ သားမယားတို့သည် အနောက်အရပ် မည်ကုန်၏၊ အဆွေခင်ပွန်းတို့သည် မြောက်အရပ် မည်ကုန်၏။ အစေအပါး အလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏၊ သမဏ ဗြာဟ္မဏတို့ သည် အထက်အရပ် မည်ကုန်၏၊ အိမ်ကို အုပ်စိုး၍ နေထိုင်သော အမျိုးကောင်းသား သည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။ အကြင်သူသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၌ အလိမ္မာ ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ သိမ်မွေ့ နက်နဲသော ပညာဉာဏ် ရှိ၏၊ နှိမ့်ချခြင်း ရှိ၏၊ ခက်ထန်ခြင်း မရှိ၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။ (အကြင်သူသည်) ထကြွမှု ရှိ၏၊ ပျင်းရိခြင်း မရှိ၊ ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် မတုန်လှုပ်၊ မပြတ်အားထုတ်အပ်သော အသက်မွေးမှု ရှိ၏၊ အရာအားလျော်စွာ ပညာ ရှိ၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။ (အကြင်သူသည်) ချီးမြှောက်တတ်၏၊ အဆွေခင်ပွန်းကောင်းကို ရှာတတ်၏၊ ကျေးဇူးကို သိတတ်၏၊ ဝန်တိုမှုမရှိ၊ အကျိုးဆောင်တတ်၏၊ အကြောင်းပြ၍ ဆုံးမ တတ်၏၊ ခေါင်းဆောင်တတ်၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။ ကျင့်ဝတ်တရားတို့၌ အကြင် ပေးကမ်းစွန့်ကြဲခြင်းသည်လည်းကောင်း၊ အကြင် ချစ်ဖွယ်သော စကားကို ဆိုခြင်းသည်လည်းကောင်း၊ အကြင်အကျိုးစီးပွားကို ကျင့် ဆောင်ခြင်းသည်လည်းကောင်း၊ ကိစ္စအားလျော်စွာ အကြင်မိမိနှင့် ထပ်တူညီမျှ ဆက်ဆံ ခြင်းသည်လည်းကောင်း ရှိ၏၊ ထိုထို ပုဂ္ဂိုလ်၌ ထိုက်သည့်အားလျော်စွာ ထို (ပေးကမ်း ခြင်းစသော) သင်္ဂဟတရားတို့သည် ဤလောက၌ သွားနေသော ရထား၏ နားစောင့် ကဲ့သို့ ဖြစ်ကုန်၏။ လောက၌ ထိုသင်္ဂဟတရားတို့သည် (အကယ်၍) မရှိကုန်အံ့၊ အမိသည် သား ပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရရာ၊ အဖ သည် သားပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရ ရာ။ ထိုသင်္ဂဟတရားတို့ကို (ပြုအပ်၏ဟု) ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီး မြတ်သည့် အဖြစ်သို့ ရောက်ကုန်၏၊ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏”ဟု (မိန့် တော်မူ၏)။

That is what the Buddha said. Then the Holy One, the Teacher, went on to say: “Parents are the east, tutors the south, wives and child the west, friends and colleagues the north, servants and workers below, and ascetics and brahmins above. By honoring these quarters a householder does enough for their family. The astute and the virtuous, the gentle and the articulate, the placid in manner and the amenable: they’re the kind who win glory. The diligent, not lazy, those not disturbed by troubles, those consistent in conduct, the intelligent: they’re the kind who win glory. The inclusive, the makers of friends, the bountiful, those rid of stinginess, those who lead, train, and persuade: they’re the kind who win glory. Giving and kindly words, taking care here, and treating equally in worldly conditions, as they deserve in each case; these ways of being inclusive in the world are like a moving chariot’s linchpin. If there were no such ways of being inclusive, neither mother nor father would be respected and honored for what they’ve done for their children. But since these ways of being inclusive do exist, the astute do regard them well, so they achieve greatness and are praised.”

စာ-၁၅၇

၂၇၄။ ဧဝံ ဝုတ္တေ, သိင်္ဂါလကော ဂဟပတိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘန္တေ! အဘိက္ကန္တံ, ဘန္တေ! သေယျထာပိ, ဘန္တေ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ။ ဧဝမေဝံ ဘဂဝတာ အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘန္တေ, ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဂဝါ ဓာရေတု, အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

သိင်္ဂါလသုတ္တံ [သိင်္ဂါလောဝါဒသုတ္တန္တံ (ပီ။)] နိဋ္ဌိတံ အဋ္ဌမံ။

၂၇၄။ ဤသို့ မိန့်တော်မူသော် သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့ သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင် ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရား သည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ဘုရား တရား သံဃာကို) ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ’ဟု မှတ်တော်မူပါ”ဟူ၍ (လျှောက်ထားလေသတည်း)။ ရှစ်ခုမြောက် သိင်္ဂါလသုတ် ပြီး၏။ ၉-အာဋာနာဋိယသုတ် ပဌမအခန်း

When this was said, Sigālaka the householder’s son said to the Buddha, “Excellent, sir! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the Buddha has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the Buddha remember me as a lay follower who has gone for refuge for life.”

စာ-၁၅၈

၉။ အာဋာနာဋိယသုတ္တံ

ပဌမဘာဏဝါရော

၂၇၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ စတ္တာရော မဟာရာဇာ [မဟာရာဇာနော (က။)] မဟတိယာ စ ယက္ခသေနာယ မဟတိယာ စ ဂန္ဓဗ္ဗသေနာယ မဟတိယာ စ ကုမ္ဘဏ္ဍသေနာယ မဟတိယာ စ နာဂသေနာယ စတုဒ္ဒိသံ ရက္ခံ ဌပေတွာ စတုဒ္ဒိသံ ဂုမ္ဗံ ဌပေတွာ စတုဒ္ဒိသံ ဩဝရဏံ ဌပေတွာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဂိဇ္ဈကူဋံ ပဗ္ဗတံ ဩဘာသေတွာ [ဂိဇ္ဈကူဋံ ဩဘာသေတွာ (သီ။ သျာ။ ပီ။)] ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ တေပိ ခေါ ယက္ခာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။

၂၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထို အခါ နတ်မင်းကြီးလေးယောက်တို့သည် ဘီလူးစစ်သည် များစွာဖြင့်လည်းကောင်း၊ ဂန္ဓဗ္ဗစစ်သည် များစွာ ဖြင့်လည်းကောင်း၊ ကု မ္ဘဏ်စစ်သည် များစွာဖြင့်လည်းကောင်း၊ နဂါးစစ်သည် များစွာဖြင့်လည်းကောင်း မြို့တံခါးအတွင်း အရပ်လေးမျက်နှာ၌ ကိုယ်ရံတော်တပ်ချထား၍ မြို့တံခါးအနီး အရပ်လေးမျက်နှာ၌ တပ်ပေါင်းစု မြို့စောင့်တပ်ချထား၍ မြို့တံခါးအပြင်ဘက် အရပ်လေးမျက်နှာ၌ ကင်းထောက်တပ်ချ ထား၍ ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အခါ၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ် တစ်တောင် လုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ ကုန်၏၊ အချို့သော နတ်တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။ အချို့သော နတ်တို့သည် မြတ်စွာဘုရားဆီသို့ လက်အုပ်ချီလျက် တစ်ခုသောနေရာ၌ ထိုင်နေ ကုန်၏၊ အချို့သော နတ်တို့သည် (မိမိတို့) အမည်အနွယ်ကို ပြောကြား၍ တစ်ခုသောနေရာ၌ ထိုင် နေကုန်၏၊ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

Long Discourses 32 The Āṭānāṭiya Protection 1. The First Recitation Section So I have heard. At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. Then, late at night, the four great kings—with large armies of spirits, centaurs, gnomes, and dragons—set guards, troops, and wards at the four quarters and then, lighting up the entire Vulture’s Peak with their beauty, went up to the Buddha, bowed, and sat down to one side. Before sitting down to one side, some spirits bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent.

၂၇၆။ ဧကမန္တံ နိသိန္နော ခေါ ဝေဿဝဏော မဟာရာဇာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သန္တိ ဟိ, ဘန္တေ, ဥဠာရာ ယက္ခာ ဘဂဝတော အပ္ပသန္နာ။ သန္တိ ဟိ, ဘန္တေ, ဥဠာရာ ယက္ခာ ဘဂဝတော ပသန္နာ။ သန္တိ ဟိ, ဘန္တေ, မဇ္ဈိမာ ယက္ခာ ဘဂဝတော အပ္ပသန္နာ။ သန္တိ ဟိ, ဘန္တေ, မဇ္ဈိမာ ယက္ခာ ဘဂဝတော ပသန္နာ။ သန္တိ ဟိ, ဘန္တေ, နီစာ ယက္ခာ ဘဂဝတော အပ္ပသန္နာ။ သန္တိ ဟိ, ဘန္တေ, နီစာ ယက္ခာ ဘဂဝတော ပသန္နာ။ ယေဘုယျေန ခေါ ပန, ဘန္တေ, ယက္ခာ အပ္ပသန္နာယေဝ ဘဂဝတော။ တံ ကိဿ ဟေတု? ဘဂဝါ ဟိ, ဘန္တေ, ပါဏာတိပါတာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ, အဒိန္နာဒါနာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ, ကာမေသုမိစ္ဆာစာရာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ, မုသာဝါဒါ ဝေရမဏိယာ ဓမ္မံ ဒေသေတိ, သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ။ ယေဘုယျေန ခေါ ပန, ဘန္တေ, ယက္ခာ အပ္ပဋိဝိရတာယေဝ ပါဏာတိပါတာ, အပ္ပဋိဝိရတာ အဒိန္နာဒါနာ, အပ္ပဋိဝိရတာ ကာမေသုမိစ္ဆာစာရာ, အပ္ပဋိဝိရတာ မုသာဝါဒါ, အပ္ပဋိဝိရတာ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ။ တေသံ တံ ဟောတိ အပ္ပိယံ အမနာပံ။ သန္တိ ဟိ, ဘန္တေ, ဘဂဝတော သာဝကာ အရညဝနပတ္ထာနိ ပန္တာနိ သေနာသနာနိ ပဋိသေဝန္တိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ [မနုဿရာဟသေယျကာနိ (သီ။ သျာ။ ပီ။)] ပဋိသလ္လာနသာရုပ္ပါနိ။ တတ္ထ သန္တိ ဥဠာရာ ယက္ခာ နိဝါသိနော, ယေ ဣမသ္မိံ ဘဂဝတော ပါဝစနေ အပ္ပသန္နာ။ တေသံ ပသာဒါယ ဥဂ္ဂဏှာတု, ဘန္တေ, ဘဂဝါ အာဋာနာဋိယံ ရက္ခံ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။

အထ ခေါ ဝေဿဝဏော မဟာရာဇာ ဘဂဝတော အဓိဝါသနံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ အာဋာနာဋိယံ ရက္ခံ အဘာသိ –

၂၇၆။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးအလတ်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးအလတ်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးအနိမ့်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးအနိမ့်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏။ အသျှင် ဘုရား များသောအားဖြင့် ဘီလူးတို့သည် မြတ်စွာဘုရားအား မကြည်ညိုကြပါကုန်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် အသက်သတ်ခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားကို ဟော တော်မူ၏။ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားကို ဟောတော်မူ၏။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားကို ဟောတော်မူ၏။ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားကို ဟောတော်မူ၏။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားကို ဟော တော်မူ၏။ အသျှင်ဘုရား ဘီလူးတို့သည် များသောအားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဥ်ကြကုန်၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ မရှောင်ကြဥ်ကြကုန်၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ မရှောင် ကြဥ်ကြကုန်၊ မဟုတ်မမှန်သော စကားကိုပြောခြင်းမှ မရှောင်ကြဥ်ကြကုန်၊ မူးယစ်မေ့လျော့ကြောင်း ဖြစ့်သော သေအရက်ကို သောက်ခြင်းမှ မရှောင်ကြဥ်ကြကုန်၊ ထိုနတ်ဘီလူးတို့သည် ထိုတရားတော်ကို မနှစ် သက် မမြတ်နိုးကြပါ။ အသျှင်ဘုရား မြတ်စွာဘုရား၏ တပည့်တို့သည် အသံနည်းကုန်သော ပြည်ရွာတွန်သံ မရှိကုန်သော လူတို့၏ အငွေ့အသက် ကင်းကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက်ကုန်သော ကိန်း အောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်ပါကုန်၏။ ထို ကျောင်းတို့၌ နေသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏။ အကြင်ဘီလူးတို့သည် မြတ်စွာ ဘုရား၏ သာသနာတော်၌ မကြည်ညိုကုန်၊ ထိုဘီလူးတို့ကို ကြည်ညိုစေရန် မြတ်စွာဘုရားသည် အာဋာနာ ဋိယမည်သော ပရိတ်အရံအတားကို ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာ မိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှါ သင်ပေးတော်မူပါလော့”ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ ထိုအခါ၌ အာဋာနာဋိယမည်သော ဤအစောင့်အရှောက် (ဂါထာ) ကို ရွတ်ဆိုလျှောက်ထား၏။

Seated to one side, the Great King Vessavaṇa said to the Buddha, “Sir, some high spirits have confidence in the Buddha, some do not. Some middling spirits have confidence in the Buddha, some do not. Some low spirits have confidence in the Buddha, some do not. But mostly the spirits don’t have confidence in the Buddha. Why is that? Because the Buddha teaches them to refrain from killing living creatures, stealing, lying, sexual misconduct, and consuming intoxicants of beer, wine, and liquor. But mostly they don’t refrain from such things. They don’t like that or approve of it. Sir, there are disciples of the Buddha who frequent remote lodgings in the wilderness and the forest that are quiet and still, far from the madding crowd, remote from human settlements, and fit for retreat. There dwell high spirits who have no confidence in the Buddha’s dispensation. To give them confidence, may the Buddha please learn the Āṭānāṭiya protection for the guarding, protection, safety, and comfort of the monks, nuns, laymen, and laywomen.” The Buddha consented with silence. Then, knowing that the Buddha had consented, on that occasion Great King Vessavaṇa recited the Āṭānāṭiya protection.

၂၇၇။ ‘‘ဝိပဿိဿ စ [ဣမေ စကာရာ ပေါရာဏပေါတ္ထကေသု နတ္ထိ] နမတ္ထု, စက္ခုမန္တဿ သိရီမတော။

သိခိဿပိ စ [ဣမေ စကာရာ ပေါရာဏပေါတ္ထကေသု နတ္ထိ] နမတ္ထု, သဗ္ဗဘူတာနုကမ္ပိနော။

‘‘ဝေဿဘုဿ စ [ဣမေ စကာရာ ပေါရာဏပေါတ္ထကေသု နတ္ထိ] နမတ္ထု, နှာတကဿ တပဿိနော၊

နမတ္ထု ကကုသန္ဓဿ, မာရသေနာပမဒ္ဒိနော။

‘‘ကောဏာဂမနဿ နမတ္ထု, ဗြာဟ္မဏဿ ဝုသီမတော၊

ကဿပဿ စ [ဣမေ စကာရာ ပေါရာဏပေါတ္ထကေသု နတ္ထိ] နမတ္ထု, ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

‘‘အင်္ဂီရသဿ နမတ္ထု, သကျပုတ္တဿ သိရီမတော၊

ယော ဣမံ ဓမ္မံ ဒေသေသိ [ဓမ္မမဒေသေသိ (သီ။ သျာ။ ပီ။), ဓမ္မံ ဒေသေတိ (?)], သဗ္ဗဒုက္ခာပနူဒနံ။

‘‘ယေ စာပိ နိဗ္ဗုတာ လောကေ, ယထာဘူတံ ဝိပဿိသုံ၊

တေ ဇနာ အပိသုဏာထ [အပိသုဏာ (သီ။ သျာ။ ပီ။)], မဟန္တာ ဝီတသာရဒါ။

‘‘ဟိတံ ဒေဝမနုဿာနံ, ယံ နမဿန္တိ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, မဟန္တံ ဝီတသာရဒံ။

၂၇၇။ စက္ခုငါးပါးရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ သတ္တဝါအားလုံးကို သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ် ပါစေသတည်း။ ကိလေသာကို စင်ကြယ်စေပြီးသော ခြိုးခြံသော အကျင့်ရှိတော်မူသော ဝေဿဘူ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ မာရ်စစ်သည်ကို ဖျက်ဆီးတတ်သော ကကုသန်မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါ စေသတည်း။ မကောင်းမှုကို အပပြုတော်မူပြီးသော ကျင့်သုံးပြီးသော မဂ္ဂဗြဟ္မစရိယရှိတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အခါ ခပ်သိမ်း ဝိမုတ္တိငါးပါး၏ အစွမ်းဖြင့် လွတ်မြောက်တော်မူသော ကဿပမြတ်စွာဘုရား အား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ အကြင်သာကီဝင်မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆင်းရဲခပ်သိမ်းကို ပယ်ဖျောက်တတ်သော ဤအာဋာနာဋိယ ပရိတ်တရားတော်ကို ဟောတော်မူ၏၊ ကိုယ် တော်မှ ထွက်သော ရောင်ခြည်ရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဖြစ်တော်မူသော ထို (ဂေါတမ) မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ လောက၌ ကိလေသာ ငြိမ်းတော်မူကုန်ပြီးသော အကြင် (ဝိပဿီ စသော) မြတ်စွာ ဘုရားတို့သည် (အလုံးစုံသော တရားတို့ကို)ဟုတ်မှန်စွာ သိမြင်တော်မူကုန်၏၊ ထို မြတ်စွာဘုရားတို့သည် ကုန်းစကားကို မဆိုကုန်၊ ကြီးမြတ်တော်မူကုန်၏၊ ကြောက် ရွံ့ခြင်း ကင်းတော်မူကုန်၏။ နတ် လူတို့၏ အကျိုးစီးပွားကို ဆောင်တော်မူတတ်သော အသိဉာဏ်‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’တရားတို့နှင် ပြည့်စုံတော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်း တော်မူသော အကြင် ဂေါတမမြတ်စွာဘုရားကို (နတ် လူတို့သည်) ရှိခိုးကြကုန်၏၊ (ထိုဂေါတမ မြတ်စွာဘုရားအားလည်းကောင်း၊ ထိုဝိပဿီစသော မြတ်စွာဘုရားတို့အား လည်းကောင်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း)။

“Hail Vipassī, the glorious Clear-eyed One! Hail Sikhī, sympathetic for all beings! Hail Vessabhū, cleansed and fervent! Hail Kakusandha, crusher of Māra’s army! Hail Koṇāgamana, the brahmin who has lived the life! Hail Kassapa, everywhere free! Hail Aṅgīrasa, the glorious Sakyan! He taught this Dhamma that casts aside all suffering. Those in the world who are quenched, truly discerning, not backbiters; such people being great of heart and intrepid, revere that Gotama; he who is helpful to gods and humans, accomplished in knowledge and conduct, great of heart and intrepid.

၂၇၈။ ‘‘ယတော ဥဂ္ဂစ္ဆတိ သူရိယော [သုရိယော (သီ။ သျာ။ ပီ။)], အာဒိစ္စော မဏ္ဍလီ မဟာ။

ယဿ စုဂ္ဂစ္ဆမာနဿ, သံဝရီပိ နိရုဇ္ဈတိ၊

ယဿ စုဂ္ဂတေ သူရိယေ, ‘ဒိဝသော’တိ ပဝုစ္စတိ။

‘‘ရဟဒေါပိ တတ္ထ ဂမ္ဘီရော, သမုဒ္ဒေါ သရိတောဒကော၊

ဧဝံ တံ တတ္ထ ဇာနန္တိ, ‘သမုဒ္ဒေါ သရိတောဒကော’။

‘‘ဣတော ‘သာ ပုရိမာ ဒိသာ’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘‘ဂန္ဓဗ္ဗာနံ အဓိပတိ [အာဓိပတိ (သီ။ သျာ။ ပီ။) ဧဝမုပရိပိ], ‘ဓတရဋ္ဌော’တိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ဂန္ဓဗ္ဗေဟိ ပုရက္ခတော။

‘‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’။

၂၇၈။ အကြင်အရပ်မှ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်းရှိသော နေမင်းသည် ထွက်လာ၏၊ အကြင်နေ့အဖို့၌ နေမင်းထွက်လာသည်ရှိသော် ညဥ့်သည်လည်း ကွယ်ပျောက်၏၊ အကြင်နေ့အဖို့၌ နေထွက်လာသည်ရှိသော် နေ့ဟူ၍ ဆိုအပ်၏။ ထိုနေထွက်ရာအရပ်၌ မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော စီးသွားသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေထွက်ရာအရပ်က ရေအထုကို မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အရှေ့အရပ် မည်၏၊ များသော အခြံအရံ ရှိသော ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော အမည်အားဖြင့် ဓတရဋ္ဌဟုခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အရှေ့အရပ်ဟု ခေါ်ပါ ကုန်၏၊ ထိုဓတရဋ္ဌ နတ်မင်းကြီးသည် ဂန္ဓဗ္ဗနတ်တို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ထိုဓတရဋ္ဌနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်းတူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ်တော် မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟုဆိုပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

Where rises the sun— Aditi’s child, the great orb— with whose rising night’s umbra also ends, and of whom, when sun has risen, it is said to be the day— there is a deep lake, an ocean of flowing waters. That’s how they understand that lake there, as an ocean of flowing waters. From here that is the eastern quarter, so the people say. That quarter is warded by a great king, glorious, the lord of the centaurs; his name is Dhataraṭṭha. He delights in song and dance, honored by the centaurs. And he has many mighty sons all of one name, so I’ve heard. Eighty, and ten, and one— all of them named Indra. After seeing the Awakened One, the Buddha, Kinsman of the Sun, they revere him from afar, the one great of heart and intrepid. Homage to you, O thoroughbred! Homage to you, supreme among men! You examine us skillfully; the non-humans bow to you. We’ve been asked many a time, ‘Do you bow to Gotama the victor?’ And so we ought to declare: ‘We bow to Gotama the victor, accomplished in knowledge and conduct! We bow to Gotama the awakened!’

၂၇၉။ ‘‘ယေန ပေတာ ပဝုစ္စန္တိ, ပိသုဏာ ပိဋ္ဌိမံသိကာ။

ပါဏာတိပါတိနော လုဒ္ဒါ [လုဒ္ဓါ (ပီ။ က။)], စောရာ နေကတိကာ ဇနာ။

‘‘ဣတော ‘သာ ဒက္ခိဏာ ဒိသာ’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘‘ကုမ္ဘဏ္ဍာနံ အဓိပတိ, ‘ဝိရူဠှော’ ဣတိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ကုမ္ဘဏ္ဍေဟိ ပုရက္ခတော။

‘‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’။

၂၇၉။ သေပြီးသူတို့ကိုလည်းကောင်း ကုန်းစကားပြောသူတို့ကိုလည်းကောင်း လျှို့ ဝှက်သောအမှု ပြုသူတို့ကိုလည်းကောင်း (တံစိုးစားသူတို့ကိုလည်းကောင်း) သူ့ အသက်သတ်လေ့ရှိသူတို့ကိုလည်းကောင်း အလိုကြီးသူတို့ကိုလည်းကောင်း ခိုးသူတို့ကို လည်းကောင်း ကြမ်းတမ်းသောအမှု ပြုသူတို့ကိုလည်းကောင်း အကြင်အရပ်မျက်နှာ အဖို့ဖြင့် (ထုတ်လေကုန်လော့ ဟူ၍) ဆိုအပ်ကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် တောင်အရပ် မည်ပါ၏၊ များသော အခြံအရံ ရှိသော ကု မ္ဘဏ်နတ်တို့ကို အစိုးရသော အမည်အားဖြင့် ဝိရူဠှဟုခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် တောင်အရပ်ဟူ၍ ခေါ် ပါကုန်၏၊ ထိုဝိရူဠှနတ်မင်းကြီးသည် ကု မ္ဘဏ်နတ်တို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ထိုဝိရူဠှနတ်မင်း၏ သားတို့သည် များပါကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ် သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အား ကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို)ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော”ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ရှိခိုးကုန်၏”ဟု ဆိုကြပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

It’s where the departed go, they say, who are backbiters and calumniators, killers and hunters, bandits and cheats. From here that is the southern quarter, so the people say. That quarter is warded by a great king, glorious, the lord of the gnomes; his name is Virūḷha. He delights in song and dance, honored by the gnomes. And he has many mighty sons all of one name, so I’ve heard. Eighty, and ten, and one— all of them named Indra. After seeing the Awakened One, the Buddha, Kinsman of the Sun, they revere him from afar, the one great of heart and intrepid. Homage to you, O thoroughbred! Homage to you, supreme among men! You examine us skillfully; the non-humans bow to you. We’ve been asked many a time, ‘Do you bow to Gotama the victor?’ And so we ought to declare: ‘We bow to Gotama the victor, accomplished in knowledge and conduct! We bow to Gotama the awakened!’

၂၈၀။ ‘‘ယတ္ထ စောဂ္ဂစ္ဆတိ သူရိယော, အာဒိစ္စော မဏ္ဍလီ မဟာ။

ယဿ စောဂ္ဂစ္ဆမာနဿ, ဒိဝသောပိ နိရုဇ္ဈတိ၊

ယဿ စောဂ္ဂတေ သူရိယေ, ‘သံဝရီ’တိ ပဝုစ္စတိ။

‘‘ရဟဒေါပိ တတ္ထ ဂမ္ဘီရော, သမုဒ္ဒေါ သရိတောဒကော၊

ဧဝံ တံ တတ္ထ ဇာနန္တိ, ‘သမုဒ္ဒေါ သရိတောဒကော’။

‘‘ဣတော ‘သာ ပစ္ဆိမာ ဒိသာ’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘‘နာဂါနဉ္စ အဓိပတိ, ‘ဝိရူပက္ခော’တိ နာမသော၊

ရမတီ နစ္စဂီတေဟိ, နာဂေဟေဝ ပုရက္ခတော။

‘‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’။

၂၈၀။ အကြင်အရပ်၌ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်းရှိသော နေမင်းသည် ဝင်၏၊ အကြင်အရပ်၌ နေဝင်သွားသည်ရှိသော် နေ့သည်လည်း ကွယ်ပျောက်၏၊ အကြင်နေဝင်သွားသည်ရှိသော် ညဥ့်ဟူ၍ ဆိုအပ်၏။ နေဝင်ရာအရပ်၌ မြစ်ကြီးမြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေဝင်ရာအရပ်က ထိုရေအထုကို မြစ်ကြီးမြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အနောက်အရပ် မည်၏၊ များသော အခြံ အရံရှိသော နတ်နဂါးတို့ကို အစိုးရသော အမည်အားဖြင့် ဝိရူပက္ခဟုခေါ်သော နတ် မင်းကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အနောက်အရပ်ဟူ၍ ခေါ်ပါကုန်၏၊ ထိုဝိရူပက္ခနတ်မင်းကြီးသည် နဂါးတို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ဝိရူပက္ခနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေ ဖြစ်တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထိုအသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန် သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ်ငါးပါး ကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာလေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

Where sets the sun— Aditi’s child, the great orb— with whose setting the day also ends; and of whom, when sun has set, it is said to be night’s umbra— there is a deep lake in that place, an ocean of flowing waters. That’s how they understand that lake there, as an ocean of flowing waters. From here that is the western quarter, so the people say. That quarter is warded by a great king, glorious, the lord of the dragons; his name is Virūpakkha. He delights in song and dance, honored by the dragons. And he has many mighty sons all of one name, so I’ve heard. Eighty, and ten, and one— all of them named Indra. After seeing the Awakened One, the Buddha, Kinsman of the Sun, they revere him from afar, the one great of heart and intrepid. Homage to you, O thoroughbred! Homage to you, supreme among men! You examine us skillfully; the non-humans bow to you. We’ve been asked many a time, ‘Do you bow to Gotama the victor?’ And so we ought to declare: ‘We bow to Gotama the victor, accomplished in knowledge and conduct! We bow to Gotama the awakened!’

၂၈၁။ ‘‘ယေန ဥတ္တရကုရုဝှေါ [ဥတ္တရကုရူ ရမ္မာ (သီ။ သျာ။ ပီ။)], မဟာနေရု သုဒဿနော။

မနုဿာ တတ္ထ ဇာယန္တိ, အမမာ အပရိဂ္ဂဟာ။

‘‘န တေ ဗီဇံ ပဝပန္တိ, နပိ နီယန္တိ နင်္ဂလာ၊

အကဋ္ဌပါကိမံ သာလိံ, ပရိဘုဉ္ဇန္တိ မာနုသာ။

‘‘အကဏံ အထုသံ သုဒ္ဓံ, သုဂန္ဓံ တဏ္ဍုလပ္ဖလံ၊

တုဏ္ဍိကီရေ ပစိတွာန, တတော ဘုဉ္ဇန္တိ ဘောဇနံ။

‘‘ဂါဝိံ ဧကခုရံ ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ပသုံ ဧကခုရံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘‘ဣတ္ထိံ ဝါ ဝါဟနံ [ဣတ္ထီ-ဝါဟနံ (သီ။ ပီ။), ဣတ္ထိံ ဝါဟနံ (သျာ။)] ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ပုရိသံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘‘ကုမာရိံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ကုမာရံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘‘တေ ယာနေ အဘိရုဟိတွာ,

သဗ္ဗာ ဒိသာ အနုပရိယာယန္တိ [အနုပရိယန္တိ (သျာ။)]၊

ပစာရာ တဿ ရာဇိနော။

‘‘ဟတ္ထိယာနံ အဿယာနံ, ဒိဗ္ဗံ ယာနံ ဥပဋ္ဌိတံ၊

ပါသာဒါ သိဝိကာ စေဝ, မဟာရာဇဿ ယသဿိနော။

‘‘တဿ စ နဂရာ အဟု,

အန္တလိက္ခေ သုမာပိတာ၊

အာဋာနာဋာ ကုသိနာဋာ ပရကုသိနာဋာ,

နာဋသုရိယာ [နာဋပုရိယာ (သီ။ ပီ။), နာဋပရိယာ (သျာ။)] ပရကုသိဋနာဋာ။

‘‘ဥတ္တရေန ကသိဝန္တော [ကပိဝန္တော (သီ။ သျာ။ ပီ)],

ဇနောဃမပရေန စ၊

နဝနဝုတိယော အမ္ဗရအမ္ဗရဝတိယော,

အာဠကမန္ဒာ နာမ ရာဇဓာနီ။

‘‘ကုဝေရဿ ခေါ ပန, မာရိသ, မဟာရာဇဿ ဝိသာဏာ နာမ ရာဇဓာနီ၊

တသ္မာ ကုဝေရော မဟာရာဇာ, ‘ဝေဿဝဏော’တိ ပဝုစ္စတိ။

‘‘ပစ္စေသန္တော ပကာသေန္တိ, တတောလာ တတ္တလာ တတောတလာ၊

ဩဇသိ တေဇသိ တတောဇသီ, သူရော ရာဇာ အရိဋ္ဌော နေမိ။

‘‘ရဟဒေါပိ တတ္ထ ဓရဏီ နာမ, ယတော မေဃာ ပဝဿန္တိ၊

ဝဿာ ယတော ပတာယန္တိ, သဘာပိ တတ္ထ သာလဝတီ [ဘဂလဝတီ (သီ။ သျာ။ ပီ။)] နာမ။

‘‘ယတ္ထ ယက္ခာ ပယိရုပါသန္တိ, တတ္ထ နိစ္စဖလာ ရုက္ခာ၊

နာနာ ဒိဇဂဏာ ယုတာ, မယူရကောဉ္စာဘိရုဒါ၊

ကောကိလာဒီဟိ ဝဂ္ဂုဟိ။

‘‘ဇီဝဉ္ဇီဝကသဒ္ဒေတ္ထ, အထော ဩဋ္ဌဝစိတ္တကာ၊

ကုက္ကုဋကာ [ကုကုတ္ထကာ (သီ။ ပီ။)] ကုဠီရကာ, ဝနေ ပေါက္ခရသာတကာ။

‘‘သုကသာဠိကသဒ္ဒေတ္ထ, ဒဏ္ဍမာဏဝကာနိ စ၊

သောဘတိ သဗ္ဗကာလံ သာ, ကုဝေရနဠိနီ သဒါ။

‘‘ဣတော ‘သာ ဥတ္တရာ ဒိသာ’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘‘ယက္ခာနဉ္စ အဓိပတိ, ‘ကုဝေရော’ ဣတိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ယက္ခေဟေဝ ပုရက္ခတော။

‘‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

‘‘တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမ’’’န္တိ။

‘‘အယံ ခေါ သာ, မာရိသ, အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယ။

၂၈၁။ အကြင်အရပ်မျက်နှာ၌ ဥတ္တရကုရုမည်သော မြောက်ကျွန်းသည် ရှိ၏၊ မြင်းမိုရ် တောင်သည် ရွှေရောင်တောက်၏၊ ထိုမြောက်ကျွန်း၌ ဖြစ်ကုန်သော လူတို့သည် ငါ၏ ဥစ္စာဟု စွဲလမ်းခြင်း မရှိကြကုန်၊ ငါ၏ မယားဟု သိမ်းပိုက်ခြင်း မရှိကြကုန်။ ထိုမြောက်ကျွန်းသူတို့သည် မျိုးစေ့ကို မစိုက်ပျိုးကုန်၊ ထွန်တုံးတို့ကို (လယ်သို့) မဆောင်ကုန်၊ (မထွန်မယက်သော လယ်ပြင်၌) အလိုလိုပေါက်သော သလေးဆန်ကို စားကုန်၏။ ဆန်ကွဲဖွဲမရှိသော စင်ကြယ်သော ကောင်းသော အနံ့လှိုင်သော ဆန်သီးကို ထမင်း အိုး၌ ချက်၍ ထိုထမင်းအိုးမှ ထမင်းကိုသာလျှင် စားကုန်၏။ (ထိုမြောက်ကျွန်း၌ ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံတို့သည်) နွားကို မြင်းယာဥ် ကဲ့သို့ ပြုလျက့်အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ နွားမှ တစ်ပါးသော သားကောင်ကို မြင်းယာဥ်ကဲ့သို့ ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။ မိန်းမကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ ယောကျာ်းကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။ လုံမပျိုကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ လုလင်ပျိုကို ယာဥ် ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။ ထိုဝေဿဝဏ်နတ်မင်းကြီး၏ အလုပ်အကျွေးတို့သည် ထိုယာဥ်တို့ကို စီးကုန်လျက် အရပ်မျက်နှာ အလုံးစုံတို့သို့ လှည့်လည်သွားလာကြကုန်၏။ များသော အခြံအရံရှိသော ဝေဿဝဏ်နတ်မင်းကြီးအား ဆင်ယာဥ် မြင်းယာဥ် နတ်၌ဖြစ်သော ယာဥ်သည် ဖြစ်ပေါ်လာ၏၊ ပြာသာဒ်ထမ်းစင်တို့သည်လည်း ဖြစ်ပေါ် လာကုန်၏။ ထိုဝေဿဝဏ်နတ်မင်းကြီးအား ကောင်းကင်၌ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော အာဋာ နာဋမြို့၊ ကုသိနာဋမြို့၊ ပရကုသိနာဋမြို့၊ နာဋသုရိယမြို့၊ ပရကုသိဋနာဋမြို့ တို့သည်လည်း ရှိကုန်၏။ မြောက်အရပ်၌ ကသိဝန္တမြို့၊ ဇနောဃမြို့ရှိ၏၊ ထိုမှတစ်ပါး နဝနဝုတိယမြို့၊ အမ္ဗရ အမ္ဗရဝတိယမြို့သည် ရှိ၏၊ အာဠကမန္ဒာမည်သော မြို့ကား မင်းနေပြည် ဖြစ်၏။ အသျှင်ဘုရား ကုဝေရနတ်မင်းကြီးအား ဝိသာဏာမည်သော မင်းနေပြည်သည် ရှိပါ၏၊ ထို့ကြောင့် ကုဝေရနတ်မင်းကြီးကို ဝေဿဝဏ်နတ်မင်းကြီးဟု ဆိုအပ်ပါ၏။ အကြင်ဘီလူးတို့သည် (သတင်းစကားကို) အသီးအသီး ရှာမှီးစုဆောင်းလျက် (ထို ဝေဿဝဏ်နတ်မင်းကြီးအား) ပြသပြောကြားကုန်၏၊ ထိုဘီလူးတို့သည်ကား တတော လာ၊ တတ္တလာ၊ တတောတလာ၊ ဩဇသိ၊ တေဇသိ၊ တတောဇသိ၊ သူရ၊ ရာဇာ၊ အရိဋ္ဌ၊ နေမိတို့တည်း။ ထိုအရပ်၌ ဓရဏီမည်သော လေးထောင့်ရေကန်ကြီးသည်လည်း ရှိပါ၏၊ အကြင် လေးထောင့်ကန်ကြီးမှ (ရေကို ယူ၍) မိုးတို့သည် ရွာပါကုန်၏၊ (မိုးရွာလတ်သော်) အကြင် လေးထောင့်ရေကန်ကြီးမှ မိုးရေဟောင်းတို့သည် လျှံထွက်ပါကုန်၏၊ ထိုလေး ထောင့်ရေကန်ကြီး အနီး၌ သာလဝတီမည်သော ရတနာမဏ္ဍပ်သည်လည်း ရှိပါ၏။ အကြင်အရပ်၌ ဘီလူးတို့သည် စည်းဝေးပါကုန်၏၊ ထိုအရပ်၌ အမြဲတမ်း သီးပွင့်သော သစ်ပင်ကြီးများ ရှိပါကုန်၏၊ အမျိုးမျိုးသော ငှက်အုပ်တို့၏ ပျံသန်းလှည့်လည် ခြင်းတို့ဖြင့် ပြွမ်းလျက် ရှိပါကုန်၏၊ အသံသာသော ဥဒေါင်း ကြိုးကြာနှင့် ဥဩငှက် စသည်တို့သည် မြည်တွန် ကြွေးကြော်ကြပါကုန်၏။ ဤလေးထောင့်ရေကန်ကြီး၌ “အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ”ဟု မြည်တမ်းသော (ဇီဝဇိုး) ငှက်သံ ရှိပါ၏၊ ထိုမှတစ်ပါး “ဥဋ္ဌေဟိ စိတ္တ၊ ဥဋ္ဌေဟိ စိတ္တ”ဟု မြည်သော ငှက်တို့လည်း ရှိပါကုန်၏၊ တောကြက် ရွှေပုစွန်လုံးတို့လည်း ရှိပါကုန်၏၊ ကြာတော၌ ပေါက္ခရသာတကမည်သော ငှက်တို့လည်း ရှိပါကုန်၏။ ဤလေးထောင့်ရေကန်ကြီး၌ ကျေးသာလိကာတို့၏ မြည်သံများလည်း ရှိပါကုန်၏၊ လူ၏ မျက်နှာကဲ့သို့ မျက်နှာရှိသော တုတ်ထောက်ငှက်တို့လည်း ရှိပါကုန်၏၊ ကုဝေရ နတ်မင်း၏ ကြာပဒုမ္မာအိုင်ဖြစ်သော ထိုဓရဏီရေကန်ကြီးသည် အခါခပ်သိမ်း တင့် တယ်ပါ၏။ ထိုအရပ်သည် ဤစည်းဝေးရာ အရပ်မှ မြောက်အရပ် မည်၏၊ များသော အခြံ အရံရှိသော ဘီလူးတို့ကို အစိုးရသော အမည်အားဖြင့် ကုဝေရဟု ခေါ်သော နတ် မင်းကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် မြောက်အရပ်ဟု ခေါ်ပါကုန်၏၊ ထိုကုဝေရ နတ်မင်းကြီးသည် ဘီလူးတို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ထိုကုဝေရနတ်မင်းကြီး၏ သားတို့သည် များကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ်သည့်ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော ထိုမြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏ဟု (ရွတ်ဆိုလျှောက်ထား၏)။ အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း ရဟန်း မိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှါ မပင်ပန်း မဆင်းရဲခြင်းငှါ ဖြစ်ပါ၏။

Where the lovely land north of Kuru is, and the beautiful Mount Meru, humans born there are unselfish, without possessions. They do not sow the seed, nor do they draw the plough. The rice eaten by people ripens in untilled soil, free of powder or husk, pure, fragrant, with only the rice-grain. After cooking in a tandoor oven, they enjoy eating that food. Having prepared a cow with hooves uncloven, they’re drawn about from place to place. Having prepared a beast with hooves uncloven, they’re drawn about from place to place. Having prepared a woman-drawn carriage, they’re drawn about from place to place. Having prepared a man-drawn carriage, they’re drawn about from place to place. Having prepared a girl-drawn carriage, they’re drawn about from place to place. Having prepared a boy-drawn carriage, they’re drawn about from place to place. Having ascended their vehicle, that king’s servants tour about in every quarter, provided with heavenly vehicles of elephant and of horse. And there are palaces and palanquins for that great and glorious king. And he has cities, too, well-built in the sky: Āṭānāṭā, Kusināṭā, Parakusināṭā, Nāṭapuriyā, and Parakusiṭanāṭā. To the north is Kapīvanta, and Janogha lies beyond. And there’s Navanavutiya, Ambara-ambaravatiya, and the royal capital named Āḷakamandā. The Great King Kuvera, dear sir, has a capital named Visāṇā, which is why the great king is called ‘Vessavaṇa’. Searching, they shine: Tatolā, Tattalā, Tatotalā, Ojasi, Tejasi, Tatojasi, Sūra, Rājā, Ariṭṭha, and Nemi. There is a lake there too named Dharaṇī, whence the clouds rain forth, and the rains disperse. There is a hall there too named Sālavatī, where the spirits frequent. There the trees are ever in fruit, with many different flocks of birds. Peacocks and herons call out there, and the sweet cuckoos too. One bird cries out ‘Live, live!’, another ‘Lift up your heart!’ There are cocks and kookaburras, and in the wood the woodpeckers. The parrots and mynah cry out there, and the ‘little stick-boy’ birds. Kuvera’s pond of rushes is lovely all the time. From here that is the northern quarter, so the people say. That quarter is warded by a great king, glorious, the lord of spirits; his name is Kuvera. He delights in song and dance, honored by the spirits. And he has many mighty sons all of one name, so I’ve heard. Eighty, and ten, and one— all of them named Indra. After seeing the Awakened One, the Buddha, Kinsman of the Sun, they revere him from afar, the one great of heart and intrepid. Homage to you, O thoroughbred! Homage to you, supreme among men! You examine us skillfully; the non-humans bow to you. We’ve been asked many a time, ‘Do you bow to Gotama the victor?’ And so we ought to declare: ‘We bow to Gotama the victor, accomplished in knowledge and conduct! We bow to Gotama the awakened!’ This, good fellow, is the Āṭānāṭiya protection for the guarding, protection, safety, and comfort of the monks, nuns, laymen, and laywomen.

စာ-၁၆၄

၂၈၂။ ‘‘ယဿ ကဿစိ, မာရိသ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ဥပါသကဿ ဝါ ဥပါသိကာယ ဝါ အယံ အာဋာနာဋိယာ ရက္ခာ သုဂ္ဂဟိတာ ဘဝိဿတိ သမတ္တာ ပရိယာပုတာ [ပရိယာပုဋာ (က။)]။ တံ စေ အမနုဿော ယက္ခော ဝါ ယက္ခိနီ ဝါ ယက္ခပေါတကော ဝါ ယက္ခပေါတိကာ ဝါ ယက္ခမဟာမတ္တော ဝါ ယက္ခပါရိသဇ္ဇော ဝါ ယက္ခပစာရော ဝါ, ဂန္ဓဗ္ဗော ဝါ ဂန္ဓဗ္ဗီ ဝါ ဂန္ဓဗ္ဗပေါတကော ဝါ ဂန္ဓဗ္ဗပေါတိကာ ဝါ ဂန္ဓဗ္ဗမဟာမတ္တော ဝါ ဂန္ဓဗ္ဗပါရိသဇ္ဇော ဝါ ဂန္ဓဗ္ဗပစာရော ဝါ, ကုမ္ဘဏ္ဍော ဝါ ကုမ္ဘဏ္ဍီ ဝါ ကုမ္ဘဏ္ဍပေါတကော ဝါ ကုမ္ဘဏ္ဍပေါတိကာ ဝါ ကုမ္ဘဏ္ဍမဟာမတ္တော ဝါ ကုမ္ဘဏ္ဍပါရိသဇ္ဇော ဝါ ကုမ္ဘဏ္ဍပစာရော ဝါ, နာဂေါ ဝါ နာဂီ ဝါ နာဂပေါတကော ဝါ နာဂပေါတိကာ ဝါ နာဂမဟာမတ္တော ဝါ နာဂပါရိသဇ္ဇော ဝါ နာဂပစာရော ဝါ, ပဒုဋ္ဌစိတ္တော ဘိက္ခုံ ဝါ ဘိက္ခုနိံ ဝါ ဥပါသကံ ဝါ ဥပါသိကံ ဝါ ဂစ္ဆန္တံ ဝါ အနုဂစ္ဆေယျ, ဌိတံ ဝါ ဥပတိဋ္ဌေယျ, နိသိန္နံ ဝါ ဥပနိသီဒေယျ, နိပန္နံ ဝါ ဥပနိပဇ္ဇေယျ။ န မေ သော, မာရိသ, အမနုဿော လဘေယျ ဂါမေသု ဝါ နိဂမေသု ဝါ သက္ကာရံ ဝါ ဂရုကာရံ ဝါ။ န မေ သော, မာရိသ, အမနုဿော လဘေယျ အာဠကမန္ဒာယ နာမ ရာဇဓာနိယာ ဝတ္ထုံ ဝါ ဝါသံ ဝါ။ န မေ သော, မာရိသ, အမနုဿော လဘေယျ ယက္ခာနံ သမိတိံ ဂန္တုံ။ အပိဿု နံ, မာရိသ, အမနုဿာ အနာဝယှမ္ပိ နံ ကရေယျုံ အဝိဝယှံ။ အပိဿု နံ, မာရိသ, အမနုဿာ အတ္တာဟိပိ ပရိပုဏ္ဏာဟိ ပရိဘာသာဟိ ပရိဘာသေယျုံ။ အပိဿု နံ, မာရိသ, အမနုဿာ ရိတ္တံပိဿ ပတ္တံ သီသေ နိက္ကုဇ္ဇေယျုံ။ အပိဿု နံ, မာရိသ, အမနုဿာ သတ္တဓာပိဿ မုဒ္ဓံ ဖာလေယျုံ။

‘‘သန္တိ ဟိ, မာရိသ, အမနုဿာ စဏ္ဍာ ရုဒ္ဓါ [ရုဒ္ဒါ (သီ။ ပီ။)] ရဘသာ, တေ နေဝ မဟာရာဇာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, အမနုဿာ မဟာရာဇာနံ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ သေယျထာပိ, မာရိသ, ရညော မာဂဓဿ ဝိဇိတေ မဟာစောရာ။ တေ နေဝ ရညော မာဂဓဿ အာဒိယန္တိ, န ရညော မာဂဓဿ ပုရိသကာနံ အာဒိယန္တိ, န ရညော မာဂဓဿ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, မဟာစောရာ ရညော မာဂဓဿ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ ဧဝမေဝ ခေါ, မာရိသ, သန္တိ အမနုဿာ စဏ္ဍာ ရုဒ္ဓါ ရဘသာ, တေ နေဝ မဟာရာဇာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, အမနုဿာ မဟာရာဇာနံ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ ယော ဟိ ကောစိ, မာရိသ, အမနုဿော ယက္ခော ဝါ ယက္ခိနီ ဝါ…ပေ… ဂန္ဓဗ္ဗော ဝါ ဂန္ဓဗ္ဗီ ဝါ … ကုမ္ဘဏ္ဍော ဝါ ကုမ္ဘဏ္ဍီ ဝါ… နာဂေါ ဝါ နာဂီ ဝါ နာဂပေါတကော ဝါ နာဂပေါတိကာ ဝါ နာဂမဟာမတ္တော ဝါ နာဂပါရိသဇ္ဇော ဝါ နာဂပစာရော ဝါ ပဒုဋ္ဌစိတ္တော ဘိက္ခုံ ဝါ ဘိက္ခုနိံ ဝါ ဥပါသကံ ဝါ ဥပါသိကံ ဝါ ဂစ္ဆန္တံ ဝါ အနုဂစ္ဆေယျ, ဌိတံ ဝါ ဥပတိဋ္ဌေယျ, နိသိန္နံ ဝါ ဥပနိသီဒေယျ, နိပန္နံ ဝါ ဥပနိပဇ္ဇေယျ။ ဣမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ ဥဇ္ဈာပေတဗ္ဗံ ဝိက္ကန္ဒိတဗ္ဗံ ဝိရဝိတဗ္ဗံ – ‘အယံ ယက္ခော ဂဏှာတိ, အယံ ယက္ခော အာဝိသတိ, အယံ ယက္ခော ဟေဌေတိ, အယံ ယက္ခော ဝိဟေဌေတိ, အယံ ယက္ခော ဟိံသတိ, အယံ ယက္ခော ဝိဟိံသတိ, အယံ ယက္ခော န မုဉ္စတီ’တိ။

၂၈၂။ အသျှင်ဘုရား တစ်စုံတစ်ယောက်သော ရဟန်းယောကျာ်းသည်လည်းကောင်း၊ ရဟန်းမိန်းမ သည်လည်းကောင်း၊ ဥပါသကာယောကျာ်းသည်လည်းကောင်း၊ ဥပါသိကာမိန်းမသည်လည်းကောင်း၊ ဤအာဋာနာဋိယ ပရိတ်အရံအတားကို ကောင်းစွာ သင်ယူအပ်သော် ပြည့်စုံစွာ အဖန်ဖန်လေ့လာအပ်သော် လူမဟုတ်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း၊ ဘီလူးကလေးသည်လည်းကောင်း၊ ဘီလူးမကလေးသည်လည်းကောင်း၊ ဘီလူးအမတ်ကြီးသည်လည်းကောင်း၊ အခြံအရံဘီလူးသည်လည်း ကောင်း၊ အလုပ်အကျွေးဘီလူးသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည် လည်းကောင်း၊ ဂန္ဓဗ္ဗနတ်ကလေးသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးကလေးသည်လည်းကောင်း၊ ဂန္ဓဗ္ဗ အမတ်ကြီးသည်လည်းကောင်း၊ အခြံအရံဂန္ဓဗ္ဗသည်လည်းကောင်း၊ အလုပ်အကျွေးဂန္ဓဗ္ဗသည်လည်းကောင်း၊ ကု မ္ဘဏ်သည်လည်းကောင်း၊ ကု မ္ဘဏ်မသည်လည်းကောင်း၊ ကု မ္ဘဏ်ကလေးသည်လည်းကောင်း၊ ကု မ္ဘဏ်မ ကလေးသည်လည်းကောင်း၊ ကု မ္ဘဏ်အမတ်ကြီးသည်လည်းကောင်း၊ အခြံအရံကု မ္ဘဏ်သည်လည်းကောင်း၊ အလုပ်အကျွေးကု မ္ဘဏ်သည်လည်းကောင်း၊ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါး ကလေးသည်လည်းကောင်း၊ နဂါးမကလေးသည်လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြံ အရံ နဂါးသည်လည်းကောင်း၊ အလုပ်အကျွေးနဂါးသည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောကျာ်းကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောကျာ်းကိုသော် လည်းကောင်း၊ ဥပါသိကာမိန်းမကိုသော်လည်းကောင်း သွားနေစဥ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဥ် ကပ် ၍ ရပ်ငြားအံ့၊ ထိုင်နေစဥ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဥ် ကပ်၍ အိပ်ငြားအံ့၊ အသျှင်ဘုရား ဤဘီလူး သည် ရွာတို့၌လည်းကောင်း၊ နိဂုံးတို့၌လည်းကောင်း၊ အရိုအသေပြုခြင်းကိုလည်းကောင်း၊ အလေး အမြတ် ပြုခြင်းကိုလည်းကောင်း မရရာ။ အသျှင်ဘုရား ဤဘီလူးသည် အာဠကမန္ဒာ မင်းနေပြည်၌ ဗိမာန်အိမ်ရာ ကိုလည်းကောင်း၊ အမြဲနေခြင်းကိုလည်းကောင်း မရရာ။ အသျှင်ဘုရား ဤဘီလူးသည် ဘီလူးတို့ အစည်း အဝေးသို့ တက်ခွင့်ကို မရရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သမီး ယူဆောင်၍ လက်ထပ်ခြင်း သမီးပေး၍ လက်ထပ်ခြင်းကိုလည်း မပြုကုန်ရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူး များက (မျက်လုံးပြူးသူ သွားခေါသူ စသည်ဖြင့်) ကိုယ်နှင့်စပ်ကုန်သော ဘီလူးတို့၏ ဆဲရေးခြင်း မျိုးစုံတို့ဖြင့် ဆဲရေးလည်း ဆဲရေးကုန်ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သူ၏ ဦးခေါင်း၌ သံခွက်လွတ်ကို မှောက်ထားလည်း မှောက်ထားကုန်ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက ထိုဘီလူး၏ ဦးခေါင်းကို ခုနစ်စိတ်မူလည်း ခွဲကုန်ရာ၏။ အသျှင်ဘုရား အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူးတို့သည် ရှိပါကုန်၏။ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီး တို့၏ ဘီလူး စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးများက နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင်ဘုရား ဥပမာအားဖြင့် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ နိုင်ငံ၌ ခိုးသူကြီးတို့ ရှိပါကုန်၏။ ထိုခိုးသူကြီးတို့သည် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ (စကားကို) မနာယူကြပါကုန်၊ မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုခိုးသူ ကြီးတို့ကို မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင် ဘုရား ဤအတူ အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူး တို့သည် ရှိပါကုန်၏။ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီး တို့၏ ဘီလူးစစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးတို့က နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင်ဘုရား တစ်စုံတစ်ယောက်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း။ပ။ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည်လည်းကောင်း။ပ။ ကု မ္ဘဏ်သည်လည်းကောင်း၊ ကုမ္ဘဏ်မ သည်လည်းကောင်း။ပ။ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါးကလေးသည်လည်းကောင်း၊ နဂါးမကလေးသည်လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြံအရံနဂါးသည်လည်းကောင်း၊ အလုပ်အကျွေးနဂါးသည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောကျာ်းကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောကျာ်းကိုသော်လည်းကောင်း ဥပါသိကာမိန်းမကိုသော်လည်းကောင်း သွားနေစဥ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဥ် ကပ်၍ ရပ်ငြားအံ့၊ ထိုင်နေစဥ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဥ် ကပ်၍ အိပ်ငြားအံ့၊ ဤနတ်များ ဘီလူးများ ဤနတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ “ဤဘီလူးသည် ဤသူကို ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဥ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲစေ၏၊ ဤဘီလူးသည် ပင်ပန်း စေ၏၊ ဤဘီလူးသည် မလွှတ်လို”ဟု (သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏)။

The monks, nuns, laymen, and laywomen should learn this Āṭānāṭiya protection well and completely memorize it. If anyone who does so is approached while walking, standing, sitting, or lying down by any non-human being with malicious intent—including males, females, boys, girls, chief ministers, councillors, and servants among the spirits, centaurs, gnomes, and dragons— that non-human will receive no homage or respect in any village or town. And they will receive no ground or dwelling in my capital of Ālakamandā. Nor will they get to go to the conference of the spirits. In addition, the non-humans would not give or take them in marriage. They’d heap personal abuse on them, drop an empty bowl on their head, and even split their head into seven pieces! For there are, good fellow, non-humans who are fierce, cruel, and violent. They don’t obey the Great Kings or their men or their men’s men. They’re said to be rebelling against the Great Kings. They’re just like the bandits in the king of Magadha’s realm who don’t obey the king, his men, or his men’s men, and are said to be rebelling against the king. If any non-human being with malicious intent—including males, females, boys, girls, ministers, councillors, and servants among the spirits, centaurs, gnomes, and dragons—approaches a monk, nun, layman, or laywoman while walking, standing, sitting, or lying down, one ought to yell, cry, and scream to the spirits, great spirits, generals, great generals: ‘This spirit’s got me! This spirit’s entered me! This spirit’s annoying me! This spirit’s harassing me! This spirit’s hurting me! This spirit’s harming me! This spirit won’t let me go!’

စာ-၁၆၅

၂၈၃။ ‘‘ကတမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ?

‘‘ဣန္ဒော သောမော ဝရုဏော စ, ဘာရဒွါဇော ပဇာပတိ၊

စန္ဒနော ကာမသေဋ္ဌော စ, ကိန္နုဃဏ္ဍု နိဃဏ္ဍု စ။

‘‘ပနာဒေါ ဩပမညော စ, ဒေဝသူတော စ မာတလိ၊

စိတ္တသေနော စ ဂန္ဓဗ္ဗော, နဠော ရာဇာ ဇနေသဘော [ဇနောသဘော (သျာ။)]။

‘‘သာတာဂိရော ဟေမဝတော, ပုဏ္ဏကော ကရတိယော ဂုဠော၊

သိဝကော မုစလိန္ဒော စ, ဝေဿာမိတ္တော ယုဂန္ဓရော။

‘‘ဂေါပါလော သုပ္ပရောဓော စ [သုပ္ပဂေဓော စ (သီ။ သျာ။ ပီ။)], ဟိရိ နေတ္တိ [ဟိရီ နေတ္တီ (သီ။ ပီ။)] စ မန္ဒိယော၊

ပဉ္စာလစဏ္ဍော အာဠဝကော, ပဇ္ဇုန္နော သုမနော သုမုခေါ၊

ဒဓိမုခေါ မဏိ မာဏိဝရော [မဏိ မာနိစရော (သျာ။ ပီ။)] ဒီဃော, အထော သေရီသကော သဟ။

‘‘ဣမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ ဥဇ္ဈာပေတဗ္ဗံ ဝိက္ကန္ဒိတဗ္ဗံ ဝိရဝိတဗ္ဗံ – ‘အယံ ယက္ခော ဂဏှာတိ, အယံ ယက္ခော အာဝိသတိ, အယံ ယက္ခော ဟေဌေတိ, အယံ ယက္ခော ဝိဟေဌေတိ, အယံ ယက္ခော ဟိံသတိ, အယံ ယက္ခော ဝိဟိံသတိ, အယံ ယက္ခော န မုဉ္စတီ’တိ။

‘‘အယံ ခေါ သာ, မာရိသ, အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယ။ ဟန္ဒ စ ဒါနိ မယံ, မာရိသ, ဂစ္ဆာမ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တုမှေ မဟာရာဇာနော ကာလံ မညထာ’’တိ။

၂၈၃။ အဘယ်မည်သော နတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီးများတို့ကို သိစေအပ်သနည်းဟူမူ - ဣန္ဒ, သောမ, ဝရုဏ, ဘာရဒွါဇ, ပဇာပတိ, စန္ဒန, ကာမသေဋ္ဌ, ကိန္နုဃဏ္ဍု, နိဂဏ္ဍု။ ပနာဒ, ဩပမည, နတ်တို့တမန် မာတလိ, ဂန္ဓဗ္ဗ တောင်၌ နေကုန်သော စိတ္တ သေန, နဠောရာဇာ, ဇနေသဘ။ သာတာဂိရ, ဟေမာဝတ, ပုဏ္ဏက, ကရတိယ, ဂုဠ, သိဝက, မုစလိန္ဒ, ဝေဿာမိတ္တ, ယုဂန္ဓရ။ ဂေါပါလ, သုပ္ပရောဓ, ဟိရိ, နေတ္တိ, မန္ဒိယ။ ပဉ္စာလ စဏ္ဍ, အာဠဝက, ပဇ္ဇုန္န, သုမန, သုမုခ, ဒဓိမုခ, မဏိ, မာဏိဝရ, ဒီဃဟူသော ဘီလူးမျာ့းနတ်များနှင့်တကွ သေရီသကနတ်တို့တည်း။ ဤနတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ ဘီလူးစစ်သူကြီးများ စစ်မဟာ သေနာပတိ ကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ “ဤဘီလူးသည် ဤသူကို ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဥ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲ စေ၏၊ ဤဘီလူးသည် ပင်ပန်း စေ၏၊ ဤဘီလူးသည် မလွှတ်လို”ဟု (သိစေအပ် တိုင်တန်းအပ် ပြော ကြားအပ်၏)။ အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာ ယောကျာ်းဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်အလို့ငှါ မပင်ပန်း မဆင်းရဲခြင်းငှါ ချမ်း သာစွာ နေရခြင်းငှါ ဖြစ်ပါ၏။ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် ကိစ္စများပါကုန်၏၊ အကျွန်ုပ်တို့သည် ပြုဖွယ်များပါကုန်၏ဟု (လျှောက်ထား၏)။ နတ်မင်းကြီးတို့ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့ သိကုန်၏ (သွားရန်မှာ သင်တို့၏ အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

To what spirits, great spirits, generals, great generals? ‘Indra, Soma, and Varuṇa, Bhāradvāja, the Progenitor, Candana and Kāmaseṭṭha, Kinnughaṇḍu and Nighaṇḍu, Panāda and Opamañña, and Mātali, the god’s equerry. Cittasena the centaur, and the kings Nala and Janesabha, Sātāgira, Hemavata, Puṇṇaka, Karatiya, and Guḷa; Sivaka and Mucalinda, Vessāmitta, Yugandhara, Gopāla, Suppagedha, Hiri, Netti, and Mandiya; Pañcālacaṇḍa, Āḷavaka, Pajjunna, Sumana, Sumukha, Dadhimukha, Maṇi, Māṇivara, Dīgha, together with Serīsaka.’ This, good fellow, is the Āṭānāṭiya protection for the guarding, protection, safety, and comfort of the monks, nuns, laymen, and laywomen. Well, now, good fellow, I must go. I have many duties, and much to do.” “Please, Great Kings, go at your convenience.”

၂၈၄။ အထ ခေါ စတ္တာရော မဟာရာဇာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိံသု။ တေပိ ခေါ ယက္ခာ ဥဋ္ဌာယာသနာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ တုဏှီဘူတာ တတ္ထေဝန္တရဓာယိံသူတိ။

ပဌမဘာဏဝါရော နိဋ္ဌိတော။

၂၈၄။ ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် နေရာမှထ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့ သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ ထိုထို အရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် မြတ်စွာဘုရားဆီသို့ လက်အုပ်ချီမိုးရှိခိုးလျက် ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် (မိမိတို့) အမည် အနွယ် ကို ပြောကြား၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ ထိုအရပ်၌ပင် ကွယ်ကုန်၏။ ပဌမအခန်း ပြီး၏။ ဒုတိယအခန်း

Then the four great kings got up from their seats, bowed and respectfully circled the Buddha, keeping him on their right side, before vanishing right there. And before the other spirits present vanished, some bowed and respectfully circled the Buddha, keeping him on their right side, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent. The first recitation section is complete. 2. The Second Recitation Section

ဒုတိယဘာဏဝါရော

၂၈၅။ အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ အစ္စယေန ဘိက္ခူ အာမန္တေသိ – ‘‘ဣမံ, ဘိက္ခဝေ, ရတ္တိံ စတ္တာရော မဟာရာဇာ မဟတိယာ စ ယက္ခသေနာယ မဟတိယာ စ ဂန္ဓဗ္ဗသေနာယ မဟတိယာ စ ကုမ္ဘဏ္ဍသေနာယ မဟတိယာ စ နာဂသေနာယ စတုဒ္ဒိသံ ရက္ခံ ဌပေတွာ စတုဒ္ဒိသံ ဂုမ္ဗံ ဌပေတွာ စတုဒ္ဒိသံ ဩဝရဏံ ဌပေတွာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဂိဇ္ဈကူဋံ ပဗ္ဗတံ ဩဘာသေတွာ ယေနာဟံ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ တေပိ ခေါ, ဘိက္ခဝေ, ယက္ခာ အပ္ပေကစ္စေ မံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ မယာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ ယေနာဟံ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။

၂၈၅။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဥ့်လွန်သောအခါ ရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ဤညဥ့်၌ နတ်မင်းကြီးလေးယောက်တို့သည် ဘီလူးစစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ ဂန္ဓဗ္ဗစစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ ကုမ္ဘဏ်စစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ နဂါးစစ်သည် များစွာတို့ဖြင့်လည်းကောင်း မြို့တံခါးအတွင်း အရပ်လေးမျက်နှာ၌ ကိုယ်ရံတော်တပ် ချထား၍ မြို့တံခါး အနီး အရပ်လေးမျက်နှာ၌ တပ်ပေါင်းစုမြို့စောင့်တပ် ချထား၍ မြို့တံခါးအပြင်ဘက် အရပ်လေး မျက်နှာ၌ ကင်းစောင့််တပ် ချထား၍ ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့ ချဥ်းကပ်၍ ငါ့ကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏။ ရဟန်းတို့ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် ငါ့ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင် နေကုန်၏၊ အ ချို့သော နတ်တို့သည် ငါနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်း မြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ထိုင် နေကုန်၏၊ အချို့သော နတ်တို့သည် ငါ့ဆီသို့ လက်အုပ်ချီလျက် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့သည် (မိမိတို့) အမည်အနွယ်ကို ပြောကြား၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

Then, when the night had passed, the Buddha told the mendicants all that had happened, repeating all the verses spoken. Then he added:

၂၈၆။ ‘‘ဧကမန္တံ နိသိန္နော ခေါ, ဘိက္ခဝေ, ဝေဿဝဏော မဟာရာဇာ မံ ဧတဒဝေါစ – ‘သန္တိ ဟိ, ဘန္တေ, ဥဠာရာ ယက္ခာ ဘဂဝတော အပ္ပသန္နာ…ပေ… သန္တိ ဟိ, ဘန္တေ နီစာ ယက္ခာ ဘဂဝတော ပသန္နာ။ ယေဘုယျေန ခေါ ပန, ဘန္တေ, ယက္ခာ အပ္ပသန္နာယေဝ ဘဂဝတော။ တံ ကိဿ ဟေတု? ဘဂဝါ ဟိ, ဘန္တေ, ပါဏာတိပါတာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ… သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိယာ ဓမ္မံ ဒေသေတိ။ ယေဘုယျေန ခေါ ပန, ဘန္တေ, ယက္ခာ အပ္ပဋိဝိရတာယေဝ ပါဏာတိပါတာ… အပ္ပဋိဝိရတာ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ။ တေသံ တံ ဟောတိ အပ္ပိယံ အမနာပံ။ သန္တိ ဟိ, ဘန္တေ, ဘဂဝတော သာဝကာ အရညဝနပတ္ထာနိ ပန္တာနိ သေနာသနာနိ ပဋိသေဝန္တိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ ပဋိသလ္လာနသာရုပ္ပါနိ။ တတ္ထ သန္တိ ဥဠာရာ ယက္ခာ နိဝါသိနော, ယေ ဣမသ္မိံ ဘဂဝတော ပါဝစနေ အပ္ပသန္နာ, တေသံ ပသာဒါယ ဥဂ္ဂဏှာတု, ဘန္တေ, ဘဂဝါ အာဋာနာဋိယံ ရက္ခံ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယာ’တိ။ အဓိဝါသေသိံ ခေါ အဟံ, ဘိက္ခဝေ, တုဏှီဘာဝေန။ အထ ခေါ, ဘိက္ခဝေ, ဝေဿဝဏော မဟာရာဇာ မေ အဓိဝါသနံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ အာဋာနာဋိယံ ရက္ခံ အဘာသိ –

၂၈၆။ ရဟန်းတို့ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေဿဝဏ်နတ်မင်းကြီးသည် ငါဘုရားအား ဤစကားကို လျှောက်၏ - မြတ်စွာဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ မြတ်စွာဘုရား။ပ။ ရှိပါကုန်၏၊ မြတ်စွာဘုရားအား ကြည်ညိုကုန်သော တန်ခိုးအနိမ့်စား ဘီလူးတို့သည် ရှိပါကုန်၏၊ မြတ်စွာဘုရား များသောအားဖြင့် ဘီလူးတို့သည် မြတ်စွာဘုရားအား မကြည်ညိုကြပါကုန်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရား မြတ်စွာဘုရားသည် အသက်သတ်ခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားဟောတော်မူပါ၏။ပ။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဥ်ခြင်းငှါ တရားဟောတော်မူပါ၏။ မြတ်စွာဘုရား ဘီလူးတို့သည် များသောအားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဥ်ကြကုန်သည်သာတည်း။ပ။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ မရှောင်ကြဥ်ကြကုန်သည်သာတည်း၊ ထိုဘီလူးတို့သည် ထိုတရားတော်ကို မနှစ်သက် မမြတ်နိုးကြပါကုန်။ မြတ်စွာဘုရား၏ တပည့်တို့သည် အသံနည်းကုန်သော ပြည်ရွာတွန်သံ မရှိကုန်သော လူတို့၏ အငွေ့အသက်ကင်းကုန်သော လူတို့၏ လျှို့ဝှက်သောအမှုကို ပြုခြင်းငှါ ထိုက်ကုန်သော ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်ပါကုန်၏။ ထိုကျောင်းတို့၌နေသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏။ အကြင်ဘီလူးတို့သည် မြတ်စွာဘုရား၏ သာသနာတော်၌ မကြည်ညိုကုန်၊ ထိုဘီလူးတို့ကို ကြည်ညိုစေရန် မြတ်စွာဘုရားသည် အာဋာနာဋိယမည်သော ပရိတ်အရံအတားကို ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်ဖြစ်ခြင်းငှါ မပင်ပန်းခြင်းငှါ ချမ်းသာစွာ နေရခြင်းငှါ သင်ပေးတော်မူပါလော့ဟု (လျှောက်၏)။ ရဟန်းတို့ ငါသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ရဟန်းတို့ ထိုအခါ ဝေဿဝဏ် နတ်မင်းကြီးသည် ငါ၏ လက်ခံတော်မူခြင်းကို သိ၍ ထိုအချိန်၌ အာဋာနာဋိယမည်သော ဤအစောင့်အရှောက် (ဂါထာ) ကို ရွတ်ဆိုလျှောက်ထား၏။

စာ-၁၆၇

၂၈၇။ ‘ဝိပဿိဿ စ နမတ္ထု, စက္ခုမန္တဿ သိရီမတော။

သိခိဿပိ စ နမတ္ထု, သဗ္ဗဘူတာနုကမ္ပိနော။

‘ဝေဿဘုဿ စ နမတ္ထု, နှာတကဿ တပဿိနော၊

နမတ္ထု ကကုသန္ဓဿ, မာရသေနာပမဒ္ဒိနော။

‘ကောဏာဂမနဿ နမတ္ထု, ဗြာဟ္မဏဿ ဝုသီမတော၊

ကဿပဿ စ နမတ္ထု, ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

‘အင်္ဂီရသဿ နမတ္ထု, သကျပုတ္တဿ သိရီမတော၊

ယော ဣမံ ဓမ္မံ ဒေသေသိ, သဗ္ဗဒုက္ခာပနူဒနံ။

‘ယေ စာပိ နိဗ္ဗုတာ လောကေ, ယထာဘူတံ ဝိပဿိသုံ၊

တေ ဇနာ အပိသုဏာထ, မဟန္တာ ဝီတသာရဒါ။

‘ဟိတံ ဒေဝမနုဿာနံ, ယံ နမဿန္တိ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, မဟန္တံ ဝီတသာရဒံ။

၂၈၇။ စက္ခုငါးပါးရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ သတ္တဝါအားလုံးကို သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ် ပါစေသတည်း။ ကိလေသာကို စင်ကြယ်စေပြီးသော ခြိုးခြံသော အကျင့်ရှိတော်မူသော ဝေဿဘူ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ မာရ်စစ်သည်ကို ဖျက်ဆီးတတ်သော ကကုသန်မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ သတည်း။ မကောင်းမှုကို အပပြုတော်မူပြီးသော ကျင့်သုံးပြီးသော မဂ္ဂဗြဟ္မစရိယရှိတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အခါ ခပ်သိမ်း ဝိမုတ္တိငါးပါး၏ အစွမ်းဖြင့် လွတ်မြောက်တော်မူသော ကဿပမြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ အကြင် သာကီဝင်မင်းသားဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆင်းရဲခပ်သိမ်းကို ပယ်ဖျောက်တတ်သော ဤအာဋာနာဋိယ ပရိတ်တရားတော်ကို ဟောတော်မူ၏၊ ကိုယ် တော်မှ ထွက်သော ရောင်ခြည်ရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဖြစ်တော်မူသော ထို (ဂေါတမ) မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ လောက၌ ကိလေသာငြိမ်းတော်မူပြီးသော အကြင် (ဝိပဿီစသော) မြတ်စွာဘုရား တို့သည် (အလုံးစုံသောတရားတို့ကို)ဟုတ်မှန်စွာ သိမြင်တော်မူကြကုန်၏၊ ထိုမြတ်စွာ ဘုရားတို့သည့်ကုန်းစကားကို မဆိုကုန်၊ ကြီးမြတ်တော်မူကုန်၏၊ ကြောက်ရွံ့ခြင်း ကင်းတော်မူကုန်၏။ နတ် လူတို့အကျိုးစီးပွားကို ဆောင်တော်မူတတ်သော အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’တရားတို့နှင့် ပြည့်စုံတော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်း တော်မူသော အကြင် ဂေါတမမြတ်စွာဘုရားကို (နတ် လူတို့သည်) ရှိခိုးကြကုန်၏၊ (ထိုဂေါတမမြတ်စွာဘုရားအားလည်းကောင်း၊ ထိုဝိပဿီစသော မြတ်စွာဘုရားတို့အား လည်းကောင်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း)။

၂၈၈။ ‘ယတော ဥဂ္ဂစ္ဆတိ သူရိယော, အာဒိစ္စော မဏ္ဍလီ မဟာ။

ယဿ စုဂ္ဂစ္ဆမာနဿ, သံဝရီပိ နိရုဇ္ဈတိ၊

ယဿ စုဂ္ဂတေ သူရိယေ, ‘‘ဒိဝသော’’တိ ပဝုစ္စတိ။

‘ရဟဒေါပိ တတ္ထ ဂမ္ဘီရော, သမုဒ္ဒေါ သရိတောဒကော၊

ဧဝံ တံ တတ္ထ ဇာနန္တိ, ‘‘သမုဒ္ဒေါ သရိတောဒကော’’။

‘ဣတော ‘‘သာ ပုရိမာ ဒိသာ’’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘ဂန္ဓဗ္ဗာနံ အဓိပတိ, ‘‘ဓတရဋ္ဌော’’တိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ဂန္ဓဗ္ဗေဟိ ပုရက္ခတော။

‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

‘တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တဿာ ဧဝံ ဝဒေမသေ။

‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’’။

၂၈၈။ အကြင်အရပ်မှ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်း ရှိသော နေမင်းသည် ထွက်လာ၏၊ အကြင်နေ့အဖို့၌ နေမင်းထွက်လာသည်ရှိသော် ညဥ့်သည်လည်း ကွယ်ပျောက်၏၊ အကြင်နေ့အဖို့၌ နေထွက်လာသည်ရှိသော် နေ့ဟူ၍ ဆိုအပ်၏။ ထိုနေထွက်ရာအရပ်၌ မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော စီးသွားသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေထွက်ရာအရပ်က ရေအထုကို မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အရှေ့အရပ် မည်၏၊ များသော အခြံအရံရှိသော ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော အမည်အားဖြင့် ဓတရဋ္ဌဟုခေါ်သော နတ်မင်းကြီး သည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အရှေ့အရပ်ဟု ခေါ်ပါ ကုန်၏၊ ထိုဓတရဋ္ဌနတ် မင်းကြီးသည် ဂန္ဓဗ္ဗနတ်တို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ထိုဓတရဋ္ဌနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေ ဖြစ်တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၈၉။ ‘ယေန ပေတာ ပဝုစ္စန္တိ, ပိသုဏာ ပိဋ္ဌိမံသိကာ။

ပါဏာတိပါတိနော လုဒ္ဒါ, စောရာ နေကတိကာ ဇနာ။

‘ဣတော ‘‘သာ ဒက္ခိဏာ ဒိသာ’’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘ကုမ္ဘဏ္ဍာနံ အဓိပတိ, ‘‘ဝိရူဠှော’’ ဣတိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ကုမ္ဘဏ္ဍေဟိ ပုရက္ခတော။

‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

‘တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’’။

၂၈၉။ သေပြီးသူတို့ကိုလည်းကောင်း၊ ကုန်းစကားပြောသူတို့ကိုလည်းကောင်း၊ လျှို့ ဝှက်သောအမှု ပြုသူတို့ကိုလည်းကောင်း၊ (တံစိုးစားသူတို့ကိုလည်းကောင်း) သူ့ အသက် သတ်လေ့ရှိသူတို့ကိုလည်းကောင်း၊ အလိုကြီးသူတို့ကိုလည်းကောင်း၊ ခိုးသူတို့ ကိုလည်းကောင်း၊ ကြမ်းတမ်းသောအမှု ပြုသူတို့ကိုလည်းကောင်း အကြင်အရပ်မျက်နှာ အဖို့ဖြင့် (ထုတ်လေကုန်လော့ ဟူ၍) ဆိုအပ်ကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် တောင်အရပ် မည်ပါ၏၊ များသော အခြံအရံ ရှိသော ကု မ္ဘဏ်နတ်တို့ကို အစိုးရသော အမည်အားဖြင့် ဝိရူဠှကဟုခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် တောင်အရပ် ဟူ၍ ခေါ်ပါကုန်၏၊ ထိုဝိရူဠှကနတ်မင်းကြီးသည် ကု မ္ဘဏ်နတ်တို့ ခြံရံလျက် ကခုန်သီဆို ပွဲတို့ဖြင့် မွေ့လျော်၏။ ထိုဝိရူဠှကနတ်မင်း၏ သားတို့သည် များပါကုန်၏၊ အမည်ချင်းတူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည်ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေ ဖြစ်တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၉၀။ ‘ယတ္ထ စောဂ္ဂစ္ဆတိ သူရိယော, အာဒိစ္စော မဏ္ဍလီ မဟာ။

ယဿ စောဂ္ဂစ္ဆမာနဿ, ဒိဝသောပိ နိရုဇ္ဈတိ၊

ယဿ စောဂ္ဂတေ သူရိယေ, ‘‘သံဝရီ’’တိ ပဝုစ္စတိ။

‘ရဟဒေါပိ တတ္ထ ဂမ္ဘီရော, သမုဒ္ဒေါ သရိတောဒကော၊

ဧဝံ တံ တတ္ထ ဇာနန္တိ, သမုဒ္ဒေါ သရိတောဒကော။

‘ဣတော ‘‘သာ ပစ္ဆိမာ ဒိသာ’’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘နာဂါနဉ္စ အဓိပတိ, ‘‘ဝိရူပက္ခော’’တိ နာမသော၊

ရမတီ နစ္စဂီတေဟိ, နာဂေဟေဝ ပုရက္ခတော။

‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

‘တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ’’။

၂၉၀။ အကြင်အရပ်၌ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်း ရှိသော နေမင်းသည် ဝင်၏၊ အကြင်အရပ်၌ နေဝင်သွားသည်ရှိသော် နေ့သည်လည်း ကွယ်ပျောက်၏၊ အကြင်အရပ်၌ နေဝင်သွားသည်ရှိသော် ညဥ့်ဟူ၍ ဆိုအပ်၏။ ထိုနေဝင်ရာအရပ်၌ မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေဝင်ရာအရပ်က ထိုရေအထုကို မြစ်ကြီးမြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။ ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အနောက်အရပ် မည်၏၊ များသော အခြံအရံ ရှိသော နတ်နဂါးတို့ကို အစိုးရသော အမည်အားဖြင့် ဝိရူပက္ခဟု ခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အနောက်အရပ်ဟူ၍ ခေါ်ပါကုန်၏၊ ထိုဝိရူပက္ခနတ်မင်းကြီးသည် နဂါးတို့ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့ လျော်၏။ ထိုဝိရူပက္ခနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်းတူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော”ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါ ကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၉၁။ ‘ယေန ဥတ္တရကုရုဝှေါ, မဟာနေရု သုဒဿနော။

မနုဿာ တတ္ထ ဇာယန္တိ, အမမာ အပရိဂ္ဂဟာ။

‘န တေ ဗီဇံ ပဝပန္တိ, နာပိ နီယန္တိ နင်္ဂလာ၊

အကဋ္ဌပါကိမံ သာလိံ, ပရိဘုဉ္ဇန္တိ မာနုသာ။

‘အကဏံ အထုသံ သုဒ္ဓံ, သုဂန္ဓံ တဏ္ဍုလပ္ဖလံ၊

တုဏ္ဍိကီရေ ပစိတွာန, တတော ဘုဉ္ဇန္တိ ဘောဇနံ။

‘ဂါဝိံ ဧကခုရံ ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ပသုံ ဧကခုရံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘ဣတ္ထိံ ဝါ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ပုရိသံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘ကုမာရိံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ၊

ကုမာရံ ဝါဟနံ ကတွာ, အနုယန္တိ ဒိသောဒိသံ။

‘တေ ယာနေ အဘိရုဟိတွာ,

သဗ္ဗာ ဒိသာ အနုပရိယာယန္တိ၊

ပစာရာ တဿ ရာဇိနော။

‘ဟတ္ထိယာနံ အဿယာနံ,

ဒိဗ္ဗံ ယာနံ ဥပဋ္ဌိတံ၊

ပါသာဒါ သိဝိကာ စေဝ,

မဟာရာဇဿ ယသဿိနော။

‘တဿ စ နဂရာ အဟု,

အန္တလိက္ခေ သုမာပိတာ၊

အာဋာနာဋာ ကုသိနာဋာ ပရကုသိနာဋာ,

နာဋသုရိယာ ပရကုသိဋနာဋာ။

‘ဥတ္တရေန ကသိဝန္တော,

ဇနောဃမပရေန စ၊

နဝနဝုတိယော အမ္ဗရအမ္ဗရဝတိယော,

အာဠကမန္ဒာ နာမ ရာဇဓာနီ။

‘ကုဝေရဿ ခေါ ပန, မာရိသ, မဟာရာဇဿ ဝိသာဏာ နာမ ရာဇဓာနီ၊

တသ္မာ ကုဝေရော မဟာရာဇာ, ‘‘ဝေဿဝဏော’’တိ ပဝုစ္စတိ။

‘ပစ္စေသန္တော ပကာသေန္တိ, တတောလာ တတ္တလာ တတောတလာ၊

ဩဇသိ တေဇသိ တတောဇသီ, သူရော ရာဇာ အရိဋ္ဌော နေမိ။

‘ရဟဒေါပိ တတ္ထ ဓရဏီ နာမ, ယတော မေဃာ ပဝဿန္တိ၊

ဝဿာ ယတော ပတာယန္တိ, သဘာပိ တတ္ထ သာလဝတီ နာမ။

‘ယတ္ထ ယက္ခာ ပယိရုပါသန္တိ, တတ္ထ နိစ္စဖလာ ရုက္ခာ၊

နာနာ ဒိဇဂဏာ ယုတာ, မယူရကောဉ္စာဘိရုဒါ၊

ကောကိလာဒီဟိ ဝဂ္ဂုဟိ။

‘ဇီဝဉ္ဇီဝကသဒ္ဒေတ္ထ, အထော ဩဋ္ဌဝစိတ္တကာ၊

ကုက္ကုဋကာ ကုဠီရကာ, ဝနေ ပေါက္ခရသာတကာ။

‘သုကသာဠိက သဒ္ဒေတ္ထ, ဒဏ္ဍမာဏဝကာနိ စ၊

သောဘတိ သဗ္ဗကာလံ သာ, ကုဝေရနဠိနီ သဒါ။

‘ဣတော ‘‘သာ ဥတ္တရာ ဒိသာ’’, ဣတိ နံ အာစိက္ခတီ ဇနော၊

ယံ ဒိသံ အဘိပါလေတိ, မဟာရာဇာ ယသဿိ သော။

‘ယက္ခာနဉ္စ အဓိပတိ, ‘‘ကုဝေရော’’ ဣတိ နာမသော၊

ရမတီ နစ္စဂီတေဟိ, ယက္ခေဟေဝ ပုရက္ခတော။

‘ပုတ္တာပိ တဿ ဗဟဝေါ, ဧကနာမာတိ မေ သုတံ၊

အသီတိ ဒသ ဧကော စ, ဣန္ဒနာမာ မဟဗ္ဗလာ။

‘တေ စာပိ ဗုဒ္ဓံ ဒိသွာန, ဗုဒ္ဓံ အာဒိစ္စဗန္ဓုနံ၊

ဒူရတောဝ နမဿန္တိ, မဟန္တံ ဝီတသာရဒံ။

‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ကုသလေန သမေက္ခသိ, အမနုဿာပိ တံ ဝန္ဒန္တိ၊

သုတံ နေတံ အဘိဏှသော, တသ္မာ ဧဝံ ဝဒေမသေ။

‘‘ဇိနံ ဝန္ဒထ ဂေါတမံ, ဇိနံ ဝန္ဒာမ ဂေါတမံ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဗုဒ္ဓံ ဝန္ဒာမ ဂေါတမ’’န္တိ။

၂၉၁။ အကြင်အရပ်မျက်နှာ၌ ဥတ္တရကုရုမည်သော မြောက်ကျွန်းသည် ရှိ၏၊ မြင်းမိုရ်တောင်သည် ရွှေရောင်တောက်၏၊ ထိုမြောက်ကျွန်း၌ ဖြစ်ကုန်သော လူတို့သည် ငါ၏ ဥစ္စာဟု စွဲလမ်းခြင်း မရှိကြကုန်၊ ငါ၏ မယားဟု သိမ်းပိုက်ခြင်း မရှိကြကုန်။ ထိုမြောက်ကျွန်းသူတို့သည် မျိုးစေ့ကို မစိုက်ပျိုးကြကုန်၊ ထွန်တုံးတို့ကို (လယ် သို့) မဆောင်ကုန်၊ မထွန်မယက်သော မြေပြင်၌ အလိုလိုပေါက်သော သလေးဆန်ကို စားကုန်၏။ ဆန်ကွဲမရှိ ဖွဲမရှိသော စင်ကြယ်သော ကောင်းသော အနံ့လှိုင်သော ဆန်သီးကို ထမင်းအိုး၌ ချက်၍ ထိုထမင်းအိုးမှ ထမင်းကိုသာလျှင် စားကုန်၏။ (ထိုမြောက်ကျွန်း၌ ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံတို့သည်) နွားကို မြင်း ယာဥ်ကဲ့သို့ ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ နွားမှ တစ်ပါးသော သားကောင်ကို မြင်းယာဥ်ကဲ့သို့ ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာ ကြကုန်၏။ မိန်းမကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ ယောကျာ်းကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။ လုံမပျိုကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ လုလင်ပျိုကို ယာဥ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။ ထိုဝေဿဝဏ်နတ်မင်းကြီး၏ အလုပ်အကျွေးတို့သည် ထိုယာဥ်တို့ကို စီးကုန်လျက် အရပ်မျက်နှာ အလုံးစုံတို့သို့ လှည့်လည်သွားလာကြကုန်၏။ များသော အခြံအရံရှိသော ဝေဿဝဏ်နတ်မင်းကြီးအား ဆင်ယာဥ် မြင်းယာဥ် နတ်၌ ဖြစ်သော ယာဥ်သည် ဖြစ်ပေါ်လာ၏၊ ပြာသာဒ်ထမ်းစင်တို့သည်လည်း ဖြစ်ပေါ် လာကုန်၏။ ထိုဝေဿဝဏ်နတ်မင်းကြီးအား ကောင်းကင်၌ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော အာဋာနာဋမြို့၊ ကုသိနာဋမြို့၊ ပရကုသိနာဋမြို့၊ နာဋသုရိယမြို့၊ ပရကုသိဋနာဋမြို့ တို့သည်လည်း ရှိကုန်၏။ မြောက်အရပ်၌ ကသိဝန္တမြို့၊ ဇနောဃမြို့ ရှိ၏။ ထိုမှ တစ်ပါးသော နဝနဝုတိယ မြို့၊ အမ္ဗရအမ္ဗရဝတိယမြို့သည် ရှိ၏။ အာဠကမန္ဒာမည်သော မြို့ကား မင်းနေပြည် ဖြစ်၏။ အသျှင်ဘုရား ကုဝေရနတ်မင်းကြီးအား ဝိသာဏာမည်သော မင်းနေပြည်သည် ရှိပါ၏၊ ထို့ကြောင့် ကုဝေရနတ်မင်းကြီးကို ဝေဿဝဏ်နတ်မင်းကြီးဟု ဆိုအပ်ပါ၏။ အကြင်ဘီလူးတို့သည် (သတင်းစကားကို) အသီးအသီး ရှာမှီးစုဆောင်းလျက် (ထို ဝေဿ ဝဏ်နတ်မင်းကြီးအား) ပြသပြောကြားကုန်၏၊ ထိုဘီလူးတို့သည်ကား တတောလာ, တတ္တလာ, တတောတလာ, ဩဇသိ, တေဇသိ, တတောဇသိ, သူရ, ရာဇာ, အရိဋ္ဌ, နေမိတို့တည်း။ ထိုအရပ်၌ ဓရဏီမည်သော လေးထောင့်ရေကန်ကြီးသည်လည်း ရှိပါ၏၊ အကြင် လေးထောင့်ရေကန်ကြီးမှ (ရေကို ယူ၍) မိုးတို့သည် ရွာပါကုန်၏၊ (မိုးရွာလတ်သော်) အကြင်လေးထောင့်ရေကန်ကြီးမှ မိုးရေဟောင်းတို့သည် လျှံထွက်ပါကုန်၏၊ ထို လေးထောင့်ရေကန်ကြီး အနီး၌ သာလဝတီမည်သော ရတနာမဏ္ဍပ်သည်လည်း ရှိပါ၏။ အကြင်အရပ်၌ ဘီလူးတို့သည် စည်းဝေးပါကုန်၏၊ ထိုအရပ်၌ အမြဲတမ်း သီးပွင့်သော သစ်ပင်များ ရှိပါကုန်၏၊ အမျိုးမျိုးသော ငှက်အုပ်တို့၏ ပျံသန်းလှည့်လည် ခြင်းတို့ဖြင့် ပြွမ်းလျက် ရှိပါကုန်၏၊ အသံသာကုန်သော ဥဒေါင်း ကြိုးကြာနှင့် ဥဩငှက်စသည်တို့သည် မြည်တွန် ကြွေးကြော်ကြပါကုန်၏။ ဤလေးထောင့်ရေကန်ကြီး၌ “အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ”ဟု မြည်တမ်းသော (ဇီဝဇိုး) ငှက်သံ ရှိပါ၏၊ ထိုမှတစ်ပါး “ဥဋ္ဌေဟိ စိတ္တ ဥဋ္ဌေဟိ စိတ္တ”ဟု မြည်သော ငှက်တို့လည်း ရှိပါကုန်၏၊ တောကြက် ရွှေပုစွန်လုံးတို့လည်း ရှိပါကုန်၏၊ ကြာတော၌ ပေါက္ခရသာတကမည်သော ငှက်တို့လည်း ရှိပါကုန်၏။ ဤလေးထောင့်ရေကန်ကြီး၌ ကျေး သာလိကာတို့၏ မြည်သံများလည်း ရှိပါကုန်၏၊ လူ၏ မျက်နှာကဲ့သို့ မျက်နှာရှိသော တုတ်ထောက်ငှက်တို့လည်း ရှိပါကုန်၏၊ ကုဝေရ နတ်မင်း၏ ကြာပဒုမ္မာအိုင်ဖြစ်သော ထိုဓရဏီရေကန်ကြီးသည် အခါခပ်သိမ်း တင့်တယ် ပါ၏။ ထိုအရပ်သည် ဤစည်းဝေးရာအရပ်မှ မြောက်အရပ် မည်ပါ၏၊ များသော အခြံအရံ ရှိသော ဘီလူးတို့ကို အစိုးရသော အမည်အားဖြင့် ကုဝေရဟု ခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူအများတို့သည် မြောက်အရပ်ဟု ခေါ်ပါကုန်၏၊ ထိုကုဝေရနတ်မင်းကြီးသည် ဘီလူးတို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။ ထိုကုဝေရနတ်မင်းကြီး၏ သားတို့သည် များကုန်၏၊ အမည်ချင်းတူပါကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။ ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတ ဉာဏ်တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထိုအသျှင်ဘုရားကို ရှိခိုးပါကုန်၏။ “သင်တို့သည် မာရ်ငါးပါးကို အောင်မြင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် “မာရ်ငါးပါးကို အောင်မြင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏”ဟု ဆိုပါကုန်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာလေးပါးကို ပိုင်းခြား၍ သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့ သည် ရှိခိုးပါကုန်၏ဟု (ရွတ်ဆို လျှောက်ထား၏)။

၂၉၂။ ‘အယံ ခေါ သာ, မာရိသ, အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယ။ ယဿ ကဿစိ, မာရိသ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ဥပါသကဿ ဝါ ဥပါသိကာယ ဝါ အယံ အာဋာနာဋိယာ ရက္ခာ သုဂ္ဂဟိတာ ဘဝိဿတိ သမတ္တာ ပရိယာပုတာ တံ စေ အမနုဿော ယက္ခော ဝါ ယက္ခိနီ ဝါ…ပေ… ဂန္ဓဗ္ဗော ဝါ ဂန္ဓဗ္ဗီ ဝါ…ပေ… ကုမ္ဘဏ္ဍော ဝါ ကုမ္ဘဏ္ဍီ ဝါ…ပေ… နာဂေါ ဝါ နာဂီ ဝါ နာဂပေါတကော ဝါ နာဂပေါတိကာ ဝါ နာဂမဟာမတ္တော ဝါ နာဂပါရိသဇ္ဇော ဝါ နာဂပစာရော ဝါ, ပဒုဋ္ဌစိတ္တော ဘိက္ခုံ ဝါ ဘိက္ခုနိံ ဝါ ဥပါသကံ ဝါ ဥပါသိကံ ဝါ ဂစ္ဆန္တံ ဝါ အနုဂစ္ဆေယျ, ဌိတံ ဝါ ဥပတိဋ္ဌေယျ, နိသိန္နံ ဝါ ဥပနိသီဒေယျ, နိပန္နံ ဝါ ဥပနိပဇ္ဇေယျ။ န မေ သော, မာရိသ, အမနုဿော လဘေယျ ဂါမေသု ဝါ နိဂမေသု ဝါ သက္ကာရံ ဝါ ဂရုကာရံ ဝါ။ န မေ သော, မာရိသ, အမနုဿော လဘေယျ အာဠကမန္ဒာယ နာမ ရာဇဓာနိယာ ဝတ္ထုံ ဝါ ဝါသံ ဝါ။ န မေ သော, မာရိသ, အမနုဿော လဘေယျ ယက္ခာနံ သမိတိံ ဂန္တုံ။ အပိဿု နံ, မာရိသ, အမနုဿာ အနာဝယှမ္ပိ နံ ကရေယျုံ အဝိဝယှံ။ အပိဿု နံ, မာရိသ, အမနုဿာ အတ္တာဟိ ပရိပုဏ္ဏာဟိ ပရိဘာသာဟိ ပရိဘာသေယျုံ။ အပိဿု နံ, မာရိသ, အမနုဿာ ရိတ္တံပိဿ ပတ္တံ သီသေ နိက္ကုဇ္ဇေယျုံ။ အပိဿု နံ, မာရိသ, အမနုဿာ သတ္တဓာပိဿ မုဒ္ဓံ ဖာလေယျုံ။ သန္တိ ဟိ, မာရိသ, အမနုဿာ စဏ္ဍာ ရုဒ္ဓါ ရဘသာ, တေ နေဝ မဟာရာဇာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, အမနုဿာ မဟာရာဇာနံ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ သေယျထာပိ, မာရိသ, ရညော မာဂဓဿ ဝိဇိတေ မဟာစောရာ။ တေ နေဝ ရညော မာဂဓဿ အာဒိယန္တိ, န ရညော မာဂဓဿ ပုရိသကာနံ အာဒိယန္တိ, န ရညော မာဂဓဿ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, မဟာစောရာ ရညော မာဂဓဿ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ ဧဝမေဝ ခေါ, မာရိသ, သန္တိ အမနုဿာ စဏ္ဍာ ရုဒ္ဓါ ရဘသာ, တေ နေဝ မဟာရာဇာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ အာဒိယန္တိ, န မဟာရာဇာနံ ပုရိသကာနံ ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ, မာရိသ, အမနုဿာ မဟာရာဇာနံ အဝရုဒ္ဓါ နာမ ဝုစ္စန္တိ။ ယော ဟိ ကောစိ, မာရိသ, အမနုဿော ယက္ခော ဝါ ယက္ခိနီ ဝါ…ပေ… ဂန္ဓဗ္ဗော ဝါ ဂန္ဓဗ္ဗီ ဝါ…ပေ… ကုမ္ဘဏ္ဍော ဝါ ကုမ္ဘဏ္ဍီ ဝါ…ပေ… နာဂေါ ဝါ နာဂီ ဝါ…ပေ… ပဒုဋ္ဌစိတ္တော ဘိက္ခုံ ဝါ ဘိက္ခုနိံ ဝါ ဥပါသကံ ဝါ ဥပါသိကံ ဝါ ဂစ္ဆန္တံ ဝါ ဥပဂစ္ဆေယျ, ဌိတံ ဝါ ဥပတိဋ္ဌေယျ, နိသိန္နံ ဝါ ဥပနိသီဒေယျ, နိပန္နံ ဝါ ဥပနိပဇ္ဇေယျ။ ဣမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ ဥဇ္ဈာပေတဗ္ဗံ ဝိက္ကန္ဒိတဗ္ဗံ ဝိရဝိတဗ္ဗံ – ‘အယံ ယက္ခော ဂဏှာတိ, အယံ ယက္ခော အာဝိသတိ, အယံ ယက္ခော ဟေဌေတိ, အယံ ယက္ခော ဝိဟေဌေတိ, အယံ ယက္ခော ဟိံသတိ, အယံ ယက္ခော ဝိဟိံသတိ, အယံ ယက္ခော န မုဉ္စတီ’တိ။

၂၉၂။ အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့် အရှောက်ဖြစ်ခြင်းငှါ မပင်ပန်း မဆင်းရဲခြင်းငှါ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်ပါ၏။ အသျှင်ဘုရား တစ်စုံတစ်ယောက်သော ရဟန်းယောကျာ်းသည်လည်းကောင်း၊ ရဟန်းမိန်းမသည် လည်းကောင်း၊ ဥပါသကာယောကျာ်းသည်လည်းကောင်း၊ ဥပါသိကာမိန်းမသည်လည်းကောင်း၊ ဤအာဋာနာဋိယပရိတ်အရံ အတားကို ကောင်းစွာ သင်ယူအပ်သော် ပြည့်စုံစွာ အဖန်ဖန် လေ့လာအပ်သော် လူမဟုတ်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း။ပ။ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည်လည်းကောင်း။ပ။ ကု မ္ဘဏ်သည်လည်းကောင်း၊ ကု မ္ဘဏ်မသည်လည်းကောင်း။ပ။ နဂါး သည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါးကလေးသည်လည်းကောင်း၊ နဂါးမကလေးသည် လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြံအရံနဂါးသည်လည်းကောင်း၊ အလုပ်အကျွေး နဂါး သည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောကျာ်းကိုသော်လည်းကောင်း၊ ရဟန်း မိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောကျာ်းကိုသော်လည်းကောင်း၊ ဥပါသိကာမိန်းမကိုသော် လည်း ကောင်း သွားနေစဥ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဥ် ကပ်၍ ရပ်ငြားအံ့၊ ထိုင်နေစဥ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဥ် ကပ်၍ အိပ်ငြားအံ့။ အသျှင်ဘုရား ဤဘီလူးသည် ရွာတို့၌လည်းကောင်း၊ နိဂုံးတို့၌ လည်းကောင်း၊ အရိုအသေပြုခြင်းကိုလည်းကောင်း၊ အလေးအမြတ်ပြု ခြင်းကိုလည်းကောင်း မရရာ။ အသျှင် ဘုရား ဤဘီလူးသည် အာဠကမန္ဒာ မင်းနေပြည်၌ ဗိမာန်အိမ်ရာကိုလည်းကောင်း၊ အမြဲနေခြင်းကိုလည်း ကောင်း မရရာ။ အသျှင်ဘုရား ဤဘီလူးသည် ဘီလူးတို့၏ အစည်းအဝေးသို့့တက်ခွင့်ကို မရရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သမီးယူဆောင်၍ လက်ထပ်ခြင်း သမီးပေး၍ လက်ထပ် ခြင်းကိုလည်း မပြုကြကုန်ရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက (မျက်လုံးပြူးသူ သွားခေါ သူ စသည်ဖြင့်) ကိုယ်နှင့် စပ်ကုန်သော ဘီလူးတို့၏ ဆဲရေးခြင်းမျိုးစုံတို့ဖြင့် ဆဲရေးလည်း ဆဲရေးကုန် ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သူ၏ဦးခေါင်း၌ သံခွက်လွတ်ကို မှောက်ထား လည်း မှောက်ထားကုန်ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သူ၏ ဦးခေါင်းကို ခုနစ် စိတ်မူလည်း ခွဲကုန်ရာ၏။ အသျှင်ဘုရား အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူး တို့သည် ရှိပါကုန်၏၊ ထိုဘီလူးကြီးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်း ကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်၊ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးများက နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူများဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင်ဘုရား ဥပမာအားဖြင့် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ နိုင်ငံ၌ ခိုးသူကြီးတို့ ရှိပါကုန်၏၊ ထိုခိုးသူကြီးတို့သည် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ (စကားကို) မနာယူကြပါကုန်၊ မဂဓ တိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူ ကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်၊ အသျှင်ဘုရား ထိုခိုးသူ ကြီးတို့ကို မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏၊ အသျှင် ဘုရား ဤအတူ အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူးတို့ သည် ရှိပါကုန်၏၊ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်း တို့၏ (စကားကို) မနာယူကြပါကုန်၊ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးတို့က နတ်မင်းကြီး တို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင်ဘုရား တစ်စုံတစ်ယောက်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း။ပ။ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည်လည်းကောင်း။ပ။ ကု မ္ဘဏ်သည်လည်းကောင်း၊ ကု မ္ဘဏ်မ သည်လည်းကောင်း။ပ။ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း။ပ။ ဖျက်ဆီးလိုသော စိတ်ရှိ သည်ဖြစ်၍ ရဟန်းယောကျာ်းကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာ ယောကျာ်းကိုသော်လည်းကောင်း၊ ဥပါသိကာမိန်းမကိုသော်လည်းကောင်း သွားနေစဥ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဥ် ကပ်၍ ရပ်ငြားအံ့၊ ထိုင်နေစဥ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဥ် ကပ်၍ အိပ်ငြားအံ့၊ ဤနတ် များ ဘီလူးများ ဤနတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ “ဤဘီလူးသည် (ဤသူကို) ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဥ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲစေ၏၊ ဤဘီလူးသည် ပင်ပန်းစေ၏၊ ဤဘီလူးသည် မလွှတ်လို”ဟု သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏။

စာ-၁၇၃

၂၉၃။ ‘ကတမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ?

‘ဣန္ဒော သောမော ဝရုဏော စ, ဘာရဒွါဇော ပဇာပတိ၊

စန္ဒနော ကာမသေဋ္ဌော စ, ကိန္နုဃဏ္ဍု နိဃဏ္ဍု စ။

‘ပနာဒေါ ဩပမညော စ, ဒေဝသူတော စ မာတလိ၊

စိတ္တသေနော စ ဂန္ဓဗ္ဗော, နဠော ရာဇာ ဇနေသဘော။

‘သာတာဂိရော ဟေဝမတော, ပုဏ္ဏကော ကရတိယော ဂုဠော၊

သိဝကော မုစလိန္ဒော စ, ဝေဿာမိတ္တော ယုဂန္ဓရော။

‘ဂေါပါလော သုပ္ပရောဓော စ, ဟိရိ နေတ္တိ စ မန္ဒိယော၊

ပဉ္စာလစဏ္ဍော အာဠဝကော, ပဇ္ဇုန္နော သုမနော သုမုခေါ၊

ဒဓိမုခေါ မဏိ မာဏိဝရော ဒီဃော, အထော သေရီသကော သဟ။

‘ဣမေသံ ယက္ခာနံ မဟာယက္ခာနံ သေနာပတီနံ မဟာသေနာပတီနံ ဥဇ္ဈာပေတဗ္ဗံ ဝိက္ကန္ဒိတဗ္ဗံ ဝိရဝိတဗ္ဗံ – ‘‘အယံ ယက္ခော ဂဏှာတိ, အယံ ယက္ခော အာဝိသတိ, အယံ ယက္ခော ဟေဌေတိ, အယံ ယက္ခော ဝိဟေဌေတိ, အယံ ယက္ခော ဟိံသတိ, အယံ ယက္ခော ဝိဟိံသတိ, အယံ ယက္ခော န မုဉ္စတီ’’တိ။ အယံ ခေါ, မာရိသ, အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယ။ ဟန္ဒ စ ဒါနိ မယံ, မာရိသ, ဂစ္ဆာမ, ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’’တိ။ ‘‘‘ယဿ ဒါနိ တုမှေ မဟာရာဇာနော ကာလံ မညထာ’’’တိ။

၂၉၃။ အဘယ်မည်သော နတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာ ပတိကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်သနည်းဟူမူ - ဣန္ဒ, သောမ, ဝရုဏ, ဘာရဒွါဇ, ပဇာပတိ, စန္ဒန, ကာမသေဋ္ဌ, ကိန္နုဃဏ္ဍု, နိဃဏ္ဍု။ ပနာဒ, ဩပမည, နတ်တို့တမန် မာတလိ, ဂန္ဓဗ္ဗ တောင်၌ နေကုန်သော စိတ္တသေန, နဠောရာဇာ, ဇနေသဘ။ သာတာဂီရ, ဟေမဝတ, ပုဏ္ဏက, ကရတိယ, ဂုဠ, သိဝက, မုစလိန္ဒ, ဝေဿာ မိတ္တ, ယုဂန္ဓရ။ ဂေါပါလ, သုပ္ပရောဓ, ဟိရိ, နေတ္တိ, မန္ဒိယ။ ပဉ္စာလစဏ္ဍ, အာဠဝ-ညဝက, ပဇ္ဇုန္န, သုမန, သုမုခ, ဒဓိမုခ, မဏိ, မာဏိဝရ, ဒီဃဟူသော ဘီလူးများ နတ်များနှင့်တကွ သေရီသကနတ်တို့တည်း။ ဤနတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီး များတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ “ဤဘီလူးသည် (ဤသူကို) ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဥ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲစေ၏၊ ဤဘီလူးသည် ပင်ပန်းစေ၏၊ ဤဘီလူးသည် မလွှတ်လို”ဟု သိစေအပ် တိုင်တန်းအပ် ပြောကြား အပ်၏။ အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာ ယောကျာ်း ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်အလို့ငှါ မပင်ပန်း မဆင်းရဲစေခြင်းငှါ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်ပါ၏။ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ် တို့သည် ကိစ္စများကုန်၏၊ အကျွန်ုပ်တို့သည် ပြုဖွယ်များပါကုန်၏ ဟူ၍ (လျှောက်ထား၏)။ နတ်မင်းကြီးတို့ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့ သိကုန်၏ (သွားရန်မှာ သင်တို့၏ အလို အတိုင်းပင် ဖြစ်၏)ဟု (ငါ မိန့်ဆို၏)။

၂၉၄။ ‘‘အထ ခေါ, ဘိက္ခဝေ, စတ္တာရော မဟာရာဇာ ဥဋ္ဌာယာသနာ မံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိံသု။ တေပိ ခေါ, ဘိက္ခဝေ, ယက္ခာ ဥဋ္ဌာယာသနာ အပ္ပေကစ္စေ မံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ မယာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ ယေနာဟံ တေနဉ္ဇလိံ ပဏာမေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ တတ္ထေဝန္တရဓာယိံသု။ အပ္ပေကစ္စေ တုဏှီဘူတာ တတ္ထေဝန္တရဓာယိံသု။

၂၉၄။ ရဟန်းတို့ ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် နေရာမှ ထကာ ငါ့ကို ရိုသေစွာ ရှိခိုး လျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ကုန်၏။ ရဟန်းတို့ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် နေရာမှ ထကုန်၍ ငါ့ကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ကုန်၏၊ အချို့နတ် တို့သည် ငါနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကား ကို ပြောဆိုပြီး၍ ထိုအရပ်၌ပင် ကွယ်ကုန်၏၊ အချို့နတ်တို့သည် ငါ့ဆီသို့ လက်အုပ်ချီမိုး ရှိခိုးကြလျက် ထိုအရပ်၌ပင် ကွယ်ကုန်၏၊ အချို့နတ်တို့သည် (မိမိတို့) အမည် အနွယ်များကို ပြောကြား၍ ထိုအရပ်၌ပင် ကွယ်ကုန်၏၊ အချို့နတ်တို့သည် တိတ်ဆိတ်စွာ ထိုအရပ်၌ပင် ကွယ်ကုန်၏။

စာ-၁၇၄

၂၉၅။ ‘‘ဥဂ္ဂဏှာထ, ဘိက္ခဝေ, အာဋာနာဋိယံ ရက္ခံ။ ပရိယာပုဏာထ, ဘိက္ခဝေ, အာဋာနာဋိယံ ရက္ခံ။ ဓာရေထ, ဘိက္ခဝေ, အာဋာနာဋိယံ ရက္ခံ။ အတ္ထသံဟိတာ [အတ္ထသံဟိတာယံ (သျာ။)], ဘိက္ခဝေ, အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယာ’’တိ။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ နဝမံ။

၂၉၅။ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယ မည်သော ပရိတ်အရံအတားကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံ အတားသည် အကျိုးစီးပွါးနှင့် စပ်၏၊ အာဋာနာဋိယမည်သော ပရိတ်အရံအတားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်ဖြစ်ခြင်းငှါ မဆင်းရဲမပင်ပန်းခြင်းငှါ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဤတရားတော်ကို မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော် မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။ ကိုးခုမြောက် အာဋာနာဋိယသုတ် ပြီး၏။

“Mendicants, learn the Āṭānāṭiya protection! Memorize the Āṭānāṭiya protection! Remember the Āṭānāṭiya protection! The Āṭānāṭiya protection is beneficial, and is for the guarding, protection, safety, and comfort of the monks, nuns, laymen, and laywomen.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

စာ-၁၇၅

၁၀။ သင်္ဂီတိသုတ္တံ

၂၉၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ ယေန ပါဝါ နာမ မလ္လာနံ နဂရံ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ပါဝါယံ ဝိဟရတိ စုန္ဒဿ ကမ္မာရပုတ္တဿ အမ္ဗဝနေ။

၁၀-သင်္ဂီတိသုတ် ၂၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီကြွတော်မူသော် မလ္လတိုင်း ပါဝါမည်သော ပြည်သို့ ရောက်တော်မူ၍ ထိုပါဝါပြည်၌ ရွှေပန်းထိမ် သည်သား စုန္ဒ၏ သရက်ဥယျာဥ်၌ သီတင်းသုံးနေတော်မူ၏။ မင်းကွန်းသစ်

Long Discourses 33 Reciting in Concert So I have heard. At one time the Buddha was wandering in the land of the Mallas together with a large Saṅgha of five hundred mendicants when he arrived at a Mallian town named Pāvā. There he stayed in Cunda the smith’s mango grove.

ဥဗ္ဘတကနဝသန္ဓာဂါရံ

၂၉၇။ တေန ခေါ ပန သမယေန ပါဝေယျကာနံ မလ္လာနံ ဥဗ္ဘတကံ နာမ နဝံ သန္ဓာဂါရံ [သန္ထာဂါရံ (သီ။ ပီ။), သဏ္ဌာဂါရံ (သျာ။ ကံ။)] အစိရကာရိတံ ဟောတိ အနဇ္ဈာဝုဋ္ဌံ [အနဇ္ဈာဝုတ္ထံ (သီ။ သျာ။ ပီ။ က။)] သမဏေန ဝါ ဗြာဟ္မဏေန ဝါ ကေနစိ ဝါ မနုဿဘူတေန။ အဿောသုံ ခေါ ပါဝေယျကာ မလ္လာ – ‘‘ဘဂဝါ ကိရ မလ္လေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ ပါဝံ အနုပ္ပတ္တော ပါဝါယံ ဝိဟရတိ စုန္ဒဿ ကမ္မာရပုတ္တဿ အမ္ဗဝနေ’’တိ။ အထ ခေါ ပါဝေယျကာ မလ္လာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ ပါဝေယျကာ မလ္လာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, ပါဝေယျကာနံ မလ္လာနံ ဥဗ္ဘတကံ နာမ နဝံ သန္ဓာဂါရံ အစိရကာရိတံ ဟောတိ အနဇ္ဈာဝုဋ္ဌံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ကေနစိ ဝါ မနုဿဘူတေန။ တဉ္စ ခေါ, ဘန္တေ, ဘဂဝါ ပဌမံ ပရိဘုဉ္ဇတု, ဘဂဝတာ ပဌမံ ပရိဘုတ္တံ ပစ္ဆာ ပါဝေယျကာ မလ္လာ ပရိဘုဉ္ဇိဿန္တိ။ တဒဿ ပါဝေယျကာနံ မလ္လာနံ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။ အဓိဝါသေသိ ခေါ ဘဂဝါ တုဏှီဘာဝေန။

၂၉၇။ ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့၏ မင်းကွန်းအသစ်သည် ရှိ၏၊ (ထိုမင်းကွန်း၌) သမဏ သည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း တစ်စုံတစ်ယောက်သောသူသည် မနေဖူးသေး၊ ပြုလုပ် ပြီး၍ မကြာသေး၊ ဥ ဗ္ဘတကအမည် ရှိ၏။ “မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ ကြွတော်မူရာ ပါဝါပြည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ သရက်ဥယျာဥ်၌ နေတော်မူ၏”ဟု ပါဝါပြည်သား မလ္လာမင်းတို့သည် ကြားကုန်၏။ ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ပါဝါပြည်သား မလ္လာ မင်းတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ - “မြတ်စွာဘုရား ဤအရပ်၌ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း တစ်စုံ တစ်ယောက်သောသူသည် မနေဖူးသေးသော ပြုလုပ်ပြီး၍ မကြာသေးသော အလွန်မြင့်သော ပါဝါပြည် သား မလ္လာမင်းတို့၏ မင်းကွန်းအသစ်သည် ရှိပါ၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုမင်းကွန်း အသစ်ကို ရှေးဦးစွာ သုံးဆောင်တော်မူပါ၊ မြတ်စွာဘုရားသည် ရှေးဦးစွာ သုံးဆောင်ပြီးသော မင်းကွန်း အသစ်ကို ပါဝါပြည်သား မလ္လာမင်းတို့သည် နောက်မှ သုံးဆောင်ကြပါလိမ့်မည်၊ ထိုမြတ်စွာဘုရား သုံး ဆောင်တော်မူခြင်းသည် ပါဝါပြည်သား မလ္လာမင်းတို့၏ ရှည်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏”ဟု (လျှောက်ကုန်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

Now at that time a new town hall named Ubbhaṭaka had recently been constructed for the Mallas of Pāvā. It had not yet been occupied by an ascetic or brahmin or any human at all. The Mallas of Pāvā also heard that the Buddha had arrived and was staying in Cunda’s mango grove. Then they went up to the Buddha, bowed, sat down to one side, and said to him, “Sir, a new town hall named Ubbhaṭaka has recently been constructed for the Mallas of Pāvā. It has not yet been occupied by an ascetic or brahmin or any human at all. May the Buddha be the first to use it, and only then will the Mallas of Pāvā use it. That would be for the lasting welfare and happiness of the Mallas of Pāvā.” The Buddha consented in silence.

၂၉၈။ အထ ခေါ ပါဝေယျကာ မလ္လာ ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန သန္ဓာဂါရံ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သဗ္ဗသန္ထရိံ [သဗ္ဗသန္ထရိံ သန္ထတံ (က။)] သန္ဓာဂါရံ သန္ထရိတွာ ဘဂဝတော အာသနာနိ ပညာပေတွာ ဥဒကမဏိကံ ပတိဋ္ဌပေတွာ တေလပဒီပံ အာရောပေတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ တေ ပါဝေယျကာ မလ္လာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘သဗ္ဗသန္ထရိသန္ထတံ [သဗ္ဗသန္ထရိံ သန္ထတံ (သီ။ ပီ။ က။)], ဘန္တေ, သန္ဓာဂါရံ, ဘဂဝတော အာသနာနိ ပညတ္တာနိ, ဥဒကမဏိကော ပတိဋ္ဌာပိတော, တေလပဒီပေါ အာရောပိတော။ ယဿဒါနိ, ဘန္တေ, ဘဂဝါ ကာလံ မညတီ’’တိ။

၂၉၈။ ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ မင်းကွန်းအသစ်ဆီသို့ ချဥ်းကပ် ကြပြီးသော် မင်းကွန်းအသစ်၌ ခင်းနှီးအပြည့် ခင်း၍ မြတ်စွာဘုရား၏ ထိုင်နေစရာတို့ကို ချခင်း၍ ရေပြည့်အိုးကြီးကို တည်ထား၍ ဆီမီးတင်ထား၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြန်ကုန်၏၊ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်ပြီးသော် ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာ ဘုရားအား ဤစကားကို လျှောက်ကုန်၏။ “အသျှင်ဘုရား မင်းကွန်း၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ ထိုင်နေစရာတို့ကိုလည်း ချခင်းပြီး ပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း တင်ထားပြီးပါပြီ၊ အသျှင်ဘုရား ယခုအခါ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု (လျှောက်ကုန်၏)။

Then, knowing that the Buddha had consented, the Mallas got up from their seat, bowed and respectfully circled the Buddha, keeping him on their right. Then they went to the new town hall, where they spread carpets all over, prepared seats, set up a water jar, and placed an oil lamp. Then they went back to the Buddha, bowed, stood to one side, and told him of their preparations, saying, “Please, sir, come at your convenience.”

စာ-၁၇၆

၂၉၉။ အထ ခေါ ဘဂဝါ နိဝါသေတွာ ပတ္တစီဝရမာဒါယ သဒ္ဓိံ ဘိက္ခုသံဃေန ယေန သန္ဓာဂါရံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပါဒေ ပက္ခာလေတွာ သန္ဓာဂါရံ ပဝိသိတွာ မဇ္ဈိမံ ထမ္ဘံ နိဿာယ ပုရတ္ထာဘိမုခေါ နိသီဒိ။ ဘိက္ခုသံဃောပိ ခေါ ပါဒေ ပက္ခာလေတွာ သန္ဓာဂါရံ ပဝိသိတွာ ပစ္ဆိမံ ဘိတ္တိံ နိဿာယ ပုရတ္ထာဘိမုခေါ နိသီဒိ ဘဂဝန္တံယေဝ ပုရက္ခတွာ။ ပါဝေယျကာပိ ခေါ မလ္လာ ပါဒေ ပက္ခာလေတွာ သန္ဓာဂါရံ ပဝိသိတွာ ပုရတ္ထိမံ ဘိတ္တိံ နိဿာယ ပစ္ဆိမာဘိမုခါ နိသီဒိံသု ဘဂဝန္တံယေဝ ပုရက္ခတွာ။ အထ ခေါ ဘဂဝါ ပါဝေယျကေ မလ္လေ ဗဟုဒေဝ ရတ္တိံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥယျောဇေသိ – ‘‘အဘိက္ကန္တာ ခေါ, ဝါသေဋ္ဌာ, ရတ္တိ။ ယဿဒါနိ တုမှေ ကာလံ မညထာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ ပါဝေယျကာ မလ္လာ ဘဂဝတော ပဋိဿုတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမိံသု။

၂၉၉။ ထိုအခါ မြတ်စွာဘုရားသည် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ မင်းကွန်းဆီသို့ ချဥ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ မင်းကွန်းသို့ဝင်ပြီးသော် အလယ်တိုင်ကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏။ ရဟန်းသံဃာသည်လည်း ခြေဆေး၍ မင်းကွန်းသို့ ဝင်ပြီးလျှင် အနောက်ဘက်နံရံကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာ ရှေ့ထား၍ ထိုင်နေ၏။ ပါဝါပြည်သား မလ္လာမင်းတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ဝင်ကုန်ပြီးသော် အရှေ့ဘက် နံရံကို မှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပါဝါပြည်သား မလ္လာမင်းတို့ကို များစွာသော ညဥ့်အချိန်ပတ်လုံး အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေပြီးနောက် တိုက်တွန်းတော်မူ၏ - “ဝါသေဋ္ဌအနွယ် မလ္လာမင်းတို့ ညဥ့်ဦးယံ အချိန်လွန်ပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိ ကုန်၏ (သွားရန်မှာ သင်တို့အလိုအတိုင်းပင်ဖြစ်၏)”ဟု (တိုက်တွန်းတော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရားအား ဝန်ခံ၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားကြကုန်၏။

Then the Buddha robed up and, taking his bowl and robe, went to the new town hall together with the Saṅgha of mendicants. Having washed his feet, he entered the town hall and sat against the central column facing east. The Saṅgha of mendicants also washed their feet, entered the town hall, and sat against the west wall facing east, with the Buddha right in front of them. The Mallas of Pāvā also washed their feet, entered the town hall, and sat against the east wall facing west, with the Buddha right in front of them. The Buddha spent much of the night educating, encouraging, firing up, and inspiring the Mallas with a Dhamma talk. Then he sent them off, “The night is getting late, Vāseṭṭhas. Please go at your convenience.” “Yes, sir,” replied the Mallas. They got up from their seat, bowed and respectfully circled the Buddha, keeping him on their right, before leaving.

၃၀၀။ အထ ခေါ ဘဂဝါ အစိရပက္ကန္တေသု ပါဝေယျကေသု မလ္လေသု တုဏှီဘူတံ တုဏှီဘူတံ ဘိက္ခုသံဃံ အနုဝိလောကေတွာ အာယသ္မန္တံ သာရိပုတ္တံ အာမန္တေသိ – ‘‘ဝိဂတထိနမိဒ္ဓေါ [ဝိဂတထီနမိဒ္ဓေါ (သီ။ သျာ။ ကံ။ ပီ။)] ခေါ, သာရိပုတ္တ, ဘိက္ခုသံဃော။ ပဋိဘာတု တံ, သာရိပုတ္တ, ဘိက္ခူနံ ဓမ္မီကထာ။ ပိဋ္ဌိ မေ အာဂိလာယတိ။ တမဟံ အာယမိဿာမီ’’တိ [အာယမေယျာမီတိ (သျာ။ ကံ။)]။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝတော ပစ္စဿောသိ။ အထ ခေါ ဘဂဝါ စတုဂ္ဂုဏံ သံဃာဋိံ ပညပေတွာ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေသိ ပါဒေ ပါဒံ အစ္စာဓာယ, သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိ ကရိတွာ။

၃၀၀။ ထိုအခါ မြတ်စွာဘုရားသည် ပါဝါပြည်သား မလ္လာမင်းတို့ ဖဲခွါသွား၍ မကြာမီ ဆိတ်ဆိတ် နေသော ရဟန်းသံဃာကို တစောင်းကြည့်ရှုတော်မူ၍ အသျှင်သာရိပုတြာကို မိန့်တော်မူ၏ - သာရိပုတြာ ရဟန်းသံဃာသည် ထိုင်းမှိုင်းခြင်းကင်း၏၊ သာရိပုတြာ (သင့်ဉာဏ်၌) ရဟန်း တို့အား တရားစကားသည် ထင်စေလော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်း၏၊ ငါသည် ကျောက် ကုန်းဆန့်အံ့”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ စကားကို နာခံ၏။ ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်ကာ ခင်း၍ (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဥ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌) ထအံ့ဟု ပိုင်းခြားလျက် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ ဘိန္နနိဂဏ္ဌဝတ္ထု

Soon after they left, the Buddha looked around the Saṅgha of mendicants, who were so very silent. He addressed Venerable Sāriputta, “Sāriputta, the Saṅgha of mendicants is rid of dullness and drowsiness. Give them some Dhamma talk as you feel inspired. My back is sore, I’ll stretch it.” “Yes, sir,” Sāriputta replied. And then the Buddha spread out his outer robe folded in four and laid down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up.

ဘိန္နနိဂဏ္ဌဝတ္ထု

၃၀၁။ တေန ခေါ ပန သမယေန နိဂဏ္ဌော နာဋပုတ္တော ပါဝါယံ အဓုနာကာလင်္ကတော ဟောတိ။ တဿ ကာလင်္ကိရိယာယ ဘိန္နာ နိဂဏ္ဌာ ဒွေဓိကဇာတာ [ဒ္ဓေဠှကဇာတာ (သျာ။ ကံ။)] ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ [ဝိစရန္တိ (သျာ။ ကံ။)] – ‘‘န တွံ ဣမံ ဓမ္မဝိနယံ အာဇာနာသိ, အဟံ ဣမံ ဓမ္မဝိနယံ အာဇာနာမိ, ကိံ တွံ ဣမံ ဓမ္မဝိနယံ အာဇာနိဿသိ! မိစ္ဆာပဋိပန္နော တွမသိ, အဟမသ္မိ သမ္မာပဋိပန္နော။ သဟိတံ မေ, အသဟိတံ တေ။ ပုရေဝစနီယံ ပစ္ဆာ အဝစ, ပစ္ဆာဝစနီယံ ပုရေ အဝစ။ အဓိစိဏ္ဏံ တေ ဝိပရာဝတ္တံ, အာရောပိတော တေ ဝါဒေါ, နိဂ္ဂဟိတော တွမသိ, စရ ဝါဒပ္ပမောက္ခာယ, နိဗ္ဗေဌေဟိ ဝါ သစေ ပဟောသီ’’တိ။ ဝဓောယေဝ ခေါ မညေ နိဂဏ္ဌေသု နာဋပုတ္တိယေသု ဝတ္တတိ။ ယေပိ [ယေပိ တေ (သီ။ ပီ။)] နိဂဏ္ဌဿ နာဋပုတ္တဿ သာဝကာ ဂိဟီ ဩဒါတဝသနာ, တေပိ နိဂဏ္ဌေသု နာဋပုတ္တိယေသု နိဗ္ဗိန္နရူပါ ဝိရတ္တရူပါ ပဋိဝါနရူပါ, ယထာ တံ ဒုရက္ခာတေ ဓမ္မဝိနယေ ဒုပ္ပဝေဒိတေ အနိယျာနိကေ အနုပသမသံဝတ္တနိကေ အသမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတေ ဘိန္နထူပေ အပ္ပဋိသရဏေ။

၃၀၁။ ထိုအခါ (ပါဝါပြည်၌) နာဋ၏သား နိဂဏ္ဌသည် သေစပင် ဖြစ်၏ ‘သေပြီးခါစ ဖြစ်၏ ’၊ ထိုသူ၏ သေခြင်းကြောင့် (သူ၏တပည့်) တက္ကတွန်းတို့သည် ကွဲကုန်၏၊ နှစ်စုဖြစ်ကုန်၏၊ ငြင်းခုံကုန်၏၊ ခိုက်ရန်ဖြစ်ကုန်၏၊ ဝါဒကွဲခြင်းသို့ ရောက်ကုန်၏၊ အချင်းချင်း နှုတ်လှံထိုး၍ နေကုန်၏။ “သင်သည် ဤဓမ္မဝိနယ ကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦး ဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏။ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေ၏၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါတင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦး လော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့”ဟု (နှုတ်လှံထိုး၍ နေကုန်၏)။ နာဋပုတ္တ၏တပည့် နိဂဏ္ဌတက္ကတွန်းတို့၌ ပျက်စီးခြင်းသာလျှင် ဖြစ်ယောင်တကား။ နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူဝတ်ကုန်သော လူတို့သည်လည်း နိဂဏ္ဌနာဋပုတ္တ၌ ငြီးငွေ့သော သဘောရှိကုန်၏၊ ငဲ့ခြင်းကင်းသော သဘောရှိကုန်၏၊ အရိုအသေကင်းသော သဘောရှိ ကုန်၏။ ဥပမာအားဖြင့် မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှ ထွက် မြောက်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားဟော မဟုတ်သော ပျက်သော ကိုးကွယ်ရာရှိသော မှီခိုရာမရှိသော ဓမ္မဝိနယ၌ ငြီးငွေ့သော စိတ်ရှိကုန်သကဲ့သို့တည်း။

Now at that time the Jain ascetic of the Ñātika clan had recently passed away at Pāvā. With his passing the Jain ascetics split, dividing into two factions, fighting, quarreling, and disputing, continually wounding each other with barbed words: “You don’t understand this teaching and training. I understand this teaching and training. What, you understand this teaching and training? You’re practicing wrong. I’m practicing right. I stay on topic, you don’t. You said last what you should have said first. You said first what you should have said last. What you’ve thought so much about has been disproved. Your doctrine is refuted. Go on, save your doctrine! You’re trapped; get yourself out of this—if you can!” You’d think there was nothing but slaughter going on among the Jain ascetics. And the Jain Ñātika’s white-clothed lay disciples were disillusioned, dismayed, and disappointed in the Jain ascetics. They were equally disappointed with a teaching and training so poorly explained and poorly propounded, not emancipating, not leading to peace, proclaimed by someone who is not a fully awakened Buddha, with broken monument and without a refuge.

စာ-၁၇၇

၃၀၂။ အထ ခေါ အာယသ္မာ သာရိပုတ္တော ဘိက္ခူ အာမန္တေသိ – ‘‘နိဂဏ္ဌော, အာဝုသော, နာဋပုတ္တော ပါဝါယံ အဓုနာကာလင်္ကတော, တဿ ကာလင်္ကိရိယာယ ဘိန္နာ နိဂဏ္ဌာ ဒွေဓိကဇာတာ…ပေ… ဘိန္နထူပေ အပ္ပဋိသရဏေ’’။ ‘‘ဧဝဉှေတံ, အာဝုသော, ဟောတိ ဒုရက္ခာတေ ဓမ္မဝိနယေ ဒုပ္ပဝေဒိတေ အနိယျာနိကေ အနုပသမသံဝတ္တနိကေ အသမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတေ။ အယံ ခေါ ပနာဝုသော အမှာကံ [အသ္မာကံ (ပီ။)] ဘဂဝတာ [ဘဂဝတော (က။ သီ။)] ဓမ္မော သွာက္ခာတော သုပ္ပဝေဒိတော နိယျာနိကော ဥပသမသံဝတ္တနိကော သမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတော။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

‘‘ကတမော စာဝုသော, အမှာကံ ဘဂဝတာ [ဘဂဝတော (က။ သီ။)] ဓမ္မော သွာက္ခာတော သုပ္ပဝေဒိတော နိယျာနိကော ဥပသမသံဝတ္တနိကော သမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတော၊ ယတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၀၂။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆို၏၊ “ငါ့သျှင်တို့ နာဋ၏သား နိဂဏ္ဌ သည် ပါဝါပြည်၌ ယခု သေပြီးခါစဖြစ်၏၊ ထိုသူ၏ သေခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်စုဖြစ် ကုန်၏။ပ။ ပျက်သော ကိုးကွယ်ရာရှိသော မှီခိုရာမရှိသော ဓမ္မဝိနယ၌ ငြီးငွေ့သော စိတ်ရှိကုန်သကဲ့သို့ တည်း။ ငါ့သျှင်တို့ ဤသို့ဆိုခဲ့သည့်အတိုင်း မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှ ထွက်မြောက်ကြောင်းမဟုတ်သော ကိလေသာငြိမ်းခြင်းကို မဖြစ်စေတတ်သော ဘုရားဟော မဟုတ်သော ဓမ္မဝိနယ၌ ဤအကြောင်းသည် ဖြစ်၏။ ငါ့သျှင်တို့ ငါတို့၏ မြတ်စွာဘုရားသည် ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ သိစေတော်မူအပ်၏၊ (ထိုတရားသည်) ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏၊ ကိလေသာငြိမ်းခြင်းကို ဖြစ်စေ တတ်၏၊ ဘုရားဟော ဖြစ်၏။ ထိုတရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ် ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာတည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ ငါ့သျှင်တို့ ငါတို့၏ မြတ်စွာဘုရားသည် ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ သိစေတော်မူအပ်၏၊ (ထိုတရားသည်) ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏၊ ကိလေသာငြိမ်းခြင်းကို ဖြစ်စေ တတ်၏၊ ဘုရားဟော ဖြစ်၏။ အကြင်တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်း သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ ထိုသို့သော တရားသည် အဘယ်နည်းဟူမူ - ၁။ ဓမ္မ =တရား၊ ဝိနယ =အဆုံးအမ။ ဧကက - တစ်ခုတည်းသော တရားစု

Then Sāriputta told the mendicants about these things. He went on to say, “That’s what happens, reverends, when a teaching and training is poorly explained and poorly propounded, not emancipating, not leading to peace, proclaimed by someone who is not a fully awakened Buddha. But this teaching is well explained and well propounded to us by the Blessed One, emancipating, leading to peace, proclaimed by someone who is a fully awakened Buddha. You should all recite this in concert, without disputing, so that this spiritual path may last for a long time. That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans. And what is that teaching? 1. Ones

စာ-၁၇၈

ဧကကံ

၃၀၃။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧကော ဓမ္မော သမ္မဒက္ခာတော။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကော ဓမ္မော? သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ။ သဗ္ဗေ သတ္တာ သင်္ခါရဋ္ဌိတိကာ။ အယံ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧကော ဓမ္မော သမ္မဒက္ခာတော။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၀၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တစ်ခု တည်းသော ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏။ ထိုတစ်ခုတည်းသော တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်း ခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည်၊ ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ အဘယ် တစ်ခုတည်းသော တရားနည်းဟူမူ - အလုံးစုံသော သတ္တဝါတို့သည် အစာအာဟာရလျှင် တည်ရာရှိကုန်၏။ အလုံးစုံသော သတ္တဝါတို့ သည် သင်္ခါရလျှင် တည်ရာရှိကုန်၏။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် တစ်ခုတည်းသော ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏။ ထိုတစ်ခုတည်းသော တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆို အပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည်, ကြာမြင့်စွာတည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ ဒုက -တရားနှစ်ပါးစု

There are teachings grouped by one that have been rightly explained by the Blessed One, who knows and sees, the perfected one, the fully awakened Buddha. You should all recite these in concert, without disputing, so that this spiritual path may last for a long time. That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans. What are the teachings grouped by one? All sentient beings are sustained by food. All sentient beings are sustained by conditions. These are the teachings grouped by one that have been rightly explained by the Blessed One, who knows and sees, the perfected one, the fully awakened Buddha. You should all recite these in concert, without disputing, so that this spiritual path may last for a long time. That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans. 2. Twos

ဒုကံ

၃၀၄။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒွေ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ ဒွေ [ဒွေ ဓမ္မော (သျာ။ ကံ။) ဧဝမုပရိပိ]?

‘‘နာမဉ္စ ရူပဉ္စ။

‘‘အဝိဇ္ဇာ စ ဘဝတဏှာ စ။

‘‘ဘဝဒိဋ္ဌိ စ ဝိဘဝဒိဋ္ဌိ စ။

‘‘အဟိရိကဉ္စ [အဟိရီကဉ္စ (ကတ္ထစိ)] အနောတ္တပ္ပဉ္စ။

‘‘ဟိရီ စ ဩတ္တပ္ပဉ္စ။

‘‘ဒေါဝစဿတာ စ ပါပမိတ္တတာ စ။

‘‘သောဝစဿတာ စ ကလျာဏမိတ္တတာ စ။

‘‘အာပတ္တိကုသလတာ စ အာပတ္တိဝုဋ္ဌာနကုသလတာ စ။

‘‘သမာပတ္တိကုသလတာ စ သမာပတ္တိဝုဋ္ဌာနကုသလတာ စ။

‘‘ဓာတုကုသလတာ စ မနသိကာရကုသလတာ စ။

‘‘အာယတနကုသလတာ စ ပဋိစ္စသမုပ္ပါဒကုသလတာ စ။

‘‘ဌာနကုသလတာ စ အဋ္ဌာနကုသလတာ စ။

‘‘အဇ္ဇဝဉ္စ လဇ္ဇဝဉ္စ။

‘‘ခန္တိ စ သောရစ္စဉ္စ။

‘‘သာခလျဉ္စ ပဋိသန္ထာရော စ။

‘‘အဝိဟိံသာ စ သောစေယျဉ္စ။

‘‘မုဋ္ဌဿစ္စဉ္စ အသမ္ပဇညဉ္စ။

‘‘သတိ စ သမ္ပဇညဉ္စ။

‘‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ စ ဘောဇနေ အမတ္တညုတာ စ။

‘‘ဣန္ဒြိယေသု ဂုတ္တဒွါရတာ စ ဘောဇနေ မတ္တညုတာ စ။

‘‘ပဋိသင်္ခါနဗလဉ္စ [ပဋိသန္ဓာနဗလဉ္စ (သျာ။)] ဘာဝနာဗလဉ္စ။

‘‘သတိဗလဉ္စ သမာဓိဗလဉ္စ။

‘‘သမထော စ ဝိပဿနာ စ။

‘‘သမထနိမိတ္တဉ္စ ပဂ္ဂဟနိမိတ္တဉ္စ။

‘‘ပဂ္ဂဟော စ အဝိက္ခေပေါ စ။

‘‘သီလဝိပတ္တိ စ ဒိဋ္ဌိဝိပတ္တိ စ။

‘‘သီလသမ္ပဒါ စ ဒိဋ္ဌိသမ္ပဒါ စ။

‘‘သီလဝိသုဒ္ဓိ စ ဒိဋ္ဌိဝိသုဒ္ဓိ စ။

‘‘ဒိဋ္ဌိဝိသုဒ္ဓိ ခေါ ပန ယထာ ဒိဋ္ဌိဿ စ ပဓာနံ။

‘‘သံဝေဂေါ စ သံဝေဇနီယေသု ဌာနေသု သံဝိဂ္ဂဿ စ ယောနိသော ပဓာနံ။

‘‘အသန္တုဋ္ဌိတာ စ ကုသလေသု ဓမ္မေသု အပ္ပဋိဝါနိတာ စ ပဓာနသ္မိံ။

‘‘ဝိဇ္ဇာ စ ဝိမုတ္တိ စ။

‘‘ခယေဉာဏံ အနုပ္ပါဒေဉာဏံ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒွေ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၀၄။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ့ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော နှစ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုနှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ အဘယ်တရား နှစ်ပါးတို့နည်းဟူမူ - နာမ်တရားလည်းကောင်း၊ ရုပ်တရားလည်းကောင်းတည်း။ (၁) ဖုံးကွယ်တတ်သော‘အဝိဇ္ဇာ’တရားလည်းကောင်း၊ ဘဝ၌တပ်မက်သော ‘ဘဝတဏှာ’ လည်းကောင်း တည်း။ (၂) ဘဝမြဲ၏ ဟူသော မိစ္ဆာအယူလည်းကောင်း၊ သေလျှင်ဘဝပြတ်၏ ဟူသော မိစ္ဆာအယူလည်းကောင်း တည်း။ (၃) မရှက်ခြင်းလည်းကောင်း၊ မကြောက်ခြင်းလည်းကောင်းတည်း။ (၄) ရှက်ခြင်းလည်းကောင်း၊ ကြောက်ခြင်းလည်းကောင်းတည်း။ (၅) ဆုံးမခက်ခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်း တည်း။ (၆) ဆုံးမလွယ်ခြင်းလည်းကောင်း၊ ကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်းတည်း။ (၇) အာပတ်၌ လိမ္မာခြင်းလည်းကောင်း၊ အာပတ်မှ ထခြင်း၌ လိမ္မာခြင်းလည်း ကောင်းတည်း။ (၈) သမာပတ်၌ လိမ္မာခြင်းလည်းကောင်း၊ သမာပတ်မှ ထခြင်း၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၉) ဓာတ်၌ လိမ္မာခြင်းလည်းကောင်း၊ နှလုံးသွင်းခြင်း၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၁၀) အာယတန၌ လိမ္မာခြင်းလည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၁၁) အကြောင်းဟုတ်သည်၌ လိမ္မာခြင်းလည်းကောင်း၊ အကြောင်းမဟုတ်သည်၌ လိမ္မာခြင်းလည်းကောင်း တည်း။ (၁၂) ဖြောင့်မတ်ခြင်းလည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်း လည်းကောင်းတည်း။ (၁၃) သည်းခံခြင်းလည်းကောင်း၊ တရား၌ မွေ့လျော်ခြင်းလည်းကောင်းတည်း။ (၁၄) သိမ်မွေ့ပြေပြစ်ခြင်းလည်းကောင်း၊ စေ့စပ်ခြင်းလည်းကောင်းတည်း။ (၁၅) မညှဥ်းဆဲခြင်းလည်းကောင်း၊ စင်ကြယ်ခြင်းလည်းကောင်းတည်း။ (၁၆) လွတ်သော သတိရှိခြင်းလည်းကောင်း၊ ပညာအဆင်အခြင်မရှိခြင်းလည်းကောင်းတည်း။ (၁၇) သတိရှိခြင်းလည်းကောင်း၊ ပညာအဆင်အခြင်ရှိခြင်းလည်းကောင်းတည်း။ (၁၈) ဣန္ဒြေတို့၌ မလုံသော တံခါးရှိခြင်းလည်းကောင်း၊ အစားအစာ၌ အတိုင်းအရှည်မသိခြင်းလည်း ကောင်းတည်း။ (၁၉) ဣန္ဒြေတို့၌ လုံသော တံခါးရှိခြင်းလည်းကောင်း၊ အစားအစာ၌အတိုင်း အရှည်သိခြင်းလည်းကောင်း တည်း။ (၂၀) ဆင်ခြင်ခြင်းအားလည်းကောင်း ပွားများခြင်းအားလည်းကောင်းတည်း။ (၂၁) သတိအားလည်းကောင်း၊ သမာဓိအားလည်းကောင်းတည်း။ (၂၂) သမထတရားလည်းကောင်း၊ ဝိပဿနာတရားလည်းကောင်းတည်း။ (၂၃) သမထအာရုံလည်းကောင်း၊ ဝီရိယအာရုံလည်းကောင်းတည်း။ (၂၄) ဝီရိယတရားလည်းကောင်း၊ မပျံ့လွင့်ခြင်းလည်းကောင်းတည်း။ (၂၅) သီလပျက်ခြင်းလည်းကောင်း၊ အယူပျက်ခြင်းလည်းကောင်းတည်း။ (၂၆) သီလနှင့်ပြည့်စုံခြင်းလည်းကောင်း၊ အယူနှင့်ပြည့်စုံခြင်းလည်း ကောင်းတည်း။ (၂၇) သီလစင်ကြယ်ခြင်းလည်းကောင်း အယူစင်ကြယ်ခြင်းလည်းကောင်းတည်း။ (၂၈) စင်ကြယ်သော ဉာဏ်အမြင်လည်းကောင်း ဉာဏ်အမြင်အားလျော်သော ဝီရိယလည်းကောင်းတည်း။ (၂၉) ထိတ်လန့်သင့်သော အရာတို့၌ ထိတ်လန့်ခြင်းလည်းကောင်း၊ ထိတ်လန့်သော ပုဂ္ဂိုလ်၏ ဉာဏ်နှင့် ယှဥ်သော ဝီရိယလည်းကောင်းတည်း။ (၃၀) ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်းလည်းကောင်း၊ ကမ္မဋ္ဌာန်း၌ မဆုတ်မနစ်ခြင်းလည်းကောင်းတည်း။ (၃၁) ဝိဇ္ဇာတရားလည်းကောင်း၊ ကိလေသာမှ လွတ်ခြင်းလည်းကောင်းတည်း။ (၃၂) ကိလေသာကုန်ရာ အရဟတ္တမဂ်ဉာဏ်လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်လည်းကောင်းတည်း။ (၃၃) ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤနှစ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုတရားနှစ်ပါးတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ တိက -တရားသုံးပါးစု

There are teachings grouped by two that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by two? Name and form. Ignorance and craving for continued existence. Views favoring existence and views favoring nonexistence. Lack of conscience and prudence. Conscience and prudence. Being hard to admonish and having bad friends. Being easy to admonish and having good friends. Skill in offenses and skill in resolving offenses. Skill in meditative attainments and skill in emerging from those attainments. Skill in the elements and skill in application of mind. Skill in the sense fields and skill in dependent origination. Skill in what is possible and skill in what is impossible. Integrity and scrupulousness. Patience and gentleness. Camaraderie and hospitality. Harmlessness and purity. Lack of mindfulness and lack of situational awareness. Mindfulness and situational awareness. Not guarding the sense doors and eating too much. Guarding the sense doors and moderation in eating. The power of reflection and the power of development. The power of mindfulness and the power of immersion. Serenity and discernment. The basis of serenity and the basis of exertion. Exertion, and not being scattered. Failure in ethics and failure in view. Accomplishment in ethics and accomplishment in view. Purification of ethics and purification of view. Purification of view and making an effort in line with that view. Inspiration, and making a suitable effort when inspired by inspiring places. To never be content with skillful qualities, and to never stop trying. Knowledge and freedom. Knowledge of ending and knowledge of non-arising. These are the teachings grouped by two that have been rightly explained by the Buddha. You should all recite these in concert. 3. Threes

တိကံ

၃၀၅။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန တယော ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ တယော?

