ဓမ္မလမ်း
← မဇ္ဈိမပဏ္ဏာသပါဠိ

မဇ္ဈိမပဏ္ဏာသပါဠိ မူလပါဠိတော်

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၁၁

‘‘ဘူတပုဗ္ဗံ, ဗြာဟ္မဏ, ဣမိဿာယေဝ သာဝတ္ထိယာ အညတရဿ ပုရိသဿ မာတာ ကာလမကာသိ။ သော တဿာ ကာလကိရိယာယ ဥမ္မတ္တကော ခိတ္တစိတ္တော ရထိကာယ ရထိကံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ ဧဝမာဟ – ‘အပိ မေ မာတရံ အဒ္ဒဿထ, အပိ မေ မာတရံ အဒ္ဒဿထာ’တိ? ဣမိနာပိ ခေါ ဧတံ, ဗြာဟ္မဏ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာတိ။

‘‘ဘူတပုဗ္ဗံ, ဗြာဟ္မဏ, ဣမိဿာယေဝ သာဝတ္ထိယာ အညတရဿ ပုရိသဿ ပိတာ ကာလမကာသိ… ဘာတာ ကာလမကာသိ… ဘဂိနီ ကာလမကာသိ… ပုတ္တော ကာလမကာသိ… ဓီတာ ကာလမကာသိ… ပဇာပတိ ကာလမကာသိ။ သော တဿာ ကာလကိရိယာယ ဥမ္မတ္တကော ခိတ္တစိတ္တော ရထိကာယ ရထိကံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ ဧဝမာဟ – ‘အပိ မေ ပဇာပတိံ အဒ္ဒဿထ, အပိ မေ ပဇာပတိံ အဒ္ဒဿထာ’တိ? ဣမိနာပိ ခေါ ဧတံ, ဗြာဟ္မဏ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာတိ။

‘‘ဘူတပုဗ္ဗံ, ဗြာဟ္မဏ, ဣမိဿာယေဝ သာဝတ္ထိယာ အညတရာ ဣတ္ထီ ဉာတိကုလံ အဂမာသိ။ တဿာ တေ ဉာတကာ သာမိကံ [သာမိကာ (သီ။)] အစ္ဆိန္ဒိတွာ အညဿ ဒါတုကာမာ။ သာ စ တံ န ဣစ္ဆတိ။ အထ ခေါ သာ ဣတ္ထီ သာမိကံ ဧတဒဝေါစ – ‘ဣမေ, မံ [မမ (သျာ။ ကံ။ ပီ။)], အယျပုတ္တ, ဉာတကာ တွံ [တယာ (သီ။), တံ (သျာ။ ကံ။ ပီ။)] အစ္ဆိန္ဒိတွာ အညဿ ဒါတုကာမာ။ အဟဉ္စ တံ န ဣစ္ဆာမီ’တိ။ အထ ခေါ သော ပုရိသော တံ ဣတ္ထိံ ဒွိဓာ ဆေတွာ အတ္တာနံ ဥပ္ဖါလေသိ [ဥပ္ပါဋေသိ (သီ။ ပီ။), ဩဖာရေသိ (က။)] – ‘ဥဘော ပေစ္စ ဘဝိဿာမာ’တိ။ ဣမိနာပိ ခေါ ဧတံ, ဗြာဟ္မဏ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’’တိ။

၃၅၇။ အထ ခေါ နာဠိဇင်္ဃော ဗြာဟ္မဏော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ယေန မလ္လိကာ ဒေဝီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ယာဝတကော အဟောသိ ဘဂဝတာ သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ မလ္လိကာယ ဒေဝိယာ အာရောစေသိ။ အထ ခေါ မလ္လိကာ ဒေဝီ ယေန ရာဇာ ပသေနဒိ ကောသလော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစ – ‘‘တံ ကိံ မညသိ, မဟာရာဇ, ပိယာ တေ ဝဇိရီ ကုမာရီ’’တိ? ‘‘ဧဝံ, မလ္လိကေ, ပိယာ မေ ဝဇိရီ ကုမာရီ’’တိ။ ‘‘တံ ကိံ မညသိ, မဟာရာဇ, ဝဇိရိယာ တေ ကုမာရိယာ ဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇေယျုံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဝဇိရိယာ မေ, မလ္လိကေ, ကုမာရိယာ ဝိပရိဏာမညထာဘာဝါ ဇီဝိတဿပိ သိယာ အညထတ္တံ, ကိံ ပန မေ န ဥပ္ပဇ္ဇိဿန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဣဒံ ခေါ တံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သန္ဓာယ ဘာသိတံ – ‘ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’တိ။

‘‘တံ ကိံ မညသိ, မဟာရာဇ, ပိယာ တေ ဝါသဘာ ခတ္တိယာ’’တိ? ‘‘ဧဝံ, မလ္လိကေ, ပိယာ မေ ဝါသဘာ ခတ္တိယာ’’တိ။ ‘‘တံ ကိံ မညသိ, မဟာရာဇ, ဝါသဘာယ တေ ခတ္တိယာယ ဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇေယျုံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဝါသဘာယ မေ, မလ္လိကေ, ခတ္တိယာယ ဝိပရိဏာမညထာဘာဝါ ဇီဝိတဿပိ သိယာ အညထတ္တံ, ကိံ ပန မေ န ဥပ္ပဇ္ဇိဿန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဣဒံ ခေါ တံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သန္ဓာယ ဘာသိတံ – ‘ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’တိ။

‘‘တံ ကိံ မညသိ, မဟာရာဇ, ပိယော တေ ဝိဋဋူဘော [ဝိဍူဍဘော (သီ။ သျာ။ ကံ။ ပီ။)] သေနာပတီ’’တိ? ‘‘ဧဝံ, မလ္လိကေ, ပိယော မေ ဝိဋဋူဘော သေနာပတီ’’တိ။ ‘‘တံ ကိံ မညသိ, မဟာရာဇ, ဝိဋဋူဘဿ တေ သေနာပတိဿ ဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇေယျုံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဝိဋဋူဘဿ မေ, မလ္လိကေ, သေနာပတိဿ ဝိပရိဏာမညထာဘာဝါ ဇီဝိတဿပိ သိယာ အညထတ္တံ, ကိံ ပန မေ န ဥပ္ပဇ္ဇိဿန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဣဒံ ခေါ တံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သန္ဓာယ ဘာသိတံ – ‘ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’တိ။

‘‘တံ ကိံ မညသိ, မဟာရာဇ, ပိယာ တေ အဟ’’န္တိ? ‘‘ဧဝံ, မလ္လိကေ, ပိယာ မေသိ တွ’’န္တိ။ ‘‘တံ ကိံ မညသိ, မဟာရာဇ, မယှံ တေ ဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇေယျုံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘တုယှဉှိ မေ, မလ္လိကေ, ဝိပရိဏာမညထာဘာဝါ ဇီဝိတဿပိ သိယာ အညထတ္တံ, ကိံ ပန မေ န ဥပ္ပဇ္ဇိဿန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဣဒံ ခေါ တံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သန္ဓာယ ဘာသိတံ – ‘ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’တိ။

‘‘တံ ကိံ မညသိ, မဟာရာဇ, ပိယာ တေ ကာသိကောသလာ’’တိ? ‘‘ဧဝံ, မလ္လိကေ, ပိယာ မေ ကာသိကောသလာ။ ကာသိကောသလာနံ, မလ္လိကေ, အာနုဘာဝေန ကာသိကစန္ဒနံ ပစ္စနုဘောမ, မာလာဂန္ဓဝိလေပနံ ဓာရေမာ’’တိ။ ‘‘တံ ကိံ မညသိ, မဟာရာဇ, ကာသိကောသလာနံ တေ ဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇေယျုံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ကာသိကောသလာနဉှိ, မလ္လိကေ, ဝိပရိဏာမညထာဘာဝါ ဇီဝိတဿပိ သိယာ အညထတ္တံ, ကိံ ပန မေ န ဥပ္ပဇ္ဇိဿန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ’’တိ? ‘‘ဣဒံ ခေါ တံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သန္ဓာယ ဘာသိတံ – ‘ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ’’’တိ။

‘‘အစ္ဆရိယံ, မလ္လိကေ, အဗ္ဘုတံ, မလ္လိကေ! ယာဝဉ္စ သော ဘဂဝါ ပညာယ အတိဝိဇ္ဈ မညေ [ပဋိဝိဇ္ဈ ပညာယ (က။)] ပဿတိ။ ဧဟိ, မလ္လိကေ, အာစမေဟီ’’တိ [အာစာမေဟီတိ (သီ။ ပီ။)]။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ တိက္ခတ္တုံ ဥဒါနံ ဥဒါနေသိ – ‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ, နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ, နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ။

ပိယဇာတိကသုတ္တံ နိဋ္ဌိတံ သတ္တမံ။

၃၅၇။ ထိုအခါ နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက် ၍နေရာမှ ထကာ မလ္လိကာ မိဖုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မလ္လိကာမိဖုရားကြီးအား ပြောကြားလေ၏။ ထိုအခါ မလ္လိကာမိဖုရားကြီးသည် ပသေနဒိကောသလမင်းကြီးထံသို့ ချဥ်းကပ်၍ ပသေနဒိကောသလမင်းကြီးကို ဤသို့ ပြောဆို၏- “မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝဇိရီသတို့သမီးကို သင်မင်းကြီး ချစ်သည် မဟုတ်လော”ဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝဇိရီသတို့သမီးကို ငါ ချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အသင်မင်းကြီး၏ ဝဇိရီသတို့သမီးငယ်၏သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝဇိရီသတို့သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝါသဘခတ္တိယာ မင်းသမီးကိုချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝါသဘခတ္တိယာ မင်းသမီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝါသဘခတ္တိယာ၏ သေဆုံးခြင်းတစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာဝါသဘခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို့ခံတော် မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထို အကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်း ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝိဋဋူဘစစ်သူကြီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝိဋဋူဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝိဋဋူ ဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကိုရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် အကျွန်ုပ်ကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ သင်မိဖုရားကို ငါချစ်ပေ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကျွန်ုပ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက် ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ သင်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်းတို့ကို ချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်၏၊ မလ္လိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ အာနုဘော်ကြောင့် ကာသိတိုင်း၌ဖြစ်သောစန္ဒကူးကို ခံစားသုံး ဆောင်ရ၏၊ ပန်းနံ့သာ နံ့သာပျောင်းတို့ကို သုံးဆောင်ရ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည် ပြောင်းလွဲခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ကာသိတိုင်းကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်ပြောင်းလွဲခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင့်းစိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြား တော်မူ၏ဟု (လျှောက်၏)။ မလ္လိကာ အံ့ဖွယ်ရှိစွတကား၊ မလ္လိကာ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ထိုမြတ်စွာဘုရားသည် အလွန်တရာပညာဖြင့် ထိုးထွင်း၍ ပညာဖြင့် မြင်တော်မူတတ်ပါပေစွ၊ မလ္လိကာ လာလော့၊ နှုတ်ဆေးရေ ပေးလော့ဟု (မိန့်၏)။ ထို့နောက် ပသေနဒိကောသလမင်းကြီးသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကိုပြု၍ မြတ်စွာဘုရားထံသို့ လက်အုပ်ချီ၍ “နမော တဿ ဘဂဝတောအရဟတော သမ္မာ သမ္ဗုဒ္ဓဿ၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါနကျူးရင့်လေ သတည်း။ ခုနစ်ခုမြောက် ပိယဇာတိကသုတ် ပြီး၏။

Then Nāḷijaṅgha the brahmin, having approved and agreed with what the Buddha said, rose from his seat, went to Queen Mallikā, and told her of all they had discussed. Then Queen Mallikā approached King Pasenadi and said to him, “What do you think, Great King? Do you love Princess Vajirī?” “Indeed I do, Mallikā.” “What do you think, Great King? If she were to decay and perish, would sorrow, lamentation, pain, sadness, and distress arise in you?” “If she were to decay and perish, my life would fall apart. How could sorrow, lamentation, pain, sadness, and distress not arise in me?” “This is what the Buddha was referring to when he said: ‘Our loved ones are a source of sorrow, lamentation, pain, sadness, and distress.’ What do you think, Great King? Do you love Queen Vāsabhā? … Do you love your son, General Viḍūḍabha? … Do you love me?” “Indeed I do love you, Mallikā.” “What do you think, Great King? If I were to decay and perish, would sorrow, lamentation, pain, sadness, and distress arise in you?” “If you were to decay and perish, my life would fall apart. How could sorrow, lamentation, pain, sadness, and distress not arise in me?” “This is what the Buddha was referring to when he said: ‘Our loved ones are a source of sorrow, lamentation, pain, sadness, and distress.’ What do you think, Great King? Do you love the realms of Kāsi and Kosala?” “Indeed I do, Mallikā. It’s due to the bounty of Kāsi and Kosala that we use sandalwood imported from Kāsi and wear garlands, fragrance, and makeup.” “What do you think, Great King? If these realms were to decay and perish, would sorrow, lamentation, pain, sadness, and distress arise in you?” “If they were to decay and perish, my life would fall apart. How could sorrow, lamentation, pain, sadness, and distress not arise in me?” “This is what the Buddha was referring to when he said: ‘Our loved ones are a source of sorrow, lamentation, pain, sadness, and distress.’” “It’s incredible, Mallikā, it’s amazing, how far the Buddha sees with penetrating wisdom, it seems to me. Come, Mallikā, rinse my hands.” Then King Pasenadi rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and expressed this heartfelt sentiment three times: “Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha!”

၈။ ဗာဟိတိကသုတ္တံ

၃၅၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ အာနန္ဒော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိယံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ပုဗ္ဗာရာမော မိဂါရမာတုပါသာဒေါ တေနုပသင်္ကမိ ဒိဝါဝိဟာရာယ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော ဧကပုဏ္ဍရီကံ နာဂံ အဘိရုဟိတွာ သာဝတ္ထိယာ နိယျာတိ ဒိဝါ ဒိဝဿ။ အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မန္တံ အာနန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန သိရိဝဍ္ဎံ မဟာမတ္တံ အာမန္တေသိ – ‘‘အာယသ္မာ နော ဧသော, သမ္မ သိရိဝဍ္ဎ, အာနန္ဒော’’တိ။ ‘‘ဧဝံ, မဟာရာဇ, အာယသ္မာ ဧသော အာနန္ဒော’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အညတရံ ပုရိသံ အာမန္တေသိ – ‘‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန အာယသ္မတော အာနန္ဒဿ ပါဒေ သိရသာ ဝန္ဒာဟိ – ‘ရာဇာ, ဘန္တေ, ပသေနဒိ ကောသလော အာယသ္မတော အာနန္ဒဿ ပါဒေ သိရသာ ဝန္ဒတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘သစေ ကိရ, ဘန္တေ, အာယသ္မတော အာနန္ဒဿ န ကိဉ္စိ အစ္စာယိကံ ကရဏီယံ, အာဂမေတု ကိရ, ဘန္တေ, အာယသ္မာ အာနန္ဒော မုဟုတ္တံ အနုကမ္ပံ ဥပါဒါယာ’’’တိ။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ သော ပုရိသော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သော ပုရိသော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ရာဇာ, ဘန္တေ, ပသေနဒိ ကောသလော အာယသ္မတော အာနန္ဒဿ ပါဒေ သိရသာ ဝန္ဒတိ၊ ဧဝဉ္စ ဝဒေတိ – ‘သစေ ကိရ, ဘန္တေ, အာယသ္မတော အာနန္ဒဿ န ကိဉ္စိ အစ္စာယိကံ ကရဏီယံ, အာဂမေတု ကိရ, ဘန္တေ, အာယသ္မာ အာနန္ဒော မုဟုတ္တံ အနုကမ္ပံ ဥပါဒါယာ’’’တိ။ အဓိဝါသေသိ ခေါ အာယသ္မာ အာနန္ဒော တုဏှီဘာဝေန။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယာဝတိကာ နာဂဿ ဘူမိ နာဂေန ဂန္တွာ နာဂါ ပစ္စောရောဟိတွာ ပတ္တိကောဝ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘သစေ, ဘန္တေ, အာယသ္မတော အာနန္ဒဿ န ကိဉ္စိ အစ္စာယိကံ ကရဏီယံ, သာဓု, ဘန္တေ, အာယသ္မာ အာနန္ဒော ယေန အစိရဝတိယာ နဒိယာ တီရံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။ အဓိဝါသေသိ ခေါ အာယသ္မာ အာနန္ဒော တုဏှီဘာဝေန။

၈-ဗာဟိတိကသုတ် ၃၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှဖဲကာ ဆွမ်းစားပြီးနောက် မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းပြာသာဒ်သို့ နေ့သန့်စင်ရန် ချဥ်းကပ်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဧကပုဏ္ဍရီကဆင်ကို တက်စီး၍ နေ့မွန်းတည့်အချိန်၌ သာဝတ္ထိပြည်မှ ထွက်ခဲ့၏၊ ပသေနဒိကောသလမင်းသည် ကြွလာသော အသျှင်အာနန္ဒာကို အဝေးကပင် မြင်၍ သိရိဝဋ္ဌ အမတ်ကြီးကို “အဆွေသိရိဝဋ္ဌ ဤရဟန်းကား အသျှင်အာနန္ဒာလေလော”ဟု မေးမြန်း၏။ မင်းကြီး မှန်ပါ၏၊ ဤရဟန်းကား အသျှင်အာနန္ဒာပါတည်းဟု (လျှောက်၏)။ ထိုအခါ ပသေနဒိကောသလမင်းသည် မင်းချင်းတစ်ယောက်ကို “အမောင်ယောကျာ်း လာလော့၊ သင်သည် အသျှင်အာနန္ဒာထံသို့ချဥ်းကပ်၍ ငါ၏စကားဖြင့် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ပသေနဒိကောသလမင်းသည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား တစ်စုံတစ်ခု အဆောတလျင်ပြုဖွယ်ကိစ္စ မရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ဟူ၍လည်း လျှောက်လေလော့”ဟု မိန့်ဆို၏။ “မင်းကြီး ကောင်းပါပြီ”ဟူ၍ ထိုယောကျာ်းသည် ပသေနဒီကောသလမင်းကြီးအား ပြန်လျှောက်ကြားပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်၍ အသျှင်အာနန္ဒာကိုရှိခိုးလျက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် အသျှင်ဘုရား၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ (ထို့ပြင်) ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင် ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ ဟူ၍လည်းလျှောက်ထားလိုက်ပါ၏”ဟု လျှောက်ထားလေ၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင်သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင်ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ အစိရဝတီ မြစ်ကမ်းနားသို့ ကြွတော်မူစေချင်ပါ၏”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

Middle Discourses 88 The Foreign Cloth So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Venerable Ānanda robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He wandered for alms in Sāvatthī. After the meal, on his return from almsround, he went to the Eastern Monastery, the stilt longhouse of Migāra’s mother, for the day’s meditation. Now at that time King Pasenadi of Kosala mounted the Single Lotus Elephant and drove out from Sāvatthī in the middle of the day. He saw Ānanda coming off in the distance and said to the chief minister Sirivaḍḍha, “My dear Sirivaḍḍha, isn’t that Venerable Ānanda?” “Indeed it is, Great King.” Then King Pasenadi addressed a man, “Please, my man, go to Venerable Ānanda, and in my name bow with your head to his feet. Say to him, ‘Sir, King Pasenadi of Kosala bows with his head at your feet.’ And then say, ‘Sir, if you have no urgent business, please wait a while out of sympathy.’” “Yes, Your Majesty,” that man replied. He did as the king asked. Ānanda consented with silence. Then King Pasenadi rode on the elephant as far as the terrain allowed, then descended and approached Ānanda on foot. He bowed, stood to one side, and said to Ānanda, “Sir, if you have no urgent business, it would be nice of you to go to the bank of the Aciravatī River out of sympathy.” Ānanda consented with silence.

စာ-၃၁၅

၃၅၉။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန အစိရဝတိယာ နဒိယာ တီရံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အညတရသ္မိံ ရုက္ခမူလေ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယာဝတိကာ နာဂဿ ဘူမိ နာဂေန ဂန္တွာ နာဂါ ပစ္စောရောဟိတွာ ပတ္တိကောဝ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ဣဓ, ဘန္တေ, အာယသ္မာ အာနန္ဒော ဟတ္ထတ္ထရေ နိသီဒတူ’’တိ။ ‘‘အလံ, မဟာရာဇ။ နိသီဒ တွံ၊ နိသိန္နော အဟံ သကေ အာသနေ’’တိ။ နိသီဒိ ခေါ ရာဇာ ပသေနဒိ ကောသလော ပညတ္တေ အာသနေ။ နိသဇ္ဇ ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ, ဘန္တေ အာနန္ဒ, သော ဘဂဝါ တထာရူပံ ကာယသမာစာရံ သမာစရေယျ, ယွာဿ ကာယသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟီ’’တိ [ဗြာဟ္မဏေဟိ ဝိညူဟီတိ (သဗ္ဗတ္ထ) အဋ္ဌကထာ ဋီကာ ဩလောကေတဗ္ဗာ]? ‘‘န ခေါ, မဟာရာဇ, သော ဘဂဝါ တထာရူပံ ကာယသမာစာရံ သမာစရေယျ, ယွာဿ ကာယသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘ကိံ ပန, ဘန္တေ အာနန္ဒ, သော ဘဂဝါ တထာရူပံ ဝစီသမာစာရံ…ပေ… မနောသမာစာရံ သမာစရေယျ, ယွာဿ မနောသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟီ’’တိ [ဗြာဟ္မဏေဟိ ဝိညူဟီတိ (သဗ္ဗတ္ထ) အဋ္ဌကထာ ဋီကာ ဩလောကေတဗ္ဗာ]? ‘‘န ခေါ, မဟာရာဇ, သော ဘဂဝါ တထာရူပံ မနောသမာစာရံ သမာစရေယျ, ယွာဿ မနောသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယဉှိ မယံ, ဘန္တေ, နာသက္ခိမှာ ပဉှေန ပရိပူရေတုံ တံ, ဘန္တေ, အာယသ္မတာ အာနန္ဒေန ပဉှဿ ဝေယျာကရဏေန ပရိပူရိတံ။ ယေ တေ, ဘန္တေ, ဗာလာ အဗျတ္တာ အနနုဝိစ္စ အပရိယောဂါဟေတွာ ပရေသံ ဝဏ္ဏံ ဝါ အဝဏ္ဏံ ဝါ ဘာသန္တိ, န မယံ တံ သာရတော ပစ္စာဂစ္ဆာမ၊ ယေ ပန [ယေ စ ခေါ (သီ။ သျာ။ ကံ။ ပီ။)] တေ, ဘန္တေ, ပဏ္ဍိတာ ဝိယတ္တာ [ဗျတ္တာ (သီ။ သျာ။ ကံ။ ပီ။)] မေဓာဝိနော အနုဝိစ္စ ပရိယောဂါဟေတွာ ပရေသံ ဝဏ္ဏံ ဝါ အဝဏ္ဏံ ဝါ ဘာသန္တိ, မယံ တံ သာရတော ပစ္စာဂစ္ဆာမ’’။

၃၅၉။ ထိုအခါ အသျှင်အာနန္ဒာသည် အစိရဝတီ မြစ်ကမ်းပါးသို့ ချဥ်းကပ်၍ တစ်ခုသော သစ်ပင် ရင်းခင်းထားသော နေရာ၌ ထိုင်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သောအရပ်သို့တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှ ဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ချဥ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဤဆင်ကုန်းနှီး၌ ထိုင်တော်မူပါလော့”ဟု လျှောက်၏။ မင်းကြီးတော်ပြီ၊ အသင်ထိုင်လော့၊ ငါသည် မိမိနေရာ၌ ထိုင်ပြီးပြီဟု (မိန့်၏)။ ပသေနဒိကောသလမင်းသည် ခင်းထားသောနေရာ၌ ထိုင် သည်သာတည်း။ ထိုင်နေပြီးသော ပသေနဒိ ကောသလမင်းသည် အသျှင်အာနန္ဒာကို“အသျှင်ဘုရား အာနန္ဒာ သမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကိုထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော”ဟု လျှောက်၏။ မင်းကြီး ပညာရှိ သမဏဗြာဟ္မဏတို့အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို ၏)။ အသျှင်ဘုရားအာနန္ဒာ။ပ။ နှုတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည်ကျင့်ကြံရာပါသေးသလော”ဟု (မေးလျှောက်၏)။ မင်းကြီး ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို၏)။ အသျှင်ဘုရား အံ့ဖွယ်ရှိစွတကား၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ အသျှင်ဘုရားအကျွန်ုပ်တို့သည် အမေးအားဖြင့် ပြည့်စုံစေရန် မစွမ်းနိုင်သောအရာကို အသျှင်အာနန္ဒာသည် ပြဿနာဖြေကြားသဖြင့် ပြည့်စုံစေပါ၏။ အသျှင်ဘုရား မိုက်ကုန် မလိမ္မာကုန်သောသူတို့သည် မစူးစမ်းကြမဆင်ခြင်ကြကုန်မူ၍ သူတစ်ပါးတို့၏ ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်း ပြောဆိုတတ်ကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုသူတို့ ပြောဆိုသော စကားကို အနှစ်သာရအားဖြင့်မယုံကြည်ကြပါကုန်။ အသျှင်ဘုရား ပညာရှိကုန် လိမ္မာကုန် ထိုးထွင်းဉာဏ်ရှိကုန်သော သူတို့သည်စူးစမ်း ဆင်ခြင်၍ သူတစ်ပါး တို့၏ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်းပြောဆိုကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုပညာ ရှိတို့ ပြောဆိုသောစကားကို အနှစ်သာရအားဖြင့်ယုံကြည်ကြပါကုန်၏။

He went to the river bank and sat at the root of a certain tree on a seat spread out. Then King Pasenadi rode on the elephant as far as the terrain allowed, then descended and approached Ānanda on foot. He bowed, stood to one side, and said to Ānanda, “Here, Venerable Ānanda, sit on this elephant rug.” “Enough, Great King, you sit on it. I’m sitting on my own seat.” So the king sat down on the seat spread out, and said, “Honorable Ānanda, would the Buddha engage in the sort of behavior—by way of body, speech, or mind—that is faulted by ascetics and brahmins?” “No, Great King, the Buddha would not engage in the sort of behavior that is faulted by sensible ascetics and brahmins.” “It’s incredible, sir, it’s amazing! For I couldn’t fully express the question, but Venerable Ānanda’s answer completed it for me. I don’t believe that praise or criticism of others spoken by incompetent fools, without examining or scrutinizing, is the most important thing. Rather, I believe that praise or criticism of others spoken by competent and intelligent people after examining and scrutinizing is the most important thing.

၃၆၀။ ‘‘ကတမော ပန, ဘန္တေ အာနန္ဒ, ကာယသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော အကုသလော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော အကုသလော’’? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော သာဝဇ္ဇော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော သာဝဇ္ဇော’’? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော သဗျာဗဇ္ဈော’’ [သဗျာပဇ္ဈော (သီ။ သျာ။ ကံ။ ပီ။), သဗျာပဇ္ဇော (က။)]။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော သဗျာဗဇ္ဈော’’? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော ဒုက္ခဝိပါကော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော ဒုက္ခဝိပါကော’’? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော အတ္တဗျာဗာဓာယပိ သံဝတ္တတိ, ပရဗျာဗာဓာယပိ သံဝတ္တတိ, ဥဘယဗျာဗာဓာယပိ သံဝတ္တတိ တဿ အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ, ကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ဧဝရူပေါ ခေါ, မဟာရာဇ, ကာယသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘ကတမော ပန, ဘန္တေ အာနန္ဒ, ဝစီသမာစာရော…ပေ… မနောသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ? ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော အကုသလော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော အကုသလော’’? ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော သာဝဇ္ဇော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော သာဝဇ္ဇော’’? ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော သဗျာဗဇ္ဈော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော သဗျာဗဇ္ဈော’’? ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော ဒုက္ခဝိပါကော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော ဒုက္ခဝိပါကော’’? ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော အတ္တဗျာဗာဓာယပိ သံဝတ္တတိ, ပရဗျာဗာဓာယပိ သံဝတ္တတိ, ဥဘယဗျာဗာဓာယပိ သံဝတ္တတိ တဿ အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ, ကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ဧဝရူပေါ ခေါ, မဟာရာဇ, မနောသမာစာရော ဩပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘ကိံ နု ခေါ, ဘန္တေ အာနန္ဒ, သော ဘဂဝါ သဗ္ဗေသံယေဝ အကုသလာနံ ဓမ္မာနံ ပဟာနံ ဝဏ္ဏေတီ’’တိ? ‘‘သဗ္ဗာကုသလဓမ္မပဟီနော ခေါ, မဟာရာဇ, တထာဂတော ကုသလဓမ္မသမန္နာဂတော’’တိ။

၃၆၀။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား မကောင်းသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်ရှိသော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား အပြစ်ရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက် ၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါ နည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။ အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက် သောစိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော စိတ်ကျင့့်တရားမျိုး ပေတည်းဟု (ဆို၏)။ အသျှင်ဘုရား မကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား အပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲနှင့် တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင် ထိုသူအား အကုသိုလ်တရားတို့ တိုးပွားကုန်၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။ အသျှင်ဘုရားအာနန္ဒာ အလုံးစုံသော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ခြင်းကို ထိုမြတ်စွာဘုရားသည် ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (ဆို၏)။

But Honorable Ānanda, what kind of bodily behavior is faulted by sensible ascetics and brahmins?” “Unskillful behavior.” “But what kind of bodily behavior is unskillful?” “Blameworthy behavior.” “But what kind of bodily behavior is blameworthy?” “Hurtful behavior.” “But what kind of bodily behavior is hurtful?” “Behavior that results in suffering.” “But what kind of bodily behavior results in suffering?” “Bodily behavior that leads to hurting yourself, hurting others, and hurting both, and which makes unskillful qualities grow while skillful qualities decline. That kind of bodily behavior is faulted by sensible ascetics and brahmins.” “But what kind of verbal behavior … mental behavior is faulted by sensible ascetics and brahmins?” … “Mental behavior that leads to hurting yourself, hurting others, and hurting both, and which makes unskillful qualities grow while skillful qualities decline. That kind of mental behavior is faulted by sensible ascetics and brahmins.” “Sir, does the Buddha praise giving up all these unskillful things?” “Great king, the Realized One has given up all unskillful things and possesses skillful things.”

၃၆၁။ ‘‘ကတမော ပန, ဘန္တေ အာနန္ဒ, ကာယသမာစာရော အနောပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ? ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော ကုသလော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော ကုသလော’’။ ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော အနဝဇ္ဇော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော အနဝဇ္ဇော’’။ ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော အဗျာဗဇ္ဈော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော အဗျာဗဇ္ဈော’’။ ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော သုခဝိပါကော’’။

‘‘ကတမော ပန, ဘန္တေ, ကာယသမာစာရော သုခဝိပါကော’’။ ‘‘ယော ခေါ, မဟာရာဇ, ကာယသမာစာရော နေဝတ္တဗျာဗာဓာယပိ သံဝတ္တတိ, န ပရဗျာဗာဓာယပိ သံဝတ္တတိ, န ဥဘယဗျာဗာဓာယပိ သံဝတ္တတိ တဿ အကုသလာ ဓမ္မာ ပရိဟာယန္တိ, ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ၊ ဧဝရူပေါ ခေါ, မဟာရာဇ, ကာယသမာစာရော အနောပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘ကတမော ပန, ဘန္တေ အာနန္ဒ, ဝစီသမာစာရော…ပေ… မနောသမာစာရော အနောပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။ ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော ကုသလော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော ကုသလော’’။ ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော အနဝဇ္ဇော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော အနဝဇ္ဇော’’။ ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော အဗျာဗဇ္ဈော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော အဗျာဗဇ္ဈော’’။ ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော သုခဝိပါကော’’။

‘‘ကတမော ပန, ဘန္တေ, မနောသမာစာရော သုခဝိပါကော’’။ ‘‘ယော ခေါ, မဟာရာဇ, မနောသမာစာရော နေဝတ္တဗျာဗာဓာယပိ သံဝတ္တတိ, န ပရဗျာဗာဓာယပိ သံဝတ္တတိ, န ဥဘယဗျာဗာဓာယပိ သံဝတ္တတိ။ တဿ အကုသလာ ဓမ္မာ ပရိဟာယန္တိ, ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ။ ဧဝရူပေါ ခေါ, မဟာရာဇ, မနောသမာစာရော အနောပါရမ္ဘော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီ’’တိ။

‘‘ကိံ ပန, ဘန္တေ အာနန္ဒ, သော ဘဂဝါ သဗ္ဗေသံယေဝ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒံ ဝဏ္ဏေတီ’’တိ။ ‘‘သဗ္ဗာကုသလဓမ္မပဟီနော ခေါ, မဟာရာဇ, တထာဂတော ကုသလဓမ္မသမန္နာဂတော’’တိ။

၃၆၁။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ကောင်းသော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား အပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲဲမရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးခြင်း သဘောရှိသည့် တရားမျိုးသည် ပညာရှိ သမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။ အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုး ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား အပြစ်မရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသော အကျိုးကိုဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။ အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင့်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏ ဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။ အသျှင်ဘုရားအာနန္ဒာ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကိုသာ လျှင်ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (မိန့်ဆို၏)။

“But sir, what kind of bodily behavior is not faulted by sensible ascetics and brahmins?” “Skillful behavior.” “But what kind of bodily behavior is skillful?” “Blameless behavior.” “But what kind of bodily behavior is blameless?” “Pleasing behavior.” “But what kind of bodily behavior is pleasing?” “Behavior that results in happiness.” “But what kind of bodily behavior results in happiness?” “Bodily behavior that leads to pleasing yourself, pleasing others, and pleasing both, and which makes unskillful qualities decline while skillful qualities grow. That kind of bodily behavior is not faulted by sensible ascetics and brahmins.” “But what kind of verbal behavior … mental behavior is not faulted by sensible ascetics and brahmins?” … “Mental behavior that leads to pleasing yourself, pleasing others, and pleasing both, and which makes unskillful qualities decline while skillful qualities grow. That kind of mental behavior is not faulted by sensible ascetics and brahmins.” “Sir, does the Buddha praise embracing all these skillful things?” “Great king, the Realized One has given up all unskillful things and possesses skillful things.”

စာ-၃၁၉

၃၆၂။ ‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝ သုဘာသိတံ စိဒံ [သုဘာသိတမိဒံ (သီ။)], ဘန္တေ, အာယသ္မတာ အာနန္ဒေန။ ဣမိနာ စ မယံ, ဘန္တေ, အာယသ္မတော အာနန္ဒဿ သုဘာသိတေန အတ္တမနာဘိရဒ္ဓါ။ ဧဝံ အတ္တမနာဘိရဒ္ဓါ စ မယံ, ဘန္တေ, အာယသ္မတော အာနန္ဒဿ သုဘာသိတေန။ သစေ, ဘန္တေ, အာယသ္မတော အာနန္ဒဿ ဟတ္ထိရတနံ ကပ္ပေယျ, ဟတ္ထိရတနမ္ပိ မယံ အာယသ္မတော အာနန္ဒဿ ဒဒေယျာမ။ သစေ, ဘန္တေ, အာယသ္မတော အာနန္ဒဿ အဿရတနံ ကပ္ပေယျ, အဿရတနမ္ပိ မယံ အာယသ္မတော အာနန္ဒဿ ဒဒေယျာမ။ သစေ, ဘန္တေ, အာယသ္မတော အာနန္ဒဿ ဂါမဝရံ ကပ္ပေယျ, ဂါမဝရမ္ပိ မယံ အာယသ္မတော အာနန္ဒဿ ဒဒေယျာမ။ အပိ စ, ဘန္တေ, မယမ္ပေတံ [မယမေဝ တံ (သီ။), မယမ္ပနေတံ (သျာ။ ကံ။)] ဇာနာမ – ‘နေတံ အာယသ္မတော အာနန္ဒဿ ကပ္ပတီ’တိ။ အယံ မေ, ဘန္တေ, ဗာဟိတိကာ ရညာ မာဂဓေန အဇာတသတ္တုနာ ဝေဒေဟိပုတ္တေန ဝတ္ထနာဠိယာ [ဆတ္တနာဠိယာ (သျာ။ ကံ။ ပီ။)] ပက္ခိပိတွာ ပဟိတာ သောဠသသမာ အာယာမေန, အဋ္ဌသမာ ဝိတ္ထာရေန။ တံ, ဘန္တေ, အာယသ္မာ အာနန္ဒော ပဋိဂ္ဂဏှာတု အနုကမ္ပံ ဥပါဒါယာ’’တိ။ ‘‘အလံ, မဟာရာဇ, ပရိပုဏ္ဏံ မေ တိစီဝရ’’န္တိ။

‘‘အယံ, ဘန္တေ, အစိရဝတီ နဒီ ဒိဋ္ဌာ အာယသ္မတာ စေဝ အာနန္ဒေန အမှေဟိ စ။ ယဒါ ဥပရိပဗ္ဗတေ မဟာမေဃော အဘိပ္ပဝုဋ္ဌော ဟောတိ, အထာယံ အစိရဝတီ နဒီ ဥဘတော ကူလာနိ သံဝိဿန္ဒန္တီ ဂစ္ဆတိ၊ ဧဝမေဝ ခေါ, ဘန္တေ, အာယသ္မာ အာနန္ဒော ဣမာယ ဗာဟိတိကာယ အတ္တနော တိစီဝရံ ကရိဿတိ။ ယံ ပနာယသ္မတော အာနန္ဒဿ ပုရာဏံ တိစီဝရံ တံ သဗြဟ္မစာရီဟိ သံဝိဘဇိဿတိ။ ဧဝါယံ အမှာကံ ဒက္ခိဏာ သံဝိဿန္ဒန္တီ မညေ ဂမိဿတိ။ ပဋိဂ္ဂဏှာတု, ဘန္တေ, အာယသ္မာ အာနန္ဒော ဗာဟိတိက’’န္တိ။ ပဋိဂ္ဂဟေသိ ခေါ အာယသ္မာ အာနန္ဒော ဗာဟိတိကံ။

အထ ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ဟန္ဒ စ ဒါနိ မယံ, ဘန္တေ အာနန္ဒ, ဂစ္ဆာမ၊ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တွံ, မဟာရာဇ, ကာလံ မညသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အာယသ္မတော အာနန္ဒဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။

၃၆၂။ အသျှင်ဘုရား အံဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အသျှင်အာနန္ဒာ ဟောကြားတော်မူသော ဤတရားတော်ကား အလွန် ကောင်းမြတ်လှပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ ဤစကားတော်ကြောင့်လည်း နှစ်လိုဝမ်းမြောက်ကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ စကားတော်ကြောင့် နှစ်လိုဝမ်းမြောက်ကြပါကုန်သည်ဖြစ်၍အသျှင်အာနန္ဒာအား ဆင်ရတနာသည် အကယ်၍ အပ်စပ်ပါမူ ဆင်ရတနာကို အသျှင်အာနန္ဒာအား ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား မြင်းရတနာသည် အကယ်၍ အပ်စပ်ပါမူ မြင်းရတနာကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား ရွာဆုသည် အကယ်၍အပ်စပ်ပါမူ ရွာဆုကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်ဘုရားသို့ပင်ဖြစ်ပါသော် လည်း အကျွန်ုပ်တို့သည် “ထိုဆင်ရတနာစသည်သည် အသျှင်အာနန္ဒာအားမအပ်စပ်”သည်ကို သိရှိပါ ကုန်၏။ အသျှင်ဘုရား အကျွန်ုပ်၏ ဤဗာဟိတိကတိုင်းဖြစ် အဝတ်သည်မဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းက အဝတ်ကျည်တောက်၌ ထည့်၍ပို့ဆက်သော အဝတ် ဖြစ်ပါ၏၊ အလျားအားဖြင့် တစ်ဆယ့်ခြောက်တောင်တိတိ ရှိပါ၏၊ အနံအားဖြင့်ရှစ်တောင်တိတိ ရှိပါ၏။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ထိုအဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး တန်ပြီ၊ ငါ့အား သင်္ကန်းသုံးထည်ပြည့်စုံပြီဟု (မိန့် ဆို၏)။ အသျှင်ဘုရား အသျှင် အာနန္ဒာသည်လည်းကောင်း၊ အကျွန်ုပ်တို့သည်လည်းကောင်း ဤ အစိရဝတီမြစ်ကို မြင်ကြပါကုန်၏။ တောင်ထိပ်၌ မိုးကြီးသည်းထန်စွာ ရွာသောအခါ ဤအစိရဝတီမြစ်သည် ကမ်းနှစ်ဖက်တို့ကို အပြည့်အလျှံ စီးသွားသကဲ့သို့၊ ဤအတူ အသျှင်အာနန္ဒာသည် ဤဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို မိမိ၏ တိစီဝရိက် သင်္ကန်းပြုရပါလိမ့်မည်။ အသျှင်အာနန္ဒာ၏ အဟောင်းဖြစ်သော သင်္ကန်းသုံးထည်ကို သီတင်းသုံးဖော်တို့နှင့် ခွဲခြမ်းဝေဖန်ရပါလိမ့်မည်။ ဤသို့ သုံးဆောင်သည်ရှိသော် အကျွန်ုပ်တို့၏ ဤအလှူသည် စီး၍သွားပါလိမ့်မည် ထင်ပါသည်။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို ခံယူလေ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် အသျှင်အာနန္ဒာကို “အသျှင်ဘုရားအာနန္ဒာ ယခုအခါအကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ် ရှိပါကုန်၏”ဟုလျှောက်လေ၏။ မင်းကြီး သွားရန်အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်ဆို၏၊ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် အသျှင်အာနန္ဒာ၏ တရားစကားကို အလွန်နှစ်သက်ဝမ်းမြောက်ကာ အနုမောဒနာပြု၍ နေရာမှ ထပြီးလျှင် အသျှင်အာနန္ဒာကို ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။

“It’s incredible, sir, it’s amazing! How well this was said by Venerable Ānanda! I’m delighted and satisfied with what you’ve expressed so well. So much so that if an elephant-treasure was suitable for you, I would give you one. If a horse-treasure was suitable for you, I would give you one. If a prize village was suitable for you, I would give you one. But, sir, I know that these things are not suitable for you. This foreign cloth was sent to me by King Ajātasattu of Magadha, son of the princess of Videha, packed in a parasol case. It’s exactly sixteen measures long and eight wide. May Venerable Ānanda please accept it out of sympathy.” “Enough, Great King. My three robes are complete.” “Sir, we have both seen this Aciravatī River when it has rained heavily in the mountains, and the river overflows both its banks. In the same way, Venerable Ānanda can make a set of three robes for himself from this foreign cloth, and you can share your old robes with your fellow monks. In this way my religious donation will come to overflow, it seems to me. Please accept the foreign cloth.” So Ānanda accepted it. Then King Pasenadi said to him, “Well, now, sir, I must go. I have many duties, and much to do.” “Please, Great King, go at your convenience.” Then King Pasenadi approved and agreed with what Ānanda said. He rose from his seat, bowed, and respectfully circled Ānanda, keeping him on his right, before leaving.

စာ-၃၂၀

၃၆၃။ အထ ခေါ အာယသ္မာ အာနန္ဒော အစိရပက္ကန္တဿ ရညော ပသေနဒိဿ ကောသလဿ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ယာဝတကော အဟောသိ ရညာ ပသေနဒိနာ ကောသလေန သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ ဘဂဝတော အာရောစေသိ။ တဉ္စ ဗာဟိတိကံ ဘဂဝတော ပါဒါသိ။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘လာဘာ, ဘိက္ခဝေ, ရညော ပသေနဒိဿ ကောသလဿ, သုလဒ္ဓလာဘာ, ဘိက္ခဝေ, ရညော ပသေနဒိဿ ကောသလဿ၊ ယံ ရာဇာ ပသေနဒိ ကောသလော လဘတိ အာနန္ဒံ ဒဿနာယ, လဘတိ ပယိရုပါသနာယာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဗာဟိတိကသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။

၃၆၃။ ထိုအခါ အသျှင်အာနန္ဒာသည် ပသေနဒိကောသလမင်းကြီး ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ ပသေနဒိကောသလမင်းကြီးနှင့်အတူ ပြောဆိုခဲ့သမျှစကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကိုလည်း မြတ်စွာဘုရားအား တစ်ဆင့်ဆက်ကပ်လှူဒါန်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့့ကိုခေါ်၍ “ရဟန်းတို့ အာနန္ဒာကို ဖူးမြော်ရန်လည်းကောင်း၊ ဆည်းကပ်ရန်လည်းကောင်းအခွင့်ရခြင်းသည် ပသေနဒိကောသလမင်းအား အရတော်လေစွ၊ ရဟန်းတို့ ပသေနဒိကောသလမင်းသည်ကောင်းသော လာဘ်ကို ရလေစွ”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ဤစကားတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။ ရှစ်ခုမြောက် ဗာဟိတိကသုတ် ပြီး၏။

Soon after he left, Ānanda went to the Buddha, bowed, sat down to one side, and told him what had happened. He presented the cloth to the Buddha. Then the Buddha said to the mendicants, “Mendicants, King Pasenadi is lucky, so very lucky, to get to see Ānanda and pay homage to him.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၉။ ဓမ္မစေတိယသုတ္တံ

၃၆၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ မေဒါဠုပံ [မေတဠူပံ (သီ။), မေဒဠုမ္ပံ (ပီ။)] နာမ သကျာနံ နိဂမော။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော နဂရကံ အနုပ္ပတ္တော ဟောတိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဒီဃံ ကာရာယနံ အာမန္တေသိ – ‘‘ယောဇေဟိ, သမ္မ ကာရာယန, ဘဒြာနိ ဘဒြာနိ ယာနာနိ, ဥယျာနဘူမိံ ဂစ္ဆာမ သုဘူမိံ ဒဿနာယာ’’တိ [သုဘူမိဒဿနာယာတိ (ဒီ။ နိ။ ၂။၄၃)]။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ ဒီဃော ကာရာယနော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ဘဒြာနိ ဘဒြာနိ ယာနာနိ ယောဇာပေတွာ ရညော ပသေနဒိဿ ကောသလဿ ပဋိဝေဒေသိ – ‘‘ယုတ္တာနိ ခေါ တေ, ဒေဝ, ဘဒြာနိ ဘဒြာနိ ယာနာနိ။ ယဿဒါနိ ကာလံ မညသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဒြံ ယာနံ အဘိရုဟိတွာ ဘဒြေဟိ ဘဒြေဟိ ယာနေဟိ နဂရကမှာ နိယျာသိ မဟစ္စာ ရာဇာနုဘာဝေန။ ယေန အာရာမော တေန ပါယာသိ။ ယာဝတိကာ ယာနဿ ဘူမိ ယာနေန ဂန္တွာ ယာနာ ပစ္စောရောဟိတွာ ပတ္တိကောဝ အာရာမံ ပါဝိသိ။ အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော အာရာမေ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ရုက္ခမူလာနိ ပါသာဒိကာနိ ပသာဒနီယာနိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ [မနုဿရာဟသေယျကာနိ (သီ။ ပီ။)] ပဋိသလ္လာနသာရုပ္ပါနိ။ ဒိသွာန ဘဂဝန္တံယေဝ အာရဗ္ဘ သတိ ဥဒပါဒိ – ‘‘ဣမာနိ ခေါ တာနိ ရုက္ခမူလာနိ ပါသာဒိကာနိ ပသာဒနီယာနိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ ပဋိသလ္လာနသာရုပ္ပါနိ, ယတ္ထ သုဒံ မယံ တံ ဘဂဝန္တံ ပယိရုပါသာမ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ။

၉-ဓမ္မစေတိယသုတ် ၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း မေဒါဠုပမည်သော သာကီဝင်တို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မြို့ငယ်တို့သို့ အစဥ်ရောက်လာ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကိုခေါ်၍ “အဆွေ ကာရာယန ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ကို ကကုန်လော့၊ ကောင်းမြတ်သော ရှုမျှော်ခင်းကို ကြည့်ရှုရန် ဥယျာဥ်မြေသို့ သွားကြကုန်အံ့”ဟု မိန့်၏။ “အရှင်မင်းကြီးကောင်းပါပြီ” ဟူ၍ ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအားပြန်လျှောက်ကြားပြီးလျှင် ကောင်းသည် ထက် ကောင်းကုန်သော ယာဥ်တို့ကို က၍ “မင်းကြီးကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ကို ကပြီးပါပြီ၊ ယခု သွားရန်အချိန်ကို အရှင်မင်းကြီး သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဥ်ကို တက်စီး၍ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ဖြင့် ကြီးကျယ်သော မင်း၏ ကျက်သရေဖြင့် မြို့ငယ်မှထွက်လေ၏၊ အရံဥယျာဥ်သို့ ဝင်လေ၏။ ယာဥ်ဖြင့် သွားနိုင်ရာ အရပ်တိုင်အောင် ယာဥ်ဖြင့်သွား၍ယာဥ်မှသက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် အရံဥယျာဥ်သို့ ဝင်လေ၏။ ပသေနဒိကောသလမင်းကြီးသည်အရံဥယျာဥ်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော် နှစ်သက်ဖွယ်ကြည်လင်ဖွယ်ကို ဖြစ်စေတတ်၍ တိတ်ဆိတ်ငြိမ်သက်လျက် လူတို့မှဖြစ်သော လေမှကင်းကုန်သော လူတို့လျှို့ဝှက်အပ်သောအမှုကို ပြုရာဖြစ်ကုန်သော တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါ လျှောက်ပတ်ကုန်သောသစ်ပင်ရင်းတို့ကို မြင်သော် မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ အောက်မေ့မှု ‘သတိ’ သည်ထင်ရှားဖြစ်ပေါ်၏ - “ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကို ပြုရာဖြစ်ကုန်၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါလျောက်ပတ်ကုန်၏၊ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားကို ငါတို့ဆည်းကပ်ကြကုန်ဖူးပြီ”ဟု အောက်မေ့မှု ‘သတိ’ သည် ထင်ရှားစွာ ဖြစ်ပေါ်၏။

Middle Discourses 89 Shrines to the Teaching So I have heard. At one time the Buddha was staying in the land of the Sakyans, near the Sakyan town named Medaḷumpa. Now at that time King Pasenadi of Kosala had arrived at Townsville on some business. Then he addressed Dīgha Kārāyana, “My good Kārāyana, harness the finest chariots. We will go to a park and see the scenery.” “Yes, Your Majesty,” replied Dīgha Kārāyana. He harnessed the chariots and informed the king, “Your Majesty, the finest chariots are harnessed. Please go at your convenience.” Then King Pasenadi mounted a fine carriage and, along with other fine carriages, set out in full royal pomp from Townsville, heading for the park grounds. He went by carriage as far as the terrain allowed, then descended and entered the park on foot. As he was going for a walk in the park he saw roots of trees that were impressive and inspiring, quiet and still, far from the madding crowd, remote from human settlements, and fit for retreat. The sight reminded him right away of the Buddha: “These roots of trees, so impressive and inspiring, are like those where we used to pay homage to the Blessed One, the perfected one, the fully awakened Buddha.” He addressed Dīgha Kārāyana, “These roots of trees, so impressive and inspiring, are like those where we used to pay homage to the Blessed One, the perfected one, the fully awakened Buddha. My good Kārāyana, where is that Buddha at present?”

စာ-၃၂၁

၃၆၅။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဒီဃံ ကာရာယနံ အာမန္တေသိ – ‘‘ဣမာနိ ခေါ, သမ္မ ကာရာယန, တာနိ ရုက္ခမူလာနိ ပါသာဒိကာနိ ပသာဒနီယာနိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ ပဋိသလ္လာနသာရုပ္ပါနိ, ယတ္ထ သုဒံ မယံ တံ ဘဂဝန္တံ ပယိရုပါသာမ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ။ ကဟံ နု ခေါ, သမ္မ ကာရာယန, ဧတရဟိ သော ဘဂဝါ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ? ‘‘အတ္ထိ, မဟာရာဇ, မေဒါဠုပံ နာမ သကျာနံ နိဂမော။ တတ္ထ သော ဘဂဝါ ဧတရဟိ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ။ ‘‘ကီဝဒူရေ [ကီဝဒူရော (သီ။ သျာ။ ကံ။ ပီ။)] ပန, သမ္မ ကာရာယန, နဂရကမှာ မေဒါဠုပံ နာမ သကျာနံ နိဂမော ဟောတီ’’တိ? ‘‘န ဒူရေ, မဟာရာဇ၊ တီဏိ ယောဇနာနိ၊ သက္ကာ ဒိဝသာဝသေသေန ဂန္တု’’န္တိ။ ‘‘တေန ဟိ, သမ္မ ကာရာယန, ယောဇေဟိ ဘဒြာနိ ဘဒြာနိ ယာနာနိ, ဂမိဿာမ မယံ တံ ဘဂဝန္တံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ ဒီဃော ကာရာယနော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ဘဒြာနိ ဘဒြာနိ ယာနာနိ ယောဇာပေတွာ ရညော ပသေနဒိဿ ကောသလဿ ပဋိဝေဒေသိ – ‘‘ယုတ္တာနိ ခေါ တေ, ဒေဝ, ဘဒြာနိ ဘဒြာနိ ယာနာနိ။ ယဿဒါနိ ကာလံ မညသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဒြံ ယာနံ အဘိရုဟိတွာ ဘဒြေဟိ ဘဒြေဟိ ယာနေဟိ နဂရကမှာ ယေန မေဒါဠုပံ နာမ သကျာနံ နိဂမော တေန ပါယာသိ။ တေနေဝ ဒိဝသာဝသေသေန မေဒါဠုပံ နာမ သကျာနံ နိဂမံ သမ္ပာပုဏိ။ ယေန အာရာမော တေန ပါယာသိ။ ယာဝတိကာ ယာနဿ ဘူမိ ယာနေန ဂန္တွာ ယာနာ ပစ္စောရောဟိတွာ ပတ္တိကောဝ အာရာမံ ပါဝိသိ။

၃၆၅။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကို ခေါ်၍ “အချင်းကာရာယန စစ်သူကြီး ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကိုပြုရန် သင့်လျော်ကုန်၏။ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဆည်းကပ်ဖူးကုန်၏။ အဆွေကာရာယနစစ်သူကြီး ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ နေတော်မူသနည်း”ဟုမေး၏။ မင်းကြီး မေဒါဠုပမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူပါ၏ဟု (လျှောက်၏)။ အဆွေကာရာယန မေဒါဠုပမည်သော နိဂုံးရွာကြီးသည် မြို့ငယ်မှအဘယ်မျှလောက် ဝေးကွာရာ၌ ရှိပါသနည်းဟု (မေး၏)။ မင်းကြီး မဝေးလှပါ၊ သွားရန် အချိန် ရနိုင်ပါသေးသည်၊ သုံးယူဇနာမျှသာ ရှိပါ၏၊ ကြွင်းကျန်သော နေ့ပိုင်းဖြင့်သွားရန် တတ်နိုင်ပါ၏ဟု (လျှောက်၏)။ အဆွေကာရာယန သို့ဖြစ်ပါမူ ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ကို ကစေလော့၊ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရန် သွားကုန်အံ့ဟု (ဆို၏)။ “အရှင်မင်းမြတ် ကောင်းပါပြီ” ဟူ၍ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအား ပြန်ကြား၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ကို ကစေပြီးလျှင် ပသေနဒိကောသလမင်းကြီးအား “အရှင်မင်းကြီး အရှင်မင်းကြီးအတွက် ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ကို ကစေပြီးပါပြီ၊ ယခု သင်မင်းကြီးသည်သွားရန်အချိန်ကို သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဥ်ကို တက်စီး၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဥ်တို့ဖြင့် မြို့ငယ်မှ ထွက်ပြီးလျှင် သာကီဝင်မင်းတို့၏နေရာ မေဒါဠုပမည်သော နိဂုံးသို့ သွားလေ၏၊ ထိုကြွင်းကျန်သော နေ့ပိုင်းဖြင့်သာလျှင် သာကီဝင်မင်းတို့၏နေရာမေဒါဠုပမည်သော နိဂုံးသို့ ရောက်လေ၏၊ ယာဥ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဥ်ဖြင့် သွား၍ယာဥ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် ကျောင်းတော်သို့ ဝင်လေ၏။

“Great king, there is a Sakyan town named Medaḷumpa. That’s where the Buddha is now staying.” “But how far away is that town?” “Not far, Great King, it’s three leagues. We can get there while it’s still light.” “Well then, harness the chariots, and we shall go to see the Buddha.” “Yes, Your Majesty,” replied Dīgha Kārāyana. He harnessed the chariots and informed the king, “Your Majesty, the finest chariots are harnessed. Please go at your convenience.” Then King Pasenadi mounted a fine carriage and, along with other fine carriages, set out from Townsville to Medaḷumpa. He reached the town while it was still light and headed for the monastery grounds. He went by carriage as far as the terrain allowed, then descended and entered the monastery on foot.

၃၆၆။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ အဗ္ဘောကာသေ စင်္ကမန္တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘ကဟံ နု ခေါ, ဘန္တေ, ဧတရဟိ သော ဘဂဝါ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ? ဒဿနကာမာ ဟိ မယံ တံ ဘဂဝန္တံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓ’’န္တိ။ ‘‘ဧသော, မဟာရာဇ, ဝိဟာရော သံဝုတဒွါရော။ တေန အပ္ပသဒ္ဒေါ ဥပသင်္ကမိတွာ အတရမာနော အာဠိန္ဒံ ပဝိသိတွာ ဥက္ကာသိတွာ အဂ္ဂဠံ အာကောဋေဟိ။ ဝိဝရိဿတိ ဘဂဝါ တေ ဒွါရ’’န္တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော တတ္ထေဝ ခဂ္ဂဉ္စ ဥဏှီသဉ္စ ဒီဃဿ ကာရာယနဿ ပါဒါသိ။ အထ ခေါ ဒီဃဿ ကာရာယနဿ ဧတဒဟောသိ – ‘‘ရဟာယတိ ခေါ ဒါနိ ရာဇာ [မဟာရာဇာ (သီ။ သျာ။ ကံ။ ပီ။)], ဣဓေဝ [တေနိဓေဝ (သီ။)] ဒါနိ မယာ ဌာတဗ္ဗ’’န္တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန သော ဝိဟာရော သံဝုတဒွါရော တေန အပ္ပသဒ္ဒေါ ဥပသင်္ကမိတွာ အတရမာနော အာဠိန္ဒံ ပဝိသိတွာ ဥက္ကာသိတွာ အဂ္ဂဠံ အာကောဋေသိ။ ဝိဝရိ ဘဂဝါ ဒွါရံ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဝိဟာရံ ပဝိသိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန စ ပရိစုမ္ဗတိ, ပါဏီဟိ စ ပရိသမ္ဗာဟတိ, နာမဉ္စ သာဝေတိ – ‘‘ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော၊ ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော’’တိ။

၃၆၆။ ထိုစဥ်အခါ၌ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ စင်္ကြံသွားနေကုန်၏၊ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုရဟန်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်းတို့အား “အသျှင်ဘုရားတို့ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ သီတင်းသုံးတော်မူပါသနည်း၊ တပည့်တော်တို့သည်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဥ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင်တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးကို ဖွင့်ပေးတော်မူပါလိမ့်မည်ဟု (ဆိုကြကုန်၏)။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုအရပ်၌သာလျှင် သန်လျက်ကိုလည်းကောင်း၊ သင်းကျစ်ကိုလည်းကောင်း ဒီဃကာရာယနစစ်သူကြီးအား အပ်နှင်းလေ၏။ ထိုအခါ ဒီဃကာရာယနစစ်သူကြီးအား “ယခုအခါ မင်းသည် လျှို့ဝှက်မှုကို ပြု၏၊ ယခုအခါ ဤအရပ်၌သာလျှင် ငါသည် ရပ်တည်သင့်၏”ဟု အကြံဖြစ်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဥ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညှင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည် တံခါးကို ဖွင့်တော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကျောင်းတွင်းသို့ဝင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့်စုပ်၏၊ လက်တို့ဖြင့်လည်း အဖန်ဖန် သုံးသပ်ဆုပ်နယ်၏ “အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း၊ သျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိ ကောသလမင်းပါတည်း”ဟု အမည်ကိုလည်းကြားလျှောက်၏။

At that time several mendicants were walking mindfully in the open air. King Pasenadi of Kosala went up to them and said, “Sirs, where is the Blessed One at present, the perfected one, the fully awakened Buddha? For I want to see him.” “Great king, that’s his dwelling, with the door closed. Approach it quietly, without hurrying; go onto the porch, clear your throat, and knock on the door-panel. The Buddha will open the door.” The king right away presented his sword and turban to Dīgha Kārāyana, who thought, “Now the king seeks privacy. I should wait here.” Then the king approached the Buddha’s dwelling, cleared his throat and knocked on the door-panel, and the Buddha opened the door. King Pasenadi entered the dwelling, and bowed with his head to the Buddha’s feet, caressing them and covering them with kisses, and pronounced his name: “Sir, I am Pasenadi, king of Kosala! I am Pasenadi, king of Kosala!”

စာ-၃၂၂

၃၆၇။ ‘‘ကိံ ပန တွံ, မဟာရာဇ, အတ္ထဝသံ သမ္ပဿမာနော ဣမသ္မိံ သရီရေ ဧဝရူပံ ပရမနိပစ္စကာရံ ကရောသိ, မိတ္တူပဟာရံ [စိတ္တူပဟာရံ (သီ။)] ဥပဒံသေသီ’’တိ? ‘‘အတ္ထိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော – ‘ဟောတိ သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။ ဣဓာဟံ, ဘန္တေ, ပဿာမိ ဧကေ သမဏဗြာဟ္မဏေ ပရိယန္တကတံ ဗြဟ္မစရိယံ စရန္တေ ဒသပိ ဝဿာနိ, ဝီသမ္ပိ ဝဿာနိ, တိံသမ္ပိ ဝဿာနိ, စတ္တာရီသမ္ပိ ဝဿာနိ။ တေ အပရေန သမယေန သုနှာတာ သုဝိလိတ္တာ ကပ္ပိတကေသမဿူ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတာ သမင်္ဂီဘူတာ ပရိစာရေန္တိ။ ဣဓ ပနာဟံ, ဘန္တေ, ဘိက္ခူ ပဿာမိ ယာဝဇီဝံ အာပါဏကောဋိကံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တေ။ န ခေါ ပနာဟံ, ဘန္တေ, ဣတော ဗဟိဒ္ဓါ အညံ ဧဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ သမနုပဿာမိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’’တိ။

၃၆၇။ မင်းကြီး သင်မင်းကြီးသည် အဘယ်အကျိုးကို မြင်သည်ဖြစ်၍ ဤခန္ဓာကိုယ်၌ ဤသို့့သဘောရှိသော အလွန်အကြူးရိုသေခြင်းကို ပြုဘိသနည်း၊ ချစ်ခင်လေးစားမှုကို ပြုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဥ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။ မြတ်စွာဘုရား အကျွန်ုပ်သည် ဤလောက၌ ဆယ်နှစ် အနှစ်နှစ်ဆယ်အနှစ်သုံးဆယ် အနှစ်လေးဆယ်တို့ပတ်လုံး အပိုင်းအခြားပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သောသမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။ ထိုသမဏ ဗြာဟ္မဏတို့သည် နောက်အခါ၌ ကောင်းစွာရေချိုးလိမ်းကျံ စီမံပြုပြင်ထားသော ဆံမုတ်ဆိတ်တို့ ရှိကုန်သည်ဖြစ်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံ ခံစားကြကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ အကျွန်ုပ်သည် အသက်ရှည်သမျှ အသက်ဆုံးသည့်တိုင်အောင် စင်ကြယ်သောအကျင့်ကို ကျင့်ကုန်သော ရဟန်းတို့ကို တွေ့မြင်ရပါ၏။ အသျှင်ဘုရားအကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ပြည့်စုံစင်ကြယ်သော မြတ်သောအကျင့်ကိုမမြင်မိပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဥ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။

“But, Great King, for what reason do you demonstrate such utmost deference for this body, conveying your manifest love?” “Sir, I infer about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’ It happens, sir, that I see some ascetics and brahmins leading the spiritual life only for a limited period: ten, twenty, thirty, or forty years. Some time later—nicely bathed and anointed, with hair and beard dressed—they amuse themselves, supplied and provided with the five kinds of sensual stimulation. But here I see the mendicants leading the spiritual life entirely full and pure as long as they live, to their last breath. I don’t see any other spiritual life elsewhere so full and pure. That’s why I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

၃၆၈။ ‘‘ပုန စပရံ, ဘန္တေ, ရာဇာနောပိ ရာဇူဟိ ဝိဝဒန္တိ, ခတ္တိယာပိ ခတ္တိယေဟိ ဝိဝဒန္တိ, ဗြာဟ္မဏာပိ ဗြာဟ္မဏေဟိ ဝိဝဒန္တိ, ဂဟပတယောပိ ဂဟပတီဟိ ဝိဝဒန္တိ, မာတာပိ ပုတ္တေန ဝိဝဒတိ, ပုတ္တောပိ မာတရာ ဝိဝဒတိ, ပိတာပိ ပုတ္တေန ဝိဝဒတိ, ပုတ္တောပိ ပိတရာ ဝိဝဒတိ, ဘာတာပိ ဘဂိနိယာ ဝိဝဒတိ, ဘဂိနီပိ ဘာတရာ ဝိဝဒတိ, သဟာယောပိ သဟာယေန ဝိဝဒတိ။ ဣဓ ပနာဟံ, ဘန္တေ, ဘိက္ခူ ပဿာမိ သမဂ္ဂေ သမ္မောဒမာနေ အဝိဝဒမာနေ ခီရောဒကီဘူတေ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တေ ဝိဟရန္တေ။ န ခေါ ပနာဟံ, ဘန္တေ, ဣတော ဗဟိဒ္ဓါ အညံ ဧဝံ သမဂ္ဂံ ပရိသံ သမနုပဿာမိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၆၈။ အသျှင်ဘုရား နောက်တစ်မျိုးကား မင်းအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ မင်းမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ ပုဏ္ဏားမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သားနှင့်အမိလည်း ငြင်းခုံ၏၊ အမိနှင့်သားလည်း ငြင်းခုံ၏၊ သားနှင့်အဖလည်း ငြင်းခုံ၏၊ အဖနှင့်သားလည်း ငြင်းခုံ၏၊ နှမနှင့်မောင်လည်း ငြင်းခုံ၏၊ မောင်နှင့်နှမလည်းငြင်းခုံ၏၊ မိတ်ဆွေ အချင်းချင်းလည်း ငြင်းခုံ၏။ အသျှင်ဘုရား ထိုမှတစ်ပါး ဤသာသနာတော်၌ အညီအညွတ် ဝမ်းမြောက်ကုန်သည်ဖြစ်၍ နို့နှင့်ရေသဖွယ် ဖြစ်ကုန်လျက် အချင်းချင်းချစ်ခင်သေော မျက်စိတို့ဖြင့် ရှုကြည့်ကုန်လျက် နေကြကုန်သော ရဟန်းတော်တို့ကို အကျွန်ုပ်သည် တွေ့မြင်ရပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ညီညွတ်သော ပရိသတ်ကို မမြင်ရပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့လည်း အကျွန်ုပ်အား တရားတော်သို့ အစဥ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, kings fight with kings, aristocrats fight with aristocrats, brahmins fight with brahmins, householders fight with householders. A mother fights with her child, child with mother, father with child, and child with father. Brother fights with brother, brother with sister, sister with brother, and friend fights with friend. But here I see the mendicants living in harmony, appreciating each other, without dispute, blending like milk and water, and regarding each other with kindly eyes. I don’t see any other assembly elsewhere so harmonious. So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

စာ-၃၂၃

၃၆၉။ ‘‘ပုန စပရာဟံ, ဘန္တေ, အာရာမေန အာရာမံ, ဥယျာနေန ဥယျာနံ အနုစင်္ကမာမိ အနုဝိစရာမိ။ သောဟံ တတ္ထ ပဿာမိ ဧကေ သမဏဗြာဟ္မဏေ ကိသေ လူခေ ဒုဗ္ဗဏ္ဏေ ဥပ္ပဏ္ဍုပ္ပဏ္ဍုကဇာတေ ဓမနိသန္ထတဂတ္တေ, န ဝိယ မညေ စက္ခုံ ဗန္ဓန္တေ ဇနဿ ဒဿနာယ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဒ္ဓါ ဣမေ အာယသ္မန္တော အနဘိရတာ ဝါ ဗြဟ္မစရိယံ စရန္တိ, အတ္ထိ ဝါ တေသံ ကိဉ္စိ ပါပံ ကမ္မံ ကတံ ပဋိစ္ဆန္နံ၊ တထာ ဟိ ဣမေ အာယသ္မန္တော ကိသာ လူခါ ဒုဗ္ဗဏ္ဏာ ဥပ္ပဏ္ဍုပ္ပဏ္ဍုကဇာတာ ဓမနိသန္ထတဂတ္တာ, န ဝိယ မညေ စက္ခုံ ဗန္ဓန္တိ ဇနဿ ဒဿနာယာ’တိ။ တျာဟံ ဥပသင်္ကမိတွာ ဧဝံ ဝဒါမိ – ‘ကိံ နု ခေါ တုမှေ အာယသ္မန္တော ကိသာ လူခါ ဒုဗ္ဗဏ္ဏာ ဥပ္ပဏ္ဍုပ္ပဏ္ဍုကဇာတာ ဓမနိသန္ထတဂတ္တာ, န ဝိယ မညေ စက္ခုံ ဗန္ဓထ ဇနဿ ဒဿနာယာ’တိ? တေ ဧဝမာဟံသု – ‘ဗန္ဓုကရောဂေါ နော [ပဏ္ဍုကရောဂိနော (က။)], မဟာရာဇာ’တိ။ ဣဓ ပနာဟံ, ဘန္တေ, ဘိက္ခူ ပဿာမိ ဟဋ္ဌပဟဋ္ဌေ ဥဒဂ္ဂုဒဂ္ဂေ အဘိရတရူပေ ပီဏိန္ဒြိယေ [ပီဏိတိန္ဒြိယေ (သီ။ ပီ။)] အပ္ပေါဿုက္ကေ ပန္နလောမေ ပရဒတ္တဝုတ္တေ မိဂဘူတေန စေတသာ ဝိဟရန္တေ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဒ္ဓါ ဣမေ အာယသ္မန္တော တဿ ဘဂဝတော သာသနေ ဥဠာရံ ပုဗ္ဗေနာပရံ ဝိသေသံ ဇာနန္တိ၊ တထာ ဟိ ဣမေ အာယသ္မန္တော ဟဋ္ဌပဟဋ္ဌာ ဥဒဂ္ဂုဒဂ္ဂါ အဘိရတရူပါ ပီဏိန္ဒြိယာ အပ္ပေါဿုက္ကာ ပန္နလောမာ ပရဒတ္တဝုတ္တာ မိဂဘူတေန စေတသာ ဝိဟရန္တီ’တိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၆၉။ အသျှင်ဘုရား နောက်တစ်မျိုးကား အကျွန်ုပ်သည် အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဥ် တစ်ခုမှဥယျာဥ်တစ်ခုသို့ လမ်းလျှောက်လှည့်လည်ပါ၏၊ ထိုအကျွန်ုပ်သည် ထိုအရံဥယျာဥ်တို့၌ ကြည့်ရှုရန်လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်သည့် ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သောအဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “ဤအသျှင်တို့သည် မချွတ်ဧကန် မမွေ့လျော်ကုန်ဘဲသာလျှင်မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ ထိုအသျှင်တို့အား ပြုမိ၍ ဖုံးလွှမ်းထားသော တစ်စုံတစ်ခုသောမကောင်းမှုသည် ရှိတန်ရာ၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ကြုံလှီကုန်၏၊ ခေါင်းပါးကုန်၏၊ မလှမပ ဖြစ်ကုန်၏၊ ဖျော့တော့သော အဆင်းရှိကုန်၏၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်၏၊ ကြည့်ရှုရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်ကုန်၏”ဟု ဤသို့သော အကြံသည် ဖြစ်ပါ၏။ အကျွန်ုပ်သည် ထိုရဟန်းတို့သို့ ချဥ်းကပ်၍ “အသျှင်တို့ သင်တို့သည် အဘယ်အကြောင်းကြောင့်ကြည့်ရှု ရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သော အဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သနည်း”ဟု ဆိုခဲ့၏။ ထိုရဟန်းပုဏ္ဏားတို့သည်“မင်းကြီး ငါတို့အား အမျိုးလိုက် ဖြစ်သည့်ရောဂါရှိ၏”ဟု ဆိုကြကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက် တက်ကြွ၍အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး ‘မာန်’ ကိုချထားပြီးလျှင် သူတစ်ပါးပေးသောပစ္စည်းဖြင့် အသက်မွေးကုန်သော သားသမင်စိတ်ထားဖြင့် နေကြသည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက်တက်ကြွ၍ အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး‘မာန်’ ကို ချထားပြီးလျှင် သူတစ်ပါးတို့ ပေးသော ပစ္စည်းဖြင့် အသက်မွေးကုန်သည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေကြကုန်၏”ဟု အကြံဖြစ်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ်တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, I have walked and wandered from monastery to monastery and from park to park. There I’ve seen some ascetics and brahmins who are thin, haggard, pale, and veiny—hardly a captivating sight for people, you’d think. It occurred to me: ‘Clearly these venerables lead the spiritual life dissatisfied, or they’re hiding some bad deed they’ve done. That’s why they’re thin, haggard, pale, and veiny—hardly a captivating sight for people, you’d think.’ I went up to them and said: ‘Venerables, why are you so thin, haggard, pale, and veiny—hardly a captivating sight for people, you’d think?’ They say: ‘We have jaundice, Great King.’ But here I see mendicants always smiling and joyful, obviously happy, with cheerful faces, living relaxed, unruffled, surviving on charity, their hearts free as a wild deer. It occurred to me: ‘Clearly these venerables have realized a higher distinction in the Buddha’s instructions than they had before. That’s why these venerables are always smiling and joyful, obviously happy, with cheerful faces, living relaxed, unruffled, surviving on charity, their hearts free as a wild deer.’ So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

၃၇၀။ ‘‘ပုန စပရာဟံ, ဘန္တေ, ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော၊ ပဟောမိ ဃာတေတာယံ ဝါ ဃာတေတုံ, ဇာပေတာယံ ဝါ ဇာပေတုံ, ပဗ္ဗာဇေတာယံ ဝါ ပဗ္ဗာဇေတုံ။ တဿ မယှံ, ဘန္တေ, အဍ္ဍကရဏေ နိသိန္နဿ အန္တရန္တရာ ကထံ ဩပါတေန္တိ။ သောဟံ န လဘာမိ – ‘မာ မေ ဘောန္တော အဍ္ဍကရဏေ နိသိန္နဿ အန္တရန္တရာ ကထံ ဩပါတေထ [ဩပါတေန္တု (သီ။) ဥပရိသေလသုတ္တေ ပန ‘‘ဩပါတေထာ’’တိယေဝ ဒိဿတိ], ကထာပရိယောသာနံ မေ ဘောန္တော အာဂမေန္တူ’တိ။ တဿ မယှံ, ဘန္တေ, အန္တရန္တရာ ကထံ ဩပါတေန္တိ။ ဣဓ ပနာဟံ, ဘန္တေ, ဘိက္ခူ ပဿာမိ၊ ယသ္မိံ သမယေ ဘဂဝါ အနေကသတာယ ပရိသာယ ဓမ္မံ ဒေသေတိ, နေဝ တသ္မိံ သမယေ ဘဂဝတော သာဝကာနံ ခိပိတသဒ္ဒေါ ဝါ ဟောတိ ဥက္ကာသိတသဒ္ဒေါ ဝါ။ ဘူတပုဗ္ဗံ, ဘန္တေ, ဘဂဝါ အနေကသတာယ ပရိသာယ ဓမ္မံ ဒေသေတိ။ တတြညတရော ဘဂဝတော သာဝကော ဥက္ကာသိ။ တမေနံ အညတရော သဗြဟ္မစာရီ ဇဏ္ဏုကေန ဃဋ္ဋေသိ – ‘အပ္ပသဒ္ဒေါ အာယသ္မာ ဟောတု, မာယသ္မာ သဒ္ဒမကာသိ၊ သတ္ထာ နော ဘဂဝါ ဓမ္မံ ဒေသေတီ’တိ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! အဒဏ္ဍေန ဝတ ကိရ, ဘော, အသတ္ထေန ဧဝံ သုဝိနီတာ ပရိသာ ဘဝိဿတီ’တိ! န ခေါ ပနာဟံ, ဘန္တေ, ဣတော ဗဟိဒ္ဓါ အညံ ဧဝံ သုဝိနီတံ ပရိသံ သမနုပဿာမိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၇၀။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဦးထိပ်၌ အဘိသိက်သွန်းထားသော မင်းမျိုးစင်စစ်မင်းဖြစ်သော အကျွန်ုပ်သည် သတ်ထိုက်သောသူကို သတ်ရန်လည်းကောင်း ပစွည်းဆုံးရှုံးစေသင့်သူကိုလည်း ပစွည်းဆုံးရှုံးစေရန်လည်းကောင်း နှင်ထုတ်ထိုက်သူကိုလည်း နှင်ထုတ်ရန်လည်းကောင်း စွမ်းနိုင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် တရားဆုံးဖြတ်ရာ၌ ထိုင်နေစဥ် အကြားအကြား၌ စကားပြောဆိုကြကုန်၏။ ထိုအကျွန်ုပ်သည် အမောင်တို့ တရားဆုံးဖြတ်ရာ၌ ငါထိုင်နေစဥ် အကြားအကြား၌ စကားမပြောဆိုကြကုန်လင့်၊ အမောင်တို့ ငါ၏ စကား ပြီးဆုံးသည့်တိုင်အောင် ဆိုင်းငံ့ကြကုန်ဦးလော့ဟု ဆိုပါသော်လည်း မရပါ။ အသျှင်ဘုရား ထိုအကျွန်ုပ်အား အကြားအကြား၌ စကားပြောဆိုကြပါကုန်၏။ အသျှင်ဘုရား ဤသာသနာတော်ဝယ် အရာမက များစွာသော ပရိသတ်၌ မြတ်စွာဘုရား တရား ဟောတော်မူသောအခါ ချေဆတ်သံ ချောင်းဟန့်သံ မရှိသည့် မြတ်စွာဘုရား၏ တပည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ရပါ၏။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ မြတ်စွာဘုရားသည် အရာမက များစွာသော ပရိသတ်၌တရားတော်ကို ဟောတော်မူ၏၊ ထိုပရိသတ်၌ မြတ်စွာဘုရား၏ တပည့်တစ်ဦးသည် ချောင်း ဟန့်၏၊ ထိုရဟန်းကို သီတင်းသုံး ဖော်တစ်ဦးက “အသျှင်သည် တိတ်ဆိတ်ပါလော့၊ အသျှင်သည် အသံမပြုပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် တရားဟောတော်မူ၏”ဟု ဒူးဖြင့်တို့၏။ အသျှင်ဘုရားထိုအကျွန်ုပ်အား “အချင်းတို့ အံဖွယ်ရှိပါပေစွ တကား၊ အချင်းတို့ မဖြစ်ဘူးမြဲ ဖြစ်လေစွတကား၊ အချင်းတို့ တုတ်လှံတံမပါဘဲ ဓားလက်နက်မပါဘဲ ပရိသတ်ကို ကောင်းစွာ ဆုံးမထားနိုင်လေစွတကား”ဟု အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ ဤသို့ ကောင်းစွာ ဆုံးမထားသော အခြားပရိသတ်ကို မမြင်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထား တော်မူပါပေ၏၊ မြတ်စွာ ဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရား နှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, as an anointed aristocratic king I am able to execute, fine, or banish those who are guilty. Yet when I’m sitting in court they interrupt me. And I can’t get them to stop interrupting me and wait until I’ve finished speaking. But here I see the mendicants while the Buddha is teaching an assembly of many hundreds, and there is no sound of his disciples coughing or clearing their throats. Once it so happened that the Buddha was teaching an assembly of many hundreds. Then one of his disciples cleared their throat. And one of their spiritual companions nudged them with their knee, to indicate: ‘Hush, venerable, don’t make a sound! Our teacher, the Blessed One, is teaching!’ It occurred to me: ‘Oh lord, how incredible, how amazing, how an assembly can be so well trained without rod or sword!’ I don’t see any other assembly elsewhere so well trained. So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

စာ-၃၂၄

၃၇၁။ ‘‘ပုန စပရာဟံ, ဘန္တေ, ပဿာမိ ဣဓေကစ္စေ ခတ္တိယပဏ္ဍိတေ နိပုဏေ ကတပရပ္ပဝါဒေ ဝါလဝေဓိရူပေ။ တေ ဘိန္ဒန္တာ [ဝေါဘိန္ဒန္တာ (သီ။)] မညေ စရန္တိ ပညာဂတေန ဒိဋ္ဌိဂတာနိ။ တေ သုဏန္တိ – ‘သမဏော ခလု, ဘော, ဂေါတမော အမုကံ နာမ ဂါမံ ဝါ နိဂမံ ဝါ ဩသရိဿတီ’တိ။ တေ ပဉှံ အဘိသင်္ခရောန္တိ – ‘ဣမံ မယံ ပဉှံ သမဏံ ဂေါတမံ ဥပသင်္ကမိတွာ ပုစ္ဆိဿာမ။ ဧဝံ စေ နော ပုဋ္ဌော ဧဝံ ဗျာကရိဿတိ, ဧဝမဿ မယံ ဝါဒံ အာရောပေဿာမ၊ ဧဝံ စေပိ နော ပုဋ္ဌော ဧဝံ ဗျာကရိဿတိ, ဧဝမ္ပိဿ မယံ ဝါဒံ အာရောပေဿာမာ’တိ။ တေ သုဏန္တိ – ‘သမဏော ခလု, ဘော, ဂေါတမော အမုကံ နာမ ဂါမံ ဝါ နိဂမံ ဝါ ဩသဋော’တိ။ တေ ယေန ဘဂဝါ တေနုပသင်္ကမန္တိ။ တေ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတာ သမာဒပိတာ သမုတ္တေဇိတာ သမ္ပဟံသိတာ န စေဝ ဘဂဝန္တံ ပဉှံ ပုစ္ဆန္တိ, ကုတော ဝါဒံ အာရောပေဿန္တိ? အညဒတ္ထု ဘဂဝတော သာဝကာ သမ္ပဇ္ဇန္တိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ ‘သမ္မာ– သမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၇၁။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အကျွန်ုပ်သည် သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့ အယူကို လေ့လာပြီးဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့်တူကုန်သော အချို့သော မင်းမျိုးပညာရှိတို့ကိုလည်း တွေ့မြင်ရပါ၏၊ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုပညာရှိမင်းတို့သည် “ရဟန်းဂေါတမသည့်ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ ကပ်၍ မေးကြကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူ ထိုရဟန်းဂေါတမအား ငါတို့သည်ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်းဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်း ဝါဒတင်ကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။ ထိုပညာရှိမင်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤအမည်ရှိသော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုပညာရှိမင်းတို့သည် မြတ်စွာဘုရားအထံ ချဥ်းကပ်ကြကုန်၏၊ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏။ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေအပ်ပြီဖြစ်ရကား မြတ်စွာဘုရားအားပြဿနာကိုလည်း မမေးကြကုန်၊ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း။ အမှန်အားဖြင့် မြတ်စွာဘုရား၏တပည့်တို့သည်သာ ဖြစ်ကြရကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, I’ve seen some astute aristocrats who are subtle, accomplished in the doctrines of others, hair-splitters. You’d think they live to demolish convictions with their intellect. They hear: ‘So, gentlemen, that ascetic Gotama will come down to such-and-such village or town.’ They formulate a question, thinking: ‘We’ll approach the ascetic Gotama and ask him this question. If he answers like this, we’ll refute him like that; and if he answers like that, we’ll refute him like this.’ When they hear that he has come down they approach him. The Buddha educates, encourages, fires up, and inspires them with a Dhamma talk. They don’t even get around to asking their question to the Buddha, so how could they refute his answer? Invariably, they become his disciples. So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

စာ-၃၂၅

၃၇၂။ ‘‘ပုန စပရာဟံ, ဘန္တေ, ပဿာမိ ဣဓေကစ္စေ ဗြာဟ္မဏပဏ္ဍိတေ…ပေ… ဂဟပတိပဏ္ဍိတေ…ပေ… သမဏပဏ္ဍိတေ နိပုဏေ ကတပရပ္ပဝါဒေ ဝါလဝေဓိရူပေ။ တေ ဘိန္ဒန္တာ မညေ စရန္တိ ပညာဂတေန ဒိဋ္ဌိဂတာနိ။ တေ သုဏန္တိ – ‘သမဏော ခလု, ဘော, ဂေါတမော အမုကံ နာမ ဂါမံ ဝါ နိဂမံ ဝါ ဩသရိဿတီ’တိ။ တေ ပဉှံ အဘိသင်္ခရောန္တိ – ‘ဣမံ မယံ ပဉှံ သမဏံ ဂေါတမံ ဥပသင်္ကမိတွာ ပုစ္ဆိဿာမ။ ဧဝံ စေ နော ပုဋ္ဌော ဧဝံ ဗျာကရိဿတိ, ဧဝမဿ မယံ ဝါဒံ အာရောပေဿာမ၊ ဧဝံ စေပိ နော ပုဋ္ဌော ဧဝံ ဗျာကရိဿတိ, ဧဝမ္ပိဿ မယံ ဝါဒံ အာရောပေဿာမာ’တိ။ တေ သုဏန္တိ – ‘သမဏော ခလု, ဘော, ဂေါတမော အမုကံ နာမ ဂါမံ ဝါ နိဂမံ ဝါ ဩသဋော’တိ။ တေ ယေန ဘဂဝါ တေနုပသင်္ကမန္တိ။ တေ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတာ သမာဒပိတာ သမုတ္တေဇိတာ သမ္ပဟံသိတာ န စေဝ ဘဂဝန္တံ ပဉှံ ပုစ္ဆန္တိ, ကုတော ဝါဒံ အာရောပေဿန္တိ? အညဒတ္ထု ဘဂဝန္တံယေဝ ဩကာသံ ယာစန္တိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယ။ တေ ဘဂဝါ ပဗ္ဗာဇေတိ။ တေ တထာပဗ္ဗဇိတာ သမာနာ ဧကာ ဝူပကဋ္ဌာ အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရန္တာ နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။ တေ ဧဝမာဟံသု – ‘မနံ ဝတ, ဘော, အနဿာမ၊ မနံ ဝတ, ဘော, ပနဿာမ’။ မယဉှိ ပုဗ္ဗေ အဿမဏာဝ သမာနာ သမဏာမှာတိ ပဋိဇာနိမှာ, အဗြာဟ္မဏာဝ သမာနာ ဗြာဟ္မဏာမှာတိ ပဋိဇာနိမှာ, အနရဟန္တောဝ သမာနာ အရဟန္တာမှာတိ ပဋိဇာနိမှာ။ ‘ဣဒါနိ ခေါမှ သမဏာ, ဣဒါနိ ခေါမှ ဗြာဟ္မဏာ, ဣဒါနိ ခေါမှ အရဟန္တော’တိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၇၂။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း အကျွန်ုပ်သည် ဤလောက၌ အချို့ ပုဏ္ဏားပညာရှိ။ပ။ အချို့ သူကြွယ်ပညာရှိ။ပ။ သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့အယူကို လေ့လာပြီး ဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့် တူကုန်သော အချို့ရဟန်းပညာရှိတို့ကို တွေ့မြင်ရပါ၏။ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုသူတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း သက်ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ကပ်၍ မေးကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူထိုရဟန်းဂေါတမအား ငါတို့သည် ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်း ဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်းဝါဒတင်ကြကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။ ထိုပညာရှိရဟန်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေပြီးဖြစ်ရကား မြတ်စွာဘုရားအား ပြဿနာကိုလည်း မမေးကြကုန်။ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း၊ အမှန်အားဖြင့် မြတ်စွာဘုရားကိုသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရန် ခွင့်တောင်းကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် ရှင်ရဟန်းပြုပေး၏၊ ရှင်ရဟန်းဖြစ်ပြီးသော ထိုသူတို့သည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သည်ရှိသော် မကြာမြင့်မီသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလား တောင့်တအပ့်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမဲ့ အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေကြကုန်၏။ ထိုသူတို့သည် “ရှေးအခါက ငါတို့သည် ရဟန်းမဟုတ်ကြကုန်ဘဲလျက် ရဟန်းဟု ဝန်ခံခဲ့ကြကုန်ပြီ၊ ငါတို့သည် မကောင်းမှုကို အပပြုအပ်ပြီးသူ မဟုတ်ကြကုန်ဘဲလျက် မကောင်းမှုကို အပပြုအပ်ပြီးသူတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာတို့ မဟုတ်ကြကုန်ဘဲလျက် ပူဇော်အထူးကိုခံထိုက်သော ရဟန္တာတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့ သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် မကောင်းမှုကိုအပပြုပြီးသူအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ပူဇော်အထူးကို ခံထိုက်သော ရဟန္တာအစစ် ဖြစ်ကြကုန်ပြီ။ အချင်းတို့ ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲရှိကြကုန်၏၊ အချင်းတို့ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲ ရှိကြရကုန်၏”ဟု ပြောဆိုကြကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည်မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်း မြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, I see some astute brahmins … some astute householders … some astute ascetics who are subtle, accomplished in the doctrines of others, hair-splitters. … They don’t even get around to asking their question to the Buddha, so how could they refute his answer? Invariably, they ask the Buddha for the chance to go forth. And he gives them the going-forth. Soon after going forth, living withdrawn, diligent, keen, and resolute, they realize the supreme culmination of the spiritual path in this very life. They live having achieved with their own insight the goal for which gentlemen rightly go forth from the lay life to homelessness. They say: ‘We were almost lost! We almost perished! For we used to claim that we were ascetics, brahmins, and perfected ones, but we were none of these things. But now we really are ascetics, brahmins, and perfected ones!’ So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

၃၇၃။ ‘‘ပုန စပရာဟံ, ဘန္တေ, ဣမေ ဣသိဒတ္တပုရာဏာ ထပတယော မမဘတ္တာ မမယာနာ, အဟံ နေသံ ဇီဝိကာယ [ဇီဝိတဿ (သီ။), ဇီဝိကံ (သီ။ အဋ္ဌ။), ဇီဝိတံ (သျာ။ ကံ။ ပီ။ က။)] ဒါတာ, ယသဿ အာဟတ္တာ၊ အထ စ ပန နော တထာ မယိ နိပစ္စကာရံ ကရောန္တိ ယထာ ဘဂဝတိ။ ဘူတပုဗ္ဗာဟံ, ဘန္တေ, သေနံ အဗ္ဘုယျာတော သမာနော ဣမေ စ ဣသိဒတ္တပုရာဏာ ထပတယော ဝီမံသမာနော အညတရသ္မိံ သမ္ဗာဓေ အာဝသထေ ဝါသံ ဥပဂစ္ဆိံ။ အထ ခေါ, ဘန္တေ, ဣမေ ဣသိဒတ္တပုရာဏာ ထပတယော ဗဟုဒေဝ ရတ္တိံ ဓမ္မိယာ ကထာယ ဝီတိနာမေတွာ, ယတော အဟောသိ ဘဂဝါ [အဿောသုံ ခေါ ဘဂဝန္တံ (သီ။ သျာ။ ကံ။ ပီ။)] တတော သီသံ ကတွာ မံ ပါဒတော ကရိတွာ နိပဇ္ဇိံသု။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! ဣမေ ဣသိဒတ္တပုရာဏာ ထပတယော မမဘတ္တာ မမယာနာ, အဟံ နေသံ ဇီဝိကာယ ဒါတာ, ယသဿ အာဟတ္တာ၊ အထ စ ပန နော တထာ မယိ နိပစ္စကာရံ ကရောန္တိ ယထာ ဘဂဝတိ။ အဒ္ဓါ ဣမေ အာယသ္မန္တော တဿ ဘဂဝတော သာသနေ ဥဠာရံ ပုဗ္ဗေနာပရံ ဝိသေသံ ဇာနန္တီ’တိ။ အယမ္ပိ ခေါ မေ, ဘန္တေ, ဘဂဝတိ ဓမ္မနွယော ဟောတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော’တိ။

၃၇၃။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့ သည်အကျွန်ုပ်၏ ထမင်းရိက္ခာကို စားကြကုန်၏၊ အကျွန်ုပ်၏ ယာဥ်တို့ကို စီးကြကုန်၏၊ အကျွန်ုပ်သည်ထိုသူတို့၏ အသက်သခင် ဖြစ်၏၊ စည်းစိမ်ဆောင်နှင်းပေးထား၏။ သို့ရာတွင် မြတ်စွာဘုရား၌ အရိုအသေပြုကြကုန်သကဲ့သို့ အကျွန်ုပ်၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်။ အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်မှာ အကျွန်ုပ်သည် စစ်ချီတက်လတ်သော် လက်သမားဖြစ်ကြသော ဣသိဒတ္တနှင့် ပုရာဏတို့ကိုစုံစမ်းလိုသည်ဖြစ်၍ ကျဥ်းမြောင်းသော နေရာတစ်ခု၌ ကပ်ရောက်နေထိုင်၏။ အသျှင်ဘုရား ထိုအခါလက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် များစွာသော ညဥ့်တို့ပတ်လုံး တရားစကားဖြင့်လွန်စေ၍ မြတ်စွာဘုရားရှိရာ အရပ်သို့ ဦးခေါင်းပြုကာ အကျွန်ုပ်ကို ခြေရင်းဘက်ပြုလျက် အိပ်ကြကုန်၏။ အသျှင်ဘုရား ထိုအကျွန်ုပ်မှာ “အချင်းတို့ အံဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ တကား၊ လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် ငါ၏ ထမင်းရိက္ခာကို စားကြကုန်၏၊ ငါ၏ယာဥ်ကို စီးကြကုန်၏၊ ငါသည် ထိုသူတို့၏ အသက်သခင် ဖြစ်၏။ ငါသည် ထိုသူတို့အား စည်းစိမ် ကိုဆောင်နှင်းပေးထား၏၊ သို့ရာတွင် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကြကုန်သကဲ့သို့ ငါ၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်၊ အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်သည် ဖြစ်လတ္တံ့”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

Furthermore, these chamberlains Isidatta and Purāṇa share my meals and my carriages. I give them a livelihood and bring them renown. And yet they don’t show me the same level of deference that they show to the Buddha. Once it so happened that while I was leading a military campaign and testing Isidatta and Purāṇa I took up residence in a cramped house. They spent much of the night discussing the teaching, then they lay down with their heads toward where the Buddha was and their feet toward me. It occurred to me: ‘Oh lord, how incredible, how amazing! These chamberlains Isidatta and Purāṇa share my meals and my carriages. I give them a livelihood and bring them renown. And yet they don’t show me the same level of deference that they show to the Buddha. Clearly these venerables have realized a higher distinction in the Buddha’s instructions than they had before.’ So I infer this about the Buddha from the teaching: ‘The Blessed One is a fully awakened Buddha. The teaching is well explained. The Saṅgha is practicing well.’

စာ-၃၂၆

၃၇၄။ ‘‘ပုန စပရံ, ဘန္တေ, ဘဂဝါပိ ခတ္တိယော, အဟမ္ပိ ခတ္တိယော၊ ဘဂဝါပိ ကောသလော, အဟမ္ပိ ကောသလော၊ ဘဂဝါပိ အာသီတိကော, အဟမ္ပိ အာသီတိကော။ ယမ္ပိ, ဘန္တေ, ဘဂဝါပိ ခတ္တိယော အဟမ္ပိ ခတ္တိယော, ဘဂဝါပိ ကောသလော အဟမ္ပိ ကောသလော, ဘဂဝါပိ အာသီတိကော အဟမ္ပိ အာသီတိကော၊ ဣမိနာဝါရဟာမေဝါဟံ [ဣမိနာပါဟံ (က။)], ဘန္တေ, ဘဂဝတိ ပရမနိပစ္စကာရံ ကာတုံ, မိတ္တူပဟာရံ ဥပဒံသေတုံ။ ဟန္ဒ, စ ဒါနိ မယံ, ဘန္တေ, ဂစ္ဆာမ၊ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တွံ, မဟာရာဇ, ကာလံ မညသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ ဘဂဝါ အစိရပက္ကန္တဿ ရညော ပသေနဒိဿ ကောသလဿ ဘိက္ခူ အာမန္တေသိ – ‘‘ဧသော, ဘိက္ခဝေ, ရာဇာ ပသေနဒိ ကောသလော ဓမ္မစေတိယာနိ ဘာသိတွာ ဥဋ္ဌာယာသနာ ပက္ကန္တော။ ဥဂ္ဂဏှထ, ဘိက္ခဝေ, ဓမ္မစေတိယာနိ၊ ပရိယာပုဏာထ, ဘိက္ခဝေ, ဓမ္မစေတိယာနိ၊ ဓာရေထ, ဘိက္ခဝေ, ဓမ္မစေတိယာနိ။ အတ္ထသံဟိတာနိ, ဘိက္ခဝေ, ဓမ္မစေတိယာနိ အာဒိဗြဟ္မစရိယကာနီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဓမ္မစေတိယသုတ္တံ နိဋ္ဌိတံ နဝမံ။

၃၇၄။ အသျှင်ဘုရား တစ်ဖန် ထို့ ပြင်လည်း မြတ်စွာဘုရားလည်း မင်းမျိုးဖြစ်၍ အကျွန်ုပ်လည်းမင်းမျိုးဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း ကောသလတိုင်းသား ဖြစ်တော်မူ၍ အကျွန်ုပ်လည်း ကောသလတိုင်းသား ဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း သက်တော်ရှစ်ဆယ်ရှိတော်မူ၍ အကျွန်ုပ်လည်းအသက်ရှစ်ဆယ် ရှိပါ၏။ အသျှင်ဘုရား ဤသို့သော အကြောင်းကြောင့်လည်း အကျွန်ုပ်သည်မြတ်စွာဘုရား၌ အလွန် အကြူး ရိုသေခြင်းကို ပြုခြင်းငှါ တတ်ကောင်းပါ၏၊ ချစ်ခင်လေးစားမှုကိုပြခြင်းငှါ တတ်ကောင်းပါ၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည့်များစွာသော ပြုဖွယ်ကိစ္စ ရှိကြပါ ကုန်၏ဟု (လျှောက်၏)။ မင်းကြီး သင်ယခု သွားရန် အချိန်ကို သိ၏ (သွားရန်မှာ သင်မင်းကြီး၏ အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါပသေနဒိကောသလမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒိကောသလမင်းကြီးဖဲသွား၍ မကြာမြင့်မီပင် ရဟန်းတို့ကိုခေါ်တော်မူ၍ “ရဟန်းတို့ ဤပသေနဒိကောသလမင်းကြီးသည် တရား၌ အရိုအသေပြုမှုတို့ကို ပြောကြား၍ နေရာမှ ထကာ ဖဲသွား၏၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့ကို သင်ယူကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို အဖန်တစ်လဲလဲ လေ့ကျက်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့သည် အကျိုးစီးပွားနှင့်စပ်ကုန်၏၊ မဂ်တည်းဟူသော မြတ်သော အကျင့်၏ အစအဦးဖြစ်ကုန်၏”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကိုဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။ ကိုးခုမြောက် ဓမ္မစေတိယသုတ် ပြီး၏။

Furthermore, the Buddha is an aristocrat, and so am I. The Buddha is Kosalan, and so am I. The Buddha is eighty years old, and so am I. Since this is so, it’s proper for me to act with such utmost deference for the Buddha and convey my manifest love. Well, now, sir, I must go. I have many duties, and much to do.” “Please, Great King, go at your convenience.” Then King Pasenadi rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. Soon after the king had left, the Buddha addressed the mendicants: “Mendicants, before he got up and left, King Pasenadi spoke shrines to the teaching. Learn these shrines to the teaching! Memorize these shrines to the teaching! Remember these shrines to the teaching! These shrines to the teaching are beneficial and relate to the fundamentals of the spiritual life.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

စာ-၃၂၇

၁၀။ ကဏ္ဏကတ္ထလသုတ္တံ

၃၇၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုညာယံ [ဥဇုညာယံ (သီ။ ပီ။), ဥဒညာယံ (သျာ။ ကံ။)] ဝိဟရတိ ကဏ္ဏကတ္ထလေ မိဂဒါယေ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော ဥရုညံ အနုပ္ပတ္တော ဟောတိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အညတရံ ပုရိသံ အာမန္တေသိ – ‘‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယေန ဘဂဝါ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆ – ‘ရာဇာ, ဘန္တေ, ပသေနဒိ ကောသလော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘အဇ္ဇ ကိရ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိဿတီ’’’တိ။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ သော ပုရိသော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ပုရိသော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ရာဇာ, ဘန္တေ, ပသေနဒိ ကောသလော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတိ၊ ဧဝဉ္စ ဝဒေတိ – ‘အဇ္ဇ ကိရ ဘန္တေ, ရာဇာ ပသေနဒိ ကောသလော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိဿတီ’’’တိ။ အဿောသုံ ခေါ သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ – ‘‘အဇ္ဇ ကိရ ရာဇာ ပသေနဒိ ကောသလော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိဿတီ’’တိ။ အထ ခေါ သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ ရာဇာနံ ပသေနဒိံ ကောသလံ ဘတ္တာဘိဟာရေ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘‘တေန ဟိ, မဟာရာဇ, အမှာကမ္ပိ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆ – ‘သောမာ စ, ဘန္တေ, ဘဂိနီ သကုလာ စ ဘဂိနီ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’’’တိ။

၁၀-ကဏ္ဏကတ္ထလသုတ် ၃၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုညမြို့ ကဏ္ဏကတ္ထလမည်သော သားသမင်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဥရုညမြို့သို့ဆိုက်ရောက်လာ၏၊ ထိုအခါ ပသေနဒိကောသလမင်းသည် ယောကျာ်းတစ်ယောက်ကို ခေါ်၍ “အမောင်ယောကျာ်း သင် လာလော့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့- ‘အသျှင်ဘုရား ပသေနဒိကောသလမင်းကြီးသည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လိုက်ပါ၏’ဟု (လျှောက်လေလော့)။ ‘အသျှင် ဘုရား ပသေနဒီကောသလမင်းသည် ယနေ့ နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဥ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လေလော့”ဟု ပြောဆိုမှာထား၏။ “အရှင်မင်းကြီး ကောင်းပါပြီ”ဟူ၍သာလျှင် ထိုယောကျာ်းသည် ပသေနဒိကောသလမင်းအားပြန်ကြားလျှောက်ထား၍ မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ခါ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်လျက် “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက်ပါ၏- ‘အသျှင်ဘုရား ပသေနဒီကောသလမင်းသည် ယနေ့နံနက် နံနက်စာစားပြီးနောက် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဥ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်ထားလေ၏။ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလ မင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဥ်းကပ်ပါလိမ့်မည်”ဟု ကြားကြကုန်သည်သာတည်း။ ထိုအခါ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းပွဲတော်အုပ်ပို့ဆောင်ရာ၌ ပသေနဒိကောသလမင်းကြီးသို့ ချဥ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏စကားဖြင့်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင့်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါလော့။ အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းမြတ်စွာဘုရား ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်း ကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏ဟု ဤသို့လည်းလျှောက်ပါလော့”ဟု ပြောဆို ကြကုန်၏။

Middle Discourses 90 At Kaṇṇakatthala So I have heard. At one time the Buddha was staying near Ujuññā in the deer park at Kaṇṇakatthala. Now at that time King Pasenadi of Kosala had arrived at Ujuññā on some business. Then he addressed a man, “Please, my man, go to the Buddha, and in my name bow with your head to his feet. Ask him if he is healthy and well, nimble, strong, and living comfortably. And then say: ‘Sir, King Pasenadi of Kosala will come to see you today when he has finished breakfast.’” “Yes, Your Majesty,” that man replied. He did as the king asked. The sisters Somā and Sakulā heard this. While the meal was being served, they approached the king and said, “Great king, since you are going to the Buddha, please bow in our name with your head to his feet. Ask him if he is healthy and well, nimble, strong, and living comfortably.”

