ဗုဒ္ဓဝံသပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယ
ဗုဒ္ဓဝံသပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ရတနစင်္ကမနကဏ္ဍ
၁။ ဗြဟ္မာ စ လောကာဓိပတီ သဟမ္ပတီ [သဟမ္ပတိ (သျာ။ ကံ။)], ကတဉ္ဇလီ အနဓိဝရံ အယာစထ၊
‘‘သန္တီဓ သတ္တာပ္ပရဇက္ခဇာတိကာ, ဒေသေဟိ ဓမ္မံ အနုကမ္ပိမံ ပဇံ’’။
၁။ လောကကို အစိုးရသော သဟမ္ပတိဗြဟ္မာသည် ကိုယ်တော်ထက် လွန်မြတ်သူ ရှိတော် မမူသော မြတ်စွာဘုရားကို လက်အုပ်ချီလျက် (မြတ်စွာဘုရား) ပညာမျက်စိ၌ (ကိလေသာ) မြူ နည်းပါးသောသဘောရှိသော သတ္တဝါတို့သည် ဤလောက၌ ထင်ရှားရှိပါကုန်၏၊ ဤသတ္တဝါ အပေါင်းကိုသနားတော်မူပါ၊ တရားကို ဟောတော်မူပါဟု တောင်းပန်လေ၏။
၂။ သမ္ပန္နဝိဇ္ဇာစရဏဿ တာဒိနော, ဇုတိန္ဓရဿန္တိမဒေဟဓာရိနော၊
တထာဂတဿပ္ပဋိပုဂ္ဂလဿ, ဥပ္ပဇ္ဇိ ကာရုညတာ သဗ္ဗသတ္တေ။
၂။ အသိဉာဏ်‘ဝိဇ္ဇာ’, အကျင့်‘စရဏ’နှင့် ပြည့်စုံတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော် မူသော အလင်းရောင်ကို ဆောင်တော်မူသော အဆုံးစွန်သော ကိုယ်တော်ကို ဆောင်တော်မူ သောပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူသော မြတ်စွာဘုရားအား သတ္တဝါအားလုံးတို့၌ သနားခြင်း သည်ဖြစ်တော်မူလေ၏။ (ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အကြံ ဖြစ်တော်မူလေ၏)။
၃။ ‘‘န ဟေတေ ဇာနန္တိ သဒေဝမာနုသာ, ဗုဒ္ဓေါ အယံ ကီဒိသကော နရုတ္တမော၊
ဣဒ္ဓိဗလံ ပညာဗလဉ္စ ကီဒိသံ, ဗုဒ္ဓဗလံ လောကဟိတဿ ကီဒိသံ။
၃။ နတ်နှင့်တကွသော ဤလူတို့သည် “လူတို့ထက်မြတ်သော ဤမြတ်စွာဘုရားကား အဘယ်သို့သဘောရှိလေသနည်း၊ လူတို့၏ အစီးအပွါးကို ဖြစ်စေတတ်သော မြတ်စွာဘုရား၏ တန်ခိုးစွမ်းအားသည်လည်းကောင်း၊ အရဟတ္တမဂ်ပညာစွမ်းအားသည်လည်းကောင်း အ ဘယ်သို့သဘောရှိလေသနည်း၊ မြတ်စွာဘုရား၏ (ဒသဗလဉာဏ်တော်) စွမ်းအားသည် အဘယ်သို့သဘောရှိလေသနည်း”ဟု မသိနိုင်ကြကုန်။
၄။ ‘‘န ဟေတေ ဇာနန္တိ သဒေဝမာနုသာ, ဗုဒ္ဓေါ အယံ ဧဒိသကော နရုတ္တမော၊
ဣဒ္ဓိဗလံ ပညာဗလဉ္စ ဧဒိသံ, ဗုဒ္ဓဗလံ လောကဟိတဿ ဧဒိသံ။
၄။ နတ်နှင့် တကွသော ဤလူတို့သည် “လူတို့ထက် မြတ်သော ဤမြတ်စွာဘုရားကား ဤသို့သဘောရှိပေ၏။ မြတ်စွာဘုရား၏ တန်ခိုးစွမ်းအားသည်လည်းကောင်း၊ ပညာစွမ်းအား သည်လည်းကောင်းဤသို့သဘောရှိပေ၏။ မြတ်စွာဘုရား၏ (ဒသဗလဉာဏ်တော်) စွမ်းအား သည် ဤသို့သဘောရှိပေ၏’ဟုမသိနိုင်ကြကုန်။
၅။ ‘‘ဟန္ဒာဟံ ဒဿယိဿာမိ, ဗုဒ္ဓဗလမနုတ္တရံ၊
စင်္ကမံ မာပယိဿာမိ, နဘေ ရတနမဏ္ဍိတံ’’။
၅။ ထို့ကြောင့် ငါ (ဘုရား) သည် ဘုရားရှင်တို့၏ အမြတ်ဆုံးဖြစ်သော စွမ်းအားကို ယခု ပြပေအံ့၊ ကောင်းကင်၌ ရတနာတို့ဖြင့် တန်ဆာဆင်အပ်သော စင်္ကြံကို ဖန်ဆင်းပေအံ့ (ဟု အကြံအစည် ဖြစ်၏)။
၆။ ဘုမ္မာ မဟာရာဇိကာ တာဝတိံသာ, ယာမာ စ ဒေဝါ တုသိတာ စ နိမ္မိတာ၊
ပရနိမ္မိတာ ယေပိ စ ဗြဟ္မကာယိကာ, အာနန္ဒိတာ ဝိပုလမကံသု ဃောသံ။
၆။ (မြတ်စွာဘုရား ကြံစည်တော်မူသော အခါ တစ်သောင်းသော စကြဝဠာ၌ နေကြကုန် သော) ဘုမ္မစိုးနတ်တို့သည်လည်းကောင်း၊ စတုမဟာရာဇ်နတ်တို့သည်လည်းကောင်း၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်, တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တိနတ်တို့သည်လည်းကောင်း၊ ဗြဟ္မာအပေါင်းတို့သည်လည်းကောင်း အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍ တစ်ခဲနက် ကြွေးကြော်သံကို ပြုကြလေကုန်၏။
၇။ ဩဘာသိတာ စ ပထဝီ သဒေဝကာ, ပုထူ စ လောကန္တရိကာ အသံဝုတာ၊
တမော စ တိဗ္ဗော ဝိဟတော တဒါ အဟု, ဒိသွာန အစ္ဆေရကံ ပါဋိဟီရံ။
၇။ (မြတ်စွာဘုရားသည် ) နတ်ပြည်နှင့် တကွသော မြေပြင် (လူ့ပြည်) ကိုလည်းကောင်း၊ အောက်၌ တည်ရာမရှိသော များစွာသော လောကန္တရိက်ငရဲတို့ကို လည်းကောင်း ထွန်းလင်းစေတော်မူ၏။ ထိုအခါ ထူထဲသော အမိုက်မှောင်သည်လည်း ကွယ်ပျောက်လေ၏၊ (နတ်နှင့်တကွ သော လူတို့သည်) အံ့ဩဖွယ်တန်ခိုးပြာဋိဟာကို မြင်၍ (အလွန်ဝမ်းမြောက်ကြလေကုန်၏)။
၈။ သဒေဝဂန္ဓဗ္ဗမနုဿရက္ခသေ, အာဘာ ဥဠာရာ ဝိပုလာ အဇာယထ၊
ဣမသ္မိံ လောကေ ပရသ္မိဉ္စောဘယသ္မိံ [ပရသ္မိံ စူဘယေ (သျာ။ ကံ။)], အဓော စ ဥဒ္ဓံ တိရိယဉ္စ ဝိတ္ထတံ။
၈။ နတ်, ဂန္ဓဗ္ဗ, လူ, ရက္ခိုသ်တို့နှင့်တကွသော ဤလူ့ပြည်၌လည်းကောင်း၊ အခြားနတ် ပြည်, ဗြဟ္မာ့ပြည်၌လည်းကောင်း ဤနှစ်ပါးစုံသော လောက၌ အောက်, အထက်, ဖီလာအားဖြင့် ပျံ့နှံ့လျက်မြင့်မြတ်ပြန့်ပြောသော အလင်းရောင်သည် ဖြစ်ပေါ်လေ၏။
၉။ သတ္တုတ္တမော အနဓိဝရော ဝိနာယကော, သတ္ထာ အဟူ ဒေဝမနုဿပူဇိတော၊
မဟာနုဘာဝေါ သတပုညလက္ခဏော, ဒဿေသိ အစ္ဆေရကံ ပါဋိဟီရံ။
၉။ သတ္တဝါအားလုံးတို့ထက် မြတ်တော်မူသော မိမိထက် လွန်မြတ်သူ ရှိတော်မမူသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော နတ်လူတို့၏ အပူဇော်ခံဖြစ်တော်မူသော တန်ခိုးအာနုဘော် ကြီးမားတော်မူသော အရာမကသော ဘုန်းကံတို့ကြောင့်ဖြစ်သော လက္ခဏာရှိတော် မူသော အကြင်မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အံ့ဩဖွယ် တန်ခိုး ပြာဋိဟာကို ပြတော်မူ၏။
၁၀။ သော ယာစိတော ဒေဝဝရေန စက္ခုမာ, အတ္ထံ သမေက္ခိတွာ တဒါ နရုတ္တမော၊
စင်္ကမံ [စင်္ကမံ တတ္ထ (သီ။)] မာပယိ လောကနာယကော, သုနိဋ္ဌိတံ သဗ္ဗရတနနိမ္မိတံ။
၁၀။ ထိုအခါ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော လူတို့ထက် မြတ်တော်မူသော ထို မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာ တောင်းပန်အပ်သည်ဖြစ်၍ နတ်လူတို့၏ အကျိုးစီးပွား ကို ဆင်ခြင်တော်မူပြီးလျှင် အလုံးစုံရတနာတို့ဖြင့် စီမံအပ်သော ကောင်းစွာ ပြီးမြောက်ပြီး ဖြစ်သော စင်္ကြံကို ဖန်ဆင်းတော်မူ၏။
၁၁။ ဣဒ္ဓီ စ အာဒေသနာနုသာသနီ, တိပါဋိဟီရေ ဘဂဝါ ဝသီ အဟု၊
စင်္ကမံ မာပယိ လောကနာယကော, သုနိဋ္ဌိတံ သဗ္ဗရတနနိမ္မိတံ။
၁၁။ မြတ်စွာဘုရားသည် “ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊ အနုသာသနီပါဋိဟာရိယ”၁ဟူသော တန်ခိုးပြာဋိဟာ သုံးမျိုး၌ လေ့လာပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် အလုံးစုံရတနာတို့ဖြင့် စီမံအပ်သော ကောင်းစွာ ပြီးမြောက်ပြီး ဖြစ်သော စင်္ကြံကို ဖန်ဆင်းတော်မူ၏။
၁၂။ ဒသသဟဿီလောကဓာတုယာ, သိနေရုပဗ္ဗတုတ္တမေ၊
ထမ္ဘေဝ ဒဿေသိ ပဋိပါဋိယာ, စင်္ကမေ ရတနာမယေ။
၁၂။ လောကဓာတ် တစ်သောင်း၌ မြင်းမိုရ်တောင်မြတ်တို့ကို အစဥ်အတိုင်း တည်ရှိသော တိုင်တို့ကဲ့သို့ပြု၍ ထိုတိုင်တို့၏ အထက်၌ ရတနာတို့ဖြင့် စီမံအပ်သော စင်္ကြံကို ဖန်ဆင်း၍ ပြတော်မူ၏။
၁၃။ ဒသသဟဿီ အတိက္ကမ္မ, စင်္ကမံ မာပယီ ဇိနော၊
သဗ္ဗသောဏ္ဏမယာ ပဿေ, စင်္ကမေ ရတနာမယေ။
၁၃။ မြတ်စွာဘုရားသည် လောကဓာတ် တစ်သောင်းကို လွန်၍ စင်္ကြံကို ဖန်ဆင်းတော် မူ၏၊ ရတနာဖြင့် စီမံအပ်သော စင်္ကြံ၏ နံပါးနှစ်ဖက်၌ (ပိုင်းခြားအပ်သော မြေအပြင်သည်) အလုံးစုံ ရွှေဖြင့် ပြီး၏။
၁၄။ တုလာသံဃာဋာနုဝဂ္ဂါ, သောဝဏ္ဏဖလကတ္ထတာ၊
ဝေဒိကာ သဗ္ဗသောဝဏ္ဏာ, ဒုဘတော ပဿေသု နိမ္မိတာ။
၁၄။ ရတနာအမျိုးမျိုးတို့ဖြင့် စီမံအပ်သော ထုတ်လျောက်တို့ကို လည်းကောင်း၊ ထိုထုတ်လျောက်တို့အား လျော်ကုန်သော ရွှေဖြင့် စီမံသော ပျဥ်ချပ်အမိုးတို့ကို လည်းကောင်း၊ စင်္ကြံ၏နံပါးနှစ်ဖက်တို့၌ အလုံးစုံ ရွှေဖြင့်စီမံသော ပွတ်တိုင်တို့ကို လည်းကောင်း ဖန်ဆင်းအပ်ကုန်၏။
၁၅။ မဏိမုတ္တာဝါလုကာကိဏ္ဏာ, နိမ္မိတော ရတနာမယော၊
ဩဘာသေတိ ဒိသာ သဗ္ဗာ, သတရံသီဝ ဥဂ္ဂတော။
၁၅။ ပတ္တမြား, ပုလဲ, သဲတို့ဖြင့် ပြွမ်းလျက် ဖန်ဆင်းထားသော ရတနာစင်္ကြံသည် ‘တက် သစ်သောနေမင်းကဲ့သို့’ အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေ၏။
၁၆။ တသ္မိံ စင်္ကမနေ ဓီရော, ဒွတ္တိံသဝရလက္ခဏော၊
ဝိရောစမာနော သမ္ဗုဒ္ဓေါ, စင်္ကမေ စင်္ကမီ ဇိနော။
၁၆။ ထိုစင်္ကြံ၌ ခိုင်ခံ့သော ဝီရိယရှိတော်မူသော သုံးဆယ့်နှစ်ပါးသော လက္ခဏာမြတ် တို့နှင့်ပြည့်စုံတော်မူသော မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားသည် အထူးတင့်တယ်တော်မူသည်ဖြစ်၍ ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူ၏။
၁၇။ ဒိဗ္ဗံ မန္ဒာရဝံ ပုပ္ဖံ, ပဒုမံ ပါရိဆတ္တကံ၊
စင်္ကမနေ ဩကိရန္တိ, သဗ္ဗေ ဒေဝါ သမာဂတာ။
၁၇။ စည်းဝေးရောက်လာကုန်သော နတ်အားလုံးတို့သည် မန္ဒာရဝနတ်ပန်းကိုလည်းကောင်း၊ ပဒုမ္မာကြာပန်းကိုလည်းကောင်း၊ ပင်လယ်ကသစ်ပန်းကိုလည်းကောင်း ရတနာစင်္ကြံ၌ ကြဲဖြန့်ပူဇော်ကုန်၏။
၁၈။ ပဿန္တိ တံ ဒေဝသံဃာ, ဒသသဟဿီ ပမောဒိတာ၊
နမဿမာနာ နိပတန္တိ, တုဋ္ဌဟဋ္ဌာ ပမောဒိတာ။
၁၈။ လောကဓာတ် တစ်သောင်း၌ ရှိသော နတ်အပေါင်းတို့သည် အလွန် ဝမ်းမြောက် ကုန်လျက်ထိုမြတ်စွာဘုရားကို ဖူးမြင်ကုန်၏၊ နှစ်သက်ရွှင်လန်းဝမ်းမြောက်ကုန်သည်ဖြစ်၍ ရှိခိုးတုပ်ဝပ်ကြကုန်၏။
၁၉။ တာဝတိံသာ စ ယာမာ စ, တုသိတာ စာပိ ဒေဝတာ၊
နိမ္မာနရတိနော ဒေဝါ, ယေ ဒေဝါ ဝသဝတ္တိနော၊
ဥဒဂ္ဂစိတ္တာ သုမနာ, ပဿန္တိ လောကနာယကံ။
၁၉။ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တိနတ်တို့သည်လည်းကောင်း တက်ကြွသော ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ လောက၏ရှေ့သွားဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။
၂၀။ သဒေဝဂန္ဓဗ္ဗမနုဿရက္ခသာ, နာဂါ သုပဏ္ဏာ အထ ဝါပိ ကိန္နရာ၊
ပဿန္တိ တံ လောကဟိတာနုကမ္ပကံ, နဘေဝ အစ္စုဂ္ဂတစန္ဒမဏ္ဍလံ။
၂၀။ နတ်, ဂန္ဓဗ္ဗ, လူ, ရက္ခိုသ်တို့နှင့် တကွသော နဂါး, ဂဠုန်တို့သည်လည်းကောင်း၊ ထိုမှ တစ်ပါးကိန္နရာတို့သည်လည်းကောင်း ‘ကောင်းကင်၌ တက်သစ်သော လပြည့်ဝန်းကို မင်ကြ ရသကဲ့သို့’လောက၏ အစီးအပွါးကို အစဥ်စောင့်ရှောက်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ကြရကုန်၏။
၂၁။ အာဘဿရာ သုဘကိဏှာ, ဝေဟပ္ဖလာ အကနိဋ္ဌာ စ ဒေဝတာ၊
သုသုဒ္ဓသုက္ကဝတ္ထဝသနာ, တိဋ္ဌန္တိ ပဉ္ဇလီကတာ။
၂၁။ အလွန် စင်ကြယ်ဖြူဖွေးသော အဝတ်ကို ဝတ်ကုန်သော အာဘဿရဗြဟ္မာတို့သည် လည်းကောင်း၊ သုဘကိဏှဗြဟ္မာတို့သည်လည်းကောင်း၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့သည်လည်းကောင်း၊ အကနိဋ္ဌဗြဟ္မာတို့သည်လည်းကောင်း လက်အုပ်ချီကုန်လျက် ရပ်တည်နေကုန်၏။
၂၂။ မုဉ္စန္တိ ပုပ္ဖံ ပန ပဉ္စဝဏ္ဏိကံ, မန္ဒာရဝံ စန္ဒနစုဏ္ဏမိဿိတံ၊
ဘမေန္တိ စေလာနိ စ အမ္ဗရေ တဒါ, ‘‘အဟော ဇိနော လောကဟိတာနုကမ္ပကော။
၂၂။ ထိုအခါ အဆင်းငါးမျိုးရှိသော မန္ဒာရဝနတ်ပန်းကို စန္ဒကူးမှုန့်ဖြင့် ရောလျက် ကြဲကုန်ပြီးလျှင် ကောင်းကင်၌ အဝတ်ပုဆိုးတို့ကို လည်း ဝှေ့ရမ်းကြကုန်၍ “လောက၏ အစီး အပွါးကိုအစဥ်စောင့်ရှောက်တော်မူတတ်သော မြတ်စွာဘုရားသည် ဪ အံ့ဩဖွယ်ရှိပါပေစွ”ဟုချီးကျူးကြကုန်၏။
၂၃။ ‘‘တုဝံ သတ္ထာ စ ကေတူ စ, ဓဇော ယူပေါ စ ပါဏိနံ၊
ပရာယနော ပတိဋ္ဌာ စ, ဒီပေါ စ ဒွိပဒုတ္တမော [ဒိပဒုတ္တမော (သီ။ သျာ။)]။
၂၃။ အသျှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူပါပေ၏၊ မှန်ကင်းသဖွယ် လည်းဖြစ်တော်မူပါပေ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ ကိုးကွယ်ရာလည်း ဖြစ်တော်မူပါပေ၏၊ ထောက်တည်ရာလည်း ဖြစ်တော်မူ ပါပေ၏၊ ဆီမီးတန်ဆောင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ တို့တွင်အမြတ်ဆုံးလည်း ဖြစ်တော်မူပါပေ၏။
၂၄။ ‘‘ဒသသဟဿီလောကဓာတုယာ, ဒေဝတာယော မဟိဒ္ဓိကာ၊
ပရိဝါရေတွာ နမဿန္တိ, တုဋ္ဌဟဋ္ဌာ ပမောဒိတာ။
၂၄။ လောကဓာတ်တစ်သောင်း၌ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရားကို ခြံရံကြကုန်လျက်နှစ်သက်ရွှင်လန်းဝမ်းမြောက်ကုန်သည် ဖြစ်၍ ရှိခိုးကြကုန်၏။
၂၅။ ‘‘ဒေဝတာ ဒေဝကညာ စ, ပသန္နာ တုဋ္ဌမာနသာ၊
ပဉ္စဝဏ္ဏိကပုပ္ဖေဟိ, ပူဇယန္တိ နရာသဘံ။
၂၅။ နတ်သားတို့သည်လည်းကောင်း၊ နတ်သမီးတို့သည်လည်းကောင်း ကြည်ညိုကြကုန် နှစ်သက်သောစိတ်ရှိကြကုန်သည်ဖြစ်၍ အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ကြကုန်၏။
၂၆။ ‘‘ပဿန္တိ တံ ဒေဝသံဃာ, ပသန္နာ တုဋ္ဌမာနသာ၊
ပဉ္စဝဏ္ဏိကပုပ္ဖေဟိ, ပူဇယန္တိ နရာသဘံ။
၂၆။ နတ်အပေါင်းတို့သည် ကြည်ညိုနှစ်သက်သော စိတ်ရှိကြကုန်သည် ဖြစ်၍ ထိုမြတ်စွာ ဘုရားကိုဖူးမြင်ကြရကုန်၏၊ အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ကြရကုန်၏။
၂၇။ ‘‘အဟော အစ္ဆရိယံ လောကေ, အဗ္ဘုတံ လောမဟံသနံ၊
န မေဒိသံ ဘူတပုဗ္ဗံ, အစ္ဆေရံ လောမဟံသနံ’’။
၂၇။ လောက၌ မဖြစ်စဖူး ဖြစ်သော ကြက်သီးမွေးညင်း ထခြင်းသည် ဪ အံ့ဩဖွယ် ရှိပါပေစွ၊ ငါသည် ရှေးက မဖြစ်ဖူးသော ဤသို့သဘောရှိသော အံ့ဩဖွယ် ကြက်သီးမွေးညင်း ထခြင်းကို တွေ့မြင်ရပေပြီဟု နတ်တို့ မြွက်ဆိုကုန်၏။
၂၈။ သကသကမှိ ဘဝနေ, နိသီဒိတွာန ဒေဝတာ၊
ဟသန္တိ တာ မဟာဟသိတံ, ဒိသွာနစ္ဆေရကံ နဘေ။
၂၈။ ထိုနတ်တို့သည် မိမိ, မိမိတို့ဘုံဗိမာန်၌ နေထိုင်ကုန်လျက်ပင် ကောင်းကင်၌ အံ့ဩဖွယ်တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရခြင်းကြောင့် အလွန်အကျူး ရွှင်မြူးခြင်းဖြင့် ရွှင်မြူး ကြကုန်၏။
၂၉။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ, တိဏပန္ထနိဝါသိနော၊
ကတဉ္ဇလီ နမဿန္တိ, တုဋ္ဌဟဋ္ဌာ ပမောဒိတာ။
၂၉။ ကောင်းကင်၌ တည်သော နတ်တို့သည်လည်းကောင်း၊ မြေ၌ တည်သော နတ်တို့သည်လည်းကောင်း၊ ကျူတော, ဝါးတောနှင့် လမ်းခရီး၌ နေသော နတ်တို့သည်လည်းကောင်းနှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လက်အုပ်ချီမိုး ရှိခိုးကြကုန်၏။
၃၀။ ယေပိ ဒီဃာယုကာ နာဂါ, ပုညဝန္တော မဟိဒ္ဓိကာ၊
ပမောဒိတာ နမဿန္တိ, ပူဇယန္တိ နရုတ္တမံ။
၃၀။ အသက်ရှည်ကုန်, ဘုန်းကြီးကုန်, တန်ခိုးကြီးကုန်သော နဂါးတို့သည်လည်း ဝမ်းမြောက်ကုန်သည်ဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြကုန်၏။
၃၁။ သင်္ဂီတိယော ပဝတ္တေန္တိ, အမ္ဗရေ အနိလဉ္ဇသေ၊
စမ္မနဒ္ဓါနိ ဝါဒေန္တိ, ဒိသွာနစ္ဆေရကံ နဘေ။
၃၁။ (နတ်တို့သည်) ကောင်းကင်၌ အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရကုန်၍ လေတို့သွားရာ ကောင်းကင်ပြင်၌ နတ်ကချေသည်အပေါင်းတို့ကို ကကြစေကုန်လျက် နတ် စည်တို့ကို တီးကုန်၏။
၃၂။ သင်္ခါ စ ပဏဝါ စေဝ, အထောပိ ဍိဏ္ဍိမာ [ဍေဏ္ဍိမာ (သီ။)] ဗဟူ၊
အန္တလိက္ခသ္မိံ ဝဇ္ဇန္တိ, ဒိသွာနစ္ဆေရကံ နဘေ။
၃၂။ ကောင်းကင်၌ အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရကုန်၍ ခရုသင်းတို့ကို လည်းကောင်း၊ ထက်စည်တို့ကို လည်းကောင်း၊ ထိုမှတစ်ပါးလည်း များစွာသော ဗုံမောင်းပတ် သာတို့ကို လည်းကောင်းကောင်းကင်၌ တီးမှုတ်ကြကုန်၏။
၃၃။ အဗ္ဘုတော ဝတ နော အဇ္ဇ, ဥပ္ပဇ္ဇိ လောမဟံသနော၊
ဓုဝမတ္ထသိဒ္ဓိံ လဘာမ, ခဏော နော ပဋိပါဒိတော။
၃၃။ ယနေ့ ငါတို့အား စင်စစ် မဖြစ်စဖူး ဖြစ်သော ကြက်သီးမွေးညင်း ထခြင်းသည် ဖြစ်ပေါ်လာခဲ့၏၊ အကျိုးပြီးစီးခြင်းကို မချွတ်ရကုန်လတ္တံ့၊ ငါတို့အား အခါကောင်း (ဗုဒ္ဓုပ္ပါဒခဏ) ကို ရခဲ့လေပြီ (ဟုကြွေးကြော်ကြကုန်၏)။
၃၄။ ဗုဒ္ဓေါတိ တေသံ သုတွာန, ပီတိ ဥပ္ပဇ္ဇိ တာဝဒေ၊
ဗုဒ္ဓေါ ဗုဒ္ဓေါတိ ကထယန္တာ, တိဋ္ဌန္တိ ပဉ္ဇလီကတာ။
၃၄။ ထိုအခါ ထိုနတ်တို့အား မြတ်စွာဘုရားဟူသော စကားသံကို ကြားနာရ၍ နှစ်သက် ခြင်း ‘ပီတိ’ သည် ဖြစ်ပေါ်လေ၏၊ ‘မြတ်စွာဘုရား မြတ်စွာဘုရား’ဟု ပြောဆိုမြွက်ကြားကြ ကုန်လျက်လက်အုပ်ချီ၍ ရပ်တည်နေကုန်၏။
၃၅။ ဟိင်္ကာရာ သာဓုကာရာ စ [ဟိင်္ကာရံ သာဓုကာရဉ္စ (သီ။ သျာ။)], ဥက္ကုဋ္ဌိ သမ္ပဟံသနံ [သမ္ပသာဒနံ (သီ။), သမ္ပနာဒနံ (သျာ။)]၊
ပဇာ စ ဝိဝိဓာ ဂဂနေ, ဝတ္တေန္တိ ပဉ္ဇလီကတာ။
၃၅။ ကောင်းကင်၌ အမျိုးမျိုးသော နတ်နှင့်ဘီလူးတို့သည် လက်အုပ်ချီကုန်လျက်ဟိန်းသံတို့ကို လည်းကောင်း၊ ကောင်းချီးပေးသံတို့ကို လည်းကောင်း၊ ကြွေးကြော်သံကိုလည်းကောင်း၊ နှစ်သက်ရွှင်လန်းခြင်းကို လည်းကောင်း ဖြစ်စေကုန်၏။
၃၆။ ဂါယန္တိ သေဠေန္တိ စ ဝါဒယန္တိ စ, ဘုဇာနိ ပေါထေန္တိ စ နစ္စယန္တိ စ၊
မုဉ္စန္တိ ပုပ္ဖံ ပန ပဉ္စဝဏ္ဏိကံ, မန္ဒာရဝံ စန္ဒနစုဏ္ဏမိဿိတံ။
၃၆-၃၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ခြေတော်တို့၌ တံခွန်လုံး, ဝဇီရစိန်, တံခွန်ပြား, နားသွယ်ပန်း, ချွန်းတောင်းတို့ဖြင့် တန်ဆာဆင်အပ်သော စက်လက္ခဏာသည်အလွန်တင့်တယ်တော်မူပါပေ၏ဟု သီဆိုလည်း သီဆိုကုန်၏၊ လေလည်း ချွန်ကုန်၏၊ တီးမှုတ်လည်းတီးမှုတ်ကုန်၏၊ လက်ပန်းပေါက်တို့ကို လည်း ခတ်ကုန်၏၊ ကလည်း ကကုန်၏။ အဆင်းငါးပါးရှိသောမန္ဒာရဝပန်းကို စန္ဒကူးမှုန့်ဖြင့် ရောလျက် ကြဲလည်း ကြဲကုန်၏။
၃၇။ ‘‘ယထာ တုယှံ မဟာဝီရ, ပါဒေသု စက္ကလက္ခဏံ၊
ဓဇဝဇိရပဋာကာ, ဝဍ္ဎမာနင်္ကုသာစိတံ။
၃၈။ ‘‘ရူပေ သီလေ သမာဓိမှိ, ပညာယ စ အသာဒိသော၊
ဝိမုတ္တိယာ အသမသမော, ဓမ္မစက္ကပ္ပဝတ္တနေ။
၃၈။ အဆင်းတော်၌လည်းကောင်း၊ သီလတော်၌လည်းကောင်း၊ သမာဓိတော်၌လည်းကောင်း၊ ပညာတော်၌လည်းကောင်း တူသောပုဂ္ဂိုလ် ရှိတော်မမူပါ။ အရဟတ္တဖိုလ်၌လည်းကောင်း၊ ဓမ္မစကြာကိုဟောတော်မူခြင်း၌လည်းကောင်း အတုမရှိသော မြတ်စွာဘုရားတို့နှင့် သာ တူတော်မူပါပေ၏။
၃၉။ ‘‘ဒသနာဂဗလံ ကာယေ, တုယှံ ပါကတိကံ ဗလံ၊
ဣဒ္ဓိဗလေန အသမော, ဓမ္မစက္ကပ္ပဝတ္တနေ။
၃၉။ အသျှင်ဘုရား၏ ကိုယ်တော်၌ ပြကတေ့သော အားတော်သည် (ဆဒ္ဒန်) ဆင်ပြောင် ဆယ်စီးအားရှိတော်မူပါပေ၏။ တန်ခိုးအစွမ်း၌လည်းကောင်း၊ ဓမ္မစကြာကို ဟောခြင်း၌လည်းကောင်း တူသောပုဂ္ဂိုလ်ရှိတော်မမူ။
၄၀။ ‘‘ဧဝံ သဗ္ဗဂုဏူပေတံ, သဗ္ဗင်္ဂသမုပါဂတံ၊
မဟာမုနိံ ကာရုဏိကံ, လောကနာထံ နမဿထ။
၄၀။ ဤသို့ အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံတော်မူသော အလုံးစုံသော အင်္ဂါနှင့် ပြည့်စုံ တော်မူသော သနားခြင်း ‘ကရုဏာ’ရှိတော်မူသော လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားကိုရှိခိုးကြကုန်လော့။
၄၁။ ‘‘အဘိဝါဒနံ ထောမနဉ္စ, ဝန္ဒနဉ္စ ပသံသနံ၊
နမဿနဉ္စ ပူဇဉ္စ, သဗ္ဗံ အရဟသီ တုဝံ။
၄၁။ အသျှင်ဘုရားသည် ရိုသေစွာ ရှိခိုးခြင်းကို လည်းကောင်း၊ (မျက်ကွယ်) ချီးမွမ်းခြင်း ကိုလည်းကောင်း၊ ဦးညွတ်ခြင်းကို လည်းကောင်း၊ (မျက်မှောက်) ချီးမွမ်းခြင်းကို လည်းကောင်း၊ လက်အုပ်ချီခြင်းကို လည်းကောင်း၊ ပူဇော်ခြင်းကို လည်းကောင်း အလုံးစုံကိုပင် ခံတော်မူထိုက်ပါ ပေ၏။
၄၂။ ‘‘ယေ ကေစိ လောကေ ဝန္ဒနေယျာ, ဝန္ဒနံ အရဟန္တိ ယေ၊
သဗ္ဗသေဋ္ဌော မဟာဝီရ, သဒိသော တေ န ဝိဇ္ဇတိ။
၄၂။ အလုံးစုံသော လောက၌ ရှိခိုးထိုက်သော ပုဂ္ဂိုလ်အားလုံးတို့သည် ရှိခိုးခြင်းကို ခံထိုက်ကုန်၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ထိုရှိခိုး ထိုက်သောပုဂ္ဂိုလ်အားလုံးတို့ထက် မြတ်တော်မူပါပေ၏၊ အသျှင်ဘုရားနှင့် တူသော ပုဂ္ဂိုလ် သည် မရှိတော့ပါ။
၄၃။ ‘‘သာရိပုတ္တော မဟာပညော, သမာဓိဇ္ဈာနကောဝိဒေါ၊
ဂိဇ္ဈကူဋေ ဌိတောယေဝ, ပဿတိ လောကနာယကံ။
၄၃။ ကြီးမြတ်သော ပညာရှိတော်မူသော သမာဓိဈာန်တို့၌ လိမ္မာတော်မူသော အသျှင် သာရိပုတ္တရာသည်ဂိဇ္ဈ ကုဋ်တောင်၌ ရပ်လျက်သာလျှင် လောက၏ ရှေ့သွား ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၏။
၄၄။ ‘‘သုဖုလ္လံ သာလရာဇံဝ, စန္ဒံဝ ဂဂနေ ယထာ၊
မဇ္ဈနှိကေဝ [မဇ္ဈန္တိကေဝ (သဗ္ဗတ္ထ)] သူရိယံ, ဩလောကေသိ နရာသဘံ။
၄၄။ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်း ကင်၌ လကိုရှုမြင်ရသကဲ့သို့လည်းကောင်း၊ မွန်းတည့်ချိန်၌ နေကို ရှုမြင်ရသကဲ့သို့လည်းကောင်း မြတ်စွာဘုရားကိုမော်၍ ဖူးမြော်လေ၏။
၄၅။ ‘‘ဇလန္တံ ဒီပရုက္ခံဝ, တရုဏသူရိယံဝ ဥဂ္ဂတံ၊
ဗျာမပ္ပဘာနုရဉ္ဇိတံ, ဓီရံ ပဿတိ လောကနာယကံ။
၄၅။ ထွန်းလင်းသော ဆီမီး (တန်ဆောင်) တိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တက် သစ်စနေလုလင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ဗျာမပ္ပဘာရောင်ခြည်တော်ဖြင့် ခြယ်လှယ် ထားအပ်သောတည်ကြည်သော သမာဓိရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၄၆။ ‘‘ပဉ္စန္နံ ဘိက္ခုသတာနံ, ကတကိစ္စာန တာဒိနံ၊
ခီဏာသဝါနံ ဝိမလာနံ, ခဏေန သန္နိပါတယိ။
၄၆။ မဂ်ကိစ္စကို ပြုပြီးကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော အညစ်အကြေး ကင်း ကုန်သောရဟန္တာရဟန်းငါးရာတို့ကို တစ်ခဏချင်းဖြင့် စည်းဝေးစေတော်မူလေ၏။
၄၇။ ‘‘လောကပ္ပသာဒနံ နာမ, ပါဋိဟီရံ နိဒဿယိ၊
အမှေပိ တတ္ထ ဂန္တွာန, ဝန္ဒိဿာမ မယံ ဇိနံ။
၄၇။ လောကကို ကြည်ညိုစေတတ်သော ‘လောကပ္ပသာဒန’မည်သော တန်ခိုးပြာဋိဟာကိုမြတ်စွာဘုရားသည် ပြတော်မူလေ၏၊ ငါတို့သည်လည်း ထိုအရပ်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့-
၄၈။ ‘‘ဧထ သဗ္ဗေ ဂမိဿာမ, ပုစ္ဆိဿာမ မယံ ဇိနံ၊
ကင်္ခံ ဝိနောဒယိဿာမ, ပဿိတွာ လောကနာယကံ’’။
၄၈။ လာကြကုန်၊ ငါတို့အားလုံး သွားကုန်အံ့။ ငါတို့သည် မြတ်စွာဘုရားကို မေး လျှောက်ကုန်အံ့။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၍ ယုံမှားခြင်း ကို ပယ်ဖျောက်ကုန်အံ့ (ဟုမိန့်တော်မူ၏)။
၄၉။ သာဓူတိ တေ ပဋိဿုတွာ, နိပကာ သံဝုတိန္ဒြိယာ၊
ပတ္တစီဝရမာဒါယ, တရမာနာ ဥပါဂမုံ။
၄၉။ ရင့်ကျက်သော ပညာရှိကုန်သော ဣန္ဒြေကို စောင့်စည်းကုန်သော ထိုရဟန္တာ ရဟန်း ငါးရာတို့သည်“ကောင်းပါပြီ”ဟု ဝန်ခံ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် (အသျှင်သာရိပုတ္တရာ ထံသို့ ) အဆောတလျင်ချဥ်းကပ်ကြလေကုန်၏။
၅၀။ ခီဏာသဝေဟိ ဝိမလေဟိ, ဒန္တေဟိ ဥတ္တမေ ဒမေ၊
သာရိပုတ္တော မဟာပညော, ဣဒ္ဓိယာ ဥပသင်္ကမိ။
၅၀။ ကြီးမြတ်သော ပညာရှိသော အသျှင်သာရိပုတ္တရာသည် မွန်မြတ်သော အဆုံးအမ တော် (အရဟတ္တဖိုလ်) ကြောင့် အညစ်အကြေး ကင်းကုန်သော ယဥ်ကျေးပြီးကုန်သော ရဟန္တာတို့နှင့်အတူတန်ခိုးဖြင့် (မြတ်စွာဘုရားထံ) ချဥ်းကပ်တော်မူ၏။
၅၁။ တေဟိ ဘိက္ခူဟိ ပရိဝုတော, သာရိပုတ္တော မဟာဂဏီ၊
လဠန္တော ဒေဝေါဝ ဂဂနေ, ဣဒ္ဓိယာ ဥပသင်္ကမိ။
၅၁။ ထိုရဟန်းတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ များမြတ်သော ဂိုဏ်းသံဃာရှိသော အသျှင် သာရိပုတ္တရာသည်‘ကောင်းကင်၌ နတ်ကဲ့သို့’ တင့်တယ်လျက် တန်ခိုးဖြင့် ချဥ်းကပ်တော် မူ၏။
၅၂။ ဥက္ကာသိတဉ္စ ခိပိတံ [ဥက္ကာသိတဉ္စ ခိပိတဉ္စ (သျာ။ အဋ္ဌ။)], အဇ္ဈုပေက္ခိယ သုဗ္ဗတာ၊
သဂါရဝါ သပ္ပတိဿာ, သမ္ဗုဒ္ဓံ ဥပသင်္ကမုံ။
၅၂။ ကောင်းသော အကျင့် ဓူတင်ရှိကုန်သော ရဟန်းတို့သည် ချောင်းဟန့်သံကိုလည်းကောင်း၊ ချေဆတ်သံကိုလည်းကောင်း လျစ်လျူရှုကြ၍ ရိုသေခြင်း, ကျိုးနွံခြင်း ရှိကုန်လျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြလေကုန်၏။
၅၃။ ဥပသင်္ကမိတွာ ပဿန္တိ, သယမ္ဘုံ လောကနာယကံ၊
နဘေ အစ္စုဂ္ဂတံ ဓီရံ, စန္ဒံဝ ဂဂနေ ယထာ။
၅၃။ ချဥ်းကပ်ကြပြီးလျှင် ‘ကောင်းကင်၌ တက်ထွန်းသော လဝန်းကို ရှုမြင်ရသကဲ့သို့’ ကောင်းကင်၌ကြွတော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော သယမ္ဘူမြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။
၅၄။ ဇလန္တံ ဒီပရုက္ခံဝ, ဝိဇ္ဇုံဝ ဂဂနေ ယထာ၊
မဇ္ဈနှိကေဝ သူရိယံ, ပဿန္တိ လောကနာယကံ။
၅၄။ ‘ထွန်းလင်းသော ဆီမီး (တန်ဆောင်) တိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ လျှပ်စစ်နွယ်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ မွန်းတည့်အချိန်၌ နေမင်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း’ (တင့်တယ်သော) မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။
၅၅။ ပဉ္စဘိက္ခုသတာ သဗ္ဗေ, ပဿန္တိ လောကနာယကံ၊
ရဟဒမိဝ ဝိပ္ပသန္နံ, သုဖုလ္လံ ပဒုမံ ယထာ။
၅၅။ အလုံးစုံသော ရဟန်းငါးရာတို့သည် အထူးကြည်လင်သော ရေအိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်းစွာ ပွင့်သော ပဒုမ္မာကြာပန်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း (တင့်တယ်သော) မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။
၅၆။ အဉ္ဇလိံ ပဂ္ဂဟေတွာန, တုဋ္ဌဟဋ္ဌာ ပမောဒိတာ၊
နမဿမာနာ နိပတန္တိ, သတ္ထုနော စက္ကလက္ခဏေ။
၅၆။ ရဟန်းငါးရာတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကုန်သည်ဖြစ်၍ လက်အုပ် ချီကုန်လျက်မြတ်စွာဘုရား၏ စက်လက္ခဏာရှိသော ခြေတော်တို့၌ ရှိခိုးဝပ်ချကုန်၏။
၅၇။ သာရိပုတ္တော မဟာပညော, ကောရဏ္ဍသမသာဒိသော၊
သမာဓိဇ္ဈာနကုသလော, ဝန္ဒတေ လောကနာယကံ။
၅၇။ ကြီးမားသော ပညာရှိတော်မူသော လိပ်ဆူးရွှေပန်းအဆင်းနှင့် တူတော်မူသော သမာဓိဈာန်၌လိမ္မာတော်မူသော အသျှင်သာရိပုတ္တရာသည် မြတ်စွာဘုရားကို ရှိခိုး၏။
၅၈။ ဂဇ္ဇိတာ ကာလမေဃောဝ, နီလုပ္ပလသမသာဒိသော၊
ဣဒ္ဓိဗလေန အသမော, မောဂ္ဂလ္လာနော မဟိဒ္ဓိကော။
၅၈။ ‘စိမ်းညိုသော ရေအလျဥ်ကို ဆောင်သော မိုးကြီးသည် ထစ်ကြိုးသကဲ့သို့’ တန်ခိုး အစွမ်းအားဖြင့် တူသောပုဂ္ဂိုလ် ရှိတော်မမူသော ကြာညိုအဆင်းနှင့် တူမျှသော အဆင်းရှိတော် မူသော တန်ခိုးကြီးမားသော အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားကို ရှိခိုး၏။
၅၉။ မဟာကဿပေါပိ စ ထေရော, ဥတ္တတ္တကနကသန္နိဘော၊
ဓုတဂုဏေ အဂ္ဂနိက္ခိတ္တော, ထောမိတော သတ္ထုဝဏ္ဏိတော။
၅၉။ လှော်ပြီး, ဦးပြီးသော ရွှေအဆင်းနှင့် တူတော်မူသော ဓူတင်ဂုဏ်၌ အမြတ်ဆုံး ပုဂ္ဂိုလ်ဟုဧတဒဂ်ထားတော်မူအပ်သော နတ်လူတို့ ထောမနာအပ်သော ဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သောအသျှင်မဟာကဿပမထေရ်သည်လည်း မြတ်စွာဘုရားကို ရှိခိုး၏။
၆၀။ ဒိဗ္ဗစက္ခူနံ ယော အဂ္ဂေါ, အနုရုဒ္ဓေါ မဟာဂဏီ၊
ဉာတိသေဋ္ဌော ဘဂဝတော, အဝိဒူရေဝ တိဋ္ဌတိ။
၆၀။ ဒိဗ္ဗစက္ခုအဘိညာဥ်ရှိသော ပုဂ္ဂိုလ်တို့ထက် မြတ်တော်မူသော များမြတ်သော ဂိုဏ်းသံဃာရှိတော်မူသော မြတ်သော ဆွေမျိုးဖြစ်သော အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏ အနီး၌ပင်တည်၏။
၆၁။ အာပတ္တိအနာပတ္တိယာ, သတေကိစ္ဆာယ ကောဝိဒေါ၊
ဝိနယေ အဂ္ဂနိက္ခိတ္တော, ဥပါလိ သတ္ထုဝဏ္ဏိတော။
၆၁။ အာပတ်သင့်ခြင်း, အာပတ်မသင့်ခြင်း၌လည်းကောင်း၊ ကုစားသင့်သော အာပတ်, မကုစားသင့်သော အာပတ်၌လည်းကောင်း လိမ္မာတော်မူသော ဝိနည်းအရာ၌ အမြတ်ဆုံး ပုဂ္ဂိုလ်ဟု ဧတဒဂ်ထားတော်မူအပ်သော ဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သော အသျှင်ဥပါလိ သည် မြတ်စွာဘုရားကို ရှိခိုး၏။
၆၂။ သုခုမနိပုဏတ္ထပဋိဝိဒ္ဓေါ, ကထိကာနံ ပဝရော ဂဏီ၊
ဣသိ မန္တာနိယာ ပုတ္တော, ပုဏ္ဏော နာမာတိ ဝိဿုတော။
၆၂။ နူးညံ့သိမ်မွေ့သော အနက်ကို ထိုးထွင်းသိတော်မူသော တရားဟောပုဂ္ဂိုလ်တို့ထက် မြတ်တော်မူ၍ဂိုဏ်းသံဃာရှိတော်မူသော မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်၍ ပုဏ္ဏအမည်အား ဖြင့် ကျော်စောသောရဟန္တာရဟန်းသည် မြတ်စွာဘုရားကို ရှိခိုး၏။
၆၃။ ဧတေသံ စိတ္တမညာယ, ဩပမ္မကုသလော မုနိ၊
ကင်္ခစ္ဆေဒေါ မဟာဝီရော, ကထေသိ အတ္တနော ဂုဏံ။
၆၃။ ဥပမာ၌ လိမ္မာတော်မူသော ယုံမှားခြင်းကို ဖြတ်တောက်တော်မူသော ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စိတ်ကို သိ၍ မိမိ၏ ဂုဏ်ကို မိန့် ဆိုတော်မူ၏-
၆၄။ ‘‘စတ္တာရော တေ အသင်္ခေယျာ, ကောဋိ ယေသံ န နာယတိ၊
သတ္တကာယော စ အာကာသော, စက္ကဝါဠာ စနန္တကာ၊
ဗုဒ္ဓဉာဏံ အပ္ပမေယျံ, န သက္ကာ ဧတေ ဝိဇာနိတုံ။
၆၄။ ရေတွက်ပိုင်းခြားခြင်းငှါ မစွမ်းနိုင်ကုန်သော အကြင်အသင်္ချေယျတို့၏ ရှေ့စွန်း, နောက်စွန်း (အပိုင်းအခြားကို) မသိနိုင်ချေ။ ထိုအသင်္ချေယျတို့သည် သတ္တဝါအပေါင်းလည်းကောင်း၊ ကောင်းကင်လည်းကောင်း၊ အဆုံးမရှိသော စကြဝဠာလည်းကောင်း၊ မနှိုင်းယှဥ်နိုင် သောမြတ်စွာဘုရားဉာဏ်တော်လည်းကောင်း (ဤသို့) လေးမျိုးတို့တည်း။ ထိုလေးမျိုးသော အသင်္ချေယျတို့ကို သိရန် မစွမ်းနိုင်ကုန်။
၆၅။ ‘‘ကိမေတံ အစ္ဆရိယံ လောကေ, ယံ မေ ဣဒ္ဓိဝိကုဗ္ဗနံ၊
အညေ ဗဟူ အစ္ဆရိယာ, အဗ္ဘုတာ လောမဟံသနာ။
၆၅။ လောက၌ ငါ၏ အကြင်တန်ခိုးဖန်ဆင်းခြင်းသည် ရှိ၏၊ ဤတန်ခိုးဖန်ဆင်းခြင်းသည် အဘယ်မှာအံ့ဩဖွယ်ရှိအံ့နည်း၊ မဖြစ်စဖူးဖြစ်ကုန်သော ကြက်သီးမွေးညင်းထစေတတ်ကုန် သော (တန်ခိုးဖန်ဆင်းခြင်းမှ) အခြားတစ်ပါးသော အံ့ဩဖွယ်တို့သည် များစွာ ရှိကုန်သေး၏။
၆၆။ ‘‘ယဒါဟံ တုသိတေ ကာယေ, သန္တုသိတော နာမဟံ တဒါ၊
ဒသသဟဿီ သမာဂမ္မ, ယာစန္တိ ပဉ္ဇလီ မမံ။
၆၆။ အကြင်အခါ ငါသည် တုသိတာနတ်ပြည်၌ သန္တုသိတမည်သော နတ်သား ဖြစ်၏၊ ထိုအခါ လောကဓာတ်တစ်သောင်း၌ နေသော နတ်ဗြဟ္မာတို့သည် အညီအညွတ်လာ၍ ငါ့ကို လက်အုပ်ချီလျက် တောင်းပန်ကြကုန်၏။
၆၇။ ‘‘‘ကာလော ခေါ တေ [ကာလော ဒေဝ (သီ။), ကာလောယံ တေ (သျာ။ က။)] မဟာဝီရ, ဥပ္ပဇ္ဇ မာတုကုစ္ဆိယံ၊
သဒေဝကံ တာရယန္တော, ဗုဇ္ဈဿု အမတံ ပဒံ’။
၆၇။ ကြီးသော လုံ့လရှိတော်မူသော အလောင်းတော်နတ်သား အရှင့်အား ဘုရားဖြစ်ရန် အချိန်တန်ပါပြီ၊ မယ်တော်ဝမ်း၌ ပဋိသန္ဓေယူတော်မူပါ၊ နတ်နှင့်တကွသော လောကကို ကယ်တင်လျက် အမြိုက်နိဗ္ဗာန်ကိုသိစေတော်မူပါဟု (တောင်းပန်ကုန်၏)။
၆၈။ ‘‘တုသိတာ ကာယာ စဝိတွာန, ယဒါ ဩက္ကမိ ကုစ္ဆိယံ၊
ဒသသဟဿီလောကဓာတု, ကမ္ပိတ္ထ ဓရဏီ တဒါ။
၆၈။ အကြင်အခါ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်ဝမ်း၌ သက်ရောက် ခဲ့၏၊ ထိုအခါ တစ်သောင်းသော လောကဓာတ်မြေပြင်သည် တုန်လှုပ်လေ၏။
၆၉။ ‘‘ယဒါဟံ မာတုကုစ္ဆိတော, သမ္ပဇာနောဝ နိက္ခမိံ၊
သာဓုကာရံ ပဝတ္တေန္တိ, ဒသသဟဿီ ပကမ္ပထ။
၆၉။ အကြင်အခါ ငါသည် မယ်တော်ဝမ်းမှ ကောင်းစွာ သိသည်ဖြစ်၍သာလျှင် မွေးဖွား၏၊ ထိုအခါ တစ်သောင်းသော လောကဓာတ်သည် ကောင်းချီးသံကို ဖြစ်စေလျက် တုန်လှုပ် လေ၏။
၇၀။ ‘‘ဩက္ကန္တိံ မေ သမော နတ္ထိ, ဇာတိတော အဘိနိက္ခမေ၊
သမ္ဗောဓိယံ အဟံ သေဋ္ဌော, ဓမ္မစက္ကပ္ပဝတ္တနေ။
၇၀။ မယ်တော်ဝမ်းသို့ ပဋိသန္ဓေနေရာ၌လည်းကောင်း၊ မယ်တော်ဝမ်းမှ မွေးဖွားရာ၌ လည်းကောင်းငါနှင့်တူသော ပုဂ္ဂိုလ်သည် မရှိ။ ငါသည် အရဟတ္တမဂ်ဉာဏ်, သမ္ဗောဓိဉာဏ် ၌လည်းကောင်း၊ ဓမ္မစကြာကို ဟောရာဒေသနာဉာဏ်၌လည်းကောင်း အမြတ်ဆုံး ဖြစ်ပေ၏။
၇၁။ ‘‘အဟော အစ္ဆရိယံ လောကေ, ဗုဒ္ဓါနံ ဂုဏမဟန္တတာ၊
ဒသသဟဿီလောကဓာတု, ဆပ္ပကာရံ ပကမ္ပထ၊
ဩဘာသော စ မဟာ အာသိ, အစ္ဆေရံ လောမဟံသနံ’’။
၇၁။ လောက၌ မြတ်စွာဘုရားတို့၏ ဂုဏ်တော် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သည် ဪအံ့ဖွယ်ရှိပါပေစွဟု တစ်သောင်းသော လောကဓာတ်သည် ခြောက်ပါးအပြားအားဖြင့် တုန်လှုပ်လေ၏၊ ကြက်သီးမွေးညင်းထစေနိုင်သော အံ့ဩဖွယ် ကြီးကျယ်သော အလင်းရောင် သည် ဖြစ်ပေါ်လာ၏။
၇၂။ ဘဂဝါ တမှိ [ဘဂဝါ စ တမှိ (သီ။ သျာ။ က။)] သမယေ, လောကဇေဋ္ဌော နရာသဘော၊
သဒေဝကံ ဒဿယန္တော, ဣဒ္ဓိယာ စင်္ကမီ ဇိနော။
၇၂။ ထိုအခါ လောက၏ အကြီးအမှူးဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကကို တန်ခိုး ပြာဋိဟာပြတော်မူလိုသည်ဖြစ်၍ တန်ခိုးဖြင့် စင်္ကြံကြွတော်မူ၏။
၇၃။ စင်္ကမေ စင်္ကမန္တောဝ, ကထေသိ လောကနာယကော၊
အန္တရာ န နိဝတ္တေတိ, စတုဟတ္ထေ စင်္ကမေ ယထာ။
၇၃။ မြတ်စွာဘုရားသည် ရတနာစကြံ၌ စင်္ကြံကြွတော်မူလျက်သာလျှင် တရားဟောတော် မူ၏၊ ‘လေးတောင်မျှရှိသော စင်္ကြံငယ်၌ စင်္ကြံလျှောက်သကဲ့သို့’ (ရတနာစင်္ကြံကြီး၏ အဆုံး သို့ မရောက်မီ) အကြား၌ ပြန်လှည့်တော်မမူ။
၇၄။ သာရိပုတ္တော မဟာပညော, သမာဓိဇ္ဈာနကောဝိဒေါ၊
ပညာယ ပါရမိပ္ပတ္တော, ပုစ္ဆတိ လောကနာယကံ။
၇၄။ ကြီးမားသော ပညာရှိတော်မူသော သမာဓိဈာန်၌ လိမ္မာတော်မူသော ပညာဉာဏ် အထွတ်အထိပ်သို့ရောက်တော်မူသော အသျှင်သာရိပုတ္တရာသည် လောက၏ ရှေ့သွားဖြစ် တော်မူသော မြတ်စွာဘုရားကိုမေးလျှောက်လေ၏-
၇၅။ ‘‘ကီဒိသော တေ မဟာဝီရ, အဘိနီဟာရော နရုတ္တမ၊
ကမှိ ကာလေ တယာ ဓီရ, ပတ္ထိတာ ဗောဓိမုတ္တမာ။
၇၅။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ဆုပန်ခြင်းသည် အဘယ်သို့သဘောရှိပါသနည်း၊ မြတ်စွာဘုရား အသျှင်ဘုရားသည် အဘယ်အခါ၌ သမ္မာ သမ္ဗောဓိဉာဏ်တော်မြတ်ကိုတောင့်တခဲ့ပါသနည်း။
၇၆။ ‘‘ဒါနံ သီလဉ္စ နေက္ခမ္မံ, ပညာဝီရိယဉ္စ ကီဒိသံ၊
ခန္တိသစ္စမဓိဋ္ဌာနံ, မေတ္တုပေက္ခာ စ ကီဒိသာ။
၇၆။ ဒါနပါရမီသည်လည်းကောင်း၊ သီလပါရမီသည်လည်းကောင်း၊ နေက္ခမ္မပါရမီသည် လည်းကောင်း၊ ပညာပါရမီသည်လည်းကောင်း၊ ဝီရိယပါရမီသည်လည်းကောင်း အဘယ်သို့ သဘောရှိပါသနည်း။ ခန္တီပါရမီသည်လည်းကောင်း၊ သစ္စာပါရမီသည်လည်းကောင်း၊ အဓိဋ္ဌာန် ပါရမီသည်လည်းကောင်း၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတို့သည်လည်းကောင်း အဘယ်သို့ သဘောရှိပါကုန်သနည်း။
၇၇။ ‘‘ဒသ ပါရမီ တယာ ဓီရ, ကီဒိသီ လောကနာယက၊
ကထံ ဥပပါရမီ ပုဏ္ဏာ, ပရမတ္ထပါရမီ ကထံ’’။
၇၇။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ပါရမီ ဆယ်ပါးတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါကုန်သနည်း၊ ဥပပါရမီတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါ ကုန်သနည်း၊ ပရမတ္ထပါရမီတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါကုန်သနည်း (ဟု မေးလျှောက်၏)။
၇၈။ တဿ ပုဋ္ဌော ဝိယာကာသိ, ကရဝီကမဓုရဂိရော၊
နိဗ္ဗာပယန္တော ဟဒယံ, ဟာသယန္တော သဒေဝကံ။
၇၈။ ‘ကရဝိက်ငှက်မင်းကဲ့သို့’ ချိုသာသော အသံရှိတော်မူသော မြတ်စွာဘုရားသည် ထိုအသျှင်သာရိပုတ္တရာ မေးတော်မူအပ်သည်ဖြစ်၍ နှလုံးကို အေးမြစေလျက် နတ်နှင့်တကွသော လောကကိုရွှင်လန်းစေပြီးလျှင် ထိုအသျှင်သာရိပုတ္တရာအား ဖြေကြားတော်မူ၏။
၇၉။ အတီတဗုဒ္ဓါနံ ဇိနာနံ ဒေသိတံ, နိကီလိတံ [နိကီဠိတံ (က။)] ဗုဒ္ဓပရမ္ပရာဂတံ၊
ပုဗ္ဗေနိဝါသာနုဂတာယ ဗုဒ္ဓိယာ, ပကာသယီ လောကဟိတံ သဒေဝကေ။
၇၉။ နတ်နှင့်တကွသော လောက၌ မာရ်ငါးပါးကို အောင်မြင်တော်မူသော လွန်လေပြီး သောမြတ်စွာဘုရားတို့သည် ဟောတော်မူအပ်သော သစ္စာလေးပါးတရားကိုလည်းကောင်း၊ မြတ်စွာဘုရားအဆက်ဆက်မှလာသော လောက၏ အကျိုးစီးပွားဖြစ်သော ဗုဒ္ဓဝင်ကိုလည်းကောင်း ရှေးဘဝ၌နေဖူးသော ခန္ဓာကို အစဥ်လျှောက်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ်တော် ဖြင့် ပြတော်မူ၏။
၈၀။ ‘‘ပီတိပါမောဇ္ဇဇနနံ, သောကသလ္လဝိနောဒနံ၊
သဗ္ဗသမ္ပတ္တိပဋိလာဘံ, စိတ္တီကတွာ သုဏာထ မေ။
၈၀။ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စိုးရိမ်ခြင်းငြောင့်ကို နုတ်ပယ်နိုင်သော အလုံးစုံသောစည်းစိမ်ကို ရကြောင်းဖြစ်သော ဗုဒ္ဓဝင်ကို ငါ၏ (အထံမှ) အရိုအသေပြု၍ နာယူ ကြကုန်လော့-
၈၁။ ‘‘မဒနိမ္မဒနံ သောကနုဒံ, သံသာရပရိမောစနံ၊
သဗ္ဗဒုက္ခက္ခယံ မဂ္ဂံ, သက္ကစ္စံ ပဋိပဇ္ဇထာ’’တိ။
ရတနစင်္ကမနကဏ္ဍော နိဋ္ဌိတော။
၈၁။ ဇာတ်ကို စွဲ၍ ဖြစ်သော မာန်ရစ်ခြင်းစသည် ကင်းသော စိုးရိမ်ခြင်း‘သောက’ကို နုတ်ပယ်နိုင်သောသံသရာမှ လွတ်မြောက်စေနိုင်သော အလုံးစုံသော ဆင်းရဲကို ကုန်စေနိုင် သော နိဗ္ဗာန်လမ်းစဥ် ဗုဒ္ဓဝင်ကိုရိုသေစွာ ကျင့်သုံးကြကုန်လော့။ ။ ရတနစင်္ကမနကဏ္ဍ ပြီး၏။ ၁။ ၁။ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်နိုင်၏ စသောအားဖြင့် တန်ခိုးပြခြင်း။ ၂။ သူတစ်ပါး၏ စိတ်အကြံကို သိ၍ တရား ဟောတော်မူခြင်း။ ၃။ ထိုထိုပုဂ္ဂိုလ်၏ အလိုအားလျော်စွာ ဆုံးမနိုင်ခြင်း။ ၂။ ဘုရားလောင်းနတ်သား၏ အမည်မှာ သေတကေတု ဖြစ်၏၊ သို့သော် တုသိတာဘုံ၌ ဖြစ်သော နတ်မင်းတိုင်းကို သန္တုဿိတဟု ခေါ်နိုင်သဖြင့် ဤ၌ သန္တုဿိတနတ်သားဟု ဆို၏၊ ယာမာဘုံ၌ ဖြစ်သော နတ်မင်းကို သုယာမဟု ခေါ်ဆိုသကဲ့သို့တည်း။
၂။ သုမေဓပတ္ထနာကထာ
၁။ ကပ္ပေ စ သတသဟဿေ, စတုရော စ အသင်္ခိယေ၊
အမရံ နာမ နဂရံ, ဒဿနေယျံ မနောရမံ။
၂-သုမေဓပတ္ထနာကထာ ၁။ (ဤဘဒ္ဒကမ္ဘာမှ) လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ရှုချင်ဖွယ်ရှိ၍ ပျော်မွေ့ဖွယ် ကောင်းသော အမရဝတီမည်သော မြို့သည် ရှိ၏။
၂။ ဒသဟိ သဒ္ဒေဟိ အဝိဝိတ္တံ, အန္နပါနသမာယုတံ၊
ဟတ္ထိသဒ္ဒံ အဿသဒ္ဒံ, ဘေရိသင်္ခရထာနိ စ၊
ခါဒထ ပိဝထ စေဝ, အန္နပါနေန ဃောသိတံ။
၂။ (ထိုမြို့သည်) စားသောက်ဖွယ် ထမင်း, အဖျော်နှင့် ပြည့်စုံ၏၊ ဆင်သံ, မြင်းသံ, စည်ကြီးသံ, ခရုသင်းသံ, ရထားသံ, “စားကြကုန် သောက်ကြကုန်”ဟူ၍ ထမင်း, အဖျော်နှင့် စပ်သော ကြွေးကြော်သံဟူသော အသံဆယ်ပါးတို့ဖြင့် တိတ်ဆိတ်ခြင်း မရှိချေ။
၃။ နဂရံ သဗ္ဗင်္ဂသမ္ပန္နံ, သဗ္ဗကမ္မမုပါဂတံ၊
သတ္တရတနသမ္ပန္နံ, နာနာဇနသမာကုလံ၊
သမိဒ္ဓံ ဒေဝနဂရံဝ, အာဝါသံ ပုညကမ္မိနံ။
၃။ ထိုမြို့သည် အလုံးစုံသော မြို့အင်္ဂါတို့နှင့် ပြည့်စုံ၏၊ အလုံးစုံသော အလုပ်အမှုတို့နှင့် ပြည့်စုံ၏၊ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လူအမျိုးမျိုးတို့နှင့် ရောပြွမ်းလျက်ရှိ၏၊ ‘နတ်မြို့ ကဲ့သို့’ ပြည့်စုံ၏၊ ဘုန်းကံရှင်တို့၏ နေရာဖြစ်၏။
၄။ နဂရေ အမရဝတိယာ, သုမေဓော နာမ ဗြာဟ္မဏော၊
အနေကကောဋိသန္နိစယော, ပဟူတဓနဓညဝါ။
၄။ ထိုအမရဝတီမြို့၌ ကုဋေများစွာသော ဥစ္စာကို သိုမှီးသိမ်းဆည်းထားသော များစွာ သောဥစ္စာစပါးရှိသော သုမေဓာမည်သော ပုဏ္ဏားသည် ရှိ၏။
၅။ အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊
လက္ခဏေ ဣတိဟာသေ စ, သဓမ္မေ ပါရမိံ ဂတော။
၅။ (ထိုပုဏ္ဏားသည်) ဗေဒင်ကို သရဇ္ဈာယ်တတ်၏၊ ဗေဒင်ကျမ်းတို့ကို ဆောင်ထားနိုင်၏၊ သုံးပါးသောဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။ လက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်း၌လည်းကောင်း မိမိတို့၏ အကျင့်တရား၌ အထွတ်အထိပ်အဆုံး သို့ ရောက်၏။
၆။ ရဟောဂတော နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊
‘‘ဒုက္ခော ပုနဗ္ဘဝေါ နာမ, သရီရဿ စ ဘေဒနံ။
၆။ ထိုအခါ (သုမေဓာသူဌေးဖြစ်သော) ဘဝ၌ ငါသည် ဆိတ်ငြိမ်ရာသို့ ချဥ်းကပ်လျက် ထိုင်နေပြီးလျှင် ဤသို့ ဆင်ခြင်ခဲ့၏ - ဘဝသစ်၌ ဖြစ်ရခြင်း မည်သည် ဆင်းရဲလှ၏၊ ကိုယ်ခန္ဓာ၏ပျက်စီးရခြင်းသည်လည်း ဆင်းရဲလှပေ၏။
၇။ ‘‘ဇာတိဓမ္မော ဇရာဓမ္မော, ဗျာဓိဓမ္မော သဟံ [စဟံ (သီ။ သျာ။)] တဒါ၊
အဇရံ အမတံ ခေမံ, ပရိယေသိဿာမိ နိဗ္ဗုတိံ။
၇။ ထိုအခါ (သုမေဓာ ဘဝ၌ဖြစ်သော) (ငါသည် ဤသို့ ဆင်ခြင်မိပြန်၏) ပဋိသန္ဓေနေရခြင်းသဘောရှိ၏၊ အိုရခြင်း သဘောရှိ၏၊ နာရခြင်း သဘောရှိ၏၊ (ထို့ကြောင့်) အိုခြင်းကင်းရာ, သေခြင်း ကင်းရာ, ဘေးမရှိရာ, အေးငြိမ်းရာ နိဗ္ဗာန်ကို ရှာမှီးတော့အံ့။
၈။ ‘‘ယံနူနိမံ ပူတိကာယံ, နာနာကုဏပပူရိတံ၊
ဆဍ္ဍယိတွာန ဂစ္ဆေယျံ, အနပေက္ခော အနတ္ထိကော။
၈။ ငါသည် ကျင်ကြီး, ကျင်ငယ်စသော အပုပ်အသိုး အမျိုးမျိုးတို့ဖြင့် ပြည့်သော ဤ ကိုယ်ကောင်ပုပ်ကိုငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍ သွားရမူ ကောင်းလေစွ။
၉။ ‘‘အတ္ထိ ဟေဟိတိ သော မဂ္ဂေါ, န သော သက္ကာ န ဟေတုယေ၊
ပရိယေသိဿာမိ တံ မဂ္ဂံ, ဘဝတော ပရိမုတ္တိယာ။
၉။ ထိုဘဝမှ လွတ်မြောက်ကြောင်း လမ်းစဥ်သည် မချွတ်ရှိသည် ဖြစ်လတ္တံ့၊ ထို လွတ်မြောက်ကြောင်းလမ်းစဥ်သည် မရှိဘဲနေခြင်းငှါ မတတ်စကောင်းပေ၊ ထိုလမ်းစဥ်ကို ငါသည် ရှာမှီးပေတော့အံ့။
၁၀။ ‘‘ယထာပိ ဒုက္ခေ ဝိဇ္ဇန္တေ, သုခံ နာမပိ ဝိဇ္ဇတိ၊
ဧဝံ ဘဝေ ဝိဇ္ဇမာနေ, ဝိဘဝေါပိ ဣစ္ဆိတဗ္ဗကော။
၁၀။ ဆင်းရဲရှိသော် ချမ်းသာမည်သည်လည်း ရှိသကဲ့သို့ ဤအတူ ဘဝရှိသော် ဘဝကင်း ခြင်းကို လည်းအလိုရှိသင့်၏။
၁၁။ ‘‘ယထာပိ ဥဏှေ ဝိဇ္ဇန္တေ, အပရံ ဝိဇ္ဇတိ သီတလံ၊
ဧဝံ တိဝိဓဂ္ဂိ ဝိဇ္ဇန္တေ, နိဗ္ဗာနံ ဣစ္ဆိတဗ္ဗကံ။
၁၁။ အပူရှိသော် ထိုအပူမှ တစ်ပါးသော အအေးရှိသကဲ့သို့ ဤအတူ မီးသုံးမျိုးရှိလတ် သော် မီးငြိမ်းရာ (နိဗ္ဗာန်) ကိုလည်း အလိုရှိသင့်၏။
၁၂။ ‘‘ယထာပိ ပါပေ ဝိဇ္ဇန္တေ, ကလျာဏမပိ ဝိဇ္ဇတိ၊
ဧဝမေဝ ဇာတိ ဝိဇ္ဇန္တေ, အဇာတိပိစ္ဆိတဗ္ဗကံ။
၁၂။ မကောင်းမှု ရှိလတ်သော် ကောင်းမှုသည်လည်း ရှိသကဲ့သို့ ဤအတူပင် ဇာတိ ရှိသော် ဇာတိမရှိရာ (နိဗ္ဗာန်) ကိုလည်း အလိုရှိသင့်၏။
၁၃။ ‘‘ယထာ ဂူထဂတော ပုရိသော, တဠာကံ ဒိသွာန ပူရိတံ၊
န ဂဝေသတိ တံ တဠာကံ, န ဒေါသော တဠာကဿ သော။
၁၃။ မစင်လူးသော ယောကျာ်းသည် ရေပြည့်သော တစ်ဖက်ဆည်ကန်ကို တွေ့မြင်ပါ လျက်ထိုတစ်ဖက်ဆည်ကန် (သွားရာလမ်း) ကို မရှာမှီးဘဲ နေအံ့၊ ထိုအပြစ်သည် တစ်ဖက် ဆည်ကန်၏အပြစ်မဟုတ်သကဲ့သို့-
၁၄။ ‘‘ဧဝံ ကိလေသမလဓောဝ, ဝိဇ္ဇန္တေ အမတန္တဠေ၊
န ဂဝေသတိ တံ တဠာကံ, န ဒေါသော အမတန္တဠေ။
၁၄။ ဤအတူ ကိလေသာအညစ်အကြေးကို ဆေးရာ အမြိုက်နိဗ္ဗာန် တစ်ဖက်ဆည်ကန် သည် ရှိပါလျက်ထို (အမြိုက်နိဗ္ဗာန်) တစ်ဖက်ဆည်ကန် (သွားရာလမ်း) ကို မရှာမှီးဘဲ နေအံ့၊ ထိုအပြစ်သည်အမြိုက်နိဗ္ဗာန်တစ်ဖက်ဆည်ကန်၏ အပြစ်မဟုတ်ချေ။
၁၅။ ‘‘ယထာ အရီဟိ ပရိရုဒ္ဓေါ, ဝိဇ္ဇန္တေ ဂမနမ္ပထေ၊
န ပလာယတိ သော ပုရိသော, န ဒေါသော အဉ္ဇသဿ သော။
၁၅။ ရန်သူတို့ ဝန်းရံထားသော ယောကျာ်းသည် ပြေးသွားရန် လမ်းခရီးရှိပါလျက် မပြေးဘဲနေငြားအံ့၊ ထိုအပြစ်သည်လည်း လမ်းခရီး၏ အပြစ်မဟုတ်သကဲ့သို့-
၁၆။ ‘‘ဧဝံ ကိလေသပရိရုဒ္ဓေါ, ဝိဇ္ဇမာနေ သိဝေ ပထေ၊
န ဂဝေသတိ တံ မဂ္ဂံ, န ဒေါသော သိဝမဉ္ဇသေ။
၁၆။ ဤအတူ ကိလေသာရန်သူတို့ ဝန်းရံခံနေရသူသည် အေးငြိမ်းသော (နိဗ္ဗာန်) လမ်းခရီးရှိပါလျက်ထိုလမ်းခရီးကို မရှာမှီးဘဲနေငြားအံ့၊ ထိုအပြစ်သည် အေးငြိမ်းသော နိဗ္ဗာန်လမ်းခရီး၏ အပြစ်မဟုတ်ချေ။
၁၇။ ‘‘ယထာပိ ဗျာဓိတော ပုရိသော, ဝိဇ္ဇမာနေ တိကိစ္ဆကေ၊
န တိကိစ္ဆာပေတိ တံ ဗျာဓိံ, န ဒေါသော သော တိကိစ္ဆကေ။
၁၇။ အနာရောဂါ နှိပ်စက်သော ယောကျာ်းသည် ဆေးဆရာ ရှိပါလျက် ထိုအနာရောဂါကိုမကုစေဘဲနေငြားအံ့၊ ထိုအပြစ်သည် ဆေးဆရာ၏ အပြစ်မဟုတ်သကဲ့သို့-
၁၈။ ‘‘ဧဝံ ကိလေသဗျာဓီဟိ, ဒုက္ခိတော ပရိပီဠိတော၊
န ဂဝေသတိ တံ အာစရိယံ, န ဒေါသော သော ဝိနာယကေ။
၁၈။ ဤအတူ ကိလေသာအနာတို့ဖြင့် နှိပ်စက်လျက် ဆင်းရဲသော သူသည် ထို (ကိလေသာအနာကိုကုစားတတ်သော) ဆရာကို မရှာမှီးဘဲ နေငြားအံ့၊ ထိုအပြစ်သည် ဆရာ၏ အပြစ်မဟုတ်ချေ။
၁၉။ ‘‘ယထာပိ ကုဏပံ ပုရိသော, ကဏ္ဌေ ဗန္ဓံ ဇိဂုစ္ဆိယ၊
မောစယိတွာန ဂစ္ဆေယျ, သုခီ သေရီ သယံဝသီ။
၁၉။ ယောကျာ်းသည် လည်ပင်း၌ ဖွဲ့ချည်ထားသော အကောင်ပုပ်ကို စက်ဆုပ်သည်ဖြစ်၍ ဖြေချွတ်ပြီးလျှင် အလိုရှိတိုင်း ချမ်းသာလွတ်လပ်စွာ သွားရာသကဲ့သို့-
၂၀။ ‘‘တထေဝိမံ ပူတိကာယံ, နာနာကုဏပသဉ္စယံ၊
ဆဍ္ဍယိတွာန ဂစ္ဆေယျံ, အနပေက္ခော အနတ္ထိကော။
၂၀။ ထို့အတူပင် ငါသည် ကျင်ကြီး, ကျင်ငယ်စသော အပုပ်အသိုး အမျိုးမျိုးတို့၏ ပေါင်းစုရာဤကိုယ်ကောင်ပုပ်ကို ငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍ သွားတော့အံ့။
၂၁။ ‘‘ယထာ ဥစ္စာရဋ္ဌာနမှိ, ကရီသံ နရနာရိယော၊
ဆဍ္ဍယိတွာန ဂစ္ဆန္တိ, အနပေက္ခာ အနတ္ထိကာ။
၂၁။ ယောကျာ်း, မိန်းမတို့သည် ကျင်ကြီးစွန့်ရာ အရပ်၌ ကျင်ကြီးကို စွန့်ပြီးလျှင် ငဲ့ကွက်လိုချင်ခြင်းမရှိဘဲ သွားကုန်သကဲ့သို့-
၂၂။ ‘‘ဧဝမေဝါဟံ ဣမံ ကာယံ, နာနာကုဏပပူရိတံ၊
ဆဍ္ဍယိတွာန ဂစ္ဆိဿံ, ဝစ္စံ ကတွာ ယထာ ကုဋိံ။
၂၂။ ဤအတူပင် ငါသည် အပုပ်အသိုး အမျိုးမျိုးတို့ဖြင့် ပြည့်သော ဤကိုယ်ကို ‘ကျင်ကြီးစွန့်ပြီးလျှင် ကျင်ကြီးအိမ်ကို ကြဥ်ဖယ်၍ သွားသကဲ့သို့’ စွန့်ပစ်၍ သွားတော့အံ့။
၂၃။ ‘‘ယထာပိ ဇဇ္ဇရံ နာဝံ, ပလုဂ္ဂံ ဥဒဂါဟိနိံ [ဥဒကဂါဟိဏိံ (သီ။), ဥဒကဂါဟိနိံ (သျာ။)]၊
သာမီ ဆဍ္ဍေတွာ ဂစ္ဆန္တိ, အနပေက္ခာ အနတ္ထိကာ။
၂၃။ လှေပိုင်ရှင်တို့သည် ဆွေးမြည့်ပျက်စီးလျက် ရေယိုသော လှေကို ငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍သွားကုန်သကဲ့သို့-
၂၄။ ‘‘ဧဝမေဝါဟံ ဣမံ ကာယံ, နဝစ္ဆိဒ္ဒံ ဓုဝဿဝံ၊
ဆဍ္ဍယိတွာန ဂစ္ဆိဿံ, ဇိဏ္ဏနာဝံဝ သာမိကာ။
၂၄။ ဤအတူပင် အပေါက်ကိုးပေါက်ရှိ၍ အမြဲမပြတ် ယိုစီးလျက်ရှိသော ဤကိုယ်ခန္ဓာကို ‘လှေအိုကိုစွန့်ပစ်၍ သွားသော လှေပိုင်ရှင်တို့ကဲ့သို့’ ငါသည် စွန့်ပစ်၍ သွားတော့အံ့။
၂၅။ ‘‘ယထာပိ ပုရိသော စောရေဟိ, ဂစ္ဆန္တော ဘဏ္ဍမာဒိယ၊
ဘဏ္ဍစ္ဆေဒဘယံ ဒိသွာ, ဆဍ္ဍယိတွာန ဂစ္ဆတိ။
၂၅။ ယောကျာ်းသည် ဘဏ္ဍာကို ယူ၍ ခိုးသူတို့နှင့်အတူ သွားလတ်သော် ဘဏ္ဍာလုယက်ဖျက်ဆီးမည့်ဘေးကို မြင်ခြင်းကြောင့် (ခိုးသူတို့ကို ) စွန့်၍ သွားသကဲ့သို့-
၂၆။ ‘‘ဧဝမေဝ အယံ ကာယော, မဟာစောရသမော ဝိယ၊
ပဟာယိမံ ဂမိဿာမိ, ကုသလစ္ဆေဒနာ ဘယာ’’။
၂၆။ ဤအတူပင် ဤကိုယ်သည် ခိုးသူကြီးနှင့် အလွန်တူ၏၊ ငါသည် ကုသိုလ်ကို လုယက် ဖျက်ဆီးခြင်းမှကြောက်သောကြောင့် ဤကိုယ်ခန္ဓာကို စွန့်ပစ်၍ သွားတော့အံ့ (ဟု ဆင်ခြင်၏)။
၂၇။ ဧဝါဟံ စိန္တယိတွာန, နေကကောဋိသတံ ဓနံ၊
နာထာနာထာနံ ဒတွာန, ဟိမဝန္တမုပါဂမိံ။
၂၇။ ငါသည် ဤသို့ ဆင်ခြင်၍ ကုဋေအရာမက များစွာသော ဥစ္စာကို ကိုးကွယ်ရာ ရှိသူ, ကိုးကွယ်ရာမရှိသူတို့အား ပေးလှူပြီးလျှင် ဟိမဝန္တာသို့ ချဥ်းကပ်ခဲ့၏။
၂၈။ ဟိမဝန္တဿာဝိဒူရေ, ဓမ္မိကော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, ပဏ္ဏသာလာ သုမာပိတာ။
၂၈။ ဟိမဝန္တာ၏ အနီး၌ ဓမ္မိကမည်သော တောင်သည် ရှိ၏၊ (ထိုတောင်၌) ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်ထားပေ၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန် ဆင်းထားပေ၏။
၂၉။ စင်္ကမံ တတ္ထ မာပေသိံ, ပဉ္စဒေါသဝိဝဇ္ဇိတံ၊
အဋ္ဌဂုဏသမူပေတံ, အဘိညာဗလမာဟရိံ။
၂၉။ ထိုသင်္ခမ်းကျောင်း၌ ငါးပါးသော အပြစ်တို့မှ ကင်းသော စင်္ကြံကို ဖန်ဆင်းထား ပေ၏၊ ရှစ်ပါးသောဂုဏ်တို့နှင့် ပြည့်စုံသော အဘိညာဥ်စွမ်းအားကို ဆောင်ခဲ့၏။
၃၀။ သာဋကံ ပဇဟိံ တတ္ထ, နဝဒေါသမုပါဂတံ၊
ဝါကစီရံ နိဝါသေသိံ, ဒွါဒသဂုဏမုပါဂတံ။
၃၀။ ထိုသင်္ခမ်းကျောင်း၌ ကိုးပါးသော အပြစ်နှင့် ပြည့်စုံသော အဝတ်ကို စွန့်ပယ်ခဲ့၏၊ တစ်ဆယ့်နှစ်ပါးသော ဂုဏ်တို့နှင့် ပြည့်စုံသော လျှော်တေသင်္ကန်းကို ဝတ်ရုံခဲ့၏။
၃၁။ အဋ္ဌဒေါသသမာကိဏ္ဏံ, ပဇဟိံ ပဏ္ဏသာလကံ၊
ဥပါဂမိံ ရုက္ခမူလံ, ဂုဏေ ဒသဟုပါဂတံ။
၃၁။ ရှစ်ပါးသော အပြစ်တို့နှင့် ရောပြွမ်းသော သင်္ခမ်းကျောင်းကို စွန့်ပယ်ခဲ့၏၊ ဆယ်ပါး သောဂုဏ်တို့နှင့် ပြည့်စုံသော သစ်ပင်ရင်းသို့ ချဥ်းကပ်ခဲ့၏။
၃၂။ ဝါပိတံ ရောပိတံ ဓညံ, ပဇဟိံ နိရဝသေသတော၊
အနေကဂုဏသမ္ပန္နံ, ပဝတ္တဖလမာဒိယိံ။
၃၂။ ကြဲချ စိုက်ပျိုးအပ်သော စပါးကို အကြွင်းမဲ့အားဖြင့် စွန့်ပယ်ခဲ့၏၊ များစွာသော ဂုဏ်နှင့်ပြည့်စုံသောအလိုလို ကြွေကျသော သစ်သီးကို (အစားအစာအဖြစ်ဖြင့်) ယူခဲ့၏။
၃၃။ တတ္ထပ္ပဓာနံ ပဒဟိံ, နိသဇ္ဇဋ္ဌာနစင်္ကမေ၊
အဗ္ဘန္တရမှိ သတ္တာဟေ, အဘိညာဗလပါပုဏိံ။
၃၃။ ထိုသင်္ခမ်းကျောင်း၌ ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း၌ ကမ္မဋ္ဌာန်းလုံ့လဝီရိယကို အားထုတ်ခဲ့၏၊ ခုနစ်ရက်အတွင်း၌ အဘိညာဥ်စွမ်းအားသို့ ရောက်ခဲ့၏။
၃၄။ ဧဝံ မေ သိဒ္ဓိပ္ပတ္တဿ, ဝသီဘူတဿ သာသနေ၊
ဒီပင်္ကရော နာမ ဇိနော, ဥပ္ပဇ္ဇိ လောကနာယကော။
၃၄။ ဤသို့ ငါသည် (ရသေ့တို့၏) သာသနာ၌ အဘိညာဥ်၏ ပြီးစီးခြင်းသို့ ရောက် လျက်လေ့လာပြီးဖြစ်စဥ် လောက၏ အကြီးအမှူးဖြစ်သော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၃၅။ ဥပ္ပဇ္ဇန္တေ စ ဇာယန္တေ, ဗုဇ္ဈန္တေ ဓမ္မဒေသနေ၊
စတုရော နိမိတ္တေ နာဒ္ဒသံ, ဈာနရတိသမပ္ပိတော။
၃၅။ ငါသည် ဈာန်၌ ပျော်မွေ့ခြင်းသို့ ရောက်သည် ဖြစ်၍ ဒီပင်္ကရာဘုရား၏ ပဋိသန္ဓေနေတော်မူရာအခါ၌လည်းကောင်း၊ မွေးဖွားတော်မူရာ အခါ၌လည်းကောင်း၊ ဘုရားဖြစ်တော် မူရာအခါ၌လည်းကောင်း၊ တရားဟောတော်မူရာ အခါ၌လည်းကောင်း နိမိတ်လေးပါးတို့ကို မတွေ့မြင်ခဲ့ရပေ။
၃၆။ ပစ္စန္တဒေသဝိသယေ, နိမန္တေတွာ တထာဂတံ၊
တဿ အာဂမနံ မဂ္ဂံ, သောဓေန္တိ တုဋ္ဌမာနသာ။
၃၆။ တိုင်းစွန်ပြည်နား၌ (လူတို့သည်) မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ထိုမြတ်စွာ ဘုရားကြွလာတော်မူမည့် လမ်းကို နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။
၃၇။ အဟံ တေန သမယေန, နိက္ခမိတွာ သကဿမာ၊
ဓုနန္တော ဝါကစီရာနိ, ဂစ္ဆာမိ အမ္ဗရေ တဒါ။
၃၇။ ထိုအခါ ငါသည် မိမိသင်္ခမ်းကျောင်းမှ ထွက်ခဲ့၍ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌သွား၏။
၃၈။ ဝေဒဇာတံ ဇနံ ဒိသွာ, တုဋ္ဌဟဋ္ဌံ ပမောဒိတံ၊
ဩရောဟိတွာန ဂဂနာ, မနုဿေ ပုစ္ဆိ တာဝဒေ။
၃၈။ နှစ်သက်ခြင်း ဖြစ်လျက် ရွှင်လန်းဝမ်းမြောက်နေသော လူအပေါင်းကို တွေ့မြင်ရ သည်ရှိသော် ထိုခဏ၌ပင် ကောင်းကင်မှ သက်ဆင်း၍ လူတို့ကို မေးမြန်းခဲ့၏။
၃၉။ ‘‘တုဋ္ဌဟဋ္ဌော ပမုဒိတော, ဝေဒဇာတော မဟာဇနော၊
ကဿ သောဓီယတိ မဂ္ဂေါ, အဉ္ဇသံ ဝဋုမာယနံ’’။
၃၉။ (ဤ) လူအပေါင်းသည် ရွှင်လန်း ဝမ်းမြောက် နှစ်သက်ခြင်းရှိသည်ဖြစ်၍ အဘယ် ပုဂ္ဂိုလ်၏အကျိုးငှါ သွားရာခရီးလမ်းကို သုတ်သင်နေပါသနည်း (ဟု မေးမြန်းခဲ့၏)။
၄၀။ တေ မေ ပုဋ္ဌာ ဝိယာကံသု, ‘‘ဗုဒ္ဓေါ လောကေ အနုတ္တရော၊
ဒီပင်္ကရော နာမ ဇိနော, ဥပ္ပဇ္ဇိ လောကနာယကော၊
တဿ သောဓီယတိ မဂ္ဂေါ, အဉ္ဇသံ ဝဋုမာယနံ’’။
၄၀။ ငါ မေးအပ်ကုန်သည်ရှိသော် ထိုသူတို့သည် “လောက၌ သစ္စာလေးပါးကို သိတော် မူသော အမြတ်ဆုံးဖြစ်တော်မူသော လောက၏ ရှေ့သွား ဖြစ်တော်မူသော ဒီပင်္ကရာမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပေ၏၊ ထိုမြတ်စွာဘုရား၏ အကျိုးငှါ သွားရာလမ်းခရီးကို သုတ်သင်အပ်၏’ဟု ဖြေကြားကုန်၏။
၄၁။ ဗုဒ္ဓေါတိဝစနံ [ဗုဒ္ဓေါတိ မမ (သီ။ သျာ။ က။)] သုတွာန, ပီတိ ဥပ္ပဇ္ဇိ တာဝဒေ၊
ဗုဒ္ဓေါ ဗုဒ္ဓေါတိ ကထယန္တော, သောမနဿံ ပဝေဒယိံ။
၄၁။ ထိုအခါ “မြတ်စွာဘုရား”ဟူသော စကားသံကို ကြားရခြင်းကြောင့် ငါ့အား နှစ်သက်ခြင်း‘ပီတိ’သည်ဖြစ်၏၊ ငါသည် “မြတ်စွာဘုရား မြတ်စွာဘုရား”ဟု ဆိုလျက် ဝမ်းမြောက်ခြင်း ‘သောမနဿ ဝေဒနာ’ကိုခံစားခဲ့ရပေ၏။
၄၂။ တတ္ထ ဌတွာ ဝိစိန္တေသိံ, တုဋ္ဌော သံဝိဂ္ဂမာနသော၊
‘‘ဣဓ ဗီဇာနိ ရောပိဿံ, ခဏော ဝေ မာ ဥပစ္စဂါ။
၄၂။ ငါသည် နှစ်သက်အံ့ဩသော စိတ်ရှိသည် ဖြစ်၍ ထိုနေရာ၌ ရပ်တည်လျက် ဤသို့ဆင်ခြင်စဥ်းစားခဲ့၏၊ ငါသည် ဤမြတ်စွာဘုရားအထံ၌ (ကုသိုလ်) မျိုးစေ့တို့ကို စိုက်ပျိုးတော့ အံ့၊ အခွင့်ကောင်းသည် စင်စစ် ငါ့ကို မလွန်ပါစေလင့်။
၄၃။ ‘‘ယဒိ ဗုဒ္ဓဿ သောဓေထ, ဧကောကာသံ ဒဒါထ မေ၊
အဟမ္ပိ သောဓယိဿာမိ, အဉ္ဇသံ ဝဋုမာယနံ’’။
၄၃။ အကယ်၍ မြတ်စွာဘုရား၏ အကျိုးငှါ (လမ်းခရီးကို) သုတ်သင်ကုန်ငြားအံ့၊ ငါ့အား နေရာတစ်ခုကိုပေးကြပါကုန်လော့၊ ငါသည်လည်း သွားရာခရီးလမ်းကို သုတ်သင်ပါအံ့ဟု (ပြောဆိုလေ၏)။
၄၄။ အဒံသု တေ မမောကာသံ, သောဓေတုံ အဉ္ဇသံ တဒါ၊
ဗုဒ္ဓေါ ဗုဒ္ဓေါတိ စိန္တေန္တော, မဂ္ဂံ သောဓေမဟံ တဒါ။
၄၄။ ထိုအခါ ထိုသူတို့သည် လမ်းကို သုတ်သင်ရန် တစ်ခုသော နေရာကို ငါ့အား ပေးကုန်၏၊ ထိုအခါ ငါသည် “မြတ်စွာဘုရား မြတ်စွာဘုရား”ဟု ဆင်ခြင်လျက် လမ်းကို သုတ်သင်လျက်ရှိပေ၏။
၄၅။ အနိဋ္ဌိတေ မမောကာသေ, ဒီပင်္ကရော မဟာမုနိ၊
စတူဟိ သတသဟဿေဟိ, ဆဠဘိညေဟိ တာဒိဟိ၊
ခီဏာသဝေဟိ ဝိမလေဟိ, ပဋိပဇ္ဇိ အဉ္ဇသံ ဇိနော။
၄၅။ ငါ၏ နေရာသည် (သုတ်သင်၍) မပြီးမီ မာရ်ငါးပါးကို အောင်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် အဘိညာဥ်ခြောက်ပါးကို ရရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော (ကိလေသာ) အညစ်အကြေးမှ ကင်းကုန်သော ရဟန္တာလေးသိန်းတို့နှင့် (အတူ) လမ်းခရီသို့ ကြွလာတော်မူ၏။
၄၆။ ပစ္စုဂ္ဂမနာ ဝတ္တန္တိ, ဝဇ္ဇန္တိ ဘေရိယော ဗဟူ၊
အာမောဒိတာ နရမရူ, သာဓုကာရံ ပဝတ္တယုံ။
၄၆။ လူနတ်တို့သည် အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍ ခရီးဦးကြိုဆိုကုန်၏၊ များစွာ သောစည်ကြီးတို့ကို တီးကုန်၏၊ ကောင်းချီးပေးသံကို ဖြစ်စေကုန်၏။
၄၇။ ဒေဝါ မနုဿေ ပဿန္တိ, မနုဿာပိ စ ဒေဝတာ၊
ဥဘောပိ တေ ပဉ္ဇလိကာ, အနုယန္တိ တထာဂတံ။
၄၇။ နတ်တို့သည် လူတို့ကို လည်းကောင်း၊ လူတို့သည်လည်း နတ်တို့ကို လည်းကောင်းတွေ့မြင်ကြရကုန်၏။ ထိုနတ်လူနှစ်ဦးလုံးတို့ပင် လက်အုပ်ချီလျက် မြတ်စွာဘုရားနောက်မှအစဥ်လိုက်ကြကုန်၏။
၄၈။ ဒေဝါ ဒိဗ္ဗေဟိ တုရိယေဟိ, မနုဿာ မာနုသေဟိ စ [မာနုဿကေဟိ စ မာနုသကေဟိ စ (သျာ။ က။)]၊
ဥဘောပိ တေ ဝဇ္ဇယန္တာ, အနုယန္တိ တထာဂတံ။
၄၈။ နတ်တို့သည် နတ်တူရိယာတို့ဖြင့်လည်းကောင်း၊ လူတို့သည်လည်း လူတူရိယာတို့ဖြင့်လည်းကောင်း ထို (နတ်လူ) နှစ်ဦးလုံးတို့ပင် တီးမှုတ်ကုန်လျက် မြတ်စွာဘုရားနောက်မှအစဥ်လိုက်ကြကုန်၏။
၄၉။ ဒိဗ္ဗံ မန္ဒာရဝံ ပုပ္ဖံ, ပဒုမံ ပါရိဆတ္တကံ၊
ဒိသောဒိသံ ဩကိရန္တိ, အာကာသနဘဂတာ မရူ။
၄၉။ ကောင်းကင်၌ သွားကုန်သော နတ်တို့သည် နတ်၌ဖြစ်သော မန္ဒာရဝပန်းကိုလည်းကောင်း၊ ပဒုမ္မာကြာပန်းကိုလည်းကောင်း၊ ပင်လယ်ကသစ်ပန်းကိုလည်းကောင်း အရပ်မျက်နှာ တိုင်းသို့ကြဲဖြန့်ပူဇော်ကုန်၏။
၅၀။ ဒိဗ္ဗံ စန္ဒနစုဏ္ဏဉ္စ, ဝရဂန္ဓဉ္စ ကေဝလံ၊
ဒိသောဒိသံ ဩကိရန္တိ, အာကာသနဘဂတာ [အာကာသေ နဘဂါ (သျာ။)] မရူ။
၅၀။ ကောင်းကင်၌ သွားကုန်သော နတ်တို့သည် နတ်၌ ဖြစ်သော စန္ဒကူးမှုန့်ကို လည်းကောင်း၊ မြတ်သော နံ့သာအားလုံးကိုလည်းကောင်း အရပ်မျက်နှာတိုင်း အရပ်မျက်နှာ တိုင်းသို့ကြဲဖြန့်ပူဇော်ကုန်၏။
၅၁။ စမ္ပကံ သရလံ နီပံ, နာဂပုန္နာဂကေတကံ၊
ဒိသောဒိသံ ဥက္ခိပန္တိ, ဘူမိတလဂတာ နရာ။
၅၁။ မြေပြင်၌ သွားကုန်သော လူတို့သည် စံကားပန်း, ထင်းရှူးပန်း, ထိမ်ပန်း, ကံ့ကော်ပန်း, ပုန်းညက်ပန်း, ဆပ်သွားပန်းတို့ကို အရပ်မျက်နှာတိုင်း အရပ်မျက်နှာတိုင်းသို့ ကြဲဖြန့်ပူဇော်ကုန်၏။
၅၂။ ကေသေ မုဉ္စိတွာဟံ တတ္ထ, ဝါကစီရဉ္စ စမ္မကံ၊
ကလလေ ပတ္ထရိတွာန, အဝကုဇ္ဇော နိပဇ္ဇဟံ။
၅၂။ ငါသည် ထိုနေရာ၌ ဆံပင်တို့ကို ဖြေပြီးလျှင် လျှော်တေသင်္ကန်းကိုလည်းကောင်း၊ သားရေပိုင်း (စမ္မခဏ်) ကိုလည်းကောင်း ညွန်ပျောင်း၌ ဖြန့်ခင်း၍ အလျားမှောက်လျက် လျောင်းအိပ်ခဲ့ပေ၏။
၅၃။ ‘‘အက္ကမိတွာန မံ ဗုဒ္ဓေါ, သဟ သိဿေဟိ ဂစ္ဆတု၊
မာ နံ ကလလေ အက္ကမိတ္ထ, ဟိတာယ မေ ဘဝိဿတိ’’။
၅၃။ မြတ်စွာဘုရားသည် တပည့်တို့နှင့် တကွ အကျွန်ုပ်ကို နင်း၍ ကြွသွားတော် မူပါလော့၊ ညွန်ပျောင်း၌ နင်းတော်မမူပါလင့်၊ (ဤသို့ အကျွန်ုပ်အား နင်း၍ ကြွသွားခြင်း သည်) အကျွန်ုပ်အားအကျိုးစီးပွါးအလို့ငှါ ဖြစ်ပါလတ္တံ့ (ဟု လျှောက်၏)။
၅၄။ ပထဝိယံ နိပန္နဿ, ဧဝံ မေ အာသိ စေတသော၊
‘‘ဣစ္ဆမာနော အဟံ အဇ္ဇ, ကိလေသေ ဈာပယေ မမ။
၅၄။ မြေ၌ လျောင်းအိပ်သော ငါ့အား ဤသို့ စိတ်အကြံ ဖြစ်ခဲ့ပေ၏၊ ငါ အလိုရှိလတ် သော် ဤနေ့၌ပင် ငါ၏ ကိလေသာတို့ကို လောင်ကျွမ်းစေနိုင်ရာ၏။
၅၅။ ‘‘ကိံ မေ အညာတဝေသေန, ဓမ္မံ သစ္ဆိကတေနိဓ၊
သဗ္ဗညုတံ ပါပုဏိတွာ, ဗုဒ္ဓေါ ဟေဿံ သဒေဝကေ။
၅၅။ ဤဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်၌ မထင်ရှားသော အသွင်ဖြင့် တရားကိုမျက်မှောက်ပြုသဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် နတ်နှင့်တကွသော လောက၌သဗ္ဗညုတဉာဏ်သို့ ရောက်၍ မြတ်စွာဘုရား ဖြစ်ဦးအံ့။
၅၆။ ‘‘ကိံ မေ ဧကေန တိဏ္ဏေန, ပုရိသေန ထာမဒဿိနာ၊
သဗ္ဗညုတံ ပါပုဏိတွာ, သန္တာရေဿံ သဒေဝကံ။
၅၆။ ငါသည် အစွမ်းအားကို မြင်သော ယောကျာ်းဖြစ်ပါလျက် တစ်ယောက်တည်း ကူးမြောက်ခြင်းဖြင့်ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် သဗ္ဗညုတဉာဏ်သို့ ရောက်၍ နတ်နှင့်တကွသော လောကကိုကယ်တင်ပေအံ့။
၅၇။ ‘‘ဣမိနာ မေ အဓိကာရေန, ကတေန ပုရိသုတ္တမေ၊
သဗ္ဗညုတံ ပါပုဏိတွာ, တာရေမိ ဇနတံ ဗဟုံ။
၅၇။ ငါသည် ယောကျာ်းမြတ်ဖြစ်သော မြတ်စွာဘုရား၌ ပြုအပ်သော ဤလွန်ကဲသော ကောင်းမှုကြောင့်သဗ္ဗညုတဉာဏ်သို့ ရောက်၍ များစွာသော လူအပေါင်းကို ကယ်တင်ပေအံ့။
၅၈။ ‘‘သံသာရသောတံ ဆိန္ဒိတွာ, ဝိဒ္ဓံသေတွာ တယော ဘဝေ၊
ဓမ္မနာဝံ သမာရုယှ, သန္တာရေဿံ သဒေဝကံ’’။
၅၈။ ငါသည် သံသရာရေအလျဥ်ကို ဖြတ်တောက်၍ ဘဝသုံးပါးတို့ကို ဖျက်ဆီးပြီးလျှင် အရိယာမဂ္ဂင်တည်းဟူသော တရားလှေသင်္ဘောကို ကောင်းစွာ တက်စီးလျက် နတ်နှင့်တကွ သောလောကကို ကယ်တင်ပေအံ့။
၅၉။ မနုဿတ္တံ လိင်္ဂသမ္ပတ္တိ, ဟေတု သတ္ထာရဒဿနံ၊
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ, အဓိကာရော စ ဆန္ဒတာ၊
အဋ္ဌဓမ္မသမောဓာနာ, အဘိနီဟာရော သမိဇ္ဈတိ။
၅၉။ လူ၏ အဖြစ်လည်းကောင်း၊ ပုရိသလိင်နှင့် ပြည့်စုံခြင်းလည်းကောင်း၊ အရဟတ္တ ဖိုလ်ကို ရနိုင်ခြင်းဟူသော အကြောင်းလည်းကောင်း၊ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရား ကိုဖူးတွေ့ရခြင်းလည်းကောင်း၊ ရသေ့, ရဟန်း အဖြစ်လည်းကောင်း၊ သမာပတ်ရှစ်ပါး, အဘိညာဥ်ဂုဏ်နှင့်ပြည့်စုံခြင်းလည်းကောင်း၊ (အသက်ကို စွန့်၍) ဆုတောင်းခြင်းလည်းကောင်း၊ လွန်ကဲသောအလိုဆန္ဒလည်းကောင်း ရှစ်ပါးသော အကြောင်းတရားတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဆုတောင်းပါရမီသည်ပြည့်စုံနိုင်၏။
၆၀။ ဒီပင်္ကရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဥဿီသကေ မံ ဌတွာန, ဣဒံ ဝစနမဗြဝိ။
၆၀။ အဝေးမှ ဆောင်ယူအပ်သော အလှူဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ဒီပင်္ကရာ မြတ်စွာဘုရားသည် ငါ၏ ဦးခေါင်းအနီး၌ ရပ်လျက် ဤစကားကို မိန့်တော်မူ၏-
၆၁။ ‘‘ပဿထ ဣမံ တာပသံ, ဇဋိလံ ဥဂ္ဂတာပနံ၊
အပရိမေယျိတော ကပ္ပေ, ဗုဒ္ဓေါ လောကေ ဘဝိဿတိ။
၆၁။ ဆံကျစ်ရှိသော ထက်မြက်သော အကျင့်ရှိသော ဤရသေ့ကို ကြည့်ရှုကုန်လော့၊ (ဤရသေ့သည်) ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ လောကတွင် မြတ်စွာဘုရား ဖြစ်ရလတ္တံ့။
၆၂။ ‘‘အဟု ကပိလဝှယာ ရမ္မာ, နိက္ခမိတွာ တထာဂတော၊
ပဓာနံ ပဒဟိတွာန, ကတွာ ဒုက္ကရကာရိကံ။
၆၂။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပိလမည်သော မြို့မှ ထွက်၍ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လဝီရိယကို အားထုတ်လျက် ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့် ပြီးလျှင် (မြတ်စွာဘုရား ဖြစ်လတ္တံ့)။
၆၃။ ‘‘အဇပါလရုက္ခမူလသ္မိံ, နိသီဒိတွာ တထာဂတော၊
တတ္ထ ပါယာသံ ပဂ္ဂယှ, နေရဉ္ဇရမုပေဟိတိ။
၆၃။ ဘုရားလောင်းသည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ထိုင်၍ ထိုညောင်ပင်ရင်း၌ နို့ဃနာဆွမ်းကိုခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဥ်းကပ်လတ္တံ့။
၆၄။ ‘‘နေရဉ္ဇရာယ တီရမှိ, ပါယာသံ အဒ သော ဇိနော၊
ပဋိယတ္တဝရမဂ္ဂေန, ဗောဓိမူလမုပေဟိတိ။
၆၄။ ထိုမြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်ကမ်း၌ နို့ဃနာဆွမ်းကို ဘုဥ်းပေးပြီးလျှင် (နတ်တို့) စီရင်အပ်သော မြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဥ်းကပ်လတ္တံ့။
၆၅။ ‘‘တတော ပဒက္ခိဏံ ကတွာ, ဗောဓိမဏ္ဍံ အနုတ္တရော [အနုတ္တရံ (သျာ။ ကံ။)]၊
အဿတ္ထရုက္ခမူလမှိ, ဗုဇ္ဈိဿတိ မဟာယသော။
၆၅။ ထို့နောက် အတုမရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရားသည် ဗောဓိ မဏ္ဍိုင်ကိုလက်ယာရစ် လှည့်သည်ကို ပြုပြီးလျှင် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်လတ္တံ့။
၆၆။ ‘‘ဣမဿ ဇနိကာ မာတာ, မာယာ နာမ ဘဝိဿတိ၊
ပိတာ သုဒ္ဓေါဒနော နာမ, အယံ ဟေဿတိ ဂေါတမော။
၆၆။ ဤမြတ်စွာဘုရား၏ မွေးဖွားသော မယ်တော်ရင်းသည် မာယာမည်သော မိဖုရား ဖြစ်၍ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမ အမည်ရှိသည့်ဖြစ်လတ္တံ့။
၆၇။ ‘‘အနာသဝါ ဝီတရာဂါ, သန္တစိတ္တာ သမာဟိတာ၊
ကောလိတော ဥပတိဿော စ, အဂ္ဂါ ဟေဿန္တိ သာဝကာ၊
အာနန္ဒော နာမုပဋ္ဌာကော, ဥပဋ္ဌိဿတိမံ [ဥပဋ္ဌိဿတိ တံ (သီ။)] ဇိနံ။
၆၇။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း အာသဝေါ မရှိကုန် သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်ကြည်ကုန်သော အမြတ်ဆုံး တပည့်‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော ရဟန်းသည် အလုပ်အကျွေး ဖြစ်၍ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။
၆၈။ ‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, အဂ္ဂါ ဟေဿန္တိ သာဝိကာ၊
အနာသဝါ ဝီတရာဂါ, သန္တစိတ္တာ သမာဟိတာ၊
ဗောဓိ တဿ ဘဂဝတော, အဿတ္ထောတိ ပဝုစ္စတိ။
၆၈။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း အာသဝေါမရှိကုန်သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်ကြည်ကုန်သော အမြတ်ဆုံးတပည့်မ‘အဂ္ဂသာဝိကာ’တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေပင်ဟုခေါ်ဆိုအပ်လတ္တံ့။
၆၉။ ‘‘စိတ္တော စ ဟတ္ထာဠဝကော [ဟတ္ထာလဝကော (သီ။)], အဂ္ဂါ ဟေဿန္တုပဋ္ဌကာ၊
ဥတ္တရာ နန္ဒမာတာ စ, အဂ္ဂါ ဟေဿန္တုပဋ္ဌိကာ’’။
၆၉။ စိတ္တသည်လည်းကောင်း၊ ဟတ္ထာဠာဝကသည်လည်းကောင်း မြတ်သော အလုပ် အကျွေးဒါယကာ‘အဂ္ဂဥပဋ္ဌက’တို့ ဖြစ်ကုန်လတ္တံ့။ ဥတ္တရာသည်လည်းကောင်း၊ နန္ဒမာတာ သည်လည်းကောင်း မြတ်သောအလုပ်အကျွးဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’ တို့ ဖြစ်ကုန်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၇၀။ ဣဒံ သုတွာန ဝစနံ, အသမဿ မဟေသိနော၊
အာမောဒိတာ နရမရူ, ဗုဒ္ဓဗီဇံ ကိရ [ဗုဒ္ဓဗီဇင်္ကုရော (သီ။ သျာ။)] အယံ။
၇၀။ လူနတ်တို့သည် အတုမရှိသော မြတ်စွာဘုရား၏ ဤစကားကို ကြားနာကုန်သည် ရှိိသော် “ဤရသေ့ကား ဘုရားလောင်း ဖြစ်သတတ်’ဟု အလွန်ဝမ်းမြောက်ကုန်လျက်-
၇၁။ ဥက္ကုဋ္ဌိသဒ္ဒါ ဝတ္တန္တိ, အပ္ဖေါဋေန္တိ [အပ္ဖေါဌေန္တိ (သီ။)] ဟသန္တိ စ၊
ကတဉ္ဇလီ နမဿန္တိ, ဒသသဟဿီ သဒေဝကာ။
၇၁။ ကြွေးကြော်သံ (ပဲ့တင်သံ) တို့ကို ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လန်းလည်း ရွှင်လန်းကုန်၏၊ လောကဓာတ်တစ်သောင်းရှိ နတ်နှင့်တကွသော လူတို့သည်လက်အုပ်ချီကုန်၍ ရှိခိုးကြကုန်၏။
၇၂။ ‘‘ယဒိမဿ လောကနာထဿ, ဝိရဇ္ဈိဿာမ သာသနံ၊
အနာဂတမှိ အဒ္ဓါနေ, ဟေဿာမ သမ္မုခါ ဣမံ။
၇၂။ အကယ်၍ ငါတို့သည် ဤဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်ကို လွဲချော်ကုန် အံ့၊ အနာဂတ်ကာလတွင် (ဤဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏။
၇၃။ ‘‘ယထာ မနုဿာ နဒိံ တရန္တာ, ပဋိတိတ္ထံ ဝိရဇ္ဈိယ၊
ဟေဋ္ဌာတိတ္ထေ ဂဟေတွာန, ဥတ္တရန္တိ မဟာနဒိံ။
၇၃။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော် ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းကို ယူ၍ မြစ်မကြီးကို ကူးကုန်သကဲ့သို့-
၇၄။ ‘‘ဧဝမေဝ မယံ သဗ္ဗေ, ယဒိ မုဉ္စာမိမံ ဇိနံ၊
အနာဂတမှိ အဒ္ဓါနေ, ဟေဿာမ သမ္မုခါ ဣမံ’’။
၇၄။ ဤအတူပင် ငါတို့အားလုံးတို့သည် အကယ်၍ ဒီပင်္ကရာမြတ်စွာဘုရားကို လက် လွှတ်ကုန်အံ့၊ အနာဂတ်ကာလတွင် ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟုဆုတောင်းကုန်၏)။
၇၅။ ဒီပင်္ကရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမ ကမ္မံ ပကိတ္တေတွာ, ဒက္ခိဏံ ပါဒမုဒ္ဓရိ။
၇၅။ အဝေးမှ ဆောင်ယူအပ်သော အလှူဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ဒီပင်္ကရာမြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကို မိန့်ကြားတော်မူပြီးလျှင် လက်ယာခြေကို ကြွချီတော် မူ၏။
၇၆။ ယေ တတ္ထာသုံ ဇိနပုတ္တာ, ပဒက္ခိဏမကံသု [သဗ္ဗေ ပဒက္ခိဏမကံသု (သျာ။ က။)] မံ၊
ဒေဝါ မနုဿာ အသုရာ စ, အဘိဝါဒေတွာန ပက္ကမုံ။
၇၆။ ထိုအရပ်၌ မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော အကြင်ရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန်းအားလုံးတို့သည် ငါ့ကို အရိုအသေ ပြုကြကုန်၏၊ နတ်, လူ, အသုရာတို့သည် ရိုသေစွာ ရှိခိုး၍ဖဲသွားကြကုန်၏။
၇၇။ ဒဿနံ မေ အတိက္ကန္တေ, သသံဃေ လောကနာယကေ၊
သယနာ ဝုဋ္ဌဟိတွာန, ပလ္လင်္ကံ အာဘုဇိံ တဒါ။
၇၇။ ထိုအခါ သံဃာနှင့်တကွသော မြတ်စွာဘုရားသည် ငါ၏ မြင်ရာအရပ်ကို ကျော်လွန် သည်ရှိသော် ငါသည် လျောင်းနေရာမှ ထ၍ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေနေ၏။
၇၈။ သုခေန သုခိတော ဟောမိ, ပါမောဇ္ဇေန ပမောဒိတော၊
ပီတိယာ စ အဘိဿန္နော, ပလ္လင်္ကံ အာဘုဇိံ တဒါ။
၇၈။ ထိုအခါ ငါသည် သုခဝေဒနာဖြင့် ချမ်းသာသူ, ပါမောဇ္ဇဖြင့် ဝမ်းမြောက်သူ, ပီတိဖြင့်နှစ်သက်ခြင်းရှိသူ ဖြစ်၏၊ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေနေ၏။
၇၉။ ပလ္လင်္ကေန နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊
‘‘ဝသီဘူတော အဟံ ဈာနေ, အဘိညာသု ပါရမိံဂတော [အဘိညာပါရမိံ ဂတော (သီ။)]။
၇၉။ ထိုအခါ ငါသည် တင်ပလ္လင်ဖြင့် ထိုင်ပြီးလျှင် ဤသို့ စဥ်းစားဆင်ခြင်ခဲ့၏၊ ငါသည် ဈာန်၌လေ့လာပြီး ဖြစ်၏၊ အဘိညာဥ်တို့၌ အပြီးအဆုံးသို့ ရောက်၏။
၈၀။ ‘‘သဟဿိယမှိ လောကမှိ, ဣသယော နတ္ထိ မေ သမာ၊
အသမော ဣဒ္ဓိဓမ္မေသု, အလဘိံ ဤဒိသံ သုခံ။
၈၀။ တစ်သောင်းသော လောကဓာတ်၌ ငါနှင့် တူသော ရသေ့တို့သည် မရှိကုန်၊ ငါသည်တန်ခိုးဂုဏ်တို့၌ တူသောသူ မရှိသည်ဖြစ်၍ ဤသို့သဘောရှိသော ချမ်းသာကို ရခဲ့ပေ၏ဟု (ဤသို့ဆင်ခြင်ခဲ့၏)။
၈၁။ ‘‘ပလ္လင်္ကာဘုဇနေ မယှံ, ဒသသဟဿာဓိဝါသိနော၊
မဟာနာဒံ ပဝတ္တေသုံ, ‘ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၁-၈၂။ ငါ၏ ထက်ဝယ်ပလ္လင်ဖွဲ့ခွေရာ အခါ၌ တစ်သောင်းသော လောကဓာတ်၌ နေကုန်သောဗြဟ္မာကြီးတို့သည် ကြီးကျယ်သော ကြွေးကြော်သံကို ဖြစ်စေကြကုန်၏၊ (သုမေဓာရသေ့မြတ်) ရှေးအခါဘုရားလောင်းတို့၏ မြတ်သော ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေရာ အခါ၌ အကြင်နိမိတ်တို့သည် ထင်ကုန်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၈၂။ ‘‘ယာ ပုဗ္ဗေ ဗောဓိသတ္တာနံ, ပလ္လင်္ကဝရမာဘုဇေ၊
နိမိတ္တာနိ ပဒိဿန္တိ, တာနိ အဇ္ဇ ပဒိဿရေ။
၈၃။ ‘‘သီတံ ဗျပဂတံ ဟောတိ, ဥဏှဉ္စ ဥပသမ္မတိ၊
တာနိ အဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၃။ အအေးသည် ကင်းပျောက်၏၊ အပူသည် ငြိမ်းအေး၏၊ ယခုလည်း ထိုနိမိတ်တို့ သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၈၄။ ‘‘ဒသသဟဿီ လောကဓာတူ, နိဿဒ္ဒါ ဟောန္တိ နိရာကုလာ၊
တာနိ အဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၄။ တစ်သောင်းသောလောကဓာတ်တို့သည် အသံတိတ်ဆိတ်လျက် အနှောင့်အယှက် ကင်းကုန်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။
၈၅။ ‘‘မဟာဝါတာ န ဝါယန္တိ, န သန္ဒန္တိ သဝန္တိယော၊
တာနိ အဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၅။ ပြင်းထန်သော လေတို့သည် မတိုက်ခတ်ကုန်၊ မြစ်တို့သည် မစီးဆင်းကုန်၊ ယခုလည်းထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၈၆။ ‘‘ထလဇာ ဒကဇာ ပုပ္ဖါ, သဗ္ဗေ ပုပ္ဖန္တိ တာဝဒေ၊
တေပဇ္ဇ ပုပ္ဖိတာ [ပုပ္ဖိတာနိ (အဋ္ဌ။)] သဗ္ဗေ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၆။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) အချိန်၌ ကြည်းပန်း, ရေပန်း အားလုံးတို့သည်ပွင့်ကုန်၏၊ ယခုလည်း ထိုပန်းအားလုံးတို့သည် ပွင့်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။
၈၇။ ‘‘လတာ ဝါ ယဒိ ဝါ ရုက္ခာ, ဖလဘာရာ ဟောန္တိ တာဝဒေ၊
တေပဇ္ဇ ဖလိတာ သဗ္ဗေ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၇။ ထိုအခါ ၌ နွယ်ပင်တို့သည်လည်းကောင်း၊ သစ်ပင်တို့သည်လည်းကောင်း အသီး, သီးကုန်၏၊ ယခုလည်း ထိုအပင်အားလုံးတို့သည် အသီး, သီးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။
၈၈။ ‘‘အာကာသဋ္ဌာ စ ဘူမဋ္ဌာ, ရတနာ ဇောတန္တိ တာဝဒေ၊
တေပဇ္ဇ ရတနာ ဇောတန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၈။ ထိုအခါ ၌ ကောင်းကင်၌ တည်သော ရတနာ, မြေ၌ တည်သော ရတနာတို့သည်ထွန်းလင်းတောက်ပကုန်၏၊ ယခုလည်း ထိုရတနာတို့သည် တောက်ပလျက် ရှိကုန်၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၈၉။ ‘‘မာနုဿကာ စ ဒိဗ္ဗာ စ, တုရိယာ ဝဇ္ဇန္တိ တာဝဒေ၊
တေပဇ္ဇုဘော အဘိရဝန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၈၉။ ထိုအခါ ၌ လူ၌ ဖြစ်သော တူရိယာ, နတ်၌ ဖြစ်သော တူရိယာတို့သည် (အလိုလို) မြည်ကုန်၏၊ ယခုလည်း ထိုနှစ်မျိုးသော တူရိယာတို့သည် မြည်လျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။
၉၀။ ‘‘ဝိစိတြပုပ္ဖါ ဂဂနာ, အဘိဝဿန္တိ တာဝဒေ၊
တေပိ အဇ္ဇ ပဝဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၀။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) အခါ၌ ဆန်းကြယ်သော ပန်းပွင့် မိုးတို့သည်ကောင်းကင်မှ ရွာကုန်၏၊ ယခုလည်း ထိုပန်းပွင့်မိုးတို့သည် ရွာလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည်မချွတ် ဘုရားဖြစ်လတ္တံ့။
၉၁။ ‘‘မဟာသမုဒ္ဒေါ အာဘုဇတိ, ဒသသဟဿီ ပကမ္ပတိ၊
တေပဇ္ဇုဘော အဘိရဝန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၁။ မဟာသမုဒ္ဒရာသည် ဝဲလည်၏၊ တစ်သောင်းသောလောကဓာတ်သည် တုန်လှုပ်၏၊ ယခုလည်းထိုနှစ်မျိုးတို့သည် မြည်ဟီးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။
၉၂။ ‘‘နိရယေပိ ဒသသဟဿေ, အဂ္ဂီ နိဗ္ဗန္တိ တာဝဒေ၊
တေပဇ္ဇ နိဗ္ဗုတာ အဂ္ဂီ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၂။ ထိုအခါ လောကဓာတ်တစ်သောင်း၌ ရှိသော ငရဲမီးတို့သည်လည်း ငြိမ်းအေးကုန်၏၊ ယခုလည်းထိုငရဲမီးတို့သည် ငြိမ်းအေးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။
၉၃။ ‘‘ဝိမလော ဟောတိ သူရိယော, သဗ္ဗာ ဒိဿန္တိ တာရကာ၊
တေပိ အဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၃။ နေမင်းသည် အညစ်အကြေး ကင်းစင်၏၊ အလုံးစုံသော ကြယ် (တာရာ) တို့သည် ထင်ခဲ့ကုန်၏၊ ယခုလည်း ထိုကြယ် (တာရာ) တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၉၄။ ‘‘အနောဝဋ္ဌေန [အနောဝုဋ္ဌေန (သျာ။ က။)] ဥဒကံ, မဟိယာ ဥဗ္ဘိဇ္ဇိ တာဝဒေ၊
တမ္ပဇ္ဇုဗ္ဘိဇ္ဇတေ မဟိယာ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၄။ ထိုအခါ မိုးမရွာသော အချိန်တွင် ရေသည် မြေမှ ပန်းထွက်ခဲ့၏၊ ယခုလည်း ထိုရေ သည် မြေမှပန်းထွက်လျက် ရှိ၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၉၅။ ‘‘တာရာဂဏာ ဝိရောစန္တိ, နက္ခတ္တာ ဂဂနမဏ္ဍလေ၊
ဝိသာခါ စန္ဒိမာ ယုတ္တာ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၅။ ကြယ် (တာရာ) အပေါင်းတို့သည်လည်းကောင်း၊ နက္ခတ်တို့သည်လည်းကောင်း၊ ကောင်းကင်အဝန်း၌ တင့်တယ်ကုန်၏။ ဝိသာခါနက္ခတ်သည် စန်း (လ) နှင့် ယှဥ်လျက်ရှိ၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၉၆။ ‘‘ဗိလာသယာ ဒရီသယာ, နိက္ခမန္တိ သကာသယာ၊
တေပဇ္ဇ အာသယာ ဆုဒ္ဓါ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၆။ တွင်း၌ နေသော သတ္တဝါ, ချောက်၌ နေသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကုန်၏။ ယခုလည်း ထိုသတ္တဝါတို့သည် (မိမိတို့) နေရာမှ ထွက်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ့်ဘုရားဖြစ်လတ္တံ့။
၉၇။ ‘‘န ဟောန္တိ အရတီ သတ္တာနံ, သန္တုဋ္ဌာ ဟောန္တိ တာဝဒေ၊
တေပဇ္ဇ သဗ္ဗေ သန္တုဋ္ဌာ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၇။ ထိုအခါ ၌ သတ္တဝါတို့အား မပျော်မွေ့ခြင်းတို့သည် မဖြစ်ကုန်၊ တင်းတိမ်ရောင့်ရဲကုန်၏၊ ယခုလည်း ထိုသတ္တဝါအားလုံးသည် တင်းတိမ်ရောင့်ရဲကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။
၉၈။ ‘‘ရောဂါ တဒုပသမ္မန္တိ, ဇိဃစ္ဆာ စ ဝိနဿတိ၊
တာနိ အဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၈။ ထိုအခါ အနာရောဂါတို့သည် ကင်းငြိမ်းကုန်၏၊ မွတ်သိပ်ခြင်းသည်လည်း ကင်း ပျောက်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်လာကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၉၉။ ‘‘‘ရာဂေါ တဒါ တနု ဟောတိ, ဒေါသော မောဟော ဝိနဿတိ၊
တေပဇ္ဇ ဝိဂတာ သဗ္ဗေ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၉၉။ ထိုအခါ တပ်မက်မှု ‘ရာဂ’ ခေါင်းပါး၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’, တွေဝေခြင်း ‘မောဟ’ကင်းပျောက်၏၊ ယခုလည်း ထိုအားလုံးတို့သည် ကင်းပျောက်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။
၁၀၀။ ‘‘ဘယံ တဒါ န ဘဝတိ, အဇ္ဇပေတံ ပဒိဿတိ၊
တေန လိင်္ဂေန ဇာနာမ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၀။ ထိုအခါ ကြောက်မက်ဖွယ်ဘေးသည် မဖြစ်ခဲ့၊ ယခုလည်း ဤဘေးမဖြစ်ခြင်းသည် ထင်၏၊ ထိုအကြောင်းကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့ဟု ငါတို့ သိပါကုန်၏။
၁၀၁။ ‘‘ရဇောနုဒ္ဓံသတိ ဥဒ္ဓံ, အဇ္ဇပေတံ ပဒိဿတိ၊
တေန လိင်္ဂေန ဇာနာမ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၁။ မြူမှုန်သည် အထက်သို့ မတက်ခဲ့၊ ယခုလည်း ဤမြူမှုန်မတက်ခြင်းသည် ထင်၏၊ ထိုအကြောင်းကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့ဟု ငါတို့ သိပါကုန်၏။
၁၀၂။ ‘‘အနိဋ္ဌဂန္ဓော ပက္ကမတိ, ဒိဗ္ဗဂန္ဓော ပဝါယတိ၊
သောပဇ္ဇ ဝါယတိ ဂန္ဓော, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၂။ မကောင်းသော အနံ့သည် ကင်းရှင်း၏၊ နတ်၌ ဖြစ်သော ရနံ့သည် လှိုင်၏၊ ယခုလည်းထိုနတ်ရနံ့သည် လှိုင်လျက်ရှိပေ၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။
၁၀၃။ ‘‘သဗ္ဗေ ဒေဝါ ပဒိဿန္တိ, ဌပယိတွာ အရူပိနော၊
တေပဇ္ဇ သဗ္ဗေ ဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၃။ အရူပဗြဟ္မာတို့ကို ချန်ထား၍ အလုံးစုံသော နတ်ဗြဟ္မာတို့ကို တွေ့မြင်ရကုန်၏၊ ယခုလည်းထို (နတ် ဗြဟ္မာ) အားလုံးတို့ကို တွေ့မြင်ရကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၁၀၄။ ‘‘ယာဝတာ နိရယာ နာမ, သဗ္ဗေ ဒိဿန္တိ တာဝဒေ၊
တေပဇ္ဇ သဗ္ဗေ ဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၄။ ထိုအခါ အကြင်မျှအတိုင်းအရှည်ရှိသော အလုံးစုံသော ငရဲမည်သည်တို့ကို တွေ့မြင် ရကုန်၏၊ ယခုလည်း ထို (ငရဲ) အားလုံးတို့ကို တွေ့မြင်ရကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၁၀၅။ ‘‘ကုဋ္ဋာ [ကုဍ္ဍာ (သီ။)] ကဝါဋာ သေလာ စ, န ဟောန္တာဝရဏာ တဒါ၊
အာကာသဘူတာ တေပဇ္ဇ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၅။ ထိုအခါ နံရံတံတိုင်းတို့သည်လည်းကောင်း၊ တံခါးရွက်တို့သည်လည်းကောင်း၊ ကျောက်တောင်တို့သည်လည်းကောင်း အပိတ်အပင် အဆီးအတားတို့ မဖြစ်ကုန်။ ယခုလည်းထိုတံတိုင်းစသည်တို့သည် ဟင်းလင်းဖြစ်၍ ဖြစ်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။
၁၀၆။ ‘‘‘စုတီ စ ဥပပတ္တိ စ, ခဏေ တသ္မိံ န ဝိဇ္ဇတိ၊
တာနိပဇ္ဇ ပဒိဿန္တိ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။
၁၀၆။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) ခဏ၌ စုတေခြင်းသည်လည်းကောင်း၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း မရှိပေ။ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။
၁၀၇။ ‘‘ဒဠှံ ပဂ္ဂဏှ ဝီရိယံ, မာ နိဝတ္တ အဘိက္ကမ၊
မယမ္ပေတံ ဝိဇာနာမ, ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ’’’။
၁၀၇။ အရှင်ရသေ့ သင်သည် လုံ့လဝီရိယကို မြဲမြံစွာ ချီးမြှောက် (စွဲကိုင်) ပါလော့၊ နောက်သို့မဆုတ်ပါလင့်၊ ရှေ့သို့သာ တက်ပါလော့၊ သင်သည် မချွတ် ဘုရားဖြစ်ပါလတ္တံ့၊ ငါတို့သည်လည်းဤအကြောင်းကို သိပါကုန်၏ (ဟု ကြီးကျယ်သော အသံကို ဖြစ်စေကုန်၏)။
၁၀၈။ ဗုဒ္ဓဿ ဝစနံ သုတွာ, ဒသသဟဿီနစူဘယံ၊
တုဋ္ဌဟဋ္ဌော ပမောဒိတော, ဧဝံ စိန္တေသဟံ တဒါ။
၁၀၈။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ လည်းကောင်း၊ လောကဓာတ်တစ်သောင်း၌ နေသောနတ်ဗြဟ္မာတို့၏လည်းကောင်း နှစ်ဦးသော ပုဂ္ဂိုလ်တို့၏ စကားကို ကြားရသည် ရှိသော် နှစ်သက်ရွှင်လန်းဝမ်းမြောက်သည်ဖြစ်၍ ဤသို့ ဆင်ခြင်ခဲ့ပေ၏ -
၁၀၉။ ‘‘အဒွေဇ္ဈဝစနာ ဗုဒ္ဓါ, အမောဃဝစနာ ဇိနာ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၀၉။ မြတ်စွာဘုရားတို့သည် နှစ်မျိုးသော စကားကို မိန့်ဆိုလေ့မရှိကုန်၊ မြတ်စွာ ဘုရားတို့သည်အချည်းနှီးသော စကားကို မိန့်ဆိုလေ့မရှိကုန်၊ မြတ်စွာဘုရားတို့အား ချွတ် ယွင်းသော စကားသည်မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။
၁၁၀။ ‘‘ယထာ ခိတ္တံ နဘေ လေဍ္ဍု, ဓုဝံ ပတတိ ဘူမိယံ၊
တထေဝ ဗုဒ္ဓသေဋ္ဌာနံ, ဝစနံ ဓုဝသဿတံ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၁၀။ ကောင်းကင်၌ ပစ်အပ်သော ခဲသည် မြေ၌ မချွတ် ကျသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားတို့၏စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့်ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။
၁၁၁။ ‘‘ယထာပိ သဗ္ဗသတ္တာနံ, မရဏံ ဓုဝသဿတံ၊
တထေဝ ဗုဒ္ဓသေဋ္ဌာနံ, ဝစနံ ဓုဝသဿတံ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၁၁။ အလုံးစုံသော သတ္တဝါတို့၏ သေခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားတို့၏စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့်ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။
၁၁၂။ ‘‘ယထာ ရတ္တိက္ခယေ ပတ္တေ, သူရိယုဂ္ဂမနံ ဓုဝံ၊
တထေဝ ဗုဒ္ဓသေဋ္ဌာနံ, ဝစနံ ဓုဝသဿတံ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၁၂။ ညဥ့်ကုန်ခြင်းသို့ ရောက်လတ်သော် နေတက်ခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့ အတူပင်ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။
၁၁၃။ ‘‘ယထာ နိက္ခန္တသယနဿ, သီဟဿ နဒနံ ဓုဝံ၊
တထေဝ ဗုဒ္ဓသေဋ္ဌာနံ, ဝစနံ ဓုဝသဿတံ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၁၃။ အိပ်စက်ရာ လိုဏ်ဂူမှ ထွက်သော ခြင်္သေ့မင်း၏ ဟောက်ခြင်းသည် မချွတ် မြဲသကဲ့သို့ထို့အတူပင် ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသောစကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။
၁၁၄။ ‘‘ယထာ အာပန္နသတ္တာနံ, ဘာရမောရောပနံ ဓုဝံ၊
တထေဝ ဗုဒ္ဓသေဋ္ဌာနံ, ဝစနံ ဓုဝသဿတံ၊
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ, ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
၁၁၄။ ကိုယ်ဝန်ဆောင်မိန်းမတို့အား ကိုယ်ဝန်ကို ချခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့ အတူပင်ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့ (ဟု ဤသို့ ဆင်ခြင် ခဲ့၏)။
၁၁၅။ ‘‘ဟန္ဒ ဗုဒ္ဓကရေ ဓမ္မေ, ဝိစိနာမိ ဣတော စိတော၊
ဥဒ္ဓံ အဓော ဒသ ဒိသာ, ယာဝတာ ဓမ္မဓာတုယာ’’။
၁၁၅။ ငါသည် ယခုအခါ အထက်အောက် အရပ်ဆယ်မျက်နှာတို့၌ ရှိရှိသမျှသော သဘောတရားတွင်ဘုရားအဖြစ်ကို ပြုတတ်သော သဘောတရားတို့ကို ထိုမှဤမှ စူးစမ်း ဆင်ခြင်တော့အံ့ (ဟု ဆင်ခြင်၏)။
၁၁၆။ ဝိစိနန္တော တဒါ ဒက္ခိံ, ပဌမံ ဒါနပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အနုစိဏ္ဏံ မဟာပထံ။
၁၁၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်ကုန်သော ဘုရားအလောင်း တို့သည်လေ့ကျက်အပ်သော လမ်းမသဖွယ် ဖြစ်သော ဒါနပါရမီကို ရှေးဦးစွာ တွေ့မြင်ခဲ့၏။
၁၁၇။ ‘‘ဣမံ တွံ ပဌမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
ဒါနပါရမိတံ ဂစ္ဆ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၁၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤ ရှေးဦးစွာသောဒါနပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါလော့။
၁၁၈။ ‘‘ယထာပိ ကုမ္ဘော သမ္ပုဏ္ဏော, ယဿ ကဿစိ အဓော ကတော၊
ဝမတေ ဝုဒကံ နိဿေသံ, န တတ္ထ ပရိရက္ခတိ။
၁၁၈။ တစ်စုံတစ်ခုသော ရေဖြင့် ပြည့်သော အိုးသည် မှောက်ထားလိုက်သည်ရှိသော် ရေကို အကြွင်းမဲ့အန်ထုတ်သကဲ့သို့ ထိုသို့ အန်ရာ၌ (ရေကို) မစောင့်ရှောက်သကဲ့သို့-
၁၁၉။ ‘‘တထေဝ ယာစကေ ဒိသွာ, ဟီနမုက္ကဋ္ဌမဇ္ဈိမေ၊
ဒဒါဟိ ဒါနံ နိဿေသံ, ကုမ္ဘော ဝိယ အဓော ကတော။
၁၁၉။ ထို့အတူပင် သင်သည် အယုတ်, အမြတ်, အလတ်ဖြစ်သော တောင်းခံသူပုဂ္ဂိုလ် တို့ကိုတွေ့မြင်သည်ရှိသော် ‘မှောက်ထားသော အိုးကဲ့သို့’ အလှူဝတ္ထုကို အကြွင်းမဲ့ ပေးလှူ ပါလော့။
၁၂၀။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၂၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ်လိမ့်မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။
၁၂၁။ ဝိစိနန္တော တဒါ ဒက္ခိံ, ဒုတိယံ သီလပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၂၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော နှစ်ခုမြောက် သီလပါရမီကို တွေ့မြင်ခဲ့၏။
၁၂၂။ ‘‘ဣမံ တွံ ဒုတိယံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
သီလပါရမိတံ ဂစ္ဆ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၂၂။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့့၊ ဤ နှစ်ခုမြောက်သောသီလပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါ လော့။
၁၂၃။ ‘‘ယထာပိ စမရီ ဝါလံ, ကိသ္မိဉ္စိ ပဋိလဂ္ဂိတံ၊
ဥပေတိ မရဏံ တတ္ထ, န ဝိကောပေတိ ဝါလဓိံ။
၁၂၃။ စာမရီသားကောင်သည် တစ်စုံတစ်ခုသစ်ပင်ချုံနွယ်၌ မြီးဆံသည် ငြိနေလတ်သော် ထိုနေရာ၌ပင်သေခြင်းသို့ ရောက်စေကာမူ မြီးဆံကို မပျက်စီးစေသကဲ့သို့-
၁၂၄။ ‘‘တထေဝ တွံ စတူသု ဘူမီသု, သီလာနိ ပရိပူရယ၊
ပရိရက္ခ သဗ္ဗဒါ သီလံ, စမရီ ဝိယ ဝါလဓိံ။
၁၂၄။ ထို့အတူပင် လေးပါးသော အရာတို့၌ သီလကို ဖြည့်ကျင့်ပါလော့၊ စာမရီ သားကောင်သည်မြီးဆံကို စောင့်ရှောက်သကဲ့သို့ အခါခပ်သိမ်း သီလကို စောင့်ရှောက်ပါ လော့။
၁၂၅။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၂၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။
၁၂၆။ ဝိစိနန္တော တဒါ ဒက္ခိံ, တတိယံ နေက္ခမ္မပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၂၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော သုံးခုမြောက် နေက္ခမ္မပါရမီကို တွေ့မြင်ခဲ့၏။
၁၂၇။ ‘‘ဣမံ တွံ တတိယံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
နေက္ခမ္မပါရမိတံ ဂစ္ဆ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၂၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤသုံးခုမြောက်သော နေက္ခမ္မပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့် ကျင့်ပါလော့။
၁၂၈။ ‘‘ယထာ အန္ဒုဃရေ ပုရိသော, စိရဝုတ္ထော ဒုခဋ္ဋိတော၊
န တတ္ထ ရာဂံ ဇနေသိ, မုတ္တိံယေဝ ဂဝေသတိ။
၁၂၈။ နှောင်အိမ်၌ ကြာမြင့်စွာ နေရသော ယောကျာ်းသည် ဆင်းရဲဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ထိုနှောင်အိမ်၌ တပ်မက်ခြင်းကို မဖြစ်စေဘဲ လွတ်မြောက်ခြင်းကိုသာလျှင် ရှာဖွေ သကဲ့သို့-
၁၂၉။ ‘‘တထေဝ တွံ သဗ္ဗဘဝေ, ပဿ အန္ဒုဃရေ ဝိယ၊
နေက္ခမ္မာဘိမုခေါ ဟောဟိ, ဘဝတော ပရိမုတ္တိယာ။
၁၂၉။ ထို့အတူပင် သင်သည် အလုံးစုံသော ဘဝတို့ကို ‘နှောင်အိမ်တို့ကဲ့သို့’ ရှုပါလော့၊ ဘဝမှလွတ်မြောက်ခြင်းအကျိုးငှါ တောထွက်ခြင်းသို့ ရှေးရှုဖြစ်ပါလော့။
၁၃၀။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၃၀။ ဘုရားအဖြစ်ကို ပြုတတ်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရားတို့ကို လည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။
၁၃၁။ ဝိစိနန္တော တဒါ ဒက္ခိံ, စတုတ္ထံ ပညာပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၃၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော လေးခုမြောက် ပညာပါရမီကို တွေ့မြင်ခဲ့၏။
၁၃၂။ ‘‘ဣမံ တွံ စတုတ္ထံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
ပညာပါရမိတံ ဂစ္ဆ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၃၂။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤလေးခုမြောက်သော ပညာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့် ပါလော့။
၁၃၃။ ‘‘ယထာပိ ဘိက္ခု ဘိက္ခန္တော, ဟီနမုက္ကဋ္ဌမဇ္ဈိမေ၊
ကုလာနိ န ဝိဝဇ္ဇေန္တော, ဧဝံ လဘတိ ယာပနံ။
၁၃၃။ ဆွမ်းခံသော ရဟန်းသည် အယုတ်, အမြတ်, အလတ်ဖြစ်သော အမျိုး (အိမ်) တို့ကို မကြဥ်ရှောင်၊ ဤသို့ မကြဥ်ရှောင်လတ်သော် မျှတရုံသော အာဟာရကို ရသကဲ့သို့-
၁၃၄။ ‘‘တထေဝ တွံ သဗ္ဗကာလံ, ပရိပုစ္ဆံ ဗုဓံ ဇနံ၊
ပညာပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၃၄။ ထို့အတူပင် သင်သည် အခါခပ်သိမ်း ပညာရှိသော သူကို မေးမြန်းလျက် ပညာ ပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၃၅။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၃၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၃၆။ ဝိစိနန္တော တဒါ ဒက္ခိံ, ပဉ္စမံ ဝီရိယပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၃၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ငါးခုမြောက် ဝီရိယပါရမီကို တွေ့မြင်ခဲ့၏။
၁၃၇။ ‘‘ဣမံ တွံ ပဉ္စမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
ဝီရိယပါရမိတံ ဂစ္ဆ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၃၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤ ငါးခုမြောက်သောဝီရိယပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါ လော့။
၁၃၈။ ‘‘ယထာပိ သီဟော မိဂရာဇာ, နိသဇ္ဇဋ္ဌာနစင်္ကမေ၊
အလီနဝီရိယော ဟောတိ, ပဂ္ဂဟိတမနော သဒါ။
၁၃၈။ သားတို့သနင်း ခြင်္သေ့မင်းသည် ထိုင်ခြင်း, ရပ်ခြင်း, စကြံသွားခြင်း၌ မတွန့် ဆုတ်သောဝီရိယရှိလျက် အခါခပ်သိမ်း စိတ်ကို ပင့်မြှောက်ထားသကဲ့သို့-
၁၃၉။ ‘‘တထေဝ တွံ [တွံပိ (သီ။)] သဗ္ဗဘဝေ, ပဂ္ဂဏှ ဝီရိယံ ဒဠှံ၊
ဝီရိယပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၃၉။ ထို့အတူပင် သင်သည် အလုံးစုံသော ဘဝ၌ လုံ့လဝီရိယကို မြဲမြံစွာ ပင့်မြှောက်၍ ဝီရိယပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရလတ္တံ့။
၁၄၀။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၄၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၄၁။ ဝိစိနန္တော တဒါ ဒက္ခိံ, ဆဋ္ဌမံ ခန္တိပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၄၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ခြောက်ခုမြောက် ခန္တီပါရမီကို တွေ့မြင်ခဲ့၏။
၁၄၂။ ‘‘ဣမံ တွံ ဆဋ္ဌမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
တတ္ထ အဒွေဇ္ဈမာနသော, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၄၂။ သင်သည် ဤခြောက်ခုမြောက် ခန္တီပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည် ပြီးလျှင် ထိုခန္တီပါရမီ၌ စိတ်နှစ်ခွ မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရလတ္တံ့။
၁၄၃။ ‘‘ယထာပိ ပထဝီ နာမ, သုစိမ္ပိ အသုစိမ္ပိ စ၊
သဗ္ဗံ သဟတိ နိက္ခေပံ, န ကရောတိ ပဋိဃံ တယာ။
၁၄၃။ မြေကြီးမည်သည် စင်ကြယ်သည်လည်းဖြစ်သော, မစင်ကြယ်သည်လည်းဖြစ်သော အလုံးစုံပစ်ချအပ်သော အရာဝတ္ထုကို သည်းခံ၏၊ ထိုပစ်ချခြင်းကြောင့် မုန်းခြင်း, ချစ်ခြင်းကို မပြုသကဲ့သို့-
၁၄၄။ ‘‘တထေဝ တွမ္ပိ သဗ္ဗေသံ, သမ္မာနာဝမာနက္ခမော၊
ခန္တိပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၄၄။ ထို့အတူပင် သင်သည်လည်း အလုံးစုံသော သူတို့အား ကောင်းစွာ မြတ်နိုးခြင်း, မထီမဲ့မြင်ပြုခြင်းတို့၌ သည်းခံလျက် ခန္တီပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ် သို့ ရောက်လတ္တံ့။
၁၄၅။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၄၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၄၆။ ဝိစိနန္တော တဒါ ဒက္ခိံ, သတ္တမံ သစ္စပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၄၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်းတို့ သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ခုနစ်ခုမြောက် သစ္စာပါရမီကို တွေ့မြင်ခဲ့၏။
၁၄၇။ ‘‘ဣမံ တွံ သတ္တမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
တတ္ထ အဒွေဇ္ဈဝစနော, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၄၇။ သင်သည် ဤခုနစ်ခုမြောက်သော သစ္စာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက် တည်ပြီးလျှင် ထိုသစ္စာပါရမီ၌ စကားနှစ်ခွ မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရ လတ္တံ့။
၁၄၈။ ‘‘ယထာပိ ဩသဓီ နာမ, တုလာဘူတာ သဒေဝကေ၊
သမယေ ဥတုဝဿေ ဝါ, န ဝေါက္ကမတိ ဝီထိတော။
၁၄၈။ နတ်နှင့် တကွသော လောက၌ ချိန်သဖွယ် ဖြစ်သော သောက်ရှူးကြယ်မည်သည်မိုးအခါ၌လည်းကောင်း၊ ဆောင်းဥတု, နွေဥတု၌လည်းကောင်း (သွားမြဲ) လမ်းမှ မဖဲမရွေ့ သကဲ့သို့-
၁၄၉။ ‘‘တထေဝ တွမ္ပိ သစ္စေသု, မာ ဝေါက္ကမ ဟိ ဝီထိတော၊
သစ္စပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၄၉။ ထို့အတူပင် သင်သည်လည်း သစ္စာ (စကား) တို့၌ (ပြောဆို) မြဲလမ်းမှ မဖဲမရွေ့ မူ၍သစ္စာပါရမီကို ဖြည့်ကျင့်သည် ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၅၀။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၅၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၅၁။ ဝိစိနန္တော တဒါ ဒက္ခိံ, အဋ္ဌမံ အဓိဋ္ဌာနပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၅၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ရှစ်ခုမြောက် အဓိဋ္ဌာန်ပါရမီကို တွေ့မြင်ခဲ့၏။
၁၅၂။ ‘‘ဣမံ တွံ အဋ္ဌမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
တတ္ထ တွံ အစလော ဟုတွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၅၂။ သင်သည် ဤရှစ်ခုမြောက်သော အဓိဋ္ဌာန်ပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ထိုအဓိဋ္ဌာန်ပါရမီ၌ တုန်လှုပ်ခြင်း မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၅၃။ ‘‘ယထာပိ ပဗ္ဗတော သေလော, အစလော သုပ္ပတိဋ္ဌိတော၊
န ကမ္ပတိ ဘုသဝါတေဟိ, သကဋ္ဌာနေဝ တိဋ္ဌတိ။
၁၅၃။ လှုပ်ရှားခြင်းမရှိဘဲ ကောင်းစွာ တည်တံ့သော ကျောက်တောင်သည် ပြင်းထန် သောလေတို့ကြောင့် မတုန်လှုပ် မိမိနေရာ၌သာလျှင် တည်နေသကဲ့သို့-
၁၅၄။ ‘‘တထေဝ တွမ္ပိ အဓိဋ္ဌာနေ, သဗ္ဗဒါ အစလော ဘဝ၊
အဓိဋ္ဌာနပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၅၄။ ထို့အတူပင် သင်သည် အဓိဋ္ဌာန်ပါရမီ၌ အခါခပ်သိမ်း တုန်လှုပ်ခြင်း မရှိသူ ဖြစ်ပါလော့၊ အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ် သောအခြားတရားတို့ကိုလည်း စူးစမ်းဆင်ခြင်ဦးအံ့။
၁၅၅။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၅၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၅၆။ ဝိစိနန္တော တဒါ ဒက္ခိံ, နဝမံ မေတ္တာပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၅၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ကိုးခုမြောက် မေတ္တာပါရမီကို တွေ့မြင်ခဲ့၏။
၁၅၇။ ‘‘ဣမံ တွံ နဝမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
မေတ္တာယ အသမော ဟောဟိ, ယဒိ ဗောဓိံ ပတ္တုမိစ္ဆသိ။
၁၅၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤကိုးခုမြောက်သော မေတ္တာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် မေတ္တာပါရမီ ၌အတူမရှိသောသူ ဖြစ်ပါလော့။
၁၅၈။ ‘‘ယထာပိ ဥဒကံ နာမ, ကလျာဏေ ပါပကေ ဇနေ၊
သမံ ဖရတိ သီတေန, ပဝါဟေတိ ရဇောမလံ။
၁၅၈။ ရေမည်သည် ကောင်းသော လူ, မကောင်းသော လူတို့ကို အအေးဖြင့် အညီအမျှ ပျံ့နှံ့တွေ့ထိ၍မြူအညစ်အကြေးကို မျှောသကဲ့သို့-
၁၅၉။ ‘‘တထေဝ တွံ ဟိတာဟိတေ, သမံ မေတ္တာယ ဘာဝယ၊
မေတ္တာပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၅၉။ ထို့အတူပင် သင်သည် (မိမိ) အကျိုးကို ဆောင်သောသူ, (မိမိ) အကျိုးကို မဆောင်သော သူတို့ကို အညီအမျှ မေတ္တာပွါးလော့၊ မေတ္တာပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၆၀။ ‘‘နဟေတေ ဧတ္တကာယေဝ, ဗုဒ္ဓဓမ္မာ ဘဝိဿရေ၊
အညေပိ ဝိစိနိဿာမိ, ယေ ဓမ္မာ ဗောဓိပါစနာ’’။
၁၆၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။
၁၆၁။ ဝိစိနန္တော တဒါ ဒက္ခိံ, ဒသမံ ဥပေက္ခာပါရမိံ၊
ပုဗ္ဗကေဟိ မဟေသီဟိ, အာသေဝိတနိသေဝိတံ။
၁၆၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်ကုန်သော ဘုရားအလောင်း တို့သည်အဖန်ဖန် အမြဲမပြတ် မှီဝဲအပ်သော ဆယ်ခုမြောက် ဥပေက္ခာပါရမီကို တွေ့မြင်ခဲ့၏။
၁၆၂။ ‘‘ဣမံ တွံ ဒသမံ တာဝ, ဒဠှံ ကတွာ သမာဒိယ၊
တုလာဘူတော ဒဠှော ဟုတွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၆၂။ သင်သည် ဤဆယ်ခုမြောက်သော ဥပေက္ခာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ချိန်သဖွယ်ဖြစ်၍ မြဲမြံစွာ ဖြစ်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၆၃။ ‘‘ယထာပိ ပထဝီ နာမ, နိက္ခိတ္တံ အသုစိံ သုစိံ၊
ဥပေက္ခတိ ဥဘောပေတေ, ကောပါနုနယဝဇ္ဇိတာ။
၁၆၃။ မြေကြီးမည်သည် မစင်ကြယ်သော အရာကိုလည်းကောင်း၊ စင်ကြယ်သော အရာကိုလည်းကောင်း ပစ်ချအပ်သည်ရှိသော် ဤအရာနှစ်မျိုးတို့ကို မုန်းခြင်း, ချစ်ခြင်းမှ ကြဥ်လျက်လျစ်လျူရှုသကဲ့သို့-
၁၆၄။ ‘‘တထေဝ တွံ သုခဒုက္ခေ, တုလာဘူတော သဒါ ဘဝ၊
ဥပေက္ခာပါရမိတံ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။
၁၆၄။ ထို့အတူပင် သင်သည် ချမ်းသာ, ဆင်းရဲ၌ အခါခပ်သိမ်း ချိန်သဖွယ် ဖြစ်လော့၊ ဥပေက္ခာပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။
၁၆၅။ ‘‘ဧတ္တကာယေဝ တေ လောကေ, ယေ ဓမ္မာ ဗောဓိပါစနာ၊
တတုဒ္ဓံ နတ္ထိ အညတြ, ဒဠှံ တတ္ထ ပတိဋ္ဌဟ’’။
၁၆၅။ လောက၌ အကြင်တရားတို့သည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်ကုန်၏၊ ထိုတရားတို့သည် ဤမျှလောက်တို့သာတည်း၊ ထို့ထက်အလွန် အခြားသော တရား မရှိချေ၊ ထိုပါရမီတရားတို့၌ မြဲမြံစွာ ဆောက်တည်ပါလော့။
၁၆၆။ ဣမေ ဓမ္မေ သမ္မသတော, သဘာဝသရသလက္ခဏေ၊
ဓမ္မတေဇေန ဝသုဓာ, ဒသသဟဿီ ပကမ္ပထ။
၁၆၆။ ဤပါရမီတရားတို့ကို မိမိ၏ သဘော, မိမိ၏ ကိစ္စ, လက္ခဏာအားဖြင့် သုံးသပ် ဆင်ခြင်စဥ် (ငါ၏ ဆင်ခြင်ဉာဏ်) တရားတန်ခိုးတော်ကြောင့် လောကဓာတ်တစ်သောင်း၌ ရှိသော မြေကြီးသည်တုန်လှုပ်လေ၏။
၁၆၇။ စလတီ ရဝတီ ပထဝီ, ဥစ္ဆုယန္တံဝ ပီဠိတံ၊
တေလယန္တေ ယထာ စက္ကံ, ဧဝံ ကမ္ပတိ မေဒနီ။
၁၆၇။ မြေကြီးသည် ‘ကြိတ်ညှစ်အပ်သော ကြံညှစ်စက်ယန္တရားကဲ့သို့’ လှုပ်ရှား၏၊ မြည်ဟည်း၏၊ မြေကြီးသည် ‘ဆီ (ကြိတ်) စက်ယန္တရားကဲ့သို့’ တုန်လှုပ်၏။
၁၆၈။ ယာဝတာ ပရိသာ အာသိ, ဗုဒ္ဓဿ ပရိဝေသနေ၊
ပဝေဓမာနာ သာ တတ္ထ, မုစ္ဆိတာ သေတိ ဘူမိယံ။
၁၆၈။ အကြင်မျှလောက်သော ပရိသတ်သည် မြတ်စွာဘုရားအား ဆွမ်းလုပ်ကျွေးရာ အရပ်၌ တည်ရှိ၏၊ ထိုပရိသတ်သည် ထိုဆွမ်းလုပ်ကျွေးရာ အရပ်၌ တုန်လှုပ်သည်ဖြစ်၍ မိန်းမောတွေဝေလျက် မြေ၌ အိပ်ရ၏။
၁၆၉။ ဃဋာနေကသဟဿာနိ, ကုမ္ဘီနဉ္စ သတာ ဗဟူ၊
သဉ္စုဏ္ဏမထိတာ တတ္ထ, အညမညံ ပဃဋ္ဋိတာ။
၁၆၉။ ထိုဆွမ်းလုပ်ကျွေးရာ အရပ်၌ အထောင်မကသော အိုးတို့သည်လည်းကောင်း၊ အရာမကများစွာသော အိုးစရည်းကြီးတို့သည်လည်းကောင်း အချင်းချင်း ထိခိုက်ကုန်သည်ဖြစ် ၍ မှုန့်မှုန့်ညက်ညက်ကွဲကျရောယှက်ကုန်၏။
၁၇၀။ ဥဗ္ဗိဂ္ဂါ တသိတာ ဘီတာ, ဘန္တာ ဗျာထိတမာနသာ၊
မဟာဇနာ သမာဂမ္မ, ဒီပင်္ကရမုပါဂမုံ။
၁၇၀။ များစွာသော လူတို့သည် ထိတ်လန့် ကြောက်ရွံ့ တုန်လှုပ်ကုန်လျက် စိုးရိမ်ပူပန် သောစိတ်ရှိကုန်သည်ဖြစ်၍ စုဝေးကြပြီးလျှင် ဒီပင်္ကရာမြတ်စွာဘုရား (ထံ) သို့ ချဥ်းကပ်ကြကုန်၏။
၁၇၁။ ‘‘ကိံ ဘဝိဿတိ လောကဿ, ကလျာဏမထ ပါပကံ၊
သဗ္ဗော ဥပဒ္ဒုတော လောကော, တံ ဝိနောဒေဟိ စက္ခုမ’’။
၁၇၁။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လောကအား ကောင်းခြင်း ဖြစ်ပါမည်လော၊ သို့မဟုတ် မကောင်းခြင်း ဖြစ်ပါမည်လော၊ အဘယ်သို့လျှင် ဖြစ်ပါလိမ့် မည်နည်း၊ အလုံးစုံသောလောကကို ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ပါ၏၊ ထိုကြောက်ခြင်းကို ပယ်ဖျောက်တော်မူပါ (ဟုလျှောက်ကုန်၏)။
၁၇၂။ တေသံ တဒါ သညပေသိ, ဒီပင်္ကရော မဟာမုနိ၊
‘‘ဝိသဋ္ဌာ ဟောထ မာ ဘေထ [ဘာထ (သဗ္ဗတ္ထ)], ဣမသ္မိံ ပထဝိကမ္ပနေ။
၁၇၂။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရားသည် ထိုလူတို့ကို သိစေတော်မူ၏၊ (သင်တို့ သည်) ဤမြေလှုပ်ရာ၌ ထိတ်လန့်ခြင်း ကင်းကြကုန်လော့၊ မကြောက်ကြကုန်လင့်။
၁၇၃။ ‘‘ယမဟံ အဇ္ဇ ဗျာကာသိံ, ဗုဒ္ဓေါ လောကေ ဘဝိဿတိ၊
ဧသော သမ္မသတိ ဓမ္မံ, ပုဗ္ဗကံ ဇိနသေဝိတံ။
၁၇၃။ “လောက၌ ဘုရားဖြစ်လတ္တံ့”ဟု အကြင်သုမေဓာရသေ့ကို ငါသည် ယနေ့ ဗျာဒိတ်စကားမိန့်ကြားခဲ့၏၊ ဤသုမေဓာရသေ့သည် ရှေးရှေး မြတ်စွာဘုရားတို့သည် မှီဝဲ ကျင့်သုံးအပ်သော (ပါရမီ) တရားကို ဆင်ခြင်သုံးသပ်၏။
၁၇၄။ ‘‘တဿ သမ္မသတော ဓမ္မံ, ဗုဒ္ဓဘူမိံ အသေသတော၊
တေနာယံ ကမ္ပိတာ ပထဝီ, ဒသသဟဿီ သဒေဝကေ’’။
၁၇၄။ ထိုသုမေဓာရသေ့သည် ဘုရားဖြစ်ကြောင်း (ပါရမီ) တရားကို အကြွင်းမရှိ ဆင်ခြင် သုံးသပ်စဥ်ထိုသို့ ဆင်ခြင်သုံးသပ်ခြင်းကြောင့် ဤမြေကြီးသည် နတ်နှင့် တကွသော လောကဓာတ်တစ်သောင်း၌တုန်လှုပ်လေ၏။
၁၇၅။ ဗုဒ္ဓဿ ဝစနံ သုတွာ, မနော နိဗ္ဗာယိ တာဝဒေ၊
သဗ္ဗေ မံ ဥပသင်္ကမ္မ, ပုနာပိ အဘိဝန္ဒိသုံ။
၁၇၅။ (ဤသို့) မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ (လူအပေါင်းတို့၏) စိတ်သည်ငြိမ်းအေးလေ၏၊ ထိုအခါ လူအားလုံးတို့သည် ငါ့ထံသို့ ချဥ်းကပ်၍ တစ်ဖန် ငါ့ကိုပင် ရှိခိုးကုန်၏။
၁၇၆။ သမာဒိယိတွာ ဗုဒ္ဓဂုဏံ, ဒဠှံ ကတွာန မာနသံ၊
ဒီပင်္ကရံ နမဿိတွာ, အာသနာ ဝုဋ္ဌဟိံ တဒါ။
၁၇၆။ ထိုအခါ (ငါသည်) မြတ်စွာဘုရားဂုဏ် (ပါရမီ) တော်ကို ဆောက်တည်၍ စိတ်ကို မြဲမြံအောင်ပြုလျက် ဒီပင်္ကရာမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နေရာမှ ထခဲ့၏။
၁၇၇။ ဒိဗ္ဗံ မာနုသကံ ပုပ္ဖံ, ဒေဝါ မာနုသကာ ဥဘော၊
သမောကိရန္တိ ပုပ္ဖေဟိ, ဝုဋ္ဌဟန္တဿ အာသနာ။
၁၇၇။ နတ်, လူနှစ်ဦးလုံးတို့သည်ပင် နတ်၌ ဖြစ်သော ပန်း, လူ၌ ဖြစ်သော ပန်းတို့ကို (ယူ၍) နေရာမှ ထသော ငါ့အား ပန်းပွင့်တို့ဖြင့် ကောင်းစွာ ကြဲဖြန့်ပူဇော်ကုန်၏။
၁၇၈။ ဝေဒယန္တိ စ တေ သောတ္ထိံ, ဒေဝါ မာနုသကာ ဥဘော၊
‘‘မဟန္တံ ပတ္ထိတံ တုယှံ, တံ လဘဿု ယထိစ္ဆိတံ။
၁၇၈။ ထိုနတ်, လူနှစ်ဦးလုံးတို့သည်ပင် ကောင်းကျိုးချမ်းသာမင်္ဂလာစကားကို ပြောကြား ကြကုန်၏၊ အရှင်ရသေ့သည် မြင့်မြတ်သော အရာအထူးကို တောင့်တပေ၏၊ ထိုအရာအထူးကို အလိုရှိတိုင်းရပါစေသော်။
၁၇၉။ ‘‘သဗ္ဗီတိယော ဝိဝဇ္ဇန္တု, သောကော ရောဂေါ ဝိနဿတု၊
မာ တေ ဘဝန္တွန္တရာယာ [ဘဝတွန္တရာယော (သီ။ သျာ။)], ဖုသ ခိပ္ပံ ဗောဓိမုတ္တမံ။
၁၇၉။ အလုံးစုံသော ဘေးရန်တို့သည် ရှောင်ကွင်းကြပါစေသော်။ စိုးရိမ်ခြင်းသည် လည်းကောင်း၊ အနာရောဂါသည်လည်းကောင်း ပျောက်ကင်းပါစေသော်။ အရှင်ရသေ့အား အန္တရာယ်တို့သည်မဖြစ်ကြပါစေသော်၊ သမ္မာသမ္ဗောဓိဉာဏ်မြတ်သို့ လျင်မြန်စွာ ရောက်ပါစေ သော်။
၁၈၀။ ‘‘ယထာပိ သမယေ ပတ္တေ, ပုပ္ဖန္တိ ပုပ္ဖိနော ဒုမာ၊
တထေဝ တွံ မဟာဝီရ, ဗုဒ္ဓဉာဏေန ပုပ္ဖသိ။
၁၈၀။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ ပွင့်လေ့ရှိသော သစ်ပင်တို့သည် အချိန်ရောက်လျှင်ပွင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ဘုရားဉာဏ်တော်ဖြင့် ပွင့်ပါ စေသော်။
၁၈၁။ ‘‘ယထာ ယေ ကေစိ သမ္ဗုဒ္ဓါ, ပူရယုံ ဒသ ပါရမီ၊
တထေဝ တွံ မဟာဝီရ, ပူရယ ဒသ ပါရမီ။
၁၈၁။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရားတို့သည်ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ပါရမီဆယ်ပါးတို့ကိုဖြည့်ကျင့်တော်မူနိုင်ပါစေသော်။
၁၈၂။ ‘‘ယထာ ယေ ကေစိ သမ္ဗုဒ္ဓါ, ဗောဓိမဏ္ဍမှိ ဗုဇ္ဈရေ၊
တထေဝ တွံ မဟာဝီရ, ဗုဇ္ဈဿု ဇိနဗောဓိယံ။
၁၈၂။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရားတို့သည် ဗောဓိမဏ္ဍိုင်၌ပွင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် မြတ်စွာဘုရားတို့ ပွင့်ရာ ဗောဓိပင်၌ ပွင့်တော်မူပါစေသော်။
၁၈၃။ ‘‘ယထာ ယေ ကေစိ သမ္ဗုဒ္ဓါ, ဓမ္မစက္ကံ ပဝတ္တယုံ၊
တထေဝ တွံ မဟာဝီရ, ဓမ္မစက္ကံ ပဝတ္တယ။
၁၈၃။ ကြီးမားသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရား တို့သည်ဓမ္မစကြာကို ဟောကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ဓမ္မစကြာကို ဟော တော်မူနိုင်ပါစေသော်။
၁၈၄။ ‘‘ပုဏ္ဏမာယေ ယထာ စန္ဒော, ပရိသုဒ္ဓေါ ဝိရောစတိ၊
တထေဝ တွံ ပုဏ္ဏမနော, ဝိရောစ ဒသသဟဿိယံ။
၁၈၄။ လပြည့်နေ့၌ ထက်ဝန်းကျင် စင်ကြယ်သော လသည် တင့်တယ်သကဲ့သို့ ထို့အတူ ပင်အရှင်ရသေ့သည် စိတ်အလိုပြည့်သည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ်တော်မူ ပါစေသော်။
၁၈၅။ ‘‘ရာဟုမုတ္တော ယထာ သူရိယော, တာပေန အတိရောစတိ၊
တထေဝ လောကာ မုဉ္စိတွာ, ဝိရောစ သိရိယာ တုဝံ။
၁၈၅။ ရာဟုမှ လွတ်မြောက်သော နေသည် အလင်းရောင်ဖြင့် အလွန်တင့်တယ်သကဲ့သို့ ထို့အတူပင်အရှင်ရသေ့သည် လောကမှ လွတ်မြောက်လျက် မြတ်စွာဘုရားအသရေဖြင့် တင့်တယ်တော်မူပါစေသော်။
၁၈၆။ ‘‘ယထာ ယာ ကာစိ နဒိယော, ဩသရန္တိ မဟောဒဓိံ၊
ဧဝံ သဒေဝကာ လောကာ, ဩသရန္တု တဝန္တိကေ’’။
၁၈၆။ အလုံးစုံသော မြစ်တို့သည် သမုဒ္ဒရာသို့ စီးဝင်ကုန်သကဲ့သို့ ဤအတူ နတ်နှင့် တကွသောလူတို့သည် အရှင်ရသေ့၏ အထံသို့ ချဥ်းကပ်နိုင်ကြပါစေသော်။ ထိုအခါ ထိုနတ်, လူတို့ (ဤသို့) အထူးချီးမွမ်းအပ်သော ထိုသုမေဓာသည် ပါရမီတရား ဆယ်ပါး တို့ကိုဆောက်တည်ပြီးလျှင် ထိုတရားတို့ကို ဖြည့်ကျင့်လိုသည်ဖြစ်၍ တောအုပ်သို့ ဝင်လေ၏။ သုမေဓပတ္ထနာကထာ ပြီး၏။
၁၈၇။ တေဟိ ထုတပ္ပသတ္ထော သော, ဒသ ဓမ္မေ သမာဒိယ၊
တေ ဓမ္မေ ပရိပူရေန္တော, ပဝနံ ပါဝိသီ တဒါတိ။
သုမေဓပတ္ထနာကထာ နိဋ္ဌိတာ။
၃။ ဒီပင်္ကရဗုဒ္ဓဝံသော
၁။ တဒါ တေ ဘောဇယိတွာန, သသံဃံ လောကနာယကံ၊
ဥပဂစ္ဆုံ သရဏံ တဿ, ဒီပင်္ကရဿ သတ္ထုနော။
၃-ဒီပင်္ကရာဗုဒ္ဓဝင် ၁။ ထိုအခါ ထိုရမ္မဝတီပြည်သူပြည်သားတို့သည် သံဃာနှင့် တကွသော မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏။
၂။ သရဏာဂမနေ ကဉ္စိ, နိဝေသေသိ တထာဂတော၊
ကဉ္စိ ပဉ္စသု သီလေသု, သီလေ ဒသဝိဓေ ပရံ။
၂။ ဒီပင်္ကရာမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ၏။
၃။ ကဿစိ ဒေတိ သာမညံ, စတုရော ဖလမုတ္တမေ၊
ကဿစိ အသမေ ဓမ္မေ, ဒေတိ သော ပဋိသမ္ဘိဒါ။
၃။ ထိုမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သော ဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ်အား အတုမရှိ သောပဋိသမ္ဘိဒါတရားတို့ကို ပေးတော်မူ၏။
၄။ ကဿစိ ဝရသမာပတ္တိယော, အဋ္ဌ ဒေတိ နရာသဘော၊
တိဿော ကဿစိ ဝိဇ္ဇာယော, ဆဠဘိညာ ပဝေစ္ဆတိ။
၄။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂုလ်အား မြတ်သော သမာပတ်ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ဝိဇ္ဇာသုံးပါး, အဘိညာဥ်ခြောက်ပါးတို့ကို ပေးတော်မူ၏။
၅။ တေန ယောဂေန ဇနကာယံ, ဩဝဒတိ မဟာမုနိ၊
တေန ဝိတ္ထာရိကံ အာသိ, လောကနာထဿ သာသနံ။
၅။ မြတ်စွာဘုရားသည် ထိုနည်းအစီအစဥ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူ၏၊ ထိုအဆုံးအမကြောင့်မြတ်စွာဘုရား၏ သာသနာတော်သည် ပျံ့နှံ့လေ၏။
၆။ မဟာဟနုသဘက္ခန္ဓော, ဒီပင်္ကရဿ နာမကော၊
ဗဟူ ဇနေ တာရယတိ, ပရိမောစေတိ ဒုဂ္ဂတိံ။
၆။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥသဘ၏ ပခုံးနှင့် တူသော ပခုံးရှိတော်မူသော ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည် များစွာသော လူတို့ကို ကယ်တင်တော်မူ၏၊ ဒုဂ္ဂတိဘဝမှလွတ်မြောက်စေတော်မူ၏။
၇။ ဗောဓနေယျံ ဇနံ ဒိသွာ, သတသဟဿေပိ ယောဇနေ၊
ခဏေန ဥပဂန္တွာန, ဗောဓေတိ တံ မဟာမုနိ။
၇။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို မြင်တော်မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထိုသတ္တဝါထံသို့ တစ်ခဏ ဖြင့် ချဥ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။
၈။ ပဌမာဘိသမယေ ဗုဒ္ဓေါ, ကောဋိသတမဗောဓယိ၊
ဒုတိယာဘိသမယေ နာထော, နဝုတိကောဋိမဗောဓယိ။
၈။ မြတ်စွာဘုရားသည် ရှေးဦးစွာ (သစ္စာလေးပါးကို) သိစေတော်မူရာ အခါ၌ ကုဋေတစ်ရာသောလူ, နတ်, ဗြဟ္မာအပေါင်းကို သိစေတော်မူ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက် သစ္စာလေးပါးကိုသိစေတော်မူရာ အခါ၌ ကုဋေကိုးဆယ်သော လူ, နတ်, ဗြဟ္မာအပေါင်းကို သိစေတော်မူ၏။
၉။ ယဒါ စ ဒေဝဘဝနမှိ, ဗုဒ္ဓေါ ဓမ္မမဒေသယိ၊
နဝုတိကောဋိသဟဿာနံ, တတိယာဘိသမယော အဟု။
၉။ အကြင်အခါ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ ၌လည်း ကုဋေကိုးသောင်းသော နတ်, ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာ လေးပါးကို ထိုးထွင်း၍သိခြင်းသည် ဖြစ်၏။
၁၀။ သန္နိပါတာ တယော အာသုံ, ဒီပင်္ကရဿ သတ္ထုနော၊
ကောဋိသတသဟဿာနံ, ပဌမော အာသိ သမာဂမော။
၁၀။ ဒီပင်္ကရာမြတ်စွာဘုရား၏ သုံးကြိမ်သော တပည့်သာဝက အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် ကုဋေတစ်သိန်းသော တပည့်သာဝကတို့၏ အစည်း အဝေး ဖြစ်၏။
၁၁။ ပုန နာရဒကူဋမှိ, ပဝိဝေကဂတေ ဇိနေ၊
ခီဏာသဝါ ဝီတမလာ, သမိံသု သတကောဋိယော။
၁၁။ မြတ်စွာဘုရားသည် နာရဒကူဋတောင်၌ ဆိတ်ငြိမ်ရာသို့ ချဥ်းကပ်တော်မူသည် ရှိသော် ကိလေသာအညစ်အကြေး ကင်းကုန်သော ရဟန္တာကုဋေတစ်ရာတို့သည် တစ်ဖန် စည်းဝေးကုန်၏။
၁၂။ ယမှိ ကာလေ မဟာဝီရော, သုဒဿနသိလုစ္စယေ၊
နဝကောဋိသဟဿေဟိ, ပဝါရေသိ မဟာမုနိ။
၁၂။ အကြင်အခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် သုဒဿနကျောက် တောင်၌ဝါဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့် အတူပဝါရဏာပြုတော်မူ၏။
၁၃။ ဒသဝီသသဟဿာနံ, ဓမ္မာဘိသမယော အဟု၊
ဧကဒွိန္နံ အဘိသမယာ, ဂဏနာတော အသင်္ခိယာ။
၁၃။ (ဒီပင်္ကရာမြတ်စွာဘုရား တရားဟောတော်မူလတ်သော်) တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏။ တစ်ဦးစီ၊ နှစ်ဦးစီသောသတ္တဝါတို့၏ တရားကို ထိုးထွင်းသိခြင်းတို့သည် ဂဏန်းသင်္ချာအားဖြင့် မရေ တွက်နိုင်ကုန်။
၁၄။ ဝိတ္ထာရိကံ ဗာဟုဇညံ, ဣဒ္ဓံ ဖီတံ အဟူ တဒါ၊
ဒီပင်္ကရဿ ဘဂဝတော, သာသနံ သုဝိသောဓိတံ။
၁၄။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရား၏ သန့်ရှင်းစင်ကြယ်သော သာသနာတော်သည် ပျံ့နှံ့၏၊ လူသိများ၏၊ ပြည့်စုံ၏၊ စည်ကား၏။
၁၅။ စတ္တာရိ သတသဟဿာနိ, ဆဠဘိညာ မဟိဒ္ဓိကာ၊
ဒီပင်္ကရံ လောကဝိဒုံ, ပရိဝါရေန္တိ သဗ္ဗဒါ။
၁၅။ အဘိညာဥ်ခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ တန်ခိုးကြီးကုန်သော ရဟန္တာလေးသိန်း တို့သည်ဒီပင်္ကရာမြတ်စွာဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။
၁၆။ ယေ ကေစိ တေန သမယေန, ဇဟန္တိ မာနုသံ ဘဝံ၊
အပတ္တမာနသာ သေခါ, ဂရဟိတာ ဘဝန္တိ တေ။
၁၆။ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသော အခါ၌ အကြင်ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ မရောက်မူ၍သေက္ခသာ ဖြစ်လျက် လူ့ဘဝကို စွန့်ကုန်၏၊ ထိုသေက္ခရဟန်းတို့သည် ကဲ့ရဲ့ အပ်သူတို့သာ ဖြစ်ကုန်၏။
၁၇။ သုပုပ္ဖိတံ ပါဝစနံ, အရဟန္တေဟိ တာဒိဟိ၊
ခီဏာသဝေဟိ ဝိမလေဟိ, ဥပသောဘတိ သဗ္ဗဒါ။
၁၇။ ကောင်းစွာ ပွင့်လင်းသော မြတ်စွာဘုရားသာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံ ကုန်သောအာသဝေါ မရှိကုန်သော ကိလေသာအညစ်အကြေး ကင်းကုန်သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်းအလွန်တင့်တယ်၏။
၁၈။ နဂရံ ရမ္မဝတီ နာမ, သုဒေဝေါ နာမ ခတ္တိယော၊
သုမေဓာ နာမ ဇနိကာ, ဒီပင်္ကရဿ သတ္ထုနော။
၁၈။ ဒီပင်္ကရာမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့သည် ရမ္မဝတီ မည်၏၊ ခမည်း တော်သည်သုဒေဝမင်း မည်၏၊ မယ်တော်သည် သုမေဓာမိဖုရား မည်၏။
၁၉။ ဒသဝဿသဟဿာနိ, အဂါရံ အဇ္ဈ သော ဝသိ [အဇ္ဈာဝသီ ဇိနော (သျာ။ က။)]၊
ဟံသာ ကောဉ္စာ မယူရာ စ, တယော ပါသာဒမုတ္တမာ။
၁၉။ ထိုဒီပင်္ကရာဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို စိုးအုပ်၍ နေ၏၊ ထိုဘုရားလောင်းအား ဟံသ၊ ကောဉ္စ၊ မယူရ (ဟင်္သာ၊ ကြိုးကြာ၊ ဥဒေါင်း) အားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၂၀။ တီဏိသတသဟဿာနိ, နာရိယော သမလင်္ကတာ၊
ပဒုမာ နာမ သာ နာရီ, ဥသဘက္ခန္ဓော အတြဇော။
၂၀။ ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမသုံးသိန်းတို့သည် ခြံရံကုန်၏၊ ထို ဘုရားလောင်း၏မိဖုရားသည် ပဒုမ္မာ မည်၏၊ သားတော်သည် ဥသဘက္ခန္ဓ မည်၏။
၂၁။ နိမိတ္တေ စတုရော ဒိသွာ, ဟတ္ထိယာနေန နိက္ခမိ၊
အနူနဒသမာသာနိ, ပဓာနေ ပဒဟီ ဇိနော။
၂၁။ ထိုဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဥ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အား ထုတ်တော်မူ၏။
၂၂။ ပဓာနစာရံ စရိတွာန, အဗုဇ္ဈိ မာနသံ မုနိ၊
ဗြဟ္မုနာ ယာစိတော သန္တော, ဒီပင်္ကရော မဟာမုနိ။
၂၂-၂၃။ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်းအကျင့်ကို ကျင့်၍ အရဟတ္တဖိုလ်ကို သိတော် မူ၏၊ ကြီးသောလုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ် သည်ဖြစ်၍ နန္ဒာရာမတိုက်အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏၊ ကုက္ကိုပင် ရင်း၌ တိတ္ထိတို့အား နှိမ်နင်းခြင်းကိုပြုတော်မူ၏။
၂၃။ ဝတ္တိ စက္ကံ မဟာဝီရော, နန္ဒာရာမေ သိရီဃရေ [သိရီဓရေ (သီ။)]၊
နိသိန္နော သိရီသမူလမှိ, အကာ တိတ္ထိယမဒ္ဒနံ။
၂၄။ သုမင်္ဂလော စ တိဿော စ, အဟေသုံ အဂ္ဂသာဝကာ၊
သာဂတော [သောဘိတော (က။)] နာမုပဋ္ဌာကော, ဒီပင်္ကရဿ သတ္ထုနော။
၂၄။ သုမင်္ဂလသည်လည်းကောင်း၊ တိဿသည်လည်းကောင်း ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်၏။ ထိုဒီပင်္ကရာမြတ်စွာဘုရား၏ အလုပ်အကျွေး သည် သာဂတမည်၏။
၂၅။ နန္ဒာ စေဝ သုနန္ဒာ စ, အဟေသုံ အဂ္ဂသာဝိကာ၊
ဗောဓိ တဿ ဘဂဝတော, ပိပ္ဖလီတိ ပဝုစ္စတိ။
၂၅။ နန္ဒာသည်လည်းကောင်း၊ သုနန္ဒာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ် သောတပည့်မ‘အဂ္ဂသာဝိကာ’တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ‘ညောင်ကြတ် ပင်’ဟု ခေါ်ဆိုအပ်၏။
၂၆။ တပုဿဘလ္လိကာ [တပဿုဘလ္လိကာ (သီ။)] နာမ, အဟေသုံ အဂ္ဂုပဋ္ဌကာ၊
သိရိမာ ကောဏာ ဥပဋ္ဌိကာ, ဒီပင်္ကရဿ သတ္ထုနော။
၂၆။ ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေး (ဒါယကာ) တို့သည် တပုဿ၊ ဘလ္လိကာမည်ကုန်၏။ အလုပ်အကျွေး (ဒါယိကာမ) တို့သည် သိရိမာ၊ ကောဏာတို့ ဖြစ်ကုန်၏။
၂၇။ အသီတိဟတ္ထမုဗ္ဗေဓော, ဒီပင်္ကရော မဟာမုနိ၊
သောဘတိ ဒီပရုက္ခောဝ, သာလရာဇာဝ ဖုလ္လိတော။
၂၇။ ဒီပင်္ကရာမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ်မြင့်တော်မူလျက် တန်ဆောင်တိုင်ကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူ၏။
၂၈။ သတသဟဿဝဿာနိ, အာယု တဿ မဟေသိနော၊
တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။
၂၈။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်သိန်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက်တည်နေလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။
၂၉။ ဇောတယိတွာန သဒ္ဓမ္မံ, သန္တာရေတွာ မဟာဇနံ၊
ဇလိတွာ အဂ္ဂိက္ခန္ဓောဝ, နိဗ္ဗုတော သော သသာဝကော။
၂၉။ ‘မီးပုံကြီး တောက်ပ၍ ငြိမ်းအေးသကဲ့သို့’ ထိုမြတ်စွာဘုရားသည် သူတော်ကောင်း တရားကိုထွန်းတောက်ပစေ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူလျက် တပည့်သာဝကနှင့်အတူပရိနိဗ္ဗာန်ပြုတော်မူ၏။
၃၀။ သာ စ ဣဒ္ဓိ သော စ ယသော, တာနိ စ ပါဒေသု စက္ကရတနာနိ၊
သဗ္ဗံ တမန္တရဟိတံ [သမန္တရဟိတံ (သီ။ သျာ။ က။)], နနု ရိတ္တာ သဗ္ဗသင်္ခါရာ [သဗ္ဗသင်္ခါရာတိ (သဗ္ဗတ္ထ)]။
၃၀။ ထိုတန်ခိုးတော်သည်လည်းကောင်း၊ ထိုအခြံအရံသည်လည်းကောင်း၊ ခြေတော်တို့၌ ထိုစက်ရတနာတို့သည်လည်းကောင်း ရှိကုန်၏။ ထိုအားလုံးသည်ပင် ကွယ်ပျောက်လေ၏၊ အလုံးစုံသောသင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၃၁။ ဒီပင်္ကရော ဇိနော သတ္ထာ, နန္ဒာရာမမှိ နိဗ္ဗုတော၊
တတ္ထေဝဿ ဇိနထူပေါ, ဆတ္တိံသုဗ္ဗေဓယောဇနောတိ။
ဒီပင်္ကရဿ ဘဂဝတော ဝံသော ပဌမော။
၃၁။ မာရ်ငါးပါးကို အောင်တော်မူပြီးသော ဒီပင်္ကရာမြတ်စွာဘုရားသည် နန္ဒာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုနန္ဒာရာမကျောင်းတိုက်၌ ထိုမြတ်စွာဘုရား၏ ပုထိုးစေတီ တော်သည်သုံးဆယ့်ခြောက်ယူဇနာ မြင့်တော်မူ၏။ ရှေးဦးစွာသော ဒီပင်္ကရာဗုဒ္ဓဝင် ပြီး၏။
၄။ ကောဏ္ဍညဗုဒ္ဓဝံသော
၁။ ဒီပင်္ကရဿ အပရေန, ကောဏ္ဍညော နာမ နာယကော၊
အနန္တတေဇော အမိတယသော, အပ္ပမေယျော ဒုရာသဒေါ။
၄-ကောဏ္ဍညဗုဒ္ဓဝင် ၁။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ အဆုံးအပိုင်းအခြားမရှိသော တန်ခိုးရှင်ဖြစ်၍ မနှိုင်းယှဥ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော မနှိုင်းယှဥ်အပ်သည်ဖြစ်၍ ချဥ်းကပ် ဝံ့ခဲသောကောဏ္ဍည မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂။ ဓရဏူပမော ခမနေန, သီလေန သာဂရူပမော၊
သမာဓိနာ မေရူပမော, ဉာဏေန ဂဂနူပမော။
၂။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သီလအားဖြင့် သမုဒ္ဒရာနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် မြင်းမိုရ်တောင်နှင့် တူတော်မူ၏၊ ဉာဏ်အားဖြင့် ကောင်းကင်နှင့်တူတော်မူ၏။
၃။ ဣန္ဒြိယဗလဗောဇ္ဈင်္ဂ-မဂ္ဂသစ္စပ္ပကာသနံ၊
ပကာသေသိ သဒါ ဗုဒ္ဓေါ, ဟိတာယ သဗ္ဗပါဏိနံ။
၃။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးအလို့ငှါ ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်,သစ္စာတို့ကို ပြသော တရားကို အခါခပ်သိမ်း ဟောပြတော်မူ၏။
၄။ ဓမ္မစက္ကံ ပဝတ္တေန္တေ, ကောဏ္ဍညေ လောကနာယကေ၊
ကောဋိသတသဟဿာနံ, ပဌမာဘိသမယော အဟု။
၄။ လောက၏ ရှေ့သွားဖြစ်တော်မူသော ကောဏ္ဍညမြတ်စွာဘုရားသည် ဓမ္မစကြာကိုဟောတော်မူသည်ရှိသော် ကုဋေတစ်သိန်းသော နတ်, လူတို့အား ရှေးဦးစွာ သစ္စာလေးပါးကို သိခြင်းသည်ဖြစ်လေ၏။
၅။ တတော ပရမ္ပိ ဒေသေန္တေ, နရမရူနံ သမာဂမေ၊
နဝုတိကောဋိသဟဿာနံ, ဒုတိယာဘိသမယော အဟု။
၅။ ထိုမှ နောက်၌ လူ, နတ်တို့၏ အစည်းအဝေး၌ (မင်္ဂလာ) တရားကို ဟောတော်မူ သည်ရှိသော် ကုဋေကိုးသောင်းသော နတ်, လူတို့၏ နှစ်ကြိမ်မြောက် (သစ္စာလေးပါးကို) သိခြင်းသည် ဖြစ်လေ၏။
၆။ တိတ္ထိယေ အဘိမဒ္ဒန္တော, ယဒါ ဓမ္မမဒေသယိ၊
အသီတိကောဋိသဟဿာနံ, တတိယာဘိသမယော အဟု။
၆။ အကြင်အခါ တိတ္ထိတို့ကို နှိမ်နင်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေရှစ်သောင်းသောနတ်, လူတို့၏ သုံးကြိမ်မြောက် (သစ္စာလေးပါကို) သိခြင်းသည် ဖြစ်လေ၏။
၇။ သန္နိပါတာ တယော အာသုံ, ကောဏ္ဍညဿ မဟေသိနော၊
ခီဏာသဝါနံ ဝိမလာနံ, သန္တစိတ္တာန တာဒိနံ။
၇။ ကောဏ္ဍညမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ် ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော-
၈။ ကောဋိသတသဟဿာနံ, ပဌမော အာသိ သမာဂမော၊
ဒုတိယော ကောဋိသဟဿာနံ, တတိယော နဝုတိကောဋိနံ။
၈။ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ ဒုတိယအစည်း အဝေးသည်ကုဋေတစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ တတိယအစည်း အဝေးသည်ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။
၉။ အဟံ တေန သမယေန, ဝိဇိတာဝီ နာမ ခတ္တိယော၊
သမုဒ္ဒံ အန္တမန္တေန, ဣဿရိယံ ဝတ္တယာမဟံ။
၉။ ထိုအခါ ငါ (ဘုရားအလောင်း) သည် ဝိဇိတာဝီမည်သော စကြာမင်းဖြစ်ခဲ့၏၊ ငါသည် (စကြဝဠာတိုက်အတွင်း) သမုဒ္ဒရာကို အဆုံးအပိုင်းအခြား ပြု၍ အစိုးရခြင်းကို ဖြစ်စေ၏။
၁၀။ ကောဋိသတသဟဿာနံ, ဝိမလာနံ မဟေသိနံ၊
သဟ လောကဂ္ဂနာထေန, ပရမန္နေန တပ္ပယိံ။
၁၀။ မြတ်စွာဘုရားနှင့် တကွသော ကိလေသာအညစ်အကြေး ကင်းသော ကုဋေတစ်သိန်းသောရဟန္တာတို့ကို မွန်မြတ်သော ဆွမ်းဖြင့် ရောင့်ရဲစေခဲ့၏။
၁၁။ သောပိ မံ ဗုဒ္ဓေါ ဗျာကာသိ, ကောဏ္ဍညော လောကနာယကော၊
‘‘အပရိမေယျိတော ကပ္ပေ, ဗုဒ္ဓေါ လောကေ ဘဝိဿတိ။
၁၁။ လောက၏ ရှေ့သွား ထိုကောဏ္ဍညမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ (ဤမင်းသည်) ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာတွင် လောက၌ ဘုရားဖြစ်လတ္တံ့။
၁၂။ ‘‘ပဓာနံ ပဒဟိတွာန, ကတွာ ဒုက္ကရကာရိကံ၊
အဿတ္ထမူလေ သမ္ဗုဒ္ဓေါ, ဗုဇ္ဈိဿတိ မဟာယသော။
၁၂။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လဝီရိယကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့် ‘ဒုက္ကရစရိယာ’ ကိုကျင့်ပြီးလျှင် များမြတ်သော အခြံအရံအကျော်အစောရှိသော မြတ်စွာဘုရား သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ပွင့်လတ္တံ့။
၁၃။ ‘‘ဣမဿ ဇနိကာ မာတာ, မာယာ နာမ ဘဝိဿတိ၊
ပိတာ သုဒ္ဓေါဒနော နာမ, အယံ ဟေဿတိ ဂေါတမော။
၁၃။ ဤမြတ်စွာဘုရား၏ မွေးဖွားသော မယ်တော်ရင်းသည် မာယာမည်သော မိဖုရား ဖြစ်၍ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမမည်သော ဘုရားဖြစ်လတ္တံ့။
၁၄။ ‘‘ကောလိတော ဥပတိဿော စ, အဂ္ဂါ ဟေဿန္တိ သာဝကာ၊
အာနန္ဒော နာမုပဋ္ဌာကော, ဥပဋ္ဌိဿတိမံ ဇိနံ။
၁၄။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း ဤမြတ်စွာဘုရား၏ မြတ်သောတပည့် ‘အဂ္ဂသာဝက’တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော အလုပ်အကျွေးသည် ဤမြတ်စွာဘုရားကိုလုပ်ကျွေးလတ္တံ့။
၁၅။ ‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, အဂ္ဂါ ဟေဿန္တိ သာဝိကာ၊
ဗောဓိ တဿ ဘဂဝတော, အဿတ္ထောတိ ပဝုစ္စတိ။
၁၅။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း ဤမြတ်စွာဘုရား၏ မြတ်သောတပည့့်မ ‘အဂ္ဂသာဝိကာ’တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ‘ညောင်ဗုဒ္ဓဟေ’ဟုခေါ်လတ္တံ့။
၁၆။ ‘‘စိတ္တော စ ဟတ္ထာဠဝကော, အဂ္ဂါ ဟေဿန္တုပဋ္ဌကာ၊
နန္ဒမာတာ စ ဥတ္တရာ, အဂ္ဂါ ဟေဿန္တုပဋ္ဌိကာ၊
အာယု ဝဿသတံ တဿ, ဂေါတမဿ ယသဿိနော’’။
၁၆။ စိတ္တသည်လည်းကောင်း၊ ဟတ္ထာဠဝကသည်လည်းကောင်း ဤမြတ်စွာဘုရား၏ အလုပ်အကျွေးဒါယကာ ‘အဂ္ဂဥပဋ္ဌက’ တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒာမာတာနှင့် ဥတ္တရာတို့ သည်ကား မြတ်သောအလုပ်အကျွေး ဒါယိကာမ ‘အဂ္ဂဥပဋ္ဌိကာ’တို့ ဖြစ်ကုန်လတ္တံ့၊ များသော အခြံအရံအကျော်အစောရှိသောထိုဂေါတမမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်ရာ ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။
၁၇။ ဣဒံ သုတွာန ဝစနံ, အသမဿ မဟေသိနော၊
အာမောဒိတာ နရမရူ, ဗုဒ္ဓဗီဇံ ကိရ အယံ။
၁၇။ လူ, နတ်တို့သည် အတုမရှိသော ကောဏ္ဍညမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည်ရှိသော် ဤမင်းသည် ဘုရားလောင်း ဖြစ်သတတ်ဟု အလွန်ဝမ်းမြောက်ကုန် လျက်-
၁၈။ ဥက္ကုဋ္ဌိသဒ္ဒါ ဝတ္တန္တိ, အပ္ဖေါဋေန္တိ ဟသန္တိ စ၊
ကတဉ္ဇလီ နမဿန္တိ, ဒသသဟဿိဒေဝတာ။
၁၈။ ကြွေးကြော်သံတို့ကို လည်း ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လည်းရွှင်လန်းကြကုန်၏၊ လောကဓာတ်တစ်သောင်း၌ နေသော နတ်တို့သည် လက်အုပ်ချီလျက် ရှိခိုးကြကုန်၏။
၁၉။ ‘‘ယဒိမဿ လောကနာထဿ, ဝိရဇ္ဈိဿာမ သာသနံ၊
အနာဂတမှိ အဒ္ဓါနေ, ဟေဿာမ သမ္မုခါ ဣမံ။
၁၉။ အကျွန်ုပ်တို့သည် ဤကောဏ္ဍညမြတ်စွာဘုရား၏ သာသနာတော်ကို အကယ်၍ လွဲချော်ကုန်အံ့၊ အနာဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏။
၂၀။ ‘‘ယထာ မနုဿာ နဒိံ တရန္တာ, ပဋိတိတ္ထံ ဝိရဇ္ဈိယ၊
ဟေဋ္ဌာတိတ္ထေ ဂဟေတွာန, ဥတ္တရန္တိ မဟာနဒိံ။
၂၀။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော် ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းကို ယူ၍ မြစ်မကြီးကို ကူးကုန်သကဲ့သို့-
၂၁။ ‘‘ဧဝမေဝ မယံ သဗ္ဗေ, ယဒိ မုဉ္စာမိမံ ဇိနံ၊
အနာဂတမှိ အဒ္ဓါနေ, ဟေဿာမ သမ္မုခါ ဣမံ’’။
၂၁။ ဤအတူပင် ငါတို့အားလုံးတို့သည် ဤမြတ်စွာဘုရားကို အကယ်၍ လွဲချော်ကုန်အံ့၊ အနာဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ဟု ဆုတောင်းကုန်၏။
၂၂။ တဿာဟံ ဝစနံ သုတွာ, ဘိယျော စိတ္တံ ပသာဒယိံ၊
တမေဝ အတ္ထံ သာဓေန္တော, မဟာရဇ္ဇံ ဇိနေ အဒံ၊
မဟာရဇ္ဇံ ဒဒိတွာန [စဇိတွာ (သီ။)], ပဗ္ဗဇိံ တဿ သန္တိကေ။
၂၂။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေ ခဲ့၏၊ ထိုဘုရားဖြစ်ခြင်း၏ အကြောင်း (ပါရမီ) ကို ပြီးစီးစေလိုသည်ဖြစ်၍ မြတ်သော စကြာမင်းအဖြစ်ကိုမြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်သော စကြာမင်းအဖြစ်ကို ပေးလှူ ပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုခဲ့၏။
၂၃။ သုတ္တန္တံ ဝိနယဉ္စာပိ, နဝင်္ဂံ သတ္ထုသာသနံ၊
သဗ္ဗံ ပရိယာပုဏိတွာန, သောဘယိံ ဇိနသာသနံ။
၂၃။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတော်အားလုံးကို သင်ကြား၍ မြတ်စွာဘုရားသာသနာတော်ကို တင့် တယ်စေခဲ့၏။
၂၄။ တတ္ထပ္ပမတ္တော ဝိဟရန္တော, နိသဇ္ဇဋ္ဌာနစင်္ကမေ၊
အဘိညာပါရမိံ ဂန္တွာ, ဗြဟ္မလောကမဂဉ္ဆဟံ။
၂၄။ ငါသည် ထိုမြတ်စွာဘုရားသာသနာတော်တွင် ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံသွားခြင်း၌ မမေ့မလျော့နေသည်ရှိသော် အဘိညာဥ်၏ အထွတ်အထိပ်သို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ လားခဲ့၏။
၂၅။ နဂရံ ရမ္မဝတီ နာမ, သုနန္ဒော နာမ ခတ္တိယော၊
သုဇာတာ နာမ ဇနိကာ, ကောဏ္ဍညဿ မဟေသိနော။
၂၅။ ကောဏ္ဍညမြတ်စွာဘုရား၏ မြို့တော်သည် ရမ္မဝတီ မည်၏၊ ခမည်းတော်သည် သုနန္ဒမင်း မည်၏၊ မယ်တော်သည် သုဇာတာမိဖုရား မည်၏။
၂၆။
၂၆။ ထိုကောဏ္ဍညဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး ၍နေ၏၊ (ထိုဘုရားလောင်းအား) သုစိ, သုရုစိ, သုဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည် ရှိကုန်၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Ratanacaṅkamanakaṇḍaṃ (Suttapiṭaka, Khuddakanikāya, Buddhavaṃsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#550
- Vipassana Research Institute. (n.d.). 2. Sumedhapatthanākathā (Suttapiṭaka, Khuddakanikāya, Buddhavaṃsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#551
- Vipassana Research Institute. (n.d.). 3. Dīpaṅkarabuddhavaṃso (Suttapiṭaka, Khuddakanikāya, Buddhavaṃsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#552
- Vipassana Research Institute. (n.d.). 4. Koṇḍaññabuddhavaṃso (Suttapiṭaka, Khuddakanikāya, Buddhavaṃsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#553