‘‘တီဏိ အကုသလမူလာနိ – လောဘော အကုသလမူလံ, ဒေါသော အကုသလမူလံ, မောဟော အကုသလမူလံ။

‘‘တီဏိ ကုသလမူလာနိ – အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ, အမောဟော ကုသလမူလံ။

‘‘တီဏိ ဒုစ္စရိတာနိ – ကာယဒုစ္စရိတံ, ဝစီဒုစ္စရိတံ, မနောဒုစ္စရိတံ။

‘‘တီဏိ သုစရိတာနိ – ကာယသုစရိတံ, ဝစီသုစရိတံ, မနောသုစရိတံ။

‘‘တယော အကုသလဝိတက္ကာ – ကာမဝိတက္ကော, ဗျာပါဒဝိတက္ကော, ဝိဟိံသာဝိတက္ကော။

‘‘တယော ကုသလဝိတက္ကာ – နေက္ခမ္မဝိတက္ကော, အဗျာပါဒဝိတက္ကော, အဝိဟိံသာဝိတက္ကော။

‘‘တယော အကုသလသင်္ကပ္ပါ – ကာမသင်္ကပ္ပေါ, ဗျာပါဒသင်္ကပ္ပေါ, ဝိဟိံသာသင်္ကပ္ပေါ။

‘‘တယော ကုသလသင်္ကပ္ပါ – နေက္ခမ္မသင်္ကပ္ပေါ, အဗျာပါဒသင်္ကပ္ပေါ, အဝိဟိံသာသင်္ကပ္ပေါ။

‘‘တိဿော အကုသလသညာ – ကာမသညာ, ဗျာပါဒသညာ, ဝိဟိံသာသညာ။

‘‘တိဿော ကုသလသညာ – နေက္ခမ္မသညာ, အဗျာပါဒသညာ, အဝိဟိံသာသညာ။

‘‘တိဿော အကုသလဓာတုယော – ကာမဓာတု, ဗျာပါဒဓာတု, ဝိဟိံသာဓာတု။

‘‘တိဿော ကုသလဓာတုယော – နေက္ခမ္မဓာတု, အဗျာပါဒဓာတု, အဝိဟိံသာဓာတု။

‘‘အပရာပိ တိဿော ဓာတုယော – ကာမဓာတု, ရူပဓာတု, အရူပဓာတု။

‘‘အပရာပိ တိဿော ဓာတုယော – ရူပဓာတု, အရူပဓာတု, နိရောဓဓာတု။

‘‘အပရာပိ တိဿော ဓာတုယော – ဟီနဓာတု, မဇ္ဈိမဓာတု, ပဏီတဓာတု။

‘‘တိဿော တဏှာ – ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ။

‘‘အပရာပိ တိဿော တဏှာ – ကာမတဏှာ, ရူပတဏှာ, အရူပတဏှာ။

‘‘အပရာပိ တိဿော တဏှာ – ရူပတဏှာ, အရူပတဏှာ, နိရောဓတဏှာ။

‘‘တီဏိ သံယောဇနာနိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော။

‘‘တယော အာသဝါ – ကာမာသဝေါ, ဘဝါသဝေါ, အဝိဇ္ဇာသဝေါ။

‘‘တယော ဘဝါ – ကာမဘဝေါ, ရူပဘဝေါ, အရူပဘဝေါ။

‘‘တိဿော ဧသနာ – ကာမေသနာ, ဘဝေသနာ, ဗြဟ္မစရိယေသနာ။

‘‘တိဿော ဝိဓာ – သေယျောဟမသ္မီတိ ဝိဓာ, သဒိသောဟမသ္မီတိ ဝိဓာ, ဟီနောဟမသ္မီတိ ဝိဓာ။

‘‘တယော အဒ္ဓါ – အတီတော အဒ္ဓါ, အနာဂတော အဒ္ဓါ, ပစ္စုပ္ပန္နော အဒ္ဓါ။

‘‘တယော အန္တာ – သက္ကာယော အန္တော, သက္ကာယသမုဒယော အန္တော, သက္ကာယနိရောဓော အန္တော။

‘‘တိဿော ဝေဒနာ – သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ, အဒုက္ခမသုခါ ဝေဒနာ။

‘‘တိဿော ဒုက္ခတာ – ဒုက္ခဒုက္ခတာ, သင်္ခါရဒုက္ခတာ, ဝိပရိဏာမဒုက္ခတာ။

‘‘တယော ရာသီ – မိစ္ဆတ္တနိယတော ရာသိ, သမ္မတ္တနိယတော ရာသိ, အနိယတော ရာသိ။

‘‘တယော တမာ [တိဿော ကင်္ခါ (ဗဟူသု) အဋ္ဌကထာ ဩလောကေတဗ္ဗာ] – အတီတံ ဝါ အဒ္ဓါနံ အာရဗ္ဘ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, အနာဂတံ ဝါ အဒ္ဓါနံ အာရဗ္ဘ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, ဧတရဟိ ဝါ ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။

‘‘တီဏိ တထာဂတဿ အရက္ခေယျာနိ – ပရိသုဒ္ဓကာယသမာစာရော အာဝုသော တထာဂတော, နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ, ယံ တထာဂတော ရက္ခေယျ – ‘မာ မေ ဣဒံ ပရော အညာသီ’တိ။ ပရိသုဒ္ဓဝစီသမာစာရော အာဝုသော, တထာဂတော, နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ, ယံ တထာဂတော ရက္ခေယျ – ‘မာ မေ ဣဒံ ပရော အညာသီ’တိ။ ပရိသုဒ္ဓမနောသမာစာရော, အာဝုသော, တထာဂတော, နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ ယံ တထာဂတော ရက္ခေယျ – ‘မာ မေ ဣဒံ ပရော အညာသီ’တိ။

‘‘တယော ကိဉ္စနာ – ရာဂေါ ကိဉ္စနံ, ဒေါသော ကိဉ္စနံ, မောဟော ကိဉ္စနံ။

‘‘တယော အဂ္ဂီ – ရာဂဂ္ဂိ, ဒေါသဂ္ဂိ, မောဟဂ္ဂိ။

‘‘အပရေပိ တယော အဂ္ဂီ – အာဟုနေယျဂ္ဂိ, ဂဟပတဂ္ဂိ, ဒက္ခိဏေယျဂ္ဂိ။

‘‘တိဝိဓေန ရူပသင်္ဂဟော – သနိဒဿနသပ္ပဋိဃံ ရူပံ [သနိဒဿနသပ္ပဋိဃရူပံ (သျာ။ ကံ။) ဧဝမိတရဒွယေပိ], အနိဒဿနသပ္ပဋိဃံ ရူပံ, အနိဒဿနအပ္ပဋိဃံ ရူပံ။

‘‘တယော သင်္ခါရာ – ပုညာဘိသင်္ခါရော, အပုညာဘိသင်္ခါရော, အာနေဉ္ဇာဘိသင်္ခါရော။

‘‘တယော ပုဂ္ဂလာ – သေက္ခော ပုဂ္ဂလော, အသေက္ခော ပုဂ္ဂလော, နေဝသေက္ခောနာသေက္ခော ပုဂ္ဂလော။

‘‘တယော ထေရာ – ဇာတိထေရော, ဓမ္မထေရော, သမ္မုတိထေရော [သမ္မတိထေရော (သျာ။ ကံ။)]။

‘‘တီဏိ ပုညကိရိယဝတ္ထူနိ – ဒါနမယံ ပုညကိရိယဝတ္ထု, သီလမယံ ပုညကိရိယဝတ္ထု, ဘာဝနာမယံ ပုညကိရိယဝတ္ထု။

‘‘တီဏိ စောဒနာဝတ္ထူနိ – ဒိဋ္ဌေန, သုတေန, ပရိသင်္ကာယ။

‘‘တိဿော ကာမူပပတ္တိယော [ကာမုပ္ပတ္တိယော (သီ။), ကာမုပပတ္တိယော (သျာ။ ပီ။ က။)] – သန္တာဝုသော သတ္တာ ပစ္စုပဋ္ဌိတကာမာ, တေ ပစ္စုပဋ္ဌိတေသု ကာမေသု ဝသံ ဝတ္တေန္တိ, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမာ ကာမူပပတ္တိ။ သန္တာဝုသော, သတ္တာ နိမ္မိတကာမာ, တေ နိမ္မိနိတွာ နိမ္မိနိတွာ ကာမေသု ဝသံ ဝတ္တေန္တိ, သေယျထာပိ ဒေဝါ နိမ္မာနရတီ။ အယံ ဒုတိယာ ကာမူပပတ္တိ။ သန္တာဝုသော သတ္တာ ပရနိမ္မိတကာမာ, တေ ပရနိမ္မိတေသု ကာမေသု ဝသံ ဝတ္တေန္တိ, သေယျထာပိ ဒေဝါ ပရနိမ္မိတဝသဝတ္တီ။ အယံ တတိယာ ကာမူပပတ္တိ။

‘‘တိဿော သုခူပပတ္တိယော [သုခုပပတ္တိယော (သျာ။ ပီ။ က။)] – သန္တာဝုသော သတ္တာ [သတ္တာ သုခံ (သျာ။ ကံ။)] ဥပ္ပါဒေတွာ ဥပ္ပါဒေတွာ သုခံ ဝိဟရန္တိ, သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ။ အယံ ပဌမာ သုခူပပတ္တိ။ သန္တာဝုသော, သတ္တာ သုခေန အဘိသန္နာ ပရိသန္နာ ပရိပူရာ ပရိပ္ဖုဋာ။ တေ ကဒါစိ ကရဟစိ ဥဒါနံ ဥဒါနေန္တိ – ‘အဟော သုခံ, အဟော သုခ’န္တိ, သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ ဒုတိယာ သုခူပပတ္တိ။ သန္တာဝုသော, သတ္တာ သုခေန အဘိသန္နာ ပရိသန္နာ ပရိပူရာ ပရိပ္ဖုဋာ။ တေ သန္တံယေဝ တုသိတာ [သန္တုသိတာ (သျာ။ ကံ။)] သုခံ [စိတ္တသုခံ (သျာ။ က။)] ပဋိသံဝေဒေန္တိ, သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ တတိယာ သုခူပပတ္တိ။

‘‘တိဿော ပညာ – သေက္ခာ ပညာ, အသေက္ခာ ပညာ, နေဝသေက္ခာနာသေက္ခာ ပညာ။

‘‘အပရာပိ တိဿော ပညာ – စိန္တာမယာ ပညာ, သုတမယာ ပညာ, ဘာဝနာမယာ ပညာ။

‘‘တီဏာဝုဓာနိ – သုတာဝုဓံ, ပဝိဝေကာဝုဓံ, ပညာဝုဓံ။

‘‘တီဏိန္ဒြိယာနိ – အနညာတညဿာမီတိန္ဒြိယံ, အညိန္ဒြိယံ, အညာတာဝိန္ဒြိယံ။

‘‘တီဏိ စက္ခူနိ – မံသစက္ခု, ဒိဗ္ဗစက္ခု, ပညာစက္ခု။

‘‘တိဿော သိက္ခာ – အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာ။

‘‘တိဿော ဘာဝနာ – ကာယဘာဝနာ, စိတ္တဘာဝနာ, ပညာဘာဝနာ။

‘‘တီဏိ အနုတ္တရိယာနိ – ဒဿနာနုတ္တရိယံ, ပဋိပဒါနုတ္တရိယံ, ဝိမုတ္တာနုတ္တရိယံ။

‘‘တယော သမာဓီ – သဝိတက္ကသဝိစာရော သမာဓိ, အဝိတက္ကဝိစာရမတ္တော သမာဓိ, အဝိတက္ကအဝိစာရော သမာဓိ။

‘‘အပရေပိ တယော သမာဓီ – သုညတော သမာဓိ, အနိမိတ္တော သမာဓိ, အပ္ပဏိဟိတော သမာဓိ။

‘‘တီဏိ သောစေယျာနိ – ကာယသောစေယျံ, ဝစီသောစေယျံ, မနောသောစေယျံ။

‘‘တီဏိ မောနေယျာနိ – ကာယမောနေယျံ, ဝစီမောနေယျံ, မနောမောနေယျံ။

‘‘တီဏိ ကောသလ္လာနိ – အာယကောသလ္လံ, အပါယကောသလ္လံ, ဥပါယကောသလ္လံ။

‘‘တယော မဒါ – အာရောဂျမဒေါ, ယောဗ္ဗနမဒေါ, ဇီဝိတမဒေါ။

‘‘တီဏိ အာဓိပတေယျာနိ – အတ္တာဓိပတေယျံ, လောကာဓိပတေယျံ, ဓမ္မာဓိပတေယျံ။

‘‘တီဏိ ကထာဝတ္ထူနိ – အတီတံ ဝါ အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ အဟောသိ အတီတမဒ္ဓါန’န္တိ၊ အနာဂတံ ဝါ အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ ဘဝိဿတိ အနာဂတမဒ္ဓါန’န္တိ၊ ဧတရဟိ ဝါ ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ ဟောတိ ဧတရဟိ ပစ္စုပ္ပန္နံ အဒ္ဓါန’န္တိ။

‘‘တိဿော ဝိဇ္ဇာ – ပုဗ္ဗေနိဝါသာနုဿတိဉာဏံ ဝိဇ္ဇာ, သတ္တာနံ စုတူပပါတေဉာဏံ ဝိဇ္ဇာ, အာသဝါနံ ခယေဉာဏံ ဝိဇ္ဇာ။

‘‘တယော ဝိဟာရာ – ဒိဗ္ဗော ဝိဟာရော, ဗြဟ္မာ ဝိဟာရော, အရိယော ဝိဟာရော။

‘‘တီဏိ ပါဋိဟာရိယာနိ – ဣဒ္ဓိပါဋိဟာရိယံ, အာဒေသနာပါဋိဟာရိယံ, အနုသာသနီပါဋိဟာရိယံ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန တယော ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၀၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော သုံးပါးသော တရားတို့သည် ရှိကုန်၏။ ထိုသုံးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ အဘယ်တရား သုံးပါးတို့နည်းဟူမူ - အကုသိုလ် မူလတို့သည် လောဘအကုသိုလ်မူလ၊ ဒေါသအကုသိုလ်မူလ၊ မောဟအကုသိုလ်မူလအားဖြင့် သုံးပါးတို့တည်း။ (၁) ကုသိုလ် မူလတို့သည် အလောဘကုသိုလ်မူလ၊ အဒေါသကုသိုလ်မူလ၊ အမောဟကုသိုလ်မူလအားဖြင့် သုံးပါးတို့တည်း။ (၂) မကောင်းသောအကျင့် ‘ဒုစရိုက် ’ တို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက် ’၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက် ’၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနော ဒုစရိုက် ’အားဖြင့် သုံးပါးတို့တည်း။ (၃) ကောင်းသောအကျင့် ‘သုစရိုက် ’တို့သည် ကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက် ’၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသု စရိုက်’အားဖြင့် သုံးပါးတို့တည်း။ (၄) မကောင်းသော ကြံစည်ခြင်းတို့သည် ကာမနှင့်စပ်၍ ကြံစည်ခြင်း ‘ကာမဝိတက် ’၊ ဒေါသနှင့်စပ်၍ ကြံစည်ခြင်း ‘ဗျာပါဒဝိတက် ’၊ ညှဥ်းဆဲခြင်းနှင့်စပ်၍ ကြံစည်ခြင်း ‘ဝိဟ သာဝိတက် ’အားဖြင့် သုံးပါးတို့ တည်း။ (၅) ကောင်းသော ကြံစည်ခြင်းတို့သည် ကာမမှ လွတ်ရန် ကြံစည်ခြင်း ‘နေက္ခမ္မဝိတက် ’၊ မေတ္တာနှင့် စပ်၍ ကြံစည်ခြင်း ‘အဗျာပါဒဝိတက် ’၊ ကရုဏာနှင့်စပ်၍ ကြံစည်ခြင်း ‘အဝိဟ သာဝိတက် ’ အားဖြင့် သုံးပါး တို့တည်း။ (၆) မကောင်းသော ကြံခြင်းတို့သည် ကာမနှင့်စပ်သော ကြံခြင်း ‘ကာမသင်္ကပ္ပ’၊ ဒေါသနှင့်စပ်သော ကြံ ခြင်း ‘ဗျာပါဒသင်္ကပ္ပ’၊ ညှဥ်းဆဲခြင်းနှင့်စပ်သော ကြံခြင်း ‘ဝိဟ သာသင်္ကပ္ပ’ အားဖြင့် သုံးပါးတို့တည်း။ (၇) ကောင်းသော ကြံခြင်းတို့သည် ကာမမှ လွတ်ရန် ကြံခြင်း ‘နေက္ခမ္မသင်္ကပ္ပ’၊ မေတ္တာနှင့် စပ်၍ ကြံ ခြင်း ‘အဗျာပါဒသင်္ကပ္ပ’၊ ကရုဏာနှင့်စပ်၍ ကြံခြင်း ‘အဝိဟ သာသင်္ကပ္ပ’ အားဖြင့် သုံးပါးတို့တည်း။ (၈) မကောင်းသော အမှတ်တို့သည် ကာမနှင့်စပ်သော မှတ်ခြင်း ‘ကာမသညာ’၊ ဒေါသနှင့်စပ်သော မှတ် ခြင်း ‘ဗျာပါဒသညာ’၊ ညှဥ်းဆဲခြင်းနှင့်စပ်သော မှတ်ခြင်း ‘ဝိဟ သာသညာ’ အားဖြင့် သုံးပါးတို့တည်း။ (၉) ကောင်းသော အမှတ်တို့သည် ကာမမှ လွတ်ရန် မှတ်ခြင်း ‘နေက္ခမ္မသညာ’၊ မေတ္တာနှင့် စပ်၍ မှတ် ခြင်း ‘အဗျာပါဒသညာ’၊ ကရုဏာနှင့်စပ်၍ မှတ်ခြင်း ‘အဝိဟ သာသညာ’ အားဖြင့် သုံးပါးတို့တည်း။ (၁၀) အကုသိုလ်ဓာတ်တို့သည် ကာမနှင့် စပ်သော သဘော ‘ကာမဓာတ် ’၊ ဒေါသနှင့် စပ်သော သဘော ‘ဗျာပါဒဓာတ် ’၊ ညှဥ်းဆဲခြင်းနှင့် စပ်သောသဘော ‘ဝိဟ သာဓာတ် ’ အားဖြင့် သုံးပါးတို့တည်း။ (၁၁) ကုသိုလ်ဓာတ်တို့သည် ကာမမှ လွတ်ရန် သဘော ‘နေက္ခမ္မဓာတ် ’၊ မေတ္တာနှင့်စပ်သော သဘော ‘အဗျာပါဒဓာတ် ’၊ ကရုဏာနှင့်စပ်သော သဘော ‘အဝိဟ သာဓာတ် ’အားဖြင့် သုံးပါးတို့တည်း။ (၁၂) ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ကာမဓာတ်၊ ရူပဓာတ်၊ အရူပဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၃) ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ရူပဓာတ်၊ အရူပဓာတ်၊ နိရောဓဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၄) ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ဟီနဓာတ်၊ မဇ္ဈိမဓာတ်၊ ပဏီတဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၅) တဏှာတို့သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာအားဖြင့် သုံးပါးတို့တည်း။ (၁၆) ထိုမှတစ်ပါးလည်း တဏှာတို့သည် ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာအားဖြင့် သုံးပါးတို့ တည်း။ (၁၇) ထိုမှတစ်ပါးလည်း တဏှာတို့သည် ရူပတဏှာ၊ အရူပတဏှာ၊ နိရောဓတဏှာအားဖြင့် သုံးပါးတို့ တည်း။ (၁၈) သံယောဇဥ်တို့သည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသအားဖြင့် သုံးပါးတို့တည်း။ (၁၉) အာသဝတို့သည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝအားဖြင့် သုံးပါးတို့တည်း။ (၂၀) ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝအားဖြင့် သုံးပါးတို့တည်း။ (၂၁) ရှာမှီးခြင်းတို့သည် ကာမဂုဏ်ကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ (တိတ္ထိတို့သည်) မြတ်သော အကျင့်ဟု သမုတ်အပ်သော မိစ္ဆာအယူကို ရှာမှီးခြင်းအားဖြင့် သုံးပါးတို့တည်း။ (၂၂) မာန်တို့သည် ‘ငါသည် မြတ်၏ ’ဟူသော သေယျမာန်၊ ‘ငါသည် တူ၏ ’ဟူသော သဒိသမာန်၊ ‘ငါသည် ယုတ်၏ ’ ဟူသော ဟီနမာန်အားဖြင့် သုံးပါတို့တည်း။ (၂၃) ကာလတို့သည် အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလအားဖြင့် သုံးပါးတို့တည်း။ (၂၄) အစုတို့သည် ဥပါဒါနက္ခန္ဓာငါးပါးဟူသော အစု၊ ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းဟူသော အစု၊ ဥပါဒါနက္ခန္ဓာငါးပါးချုပ်ခြင်းဟူသော အစုအားဖြင့် သုံးပါးတို့တည်း။ (၂၅) ခံစားခြင်း ‘ဝေဒနာ’ တို့သည် ချမ်းသာခံစားခြင်း ‘သုခဝေဒနာ’၊ ဆင်းရဲခံစားခြင်း ‘ဒုက္ခဝေဒနာ’၊ လျစ်လျူရှု၍ ခံစားခြင်း ‘ဥပေက္ခာဝေဒနာ’အားဖြင့် သုံပါးတို့တည်း။ (၂၆) ဆင်းရဲ ‘ဒုက္ခ’ တို့သည် ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခအားဖြင့် သုံးပါးတို့တည်း။ (၂၇) အစုတို့သည် မကောင်းကျိုးပေးခြင်း၌ မြဲသော အစု၊ ကောင်းကျိုးပေးခြင်း၌ မြဲသော အစု၊ (နှစ်မျိုးစလုံး၌) မမြဲသော အစုအားဖြင့် သုံးပါးတို့တည်း။ (၂၈) ယုံမှားခြင်းတို့သည် အတိတ်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ အနာဂတ်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည် နိုင်။ ယခုပစ္စုပ္ပန်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊မယုံကြည်နိုင်ခြင်း အားဖြင့် သုံးပါးတို့တည်း။ (၂၉) မြတ်စွာဘုရားသည် အထူးမစောင့်စည်းရသော တရားတို့သည် - ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော ကိုယ်အကျင့် ‘ကာယသုစရိုက် ’ ရှိတော်မူ၏၊ “ငါ၏ ဤကာယဒုစရိုက်အကျင့်ကို သူတစ် ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် ကာယဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) ကာယဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူ။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော နှုတ်အကျင့် ‘ဝစီသုစရိုက် ’ ရှိတော်မူ၏၊ “ငါ၏ ဤဝစီဒုစရိုက်အကျင့်ကို သူတစ်ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် ဝစီဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) ဝစီဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူ။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော စိတ်အကျင့် ‘မနောသုစရိုက် ’ ရှိတော်မူ၏၊ “ငါ၏ ဤမနောဒုစရိုက်အကျင့်ကို သူတစ်ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် မနောဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) မနောဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူခြင်းအားဖြင့် သုံးပါး တို့တည်း။ (၃၀) ကြောင့်ကြခြင်းတို့သည် ရာဂ ကြောင့်ကြခြင်း၊ ဒေါသ ကြောင့်ကြခြင်း၊ မောဟ ကြောင့်ကြခြင်းအား ဖြင့် သုံးပါးတို့တည်း။ (၃၁) မီးတို့သည် ရာဂမီး၊ ဒေါသမီး၊ မောဟမီးအားဖြင့် သုံးပါးတို့တည်း။ (၃၂) တစ်ပါးလည်းဖြစ်ကုန်သော မီးတို့သည် အမိအဖမီး၊ အိမ်ရှင်မီး၊ အလှူခံမီးအားဖြင့် သုံးပါးတို့ တည်း။ (၃၃) ရုပ်ကို အပြားအားဖြင့် ရေတွက်ခြင်းတို့သည် မြင်ခြင်းနှင့်လည်း တကွ, ထိပါးခြင်းနှင့်လည်း တကွ ဖြစ်သော ရုပ်၊ မြင်ခြင်းကားမရှိ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ရုပ်၊ မြင်ခြင်းလည်း မရှိ, ထိပါးခြင်း လည်း မရှိသော ရုပ်အားဖြင့် သုံးပါးတို့တည်း။ (၃၄) သင်္ခါရတို့သည် ပုညာ ဘိသင်္ခါရ၊ အပုညာ ဘိသင်္ခါရ၊ အာနေဉ္ဇာ ဘိသင်္ခါရအားဖြင့် သုံးပါးတို့တည်း။ (၃၅) ပုဂ္ဂိုလ်တို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်၊ ကျင့်ဆဲ ‘သေက္ခ’ လည်း မဟုတ်, ကျင့်ပြီး ‘အသေက္ခ’လည်း မဟုတ်သော ‘နေဝသေက္ခ နာသေက္ခ’ ပုဂ္ဂိုလ်အားဖြင့် သုံးပါးတို့တည်း။ (၃၆) ထေရ်တို့သည် အသက်အရွယ်အားဖြင့် ကြီးသော ‘ဇာတိ’ ထေရ်၊ တရားဂုဏ်အားဖြင့် ကြီးသော ‘ဓမ္မ’ထေရ်၊ သမုတ်အပ်သောအားဖြင့် ကြီးသော ‘သမ္မုတိ’ ထေရ်အားဖြင့် သုံးပါးတို့တည်း။ (၃၇) ပုညကိရိယာဝတ္ထုတို့သည် ဒါနဖြင့် ပြီးသော ပုညကိရိယာဝတ္ထု၊ သီလဖြင့် ပြီးသော ပုညကိရိယာ ဝတ္ထု၊ ဘာဝနာဖြင့်ပြီးသော ပုညကိရိယာဝတ္ထုအားဖြင့် သုံးပါးတို့တည်း။ (၃၈) စောဒနာခြင်း အကြောင်းတို့သည် မြင်၍ စောဒနာခြင်း၊ ကြား၍ စောဒနာခြင်း၊ ယုံမှားရှိ၍ စောဒနာ ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၃၉) ကာမဂုဏ် ခံစားခြင်းတို့သည် သုံးပါးတို့တည်း။ ငါ့သျှင်တို့ ထင်ရှားရှိသော ကာမဂုဏ်ကို ခံစား ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ထင်ရှားသော ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ်သူတို့နည်းဟူမူ - လူ, အချို့သောနတ်, အချို့သော ဝိနိပါတိက သတ္တဝါတို့ တည်း။ ဤကား ရှေးဦးစွာသော ကာမဂုဏ်ခံစားခြင်းတည်း။ ငါ့သျှင်တို့ ဖန်ဆင်းအပ်သော ကာမဂုဏ်ရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ဖန်ဆင်း၍ ဖန်ဆင်း၍ ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ်သူတို့နည်းဟူမူ - နိမ္မာနရတိနတ်တို့တည်း။ ဤကား ဒုတိယမြောက် ကာမဂုဏ် ခံစားခြင်းတည်း။ ငါ့သျှင်တို့ သူတစ်ပါးဖန်ဆင်းအပ်သော ကာမဂုဏ်ရှိသော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါ့တို့သည် သူတစ်ပါး ဖန်ဆင်းအပ်သော ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ် သူတို့နည်းဟူမူ - ပရနိမ္မိတဝသဝတ္တီနတ်တို့တည်း။ ဤကား တတိယမြောက် ကာမဂုဏ် ခံစားခြင်း တည်း။ (၄၀) ချမ်းသာခံစားခြင်းတို့သည် သုံးပါးတို့တည်း။ ငါ့သျှင်တို့ အောက်အောက်ချမ်းသာကို ဖြစ်စေ၍ ဖြစ် စေ၍ အထက်အထက်ချမ်းသာကို ခံစားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သူတို့နည်းဟူမူ - ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား ရှေးဦးစွာသော ချမ်းသာခံစားခြင်းတည်း။ ငါ့သျှင်တို့ ဈာန်ချမ်းသာခံစားခြင်းဖြင့် စွတ်စိုကုန်သော ထက်ဝန်းကျင် စွတ်စိုကုန်သော ထက်ဝန်း ကျင် ပြည့်ဝကုန်သော ထက်ဝန်းကျင် ပျံ့နှံ့ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် တစ်ရံတစ်ခါ “ဪ ချမ်းသာစွ ဪ ချမ်းသာစွ”ဟု ဥဒါနကျူးကုန်၏၊ အဘယ်သူတို့နည်းဟူမူ - အာဘဿရဘုံ၌ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား ဒုတိယမြောက် ချမ်းသာခံစားခြင်းတည်း။ ငါ့သျှင်တို့ ဈာန်ချမ်းသာခံစားခြင်းဖြင့် စွတ်စိုကုန်သော ထက်ဝန်းကျင် စွတ်စိုကုန်သော ထက်ဝန်း ကျင် ပြည့်ဝကုန်သော ထက်ဝန်းကျင်ပျံ့နှံ့ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် နှစ်လိုဝမ်းမြောက်ကုန်သည် ဖြစ်၍ ကောင်းမြတ်သည်သာဖြစ်သော စိတ်၏ ချမ်းသာကို ခံစားကုန်၏။ အဘယ်သူတို့နည်းဟူမူ - သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား တတိယမြောက် ချမ်းသာ ခံစားခြင်းတည်း။ (၄၁) ပညာတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပညာ၊ ကျင့်ပြီး ‘အသေက္ခ’ ပညာ၊ ကျင့်ဆဲလည်း မဟုတ်, ကျင့်ပြီးလည်း မဟုတ် ‘နေဝသေက္ခနာသေက္ခ’ ပညာအားဖြင့် သုံးပါးတို့တည်း။ (၄၂) ထိုမှတစ်ပါးလည်း ပညာတို့သည် ကြံစည်ဖြင့်ပြီးသော ‘စိန္တာမယ’ ပညာ၊ ကြားမြင်ခြင်းဖြင့်ပြီးသော ‘သုတမယ’ ပညာ၊ ပွါးများခြင်းဖြင့်ပြီးသော ‘ဘာဝနာမယ’ ပညာအားဖြင့် သုံးပါးတို့တည်း။ (၄၃) လက်နက်တို့သည် အကြားအမြင်သုတလက်နက်၊ ဆိတ်ငြိမ်ခြင်း ဝိဝေကလက်နက်၊ ပညာလက်နက် အားဖြင့် သုံးပါးတို့တည်း။ (၄၄) ဣန္ဒြေတို့သည် အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေအားဖြင့် သုံးပါးတို့တည်း။ (၄၅) မျက်စိ ‘စက္ခု’ တို့သည် မံသစက္ခု၊ ဒိဗ္ဗစက္ခု ပညာစက္ခုအားဖြင့် သုံးပါးတို့တည်း။ (၄၆) သိက္ခာတို့သည် အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာအားဖြင့် သုံးပါးတို့တည်း။ (၄၇) ဘာဝနာတို့သည် ကာယဘာဝနာ၊ စိတ္တဘာဝနာ၊ ပညာဘာဝနာအားဖြင့် သုံးပါတို့တည်း။ (၄၈) အလွန်မြတ်သော တရားတို့သည် ဝိပဿနာဉာဏ်ဟူသော မြတ်သော သဘောတရား၊ မဂ်ဉာဏ်ဟူသော မြတ်သော သဘောတရား၊ ဖိုလ်ဉာဏ်ဟူသော မြတ်သော သဘောတရားအားဖြင့် သုံးပါးတို့တည်း။ (၄၉) သမာဓိတို့သည် သဝိတက္ကသဝိစာရသမာဓိ၊ အဝိတက္ကဝိစာရမတ္တသမာဓိ၊ အဝိတက္ကအဝိစာရသမာဓိ အားဖြင့် သုံးပါးတို့တည်း။ (၅၀) ထိုမှတစ်ပါးလည်း သမာဓိတို့သည် သုညတသမာဓိ၊ အနိမိတ္တသမာဓိ၊ အပ္ပဏိဟိတသမာဓိအားဖြင့် သုံးပါးတို့တည်း။ (၅၁) စင်ကြယ်ခြင်းတို့သည် ကိုယ်၏ စင်ကြယ်ခြင်း၊ နှုတ်၏ စင်ကြယ်ခြင်း၊ စိတ်၏ စင်ကြယ်ခြင်း အားဖြင့် သုံးပါးတို့တည်း။ (၅၂) ရဟန်းအကျင့်တို့သည် ကိုယ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်း၊ နှုတ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်း၊ စိတ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၃) လိမ္မာခြင်းတို့သည် အစီးအပွါး၌ လိမ္မာခြင်း၊ အစီးအပွါးမရှိသည်၌ လိမ္မာခြင်း၊ အကြောင်း၌ လိမ္မာ ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၄) မာန်ယစ်ခြင်းတို့သည် အနာကင်းခြင်းဖြင့် မာန်ယစ်ခြင်း၊ အရွယ်နှင့်ပြည့်စုံခြင်းဖြင့် မာန်ယစ်ခြင်း၊ ဇာတ်နှင့် ပြည့်စုံခြင်းဖြင့် မာန်ယစ်ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၅) အလေးပြုခြင်းတို့သည် မိမိကိုယ်ကို အလေးပြုခြင်း၊ လောကကို အလေးပြုခြင်း၊ တရားကို အလေးပြုခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၆) စကားဖြစ်ကြောင်းတို့သည် သုံးပါးတို့တည်း။ “အတိတ်ခန္ဓာ၌ ဤသို့ ဖြစ်ပြီ”ဟု အတိတ်ခန္ဓာကို အကြောင်းပြု၍ စကားကို ပြောဆိုရာ၏၊ “အနာဂတ်ခန္ဓာ၌ ဤသို့ ဖြစ်လတ္တံ့”ဟု အနာဂတ်ခန္ဓာကို အ ကြောင်းပြု၍ စကားကို ပြောဆိုရာ၏၊ “ယခုပစ္စုပ္ပန်ခန္ဓာ၌ ဤသို့ ဖြစ်ဆဲ”ဟု ပစ္စုပ္ပန်ခန္ဓာကို အကြောင်း ပြု၍ စကားကို ပြောဆိုရာ၏။ (ဤသုံးပါးတို့တည်း)။ (၅၇) ဝိဇ္ဇာတို့သည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ’ ဝိဇ္ဇာ၊ သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ် ’ ဝိဇ္ဇာ၊ အာသဝေါတရားတို့ကို ကုန်စေရာဖြစ်သော အရဟတ္တမဂ်၌ ဖြစ်သော ‘အာသဝက္ခယဉာဏ် ’ ဝိဇ္ဇာအားဖြင့် သုံးပါးတို့တည်း။ (၅၈) နေခြင်းတို့သည် နတ်ချမ်းသာနှင့်တူသော သမာပတ်ရှစ်ပါးချမ်းသာကို ခံစား၍ နေခြင်း၊ ဗြဟ္မ ဝိဟာရတရားဖြင့် နေခြင်း၊ မြတ်သော ဖလသမာပတ်ချမ်းသာကို ခံစား၍ နေခြင်းအားဖြင့် သုံးပါးတို့ တည်း။ (၅၉) တန်ခိုးပြာဋိဟာတို့သည် အထူးထူးတန်ခိုးဖန်ဆင်းခြင်း တန်ခိုးပြာဋိဟာ၊ သူတစ်ပါးစိတ်ကို သိ၍ ညွှန်းခြင်းဟူသော တန်ခိုးပြာဋိဟာ၊ သူတစ်ပါးစိတ်ကို သိ၍ တရားဟောခြင်းဟူသော တန်ခိုးပြာဋိဟာ အားဖြင့် သုံးပါးတို့တည်း။ (၆၀) ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သုံးပါးသော တရား တို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုသုံးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ စတုက္က -တရားလေးပါးစု

There are teachings grouped by three that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by three? <b>Three unskillful roots:</b> greed, hate, and delusion. <b>Three skillful roots:</b> contentment, love, and understanding. <b>Three ways of performing bad conduct:</b> by body, speech, and mind. <b>Three ways of performing good conduct:</b> by body, speech, and mind. <b>Three unskillful thoughts:</b> sensuality, malice, and cruelty. <b>Three skillful thoughts:</b> renunciation, good will, and harmlessness. <b>Three unskillful intentions:</b> sensuality, malice, and cruelty. <b>Three skillful intentions:</b> renunciation, good will, and harmlessness. <b>Three unskillful perceptions:</b> sensuality, malice, and cruelty. <b>Three skillful perceptions:</b> renunciation, good will, and harmlessness. <b>Three unskillful elements:</b> sensuality, malice, and cruelty. <b>Three skillful elements:</b> renunciation, good will, and harmlessness. <b>Another three elements:</b> the sensual realm, the realm of luminous form, and the formless realm. <b>Another three elements:</b> the realm of luminous form, the formless realm, and cessation. <b>Another three elements:</b> lower, middle, and higher. <b>Three cravings:</b> for sensual pleasures, for continued existence, and for nonexistence. <b>Another three cravings:</b> for the sensual realm, the realm of luminous form, and the formless realm. <b>Another three cravings:</b> for the realm of luminous form, and the formless realm, and cessation. <b>Three fetters:</b> substantialist view, doubt, and misapprehension of precepts and observances. <b>Three defilements:</b> sensuality, desire for continued existence, and ignorance. <b>Three realms of existence:</b> sensual, luminous form, and formless. <b>Three searches:</b> for sensual pleasures, for continued existence, and for a spiritual path. <b>Three kinds of discrimination:</b> ‘I’m better’, ‘I’m equal’, and ‘I’m worse’. <b>Three periods:</b> past, future, and present. <b>Three extremes:</b> substantial reality, the origin of substantial reality, and the cessation of substantial reality. <b>Three feelings:</b> pleasure, pain, and neutral. <b>Three forms of suffering:</b> the suffering inherent in painful feeling, the suffering inherent in conditions, and the suffering inherent in perishing. <b>Three heaps:</b> the heap of surety in the wrong way, the heap of surety in the right way, and the heap of lack of surety. <b>Three darknesses:</b> one is doubtful, uncertain, undecided, and lacking confidence about the past, future, and present. <b>Three things a Realized One need not hide:</b> The Realized One’s behavior by way of body, speech, and mind is pure. He has no misconduct in these three ways that need be hidden, thinking: ‘Don’t let others find this out about me!’ <b>Three possessions:</b> greed, hate, and delusion. <b>Three fires:</b> greed, hate, and delusion. <b>Another three fires:</b> a fire for those worthy of offerings dedicated to the gods, a fire for householders, and a fire for those worthy of a religious donation. <b>Threefold classification of the physical:</b> visible and resistant, invisible and resistant, and invisible and non-resistant. <b>Three choices:</b> good choices, bad choices, and imperturbable choices. <b>Three individuals:</b> a trainee, an adept, and one who is neither a trainee nor an adept. <b>Three seniors:</b> a senior by birth, a senior in the teaching, and a senior by convention. <b>Three grounds for making merit:</b> giving, ethical conduct, and meditation. <b>Three grounds for accusations:</b> what is seen, heard, and suspected. <b>Three kinds of sensual rebirth:</b> There are sentient beings who desire what is present. They fall under the sway of presently arisen sensual pleasures. Namely, humans, some gods, and some beings in the underworld. This is the first kind of sensual rebirth. There are sentient beings who desire to create. Having repeatedly created, they fall under the sway of sensual pleasures. Namely, the gods who love to create. This is the second kind of sensual rebirth. There are sentient beings who desire what is created by others. They fall under the sway of sensual pleasures created by others. Namely, the gods who control what is created by others. This is the third kind of sensual rebirth. <b>Three kinds of pleasant rebirth:</b> There are sentient beings who, having repeatedly given rise to it, dwell in pleasure. Namely, the gods of the Divinity’s host. This is the first pleasant rebirth. There are sentient beings who are drenched, steeped, filled, and soaked with pleasure. Every so often they feel inspired to exclaim: ‘Oh, what bliss! Oh, what bliss!’ Namely, the gods of sublime luminosity. This is the second pleasant rebirth. There are sentient beings who are drenched, steeped, filled, and soaked with pleasure. Since they’re truly content, they experience pleasure. Namely, the gods of universal beauty. This is the third pleasant rebirth. <b>Three kinds of wisdom:</b> the wisdom of a trainee, the wisdom of an adept, and the wisdom of one who is neither a trainee nor an adept. <b>Another three kinds of wisdom:</b> wisdom produced by thought, learning, and meditation. <b>Three weapons:</b> learning, seclusion, and wisdom. <b>Three faculties:</b> the faculty of understanding that enlightenment is imminent, the faculty of enlightenment, and the faculty of one who is enlightened. <b>Three eyes:</b> the eye of the flesh, the eye of clairvoyance, and the eye of wisdom. <b>Three trainings:</b> in higher ethics, higher mind, and higher wisdom. <b>Three kinds of development:</b> the development of physical endurance, the development of the mind, and the development of wisdom. <b>Three unsurpassable qualities:</b> unsurpassable seeing, practice, and freedom. <b>Three kinds of immersion:</b> Immersion with placing the mind and keeping it connected. Immersion without placing the mind, merely keeping it connected. Immersion without placing the mind or keeping it connected. <b>Another three kinds of immersion:</b> emptiness, signless, and undirected. <b>Three purities:</b> purity of body, speech, and mind. <b>Three kinds of sagacity:</b> sagacity of body, speech, and mind. <b>Three skills:</b> skill in progress, skill in regress, and skill in means. <b>Three vanities:</b> the vanity of health, the vanity of youth, and the vanity of life. <b>Three ways of putting something in charge:</b> putting oneself, the world, or the teaching in charge. <b>Three topics of discussion:</b> You might discuss the past: ‘That is how it was in the past.’ You might discuss the future: ‘That is how it will be in the future.’ Or you might discuss the present: ‘This is how it is at present.’ <b>Three knowledges:</b> recollection of past lives, knowledge of the death and rebirth of sentient beings, and knowledge of the ending of defilements. <b>Three meditative abidings:</b> the heavenly meditation, the divine meditation, and the noble meditation. <b>Three demonstrations:</b> The demonstration of psychic power, the demonstration of revealing, and the demonstration of instruction. These are the teachings grouped by three that have been rightly explained by the Buddha. You should all recite these in concert. 4. Fours

စာ-၁၈၅

စတုက္ကံ

၃၀၆။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန စတ္တာရော ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ, န ဝိဝဒိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ စတ္တာရော?

‘‘စတ္တာရော သတိပဋ္ဌာနာ။ ဣဓာဝုသော, ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ, ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ ဝေဒနာသု ဝေဒနာနုပဿီ…ပေ… စိတ္တေ စိတ္တာနုပဿီ…ပေ… ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။

‘‘စတ္တာရော သမ္မပ္ပဓာနာ။ ဣဓာဝုသော, ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

‘‘စတ္တာရော ဣဒ္ဓိပါဒါ။ ဣဓာဝုသော, ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဝီမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

‘‘စတ္တာရိ ဈာနာနိ။ ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ [ပဌမဇ္ဈာနံ (သျာ။ ကံ။)] ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ [ဒုတိယဇ္ဈာနံ (သျာ။ ကံ။)] ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေတိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ [တတိယဇ္ဈာနံ (သျာ။ ကံ။)] ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ [စတုတ္ထဇ္ဈာနံ (သျာ။ ကံ။)] ဥပသမ္ပဇ္ဇ ဝိဟရတိ။

၃၀၆။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်ကုန်သော လေးပါးသော တရားတို့သည် ရှိကုန်၏။ ထိုလေးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။ အဘယ်တရား လေးပါးတို့နည်းဟူမူ - သတိပဋ္ဌာန်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏၊ ခံစားမှု ‘ဝေဒနာ’တို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင် လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၁) သမ္မပ္ပဓာန်တို့သည် လေးပါတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် မဖြစ်သေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အား ထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီး မကောင်းမှု အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အား ထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးကုသိုလ်တရားတို့ တည်တံ့ခြင်းငှါ မပျောက်ပျက်ခြင်းငှါ လွန်စွာ ဖြစ်ပွားခြင်းငှါ ပြန့်ပြောခြင်းငှါ တိုးပွါးခြင်းငှါ ပြည့်စုံခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ (ဤလေးပါတို့တည်း)။ (၂) ဣဒ္ဓိပါဒ်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဆန္ဒရှေ့ သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ’ တရားကို ပွါးများ၏၊ ဝီရိယရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ် ’ တရားကို ပွါးများ၏၊ စိတ်ရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’နှင့်လည်း ကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ’ တရားကို ပွါးများ၏၊ ပညာရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ’ တရားကို ပွါးများ၏။ (ဤလေးပါးတို့တည်း)။ (၃) ဈာန်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ကာမဂုဏ် တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း‘ဝိတက် ’နှင့် တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဥ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု လျက်နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေ့ဦးက ပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင် ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၄)

There are teachings grouped by four that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by four? <b>Four kinds of mindfulness meditation:</b> It’s when a mendicant meditates by observing an aspect of the body—keen, aware, and mindful, rid of covetousness and displeasure for the world. They meditate observing an aspect of feelings … mind … principles—keen, aware, and mindful, rid of covetousness and displeasure for the world. <b>Four right efforts:</b> A mendicant generates enthusiasm, tries, makes an effort, exerts the mind, and strives so that bad, unskillful qualities don’t arise. They generate enthusiasm, try, make an effort, exert the mind, and strive so that bad, unskillful qualities that have arisen are given up. They generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities arise. They generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities that have arisen remain, are not lost, but increase, mature, and are fully developed. <b>Four bases of psychic power:</b> A mendicant develops the basis of psychic power that has immersion due to enthusiasm, and active effort. They develop the basis of psychic power that has immersion due to mental development, and active effort. They develop the basis of psychic power that has immersion due to energy, and active effort. They develop the basis of psychic power that has immersion due to inquiry, and active effort. <b>Four absorptions:</b> A mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, they enter and remain in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness.

စာ-၁၈၆

၃၀၇။ ‘‘စတဿော သမာဓိဘာဝနာ။ အတ္ထာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဒိဋ္ဌဓမ္မသုခဝိဟာရာယ သံဝတ္တတိ။ အတ္ထာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဉာဏဒဿနပဋိလာဘာယ သံဝတ္တတိ။ အတ္ထာဝုသော သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ သတိသမ္ပဇညာယ သံဝတ္တတိ။ အတ္ထာဝုသော သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ အာသဝါနံ ခယာယ သံဝတ္တတိ။

‘‘ကတမာ စာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဒိဋ္ဌဓမ္မသုခဝိဟာရာယ သံဝတ္တတိ? ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ, အာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဒိဋ္ဌဓမ္မသုခဝိဟာရာယ သံဝတ္တတိ။

‘‘ကတမာ စာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဉာဏဒဿနပဋိလာဘာယ သံဝတ္တတိ? ဣဓာဝုသော, ဘိက္ခု အာလောကသညံ မနသိ ကရောတိ, ဒိဝါသညံ အဓိဋ္ဌာတိ ယထာ ဒိဝါ တထာ ရတ္တိံ, ယထာ ရတ္တိံ တထာ ဒိဝါ။ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေတိ။ အယံ, အာဝုသော သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ ဉာဏဒဿနပဋိလာဘာယ သံဝတ္တတိ။

‘‘ကတမာ စာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ သတိသမ္ပဇညာယ သံဝတ္တတိ? ဣဓာဝုသော, ဘိက္ခုနော ဝိဒိတာ ဝေဒနာ ဥပ္ပဇ္ဇန္တိ, ဝိဒိတာ ဥပဋ္ဌဟန္တိ, ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ ဝိဒိတာ သညာ ဥပ္ပဇ္ဇန္တိ, ဝိဒိတာ ဥပဋ္ဌဟန္တိ, ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ ဝိဒိတာ ဝိတက္ကာ ဥပ္ပဇ္ဇန္တိ, ဝိဒိတာ ဥပဋ္ဌဟန္တိ, ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ အယံ, အာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ သတိသမ္ပဇညာယ သံဝတ္တတိ။

‘‘ကတမာ စာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ အာသဝါနံ ခယာယ သံဝတ္တတိ? ဣဓာဝုသော, ဘိက္ခု ပဉ္စသု ဥပါဒါနက္ခန္ဓေသု ဥဒယဗ္ဗယာနုပဿီ ဝိဟရတိ။ ဣတိ ရူပံ, ဣတိ ရူပဿ သမုဒယော, ဣတိ ရူပဿ အတ္ထင်္ဂမော။ ဣတိ ဝေဒနာ…ပေ… ဣတိ သညာ… ဣတိ သင်္ခါရာ… ဣတိ ဝိညာဏံ, ဣတိ ဝိညာဏဿ သမုဒယော, ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။ အယံ, အာဝုသော, သမာဓိဘာဝနာ ဘာဝိတာ ဗဟုလီကတာ အာသဝါနံ ခယာယ သံဝတ္တတိ။

၃၀၇။ သမာဓိဘာဝနာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့ အလာ ပြုအပ်သော ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်း ငှါဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော သတိသမ္ပဇဥ်နှင့် ပြည့်စုံစေခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။ (ဤလေးပါးတို့တည်း)။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော ‘နီဝရဏ’ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ပ။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤသမာဓိဘာဝနာသည် ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅-၁) ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် အလင်း ရောင်အမှတ်ကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို အဓိဋ္ဌာန်ပြု၏၊ နေ့ကဲ့သို့ ညဥ့်ကို ညဥ့်ကဲ့သို့ နေ့ကို နှလုံးသွင်း၏၊ ဤသို့ အပိတ်အပင်မရှိသော ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် အရောင်အလင်းရှိသော စိတ်ကို ပွါးများ၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိဘာဝနာသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅-၂) ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော သတိသမ္ပဇဥ်နှင့် ပြည့်စုံခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းအား ဝေဒနာတို့ သည် ထင်ရှားကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ သညာတို့သည် ထင်ရှားကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ဝိတက်တို့သည် ထင်ရှား ကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိဘာဝနာသည် သတိသမ္ပဇဥ်နှင့် ပြည့်စုံခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅-၃) ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ဥပါဒါန က္ခန္ဓာငါးပါးတို့၌ အဖြစ်အပျက်ကို ရှု၍ နေ၏၊ ရုပ်သည် ဤသို့ သဘောရှိ၏၊ ရုပ်၏ ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ရုပ်၏ ချုပ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ဝေဒနာသည် ဤသို့ သဘောရှိ၏၊ သညာသည် ဤသို့ သဘောရှိ၏၊ သင်္ခါရတို့သည် ဤသို့ သဘောရှိကုန်၏၊ ဝိညာဥ်သည် ဤသို့ သဘောရှိ၏၊ ဝိညာဥ်၏ ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ဝိညာဥ်၏ ချုပ်ခြင်းသည် ဤသို့ သဘော ရှိ၏ဟု (ရှု၍ နေ၏)။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိ ဘာဝနာသည် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅-၄)

<b>Four ways of developing immersion further:</b> There is a way of developing immersion further that leads to blissful meditation in this life. There is a way of developing immersion further that leads to gaining knowledge and vision. There is a way of developing immersion further that leads to mindfulness and awareness. There is a way of developing immersion further that leads to the ending of defilements. And what is the way of developing immersion further that leads to blissful meditation in this life? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … fourth absorption. This is the way of developing immersion further that leads to blissful meditation in this life. And what is the way of developing immersion further that leads to gaining knowledge and vision? A mendicant applies their mind to the perception of light, focusing on the perception of day regardless of whether it’s night or day. And so, with an open and unenveloped heart, they develop a mind that’s full of radiance. This is the way of developing immersion further that leads to gaining knowledge and vision. And what is the way of developing immersion further that leads to mindfulness and awareness? A mendicant knows feelings as they arise, as they remain, and as they go away. They know perceptions as they arise, as they remain, and as they go away. They know thoughts as they arise, as they remain, and as they go away. This is the way of developing immersion further that leads to mindfulness and awareness. And what is the way of developing immersion further that leads to the ending of defilements? A mendicant meditates observing rise and fall in the five grasping aggregates. ‘Such is form, such is the origin of form, such is the disappearance of form. Such are feelings … perceptions … choices … consciousness, such is the origin of consciousness, such is the disappearance of consciousness.’ This is the way of developing immersion further that leads to the ending of defilements.

၃၀၈။ ‘‘စတဿော အပ္ပမညာ။ ဣဓာဝုသော, ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန [အဗျာပဇ္ဈေန (သီ။ သျာ။ ကံ။ ပီ။)] ဖရိတွာ ဝိဟရတိ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။

‘‘စတ္တာရော အာရုပ္ပါ။ [အရူပါ (သျာ။ ကံ။ ပီ။)] ဣဓာဝုသော, ဘိက္ခု သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

‘‘စတ္တာရိ အပဿေနာနိ။ ဣဓာဝုသော, ဘိက္ခု သင်္ခါယေကံ ပဋိသေဝတိ, သင်္ခါယေကံ အဓိဝါသေတိ, သင်္ခါယေကံ ပရိဝဇ္ဇေတိ, သင်္ခါယေကံ ဝိနောဒေတိ။

၃၀၈။ အပ္ပမညာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တ လောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာ နှင့် ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဥ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဥ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ့နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောက ကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၆) အာရုပ္ပတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝ ချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စ ညာယတန ဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဤဝိညာဥ် သည် ငြိမ်သက်၏၊ ဤဝိညာဥ်သည် မွန်မြတ်၏”၁ဟု (နှလုံးသွင်းလျက်) နေဝသညာနာသညာယတနဘုံသို့ ရောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၇) မှီရာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ဉာဏ်ဖြင့် ဆင်ခြင်၍ မှီဝဲသင့်သော အရာကို မှီဝဲ၏၊ ဉာဏ်ဖြင့် ဆင်ခြင်၍ သည်းခံသင့်သော အရာကို သည်းခံ၏၊ ဉာဏ်ဖြင့် ဆင်ခြင်၍ ရှောင်ကြဥ်သင့်သော အရာကို ရှောင်ကြဥ်၏။ ဉာဏ်ဖြင့် ဆင်ခြင်၍ ပယ်ဖျောက် သင့်သော အရာကို ပယ်ဖျောက်၏။ (ဤလေးပါးတို့တည်း)။ (၈)

<b>Four limitless states:</b> A mendicant meditates spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of compassion … rejoicing … equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. <b>Four formless states:</b> A mendicant, going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, enters and remains in the dimension of infinite space. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. <b>Four supports:</b> After appraisal, a mendicant uses some things, endures some things, avoids some things, and dispels some things.

စာ-၁၈၈

၃၀၉။ ‘‘စတ္တာရော အရိယဝံသာ။ ဣဓာဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ ဣတရီတရေန စီဝရေန, ဣတရီတရစီဝရသန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ, န စ စီဝရဟေတု အနေသနံ အပ္ပတိရူပံ အာပဇ္ဇတိ၊ အလဒ္ဓါ စ စီဝရံ န ပရိတဿတိ, လဒ္ဓါ စ စီဝရံ အဂဓိတော [အဂထိတော (သီ။ ပီ။)] အမုစ္ဆိတော အနဇ္ဈာပန္နော အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ၊ တာယ စ ပန ဣတရီတရစီဝရသန္တုဋ္ဌိယာ နေဝတ္တာနုက္ကံသေတိ န ပရံ ဝမ္ဘေတိ။ ယော ဟိ တတ္ထ ဒက္ခော အနလသော သမ္ပဇာနော ပဋိဿတော, အယံ ဝုစ္စတာဝုသော – ‘ဘိက္ခု ပေါရာဏေ အဂ္ဂညေ အရိယဝံသေ ဌိတော’။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ ဣတရီတရေန ပိဏ္ဍပါတေန, ဣတရီတရပိဏ္ဍပါတသန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ, န စ ပိဏ္ဍပါတဟေတု အနေသနံ အပ္ပတိရူပံ အာပဇ္ဇတိ၊ အလဒ္ဓါ စ ပိဏ္ဍပါတံ န ပရိတဿတိ, လဒ္ဓါ စ ပိဏ္ဍပါတံ အဂဓိတော အမုစ္ဆိတော အနဇ္ဈာပန္နော အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ၊ တာယ စ ပန ဣတရီတရပိဏ္ဍပါတသန္တုဋ္ဌိယာ နေဝတ္တာနုက္ကံသေတိ န ပရံ ဝမ္ဘေတိ။ ယော ဟိ တတ္ထ ဒက္ခော အနလသော သမ္ပဇာနော ပဋိဿတော, အယံ ဝုစ္စတာဝုသော – ‘ဘိက္ခု ပေါရာဏေ အဂ္ဂညေ အရိယဝံသေ ဌိတော’။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ ဣတရီတရေန သေနာသနေန, ဣတရီတရသေနာသနသန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ, န စ သေနာသနဟေတု အနေသနံ အပ္ပတိရူပံ အာပဇ္ဇတိ၊ အလဒ္ဓါ စ သေနာသနံ န ပရိတဿတိ, လဒ္ဓါ စ သေနာသနံ အဂဓိတော အမုစ္ဆိတော အနဇ္ဈာပန္နော အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ၊ တာယ စ ပန ဣတရီတရသေနာသနသန္တုဋ္ဌိယာ နေဝတ္တာနုက္ကံသေတိ န ပရံ ဝမ္ဘေတိ။ ယော ဟိ တတ္ထ ဒက္ခော အနလသော သမ္ပဇာနော ပဋိဿတော, အယံ ဝုစ္စတာဝုသော – ‘ဘိက္ခု ပေါရာဏေ အဂ္ဂညေ အရိယဝံသေ ဌိတော’။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပဟာနာရာမော ဟောတိ ပဟာနရတော, ဘာဝနာရာမော ဟောတိ ဘာဝနာရတော၊ တာယ စ ပန ပဟာနာရာမတာယ ပဟာနရတိယာ ဘာဝနာရာမတာယ ဘာဝနာရတိယာ နေဝတ္တာနုက္ကံသေတိ န ပရံ ဝမ္ဘေတိ။ ယော ဟိ တတ္ထ ဒက္ခော အနလသော သမ္ပဇာနော ပဋိဿတော အယံ ဝုစ္စတာဝုသော – ‘ဘိက္ခု ပေါရာဏေ အဂ္ဂညေ အရိယဝံသေ ဌိတောတိ’။

၃၀၉။ အရိယဝံသတရားတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်း လေ့ရှိ၏၊ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ သင်္ကန်းရခြင်းကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသော စိတ် မရှိ၊ တွယ်တာသော စိတ်မရှိ၊ အပြစ်ကို ရှုလေ့ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့်ပြည့်စုံသည် ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကို လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၁) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ဆွမ်းရခြင်း ကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၂) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ကျောင်းဟူသော အကြောင်းကြောင့် မလျောက် ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ကျောင်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ကျောင်းရခြင်းကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရ သမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်း၌ အကြင်ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင် အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏၊ ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၃) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ ထိုပယ်ခြင်း၌ မွေ့လျော်ခြင်းကြောင့်လည်းကောင်း၊ ပယ်ခြင်း၌ ပျော်ပိုက်ခြင်းကြောင့်လည်းကောင်း၊ ဘာဝနာ၌ မွေ့လျော်ခြင်းကြောင့်လည်းကောင်း၊ ဘာဝနာ၌ ပျော်ပိုက်ခြင်းကြောင့်လည်းကောင်း မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထို ဘာဝနာပွါးများခြင်း၌ အကြင်ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၄)

<b>Four noble customs:</b> A mendicant is content with any kind of robe, and praises such contentment. They don’t employ improper solicitation for the sake of a robe. They don’t worry if they don’t get a robe. And if they do get a robe, they use it untied, uninfatuated, unattached, seeing the drawback, and understanding the escape. And on account of that they don’t glorify themselves or put others down. A mendicant who is deft, tireless, aware, and mindful in this is said to stand in the ancient, primordial noble custom. Furthermore, a mendicant is content with any kind of almsfood … Furthermore, a mendicant is content with any kind of lodgings … Furthermore, a mendicant enjoys giving up and loves to give up. They enjoy meditation and love to meditate. But they don’t glorify themselves or put down others on account of their love for giving up and meditation. A mendicant who is deft, tireless, aware, and mindful in this is said to stand in the ancient, primordial noble custom.

စာ-၁၈၉

၃၁၀။ ‘‘စတ္တာရိ ပဓာနာနိ။ သံဝရပဓာနံ ပဟာနပဓာနံ ဘာဝနာပဓာနံ [ဘာဝနာပ္ပဓာနံ (သျာ။)] အနုရက္ခဏာပဓာနံ [အနုရက္ခနာပ္ပဓာနံ (သျာ။)]။ ကတမဉ္စာဝုသော, သံဝရပဓာနံ? ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ဣဒံ ဝုစ္စတာဝုသော, သံဝရပဓာနံ။

‘‘ကတမဉ္စာဝုသော, ပဟာနပဓာနံ? ဣဓာဝုသော, ဘိက္ခု ဥပ္ပန္နံ ကာမဝိတက္ကံ နာဓိဝါသေတိ ပဇဟတိ ဝိနောဒေတိ ဗျန္တိံ ကရောတိ [ဗျန္တီ ကရောတိ (သျာ။ ကံ။)] အနဘာဝံ ဂမေတိ။ ဥပ္ပန္နံ ဗျာပါဒဝိတက္ကံ…ပေ… ဥပ္ပန္နံ ဝိဟိံသာဝိတက္ကံ… ဥပ္ပန္နုပ္ပန္နေ ပါပကေ အကုသလေ ဓမ္မေ နာဓိဝါသေတိ ပဇဟတိ ဝိနောဒေတိ ဗျန္တိံ ကရောတိ အနဘာဝံ ဂမေတိ။ ဣဒံ ဝုစ္စတာဝုသော, ပဟာနပဓာနံ။

‘‘ကတမဉ္စာဝုသော, ဘာဝနာပဓာနံ? ဣဓာဝုသော, ဘိက္ခု သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဝီရိယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပီတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… သမာဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဣဒံ ဝုစ္စတာဝုသော, ဘာဝနာပဓာနံ။

‘‘ကတမဉ္စာဝုသော, အနုရက္ခဏာပဓာနံ? ဣဓာဝုသော, ဘိက္ခု ဥပ္ပန္နံ ဘဒြကံ [ဘဒ္ဒကံ (သျာ။ ကံ။ ပီ။)] သမာဓိနိမိတ္တံ အနုရက္ခတိ – အဋ္ဌိကသညံ, ပုဠုဝကသညံ [ပုဠဝကသညံ (သီ။ ပီ။)], ဝိနီလကသညံ, ဝိစ္ဆိဒ္ဒကသညံ, ဥဒ္ဓုမာတကသညံ။ ဣဒံ ဝုစ္စတာဝုသော, အနုရက္ခဏာပဓာနံ။

‘‘စတ္တာရိ ဉာဏာနိ – ဓမ္မေ ဉာဏံ, အနွယေ ဉာဏံ, ပရိယေ [ပရိစ္စေ (သီ။ က။), ပရိစ္ဆေဒေ (သျာ။ ပီ။ က။) ဋီကာ ဩလောကေတဗ္ဗာ] ဉာဏံ, သမ္မုတိယာ ဉာဏံ [သမ္မတိဉာဏံ (သျာ။ ကံ။)]။

‘‘အပရာနိပိ စတ္တာရိ ဉာဏာနိ – ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။

၃၁၀။ ဝီရိယကို အားထုတ်ခြင်းပဓာနတရားတို့သည် စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယ ‘သံဝရပဓာန’၊ ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာန ပဓာန’၊ ဗောဇ္ဈင်စသည်ကို ပွါးစေသော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’၊ သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယ ‘အနုရက္ခဏာပဓာန’ အားဖြင့် လေးပါးတို့တည်း။ ငါ့သျှင်တို့ စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ‘သံဝရပဓာန’ သည် အဘယ် နည်းဟူမူ - ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူ အရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန် ရာ၏။ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော် - နှာဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော် - လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော် - ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော် - စိတ်ဖြင့် သဘော တရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင့်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရား တို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကို စောင့် စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ငါ့သျှင်တို့ ဤသဘောတရားကို စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘သံဝရ ပဓာန’ ဟူ၍ ဆိုအပ်၏။ (၁၀-၁) ငါ့သျှင်တို့ ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာနပဓာန’ သည် အဘယ်နည်းဟူမူ - ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ကာမဝိတက်ကို လက်မခံ၊ စွန့်၏၊ ပယ် ဖျောက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပြီးသော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်ပြီးသော ဝိဟ သာဝိတက်ကို။ပ။ ဖြစ်ကုန်ဖြစ်ကုန်ပြီးသော မကောင်းမှုအကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ငါ့သျှင်တို့ ဤသဘောတရားကို ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာနပဓာန’ ဟူ၍ ဆိုအပ်၏။ (၁၀-၂) ငါ့သျှင်တို့ ဗောဇ္ဈင်စသည်ကို ပွါးစေသောပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’သည် အဘယ် နည်းဟူမူ - ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ရာကို မှီ၍ဖြစ်သော၊ ရာဂကင်းရာကို မှီ၍ ဖြစ်သော၊ ရာဂချုပ်ရာကို မှီ၍ဖြစ်သော၊ နိဗ္ဗာန်သို့ ညွတ်သော မဂ်၏ အကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ ဆိတ်ငြိမ်ရာကို မှီ၍ဖြစ်သော၊ ရာဂကင်းရာကို မှီ၍ဖြစ်သော၊ ရာဂချုပ်ရာကို မှီ၍ဖြစ်သော၊ နိဗ္ဗာန်သို့ ညွတ်သော မဂ်၏ အကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင် ’ကို ပွါးများ၏။ ငါ့သျှင်တို့ ဤသဘောတရားကို ဗောဇ္ဈ င်စသည်ကို ပွါးစေသော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’ ဟူ၍ ဆိုအပ်၏။ (၁၀-၃) ငါ့သျှင်တို့ သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘အနုရက္ခဏာပဓာန’ သည် အဘယ်နည်းဟူမူ - ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အရိုးစုအကောင်ပုပ်ဟု အမှတ်ရှိသော၊ ပိုးလောက် ပြည့်သော အကောင်ပုပ်ဟု အမှတ်ရှိသော၊ ညိုညိုမဲမဲအကောင်ပုပ်ဟု အမှတ်ရှိသော၊ နှစ်ဖြာထက်ပိုင်း ပြတ် နေသည့် စက်ဆုပ်ဖွယ် အကောင်ပုပ်ဟု အမှတ်ရှိသော၊ ဖူးဖူးယောင်သော အကောင်ပုပ်ဟု အမှတ်ရှိသော ရအပ်ပြီးဖြစ်သော သမာဓိနိမိတ်ကို စောင့်၏။ ငါ့သျှင်တို့ ဤသဘောတရားကို သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘အနုရ က္ခဏာပဓာန’ ဟူ၍ ဆိုအပ်၏။ (၁၀-၄) ဉာဏ်တို့သည် သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊ ဓမ္မဉာဏ်သို့ အစဥ်လိုက်သော အနွယဉာဏ်၊ သူတစ်ပါးတို့ စိတ်ကို ပိုင်းခြားသိသော ပရိစ္ဆေဒဉာဏ်၊ သမ္မုတိပညတ်၌ သိသော ဉာဏ်အားဖြင့် လေး ပါးတို့တည်း။ (၁၁) ထိုမှတစ်ပါးလည်း ဉာဏ်တို့သည် ဆင်းရဲကို သိသော ဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းကို သိသော ဉာဏ်၊ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကို သိသောဉာဏ်၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို သိသော ဉာဏ်အားဖြင့် လေးပါးတို့တည်း။ (၁၂)

<b>Four efforts:</b> The efforts to restrain, to give up, to develop, and to preserve. And what is the effort to restrain? When a mendicant sees a sight with their eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. This is called the effort to restrain. And what is the effort to give up? It’s when a mendicant doesn’t tolerate a sensual, malicious, or cruel thought that’s arisen, but gives it up, dispels it, eliminates it, and obliterates it. They don’t tolerate any bad, unskillful qualities that have arisen, but give them up, dispel them, eliminate them, and obliterate them. This is called the effort to give up. And what is the effort to develop? It’s when a mendicant develops the awakening factors of mindfulness, investigation of principles, energy, rapture, tranquility, immersion, and equanimity, which rely on seclusion, fading away, and cessation, and ripen as letting go. This is called the effort to develop. And what is the effort to preserve? It’s when a mendicant preserves a meditation subject that’s a fine basis of immersion: the perception of a skeleton, a worm-infested corpse, a livid corpse, a split open corpse, or a bloated corpse. This is called the effort to preserve. <b>Four knowledges:</b> knowledge of the teaching, inferential knowledge, knowledge of encompassing, and conventional knowledge. <b>Another four knowledges:</b> knowing about suffering, the origin of suffering, the cessation of suffering, and the practice that leads to the cessation of suffering.

၃၁၁။ ‘‘စတ္တာရိ သောတာပတ္တိယင်္ဂါနိ – သပ္ပုရိသသံသေဝေါ, သဒ္ဓမ္မဿဝနံ, ယောနိသောမနသိကာရော, ဓမ္မာနုဓမ္မပ္ပဋိပတ္တိ။

‘‘စတ္တာရိ သောတာပန္နဿ အင်္ဂါနိ။ ဣဓာဝုသော, အရိယသာဝကော ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတော ဟောတိ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ, ဘဂဝါ’တိ။ ဓမ္မေ အဝေစ္စပ္ပသာဒေန သမန္နာဂတော ဟောတိ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော [ဩပနယိကော (သျာ။ ကံ။)] ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။ သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတော ဟောတိ – ‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ, ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’တိ။ အရိယကန္တေဟိ သီလေဟိ သမန္နာဂတော ဟောတိ အခဏ္ဍေဟိ အစ္ဆိဒ္ဒေဟိ အသဗလေဟိ အကမ္မာသေဟိ ဘုဇိဿေဟိ ဝိညုပ္ပသတ္ထေဟိ အပရာမဋ္ဌေဟိ သမာဓိသံဝတ္တနိကေဟိ။

‘‘စတ္တာရိ သာမညဖလာနိ – သောတာပတ္တိဖလံ, သကဒါဂါမိဖလံ, အနာဂါမိဖလံ, အရဟတ္တဖလံ။

‘‘စတဿော ဓာတုယော – ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု။

‘‘စတ္တာရော အာဟာရာ – ကဗဠီကာရော အာဟာရော ဩဠာရိကော ဝါ သုခုမော ဝါ, ဖဿော ဒုတိယော, မနောသဉ္စေတနာ တတိယာ, ဝိညာဏံ စတုတ္ထံ။

‘‘စတဿော ဝိညာဏဋ္ဌိတိယော။ ရူပူပါယံ ဝါ, အာဝုသော, ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌတိ ရူပါရမ္မဏံ [ရူပါရမဏံ (?)] ရူပပ္ပတိဋ္ဌံ နန္ဒူပသေစနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇတိ၊ ဝေဒနူပါယံ ဝါ အာဝုသော…ပေ… သညူပါယံ ဝါ, အာဝုသော…ပေ… သင်္ခါရူပါယံ ဝါ, အာဝုသော, ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌတိ သင်္ခါရာရမ္မဏံ သင်္ခါရပ္ပတိဋ္ဌံ နန္ဒူပသေစနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇတိ။

‘‘စတ္တာရိ အဂတိဂမနာနိ – ဆန္ဒာဂတိံ ဂစ္ဆတိ, ဒေါသာဂတိ ဂစ္ဆတိ, မောဟာဂတိံ ဂစ္ဆတိ, ဘယာဂတိံ ဂစ္ဆတိ။

‘‘စတ္တာရော တဏှုပ္ပါဒါ – စီဝရဟေတု ဝါ, အာဝုသော, ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ပိဏ္ဍပါတဟေတု ဝါ, အာဝုသော, ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ သေနာသနဟေတု ဝါ, အာဝုသော, ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဣတိဘဝါဘဝဟေတု ဝါ, အာဝုသော, ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ။

‘‘စတဿော ပဋိပဒါ – ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ, ဒုက္ခာ ပဋိပဒါ ခိပ္ပါဘိညာ, သုခါ ပဋိပဒါ ဒန္ဓာဘိညာ, သုခါ ပဋိပဒါ ခိပ္ပါဘိညာ။

‘‘အပရာပိ စတဿော ပဋိပဒါ – အက္ခမာ ပဋိပဒါ, ခမာ ပဋိပဒါ, ဒမာ ပဋိပဒါ, သမာ ပဋိပဒါ။

‘‘စတ္တာရိ ဓမ္မပဒါနိ – အနဘိဇ္ဈာ ဓမ္မပဒံ, အဗျာပါဒေါ ဓမ္မပဒံ, သမ္မာသတိ ဓမ္မပဒံ, သမ္မာသမာဓိ ဓမ္မပဒံ။

‘‘စတ္တာရိ ဓမ္မသမာဒါနာနိ – အတ္ထာဝုသော, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ။ အတ္ထာဝုသော, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ။ အတ္ထာဝုသော, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ။ အတ္ထာဝုသော, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ။

‘‘စတ္တာရော ဓမ္မက္ခန္ဓာ – သီလက္ခန္ဓော, သမာဓိက္ခန္ဓော, ပညာက္ခန္ဓော, ဝိမုတ္တိက္ခန္ဓော။

‘‘စတ္တာရိ ဗလာနိ – ဝီရိယဗလံ, သတိဗလံ, သမာဓိဗလံ, ပညာဗလံ။

‘‘စတ္တာရိ အဓိဋ္ဌာနာနိ – ပညာဓိဋ္ဌာနံ, သစ္စာဓိဋ္ဌာနံ, စာဂါဓိဋ္ဌာနံ, ဥပသမာဓိဋ္ဌာနံ။

၃၁၁။ သောတာပတ္တိမဂ်ရခြင်း အကြောင်း ‘အင်္ဂါ’ တို့သည် သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော် ကောင်းတရားကို ကြားနာခြင်း၊ အသင့်အတင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာနှင့်လျော်သော အကျင့်ကို ကျင့်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၁၃) သောတာပန်၏ အင်္ဂါတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာသာဝက သည် မြတ်စွာဘုရား၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ ပါပေ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န ’ မည်တော်မူပါပေ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အ ကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော် မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတို့ကို) သိ စေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အ ကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ တရားတော်၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ် တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ ‘လာလှည့်၊ ရှုလှည့်’ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရား တော်ပါပေတည်း”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ သံဃာတော်၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်း မရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “မြတ်စွာ ဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်အရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် (အရပ်ဝေး မှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူ ကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်း နှင့် ပြည့်စုံ၏)။ တဏှာကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ (မှားယွင်းစွာ) မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော၊ မကျိုး မပေါက် မပြောက် မကျားကုန်သောအရိယာတို့ မြတ်နိုးအပ်သော သီလနှင့် ပြည့်စုံ၏၊ (ဤလေးပါးတို့တည်း)။ (၁၄) ရဟန်း၏ အကျိုးတို့သည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်အားဖြင့် လေးပါးတို့တည်း။ (၁၅) ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်အားဖြင့် လေးပါးတို့ တည်း။ (၁၆) အာဟာရတို့သည် ကြမ်းတမ်းသည်လည်း ဖြစ်သော နူးညံ့သည်လည်း ဖြစ်သော အလုံးအခဲပြုအပ်သော အာဟာရ၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသဉ္စေတနာဟာရ၊ လေးခု မြောက်သော ဝိညာဏာဟာရအားဖြင့် လေးပါးတို့တည်း။ (၁၇) ဝိညာဏဋ္ဌိတိတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ရုပ်လျှင် မှီရာရှိသည်လည်း ဖြစ်သော ရုပ်လျှင် အထောက်အပံ့ ရှိသည်လည်းဖြစ်သော ရုပ်လျှင် တည်ရာရှိသည်လည်းဖြစ်သော (အဘိသင်္ခါရ) ဝိညာဥ်သည် တည်ဆဲဖြစ်၍ တည်၏၊ တဏှာတည်းဟူသော ရေသွန်းဖျန်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏။ ငါ့သျှင်တို့ ဝေဒနာလျှင် မှီရာရှိသည်လည်း ဖြစ်သော။ ငါ့သျှင်တို့ သညာလျှင် မှီရာရှိသည်လည်းဖြစ်သော။ ငါ့သျှင်တို့ သင်္ခါရလျှင် မှီရာရှိသည်လည်းဖြစ်သော သင်္ခါရလျှင် အထောက်အပံ့ ရှိသည်လည်းဖြစ်သော သင်္ခါရလျှင် တည်ရာရှိသည်လည်းဖြစ်သော ဝိညာဥ်သည် တည်ဆဲ ဖြစ်၍ တည်၏၊ တဏှာတည်းဟူသော ရေသွန်းဖျန်းအပ်သည် ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏၊ (ဤလေးပါးတို့တည်း)။ (၁၈) မလားအပ်သည်သို့ လားခြင်းတို့သည် လေးပါးတို့တည်း။ ချစ်သောအားဖြင့် မလားအပ်သည်သို့ လား၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့ လား၏၊ မသိသောအားဖြင့် မလားအပ်သည်သို့ လား၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့ လား၏၊ (ဤလေးပါးတို့တည်း)။ (၁၉) တဏှာ၏ ဖြစ်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ သင်္ကန်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ ဆွမ်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ ကျောင်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ မြတ်ကုန် အထူးသဖြင့် မြတ်ကုန်သော ဆီ ပျား တင်လဲစသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ (ဤလေးပါးတို့တည်း)။ (၂၀) အကျင့်တို့သည် နှေးသော အသိဉာဏ်ရှိသော ဆင်းရဲသော အကျင့်၊ လျင်သော အသိဉာဏ်ရှိသော ဆင်းရဲသော အကျင့်၊ နှေးသော အသိဉာဏ်ရှိသော ချမ်းသာသော အကျင့်၊ လျင်သော အသိဉာဏ်ရှိသော ချမ်းသာသော အကျင့်အားဖြင့် လေးပါးတို့တည်း။ (၂၁) ထိုမှတစ်ပါးလည်း အကျင့်တို့သည် (အချမ်း အပူစသည်ကို) သည်းမခံနိုင်သော အကျင့်၊ (အချမ်း အပူစသည်ကို) သည်းခံနိုင်သော အကျင့်၊ ဣန္ဒြေကို ဆုံးမသော အကျင့်၊ ကာမဝိတက်စသည်ကို ငြိမ်းစေသော အကျင့်အားဖြင့် လေးပါးတို့တည်း။ (၂၂) တရားအစုတို့သည် အလောဘဟူသော တရားအစု၊ အဒေါသဟူသော တရားအစု၊ သမ္မာသတိ ဟူသော တရားအစု၊ သမ္မာသမာဓိဟူသော တရားအစုအားဖြင့် လေးပါးတို့တည်း။ (၂၃) တရားကို ဆောက်တည်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ယခု ပစ္စုပ္ပန်၌လည်း ဆင်းရဲသော နောင်အခါ၌လည်း ဆင်းရဲသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌ ဆင်းရဲသော နောင်အခါ၌ ချမ်းသာကျိုးကို ပေးတတ်သော တရားကို ဆောက် တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌ ချမ်းသာသော နောင်အခါ၌ ဆင်းရဲကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌လည်း ချမ်းသာသော နောင်အခါ၌လည့်းချမ်းသာကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၂၄) တရားဂုဏ် ‘ဓမ္မက္ခန္ဓာ’ တို့သည် သီလဂုဏ် ‘သီလက္ခန္ဓ’၊ သမာဓိဂုဏ် ‘သမာဓိက္ခန္ဓ’၊ ပညာဂုဏ် ‘ပညာက္ခန္ဓ’၊ ဝိမုတ္တိဂုဏ် ‘ဝိမုတ္တိက္ခန္ဓ’ အားဖြင့် လေးပါးတို့တည်း။ (၂၅) ဗိုလ်တို့သည် အားထုတ်ခြင်း ‘ဝီရိယ’ ဗိုလ်၊ အောက်မေ့ခြင်း ‘သတိ’ဗိုလ်၊ တည်ကြည်ခြင်း ‘သမာဓိ’ ဗိုလ်၊ အပြားအားဖြင့် သိခြင်း ‘ပညာ’ဗိုလ်အားဖြင့် လေးပါးတို့တည်း။ (၂၆) အဓိဋ္ဌာန် ‘တည်ရာ’ တို့သည် ပညာသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ သစ္စာသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ စွန့်ကြဲခြင်းသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ ကိလေသာငြိမ်းခြင်းသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’အားဖြင့် လေးပါး တို့တည်း။ (၂၇)

<b>Four factors for stream-entry:</b> associating with true persons, listening to the true teaching, rational application of mind, and practicing in line with the teaching. <b>Four factors of a stream-enterer:</b> A noble disciple has experiential confidence in the Buddha: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ They have experiential confidence in the teaching: ‘The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.’ They have experiential confidence in the Saṅgha: ‘The Saṅgha of the Buddha’s disciples is practicing the way that’s good, direct, systematic, and proper. It consists of the four pairs, the eight individual persons. This is the Saṅgha of the Buddha’s disciples that is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of greeting with cupped palms, and is the supreme field of merit for the world.’ And a noble disciple’s ethical conduct is loved by the noble ones, unbroken, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. <b>Four fruits of the ascetic life:</b> stream-entry, once-return, non-return, and perfection. <b>Four elements:</b> earth, water, fire, and air. <b>Four foods:</b> edible food, whether solid or subtle; contact is the second, mental intention the third, and consciousness the fourth. <b>Four establishings of consciousness:</b> As long as consciousness continues, it gets involved with form, supported by form, established on form. And with a sprinkle of relishing, it grows, increases, and matures. Or consciousness gets involved with feeling … Or consciousness gets involved with perception … Or as long as consciousness continues, it gets involved with choices, supported by choices, established on choices. And with a sprinkle of relishing, it grows, increases, and matures. <b>Four prejudices:</b> making decisions prejudiced by favoritism, hostility, stupidity, and cowardice. <b>Four things that give rise to craving:</b> Craving arises in a mendicant for the sake of robes, almsfood, lodgings, or rebirth in this or that state. <b>Four ways of practice:</b> painful practice with slow insight, painful practice with swift insight, pleasant practice with slow insight, and pleasant practice with swift insight. <b>Another four ways of practice:</b> impatient practice, patient practice, taming practice, and calming practice. <b>Four footprints of the Dhamma:</b> contentment, good will, right mindfulness, and right immersion. <b>Four ways of taking up practices:</b> There is a way of taking up practices that is painful now and results in future pain. There is a way of taking up practices that is painful now but results in future pleasure. There is a way of taking up practices that is pleasant now but results in future pain. There is a way of taking up practices that is pleasant now and results in future pleasure. <b>Four spectrums of the teaching:</b> ethics, immersion, wisdom, and freedom. <b>Four powers:</b> energy, mindfulness, immersion, and wisdom. <b>Four foundations:</b> the foundations of wisdom, truth, generosity, and peace.