၃၇၆။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သောမာ စ, ဘန္တေ, ဘဂိနီ သကုလာ စ ဘဂိနီ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ [ဝန္ဒန္တိ (သီ။ သျာ။ ကံ။ ပီ။)], အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’’တိ [ပုစ္ဆန္တီတိ (သီ။ သျာ။ ကံ။ ပီ။)]။ ‘‘ကိံ ပန, မဟာရာဇ, သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ အညံ ဒူတံ နာလတ္ထု’’န္တိ? ‘‘အဿောသုံ ခေါ, ဘန္တေ, သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ – ‘အဇ္ဇ ကိရ ရာဇာ ပသေနဒိ ကောသလော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိဿတီ’တိ။ အထ ခေါ, ဘန္တေ, သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ မံ ဘတ္တာဘိဟာရေ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘တေန ဟိ, မဟာရာဇ, အမှာကမ္ပိ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆ – သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ, အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’’’တိ။ ‘‘သုခိနိယော ဟောန္တု တာ, မဟာရာဇ, သောမာ စ ဘဂိနီ သကုလာ စ ဘဂိနီ’’တိ။

၃၇၆။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားအထံသို့ချဥ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကိုမေး လျှောက်ပါ၏”ဟု လျှောက်၏။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း အခြားတစ်ပါးသော တမန်ကို မရကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည်ရှိသောနှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက်မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဥ်းကပ်လိမ့် မည်”ဟု ကြားကြကုန်၏။ အသျှင်ဘုရား ထိုအခါသောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည် ရှိသော နှစ်မတော်တို့သည်လည်းပွဲတော်အုပ်ပို့ ဆောင်ရာ၌ အကျွန်ုပ်ကို ချဥ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏ စကားဖြင့်လည်းမြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ လော့၊ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား ၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏”ဟု (ဤစကားကို လျှောက်ထားပါကုန်၏ ဟူ၍လျှောက်၏)။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်ချမ်းသာကြစေကုန် သတည်းဟု မိန့်တော်မူ၏။

When he had finished breakfast, King Pasenadi went to the Buddha, bowed, sat down to one side, and said to him, “Sir, the sisters Somā and Sakulā bow with their heads to your feet. They ask if you are healthy and well, nimble, strong, and living comfortably.” “But, Great King, couldn’t they get any other messenger?” So Pasenadi explained the circumstances of the message. The Buddha said, “May the sisters Somā and Sakulā be happy, Great King.”

စာ-၃၂၈

၃၇၇။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘန္တေ, သမဏော ဂေါတမော ဧဝမာဟ – ‘နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနိဿတိ, နေတံ ဌာနံ ဝိဇ္ဇတီ’တိ။ ယေ တေ, ဘန္တေ, ဧဝမာဟံသု – ‘သမဏော ဂေါတမော ဧဝမာဟ – နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနိဿတိ, နေတံ ဌာနံ ဝိဇ္ဇတီ’တိ၊ ကစ္စိ တေ, ဘန္တေ, ဘဂဝတော ဝုတ္တဝါဒိနော, န စ ဘဂဝန္တံ အဘူတေန အဗ္ဘာစိက္ခန္တိ, ဓမ္မဿ စာနုဓမ္မံ ဗျာကရောန္တိ, န စ ကောစိ သဟဓမ္မိကော ဝါဒါနုဝါဒေါ ဂါရယှံ ဌာနံ အာဂစ္ဆတီ’’တိ? ‘‘ယေ တေ, မဟာရာဇ, ဧဝမာဟံသု – ‘သမဏော ဂေါတမော ဧဝမာဟ – နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနိဿတိ, နေတံ ဌာနံ ဝိဇ္ဇတီ’တိ၊ န မေ တေ ဝုတ္တဝါဒိနော, အဗ္ဘာစိက္ခန္တိ စ ပန မံ တေ အသတာ အဘူတေနာ’’တိ။

၃၇၇။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်ပညာရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည်မရှိနိုင်’ဟု ရဟန်းဂေါတမ ဆို၏ ဟူ၍ အကျွန်ုပ်ကြားရပါ၏။ အသျှင်ဘုရား ‘တရားအလုံးစုံကို သိသောတရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ (ဝန်ခံနိုင်) သော အကြောင်းမျိုးသည် မရှိနိုင်’ဟုရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော အကြောင်းဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ အကြောင်းအားလျော်သော အကြောင်းကိုလည်း ပြောကြားကြပါကုန်၏လော၊ တစ်စုံတစ်ခုအကြောင်းအားလျော်သော ရှေးဦးစွာ ပြောဆိုခြင်း အဆင့်ဆင့် ပြောဆိုခြင်းသည် ကဲရဲ့အပ်သော အရာသို့ မရောက်ဘဲ ရှိပါ၏လော”ဟု လျှောက်၏။ မင်းကြီး “တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သောအကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမ ဆို၏ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည် မဟုတ်ကြကုန်၊ ထိုသူတို့သည် မဟုတ်မမှန်သောအကြောင်းအရာဖြင့်လည်း ငါ့ကို စွပ်စွဲကြကုန်၏”ဟု (မိန့်တော်မူ၏)။

Then the king said to the Buddha, “I have heard, sir, that the ascetic Gotama says this: ‘There is no ascetic or brahmin who will ever claim to be all-knowing and all-seeing, to know and see everything without exception: that is not possible.’ I trust those who say this repeat what the Buddha has said, and do not misrepresent him with an untruth? Is their explanation in line with the teaching? Are there any legitimate grounds for rebuttal and criticism?” “Great king, those who say this do not repeat what I have said. They misrepresent me with what is false and untrue.”

၃၇၈။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဝိဋဋူဘံ သေနာပတိံ အာမန္တေသိ – ‘‘ကော နု ခေါ, သေနာပတိ, ဣမံ ကထာဝတ္ထုံ ရာဇန္တေပုရေ အဗ္ဘုဒါဟာသီ’’တိ? ‘‘သဉ္ဇယော, မဟာရာဇ, ဗြာဟ္မဏော အာကာသဂေါတ္တော’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အညတရံ ပုရိသံ အာမန္တေသိ – ‘‘ဧဟိ တွံ, အမ္ဘော ပုရိသ, မမ ဝစနေန သဉ္ဇယံ ဗြာဟ္မဏံ အာကာသဂေါတ္တံ အာမန္တေဟိ – ‘ရာဇာ တံ, ဘန္တေ, ပသေနဒိ ကောသလော အာမန္တေတီ’’’တိ။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ သော ပုရိသော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ယေန သဉ္ဇယော ဗြာဟ္မဏော အာကာသဂေါတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သဉ္ဇယံ ဗြာဟ္မဏံ အာကာသဂေါတ္တံ ဧတဒဝေါစ – ‘‘ရာဇာ တံ, ဘန္တေ, ပသေနဒိ ကောသလော အာမန္တေတီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သိယာ နု ခေါ, ဘန္တေ, ဘဂဝတာ အညဒေဝ ကိဉ္စိ သန္ဓာယ ဘာသိတံ, တဉ္စ ဇနော အညထာပိ ပစ္စာဂစ္ဆေယျ [ပစ္စာဂစ္ဆေယျာတိ, အဘိဇာနာမိ မဟာရာဇ ဝါစံ ဘာသိတာတိ (သီ။)]။ ယထာ ကထံ ပန, ဘန္တေ, ဘဂဝါ အဘိဇာနာတိ ဝါစံ ဘာသိတာ’’တိ? ‘‘ဧဝံ ခေါ အဟံ, မဟာရာဇ, အဘိဇာနာမိ ဝါစံ ဘာသိတာ – ‘နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော သကိဒေဝ သဗ္ဗံ ဉဿတိ, သဗ္ဗံ ဒက္ခိတိ, နေတံ ဌာနံ ဝိဇ္ဇတီ’’’တိ။ ‘‘ဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ၊ သဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ – ‘နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော သကိဒေဝ သဗ္ဗံ ဉဿတိ, သဗ္ဗံ ဒက္ခိတိ, နေတံ ဌာနံ ဝိဇ္ဇတီ’’’တိ။ ‘‘စတ္တာရောမေ, ဘန္တေ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ ဣမေသံ နု ခေါ, ဘန္တေ, စတုန္နံ ဝဏ္ဏာနံ သိယာ ဝိသေသော သိယာ နာနာကရဏ’’န္တိ? ‘‘စတ္တာရောမေ, မဟာရာဇ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ ဣမေသံ ခေါ, မဟာရာဇ, စတုန္နံ ဝဏ္ဏာနံ ဒွေ ဝဏ္ဏာ အဂ္ဂမက္ခာယန္တိ – ခတ္တိယာ စ ဗြာဟ္မဏာ စ – ယဒိဒံ အဘိဝါဒနပစ္စုဋ္ဌာနအဉ္ဇလိကမ္မသာမီစိကမ္မာနီ’’တိ [သာမိစိကမ္မာနန္တိ (သီ။)]။ ‘‘နာဟံ, ဘန္တေ, ဘဂဝန္တံ ဒိဋ္ဌဓမ္မိကံ ပုစ္ဆာမိ၊ သမ္ပရာယိကာဟံ, ဘန္တေ, ဘဂဝန္တံ ပုစ္ဆာမိ။ စတ္တာရောမေ, ဘန္တေ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ ဣမေသံ နု ခေါ, ဘန္တေ, စတုန္နံ ဝဏ္ဏာနံ သိယာ ဝိသေသော သိယာ နာနာကရဏ’’န္တိ။

၃၇၈။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ခေါ်၍ “စစ်သူကြီးအဘယ်သူသည် ဤစကားကို နန်းတော်တွင်း၌ ပြောကြားလာပါသနည်း”ဟု မေးမြန်း၏။ မင်းကြီးအာကာသအနွယ် ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏ဟု (လျှောက်၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ “အမောင်ယောကျာ်း အသင်လာခဲ့လော့၊ ငါ၏ စကားဖြင့် အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားကို ‘အသျှင် သင့်ကိုပသေနဒိကောသလမင်းကြီး သည် ခေါ်၏’ဟု ဆို၍ ခေါ်ချေလော့”ဟု မိန့်၏။ “အရှင်မင်းမြတ်ကောင်းပါပြီ”ဟူ၍သာလျှင် ထို မင်းချင်းသည် ပသေနဒီကောသလမင်းကြီးအား ပြန်ကြားလျှောက်ထား၍အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဥ်းကပ်ကာ “အသျှင် သင့်အား ပသေနဒိကောသလမင်းကြီးသည် ခေါ်၏”ဟု ပြောကြားလေ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည်တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသော စကားသည် ရှိတန်ရာ၏၊ ထိုစကားကိုပင် လူအများကတစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏၊ အသျှင်ဘုရား ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရားဆိုဖူး၏ဟု မှတ်မိပါသလော”ဟု လျှောက်၏။ မင်းကြီး တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်းမရှိပါ၊ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကား ပြောကြားဖူးသည်ကို ငါမှတ်မိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်မြင်နိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု အကြောင်းမှန်သဘောကို မိန့်ဆိုတော်မူပေ၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏။ အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသော အမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည်ဖြစ်ရာပါသလောဟု (လျှောက်၏)။ မင်းကြီး အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ လေးမျိုးတို့တည်း။ မင်းကြီး ဤလေးပါးသော အမျိုးတို့တွင် ရှိခိုးမှု ခရီးဦးကြိုဆိုမှုလက်အုပ်ချီမှု အရိုအသေပြုမှုတို့ကို ထောက်၍ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ဤနှစ်ပါးသော အမျိုးတို့ကို မြတ်၏ဟု ဆိုကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို မျက်မှောက်၌ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်သည် မဟုတ်ပါ။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုတမလွန်လောက၌ ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်ပါ၏။ အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသောအမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ဖြစ်ပါသလောဟု (လျှောက်၏)။

Then King Pasenadi addressed General Viḍūḍabha, “General, who introduced this topic of discussion to the royal compound?” “It was Sañjaya, Great King, the brahmin of the Ākāsa clan.” Then the king addressed a man, “Please, my man, in my name tell Sañjaya that King Pasenadi summons him.” “Yes, Your Majesty,” that man replied. He did as the king asked. Then the king said to the Buddha, “Sir, might the Buddha have spoken in reference to one thing, but that person believed it was something else? How then do you recall making this statement?” “Great king, I recall making this statement: ‘There is no ascetic or brahmin who will ever know all and see all simultaneously: that is not possible.’” “What the Buddha says appears reasonable. Sir, there are these four classes: aristocrats, brahmins, peasants, and menials. Is there any difference between them?” “Of the four classes, two are said to be preeminent— the aristocrats and the brahmins. That is, when it comes to bowing down, rising up, greeting with cupped palms, and observing proper etiquette.” “Sir, I am not asking you about this life, but about the life to come.”

စာ-၃၂၉

၃၇၉။ ‘‘ပဉ္စိမာနိ, မဟာရာဇ, ပဓာနိယင်္ဂါနိ။ ကတမာနိ ပဉ္စ? ဣဓ, မဟာရာဇ, ဘိက္ခု သဒ္ဓေါ ဟောတိ, သဒ္ဒဟတိ တထာဂတဿ ဗောဓိံ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ၊ အပ္ပါဗာဓော ဟောတိ အပ္ပါတင်္ကော သမဝေပါကိနိယာ ဂဟဏိယာ သမန္နာဂတော နာတိသီတာယ နာစ္စုဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ၊ အသဌော ဟောတိ အမာယာဝီ ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု၊ အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု၊ ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာဒုက္ခက္ခယဂါမိနိယာ – ဣမာနိ ခေါ, မဟာရာဇ, ပဉ္စ ပဓာနိယင်္ဂါနိ။ စတ္တာရောမေ, မဟာရာဇ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ တေ စဿု ဣမေဟိ ပဉ္စဟိ ပဓာနိယင်္ဂေဟိ သမန္နာဂတာ၊ ဧတ္ထ ပန နေသံ အဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။ ‘‘စတ္တာရောမေ, ဘန္တေ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ တေ စဿု ဣမေဟိ ပဉ္စဟိ ပဓာနိယင်္ဂေဟိ သမန္နာဂတာ၊ ဧတ္ထ ပန နေသံ, ဘန္တေ, သိယာ ဝိသေသော သိယာ နာနာကရဏ’’န္တိ? ‘‘ဧတ္ထ ခေါ နေသာဟံ, မဟာရာဇ, ပဓာနဝေမတ္တတံ ဝဒါမိ။ သေယျထာပိဿု, မဟာရာဇ, ဒွေ ဟတ္ထိဒမ္မာ ဝါ အဿဒမ္မာ ဝါ ဂေါဒမ္မာ ဝါ သုဒန္တာ သုဝိနီတာ, ဒွေ ဟတ္ထိဒမ္မာ ဝါ အဿဒမ္မာ ဝါ ဂေါဒမ္မာ ဝါ အဒန္တာ အဝိနီတာ။ တံ ကိံ မညသိ, မဟာရာဇ, ယေ တေ ဒွေ ဟတ္ထိဒမ္မာ ဝါ အဿဒမ္မာ ဝါ ဂေါဒမ္မာ ဝါ သုဒန္တာ သုဝိနီတာ, အပိ နု တေ ဒန္တာဝ ဒန္တကာရဏံ ဂစ္ဆေယျုံ, ဒန္တာဝ ဒန္တဘူမိံ သမ္ပာပုဏေယျု’’န္တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘ယေ ပန တေ ဒွေ ဟတ္ထိဒမ္မာ ဝါ အဿဒမ္မာ ဝါ ဂေါဒမ္မာ ဝါ အဒန္တာ အဝိနီတာ, အပိ နု တေ အဒန္တာဝ ဒန္တကာရဏံ ဂစ္ဆေယျုံ, အဒန္တာဝ ဒန္တဘူမိံ သမ္ပာပုဏေယျုံ, သေယျထာပိ တေ ဒွေ ဟတ္ထိဒမ္မာ ဝါ အဿဒမ္မာ ဝါ ဂေါဒမ္မာ ဝါ သုဒန္တာ သုဝိနီတာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဧဝမေဝ ခေါ, မဟာရာဇ, ယံ တံ သဒ္ဓေန ပတ္တဗ္ဗံ အပ္ပါဗာဓေန အသဌေန အမာယာဝိနာ အာရဒ္ဓဝီရိယေန ပညဝတာ တံ ဝတ [တံ တထာ သော (က။)] အဿဒ္ဓေါ ဗဟွာဗာဓော သဌော မာယာဝီ ကုသီတော ဒုပ္ပညော ပါပုဏိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတီ’’တိ။

၃၇၉။ မင်းကြီး ကမ္မဋ္ဌာန်း စီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမှု-မင်းကြီး ဤသာသနာတော်၌ - (၁) ရဟန်းသည် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော့ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူ သော အကြောင်းကြောင့်လည်း‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်၏။ (၂) အနာကင်း၏၊ ရောဂါ ကင်း၏၊ အညီအမျှကျေကျက်စေတတ်သော မပူလွန်း မအေးလွန်းသောအလယ်လတ်ဖြစ်သော ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော ပါစကတေဇောဓာတ် (ဝမ်းမီး) နှင့် ပြည့်စုံ၏။ (၃) မစဥ်းလဲတတ်၊ မလှည့်ပတ်တတ်၊ ဆရာဖြစ်သော မြတ်စွာဘုရား၌လည်းကောင်း၊ သိကြားလိမ္မာသော သီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။ (၄) အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ မချထားအပ်သော ဝန်ရှိ၏။ (၅) ပညာရှိ၏၊ ဖြစ်မှု ပျက်မှု (ဥပါဒ်စွန်း ဘင်စွန်း) ကို ပိုင်းခြားခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံ၏၊ ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော ဒုက္ခ၏ကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာရောက်ကြောင်း ဖြစ်သော မြတ်သော ဝိပဿနာပညာနှင့် ပြည့်စုံ၏။ မင်းကြီး ကမ္မဋ္ဌာန်းစီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ မင်းကြီး မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤ အမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် ပြည့်စုံခဲ့မူ ဤအရာ၌ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံးအစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုး အားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့်ပြည့်စုံခဲ့မူ အသျှင်ဘုရား ဤအရာ၌ ဤသူတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ရှိပါသလောဟု (လျှောက်၏)။ မင်ကြီး ဤအရာ၌ ထိုသူတို့၏ အားထုတ်မှု ထူးခြားသည်၏အဖြစ်ကို ငါ ဟော၏။ မင်းကြီး ဥပမာအားဖြင့် ကောင်းစွာဆုံးမပြီးသော ကောင်းစွာ ယဥ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ရှိကုန်ရာ၏။ မဆုံးမရသေးသောမယဥ်ကျေး သေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည်ရှိကုန် ရာ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကောင်းစွာဆုံးမပြီးသော ကောင်းစွာယဥ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် စင်စစ်အားဖြင့် ယဥ်ကျေးကုန်သည် ဖြစ်၍သာလျှင် ယဥ်ကျေးသောအပြုအမူသို့ ရောက်ကုန်ရာသည် မဟုတ်လော၊ ယဥ်ကျေးကုန်သည်ဖြစ်၍သာလျှင် ယဥ်ကျေးသော နေရာဌာနသို့ ရောက်ကုန်ရာသည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရောက်ကုန်ရာ ပါ၏ဟု (လျှောက်၏)။ မဆုံးမရသေးသော မယဥ် ကျေးသေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ်နွားနှစ်ကောင်တို့သည် ကောင်း စွာဆုံးမပြီးသော ကောင်းစွာယဥ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့ကဲ့သို့ မယဥ်ကျေးကုန်ဘဲသာလျှင်ယဥ်ကျေးသော အပြုအမူသို့ ရောက်ကုန်ရာသလော၊ မယဥ်ကျေးကုန်ဘဲသာလျှင် ယဥ်ကျေးသောနေရာဌာနသို့ ရောက်ကုန်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်နိုင်ပါဟု (လျှောက်၏)။ မင်းကြီး ဤအတူသာလျှင် ယုံကြည်မှု၊ အနာကင်းမှု၊ ဟန်မဆောင်မှု မလှည့်ပတ်မှု၊ ထက်သန်သော လုံ့လရှိမှု၊ ပညာနှင့်ပြည့်စုံမှု ရှိသူသည် ရောက်သင့်သော အရာဌာနသို့ မယုံကြည်မှု၊ အနာများမှု၊ ဟန်ဆောင်မှု လှည့်ပတ်မှု၊ ပျင်းရိမှု၊ ပညာကင်းမှု ရှိသူသည် ရောက်နိုင်ရမည်ဟူသော ဤအကြောင်းသည် မရှိနိုင်ဟု (မိန့်တော်မူ၏)။

“Great king, there are these five factors that support meditation. What five? It’s when a mendicant has faith in the Realized One’s awakening: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ They are rarely ill or unwell. Their stomach digests well, being neither too hot nor too cold, but just right, and fit for meditation. They’re not devious or deceitful. They reveal themselves honestly to the Teacher or sensible spiritual companions. They live with energy roused up for giving up unskillful qualities and embracing skillful qualities. They’re strong, staunchly vigorous, not slacking off when it comes to developing skillful qualities. They’re wise. They have the wisdom of arising and passing away which is noble, penetrative, and leads to the complete ending of suffering. These are the five factors that support meditation. There are these four classes: aristocrats, brahmins, peasants, and menials. If they had these five factors that support meditation, that would be for their lasting welfare and happiness.” “Sir, there are these four classes: aristocrats, brahmins, peasants, and menials. If they had these five factors that support meditation, would there be any difference between them?” “In that case, I say it is the disparity of their efforts in meditation. Suppose there was a pair of elephants or horses or oxen in training who were well tamed and well trained. And there was a pair who were not tamed or trained. What do you think, Great King? Wouldn’t the pair that was well tamed and well trained perform the tasks of the tamed, and reach the level of the tamed?” “Yes, sir.” “But would the pair that was not tamed and trained perform the tasks of the tamed and reach the level of the tamed, just like the tamed pair?” “No, sir.” “In the same way, there are things that must be attained by someone with faith, health, integrity, energy, and wisdom. It’s not possible for a faithless, unhealthy, deceitful, lazy, witless person to attain them.”

စာ-၃၃၀

၃၈၀။ ‘‘ဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ၊ သဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ။ စတ္တာရောမေ, ဘန္တေ, ဝဏ္ဏာ – ခတ္တိယာ, ဗြာဟ္မဏာ, ဝေဿာ, သုဒ္ဒါ။ တေ စဿု ဣမေဟိ ပဉ္စဟိ ပဓာနိယင်္ဂေဟိ သမန္နာဂတာ တေ စဿု သမ္မပ္ပဓာနာ၊ ဧတ္ထ ပန နေသံ, ဘန္တေ, သိယာ ဝိသေသော သိယာ နာနာကရဏ’’န္တိ? ‘‘ဧတ္ထ ခေါ [ဧတ္ထ ခေါ ပန (သီ။)] နေသာဟံ, မဟာရာဇ, န ကိဉ္စိ နာနာကရဏံ ဝဒါမိ – ယဒိဒံ ဝိမုတ္တိယာ ဝိမုတ္တိံ။ သေယျထာပိ, မဟာရာဇ, ပုရိသော သုက္ခံ သာကကဋ္ဌံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျ၊ အထာပရော ပုရိသော သုက္ခံ သာလကဋ္ဌံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျ၊ အထာပရော ပုရိသော သုက္ခံ အမ္ဗကဋ္ဌံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျ၊ အထာပရော ပုရိသော သုက္ခံ ဥဒုမ္ဗရကဋ္ဌံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျ။ တံ ကိံ မညသိ, မဟာရာဇ, သိယာ နု ခေါ တေသံ အဂ္ဂီနံ နာနာဒါရုတော အဘိနိဗ္ဗတ္တာနံ ကိဉ္စိ နာနာကရဏံ အစ္စိယာ ဝါ အစ္စိံ, ဝဏ္ဏေန ဝါ ဝဏ္ဏံ, အာဘာယ ဝါ အာဘ’’န္တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဧဝမေဝ ခေါ, မဟာရာဇ, ယံ တံ တေဇံ ဝီရိယာ နိမ္မထိတံ ပဓာနာဘိနိဗ္ဗတ္တံ [ဝိရိယံ နိပ္ဖရတိ, တံ ပစ္ဆာဘိနိဗ္ဗတ္တံ (သီ။)], နာဟံ တတ္ထ ကိဉ္စိ နာနာကရဏံ ဝဒါမိ – ယဒိဒံ ဝိမုတ္တိယာ ဝိမုတ္တိ’’န္တိ။ ‘‘ဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ၊ သဟေတုရူပံ, ဘန္တေ, ဘဂဝါ အာဟ။ ကိံ ပန, ဘန္တေ, အတ္ထိ ဒေဝါ’’တိ? ‘‘ကိံ ပန တွံ, မဟာရာဇ, ဧဝံ ဝဒေသိ – ‘ကိံ ပန, ဘန္တေ, အတ္ထိ ဒေဝါ’’’တိ? ‘‘ယဒိ ဝါ တေ, ဘန္တေ, ဒေဝါ အာဂန္တာရော ဣတ္ထတ္တံ ယဒိ ဝါ အနာဂန္တာရော ဣတ္ထတ္တံ’’? ‘‘ယေ တေ, မဟာရာဇ, ဒေဝါ သဗျာဗဇ္ဈာ တေ ဒေဝါ အာဂန္တာရော ဣတ္ထတ္တံ, ယေ တေ ဒေဝါ အဗျာဗဇ္ဈာ တေ ဒေဝါ အနာဂန္တာရော ဣတ္ထတ္တ’’န္တိ။

၃၈၀။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို ဟောကြားတော်မူ၏။ အသျှင်ဘုရားမင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် အကယ်၍ ပြည့်စုံခဲ့မူ ထိုအမျိုးလေးပါးတို့သည် အကယ်၍ ကောင်းစွာအားထုတ်မှုရှိခဲ့မူ ထိုသူတို့၏ ဤအရာ၌ အထူးရှိပါသေးသလော၊ ခြားနားမှုရှိပါသလောဟု (လျှောက်၏)။ မင်းကြီး ထိုသူတို့၏ ဤအရာ၌ မဂ်ဖိုလ်အချင်းချင်း တစ်စုံတစ်ခုသော ခြားနားမူကို ငါ မဟော။ မင်းကြီး ဥပမာအားဖြင့် ယောကျာ်းတစ်ယောက်သည် ကျွန်းသား ထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏၊ အခြားယောကျာ်းသည် အင်ကြင်းသားထင်း ခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏ အခြားယောကျာ်းသည် သရက်သားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ် ကို ပြုရာ၏၊ အခြားယောကျာ်းသည် ရေသဖန်းသားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ်ကို ပြုရာ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ထင်းအမျိုးမျိုးမှဖြစ်ကုန်သော ထိုမီးတို့၏ တစ်စုံတစ်ခု ခြားနားမှုသည် ရှိသေးသလော၊ မီးလျှံအချင်းချင်းအဆင်းအချင်းချင်း အရောင်အချင်းချင်း တစ်စုံတစ်ခုခြားနားမှုသည် ရှိသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်၏)။ မင်းကြီး ဤဥပမာအတူသာလျှင် လုံ့လဖြင့် မွှေနှောက်၍ ရအပ်သော, လုံ့လကြောင့်ဖြစ်သော တန်ခိုး၌မဂ်ဖိုလ် အချင်းချင်း တစ်စုံတစ်ခု ခြားနားမှုကို ငါ မဟောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကြောင်းခိုင်လုံသောစကားကို ဟောကြားတော်မူ၏။ အသျှင်ဘုရား နတ်တို့သည် ရှိကြပါကုန်၏လောဟု (လျှောက်၏)။ မင်းကြီး သင်သည် အဘယ့်ကြောင့် နတ်တို့သည် ရှိကြပါကုန်၏လောဟု ဤသို့မေးလျှောက်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုနတ်တို့သည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ကြပါကုန်သေးသလော၊ သို့မဟုတ် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ မလာရောက်ကြကုန်ဘဲ ရှိပါကုန်သလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိကြကုန်သော နတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်၏။ စေတသိကဒုက္ခ မရှိကြကုန်သော နတ်တို့သည်ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက် မလာကြကုန်ဟု (မိန့်တော်မူ၏)။

“What the Buddha says appears reasonable. Sir, there are these four classes: aristocrats, brahmins, peasants, and workers. If they had these five factors that support meditation, and if they practiced rightly, would there be any difference between them?” “In that case, I say that there is no difference between the freedom of one and the freedom of the other. Suppose a person took dry teak wood and lit a fire and produced heat. Then another person did the same using sāl wood, another used mango wood, while another used wood of the cluster fig. What do you think, Great King? Would there be any difference between the fires produced by these different kinds of wood, that is, in the flame, color, or luminosity?” “No, sir.” “In the same way, when fire has been churned by energy and produced by effort, I say that there is no difference between the freedom of one and the freedom of the other.” “What the Buddha says appears reasonable. But sir, do gods survive?” “But what exactly are you asking?” “Whether those gods come back to this place or not.” “Those gods who are afflicted come back to this place, but those who are unafflicted do not come back.”

စာ-၃၃၁

၃၈၁။ ဧဝံ ဝုတ္တေ, ဝိဋ္ဋူဘော သေနာပတိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယေ တေ, ဘန္တေ, ဒေဝါ သဗျာဗဇ္ဈာ အာဂန္တာရော ဣတ္ထတ္တံ တေ ဒေဝါ, ယေ တေ ဒေဝါ အဗျာဗဇ္ဈာ အနာဂန္တာရော ဣတ္ထတ္တံ တေ ဒေဝေ တမှာ ဌာနာ စာဝေဿန္တိ ဝါ ပဗ္ဗာဇေဿန္တိ ဝါ’’တိ။

အထ ခေါ အာယသ္မတော အာနန္ဒဿ ဧတဒဟောသိ – ‘‘အယံ ခေါ ဝိဋဋူဘော သေနာပတိ ရညော ပသေနဒိဿ ကောသလဿ ပုတ္တော၊ အဟံ ဘဂဝတော ပုတ္တော။ အယံ ခေါ ကာလော ယံ ပုတ္တော ပုတ္တေန မန္တေယျာ’’တိ။ အထ ခေါ အာယသ္မာ အာနန္ဒော ဝိဋဋူဘံ သေနာပတိံ အာမန္တေသိ – ‘‘တေန ဟိ, သေနာပတိ, တံ ယေဝေတ္ထ ပဋိပုစ္ဆိဿာမိ၊ ယထာ တေ ခမေယျ တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ, သေနာပတိ, ယာဝတာ ရညော ပသေနဒိဿ ကောသလဿ ဝိဇိတံ ယတ္ထ စ ရာဇာ ပသေနဒိ ကောသလော ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, ပဟောတိ တတ္ထ ရာဇာ ပသေနဒိ ကောသလော သမဏံ ဝါ ဗြာဟ္မဏံ ဝါ ပုညဝန္တံ ဝါ အပုညဝန္တံ ဝါ ဗြဟ္မစရိယဝန္တံ ဝါ အဗြဟ္မစရိယဝန္တံ ဝါ တမှာ ဌာနာ စာဝေတုံ ဝါ ပဗ္ဗာဇေတုံ ဝါ’’တိ? ‘‘ယာဝတာ, ဘော, ရညော ပသေနဒိဿ ကောသလဿ ဝိဇိတံ ယတ္ထ စ ရာဇာ ပသေနဒိ ကောသလော ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, ပဟောတိ တတ္ထ ရာဇာ ပသေနဒိ ကောသလော သမဏံ ဝါ ဗြာဟ္မဏံ ဝါ ပုညဝန္တံ ဝါ အပုညဝန္တံ ဝါ ဗြဟ္မစရိယဝန္တံ ဝါ အဗြဟ္မစရိယဝန္တံ ဝါ တမှာ ဌာနာ စာဝေတုံ ဝါ ပဗ္ဗာဇေတုံ ဝါ’’တိ။

‘‘တံ ကိံ မညသိ, သေနာပတိ, ယာဝတာ ရညော ပသေနဒိဿ ကောသလဿ အဝိဇိတံ ယတ္ထ စ ရာဇာ ပသေနဒိ ကောသလော န ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, တတ္ထ ပဟောတိ ရာဇာ ပသေနဒိ ကောသလော သမဏံ ဝါ ဗြာဟ္မဏံ ဝါ ပုညဝန္တံ ဝါ အပုညဝန္တံ ဝါ ဗြဟ္မစရိယဝန္တံ ဝါ အဗြဟ္မစရိယဝန္တံ ဝါ တမှာ ဌာနာ စာဝေတုံ ဝါ ပဗ္ဗာဇေတုံ ဝါ’’တိ? ‘‘ယာဝတာ, ဘော, ရညော ပသေနဒိဿ ကောသလဿ အဝိဇိတံ ယတ္ထ စ ရာဇာ ပသေနဒိ ကောသလော န ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, န တတ္ထ ပဟောတိ ရာဇာ ပသေနဒိ ကောသလော သမဏံ ဝါ ဗြာဟ္မဏံ ဝါ ပုညဝန္တံ ဝါ အပုညဝန္တံ ဝါ ဗြဟ္မစရိယဝန္တံ ဝါ အဗြဟ္မစရိယဝန္တံ ဝါ တမှာ ဌာနာ စာဝေတုံ ဝါ ပဗ္ဗာဇေတုံ ဝါ’’တိ။

‘‘တံ ကိံ မညသိ, သေနာပတိ, သုတာ တေ ဒေဝါ တာဝတိံသာ’’တိ? ‘‘ဧဝံ, ဘော။ သုတာ မေ ဒေဝါ တာဝတိံသာ။ ဣဓာပိ ဘောတာ ရညာ ပသေနဒိနာ ကောသလေန သုတာ ဒေဝါ တာဝတိံသာ’’တိ။ ‘‘တံ ကိံ မညသိ, သေနာပတိ, ပဟောတိ ရာဇာ ပသေနဒိ ကောသလော ဒေဝေ တာဝတိံသေ တမှာ ဌာနာ စာဝေတုံ ဝါ ပဗ္ဗာဇေတုံ ဝါ’’တိ? ‘‘ဒဿနမ္ပိ, ဘော, ရာဇာ ပသေနဒိ ကောသလော ဒေဝေ တာဝတိံသေ နပ္ပဟောတိ, ကုတော ပန တမှာ ဌာနာ စာဝေဿတိ ဝါ ပဗ္ဗာဇေဿတိ ဝါ’’တိ? ‘‘ဧဝမေဝ ခေါ, သေနာပတိ, ယေ တေ ဒေဝါ သဗျာဗဇ္ဈာ အာဂန္တာရော ဣတ္ထတ္တံ တေ ဒေဝါ, ယေ တေ ဒေဝါ အဗျာဗဇ္ဈာ အနာဂန္တာရော ဣတ္ထတ္တံ တေ ဒေဝေ ဒဿနာယပိ နပ္ပဟောန္တိ၊ ကုတော ပန တမှာ ဌာနာ စာဝေဿန္တိ ဝါ ပဗ္ဗာဇေဿန္တိ ဝါ’’တိ?

၃၈၁။ ဤသို့ မိန့်တော်မူသော် ဝိဋဋူဘစစ်သူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရားစေတသိကဒုက္ခ ရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခ မရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် မလာနိုင်ကြကုန်သော နတ်တို့ကိုနေရာမှ ရွေ့စေနိုင်ကုန်သလော၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ကြကုန်သလော”ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာအား “ဝိဋဋူဘစစ်သူကြီးသည် ပသေနဒိကောသလမင်းကြီး၏ သားတော်တည်း၊ ငါလည်း မြတ်စွာဘုရား၏ သားတော်တည်း၊ ဤအခါကား သားတော်အချင်းချင်း တိုင်ပင်ရမည့်အချိန်အခါတည်း”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဝိဋဋူဘစစ်သူကြီးကို “စစ်သူကြီး ဤအရာ၌ သင့်ကိုသာလျှင် ငါပြန်၍မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုပြဿနာကို ဖြေကြားလော့၊ စစ်သူကြီး ဤအရာ၌ အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ် မင်းလုပ်ရာ နိုင်ငံတော်၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ရာသည် မဟုတ်လော”ဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းလုပ်ရာ နိုင်ငံတော်၌ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့်မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။ စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း တိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါအံ့လောဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်းထိုတိုင်း နိုင်ငံမှ ရွေ့လျောနှင်ထုတ်ရန် မစွမ်းနိုင်ပါဟု (လျှောက်၏)။ စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏လောဟု (မေး၏)။ အသျှင် မှန်ပါ၏၊ တာဝတိံသာနတ်တို့ကို အကျွန်ုပ်ကြားဖူးပါ၏၊ အသျှင် ဤအရာ၌ ပသေနဒိ ကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏ဟု (လျှောက်၏)။ စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ထိုနေရာမှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါသလောဟု (မေး၏)။ အသျှင်ဘုရားပသေနဒိကောသလမင်းကြီးသည် တာဝတိံ သာနတ်တို့ကို မြင်ခြင်းကိုမျှလည်း မစွမ်းနိုင်၊ ထိုနေရာမှ ရွေ့လျောစေ နှင်ထုတ်စေရန် အဘယ်မှာ စွမ်းနိုင်ပါအံ့နည်းဟု (လျှောက်၏)။ စစ်သူကြီး ဤအတူသာလျှင်စေတသိကဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်မလာကုန်သော နတ်တို့ကို မြင်ခြင်းငှါသော်လည်း မစွမ်းနိုင်ကြကုန်၊ အဘယ်မှာလျှင် ထိုတည်ရာဌာနမှ ရွေ့လျောမူလည်း ရွေ့လျောစေနိုင်ကုန်အံ့နည်း၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ပါကုန်အံ့နည်းဟု (မိန့်ဆို၏)။

When he said this, General Viḍūḍabha said to the Buddha, “Sir, will the gods who are afflicted topple or expel from their place the gods who are unafflicted?” Then Venerable Ānanda thought, “This General Viḍūḍabha is King Pasenadi’s son, and I am the Buddha’s son. Now is the time for one son to confer with another.” So Ānanda addressed General Viḍūḍabha, “Well then, general, I’ll ask you about this in return, and you can answer as you like. What do you think, general? As far as the dominion of King Pasenadi of Kosala extends, where he rules as sovereign lord, can he topple or expel from that place any ascetic or brahmin, regardless of whether they are good or bad, or whether or not they are genuine spiritual practitioners?” “He can, worthy.” “What do you think, general? As far as the dominion of King Pasenadi does not extend, where he does not rule as sovereign lord, can he topple or expel from that place any ascetic or brahmin, regardless of whether they are good or bad, or whether or not they are genuine spiritual practitioners?” “He cannot, worthy.” “What do you think, general? Have you heard of the gods of the thirty-three?” “Yes, worthy, I’ve heard of them, and so has the worthy King Pasenadi.” “What do you think, general? Can King Pasenadi topple or expel from their place the gods of the thirty-three?” “King Pasenadi can’t even see the gods of the thirty-three, so how could he possibly topple or expel them from their place?” “In the same way, general, the gods who are afflicted can’t even see the gods who are unafflicted, so how could they possibly topple or expel them from their place?”

၃၈၂။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကောနာမော အယံ, ဘန္တေ, ဘိက္ခူ’’တိ? ‘‘အာနန္ဒော နာမ, မဟာရာဇာ’’တိ။ ‘‘အာနန္ဒော ဝတ, ဘော, အာနန္ဒရူပေါ ဝတ, ဘော! ဟေတုရူပံ, ဘန္တေ, အာယသ္မာ အာနန္ဒော အာဟ၊ သဟေတုရူပံ, ဘန္တေ, အာယသ္မာ အာနန္ဒော အာဟ။ ကိံ ပန, ဘန္တေ, အတ္ထိ ဗြဟ္မာ’’တိ? ‘‘ကိံ ပန တွံ, မဟာရာဇ, ဧဝံ ဝဒေသိ – ‘ကိံ ပန, ဘန္တေ, အတ္ထိ ဗြဟ္မာ’’’တိ? ‘‘ယဒိ ဝါ သော, ဘန္တေ, ဗြဟ္မာ အာဂန္တာ ဣတ္ထတ္တံ, ယဒိ ဝါ အနာဂန္တာ ဣတ္ထတ္တ’’န္တိ? ‘‘ယော သော, မဟာရာဇ, ဗြဟ္မာ သဗျာဗဇ္ဈော သော ဗြဟ္မာ အာဂန္တာ ဣတ္ထတ္တံ, ယော သော ဗြဟ္မာ အဗျာဗဇ္ဈော သော ဗြဟ္မာ အနာဂန္တာ ဣတ္ထတ္တ’’န္တိ။ အထ ခေါ အညတရော ပုရိသော ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစ – ‘‘သဉ္ဇယော, မဟာရာဇ, ဗြာဟ္မဏော အာကာသဂေါတ္တော အာဂတော’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော သဉ္ဇယံ ဗြာဟ္မဏံ အာကာသဂေါတ္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဗြာဟ္မဏ, ဣမံ ကထာဝတ္ထုံ ရာဇန္တေပုရေ အဗ္ဘုဒါဟာသီ’’တိ? ‘‘ဝိဋဋူဘော, မဟာရာဇ, သေနာပတီ’’တိ။ ဝိဋဋူဘော သေနာပတိ ဧဝမာဟ – ‘‘သဉ္ဇယော, မဟာရာဇ, ဗြာဟ္မဏော အာကာသဂေါတ္တော’’တိ။ အထ ခေါ အညတရော ပုရိသော ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစ – ‘‘ယာနကာလော, မဟာရာဇာ’’တိ။

အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သဗ္ဗညုတံ မယံ, ဘန္တေ, ဘဂဝန္တံ အပုစ္ဆိမှာ, သဗ္ဗညုတံ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ, တေန စမှာ အတ္တမနာ။ စာတုဝဏ္ဏိသုဒ္ဓိံ မယံ, ဘန္တေ, ဘဂဝန္တံ အပုစ္ဆိမှာ, စာတုဝဏ္ဏိသုဒ္ဓိံ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ, တေန စမှာ အတ္တမနာ။ အဓိဒေဝေ မယံ, ဘန္တေ, ဘဂဝန္တံ အပုစ္ဆိမှာ, အဓိဒေဝေ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ, တေန စမှာ အတ္တမနာ။ အဓိဗြဟ္မာနံ မယံ, ဘန္တေ, ဘဂဝန္တံ အပုစ္ဆိမှာ, အဓိဗြဟ္မာနံ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ, တေန စမှာ အတ္တမနာ။ ယံ ယဒေဝ စ မယံ ဘဂဝန္တံ အပုစ္ဆိမှာ တံ တဒေဝ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ, တေန စမှာ အတ္တမနာ။ ဟန္ဒ, စ ဒါနိ မယံ, ဘန္တေ, ဂစ္ဆာမ၊ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တွံ, မဟာရာဇ, ကာလံ မညသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမီတိ။

ကဏ္ဏကတ္ထလသုတ္တံ နိဋ္ဌိတံ ဒသမံ။

ရာဇဝဂ္ဂေါ နိဋ္ဌိတော စတုတ္ထော။

တဿုဒ္ဒါနံ –

ဃဋိကာရော ရဋ္ဌပါလော, မဃဒေဝေါ မဓုရိယံ၊

ဗောဓိ အင်္ဂုလိမာလော စ, ပိယဇာတံ ဗာဟိတိကံ၊

ဓမ္မစေတိယသုတ္တဉ္စ, ဒသမံ ကဏ္ဏကတ္ထလံ။

၃၈၂။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဤရဟန်းသည်အဘယ်အမည်ရှိပါသနည်း”ဟု လျှောက်၏။ မင်းကြီး အာနန္ဒာ အမည်ရှိပေ၏ဟု (မိန့်တော်မူ၏)။ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား၊ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းမှန်သော သဘောကို ဆိုပေ၏၊ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းခိုင်လုံသော သဘောကို ဆိုပေ၏။ အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလောဟု (လျှောက်၏)။ မင်းကြီး သင်သည် အဘယ့်ကြောင့် “အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလော”ဟု ဤသို့ဆိုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုဗြဟ္မာသည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ပါသေးသလော၊ သို့မဟုတ် ဤလူ့ပြည်သို့ မလာရောက်ဘဲ ရှိပါသလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေတည်နေသောအားဖြင့်ကပ်ရောက်လာနိုင်၏၊ စေတသိကဒုက္ခ မရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့်ကပ်ရောက်မလာနိုင်ဟု (မိန့်တော်မူ၏)။ ထိုအခါ တစ်ယောက်သော မင်းချင်းသည် ပသေနဒိကောသလမင်းကြီးကို “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ရောက်လာပါပြီ”ဟု သံတော်ဦးတင်၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားကို “ပုဏ္ဏား အဘယ်သူသည် ဤစကားကို မင်း၏နန်းတော်တွင်း၌ ပြောဆိုပါသနည်း”ဟု မေး၏၊ မင်းကြီး ဝိဋဋူဘစစ်သူကြီးပါတည်းဟု (သံတော်ဦးတင်၏)။ ဝိဋဋူဘစစ်သူကြီးသည် “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားပါတည်း”ဟု့ (သံတော်ဦးတင်၏)။ ထိုအခါ တစ်ယောက်သော မင်းချင်းယောကျာ်းသည် ပသေနဒိကောသလမင်းကြီးကို“မင်းကြီး သွားအံ့သောအခါ တိုင်ပါပြီ”ဟု သံတော်ဦးတင်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အကျွန်ုပ်တို့သည်မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်အကြောင်းကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်သဗ္ဗညုတဉာဏ် အကြောင်းကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်း ကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုအဖြေဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုမေးလျှောက်ပါကုန်၏၊ မြတ်စွာ ဘုရားသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုလည်းဖြေကြားတော်မူပါ၏။ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လို သောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သော နတ်တို့ကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်လွန်မြတ်သော နတ်တို့ကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြား တော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြား တော်မူချက်ဖြင့်လည်းနှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သောဗြဟ္မာကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည် လွန်မြတ်သော ဗြဟ္မာကို ဖြေကြား တော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် မြတ်စွာဘုရားအား မေးလျှောက်တိုင်းသော ပြဿနာကို မြတ်စွာဘုရားသည်ဖြေကြားတော်မူ၏၊ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသော စိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ယခုအခါ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး ယခု သွားရန် အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင်ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ပသေနဒိကောသလမင်းသည် မြတ်စွာဘုရား၏ တရားတော်ကိုအလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေသတည်း။ ဆယ်ခုမြောက် ကဏ္ဏကတ္ထလသုတ် ပြီး၏။ လေးခုမြောက် ရာဇဝဂ် ပြီး၏။

Then the king said to the Buddha, “Sir, what is this mendicant’s name?” “Ānanda, Great King.” “A joy he is, and a joy he seems! What Venerable Ānanda says seems reasonable. But sir, does a divinity survive?” “But what exactly are you asking?” “Whether that divinity comes back to this place or not.” “A divinity who is afflicted comes back to this place, but one who is unafflicted does not come back.” Then a certain man said to the king, “Great king, Sañjaya, the brahmin of the Ākāsa clan, has come.” Then King Pasenadi asked Sañjaya, “Brahmin, who introduced this topic of discussion to the royal compound?” “It was General Viḍūḍabha, Great King.” But Viḍūḍabha said, “It was Sañjaya, Great King, the brahmin of the Ākāsa clan.” Then a certain man said to the king, “It’s time to go, Great King.” So the king said to the Buddha, “Sir, I asked you about omniscience, and you answered. I endorse and accept this, and am satisfied with it. I asked you about purification in the four classes, about the gods, and about divinities, and you answered in each case. Whatever I asked the Buddha about, he answered. I endorse and accept this, and am satisfied with it. Well, now, sir, I must go. I have many duties, and much to do.” “Please, Great King, go at your convenience.” Then King Pasenadi approved and agreed with what the Buddha said. Then he got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving.

စာ-၃၃၄

၅။ ဗြာဟ္မဏဝဂ္ဂေါ

၁။ ဗြဟ္မာယုသုတ္တံ

၃၈၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝိဒေဟေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ တေန ခေါ ပန သမယေန ဗြဟ္မာယု ဗြာဟ္မဏော မိထိလာယံ ပဋိဝသတိ ဇိဏ္ဏော ဝုဍ္ဎော မဟလ္လကော အဒ္ဓဂတော ဝယောအနုပ္ပတ္တော, ဝီသဝဿသတိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ [ဗေဒါနံ (က။)] ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ အဿောသိ ခေါ ဗြဟ္မာယု ဗြာဟ္မဏော – ‘‘သမဏော ခလု ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဝိဒေဟေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’’တိ။

၅-ဗြာဟ္မဏဝဂ် ၁-ဗြဟ္မာယုသုတ် ၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာမျှလောက်သော ရဟန်းသံဃာနှင့် အတူဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ရောက်သော ဗြဟ္မာယုပုဏ္ဏားသည်မိထိလာပြည်၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်း တို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဤသို့့ကြားသိလေ၏ -“အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသားရဟန်းဂေါတမသည် ငါးရာမျှလောက်သော ရဟန်းသံဃာ နှင့်အတူ ဒေသစာရီ ကြွချီတော်မူရာဝိဒေဟတိုင်းသို့ ရောက်လာသတတ်၊ အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပြန့်နှံ့၍ ထွက်၏ -‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက် သော အကြောင်းကြောင့်လည်း‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်း သောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင့်ကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပြန့်နှံ့၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြဟ္မဏ မင်းများလူများ နှင်တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။

Middle Discourses 91 With Brahmāyu So I have heard. At one time the Buddha was wandering in the land of the Videhans together with a large Saṅgha of five hundred mendicants. Now at that time the brahmin Brahmāyu was residing in Mithilā. He was old, elderly, and senior, advanced in years, having reached the final stage of life; he was a hundred and twenty years old. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. He heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—is wandering in the land of the Videhans, together with a large Saṅgha of five hundred mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.”

၃၈၄။ တေန ခေါ ပန သမယေန ဗြဟ္မာယုဿ ဗြာဟ္မဏဿ ဥတ္တရော နာမ မာဏဝေါ အန္တေဝါသီ ဟောတိ တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဥတ္တရံ မာဏဝံ အာမန္တေသိ – ‘‘အယံ, တာတ ဥတ္တရ, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဝိဒေဟေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ…ပေ… သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’တိ။ ဧဟိ တွံ, တာတ ဥတ္တရ, ယေန သမဏော ဂေါတမော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ သမဏံ ဂေါတမံ ဇာနာဟိ ယဒိ ဝါ တံ ဘဝန္တံ ဂေါတမံ တထာ သန္တံယေဝ သဒ္ဒေါ အဗ္ဘုဂ္ဂတော, ယဒိ ဝါ နော တထာ၊ ယဒိ ဝါ သော ဘဝံ ဂေါတမော တာဒိသော, ယဒိ ဝါ န တာဒိသော။ တထာ မယံ တံ ဘဝန္တံ ဂေါတမံ ဝေဒိဿာမာ’’တိ။ ‘‘ယထာ ကထံ ပနာဟံ, ဘော, တံ ဘဝန္တံ ဂေါတမံ ဇာနိဿာမိ ယဒိ ဝါ တံ ဘဝန္တံ ဂေါတမံ တထာ သန္တံယေဝ သဒ္ဒေါ အဗ္ဘုဂ္ဂတော, ယဒိ ဝါ နော တထာ၊ ယဒိ ဝါ သော ဘဝံ ဂေါတမော တာဒိသော, ယဒိ ဝါ န တာဒိသော’’တိ။ ‘‘အာဂတာနိ ခေါ, တာတ ဥတ္တရ, အမှာကံ မန္တေသု ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဟိ သမန္နာဂတဿ မဟာပုရိသဿ ဒွေယေဝ ဂတိယော ဘဝန္တိ အနညာ။ သစေ အဂါရံ အဇ္ဈာဝသတိ, ရာဇာ ဟောတိ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ စာတုရန္တော ဝိဇိတာဝီ ဇနပဒတ္ထာဝရိယပ္ပတ္တော သတ္တရတနသမန္နာဂတော။ တဿိမာနိ သတ္တ ရတနာနိ ဘဝန္တိ, သေယျထိဒံ – စက္ကရတနံ, ဟတ္ထိရတနံ, အဿရတနံ, မဏိရတနံ, ဣတ္ထိရတနံ, ဂဟပတိရတနံ, ပရိဏာယကရတနမေဝ သတ္တမံ။ ပရောသဟဿံ ခေါ ပနဿ ပုတ္တာ ဘဝန္တိ သူရာ ဝီရင်္ဂရူပါ ပရသေနပ္ပမဒ္ဒနာ။ သော ဣမံ ပထဝိံ သာဂရပရိယန္တံ အဒဏ္ဍေန အသတ္ထေန ဓမ္မေန [ဓမ္မေန သမေန (က။)] အဘိဝိဇိယ အဇ္ဈာဝသတိ။ သစေ ခေါ ပန အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇတိ, အရဟံ ဟောတိ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဝိဝဋ္ဋစ္ဆဒေါ။ အဟံ ခေါ ပန, တာတ ဥတ္တရ, မန္တာနံ ဒါတာ၊ တွံ မန္တာနံ ပဋိဂ္ဂဟေတာ’’တိ။

၃၈၄။ ထိုစဥ်အခါ၌ ဗြဟ္မာယုပုဏ္ဏား၏ တပည့်ဖြစ်သော ဥတ္တရလုလင်သည် ရှိ၏၊ ထိုလုလင်သည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း ကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဥတ္တရလုလင်ကို ဤသို့ ပြော၏ - “ချစ်သားဥတ္တရ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ဤရဟန်း ဂေါတမသည် များစွာသော ငါးရာမျှသော ရဟန်းသံဃာနှင့်တကွ ဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူလာ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသောကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ - ‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏။ပ။ ထိုသို့သဘောရှိကုန်သော ရဟန္တာတို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိရ၏)။ “ချစ်သားဥတ္တရ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဥ်းကပ်ပြီးလျှင် ရဟန်းဂေါတမ၏ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟု ငါတို့ သိနိုင်ရန်အလို့ငှါ ရဟန်းဂေါတမကို သိအောင် စုံစမ်းချေလော့”ဟု ဆို၏။ အသျှင် “ထိုအသျှင်ဂေါတမ၏ကျော်စော သတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟုအကျွန်ုပ်သည် ထိုအသျှင် ဂေါတမကို အဘယ်သို့လျှင် သိအောင် စုံစမ်းရပါအံ့ နည်း”ဟု (မေး၏)။ ချစ်သားဥတ္တရ ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့သည့်လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်ရှိကုန်၏၊ အခြားသော အဖြစ်မရှိကုန်။ ထိုယောကျာ်းမြတ်သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကိုအစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောစကြဝတေးမင်းဖြစ်၏၊ ထိုစကြဝတေးမင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကားအဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ်ရတနာခုနစ်ခုမြောက်သော သားကြီးရတနာ တို့တည်း။ ထိုစကြဝတေးမင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက် စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသောသားတော်တို့သည် ရှိကုန် ၏၊ ထို စကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ဒဏ်မခတ်မူ၍မသတ်ဖြတ်မူ၍ တရား သဖြင့် အောင်မြင်လျက် အုပ်စိုး၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော လောက၌ ကိလေသာ အပိတ်အဖုံးကို ဖွင့်လှစ်နိုင်သော ဘုရားဖြစ်၏။ ချစ်သားဥတ္တရငါသည် သင့်အား ဝေဒကျမ်းတို့ကို သင်ကြားပေးပြီး မဟုတ်လော၊ သင်သည် ဝေဒကျမ်းတို့ကို သင်ကြားခံယူပြီး မဟုတ် လောဟု (ပြောကြား၏)။

Now at that time the brahmin Brahmāyu had a pupil named Uttara. He too had mastered the Vedic curriculum. Brahmāyu told Uttara of the Buddha’s presence in the land of the Videhans, and added: “Please, dear Uttara, go to the ascetic Gotama and find out whether or not he lives up to his reputation. Through you I shall learn about the worthy Gotama.” “But sir, how shall I find out whether or not the ascetic Gotama lives up to his reputation?” “Dear Uttara, the thirty-two marks of a great man have been handed down in our hymns. A great man who possesses these has only two possible destinies, no other. If he stays at home he becomes a king, a wheel-turning monarch, a just and principled king. His dominion extends to all four sides, he achieves stability in the country, and he possesses the seven treasures. He has the following seven treasures: the wheel, the elephant, the horse, the jewel, the woman, the householder, and the commander as the seventh treasure. He has over a thousand sons who are valiant and heroic, crushing the armies of his enemies. After conquering this land girt by sea, he reigns by principle, without rod or sword. But if he goes forth from the lay life to homelessness, he becomes a perfected one, a fully awakened Buddha, who has cast off the world’s veil. But, dear Uttara, I am the one who gives the hymns, and you are the one who receives them.”

စာ-၃၃၅

၃၈၅။ ‘‘ဧဝံ, ဘော’’တိ ခေါ ဥတ္တရော မာဏဝေါ ဗြဟ္မာယုဿ ဗြာဟ္မဏဿ ပဋိဿုတွာ ဥဋ္ဌာယာသနာ ဗြဟ္မာယုံ ဗြာဟ္မဏံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝိဒေဟေသု ယေန ဘဂဝါ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဥတ္တရော မာဏဝေါ ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ သမန္နေသိ။ အဒ္ဒသာ ခေါ ဥတ္တရော မာဏဝေါ ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ထပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စ။ အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ပဿတိ ခေါ မေ အယံ ဥတ္တရော မာဏဝေါ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ထပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စာ’’တိ။ အထ ခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိ ယထာ အဒ္ဒသ ဥတ္တရော မာဏဝေါ ဘဂဝတော ကောသောဟိတံ ဝတ္ထဂုယှံ။ အထ ခေါ ဘဂဝါ ဇိဝှံ နိန္နာမေတွာ ဥဘောပိ ကဏ္ဏသောတာနိ အနုမသိ ပဋိမသိ [ပရိမသိ (သီ။ က။)]၊ ဥဘောပိ နာသိကသောတာနိ [နာသိကာသောတာနိ (သီ။)] အနုမသိ ပဋိမသိ၊ ကေဝလမ္ပိ နလာဋမဏ္ဍလံ ဇိဝှါယ ဆာဒေသိ။ အထ ခေါ ဥတ္တရဿ မာဏဝဿ ဧတဒဟောသိ – ‘‘သမန္နာဂတော ခေါ သမဏော ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ။ ယံနူနာဟံ သမဏံ ဂေါတမံ အနုဗန္ဓေယျံ, ဣရိယာပထမဿ ပဿေယျ’’န္တိ။ အထ ခေါ ဥတ္တရော မာဏဝေါ သတ္တမာသာနိ ဘဂဝန္တံ အနုဗန္ဓိ ဆာယာဝ အနပါယိနီ [အနုပါယိနီ (သျာ။ ကံ။ က။)]။

၃၈၅။ “အသျှင် ကောင်းပါပြီ”ဟု ဥတ္တရလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ဝန်ခံပြီးလျှင် နေရာမှ ထ၍ဗြဟ္မာယုပုဏ္ဏားကို ရှိခိုးလျက် အရိုအသေပြုကာ ဝိဒေဟတိုင်း မြတ်စွာဘုရားရှိရာသို့ ဖဲသွားလေ၏၊ အစဥ်အတိုင်း ဖဲသွားပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏၊ မြတ်စွာဘုရားထံ သို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ဥတ္တရလုလင်သည်မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့် နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏။ မြတ်စွာဘုရားကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့်မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သောလျှာတော် ၌လည်းကောင်း ဤမမြင်ရသော ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံဖြစ်၏ - “ဤ ဥတ္တရလုလင်သည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကိုများသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့် သော လျှာတော်၌လည်းကောင်း ဤမမြင်ရသော ယောကျာ်းမြတ်လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံ ကြည်နိုင်။ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဥတ္တရလုလင်မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကို လည်းအပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက် နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ ဥတ္တရလုလင်အား ဤသို့သောအကြံဖြစ်၏ - “ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့် ပြည့်စုံသည်သာတည်း၊ ငါသည် အကယ်၍ ရဟန်းဂေါတမ နောက်သို့ အစဥ်လိုက်ရမူ ထိုရဟန်းဂေါတမ၏ဣရိယာပုထ်ကို မြင်ရာ၏”ဟု (အကြံဖြစ်၏)။ ထို့နောက် ဥတ္တရလုလင်သည် ခုနစ်လပတ်လုံး အစဥ်လိုက်သော အရိပ်ကဲ့သို့ မြတ်စွာဘုရား၏ နောက်သို့ အစဥ်လိုက်လေ၏။

“Yes, worthy sir,” replied Uttara. He got up from his seat, bowed, and respectfully circled Brahmāyu, keeping him on his right, before setting out for the land of the Videhans where the Buddha was wandering. Traveling stage by stage, he came to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and scrutinized his body for the thirty-two marks of a great man. He saw all of them except two, which he had doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue. Then it occurred to the Buddha, “This student Uttara sees all the marks except two, which he has doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue.” So the Buddha used his psychic power to will that Uttara would see his private parts sheathed in a foreskin. And he stuck out his tongue and stroked back and forth on his ear holes and nostrils, and covered his entire forehead with his tongue. Then Uttara thought, “The ascetic Gotama possesses the thirty-two marks. Why don’t I follow him and observe his deportment?” So Uttara followed the Buddha like a shadow for seven months.

စာ-၃၃၆

၃၈၆။ အထ ခေါ ဥတ္တရော မာဏဝေါ သတ္တန္နံ မာသာနံ အစ္စယေန ဝိဒေဟေသု ယေန မိထိလာ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန မိထိလာ ယေန ဗြဟ္မာယု ဗြာဟ္မဏော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဗြဟ္မာယုံ ဗြာဟ္မဏံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဥတ္တရံ မာဏဝံ ဗြဟ္မာယု ဗြာဟ္မဏော ဧတဒဝေါစ – ‘‘ကစ္စိ, တာတ ဥတ္တရ, တံ ဘဝန္တံ ဂေါတမံ တထာ သန္တံယေဝ သဒ္ဒေါ အဗ္ဘုဂ္ဂတော, နော အညထာ? ကစ္စိ ပန သော ဘဝံ ဂေါတမော တာဒိသော, နော အညာဒိသော’’တိ? ‘‘တထာ သန္တံယေဝ, ဘော, တံ ဘဝန္တံ ဂေါတမံ သဒ္ဒေါ အဗ္ဘုဂ္ဂတော, နော အညထာ၊ တာဒိသောဝ [တာဒိသောဝ ဘော (သီ။ ပီ။), တာဒိသော စ ခေါ (သျာ။ ကံ။ က။)] သော ဘဝံ ဂေါတမော, နော အညာဒိသော။ သမန္နာဂတော စ [သမန္နာဂတော စ ဘော (သဗ္ဗတ္ထ)] သော ဘဝံ ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ။

‘‘သုပ္ပတိဋ္ဌိတပါဒေါ ခေါ ပန ဘဝံ ဂေါတမော၊ ဣဒမ္ပိ တဿ ဘောတော ဂေါတမဿ မဟာပုရိသဿ မဟာပုရိသလက္ခဏံ ဘဝတိ။

‘‘ဟေဋ္ဌာ ခေါ ပန တဿ ဘောတော ဂေါတမဿ ပါဒတလေသု စက္ကာနိ ဇာတာနိ သဟဿာရာနိ သနေမိကာနိ သနာဘိကာနိ သဗ္ဗာကာရပရိပူရာနိ။

၃၈၆။ ခုနစ်လလွန်သောအခါ ဥတ္တရလုလင်သည် ဝိဒေဟတိုင်း မိထိလာပြည်သို့ ဖဲသွား၏၊ အစဥ့်အတိုင်း လှည့်လည်၍ မိထိလာပြည် ဗြဟ္မာယုပုဏ္ဏား၏ အထံသို့ ချဥ်းကပ်၍ ဗြဟ္မာယု ပုဏ္ဏားအားရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ ထိုင်နေသော ဥတ္တရလုလင်ကို ဗြဟ္မာယုပုဏ္ဏား သည် “ချစ်သားဥတ္တရ ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စော သည့်အတိုင်း မှန်သလော၊ မမှန်သလော”ဟု (မေး၏)။ အသျှင် ထိုအသျှင် ဂေါတမ၏ ကျော်စော သတင်းသည် အမှန်အတိုင်းပျံ့နှံ့၍ ထွက်ပါ၏၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သည် မဟုတ်ပါ၊ ထိုအသျှင်ဂေါတမသည်ကျော်စော သည့်အတိုင်းပင် မှန်ပါ၏၊ မမှန်သည် မဟုတ်ပါ။ အသျှင် ထိုအသျှင် ဂေါတမသည်သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့်လည်း ပြည့်စုံပါ၏ဟု (ပြောဆို၏)။ ထိုအသျှင်ဂေါတမသည် အညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိ၏။ ဤအညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာ ဖြစ်၏။ (၁) ထိုအသျှင်ဂေါတမ၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် အကွပ်ပုံတောင်းတို့နှင့် တကွသောအလုံးစုံသောအခြင်းအရာနှင့် ပြည့်စုံသော စက်တို့သည် ဖြစ်ကုန်၏။ (၂) ထိုအသျှင်ဂေါတမသည် ရှည်သော ဖနောင့်ရှိ၏။ (၃) ထိုအသျှင်ဂေါတမသည် ရှည်သော လက်ချောင်း ခြေချောင်း ရှိ၏။ (၄) ထိုအသျှင်ဂေါတမသည် နူးညံ့သိမ်မွေ့သော လက်ဖဝါး ခြေဖဝါး ရှိ၏။ (၅) ထိုအသျှင်ဂေါတမသည် လေသွန်တံခါး၌စီထားသော ရွှေပွတ်လုံးကဲ့သို့ ညီညွတ်သော လက်ခြေ ရှိ၏။ (၆) ထိုအသျှင်ဂေါတမသည် (ဖမိုးမှသည် လေးသစ်တက်၍ အထက်၌ တည်သော) မြင့်သော ဖမျက် ရှိ၏။ (၇) ထိုအသျှင်ဂေါတမသည် ဧဏီသား၏ မြင်းခေါင်းနှင့်တူသော ပြည့်ဖြိုးသော မြင်းခေါင်းရှိ၏။ (၈) ထိုအသျှင်ဂေါတမသည် ရပ်လျက်သာလျှင် မကိုင်းညွတ်ဘဲ နှစ်ဖက်သော လက်ဝါးအပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်၏။ (၉) ထိုအသျှင်ဂေါတမသည် အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ် ရှိ၏။ (၁၀) ထိုအသျှင်ဂေါတမသည် ရွှေစင် (ရုပ်) နှင့် တူသော အဆင်းရှိ၏၊ ရွှေအဆင်းနှင့်တူသော အရေရှိ၏။ (၁၁) ထိုအသျှင်ဂေါတမသည် သိမ်မွေ့သော အရေရှိ၏၊ အရေသိမ်မွေ့သောကြောင့် ကိုယ်၌ မြူအညစ်အကြေး မလိမ်းကျံ မကပ်ငြိ။ (၁၂) ထိုအသျှင်ဂေါတမသည် (မွေးညင်းပေါက်တို့၌) တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်သော မွေးညှင်း ရှိ၏၊ မွေးညင်းပေါက် တစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီသော မွေးညင်းရှိကုန်၏။ (၁၃) ထိုအသျှင်ဂေါတမသည် အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ အထက်သို့ ကော့တက်ကုန် သောမွေးညင်းတို့သည် ညိုကုန်၏၊ မျက်စဥ်းညို အဆင်းရှိကုန်၏၊ ရစ်ပတ်၍ လည်ကုန်၏၊ လကျာ်ရစ် လည်၍တည်ကုန်၏၊ (၁၄) ထိုအသျှင်ဂေါတမသည် ဗြဟ္မာ့ကိုယ်နှင့်တူသော ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅) ထိုအသျှင်ဂေါတမသည် အရပ်ခုနစ်ပါး၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၆) ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်ကိုယ်နှင့်တူသော ကိုယ်ရှိ၏။ (၁၇) ထိုအသျှင်ဂေါတမသည် ပခုံးစွန်းနှစ်ဖက်အတွင်း၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၈) ထိုအသျှင်ဂေါတမသည် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိ၏၊ ထိုအသျှင်ဂေါတမ၏ ကိုယ်သည်အရပ်ရှိသလောက် အလံရှိ၏၊ အလံရှိသလောက် အရပ်ရှိ၏။ (၁၉) ထိုအသျှင်ဂေါတမသည် ညီညွတ်စွာ လုံးသော လည်ရှိ၏။ (၂၀) ထိုအသျှင်ဂေါတမသည် အရသာကိုဆောင်နိုင်သော အကြောရှိ၏။ (၂၁) ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ မေးနှင့် တူသော မေးရှိ၏။ (၂၂) ထိုအသျှင်ဂေါတမသည် သွားလေးဆယ် ရှိ၏။ (၂၃) ထိုအသျှင်ဂေါတမသည် ညီညွတ်သော သွားရှိ၏။ (၂၄) ထိုအသျှင်ဂေါတမသည် မကျဲသော သွားရှိ၏။ (၂၅) ထိုအသျှင်ဂေါတမသည် အလွန်ဖြူစင်သော အစွယ်လေးချောင်း ရှိ၏။ (၂၆) ထိုအသျှင်ဂေါတမသည် ရှည်ပြန့်သော လျှာရှိ၏။ (၂၇) ထိုအသျှင်ဂေါတမသည် ဗြဟ္မာ၏အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်အသံနှင့်တူသော အသံ ရှိ၏။ (၂၈) ထိုအသျှင်ဂေါတမသည် အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉) ထိုအသျှင်ဂေါတမသည် နွားငယ်ကလေး၏ မျက်မှောင်နှင့်တူသော မျက်မှောင်ရှိ၏။ (၃၀) ထိုအသျှင်ဂေါတမ၏ (ဥဏ္ဏလုံ) မွေးရှင်သည် မျက်မှောင် နှစ်ဖက်အကြား၌ ပေါက်၏၊ ဖြူစင်နူးညံ့သော လဲဝါဂွမ်းနှင့် တူ၏။ (၃၁) ထိုအသျှင်ဂေါတမသည် သင်းကျစ်ပြားရစ်သကဲ့သို့ ဦးခေါင်းရှိ၏၊ ဤသင်းကျစ်ပြားရစ်သကဲ့သို့ဦးခေါင်းရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာတည်း။ (၃၂) ထိုအသျှင်ဂေါတမသည် ဤသုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့နှင့် ပြည့်စုံ၏။

When seven months had passed he set out wandering toward Mithilā. There he approached the brahmin Brahmāyu, bowed, and sat down to one side. Brahmāyu said to him, “Well, dear Uttara, does the worthy Gotama live up to his reputation or not?” “He does, sir. The worthy Gotama possesses the thirty-two marks. He has well-planted feet. On the soles of his feet there are thousand-spoked wheels, with rims and hubs, complete in every detail. He has stretched heels. He has long fingers. His hands and feet are soft and tender. He has serried hands and feet. The tops of his feet are arched. His calves are like those of an antelope. When standing upright and not bending over, the palms of both hands touch the knees. His private parts are sheathed in a foreskin. He is golden colored; his skin shines like lustrous gold. He has delicate skin, so delicate that dust and dirt don’t stick to his body. His hairs grow one per pore. His hairs stand up; they’re blue-black and curl clockwise. His body is tall and straight-limbed. He has bulging muscles in seven places. His chest is like that of a lion. He is filled out between the shoulders. He has the proportional circumference of a banyan tree: the span of his arms equals the height of his body. His torso is cylindrical. He has ridged taste buds. His jaw is like that of a lion. He has forty teeth. His teeth are even. His teeth have no gaps. His teeth are perfectly white. He has a large tongue. He has the voice of the Divinity, like a cuckoo’s call. His eyes are indigo. He has eyelashes like a cow’s. Between his eyebrows there grows a tuft, soft and white like cotton-wool. The crown of his head is like a turban. These are the thirty-two marks of a great man possessed by the worthy Gotama.

စာ-၃၃၇

‘‘အာယတပဏှိ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဒီဃင်္ဂုလိ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘မုဒုတလုနဟတ္ထပါဒေါ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဇာလဟတ္ထပါဒေါ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဥဿင်္ခပါဒေါ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဧဏိဇင်္ဃော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဌိတကော ခေါ ပန သော ဘဝံ ဂေါတမော အနောနမန္တော ဥဘောဟိ ပါဏိတလေဟိ ဇဏ္ဏုကာနိ ပရိမသတိ ပရိမဇ္ဇတိ…

‘‘ကောသောဟိတဝတ္ထဂုယှော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘သုဝဏ္ဏဝဏ္ဏော ခေါ ပန သော ဘဝံ ဂေါတမော ကဉ္စနသန္နိဘတ္တစော…

‘‘သုခုမစ္ဆဝိ ခေါ ပန သော ဘဝံ ဂေါတမော။ သုခုမတ္တာ ဆဝိယာ ရဇောဇလ္လံ ကာယေ န ဥပလိမ္ပတိ…

‘‘ဧကေကလောမော ခေါ ပန သော ဘဝံ ဂေါတမော၊ ဧကေကာနိ လောမာနိ လောမကူပေသု ဇာတာနိ…

‘‘ဥဒ္ဓဂ္ဂလောမော ခေါ ပန သော ဘဝံ ဂေါတမော၊ ဥဒ္ဓဂ္ဂါနိ လောမာနိ ဇာတာနိ နီလာနိ အဉ္ဇနဝဏ္ဏာနိ ကုဏ္ဍလာဝဋ္ဋာနိ ဒက္ခိဏာဝဋ္ဋကဇာတာနိ…

‘‘ဗြဟ္မုဇုဂတ္တော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘သတ္တုဿဒေါ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘သီဟပုဗ္ဗဒ္ဓကာယော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘စိတန္တရံသော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘နိဂြောဓပရိမဏ္ဍလော ခေါ ပန သော ဘဝံ ဂေါတမော၊ ယာဝတကွဿ ကာယော တာဝတကွဿ ဗျာမော, ယာဝတကွဿ ဗျာမော တာဝတကွဿ ကာယော…

‘‘သမဝဋ္ဋက္ခန္ဓော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ရသဂ္ဂသဂ္ဂီ ခေါ ပန သော ဘဝံ ဂေါတမော…

စာ-၃၃၈

‘‘သီဟဟနု ခေါ ပန သော ဘဝံ ဂေါတမော…

‘‘စတ္တာလီသဒန္တော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘သမဒန္တော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘အဝိရဠဒန္တော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘သုသုက္ကဒါဌော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ပဟူတဇိဝှေါ ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဗြဟ္မဿရော ခေါ ပန သော ဘဝံ ဂေါတမော ကရဝိကဘာဏီ…

‘‘အဘိနီလနေတ္တော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဂေါပခုမော ခေါ ပန သော ဘဝံ ဂေါတမော…

‘‘ဥဏ္ဏာ ခေါ ပနဿ ဘောတော ဂေါတမဿ ဘမုကန္တရေ ဇာတာ ဩဒါတာ မုဒုတူလသန္နိဘာ…

‘‘ဥဏှီသသီသော ခေါ ပန သော ဘဝံ ဂေါတမော၊ ဣဒမ္ပိ တဿ ဘောတော ဂေါတမဿ မဟာပုရိသဿ မဟာပုရိသလက္ခဏံ ဘဝတိ။

‘‘ဣမေဟိ ခေါ, ဘော, သော ဘဝံ ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ သမန္နာဂတော။

၃၈၇။ ‘‘ဂစ္ဆန္တော ခေါ ပန သော ဘဝံ ဂေါတမော ဒက္ခိဏေနေဝ ပါဒေန ပဌမံ ပက္ကမတိ။ သော နာတိဒူရေ ပါဒံ ဥဒ္ဓရတိ, နာစ္စာသန္နေ ပါဒံ နိက္ခိပတိ၊ သော နာတိသီဃံ ဂစ္ဆတိ, နာတိသဏိကံ ဂစ္ဆတိ၊ န စ အဒ္ဒုဝေန အဒ္ဒုဝံ သံဃဋ္ဋေန္တော ဂစ္ဆတိ, န စ ဂေါပ္ဖကေန ဂေါပ္ဖကံ သံဃဋ္ဋေန္တော ဂစ္ဆတိ။ သော ဂစ္ဆန္တော န သတ္ထိံ ဥန္နာမေတိ, န သတ္ထိံ ဩနာမေတိ၊ န သတ္ထိံ သန္နာမေတိ, န သတ္ထိံ ဝိနာမေတိ။ ဂစ္ဆတော ခေါ ပန တဿ ဘောတော ဂေါတမဿ အဓရကာယောဝ [အဍ္ဎကာယောဝ (က။), အာရဒ္ဓကာယောဝ (သျာ။ ကံ။)] ဣဉ္ဇတိ, န စ ကာယဗလေန ဂစ္ဆတိ။ အပလောကေန္တော ခေါ ပန သော ဘဝံ ဂေါတမော သဗ္ဗကာယေနေဝ အပလောကေတိ၊ သော န ဥဒ္ဓံ ဥလ္လောကေတိ, န အဓော ဩလောကေတိ၊ န စ ဝိပေက္ခမာနော ဂစ္ဆတိ, ယုဂမတ္တဉ္စ ပေက္ခတိ၊ တတော စဿ ဥတ္တရိ အနာဝဋံ ဉာဏဒဿနံ ဘဝတိ။ သော အန္တရဃရံ ပဝိသန္တော န ကာယံ ဥန္နာမေတိ, န ကာယံ ဩနာမေတိ၊ န ကာယံ သန္နာမေတိ, န ကာယံ ဝိနာမေတိ။ သော နာတိဒူရေ နာစ္စာသန္နေ အာသနဿ ပရိဝတ္တတိ, န စ ပါဏိနာ အာလမ္ဗိတွာ အာသနေ နိသီဒတိ, န စ အာသနသ္မိံ ကာယံ ပက္ခိပတိ။ သော အန္တရဃရေ နိသိန္နော သမာနော န ဟတ္ထကုက္ကုစ္စံ အာပဇ္ဇတိ, န ပါဒကုက္ကုစ္စံ အာပဇ္ဇတိ၊ န အဒ္ဒုဝေန အဒ္ဒုဝံ အာရောပေတွာ နိသီဒတိ၊ န စ ဂေါပ္ဖကေန ဂေါပ္ဖကံ အာရောပေတွာ နိသီဒတိ၊ န စ ပါဏိနာ ဟနုကံ ဥပဒဟိတွာ [ဥပါဒိယိတွာ (သီ။ ပီ။)] နိသီဒတိ။ သော အန္တရဃရေ နိသိန္နော သမာနော န ဆမ္ဘတိ န ကမ္ပတိ န ဝေဓတိ န ပရိတဿတိ။ သော အဆမ္ဘီ အကမ္ပီ အဝေဓီ အပရိတဿီ ဝိဂတလောမဟံသော။ ဝိဝေကဝတ္တော စ သော ဘဝံ ဂေါတမော အန္တရဃရေ နိသိန္နော ဟောတိ။ သော ပတ္တောဒကံ ပဋိဂ္ဂဏှန္တော န ပတ္တံ ဥန္နာမေတိ, န ပတ္တံ ဩနာမေတိ၊ န ပတ္တံ သန္နာမေတိ, န ပတ္တံ ဝိနာမေတိ။ သော ပတ္တောဒကံ ပဋိဂ္ဂဏှာတိ နာတိထောကံ နာတိဗဟုံ။ သော န ခုလုခုလုကာရကံ [ဗုလုဗုလုကာရကံ (သီ။)] ပတ္တံ ဓောဝတိ, န သမ္ပရိဝတ္တကံ ပတ္တံ ဓောဝတိ, န ပတ္တံ ဘူမိယံ နိက္ခိပိတွာ ဟတ္ထေ ဓောဝတိ၊ ဟတ္ထေသု ဓောတေသု ပတ္တော ဓောတော ဟောတိ, ပတ္တေ ဓောတေ ဟတ္ထာ ဓောတာ ဟောန္တိ။ သော ပတ္တောဒကံ ဆဍ္ဍေတိ နာတိဒူရေ နာစ္စာသန္နေ, န စ ဝိစ္ဆဍ္ဍယမာနော။ သော ဩဒနံ ပဋိဂ္ဂဏှန္တော န ပတ္တံ ဥန္နာမေတိ, န ပတ္တံ ဩနာမေတိ၊ န ပတ္တံ သန္နာမေတိ, န ပတ္တံ ဝိနာမေတိ။ သော ဩဒနံ ပဋိဂ္ဂဏှာတိ နာတိထောကံ နာတိဗဟုံ။ ဗျဉ္ဇနံ ခေါ ပန ဘဝံ ဂေါတမော ဗျဉ္ဇနမတ္တာယ အာဟာရေတိ, န စ ဗျဉ္ဇနေန အာလောပံ အတိနာမေတိ။ ဒွတ္တိက္ခတ္တုံ ခေါ ဘဝံ ဂေါတမော မုခေ အာလောပံ သမ္ပရိဝတ္တေတွာ အဇ္ဈောဟရတိ၊ န စဿ ကာစိ ဩဒနမိဉ္ဇာ အသမ္ဘိန္နာ ကာယံ ပဝိသတိ, န စဿ ကာစိ ဩဒနမိဉ္ဇာ မုခေ အဝသိဋ္ဌာ ဟောတိ၊ အထာပရံ အာလောပံ ဥပနာမေတိ။ ရသပဋိသံဝေဒီ ခေါ ပန သော ဘဝံ ဂေါတမော အာဟာရံ အာဟာရေတိ, နော စ ရသရာဂပဋိသံဝေဒီ။

‘‘အဋ္ဌင်္ဂသမန္နာဂတံ [အဋ္ဌင်္ဂသမန္နာဂတော (က။)] ခေါ ပန သော ဘဝံ ဂေါတမော အာဟာရံ အာဟာရေတိ – နေဝ ဒဝါယ, န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ, ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ, ဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ – ‘ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ, ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စာ’တိ။ သော ဘုတ္တာဝီ ပတ္တောဒကံ ပဋိဂ္ဂဏှန္တော န ပတ္တံ ဥန္နာမေတိ, န ပတ္တံ ဩနာမေတိ၊ န ပတ္တံ သန္နာမေတိ, န ပတ္တံ ဝိနာမေတိ။ သော ပတ္တောဒကံ ပဋိဂ္ဂဏှာတိ နာတိထောကံ နာတိဗဟုံ။ သော န ခုလုခုလုကာရကံ ပတ္တံ ဓောဝတိ, န သမ္ပရိဝတ္တကံ ပတ္တံ ဓောဝတိ, န ပတ္တံ ဘူမိယံ နိက္ခိပိတွာ ဟတ္ထေ ဓောဝတိ၊ ဟတ္ထေသု ဓောတေသု ပတ္တော ဓောတော ဟောတိ, ပတ္တေ ဓောတေ ဟတ္ထာ ဓောတာ ဟောန္တိ။ သော ပတ္တောဒကံ ဆဍ္ဍေတိ နာတိဒူရေ နာစ္စာသန္နေ, န စ ဝိစ္ဆဍ္ဍယမာနော။ သော ဘုတ္တာဝီ န ပတ္တံ ဘူမိယံ နိက္ခိပတိ နာတိဒူရေ နာစ္စာသန္နေ, န စ အနတ္ထိကော ပတ္တေန ဟောတိ, န စ အတိဝေလာနုရက္ခီ ပတ္တသ္မိံ။ သော ဘုတ္တာဝီ မုဟုတ္တံ တုဏှီ နိသီဒတိ, န စ အနုမောဒနဿ ကာလမတိနာမေတိ။ သော ဘုတ္တာဝီ အနုမောဒတိ, န တံ ဘတ္တံ ဂရဟတိ, န အညံ ဘတ္တံ ပဋိကင်္ခတိ၊ အညဒတ္ထု ဓမ္မိယာ ကထာယ တံ ပရိသံ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ သော တံ ပရိသံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကမတိ။ သော နာတိသီဃံ ဂစ္ဆတိ, နာတိသဏိကံ ဂစ္ဆတိ, န စ မုစ္စိတုကာမော ဂစ္ဆတိ၊ န စ တဿ ဘောတော ဂေါတမဿ ကာယေ စီဝရံ အစ္စုက္ကဋ္ဌံ ဟောတိ န စ အစ္စောက္ကဋ္ဌံ, န စ ကာယသ္မိံ အလ္လီနံ န စ ကာယသ္မာ အပကဋ္ဌံ၊ န စ တဿ ဘောတော ဂေါတမဿ ကာယမှာ ဝါတော စီဝရံ အပဝဟတိ၊ န စ တဿ ဘောတော ဂေါတမဿ ကာယေ ရဇောဇလ္လံ ဥပလိမ္ပတိ။ သော အာရာမဂတော နိသီဒတိ ပညတ္တေ အာသနေ။ နိသဇ္ဇ ပါဒေ ပက္ခာလေတိ၊ န စ သော ဘဝံ ဂေါတမော ပါဒမဏ္ဍနာနုယောဂမနုယုတ္တော ဝိဟရတိ။ သော ပါဒေ ပက္ခာလေတွာ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော နေဝ အတ္တဗျာဗာဓာယ စေတေတိ, န ပရဗျာဗာဓာယ စေတေတိ, န ဥဘယဗျာဗာဓာယ စေတေတိ၊ အတ္တဟိတပရဟိတဥဘယဟိတသဗ္ဗလောကဟိတမေဝ သော ဘဝံ ဂေါတမော စိန္တေန္တော နိသိန္နော ဟောတိ။ သော အာရာမဂတော ပရိသတိ ဓမ္မံ ဒေသေတိ, န တံ ပရိသံ ဥဿာဒေတိ, န တံ ပရိသံ အပသာဒေတိ၊ အညဒတ္ထု ဓမ္မိယာ ကထာယ တံ ပရိသံ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။

‘‘အဋ္ဌင်္ဂသမန္နာဂတော ခေါ ပနဿ ဘောတော ဂေါတမဿ မုခတော ဃောသော နိစ္ဆရတိ – ဝိဿဋ္ဌော စ, ဝိညေယျော စ, မဉ္ဇု စ, သဝနီယော စ, ဗိန္ဒု စ, အဝိသာရီ စ, ဂမ္ဘီရော စ, နိန္နာဒီ စ။ ယထာပရိသံ ခေါ ပန သော ဘဝံ ဂေါတမော သရေန ဝိညာပေတိ, န စဿ ဗဟိဒ္ဓါ ပရိသာယ ဃောသော နိစ္ဆရတိ။ တေ တေန ဘောတာ ဂေါတမေန ဓမ္မိယာ ကထာယ သန္ဒဿိတာ သမာဒပိတာ သမုတ္တေဇိတာ သမ္ပဟံသိတာ ဥဋ္ဌာယာသနာ ပက္ကမန္တိ အဝလောကယမာနာယေဝ [အပလောကယမာနာယေဝ (သီ။ က။)] အဝိဇဟိတတ္တာ [အဝိဇဟန္တာဘာဝေန (သီ။ သျာ။ ကံ။ ပီ။)]။ အဒ္ဒသာမ ခေါ မယံ, ဘော, တံ ဘဝန္တံ ဂေါတမံ ဂစ္ဆန္တံ, အဒ္ဒသာမ ဌိတံ, အဒ္ဒသာမ အန္တရဃရံ ပဝိသန္တံ, အဒ္ဒသာမ အန္တရဃရေ နိသိန္နံ တုဏှီဘူတံ, အဒ္ဒသာမ အန္တရဃရေ ဘုဉ္ဇန္တံ, အဒ္ဒသာမ ဘုတ္တာဝိံ နိသိန္နံ တုဏှီဘူတံ, အဒ္ဒသာမ ဘုတ္တာဝိံ အနုမောဒန္တံ, အဒ္ဒသာမ အာရာမံ ဂစ္ဆန္တံ, အဒ္ဒသာမ အာရာမဂတံ နိသိန္နံ တုဏှီဘူတံ, အဒ္ဒသာမ အာရာမဂတံ ပရိသတိ ဓမ္မံ ဒေသေန္တံ။ ဧဒိသော စ ဧဒိသော စ သော ဘဝံ ဂေါတမော, တတော စ ဘိယျော’’တိ။

၃၈၇။ ထိုအသျှင်ဂေါတမသည် ကြွသွားသည်ရှိသော် လကျာ်ခြေတော်ဖြင့် ရှေးဦးစွာ ဖဲကြွတော်မူ၏၊ ထိုအသျှင်ဂေါတမသည် မဝေးလွန်းရာ၌ ခြေတော်ကို နုတ်ကြွတော်မူ၏၊ မနီးလွန်းရာ၌ ခြေတော်ကိုချတော်မူ၏၊ မမြန်လွန်းဘဲ ကြွသွားတော်မူ၏၊ မနှေးလွန်းဘဲ ကြွသွားတော်မူ၏၊ ပုဆစ်ဒူးအချင်းချင်းမထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ဖမျက်အချင်းချင်း မထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ကြွသွားတော်မူသည်ရှိသော် ပေါင်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမ ကြွသွား တော်မူလတ်သော် အောက်ပိုင်းကိုယ်သည်သာ လှုပ်၏၊ ကိုယ်အား ယူ၍ ကြွတော်မမူ။ ထိုအသျှင် ဂေါတမသည် ပြန်ကြည့်တော်မူသည်ရှိသော် အလုံးစုံသောကိုယ်ဖြင့်သာလျှင် ပြန်ကြည့်တော်မူ၏၊ ထိုအသျှင်ဂေါတမသည် အထက်သို့ မော့ကြည့်တော်မမူ၊ အောက်သို့ ငုံ့ကြည့် တော်မမူ၊ ထိုထို ဤဤ ကြည့်လျက် သွားတော်မမူ၊ ထမ်းပိုးတစ်ပြန်မျှကိုသာကြည့်တော်မူ၏၊ ထမ်းပိုး တစ်ပြန်ထက် အလွန်လည်း ထိုအသျှင်ဂေါတမအား အပိတ်အပင်မရှိသောဉာဏ်အမြင်သည် ဖြစ် တော်မူ၏။ ထိုအသျှင်ဂေါတမသည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် ကိုယ်ကို မြှောက်တော်မမူ၊ ညွတ် တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် နေရာ၏ မဝေးလွန်း မနီးလွန်း၌ ကိုယ်ကိုလှည့်တော်မူ၏၊ လက်ဖြင့် ထောက်၍ နေရာ၌ ထိုင်တော်မမူ၊ နေရာ၌ ကိုယ်ကိုလည်း ပစ်ချ တော်မမူ၊ ထိုအသျှင်ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် လက်ဆော့တော်မမူ၊ ခြေဆော့တော် မမူ၊ ဒူးဆစ်အချင်းချင်းတင်၍ ထိုင်တော်မမူ၊ ဖမျက်အချင်းချင်း တင်၍ ထိုင်တော်မမူ၊ မေးကို လက်ထောက်၍လည်း ထိုင်တော်မမူ၊ ထိုအသျှင် ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် မကြောက်ရွံ့မတွန့်ဆုတ် မတုန်လှုပ် မချောက်ချား၊ ထိုအသျှင် ဂေါတမသည် မကြောက်ရွံ့ မတွန့်ဆုတ် မတုန်လှုပ်မချောက်ချားဘဲ ကြက်သီးမွေးညင်းထမှု ကင်းသည်ဖြစ်၍ ကင်းဆိတ်ရာ (နိဗ္ဗာန်) သို့ ညွတ်သောစိတ်ရှိသည်ဖြစ်၍လည်း ရွာတွင်း၌ နေတော်မူ၏။ ထိုအသျှင်ဂေါတမသည် သပိတ်ဆေးရေကို ယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသောသပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို့ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ၊ သပိတ်ကို မြေ၌ ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင်သပိတ်ဆေးပြီး ဖြစ်၏၊ သပိတ်ဆေးလျှင် လက်ဆေးပြီး ဖြစ်တော်မူ၏၊ ထိုအသျှင် ဂေါတမသည် သပိတ်ဆေးရေကို မနီးလွန်း မဝေးလွန်း၌ စွန့်တော်မူ၏၊ ဖရိုဖရဲ ပြန့်ကျဲ၍ စွန့်တော်မမူ။ ထိုအသျှင်ဂေါတမသည် ဆွမ်းကို ခံယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော ဆွမ်းကိုခံယူတော်မူ၏။ ထိုအသျှင်ဂေါတမသည် ဟင်းကို ဟင်းပမာဏဖြင့် သုံးဆောင်တော်မူ၏၊ ဟင်းဖြင့် ဆွမ်းလုတ်ကို လွန်စေတော်မမူ၊ အသျှင်ဂေါတမသည် ခံတွင်း၌ ဆွမ်းလုတ်ကို နှစ်ကြိမ် သုံးကြိမ်လွေး၍မျိုချတော်မူ၏၊ တစ်စုံတစ်ခုသော ထမင်းဝါးဖတ်သည် မကြေညက်ဘဲ ထိုအသျှင် ဂေါတမ၏ကိုယ်တော်သို့ မဝင်၊ တစ်စုံတစ်ခုသော ထမင်း ဝါးဖတ်သည် ထိုအသျှင်ဂေါတမ၏ ခံတွင်း၌ မကြွင်းကျန်၊ ထို့ပြင် ဆွမ်းလုတ်သို့ ညွတ်လျက် အရသာကို သိသည် ဖြစ်၍ ထိုအသျှင် ဂေါတမသည် အာဟာရကိုသုံးဆောင် တော်မူ၏၊ အရသာကို တပ်မက်သောအားဖြင့် သိသည် ဖြစ်၍ သုံးဆောင်တော်မမူ။ ထိုအသျှင်ဂေါတမသည် မြူးထူးရန် မာန်ရစ်ရန် တန်ဆာဆင်ရန် အသားအရေ ဖွံ့ဖြိုးတိုးပွားရန်သုံးဆောင်တော်မူသည် မဟုတ်၊ ဤကိုယ်၏ တည်တံ့ရန်သာ မျှတရန်သာ ပင်ပန်းခြင်းငြိမ်းရုံမျှသာမြတ်သောအကျင့်ကို ချီးမြှောက်ရန်သာ သုံးဆောင်တော်မူ၏။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်းပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အဟာရကို သုံးဆောင်၏။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီး နောက် သပိတ်ဆေးရေကို ခံယူသည်ရှိသော် သပိတ်ကိုမြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ။ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော သပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ။ သပိတ်ကို မြေ၌ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင် သပိတ်ဆေးပြီးဖြစ်၏၊ သပိတ်ဆေးလျှင်လက်ဆေးပြီး ဖြစ်တော်မူ၏။ ထိုအသျှင်ဂေါတမသည် မနီးလွန်း မဝေးလွန်း၌ သပိတ်ဆေးရေကို စွန့်တော်မူ၏၊ ဖရိုဖရဲ ဖြန့်ကြဲ၍ စွန့်တော်မမူ။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် သပိတ်ကိုမြေ၌ ချတော်မမူ၊ မနီးလွန်း မဝေးလွန်း၌ ထားတော်မူ၏၊ သပိတ်ကို အလိုမရှိသည်လည်း မဟုတ်၊ သပိတ်၌ အခါလေးမြင့် စောင့်ရှောက်သည်လည်း မဟုတ်၊ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော်တစ်ခဏမျှ ဆိတ်ဆိတ်နေတော်မူ၏၊ အနုမောဒနာ ပြုရအံ့သော အခါကိုမူကား လွန်စေတော်မမူ။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် အနုမောဒနာ ပြုတော်မူ၏။ ထိုဆွမ်းကို ကဲ့ရဲ့တော် မမူ၊ အခြားဆွမ်းကို မတောင့်တ၊ စင်စစ်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီပွါးကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုအသျှင်ဂေါတမသည် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရား ကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှထကာ ဖဲကြွတော်မူ၏။ ထိုအသျှင်ဂေါတမသည် အလွန်လျင်မြန်စွာ ကြွသွားတော်မမူ၊ အလွန်နှေးကွေးစွာ ကြွသွားတော်မမူ၊ လွတ်မြောက်လိုသကဲ့သို့ ကြွသွားတော်မမူ၊ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်၌ သင်္ကန်းသည်အလွန်လည်း မမြင့်တက်၊ အလွန်လည်း မလျောကျ၊ ကိုယ်တော်၌ ကပ်ငြိသည်လည်း မဟုတ်၊ ကိုယ်တော်မှ ကွာနေသည်လည်း မဟုတ်။ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်မှ သင်္ကန်းသည် လေလည်းမလွင့်၊ ထိုအသျှင်ဂေါတမ၏ ကိုယ်တော်၌ အညစ် အကြေးသည်လည်း မလိမ်းကျံ (မကပ်ငြိ)၊ ထိုအသျှင်ဂေါတမသည် ကျောင်းတော်သို့သွား၍ ခင်းထားသော နေရာ၌ ထိုင်တော်မူ၏၊ ထိုင်ပြီးနောက် ခြေဆေးတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခြေကို တန်ဆာဆင်ခြင်းနှင့် ယှဥ်သော လုံ့လကို အဖန်ဖန်အားထုတ်၍ နေတော့်မမူ။ ထိုအသျှင် ဂေါတမသည် ခြေဆေးပြီးနောက် ထက်ဝယ်ဖွဲ့ ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက်ကမ္မဋ္ဌာန်းကို ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူ၏။ ထိုအသျှင်ဂေါတမသည် မိမိကိုယ်ကို ဆင်းရဲစေရန်လည်း အားမထုတ်၊ သူတစ်ပါးကို ဆင်းရဲစေရန်လည်း အားမထုတ်၊ နှစ်ဦးလုံး ဆင်းရဲစေရန်လည်း အားမထုတ်၊ ကိုယ်ကျိုး သူကျိုး နှစ်ပါးစုံ လောကသားအားလုံး၏ အကျိုးစီးပွားကိုသာလျှင် ကြံစည်စဥ်းစား၍ နေတော်မူ၏။ ထိုအသျှင်ဂေါတမသည် အရံသို့ ရောက်သည်ရှိသော် ပရိသတ်၌ တရားဟောတော် မူ၏၊ ထိုပရိသတ်ကို မမြှောက်ပင့်၊ ထိုပရိသတ်ကိုမနှိမ့်ချ၊ စင်စစ်အမှန်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ခံတွင်းတော်မှ သန့်ရှင်းသိလွယ် သော သာယာဖွယ် နာပျော်ဖွယ်ကောင်းသောလုံးစည်းသော ဖရိုဖရဲမကျဲ သော နက်နဲသော ပဲ့တင်ထပ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်အသံတော်သည် ပေါ်ထွက်၏။ ထိုအသျှင် ဂေါတမ သည် ပရိသတ်ရှိသလောက် အသံတော်ဖြင့်သိစေနိုင်၏၊ ထိုပရိသတ်မှ အပသို့ ထိုအသျှင်ဂေါတမ ၏ အသံတော်သည် မထွက်။ ထိုအသျှင်ဂေါတမသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီး သော် ထိုပရိသတ်ရှိ လူတို့သည်မစွန့်လိုသော စိတ်ရှိကုန်သည်ဖြစ်၍ ဖူးမြော်ကြကုန်လျက်သာလျှင် နေရာမှ ထကာ ဖဲသွား ကြကုန်၏။ အသျှင် အကျွန်ုပ်တို့သည် ထိုအသျှင်ဂေါတမ ကြွသွားတော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရပ်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာအတွင်းသို့ ဝင်တော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ စားသောက်တော်မူသည် ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ ဆိတ်ဆိတ်ထိုင်နေတော်မူ သည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ အနုမောဒနာ ပြုတော်မူသည်ကိုလည်း မြင်ခဲ့ရပါ ကုန်၏၊ အရံသို့ကြွတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံအတွင်းသို့ ရောက်၍ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံ အတွင်းသို့ရောက်၍ ပရိသတ်၌ တရားဟောတော်မူသည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ထိုအသျှင်ဂေါတမသည် ဤသို့ ဤသို့လည်း သဘောရှိပါ၏၊ ထို့ထက်လည်းလွန်ကဲတော်မူပါသေး၏ဟု ပြောဆို၏။

When he’s walking he takes the first step with the right foot. He doesn’t lift his foot too far or place it too near. He doesn’t walk too slow or too fast. He walks without knocking his knees or ankles together. When he’s walking he keeps his thighs neither too straight nor too bent, neither too tight nor too loose. When he walks, only the lower half of his body moves, and he walks effortlessly. When he turns to look he does so with the whole body. He doesn’t look directly up or down. He doesn’t look all around while walking, but focuses a plough’s length in front. Beyond that he has unhindered knowledge and vision. When entering an inhabited area he keeps his body neither too straight nor too bent, neither too tight nor too loose. He turns around neither too far nor too close to the seat. He doesn’t lean on his hand when sitting down. And he doesn’t just plonk his body down on the seat. When sitting in inhabited areas he doesn’t fidget with his hands or feet. He doesn’t sit with his knees or ankles crossed. He doesn’t sit with his hand holding his chin. When sitting in inhabited areas he doesn’t shake, tremble, quake, or get nervous, and so he is not nervous at all. When sitting in inhabited areas he still practices seclusion. When receiving water for rinsing the bowl, he holds the bowl neither too straight nor too bent, neither too tight nor too loose. He receives neither too little nor too much water. He rinses the bowl without making a sloshing noise, or spinning it around. He doesn’t put the bowl on the ground to rinse his hands; his hands and bowl are rinsed at the same time. He doesn’t throw the bowl rinsing water away too far or too near, or splash it about. When receiving rice, he holds the bowl neither too straight nor too bent, neither too close nor too loose. He receives neither too little nor too much rice. He eats sauce in a moderate proportion, and doesn’t put too much sauce on his portions. He chews over each portion two or three times before swallowing. But no grain of rice enters his body unchewed, and none remain in his mouth. Only then does he raise another portion to his lips. He eats experiencing the taste, but without experiencing greed for the taste. He eats food thinking of eight reasons: ‘Not for fun, indulgence, adornment, or decoration, but only to sustain this body, to avoid harm, and to support spiritual practice. In this way, I shall put an end to old discomfort and not give rise to new discomfort, and I will have the means to keep going, blamelessness, and a comfortable abiding.’ After eating, when receiving water for washing the bowl, he holds the bowl neither too straight nor too bent, neither too tight nor too loose. He receives neither too little nor too much water. He washes the bowl without making a sloshing noise, or spinning it around. He doesn’t put the bowl on the ground to wash his hands; his hands and bowl are washed at the same time. He doesn’t throw the bowl washing water away too far or too near, or splash it about. After eating he doesn’t put the bowl on the ground too far away or too close. He’s not careless with his bowl, nor does he spend too much time on it. After eating he sits a while in silence, but doesn’t wait too long to give the verses of appreciation. After eating he expresses appreciation without criticizing the meal or expecting another one. Invariably, he educates, encourages, fires up, and inspires that assembly with a Dhamma talk. Then he gets up from his seat and leaves. He walks neither too fast nor too slow, without wanting to get out of there. He wears his robe on his body neither too high nor too low, neither too clinging nor too loose. The wind doesn’t blow his robe off his body. And dust and dirt don’t stick to his body. When he has gone to the monastery he sits on a seat spread out and washes his feet. But he doesn’t waste time with pedicures. When he has washed his feet, he sits down cross-legged, sets his body straight, and brings mindfulness to the present. He has no intention to hurt himself, hurt others, or hurt both. He only wishes for the welfare of himself, of others, of both, and of the whole world. In the monastery when he teaches Dhamma to an assembly, he neither flatters them nor rebukes them. Invariably, he educates, encourages, fires up, and inspires that assembly with a Dhamma talk. The sound of his voice has eight qualities: it is clear, comprehensible, charming, audible, lucid, undistorted, deep, and resonant. He makes sure his voice is intelligible as far as the assembly goes, but the sound doesn’t extend outside the assembly. And when they’ve been inspired with a Dhamma talk by the worthy Gotama they get up from their seats and leave looking back at him alone, and not forgetting their lesson. I have seen the worthy Gotama walking and standing; entering inhabited areas, and sitting and eating there; sitting silently after eating, and expressing appreciation; going to the monastery, sitting silently there, and teaching Dhamma to an assembly there. Such is the worthy Gotama; such he is and more than that.”

စာ-၃၄၁

၃၈၈။ ဧဝံ ဝုတ္တေ, ဗြဟ္မာယု ဗြာဟ္မဏော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ တိက္ခတ္တုံ ဥဒါနံ ဥဒါနေတိ –

‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ။

‘‘အပ္ပေဝ နာမ မယံ ကဒါစိ ကရဟစိ တေန ဘောတာ ဂေါတမေန သမာဂစ္ဆေယျာမ? အပ္ပေဝ နာမ သိယာ ကောစိဒေဝ ကထာသလ္လာပေါ’’တိ!

၃၈၈။ ဤသို့ ပြောကြားသော် ဗြဟ္မာယုပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီကာ - “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါနကျူးရင့်လေ၏။ [ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုး ပါ၏။ ] ငါတို့သည် တချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံကောင်း တွေ့ဆုံကုန်တန်ရာ၏၊ စိုးစဥ်းမျှသော စကားပြောဟောမှုသည်လည်း ဖြစ်ကောင်းတန်ရာ၏ဟု (ပြောဆို၏)။

When he had spoken, the brahmin Brahmāyu rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and uttered this aphorism three times: “Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha! Hopefully, some time or other I’ll get to meet him, and we can have a discussion.”

၃၈၉။ အထ ခေါ ဘဂဝါ ဝိဒေဟေသု အနုပုဗ္ဗေန စာရိကံ စရမာနော ယေန မိထိလာ တဒဝသရိ။ တတြ သုဒံ ဘဂဝါ မိထိလာယံ ဝိဟရတိ မဃဒေဝမ္ဗဝနေ။ အဿောသုံ ခေါ မိထိလေယျကာ [မေထိလေယျကာ (သီ။ ပီ။)] ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဝိဒေဟေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ မိထိလံ အနုပ္ပတ္တော, မိထိလာယံ ဝိဟရတိ မဃဒေဝမ္ဗဝနေ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏ- ဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’’တိ။

အထ ခေါ မိထိလေယျကာ ဗြာဟ္မဏဂဟပတိကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတော သန္တိကေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။

၃၈၉။ ထိုအခါ မြတ်စွာဘုရားသည် ဝိဒေဟတိုင်း၌ အစဥ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိ သော်မိထိလာပြည်သို့ ရောက်၏၊ မြတ်စွာဘုရားသည် ထိုမိထိလာပြည် မဃဒေဝသရက်ဥယျာဥ်၌သီတင်းသုံးနေတော်မူ၏။ မိထိလာပြည်နေ ပုဏ္ဏားနှင့် အမျိုးသား တို့သည် (ဤသို့) ကြားသိကြကုန်၏ - “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင် မင်းသားရဟန်းဂေါတမသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ ဝိဒေဟတိုင်း၌ဒေသစာရီလှည့်လည်တော်မူသည်ဖြစ်၍ မိထိလာပြည် မဃဒေဝသရက်ဥယျာဥ်၌ သီတင်းသုံးနေတော်မူသတတ်၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ထွက်၏ -‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည့်စုံ တော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော် မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော် မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သောရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော် ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။ ထိုအခါ မိထိလာပြည်နေ ပုဏ္ဏားနှင့်အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြပြီး လျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

And then the Buddha, traveling stage by stage in the Videhan lands, arrived at Mithilā, where he stayed in the Maghadeva Mango Grove. The brahmins and householders of Mithilā heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Mithilā, where he is staying in the Maghadeva Mango Grove. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.” Then the brahmins and householders of Mithilā went up to the Buddha. Before sitting down to one side, some bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent.

၃၉၀။ အဿောသိ ခေါ ဗြဟ္မာယု ဗြာဟ္မဏော – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော မိထိလံ အနုပ္ပတ္တော, မိထိလာယံ ဝိဟရတိ မဃဒေဝမ္ဗဝနေ’’တိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော သမ္ဗဟုလေဟိ သာဝကေဟိ သဒ္ဓိံ ယေန မဃဒေဝမ္ဗဝနံ တေနုပသင်္ကမိ။ အထ ခေါ ဗြဟ္မာယုနော ဗြာဟ္မဏဿ အဝိဒူရေ အမ္ဗဝနဿ ဧတဒဟောသိ – ‘‘န ခေါ မေတံ ပတိရူပံ ယောဟံ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမေယျ’’န္တိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော အညတရံ မာဏဝကံ အာမန္တေသိ – ‘‘ဧဟိ တွံ, မာဏဝက, ယေန သမဏော ဂေါတမော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန သမဏံ ဂေါတမံ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆ – ‘ဗြဟ္မာယု, ဘော ဂေါတမ, ဗြာဟ္မဏော ဘဝန္တံ ဂေါတမံ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘ဗြဟ္မာယု, ဘော ဂေါတမ, ဗြာဟ္မဏော ဇိဏ္ဏော ဝုဍ္ဎော မဟလ္လကော အဒ္ဓဂတော ဝယောအနုပ္ပတ္တော, ဝီသဝဿသတိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ ယာဝတာ, ဘော, ဗြာဟ္မဏဂဟပတိကာ မိထိလာယံ ပဋိဝသန္တိ, ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ ဘောဂေဟိ၊ ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ မန္တေဟိ၊ ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ အာယုနာ စေဝ ယသသာ စ။ သော ဘောတော ဂေါတမဿ ဒဿနကာမော’’’တိ။

‘‘ဧဝံ, ဘော’’တိ ခေါ သော မာဏဝကော ဗြဟ္မာယုဿ ဗြာဟ္မဏဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သော မာဏဝကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြဟ္မာယု, ဘော ဂေါတမ, ဗြာဟ္မဏော ဘဝန္တံ ဂေါတမံ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရံ ပုစ္ဆတိ၊ ဧဝဉ္စ ဝဒေတိ – ‘ဗြဟ္မာယု, ဘော ဂေါတမ, ဗြာဟ္မဏော ဇိဏ္ဏော ဝုဍ္ဎော မဟလ္လကော အဒ္ဓဂတော ဝယောအနုပ္ပတ္တော, ဝီသဝဿသတိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ ယာဝတာ, ဘော, ဗြာဟ္မဏဂဟပတိကာ မိထိလာယံ ပဋိဝသန္တိ, ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ ဘောဂေဟိ၊ ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ မန္တေဟိ၊ ဗြဟ္မာယု တေသံ ဗြာဟ္မဏော အဂ္ဂမက္ခာယတိ – ယဒိဒံ အာယုနာ စေဝ ယသသာ စ။ သော ဘောတော ဂေါတမဿ ဒဿနကာမော’’’တိ။ ‘‘ယဿဒါနိ, မာဏဝ, ဗြဟ္မာယု ဗြာဟ္မဏော ကာလံ မညတီ’’တိ။ အထ ခေါ သော မာဏဝကော ယေန ဗြဟ္မာယု ဗြာဟ္မဏော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဗြဟ္မာယုံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ကတာဝကာသော ခေါမှိ ဘဝတာ သမဏေန ဂေါတမေန။ ယဿဒါနိ ဘဝံ ကာလံ မညတီ’’တိ။

၃၉၀။ ဗြဟ္မာယုပုဏ္ဏားသည် ဤသို့ ကြားသိလေ၏ -“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်း ပြုသည့်သာကီဝင်မင်းသား ရဟန်းဂေါတမသည် မိထိလာပြည်သို့ ရောက်တော်မူ၍ မဃဒေဝသရက် ဥယျာဥ်၌သီတင်းသုံးနေတော်မူ၏”ဟု (ကြားသိလေ၏)။ ထိုအခါဗြဟ္မာယုပုဏ္ဏားသည် များစွာသောတပည့်ပရိသတ်တို့နှင့်အတူ မဃဒေဝသရက်ဥယျာဥ်သို့ ချဥ်းကပ်လေ၏၊ ထိုအခါမဃဒေဝသရက်ဥယျာဥ်၏ အနီး၌ ဗြဟ္မာယုပုဏ္ဏားအား “ရှေးဦးစွာ မပန်ကြားဘဲ ရဟန်းဂေါတမကိုဖူးမြင်ရန် ချဥ်းကပ်ခြင်းသည် ငါ့အား မသင့်လျော်ချေ”ဟု အကြံဖြစ်၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် လုလင်တစ်ယောက်ကို ခေါ်၍ ဤသို့ ပြောဆို၏- “အမောင် သင်လာခဲ့လော့၊ ရဟန်းဂေါတမထံသို့ ချဥ်းကပ်၍ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် အသျှင်ဂေါတမကိုအနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရ ကြောင်းများကို မေးလျှောက်ပါ၏’ဟု ငါ၏စကားဖြင့် ရဟန်းဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့။ ထို့ပြင့်ဤသို့ လည်း လျှောက်လေလော့ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏား သည် ရက်ချုပ်အားဖြင့်အသက်တစ်ရာ့နှစ် ဆယ်ရှိ၍ အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန် မြောက် နောက်ဆုံးအရွယ်သို့ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန် ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်းငါးခုမြောက် ဣတိဟာသ ကျမ်း နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်း တစ်ဖက်သို့ ရောက်၏၊ ပုဒ်တို့၌လိမ္မာ၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတ ကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ အသျှင် မိထိလာပြည်၌ နေကြ ကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာ အားဖြင့် ဗြဟ္မာယု ပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်တို့ဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမကို ဖူးမြင်လိုပါ၏’ဟု လျှောက်ထားလေလော့”ဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟူ၍ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏။ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဂေါတမဗြဟ္မာယုပုဏ္ဏား သည် အသျှင် ဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလျှောက်လိုက်ပါ၏၊ ထို့ပြင် ဤသို့လည်းလျှောက်လိုက်ပါ၏ - ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်း နှင့်တကွ ဗေဒင်သုံးပုံ တို့၏ ကမ်းတစ်ဖက်သို့ ရောက်ပါ၏၊ ပဒကျမ်းကို တတ်ပါ၏၊ ဗျာကရုဏ်းကျမ်း ကို တတ်ပါ၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်ပါ၏။ အသျှင်ဘုရား မိထိလာပြည်၌ နေကြကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာအားဖြင့် ဗြဟ္မာ ယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်အားဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမအား ဖူးမြင်ရန် အလိုရှိပါ၏’ဟု လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။ လုလင် ဗြဟ္မာယုပုဏ္ဏားသည် ယခုအခါ ဖူးမြင်ရန် အချိန်ကို သိ၏ (ဖူးမြင်ရန်မှာ ထိုဗြဟ္မာယု ပုဏ္ဏား၏အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားထံသို့ ချဥ်းကပ်၍“အသျှင် ရဟန်းဂေါတမသည် ခွင့်ပြုပါပြီ၊ ယခုအခါ အသျှင်သည် သွားရန် အချိန်ကို သိ၏ (သွားရန်မှာအသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု ပြောကြား၏။

The brahmin Brahmāyu also heard that the Buddha had arrived. So he went to the Maghadeva Mango Grove together with several disciples. Not far from the grove he thought, “It wouldn’t be appropriate for me to go to see the ascetic Gotama without letting him know beforehand.” So he addressed one of his young students: “Here, young student, go to the ascetic Gotama and in my name bow with your head to his feet. Ask him if he is healthy and well, nimble, strong, and living comfortably. And then say: ‘Worthy Gotama, the brahmin Brahmāyu is old, elderly, and senior, advanced in years, having reached the final stage of life; he is a hundred and twenty years old. He has mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knows them word-by-word, and their grammar. He is well versed in cosmology and the marks of a great man. Of all the brahmins and householders residing in Mithilā, Brahmāyu is said to be the foremost in wealth, hymns, lifespan, and fame. He wants to see the worthy Gotama.’” “Yes, worthy sir,” that young student replied. He did as he was asked, and the Buddha said, “Please, student, let Brahmāyu come at his convenience.” The young student went back to Brahmāyu and said to him, “Your request for an audience with the ascetic Gotama has been granted. Please go at your convenience.”

၃၉၁။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သာ ပရိသာ ဗြဟ္မာယုံ ဗြာဟ္မဏံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဩရမိယ [ဩရမတ္ထ (သျာ။ ကံ။ ပီ။), ဩရမထ, ဩရမတိ (က။), အထ နံ (သီ။), ဩရမိယာတိ ပန တွာပစ္စယန္တတထသံဝဏ္ဏနာနုရူပံ ဝိသောဓိတပဒံ] ဩကာသမကာသိ ယထာ တံ ဉာတဿ ယသဿိနော။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော တံ ပရိသံ ဧတဒဝေါစ – ‘‘အလံ, ဘော! နိသီဒထ တုမှေ သကေ အာသနေ။ ဣဓာဟံ သမဏဿ ဂေါတမဿ သန္တိကေ နိသီဒိဿာမီ’’တိ။

အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ သမန္နေသိ။ အဒ္ဒသာ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ယေ မေ ဒွတ္တိံသာတိ သုတာ, မဟာပုရိသလက္ခဏာ၊

ဒုဝေ တေသံ န ပဿာမိ, ဘောတော ကာယသ္မိံ ဂေါတမ။

‘‘ကစ္စိ ကောသောဟိတံ ဘောတော, ဝတ္ထဂုယှံ နရုတ္တမ၊

နာရီသမာနသဝှယာ, ကစ္စိ ဇိဝှါ န ဒဿကာ [နာရီသဟနာမ သဝှယာ, ကစ္စိ ဇိဝှါ နရဿိကာ၊ (သီ။ သျာ။ ကံ။ ပီ။)]။

‘‘ကစ္စိ ပဟူတဇိဝှေါသိ, ယထာ တံ ဇာနိယာမသေ၊

နိန္နာမယေတံ ပဟူတံ, ကင်္ခံ ဝိနယ နော ဣသေ။

‘‘ဒိဋ္ဌဓမ္မဟိတတ္ထာယ, သမ္ပရာယသုခါယ စ၊

ကတာဝကာသာ ပုစ္ဆာမ, ယံ ကိဉ္စိ အဘိပတ္ထိတ’’န္တိ။

၃၉၁။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏။ ရှေးဦးစွာ ရောက်နှင့် သောပရိသတ်သည် ဗြဟ္မာယုပုဏ္ဏားလာသည်ကို အဝေးကပင်မြင်လတ်သော် ထင်ရှား ကျော်စောသူအခြံအရံများသူအား ပြုမြဲဓမ္မတာအတိုင်း ဖယ်ရှား၍ နေရာပေး၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ထိုပရိသတ်ကို “အချင်းတို့ တော်ပြီ၊ သင်တို့သည် မိမိနေရာ၌ ထိုင်ကြကုန်လော့၊ ငါသည် ရဟန်းဂေါတမ၏အနီး၌ ထိုင်အံ့”ဟု ဆို၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး နောက်သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါး သော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာ ဖွေ၏။ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကားမမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသ နိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် လျှောက်၏ - “အသျှင်ဂေါတမ အကျွန်ုပ်သည် ယောကျာ်းမြတ်တို့၏ လက္ခဏာတို့ကို သုံးဆယ့်နှစ်ပါးတို့ဟူ၍ကြားဖူးပါ၏၊ အသျှင်ဂေါတမ၏ ကိုယ်တော်၌ ထိုလက္ခဏာ တို့တွင် နှစ်ပါးသော လက္ခဏာတို့ကိုမတွေ့မြင်ရပါ။ လူတို့ထက် မြတ်တော်မူသော အသျှင်ဂေါတမ၊ အသျှင်မြတ်၏ အဝတ်ဖြင့် ဖုံးကွယ်နေသောအင်္ဂါဇာတ်သည် သိုအိမ်၌ တည်ပါ၏လော၊ နာရီသဒ္ဒါနှင့် (လိင်) တူမျှစွာ ခေါ်ဆိုအပ်သော လျှာတော်သည်မပေါ်ထင်သေးသည် မဟုတ်ပါလော။ ကျယ်ပြန့်သော လျှာတော်ရှိပါ၏လော၊ အဘယ်သို့သော အခြင်းအရာဖြင့် သိရ ပါကုန်အံ့နည်း၊ မြတ်စွာဘုရား ထိုကျယ်ပြန့်သော လျှာတော်ကို ထုတ်၍ ပြတော်မူ ပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကိုပယ်ဖျောက်တော်မူပါလော့။ မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်းအခွင့်ရကုန်သည်ရှိသော် လွန်စွာတောင့်တနေသော တစ်စုံတစ်ခုသော ပုစ္ဆာကိုမေးလျှောက်လိုကြပါကုန်၏”ဟု (လျှောက်၏)။

Then the brahmin Brahmāyu went up to the Buddha. The assembly saw him coming off in the distance, and made way for him, as he was well-known and famous. Brahmāyu said to that retinue, “Enough, gentlemen. Please sit on your own seats. I shall sit here by the ascetic Gotama.” Then the brahmin Brahmāyu went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and scrutinized the Buddha’s body for the thirty-two marks of a great man. He saw all of them except two, which he had doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue. Then Brahmāyu addressed the Buddha in verse: “I have learned of the thirty-two marks of a great man. There are two that I don’t see on the body of the worthy Gotama. Are the private parts sheathed in a foreskin, O supreme man? Though called by a word of the feminine gender, perhaps your tongue is a manly one? Perhaps your tongue is large, as we have been informed. Please stick it out in its full extent, and so, O seer, dispel my doubt. For my welfare and benefit in this life, and happiness in lives to come. And I ask you to grant the opportunity to ask whatever I desire.”

၃၉၂။ အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ပဿတိ ခေါ မေ အယံ ဗြဟ္မာယု ဗြာဟ္မဏော ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စာ’’တိ။ အထ ခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိ ယထာ အဒ္ဒသ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝတော ကောသောဟိတံ ဝတ္ထဂုယှံ။ အထ ခေါ ဘဂဝါ ဇိဝှံ နိန္နာမေတွာ ဥဘောပိ ကဏ္ဏသောတာနိ အနုမသိ ပဋိမသိ၊ ဥဘောပိ နာသိကသောတာနိ အနုမသိ ပဋိမသိ၊ ကေဝလမ္ပိ နလာဋမဏ္ဍလံ ဇိဝှါယ ဆာဒေသိ။ အထ ခေါ ဘဂဝါ ဗြဟ္မာယုံ ဗြာဟ္မဏံ ဂါထာဟိ ပစ္စဘာသိ –

‘‘ယေ တေ ဒွတ္တိံသာတိ သုတာ, မဟာပုရိသလက္ခဏာ၊

သဗ္ဗေ တေ မမ ကာယသ္မိံ, မာ တေ [မာ ဝေါ (က။)] ကင်္ခါဟု ဗြာဟ္မဏ။

‘‘အဘိညေယျံ အဘိညာတံ, ဘာဝေတဗ္ဗဉ္စ ဘာဝိတံ၊

ပဟာတဗ္ဗံ ပဟီနံ မေ, တသ္မာ ဗုဒ္ဓေါသ္မိ ဗြာဟ္မဏ။

‘‘ဒိဋ္ဌဓမ္မဟိတတ္ထာယ, သမ္ပရာယသုခါယ စ၊

ကတာဝကာသော ပုစ္ဆဿု, ယံ ကိဉ္စိ အဘိပတ္ထိတ’’န္တိ။

၃၉၂။ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏ -“ဤဗြဟ္မာယုပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်း ပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည်အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဗြဟ္မာယုပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ နှာခေါင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ အလုံးစုံသော နဖူးပြင်တို့ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယု ပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍မိန့်တော်မူ၏ - “ပုဏ္ဏား သင်သည် ယောကျာ်းမြတ်တို့၏ လက္ခဏာတို့ကိုသုံးဆယ့်နှစ်ပါးတို့ဟူ၍ ကြားဖူး၏၊ ထိုသုံးဆယ့်နှစ်ပါးသော ထိုလက္ခဏာတိုု့သည် ငါ့ကိုယ်၌ ထင်ရှား ရှိကုန်၏၊ သင်အားယုံမှားတွေးတောခြင်း မဖြစ်စေလင့်။ ပုဏ္ဏား ငါသည် ပိုင်းခြား၍ သိသင့်သော တရားကို ပိုင်းခြား၍ သိပြီးပြီ၊ ပွါးများသင့်သောတရားကိုလည်း ပွါးများပြီးပြီ၊ ပယ်သင့်သော တရားကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည်ဘုရားဖြစ်ပေ၏။ မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်း အခွင့်ရသည်ဖြစ်၍လွန်စွာတောင့်တထားသော မေးလိုသမျှ ပြဿနာအလုံးစုံကို မေးလျှောက်လေလော့”ဟု (မိန့်တော်မူ၏)။

Then it occurred to the Buddha, “Brahmāyu sees all the marks except two, which he has doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue.” So the Buddha used his psychic power to will that Brahmāyu would see his private parts sheathed in a foreskin. And he stuck out his tongue and stroked back and forth on his ear holes and nostrils, and covered his entire forehead with his tongue. Then the Buddha replied to Brahmāyu in verse: “The thirty-two marks of a great man that you have learned are all found on my body: so do not doubt, brahmin. I have known what should be known, and developed what should be developed, and given up what should be given up: and so, brahmin, I am a Buddha. For your welfare and benefit in this life, and happiness in lives to come: I grant you the opportunity to ask whatever you desire.”

၃၉၃။ အထ ခေါ ဗြဟ္မာယုဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ကတာဝကာသော ခေါမှိ သမဏေန ဂေါတမေန။ ကိံ နု ခေါ အဟံ သမဏံ ဂေါတမံ ပုစ္ဆေယျံ – ‘ဒိဋ္ဌဓမ္မိကံ ဝါ အတ္ထံ သမ္ပရာယိကံ ဝါ’’’တိ။ အထ ခေါ ဗြဟ္မာယုဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ကုသလော ခေါ အဟံ ဒိဋ္ဌဓမ္မိကာနံ အတ္ထာနံ။ အညေပိ မံ ဒိဋ္ဌဓမ္မိကံ အတ္ထံ ပုစ္ဆန္တိ။ ယံနူနာဟံ သမဏံ ဂေါတမံ သမ္ပရာယိကံယေဝ အတ္ထံ ပုစ္ဆေယျ’’န္တိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ကထံ ခေါ ဗြာဟ္မဏော ဟောတိ, ကထံ ဘဝတိ ဝေဒဂူ၊

တေဝိဇ္ဇော ဘော ကထံ ဟောတိ, သောတ္ထိယော ကိန္တိ ဝုစ္စတိ။

‘‘အရဟံ ဘော ကထံ ဟောတိ, ကထံ ဘဝတိ ကေဝလီ၊

မုနိ စ ဘော ကထံ ဟောတိ, ဗုဒ္ဓေါ ကိန္တိ ပဝုစ္စတီ’’တိ။

၃၉၃။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါ့ကို ရဟန်းဂေါတမသည် ခွင့်ပြုပြီးပြီ၊ ငါသည် ရဟန်းဂေါတမအား မျက်မှောက် အကျိုးကိုပင် မေးရအံ့လော၊ တမလွန်အကျိုးကိုပင် မေးရအံ့လော၊ အဘယ်အရာကိ်ု မေးရအံ့နည်း”ဟု အကြံဖြစ်၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါသည် မျက်မှောက်အကျိုးတို့၌ လိမ္မာ၏၊ မျက်မှောက်အကျိုးစီးပွါးကို သူတစ်ပါးတို့ကပင်လည်း ငါ့အား မေးမြန်းကြကုန်သေး၏၊ငါသည် တမလွန်အကျိုးစီးပွါးကိ်ု မေးလျှောက်ရမူ ကောင်းလေရာ ၏”ဟု အကြံဖြစ်ပြန်၏။ ထိုအခါဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်ထား၏ - “အဘယ်သို့လျှင် မကောင်းမှုကို အပပြုပြီးသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သိခြင်းအဆုံးသို့ရောက်သူ ဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် စင်ကြယ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ ပါသနည်း။ အဘယ်သို့လျှင် ရဟန္တာဖြစ်ပါသနည်း၊ အဘယ်သို့လျှင် အလုံးစုံသော ဂုဏ် ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် အရဟတ္တမဂ်ဉာဏ် မောနေယျနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သစ္စာလေးပါးကို သိသူဟူ၍ ဆိုရပါသနည်း”ဟု (လျှောက်၏)။

Then Brahmāyu thought: “My request has been granted. Should I ask him about what is beneficial in this life or the next?” Then he thought, “I’m well versed in the benefits that apply to this life, and others ask me about this. Why don’t I ask the ascetic Gotama about the benefit that specifically applies to lives to come?” So Brahmāyu addressed the Buddha in verse: “How do you become a brahmin? And how do you become a knowledge master? How a master of the three knowledges? And how is one called a scholar? How do you become a perfected one? And how a consummate one? How do you become a sage? And how is one declared to be awakened?”

၃၉၄။ အထ ခေါ ဘဂဝါ ဗြဟ္မာယုံ ဗြာဟ္မဏံ ဂါထာဟိ ပစ္စဘာသိ –

‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒိ, သဂ္ဂါပါယဉ္စ ပဿတိ၊

အထော ဇာတိက္ခယံ ပတ္တော, အဘိညာ ဝေါသိတော မုနိ။

‘‘စိတ္တံ ဝိသုဒ္ဓံ ဇာနာတိ, မုတ္တံ ရာဂေဟိ သဗ္ဗသော၊

ပဟီနဇာတိမရဏော, ဗြဟ္မစရိယဿ ကေဝလီ၊

ပါရဂူ သဗ္ဗဓမ္မာနံ, ဗုဒ္ဓေါ တာဒီ ပဝုစ္စတီ’’တိ။

ဧဝံ ဝုတ္တေ, ဗြဟ္မာယု ဗြာဟ္မဏော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန စ ပရိစုမ္ဗတိ, ပါဏီဟိ စ ပရိသမ္ဗာဟတိ, နာမဉ္စ သာဝေတိ – ‘‘ဗြဟ္မာယု အဟံ, ဘော ဂေါတမ, ဗြာဟ္မဏော၊ ဗြဟ္မာယု အဟံ, ဘော ဂေါတမ, ဗြာဟ္မဏော’’တိ။ အထ ခေါ သာ ပရိသာ အစ္ဆရိယဗ္ဘုတစိတ္တဇာတာ အဟောသိ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! ယတြ ဟိ နာမာယံ ဗြဟ္မာယု ဗြာဟ္မဏော ဉာတော ယသဿီ ဧဝရူပံ ပရမနိပစ္စကာရံ ကရိဿတီ’’တိ။ အထ ခေါ ဘဂဝါ ဗြဟ္မာယုံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘အလံ, ဗြာဟ္မဏ, ဥဋ္ဌဟ နိသီဒ တွံ သကေ အာသနေ ယတော တေ မယိ စိတ္တံ ပသန္န’’န္တိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဥဋ္ဌဟိတွာ သကေ အာသနေ နိသီဒိ။

၃၉၄။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍ ဖြေကြားတော်မူ၏ - “အကြင်သူသည် ရှေးကနေခဲ့ဖူးသော ခန္ဓာအစဥ်ကို သိ၏၊ နတ်ဘုံံနှင့် အပါယ် ဘုံကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ ကုန်ခြင်းသို့ ရောက်၏၊ အရဟတ္တမဂ် ဉာဏ်ကို အထူးသိ၍ အဆုံးသို့ ရောက်၏၊ ထိုသူသည် မုနိခေါ်သော ရဟန်း ဖြစ်၏။ အချင်းခပ်သိမ်း ရာဂတို့မှ လွတ်သောကြောင့် အထူးသဖြင့် စင်ကြယ်သောစိတ်ကို သိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းကို ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့် အားလုံးနှင့် ပြည့်စုံ၏၊ အလုံးစုံသောတရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ထိုကဲ့သို့သောသူကို ဗုဒ္ဓဟူ၍ ဆိုရ၏”ဟု (ဖြေကြားတော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ဗြဟ္မာယု ပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားခြေတော်တို့၌ ဦးတိုက်ကာ ခြေတော်တို့ကိုခံတွင်းဖြင့်လည်း စုပ်၏၊ လက်တို့ဖြင့်လည်း သုံးသပ်၏၊ “အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါ တည်း”ဟု အမည်ကိုလည်းလျှောက်ကြား၏။ ထိုအခါ ထိုရောက်လာသော ပရိသတ်သည် “အချင်းတို့ အံ့ဩဖွယ်ကောင်းလေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ ဤဗြဟ္မာယုပုဏ္ဏားသည် ယင်းသို့ထင်ရှားကျော်စော အခြံအရံပေါများသူ ဖြစ်ပါလျက် ဤသို့ သဘောရှိသော လွန်လွန်ကဲကဲတုပ်ဝပ်ရိုသေခြင်းကို ပြုဘိ၏”ဟု အံ့ဩဖွယ် မဖြစ်ဖူးမြဲဖြစ်သော စိတ်ရှိသည် ဖြစ်လေသတည်း။ ထိုအခါမြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို “ပုဏ္ဏား တော်သင့်ပြီ ထလော့၊ သင်သည် မိမိနေရာ၌ထိုင်လော့၊ သင်၏ စိတ်သည် ငါ၌ ကြည်ညို ပေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည်ထ၍ မိမိနေရာ၌ ထိုင်လေ၏။

Then the Buddha replied to Brahmāyu in verse: “One who knows their past lives, sees heaven and places of loss, and has attained the end of rebirth: such a sage has perfect insight. They know their mind is pure, completely freed from greed; they’ve given up birth and death, and have completed the spiritual journey. Gone beyond all things, such a one is declared to be awakened.” When he said this, Brahmāyu got up from his seat and arranged his robe over one shoulder. He bowed with his head to the Buddha’s feet, caressing them and covering them with kisses, and pronounced his name: “I am the brahmin Brahmāyu, worthy Gotama! I am the brahmin Brahmāyu!” Then that assembly, their minds full of wonder and amazement, thought, “Oh lord, how incredible, how amazing, that Brahmāyu, who is so well-known and famous, should show the Buddha such utmost deference.” Then the Buddha said to Brahmāyu, “Enough, brahmin. Get up, and sit in your own seat, since your mind has such confidence in me.” So Brahmāyu got up and sat in his own seat.

စာ-၃၄၆

၃၉၅။ အထ ခေါ ဘဂဝါ ဗြဟ္မာယုဿ ဗြာဟ္မဏဿ အနုပုဗ္ဗိံ ကထံ ကထေသိ, သေယျထိဒံ – ဒါနကထံ, သီလကထံ, သဂ္ဂကထံ၊ ကာမာနံ အာဒီနဝံ ဩကာရံ သံကိလေသံ နေက္ခမ္မေ အာနိသံသံ ပကာသေသိ။ ယဒါ ဘဂဝါ အညာသိ ဗြဟ္မာယုံ ဗြာဟ္မဏံ ကလ္လစိတ္တံ မုဒုစိတ္တံ ဝိနီဝရဏစိတ္တံ ဥဒဂ္ဂစိတ္တံ ပသန္နစိတ္တံ, အထ ယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ တံ ပကာသေသိ – ဒုက္ခံ, သမုဒယံ, နိရောဓံ, မဂ္ဂံ။ သေယျထာပိ နာမ သုဒ္ဓံ ဝတ္ထံ အပဂတကာဠကံ သမ္မဒေဝ ရဇနံ ပဋိဂ္ဂဏှေယျ, ဧဝမေဝ ဗြဟ္မာယုဿ ဗြာဟ္မဏဿ တသ္မိံယေဝ အာသနေ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ’’န္တိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ – ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ အဓိဝါသေတု စ မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော တဿာ ရတ္တိယာ အစ္စယေန သကေ နိဝေသနေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။

အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဗြဟ္မာယုဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ သဒ္ဓိံ ဘိက္ခုသံဃေန။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော သတ္တာဟံ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ ဘဂဝါ တဿ သတ္တာဟဿ အစ္စယေန ဝိဒေဟေသု စာရိကံ ပက္ကာမိ။ အထ ခေါ ဗြဟ္မာယု ဗြာဟ္မဏော အစိရပက္ကန္တဿ ဘဂဝတော ကာလမကာသိ။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဗြဟ္မာယု, ဘန္တေ, ဗြာဟ္မဏော ကာလင်္ကတော။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ? ‘‘ပဏ္ဍိတော, ဘိက္ခဝေ, ဗြဟ္မာယု ဗြာဟ္မဏော ပစ္စပါဒိ ဓမ္မဿာနုဓမ္မံ, န စ မံ ဓမ္မာဓိကရဏံ ဝိဟေသေသိ။ ဗြဟ္မာယု, ဘိက္ခဝေ, ဗြာဟ္မဏော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ, တတ္ထ ပရိနိဗ္ဗာယီ, အနာဝတ္တိဓမ္မော တသ္မာ လောကာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဗြဟ္မာယုသုတ္တံ နိဋ္ဌိတံ ပဌမံ။

၃၉၅။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားအား အစဥ်အတိုင်းသော တရားစကားကိုဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်း ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်းအကျိုးကို ပြတော်မူ၏။ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏား၌ အသင့်ရှိသောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’မှ ကင်းသောစိတ် တက်ကြွသောစိတ် ကြည်လင်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရား၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော ဆင်းရဲ ‘ဒုက္ခ’၊ ဆင်းရဲခြင်းဖြစ်ကြောင်း‘သမုဒယ’၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဥ် ‘မဂ္ဂ’ ဖြစ်သောတရားကို ဟော ကြားတော်မူ၏။ မည်းညစ်ခြင်းကင်း သော ဖြူစင်သော အဝတ်သည် ဆိုးရည်ကိုကောင်းစွာ စွဲယူသကဲ့သို့၊ ထို့အတူ ဗြဟ္မာယုပုဏ္ဏား အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသောတရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ‘သောတာပတ္တိမဂ် ဉအဏ်’ ဖြစ်ပေါ်လေ၏။ ထိုအခါ တရားကို မြင်ပြီးသော တရားသို့ ရောက်ပြီးသော တရားကို သိပြီးသော တရားသို့့သက်ဝင်ပြီးသော ယုံမှားခြင်းကို ကူးမြောက်ပြီးသော သို့လော သို့လော ကင်းပြီးသော မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသော မိမိမှတစ်ပါး အားထားရာမလိုသော ဗြဟ္မာယုပုဏ္ဏားသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမဥပမာသော်ကား မှောက်ထားသောဝတ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကိုဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိရှိသောသူ တို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင်အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရား တော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်သော ဥပါသကာဟုမှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်း ကိုလက်ခံတော်မူပါ”ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိလျှင် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ဗြဟ္မာယုပုဏ္ဏားသည် ထိုညဥ့်လွန်သောအခါ မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ကို စီရင်ပြီး၍ “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်ဗြဟ္မာယုပုဏ္ဏား၏အိမ်သို့ ချဥ်း ကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်း သံဃာကိုမွန်မြတ် သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် (ကိုယ်တိုင်) လုပ်ကျွေး၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်မြောက် သဖြင့် ဝိဒေဟတိုင်းဝယ်ဒေသစာရီ ကြွချီတော် မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား ဖဲသွား၍ မကြာမြင့်မီသေဆုံးကွယ်လွန်လေ၏။ ထိုအခါ များစွာကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားအထံတော်သို့ချဥ်းကပ်ကြကုန်၍ မြတ်စွာ ဘုရားကို ရှိခိုးကြကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကြကာ “အသျှင်ဘုရားဗြဟ္မာယုပုဏ္ဏားသည် သေဆုံး ကွယ်လွန်ပါပြီ၊ ထိုဗြဟ္မာယုပုဏ္ဏား၏ လားရာဂတိကား အဘယ်ပါနည်း၊ ထိုဗြဟ္မာယုပုဏ္ဏား၏ တမလွန် လောကကား အဘယ်ပါနည်း”ဟု ပြဿနာကို မေးလျှောက်ကြကုန်ပြီ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည် ပညာရှိ၏၊ တရားအား လျော်သော အကျင့်ကို ကျင့်၏၊ ငါ့ကိုတရားတည်းဟူသော အကြောင်းကြောင့် မညှဥ်းဆဲပေ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည်အောက်ပိုင်းသံယောဇဥ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထို ဗြဟ္မာ့ပြည်၌ပင် ပရိနိဗ္ဗာန် ပြုခြင်းသဘောရှိသော ဥပပါတ်ပဋိသန္ဓေ တည်နေ၏၊ ထို (ဗြဟ္မာ့ပြည်) လောကမှ ပြန်လာခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။ ရှေးဦးစွာသော ဗြဟ္မာယုသုတ် ပြီး၏။ ၁။ မဟာဘာရတစသော ရှေးဟောင်း ရာဇဝင် ပုံပြင်ကျမ်း။ ၂။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဥ် ပြသောကျမ်း။ ၃။ ဓာတ် + ပစ္စည်း+ ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း။ ၄။ မျက်မြင် လောကအကြောင်းကိုသာ ပြသော ရုပ်ဝါဒကျမ်း။ (စာရ်ဗာကဆရာ၏ ရုပ်ဝါဒစသည်)။

Then the Buddha taught him step by step, with a talk on giving, ethical conduct, and heaven. He revealed the drawbacks of sensual pleasures, so sordid and corrupt, and the benefit of renunciation. And when the Buddha knew that Brahmāyu’s mind was ready, pliable, rid of hindrances, elated, and confident he revealed the special teaching of the Buddhas: suffering, its origin, its cessation, and the path. Just as a clean cloth rid of stains would properly absorb dye, in that very seat the stainless, immaculate vision of the Dhamma arose in the brahmin Brahmāyu: “Everything that is liable to arise is liable to cease.” Then Brahmāyu saw, attained, understood, and fathomed the Dhamma. He went beyond doubt, got rid of indecision, and became self-assured and independent of others regarding the Teacher’s instructions. He said to the Buddha: “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life. Would you and the mendicant Saṅgha please accept tomorrow’s meal from me?” The Buddha consented with silence. Then, knowing that the Buddha had consented, Brahmāyu rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. And when the night had passed Brahmāyu had delicious fresh and cooked foods prepared in his own home. Then he had the Buddha informed of the time, saying, “It’s time, worthy Gotama, the meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to the home of the brahmin Brahmāyu, where he sat down on the seat spread out together with the Saṅgha of mendicants. For seven days, Brahmāyu served and satisfied the mendicant Saṅgha headed by the Buddha with his own hands with delicious fresh and cooked foods. When the seven days had passed, the Buddha left to wander in the Videhan lands. Not long after the Buddha left, Brahmāyu passed away. Then several mendicants went up to the Buddha, bowed, sat down to one side, and said to him, “Sir, Brahmāyu has passed away. Where has he been reborn in his next life?” “Mendicants, the brahmin Brahmāyu was astute. He practiced in line with the teaching, and did not trouble me about the teachings. With the ending of the five lower fetters, he’s been reborn spontaneously and will become extinguished there, not liable to return from that world.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၂။ သေလသုတ္တံ

၃၉၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ ယေန အာပဏံ နာမ အင်္ဂုတ္တရာပါနံ နိဂမော တဒဝသရိ။ အဿောသိ ခေါ ကေဏိယော ဇဋိလော – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ အာပဏံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’’တိ။

အထ ခေါ ကေဏိယော ဇဋိလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ကေဏိယံ ဇဋိလံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘မဟာ ခေါ, ကေဏိယ, ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, တွဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော’’တိ။ ဒုတိယမ္ပိ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ ခေါ, ဘော ဂေါတမ, မဟာ ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, အဟဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော၊ အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘မဟာ ခေါ, ကေဏိယ, ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, တွဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော’’တိ။ တတိယမ္ပိ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ ခေါ, ဘော ဂေါတမ, မဟာ ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, အဟဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော၊ အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ယေန သကော အဿမော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မိတ္တာမစ္စေ ဉာတိသာလောဟိတေ အာမန္တေသိ – ‘‘သုဏန္တု မေ ဘောန္တော, မိတ္တာမစ္စာ ဉာတိသာလောဟိတာ၊ သမဏော မေ ဂေါတမော နိမန္တိတော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေန။ ယေန မေ ကာယဝေယျာဝဋိကံ [ကာယဝေယာဝဋ္ဋိကံ (သီ။ သျာ။ ကံ။), ကာယဝေယျာဝတိကံ (က။)] ကရေယျာထာ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ကေဏိယဿ ဇဋိလဿ မိတ္တာမစ္စာ ဉာတိသာလောဟိတာ ကေဏိယဿ ဇဋိလဿ ပဋိဿုတွာ အပ္ပေကစ္စေ ဥဒ္ဓနာနိ ခဏန္တိ, အပ္ပေကစ္စေ ကဋ္ဌာနိ ဖာလေန္တိ, အပ္ပေကစ္စေ ဘာဇနာနိ ဓောဝန္တိ, အပ္ပေကစ္စေ ဥဒကမဏိကံ ပတိဋ္ဌာပေန္တိ, အပ္ပေကစ္စေ အာသနာနိ ပညပေန္တိ။ ကေဏိယော ပန ဇဋိလော သာမံယေဝ မဏ္ဍလမာလံ ပဋိယာဒေတိ။

၂-သေလသုတ် ၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ များစွာသော ရဟန်းသံဃာနှင့် အတူအင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် အာပဏမည်သောအင်္ဂုတ္တရာပနိဂုံးသို့ဆိုက်ရောက်တော် မူလေ၏။ ကေဏိယမည်သော ရသေ့သည် ဤသို့ ကြားသိလေ၏ - “အချင်းတို့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှများစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ အာပဏနိဂုံးသို့ဆိုက်ရောက်လာသတတ်။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏ - ‘ထိုရဟန်းဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ်‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည် တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးကို သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကေဏိယရသေ့ကို မြတ်စွာဘုရားသည်တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေအပ်သည်ရှိသော် မြတ်စွာဘုရားကို “အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါလော့”ဟု လျှောက်၏။ ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည်များ၏၊ ရဟန်းပေါင်း တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရား ကို“အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းအပေါင်းနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ပြန်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည် များပြား၏၊ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟုမိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မိမိ၏သင်္ခမ်းကျောင်းသို့ ချဥ်းကပ်၍ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “အိုမိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ ငါ၏ စကားကို နားထောင်ကြပါကုန်၊ ငါသည် ရဟန်းဂေါတမကို ရဟန်းသံဃာနှင့်အတူ နက်ဖြန်အတွက် ဆွမ်းစား ဖိတ်ခဲ့ပြီ၊ ယင်းအကြောင်းကြောင့် သင်တို့သည် ငါ့အား လုပ်အားပေးကြပါကုန်လော့”ဟု ပြောဆို၏။ “အသျှင် ကောင်းပါပြီ”ဟု ကေဏိယရသေ့၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ကေဏိယရသေ့၏ စကားကို နာယူကြပြီးလျှင် အချို့သူတို့သည် ဖိုခုံလောက် ကျင်းတူးကြကုန်၏၊ အချို့သူတို့သည် ထင်းခွဲကြကုန်၏၊ အချို့သူတို့သည် အိုးခွက်တို့ကို ဆေးကြောကြကုန်၏၊ အချို့သူတို့သည် သောက်ရေအိုးကြီးကို တည်ထားကြကုန်၏၊ အ ချို့သူတို့သည် နေရာတို့ကို ခင်းကျင်းကြကုန်၏၊ ကေဏိယရသေ့သည်ကား ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို ပြုစီရင်၏။

Middle Discourses 92 With Sela So I have heard. At one time the Buddha was wandering together with a large Saṅgha of 1,250 mendicants in the land of the Aṅguttarāpans when he arrived at a town of theirs named Āpaṇa. The matted-hair ascetic Keṇiya heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Āpaṇa, together with a large Saṅgha of 1,250 mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He proclaims a teaching that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.” So Keṇiya approached the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. The Buddha educated, encouraged, fired up, and inspired him with a Dhamma talk. Then he said to the Buddha, “Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” When he said this, the Buddha said to him, “The Saṅgha is large, Keṇiya; there are 1,250 mendicants. And you are devoted to the brahmins.” For a second time, Keṇiya asked the Buddha to accept a meal offering. “Never mind that the Saṅgha is large, with 1,250 mendicants, and that I am devoted to the brahmins. Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” And for a second time, the Buddha gave the same reply. For a third time, Keṇiya asked the Buddha to accept a meal offering. “Never mind that the Saṅgha is large, with 1,250 mendicants, and that I am devoted to the brahmins. Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” The Buddha consented with silence. Then, knowing that the Buddha had consented, Keṇiya rose from his seat and went to his own hermitage. There he addressed his friends and colleagues, relatives and kin, “My friends and colleagues, relatives and kin: please listen! The ascetic Gotama together with the mendicant Saṅgha has been invited by me for tomorrow’s meal. Please help me out with the manual preparations.” “Yes, worthy sir,” they replied. Some dug ovens, some chopped wood, some washed dishes, some set up a water jar, and some spread out seats. Meanwhile, Keṇiya set up the pavilion himself.

စာ-၃၄၈

၃၉၇။ တေန ခေါ ပန သမယေန သေလော ဗြာဟ္မဏော အာပဏေ ပဋိဝသတိ တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော, တီဏိ စ မာဏဝကသတာနိ မန္တေ ဝါစေတိ။ တေန ခေါ ပန သမယေန ကေဏိယော ဇဋိလော သေလေ ဗြာဟ္မဏေ အဘိပ္ပသန္နော ဟောတိ။ အထ ခေါ သေလော ဗြာဟ္မဏော တီဟိ မာဏဝကသတေဟိ ပရိဝုတော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ယေန ကေဏိယဿ ဇဋိလဿ အဿမော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သေလော ဗြာဟ္မဏော ကေဏိယဿ ဇဋိလဿ အဿမေ အပ္ပေကစ္စေ ဥဒ္ဓနာနိ ခဏန္တေ, အပ္ပေကစ္စေ ကဋ္ဌာနိ ဖာလေန္တေ, အပ္ပေကစ္စေ ဘာဇနာနိ ဓောဝန္တေ, အပ္ပေကစ္စေ ဥဒကမဏိကံ ပတိဋ္ဌာပေန္တေ, အပ္ပေကစ္စေ အာသနာနိ ပညပေန္တေ, ကေဏိယံ ပန ဇဋိလံ သာမံယေဝ မဏ္ဍလမာလံ ပဋိယာဒေန္တံ။ ဒိသွာန ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘ကိံ နု ဘောတော ကေဏိယဿ အာဝါဟော ဝါ ဘဝိဿတိ ဝိဝါဟော ဝါ ဘဝိဿတိ မဟာယညော ဝါ ပစ္စုပဋ္ဌိတော, ရာဇာ ဝါ မာဂဓော သေနိယော ဗိမ္ဗိသာရော နိမန္တိတော သွာတနာယ သဒ္ဓိံ ဗလကာယေနာ’’တိ? ‘‘န မေ, ဘော သေလ, အာဝါဟော ဘဝိဿတိ နပိ ဝိဝါဟော ဘဝိဿတိ နပိ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော နိမန္တိတော သွာတနာယ သဒ္ဓိံ ဗလကာယေန၊ အပိ စ ခေါ မေ မဟာယညော ပစ္စုပဋ္ဌိတော။ အတ္ထိ, ဘော, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ အာပဏံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ သော မေ နိမန္တိတော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ‘‘ဗုဒ္ဓေါတိ – ဘော ကေဏိယ, ဝဒေသိ’’။ ‘‘ဗုဒ္ဓေါတိ – ဘော သေလ, ဝဒါမိ’’။ ‘‘ဗုဒ္ဓေါတိ – ဘော ကေဏိယ, ဝဒေသိ’’။ ‘‘ဗုဒ္ဓေါတိ – ဘော သေလ, ဝဒါမီ’’တိ။

၃၉၇။ ထိုစဥ်အခါ၌ သေလပုဏ္ဏားသည် အာပဏနိဂုံး၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင် သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်ပြီးဖြစ်၏၊ သုံးရာသော လုလင်ပျို တို့ကိုလည်းဗေဒင်တို့ကို သင်ကြားပို့ချ နေ၏၊ ထိုအခါ ကေဏိယရသေ့သည် သေလပုဏ္ဏား၌ အလွန် ကြည်ညို၏။ ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်ပျိုတို့ ခြံရံလျက် အညောင်းပြေ လမ်းလျှောက်လှည့်လည်လတ်သော် ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဥ်းကပ်လေ၏၊ သေလပုဏ္ဏားသည်ကေဏိယရသေ့၏ သင်္ခမ်းကျောင်း၌ ဖိုခုံလောက်တူးသူ အချို့တို့ကိုလည်းကောင်း ထင်းခွဲသူ အချို့တို့ကိုလည်းကောင်း အိုးခွက်ဆေးကြောသူ အချို့တို့ကိုလည်းကောင်း၊ သောက်ရေအိုးကြီးတည်ထားသူ အချို့တို့ကိုလည်းကောင်း၊ နေရာခင်းသူ အချို့တို့ကိုလည်းကောင်း၊ ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို စီမံနေသော ကေဏိယရသေ့ကိုလည်းကောင်း မြင်လျှင် ကေဏိယရသေ့ကို “အသျှင်ကေဏိယအား သမီးယူခြင်း‘အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် ကြီးစွာသော ယဇ်ပူဇော်မှုလည်း နီးကပ်နေပြီလော၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားထားပါသလော”ဟု ပြောဆို၏။ အသျှင်သေလ အကျွန်ုပ်အား သမီးယူခြင်း ‘အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားမထားပါ၊ စင်စစ်သော်ကား အကျွန်ုပ်အား ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် နီးကပ်နေပါ၏၊ အသျှင် သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် ရှိပါ၏၊ အင်္ဂုတ္တရာပတိုင်း၌ တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ အရေအတွက်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ လှည့်လည်ကာ အာပဏနိဂုံးသို့ ယခု ရောက်ရှိနေပါ၏။ ထိုအသျှင်ဂေါတမ၏ ဤသို့ ကောင်းမြတ်သော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ပေါ်ပါ၏-“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်း ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ထွက်၏)။ ထိုဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်သည် နက်ဖြန် အတွက် ရဟန်းသံဃာနှင့်အတူဆွမ်းစားဖိတ်ထားပါ၏ဟု (ဆို၏)။ ကေဏိယ “ဘုရား”ဟူ၍ ဆိုသလော။ သေလ “ဘုရား”ဟူ၍ဆိုပါ၏။ ကေဏိယ“ဘုရား”ဟူ၍ ဆိုသလော။ သေလ“ဘုရား”ဟူ၍ ဆိုပါ၏ဟု (ဆို၏)။

Now at that time the brahmin Sela was residing in Āpaṇa. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. And he was teaching three hundred young students to recite the hymns. And at that time Keṇiya was devoted to Sela. Then Sela, while going for a walk escorted by the three hundred young students, approached Keṇiya’s hermitage. He saw the preparations going on, and said to Keṇiya, “Worthy Keṇiya, is your son or daughter being married? Or are you setting up a grand sacrifice? Or has King Seniya Bimbisāra of Magadha been invited for tomorrow’s meal?” “There is no marriage, Worthy Sela, and the king is not coming. Rather, I am setting up a grand sacrifice. The ascetic Gotama has arrived at Āpaṇa, together with a large Saṅgha of 1,250 mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has been invited by me for tomorrow’s meal together with the mendicant Saṅgha.” “Did you say ‘the awakened one’?” “I said ‘the awakened one’.” “Did you say ‘the awakened one’?” “I said ‘the awakened one’.”

စာ-၃၄၉

၃၉၈။ အထ ခေါ သေလဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ – ယဒိဒံ ‘ဗုဒ္ဓေါ’တိ [ယဒိဒံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ (က။)]။ အာဂတာနိ ခေါ ပနမှာကံ မန္တေသု ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဟိ သမန္နာဂတဿ မဟာပုရိသဿ ဒွေယေဝ ဂတိယော ဘဝန္တိ အနညာ။ သစေ အဂါရံ အဇ္ဈာဝသတိ, ရာဇာ ဟောတိ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ စာတုရန္တော ဝိဇိတာဝီ ဇနပဒတ္ထာဝရိယပ္ပတ္တော သတ္တရတနသမန္နာဂတော။ တဿိမာနိ သတ္တ ရတနာနိ ဘဝန္တိ, သေယျထိဒံ – စက္ကရတနံ, ဟတ္ထိရတနံ, အဿရတနံ, မဏိရတနံ, ဣတ္ထိရတနံ, ဂဟပတိရတနံ, ပရိဏာယကရတနမေဝ သတ္တမံ။ ပရောသဟဿံ ခေါ ပနဿ ပုတ္တာ ဘဝန္တိ သူရာ ဝီရင်္ဂရူပါ ပရသေနပ္ပမဒ္ဒနာ။ သော ဣမံ ပထဝိံ သာဂရပရိယန္တံ အဒဏ္ဍေန အသတ္ထေန ဓမ္မေန အဘိဝိဇိယ အဇ္ဈာဝသတိ။ သစေ ပန အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇတိ, အရဟံ ဟောတိ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဝိဝဋ္ဋစ္ဆဒေါ’’။

‘‘ကဟံ ပန, ဘော ကေဏိယ, ဧတရဟိ သော ဘဝံ ဂေါတမော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ? ဧဝံ ဝုတ္တေ, ကေဏိယော ဇဋိလော ဒက္ခိဏံ ဗာဟုံ ပဂ္ဂဟေတွာ သေလံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ယေနေသာ, ဘော သေလ, နီလဝနရာဇီ’’တိ။ အထ ခေါ သေလော ဗြာဟ္မဏော တီဟိ မာဏဝကသတေဟိ သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ။ အထ ခေါ သေလော ဗြာဟ္မဏော တေ မာဏဝကေ အာမန္တေသိ – ‘‘အပ္ပသဒ္ဒါ ဘောန္တော အာဂစ္ဆန္တု ပဒေ ပဒံ [ပါဒေ ပါဒံ (သီ။)] နိက္ခိပန္တာ၊ ဒုရာသဒါ [ဒူရသဒ္ဒါ (က။)] ဟိ တေ ဘဂဝန္တော သီဟာဝ ဧကစရာ။ ယဒါ စာဟံ, ဘော, သမဏေန ဂေါတမေန သဒ္ဓိံ မန္တေယျံ, မာ မေ ဘောန္တော အန္တရန္တရာ ကထံ ဩပါတေထ။ ကထာပရိယောသာနံ မေ ဘဝန္တော အာဂမေန္တူ’’တိ။ အထ ခေါ သေလော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သေလော ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ သမန္နေသိ။

အဒ္ဒသာ ခေါ သေလော ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စ။ အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ပဿတိ ခေါ မေ အယံ သေလော ဗြာဟ္မဏော ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စာ’’တိ။ အထ ခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိ, ယထာ အဒ္ဒသ သေလော ဗြာဟ္မဏော ဘဂဝတော ကောသောဟိတံ ဝတ္ထဂုယှံ။ အထ ခေါ ဘဂဝါ ဇိဝှံ နိန္နာမေတွာ ဥဘောပိ ကဏ္ဏသောတာနိ အနုမသိ ပဋိမသိ၊ ဥဘောပိ နာသိကသောတာနိ အနုမသိ ပဋိမသိ၊ ကေဝလမ္ပိ နလာဋမဏ္ဍလံ ဇိဝှါယ ဆာဒေသိ။ အထ ခေါ သေလဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘သမန္နာဂတော ခေါ သမဏော ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ ပရိပုဏ္ဏေဟိ, နော အပရိပုဏ္ဏေဟိ၊ နော စ ခေါ နံ ဇာနာမိ ဗုဒ္ဓေါ ဝါ နော ဝါ။ သုတံ ခေါ ပန မေတံ ဗြာဟ္မဏာနံ ဝုဒ္ဓါနံ မဟလ္လကာနံ အာစရိယပါစရိယာနံ ဘာသမာနာနံ – ‘ယေ တေ ဘဝန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ တေ သကေ ဝဏ္ဏေ ဘညမာနေ အတ္တာနံ ပါတုကရောန္တီ’တိ။ ယံနူနာဟံ သမဏံ ဂေါတမံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။

၃၉၈။ ထိုအခါ သေလပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်၏- လောက၌ ‘ဘုရား ဘုရား’ဟူသော အသံမျှလည်း အလွန်ကြားရခဲ၏၊ အမှန်အားဖြင့် ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ်တို့၏ လက္ခဏာတို့သည် လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။ ထိုယောကျာ်းမြတ် သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီမင်းပြုသော သမုဒ္ဒရာလေး စင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော လူအပေါင်းကိုအောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏။ ထို (စကြဝတေး) မင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်း ရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ် ရတနာ ခုနစ်ခုမြောက်သားကြီးရတနာတို့တည်း။ ထို (စကြဝတေး)မင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည် တို့ကိုု နှိမ်နင်း နိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေး) မင်းသည် သမုဒ္ဒရာ အဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍တရားသဖြင့် အောင်မြင်လျက် အုပ်စိုး ၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောလောက၌ (ကိလေသာ) အပိတ် အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်၏။ အသျှင်ကေဏိယပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် ယခုအခါ အဘယ်အရပ်မှာ သီတင်းသုံး နေတော်မူပါသနည်းဟု (မေး၏)။ ဤသို့ မေးသည်ရှိသော် ကေဏိယရသေ့သည် လက်ယာလက်မောင်းကို မြှောက်၍ သေလပုဏ္ဏားကို့“သေလ ဤညိုမှိုင်းသော တောတန်းဝယ် သီတင်းသုံးနေတော်မူပါ၏”ဟု ပြောဆို၏။ ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်တို့နှင့် အတူ မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏။ ထိုအခါ သေလပုဏ္ဏားသည် ထိုသုံးရာသော လုလင်ပျိုတို့ကို “အမောင်တို့ ခြေလှမ်းမှန်မှန် လှမ်း၍ အသံမပြုဘဲ လာကြကုန်လော့၊ ထိုမြတ်စွာဘုရားတို့သည် ခြင်္သေ့မင်းကဲ့သို့ တစ်ဦးတည်း ကျက်စားကြသည်ဖြစ်၍ ခဲယဥ်းစွာချဥ်းကပ်သင့်သူများ ဖြစ်ကြကုန်၏။ အမောင်တို့ ရဟန်းဂေါတမနှင့် အတူ ငါပြောဆိုတိုင်ပင်နေသော အခါ‘အမောင်တို့သည် ငါ၏ (စကား၌) ကြားညှပ် မပြောဆိုကြကုန်လင့်၊ အမောင်တို့သည် ငါ၏စကားပြီးဆုံး သည့်တိုင်အောင် ဆိုင်းငံ့ကြကုန်လော့’ဟု” ပြောကြား၏။ ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးကုန်သော ယောကျာ်းမြတ်တို့၏လက္ခဏာကို ရှာမှီးလေ၏။ သေလပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏-“ဤသေလ ပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို သေလပုဏ္ဏားမြင်နိုင်ရန်တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက်နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏၊ ထိုအခါ သေလပုဏ္ဏားအား ဤသို့ အကြံဖြစ်၏- “ရဟန်းဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူပေ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့် ပြည့်စုံသည် မဟုတ်ပေ။ သို့သော်လည်း ထိုရဟန်းဂေါတမသည် ‘ဘုရားဟုတ် မဟုတ်’ ကိုကား ငါမသိရသေးချေ။ ပူဇော်အထူးကိုခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည်မိမိ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုသည်ရှိသော် မိမိကိုယ်ကို ထင်စွာ ပြုတတ်ကြကုန်၏ဟု ဆရာ့ဆရာဖြစ်ကုန်သော ကြီးရင့်အိုမင်းသည့် ပုဏ္ဏားတို့ ပြောဆိုသည်ကို ကြားရဖူး၏၊ ငါသည် ရဟန်းဂေါတမကိုမျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးကျူးပြောဆိုရမူကောင်းမြတ်လေရာ၏” ဟုအကြံဖြစ်လေ၏။

Then Sela thought: “It’s hard to even find the word ‘awakened one’ in the world. The thirty-two marks of a great man have been handed down in our hymns. A great man who possesses these has only two possible destinies, no other. If he stays at home he becomes a king, a wheel-turning monarch, a just and principled king. His dominion extends to all four sides, he achieves stability in the country, and he possesses the seven treasures. He has the following seven treasures: the wheel, the elephant, the horse, the jewel, the woman, the householder, and the commander as the seventh treasure. He has over a thousand sons who are valiant and heroic, crushing the armies of his enemies. After conquering this land girt by sea, he reigns by principle, without rod or sword. But if he goes forth from the lay life to homelessness, he becomes a perfected one, a fully awakened Buddha, who casts off the veil from the world.” He said, “But Keṇiya, where is the Blessed One at present, the perfected one, the fully awakened Buddha?” When he said this, Keṇiya pointed with his right arm and said, “There, worthy Sela, at that line of blue forest.” Then Sela, together with his young students, approached the Buddha. He said to his young students, “Come quietly, gentlemen, tread gently. For the Buddhas are intimidating, like a lion living alone. When I’m consulting with the ascetic Gotama, don’t interrupt. Wait until I’ve finished speaking.” Then Sela went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and scrutinized the Buddha’s body for the thirty-two marks of a great man. He saw all of them except two, which he had doubts about: whether the private parts were sheathed in a foreskin, and the largeness of the tongue. Then it occurred to the Buddha, “Sela sees all the marks except two, which he has doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue.” The Buddha used his psychic power to will that Sela would see his private parts sheathed in a foreskin. And he stuck out his tongue and stroked back and forth on his ear holes and nostrils, and covered his entire forehead with his tongue. Then Sela thought, “The ascetic Gotama possesses the thirty-two marks completely, lacking none. But I don’t know whether or not he is an awakened one. I have heard that brahmins of the past who were elderly and senior, the tutors of tutors, said, ‘Those who are perfected ones, fully awakened Buddhas reveal themselves when praised.’ Why don’t I extoll him in his presence with fitting verses?”

စာ-၃၅၁

၃၉၉။ အထ ခေါ သေလော ဗြာဟ္မဏော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘ပရိပုဏ္ဏကာယော သုရုစိ, သုဇာတော စာရုဒဿနော၊

သုဝဏ္ဏဝဏ္ဏောသိ ဘဂဝါ, သုသုက္ကဒါဌောသိ ဝီရိယဝါ [ဝိရိယဝါ (သီ။ သျာ။ ကံ။ ပီ။)]။

‘‘နရဿ ဟိ သုဇာတဿ, ယေ ဘဝန္တိ ဝိယဉ္ဇနာ၊

သဗ္ဗေ တေ တဝ ကာယသ္မိံ, မဟာပုရိသလက္ခဏာ။

‘‘ပသန္နနေတ္တော သုမုခေါ, ဗြဟာ [ဗြဟ္မာ (သျာ။ ကံ။ က။)] ဥဇု ပတာပဝါ၊

မဇ္ဈေ သမဏသံဃဿ, အာဒိစ္စောဝ ဝိရောစသိ။

‘‘ကလျာဏဒဿနော ဘိက္ခု, ကဉ္စနသန္နိဘတ္တစော၊

ကိံ တေ သမဏဘာဝေန, ဧဝံ ဥတ္တမဝဏ္ဏိနော။

‘‘ရာဇာ အရဟသိ ဘဝိတုံ, စက္ကဝတ္တီ ရထေသဘော၊

စာတုရန္တော ဝိဇိတာဝီ, ဇမ္ဗုသဏ္ဍဿ [ဇမ္ဗုမဏ္ဍဿ (က။)] ဣဿရော။

‘‘ခတ္တိယာ ဘောဂိရာဇာနော, အနုယန္တာ [အနုယုတ္တာ (သီ။ သျာ။ ကံ။ ပီ။)] ဘဝန္တု တေ၊

ရာဇာဘိရာဇာ မနုဇိန္ဒော, ရဇ္ဇံ ကာရေဟိ ဂေါတမ’’။

‘‘ရာဇာဟမသ္မိ သေလာတိ, ဓမ္မရာဇာ အနုတ္တရော၊

ဓမ္မေန စက္ကံ ဝတ္တေမိ, စက္ကံ အပ္ပဋိဝတ္တိယံ’’။

‘‘သမ္ဗုဒ္ဓေါ ပဋိဇာနာသိ, ဓမ္မရာဇာ အနုတ္တရော၊

‘ဓမ္မေန စက္ကံ ဝတ္တေမိ’, ဣတိ ဘာသသိ ဂေါတမ။

‘‘ကော နု သေနာပတိ ဘောတော, သာဝကော သတ္ထုရနွယော၊

ကော တေ တမနုဝတ္တေတိ, ဓမ္မစက္ကံ ပဝတ္တိတံ’’။

‘‘မယာ ပဝတ္တိတံ စက္ကံ, (သေလာတိ ဘဂဝါ ဓမ္မစက္ကံ အနုတ္တရံ၊

သာရိပုတ္တော အနုဝတ္တေတိ, အနုဇာတော တထာဂတံ။

‘‘အဘိညေယျံ အဘိညာတံ, ဘာဝေတဗ္ဗဉ္စ ဘာဝိတံ၊

ပဟာတဗ္ဗံ ပဟီနံ မေ, တသ္မာ ဗုဒ္ဓေါသ္မိ ဗြာဟ္မဏ။

‘‘ဝိနယဿု မယိ ကင်္ခံ, အဓိမုစ္စဿု ဗြာဟ္မဏ၊

ဒုလ္လဘံ ဒဿနံ ဟောတိ, သမ္ဗုဒ္ဓါနံ အဘိဏှသော။

‘‘ယေသံ ဝေ ဒုလ္လဘော လောကေ, ပါတုဘာဝေါ အဘိဏှသော၊

သောဟံ ဗြာဟ္မဏ သမ္ဗုဒ္ဓေါ, သလ္လကတ္တော အနုတ္တရော။

‘‘ဗြဟ္မဘူတော အတိတုလော, မာရသေနပ္ပမဒ္ဒနော၊

သဗ္ဗာမိတ္တေ ဝသီ ကတွာ, မောဒါမိ အကုတောဘယော’’။

‘‘ဣမံ ဘောန္တော နိသာမေထ, ယထာ ဘာသတိ စက္ခုမာ၊

သလ္လကတ္တော မဟာဝီရော, သီဟောဝ နဒတီ ဝနေ။

‘‘ဗြဟ္မဘူတံ အတိတုလံ, မာရသေနပ္ပမဒ္ဒနံ၊

ကော ဒိသွာ နပ္ပသီဒေယျ, အပိ ကဏှာဘိဇာတိကော။

‘‘ယော မံ ဣစ္ဆတိ အနွေတု, ယော ဝါ နိစ္ဆတိ ဂစ္ဆတု၊

ဣဓာဟံ ပဗ္ဗဇိဿာမိ, ဝရပညဿ သန္တိကေ’’။

‘‘ဧတဉ္စေ [ဧဝဉ္စေ (သျာ။ ကံ။)] ရုစ္စတိ ဘောတော, သမ္မာသမ္ဗုဒ္ဓသာသနံ [သမ္မာသမ္ဗုဒ္ဓသာသနေ (ကတ္ထစိ သုတ္တနိပါတေ)]၊

မယမ္ပိ ပဗ္ဗဇိဿာမ, ဝရပညဿ သန္တိကေ’’။

‘‘ဗြာဟ္မဏာ တိသတာ ဣမေ, ယာစန္တိ ပဉ္ဇလီကတာ၊

ဗြဟ္မစရိယံ စရိဿာမ, ဘဂဝါ တဝ သန္တိကေ’’။

‘‘သွာက္ခာတံ ဗြဟ္မစရိယံ, (သေလာတိ ဘဂဝါ သန္ဒိဋ္ဌိကမကာလိကံ၊

ယတ္ထ အမောဃာ ပဗ္ဗဇ္ဇာ, အပ္ပမတ္တဿ သိက္ခတော’’တိ။

အလတ္ထ ခေါ သေလော ဗြာဟ္မဏော သပရိသော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။

၃၉၉။ ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားကို မျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သောဂါထာတို့ဖြင့် ချီးကျူးပြောဆိုလေ၏- လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် (သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏လက္ခဏာတို့နှင့်) ပြည့်စုံသော ကိုယ်တော်မြတ် ရှိတော်မူပါ ပေ၏၊ တဝင်းဝင်းတလျှပ်လျှပ်ကောင်းမြတ်သော ကိုယ်တော်ရောင် ရှှိိတော်မူပါပေ၏၊ အလုံးအရပ် မြတ်သောသဏ္ဌာန်တော်လည်းရှှိတော်မူပါပေ၏၊ ကြည့်ရှု၍ မဝနိုင် ဖွယ် တင့်တယ်သောကိုယ်တော်လည်း ရှှိတော်မူပါပေ၏၊ ရွှေစင်နှင့်တူသော အဆင်း တော်မြတ်လည်း ရှှိိတော်မူပါပေ၏၊ ငွေစင်ပမာ ကောင်းစွာ ဖြူဖွေးသော စွယ်တော် မြတ်လည်း ရှှိတော်မူပါပေ၏၊ အလုံးအရပ်နှင့် ဖြောင့်မတ်ညီညွတ်သူအား ဆန်းဆန်းကြယ်ကြယ် နှစ်သက်ဖွယ်ရှိကုန်သော အကြင်လက္ခဏာတော်ကြီးတို့သည် ဖြစ် ကုန်၏၊ အလုံးစုံသောထိုယောကျာ်းမြတ်တို့၏ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး တို့သည် အသျှင်ဘုရား၏ ကိုယ်တော်၌ဖြစ်ထွန်းပေါ်ပေါက်ပါကုန်၏။ အသျှင်ဘုရားသည် (ငါးပါးသောအဆင်း) ကြည်လင်ခြင်းနှင့် ပြည့်စုံသော မျက်စိ တော်လည်းရှှိတော်မူပါ၏၊ တင့်တယ်ကောင်းမြတ်သော မျက်နှာတော်လည်း ရှိပါ ၏၊ အလုံးအရပ်ထွားကျိုင်းတော်မူပါ၏၊ ဖြောင့်မတ်သော ကိုယ်တော်လည်း ရှိပါ ၏၊ ထွန်းလင်းတောက်ပသောအရောင်တော်နှင့်လည်း ပြည့်စုံတော်မူပါ၏၊ ရဟန်း အပေါင်းတို့၏ အလယ်၌ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းကြီးကဲ့သို့ တင့် တယ်တော်မူလှပါပေ၏။ အသျှင်ဘုရားသည် ကောင်းမြတ်တင့်တယ် ရှုချင်ဖွယ်နှင့်လည်း ပြည့်စုံတော်မူ ပါ၏၊ ရွှေပြားဖြင့်ကပ်သကဲ့သို့ မြတ်သော အရေအဆင်းတော်နှင့်လည်း ပြည့်စုံ တော်မူပါ၏၊ ဤသို့ မြတ်သောအဆင်းနှင့်ပြည့်စုံတော်မူသော အသျှင်ဘုရားအား ရဟန်း၏ အဖြစ်ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ သမုဒ္ဒရာအဆုံးရှိသော လေးကျွန်းလုံးကို အစိုးရသော အောင်ပြီးသော ရန်သူရှိ သော ဇမ္ဗူဒီပါမြေမျက်နှာကို အစိုးရသော ရထားစီးနင်း မင်းတကာတို့ထက် မြတ်သော စကြဝတေးမင်းကြီးဖြစ်ရန်ထိုက်ပါ၏။ မြို့စား ရွာစားဖြစ်ကြကုန်သော မင်းအများတို့သည် အသျှင်ဘုရား၏ အလိုနိုင်ငံ တော်သို့အစဥ်လိုက်ကြပါစေကုန်သတည်း၊ လူတို့ကို အစိုးရသော မင်းတကာတို့ ထက် မင်းဖြစ်သောစကြဝတေးမင်းကြီးဖြစ်တော်မူ၍ တိုင်းပြည်နိုင်ငံကို အစိုးရ သော မင်းလုပ်တော်မူပါလော့၊ ထိုမင်းတို့သည်အသျှင်ဂေါတမအား မင်းအဖြစ်ကို တင်မြှောက်ကြပါစေကုန်သတည်းဟု (လျှောက်၏)။ သေလပုဏ္ဏား ငါသည် မင်းဖြစ်ပေ၏၊ အတုမရှိ မွန်မြတ်သော တရားမင်းဖြစ် ပေ၏၊ တရားသဖြင့် (တရား) စက်ကို လည်စေနိုင်၏၊ တစ်စုံတစ်ယောက်မျှ (ငါ လည်စေသည့်) တရားစက်ကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဘုရားသည် တရားမှန်ကို ကိုယ်တိုင် သိသော ဘုရား ဟူ၍ ဝန်ခံဘိသလော၊ အတုမဲ့ မြင့်မြတ်သော တရားမင်းဖြစ်၍ တရားသဖြင့် (တရား) စကြာကို လည်စေနိုင်၏ဟု ဆိုပါသလော။ ဆရာ (အလို) သို့ အစဥ်လိုက်တတ်သော အသျှင်၏တပည့် စစ်သူကြီးကား အဘယ်သူပါနည်း၊ အသျှင်လည်စေပြီးသော ထိုတရားစကြာကို မည်သူသည် အတု လိုက်၍ လည်စေပါသနည်းဟု (လျှောက်၏)။ (မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ငါ လည်စေအပ်သော အတုမဲ့ တရားစကြာကိုအနုဇာတသား သာရိပုတြာသည် ငါဘုရားသို့ အတုလိုက်၍ လည်စေ၏ဟု (မိန့်တော်မူ၏)။ ပုဏ္ဏား ငါသည် ထိုးထွင်း၍ သိသင့်သည်ကို ထိုးထွင်း၍ သိခဲ့ပြီ၊ ပွါးများအား ထုတ်သင့်သည်ကိုလည်းပွါးများအားထုတ်ပြီးပြီ၊ ပယ်သင့်သည်ကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည် ဘုရားဖြစ်ခဲ့ပြီ။ ပုဏ္ဏား ငါ၌ ယုံမှားသံသယကို ပယ်ဖျောက်လေလော့၊ လွတ်လွတ် ယုံကြည်လေ လော့၊ ဘုရားသျှင်တို့အား မပြတ်မလပ် ဖူးမြင်ရခြင်းသည် အလွန်တရာ ရခဲလှ စွာ၏။ ပုဏ္ဏား လောက၌ မြတ်စွာဘုရားတို့၏ မပြတ်မလပ် ထင်ရှားစွာ ပွင့်တော်မူခြင်း ကို ရခဲလှစွာ၏၊ ထိုငါသည် ကိုယ်တိုင် မှန်စွာ သိသည်ဖြစ်၍ ကိလေသာငြောင့် တံသင်းကို ပယ်ခွင်းပြီးသူ ဖြစ်၏၊ အတုမရှိ မွန်မြတ်သူ ဖြစ်ပေ၏။ မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်ပြီးဖြစ်၏၊ မာရ်စစ်သည်ကို နှိမ်နင်းပြီးသူ ဖြစ်၏၊ ရန်သူအားလုံးတို့ကို (မိမိ) အလိုသို့ လိုက်စေ၍ မည်သည့်အတွက်မျှ ဘေးမရှိဘဲ ဝမ်းမြောက်ရပေ၏။ အမောင်တို့ (ကိလေသာ) ငြောင့်တံသင်းကို ပယ်ခွင်းပြီးသူဖြစ်၍ ကြီးမြတ်သော လုံ့လရှိတော်မူသောမျက်စိငါးမျိုး ပိုင်စိုးသူ (မြတ်စွာဘုရား) သည် တောအတွင်း ဝယ် ခြင်္သေ့မင်း ဟောက်သကဲ့သို့ပြောဆိုတိုင်းသော စကားကို မှတ်သားကြ ကုန်လော့။ မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်မြောက်ပြီးသော မာရ်စစ်သည်ကို နှိမ် နင်းပြီးသောမြတ်စွာဘုရားကို ဖူးမြင်ရ၍ အဘယ်သူသည် မကြည်ညိုဘဲနေနိုင် ပါအံ့နည်း၊ လူရိုင်းမျိုးပင်သော်လည်းမကြည်ညိုဘဲ မနေနိုင်ရာ။ ငါ့ကို အလိုရှိသူသည် ငါ့နောက်သို့ လိုက်လော့၊ အလိုမရှိသူသည် သွားလေ လော့၊ ငါသည်ဤနေရာ၌ပင် မြတ်သော ပညာရှိ၏ အထံတော်ဝယ် ရဟန်း ပြုတော့အံ့။ အသျှင်သည် ဤကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား အဆုံးအမ တော်ကို ဤအတိုင်းအကယ်၍ နှစ်သက်ပါမူကား အကျွန်ုပ်တို့သည်လည်း မြတ် သော ပညာရှိ၏ အထံတော်ဝယ်ရဟန်းပြုကြပါကုန်အံ့။ သုံးရာသော ဤပုဏ္ဏားလုလင်ပျိုတို့သည် လက်အုပ်ချီကုန်လျက် “မြတ်စွာဘုရား အသျှင်မြတ်၏အထံတော်ဝယ် အကျွန်ုပ်တို့သည် မြတ်သော အကျင့်ကို ကျင့်ကြ ပါကုန်အံ့”ဟု လျှောက်ကြကုန်၏။ (မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ကိုယ်တွေ့ဖြစ်၍ အခါမလင့် အကျိုးပေးနိုင်သောမြတ်သောအကျင့်ကို ကောင်းစွာ ဟောကြားထားပေ၏၊ ယင်း မြတ်သော အကျင့်၌ မမေ့မလျော့ကျင့်ကြံအားထုတ်သူ၏ ရဟန်းအဖြစ်ကား အချည်းနှီး မဖြစ်နိုင်ချေဟု (မိန့်တော်မူ၏)။ သေလပုဏ္ဏားသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလေသတည်း။

Then Sela extolled the Buddha in his presence with fitting verses: “O Blessed One, your body’s perfect, you’re radiant, handsome, lovely to behold; golden colored, with teeth so white; you’re strong. The characteristics of a handsome man, the marks of a great man, are all found on your body. Your eyes are clear, your face is fair, you’re formidable, upright, majestic. In the midst of the Saṅgha of ascetics, you dazzle like the sun. You’re a mendicant fine to see, with skin that shines like lustrous gold. But with such excellent appearance, what do you want with the ascetic life? You’re fit to be a king, a wheel-turning monarch, chief of charioteers, victorious in the four quarters, lord of the Black Plum Tree Land. Aristocrats, nobles, and kings ought follow your rule. Gotama, may you reign as king of kings, lord of mankind!” “I am a king, Sela, the supreme king of the teaching. By the teaching I roll forth the wheel which cannot be rolled back.” “You claim to be awakened, the supreme king of the teaching. ‘I roll forth the teaching’: so you say, Gotama. Then who is your general, the disciple who follows the Teacher’s way? Who keeps rolling the wheel of the teaching you rolled forth?” “By me the wheel was rolled forth,” said the Buddha, “the supreme wheel of the teaching. Sāriputta, taking after the Realized One, keeps it rolling on. I have known what should be known, and developed what should be developed, and given up what should be given up: and so, brahmin, I am a Buddha. Dispel your doubt in me— make up your mind, brahmin! The sight of a Buddha is hard to find again. I am a Buddha, brahmin, the supreme surgeon, one of those whose appearance in the world is hard to find again. A manifestation of divinity, unequaled, crusher of Māra’s army; having subdued all my opponents, I rejoice, fearing nothing from any quarter.” “Pay heed, sirs, to what is spoken by the Clear-eyed One. The surgeon, the great hero, roars like a lion in the jungle. A manifestation of divinity, unequaled, crusher of Māra’s army; who would not be inspired by him, even one born in a dark class? Those who wish may follow me; those who don’t may go. Right here, I’ll go forth in his presence, the one of such outstanding wisdom.” “Sir, if you endorse the teaching of the Buddha, we’ll also go forth in his presence, the one of such outstanding wisdom.” “These three hundred brahmins with cupped palms held up, ask: ‘May we lead the spiritual life in your presence, Blessed One?’” “The spiritual life is well explained,” said the Buddha, “apparent in the present life, immediately effective. Here the going forth isn’t in vain for one who trains with diligence.” And the brahmin Sela together with his assembly received the going forth, the ordination in the Buddha’s presence.

၄၀၀။ အထ ခေါ ကေဏိယော ဇဋိလော တဿာ ရတ္တိယာ အစ္စယေန သကေ အဿမေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ကေဏိယဿ ဇဋိလဿ အဿမော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ သဒ္ဓိံ ဘိက္ခုသံဃေန။ အထ ခေါ ကေဏိယော ဇဋိလော ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ, သမ္ပဝါရေသိ။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ကေဏိယံ ဇဋိလံ ဘဂဝါ ဣမာဟိ ဂါထာဟိ အနုမောဒိ –

‘‘အဂ္ဂိဟုတ္တမုခါ ယညာ, သာဝိတ္တီ ဆန္ဒသော မုခံ၊

ရာဇာ မုခံ မနုဿာနံ, နဒီနံ သာဂရော မုခံ။

‘‘နက္ခတ္တာနံ မုခံ စန္ဒော, အာဒိစ္စော တပတံ မုခံ၊

ပုညံ အာကင်္ခမာနာနံ, သံဃော ဝေ ယဇတံ မုခ’’န္တိ။

အထ ခေါ ဘဂဝါ ကေဏိယံ ဇဋိလံ ဣမာဟိ ဂါထာဟိ အနုမောဒိတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။

အထ ခေါ အာယသ္မာ သေလော သပရိသော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ အဗ္ဘညာသိ။ အညတရော ခေါ ပနာယသ္မာ သေလော သပရိသော အရဟတံ အဟောသိ။ အထ ခေါ အာယသ္မာ သေလော သပရိသော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကံသံ စီဝရံ ကတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ယံ တံ သရဏမာဂမ္မ, ဣတော အဋ္ဌမိ စက္ခုမာ၊

သတ္တရတ္တေန [အနုတ္တရေန (က။)] ဘဂဝါ, ဒန္တမှ တဝ သာသနေ။

‘‘တုဝံ ဗုဒ္ဓေါ တုဝံ သတ္ထာ, တုဝံ မာရာဘိဘူ မုနိ၊

တုဝံ အနုသယေ ဆေတွာ, တိဏ္ဏော တာရေသိမံ ပဇံ။

‘‘ဥပဓီ တေ သမတိက္ကန္တာ, အာသဝါ တေ ပဒါလိတာ၊

သီဟောဝ အနုပါဒါနော, ပဟီနဘယဘေရဝေါ။

‘‘ဘိက္ခဝေါ တိသတာ ဣမေ, တိဋ္ဌန္တိ ပဉ္ဇလီကတာ၊

ပါဒေ ဝီရ ပသာရေဟိ, နာဂါ ဝန္ဒန္တု သတ္ထုနော’’တိ။

သေလသုတ္တံ နိဋ္ဌိတံ ဒုတိယံ။

၄၀၀။ ထိုအခါ ကေဏိယရသေ့သည် ထိုညဥ့်လွန်သဖြင့် မိမိသင်္ခမ်းကျောင်း၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ကို စီရင်ပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို ကြားလျှောက်စေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူလျက်ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဥ်းကပ်တော်မူ၍ ခင်းထားသော နေရာ၌ ရဟန်းသံဃာ နှင့်အတူသီတင်းသုံးထိုင်နေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုမွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ ကေဏိယ ရသေ့သည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ဖယ်ပြီးသောအခါနိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောကေဏိယရသေ့ကို မြတ်စွာဘုရားသည်- “ယဇ်ပူဇော်ခြင်းတို့တွင် မီးကို လုပ်ကျွေးပူဇော်ခြင်းသည် အဦးအစဖြစ်၏၊ သာဝိတ္တီဂါထာသည်ဆန်းကျမ်း၏ အဦးအစ ဖြစ်၏၊ လူတို့တွင် မင်းသည် ပဓာန ဖြစ်၏၊ မြစ်တို့တွင် သမုဒ္ဒရာသည်ပဓာနဖြစ်၏။ နက္ခတ်တို့တွင် လသည် ပဓာနဖြစ်၏၊ အပူတို့တွင် နေသည် ပဓာနဖြစ်၏၊ ကောင်းမှုကိုအလိုရှိကြကုန်သော ပုဂ္ဂိုလ်တို့ ပေးလှူပူဇော်အပ်သော ပုဂ္ဂိုလ်တို့တွင် သံဃာသည် ပဓာနဖြစ်၏”ဟုဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ကေဏိယရသေ့ကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှထကာ ဖဲသွားတော်မူ၏။ ထိုအခါ အသျှင်သေလသည် ပရိသတ်နှင့်တကွ တစ်ပါးစီ တစ်ပါးစီ ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော့်ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးသားများ လိုလားအပ်သည့် အတုမဲ့မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ပရိသတ်နှင့်တကွ အသျှင်သေလသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ချီးကျူးလျှောက်ထား၏- “စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဤနေ့မှ လွန်ပြီးသော ရှစ်ရက်မြောက်ကအကျွန်ုပ်တို့သည် ကိုးကွယ်ဆည်းကပ်ခြင်းကို ပြုခဲ့ကြကုန်သော ကြောင့် မိမိတို့သည်အသျှင်ဘုရားအဆုံးအမတော်၌ အတုမရှိသော ယဥ်ကျေးခြင်း ဖြင့် ယဥ်ကျေးကြပါကုန်ပြီ။ အသျှင်မြတ်သည် ဘုရားပါတည်း၊ အသျှင်မြတ်သည် ဆုံးမတတ်သူ ဆရာပါ တည်း၊ အသျှင်မြတ်သည်မာရ်ကို နှိမ်နင်းနိုင်သူ မုနိပါတည်း၊ အနုသယတို့ကို ဖြတ်၍ ကူးမြောက်တော်မူပြီးသောအသျှင်ဘုရားသည် ဤသတ္တဝါအပေါင်းကို ကူး မြောက်စေတော်မူပါပြီ။ အသျှင်ဘုရားသည် ဥပဓိကို ကောင်းစွာ လွန်မြောက်ပါပြီ၊ အသျှင်ဘုရားသည် အာသဝေါတရားတို့ကိုဖောက်ခွဲပြီးပါပြီ၊ ဥပါဒါန်မရှိသည်ဖြစ်၍ ခြင်္သေ့မင်းကဲ့သို့ ကြောက်ထိတ်ခြင်း ကင်းတော်မူပါ၏။ သုံးရာသော ဤရဟန်းတော်တို့သည် လက်အုပ်ချီလျက် ရပ်တည်နေကြပါ ကုန်၏၊ ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်တို့ကို ဆန့် တော်မူပါလော့၊ ဆရာဘုရားအား ရဟန်းများရှိခိုးကြပါစေ”ဟု (လျှောက်လေသ တည်း)။ နှစ်ခုမြောက် သေလသုတ် ပြီး၏။

And when the night had passed Keṇiya had delicious fresh and cooked foods prepared in his own hermitage. Then he had the Buddha informed of the time, saying, “It’s time, worthy Gotama, the meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to Keṇiya’s hermitage, where he sat down on the seat spread out together with the Saṅgha of mendicants. Then Keṇiya served and satisfied the mendicant Saṅgha headed by the Buddha with his own hands with delicious fresh and cooked foods. When the Buddha had eaten and washed his hand and bowl, Keṇiya took a low seat and sat to one side. The Buddha expressed his appreciation with these verses: “The foremost of sacrifices <j>is the offering to the sacred flame; the Sāvitrī is the foremost of prayer; of humans, the king is the foremost; the ocean’s the foremost of rivers; the foremost of stars is the moon; the sun is the foremost of blazes; for those who sacrifice seeking merit, the Saṅgha is the foremost.” When the Buddha had expressed his appreciation to Keṇiya the matted-hair ascetic with these verses, he rose from his seat and left. Then Venerable Sela and his assembly, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. They lived having achieved with their own insight the goal for which gentlemen rightly go forth from the lay life to homelessness. They understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Sela together with his assembly became perfected. Then Sela with his assembly went to the Buddha. He arranged his robe over one shoulder, raised his joined palms toward the Buddha, and said: “This is the eighth day since we went for refuge, O Clear-eyed One. In these seven days, Blessed One, we’ve become tamed in your teaching. You are the Buddha, you are the Teacher, you are the sage who has overcome Māra; you have cut off the underlying tendencies, you’ve crossed over, and you bring humanity across. You have transcended attachments, your defilements are shattered; like a lion free of grasping, with fear and dread given up. These three hundred mendicants stand with cupped palms raised. Stretch out your feet, great hero: let these giants bow to the Teacher.”

၃။ အဿလာယနသုတ္တံ

၄၀၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန နာနာဝေရဇ္ဇကာနံ ဗြာဟ္မဏာနံ ပဉ္စမတ္တာနိ ဗြာဟ္မဏသတာနိ သာဝတ္ထိယံ ပဋိဝသန္တိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ တေသံ ဗြာဟ္မဏာနံ ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော စာတုဝဏ္ဏိံ သုဒ္ဓိံ ပညပေတိ။ ကော နု ခေါ ပဟောတိ သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု’’န္တိ? တေန ခေါ ပန သမယေန အဿလာယနော နာမ မာဏဝေါ သာဝတ္ထိယံ ပဋိဝသတိ ဒဟရော, ဝုတ္တသိရော, သောဠသဝဿုဒ္ဒေသိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ အထ ခေါ တေသံ ဗြာဟ္မဏာနံ ဧတဒဟောသိ – ‘‘အယံ ခေါ အဿလာယနော မာဏဝေါ သာဝတ္ထိယံ ပဋိဝသတိ ဒဟရော, ဝုတ္တသိရော, သောဠသဝဿုဒ္ဒေသိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ ပါရဂူ…ပေ… အနဝယော။ သော ခေါ ပဟောတိ သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု’’န္တိ။

အထ ခေါ တေ ဗြာဟ္မဏာ ယေန အဿလာယနော မာဏဝေါ တေနုပင်္ကမိံသု၊ ဥပသင်္ကမိတွာ အဿလာယနံ မာဏဝံ ဧတဒဝေါစုံ – ‘‘အယံ, ဘော အဿလာယန, သမဏော ဂေါတမော စာတုဝဏ္ဏိံ သုဒ္ဓိံ ပညပေတိ။ ဧတု ဘဝံ အဿလာယနော သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတူ’’တိ [ပဋိမန္တေတုန္တိ (ပီ။ က။)]။

ဧဝံ ဝုတ္တေ, အဿလာယနော မာဏဝေါ တေ ဗြာဟ္မဏေ ဧတဒဝေါစ – ‘‘သမဏော ခလု, ဘော, ဂေါတမော ဓမ္မဝါဒီ၊ ဓမ္မဝါဒိနော စ ပန ဒုပ္ပဋိမန္တိယာ ဘဝန္တိ။ နာဟံ သက္ကောမိ သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု’’န္တိ။ ဒုတိယမ္ပိ ခေါ တေ ဗြာဟ္မဏာ အဿလာယနံ မာဏဝံ ဧတဒဝေါစုံ – ‘‘အယံ, ဘော အဿလာယန, သမဏော ဂေါတမော စာတုဝဏ္ဏိံ သုဒ္ဓိံ ပညပေတိ။ ဧတု ဘဝံ အဿလာယနော သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု [ပဋိမန္တေတုံ (သီ။ ပီ။ က။)]။ စရိတံ ခေါ ပန ဘောတာ အဿလာယနေန ပရိဗ္ဗာဇက’’န္တိ။ ဒုတိယမ္ပိ ခေါ အဿလာယနော မာဏဝေါ တေ ဗြာဟ္မဏေ ဧတဒဝေါစ – ‘‘သမဏော ခလု, ဘော, ဂေါတမော ဓမ္မဝါဒီ၊ ဓမ္မဝါဒိနော စ ပန ဒုပ္ပဋိမန္တိယာ ဘဝန္တိ။ နာဟံ သက္ကောမိ သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု’’န္တိ။ တတိယမ္ပိ ခေါ တေ ဗြာဟ္မဏာ အဿလာယနံ မာဏဝံ ဧတဒဝေါစုံ – ‘‘အယံ, ဘော အဿလာယန, သမဏော ဂေါတမော စာတုဝဏ္ဏိံ သုဒ္ဓိံ ပညပေတိ။ ဧတု ဘဝံ အဿလာယနော သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု [ပဋိမန္တေတုံ (သီ။ ပီ။ က။)]။ စရိတံ ခေါ ပန ဘောတာ အဿလာယနေန ပရိဗ္ဗာဇကံ။ မာ ဘဝံ အဿလာယနော အယုဒ္ဓပရာဇိတံ ပရာဇယီ’’တိ။

ဧဝံ ဝုတ္တေ, အဿလာယနော မာဏဝေါ တေ ဗြာဟ္မဏေ ဧတဒဝေါစ – ‘‘အဒ္ဓါ ခေါ အဟံ ဘဝန္တော န လဘာမိ။ သမဏော ခလု, ဘော, ဂေါတမော ဓမ္မဝါဒီ၊ ဓမ္မဝါဒိနော စ ပန ဒုပ္ပဋိမန္တိယာ ဘဝန္တိ။ နာဟံ သက္ကောမိ သမဏေန ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတုန္တိ။ အပိ စာဟံ ဘဝန္တာနံ ဝစနေန ဂမိဿာမီ’’တိ။

၃-အဿလာယနသုတ် ၄၀၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိိုအခါ ငါးရာမျှလောက်သော နိုင်ငံခြားသားပုဏ္ဏားတို့သည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ နေကြကုန်၏။ ထိုအခါ ပုဏ္ဏားတို့အား ဤသို့ အကြံဖြစ်၏-“ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အဘယ်သူသည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင် ပြောဆိုခြင်းငှါ စွမ်းနိုင်ပါအံ့နည်း”ဟု (အကြံဖြစ်၏)။ ထိုအခါ အဿလာယန အမည်ရသော လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသောဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာ ကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ ထို့နောက် ထိုပုဏ္ဏားတို့အား ဤသို့အကြံဖြစ်၏- “ဤအဿလာယန လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသော ဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် အသက်တစ်ဆယ့် ခြောက်နှစ်အရွယ် ရှိ၏၊ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏။ပ။ အပြည့်အစုံ တတ်မြောက်၏၊ ထိုလုလင်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင် ပြောဆိုရန် စွမ်းနိုင်၏”ဟု (အကြံဖြစ်၏)။ ထိုအခါ ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ထံသို့ ချဥ်းကပ်၍ အဿလာယနလုလင်ကို့“အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့”ဟု ပြောဆိုကြကုန်၏။ ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဥ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို“အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင်အဿလာယနသည် ပရိဗိုဇ်အစီအစဥ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ”ဟုပြောဆိုကြကုန်၏။ နှစ်ကြိမ်မြောက်လည်း အဿလာယန လုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဥ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန် မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို “အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုပညတ်၏၊ အမောင် အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင် အဿလာယနသည် ပရိဗိုဇ်အစီအစဥ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ၊ အမောင် အဿလာယနသည် စစ်မထိုးဘဲ ရှုံးနည်းမျိုး မရှုံးပါစေလင့်”ဟုပြောဆိုကြကုန်၏။ ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ‘ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဥ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ’ဟု အကျွန်ုပ်ပြောသော်လည်း မရလေ၊ သို့ဖြစ်သောကြောင့် အကျွန်ုပ်သည် အသျှင်တို့၏စကားဖြင့် သွားပါတော့အံ့”ဟု ပြောဆို၏။

Middle Discourses 93 With Assalāyana So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time around five hundred brahmins from abroad were residing in Sāvatthī on some business. Then those brahmins thought, “This ascetic Gotama advocates purification for all four classes. Who is capable of debating with him about this?” Now at that time the student Assalāyana was residing in Sāvatthī. He was young, tonsured, and sixteen years old. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. Then those brahmins thought, “This Assalāyana is capable of debating with the ascetic Gotama about this.” So they approached Assalāyana and said to him, “This ascetic Gotama advocates purification for all four classes. Please, worthy Assalāyana, debate with the ascetic Gotama about this.” When they said this, Assalāyana said to them, “They say that the ascetic Gotama is a speaker of principle. But speakers of principle are hard to debate. I’m not capable of debating with the ascetic Gotama about this.” For a second time, those brahmins said to him “This ascetic Gotama advocates purification for all four classes. Please, worthy Assalāyana, debate with the ascetic Gotama about this. For you have lived as a wanderer.” And for a second time, Assalāyana refused. For a third time, those brahmins said to him, “This ascetic Gotama advocates purification for all four classes. Please, worthy Assalāyana, debate with the ascetic Gotama about this. For you have lived as a wanderer. Don’t admit defeat before going into battle!” When they said this, Assalāyana said to them, “Clearly, worthy sirs, I’m not getting through to you when I say: ‘They say that the ascetic Gotama is a speaker of principle. But speakers of principle are hard to debate. I’m not capable of debating with the ascetic Gotama about this.’ Nevertheless, I shall go at your bidding.”

၄၀၂။ အထ ခေါ အဿလာယနော မာဏဝေါ မဟတာ ဗြာဟ္မဏဂဏေန သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အဿလာယနော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော၊ ဗြာဟ္မဏောဝ သုက္ကော ဝဏ္ဏော, ကဏှော အညော ဝဏ္ဏော၊ ဗြာဟ္မဏောဝ သုဇ္ဈန္တိ, နော အဗြာဟ္မဏာ၊ ဗြာဟ္မဏာဝ ဗြဟ္မုနော ပုတ္တာ ဩရသာ မုခတော ဇာတာ ဗြဟ္မဇာ ဗြဟ္မနိမ္မိတာ ဗြဟ္မဒါယာဒါ’တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ? ‘‘ဒိဿန္တိ [ဒိဿန္တေ (သီ။ သျာ။ ကံ။ ပီ။)] ခေါ ပန, အဿလာယန, ဗြာဟ္မဏာနံ ဗြာဟ္မဏိယော ဥတုနိယောပိ ဂဗ္ဘိနိယောပိ ဝိဇာယမာနာပိ ပါယမာနာပိ။ တေ စ ဗြာဟ္မဏိယောနိဇာဝ သမာနာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော၊ ဗြာဟ္မဏောဝ သုက္ကော ဝဏ္ဏော, ကဏှော အညော ဝဏ္ဏော၊ ဗြာဟ္မဏာဝ သုဇ္ဈန္တိ, နော အဗြာဟ္မဏာ၊ ဗြာဟ္မဏာဝ ဗြဟ္မုနော ပုတ္တာ ဩရသာ မုခတော ဇာတာ ဗြဟ္မဇာ ဗြဟ္မနိမ္မိတာ ဗြဟ္မဒါယာဒါ’’’တိ။ ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၂။ ထိုအခါ အဿလာယနလုလင်သည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရား ထံသို့ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ ‘ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ပုဏ္ဏားတို့သည် ပြောဆိုကြပါကုန်၏၊ ဤပုဏ္ဏားတို့ ပြောဆိုရာ၌အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။ အဿလာယန ပုဏ္ဏားတို့တွင် ဥတုလာသူ ကိုယ်ဝန်ဆောင်သူ သားဖွားသူ နို့တိုက်နေသူ ပုဏ္ဏေးမတို့ကို မြင်ရကုန်သည် မဟုတ်လော၊ ထိုပုဏ္ဏားတို့သည် ပုဏ္ဏေးမတို့၏ အင်္ဂါဇာတ်မှ ဖြစ်ကြကုန်လျက်“ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှ ပေါက်ဖွားသူများ ဖြစ့်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

Then Assalāyana together with a large group of brahmins went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, the brahmins say: ‘Only brahmins are the best class; other classes are inferior. Only brahmins are the light class; other classes are dark. Only brahmins are purified, not others. Only brahmins are the Divinity’s bosom sons, born from his mouth, born of the Divinity, created by the Divinity, heirs of the Divinity.’ What do you say about this?” “But Assalāyana, brahmin women are seen menstruating, being pregnant, giving birth, and breastfeeding. Yet even though they’re born from a brahmin womb they say: ‘Only brahmins are the best class; other classes are inferior. Only brahmins are the light class; other classes are dark. Only brahmins are purified, not others. Only brahmins are the Divinity’s bosom sons, born from his mouth, born of the Divinity, created by the Divinity, heirs of the Divinity.’” “Even though you say this, still the brahmins maintain their belief.”

စာ-၃၅၆

၄၀၃။ ‘‘တံ ကိံ မညသိ, အဿလာယန, သုတံ တေ – ‘ယောနကမ္ဗောဇေသု အညေသု စ ပစ္စန္တိမေသု ဇနပဒေသု ဒွေဝ ဝဏ္ဏာ – အယျော စေဝ ဒါသော စ၊ အယျော ဟုတွာ ဒါသော ဟောတိ, ဒါသော ဟုတွာ အယျော ဟောတီ’’’တိ? ‘‘ဧဝံ, ဘော, သုတံ တံ မေ – ‘ယောနကမ္ဗောဇေသု အညေသု စ ပစ္စန္တိမေသု ဇနပဒေသု ဒွေဝ ဝဏ္ဏာ – အယျော စေဝ ဒါသော စ၊ အယျော ဟုတွာ ဒါသော ဟောတိ, ဒါသော ဟုတွာ အယျော ဟောတီ’’’တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၃။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ “ယောပြည် ကမ္ဗောဇ ပြည်နှင့်အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုး ကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု သင်ကြားဖူး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ယောပြည် ကမ္ဗောဇပြည်နှင့် အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုးကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု အကျွန်ုပ်ကြားဖူးပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သောပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Have you heard that in Greece and Persia and other foreign lands there are only two classes, masters and bonded servants; and that masters may become servants, and servants masters?” “Yes, I have heard that.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

၄၀၄။ ‘‘တံ ကိံ မညသိ, အဿလာယန, ခတ္တိယောဝ နု ခေါ ပါဏာတိပါတီ အဒိန္နာဒါယီ ကာမေသုမိစ္ဆာစာရီ မုသာဝါဒီ ပိသုဏဝါစော ဖရုသဝါစော သမ္ဖပ္ပလာပီ အဘိဇ္ဈာလု ဗျာပန္နစိတ္တော မိစ္ဆာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ, နော ဗြာဟ္မဏော? ဝေဿောဝ နု ခေါ…ပေ… သုဒ္ဒေါဝ နု ခေါ ပါဏာတိပါတီ အဒိန္နာဒါယီ ကာမေသုမိစ္ဆာစာရီ မုသာဝါဒီ ပိသုဏဝါစော ဖရုသဝါစော သမ္ဖပ္ပလာပီ အဘိဇ္ဈာလု ဗျာပန္နစိတ္တော မိစ္ဆာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ, နော ဗြာဟ္မဏော’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပါဏာတိပါတီ အဒိန္နာဒါယီ ကာမေသုမိစ္ဆာစာရီ မုသာဝါဒီ ပိသုဏဝါစော ဖရုသဝါစော သမ္ဖပ္ပလာပီ အဘိဇ္ဈာလု ဗျာပန္နစိတ္တော မိစ္ဆာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ…ပေ… ဝေဿောပိ ဟိ, ဘော ဂေါတမ…ပေ… သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ…ပေ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပါဏာတိပါတိနော အဒိန္နာဒါယိနော ကာမေသုမိစ္ဆာစာရိနော မုသာဝါဒိနော ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပိနော အဘိဇ္ဈာလူ ဗျာပန္နစိတ္တာ မိစ္ဆာဒိဋ္ဌီ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျု’’န္တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၄။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုးသည်သာ အသက် သတ်မူမပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သော စကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာဖြစ်သော အပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက် ရာသလော။ ကုန်သည်မျိုးသည်သာ။ပ။ သူဆင်းရဲမျိုးသည်သာ အသက်သတ်မူ မပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုမူသူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မကောင်းသော လားရာ ပျက်စီး၍ကျရာအပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ဖြစ်ရန် မသင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးသည်လည်း အသက်သတ်မူမပေးသည်ကို ယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသော အယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော အပါယ်ငရဲသို့ ကပ်ရောက်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့သည်လည်း အသက်သတ်ကြပါကုန်မူ မပေးသည်ကို ယူကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုကြပါကုန်မူ ကုန်းစကားကိုပြောဆိုကြပါကုန်မူ ကြမ်းကြုတ်သောစကားကို ပြောဆိုကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကိုပြောဆိုကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်ကြပါကုန်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်ကြပါကုန်မူ မှားသောအယူဝါဒရှိကြပါကုန်မူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက့်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲသို့ ကျရောက်ကုန်ရာပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည်ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက် အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန် ၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Suppose an aristocrat were to kill living creatures, steal, and commit sexual misconduct; to use speech that’s false, backbiting, harsh, or nonsensical; and to be covetous, malicious, with wrong view. When their body breaks up, after death, they’d be reborn in a place of loss, a bad place, the underworld, hell. Would this happen only to an aristocrat, and not to a brahmin? Or suppose a peasant, or a menial were to act in the same way. Would that result befall only a peasant or a menial, and not to a brahmin?” “No, worthy Gotama. If they acted the same way, the same result would befall an aristocrat, a brahmin, a peasant, or a menial. For if any of the four classes were to kill living creatures, steal, and commit sexual misconduct; to use speech that’s false, backbiting, harsh, or nonsensical; and to be covetous, malicious, with wrong view, then, when their body breaks up, after death, they’d be reborn in a place of loss, a bad place, the underworld, hell.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

စာ-၃၅၇

၄၀၅။ ‘‘တံ ကိံ မညသိ, အဿလာယန, ဗြာဟ္မဏောဝ နု ခေါ ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော မုသာဝါဒါ ပဋိဝိရတော ပိသုဏာယ ဝါစာယ ပဋိဝိရတော ဖရုသာယ ဝါစာယ ပဋိဝိရတော သမ္ဖပ္ပလာပါ ပဋိဝိရတော အနဘိဇ္ဈာလု အဗျာပန္နစိတ္တော သမ္မာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ, နော [နော စ (က။)] ခတ္တိယော နော ဝေဿော, နော သုဒ္ဒေါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ! ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော မုသာဝါဒါ ပဋိဝိရတော ပိသုဏာယ ဝါစာယ ပဋိဝိရတော ဖရုသာယ ဝါစာယ ပဋိဝိရတော သမ္ဖပ္ပလာပါ ပဋိဝိရတော အနဘိဇ္ဈာလု အဗျာပန္နစိတ္တော သမ္မာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ။ ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ…ပေ… ဝေဿောပိ ဟိ, ဘော ဂေါတမ…ပေ… သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ…ပေ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပါဏာတိပါတာ ပဋိဝိရတာ အဒိန္နာဒါနာ ပဋိဝိရတာ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတာ မုသာဝါဒါ ပဋိဝိရတာ ပိသုဏာယ ဝါစာယ ပဋိဝိရတာ ဖရုသာယ ဝါစာယ ပဋိဝိရတာ သမ္ဖပ္ပလာပါ ပဋိဝိရတာ အနဘိဇ္ဈာလူ အဗျာပန္နစိတ္တာ သမ္မာဒိဋ္ဌီ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျု’’န္တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၅။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင်အသက်သတ်ခြင်းမှ ကြဥ်ရှောင်မူ မပေးသည်ကိုယူခြင်းမှ ကြဥ်ရှောင်မူ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှကြဥ်ရှောင်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဥ်ရှောင်မူ ကုန်းစကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်မူ ကြမ်းကြုတ်သောစကားမှ ကြဥ်ရှောင်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှ ကြဥ်ရှောင်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိမူ (သူတစ်ပါးကို) ပျက်စီးရန် ကြံစည်လိုစိတ် မရှိမူမှန်သောအယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရာသလော၊ မင်းမျိုးသည် မကပ်ရောက် ရာသလော၊ ကုန်သည်မျိုးသည် မကပ်ရောက်ရာသလော၊ သူဆင်းရဲမျိုးသည် မကပ်ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ ထိုစကားသည် မှန်ပါ၏၊ မင်းမျိုးဖြစ်သူသည်လည်း အသက်သတ်ခြင်းမှ ကြဥ်ရှောင်ပါမူ မပေးသည်ကိုယူခြင်းမှ ကြဥ်ရှောင်ပါမူ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဥ်ရှောင်ပါမူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဥ်ရှောင်ပါမူ ကုန်းစကားကိုပြောဆိုခြင်းမှ ကြဥ်ရှောင်ပါမူ ကြမ်းကြုတ်သောစကားမှ ကြဥ်ရှောင်ပါမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဥ်ရှောင်ပါမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိပါမူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိပါမူ မှန်သော အယူဝါဒရှိပါမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ ကပ်ရောက် နိုင်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ မှန်၏၊ အလုံးစုံသော အမျိုးလေးပါးတို့သည်ပင် အသက်သတ်ခြင်းမှ ကြဥ်ရှောင်ကြပါကုန်မူ မပေးသည်ကိုယူခြင်းမှ ကြဥ်ရှောင်ကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဥ်ရှောင်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဥ်ရှောင်ကြပါကုန်မူ ကုန်းစကားကိုပြောဆိုခြင်းမှကြဥ်ရှောင်ကြပါကုန်မူ ကြမ်းကြုတ်သောစကားမှ ကြဥ်ရှောင်ကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဥ်ရှောင်ကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုမကြံစည်ကြပါကုန်မူူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိကြပါကုန်မူ ဖြောင့်မှန်သော အယူဝါဒရှိကြပါကုန်မူကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ကပ်ရောက်နိုင်ရာပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Suppose a brahmin were to refrain from killing living creatures, stealing, and sexual misconduct; from using speech that’s false, backbiting, harsh, or nonsensical; and from covetousness, malice, and wrong view. When their body breaks up, after death, they’d be reborn in a good place, a heavenly realm. Would this happen only to a brahmin, and not to an aristocrat, a peasant, or a menial?” “No, worthy Gotama. If they acted the same way, the same result would befall an aristocrat, a brahmin, a peasant, or a menial. For if any of the four classes were to refrain from killing living creatures, stealing, and sexual misconduct; from using speech that’s false, backbiting, harsh, or nonsensical; and from covetousness, malice, and wrong view, then, when their body breaks up, after death, they’d be reborn in a good place, a heavenly realm.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

စာ-၃၅၈

၄၀၆။ ‘‘တံ ကိံ မညသိ, အဿလာယန, ဗြာဟ္မဏောဝ နု ခေါ ပဟောတိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတုံ, နော ခတ္တိယော, နော ဝေဿော နော သုဒ္ဒေါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ! ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပဟောတိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတုံ၊ ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ… ဝေဿောပိ ဟိ, ဘော ဂေါတမ… သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပဟောန္တိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတု’’န္တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၆။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင် ဤအမည်ရှိသော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်လေသလော၊ မင်းမျိုးသည် မစွမ်းနိုင်လေသလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်လေသလော၊ သူဆင်းရဲမျို့းသည် မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကိုပွါးများရန် စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့ပင် ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Is only a brahmin capable of developing a heart of love, free of enmity and ill will for this region, and not an aristocrat, peasant, or menial?” “No, worthy Gotama. Aristocrats, brahmins, peasants, and menials can all do so. For all four classes are capable of developing a heart of love, free of enmity and ill will for this region.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

၄၀၇။ ‘‘တံ ကိံ မညသိ, အဿလာယန, ဗြာဟ္မဏောဝ နု ခေါ ပဟောတိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတုံ, နော ခတ္တိယော, နော ဝေဿော, နော သုဒ္ဒေါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ! ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပဟောတိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတုံ, ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ… ဝေဿောပိ ဟိ, ဘော ဂေါတမ… သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပဟောန္တိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတု’’န္တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၇။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်သလော၊ မင်းမျိုးကားမစွမ်းနိိုင်သလော၊ ကုန်သည်မျိုးကား မစွမ်းနိိုင်သလော၊ သူဆင်းရဲမျိုးကား မစွမ်းနိိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ရာပါ၏၊ အသျှင်ဂေါတမပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုး လေးပါးတို့ပင် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကားအဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ ပုဏ္ဏားတို့ကား“ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟုဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Is only a brahmin capable of taking some bathing cleanser, going to the river, and rinsing off dust and dirt, and not an aristocrat, peasant, or menial?” “No, worthy Gotama. All four classes are capable of doing this.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

၄၀၈။ ‘‘တံ ကိံ မညသိ, အဿလာယန, ဣဓ ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော နာနာဇစ္စာနံ ပုရိသာနံ ပုရိသသတံ သန္နိပါတေယျ – ‘အာယန္တု ဘောန္တော ယေ တတ္ထ ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နာ, သာကဿ ဝါ သာလဿ ဝါ [ဥပ္ပန္နာ သာလဿ ဝါ (သီ။ ပီ။)] သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ, အဂ္ဂိံ အဘိနိဗ္ဗတ္တေန္တု, တေဇော ပါတုကရောန္တု။ အာယန္တု ပန ဘောန္တော ယေ တတ္ထ စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ [ဝေဏကုလာ (သီ။ ပီ။), ဝေဏုကုလာ (သျာ။ ကံ။)] ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နာ, သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ, အဂ္ဂိံ အဘိနိဗ္ဗတ္တေန္တု, တေဇော ပါတုကရောန္တူ’တိ။

‘‘တံ ကိံ မညသိ, အဿလာယန, ယော ဧဝံ နု ခေါ သော [ယော စ နု ခေါ (သျာ။ ကံ။ က။)] ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နေဟိ သာကဿ ဝါ သာလဿ ဝါ သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော, တေဇော ပါတုကတော, သော ဧဝ နု ခွါဿ အဂ္ဂိ အစ္စိမာ စေဝ [စ (သီ။ ပီ။)] ဝဏ္ဏဝါ [ဝဏ္ဏိမာ (သျာ။ ကံ။ ပီ။ က။)] စ ပဘဿရော စ, တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ၊ ယော ပန သော စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နေဟိ သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော, တေဇော ပါတုကတော သွာဿ အဂ္ဂိ န စေဝ အစ္စိမာ န စ ဝဏ္ဏဝါ န စ ပဘဿရော, န စ တေန သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတု’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ! ယောပိ ဟိ သော [ယော သော (သီ။ ပီ။)], ဘော ဂေါတမ, ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နေဟိ သာကဿ ဝါ သာလဿ ဝါ သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော, တေဇော ပါတုကတော သွာဿ [သော စဿ (သီ။ ပီ။), သောပိဿ (သျာ။ ကံ။)] အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ, တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ၊ ယောပိ သော စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နေဟိ သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော, တေဇော ပါတုကတော, သွာဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ, တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ။ သဗ္ဗောပိ ဟိ, ဘော ဂေါတမ, အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ, သဗ္ဗေနပိ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတု’’န္တိ။ ‘‘ဧတ္ထ, အဿလာယန, ဗြာဟ္မဏာနံ ကိံ ဗလံ, ကော အဿာသော ယဒေတ္ထ ဗြာဟ္မဏာ ဧဝမာဟံသု – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော၊ ဗြာဟ္မဏောဝ သုက္ကော ဝဏ္ဏော, ကဏှော အညော ဝဏ္ဏော၊ ဗြာဟ္မဏာဝ သုဇ္ဈန္တိ, နော အဗြာဟ္မဏာ၊ ဗြာဟ္မဏာဝ ဗြဟ္မုနော ပုတ္တာ ဩရသာ မုခတော ဇာတာ ဗြဟ္မဇာ ဗြဟ္မနိမ္မိတာ ဗြဟ္မဒါယာဒါ’’’တိ? ‘‘ကိဉ္စာပိ ဘဝံ ဂေါတမော ဧဝမာဟ, အထ ခွေတ္ထ ဗြာဟ္မဏာ ဧဝမေတံ မညန္တိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’’’တိ။

၄၀၈။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် ဤအရပ်၌ ဇာတ်အမျိုးမျိုးရှိသော ယောကျာ်းတစ်ရာကိုစည်းဝေးစေရာ၏- “အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့။ အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုးနှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက် သွန် (ဘင်ကျုံး) မျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့”ဟု ဆို၍ စည်းဝေးစေရာ၏။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့ သည်မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်သာ အလျှံအဆင်း အရောင်အလင်း ရှိလေသလော၊ ထိုမီးဖြင့်သာ မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။ ထိုမှ တစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကိုဖြစ်စေ၏၊ ထိုမီးသည် အလျှံအဆင်း အရောင်အလင်း မရှိလေသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ့ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည်ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ရာပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အရောင်အလင်း ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည် ဗြဟ္မာ၏ သားရင်းဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာ သူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်ထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ပုဏ္ဏားတို့ကား “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

“What do you think, Assalāyana? Suppose an anointed aristocratic king were to gather a hundred people of various births and say to them: ‘Please worthy sirs, let anyone here who was born in a family of aristocrats, brahmins, or chieftains take a drill-stick made of teak, sal, <i lang='pi' translate='no'>salaḷa</i>, sandalwood, or cherry wood, light a fire and produce heat. And let anyone here who was born in a family of corpse-workers, hunters, bamboo-workers, chariot-makers, or scavengers take a drill-stick made from a mutt’s drinking trough, a pig’s trough, a dustbin, or castor-oil wood, light a fire and produce heat.’ What do you think, Assalāyana? Would only the fire produced by the high class people with good quality wood have flames, color, and radiance, and be usable as fire, and not the fire produced by the low class people with poor quality wood?” “No, worthy Gotama. The fire produced by the high class people with good quality wood would have flames, color, and radiance, and be usable as fire, and so would the fire produced by the low class people with poor quality wood. For all fire has flames, color, and radiance, and is usable as fire.” “Then what is the source of the brahmins’ certainty and forcefulness in this matter that they make this claim?” “Even though you say this, still the brahmins maintain their belief.”

စာ-၃၆၀

၄၀၉။ ‘‘တံ ကိံ မညသိ, အဿလာယန, ဣဓ ခတ္တိယကုမာရော ဗြာဟ္မဏကညာယ သဒ္ဓိံ သံဝါသံ ကပ္ပေယျ, တေသံ သံဝါသမနွာယ ပုတ္တော ဇာယေထ၊ ယော သော ခတ္တိယကုမာရေန ဗြာဟ္မဏကညာယ ပုတ္တော ဥပ္ပန္နော, သိယာ သော မာတုပိ သဒိသော ပိတုပိ သဒိသော, ‘ခတ္တိယော’တိပိ ဝတ္တဗ္ဗော ‘ဗြာဟ္မဏော’တိပိ ဝတ္တဗ္ဗော’’တိ? ‘‘ယော သော, ဘော ဂေါတမ, ခတ္တိယကုမာရေန ဗြာဟ္မဏကညာယ ပုတ္တော ဥပ္ပန္နော, သိယာ သော မာတုပိ သဒိသော ပိတုပိ သဒိသော, ‘ခတ္တိယော’တိပိ ဝတ္တဗ္ဗော ‘ဗြာဟ္မဏော’တိပိ ဝတ္တဗ္ဗော’’တိ။

‘‘တံ ကိံ မညသိ, အဿလာယန, ဣဓ ဗြာဟ္မဏကုမာရော ခတ္တိယကညာယ သဒ္ဓိံ သံဝါသံ ကပ္ပေယျ, တေသံ သံဝါသမနွာယ ပုတ္တော ဇာယေထ၊ ယော သော ဗြာဟ္မဏကုမာရေန ခတ္တိယကညာယ ပုတ္တော ဥပ္ပန္နော, သိယာ သော မာတုပိ သဒိသော ပိတုပိ သဒိသော, ‘ခတ္တိယော’တိပိ ဝတ္တဗ္ဗော ‘ဗြာဟ္မဏော’တိပိ ဝတ္တဗ္ဗော’’တိ? ‘‘ယော သော, ဘော ဂေါတမ, ဗြာဟ္မဏကုမာရေန ခတ္တိယကညာယ ပုတ္တော ဥပ္ပန္နော, သိယာ သော မာတုပိ သဒိသော ပိတုပိ သဒိသော, ‘ခတ္တိယော’တိပိ ဝတ္တဗ္ဗော ‘ဗြာဟ္မဏော’တိပိ ဝတ္တဗ္ဗော’’တိ။

‘‘တံ ကိံ မညသိ, အဿလာယန ဣဓ ဝဠဝံ ဂဒြဘေန သမ္ပယောဇေယျုံ [သံယောဇေယျ (က။)], တေသံ သမ္ပယောဂမနွာယ ကိသောရော ဇာယေထ၊ ယော သော ဝဠဝါယ ဂဒြဘေန ကိသောရော ဥပ္ပန္နော, သိယာ သော မာတုပိ သဒိသော ပိတုပိ သဒိသော, ‘အဿော’တိပိ ဝတ္တဗ္ဗော ‘ဂဒြဘော’တိပိ ဝတ္တဗ္ဗော’’တိ? ‘‘ကုဏ္ဍဉှိ သော [ဝေကုရဉ္ဇာယ ဟိ သော (သီ။ ပီ။), သော ကုမာရဏ္ဍုပိ သော (သျာ။ ကံ။), ဝေကုလဇော ဟိ သော (?)], ဘော ဂေါတမ, အဿတရော ဟောတိ။ ဣဒံ ဟိဿ, ဘော ဂေါတမ, နာနာကရဏံ ပဿာမိ၊ အမုတြ စ ပနေသာနံ န ကိဉ္စိ နာနာကရဏံ ပဿာမီ’’တိ။

‘‘တံ ကိံ မညသိ, အဿလာယန, ဣဓာဿု ဒွေ မာဏဝကာ ဘာတရော သဥဒရိယာ, ဧကော အဇ္ဈာယကော ဥပနီတော ဧကော အနဇ္ဈာယကော အနုပနီတော။ ကမေတ္ထ ဗြာဟ္မဏာ ပဌမံ ဘောဇေယျုံ သဒ္ဓေ ဝါ ထာလိပါကေ ဝါ ယညေ ဝါ ပါဟုနေ ဝါ’’တိ? ‘‘ယော သော, ဘော ဂေါတမ, မာဏဝကော အဇ္ဈာယကော ဥပနီတော တမေတ္ထ ဗြာဟ္မဏာ ပဌမံ ဘောဇေယျုံ သဒ္ဓေ ဝါ ထာလိပါကေ ဝါ ယညေ ဝါ ပါဟုနေ ဝါ။ ကိဉှိ, ဘော ဂေါတမ, အနဇ္ဈာယကေ အနုပနီတေ ဒိန္နံ မဟပ္ဖလံ ဘဝိဿတီ’’တိ။

‘‘တံ ကိံ မညသိ, အဿလာယန, ဣဓာဿု ဒွေ မာဏဝကာ ဘာတရော သဥဒရိယာ, ဧကော အဇ္ဈာယကော ဥပနီတော ဒုဿီလော ပါပဓမ္မော, ဧကော အနဇ္ဈာယကော အနုပနီတော သီလဝါ ကလျာဏဓမ္မော။ ကမေတ္ထ ဗြာဟ္မဏာ ပဌမံ ဘောဇေယျုံ သဒ္ဓေ ဝါ ထာလိပါကေ ဝါ ယညေ ဝါ ပါဟုနေ ဝါ’’တိ? ‘‘ယော သော, ဘော ဂေါတမ, မာဏဝကော အနဇ္ဈာယကော အနုပနီတော သီလဝါ ကလျာဏဓမ္မော တမေတ္ထ ဗြာဟ္မဏာ ပဌမံ ဘောဇေယျုံ သဒ္ဓေ ဝါ ထာလိပါကေ ဝါ ယညေ ဝါ ပါဟုနေ ဝါ။ ကိဉှိ, ဘော ဂေါတမ, ဒုဿီလေ ပါပဓမ္မေ ဒိန္နံ မဟပ္ဖလံ ဘဝိဿတီ’’တိ။

‘‘ပုဗ္ဗေ ခေါ တွံ, အဿလာယန, ဇာတိံ အဂမာသိ၊ ဇာတိံ ဂန္တွာ မန္တေ အဂမာသိ၊ မန္တေ ဂန္တွာ တပေ အဂမာသိ၊ တပေ ဂန္တွာ [မန္တေ ဂန္တွာ တမေတံ တွံ (သီ။ ပီ။), မန္တေ ဂန္တွာ တမေဝ ဌပေတွာ (သျာ။ ကံ။)] စာတုဝဏ္ဏိံ သုဒ္ဓိံ ပစ္စာဂတော, ယမဟံ ပညပေမီ’’တိ။ ဧဝံ ဝုတ္တေ, အဿလာယနော မာဏဝေါ တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိ။

၄၀၉။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသတို့သားသည် ပုဏ္ဏားမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍ သားကို ဖွားမြင်ရာ၏၊ မင်းမျိုးသတို့သားနှင့် ပုဏ္ဏားမျိုးသတို့သမီးမှ ဖွားမြင်သော သားသည်အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်းဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သော သတို့သားနှင့် ပုဏ္ဏားမျိုးဖြစ်သော သတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု (လျှောက်၏)။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသတို့သားသည် မင်းမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍သားကို ဖွားမြင်ရာ၏၊ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု လျှောက်၏)။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မြင်းမကို မြည်း (လား) နှင့်မျိုးစပ်ကုန်ရာ၏၊ ၎င်းတို့ မျိုးစပ်ခြင်းကို အစွဲ ပြု၍ သားငယ်သည် ဖြစ်ထွန်းရာ၏၊ မြင်းမ နှင့် မြည်း (လား) မှ ဖွားမြင်သော သားငယ်သည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မြင်းဟူ၍လည်းဆိုသင့်သည်၊ မြည်းဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမအညံ့စား အဿတိုရ် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤအဿတိုရ်၏ ဤထူးခြားမှုကို မြင်ရပါ၏၊ ဤရှေးစကားနှစ်မျိုး၌ သတို့သားတို့၏ တစ်စုံတစ်ခု ထူးခြားမှုကို မမြင်ပါဟု (လျှောက်၏)။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်၊ ဝေဒကျမ်းကိုမဆောင်ထားတတ်၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည်အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကိုသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို ဆောင်ထားသော လုလင်အား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ ဝေဒကျမ်းကိုမသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို မဆောင်ထားသောသူ၌ ကျွေးမွေးခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက်၏)။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကိုမသရဇ္ဈာယ်၊ ဝေဒကျမ်းကို မဆောင်ထား၊ သီလရှိ၏၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိ၏၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်းမင်္ဂလာထမင်း ယဇ်ပူဇော်သော ထမင်း ဧည့်သည်အကျိုးငှါ ပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကိုဆောင်မထားသော သီလရှိသော ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိသော လုလင်အား ပုဏ္ဏားတို့သည်သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ သီလမရှိ ယုတ်မာသော အကျင့်ရှိသောသူအား ပေးလှူခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက် ၏)။ အဿလာယန သင်သည် ရှေးဦးစွာ ဇာတ်အမျိုးကို လိုက်၏၊ ဇာတ်အမျိုးကို လိုက်ပြီးနောက်ဝေဒကျမ်းတို့ကို လိုက်၏၊ ဝေဒကျမ်းတို့ကို လိုက်ပြီးနောက် အကျင့်ကို လိုက်၏၊ အကျင့်ကို လိုက်ပြီးနောက် ငါ ပညတ်သော အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို တစ်ဖန် လိုက်ပြန်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အဿလာယနလုလင်သည် ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားဆိုခြင်းမရှိသည် ဖြစ်၍ နေ၏။

“What do you think, Assalāyana? Suppose an aristocrat boy was to sleep with a brahmin girl, and they had a child. Would that child be called an aristocrat after the father or a brahmin after the mother?” “They could be called either.” “What do you think, Assalāyana? Suppose a brahmin boy was to sleep with an aristocrat girl, and they had a child. Would that child be called an aristocrat after the mother or a brahmin after the father?” “They could be called either.” “What do you think, Assalāyana? Suppose a mare were to couple with a donkey, and she gave birth to a mule. Would that mule be called a horse after the mother or a donkey after the father?” “It’s a mule, as it is a crossbreed. I see the difference in this case, but not in the previous cases.” “What do you think, Assalāyana? Suppose there were two young students who were brothers who had shared a womb. One was an educated reciter, while the other was not an educated reciter. Who would the brahmins feed first at an offering of food for ancestors, an offering of a dish of milk-rice, a sacrifice, or a feast for guests?” “They’d first feed the young student who was an educated reciter. For how could an offering to someone who is not an educated reciter be very fruitful?” “What do you think, Assalāyana? Suppose there were two young students who were brothers who had shared a womb. One was an educated reciter, but was unethical, of bad character, while the other was not an educated reciter, but was ethical and of good character. Who would the brahmins feed first?” “They’d first feed the young student who was not an educated reciter, but was ethical and of good character. For how could an offering to someone who is unethical and of bad character be very fruitful?” “Firstly you relied on birth, Assalāyana, then you switched to education, then you switched to abstemious behavior. Now you’ve come around to believing in purification for the four classes, just as I advocate.” When he said this, Assalāyana sat silent, dismayed, shoulders drooping, downcast, depressed, with nothing to say.

၄၁၀။ အထ ခေါ ဘဂဝါ အဿလာယနံ မာဏဝံ တုဏှီဘူတံ မင်္ကုဘူတံ ပတ္တက္ခန္ဓံ အဓောမုခံ ပဇ္ဈာယန္တံ အပ္ပဋိဘာနံ ဝိဒိတွာ အဿလာယနံ မာဏဝံ ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, အဿလာယန, သတ္တန္နံ ဗြာဟ္မဏိသီနံ အရညာယတနေ ပဏ္ဏကုဋီသု သမ္မန္တာနံ [ဝသန္တာနံ (သီ။)] ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’တိ။ အဿောသိ ခေါ, အဿလာယန, အသိတော ဒေဝလော ဣသိ – ‘သတ္တန္နံ ကိရ ဗြာဟ္မဏိသီနံ အရညာယတနေ ပဏ္ဏကုဋီသု သမ္မန္တာနံ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော…ပေ… ဗြဟ္မဒါယာဒါ’တိ။ အထ ခေါ, အဿလာယန, အသိတော ဒေဝလော ဣသိ ကေသမဿုံ ကပ္ပေတွာ မဉ္ဇိဋ္ဌဝဏ္ဏာနိ ဒုဿာနိ နိဝါသေတွာ ပဋလိယော [အဋလိယော (သီ။ ပီ။), အဂလိယော (သျာ။ ကံ။)] ဥပါဟနာ အာရုဟိတွာ ဇာတရူပမယံ ဒဏ္ဍံ ဂဟေတွာ သတ္တန္နံ ဗြာဟ္မဏိသီနံ ပတ္ထဏ္ဍိလေ ပါတုရဟောသိ။ အထ ခေါ, အဿလာယန, အသိတော ဒေဝလော ဣသိ သတ္တန္နံ ဗြာဟ္မဏိသီနံ ပတ္ထဏ္ဍိလေ စင်္ကမမာနော ဧဝမာဟ – ‘ဟန္ဒ, ကော နု ခေါ ဣမေ ဘဝန္တော ဗြာဟ္မဏိသယော ဂတာ [ဂန္တာ (သျာ။ ကံ။ က။)]၊ ဟန္ဒ, ကော နု ခေါ ဣမေ ဘဝန္တော ဗြာဟ္မဏိသယော ဂတာ’တိ? အထ ခေါ, အဿလာယန, သတ္တန္နံ ဗြာဟ္မဏိသီနံ ဧတဒဟောသိ – ‘ကော နာယံ ဂါမဏ္ဍလရူပေါ ဝိယ သတ္တန္နံ ဗြာဟ္မဏိသီနံ ပတ္ထဏ္ဍိလေ စင်္ကမမာနော ဧဝမာဟ – ‘ဟန္ဒ, ကော နု ခေါ ဣမေ ဘဝန္တော ဗြာဟ္မဏိသယော ဂတာ၊ ဟန္ဒ, ကော နု ခေါ ဣမေ ဘဝန္တော ဗြာဟ္မဏိသယော ဂတာတိ? ဟန္ဒ, နံ အဘိသပါမာ’တိ။ အထ ခေါ, အဿလာယန, သတ္တ ဗြာဟ္မဏိသယော အသိတံ ဒေဝလံ ဣသိံ အဘိသပိံသု – ‘ဘသ္မာ, ဝသလ [ဝသလီ (ပီ။), ဝသလိ (က။), စပလီ (သျာ။ ကံ။)], ဟောဟိ၊ ဘသ္မာ, ဝသလ, ဟောဟီ’တိ [ဘသ္မာ ဝသလ ဟောဟီတိ အဘိသပဝစနံ သီ။ ပီ။ ပေါတ္ထကေသု သကိဒေဝ အာဂတံ]။ ယထာ ယထာ ခေါ, အဿလာယန, သတ္တ ဗြာဟ္မဏိသယော အသိတံ ဒေဝလံ ဣသိံ အဘိသပိံသု တထာ တထာ အသိတော ဒေဝလော ဣသိ အဘိရူပတရော စေဝ ဟောတိ ဒဿနီယတရော စ ပါသာဒိကတရော စ။ အထ ခေါ, အဿလာယန, သတ္တန္နံ ဗြာဟ္မဏိသီနံ ဧတဒဟောသိ – ‘မောဃံ ဝတ နော တပေါ, အဖလံ ဗြဟ္မစရိယံ။ မယဉှိ ပုဗ္ဗေ ယံ အဘိသပါမ – ဘသ္မာ, ဝသလ, ဟောဟိ၊ ဘသ္မာ, ဝသလ, ဟောဟီတိ ဘသ္မာဝ ဘဝတိ ဧကစ္စော။ ဣမံ ပန မယံ ယထာ ယထာ အဘိသပါမ တထာ တထာ အဘိရူပတရော စေဝ ဟောတိ ဒဿနီယတရော စ ပါသာဒိကတရော စာ’တိ။ ‘န ဘဝန္တာနံ မောဃံ တပေါ, နာဖလံ ဗြဟ္မစရိယံ။ ဣင်္ဃ ဘဝန္တော, ယော မယိ မနောပဒေါသော တံ ပဇဟထာ’တိ။ ‘ယော ဘဝတိ မနောပဒေါသော တံ ပဇဟာမ။ ကော နု ဘဝံ ဟောတီ’တိ? ‘သုတော နု ဘဝတံ – အသိတော ဒေဝလော ဣသီ’တိ? ‘ဧဝံ, ဘော’။ ‘သော ခွါဟံ, ဘော, ဟောမီ’တိ။ အထ ခေါ, အဿလာယန, သတ္တ ဗြာဟ္မဏိသယော အသိတံ ဒေဝလံ ဣသိံ အဘိဝါဒေတုံ ဥပက္ကမိံသု။

၄၁၀။ ထိုအခါ မြတ်စွာဘုရားသည် အဿလာယနလုလင်ကို ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားမဆိုသည်ကို သိတော်မူ၍ဤစကားကို မိန့်တော်မူ၏- အဿလာယန ရှေးက ဖြစ်ဖူးသည်ကား တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုးသည်သာမြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်၏။ အဿလာယန မည်းနက်သော ဒေဝလရသေ့သည် “တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာတိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသောအယူသည် ဖြစ်သတတ်”ဟု ကြားသိလေ၏။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည့်ဆံမုတ်ဆိတ်ကို ရိတ်၍ မောင်းသော အဆင်းရှိကုန်သော ပုဆိုးတို့ကို ဝတ်ရုံကာ အထပ်ထပ်သော ဖိနပ်ကိုစီးလျက် ရွှေဖြင့်ပြီးသော တောင်ဝှေးကို ကိုင်ပြီးလျှင် ပုဏ္ဏားမျိုး ရသေ့ ခုနစ်ယောက်တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ထင်ရှားဖြစ်လေ၏။ အဿလာယန ထိုအခါ မည်း နက်သောဒေဝလရသေ့သည် ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့၏ သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ စင်္ကြံ သွားလျက်“အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင် တို့ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း”ဟု ဆိုလေ၏။ အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက် တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ရွာသူသားငယ်ကဲ့သို့ စင်္ကြံသွားလျက် ‘အသျှင်တို့ ဤပုဏ္ဏားမျိုးရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခုအဘယ်သို့ သွားကြကုန်သနည်း’ဟု ဆိုနေသူကား အဘယ်သူနည်း၊ ယခု ငါတို့သည် ထိုသူ့ကို ကျိန်ဆဲကုန်အံ့”ဟု အကြံဖြစ်၏။ အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည်မည်းနက်သော ဒေဝလရသေ့ကို “သူယုတ် ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့”ဟုကျိန်ဆဲကြကုန်၏။ အဿလာယန ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်းမည်းနက်သော ဒေဝလ ရသေ့သည် အထူးသဖြင့် အဆင်းလှ၏၊ အထူးသဖြင့် ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညို ဖွယ်လည်း ရှိ၏။ အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ငါတို့၏ အကျင့်ကား အချည်းနှီးဖြစ်စွတကား၊ ငါတို့၏ မြတ်သောအကျင့်သည် အကျိုးမရှိလေစွတကား၊ ငါတို့သည် ရှေးအခါက ‘သူယုတ်ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့’ဟု ကျိန်ဆဲခံရသောသူအချို့သည် ပြာဖြစ်၏။ ဤရသေ့ကား ငါတို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်း အထူးသဖြင့် အလွန်အဆင်းလှ၏၊ အထူးသဖြင့်ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညိုဖွယ်လည်း ရှိ၏”ဟု အကြံသည် ဖြစ်၏။ အသျှင်ရသေ့တို့၏ အကျင့်သည် အချည်း နှီးမဟုတ်၊ မြတ်သောအကျင့်သည် အကျိုးမရှိသည် မဟုတ်၊ အသျှင်တို့ ငါ၌ စိတ်ပြစ်မှားခြင်းကို စွန့်ကြ ကုန်လော့ဟု (ဆို၏)။ စိတ်ပြစ်မှားခြင်းကို ငါတို့စွန့်ပါကုန်၏၊ အသျှင်သည် အဘယ်သူ ဖြစ်ပါသနည်းဟု (မေးကုန်၏)။ “မည်းနက်သောဒေဝလရသေ့” ဟူ၍ အသျှင်တို့ ကြားဖူးသည် မဟုတ်လောဟု (ဆို၏)။ အသျှင် ကြားဖူးပါ၏ဟု (ဆိုကြကုန်၏)။ အသျှင်တို့ ထိုအကျွန်ုပ်သည် ဒေဝလရသေ့ဖြစ်၏ဟု (ဆို၏)။ အဿလာယန ထိုအခါပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည် မည်းနက်သော ဒေဝလရသေ့ကို ရှိခိုးရန် အားထုတ်ကြကုန်၏။

Knowing this, the Buddha said to him: “Once upon a time, Assalāyana, seven brahmin seers settled in leaf huts in a wilderness region. They had the following harmful misconception: ‘Only brahmins are the best class; other classes are inferior. Only brahmins are the light class; other classes are dark. Only brahmins are purified, not others. Only brahmins are the Divinity’s bosom sons, born from his mouth, born of the Divinity, created by the Divinity, heirs of the Divinity.’ The seer Devala the Dark heard about this. So he did up his hair and beard, dressed in magenta robes, put on his lined sandals, grasped a golden staff, and appeared in the courtyard of the seven brahmin seers. Then he wandered about the yard saying, ‘Where, oh where have those brahmin seers gone? Where, oh where have those brahmin seers gone?’ Then those brahmin seers said, ‘Who’s this wandering about our courtyard like a village lout? Let’s curse him!’ So they cursed Devala the Dark, ‘Be ashes, lowlife! Be ashes, lowlife!’ But the more the seers cursed him, the more attractive, good-looking, and lovely Devala the Dark became. Then those brahmin seers said, ‘Our fervor is in vain! Our spiritual path is fruitless! For when we used to curse someone to become ashes, ashes they became. But the more we curse this one, the more attractive, good-looking, and lovely he becomes.’ ‘Worthy sirs, your fervor is not in vain; your spiritual path is not fruitless. Please let go of your malevolence toward me.’ ‘We let go of our malevolence toward you. But who are you, worthy sir?’ ‘Have you heard of the seer Devala the Dark?’ ‘Yes, worthy sir.’ ‘I am he, worthy sir.’ Then they approached Devala and bowed to him.

စာ-၃၆၃

၄၁၁။ ‘‘အထ ခေါ, အဿလာယန, အသိတော ဒေဝလော ဣသိ သတ္တ ဗြာဟ္မဏိသယော ဧတဒဝေါစ – ‘သုတံ မေတံ, ဘော, သတ္တန္နံ ကိရ ဗြာဟ္မဏိသီနံ အရညာယတနေ ပဏ္ဏကုဋီသု သမ္မန္တာနံ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော, ဟီနော အညော ဝဏ္ဏော၊ ဗြာဟ္မဏောဝ သုက္ကော ဝဏ္ဏော, ကဏှော အညော ဝဏ္ဏော၊ ဗြာဟ္မဏာဝ သုဇ္ဈန္တိ, နော အဗြာဟ္မဏာ၊ ဗြာဟ္မဏာဝ ဗြဟ္မုနော ပုတ္တာ ဩရသာ မုခတော ဇာတာ ဗြဟ္မဇာ ဗြဟ္မနိမ္မိတာ ဗြဟ္မဒါယာဒါ’တိ။ ‘ဧဝံ, ဘော’။

‘‘‘ဇာနန္တိ ပန ဘောန္တော – ယာ ဇနိကာ မာတာ [ဇနိမာတာ (သီ။ သျာ။ ကံ။ ပီ။)] ဗြာဟ္မဏံယေဝ အဂမာသိ, နော အဗြာဟ္မဏ’န္တိ? ‘နော ဟိဒံ, ဘော’။

‘‘‘ဇာနန္တိ ပန ဘောန္တော – ယာ ဇနိကာမာတု [ဇနိမာတု (သီ။ သျာ။ ကံ။ ပီ။)] မာတာ ယာဝ သတ္တမာ မာတုမာတာမဟယုဂါ ဗြာဟ္မဏံယေဝ အဂမာသိ, နော အဗြာဟ္မဏ’န္တိ? ‘နော ဟိဒံ, ဘော’။

‘‘‘ဇာနန္တိ ပန ဘောန္တော – ယော ဇနကော ပိတာ [ဇနိပိတာ (သီ။ သျာ။ ကံ။ ပီ။)] ဗြာဟ္မဏိံယေဝ အဂမာသိ, နော အဗြာဟ္မဏိ’န္တိ? ‘နော ဟိဒံ, ဘော’။

‘‘‘ဇာနန္တိ ပန ဘောန္တော – ယော ဇနကပိတု [ဇနိပိတု (သီ။ သျာ။ ကံ။ ပီ။)] ပိတာ ယာဝ သတ္တမာ ပိတုပိတာမဟယုဂါ ဗြာဟ္မဏိံယေဝ အဂမာသိ, နော အဗြာဟ္မဏိ’န္တိ? ‘နော ဟိဒံ, ဘော’။

‘‘‘ဇာနန္တိ ပန ဘောန္တော – ယထာ ဂဗ္ဘဿ အဝက္ကန္တိ ဟောတီ’တိ [န မယံ ဇာနာမ ဘော ယထာ ဂဗ္ဘဿ အဝက္ကန္တိ ဟောတီတိ။ ယထာ ကထံ ပန ဘော ဂဗ္ဘဿ အဝက္ကန္တိ ဟောတီတိ။ (က။)]? ‘ဇာနာမ မယံ, ဘော – ယထာ ဂဗ္ဘဿ အဝက္ကန္တိ ဟောတိ [န မယံ ဇာနာမ ဘော ယထာ ဂဗ္ဘဿ အဝက္ကန္တိ ဟောတီတိ။ ယထာ ကထံ ပန ဘော ဂဗ္ဘဿ အဝက္ကန္တိ ဟောတီတိ။ (က။)]။ ဣဓ မာတာပိတရော စ သန္နိပတိတာ ဟောန္တိ, မာတာ စ ဥတုနီ ဟောတိ, ဂန္ဓဗ္ဗော စ ပစ္စုပဋ္ဌိတော ဟောတိ၊ ဧဝံ တိဏ္ဏံ သန္နိပါတာ ဂဗ္ဘဿ အဝက္ကန္တိ ဟောတီ’တိ။

‘‘‘ဇာနန္တိ ပန ဘောန္တော – တဂ္ဃ [ယဂ္ဃေ (သီ။ သျာ။ ကံ။ ပီ။)], သော ဂန္ဓဗ္ဗော ခတ္တိယော ဝါ ဗြာဟ္မဏော ဝါ ဝေဿော ဝါ သုဒ္ဒေါ ဝါ’တိ? ‘န မယံ, ဘော, ဇာနာမ – တဂ္ဃ သော ဂန္ဓဗ္ဗော ခတ္တိယော ဝါ ဗြာဟ္မဏော ဝါ ဝေဿော ဝါ သုဒ္ဒေါ ဝါ’တိ။ ‘ဧဝံ သန္တေ, ဘော, ဇာနာထ – ကေ တုမှေ ဟောထာ’တိ? ‘ဧဝံ သန္တေ, ဘော, န မယံ ဇာနာမ – ကေ မယံ ဟောမာ’တိ။ တေ ဟိ နာမ, အဿလာယန, သတ္တ ဗြာဟ္မဏိသယော အသိတေန ဒေဝလေန ဣသိနာ သကေ ဇာတိဝါဒေ သမနုယုဉ္ဇီယမာနာ သမနုဂ္ဂါဟီယမာနာ သမနုဘာသီယမာနာ န သမ္ပာယိဿန္တိ၊ ကိံ ပန တွံ ဧတရဟိ မယာ သကသ္မိံ ဇာတိဝါဒေ သမနုယုဉ္ဇီယမာနော သမနုဂ္ဂါဟီယမာနော သမနုဘာသီယမာနော သမ္ပာယိဿသိ, ယေသံ တွံ သာစရိယကော န ပုဏ္ဏော ဒဗ္ဗိဂါဟော’’တိ။

ဧဝံ ဝုတ္တေ, အဿလာယနော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

အဿလာယနသုတ္တံ နိဋ္ဌိတံ တတိယံ။

၄၁၁။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည် ခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့ကို “အချင်းတို့ တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသောပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းနက်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူများဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသော အယူဝါဒသည် ဖြစ်၏” ဟူသော အကြောင်းကို အကျွန်ုပ် ကြားရ၏ဟု ဤစကားကို ပြောဆို၏။ အသျှင် မှန်ပါ၏ဟု (ဆိုကြကုန်၏)။ အသျှင်တို့သည် “အမိသည် ပုဏ္ဏားမျိုးယောကျာ်းကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သောယောကျာ်းကို သံဝါသ မပြု”ဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အချင်းတို့ အဖွားသည် ခုနစ်ဆက်မြောက်သော အဖွားတိုင်အောင် ပုဏ္ဏားမျိုးယောကျာ်းကိုသာသံဝါသပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သော ယောကျာ်းကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အချင်းတို့ အဖသည် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟုသိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အချင်းတို့ အဖိုးသည် ခုနစ်ဆက်မြောက်သော အဖိုးတိုင်အောင် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အချင်းတို့ ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏လောဟု (မေး၏)။ အသျှင် အကျွန်ုပ်တို့သည် ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏၊ ဤလောက၌ မိဘတို့သည်လည်း သံဝါသ ပြုသောအားဖြင့် ပေါင်းဆုံကြကုန်၏၊ အမိသည်လည်း ဥတုပန်း ပွင့်ဆဲဖြစ်၏၊ ရောက်အပ်သော သတ္တဝါသည်လည်း ရှေးရှုတည်၏၊ ဤသို့ သုံးပါးကုန်သော အကြောင်းတို့၏ စည်းဝေးမိခြင်းကြောင့် ကိုယ်ဝန်၏သက်ဝင်၍ တည်ခြင်းသည် ဖြစ်ပါ၏ဟု (ဆိုကြကုန်၏)။ အချင်းတို့ ထိုရောက်လာဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်း သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် ထိုဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်းအကျွန်ုပ်တို့ မသိနိုင်ကြပါဟု (ဆိုကြကုန်၏)။ အချင်းတို့ ဤသို့ဖြစ်သည်ရှိသော် “အသင်တို့သည်အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု သိကြကုန်၏လောဟု (မေး၏)။ အသျှင် ဤသို့ဖြစ်သည်ရှိသော်“အကျွန်ုပ်တို့သည် အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အဿလာယနထိုမည်းနက်သော ဒေဝလရသေ့က ဤမိမိ၏ဇာတ် အမျိုးဝါဒ၌ မေးစိစစ်အပ်ကုန်သည်ရှိသော် အယူ၌တည်စေအပ်ကုန်သည်ရှိသော် အယူကို ပြောဆိုအပ်ကုန်သည်ရှိသော် ထိုခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့သည် ပြည့်စုံစွာ မဖြေကြားနိုင်ကြကုန်။ ယခုအခါ ငါက မိမိ၏ ဇာတ်အမျိုးဝါဒ၌ မေးစိစစ်အပ်သည်ရှိသော် အယူ၌ တည်စေအပ်သည်ရှိသော် အယူကို ပြောဆိုအပ်သည်ရှိသော် သင်သည် အဘယ်မှာ ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်လတ္တံ့နည်း၊ သင်သည် သင့်ဆရာနှင့်တကွ ယင်းခုနစ်ယောက်သော ရသေ့တို့၏ ယောက်မကိုင် ပုဏ္ဏားကိုမျှ မမီသေးဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူအပ်သည်ရှိသော် အဿလာယနလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမနှစ်သက်ဖွယ်ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဒါယကာဟူ၍မှတ်တော်မူပါလော့”ဟု လျှောက်၏။ သုံးခုမြောက် အဿလာယနသုတ် ပြီး၏။

Devala said to them, ‘I heard that when the seven brahmin seers had settled in leaf huts in a wilderness region, they had the following harmful misconception: “Only brahmins are the best class; other classes are inferior. Only brahmins are the light class; other classes are dark. Only brahmins are purified, not others. Only brahmins are the Divinity’s bosom sons, born from his mouth, born of the Divinity, created by the Divinity, heirs of the Divinity.”’ ‘That’s right, worthy sir.’ ‘But do you know whether your birth mother only had relations with a brahmin and not with a non-brahmin?’ ‘We don’t know that.’ ‘But do you know whether your birth mother’s mothers back to the seventh generation only had relations with brahmins and not with non-brahmins?’ ‘We don’t know that.’ ‘But do you know whether your birth father only had relations with a brahmin woman and not with a non-brahmin?’ ‘We don’t know that.’ ‘But do you know whether your birth father’s fathers back to the seventh generation only had relations with brahmins and not with non-brahmins?’ ‘We don’t know that.’ ‘But do you know how an embryo is conceived?’ ‘We do know that, worthy sir. An embryo is conceived when these three things come together—the mother and father come together, the mother is in the fertile phase of her menstrual cycle, and the virile spirit is ready.’ ‘But do you know for sure whether that virile spirit is an aristocrat, a brahmin, a peasant, or a menial?’ ‘We don’t know that.’ ‘In that case, worthy sir, don’t you know what you are?’ ‘In that case, worthy sir, we don’t know what we are.’ Given that even those seven brahmin seers could not prevail when pursued, pressed, and grilled by the seer Devala on their own genealogy, how could you prevail now being grilled by me on your own genealogy when you and your denomination do not so much as pick up the last spoonful?” When he had spoken, Assalāyana said to him, “Excellent, worthy Gotama! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၄။ ဃောဋမုခသုတ္တံ

၄၁၂။ ဧဝံ မေ သုတံ – ဧကံ သမယံ အာယသ္မာ ဥဒေနော ဗာရာဏသိယံ ဝိဟရတိ ခေမိယမ္ဗဝနေ။ တေန ခေါ ပန သမယေန ဃောဋမုခေါ ဗြာဟ္မဏော ဗာရာဏသိံ အနုပ္ပတ္တော ဟောတိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ ဃောဋမုခေါ ဗြာဟ္မဏော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ယေန ခေမိယမ္ဗဝနံ တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန အာယသ္မာ ဥဒေနော အဗ္ဘောကာသေ စင်္ကမတိ။ အထ ခေါ ဃောဋမုခေါ ဗြာဟ္မဏော ယေနာယသ္မာ ဥဒေနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ ဥဒေနေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ အာယသ္မန္တံ ဥဒေနံ စင်္ကမန္တံ အနုစင်္ကမမာနော ဧဝမာဟ – ‘‘အမ္ဘော သမဏ, ‘နတ္ထိ ဓမ္မိကော ပရိဗ္ဗဇော’ [ပရိဗ္ဗာဇော (သီ။ ပီ။)] – ဧဝံ မေ ဧတ္ထ ဟောတိ။ တဉ္စ ခေါ ဘဝန္တရူပါနံ ဝါ အဒဿနာ, ယော ဝါ ပနေတ္ထ ဓမ္မော’’တိ။

ဧဝံ ဝုတ္တေ, အာယသ္မာ ဥဒေနော စင်္ကမာ ဩရောဟိတွာ ဝိဟာရံ ပဝိသိတွာ ပညတ္တေ အာသနေ နိသီဒိ။ ဃောဋမုခေါပိ ခေါ ဗြာဟ္မဏော စင်္ကမာ ဩရောဟိတွာ ဝိဟာရံ ပဝိသိတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတံ ခေါ ဃောဋမုခံ ဗြာဟ္မဏံ အာယသ္မာ ဥဒေနော ဧတဒဝေါစ – ‘‘သံဝိဇ္ဇန္တိ [သံဝိဇ္ဇန္တေ (ဗဟူသု)] ခေါ, ဗြာဟ္မဏ, အာသနာနိ။ သစေ အာကင်္ခသိ, နိသီဒါ’’တိ။ ‘‘ဧတဒေဝ ခေါ ပန မယံ ဘောတော ဥဒေနဿ အာဂမယမာနာ (န) နိသီဒါမ။ ကထဉှိ နာမ မာဒိသော ပုဗ္ဗေ အနိမန္တိတော အာသနေ နိသီဒိတဗ္ဗံ မညေယျာ’’တိ? အထ ခေါ ဃောဋမုခေါ ဗြာဟ္မဏော အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဃောဋမုခေါ ဗြာဟ္မဏော အာယသ္မန္တံ ဥဒေနံ ဧတဒဝေါစ – ‘‘အမ္ဘော သမဏ, ‘နတ္ထိ ဓမ္မိကော ပရိဗ္ဗဇော’ – ဧဝံ မေ ဧတ္ထ ဟောတိ။ တဉ္စ ခေါ ဘဝန္တရူပါနံ ဝါ အဒဿနာ, ယော ဝါ ပနေတ္ထ ဓမ္မော’’တိ။ ‘‘သစေ ခေါ ပန မေ တွံ, ဗြာဟ္မဏ, အနုညေယျံ အနုဇာနေယျာသိ, ပဋိက္ကောသိတဗ္ဗဉ္စ ပဋိက္ကောသေယျာသိ၊ ယဿ စ ပန မေ ဘာသိတဿ အတ္ထံ န ဇာနေယျာသိ, မမံယေဝ တတ္ထ ဥတ္တရိ ပဋိပုစ္ဆေယျာသိ – ‘ဣဒံ, ဘော ဥဒေန, ကထံ, ဣမဿ ကွတ္ထော’တိ? ဧဝံ ကတွာ သိယာ နော ဧတ္ထ ကထာသလ္လာပေါ’’တိ။ ‘‘အနုညေယျံ ခွါဟံ ဘောတော ဥဒေနဿ အနုဇာနိဿာမိ, ပဋိက္ကောသိတဗ္ဗဉ္စ ပဋိက္ကောသိဿာမိ၊ ယဿ စ ပနာဟံ ဘောတော ဥဒေနဿ ဘာသိတဿ အတ္ထံ န ဇာနိဿာမိ, ဘဝန္တံယေဝ တတ္ထ ဥဒေနံ ဥတ္တရိ ပဋိပုစ္ဆိဿာမိ – ‘ဣဒံ, ဘော ဥဒေန, ကထံ, ဣမဿ ကွတ္ထော’တိ? ဧဝံ ကတွာ ဟောတု နော ဧတ္ထ ကထာသလ္လာပေါ’’တိ။

၄-ဃောဋမုခသုတ် ၄၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်ဥဒေနသည် ဗာရာဏသီပြည် ခေမိယသရက်ဥယျာဥ်၌ သီတင်းသုံး နေတော်မူ ၏။ ထိုအခါ ဃောဋမုခအမည်ရှိသော ပုဏ္ဏားသည် ဗာရာဏသီပြည်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်ရောက်လာ၏။ ထိုအခါ ဃောဋမုခပုဏ္ဏားသည်အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော်ခေမိယ သရက်ဥယျာဥ်သို့ ရောက်လာလေ၏။ ထိုအခါ အသျှင်ဥဒေနသည် လွင်တီးခေါင်၌စင်္ကြံသွားနေ၏။ ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်ဥဒေနနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် စင်္ကြံသွားသော အသျှင်ဥဒေနသို့ အတုလိုက်၍ စင်္ကြံသွားကာ“အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည်လည်း အသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။ ဤသို့ လျှောက်သည်ရှိသော် အသျှင်ဥဒေနသည် စင်္ကြံမှသက်ဆင်း၍ ကျောင်းသို့ ဝင်ကာ ခင်းထားသော နေရာ၌ ထိုင်၏၊ ဃောဋမုခပုဏ္ဏားသည်လည်း စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ ဝင်ကာသင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်နေသော ဃောဋမုခပုဏ္ဏားကို အသျှင်ဥဒေနသည်“ပုဏ္ဏား နေရာတို့သည် ရှိပါကုန်၏၊ အကယ်၍ အလိုရှိမူ နေထိုင်ပါလော့”ဟု ဆို၏။ အကျွန်ုပ်တို့သည်အသျှင်ဥဒေန၏ ထိုဖိတ်ကြား ချက်ကိုသာလျှင် ဆိုင်းငံ့လျက် နေပါကုန်၏၊ အဘယ့်ကြောင့် အကျွန်ုပ်ကဲ့သို့သော သူသည် မဖိတ်ဘဲ နေရာ၌ ရှေးဦးစွာ နေသင့်၏ဟု အောက်မေ့နိုင်ပါအံ့နည်းဟု (လျှောက်၏)။ ထို့နောက် ဃောဋမုခပုဏ္ဏားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောအရပ်၌ ထိုင်နေ၏၊ တစ်ခုသောအရပ်၌ ထိုင်ပြီးသော ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနကို “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ ဖြစ်ခြင်းသည်လည်းအသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။ ပုဏ္ဏား သင်သည် ငါ့အား ခွင့်ပြုသင့်သည်ကို ခွင့်ပြုငြားအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ငြားအံ့၊ ငါဆိုသော စကား၏ အဓိပ္ပါယ်ကို မသိမူ ငါ့ကိုသာလျှင် “အသျှင်ဥဒေန ဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းငြားအံ့၊ ဤသို့ဖြစ်လျှင် ဤအရာ၌ ငါတို့အား စကားပြောဆိုမှု ဖြစ်ရာ၏ဟု (ဆို၏)။ အကျွန်ုပ်သည် အသျှင်ဥဒေနအား ခွင့်ပြုသင့်သည်ကို ခွင့်ပြုပါအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ပါအံ့၊ အကျွန်ုပ်သည်အသျှင်ဥဒေန ပြောကြားသော စကား၏ အဓိပ္ပါယ်ကို မသိမူ အသျှင်ဥဒေနကိုသာလျှင် “အသျှင်ဥဒေနဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းပါအံ့၊ ဤအတိုင်းပင် ဤအရာ၌ အကျွန်ုပ်တို့၏ စကားပြောဆိုခြင်းသည် ဖြစ်ပါစေလော့ဟု (ဆို၏)။

Middle Discourses 94 With Ghoṭamukha So I have heard. At one time Venerable Udena was staying near Varanasi in the Khemiya Mango Grove. Now at that time the brahmin Ghoṭamukha had arrived at Varanasi on some business. Then as he was going for a walk he went to the Khemiya Mango Grove. At that time Venerable Udena was walking mindfully in the open air. Ghoṭamukha approached and exchanged greetings with him. Walking alongside Udena, he said, “My ascetic, there is no such thing as a principled renunciate life; that’s what I think. Yet I have not seen honorable ones such as yourself, or a relevant teaching.” When he said this, Udena stepped down from the walking path, entered his dwelling, and sat down on the seat spread out. Ghoṭamukha also stepped down from the walking path and entered the dwelling, where he stood to one side. Udena said to him, “There are seats, brahmin. Please sit if you wish.” “I was just waiting for you to sit down. For how on earth could one such as I presume to sit first without being invited?” Then he took a low seat and sat to one side, where he said, “My ascetic, there is no such thing as a principled renunciate life; that’s what I think. Yet I have not seen worthy ones such as yourself, or a relevant teaching.” “Brahmin, we can discuss this. But only if you grant what should be granted, and reject what should be rejected. And if you ask me the meaning of anything you don’t understand, saying: ‘Sir, why is this? What does that mean?’” “Let us discuss this. I will do as you say.”

စာ-၃၆၅

၄၁၃။ ‘‘စတ္တာရောမေ, ဗြာဟ္မဏ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော? ဣဓ, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော အတ္တန္တပေါ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော။ ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော ပရန္တပေါ ဟောတိ ပရပရိတာပနာနုယောဂမနုယုတ္တော။ ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော အတ္တန္တပေါ စ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော။ ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော နေဝတ္တန္တပေါ ဟောတိ နာတ္တပရိတာပနာနုယောဂမနုယုတ္တော, န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော။ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။ ဣမေသံ, ဗြာဟ္မဏ, စတုန္နံ ပုဂ္ဂလာနံ ကတမော တေ ပုဂ္ဂလော စိတ္တံ အာရာဓေတီ’’တိ။

‘‘ယွာယံ, ဘော ဥဒေန, ပုဂ္ဂလော အတ္တန္တပေါ အတ္တပရိတာပနာနုယောဂမနုယုတ္တော အယံ မေ ပုဂ္ဂလော စိတ္တံ နာရာဓေတိ၊ ယောပါယံ, ဘော ဥဒေန, ပုဂ္ဂလော ပရန္တပေါ ပရပရိတာပနာနုယောဂမနုယုတ္တော အယမ္ပိ မေ ပုဂ္ဂလော စိတ္တံ နာရာဓေတိ၊ ယောပါယံ, ဘော ဥဒေန, ပုဂ္ဂလော အတ္တန္တပေါ စ အတ္တပရိတာပနာနုယောဂမနုယုတ္တော ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော အယမ္ပိ မေ ပုဂ္ဂလော စိတ္တံ နာရာဓေတိ၊ ယော စ ခေါ အယံ, ဘော ဥဒေန, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။ အယမေဝ မေ ပုဂ္ဂလော စိတ္တံ အာရာဓေတီ’’တိ။

‘‘ကသ္မာ ပန တေ, ဗြာဟ္မဏ, ဣမေ တယော ပုဂ္ဂလာ စိတ္တံ နာရာဓေန္တီ’’တိ? ‘‘ယွာယံ, ဘော ဥဒေန, ပုဂ္ဂလော အတ္တန္တပေါ အတ္တပရိတာပနာနုယောဂမနုယုတ္တော သော အတ္တာနံ သုခကာမံ ဒုက္ခပဋိက္ကူလံ အာတာပေတိ ပရိတာပေတိ၊ ဣမိနာ မေ အယံ ပုဂ္ဂလော စိတ္တံ နာရာဓေတိ။ ယောပါယံ, ဘော ဥဒေန, ပုဂ္ဂလော ပရန္တပေါ ပရပရိတာပနာနုယောဂမနုယုတ္တော သော ပရံ သုခကာမံ ဒုက္ခပဋိက္ကူလံ အာတာပေတိ ပရိတာပေတိ၊ ဣမိနာ မေ အယံ ပုဂ္ဂလော စိတ္တံ နာရာဓေတိ။ ယောပါယံ, ဘော ဥဒေန, ပုဂ္ဂလော အတ္တန္တပေါ စ အတ္တပရိတာပနာနုယောဂမနုယုတ္တော ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော သော အတ္တာနဉ္စ ပရဉ္စ သုခကာမံ ဒုက္ခပဋိက္ကူလံ အာတာပေတိ ပရိတာပေတိ၊ ဣမိနာ မေ အယံ ပုဂ္ဂလော စိတ္တံ နာရာဓေတိ။ ယော စ ခေါ အယံ, ဘော ဥဒေန, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ, သော အတ္တာနဉ္စ ပရဉ္စ သုခကာမံ ဒုက္ခပဋိက္ကူလံ နေဝ အာတာပေတိ န ပရိတာပေတိ၊ ဣမိနာ မေ အယံ ပုဂ္ဂလော စိတ္တံ အာရာဓေတီ’’တိ။

၄၁၃။ ပုဏ္ဏား လောက၌ ဤ ပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်း ဟူမူ- (၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ (၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ (၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ (၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်းမဟုတ်၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေတတ်သူလည်းမဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန့်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိသနည်းဟု (မိန့်ဆိုတော်မူ၏)။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သောသူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲသူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်သည်သာလျှင် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေနိုင်ပါသည်ဟု (လျှောက်၏)။ ပုဏ္ဏား ဤပုဂ္ဂိုလ်သုံးယောက်တို့သည် အဘယ်ကြောင့် သင့်စိတ်ကို မနှစ်သိမ့်စေနိုင်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည် ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သောသူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကိုပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက် ဆုပ်သောမိမိကိုယ်ကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်ကားမိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်ခြင်းမရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ထိုသူသည် ချမ်းသာ့ကို လိုလားသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပူပန်စေသူမဟုတ်၊ ဆင်းရဲစေသူမဟုတ်ပါ၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေပါ၏ဟု (လျှောက်၏)။

“Brahmin, these four individuals are found in the world. What four? One individual mortifies themselves, committed to the practice of mortifying themselves. One individual mortifies others, committed to the practice of mortifying others. One individual mortifies themselves and others, committed to the practice of mortifying themselves and others. One individual doesn’t mortify either themselves or others, committed to the practice of not mortifying themselves or others. They live without wishes in this very life, quenched, cooled, experiencing bliss, with self become divine. Which one of these four individuals do you like the sound of?” “Worthy Udena, I don’t like the sound of the first three individuals. I only like the sound of the last individual, who doesn’t mortify either themselves or others.” “But why don’t you like the sound of those three individuals?” “Worthy Udena, the individual who mortifies themselves does so even though they want to be happy and recoil from pain. That’s why I don’t like the sound of that individual. The individual who mortifies others does so even though others want to be happy and recoil from pain. That’s why I don’t like the sound of that individual. The individual who mortifies themselves and others does so even though both themselves and others want to be happy and recoil from pain. That’s why I don’t like the sound of that individual. The individual who doesn’t mortify either themselves or others—living without wishes, quenched, cooled, experiencing bliss, with self become divine—does not torment themselves or others, both of whom want to be happy and recoil from pain. That’s why I like the sound of that individual.”

၄၁၄။ ‘‘ဒွေမာ, ဗြာဟ္မဏ, ပရိသာ။ ကတမာ ဒွေ? ဣဓ, ဗြာဟ္မဏ, ဧကစ္စာ ပရိသာ သာရတ္တရတ္တာ မဏိကုဏ္ဍလေသု ပုတ္တဘရိယံ ပရိယေသတိ, ဒါသိဒါသံ ပရိယေသတိ, ခေတ္တဝတ္ထုံ ပရိယေသတိ, ဇာတရူပရဇတံ ပရိယေသတိ။

‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စာ ပရိသာ အသာရတ္တရတ္တာ မဏိကုဏ္ဍလေသု ပုတ္တဘရိယံ ပဟာယ, ဒါသိဒါသံ ပဟာယ, ခေတ္တဝတ္ထုံ ပဟာယ, ဇာတရူပရဇတံ ပဟာယ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ။ သွာယံ, ဗြာဟ္မဏ, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော။ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။ ဣဓ ကတမံ တွံ, ဗြာဟ္မဏ, ပုဂ္ဂလံ ကတမာယ ပရိသာယ ဗဟုလံ သမနုပဿသိ – ယာ စာယံ ပရိသာ သာရတ္တရတ္တာ မဏိကုဏ္ဍလေသု ပုတ္တဘရိယံ ပရိယေသတိ ဒါသိဒါသံ ပရိယေသတိ ခေတ္တဝတ္ထုံ ပရိယေသတိ ဇာတရူပရဇတံ ပရိယေသတိ, ယာ စာယံ ပရိသာ အသာရတ္တရတ္တာ မဏိကုဏ္ဍလေသု ပုတ္တဘရိယံ ပဟာယ ဒါသိဒါသံ ပဟာယ ခေတ္တဝတ္ထုံ ပဟာယ ဇာတရူပရဇတံ ပဟာယ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ’’တိ။

‘‘ယွာယံ, ဘော ဥဒေန, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ၊ ဣမာဟံ ပုဂ္ဂလံ ယာယံ ပရိသာ အသာရတ္တရတ္တာ မဏိကုဏ္ဍလေသု ပုတ္တဘရိယံ ပဟာယ ဒါသိဒါသံ ပဟာယ ခေတ္တဝတ္ထုံ ပဟာယ ဇာတရူပရဇတံ ပဟာယ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ ဣမိဿံ ပရိသာယံ ဗဟုလံ သမနုပဿာမီ’’တိ။

‘‘ဣဒါနေဝ ခေါ ပန တေ, ဗြာဟ္မဏ, ဘာသိတံ – ‘မယံ ဧဝံ အာဇာနာမ – အမ္ဘော သမဏ, နတ္ထိ ဓမ္မိကော ပရိဗ္ဗဇော, ဧဝံ မေ ဧတ္ထ ဟောတိ။ တဉ္စ ခေါ ဘဝန္တရူပါနံ ဝါ အဒဿနာ, ယော ဝါ ပနေတ္ထ ဓမ္မော’’’တိ။ ‘‘အဒ္ဓါ မေသာ, ဘော ဥဒေန, သာနုဂ္ဂဟာ ဝါစာ ဘာသိတာ။ ‘အတ္ထိ ဓမ္မိကော ပရိဗ္ဗဇော’ – ဧဝံ မေ ဧတ္ထ ဟောတိ။ ဧဝဉ္စ ပန မံ ဘဝံ ဥဒေနော ဓာရေတု။ ယေ စ မေ ဘောတာ ဥဒေနေန စတ္တာရော ပုဂ္ဂလာ သံခိတ္တေန ဝုတ္တာ ဝိတ္ထာရေန အဝိဘတ္တာ, သာဓု မေ ဘဝံ, ဥဒေနော ဣမေ စတ္တာရော ပုဂ္ဂလေ ဝိတ္ထာရေန ဝိဘဇတု အနုကမ္ပံ ဥပါဒါယာ’’တိ။ ‘‘တေန ဟိ, ဗြာဟ္မဏ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဃောဋမုခေါ ဗြာဟ္မဏော အာယသ္မတော ဥဒေနဿ ပစ္စဿောသိ။ အာယသ္မာ ဥဒေနော ဧတဒဝေါစ –

၄၁၄။ ပုဏ္ဏား ပရိသတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ပုဏ္ဏားဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည်ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏။ ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့်မတပ်မနှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကိုပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ပုဏ္ဏား ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည်ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ပုဏ္ဏား ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏၊ ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် မတပ်မနှစ်သက်သည်ဖြစ်၍ သားမယားကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဤပရိသတ်နှစ်မျိုးတို့တွင် အဘယ်ပရိသတ်၌ အဘယ်ပုဂ္ဂိုလ််ကို သင်သည် အများဆုံး မြင်ပါသနည်းဟု (မေး၏)။ အသျှင်ဥဒေန မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန် တလဲလဲပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်ကို အကျွန်ုပ်သည်ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ခြင်းမရှိ၊ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေကို ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော ဤပရိသတ်၌အများဆုံး မြင်ရပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ၌သာလျှင် “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိ၊ ဤသို့ အကျွန်ုပ် မှာဤအယူသည် ဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည် အသျှင်ကဲ့သို့သော သဘောရှိသော ရဟန်းတို့ကို မတွေ့မြင်ရသောကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု သင်ပြောဆိုသော စကားကို ငါတို့ သိကြရကုန်၏ဟု (ဆို၏)။ အသျှင်ဥဒေန ထိုစကားကို စင်စစ် အကြောင်းနှင့်တကွ ပြောဆိုခဲ့ပါ၏၊ တရားစောင့်သော ရဟန်းသည် ရှိ၏၊ အကျွန်ုပ်မှာ ဤသို့ အယူဖြစ်ပါ၏ဟူ၍သာလျှင် အကျွန်ုပ်တို့ကို အသျှင်ဥဒေနသည် မှတ်တော်မူပါလော့၊ အသျှင်ဥဒေနသည် အကျွန်ုပ်အားလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် မဝေဖန်ဘဲ အကျဥ်းဟောထားပါ၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်အား အစဥ်သနားသည်ကို အကြောင်းပြု၍ ဤလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် ဝေဖန်ပြပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်ပါမူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလေလော့၊ ဟောပေအံ့ဟု (မိန့်ဆိုတော်မူ၏)။ အသျှင်ဘုရားကောင်းပါပြီ ဟူ၍သာလျှင် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအား ပြန်ကြားလျှောက်ထား၏။ အသျှင်ဥဒေနသည် ဤစကားကို မိန့်ဆိုတော်မူ၏-

“There are, brahmin, these two groups of people. What two? There’s one group of people who, being obsessed with jeweled earrings, seeks partners and children, male and female bondservants, fields and lands, and gold and currency. And there’s another group of people who, not being obsessed with jeweled earrings, has given up partner and children, male and female bondservants, fields and lands, and gold and currency, and goes forth from the lay life to homelessness. Now, brahmin, that individual who doesn’t mortify either themselves or others— in which of these two groups of people do you usually find such an individual?” “I usually find such an individual in the group that has gone forth from the lay life to homelessness.” “Just now I understood you to say: ‘My ascetic, there is no such thing as a principled renunciate life; that’s what I think. Yet I have not seen honorable ones such as yourself, or a relevant teaching.’” “Well, I obviously had my reasons for saying that, worthy Udena. But there is such a thing as a principled renunciate life. That’s what I think, and that’s how you should remember me. Now, these four individuals that you’ve spoken of in a brief summary: please explain them to me in detail, out of sympathy.” “Well then, brahmin, listen and apply your mind well, I will speak.” “Yes, worthy sir,” replied Ghoṭamukha. Udena said this:

၄၁၅။ ‘‘ကတမော စ, ဗြာဟ္မဏ, ပုဂ္ဂလော အတ္တန္တပေါ အတ္တပရိတာပနာနုယောဂမနုယုတ္တော? ဣဓ, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော အစေလကော ဟောတိ မုတ္တာစာရော ဟတ္ထာပလေခနော နဧဟိဘဒ္ဒန္တိကော နတိဋ္ဌဘဒ္ဒန္တိကော, နာဘိဟဋံ န ဥဒ္ဒိဿကတံ န နိမန္တနံ သာဒိယတိ။ သော န ကုမ္ဘိမုခါ ပဋိဂ္ဂဏှာတိ, န ကဠောပိမုခါ ပဋိဂ္ဂဏှာတိ, န ဧဠကမန္တရံ, န ဒဏ္ဍမန္တရံ, န မုသလမန္တရံ, န ဒွိန္နံ ဘုဉ္ဇမာနာနံ, န ဂဗ္ဘိနိယာ, န ပါယမာနာယ, န ပုရိသန္တရဂတာယ, န သင်္ကိတ္တီသု, န ယတ္ထ သာ ဥပဋ္ဌိတော ဟောတိ, န ယတ္ထ မက္ခိကာ သဏ္ဍသဏ္ဍစာရိနီ, န မစ္ဆံ န မံသံ, န သုရံ န မေရယံ န ထုသောဒကံ ပိဝတိ။ သော ဧကာဂါရိကော ဝါ ဟောတိ ဧကာလောပိကော, ဒွါဂါရိကော ဝါ ဟောတိ ဒွါလောပိကော…ပေ… သတ္တာဂါရိကော ဝါ ဟောတိ သတ္တာလောပိကော၊ ဧကိဿာပိ ဒတ္တိယာ ယာပေတိ, ဒွီဟိပိ ဒတ္တီဟိ ယာပေတိ…ပေ… သတ္တဟိပိ ဒတ္တီဟိ ယာပေတိ၊ ဧကာဟိကမ္ပိ အာဟာရံ အာဟာရေတိ, ဒွီဟိကမ္ပိ အာဟာရံ အာဟာရေတိ…ပေ… သတ္တာဟိကမ္ပိ အာဟာရံ အာဟာရေတိ – ဣတိ ဧဝရူပံ အဒ္ဓမာသိကံ ပရိယာယဘတ္တဘောဇနာနုယောဂမနုယုတ္တော ဝိဟရတိ။ သော သာကဘက္ခော ဝါ ဟောတိ, သာမာကဘက္ခော ဝါ ဟောတိ, နီဝါရဘက္ခော ဝါ ဟောတိ, ဒဒ္ဒုလဘက္ခော ဝါ ဟောတိ, ဟဋဘက္ခော ဝါ ဟောတိ, ကဏဘက္ခော ဝါ ဟောတိ, အာစာမဘက္ခော ဝါ ဟောတိ, ပိညာကဘက္ခော ဝါ ဟောတိ, တိဏဘက္ခော ဝါ ဟောတိ, ဂေါမယဘက္ခော ဝါ ဟောတိ, ဝနမူလဖလာဟာရော ယာပေတိ ပဝတ္တဖလဘောဇီ။ သော သာဏာနိပိ ဓာရေတိ, မသာဏာနိပိ ဓာရေတိ, ဆဝဒုဿာနိပိ ဓာရေတိ, ပံသုကူလာနိပိ ဓာရေတိ, တိရီဋာနိပိ ဓာရေတိ, အဇိနမ္ပိ ဓာရေတိ, အဇိနက္ခိပမ္ပိ ဓာရေတိ, ကုသစီရမ္ပိ ဓာရေတိ, ဝါကစီရမ္ပိ ဓာရေတိ, ဖလကစီရမ္ပိ ဓာရေတိ, ကေသကမ္ဗလမ္ပိ ဓာရေတိ, ဝါဠကမ္ဗလမ္ပိ ဓာရေတိ, ဥလူကပက္ခမ္ပိ ဓာရေတိ၊ ကေသမဿုလောစကောပိ ဟောတိ ကေသမဿုလောစနာနုယောဂမနုယုတ္တော, ဥဗ္ဘဋ္ဌကောပိ ဟောတိ အာသနပဋိက္ခိတ္တော, ဥက္ကုဋိကောပိ ဟောတိ ဥက္ကုဋိကပ္ပဓာနမနုယုတ္တော, ကဏ္ဋကာပဿယိကောပိ ဟောတိ ကဏ္ဋကာပဿယေ သေယျံ ကပ္ပေတိ၊ သာယတတိယကမ္ပိ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရတိ – ဣတိ ဧဝရူပံ အနေကဝိဟိတံ ကာယဿ အာတာပနပရိတာပနာနုယောဂမနုယုတ္တော ဝိဟရတိ။ အယံ ဝုစ္စတိ, ဗြာဟ္မဏ, ပုဂ္ဂလော အတ္တန္တပေါ အတ္တပရိတာပနာနုယောဂမနုယုတ္တော။

၄၁၅။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ- ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အဝတ် မဝတ်ဘဲ နေ၏၊ လူ့အကျင့်ကို စွန့်၍ (ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့်ခြင်း စသည်ကို) ကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာလော့ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင်ရပ်လော့ဆိုသူ၏ ဆွမ်းကို မခံ၊ ရှေးရှုဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ် (ဆွမ်းကို) မခံ၊ အိုးဝမှ (ခူး၍ လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တောင်းဝမှ (ခူး၍လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တံခါးခုံခြား၍ (လှူသော ဆွမ်းကို) မခံ၊ တုတ်ခြား၍ (လှူသောဆွမ်းကို) မခံ၊ ကျည်ပွေ့ခြား၍ (လှူသော ဆွမ်းကို) မခံ၊ နှစ်ယောက်စားစဥ် (လှူသော ဆွမ်းကို) မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ (လှူသော ဆွမ်းကို) မခံ၊ နို့တိုက်ဆဲမိန်းမ (လှူသော ဆွမ်းကို) မခံ၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ (ဆွမ်းကို) မခံ၊ ဆော်ဩ၍ (လှူသော ဆွမ်းကို) မခံ၊ ခွေးမျှော်ရာ (ဆွမ်းကို) မခံ၊ ယင်အုံရာ (ဆွမ်းကို) မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာစား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာစား၏၊ ခွက်ငယ်တစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ်နှစ်ခု ဖြင့်လည်း ရောင့်ရဲ၏။ပ။ ခွက်ငယ်ခုနစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြား လည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် ဤသို့သဘောရှိသော လဝက်တစ်ကြိမ်အစာစားခြင်း အကျင့်ကို ကျင့်၍ နေ၏။ ထိုပုဂ္ဂိုလ်သည် ဟင်းရွက်စိမ်းကိုသော်လည်း စား၏၊ ဆန်စိမ်းကိုသော်လည်း စား၏၊ မြက်သီးဆန်ကိုသော်လည်း စား၏၊ သားရေဖတ်ကိုသော်လည်း စား၏၊ မှော်ကိုသော်လည်း စား၏၊ ဆန်ကွဲကိုသော်လည်း စား၏၊ ထမင်းချိုးကိုသော်လည်း စား၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စား၏၊ မြက်ကိုသော်လည်း စား၏၊ နွားချေးကိုသော်လည်း စား၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလေ့ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ပိုက်ဆံလျှော် အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပိုက်ဆံ လျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သူသေကောင်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်၏၊ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်၏၊ သမန်းမြက်အဝတ် ကိုသော်လည်း ဆောင်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်၏၊ ပျဥ်ချပ်အဝတ်ကိုသော်လည်း ဆောင် ၏၊ ဆံခြည်ကမ္ဗလာကိုသော်လည်း ဆောင်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်၏၊ ခင်ပုပ်ငှက်တောင်အဝတ်ကိုသော်လည်း ဆောင်၏၊ ဆံမုတ်ဆိတ်ကိုသော်လည်း နုတ်၏၊ ဆံမုတ်ဆိတ် နုတ်ခြင်းအမှုကိုသော်လည်း ပြုနေ၏၊ နေရာကို ပယ်၍ မတ်မတ်ရပ်၍သော်လည်း နေ၏၊ ဆောင့်ကြောင့်သော်လည်းထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဆူးအခင်းပေါ်၌သော်လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဤဆိုအပ်ပြီးသောနည်းဖြင့် ဤသို့သဘောရှိသော များစွာသော ကိုယ်ခန္ဓာကို ပူပန်စေမှု အဖန်ဖန်ဆင်းရဲစေမှုကို အားထုတ်သည်ဖြစ်၍ နေထိုင်၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေ့တတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုရ၏။

“What individual mortifies themselves, committed to the practice of mortifying themselves? It’s when an individual goes naked, ignoring conventions. They lick their hands, and don’t come or wait when called. They don’t consent to food brought to them, or food prepared on their behalf, or an invitation for a meal. They don’t receive anything from a pot or bowl; or from someone who keeps sheep, or who has a weapon or a shovel in their home; or where a couple is eating; or where there is a woman who is pregnant, breastfeeding, or who lives with a man; or where there’s a hound waiting or flies buzzing. They accept no fish or meat or beer or wine, and drink no fermented gruel. They go to just one house for alms, taking just one mouthful, or two houses and two mouthfuls, up to seven houses and seven mouthfuls. They feed on one saucer a day, two saucers a day, up to seven saucers a day. They eat once a day, once every second day, up to once a week, and so on, even up to once a fortnight. They live committed to the practice of eating food at set intervals. They eat herbs, millet, wild rice, poor rice, water lettuce, rice bran, scum from boiling rice, sesame flour, grass, or cow dung. They survive on forest roots and fruits, or eating fallen fruit. They wear robes of sunn hemp, mixed hemp, corpse-wrapping cloth, rags, lodh tree bark, antelope hide (whole or in strips), kusa grass, bark, wood-chips, human hair, horse-tail hair, or owls’ wings. They tear out their hair and beard, committed to this practice. They constantly stand, turning down seats. They squat, committed to the endeavor of squatting. They lie on a mat of thorns, making a mat of thorns their bed. They’re devoted to ritual bathing three times a day, including at dusk. And so they live committed to practicing these various ways of mortifying and tormenting the body. This is called an individual who mortifies themselves, being committed to the practice of mortifying themselves.

စာ-၃၆၈

၄၁၆။ ‘‘ကတမော စ, ဗြာဟ္မဏ, ပုဂ္ဂလော ပရန္တပေါ ပရပရိတာပနာနုယောဂမနုယုတ္တော? ဣဓ, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော ဩရဗ္ဘိကော ဟောတိ သူကရိကော သာကုဏိကော မာဂဝိကော လုဒ္ဒေါ မစ္ဆဃာတကော စောရော စောရဃာတကော ဂေါဃာတကော ဗန္ဓနာဂါရိကော – ယေ ဝါ ပနညေပိ ကေစိ ကုရူရကမ္မန္တာ။ အယံ ဝုစ္စတိ, ဗြာဟ္မဏ, ပုဂ္ဂလော ပရန္တပေါ ပရပရိတာပနာနုယောဂမနုယုတ္တော။

၄၁၆။ ပုဏ္ဏား သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သိုးသတ်သမားဖြစ်၏၊ ဝက်သတ်သမားဖြစ်၏၊ ငှက်သတ်သမားဖြစ်၏၊ သားသတ်သမား ဖြစ်၏၊ ကြမ်း၊ ကတ်၏၊ တံငါသည်ဖြစ်၏၊ ခိုးသူဖြစ်၏၊ ခိုးသူသတ်သမားဖြစ်၏၊ နွားသတ်သမားဖြစ်၏၊ ထောင်ပိုင်အာဏာမှူး အာဏာသားဖြစ်၏၊ ထိုမှတစ်ပါး ကြမ်း၊ ကတ်သော အမှုတို့ကို ပြုလုပ်သူအားလုံး တည်း။ ပုဏ္ဏား ဤပုဂ္ဂိုလ်မျိုးကို သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

And what individual mortifies others, committed to the practice of mortifying others? It’s when an individual is a slaughterer of sheep, pigs, poultry, or deer, a hunter or fisher, a bandit, an executioner, a butcher of cattle, a jailer, or has some other cruel livelihood. This is called an individual who mortifies others, being committed to the practice of mortifying others.

စာ-၃၆၉

၄၁၇။ ‘‘ကတမော စ, ဗြာဟ္မဏ, ပုဂ္ဂလော အတ္တန္တပေါ စ အတ္တပရိတာပနာနုယောဂမနုယုတ္တော, ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော? ဣဓ, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော ရာဇာ ဝါ ဟောတိ ခတ္တိယော မုဒ္ဓါဝသိတ္တော, ဗြာဟ္မဏော ဝါ မဟာသာလော။ သော ပုရတ္ထိမေန နဂရဿ နဝံ သန္ထာဂါရံ ကာရာပေတွာ ကေသမဿုံ ဩဟာရေတွာ ခရာဇိနံ နိဝါသေတွာ သပ္ပိတေလေန ကာယံ အဗ္ဘဉ္ဇိတွာ မဂဝိသာဏေန ပိဋ္ဌိံ ကဏ္ဍုဝမာနော နဝံ သန္ထာဂါရံ ပဝိသတိ သဒ္ဓိံ မဟေသိယာ ဗြာဟ္မဏေန စ ပုရောဟိတေန။ သော တတ္ထ အနန္တရဟိတာယ ဘူမိယာ ဟရိတုပလိတ္တာယ သေယျံ ကပ္ပေတိ။ ဧကိဿာယ ဂါဝိယာ သရူပဝစ္ဆာယ ယံ ဧကသ္မိံ ထနေ ခီရံ ဟောတိ တေန ရာဇာ ယာပေတိ, ယံ ဒုတိယသ္မိံ ထနေ ခီရံ ဟောတိ တေန မဟေသီ ယာပေတိ, ယံ တတိယသ္မိံ ထနေ ခီရံ ဟောတိ တေန ဗြာဟ္မဏော ပုရောဟိတော ယာပေတိ, ယံ စတုတ္ထသ္မိံ ထနေ ခီရံ ဟောတိ တေန အဂ္ဂိံ ဇုဟတိ, အဝသေသေန ဝစ္ဆကော ယာပေတိ။ သော ဧဝမာဟ – ‘ဧတ္တကာ ဥသဘာ ဟညန္တု ယညတ္ထာယ, ဧတ္တကာ ဝစ္ဆတရာ ဟညန္တု ယညတ္ထာယ, ဧတ္တကာ ဝစ္ဆတရိယော ဟညန္တု ယညတ္ထာယ, ဧတ္တကာ အဇာ ဟညန္တု ယညတ္ထာယ’, ဧတ္တကာ ဥရဗ္ဘာ ဟညန္တု ယညတ္ထာယ, ဧတ္တကာ အဿာ ဟညန္တု ယညတ္ထာယ, ဧတ္တကာ ရုက္ခာ ဆိဇ္ဇန္တု ယူပတ္ထာယ, ဧတ္တကာ ဒဗ္ဘာ လူယန္တု ဗရိဟိသတ္ထာယာ’တိ။ ယေပိဿ တေ ဟောန္တိ ‘ဒါသာ’တိ ဝါ ‘ပေဿာ’တိ ဝါ ‘ကမ္မကရာ’တိ ဝါ တေပိ ဒဏ္ဍတဇ္ဇိတာ ဘယတဇ္ဇိတာ အဿုမုခါ ရုဒမာနာ ပရိကမ္မာနိ ကရောန္တိ။ အယံ ဝုစ္စတိ, ဗြာဟ္မဏ, ပုဂ္ဂလော အတ္တန္တပေါ စ အတ္တပရိတာပနာနုယောဂမနုယုတ္တော, ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော။

၄၁၇။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပုဏ္ဏားဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဦးထိပ်၌ မင်းအဘိသိက် သွန်းလောင်းအပ်သော ဘုရင်မင်းမြတ်သော်လည်း ဖြစ်၏၊ များစွာသော ဥစ္စာနှစ်ရှိသော ဗြဟ္မာမျိုး ပုဏ္ဏားသော်လည်း ဖြစ်၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် မြို့၏ အရှေ့မျက်နှာအရပ်၌ ယဇ်ပူဇော်ရာ အိမ်သစ်ကို ဆောက်လုပ်စေ၍ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ခွါနှင့်တကွသော သစ်နက်ရေကို ဝတ်ရုံပြီးနောက် ထောပတ်ဆီတို့ဖြင့်ကိုယ်ကို သုတ်လိမ်း၍ သားကောင်ဦးချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက် မိဖုရားကြီးပုရောဟိတ်ပုဏ္ဏားကြီးတို့နှင့်အတူ ထိုယဇ်ပူဇော်ရာ အိမ်သစ်သို့ ဝင်ကြ၏၊ ထိုမင်းသည် ထိုယဇ်ပူဇော်ရာအိမ်သစ်၌ အခင်းမရှိသော စိုသော နွားချေးဖြင့် လိမ်းကျံထားသော မြေကြီး၌ အိပ်၏၊ အဆင်းအရောင်အားဖြင့် အမိနှင့်တူသော သားငယ်ရှိသော တစ်ကောင်သော နွားမ၏ နို့တစ်တိုင်မှ ထွက်သော နို့ရည်ဖြင့်မင်းသည် မျှတ၏၊ ဒုတိယနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မိဖုရားကြီးသည် မျှတ၏၊ တတိယနို့တိုင်မှထွက်သော နို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မျှတ၏၊ စတုတ္ထနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မီးကိုပူဇော်၏၊ ကြွင်းကျန်သော နို့ရည်ဖြင့် နွားငယ်သည် မျှတရ၏။ ထိုမင်းသည် ဤသို့ မိန့်ဆို၏- “ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားပေါက်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားမတမ်းတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ် ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော် ခြင်းအကျိုးငှါ ဤမျှလောက်ကုန်သောမြင်းတို့ကို သတ်ကြကုန်လော့၊ ယဇ်တိုင်အလို့ငှါ ဤမျှလောက် ကုန်သော သစ်ပင်တို့ကိုခုတ်ဖြတ်ကြကုန်လော့၊ အကာအရံပြုခြင်း ယဇ်မြေပြင်၌ ခင်းခြင်းအလို့ငှါ ဤ မျှလောက်ကုန်သောမြေဇာမြက်တို့ကို ရိတ်ကြကုန်လော့”ဟု (မိန့်ဆို၏)။ ထိုမင်း၏ ကျေးကျွန် အစေ အပါးအလုပ်သမားတို့သည်လည်း အပြစ်ဒဏ်ဖြင့် အခြိမ်းအခြောက် ခံကြရကုန်သည်ဖြစ်၍ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကြကုန်လျက် ငိုကြွေးကြကုန်လျက် အမှုကြီးငယ်တို့ကို ပြုလုပ်ကြကုန်၏။ ပုဏ္ဏားဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေ တတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

And what individual mortifies themselves and others, being committed to the practice of mortifying themselves and others? It’s when an individual is an anointed aristocratic king or a well-to-do brahmin. He has a new ceremonial hall built to the east of the citadel. He shaves off his hair and beard, dresses in a rough antelope hide, and smears his body with ghee and oil. Scratching his back with antlers, he enters the hall with his chief queen and the brahmin high priest. There he lies on the bare ground strewn with grass. The king feeds on the milk from one teat of a cow that has a calf of the same color. The chief queen feeds on the milk from the second teat. The brahmin high priest feeds on the milk from the third teat. The milk from the fourth teat is served to the sacred flame. The calf feeds on the leftovers. He says: ‘Slaughter this many bulls, bullocks, heifers, goats, rams, and horses for the sacrifice! Fell this many trees and reap this much grass for the sacrificial equipment!’ His bondservants, servants, and workers do their jobs under threat of punishment and danger, weeping with tearful faces. This is called an individual who mortifies themselves and others, being committed to the practice of mortifying themselves and others.

၄၁၈။ ‘‘ကတမော စ, ဗြာဟ္မဏ, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော, န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော၊ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ? ဣဓ, ဗြာဟ္မဏ, တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ တံ ဓမ္မံ သုဏာတိ ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ အညတရသ္မိံ ဝါ ကုလေ ပစ္စာဇာတော။ သော တံ ဓမ္မံ သုတွာ တထာဂတေ သဒ္ဓံ ပဋိလဘတိ။ သော တေန သဒ္ဓါပဋိလာဘေန သမန္နာဂတော ဣတိ ပဋိသဉ္စိက္ခတိ – ‘သမ္ဗာဓော ဃရာဝါသော ရဇောပထော အဗ္ဘောကာသော ပဗ္ဗဇ္ဇာ။ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’န္တိ။ သော အပရေန သမယေန အပ္ပံ ဝါ ဘောဂက္ခန္ဓံ ပဟာယ မဟန္တံ ဝါ ဘောဂက္ခန္ဓံ ပဟာယ, အပ္ပံ ဝါ ဉာတိပရိဝဋ္ဋံ ပဟာယ မဟန္တံ ဝါ ဉာတိပရိဝဋ္ဋံ ပဟာယ, ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇတိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ။

‘‘အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ။ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတိ။

‘‘အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ ဟောတိ အာရာစာရီ ဝိရတော မေထုနာ ဂါမဓမ္မာ။

‘‘မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ သစ္စဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿ။

‘‘ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ, အမုတြ ဝါ သုတွာ န ဣမေသံ အက္ခာတာ အမူသံ ဘေဒါယ။ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ။ ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘သမ္ဖပ္ပလာပံ ပဟာယ သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, ကာလဝါဒီ ဘူတဝါဒီ အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ, နိဓာနဝတိံ ဝါစံ ဘာသိတာ ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတံ။

‘‘သော ဗီဇဂါမဘူတဂါမသမာရမ္ဘာ ပဋိဝိရတော ဟောတိ။ ဧကဘတ္တိကော ဟောတိ ရတ္တူပရတော ဝိရတော ဝိကာလဘောဇနာ။ နစ္စဂီတဝါဒိတဝိသူကဒဿနာ ပဋိဝိရတော ဟောတိ။ မာလာဂန္ဓဝိလေပနဓာရဏမဏ္ဍနဝိဘူသနဋ္ဌာနာ ပဋိဝိရတော ဟောတိ။ ဥစ္စာသယနမဟာသယနာ ပဋိဝိရတော ဟောတိ။ ဇာတရူပရဇတပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ အာမကဓညပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ အာမကမံသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဒါသိဒါသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ အဇေဠကပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ကုက္ကုဋသူကရပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဟတ္ထိဂဝဿဝဠဝပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော ဟောတိ။ ကယဝိက္ကယာ ပဋိဝိရတော ဟောတိ။ တုလာကူဋကံသကူဋမာနကူဋာ ပဋိဝိရတော ဟောတိ။ ဥက္ကောဋနဝဉ္စနနိကတိသာစိယောဂါ ပဋိဝိရတော ဟောတိ။ ဆေဒနဝဓဗန္ဓနဝိပရာမောသအာလောပသဟသာကာရာ ပဋိဝိရတော ဟောတိ။

‘‘သော သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန, ကုစ္ဆိပရိဟာရိကေန ပိဏ္ဍပါတေန။ သော ယေန ယေနေဝ ပက္ကမတိ သမာဒါယေဝ ပက္ကမတိ။ သေယျထာပိ နာမ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ သပတ္တဘာရောဝ ဍေတိ, ဧဝမေဝ ဘိက္ခု သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန, ကုစ္ဆိပရိဟာရိကေန ပိဏ္ဍပါတေန။ သော ယေန ယေနေဝ ပက္ကမတိ သမာဒါယေဝ ပက္ကမတိ။ သော ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော အဇ္ဈတ္တံ အနဝဇ္ဇသုခံ ပဋိသံဝေဒေတိ။

၄၁၈။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည်သာမက သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူ့မဟုတ်သည့်ပြင် သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားမထုတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သော၊ မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သောသူဖြစ်၍ မျက်မှောက်အတ္တဘော၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း ဟူမူ- ပုဏ္ဏား ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏-“လူ့ဘောင်၌ နေရခြင်းသည် ကျဥ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည် ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။ ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုသူသည် ဤသို့ရဟန်းပြုပြီးသည်ရှိသော် ရဟန်းတို့၏ (ရဟန်းကျင့်, ရဟန်းသက်ဟူသော) သိက္ခာ, သာဇီဝသို့ ရောက်သည်ဖြစ်၍ အသက်သတ် ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကိုလိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ပေးသည်ကိုသာ ယူ၏။ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဥ်၏။ မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဥ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏။ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုုက်သော စကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဥ်၏၊ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့နှင့် ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။ ကြမ်းတမ်းသော စကားကို ပယ်၍ ကြမ်းတမ်းသော စကားမှ ရှောင်ကြဥ်၏၊ အကြင်စကားသည်အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဥ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဥ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌သာအကြောင်းနှင့်တကွ သော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သောစကားကိုသာ ဆိုလေ့ရှိ၏။ ထိုပုဂ္ဂိုလ်သည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဥ်၏၊ ဆွမ်းတစ်နပ်သာစားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဥ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဥ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဥ်၏၊ ပန်းပန်ခြင်းနံ့သာခြယ် ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဥ်၏၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဥ်၏၊ ရွှေ ငွေကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ ကျွန်မိန်းမကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ ကြက်ဝက်ကိုခံယူခြင်းမှ ရှောင်ကြဥ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဥ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဥ်၏၊ ဝယ်မှုရောင်းမှုမှ ရှောင်ကြဥ်၏၊ ချိန်စဥ်းလဲ အသပြာစဥ်းလဲ ခြင်တွယ်တိုင်းတာစဥ်းလဲခြင်းမှ ရှောင်ကြဥ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြုခြင်း တည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဥ်၏၊ ဖြတ်ခြင်းသတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်းဓားပြတိုက်ခြင်းမှ ရှောင်ကြဥ်၏။ ထိုရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့်ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏၊ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့၊ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သောသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ အတွင်းအဇ္ဈ တ္တသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။

And what individual doesn’t mortify either themselves or others, committed to the practice of not mortifying themselves or others, living without wishes in this very life, quenched, cooled, experiencing bliss, with self become divine? It’s when a Realized One arises in the world, perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed. He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. A householder hears that teaching, or a householder’s child, or someone reborn in a good family. They gain faith in the Realized One, and reflect: ‘Life at home is cramped and dirty, life gone forth is wide open. It’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from the lay life to homelessness?’ After some time they give up a large or small fortune, and a large or small family circle. They shave off hair and beard, dress in ocher robes, and go forth from the lay life to homelessness. Once they’ve gone forth, they take up the training and livelihood of the mendicants. They give up killing living creatures, renouncing the rod and the sword. They’re scrupulous and kind, living full of sympathy for all living beings. They give up stealing. They take only what’s given, and expect only what’s given. They keep themselves clean by not thieving. They give up unchastity. They are chaste, set apart, refraining from the vulgar act of sex. They give up lying. They speak the truth and stick to the truth. They’re honest and dependable, and don’t trick the world with their words. They give up backbiting. They don’t repeat in one place what they heard in another so as to divide people against each other. Instead, they reconcile those who are divided and support those who are united, delighting in harmony, loving harmony, speaking words that promote harmony. They give up harsh speech. They speak in a way that’s mellow, pleasing to the ear, endearing, going to the heart, polite, and likable and agreeable to the people. They give up talking nonsense. Their words are timely, true, and meaningful, in line with the teaching and training. They say things at the right time which are valuable, reasonable, succinct, and beneficial. They refrain from injuring plants and seeds. They eat in one part of the day, abstaining from eating at night and food at the wrong time. They refrain from seeing shows of dancing, singing, and music. They refrain from attiring and adorning themselves with garlands, fragrance, and makeup. They refrain from high and luxurious beds. They refrain from receiving gold and currency, raw grains, raw meat, women and girls, male and female bondservants, goats and sheep, chickens and pigs, elephants, cows, horses, and mares, and fields and land. They refrain from running errands and messages; buying and selling; falsifying weights, metals, or measures; bribery, fraud, cheating, and duplicity; mutilation, murder, abduction, banditry, plunder, and violence. They’re content with robes to look after the body and almsfood to look after the belly. Wherever they go, they set out taking only these things. They’re like a bird: wherever it flies, wings are its only burden. In the same way, a mendicant is content with robes to look after the body and almsfood to look after the belly. Wherever they go, they set out taking only these things. When they have this spectrum of noble ethics, they experience a blameless happiness inside themselves.

၄၁၉။ ‘‘သော စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယန န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သော ဣမိနာ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော အဇ္ဈတ္တံ အဗျာသေကသုခံ ပဋိသံဝေဒေတိ။

‘‘သော အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ, အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ, သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ, သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ, အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ, ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ, ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

‘‘သော ဣမိနာ စ အရိယေန သီလက္ခန္ဓေန သမန္နာဂတော, (ဣမာယ စ အရိယာယ သန္တုဋ္ဌိယာ သမန္နာဂတော,) [ပဿ မ။ နိ။ ၁။၂၉၆] ဣမိနာ စ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော, ဣမိနာ စ အရိယေန သတိသမ္ပဇညေန သမန္နာဂတော ဝိဝိတ္တံ သေနာသနံ ဘဇတိ အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္ဒရံ ဂိရိဂုဟံ သုသာနံ ဝနပတ္ထံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ, ဥဇုံ ကာယံ ပဏိဓာယ, ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော အဘိဇ္ဈံ လောကေ ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ, အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ၊ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ သဗ္ဗပါဏဘူတဟိတာနုကမ္ပီ, ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ၊ ထိနမိဒ္ဓံ ပဟာယ ဝိဂတထီနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္ပဇာနော, ထီနမိဒ္ဓါ စိတ္တံ ပရိသောဓေတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ ဝူပသန္တစိတ္တော, ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ၊ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဏဝိစိကိစ္ဆော ဝိဟရတိ အကထံကထီ ကုသလေသု ဓမ္မေသု, ဝိစိကိစ္ဆာယ စိတ္တံ ပရိသောဓေတိ။

‘‘သော ဣမေ ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေတိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၄၁၉။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသောအကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည့်ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ မနိန္ဒြေကိုမစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း‘အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက် ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ထို (ရဟန်း) သည် ဤမြတ်သော ဣန္ဒြေကိုစောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်မရောသော) ချမ်းသာကို ခံစား၏။ ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍) ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော သတိသမ္ပဇဥ်နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော အိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။ ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍သတိရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကိုစင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ထိုရဟန်းသည် စိတ်ညစ်ညူးခြင်းကို ဖြစ်စေတတ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော နီဝရဏတရားငါးပါးတို့ကို ပယ်ဖျောက်၍ နေ၏။ ထိုရဟန်းသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ် သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသောတည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ဆင်ခြင်ခြင်း ‘သမ္ပဇဥ်’နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ခြင်း ‘သုခ’ ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

When they see a sight with their eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. When they have this noble sense restraint, they experience an unsullied bliss inside themselves. They act with situational awareness when going out and coming back; when looking ahead and aside; when bending and extending the limbs; when bearing the outer robe, bowl and robes; when eating, drinking, chewing, and tasting; when urinating and defecating; when walking, standing, sitting, sleeping, waking, speaking, and keeping silent. When they have this spectrum of noble ethics, this noble contentment, this noble sense restraint, and this noble mindfulness and situational awareness, they frequent a secluded lodging—a wilderness, the root of a tree, a hill, a ravine, a mountain cave, a charnel ground, a forest, the open air, a heap of straw. After the meal, they return from almsround, sit down cross-legged, set their body straight, and bring mindfulness to the present. Giving up covetousness for the world, they meditate with a heart rid of covetousness, cleansing the mind of covetousness. Giving up ill will and malevolence, they meditate with a mind rid of ill will, full of sympathy for all living beings, cleansing the mind of ill will. Giving up dullness and drowsiness, they meditate with a mind rid of dullness and drowsiness, perceiving light, mindful and aware, cleansing the mind of dullness and drowsiness. Giving up restlessness and remorse, they meditate without restlessness, their mind settled internally, cleansing the mind of restlessness and remorse. Giving up doubt, they meditate having gone beyond doubt, not undecided about skillful qualities, cleansing the mind of doubt. They give up these five hindrances, corruptions of the heart that weaken wisdom. Then, quite secluded from sensual pleasures, secluded from unskillful qualities, they enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, they enter and remain in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness.

စာ-၃၇၃

၄၂၀။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော တိဿောပိ ဇာတိယော စတဿောပိ ဇာတိယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော ဝီသမ္ပိ ဇာတိယော တိံသမ္ပိ ဇာတိယော စတ္တာလီသမ္ပိ ဇာတိယော ပညာသမ္ပိ ဇာတိယော ဇာတိသတမ္ပိ ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ, အနေကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ – ‘အမုတြာသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော တတော စုတော အမုတြ ဥဒပါဒိံ၊ တတြာပါသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော တတော စုတော ဣဓူပပန္နော’တိ။ ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။

‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ – ‘ဣမေ ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ…ပေ… အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ, တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။ ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန သမန္နာဂတာ…ပေ… အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ, တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ’တိ။ ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ။

‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ၊ ‘ဣမေ အာသဝါ’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။

‘‘အယံ ဝုစ္စတိ, ဗြာဟ္မဏ, ပုဂ္ဂလော နေဝတ္တန္တပေါ နာတ္တပရိတာပနာနုယောဂမနုယုတ္တော, န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော။ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတီဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတီ’’တိ။

၄၂၀။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်သော‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့၏။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိ သောသတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယ သုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကိုစွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ လူ့ပြည်နတ်ပြည်သုဂတိ၌ ဖြစ်ပေါ် ကုန်၏”ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါစိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲ ‘ဒုက္ခ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်းအကြောင်း ‘သမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ‘ဒုက္ခနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကား ယိုစီးခြင်း‘အာသဝ’တို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’တို့ ဖြစ်ပေါ်ခြင်းအကြောင်း‘အာသဝသမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’ တို့ချုပ်ရာ (နိဗ္ဗာန်) ‘အာသဝနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ် ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ‘အာသဝနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည့်ပြင်၊ သူတစ်ပါးကို မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့်ပြင် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသူဟု ဆိုရ၏ဟု (မိန့်ဆိုတော်မူ၏)။

When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward recollection of past lives. They recollect many kinds of past lives. That is: one, two, three, four, five, ten, twenty, thirty, forty, fifty, a hundred, a thousand, a hundred thousand rebirths; many eons of the world contracting, many eons of the world expanding, many eons of the world contracting and expanding. They remember: ‘There, I was named this, my clan was that, I looked like this, and that was my food. This was how I felt pleasure and pain, and that was how my life ended. When I passed away from that place I was reborn somewhere else. There, too, I was named this, my clan was that, I looked like this, and that was my food. This was how I felt pleasure and pain, and that was how my life ended. When I passed away from that place I was reborn here.’ And so they recollect their many kinds of past lives, with features and details. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds: ‘These dear beings did bad things by way of body, speech, and mind. They denounced the noble ones; they had wrong view; and they chose to act out of that wrong view. When their body broke up, after death, they were reborn in a place of loss, a bad place, the underworld, hell. These dear beings, however, did good things by way of body, speech, and mind. They never denounced the noble ones; they had right view; and they chose to act out of that right view. When their body broke up, after death, they were reborn in a good place, a heavenly realm.’ And so, with clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the ending of defilements. They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. They truly understand: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements’. Knowing and seeing like this, their mind is freed from the defilements of sensuality, desire to be reborn, and ignorance. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is called an individual who neither mortifies themselves or others, being committed to the practice of not mortifying themselves or others. They live without wishes in this very life, quenched, cooled, experiencing bliss, with self become divine.”

၄၂၁။ ဧဝံ ဝုတ္တေ, ဃောဋမုခေါ ဗြာဟ္မဏော အာယသ္မန္တံ ဥဒေနံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဥဒေန, အဘိက္ကန္တံ, ဘော ဥဒေန! သေယျထာပိ, ဘော ဥဒေန, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ – ဧဝမေဝံ ဘောတာ ဥဒေနေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဥဒေနံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဥဒေနော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ‘‘မာ ခေါ မံ တွံ, ဗြာဟ္မဏ, သရဏံ အဂမာသိ။ တမေဝ ဘဂဝန္တံ သရဏံ ဂစ္ဆာဟိ ယမဟံ သရဏံ ဂတော’’တိ။ ‘‘ကဟံ ပန, ဘော ဥဒေန, ဧတရဟိ သော ဘဝံ ဂေါတမော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ? ‘‘ပရိနိဗ္ဗုတော ခေါ, ဗြာဟ္မဏ, ဧတရဟိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ။

‘‘သစေပိ [သစေ ဟိ (သီ။ သျာ။ ကံ။ ပီ။)] မယံ, ဘော ဥဒေန, သုဏေယျာမ တံ ဘဝန္တံ ဂေါတမံ ဒသသု ယောဇနေသု, ဒသပိ မယံ ယောဇနာနိ ဂစ္ဆေယျာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ။ သစေပိ [သစေ (သီ။ ပီ။), သစေ ဟိ (သျာ။ ကံ။)] မယံ, ဘော ဥဒေန, သုဏေယျာမ တံ ဘဝန္တံ ဂေါတမံ ဝီသတိယာ ယောဇနေသု… တိံသာယ ယောဇနေသု… စတ္တာရီသာယ ယောဇနေသု… ပညာသာယ ယောဇနေသု, ပညာသမ္ပိ မယံ ယောဇနာနိ ဂစ္ဆေယျာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ။ ယောဇနသတေ စေပိ [ယောဇနသတေပိ (သီ။ သျာ။ ကံ။ ပီ။)] မယံ, ဘော ဥဒေန, သုဏေယျာမ တံ ဘဝန္တံ ဂေါတမံ, ယောဇနသတမ္ပိ မယံ ဂစ္ဆေယျာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ။

‘‘ယတော စ ခေါ, ဘော ဥဒေန, ပရိနိဗ္ဗုတော သော ဘဝံ ဂေါတမော, ပရိနိဗ္ဗုတမ္ပိ မယံ တံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဥဒေနော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ အတ္ထိ စ မေ, ဘော ဥဒေန, အင်္ဂရာဇာ ဒေဝသိကံ နိစ္စဘိက္ခံ ဒဒါတိ, တတော အဟံ ဘောတော ဥဒေနဿ ဧကံ နိစ္စဘိက္ခံ ဒဒါမီ’’တိ။ ‘‘ကိံ ပန တေ, ဗြာဟ္မဏ, အင်္ဂရာဇာ ဒေဝသိကံ နိစ္စဘိက္ခံ ဒဒါတီ’’တိ? ‘‘ပဉ္စ, ဘော ဥဒေန, ကဟာပဏသတာနီ’’တိ။ ‘‘န ခေါ နော, ဗြာဟ္မဏ, ကပ္ပတိ ဇာတရူပရဇတံ ပဋိဂ္ဂဟေတု’’န္တိ။ ‘‘သစေ တံ ဘောတော ဥဒေနဿ န ကပ္ပတိ ဝိဟာရံ ဘောတော ဥဒေနဿ ကာရာပေဿာမီ’’တိ။ ‘‘သစေ ခေါ မေ တွံ, ဗြာဟ္မဏ, ဝိဟာရံ, ကာရာပေတုကာမော, ပါဋလိပုတ္တေ သံဃဿ ဥပဋ္ဌာနသာလံ ကာရာပေဟီ’’တိ။ ‘‘ဣမိနာပါဟံ ဘောတော ဥဒေနဿ ဘိယျောသောမတ္တာယ အတ္တမနော အဘိရဒ္ဓေါ ယံ မံ ဘဝံ ဥဒေနော သံဃေ ဒါနေ သမာဒပေတိ။ ဧသာဟံ, ဘော ဥဒေန, ဧတိဿာ စ နိစ္စဘိက္ခာယ အပရာယ စ နိစ္စဘိက္ခာယ ပါဋလိပုတ္တေ သံဃဿ ဥပဋ္ဌာနသာလံ ကာရာပေဿာမီ’’တိ။ အထ ခေါ ဃောဋမုခေါ ဗြာဟ္မဏော ဧတိဿာ စ နိစ္စဘိက္ခာယ အပရာယ စ နိစ္စဘိက္ခာယ ပါဋလိပုတ္တေ သံဃဿ ဥပဋ္ဌာနသာလံ ကာရာပေသိ။ သာ ဧတရဟိ ‘ဃောဋမုခီ’တိ ဝုစ္စတီတိ။

ဃောဋမုခသုတ္တံ နိဋ္ဌိတံ စတုတ္ထံ။

၄၂၁။ ဤသို့ အသျှင်ဥဒေနက မိန့်ပြအပ်သည်ရှိသော် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအားဤစကားကို လျှောက်၏-“အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအာ့းလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင်အသျှင် ဥဒေနသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အကျွန်ုပ်တို့သည်အသျှင်ဥဒေနကိုု ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ သံဃာတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဥဒေနသည်အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက် ဆုံး ကိုးကွယ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။ ပုဏ္ဏား သင်သည် ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ မရောက်လေလင့်၊ အကြင်အသျှင်ကို ငါသည်ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ ထိုအသျှင်မြတ်စွာဘုရားကိုသာလျှင်ကိုးကွယ်ဆည်းကပ်လေလော့ဟု (ဆို၏)။ အသျှင်ဥဒေန ယခုအခါ အဘယ်အရပ်၌ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် နေပါသနည်းဟု (မေးလျှောက် ၏)။ ပုဏ္ဏား အမှန်အားဖြင့် ယခုအခါပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပြီဟု (မိန့်ဆို၏)။ အသျှင်ဥဒေန အကယ်၍ အကျွန်ုပ်တို့သည် ဆယ်ယူဇနာတို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ဆယ်ယူဇနာတို့သို့လည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကိုခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုဂေါတမမြတ်စွာဘုရားကို ဖူးမြင် ခြင်းငှါ သွားကြပါကုန်အံ့။ အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာနှစ်ဆယ်တို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ယူဇနာသုံးဆယ်တို့၌။ပ။ ယူဇနာလေးဆယ်တို့၌ ယူဇနာငါးဆယ်တို့၌ ထိုအသျှင် ဂေါတမမြတ်စွာဘုရား ရှိသည်ကို ကြားသိကုန်ငြားအံ့၊ (သို့ကြားရပါမူ) ယူဇနာငါးဆယ်တို့ကိုလည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုအသျှင် ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။ အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရား ရှိသည်ကိုကြားသိကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ ခရီးသို့လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။ အသျှင်ဥဒေန ထိုအသျှင်ဂေါတမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသောကြောင့် အကျွန်ုပ်တို့သည်ပရိနိဗ္ဗာန်ပြုတော်မူပြီးသည်လည်း ဖြစ်သော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်ကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့။ အသျှင်ဥဒေနအကျွန်ုပ်အား အင်္ဂမင်းက နေ့တိုင်း အမြဲထောက်ပံ့ထားသော ရိက္ခာရှိပါ၏၊ ထိုရိက္ခာမှ အကျွန်ုပ်သည်အသျှင်ဥဒေနအား တစ်ရက်စာ အမြဲထောက်ပံ့ထားသော ရိက္ခာကို ပေးလှူပါအံ့ဟု (လျှောက်၏)။ ပုဏ္ဏား သင့်အား အင်္ဂမင်းက နေ့တိုင်း အဘယ်မျှလောက် အမြဲထောက်ပံ့ထားသော ရိက္ခာကိုပေးပါသနည်းဟု (မေး၏)။ အသျှင်ဥဒေန အသပြာငါးရာတို့ကို ပေးပါ၏ဟု (လျှောက်၏)။ ပုဏ္ဏားငါတို့မှာ ရွှေငွေကို ခံယူခြင်းငှါ မအပ်ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနမှာ ထိုရွှေငွေသည် အကယ်၍ မအပ်သည်ဖြစ်အံ့၊ အသျှင်ဥဒေန၏ အကျိုးငှါ ကျောင်းဆောက်ပါအံ့ဟု (လျှောက်၏)။ ပုဏ္ဏား အကယ်၍သင်သည် ငါ၏ အကျိုးငှါ ကျောင်းဆောက်လုပ်လိုငြားအံ့၊ ပါဋလိပုတ်ပြည်၌ သံဃာများ၏ စည်းဝေးရာဇရပ်ကို ဆောက်လုပ်လေလော့ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနသည် အကျွန်ုပ်ကို သံဃာ၌ ဒါနကို ဆောက်တည်စေ၏၊ ဤအကြောင်းကြောင့်လည်း အကျွန်ုပ်သည် အသျှင်ဥဒေနအား အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ပါ၏။ အသျှင်ဥဒေန ထိုအကျွန်ုပ်သည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသောရိက္ခာဖြင့်လည်း ကောင်း၊ တစ်ပါးသော အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်းပါဋလိပုတ်ပြည်၌ သံဃာ၏ စည်း ဝေးရာဇရပ်ကို ဆောက်လုပ်စေပါအံ့ဟု (လျှောက်၏)။ ထိုအခါဃောဋမုခပုဏ္ဏားသည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်း၊ တစ်ပါးသောအမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်း ကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရန် ဇရပ်ကိုဆောက်လုပ်စေ၏။ ထိုဇရပ်ကို ယခုအခါ ဃောဋမုခီဇရပ်ဟူ၍ ဆိုရသတည်း။ လေးခုမြောက် ဃောဋမုခသုတ် ပြီး၏။

When he had spoken, Ghoṭamukha said to him, “Excellent, worthy Udena! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the worthy Udena has made the teaching clear in many ways. I go for refuge to the worthy Udena, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Udena remember me as a lay follower who has gone for refuge for life.” “Brahmin, don’t go for refuge to me. You should go for refuge to that same Blessed One to whom I have gone for refuge.” “But worthy Udena, where is the Blessed One at present, the perfected one, the fully awakened Buddha?” “Brahmin, the Buddha has already become fully quenched.” “Worthy Udena, if I heard that the worthy Gotama was within ten leagues, or twenty, or even up to a hundred leagues away, I’d go a hundred leagues to see him. But since the worthy Gotama has become fully quenched, I go for refuge to that worthy Gotama, to the teaching, and to the Saṅgha. From this day forth, may the worthy Udena remember me as a lay follower who has gone for refuge for life. Worthy Udena, the king of Aṅga gives me a regular daily allowance. I will give you one portion of that.” “But brahmin, what does the king of Aṅga give you as a regular daily allowance?” “Five hundred dollars.” “It’s not proper for us to receive gold and currency.” “If that’s not proper, I will have a dwelling built for the worthy Udena.” “If you want to build me a dwelling, then build an assembly hall for the Saṅgha at Pāṭaliputta.” “Now I’m even more delighted and satisfied with the worthy Udena, since he encourages me to give to the Saṅgha. So with this allowance and another one I will have an assembly hall built for the Saṅgha at Pāṭaliputta.” And so he had that hall built. And these days it’s called the “Ghoṭamukhī”.

၅။ စင်္ကီသုတ္တံ

၄၂၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ဩပါသာဒံ နာမ ကောသလာနံ ဗြာဟ္မဏဂါမော တဒဝသရိ။ တတြ သုဒံ ဘဂဝါ ဩပါသာဒေ ဝိဟရတိ ဥတ္တရေန ဩပါသာဒံ ဒေဝဝနေ သာလဝနေ။ တေန ခေါ ပန သမယေန စင်္ကီ ဗြာဟ္မဏော ဩပါသာဒံ အဇ္ဈာဝသတိ သတ္တုဿဒံ သတိဏကဋ္ဌောဒကံ သဓညံ ရာဇဘောဂ္ဂံ ရညာ ပသေနဒိနာ ကောသလေန ဒိန္နံ ရာဇဒါယံ ဗြဟ္မဒေယျံ။ အဿောသုံ ခေါ ဩပါသာဒကာ ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ဩပါသာဒံ အနုပ္ပတ္တော, ဩပါသာဒေ ဝိဟရတိ ဥတ္တရေန ဩပါသာဒံ ဒေဝဝနေ သာလဝနေ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။

၅-စင်္ကီသုတ် ၄၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူသည်ရှိသော် ဩပါသာဒမည်သော ပုဏ္ဏားရွာဆီသို့ ရောက်လေ၏။ မြတ်စွာဘုရားသည်ထိုဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ စင်္ကီမည်သော ပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက်ထင်းရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော ပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍ နေ၏။ ဩပါသာဒရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိလေကုန်၏-“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူရာ ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏- ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာ ဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်း သည်သာတည်း”ဟု (ကြားသိလေကုန်၏)။

Middle Discourses 95 With Caṅkī So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants when he arrived at a village of the Kosalan brahmins named Opāsāda. He stayed in the Godswood of sal trees to the north of Opāsāda. Now at that time the brahmin Caṅkī was living in Opāsāda. It was a crown property given by King Pasenadi of Kosala, teeming with living creatures, full of hay, wood, water, and grain, a royal park endowed to a brahmin. The brahmins and householders of Opāsāda heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Opāsāda together with a large Saṅgha of mendicants. He is staying in the Godswood to the north. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.”

စာ-၃၇၆

၄၂၃။ အထ ခေါ ဩပါသာဒကာ ဗြာဟ္မဏဂဟပတိကာ ဩပါသာဒါ နိက္ခမိတွာ သံဃသံဃီ ဂဏီဘူတာ ဥတ္တရေနမုခါ ဂစ္ဆန္တိ ယေန ဒေဝဝနံ သာလဝနံ။ တေန ခေါ ပန သမယေန စင်္ကီ ဗြာဟ္မဏော ဥပရိပါသာဒေ ဒိဝါသေယျံ ဥပဂတော။ အဒ္ဒသာ ခေါ စင်္ကီ ဗြာဟ္မဏော ဩပါသာဒကေ ဗြာဟ္မဏဂဟပတိကေ ဩပါသာဒါ နိက္ခမိတွာ သံဃသံဃီ ဂဏီဘူတေ ဥတ္တရေန မုခံ ယေန ဒေဝဝနံ သာလဝနံ တေနုပသင်္ကမန္တေ။ ဒိသွာ ခတ္တံ အာမန္တေသိ – ‘‘ကိံ နု ခေါ, ဘော ခတ္တေ, ဩပါသာဒကာ ဗြာဟ္မဏဂဟပတိကာ ဩပါသာဒါ နိက္ခမိတွာ သံဃသံဃီ ဂဏီဘူတာ ဥတ္တရေနမုခါ ဂစ္ဆန္တိ ယေန ဒေဝဝနံ သာလဝန’’န္တိ? ‘‘အတ္ထိ, ဘော စင်္ကီ, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ဩပါသာဒံ အနုပ္ပတ္တော, ဩပါသာဒေ ဝိဟရတိ ဥတ္တရေန ဩပါသာဒံ ဒေဝဝနေ သာလဝနေ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ တမေတေ ဘဝန္တံ ဂေါတမံ ဒဿနာယ ဂစ္ဆန္တီ’’တိ။ ‘‘တေန ဟိ, ဘော ခတ္တေ, ယေန ဩပါသာဒကာ ဗြာဟ္မဏဂဟပတိကာ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ ဩပါသာဒကေ ဗြာဟ္မဏဂဟပတိကေ ဧဝံ ဝဒေဟိ – ‘စင်္ကီ, ဘော, ဗြာဟ္မဏော ဧဝမာဟ – အာဂမေန္တု ကိရ ဘောန္တော, စင်္ကီပိ ဗြာဟ္မဏော သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿတီ’’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ သော ခတ္တော စင်္ကိဿ ဗြာဟ္မဏဿ ပဋိဿုတွာ ယေန ဩပါသာဒကာ ဗြာဟ္မဏဂဟပတိကာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဩပါသာဒကေ ဗြာဟ္မဏဂဟပတိကေ ဧတဒဝေါစ – ‘‘စင်္ကီ, ဘော, ဗြာဟ္မဏော ဧဝမာဟ – ‘အာဂမေန္တု ကိရ ဘောန္တော, စင်္ကီပိ ဗြာဟ္မဏော သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿတီ’’’တိ။

၄၂၃။ ထိုစဥ်အခါ၌ ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဩပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ သွားကြကုန်၏။ ထိုစဥ်အခါ၌ စင်္ကီပုဏ္ဏားသည် ပြာသာဒ်ထက်၌နေ့အချိန် လျောင်းလျက် ရှိ၏၊ ထိုစင်္ကီပုဏ္ဏားသည် ဩပါသာဒရွာမှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာအင်ကြင်းတောသို့ သွားနေကြသော ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို မြင်သော် အမတ်အား ဤသို့မေး၏- “အမတ် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဩပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ အဘယ့်ကြောင့် သွားကြကုန်သနည်း”ဟု (မေး၏)။ အသျှင်စင်္ကီ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာ သောရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ နေပါ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏- “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည် တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း‘ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသ ဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုသူတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် သွားကြပါကုန်၏ဟု (အမတ်က ပြန် ကြား၏)။ အမတ် သို့ဖြစ်လျှင် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဥ်းကပ်၍ “အချင်းတို့ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု ပြောကြားချေလော့ဟု မိန့်ဆို၏။ “အရှင် ကောင်းပါပြီ”ဟု ထိုအမတ်သည် စင်္ကီပုဏ္ဏားအား ဝန်ခံပြီးလျှင် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဥ်းကပ်၍ဩပါသာဒရွာနေ ပုဏ္ဏားနှင့်အမျိုးသားတို့အား ဤစကားကို ပြောဆို၏- “အချင်းတို့ ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု (ပြောဆို၏)။

Then, exiting Opāsāda, they formed into companies and headed north to the Godswood. Now at that time the brahmin Caṅkī had retired to the upper floor of his stilt longhouse for his midday nap. He saw the brahmins and householders heading for the Godswood, and addressed his butler, “My butler, why are the brahmins and householders heading north for the Godswood?” “The ascetic Gotama has arrived at Opāsāda together with a large Saṅgha of mendicants. He is staying in the Godswood to the north. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ They’re going to see that worthy Gotama.” “Well then, go to the brahmins and householders and say to them: ‘Sirs, the brahmin Caṅkī asks you to wait, as he will also go to see the ascetic Gotama.’” “Yes, worthy sir,” replied the butler, and did as he was asked.

စာ-၃၇၇

၄၂၄။ တေန ခေါ ပန သမယေန နာနာဝေရဇ္ဇကာနံ ဗြာဟ္မဏာနံ ပဉ္စမတ္တာနိ ဗြာဟ္မဏသတာနိ ဩပါသာဒေ ပဋိဝသန္တိ ကေနစိဒေဝ ကရဏီယေန။ အဿောသုံ ခေါ တေ ဗြာဟ္မဏာ – ‘‘စင်္ကီ ကိရ ဗြာဟ္မဏော သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿတီ’’တိ။ အထ ခေါ တေ ဗြာဟ္မဏာ ယေန စင်္ကီ ဗြာဟ္မဏော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ စင်္ကိံ ဗြာဟ္မဏံ ဧတဒဝေါစုံ – ‘‘သစ္စံ ကိရ ဘဝံ စင်္ကီ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿတီ’’တိ? ‘‘ဧဝံ ခေါ မေ, ဘော, ဟောတိ – ‘အဟံ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿာမီ’’’တိ။ ‘‘မာ ဘဝံ စင်္ကီ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိ။ န အရဟတိ ဘဝံ စင်္ကီ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ၊ သမဏောတွေဝ ဂေါတမော အရဟတိ ဘဝန္တံ စင်္ကိံ ဒဿနာယ ဥပသင်္ကမိတုံ။ ဘဝဉှိ စင်္ကီ ဥဘတော သုဇာတော မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန။ ယမ္ပိ ဘဝံ စင်္ကီ ဥဘတော သုဇာတော မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန, ဣမိနာပင်္ဂေန န အရဟတိ ဘဝံ စင်္ကီ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ၊ သမဏောတွေဝ ဂေါတမော အရဟတိ ဘဝန္တံ စင်္ကိံ ဒဿနာယ ဥပသင်္ကမိတုံ။ ဘဝဉှိ စင်္ကီ အဍ္ဎော မဟဒ္ဓနော မဟာဘောဂေါ…ပေ… ဘဝဉှိ စင်္ကီ တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော…ပေ… ဘဝဉှိ စင်္ကီ အဘိရူပေါ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော ဗြဟ္မဝဏ္ဏီ ဗြဟ္မဝစ္ဆသီ [ဗြဟ္မဝစ္စသီ (သီ။ ပီ။)] အခုဒ္ဒါဝကာသော ဒဿနာယ…ပေ… ဘဝဉှိ စင်္ကီ သီလဝါ ဝုဒ္ဓသီလီ ဝုဒ္ဓသီလေန သမန္နာဂတော…ပေ… ဘဝဉှိ စင်္ကီ ကလျာဏဝါစော ကလျာဏဝါက္ကရဏော ပေါရိယာ ဝါစာယ သမန္နာဂတော ဝိဿဋ္ဌာယ အနေလဂလာယ အတ္ထဿ ဝိညာပနိယာ…ပေ… ဘဝဉှိ စင်္ကီ ဗဟူနံ အာစရိယပါစရိယော, တီဏိ မာဏဝကသတာနိ မန္တေ ဝါစေတိ…ပေ… ဘဝဉှိ စင်္ကီ ရညော ပသေနဒိဿ ကောသလဿ သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော…ပေ… ဘဝဉှိ စင်္ကီ ဗြာဟ္မဏဿ ပေါက္ခရသာတိဿ သက္ကတော ဂရုကတော မာနိတော ပူဇိတော အပစိတော…ပေ… ဘဝဉှိ စင်္ကီ ဩပါသာဒံ အဇ္ဈာဝသတိ သတ္တုဿဒံ သတိဏကဋ္ဌောဒကံ သဓညံ ရာဇဘောဂ္ဂံ ရညာ ပသေနဒိနာ ကောသလေန ဒိန္နံ ရာဇဒါယံ ဗြဟ္မဒေယျံ။ ယမ္ပိ ဘဝံ စင်္ကီ ဩပါသာဒံ အဇ္ဈာဝသတိ သတ္တုဿဒံ သတိဏကဋ္ဌောဒကံ သဓညံ ရာဇဘောဂ္ဂံ ရညာ ပသေနဒိနာ ကောသလေန ဒိန္နံ ရာဇဒါယံ ဗြဟ္မဒေယျံ, ဣမိနာပင်္ဂေန န အရဟတိ ဘဝံ စင်္ကီ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ၊ သမဏောတွေဝ ဂေါတမော အရဟတိ ဘဝန္တံ စင်္ကိံ ဒဿနာယ ဥပသင်္ကမိတု’’န္တိ။

၄၂၄။ ထိုစဥ်အခါ၌ အတိုင်းတိုင်း အပြည်ပြည်မှ လာကုန်သော ငါးရာမျှသော ပုဏ္ဏားတို့သည်ကိစ္စတစ်ခုဖြင့် ဩပါသာဒရွာ၌ တည်းခိုနေကုန်၏၊ “စင်္ကီပုဏ္ဏားသည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်လတ္တံ့”ဟု ကြားကုန်၍ ထိုပုဏ္ဏားတို့သည် စင်္ကီပုဏ္ဏားထံသို့ ချဥ်းကပ်ကြပြီးလျှင် “အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်လတ္တံ့ ဟူသည် မှန်ပါသလော”ဟု မေးကုန်၏။ အချင်းတို့့“ငါသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်အံ့”ဟု ကြံလျက် ရှိပါသည်ဟူ၍ ဆို၏။ အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဥ်းကပ်ပါလင့်၊ အသျှင်စင်္ကီသည် ရဟန်း ဂေါတမကိုဖူးမြော်ရန် မချဥ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဥ်းကပ် ထိုက်ပါ၏၊ အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှကောင်းသောဇာတ် ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကား ဖြင့် အပယ်မခံခဲ့ရပါ၊ အကဲ့ရဲ့ မခံခဲ့ရပါ၊ ဤအကြောင်းကြောင့်လည်း အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဥ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန်ချဥ်းကပ်ထိုက်ပါ၏။ အသျှင်စင်္ကီသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏။ပ။ အသျှင်စင်္ကီသည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာ ယတကျမ်း မဟာပုရိသလက္ခာဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ပ။ အသျှင်စင်္ကီသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သောအဆင်းဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အသျှင်စင်္ကီသည် သီလရှိ၏၊ ကြီးပွားသော သီလရှိ၏၊ ကြီးပွားသော သီလနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ ယဥ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော စကားနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏၊ လုလင် သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏။ပ။ အသျှင်စင်္ကီကို ပသေနဒိကောသလမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။ အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည်ပေါများသော မြက်ထင်းရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသောမြက်ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်း သည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ ဤအကြောင်း ကြောင့်လည်း အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဥ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည် သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဥ်းကပ်ထိုက်ပါ၏ ဟူ၍ (ဆိုကုန်၏)။

Now at that time around five hundred brahmins from abroad were residing in Opāsāda on some business. They heard that the brahmin Caṅkī was going to see the ascetic Gotama. They approached Caṅkī and said to him, “Is it really true that you are going to see the ascetic Gotama?” “Yes, gentlemen, it is true.” “Please don’t! It’s not appropriate for you to go to see the ascetic Gotama; it’s appropriate that he comes to see you. You are well born on both your mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation. For this reason it’s not appropriate for you to go to see the ascetic Gotama; it’s appropriate that he comes to see you. You’re rich, affluent, and wealthy. … You recite and remember the hymns, and have mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. You know them word-by-word, and their grammar. You are well versed in cosmology and the marks of a great man. … You are attractive, good-looking, lovely, of surpassing beauty. You have divine looks and lustre, remarkable to behold. … You are ethical, mature in ethical conduct. … You’re a good speaker who enunciates well, with a polished, clear, and articulate voice that expresses the meaning. … You’re the tutor of tutors for many, and teach three hundred young students to recite the hymns. … You’re honored, respected, revered, venerated, and esteemed by King Pasenadi of Kosala and the brahmin Pokkharasāti. … You live in Opāsāda, a crown property given by King Pasenadi of Kosala, teeming with living creatures, full of hay, wood, water, and grain, a royal park endowed to a brahmin. For all these reasons it’s not appropriate for you to go to see the ascetic Gotama; it’s appropriate that he comes to see you.”

စာ-၃၇၈

၄၂၅။ ဧဝံ ဝုတ္တေ, စင်္ကီ ဗြာဟ္မဏော တေ ဗြာဟ္မဏေ ဧတဒဝေါစ – ‘‘တေန ဟိ, ဘော, မမပိ သုဏာထ, ယထာ မယမေဝ အရဟာမ တံ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ၊ နတွေဝ အရဟတိ သော ဘဝံ ဂေါတမော အမှာကံ ဒဿနာယ ဥပသင်္ကမိတုံ။ သမဏော ခလု, ဘော, ဂေါတမော ဥဘတော သုဇာတော မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန။ ယမ္ပိ, ဘော, သမဏော ဂေါတမော ဥဘတော သုဇာတော မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန, ဣမိနာပင်္ဂေန န အရဟတိ သော ဘဝံ ဂေါတမော အမှာကံ ဒဿနာယ ဥပသင်္ကမိတုံ၊ အထ ခေါ မယမေဝ အရဟာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ [ဧတ္ထ ဒီ။ နိ။ ၁။၃၀၄ အညမ္ပိ ဂုဏပဒံ ဒိဿတိ]။ သမဏော ခလု, ဘော, ဂေါတမော ပဟူတံ ဟိရညသုဝဏ္ဏံ ဩဟာယ ပဗ္ဗဇိတော ဘူမိဂတဉ္စ ဝေဟာသဋ္ဌဉ္စ…ပေ… သမဏော ခလု, ဘော, ဂေါတမော ဒဟရောဝ သမာနော ယုဝါ သုသုကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော ပဌမေန ဝယသာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော…ပေ… သမဏော ခလု, ဘော, ဂေါတမော အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော…ပေ… သမဏော ခလု, ဘော, ဂေါတမော အဘိရူပေါ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော ဗြဟ္မဝဏ္ဏီ ဗြဟ္မဝစ္ဆသီ အခုဒ္ဒါဝကာသော ဒဿနာယ…ပေ… သမဏော ခလု, ဘော, ဂေါတမော သီလဝါ အရိယသီလီ ကုသလသီလီ ကုသလေန သီလေန သမန္နာဂတော…ပေ… သမဏော ခလု, ဘော, ဂေါတမော ကလျာဏဝါစော ကလျာဏဝါက္ကရဏော ပေါရိယာ ဝါစာယ သမန္နာဂတော ဝိဿဋ္ဌာယ အနေလဂလာယ အတ္ထဿ ဝိညာပနိယာ…ပေ… သမဏော ခလု, ဘော, ဂေါတမော ဗဟူနံ အာစရိယပါစရိယော…ပေ… သမဏော ခလု, ဘော, ဂေါတမော ခီဏကာမရာဂေါ ဝိဂတစာပလ္လော…ပေ… သမဏော ခလု, ဘော, ဂေါတမော ကမ္မဝါဒီ ကိရိယဝါဒီ အပါပပုရေက္ခာရော ဗြဟ္မညာယ ပဇာယ…ပေ… သမဏော ခလု, ဘော, ဂေါတမော ဥစ္စာ ကုလာ ပဗ္ဗဇိတော အသမ္ဘိန္နာ ခတ္တိယကုလာ…ပေ… သမဏော ခလု, ဘော, ဂေါတမော အဍ္ဎာ ကုလာ ပဗ္ဗဇိတော မဟဒ္ဓနာ မဟာဘောဂါ…ပေ… သမဏံ ခလု, ဘော, ဂေါတမံ တိရောရဋ္ဌာ တိရောဇနပဒါ သံပုစ္ဆိတုံ အာဂစ္ဆန္တိ…ပေ… သမဏံ ခလု, ဘော, ဂေါတမံ အနေကာနိ ဒေဝတာသဟဿာနိ ပါဏေဟိ သရဏံ ဂတာနိ…ပေ… သမဏံ ခလု, ဘော, ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ…ပေ… သမဏော ခလု, ဘော, ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ သမန္နာဂတော…ပေ… [ဧတ္ထာပိ ဒီ။ နိ။ ၁။၃၀၄ အညာနိပိ ဂုဏပဒါနံ ဒိဿန္တိ] သမဏံ ခလု, ဘော, ဂေါတမံ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော သပုတ္တဒါရော ပါဏေဟိ သရဏံ ဂတော…ပေ… သမဏံ ခလု, ဘော, ဂေါတမံ ရာဇာ ပသေနဒိ ကောသလော သပုတ္တဒါရော ပါဏေဟိ သရဏံ ဂတော…ပေ… သမဏံ ခလု, ဘော, ဂေါတမံ ဗြာဟ္မဏော ပေါက္ခရသာတိ သပုတ္တဒါရော ပါဏေဟိ သရဏံ ဂတော…ပေ… သမဏော ခလု, ဘော, ဂေါတမော ဩပါသာဒံ အနုပ္ပတ္တော ဩပါသာဒေ ဝိဟရတိ ဥတ္တရေန ဩပါသာဒံ ဒေဝဝနေ သာလဝနေ။ ယေ ခေါ တေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အမှာကံ ဂါမက္ခေတ္တံ အာဂစ္ဆန္တိ, အတိထီ နော တေ ဟောန္တိ။ အတိထီ ခေါ ပနမှေဟိ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ။ ယမ္ပိ သမဏော ဂေါတမော ဩပါသာဒံ အနုပ္ပတ္တော ဩပါသာဒေ ဝိဟရတိ ဥတ္တရေန ဩပါသာဒံ ဒေဝဝနေ သာလဝနေ, အတိထိမှာကံ သမဏော ဂေါတမော။ အတိထိ ခေါ ပနမှေဟိ သက္ကာတဗ္ဗော ဂရုကာတဗ္ဗော မာနေတဗ္ဗော ပူဇေတဗ္ဗော။ ဣမိနာပင်္ဂေန န အရဟတိ သော ဘဝံ ဂေါတမော အမှာကံ ဒဿနာယ ဥပသင်္ကမိတုံ၊ အထ ခေါ မယမေဝ အရဟာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုံ။ ဧတ္တကေ ခေါ အဟံ, ဘော, တဿ ဘောတော ဂေါတမဿ ဝဏ္ဏေ ပရိယာပုဏာမိ, နော စ ခေါ သော ဘဝံ ဂေါတမော ဧတ္တကဝဏ္ဏော၊ အပရိမာဏဝဏ္ဏော ဟိ သော ဘဝံ ဂေါတမော။ ဧကမေကေနပိ တေန [ဧကမေကေနပိ ဘော (သီ။ သျာ။ ကံ။ ပီ။)] အင်္ဂေန သမန္နာဂတော န အရဟတိ, သော, ဘဝံ ဂေါတမော အမှာကံ ဒဿနာယ ဥပသင်္ကမိတုံ၊ အထ ခေါ မယမေဝ အရဟာမ တံ ဘဝန္တံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိတုန္တိ။ တေန ဟိ, ဘော, သဗ္ဗေဝ မယံ သမဏံ ဂေါတမံ ဒဿနာယ ဥပသင်္ကမိဿာမာ’’တိ။

၄၂၅။ ဤသို့ဆိုကုန်သော် စင်္ကီပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏- “အချင်းတို့သို့ဖြစ်လျှင် ငါ၏ စကားကို နားထောင်ကြပါဦး၊ ငါတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဥ်းကပ်ထိုက်ပါ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့်အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဤအကြောင်းကြောင့်လည်း ထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန်မချဥ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဥ်းကပ့်ထိုက်ပါကုန်၏။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မြေအောက်၌လည်း ထားသော မြေပေါ်၌လည်းထားသော များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ငယ်ရွယ် ပျိုမျစ်သည်ဖြစ်လျက် ကောင်းစွာ မည်းနက်သော ဆံပင်ရှိသည်ဖြစ်လျက် ပဌမအရွယ်ဟူသော ကောင်းသော အရွယ်နှင့် ပြည့်စုံသည်ဖြစ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိအဖတို့ သဘောမတူကြသဖြင့် မျက်ရည်ရွှဲစိုငိုယိုကုန်စဥ် ဆံမုတ်ဆိတ်ကို ပယ်ပြီး၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အချင်းတို့ စင်စစ်သော်ကားရဟန်းဂေါတမသည် သီလရှိ၏၊ မြတ်သော သီလရှိ၏၊ ကောင်းသော သီလရှိ၏၊ ကောင်းသော သီလနှင့်ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကောင်းသော စကားရှိ၏၊ ကောင်းသောမြွက်ဆိုသံရှိ၏၊ ယဥ်ကျေးသော စကားနှင့်ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သော စကားနှင့် ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များစွာသော သူတို့၏ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်း ဂေါတမသည် ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၌ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မင်းမျိုးစဥ်ဆက် မပျက်သော မြင့်မြတ်သော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိသော ကြွယ်ဝသော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အမေးပြဿနာ မေးမြန်းခြင်းငှါ တိုင်းတစ်ပါး ဇနပုဒ်တစ်ပါးမှ လာကြကုန်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အထောင်မက များစွာသော နတ်တို့သည်အသက် ဖြင့် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။ပ။ အချင်းတို့ ရဟန်းဂေါတမ၏ကောင်းမြတ်သော ကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ထွက်၏- “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေး ပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးကုန်သော ယောကျာ်းမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို မဂဓတိုင်းကိုအစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒိကောသလမင်းသည် သားမယားနှင့်တကွ အသက့်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည်ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာဖြစ်သောအင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏။ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည်အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏။ အချင်းတို့ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် ဩပါသာဒရွာသို့ ရောက်လာတော်မူ၍ဩပါသာဒရွာ၏ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာ ကျွေးရာဖြစ်သော အင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏၊ ရဟန်းဂေါတမသည် ငါတို့၏ ဧည့်သည်တော်ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည်အရိုအသေ ပြုသင့်၏၊ အလေးပြုသင့်၏၊ မြတ်နိုးသင့်၏၊ ပူဇော်သင့်၏၊ ဤအကြောင်းကြောင့်လည်း ထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဥ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ထိုက်ပါကုန်၏။ အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သောဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ (အမှန်အားဖြင့်သော်ကား) ထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏၊ ထိုအသျှင်ဂေါတမသည်တစ်ပါးပါးမျှလည်းဖြစ်သော ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော် ငါတို့ကို ဖူးမြော်ရန် ချဥ်းကပ်ခြင်းငှါ မထိုက်၊ စင်စစ်သော်ကား ငါတို့သည်သာလျှင် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ထိုက် ကုန်၏ဟု (ဆို၏)။ အသျှင် သို့ဖြစ်လျှင် အကျွန်ုပ်တို့အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဥ်းကပ်ကြပါကုန်အံ့ဟု (ပြန်ကြားပြောဆိုကြကုန်၏)။

When they had spoken, Caṅkī said to those brahmins: “Well then, gentlemen, listen to why it’s appropriate for me to go to see the ascetic Gotama, and it’s not appropriate for him to come to see me. He is well born on both his mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation. For this reason it’s not appropriate for the ascetic Gotama to come to see me; rather, it’s appropriate for me to go to see him. When he went forth he abandoned abundant gold, both coined and uncoined, stored above and below ground. … He went forth from the lay life to homelessness while still a youth, young, with pristine black hair, blessed with youth, in the prime of life. … Though his mother and father wished otherwise, weeping with tearful faces, he shaved off his hair and beard, dressed in ocher robes, and went forth from the lay life to homelessness. … He is attractive, good-looking, lovely, of surpassing beauty. He has divine looks and lustre, remarkable to behold. … He is ethical, possessing ethical conduct that is noble and skillful. … He’s a good speaker who enunciates well, with a polished, clear, and articulate voice that expresses the meaning. … He’s a tutor of tutors. … He has ended sensual desire, and is rid of caprice. … He teaches the efficacy of deeds and action. He doesn’t wish any harm upon the community of brahmins. … He went forth from an eminent family of unbroken aristocratic lineage. … He went forth from a rich, affluent, and wealthy family. … People come from distant lands and distant countries to question him. … Many thousands of deities have gone for refuge for life to him. … He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ … He has the thirty-two marks of a great man. … King Seniya Bimbisāra of Magadha and his wives and children have gone for refuge for life to the ascetic Gotama. … King Pasenadi of Kosala and his wives and children have gone for refuge for life to the ascetic Gotama. … The brahmin Pokkharasāti and his wives and children have gone for refuge for life to the ascetic Gotama. … The ascetic Gotama has arrived to stay in the Godswood to the north of Opāsāda. Any ascetic or brahmin who comes to stay in our village district is our guest, and should be honored and respected as such. For this reason, too, it’s not appropriate for the worthy Gotama to come to see me; rather, it’s appropriate for me to go to see him. This is the extent of the worthy Gotama’s praise that I have memorized. But his praises are not confined to this, for the praise of the worthy Gotama is limitless. The possession of even a single one of these factors makes it inappropriate for Worthy Gotama to come to see me; rather, it’s appropriate for me to go to see him. Well then, gentlemen, let’s all go to see the ascetic Gotama.”

စာ-၃၈၀

၄၂၆။ အထ ခေါ စင်္ကီ ဗြာဟ္မဏော မဟတာ ဗြာဟ္မဏဂဏေန သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ တေန ခေါ ပန သမယေန ဘဂဝါ ဝုဒ္ဓေဟိ ဝုဒ္ဓေဟိ ဗြာဟ္မဏေဟိ သဒ္ဓိံ ကိဉ္စိ ကိဉ္စိ ကထံ သာရဏီယံ ဝီတိသာရေတွာ နိသိန္နော ဟောတိ။ တေန ခေါ ပန သမယေန ကာပဋိကော [ကာပဌိကော (သီ။ ပီ။), ကာပဒိကော (သျာ။ ကံ။)] နာမ မာဏဝေါ ဒဟရော ဝုတ္တသိရော သောဠသဝဿုဒ္ဒေသိကော ဇာတိယာ, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော တဿံ ပရိသာယံ နိသိန္နော ဟောတိ။ သော ဝုဒ္ဓါနံ ဝုဒ္ဓါနံ ဗြာဟ္မဏာနံ ဘဂဝတာ သဒ္ဓိံ မန္တယမာနာနံ အန္တရန္တရာ ကထံ ဩပါတေတိ။ အထ ခေါ ဘဂဝါ ကာပဋိကံ မာဏဝံ အပသာဒေတိ – ‘‘မာယသ္မာ ဘာရဒွါဇော ဝုဒ္ဓါနံ ဝုဒ္ဓါနံ ဗြာဟ္မဏာနံ မန္တယမာနာနံ အန္တရန္တရာ ကထံ ဩပါတေတု။ ကထာပရိယောသာနံ အာယသ္မာ ဘာရဒွါဇော အာဂမေတူ’’တိ။ ဧဝံ ဝုတ္တေ, စင်္ကီ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မာ ဘဝံ ဂေါတမော ကာပဋိကံ မာဏဝံ အပသာဒေသိ။ ကုလပုတ္တော စ ကာပဋိကော မာဏဝေါ, ဗဟုဿုတော စ ကာပဋိကော မာဏဝေါ, ပဏ္ဍိတော စ ကာပဋိကော မာဏဝေါ, ကလျာဏဝါက္ကရဏော စ ကာပဋိကော မာဏဝေါ, ပဟောတိ စ ကာပဋိကော မာဏဝေါ ဘောတာ ဂေါတမေန သဒ္ဓိံ အသ္မိံ ဝစနေ ပဋိမန္တေတု’’န္တိ။ အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘အဒ္ဓါ ခေါ ကာပဋိကဿ [ဧတဒဟောသိ ‘‘ကာပဋိကဿ (က။)] မာဏဝဿ တေဝိဇ္ဇကေ ပါဝစနေ ကထာ [ကထံ (သီ။ က။), ကထံ (သျာ။ ကံ။ ပီ။)] ဘဝိဿတိ။ တထာ ဟိ နံ ဗြာဟ္မဏာ သံပုရေက္ခရောန္တီ’’တိ။ အထ ခေါ ကာပဋိကဿ မာဏဝဿ ဧတဒဟောသိ – ‘‘ယဒါ မေ သမဏော ဂေါတမော စက္ခုံ ဥပသံဟရိဿတိ, အထာဟံ သမဏံ ဂေါတမံ ပဉှံ ပုစ္ဆိဿာမီ’’တိ။ အထ ခေါ ဘဂဝါ ကာပဋိကဿ မာဏဝဿ စေတသာ စေတောပရိဝိတက္ကမညာယ ယေန ကာပဋိကော မာဏဝေါ တေန စက္ခူနိ ဥပသံဟာသိ။

၄၂၆။ ထိုအခါ စင်္ကီပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရားထံသို့ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည်ပုဏ္ဏားကြီးတို့နှင့်အတူ စိုးစဥ်း စိုးစဥ်း အောက်မေ့ဖွယ်စကားကို ပြီးဆုံးစေ၍ နေ၏။ ထိုအခါ ခေါင်းရိတ်ပြီးစလည်းဖြစ်သော ရက်ချုပ်အားဖြင့်လည်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ကာပဋိကမည်သောလုလင်ငယ်သည် ရှိ၏၊ ထိုလုလင်ငယ်သည် နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်းအက္ခရပ္ပဘေဒ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ (ထိုလုလင်သည်) ထိုပရိသတ်၌ ထိုင်နေလျက် ရှိ၏၊ ထိုကာပဋိကသည် မြတ်စွာဘုရားနှင့်အတူ စကားပြောဆိုကုန်သော ပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ ပြောဆို၏။ ထိုအခါ မြတ်စွာဘုရားသည် ကာပဋိကလုလင်ကို “အမောင်ဘာရဒွါဇ တိုင်ပင်ပြောဆိုနေကြသောပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ မပြောဆိုပါလင့်၊ အမောင်ဘာရဒွါဇသည်စကားဆုံး သည့်တိုင်အောင် ဆိုင်းငံ့ပါလော့”ဟု မောင်းမဲမိန့်ဆို၏။ ဤသို့ မိန့်ဆိုတော်မူသော်စင်္ကီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏-“အသျှင်ဂေါတမသည် ကာပဋိကလုလင်ကိုမမောင်းမဲပါလင့်၊ ကာပဋိကလုလင်သည် အမျိုးကောင်းသားလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်အကြားအမြင်လည်း များပါ၏၊ ကာပဋိကလုလင်သည် ပညာရှိလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်ပီပီသသလည်း ပြောဆို တတ်ပါ၏၊ ကာပဋိကလုလင်သည် ဤစကား၌ အသျှင်ဂေါတမနှင့်အတူတုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်း နိုင်ပါ၏”ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားအား “စင်စစ်ဧကန် ကာပဋိကလုလင်သည် ဝိဇ္ဇာသုံးပါး စကားအရာ၌ စကားပြောဆိုလတ္တံ့၊ ထိုအကြောင်းကြောင့်သာလျှင် ပုဏ္ဏားတို့သည် ဤကာပဋိကလုလင်ကို ရှေ့ဆောင်ပြုလာကြကုန်၏”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ဘက်ကိုမျက်စိစိုက်ကြည့်သော အခါ ငါသည် ရဟန်းဂေါတမကို ပြဿနာမေးအံ့”ဟု အကြံဖြစ်၏။ ထိုအခါမြတ်စွာဘုရားသည် ကာပဋိကလုလင်၏ စိတ်အကြံကို (မိမိ) စိတ်တော်ဖြင့် သိ၍ ကာပဋိကလုလင်ရှိရာသို့စိုက်ကြည့်တော်မူ၏။

Then Caṅkī together with a large group of brahmins went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. Now at that time the Buddha was sitting engaged in some polite conversation together with some very senior brahmins. And the student Kāpaṭika was sitting in that assembly. He was young, tonsured, and sixteen years old. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. While the senior brahmins were conversing together with the Buddha, he interrupted. Then the Buddha rebuked Kāpaṭika, “Venerable Bhāradvāja, don’t interrupt the senior brahmins. Wait until they’ve finished speaking.” When he had spoken, Caṅkī said to the Buddha, “Worthy Gotama, don’t rebuke the student Kāpaṭika. He’s a gentleman, learned and astute, who enunciates well. He is capable of debating with the worthy Gotama about this.” Then it occurred to the Buddha, “Clearly the student Kāpaṭika will talk about the scriptural heritage of the three Vedas. That’s why the brahmins put him at the front.” Then Kāpaṭika thought, “When the ascetic Gotama looks at me, I’ll ask him a question.” Then the Buddha, knowing Kāpaṭika’s train of thought, looked at him.

စာ-၃၈၁

၄၂၇။ အထ ခေါ ကာပဋိကဿ မာဏဝဿ ဧတဒဟောသိ – ‘‘သမန္နာဟရတိ ခေါ မံ သမဏော ဂေါတမော။ ယံနူနာဟံ သမဏံ ဂေါတမံ ပဉှံ ပုစ္ဆေယျ’’န္တိ။ အထ ခေါ ကာပဋိကော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယဒိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာနံ ပေါရာဏံ မန္တပဒံ ဣတိဟိတိဟပရမ္ပရာယ ပိဋကသမ္ပဒါယ, တတ္ထ စ ဗြာဟ္မဏာ ဧကံသေန နိဋ္ဌံ ဂစ္ဆန္တိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ? ‘‘ကိံ ပန, ဘာရဒွါဇ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘ကိံ ပန, ဘာရဒွါဇ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကာစရိယောပိ, ဧကာစရိယပါစရိယောပိ, ယာဝ သတ္တမာ အာစရိယမဟယုဂါပိ, ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘ကိံ ပန, ဘာရဒွါဇ, ယေပိ တေ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော ယေသမိဒံ ဧတရဟိ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ တဒနုဂါယန္တိ တဒနုဘာသန္တိ ဘာသိတမနုဘာသန္တိ ဝါစိတမနုဝါစေန္တိ သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ ဧဝမာဟံသု – ‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ။ ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘ဣတိ ကိရ, ဘာရဒွါဇ, နတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’န္တိ၊ နတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကာစရိယောပိ ဧကာစရိယပါစရိယောပိ, ယာဝ သတ္တမာ အာစရိယမဟယုဂါပိ, ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’န္တိ၊ ယေပိ တေ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော ယေသမိဒံ ဧတရဟိ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ တဒနုဂါယန္တိ တဒနုဘာသန္တိ ဘာသိတမနုဘာသန္တိ ဝါစိတမနုဝါစေန္တိ သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ န ဧဝမာဟံသု – ‘မယမေတံ ဇာနာမ, မယမေတံ ပဿာမ။ ဣဒမေဝ သစ္စံ, မောဃမည’န္တိ။

၄၂၇။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ကို စိတ်ဝင်စားလာ၏၊ ငါသည်ရဟန်းဂေါတမကို ပြဿနာမေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်သည်မြတ်စွာဘုရားအား ဤစကားကို မေးလျှောက်၏ - “အသျှင်ဂေါတမ ပုဏ္ဏားတို့အား ဤသို့ဖြစ်သတတ်ဤသို့ဖြစ်သတတ်ဟု အဆက်ဆက် ဆောင်လာခြင်းဖြင့်, ကျမ်းဂန်အခိုင်အမာရှိခြင်းဖြင့် ရိုးရာဖြစ်သောဗေဒင်၌ ပုဏ္ဏားတို့သည် ‘ဤစကားသည်သာ မှန်၏၊ အခြားစကားသည် အချည်းနှီးသာတည်း’ဟုတစ်ဖက်သတ်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (မေးလျှောက်၏)။ ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်တလေသော ပုဏ္ဏားသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်သော ဆရာ၊ တစ်ယောက်တလေသော ဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ ဘာရဒွါဇပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည်ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကို မြင်ကြကုန်၏၊ ဤငါတို့အယူသည်သာမှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မပြောဆိုကြပါကုန်ဟု (လျှောက်၏)။ ဘာရဒွါဇ ဤသို့လျှင် ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကိုမြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသောပုဏ္ဏားတစ် ယောက်တလေမျှလည်း မရှိ၊ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည်ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟုပြောဆိုသောဆရာ၊ ဆရာ့ ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင် ဖြစ်သော ဆရာ့ဆရာ တစ်ယောက်တလေမျှလည်း မရှိ။ ပုဏ္ဏားတို့၏ လက်ဦးဆရာကုန်ဖြစ်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သောဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည် ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကိုမြင်ကြ ကုန်၏၊ ဤငါတို့အယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့မပြော ဆိုကြကုန်။

Then Kāpaṭika thought, “The ascetic Gotama is engaging with me. Why don’t I ask him a question?” Then he said, “Worthy Gotama, regarding that which by the lineage of testament and by canonical authority is the ancient hymnal of the brahmins, the brahmins come to the categorical conclusion: ‘This is the only truth, anything else is futile.’ What do you say about this?” “Well, Bhāradvāja, is there even a single one of the brahmins who says this: ‘I know this, I see this: this is the only truth, anything else is futile’?” “No, worthy Gotama.” “Well, is there even a single tutor of the brahmins, or a tutors’ tutor, or anyone back to the seventh generation of tutors, who says this: ‘I know this, I see this: this is the only truth, anything else is futile’?” “No, worthy Gotama.” “Well, what of the ancient seers of the brahmins, namely Aṭṭhaka, Vāmaka, Vāmadeva, Vessāmitta, Yamadaggi, Aṅgīrasa, Bhāradvāja, Vāseṭṭha, Kassapa, and Bhagu? They were the authors and propagators of the hymns. Their hymnal was sung and propagated and compiled in ancient times; and these days, brahmins continue to sing and chant it, chanting what was chanted and teaching what was taught. Did even they say: ‘We know this, we see this: this is the only truth, anything else is futile’?” “No, worthy Gotama.” “So, Bhāradvāja, it seems that there is not a single one of the brahmins, not even anyone back to the seventh generation of tutors, nor even the ancient seers of the brahmins who say: ‘We know this, we see this: this is the only truth, anything else is futile.’

စာ-၃၈၂

၄၂၈။ ‘‘သေယျထာပိ, ဘာရဒွါဇ, အန္ဓဝေဏိ ပရမ္ပရာသံသတ္တာ ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ၊ ဧဝမေဝ ခေါ, ဘာရဒွါဇ, အန္ဓဝေဏူပမံ မညေ ဗြာဟ္မဏာနံ ဘာသိတံ သမ္ပဇ္ဇတိ – ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ။ တံ ကိံ မညသိ, ဘာရဒွါဇ, နနု ဧဝံ သန္တေ ဗြာဟ္မဏာနံ အမူလိကာ သဒ္ဓါ သမ္ပဇ္ဇတီ’’တိ? ‘‘န ခွေတ္ထ, ဘော ဂေါတမ, ဗြာဟ္မဏာ သဒ္ဓါယေဝ ပယိရုပါသန္တိ, အနုဿဝါပေတ္ထ ဗြာဟ္မဏာ ပယိရုပါသန္တီ’’တိ။ ‘‘ပုဗ္ဗေဝ ခေါ တွံ, ဘာရဒွါဇ, သဒ္ဓံ အဂမာသိ, အနုဿဝံ ဣဒါနိ ဝဒေသိ။ ပဉ္စ ခေါ ဣမေ, ဘာရဒွါဇ, ဓမ္မာ ဒိဋ္ဌေဝ ဓမ္မေ ဒွေဓာ ဝိပါကာ။ ကတမေ ပဉ္စ? သဒ္ဓါ, ရုစိ, အနုဿဝေါ, အာကာရပရိဝိတက္ကော, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ – ဣမေ ခေါ, ဘာရဒွါဇ, ပဉ္စ ဓမ္မာ ဒိဋ္ဌေဝ ဓမ္မေ ဒွေဓာ ဝိပါကာ။ အပိ စ, ဘာရဒွါဇ, သုသဒ္ဒဟိတံယေဝ ဟောတိ, တဉ္စ ဟောတိ ရိတ္တံ တုစ္ဆံ မုသာ၊ နော စေပိ သုသဒ္ဒဟိတံ ဟောတိ, တဉ္စ ဟောတိ ဘူတံ တစ္ဆံ အနညထာ။ အပိ စ, ဘာရဒွါဇ, သုရုစိတံယေဝ ဟောတိ…ပေ… သွာနုဿုတံယေဝ ဟောတိ…ပေ… သုပရိဝိတက္ကိတံယေဝ ဟောတိ…ပေ… သုနိဇ္ဈာယိတံယေဝ ဟောတိ, တဉ္စ ဟောတိ ရိတ္တံ တုစ္ဆံ မုသာ၊ နော စေပိ သုနိဇ္ဈာယိတံ ဟောတိ, တဉ္စ ဟောတိ ဘူတံ တစ္ဆံ အနညထာ။ သစ္စမနုရက္ခတာ, ဘာရဒွါဇ, ဝိညုနာ ပုရိသေန နာလမေတ္ထ ဧကံသေန နိဋ္ဌံ ဂန္တုံ – ‘ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ။

၄၂၈။ ဘာရဒွါဇ ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းအစဥ်အတန်းသည်ရှိ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ပြောဆိုသော စကားသည် သူကန်းအစဥ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ပုဏ္ဏားတို့၏ ယုံကြည်ခြင်းသည် အခြေအမြစ်မရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် ယုံကြည်ချက်ဖြင့်သာလျှင် ဆည်းကပ်ကြကုန်သည် မဟုတ်ပါကုန်၊ ထိုအရာ၌ ပုဏ္ဏားတို့သည်တစ်ဆင့်ကြားဖြင့်လည်း ဆည်းကပ်ကြပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ သင်သည် ရှေ့က ယုံကြည်ချက်သို့ လိုက်၏၊ ယခု တစ်ဆင့်ကြားကို ပြောဆိုဘိ၏၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည်မျက်မှောက် ဘဝ၌ပင် (အမှန် အမှား) နှစ်ပါးသော အကျိုးရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ-ယုံကြည်ခြင်း ‘သဒ္ဓါ’၊ နှစ်သက်ခြင်း ‘ရုစိ’၊ တစ်ဆင့်ကြားခြင်း ‘အနုဿဝ’၊ အခြင်းအရာကို ကြံစည်ခြင်း‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း ‘ဒိဋ္ဌိနိဇ္စျာနက္ခ န္တိ’တို့တည်း၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည် မျက်မှောက်သော ဘဝ၌ပင် နှစ်ပါးသော အကျိုးရှိကုန်၏။ ဘာရဒွါဇ ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အလကား အမှား (မမှန်) ဖြစ်တက်၏၊ ကောင်းစွာ ယုံကြည်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည် ဖြစ်တက်၏၊ ဘာရဒွါဇကောင်းစွာ နှစ်သက်ထားသော်လည်း။ပ။ ကောင်းစွာ တစ်ဆင့်ကြားထားသော်လည်း။ပ။ ကောင်းစွာအဖန်ဖန် ကြံဆထားသော်လည်း။ပ။ ကောင်းစွာ ရှုဆင်ခြင်ထားသော်လည်း အချည်းနှီး အလကားအမှား ဖြစ်တက်၏၊ ကောင်းစွာ ရှုဆင်ခြင်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည်ဖြစ်တတ်၏၊ ဘာရဒွါဇ သစ္စာကို အစဥ်စောင့်ရှောက်သော သိကြားလိမ္မာသော ယောကျာ်းသည် ဤအရာ၌“ငါ၏ အယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ရောက်ခြင်းငှါ မသင့်ဟု (မိန့်တော်မူ၏)။

Suppose there was a queue of blind men, each holding the one in front: the first one does not see, the middle one does not see, and the last one does not see. In the same way, it seems to me that the brahmins’ statement turns out to be like a queue of blind men: the first one does not see, the middle one does not see, and the last one does not see. What do you think, Bhāradvāja? This being so, doesn’t the brahmins’ faith turn out to be baseless?” “The brahmins don’t just honor this because of faith, but also because of oral transmission.” “First you relied on faith, now you speak of oral transmission. These five things can be seen to turn out in two different ways in this very life. What five? Faith, endorsement, oral transmission, reasoned train of thought, and acceptance of a view after deliberation. Even though you have full faith in something, it may be vacuous, hollow, and false. And even if you don’t have full faith in something, it may be true and real, not otherwise. Even though you fully endorse something … something may be well transmitted … something may be well thought out … something may be well deliberated, it may be vacuous, hollow, and false. And even if something is not well deliberated, it may be true and real, not otherwise. For a sensible person who is preserving truth this is not sufficient to come to the categorical conclusion: ‘This is the only truth, anything else is futile.’”

၄၂၉။ ‘‘ကိတ္တာဝတာ ပန, ဘော ဂေါတမ, သစ္စာနုရက္ခဏာ ဟောတိ, ကိတ္တာဝတာ သစ္စမနုရက္ခတိ? သစ္စာနုရက္ခဏံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘သဒ္ဓါ စေပိ, ဘာရဒွါဇ, ပုရိသဿ ဟောတိ၊ ‘ဧဝံ မေ သဒ္ဓါ’တိ – ဣတိ ဝဒံ သစ္စမနုရက္ခတိ [ဧဝမေဝ သိဇ္ဈတီတိ ဣတိ ဝါ, တံ သစ္စမနုရက္ခတိ (က။)], နတွေဝ တာဝ ဧကံသေန နိဋ္ဌံ ဂစ္ဆတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ ( ) [(ဧတ္တာဝတာ ခေါ ဘာရဒွါဇ သစ္စာနုရက္ခဏာ ဟောတိ, ဧတ္တာဝတာ သစ္စမနုရက္ခတိ, ဧတ္တာဝတာ စ မယံ သစ္စာနုရက္ခဏံ ပညာပေမ, န တွေဝ တာဝ သစ္စာနုဗောဓော ဟောတိ) (သီ။ သျာ။ ကံ။ ပီ။)]။ ရုစိ စေပိ, ဘာရဒွါဇ, ပုရိသဿ ဟောတိ…ပေ… အနုဿဝေါ စေပိ, ဘာရဒွါဇ, ပုရိသဿ ဟောတိ…ပေ… အာကာရပရိဝိတက္ကော စေပိ, ဘာရဒွါဇ, ပုရိသဿ ဟောတိ…ပေ… ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ စေပိ, ဘာရဒွါဇ, ပုရိသဿ ဟောတိ၊ ‘ဧဝံ မေ ဒိဋ္ဌိနိဇ္ဈာနက္ခန္တီ’တိ – ဣတိ ဝဒံ သစ္စမနုရက္ခတိ, နတွေဝ တာဝ ဧကံသေန နိဋ္ဌံ ဂစ္ဆတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ။ ဧတ္တာဝတာ ခေါ, ဘာရဒွါဇ, သစ္စာနုရက္ခဏာ ဟောတိ, ဧတ္တာဝတာ သစ္စမနုရက္ခတိ, ဧတ္တာဝတာ စ မယံ သစ္စာနုရက္ခဏံ ပညပေမ၊ န တွေဝ တာဝ သစ္စာနုဗောဓော ဟောတီ’’တိ။

၄၂၉။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်း ဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို စောင့်ရှောက်ခြင်းကို မေးလျှောက်ကြပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဤသို့ ငါ့မှာ ယုံကြည်ခြင်းသည် ဖြစ်၏ဟု ယောကျာ်းမှာ ယုံကြည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ “ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ ယောကျာ်းအား နှစ်သက်ခြင်းသည် အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျာ်းအား တစ်ဆင့်ကြားခြင်းသည်အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျာ်းအား အခြင်းအရာကို ကြံစည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ဤသို့ ငါ့အား အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် ဖြစ်၏ဟုအယူကို စူးစိုက်ကြည့်ရှု ၍ ကျေနပ်ခြင်းသည် ယောကျာ်းအား အကယ်၍ ဖြစ်စေကာမူ“ဤအယူသည်သာ မှန်၏၊ အခြားအယူ သည် အချည်းနှီးသာတည်း”ဟု တစ်ဖက်သတ်ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ့ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကိုအစဥ်စောင့်သူ ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်သာ ငါတို့သည် သစ္စာကို စောင့်ရှောက်ခြင်းကိုပညတ်ကုန်၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင် သေးဟု (မိန့်တော်မူ၏)။

“But worthy Gotama, how do you define the preservation of truth?” “If a person has faith, they preserve truth by saying, ‘Such is my faith.’ But they don’t yet come to the categorical conclusion: ‘This is the only truth, anything else is futile.’ If a person endorses something … or has received an oral transmission … or has a reasoned train of thought about something … or has accepted a view after deliberation, they preserve truth by saying, ‘Such is the view I have accepted after deliberation.’ But they don’t yet come to the categorical conclusion: ‘This is the only truth, anything else is futile.’ That’s how the preservation of truth is defined, Bhāradvāja. I describe the preservation of truth as defined in this way. But this is not yet the awakening to the truth.”

စာ-၃၈၃

၄၃၀။ ‘‘ဧတ္တာဝတာ, ဘော ဂေါတမ, သစ္စာနုရက္ခဏာ ဟောတိ, ဧတ္တာဝတာ သစ္စမနုရက္ခတိ, ဧတ္တာဝတာ စ မယံ သစ္စာနုရက္ခဏံ ပေက္ခာမ။ ကိတ္တာဝတာ ပန, ဘော ဂေါတမ, သစ္စာနုဗောဓော ဟောတိ, ကိတ္တာဝတာ သစ္စမနုဗုဇ္ဈတိ? သစ္စာနုဗောဓံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဣဓ [ဣဓ ကိရ (သျာ။ ကံ။ က။)], ဘာရဒွါဇ, ဘိက္ခု အညတရံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ။ တမေနံ ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ ဥပသင်္ကမိတွာ တီသု ဓမ္မေသု သမန္နေသတိ – လောဘနီယေသု ဓမ္မေသု, ဒေါသနီယေသု ဓမ္မေသု, မောဟနီယေသု ဓမ္မေသု။ အတ္ထိ နု ခေါ ဣမဿာယသ္မတော တထာရူပါ လောဘနီယာ ဓမ္မာ ယထာရူပေဟိ လောဘနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘နတ္ထိ ခေါ ဣမဿာယသ္မတော တထာရူပါ လောဘနီယာ ဓမ္မာ ယထာရူပေဟိ လောဘနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ [ဒုက္ခာယာတိ (သဗ္ဗတ္ထ)]။ တထာရူပေါ [တထာ (သီ။ သျာ။ ကံ။ ပီ။)] ခေါ ပနိမဿာယသ္မတော ကာယသမာစာရော တထာရူပေါ [တထာ (သီ။ သျာ။ ကံ။ ပီ။)] ဝစီသမာစာရော ယထာ တံ အလုဒ္ဓဿ။ ယံ ခေါ ပန အယမာယသ္မာ ဓမ္မံ ဒေသေတိ, ဂမ္ဘီရော သော ဓမ္မော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊ န သော ဓမ္မော သုဒေသိယော လုဒ္ဓေနာ’’’တိ။

၄၃၀။ အသျှင်ဂေါတမ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါ၏၊ အကျွန်ုပ်တို့သည်လည်း ဤမျှအတိုင်းအရှည်ဖြင့်သစ္စာကို စောင့်ခြင်းကို ရှုမြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကိုထိုးထွင်း၍ သိခြင်းဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိသူဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် သစ္စာကို ထိုးထွင်း၍ သိခြင်းကို အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်းအမှီပြု၍နေ၏၊ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း ချဥ်းကပ်၍လောဘတရား ဒေါသတရား မောဟတရား သုံးပါးတို့၌ စူးစမ်း၏-“လောဘတရား လွှမ်းမိုးခံရသောစိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့် ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည် ဤအသျှင်အား ရှိလေသလော”ဟု စူးစမ်း၏၊ ထိုအသျှင်ကို စူးစမ်းသည်ရှိသော် “လောဘတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက် ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့်ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အား ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည်ဤအသျှင် အား မရှိ၊ လိုချင်တပ်မက်မှု မရှိသော သူ၏ ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏။ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံစည်၍ မရနိုင်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားမျိုးကို တပ်နှစ်သက်မှု ရှိသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟုသိ၏။

“That’s how the preservation of truth is defined, worthy Gotama. We regard the preservation of truth as defined in this way. But worthy Gotama, how do you define awakening to the truth?” “Bhāradvāja, take the case of a mendicant living supported by a town or village. A householder or their child approaches and scrutinizes them for three qualities: qualities that arouse greed, things that provoke hate, and things that promote delusion. ‘Does this venerable have any qualities that arouse greed? Such qualities that, were their mind to be overwhelmed by them, they might say that they know, even though they don’t know, or that they see, even though they don’t see; or that they might encourage others to do what is for their lasting harm and suffering?’ Scrutinizing them they find: ‘This venerable has no such qualities that arouse greed. Rather, that venerable has bodily and verbal behavior like that of someone without greed. And the principle that they teach is deep, hard to see, hard to understand, peaceful, sublime, beyond the scope of logic, subtle, comprehensible to the astute. It’s not easy for someone with greed to teach this.’

စာ-၃၈၄

၄၃၁။ ‘‘ယတော နံ သမန္နေသမာနော ဝိသုဒ္ဓံ လောဘနီယေဟိ ဓမ္မေဟိ သမနုပဿတိ တတော နံ ဥတ္တရိ သမန္နေသတိ ဒေါသနီယေသု ဓမ္မေသု။ အတ္ထိ နု ခေါ ဣမဿာယသ္မတော တထာရူပါ ဒေါသနီယာ ဓမ္မာ ယထာရူပေဟိ ဒေါသနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘နတ္ထိ ခေါ ဣမဿာယသ္မတော တထာရူပါ ဒေါသနီယာ ဓမ္မာ ယထာရူပေဟိ ဒေါသနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ တထာရူပေါ ခေါ ပနိမဿာယသ္မတော ကာယသမာစာရော တထာရူပေါ ဝစီသမာစာရော ယထာ တံ အဒုဋ္ဌဿ။ ယံ ခေါ ပန အယမာယသ္မာ ဓမ္မံ ဒေသေတိ, ဂမ္ဘီရော သော ဓမ္မော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊ န သော ဓမ္မော သုဒေသိယော ဒုဋ္ဌေနာ’’’တိ။

၄၃၁။ စူးစမ်းသော သူသည် လောဘတရားတို့မှ စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်းကို တဆင့်တက်၍ ဒေါသတရားတို့၌ စူးစမ်းပြန်၏-“ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား ရှိသလော”ဟု စူးစမ်း၏။ ထိုအသျှင်ကိုစူးစမ်းသည်ရှိသော် “ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား မရှိ၊ ဒေါသကင်းသော သူ၏ ကိုယ်နှုတ်အမူ အရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာနှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိအပ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားကို ဒေါသမကင်းသော သူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။

Scrutinizing them in this way they see that they are purified of qualities that arouse greed. Next, they scrutinize them for qualities that provoke hate. ‘Does this venerable have any qualities that provoke hate? Such qualities that, were their mind to be overwhelmed by them, they might say that they know, even though they don’t know, or that they see, even though they don’t see; or that they might encourage others to do what is for their lasting harm and suffering?’ Scrutinizing them they find: ‘This venerable has no such qualities that provoke hate. Rather, that venerable has bodily and verbal behavior like that of someone without hate. And the principle that they teach is deep, hard to see, hard to understand, peaceful, sublime, beyond the scope of logic, subtle, comprehensible to the astute. It’s not easy for someone with hate to teach this.’

၄၃၂။ ‘‘ယတော နံ သမန္နေသမာနော ဝိသုဒ္ဓံ ဒေါသနီယေဟိ ဓမ္မေဟိ သမနုပဿတိ, တတော နံ ဥတ္တရိ သမန္နေသတိ မောဟနီယေသု ဓမ္မေသု။ အတ္ထိ နု ခေါ ဣမဿာယသ္မတော တထာရူပါ မောဟနီယာ ဓမ္မာ ယထာရူပေဟိ မောဟနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘နတ္ထိ ခေါ ဣမဿာယသ္မတော တထာရူပါ မောဟနီယာ ဓမ္မာ ယထာရူပေဟိ မောဟနီယေဟိ ဓမ္မေဟိ ပရိယာဒိန္နစိတ္တော အဇာနံ ဝါ ဝဒေယျ – ဇာနာမီတိ, အပဿံ ဝါ ဝဒေယျ – ပဿာမီတိ, ပရံ ဝါ တဒတ္ထာယ သမာဒပေယျ ယံ ပရေသံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ တထာရူပေါ ခေါ ပနိမဿာယသ္မတော ကာယသမာစာရော တထာရူပေါ ဝစီသမာစာရော ယထာ တံ အမူဠှဿ။ ယံ ခေါ ပန အယမာယသ္မာ ဓမ္မံ ဒေသေတိ, ဂမ္ဘီရော သော ဓမ္မော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊ န သော ဓမ္မော သုဒေသိယော မူဠှေနာ’’’တိ။

‘‘ယတော နံ သမန္နေသမာနော ဝိသုဒ္ဓံ မောဟနီယေဟိ ဓမ္မေဟိ သမနုပဿတိ၊ အထ တမှိ သဒ္ဓံ နိဝေသေတိ, သဒ္ဓါဇာတော ဥပသင်္ကမတိ, ဥပသင်္ကမန္တော ပယိရုပါသတိ, ပယိရုပါသန္တော သောတံ ဩဒဟတိ, ဩဟိတသောတော ဓမ္မံ သုဏာတိ, သုတွာ ဓမ္မံ ဓာရေတိ, ဓတာနံ [ဓာရိတာနံ (က။)] ဓမ္မာနံ အတ္ထံ ဥပပရိက္ခတိ, အတ္ထံ ဥပပရိက္ခတော ဓမ္မာ နိဇ္ဈာနံ ခမန္တိ, ဓမ္မနိဇ္ဈာနက္ခန္တိယာ သတိ ဆန္ဒော ဇာယတိ, ဆန္ဒဇာတော ဥဿဟတိ, ဥဿဟိတွာ တုလေတိ, တုလယိတွာ ပဒဟတိ, ပဟိတတ္တော သမာနော ကာယေန စေဝ ပရမသစ္စံ သစ္ဆိကရောတိ ပညာယ စ နံ အတိဝိဇ္ဈ ပဿတိ။ ဧတ္တာဝတာ ခေါ, ဘာရဒွါဇ, သစ္စာနုဗောဓော ဟောတိ, ဧတ္တာဝတာ သစ္စမနုဗုဇ္ဈတိ, ဧတ္တာဝတာ စ မယံ သစ္စာနုဗောဓံ ပညပေမ၊ န တွေဝ တာဝ သစ္စာနုပ္ပတ္တိ ဟောတီ’’တိ။

၄၃၂။ စူးစမ်းသူသည် ဒေါသတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သော ကြောင့်ထိုရဟန်းကို တဆင့်တက်၍ မောဟတရားတို့၌ စူးစမ်းပြန်၏-“မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်းဆောက်တည်စေ ရာ၏၊ ထိုသို့သော မောဟတရား မျိုးသည် ဤအသျှင်အား ရှိလေသလော”ဟုစူးစမ်းပြန်၏။ ထို အသျှင်ကို စူးစမ်းသည်ရှိသော် “မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည်မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော မောဟ တရားမျိုးသည် ဤအသျှင်အား မရှိ၊ မောဟကင်းသောသူ၏ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင်ဟောကြားအပ်သော တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိနိုင်၊ သိမ်မွေ့၏၊ ပညာရှိ တို့သာ သိအပ်၏၊ ထိုတရားကို မောဟမကင်းသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။ စူးစမ်းသူသည် မောဟတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်း၌ ယုံကြည်မှုကို ဖြစ်ပွါးစေ၏၊ ယုံကြည်မှု ဖြစ်သည်ရှိသော် ချဥ်းကပ်၏၊ ချဥ်းကပ်သည်ရှိသော်ဆည်းကပ်၏၊ ဆည်းကပ်သည်ရှိသော် နားထောင်၏၊ နားထောင်သောသူသည် တရားကို နာယူ၏၊ ကြားနာရ၍ တရားကို ဆောင်၏၊ ဆောင်ထားသော တရားတို့၏ အနက်သဘောကို စူးစမ်းဆင်ခြင်၏၊ အနက်သဘောကို စူးစမ်းဆင်ခြင်သည်ရှိသော် တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ ခံ့ကုန်၏၊ တရားတို့သည်ရှုဆင်ခြင်ခြင်းငှါ ခံ့သည်ရှိသော် အလိုဆန္ဒသည် ဖြစ်၏၊ အလိုဆန္ဒဖြစ်သည်ရှိသော် အားထုတ်၏၊ အားထုတ်သည်ရှိသော် နှိုင်းချိန်၏၊ နှိုင်းချိန်ပြီးသော် ပြင်းစွာအားထုတ်၏၊ စိတ်စိုက်နေသည်ရှိသော် ကိုယ် (နာမကာယ) ဖြင့်လည်း မွန်မြတ်သောသစ္စာကို မျက်မှောက်ပြုနိုင်၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်နိုင်၏။ အာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်မဂ်ကို လျော်စွာ သိတက်သူ ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း ငါတို့သည် သစ္စာကို လျော်စွာသိခြင်းကို ပညတ်ပြောဆိုကုန်၏၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်ကား မဖြစ်သေးသည်သာတည်းဟု (မိန့်တော်မူ၏)။

Scrutinizing them in this way they see that they are purified of qualities that provoke hate. Next, they scrutinize them for qualities that promote delusion. ‘Does this venerable have any qualities that promote delusion? Such qualities that, were their mind to be overwhelmed by them, they might say that they know, even though they don’t know, or that they see, even though they don’t see; or that they might encourage others to do what is for their lasting harm and suffering?’ Scrutinizing them they find: ‘This venerable has no such qualities that promote delusion. Rather, that venerable has bodily and verbal behavior like that of someone without delusion. And the principle that they teach is deep, hard to see, hard to understand, peaceful, sublime, beyond the scope of logic, subtle, comprehensible to the astute. It’s not easy for someone with delusion to teach this.’ Scrutinizing them in this way they see that they are purified of qualities that promote delusion. Next, they place faith in them. When faith has arisen they approach the teacher. They pay homage, actively listen, hear the teachings, remember the teachings, examine their meaning, and accept them after deliberation. Then enthusiasm springs up; they make an attempt, weigh up, and strive. Striving, they directly realize the ultimate truth, and see it with penetrating wisdom. That’s how the awakening to truth is defined, Bhāradvāja. I describe the awakening to truth as defined in this way. But this is not yet the attainment of truth.”

၄၃၃။ ‘‘ဧတ္တာဝတ္တာ, ဘော ဂေါတမ, သစ္စာနုဗောဓော ဟောတိ, ဧတ္တာဝတာ သစ္စမနုဗုဇ္ဈတိ, ဧတ္တာဝတာ စ မယံ သစ္စာနုဗောဓံ ပေက္ခာမ။ ကိတ္တာဝတာ ပန, ဘော ဂေါတမ, သစ္စာနုပ္ပတ္တိ ဟောတိ, ကိတ္တာဝတာ သစ္စမနုပါပုဏာတိ? သစ္စာနုပ္ပတ္တိံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘တေသံယေ, ဘာရဒွါဇ, ဓမ္မာနံ အာသေဝနာ ဘာဝနာ ဗဟုလီကမ္မံ သစ္စာနုပ္ပတ္တိ ဟောတိ။ ဧတ္တာဝတာ ခေါ, ဘာရဒွါဇ, သစ္စာနုပ္ပတ္တိ ဟောတိ, ဧတ္တာဝတာ သစ္စမနုပါပုဏာတိ, ဧတ္တာဝတာ စ မယံ သစ္စာနုပ္ပတ္တိံ ပညပေမာ’’တိ။

၄၃၃။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိသူ ဖြစ်ပါ၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်မဂ်ကို ထိုးထွင်း၍ သိခြင်းကို မြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် ဖိုလ်ကိုမျက်မှောက်ပြုခြင်းသည် ဖြစ်ပါသနည်း။ ဖိုလ်သို့ အစဥ်ရောက်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ထိုတရားတို့ကိုသာလျှင် ထုံခြင်းကြောင့် ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဘာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း ငါတို့သည် ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ပညတ်ကုန်၏ဟု (မိန့်တော်မူ၏)။

“That’s how the awakening to truth is defined, worthy Gotama. I regard the awakening to truth as defined in this way. But worthy Gotama, how do you define the attainment of truth?” “By the cultivation, development, and making much of these very same things there is the attainment of truth. That’s how the attainment of truth is defined, Bhāradvāja. I describe the attainment of truth as defined in this way.”

၄၃၄။ ‘‘ဧတ္တာဝတာ, ဘော ဂေါတမ, သစ္စာနုပ္ပတ္တိ ဟောတိ, ဧတ္တာဝတာ သစ္စမနုပါပုဏာတိ, ဧတ္တာဝတာ စ မယံ သစ္စာနုပ္ပတ္တိံ ပေက္ခာမ။ သစ္စာနုပ္ပတ္တိယာ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? သစ္စာနုပ္ပတ္တိယာ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘သစ္စာနုပ္ပတ္တိယာ ခေါ, ဘာရဒွါဇ, ပဓာနံ ဗဟုကာရံ။ နော စေတံ ပဒဟေယျ, နယိဒံ သစ္စမနုပါပုဏေယျ။ ယသ္မာ စ ခေါ ပဒဟတိ တသ္မာ သစ္စမနုပါပုဏာတိ။ တသ္မာ သစ္စာနုပ္ပတ္တိယာ ပဓာနံ ဗဟုကာရ’’န္တိ။

‘‘ပဓာနဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ပဓာနဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ပဓာနဿ ခေါ, ဘာရဒွါဇ, တုလနာ ဗဟုကာရာ။ နော စေတံ တုလေယျ, နယိဒံ ပဒဟေယျ။ ယသ္မာ စ ခေါ တုလေတိ တသ္မာ ပဒဟတိ။ တသ္မာ ပဓာနဿ တုလနာ ဗဟုကာရာ’’တိ။

‘‘တုလနာယ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? တုလနာယ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘တုလနာယ ခေါ, ဘာရဒွါဇ, ဥဿာဟော ဗဟုကာရော။ နော စေတံ ဥဿဟေယျ, နယိဒံ တုလေယျ။ ယသ္မာ စ ခေါ ဥဿဟတိ တသ္မာ တုလေတိ။ တသ္မာ တုလနာယ ဥဿာဟော ဗဟုကာရော’’တိ။

‘‘ဥဿာဟဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဥဿာဟဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဥဿာဟဿ ခေါ, ဘာရဒွါဇ, ဆန္ဒော ဗဟုကာရော။ နော စေတံ ဆန္ဒော ဇာယေထ, နယိဒံ ဥဿဟေယျ။ ယသ္မာ စ ခေါ ဆန္ဒော ဇာယတိ တသ္မာ ဥဿဟတိ။ တသ္မာ ဥဿာဟဿ ဆန္ဒော ဗဟုကာရော’’တိ။

‘‘ဆန္ဒဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဆန္ဒဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဆန္ဒဿ ခေါ, ဘာရဒွါဇ, ဓမ္မနိဇ္ဈာနက္ခန္တိ ဗဟုကာရာ။ နော စေတေ ဓမ္မာ နိဇ္ဈာနံ ခမေယျုံ, နယိဒံ ဆန္ဒော ဇာယေထ။ ယသ္မာ စ ခေါ ဓမ္မာ နိဇ္ဈာနံ ခမန္တိ တသ္မာ ဆန္ဒော ဇာယတိ။ တသ္မာ ဆန္ဒဿ ဓမ္မနိဇ္ဈာနက္ခန္တိ ဗဟုကာရာ’’တိ။

‘‘ဓမ္မနိဇ္ဈာနက္ခန္တိယာ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဓမ္မနိဇ္ဈာနက္ခန္တိယာ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဓမ္မနိဇ္ဈာနက္ခန္တိယာ ခေါ, ဘာရဒွါဇ, အတ္ထူပပရိက္ခာ ဗဟုကာရာ။ နော စေတံ အတ္ထံ ဥပပရိက္ခေယျ, နယိဒံ ဓမ္မာ နိဇ္ဈာနံ ခမေယျုံ။ ယသ္မာ စ ခေါ အတ္ထံ ဥပပရိက္ခတိ တသ္မာ ဓမ္မာ နိဇ္ဈာနံ ခမန္တိ။ တသ္မာ ဓမ္မနိဇ္ဈာနက္ခန္တိယာ အတ္ထူပပရိက္ခာ ဗဟုကာရာ’’တိ။

‘‘အတ္ထူပပရိက္ခာယ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? အတ္ထူပပရိက္ခာယ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘အတ္ထူပပရိက္ခာယ ခေါ, ဘာရဒွါဇ, ဓမ္မဓာရဏာ ဗဟုကာရာ။ နော စေတံ ဓမ္မံ ဓာရေယျ, နယိဒံ အတ္ထံ ဥပပရိက္ခေယျ။ ယသ္မာ စ ခေါ ဓမ္မံ ဓာရေတိ တသ္မာ အတ္ထံ ဥပပရိက္ခတိ။ တသ္မာ အတ္ထူပပရိက္ခာယ ဓမ္မဓာရဏာ ဗဟုကာရာ’’တိ။

‘‘ဓမ္မဓာရဏာယ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဓမ္မဓာရဏာယ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဓမ္မဓာရဏာယ ခေါ, ဘာရဒွါဇ, ဓမ္မဿဝနံ ဗဟုကာရံ။ နော စေတံ ဓမ္မံ သုဏေယျ, နယိဒံ ဓမ္မံ ဓာရေယျ။ ယသ္မာ စ ခေါ ဓမ္မံ သုဏာတိ တသ္မာ ဓမ္မံ ဓာရေတိ။ တသ္မာ ဓမ္မဓာရဏာယ ဓမ္မဿဝနံ ဗဟုကာရ’’န္တိ။

‘‘ဓမ္မဿဝနဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဓမ္မဿဝနဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဓမ္မဿဝနဿ ခေါ, ဘာရဒွါဇ, သောတာဝဓာနံ ဗဟုကာရံ။ နော စေတံ သောတံ ဩဒဟေယျ, နယိဒံ ဓမ္မံ သုဏေယျ။ ယသ္မာ စ ခေါ သောတံ ဩဒဟတိ တသ္မာ ဓမ္မံ သုဏာတိ။ တသ္မာ ဓမ္မဿဝနဿ သောတာဝဓာနံ ဗဟုကာရ’’န္တိ။

‘‘သောတာဝဓာနဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? သောတာဝဓာနဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘သောတာဝဓာနဿ ခေါ, ဘာရဒွါဇ, ပယိရုပါသနာ ဗဟုကာရာ။ နော စေတံ ပယိရုပါသေယျ, နယိဒံ သောတံ ဩဒဟေယျ။ ယသ္မာ စ ခေါ ပယိရုပါသတိ တသ္မာ သောတံ ဩဒဟတိ။ တသ္မာ သောတာဝဓာနဿ ပယိရုပါသနာ ဗဟုကာရာ’’တိ။

‘‘ပယိရုပါသနာယ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ပယိရုပါသနာယ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ပယိရုပါသနာယ ခေါ, ဘာရဒွါဇ, ဥပသင်္ကမနံ ဗဟုကာရံ။ နော စေတံ ဥပသင်္ကမေယျ, နယိဒံ ပယိရုပါသေယျ။ ယသ္မာ စ ခေါ ဥပသင်္ကမတိ တသ္မာ ပယိရုပါသတိ။ တသ္မာ ပယိရုပါသနာယ ဥပသင်္ကမနံ ဗဟုကာရ’’န္တိ။

‘‘ဥပသင်္ကမနဿ ပန, ဘော ဂေါတမ, ကတမော ဓမ္မော ဗဟုကာရော? ဥပသင်္ကမနဿ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ ပုစ္ဆာမာ’’တိ။ ‘‘ဥပသင်္ကမနဿ ခေါ, ဘာရဒွါဇ, သဒ္ဓါ ဗဟုကာရာ။ နော စေတံ သဒ္ဓါ ဇာယေထ, နယိဒံ ဥပသင်္ကမေယျ။ ယသ္မာ စ ခေါ သဒ္ဓါ ဇာယတိ တသ္မာ ဥပသင်္ကမတိ။ တသ္မာ ဥပသင်္ကမနဿ သဒ္ဓါ ဗဟုကာရာ’’တိ။

၄၃၄။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မြင်ကြပါကုန်၏၊ အသျှင်ဂေါတမ အဘယ်တရားသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ (မဂ်ကို) အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြု၏၊အကယ်၍ ထိုမဂ်ကို အားမထုတ်ငြားအံ့၊ ဖိုလ်သို့ လျောက်ပတ်စွာ မရောက်နိုင်လေရာ၊ မဂ်ကို အားထုတ်ခြင်းကြောင့်သာ ဖိုလ်သို့ လျောက်ပတ်စွာ ရောက်နိုင်၏၊ ထို့ကြောင့် (မဂ်ကို) အားထုတ်ခြင်းသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာကျေးဇူးပြု၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ မဂ်ကိုအားထုတ်ခြင်း အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မဂ်ကို အားထုတ်ခြင်းအား ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နှိုင်းချိန်ခြင်းသည် မဂ်ကို အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မနှိုင်းချိန် ငြားအံ့၊ ဤမဂ်ကို ပွါးများခြင်းကို အားမထုတ်လေရာ၊ နှိုင်းချိန်သောကြောင့်သာ (မဂ်ကို ရအောင်) အားထုတ်၏၊ ထို့ကြောင့် မဂ်ကို အားထုတ်ခြင်းအား နှိုင်းချိန်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်တရားသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ အားမထုတ်ငြားအံ့၊ မနှိုင်းချိန်လေရာ၊ အားထုတ်သောကြောင့်သာ နှိုင်းချိန်၏၊ ထို့ကြောင့် အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်တရားသည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ’ သည် အားထုတ်ခြင်းအား များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ပြုလိုမှု ‘ဆန္ဒ’ မဖြစ်ငြားအံ့၊ အားမထုတ်လေရာ၊ ပြုလိုမှု ‘ဆန္ဒ’ ဖြစ်သောကြောင့်သာ အားထုတ်၏၊ ထို့ကြောင့် ပြုလိုမှု ‘ဆန္ဒ’သည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပြုလိုမှု ‘ဆန္ဒ’ အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ပြုလိုမှု ‘ဆန္ဒ’ အား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ’အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ ထိုတရားတို့ကို အကယ်၍ စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းမဖြစ်ငြားအံ့၊ ပြုလိုမှု ‘ဆန္ဒ’ သည် မဖြစ်လေရာ၊ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်သောကြောင့်သာပြုလိုမှု ‘ဆန္ဒ’သည် ဖြစ်၏၊ ထို့ကြောင့် ပြုလိုမှု‘ဆန္ဒ’ အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အနက်သဘောကို စူးစမ်းခြင်းသည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုအနက်သဘောကို စူးစမ်းခြင်းသည် မဖြစ်ငြားအံ့၊ ဤတရားတို့ကိုစူးစိုက်ကြည့်ရှု၍ ကျေနပ်မှု မရကုန်ရာ၊ အနက်သဘောကို စူးစမ်းသောကြောင့်သာ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်မှုရကုန်၏၊ ထို့ကြောင့် အနက်သဘောကို စူးစမ်းခြင်းသည် တရားတို့ကို စူးစိုက်ကြည့်ရှုရာ၌ ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အနက်သဘောကို စူးစမ်းခြင်းအား အဘယ်တရားသည် များစွာကျေးဇူး ပြုတတ်ပါသနည်း၊ အနက်သဘောကို စူးစမ်းခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အနက်သဘောကို့စူးစမ်းခြင်းအား တရားကို ဆောင်ခြင်းမှတ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကိုမဆောင်ငြား မမှတ်ငြားအံ့၊ ဤအနက်သဘောကို မစူးစမ်းနိုင်လေရာ၊ တရားကိုဆောင်ထားမှတ်ထားသောကြောင့်သာ အနက်သဘောကို စူးစမ်းနိုင်၏၊ ထို့ကြောင့် အနက်သဘောကိုစူးစမ်းခြင်းအား တရားကို ဆောင်ထား ခြင်း မှတ်ထားခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇတရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားကို ကြားနာခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကို မကြားနာငြားအံ့၊ ဤတရားကို မဆောင်ထား မမှတ်ထား နိုင်လေရာ၊ တရားကိုကြားနာသောကြောင့်သာ တရားကို ဆောင် မှတ်နိုင်၏၊ ထို့ကြောင့် တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားတော်ကို ကြားနာခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ တရားနာခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားနာခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ နားမစိုက်ငြားအံ့၊ ဤတရားကို မနာလေရာ၊ နားစိုက်သောကြောင့်သာတရားကို နာ၏၊ ထို့ကြောင့် တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ နားစိုက်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နားစိုက်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မဆည်းကပ်ငြားအံ့၊ ဤသို့ နားမစိုက်လေရာ၊ ဆည်းကပ်သောကြောင့်သာ နားစိုက်၏၊ ထို့ကြောင့် နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော် မူ၏)။ အသျှင်ဂေါတမ ဆည်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဆည်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဆည်းကပ်ခြင်းအား ချဥ်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ ထိုသို့ မချဥ်းကပ်ငြားအံ့၊ ဤသို့ ဆည်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ချဥ်းကပ် သောကြောင့်သာ ဆည်းကပ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ဆည်းကပ်ခြင်းအားချဥ်းကပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ချဥ်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ချဥ်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ချဥ်းကပ်ခြင်းအား ယုံကြည်မှု ‘သဒ္ဓါ’ သည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုသို့ ယုံကြည်မှု ‘သဒ္ဓါ’ မဖြစ်ငြားအံ့၊ ဤသို့ ချဥ်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ယုံကြည်မှု ‘သဒ္ဓါ’ ဖြစ်သောကြောင့်သာ ချဥ်းကပ်၏၊ ထို့ကြောင့် ချဥ်းကပ်ခြင်းအား ယုံကြည်မှု‘သဒ္ဓါ’သည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

“That’s how the attainment of truth is defined, worthy Gotama. I regard the attainment of truth as defined in this way. But what quality is helpful for arriving at the truth?” “Striving is helpful for arriving at the truth. If you don’t strive, you won’t arrive at the truth. You arrive at the truth because you strive. That’s why striving is helpful for arriving at the truth.” “But what quality is helpful for striving?” “Weighing up the teachings is helpful for striving … Making an attempt is helpful for weighing up the teachings … Enthusiasm is helpful for making an attempt … Acceptance of the teachings after deliberation is helpful for enthusiasm … Examining the meaning of the teachings is helpful for accepting them after deliberation … Remembering the teachings is helpful for examining their meaning … Hearing the teachings is helpful for remembering the teachings … Active listening is helpful for hearing the teachings … Paying homage is helpful for active listening … Approaching is helpful for paying homage … Faith is helpful for approaching a teacher. If you don’t give rise to faith, you won’t approach a teacher. You approach a teacher because you have faith. That’s why faith is helpful for approaching a teacher.”

၄၃၅။ ‘‘သစ္စာနုရက္ခဏံ မယံ ဘဝန္တံ ဂေါတမံ အပုစ္ဆိမှ, သစ္စာနုရက္ခဏံ ဘဝံ ဂေါတမော ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ တေန စမှ အတ္တမနာ။ သစ္စာနုဗောဓံ မယံ ဘဝန္တံ ဂေါတမံ အပုစ္ဆိမှ, သစ္စာနုဗောဓံ ဘဝံ ဂေါတမော ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ တေန စမှ အတ္တမနာ။ သစ္စာနုပ္ပတ္တိံ မယံ ဘဝန္တံ ဂေါတမံ အပုစ္ဆိမှ, သစ္စာနုပ္ပတ္တိံ ဘဝံ ဂေါတမော ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ တေန စမှ အတ္တမနာ။ သစ္စာနုပ္ပတ္တိယာ ဗဟုကာရံ ဓမ္မံ မယံ ဘဝန္တံ ဂေါတမံ အပုစ္ဆိမှ, သစ္စာနုပ္ပတ္တိယာ ဗဟုကာရံ ဓမ္မံ ဘဝံ ဂေါတမော ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ တေန စမှ အတ္တမနာ။ ယံယဒေဝ စ မယံ ဘဝန္တံ ဂေါတမံ အပုစ္ဆိမှ တံတဒေဝ ဘဝံ ဂေါတမော ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ တေန စမှ အတ္တမနာ။ မယဉှိ, ဘော ဂေါတမ, ပုဗ္ဗေ ဧဝံ ဇာနာမ – ‘ကေ စ မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကဏှာ ဗန္ဓုပါဒါပစ္စာ, ကေ စ ဓမ္မဿ အညာတာရော’တိ? အဇနေသိ ဝတ မေ ဘဝံ ဂေါတမော သမဏေသု သမဏပေမံ, သမဏေသု သမဏပသာဒံ, သမဏေသု သမဏဂါရဝံ။ အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

စင်္ကီသုတ္တံ နိဋ္ဌိတံ ပဉ္စမံ။

၄၃၅။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို အစဥ်စောင့်ရှောက်ခြင်းကို မေးပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို အစဥ်စောင့်ရှောက်ခြင်းကို ဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားတော်မူချက်ကိုလည့်းအကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအားသစ္စာကို လျော်စွာသိခြင်းကို မေးလျှောက်ပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို လျော်စွာသိခြင်းကိုဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်းနှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးပါကုန်၏၊ အသျှင်ဂေါတမသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ်ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏၊ အသျှင်ဂေါတမသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအားများစွာ ကျေးဇူးပြုတတ်သော တရားကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့ မေးတိုင်းမေးတိုင်း ပြဿနာကိုပင် အသျှင်ဂေါတမသည် ဖြေကြားတော်မူ၏၊ ထို ဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ ကုန်၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည်ရှေးအခါက အလကား ဦးပြည်းရဟန်းယုတ်တို့သည် ဇာတ်နိမ့်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာမင်း၏ခြေမှ မွေးဖွားကုန်၏၊ အဘယ်မှာ တရားသဘောကို သိကြကုန်အံ့နည်းဟု ဤသို့ အထင်မှားကြပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ ရဟန်းဟူသော ကြည်ညိုခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ရဟန်းဟူသော ရိုသေခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်တက်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ ငါးခုမြောက် စင်္ကီသုတ် ပြီး၏။ ၁။ အတိုင်ပင်ခံအမတ်

“I’ve asked the worthy Gotama about the preservation of truth, and he has answered me. I endorse and accept this, and am satisfied with it. I’ve asked the worthy Gotama about awakening to the truth, and he has answered me. I endorse and accept this, and am satisfied with it. I’ve asked the worthy Gotama about the attainment of truth, and he has answered me. I endorse and accept this, and am satisfied with it. I’ve asked the worthy Gotama about the things that are helpful for the attainment of truth, and he has answered me. I endorse and accept this, and am satisfied with it. Whatever point I have asked the worthy Gotama about he has answered me. I endorse and accept this, and am satisfied with it. Worthy Gotama, I used to think this: ‘Who are these shavelings, fake ascetics, primitives, black spawn from the feet of our kinsman next to those who understand the teaching?’ The Buddha has inspired me to have fondness, confidence, and respect for ascetics! Excellent, worthy Gotama! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၆။ ဧသုကာရီသုတ္တံ

၄၃၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဧသုကာရီ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဧသုကာရီ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, စတဿော ပါရိစရိယာ ပညပေန္တိ – ဗြာဟ္မဏဿ ပါရိစရိယံ ပညပေန္တိ, ခတ္တိယဿ ပါရိစရိယံ ပညပေန္တိ, ဝေဿဿ ပါရိစရိယံ ပညပေန္တိ, သုဒ္ဒဿ ပါရိစရိယံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ဗြာဟ္မဏဿ ပါရိစရိယံ ပညပေန္တိ – ‘ဗြာဟ္မဏော ဝါ ဗြာဟ္မဏံ ပရိစရေယျ, ခတ္တိယော ဝါ ဗြာဟ္မဏံ ပရိစရေယျ, ဝေဿော ဝါ ဗြာဟ္မဏံ ပရိစရေယျ, သုဒ္ဒေါ ဝါ ဗြာဟ္မဏံ ပရိစရေယျာ’တိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ဗြာဟ္မဏဿ ပါရိစရိယံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ခတ္တိယဿ ပါရိစရိယံ ပညပေန္တိ – ‘ခတ္တိယော ဝါ ခတ္တိယံ ပရိစရေယျ, ဝေဿော ဝါ ခတ္တိယံ ပရိစရေယျ, သုဒ္ဒေါ ဝါ ခတ္တိယံ ပရိစရေယျာ’တိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ခတ္တိယဿ ပါရိစရိယံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ဝေဿဿ ပါရိစရိယံ ပညပေန္တိ – ‘ဝေဿော ဝါ ဝေဿံ ပရိစရေယျ, သုဒ္ဒေါ ဝါ ဝေဿံ ပရိစရေယျာ’တိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ဝေဿဿ ပါရိစရိယံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ သုဒ္ဒဿ ပါရိစရိယံ ပညပေန္တိ – ‘သုဒ္ဒေါဝ သုဒ္ဒံ ပရိစရေယျ။ ကော ပနညော သုဒ္ဒံ ပရိစရိဿတီ’တိ? ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ သုဒ္ဒဿ ပါရိစရိယံ ပညပေန္တိ။ ဗြာဟ္မဏာ, ဘော ဂေါတမ, ဣမာ စတဿော ပါရိစရိယာ ပညပေန္တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ။

၆-ဧသုကာရီသုတ် ၄၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -“အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးအားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းမျိုးးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ကုန်သည်မျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ပုဏ္ဏားမျိုးအာ့းလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ မင်းမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲ မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင်ပုဏ္ဏားမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ မင်းအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းသည်မျိုးမူလည်းမင်းကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် မင်းအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။ အသျှင်ဂေါတမ ထိုလုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ကုန်သည်မျိုးအား လုပ်ကျွေးခြင်း ကိုပညတ်ပါကုန်၏၊ ကုန်သည်မျိုးသည်မူလည်း ကုန်သည်ကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူ လည်းကုန်သည်ကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် ကုန်သည်အားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးသည်သာ သူဆင်းရဲအား လုပ်ကျွေးရာပါ၏၊ တစ်ပါးသော အမျိုးသည် သူဆင်းရဲကို အဘယ်မှာ လုပ်ကျွေးပါလတ္တံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် သူဆင်းရဲအား ဤသို့သာလျှင် လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤလေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ဤသို့ပညတ်ရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

Middle Discourses 96 With Esukārī So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Esukārī the brahmin went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, the brahmins prescribe four kinds of service: for a brahmin, an aristocrat, a peasant, and a menial. This is the service they prescribe for a brahmin: ‘A brahmin, an aristocrat, a peasant, and a menial may all serve a brahmin.’ This is the service they prescribe for an aristocrat: ‘An aristocrat, a peasant, and a menial may all serve an aristocrat.’ This is the service they prescribe for a peasant: ‘A peasant or a menial may serve a peasant.’ This is the service they prescribe for a menial: ‘Only a menial may serve a menial. For who else will serve a menial?’ These are the four kinds of service that the brahmins prescribe. What do you say about this?”

စာ-၃၈၉

၄၃၇။ ‘‘ကိံ ပန, ဗြာဟ္မဏ, သဗ္ဗော လောကော ဗြာဟ္မဏာနံ ဧတဒဗ္ဘနုဇာနာတိ – ‘ဣမာ စတဿော ပါရိစရိယာ ပညပေန္တူ’’’တိ [ပညပေန္တီတိ (သီ။ က။)]? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘သေယျထာပိ, ဗြာဟ္မဏ, ပုရိသော ဒလိဒ္ဒေါ [ဒဠိဒ္ဒေါ (သီ။ သျာ။ ကံ။ ပီ။)] အဿကော အနာဠှိယော။ တဿ အကာမဿ ဗိလံ ဩလဂ္ဂေယျုံ – ‘ဣဒံ တေ, အမ္ဘော ပုရိသ, မံသံ ခါဒိတဗ္ဗံ, မူလဉ္စ အနုပ္ပဒါတဗ္ဗ’န္တိ။ ဧဝမေဝ ခေါ, ဗြာဟ္မဏ, ဗြာဟ္မဏာ အပ္ပဋိညာယ တေသံ သမဏဗြာဟ္မဏာနံ, အထ စ ပနိမာ စတဿော ပါရိစရိယာ ပညပေန္တိ။ နာဟံ, ဗြာဟ္မဏ, ‘သဗ္ဗံ ပရိစရိတဗ္ဗ’န္တိ ဝဒါမိ၊ နာဟံ, ဗြာဟ္မဏ, ‘သဗ္ဗံ န ပရိစရိတဗ္ဗ’န္တိ ဝဒါမိ။ ယံ ဟိဿ, ဗြာဟ္မဏ, ပရိစရတော ပါရိစရိယာဟေတု ပါပိယော အဿ န သေယျော, နာဟံ တံ ‘ပရိစရိတဗ္ဗ’န္တိ ဝဒါမိ၊ ယဉ္စ ခွါဿ, ဗြာဟ္မဏ, ပရိစရတော ပါရိစရိယာဟေတု သေယျော အဿ န ပါပိယော တမဟံ ‘ပရိစရိတဗ္ဗ’န္တိ ဝဒါမိ။ ခတ္တိယံ စေပိ, ဗြာဟ္မဏ, ဧဝံ ပုစ္ဆေယျုံ – ‘ယံ ဝါ တေ ပရိစရတော ပါရိစရိယာဟေတု ပါပိယော အဿ န သေယျော, ယံ ဝါ တေ ပရိစရတော ပါရိစရိယာဟေတု သေယျော အဿ န ပါပိယော၊ ကမေတ္ထ ပရိစရေယျာသီ’တိ, ခတ္တိယောပိ ဟိ, ဗြာဟ္မဏ, သမ္မာ ဗျာကရမာနော ဧဝံ ဗျာကရေယျ – ‘ယဉှိ မေ ပရိစရတော ပါရိစရိယာဟေတု ပါပိယော အဿ န သေယျော, နာဟံ တံ ပရိစရေယျံ၊ ယဉ္စ ခေါ မေ ပရိစရတော ပါရိစရိယာဟေတု သေယျော အဿ န ပါပိယော တမဟံ ပရိစရေယျ’န္တိ။ ဗြာဟ္မဏံ စေပိ, ဗြာဟ္မဏ…ပေ… ဝေဿံ စေပိ, ဗြာဟ္မဏ…ပေ… သုဒ္ဒံ စေပိ, ဗြာဟ္မဏ, ဧဝံ ပုစ္ဆေယျုံ – ‘ယံ ဝါ တေ ပရိစရတော ပါရိစရိယာဟေတု ပါပိယော အဿ န သေယျော, ယံ ဝါ တေ ပရိစရတော ပါရိစရိယာဟေတု သေယျော အဿ န ပါပိယော၊ ကမေတ္ထ ပရိစရေယျာသီ’တိ, သုဒ္ဒေါပိ ဟိ, ဗြာဟ္မဏ, သမ္မာ ဗျာကရမာနော ဧဝံ ဗျာကရေယျ – ‘ယဉှိ မေ ပရိစရတော ပါရိစရိယာဟေတု ပါပိယော အဿ န သေယျော, နာဟံ တံ ပရိစရေယျံ၊ ယဉ္စ ခေါ မေ ပရိစရတော ပါရိစရိယာဟေတု သေယျော အဿ န ပါပိယော တမဟံ ပရိစရေယျ’န္တိ။ နာဟံ, ဗြာဟ္မဏ, ‘ဥစ္စာကုလီနတာ သေယျံသော’တိ ဝဒါမိ, န ပနာဟံ, ဗြာဟ္မဏ, ‘ဥစ္စာကုလီနတာ ပါပိယံသော’တိ ဝဒါမိ၊ နာဟံ, ဗြာဟ္မဏ, ‘ဥဠာရဝဏ္ဏတာ သေယျံသော’တိ ဝဒါမိ, န ပနာဟံ, ဗြာဟ္မဏ, ‘ဥဠာရဝဏ္ဏတာ ပါပိယံသော’တိ ဝဒါမိ၊ နာဟံ, ဗြာဟ္မဏ, ‘ဥဠာရဘောဂတာ သေယျံသော’တိ ဝဒါမိ, န ပနာဟံ, ဗြာဟ္မဏ, ‘ဥဠာရဘောဂတာ ပါပိယံသော’တိ ဝဒါမိ။

၄၃၇။ ပုဏ္ဏား အလုံးစုံသော သူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော လုပ်ကျွေးခြင်းကိုပညတ်ကြပါကုန်လော့”ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဤသို့ကား ခွင့်မပြုကြပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိ ဆင်းရဲနွမ်းပါးသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းသည် အလိုမရှိဘဲလျက် “ယောကျာ်း သင်သည်ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက် ဤလေးပါးသောလုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏။ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို လုပ်ကျွေးသင့်၏ဟုမဟောကြား၊ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို မလုပ်ကျွေးသင့် ဟူ၍လည်း မဟောကြား။ ပုဏ္ဏားအကြောင်းမူကား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းတို့ကို လုပ်ကျွေးသင့်၏ဟုငါ မဟောကြား။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ ဟောကြား၏။ ပုဏ္ဏား “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင် အဘယ်လုပ်ကျွေးခြင်းကို လုပ်ကျွေးမည်နည်း”ဟု မင်းကိုမူလည်း အကယ်၍မေးကုန်ငြားအံ့၊ ပုဏ္ဏားမင်းသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသောငါ့အား လုပ်ကျွေးခြင်း ဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို ငါသည် လုပ်ကျွေးအံ့”ဟု ဖြေကြားရာ၏။ ပုဏ္ဏား ပုဏ္ဏားကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏားကုန်သည်ကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏား“ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည်ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသောအကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင်အဘယ်လုပ်ကျွေးခြင်းကို သင်သည် လုပ်ကျွေးမည်နည်း”ဟု သူဆင်းရဲကိုမူလည်း အကယ်၍ မေးကုန်ငြားအံ့။ ပုဏ္ဏား သူဆင်းရဲသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အား လုပ်ကျွေးခြင်းဟူသောအကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုပုဂ္ဂိုလ်ကို ငါသည်လုပ်ကျွေးပါအံ့”ဟု ဖြေကြားရာ၏။ ပုဏ္ဏား မြင့်သောအမျိုး၌ ဖြစ်ခြင်းကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မြင့်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား မွန်မြတ်သောအဆင်းရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မွန်မြတ်သော အဆင်းရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါမဟော။ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့်မြတ်၏ဟု ငါမဟော၊ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။

“But brahmin, did the whole world authorize the brahmins to prescribe these four kinds of service?” “No, worthy Gotama.” “It’s as if they were to force a chop on a poor, penniless person, telling them, ‘Eat this meat and pay for it!’ In the same way, the brahmins have prescribed these four kinds of service without the consent of those ascetics and brahmins. Brahmin, I don’t say that you should serve everyone, nor do I say that you shouldn’t serve anyone. I say that you shouldn’t serve someone if serving them makes you worse, not better. And I say that you should serve someone if serving them makes you better, not worse. If they were to ask an aristocrat this, ‘Who should you serve? Someone in whose service you get worse, or someone in whose service you get better?’ Answering rightly, an aristocrat would say, ‘Someone in whose service I get better.’ If they were to ask a brahmin … a peasant … or a menial this, ‘Who should you serve? Someone in whose service you get worse, or someone in whose service you get better?’ Answering rightly, a menial would say, ‘Someone in whose service I get better.’ Brahmin, I don’t say that an eminent family makes you a better or worse person. I don’t say that exceptional beauty makes you a better or worse person. I don’t say that exceptional wealth makes you a better or worse person.

စာ-၃၉၀

၄၃၈။ ‘‘ဥစ္စာကုလီနောပိ ဟိ, ဗြာဟ္မဏ, ဣဓေကစ္စော ပါဏာတိပါတီ ဟောတိ, အဒိန္နာဒါယီ ဟောတိ, ကာမေသုမိစ္ဆာစာရီ ဟောတိ, မုသာဝါဒီ ဟောတိ, ပိသုဏာဝါစော ဟောတိ, ဖရုသာဝါစော ဟောတိ, သမ္ဖပ္ပလာပီ ဟောတိ, အဘိဇ္ဈာလု ဟောတိ, ဗျာပန္နစိတ္တော ဟောတိ, မိစ္ဆာဒိဋ္ဌိ ဟောတိ။ တသ္မာ ‘န ဥစ္စာကုလီနတာ သေယျံသော’တိ ဝဒါမိ။ ဥစ္စာကုလီနောပိ ဟိ, ဗြာဟ္မဏ, ဣဓေကစ္စော ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, အနဘိဇ္ဈာလု ဟောတိ, အဗျာပန္နစိတ္တော ဟောတိ, သမ္မာဒိဋ္ဌိ ဟောတိ။ တသ္မာ ‘န ဥစ္စာကုလီနတာ ပါပိယံသော’တိ ဝဒါမိ။

၄၃၈။ ပုဏ္ဏား အကြောင်းမူကား ဤလောက၌ အချို့သောသူသည် မြင့်မြတ်သော အမျိုး၌ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုတတ်၏၊ ကုန်းစကားကို ပြောဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်းရှိ၏၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုကြံစည်၏၊ မှားသောအယူဝါဒရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ဖြစ်ခြင်းကြောင့်မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သော သူသည် မြင့်မြတ်သောအမျိုး၌ ဖြစ်ပါလျက်လည်း သူ၏အသက်ကို သတ်ခြင်းမှ ကြဥ်ရှောင်၏၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဥ်ရှောင်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဥ်ရှောင်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ ကုန်းစကားမှ ကြဥ်ရှောင်၏၊ ကြမ်းတမ်းသောစကားမှ ကြဥ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောခြင်းမှကြဥ်ရှောင်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်း မရှိ၊ သူတစ်ပါးပျက်စီးစေလိုစိတ် မရှိ၊ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်မာ၏ဟု ငါ မဟော။

For some people from eminent families kill living creatures, steal, and commit sexual misconduct. They use speech that’s false, backbiting, harsh, or nonsensical. And they’re covetous, malicious, with wrong view. That’s why I don’t say that an eminent family makes you a better person. But some people from eminent families also refrain from killing living creatures, stealing, and sexual misconduct. They refrain from using speech that’s false, divisive, harsh, or nonsensical. And they’re content, kind-hearted, with right view. That’s why I don’t say that an eminent family makes you a worse person.

၄၃၉။ ‘‘ဥဠာရဝဏ္ဏောပိ ဟိ, ဗြာဟ္မဏ…ပေ… ဥဠာရဘောဂေါပိ ဟိ, ဗြာဟ္မဏ, ဣဓေကစ္စော ပါဏာတိပါတီ ဟောတိ…ပေ… မိစ္ဆာဒိဋ္ဌိ ဟောတိ။ တသ္မာ ‘န ဥဠာရဘောဂတာ သေယျံသော’တိ ဝဒါမိ။ ဥဠာရဘောဂေါပိ ဟိ, ဗြာဟ္မဏ, ဣဓေကစ္စော ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ။ တသ္မာ ‘န ဥဠာရဘောဂတာ ပါပိယံသော’တိ ဝဒါမိ။ နာဟံ, ဗြာဟ္မဏ, ‘သဗ္ဗံ ပရိစရိတဗ္ဗ’န္တိ ဝဒါမိ, န ပနာဟံ, ဗြာဟ္မဏ, ‘သဗ္ဗံ န ပရိစရိတဗ္ဗ’န္တိ ဝဒါမိ။ ယံ ဟိဿ, ဗြာဟ္မဏ, ပရိစရတော ပါရိစရိယာဟေတု သဒ္ဓါ ဝဍ္ဎတိ, သီလံ ဝဍ္ဎတိ, သုတံ ဝဍ္ဎတိ, စာဂေါ ဝဍ္ဎတိ, ပညာ ဝဍ္ဎတိ, တမဟံ ‘ပရိစရိတဗ္ဗ’န္တိ (ဝဒါမိ။ ယံ ဟိဿ, ဗြာဟ္မဏ, ပရိစရတော ပါရိစရိယာဟေတု န သဒ္ဓါ ဝဍ္ဎတိ, န သီလံ ဝဍ္ဎတိ, န သုတံ ဝဍ္ဎတိ, န စာဂေါ ဝဍ္ဎတိ, န ပညာ ဝဍ္ဎတိ, နာဟံ တံ ‘ပရိစရိတဗ္ဗ’န္တိ) [( ) ဧတ္ထန္တရေ ပါဌော သီ။ သျာ။ ကံ။ ပီ။ ပေါတ္ထကေသု နတ္ထိ] ဝဒါမီ’’တိ။

၄၃၉။ ပုဏ္ဏား အကြောင်းမူကား မွန်မြတ်သော အဆင်းရှိသော သူသည်လည်း။ပ။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ၏ အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူကို ယူ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သောသူသည် မွန်မြတ်သောစည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်ခြင်းမှ ကြဥ်ရှောင်၏။ပ။ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏ အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား အလုံးစုံသော ပုဂ္ဂိုလ်ကို လုပ်ကျွေးအပ်၏ဟု ငါ မဟော၊ ပုဏ္ဏား အလုံးစုံသော သူကို မလုပ်ကျွေးအပ်ဟု ငါ မဟော၊ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် ပွါးများ၏၊ သီလသည် ပွါးများ၏၊ အကြားအမြင်သည် ပွါးများ၏၊ စွန့်ကြဲခြင်းသည် ပွါးများ၏၊ ပညာသည် ပွါးများ၏၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါဟော၏။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် မတိုးပွါး၊ သီလသည် မတိုးပွါး၊ အကြားအမြင်သည် မတိုးပွါး၊ စွန့်ကြဲခြင်းသည် မတိုးပွါး၊ပညာသည် မတိုးပွါး၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ မဟောဟု (မိန့်တော်မူ၏)။

And some people who are exceptionally beautiful … And some people who are exceptionally wealthy kill living creatures … and have wrong view. That’s why I don’t say that exceptional wealth makes you a better person. But some people who are exceptionally wealthy also refrain from killing living creatures … and have right view. That’s why I don’t say that any of these things makes you a better or worse person. Brahmin, I don’t say that you should serve everyone, nor do I say that you shouldn’t serve anyone. And I say that you should serve someone if serving them makes you grow in faith, ethics, learning, generosity, and wisdom. I say that you shouldn’t serve someone if serving them doesn’t make you grow in faith, ethics, learning, generosity, and wisdom.”

၄၄၀။ ဧဝံ ဝုတ္တေ, ဧသုကာရီ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, စတ္တာရိ ဓနာနိ ပညပေန္တိ – ဗြာဟ္မဏဿ သန္ဓနံ ပညပေန္တိ, ခတ္တိယဿ သန္ဓနံ ပညပေန္တိ, ဝေဿဿ သန္ဓနံ ပညပေန္တိ, သုဒ္ဒဿ သန္ဓနံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ဗြာဟ္မဏဿ သန္ဓနံ ပညပေန္တိ ဘိက္ခာစရိယံ၊ ဘိက္ခာစရိယဉ္စ ပန ဗြာဟ္မဏော သန္ဓနံ အတိမညမာနော အကိစ္စကာရီ ဟောတိ ဂေါပေါဝ အဒိန္နံ အာဒိယမာနောတိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ဗြာဟ္မဏဿ သန္ဓနံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ခတ္တိယဿ သန္ဓနံ ပညပေန္တိ ဓနုကလာပံ၊ ဓနုကလာပဉ္စ ပန ခတ္တိယော သန္ဓနံ အတိမညမာနော အကိစ္စကာရီ ဟောတိ ဂေါပေါဝ အဒိန္နံ အာဒိယမာနောတိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ခတ္တိယဿ သန္ဓနံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ ဝေဿဿ သန္ဓနံ ပညပေန္တိ ကသိဂေါရက္ခံ၊ ကသိဂေါရက္ခဉ္စ ပန ဝေဿော သန္ဓနံ အတိမညမာနော အကိစ္စကာရီ ဟောတိ ဂေါပေါဝ အဒိန္နံ အာဒိယမာနောတိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ဝေဿဿ သန္ဓနံ ပညပေန္တိ။ တတြိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာ သုဒ္ဒဿ သန္ဓနံ ပညပေန္တိ အသိတဗျာဘင်္ဂိံ၊ အသိတဗျာဘင်္ဂိဉ္စ ပန သုဒ္ဒေါ သန္ဓနံ အတိမညမာနော အကိစ္စကာရီ ဟောတိ ဂေါပေါဝ အဒိန္နံ အာဒိယမာနောတိ။ ဣဒံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ သုဒ္ဒဿ သန္ဓနံ ပညပေန္တိ။ ဗြာဟ္မဏာ, ဘော ဂေါတမ, ဣမာနိ စတ္တာရိ ဓနာနိ ပညပေန္တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ?

၄၄၀။ ဤသို့ မိန့်တော်မူသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏-“အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏား၏ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ မင်း၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ ကုန်သည်၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲ၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့်ဆွမ်းခံခြင်းကို ပုဏ္ဏား၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ ဆွမ်းခံလှည့်လည်ခြင်း ဟူသော (ပုဏ္ဏားတို့၏) ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင် ပြုသောပုဏ္ဏားသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏား၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင် ဥစ္စာတို့တွင် ဤသည့် လေး နှင့်တောင့်ကိုမင်း၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ လေးနှင့် တောင့်ဟူသော မင်း၏ ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင်ပြုသော မင်းသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် မင်း၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် လယ်ထွန်ခြင်း နွားကျောင်းခြင်းကိုကုန်သည်၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ လယ်ထွန်ခြင်း နွားကျောင်းခြင်းဟူသော ကိုယ်ပိုင် ဥစ္စာကို မထီမဲ့မြင်ပြုသော ကုန်သည်သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကိုခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည်မည်ပါ၏။ အသျှင်ဂေါတမဤသို့လျှင် ကုန် သည်၏ ဤကိုယ်ပိုင် ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် မြက်ရိတ်တံစဥ်နှင့် ထမ်းပိုးကို သူဆင်းရဲ၏ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ မြက်ရိတ်တံစဥ်နှင့် ထမ်းပိုးဟူသော ကိုယ်ပိုင်ဥစ္စာကိုမထီမဲ့မြင်ပြုသော သူဆင်းရဲ သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် သူဆင်းရဲ၏ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ် ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏။ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

When he had spoken, Esukārī said to him: “Worthy Gotama, the brahmins prescribe four kinds of wealth: for a brahmin, an aristocrat, a peasant, and a menial. The wealth they prescribe for a brahmin is living on alms. A brahmin who scorns his own wealth, living on alms, fails in his duty like a guard who steals. The wealth they prescribe for an aristocrat is the bow and quiver. An aristocrat who scorns his own wealth, the bow and quiver, fails in his duty like a guard who steals. The wealth they prescribe for a peasant is farming and animal husbandry. A peasant who scorns his own wealth, farming and animal husbandry, fails in his duty like a guard who steals. The wealth they prescribe for a menial is the scythe and flail. A menial who scorns his own wealth, the scythe and flail, fails in his duty like a guard who steals. These are the four kinds of wealth that the brahmins prescribe. What do you say about this?”

စာ-၃၉၁

၄၄၁။ ‘‘ကိံ ပန, ဗြာဟ္မဏ, သဗ္ဗော လောကော ဗြာဟ္မဏာနံ ဧတဒဗ္ဘနုဇာနာတိ – ‘ဣမာနိ စတ္တာရိ ဓနာနိ ပညပေန္တူ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘သေယျထာပိ, ဗြာဟ္မဏ, ပုရိသော ဒလိဒ္ဒေါ အဿကော အနာဠှိယော။ တဿ အကာမဿ ဗိလံ ဩလဂ္ဂေယျုံ – ‘ဣဒံ တေ, အမ္ဘော ပုရိသ, မံသံ ခါဒိတဗ္ဗံ, မူလဉ္စ အနုပ္ပဒါတဗ္ဗ’န္တိ။ ဧဝမေဝ ခေါ, ဗြာဟ္မဏ, ဗြာဟ္မဏာ အပ္ပဋိညာယ တေသံ သမဏဗြာဟ္မဏာနံ, အထ စ ပနိမာနိ စတ္တာရိ ဓနာနိ ပညပေန္တိ။ အရိယံ ခေါ အဟံ, ဗြာဟ္မဏ, လောကုတ္တရံ ဓမ္မံ ပုရိသဿ သန္ဓနံ ပညပေမိ။ ပေါရာဏံ ခေါ ပနဿ မာတာပေတ္တိကံ ကုလဝံသံ အနုဿရတော ယတ္ထ ယတ္ထေဝ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ တေန တေနေဝ သင်္ချံ ဂစ္ဆတိ။ ခတ္တိယကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ခတ္တိယော’တွေဝ သင်္ချံ ဂစ္ဆတိ၊ ဗြာဟ္မဏကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ဗြာဟ္မဏော’တွေဝ သင်္ချံ ဂစ္ဆတိ၊ ဝေဿကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ဝေဿော’တွေဝ သင်္ချံ ဂစ္ဆတိ၊ သုဒ္ဒကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘သုဒ္ဒေါ’တွေဝ သင်္ချံ ဂစ္ဆတိ။ သေယျထာပိ, ဗြာဟ္မဏ, ယံယဒေဝ ပစ္စယံ ပဋိစ္စ အဂ္ဂိ ဇလတိ တေန တေနေဝ သင်္ချံ ဂစ္ဆတိ။ ကဋ္ဌဉ္စေ ပဋိစ္စ အဂ္ဂိ ဇလတိ ‘ကဋ္ဌဂ္ဂိ’တွေဝ သင်္ချံ ဂစ္ဆတိ၊ သကလိကဉ္စေ ပဋိစ္စ အဂ္ဂိ ဇလတိ ‘သကလိကဂ္ဂိ’တွေဝ သင်္ချံ ဂစ္ဆတိ၊ တိဏဉ္စေ ပဋိစ္စ အဂ္ဂိ ဇလတိ ‘တိဏဂ္ဂိ’တွေဝ သင်္ချံ ဂစ္ဆတိ၊ ဂေါမယဉ္စေ ပဋိစ္စ အဂ္ဂိ ဇလတိ ‘ဂေါမယဂ္ဂိ’တွေဝ သင်္ချံ ဂစ္ဆတိ။ ဧဝမေဝ ခေါ အဟံ, ဗြာဟ္မဏ, အရိယံ လောကုတ္တရံ ဓမ္မံ ပုရိသဿ သန္ဓနံ ပညပေမိ။ ပေါရာဏံ ခေါ ပနဿ မာတာပေတ္တိကံ ကုလဝံသံ အနုဿရတော ယတ္ထ ယတ္ထေဝ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ တေန တေနေဝ သင်္ချံ ဂစ္ဆတိ။

‘‘ခတ္တိယကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ခတ္တိယော’တွေဝ သင်္ချံ ဂစ္ဆတိ၊ ဗြာဟ္မဏကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ဗြာဟ္မဏော’တွေဝ သင်္ချံ ဂစ္ဆတိ၊ ဝေဿကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘ဝေဿော’တွေဝ သင်္ချံ ဂစ္ဆတိ၊ သုဒ္ဒကုလေ စေ အတ္တဘာဝဿ အဘိနိဗ္ဗတ္တိ ဟောတိ ‘သုဒ္ဒေါ’တွေဝ သင်္ချံ ဂစ္ဆတိ။

‘‘ခတ္တိယကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, အဗြဟ္မစရိယာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, အနဘိဇ္ဈာလု ဟောတိ, အဗျာပန္နစိတ္တော ဟောတိ, သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

‘‘ဗြာဟ္မဏကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

‘‘ဝေဿကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

‘‘သုဒ္ဒကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

၄၄၁။ ပုဏ္ဏား အလုံးစုံသော လူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကိုပညတ်ကြပါကုန်လော့” ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမဤသို့ကား ခွင့်မပြုပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိဆင်းရဲနွမ်းပါးသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းသည် အလိုမရှိဘဲလျက် “အိုယောကျာ်းသင်သည် ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြကုန်၏။ ပုဏ္ဏား မြတ်သော လောကုတ္တရာတရားကို ယောကျာ်း၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါ ပညတ်၏၊ ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အောက်မေ့သော သူအား အတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ပုဏ္ဏားဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဥပမာအားဖြင့် မီးသည် ထိုထိုတောက်ပကြောင်းဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏၊ အကယ်၍ မီးသည် ထင်းကို အစွဲ ပြု၍ တောက်ပငြားအံ့၊ ထင်းမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် ဝါးကို စွဲ၍ တောက်ပငြားအံ့၊ ဝါးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် မြက်ကို အစွဲပြု၍ တောက်ပငြားအံ့၊ မြက်မီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် နွားချေးကို အစွဲပြု၍ တောက်ပငြားအံ့၊ နွားချေးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဤအတူသာလျှင် မြတ်သောလောကုတ္တရာတရားကို ယောကျာ်း၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါပညတ်၏။ ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အစဥ်အောက်မေ့သောသူအားအတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ပုဏ္ဏားဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌အကယ် ၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည်ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏။ ပုဏ္ဏား အကယ်၍ မင်းမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဥ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဥ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဥ်ရှောင်အံ့၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဥ်ရှောင်အံ့၊ ကုန်းစကားမှ ကြဥ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှကြဥ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဥ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံစည်အံ့၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုမကြံစည်အံ့၊ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကိုပြည့်စုံစေသူ ဖြစ်၏။ ပုဏ္ဏား အကယ်၍လည်း ပုဏ္ဏားမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။ ပုဏ္ဏား အကယ်၍လည်း ကုန်သည်မျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။ ပုဏ္ဏား အကယ်၍လည်း သူဆင်းရဲမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

“But brahmin, did the whole world authorize the brahmins to prescribe these four kinds of wealth?” “No, worthy Gotama.” “It’s as if they were to force a chop on a poor, penniless person, telling them, ‘Eat this meat and pay for it!’ In the same way, the brahmins have prescribed these four kinds of wealth without the consent of these ascetics and brahmins. I assert that a person’s own wealth is the noble, transcendent teaching. But they are reckoned by recollecting the traditional family customs of their mother and father wherever they are incarnated. If they incarnate in a family of aristocrats they are reckoned as an aristocrat. If they incarnate in a family of brahmins they are reckoned as a brahmin. If they incarnate in a family of peasants they are reckoned as a peasant. If they incarnate in a family of menials they are reckoned as a menial. It’s like fire, which is reckoned according to the very same condition dependent upon which it burns. A fire that burns dependent on logs is reckoned as a log fire. A fire that burns dependent on twigs is reckoned as a twig fire. A fire that burns dependent on grass is reckoned as a grass fire. A fire that burns dependent on cow-dung is reckoned as a cow-dung fire. In the same way, I assert that a person’s own wealth is the noble, transcendent teaching. But they are reckoned by recollecting the traditional family customs of their mother and father wherever they are incarnated. Suppose someone from a family of aristocrats goes forth from the lay life to homelessness. Relying on the teaching and training proclaimed by the Realized One they refrain from killing living creatures, stealing, and sex. They refrain from using speech that’s false, divisive, harsh, or nonsensical. And they’re content, kind-hearted, with right view. They succeed in the system of the skillful teaching. Suppose someone from a family of brahmins … peasants … menials goes forth from the lay life to homelessness. Relying on the teaching and training proclaimed by the Realized One … they succeed in the system of the skillful teaching.

စာ-၃၉၃

၄၄၂။ ‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, ဗြာဟ္မဏောဝ နု ခေါ ပဟောတိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတုံ, နော ခတ္တိယော နော ဝေဿော နော သုဒ္ဒေါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပဟောတိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတုံ၊ ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ… ဝေဿောပိ ဟိ, ဘော ဂေါတမ… သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပဟောန္တိ အသ္မိံ ပဒေသေ အဝေရံ အဗျာဗဇ္ဈံ မေတ္တစိတ္တံ ဘာဝေတု’’န္တိ။ ‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ခတ္တိယကုလာ စေပိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

‘‘ဗြာဟ္မဏကုလာ စေပိ, ဗြာဟ္မဏ… ဝေဿကုလာ စေပိ, ဗြာဟ္မဏ… သုဒ္ဒကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

၄၄၂။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤနေရာ၌ ပုဏ္ဏားသည်သာလျှင်ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ စွမ်းနိုင်သလော၊ မင်းသည် မစွမ့်းနိုင်သလော၊ ကုန်သည်သည် မစွမ်းနိုင်သလော၊ သူဆင်းရဲသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ မင်းသည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသောမေတ္တာစိတ်ကို ပွါးခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမဤနေရာ၌ အမျိုးလေးပါးလုံးတို့သည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကိုပွါးများခြင်းငှါ စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကယ်၍မင်းမျိုးမှလည်း ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဥ်ရှောင်အံ့။ပ။ မှန်သော အယူ ရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ် တရားကို ပြည့်စုံစေသူဖြစ်၏။ ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

What do you think, brahmin? Is only a brahmin capable of developing a heart of love free of enmity and ill will for this region, and not an aristocrat, peasant, or menial?” “No, worthy Gotama. Aristocrats, brahmins, peasants, and menials can all do so. For all four classes are capable of developing a heart of love free of enmity and ill will for this region.” “In the same way, suppose someone from a family of aristocrats, brahmins, peasants, or menials goes forth from the lay life to homelessness. Relying on the teaching and training proclaimed by the Realized One … they succeed in the system of the skillful teaching.

၄၄၃။ ‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, ဗြာဟ္မဏောဝ နု ခေါ ပဟောတိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတုံ, နော ခတ္တိယော နော ဝေဿော နော သုဒ္ဒေါ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ ခတ္တိယောပိ ဟိ, ဘော ဂေါတမ, ပဟောတိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတုံ၊ ဗြာဟ္မဏောပိ ဟိ, ဘော ဂေါတမ… ဝေဿောပိ ဟိ, ဘော ဂေါတမ … သုဒ္ဒေါပိ ဟိ, ဘော ဂေါတမ… သဗ္ဗေပိ ဟိ, ဘော ဂေါတမ, စတ္တာရော ဝဏ္ဏာ ပဟောန္တိ သောတ္တိသိနာနိံ အာဒါယ နဒိံ ဂန္တွာ ရဇောဇလ္လံ ပဝါဟေတု’’န္တိ။ ‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ခတ္တိယကုလာ စေပိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

‘‘ဗြာဟ္မဏကုလာ စေပိ, ဗြာဟ္မဏ… ဝေဿကုလာ စေပိ, ဗြာဟ္မဏ… သုဒ္ဒကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။

၄၄၃။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်သလော၊ မင်းမျိုးသည် မစွမ်းနိုင်သလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်သလော၊ သူဆင်းရဲမျိုးသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သူသည်လည်း ချေးတွန်းဆပ်ပြာကိုယူ၍ မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ အလုံးစုံလည်းဖြစ်ကုန်သော အမျိုးလေးပါးတို့သည် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကယ်၍ မင်းမျိုးမှလည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။ ပုဏ္ဏား ပုဏ္ဏား မျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

What do you think, brahmin? Is only a brahmin capable of taking some bathing cleanser, going to the river, and rinsing off dust and dirt, and not an aristocrat, peasant, or menial?” “No, worthy Gotama. All four classes are capable of doing this.” “In the same way, suppose someone from a family of aristocrats, brahmins, peasants, or menials goes forth from the lay life to homelessness. Relying on the teaching and training proclaimed by the Realized One … they succeed in the system of the skillful teaching.

စာ-၃၉၄

၄၄၄။ ‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, ဣဓ ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော နာနာဇစ္စာနံ ပုရိသာနံ ပုရိသသတံ သန္နိပါတေယျ – ‘အာယန္တု ဘောန္တော ယေ တတ္ထ ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နာ သာကဿ ဝါ သာလဿ ဝါ သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေန္တု, တေဇော ပါတုကရောန္တု၊ အာယန္တု ပန ဘောန္တော ယေ တတ္ထ စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နာ သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိံ အဘိနိဗ္ဗတ္တေန္တု, တေဇော ပါတုကရောန္တူ’’’တိ?

‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, ယော ဧဝံ နု ခေါ သော ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နေဟိ သာကဿ ဝါ သာလဿ ဝါ သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော တေဇော ပါတုကတော သော ဧဝ နု ခွါဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ၊ ယော ပန သော စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နေဟိ သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော တေဇော ပါတုကတော သွာဿ အဂ္ဂိ န စေဝ အစ္စိမာ န စ ဝဏ္ဏဝါ န စ ပဘဿရော န စ တေန သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတု’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ ယောပိ ဟိ သော, ဘော ဂေါတမ, ခတ္တိယကုလာ ဗြာဟ္မဏကုလာ ရာဇညကုလာ ဥပ္ပန္နေဟိ သာကဿ ဝါ သာလဿ ဝါ သလဠဿ ဝါ စန္ဒနဿ ဝါ ပဒုမကဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော တေဇော ပါတုကတော သွာဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ၊ ယောပိ သော စဏ္ဍာလကုလာ နေသာဒကုလာ ဝေနကုလာ ရထကာရကုလာ ပုက္ကုသကုလာ ဥပ္ပန္နေဟိ သာပါနဒေါဏိယာ ဝါ သူကရဒေါဏိယာ ဝါ ရဇကဒေါဏိယာ ဝါ ဧရဏ္ဍကဋ္ဌဿ ဝါ ဥတ္တရာရဏိံ အာဒါယ အဂ္ဂိ အဘိနိဗ္ဗတ္တော တေဇော ပါတုကတော သွာဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ တေန စ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတုံ။ သဗ္ဗောပိ ဟိ, ဘော ဂေါတမ, အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စ သဗ္ဗေနပိ သက္ကာ အဂ္ဂိနာ အဂ္ဂိကရဏီယံ ကာတု’’န္တိ။

‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ခတ္တိယကုလာ စေပိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။ ဗြာဟ္မဏကုလာ စေပိ, ဗြာဟ္မဏ… ဝေဿကုလာ စေပိ, ဗြာဟ္မဏ… သုဒ္ဒကုလာ စေပိ, ဗြာဟ္မဏ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, အဗြဟ္မစရိယာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, အနဘိဇ္ဈာလု ဟောတိ, အဗျာပန္နစိတ္တော ဟောတိ, သမ္မာဒိဋ္ဌိ ဟောတိ, အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလ’’န္တိ။

ဧဝံ ဝုတ္တေ, ဧသုကာရီ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

ဧသုကာရီသုတ္တံ နိဋ္ဌိတံ ဆဋ္ဌံ။

၄၄၄။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် အထူးထူးသော ဇာတ် အမျိုးရှိကုန်သော တစ်ရာသောယောကျာ်းတို့ကို စည်းဝေးစေ၏၊ အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့၊ ထိုမှတစ်ပါး အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့ဟု (အမိန့်ချမှတ်ရာ၏)။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်သာလျှင် အလျှံရှိသည် အဆင်းရှိသည် အရောင်ရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်သာလျှင်လည်း မီးနှင့်ဆိုုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။ ထိုမှတစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်းကြက်ဆူသားထင်း၏ မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံမရှိသည် အဆင်းမရှိသည် အရောင်မရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုုင်ရာ ကိစ္စအရပ်ရပ်ကိုပြုခြင်းငှါလည်း မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သောသူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသားမီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံရှိသည် အဆင်းရှိသည်အရောင်ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏။ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်လည်း အလျှံရှိသည်အဆင်းရှိသည် အရောင်ရှိသည်သာ ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အလျှံရှိပါ၏၊ အဆင်းရှိပါ၏၊ အရောင်ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် မင်းမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။ ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဥ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဥ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဥ်ရှောင်အံ့၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဥ်ရှောင်အံ့၊ ကုန်းစကားမှ ကြဥ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှ ကြဥ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဥ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံအံ့၊ သူတစ်ပါးပျက်စီးရန်မကြံအံ့၊ မှန်သော အယူရှိသည် ဖြစ်အံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု ဤစကားကို လျှောက်ထားလေသတည်း။ ခြောက်ခုမြောက် ဧသုကာရီသုတ် ပြီး၏။

What do you think, brahmin? Suppose an anointed aristocratic king were to gather a hundred people born in different classes and say to them: ‘Please gentlemen, let anyone here who was born in a family of aristocrats, brahmins, or chieftains take a drill-stick made of teak, sal, <i lang='pi' translate='no'>salaḷa</i>, sandalwood, or cherry wood, light a fire and produce heat. And let anyone here who was born in a family of corpse-workers, hunters, bamboo-workers, chariot-makers, or scavengers take a drill-stick made from a mutt’s drinking trough, a pig’s trough, a dustbin, or castor-oil wood, light a fire and produce heat.’ What do you think, brahmin? Would only the fire produced by the high class people with good quality wood have flames, color, and radiance, and be usable as fire, and not the fire produced by the low class people with poor quality wood?” “No, worthy Gotama. The fire produced by the high class people with good quality wood would have flames, color, and radiance, and be usable as fire, and so would the fire produced by the low class people with poor quality wood. For all fire has flames, color, and radiance, and is usable as fire.” “In the same way, suppose someone from a family of aristocrats, brahmins, peasants, or menials goes forth from the lay life to homelessness. Relying on the teaching and training proclaimed by the Realized One they refrain from killing living creatures, stealing, and sex. They refrain from using speech that’s false, divisive, harsh, or nonsensical. And they’re content, kind-hearted, with right view. They succeed in the system of the skillful teaching.” When he had spoken, Esukārī said to him, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၇။ ဓနဉ္ဇာနိသုတ္တံ

၄၄၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဒက္ခိဏာဂိရိသ္မိံ စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ။ အထ ခေါ အညတရော ဘိက္ခု ရာဇဂဟေ ဝဿံဝုဋ္ဌော [ဝဿံဝုတ္ထော (သီ။ သျာ။ ကံ။ ပီ။)] ယေန ဒက္ခိဏာဂိရိ ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သာရိပုတ္တေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ ဘိက္ခုံ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ – ‘‘ကစ္စာဝုသော, ဘဂဝါ အရောဂေါ စ ဗလဝါ စာ’’တိ? ‘‘အရောဂေါ စာဝုသော, ဘဂဝါ ဗလဝါ စာ’’တိ။ ‘‘ကစ္စိ ပနာဝုသော, ဘိက္ခုသံဃော အရောဂေါ စ ဗလဝါ စာ’’တိ? ‘‘ဘိက္ခုသံဃောပိ ခေါ, အာဝုသော, အရောဂေါ စ ဗလဝါ စာ’’တိ။ ‘‘ဧတ္ထ, အာဝုသော, တဏ္ဍုလပါလိဒွါရာယ ဓနဉ္ဇာနိ [ဓာနဉ္ဇာနိ (သီ။ ပီ။)] နာမ ဗြာဟ္မဏော အတ္ထိ။ ကစ္စာဝုသော, ဓနဉ္ဇာနိ ဗြာဟ္မဏော အရောဂေါ စ ဗလဝါ စာ’’တိ? ‘‘ဓနဉ္ဇာနိပိ ခေါ, အာဝုသော, ဗြာဟ္မဏော အရောဂေါ စ ဗလဝါ စာ’’တိ။ ‘‘ကစ္စိ ပနာဝုသော, ဓနဉ္ဇာနိ ဗြာဟ္မဏော အပ္ပမတ္တော’’တိ? ‘‘ကုတော ပနာဝုသော, ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ အပ္ပမာဒေါ? ဓနဉ္ဇာနိ, အာဝုသော, ဗြာဟ္မဏော ရာဇာနံ နိဿာယ ဗြာဟ္မဏဂဟပတိကေ ဝိလုမ္ပတိ, ဗြာဟ္မဏဂဟပတိကေ နိဿာယ ရာဇာနံ ဝိလုမ္ပတိ။ ယာပိဿ ဘရိယာ သဒ္ဓါ သဒ္ဓကုလာ အာနီတာ သာပိ ကာလင်္ကတာ၊ အညာဿ ဘရိယာ အဿဒ္ဓါ အဿဒ္ဓကုလာ အာနီတာ’’။ ‘‘ဒုဿုတံ ဝတာဝုသော, အဿုမှ, ဒုဿုတံ ဝတာဝုသော, အဿုမှ၊ ယေ မယံ ဓနဉ္ဇာနိံ ဗြာဟ္မဏံ ပမတ္တံ အဿုမှ။ အပ္ပေဝ စ နာမ မယံ ကဒါစိ ကရဟစိ ဓနဉ္ဇာနိနာ ဗြာဟ္မဏေန သဒ္ဓိံ သမာဂစ္ဆေယျာမ, အပ္ပေဝ နာမ သိယာ ကောစိဒေဝ ကထာသလ္လာပေါ’’တိ?

၇-ဓနဥ္ဇာနိသုတ် ၄၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ တစ်ပါးသော ရဟန်းသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်ခဲ့၍ ဒက္ခိဏာဂိရိဇနပုဒ် အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်ကာ အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဝမ်းသာ စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းကို အသျှင်သာရိပုတြာသည် ဤသို့သော စကားကို မေးမြန်း၏- “ငါ့သျှင် အသို့ပါနည်း၊ မြတ်စွာဘုရားသည်အနာကင်းပါ၏လော၊ အားရှိပါ၏လော”ဟု (မေးမြန်း၏)။ ငါ့သျှင် မြတ်စွာဘုရားသည် အနာကင်းပါ၏အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း ရဟန်းအပေါင်းသည် အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ရဟန်းအပေါင်းလည်း အနာကင်းပါ၏ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် တဏ္ဍုလပါလီ တံခါးအနီး၌ နေသော ဓနဉ္ဇာနိပုဏ္ဏားသည် အသို့ပါနည်း၊ အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်လည်း အနာကင်းပါ၏၊ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း၊ ဓနဉ္ဇာနီပုဏ္ဏားသည် မမေ့မလျော့ရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားအား မမေ့မလျော့ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်မင်းကို အမှီပြု၍ ပုဏ္ဏားသူကြွယ်တို့ကို လုယက်၏၊ ပုဏ္ဏားသူကြယ်တို့ကို အမှီပြု၍ မင်းကို လုယက်၏၊ ထိုဓနဉ္ဇာနီပုဏ္ဏား၏ သဒ္ဓါတရားရှိသောအမျိုးမှ ဆောင်ယူထားသော သဒ္ဓါတရားရှိသော မယားသည်လည်းသေခဲ့ပြီ။ ထိုဓနဉ္ဇာနိ ပုဏ္ဏားသည် တစ်ပါးသော သဒ္ဓါတရားမရှိသော အမျိုးမှ သဒ္ဓါတရားမရှိသောမယားကို ဆောင်ခဲ့၏။ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါတို့သည် မေ့လျော့သောဓနဉ္ဇာနိ ပုဏ္ဏားကို ကြားကြကုန်၏၊ အကယ်၍ ငါတို့သည် ဓနဉ္ဇာနိပုဏ္ဏားနှင့် တစ်ရံတစ်ခါ တွေ့ဆုံကြရမူတစ်စုံတစ်ခုသော စကားပြောဆိုမှု ဖြစ်ကောင်းဖြစ်တန် ရာ၏ဟု (ဆို၏)။

Middle Discourses 97 With Dhanañjāni So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Sāriputta was wandering in the Southern Hills together with a large Saṅgha of mendicants. Then a certain mendicant who had completed the rainy season residence in Rājagaha went to the Southern Hills, where he approached Venerable Sāriputta, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. Sāriputta said to him, “Reverend, I hope the Buddha is healthy and strong?” “He is, reverend.” “And I hope that the mendicant Saṅgha is healthy and strong.” “It is.” “Reverend, at the rice checkpoint at the city gate there is a brahmin named Dhanañjāni. I hope that he is healthy and strong?” “He too is well.” “But is he diligent?” “How could he possibly be diligent? Dhanañjāni robs the brahmins and householders in the name of the king, and he robs the king in the name of the brahmins and householders. His wife, a lady of faith who he married from a family of faith, has passed away. And he has taken a new wife who has no faith.” “Oh, it’s bad news to hear that Dhanañjāni is negligent. Hopefully, some time or other I’ll get to meet him, and we can have a discussion.”

စာ-၃၉၆

၄၄၆။ အထ ခေါ အာယသ္မာ သာရိပုတ္တော ဒက္ခိဏာဂိရိသ္မိံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ရာဇဂဟံ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ရာဇဂဟံ တဒဝသရိ။ တတြ သုဒံ အာယသ္မာ သာရိပုတ္တော ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မာ သာရိပုတ္တော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။ တေန ခေါ ပန သမယေန ဓနဉ္ဇာနိ ဗြာဟ္မဏော ဗဟိနဂရေ ဂါဝေါ ဂေါဋ္ဌေ ဒုဟာပေတိ။ အထ ခေါ အာယသ္မာ သာရိပုတ္တော ရာဇဂဟေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ဓနဉ္ဇာနိ ဗြာဟ္မဏော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အာယသ္မန္တံ သာရိပုတ္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘ဣတော, ဘော သာရိပုတ္တ, ပယော, ပီယတံ တာဝ ဘတ္တဿ ကာလော ဘဝိဿတီ’’တိ။ ‘‘အလံ, ဗြာဟ္မဏ။ ကတံ မေ အဇ္ဇ ဘတ္တကိစ္စံ။ အမုကသ္မိံ မေ ရုက္ခမူလေ ဒိဝါဝိဟာရော ဘဝိဿတိ။ တတ္ထ အာဂစ္ဆေယျာသီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသိ။ အထ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော ပစ္ဆာဘတ္တံ ဘုတ္တပါတရာသော ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သာရိပုတ္တေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဓနဉ္ဇာနိံ ဗြာဟ္မဏံ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ – ‘‘ကစ္စာသိ, ဓနဉ္ဇာနိ, အပ္ပမတ္တော’’တိ? ‘‘ကုတော, ဘော သာရိပုတ္တ, အမှာကံ အပ္ပမာဒေါ ယေသံ နော မာတာပိတရော ပေါသေတဗ္ဗာ, ပုတ္တဒါရော ပေါသေတဗ္ဗော, ဒါသကမ္မကရာ ပေါသေတဗ္ဗာ, မိတ္တာမစ္စာနံ မိတ္တာမစ္စကရဏီယံ ကာတဗ္ဗံ, ဉာတိသာလောဟိတာနံ ဉာတိသာလောဟိတကရဏီယံ ကာတဗ္ဗံ, အတိထီနံ အတိထိကရဏီယံ ကာတဗ္ဗံ, ပုဗ္ဗပေတာနံ ပုဗ္ဗပေတကရဏီယံ ကာတဗ္ဗံ, ဒေဝတာနံ ဒေဝတာကရဏီယံ ကာတဗ္ဗံ, ရညော ရာဇကရဏီယံ ကာတဗ္ဗံ, အယမ္ပိ ကာယော ပီဏေတဗ္ဗော ဗြူဟေတဗ္ဗော’’တိ။

၄၄၆။ ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်သမျှ နေတော်မူ၍ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ကြွတော်မူ၏၊ အစဥ်အတိုင်း ဒေသစာရီ ကြွတော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်လေ၏၊ အသျှင်သာရိပုတြာသည် ထိုရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည်မြို့ပြင်နွားခြံ၌ နွားတို့ကို နို့ညစ်စေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် ဓနဉ္ဇာနိပုဏ္ဏားထံသို့ ချဥ်းကပ်လေ၏၊ ဓနဉ္ဇာနိပုဏ္ဏားသည်အဝေးကသာလျှင် ကြွလာသော အသျှင်သာရိပုတြာကို မြင်လေ၍ အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်ကာအသျှင်သာရိပုတြာကို “အသျှင်သာရိပုတြာ ဤနို့ခွက်ထဲမှ နွားနို့သစ်ကို သောက်ပါလော့၊ ထိုသောက်စဥ်ပင် ဆွမ်းစားအံ့သော အချိန်အခါသည် ဖြစ်ပါလတ္တံ့”ဟု ဤစကားကို လျှောက်၏။ ပုဏ္ဏားတော်ပြီ၊ ငါသည် ယနေ့ ဆွမ်းစားခြင်းကိစ္စကို ပြုပြီးပြီ၊ ငါသည် ဤအမည်ရှိသော သစ်ပင်ရင်း၌နေ့သန့်စင်နေအံ့၊ ထို သစ်ပင်ရင်းသို့ သင် လာခဲ့လော့ဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟူ၍သာလျှင်ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်၍ လျှောက်ကြား၏။ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် နံနက်စာ စားပြီးနောက် အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီ့းဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေပြီးသော ဓနဉ္ဇာနိပုဏ္ဏားကို အသျှင်သာရိပုတြာသည် “ဓနဉ္ဇာနိပုဏ္ဏား သင်သည် မမေ့မလျော့ ရှိပါ၏လော”ဟု (မေး၏)။ အသျှင်သာရိပုတြာအကျွန်ုပ်တိုု့အား မမေ့မလျော့ဘဲ အဘယ်မှာရှိပါအံ့နည်း၊ အကျွန်ုပ်တို့သည် အမိအဖကို လုပ်ကျွေးရ၏၊ သားမယားကို လုပ်ကျွေးရ၏၊ ကျွန်အမှုလုပ်တို့ကို လုပ်ကျွေးရ၏၊ မိတ်ဆွေခင်ပွန်းတို့အား မိတ်ဆွေခင်ပွန်းကိစ္စကို ပြုရ၏၊ ဆွေမျိုးသားချင်းတို့အား ဆွေမျိုးသားချင်းကိစ္စကို ပြုရ၏၊ ဧည့်သည်တို့အားဧည့်သည်ကို ပြုရသော ဝတ္တရားကို ပြုရ၏၊ ရှေးအခါက သေပြီးသူတို့အား ရှေးကသေပြီးသူ၌ ပြုရသောဝတ်ကို ပြုရ၏၊ နတ်တို့အား နတ်အလျောက် ပြုဖွယ်ကိစ္စကို ပြုရ၏၊ မင်းအား မင်းအလျောက်ပြုဖွယ်ကိစ္စကို ပြုရ၏၊ ဤခန္ဓာကိုယ်ကိုလည်း ပြည့်ဖြိုးစေရ၏၊ ပွါးစေရ၏ဟု (လျှောက်၏)။

When Sāriputta had stayed in the Southern Hills as long as he pleased, he set out for Rājagaha. Traveling stage by stage, he arrived at Rājagaha, where he stayed in the Bamboo Grove, the squirrels’ feeding ground. Then he robed up in the morning and, taking his bowl and robe, entered Rājagaha for alms. Now at that time Dhanañjāni was having his cows milked in a cow-shed outside the city. Then Sāriputta wandered for alms in Rājagaha. After the meal, on his return from almsround, he approached Dhanañjāni. Seeing Sāriputta coming off in the distance, Dhanañjāni went to him and said, “Here, worthy Sāriputta, drink some fresh milk before the meal time.” “Enough, brahmin, I’ve finished eating for today. I shall be at the root of that tree there for the day’s meditation. Come see me there.” “Yes, worthy sir,” replied Dhanañjāni. When Dhanañjāni had finished breakfast he went to Sāriputta and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. Sāriputta said to him, “I hope you’re diligent, Dhanañjāni?” “How can I possibly be diligent, worthy Sāriputta? I have to provide for my mother and father, my wives and children, and my bondservants and workers. And I have to make the proper offerings to friends and colleagues, relatives and kin, guests, ancestors, deities, and king. And then this body must also be fattened and built up.”

စာ-၃၉၇

၄၄၇။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော မာတာပိတူနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ မာတာပိတူနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, မာတာပိတရော ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ပုတ္တဒါရဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ပုတ္တဒါရဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ပုတ္တဒါရော ဝါ ပနဿ လဘေယျ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ဒါသကမ္မကရပေါရိသဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ဒါသကမ္မကရပေါရိသဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ဒါသကမ္မကရပေါရိသာ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော မိတ္တာမစ္စာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ မိတ္တာမစ္စာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, မိတ္တာမစ္စာ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ဉာတိသာလောဟိတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ဉာတိသာလောဟိတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ဉာတိသာလောဟိတာ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော အတိထီနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ အတိထီနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, အတိထီ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ပုဗ္ဗပေတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ပုဗ္ဗပေတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ပုဗ္ဗပေတာ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ဒေဝတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ဒေဝတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ဒေဝတာ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ရညော ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ရညော ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ရာဇာ ဝါ ပနဿ လဘေယျ ‘ဧသော ခေါ အမှာကံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ဣဓေကစ္စော ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, တမေနံ အဓမ္မစရိယာဝိသမစရိယာဟေတု နိရယံ နိရယပါလာ ဥပကဍ္ဎေယျုံ။ လဘေယျ နု ခေါ သော ‘အဟံ ခေါ ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိံ, မာ မံ နိရယံ နိရယပါလာ’တိ, ပရေ ဝါ ပနဿ လဘေယျုံ ‘ဧသော ခေါ ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု အဓမ္မစာရီ ဝိသမစာရီ အဟောသိ, မာ နံ နိရယံ နိရယပါလာ’’’တိ? ‘‘နော ဟိဒံ, ဘော သာရိပုတ္တ။ အထ ခေါ နံ ဝိက္ကန္ဒန္တံယေဝ နိရယေ နိရယပါလာ ပက္ခိပေယျုံ’’။

၄၄၇။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည်မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ အမိအဖတို့ကသော်လည်း “ဤသူသည် ငါတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတ သောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကားမရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် သား မယားကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူ သည်“ငါသည်ကား သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် သားမယားတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု တောင်းပန်၍ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကျွန်အမှု လုပ်ယောကျာ်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသော အကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ကျွန်အမှုလုပ်ယောကျာ်းတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် မိတ်ဆွေ့ခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား မိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လော။ ထိုသို့မဟုတ် မိတ်ဆွေခင်ပွန်းတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရား သောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန် လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ဆွေမျိုးသားချင်းတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်ခဲ့ပါ ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့ မဟုတ် ထိုသူ၏ ဧည့်သည်တို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်း ပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤ လောက၌ အချို့သော သူသည် ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ရှေးက သေပြီးသူတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲ ထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် နတ်တို့ကို့အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထို သူသည်“ငါသည်ကား နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် နတ်တို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကိုငိုကြွေးစဥ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် မင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည်“ငါသည်ကား မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ မင်းကသော်လည်း “ဤသူကား ငါ့ကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့် ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကိုကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏တစ်ပါးသောသူတို့က သော်လည်း “ဤသူကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဥ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

“What do you think, Dhanañjāni? Suppose someone was to behave in an unprincipled and immoral way for the sake of their parents. Because of this the wardens of hell would drag them to hell. Could they get out of being dragged to hell by pleading that they had acted for the sake of their parents? Or could their parents save them by pleading that the acts had been done for their sake?” “No, worthy Sāriputta. Rather, even as they were wailing the wardens of hell would cast them down into hell.” “What do you think, Dhanañjāni? Suppose someone was to behave in an unprincipled and immoral way for the sake of their wives and children … bondservants and workers … friends and colleagues … relatives and kin … guests … ancestors … deities … king … fattening and building up their body. Because of this the wardens of hell would drag them to hell. Could they get out of being dragged to hell by pleading that they had acted for the sake of fattening and building up their body? Or could anyone else save them by pleading that the acts had been done for that reason?” “No, worthy Sāriputta. Rather, even as they were wailing the wardens of hell would cast them down into hell.”

၄၄၈။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ မာတာပိတူနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ မာတာပိတူနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, မာတာပိတူနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, မာတာပိတူနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ မာတာပိတရော စေဝ ပေါသေတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ပုတ္တဒါရဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ပုတ္တဒါရဿ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ပုတ္တဒါရဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ပုတ္တဒါရဿ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ ယေဟိ သက္ကာ ပုတ္တဒါရဉ္စေဝ ပေါသေတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ဒါသကမ္မကရပေါရိသဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ဒါသကမ္မကရပေါရိသဿ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ဒါသကမ္မကရပေါရိသဿ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ဒါသကမ္မကရပေါရိသဿ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ဒါသကမ္မကရပေါရိသေ စေဝ ပေါသေတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ မိတ္တာမစ္စာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ မိတ္တာမစ္စာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, မိတ္တာမစ္စာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, မိတ္တာမစ္စာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ မိတ္တာမစ္စာနဉ္စေဝ မိတ္တာမစ္စကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ဉာတိသာလောဟိတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ဉာတိသာလောဟိတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ဉာတိသာလောဟိတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ဉာတိသာလောဟိတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ဉာတိသာလောဟိတာနဉ္စေဝ ဉာတိသာလောဟိတကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ အတိထီနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ အတိထီနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, အတိထီနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, အတိထီနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ အတိထီနဉ္စေဝ အတိထိကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ပုဗ္ဗပေတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ပုဗ္ဗပေတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ပုဗ္ဗပေတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ပုဗ္ဗပေတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ပုဗ္ဗပေတာနဉ္စေဝ ပုဗ္ဗပေတကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ဒေဝတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ဒေဝတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ။ ‘‘ယော ဟိ, ဘော သာရိပုတ္တ, ဒေဝတာနံ ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ဒေဝတာနံ ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ဒေဝတာနဉ္စေဝ ဒေဝတာကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ရညော ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ရညော ဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ရညော ဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ရညော ဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ရညော စေဝ ရာဇကရဏီယံ ကာတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတုံ။

‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ယော ဝါ ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, ယော ဝါ ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု ဓမ္မစာရီ သမစာရီ အဿ၊ ကတမံ သေယျော’’တိ? ‘‘ယော ဟိ, ဘော သာရိပုတ္တ, ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု အဓမ္မစာရီ ဝိသမစာရီ အဿ, န တံ သေယျော၊ ယော စ ခေါ, ဘော သာရိပုတ္တ, ကာယဿ ပီဏနာဟေတု ဗြူဟနာဟေတု ဓမ္မစာရီ သမစာရီ အဿ, တဒေဝေတ္ထ သေယျော။ အဓမ္မစရိယာဝိသမစရိယာဟိ, ဘော သာရိပုတ္တ, ဓမ္မစရိယာသမစရိယာ သေယျော’’တိ။ ‘‘အတ္ထိ ခေါ, ဓနဉ္ဇာနိ, အညေသံ ဟေတုကာ ဓမ္မိကာ ကမ္မန္တာ, ယေဟိ သက္ကာ ကာယဉ္စေဝ ပီဏေတုံ ဗြူဟေတုံ, န စ ပါပကမ္မံ ကာတုံ, ပုညဉ္စ ပဋိပဒံ ပဋိပဇ္ဇိတု’’န္တိ။

၄၄၈။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မိဘတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည် မမြတ်ပါ၊ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကို ကျင့်ရာပါ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသော အကျင့်ကို ကျင့်ခြင်းထက် တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ခြင်းသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ တစ်ပါးသောသူတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် အမိအဖတို့ကိုု လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်အမှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု့အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် သားမယားကို အကြောင်း ပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား သားမယားကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား သားမယားကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် သားမယားကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ် ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် ကျွန်အမှုလုပ်ယောကျာ်းကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ကျွန် အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မြတ်သည် မဖြစ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိသူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ကျွန်အမှုလုပ် ယောကျာ်းတို့ကို ကျွေးမွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်း တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မိတ်ဆွေခင်ပွန်းတို့အားလည်း မိတ်ဆွေခင်ပွန်းကိစ္စကိုပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဆွေမျိုး သားချင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ဆွေမျို့းသားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ဆွေမျိုးသားချင်းတို့အားလည်း ဆွေမျိုးသားချင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဧည့်သည်တို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသော အကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့်ဧည့်သည်တို့အားလည်း ဧည့်သည်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့် ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန် သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ရှေးကသေပြီးသူတို့အား လည်း ရှေးက သေပြီးသူတို့ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား နတ်တို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသော အကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည်ရှိကုန်၏၊ ယင်း အမှုတို့ဖြင့် နတ်တို့အား နတ်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မင်းကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူသည် မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့်မျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသော အကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါး တို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မင်းအား မင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန်အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကိုကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍မတရားသောအကျင့် မမျှ တသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ခန္ဓာကိုယ် ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသော အကျင့် မျှတသောအကျင့်သည်သာမြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရ ကုန်သော တရားနှင့်လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ခန္ဓာကိုယ်ကို ပြည့်ဖြိုးစေ ခြင်းငှါလည်းကောင်း၊ ပွါးစီးစေခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်း ကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏ဟု (မိန့်တော်မူ၏)။

“Who do you think is better, Dhanañjāni? Someone who, for the sake of their parents, behaves in an unprincipled and immoral manner, or someone who behaves in a principled and moral manner?” “Someone who behaves in a principled and moral manner for the sake of their parents. For principled and moral conduct is better than unprincipled and immoral conduct.” “Dhanañjāni, others have livelihoods that are both profitable and legitimate. By means of these it’s possible to provide for your parents, avoid bad deeds, and practice the path of goodness. Who do you think is better, Dhanañjāni? Someone who, for the sake of their wives and children … bondservants and workers … friends and colleagues … relatives and kin … guests … ancestors … deities … king … fattening and building up their body, behaves in an unprincipled and immoral manner, or someone who behaves in a principled and moral manner?” “Someone who behaves in a principled and moral manner. For principled and moral conduct is better than unprincipled and immoral conduct.” “Dhanañjāni, others have livelihoods that are both profitable and legitimate. By means of these it’s possible to fatten and build up your body, avoid bad deeds, and practice the path of goodness.”

၄၄၉။ အထ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အပရေန သမယေန အာဗာဓိကော အဟောသိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အညတရံ ပုရိသံ အာမန္တေသိ – ‘‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယေန ဘဂဝါ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ – ‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ။ ယေန စာယသ္မာ သာရိပုတ္တော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒာဟိ – ‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘သာဓု ကိရ, ဘန္တေ, အာယသ္မာ သာရိပုတ္တော ယေန ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ပုရိသော ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ပုရိသော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’’တိ။ ယေန စာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သာရိပုတ္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ပုရိသော အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒတိ, ဧဝဉ္စ ဝဒေတိ – ‘သာဓု ကိရ, ဘန္တေ, အာယသ္မာ သာရိပုတ္တော ယေန ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’’တိ။ အဓိဝါသေသိ ခေါ အာယသ္မာ သာရိပုတ္တော တုဏှီဘာဝေန။

၄၄၉။ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဟောတော်မူသော တရားကို အလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ နေရာမှထကာ ဖဲသွား၏။ ထို့နောက် ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ပါးသောအခါ၌ ဖျားနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ယောက်သော ယောကျာ်းကို ခေါ်၍ “အမောင်ယောကျာ်း လာပါဦး၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ပါလေ။ အသျှင်သာရိပုတြာထံသို့လည်း ချဥ်းကပ်၍ ငါ၏စကားဖြင့်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် အသျှင်သာရိပုတြာ၏ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား၏အိမ်ဆီသို့ အစဥ်သနားသဖြင့် ချဥ်းကပ်တော်မူပါလော့’ဟု ဤသို့လည်း လျှောက်ပါလေ”ဟုမှာထားပြောဆို၏။ “အသျှင် ကောင်းပါပြီ”ဟူ၍ ထိုယောကျာ်းသည် ဓနဉ္ဇာနိပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံတော်သို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော် ရာ၌ ထိုင်ပြီးသော ထိုယောကျာ်းသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနာနေ ပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤစကားကို လျှောက်၏။ အသျှင်သာရိပုတြာထံသို့လည်းချဥ်းကပ်၍ အသျှင် သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရားဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏။ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် အစဥ်သနား သဖြင့် ဓနဉ္ဇာနိပုဏ္ဏား၏ အိမ်ဆီသို့ ချဥ်းကပ်တော်မူပါ’ဟုဤသို့လည်း လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။ အသျှင်သာရိပုတြာသည် ဆိတ်ဆိတ်နေသဖြင့်လက်ခံတော်မူ၏။

Then Dhanañjāni the brahmin, having approved and agreed with what Venerable Sāriputta said, rose from his seat and left. Some time later Dhanañjāni became sick, suffering, gravely ill. Then he addressed a man, “Please, my man, go to the Buddha, and in my name bow with your head to his feet. Say to him: ‘Sir, the brahmin Dhanañjāni is sick, suffering, gravely ill. He bows with his head to your feet.’ Then go to Venerable Sāriputta, and in my name bow with your head to his feet. Say to him: ‘Sir, the brahmin Dhanañjāni is sick, suffering, gravely ill. He bows with his head to your feet.’ And then say: ‘Sir, please visit Dhanañjāni at his home out of sympathy.’” “Yes, sir,” that man replied. He did as Dhanañjāni asked. Sāriputta consented with silence.

စာ-၄၀၃

၄၅၀။ အထ ခေါ အာယသ္မာ သာရိပုတ္တော နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ အာယသ္မာ သာရိပုတ္တော ဓနဉ္ဇာနိံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, ဓနဉ္ဇာနိ, ခမနီယံ, ကစ္စိ ယာပနီယံ? ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ, နော အဘိက္ကမန္တိ? ပဋိက္ကမောသာနံ ပညာယတိ, နော အဘိက္ကမော’’တိ? ‘‘န မေ, ဘော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ။ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘော သာရိပုတ္တ, ဗလဝါ ပုရိသော တိဏှေန သိခရေန မုဒ္ဓနိ [မုဒ္ဓါနံ (သီ။ သျာ။ ကံ။ ပီ။)] အဘိမတ္ထေယျ၊ ဧဝမေဝ ခေါ, ဘော သာရိပုတ္တ, အဓိမတ္တာ ဝါတာ မုဒ္ဓနိ စ ဦဟနန္တိ။ န မေ, ဘော သာရိပုတ္တ, ခမနီယံ, န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ။ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘော သာရိပုတ္တ, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တက္ခဏ္ဍေန [ဝရတ္တဗန္ဓနေန (သီ။ ပီ။)] သီသေ သီသဝေဌံ ဒဒေယျ၊ ဧဝမေဝ ခေါ, ဘော သာရိပုတ္တ, အဓိမတ္တာ သီသေ သီသဝေဒနာ။ န မေ, ဘော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ။ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘော သာရိပုတ္တ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ၊ ဧဝမေဝ ခေါ, ဘော သာရိပုတ္တ, အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ န မေ, ဘော သာရိပုတ္တ, ခမနီယံ, န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ။ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘော သာရိပုတ္တ, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ သမ္ပရိတာပေယျုံ၊ ဧဝမေဝ ခေါ, ဘော သာရိပုတ္တ, အဓိမတ္တော ကာယသ္မိံ ဍာဟော။ န မေ, ဘော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ။ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော’’တိ။

၄၅၀။ ထိုအခါ အသျှင်သာရိပုတြာသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ဓနဉ္ဇာနိပုဏ္ဏား၏အိမ်သို့ ချဥ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်ကာ ဓနဉ္ဇာနိပုဏ္ဏားကို “ဓနဉ္ဇာနိ အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သော အရာသည်မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် ထက်လှစွာသော ခက်ရင်းဖြင့်ထိပ်ကိုထိုး၍ နှိိပ်ဘိသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်သော လေတို့သည် ထိပ်၌ထိုးကျင့်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သောဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် မြဲမြံခိုင်ခံ့သော ကြိုးပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်သာရိပုတြာ ဥပမာအားဖြင့် လိမ္မာသော နွားသတ်ယောကျာ်းသည်လည်းကောင်း နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့ တိုးတက်သော အရာသည်သာထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သော အရာသည် မထင်ပါ။ အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းတစ်ယောက်ကို အသီးအသီး လက်မောင်းတို့၌ ကိုင်တွယ်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန်ပူလောင်ခြင်းသည် ဖြစ်ပါ၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အားပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်။ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်၏)။

He robed up, and, taking his bowl and robe, went to Dhanañjāni’s home, where he sat down on the seat spread out and said to Dhanañjāni, “I hope you’re keeping well, Dhanañjāni, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “I’m not keeping well, Mister Sāriputta, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. The winds piercing my head are so severe, it feels like a strong man drilling into my head with a sharp point. I’m not keeping well. The pain in my head is so severe, it feels like a strong man tightening a strong leather strap around my head. I’m not keeping well. The winds slicing my belly are so severe, like a deft butcher or their apprentice were slicing open a cow’s belly with a sharp meat cleaver. I’m not keeping well. The burning in my body is so severe, it feels like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. I’m not keeping well, Mister Sāriputta, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading.”

စာ-၄၀၄

၄၅၁။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – နိရယော ဝါ တိရစ္ဆာနယောနိ ဝါ’’တိ? ‘‘နိရယာ, ဘော သာရိပုတ္တ, တိရစ္ဆာနယောနိ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – တိရစ္ဆာနယောနိ ဝါ ပေတ္တိဝိသယော ဝါ’’တိ? ‘‘တိရစ္ဆာနယောနိယာ, ဘော သာရိပုတ္တ, ပေတ္တိဝိသယော သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – ပေတ္တိဝိသယော ဝါ မနုဿာ ဝါ’’တိ? ‘‘ပေတ္တိဝိသယာ, ဘော သာရိပုတ္တ, မနုဿာ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – မနုဿာ ဝါ စာတုမဟာရာဇိကာ [စာတုမ္မဟာရာဇိကာ (သီ။ သျာ။ ကံ။ ပီ။)] ဝါ ဒေဝါ’’တိ။ ‘‘မနုဿေဟိ, ဘော သာရိပုတ္တ, စာတုမဟာရာဇိကာ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – စာတုမဟာရာဇိကာ ဝါ ဒေဝါ တာဝတိံသာ ဝါ ဒေဝါ’’တိ? ‘‘စာတုမဟာရာဇိကေဟိ, ဘော သာရိပုတ္တ, ဒေဝေဟိ တာဝတိံသာ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – တာဝတိံသာ ဝါ ဒေဝါ ယာမာ ဝါ ဒေဝါ’’တိ? ‘‘တာဝတိံသေဟိ, ဘော သာရိပုတ္တ, ဒေဝေဟိ ယာမာ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – ယာမာ ဝါ ဒေဝါ တုသိတာ ဝါ ဒေဝါ’’တိ? ‘‘ယာမေဟိ, ဘော သာရိပုတ္တ, ဒေဝေဟိ တုသိတာ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – တုသိတာ ဝါ ဒေဝါ နိမ္မာနရတီ ဝါ ဒေဝါ’’တိ? ‘‘တုသိတေဟိ, ဘော သာရိပုတ္တ, ဒေဝေဟိ နိမ္မာနရတီ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော – နိမ္မာနရတီ ဝါ ဒေဝါ ပရနိမ္မိတဝသဝတ္တီ ဝါ ဒေဝါ’’တိ? ‘‘နိမ္မာနရတီဟိ, ဘော သာရိပုတ္တ, ဒေဝေဟိ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သေယျော’’တိ။ ‘‘တံ ကိံ မညသိ, ဓနဉ္ဇာနိ, ကတမံ သေယျော ပရနိမ္မိတဝသဝတ္တီ ဝါ ဒေဝါ ဗြဟ္မလောကော ဝါ’’တိ? ‘‘‘ဗြဟ္မလောကော’တိ [ဘဝံ သာရိပုတ္တော အာဟာတိ, ကတမံ သာရိပုတ္တော အာဟ ဗြဟ္မလောကောတိ။ (က။)] – ဘဝံ သာရိပုတ္တော အာဟ၊ ‘ဗြဟ္မလောကော’တိ – ဘဝံ သာရိပုတ္တော အာဟာ’’တိ [ဘဝံ သာရိပုတ္တော အာဟာတိ, ကတမံ သာရိပုတ္တော အာဟ ဗြဟ္မလောကောတိ။ (က။)]။

အထ ခေါ အာယသ္မတော သာရိပုတ္တဿ ဧတဒဟောသိ – ‘‘ဣမေ ခေါ ဗြာဟ္မဏာ ဗြဟ္မလောကာဓိမုတ္တာ။ ယံနူနာဟံ ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေယျ’’န္တိ။ ‘‘ဗြဟ္မာနံ တေ, ဓနဉ္ဇာနိ, သဟဗျတာယ မဂ္ဂံ ဒေသေဿာမိ၊ တံ သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသိ။ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ – ‘‘ကတမော စ, ဓနဉ္ဇာနိ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ? ဣဓ, ဓနဉ္ဇာနိ, ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ အယံ ခေါ, ဓနဉ္ဇာနိ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ’’။

၄၅၁။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ငရဲသားသည်လည်းကောင်း၊ တိရစ္ဆာန်သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ငရဲသားထက်တိရစ္ဆာန် သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တိရစ္ဆာန်သည် လည်းကောင်း၊ ပြိတ္တာသည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တိရစ္ဆာန်ထက် ပြိတ္တာသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကိုအဘယ်သို့ မှတ်ထင်ဘိ သနည်း၊ ပြိတ္တာသည်လည်းကောင်း၊ လူတို့သည်လည်းကောင်း အဘယ်သည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ပြိတ္တာထက် လူတို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ လူတို့သည်လည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာလူတို့ထက် စာတုမဟာရာဇ်နတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ စာတုမဟာရာဇ်နတ်တို့သည် လည်းကောင်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင် သာရိပုတြာ စာတုမဟာရာဇ်နတ်တို့ထက်တာဝတိံ သာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာတာဝတိံ သာနတ်တို့ထက် ယာမာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ယာမာနတ်တို့ထက် တုသိတာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တုသိတာနတ်တို့ထက် နိမ္မာနရတိနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ နိမ္မာနရတိနတ်တို့ထက် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း၊ ဗြဟ္မာ့ပြည်လောကသည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလော၊ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလောဟု (လျှောက်၏)။ ထိုအခါ အသျှင်သာရိပုတြာအား “ဤပုဏ္ဏားတို့သည်ကား ဗြဟ္မာ့ပြည်သို့ ညွတ်သော စိတ်ရှိကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနိပုဏ္ဏားအား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်လေ၏။ ဓနဉ္ဇာနိသင့်အား ငါသည် ဗြဟ္မာတို့၏ အပေါင်းအဖော် ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကိုဟောကြားပေအံ့၊ ထိုတရားကို သင်နာယူလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါဟောပေအံ့ဟု (ဆို၏)။“အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်ကြား၏၊ အသျှင်သာရိပုတြာသည် ဤသို့သောစကားကို ဟောကြား၏ “ဓနဉ္ဇာနိ ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကား အဘယ်နည်းဟူမူ- ဓနဉ္ဇာနိ ဤလောက၌ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်သောအရပ်ကို။ ထို့အတူ သုံးခုမြောက်သောအရပ်ကို။ ထို့အတူ လေးခုမြောက်သောအရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ချစ်ခြင်းမေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။ ဓနဉ္ဇာနိ ဤတရားကား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းခရီးတည်း။

“Dhanañjāni, which do you think is better: hell or the animal realm?” “The animal realm is better.” “Which do you think is better: the animal realm or the ghost realm?” “The ghost realm is better.” “Which do you think is better: the ghost realm or human life?” “Human life is better.” “Which do you think is better: human life or as one of the gods of the four great kings?” “The gods of the four great kings.” “Which do you think is better: the gods of the four great kings or the gods of the thirty-three?” “The gods of the thirty-three.” “Which do you think is better: the gods of the thirty-three or the gods of Yama?” “The gods of Yama.” “Which do you think is better: the gods of Yama or the joyful gods?” “The joyful gods.” “Which do you think is better: the joyful gods or the gods who love to create?” “The gods who love to create.” “Which do you think is better: the gods who love to create or the gods who control what is created by others?” “The gods who control what is created by others.” “Which do you think is better: the gods who control what is created by others or the realm of divinity?” “Worthy Sāriputta speaks of the realm of divinity! Worthy Sāriputta speaks of the realm of divinity!” Then Sāriputta thought: “These brahmins are devoted to the realm of divinity. Why don’t I teach him a path to the company of Divinity?” “Dhanañjāni, I shall teach you a path to the company of Divinity. Listen and apply your mind well, I will speak.” “Yes, worthy sir,” replied Dhanañjāni. Venerable Sāriputta said this: “And what is a path to company with Divinity? Firstly, a mendicant meditates spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. This is a path to company with Divinity.

၄၅၂။ ‘‘ပုန စပရံ, ဓနဉ္ဇာနိ, ဘိက္ခု ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ အယံ ခေါ, ဓနဉ္ဇာနိ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ’’တိ။ တေန ဟိ, ဘော သာရိပုတ္တ, မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ – ‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ။ အထ ခေါ အာယသ္မာ သာရိပုတ္တော ဓနဉ္ဇာနိံ ဗြာဟ္မဏံ သတိ ဥတ္တရိကရဏီယေ ဟီနေ ဗြဟ္မလောကေ ပတိဋ္ဌာပေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ ဓနဉ္ဇာနိ ဗြာဟ္မဏော အစိရပက္ကန္တေ အာယသ္မန္တေ သာရိပုတ္တေ ကာလမကာသိ, ဗြဟ္မလောကဉ္စ ဥပပဇ္ဇိ။

၄၅၂။ ဓနဉ္ဇာနိ တစ်ဖန်လည်း ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ ဥပေက္ခာနှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့်ပျံ့နှံ့စေ၍ နေ၏။ ဓနဉ္ဇာနိ ဤတရားသည်ကား ဗြဟ္မာတို့၏အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း ခရီးတည်းဟု (မိန့်ဆို၏)။ အသျှင်သာရိပုတြာ သို့ဖြစ်ပါမူ အကျွန်ုပ်၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု လျှောက်ထားပါဟူ၍ မှာကြားလိုက်၏။ ထိုအခါ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့ သောဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍ နေရာမှထကာ ဖဲသွား၏။ ထိုအခါဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဖဲသွား၍ မကြာမြင့်မီ သေဆုံး၍ ဗြဟ္မာ့ပြည်သို့လည်းကပ်ရောက်၏။

Furthermore, a mendicant meditates spreading a heart full of compassion … They meditate spreading a heart full of rejoicing … They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. This is a path to company with Divinity.” “Well then, Mister Sāriputta, in my name bow with your head to the Buddha’s feet. Say to him: ‘Sir, the brahmin Dhanañjāni is sick, suffering, gravely ill. He bows with his head to your feet.’” Then Sāriputta, after establishing Dhanañjāni in the inferior realm of divinity, rose from his seat and left while there was still more left to do. Not long after Sāriputta had left, Dhanañjāni passed away and was reborn in the realm of divinity.

စာ-၄၀၆

၄၅၃။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဧသော, ဘိက္ခဝေ, သာရိပုတ္တော ဓနဉ္ဇာနိံ ဗြာဟ္မဏံ သတိ ဥတ္တရိကရဏီယေ ဟီနေ ဗြဟ္မလောကေ ပတိဋ္ဌာပေတွာ ဥဋ္ဌာယာသနာ ပက္ကန္တော’’တိ။ အထ ခေါ အာယသ္မာ သာရိပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ, ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ, ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဓနဉ္ဇာနိ, ဘန္တေ, ဗြာဟ္မဏော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော, သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’’တိ။ ‘‘ကိံ ပန တွံ သာရိပုတ္တ ဓနဉ္ဇာနိံ ဗြာဟ္မဏံ သတိ ဥတ္တရိကရဏီယေ ဟီနေ ဗြဟ္မလောကေ ပတိဋ္ဌာပေတွာ ဥဋ္ဌာယာသနာ ပက္ကန္တော’’တိ? ‘‘မယှံ ခေါ, ဘန္တေ, ဧဝံ အဟောသိ – ‘ဣမေ ခေါ ဗြာဟ္မဏာ ဗြဟ္မလောကာဓိမုတ္တာ, ယံနူနာဟံ ဓနဉ္ဇာနိဿ ဗြာဟ္မဏဿ ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေယျ’န္တိ။ ‘‘ကာလင်္ကတောစ [ကာလင်္ကတောဝ (သျာ။ ကံ။ က။)], သာရိပုတ္တ, ဓနဉ္ဇာနိ ဗြာဟ္မဏော, ဗြဟ္မလောကဉ္စ ဥပပန္နော’’တိ။

ဓနဉ္ဇာနိသုတ္တံ နိဋ္ဌိတံ သတ္တမံ။

၄၅၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ဤသာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား ကိုအထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌တည်စေ၍ နေရာမှထကာ ဖဲသွား၏”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနီပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန်မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤသို့သောစကားကို လျှောက်၏။ သာရိပုတြာ အဘယ့်ကြောင့် သင်သည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ်ပြုဖွယ် ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍နေရာမှထကာ ဖဲလာဘိသနည်းဟု မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်မှာ “ဤပုဏ္ဏားတို့သည်ဗြဟ္မာ့ပြည်လောက သို့ ကိုင်းညွတ်သော စိတ်ရှိကြကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနီ ပုဏ္ဏားအားဗြဟ္မာတို့၏ အပေါင်း အဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူကောင်းလေရာ၏”ဟု ဤသို့သော အကြံဖြစ်ခဲ့ပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ဓနဉ္ဇာနိပုဏ္ဏားသည်သေဆုံးလေပြီ၊ ဗြဟ္မာ့ပြည်လောကသို့ လည်း ရောက်လေပြီဟု (မိန့်တော်မူ၏)။ ခုနစ်ခုမြောက် ဓနဉ္ဇာနိသုတ် ပြီး၏။

Then the Buddha said to the mendicants, “Mendicants, Sāriputta, after establishing Dhanañjāni in the inferior realm of divinity, rose from his seat and left while there was still more left to do.” Then Sāriputta went to the Buddha, bowed, sat down to one side, and said, “Sir, the brahmin Dhanañjāni is sick, suffering, gravely ill. He bows with his head to your feet.” “But Sāriputta, after establishing Dhanañjāni in the inferior realm of divinity, why did you get up from your seat and leave while there was still more left to do?” “Sir, I thought: ‘These brahmins are devoted to the realm of divinity. Why don’t I teach him a path to the company of Divinity?’” “And Sāriputta, the brahmin Dhanañjāni has passed away and been reborn in the realm of divinity.”

၈။ ဝါသေဋ္ဌသုတ္တံ

၄၅၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဣစ္ဆာနင်္ဂလေ [ဣစ္ဆာနင်္ကလေ (သီ။ ပီ။)] ဝိဟရတိ ဣစ္ဆာနင်္ဂလဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ အဘိညာတာ အဘိညာတာ ဗြာဟ္မဏမဟာသာလာ ဣစ္ဆာနင်္ဂလေ ပဋိဝသန္တိ, သေယျထိဒံ – စင်္ကီ ဗြာဟ္မဏော, တာရုက္ခော ဗြာဟ္မဏော, ပေါက္ခရသာတိ ဗြာဟ္မဏော, ဇာဏုဿောဏိ [ဇာဏုဿောဏီ (ပီ။), ဇာဏုသောဏီ (က။)] ဗြာဟ္မဏော, တောဒေယျော ဗြာဟ္မဏော, အညေ စ အဘိညာတာ အဘိညာတာ ဗြာဟ္မဏမဟာသာလာ။ အထ ခေါ ဝါသေဋ္ဌဘာရဒွါဇာနံ မာဏဝါနံ ဇင်္ဃာဝိဟာရံ အနုစင်္ကမန္တာနံ အနုဝိစရန္တာနံ [အနုစင်္ကမမာနာနံ အနုဝိစရမာနာနံ (သီ။ ပီ။)] အယမန္တရာကထာ ဥဒပါဒိ – ‘‘ကထံ, ဘော, ဗြာဟ္မဏော ဟောတီ’’တိ? ဘာရဒွါဇော မာဏဝေါ ဧဝမာဟ – ‘‘ယတော ခေါ, ဘော, ဥဘတော သုဇာတော မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန – ဧတ္တာဝတာ ခေါ, ဘော, ဗြာဟ္မဏော ဟောတီ’’တိ။ ဝါသေဋ္ဌော မာဏဝေါ ဧဝမာဟ – ‘‘ယတော ခေါ, ဘော, သီလဝါ စ ဟောတိ ဝတ္တသမ္ပန္နော [ဝတသမ္ပန္နော (ပီ။)] စ – ဧတ္တာဝတာ ခေါ, ဘော, ဗြာဟ္မဏော ဟောတီ’’တိ။ နေဝ ခေါ အသက္ခိ ဘာရဒွါဇော မာဏဝေါ ဝါသေဋ္ဌံ မာဏဝံ သညာပေတုံ, န ပန အသက္ခိ ဝါသေဋ္ဌော မာဏဝေါ ဘာရဒွါဇံ မာဏဝံ သညာပေတုံ။ အထ ခေါ ဝါသေဋ္ဌော မာဏဝေါ ဘာရဒွါဇံ မာဏဝံ အာမန္တေသိ – ‘‘အယံ ခေါ, ဘော ဘာရဒွါဇ, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဣစ္ဆာနင်္ဂလေ ဝိဟရတိ ဣစ္ဆာနင်္ဂလဝနသဏ္ဍေ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ အာယာမ, ဘော ဘာရဒွါဇ, ယေန သမဏော ဂေါတမော တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ သမဏံ ဂေါတမံ ဧတမတ္ထံ ပုစ္ဆိဿာမ။ ယထာ နော သမဏော ဂေါတမော ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဘာရဒွါဇော မာဏဝေါ ဝါသေဋ္ဌဿ မာဏဝဿ ပစ္စဿောသိ။

၈-ဝါသေဋ္ဌသုတ် ၄၅၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော် မူ၏။ ထိုစဥ်အခါ၌ အလွန်ထင်ရှား ကျော်စောကုန်သော ပုဏ္ဏားသူဌေး များစွာတို့သည် ဣ စ္ဆာနင်္ဂလနိဂုံး၌တည်းခို နေကုန်၏။ ဤသူတို့ကား အဘယ်နည်း။ စင်္ကီပုဏ္ဏား တာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏားဇာဏုဿောဏိ ပုဏ္ဏား တောဒေယျပုဏ္ဏားနှင့် အလွန်ထင်ရှား ကျော်စောကုန်သော အခြားပုဏ္ဏားသူဌေးတို့ပေတည်း။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာစင်္ကြံသွားလျက် လှည့်လည်လျက် နေကြစဥ် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့အား ဤစကားအထူးသည်ဖြစ်ပေါ်၏- “အချင်း အဘယ်သို့သော အခြင်းအရာဖြင့် ဗြာဟ္မဏမည်သနည်း”ဟု (ဖြစ်ပေါ်၏)။ ဘာရဒွါဇလုလင်သည် ဤသို့ဆို၏ “အချင်း အကြင့်ကြောင့် အမိဘက် အဖဘက် နှစ်ဖက်လုံးတို့မှကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အချင်း ဤမျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။ ဝါသေဋ္ဌလုလင်သည် ဤသို့ ဆို၏ “အချင်း အကြင့်ကြောင့် သီလလည်း ရှိ၏၊ ဝတ်အကျင့်နှင့်လည်းပြည့်စုံ၏၊ အချင်း ဤမျှသောအတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။ ဘာရဒွါဇလုလင်သည်ဝါသေဋ္ဌလုလင်ကို သိနားလည်စေခြင်းငှါ မစွမ်းနိုင်၊ ဝါသေဋ္ဌလုလင်သည်လည်း ဘာရဒွါဇလုလင်ကိုသိနားလည်စေခြင်းငှါ မစွမ်းနိုင်။ ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်အား ဤသို့ ပြော၏-“အချင်းဘာရဒွါဇ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိ်ုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပျံ့နှံ့၍ထွက်၏-‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့့်လည်း‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။ အချင်းဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဥ်းကပ်၍ ဤအကြောင်းကို ရဟန်းဂေါတမအားမေးကုန်အံ၊ ရဟန်းဂေါတမဖြေကြားသောအတိုင်း ထို (အကြောင်း) ကို ငါတို့ မှတ်သားကုန်အံ့”ဟု (ပြောဆို၏)။ “အချင်း ကောင်းပြီ”ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ပြန်ကြား၏။

Middle Discourses 98 With Vāseṭṭha So I have heard. At one time the Buddha was staying in a forest near Icchānaṅgala. Now at that time several very well-known well-to-do brahmins were residing in Icchānaṅgala. They included the brahmins Caṅkī, Tārukkha, Pokkharasāti, Jānussoṇi, Todeyya, and others. Then as the students Vāseṭṭha and Bhāradvāja were going for a walk they began to discuss the question: “How do you become a brahmin?” Bhāradvāja said this: “When you’re well born on both your mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation— then you’re a brahmin.” Vāseṭṭha said this: “When you’re ethical and accomplished in doing your duties— then you’re a brahmin.” But neither was able to persuade the other. So Vāseṭṭha said to Bhāradvāja, “Worthy Bhāradvāja, the ascetic Gotama—a Sakyan, gone forth from a Sakyan family—is staying in a forest near Icchānaṅgala. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ Come, let’s go to see him and ask him about this matter. As he answers, so we’ll remember it.” “Yes, worthy sir,” replied Bhāradvāja.

စာ-၄၀၇

၄၅၅။ အထ ခေါ ဝါသေဋ္ဌဘာရဒွါဇာ မာဏဝါ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ ဝါသေဋ္ဌော မာဏဝေါ ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘အနုညာတပဋိညာတာ, တေဝိဇ္ဇာ မယမသ္မုဘော၊

အဟံ ပေါက္ခရသာတိဿ, တာရုက္ခဿာယံ မာဏဝေါ။

‘‘တေဝိဇ္ဇာနံ ယဒက္ခာတံ, တတြ ကေဝလိနောသ္မသေ၊

ပဒကသ္မာ ဝေယျာကရဏာ [နော ဗျာကရဏာ (သျာ။ ကံ။ က။)], ဇပ္ပေ အာစရိယသာဒိသာ၊

တေသံ နော ဇာတိဝါဒသ္မိံ, ဝိဝါဒေါ အတ္ထိ ဂေါတမ။

‘‘ဇာတိယာ ဗြာဟ္မဏော ဟောတိ, ဘာရဒွါဇော ဣတိ ဘာသတိ၊

အဟဉ္စ ကမ္မုနာ [ကမ္မနာ (သီ။ ပီ။)] ဗြူမိ, ဧဝံ ဇာနာဟိ စက္ခုမ။

‘‘တေ န သက္ကောမ ဉာပေတုံ [သညတ္တုံ (ပီ။), သညာပေတုံ (က။)], အညမညံ မယံ ဥဘော၊

ဘဝန္တံ ပုဋ္ဌုမာဂမာ, သမ္ဗုဒ္ဓံ ဣတိ ဝိဿုတံ။

‘‘စန္ဒံ ယထာ ခယာတီတံ, ပေစ္စ ပဉ္ဇလိကာ ဇနာ၊

ဝန္ဒမာနာ နမဿန္တိ, လောကသ္မိံ ဂေါတမံ။

‘‘စက္ခုံ လောကေ သမုပ္ပန္နံ, မယံ ပုစ္ဆာမ ဂေါတမံ၊

ဇာတိယာ ဗြာဟ္မဏော ဟောတိ, ဥဒါဟု ဘဝတိ ကမ္မုနာ [ကမ္မနာ (သီ။ ပီ။)]၊

အဇာနတံ နော ပဗြူဟိ, ယထာ ဇာနေမု ဗြာဟ္မဏ’’န္တိ။

၄၅၅။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝါသေဋ္ဌ့လုလင်သည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ကြား၏- “အသျှင်ဂေါတမ အကျွန်ုပ်သည် ပေါက္ခရသာတိပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ ဤလုလင်သည်ကားတာရုက္ခပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ အကျွန်ုပ်တို့ နှစ်ဦး လုံးကိုပင် ဗေဒင်သုံးပုံကိုတတ်မြောက်ပြီးသူများဟူ၍ ဆရာကလည်း ခွင့်ပြုပါ၏၊ အကျွန်ုပ်တို့ ကိုယ်တိုင်လည်း ဝန်ခံပါကုန်၏။ ဗေဒင်သုံးပုံတို့၏ အနက်သဘော၌ အလုံးစုံ အကြွင်းမဲ့ တတ်မြောက်ပါကုန်၏၊ အကျွန်ုပ်တို့သည်ပုဒ်ဝါကျကို ဆောင်ကုန်သည်လည်းကောင်း၊ သဒ္ဒါဗျာကရုဏ်း ကျမ်းကို ဆောင်ကုန်သည်လည်ကောင်းဖြစ်ပါကုန်၏၊ ပြောဆိုသော အရာ၌လည်း ဆရာနှင့်တူသည် ဖြစ်ပါကုန်၏။ အသျှင်ဂေါတမထိုအကျွန်ုပ်တို့အား အမျိုးဇာတ် ဝါဒကို အကြောင်းပြု၍ ပြောဆိုရာ၌ ငြင်းခုံခြင်းသည် ရှိပါ၏။ ဇာတ် အမျိုးကြောင့် ဗြာဟ္မဏမည်၏ဟု ဘာရဒွါဇသည် ဤသို့ ပြောဆိုပါ၏၊ အကျွန်ုပ်သည်ကားမိမိပြုသော အမှုကြောင့် ဗြာဟ္မဏမည်၏ဟု ပြောဆိုပါ၏၊ ငါးပါးသော စက္ခုရှိတော်မူသော မြတ်စွာဘုရားဤသို့ အကျွန်ုပ်တို့ ငြင်းခုံကြပုံကို သိတော်မူပါလော့။ ထိုအကျွန်ုတို့ နှစ်ယောက်တို့သည် အချင်းချင်း နားလည်မှုရစေခြင်းငှါ မတတ် နိုင်ကြပါကုန်၊ ထိုအကျွန်ုပ်တို့သည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ထင်ရှားကျော်စောသောမြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာခဲ့ခြင်း ဖြစ်ပါကုန်၏။ ယုတ်လျော့ခြင်းကို လွန်သဖြင့် ပြည့်သော လပြည့်ဝန်းအတူ လောက၌ ဂေါတမ နွယ်ဖွားအသျှင်ဘုရားကို လူအများတို့သည် ချဥ်းကပ်ကြ၍ လက်အုပ်ချီမိုး ရှိခိုး ကြကုန်လျက် ရိုသေမြတ်နိုးရှိခိုးကြပါကုန်၏။ လောက၌ မျက်စိသဖွယ် ဖြစ်ထွန်းပေါ်ပေါက်တော်မူသော အသျှင်ဂေါတမကို အကျွန်ုပ်တို့သည်မေးလျှောက်ကြပါကုန်၏၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ထိုသို့မဟုတ်ပြုလုပ်ပြောဆိုသော အမှုကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ဗြာဟ္မဏ၏ အဖြစ်ကိုမသိကြကုန်သော အကျွန်ုပ်တို့အား သိနိုင် လောက်အောင် ဟောကြားတော်မူပါဘုရားဟု (လျှောက်၏)။

So they went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side, and Vāseṭṭha addressed the Buddha in verse: “We’re both authorized masters of the three Vedas. I’m a student of Pokkharasāti, and he of Tārukkha. We’re fully qualified in all the Vedic experts teach. As philologists and grammarians, we match our tutors in recitation. We have a dispute regarding genealogy. For Bhāradvāja says that one is a brahmin due to birth, but I declare it’s because of one’s deeds. Oh Clear-eyed One, know this as our debate. Since neither of us was able to convince the other, we’ve come to ask you, sir, renowned as the awakened one. As people honor with cupped palms the moon on the cusp of waxing, bowing, they revere Gotama in the world. We ask this of Gotama, the Eye arisen in the world: is one a brahmin due to birth, or else because of deeds? We don’t know, please tell us, so we can recognize a brahmin.”

၄၅၆။ ‘‘တေသံ ဝေါ အဟံ ဗျက္ခိဿံ, (ဝါသေဋ္ဌာတိ ဘဂဝါ)

အနုပုဗ္ဗံ ယထာတထံ၊

ဇာတိဝိဘင်္ဂံ ပါဏာနံ, အညမညာဟိ ဇာတိယော။

‘‘တိဏရုက္ခေပိ ဇာနာထ, န စာပိ ပဋိဇာနရေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘တတော ကီဋေ ပဋင်္ဂေ စ, ယာဝ ကုန္ထကိပိလ္လိကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘စတုပ္ပဒေပိ ဇာနာထ, ခုဒ္ဒကေ စ မဟလ္လကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘ပါဒုဒရေပိ ဇာနာထ, ဥရဂေ ဒီဃပိဋ္ဌိကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘တတော မစ္ဆေပိ ဇာနာထ, ဥဒကေ ဝါရိဂေါစရေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘တတော ပက္ခီပိ ဇာနာထ, ပတ္တယာနေ ဝိဟင်္ဂမေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

‘‘ယထာ ဧတာသု ဇာတီသု, လိင်္ဂံ ဇာတိမယံ ပုထု၊

ဧဝံ နတ္ထိ မနုဿေသု, လိင်္ဂံ ဇာတိမယံ ပုထု။

‘‘န ကေသေဟိ န သီသေဟိ, န ကဏ္ဏေဟိ န အက္ခီဟိ၊

န မုခေန န နာသာယ, န ဩဋ္ဌေဟိ ဘမူဟိ ဝါ။

‘‘န ဂီဝါယ န အံသေဟိ, န ဥဒရေန န ပိဋ္ဌိယာ၊

န သောဏိယာ န ဥရသာ, န သမ္ဗာဓေ န မေထုနေ [န သမ္ဗာဓာ န မေထုနာ (က။)]။

‘‘န ဟတ္ထေဟိ န ပါဒေဟိ, နင်္ဂုလီဟိ နခေဟိ ဝါ၊

န ဇင်္ဃာဟိ န ဦရူဟိ, န ဝဏ္ဏေန သရေန ဝါ၊

လိင်္ဂံ ဇာတိမယံ နေဝ, ယထာ အညာသု ဇာတိသု။

၄၅၆။ ဝါသေဋ္ဌ ငါသည် ထိုသင်တို့အား သတ္တဝါတို့၏ ဇာတ် (အမျိုး) အကျယ် ကိုဟုတ်မှန်သောအတိုင်း အစဥ်အားဖြင့် ဖြေကြားပေအံ့၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။ မြက်သစ်ပင်တို့ကိုလည်း သိကြကုန်လော့၊ မြက်သစ်ပင်တို့သည်ကား ပြန်၍ မသိနိုင်ကြကုန်၊ ထိုမြက်သစ်ပင်တို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည်အချင်းချင်း ကွဲပြားကြကုန်၏။ ထိုမှတစ်ပါး ပေါက်ဖတ်တို့ကိုလည်းကောင်း၊ နှံကောင်တို့ကိုလည်ကောင်း၊ ပိုးရွ ခြပုန်းတိုင်အောင်သောသတ္တဝါတို့ကိုလည်းကောင်း သိကြကုန်လော့၊ ထိုသတ္တဝါတို့ ၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်းဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။ ငယ်သည်လည်း ဖြစ်ကုန်သော ကြီးသည်လည်း ဖြစ်ကုန်သော အခြေလေး ချောင်းရှိသောသတ္တဝါတို့ကိုလည်း သိကြကုန်လော့၊ ထိုအခြေလေးချောင်းရှိသော သတ္တဝါတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။ ဝမ်းရေလျှင် ခြေရှိကုန်သော ရှည်သော ကျောက်ကုန်းရှိကုန်သော မြွေတို့ကို သိကြကုန်လော့၊ ထိုမြွေတို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။ ထိုမှတစ်ပါး ရေ၌ ကျက်စားသော ငါးတို့ကိုလည်း သိကြကုန်လော့၊ ထိုငါးတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။ ထိုမှတစ်ပါး အတောင်ယာဥ်ရှိ၍ ကောင်းကင်သွား ငှက်တို့ကိုလည်း သိကြကုန် လော့၊ ထိုငှက်တို့၏ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။ ဤသတ္တဝါဇာတ်တို့၌ ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်သ ကဲ့သို့ ဤအတူ လူတို့၌ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်ခြင်း မရှိ။ ဆံပင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဦးခေါင်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ နား တို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ မျက်စိတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခံတွင်းဖြင့် လည်း ကွဲပြားခြင်း မရှိ၊ နှာခေါင်းဖြင့်လည်း ကွဲဲပြားခြင်းမရှိ၊ နှုတ်ခမ်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မျက်ခုံးတို့ဖြင့်လည်းကွဲပြားခြင်းမရှိ။ လည်ပင်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ပခုံးတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဝမ်းဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ကျောက်ကုန်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခါးဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ရင်ဖြင့်လည်း ကွဲဲပြားခြင်းမရှိ၊ ကျဥ်းမြောင်းသောအရပ် အင်္ဂါဇာတ် ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မေထုန်အကျင့်ဖြင့်လည်း ကွဲပြားခြင်းမရှိ။ လက်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခြေတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ လက်ချောင်းတို့ဖြင့်လည်းကောင်း၊ လက်သည်းတို့ဖြင့်လည်းကောင်း ကွဲပြားခြင်းမရှိ၊ မြင်း ခေါင်းတို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ ပေါင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ အဆင်း အားဖြင့်လည်း ကွဲဲပြားခြင်း မရှိ၊ အသံအားဖြင့်လည်း ကွဲဲပြားခြင်းမရှိ၊ တစ်ပါးသော သတ္တဝါ အမျိုးဇာတ်တို့၌ကဲ့သို့ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း မဖြစ်သည် သာတည်း။

“I shall explain to you,” said the Buddha, “accurately and in sequence, the taxonomy of living creatures, for species are indeed diverse. Know the grass and trees, though they lack self-awareness. They’re defined by birth, for species are indeed diverse. Next there are bugs that crawl or fly, and so on, to ants and termites. They’re defined by birth, for species are indeed diverse. Know the quadrupeds, too, both small and large. They’re defined by birth, for species are indeed diverse. Know, too, the long-backed snakes, crawling on their bellies. They’re defined by birth, for species are indeed diverse. Next know the fish, whose habitat is the water. They’re defined by birth, for species are indeed diverse. Next know the birds, winged chariots in flight. They’re defined by birth, for species are indeed diverse. While the differences between these species are defined by birth, the differences between humans are not defined by birth. Not by hair nor by head, not by ear nor by eye, not by mouth nor by nose, not by lips nor by eyebrow, not by shoulder nor by neck, not by belly nor by back, not by buttocks nor by breast, not by groin nor by genitals, not by hands nor by feet, not by fingers nor by nails, not by knees nor by thighs, not by color nor by voice: none of these are defined by birth as it is for other species.

၄၅၇။ ‘‘ပစ္စတ္တဉ္စ သရီရေသု [ပစ္စတ္တံ သသရီရေသု (သီ။ ပီ။)], မနုဿေသွေတံ န ဝိဇ္ဇတိ၊

ဝေါကာရဉ္စ မနုဿေသု, သမညာယ ပဝုစ္စတိ။

‘‘ယော ဟိ ကောစိ မနုဿေသု, ဂေါရက္ခံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ကဿကော သော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ပုထုသိပ္ပေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, သိပ္ပိကော သော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ဝေါဟာရံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ဝါဏိဇော သော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ပရပေဿေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ပေဿကော [ပေဿိကော (သီ။ သျာ။ ကံ။ ပီ။)] သော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, အဒိန္နံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, စောရော ဧသော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ဣဿတ္ထံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ယောဓာဇီဝေါ န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ပေါရောဟိစ္စေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ယာဇကော သော န ဗြာဟ္မဏော။

‘‘ယော ဟိ ကောစိ မနုဿေသု, ဂါမံ ရဋ္ဌဉ္စ ဘုဉ္ဇတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ရာဇာ ဧသော န ဗြာဟ္မဏော။

‘‘န စာဟံ ဗြာဟ္မဏံ ဗြူမိ, ယောနိဇံ မတ္တိသမ္ဘဝံ၊

ဘောဝါဒိ [ဘောဝါဒီ (သျာ။ ကံ။)] နာမ သော ဟောတိ, သစေ ဟောတိ သကိဉ္စနော၊

အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၄၅၇။ လူတို့၏ ဥစ္စာဖြစ်သော ကိုယ်တို့၌ အသီးအခြား ထိုကွဲလွဲချက်သည် မရှိ၊ လူတို့၌ ကွဲလွဲချက်ကိုအခေါ်ဝေါ်အားဖြင့်သာ ဆိုရ၏။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လယ်လုပ်ခြင်းအမှုကို မှီ၍ အသက်မွေး၏၊ ထိုသူသည် လယ်သမားသာ မည်၏၊ ပုဏ္ဏား မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် အထူးထူး အပြားပြား များစွာသော အတတ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အတတ်ပညာသည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ကုန်သွယ်ခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ကုန်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် သူတစ်ပါးတို့ အခိုင်း အစေအဖြစ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အစေခံသာ မည်၏၊ ဗြာဟ္မဏ မမည် နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် ခိုးယူခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ခိုးသူသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လက်နက်ကို မှီ၍ အသက်မွေး၏၊ ထိုသူသည်စစ်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ပုရောဟိတ်အမှုဖြင့် အသက်မွေး၏၊ ထိုသူသည်ယဇ်ပူဇော်သမားသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ရွာကိုလည်းကောင်း၊ တိုင်း နိုင်ငံကိုလည်းကောင်းအပိုင်စားရ၏၊ ထိုသူသည် မင်းသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။ မျိုးရိုးအားဖြင့် ဖြစ်ကာမျှ, အမိဝမ်းတိုက်၌ ဖြစ်ကာမျှကို ဗြာဟ္မဏမည်၏ဟူ၍ ငါမဆို၊ ထိုသူသည်ကြောင့်ကြမှု ရှိနေသေးမူ ဘောဝါဒီသာ မည်၏၊ ကြောင့်ကြမှု မရှိသူ စွဲလမ်းမှု မရှိသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။

In specific human bodies you can’t find such distinctions. The distinctions among humans are spoken of by convention. Anyone among humans who lives off keeping cattle: know them, Vāseṭṭha, as a farmer, not a brahmin. Anyone among humans who lives off various professions: know them, Vāseṭṭha, as a professional, not a brahmin. Anyone among humans who lives off trade: know them, Vāseṭṭha, as a trader, not a brahmin. Anyone among humans who lives off serving others: know them, Vāseṭṭha, as a servant, not a brahmin. Anyone among humans who lives off stealing: know them, Vāseṭṭha, as a bandit, not a brahmin. Anyone among humans who lives off archery: know them, Vāseṭṭha, as a warrior, not a brahmin. Anyone among humans who lives off priesthood: know them, Vāseṭṭha, as a sacrificer, not a brahmin. Anyone among humans who taxes village and nation, know them, Vāseṭṭha, as a ruler, not a brahmin. I don’t call someone a brahmin after the mother’s womb they’re born from. If they still have attachments, they’re just someone who says ‘worthy’. Having nothing, taking nothing: that’s who I declare a brahmin.

၄၅၈။ ‘‘သဗ္ဗသံယောဇနံ ဆေတွာ, ယော ဝေ န ပရိတဿတိ၊

သင်္ဂါတိဂံ ဝိသံယုတ္တံ [ဝိသညုတ္တံ (က။)], တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဆေတွာ နဒ္ဓိံ [နဒ္ဓိံ (သီ။ ပီ။)] ဝရတ္တဉ္စ, သန္ဒာနံ သဟနုက္ကမံ၊

ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘အက္ကောသံ ဝဓဗန္ဓဉ္စ, အဒုဋ္ဌော ယော တိတိက္ခတိ၊

ခန္တီဗလံ ဗလာနီကံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘အက္ကောဓနံ ဝတဝန္တံ, သီလဝန္တံ အနုဿဒံ၊

ဒန္တံ အန္တိမသာရီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဝါရိပေါက္ခရပတ္တေဝ, အာရဂ္ဂေရိဝ သာသပေါ၊

ယော န လိမ္ပတိ ကာမေသု, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယော ဒုက္ခဿ ပဇာနာတိ, ဣဓေဝ ခယမတ္တနော၊

ပန္နဘာရံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဂမ္ဘီရပညံ မေဓာဝိံ, မဂ္ဂါမဂ္ဂဿ ကောဝိဒံ၊

ဥတ္တမတ္ထမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘အသံသဋ္ဌံ ဂဟဋ္ဌေဟိ, အနာဂါရေဟိ စူဘယံ၊

အနောကသာရိမပ္ပိစ္ဆံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘နိဓာယ ဒဏ္ဍံ ဘူတေသု, တသေသု ထာဝရေသု စ၊

ယော န ဟန္တိ န ဃာတေတိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘အဝိရုဒ္ဓံ ဝိရုဒ္ဓေသု, အတ္တဒဏ္ဍေသု နိဗ္ဗုတံ၊

သာဒါနေသု အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယဿ ရာဂေါ စ ဒေါသော စ, မာနော မက္ခော စ ဩဟိတော၊

သာသပေါရိဝ အာရဂ္ဂါ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၄၅၈။ အကြင်သူသည် အလုံးစုံသောသံယောဇဥ်ကို ဖြတ်တောက်၍ စင်စစ် တပ်မက်တွယ်တာမှု မရှိ၊ တပ်မက်မှုကို ကျော်လွန်သော ကိလေသာတို့မှ ကင်းသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း (နှောင်ဖွဲ့တတ်သော ကြိုးသဖွယ်ဖြစ်သော) တဏှာကိုလည်းကောင်းအစဥ်မပြတ် ကိန်းအောင်းတတ်သော အနုသယနှင့်တကွ ဖြစ်သော ခြောက်ဆယ့်နှစ်ပါးသောမိစ္ဆာဒိဋ္ဌိကိုလည်းကောင်း ဖြတ်၍ ပယ်အပ်ပြီး သော အဝိဇ္ဇာတံခါး ကျင်ရှိသော သိပြီးသောသစ္စာလေးပါးရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ အကြင်သူသည် သူတစ်ပါးတို့ ဆဲရေးသည်ကိုလည်းကောင်း၊ ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်းကိုလည်းကောင်းအမျက်မထွက်မူ၍ သည်းခံနိုင်၏၊ သည်းခံမှုအား ရှိသော အကြိမ်ကြိမ် သည်းခံနိုင်သော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။ အမျက်မထွက်တတ်သော (ကိလေသာကို ခါတွက်တတ်သော ဓုတင်) အကျင့်ရှိ သော သီလဂုဏ်ရှိသောရာဂ စသည် ထူပြောခြင်း ကင်းသော ယဥ်ကျေးသော ဣန္ဒြေရှိသော အဆုံးစွန်သောကိုယ်ရှိသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။ ကြာဖက်၌ ရေကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့ကဲ့သို့လည်း ကောင်း အကြင်သူသည်ကာမဂုဏ်တရားတို့၌ မလိမ်းကျံ မကပ်ငြိ၊ ထိုသို့ သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ အကြင်သူသည် ဤဘဝ၌ပင် မိမိ၏ ဒုက္ခကုန်ရာ အရဟတ္တဖိုလ်ကို မျက်မှောက် ပြု၍ သိ၏၊ ချထားပြီးသော ဝန်ရှိသော ကိလေသာနှင့် မယှဥ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ နက်နဲသော အာရုံတို့၌ ဖြစ်သော ပညာဉာဏ်ရှိသော၊ (မိုးကြိုးစက်ကဲ့သို့) ပြကတေ့ ထက်မြက်သောပညာရှိသော၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော လမ်းကြောင်းဟုတ်, မဟုတ်၌ လိမ္မာသော၊ မြတ်သောအကျိုးစီးပွါးသို့ အစဥ် ရောက်ပြီးသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ အိမ်ရာတည်ထောင်သော သူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်း တို့နှင့်လည်းကောင်းနှစ်ပါးစုံသော သူတို့နှင့် မရောမယှက်သော၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ မကပ်ငြိသော၊ နည်းသောအလိုရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။ အကြင်သူသည် ထိတ်လန့်တတ်သောသတ္တဝါ (ပုထုဇဥ်), မထိတ်လန့်တတ်သော သတ္ထဝါ (ရဟန္တာ) တို့၌တုတ်လက်နက်ကို ချထားပြီးဖြစ်၍ မသတ်ဖြတ် မညှဥ်းဆဲ၊ ထိုသို့သဘော ရှိသောသူကို ဗြာဟ္မဏဟူ၍ငါဆို၏။ ရန်ငြိုးဖွဲ့တတ်သော သူတို့၌ တုံ့ပြန်၍ ရန်ငြိုး မဖွဲ့တတ်သော သဘောရှိသော၊ လက်နက်လှံကန်စွဲကိုင်သူတို့တွင် လက်နက်လှံကန်စွဲကိုင်တတ်သော သဘောမရှိ သော၊ ကိလေသာရန်ငြိမ်းအေးပြီးသော၊ စွဲလမ်းတတ်သူတို့တွင် မစွဲလမ်းတတ် သော သဘောရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါဆို၏။ အကြင်သူအား ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မာနသည် လည်းကောင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်လည်းကောင်း ပွတ်ဆောက်ဖျားမှ မုံညင်းစေ့ကဲ့သို့ လျှောကျ၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

Having cut off all fetters they have no anxiety; they’ve slipped their chains and are detached: that’s who I declare a brahmin. They’ve cut the strap and harness, the halter and bridle too; with cross-bar lifted, they’re awakened: that’s who I declare a brahmin. Abuse, killing, caging: they endure these without anger. Patience is their powerful army: that’s who I declare a brahmin. Not irritable or pretentious, dutiful in precepts and observances, tamed, bearing their final body: that’s who I declare a brahmin. Like water from a lotus leaf, like a mustard seed off the point of a pin, sensual pleasures slip off them: that’s who I declare a brahmin. They understand for themselves the end of suffering in this life; with burden put down, detached: that’s who I declare a brahmin. Deep in wisdom, intelligent, expert in the path and what is not the path; arrived at the highest goal: that’s who I declare a brahmin. Mixing with neither householders nor the homeless; a migrant with no bastion, few in wishes: that’s who I declare a brahmin. They’ve laid aside violence against creatures firm and frail; not killing or making others kill: that’s who I declare a brahmin. Not fighting among those who fight, quenched among those who have taken up arms, not grasping among those who grasp: that’s who I declare a brahmin. They’ve discarded greed and hate, along with conceit and contempt, like a mustard seed off the point of a pin: that’s who I declare a brahmin.

စာ-၄၁၁

၄၅၉။ ‘‘အကက္ကသံ ဝိညာပနိံ, ဂိရံ သစ္စံ ဥဒီရယေ၊

ယာယ နာဘိသဇ္ဇေ ကိဉ္စိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယော စ ဒီဃံ ဝ ရဿံ ဝါ, အဏုံ ထူလံ သုဘာသုဘံ၊

လောကေ အဒိန္နံ နာဒေတိ [နာဒိယတိ (သီ။ ပီ။)], တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘အာသာ ယဿ န ဝိဇ္ဇန္တိ, အသ္မိံ လောကေ ပရမှိ စ၊

နိရာသာသံ [နိရာသယံ (သီ။ ပီ။)] ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယဿာလယာ န ဝိဇ္ဇန္တိ, အညာယ အကထံကထိံ၊

အမတောဂဓံ အနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယောဓပုညဉ္စ ပါပဉ္စ, ဥဘော သင်္ဂံ ဥပစ္စဂါ၊

အသောကံ ဝိရဇံ သုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘စန္ဒံ ဝ ဝိမလံ သုဒ္ဓံ, ဝိပ္ပသန္နံ အနာဝိလံ၊

နန္ဒီဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယော ဣမံ ပလိပထံ ဒုဂ္ဂံ, သံသာရံ မောဟမစ္စဂါ၊

တိဏ္ဏော ပါရင်္ဂတော ဈာယီ, အနေဇော အကထံကထီ၊

အနုပါဒါယ နိဗ္ဗုတော, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယောဓကာမေ ပဟန္တွာန [ပဟတွာန (သီ။)], အနာဂါရော ပရိဗ္ဗဇေ၊

ကာမဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယောဓတဏှံ ပဟန္တွာန, အနာဂါရော ပရိဗ္ဗဇေ၊

တဏှာဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဟိတွာ မာနုသကံ ယောဂံ, ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ၊

သဗ္ဗယောဂဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဟိတွာ ရတိဉ္စ အရတိံ, သီတီဘူတံ နိရူပဓိံ၊

သဗ္ဗလောကာဘိဘုံ ဝီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘စုတိံ ယော ဝေဒိ သတ္တာနံ, ဥပပတ္တိဉ္စ သဗ္ဗသော၊

အသတ္တံ သုဂတံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယဿ ဂတိံ န ဇာနန္တိ, ဒေဝါ ဂန္ဓဗ္ဗမာနုသာ၊

ခီဏာသဝံ အရဟန္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ယဿ ပုရေ စ ပစ္ဆာ စ, မဇ္ဈေ စ နတ္ထိ ကိဉ္စနံ၊

အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ဥသဘံ ပဝရံ ဝီရံ, မဟေသိံ ဝိဇိတာဝိနံ၊

အနေဇံ နှာတကံ [နဟာတကံ (သီ။ ပီ။)] ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒိ, သဂ္ဂါပါယဉ္စ ပဿတိ၊

အထော ဇာတိက္ခယံ ပတ္တော, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၄၅၉။ တစ်စုံတစ်ယောက်သော သူကိုမျှ မငြိစွန်းစေတတ်သော၊ မကြမ်းကြုတ် သော၊ အနက်ကိုသိစေတတ်သော၊ မှန်ကန်သော စကားမျိုးကို အကြင်သူသည် မြွက်ဆိုတတ်၏၊ ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။ အကြင်သူသည် လောက၌ ရှည်သည်လည်းဖြစ်သော၊ တိုသည်လည်းဖြစ်သော၊ ငယ်သည်လည်းဖြစ်သော၊ ကြီးသည်လည်းဖြစ်သော၊ ကောင်း, မကောင်းလည်းဖြစ် သော၊ အရှင်မပေးသော ဥစ္စာကို မခိုးယူတတ်၊ ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ အကြင်သူအား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း တဏှာတောင့်တမှု မရှိ၊ အာသာတဏှာကင်းသော၊ ကိလေသာနှင့်မယှဥ်သော ထို သူကို ဗြာဟ္မဏ ဟူ၍ ငါဆို၏။ အကြင်သူအား သို့လော သို့လော တွေးတောမှုမရှိသော မှန်ကန်သော သဘော ကို သိ၍တဏှာအာလယတို့သည် မရှိကြကုန်၊ အမြိုက်နိဗ္ဗာန်အတွင်းသို့ အစဥ် ဝင်ရောက် ပြီးသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။ ဤသာသနာတော်၌ အကြင်သူသည် ကုသိုလ်ဟူသော ကပ်ငြိခြင်းကိိုလည်း ကောင်း၊ အကုသိုလ်ဟူသောကပ်ငြိခြင်းကိိုလည်းကောင်း နှစ်ပါးစုံသော ကပ်ငြိခြင်း ကို လွန်မြောက်၏၊ ပူဆွေးခြင်း မရှိသောကိလေသာ မြူကင်းသော စင်ကြယ်သော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။ လကဲ့သို့ အညစ်အကြေးကင်းသော၊ စင်ကြယ်သော၊ အထူးသဖြင့်ကြည်လင် သော၊ မနောက် ကျုသော၊ ကုန်ပြီးသောတဏှာဘဝရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။ အကြင်သူသည် လွန်မြောက်နိုင်ခဲသော ခရီးမှားဖြစ်သော အဖန်ဖန်ကျင်လည် တတ်သောတွေဝေတတ်သော မောဟကို လွန်မြောက်တတ်၏၊ ဩဃလေးပါးကို ကူးမြောက်ပြီးသူ ဖြစ်၏၊ နိဗ္ဗာန်ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ ဖြစ်၏၊ အာရုံ, လက္ခဏာယာဥ်ကို ရှုသောအားဖြင့် ကပ်၍ရှုတတ်၏၊ တုန်လှုပ်တတ်သော တဏှာမရှိ၊ သို့လော သို့လော တွေးတောယုံမှားမှု မရှိ၊ မစွဲလမ်းမူ၍ငြိမ်းအေး၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။ ဤလောက၌ အကြင်သူသည် ဝတ္ထုကာမ ကိလေသာကာမ နှစ်ပါးစုံကို ပယ် ဖျောက်၍အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသော ဘဝ ရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။ ဤလောက၌ အကြင်သူသည် တဏှာကို ပယ်ဖျောက်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်းပြီးသောတဏှာ ကုန်းပြီးသောဘဝရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။ အကြင်သူသည် လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဥ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ် နှင့် ယှဥ်ခြင်းကိုပယ်၍ လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဥ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ်နှင့် ယှဥ်ခြင်းကို လွန်မြောက်၍အလုံးစုံသော ကိလေသာယှဥ်ခြင်းဖြင့် မယှဥ်သော ထိုသူကိို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကုသိုလ်ပွါးများခြင်း၌ မမွေ့ လျော်ခြင်းကိုလည်းကောင်းပယ်ဖျောက်၍ ငြိမ်းချမ်းပြီးသော၊ ဥပဓိကင်းပြီးသော၊ လောကအလုံးကို နှိမ်နင်း၍ တည်သော၊ လုံ့လဝီရိယရှိသောသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ အကြင်သူသည် သတ္တဝါတို့၏ စုတိကိုလည်းကောင်း၊ ပဋိသန္ဓေကိုလည်းကောင်း အချင်းခပ်သိမ်း သိ၏၊ ငြိကပ်တွယ်တာမှု မရှိသော၊ ကောင်းမြတ်သော နိဗ္ဗာန် အရပ်သို့ ရောက်ပြီးသော၊ သစ္စာလေးပါးကိုသိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ အကြင် သူ၏ လားရောက်ရမည့် ဂတိကို နတ်တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗတို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း မသိနိုင်ကြကုန်၊ ကုန်ပြီးသော အာသဝေါရှိသော၊ ပူဇော်အထူးကိုခံတော်မူထိုက်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ အကြင်သူအား ရှေးဖြစ်သော အတိတ်၌လည်းကောင်း၊ နောက်ဖြစ်သော အနာဂတ်၌လည်းကောင်း၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌လည်းကောင်း ကြောင့်ကြမှု မရှိ။ ကြောင့်ကြမှု မရှိသော၊ စွဲလမ်းမှုမရှိသောထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော၊ မြတ်သော ဝီရိယရှိသော၊ မြတ်သော သီလက္ခန္ဓစသည့်ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးပြီးသော၊ အောင်အပ်ပြီး သော အောင်ပွဲရှိသော၊ ကင်းပြီးသောတဏှာရှိသော၊ ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော၊ သစ္စာလေးပါးကို သိပြီးဖြစ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။ အကြင်သူသည် ရှေးက နေခဲ့ဖူးသော ဘဝအဆက်ကို သိ၏၊ နတ်ရွာရောက် ကြောင်းကောင်းမြတ်သော လမ်းခရီးကိုလည်း မြင်၏၊ ပဋိသန္ဓေနေမှုကုန်ရာ နိဗ္ဗာန်သို့လည်း ရောက်၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

The words they utter are polished, informative, and true, and don’t offend anyone: that’s who I declare a brahmin. They don’t steal anything in the world, long or short, tiny or huge, beautiful or ugly: that’s who I declare a brahmin. They have no hope for this world or the next; with no need for hope, detached: that’s who I declare a brahmin. They have no clinging, knowledge has freed them of indecision, they’ve arrived at the objective of freedom from death: that’s who I declare a brahmin. They’ve escaped the chain of both good and bad deeds; sorrowless, stainless, pure: that’s who I declare a brahmin. Pure as the spotless moon, clear and unclouded, they’ve ended relish for rebirth: that’s who I declare a brahmin. They’ve got past this grueling swamp of delusion, transmigration. Meditating in stillness, free of indecision, they have crossed over to the far shore. They’re quenched by not grasping: that’s who I declare a brahmin. They’ve given up sensual pleasures, and have gone forth from lay life; they’ve ended rebirth in the sensual realm: that’s who I declare a brahmin. They’ve given up craving, and have gone forth from lay life; they’ve ended craving to be reborn: that’s who I declare a brahmin. They’ve thrown off the human yoke, and slipped out of the heavenly yoke; unyoked from all yokes: that’s who I declare a brahmin. Giving up desire and discontent, they’re cooled and free of attachments; a hero, master of the whole world: that’s who I declare a brahmin. They know the passing away and rebirth of all beings; unattached, holy, awakened: that’s who I declare a brahmin. Gods, centaurs, and humans don’t know their destiny; the perfected ones with defilements ended: that’s who I declare a brahmin. They have nothing before or after, or even in between. Having nothing, taking nothing: that’s who I declare a brahmin. Captain of the herd, excellent hero, great seer and victor; unstirred, washed, awakened: that’s who I declare a brahmin. They who know their past lives, see heaven and places of loss, and have attained the end of rebirth: that’s who I declare a brahmin.

၄၆၀။ ‘‘သမညာ ဟေသာ လောကသ္မိံ, နာမဂေါတ္တံ ပကပ္ပိတံ၊

သမ္မုစ္စာ သမုဒါဂတံ, တတ္ထ တတ္ထ ပကပ္ပိတံ။

‘‘ဒီဃရတ္တာနုသယိတံ, ဒိဋ္ဌိဂတမဇာနတံ၊

အဇာနန္တာ နော [အဇာနန္တာ နောတိ အဇာနန္တာ ဧဝ (ဋီကာ)] ပဗြုန္တိ [ပဗြုဝန္တိ (သီ။ ပီ။)], ဇာတိယာ ဟောတိ ဗြာဟ္မဏော။

‘‘န ဇစ္စာ ဗြာဟ္မဏော [ဝသလော (သျာ။ ကံ။ က။)] ဟောတိ, န ဇစ္စာ ဟောတိ အဗြာဟ္မဏော [ဗြာဟ္မဏော (သျာ။ ကံ။ က။)]၊

ကမ္မုနာ ဗြာဟ္မဏော [ဝသလော (သျာ။ ကံ။ က။)] ဟောတိ, ကမ္မုနာ ဟောတိ အဗြာဟ္မဏော [ဗြာဟ္မဏော (သျာ။ ကံ။ က။)]။

‘‘ကဿကော ကမ္မုနာ ဟောတိ, သိပ္ပိကော ဟောတိ ကမ္မုနာ၊

ဝါဏိဇော ကမ္မုနာ ဟောတိ, ပေဿကော ဟောတိ ကမ္မုနာ။

‘‘စောရောပိ ကမ္မုနာ ဟောတိ, ယောဓာဇီဝေါပိ ကမ္မုနာ၊

ယာဇကော ကမ္မုနာ ဟောတိ, ရာဇာပိ ဟောတိ ကမ္မုနာ။

‘‘ဧဝမေတံ ယထာဘူတံ, ကမ္မံ ပဿန္တိ ပဏ္ဍိတာ၊

ပဋိစ္စသမုပ္ပါဒဒဿာ, ကမ္မဝိပါကကောဝိဒါ။

‘‘ကမ္မုနာ ဝတ္တတိ လောကော, ကမ္မုနာ ဝတ္တတိ ပဇာ၊

ကမ္မနိဗန္ဓနာ သတ္တာ, ရထဿာဏီဝ ယာယတော။

‘‘တပေန ဗြဟ္မစရိယေန, သံယမေန ဒမေန စ၊

ဧတေန ဗြာဟ္မဏော ဟောတိ, ဧတံ ဗြာဟ္မဏမုတ္တမံ။

‘‘တီဟိ ဝိဇ္ဇာဟိ သမ္ပန္နော, သန္တော ခီဏပုနဗ္ဘဝေါ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ဗြဟ္မာ သက္ကော ဝိဇာနတ’’န္တိ။

၄၆၀။ ဤဗြာဟ္မဏဟူသော အမည်သည် လောက၌ ခေါ်ဝေါ်ပြောဆိုရသော အမည်မျှသာတည်း၊ ဗြာဟ္မဏ, ဝါသေဋ္ဌ, ဘာရဒွါဇစသော အမည်အနွယ်ကို လူတို့ ကြံဆထား၏၊ အဆင့်ဆင့်ခေါ်ဝေါ်ပြောဆိုသော အမည်အားဖြင့် လာ၏၊ ထိုထို မွေးဖွားရာကာလ စသည်တို့၌ ဆွေမျိုးတို့သည်ကြံဆထား၏။ ဗြာဟ္မဏဟူသော အမည်သည် ခေါ်ဝေါ်ခြင်းငှါ သမုတ်ထားသော အမည်မျှသာ တည်းဟုမသိသောသူတို့၏ ရှည်မြင့်စွာသော ကာလပတ်လုံး အစဥ်ကိန်းနေသော မှားသောအယူအဆမျှသာတည်း၊ မသိသောသူတို့သည် ဗြာဟ္မဏဟူသည် ဇာတ် အားဖြင့်ဖြစ်၏ဟု အစဥ်အဆက်ပြောဆိုကြကုန်၏။ ဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ ဇာတ်ကြောင့် ဗြာဟ္မဏ မဟုတ်သူ မဖြစ်နိုင်၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ မဟုတ်သူဖြစ်၏။ မိမိပြုလုပ်သော အမှုကြောင့် လယ်သမား ဖြစ်၏၊ မိမိပြုလုပ်သော အလုပ် ကြောင့် အတတ်ပညာသည်ဖြစ်၏၊ မိမိပြုလုပ်သောအလုပ်ကြောင့် ကုန်သည် ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် အစေခံ ဖြစ်၏။ မိမိပြုလုပ်သောအလုပ်ကြောင့် ခိုုးသူ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် စစ်သား ဖြစ်၏၊ မိမိပြု လုပ်သောအလုပ်ကြောင့် ယဇ်ပူဇော်သမား ဖြစ်၏၊ မိမိပြု လုပ်သော အလုပ်ကြောင့် မင်းဖြစ်၏။ အကြောင်းကို စွဲ၍ အကျိုးဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ်ကို မြင်လေ့ရှိကုန်သော၊ ကံ ကံ၏ အကျိုး၌လိမ္မာကုန်သော ပညာရှိတို့သည် ဤသို့ဟုတ်တိုင်းမှန်စွာ ဤ ကံတရားကို မြင်ကြကုန်၏။ လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ သွားသော ရထား၏နားပန်းစွန်းကဲ့သို့ သတ္တဝါတို့ကို ကံက ဖွဲ့စပ်ထား၏။ ကိလေသာကို ခါတွက်တတ်သော ဓုတင်အကျင့်ဖြင့်လည်းကောင်း၊ မေထုန်အကျင့် ကိုရှောင်ကြဥ်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းအပ်သော သီလဖြင့်လည်းကောင်း၊ ဣန္ဒြေခြောက်ပါးကိုဆုံးမခြင်းဖြင့်လည်းကောင်း ဤချီးမွမ်းအပ်သော အထူးစင် ကြယ်သော အကြောင်းကံကြောင့် ဗြာဟ္မဏမည်၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ် ကို မြတ်သော ဗြာဟ္မဏဟူ၍ ငါ ဆို၏။ ဝါသေဋ္ဌ သုံးပါးသော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံသော၊ ငြိမ်းအေးပြီးသော ကိလေ သာ ရှိသော၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကုန်ပြီးသောသူသည် သိကြားနားလည် သူတို့၏ ဗြဟ္မာလည်း မည်၏၊ သိကြားလည်းမည်၏၊ ဤသို့ သင် သိလော့”ဟု (မိန့်တော်မူ၏)။

For name and clan are formulated as mere convention in the world. Produced by mutual agreement, they’re formulated in each case. For a long time this misconception has prejudiced those who don’t understand. Ignorant, they declare that one is a brahmin by birth. You’re not a brahmin by birth, nor by birth a non-brahmin. You’re a brahmin by your deeds, and by deeds a non-brahmin. You’re a farmer by your deeds, by deeds you’re a professional; you’re a trader by your deeds, by deeds are you a servant; you’re a bandit by your deeds, by deeds you’re a warrior; you’re a sacrificer by your deeds, by deeds you’re a ruler. In this way the astute regard deeds in accord with truth. Seeing dependent origination, they’re expert in deeds and their results. Deeds make the world go on, deeds make people go on; sentient beings are bound by deeds, like a moving chariot’s linchpin. By fervor and spiritual practice, by restraint and by self-control: that’s how to become a brahmin, this is the supreme brahmin. Accomplished in the three knowledges, peaceful, with rebirth ended, know them, Vāseṭṭha, as the Divinity and Sakka to the wise.”

စာ-၄၁၃

၄၆၁။ ဧဝံ ဝုတ္တေ, ဝါသေဋ္ဌဘာရဒွါဇာ မာဏဝါ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ – ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတေ’’တိ။

ဝါသေဋ္ဌသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။

၄၆၁။ ဤသို့ မိန့်တော်မူသည်ရှိသော် ဝါသေဋ္ဌ, ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားကို“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကို့လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်း ကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်ထားကြလေကုန်သတည်း)။ ရှစ်ခုမြောက် ဝါသေဋ္ဌသုတ် ပြီး၏။

When he had spoken, Vāseṭṭha and Bhāradvāja said to him, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”

၉။ သုဘသုတ္တံ

၄၆၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သုဘော မာဏဝေါ တောဒေယျပုတ္တော သာဝတ္ထိယံ ပဋိဝသတိ အညတရဿ ဂဟပတိဿ နိဝေသနေ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ သုဘော မာဏဝေါ တောဒေယျပုတ္တော ယဿ ဂဟပတိဿ နိဝေသနေ ပဋိဝသတိ တံ ဂဟပတိံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဂဟပတိ – ‘အဝိဝိတ္တာ သာဝတ္ထီ အရဟန္တေဟီ’တိ။ ကံ နု ခွဇ္ဇ သမဏံ ဝါ ဗြာဟ္မဏံ ဝါ ပယိရုပါသေယျာမာ’’တိ? ‘‘အယံ, ဘန္တေ, ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တံ, ဘန္တေ, ဘဂဝန္တံ ပယိရုပါသဿူ’’တိ။ အထ ခေါ သုဘော မာဏဝေါ တောဒေယျပုတ္တော တဿ ဂဟပတိဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, ဧဝမာဟံသု – ‘ဂဟဋ္ဌော အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ, န ပဗ္ဗဇိတော အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလ’န္တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ?

၉-သုဘသုတ် ၄၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် သာဝတ္ထိပြည်သူကြွယ်တစ်ယောက်၏ အိမ်၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် တည်းခိုနေ၏။ ထိုအခါ သူကြွယ်အိမ်၌တည်းခိုနေသော တောဒေယျ၏သား သုဘလုလင်သည် ထိုသူကြွယ်ကို “သူကြွယ် သာဝတ္ထိပြည်သည်ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော ရဟန္တာအသျှင်တို့ဖြင့် မဆိတ်ဟု ဤသို့သောစကားကို အကျွန်ုပ်ကြားဖူးပါ၏၊ ယနေ့ အဘယ်မည်သော သမဏ ဗြာဟ္မဏကို ဆည်းကပ်ရပါကုန်အံ့နည်း”ဟု ဤစကားကိုပြောဆို၏။ အသျှင် သာဝတ္ထိပြည်ဝယ် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော ထိုမြတ်စွာဘုရားကို ချဥ်းကပ်လေလော့ဟု (ပြောဆို၏)။ ထိုအခါ တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် ထိုသူကြွယ်၏ စကားကို နားထောင်ပြီးသော်မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော အရပ်၌ ထိုင်ကာတောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ‘လူဝတ်ကြောင်သည်သာလျှင် နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်၏၊ ရဟန်းသည် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်’ဟု ပုဏ္ဏားတို့သည် ဤသို့ ပြောဆိုကြပါကုန်၏၊ အသျှင်ဂေါတမသည်ဤအရာ၌ အဘယ်သို့ ဆိုလိုပါသနည်း”ဟု ဤစကားကို လျှောက်၏။

Middle Discourses 99 With Subha So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the student Subha, Todeyya’s son, was residing in Sāvatthī at a certain householder’s home on some business. Then Subha said to that householder, “Householder, I have heard that Sāvatthī does not lack for perfected ones. What ascetic or brahmin might we pay homage to today?” “Sir, the Buddha is staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. You can pay homage to him.” Acknowledging that householder, Subha went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, the brahmins say: ‘Laypeople succeed in the system of the skillful teaching, not renunciates.’ What do you say about this?”

၄၆၃။ ‘‘ဝိဘဇ္ဇဝါဒေါ ခေါ အဟမေတ္ထ, မာဏဝ၊ နာဟမေတ္ထ ဧကံသဝါဒေါ။ ဂိဟိဿ ဝါဟံ, မာဏဝ, ပဗ္ဗဇိတဿ ဝါ မိစ္ဆာပဋိပတ္တိံ န ဝဏ္ဏေမိ။ ဂိဟီ ဝါ ဟိ, မာဏဝ, ပဗ္ဗဇိတော ဝါ မိစ္ဆာပဋိပန္နော မိစ္ဆာပဋိပတ္တာဓိကရဏဟေတု န အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလံ။ ဂိဟိဿ ဝါဟံ, မာဏဝ, ပဗ္ဗဇိတဿ ဝါ သမ္မာပဋိပတ္တိံ ဝဏ္ဏေမိ။ ဂိဟီ ဝါ ဟိ, မာဏဝ, ပဗ္ဗဇိတော ဝါ သမ္မာပဋိပန္နော သမ္မာပဋိပတ္တာဓိကရဏဟေတု အာရာဓကော ဟောတိ ဉာယံ ဓမ္မံ ကုသလ’’န္တိ။

‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, ဧဝမာဟံသု – ‘မဟဋ္ဌမိဒံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဃရာဝါသကမ္မဋ္ဌာနံ မဟပ္ဖလံ ဟောတိ၊ အပ္ပဋ္ဌမိဒံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ပဗ္ဗဇ္ဇာ ကမ္မဋ္ဌာနံ အပ္ပဖလံ ဟောတီ’တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ။

‘‘ဧတ္ထာပိ ခေါ အဟံ, မာဏဝ, ဝိဘဇ္ဇဝါဒေါ၊ နာဟမေတ္ထ ဧကံသဝါဒေါ။ အတ္ထိ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ၊ အတ္ထိ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ၊ အတ္ထိ, မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ၊ အတ္ထိ, မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ။ ကတမဉ္စ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ? ကသိ ခေါ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ။ ကတမဉ္စ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ? ကသိယေဝ ခေါ, မာဏဝ, ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ။ ကတမဉ္စ, မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ? ဝဏိဇ္ဇာ ခေါ, မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ။ ကတမဉ္စ မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ? ဝဏိဇ္ဇာယေဝ ခေါ, မာဏဝ, ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ။

၄၆၃။ လုလင် ဤနေရာ၌ ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ ရှိ၏၊ ဤအရာ၌ ငါသည်တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့ မရှိ။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း ၏သော်လည်းကောင်း၊ မှားသော အကျင့်ကို မချီးကျူး။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်း ကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှားသော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှားသော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း၏သော်လည်းကောင်း မှန်ကန်သော အကျင့်ကို ချီးကျူး၏။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်းကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှန်ကန်သော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှန်ကန်သော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို ပြည့်စုံစေနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် “ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသောပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသောဤ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်သော အကျိုးရှိ၏၊ အနည်း ငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သောကြောင့်ကြ ဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော ဤရဟန်းဘောင်၌ နေသော သူတို့၏အလုပ်သည် နည်းသော အကျိုးရှိ၏”ဟု ဤသို့ ဆိုကြပါကုန်၏၊ ဤသို့ ဆိုရာ၌ အသျှင်ဂေါတမသည်အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။ လုလင် ဤအရာ၌လည်း ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ရှိ၏၊ ဤအရာ၌ ငါသည် တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့မရှိ။ လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသောများစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသောအားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏၊ လုလင် ကြီးကျယ် များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသောအလွန်ကြီးကျယ်သော ကြောင့် ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊ လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသောအနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော်နည်းသော အကျိုးရှိ၏၊ လုလင် အနည်းငယ် သော ပြုဖွယ် ဝေယျာဝစ္စရှိသော အနည်းငယ်သောပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ် ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသောအလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊ လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသောပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။ လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်ကုန်သည် အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်း သည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ-ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ- လုလင်စင်စစ် ကုန်သည် အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။

“On this point, student, I speak after analyzing the question, not one-sidedly. I don’t praise wrong practice for either laypeople or renunciates. Because of wrong practice, neither laypeople nor renunciates succeed in the system of the skillful teaching. I praise right practice for both laypeople and renunciates. Because of right practice, both laypeople and renunciates succeed in the system of the skillful teaching.” “Worthy Gotama, the brahmins say: ‘Since the work of the lay life has many obligations, duties, issues, and undertakings it is very fruitful. But since the work of the renunciate has few obligations, duties, issues, and undertakings it is not very fruitful.’ What do you say about this?” “On this point, too, I speak after analyzing the question, not one-sidedly. Some work has many obligations, duties, issues, and undertakings, and when it fails it’s not very fruitful. Some work has many obligations, duties, issues, and undertakings, and when it succeeds it is very fruitful. Some work has few obligations, duties, issues, and undertakings, and when it fails it’s not very fruitful. Some work has few obligations, duties, issues, and undertakings, and when it succeeds it is very fruitful. And what work has many obligations, duties, issues, and undertakings, and when it fails it’s not very fruitful? Farming. And what work has many obligations, duties, issues, and undertakings, and when it succeeds it is very fruitful? Again, it is farming. And what work has few obligations, duties, issues, and undertakings, and when it fails it’s not very fruitful? Trade. And what work has few obligations, duties, issues, and undertakings, and when it succeeds it is very fruitful? Again, it’s trade.

၄၆၄။ ‘‘သေယျထာပိ, မာဏဝ, ကသိ ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ၊ ဧဝမေဝ ခေါ, မာဏဝ, ဃရာဝါသကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ။ သေယျထာပိ, မာဏဝ, ကသိယေဝ ကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ၊ ဧဝမေဝ ခေါ, မာဏဝ, ဃရာဝါသကမ္မဋ္ဌာနံ မဟဋ္ဌံ မဟာကိစ္စံ မဟာဓိကရဏံ မဟာသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ။ သေယျထာပိ, မာဏဝ, ဝဏိဇ္ဇာ ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ၊ ဧဝမေဝ ခေါ, မာဏဝ, ပဗ္ဗဇ္ဇာ ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ ဝိပဇ္ဇမာနံ အပ္ပဖလံ ဟောတိ။ သေယျထာပိ, မာဏဝ, ဝဏိဇ္ဇာယေဝ ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတိ၊ ဧဝမေဝ ခေါ, မာဏဝ, ပဗ္ဗဇ္ဇာ ကမ္မဋ္ဌာနံ အပ္ပဋ္ဌံ အပ္ပကိစ္စံ အပ္ပါဓိကရဏံ အပ္ပသမာရမ္ဘံ သမ္ပဇ္ဇမာနံ မဟပ္ဖလံ ဟောတီ’’တိ။

‘‘ဗြာဟ္မဏာ, ဘော ဂေါတမ, ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယာ’’တိ။ ‘‘ယေ တေ, မာဏဝ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ – သစေ တေ အဂရု – သာဓု တေ ပဉ္စ ဓမ္မေ ဣမသ္မိံ ပရိသတိ ဘာသဿူ’’တိ။ ‘‘န ခေါ မေ, ဘော ဂေါတမ, ဂရု ယတ္ထဿု ဘဝန္တော ဝါ နိသိန္နော ဘဝန္တရူပေါ ဝါ’’တိ [နိသိန္နာ ဘဝန္တရူပါ ဝါတိ (သီ။ သျာ။ ကံ။ ပီ။)]။ ‘‘တေန ဟိ, မာဏဝ, ဘာသဿူ’’တိ။ ‘‘သစ္စံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ပဌမံ ဓမ္မံ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ။ တပံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ဒုတိယံ ဓမ္မံ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ။ ဗြဟ္မစရိယံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ တတိယံ ဓမ္မံ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ။ အဇ္ဈေနံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ စတုတ္ထံ ဓမ္မံ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ။ စာဂံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ ပဉ္စမံ ဓမ္မံ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယ။ ဗြာဟ္မဏာ, ဘော ဂေါတမ, ဣမေ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ, ကုသလဿ အာရာဓနာယာတိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ?

၄၆၄။ လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုး ရှိ၏။ လုလင်ဤဥပမာ အတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။ လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင်ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။ လုလင်ဤဥပမာအတူသာလျှင် ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ် များပြားသော အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။ လုလင် အကယ်၍ သင် ဝန်မလေးပါမူ ကောင်းမှုကိုပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့ ပညတ်ထားသော ငါးပါးသော တရားတို့ကို ဤပရိသတ်၌ ပြောဆိုပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဘုရားဖြစ်စေ အသျှင်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေသော ပရိသတ်မျိုး၌ ပြောကြားရန် အကျွန်ုပ်မှာ ဝန်မလေးပါဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ ပြောကြားပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် အမှန်ဆိုခြင်းကိုပဌမတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် ခြိုးခြံသော အကျင့်ကို ဒုတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် မေထုန်မှ ကြဥ်ခြင်းကို တတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါပုဏ္ဏားတို့သည် ဗေဒင်သင်ယူခြင်းကို စတုတ္ထတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် စွန့်ကြဲခြင်းကို ပဉ္စမတရားဟူ၍ပညတ်ကြပါကုန် ၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို့ပြည့်စုံစေခြင်းငှါ ဤငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမသည် ဤအရာ၌အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။

The lay life is like farming in that it’s work with many obligations and when it fails it’s not very fruitful; but when it succeeds it is very fruitful. The renunciate life is like trade in that it’s work with few obligations and when it fails it’s not very fruitful; but when it succeeds it is very fruitful.” “Worthy Gotama, the brahmins prescribe five things for making merit and succeeding in the skillful.” “If you don’t mind, please explain these in this assembly.” “It’s no trouble when good fellows such as yourself are sitting here.” “Well, speak then, student.” “Worthy Gotama, truth is the first thing. Fervor is the second thing. Chastity is the third thing. Recitation is the fourth thing. Generosity is the fifth thing. These are the five things that the brahmins prescribe for making merit and succeeding in the skillful. What do you say about this?”

၄၆၅။ ‘‘ကိံ ပန, မာဏဝ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ ယော ဧဝမာဟ – ‘အဟံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမီ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘ကိံ ပန, မာဏဝ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကာစရိယောပိ ဧကာစရိယပါစရိယောပိ ယာဝ သတ္တမာ အာစရိယမဟယုဂါပိ ယော ဧဝမာဟ – ‘အဟံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမီ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘ကိံ ပန, မာဏဝ, ယေပိ တေ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော ယေသမိဒံ ဧတရဟိ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ တဒနုဂါယန္တိ တဒနုဘာသန္တိ ဘာသိတမနုဘာသန္တိ ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု, တေပိ ဧဝမာဟံသု – ‘မယံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမာ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘ဣတိ ကိရ, မာဏဝ, နတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ ယော ဧဝမာဟ – ‘အဟံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမီ’တိ၊ နတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကာစရိယောပိ ဧကာစရိယပါစရိယောပိ ယာဝ သတ္တမာ အာစရိယမဟယုဂါပိ ယော ဧဝမာဟ – ‘အဟံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမီ’တိ၊ ယေပိ တေ ဗြာဟ္မဏာနံ ပုဗ္ဗကာ ဣသယော မန္တာနံ ကတ္တာရော မန္တာနံ ပဝတ္တာရော, ယေသမိဒံ ဧတရဟိ ဗြာဟ္မဏာ ပေါရာဏံ မန္တပဒံ ဂီတံ ပဝုတ္တံ သမိဟိတံ, တဒနုဂါယန္တိ တဒနုဘာသန္တိ ဘာသိတမနုဘာသန္တိ ဝါစိတမနုဝါစေန္တိ, သေယျထိဒံ – အဋ္ဌကော ဝါမကော ဝါမဒေဝေါ ဝေဿာမိတ္တော ယမတဂ္ဂိ အင်္ဂီရသော ဘာရဒွါဇော ဝါသေဋ္ဌော ကဿပေါ ဘဂု။ တေပိ န ဧဝမာဟံသု – ‘မယံ ဣမေသံ ပဉ္စန္နံ ဓမ္မာနံ သယံ အဘိညာ သစ္ဆိကတွာ ဝိပါကံ ပဝေဒေမာ’တိ။

‘‘သေယျထာပိ, မာဏဝ, အန္ဓဝေဏိ ပရမ္ပရာသံသတ္တာ ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ၊ ဧဝမေဝ ခေါ, မာဏဝ, အန္ဓဝေဏူပမံ မညေ ဗြာဟ္မဏာနံ ဘာသိတံ သမ္ပဇ္ဇတိ – ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတီ’’တိ။

၄၆၅။ လုလင် “ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြု ကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ လုလင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာငါ ဟောကြား ၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောဆရာ၊ တစ်စုံတစ်ယောက်သော ဆရာ့ဆရာ၊ ခုနစ်ဆက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိသလောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမ မရှိပါဟု (လျှောက်၏)။ လုလင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကိုပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည် အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သောတရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မဆိုကြပါကုန်ဟု (လျှောက်၏)။ လုလင် ဤသို့လျှင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည်လည်း မရှိခဲ့။ “ငါသည် ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားထဲတွင် ဆိုစွမ်းနိုင်သောတစ်စုံတစ်ယောက်သော ဆရာ၊ တစ်စုံတစ်ယောက် သောဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာ တစ်စုံ တစ်ယောက်မျှလည်း မရှိခဲ့။ ပုဏ္ဏားတို့၏လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ် ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ ကားအဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟူ၍လည်း မဆိုခဲ့ကြကုန်။ လုလင် ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းတို့၏ အစဥ်အတန်းတွင်ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်၊ လုလင်ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ ပြောဆိုသော စကားသည် သူကန်းတို့၏ အစဥ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်းမမြင်ဟု (မိန့်တော်မူ၏)။

“Well, student, is there even a single one of the brahmins who says this: ‘I declare the result of these five things after realizing it with my own insight’?” “No, worthy Gotama.” “Well, is there even a single tutor of the brahmins, or a tutor’s tutor, or anyone back to the seventh generation of tutors, who says this: ‘I declare the result of these five things after realizing it with my own insight’?” “No, worthy Gotama.” “Well, what of the ancient seers of the brahmins, namely Aṭṭhaka, Vāmaka, Vāmadeva, Vessāmitta, Yamadaggi, Aṅgīrasa, Bhāradvāja, Vāseṭṭha, Kassapa, and Bhagu? They were the authors and propagators of the hymns. Their hymnal was sung and propagated and compiled in ancient times; and these days, brahmins continue to sing and chant it, chanting what was chanted and teaching what was taught. Did even they say: ‘We declare the result of these five things after realizing it with our own insight’?” “No, worthy Gotama.” “So, student, it seems that there is not a single one of the brahmins, not even anyone back to the seventh generation of tutors, nor even the ancient seers of the brahmins who says: ‘We declare the result of these five things after realizing it with our own insight.’ Suppose there was a queue of blind men, each holding the one in front: the first one does not see, the middle one does not see, and the last one does not see. In the same way, it seems to me that the brahmins’ statement turns out to be comparable to a queue of blind men: the first one does not see, the middle one does not see, and the last one does not see.”

၄၆၆။ ဧဝံ ဝုတ္တေ, သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝတာ အန္ဓဝေဏူပမေန ဝုစ္စမာနော ကုပိတော အနတ္တမနော ဘဂဝန္တံယေဝ ခုံသေန္တော ဘဂဝန္တံယေဝ ဝမ္ဘေန္တော ဘဂဝန္တံယေဝ ဝဒမာနော – ‘သမဏော ဂေါတမော ပါပိတော ဘဝိဿတီ’တိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဗြာဟ္မဏော, ဘော ဂေါတမ, ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော ဧဝမာဟ – ‘ဧဝမေဝ ပနိဓေကစ္စေ [ပနိမေကေ (သဗ္ဗတ္ထ)] သမဏဗြာဟ္မဏာ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ ပဋိဇာနန္တိ။ တေသမိဒံ ဘာသိတံ ဟဿကံယေဝ သမ္ပဇ္ဇတိ, နာမကံယေဝ သမ္ပဇ္ဇတိ, ရိတ္တကံယေဝ သမ္ပဇ္ဇတိ, တုစ္ဆကံယေဝ သမ္ပဇ္ဇတိ။ ကထဉှိ နာမ မနုဿဘူတော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ ဉဿတိ ဝါ ဒက္ခတိ ဝါ သစ္ဆိ ဝါ ကရိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတီ’’’တိ?

‘‘ကိံ ပန, မာဏဝ, ဗြာဟ္မဏော ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော သဗ္ဗေသံယေဝ သမဏဗြာဟ္မဏာနံ စေတသာ စေတော ပရိစ္စ ပဇာနာတီ’’တိ? ‘‘သကာယပိ ဟိ, ဘော ဂေါတမ, ပုဏ္ဏိကာယ ဒါသိယာ ဗြာဟ္မဏော ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော စေတသာ စေတော ပရိစ္စ န ပဇာနာတိ, ကုတော ပန သဗ္ဗေသံယေဝ သမဏဗြာဟ္မဏာနံ စေတသာ စေတော ပရိစ္စ ပဇာနိဿတီ’’တိ?

‘‘သေယျထာပိ, မာဏဝ, ဇစ္စန္ဓော ပုရိသော န ပဿေယျ ကဏှသုက္ကာနိ ရူပါနိ, န ပဿေယျ နီလကာနိ ရူပါနိ, န ပဿေယျ ပီတကာနိ ရူပါနိ, န ပဿေယျ လောဟိတကာနိ ရူပါနိ, န ပဿေယျ မဉ္ဇိဋ္ဌကာနိ ရူပါနိ, န ပဿေယျ သမဝိသမံ, န ပဿေယျ တာရကရူပါနိ, န ပဿေယျ စန္ဒိမသူရိယေ။ သော ဧဝံ ဝဒေယျ – ‘နတ္ထိ ကဏှသုက္ကာနိ ရူပါနိ, နတ္ထိ ကဏှသုက္ကာနံ ရူပါနံ ဒဿာဝီ၊ နတ္ထိ နီလကာနိ ရူပါနိ, နတ္ထိ နီလကာနံ ရူပါနံ ဒဿာဝီ၊ နတ္ထိ ပီတကာနိ ရူပါနိ, နတ္ထိ ပီတကာနံ ရူပါနံ ဒဿာဝီ၊ နတ္ထိ လောဟိတကာနိ ရူပါနိ, နတ္ထိ လောဟိတကာနံ ရူပါနံ ဒဿာဝီ၊ နတ္ထိ မဉ္ဇိဋ္ဌကာနိ ရူပါနိ, နတ္ထိ မဉ္ဇိဋ္ဌကာနံ ရူပါနံ ဒဿာဝီ၊ နတ္ထိ သမဝိသမံ, နတ္ထိ သမဝိသမဿ ဒဿာဝီ၊ နတ္ထိ တာရကရူပါနိ, နတ္ထိ တာရကရူပါနံ ဒဿာဝီ၊ နတ္ထိ စန္ဒိမသူရိယာ, နတ္ထိ စန္ဒိမသူရိယာနံ ဒဿာဝီ။ အဟမေတံ န ဇာနာမိ, အဟမေတံ န ပဿာမိ၊ တသ္မာ တံ နတ္ထီ’တိ။ သမ္မာ နု ခေါ သော, မာဏဝ, ဝဒမာနော ဝဒေယျာ’’တိ?

‘‘နော ဟိဒံ, ဘော ဂေါတမ။ အတ္ထိ ကဏှသုက္ကာနိ ရူပါနိ, အတ္ထိ ကဏှသုက္ကာနံ ရူပါနံ ဒဿာဝီ၊ အတ္ထိ နီလကာနိ ရူပါနိ, အတ္ထိ နီလကာနံ ရူပါနံ ဒဿာဝီ၊ အတ္ထိ ပီတကာနိ ရူပါနိ, အတ္ထိ ပီတကာနံ ရူပါနံ ဒဿာဝီ၊ အတ္ထိ လောဟိတကာနိ ရူပါနိ, အတ္ထိ လောဟိတကာနံ ရူပါနံ ဒဿာဝီ၊ အတ္ထိ မဉ္ဇိဋ္ဌကာနိ ရူပါနိ, အတ္ထိ မဉ္ဇိဋ္ဌကာနံ ရူပါနံ ဒဿာဝီ၊ အတ္ထိ သမဝိသမံ, အတ္ထိ သမဝိသမဿ ဒဿာဝီ၊ အတ္ထိ တာရကရူပါနိ, အတ္ထိ တာရကရူပါနံ ဒဿာဝီ၊ အတ္ထိ စန္ဒိမသူရိယာ, အတ္ထိ စန္ဒိမသူရိယာနံ ဒဿာဝီ။ ‘အဟမေတံ န ဇာနာမိ, အဟမေတံ န ပဿာမိ၊ တသ္မာ တံ နတ္ထီ’တိ၊ န ဟိ သော, ဘော ဂေါတမ, သမ္မာ ဝဒမာနော ဝဒေယျာ’’တိ။

‘‘ဧဝမေဝ ခေါ, မာဏဝ, ဗြာဟ္မဏော ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော အန္ဓော အစက္ခုကော။ သော ဝတ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ ဉဿတိ ဝါ ဒက္ခတိ ဝါ သစ္ဆိ ဝါ ကရိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတိ’’။

၄၆၆။ ဤသို့မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားက သူကန့်းအစဥ် ဥပမာအားဖြင့် ဆိုသောကြောင့် စိတ်ဆိုးသည် အမျက်ထွက်သည်ဖြစ်၍ မြတ်စွာဘုရားကို သာလျှင်အပြစ်တင်လို၍ မြတ်စွာဘုရားကိုသာလျှင် ရှုတ်ချလိုသည်ဖြစ်၍ မြတ်စွာဘုရားကိုသာလျှင် ဆိုလို၍“ရဟန်းဂေါတမ အပေါ်သို့ ကျရောက်သည် ဖြစ်လတ္တံ့”ဟု (နှလုံးသွင်းကာ) မြတ်စွာဘုရားအား ဤသို့သော စကားကို ဆို၏- “အသျှင်ဂေါတမ ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသောပေါက္ခရသာတိပုဏ္ဏားသည် ‘ဤလောက၌ အချို့သော ရဟန်းပုဏ္ဏားတို့သည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ဤသို့ချည်းသာ ဝန်ခံပြောဆိုကြကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့၏ စကားသည် ရယ်ဖွယ်သာလျှင် ဖြစ်၏၊ စကားမျှသာလျှင် ဖြစ်၏၊ အကျိုးမရှိသည်သာလျှင်ဖြစ်၏၊ အချည်းနှီးသာလျှင် ဖြစ်၏၊ လူသားဖြစ်သော သူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို အဘယ်မှာ သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်ပါအံ့နည်း’။ ဤသို့ (သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်သော) အကြောင်းမျိုးကား မရှိနိုင်ချေ”ဟု (ဆို၏)။ လုလင် ဩပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် အလုံးစုံသာလျှင် ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဩပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် မိမိ၏ ကျွန်မဖြစ်သော ပုဏ္ဏိကာ၏ စိတ်ကိုသော်မှလည်း မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ မသိနိုင်ပါ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို အဘယ်မှာ မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိနိုင်ပါလတ္တံ့နည်းဟု (လျှောက်၏)။ လုလင် ဥပမာအားဖြင့် ပဋိသန္ဓေအားဖြင့် ကန်းသော ယောကျာ်းသည် အမည်း အဖြူဖြစ်သောအဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ရွှေသောအဆင်းတို့ကိုလည်း မမြင်ရာ၊ နီသောအဆင်းတို့ကိုလည်း မမြင်ရာ၊ မောင်းသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ညီညွတ်သည် မညီညွတ်သည်ကိုလည်း မမြင်ရာ၊ ကြယ်တာရာတို့ကိုလည်း မမြင်ရာ၊ လ နေတို့ကိုလည်း မမြင်ရာ၊ ထိုသူကန်းသည် “အမည်း အဖြူအဆင်းတို့သည် မရှိကုန်၊ အမည်း အဖြူအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းမရှိကုန်။ ညိုသောအဆင်းတို့သည် မရှိကုန်၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ရွှေသောအဆင်းတို့သည် မရှိကုန်၊ ရွှေသော အဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ နီသောအဆင်းတို့သည် မရှိကုန်၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ မောင်းသောအဆင်းတို့သည် မရှိကုန်၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ညီညွတ် မညီညွတ်သောအရာသည် မရှိ၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ကြယ်တာရာတို့သည် မရှိကုန်၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ လ နေတို့သည် မရှိကုန်။ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ဤအလုံးစုံကို ငါမသိ၊ ငါမမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည် မရှိ”ဟု ဤသို့ ဆိုရာ၏။ လုလင် ထိုသူကန်း၏ ဆိုခြင်းသည် ကောင်းစွာ ဆိုခြင်း ဖြစ်ကောင်းအံ့လော့ဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အမည်း အဖြူအဆင်းတို့သည် ရှိပါကုန်၏၊ အမည်း အဖြူအဆင်းတို့ကိုမြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ညိုသောအဆင်းတို့သည် ရှိပါကုန်၏၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ရွှေသောအဆင်းတို့သည် ရှိပါကုန်၏၊ ရွှေသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ နီသောအဆင်းတို့သည် ရှိပါကုန်၏၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ မောင်းသောအဆင်းတို့သည် ရှိပါကုန်၏၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ ညီညွတ် မညီညွတ်သော အရာသည် ရှိပါ၏၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ ကြယ်တာရာတို့သည် ရှိပါကုန်၏၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ လ နေတို့သည် ရှိပါကုန်၏၊ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ အသျှင်ဂေါတမ့ထိုသူကန်းက “ငါသည် ဤအလုံးစုံကို မသိ၊ ငါသည် ဤအလုံးစုံကို မမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည်မရှိ”ဟု ပြောဆိုသည်ရှိသော် ကောင်းစွာ ပြောဆိုခြင်း မဖြစ်နိုင်ပါဟု (လျှောက်၏)။ လုလင် ဤဥပမာအတူသာလျှင် ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ကန်း၏၊ မျက်စိအမြင် မရှိ၊ စင်စစ် ထိုသူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတ္တံ့ မြင်လတ္တံ့ မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။

When he said this, Subha became angry and upset with the Buddha because of the simile of the queue of blind men. He even attacked and badmouthed the Buddha himself, saying, “The ascetic Gotama will be worsted!” He said to the Buddha: “Worthy Gotama, the brahmin Pokkharasāti Upamañña of the Subhaga Forest says: ‘This is exactly what happens with some ascetics and brahmins. They claim to have a superhuman distinction in knowledge and vision worthy of the noble ones. But their statement turns out to be a joke—mere words, vacuous and hollow. For how on earth can a human being know or see or realize a superhuman distinction in knowledge and vision worthy of the noble ones? That is not possible.’” “But student, does Pokkharasāti understand the minds of all these ascetics and brahmins, having encompassed them with his mind?” “Worthy Gotama, Pokkharasāti doesn’t even understand the mind of his own bonded maid Puṇṇikā, so how could he know all those ascetics and brahmins?” “Suppose there was a person blind from birth. They couldn’t see sights that are dark or bright, or blue, yellow, red, or magenta. They couldn’t see even and uneven ground, or the stars, or the moon and sun. They’d say: ‘There’s no such thing as dark and bright sights, and no one who sees them. There’s no such thing as blue, yellow, red, magenta, even and uneven ground, stars, moon and sun, and no one who sees these things. I don’t know it or see it, therefore it doesn’t exist.’ Would they be speaking rightly?” “No, worthy Gotama. There are such things as dark and bright sights, and one who sees them. There is blue, yellow, red, magenta, even and uneven ground, stars, moon and sun, and one who sees these things. So it’s not right to say this: ‘I don’t know it or see it, therefore it doesn’t exist.’” “In the same way, Pokkharasāti is blind and sightless. It is quite impossible for him to know or see or realize a superhuman distinction in knowledge and vision worthy of the noble ones.

၄၆၇။ ‘‘တံ ကိံ မညသိ, မာဏဝ, ယေ တေ ကောသလကာ ဗြာဟ္မဏမဟာသာလာ, သေယျထိဒံ – စင်္ကီ ဗြာဟ္မဏော တာရုက္ခော ဗြာဟ္မဏော ပေါက္ခရသာတိ ဗြာဟ္မဏော ဇာဏုဿောဏိ ဗြာဟ္မဏော ပိတာ စ [ဝါ (သီ။ သျာ။ ကံ။ ပီ။)] တေ တောဒေယျော, ကတမာ နေသံ သေယျော [သေယျာ (သျာ။ ကံ။)], ယံ ဝါ တေ သမ္မုစ္စာ [သမ္မုသာ (သီ။ ပီ။)] ဝါစံ ဘာသေယျုံ ယံ ဝါ အသမ္မုစ္စာ’’တိ? ‘‘သမ္မုစ္စာ, ဘော ဂေါတမ’’။

‘‘ကတမာ နေသံ သေယျော, ယံ ဝါ တေ မန္တာ ဝါစံ ဘာသေယျုံ ယံ ဝါ အမန္တာ’’တိ? ‘‘မန္တာ, ဘော ဂေါတမ’’။

‘‘ကတမာ နေသံ သေယျော, ယံ ဝါ တေ ပဋိသင်္ခါယ ဝါစံ ဘာသေယျုံ ယံ ဝါ အပ္ပဋိသင်္ခါယာ’’တိ? ‘‘ပဋိသင်္ခါယ, ဘော ဂေါတမ’’။

‘‘ကတမာ နေသံ သေယျော, ယံ ဝါ တေ အတ္ထသံဟိတံ ဝါစံ ဘာသေယျုံ ယံ ဝါ အနတ္ထသံဟိတ’’န္တိ? ‘‘အတ္ထသံဟိတံ, ဘော ဂေါတမ’’။

‘‘တံ ကိံ မညသိ, မာဏဝ, ယဒိ ဧဝံ သန္တေ, ဗြာဟ္မဏေန ပေါက္ခရသာတိနာ ဩပမညေန သုဘဂဝနိကေန သမ္မုစ္စာ ဝါစာ ဘာသိတာ အသမ္မုစ္စာ’’တိ [အသမ္မုသာ ဝါတိ (ပီ။) ဧဝမိတရပဉှတ္တယေပိ ဝါသဒ္ဒေန သဟ ဒိဿတိ]? ‘‘အသမ္မုစ္စာ, ဘော ဂေါတမ’’။

‘‘မန္တာ ဝါစာ ဘာသိတာ အမန္တာ ဝါ’’တိ? ‘‘အမန္တာ, ဘော ဂေါတမ’’။

‘‘ပဋိသင်္ခါယ ဝါစာ ဘာသိတာ အပ္ပဋိသင်္ခါယာ’’တိ? ‘‘အပ္ပဋိသင်္ခါယ, ဘော ဂေါတမ’’။

‘‘အတ္ထသံဟိတာ ဝါစာ ဘာသိတာ အနတ္ထသံဟိတာ’’တိ? ‘‘အနတ္ထသံဟိတာ, ဘော ဂေါတမ’’။

‘‘ပဉ္စ ခေါ ဣမေ, မာဏဝ, နီဝရဏာ။ ကတမေ ပဉ္စ? ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထီနမိဒ္ဓနီဝရဏံ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ – ဣမေ ခေါ, မာဏဝ, ပဉ္စ နီဝရဏာ။ ဣမေဟိ ခေါ မာဏဝ, ပဉ္စဟိ နီဝရဏေဟိ ဗြာဟ္မဏော ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော အာဝုတော နိဝုတော ဩဖုဋော [ဩဝုတော (သီ။), ဩဖုတော (သျာ။ ကံ။ ပီ။)] ပရိယောနဒ္ဓေါ။ သော ဝတ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ ဉဿတိ ဝါ ဒက္ခတိ ဝါ သစ္ဆိ ဝါ ကရိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတိ။

၄၆၇။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကောသလတိုင်း၌ နေကြကုန်သော စင်္ကီ ပုဏ္ဏားတာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏား ဇာဏုဿောဏိပုဏ္ဏား သင်၏ အဖဖြစ်သော တောဒေယျပုဏ္ဏားဟူသော ပုဏ္ဏားသူဌေးကြီးတို့သည် ရှိကုန်၏၊ ထိုပုဏ္ဏားကြီးတို့၏ လောကဝေါဟာရအားဖြင့် ပြောဆိုသောစကား, လောက ဝေါဟာရ မဟုတ်ဘဲ ပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ လောကဝေါဟာရအားဖြင့် ပြောဆိုသော စကားသည်ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ ထိုပုဏ္ဏားကြီးတို့၏ နှိုင်းချိန်၍ ပြောဆိုသောစကား, မနှိုင်းချိန်ဘဲပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမနှိုင်းချိန်၍ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ ထိုပုဏ္ဏားကြီးတို့၏ ဆင်ခြင်၍ ပြောဆိုသောစကား, မဆင်ခြင်ဘဲ ပြောဆိုသော စကားတို့တွင်အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဆင်ခြင်၍ပြောဆိုသောစကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ ထိုပုဏ္ဏားကြီးတို့၏ အကြောင်းခိုင်လုံစွာ ပြောဆိုသောစကား, အကြောင်းမခိုင်လုံဘဲ ပြောဆိုသောစကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းခိုင်လုံစွာ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကယ်၍ ဤသို့ဖြစ်မူ ဩပမညအနွယ်ဖြစ်သောသုဘဂ တောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် လောကဝေါဟာရအားဖြင့် စကားကို ပြောဆိုသလော၊ လောကဝေါဟာရ မဟုတ်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမလောကဝေါဟာရ မဟုတ်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။ နှိုင်းချိန်၍ စကားကို ပြောဆိုသလော၊ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။ ဆင်ခြင်၍ ပြောဆိုသလော၊ မဆင်ခြင်ဘဲ ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမမဆင်ခြင်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။ အကြောင်းခိုင်လုံစွာ စကားကို ပြောဆိုသလော၊ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။ လုလင် ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း ဟူမူ-ကာမဂုဏ်ငါးပါးတို့ ၌ လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒနီဝရဏ’ လည်းကောင်း၊ သူတစ်ပါးအား ပျက်စီးစေလိုမှု ‘ဗျာပါဒ နီဝရဏ’ လည်းကောင်း၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’လည်းကောင်း၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှုဟူသော ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’လည်းကောင်း၊ သို့လော သို့လော တွေးတောယုံမှားမှု‘ဝိစိကိစ္ဆာနီဝရဏ’ လည်းကောင်း လုလင် ပိတ်ပင်တတ်ကုန်သော တရားတို့သည် ဤငါးပါးတို့တည်း။ လုလင် ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားကို ဤငါးပါးကုန်သော ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ပိတ်ပင်ထား၏၊ ဖုံးလွှမ်းထား၏၊ တားမြစ်ထား၏၊ မြှေးယှက် ထား၏၊ ရစ်ပတ်ထား၏၊ စင်စစ် ထိုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက့်လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတ္တံ့ မြင်လတ္တံ့ မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိနိုင်သည်သာတည်း။

What do you think, student? There are well-to-do brahmins of Kosala such as the brahmins Caṅkī, Tārukkha, Pokkharasāti, Jānussoṇi, and your father Todeyya. What’s better for them: that their speech agrees or disagrees with the consensus of opinion?” “That it agrees, worthy Gotama.” “What’s better for them: that their speech is thoughtful or thoughtless?” “That it is thoughtful.” “What’s better for them: that their speech follows reflection or is unreflective?” “That it follows reflection.” “What’s better for them: that their speech is beneficial or worthless?” “That it’s beneficial.” “What do you think, student? If this is so, does Pokkharasāti’s speech agree or disagree with the consensus of opinion?” “It disagrees, worthy Gotama.” “Is it thoughtful or thoughtless?” “Thoughtless.” “Is it reflective or unreflective?” “Unreflective.” “Is it beneficial or worthless?” “Worthless.” “Student, there are these five hindrances. What five? The hindrances of sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. These are the five hindrances. Pokkharasāti is obstructed, hindered, engulfed, and enveloped by these five hindrances. It is quite impossible for him to know or see or realize a superhuman distinction in knowledge and vision worthy of the noble ones.

၄၆၈။ ‘‘ပဉ္စ ခေါ ဣမေ, မာဏဝ, ကာမဂုဏာ။ ကတမေ ပဉ္စ? စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ, သောတဝိညေယျာ သဒ္ဒါ…ပေ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါ ဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ – ဣမေ ခေါ, မာဏဝ, ပဉ္စ ကာမဂုဏာ။ ဣမေဟိ ခေါ, မာဏဝ, ပဉ္စဟိ ကာမဂုဏေဟိ ဗြာဟ္မဏော ပေါက္ခရသာတိ ဩပမညော သုဘဂဝနိကော ဂထိတော မုစ္ဆိတော အဇ္ဈောပန္နော အနာဒီနဝဒဿာဝီ အနိဿရဏပညော ပရိဘုဉ္ဇတိ။ သော ဝတ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ ဉဿတိ ဝါ ဒက္ခတိ ဝါ သစ္ဆိ ဝါ ကရိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတိ။

‘‘တံ ကိံ မညသိ, မာဏဝ, ယံ ဝါ တိဏကဋ္ဌုပါဒါနံ ပဋိစ္စ အဂ္ဂိံ ဇာလေယျ ယံ ဝါ နိဿဋ္ဌတိဏကဋ္ဌုပါဒါနံ အဂ္ဂိံ ဇာလေယျ, ကတမော နု ခွါဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စာ’’တိ? ‘‘သစေ တံ, ဘော ဂေါတမ, ဌာနံ နိဿဋ္ဌတိဏကဋ္ဌုပါဒါနံ အဂ္ဂိံ ဇာလေတုံ, သွာဿ အဂ္ဂိ အစ္စိမာ စေဝ ဝဏ္ဏဝါ စ ပဘဿရော စာ’’တိ။ ‘‘အဋ္ဌာနံ ခေါ ဧတံ, မာဏဝ, အနဝကာသော ယံ နိဿဋ္ဌတိဏကဋ္ဌုပါဒါနံ အဂ္ဂိံ ဇာလေယျ အညတြ ဣဒ္ဓိမတာ။ သေယျထာပိ, မာဏဝ, တိဏကဋ္ဌုပါဒါနံ ပဋိစ္စ အဂ္ဂိ ဇလတိ တထူပမာဟံ, မာဏဝ, ဣမံ ပီတိံ ဝဒါမိ ယာယံ ပီတိ ပဉ္စ ကာမဂုဏေ ပဋိစ္စ။ သေယျထာပိ, မာဏဝ, နိဿဋ္ဌတိဏကဋ္ဌုပါဒါနော [နိဿဋ္ဌတိဏကဋ္ဌုပါဒါနံ ပဋိစ္စ (သီ။ ပီ။ က။)] အဂ္ဂိ ဇလတိ တထူပမာဟံ, မာဏဝ, ဣမံ ပီတိံ ဝဒါမိ ယာယံ ပီတိ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟိ။

‘‘ကတမာ စ, မာဏဝ, ပီတိ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟိ? ဣဓ, မာဏဝ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ…ပေ… ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, မာဏဝ, ပီတိ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟိ။ ပုန စပရံ, မာဏဝ, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ…ပေ… ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, မာဏဝ, ပီတိ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟိ။

၄၆၈။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ- စက္ခုဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဥ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ရူပါရုံတို့လည်းကောင်း။ သောတဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့လည်းကောင်း။ပ။ ဃာနဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့လည်းကောင်း။ ဇိဝှါဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့လည်းကောင်း။ ကာယဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သောချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဥ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ လုလင် ဩပမညအနွယ်ဖြစ်သောသုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ဤငါးပါးသော ကာမဂုဏ်တို့ဖြင့် တပ်မက်သည်တွေဝေသည် လွှမ်းမိုးခြင်းသို့ ရောက်သည် အပြစ်ကို မမြင်နိုင်သည် ထွက်မြောက်ကြောင်း ပညာမရှိသည်ဖြစ်၍ သုံးဆောင်ခံစား၏။ စင်စစ် ထိိုုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတ္တံ့ မြင်လထ္တံ့ မျက်မှောက်ပြုလတ္တံ့ဟူသောဤအကြောင်းသည် မရှိသည်သာတည်း။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍ မီးကိုတောက်ပစေရာ၏၊ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေရာ၏၊ (ထိုတွင်) အဘယ်မီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကိုတောက်ပစေရန် အကြောင်းမျိုးသည် အကယ်၍ ရှိငြားအံ့၊ ထိုမီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာပါ၏ဟု (လျှောက်၏)။ လုလင် တန်ခိုးရှိသူကို ကြဥ်၍ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေနိုင်ခြင်းသည်အကြောင်းမဟုတ် အရာမဟုတ်။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ငါးပါးသော ကာမဂုဏ်တို့ကို အစွဲပြု၍ ဖြစ်သော ဤပီတိကိုငါဆို၏။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာမပါဘဲ မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ကာမတရားတို့ကို ကြဥ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဥ်၍သာလျှင် ဖြစ်သော ဤပီတိကိုငါဆို၏။ လုလင် ကာမတို့ကို ကြဥ်၍သာလျှင် အကုသိုလ်တို့ကို ကြဥ်၍သာလျှင် အဘယ်သို့သဘောရှိသောပီတိသည် ဖြစ်သနည်းဟူမူ-လုလင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင် ဤပီတိသည်လည်း ကာမတရားတို့မှကြဥ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဥ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။ လုလင်တစ်ဖန်လည်း ဝိတက်ဝိစာရ တို့ ငြိမ်းခြင်းကြောင့် ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင်အမှန်အားဖြင့် ဤပီတိသည်လည်း ကာမတရားတို့မှ ကြဥ်၍သာလျှင် အကုသိုလ်တရားတို့မှကြဥ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။

There are these five kinds of sensual stimulation. What five? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. There are sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body, which are likable, desirable, agreeable, pleasant, sensual, and arousing. These are the five kinds of sensual stimulation. Pokkharasāti enjoys these five kinds of sensual stimulation, tied, infatuated, attached, blind to the drawbacks, and not understanding the escape. It is quite impossible for him to know or see or realize a superhuman distinction in knowledge and vision worthy of the noble ones. What do you think, student? Which would have better flames, color, and radiance: a fire that depends on grass and logs as fuel, or one that does not?” “If it were possible for a fire to burn without depending on grass and logs as fuel, that would have better flames, color, and radiance.” “But it isn’t possible, except by psychic power. Rapture that depends on the five kinds of sensual stimulation is like a fire that depends on grass and logs as fuel. Rapture that’s apart from sensual pleasures and unskillful qualities is like a fire that doesn’t depend on grass and logs as fuel. And what is rapture that’s apart from sensual pleasures and unskillful qualities? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. This is rapture that’s apart from sensual pleasures and unskillful qualities. Furthermore, as the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. This too is rapture that’s apart from sensual pleasures and unskillful qualities.

စာ-၄၂၀

၄၆၉။ ‘‘ယေ တေ, မာဏဝ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, ကတမေတ္ထ [ကမေတ္ထ (က။ သီ။ သျာ။ ကံ။ ပီ။)] ဗြာဟ္မဏာ ဓမ္မံ မဟပ္ဖလတရံ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယာ’’တိ? ‘‘ယေမေ, ဘော ဂေါတမ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, စာဂမေတ္ထ ဗြာဟ္မဏာ ဓမ္မံ မဟပ္ဖလတရံ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယာ’’တိ။

‘‘တံ ကိ မညသိ, မာဏဝ, ဣဓ အညတရဿ ဗြာဟ္မဏဿ မဟာယညော ပစ္စုပဋ္ဌိတော အဿ။ အထ ဒွေ ဗြာဟ္မဏာ အာဂစ္ဆေယျုံ – ‘ဣတ္ထန္နာမဿ ဗြာဟ္မဏဿ မဟာယညံ အနုဘဝိဿာမာ’တိ။ တတြေကဿ [တတ္ထေကဿ (ပီ။)] ဗြာဟ္မဏဿ ဧဝမဿ – ‘အဟော ဝတ! အဟမေဝ လဘေယျံ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ, န အညော ဗြာဟ္မဏော လဘေယျ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍ’န္တိ။ ဌာနံ ခေါ ပနေတံ, မာဏဝ, ဝိဇ္ဇတိ ယံ အညော ဗြာဟ္မဏော လဘေယျ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ, န သော ဗြာဟ္မဏော လဘေယျ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ။ ‘အညော ဗြာဟ္မဏော လဘတိ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ, နာဟံ လဘာမိ ဘတ္တဂ္ဂေ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍ’န္တိ – ဣတိ သော ကုပိတော ဟောတိ အနတ္တမနော။ ဣမဿ ပန, မာဏဝ, ဗြာဟ္မဏာ ကိံ ဝိပါကံ ပညပေန္တီ’’တိ? ‘‘န ခွေတ္ထ, ဘော ဂေါတမ, ဗြာဟ္မဏာ ဧဝံ ဒါနံ ဒေန္တိ – ‘ဣမိနာ ပရော ကုပိတော ဟောတု အနတ္တမနော’တိ။ အထ ခွေတ္ထ ဗြာဟ္မဏာ အနုကမ္ပာဇာတိကံယေဝ [အနုကမ္ပဇာတိကံယေဝ (သျာ။ ကံ။ က။)] ဒါနံ ဒေန္တီ’’တိ။ ‘‘ဧဝံ သန္တေ, ခေါ, မာဏဝ, ဗြာဟ္မဏာနံ ဣဒံ ဆဋ္ဌံ ပုညကိရိယဝတ္ထု ဟောတိ – ယဒိဒံ အနုကမ္ပာဇာတိက’’န္တိ။ ‘‘ဧဝံ သန္တေ, ဘော ဂေါတမ, ဗြာဟ္မဏာနံ ဣဒံ ဆဋ္ဌံ ပုညကိရိယဝတ္ထု ဟောတိ – ယဒိဒံ အနုကမ္ပာဇာတိက’’န္တိ။

‘‘ယေ တေ, မာဏဝ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, ဣမေ တွံ ပဉ္စ ဓမ္မေ ကတ္ထ ဗဟုလံ သမနုပဿသိ – ဂဟဋ္ဌေသု ဝါ ပဗ္ဗဇိတေသု ဝါ’’တိ? ‘‘ယေမေ, ဘော ဂေါတမ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, ဣမာဟံ ပဉ္စ ဓမ္မေ ပဗ္ဗဇိတေသု ဗဟုလံ သမနုပဿာမိ အပ္ပံ ဂဟဋ္ဌေသု။ ဂဟဋ္ဌော ဟိ, ဘော ဂေါတမ, မဟဋ္ဌော မဟာကိစ္စော မဟာဓိကရဏော မဟာသမာရမ္ဘော, န သတတံ သမိတံ သစ္စဝါဒီ ဟောတိ၊ ပဗ္ဗဇိတော ခေါ ပန, ဘော ဂေါတမ, အပ္ပဋ္ဌော အပ္ပကိစ္စော အပ္ပါဓိကရဏော အပ္ပသမာရမ္ဘော, သတတံ သမိတံ သစ္စဝါဒီ ဟောတိ။ ဂဟဋ္ဌော ဟိ, ဘော ဂေါတမ, မဟဋ္ဌော မဟာကိစ္စော မဟာဓိကရဏော မဟာသမာရမ္ဘော န သတတံ သမိတံ တပဿီ ဟောတိ… ဗြဟ္မစာရီ ဟောတိ… သဇ္ဈာယဗဟုလော ဟောတိ… စာဂဗဟုလော ဟောတိ၊ ပဗ္ဗဇိတော ခေါ ပန, ဘော ဂေါတမ, အပ္ပဋ္ဌော အပ္ပကိစ္စော အပ္ပါဓိကရဏော အပ္ပသမာရမ္ဘော သတတံ သမိတံ တပဿီ ဟောတိ… ဗြဟ္မစာရီ ဟောတိ… သဇ္ဈာယဗဟုလော ဟောတိ… စာဂဗဟုလော ဟောတိ။ ယေမေ, ဘော ဂေါတမ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, ဣမာဟံ ပဉ္စ ဓမ္မေ ပဗ္ဗဇိတေသု ဗဟုလံ သမနုပဿာမိ အပ္ပံ ဂဟဋ္ဌေသူ’’တိ။

‘‘ယေ တေ, မာဏဝ, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ စိတ္တဿာဟံ ဧတေ ပရိက္ခာရေ ဝဒါမိ – ယဒိဒံ စိတ္တံ အဝေရံ အဗျာဗဇ္ဈံ တဿ ဘာဝနာယ။ ဣဓ, မာဏဝ, ဘိက္ခု သစ္စဝါဒီ ဟောတိ။ သော ‘သစ္စဝါဒီမှီ’တိ လဘတိ အတ္ထဝေဒံ, လဘတိ ဓမ္မဝေဒံ, လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ။ ယံ တံ ကုသလူပသံဟိတံ ပါမောဇ္ဇံ, စိတ္တဿာဟံ ဧတံ ပရိက္ခာရံ ဝဒါမိ – ယဒိဒံ စိတ္တံ အဝေရံ အဗျာဗဇ္ဈံ တဿ ဘာဝနာယ။ ဣဓ, မာဏဝ, ဘိက္ခု တပဿီ ဟောတိ…ပေ… ဗြဟ္မစာရီ ဟောတိ…ပေ… သဇ္ဈာယဗဟုလော ဟောတိ…ပေ… စာဂဗဟုလော ဟောတိ။ သော ‘စာဂဗဟုလောမှီ’တိ လဘတိ အတ္ထဝေဒံ, လဘတိ ဓမ္မဝေဒံ, လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ။ ယံ တံ ကုသလူပသံဟိတံ ပါမောဇ္ဇံ, စိတ္တဿာဟံ ဧတံ ပရိက္ခာရံ ဝဒါမိ – ယဒိဒံ စိတ္တံ အဝေရံ အဗျာဗဇ္ဈံ တဿ ဘာဝနာယ။ ယေ တေ မာဏဝ, ဗြာဟ္မဏာ, ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ, စိတ္တဿာဟံ ဧတေ ပရိက္ခာရေ ဝဒါမိ – ယဒိဒံ စိတ္တံ အဝေရံ အဗျာဗဇ္ဈံ တဿ ဘာဝနာယာ’’တိ။

၄၆၉။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ အဘယ်တရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ့်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ စွန့်ကြဲခြင်းတရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ပုဏ္ဏားတစ်ယောက်သည် ကြီးစွာသော ယဇ်ပူဇော်ပွဲကိုခင်းကျင်းစီမံထားရာ၏၊ ထိုအခါ “ဤအမည်ရှိသော ပုဏ္ဏား၏ ယဇ်ကြီးကို ခံစားကုန်အံ့”ဟု နှစ်ယောက်သော ပုဏ္ဏားတို့သည် လာကုန်ရာ၏။ ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားအား “ငါသည်သာလျှင် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရပါမူကောင်းလေရာ၏၊ ငါမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကိုမြတ်သောထမင်းကို မရပါမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်ရာ၏။ လုလင် မိမိမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရ၍ထိုကြံစည်သော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကိုမရရာသော အကြောင်းသည် ရှိပေ၏။ “တစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကိုမြတ်သောရေကို မြတ်သောထမင်းကို ရ၏၊ ငါသည်ကား ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို မရခဲ့”ဟု ထိုပုဏ္ဏားသည် စိတ်ဆိုး၏၊ နှလုံးမသာဖြစ်၏။ လုလင် ဤယဇ်၏ အကျိုးကိို ပုဏ္ဏားတို့သည် အဘယ်သို့ ပညတ်ကြကုန်သနည်းဟု (မေးတော် မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် “ဤအလှူဖြင့် တစ်ပါးသူသည် အမျက်ထွက်သည်နှလုံးမသာသည် ဖြစ်စေသတည်း”ဟု ဤသို့ကား အလှူကို မပေးလှူကြပါကုန်၊ ဤအရာ၌ ပုဏ္ဏားတို့သည် အစဥ်သနားခြင်း သဘောရှိသည်ဖြစ်၍သာလျှင် အလှူဒါနကို ပေးလှူကြပါကုန်၏ဟု (လျှောက်၏)။ လုလင် ဤသို့ဖြစ်သည်ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဥ်သနားခြင်းသဘော ရှိမှု ဟူသော ပုညကိရိယဝတ္ထုရှိသေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ ဖြစ်သည် ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဥ်သနားခြင်းသဘောရှိမှုဟူသော ပုညကိရိယဝတ္ထု ဖြစ်ပါ၏ဟု (လျှောက်၏)။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏၊ သင်သည် ဤငါးပါးသော တရားတို့ကို လူ ရဟန်း နှစ်မျိုးတို့တွင် အဘယ်သူတို့၌ များစွာဖြစ်သည်ကို မြင်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏၊ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌ များစွာဖြစ်သည်ကို မြင်ပါ၏၊ လူတို့၌ အနည်းငယ်သာ တွေ့မြင်ပါ၏။ အသျှင်ဂေါတမ လူသည် များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသောပြုဖွယ်ကိစ္စရှိပါ၏၊ များစွာသော ကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိသည် မဖြစ်နိုင်ပါ။ အသျှင်ဂေါတမ ထိုမှတစ်ပါး ရဟန်းသည်ကားနည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်နည်းသော ကြောင့်ကြဖွယ်ရှိ၏၊ နည်း သော အားထုတ်ဖွယ် ရှိ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိပါ၏။ အသျှင်ဂေါတမ လူသည်များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အလွန်များသောကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် မရှိပါ၊ မြတ်သော အကျင့်ကို ကျင့် လေ့မရှိပါ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းများသည် မဖြစ်ပါ၊ စွန့်ကြဲခြင်းများသည် မဖြစ်ပါ။ အသျှင်ဂေါတမ ရဟန်းသည်ကား နည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အနည်းငယ်မျှသော ကြောင့်ကြဖွယ် ရှိပါ၏၊ နည်းသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် ရှိပါ၏၊ မြတ်သောအကျင့် ရှိပါ၏၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များပါ၏၊ စွန့်ကြဲခြင်း များပါ့၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌များစွာတွေ့မြင်ရပါ၏၊ လူတို့၌ အနည်းငယ်သာ မြင်ရပါ၏ဟု (လျှောက်၏)။ လုလင် ပုဏ္ဏားတို့သည်ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ဤပုဏ္ဏားတို့ ပညတ်ပြောဆိုသော တရားငါးပါးတို့ကို ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသောစိတ်ကို ပွါးများခြင်းငှါ ထိုစိတ်၏ အခြံအရံတို့ဟူ၍ ငါ ဟော၏။ လုလင် ဤသာသနာတော်၌ ရဟန်းသည် အမှန်ကို ဆိုလေ့ရှိ၏၊ ထိုရဟန်းသည် “ငါသည် အမှန်ဆိုခြင်းရှိသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏ အခြံအရံဟူ၍ ငါ ဟော၏။ လုလင် ဤသာသနာတော်၌ ရဟန်းသည် ခြိုးခြံသော အကျင့် ရှိ၏။ပ။ မြတ်သော အကျင့်ကိုကျင့်လေ့ရှိ၏။ပ။ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များ၏။ပ။ စွန့်ကြဲပေးကမ်းခြင်း များ၏။ ထိုရဟန်းသည်“ငါသည် စွန့်ကြဲပေးကမ်းခြင်းများသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏၊ ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ ထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏အခြံအရံဟူ၍ ငါ ဟော၏။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကိုပြည့်စုံစေခြင်းငှါ ငါးပါးသောတရား တို့ကို ပညတ်ကြကုန်၏၊ ထိုတရား ငါးပါးတို့ကို ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ စိတ်၏ အခြံအရံတို့ဟူ၍ ငါဟော ၏ဟု (မိန့်တော်မူ၏)။

Of the five things that the brahmins prescribe for making merit and succeeding in the skillful, which do they say is the most fruitful?” “Generosity.” “What do you think, student? Suppose a brahmin was setting up a grand sacrifice. Then two brahmins came along, thinking, ‘We shall participate in the grand sacrifice of the brahmin named so-and-so.’ Then one of those brahmins thought: ‘Oh, I hope that I alone get the best seat, the best drink, and the best almsfood in the refectory, not some other brahmin.’ But it’s possible that some other brahmin gets the best seat, the best drink, and the best almsfood in the refectory. Thinking, ‘Some other brahmin has got the best seat, the best drink, the best almsfood,’ they get angry and upset. What do the brahmins say is the result of this?” “Worthy Gotama, brahmins don’t give gifts so that others will get angry and upset. Rather, they only give gifts that are born from sympathy.” “In that case, isn’t this a sixth ground for making merit, namely, being born from sympathy?” “In that case, this is a sixth ground for making merit, namely, being born from sympathy.” “Of the five things that the brahmins prescribe for making merit and succeeding in the skillful, where do you usually find them: among laypeople or renunciates?” “Mostly among renunciates, and less so among lay people. For a layperson has many obligations, duties, issues, and undertakings, and they can’t always tell the truth, be fervent, be chaste, rehearse a lot, or be very generous. But a renunciate has few obligations, duties, issues, and undertakings, and they can always tell the truth, be fervent, be chaste, rehearse a lot, and be very generous. Of the five things that the brahmins prescribe for making merit and succeeding in the skillful, I usually find them among renunciates, and less so among laypeople.” “I say that the five things prescribed by the brahmins for making merit are prerequisites of the mind for developing a mind free of enmity and ill will. Take a mendicant who speaks the truth. Thinking, ‘I’m truthful,’ they find inspiration in the meaning and the teaching, and find joy connected with the teaching. And I say that joy connected with the skillful is a prerequisite of the mind for developing a mind free of enmity and ill will. Take a mendicant who is fervent … is chaste … rehearses a lot … and is very generous. Thinking, ‘I’m very generous,’ they find inspiration in the meaning and the teaching, and find joy connected with the teaching. And I say that joy connected with the skillful is a prerequisite of the mind for developing a mind free of enmity and ill will. I say that these five things prescribed by the brahmins for making merit are prerequisites of the mind for developing a mind free of enmity and ill will.”

၄၇၀။ ဧဝံ ဝုတ္တေ, သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ – ‘သမဏော ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဇာနာတီ’’’တိ။

‘‘တံ ကိံ မညသိ, မာဏဝ, အာသန္နေ ဣတော နဠကာရဂါမော, န ယိတော ဒူရေ နဠကာရဂါမော’’တိ။ ‘‘ဧဝံ, ဘော, အာသန္နေ ဣတော နဠကာရဂါမော, န ယိတော ဒူရေ နဠကာရဂါမော’’တိ။ ‘‘တံ, ကိံ မညသိ မာဏဝ, ဣဓဿ ပုရိသော နဠကာရဂါမေ ဇာတဝဒ္ဓေါ [ဇာတဝဍ္ဎော (သျာ။ ကံ။ က။)]၊ တမေနံ နဠကာရဂါမတော တာဝဒေဝ အဝသဋံ [အပသက္ကံ (သျာ။ ကံ။ က။)] နဠကာရဂါမဿ မဂ္ဂံ ပုစ္ဆေယျုံ၊ သိယာ နု ခေါ, မာဏဝ, တဿ ပုရိသဿ နဠကာရဂါမေ ဇာတဝဒ္ဓဿ နဠကာရဂါမဿ မဂ္ဂံ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါ’’တိ။ ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘တံ ကိဿ ဟေတု’’။ ‘‘အမု ဟိ, ဘော ဂေါတမ, ပုရိသော နဠကာရဂါမေ ဇာတဝဒ္ဓေါ။ တဿ သဗ္ဗာနေဝ နဠကာရဂါမဿ မဂ္ဂါနိ သုဝိဒိတာနီ’’တိ။ ‘‘သိယာ နု ခေါ, မာဏဝ, တဿ ပုရိသဿ နဠကာရဂါမေ ဇာတဝဒ္ဓဿ နဠကာရဂါမဿ မဂ္ဂံ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါတိ, န တွေဝ တထာဂတဿ ဗြဟ္မလောကံ ဝါ ဗြဟ္မလောကဂါမိနိံ ဝါ ပဋိပဒံ ပုဋ္ဌဿ ဒန္ဓာယိတတ္တံ ဝါ ဝိတ္ထာယိတတ္တံ ဝါ။ ဗြဟ္မာနဉ္စာဟံ, မာဏဝ, ပဇာနာမိ ဗြဟ္မလောကဉ္စ ဗြဟ္မလောကဂါမိနိဉ္စ ပဋိပဒံ၊ ယထာပဋိပန္နော စ ဗြဟ္မလောကံ ဥပပန္နော တဉ္စ ပဇာနာမီ’’တိ။ ‘‘သုတံ မေတံ, ဘော ဂေါတမ – ‘သမဏော ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေတီ’တိ။ သာဓု မေ ဘဝံ ဂေါတမော ဗြဟ္မာနံ သဟဗျတာယ မဂ္ဂံ ဒေသေတူ’’တိ။ ‘‘တေန ဟိ, မာဏဝ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ ဘော’’တိ ခေါ သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

၄၇၀။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို“အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်ကို သိ၏’ဟု ဤသို့သော စကားကို ကြားဖူးပါ၏”ဟု ဤစကားကို လျှောက်၏။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာသည် ဤအရပ်မှ အနီး၌ ရှိ၏၊ ဤအရပ်မှ ကျူထရံသည်ရွာသည် မဝေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ကျူထရံသည်ရွာသည် ဤအရပ်မှ နီးပါ၏၊ ကျူထရံသည်ရွာသည် ဤအရပ်မှ မဝေးသည် မှန်လှပါ၏ဟု (လျှောက်၏)။ လုလင် သင်အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျာ်းတစ်ယောက် ရှိရာ၏၊ ထိုခဏ၌ပင်လျှင် ကျူထရံသည်ရွာမှ ဖဲထွက်လာသော ထိုသူကို ကျူထရံသည် ရွာသို့သွားစရာခရီးကို မေးမြန်းရာ၏။ လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ထိုယောကျာ်းအားကျူထရံသည်ရွာသို့ သွားရာခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်ရာပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤယောကျာ်းသည်ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းပါ၏၊ ထိုသူသည် ကျူထရံသည်ရွာသို့ သွားရာ လမ်းခရီးအားလုံးတို့ကို ကောင်းစွာ ခွဲခြား၍ သိထားသောကြောင့်ပါတည်းဟု (လျှောက်၏)။ လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျာ်းမှာ ကျူထရံသည်ရွာသို့ သွားရာလမ်းခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် ဖြစ်မည်ဆိုသော် ဖြစ်တန်ရာ၏၊ ငါဘုရားအားဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ သွားရာခရီးကိုလည်းကောင်း၊ အကျင့်ကိုလည်းကောင်းမေးသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် မဖြစ်နိုင်သည်သာတည်း။ လုလင် ငါသည် ဗြဟ္မာကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းအကျင့်ကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်ကို ကျင့်ကြံပုံကိုလည်း သိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမအကျွန်ုပ်သည် “ရဟန်းဂေါတမသည် ဗြာဟ္မာ့တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ့်းကြောင်းအကျင့်ကို ဟောကြား၏”ဟု ဤစကားကို ကြားဖူးပါ၏။ အသျှင်ဂေါတမသည် ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

When he had spoken, Subha said to him, “Worthy Gotama, I have heard that the ascetic Gotama knows a path to company with divinity.” “What do you think, student? Is the village of Naḷakāra nearby?” “Yes it is, sir.” “What do you think, student? Suppose a person was born and raised in Naḷakāra. And as soon as they left the town some people asked them for the road to Naḷakāra. Would they be slow or hesitant to answer?” “No, worthy Gotama. Why is that? Because they were born and raised in Naḷakāra. They’re well acquainted with all the roads to the village.” “Still, it’s possible they might be slow or hesitant to answer. But the Realized One is never slow or hesitant when questioned about the realm of divinity or the practice that leads to the realm of divinity. I understand the Divinity, the realm of divinity, and the practice that leads to the realm of divinity, practicing in accordance with which one is reborn in the realm of divinity.” “Worthy Gotama, I have heard that the ascetic Gotama teaches a path to company with divinity. Please teach me that path.” “Well then, student, listen and apply your mind well, I will speak.” “Yes, worthy sir,” replied Subha. The Buddha said this:

စာ-၄၂၂

၄၇၁။ ‘‘ကတမော စ, မာဏဝ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ? ဣဓ, မာဏဝ, ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ ဧဝံ ဘာဝိတာယ ခေါ, မာဏဝ, မေတ္တာယ စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ သေယျထာပိ, မာဏဝ, ဗလဝါ သင်္ခဓမော အပ္ပကသိရေနေဝ စာတုဒ္ဒိသာ ဝိညာပေယျ [ဧဝမေဝ ခေါ မာဏဝ ဧဝံ ဘာဝိတာယ မေတ္တာယ (သီ။ သျာ။ ကံ။ ပီ။ ဒီ။ နိ။ ၁။၅၅၆) တထာပိ ဣဓ ပါဌောယေဝ ဥပမာယ သံသန္ဒိယမာနော ပရိပုဏ္ဏော ဝိယ ဒိဿတိ]၊ ဧဝမေဝ ခေါ, မာဏဝ…ပေ… ဧဝံ ဘာဝိတာယ ခေါ, မာဏဝ, မေတ္တာယ [ဧဝမေဝ ခေါ မာဏဝ ဧဝံ ဘာဝိတာယ မေတ္တာယ (သီ။ သျာ။ ကံ။ ပီ။ ဒီ။ နိ။ ၁။၅၅၆) တထာပိ ဣဓ ပါဌောယေဝ ဥပမာယ သံသန္ဒိယမာနော ပရိပုဏ္ဏော ဝိယ ဒိဿတိ] စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ အယမ္ပိ ခေါ, မာဏဝ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ။ ‘‘ပုန စပရံ, မာဏဝ, ဘိက္ခု ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ ဧဝံ ဘာဝိတာယ ခေါ, မာဏဝ, ဥပေက္ခာယ စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ သေယျထာပိ, မာဏဝ, ဗလဝါ သင်္ခဓမော အပ္ပကသိရေနေဝ စာတုဒ္ဒိသာ ဝိညာပေယျ၊ ဧဝမေဝ ခေါ, မာဏဝ…ပေ… ဧဝံ ဘာဝိတာယ ခေါ, မာဏဝ, ဥပေက္ခာယ စေတောဝိမုတ္တိယာ ယံ ပမာဏကတံ ကမ္မံ န တံ တတြာဝသိဿတိ, န တံ တတြာဝတိဋ္ဌတိ။ အယမ္ပိ ခေါ, မာဏဝ, ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ’’တိ။

၄၇၁။ လုလင် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်သည်အဘယ်နည်းဟူမူ- လုလင် ဤသာသနာတော်၌ ရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’နှင့်ယှဥ်သော စိတ်ဖြင့်တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသောမေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော်အနှိုင်းယှဥ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာ ဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည်ထိုမေတ္တာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသော ခရုသင်းမှုတ်သမားသည် အနည်းငယ်အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကို သိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော် အနှိုင်းယှဥ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မတည်၊ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ပေတည်း။ လုလင် တစ်ဖန်လည်း ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဥ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း‘မုဒိတာ’နှင့် ယှဥ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက် အရပ် ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောက ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ လုလင် ဥပေက္ခာဈာန်စိတ်ကိုဤသို့ ပွါးများသည် ရှိသော် အနှိုင်းယှဥ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာ ဈာန်၌မကြွင်းကျန်၊ ထိုကာမာဝစရကံ သည် ထိုဥပေက္ခာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသောခရုသင်းမှုတ်သမားသည် အနည်း ငယ် အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကိုသိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် ဥပေက္ခာဈာန်စိတ်ကို ဤသို့ပွါးများသည်ရှိသော် အနှိုင်းယှဥ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌မတည်။ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်တည်းဟု (မိန့်တော်မူ၏)။

“And what is a path to company with divinity? Firstly, a mendicant meditates spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. When the heart’s release by love has been developed like this, any limited deeds they’ve done don’t remain or persist there. Suppose there was a powerful horn blower. They’d easily make themselves heard in the four quarters. In the same way, when the heart’s release by love has been developed like this, any limited deeds they’ve done don’t remain or persist there. This is a path to company with divinity. Furthermore, a mendicant meditates spreading a heart full of compassion … They meditate spreading a heart full of rejoicing … They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. When the heart’s release by equanimity has been developed and cultivated like this, any limited deeds they’ve done don’t remain or persist there. Suppose there was a powerful horn blower. They’d easily make themselves heard in the four quarters. In the same way, when the heart’s release by equanimity has been developed and cultivated like this, any limited deeds they’ve done don’t remain or persist there. This too is a path to company with divinity.”

စာ-၄၂၃

၄၇၂။ ဧဝံ ဝုတ္တေ, သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ – ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ ဟန္ဒ, စ ဒါနိ မယံ, ဘော ဂေါတမ, ဂစ္ဆာမ၊ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တွံ, မာဏဝ, ကာလံ မညသီ’’တိ။ အထ ခေါ သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။

တေန ခေါ ပန သမယေန ဇာဏုဿောဏိ ဗြာဟ္မဏော သဗ္ဗသေတေန ဝဠဝါဘိရထေန [ဝဠဘီရထေန (သီ။)] သာဝတ္ထိယာ နိယျာတိ ဒိဝါ ဒိဝဿ။ အဒ္ဒသာ ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော သုဘံ မာဏဝံ တောဒေယျပုတ္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန သုဘံ မာဏဝံ တောဒေယျပုတ္တံ ဧတဒဝေါစ – ‘‘ဟန္ဒ, ကုတော နု ဘဝံ ဘာရဒွါဇော အာဂစ္ဆတိ ဒိဝါ ဒိဝဿာ’’တိ? ‘‘ဣတော ဟိ ခေါ အဟံ, ဘော, အာဂစ္ဆာမိ သမဏဿ ဂေါတမဿ သန္တိကာ’’တိ။ ‘‘တံ ကိံ မညသိ, ဘဝံ ဘာရဒွါဇော, သမဏဿ ဂေါတမဿ ပညာဝေယျတ္တိယံ ပဏ္ဍိတော မညေတိ’’? ‘‘ကော စာဟံ, ဘော, ကော စ သမဏဿ ဂေါတမဿ ပညာဝေယျတ္တိယံ ဇာနိဿာမိ? သောပိ နူနဿ တာဒိသောဝ ယော သမဏဿ ဂေါတမဿ ပညာဝေယျတ္တိယံ ဇာနေယျာ’’တိ။ ‘‘ဥဠာရာယ ခလု, ဘဝံ ဘာရဒွါဇော, သမဏံ ဂေါတမံ ပသံသာယ ပသံသတီ’’တိ။ ‘‘ကော စာဟံ, ဘော, ကော စ သမဏံ ဂေါတမံ ပသံသိဿာမိ? ပသတ္ထပသတ္ထောဝ သော ဘဝံ ဂေါတမော သေဋ္ဌော ဒေဝမနုဿာနံ။ ယေ စိမေ, ဘော, ဗြာဟ္မဏာ ပဉ္စ ဓမ္မေ ပညပေန္တိ ပုညဿ ကိရိယာယ ကုသလဿ အာရာဓနာယ၊ စိတ္တဿေတေ သမဏော ဂေါတမော ပရိက္ခာရေ ဝဒေတိ – ယဒိဒံ စိတ္တံ အဝေရံ အဗျာဗဇ္ဈံ တဿ ဘာဝနာယာ’’တိ။

ဧဝံ ဝုတ္တေ, ဇာဏုဿောဏိ ဗြာဟ္မဏော သဗ္ဗသေတာ ဝဠဝါဘိရထာ ဩရောဟိတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဥဒါနံ ဥဒါနေသိ – ‘‘လာဘာ ရညော ပသေနဒိဿ ကောသလဿ, သုလဒ္ဓလာဘာ ရညော ပသေနဒိဿ ကောသလဿ ယဿ ဝိဇိတေ တထာဂတော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ။

သုဘသုတ္တံ နိဋ္ဌိတံ နဝမံ။

၄၇၂။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။ အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များစွာသောကိစ္စ များစွာသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ လုလင် ယခု သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ တောဒေယျ၏ သား သုဘလုလင်သည်မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထိုအခါ ဇာဏုဿောဏိပုဏ္ဏားသည် အလုံးစုံသောဖြူသော အဆင်းရှိသော မြည်းကသောရထားဖြင့် နေ့လယ် မွန်းတည့်အချိန်အခါ၌ သာဝတ္ထိပြည်မှ ထွက်လာ၏။ ဇာဏုဿောဏိပုဏ္ဏားသည် အဝေးမှ လာသော တောဒေယျ၏သား သုဘလုလင်ကိုမြင်လေသည် သာတည်း၊ မြင်လေ၍ တောဒေယျ၏သား သုဘလုလင်ကို ဤသို့သော စကားကိုဆို၏-“အသျှင်ဘာရဒွါဇ သည် ယခု နေ့လယ် မွန်းတည့်ချိန်အခါ၌ အဘယ်အရပ်ဌာနမှ လာဘိသနည်း”ဟု (ဆို၏)။ ငါသည် အမှန်ပြောရလျှင် ဤရဟန်းဂေါတမ၏ အထံမှ လာခဲ့ပါ၏ဟု (ပြန်ကြားပြောဆို၏)။ အသျှင်ဘာရဒွါဇ ထိုငါမေးအံ့သော အကြောင်းကို သင် အသို့ အောက်မေ့မှတ်ထင်ဘိသနည်း၊ ရဟန်းဂေါတမ၏ ပညာဉာဏ် ပြန့်ပြောသော အဖြစ်သည် ပညာရှိလက္ခဏာနှင့် ညီညွတ်ပါ၏လောဟု (မေးမြန်း၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာ ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကို သိနိုင်ပါအံ့နည်း။ အကြင်သူသည် ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကိုသိ၏၊ ထိုသူသည်လည်း ထိုအသျှင်ဂေါတမကဲ့သို့သဘောရှိသူသာ ဖြစ်ရာသည် မဟုတ်လောဟု (ဆို၏)။ အသျှင်ဘာရဒွါဇသည် စင်စစ် ရဟန်းဂေါတမကို လွန်ကဲသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းလေဘိ၏တကားဟု (ဆို၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာလျှင် ရဟန်းဂေါတမကို ချီးကျူးနိုင်စွမ်းရှိအံ့နည်း၊ ထိုအသျှင် ဂေါတမသည် ချီးကျူးအပ် ချီးကျူးသင့်သော သူတို့ထက် အထူးသဖြင့် ချီးကျူးအပ် ချီးကျူးထိုက်သူသာဖြစ်၍ နတ်လူတို့ထက် ဆတက်လွန်ကျူး အထူးသဖြင့် မြတ်၏။ အသျှင် ဤပုဏ္ဏားတို့သည် ကောင်းမှု ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ထိုငါးပါးသော တရားတို့ကို ရဟန်းဂေါတမသည် ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ ထိုမေတ္တာစိတ်၏ အခြံအရံတို့ဟူ၍ ဟောကြား၏ဟု (ဆို၏)။ ဤသို့ သုဘလုလင်က ပြောကြားသည်ရှိသော် ဇာဏုဿောဏိပုဏ္ဏားသည် အလုံးစုံဖြူသောအဆင်းရှိသော မြည်းကသော ရထားမှ ဆင်းသက်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်ရုံသည်ကိုပြု၍ မြတ်စွာဘုရားရှင် ရှိရာဘက်သို့ လက်အုပ်ချီ၍ “ပသေနဒိကောသလမင်းကြီးအားအရတော်ပေစွ၊ ပသေနဒီကောသလမင်းကြီးအား အလွန်အရတော်ပေစွ၊ ပသေနိဒိကောသလမင်းကြီး၏တိုင်းနိုင်ငံ၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဟုတ်မှန်သော အကျင့်ရှိသောဘုရားရှင်သည် သီတင်းသုံးတော်မူ ဘိ၏”ဟု ဥဒါနစကား မြွက်ဆိုကျူးရင့်လေ၏။ ကိုးခုမြောက် သုဘသုတ် ပြီး၏။

When he had spoken, Subha said to him, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life. Well, now, worthy Gotama, I must go. I have many duties, and much to do.” “Please, student, go at your convenience.” And then Subha approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving. Now at that time the brahmin Jānussoṇi drove out from Sāvatthī in the middle of the day in an all-white chariot drawn by mares. He saw the student Subha coming off in the distance, and said to him, “So, worthy Bhāradvāja, where are you coming from in the middle of the day?” “Just now, good fellow, I’ve come from the presence of the ascetic Gotama.” “What do you think of the ascetic Gotama’s lucidity of wisdom? Do you think he’s astute?” “Worthy sir, who am I to judge the ascetic Gotama’s lucidity of wisdom? You’d really have to be on the same level to judge his lucidity of wisdom.” “Worthy Bhāradvāja praises the ascetic Gotama with high praise indeed.” “Who am I to praise the ascetic Gotama? He is praised by the praised as the best among gods and humans. The five things that the brahmins prescribe for making merit and succeeding in the skillful he says are prerequisites of the mind for developing a mind free of enmity and ill will.” When he had spoken, Jānussoṇi got down from his chariot, arranged his robe over one shoulder, raised his cupped palms toward the Buddha, and expressed this heartfelt sentiment three times, “King Pasenadi of Kosala is lucky, so very lucky that the Realized One, the perfected one, the fully awakened Buddha is living in his realm!”

၁၀။ သင်္ဂါရဝသုတ္တံ

၄၇၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ။ တေန ခေါ ပန သမယေန ဓနဉ္ဇာနီ [ဓာနဉ္ဇာနီ (သီ။ ပီ။)] နာမ ဗြာဟ္မဏီ စဉ္စလိကပ္ပေ [မဏ္ဍလကပ္ပေ (သီ။), ပစ္စလကပ္ပေ (သျာ။ ကံ။), စဏ္ဍလကပ္ပေ (ပီ။)] ပဋိဝသတိ အဘိပ္ပသန္နာ ဗုဒ္ဓေ စ ဓမ္မေ စ သံဃေ စ။ အထ ခေါ ဓနဉ္ဇာနီ ဗြာဟ္မဏီ ဥပက္ခလိတွာ တိက္ခတ္တုံ ဥဒါနံ ဥဒါနေသိ – ‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ။

တေန ခေါ ပန သမယေန သင်္ဂါရဝေါ နာမ မာဏဝေါ စဉ္စလိကပ္ပေ ပဋိဝသတိ တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ အဿောသိ ခေါ သင်္ဂါရဝေါ မာဏဝေါ ဓနဉ္ဇာနိယာ ဗြာဟ္မဏိယာ ဧဝံ ဝါစံ ဘာသမာနာယ။ သုတွာ ဓနဉ္ဇာနိံ ဗြာဟ္မဏိံ ဧတဒဝေါစ – ‘‘အဝဘူတာဝ အယံ [အဝဘူတာ စယံ (သီ။ သျာ။ ကံ။ ပီ။)] ဓနဉ္ဇာနီ ဗြာဟ္မဏီ, ပရဘူတာဝ အယံ [ပရာဘူတာ စယံ (သီ။ သျာ။ ကံ။ ပီ။)] ဓနဉ္ဇာနီ ဗြာဟ္မဏီ, ဝိဇ္ဇမာနာနံ (တေဝိဇ္ဇာနံ) [( ) သီ။ သျာ။ ကံ။ ပီ။ ပေါတ္ထကေသု နတ္ထိ] ဗြာဟ္မဏာနံ, အထ စ ပန တဿ မုဏ္ဍကဿ သမဏကဿ ဝဏ္ဏံ ဘာသိဿတီ’’တိ [ဘာသတီတိ (သီ။ သျာ။ ကံ။ ပီ)]။ ‘‘န ဟိ ပန တွံ, တာတ ဘဒြမုခ, တဿ ဘဂဝတော သီလပညာဏံ ဇာနာသိ။ သစေ တွံ, တာတ ဘဒြမုခ, တဿ ဘဂဝတော သီလပညာဏံ ဇာနေယျာသိ, န တွံ, တာတ ဘဒြမုခ, တံ ဘဂဝန္တံ အက္ကောသိတဗ္ဗံ ပရိဘာသိတဗ္ဗံ မညေယျာသီ’’တိ။ ‘‘တေန ဟိ, ဘောတိ, ယဒါ သမဏော ဂေါတမော စဉ္စလိကပ္ပံ အနုပ္ပတ္တော ဟောတိ အထ မေ အာရောစေယျာသီ’’တိ။ ‘‘ဧဝံ, ဘဒြမုခါ’’တိ ခေါ ဓနဉ္ဇာနီ ဗြာဟ္မဏီ သင်္ဂါရဝဿ မာဏဝဿ ပစ္စဿောသိ။

အထ ခေါ ဘဂဝါ ကောသလေသု အနုပုဗ္ဗေန စာရိကံ စရမာနော ယေန စဉ္စလိကပ္ပံ တဒဝသရိ။ တတြ သုဒံ ဘဂဝါ စဉ္စလိကပ္ပေ ဝိဟရတိ တောဒေယျာနံ ဗြာဟ္မဏာနံ အမ္ဗဝနေ။ အဿောသိ ခေါ ဓနဉ္ဇာနီ ဗြာဟ္မဏီ – ‘‘ဘဂဝါ ကိရ စဉ္စလိကပ္ပံ အနုပ္ပတ္တော, စဉ္စလိကပ္ပေ ဝိဟရတိ တောဒေယျာနံ ဗြာဟ္မဏာနံ အမ္ဗဝနေ’’တိ။ အထ ခေါ ဓနဉ္ဇာနီ ဗြာဟ္မဏီ ယေန သင်္ဂါရဝေါ မာဏဝေါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သင်္ဂါရဝံ မာဏဝံ ဧတဒဝေါစ – ‘‘အယံ, တာတ ဘဒြမုခ, သော ဘဂဝါ စဉ္စလိကပ္ပံ အနုပ္ပတ္တော, စဉ္စလိကပ္ပေ ဝိဟရတိ တောဒေယျာနံ ဗြာဟ္မဏာနံ အမ္ဗဝနေ။ ယဿဒါနိ, တာတ ဘဒြမုခ, ကာလံ မညသီ’’တိ။

၁၀-သင်္ဂါရဝသုတ် ၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ့လှည့်လည်တော်မူ၏။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် စဉ္စလိကပ္ပရွာ၌ နေ၏။ ဘုရား တရား သံဃာ၌အလွန်ကြည် ညို၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် ချော်လဲသည်ဖြစ်၍ “ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏”ဟု သုံးကြိမ်ဥဒါနကျူးရင့်၏။ ထိုအခါ သင်္ဂါရဝမည်သော လုလင်သည် စဉ္စလိကပ္ပရွာ၌ နေ၏။ (ထိုသူသည်) နိဃဏ္ဍု ‘အဘိဓာန်’ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ဝေဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ သင်္ဂါရဝလုလင်သည်ဓနဉ္ဇာနီပုဏ္ဏေးမရွတ်ဆိုသော စကားကို ကြားသည်သာတည်း၊ ကြား၍ ဓနဉ္ဇာနီပုဏ္ဏေးမကို “ဤဓနဉ္ဇာနီပုဏ္ဏေးမသည် မင်္ဂလာမရှိလေစွ၊ ဤဓနဉ္ဇာနီပုဏ္ဏေးမသည် ကျက်သရေမရှိလေစွ၊ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားများရှိပါလျက် ထိုဦးပြည်းရဟန်းယုတ်၏ ဂုဏ်ကို ပြောဆိုဘိ၏”ဟု ဤသို့ ပြောဆို၏။ အမောင်လုလင် သင်သည် မြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို မသိလေစွတကား။ အမောင်လုလင် သင်သည် ထိုမြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို အကယ်၍ သိငြားအံ့၊ ထိုမြတ်စွာဘုရားကို ဆဲရေး ထိုက်သူ ရေရွတ်ထိုက်သူဟု မအောက်မေ့တန်ရာဟု (ဆို၏)။ အရှင်မသို့ဖြစ်မူ စဉ္စလိကပ္ပရွာသို့ ရဟန်းဂေါတမ ရောက်လာသောအခါ အကျွန်ုပ်အား ပြောကြားပါလော့ဟု (ဆို၏)။ “အမောင်လုလင် ကောင်းပါပြီ”ဟူ၍သာလျှင် ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်အားပြန်ကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကောသလတိုင်း၌ အစဥ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် စဉ္စလိကပ္ပရွာသို့ ရောက်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုစဉ္စလိကပ္ပရွာ၌ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဥ်၌ နေတော်မူ၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် “မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့အစဥ်ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဥ်၌ နေတော်မူ၏”ဟု ကြားသိလေသည်သာတည်း။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်ရှိရာသို့ ချဥ်းကပ်၍ သင်္ဂါရဝလုလင်ကို“အမောင်လုလင် မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့ ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဥ်၌ သီတင်းသုံးနေတော်မူ၏၊ အမောင်လုလင် ယခု သွားရန်အခါကို အောက်မေ့ပါလော့”ဟု ဤသို့သော စကားကို ပြောကြားလေ၏။

Middle Discourses 100 With Saṅgārava So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants. Now at that time a brahmin lady named Dhanañjānī was residing at Caṇḍalakappa. She was devoted to the Buddha, the teaching, and the Saṅgha. Once, she tripped and expressed this heartfelt sentiment three times: “Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha!” Now at that time the student Saṅgārava was residing in Caṇḍalakappa. He was young, newly tonsured; he was sixteen years old. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. Hearing Dhanañjānī’s exclamation, he said to her, “The brahmin lady Dhanañjānī is a disgrace! Though brahmins proficient in the three Vedas are found, she will praise that shaveling, that fake ascetic.” “But dearest boy, you don’t understand the Buddha’s ethics and wisdom. If you did, you’d never think of abusing or insulting him.” “Well then, ma’am, let me know when the Buddha arrives in Caṇḍalakappa.” “I will, dearest,” she replied. And then the Buddha, traveling stage by stage in the Kosalan lands, arrived at Caṇḍalakappa, where he stayed in the mango grove of the Todeyya brahmins. Dhanañjānī heard that he had arrived. So she went to Saṅgārava and told him, adding, “Please, dearest boy, go at your convenience.”

၄၇၄။ ‘‘ဧဝံ, ဘော’’တိ ခေါ သင်္ဂါရဝေါ မာဏဝေါ ဓနဉ္ဇာနိယာ ဗြာဟ္မဏိယာ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သင်္ဂါရဝေါ မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သန္တိ ခေါ, ဘော ဂေါတမ, ဧကေ သမဏဗြာဟ္မဏာ ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ။ တတြ, ဘော ဂေါတမ, ယေ တေ သမဏဗြာဟ္မဏာ ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ, တေသံ ဘဝံ ဂေါတမော ကတမော’’တိ? ‘‘ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာနံ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တာနမ္ပိ ခေါ အဟံ, ဘာရဒွါဇ, ဝေမတ္တံ ဝဒါမိ။ သန္တိ, ဘာရဒွါဇ, ဧကေ သမဏဗြာဟ္မဏာ အနုဿဝိကာ။ တေ အနုဿဝေန ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ၊ သေယျထာပိ ဗြာဟ္မဏာ တေဝိဇ္ဇာ။ သန္တိ ပန, ဘာရဒွါဇ, ဧကေ သမဏဗြာဟ္မဏာ ကေဝလံ သဒ္ဓါမတ္တကေန ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ၊ သေယျထာပိ တက္ကီ ဝီမံသီ။ သန္တိ, ဘာရဒွါဇ, ဧကေ သမဏဗြာဟ္မဏာ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံယေဝ ဓမ္မံ အဘိညာယ ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ။ တတြ, ဘာရဒွါဇ, ယေ တေ သမဏဗြာဟ္မဏာ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံယေဝ ဓမ္မံ အဘိညာယ ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ, တေသာဟမသ္မိ။ တဒမိနာပေတံ, ဘာရဒွါဇ, ပရိယာယေန ဝေဒိတဗ္ဗံ, ယထာ ယေ တေ သမဏဗြာဟ္မဏာ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံယေဝ ဓမ္မံ အဘိညာယ ဒိဋ္ဌဓမ္မာဘိညာဝေါသာနပါရမိပ္ပတ္တာ, အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ, တေသာဟမသ္မိ။

၄၇၄။ “အရှင်မ ကောင်းပါပြီ” ဟူ၍သာလျှင် သင်္ဂါရဝလုလင်သည် ဓနဉ္ဇာနီပုဏ္ဏေးမအား ပြန်ကြား၍မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားကို ဤသို့ လျှောက်ထား၏-“အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သောအချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြပါကုန်၏။ အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများ ဖြစ်ကုန်၏ဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏားတို့တွင် အသျှင်ဂေါတမသည် အဘယ်သို့သော သူပါနည်း”ဟု (လျှောက်၏)။ ဘာရဒွါဇ ငါသည် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော သူတို့၏သော်လည်း အထူးအကွဲအပြားကို့ဆိုသေး၏။ ဘာရဒွါဇ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့ကဲ့သို့ တစ်ဆင့်ကြားနာမှတ်သားတတ်ကုန်သော ထိုတစ်ဆင့်ကြားဖြင့် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံး တီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည်ရှိကြကုန်၏။ ဘာရဒွါဇ ကြံစည်သူ စုံစမ်းသူများကဲ့သို့ သက်သက်ယုံကြည်ကာမျှဖြင့် မျက်မှောက်ဘဝ၌ပင်အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော အချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏။ ဘာရဒွါဇ ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကိုထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြကုန်၏။ ဘာရဒွါဇ ထိုရဟန်း ပုဏ္ဏားတို့တွင် ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ကိုယ်တိုင် သာလျှင် တရားသဘောကို ထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည် တစ်ယောက်အပါအဝင် ဖြစ်၏။ ဘာရဒွါဇ ရှေးအခါကမကြားဖူးသေးကုန်သော တရား တို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကို ထိုးထွင်းသိ၍မျက်မှောက်ဘဝ၌ပင် အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကိုအစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည်တစ်ယောက်အပါအဝင်ဖြစ်ပုံကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိရမည်။

“Yes, ma’am,” replied Saṅgārava. He went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, there are some ascetics and brahmins who claim to have mastered the fundamentals of the spiritual life having attained perfection and consummation of insight in this life. Where do you stand regarding these?” “I say there is a disparity among those who claim to have mastered the fundamentals of the spiritual life having attained perfection and consummation of insight in this life. There are some ascetics and brahmins who are oral transmitters. Through oral transmission they claim to have mastered the fundamentals of the spiritual life. For example, the brahmins who are proficient in the three Vedas. There are some ascetics and brahmins who solely by mere faith claim to have mastered the fundamentals of the spiritual life. For example, those who rely on logic and inquiry. There are some ascetics and brahmins who, having directly known for themselves the principle regarding teachings not learned before from another, claim to have mastered the fundamentals of the spiritual life. I am one of those. And here’s a way to understand that I am one of them.

စာ-၄၂၆

၄၇၅။ ‘‘ဣဓ မေ, ဘာရဒွါဇ, ပုဗ္ဗေဝ သမ္ဗောဓာ အနဘိသမ္ဗုဒ္ဓဿ ဗောဓိသတ္တဿေဝ သတော ဧတဒဟောသိ – ‘သမ္ဗာဓော ဃရာဝါသော ရဇာပထော, အဗ္ဘောကာသော ပဗ္ဗဇ္ဇာ။ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, အပရေန သမယေန ဒဟရောဝ သမာနော သုသုကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော ပဌမေန ဝယသာ အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိံ။ သော ဧဝံ ပဗ္ဗဇိတော သမာနော ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ဣစ္ဆာမဟံ, အာဝုသော ကာလာမ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မစရိယံ စရိတု’န္တိ။ ဧဝံ ဝုတ္တေ, ဘာရဒွါဇ, အာဠာရော ကာလာမော မံ ဧတဒဝေါစ – ‘ဝိဟရတာယသ္မာ။ တာဒိသော အယံ ဓမ္မော ယတ္ထ ဝိညူ ပုရိသော နစိရဿေဝ သကံ အာစရိယကံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ ပရိယာပုဏိံ။ သော ခေါ အဟံ, ဘာရဒွါဇ, တာဝတကေနေဝ ဩဋ္ဌပဟတမတ္တေန လပိတလာပနမတ္တေန ‘ဉာဏဝါဒဉ္စ ဝဒါမိ, ထေရဝါဒဉ္စ ဇာနာမိ, ပဿာမီ’တိ စ ပဋိဇာနာမိ, အဟဉ္စေဝ အညေ စ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ အာဠာရော ကာလာမော ဣမံ ဓမ္မံ ကေဝလံ သဒ္ဓါမတ္တကေန သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေတိ၊ အဒ္ဓါ အာဠာရော ကာလာမော ဣမံ ဓမ္မံ ဇာနံ ပဿံ ဝိဟရတီ’တိ။

‘‘အထ ခွါဟံ, ဘာရဒွါဇ, ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ကိတ္တာဝတာ နော, အာဝုသော ကာလာမ, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသီ’တိ? ဧဝံ ဝုတ္တေ, ဘာရဒွါဇ, အာဠာရော ကာလာမော အာကိဉ္စညာယတနံ ပဝေဒေသိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ သဒ္ဓါ, မယှံပတ္ထိ သဒ္ဓါ၊ န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ ဝီရိယံ…ပေ… သတိ… သမာဓိ… ပညာ, မယှံပတ္ထိ ပညာ။ ယံနူနာဟံ ယံ ဓမ္မံ အာဠာရော ကာလာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေတိ တဿ ဓမ္မဿ သစ္ဆိကိရိယာယ ပဒဟေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ အထ ခွါဟံ, ဘာရဒွါဇ, ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ဧတ္တာဝတာ နော, အာဝုသော ကာလာမ, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ? ‘ဧတ္တာဝတာ ခေါ အဟံ, အာဝုသော, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမီ’တိ။ ‘အဟမ္ပိ ခေါ, အာဝုသော, ဧတ္တာဝတာ ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီ’တိ။ ‘လာဘာ နော, အာဝုသော, သုလဒ္ဓံ နော, အာဝုသော, ယေ မယံ အာယသ္မန္တံ တာဒိသံ သဗြဟ္မစာရိံ ပဿာမ။ ဣတိ ယာဟံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမိ တံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ၊ ယံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ တမဟံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမိ။ ဣတိ ယာဟံ ဓမ္မံ ဇာနာမိ တံ တွံ ဓမ္မံ ဇာနာသိ, ယံ တွံ ဓမ္မံ ဇာနာသိ တမဟံ ဓမ္မံ ဇာနာမိ။ ဣတိ ယာဒိသော အဟံ တာဒိသော တုဝံ, ယာဒိသော တုဝံ တာဒိသော အဟံ။ ဧဟိ ဒါနိ, အာဝုသော, ဥဘောဝ သန္တာ ဣမံ ဂဏံ ပရိဟရာမာ’တိ။ ဣတိ ခေါ, ဘာရဒွါဇ, အာဠာရော ကာလာမော အာစရိယော မေ သမာနော အတ္တနော အန္တေဝါသိံ မံ သမာနံ အတ္တနာ သမသမံ ဌပေသိ, ဥဠာရာယ စ မံ ပူဇာယ ပူဇေသိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘နာယံ ဓမ္မော နိဗ္ဗိဒါယ န ဝိရာဂါယ န နိရောဓာယ န ဥပသမာယ န အဘိညာယ န သမ္ဗောဓာယ န နိဗ္ဗာနာယ သံဝတ္တတိ, ယာဝဒေဝ အာကိဉ္စညာယတနူပပတ္တိယာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, တံ ဓမ္မံ အနလင်္ကရိတွာ တသ္မာ ဓမ္မာ နိဗ္ဗိဇ္ဇ အပက္ကမိံ။

၄၇၅။ ဘာရဒွါဇ ငါသည် အရိယမဂ်ကို မရမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသောဘုရားလောင်းမျှသာ ဖြစ်နေစဥ်က (တောမထွက်ခင်က) “လူ့ဘောင်၌ နေရခြင်းသည် ကျဥ်းမြောင်း၏၊ (ကိလေသာ) မြူ ထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကိုကျင့်ခြင်း ငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံအစည်သည် ဖြစ်ခဲ့၏။ ဘာရဒွါဇ နောက်အခါ၌ ပျိုမျစ်သည်သာလျှင်ဖြစ်၍ ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်း သောအရွယ်ဖြစ်သော ပဌမအရွယ်နှင့် ပြည့်စုံသော ထိုငါသည် အမိအဖများ မလိုလားသဖြင့် မျက်ရည်စက်လက် ငိုကြွေးကုန်စဥ် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤသို့ ရဟန်းပြုလျက် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာသည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်းကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်မိပြီ၊ ချဥ်းကပ်ပြီးနောက် ကာလာမအနွယ် အာဠာရကို“ငါ့သျှင်ကာလာမ ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကို ကျင့်လို၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ဤသို့ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရ သည် ငါ့ကို “အသျှင်နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ ဘာရဒွါဇ ထိုငါသည်ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးကလည်း ပြောဆို (ကြကုန်) ၏။ ဘာရဒွါဇ ထိုငါ့အား ဤအကြံသည့်ဖြစ်၏-“ကာလာမအနွယ် ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်ပြီး၍ ကာလာမအနွယ်ဖြစ်သော အာဠာရကို “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်သမာပတ်ကို ပြောကြား၏။ ဘာရ ဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏-“ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ရှိ၏၊ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် လုံ့လ ‘ဝီရိယ’ရှိသည် မဟုတ်၊ ငါ့အားလည်းလုံ့လ ‘ဝီရိယ’ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည်မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ကာလာမအနွယ် ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ’ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ် ရှိ၏။ ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု အာဠာရ ပြောကြားသော တရားကိုမျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်၍ ကာလာမအနွယ်ဖြစ်သော အာဠာရအား ဤစကားကို ပြောဆို၏-“ငါ့သျှင်ကာလာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားသော ဤတရားကား ဤမျှသာလော”ဟု (ပြောဆို၏)။ ငါ့သျှင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသောတရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကိုငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့အား အရတော်လေစွ၊ ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ ဤသို့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါ ပြောကြား၏။ ဤသို့ ငါသိသော တရားကို သင်သိ၏၊ သင်သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါသူတော်ကောင်းဖြစ်သော ငါတို့နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။ ဘာရဒွါဇ ဤသို့လျှင် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှ ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ -“ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှအကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ့ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။

Before my awakening—when I was still unawakened but intent on awakening—I thought: ‘Life at home is cramped and dirty, life gone forth is wide open. It’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from the lay life to homelessness?’ Some time later, while still with pristine black hair, blessed with youth, in the prime of life—though my mother and father wished otherwise, weeping with tearful faces—I shaved off my hair and beard, dressed in ocher robes, and went forth from the lay life to homelessness. Once I had gone forth I set out to discover what is skillful, seeking the supreme state of sublime peace. I approached Āḷāra Kālāma and said to him, ‘Reverend Kālāma, I wish to lead the spiritual life in this teaching and training.’ Āḷāra Kālāma replied, ‘Stay, venerable. This teaching is such that a sensible person can soon realize their own denomination with their own insight and live having achieved it.’ I quickly memorized that teaching. As far as lip-recital and verbal repetition went, I spoke the doctrine of knowledge, the elder doctrine. I claimed to know and see, and so did others. Then it occurred to me, ‘It is not solely by mere faith that Āḷāra Kālāma declares: “I realize this teaching with my own insight, and live having achieved it.” Surely he meditates knowing and seeing this teaching.’ So I approached Āḷāra Kālāma and said to him: ‘Reverend Kālāma, to what extent do you say you’ve realized this teaching with your own insight?’ When I said this, he declared the dimension of nothingness. Then it occurred to me, ‘It’s not just Āḷāra Kālāma who has faith, energy, mindfulness, immersion, and wisdom; I too have these things. Why don’t I make an effort to realize the same teaching that Āḷāra Kālāma says he has realized with his own insight?’ I quickly realized that teaching with my own insight, and lived having achieved it. So I approached Āḷāra Kālāma and said to him, ‘Reverend Kālāma, is it up to this point that you realized this teaching with your own insight, and declare having achieved it?’ ‘I have, reverend.’ ‘I too have realized this teaching with my own insight up to this point, and live having achieved it.’ ‘We are fortunate, reverend, so very fortunate to see a venerable such as yourself as one of our spiritual companions! So the teaching that I’ve realized with my own insight, and declare having achieved it, you’ve realized with your own insight, and dwell having achieved it. The teaching that you’ve realized with your own insight, and dwell having achieved it, I’ve realized with my own insight, and declare having achieved it. So the teaching that I know, you know, and the teaching you know, I know. I am like you and you are like me. Come now, reverend! We should both lead this community together.’ And that is how my tutor Āḷāra Kālāma placed me, his pupil, on the same position as him, and honored me with high praise. Then it occurred to me, ‘This teaching doesn’t lead to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. It only leads as far as rebirth in the dimension of nothingness.’ Realizing that this teaching was inadequate, I left disappointed.

စာ-၄၂၈

၄၇၆။ ‘‘သော ခေါ အဟံ, ဘာရဒွါဇ, ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ဣစ္ဆာမဟံ, အာဝုသော [ပဿ မ။ နိ။ ၁။၂၇၈ ပါသရာသိသုတ္တေ], ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မစရိယံ စရိတု’န္တိ။ ဧဝံ ဝုတ္တေ, ဘာရဒွါဇ, ဥဒကော ရာမပုတ္တော မံ ဧတဒဝေါစ – ‘ဝိဟရတာယသ္မာ။ တာဒိသော အယံ ဓမ္မော ယတ္ထ ဝိညူ ပုရိသော နစိရဿေဝ သကံ အာစရိယကံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ ပရိယာပုဏိံ။ သော ခေါ အဟံ, ဘာရဒွါဇ, တာဝတကေနေဝ ဩဋ္ဌပဟတမတ္တေန လပိတလာပနမတ္တေန ‘ဉာဏဝါဒဉ္စ ဝဒါမိ, ထေရဝါဒဉ္စ ဇာနာမိ, ပဿာမီ’တိ စ ပဋိဇာနာမိ, အဟဉ္စေဝ အညေ စ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ ရာမော ဣမံ ဓမ္မံ ကေဝလံ သဒ္ဓါမတ္တကေန သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသိ၊ အဒ္ဓါ ရာမော ဣမံ ဓမ္မံ ဇာနံ ပဿံ ဝိဟာသီ’တိ။ အထ ခွါဟံ, ဘာရဒွါဇ, ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ကိတ္တာဝတာ နော, အာဝုသော, ရာမော ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသီ’တိ? ဧဝံ ဝုတ္တေ, ဘာရဒွါဇ, ဥဒကော ရာမပုတ္တော နေဝသညာနာသညာယတနံ ပဝေဒေသိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ ရာမဿေဝ အဟောသိ သဒ္ဓါ, မယှံပတ္ထိ သဒ္ဓါ၊ န ခေါ ရာမဿေဝ အဟောသိ ဝီရိယံ…ပေ… သတိ… သမာဓိ… ပညာ, မယှံပတ္ထိ ပညာ။ ယံနူနာဟံ ယံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသိ တဿ ဓမ္မဿ သစ္ဆိကိရိယာယ ပဒဟေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိံ။

‘‘အထ ခွါဟံ, ဘာရဒွါဇ, ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ဧတ္တာဝတာ နော, အာဝုသော, ရာမော ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ? ‘ဧတ္တာဝတာ ခေါ, အာဝုသော, ရာမော ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ။ ‘အဟမ္ပိ ခေါ, အာဝုသော, ဧတ္တာဝတာ ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီ’တိ။ ‘လာဘာ နော, အာဝုသော, သုလဒ္ဓံ နော, အာဝုသော, ယေ မယံ အာယသ္မန္တံ တာဒိသံ သဗြဟ္မစာရိံ ပဿာမ။ ဣတိ ယံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသိ တံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ၊ ယံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ တံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသိ။ ဣတိ ယံ ဓမ္မံ ရာမော အဘိညာသိ တံ တွံ ဓမ္မံ ဇာနာသိ, ယံ တွံ ဓမ္မံ ဇာနာသိ တံ ဓမ္မံ ရာမော အဘိညာသိ။ ဣတိ ယာဒိသော ရာမော အဟောသိ တာဒိသော တုဝံ, ယာဒိသော တုဝံ တာဒိသော ရာမော အဟောသိ။ ဧဟိ ဒါနိ, အာဝုသော, တုဝံ ဣမံ ဂဏံ ပရိဟရာ’တိ။ ဣတိ ခေါ, ဘာရဒွါဇ, ဥဒကော ရာမပုတ္တော သဗြဟ္မစာရီ မေ သမာနော အာစရိယဋ္ဌာနေ မံ ဌပေသိ, ဥဠာရာယ စ မံ ပူဇာယ ပူဇေသိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘နာယံ ဓမ္မော နိဗ္ဗိဒါယ န ဝိရာဂါယ န နိရောဓာယ န ဥပသမာယ န အဘိညာယ န သမ္ဗောဓာယ န နိဗ္ဗာနာယ သံဝတ္တတိ, ယာဝဒေဝ နေဝသညာနာသညာယတနူပပတ္တိယာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, တံ ဓမ္မံ အနလင်္ကရိတွာ တသ္မာ ဓမ္မာ နိဗ္ဗိဇ္ဇ အပက္ကမိံ။

၄၇၆။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ရာမ၏သား ဥဒကထံသို့ ချဥ်းကပ် မိပြီ၊ ချဥ်းကပ်ပြီးနောက် ရာမ၏သား ဥဒကကို “ငါ့သျှင် ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကိုကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သား ဥဒကသည် ငါ့ကို“အသျှင် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏။ ဘာရဒွါဇထိုငါသည် ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆို (ကြကုန်) ၏။ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏-“ရာမသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ရာမသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဥ်းကပ်၍ ရာမ၏သား ဥဒကကို “ငါ့သျှင်ရာမအဘယ်မျှ လောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သားဥဒကသည် နေဝသညာနာသညာယတနသမာပတ်ကို ပြောကြား၏။ ဘာရဒွါဇ ထိုငါ့အား ဤသို့သောအကြံသည် ဖြစ်၏-“ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်းယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ ရာမအားသာလျှင် လုံ့လ ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း လုံ့လ ‘ဝီရိယ’ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ရှိသည် မဟုတ်၊ ငါ့အားလည်းတည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ရှိ၏။ ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ရာမပြောကြားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။ ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဥ်းကပ်၍ ရာမ၏သား ဥဒကအား ဤ စကားကိုပြောဆို၏-“ငါ့သျှင်ရာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြော ကြားသောဤတရားကား ဤမျှသာလော”ဟု (မေး၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသော တရားလည်း ဤမျှသာတည်းဟု (ပြန်၍ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါ့တို့အားအရတော်လေစွ။ ငါတို့အား အလွန်အရတော် လေစွ။ ဤသို့ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ (ငါ) ပြောကြား၏။ ဤသို့ (ငါ) သိသော တရားကို သင် သိ၏။ သင် သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင့်သင်လည်း ဖြစ်၏။ သင်ကဲ့သို့ပင် (ငါလည်း) ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါလော့ဟု (ပြောဆို၏)။ ဘာရဒွါဇ ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှု ကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။

I set out to discover what is skillful, seeking the supreme state of sublime peace. I approached Uddaka son of Rāma and said to him, ‘Reverend, I wish to lead the spiritual life in this teaching and training.’ Uddaka replied, ‘Stay, venerable. This teaching is such that a sensible person can soon realize their own denomination with their own insight and live having achieved it.’ I quickly memorized that teaching. As far as lip-recital and verbal repetition went, I spoke the doctrine of knowledge, the elder doctrine. I claimed to know and see, and so did others. Then it occurred to me, ‘It is not solely by mere faith that Rāma declared: “I realize this teaching with my own insight, and live having achieved it.” Surely he meditated knowing and seeing this teaching.’ So I approached Uddaka son of Rāma and said to him, ‘Reverend, to what extent did Rāma say he’d realized this teaching with his own insight?’ When I said this, Uddaka son of Rāma declared the dimension of neither perception nor non-perception. Then it occurred to me, ‘It’s not just Rāma who had faith, energy, mindfulness, immersion, and wisdom; I too have these things. Why don’t I make an effort to realize the same teaching that Rāma said he had realized with his own insight?’ I quickly realized that teaching with my own insight, and lived having achieved it. So I approached Uddaka son of Rāma and said to him, ‘Reverend, had Rāma realized this teaching with his own insight up to this point, and declared having achieved it?’ ‘He had, reverend.’ ‘I too have realized this teaching with my own insight up to this point, and live having achieved it.’ ‘We are fortunate, reverend, so very fortunate to see a venerable such as yourself as one of our spiritual companions! So the teaching that Rāma had realized with his own insight, and declared having achieved it, you’ve realized with your own insight, and dwell having achieved it. The teaching that you’ve realized with your own insight, and dwell having achieved it, Rāma had realized with his own insight, and declared having achieved it. So the teaching that Rāma directly knew, you know, and the teaching you know, Rāma directly knew. Rāma was like you and you are like Rāma. Come now, reverend! You should lead this community.’ And that is how my spiritual companion Uddaka son of Rāma placed me in the position of a tutor and honored me with high praise. Then it occurred to me, ‘This teaching doesn’t lead to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. It only leads as far as rebirth in the dimension of neither perception nor non-perception.’ Realizing that this teaching was inadequate, I left disappointed.

၄၇၇။ ‘‘သော ခေါ အဟံ, ဘာရဒွါဇ, ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော မဂဓေသု အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဥရုဝေဠာ သေနာနိဂမော တဒဝသရိံ။ တတ္ထဒ္ဒသံ ရမဏီယံ ဘူမိဘာဂံ, ပါသာဒိကဉ္စ ဝနသဏ္ဍံ, နဒိဉ္စ သန္ဒန္တိံ သေတကံ သုပတိတ္ထံ ရမဏီယံ, သမန္တာ စ ဂေါစရဂါမံ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ရမဏီယော ဝတ, ဘော, ဘူမိဘာဂေါ, ပါသာဒိကော စ ဝနသဏ္ဍော, နဒီ စ သန္ဒတိ သေတကာ သုပတိတ္ထာ ရမဏီယာ, သမန္တာ စ ဂေါစရဂါမော။ အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္ထိကဿ ပဓာနာယာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, တတ္ထေဝ နိသီဒိံ – ‘အလမိဒံ ပဓာနာယာ’တိ။ အပိဿု မံ, ဘာရဒွါဇ, တိဿော ဥပမာ ပဋိဘံသု အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ -

‘‘သေယျထာပိ, ဘာရဒွါဇ, အလ္လံ ကဋ္ဌံ သသ္နေဟံ ဥဒကေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, ဘာရဒွါဇ, အပိ နု သော ပုရိသော အမုံ အလ္လံ ကဋ္ဌံ သသ္နေဟံ ဥဒကေ နိက္ခိတ္တံ ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ တံ ကိဿ ဟေတု? အဒုဉှိ, ဘော ဂေါတမ, အလ္လံ ကဋ္ဌံ သသ္နေဟံ, တဉ္စ ပန ဥဒကေ နိက္ခိတ္တံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘာရဒွါဇ, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ အဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော သော စ အဇ္ဈတ္တံ န သုပ္ပဟီနော ဟောတိ န သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, ဘာရဒွါဇ, ပဌမာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။

၄၇၇။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည်အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်းတို့၌ အစဥ်အတိုင်း ဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို့ သက်ရောက်၏၊ ထိုအရပ်၌ မွေ့လျော်ဖွယ် ရာမြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသောမြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ - “အချင်းတို့မြေအဖို့သည် မွေ့လျော်ဖွယ်ကောင်းလေစွတကား၊ တောအုပ်သည်လည်း ကြည်နူးဖွယ်ကောင်းလေစွတကား၊ မြစ်သည်လည်း စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်၌ ကမ္မဋ္ဌာန်း အားထုတ်လိုသော အမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုအရပ်၌ပင်လျှင်“ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်၏”ဟု (နှလုံးသွင်း၍) ထိုင်နေ၏။ ဘာရဒွါဇ စင်စစ် ငါ့အား ရှေးကမကြားဖူးကုန်သော အံ့ဩဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏၊ ဘာရဒွါဇ ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည်မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သော ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းသည် စို၍ အစေးရှိသည့်ပြင် ရေ၌လည်း ချထားသောကြောင့်ပါတည်း၊ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်း သန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ် အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော ဤရှေးဦးစွာအံ့ဩဖွယ်ရာ ဥပမာသည် ထင်လာ၏။

I set out to discover what is skillful, seeking the supreme state of sublime peace. Traveling stage by stage in the Magadhan lands, I arrived at the town of Senā in Uruvelā. There I saw a delightful park, a lovely grove with a flowing river that was clean and charming, with smooth banks. And nearby was a village to resort to for alms. Then it occurred to me, ‘This park is truly delightful, a lovely grove with a flowing river that’s clean and charming, with smooth banks. And nearby there’s a village to resort to for alms. This is good enough for striving for a gentleman wanting to strive.’ So I sat down right there, thinking: ‘This is good enough for striving.’ And then these three similes, which were neither supernaturally inspired, nor learned before in the past, occurred to me. Suppose there was a green, sappy log, and it was lying in water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Bhāradvāja? By drilling the stick against that green, sappy log lying in water, could they light a fire and produce heat?” “No, worthy Gotama. Why is that? Because it’s a green, sappy log, and it’s lying in the water. That person will eventually get weary and frustrated.” “In the same way, there are ascetics and brahmins who don’t live withdrawn in body and mind from sensual pleasures. They haven’t internally given up or stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are incapable of knowledge and vision, of supreme awakening. This was the first example that occurred to me.

၄၇၈။ ‘‘အပရာပိ ခေါ မံ, ဘာရဒွါဇ, ဒုတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ -

သေယျထာပိ, ဘာရဒွါဇ, အလ္လံ ကဋ္ဌံ သသ္နေဟံ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, ဘာရဒွါဇ, အပိ နု သော ပုရိသော အမုံ အလ္လံ ကဋ္ဌံ သသ္နေဟံ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ တေဇော ပါတုကရေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ တံ ကိဿ ဟေတု? အဒုဉှိ, ဘော ဂေါတမ, အလ္လံ ကဋ္ဌံ သသ္နေဟံ, ကိဉ္စာပိ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘာရဒွါဇ, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ ဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော သော စ အဇ္ဈတ္တံ န သုပ္ပဟီနော ဟောတိ န သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, ဘာရဒွါဇ, ဒုတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။

၄၇၈။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော နှစ်ခုမြောက် အံ့ဩဖွယ်ရာ အခြားဥပမာသည့်ထင်လာပြန်၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟုလာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သော ရေမှဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော်မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းစိုသည် ရေမှ ဝေးစွာကုန်း၌ ချထားစေကာမူ အစေးရှိသေးသောကြောင့်ပါတည်း။ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သောကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဘူးသောအံ့ဩဖွယ်ရာ နှစ်ခုမြောက် ဤဥပမာသည် ထင်လာ၏။

Then a second example occurred to me. Suppose there was a green, sappy log, and it was lying on dry land far from the water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Bhāradvāja? By drilling the stick against that green, sappy log on dry land far from water, could they light a fire and produce heat?” “No, worthy Gotama. Why is that? Because it’s still a green, sappy log, despite the fact that it’s lying on dry land far from water. That person will eventually get weary and frustrated.” “In the same way, there are ascetics and brahmins who live withdrawn in body and mind from sensual pleasures. But they haven’t internally given up or stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are incapable of knowledge and vision, of supreme awakening. This was the second example that occurred to me.

စာ-၄၃၁

၄၇၉။ ‘‘အပရာပိ ခေါ မံ, ဘာရဒွါဇ, တတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ သေယျထာပိ, ဘာရဒွါဇ, သုက္ခံ ကဋ္ဌံ ကောဠာပံ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, ဘာရဒွါဇ, အပိ နု သော ပုရိသော အမုံ သုက္ခံ ကဋ္ဌံ ကောဠာပံ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျာ’’တိ? ‘‘ဧဝံ ဘော ဂေါတမ။ တံ ကိဿ ဟေတု? အဒုဉှိ, ဘော ဂေါတမ, သုက္ခံ ကဋ္ဌံ ကောဠာပံ, တဉ္စ ပန အာရကာ ဥဒကာ ထလေ နိက္ခိတ္တ’’န္တိ။ ‘‘ဧဝမေဝ ခေါ, ဘာရဒွါဇ, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ ဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော သော စ အဇ္ဈတ္တံ သုပ္ပဟီနော ဟောတိ သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, ဘာရဒွါဇ, တတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ ဣမာ ခေါ မံ, ဘာရဒွါဇ, တိဿော ဥပမာ ပဋိဘံသု အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။

၄၇၉။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့ဩဖွယ်ရာ သုံးခုမြောက်သော အခြား ဥပမာသည်လည်း ထင်လာ၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းသည်ရှိ၏။ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း။ စင်စစ် ထိုယောကျာ်းသည်ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းကို မီးပွတ်ခုံသို့ ယူ၍ ပွတ်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဖြစ်နိုင်ပါ၏၊ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းသည် ခြောက်သွေ့နေ၍ ရေမှဝေးစွာ ကုန်း၌ ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။ ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်းလိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာ ငြိမ်းပြီးဖြစ်၏၊ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမား ကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါအမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့ဩဖွယ်ရာ ဤသုံးခုမြောက်ဥပမာသည် ထင်လာ၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးကုန်သော ဤအံ့ဩဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏။

Then a third example occurred to me. Suppose there was a dried up, withered log, and it was lying on dry land far from the water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Bhāradvāja? By drilling the stick against that dried up, withered log on dry land far from water, could they light a fire and produce heat?” “Yes, worthy Gotama. Why is that? Because it’s a dried up, withered log, and it’s lying on dry land far from water.” “In the same way, there are ascetics and brahmins who live withdrawn in body and mind from sensual pleasures. And they have internally given up and stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are capable of knowledge and vision, of supreme awakening. This was the third example that occurred to me. These are the three similes, which were neither supernaturally inspired, nor learned before in the past, that occurred to me.

စာ-၄၃၂

၄၈၀။ ‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ ဒန္တေဘိဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှေယျံ အဘိနိပ္ပီဠေယျံ အဘိသန္တာပေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, ဒန္တေဘိဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှာမိ အဘိနိပ္ပီဠေမိ အဘိသန္တာပေမိ။ တဿ မယှံ, ဘာရဒွါဇ, ဒန္တေဘိဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှတော အဘိနိပ္ပီဠယတော အဘိသန္တာပယတော ကစ္ဆေဟိ သေဒါ မုစ္စန္တိ။ သေယျထာပိ, ဘာရဒွါဇ, ဗလဝါ ပုရိသော ဒုဗ္ဗလတရံ ပုရိသံ သီသေ ဝါ ဂဟေတွာ ခန္ဓေ ဝါ ဂဟေတွာ အဘိနိဂ္ဂဏှေယျ အဘိနိပ္ပီဠေယျ အဘိသန္တာပေယျ, ဧဝမေဝ ခေါ မေ, ဘာရဒွါဇ, ဒန္တေဘိဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှတော အဘိနိပ္ပီဠယတော အဘိသန္တာပယတော ကစ္ဆေဟိ သေဒါ မုစ္စန္တိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။

၄၈၀။ ဘာရဒွါဇ ထိုငါ့အား “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက့်စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကိုဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ အားရှိသောယောကျာ်းသည် အားနည်းသောယောကျာ်းကို ဦးခေါင်း၌ကိုင်၍ဖြစ်စေ၊ ပခုံး၌ ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညှစ် ပင်ပန်းစေရာသကဲ့သို့၊ ဘာရဒွါဇ ဤအတူပင်လျှင်သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ (ငါသည်) မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကိို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

Then it occurred to me, ‘Why don’t I, with teeth clenched and tongue pressed against the roof of my mouth, squeeze, squash, and scorch mind with mind?’ So that’s what I did, until sweat ran from my armpits. It was like when a strong man grabs a weaker man by the head or throat or shoulder and squeezes, squashes, and crushes them. In the same way, with teeth clenched and tongue pressed against the roof of my mouth, I squeezed, squashed, and crushed mind with mind until sweat ran from my armpits. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving.

၄၈၁။ ‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, မုခတော စ နာသတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, ဘာရဒွါဇ, မုခတော စ နာသတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု ကဏ္ဏသောတေဟိ ဝါတာနံ နိက္ခမန္တာနံ အဓိမတ္တော သဒ္ဒေါ ဟောတိ။ သေယျထာပိ နာမ ကမ္မာရဂဂ္ဂရိယာ ဓမမာနာယ အဓိမတ္တော သဒ္ဒေါ ဟောတိ, ဧဝမေဝ ခေါ မေ, ဘာရဒွါဇ, မုခတော စ နာသတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု ကဏ္ဏသောတေဟိ ဝါတာနံ နိက္ခမန္တာနံ အဓိမတ္တော သဒ္ဒေါ ဟောတိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ မုဒ္ဓနိ ဦဟနန္တိ။ သေယျထာပိ, ဘာရဒွါဇ, ဗလဝါ ပုရိသော, တိဏှေန သိခရေန မုဒ္ဓနိ အဘိမတ္ထေယျ, ဧဝမေဝ ခေါ မေ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ မုဒ္ဓနိ ဦဟနန္တိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ သီသေ သီသဝေဒနာ ဟောန္တိ။ သေယျထာပိ, ဘာရဒွါဇ, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တက္ခဏ္ဍေန သီသေ သီသဝေဌံ ဒဒေယျ, ဧဝမေဝ ခေါ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ သီသေ သီသဝေဒနာ ဟောန္တိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ သေယျထာပိ, ဘာရဒွါဇ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ, ဧဝမေဝ ခေါ မေ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တော ကာယသ္မိံ ဍာဟော ဟောတိ။ သေယျထာပိ, ဘာရဒွါဇ, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ သမ္ပရိတာပေယျုံ, ဧဝမေဝ ခေါ မေ, ဘာရဒွါဇ, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တော ကာယသ္မိံ ဍာဟော ဟောတိ။ အာရဒ္ဓံ ခေါ ပန မေ, ဘာရဒွါဇ, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ, တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ အပိဿု မံ, ဘာရဒွါဇ, ဒေဝတာ ဒိသွာ ဧဝမာဟံသု – ‘ကာလင်္ကတော သမဏော ဂေါတမော’တိ။ ဧကစ္စာ ဒေဝတာ ဧဝမာဟံသု – ‘န ကာလင်္ကတော သမဏော ဂေါတမော, အပိ စ ကာလင်္ကရောတီ’တိ။ ဧကစ္စာ ဒေဝတာ ဧဝမာဟံသု – ‘န ကာလင်္ကတော သမဏော ဂေါတမော, နာပိ ကာလင်္ကရောတိ၊ အရဟံ သမဏော ဂေါတမော, ဝိဟာရောတွေဝ သော အရဟတော ဧဝရူပေါ ဟောတီ’တိ။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇေယျ’န္တိ။ အထ ခေါ မံ, ဘာရဒွါဇ, ဒေဝတာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘မာ ခေါ တွံ, မာရိသ, သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇိ။ သစေ ခေါ တွံ, မာရိသ, သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇိဿသိ, တဿ တေ မယံ ဒိဗ္ဗံ ဩဇံ လောမကူပေဟိ အဇ္ဈောဟာရေဿာမ။ တာယ တွံ ယာပေဿသီ’တိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘အဟဉ္စေဝ ခေါ ပန သဗ္ဗသော အဇဇ္ဇိတံ ပဋိဇာနေယျံ, ဣမာ စ မေ ဒေဝတာ ဒိဗ္ဗံ ဩဇံ လောမကူပေဟိ အဇ္ဈောဟာရေယျုံ, တာယ စာဟံ ယာပေယျံ။ တံ မမဿ မုသာ’တိ။ သော ခေါ အဟံ, ဘာရဒွါဇ, တာ ဒေဝတာ ပစ္စာစိက္ခာမိ, ‘ဟလ’န္တိ ဝဒါမိ။

‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယံနူနာဟံ ထောကံ ထောကံ အာဟာရံ အာဟာရေယျံ ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, ထောကံ ထောကံ အာဟာရံ အာဟာရေသိံ ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသံ။ တဿ မယှံ, ဘာရဒွါဇ, ထောကံ ထောကံ အာဟာရံ အာဟာရယတော ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသံ, အဓိမတ္တကသိမာနံ ပတ္တော ကာယော ဟောတိ။ သေယျထာပိ နာမ အာသီတိကပဗ္ဗာနိ ဝါ ကာဠပဗ္ဗာနိ ဝါ, ဧဝမေဝဿု မေ အင်္ဂပစ္စင်္ဂါနိ ဘဝန္တိ တာယေဝပ္ပါဟာရတာယ၊ သေယျထာပိ နာမ ဩဋ္ဌပဒံ, ဧဝမေဝဿု မေ အာနိသဒံ ဟောတိ တာယေဝပ္ပါဟာရတာယ၊ သေယျထာပိ နာမ ဝဋ္ဋနာဝဠီ, ဧဝမေဝဿု မေ ပိဋ္ဌိကဏ္ဋကော ဥဏ္ဏတာဝနတော ဟောတိ တာယေဝပ္ပါဟာရတာယ၊ သေယျထာပိ နာမ ဇရသာလာယ ဂေါပါနသိယော ဩလုဂ္ဂဝိလုဂ္ဂါ ဘဝန္တိ, ဧဝမေဝဿု မေ ဖာသုဠိယော ဩလုဂ္ဂဝိလုဂ္ဂါ ဘဝန္တိ တာယေဝပ္ပါဟာရတာယ၊ သေယျထာပိ နာမ ဂမ္ဘီရေ ဥဒပါနေ ဥဒကတာရကာ ဂမ္ဘီရဂတာ ဩက္ခာယိကာ ဒိဿန္တိ, ဧဝမေဝဿု မေ အက္ခိကူပေသု အက္ခိတာရကာ ဂမ္ဘီရဂတာ ဩက္ခာယိကာ ဒိဿန္တိ တာယေဝပ္ပါဟာရတာယ၊ သေယျထာပိ နာမ တိတ္တကာလာဗု အာမကစ္ဆိန္နော ဝါတာတပေန သံဖုဋိတော ဟောတိ သမ္မိလာတော, ဧဝမေဝဿု မေ သီသစ္ဆဝိ သံဖုဋိတာ ဟောတိ သမ္မိလာတာ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, ဘာရဒွါဇ, ‘ဥဒရစ္ဆဝိံ ပရိမသိဿာမီ’တိ ပိဋ္ဌိကဏ္ဋကံယေဝ ပရိဂ္ဂဏှာမိ, ‘ပိဋ္ဌိကဏ္ဋကံ ပရိမသိဿာမီ’တိ ဥဒရစ္ဆဝိံယေဝ ပရိဂ္ဂဏှာမိ၊ ယာဝဿု မေ, ဘာရဒွါဇ, ဥဒရစ္ဆဝိ ပိဋ္ဌိကဏ္ဋကံ အလ္လီနာ ဟောတိ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, ဘာရဒွါဇ, ‘ဝစ္စံ ဝါ မုတ္တံ ဝါ ကရိဿာမီ’တိ တတ္ထေဝ အဝကုဇ္ဇော ပပတာမိ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, ဘာရဒွါဇ, ဣမမေဝ ကာယံ အဿာသေန္တော ပါဏိနာ ဂတ္တာနိ အနုမဇ္ဇာမိ။ တဿ မယှံ, ဘာရဒွါဇ, ပါဏိနာ ဂတ္တာနိ အနုမဇ္ဇတော ပူတိမူလာနိ လောမာနိ ကာယသ္မာ ပပတန္တိ တာယေဝပ္ပါဟာရတာယ။ အပိဿု မံ, ဘာရဒွါဇ, မနုဿာ ဒိသွာ ဧဝမာဟံသု – ‘ကာဠော သမဏော ဂေါတမော’တိ။ ဧကစ္စေ မနုဿာ ဧဝမာဟံသု – ‘န ကာဠော သမဏော ဂေါတမော, သာမော သမဏော ဂေါတမော’တိ။ ဧကစ္စေ မနုဿာ ဧဝမာဟံသု – ‘န ကာဠော သမဏော ဂေါတမော နပိ သာမော, မင်္ဂုရစ္ဆဝိ သမဏော ဂေါတမော’တိ၊ ယာဝဿု မေ, ဘာရဒွါဇ, တာဝ ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော ဥပဟတော ဟောတိ တာယေဝပ္ပါဟာရတာယ။

၄၈၁။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှုကိုသာလျှင်ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည်ခံတွင်းမှ လည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင် ထားသော် နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည်ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော် ငါ၏ နားတွင်းတို့မှ ထွက်သော လေ၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ အားထုတ် ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကိို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာ လျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်းသည် ထက်သော ချွန်းဖြင့်ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့ သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ငါ၏ ဦးထိပ်၌ တိုးဝှေ့ ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကိို (ဖြစ်စေတတ် သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင့်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်းသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကို ရစ်ပတ်ထားရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ ဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း၊ ထက်သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့၊ ဤအတူပင်လျှင်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ငါ၏ ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်း နှစ်ယောက်တို့သည်အားနည်းသောယောကျာ်းကို အသီး အသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့အပြန်ပြန် ကင်ကုန်ရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက် တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အား ထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ စင်စစ် ငါ့ကို နတ်တို့သည် မြင်၍ “ရဟန်းဂေါတမသည် သေပြီ”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေ သေး၊ စင်စစ်ကား သေခါနီးနေ၏”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ သေ ခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည်ရဟန္တာဖြစ်၍ နေခြင်းသာ ဖြစ်၏၊ ရဟန္တာ၏ နေခြင်း ကား ဤသို့ သဘောရှိ၏”ဟု ဆိုကုန်၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည် လုံးဝအစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုအခါ ငါ့ထံသို့ နတ်တို့သည် ချဥ်းကပ်၍ “အသျှင် သင်သည် လုံးဝ့အစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အသျှင် အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့်သွင်းအံ့၊ ထိုနတ်ဩဇာဖြင့်သင်သည် မျှတလတ္တံ့”ဟု ဤစကားကို ဆိုကုန်၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည်လည်း လုံးဝမစားဟုဝန်ခံမူ ဤနတ်တို့သည်လည်း ငါ့အား နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်ဩဇာဖြင့်လည်း ငါသည် မျှတငြားအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း”ဟုဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍ မသင့်ဟု ပြောဆို၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ ဘာရဒွါဇ တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ ရောက်၏၊ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်ကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ် ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျပျက်စီး၍ ကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့၊ ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟု ထင်ရာသကဲ့သို့၊ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟုထင်ရကုန်၏။ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဘူးခါးသီးသည် လေနေပူဖြင့်တွေ့ထိကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။ ဘာရဒွါဇ ထိုငါသည် “ဝမ်းရေကို သုံးသပ်အံ့”ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ “ကျောက်ကုန်းရိုးကို သုံးသပ်အံ့”ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ ဘာရဒွါဇထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ ဘာရဒွါဇ ထိုငါသည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် “ကျင်ကြီးကိုလည်းကောင်းကျင်ငယ် ကိုလည်းကောင်း စွန့်အံ့”ဟု သွားသော် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ ဘာရဒွါဇထိုငါသည် ထိုအစာ အာဟာရ နည်းပါးမှုကြောင့်ပင် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့်ကိုယ်တို့ကို ပွတ်သပ်၏၊ ဘာရဒွါဇ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သောအမွေးတို့သည် ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။ ဘာရဒွါဇ စင်စစ် ငါ့ကို လူတို့သည် မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏”ဟုဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏”ဟု ဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်း ရှိသည်လည်း မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်း အရေအဆင်းရှိ၏”ဟု ဆိုကုန်၏။ ဘာရဒွါဇ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည်အလွန်ပျက်စီးနေ၏။

Then it occurred to me, ‘Why don’t I practice the breathless absorption?’ So I cut off my breathing through my mouth and nose. But then winds came out my ears making a severe noise, like the puffing of a blacksmith’s bellows. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then severe winds ground my head, like a strong man was drilling into my head with a sharp point. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then I got a severe headache, like a strong man was tightening a strong leather strap around my head. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then severe winds carved up my belly, like a deft butcher or their apprentice was slicing my belly open with a sharp meat cleaver. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then there was a severe burning in my body, like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. Then some deities saw me and said, ‘The ascetic Gotama is dead.’ Others said, ‘He’s not dead, but he’s dying.’ Others said, ‘He’s not dead or dying. The ascetic Gotama is a perfected one, for that is how the perfected ones live.’ Then it occurred to me, ‘Why don’t I practice completely cutting off food?’ But deities came to me and said, ‘Good fellow, don’t practice totally cutting off food. If you do, we’ll infuse heavenly nectar into your pores and you will live on that.’ Then it occurred to me, ‘If I claim to be completely fasting while these deities are infusing heavenly nectar in my pores, that would be a lie on my part.’ So I refused those deities, saying, ‘There’s no need.’ Then it occurred to me, ‘Why don’t I just take a little bit of food each time, a handful of broth made from mung beans, horse gram, chickpeas, or green gram?’ So that’s what I did, until my body became severely emaciated. Due to eating so little, my major and minor limbs became like the joints of an eighty-year-old or a dying man, my bottom became like a camel’s hoof, my vertebrae stuck out like beads on a string, and my ribs were as gaunt as the broken-down rafters on an old barn. Due to eating so little, the gleam of my eyes sank deep in their sockets, like the gleam of water sunk deep down a well. Due to eating so little, my scalp shriveled and withered like a green bitter-gourd in the wind and sun. Due to eating so little, the skin of my belly stuck to my backbone, so that when I tried to rub the skin of my belly I grabbed my backbone, and when I tried to rub my backbone I rubbed the skin of my belly. Due to eating so little, when I tried to urinate or defecate I fell face down right there. Due to eating so little, when I tried to relieve my body by rubbing my limbs with my hands, the hair, rotted at its roots, fell out. Then some people saw me and said: ‘The ascetic Gotama is black.’ Some said: ‘He’s not black, he’s brown.’ Some said: ‘He’s neither black nor brown. The ascetic Gotama has dingy skin.’ That’s how far the pure, bright complexion of my skin had been ruined by taking so little food.

စာ-၄၃၅

၄၈၂။ ‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ယေ ခေါ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယိံသု, ဧတာဝပရမံ, နယိတော ဘိယျော၊ ယေပိ ဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယိဿန္တိ, ဧတာဝပရမံ, နယိတော ဘိယျော၊ ယေပိ ဟိ ကေစိ ဧတရဟိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဧတာဝပရမံ, နယိတော ဘိယျော။ န ခေါ ပနာဟံ ဣမာယ ကဋုကာယ ဒုက္ကရကာရိကာယ အဓိဂစ္ဆာမိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ။ သိယာ နု ခေါ အညော မဂ္ဂေါ ဗောဓာယာ’တိ? တဿ မယှံ ဘာရဒွါဇ, ဧတဒဟောသိ – ‘အဘိဇာနာမိ ခေါ ပနာဟံ ပိတု သက္ကဿ ကမ္မန္တေ သီတာယ ဇမ္ဗုစ္ဆာယာယ နိသိန္နော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရိတာ။ သိယာ နု ခေါ ဧသော မဂ္ဂေါ ဗောဓာယာ’တိ? တဿ မယှံ, ဘာရဒွါဇ, သတာနုသာရိ ဝိညာဏံ အဟောသိ – ‘ဧသေဝ မဂ္ဂေါ ဗောဓာယာ’တိ။ တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘ကိံ နု ခေါ အဟံ တဿ သုခဿ ဘာယာမိ ယံ တံ သုခံ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟီ’တိ? တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ အဟံ တဿ သုခဿ ဘာယာမိ ယံ တံ သုခံ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟီ’တိ။

၄၈၂။ ဘာရဒွါဇ ထိုငါ့အား “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားလတ္တံ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်းထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်း လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားနေကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ ငါသည် ဤစပ်ရှားသော ပြုနိုင်ခဲသော အမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဥ် ရှိသေးသလော”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးသော သပြေပင်အရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူးသည်ကို အမှတ်ရ၏၊ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဥ် ဖြစ်တန်ရာ၏”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးတို့ကို သိခြင်းငှါ လမ်းစဥ်တည်း”ဟုအောက်မေ့ခြင်းသို့ အစဥ်လိုက်သော စိတ်သည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဥ်၍သာ လျှင် အကုသိုလ်တရားတို့မှ ကြဥ်၍သာလျှင်ဖြစ်သော ပဌမဈာန် ချမ်းသာကို ငါသည်ကြောက်လေသ လော”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဥ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဥ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါ မကြောက်”ဟုဤအကြံသည် ဖြစ်၏။

Then it occurred to me, ‘Whatever ascetics and brahmins have experienced painful, sharp, severe, acute feelings due to exertion—whether in the past, future, or present—this is as far as it goes, no-one has done more than this. But I have not achieved any superhuman distinction in knowledge and vision worthy of the noble ones by this severe, grueling work. Could there be another path to awakening?’ Then it occurred to me, ‘I recall sitting in the cool shade of a black plum tree while my father the Sakyan was off working. Quite secluded from sensual pleasures, secluded from unskillful qualities, I entered and remained in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. Could that be the path to awakening?’ Stemming from that memory came the understanding: ‘<em>That</em> is the path to awakening!’ Then it occurred to me, ‘Why am I afraid of that pleasure, for it has nothing to do with sensual pleasures or unskillful qualities?’ Then it occurred to me, ‘I’m not afraid of that pleasure, for it has nothing to do with sensual pleasures or unskillful qualities.’

စာ-၄၃၆

၄၈၃။ ‘‘တဿ မယှံ, ဘာရဒွါဇ, ဧတဒဟောသိ – ‘န ခေါ တံ သုကရံ သုခံ အဓိဂန္တုံ ဧဝံ အဓိမတ္တကသိမာနံ ပတ္တကာယေန။ ယံနူနာဟံ ဩဠာရိကံ အာဟာရံ အာဟာရေယျံ ဩဒနကုမ္မာသ’န္တိ။ သော ခေါ အဟံ, ဘာရဒွါဇ, ဩဠာရိကံ အာဟာရံ အာဟာရေသိံ ဩဒနကုမ္မာသံ။ တေန ခေါ ပန မံ, ဘာရဒွါဇ, သမယေန ပဉ္စဝဂ္ဂိယာ ဘိက္ခူ ပစ္စုပဋ္ဌိတာ ဟောန္တိ – ‘ယံ ခေါ သမဏော ဂေါတမော ဓမ္မံ အဓိဂမိဿတိ တံ နော အာရောစေဿတီ’တိ။ ယတော ခေါ အဟံ, ဘာရဒွါဇ, ဩဠာရိကံ အာဟာရံ အာဟာရေသိံ ဩဒနကုမ္မာသံ, အထ မေ တေ ပဉ္စဝဂ္ဂိယာ ဘိက္ခူ နိဗ္ဗိဇ္ဇ ပက္ကမိံသု – ‘ဗာဟုလ္လိကော သမဏော ဂေါတမော ပဓာနဝိဗ္ဘန္တော အာဝတ္တော ဗာဟုလ္လာယာ’တိ။

‘‘သော ခေါ အဟံ, ဘာရဒွါဇ, ဩဠာရိကံ အာဟာရံ အာဟာရေတွာ ဗလံ ဂဟေတွာ ဝိဝိစ္စေဝ ကာမေဟိ…ပေ… ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ… တတိယံ ဈာနံ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။

‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ။ အယံ ခေါ မေ, ဘာရဒွါဇ, ရတ္တိယာ ပဌမေ ယာမေ ပဌမာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။

၄၈၃။ ဘာရဒွါဇ ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်၊ ငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ကြမ်းတမ်းသော ထမင်းမုယောမုန့် အစာအာဟာရကို စား၏၊ ဘာရဒွါဇ ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည်ရသောတရား ကို ငါတို့အား ပြောကြားလတ္တံ့”ဟု ပဉ္စဝဂ္ဂီရဟန်းတို့သည် လုပ်ကျွေးကုန်၏၊ ဘာရဒွါဇကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည်ပစ္စည်းများပြားခြင်းငှါ ကျင့်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှါလှည့်လည်၏”ဟု ငြီးငွေ့၍ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ထံမှ ဖဲခွါသွားကုန်၏။ ဘာရဒွါဇ ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာ ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ကို ပွါးစေတတ်သော ကြံစည်ခြင်း‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော့်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွှတ်စေခဲ့ပြီ။ ထိုငါသည် များပြားသောရှေး၌ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွအဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို အောက်မေ့နိုင်၏။ ဘာရဒွါဇငါသည် ညဥ့်၏ ရှေးဦး ‘ပဌမ’ယာမ်၌ ရှေးဦးစွာ သော ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အား ထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍နေသောသူအား အဝိဇ္ဇာ မှောင်ကင်း၍ ပညာဉာဏ်အရောင် အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။

Then it occurred to me, ‘I can’t achieve that pleasure with a body so severely emaciated. Why don’t I eat some solid food, some rice and porridge?’ So I ate some solid food. Now at that time the group of five mendicants were attending on me, thinking, ‘The ascetic Gotama will tell us of any truth that he realizes.’ But when I ate some solid food, they left disappointed in me, saying, ‘The ascetic Gotama has become indulgent; he has strayed from the struggle and returned to indulgence.’ After eating solid food and gathering my strength, quite secluded from sensual pleasures, secluded from unskillful qualities, I entered and remained in the first absorption … As the placing of the mind and keeping it connected were stilled, I entered and remained in the second absorption … third absorption … fourth absorption. When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward recollection of past lives. I recollected many past lives. That is: one, two, three, four, five, ten, twenty, thirty, forty, fifty, a hundred, a thousand, a hundred thousand rebirths; many eons of the world contracting, many eons of the world expanding, many eons of the world contracting and expanding. And so I recollected my many kinds of past lives, with features and details. This was the first knowledge, which I achieved in the first watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute.

၄၈၄။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿာမိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာမိ…ပေ… အယံ ခေါ မေ, ဘာရဒွါဇ, ရတ္တိယာ မဇ္ဈိမေ ယာမေ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။

‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ၊ ‘ဣမေ အာသဝါ’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ။ တဿ မေ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ အဟောသိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ အဗ္ဘညာသိံ။ အယံ ခေါ မေ, ဘာရဒွါဇ, ရတ္တိယာ ပစ္ဆိမေ ယာမေ တတိယာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော’’တိ။

၄၈၄။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ကိုသိသော ဉာဏ်အလို့ ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာ ‘ဂတိ’ရှိသော သတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ ဘာရဒွါဇ ငါသည် ညဥ့်၏ အလယ်ဖြစ်သောသန်းခေါင်ယံ၌ နှစ်ခုမြောက် ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ်‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ။ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ ထိုငါသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကားဆင်းရဲ”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤသည်တို့ကားအာသဝေါတရားတို့”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါ တရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက် ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ဘာရဒွါဇ ငါသည် ညဥ့်၏ နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။

When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and superhuman, I saw sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. I understood how sentient beings pass on according to their deeds. This was the second knowledge, which I achieved in the middle watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute. When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward knowledge of the ending of defilements. I truly understood: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ I truly understood: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements.’ Knowing and seeing like this, my mind was freed from the defilements of sensuality, desire to be reborn, and ignorance. When it was freed, I knew it was freed. I understood: ‘Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.’ This was the third knowledge, which I achieved in the last watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute.”

စာ-၄၃၈

၄၈၅။ ဧဝံ ဝုတ္တေ, သင်္ဂါရဝေါ မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဋ္ဌိတဝတံ [အဋ္ဌိတ ဝတ (သီ။ သျာ။ ကံ။ ပီ။)] ဘောတော ဂေါတမဿ ပဓာနံ အဟောသိ, သပ္ပုရိသဝတံ [သပ္ပုရိသ ဝတ (သီ။ သျာ။ ကံ။ ပီ။)] ဘောတော ဂေါတမဿ ပဓာနံ အဟောသိ၊ ယထာ တံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ကိံ နု ခေါ, ဘော ဂေါတမ, အတ္ထိ ဒေဝါ’’တိ [အဓိဒေဝါတိ (က။) ဧဝံ သဗ္ဗေသု ‘အတ္ထိ ဒေဝါ’တိပဒေသု]? ‘‘ဌာနသော မေတံ [ခေါ ပနေတံ (သျာ။ ကံ။ က။)], ဘာရဒွါဇ, ဝိဒိတံ ယဒိဒံ – အဓိဒေဝါ’’တိ [အတ္ထိ ဒေဝါတိ (သီ။ သျာ။ ကံ။ ပီ။), အတိဒေဝါတိ (?) ဧဝံ သဗ္ဗေသု ‘အဓိဒေဝါ’တိပဒေသု]။ ‘‘ကိံ နု ခေါ, ဘော ဂေါတမ, ‘အတ္ထိ ဒေဝါ’တိ ပုဋ္ဌော သမာနော ‘ဌာနသော မေတံ, ဘာရဒွါဇ, ဝိဒိတံ ယဒိဒံ အဓိဒေဝါ’တိ ဝဒေသိ။ နနု, ဘော ဂေါတမ, ဧဝံ သန္တေ တုစ္ဆာ မုသာ ဟောတီ’’တိ? ‘‘‘အတ္ထိ ