သီလက္ခန္ဓဝဂ္ဂပါဠိ မူလပါဠိတော်
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
‘‘သေယျထာပိ, ဘော ဂေါတမ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ ဗဟူနိ စေပိ နာနာမဂ္ဂါနိ ဘဝန္တိ, အထ ခေါ သဗ္ဗာနိ တာနိ ဂါမသမောသရဏာနိ ဘဝန္တိ၊ ဧဝမေဝ ခေါ, ဘော ဂေါတမ, ကိဉ္စာပိ ဗြာဟ္မဏာ နာနာမဂ္ဂေ ပညပေန္တိ, အဒ္ဓရိယာ ဗြာဟ္မဏာ တိတ္တိရိယာ ဗြာဟ္မဏာ ဆန္ဒောကာ ဗြာဟ္မဏာ ဗဝှါရိဇ္ဈာ ဗြာဟ္မဏာ, အထ ခေါ သဗ္ဗာနိ တာနိ နိယျာနိကာ နိယျန္တိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’တိ။
ဝါသေဋ္ဌမာဏဝါနုယောဂေါ
၅၂၅။ ‘‘နိယျန္တီတိ ဝါသေဋ္ဌ ဝဒေသိ’’? ‘‘နိယျန္တီတိ, ဘော ဂေါတမ, ဝဒါမိ’’။ ‘‘နိယျန္တီတိ, ဝါသေဋ္ဌ, ဝဒေသိ’’? ‘‘နိယျန္တီတိ, ဘော ဂေါတမ, ဝဒါမိ’’။ ‘‘နိယျန္တီတိ, ဝါသေဋ္ဌ, ဝဒေသိ’’? ‘‘နိယျန္တီ’’တိ, ဘော ဂေါတမ, ဝဒါမိ’’။
‘‘ကိံ ပန, ဝါသေဋ္ဌ, အတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
‘‘ကိံ ပန, ဝါသေဋ္ဌ, အတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကာစရိယောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
‘‘ကိံ ပန, ဝါသေဋ္ဌ, အတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကာစရိယပါစရိယောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
‘‘ကိံ ပန, ဝါသေဋ္ဌ, အတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ယာဝ သတ္တမာ အာစရိယာမဟယုဂါ [သတ္တမာစရိယမဟယုဂါ (သျာ။)] ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
၅၂၅။ ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။ “အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။ ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။ “အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။ ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။ “အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့တွင် ဗြဟ္မာကို မျက်ဝါးထင်ထင်မြင်ဖူးသော ပုဏ္ဏားတစ်ဦး တစ်ယောက်မျှသော်လည်း ရှိ၏လော။ “အသျှင်ဂေါတမ မရှိပါ”။ ဝါသေဋ္ဌ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့၏ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း ရှိ၏လော။ “အသျှင်ဂေါတမ မရှိပါ”။ ဝါသေဋ္ဌ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း ရှိ၏လော။ “အသျှင်ဂေါတမ မရှိပါ”။ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာခုနစ်ဆက်တိုင်အောင် ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသောဆရာ တစ်ဦး တစ်ယောက်မျှသော်လည်း ရှိ၏လော။ “အသျှင်ဂေါတမ မရှိပါ”။
“Do you say, ‘they lead someone’, Vāseṭṭha?” “I do, worthy Gotama.” “Do you say, ‘they lead someone’, Vāseṭṭha?” “I do, worthy Gotama.” “Do you say, ‘they lead someone’, Vāseṭṭha?” “I do, worthy Gotama.” “Well, of the brahmins who are proficient in the three Vedas, Vāseṭṭha, is there even a single one who has seen the Divinity with their own eyes?” “No, worthy Gotama.” “Well, has even a single one of their tutors seen the Divinity with their own eyes?” “No, worthy Gotama.” “Well, has even a single one of their tutors’ tutors seen the Divinity with their own eyes?” “No, worthy Gotama.” “Well, has anyone back to the seventh generation of tutors seen the Divinity with their own eyes?” “No, worthy Gotama.”
၅၂၆။ ‘‘ကိံ ပန, ဝါသေဋ္ဌ, ယေပိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ [သမီဟိတံ (သျာ။)], တဒနုဂါယန္တိ, တဒနုဘာသန္တိ, ဘာသိတမနုဘာသန္တိ, ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု။ တေပိ ဧဝမာဟံသု – ‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ, ယတ္ထ ဝါ ဗြဟ္မာ, ယေန ဝါ ဗြဟ္မာ, ယဟိံ ဝါ ဗြဟ္မာ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
၅၂၆။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို့စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကိုလိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်းလိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း။အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ ပြောကြားခဲ့ကုန်၏လော။ “အသျှင်ဂေါတမ မပြောကြားခဲ့ပါကုန်”။
“Well, what of the ancient seers of the brahmins proficient in the three Vedas, namely Aṭṭhaka, Vāmaka, Vāmadeva, Vessāmitta, Yamadaggi, Aṅgīrasa, Bhāradvāja, Vāseṭṭha, Kassapa, and Bhagu? They were the authors and propagators of the hymns. Their hymnal was sung and propagated and compiled in ancient times; and these days, brahmins continue to sing and chant it, chanting what was chanted and teaching what was taught. Did they say: ‘We know and see where the Divinity is or what way he lies’?” “No, worthy Gotama.”
၅၂၇။ ‘‘ဣတိ ကိရ, ဝါသေဋ္ဌ, နတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော။ နတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကာစရိယောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော။ နတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဧကာစရိယပါစရိယောပိ, ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော။ နတ္ထိ ကောစိ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ယာဝ သတ္တမာ အာစရိယာမဟယုဂါ ယေန ဗြဟ္မာ သက္ခိဒိဋ္ဌော။ ယေပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ, တဒနုဂါယန္တိ, တဒနုဘာသန္တိ, ဘာသိတမနုဘာသန္တိ, ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ န ဧဝမာဟံသု – ‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ, ယတ္ထ ဝါ ဗြဟ္မာ, ယေန ဝါ ဗြဟ္မာ, ယဟိံ ဝါ ဗြဟ္မာ’တိ။ တေဝ တေဝိဇ္ဇာ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ယံ န ဇာနာမ, ယံ န ပဿာမ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေမ။ အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော, နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’’တိ။
၅၂၇။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ပုဏ္ဏား တစ်ဦးတစ်ယောက်မျှသော်လည်း မရှိဟူ၍လည်းကောင်း၊ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း မရှိဟူ၍လည်းကောင်း၊ ဗြဟ္မာကိုမျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာ တစ်ဦးတစ်ယောက်မျှသော်လည်း မရှိချေဟူ၍လည်းကောင်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာခုနစ်ဆက်တိုင်အောင် ဗြဟ္မာကိုမျက်ဝါးထင်ထင် မြင်ဖူးသော ဆရာတစ်ဦး တစ်ယောက်မျှသော်လည်း မရှိချေဟူ၍လည်းကောင်း ဤသို့ဆို၏၊ (ထို့ပြင်) ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းကိုလိုက်၍ သီဆို ကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်းလိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း။အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ - “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုမသိ မမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ဆိုကုန်ဘိ၏။
“So it seems that none of those brahmins have seen the Divinity with their own eyes, and not even the ancient seers claimed to know where he is. Yet the brahmins proficient in the three Vedas say: ‘We teach the path to the company of that which we neither know nor see. This is the only straight path, the direct route that delivers one who applies it to the company of Divinity.’
၅၂၈။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
‘‘သာဓု, ဝါသေဋ္ဌ, တေ ဝတ [တေဝ (က။)], ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယံ န ဇာနန္တိ, ယံ န ပဿန္တိ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေဿန္တိ။ ‘အယမေဝ ဥဇုမဂ္ဂေါ, အယမဉ္ဇသာယနော နိယျာနိကော, နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၂၈။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့၏စကားသည် အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ် မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်း သောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။
What do you think, Vāseṭṭha? This being so, doesn’t their statement turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.” “Good, Vāseṭṭha. For it is impossible that they should teach the path to that which they neither know nor see.
၅၂၉။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, အန္ဓဝေဏိ ပရမ္ပရသံသတ္တာ ပုရိမောပိ န ပဿတိ, မဇ္ဈိမောပိ န ပဿတိ, ပစ္ဆိမောပိ န ပဿတိ။ ဧဝမေဝ ခေါ, ဝါသေဋ္ဌ, အန္ဓဝေဏူပမံ မညေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဘာသိတံ, ပုရိမောပိ န ပဿတိ, မဇ္ဈိမောပိ န ပဿတိ, ပစ္ဆိမောပိ န ပဿတိ။ တေသမိဒံ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဘာသိတံ ဟဿကညေဝ သမ္ပဇ္ဇတိ, နာမကညေဝ သမ္ပဇ္ဇတိ, ရိတ္တကညေဝ သမ္ပဇ္ဇတိ, တုစ္ဆကညေဝ သမ္ပဇ္ဇတိ။
၅၂၉။ ဝါသေဋ္ဌ အချင်းချင်း ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို့၏ အစဥ်အတန်းတွင် ရှေ့ဆုံးသူ့သည်လည်း မမြင်၊ အလယ်သူသည်လည်း မမြင်၊ နောက်ဆုံးသူသည်လည်း မမြင်သကဲ့သို့၊ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် ‘သူကန်းတို့၏ အစဥ်အတန်း’ နှင့် တူလှချေ၏တကား၊ ရှေ့ဆုံးသူသည်လည်း မမြင်၊ အလယ်သူသည်လည်း မမြင်၊ နောက်ဆုံးသူသည်လည်း မမြင်ချေတကား၊ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဤစကားသည် ရယ်ဖွယ်သာ ဖြစ်ချေ၏၊ အပြောမျှသာဖြစ်ချေ၏၊ အနက်မဲ့သာ ဖြစ်ချေ၏၊ အချည်းနှီးသာ ဖြစ်ချေ၏။
Suppose there was a queue of blind men, each holding the one in front: the first one does not see, the middle one does not see, and the last one does not see. In the same way, it seems to me that the brahmins’ statement turns out to be comparable to a queue of blind men: the first one does not see, the middle one does not see, and the last one does not see. Their statement turns out to be a joke—mere words, vacuous and hollow.
၅၃၀။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, ပဿန္တိ တေဝိဇ္ဇာ ဗြာဟ္မဏာ စန္ဒိမသူရိယေ, အညေ စာပိ ဗဟုဇနာ, ယတော စ စန္ဒိမသူရိယာ ဥဂ္ဂစ္ဆန္တိ, ယတ္ထ စ ဩဂစ္ဆန္တိ, အာယာစန္တိ ထောမယန္တိ ပဉ္ဇလိကာ နမဿမာနာ အနုပရိဝတ္တန္တီ’’တိ?
‘‘ဧဝံ, ဘော ဂေါတမ, ပဿန္တိ တေဝိဇ္ဇာ ဗြာဟ္မဏာ စန္ဒိမသူရိယေ, အညေ စာပိ ဗဟုဇနာ, ယတော စ စန္ဒိမသူရိယာ ဥဂ္ဂစ္ဆန္တိ, ယတ္ထ စ ဩဂစ္ဆန္တိ, အာယာစန္တိ ထောမယန္တိ ပဉ္ဇလိကာ နမဿမာနာ အနုပရိဝတ္တန္တီ’’တိ။
၅၃၀။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း လနှင့်နေတို့ကို မြင်ကြသည် မဟုတ်လော့၊ မြင်ကြသောကြောင့်ပင် လနှင့်နေတို့ ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြသည် မဟုတ်လော။ အသျှင်ဂေါတမမှန်ပါ၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း လနှင့်နေတို့ကို မြင်ကြပါ၏၊ မြင်ကြသောကြောင့်ပင် လနှင့်နေတို့ ထွက်လာရာ အရပ်ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြပါ၏။
What do you think, Vāseṭṭha? Do the brahmins proficient in the three Vedas see the sun and moon just as other folk do? And do they supplicate and entreat them, following their course from where they rise to where they set with cupped palms held in worship?” “Yes, worthy Gotama.”
၅၃၁။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, ယံ ပဿန္တိ တေဝိဇ္ဇာ ဗြာဟ္မဏာ စန္ဒိမသူရိယေ, အညေ စာပိ ဗဟုဇနာ, ယတော စ စန္ဒိမသူရိယာ ဥဂ္ဂစ္ဆန္တိ, ယတ္ထ စ ဩဂစ္ဆန္တိ, အာယာစန္တိ ထောမယန္တိ ပဉ္ဇလိကာ နမဿမာနာ အနုပရိဝတ္တန္တိ, ပဟောန္တိ တေဝိဇ္ဇာ ဗြာဟ္မဏာ စန္ဒိမသူရိယာနံ သဟဗျတာယ မဂ္ဂံ ဒေသေတုံ – ‘‘အယမေဝ ဥဇုမဂ္ဂေါ, အယမဉ္ဇသာယနော နိယျာနိကော, နိယျာတိ တက္ကရဿ စန္ဒိမသူရိယာနံ သဟဗျတာယာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
‘‘ဣတိ ကိရ, ဝါသေဋ္ဌ, ယံ ပဿန္တိ တေဝိဇ္ဇာ ဗြာဟ္မဏာ စန္ဒိမသူရိယေ, အညေ စာပိ ဗဟုဇနာ, ယတော စ စန္ဒိမသူရိယာ ဥဂ္ဂစ္ဆန္တိ, ယတ္ထ စ ဩဂစ္ဆန္တိ, အာယာစန္တိ ထောမယန္တိ ပဉ္ဇလိကာ နမဿမာနာ အနုပရိဝတ္တန္တိ, တေသမ္ပိ နပ္ပဟောန္တိ စန္ဒိမသူရိယာနံ သဟဗျတာယ မဂ္ဂံ ဒေသေတုံ – ‘‘အယမေဝ ဥဇုမဂ္ဂေါ, အယမဉ္ဇသာယနော နိယျာနိကော, နိယျာတိ တက္ကရဿ စန္ဒိမသူရိယာနံ သဟဗျတာယာ’’တိ။
၅၃၁။ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း အကြင်လနှင့်နေတို့ကို မြင်ကြသည်ဖြစ်၍ အကြင် လနှင့် နေတို့ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြဆုတောင်းနေကြကုန်၏။ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ထိုလနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု ထိုလနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန်လမ်း ကို ဟောကြားခြင်းငှါ စွမ်းနိုင်ကုန်၏လော။ “အသျှင်ဂေါတမ မစွမ်းနိုင်ပါကုန်”။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြားလူများစွာတို့သည်လည်းကောင်းအကြင် လနှင့်နေတို့ကို မြင်ကြသည် ဖြစ်၍ အကြင်လနှင့်နေတို့ ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြကုန်၏။ ထို (ဗေဒင်သုံးပုံဆောင်ပုဏ္ဏား) တို့သည် “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ထို လနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ်ပို့ဆောင်၏”ဟု ထိုလနှင့် နေတို့၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားခြင်းငှါ မစွမ်းနိုင်ကုန်ဟုဤသို့ ဆို၏။
“What do you think, Vāseṭṭha? Though this is so, are the brahmins proficient in the three Vedas able to teach the path to the company of the sun and moon, saying: ‘This is the only straight path, the direct route that delivers one who applies it to the company of the sun and moon’?” “No, worthy Gotama.” “So it seems that even though the brahmins proficient in the three Vedas see the sun and moon, they are not able to teach the path to the company of the sun and moon.
၅၃၂။ ‘‘ဣတိ ပန [ကိံ ပန (သီ။ သျာ။ ပီ။)] န ကိရ တေဝိဇ္ဇေဟိ ဗြာဟ္မဏေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယပါစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ယာဝ သတ္တမာ [သတ္တမေဟိ (?)] အာစရိယာမဟယုဂေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ ယေပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ, တဒနုဂါယန္တိ, တဒနုဘာသန္တိ, ဘာသိတမနုဘာသန္တိ, ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ န ဧဝမာဟံသု – ‘‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ, ယတ္ထ ဝါ ဗြဟ္မာ, ယေန ဝါ ဗြဟ္မာ, ယဟိံ ဝါ ဗြဟ္မာ’’တိ။ တေဝ တေဝိဇ္ဇာ ဗြာဟ္မဏာ ဧဝမာဟံသု – ‘‘ယံ န ဇာနာမ, ယံ န ပဿာမ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေမ – အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’တိ။
၅၃၂။ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကိုစီရင်ကုန်သော ။ပ။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ - “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကိုသွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟု မသိမမြင်ဖူးသောထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
But it seems that even though they have not seen the Divinity with their own eyes, they still claim to teach the path to the company of that which they neither know nor see.
၅၃၃။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
‘‘သာဓု, ဝါသေဋ္ဌ, တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယံ န ဇာနန္တိ, ယံ န ပဿန္တိ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေဿန္တိ – ‘‘အယမေဝ ဥဇုမဂ္ဂေါ, အယမဉ္ဇသာယနော နိယျာနိကော, နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၃၃။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏စကားသည် အခြေအမြစ်မရှိသော စကားဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့သည် “ဤသည်လျှင် ဖြောင့်တန်း သောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော် ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။ ဇနပဒကလျာဏီ ဥပမာ
What do you think, Vāseṭṭha? This being so, doesn’t their statement turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.” “Good, Vāseṭṭha. For it is impossible that they should teach the path to that which they neither know nor see. 2.1. The Simile of the Finest Lady in the Land
ဇနပဒကလျာဏီဥပမာ
၅၃၄။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, ပုရိသော ဧဝံ ဝဒေယျ – ‘‘အဟံ ယာ ဣမသ္မိံ ဇနပဒေ ဇနပဒကလျာဏီ, တံ ဣစ္ဆာမိ, တံ ကာမေမီ’’တိ။ တမေနံ ဧဝံ ဝဒေယျုံ – ‘‘အမ္ဘော ပုရိသ, ယံ တွံ ဇနပဒကလျာဏိံ ဣစ္ဆသိ ကာမေသိ, ဇာနာသိ တံ ဇနပဒကလျာဏိံ – ခတ္တိယီ ဝါ ဗြာဟ္မဏီ ဝါ ဝေဿီ ဝါ သုဒ္ဒီ ဝါ’’တိ? ဣတိ ပုဋ္ဌော ‘‘နော’’တိ ဝဒေယျ။
‘‘တမေနံ ဧဝံ ဝဒေယျုံ – ‘‘အမ္ဘော ပုရိသ, ယံ တွံ ဇနပဒကလျာဏိံ ဣစ္ဆသိ ကာမေသိ, ဇာနာသိ တံ ဇနပဒကလျာဏိံ – ဧဝံနာမာ ဧဝံဂေါတ္တာတိ ဝါ, ဒီဃာ ဝါ ရဿာ ဝါ မဇ္ဈိမာ ဝါ ကာဠီ ဝါ သာမာ ဝါ မင်္ဂုရစ္ဆဝီ ဝါတိ, အမုကသ္မိံ ဂါမေ ဝါ နိဂမေ ဝါ နဂရေ ဝါ’’တိ? ဣတိ ပုဋ္ဌော ‘နော’တိ ဝဒေယျ။ တမေနံ ဧဝံ ဝဒေယျုံ – ‘‘အမ္ဘော ပုရိသ, ယံ တွံ န ဇာနာသိ န ပဿသိ, တံ တွံ ဣစ္ဆသိ ကာမေသီ’’တိ? ဣတိ ပုဋ္ဌော ‘‘အာမာ’’တိ ဝဒေယျ။
၅၃၄။ ဝါသေဋ္ဌ “ငါသည် ဤနိုင်ငံ၌ (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံး မိန်းမကို လိုချင်၏၊ ချစ်ကြိုက်၏”ဟု ဆိုသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းကို ဤသို့ မေးကုန်ရာ၏ - “အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံးမိန်းမကိုမင်းအမျိုးသမီးဟူ၍လည်းကောင်း၊ ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊ ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊ ဆင်းရဲသားအမျိုးသမီးဟူ၍လည်းကောင်း သိပါ၏လော”။ ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။ ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏ - “အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံးမိန်းမကို ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊ ဤအမျိုးအနွယ်ရှိ၏ဟူ၍လည်းကောင်း၊ (အရပ်) မြင့်၏ဟူ၍လည်းကောင်း၊ (အရပ်) နိမ့်၏ ဟူ၍လည်းကောင်း၊ အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း၊ (အသား) မည်း၏ ဟူ၍လည်းကောင်း၊ (အသား) ဝါရွှေ၏ဟူ၍လည်းကောင်း၊ (အသား) ညို၏ဟူ၍လည်းကောင်းသိပါ၏လော့၊ ဤ (မည်သော) ရွာ၌ နေ၏ဟူ၍လည်းကောင်း၊ ဤ (မည်သော) နိဂုံး၌ နေ၏ဟူ၍လည်းကောင်း၊ ဤ (မည်သော) မြို့၌ နေ၏ဟူ၍လည်းကောင်း သိပါ၏လော”။ ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။ ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏။ “အချင်းယောကျာ်း သင်သည် မသိဖူးမမြင်ဖူးသူကို လိုချင်ချစ်ကြိုက်နေသလော”။ ဤသို့ မေးသော် “ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
Suppose a man were to say, ‘Whoever the finest lady in the land is, it is her that I want, her that I desire!’ They’d say to him, ‘My man, that finest lady in the land who you desire—do you know whether she’s an aristocrat, a brahmin, a peasant, or a menial?’ Asked this, he’d say, ‘No.’ They’d say to him, ‘My friend, that finest lady in the land who you desire—do you know her name or clan? Whether she’s tall or short or medium? Whether her skin is black, brown, or dingy? Whether she comes from such-and-such village, town, or city?’ Asked this, he’d say, ‘No.’ They’d say to him, ‘My man, do you desire someone who you’ve never even known or seen?’ Asked this, he’d say, ‘Yes.’
၅၃၅။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တဿ ပုရိသဿ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တဿ ပုရိသဿ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
၅၃၅။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင်ဖြစ်နေပါသည်။
What do you think, Vāseṭṭha? This being so, doesn’t that man’s statement turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.”
၅၃၆။ ‘‘ဧဝမေဝ ခေါ, ဝါသေဋ္ဌ, န ကိရ တေဝိဇ္ဇေဟိ ဗြာဟ္မဏေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော, နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော, နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယပါစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ယာဝ သတ္တမာ အာစရိယာမဟယုဂေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ ယေပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ, တဒနုဂါယန္တိ, တဒနုဘာသန္တိ, ဘာသိတမနုဘာသန္တိ, ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ န ဧဝမာဟံသု – ‘‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ, ယတ္ထ ဝါ ဗြဟ္မာ, ယေန ဝါ ဗြဟ္မာ, ယဟိံ ဝါ ဗြဟ္မာ’’တိ။ တေဝ တေဝိဇ္ဇာ ဗြာဟ္မဏာ ဧဝမာဟံသု – ‘‘ယံ န ဇာနာမ, ယံ န ပဿာမ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေမ – အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’တိ။
၅၃၆။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင်မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ။ပ။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြော့ကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ - “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထို လမ်းကိုသွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုစင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
“In the same way,
၅၃၇။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
‘‘သာဓု, ဝါသေဋ္ဌ, တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယံ န ဇာနန္တိ, ယံ န ပဿန္တိ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေဿန္တိ – အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာတိ နေတံ ဌာနံ ဝိဇ္ဇတိ။
၅၃၇။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ် မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။ လှေကားဥပမာ
doesn’t the statement of those brahmins turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.” “Good, Vāseṭṭha. For it is impossible that they should teach the path to that which they neither know nor see. 2.2. The Simile of the Ladder
နိဿေဏီဥပမာ
၅၃၈။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, ပုရိသော စာတုမဟာပထေ နိဿေဏိံ ကရေယျ – ပါသာဒဿ အာရောဟဏာယ။ တမေနံ ဧဝံ ဝဒေယျုံ – ‘‘အမ္ဘော ပုရိသ, ယဿ တွံ [ယံ တွံ (သျာ။)] ပါသာဒဿ အာရောဟဏာယ နိဿေဏိံ ကရောသိ, ဇာနာသိ တံ ပါသာဒံ – ပုရတ္ထိမာယ ဝါ ဒိသာယ ဒက္ခိဏာယ ဝါ ဒိသာယ ပစ္ဆိမာယ ဝါ ဒိသာယ ဥတ္တရာယ ဝါ ဒိသာယ ဥစ္စော ဝါ နီစော ဝါ မဇ္ဈိမော ဝါ’’တိ? ဣတိ ပုဋ္ဌော ‘‘နော’’တိ ဝဒေယျ။
‘‘တမေနံ ဧဝံ ဝဒေယျုံ – ‘‘အမ္ဘော ပုရိသ, ယံ တွံ န ဇာနာသိ, န ပဿသိ, တဿ တွံ ပါသာဒဿ အာရောဟဏာယ နိဿေဏိံ ကရောသီ’’တိ? ဣတိ ပုဋ္ဌော ‘‘အာမာ’’တိ ဝဒေယျ။
၅၃၈။ ဝါသေဋ္ဌ လမ်းမလေးခုဆုံရာ၌ ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်နေသောယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းကို ဤသို့ မေးကုန်ရာ၏ - “အချင်းယောကျာ်း ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်နေသော သင်သည် ထိုပြာသာဒ်ကို အရှေ့အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ တောင်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ အနောက်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ မြောက်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ မြင့်၏ဟူ၍လည်းကောင်း နိမ့်၏ဟူ၍လည်းကောင်း၊ အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း သိပါ၏လော”။ ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။ ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏။ “အချင်းယောကျာ်း သင်သည် မသိမမြင်ရသော ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကိုပြုလုပ်နေဘိသလော”။ ဤသို့ မေးသော် “ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
Suppose a man was to build a ladder at the crossroads for climbing up to a stilt longhouse. They’d say to him, ‘My man, that stilt longhouse for which you’re building a ladder—do you know whether it’s to the north, south, east, or west? Or whether it’s tall or short or medium?’ Asked this, he’d say, ‘No.’ They’d say to him, ‘My man, are you building a ladder for a longhouse that you’ve never even known or seen?’ Asked this, he’d say, ‘Yes.’
၅၃၉။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တဿ ပုရိသဿ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တဿ ပုရိသဿ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
၅၃၉။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသော စကား မချွတ်ပင်ဖြစ်နေပါသည်။
What do you think, Vāseṭṭha? This being so, doesn’t that man’s statement turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.”
၅၄၀။ ‘‘ဧဝမေဝ ခေါ, ဝါသေဋ္ဌ, န ကိရ တေဝိဇ္ဇေဟိ ဗြာဟ္မဏေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော, နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော, နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အာစရိယပါစရိယေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော, နပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ယာဝ သတ္တမာ အာစရိယာမဟယုဂေဟိ ဗြဟ္မာ သက္ခိဒိဋ္ဌော။ ယေပိ ကိရ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ, တဒနုဂါယန္တိ, တဒနုဘာသန္တိ, ဘာသိတမနုဘာသန္တိ, ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ န ဧဝမာဟံသု – မယမေတံ ဇာနာမ, မယမေတံ ပဿာမ, ယတ္ထ ဝါ ဗြဟ္မာ, ယေန ဝါ ဗြဟ္မာ, ယဟိံ ဝါ ဗြဟ္မာတိ။ တေဝ တေဝိဇ္ဇာ ဗြာဟ္မဏာ ဧဝမာဟံသု – ‘‘ယံ န ဇာနာမ, ယံ န ပဿာမ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေမ, အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော နိယျာတိ တက္ကရဿ ဗြဟ္မသဟဗျတာယာ’’တိ။
၅၄၀။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင်မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်းဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာ ဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် အကြင်ရသေ့တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေး ဟောင်း ဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း -အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏၊ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင် သုံးပုံဆောင်ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ - “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုမသိ မမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
“In the same way,
၅၄၁။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, နနု ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ? ‘‘အဒ္ဓါ ခေါ, ဘော ဂေါတမ, ဧဝံ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပါဋိဟီရကတံ ဘာသိတံ သမ္ပဇ္ဇတီ’’တိ။
‘‘သာဓု, ဝါသေဋ္ဌ။ တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယံ န ဇာနန္တိ, ယံ န ပဿန္တိ, တဿ သဟဗျတာယ မဂ္ဂံ ဒေသေဿန္တိ။ အယမေဝ ဥဇုမဂ္ဂေါ အယမဉ္ဇသာယနော နိယျာနိကော နိယျာတိ တက္ကရဿ ဗြဟ္မသဗျတာယာတိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၄၁။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့၏စကားသည် အခြေအမြစ်မရှိသော စကား ဖြစ်နေသည် မဟုတ်လော။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသောလမ်းတည်း၊ ထိုလမ်းကိုသွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။ အစိရဝတီမြစ် ဥပမာ
doesn’t the statement of those brahmins turn out to have no demonstrable basis?” “Clearly that’s the case, worthy Gotama.” “Good, Vāseṭṭha. For it is impossible that they should teach the path to that which they neither know nor see. 2.3. The Simile of the Aciravatī River
အစိရဝတီနဒီဥပမာ
၅၄၂။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, အယံ အစိရဝတီ နဒီ ပူရာ ဥဒကဿ သမတိတ္တိကာ ကာကပေယျာ။ အထ ပုရိသော အာဂစ္ဆေယျ ပါရတ္ထိကော ပါရဂဝေသီ ပါရဂါမီ ပါရံ တရိတုကာမော။ သော ဩရိမေ တီရေ ဌိတော ပါရိမံ တီရံ အဝှေယျ – ‘‘ဧဟိ ပါရာပါရံ, ဧဟိ ပါရာပါရ’’န္တိ။
၅၄၂။ ဝါသေဋ္ဌ ဤအစိရဝတီမြစ်သည် (ကမ်းမှာနား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လို ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းသည် ဤမှာဘက်ကမ်း၌ ရပ်လျက် “ဟေဟိုဘက်ကမ်းသည်ဘက်ကမ်းသို့ လာခဲ့လော့၊ ဟေဟိုဘက်ကမ်းသည်ဘက်ကမ်းသို့ လာခဲ့လော”ဟု ထိုမှာဘက်ကမ်းကို ခေါ်ရာ၏။
Suppose the Aciravatī River was full to the brim so a crow could drink from it. Then along comes a person who wants to cross over to the far shore. Standing on the near shore, they’d call out to the far shore, ‘Come here, far shore! Come here, far shore!’
၅၄၃။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, အပိ နု တဿ ပုရိသဿ အဝှါယနဟေတု ဝါ အာယာစနဟေတု ဝါ ပတ္ထနဟေတု ဝါ အဘိနန္ဒနဟေတု ဝါ အစိရဝတိယာ နဒိယာ ပါရိမံ တီရံ ဩရိမံ တီရံ အာဂစ္ဆေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
၅၄၃။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။ ထိုယောကျာ်း၏ ခေါ်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင့်တခြင်းအကြောင်းကြောင့်လည်းကောင်း၊ အလိုရှိခြင်းအကြောင်းကြောင့်လည်းကောင်းအစိရ ဝတီမြစ်၏ ထိုမှာဘက်ကမ်းသည် ဤမှာဘက်ကမ်းသို့ လာရာသလော။ “အသျှင်ဂေါတမ မလာရာပါ”။
What do you think, Vāseṭṭha? Would the far shore of the Aciravatī River come over to the near shore because of that man’s call, request, desire, or expectation?” “No, worthy Gotama.”
၅၄၄။ ‘‘ဧဝမေဝ ခေါ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယေ ဓမ္မာ ဗြာဟ္မဏကာရကာ တေ ဓမ္မေ ပဟာယ ဝတ္တမာနာ, ယေ ဓမ္မာ အဗြာဟ္မဏကာရကာ တေ ဓမ္မေ သမာဒါယ ဝတ္တမာနာ ဧဝမာဟံသု – ‘‘ဣန္ဒမဝှယာမ, သောမမဝှယာမ, ဝရုဏမဝှယာမ, ဤသာနမဝှယာမ, ပဇာပတိမဝှယာမ, ဗြဟ္မမဝှယာမ, မဟိဒ္ဓိမဝှယာမ, ယမမဝှယာမာ’’တိ။
‘‘တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယေ ဓမ္မာ ဗြာဟ္မဏကာရကာ တေ ဓမ္မေ ပဟာယ ဝတ္တမာနာ, ယေ ဓမ္မာ အဗြာဟ္မဏကာရကာ တေ ဓမ္မေ သမာဒါယ ဝတ္တမာနာ အဝှါယနဟေတု ဝါ အာယာစနဟေတု ဝါ ပတ္ထနဟေတု ဝါ အဘိနန္ဒနဟေတု ဝါ ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မာနံ သဟဗျူပဂါ ဘဝိဿန္တီ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၄၄။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရား တို့ကိုပယ်ရှား၍ ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် ဤသို့ ဆိုကုန်၏ - “(ငါတို့သည်) ဣန္ဒ (နတ်) ကို ခေါ်ကုန်၏၊ သောမ (နတ်) ကို ခေါ်ကုန်၏၊ ဝရုဏ (နတ်) ကို ခေါ်ကုန်၏၊ ဤသာန (နတ်) ကို ခေါ်ကုန်၏၊ ပဇာပတိ (နတ်) ကို ခေါ်ကုန်၏၊ ဗြဟ္မာကို ခေါ်ကုန်၏၊ မဟိဒ္ဓိ (နတ်) ကို ခေါ်ကုန်၏၊ ယမ (နတ်) ကို ခေါ်ကုန်၏”ဟု ဆိုကုန်၏။ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် (နတ်တို့ကို) ခေါ်ခြင်းအကြောင်းကြောင့်လည်း ကောင်း၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင့်တခြင်းအကြောင်းကြောင့်လည်းကောင်း၊ အလိုရှိခြင်းအကြောင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ၏အပေါင်း အဖော်အဖြစ်သို့ ရောက်နိုင်အံ့သော အကြောင်းသည် မရှိချေ။
“In the same way, Vāseṭṭha, the brahmins proficient in the three Vedas proceed having given up those things that make one a true brahmin, and having undertaken those things that make one not a true brahmin. Yet they say: ‘We call upon Indra! We call upon Soma! We call upon Varuṇa! We call upon Īsāna! We call upon the Progenitor! We call upon the Divinity! We call upon Mahiddhi! We call upon Yama!’ So long as they proceed in this way it’s impossible that they will, when the body breaks up, after death, be reborn in the company of Divinity.
၅၄၅။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, အယံ အစိရဝတီ နဒီ ပူရာ ဥဒကဿ သမတိတ္တိကာ ကာကပေယျာ။ အထ ပုရိသော အာဂစ္ဆေယျ ပါရတ္ထိကော ပါရဂဝေသီ ပါရဂါမီ ပါရံ တရိတုကာမော။ သော ဩရိမေ တီရေ ဒဠှာယ အန္ဒုယာ ပစ္ဆာဗာဟံ ဂါဠှဗန္ဓနံ ဗဒ္ဓေါ။
‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, အပိ နု သော ပုရိသော အစိရဝတိယာ နဒိယာ ဩရိမာ တီရာ ပါရိမံ တီရံ ဂစ္ဆေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
၅၄၅။ ဝါသေဋ္ဌ ဤ အစိရဝတီမြစ်သည် (ကမ်းမှာ နား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လိ်ု ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏။ ထိုယောကျာ်းကို ဤမှာဘက်ကမ်း၌ပင် ခိုင်ခံ့သော နှောင်ကြိုးဖြင့် လက်ပြန်ကြိုးကို မြမြံံစွာ နှောင်ဖွဲ့ ထားရာ၏။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ထိုယောကျာ်းသည် အစိရဝတီမြစ်၏ ဤမှာဘက် ကမ်းမှထိုမှာဘက်ကမ်းသို့ သွားနိုင်ပါမည်လော။ “အသျှင်ဂေါတမ မသွားနိုင်ပါ”။
Suppose the Aciravatī River was full to the brim so a crow could drink from it. Then along comes a person who wants to cross over to the far shore. But while still on the near shore, their arms are tied tightly behind their back with a strong chain. What do you think, Vāseṭṭha? Could that person cross over to the far shore?” “No, worthy Gotama.”
၅၄၆။ ‘‘ဧဝမေဝ ခေါ, ဝါသေဋ္ဌ, ပဉ္စိမေ ကာမဂုဏာ အရိယဿ ဝိနယေ အန္ဒူတိပိ ဝုစ္စန္တိ, ဗန္ဓနန္တိပိ ဝုစ္စန္တိ။ ကတမေ ပဉ္စ? စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ သောတဝိညေယျာ သဒ္ဒါ…ပေ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။
‘‘ဣမေ ခေါ, ဝါသေဋ္ဌ, ပဉ္စ ကာမဂုဏာ အရိယဿ ဝိနယေ အန္ဒူတိပိ ဝုစ္စန္တိ, ဗန္ဓနန္တိပိ ဝုစ္စန္တိ။ ဣမေ ခေါ ဝါသေဋ္ဌ ပဉ္စ ကာမဂုဏေ တေဝိဇ္ဇာ ဗြာဟ္မဏာ ဂဓိတာ မုစ္ဆိတာ အဇ္ဈောပန္နာ အနာဒီနဝဒဿာဝိနော အနိဿရဏပညာ ပရိဘုဉ္ဇန္တိ။ တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယေ ဓမ္မာ ဗြာဟ္မဏကာရကာ, တေ ဓမ္မေ ပဟာယ ဝတ္တမာနာ, ယေ ဓမ္မာ အဗြာဟ္မဏကာရကာ, တေ ဓမ္မေ သမာဒါယ ဝတ္တမာနာ ပဉ္စ ကာမဂုဏေ ဂဓိတာ မုစ္ဆိတာ အဇ္ဈောပန္နာ အနာဒီနဝဒဿာဝိနော အနိဿရဏပညာ ပရိဘုဉ္ဇန္တာ ကာမန္ဒုဗန္ဓနဗဒ္ဓါ ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မာနံ သဟဗျူပဂါ ဘဝိဿန္တီ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၄၆။ ဝါသေဋ္ဌ ဤအတူပင်လျှင် ဤကာမဂုဏ်ငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌နှောင်ကြိုးတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ (ကာမဂုဏ်) ငါးပါးတို့ဟူသည် အဘယ်သည်တို့နည်း။အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော ချစ်ဖွယ်သဘောရှိကုန်သော နှစ်သက်သာယာဖွယ်ဖြစ်ကုန်သော တပ်မက်ဖွယ်ဖြစ်ကုန်သော မျက်စိဖြင့် (မြင်) သိနိုင်သော အဆင်း ‘ရူပါရုံ’ များ။ပ။ နားဖြင့် (ကြား) သိနိုင်သော အသံ ‘သဒ္ဒါရုံ’ များ။ပ။ နှာခေါင်းဖြင့် (နမ်း) သိနိုင်သော အနံ့ ‘ဂန္ဓာရုံ’ များ။ပ။လျှာဖြင့် (လျက်) သိနိုင်သော အရသာ ‘ရသာရုံ’ များ၊ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော ချစ်ဖွယ်သဘော ရှိကုန်သော နှစ်သက်သာယာဖွယ်ဖြစ်ကုန်သော တပ်မက်ဖွယ် ဖြစ်ကုန်သော ကိုယ်ဖြင့် (ထိ) သိနိုင်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ များတို့ပေတည်း။ ဝါသေဋ္ဌ ဤကာမဂုဏ်ငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ နှောင်ကြိုးတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤကာမဂုဏ်ငါးပါး၌ မက်မောကာ တွေဝေကာအလွန်ဝင်စားကာ အပြစ်မမြင်ဘဲ ထွက်မြောက်ကြောင်း ဆင်ခြင်ဉာဏ်မယှဥ်ဘဲ သုံးဆောင် (ခံစား) ကုန်၏၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် ကာမဂုဏ်ငါးပါး၌ မက်မောကာ တွေဝေကာအလွန်ဝင်စားကာ အပြစ်မမြင်ဘဲ ထွက်မြောက်ကြောင်း ဆင်ခြင်ဉာဏ်မယှဥ်ဘဲ သုံးဆောင် (ခံစား) ကုန်လျက် (ကာမဂုဏ်) နှောင်ကြိုး (ကာမဂုဏ်) အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ခံရကုန်လျက် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
“In the same way, the five kinds of sensual stimulation are called ‘chains’ and ‘fetters’ in the training of the Noble One. What five? Sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. Sounds known by the ear … Smells known by the nose … Tastes known by the tongue … Touches known by the body, which are likable, desirable, agreeable, pleasant, sensual, and arousing. These are the five kinds of sensual stimulation that are called ‘chains’ and ‘fetters’ in the training of the Noble One. The brahmins proficient in the three Vedas enjoy these five kinds of sensual stimulation tied, infatuated, attached, blind to the drawbacks, and not understanding the escape. So long as they enjoy them it’s impossible that they will, when the body breaks up, after death, be reborn in the company of Divinity.
၅၄၇။ ‘‘သေယျထာပိ, ဝါသေဋ္ဌ, အယံ အစိရဝတီ နဒီ ပူရာ ဥဒကဿ သမတိတ္တိကာ ကာကပေယျာ။ အထ ပုရိသော အာဂစ္ဆေယျ ပါရတ္ထိကော ပါရဂဝေသီ ပါရဂါမီ ပါရံ တရိတုကာမော။ သော ဩရိမေ တီရေ သသီသံ ပါရုပိတွာ နိပဇ္ဇေယျ။
‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, အပိ နု သော ပုရိသော အစိရဝတိယာ နဒိယာ ဩရိမာ တီရာ ပါရိမံ တီရံ ဂစ္ဆေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။
၅၄၇။ ဝါသေဋ္ဌ ဤအစိရဝတီမြစ်သည် (ကမ်းမှာ နား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လို ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းသည် ဤမှာဘက်ကမ်း၌ ခေါင်းမြီးခြုံ၍ အိပ်နေရာ၏။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ထိုယောကျာ်းသည် အစိရဝတီမြစ်၏ ဤမှာဘက် ကမ်းမှထိုမှာဘက်ကမ်းသို့ ရောက်နိုင်ပါမည်လော။ “အသျှင်ဂေါတမ မရောက်နိုင်ပါ”။
Suppose the Aciravatī River was full to the brim so a crow could drink from it. Then along comes a person who wants to cross over to the far shore. But they’d lie down wrapped in cloth from head to foot. What do you think, Vāseṭṭha? Could that person cross over to the far shore?” “No, worthy Gotama.”
၅၄၈။ ‘‘ဧဝမေဝ ခေါ, ဝါသေဋ္ဌ, ပဉ္စိမေ နီဝရဏာ အရိယဿ ဝိနယေ အာဝရဏာတိပိ ဝုစ္စန္တိ, နီဝရဏာတိပိ ဝုစ္စန္တိ, ဩနာဟနာတိပိ ဝုစ္စန္တိ, ပရိယောနာဟနာတိပိ ဝုစ္စန္တိ။ ကတမေ ပဉ္စ? ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထိနမိဒ္ဓနီဝရဏံ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ။ ဣမေ ခေါ, ဝါသေဋ္ဌ, ပဉ္စ နီဝရဏာ အရိယဿ ဝိနယေ အာဝရဏာတိပိ ဝုစ္စန္တိ, နီဝရဏာတိပိ ဝုစ္စန္တိ, ဩနာဟနာတိပိ ဝုစ္စန္တိ, ပရိယောနာဟနာတိပိ ဝုစ္စန္တိ။
၅၄၈။ ဝါသေဋ္ဌ ဤအတူပင်လျှင် ဤနီဝရဏငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ အဖုံးအလွှမ်းတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အပိတ်အပင်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အမြှေးအယှက်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ ‘နီဝရဏ’ ငါးပါးတို့ဟူသည် အဘယ့်သည်တို့နည်း။ ကာမဂုဏ်၌ လိုချင်မှု အပိတ်အပင် ‘ကာမစ္ဆန္ဒနီဝရဏ’၊ ပျက်စီးစေလိုမှု အပိတ်အပင် ‘ဗျာပါဒနီဝရဏ’၊ လေးလံထိုင်းမှိုင်းမှု အပိတ်အပင် ‘ထိန မိဒ္ဓနီဝရဏ’၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု အပိတ်အပင် ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’၊ ယုံမှားမှု အပိတ်အပင် ‘ ဝိစိကိစ္ဆာနီဝရဏ’ တို့တည်း။ ဝါသေဋ္ဌ ဤနီဝရဏငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ အဖုံးအလွှမ်းတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အပိတ်အပင်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အမြှေး အယှက်တို့ဟူ၍လည်း ဆိုအပ်ကုန်၏။
“In the same way, the five hindrances are called ‘obstacles’ and ‘hindrances’ and ‘encasings’ and ‘shrouds’ in the training of the Noble One. What five? The hindrances of sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. These five hindrances are called ‘obstacles’ and ‘hindrances’ and ‘encasings’ and ‘shrouds’ in the training of the Noble One.
၅၄၉။ ‘‘ဣမေဟိ ခေါ, ဝါသေဋ္ဌ, ပဉ္စဟိ နီဝရဏေဟိ တေဝိဇ္ဇာ ဗြာဟ္မဏာ အာဝုဋာ နိဝုဋာ ဩနဒ္ဓါ [ဩဖုဋာ (သီ။ က။), ဩဖုတာ (သျာ။)] ပရိယောနဒ္ဓါ။ တေ ဝတ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ ယေ ဓမ္မာ ဗြာဟ္မဏကာရကာ တေ ဓမ္မေ ပဟာယ ဝတ္တမာနာ, ယေ ဓမ္မာ အဗြာဟ္မဏကာရကာ တေ ဓမ္မေ သမာဒါယ ဝတ္တမာနာ ပဉ္စဟိ နီဝရဏေဟိ အာဝုဋာ နိဝုဋာ ဩနဒ္ဓါ ပရိယောနဒ္ဓါ [ပရိယောနဒ္ဓါ, တေ (သျာ။ က။)] ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မာနံ သဟဗျူပဂါ ဘဝိဿန္တီ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၄၉။ ဝါသေဋ္ဌ ဤနီဝရဏငါးပါးတို့သည် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့ကို ဖုံးလွှမ်းထားကုန်၏၊ ပိတ်ပင်ထားကုန်၏၊ နှောင်ဖွဲဲ့ထားကုန်၏၊ မြှေးယှက်ထားကုန်၏၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကိုကျင့်ကုန်လျက် ‘နီဝရဏ’ ငါးပါးတို့က ဖုံးလွှမ်းထားပါကုန်လျက် ပိတ်ပင်ထားပါကုန်လျက် နှောင်ဖွဲ့ထားပါကုန်လျက် မြှေးယှက်ထားပါကုန်လျက် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
The brahmins proficient in the three Vedas are obstructed, hindered, swathed, and enveloped by these five hindrances. So long as they are so obstructed it’s impossible that they will, when the body breaks up, after death, be reborn in the company of Divinity. 3. Converging
သံသန္ဒနကထာ
၅၅၀။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, ကိန္တိ တေ သုတံ ဗြာဟ္မဏာနံ ဝုဒ္ဓါနံ မဟလ္လကာနံ အာစရိယပါစရိယာနံ ဘာသမာနာနံ, သပရိဂ္ဂဟော ဝါ ဗြဟ္မာ အပရိဂ္ဂဟော ဝါ’’တိ? ‘‘အပရိဂ္ဂဟော, ဘော ဂေါတမ’’။ ‘‘သဝေရစိတ္တော ဝါ အဝေရစိတ္တော ဝါ’’တိ? ‘‘အဝေရစိတ္တော, ဘော ဂေါတမ’’။ ‘‘သဗျာပဇ္ဇစိတ္တော ဝါ အဗျာပဇ္ဇစိတ္တော ဝါ’’တိ? ‘‘အဗျာပဇ္ဇစိတ္တော, ဘော ဂေါတမ’’။ ‘‘သံကိလိဋ္ဌစိတ္တော ဝါ အသံကိလိဋ္ဌစိတ္တော ဝါ’’တိ? ‘‘အသံကိလိဋ္ဌစိတ္တော, ဘော ဂေါတမ’’။ ‘‘ဝသဝတ္တီ ဝါ အဝသဝတ္တီ ဝါ’’တိ? ‘‘ဝသဝတ္တီ, ဘော ဂေါတမ’’။
‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, သပရိဂ္ဂဟာ ဝါ တေဝိဇ္ဇာ ဗြာဟ္မဏာ အပရိဂ္ဂဟာ ဝါ’’တိ? ‘‘သပရိဂ္ဂဟာ, ဘော ဂေါတမ’’။ ‘‘သဝေရစိတ္တာ ဝါ အဝေရစိတ္တာ ဝါ’’တိ? ‘‘သဝေရစိတ္တာ, ဘော ဂေါတမ’’။ ‘‘သဗျာပဇ္ဇစိတ္တာ ဝါ အဗျာပဇ္ဇစိတ္တာ ဝါ’’တိ? ‘‘သဗျာပဇ္ဇစိတ္တာ, ဘော ဂေါတမ’’။ ‘‘သံကိလိဋ္ဌစိတ္တာ ဝါ အသံကိလိဋ္ဌစိတ္တာ ဝါ’’တိ? ‘‘သံကိလိဋ္ဌစိတ္တာ, ဘော ဂေါတမ’’။ ‘‘ဝသဝတ္တီ ဝါ အဝသဝတ္တီ ဝါ’’တိ? ‘‘အဝသဝတ္တီ, ဘော ဂေါတမ’’။
၅၅၀။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။ အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊ ဗြဟ္မာသည် (သားမယားကို) သိမ်းဆည်းခြင်းရှိသလော့၊ သိမ်းဆည်းခြင်း မရှိသလော။ အသျှင်ဂေါတမ (ကာမစ္ဆန္ဒမရှိသောကြောင့်) သိမ်းဆည်းခြင်း မရှိပါ။ ရန်နှင့်ယှဥ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဥ်သောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဗျာပါဒမရှိသောကြောင့်) ရန်နှင့်ယှဥ်သောစိတ် မရှိပါ။ မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ထိနမိဒ္ဓမရှိသောကြောင့်) မခံ့ကျန်းသောစိတ် မရှိပါ။ ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာမရှိသောကြောင့်) ညစ်နွမ်းသောစိတ် မရှိပါ။ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။ အသျှင်ဂေါတမ (ဝိစိကိစ္ဆာမရှိသောကြောင့်) အလိုအတိုင်း ဖြစ်စေနိုင်ပါ၏။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်း ရှိကုန်သလော့၊ သိမ်းဆည်းခြင်း မရှိကုန်သလော။ အသျှင်ဂေါတမ (ကာမစ္ဆန္ဒရှိသောကြောင့်) သိမ်းဆည်းခြင်း ရှိပါကုန်၏။ ရန်နှင့်ယှဥ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဥ်သောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဗျာပါဒရှိသောကြောင့်) ရန်နှင့်ယှဥ်သောစိတ် ရှိပါကုန်၏။ မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ထိနမိဒ္ဓရှိသောကြောင့်) မခံ့ကျန်းသောစိတ် ရှိပါကုန်၏။ ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာရှိသောကြောင့်) ညစ်နွမ်းသောစိတ် ရှိပါကုန်၏။ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။ အသျှင်ဂေါတမ (ဝိစိကိစ္ဆာရှိသောကြောင့်) အလိုအတိုင်း မဖြစ်စေနိုင်ပါကုန်။
What do you think, Vāseṭṭha? Have you heard that the brahmins who are elderly and senior, the tutors of tutors, say whether the Divinity is encumbered with possessions or not?” “That he is not, worthy Gotama.” “Is his heart full of enmity or not?” “It is not.” “Is his heart full of ill will or not?” “It is not.” “Is his heart corrupted or not?” “It is not.” “Does he wield power or not?” “He does.” “What do you think, Vāseṭṭha? Are the brahmins proficient in the three Vedas encumbered with possessions or not?” “They are.” “Are their hearts full of enmity or not?” “They are.” “Are their hearts full of ill will or not?” “They are.” “Are their hearts corrupted or not?” “They are.” “Do they wield power or not?” “They do not.”
၅၅၁။ ‘‘ဣတိ ကိရ, ဝါသေဋ္ဌ, သပရိဂ္ဂဟာ တေဝိဇ္ဇာ ဗြာဟ္မဏာ အပရိဂ္ဂဟော ဗြဟ္မာ။ အပိ နု ခေါ သပရိဂ္ဂဟာနံ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပရိဂ္ဂဟေန ဗြဟ္မုနာ သဒ္ဓိံ သံသန္ဒတိ သမေတီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘သာဓု, ဝါသေဋ္ဌ, တေ ဝတ, ဝါသေဋ္ဌ, သပရိဂ္ဂဟာ တေဝိဇ္ဇာ ဗြာဟ္မဏာ ကာယဿ ဘေဒါ ပရံ မရဏာ အပရိဂ္ဂဟဿ ဗြဟ္မုနော သဟဗျူပဂါ ဘဝိဿန္တီ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
‘‘ဣတိ ကိရ, ဝါသေဋ္ဌ, သဝေရစိတ္တာ တေဝိဇ္ဇာ ဗြာဟ္မဏာ, အဝေရစိတ္တော ဗြဟ္မာ…ပေ… သဗျာပဇ္ဇစိတ္တာ တေဝိဇ္ဇာ ဗြာဟ္မဏာ အဗျာပဇ္ဇစိတ္တော ဗြဟ္မာ… သံကိလိဋ္ဌစိတ္တာ တေဝိဇ္ဇာ ဗြာဟ္မဏာ အသံကိလိဋ္ဌစိတ္တော ဗြဟ္မာ… အဝသဝတ္တီ တေဝိဇ္ဇာ ဗြာဟ္မဏာ ဝသဝတ္တီ ဗြဟ္မာ, အပိ နု ခေါ အဝသဝတ္တီနံ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ ဝသဝတ္တိနာ ဗြဟ္မုနာ သဒ္ဓိံ သံသန္ဒတိ သမေတီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘သာဓု, ဝါသေဋ္ဌ, တေ ဝတ, ဝါသေဋ္ဌ, အဝသဝတ္တီ တေဝိဇ္ဇာ ဗြာဟ္မဏာ ကာယဿ ဘေဒါ ပရံ မရဏာ ဝသဝတ္တိဿ ဗြဟ္မုနော သဟဗျူပဂါ ဘဝိဿန္တီ’’တိ, နေတံ ဌာနံ ဝိဇ္ဇတိ။
၅၅၁။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်း ရှိကုန်၏၊ ဗြဟ္မာသည်ကား (သားမယားကို) သိမ်းဆည်းခြင်း မရှိဟု ဆို၏၊ (သို့ဖြစ်လျှင်) ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်းသည် ဗြဟ္မာ၏ (သားမယားကို) မသိမ်းဆည်းခြင်းနှင့်အတူရောနှော ညီညွတ််မည်လော။ “အသျှင်ဂေါတမ မရောနှော မညီညွတ််ပါ”။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထို (သားမယား) ကို သိမ်းဆည်းခြင်းရှိကုန်သော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (ခန္ဓာ) ကိုယ်ပျက်စီး၍ သေပြီးသည်နောက်၌ (သားမယားကို) သိမ်းဆည်းခြင်းမရှိသောဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ရန်နှင့် ယှဥ်သော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကား ရန်နှင့်ယှဥ်သော စိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် မခံ့ကျန်းသော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကားမခံ့ကျန်းသော စိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ညစ်နွမ်းသော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကားညစ်နွမ်းသော စိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ကုန်၊ ဗြဟ္မာသည် ကား (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆို၏၊ သို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ခြင်းသည် ဗြဟ္မာ၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေခြင်းနှင့် အတူရောနှော ညီညွတ််မည်လော။ “အသျှင်ဂေါတမ မရောနှော မညီညွတ််နိုင်ပါ”။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထို (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ကုန်သော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (ခန္ဓာ) ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သောဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
“So it seems that the brahmins proficient in the three Vedas are encumbered with possessions, but the Divinity is not. But would brahmins who are encumbered with possessions join together and converge with the Divinity, who isn’t encumbered with possessions?” “No, worthy Gotama.” “Good, Vāseṭṭha! It’s impossible that the brahmins who are encumbered with possessions will, when the body breaks up, after death, be reborn in the company of Divinity, who isn’t encumbered with possessions. And it seems that the brahmins have enmity, ill will, corruption, and do not wield power, while the Divinity has no enmity, ill will, or corruption, and who does wield power. But would brahmins who are opposite to the Divinity in all these things join together and converge with him?” “No, worthy Gotama.” “Good, Vāseṭṭha! It’s impossible that brahmins who are opposite to the Divinity in all these things will, when the body breaks up, after death, be reborn in the company of Divinity.
၅၅၂။ ‘‘ဣဓ ခေါ ပန တေ, ဝါသေဋ္ဌ, တေဝိဇ္ဇာ ဗြာဟ္မဏာ အာသီဒိတွာ [အာဒိသိတွာ (က။)] သံသီဒန္တိ, သံသီဒိတွာ ဝိသာရံ [ဝိသာဒံ (သီ။ ပီ။), ဝိသတ္တံ (သျာ။)] ပါပုဏန္တိ, သုက္ခတရံ [သုက္ခတရဏံ (က။)] မညေ တရန္တိ။ တသ္မာ ဣဒံ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ တေဝိဇ္ဇာဣရိဏန္တိပိ ဝုစ္စတိ, တေဝိဇ္ဇာဝိဝနန္တိပိ ဝုစ္စတိ, တေဝိဇ္ဇာဗျသနန္တိပိ ဝုစ္စတီ’’တိ။
၅၅၂။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤ (ဗေဒင်သုံးပုံ) ၌ ကိုးစားကပ်ရောက်၍နစ်မြုပ်ကုန်၏၊ နစ်မြုပ်၍ ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ (တံလှပ်ကို ရေမှတ်၍) အခြောက်တိုက် ကူးသည်နှင့် တူကုန်၏တကား၊ ထို့ကြောင့် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဤဗေဒင်သုံးပုံတို့ကို (ရွာမနီးသော) တောကြီးဟူ၍လည်း ဆိုအပ်ကုန်၏၊ ဗေဒင်သုံးပုံတို့ကို (အစာရေစာမရှိသော) တောနက်ကြီးဟူ၍လည်း ဆိုအပ်ကုန်၏၊ ဗေဒင်သုံးပုံတို့ကို ပျက်စီးရာပျက်စီးကြောင်း ဟူ၍လည်း ဆိုအပ်ကုန်၏။
Now in this regard, Vāseṭṭha, those brahmins proficient in the three Vedas, having dived in, sink down. Having sunk down, they undergo drowning, imagining they are crossing to the dry shore. That’s why the three Vedas of the brahmins are called a ‘salted land’ and a ‘barren land’ and a ‘disaster’.”
၅၅၃။ ဧဝံ ဝုတ္တေ, ဝါသေဋ္ဌော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ, သမဏော ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဇာနာတီ’’တိ။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ။ အာသန္နေ ဣတော မနသာကဋံ, န ဣတော ဒူရေ မနသာကဋ’’န္တိ? ‘‘ဧဝံ, ဘော ဂေါတမ, အာသန္နေ ဣတော မနသာကဋံ, န ဣတော ဒူရေ မနသာကဋ’’န္တိ။
၅၅၃။ ဤသို့မိန့်တော်မူသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို သိ၏’ ဟူ၍ အကျွန်ုပ်ကြားဖူးပါ၏”ဟု လျှောက်၏။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ မနသာကဋရွာသည် ဤမှ နီးသည် မဟုတ်လော့၊ မနသာကဋရွာသည် ဤမှ မဝေးသည် မဟုတ်လော။ “အသျှင်ဂေါတမဟုတ်ပါ၏၊ မနသာကဋရွာသည် ဤမှ နီးပါ၏၊ မနသာကဋရွာသည် ဤမှ မဝေးပါ”။
When he said this, Vāseṭṭha said to the Buddha, “I have heard, worthy Gotama, that you know the path to company with Divinity.” “What do you think, Vāseṭṭha? Is the village of Manasākaṭa nearby?” “Yes it is.”
၅၅၄။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, ဣဓဿ ပုရိသော မနသာကဋေ ဇာတသံဝဒ္ဓေါ။ တမေနံ မနသာကဋတော တာဝဒေဝ အဝသဋံ မနသာကဋဿ မဂ္ဂံ ပုစ္ဆေယျုံ။ သိယာ နု ခေါ, ဝါသေဋ္ဌ, တဿ ပုရိသဿ မနသာကဋေ ဇာတသံဝဒ္ဓဿ မနသာကဋဿ မဂ္ဂံ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမု ဟိ, ဘော ဂေါတမ, ပုရိသော မနသာကဋေ ဇာတသံဝဒ္ဓေါ, တဿ သဗ္ဗာနေဝ မနသာကဋဿ မဂ္ဂါနိ သုဝိဒိတာနီ’’တိ။
‘‘သိယာ ခေါ, ဝါသေဋ္ဌ, တဿ ပုရိသဿ မနသာကဋေ ဇာတသံဝဒ္ဓဿ မနသာကဋဿ မဂ္ဂံ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါ, န တွေဝ တထာဂတဿ ဗြဟ္မလောကေ ဝါ ဗြဟ္မလောကဂါမိနိယာ ဝါ ပဋိပဒါယ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါ။ ဗြဟ္မာနံ စာဟံ, ဝါသေဋ္ဌ, ပဇာနာမိ ဗြဟ္မလောကဉ္စ ဗြဟ္မလောကဂါမိနိဉ္စ ပဋိပဒံ, ယထာ ပဋိပန္နော စ ဗြဟ္မလောကံ ဥပပန္နော, တဉ္စ ပဇာနာမီ’’တိ။
၅၅၄။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤမနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသော ထိုယောကျာ်းသည် မနသာကဋရွာမှ ထွက်ခွါလာရာ၏၊ ထိုယောကျာ်းအား ထိုခဏ၌ပင်မနသာကဋရွာ၏ လမ်းကို မေးကုန်ရာ၏။ ဝါသေဋ္ဌ ထိုသို့မေးသည်ရှိသော် မနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသော ယောကျာ်းအား နှောင့်နှေးခြင်း ဆိုင်းတွခြင်း ရှိရာသလော။ “အသျှင်ဂေါတမ နှောင့်နှေးခြင်း ဆိုင်းတွခြင်း မရှိရာပါ၊ ထို (သို့ မရှိခြင်း) သည် အဘယ်ကြောင့်ဆိုသော် အသျှင်ဂေါတမ ဤယောကျာ်းသည် မနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသဖြင့်မနသာကဋရွာ၏ လမ်းအလုံးစုံတို့ကို ကောင်းစွာ သိသောကြောင့်ပါတည်း”။ ဝါသေဋ္ဌ မနသာကဋရွာ၌ မွေးဖွား၍ (ထိုရွာ၌ပင်) ကြီးပြင်းလာသော ထိုယောကျာ်းအားမနသာကဋရွာ၏ လမ်းကို မေးသည်ရှိသော် နှောင့်နှေးခြင်း ဆိုင်းတွခြင်းသည် ရှိမူလည်း ရှိရာသေး၏၊ မြတ်စွာဘုရားအား ဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်းမေးသည်ရှိသော် နှောင့်နှေးခြင်း ဆိုင်းတွခြင်း မရှိသည်သာတည်း။ ဝါသေဋ္ဌ ဗြဟ္မာကိုလည်းကောင်း ဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ငါသိ၏၊ မည်သို့ကျင့်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ ရောက်၏ဟု ထို (ကျင့်ပုံနည်းလမ်း) ကိုလည်း (ငါ) သိ၏။
“What do you think, Vāseṭṭha? Suppose a person was born and raised in Manasākaṭa. And as soon as they left the town some people asked them for the road to Manasākaṭa. Would they be slow or hesitant to answer?” “No, worthy Gotama. Why is that? Because they were born and raised in Manasākaṭa. They’re well acquainted with all the roads to the village.” “Still, it’s possible they might be slow or hesitant to answer. But the Realized One is never slow or hesitant when questioned about the realm of divinity or the practice that leads to the realm of divinity. I understand the Divinity, the realm of divinity, and the practice that leads to the realm of divinity, practicing in accordance with which one is reborn in the realm of divinity.”
၅၅၅။ ဧဝံ ဝုတ္တေ, ဝါသေဋ္ဌော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ, သမဏော ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေတီ’’တိ။ ‘‘သာဓု နော ဘဝံ ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေတု ဥလ္လုမ္ပတု ဘဝံ ဂေါတမော ဗြာဟ္မဏိံ ပဇ’’န္တိ။ ‘‘တေန ဟိ, ဝါသေဋ္ဌ, သုဏာဟိ၊ သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ ဘော’’တိ ခေါ ဝါသေဋ္ဌော မာဏဝေါ ဘဂဝတော ပစ္စဿောသိ။
၅၅၅။ ဤသို့ မိန့်တော်မူသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ “အသျှင်ဂေါတမ ရဟန်းဂေါတမသည် ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြား၏ဟုအကျွန်ုပ် ကြားဖူးပါ၏၊ တောင်းပန်ပါ၏ အသျှင်ဂေါတမ အကျွန်ုပ်အား ဗြဟ္မာ၏ အပေါင်း အဖော်ဖြစ်ရန်လမ်းကို ဟောကြားတော်မူပါ၊ အသျှင်ဂေါတမသည် ပုဏ္ဏားအမျိုးသားအပေါင်းကို ကယ်တင်တော်မူပါ”ဟုလျှောက်၏။ ဝါသေဋ္ဌ သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ။ “ကောင်းပါပြီ အသျှင်ဂေါတမ”ဟု ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၏။ ဗြဟ္မာ့ပြည်သို့ သွားရာလမ်းကို ဟောကြားခြင်း
When he said this, Vāseṭṭha said to the Buddha, “I have heard, worthy Gotama, that you teach the path to company with Divinity. Please teach us that path and elevate this generation of brahmins.” “Well then, Vāseṭṭha, listen and apply your mind well, I will speak.” “Yes, worthy sir,” replied Vāseṭṭha. 4. Teaching the Path to the Divinity
ဗြဟ္မလောကမဂ္ဂဒေသနာ
၅၅၆။ ဘဂဝါ ဧတဒဝေါစ – ‘‘ဣဓ, ဝါသေဋ္ဌ, တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ…ပေ… (ယထာ ၁၉၀-၂၁၂ အနုစ္ဆေဒေသု ဧဝံ ဝိတ္ထာရေတဗ္ဗံ)။ ဧဝံ ခေါ, ဝါသေဋ္ဌ, ဘိက္ခု သီလသမ္ပန္နော ဟောတိ…ပေ… တဿိမေ ပဉ္စ နီဝရဏေ ပဟီနေ အတ္တနိ သမနုပဿတော ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။
‘‘သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။
‘‘သေယျထာပိ, ဝါသေဋ္ဌ, ဗလဝါ သင်္ခဓမော အပ္ပကသိရေနေဝ စတုဒ္ဒိသာ ဝိညာပေယျ၊ ဧဝမေဝ ခေါ, ဝါသေဋ္ဌ, ဧဝံ ဘာဝိတာယ မေတ္တာယ စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ အယမ္ပိ ခေါ, ဝါသေဋ္ဌ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ။
‘‘ပုန စပရံ, ဝါသေဋ္ဌ, ဘိက္ခု ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။
‘‘သေယျထာပိ, ဝါသေဋ္ဌ, ဗလဝါ သင်္ခဓမော အပ္ပကသိရေနေဝ စတုဒ္ဒိသာ ဝိညာပေယျ။ ဧဝမေဝ ခေါ, ဝါသေဋ္ဌ, ဧဝံ ဘာဝိတာယ ဥပေက္ခာယ စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ အယံ ခေါ, ဝါသေဋ္ဌ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ။
၅၅၆။ မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏ -ဝါသေဋ္ဌပူဇော် (အထူး) ကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။ [သာမညဖလသုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏။] ဝါသေဋ္ဌ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။ ။ပ။ မိမိ၌ ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်သော ထိုသူ အားဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့် သောစိတ်ရှိသောသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော သူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ ထိုသူသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့်ယှဥ် သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။သုံးခုမြောက်အရပ် မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်းမရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤ နည်းအတူပင်လျှင် မေတ္တာနှင့် ယှဥ်သော လွတ်မြောက်သောစိတ် ‘မေတ္တာစေတော ဝိမုတ္တိ’ ကို (အရပ်ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ) ကံသည် ထို (မေတ္တာစေတောဝိမုတ္တိတည်ရာ) ၌ မကြွင်းကျန်တော့လတ္တံ့၊ အတိုင်းအရှည့်ဖြင့် ပြုခဲ့သော ထို (ကာမာဝစရ) ကံသည် ထို (မေတ္တာစေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့လတ္တံ့၊ ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် လမ်းပေတည်း။ ဝါသေဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဥ်သော စိတ်ဖြင်။ပ။ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဥ်သော စိတ်ဖြင်။ပ။ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့်အထက် အောက် ဖီလာအရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့် ယှဥ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်းမရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤနည်းအတူပင်လျှင် ဥပေက္ခာနှင့် ယှဥ်သော လွတ်မြောက်သောစိတ် ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို (အရပ်ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ) ကံသည် ထို (ဥပေက္ခာစေတောဝိမုတ္တိတည်ရာ) ၌ မကြွင်းကျန်တော့လတ္တံ့၊ အတိုင်းအရှည်ဖြင့် ပြုခဲ့သော ထို (ကာမာဝစရ) ကံသည် ထို (ဥပေက္ခာစေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့လတ္တံ့၊ ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏အပေါင်း အဖော်ဖြစ်ရန် လမ်းပေတည်း။
The Buddha said this: “It’s when a Realized One arises in the world, perfected, a fully awakened Buddha … That’s how a mendicant is accomplished in ethics. … Seeing that the hindrances have been given up in them, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, they feel bliss. And when blissful, the mind becomes immersed. They meditate spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. Suppose there was a powerful horn blower. They’d easily make themselves heard in the four quarters. In the same way, when the heart’s release by love has been developed like this, any limited deeds they’ve done don’t remain or persist there. This is a path to company with Divinity. Furthermore, a mendicant meditates spreading a heart full of compassion … They meditate spreading a heart full of rejoicing … They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. Suppose there was a powerful horn blower. They’d easily make themselves heard in the four quarters. In the same way, when the heart’s release by equanimity has been developed and cultivated like this, any limited deeds they’ve done don’t remain or persist there. This too is a path to company with Divinity.
၅၅၇။ ‘‘တံ ကိံ မညသိ, ဝါသေဋ္ဌ, ဧဝံဝိဟာရီ ဘိက္ခု သပရိဂ္ဂဟော ဝါ အပရိဂ္ဂဟော ဝါ’’တိ? ‘‘အပရိဂ္ဂဟော, ဘော ဂေါတမ’’။ ‘‘သဝေရစိတ္တော ဝါ အဝေရစိတ္တော ဝါ’’တိ? ‘‘အဝေရစိတ္တော, ဘော ဂေါတမ’’။ ‘‘သဗျာပဇ္ဇစိတ္တော ဝါ အဗျာပဇ္ဇစိတ္တော ဝါ’’တိ? ‘‘အဗျာပဇ္ဇစိတ္တော, ဘော ဂေါတမ’’။ ‘‘သံကိလိဋ္ဌစိတ္တော ဝါ အသံကိလိဋ္ဌစိတ္တော ဝါ’’တိ? ‘‘အသံကိလိဋ္ဌစိတ္တော, ဘော ဂေါတမ’’။ ‘‘ဝသဝတ္တီ ဝါ အဝသဝတ္တီ ဝါ’’တိ? ‘‘ဝသဝတ္တီ, ဘော ဂေါတမ’’။
‘‘ဣတိ ကိရ, ဝါသေဋ္ဌ, အပရိဂ္ဂဟော ဘိက္ခု, အပရိဂ္ဂဟော ဗြဟ္မာ။ အပိ နု ခေါ အပရိဂ္ဂဟဿ ဘိက္ခုနော အပရိဂ္ဂဟေန ဗြဟ္မုနာ သဒ္ဓိံ သံသန္ဒတိ သမေတီ’’တိ? ‘‘ဧဝံ, ဘော ဂေါတမ’’။ ‘‘သာဓု, ဝါသေဋ္ဌ, သော ဝတ ဝါသေဋ္ဌ အပရိဂ္ဂဟော ဘိက္ခု ကာယဿ ဘေဒါ ပရံ မရဏာ အပရိဂ္ဂဟဿ ဗြဟ္မုနော သဟဗျူပဂေါ ဘဝိဿတီ’’တိ, ဌာနမေတံ ဝိဇ္ဇတိ။
၅၅၇။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။ ဤသို့နေလေ့ရှိသော ရဟန်းသည် (သားမယားကို) သိမ်းဆည်းခြင်း ရှိသလော့၊ သိမ်းဆည်းခြင်း မရှိသလော။ အသျှင်ဂေါတမ (ကာမစ္ဆန္ဒမရှိသောကြောင့်) သိမ်းဆည်းခြင်း မရှိပါ။ ရန်နှင့်ယှဥ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဥ်သောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဗျာပါဒမရှိသောကြောင့်) ရန်နှင့်ယှဥ်သောစိတ် မရှိပါ။ မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ထိနမိဒ္ဓမရှိသောကြောင့်) မခံ့ကျန်းသောစိတ် မရှိပါ။ ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။ အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာမရှိသောကြောင့်) ညစ်နွမ်းသောစိတ် မရှိပါ။ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။ အသျှင်ဂေါတမ (ဝိစိကိစ္ဆာမရှိသောကြောင့်) အလိုအတိုင်း ဖြစ်စေနိုင်ပါ၏။ ဝါသေဋ္ဌ ရဟန်းသည် (သားမယားကို) သိမ်းဆည်းခြင်း မရှိ၊ ဗြဟ္မာသည်လည်း (သားမယားကို) သိမ်းဆည်းခြင်းမရှိဟု ဆို၏၊ (သို့ဖြစ်လျှင်) ရဟန်း၏ (သားမယားကို) မသိမ်းဆည်းခြင်းသည် ဗြဟ္မာ၏ (သားမယားကို) မသိမ်းဆည်းခြင်းနှင့်အတူ ရောနှော ညီညွတ််သည် မဟုတ်ပါလော။ “အသျှင်ဂေါတမဟုတ်ပါ၏”။ ဝါသေဋ္ဌ ကောင်းပြီ၊ (သားမယားကို) သိမ်းဆည်းခြင်းမရှိသော ထိုရဟန်းသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ (သားမယားကို) သိမ်းဆည်းခြင်းမရှိသော ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ် သို့ရောက်နိုင်အံ့သော အကြောင်းသည် ရှိပေ၏။
What do you think, Vāseṭṭha? When a mendicant meditates like this, are they encumbered with possessions or not?” “They are not.” “Is their heart full of enmity or not?” “It is not.” “Is their heart full of ill will or not?” “It is not.” “Is their heart corrupted or not?” “It is not.” “Do they wield power or not?” “They do.” “So it seems that that mendicant is not encumbered with possessions, and neither is the Divinity. Would a mendicant who is not encumbered with possessions join together and converge with the Divinity, who isn’t encumbered with possessions?” “Yes, worthy Gotama.” “Good, Vāseṭṭha! It’s quite possible that a mendicant who is not encumbered with possessions will, when the body breaks up, after death, be reborn in the company of Divinity, who isn’t encumbered with possessions.
၅၅၈။ ‘‘ဣတိ ကိရ, ဝါသေဋ္ဌ, အဝေရစိတ္တော ဘိက္ခု, အဝေရစိတ္တော ဗြဟ္မာ…ပေ… အဗျာပဇ္ဇစိတ္တော ဘိက္ခု, အဗျာပဇ္ဇစိတ္တော ဗြဟ္မာ… အသံကိလိဋ္ဌစိတ္တော ဘိက္ခု, အသံကိလိဋ္ဌစိတ္တော ဗြဟ္မာ… ဝသဝတ္တီ ဘိက္ခု, ဝသဝတ္တီ ဗြဟ္မာ, အပိ နု ခေါ ဝသဝတ္တိဿ ဘိက္ခုနော ဝသဝတ္တိနာ ဗြဟ္မုနာ သဒ္ဓိံ သံသန္ဒတိ သမေတီ’’တိ? ‘‘ဧဝံ, ဘော ဂေါတမ’’။ ‘‘သာဓု, ဝါသေဋ္ဌ, သော ဝတ, ဝါသေဋ္ဌ, ဝသဝတ္တီ ဘိက္ခု ကာယဿ ဘေဒါ ပရံ မရဏာ ဝသဝတ္တိဿ ဗြဟ္မုနော သဟဗျူပဂေါ ဘဝိဿတီတိ, ဌာနမေတံ ဝိဇ္ဇတီ’’တိ။
၅၅၈။ ဝါသေဋ္ဌ ရဟန်းသည် ရန်နှင့်ယှဥ်သောစိတ် မရှိ၊ ဗြဟ္မာသည်လည်း ရန်နှင့်ယှဥ်သောစိတ် မရှိဟုဆို၏။ပ။ ဝါသေဋ္ဌ ရဟန်းသည် မခံ့ကျန်းသောစိတ် မရှိ၊ ဗြဟ္မာသည်လည်း မခံ့ကျန်းသောစိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ရဟန်းသည် ညစ်နွမ်းသောစိတ် မရှိ၊ ဗြဟ္မာသည်လည်း ညစ်နွမ်းသောစိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ရဟန်းသည် (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်၏၊ ဗြဟ္မာသည်လည်း (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆို၏၊ (ဤသို့ဖြစ်လျှင်) ရဟန်း၏ (စိတ်ကို) အလိုအတိုင်းဖြစ်စေနိုင်ခြင်းသည် ဗြဟ္မာ၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေခြင်းနှင့် အတူ ရောနှော ညီညွတ််သည်မဟုတ်ပါလော။ အသျှင်ဂေါတမဟုတ်ပါ၏။ ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ (စိတ်ကို) အလိုအတိုင်းဖြစ်စေနိုင်သော ထိုရဟန်းသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သော ဗြဟ္မာ၏ အပေါင်း အဖော်အဖြစ်သို့ ရောက်နိုင်အံ့သော အကြောင်းသည် ရှိပေ၏ဟု ဟောကြားတော်မူ၏။
And it seems that that mendicant has no enmity, ill will, corruption, and does wield power, while the Divinity is the same in all these things. Would a mendicant who is the same as the Divinity in all things join together and converge with him?” “Yes, worthy Gotama.” “Good, Vāseṭṭha! It’s quite possible that that mendicant will, when the body breaks up, after death, be reborn in the company of Divinity.”
၅၅၉။ ဧဝံ ဝုတ္တေ, ဝါသေဋ္ဌဘာရဒွါဇာ မာဏဝါ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ။ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ, ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။
တေဝိဇ္ဇသုတ္တံ နိဋ္ဌိတံ တေရသမံ။
သီလက္ခန္ဓဝဂ္ဂေါ နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ဗြဟ္မာသာမညအမ္ဗဋ္ဌ,
သောဏကူဋမဟာလိဇာလိနီ၊
သီဟပေါဋ္ဌပါဒသုဘော ကေဝဋ္ဋော,
လောဟိစ္စတေဝိဇ္ဇာ တေရသာတိ။
သီလက္ခန္ဓဝဂ္ဂပါဠိ နိဋ္ဌိတာ။
၅၅၉။ ဤသို့ ဟောကြားတော်မူသော် ဝါသေဋ္ဌနှင့်ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြားလေကုန်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူသာလျှင်အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ”ဟု လျှောက်ကြားလေကုန်သတည်း။ တစ်ဆယ့်သုံးခုမြောက်သော တေဝိဇ္ဇသုတ်ပြီး၏။ သုတ်အစဥ်ကား ၁။ ဗြဟ္မဇာလသုတ် ၂။ သာမညဖလသုတ် ၃။ အမ္ဗဋ္ဌသုတ် ၄။ သောဏဒဏ္ဍသုတ် ၅။ ကူဋဒန္တသုတ် ၆။ မဟာလိသုတ် ၇။ ဇာလိယသုတ် ၈။ မဟာသီဟနာဒသုတ် ၉။ ပေါဋ္ဌပါဒသုတ် ၁၀။ သုဘသုတ် ၁၁။ ကေဝဋ္ဋသုတ် ၁၂။ လောဟိစ္စသုတ် ၁၃။ တေဝိဇ္ဇသုတ် ဤတစ်ဆယ့်သုံးသုတ်တို့တည်း။ သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန် ပြီး၏။
When he had spoken, Vāseṭṭha and Bhāradvāja said to him, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”