စာ-၁၉၂

၃၁၂။ ‘‘စတ္တာရိ ပဉှဗျာကရဏာနိ – [စတ္တာရော ပဉှာဗျာကရဏာ (သီ။ သျာ။ ကံ။ ပီ။)] ဧကံသဗျာကရဏီယော ပဉှော, ပဋိပုစ္ဆာဗျာကရဏီယော ပဉှော, ဝိဘဇ္ဇဗျာကရဏီယော ပဉှော, ဌပနီယော ပဉှော။

‘‘စတ္တာရိ ကမ္မာနိ – အတ္ထာဝုသော, ကမ္မံ ကဏှံ ကဏှဝိပါကံ၊ အတ္ထာဝုသော, ကမ္မံ သုက္ကံ သုက္ကဝိပါကံ၊ အတ္ထာဝုသော, ကမ္မံ ကဏှသုက္ကံ ကဏှသုက္ကဝိပါကံ၊ အတ္ထာဝုသော, ကမ္မံ အကဏှအသုက္ကံ အကဏှအသုက္ကဝိပါကံ ကမ္မက္ခယာယ သံဝတ္တတိ။

‘‘စတ္တာရော သစ္ဆိကရဏီယာ ဓမ္မာ – ပုဗ္ဗေနိဝါသော သတိယာ သစ္ဆိကရဏီယော၊ သတ္တာနံ စုတူပပါတော စက္ခုနာ သစ္ဆိကရဏီယော၊ အဋ္ဌ ဝိမောက္ခာ ကာယေန သစ္ဆိကရဏီယာ၊ အာသဝါနံ ခယော ပညာယ သစ္ဆိကရဏီယော။

‘‘စတ္တာရော ဩဃာ – ကာမောဃော, ဘဝေါဃော, ဒိဋ္ဌောဃော, အဝိဇ္ဇောဃော။

‘‘စတ္တာရော ယောဂါ – ကာမယောဂေါ, ဘဝယောဂေါ, ဒိဋ္ဌိယောဂေါ, အဝိဇ္ဇာယောဂေါ။

‘‘စတ္တာရော ဝိသညောဂါ – ကာမယောဂဝိသညောဂေါ, ဘဝယောဂဝိသညောဂေါ, ဒိဋ္ဌိယောဂဝိသညောဂေါ, အဝိဇ္ဇာယောဂဝိသညောဂေါ။

‘‘စတ္တာရော ဂန္ထာ – အဘိဇ္ဈာ ကာယဂန္ထော, ဗျာပါဒေါ ကာယဂန္ထော, သီလဗ္ဗတပရာမာသော ကာယဂန္ထော, ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော။

‘‘စတ္တာရိ ဥပါဒါနာနိ – ကာမုပါဒါနံ [ကာမူပါဒါနံ (သီ။ ပီ။) ဧဝမိတရေသုပိ], ဒိဋ္ဌုပါဒါနံ, သီလဗ္ဗတုပါဒါနံ, အတ္တဝါဒုပါဒါနံ။

‘‘စတဿော ယောနိယော – အဏ္ဍဇယောနိ, ဇလာဗုဇယောနိ, သံသေဒဇယောနိ, ဩပပါတိကယောနိ။

‘‘စတဿော ဂဗ္ဘာဝက္ကန္တိယော။ ဣဓာဝုသော, ဧကစ္စော အသမ္ပဇာနော မာတုကုစ္ဆိံ ဩက္ကမတိ, အသမ္ပဇာနော မာတုကုစ္ဆိသ္မိံ ဌာတိ, အသမ္ပဇာနော မာတုကုစ္ဆိမှာ နိက္ခမတိ, အယံ ပဌမာ ဂဗ္ဘာဝက္ကန္တိ။ ပုန စပရံ, အာဝုသော, ဣဓေကစ္စော သမ္ပဇာနော မာတုကုစ္ဆိံ ဩက္ကမတိ, အသမ္ပဇာနော မာတုကုစ္ဆိသ္မိံ ဌာတိ, အသမ္ပဇာနော မာတုကုစ္ဆိမှာ နိက္ခမတိ, အယံ ဒုတိယာ ဂဗ္ဘာဝက္ကန္တိ။ ပုန စပရံ, အာဝုသော, ဣဓေကစ္စော သမ္ပဇာနော မာတုကုစ္ဆိံ ဩက္ကမတိ, သမ္ပဇာနော မာတုကုစ္ဆိသ္မိံ ဌာတိ, အသမ္ပဇာနော မာတုကုစ္ဆိမှာ နိက္ခမတိ, အယံ တတိယာ ဂဗ္ဘာဝက္ကန္တိ။ ပုန စပရံ, အာဝုသော, ဣဓေကစ္စော သမ္ပဇာနော မာတုကုစ္ဆိံ ဩက္ကမတိ, သမ္ပဇာနော မာတုကုစ္ဆိသ္မိံ ဌာတိ, သမ္ပဇာနော မာတုကုစ္ဆိမှာ နိက္ခမတိ, အယံ စတုတ္ထာ ဂဗ္ဘာဝက္ကန္တိ။

‘‘စတ္တာရော အတ္တဘာဝပဋိလာဘာ။ အတ္ထာဝုသော, အတ္တဘာဝပဋိလာဘော, ယသ္မိံ အတ္တဘာဝပဋိလာဘေ အတ္တသဉ္စေတနာယေဝ ကမတိ, နော ပရသဉ္စေတနာ။ အတ္ထာဝုသော, အတ္တဘာဝပဋိလာဘော, ယသ္မိံ အတ္တဘာဝပဋိလာဘေ ပရသဉ္စေတနာယေဝ ကမတိ, နော အတ္တသဉ္စေတနာ။ အတ္ထာဝုသော, အတ္တဘာဝပဋိလာဘော, ယသ္မိံ အတ္တဘာဝပဋိလာဘေ အတ္တသဉ္စေတနာ စေဝ ကမတိ ပရသဉ္စေတနာ စ။ အတ္ထာဝုသော, အတ္တဘာဝပဋိလာဘော, ယသ္မိံ အတ္တဘာဝပဋိလာဘေ နေဝ အတ္တသဉ္စေတနာ ကမတိ, နော ပရသဉ္စေတနာ။

၃၁၂။ ပြဿနာဖြေခြင်းတို့သည် စင်စစ်ဖြေအပ်သော ပြဿနာ၊ တစ်ဖန်မေး၍ ဖြေအပ်သော ပြဿနာ၊ အကျယ်ဝေဖန်၍ ဖြေအပ်သော ပြဿနာ၊ မေးသည်ကို မဖြေဘဲထား၍ ဖြေအပ်သော ပြဿနာ အားဖြင့် လေးပါးတို့တည်း။ (၂၈) ကံတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ မည်း၍ မည်းသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ ဖြူ၍ ဖြူသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ အမည်း အဖြူ နှစ်မျိုးရော၍ အမည်း အဖြူ နှစ်မျိုးရောသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ အမည်းလည်း မဟုတ်, အဖြူလည်း မဟုတ်၍ အမည်းလည်း မဟုတ်, အဖြူလည်း မဟုတ်သော အကျိုး ကို ပေးတတ်သော ကံသည် ရှိ၏၊ ထိုကံသည် ကံကုန်ခြင်းငှါ ဖြစ်၏၊ (ဤလေးပါးတို့တည်း)။ (၂၉) မျက်မှောက်ပြုအပ်သော တရားတို့သည် လေးပါးတို့တည်း။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို အောက်မေ့ခြင်း ‘သတိ’ ဖြင့် မျက်မှောက်ပြုအပ်၏၊ သတ္တဝါတို့၏ စုတိ ပဋိသန္ဓေကို ဒိဗ္ဗစက္ခုအဘိညာဥ်ဖြင့် မျက်မှောက်ပြုအပ်၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် မျက်မှောက်ပြုအပ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကို အရဟတ္တဖိုလ်ပညာဖြင့် မျက်မှောက်ပြုအပ်၏၊ (ဤလေးပါးတို့တည်း)။ (၃၀) နစ်မွန်းတတ်သော ဩဃတို့သည် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃအားဖြင့် လေးပါး တို့တည်း။ (၃၁) (ဝဋ်၌) ယှဥ်ခြင်း ‘ယောဂ’ တို့သည် ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂအားဖြင့် လေးပါးတို့တည်း။ (၃၂) မယှဥ်ခြင်းတို့သည် ကာမယောဂနှင့် မယှဥ်ခြင်း၊ ဘဝယောဂနှင့် မယှဥ်ခြင်း၊ ဒိဋ္ဌိယောဂနှင့် မယှဥ် ခြင်း၊ အဝိဇ္ဇာယောဂနှင့် မယှဥ်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၃၃) (ဝဋ်၌) ထုံးဖွဲ့တတ်သော ဂန္ထတို့သည် အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ၊ သီလဗ္ဗတပရာမာသ ကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထအားဖြင့် လေးပါးတို့တည်း။ (၃၄) ဥပါဒါန်တို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်အားဖြင့် လေးပါးတို့ တည်း။ (၃၅) ပဋိသန္ဓေတို့သည် အဥ၌ဖြစ်သော ပဋိသန္ဓေ၊ သားအိမ်၌ဖြစ်သော ပဋိသန္ဓေ၊ အညှိ၌ဖြစ်သော ပဋိသန္ဓေ၊ ထင်ရှားစွာ အလိုလို ကျရောက်သကဲ့သို့ဖြစ်သော ပဋိသန္ဓေအားဖြင့် လေးပါးတို့တည်း။ (၃၆) အမိဝမ်း၌ ပဋိသန္ဓေ ကိန်းအောင်းခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော သူသည် ပညာအသိ မရှိမူ၍ အမိဝမ်းသို့ သက်၏၊ ပညာအသိ မရှိမူ၍ အမိဝမ်း၌ တည်၏၊ ပညာ အသိ မရှိမူ၍ အမိဝမ်းမှ ထွက်၏။ ဤကား ရှေးဦးစွာသော အမိဝမ်းသို့ သက်ခြင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိမရှိဘဲ အမိဝမ်း၌ တည်၏၊ ပညာအသိမရှိဘဲ အမိဝမ်းမှ ထွက်၏။ ဤကား နှစ်ခု မြောက် အမိဝမ်းသို့ သက်ခြင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိရှိလျက် အမိဝမ်း၌ တည်၏၊ ပညာအသိမရှိဘဲ အမိဝမ်းမှ ထွက်၏။ ဤကား သုံးခု မြောက် အမိဝမ်းသို့ သက်ခြင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိရှိလျက် အမိဝမ်း၌ တည်၏၊ ပညာအသိရှိလျက် အမိဝမ်းမှ ထွက်၏။ ဤကား လေးခုမြောက် အမိဝမ်းသို့ သက်ခြင်းတည်း။ (၃၇) ဘဝသစ်ကို ရခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိ စေတနာသည်သာလျှင် ဖြစ်၏၊ သူတစ်ပါးစေတနာသည် မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။ ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ သူတစ်ပါးစေတနာသည်သာလျှင် ဖြစ်၏၊ မိမိ၏ စေတနာ သည် မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။ ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိစေတနာသည်လည်း ဖြစ်၏၊ သူတစ်ပါးစေတနာသည် လည်း ဖြစ်၏၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။ ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိစေတနာသည်လည်း မဖြစ်၊ သူတစ်ပါးစေတနာသည် လည်း မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၃၈)

<b>Four ways of answering questions:</b> There is a question that should be answered categorically. There is a question that should be answered analytically. There is a question that should be answered with a counter-question. There is a question that should be set aside. <b>Four deeds:</b> There are deeds that are dark with dark result. There are deeds that are bright with bright result. There are deeds that are dark and bright with dark and bright result. There are neither dark nor bright deeds with neither dark nor bright results, which lead to the ending of deeds. <b>Four things to be realized:</b> Past lives are to be realized with recollection. The passing away and rebirth of sentient beings is to be realized with vision. The eight liberations are to be realized with direct meditative experience. The ending of defilements is to be realized with wisdom. <b>Four floods:</b> the floods of sensuality, desire for rebirth, views, and ignorance. <b>Four yokes:</b> the yokes of sensuality, desire for rebirth, views, and ignorance. <b>Four unyokings:</b> unyoking from the yokes of sensuality, desire for rebirth, views, and ignorance. <b>Four ties:</b> the personal ties to covetousness, ill will, misapprehension of precepts and observances, and the insistence that this is the only truth. <b>Four kinds of grasping:</b> grasping at sensual pleasures, views, precepts and observances, and theories of a self. <b>Four kinds of reproduction:</b> reproduction for creatures born from an egg, from a womb, from moisture, or spontaneously. <b>Four kinds of conception:</b> Someone is unaware when conceived in their mother’s womb, unaware as they remain there, and unaware as they emerge. This is the first kind of conception. Furthermore, someone is aware when conceived in their mother’s womb, but unaware as they remain there, and unaware as they emerge. This is the second kind of conception. Furthermore, someone is aware when conceived in their mother’s womb, aware as they remain there, but unaware as they emerge. This is the third kind of conception. Furthermore, someone is aware when conceived in their mother’s womb, aware as they remain there, and aware as they emerge. This is the fourth kind of conception. <b>Four kinds of incarnation:</b> There is an incarnation where only one’s own intention is effective, not that of others. There is an incarnation where only the intention of others is effective, not one’s own. There is an incarnation where both one’s own and others’ intentions are effective. There is an incarnation where neither one’s own nor others’ intentions are effective.

၃၁၃။ ‘‘စတဿော ဒက္ခိဏာဝိသုဒ္ဓိယော။ အတ္ထာဝုသော, ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။ အတ္ထာဝုသော, ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ နော ဒါယကတော။ အတ္ထာဝုသော, ဒက္ခိဏာ နေဝ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။ အတ္ထာဝုသော, ဒက္ခိဏာ ဒါယကတော စေဝ ဝိသုဇ္ဈတိ ပဋိဂ္ဂါဟကတော စ။

‘‘စတ္တာရိ သင်္ဂဟဝတ္ထူနိ – ဒါနံ, ပေယျဝဇ္ဇံ [ပိယဝဇ္ဇံ (သျာ။ ကံ။ က။)], အတ္ထစရိယာ, သမာနတ္တတာ။

‘‘စတ္တာရော အနရိယဝေါဟာရာ – မုသာဝါဒေါ, ပိသုဏာဝါစာ, ဖရုသာဝါစာ, သမ္ဖပ္ပလာပေါ။

‘‘စတ္တာရော အရိယဝေါဟာရာ – မုသာဝါဒါ ဝေရမဏီ [ဝေရမဏိ (က။)], ပိသုဏာယ ဝါစာယ ဝေရမဏီ, ဖရုသာယ ဝါစာယ ဝေရမဏီ, သမ္ဖပ္ပလာပါ ဝေရမဏီ။

‘‘အပရေပိ စတ္တာရော အနရိယဝေါဟာရာ – အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ, အဿုတေ သုတဝါဒိတာ, အမုတေ မုတဝါဒိတာ, အဝိညာတေ ဝိညာတဝါဒိတာ။

‘‘အပရေပိ စတ္တာရော အရိယဝေါဟာရာ – အဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ, အဿုတေ အဿုတဝါဒိတာ, အမုတေ အမုတဝါဒိတာ, အဝိညာတေ အဝိညာတဝါဒိတာ။

‘‘အပရေပိ စတ္တာရော အနရိယဝေါဟာရာ – ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ, သုတေ အဿုတဝါဒိတာ, မုတေ အမုတဝါဒိတာ, ဝိညာတေ အဝိညာတဝါဒိတာ။

‘‘အပရေပိ စတ္တာရော အရိယဝေါဟာရာ – ဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ, သုတေ သုတဝါဒိတာ, မုတေ မုတဝါဒိတာ, ဝိညာတေ ဝိညာတဝါဒိတာ။

၃၁၃။ အလှူ၏ စင်ကြယ်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ အကြင်အလှူသည် ဒါယကာ ကြောင့် စင်ကြယ်၏၊ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။ ငါ့သျှင်တို့ အကြင် အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏၊ ဒါယကာကြောင့် မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။ ငါ့သျှင်တို့ အကြင် အလှူသည် ဒါယကာကြောင့်လည်း မစင်ကြယ်၊ အလှူခံပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။ ငါ့သျှင်တို့ အကြင် အလှူသည် ဒါယကာကြောင့်လည်း စင်ကြယ်၏၊ အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်၏၊ ထိုအလှူသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၃၉) အဆွေခင်ပွန်းရခြင်း၏ အကြောင်းတို့သည် ပေးကမ်းခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးကို ကျင့်ခြင်း၊ မိမိနှင့် ကိုယ်တူပြုခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၀) အရိယာမဟုတ်သူတို့၏ စကားတို့သည် မဟုတ်မမှန်ပြောခြင်း၊ ကုန်းတိုက်စကားကို ပြောဆိုခြင်း၊ အကျိုးမဲ့စကားကို ပြောခြင်း၊ ကြမ်းတမ်းသော စကားကို ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၁) အရိယာတို့၏ စကားတို့သည် မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင် ကြဥ်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဥ်ခြင်း၊ အကျိုးမဲ့စကားကို ပြောခြင်းမှ ရှောင် ကြဥ်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၂) ထို့ပြင်လည်း အရိယာမဟုတ်သူတို့၏ စကားတို့သည် မမြင်ဘဲ မြင်၏ဟု ပြောခြင်း၊ မကြားဘဲ ကြား၏ဟု ပြောခြင်း၊ မတွေ့ဘဲ တွေ့၏ဟု ပြောခြင်း၊ မသိဘဲ သိ၏ဟု ပြောခြင်းအားဖြင့် လေးပါးတို့ တည်း။ (၄၃) ထို့ပြင်လည်း အရိယာတို့၏ စကားတို့သည် မမြင်သော အရာ၌ မမြင်ဟု ပြောခြင်း၊ မကြားသော အရာ၌ မကြားဟု ပြောခြင်း၊ မတွေ့သော အရာ၌ မတွေ့ဟု ပြောခြင်း၊ မသိသော အရာ၌ မသိဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၄) ထို့ပြင်လည်း အရိယာမဟုတ်သူတို့၏ စကားတို့သည် မြင်သော အရာ၌ မမြင်ဟု ပြောခြင်း၊ ကြားသော အရာ၌ မကြားဟု ပြောခြင်း၊ တွေ့သော အရာ၌ မတွေ့ဟု ပြောခြင်း၊ သိသော အရာ၌ မသိဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၅) ထို့ပြင်လည်း အရိယာတို့၏ စကားတို့သည် မြင်သော အရာ၌ မြင်သည်ဟု ပြောခြင်း၊ ကြားသော အရာ၌ ကြားသည်ဟု ပြောခြင်း၊ တွေ့သော အရာ၌ တွေ့သည်ဟု ပြောခြင်း၊ သိသော အရာ၌ သိသည်ဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၆)

<b>Four ways of purifying a religious donation:</b> There’s a religious donation that’s purified by the giver, not the recipient. There’s a religious donation that’s purified by the recipient, not the giver. There’s a religious donation that’s purified by neither the giver nor the recipient. There’s a religious donation that’s purified by both the giver and the recipient. <b>Four ways of being inclusive:</b> giving, kindly words, taking care, and equality. <b>Four ignoble expressions:</b> speech that’s false, backbiting, harsh, or nonsensical. <b>Four noble expressions:</b> refraining from speech that’s false, backbiting, harsh, or nonsensical. <b>Another four ignoble expressions:</b> saying you’ve seen, heard, thought, or known something, but you haven’t. <b>Another four noble expressions:</b> saying you haven’t seen, heard, thought, or known something, and you haven’t. <b>Another four ignoble expressions:</b> saying you haven’t seen, heard, thought, or known something, and you have. <b>Another four noble expressions:</b> saying you’ve seen, heard, thought, or known something, and you have.

၃၁၄။ ‘‘စတ္တာရော ပုဂ္ဂလာ။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော အတ္တန္တပေါ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော ပရန္တပေါ ဟောတိ ပရပရိတာပနာနုယောဂမနုယုတ္တော။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော အတ္တန္တပေါ စ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော, ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော နေဝ အတ္တန္တပေါ ဟောတိ န အတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော။ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော [သီတိဘူတော (က။)] သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။

‘‘အပရေပိ စတ္တာရော ပုဂ္ဂလာ။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော ပရဟိတာယ ပဋိပန္နော ဟောတိ နော အတ္တဟိတာယ။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော နေဝ အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ။ ဣဓာဝုသော, ဧကစ္စော ပုဂ္ဂလော အတ္တဟိတာယ စေဝ ပဋိပန္နော ဟောတိ ပရဟိတာယ စ။

‘‘အပရေပိ စတ္တာရော ပုဂ္ဂလာ – တမော တမပရာယနော, တမော ဇောတိပရာယနော, ဇောတိ တမပရာယနော, ဇောတိ ဇောတိပရာယနော။

‘‘အပရေပိ စတ္တာရော ပုဂ္ဂလာ – သမဏမစလော, သမဏပဒုမော, သမဏပုဏ္ဍရီကော, သမဏေသု သမဏသုခုမာလော။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန စတ္တာရော ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

ပဌမဘာဏဝါရော နိဋ္ဌိတော။

၃၁၄။ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်စေတတ်၏၊ သူတစ်ပါးကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်စေတတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်စေတတ်၏၊ သူတစ်ပါးကို ပူပန်စေ ခြင်းအလုပ်ကိုလည်း အားထုတ်၏။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း မပူပန်စေတတ်၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားမထုတ်၊ သူတစ်ပါးကိုလည်း မပူပန်စေတတ်၊ သူတစ်ပါးကို ပူပန်စေ ခြင်းအလုပ်ကိုလည်း အားမထုတ်။ မိမိကိုယ်ကိုလည်း မပူပန်စေတတ် သူတစ်ပါးကိုလည်း မပူပန်စေတတ်သော ထိုပုဂ္ဂိုလ်သည် ပစ္စုပ္ပန် အတ္တဘော၌ တဏှာမရှိသည်ဖြစ်၍ ငြိမ်းချမ်း၏၊ ချမ်းသာခြင်းသို့ ရောက်၏၊ ချမ်းသာကို ခံစားသည်ဖြစ်၍ ဗြဟ္မာဖြစ်သော အတ္တဘောဖြင့် နေ၏၊ (ဤလေးယောက်တို့တည်း)။ (၄၇) ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိအကျိုးငှါ ကျင့်၏၊ သူတစ်ပါးအကျိုးငှါ မကျင့်။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးအကျိုးငှါ ကျင့်၏၊ မိမိအကျိုးငှါ မကျင့်။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ အကျိုးငှါလည်း မကျင့်၊ သူတစ်ပါးအကျိုးငှါ လည်း မကျင့်။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိအကျိုးငှါလည်း ကျင့်၏၊ သူတစ်ပါးအကျိုးငှါ လည်း ကျင့်၏။ (ဤလေးယောက်တို့တည်း)။ (၄၈) ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်ဘဝ၌) ယုတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန် ဘဝ၌) ယုတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန်ဘဝ၌) မြတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန်ဘဝ၌) မြတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်အားဖြင့် လေးယောက်တို့တည်း။ (၄၉) ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် မတုန်မလှုပ်သော သဒ္ဓါနှင့်ပြည့်စုံသော ရဟန်း၊ ကြာပဒုမ္မာနှင့် တူသော ရဟန်း၊ ကြာပုဏ္ဍရိက်နှင့်တူသော ရဟန်း၊ ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်းအားဖြင့် လေးယောက်တို့တည်း။ (၅၀) ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤလေးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုလေးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ ပဌမအခန်း ပြီး၏။ ၁။ ဤအာကာရဝါကျသည် ပါဠိတော်မူရင်း၌ မရှိချေ။ ပဥ္စက-တရားငါးပါးစု

<b>Four individuals:</b> One individual mortifies themselves, committed to the practice of mortifying themselves. One individual mortifies others, committed to the practice of mortifying others. One individual mortifies themselves and others, committed to the practice of mortifying themselves and others. One individual doesn’t mortify either themselves or others, committed to the practice of not mortifying themselves or others. They live without wishes in this very life, quenched, cooled, experiencing bliss, with self become divine. <b>Another four individuals:</b> One individual practices to benefit themselves, but not others. One individual practices to benefit others, but not themselves. One individual practices to benefit neither themselves nor others. One individual practices to benefit both themselves and others. <b>Another four individuals:</b> the dark bound for darkness, the dark bound for light, the light bound for darkness, and the light bound for light. <b>Another four individuals:</b> the confirmed ascetic, the white lotus ascetic, the pink lotus ascetic, and the delicate ascetic of ascetics. These are the teachings grouped by four that have been rightly explained by the Buddha. You should all recite these in concert. The first recitation section is complete. 5. Fives

ပဉ္စကံ

၃၁၅။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ပဉ္စ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ ပဉ္စ?

‘‘ပဉ္စက္ခန္ဓာ။ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။

‘‘ပဉ္စုပါဒါနက္ခန္ဓာ။ ရူပုပါဒါနက္ခန္ဓော [ရူပူပါဒါနက္ခန္ဓော (သီ။ သျာ။ ကံ။ ပီ။) ဧဝမိတရေသုပိ] ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော။

‘‘ပဉ္စ ကာမဂုဏာ။ စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသဉှိတာ ရဇနီယာ, သောတဝိညေယျာ သဒ္ဒါ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသဉှိတာ ရဇနီယာ။

‘‘ပဉ္စ ဂတိယော – နိရယော, တိရစ္ဆာနယောနိ, ပေတ္တိဝိသယော, မနုဿာ, ဒေဝါ။

‘‘ပဉ္စ မစ္ဆရိယာနိ – အာဝါသမစ္ဆရိယံ, ကုလမစ္ဆရိယံ, လာဘမစ္ဆရိယံ, ဝဏ္ဏမစ္ဆရိယံ, ဓမ္မမစ္ဆရိယံ။

‘‘ပဉ္စ နီဝရဏာနိ – ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထိနမိဒ္ဓနီဝရဏံ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ။

‘‘ပဉ္စ ဩရမ္ဘာဂိယာနိ သညောဇနာနိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော, ကာမစ္ဆန္ဒော, ဗျာပါဒေါ။

‘‘ပဉ္စ ဥဒ္ဓမ္ဘာဂိယာနိ သညောဇနာနိ – ရူပရာဂေါ, အရူပရာဂေါ, မာနော, ဥဒ္ဓစ္စံ, အဝိဇ္ဇာ။

‘‘ပဉ္စ သိက္ခာပဒါနိ – ပါဏာတိပါတာ ဝေရမဏီ, အဒိန္နာဒါနာ ဝေရမဏီ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီ, မုသာဝါဒါ ဝေရမဏီ, သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏီ။

၃၁၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော ငါးပါးသော တရားတို့သည် ရှိကုန်၏။ ထိုငါးပါးသော တရားတို့ ၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်ငါးပါးသော တရားတို့နည်းဟူမူ - ခန္ဓာတို့သည် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာအားဖြင့် ငါးပါး တို့တည်း။ (၁) တဏှာဥပါဒါန်၏ အာရုံရှိသော ခန္ဓာတို့သည် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါန က္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာအားဖြင့် ငါးပါးတို့တည်း။ (၂) ကာမဂုဏ်တရားတို့သည် စက္ခုဝိညာဥ်ဖြင့် သိအပ်သော အလိုရှိအပ်သော နှစ်လိုအပ်သော မြတ်နိုး အပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော ရူပါရုံ။ သောတဝိညာဥ်ဖြင့် သိအပ်သော။ပ။ သဒ္ဒါရုံ။ ဃာနဝိညာဥ်ဖြင့် သိအပ်သော။ပ။ ဂန္ဓာရုံ။ ဇိဝှါဝိညာဥ်ဖြင့် သိအပ်သော။ပ။ ရသာရုံ။ ကာယဝိညာဥ်ဖြင့် သိအပ်သော အလိုရှိအပ်သော နှစ်လိုအပ်သော မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော ဖောဋ္ဌဗ္ဗာရုံအားဖြင့် ငါးပါးတို့တည်း။ (၃) လားရာ ‘ဂတိ’ တို့သည် နိရယဂတိ၊ တိရစ္ဆာနဂတိ၊ ပေတဂတိ၊ မနုဿဂတိ၊ ဒေဝဂတိအားဖြင့် ငါးပါးတို့တည်း။ (၄) ဝန်တိုခြင်း ‘မစ္ဆရိယ’ တို့သည် နေရာ၌ ဝန်တိုခြင်း၊ အမျိုး၌ ဝန်တိုခြင်း၊ လာဘ်၌ ဝန်တိုခြင်း၊ အဆင်း၌ ဝန်တိုခြင်း၊ တရား၌ ဝန်တိုခြင်းအားဖြင့် ငါးပါးတို့တည်း။ (၅) အပိတ်အပင် ‘နီဝရဏ’ တရားတို့သည် ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏအားဖြင့် ငါးပါးတို့တည်း။ (၆) အောက် (ကာမဘုံ)၌ (ပဋိသန္ဓေနေခြင်း)အဖို့ရှိသော သံယောဇဥ်တို့သည် သက္ကာယဒိဋ္ဌိ သံယောဇဥ်၊ ဝိစိကိစ္ဆာသံယောဇဥ်၊ သီလဗ္ဗတပရာမာသသံယောဇဥ်၊ ကာမစ္ဆ န္ဒသံယောဇဥ်၊ ဗျာပါဒသံယောဇဥ်အားဖြင့် ငါးပါးတို့တည်း။ (၇) အထက် (ဗြဟ္မာ့ဘုံ)၌ (ပဋိသန္ဓေနေခြင်း)အဖို့ရှိကုန်သော သံယောဇဥ်တို့သည် ရူပရာဂသံယောဇဥ်၊ အရူပရာဂသံယောဇဥ်၊ မာနသံယောဇဥ်၊ ဥဒ္ဓစ္စသံယောဇဥ်၊ အဝိဇ္ဇာသံယောဇဥ်အားဖြင့် ငါးပါးတို့တည်း။ (၈) သိက္ခာပုဒ်တို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကာမတို့၌ မှားသော အကျင့်မှ ရှောင်ကြဥ်ခြင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဥ်ခြင်း၊ မူးယစ်မေ့လျော့ ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဥ်ခြင်းအားဖြင့် ငါးပါးတို့တည်း။ (၉)

There are teachings grouped by five that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by five? <b>Five aggregates:</b> form, feeling, perception, choices, and consciousness. <b>Five grasping aggregates:</b> form, feeling, perception, choices, and consciousness. <b>Five kinds of sensual stimulation:</b> Sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. Sounds known by the ear … Smells known by the nose … Tastes known by the tongue … Touches known by the body, which are likable, desirable, agreeable, pleasant, sensual, and arousing. <b>Five destinations:</b> hell, the animal realm, the ghost realm, humanity, and the gods. <b>Five kinds of stinginess:</b> stinginess with dwellings, families, material things, praise, and the teachings. <b>Five hindrances:</b> sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. <b>Five lower fetters:</b> substantialist view, doubt, misapprehension of precepts and observances, sensual desire, and ill will. <b>Five higher fetters:</b> desire for rebirth in the realm of luminous form, desire for rebirth in the formless realm, conceit, restlessness, and ignorance. <b>Five precepts:</b> refraining from killing living creatures, stealing, sexual misconduct, lying, and intoxicants of beer, wine, and liquor.

၃၁၆။ ‘‘ပဉ္စ အဘဗ္ဗဋ္ဌာနာနိ။ အဘဗ္ဗော, အာဝုသော, ခီဏာသဝေါ ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတုံ။ အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု အဒိန္နံ ထေယျသင်္ခါတံ အာဒိယိတုံ [အာဒါတုံ (သျာ။ ကံ။ ပီ။)]။ အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝိတုံ။ အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု သမ္ပဇာနမုသာ ဘာသိတုံ။ အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု သန္နိဓိကာရကံ ကာမေ ပရိဘုဉ္ဇိတုံ, သေယျထာပိ ပုဗ္ဗေ အာဂါရိကဘူတော။

‘‘ပဉ္စ ဗျသနာနိ – ဉာတိဗျသနံ, ဘောဂဗျသနံ, ရောဂဗျသနံ, သီလဗျသနံ, ဒိဋ္ဌိဗျသနံ။ နာဝုသော, သတ္တာ ဉာတိဗျသနဟေတု ဝါ ဘောဂဗျသနဟေတု ဝါ ရောဂဗျသနဟေတု ဝါ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။ သီလဗျသနဟေတု ဝါ, အာဝုသော, သတ္တာ ဒိဋ္ဌိဗျသနဟေတု ဝါ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။

‘‘ပဉ္စ သမ္ပဒါ – ဉာတိသမ္ပဒါ, ဘောဂသမ္ပဒါ, အာရောဂျသမ္ပဒါ, သီလသမ္ပဒါ, ဒိဋ္ဌိသမ္ပဒါ။ နာဝုသော, သတ္တာ ဉာတိသမ္ပဒါဟေတု ဝါ ဘောဂသမ္ပဒါဟေတု ဝါ အာရောဂျသမ္ပဒါဟေတု ဝါ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။ သီလသမ္ပဒါဟေတု ဝါ, အာဝုသော, သတ္တာ ဒိဋ္ဌိသမ္ပဒါဟေတု ဝါ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။

‘‘ပဉ္စ အာဒီနဝါ ဒုဿီလဿ သီလဝိပတ္တိယာ။ ဣဓာဝုသော, ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ, အယံ ပဌမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပုန စပရံ, အာဝုသော, ဒုဿီလဿ သီလဝိပန္နဿ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ, အယံ ဒုတိယော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပုန စပရံ, အာဝုသော, ဒုဿီလော သီလဝိပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ ယဒိ ခတ္တိယပရိသံ ယဒိ ဗြာဟ္မဏပရိသံ ယဒိ ဂဟပတိပရိသံ ယဒိ သမဏပရိသံ, အဝိသာရဒေါ ဥပသင်္ကမတိ မင်္ကုဘူတော, အယံ တတိယော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပုန စပရံ, အာဝုသော, ဒုဿီလော သီလဝိပန္နော သမ္မူဠှော ကာလံ ကရောတိ, အယံ စတုတ္ထော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပုန စပရံ, အာဝုသော, ဒုဿီလော သီလဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, အယံ ပဉ္စမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိယာ။

‘‘ပဉ္စ အာနိသံသာ သီလဝတော သီလသမ္ပဒါယ။ ဣဓာဝုသော, သီလဝါ သီလသမ္ပန္နော အပ္ပမာဒါဓိကရဏံ မဟန္တံ ဘောဂက္ခန္ဓံ အဓိဂစ္ဆတိ, အယံ ပဌမော အာနိသံသော သီလဝတော သီလသမ္ပဒါယ။ ပုန စပရံ, အာဝုသော, သီလဝတော သီလသမ္ပန္နဿ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ, အယံ ဒုတိယော အာနိသံသော သီလဝတော သီလသမ္ပဒါယ။ ပုန စပရံ, အာဝုသော, သီလဝါ သီလသမ္ပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ ယဒိ ခတ္တိယပရိသံ ယဒိ ဗြာဟ္မဏပရိသံ ယဒိ ဂဟပတိပရိသံ ယဒိ သမဏပရိသံ, ဝိသာရဒေါ ဥပသင်္ကမတိ အမင်္ကုဘူတော, အယံ တတိယော အာနိသံသော သီလဝတော သီလသမ္ပဒါယ။ ပုန စပရံ, အာဝုသော, သီလဝါ သီလသမ္ပန္နော အသမ္မူဠှော ကာလံ ကရောတိ, အယံ စတုတ္ထော အာနိသံသော သီလဝတော သီလသမ္ပဒါယ။ ပုန စပရံ, အာဝုသော, သီလဝါ သီလသမ္ပန္နော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, အယံ ပဉ္စမော အာနိသံသော သီလဝတော သီလသမ္ပဒါယ။

‘‘စောဒကေန, အာဝုသော, ဘိက္ခုနာ ပရံ စောဒေတုကာမေန ပဉ္စ ဓမ္မေ အဇ္ဈတ္တံ ဥပဋ္ဌပေတွာ ပရော စောဒေတဗ္ဗော။ ကာလေန ဝက္ခာမိ နော အကာလေန, ဘူတေန ဝက္ခာမိ နော အဘူတေန, သဏှေန ဝက္ခာမိ နော ဖရုသေန, အတ္ထသံဟိတေန ဝက္ခာမိ နော အနတ္ထသံဟိတေန, မေတ္တစိတ္တေန [မေတ္တာစိတ္တေန (ကတ္ထစိ)] ဝက္ခာမိ နော ဒေါသန္တရေနာတိ။ စောဒကေန, အာဝုသော, ဘိက္ခုနာ ပရံ စောဒေတုကာမေန ဣမေ ပဉ္စ ဓမ္မေ အဇ္ဈတ္တံ ဥပဋ္ဌပေတွာ ပရော စောဒေတဗ္ဗော။

၃၁၆။ ပြုခြင်းငှါ မထိုက်သော အရာတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ရဟန္တာရဟန်းသည် သတ်လိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို အသက်မှ ချခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် မပေး သည်ကို ခိုးလိုသော စိတ်ထားဖြင့် ယူခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် မေထုန်မှီဝဲခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် ရှေးလူဖြစ်သော အခါကကဲ့သို့ ကာမဂုဏ်တို့ကို သိုမှီး၍ ခံစားခြင်းငှါ မထိုက်၊ (ဤငါးပါးတို့တည်း)။ (၁၀) ပျက်စီးခြင်းတရားတို့သည် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါဟူသော ပျက်စီ့းခြင်း၊ သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းအားဖြင့် ငါးပါးတို့တည်း။ ငါ့သျှင်တို့ သတ္တဝါတို့သည် ဆွေမျိုး ပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ မဖြစ်ကုန်။ ငါ့သျှင်တို့ သတ္တဝါတို့သည် သီလပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ အယူပျက်စီးခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကုန်၏။ (၁၁) ပြည့်စုံခြင်းတရားတို့သည် ဆွေမျိုးနှင့်ပြည့်စုံခြင်း၊ စည်းစိမ်နှင့်ပြည့်စုံခြင်း၊ အနာရောဂါကင်းခြင်းနှင့် ပြည့်စုံခြင်း၊ သီလနှင့်ပြည့်စုံခြင်း၊ အယူနှင့်ပြည့်စုံခြင်းအားဖြင့် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဆွေမျိုးနှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ စည်းစိမ်နှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါ ကင်းခြင်းနှင့်ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ မဖြစ်ကုန်။ ငါ့သျှင်တို့ သီလနှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ အယူနှင့် ပြည့်စုံခြင်းကြောင့်သော်လည်း ကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ် ကုန်၏။ (၁၂) ဒုဿီလပုဂ္ဂိုလ်၏ သီလပျက်စီးခြင်းကြောင့် အပြစ်တို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ သီလမရှိသော သီလပျက်သော သူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဆုံးရှုံးခြင်းသို့ ရောက်ရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူ၏ မကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက် အပြစ်ပေ တည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် မင်းပရိသတ် ရဟန်း ပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် အလယ်သို့ ချဥ်းကပ်ခဲ့သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ ညှိုးငယ်လျက် ချဥ်းကပ်ရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ သုံးခုမြောက် အပြစ်ပေ တည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် တွေတွေ ဝေဝေ ဖြစ်လျက် သေရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ လေးခုမြောက် အပြစ်ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။ (၁၃) ငါ့သျှင်တို့ သီလရှိသူ၏ သီလပြည့်စုံခြင်းကြောင့် အကျိုး ‘အာနိသင်’ တို့တည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုး ‘အာနိသင်’ ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ၍ ထွက်၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မင်းပရိသတ်၊ ရဟန့်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ် အလယ်သို့ ချဥ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုး ငယ်ဘဲ ချဥ်းကပ်ရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက် အကျိုး‘အာနိသင်’ ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် တွေဝေခြင်းမရှိဘဲ သေရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုး‘အာနိသင်’ ပေတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။ (၁၄) ငါ့သျှင်တို့ သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် တရားငါးပါးတို့ကို မိမိသန္တာန်၌ တည်စေ၍ သူတစ်ပါးကို စောဒနာအပ်၏။ လျောက်ပတ်သောအခါ၌ ဆိုအံ့၊ မလျောက်ပတ်သောအခါ၌ မဆို အံ့၊ဟုတ်မှန်သော ဝတ္ထုဖြင့် ဆိုအံ့၊ မဟုတ်မမှန်သော ဝတ္ထုဖြင့် မဆိုအံ့၊ သိမ်မွေ့သော စကားဖြင့် ဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မဆိုအံ့၊ အကျိုးနှင့်စပ်သော စကားဖြင့် ဆိုအံ့၊ အကျိုးနှင့်မစပ်သော စကားဖြင့် မဆိုအံ့၊ မေတ္တာစိတ်ဖြင့် ဆိုအံ့၊ ဒေါသစိတ်ဖြင့် မဆိုအံ့၊ (ဤတရားငါးပါးတို့တည်း)။ ငါ့သျှင်တို့ သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် ဤတရားငါးပါးတို့ကို မိမိသန္တာန်၌ တည်စေ၍ သူတစ်ပါးကို စောဒနာအပ်၏။ (၁၅)

<b>Five things that can’t be done:</b> A mendicant with defilements ended can’t deliberately take the life of a living creature, take something with the intention to steal, have sex, tell a deliberate lie, or store up goods for their own enjoyment like they used to as a layperson. <b>Five losses:</b> loss of relatives, wealth, health, ethics, and view. It is not because of loss of relatives, wealth, or health that sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell. It is because of loss of ethics or view that sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell. <b>Five endowments:</b> endowment with relatives, wealth, health, ethics, and view. It is not because of endowment with family, wealth, or health that sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm. It is because of endowment with ethics or view that sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm. <b>Five drawbacks for an unethical person because of their failure in ethics:</b> Firstly, an unethical person loses great wealth on account of negligence. This is the first drawback. Furthermore, an unethical person gets a bad reputation. This is the second drawback. Furthermore, an unethical person enters any kind of assembly unconfident and embarrassed, whether it’s an assembly of aristocrats, brahmins, householders, or ascetics. This is the third drawback. Furthermore, an unethical person feels lost when they die. This is the fourth drawback. Furthermore, an unethical person, when their body breaks up, after death, is reborn in a place of loss, a bad place, the underworld, hell. This is the fifth drawback. <b>Five benefits for an ethical person because of their accomplishment in ethics:</b> Firstly, an ethical person gains great wealth on account of diligence. This is the first benefit. Furthermore, an ethical person gets a good reputation. This is the second benefit. Furthermore, an ethical person enters any kind of assembly bold and self-assured, whether it’s an assembly of aristocrats, brahmins, householders, or ascetics. This is the third benefit. Furthermore, an ethical person dies not feeling lost. This is the fourth benefit. Furthermore, when an ethical person’s body breaks up, after death, they’re reborn in a good place, a heavenly realm. This is the fifth benefit. <b>A mendicant who wants to accuse another should first establish five things in themselves:</b> I will speak at the right time, not at the wrong time. I will speak truthfully, not falsely. I will speak gently, not harshly. I will speak beneficially, not harmfully. I will speak lovingly, not from secret hate. A mendicant who wants to accuse another should first establish these five things in themselves.

စာ-၁၉၈

၃၁၇။ ‘‘ပဉ္စ ပဓာနိယင်္ဂါနိ။ ဣဓာဝုသော, ဘိက္ခု သဒ္ဓေါ ဟောတိ, သဒ္ဒဟတိ တထာဂတဿ ဗောဓိံ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော, လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ အပ္ပါဗာဓော ဟောတိ အပ္ပါတင်္ကော, သမဝေပါကိနိယာ ဂဟဏိယာ သမန္နာဂတော နာတိသီတာယ နာစ္စုဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ။ အသဌော ဟောတိ အမာယာဝီ, ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု။ အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာဒုက္ခက္ခယဂါမိနိယာ။

၃၁၇။ ကမ္မဋ္ဌာန်း အားထုတ်သော ရဟန်း၏ အင်္ဂါတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက် သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မ သာရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါ ပေ၏”ဟူ၍ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၌ ယုံကြည်၏။ အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ကမ္မဋ္ဌာန်း အားထုတ်ခြင်းငှါ ခံ့သော ကမ္မဇတေဇောဓာတ်နှင့် ပြည့်စုံ၏။ မာန်မရှိ၊ လှည့်ပတ်ခြင်း မရှိ၊ ဆရာထံ၌လည်းကောင်း၊ ပညာရှိတို့ထံ၌လည်းကောင်း၊ သီတင်းသုံး ဖော်တို့ထံ၌လည်းကောင်းဟုတ်မှန်သော အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်မချသော လုံ့လရှိ၏။ ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်းကို သိစွမ်းနိုင်သော, ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော, အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော, စင်ကြယ်သော ပညာနှင့် ပြည့်စုံ၏။ (၁၆)

<b>Five factors that support meditation:</b> A mendicant has faith in the Realized One’s awakening: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ They are rarely ill or unwell. Their stomach digests well, being neither too hot nor too cold, but just right, and fit for meditation. They’re not devious or deceitful. They reveal themselves honestly to the Teacher or sensible spiritual companions. They live with energy roused up for giving up unskillful qualities and embracing skillful qualities. They’re strong, staunchly vigorous, not slacking off when it comes to developing skillful qualities. They’re wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering.

၃၁၈။ ‘‘ပဉ္စ သုဒ္ဓါဝါသာ – အဝိဟာ, အတပ္ပါ, သုဒဿာ, သုဒဿီ, အကနိဋ္ဌာ။

‘‘ပဉ္စ အနာဂါမိနော – အန္တရာပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတောအကနိဋ္ဌဂါမီ။

၃၁၈။ သုဒ္ဓါဝါသဘုံတို့သည် အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံအား ဖြင့့်ငါးပါးတို့တည်း။ (၁၇) အနာဂါမ်ပုဂ္ဂိုလ်တို့သည် အသက်တမ်း အလယ်ကို မလွန်မူ၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊ အသက်တမ်း အလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊ အားမထုတ်ရမူ၍ ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊ အားထုတ်လျက် ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊ အထက်သံသရာအယဥ်၌သာ အကနိဋ္ဌာဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်အားဖြင့် ငါးယောက်တို့တည်း။ (၁၈)

<b>Five pure abodes:</b> Aviha, Atappa, the gods fair to see, the fair seeing gods, and Akaniṭṭha. <b>Five non-returners:</b> one who is extinguished between one life and the next, one who is extinguished upon landing, one who is extinguished without extra effort, one who is extinguished with extra effort, and one who heads upstream, going to the Akaniṭṭha realm.

၃၁၉။ ‘‘ပဉ္စ စေတောခိလာ။ ဣဓာဝုသော, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။ ယော သော, အာဝုသော, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ, ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ, အယံ ပဌမော စေတောခိလော။ ပုန စပရံ, အာဝုသော, ဘိက္ခု ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ… သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ… သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော။ ယော သော, အာဝုသော, ဘိက္ခု သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ, ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ, အယံ ပဉ္စမော စေတောခိလော။

၃၁၉။ စိတ်၏ ငြောင့်တံသင်းတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ငါ့သျှင်တို့ အကြင် ရဟန်းသည် ဘုရား၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ် ခြင်းသည် ရှေးဦးစွာသော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တရားတော်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ သံဃာတော်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ အကျင့်သိက္ခာပုဒ်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့သော စိတ်ရှိ၏။ ငါ့သျှင်တို့ အကြင် ရဟန်းသည် မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့သော စိတ်ရှိ၏။ ထိုရဟန်း၏ စိတ်သည် လုံ့လ ပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးကြိမ်မြောက်သော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။

<b>Five kinds of hard-heartedness:</b> Firstly, a mendicant has doubts about the Teacher. They’re uncertain, undecided, and lacking confidence. This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the first kind of hard-heartedness. Furthermore, a mendicant has doubts about the teaching … the Saṅgha … the training … A mendicant is angry and upset with their spiritual companions, resentful and closed off. This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the fifth kind of hard-heartedness.

၃၂၀။ ‘‘ပဉ္စ စေတသောဝိနိဗန္ဓာ။ ဣဓာဝုသော, ဘိက္ခု ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။ ယော သော, အာဝုသော, ဘိက္ခု ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ အယံ ပဌမော စေတသော ဝိနိဗန္ဓော။ ပုန စပရံ, အာဝုသော, ဘိက္ခု ကာယေ အဝီတရာဂေါ ဟောတိ…ပေ… ရူပေ အဝီတရာဂေါ ဟောတိ…ပေ… ပုန စပရံ, အာဝုသော, ဘိက္ခု ယာဝဒတ္ထံ ဥဒရာဝဒေဟကံ ဘုဉ္ဇိတွာ သေယျသုခံ ပဿသုခံ မိဒ္ဓသုခံ အနုယုတ္တော ဝိဟရတိ…ပေ… ပုန စပရံ, အာဝုသော, ဘိက္ခု အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ။ ယော သော, အာဝုသော, ဘိက္ခု အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ အယံ ပဉ္စမော စေတသော ဝိနိဗန္ဓော။

‘‘ပဉ္စိန္ဒြိယာနိ – စက္ခုန္ဒြိယံ, သောတိန္ဒြိယံ, ဃာနိန္ဒြိယံ, ဇိဝှိန္ဒြိယံ, ကာယိန္ဒြိယံ။

‘‘အပရာနိပိ ပဉ္စိန္ဒြိယာနိ – သုခိန္ဒြိယံ, ဒုက္ခိန္ဒြိယံ, သောမနဿိန္ဒြိယံ, ဒေါမနဿိန္ဒြိယံ, ဥပေက္ခိန္ဒြိယံ။

‘‘အပရာနိပိ ပဉ္စိန္ဒြိယာနိ – သဒ္ဓိန္ဒြိယံ, ဝီရိယိန္ဒြိယံ, သတိန္ဒြိယံ, သမာဓိန္ဒြိယံ, ပညိန္ဒြိယံ။

၃၂၀။ စိတ်ကို ဖွဲ့တတ်သော တရားတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော စွဲမက်ခြင်းရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူလောင်ခြင်းရှိ၏၊ မကင်းသော တပ်ခြင်းရှိ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော စွဲမက်ခြင်းရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူလောင်ခြင်းရှိ၏၊ မကင်းသော တပ်ခြင်းရှိ၏၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ရှေးဦး စွာသော စိတ်ကို ဖွဲ့တတ်သော တရားတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်၌ မကင်းသော စွဲမက်ခြင်း ရှိ၏။ပ။ ရုပ်၌ မကင်းသော စွဲမက်ခြင်း ရှိ၏။ပ။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ ပက်လက် အိပ်ခြင်းချမ်းသာ တစောင်းအိပ်ခြင်းချမ်းသာ အိပ်ငိုက်ခြင်းချမ်းသာကို အားထုတ်၍ နေပေ၏။ပ။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏ “ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤအားထုတ်ခြင်းဖြင့် လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း တန်ခိုးကြီးသော နတ်သော်လည်း ဖြစ်အံ့၊ တန်ခိုး ငယ်သော နတ်သော်လည်း ဖြစ်အံ့”ဟု (ကျင့်၏)၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် တစ်ပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏၊ “ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့် လည်းကောင်း၊ ဤအားထုတ်ခြင်းဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း တန်ခိုးကြီးသော နတ်သော်လည်း ဖြစ်အံ့၊ တန်ခိုးငယ်သော နတ်သော်လည်း ဖြစ်အံ့”ဟု (ကျင့်၏)၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးခုမြောက်သော စိတ်ကို နှောင်ဖွဲ့တတ်သော တရားတည်း။ (၂၀) ဣန္ဒြေတို့သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေအားဖြင့် ငါးပါးတို့တည်း။ (၂၁) ထို့ပြင်လည်း ဣန္ဒြေတို့သည် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေအား ဖြင့် ငါးပါးတို့တည်း။ (၂၂) ထို့ပြင်လည်း ဣန္ဒြေတို့သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေအားဖြင့် ငါးပါး တို့တည်း။ (၂၃)

<b>Five shackles of the heart:</b> Firstly, a mendicant isn’t free of greed, desire, fondness, thirst, passion, and craving for sensual pleasures. This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the first shackle of the heart. Furthermore, a mendicant isn’t free of greed for the body … They’re not free of greed for form … They eat as much as they like until their bellies are full, then indulge in the pleasures of sleeping, lying down, and drowsing … They lead the spiritual life hoping to be reborn in one of the orders of gods, thinking: ‘By this precept or observance or fervent austerity or spiritual practice, may I become one of the gods!’ This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the fifth shackle of the heart. <b>Five faculties:</b> eye, ear, nose, tongue, and body. <b>Another five faculties:</b> pleasure, pain, happiness, sadness, and equanimity. <b>Another five faculties:</b> faith, energy, mindfulness, immersion, and wisdom.

၃၂၁။ ‘‘ပဉ္စ နိဿရဏိယာ [နိဿာရဏီယာ (သီ။ သျာ။ ကံ။ ပီ။) ဋီကာ ဩလောကေတဗ္ဗာ] ဓာတုယော။ ဣဓာဝုသော, ဘိက္ခုနော ကာမေ မနသိကရောတော ကာမေသု စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ နေက္ခမ္မံ ခေါ ပနဿ မနသိကရောတော နေက္ခမ္မေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ကာမေဟိ။ ယေ စ ကာမပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ [ဝိဃာတပရိဠာဟာ (သျာ။ ကံ။)], မုတ္တော သော တေဟိ, န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ကာမာနံ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဗျာပါဒံ မနသိကရောတော ဗျာပါဒေ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အဗျာပါဒံ ခေါ ပနဿ မနသိကရောတော အဗျာပါဒေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ဗျာပါဒေန။ ယေ စ ဗျာပါဒပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ, န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ဗျာပါဒဿ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဝိဟေသံ မနသိကရောတော ဝိဟေသာယ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အဝိဟေသံ ခေါ ပနဿ မနသိကရောတော အဝိဟေသာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ဝိဟေသာယ။ ယေ စ ဝိဟေသာပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ, န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ဝိဟေသာယ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ရူပေ မနသိကရောတော ရူပေသု စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အရူပံ ခေါ ပနဿ မနသိကရောတော အရူပေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ရူပေဟိ။ ယေ စ ရူပပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ, န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ရူပါနံ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော သက္ကာယံ မနသိကရောတော သက္ကာယေ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ သက္ကာယနိရောဓံ ခေါ ပနဿ မနသိကရောတော သက္ကာယနိရောဓေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ သက္ကာယေန။ ယေ စ သက္ကာယပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ, န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ သက္ကာယဿ နိဿရဏံ။

၃၂၁။ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဓာတ်တို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ကာမဂုဏ်တို့ကို နှလုံးသွင်းသောရဟန်း၏ စိတ်သည် ကာမဂုဏ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ထွက်မြောက်ခြင်း (ပဌမဈာန်) ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်း (ပဌမဈာန်) ၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထို ရဟန်း၏ ထိုစိတ်သည် (မိမိဈာန် အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ ထ၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ လွတ်၏၊ ကာမဂုဏ်တို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုကာမဂုဏ်ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုး ကို မခံစား၊ ဤတရားကို ကာမဂုဏ်တို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄-၁) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဗျာပါဒကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဗျာပါဒ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ အဗျာပါဒကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် အဗျာပါဒတရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဗျာပါဒမှ ကောင်းစွာ ထ၏၊ ဗျာပါဒမှ ကောင်းစွာ လွတ်၏၊ ဗျာပါဒမှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါ တရားတို့သည် ဗျာပါဒဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဗျာပါဒဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ဗျာပါဒ၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄-၂) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ မညှဥ်းဆဲခြင်း ‘အဝိဟေသာ’ ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မညှဥ်းဆဲခြင်း ‘အဝိဟေသာ’၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဝိဟေသာမှ ကောင်းစွာ ထ၏၊ ဝိဟေသာမှ ကောင်းစွာ လွတ်၏၊ ညှဥ်းဆဲခြင့်း‘ဝိဟေသာ’မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဝိဟေသာဟူသော အကြောင်း ကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ညှဥ်းဆဲခြင်း ‘ဝိဟေသာ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄-၃) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရုပ်တို့ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ရုပ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ နာမ်တရားကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် နာမ်တရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန် အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ရုပ်တရားတို့မှ ကောင်းစွာ ထ၏၊ ရုပ်တရားတို့မှ ကောင်းစွာ လွတ်၏၊ ရုပ်တရားတို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ရုပ်တရားဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထို ရုပ်တရားဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာ မျိုးကို မခံစား၊ ဤတရားကို ရုပ်တရားတို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄-၄) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဥပါဒါနက္ခန္ဓာအပေါင်း‘ သက္ကာယ’ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ဥပါဒါန က္ခန္ဓာအပေါင်း၏ ချုပ်ခြင်း‘သက္ကာယနိရောဓ’ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာ အပေါင်း၏ ချုပ်ခြင်း သက္ကာယနိရောဓ၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဥပါဒါနက္ခန္ဓာ အပေါင်း ‘သက္ကာယ’မှ ကောင်းစွာ ထ၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’မှ ကောင်းစွာ လွတ်၏၊ ဥပါဒါန က္ခန္ဓာအပေါင်း‘သက္ကာယ’မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရား တို့သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ဥပါဒါနက္ခန္ဓာ အပေါင်း ‘သက္ကာယ’၏ ထွက် မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄-၅)

<b>Five elements of escape:</b> Take a case where a mendicant focuses on sensual pleasures, but on that their mind does not leap forth, gain confidence, settle down, and become decided. But when they focus on renunciation, on that their mind leaps forth, gains confidence, settles down, and becomes decided. Their mind is in a good state, well developed, well risen, well freed, and well detached from sensual pleasures. They’re freed from the distressing and feverish defilements that arise because of sensual pleasures, so they don’t experience that kind of feeling. This is how the escape from sensual pleasures is explained. Take another case where a mendicant focuses on ill will, but their mind does not leap forth … But when they focus on good will, their mind leaps forth … Their mind is in a good state … well detached from ill will. They’re freed from the distressing and feverish defilements that arise because of ill will, so they don’t experience that kind of feeling. This is how the escape from ill will is explained. Take another case where a mendicant focuses on harming, but their mind does not leap forth … But when they focus on compassion, their mind leaps forth … Their mind is in a good state … well detached from harming. They’re freed from the distressing and feverish defilements that arise because of harming, so they don’t experience that kind of feeling. This is how the escape from harming is explained. Take another case where a mendicant focuses on form, but their mind does not leap forth … But when they focus on the formless, their mind leaps forth … Their mind is in a good state … well detached from forms. They’re freed from the distressing and feverish defilements that arise because of form, so they don’t experience that kind of feeling. This is how the escape from forms is explained. Take a case where a mendicant focuses on substantial reality, but their mind does not leap forth, gain confidence, settle down, and become decided. But when they focus on the cessation of substantial reality, their mind leaps forth, gains confidence, settles down, and becomes decided. Their mind is in a good state, well developed, well risen, well freed, and well detached from substantial reality. They’re freed from the distressing and feverish defilements that arise because of substantial reality, so they don’t experience that kind of feeling. This is how the escape from substantial reality is explained.

၃၂၂။ ‘‘ပဉ္စ ဝိမုတ္တာယတနာနိ။ ဣဓာဝုသော, ဘိက္ခုနော သတ္ထာ ဓမ္မံ ဒေသေတိ အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ။ ယထာ ယထာ, အာဝုသော, ဘိက္ခုနော သတ္ထာ ဓမ္မံ ဒေသေတိ အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ။ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ ပဌမံ ဝိမုတ္တာယတနံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော န ဟေဝ ခေါ သတ္ထာ ဓမ္မံ ဒေသေတိ အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, အပိ စ ခေါ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ…ပေ… အပိ စ ခေါ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန သဇ္ဈာယံ ကရောတိ…ပေ… အပိ စ ခေါ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကေတိ အနုဝိစာရေတိ မနသာနုပေက္ခတိ…ပေ… အပိ စ ခွဿ အညတရံ သမာဓိနိမိတ္တံ သုဂ္ဂဟိတံ ဟောတိ သုမနသိကတံ သူပဓာရိတံ သုပ္ပဋိဝိဒ္ဓံ ပညာယ။ ယထာ ယထာ, အာဝုသော, ဘိက္ခုနော အညတရံ သမာဓိနိမိတ္တံ သုဂ္ဂဟိတံ ဟောတိ သုမနသိကတံ သူပဓာရိတံ သုပ္ပဋိဝိဒ္ဓံ ပညာယ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ ပဉ္စမံ ဝိမုတ္တာယတနံ။

‘‘ပဉ္စ ဝိမုတ္တိပရိပါစနီယာ သညာ – အနိစ္စသညာ, အနိစ္စေ ဒုက္ခသညာ, ဒုက္ခေ အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ပဉ္စ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ [သင်္ဂိတိယပဉ္စကံ နိဋ္ဌိတံ (သျာ။ ကံ။)]။

၃၂၂။ ကိလေသာမှ လွတ်ခြင်း အကြောင်းတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ မြတ်စွာဘုရားသည်လည်းကောင်း၊ တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည် လည်းကောင်း တရားကိုဟော၏။ ငါ့သျှင်တို့ အကြင်အကြင် အပြားအားဖြင့် ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း၊ တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကိုဟော၏၊ ထိုထိုသော အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်းသိ၏။ အနက်ကိုလည်းသိသော ပါဠိကိုလည်းသိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက် ခြင်းရှိသော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ရှေးဦးစွာသော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏။ပ။ စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ် ခြင်းကို ပြု၏။ပ။ စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန့်ဖန်ကြံ၏၊ အဖန်ဖန်သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏။ပ။ စင်စစ်သော်ကား ထိုရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။ ငါ့သျှင်တို့ အကြင်အကြင်အပြားအားဖြင့် ရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။ ထိုထိုသော အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကို သိသော ပါဠိကို သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ငါးကြိမ် မြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်း တည်း။ (၂၅) အရဟတ္တဖိုလ်ကို ရင့်စေတတ်သော သညာတို့သည် မမြဲ ‘အနိစ္စ’ဟု မှတ်သော သညာ၊ အနိစ္စ၌ ဆင်းရဲ ‘ဒုက္ခ’ဟု မှတ်သော သညာ၊ ဒုက္ခ၌ အတ္တမဟုတ် ‘အနတ္တ’ဟု မှတ်သော သညာ၊ ပယ်ခြင်း၌ ဖြစ်သော သညာ၊ ရာဂကင်းခြင်း၌ ဖြစ်သော သညာအားဖြင့် ငါးပါးတို့တည်း။ (၂၆) ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤငါးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏၊ ထိုငါးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ ဆက္က-တရားခြောက်ပါးစု

<b>Five opportunities for freedom:</b> Firstly, the Teacher or a respected spiritual companion teaches Dhamma to a mendicant. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how the Teacher or a respected spiritual companion teaches it. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the first opportunity for freedom. Furthermore, it may be that neither the Teacher nor a respected spiritual companion teaches Dhamma to a mendicant. But the mendicant teaches Dhamma in detail to others as they learned and memorized it. … Or the mendicant rehearses the teaching in detail as they learned and memorized it. … Or the mendicant thinks about and considers the teaching in their heart, examining it with the mind as they learned and memorized it. … Or a meditation subject as a basis of immersion is properly grasped, focused on, borne in mind, and penetrated with wisdom. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how a meditation subject as a basis of immersion is properly grasped, focused on, borne in mind, and penetrated with wisdom. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the fifth opportunity for freedom. <b>Five perceptions that ripen in freedom:</b> the perception of impermanence, the perception of suffering in impermanence, the perception of not-self in suffering, the perception of giving up, and the perception of fading away. These are the teachings grouped by five that have been rightly explained by the Buddha. You should all recite these in concert. 6. Sixes

ဆက္ကံ

၃၂၃။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဆ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ ဆ။

‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ – စက္ခာယတနံ, သောတာယတနံ, ဃာနာယတနံ, ဇိဝှါယတနံ, ကာယာယတနံ, မနာယတနံ။

‘‘ဆ ဗာဟိရာနိ အာယတနာနိ – ရူပါယတနံ, သဒ္ဒါယတနံ, ဂန္ဓာယတနံ, ရသာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, ဓမ္မာယတနံ။

‘‘ဆ ဝိညာဏကာယာ – စက္ခုဝိညာဏံ, သောတဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ကာယဝိညာဏံ, မနောဝိညာဏံ။

‘‘ဆ ဖဿကာယာ – စက္ခုသမ္ဖဿော, သောတသမ္ဖဿော, ဃာနသမ္ဖဿော, ဇိဝှါသမ္ဖဿော, ကာယသမ္ဖဿော, မနောသမ္ဖဿော။

‘‘ဆ ဝေဒနာကာယာ – စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ။

‘‘ဆ သညာကာယာ – ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ။

‘‘ဆ သဉ္စေတနာကာယာ – ရူပသဉ္စေတနာ, သဒ္ဒသဉ္စေတနာ, ဂန္ဓသဉ္စေတနာ, ရသသဉ္စေတနာ, ဖောဋ္ဌဗ္ဗသဉ္စေတနာ, ဓမ္မသဉ္စေတနာ။

‘‘ဆ တဏှာကာယာ – ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။

၃၂၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်ကုန်သော ခြောက်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုခြောက်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်ခြောက်ပါးသော တရားတို့နည်းဟူမူ - အတွင်းသန္တာန်၌ ဖြစ်သော အာယတန ‘အဇ္ဈတ္တိကာယတန’ တို့သည် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနအားဖြင့် ခြောက်ပါးတို့တည်း။ (၁) အပသန္တာန်၌ ဖြစ်သော အာယတန ‘ဗာဟိရာယတန’တို့သည် ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာ ယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတနအားဖြင့် ခြောက်ပါးတို့တည်း။ (၂) ဝိညာဥ်အပေါင်းတို့သည် စက္ခုဝိညာဥ်၊ သောတဝိညာဥ်၊ ဃာနဝိညာဥ်၊ ဇိဝှါဝိညာဥ်၊ ကာယ ဝိညာဥ်၊ မနောဝိညာဥ်အားဖြင့် ခြောက်ပါးတို့တည်း။ (၃) ဖဿအပေါင်းတို့သည် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ။ပ။ မနောသမ္ဖဿအားဖြင့် ခြောက်ပါးတို့တည်း။ (၄) ဝေဒနာအပေါင်းတို့သည် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာအားဖြင့် ခြောက်ပါးတို့တည်း။ (၅) သညာအပေါင်းတို့သည် ရူပသညာ။ပ။ ဓမ္မသညာအားဖြင့် ခြောက်ပါးတို့တည်း။ (၆) သဉ္စေတနာအပေါင်းတို့သည် ရူပသဉ္စေတနာ။ပ။ ဓမ္မသဉ္စေတနာအားဖြင့် ခြောက်ပါးတို့တည်း။ (၇) တဏှာအပေါင်းတို့သည် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ခြောက်ပါးတို့တည်း။ (၈)

There are teachings grouped by six that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by six? <b>Six interior sense fields:</b> eye, ear, nose, tongue, body, and mind. <b>Six exterior sense fields:</b> sights, sounds, smells, tastes, touches, and ideas. <b>Six classes of consciousness:</b> eye, ear, nose, tongue, body, and mind consciousness. <b>Six classes of contact:</b> contact through the eye, ear, nose, tongue, body, and mind. <b>Six classes of feeling:</b> feeling born of contact through the eye, ear, nose, tongue, body, and mind. <b>Six classes of perception:</b> perceptions of sights, sounds, smells, tastes, touches, and ideas. <b>Six bodies of intention:</b> intention regarding sights, sounds, smells, tastes, touches, and ideas. <b>Six classes of craving:</b> craving for sights, sounds, smells, tastes, touches, and ideas.

၃၂၄။ ‘‘ဆ အဂါရဝါ။ ဣဓာဝုသော, ဘိက္ခု သတ္ထရိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ ဓမ္မေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ သံဃေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ သိက္ခာယ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ အပ္ပမာဒေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ ပဋိသန္ထာရေ [ပဋိသန္ဓာရေ (က။)] အဂါရဝေါ ဝိဟရတိ အပ္ပတိဿော။

‘‘ဆ ဂါရဝါ။ ဣဓာဝုသော, ဘိက္ခု သတ္ထရိ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော၊ ဓမ္မေ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော၊ သံဃေ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော၊ သိက္ခာယ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော၊ အပ္ပမာဒေ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော၊ ပဋိသန္ထာရေ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော။

‘‘ဆ သောမနဿူပဝိစာရာ။ စက္ခုနာ ရူပံ ဒိသွာ သောမနဿဋ္ဌာနိယံ ရူပံ ဥပဝိစရတိ၊ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ မနသာ ဓမ္မံ ဝိညာယ သောမနဿဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ။

‘‘ဆ ဒေါမနဿူပဝိစာရာ။ စက္ခုနာ ရူပံ ဒိသွာ ဒေါမနဿဋ္ဌာနိယံ ရူပံ ဥပဝိစရတိ…ပေ… မနသာ ဓမ္မံ ဝိညာယ ဒေါမနဿဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ။

‘‘ဆ ဥပေက္ခူပဝိစာရာ။ စက္ခုနာ ရူပံ ဒိသွာ ဥပေက္ခာဋ္ဌာနိယံ [ဥပေက္ခာဌာနိယံ (က။)] ရူပံ ဥပဝိစရတိ…ပေ… မနသာ ဓမ္မံ ဝိညာယ ဥပေက္ခာဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ။

‘‘ဆ သာရဏီယာ ဓမ္မာ။ ဣဓာဝုသော, ဘိက္ခုနော မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ [အာဝီ (က။ သီ။ ပီ။ က။)] စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယေ တေ လာဘာ ဓမ္မိကာ ဓမ္မလဒ္ဓါ အန္တမသော ပတ္တပရိယာပန္နမတ္တမ္ပိ, တထာရူပေဟိ လာဘေဟိ အပ္ပဋိဝိဘတ္တဘောဂီ ဟောတိ သီလဝန္တေဟိ သဗြဟ္မစာရီဟိ သာဓာရဏဘောဂီ။ အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယာနိ တာနိ သီလာနိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ ဘုဇိဿာနိ ဝိညုပ္ပသတ္ထာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိကာနိ, တထာရူပေသု သီလေသု သီလသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ, တထာရူပါယ ဒိဋ္ဌိယာ ဒိဋ္ဌိသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

၃၂၄။ မရိုသေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အပ္ပမာဒတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အာမိသဖြင့် စေ့စပ်ခြင်း, ဓမ္မဖြင့် စေ့စပ်ခြင်း ‘ပဋိသန္ထာရ’ တရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၉) ရိုသေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာ ဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ ရိုသေခြင်း တုပ်ဝပ်ခြင်း ရှိသည်ဖြစ်၍ နေ၏၊ အပ္ပမာဒတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ ပဋိသန္ထာရတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၀) သောမနဿဝေဒနာနှင့်ယှဥ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံကို မြင်၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏၊ နားဖြင့် သဒ္ဒါရုံကို ကြား၍။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍။ လျှာဖြင့် ရသာရုံကို လျက်၍။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံ ကို ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံ ကို ဆင်ခြင်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၁) ဒေါမနဿဝေဒနာနှင့်ယှဥ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံ ကို မြင်၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၂) ဥပေက္ခာဝေဒနာနှင့်ယှဥ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံ ကို မြင်၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏၊ (ဤခြောက်ပါး တို့တည်း)။ (၁၃) အောက်မေ့အပ်သော တရားတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏၊ အောက်မေ့အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရား သည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄-၁) တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း၊ ဝစီကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏။ပ။ (၁၄-၂) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်း ကောင်း မနောကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည် လည်း တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄-၃) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် တရားနှင့်လျော်သော တရားသဖြင့် ရအပ်သော အကြင်လာဘ်တို့ကို ရအပ်ကုန်၏၊ အယုတ်သဖြင့် သပိတ်၌ စားလောက်ရုံမျှကိုလည်း ရကုန်၏၊ ထိုသို့့သဘောရှိသော လာဘ်တို့ဖြင့် ခွဲခြားသီးသန့်၍ စားလေ့မရှိ၊ သီလဝန္တဖြစ်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံ၍ စားလေ့ရှိ၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည်လည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄-၄) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မကျိုး မပေါက် မပြောက် မကျား ဖြူစင်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော သမာဓိကို ဖြစ်စေတတ်ကုန်သော အကြင်သီလတို့သည် ရှိကုန်၏၊ ထိုသို့သဘောရှိသော သီလတို့၌ သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း တူသောသီလရှိသည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည်လည်း တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄-၅) တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော အကြင် (မဂ်နှင့် ယှဥ်သော) သမ္မာဒိဋ္ဌိဉာဏ်သည် အကြွင်းမဲ့ဝဋ်ဆင်းရဲကုန်ခြင်းငှါ ကျင့်သောပုဂ္ဂိုလ်ကို ဝဋ်ဆင်းရဲမှ ထုတ် ဆောင်တတ်၏။ ရဟန်းသည် ထိုသို့သဘောရှိသော (သမ္မာဒိဋ္ဌိ) ဉာဏ်ဖြင့် သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ဉာဏ်အမြင်တူခြင်းသို့ ရောက်၍ နေ၏၊ အောက်မေ့အပ်သော ချစ်ခြင်းကိုပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန် မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏၊ (ဤခြောက်ပါးတို့ တည်း)။ (၁၄-၆)

<b>Six kinds of disrespect:</b> A mendicant lacks respect and reverence for the Teacher, the teaching, and the Saṅgha, the training, diligence, and hospitality. <b>Six kinds of respect:</b> A mendicant has respect and reverence for the Teacher, the teaching, and the Saṅgha, the training, diligence, and hospitality. <b>Six preoccupations with happiness:</b> Seeing a sight with their eyes, one is preoccupied with a sight that’s a basis for happiness. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Knowing an idea with their mind, one is preoccupied with an idea that’s a basis for happiness. <b>Six preoccupations with sadness:</b> Seeing a sight with their eyes, one is preoccupied with a sight that’s a basis for sadness. … Knowing an idea with their mind, one is preoccupied with an idea that’s a basis for sadness. <b>Six preoccupations with equanimity:</b> Seeing a sight with their eyes, one is preoccupied with a sight that’s a basis for equanimity. … Knowing an idea with their mind, one is preoccupied with an idea that’s a basis for equanimity. <b>Six warm-hearted qualities:</b> Firstly, a mendicant consistently treats their spiritual companions with bodily kindness, both in public and in private. This warm-hearted quality makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling. Furthermore, a mendicant consistently treats their spiritual companions with verbal kindness, both in public and in private. This too is a warm-hearted quality. Furthermore, a mendicant consistently treats their spiritual companions with mental kindness, both in public and in private. This too is a warm-hearted quality. Furthermore, a mendicant shares without reservation any material things they have gained by legitimate means, even the food placed in the alms-bowl, using them in common with their ethical spiritual companions. This too is a warm-hearted quality. Furthermore, a mendicant lives according to the precepts shared with their spiritual companions, both in public and in private. Those precepts are intact, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. This too is a warm-hearted quality. They live according to the view shared with their spiritual companions, both in public and in private. That view is noble and emancipating, and delivers one who applies it to the complete ending of suffering. This warm-hearted quality too makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling.

၃၂၅။ ဆ ဝိဝါဒမူလာနိ။ ဣဓာဝုသော, ဘိက္ခု ကောဓနော ဟောတိ ဥပနာဟီ။ ယော သော, အာဝုသော, ဘိက္ခု ကောဓနော ဟောတိ ဥပနာဟီ, သော သတ္ထရိပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, ဓမ္မေပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သံဃေပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သိက္ခာယပိ န ပရိပူရကာရီ [ပရိပူရီကာရီ (သျာ။ ကံ။)] ဟောတိ။ ယော သော, အာဝုသော, ဘိက္ခု သတ္ထရိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, ဓမ္မေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သံဃေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သိက္ခာယ န ပရိပူရကာရီ, သော သံဃေ ဝိဝါဒံ ဇနေတိ။ ယော ဟောတိ ဝိဝါဒေါ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဧဝရူပံ စေ တုမှေ, အာဝုသော, ဝိဝါဒမူလံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သမနုပဿေယျာထ။ တတြ တုမှေ, အာဝုသော, တဿေဝ ပါပကဿ ဝိဝါဒမူလဿ ပဟာနာယ ဝါယမေယျာထ။ ဧဝရူပံ စေ တုမှေ, အာဝုသော, ဝိဝါဒမူလံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ န သမနုပဿေယျာထ။ တတြ တုမှေ, အာဝုသော, တဿေဝ ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝါယ ပဋိပဇ္ဇေယျာထ။ ဧဝမေတဿ ပါပကဿ ဝိဝါဒမူလဿ ပဟာနံ ဟောတိ။ ဧဝမေတဿ ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝေါ ဟောတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု မက္ခီ ဟောတိ ပဠာသီ…ပေ… ဣဿုကီ ဟောတိ မစ္ဆရီ…ပေ… သဌော ဟောတိ မာယာဝီ… ပါပိစ္ဆော ဟောတိ မိစ္ဆာဒိဋ္ဌီ… သန္ဒိဋ္ဌိပရာမာသီ ဟောတိ အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ…ပေ… ယော သော, အာဝုသော, ဘိက္ခု သန္ဒိဋ္ဌိပရာမာသီ ဟောတိ အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ, သော သတ္ထရိပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, ဓမ္မေပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သံဃေပိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သိက္ခာယပိ န ပရိပူရကာရီ ဟောတိ။ ယော သော, အာဝုသော, ဘိက္ခု သတ္ထရိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, ဓမ္မေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သံဃေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, သိက္ခာယ န ပရိပူရကာရီ, သော သံဃေ ဝိဝါဒံ ဇနေတိ။ ယော ဟောတိ ဝိဝါဒေါ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဧဝရူပံ စေ တုမှေ, အာဝုသော, ဝိဝါဒမူလံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သမနုပဿေယျာထ။ တတြ တုမှေ, အာဝုသော, တဿေဝ ပါပကဿ ဝိဝါဒမူလဿ ပဟာနာယ ဝါယမေယျာထ။ ဧဝရူပံ စေ တုမှေ, အာဝုသော, ဝိဝါဒမူလံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ န သမနုပဿေယျာထ။ တတြ တုမှေ, အာဝုသော, တဿေဝ ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝါယ ပဋိပဇ္ဇေယျာထ။ ဧဝမေတဿ ပါပကဿ ဝိဝါဒမူလဿ ပဟာနံ ဟောတိ။ ဧဝမေတဿ ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝေါ ဟောတိ။

‘‘ဆ ဓာတုယော – ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု, အာကာသဓာတု, ဝိညာဏဓာတု။

၃၂၅။ ခိုက်ရန်ဖြစ်ခြင်း အကြောင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏။ ငါ့သျှင်တို့ အကြင်ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ထိုရဟန်းသည် မြတ်စွာ ဘုရား၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည် ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာပုဒ်၌လည်း ဖြည့်ကျင့်ခြင်းကို ပြုလေ့မရှိ ‘မဖြည့်ကျင့်’။ ငါ့သျှင်တို့ အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ တရား တော်၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ မဖြည့်ကျင့်၊ ထိုရဟန်းသည် သံဃာ၌ ခိုက်ရန်ကို ဖြစ်စေ၏၊ အကြင်ခိုက်ရန်ဖြစ်ခြင်းသည် လူအများ အစီးအပွါးမဲ့ခြင်းငှါ လူအများချမ်းသာမဲ့ခြင်းငှါ ဖြစ်၏၊ နတ်လူတို့၏ အကျိုးစီးပွါးမဲ့ခြင်း ဆင်းရဲ ခြင်းငှါ ဖြစ်၏။ ငါ့သျှင်တို့ ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို သင်တို့သည် မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့တွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့ သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်ကြရန် လုံ့လပြုကြကုန်လော့။ ငါ့သျှင်တို့ သင်တို့ သည် ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်း ကောင်း အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့။ ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်သည် မည်၏။ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကို ချေဖျက်တတ်၏၊ တုပြိုင်တတ်၏။ပ။ ငြူစူ တတ်၏၊ ဝန်တိုတတ်၏။ စဥ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။ မကောင်းသော အလိုရှိ၏၊ မိစ္ဆာဒိဋ္ဌိအယူ ရှိ၏။ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။ ငါ့သျှင်တို့ အကြင်ရဟန်းသည် မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာယူ့တတ်၏၊ စွန့်လွှတ်နိုင်ခဲ၏၊ ထိုရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ် ခြင်း မရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း မဖြည့်ကျင့်။ ငါ့သျှင်တို့ အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရား တော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ မဖြည့်ကျင့်၊ ထိုရဟန်းသည် သံဃာ၌ ခိုက်ရန်ကို ဖြစ်စေ၏၊ အကြင်ခိုက်ရန် ဖြစ်ခြင်းသည် လူအများ အစီးအပွါးမဲ့ခြင်းငှါ လူအများချမ်းသာမဲ့ခြင်းငှါ ဖြစ်၏၊ နတ်လူတို့၏ အကျိုးစီးပွါး မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ငါ့သျှင်တို့ သင်တို့သည် ဤသို့သဘောရှိသော ခိုက်ရန်ဖြစ်ခြင်းအကြောင်းကို မိမိသန္တာန်၌လည်း ကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်ရန် လုံ့လပြုကြကုန်လော့။ ငါ့သျှင်တို့ သင်တို့သည် ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ မတွေ့မမြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် ငါ့သျှင် တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေခြင်းငှါ ကျင့်ကုန် လော့။ ဤသို့ ကျင့်ကုန်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ် သည်ရှိသော် မကောင်းသော ခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၅) ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ်အားဖြင့် ခြောက်ပါးတို့တည်း။ (၁၆)

<b>Six roots of dispute:</b> Firstly, a mendicant is irritable and acrimonious. Such a mendicant lacks respect and reverence for the Teacher, the teaching, and the Saṅgha, and they don’t fulfill the training. They create a dispute in the Saṅgha, which is for the detriment and unhappiness of the people, for the harm, detriment, and suffering of gods and humans. If you see such a root of dispute in yourselves or others, you should try to give up this bad thing. If you don’t see it, you should practice so that it doesn’t come up in the future. That’s how to give up this bad root of dispute, so it doesn’t come up in the future. Furthermore, a mendicant is offensive and contemptuous … They’re jealous and stingy … They’re devious and deceitful … They have corrupt wishes and wrong view … They’re attached to their own views, holding them tight, and refusing to let go. If you see such a root of dispute in yourselves or others, you should try to give up this bad thing. If you don’t see it, you should practice so that it doesn’t come up in the future. That’s how to give up this bad root of dispute, so it doesn’t come up in the future. <b>Six elements:</b> earth, water, fire, air, space, and consciousness.

၃၂၆။ ‘‘ဆ နိဿရဏိယာ ဓာတုယော။ ဣဓာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘မေတ္တာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ, အထ စ ပန မေ ဗျာပါဒေါ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော ‘မာ ဟေဝံ’, တိဿ ဝစနီယော, ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော, ယံ မေတ္တာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ။ အထ စ ပနဿ ဗျာပါဒေါ စိတ္တံ ပရိယာဒါယ ဌဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ဗျာပါဒဿ, ယဒိဒံ မေတ္တာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘ကရုဏာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အထ စ ပန မေ ဝိဟေသာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ, သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ အာဝုသော, အနဝကာသော, ယံ ကရုဏာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ, အထ စ ပနဿ ဝိဟေသာ စိတ္တံ ပရိယာဒါယ ဌဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ဝိဟေသာယ, ယဒိဒံ ကရုဏာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘မုဒိတာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အထ စ ပန မေ အရတိ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ, သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော, ယံ မုဒိတာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ, အထ စ ပနဿ အရတိ စိတ္တံ ပရိယာဒါယ ဌဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, အရတိယာ, ယဒိဒံ မုဒိတာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘ဥပေက္ခာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အထ စ ပန မေ ရာဂေါ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော, ယံ ဥပေက္ခာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ, အထ စ ပနဿ ရာဂေါ စိတ္တံ ပရိယာဒါယ ဌဿတိ နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ရာဂဿ, ယဒိဒံ ဥပေက္ခာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘အနိမိတ္တာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အထ စ ပန မေ နိမိတ္တာနုသာရိ ဝိညာဏံ ဟောတီ’တိ။ သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော, ယံ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ, အထ စ ပနဿ နိမိတ္တာနုသာရိ ဝိညာဏံ ဘဝိဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, သဗ္ဗနိမိတ္တာနံ, ယဒိဒံ အနိမိတ္တာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘အသ္မီတိ ခေါ မေ ဝိဂတံ [ဝိဃာတံ (သီ။ ပီ။), ဝိဂတေ (သျာ။ က။)], အယမဟမသ္မီတိ န သမနုပဿာမိ, အထ စ ပန မေ ဝိစိကိစ္ဆာကထင်္ကထာသလ္လံ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော, ယံ အသ္မီတိ ဝိဂတေ [ဝိဃာတေ (သီ။ ပီ။)] အယမဟမသ္မီတိ အသမနုပဿတော, အထ စ ပနဿ ဝိစိကိစ္ဆာကထင်္ကထာသလ္လံ စိတ္တံ ပရိယာဒါယ ဌဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ဝိစိကိစ္ဆာကထင်္ကထာသလ္လဿ, ယဒိဒံ အသ္မိမာနသမုဂ္ဃါတော’တိ။

၃၂၆။ ကိလေသာမှ လွတ်သော ဓာတ်တို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မေတ္တာနှင့်ယှဥ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန်လေ့လာအပ်၏၊ ယာဥ်ကဲ့သို့ပြုအပ်၏၊ တည်ရာကဲ့သို့ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေ အပ်၏၊ အဖန်ဖန်ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ဒေါသသည် ငါ၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဥ်သောစိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာ ကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အား ထုတ်အပ်ပါလျက် ဒေါသသည် ထိုရဟန်း၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ၊ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဥ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇-၁) ငါ့သျှင်တိုု့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ကရုဏာနှင့်ယှဥ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဥ်ကဲ့သို့ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ဖြစ်လျက် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ သည် ငါ၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာ ဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို့ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းကရုဏာနှင့် ယှဥ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ်စေ အပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ သည် ထိုရဟန်း၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းကရုဏာ နှင့်ယှဥ်သော စိတ်သည် ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇-၂) ငါ့သျှင်တိုု့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့်ယှဥ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဥ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်လျက် မမွေ့လျော်သော ‘အရတိ’ တရားသည် ငါ၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်း ကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမုဒိတာနှင့်ယှဥ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ် စေအပ်ပါလျက် အဖန်ဖန်ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် မမွေ့လျော်ခြင်း ‘အရတိ’ တရားသည် ထိုရဟန်း၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်း မဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့် ယှဥ်သော စိတ်သည် မမွေ့လျော်ခြင်း ‘အရတိ’ တရားမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇-၃) ငါ့သျှင်တိုု့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဥ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဥ် ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်လျက် စွဲမက်ခြင်း ‘ရာဂ’ သည် ငါ၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ် စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲ လင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထို ရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း‘ဥပေက္ခာ’ နှင့် ယှဥ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြု အပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါ လျက် စွဲမက်ခြင်း ‘ရာဂ’သည် ထိုရဟန်း၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကား သည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဥ်သော စိတ်သည် စွဲမက်ခြင်း ‘ရာဂ’ မှ ထွက်မြောက် ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇-၄) ငါ့သျှင်တိုု့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော (ရာဂစသော) အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဥ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ငါ၏ ထိုအရဟတ္တဖိုလ်ဝိညာဥ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဥ်လိုက်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှလွတ်သော ရာဂစသော အစွဲ အမှတ် နိမိတ်မရှိသော ယင်းအရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ပြုအပ်ပါလျက် တည်ရာကဲ့သို့ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူး အပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ထိုရဟန်း၏ အရဟတ္တဖိုလ် ဝိညာဥ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဥ်လိုက်၏ ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်း သည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ် စိတ်သည် အလုံးစုံသော ရာဂစသော နိမိတ်တို့မှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇-၅) ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါဟူသော မာနစိတ်သည် ငါ့မှာ ကင်း၏၊ ဤတရားသည် ငါဖြစ်၏ဟူ၍လည်း မရှိ၊ ထိုသို့ဖြစ်လျက် ငါ၏ စိတ်ကို ယုံမှားခြင်း ဝိစိ ကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ငါဟူသော မာနစိတ်ကင်းပါလျက် ဤတရားသည် ငါဖြစ်၏ဟူ၍လည်း မရှိပါဘဲလျက် ထိုရဟန်း၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏ ဟူသော စကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ယင်းငါဟူသောမာနကို အကြွင်းမဲ့ ဖြတ်ခြင်းသည် ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက် ကြောင်းတည်း”ဟု (ဆိုအပ်၏)၊ (ဤခြောက်ပါးတို့တည်း)။ (၁၇-၆)

<b>Six elements of escape:</b> Take a mendicant who says: ‘I’ve developed the heart’s release by love. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow ill will still occupies my mind.’ They should be told, ‘Not so, venerable! Don’t say that. Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say that. It’s impossible, reverend, it cannot happen that the heart’s release by love has been developed and properly implemented, yet somehow ill will still occupies the mind. For it is the heart’s release by love that is the escape from ill will.’ Take another mendicant who says: ‘I’ve developed the heart’s release by compassion. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow the thought of harming still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by compassion that is the escape from thoughts of harming.’ Take another mendicant who says: ‘I’ve developed the heart’s release by rejoicing. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow discontent still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by rejoicing that is the escape from discontent.’ Take another mendicant who says: ‘I’ve developed the heart’s release by equanimity. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow desire still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by equanimity that is the escape from desire.’ Take another mendicant who says: ‘I’ve developed the signless release of the heart. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow my consciousness still follows after signs.’ They should be told, ‘Not so, venerable! … For it is the signless release of the heart that is the escape from all signs.’ Take another mendicant who says: ‘I’m rid of the conceit “I am”. And I don’t regard anything as “I am this”. Yet somehow the dart of doubt and indecision still occupies my mind.’ They should be told, ‘Not so, venerable! Don’t say that. Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say that. It’s impossible, reverend, it cannot happen that the conceit “I am” has been done away with, and nothing is regarded as “I am this”, yet somehow the dart of doubt and indecision still occupy the mind. For it is the uprooting of the conceit “I am” that is the escape from the dart of doubt and indecision.’

၃၂၇။ ‘‘ဆ အနုတ္တရိယာနိ – ဒဿနာနုတ္တရိယံ, သဝနာနုတ္တရိယံ, လာဘာနုတ္တရိယံ, သိက္ခာနုတ္တရိယံ, ပါရိစရိယာနုတ္တရိယံ, အနုဿတာနုတ္တရိယံ။

‘‘ဆ အနုဿတိဋ္ဌာနာနိ – ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ။

၃၂၇။ လွန်ကဲ (မြင့်မြတ်) သော တရားတို့သည် လွန်ကဲ (မြင့်မြတ်) သော မြင်ခြင်း၊ လွန်ကဲ (မြင့်မြတ်) သော ကြားခြင်း၊ လွန်ကဲ (မြင့်မြတ်) သော ရခြင်း၊ လွန်ကဲ (မြင့်မြတ်) သော အတတ်၊ လွန်ကဲ (မြင့်မြတ်) သော လုပ်ကျွေးခြင်း၊ လွန်ကဲ (မြင့်မြတ်) သော အောက်မေ့ခြင်းအားဖြင့် ခြောက်ပါးတို့တည်း။ (၁၈) အဖန်ဖန် အောက်မေ့ခြင်းတို့သည် ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်း၊ တရားဂုဏ်တော်ကို အောက်မေ့ခြင်း၊ သံဃာဂုဏ်တော်ကို အောက်မေ့ခြင်း၊ သီလဂုဏ်ကို အောက်မေ့ခြင်း၊ စွန့်ကြဲခြင်းဂုဏ်ကို အောက်မေ့ခြင်း၊ နတ်တို့ကို သက်သေထား၍ မိမိသဒ္ဓါဂုဏ်ကို အောက်မေ့ခြင်းအားဖြင့် ခြောက်ပါးတို့ တည်း။ (၁၉)

<b>Six unsurpassable things:</b> the unsurpassable seeing, listening, acquisition, training, service, and recollection. <b>Six topics for recollection:</b> the recollection of the Buddha, the teaching, the Saṅgha, ethics, generosity, and the deities.

၃၂၈။ ‘‘ဆ သတတဝိဟာရာ။ ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော [ဥပေက္ခကော စ (သျာ။ က။)] ဝိဟရတိ သတော သမ္ပဇာနော။ သောတေန သဒ္ဒံ သုတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။

၃၂၈။ (ရဟန္တာပုဂ္ဂိုလ်၏) မြဲသောနေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာ တော်) ၌ ရဟန်းသည် မျက်စိဖြင့် ရုပ်အဆင်းကို မြင်သော် ဝမ်းသာခြင်းလည်း မဖြစ်၊ ဝမ်းနည်းခြင်း လည်း မဖြစ်၊ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ နားဖြင့် အသံကို ကြားသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာခြင်းလည်း မဖြစ်၊ ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိ,ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၂၀)

<b>Six consistent responses:</b> A mendicant, seeing a sight with their eyes, is neither happy nor sad. They remain equanimous, mindful and aware. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Knowing an idea with their mind, they’re neither happy nor sad. They remain equanimous, mindful and aware.

၃၂၉။ ‘‘ဆဠာဘိဇာတိယော။ ဣဓာဝုသော, ဧကစ္စော ကဏှာဘိဇာတိကော သမာနော ကဏှံ ဓမ္မံ အဘိဇာယတိ။ ဣဓ ပနာဝုသော, ဧကစ္စော ကဏှာဘိဇာတိကော သမာနော သုက္ကံ ဓမ္မံ အဘိဇာယတိ။ ဣဓ ပနာဝုသော, ဧကစ္စော ကဏှာဘိဇာတိကော သမာနော အကဏှံ အသုက္ကံ နိဗ္ဗာနံ အဘိဇာယတိ။ ဣဓ ပနာဝုသော, ဧကစ္စော သုက္ကာဘိဇာတိကော သမာနော သုက္ကံ ဓမ္မံ အဘိဇာယတိ။ ဣဓ ပနာဝုသော, ဧကစ္စော သုက္ကာဘိဇာတိကော သမာနော ကဏှံ ဓမ္မံ အဘိဇာယတိ။ ဣဓ ပနာဝုသော, ဧကစ္စော သုက္ကာဘိဇာတိကော သမာနော အကဏှံ အသုက္ကံ နိဗ္ဗာနံ အဘိဇာယတိ။

‘‘ဆ နိဗ္ဗေဓဘာဂိယာ သညာ [နိဗ္ဗေဓဘာဂိယသညာ (သျာ။ ကံ။)] – အနိစ္စသညာ အနိစ္စေ, ဒုက္ခသညာ ဒုက္ခေ, အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာ, နိရောဓသညာ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဆ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၂၉။ အမျိုးဇာတ်တို့သည် ခြောက်ပါး တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မည်းသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ ဖြူသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မမည်းမဖြူသော နိဗ္ဗာန်ကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ ဖြူသော တရားကို ဖြစ်စေ၏၊ ငါ့သျှင် တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မည်းသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မမည်း မဖြူသော နိဗ္ဗာန်ကို ဖြစ်စေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၂၁) နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သညာတို့သည် အနိစ္စာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အနိစ္စတရား၌ ဒုက္ခာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ဒုက္ခတရား၌ အနတ္တာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ပဟာနာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ရာဂါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ နိရောဓာ နုပဿနာဉာဏ်၌ ဖြစ်သော သညာအားဖြင့် ခြောက်ပါးတို့တည်း။ (၂၂) ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုခြောက်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ သတ္တက-တရားခုနစ်ပါးစု

<b>Six classes of rebirth:</b> Someone born into a dark class gives rise to a dark result. Someone born into a dark class gives rise to a bright result. Someone born into a dark class gives rise to extinguishment, which is neither dark nor bright. Someone born into a bright class gives rise to a bright result. Someone born into a bright class gives rise to a dark result. Someone born into a bright class gives rise to extinguishment, which is neither dark nor bright. <b>Six perceptions that help penetration:</b> the perception of impermanence, the perception of suffering in impermanence, the perception of not-self in suffering, the perception of giving up, the perception of fading away, and the perception of cessation. These are the teachings grouped by six that have been rightly explained by the Buddha. You should all recite these in concert. 7. Sevens

သတ္တကံ

၃၃၀။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သတ္တ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ သတ္တ?

‘‘သတ္တ အရိယဓနာနိ – သဒ္ဓါဓနံ, သီလဓနံ, ဟိရိဓနံ, ဩတ္တပ္ပဓနံ, သုတဓနံ, စာဂဓနံ, ပညာဓနံ။

‘‘သတ္တ ဗောဇ္ဈင်္ဂါ – သတိသမ္ဗောဇ္ဈင်္ဂေါ, ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ, ဝီရိယသမ္ဗောဇ္ဈင်္ဂေါ, ပီတိသမ္ဗောဇ္ဈင်္ဂေါ, ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ, သမာဓိသမ္ဗောဇ္ဈင်္ဂေါ, ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ။

‘‘သတ္တ သမာဓိပရိက္ခာရာ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ။

‘‘သတ္တ အသဒ္ဓမ္မာ – ဣဓာဝုသော, ဘိက္ခု အဿဒ္ဓေါ ဟောတိ, အဟိရိကော ဟောတိ, အနောတ္တပ္ပီ ဟောတိ, အပ္ပဿုတော ဟောတိ, ကုသီတော ဟောတိ, မုဋ္ဌဿတိ ဟောတိ, ဒုပ္ပညော ဟောတိ။

‘‘သတ္တ သဒ္ဓမ္မာ – ဣဓာဝုသော, ဘိက္ခု သဒ္ဓေါ ဟောတိ, ဟိရိမာ ဟောတိ, ဩတ္တပ္ပီ ဟောတိ, ဗဟုဿုတော ဟောတိ, အာရဒ္ဓဝီရိယော ဟောတိ, ဥပဋ္ဌိတဿတိ ဟောတိ, ပညဝါ ဟောတိ။

‘‘သတ္တ သပ္ပုရိသဓမ္မာ – ဣဓာဝုသော, ဘိက္ခု ဓမ္မညူ စ ဟောတိ အတ္ထညူ စ အတ္တညူ စ မတ္တညူ စ ကာလညူ စ ပရိသညူ စ ပုဂ္ဂလညူ စ။

၃၃၀။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော ခုနစ်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုခုနစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်ခုနစ်ပါးသော တရားတို့နည်းဟူမူ - အရိယာဥစ္စာတို့သည် သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ ဟိရီဥစ္စာ၊ ဩတ္တပ္ပဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာ ဥစ္စာအားဖြင့် ခုနစ်ပါးတို့တည်း။ (၁) ဗောဇ္ဈင်တို့သည် သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်အားဖြင့် ခုနစ်ပါးတို့တည်း။ (၂) သမာဓိ၏ အခြံအရံ ‘အဆောက်အဦး’ တို့သည် မှန်သော သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သော ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်သော အသက် မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ အားဖြင့် ခုနစ်ပါးတို့တည်း။ (၃) မသူတော်တရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားမရှိ၊ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်းမရှိ၊ အကြားအမြင်မရှိ၊ ပျင်းရိ၏၊ သတိလွတ်၏၊ ပညာမရှိ၊ ဤသို့အားဖြင့် ခုနစ် ပါးတို့တည်း။ (၄) သူတော်ကောင်းတရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ ရှက်ခြင်း ရှိ၏၊ ကြောက်လန့်ခြင်းရှိ၏၊ အကြားအမြင်များ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏၊ ထင်သော သတိရှိ၏၊ ပညာရှိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့တည်း။ (၅) သူတော်ကောင်းတရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပါဠိကို သိ၏၊ အနက် ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကို သိ၏၊ ပရိသတ်ကို သိ၏၊ ပုဂ္ဂိုလ်ကို သိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့တည်း။ (၆)

There are teachings grouped by seven that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by seven? <b>Seven riches of the noble ones:</b> the riches of faith, ethics, conscience, prudence, learning, generosity, and wisdom. <b>Seven awakening factors:</b> mindfulness, investigation of principles, energy, rapture, tranquility, immersion, and equanimity. <b>Seven prerequisites for immersion:</b> right view, right purpose, right speech, right action, right livelihood, right effort, and right mindfulness. <b>Seven bad qualities:</b> a mendicant is faithless, shameless, imprudent, unlearned, lazy, unmindful, and witless. <b>Seven good qualities:</b> a mendicant is faithful, conscientious, prudent, learned, energetic, mindful, and wise. <b>Seven aspects of the teachings of the true persons:</b> a mendicant knows the teachings, knows the meaning, knows themselves, knows moderation, knows the right time, knows assemblies, and knows individuals.

စာ-၂၀၉

၃၃၁။ ‘‘သတ္တ နိဒ္ဒသဝတ္ထူနိ။ ဣဓာဝုသော, ဘိက္ခု သိက္ခာသမာဒါနေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ သိက္ခာသမာဒါနေ အဝိဂတပေမော။ ဓမ္မနိသန္တိယာ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဓမ္မနိသန္တိယာ အဝိဂတပေမော။ ဣစ္ဆာဝိနယေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဣစ္ဆာဝိနယေ အဝိဂတပေမော။ ပဋိသလ္လာနေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ပဋိသလ္လာနေ အဝိဂတပေမော။ ဝီရိယာရမ္ဘေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဝီရိယာရမ္ဘေ အဝိဂတပေမော။ သတိနေပက္ကေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ သတိနေပက္ကေ အဝိဂတပေမော။ ဒိဋ္ဌိပဋိဝေဓေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဒိဋ္ဌိပဋိဝေဓေ အဝိဂတပေမော။

‘‘သတ္တ သညာ – အနိစ္စသညာ, အနတ္တသညာ, အသုဘသညာ, အာဒီနဝသညာ, ပဟာနသညာ, ဝိရာဂသညာ, နိရောဓသညာ။

‘‘သတ္တ ဗလာနိ – သဒ္ဓါဗလံ, ဝီရိယဗလံ, ဟိရိဗလံ, ဩတ္တပ္ပဗလံ, သတိဗလံ, သမာဓိဗလံ, ပညာဗလံ။

၃၃၁။ ရဟန္တာဖြစ်ခြင်းအကြောင်းတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာကို စောင့်ထိမ်းခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သိက္ခာကို စောင့်ထိန်းခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ တရားကို ဆင်ခြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တရားကို ဆင်ခြင် ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ တဏှာကို ဖျက်ဆီးခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ လည်း တဏှာကို ဖျက်ဆီးခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ ဆိတ်ငြိမ်ရာတစ်ယောက်ထီးတည့်းနေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း ဆိတ်ငြိမ်ရာတစ်ယောက်ထီးတည်း နေခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ လုံ့လကို ပြည့်စုံစေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း လုံ့လကို ပြည့်စုံစေခြင်း၌ မကင်းသော တောင့်တခြင်း ဆန္ဒရှိ၏၊ သတိပညာ၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ သတိပညာ၌ မကင်းသော တောင့်တခြင်းရှိ၏၊ အရိယာမဂ်ကို သိမြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင် အခါ၌လည်း အရိယာမဂ်ကို သိမြင်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့ တည်း။ (၇) သညာတို့သည် အနိစ္စာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊ အသုဘာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အာဒီနဝါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ပဟာနာ နုပဿနာ ဉာဏ်၌ဖြစ်သော သညာ၊ ဝိရာဂါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ နိရောဓာနုပဿနာဉာဏ် ၌ဖြစ်သော သညာအားဖြင့် ခုနစ်ပါးတို့တည်း။ (၈) ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ဟိရိဗိုလ်၊ ဩတ္တပ္ပဗိုလ် အားဖြင့် ခုနစ်ပါးတို့တည်း။ (၉)

<b>Seven qualifications for graduation:</b> A mendicant has a keen enthusiasm to undertake the training … to examine the teachings … to get rid of desires … for retreat … to rouse up energy … for mindfulness and alertness … to penetrate theoretically. And they don’t lose these desires in the future. <b>Seven perceptions:</b> the perception of impermanence, the perception of not-self, the perception of ugliness, the perception of drawbacks, the perception of giving up, the perception of fading away, and the perception of cessation. <b>Seven powers:</b> faith, energy, conscience, prudence, mindfulness, immersion, and wisdom.

၃၃၂။ ‘‘သတ္တ ဝိညာဏဋ္ဌိတိယော။ သန္တာဝုသော, သတ္တာ နာနတ္တကာယာ နာနတ္တသညိနော, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ နာနတ္တကာယာ ဧကတ္တသညိနော သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ။ အယံ ဒုတိယာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ နာနတ္တသညိနော သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ တတိယာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ ဧကတ္တသညိနော သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ စတုတ္ထီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂါ။ အယံ ပဉ္စမီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနူပဂါ။ အယံ ဆဋ္ဌီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနူပဂါ။ အယံ သတ္တမီ ဝိညာဏဋ္ဌိတိ။

‘‘သတ္တ ပုဂ္ဂလာ ဒက္ခိဏေယျာ – ဥဘတောဘာဂဝိမုတ္တော, ပညာဝိမုတ္တော, ကာယသက္ခိ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော, ဓမ္မာနုသာရီ, သဒ္ဓါနုသာရီ။

‘‘သတ္တ အနုသယာ – ကာမရာဂါနုသယော, ပဋိဃာနုသယော, ဒိဋ္ဌာနုသယော, ဝိစိကိစ္ဆာနုသယော, မာနာနုသယော, ဘဝရာဂါနုသယော, အဝိဇ္ဇာနုသယော။

‘‘သတ္တ သညောဇနာနိ – အနုနယသညောဇနံ [ကာမသညောဇနံ (သျာ။ ကံ။)], ပဋိဃသညောဇနံ, ဒိဋ္ဌိသညောဇနံ, ဝိစိကိစ္ဆာသညောဇနံ, မာနသညောဇနံ, ဘဝရာဂသညောဇနံ, အဝိဇ္ဇာသညောဇနံ။

‘‘သတ္တ အဓိကရဏသမထာ – ဥပ္ပန္နုပ္ပန္နာနံ အဓိကရဏာနံ သမထာယ ဝူပသမာယ သမ္မုခါဝိနယော ဒါတဗ္ဗော, သတိဝိနယော ဒါတဗ္ဗော, အမူဠှဝိနယော ဒါတဗ္ဗော, ပဋိညာယ ကာရေတဗ္ဗံ, ယေဘုယျသိကာ, တဿပါပိယသိကာ, တိဏဝတ္ထာရကော။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သတ္တ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

ဒုတိယဘာဏဝါရော နိဋ္ဌိတော။

၃၃၂။ ဝိညာဥ်၏တည်ရာတို့သည် ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေ သညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ - အချို့သော နတ် အချို့သော ဝိနိပါတိက၂နှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော ဝိညာဥ်၏ တည်ရာ ပေတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ - ပဌမဈာန်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ - အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းလည်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ - သုဘကိဏှာဘုံ၌ဖြစ်သောဗြဟ္မာတို့ပင်တည်း။ ဤကားလေးခု မြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန ဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကားငါးခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွါးများ ခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခြောက်ခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခုနစ်ခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၁၀) အလှူခံပုဂ္ဂိုလ်တို့သည် နှစ်ဖက်အဖို့မှလွတ်သော ‘ဥဘတောဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်၊ ပညာဖြင့် လွတ်သော ‘ပညာဝိမုတ္တ ’ ပုဂ္ဂိုလ်၊ ကာယသက္ခိပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ ဓမ္မာနုသာရီပုဂ္ဂိုလ်၊ သဒ္ဓါနုသာရီပုဂ္ဂိုလ်အားဖြင့် ခုနစ်ယောက်တို့တည်း။ (၁၁) အဖန်တလဲလဲကိန်းတတ်သော ‘အနုသယ’ တို့သည် ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ ဒိဋ္ဌာနုသယ၊ဝိစိကိစ္ဆာနုသယ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယအားဖြင့် ခုနစ်ပါးတို့တည်း။ (၁၂) သံယောဇဥ်တို့သည် အနုနယသံယောဇဥ်၊ ပဋိဃသံယောဇဥ်၊ ဒိဋ္ဌိသံယောဇဥ်၊ ဝိစိကိစ္ဆာသံယောဇဥ်၊ မာနသံယောဇဥ်၊ ဘဝရာဂသံယောဇဥ်၊ အဝိဇ္ဇာသံယောဇဥ်အားဖြင့် ခုနစ်ပါးတို့တည်း။ (၁၃) အဓိကရုဏ်းကို ငြိမ်းစေတတ်သော တရားတို့သည် ခုနစ်ပါးတို့တည်း။ ဖြစ်ပေါ်ကုန် ဖြစ်ပေါ်ကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ ငြိမ်သက်စေခြင်းငှါ သမ္မုခါဝိနည်းကို ပေးအပ်၏၊ သတိဝိနည်းကို ပေးအပ်၏၊ အမူဠှဝိနည်းကို ပေးအပ်၏၊ ဝန်ခံခြင်းဖြင့် ပြုအပ်၏၊ ယေဘုယျသိကာကံကို ပြုအပ်၏၊ တဿပါပိယျသိကာ ကံကို ပြုအပ်၏၊ တိဏဝတ္ထာရကကံကို ပြုအပ်၏၊ (ဤခုနစ်ပါးတို့တည်း)။ (၁၄) ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခုနစ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏။ ထိုခုနစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ ဒုတိယအခန်း ပြီး၏။ ၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။ ၂။ ဖုတ် တစ္ဆေ သူရဲစသော နာနာဘာဝသတ္တဝါတို့ကို အချို့သော ဝိနိပါတိကဟု ဆိုသည်။ အဋ္ဌက-တရားရှစ်ပါးစု

<b>Seven planes of consciousness:</b> There are sentient beings that are diverse in body and diverse in perception, such as human beings, some gods, and some beings in the underworld. This is the first plane of consciousness. There are sentient beings that are diverse in body and unified in perception, such as the gods reborn in the Divinity’s host through the first absorption. This is the second plane of consciousness. There are sentient beings that are unified in body and diverse in perception, such as the gods of sublime luminosity. This is the third plane of consciousness. There are sentient beings that are unified in body and unified in perception, such as the gods of universal beauty. This is the fourth plane of consciousness. There are sentient beings that have gone totally beyond perceptions of form. With the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they have been reborn in the dimension of infinite space. This is the fifth plane of consciousness. There are sentient beings that have gone totally beyond the dimension of infinite space. Aware that ‘consciousness is infinite’, they have been reborn in the dimension of infinite consciousness. This is the sixth plane of consciousness. There are sentient beings that have gone totally beyond the dimension of infinite consciousness. Aware that ‘there is nothing at all’, they have been reborn in the dimension of nothingness. This is the seventh plane of consciousness. <b>Seven individuals worthy of a religious donation:</b> one freed both ways, one freed by wisdom, a direct witness, one attained to view, one freed by faith, a follower of teachings, and a follower by faith. <b>Seven underlying tendencies:</b> sensual desire, aversion, views, doubt, conceit, desire for continued existence, and ignorance. <b>Seven fetters:</b> attraction, aversion, views, doubt, conceit, desire for continued existence, and ignorance. <b>Seven means of settling any disciplinary issues that might arise:</b> Resolution face-to-face to be applied. Resolution through recollection to be granted. Resolution because of past insanity to be granted. Acting according to what has been admitted. Majority decision. Further penalty. Covering over as if with grass. These are the teachings grouped by seven that have been rightly explained by the Buddha. You should all recite these in concert. The second recitation section is complete. 8. Eights

အဋ္ဌကံ

၃၃၃။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန အဋ္ဌ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ အဋ္ဌ?

‘‘အဋ္ဌ မိစ္ဆတ္တာ – မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပေါ, မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တော, မိစ္ဆာအာဇီဝေါ, မိစ္ဆာဝါယာမော မိစ္ဆာသတိ, မိစ္ဆာသမာဓိ။

‘‘အဋ္ဌ သမ္မတ္တာ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။

‘‘အဋ္ဌ ပုဂ္ဂလာ ဒက္ခိဏေယျာ – သောတာပန္နော, သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နော၊ သကဒါဂါမီ, သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော၊ အနာဂါမီ, အနာဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော၊ အရဟာ, အရဟတ္တဖလသစ္ဆိကိရိယာယ ပဋိပန္နော။

၃၃၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူသော ရှစ်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုရှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်ရှစ်ပါးသော တရားတို့နည်းဟူမူ - မှားသော သဘောတရားတို့သည် မှားသောအယူ ‘မိစ္ဆာဒဋ္ဌိ’၊ မှားသောအကြံ ‘မိစ္ဆာသင်္ကပ္ပ’၊ မှားသော စကား ‘မိစ္ဆာဝါစာ’၊ မှားသောအမှု ‘မိစ္ဆာကမ္မန္တ’၊ မှားသောအသက်မွေးမှု ‘မိစ္ဆာအာဇီဝ’၊ မှားသောအားထုတ် မှု ‘မိစ္ဆာဝါယာမ’၊ မှားသောအောက်မေ့မှု ‘မိစ္ဆာသတိ’၊ မှားသောတည်ကြည်မှု‘မိစ္ဆာသမာဓိ’အားဖြင့် ရှစ်ပါး တို့တည်း။ (၁) မှန်သော သဘောတရားတို့သည် မှန်သောသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သောကြံခြင်း ‘သမ္မာ သင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သောပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်သောအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ အားဖြင့် ရှစ်ပါးတို့တည်း။ (၂) အလှူခံထိုက်သောပုဂ္ဂိုလ်တို့သည် သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်တို့တည်း။ (၃)

There are teachings grouped by eight that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by eight? <b>Eight wrong ways:</b> wrong view, wrong purpose, wrong speech, wrong action, wrong livelihood, wrong effort, wrong mindfulness, and wrong immersion. <b>Eight right ways:</b> right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. <b>Eight individuals worthy of a religious donation:</b> The stream-enterer and the one practicing to realize the fruit of stream-entry. The once-returner and the one practicing to realize the fruit of once-return. The non-returner and the one practicing to realize the fruit of non-return. The perfected one, and the one practicing for perfection.

၃၃၄။ ‘‘အဋ္ဌ ကုသီတဝတ္ထူနိ။ ဣဓာဝုသော, ဘိက္ခုနာ ကမ္မံ ကာတဗ္ဗံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘ကမ္မံ ခေါ မေ ကာတဗ္ဗံ ဘဝိဿတိ, ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလမိဿတိ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ ပဌမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ ကမ္မံ ကတံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ကမ္မံ အကာသိံ, ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလန္တော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ…ပေ… ဣဒံ ဒုတိယံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂန္တဗ္ဗော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘မဂ္ဂေါ ခေါ မေ ဂန္တဗ္ဗော ဘဝိဿတိ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလမိဿတိ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ… ဣဒံ တတိယံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ မဂ္ဂံ အဂမာသိံ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလန္တော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ… ဣဒံ စတုတ္ထံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော န လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော နာလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော ကိလန္တော အကမ္မညော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ… ဣဒံ ပဉ္စမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော အလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော ဂရုကော အကမ္မညော, မာသာစိတံ မညေ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ… ဣဒံ ဆဋ္ဌံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဥပ္ပန္နော ဟောတိ အပ္ပမတ္တကော အာဗာဓော။ တဿ ဧဝံ ဟောတိ – ‘ဥပ္ပန္နော ခေါ မေ အယံ အပ္ပမတ္တကော အာဗာဓော၊ အတ္ထိ ကပ္ပေါ နိပဇ္ဇိတုံ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ… ဣဒံ သတ္တမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂိလာနာ ဝုဋ္ဌိတော [ဂိလာနဝုဋ္ဌိတော (သဒ္ဒနီတိ) အ။ နိ။ ၆။၁၆ နကုလပိတုသုတ္တဋီကာ ပဿိတဗ္ဗာ] ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂိလာနာ ဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ, တဿ မေ ကာယော ဒုဗ္ဗလော အကမ္မညော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ! သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ အဋ္ဌမံ ကုသီတဝတ္ထု။

၃၃၄။ ပျင်းရိခြင်းအကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှု ကိစ္စပြုသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက့်မပြုရသေးသည့် တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှေးဦးစွာသော ပျင်းရိ ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား နှစ်ခု မြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား သုံးခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ် ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား လေးခုမြောက်သော ပျင်းရိခြင်း၏ အ ကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ငါးခု မြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခြောက်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခုနစ်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနာမှထ၍ မကြာသေး၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အနာမှထ၏၊ အနာမှထ၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်သေးသည့်တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသည့်တရားကို မျက်မှောက် ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှစ်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ (၄)

<b>Eight grounds for laziness:</b> Firstly, a mendicant has some work to do. They think: ‘I have some work to do. But while doing it my body will get tired. I’d better have a lie down.’ They lie down, and don’t rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the first ground for laziness. Furthermore, a mendicant has done some work. They think: ‘I’ve done some work. But while working my body got tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the second ground for laziness. Furthermore, a mendicant has to go on a journey. They think: ‘I have to go on a journey. But while walking my body will get tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the third ground for laziness. Furthermore, a mendicant has gone on a journey. They think: ‘I’ve gone on a journey. But while walking my body got tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the fourth ground for laziness. Furthermore, a mendicant has wandered for alms, but they didn’t get to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, but I didn’t get to fill up on as much food as I like, coarse or fine. My body is tired and unfit for work. I’d better have a lie down.’ They lie down, and don’t rouse energy … This is the fifth ground for laziness. Furthermore, a mendicant has wandered for alms, and they got to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, and I got to fill up on as much food as I like, coarse or fine. My body is heavy and unfit for work, like I’ve just eaten a load of beans. I’d better have a lie down.’ They lie down, and don’t rouse energy … This is the sixth ground for laziness. Furthermore, a mendicant feels a little sick. They think: ‘I feel a little sick. Lying down would be good for me. I’d better have a lie down.’ They lie down, and don’t rouse energy … This is the seventh ground for laziness. Furthermore, a mendicant has recently recovered from illness. They think: ‘I’ve recently recovered from illness. My body is weak and unfit for work. I’d better have a lie down.’ They lie down, and don’t rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the eighth ground for laziness.

၃၃၅။ ‘‘အဋ္ဌ အာရမ္ဘဝတ္ထူနိ။ ဣဓာဝုသော, ဘိက္ခုနာ ကမ္မံ ကာတဗ္ဗံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘ကမ္မံ ခေါ မေ ကာတဗ္ဗံ ဘဝိဿတိ, ကမ္မံ ခေါ ပန မေ ကရောန္တေန န သုကရံ ဗုဒ္ဓါနံ သာသနံ မနသိ ကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ, အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’တိ! သော ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ, အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ ပဌမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ ကမ္မံ ကတံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ကမ္မံ အကာသိံ, ကမ္မံ ခေါ ပနာဟံ ကရောန္တော နာသက္ခိံ ဗုဒ္ဓါနံ သာသနံ မနသိ ကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ ဒုတိယံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂန္တဗ္ဗော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘မဂ္ဂေါ ခေါ မေ ဂန္တဗ္ဗော ဘဝိဿတိ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တေန န သုကရံ ဗုဒ္ဓါနံ သာသနံ မနသိ ကာတုံ။ ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ တတိယံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ မဂ္ဂံ အဂမာသိံ, မဂ္ဂံ ခေါ ပနာဟံ ဂစ္ဆန္တော နာသက္ခိံ ဗုဒ္ဓါနံ သာသနံ မနသိ ကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ စတုတ္ထံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော န လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော နာလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော လဟုကော ကမ္မညော, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ ပဉ္စမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော အလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော ဗလဝါ ကမ္မညော, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ ဆဋ္ဌံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဥပ္ပန္နော ဟောတိ အပ္ပမတ္တကော အာဗာဓော။ တဿ ဧဝံ ဟောတိ – ‘ဥပ္ပန္နော ခေါ မေ အယံ အပ္ပမတ္တကော အာဗာဓော, ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ ယံ မေ အာဗာဓော ပဝဍ္ဎေယျ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… သော ဝီရိယံ အာရဘတိ… ဣဒံ သတ္တမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂိလာနာ ဝုဋ္ဌိတော ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂိလာနာ ဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ, ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ ယံ မေ အာဗာဓော ပစ္စုဒါဝတ္တေယျ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’’တိ! သော ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ အဋ္ဌမံ အာရမ္ဘဝတ္ထု။

၃၃၅။ အားထုတ်ခြင်း အကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခုငါသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရ သေးသောတရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှေးဦးစွာသော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုပြီးသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံး အမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား နှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ထိုရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ် ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား သုံးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား လေးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရခဲ့၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ အမှုကိစ္စကို ပြုရန် ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေ အံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ငါးခုမြောက်သော အားထုတ် ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စကို ပြုရန်ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ် စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခြောက်ခု မြောက်သော အား ထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ ငါ၏ အနာသည် တိုးပွါး ရာသော အကြောင်းရှိ၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခုနစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထို့ရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ငါ့အား အနာသည် ပြန်ဖြစ်ရာသော အကြောင်းရှိ၏၊ ယခုအခါ မရောက်သေးသောတရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ အားထုတ်အံ့”ဟု (စိတ် ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ (၅)

<b>Eight grounds for arousing energy:</b> Firstly, a mendicant has some work to do. They think: ‘I have some work to do. While working it’s not easy to focus on the instructions of the Buddhas. I’d better preemptively rouse up energy for attaining the unattained, achieving the unachieved, and realizing the unrealized.’ They rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the first ground for arousing energy. Furthermore, a mendicant has done some work. They think: ‘I’ve done some work. While I was working I wasn’t able to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’ They rouse up energy … This is the second ground for arousing energy. Furthermore, a mendicant has to go on a journey. They think: ‘I have to go on a journey. While walking it’s not easy to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’ They rouse up energy … This is the third ground for arousing energy. Furthermore, a mendicant has gone on a journey. They think: ‘I’ve gone on a journey. While I was walking I wasn’t able to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’ They rouse up energy … This is the fourth ground for arousing energy. Furthermore, a mendicant has wandered for alms, but they didn’t get to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, but I didn’t get to fill up on as much food as I like, coarse or fine. My body is light and fit for work. I’d better preemptively rouse up energy.’ They rouse up energy … This is the fifth ground for arousing energy. Furthermore, a mendicant has wandered for alms, and they got to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, and I got to fill up on as much food as I like, coarse or fine. My body is strong and fit for work. I’d better preemptively rouse up energy.’ They rouse up energy … This is the sixth ground for arousing energy. Furthermore, a mendicant feels a little sick. They think: ‘I feel a little sick. It’s possible this illness will worsen. I’d better preemptively rouse up energy.’ They rouse up energy … This is the seventh ground for arousing energy. Furthermore, a mendicant has recently recovered from illness. They think: ‘I’ve recently recovered from illness. It’s possible the illness will come back. I’d better preemptively rouse up energy for attaining the unattained, achieving the unachieved, and realizing the unrealized.’ They rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the eighth ground for arousing energy.

စာ-၂၁၄

၃၃၆။ ‘‘အဋ္ဌ ဒါနဝတ္ထူနိ။ အာသဇ္ဇ ဒါနံ ဒေတိ, ဘယာ ဒါနံ ဒေတိ, ‘အဒါသိ မေ’တိ ဒါနံ ဒေတိ, ‘ဒဿတိ မေ’တိ ဒါနံ ဒေတိ, ‘သာဟု ဒါန’န္တိ ဒါနံ ဒေတိ, ‘အဟံ ပစာမိ, ဣမေ န ပစန္တိ, နာရဟာမိ ပစန္တော အပစန္တာနံ ဒါနံ န ဒါတု’န္တိ ဒါနံ ဒေတိ, ‘ဣဒံ မေ ဒါနံ ဒဒတော ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတီ’တိ ဒါနံ ဒေတိ။ စိတ္တာလင်္ကာရ-စိတ္တပရိက္ခာရတ္ထံ ဒါနံ ဒေတိ။

၃၃၆။ ဒါနဖြစ်ခြင်းအကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ရောက်လာသောကြောင့် အလှူကို ပေး၏၊ ကဲ့ရဲ့ခြင်းစသည်မှ ကြောက်သောကြောင့် အလှူကို ပေး၏၊ (သူသည်) “ငါ့အား ပေးဖူးသည်”ဟု အလှူ ကို ပေး၏၊ (သူသည်) “ငါ့အား ပေးလတ္တံ့”ဟု အလှူကို ပေး၏၊ “အလှူသည် သူတော်ကောင်းတို့ ချီးမွမ်းအပ်၏”ဟု အလှူကို ပေး၏၊ “ငါသည် ချက်၏၊ ဤသူတို့ကား မချက်ကုန်၊ ချက်သော ငါသည် မချက်သောသူတို့အား မပေးဘဲထားခြင်းငှါ မထိုက်”ဟု အလှူကို ပေး၏၊ “ဤအလှူပေးသော ငါ့အား ကောင်းသော ကျော်စောခြင်း သတင်းသည် ပျံ့နှံ့ ၍ ထွက်၏”ဟု အလှူကို ပေး၏၊ (သမထဝိပဿနာ) စိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှါ အလှူကို ပေး၏၊ (ဤရှစ်ပါးတို့တည်း)။ (၆)

<b>Eight reasons to give:</b> Someone might give a gift after insulting the recipient. Or they give out of fear. Or they give thinking, ‘They gave to me.’ Or they give thinking, ‘They’ll give to me.’ Or they give thinking, ‘It’s good to give.’ Or they give thinking, ‘I cook, they don’t. It wouldn’t be right for me to not give to them.’ Or they give thinking, ‘By giving this gift I’ll get a good reputation.’ Or they give thinking, ‘This is an adornment and requisite for the mind.’

၃၃၇။ ‘‘အဋ္ဌ ဒါနူပပတ္တိယော။ ဣဓာဝုသော, ဧကစ္စော ဒါနံ ဒေတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ သော ယံ ဒေတိ တံ ပစ္စာသီသတိ [ပစ္စာသိံသတိ (သီ။ သျာ။ ကံ။ ပီ။)]။ သော ပဿတိ ခတ္တိယမဟာသာလံ ဝါ ဗြာဟ္မဏမဟာသာလံ ဝါ ဂဟပတိမဟာသာလံ ဝါ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတံ သမင်္ဂီဘူတံ ပရိစာရယမာနံ။ တဿ ဧဝံ ဟောတိ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ ဝါ ဗြာဟ္မဏမဟာသာလာနံ ဝါ ဂဟပတိမဟာသာလာနံ ဝါ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ! သော တံ စိတ္တံ ဒဟတိ, တံ စိတ္တံ အဓိဋ္ဌာတိ, တံ စိတ္တံ ဘာဝေတိ, တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ။ ဣဇ္ဈတာဝုသော, သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။

‘‘ပုန စပရံ, အာဝုသော, ဣဓေကစ္စော ဒါနံ ဒေတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ…ပေ… သေယျာဝသထပဒီပေယျံ။ သော ယံ ဒေတိ တံ ပစ္စာသီသတိ။ တဿ သုတံ ဟောတိ – ‘စာတုမဟာရာဇိကာ [စာတုမ္မဟာရာဇိကာ (သီ။ သျာ။ ပီ။)] ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ’’တိ။ တဿ ဧဝံ ဟောတိ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’’န္တိ! သော တံ စိတ္တံ ဒဟတိ, တံ စိတ္တံ အဓိဋ္ဌာတိ, တံ စိတ္တံ ဘာဝေတိ, တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ။ ဣဇ္ဈတာဝုသော, သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။

‘‘ပုန စပရံ, အာဝုသော, ဣဓေကစ္စော ဒါနံ ဒေတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ…ပေ… သေယျာဝသထပဒီပေယျံ။ သော ယံ ဒေတိ တံ ပစ္စာသီသတိ။ တဿ သုတံ ဟောတိ – ‘တာဝတိံသာ ဒေဝါ…ပေ… ယာမာ ဒေဝါ…ပေ… တုသိတာ ဒေဝါ …ပေ… နိမ္မာနရတီ ဒေဝါ…ပေ… ပရနိမ္မိတဝသဝတ္တီ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ’တိ။ တဿ ဧဝံ ဟောတိ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’’န္တိ! သော တံ စိတ္တံ ဒဟတိ, တံ စိတ္တံ အဓိဋ္ဌာတိ, တံ စိတ္တံ ဘာဝေတိ, တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ။ ဣဇ္ဈတာဝုသော, သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။

‘‘ပုန စပရံ, အာဝုသော, ဣဓေကစ္စော ဒါနံ ဒေတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ သော ယံ ဒေတိ တံ ပစ္စာသီသတိ။ တဿ သုတံ ဟောတိ – ‘ဗြဟ္မကာယိကာ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ’တိ။ တဿ ဧဝံ ဟောတိ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မကာယိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ! သော တံ စိတ္တံ ဒဟတိ, တံ စိတ္တံ အဓိဋ္ဌာတိ, တံ စိတ္တံ ဘာဝေတိ, တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ၊ ဝီတရာဂဿ နော သရာဂဿ။ ဣဇ္ဈတာဝုသော, သီလဝတော စေတောပဏိဓိ ဝီတရာဂတ္တာ။

‘‘အဋ္ဌ ပရိသာ – ခတ္တိယပရိသာ, ဗြာဟ္မဏပရိသာ, ဂဟပတိပရိသာ, သမဏပရိသာ, စာတုမဟာရာဇိကပရိသာ, တာဝတိံသပရိသာ, မာရပရိသာ, ဗြဟ္မပရိသာ။

‘‘အဋ္ဌ လောကဓမ္မာ – လာဘော စ, အလာဘော စ, ယသော စ, အယသော စ, နိန္ဒာ စ, ပသံသာ စ, သုခဉ္စ, ဒုက္ခဉ္စ။

၃၃၇။ အလှူပေးခြင်းကြောင့်ဖြစ်သော အကျိုးတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ပုဆိုး ယာဥ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏။ ထိုသူ သည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊ ထိုသူသည် မင်းမျိုးသူဌေးကိုလည်းကောင်း၊ ဗြာဟ္မဏမျိုးသူဌေးကိုလည်းကောင်း၊ သူကြွယ်မျိုးသူဌေးကိုလည်းကောင်း ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ခံစားသည်ကို မြင်၏။ ထိုသူအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ မင်းမျိုးသူဌေးတို့၏ လည်းကောင်း၊ ဗြာဟ္မဏမျိုးသူဌေးတို့၏လည်းကောင်း၊ သူကြွယ်မျိုး သူဌေးတို့၏လည်းကောင်း အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု (စိတ်ဖြစ်၏)၊ ထိုသူ သည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ ထိုစိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ထိုအမျိုးတို့၌ ရောက်ရ ခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို၊ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇-၁) တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် သမဏအားလည်းကောင်း ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော်။ပ။ အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏၊ ထိုသူသည် အကြင်ဝတ္ထုကိုပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏။ ထိုသူသည် “စာတုမဟာရာဇ် နတ် တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထို စိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ် အလို့ငှါ မပွါးစေအပ်၊ ထိုစာတုမဟာရာဇ်နတ်ပြည်၌ ရောက်ရခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်က တောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇-၂) ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သောသူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော်။ပ။ အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏၊ ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏။ ထိုသူသည် “တာဝတ သာနတ်တို့့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတိနတ်တို့သည်။ပ။ ပရနိမ္မိတ ဝသဝတ္တီနတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာ များကုန်၏”ဟု ကြားဖူး၏။ ထို သူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်း အဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန် မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ထိုပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ ရောက်ခြင်းငှါ ဖြစ်၏၊ ထို စကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသောပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလ ရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇-၇) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ဤလောက၌ အ ချို့သောသူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ်ပုဆိုး ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊ ထိုသူသည် ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ ထိုသူ့အား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သောကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ဗြဟ္မာ့ဘုံ၌ ရောက်ရခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို။ (ကာမ၌) တပ်ခြင်းကင်းသော ပုဂ္ဂိုလ်အား ဆို၏၊ (ကာမ၌) တပ်ခြင်းရှိသော ပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇-၈) ပရိသတ်တို့သည် မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်၊ စာတု မဟာရာဇ်ပရိသတ်၊ တာဝတ သာပရိသတ်၊ မာရ်နတ်ပရိသတ်၊ ဗြဟ္မာပရိသတ်အားဖြင့် ရှစ်ပါးတို့တည်း။ (၈) လောကဓံတရားတို့သည် လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံများခြင်း၊ အခြံအရံနည်းပါးခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းအားဖြင့် ရှစ်ပါးတို့တည်း။ (၉)

<b>Eight rebirths by giving:</b> First, someone gives to ascetics or brahmins such things as food, drink, clothing, vehicles; garlands, fragrance, and makeup; and bed, house, and lighting. Whatever they give they expect back. They see an affluent aristocrat or brahmin or householder amusing themselves, supplied and provided with the five kinds of sensual stimulation. They think: ‘If only, when my body breaks up, after death, I would be reborn in the company of well-to-do aristocrats or brahmins or householders!’ They settle on that thought, stabilize it, and develop it. As they’ve settled for less and not developed further, their thought leads to rebirth there. But I say that this is only for those of ethical conduct, not for the unethical. The heart’s wish of an ethical person succeeds because of their purity. Next, someone gives to ascetics or brahmins. Whatever they give they expect back. And they’ve heard: ‘The gods of the four great kings are long-lived, beautiful, and very happy.’ They think: ‘If only, when my body breaks up, after death, I would be reborn in the company of the gods of the four great kings!’ They settle on that thought, stabilize it, and develop it. As they’ve settled for less and not developed further, their thought leads to rebirth there. But I say that this is only for those of ethical conduct, not for the unethical. The heart’s wish of an ethical person succeeds because of their purity. Next, someone gives to ascetics or brahmins. Whatever they give they expect back. And they’ve heard: ‘The gods of the thirty-three … the gods of Yama … the joyful gods … the gods who love to create … the gods who control what is created by others are long-lived, beautiful, and very happy.’ They think: ‘If only, when my body breaks up, after death, I would be reborn in the company of the gods who control what is created by others!’ They settle on that thought, stabilize it, and develop it. As they’ve settled for less and not developed further, their thought leads to rebirth there. But I say that this is only for those of ethical conduct, not for the unethical. The heart’s wish of an ethical person succeeds because of their purity. Next, someone gives to ascetics or brahmins such things as food, drink, clothing, vehicles; garlands, fragrance, and makeup; and bed, house, and lighting. Whatever they give they expect back. And they’ve heard: ‘The gods of the Divinity’s host are long-lived, beautiful, and very happy.’ They think: ‘If only, when my body breaks up, after death, I would be reborn in the company of the gods of the Divinity’s host!’ They settle on that thought, stabilize it, and develop it. As they’ve settled for less and not developed further, their thought leads to rebirth there. But I say that this is only for those of ethical conduct, not for the unethical. And for those free of desire, not those with desire. The heart’s wish of an ethical person succeeds because of their freedom from desire. <b>Eight assemblies:</b> the assemblies of aristocrats, brahmins, householders, and ascetics. An assembly of the gods of the four great kings. An assembly of the gods of the thirty-three. An assembly of Māras. An assembly of divinities. <b>Eight worldly conditions:</b> gain and loss, fame and disgrace, blame and praise, pleasure and pain.

၃၃၈။ ‘‘အဋ္ဌ အဘိဘာယတနာနိ။ အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ ပဌမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ။ ဣဒံ ဒုတိယံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ တတိယံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ စတုတ္ထံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ နီလာနိ နီလဝဏ္ဏာနိ နီလနိဒဿနာနိ နီလနိဘာသာနိ။ သေယျထာပိ နာမ ဥမာပုပ္ဖံ နီလံ နီလဝဏ္ဏံ နီလနိဒဿနံ နီလနိဘာသံ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ နီလံ နီလဝဏ္ဏံ နီလနိဒဿနံ နီလနိဘာသံ။ ဧဝမေဝ [ဧဝမေဝံ (က။)] အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ နီလာနိ နီလဝဏ္ဏာနိ နီလနိဒဿနာနိ နီလနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ ပဉ္စမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပီတာနိ ပီတဝဏ္ဏာနိ ပီတနိဒဿနာနိ ပီတနိဘာသာနိ။ သေယျထာပိ နာမ ကဏိကာရပုပ္ဖံ [ကဏ္ဏိကာရပုပ္ဖံ (သျာ။ ကံ။)] ပီတံ ပီတဝဏ္ဏံ ပီတနိဒဿနံ ပီတနိဘာသံ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ ပီတံ ပီတဝဏ္ဏံ ပီတနိဒဿနံ ပီတနိဘာသံ။ ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပီတာနိ ပီတဝဏ္ဏာနိ ပီတနိဒဿနာနိ ပီတနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ ဆဋ္ဌံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ လောဟိတကာနိ လောဟိတကဝဏ္ဏာနိ လောဟိတကနိဒဿနာနိ လောဟိတကနိဘာသာနိ။ သေယျထာပိ နာမ ဗန္ဓုဇီဝကပုပ္ဖံ လောဟိတကံ လောဟိတကဝဏ္ဏံ လောဟိတကနိဒဿနံ လောဟိတကနိဘာသံ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ လောဟိတကံ လောဟိတကဝဏ္ဏံ လောဟိတကနိဒဿနံ လောဟိတကနိဘာသံ။ ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ လောဟိတကာနိ လောဟိတကဝဏ္ဏာနိ လောဟိတကနိဒဿနာနိ လောဟိတကနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ သတ္တမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ။ သေယျထာပိ နာမ ဩသဓိတာရကာ ဩဒါတာ ဩဒါတဝဏ္ဏာ ဩဒါတနိဒဿနာ ဩဒါတနိဘာသာ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ ဩဒါတံ ဩဒါတဝဏ္ဏံ ဩဒါတနိဒဿနံ ဩဒါတနိဘာသံ။ ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ အဋ္ဌမံ အဘိဘာယတနံ။

၃၃၈။ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်တို့သည် ရှစ်ပါးတို့တည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ပဌမအဘိဘာ ယတနဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ဒုတိယအဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား တတိယအဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသောအဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား စတုတ္ထအဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော အောင်မဲညို၁ပန်းကဲ့သို့လည်းကောင်း ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင် သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ပဉ္စမ အဘိဘာယတနဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ဝါရွှေသော အဆင်းဝါရွှေသော အသွေးဝါရွှေသောအရောင်ရှိသော မဟာလှေကားပန်းကဲ့သို့လည်းကောင်း ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့ လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ဆဋ္ဌအဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော မိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသော အရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား သတ္တမ အဘိဘာယတနဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့ သို့လည်းကောင်း ဤအတူတစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန် ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ (၁၀)

<b>Eight dimensions of mastery:</b> Perceiving form internally, someone sees forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the first dimension of mastery. Perceiving form internally, someone sees forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the second dimension of mastery. Not perceiving form internally, someone sees forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the third dimension of mastery. Not perceiving form internally, someone sees forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the fourth dimension of mastery. Not perceiving form internally, someone sees forms externally that are blue, with blue color and blue appearance. They’re like a flax flower that’s blue, with blue color and blue appearance. Or a cloth from Varanasi that’s smoothed on both sides, blue, with blue color and blue appearance. Mastering them, they perceive: ‘I know and see.’ This is the fifth dimension of mastery. Not perceiving form internally, someone sees forms externally that are yellow, with yellow color and yellow appearance. They’re like a champak flower that’s yellow, with yellow color and yellow appearance. Or a cloth from Varanasi that’s smoothed on both sides, yellow, with yellow color and yellow appearance. Mastering them, they perceive: ‘I know and see.’ This is the sixth dimension of mastery. Not perceiving form internally, someone sees forms externally that are red, with red color and red appearance. They’re like a scarlet mallow flower that’s red, with red color and red appearance. Or a cloth from Varanasi that’s smoothed on both sides, red, with red color and red appearance. Mastering them, they perceive: ‘I know and see.’ This is the seventh dimension of mastery. Not perceiving form internally, someone sees forms externally that are white, with white color and white appearance. They’re like the morning star that’s white, with white color and white appearance. Or a cloth from Varanasi that’s smoothed on both sides, white, with white color and white appearance. Mastering them, they perceive: ‘I know and see.’ This is the eighth dimension of mastery.

၃၃၉။ ‘‘အဋ္ဌ ဝိမောက္ခာ။ ရူပီ ရူပါနိ ပဿတိ။ အယံ ပဌမော ဝိမောက္ခော။

‘‘အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ။ အယံ ဒုတိယော ဝိမောက္ခော။

‘‘သုဘန္တေဝ အဓိမုတ္တော ဟောတိ။ အယံ တတိယော ဝိမောက္ခော။

‘‘သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ စတုတ္ထော ဝိမောက္ခော။

‘‘သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ပဉ္စမော ဝိမောက္ခော။

‘‘သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဆဋ္ဌော ဝိမောက္ခော။

‘‘သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ သတ္တမော ဝိမောက္ခော။

‘‘သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတ နိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ အဋ္ဌမော ဝိမောက္ခော။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန အဋ္ဌ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၃၉။ လွတ်လပ်ခြင်း ‘ဝိမောက္ခ’ တို့သည် ရှစ်ပါးတို့တည်း။ (မိမိသန္တာန်၌) ကသိုဏ်းရုပ်ဈာန် ရှိသည် ဖြစ်၍ (ပြင်ပသန္တာန်၌လည်း) (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဤကား ပဌမဝိမောက္ခပေတည်း။ မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဤကာ့းဒုတိယဝိမောက္ခပေတည်း။ တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤကား တတိယဝိမောက္ခပေတည်း။ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စယတန (ဈာန်) သို့ ရောက်၍ နေ၏။ ဤကား စတုတ္ထဝိမောက္ခပေတည်း။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခပေတည်း။ ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခပေတည်း။ အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား သတ္တမဝိမောက္ခပေတည်း။ နေဝသညာနာသညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓ သမာပတ်)သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခပေတည်း။ (၁၁) ငါ့သျှင်တိုု့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤတရားရှစ်ပါး တို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုရှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။ ၁။ ဤအရာ၌ ဥမာပုပ္ဖပုဒ်အနက်ကို အောက်မဲညို ပန်းထက် သာ၍ညိုသော နှမ်းကြပ်ပန်းဟု အဘိဓာန်နိသျသစ်၌ ဆို၏။ နဝက-တရားကိုးပါးစု

<b>Eight liberations:</b> Having physical form, they see forms. This is the first liberation. Not perceiving physical form internally, they see forms externally. This is the second liberation. They’re focused only on beauty. This is the third liberation. Going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space. This is the fourth liberation. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. This is the fifth liberation. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. This is the sixth liberation. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. This is the seventh liberation. Going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling. This is the eighth liberation. These are the teachings grouped by eight that have been rightly explained by the Buddha. You should all recite these in concert. 9. Nines

နဝကံ

၃၄၀။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန နဝ ဓမ္မာ သမ္မဒက္ခာတာ၊ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ နဝ?

‘‘နဝ အာဃာတဝတ္ထူနိ။ ‘အနတ္ထံ မေ အစရီ’တိ အာဃာတံ ဗန္ဓတိ၊ ‘အနတ္ထံ မေ စရတီ’တိ အာဃာတံ ဗန္ဓတိ၊ ‘အနတ္ထံ မေ စရိဿတီ’တိ အာဃာတံ ဗန္ဓတိ၊ ‘ပိယဿ မေ မနာပဿ အနတ္ထံ အစရီ’တိ အာဃာတံ ဗန္ဓတိ…ပေ… အနတ္ထံ စရတီတိ အာဃာတံ ဗန္ဓတိ…ပေ… အနတ္ထံ စရိဿတီတိ အာဃာတံ ဗန္ဓတိ၊ ‘အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရီ’တိ အာဃာတံ ဗန္ဓတိ…ပေ… အတ္ထံ စရတီတိ အာဃာတံ ဗန္ဓတိ…ပေ… အတ္ထံ စရိဿတီတိ အာဃာတံ ဗန္ဓတိ။

‘‘နဝ အာဃာတပဋိဝိနယာ။ ‘အနတ္ထံ မေ အစရိ [အစရီတိ (သျာ။ က။) ဧဝံ ‘‘စရတိ စရိဿတိ’’ ပဒေသုပိ], တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အနတ္ထံ မေ စရတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အနတ္ထံ မေ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘ပိယဿ မေ မနာပဿ အနတ္ထံ အစရိ…ပေ… အနတ္ထံ စရတိ…ပေ… အနတ္ထံ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရိ…ပေ… အတ္ထံ စရတိ…ပေ… အတ္ထံ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ။

၃၄၀။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူသော ကိုးပါးသော တရားတို့သည် ရှိကုန်၏၊ ထိုကိုးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်တရားကိုးပါးတို့နည်းဟူမူ - ခိုက်ရန်ဖြစ်ခြင်း အကြောင်းတို့သည် ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ဖူးသည်”ဟု ရန်ငြိုးဖွဲ့၏၊“ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ “ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုနေ ဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ “ငါမချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ (ဤကိုးပါးတို့တည်း)။ (၁) ရန်ငြိုးပြေကြောင်းတို့သည် ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ ပြု ခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထို အကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ “ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ “ငါမချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုးကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ (ဤကိုးပါးတို့တည်း)။ (၂)

There are teachings grouped by nine that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by nine? <b>Nine grounds for resentment:</b> Thinking: ‘They did wrong to me,’ you harbor resentment. Thinking: ‘They are doing wrong to me’ … ‘They will do wrong to me’ … ‘They did wrong by someone I love’ … ‘They are doing wrong by someone I love’ … ‘They will do wrong by someone I love’ … ‘They helped someone I dislike’ … ‘They are helping someone I dislike’ … Thinking: ‘They will help someone I dislike,’ you harbor resentment. <b>Nine ways to get rid of resentment:</b> Thinking: ‘They did wrong to me, but what can I possibly do?’ you get rid of resentment. Thinking: ‘They are doing wrong to me …’ … ‘They will do wrong to me …’ … ‘They did wrong by someone I love …’ … ‘They are doing wrong by someone I love …’ … ‘They will do wrong by someone I love …’ … ‘They helped someone I dislike …’ … ‘They are helping someone I dislike …’ … Thinking: ‘They will help someone I dislike, but what can I possibly do?’ you get rid of resentment.

၃၄၁။ ‘‘နဝ သတ္တာဝါသာ။ သန္တာဝုသော, သတ္တာ နာနတ္တကာယာ နာနတ္တသညိနော, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ နာနတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ။ အယံ ဒုတိယော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ နာနတ္တသညိနော, သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ တတိယော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ စတုတ္ထော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ အသညိနော အပ္ပဋိသံဝေဒိနော, သေယျထာပိ ဒေဝါ အသညသတ္တာ [အသညိသတ္တာ (သျာ။ ကံ။)]။ အယံ ပဉ္စမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂါ။ အယံ ဆဋ္ဌော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနူပဂါ။ အယံ သတ္တမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စာညာယတနူပဂါ။ အယံ အဋ္ဌမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ [သမတိက္ကမ္မ သန္တမေတံ ပဏီတမေတန္တိ (သျာ။ ကံ။)] နေဝသညာနာသညာယတနူပဂါ။ အယံ နဝမော သတ္တာဝါသော။

၃၄၁။ သတ္တဝါတို့၏ နေရာတို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွွဲပြား၍ ပဋိသန္ဓေ သညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ - အချို့သောနတ် အချို့သော ဝိနိပါတိကနှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းကွွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ - ပဌမဈာန်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား နှစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ -အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား သုံးခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ - သုဘကိဏှာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား လေးခု မြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ သညာမရှိသော, အာရုံကို ခံစားခြင်းမရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ် သတ္တဝါတို့နည်းဟူမူ - အသညသတ်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား ငါးခုမြောက်သော သတ္တဝါ တို့၏ နေရာတည်း။ ငါ့ရှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာ ယဘနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခြောက်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့ရှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွါးများ ခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခုနစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့ရှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ရှစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ ငါ့ရှင်တို့ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ကိုးခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ (၃)

<b>Nine abodes of sentient beings:</b> There are sentient beings that are diverse in body and diverse in perception, such as human beings, some gods, and some beings in the underworld. This is the first abode of sentient beings. There are sentient beings that are diverse in body and unified in perception, such as the gods reborn in the Divinity’s host through the first absorption. This is the second abode of sentient beings. There are sentient beings that are unified in body and diverse in perception, such as the gods of sublime luminosity. This is the third abode of sentient beings. There are sentient beings that are unified in body and unified in perception, such as the gods of universal beauty. This is the fourth abode of sentient beings. There are sentient beings that are non-percipient and do not experience anything, such as the gods who are non-percipient beings. This is the fifth abode of sentient beings. There are sentient beings that have gone totally beyond perceptions of form. With the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they have been reborn in the dimension of infinite space. This is the sixth abode of sentient beings. There are sentient beings that have gone totally beyond the dimension of infinite space. Aware that ‘consciousness is infinite’, they have been reborn in the dimension of infinite consciousness. This is the seventh abode of sentient beings. There are sentient beings that have gone totally beyond the dimension of infinite consciousness. Aware that ‘there is nothing at all’, they have been reborn in the dimension of nothingness. This is the eighth abode of sentient beings. There are sentient beings that have gone totally beyond the dimension of nothingness. They have been reborn in the dimension of neither perception nor non-perception. This is the ninth abode of sentient beings.

၃၄၂။ ‘‘နဝ အက္ခဏာ အသမယာ ဗြဟ္မစရိယဝါသာယ။ ဣဓာဝုသော, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော။ အယဉ္စ ပုဂ္ဂလော နိရယံ ဥပပန္နော ဟောတိ။ အယံ ပဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ, အာဝုသော, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော။ အယဉ္စ ပုဂ္ဂလော တိရစ္ဆာနယောနိံ ဥပပန္နော ဟောတိ။ အယံ ဒုတိယော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… ပေတ္တိဝိသယံ ဥပပန္နော ဟောတိ။ အယံ တတိယော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အသုရကာယံ ဥပပန္နော ဟောတိ။ အယံ စတုတ္ထော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အညတရံ ဒီဃာယုကံ ဒေဝနိကာယံ ဥပပန္နော ဟောတိ။ အယံ ပဉ္စမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… ပစ္စန္တိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ မိလက္ခေသု [မိလက္ခကေသု (သျာ။ ကံ။) မိလက္ခူသု (က။)] အဝိညာတာရေသု, ယတ္ထ နတ္ထိ ဂတိ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ။ အယံ ဆဋ္ဌော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ။ သော စ ဟောတိ မိစ္ဆာဒိဋ္ဌိကော ဝိပရီတဒဿနော – ‘နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကဋာနံ [သုကဋ ဒုက္ကဋာနံ (သီ။ ပီ။)] ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော, နတ္ထိ မာတာ, နတ္ထိ ပိတာ, နတ္ထိ သတ္တာ ဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ အယံ သတ္တမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ။ သော စ ဟောတိ ဒုပ္ပညော ဇဠော ဧဠမူဂေါ, နပ္ပဋိဗလော သုဘာသိတဒုဗ္ဘာသိတာနမတ္ထမညာတုံ။ အယံ အဋ္ဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ, အာဝုသော, တထာဂတော စ လောကေ န [ကတ္ထစိ နကာရော န ဒိဿတိ] ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဓမ္မော စ န ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော။ အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ, သော စ ဟောတိ ပညဝါ အဇဠော အနေဠမူဂေါ, ပဋိဗလော သုဘာသိတ-ဒုဗ္ဘာသိတာနမတ္ထမညာတုံ။ အယံ နဝမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

၃၄၂။ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော အက္ခဏတို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည်သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း ငရဲဘုံသို့့ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှေးဦးစွာသော အက္ခဏတို့တည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း တိရစ္ဆာန်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော နှစ်ခုမြောက် အက္ခဏတို့တည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ ပြိတ္တာဘုံသို့ ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော သုံးခုမြောက် အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ အသုရကာယ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော လေးခုမြောက် အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ငါးခုမြောက် အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့ ဖြစ်ရာ မဟုတ်သော သစ္စာလေးပါးကို မသိနိုင်ကုန်သော ပစ္စန္တရစ်ဇနပုဒ် လူရိုင်းတို့အတွင်း၌ ဖြစ်၍ နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခြောက်ခုမြောက် အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်သော်လည်း မှားသော အယူရှိ၏၊ ဖောက် ပြန်သော အယူရှိ၏၊ “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုန်းပူဇော်ခြင်းသည် မရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟော ကြားတတ်ကုန်သော အညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားယွင်းဖောက်ပြန်သော အယူရှိနေ၏၊ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခုနစ်ခုမြောက် အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း။ပ။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသဇနပုဒ်တို့၌ မွေးဖွား၏၊ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်သော်လည်း ပညာမရှိ၊ စိတ်ဖောက်ပြန်နေသူ ဖြစ်၏၊ ဆွံ့အနေသူ ဖြစ်၏၊ ကောင်းသော တရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ မစွမ်းနိုင်။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှစ်ခုမြောက် အက္ခဏတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မမူ၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မမူ၊ ဤပုဂ္ဂိုလ်သည် မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်၏၊ ပညာရှိသူ ဖြစ်၏၊ စိတ်မဖောက်ပြန်သူ ဖြစ်၏၊ မဆွံ့အသူ ဖြစ်၏၊ ကောင်းသော တရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ စွမ်းနိုင်၏။ ဤကား မြတ်သော အကျင့် ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ကိုးခုမြောက် အက္ခဏတည်း။ (၄)

<b>Nine lost opportunities for spiritual practice:</b> Firstly, a Realized One has arisen in the world. He teaches the Dhamma leading to peace, extinguishment, awakening, as proclaimed by the Holy One. But that individual has been reborn in hell. This is the first lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in the animal realm. This is the second lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But an individual has been reborn in the ghost realm. This is the third lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn among the titans. This is the fourth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in one of the long-lived orders of gods. This is the fifth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in the borderlands, among uneducated foreigners, where monks, nuns, laymen, and laywomen do not go. This is the sixth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … And an individual is reborn in a central country. But they have wrong view and distorted perspective: ‘There’s no meaning in giving, sacrifice, or offerings. There’s no fruit or result of good and bad deeds. There’s no afterlife. There’s no such thing as mother and father, or beings that are reborn spontaneously. And there’s no ascetic or brahmin who is rightly comported and rightly practiced, and who describes the afterlife after realizing it with their own insight.’ This is the seventh lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … And an individual is reborn in a central country. But they’re witless, dull, idiotic, and unable to distinguish what is well said from what is poorly said. This is the eighth lost opportunity for spiritual practice. Furthermore, no Realized One has arisen in the world, so there is no teaching of the Dhamma leading to peace, extinguishment, awakening, as proclaimed by the Holy One. But an individual is reborn in a central country. And they’re wise, bright, clever, and able to distinguish what is well said from what is poorly said. This is the ninth lost opportunity for spiritual practice.

၃၄၃။ ‘‘နဝ အနုပုဗ္ဗဝိဟာရာ။ ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ…ပေ… ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ…ပေ… တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ …ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ…ပေ… အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၃၄၃။ အစဥ်အတိုင်း ဝင်စားအပ်သော သမာပတ်တို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ဤ့သာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်းပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်း ကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရုပ်သညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်။ပ။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွားများသော ကြောင့် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွားများသောကြောင့် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာ ယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာ နာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၍ နေ၏။ (ဤကိုးပါးတို့တည်း)။ (၅)

<b>Nine progressive meditations:</b> A mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, they enter and remain in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. Going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. Going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling.

စာ-၂၂၁

၃၄၄။ ‘‘နဝ အနုပုဗ္ဗနိရောဓာ။ ပဌမံ ဈာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ။ ဒုတိယံ ဈာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ။ တတိယံ ဈာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ။ စတုတ္ထံ ဈာနံ သမာပန္နဿ အဿာသပဿာဿာ နိရုဒ္ဓါ ဟောန္တိ။ အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ။ ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ။ အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ။ နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာ နိရုဒ္ဓါ ဟောတိ။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန နဝ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။

၃၄၄။ အစဥ်အတိုင်း ချုပ်ခြင်းတို့သည် ကိုးပါးတို့တည်း။ ပဌမဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏။ ဒုယိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်ဝိစာရတို့သည် ချုပ်ကုန်၏။ တတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’ သည် ချုပ်၏။ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ် အား ထွက် သက်ဝင်သက်တို့သည် ချုပ်ကုန်၏။ အာကာသာနဉ္စာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာသည် ချုပ်၏။ ဝိညာဏဉ္စာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတန သညာသည် ချုပ်၏။ အာကိဉ္စညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏။ နေဝသညာနာသညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏။ သညာ ဝေဒနာတို့ချုပ်သော နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်အား သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ချုပ်၏။ (ဤကိုးပါးတို့တည်း)။ (၆) ငါ့သျှင်တို့ (အလုံးစုံသော တရားတိုု့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတိုု့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤကိုးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုကိုးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။ ဒသက-တရားဆယ်ပါးစု

<b>Nine progressive cessations:</b> For someone who has attained the first absorption, sensual perceptions have ceased. For someone who has attained the second absorption, the placing of the mind and keeping it connected have ceased. For someone who has attained the third absorption, rapture has ceased. For someone who has attained the fourth absorption, breathing has ceased. For someone who has attained the dimension of infinite space, the perception of form has ceased. For someone who has attained the dimension of infinite consciousness, the perception of the dimension of infinite space has ceased. For someone who has attained the dimension of nothingness, the perception of the dimension of infinite consciousness has ceased. For someone who has attained the dimension of neither perception nor non-perception, the perception of the dimension of nothingness has ceased. For someone who has attained the cessation of perception and feeling, perception and feeling have ceased. These are the teachings grouped by nine that have been rightly explained by the Buddha. You should all recite these in concert. 10. Tens

ဒသကံ

၃၄၅။ ‘‘အတ္ထိ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒသ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ…ပေ… အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေ ဒသ?

‘‘ဒသ နာထကရဏာ ဓမ္မာ။ ဣဓာဝုသော, ဘိက္ခု သီလဝါ ဟောတိ။ ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ယံပါဝုသော, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ, အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ [သာတ္ထံ သဗျဉ္ဇနံ (သီ။ သျာ။ ပီ။)] ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ, တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ [ဓတာ (က။ သီ။ သျာ။ ကံ။)] ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ, ယံပါဝုသော, ဘိက္ခု ဗဟုဿုတော ဟောတိ…ပေ… ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ကလျာဏမိတ္တော ဟောတိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ ယံပါဝုသော, ဘိက္ခု ကလျာဏမိတ္တော ဟောတိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သုဝစော ဟောတိ သောဝစဿကရဏေဟိ ဓမ္မေဟိ သမန္နာဂတော ခမော ပဒက္ခိဏဂ္ဂါဟီ အနုသာသနိံ။ ယံပါဝုသော, ဘိက္ခု သုဝစော ဟောတိ…ပေ… ပဒက္ခိဏဂ္ဂါဟီ အနုသာသနိံ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယာနိ တာနိ သဗြဟ္မစာရီနံ ဥစ္စာဝစာနိ ကိံကရဏီယာနိ, တတ္ထ ဒက္ခော ဟောတိ အနလသော တတြုပါယာယ ဝီမံသာယ သမန္နာဂတော, အလံ ကာတုံ အလံ သံဝိဓာတုံ။ ယံပါဝုသော, ဘိက္ခု ယာနိ တာနိ သဗြဟ္မစာရီနံ…ပေ… အလံ သံဝိဓာတုံ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဓမ္မကာမော ဟောတိ ပိယသမုဒါဟာရော, အဘိဓမ္မေ အဘိဝိနယေ ဥဠာရပါမောဇ္ဇော [ဥဠာရပါမုဇ္ဇော (သီ။ ပီ။), ဩဠာရပါမောဇ္ဇော (သျာ။ ကံ။)]။ ယံပါဝုသော, ဘိက္ခု ဓမ္မကာမော ဟောတိ…ပေ… ဥဠာရပါမောဇ္ဇော [ဥဠာရပါမုဇ္ဇော (သီ။ ပီ။), ဩဠာရပါမောဇ္ဇော (သျာ။ ကံ။)]။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ ဣတရီတရေဟိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေဟိ။ ယံပါဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ…ပေ… ပရိက္ခာရေဟိ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ယံပါဝုသော, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ…ပေ… အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သတိမာ ဟောတိ ပရမေန သတိနေပက္ကေန သမန္နာဂတော စိရကတမ္ပိ စိရဘာသိတမ္ပိ သရိတာ အနုဿရိတာ။ ယံပါဝုသော, ဘိက္ခု သတိမာ ဟောတိ…ပေ… သရိတာ အနုဿရိတာ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပညဝါ ဟောတိ, ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာဒုက္ခက္ခယဂါမိနိယာ။ ယံပါဝုသော, ဘိက္ခု ပညဝါ ဟောတိ…ပေ… သမ္မာဒုက္ခက္ခယဂါမိနိယာ။ အယမ္ပိ ဓမ္မော နာထကရဏော။

၃၄၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတိုု့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော် မူထိုက်သော (အလုံးစုံသောတရားတိုု့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူအပ်သော ဆယ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုဆယ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။ အဘယ်တရား ဆယ်ပါးတို့နည်းဟူမူ - မှီခိုရာပြုတတ်သော တရားတို့သည် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ‘ဘေး’ဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သီလရှိ၏၊ ပါတိမောက္ခသံဝရ သီလနှင့် ပြည့်စုံ၏၊ အာစာရသီလ ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ‘ဘေး’ဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ဤတရားသည်လည်း မှီခိုရာ ပြုတတ်သော တရားတည်း။ (၁-၁) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် များသော အကြားအမြင်ရှိ၏၊ သင်ကြားပြီးသည်ကို ဆောင်နိုင်၏၊ သင်ကြားပြီးသည်ကို သိုမှီးနိုင်၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံကုန်သော သဒ္ဒါနှင့်ပြည့်စုံကုန်သော အလုံးစုံပြည့်စုံကုန်သော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ထိုသို့သဘောရှိသော တရားတို့ ကို ထိုရဟန်းသည် များစွာသင်ကြားအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် အဖန်ဖန် ဆည်းပူးအပ် ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့ များစွာ သင်ကြားအပ်၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ဤတရားသည် လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁-၂) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏၊ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ အဆွေခင်ပွန်း ကောင်းရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏။ ဤတရား သည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁-၃) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်၏။ပ။ အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ ဤတရားသည်လည်း မှီခိုရာပြု တတ်သော တရားတည်း။ (၁-၄) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ် အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုထို အကြောင်း၌ လိမ္မာသော ပညာနှင့် ပြည့်စုံ၏၊ ပြုခြင်းငှါ စွမ်းနိုင်၏၊ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်း သို့ သီတင်းသုံးဖော်တို့၏။ပ။ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရား တည်း။ (၁-၅) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်းရှိ၏၊ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့ တရားကို အလိုရှိ၏။ပ။ များစွာ မြတ်နိုးခြင်းရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁-၆) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ အထောက်အပံ့ ဆေးဟူသော အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁-၇) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်၍ နေ၏၊ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ဝီရိယကို အားထုတ်၏၊ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ချထားခြင်း မရှိ။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ဝီရိယကို အားထုတ်နေ၏။ပ။ ကုသိုလ်တရားတို့၌ တာဝန်ကို ချထား ခြင်း မရှိ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁-၈) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သတိရှိ၏၊ လွန်မြတ်သော သတိ, ပညာနှင့် ပြည့်စုံ၏၊ကြာမြင့်စွာ ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာ ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သတိရှိ၏။ပ။ အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရား တည်း။ (၁-၉) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ဖြူစင်သော ကိလေသာကို ဖျက်ဆီးနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ပညာရှိ၏။ပ။ အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက် စေတတ်သော ပညာနှင့် ပြည့်စုံ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (ဤဆယ်ပါးတို့တည်း)။ (၁-၁၀)

There are teachings grouped by ten that have been rightly explained by the Buddha. You should all recite these in concert. What are the teachings grouped by ten? <b>Ten qualities that serve as protector:</b> Firstly, a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is a quality that serves as protector. Furthermore, a mendicant is very learned, remembering and keeping what they’ve learned. These teachings are good in the beginning, good in the middle, and good in the end, meaningful and well-phrased, describing a spiritual practice that’s entirely full and pure. They are very learned in such teachings, remembering them, rehearsing them, mentally scrutinizing them, and penetrating them theoretically. This too is a quality that serves as protector. Furthermore, a mendicant has good friends, companions, and associates. This too is a quality that serves as protector. Furthermore, a mendicant is easy to admonish, having qualities that make them easy to admonish. They’re patient, and take instruction respectfully. This too is a quality that serves as protector. Furthermore, a mendicant is deft and tireless in a diverse spectrum of duties for their spiritual companions, understanding how to go about things in order to complete and organize the work. This too is a quality that serves as protector. Furthermore, a mendicant loves the teachings and is a delight to converse with, being full of joy in the teaching and training. This too is a quality that serves as protector. Furthermore, a mendicant is content with any kind of robes, almsfood, lodgings, and medicines and supplies for the sick. This too is a quality that serves as protector. Furthermore, a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. This too is a quality that serves as protector. Furthermore, a mendicant is mindful. They have utmost mindfulness and alertness, and can remember and recall what was said and done long ago. This too is a quality that serves as protector. Furthermore, a mendicant is wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering. This too is a quality that serves as protector.

၃၄၆။ ဒသ ကသိဏာယတနာနိ။ ပထဝီကသိဏမေကော သဉ္ဇာနာတိ, ဥဒ္ဓံ အဓော တိရိယံ အဒွယံ အပ္ပမာဏံ။ အာပေါကသိဏမေကော သဉ္ဇာနာတိ…ပေ… တေဇောကသိဏမေကော သဉ္ဇာနာတိ… ဝါယောကသိဏမေကော သဉ္ဇာနာတိ… နီလကသိဏမေကော သဉ္ဇာနာတိ… ပီတကသိဏမေကော သဉ္ဇာနာတိ… လောဟိတကသိဏမေကော သဉ္ဇာနာတိ… ဩဒါတကသိဏမေကော သဉ္ဇာနာတိ… အာကာသကသိဏမေကော သဉ္ဇာနာတိ… ဝိညာဏကသိဏမေကော သဉ္ဇာနာတိ, ဥဒ္ဓံ အဓော တိရိယံ အဒွယံ အပ္ပမာဏံ။

၃၄၆။ ကသိုဏ်းအာရုံတို့သည် ဆယ်ပါးတို့တည်း။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြား မရှိသော ပထဝီကသိုဏ်းကို သိ၏။ အချို့သော ရဟန်း သည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သော ရဟန်းသည် တေဇောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် နီလကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ပီတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဩဒါတကသိုဏ်းကို သိ၏။ အ ချို့သော ရဟန်းသည် အာကာသကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အထက်အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြား မရှိသော ဝိညာဏကသိုဏ်းကို သိ၏။ (ဤဆယ်ပါးတို့တည်း)။ (၂)

<b>Ten universal dimensions of meditation:</b> Someone perceives the meditation on universal earth above, below, across, undivided and limitless. They perceive the meditation on universal water … the meditation on universal fire … the meditation on universal air … the meditation on universal blue … the meditation on universal yellow … the meditation on universal red … the meditation on universal white … the meditation on universal space … They perceive the meditation on universal consciousness above, below, across, undivided and limitless.

၃၄၇။ ‘‘ဒသ အကုသလကမ္မပထာ – ပါဏာတိပါတော, အဒိန္နာဒါနံ, ကာမေသုမိစ္ဆာစာရော, မုသာဝါဒေါ, ပိသုဏာ ဝါစာ, ဖရုသာ ဝါစာ, သမ္ဖပ္ပလာပေါ, အဘိဇ္ဈာ, ဗျာပါဒေါ, မိစ္ဆာဒိဋ္ဌိ။

‘‘ဒသ ကုသလကမ္မပထာ – ပါဏာတိပါတာ ဝေရမဏီ, အဒိန္နာဒါနာ ဝေရမဏီ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီ, မုသာဝါဒါ ဝေရမဏီ, ပိသုဏာယ ဝါစာယ ဝေရမဏီ, ဖရုသာယ ဝါစာယ ဝေရမဏီ, သမ္ဖပ္ပလာပါ ဝေရမဏီ, အနဘိဇ္ဈာ, အဗျာပါဒေါ, သမ္မာဒိဋ္ဌိ။

၃၄၇။ အကုသိုလ်ကမ္မပထတရားတို့သည် သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊ လွန်စွာ မက်မောခြင်း၊ ပျက်စီးစေလိုခြင်း၊ မှားသော အယူရှိခြင်း အားဖြင့် ဆယ်ပါးတို့တည်း။ (၃) ကုသိုလ်ကမ္မပထတရားတို့သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ မပေးသည်ကို ခိုးယူ ခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင် ကြဥ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်ခြင်း၊ လွန်စွာ မမက်မောခြင်း၊ မပျက်စီးစေ လိုခြင်း၊ မှန်သော အယူကို ယူခြင်းအားဖြင့် ဆယ်ပါးတို့တည်း။ (၄)

<b>Ten ways of doing unskillful deeds:</b> killing living creatures, stealing, and sexual misconduct; speech that’s false, backbiting, harsh, or nonsensical; covetousness, ill will, and wrong view. <b>Ten ways of doing skillful deeds:</b> refraining from killing living creatures, stealing, and sexual misconduct; refraining from speech that’s false, backbiting, harsh, or nonsensical; contentment, good will, and right view.

၃၄၈။ ‘‘ဒသ အရိယဝါသာ။ ဣဓာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ, ဆဠင်္ဂသမန္နာဂတော, ဧကာရက္ခော, စတုရာပဿေနော, ပဏုန္နပစ္စေကသစ္စော, သမဝယသဋ္ဌေသနော, အနာဝိလသင်္ကပ္ပေါ, ပဿဒ္ဓကာယသင်္ခါရော, သုဝိမုတ္တစိတ္တော, သုဝိမုတ္တပညော။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမစ္ဆန္ဒော ပဟီနော ဟောတိ, ဗျာပါဒေါ ပဟီနော ဟောတိ, ထိနမိဒ္ဓံ ပဟီနံ ဟောတိ, ဥဒ္ဓစ္စကုကုစ္စံ ပဟီနံ ဟောတိ, ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ဆဠင်္ဂသမန္နာဂတော ဟောတိ? ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ သောတေန သဒ္ဒံ သုတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ဆဠင်္ဂသမန္နာဂတော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ဧကာရက္ခော ဟောတိ? ဣဓာဝုသော, ဘိက္ခု သတာရက္ခေန စေတသာ သမန္နာဂတော ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ဧကာရက္ခော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု စတုရာပဿေနော ဟောတိ? ဣဓာဝုသော, ဘိက္ခု သင်္ခါယေကံ ပဋိသေဝတိ, သင်္ခါယေကံ အဓိဝါသေတိ, သင်္ခါယေကံ ပရိဝဇ္ဇေတိ, သင်္ခါယေကံ ဝိနောဒေတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု စတုရာပဿေနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဏုန္နပစ္စေကသစ္စော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ယာနိ တာနိ ပုထုသမဏဗြာဟ္မဏာနံ ပုထုပစ္စေကသစ္စာနိ, သဗ္ဗာနိ တာနိ နုန္နာနိ ဟောန္တိ ပဏုန္နာနိ စတ္တာနိ ဝန္တာနိ မုတ္တာနိ ပဟီနာနိ ပဋိနိဿဋ္ဌာနိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဏုန္နပစ္စေကသစ္စော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သမဝယသဋ္ဌေသနော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမေသနာ ပဟီနာ ဟောတိ, ဘဝေသနာ ပဟီနာ ဟောတိ, ဗြဟ္မစရိယေသနာ ပဋိပ္ပဿဒ္ဓါ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သမဝယသဋ္ဌေသနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု အနာဝိလသင်္ကပ္ပေါ ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမသင်္ကပ္ပေါ ပဟီနော ဟောတိ, ဗျာပါဒသင်္ကပ္ပေါ ပဟီနော ဟောတိ, ဝိဟိံသာသင်္ကပ္ပေါ ပဟီနော ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု အနာဝိလသင်္ကပ္ပေါ ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဿဒ္ဓကာယသင်္ခါရော ဟောတိ? ဣဓာဝုသော, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဿဒ္ဓကာယသင်္ခါရော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သုဝိမုတ္တစိတ္တော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ရာဂါ စိတ္တံ ဝိမုတ္တံ ဟောတိ, ဒေါသာ စိတ္တံ ဝိမုတ္တံ ဟောတိ, မောဟာ စိတ္တံ ဝိမုတ္တံ ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သုဝိမုတ္တစိတ္တော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သုဝိမုတ္တပညော ဟောတိ? ဣဓာဝုသော, ဘိက္ခု ‘ရာဂေါ မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ‘ဒေါသော မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ‘မောဟော မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သုဝိမုတ္တပညော ဟောတိ။

‘‘ဒသ အသေက္ခာ ဓမ္မာ – အသေက္ခာ သမ္မာဒိဋ္ဌိ, အသေက္ခော သမ္မာသင်္ကပ္ပေါ, အသေက္ခာ သမ္မာဝါစာ, အသေက္ခော သမ္မာကမ္မန္တော, အသေက္ခော သမ္မာအာဇီဝေါ, အသေက္ခော သမ္မာဝါယာမော, အသေက္ခာ သမ္မာသတိ, အသေက္ခော သမ္မာသမာဓိ, အသေက္ခံ သမ္မာဉာဏံ, အသေက္ခာ သမ္မာဝိမုတ္တိ။

‘‘ဣမေ ခေါ, အာဝုသော, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒသ ဓမ္မာ သမ္မဒက္ခာတာ။ တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗံ န ဝိဝဒိတဗ္ဗံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ, တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ။

၃၄၈။ မြတ်သော အကျင့်တို့သည် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏၊ တစ်ခုသော စောင့်ရှောက်ခြင်းရှိ၏၊ လေးပါးသောမှီရာ ရှိ၏၊ အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ် ကုန်၏၊ အလုံးစုံသော ရှာမှီးခြင်းကို ပယ်ပြီးဖြစ်၏၊ ကြည်လင်သော အကြံရှိ၏၊ ငြိမ်းသော ကာယသင်္ခါရ ရှိ၏၊ ကိလေသာတို့မှ လွတ်သော စိတ်ရှိ၏၊ ကိလေသာတို့မှ လွတ်သော ပညာရှိ၏။ ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမစ္ဆန္ဒကို ပယ်ပြီးဖြစ်၏၊ ဒေါသကို ပယ်ပြီးဖြစ်၏၊ ထိုင်းမှိုင်းခြင်းကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်ခြင်း နောင်တပူပန်ခြင်းကို ပယ်ပြီးဖြစ်၏၊ ယုံမှားခြင်းကို ပယ်ပြီးဖြစ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်၏။ (၅-၁) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းလည်း မသာ, ဝမ်းလည်း မနည်း၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။စိတ်ဖြင့် တရားကို သိသော် ဝမ်းလည်း မသာ, ဝမ်းလည်းမနည်း၊ သတိပညာနှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါခြောက်ပါးရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏။ (၅-၂) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် တစ်ခုသော စောင့်ရှောက်ခြင်း ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သတိဟူသော အစောင့်အရှောက်စိတ်နှင့် ပြည့်စုံ၏၊ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် တစ်ခုသော စောင့်ရှောက်ခြင်း ရှိ၏။ (၅-၃) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် လေးပါးသော မှီရာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဥ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် လေးပါးသော မှီရာရှိ၏။ (၅-၄) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်သ နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ များစွာသော အသီးအသီးသော အလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ကောင်းစွာ နုတ်အပ်ကုန်၏၊ စွန့်အပ်ကုန်၏၊ အန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏။ (၅-၅) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ရှာမှီးခြင်းကို ပယ်အပ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်၏၊ မြတ်သောအကျင့် ရှာမှီးခြင်းကို ငြိမ်းစေအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်၏။ (၅-၆) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကြည်လင်သော အကြံရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံခြင်းကို ပယ်အပ်၏၊ ပျက်စီးစေလိုခြင်း၌ ကြံခြင်းကို ပယ်အပ်၏၊ ညှဥ်းဆဲခြင်း၌ ကြံခြင်းကို ပယ်အပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကြည်လင်သော အကြံရှိ၏။ (၅-၇) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငြိမ်းသော ကာယသင်္ခါရ ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာ ခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငြိမ်းသော ကာယသင်္ခါရ ရှိ၏။ (၅-၈) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော စိတ်ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ မှ စိတ်သည် လွတ်၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’မှ စိတ် သည် လွတ်၏။ တွေဝေခြင်း ‘မောဟ’မှ စိတ်သည် လွတ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော စိတ်ရှိ၏။ (၅-၉) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော ပညာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် စွဲမက်ခြင်း ‘ရာဂ’ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင် ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘော ရှိ၏”ဟု သိ၏။ “ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ ကို ပယ်အပ်ပြီ။ပ။ ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ် ခြင်းသဘော ရှိ၏”ဟု သိ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော ပညာရှိ့ဖြစ်၏။ (ဤဆယ်ပါးတို့တည်း)။ (၅-၁၀) ရဟန္တာတို့၏ ဥစ္စာဖြစ်သော တရားတို့သည် - ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောပြောဆိုခြင်း ‘သမ္မာဝါစာ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောသိခြင်း ‘သမ္မာဉာဏ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာတို့မှ လွတ်သော ဖလသမာပတ် ‘သမ္မာဝိမုတ္တိ’ အားဖြင့် ဆယ်ပါးတို့တည်း။ (၆) ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤဆယ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူ၏၊ ထိုဆယ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်။ ယင်းသို့ ဖြစ်သည်ရှိသော် ဤသာသနာတော်သည် အရှည်ခံ့သည် ဖြစ်ရာ၏၊ ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်သည်ရှိသော် လူအများ အစီးအပွါးဖြစ်ခြင်းငှါ လူအများ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏ဟု (မိန့်ဆို၏)။

<b>Ten abodes of the noble ones:</b> A mendicant has given up five factors, possesses six factors, has a single guard, has four supports, has cast aside idiosyncratic interpretations of the truth, has totally given up searching, has unsullied intentions, has stilled the physical process, and is well freed in mind and well freed by wisdom. And how has a mendicant given up five factors? It’s when a mendicant has given up sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. That’s how a mendicant has given up five factors. And how does a mendicant possess six factors? A mendicant, seeing a sight with their eyes, is neither happy nor sad. They remain equanimous, mindful and aware. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Knowing an idea with their mind, they’re neither happy nor sad. They remain equanimous, mindful and aware. That’s how a mendicant possesses six factors. And how does a mendicant have a single guard? It’s when a mendicant’s heart is guarded by mindfulness. That’s how a mendicant has a single guard. And how does a mendicant have four supports? After appraisal, a mendicant uses some things, endures some things, avoids some things, and dispels some things. That’s how a mendicant has four supports. And how has a mendicant cast aside idiosyncratic interpretations of the truth? Different ascetics and brahmins have different idiosyncratic interpretations of the truth. A mendicant has cast out, cast aside, thrown out, discarded, let go of, given up, and relinquished all these. That’s how a mendicant has cast aside idiosyncratic interpretations of the truth. And how has a mendicant totally given up searching? It’s when they’ve given up searching for sensual pleasures, for continued existence, and for a spiritual path. That’s how a mendicant has totally given up searching. And how does a mendicant have unsullied intentions? It’s when they’ve given up sensual, malicious, and cruel intentions. That’s how a mendicant has unsullied intentions. And how has a mendicant stilled the physical process? It’s when, with the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. That’s how a mendicant has stilled the physical process. And how is a mendicant well freed in mind? It’s when a mendicant’s mind is freed from greed, hate, and delusion. That’s how a mendicant is well freed in mind. And how is a mendicant well freed by wisdom? It’s when a mendicant understands: ‘I’ve given up greed, hate, and delusion, cut them off at the root, made them like a palm stump, obliterated them, so they’re unable to arise in the future.’ That’s how a mendicant’s mind is well freed by wisdom. <b>Ten qualities of an adept:</b> an adept’s right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, right immersion, right knowledge, and right freedom. Reverends, these are the teachings grouped by ten that have been rightly explained by the Buddha. You should all recite these in concert, without disputing, so that this spiritual path may last for a long time. That would be for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans.”

စာ-၂၂၆

၃၄၉။ အထ ခေါ ဘဂဝါ ဥဋ္ဌဟိတွာ အာယသ္မန္တံ သာရိပုတ္တံ အာမန္တေသိ – ‘သာဓု သာဓု, သာရိပုတ္တ, သာဓု ခေါ တွံ, သာရိပုတ္တ, ဘိက္ခူနံ သင်္ဂီတိပရိယာယံ အဘာသီ’တိ။ ဣဒမဝေါစာယသ္မာ သာရိပုတ္တော, သမနုညော သတ္ထာ အဟောသိ။ အတ္တမနာ တေ ဘိက္ခူ အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒုန္တိ။

သင်္ဂီတိသုတ္တံ နိဋ္ဌိတံ ဒသမံ။

၃၄၉။ ထိုအခါ မြတ်စွာဘုရားသည် ထတော်မူ၍ အသျှင်သာရိပုတြာကို မိန့်တော်မူ၏။ “သာရိပုတြာ ကောင်းလေစွ ကောင်းလေစွ၊ သာရိပုတြာ သင်သည် ရဟန်းတို့အား ‘သင်္ဂီတိ’သုတ် ကို ကောင်းစွာ ဟောပေ၏”ဟု (မိန့်တော်မူ၏)။ အသျှင်သာရိပုတြာသည် ဤ‘သင်္ဂီတိ’သုတ်ကို ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ခွင့်ပြုတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အသျှင်သာရိပုတြာ ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။ ဆယ်ခုမြောက် သိင်္ဂီတိသုတ် ပြီး၏။

Then the Buddha got up and said to Venerable Sāriputta, “Good, good, Sāriputta! It’s good that you’ve taught this exposition of the reciting in concert.” That is what Venerable Sāriputta said, and the Teacher concurred. Satisfied, the mendicants approved what Sāriputta said.

စာ-၂၂၇

၁၁။ ဒသုတ္တရသုတ္တံ

၃၅၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ တတြ ခေါ အာယသ္မာ သာရိပုတ္တော ဘိက္ခူ အာမန္တေသိ – ‘‘အာဝုသော ဘိက္ခဝေ’’တိ! ‘‘အာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသုံ။ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ –

‘‘ဒသုတ္တရံ ပဝက္ခာမိ, ဓမ္မံ နိဗ္ဗာနပတ္တိယာ၊

ဒုက္ခဿန္တကိရိယာယ, သဗ္ဗဂန္ထပ္ပမောစနံ’’။

၁၁-ဒသုတ္တရသုတ် ၃၅၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို့ ဂဂ္ဂရာမည်သော ရေကန်နား၌ ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟူ၍ မိန့်ဆို၏။ ထိုရဟန်းတို့က လည်း “ငါ့သျှင်”ဟု အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ - ငါ့သျှင်တို့ အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’တရားတို့မှ လွတ်စေတတ်သော ဒသုတ္တရ သုတ္တန်တရားကို နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဆင်းရဲအဆုံးကို ပြုခြင်းငှါ ဟောပေအံ့ဟု (မိန့်ဆို၏)။ တရား တစ်ပါးစု

Long Discourses 34 Up to Ten So I have heard. At one time the Buddha was staying near Campā on the banks of the Gaggarā Lotus Pond together with a large Saṅgha of five hundred mendicants. There Sāriputta addressed the mendicants: “Reverends, mendicants!” “Reverend,” they replied. Sāriputta said this: “I will relate the teachings up to ten for attaining extinguishment, for making an end of suffering, the release from all ties. 1. Groups of One

ဧကော ဓမ္မော

၃၅၁။ ‘‘ဧကော, အာဝုသော, ဓမ္မော ဗဟုကာရော, ဧကော ဓမ္မော ဘာဝေတဗ္ဗော, ဧကော ဓမ္မော ပရိညေယျော, ဧကော ဓမ္မော ပဟာတဗ္ဗော, ဧကော ဓမ္မော ဟာနဘာဂိယော, ဧကော ဓမ္မော ဝိသေသဘာဂိယော, ဧကော ဓမ္မော ဒုပ္ပဋိဝိဇ္ဈော, ဧကော ဓမ္မော ဥပ္ပါဒေတဗ္ဗော, ဧကော ဓမ္မော အဘိညေယျော, ဧကော ဓမ္မော သစ္ဆိကာတဗ္ဗော။

(က) ‘‘ကတမော ဧကော ဓမ္မော ဗဟုကာရော? အပ္ပမာဒေါ ကုသလေသု ဓမ္မေသု။ အယံ ဧကော ဓမ္မော ဗဟုကာရော။

(ခ) ‘‘ကတမော ဧကော ဓမ္မော ဘာဝေတဗ္ဗော? ကာယဂတာသတိ သာတသဟဂတာ။ အယံ ဧကော ဓမ္မော ဘာဝေတဗ္ဗော။

(ဂ) ‘‘ကတမော ဧကော ဓမ္မော ပရိညေယျော? ဖဿော သာသဝေါ ဥပါဒါနိယော။ အယံ ဧကော ဓမ္မော ပရိညေယျော။

(ဃ) ‘‘ကတမော ဧကော ဓမ္မော ပဟာတဗ္ဗော? အသ္မိမာနော။ အယံ ဧကော ဓမ္မော ပဟာတဗ္ဗော။

(င) ‘‘ကတမော ဧကော ဓမ္မော ဟာနဘာဂိယော? အယောနိသော မနသိကာရော။ အယံ ဧကော ဓမ္မော ဟာနဘာဂိယော။

(စ) ‘‘ကတမော ဧကော ဓမ္မော ဝိသေသဘာဂိယော? ယောနိသော မနသိကာရော။ အယံ ဧကော ဓမ္မော ဝိသေသဘာဂိယော။

(ဆ) ‘‘ကတမော ဧကော ဓမ္မော ဒုပ္ပဋိဝိဇ္ဈော? အာနန္တရိကော စေတောသမာဓိ။ အယံ ဧကော ဓမ္မော ဒုပ္ပဋိဝိဇ္ဈော။

(ဇ) ‘‘ကတမော ဧကော ဓမ္မော ဥပ္ပါဒေတဗ္ဗော? အကုပ္ပံ ဉာဏံ။ အယံ ဧကော ဓမ္မော ဥပ္ပါဒေတဗ္ဗော။

(ဈ) ‘‘ကတမော ဧကော ဓမ္မော အဘိညေယျော? သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ။ အယံ ဧကော ဓမ္မော အဘိညေယျော။

(ဉ) ‘‘ကတမော ဧကော ဓမ္မော သစ္ဆိကာတဗ္ဗော? အကုပ္ပါ စေတောဝိမုတ္တိ။ အယံ ဧကော ဓမ္မော သစ္ဆိကာတဗ္ဗော။

‘‘ဣတိ ဣမေ ဒသ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၁။ ငါ့သျှင်တို့ တစ်ပါးသော တရားသည် များသော ကျေးဇူးရှိ၏၊ တစ်ပါးသော တရားကို ပွါးများအပ်၏၊ တစ်ပါးသော တရားကို ပိုင်းခြား၍ သိအပ်၏၊ တစ်ပါးသော တရားကို ပယ်အပ်၏၊ တစ်ပါးသော တရားသည် (အပါယ်ရောက်ကြောင်း) ယုတ်သော အဖို့ရှိ၏၊ တစ်ပါးသော တရားသည့် (မဂ်ရကြောင်း) ထူးသော အဖို့ရှိ၏၊ တစ်ပါးသော တရားကို ထိုးထွင်း၍ သိနိုင်ခဲ၏၊ တစ်ပါးသော တရား ကို ဖြစ်စေအပ်၏၊ တစ်ပါးသော တရားကို ထူးသောဉာဏ်ဖြင့် သိအပ်၏၊ တစ်ပါးသော တရားကို မျက် မှောက်ပြုအပ်၏။ (က) များသော ကျေးဇူးရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း ‘အပ္ပမာဒ (သတိ)တရား ’တည်း။ ဤကား များသော ကျေးဇူးရှိသော တစ်ပါးသော တရားတည်း။ (ခ) ပွါးများအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ ချမ်းသာခြင်းနှင့် ယှဥ်သော ကိုယ်နှင့်စပ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ တည်း။ ဤကား ပွါးများအပ်သော တစ်ပါးသော တရားတည်း။ (ဂ) ပိုင်းခြား၍ သိအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ အာသဝေါတရားတို့၏ အကြောင်းဖြစ်သော ဥပါဒါန်တို့၏ အကြောင်းဖြစ်သော ဖဿတည်း။ ဤကား ပိုင်းခြား၍ သိအပ်သော တစ်ပါးသော တရားတည်း။ (ဃ) ပယ်အပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ ရုပ်စသည်၌ ငါဟု အထင်မှားခြင်း တည်း။ ဤကား ပယ်အပ်သော တစ်ပါးသော တရားတည်း။ (င) ယုတ်သော အဖို့ရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ (အနိစ္စစသည်၌ နိစ္စ စသည်ဖြင့်) မှားသော နှလုံးသွင်းခြင်းတည်း။ ဤကား ယုတ်သော အဖို့ရှိသော တစ်ပါးသော တရား တည်း။ (စ) ထူးသော အဖို့ရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ (အနိစ္စ စသည်၌ အနိစ္စ စသည်ဖြင့်) မှန်သော နှလုံးသွင်းခြင်းတည်း။ ဤကား ထူးသော အဖို့ရှိသော တစ်ပါးသော တရား တည်း။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော တစ်ပါးသော တရားသည် အဘယ်နည်း။ (ဝိပဿနာ၏) အခြားမဲ့၌ ဖြစ်သော စိတ်၏ တည်ကြည်ခြင်း ‘မဂ္ဂသမာဓိ’တည်း။ ဤကား ထိုးထွင်း၍ သိနိုင်ခဲသော တစ်ပါးသော တရားတည်း။ (ဇ) ဖြစ်စေအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ (ကိလေသာတို့) မဖျက်ဆီးနိုင်သော (ပစ္စဝေက္ခဏာ) ဉာဏ်တည်း။ ဤကား ဖြစ်စေအပ်သော တစ်ပါးသောတရားတည်း။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ အလုံးစုံသော သတ္တဝါတို့သည် အာဟာရဟူသော အကြောင်းတရားလျှင် တည်ရာရှိကုန်၏။ ဤကား ထူးသော ဉာဏ်ဖြင့် သိအပ်သော တစ်ပါးသော တရားတည်း။ (ည) မျက်မှောက်ပြုအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ (ကိလေသာတို့) မဖျက် ဆီးနိုင်သော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်တည်း။ ဤကား မျက်မှောက်ပြုအပ်သော တစ်ပါးသော တရားတည်း။ ဤသို့ ဤဆယ်ပါးသော တရားတို့သည် (သဘောအားဖြင့်) ထင်ရှားရှိကုန်၏၊ဟုတ်မှန်ကုန်၏၊ (ဟောအပ်သော) ထိုသဘောအတိုင်း ဖြစ်ကုန်၏၊ ဟောအပ်သည်မှ တစ်ပါးအခြား အခြင်းအရာအားဖြင့် မဖြစ်ကုန်၊ ဤဆယ်ပါးသော တရားတို့ကို မြတ်စွာဘုရားသည် အကြောင်းယုတ္တိနှင့်တကွ မှန်စွာ ထိုးထွင်း ၍ သိအပ်ကုန်၏။ တရား နှစ်ပါးစု

Reverends, one thing is helpful, one thing should be developed, one thing should be completely understood, one thing should be given up, one thing makes things worse, one thing leads to distinction, one thing is hard to comprehend, one thing should be produced, one thing should be directly known, one thing should be realized. <b>What one thing is helpful?</b> Diligence in skillful qualities. <b>What one thing should be developed?</b> Mindfulness of the body that is full of pleasure. <b>What one thing should be completely understood?</b> Contact, which is accompanied by defilements and fuels grasping. <b>What one thing should be given up?</b> The conceit ‘I am’. <b>What one thing makes things worse?</b> Irrational application of mind. <b>What one thing leads to distinction?</b> Rational application of mind. <b>What one thing is hard to comprehend?</b> The heart’s immersion of immediate result. <b>What one thing should be produced?</b> Unshakable knowledge. <b>What one thing should be directly known?</b> All sentient beings are sustained by food. <b>What one thing should be realized?</b> The unshakable release of the heart. So these ten things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 2. Groups of Two

ဒွေ ဓမ္မာ

၃၅၂။ ‘‘ဒွေ ဓမ္မာ ဗဟုကာရာ, ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ, ဒွေ ဓမ္မာ ပရိညေယျာ, ဒွေ ဓမ္မာ ပဟာတဗ္ဗာ, ဒွေ ဓမ္မာ ဟာနဘာဂိယာ, ဒွေ ဓမ္မာ ဝိသေသဘာဂိယာ, ဒွေ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ, ဒွေ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ, ဒွေ ဓမ္မာ အဘိညေယျာ, ဒွေ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ ဒွေ ဓမ္မာ ဗဟုကာရာ? သတိ စ သမ္ပဇညဉ္စ။ ဣမေ ဒွေ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ? သမထော စ ဝိပဿနာ စ။ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ ဒွေ ဓမ္မာ ပရိညေယျာ? နာမဉ္စ ရူပဉ္စ။ ဣမေ ဒွေ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ ဒွေ ဓမ္မာ ပဟာတဗ္ဗာ? အဝိဇ္ဇာ စ ဘဝတဏှာ စ။ ဣမေ ဒွေ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ ဒွေ ဓမ္မာ ဟာနဘာဂိယာ? ဒေါဝစဿတာ စ ပါပမိတ္တတာ စ။ ဣမေ ဒွေ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ ဒွေ ဓမ္မာ ဝိသေသဘာဂိယာ? သောဝစဿတာ စ ကလျာဏမိတ္တတာ စ။ ဣမေ ဒွေ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ ဒွေ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? ယော စ ဟေတု ယော စ ပစ္စယော သတ္တာနံ သံကိလေသာယ, ယော စ ဟေတု ယော စ ပစ္စယော သတ္တာနံ ဝိသုဒ္ဓိယာ။ ဣမေ ဒွေ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ ဒွေ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? ဒွေ ဉာဏာနိ – ခယေ ဉာဏံ, အနုပ္ပါဒေ ဉာဏံ။ ဣမေ ဒွေ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ ဒွေ ဓမ္မာ အဘိညေယျာ? ဒွေ ဓာတုယော – သင်္ခတာ စ ဓာတု အသင်္ခတာ စ ဓာတု။ ဣမေ ဒွေ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ ဒွေ ဓမ္မာ သစ္ဆိကာတဗ္ဗာ? ဝိဇ္ဇာ စ ဝိမုတ္တိ စ။ ဣမေ ဒွေ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ ဝီသတိ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၂။ နှစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏၊ နှစ်ပါးသော တရားတို့ကို့ပွါးများအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ပယ် အပ်ကုန်၏၊ နှစ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏၊ နှစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏၊ နှစ်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏၊ နှစ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏၊ နှစ်ပါးသော တရား တို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ခြင်း ‘သမ္ပဇဥ်’ တို့တည်း။ ဤနှစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ သမထ၊ ဝိပဿနာတို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ နာမ်၊ ရုပ်တို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဝိဇ္ဇာ၊ ဘဝတဏှာတို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆုံးမခက်ခြင်း၊ မကောင်းသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။ ဤနှစ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိ ကုန်၏။ (စ) ထူးသော အဖို့ရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆုံးမလွယ်ခြင်း၊ ကောင်းသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။ ဤနှစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ သတ္တဝါတို့၏ ညစ်ညူးခြင်း အကြောင်းအထောက်အပံ့၊ သတ္တဝါတို့၏ စင်ကြယ်ခြင်း အကြောင်းအထောက်အပံ့တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဥာဏ်နှစ်ပါးတို့တည်း၊ ၄င်းတို့ကား ကိလေသာကုန်ခြင်းကို ပြုတတ်သော ‘အရိယာမဂ်၌ ဖြစ်သော’ ဉာဏ်၊ (မဂ်သည် ပယ်အပ်သော ကိလေသာ၏) တစ်ဖန် မဖြစ်ရာ ‘အရိယာဖိုလ််၌ ဖြစ်သော’ ဉာဏ် တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဓာတ် နှစ်ပါးတို့တည်း၊ ၎င်းတို့ကား ပြုပြင်အပ်သော ‘သင်္ခတ’ ဓာတ်၊ မပြုပြင်အပ်သော ‘အသင်္ခတ’ ဓာတ်တို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အသိဉာဏ်‘ဝိဇ္ဇာ’၊ ကိလေသာမှ လွတ်ခြင်း ‘ဝိမုတ္တိ’ တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤနှစ်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ တရား သုံးပါးစု

Two things are helpful, two things should be developed, two things should be completely understood, two things should be given up, two things make things worse, two things lead to distinction, two things are hard to comprehend, two things should be produced, two things should be directly known, two things should be realized. <b>What two things are helpful?</b> Mindfulness and situational awareness. <b>What two things should be developed?</b> Serenity and discernment. <b>What two things should be completely understood?</b> Name and form. <b>What two things should be given up?</b> Ignorance and craving for continued existence. <b>What two things make things worse?</b> Being hard to admonish and having bad friends. <b>What two things lead to distinction?</b> Being easy to admonish and having good friends. <b>What two things are hard to comprehend?</b> The causes and reasons for the corruption of sentient beings, and the causes and reasons for the purification of sentient beings. <b>What two things should be produced?</b> Two knowledges: knowledge of ending, and knowledge of non-arising. <b>What two things should be directly known?</b> Two elements: the conditioned element and the unconditioned element. <b>What two things should be realized?</b> Knowledge and freedom. So these twenty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 3. Groups of Three

တယော ဓမ္မာ

၃၅၃။ ‘‘တယော ဓမ္မာ ဗဟုကာရာ, တယော ဓမ္မာ ဘာဝေတဗ္ဗာ…ပေ… တယော ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ တယော ဓမ္မာ ဗဟုကာရာ? သပ္ပုရိသသံသေဝေါ, သဒ္ဓမ္မဿဝနံ, ဓမ္မာနုဓမ္မပ္ပဋိပတ္တိ။ ဣမေ တယော ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ တယော ဓမ္မာ ဘာဝေတဗ္ဗာ? တယော သမာဓီ – သဝိတက္ကော သဝိစာရော သမာဓိ, အဝိတက္ကော ဝိစာရမတ္တော သမာဓိ, အဝိတက္ကော အဝိစာရော သမာဓိ။ ဣမေ တယော ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ တယော ဓမ္မာ ပရိညေယျာ? တိဿော ဝေဒနာ – သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ, အဒုက္ခမသုခါ ဝေဒနာ။ ဣမေ တယော ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ တယော ဓမ္မာ ပဟာတဗ္ဗာ? တိဿော တဏှာ – ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ။ ဣမေ တယော ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ တယော ဓမ္မာ ဟာနဘာဂိယာ? တီဏိ အကုသလမူလာနိ – လောဘော အကုသလမူလံ, ဒေါသော အကုသလမူလံ, မောဟော အကုသလမူလံ။ ဣမေ တယော ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ တယော ဓမ္မာ ဝိသေသဘာဂိယာ? တီဏိ ကုသလမူလာနိ – အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ, အမောဟော ကုသလမူလံ။ ဣမေ တယော ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ တယော ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? တိဿော နိဿရဏိယာ ဓာတုယော – ကာမာနမေတံ နိဿရဏံ ယဒိဒံ နေက္ခမ္မံ, ရူပါနမေတံ နိဿရဏံ ယဒိဒံ အရူပံ, ယံ ခေါ ပန ကိဉ္စိ ဘူတံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ, နိရောဓော တဿ နိဿရဏံ။ ဣမေ တယော ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ တယော ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? တီဏိ ဉာဏာနိ – အတီတံသေ ဉာဏံ, အနာဂတံသေ ဉာဏံ, ပစ္စုပ္ပန္နံသေ ဉာဏံ။ ဣမေ တယော ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ တယော ဓမ္မာ အဘိညေယျာ? တိဿော ဓာတုယော – ကာမဓာတု, ရူပဓာတု, အရူပဓာတု။ ဣမေ တယော ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ တယော ဓမ္မာ သစ္ဆိကာတဗ္ဗာ? တိဿော ဝိဇ္ဇာ – ပုဗ္ဗေနိဝါသာနုဿတိဉာဏံ ဝိဇ္ဇာ, သတ္တာနံ စုတူပပါတေ ဉာဏံ ဝိဇ္ဇာ, အာသဝါနံ ခယေ ဉာဏံ ဝိဇ္ဇာ။ ဣမေ တယော ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ တိံသ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၃။ သုံးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏၊ သုံးပါးသော တရားတို့ကို ပွါး များအပ်ကုန်၏။ပ။ သုံးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို နာခြင်း၊ လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်ခြင့်းတို့တည်း။ ဤသုံးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ သမာဓိသုံးပါးတို့တည်း။ ဝိတက်ဝိစာရနှင့် တကွဖြစ်သော သမာဓိ၊ ဝိတက်ကား မရှိ ဝိစာရမျှရှိသော သမာဓိ၊ ဝိတက်လည်းမရှိ ဝိစာရလည်း မရှိသော သမာဓိတို့တည်း။ ဤသုံးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍သိအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝေဒနာသုံးပါးတို့ တည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ်သော ‘ဥပေက္ခာ’ ဝေဒနာတို့ တည်း။ ဤသုံးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာသုံးပါးတို့တည်း။ ၄င်းတို့ကား ကာမဂုဏ်၌ တပ်ခြင်း ‘ကာမတဏှာ’၊ ဘဝ၌ တပ်ခြင်း ‘ဘဝတဏှာ’၊ ဘဝပြတ်သည်၌ တပ်ခြင်း ‘ဝိဘဝတဏှာ’ တို့တည်း။ ဤသုံးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ အကုသိုလ်မူလ သုံးပါးတို့တည်း။ ၎င်းတို့ကား လောဘဟူသော အကုသိုလ်မူလ၊ ဒေါသဟူသော အကုသိုလ်မူလ၊ မောဟ ဟူသော အကုသိုလ်မူလ တို့တည်း။ ဤသုံးပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ကုသိုလ်မူလ သုံးပါး တို့တည်း။ ၎င်းတို့ကား အလောဘဟူသော ကုသိုလ်မူလ၊ အဒေါသဟူသော ကုသိုလ်မူလ၊ အမောဟ ဟူသော ကုသိုလ်မူလ တို့တည်း။ ဤသုံးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝဋ်ဆင်းရဲမှ ထွက် မြောက်ကြောင်း ဓာတ်သဘော သုံးပါးတို့တည်း။ ၎င်းတို့ကား ကာမတရားတို့မှ အလုံးစုံထွက်မြောက် ကြောင်းဖြစ်သော (အနာဂါမိမဂ်) နေက္ခမ္မဓာတ်၊ ရုပ်တရားတို့မှ အလုံးစုံ ထွက်မြောက်ကြောင်းဖြစ်သော (အရဟတ္တမဂ်၏ အခြေခံ) အရူပဓာတ်၊ အကြောင်းတရားကို စွဲ၍ဖြစ်သော ထင်ရှားရှိသော သင်္ခတတရား တို့၏ ချုပ်ငြိမ်းကြောင်း ဖြစ်သော (အရဟတ္တဖိုလ်) နိရောဓဓာတ်တို့တည်း။ ဤသုံးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်သုံးပါးတို့တည်း။ ၄င်းတို့ကား အတိတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊ အနာဂတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊ ပစ္စုပ္ပန် အဖို့လျှင် အာရုံရှိသော ဉာဏ် တို့တည်း။ ဤသုံးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသောဉာဏ်ဖြင့် သိအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဓာတ် သုံးပါးတို့တည်း၊ ၎င်းတို့ကား ကာမဓာတ်၊ ရူပဓာတ်၊ အရူပဓာတ်တို့တည်း။ ဤသုံးပါးသော တရားတို့ ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝိဇ္ဇာသုံးပါးတို့ တည်း၊ ၎င်းတို့ကား ရှေး၌နေဖူးသော ခန္ဓာအစဥ်ကို သိသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’ ဝိဇ္ဇာ၊ သတ္တဝါ တို့၏ စုတိပဋိသန္ဓေကို သိသော ‘စုတူပပါတဉာဏ်’ ဝိဇ္ဇာ၊ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်၌ ဖြစ်သော ‘အာသဝက္ခယဉာဏ်’ ဝိဇ္ဇာတို့တည်း။ ဤသုံးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤသုံးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ တရား လေးပါးစု

Three things are helpful, etc. <b>What three things are helpful?</b> Associating with true persons, listening to the true teaching, and practicing in line with the teaching. <b>What three things should be developed?</b> Three kinds of immersion. Immersion with placing the mind and keeping it connected. Immersion without placing the mind, merely keeping it connected. Immersion without placing the mind or keeping it connected. <b>What three things should be completely understood?</b> Three feelings: pleasant, painful, and neutral. <b>What three things should be given up?</b> Three cravings: craving for sensual pleasures, craving for continued existence, and craving for nonexistence. <b>What three things make things worse?</b> Three unskillful roots: greed, hate, and delusion. <b>What three things lead to distinction?</b> Three skillful roots: contentment, love, and understanding. <b>What three things are hard to comprehend?</b> Three elements of escape. Renunciation is the escape from sensual pleasures. The formless is the escape from form. Cessation is the escape from whatever is created, conditioned, and dependently originated. <b>What three things should be produced?</b> Three knowledges: knowledge regarding the past portion, the future portion, and the present portion. <b>What three things should be directly known?</b> Three elements: the sensual realm, the realm of luminous form, and the formless realm. <b>What three things should be realized?</b> Three knowledges: recollection of past lives, knowledge of the death and rebirth of sentient beings, and knowledge of the ending of defilements. So these thirty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 4. Groups of Four

စတ္တာရော ဓမ္မာ

၃၅၄။ ‘‘စတ္တာရော ဓမ္မာ ဗဟုကာရာ, စတ္တာရော ဓမ္မာ ဘာဝေတဗ္ဗာ…ပေ… စတ္တာရော ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ စတ္တာရော ဓမ္မာ ဗဟုကာရာ? စတ္တာရိ စက္ကာနိ – ပတိရူပဒေသဝါသော, သပ္ပုရိသူပနိဿယော [သပ္ပုရိသုပဿယော (သျာ။ ကံ။)], အတ္တသမ္မာပဏိဓိ, ပုဗ္ဗေ စ ကတပုညတာ။ ဣမေ စတ္တာရော ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ စတ္တာရော ဓမ္မာ ဘာဝေတဗ္ဗာ? စတ္တာရော သတိပဋ္ဌာနာ – ဣဓာဝုသော, ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ ဝေဒနာသု…ပေ… စိတ္တေ… ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ ဣမေ စတ္တာရော ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ စတ္တာရော ဓမ္မာ ပရိညေယျာ? စတ္တာရော အာဟာရာ – ကဗဠီကာရော [ကဝဠီကာရော (သျာ။ ကံ။)] အာဟာရော ဩဠာရိကော ဝါ သုခုမော ဝါ, ဖဿော ဒုတိယော, မနောသဉ္စေတနာ တတိယာ, ဝိညာဏံ စတုတ္ထံ။ ဣမေ စတ္တာရော ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ စတ္တာရော ဓမ္မာ ပဟာတဗ္ဗာ? စတ္တာရော ဩဃာ – ကာမောဃော, ဘဝေါဃော, ဒိဋ္ဌောဃော, အဝိဇ္ဇောဃော။ ဣမေ စတ္တာရော ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ စတ္တာရော ဓမ္မာ ဟာနဘာဂိယာ? စတ္တာရော ယောဂါ – ကာမယောဂေါ, ဘဝယောဂေါ, ဒိဋ္ဌိယောဂေါ, အဝိဇ္ဇာယောဂေါ။ ဣမေ စတ္တာရော ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ စတ္တာရော ဓမ္မာ ဝိသေသဘာဂိယာ? စတ္တာရော ဝိသညောဂါ – ကာမယောဂဝိသံယောဂေါ, ဘဝယောဂဝိသံယောဂေါ, ဒိဋ္ဌိယောဂဝိသံယောဂေါ, အဝိဇ္ဇာယောဂဝိသံယောဂေါ။ ဣမေ စတ္တာရော ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ စတ္တာရော ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? စတ္တာရော သမာဓီ – ဟာနဘာဂိယော သမာဓိ, ဌိတိဘာဂိယော သမာဓိ, ဝိသေသဘာဂိယော သမာဓိ, နိဗ္ဗေဓဘာဂိယော သမာဓိ။ ဣမေ စတ္တာရော ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ စတ္တာရော ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? စတ္တာရိ ဉာဏာနိ – ဓမ္မေ ဉာဏံ, အနွယေ ဉာဏံ, ပရိယေ ဉာဏံ, သမ္မုတိယာ ဉာဏံ။ ဣမေ စတ္တာရော ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ စတ္တာရော ဓမ္မာ အဘိညေယျာ? စတ္တာရိ အရိယသစ္စာနိ – ဒုက္ခံ အရိယသစ္စံ, ဒုက္ခသမုဒယံ [ဒုက္ခသမုဒယော (သျာ။ ကံ။)] အရိယသစ္စံ, ဒုက္ခနိရောဓံ [ဒုက္ခနိရောဓော (သျာ။ ကံ။)] အရိယသစ္စံ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ ဣမေ စတ္တာရော ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ စတ္တာရော ဓမ္မာ သစ္ဆိကာတဗ္ဗာ? စတ္တာရိ သာမညဖလာနိ – သောတာပတ္တိဖလံ, သကဒါဂါမိဖလံ, အနာဂါမိဖလံ, အရဟတ္တဖလံ။ ဣမေ စတ္တာရော ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ စတ္တာရီသဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၄။ လေးပါးသော တရားတို့သည် များသော အကျိုးရှိကုန်၏၊ လေးပါးသောတရားတို့ကို ပွါး များအပ်ကုန်၏။ပ။ လေးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ စက်လေးပါးတို့ တည်း။ ၄င်းတို့ကား သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်း၊ သူတော်ကောင်းတို့ကို မှီဝဲဆည်း ကပ်ခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထားခြင်း၊ ရှေး၌ ပြုဖူးသော ကောင်းမှုရှိခြင်းတို့တည်း။ ဤလေးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သတိပဋ္ဌာန်လေးပါးတို့ တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိ လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ခံစားမှု ‘ဝေဒနာ’တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ဤလေးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ အာဟာရလေးပါး တို့တည်း။ ကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သည်လည်းဖြစ်သော အလုံးအခဲပြုအပ်သော အာဟာရ၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသဉ္စေတနာဟာရ၊ လေးခုမြောက်သော ဝိညာဏာ ဟာရတို့တည်း။ ဤလေးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဩဃလေးပါးတို့တည်း။ ၎င်းတို့ကား ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃတို့တည်း။ ဤလေးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိကုန်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ယောဂ လေးပါးတို့တည်း။ ၎င်းတို့ကား ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂတို့တည်း၊ ဤလေးပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိကုန်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝိသံယောဂ လေးပါးတို့တည်း။ ၎င်းတို့ကား ကာမယောဂဝိသံယောဂ၊ ဘဝယောဂဝိသံယောဂ၊ ဒိဋ္ဌိယောဂဝိသံယောဂ၊ အဝိဇ္ဇာယောဂ ဝိသံယောဂ တို့တည်း။ ဤလေးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သမာဓိ လေးပါး တို့တည်း။ ၎င်းတို့ကား ယုတ်သောအဖို့ရှိသော သမာဓိ၊ မတိုးမဆုတ် တန့်ရပ်သော အဖို့ရှိသော သမာဓိ၊ ထူးသော အဖို့ရှိသော သမာဓိ၊ သံသရာ၌ ငြီးငွေ့သော အဖို့ရှိသော (နိဗ္ဗာန်နှင့်စပ်သော) သမာဓိတို့ တည်း။ ဤလေးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်လေးပါးတို့တည်း။ ၎င်းတို့ကား သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊ ဓမ္မဉာဏ်သို့ အစဥ်လိုက်သော အနွယဉာဏ်၊ သူတစ်ပါး တို့ စိတ်ကိုပိုင်းခြား၍ သိသော ပရိယဉာဏ်၊ သမ္မုတိပညတ်၌ သိသော သမ္မုတိဉာဏ်တို့တည်း။ ဤလေးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ အရိယ သစ္စာလေးပါးတို့တည်း။ ၎င်းတို့ကား ဆင်းရဲခြင်းဟူသော အရိယာတို့သိအပ်သော အမှန်တရား ဖြစ်သော ဒုက္ခအရိယသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းဟူသော အရိယာတို့ သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခ သမုဒယအရိယသစ္စာ၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟူသော အရိယာတို့ သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခ နိရောဓအရိယသစ္စာ၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခနိရောဓဂါမိနီပဋိပဒါ (မဂ္ဂ) အရိယသစ္စာတို့တည်း။ ဤလေးပါးသော တရာ့းတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သာမညဖလ လေးပါးတို့တည်း။ ၎င်းတို့ကား သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်တို့တည်း။ ဤလေးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤလေးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ တရား ငါးပါးစု

Four things are helpful, etc. <b>What four things are helpful?</b> Four situations: living in a suitable region, relying on true persons, being rightly resolved in oneself, and past merit. <b>What four things should be developed?</b> The four kinds of mindfulness meditation. A mendicant meditates by observing an aspect of the body—keen, aware, and mindful, rid of covetousness and displeasure for the world. They meditate observing an aspect of feelings … mind … principles—keen, aware, and mindful, rid of covetousness and displeasure for the world. <b>What four things should be completely understood?</b> Four foods: edible food, whether solid or subtle; contact is the second, mental intention the third, and consciousness the fourth. <b>What four things should be given up?</b> Four floods: sensuality, desire for rebirth, views, and ignorance. <b>What four things make things worse?</b> Four yokes: the yokes of sensuality, desire for rebirth, views, and ignorance. <b>What four things lead to distinction?</b> Four kinds of unyoking: unyoking from the yokes of sensuality, desire for rebirth, views, and ignorance. <b>What four things are hard to comprehend?</b> Four kinds of immersion: immersion liable to decline, stable immersion, immersion that leads to distinction, and immersion that leads to penetration. <b>What four things should be produced?</b> Four knowledges: knowledge of the teaching, inferential knowledge, knowledge of encompassing, and conventional knowledge. <b>What four things should be directly known?</b> The four noble truths: suffering, the origin of suffering, the cessation of suffering, and the practice that leads to the cessation of suffering. <b>What four things should be realized?</b> Four fruits of the ascetic life: stream-entry, once-return, non-return, and perfection. So these forty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 5. Groups of Five

ပဉ္စ ဓမ္မာ

၃၅၅။ ‘‘ပဉ္စ ဓမ္မာ ဗဟုကာရာ…ပေ… ပဉ္စ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ ပဉ္စ ဓမ္မာ ဗဟုကာရာ? ပဉ္စ ပဓာနိယင်္ဂါနိ – ဣဓာဝုသော, ဘိက္ခု သဒ္ဓေါ ဟောတိ, သဒ္ဒဟတိ တထာဂတဿ ဗောဓိံ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ အပ္ပါဗာဓော ဟောတိ အပ္ပါတင်္ကော သမဝေပါကိနိယာ ဂဟဏိယာ သမန္နာဂတော နာတိသီတာယ နာစ္စုဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ။ အသဌော ဟောတိ အမာယာဝီ ယထာဘူတမတ္တာနံ အာဝီကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု။ အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ဣမေ ပဉ္စ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ ပဉ္စ ဓမ္မာ ဘာဝေတဗ္ဗာ? ပဉ္စင်္ဂိကော သမ္မာသမာဓိ – ပီတိဖရဏတာ, သုခဖရဏတာ, စေတောဖရဏတာ, အာလောကဖရဏတာ, ပစ္စဝေက္ခဏနိမိတ္တံ [ပစ္စဝေက္ခဏာနိမိတ္တံ (သျာ။ ကံ။)]။ ဣမေ ပဉ္စ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ ပဉ္စ ဓမ္မာ ပရိညေယျာ? ပဉ္စုပါဒါနက္ခန္ဓာ [သေယျထီဒံ (သီ။ သျာ။ ကံ။ ပီ။)] – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ပဉ္စ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ ပဉ္စ ဓမ္မာ ပဟာတဗ္ဗာ? ပဉ္စ နီဝရဏာနိ – ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထိနမိဒ္ဓနီဝရဏံ, ဥဒ္ဓစ္စကုကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ။ ဣမေ ပဉ္စ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ ပဉ္စ ဓမ္မာ ဟာနဘာဂိယာ? ပဉ္စ စေတောခိလာ – ဣဓာဝုသော, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။ ယော သော, အာဝုသော, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ အယံ ပဌမော စေတောခိလော။ ပုန စပရံ, အာဝုသော, ဘိက္ခု ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော, ယော သော, အာဝုသော, ဘိက္ခု သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။ အယံ ပဉ္စမော စေတောခိလော။ ဣမေ ပဉ္စ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ ပဉ္စ ဓမ္မာ ဝိသေသဘာဂိယာ? ပဉ္စိန္ဒြိယာနိ – သဒ္ဓိန္ဒြိယံ, ဝီရိယိန္ဒြိယံ, သတိန္ဒြိယံ, သမာဓိန္ဒြိယံ, ပညိန္ဒြိယံ။ ဣမေ ပဉ္စ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ ပဉ္စ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? ပဉ္စ နိဿရဏိယာ ဓာတုယော – ဣဓာဝုသော, ဘိက္ခုနော ကာမေ မနသိကရောတော ကာမေသု စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ နေက္ခမ္မံ ခေါ ပနဿ မနသိကရောတော နေက္ခမ္မေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ကာမေဟိ။ ယေ စ ကာမပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ။ န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ကာမာနံ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဗျာပါဒံ မနသိကရောတော ဗျာပါဒေ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အဗျာပါဒံ ခေါ ပနဿ မနသိကရောတော အဗျာပါဒေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ဗျာပါဒေန။ ယေ စ ဗျာပါဒပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ။ န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ဗျာပါဒဿ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဝိဟေသံ မနသိကရောတော ဝိဟေသာယ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အဝိဟေသံ ခေါ ပနဿ မနသိကရောတော အဝိဟေသာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ဝိဟေသာယ။ ယေ စ ဝိဟေသာပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ။ န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ဝိဟေသာယ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ရူပေ မနသိကရောတော ရူပေသု စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ အရူပံ ခေါ ပနဿ မနသိကရောတော အရူပေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ ရူပေဟိ။ ယေ စ ရူပပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ။ န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ ရူပါနံ နိဿရဏံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော သက္ကာယံ မနသိကရောတော သက္ကာယေ စိတ္တံ န ပက္ခန္ဒတိ န ပသီဒတိ န သန္တိဋ္ဌတိ န ဝိမုစ္စတိ။ သက္ကာယနိရောဓံ ခေါ ပနဿ မနသိကရောတော သက္ကာယနိရောဓေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ ဝိမုစ္စတိ။ တဿ တံ စိတ္တံ သုဂတံ သုဘာဝိတံ သုဝုဋ္ဌိတံ သုဝိမုတ္တံ ဝိသံယုတ္တံ သက္ကာယေန။ ယေ စ သက္ကာယပစ္စယာ ဥပ္ပဇ္ဇန္တိ အာသဝါ ဝိဃာတာ ပရိဠာဟာ, မုတ္တော သော တေဟိ။ န သော တံ ဝေဒနံ ဝေဒေတိ။ ဣဒမက္ခာတံ သက္ကာယဿ နိဿရဏံ။ ဣမေ ပဉ္စ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ ပဉ္စ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? ပဉ္စ ဉာဏိကော သမ္မာသမာဓိ – ‘အယံ သမာဓိ ပစ္စုပ္ပန္နသုခေါ စေဝ အာယတိဉ္စ သုခဝိပါကော’တိ ပစ္စတ္တံယေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ ‘အယံ သမာဓိ အရိယော နိရာမိသော’တိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ ‘အယံ သမာဓိ အကာပုရိသသေဝိတော’တိ ပစ္စတ္တံယေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ ‘အယံ သမာဓိ သန္တော ပဏီတော ပဋိပ္ပဿဒ္ဓလဒ္ဓေါ ဧကောဒိဘာဝါဓိဂတော, န သသင်္ခါရနိဂ္ဂယှဝါရိတဂတော’တိ [န စ သသင်္ခါရနိဂ္ဂယှ ဝါရိတဝတောတိ (သီ။ သျာ။ ကံ။ ပီ။), န သသင်္ခါရနိဂ္ဂယှဝါရိဝါဝတော (က။), န သသင်္ခါရနိဂ္ဂယှဝါရိယာဓိဂတော (?)] ပစ္စတ္တံယေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ ‘သော ခေါ ပနာဟံ ဣမံ သမာဓိံ သတောဝ သမာပဇ္ဇာမိ သတော ဝုဋ္ဌဟာမီ’တိ ပစ္စတ္တံယေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ ဣမေ ပဉ္စ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ ပဉ္စ ဓမ္မာ အဘိညေယျာ? ပဉ္စ ဝိမုတ္တာယတနာနိ – ဣဓာဝုသော, ဘိက္ခုနော သတ္ထာ ဓမ္မံ ဒေသေတိ အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ။ ယထာ ယထာ, အာဝုသော, ဘိက္ခုနော သတ္ထာ ဓမ္မံ ဒေသေတိ, အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, တထာ တထာ သော [ဘိက္ခု (သျာ။ ကံ။)] တသ္မိံ ဓမ္မေ အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပ္ပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ ပဌမံ ဝိမုတ္တာယတနံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော န ဟေဝ ခေါ သတ္ထာ ဓမ္မံ ဒေသေတိ, အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, အပိ စ ခေါ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ ယထာ ယထာ, အာဝုသော, ဘိက္ခု ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ။ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပ္ပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ ဒုတိယံ ဝိမုတ္တာယတနံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော န ဟေဝ ခေါ သတ္ထာ ဓမ္မံ ဒေသေတိ, အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ။ အပိ စ ခေါ, ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန သဇ္ဈာယံ ကရောတိ။ ယထာ ယထာ, အာဝုသော, ဘိက္ခု ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန သဇ္ဈာယံ ကရောတိ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပ္ပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ တတိယံ ဝိမုတ္တာယတနံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော န ဟေဝ ခေါ သတ္ထာ ဓမ္မံ ဒေသေတိ, အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန သဇ္ဈာယံ ကရောတိ။ အပိ စ ခေါ, ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကေတိ အနုဝိစာရေတိ မနသာနုပေက္ခတိ။ ယထာ ယထာ, အာဝုသော, ဘိက္ခု ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကေတိ အနုဝိစာရေတိ မနသာနုပေက္ခတိ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပဋိသံဝေဒီ စ။ တဿ အတ္ထပ္ပဋိသံဝေဒိနော ဓမ္မပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ စတုတ္ထံ ဝိမုတ္တာယတနံ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော န ဟေဝ ခေါ သတ္ထာ ဓမ္မံ ဒေသေတိ, အညတရော ဝါ ဂရုဋ္ဌာနိယော သဗြဟ္မစာရီ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတိ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန သဇ္ဈာယံ ကရောတိ, နာပိ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကေတိ အနုဝိစာရေတိ မနသာနုပေက္ခတိ၊ အပိ စ ခွဿ အညတရံ သမာဓိနိမိတ္တံ သုဂ္ဂဟိတံ ဟောတိ သုမနသိကတံ သူပဓာရိတံ သုပ္ပဋိဝိဒ္ဓံ ပညာယ။ ယထာ ယထာ, အာဝုသော, ဘိက္ခုနော အညတရံ သမာဓိနိမိတ္တံ သုဂ္ဂဟိတံ ဟောတိ သုမနသိကတံ သူပဓာရိတံ သုပ္ပဋိဝိဒ္ဓံ ပညာယ တထာ တထာ သော တသ္မိံ ဓမ္မေ အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပ္ပဋိသံဝေဒီ စ။ တဿ အတ္ထပ္ပဋိသံဝေဒိနော ဓမ္မပ္ပဋိသံဝေဒိနော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣဒံ ပဉ္စမံ ဝိမုတ္တာယတနံ။ ဣမေ ပဉ္စ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ ပဉ္စ ဓမ္မာ သစ္ဆိကာတဗ္ဗာ? ပဉ္စ ဓမ္မက္ခန္ဓာ – သီလက္ခန္ဓော, သမာဓိက္ခန္ဓော, ပညာက္ခန္ဓော, ဝိမုတ္တိက္ခန္ဓော, ဝိမုတ္တိဉာဏဒဿနက္ခန္ဓော။ ဣမေ ပဉ္စ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ ပညာသ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၅။ ငါးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ငါးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ကမ္မဋ္ဌာန်း အား ထုတ်သော ရဟန်း၏ အင်္ဂါငါးပါးတို့တည်း၊ ၎င်းတို့ကား ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်း ကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော် မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော် မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်၌ ယုံကြည်၏။ အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှ ကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ ခံ့သော ကမ္မဇတေဇောဓာတ်နှင့် ပြည့်စုံ၏။ မာန်မရှိ၊ လှည့်ပတ်ခြင်းမရှိ၊ ဆရာထံ၌လည်းကောင်း၊ ပညာရှိတို့ထံ၌လည်းကောင်း၊ သီတင်းသုံး ဖော်တို့အထံ၌လည်းကောင်းဟုတ်မှန်သောအတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်မချသော လုံ့လရှိ၏။ ပညာရှိဖြစ်၏၊ ဖြစ်ခြင်း ပျက်ခြင်းကို သိနိုင်စွမ်းသော ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော စင်ကြယ်သော ပညာနှင့် ပြည့်စုံ၏၊ ဤငါးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ အင်္ဂါငါးပါးရှိသော သမ္မာ သမာဓိတည်း။ ၎င်းတို့ကား ပီတိပျံ့နှံ့သော (ပ-ဒု-တ) ဈာန်၊ သုခပျံ့နှံ့သော (ပ-ဒု-တ) ဈာန်၊ အခြား ပုဂ္ဂိုလ်တို့၏ စိတ်ကို အပျံ့အနှံ့သိသော (စေတောပရိယ) အဘိညာဥ်၊ အလင်းပျံ့နှံ့သော (ဒိဗ္ဗစက္ခု) အဘိညာဥ်၊ သမာပတ်မှ ထသော ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာဉာဏ်တို့တည်း။ ဤငါးပါးသော တရားတို့ကို့ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့တည်း။ ၎င်းတို့ကား ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါန က္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာ တို့တည်း။ ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ အပိတ်အပင် ‘နီဝရဏ’တရား ငါးပါးတို့တည်း။ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓ္ဒနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာ နီဝရဏတို့တည်း။ ဤငါးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ဆုတ်ယုတ်သော အဖို့ရှိသော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ စိတ်၏ ငြောင့် တံသင်းငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုရဟန်း၏ စိတ်သည် ဘုရား၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်။ အကြင်ရဟန်း၏ စိတ်သည် ဘုရား ၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထို ရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ရှေးဦးစွာသော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်၌ ယုံမှား၏။ပ။ သံဃာတော်၌ ယုံမှား၏။ပ။ အကျင့်သိက္ခာ၌ ယုံမှား၏။ပ။ မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သော စိတ်ရှိ၏။ ငါ့သျှင်တို့ အကြင် ရဟန်းသည် မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏။ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သော စိတ်ရှိ၏၊ ထိုရဟန်း၏ စိတ်သည် သီတင်းသုံးဖော်တို့၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည် ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် သီတင်းသုံးဖော်တို့၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ် ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးကြိမ်မြောက်သော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။ ဤငါးပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိကုန်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဣန္ဒြေငါးပါးတို့ တည်း။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ဤငါးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝဋ်ဆင်းရဲမှ လွတ် မြောက်စေတတ်သော ဓာတ်ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ကာမဂုဏ်ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ကာမဂုဏ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ထွက် မြောက်ခြင်းကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်း၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်း စွာ ပွားအပ်၏၊ ကာမဂုဏ်မှ ကောင်းစွာ ထ၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ လွတ်၏၊ ကာမဂုဏ်တို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ကာမဂုဏ်တို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၁) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဗျာပါဒကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဗျာပါဒ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ အဗျာပါဒကို နှလုံးသွင်းသော ထိုရဟန်း၏ ထိုစိတ် သည် အဗျာပါဒတရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဗျာပါဒမှ ကောင်းစွာ ထ၏၊ ဗျာပါဒမှ ကောင်းစွာ လွတ်၏၊ ဗျာပါဒမှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ဗျာပါဒ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုဗျာပါဒဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ဗျာပါဒ၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ မညှဥ်းဆဲခြင်း ‘အဝိဟေသာ’ ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မညှဥ်းဆဲခြင်း ‘အဝိဟေသာ’၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဝိဟေသာမှ ကောင်းစွာ ထ၏၊ ဝိဟေသာမှ ကောင်းစွာ လွတ်၏၊ ညှဥ်း ဆဲခြင်း ‘ဝိဟေသာ’ မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရား တို့သည် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထို ‘ဝိဟေသာ’ ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ညှဥ်းဆဲခြင်း ‘ဝိဟေသာ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၃) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရုပ်တို့ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ရုပ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ နာမ်တရားကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ် သည် နာမ်တရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ရုပ်တရားတို့မှ ကောင်းစွာ ထ၏၊ ရုပ် တရားတို့မှှ ကောင်းစွာ လွတ်၏၊ ရုပ်တရားတို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ရုပ်တရားဟူသောအကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထို ရုပ်တရား ဟူသော အကြောင်းကြောင့် ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထို ဝေဒနာမျိုးကို မခံစား။ ဤတရားကို ရုပ်တရားတို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၄) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ ဥပါဒါ နက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ချုပ်ခြင်းကိ်ု နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ချုပ်ခြင်း၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ မှ ကောင်းစွာ ထ၏၊ သက္ကာယမှှ ကောင်းစွာ လွတ်၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ မှ ကင်း၏၊ ဆင်းရဲ ခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ ဤငါးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၅) (ဇ) ဖြစ်စေအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်နှင့် ယှဥ်သော သမ္မာ့သမာဓိငါးပါးတည်း။ “ဤသမာဓိသည် သမာပတ်ဝင်စားဆဲခဏ၌ ချမ်းသာလည်း ဖြစ်၏၊ နောင်အခါ၌ ချမ်းသာသော အကျိုးလည်း ရှိ၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။ “ဤသမာဓိသည် ကိလေသာတို့မှ ကင်းဝေး၏၊ လောကနှင့် ရောစပ်ခြင်း မရှိ”ဟု ကိုယ်တိုင် သိသော ဉာဏ်သည် ဖြစ်၏။ “ဤသမာဓိကို ဘုရားစသောယောကျာ်းမြတ်တို့ မှီဝဲအပ်၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။ “ဤသမာဓိသည် ငြိမ်သက်၏၊ ကိလေသာ ငြိမ်းခြင်းကြောင့် ရအပ်၏၊ တည်ကြည်ခြင်း ‘ဧကောဒိ ဘာဝ’ အဖြစ်ဖြင့် ရအပ်၏၊ အားထုတ်လျက် နီဝရဏကိလေသာတို့ကို နှိပ်စက်ဖွယ် တားမြစ်ဖွယ် မရှိ”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။ “ထိုငါသည် ဤသမာဓိကို သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ဝင်စား၏၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍သာလျှင် ထ၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏၊ ဤငါးပါးသော တရားတို့ကို ဖြစ်စေအပ် ကုန်၏။ (ဈ) ထူးသောဉာဏ်ဖြင့် သိအပ်သော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ကိလေသာမှ လွတ်ခြင်း အကြောင်းငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းအား မြတ်စွာဘုရားသည် လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရား ကို ဟော၏။ ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို ဟော၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကို လည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်း ရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ် အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်း ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ရှေးဦးစွာသော ကိလေသာမှ လွတ်ခြင်း အကြောင်းတည်း။ (၁) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ စင်စစ်သော် ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏။ ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသော အတိုင်း သင်ဖူးသော အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်း ချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား နှစ်ခုမြောက်သော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။ (၂) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော။ စင်စစ်သော် ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်ခြင်းကို ပြု၏။ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်ခြင်းကို ပြု၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်း အား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်း ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား သုံးခုမြောက်သော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။ (၃) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်ခြင်းကိုလည်း မပြု၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံ၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန် ဖန် ရှု၏။ ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသော အတိုင်း သင်ဖူးသော အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံ၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှု၏၊ ထိုထို အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း‘ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား လေးခုမြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်း တည်း။ (၄) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော၊ ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်ခြင်းကိုလည်း မပြု၊ ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံခြင်း အဖန်ဖန် သုံးသပ်ခြင်း စိတ်ဖြင့် အဖန်ဖန် ရှုခြင်းကိုလည်း မပြု။ စင်စစ်သော်ကား ထိုရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။ ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်း စွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏၊ ထိုထို အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစား ရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ငါးခုမြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်းတည်း။ ဤတရားငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်၏။ (၅) (ည) မျက်မှောက်ပြုအပ်သော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ဓမ္မက္ခန္ဓာ ငါးပါးတို့့တည်း။ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတို့တည်း။ ဤတရားငါးပါး တို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤငါးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိတော်မူအပ်ကုန်၏။ တရားခြောက်ပါးစု

Five things are helpful, etc. <b>What five things are helpful?</b> Five factors that support meditation. A mendicant has faith in the Realized One’s awakening: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ They are rarely ill or unwell. Their stomach digests well, being neither too hot nor too cold, but just right, and fit for meditation. They’re not devious or deceitful. They reveal themselves honestly to the Teacher or sensible spiritual companions. They live with energy roused up for giving up unskillful qualities and embracing skillful qualities. They’re strong, staunchly vigorous, not slacking off when it comes to developing skillful qualities. They’re wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering. <b>What five things should be developed?</b> Right immersion with five factors: pervasion with rapture, pervasion with pleasure, pervasion with mind, pervasion with light, and the basis for reviewing. <b>What five things should be completely understood?</b> Five grasping aggregates: form, feeling, perception, choices, and consciousness. <b>What five things should be given up?</b> Five hindrances: sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. <b>What five things make things worse?</b> Five kinds of hard-heartedness. Firstly, a mendicant has doubts about the Teacher. They’re uncertain, undecided, and lacking confidence. This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the first kind of hard-heartedness. Furthermore, a mendicant has doubts about the teaching … the Saṅgha … the training … A mendicant is angry and upset with their spiritual companions, resentful and closed off. This being so, their mind doesn’t incline toward keenness, commitment, persistence, and striving. This is the fifth kind of hard-heartedness. <b>What five things lead to distinction?</b> Five faculties: faith, energy, mindfulness, immersion, and wisdom. <b>What five things are hard to comprehend?</b> Five elements of escape. A mendicant focuses on sensual pleasures, but on that their mind does not leap forth, gain confidence, settle down, and become decided. But when they focus on renunciation, on that their mind leaps forth, gains confidence, settles down, and becomes decided. Their mind is in a good state, well developed, well risen, well freed, and well detached from sensual pleasures. They’re freed from the distressing and feverish defilements that arise because of sensual pleasures, so they don’t experience that kind of feeling. This is how the escape from sensual pleasures is explained. Take another case where a mendicant focuses on ill will, but their mind does not leap forth … But when they focus on good will, their mind leaps forth … Their mind is in a good state … well detached from ill will. They’re freed from the distressing and feverish defilements that arise because of ill will, so they don’t experience that kind of feeling. This is how the escape from ill will is explained. Take another case where a mendicant focuses on harming, but their mind does not leap forth … But when they focus on compassion, their mind leaps forth … Their mind is in a good state … well detached from harming. They’re freed from the distressing and feverish defilements that arise because of harming, so they don’t experience that kind of feeling. This is how the escape from harming is explained. Take another case where a mendicant focuses on form, but their mind does not leap forth … But when they focus on the formless, their mind leaps forth … Their mind is in a good state … well detached from forms. They’re freed from the distressing and feverish defilements that arise because of form, so they don’t experience that kind of feeling. This is how the escape from forms is explained. Take a case where a mendicant focuses on substantial reality, but their mind does not leap forth, gain confidence, settle down, and become decided. But when they focus on the cessation of substantial reality, their mind leaps forth, gains confidence, settles down, and becomes decided. Their mind is in a good state, well developed, well risen, well freed, and well detached from substantial reality. They’re freed from the distressing and feverish defilements that arise because of substantial reality, so they don’t experience that kind of feeling. This is how the escape from substantial reality is explained. <b>What five things should be produced?</b> Right immersion with five knowledges. The following knowledges arise for you personally: ‘This immersion is blissful now, and results in bliss in the future.’ ‘This immersion is noble and not of the flesh.’ ‘This immersion is not cultivated by reprobates.’ ‘This immersion is peaceful and sublime and tranquil and unified, not held in place by forceful suppression.’ ‘I mindfully enter into and emerge from this immersion.’ <b>What five things should be directly known?</b> Five opportunities for freedom. Firstly, the Teacher or a respected spiritual companion teaches Dhamma to a mendicant. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how the Teacher or a respected spiritual companion teaches it. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the first opportunity for freedom. Furthermore, it may be that neither the Teacher nor a respected spiritual companion teaches Dhamma to a mendicant. But the mendicant teaches Dhamma in detail to others as they learned and memorized it. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how they teach it in detail to others as they learned and memorized it. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the second opportunity for freedom. Furthermore, it may be that neither the Teacher nor … the mendicant teaches Dhamma. But the mendicant rehearses the teaching in detail as they learned and memorized it. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how they rehearse it in detail as they learned and memorized it. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the third opportunity for freedom. Furthermore, it may be that neither the Teacher nor … the mendicant teaches Dhamma … nor does the mendicant rehearse the teaching. But the mendicant thinks about and considers the teaching in their heart, examining it with the mind as they learned and memorized it. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how they think about and consider it in their heart, examining it with the mind as they learned and memorized it. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the fourth opportunity for freedom. Furthermore, it may be that neither the Teacher nor … the mendicant teaches Dhamma … nor does the mendicant rehearse the teaching … or think about it. But a meditation subject as a basis of immersion is properly grasped, focused on, borne in mind, and penetrated with wisdom. That mendicant feels inspired by the meaning and the teaching in that Dhamma, no matter how a meditation subject as a basis of immersion is properly grasped, focused on, borne in mind, and penetrated with wisdom. Feeling inspired, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed. This is the fifth opportunity for freedom. <b>What five things should be realized?</b> Five spectrums of the teaching: ethics, immersion, wisdom, freedom, and knowledge and vision of freedom. So these fifty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 6. Groups of Six

ဆ ဓမ္မာ

၃၅၆။ ‘‘ဆ ဓမ္မာ ဗဟုကာရာ…ပေ… ဆ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ ဆ ဓမ္မာ ဗဟုကာရာ? ဆ သာရဏီယာ ဓမ္မာ။ ဣဓာဝုသော, ဘိက္ခုနော မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ, အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော မေတ္တံ ဝစီကမ္မံ…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော မေတ္တံ မနောကမ္မံ…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယေ တေ လာဘာ ဓမ္မိကာ ဓမ္မလဒ္ဓါ အန္တမသော ပတ္တပရိယာပန္နမတ္တမ္ပိ, တထာရူပေဟိ လာဘေဟိ အပ္ပဋိဝိဘတ္တဘောဂီ ဟောတိ သီလဝန္တေဟိ သဗြဟ္မစာရီဟိ သာဓာရဏဘောဂီ, အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု, ယာနိ တာနိ သီလာနိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ ဘုဇိဿာနိ ဝိညုပ္ပသတ္ထာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိကာနိ, တထာရူပေသု သီလေသု သီလသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ, အယမ္ပိ ဓမ္မော သာရဏီယော…ပေ… ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ, တထာရူပါယ ဒိဋ္ဌိယာ ဒိဋ္ဌိ သာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ, အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော, သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။ ဣမေ ဆ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ ဆ ဓမ္မာ ဘာဝေတဗ္ဗာ? ဆ အနုဿတိဋ္ဌာနာနိ – ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ။ ဣမေ ဆ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ ဆ ဓမ္မာ ပရိညေယျာ? ဆ အဇ္ဈတ္တိကာနိ အာယတနာနိ – စက္ခာယတနံ, သောတာယတနံ, ဃာနာယတနံ, ဇိဝှါယတနံ, ကာယာယတနံ, မနာယတနံ။ ဣမေ ဆ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ ဆ ဓမ္မာ ပဟာတဗ္ဗာ? ဆ တဏှာကာယာ – ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။ ဣမေ ဆ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ ဆ ဓမ္မာ ဟာနဘာဂိယာ? ဆ အဂါရဝါ – ဣဓာဝုသော, ဘိက္ခု သတ္ထရိ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော။ ဓမ္မေ…ပေ… သံဃေ… သိက္ခာယ… အပ္ပမာဒေ… ပဋိသန္ထာရေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော။ ဣမေ ဆ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ ဆ ဓမ္မာ ဝိသေသဘာဂိယာ? ဆ ဂါရဝါ – ဣဓာဝုသော, ဘိက္ခု သတ္ထရိ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော ဓမ္မေ…ပေ… သံဃေ… သိက္ခာယ… အပ္ပမာဒေ… ပဋိသန္ထာရေ သဂါရဝေါ ဝိဟရတိ သပ္ပတိဿော။ ဣမေ ဆ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ ဆ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? ဆ နိဿရဏိယာ ဓာတုယော – ဣဓာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘မေတ္တာ ဟိ ခေါ မေ, စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ, အထ စ ပန မေ ဗျာပါဒေါ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ အာဝုသော အနဝကာသော ယံ မေတ္တာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ။ အထ စ ပနဿ ဗျာပါဒေါ စိတ္တံ ပရိယာဒါယ ဌဿတီတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ဗျာပါဒဿ, ယဒိဒံ မေတ္တာစေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘ကရုဏာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အထ စ ပန မေ ဝိဟေသာ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော – ‘မာ ဟေဝံ’ တိဿ ဝစနီယော, ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ…ပေ… နိဿရဏံ ဟေတံ, အာဝုသော, ဝိဟေသာယ, ယဒိဒံ ကရုဏာစေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘မုဒိတာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ…ပေ… အထ စ ပန မေ အရတိ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော – ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ…ပေ… နိဿရဏံ ဟေတံ, အာဝုသော အရတိယာ, ယဒိဒံ မုဒိတာစေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘ဥပေက္ခာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ…ပေ… အထ စ ပန မေ ရာဂေါ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော – ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ…ပေ… နိဿရဏံ ဟေတံ, အာဝုသော, ရာဂဿ ယဒိဒံ ဥပေက္ခာစေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘အနိမိတ္တာ ဟိ ခေါ မေ စေတောဝိမုတ္တိ ဘာဝိတာ…ပေ… အထ စ ပန မေ နိမိတ္တာနုသာရိ ဝိညာဏံ ဟောတီ’တိ။ သော – ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ…ပေ… နိဿရဏံ ဟေတံ, အာဝုသော, သဗ္ဗနိမိတ္တာနံ ယဒိဒံ အနိမိတ္တာ စေတောဝိမုတ္တီ’တိ။

‘‘ဣဓ ပနာဝုသော, ဘိက္ခု ဧဝံ ဝဒေယျ – ‘အသ္မီတိ ခေါ မေ ဝိဂတံ, အယမဟမသ္မီတိ န သမနုပဿာမိ, အထ စ ပန မေ ဝိစိကိစ္ဆာကထံကထာသလ္လံ စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ။ သော – ‘မာ ဟေဝံ’ တိဿ ဝစနီယော ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ, အာဝုသော, အနဝကာသော ယံ အသ္မီတိ ဝိဂတေ အယမဟမသ္မီတိ အသမနုပဿတော။ အထ စ ပနဿ ဝိစိကိစ္ဆာကထံကထာသလ္လံ စိတ္တံ ပရိယာဒါယ ဌဿတိ, နေတံ ဌာနံ ဝိဇ္ဇတိ။ နိဿရဏံ ဟေတံ, အာဝုသော, ဝိစိကိစ္ဆာကထံကထာသလ္လဿ, ယဒိဒံ အသ္မိမာနသမုဂ္ဃါဋော’တိ။ ဣမေ ဆ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ ဆ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? ဆ သတတဝိဟာရာ။ ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ ဣမေ ဆ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ ဆ ဓမ္မာ အဘိညေယျာ? ဆ အနုတ္တရိယာနိ – ဒဿနာနုတ္တရိယံ, သဝနာနုတ္တရိယံ, လာဘာနုတ္တရိယံ, သိက္ခာနုတ္တရိယံ, ပါရိစရိယာနုတ္တရိယံ, အနုဿတာနုတ္တရိယံ။ ဣမေ ဆ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ ဆ ဓမ္မာ သစ္ဆိကာတဗ္ဗာ? ဆ အဘိညာ – ဣဓာဝုသော, ဘိက္ခု အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ – ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ, ဗဟုဓာပိ ဟုတွာ ဧကော ဟောတိ။ အာဝိဘာဝံ တိရောဘာဝံ။ တိရောကုဋ္ဋံ တိရောပါကာရံ တိရောပဗ္ဗတံ အသဇ္ဇမာနော ဂစ္ဆတိ သေယျထာပိ အာကာသေ။ ပထဝိယာပိ ဥမ္မုဇ္ဇနိမုဇ္ဇံ ကရောတိ သေယျထာပိ ဥဒကေ။ ဥဒကေပိ အဘိဇ္ဇမာနေ ဂစ္ဆတိ သေယျထာပိ ပထဝိယံ။ အာကာသေပိ ပလ္လင်္ကေန ကမတိ သေယျထာပိ ပက္ခီ သကုဏော။ ဣမေပိ စန္ဒိမသူရိယေ ဧဝံမဟိဒ္ဓိကေ ဧဝံမဟာနုဘာဝေ ပါဏိနာ ပရာမသတိ ပရိမဇ္ဇတိ။ ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ။

‘‘ဒိဗ္ဗာယ သောတဓာတုယာ ဝိသုဒ္ဓါယ အတိက္ကန္တမာနုသိကာယ ဥဘော သဒ္ဒေ သုဏာတိ ဒိဗ္ဗေ စ မာနုသေ စ, ယေ ဒူရေ သန္တိကေ စ။

‘‘ပရသတ္တာနံ ပရပုဂ္ဂလာနံ စေတသာ စေတော ပရိစ္စ ပဇာနာတိ [ဇာနာတိ (သျာ။ ကံ။)], သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ …ပေ… အဝိမုတ္တံ ဝါ စိတ္တံ အဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ။

‘‘သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ ဧကမ္ပိ ဇာတိံ…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။

‘‘ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ …ပေ…

‘‘အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဣမေ ဆ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ သဋ္ဌိ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၆။ ခြောက်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ခြောက်ပါးသော တရား တို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အောက်မေ့ အပ်သော တရားခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်မှောက်၌လည်း ကောင်း မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာကို သီတင်းသုံးဖော်တို့ ၌ ဖြစ်စေအပ်၏၊ အောက်မေ့ အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်း ငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ် ဖြစ်ခြင်းငှါ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၁) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် ဝစီကံမေတ္တာကို ဖြစ်စေအပ်၏။ပ။ တပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၂) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မနောကံမေတ္တာကို ဖြစ်စေအပ်၏။ပ။ တစ်ပေါင်း တည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၃) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ တရားနှင့်လျော်သော တရားသဖြင့် ရအပ်သော အကြင်လာဘ် တို့ကို ရအပ်ကုန်၏၊ အယုတ်သဖြင့် သပိတ်၌ စားလောက်ရုံမျှကိုလည်း ရအပ်၏၊ ရဟန်းသည် ထိုသို့ သဘောရှိသော လာဘ်တို့ဖြင့် ခွဲခြားသီးသန့်၍ စားလေ့မရှိ၊ သီလဝန္တဖြစ်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံ၍ စားလေ့ရှိ၏၊ အောက်မေ့အပ်သော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၄) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ မကျိုး မပေါက် မပြောက် မကျား ဖြူစင်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော သမာဓိကို ဖြစ်စေတတ်ကုန်သော အကြင် သီလတို့သည် ရှိကုန်၏၊ ရဟန်းသည် ထိုသို့သဘောရှိသော သီလတို့၌ သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း မျက်ကွယ်၌လည်းကောင်း တူသော သီလရှိသည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၅) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော အကြင် (မဂ်နှင့် ယှဥ်သော) သမ္မာဒိဋ္ဌိဉာဏ်သည် အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်ကို ဝဋ်ဆင်းရဲမှ ထုတ် ဆောင်တတ်၏၊ ရဟန်းသည် ထိုသို့သဘောရှိသော သမ္မာဒိဋ္ဌိ (ဉာဏ်) ဖြင့် သီတင်းသုံးဖော်တို့ နှင့် မျက် မှောက်၌လည်းကောင်း မျက်ကွယ်၌လည်းကောင်း ဉာဏ်အမြင်တူခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ ဤတရားခြောက်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။ (၆) (ခ) ပွါးများအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဖန်ဖန် အောက်မေ့ ရာဌာနခြောက်ပါးတို့တည်း။ ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ တရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သံဃာ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ စွန့် ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသော ဂုဏ်ကို့အဖန်ဖန် အောက်မေ့ခြင်းတို့တည်း၊ ဤတရားခြောက်ပါးတို့ကို ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဇ္ဈ တ္တိကာယ တနခြောက်ပါးတို့တည်း။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနတို့တည်း။ ဤခြောက်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာအပေါင်း ခြောက် ပါးတို့တည်း။ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာတို့တည်း။ ဤခြောက်ပါးသောတရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မရိုသေခြင်း တရားခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ရိုသေခြင်း လေးစား ခြင်း မရှိသည် ဖြစ်၍ နေ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ သိက္ခာသုံးပါး၌။ မမေ့လျော့ခြင်း (ကောင်းသော အကျင့်၌)။ ပဋိသန္ထာရ ‘ပျူငှါစွာ ဆက်ဆံခြင်း’ ၌ ရိုသေခြင်း လေးစားခြင်း မရှိသည်ဖြစ်၍ နေ၏၊ ဤခြောက်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ရိုသေခြင်းတရား ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ရိုသေခြင်း လေးစားခြင်း ရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ သိက္ခာသုံးပါး၌။ မမေ့မလျော့ခြင်း (ကောင်းသော အကျင့်၌)။ ပဋိသန္ထာရ ‘ပျူငှါစွာ ဆက်ဆံခြင်း’ ၌ ရိုသေခြင်း လေးစားခြင်း ရှိသည်ဖြစ်၍ နေ၏၊ ဤတရားခြောက်ပါးတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကိလေသာမှ လွတ်သော ဓာတ်ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မေတ္တာနှင့် ယှဥ်သော စိတ်ကို ပွါးအပ်၏၊ အဖန်ဖန် လေ့လာ အပ်၏၊ ယာဥ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူး အပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ဒေါသသည် ငါ၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဥ်သော စိတ်ကို ပွါးအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဥ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါ လျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ဒေါသသည် ထိုရဟန်း၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အရာမဟုတ်၊ အခွင့်မဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းမေတ္တာနှင့် ယှဥ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၁) ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ကရုဏာနှင့် ယှဥ်သော စိတ်ကို ပွါးအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဥ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ဖြစ်လျက် ညှဥ်းဆဲခြင်း ‘ဝိဟေသာ’ သည် ငါ၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းကရုဏာနှင့် ယှဥ်သော စိတ်သည် ဝိဟေသာတရားမှ ထွက်မြောက်ကြောင်း တည်း”ဟု ဆိုအပ်၏။ (၂) ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့် ယှဥ်သော စိတ်ကို ပွါးအပ်၏။ပ။ ထိုသို့ဖြစ်လျက် မမွေ့လျော်သော ‘အရတိ’တရား သည် ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော မုဒိတာနှင့် ယှဥ်သော စိတ်သည် မမွေ့လျော်ခြင်း ‘အရတိ’ တရားမှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၃) ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဥ်သော စိတ်ကို ပွါးအပ်၏။ပ။ ထိုသို့ဖြစ်လျက် စွဲမက်ခြင်း ‘ရာဂ’ သည် ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆို လင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းလျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဥ်သော စိတ်သည် စွဲမက် ခြင်း ‘ရာဂ’ မှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၄) ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်၏။ပ။ ထိုသို့ဖြစ်လျက် ငါ၏ ထိုအရဟတ္တဖိုလ်ဝိညာဥ်သည် ရာဂစသော နိမိတ်သို့ အစဥ်လိုက်၏”ဟု ဆိုငြားအံ့။ “ဤသို့ မဆို လင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်။ပ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ရာဂစသည့် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်သည် အလုံးစုံသော ရာဂစသော နိမိတ်တို့မှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၅) ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါဟူသော မာနစိတ်သည် ငါမှ ကင်း၏၊ ဤတရားသည် ငါဖြစ်၏ဟူ၍ မရှု၊ ထိုသို့ ဖြစ်လျက် ငါ၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့် သည် ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ငါဟူသော မာနစိတ် ကင်းပါလျက်၊ ‘ဤတရားသည် ငါဖြစ်၏ ’ ဟူ၍လည်း မရှုပါဘဲလျက် ထို ရဟန်း၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အရာမဟုတ်၊ အခွင့်မဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ယင်း ငါ ဟူသော မာနကို အကြွင်းမဲ့ ဖြတ်ခြင်းသည် ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက်ကြောင်းတည်း”ဟု ထိုရဟန်းကို ဆို အပ်၏။ ဤခြောက်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၆) (ဇ) ဖြစ်စေအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ (ရဟန္တာပုဂ္ဂိုလ်၏) မြဲသော နေခြင်း ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရုပ် အဆင်းကို မြင်သော် ဝမ်းသာခြင်းလည်း မဖြစ် ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိရှိလျက် ဆင်ခြင်လျက် လျစ်လျူရှု၍သာလျှင် နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကို နံသော်။ပ။ လျှာဖြင့် အရသာကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာခြင်းလည်း မဖြစ် ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိရှိလျက် ဆင်ခြင်လျက် လျစ်လျူရှု၍သာလျှင် နေ၏။ ဤတရား ခြောက်ပါးတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အမြတ်ဆုံးတရား ခြောက်ပါးတို့တည်း။ အမြတ်ဆုံးသော မြင်ရခြင်း၊ အမြတ်ဆုံးသော ကြားနာရခြင်း၊ အမြတ်ဆုံးသော လာဘ်ရခြင်း၊ အမြတ်ဆုံးသော အကျင့်ကို ကျင့်ခြင်း၊ အမြတ်ဆုံးသော လုပ်ကျွေးခြင်း၊ အမြတ်ဆုံးသော အောက်မေ့ခြင်းတို့တည်း။ ဤခြောက်ပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့့်သိအပ် ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဘိညာဥ် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက် တည်း ဖြစ်လာ၏၊ ကိုယ်ထင်ရှား ဖြစ်စေ၏၊ ကိုယ်ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင် ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေ တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ (၁) အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ အဘိညာဥ်ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ် ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။ (၂) တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်၏၊ တပ်ခြင်း ‘ရာဂ’ နှင့်တကွဖြစ်သော စိတ်ကိုလည်း။ပ။ ကိလေသာတို့မှ မလွတ်သော စိတ်ဟူ၍ သိနိုင်၏။ (၃) ထိုရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ် နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်၏။ (၄) အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဥ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိမြင် နိုင်၏။ပ။ (၅) အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်)ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု လျက် ရောက်၍ နေ၏။ ဤခြောက်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (၆) ဤသို့ ဤခြောက်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ် ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ တရားခုနစ်ပါးစု

Six things are helpful, etc. <b>What six things are helpful?</b> Six warm-hearted qualities. Firstly, a mendicant consistently treats their spiritual companions with bodily kindness, both in public and in private. This warm-hearted quality makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling. Furthermore, a mendicant consistently treats their spiritual companions with verbal kindness. Furthermore, a mendicant consistently treats their spiritual companions with mental kindness. Furthermore, a mendicant shares without reservation any material things they have gained by legitimate means, even the food placed in the alms-bowl, using them in common with their ethical spiritual companions. Furthermore, a mendicant lives according to the precepts shared with their spiritual companions, both in public and in private. Those precepts are intact, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. Furthermore, a mendicant lives according to the view shared with their spiritual companions, both in public and in private. That view is noble and emancipating, and delivers one who applies it to the complete ending of suffering. This warm-hearted quality makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling. <b>What six things should be developed?</b> Six topics for recollection: the recollection of the Buddha, the teaching, the Saṅgha, ethics, generosity, and the deities. <b>What six things should be completely understood?</b> Six interior sense fields: eye, ear, nose, tongue, body, and mind. <b>What six things should be given up?</b> Six classes of craving: craving for sights, sounds, smells, tastes, touches, and ideas. <b>What six things make things worse?</b> Six kinds of disrespect. A mendicant lacks respect and reverence for the Teacher, the teaching, and the Saṅgha, the training, diligence, and hospitality. <b>What six things lead to distinction?</b> Six kinds of respect. A mendicant has respect and reverence for the Teacher, the teaching, and the Saṅgha, the training, diligence, and hospitality. <b>What six things are hard to comprehend?</b> Six elements of escape. Take a mendicant who says: ‘I’ve developed the heart’s release by love. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow ill will still occupies my mind.’ They should be told, ‘Not so, venerable! Don’t say that. Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say that. It’s impossible, reverend, it cannot happen that the heart’s release by love has been developed and properly implemented, yet somehow ill will still occupies the mind. For it is the heart’s release by love that is the escape from ill will.’ Take another mendicant who says: ‘I’ve developed the heart’s release by compassion. I’ve cultivated it, made it my vehicle and my basis, kept it up, consolidated it, and properly implemented it. Yet somehow the thought of harming still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by compassion that is the escape from thoughts of harming.’ Take another mendicant who says: ‘I’ve developed the heart’s release by rejoicing. … Yet somehow discontent still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by rejoicing that is the escape from discontent.’ Take another mendicant who says: ‘I’ve developed the heart’s release by equanimity. … Yet somehow desire still occupies my mind.’ They should be told, ‘Not so, venerable! … For it is the heart’s release by equanimity that is the escape from desire.’ Take another mendicant who says: ‘I’ve developed the signless release of the heart. … Yet somehow my consciousness still follows after signs.’ They should be told, ‘Not so, venerable! … For it is the signless release of the heart that is the escape from all signs.’ Take another mendicant who says: ‘I’m rid of the conceit “I am”. And I don’t regard anything as “I am this”. Yet somehow the dart of doubt and indecision still occupies my mind.’ They should be told, ‘Not so, venerable! Don’t say that. Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say that. It’s impossible, reverend, it cannot happen that the conceit “I am” has been done away with, and nothing is regarded as “I am this”, yet somehow the dart of doubt and indecision still occupy the mind. For it is the uprooting of the conceit “I am” that is the escape from the dart of doubt and indecision.’ <b>What six things should be produced?</b> Six consistent responses. A mendicant, seeing a sight with their eyes, is neither happy nor sad. They remain equanimous, mindful and aware. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Knowing an idea with their mind, they’re neither happy nor sad. They remain equanimous, mindful and aware. <b>What six things should be directly known?</b> Six unsurpassable things: the unsurpassable seeing, listening, acquisition, training, service, and recollection. <b>What six things should be realized?</b> Six direct knowledges. A mendicant wields the many kinds of psychic power: multiplying themselves and becoming one again; materializing and dematerializing; going unobstructed through a wall, a rampart, or a mountain as if through space; diving in and out of the earth as if it were water; walking on water as if it were earth; flying cross-legged through the sky like a bird; touching and stroking with the hand the sun and moon, so mighty and powerful; controlling the body as far as the realm of divinity. With clairaudience that is purified and superhuman, they hear both kinds of sounds, human and heavenly, whether near or far. They understand the minds of other beings and individuals, having encompassed them with their own mind. They recollect many kinds of past lives, with features and details. With clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds. They realize the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. So these sixty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 7. Groups of Seven

သတ္တ ဓမ္မာ

၃၅၇။ ‘‘သတ္တ ဓမ္မာ ဗဟုကာရာ…ပေ… သတ္တ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ သတ္တ ဓမ္မာ ဗဟုကာရာ? သတ္တ အရိယဓနာနိ – သဒ္ဓါဓနံ, သီလဓနံ, ဟိရိဓနံ, ဩတ္တပ္ပဓနံ, သုတဓနံ, စာဂဓနံ, ပညာဓနံ။ ဣမေ သတ္တ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ သတ္တ ဓမ္မာ ဘာဝေတဗ္ဗာ? သတ္တ သမ္ဗောဇ္ဈင်္ဂါ – သတိသမ္ဗောဇ္ဈင်္ဂေါ, ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ, ဝီရိယသမ္ဗောဇ္ဈင်္ဂေါ, ပီတိသမ္ဗောဇ္ဈင်္ဂေါ, ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ, သမာဓိသမ္ဗောဇ္ဈင်္ဂေါ, ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ။ ဣမေ သတ္တ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ သတ္တ ဓမ္မာ ပရိညေယျာ? သတ္တ ဝိညာဏဋ္ဌိတိယော – သန္တာဝုသော, သတ္တာ နာနတ္တကာယာ နာနတ္တသညိနော, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ နာနတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ။ အယံ ဒုတိယာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ နာနတ္တသညိနော, သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ တတိယာ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ စတုတ္ထီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ…ပေ… ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂါ။ အယံ ပဉ္စမီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနူပဂါ။ အယံ ဆဋ္ဌီ ဝိညာဏဋ္ဌိတိ။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနူပဂါ။ အယံ သတ္တမီ ဝိညာဏဋ္ဌိတိ။ ဣမေ သတ္တ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ သတ္တ ဓမ္မာ ပဟာတဗ္ဗာ? သတ္တာနုသယာ – ကာမရာဂါနုသယော, ပဋိဃာနုသယော, ဒိဋ္ဌာနုသယော, ဝိစိကိစ္ဆာနုသယော, မာနာနုသယော, ဘဝရာဂါနုသယော, အဝိဇ္ဇာနုသယော။ ဣမေ သတ္တ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ သတ္တ ဓမ္မာ ဟာနဘာဂိယာ? သတ္တ အသဒ္ဓမ္မာ – ဣဓာဝုသော, ဘိက္ခု အဿဒ္ဓေါ ဟောတိ, အဟိရိကော ဟောတိ, အနောတ္တပ္ပီ ဟောတိ, အပ္ပဿုတော ဟောတိ, ကုသီတော ဟောတိ, မုဋ္ဌဿတိ ဟောတိ, ဒုပ္ပညော ဟောတိ။ ဣမေ သတ္တ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ သတ္တ ဓမ္မာ ဝိသေသဘာဂိယာ? သတ္တ သဒ္ဓမ္မာ – ဣဓာဝုသော, ဘိက္ခု သဒ္ဓေါ ဟောတိ, ဟိရိမာ [ဟိရိကော (သျာ။ ကံ။)] ဟောတိ, ဩတ္တပ္ပီ ဟောတိ, ဗဟုဿုတော ဟောတိ, အာရဒ္ဓဝီရိယော ဟောတိ, ဥပဋ္ဌိတဿတိ ဟောတိ, ပညဝါ ဟောတိ။ ဣမေ သတ္တ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ သတ္တ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? သတ္တ သပ္ပုရိသဓမ္မာ – ဣဓာဝုသော, ဘိက္ခု ဓမ္မညူ စ ဟောတိ အတ္ထညူ စ အတ္တညူ စ မတ္တညူ စ ကာလညူ စ ပရိသညူ စ ပုဂ္ဂလညူ စ။ ဣမေ သတ္တ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ သတ္တ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? သတ္တ သညာ – အနိစ္စသညာ, အနတ္တသညာ, အသုဘသညာ, အာဒီနဝသညာ, ပဟာနသညာ, ဝိရာဂသညာ, နိရောဓသညာ။ ဣမေ သတ္တ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ သတ္တ ဓမ္မာ အဘိညေယျာ? သတ္တ နိဒ္ဒသဝတ္ထူနိ – ဣဓာဝုသော, ဘိက္ခု သိက္ခာသမာဒါနေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ သိက္ခာသမာဒါနေ အဝိဂတပေမော။ ဓမ္မနိသန္တိယာ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဓမ္မနိသန္တိယာ အဝိဂတပေမော။ ဣစ္ဆာဝိနယေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဣစ္ဆာဝိနယေ အဝိဂတပေမော။ ပဋိသလ္လာနေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ပဋိသလ္လာနေ အဝိဂတပေမော။ ဝီရိယာရမ္မေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဝီရိယာရမ္မေ အဝိဂတပေမော။ သတိနေပက္ကေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ သတိနေပက္ကေ အဝိဂတပေမော။ ဒိဋ္ဌိပဋိဝေဓေ တိဗ္ဗစ္ဆန္ဒော ဟောတိ, အာယတိဉ္စ ဒိဋ္ဌိပဋိဝေဓေ အဝိဂတပေမော။ ဣမေ သတ္တ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ သတ္တ ဓမ္မာ သစ္ဆိကာတဗ္ဗာ? သတ္တ ခီဏာသဝဗလာနိ – ဣဓာဝုသော, ခီဏာသဝဿ ဘိက္ခုနော အနိစ္စတော သဗ္ဗေ သင်္ခါရာ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌာ ဟောန္တိ။ ယံပါဝုသော, ခီဏာသဝဿ ဘိက္ခုနော အနိစ္စတော သဗ္ဗေ သင်္ခါရာ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌာ ဟောန္တိ, ဣဒမ္ပိ ခီဏာသဝဿ ဘိက္ခုနော ဗလံ ဟောတိ, ယံ ဗလံ အာဂမ္မ ခီဏာသဝေါ ဘိက္ခု အာသဝါနံ ခယံ ပဋိဇာနာတိ – ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော အင်္ဂါရကာသူပမာ ကာမာ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌာ ဟောန္တိ။ ယံပါဝုသော…ပေ… ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော ဝိဝေကနိန္နံ စိတ္တံ ဟောတိ ဝိဝေကပေါဏံ ဝိဝေကပဗ္ဘာရံ ဝိဝေကဋ္ဌံ နေက္ခမ္မာဘိရတံ ဗျန္တီဘူတံ သဗ္ဗသော အာသဝဋ္ဌာနိယေဟိ ဓမ္မေဟိ။ ယံပါဝုသော…ပေ… ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဟောန္တိ သုဘာဝိတာ။ ယံပါဝုသော…ပေ… ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော ပဉ္စိန္ဒြိယာနိ ဘာဝိတာနိ ဟောန္တိ သုဘာဝိတာနိ။ ယံပါဝုသော…ပေ… ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဟောန္တိ သုဘာဝိတာ။ ယံပါဝုသော…ပေ… ‘ခီဏာ မေ အာသဝါ’တိ။

‘‘ပုန စပရံ, အာဝုသော, ခီဏာသဝဿ ဘိက္ခုနော အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဘာဝိတော ဟောတိ သုဘာဝိတော။ ယံပါဝုသော, ခီဏာသဝဿ ဘိက္ခုနော အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဘာဝိတော ဟောတိ သုဘာဝိတော, ဣဒမ္ပိ ခီဏာသဝဿ ဘိက္ခုနော ဗလံ ဟောတိ, ယံ ဗလံ အာဂမ္မ ခီဏာသဝေါ ဘိက္ခု အာသဝါနံ ခယံ ပဋိဇာနာတိ – ‘ခီဏာ မေ အာသဝါ’တိ။ ဣမေ သတ္တ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိမေ သတ္တတိ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

ပဌမဘာဏဝါရော နိဋ္ဌိတော။

၃၅၇။ ခုနစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ခုနစ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော ခုနစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အရိယာ၏ဥစ္စာ ခုနစ်ပါးတို့တည်း။ သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ ဟိရိဥစ္စာ၊ ဩတ္တပ္ပဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာဥစ္စာ တို့ တည်း။ ဤတရားခုနစ်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မဂ်ဖိုလ်ရကြောင်း အင်္ဂါ သမ္ဗောဇ္ဈင် ခုနစ်ပါးတို့တည်း။ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ဤတရားခုနစ်ပါးတို့ကို ပွါးများအပ် ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ဝိညာဥ်၏တည်ရာ ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အချို့သောနတ် အချို့သော ဝိနိပါတိက၂နှင့် လူတို့ပင်တည်း။ ဤကား ရှေးဦးစွာသော ဝိညာဥ်၏ တည်ရာပေတည်း။ (၁) ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၂) ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၃) ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား လေးခု မြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၄) ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝ လွန်မြောက်၍။ပ။ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံး သွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ငါးခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၅) ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွါး များခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခြောက်ခု မြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ (၆) ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခုနစ်ခုမြောက်သော ဝိညာဥ်၏ တည်ရာပေတည်း။ ဤတရားခုနစ်ပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (၇) (ဃ) ပယ်အပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ အနုသယ ခုနစ်ပါးတို့တည်း။ ကာမရာဂါနုသယ, ပဋိဃာနုသယ, ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယ, မာနာနုသယ, ဘဝရာဂါနုသယ, အဝိဇ္ဇာ နုသယတို့တည်း။ ဤတရားခုနစ်ပါးတို့ကို ပယ်အပ်ကုန်၏။ (င) ဆုတ်ယုတ်သော အဖို့ရှိသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မသူတော် တရားခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား မရှိ၊ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်း မရှိ၊ အကြားအမြင် မရှိ၊ ပျင်းရိ၏၊ သတိလွတ်၏၊ ပညာမရှိ။ ဤခုနစ်ပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိသော တရားတို့တည်း။ (စ) ထူးသော အဖို့ရှိသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်း တရား ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ ရှက်ခြင်း ရှိ၏၊ ကြောက်လန့်ခြင်း ရှိ၏၊ အကြားအမြင် များ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏၊ ထင်သော သတိ ရှိ၏၊ ပညာရှိ၏။ ဤခုနစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်း တရား ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပါဠိကို သိ၏၊ အနက်ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကို သိ၏၊ ပရိသတ်ကို သိ၏၊ ပုဂ္ဂိုလ်ကို သိ၏။ ဤတရားခုနစ်ပါးတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သညာ ခုနစ်ပါးတို့တည်း။ အနိစ္စာနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ အသုဘာနုပဿနာ ဉာဏ်၌ ဖြစ်သောသညာ၊ အာဒီနဝါနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ ပဟာနာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊ ဝိရာဂါနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ နိရောဓာနုပဿနာဉာဏ်၌ ဖြစ်သောသညာတို့တည်း။ ဤတရားခုနစ်ပါးတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရဟန္တာ ဖြစ်ခြင်းအကြောင်း ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာသုံးပါးကို စောင့်ထိန်းခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သိက္ခာသုံးပါးကို စောင့်ထိန်းခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တရားကို ဆင်ခြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တရားကို ဆင်ခြင် ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တဏှာကို ဖျက်ဆီးခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ လည်း တဏှာကို ဖျက်ဆီးခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တစ်ယောက်ထီးတည်း (ကိလေသာ အပေါင်းအသင်းကင်း၍) နေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တစ်ယောက်ထီးတည်း (ကိလေသာ အပေါင်းအသင်းကင်း၍) နေခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ သမ္မပ္ပဓာန်လုံ့လကို ချီးမြှောက်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သမ္မပ္ပဓာန်လုံ့လကို ချီးမြှောက်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ သတိပညာ၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သတိပညာ၌ မကင်းသော တောင့်တခြင်းရှိ၏။ အရိယမဂ်ကို သိမြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း အရိယမဂ် ကို သိမြင်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ ဤခုနစ်ပါးသောတရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရဟန္တာပုဂ္ဂိုလ်၏ အားခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းသည် ခပ်သိမ်းသော သင်္ခါရတို့ကို အနိစ္စအားဖြင့်ဟုတ်မှန်သောအတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ခပ်သိမ်းသော သင်္ခါရတို့ကို အနိစ္စအားဖြင့်ဟုတ်မှန်သော အတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်သော ဤသဘောသည်လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားဖြစ်၏၊ အကြင်အားကို အကြောင်းပြု၍ အာသဝေါကုန်ပြီးသော ရဟန်းသည် “ငါ့အား အာသဝေါတရားကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို သိ၏။ (၁) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ကာမဂုဏ်တို့သည် မီးကျီး အပြည့်ရှိသော တွင်းနှင့် တူကုန်၏ဟုဟုတ်မှန်သောအတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၂) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်း၏ စိတ်သည် နိဗ္ဗာန်သို့ ညွတ်၏၊ နိဗ္ဗာန်သို့ ကိုင်း၏၊ နိဗ္ဗာန်သို့ ရှိုင်း၏၊ နိဗ္ဗာန်၌ တည်၏၊ နိဗ္ဗာန်၌ မွေ့လျော်၏၊ အာသဝေါတရားတို့၏ အကြောင်းဖြစ်သော အလုံးစုံသော တရားတို့မှ တပ်ခြင်းကင်း၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါ တရား ကုန်ပြီ”ဟု သိ၏။ (၃) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏၊ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၄) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးအပ် ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၅) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် မဂ်ဖိုလ်ရကြောင်း အင်္ဂါ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါ တရားကုန်ပြီ”ဟု သိ၏။ (၆) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသော မြတ်သော အရိယမဂ်ကို ပွါးအပ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် အင်္ဂါရှစ်ပါး ရှိသော မြတ်သော အရိယမဂ်ကို ပွါးအပ်သော ကောင်းစွာ ပွါးအပ်သော ဤသဘောသည် လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားဖြစ်၏၊ အကြင်အားကို အကြောင်းပြု၍ အာသဝေါကုန်ပြီးသော ရဟန်းသည် “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို သိ၏။ ဤတရားခုနစ်ပါးတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (၇) ဤသို့ ဤခုနစ်ဆယ်သောတရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ ပဌမအခန်း ပြီး၏။ ၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။ ၂။ ဖုတ် တစ္ဆေ သရဲစသော နာနာဘာဝသတ္တဝါတို့ကို အချို့သော ဝိနိပါတိကဟု ဆိုသည်။ တရားရှစ်ပါးစု

Seven things are helpful, etc. <b>What seven things are helpful?</b> Seven riches of the noble ones: the riches of faith, ethics, conscience, prudence, learning, generosity, and wisdom. <b>What seven things should be developed?</b> Seven awakening factors: mindfulness, investigation of principles, energy, rapture, tranquility, immersion, and equanimity. <b>What seven things should be completely understood?</b> Seven planes of consciousness. There are sentient beings that are diverse in body and diverse in perception, such as human beings, some gods, and some beings in the underworld. This is the first plane of consciousness. There are sentient beings that are diverse in body and unified in perception, such as the gods reborn in the Divinity’s host through the first absorption. This is the second plane of consciousness. There are sentient beings that are unified in body and diverse in perception, such as the gods of sublime luminosity. This is the third plane of consciousness. There are sentient beings that are unified in body and unified in perception, such as the gods of universal beauty. This is the fourth plane of consciousness. There are sentient beings that have gone totally beyond perceptions of form. With the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they have been reborn in the dimension of infinite space. This is the fifth plane of consciousness. There are sentient beings that have gone totally beyond the dimension of infinite space. Aware that ‘consciousness is infinite’, they have been reborn in the dimension of infinite consciousness. This is the sixth plane of consciousness. There are sentient beings that have gone totally beyond the dimension of infinite consciousness. Aware that ‘there is nothing at all’, they have been reborn in the dimension of nothingness. This is the seventh plane of consciousness. <b>What seven things should be given up?</b> Seven underlying tendencies: sensual desire, aversion, views, doubt, conceit, desire for continued existence, and ignorance. <b>What seven things make things worse?</b> Seven bad qualities: a mendicant is faithless, shameless, imprudent, unlearned, lazy, unmindful, and witless. <b>What seven things lead to distinction?</b> Seven good qualities: a mendicant is faithful, conscientious, prudent, learned, energetic, mindful, and wise. <b>What seven things are hard to comprehend?</b> Seven aspects of the teachings of the true persons: a mendicant knows the teachings, knows the meaning, knows themselves, knows moderation, knows the right time, knows assemblies, and knows individuals. <b>What seven things should be produced?</b> Seven perceptions: the perception of impermanence, the perception of not-self, the perception of ugliness, the perception of drawbacks, the perception of giving up, the perception of fading away, and the perception of cessation. <b>What seven things should be directly known?</b> Seven qualifications for graduation. A mendicant has a keen enthusiasm to undertake the training … to examine the teachings … to get rid of desires … for retreat … to rouse up energy … for mindfulness and alertness … to penetrate theoretically. And they don’t lose these desires in the future. <b>What seven things should be realized?</b> Seven powers of one who has ended the defilements. Firstly, a mendicant with defilements ended has clearly seen with right wisdom all conditions as truly impermanent. This is a power that a mendicant who has ended the defilements relies on to claim: ‘My defilements have ended.’ Furthermore, a mendicant with defilements ended has clearly seen with right wisdom that sensual pleasures are truly like a pit of glowing coals. … Furthermore, the mind of a mendicant with defilements ended slants, slopes, and inclines to seclusion. They’re withdrawn, loving renunciation, and have totally eliminated defiling influences. … Furthermore, a mendicant with defilements ended has well developed the four kinds of mindfulness meditation. … Furthermore, a mendicant with defilements ended has well developed the five faculties. … Furthermore, a mendicant with defilements ended has well developed the seven awakening factors. … Furthermore, a mendicant with defilements ended has well developed the noble eightfold path. … This is a power that a mendicant who has ended the defilements relies on to claim: ‘My defilements have ended.’ So these seventy things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. The first recitation section is complete. 8. Groups of Eight

အဋ္ဌ ဓမ္မာ

၃၅၈။ ‘‘အဋ္ဌ ဓမ္မာ ဗဟုကာရာ…ပေ… အဋ္ဌ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဗဟုကာရာ? အဋ္ဌ ဟေတူ အဋ္ဌ ပစ္စယာ အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တန္တိ။ ကတမေ အဋ္ဌ? ဣဓာဝုသော, ဘိက္ခု သတ္ထာရံ [သတ္ထာရံ ဝါ (သျာ။ က။)] ဥပနိဿာယ ဝိဟရတိ အညတရံ ဝါ ဂရုဋ္ဌာနိယံ သဗြဟ္မစာရိံ, ယတ္ထဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ပေမဉ္စ ဂါရဝေါ စ။ အယံ ပဌမော ဟေတု ပဌမော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ။ ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘တံ ခေါ ပန သတ္ထာရံ ဥပနိဿာယ ဝိဟရတိ အညတရံ ဝါ ဂရုဋ္ဌာနိယံ သဗြဟ္မစာရိံ, ယတ္ထဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ပေမဉ္စ ဂါရဝေါ စ။ တေ ကာလေန ကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ ပရိပဉှတိ – ‘ဣဒံ, ဘန္တေ, ကထံ? ဣမဿ ကော အတ္ထော’တိ? တဿ တေ အာယသ္မန္တော အဝိဝဋဉ္စေဝ ဝိဝရန္တိ, အနုတ္တာနီကတဉ္စ ဥတ္တာနီ [အနုတ္တာနိကတဉ္စ ဥတ္တာနိံ (က။)] ကရောန္တိ, အနေကဝိဟိတေသု စ ကင်္ခါဋ္ဌာနိယေသု ဓမ္မေသု ကင်္ခံ ပဋိဝိနောဒေန္တိ။ အယံ ဒုတိယော ဟေတု ဒုတိယော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ, ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘တံ ခေါ ပန ဓမ္မံ သုတွာ ဒွယေန ဝူပကာသေန သမ္ပာဒေတိ – ကာယဝူပကာသေန စ စိတ္တဝူပကာသေန စ။ အယံ တတိယော ဟေတု တတိယော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ အယံ စတုတ္ထော ဟေတု စတုတ္ထော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ, တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ အယံ ပဉ္စမော ဟေတု ပဉ္စမော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ အယံ ဆဋ္ဌော ဟေတု ဆဋ္ဌော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သတိမာ ဟောတိ ပရမေန သတိနေပက္ကေန သမန္နာဂတော။ စိရကတမ္ပိ စိရဘာသိတမ္ပိ သရိတာ အနုဿရိတာ။ အယံ သတ္တမော ဟေတု သတ္တမော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပဉ္စသု ဥပါဒါနက္ခန္ဓေသု, ဥဒယဗ္ဗယာနုပဿီ ဝိဟရတိ – ‘ဣတိ ရူပံ ဣတိ ရူပဿ သမုဒယော ဣတိ ရူပဿ အတ္ထင်္ဂမော၊ ဣတိ ဝေဒနာ ဣတိ ဝေဒနာယ သမုဒယော ဣတိ ဝေဒနာယ အတ္ထင်္ဂမော၊ ဣတိ သညာ ဣတိ သညာယ သမုဒယော ဣတိ သညာယ အတ္ထင်္ဂမော၊ ဣတိ သင်္ခါရာ ဣတိ သင်္ခါရာနံ သမုဒယော ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော၊ ဣတိ ဝိညာဏံ ဣတိ ဝိညာဏဿ သမုဒယော ဣတိ ဝိညာဏဿ အတ္ထင်္ဂမော’တိ။ အယံ အဋ္ဌမော ဟေတု အဋ္ဌမော ပစ္စယော အာဒိဗြဟ္မစရိယိကာယ ပညာယ အပ္ပဋိလဒ္ဓါယ ပဋိလာဘာယ, ပဋိလဒ္ဓါယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တတိ။ ဣမေ အဋ္ဌ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဘာဝေတဗ္ဗာ? အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။ ဣမေ အဋ္ဌ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ပရိညေယျာ? အဋ္ဌ လောကဓမ္မာ – လာဘော စ, အလာဘော စ, ယသော စ, အယသော စ, နိန္ဒာ စ, ပသံသာ စ, သုခဉ္စ, ဒုက္ခဉ္စ။ ဣမေ အဋ္ဌ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ပဟာတဗ္ဗာ? အဋ္ဌ မိစ္ဆတ္တာ – မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပေါ, မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တော, မိစ္ဆာအာဇီဝေါ, မိစ္ဆာဝါယာမော, မိစ္ဆာသတိ, မိစ္ဆာသမာဓိ။ ဣမေ အဋ္ဌ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဟာနဘာဂိယာ? အဋ္ဌ ကုသီတဝတ္ထူနိ။ ဣဓာဝုသော, ဘိက္ခုနာ ကမ္မံ ကာတဗ္ဗံ ဟောတိ, တဿ ဧဝံ ဟောတိ – ‘ကမ္မံ ခေါ မေ ကာတဗ္ဗံ ဘဝိဿတိ, ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလမိဿတိ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ, န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ ပဌမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ ကမ္မံ ကတံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ကမ္မံ အကာသိံ, ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလန္တော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ, န ဝီရိယံ အာရဘတိ…ပေ… ဣဒံ ဒုတိယံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂန္တဗ္ဗော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘မဂ္ဂေါ ခေါ မေ ဂန္တဗ္ဗော ဘဝိဿတိ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလမိဿတိ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ, န ဝီရိယံ အာရဘတိ…ပေ… ဣဒံ တတိယံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ မဂ္ဂံ အဂမာသိံ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလန္တော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ, န ဝီရိယံ အာရဘတိ…ပေ… ဣဒံ စတုတ္ထံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော န လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော နာလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော ကိလန္တော အကမ္မညော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ…ပေ… ဣဒံ ပဉ္စမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော အလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော ဂရုကော အကမ္မညော, မာသာစိတံ မညေ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ…ပေ… ဣဒံ ဆဋ္ဌံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဥပ္ပန္နော ဟောတိ အပ္ပမတ္တကော အာဗာဓော, တဿ ဧဝံ ဟောတိ – ‘ဥပ္ပန္နော ခေါ မေ အယံ အပ္ပမတ္တကော အာဗာဓော အတ္ထိ ကပ္ပေါ နိပဇ္ဇိတုံ, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ…ပေ… ဣဒံ သတ္တမံ ကုသီတဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂိလာနာဝုဋ္ဌိတော ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂိလာနာဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ။ တဿ မေ ကာယော ဒုဗ္ဗလော အကမ္မညော, ဟန္ဒာဟံ နိပဇ္ဇာမီ’တိ။ သော နိပဇ္ဇတိ…ပေ… ဣဒံ အဋ္ဌမံ ကုသီတဝတ္ထု။ ဣမေ အဋ္ဌ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဝိသေသဘာဂိယာ? အဋ္ဌ အာရမ္ဘဝတ္ထူနိ။ ဣဓာဝုသော, ဘိက္ခုနာ ကမ္မံ ကာတဗ္ဗံ ဟောတိ, တဿ ဧဝံ ဟောတိ – ‘ကမ္မံ ခေါ မေ ကာတဗ္ဗံ ဘဝိဿတိ, ကမ္မံ ခေါ ပန မေ ကရောန္တေန န သုကရံ ဗုဒ္ဓါနံ သာသနံ မနသိကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’တိ။ သော ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ ပဌမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ ကမ္မံ ကတံ ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ကမ္မံ အကာသိံ, ကမ္မံ ခေါ ပနာဟံ ကရောန္တော နာသက္ခိံ ဗုဒ္ဓါနံ သာသနံ မနသိကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ ဒုတိယံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂန္တဗ္ဗော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘မဂ္ဂေါ ခေါ မေ ဂန္တဗ္ဗော ဘဝိဿတိ, မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တေန န သုကရံ ဗုဒ္ဓါနံ သာသနံ မနသိကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ တတိယံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနာ မဂ္ဂေါ ဂတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ မဂ္ဂံ အဂမာသိံ, မဂ္ဂံ ခေါ ပနာဟံ ဂစ္ဆန္တော နာသက္ခိံ ဗုဒ္ဓါနံ သာသနံ မနသိကာတုံ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ စတုတ္ထံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော န လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော နာလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ, တဿ မေ ကာယော လဟုကော ကမ္မညော, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ ပဉ္စမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော လဘတိ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော အလတ္ထံ လူခဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။ တဿ မေ ကာယော ဗလဝါ ကမ္မညော, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ ဆဋ္ဌံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခုနော ဥပ္ပန္နော ဟောတိ အပ္ပမတ္တကော အာဗာဓော။ တဿ ဧဝံ ဟောတိ – ‘ဥပ္ပန္နော ခေါ မေ အယံ အပ္ပမတ္တကော အာဗာဓော ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ မေ အာဗာဓော ပဝဍ္ဎေယျ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ…ပေ… ဣဒံ သတ္တမံ အာရမ္ဘဝတ္ထု။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဂိလာနာ ဝုဋ္ဌိတော ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ။ တဿ ဧဝံ ဟောတိ – ‘အဟံ ခေါ ဂိလာနာ ဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ, ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ မေ အာဗာဓော ပစ္စုဒါဝတ္တေယျ, ဟန္ဒာဟံ ဝီရိယံ အာရဘာမိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’တိ။ သော ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ ဣဒံ အဋ္ဌမံ အာရမ္ဘဝတ္ထု။ ဣမေ အဋ္ဌ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? အဋ္ဌ အက္ခဏာ အသမယာ ဗြဟ္မစရိယဝါသာယ။ ဣဓာဝုသော, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော။ အယဉ္စ ပုဂ္ဂလော နိရယံ ဥပပန္နော ဟောတိ။ အယံ ပဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ, အာဝုသော, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော, အယဉ္စ ပုဂ္ဂလော တိရစ္ဆာနယောနိံ ဥပပန္နော ဟောတိ။ အယံ ဒုတိယော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… ပေတ္တိဝိသယံ ဥပပန္နော ဟောတိ။ အယံ တတိယော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အညတရံ ဒီဃာယုကံ ဒေဝနိကာယံ ဥပပန္နော ဟောတိ။ အယံ စတုတ္ထော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… ပစ္စန္တိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ မိလက္ခေသု အဝိညာတာရေသု, ယတ္ထ နတ္ထိ ဂတိ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ။ အယံ ပဉ္စမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ, သော စ ဟောတိ မိစ္ဆာဒိဋ္ဌိကော ဝိပရီတဒဿနော – ‘နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော, နတ္ထိ မာတာ, နတ္ထိ ပိတာ, နတ္ထိ သတ္တာ ဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ အယံ ဆဋ္ဌော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ, သော စ ဟောတိ ဒုပ္ပညော ဇဠော ဧဠမူဂေါ, နပ္ပဋိဗလော သုဘာသိတဒုဗ္ဘာသိတာနမတ္ထမညာတုံ။ အယံ သတ္တမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

‘‘ပုန စပရံ…ပေ… အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ, သော စ ဟောတိ ပညဝါ အဇဠော အနေဠမူဂေါ, ပဋိဗလော သုဘာသိတဒုဗ္ဘာသိတာနမတ္ထမညာတုံ။ အယံ အဋ္ဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။ ဣမေ အဋ္ဌ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ အဋ္ဌ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? အဋ္ဌ မဟာပုရိသဝိတက္ကာ – အပ္ပိစ္ဆဿာယံ ဓမ္မော, နာယံ ဓမ္မော မဟိစ္ဆဿ။ သန္တုဋ္ဌဿာယံ ဓမ္မော, နာယံ ဓမ္မော အသန္တုဋ္ဌဿ။ ပဝိဝိတ္တဿာယံ ဓမ္မော, နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။ အာရဒ္ဓဝီရိယဿာယံ ဓမ္မော, နာယံ ဓမ္မော ကုသီတဿ။ ဥပဋ္ဌိတသတိဿာယံ ဓမ္မော, နာယံ ဓမ္မော မုဋ္ဌဿတိဿ။ သမာဟိတဿာယံ ဓမ္မော, နာယံ ဓမ္မော အသမာဟိတဿ။ ပညဝတော [ပညာဝတော (သီ။ ပီ။)] အယံ ဓမ္မော, နာယံ ဓမ္မော ဒုပ္ပညဿ။ နိပ္ပပဉ္စဿာယံ ဓမ္မော, နာယံ ဓမ္မော ပပဉ္စာရာမဿာတိ [နိပ္ပပဉ္စာရာမဿ အယံ ဓမ္မော နိပ္ပပဉ္စရတိနော, နာယံ ဓမ္မော ပပဉ္စာရာမဿ ပပဉ္စရတိနောတိ (သီ။ သျာ။ ပီ။) အင်္ဂုတ္တရေပိ တထေဝ ဒိဿတိ။ အဋ္ဌကထာဋီကာ ပန ဩလောကေတဗ္ဗာ] ဣမေ အဋ္ဌ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ အဋ္ဌ ဓမ္မာ အဘိညေယျာ? အဋ္ဌ အဘိဘာယတနာနိ – အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ။ ဣဒံ ပဌမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ – ဧဝံသညီ ဟောတိ။ ဣဒံ ဒုတိယံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ တတိယံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ စတုတ္ထံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ နီလာနိ နီလဝဏ္ဏာနိ နီလနိဒဿနာနိ နီလနိဘာသာနိ။ သေယျထာပိ နာမ ဥမာပုပ္ဖံ နီလံ နီလဝဏ္ဏံ နီလနိဒဿနံ နီလနိဘာသံ။ သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ နီလံ နီလဝဏ္ဏံ နီလနိဒဿနံ နီလနိဘာသံ, ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ နီလာနိ နီလဝဏ္ဏာနိ နီလနိဒဿနာနိ နီလနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ ပဉ္စမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပီတာနိ ပီတဝဏ္ဏာနိ ပီတနိဒဿနာနိ ပီတနိဘာသာနိ။ သေယျထာပိ နာမ ကဏိကာရပုပ္ဖံ ပီတံ ပီတဝဏ္ဏံ ပီတနိဒဿနံ ပီတနိဘာသံ။ သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏ- သေယျကံ ဥဘတောဘာဂဝိမဋ္ဌံ ပီတံ ပီတဝဏ္ဏံ ပီတနိဒဿနံ ပီတနိဘာသံ, ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပီတာနိ ပီတဝဏ္ဏာနိ ပီတနိဒဿနာနိ ပီတနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ ဆဋ္ဌံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ လောဟိတကာနိ လောဟိတကဝဏ္ဏာနိ လောဟိတကနိဒဿနာနိ လောဟိတကနိဘာသာနိ။ သေယျထာပိ နာမ ဗန္ဓုဇီဝကပုပ္ဖံ လောဟိတကံ လောဟိတကဝဏ္ဏံ လောဟိတကနိဒဿနံ လောဟိတကနိဘာသံ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ လောဟိတကံ လောဟိတကဝဏ္ဏံ လောဟိတကနိဒဿနံ လောဟိတကနိဘာသံ, ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ လောဟိတကာနိ လောဟိတကဝဏ္ဏာနိ လောဟိတကနိဒဿနာနိ လောဟိတကနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ သတ္တမံ အဘိဘာယတနံ။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ။ သေယျထာပိ နာမ ဩသဓိတာရကာ ဩဒါတာ ဩဒါတဝဏ္ဏာ ဩဒါတနိဒဿနာ ဩဒါတနိဘာသာ, သေယျထာ ဝါ ပန တံ ဝတ္ထံ ဗာရာဏသေယျကံ ဥဘတောဘာဂဝိမဋ္ဌံ ဩဒါတံ ဩဒါတဝဏ္ဏံ ဩဒါတနိဒဿနံ ဩဒါတနိဘာသံ, ဧဝမေဝ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ, ‘တာနိ အဘိဘုယျ ဇာနာမိ ပဿာမီ’တိ ဧဝံသညီ ဟောတိ။ ဣဒံ အဋ္ဌမံ အဘိဘာယတနံ။ ဣမေ အဋ္ဌ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ အဋ္ဌ ဓမ္မာ သစ္ဆိကာတဗ္ဗာ? အဋ္ဌ ဝိမောက္ခာ – ရူပီ ရူပါနိ ပဿတိ။ အယံ ပဌမော ဝိမောက္ခော။

‘‘အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ။ အယံ ဒုတိယော ဝိမောက္ခော။

‘‘သုဘန္တေဝ အဓိမုတ္တော ဟောတိ။ အယံ တတိယော ဝိမောက္ခော။

‘‘သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ စတုတ္ထော ဝိမောက္ခော။

‘‘သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ပဉ္စမော ဝိမောက္ခော။

‘‘သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဆဋ္ဌော ဝိမောက္ခော။

‘‘သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ သတ္တမော ဝိမောက္ခော။

‘‘သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ အဋ္ဌမော ဝိမောက္ခော။ ဣမေ အဋ္ဌ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ အသီတိ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၈။ ရှစ်ပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ရှစ်ပါးသောတရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရှစ်ပါးသော အကြောင်းအထောက်အပံ့တို့သည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံ စေခြင်းငှါ ဖြစ်ကုန်၏။ ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ရှက် ကြောက်အပ်သော မြတ်နိုးရိုသေအပ်သော ဆရာကိုလည်းကောင်း၊ အလေးပြုအပ်သော တစ်ယောက် ယောက်သော သီတင်းသုံးဖော်ကိုလည်းကောင်း မှီ၍ နေ၏၊ ရိုသေခြင်းကိုလည်း ဖြစ်စေ၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိ ပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော ရှေးဦးစွာသော အကြောင်းအထောက်အပံ့တည်း။ (၁) ရှက်ကြောက်အပ်သော မြတ်နိုးရိုသေအပ်သော ဆရာကိုလည်းကောင်း၊ အလေးပြုအပ်သော တစ်ယောက်ယောက်သော သီတင်းသုံးဖော်ကိုလည်းကောင်း မှီ၍နေသော ထိုအကြောင်းကြောင့် ထိုပုဂ္ဂိုလ် တို့သို့ ရံဖန်ရံခါ ချဥ်းကပ်၍ “အသျှင်ဘုရား ဤအရာသည် အသို့နည်း၊ ဤပါဠိ၏ အနက်သည် အဘယ် နည်း”ဟု အဖန်ဖန် မေး၏၊ အဖန်ဖန် စိစစ်၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် ဖုံးကွယ်သော အရာ ကိုလည်း ဖွင့်ပြကုန်၏၊ တိမ်မြုပ်သော အရာကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များစွာသော ယုံမှားဖွယ် တရားတို့၌လည်း ယုံမှားကို ဖျောက်ကုန်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါး များစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော နှစ်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၂) ထိုတရားကို ကြားနာရ၍ ကိုယ်၏ ငြိမ်းခြင်း စိတ်၏ ငြိမ်းခြင်းဟူသော ငြိမ်းခြင်းနှင့် ပြည့်စုံ၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော သုံးခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၃) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကို စောင့်စည်း၍ နေ၏၊ ကောင်းသော အကျင့် ကောင်းသော ကျက်စားရာနှင့် ပြည့်စုံ၏၊ အနည်းငယ်သော အပြစ်တို့၌ ဘေးဟု ရှုလျက်နေ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစ ဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့် ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော လေးခုမြောက် အကြောင်းအထောက် အပံ့ တည်း။ (၄) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် အကြားအမြင်များ၏၊ သင်ပြီးသည်ကို ဆောင်နိုင်၏၊ သင်ပြီးသည်ကို သိုမှီးသိမ်းဆည်းနိုင်၏၊ ထိုသို့သဘောရှိသော ရဟန်းသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော အနက်နှင့်တကွကုန်သော သဒ္ဒါနှင့်တကွကုန်သော အလုံးစုံ ပြည့်စုံခြင်းရှိသော ဖြူစင်သော အကျင့်မြတ် (သာသနာတော်) ကို ကြေညာကုန်သော တရားတို့ကို များစွာ ကြားနာသင်ယူအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် အဖန်ဖန် လေ့လာ သရဇ္ဈာယ်အပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့် ထိုးထွင်းသိအပ်ကုန်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာ ဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ငါးခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၅) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အားထုတ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ကြံ့ခိုင်သော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ မချသော ဝန်ရှိ၏။ ဤကား မြတ်သော အကျင့်၏ အစဖြစ်သော မရ သေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်း ငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ခြောက်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၆) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ မြတ်သော သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ ကြာမြင့်စွာက ပြုပြီးသော အမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့် ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ခုနစ်ခုမြောက် အကြောင်းအထောက်အပံ့ တည်း။ (၇) တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန် ရှု၍ နေ၏၊ “ဤကား ရုပ်တည်း၊ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ၏ ချုပ်ရာတည်း၊ ဤကား သညာတည်း၊ ဤကား သညာ၏ ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ ချုပ်ရာတည်း၊ ဤကား သင်္ခါရတည်း၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရ၏ ချုပ်ရာတည်း၊ ဤကား ဝိညာဏ် တည်း၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်း”ဟု (ရှု၍ နေ၏)။ ဤကား မြတ်သော အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိ ပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ,ပြည့်စုံစေခြင်းငှါ ဖြစ်သော ရှစ်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ ဤရှစ်ပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (၈) (ခ) ပွါးများအပ်ကုန်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မြတ်သော မဂ္ဂင်ရှစ်ပါး တို့တည်း။ ဤမဂ္ဂင်ရှစ်ပါးတို့သည် အဘယ်တို့နည်း။ မှန်သော သိခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သော ပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်သော အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့တည်း။ ဤတရားရှစ်ပါးတို့ကို ပွါးများအပ် ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ လောကဓံတရား ရှစ်ပါးတို့တည်း။ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အကျော်အစောများခြင်း၊ အကျော်အစောနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့တည်း။ ဤရှစ်ပါးသောတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မှားသော သဘောတရား ရှစ်ပါးတို့တည်း။ မှားသော သိမြင်ခြင်း၊ မှားသော ကြံခြင်း၊ မှားသော ပြောဆိုခြင်း၊ မှားသော ပြုလုပ် ခြင်း၊ မှားသော အသက်မွေးခြင်း၊ မှားသော အားထုတ်ခြင်း၊ မှားသော အောက်မေ့ခြင်း၊ မှားသော တည်ကြည်ခြင်းတို့တည်း။ ဤရှစ်ပါးသောတရားတို့ကို ပယ်အပ်ကုန်၏။ (င) ဆုတ်ယုတ်သော အဖို့ရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ပျင်းရိခြင်း အကြောင်းရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စပြုသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှေးဦးစွာသော ပျင်းရိခြင်း အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့သော စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စပြုပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား နှစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦး အံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား သုံးခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ် အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ် ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား လေးခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘော ဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ် စေ။ပ။ ဤကား ငါးခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလို ရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထို ငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကိုပြုရန် မခံ့၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခြောက်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခုနစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုကိစ္စကို ပြုရန်မခံ့၊ အိပ်ခြင်းငှါ လျှောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ရှစ်ခုမြောက်သော ပျင်းရိ ခြင်းအကြောင်းတည်း။ ဤရှစ်ပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ အားထုတ်ခြင်းအ ကြောင်း ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသောတရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်း ငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှေးဦးစွာသော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့သော စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာ ဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်ခဲ့၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား နှစ်ခုမြောက်သော အားထုတ်ခြင်း၏ အ ကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား သုံးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို့နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား လေးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ် ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ အမှုကိစ္စကို ပြုရန်ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ငါးခု မြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ်ကို အလိုရှိတိုင်း ပြည့်စုံအောင်ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဥ် ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စကိုပြုရန် ခံ့၏၊ ယခု ငါ သည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခြောက်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်း အား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ငါ၏ အနာသည် တိုး ပွါးရာသော အကြောင်းရှိ၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခုနစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏။ အနာမှ ထ၍ မကြာသေး၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ငါ့အား အနာရောဂါသည် ပြန်ဖြစ်ရာသော အကြောင်းရှိ၏၊ ယခု ငါသည် မရောက်ရသေးသော တရားသို့ ရောက် ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ အားထုတ်အံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ဤတရားရှစ်ပါးတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ‘အက္ခဏ’ ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက် စေတတ်သော ဘုရားတို့သည်သာ ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း ငရဲဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှေးဦးစွာသော အက္ခဏတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော ဘုရားတို့သည်သာ့ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း တိရ စ္ဆာန်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော နှစ်ခုမြောက်သော အက္ခဏ တည်း။ တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ပြိတ္တာဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော သုံးခုမြောက်သော အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော လေးခုမြောက်သော အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့ ဖြစ်ရာမဟုတ်သော သစ္စာလေးပါးကို မသိနိုင်ကုန်သော ပစ္စ န္တရစ် ဇနပုဒ်အရပ် လူရိုင်းတို့အတွင်း၌ မွေးဖွား၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ငါးခု မြောက်သော အက္ခဏတည်း။ တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ မွေးဖွားသော်လည်း မှားသော အယူရှိ၏၊ ဖောက်ပြန်သော အယူရှိ၏၊ “ပေးလှူ ခြင်း (၏ အကျိုး) သည် မရှိ၊ ယဇ်ပူဇော်ခြင်း (၏ အကျိုး) သည် မရှိ၊ဟုန်းဟုခေါ်သော ပူဇော်မှုငယ်မျိုး (၏ အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံတို့၏ အကျိုးရင်း အကျိုးဆက်မည်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောက သည် မရှိ၊ အမိကို လုပ်ကျွေးခြင်း၏ အကျိုးသည် မရှိ၊ အဖကို လုပ်ကျွေးခြင်း၏ အကျိုးသည် မရှိ၊ သေ၍ တဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်း ကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော, အညီအညွတ် ကောင်းစွာ ကျင့်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားသော အယူရှိ၏၊ ဖောက်ပြန်သော အယူရှိ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခြောက်ခုမြောက်သော အက္ခဏ တည်း။ တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသတို့ ၌ မွေးဖွား၏၊ ပညာ မရှိ၊ စိတ်ဖောက်ပြန်နေသူ ဖြစ်၏၊ ဆွံ့အနေသူ ဖြစ်၏၊ ကောင်းသောတရား မကောင်းသော တရားတို့၏ အနက်သဘောကို သိခြင်းငှါ မစွမ်းနိုင်။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခုနစ်ခုမြောက်သော အက္ခဏတည်း။ ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မမူ၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မမူ။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသ ဇနပုဒ်တို့ ၌ မွေးဖွား၏၊ ပညာရှိ၏၊ စိတ်မဖောက်ပြန်သူ ဖြစ်၏၊ မဆွံ့အသူ ဖြစ်၏၊ ကောင်းသောတရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ စွမ်းနိုင်၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှစ်ခုမြောက်သော အက္ခဏတည်း။ ဤရှစ်ပါးသောတရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ယောကျာ်းမြတ်တို့ အကျင့် ရှစ်ပါးတို့တည်း။ ဤအကျင့်သည် အလိုနည်းသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် အလိုကြီးသော သူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် ရောင့်ရဲလွယ်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် မရောင့် ရဲလွယ်သော သူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် အပေါင်းအဖော်၌ မွေ့လျော်သောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် အားထုတ်ခြင့်းဝီရိယရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် ပျင်းရိသောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် ထင်သောသတိရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် သတိလွတ်သောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် တည်ကြည်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် မတည်ကြည်သောသူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် ပညာရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် ပညာမဲ့သောသူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် သံသရာကို မချဲ့သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် သံသရာချဲ့သော သူ၏ အကျင့်မဟုတ်။ ဤရှစ်ပါးသောတရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ရှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆန့်ကျင် ဘက် တရားနှင့် အာရုံတို့ကို လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်ရှစ်ပါးတို့တည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဌမ အဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဒုတိယ အဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး ၍ (ငါ)သိသည် (ငါ)မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား တတိယ အဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား စတုတ္ထ အဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသောအောင်မဲညိုပန်း၂ကဲ့သို့လည်းကောင်း၊ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဉ္စမ အဘိဘာယတန ဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော မဟာလှေကားပန်းကဲ့သို့ လည်းကောင်း၊ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်း ရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင် ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ)မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဆဋ္ဌအဘိဘာယတနဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသောမိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည်၊ (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား သတ္တမ အဘိဘာယတနဈာန်ပေတည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသောသောက်ရှူးကြယ်ကဲ့သို့လည်းကောင်း ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့ သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပ သန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ ဤရှစ်ပါးသောတရားတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော ရှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ လွတ်လပ်ခြင်း ‘ဝိမောက္ခ’ရှစ်ပါးတို့တည်း။ (မိမိသန္တာန်၌) ကသိုဏ်းရုပ် ဈာန်ရှိသည်ဖြစ်၍ (ပြင်ပသန္တာန်၌လည်း) (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ဤကား ပဌမဝိမောက္ခပေတည်း။ မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခပေတည်း။ တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤကား တတိယဝိမောက္ခပေတည်း။ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား စတုတ္ထဝိမောက္ခပေတည်း။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဥ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခပေတည်း။ ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခပေတည်း။ အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်)သို့ ရောက် ၍ နေ၏၊ ဤကား သတ္တမဝိမောက္ခပေတည်း။ နေဝသညာနာသညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓ သမာပတ် ’သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခပေတည်း။ ဤရှစ်ပါးသောတရားတို့ကို မျက် မှောက်ပြုအပ်ကုန်၏။ ဤသို့ ရှစ်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ ၁။ ဤနေရာ၌ ပါဠိတွင် ပေလျာလရှိသည်။ သင်္ဂီတိသုတ် ၂၂၀-နဝမအက္ခဏ ပါဠိတော်နှင့်အညီ ပြန်ဆိုသည်။ ၂။ ဤအရာ၌ ဥမာပုပ္ဖပုဒ်၏ အနက်ကို အောက်မဲညိုပန်းထက်သာ၍ ညိုသော နှမ်းကြတ်ပန်းဟု အဘိဓာန်နိသျသစ်၌ ဆို၏။ တရားကိုးပါးစု

Eight things are helpful, etc. <b>What eight things are helpful?</b> There are eight causes and reasons that lead to acquiring the wisdom fundamental to the spiritual life, and to its increase, growth, development, and fulfillment once it has been acquired. What eight? It’s when a mendicant lives relying on the Teacher or a spiritual companion in a teacher’s role. And they set up a keen sense of conscience and prudence for them, with warmth and respect. This is the first cause. When a mendicant lives relying on the Teacher or a spiritual companion in a teacher’s role—with a keen sense of conscience and prudence for them, with warmth and respect—from time to time they go and ask them questions: ‘Why, sir, does it say this? What does that mean?’ Those venerables clarify what is unclear, reveal what is obscure, and dispel doubt regarding the many doubtful matters. This is the second cause. After hearing that teaching they perfect withdrawal of both body and mind. This is the third cause. Furthermore, a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is the fourth cause. Furthermore, a mendicant is very learned, remembering and keeping what they’ve learned. These teachings are good in the beginning, good in the middle, and good in the end, meaningful and well-phrased, describing a spiritual practice that’s entirely full and pure. They are very learned in such teachings, remembering them, rehearsing them, mentally scrutinizing them, and penetrating them theoretically. This is the fifth cause. Furthermore, a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. This is the sixth cause. Furthermore, a mendicant is mindful. They have utmost mindfulness and alertness, and can remember and recall what was said and done long ago. This is the seventh cause. Furthermore, a mendicant meditates observing rise and fall in the five grasping aggregates. ‘Such is form, such is the origin of form, such is the disappearance of form. Such is feeling, such is the origin of feeling, such is the disappearance of feeling. Such is perception, such is the origin of perception, such is the disappearance of perception. Such are choices, such is the origin of choices, such is the disappearance of choices. Such is consciousness, such is the origin of consciousness, such is the disappearance of consciousness.’ This is the eighth cause. <b>What eight things should be developed?</b> The noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. <b>What eight things should be completely understood?</b> Eight worldly conditions: gain and loss, fame and disgrace, blame and praise, pleasure and pain. <b>What eight things should be given up?</b> Eight wrong ways: wrong view, wrong purpose, wrong speech, wrong action, wrong livelihood, wrong effort, wrong mindfulness, and wrong immersion. <b>What eight things make things worse?</b> Eight grounds for laziness. Firstly, a mendicant has some work to do. They think: ‘I have some work to do. But while doing it my body will get tired. I’d better have a lie down.’ They lie down, and don’t rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the first ground for laziness. Furthermore, a mendicant has done some work. They think: ‘I’ve done some work. But while working my body got tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the second ground for laziness. Furthermore, a mendicant has to go on a journey. They think: ‘I have to go on a journey. But while walking my body will get tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the third ground for laziness. Furthermore, a mendicant has gone on a journey. They think: ‘I’ve gone on a journey. But while walking my body got tired. I’d better have a lie down.’ They lie down, and don’t rouse energy … This is the fourth ground for laziness. Furthermore, a mendicant has wandered for alms, but they didn’t get to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, but I didn’t get to fill up on as much food as I like, coarse or fine. My body is tired and unfit for work. I’d better have a lie down.’… This is the fifth ground for laziness. Furthermore, a mendicant has wandered for alms, and they got to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, and I got to fill up on as much food as I like, coarse or fine. My body is heavy, unfit for work, like I’ve just eaten a load of beans. I’d better have a lie down.’… They lie down, and don’t rouse energy … This is the sixth ground for laziness. Furthermore, a mendicant feels a little sick. They think: ‘I feel a little sick. Lying down would be good for me. I’d better have a lie down.’ They lie down, and don’t rouse energy … This is the seventh ground for laziness. Furthermore, a mendicant has recently recovered from illness. They think: ‘I’ve recently recovered from illness. My body is weak and unfit for work. I’d better have a lie down.’ They lie down, and don’t rouse energy … This is the eighth ground for laziness. <b>What eight things lead to distinction?</b> Eight grounds for arousing energy. Firstly, a mendicant has some work to do. They think: ‘I have some work to do. While working it’s not easy to focus on the instructions of the Buddhas. I’d better preemptively rouse up energy for attaining the unattained, achieving the unachieved, and realizing the unrealized.’ They rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the first ground for arousing energy. Furthermore, a mendicant has done some work. They think: ‘I’ve done some work. While I was working I wasn’t able to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’… This is the second ground for arousing energy. Furthermore, a mendicant has to go on a journey. They think: ‘I have to go on a journey. While walking it’s not easy to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’… This is the third ground for arousing energy. Furthermore, a mendicant has gone on a journey. They think: ‘I’ve gone on a journey. While I was walking I wasn’t able to focus on the instructions of the Buddhas. I’d better preemptively rouse up energy.’… This is the fourth ground for arousing energy. Furthermore, a mendicant has wandered for alms, but they didn’t get to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, but I didn’t get to fill up on as much food as I like, coarse or fine. My body is light and fit for work. I’d better preemptively rouse up energy.’… This is the fifth ground for arousing energy. Furthermore, a mendicant has wandered for alms, and they got to fill up on as much food as they like, coarse or fine. They think: ‘I’ve wandered for alms, and I got to fill up on as much food as I like, coarse or fine. My body is strong and fit for work. I’d better preemptively rouse up energy.’… This is the sixth ground for arousing energy. Furthermore, a mendicant feels a little sick. They think: ‘I feel a little sick. It’s possible this illness will worsen. I’d better preemptively rouse up energy.’… This is the seventh ground for arousing energy. Furthermore, a mendicant has recently recovered from illness. They think: ‘I’ve recently recovered from illness. It’s possible the illness will come back. I’d better preemptively rouse up energy for attaining the unattained, achieving the unachieved, and realizing the unrealized.’ They rouse energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is the eighth ground for arousing energy. <b>What eight things are hard to comprehend?</b> Eight lost opportunities for spiritual practice. Firstly, a Realized One has arisen in the world. He teaches the Dhamma leading to peace, extinguishment, awakening, as proclaimed by the Holy One. But that individual has been reborn in hell. This is the first lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in the animal realm. This is the second lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in the ghost realm. This is the third lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in one of the long-lived orders of gods. This is the fourth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … But that individual has been reborn in the borderlands, among uneducated foreigners, where monks, nuns, laymen, and laywomen do not go. This is the fifth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … And an individual is reborn in a central country. But they have wrong view and distorted perspective: ‘There’s no meaning in giving, sacrifice, or offerings. There’s no fruit or result of good and bad deeds. There’s no afterlife. There’s no such thing as mother and father, or beings that are reborn spontaneously. And there’s no ascetic or brahmin who is rightly comported and rightly practiced, and who describes the afterlife after realizing it with their own insight.’ This is the sixth lost opportunity for spiritual practice. Furthermore, a Realized One has arisen in the world … And an individual is reborn in a central country. But they’re witless, dull, idiotic, and unable to distinguish what is well said from what is poorly said. This is the seventh lost opportunity for spiritual practice. Furthermore, a Realized One has not arisen in the world … so there is no teaching of the Dhamma leading to peace, extinguishment, awakening, as proclaimed by the Holy One. But an individual is reborn in a central country. And they’re wise, bright, clever, and able to distinguish what is well said from what is poorly said. This is the eighth lost opportunity for spiritual practice. <b>What eight things should be produced?</b> Eight thoughts of a great man. ‘This teaching is for those of few wishes, not those of many wishes. It’s for the contented, not those who lack contentment. It’s for the secluded, not those who enjoy company. It’s for the energetic, not the lazy. It’s for the mindful, not the unmindful. It’s for those with immersion, not those without immersion. It’s for the wise, not the witless. This teaching is for those who don’t enjoy proliferating, not for those who enjoy proliferating.’ <b>What eight things should be directly known?</b> Eight dimensions of mastery. Perceiving form internally, someone sees forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the first dimension of mastery. Perceiving form internally, someone sees forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the second dimension of mastery. Not perceiving form internally, someone sees forms externally, limited, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the third dimension of mastery. Not perceiving form internally, someone sees forms externally, limitless, both pretty and ugly. Mastering them, they perceive: ‘I know and see.’ This is the fourth dimension of mastery. Not perceiving form internally, someone sees forms externally that are blue, with blue color and blue appearance. They’re like a flax flower that’s blue, with blue color and blue appearance. Or a cloth from Varanasi that’s smoothed on both sides, blue, with blue color and blue appearance. Mastering them, they perceive: ‘I know and see.’ This is the fifth dimension of mastery. Not perceiving form internally, someone sees forms externally that are yellow, with yellow color and yellow appearance. They’re like a champak flower that’s yellow, with yellow color and yellow appearance. Or a cloth from Varanasi that’s smoothed on both sides, yellow, with yellow color and yellow appearance. Mastering them, they perceive: ‘I know and see.’ This is the sixth dimension of mastery. Not perceiving form internally, someone sees forms externally that are red, with red color and red appearance. They’re like a scarlet mallow flower that’s red, with red color and red appearance. Or a cloth from Varanasi that’s smoothed on both sides, red, with red color and red appearance. Mastering them, they perceive: ‘I know and see.’ This is the seventh dimension of mastery. Not perceiving form internally, someone sees forms externally that are white, with white color and white appearance. They’re like the morning star that’s white, with white color and white appearance. Or a cloth from Varanasi that’s smoothed on both sides, white, with white color and white appearance. Mastering them, they perceive: ‘I know and see.’ This is the eighth dimension of mastery. <b>What eight things should be realized?</b> Eight liberations. Having physical form, they see forms. This is the first liberation. Not perceiving physical form internally, someone see forms externally. This is the second liberation. They’re focused only on beauty. This is the third liberation. Going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space. This is the fourth liberation. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. This is the fifth liberation. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. This is the sixth liberation. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. This is the seventh liberation. Going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling. This is the eighth liberation. So these eighty things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 9. Groups of Nine

နဝ ဓမ္မာ

၃၅၉။ ‘‘နဝ ဓမ္မာ ဗဟုကာရာ…ပေ… နဝ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ နဝ ဓမ္မာ ဗဟုကာရာ? နဝ ယောနိသောမနသိကာရမူလကာ ဓမ္မာ, ယောနိသောမနသိကရောတော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ, သမာဟိတေ စိတ္တေ ယထာဘူတံ ဇာနာတိ ပဿတိ, ယထာဘူတံ ဇာနံ ပဿံ နိဗ္ဗိန္ဒတိ, နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ, ဝိရာဂါ ဝိမုစ္စတိ။ ဣမေ နဝ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ နဝ ဓမ္မာ ဘာဝေတဗ္ဗာ? နဝ ပါရိသုဒ္ဓိပဓာနိယင်္ဂါနိ – သီလဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, စိတ္တဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ဒိဋ္ဌိဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ကင်္ခါဝိတရဏဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, မဂ္ဂါမဂ္ဂဉာဏဒဿန – ဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ဉာဏဒဿနဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ပညာဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ, ဝိမုတ္တိဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ။ ဣမေ နဝ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ နဝ ဓမ္မာ ပရိညေယျာ? နဝ သတ္တာဝါသာ – သန္တာဝုသော, သတ္တာ နာနတ္တကာယာ နာနတ္တသညိနော, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ နာနတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ။ အယံ ဒုတိယော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ နာနတ္တသညိနော, သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ တတိယော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ ဧကတ္တကာယာ ဧကတ္တသညိနော, သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ စတုတ္ထော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ အသညိနော အပ္ပဋိသံဝေဒိနော, သေယျထာပိ ဒေဝါ အသညသတ္တာ။ အယံ ပဉ္စမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂါ။ အယံ ဆဋ္ဌော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနူပဂါ။ အယံ သတ္တမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနူပဂါ။ အယံ အဋ္ဌမော သတ္တာဝါသော။

‘‘သန္တာဝုသော, သတ္တာ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနူပဂါ။ အယံ နဝမော သတ္တာဝါသော။ ဣမေ နဝ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ နဝ ဓမ္မာ ပဟာတဗ္ဗာ? နဝ တဏှာမူလကာ ဓမ္မာ – တဏှံ ပဋိစ္စ ပရိယေသနာ, ပရိယေသနံ ပဋိစ္စ လာဘော, လာဘံ ပဋိစ္စ ဝိနိစ္ဆယော, ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ, ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ, အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော, ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံ, မစ္ဆရိယံ ပဋိစ္စ အာရက္ခော, အာရက္ခာဓိကရဏံ [အာရက္ခာဓိကရဏံ ပဋိစ္စ (သျာ။ ပီ။ က။)] ဒဏ္ဍာဒါနသတ္ထာဒါနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒါ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။ ဣမေ နဝ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ နဝ ဓမ္မာ ဟာနဘာဂိယာ? နဝ အာဃာတဝတ္ထူနိ – ‘အနတ္ထံ မေ အစရီ’တိ အာဃာတံ ဗန္ဓတိ, ‘အနတ္ထံ မေ စရတီ’တိ အာဃာတံ ဗန္ဓတိ, ‘အနတ္ထံ မေ စရိဿတီ’တိ အာဃာတံ ဗန္ဓတိ၊ ‘ပိယဿ မေ မနာပဿ အနတ္ထံ အစရီ’တိ အာဃာတံ ဗန္ဓတိ…ပေ… ‘အနတ္ထံ စရတီ’တိ အာဃာတံ ဗန္ဓတိ…ပေ… ‘အနတ္ထံ စရိဿတီ’တိ အာဃာတံ ဗန္ဓတိ၊ ‘အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရီ’တိ အာဃာတံ ဗန္ဓတိ…ပေ… ‘အတ္ထံ စရတီ’တိ အာဃာတံ ဗန္ဓတိ…ပေ… ‘အတ္ထံ စရိဿတီ’တိ အာဃာတံ ဗန္ဓတိ။ ဣမေ နဝ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ နဝ ဓမ္မာ ဝိသေသဘာဂိယာ? နဝ အာဃာတပဋိဝိနယာ – ‘အနတ္ထံ မေ အစရိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အနတ္ထံ မေ စရတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အနတ္ထံ မေ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘ပိယဿ မေ မနာပဿ အနတ္ထံ အစရိ…ပေ… အနတ္ထံ စရတိ…ပေ… အနတ္ထံ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ၊ ‘အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရိ…ပေ… အတ္ထံ စရတိ…ပေ… အတ္ထံ စရိဿတိ, တံ ကုတေတ္ထ လဗ္ဘာ’တိ အာဃာတံ ပဋိဝိနေတိ။ ဣမေ နဝ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ နဝ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? နဝ နာနတ္တာ – ဓာတုနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဖဿနာနတ္တံ, ဖဿနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝေဒနာနာနတ္တံ, ဝေဒနာနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ သညာနာနတ္တံ, သညာနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ သင်္ကပ္ပနာနတ္တံ, သင်္ကပ္ပနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဆန္ဒနာနတ္တံ, ဆန္ဒနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ပရိဠာဟနာနတ္တံ, ပရိဠာဟနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ပရိယေသနာနာနတ္တံ, ပရိယေသနာနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ လာဘနာနတ္တံ။ ဣမေ နဝ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ နဝ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? နဝ သညာ – အသုဘသညာ, မရဏသညာ, အာဟာရေပဋိကူလသညာ, သဗ္ဗလောကေအနဘိရတိသညာ [အနဘိရတသညာ (သျာ။ က။)], အနိစ္စသညာ, အနိစ္စေ ဒုက္ခသညာ, ဒုက္ခေ အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာ။ ဣမေ နဝ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ နဝ ဓမ္မာ အဘိညေယျာ? နဝ အနုပုဗ္ဗဝိဟာရာ – ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ…ပေ… ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ …ပေ… တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ…ပေ… အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဣမေ နဝ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ နဝ ဓမ္မာ သစ္ဆိကာတဗ္ဗာ? နဝ အနုပုဗ္ဗနိရောဓာ – ပဌမံ ဈာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ, ဒုတိယံ ဈာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ, တတိယံ ဈာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ, စတုတ္ထံ ဈာနံ သမာပန္နဿ အဿာသပဿာဿာ နိရုဒ္ဓါ ဟောန္တိ, အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ, ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ, အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ, နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာ နိရုဒ္ဓါ ဟောတိ, သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။ ဣမေ နဝ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ နဝုတိ ဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ။

၃၅၉။ ကိုးပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ကိုးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိကုန်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အသင့်အား ဖြင့် နှလုံးသွင်းခြင်း အကြောင်းရင်းရှိသော တရားကိုးပါးတို့တည်း။ အသင့်အားဖြင့် နှလုံးသွင်းသော သူအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဝမ်းမြောက်ခြင်းရှိသော သူအား နှစ်သိမ့်ခြင်းသည် ဖြစ်၏။ နှစ် သိမ့်သော စိတ်ရှိသူ၏ နာမ်ရုပ် အပေါင်းသည် ငြိမ်းချမ်း၏။ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော သူသည် ချမ်းသာကို ခံစား၏။ ချမ်းသာ သုခရှိသောသူ၏ စိတ်သည် တည်ကြည်၏။ စိတ်တည်ကြည် သည်ရှိသော်ဟုတ်မှန်သောအတိုင်း သိ၏ မြင်၏။ဟုတ်မှန်သောအတိုင်း သိသည် မြင်သည်ရှိသော် ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် စွဲမက်ခြင်း ကင်း၏။ စွဲမက်ခြင်း ကင်းခြင်းကြောင့် ကိလေသာတို့မှ လွတ်၏။ ဤကိုးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (ခ) ပွါးများအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါကိုးပါးတို့တည်း။ သီလစင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ စိတ်စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ ပညာ၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်း အင်္ဂါ၊ ယုံမှားခြင်းကို ဖျောက်နိုင်သောဉာဏ်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာန ဖြစ်သော အကြောင်းအင်္ဂါ၊ မဂ်ဟုတ် မဟုတ်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ မဂ်ရကြောင်း အကျင့်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သောအကြောင်း အင်္ဂါ၊ ဝိပဿနာ ဉာဏ်အမြင်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ အရဟတ္တဖိုလ် ဉာဏ် ပညာ၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ အရဟတ္တဖိုလ်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါတို့တည်း။ ဤကိုးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ သတ္တဝါတို့၏ နေရာကိုးပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ - အချို့သောနတ် အချို့သော ဝိနိပါတိက နှင့် လူတို့ပင်တည်း။ ဤကား ရှေးဦးစွာသော သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ - ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ - အာဘဿရာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက့်သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိ ကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ - သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား လေးခု မြောက် သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ သညာမရှိသော အာရုံကို ခံစားခြင်းမရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါ တို့နည်းဟူမူ - အသညသတ်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား ငါးခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန ဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ခြောက်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု ပွါး များခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခုနစ်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ရှစ်ခုမြောက် သတ္တဝါ တို့၏ နေရာတည်း။ ငါ့သျှင်တို့ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ကိုးခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ဤကိုးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာအကြောင်းရင်းရှိသော ကိုးပါးသော တရားတို့တည်း။ တပ်မက်ခြင်းတဏှာကို စွဲ၍ ရှာမှီးခြင်း ဖြစ်၏။ ရှာမှီးခြင်းကို စွဲ၍ ရရှိ ခြင်း ဖြစ်၏။ ရရှိခြင်းကို စွဲ၍ ဆုံးဖြတ်ခြင်း ဖြစ်၏။ ဆုံးဖြတ်ခြင်းကို စွဲ၍ လိုချင်စွဲမက်ခြင်း ‘ဆန္ဒ ရာဂ’ ဖြစ်၏။ လိုချင်စွဲမက်ခြင်း ‘ဆန္ဒရာဂ’ကို စွဲ၍ အလွန်အားကြီးသော စွဲမက်ခြင်း ရာဂ ဖြစ်၏။ အလွန် အားကြီးသော စွဲမက်ခြင်း ရာဂကို စွဲ၍ သိမ်းဆည်းခြင်း ဖြစ်၏။ သိမ်းဆည်းခြင်းကို စွဲ၍ ဝန်တိုခြင်း ဖြစ်၏။ ဝန်တိုခြင်းကို စွဲ၍ စောင့်ရှောက်ခြင်း ဖြစ်၏။ စောင့်ရှောက်ခြင်းအကြောင်းကို စွဲ၍ ဥစ္စာဒဏ် ယူ ခြင်း ဓားလက်နက်ကိုင်ခြင်း ငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်ပြောခြင်း ‘နင် နင် ’ဟုဆိုခြင်း ကုန်း တိုက်ခြင်း မဟုတ်မမှန်ပြောခြင်း ဟူသော များစွာသော ယုတ်မာသော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤကိုးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ခိုက်ရန်ဖြစ်ခြင်း အ ကြောင်း ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ဖူးသည်”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြု နေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ “ ငါ ချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ “ငါ မချစ်ခင် မနှစ်သက်အပ်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ ဤတရားကိုးပါးတို့သည် ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ရန်ငြိုးပြေကြောင့်းကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင် အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ “ငါ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုး မဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ “ငါ မချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုး ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ ဤကိုးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ထူးသည့်အဖြစ်ကို ပြုတတ်သော တရားကိုးပါးတို့တည်း။ ဓာတ်ထူးခြင်းကို စွဲ၍ ဖဿထူးခြင်း ဖြစ်၏။ ဖဿထူးခြင်းကို စွဲ၍ ဝေဒနာထူးခြင်း ဖြစ်၏။ ဝေဒနာထူးခြင်းကို စွဲ၍ ကာမသညာ စသည် ထူးခြင်း ဖြစ်၏။ ကာမသညာ စသည် ထူးခြင်းကို စွဲ၍ အကြံထူးခြင်း ဖြစ်၏။ အကြံထူးခြင်းကို စွဲ၍ လိုချင်ခြင်း ဆန္ဒထူးခြင်း ဖြစ်၏။ လိုချင်ခြင်း ဆန္ဒထူးခြင်းကို စွဲ၍ ပူလောင်ခြင်းထူးခြင်း ဖြစ်၏။ ပူလောင်ခြင်းထူးခြင်းကို စွဲ၍ ရှာမှီးခြင်း ထူးခြင်း ဖြစ်၏။ ရှာမှီးခြင်း ထူးခြင်းကို စွဲ၍ ရခြင်းထူးခြင်း ဖြစ်၏။ ရခြင်းထူးခြင်းကို စွဲ၍ မှတ်ထင်မှု ထူးခြင်း ဖြစ်၏။ ဤကိုးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (ဇ) ဖြစ်စေအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ကိုးပါးသော သညာတို့ တည်း။ မတင့်တယ် ဟူသော အမှတ်သညာ၊ သေခြင်း ဟူသော အမှတ်သညာ၊ အစာအာဟာရ၌ စက်ဆုပ် ဖွယ်ဟူသော အမှတ်သညာ၊ အလုံးစုံသော လောက၌ မွေ့လျော်ဖွယ်မရှိ ဟူသော အမှတ်သညာ၊ မမြဲ ဟူသော အမှတ်သညာ၊ မမြဲသော ‘အနိစ္စ’ တရား၌ ဆင်းရဲ၏ ဟူသော အမှတ်သညာ၊ ဆင်းရဲ ‘ဒုက္ခ’ တရား၌ အနတ္တဟူသော အမှတ်သညာ၊ ပယ်ခြင်း ဟူသော အမှတ်သညာ၊ တပ်ခြင်းကင်းသော အမှတ် သညာတို့တည်း။ ဤကိုးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အစဥ် အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက် ’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်း သာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရုပ်သညာတို့ကို လုံးဝ လွန်မြောက်ခြင်းကြောင့်။ပ။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတန ဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝ သညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန် မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၍ နေ၏။ ဤကိုးပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အစဥ်အတိုင်း ချုပ်ခြင့်းကိုးပါးတို့တည်း။ ပဌမဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏၊ ဒုတိယဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက် ဝိစာရတို့သည် ချုပ်ကုန်၏၊ တတိယဈာန် ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’သည်ချုပ်၏၊ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက် ဝင်သက်တို့သည် ချုပ်ကုန်၏၊ အာကာသာနဉ္စာယတန ဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာသည် ချုပ်၏၊ ဝိညာဏဉ္စာယတန ဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာသည် ချုပ်၏၊ အာကိဉ္စညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ နေဝသညာနာသညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏၊ သညာဝေဒနာတို့ ချုပ်သော နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်အား သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ချုပ်၏။ ဤကိုးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤကိုးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။ တရားဆယ်ပါးစု

Nine things are helpful, etc. <b>What nine things are helpful?</b> Nine things rooted in rational application of mind. When you apply the mind rationally, joy springs up. When you’re joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, you feel bliss. And when you’re blissful, the mind becomes immersed. When your mind is immersed, you truly know and see. When you truly know and see, you grow disillusioned. Being disillusioned, desire fades away. When desire fades away you’re freed. <b>What nine things should be developed?</b> Nine factors of trying to be pure. The factors of trying to be pure in ethics, mind, view, overcoming doubt, knowledge and vision of what is the path and what is not the path, knowledge and vision of the practice, knowledge and vision, wisdom, and freedom. <b>What nine things should be completely understood?</b> Nine abodes of sentient beings. There are sentient beings that are diverse in body and diverse in perception, such as human beings, some gods, and some beings in the underworld. This is the first abode of sentient beings. There are sentient beings that are diverse in body and unified in perception, such as the gods reborn in the Divinity’s host through the first absorption. This is the second abode of sentient beings. There are sentient beings that are unified in body and diverse in perception, such as the gods of sublime luminosity. This is the third abode of sentient beings. There are sentient beings that are unified in body and unified in perception, such as the gods of universal beauty. This is the fourth abode of sentient beings. There are sentient beings that are non-percipient and do not experience anything, such as the gods who are non-percipient beings. This is the fifth abode of sentient beings. There are sentient beings that have gone totally beyond perceptions of form. With the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they have been reborn in the dimension of infinite space. This is the sixth abode of sentient beings. There are sentient beings that have gone totally beyond the dimension of infinite space. Aware that ‘consciousness is infinite’, they have been reborn in the dimension of infinite consciousness. This is the seventh abode of sentient beings. There are sentient beings that have gone totally beyond the dimension of infinite consciousness. Aware that ‘there is nothing at all’, they have been reborn in the dimension of nothingness. This is the eighth abode of sentient beings. There are sentient beings that have gone totally beyond the dimension of nothingness. They have been reborn in the dimension of neither perception nor non-perception. This is the ninth abode of sentient beings. <b>What nine things should be given up?</b> Nine things rooted in craving. Craving gives rise to searching. Searching gives rise to gaining material things. Gaining material things gives rise to evaluation. Evaluation gives rise to desire and lust. Desire and lust gives rise to attachment. Attachment gives rise to ownership. Ownership gives rise to stinginess. Stinginess gives rise to safeguarding. Owing to safeguarding, many bad, unskillful things come to be: taking up the rod and the sword, quarrels, arguments, disputes, accusations, backbiting, and lies. <b>What nine things make things worse?</b> Nine grounds for resentment. Thinking: ‘They did wrong to me,’ you harbor resentment. Thinking: ‘They are doing wrong to me’ … ‘They will do wrong to me’ … ‘They did wrong by someone I love’ … ‘They are doing wrong by someone I love’ … ‘They will do wrong by someone I love’ … ‘They helped someone I dislike’ … ‘They are helping someone I dislike’ … Thinking: ‘They will help someone I dislike,’ you harbor resentment. <b>What nine things lead to distinction?</b> Nine ways to get rid of resentment. Thinking: ‘They did wrong to me, but what can I possibly do?’ you get rid of resentment. Thinking: ‘They are doing wrong to me …’ … ‘They will do wrong to me …’ … ‘They did wrong by someone I love …’ … ‘They are doing wrong by someone I love …’ … ‘They will do wrong by someone I love …’ … ‘They helped someone I dislike …’ … ‘They are helping someone I dislike …’ … Thinking: ‘They will help someone I dislike, but what can I possibly do?’ you get rid of resentment. <b>What nine things are hard to comprehend?</b> Nine kinds of diversity. Diversity of elements gives rise to diversity of contacts. Diversity of contacts gives rise to diversity of feelings. Diversity of feelings gives rise to diversity of perceptions. Diversity of perceptions gives rise to diversity of thoughts. Diversity of thoughts gives rise to diversity of desires. Diversity of desires gives rise to diversity of passions. Diversity of passions gives rise to diversity of searches. Diversity of searches gives rise to diversity of gains. <b>What nine things should be produced?</b> Nine perceptions: the perceptions of ugliness, death, repulsiveness in food, dissatisfaction with the whole world, impermanence, suffering in impermanence, not-self in suffering, giving up, and fading away. <b>What nine things should be directly known?</b> Nine progressive meditations. A mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … third absorption … fourth absorption. Going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. Going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling. <b>What nine things should be realized?</b> Nine progressive cessations. For someone who has attained the first absorption, sensual perceptions have ceased. For someone who has attained the second absorption, the placing of the mind and keeping it connected have ceased. For someone who has attained the third absorption, rapture has ceased. For someone who has attained the fourth absorption, breathing has ceased. For someone who has attained the dimension of infinite space, the perception of form has ceased. For someone who has attained the dimension of infinite consciousness, the perception of the dimension of infinite space has ceased. For someone who has attained the dimension of nothingness, the perception of the dimension of infinite consciousness has ceased. For someone who has attained the dimension of neither perception nor non-perception, the perception of the dimension of nothingness has ceased. For someone who has attained the cessation of perception and feeling, perception and feeling have ceased. So these ninety things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One. 10. Groups of Ten

ဒသ ဓမ္မာ

၃၆၀။ ‘‘ဒသ ဓမ္မာ ဗဟုကာရာ…ပေ… ဒသ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

(က) ‘‘ကတမေ ဒသ ဓမ္မာ ဗဟုကာရာ? ဒသ နာထကရဏာဓမ္မာ – ဣဓာဝုသော, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ သိက္ခာပဒေသု, ယံပါဝုသော, ဘိက္ခု သီလဝါ ဟောတိ…ပေ… သိက္ခတိ သိက္ခာပဒေသု။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဗဟုဿုတော …ပေ… ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ, ယံပါဝုသော, ဘိက္ခု ဗဟုဿုတော…ပေ… အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ကလျာဏမိတ္တော ဟောတိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ ယံပါဝုသော, ဘိက္ခု…ပေ… ကလျာဏသမ္ပဝင်္ကော။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သုဝစော ဟောတိ သောဝစဿကရဏေဟိ ဓမ္မေဟိ သမန္နာဂတော, ခမော ပဒက္ခိဏဂ္ဂါဟီ အနုသာသနိံ။ ယံပါဝုသော, ဘိက္ခု…ပေ… အနုသာသနိံ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ယာနိ တာနိ သဗြဟ္မစာရီနံ ဥစ္စာဝစာနိ ကိံကရဏီယာနိ တတ္ထ ဒက္ခော ဟောတိ အနလသော တတြုပါယာယ ဝီမံသာယ သမန္နာဂတော, အလံ ကာတုံ, အလံ သံဝိဓာတုံ။ ယံပါဝုသော, ဘိက္ခု…ပေ… အလံ သံဝိဓာတုံ။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဓမ္မကာမော ဟောတိ ပိယသမုဒါဟာရော အဘိဓမ္မေ အဘိဝိနယေ ဥဠာရပါမောဇ္ဇော။ ယံပါဝုသော, ဘိက္ခု…ပေ… ဥဠာရပါမောဇ္ဇော။ အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သန္တုဋ္ဌော ဟောတိ ဣတရီတရေဟိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေဟိ။ ယံပါဝုသော, ဘိက္ခု …ပေ… အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ…ပေ… ကုသလေသု ဓမ္မေသု။ ယံပါဝုသော, ဘိက္ခု…ပေ… အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သတိမာ ဟောတိ, ပရမေန သတိနေပက္ကေန သမန္နာဂတော, စိရကတမ္ပိ စိရဘာသိတမ္ပိ သရိတာ အနုဿရိတာ။ ယံပါဝုသော, ဘိက္ခု…ပေ… အယမ္ပိ ဓမ္မော နာထကရဏော။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော, အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ယံပါဝုသော, ဘိက္ခု…ပေ… အယမ္ပိ ဓမ္မော နာထကရဏော။ ဣမေ ဒသ ဓမ္မာ ဗဟုကာရာ။

(ခ) ‘‘ကတမေ ဒသ ဓမ္မာ ဘာဝေတဗ္ဗာ? ဒသ ကသိဏာယတနာနိ – ပထဝီကသိဏမေကော သဉ္ဇာနာတိ ဥဒ္ဓံ အဓော တိရိယံ အဒွယံ အပ္ပမာဏံ။ အာပေါကသိဏမေကော သဉ္ဇာနာတိ…ပေ… တေဇောကသိဏမေကော သဉ္ဇာနာတိ… ဝါယောကသိဏမေကော သဉ္ဇာနာတိ… နီလကသိဏမေကော သဉ္ဇာနာတိ… ပီတကသိဏမေကော သဉ္ဇာနာတိ… လောဟိတကသိဏမေကော သဉ္ဇာနာတိ… ဩဒါတကသိဏမေကော သဉ္ဇာနာတိ… အာကာသကသိဏမေကော သဉ္ဇာနာတိ… ဝိညာဏကသိဏမေကော သဉ္ဇာနာတိ ဥဒ္ဓံ အဓော တိရိယံ အဒွယံ အပ္ပမာဏံ။ ဣမေ ဒသ ဓမ္မာ ဘာဝေတဗ္ဗာ။

(ဂ) ‘‘ကတမေ ဒသ ဓမ္မာ ပရိညေယျာ? ဒသာယတနာနိ – စက္ခာယတနံ, ရူပါယတနံ, သောတာယတနံ, သဒ္ဒါယတနံ, ဃာနာယတနံ, ဂန္ဓာယတနံ, ဇိဝှါယတနံ, ရသာယတနံ, ကာယာယတနံ, ဖောဋ္ဌဗ္ဗာယတနံ။ ဣမေ ဒသ ဓမ္မာ ပရိညေယျာ။

(ဃ) ‘‘ကတမေ ဒသ ဓမ္မာ ပဟာတဗ္ဗာ? ဒသ မိစ္ဆတ္တာ – မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပေါ, မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တော, မိစ္ဆာအာဇီဝေါ, မိစ္ဆာဝါယာမော, မိစ္ဆာသတိ, မိစ္ဆာသမာဓိ, မိစ္ဆာဉာဏံ, မိစ္ဆာဝိမုတ္တိ။ ဣမေ ဒသ ဓမ္မာ ပဟာတဗ္ဗာ။

(င) ‘‘ကတမေ ဒသ ဓမ္မာ ဟာနဘာဂိယာ? ဒသ အကုသလကမ္မပထာ – ပါဏာတိပါတော, အဒိန္နာဒါနံ, ကာမေသုမိစ္ဆာစာရော, မုသာဝါဒေါ, ပိသုဏာ ဝါစာ, ဖရုသာ ဝါစာ, သမ္ဖပ္ပလာပေါ, အဘိဇ္ဈာ, ဗျာပါဒေါ, မိစ္ဆာဒိဋ္ဌိ။ ဣမေ ဒသ ဓမ္မာ ဟာနဘာဂိယာ။

(စ) ‘‘ကတမေ ဒသ ဓမ္မာ ဝိသေသဘာဂိယာ? ဒသ ကုသလကမ္မပထာ – ပါဏာတိပါတာ ဝေရမဏီ, အဒိန္နာဒါနာ ဝေရမဏီ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီ, မုသာဝါဒါ ဝေရမဏီ, ပိသုဏာယ ဝါစာယ ဝေရမဏီ, ဖရုသာယ ဝါစာယ ဝေရမဏီ, သမ္ဖပ္ပလာပါ ဝေရမဏီ, အနဘိဇ္ဈာ, အဗျာပါဒေါ, သမ္မာဒိဋ္ဌိ။ ဣမေ ဒသ ဓမ္မာ ဝိသေသဘာဂိယာ။

(ဆ) ‘‘ကတမေ ဒသ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ? ဒသ အရိယဝါသာ – ဣဓာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ, ဆဠင်္ဂသမန္နာဂတော, ဧကာရက္ခော, စတုရာပဿေနော, ပဏုန္နပစ္စေကသစ္စော, သမဝယသဋ္ဌေသနော, အနာဝိလသင်္ကပ္ပေါ, ပဿဒ္ဓကာယသင်္ခါရော, သုဝိမုတ္တစိတ္တော, သုဝိမုတ္တပညော။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမစ္ဆန္ဒော ပဟီနော ဟောတိ, ဗျာပါဒေါ ပဟီနော ဟောတိ, ထိနမိဒ္ဓံ ပဟီနံ ဟောတိ, ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ, ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဉ္စင်္ဂဝိပ္ပဟီနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ဆဠင်္ဂသမန္နာဂတော ဟောတိ? ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ နေဝ သုမနော ဟောတိ န ဒုမ္မနော, ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ဆဠင်္ဂသမန္နာဂတော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ဧကာရက္ခော ဟောတိ? ဣဓာဝုသော, ဘိက္ခု သတာရက္ခေန စေတသာ သမန္နာဂတော ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ဧကာရက္ခော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု စတုရာပဿေနော ဟောတိ? ဣဓာဝုသော, ဘိက္ခု သင်္ခါယေကံ ပဋိသေဝတိ, သင်္ခါယေကံ အဓိဝါသေတိ, သင်္ခါယေကံ ပရိဝဇ္ဇေတိ, သင်္ခါယေကံ ဝိနောဒေတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု စတုရာပဿေနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဏုန္နပစ္စေကသစ္စော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ယာနိ တာနိ ပုထုသမဏဗြာဟ္မဏာနံ ပုထုပစ္စေကသစ္စာနိ, သဗ္ဗာနိ တာနိ နုန္နာနိ ဟောန္တိ ပဏုန္နာနိ စတ္တာနိ ဝန္တာနိ မုတ္တာနိ ပဟီနာနိ ပဋိနိဿဋ္ဌာနိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဏုန္နပစ္စေကသစ္စော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သမဝယသဋ္ဌေသနော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမေသနာ ပဟီနာ ဟောတိ, ဘဝေသနာ ပဟီနာ ဟောတိ, ဗြဟ္မစရိယေသနာ ပဋိပ္ပဿဒ္ဓါ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သမဝယသဋ္ဌေသနော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု အနာဝိလသင်္ကပ္ပါ ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ကာမသင်္ကပ္ပေါ ပဟီနော ဟောတိ, ဗျာပါဒသင်္ကပ္ပေါ ပဟီနော ဟောတိ, ဝိဟိံသာသင်္ကပ္ပေါ ပဟီနော ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု အနာဝိလသင်္ကပ္ပေါ ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု ပဿဒ္ဓကာယသင်္ခါရော ဟောတိ? ဣဓာဝုသော, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု ပဿဒ္ဓကာယသင်္ခါရော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သုဝိမုတ္တစိတ္တော ဟောတိ? ဣဓာဝုသော, ဘိက္ခုနော ရာဂါ စိတ္တံ ဝိမုတ္တံ ဟောတိ, ဒေါသာ စိတ္တံ ဝိမုတ္တံ ဟောတိ, မောဟာ စိတ္တံ ဝိမုတ္တံ ဟောတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သုဝိမုတ္တစိတ္တော ဟောတိ။

‘‘ကထဉ္စာဝုသော, ဘိက္ခု သုဝိမုတ္တပညော ဟောတိ? ဣဓာဝုသော, ဘိက္ခု ‘ရာဂေါ မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ‘ဒေါသော မေ ပဟီနော…ပေ… အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ‘မောဟော မေ ပဟီနော …ပေ… အာယတိံ အနုပ္ပါဒဓမ္မော’တိ ပဇာနာတိ။ ဧဝံ ခေါ, အာဝုသော, ဘိက္ခု သုဝိမုတ္တပညော ဟောတိ။ ဣမေ ဒသ ဓမ္မာ ဒုပ္ပဋိဝိဇ္ဈာ။

(ဇ) ‘‘ကတမေ ဒသ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ? ဒသ သညာ – အသုဘသညာ, မရဏသညာ, အာဟာရေပဋိကူလသညာ, သဗ္ဗလောကေအနဘိရတိသညာ, အနိစ္စသညာ, အနိစ္စေ ဒုက္ခသညာ, ဒုက္ခေ အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာ, နိရောဓသညာ။ ဣမေ ဒသ ဓမ္မာ ဥပ္ပါဒေတဗ္ဗာ။

(ဈ) ‘‘ကတမေ ဒသ ဓမ္မာ အဘိညေယျာ? ဒသ နိဇ္ဇရဝတ္ထူနိ – သမ္မာဒိဋ္ဌိဿ မိစ္ဆာဒိဋ္ဌိ နိဇ္ဇိဏ္ဏာ ဟောတိ။ ယေ စ မိစ္ဆာဒိဋ္ဌိပစ္စယာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ, တေ စဿ နိဇ္ဇိဏ္ဏာ ဟောန္တိ။ သမ္မာသင်္ကပ္ပဿ မိစ္ဆာသင်္ကပ္ပေါ…ပေ… သမ္မာဝါစဿ မိစ္ဆာဝါစာ… သမ္မာကမ္မန္တဿ မိစ္ဆာကမ္မန္တော… သမ္မာအာဇီဝဿ မိစ္ဆာအာဇီဝေါ… သမ္မာဝါယာမဿ မိစ္ဆာဝါယာမော… သမ္မာသတိဿ မိစ္ဆာသတိ… သမ္မာသမာဓိဿ မိစ္ဆာသမာဓိ… သမ္မာဉာဏဿ မိစ္ဆာဉာဏံ နိဇ္ဇိဏ္ဏံ ဟောတိ။ သမ္မာဝိမုတ္တိဿ မိစ္ဆာဝိမုတ္တိ နိဇ္ဇိဏ္ဏာ ဟောတိ။ ယေ စ မိစ္ဆာဝိမုတ္တိပစ္စယာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ, တေ စဿ နိဇ္ဇိဏ္ဏာ ဟောန္တိ။ ဣမေ ဒသ ဓမ္မာ အဘိညေယျာ။

(ဉ) ‘‘ကတမေ ဒသ ဓမ္မာ သစ္ဆိကာတဗ္ဗာ? ဒသ အသေက္ခာ ဓမ္မာ – အသေက္ခာ သမ္မာဒိဋ္ဌိ, အသေက္ခော သမ္မာသင်္ကပ္ပေါ, အသေက္ခာ သမ္မာဝါစာ, အသေက္ခော သမ္မာကမ္မန္တော, အသေက္ခော သမ္မာအာဇီဝေါ, အသေက္ခော သမ္မာဝါယာမော, အသေက္ခာ သမ္မာသတိ, အသေက္ခော သမ္မာသမာဓိ, အသေက္ခံ သမ္မာဉာဏံ, အသေက္ခာ သမ္မာဝိမုတ္တိ။ ဣမေ ဒသ ဓမ္မာ သစ္ဆိကာတဗ္ဗာ။

‘‘ဣတိ ဣမေ သတဓမ္မာ ဘူတာ တစ္ဆာ တထာ အဝိတထာ အနညထာ သမ္မာ တထာဂတေန အဘိသမ္ဗုဒ္ဓါ’’တိ။ ဣဒမဝေါစာယသ္မာ သာရိပုတ္တော။ အတ္တမနာ တေ ဘိက္ခူ အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒုန္တိ။

ဒသုတ္တရသုတ္တံ နိဋ္ဌိတံ ဧကာဒသမံ။

ပါထိကဝဂ္ဂေါ [ပါဋိကဝဂ္ဂေါ (သီ။ သျာ။ ပီ။)] နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ပါထိကော စ [ပါဋိကဉ္စ (သျာ။ ကံ။)] ဥဒုမ္ဗရံ [ပါဋိကောဒုမ္ဗရီစေဝ (သီ။ ပီ။)], စက္ကဝတ္တိ အဂ္ဂညကံ၊

သမ္ပသာဒနပါသာဒံ [သမ္ပသာဒဉ္စ ပါသာဒံ (သီ။ သျာ။ ကံ။ ပီ။)], မဟာပုရိသလက္ခဏံ။

သိင်္ဂါလာဋာနာဋိယကံ, သင်္ဂီတိ စ ဒသုတ္တရံ၊

ဧကာဒသဟိ သုတ္တေဟိ, ပါထိကဝဂ္ဂေါတိ ဝုစ္စတိ။

ပါထိကဝဂ္ဂပါဠိ နိဋ္ဌိတာ။

၃၆၀။ ဆယ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ဆယ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (က) များသော ကျေးဇူးရှိကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မှီခိုရာပြု တတ်သော တရားဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ သာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’, ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်း ငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် များသော အကြားအမြင်ရှိ၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ များစွာသော အကြားအမြင် ရှိ၏။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၂) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ အဆွေ ခင်ပွန်းကောင်းတို့၌ ညွတ်သောစိတ် ရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၃) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ထိုဆိုဆုံးမလွယ်ခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့။ပ။ အဆုံးအမကို အရိုအသေခံယူတတ်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၄) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြု အပ်သော အယုတ် အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုထိုအကြောင်း၌ လိမ္မာသော ပညာနှင့် ပြည့်စုံ၏၊ ပြုခြင်းငှါ စွမ်းနိုင်၏၊ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၅) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်း ရှိ၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့။ပ။ များစွာ မြတ်နိုးခြင်း ရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၆) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး ဟူသော အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ ငါ့သျှင်တို့ ရဟန်းသည်။ပ။ အဆောက် အဦတို့ဖြင့် ရောင့်ရဲ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၇) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်၍နေ၏။ပ။ ကုသိုလ်တရားတို့၌။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၈) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သတိရှိ၏၊ လွန်မြတ်သော သတိ ပညာနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာ ပြုပြီးသော အလုပ်ကိုလည်းကောင်း ကြာမြင့်စွာ ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည် လည်း မှီခိုရာ ပြုတတ်သော တရားတည်း။ (၉) ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ဖြူစင်သော ကိလေသာကို ဖျက်ဆီးနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့် စုံ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ ဤတရားဆယ်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။ (၁၀) (ခ) ပွါးစေအပ်ကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကသိုဏ်းအာရုံ ဆယ်ပါးတို့တည်း။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခု မဟုတ်သော အပိုင်းအခြားမရှိသော ပထဝီကသိုဏ်းကို သိ၏၊ အချို့သော ရဟန်းသည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သော ရဟန်းသည် တေဇောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် နီလကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ပီတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဩဒါတ ကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အာကာသကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြားမရှိသော ဝိညာဏကသိုဏ်းကို သိ၏။ ဤဆယ်ပါးသော တရားတို့ကို ပွါးစေအပ်ကုန်၏။ (ဂ) ပိုင်းခြား၍ သိအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အာယတန ဆယ်ပါးတို့တည်း။ စက္ခုအာယတန၊ ရူပါရုံအာယတန၊ သောတအာယတန၊ သဒ္ဒါရုံအာယတန၊ ဃာန အာယတန၊ ဂန္ဓာရုံ အာယတန၊ ဇိဝှါအာယတန၊ ရသာရုံအာယတန၊ ကာယအာယတန၊ ဖောဋ္ဌဗ္ဗာရုံ အာယတန။ ဤဆယ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (ဃ) ပယ်အပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မှားသော အကျင့်ဆယ်ပါး တို့တည်း။ မှားသောအယူ၊ မှားသောအကြံ၊ မှားသောပြောဆိုမှု၊ မှားသောပြုလုပ်မှု၊ မှားသော အသက် မွေးမှု၊ မှားသောအားထုတ်မှု၊ မှားသောအောက်မေ့မှု၊ မှားသောတည်ကြည်မှု၊ မှားသောအသိဉာဏ်၊ မှားသောလွတ်မြောက်မှုတို့တည်း။ ဤဆယ်ပါးသော တရားတို့ကို ပယ်အပ်ကုန်၏။ (င) ယုတ်သော အဖို့ရှိသော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့တည်း။ သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကို ပြောခြင်း၊ ပြိန်ဖျင်းသောစကားကို ပြောခြင်း၊ လွန်စွာမက်မောခြင်း၊ ပျက်စီးစေလိုခြင်း၊ မှားသောအယူရှိခြင်းတို့ တည်း။ ဤဆယ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။ (စ) ထူးသော အဖို့ရှိသော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးတို့တည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင့်ကြဥ်ခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင် ကြဥ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဥ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဥ်ခြင်း၊ လွန်စွာ မမက်မောခြင်း၊ မပျက်စီးစေလိုခြင်း၊ မှန်သောအယူကို ယူခြင်းတို့တည်း။ ဤဆယ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။ (ဆ) ထိုးထွင်း၍ သိနိုင်ခဲကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မြတ်သော အကျင့် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ငါးပါးသောအင်္ဂါကို ပယ်ပြီး ဖြစ်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏၊ တစ်ခုသော စောင့်ရှောက်ခြင်းရှိ၏၊ လေးပါးသော မှီရာရှိ၏၊ အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏၊ အလုံးစုံသော ရှာမှီးခြင်းကို ပယ်ပြီးဖြစ်၏၊ ကြည်လင်သော အကြံရှိ၏၊ ငြိမ်းသော ကာယသင်္ခါရရှိ၏၊ ကိလေသာတို့မှ လွတ်သော စိတ်ရှိ၏၊ ကိလေသာတို့မှ လွတ်သော ပညာရှိ၏။ ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငါးပါးသောအင်္ဂါကို ပယ်ပြီးဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမစ္ဆန္ဒကို ပယ်ပြီးဖြစ်၏၊ ဒေါသကို ပယ်ပြီးဖြစ်၏၊ ထိုင်းမှိုင်းခြင်းကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်ခြင်း နောင်တပူပန်ခြင်းကို ပယ်ပြီးဖြစ်၏၊ ယုံမှားခြင်းကို ပယ်ပြီးဖြစ်၏။ ငါ့သျှင် တို့ ဤသို့လျှင် ရဟန်းသည် ငါးပါးသောအင်္ဂါကို ပယ်ပြီးဖြစ်၏။ (၁) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းလည်းမသာ ဝမ်းလည်း မနည်း၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း၊ သတိပညာနှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏။ (၂) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် တစ်ခုသော စောင့်ရှောက်ခြင်း ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သတိတည်းဟူသော အစောင့်အရှောက် စိတ်နှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် တစ်ခုသော စောင့်ရှောက်ခြင်း ရှိ၏။ (၃) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် လေးပါးသော မှီရာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဥ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် လေးပါးသော မှီရာရှိ၏။ (၄) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန် သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ များစွာသော အသီးအသီးသော အလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ကောင်းစွာ နုတ်အပ်ကုန်၏၊ စွန့်အပ် ကုန်၏၊ အန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏။ (၅) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ရှာမှီးခြင်းကို ပယ်အပ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်၏၊ မြတ်သောအကျင့် ရှာမှီးခြင်းကို ငြိမ်းစေအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အလုံးစုံသော ရှာမှီး ခြင်းကို စွန့်အပ်၏။ (၆) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကြည်လင်သော အကြံရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံခြင်းကို ပယ်အပ်၏၊ ပျက်စီးစေလိုခြင်း၌ ကြံခြင်းကို ပယ်အပ်၏၊ညှဥ်းဆဲခြင်း၌ ကြံခြင်းကို ပယ်အပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကြည်လင်သော အကြံရှိ၏။ (၇) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငြိမ်းသော ကာယသင်္ခါရရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံး မသာယာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ် လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငြိမ်းသော ကာယသင်္ခါရရှိ၏။ (၈) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော စိတ်ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း၏ စိတ်သည် စွဲမက်ခြင်း ‘ရာဂ’ မှ လွတ်၏၊ စိတ်သည် အမျက်ထွက်ခြင်း ‘ဒေါသ’ မှ လွတ်၏၊ စိတ်သည် တွေဝေခြင်း ‘မောဟ’ မှ လွတ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော စိတ်ရှှိိ၏။ (၉) ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော ပညာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် စွဲမက်ခြင်း ‘ရာဂ’ ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏၊ “ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်အပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏၊ “ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ။ပ။ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏။ ငါ့သျှင် တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော ပညာရှှိိ၏။ ဤဆယ်ပါးသော တရားတို့သည် ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၁၀) (ဇ) ဖြစ်စေအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အမှတ်သညာ ဆယ်ပါး တို့တည်း။ မတင့်တယ်ဟူသော အမှတ်သညာ၊ သေခြင်းဟူသော အမှတ်သညာ၊ အစာ၌ စက်ဆုပ်ဖွယ် ဟူသော အမှတ်သညာ၊ အလုံးစုံသော လောက၌ မမွေ့လျော်ဟူသော အမှတ်သညာ၊ မမြဲဟူသော အမှတ် သညာ၊ မမြဲခြင်း ‘အနိစ္စ’တရား၌ ဆင်းရဲခြင်းဟူသော အမှတ်သညာ၊ ဆင်းရဲခြင်း ‘ဒုက္ခ’တရား၌ အတ္တ မဟုတ်ဟူသော အမှတ်သညာ၊ ပယ်ခြင်းဟူသော အမှတ်သညာ၊ ရာဂကင်းခြင်းဟူသော အမှတ် သညာ၊ ရာဂချုပ်ခြင်းဟူသော အမှတ်သညာတို့တည်း။ ဤဆယ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။ (ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ပျက်စီး ခြင်းအကြောင်း ဆယ်ပါးတို့တည်း။ မှန်သော အယူရှိသူအား မှားသော မိစ္ဆာအယူသည် ပျက်စီး၏။ မှားသော မိစ္ဆာအယူဟူသော အကြောင်းကြောင့် အကြင် များစွာသော မကောင်းမှု အကုသိုလ်တရားတို့ သည် ဖြစ်ကုန်၏၊ ထိုတရားတို့သည် ထိုမှန်သော အယူရှိသူအား ပျက်စီးကုန်၏။ မှန်သော အကြံရှိသူ အား မှားသော အကြံသည်။ပ။ မှန်စွာပြောဆိုသူအား မှားသော စကားသည်။ပ။ မှန်သောအမှုကို ပြုသောသူအား မှားသောအမှုကို ပြုခြင်းသည်။ပ။ မှန်သော အသက်မွေးခြင်းရှိသူအား မှားသော အသက် မွေးခြင်းသည်။ပ။ မှန်သော အားထုတ်ခြင်းရှိသူအား မှားသော အားထုတ်ခြင်းသည်။ပ။ မှန်သော အောက် မေ့ခြင်း ‘သတိ’ ရှိသူအား မှားသော အောက်မေ့ခြင်း ‘သတိ’ သည်။ပ။ မှန်သော တည်ကြည်ခြင်း ‘သမာဓိ’ ရှိသူအား မှားသော တည်ကြည်ခြင်း ‘သမာဓိ’ သည်။ ပ။ မှန်သော အသိဉာဏ်ရှိသူအား မှားသော အသိ ဉာဏ်သည် ပျက်စီး၏။ မှန်သော လွတ်မြောက်ခြင်း ရှိသူအား မှားသော လွတ်မြောက်ခြင်းသည် ပျက်စီး၏၊ မှားသော လွတ်မြောက်ခြင်းဟူသော အကြောင်းကြောင့် အကြင်များစွာသော မကောင်းသော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုတရားတို့သည် ထိုမှန်သော လွတ်မြောက်ခြင်း ရှိသူအား ပျက်စီး ကုန်၏။ ဤဆယ်ပါးသော တရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။ (ည) မျက်မှောက်ပြုအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ရဟန္တာပုဂ္ဂိုလ်တို့၏ တရားဆယ်ပါးတို့တည်း။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သောအယူ၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အကြံအစည်၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော စကား၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အမှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသက်မွေးမှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အားထုတ်မှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အောက်မေ့ခြင်း ‘သတိ’၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော တည်ကြည်ခြင်း ‘သမာဓိ’၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသိဉာဏ်၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော ‘ဝိမုတ္တိ ’။ ဤဆယ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဤသို့ ဤတစ်ရာသော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟု (အသျှင်သာရိပုတြာသည် မိန့်ဆို၏)။ အသျှင်သာရိပုတြာသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ ဟောတော်မူအပ်သော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေသတည်း။ တစ်ဆယ့်တစ်ခုမြောက် ဒသုတ္တရသုတ် ပြီး၏။ ပါထိကဝဂ် ပြီးပြီ။ ထိုဝဂ်၏ အကျဥ်းချုပ် ၁။ ပါထိကသုတ်၊ ၆။ ပါသာဒိကသုတ်၊ ၂။ ဥဒုမ္ဗရိကသုတ်၊ ၇။ မဟာပုရိသလက္ခဏသုတ်၊ ၃။ စက္ကဝတ္တိသုတ်၊ ၈။ သိင်္ဂါလောဝါဒသုတ်၊ ၄။ အဂ္ဂညသုတ်၊ ၉။ အာဋာနာဋိယသုတ်၊ ၅။ သမ္ပသာဒနီယသုတ်၊ ၁၀။ သင်္ဂီတိသုတ်၊ ၁၁။ ဒသုတ္တရသုတ်။ ဤတစ်ဆယ့်တစ်သုတ်တို့ဖြင့် ဟောတော်မူအပ်သောကြောင့် ပါထိကဝဂ်ဟု ဆိုအပ်၏။ ပါထိကဝဂ်ပါဠိတော် မြန်မာပြန် ပြီး၏။ ဝဂ်သုံးခုတို့ဖြင့် တန်ဆာဆင်အပ်သော ဒီဃနိကာယ် အလုံးစုံ ပြီးပြီ။

Ten things are helpful, ten things should be developed, ten things should be completely understood, ten things should be given up, ten things make things worse, ten things lead to distinction, ten things are hard to comprehend, ten things should be produced, ten things should be directly known, ten things should be realized. <b>What ten things are helpful?</b> Ten qualities that serve as protector. First, a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is a quality that serves as protector. Furthermore, a mendicant is learned. This too is a quality that serves as protector. Furthermore, a mendicant has good friends, companions, and associates. This too is a quality that serves as protector. Furthermore, a mendicant is easy to admonish, having qualities that make them easy to admonish. They’re patient, and take instruction respectfully. This too is a quality that serves as protector. Furthermore, a mendicant is deft and tireless in a diverse spectrum of duties for their spiritual companions, understanding how to go about things in order to complete and organize the work. This too is a quality that serves as protector. Furthermore, a mendicant loves the teachings and is a delight to converse with, being full of joy in the teaching and training. This too is a quality that serves as protector. Furthermore, a mendicant is content with any kind of robes, almsfood, lodgings, and medicines and supplies for the sick. This too is a quality that serves as protector. Furthermore, a mendicant is energetic. This too is a quality that serves as protector. Furthermore, a mendicant is mindful. They have utmost mindfulness and alertness, and can remember and recall what was said and done long ago. This too is a quality that serves as protector. Furthermore, a mendicant is wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering. This too is a quality that serves as protector. <b>What ten things should be developed?</b> Ten universal dimensions of meditation. Someone perceives the meditation on universal earth above, below, across, undivided and limitless. They perceive the meditation on universal water … the meditation on universal fire … the meditation on universal air … the meditation on universal blue … the meditation on universal yellow … the meditation on universal red … the meditation on universal white … the meditation on universal space … They perceive the meditation on universal consciousness above, below, across, undivided and limitless. <b>What ten things should be completely understood?</b> Ten sense fields: eye and sights, ear and sounds, nose and smells, tongue and tastes, body and touches. <b>What ten things should be given up?</b> Ten wrong ways: wrong view, wrong purpose, wrong speech, wrong action, wrong livelihood, wrong effort, wrong mindfulness, wrong immersion, wrong knowledge, and wrong freedom. <b>What ten things make things worse?</b> Ten ways of doing unskillful deeds: killing living creatures, stealing, and sexual misconduct; speech that’s false, backbiting, harsh, or nonsensical; covetousness, ill will, and wrong view. <b>What ten things lead to distinction?</b> Ten ways of doing skillful deeds: refraining from killing living creatures, stealing, and sexual misconduct; refraining from speech that’s false, divisive, harsh, or nonsensical; contentment, good will, and right view. <b>What ten things are hard to comprehend?</b> Ten abodes of the noble ones. A mendicant has given up five factors, possesses six factors, has a single guard, has four supports, has cast aside idiosyncratic interpretations of the truth, has totally given up searching, has unsullied intentions, has stilled the physical process, and is well freed in mind and well freed by wisdom. And how has a mendicant given up five factors? It’s when a mendicant has given up sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. That’s how a mendicant has given up five factors. And how does a mendicant possess six factors? A mendicant, seeing a sight with their eyes, is neither happy nor sad. They remain equanimous, mindful and aware. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Knowing an idea with their mind, they’re neither happy nor sad. They remain equanimous, mindful and aware. That’s how a mendicant possesses six factors. And how does a mendicant have a single guard? It’s when a mendicant’s heart is guarded by mindfulness. That’s how a mendicant has a single guard. And how does a mendicant have four supports? After appraisal, a mendicant uses some things, endures some things, avoids some things, and dispels some things. That’s how a mendicant has four supports. And how has a mendicant cast aside idiosyncratic interpretations of the truth? Different ascetics and brahmins have different idiosyncratic interpretations of the truth. A mendicant has cast out, cast aside, thrown out, discarded, let go of, given up, and relinquished all these. That’s how a mendicant has cast aside idiosyncratic interpretations of the truth. And how has a mendicant totally given up searching? It’s when they’ve given up searching for sensual pleasures, for continued existence, and for a spiritual path. That’s how a mendicant has totally given up searching. And how does a mendicant have unsullied intentions? It’s when they’ve given up sensual, malicious, and cruel intentions. That’s how a mendicant has unsullied intentions. And how has a mendicant stilled the physical process? With the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. That’s how a mendicant has stilled the physical process. And how is a mendicant well freed in mind? It’s when a mendicant’s mind is freed from greed, hate, and delusion. That’s how a mendicant is well freed in mind. And how is a mendicant well freed by wisdom? It’s when a mendicant understands: ‘I’ve given up greed, hate, and delusion, cut them off at the root, made them like a palm stump, obliterated them, so they’re unable to arise in the future.’ That’s how a mendicant’s mind is well freed by wisdom. <b>What ten things should be produced?</b> Ten perceptions: the perceptions of ugliness, death, repulsiveness in food, dissatisfaction with the whole world, impermanence, suffering in impermanence, not-self in suffering, giving up, fading away, and cessation. <b>What ten things should be directly known?</b> Ten grounds for wearing away. For one of right view, wrong view is worn away. And the many bad, unskillful qualities that arise because of wrong view are worn away. For one of right intention, wrong intention is worn away. … For one of right speech, wrong speech is worn away. … For one of right action, wrong action is worn away. … For one of right livelihood, wrong livelihood is worn away. … For one of right effort, wrong effort is worn away. … For one of right mindfulness, wrong mindfulness is worn away. … For one of right immersion, wrong immersion is worn away. … For one of right knowledge, wrong knowledge is worn away. … For one of right freedom, wrong freedom is worn away. And the many bad, unskillful qualities that arise because of wrong freedom are worn away. <b>What ten things should be realized?</b> Ten qualities of an adept: an adept’s right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, right immersion, right knowledge, and right freedom. So these hundred things that are true, real, and accurate, not unreal, not otherwise were rightly understood by the Realized One.” That is what Venerable Sāriputta said. Satisfied, the mendicants approved what Sāriputta said. The Long Discourses are complete.

တီဟိ ဝဂ္ဂေဟိ ပဋိမဏ္ဍိတော သကလော

ဒီဃနိကာယော သမတ္တော။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 9. Āṭānāṭiyasuttaṃ (Suttapiṭaka, Dīghanikāya, Pāthikavaggapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#100
  2. Vipassana Research Institute. (n.d.). 10. Saṅgītisuttaṃ (Suttapiṭaka, Dīghanikāya, Pāthikavaggapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#101
  3. Vipassana Research Institute. (n.d.). 11. Dasuttarasuttaṃ (Suttapiṭaka, Dīghanikāya, Pāthikavaggapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#102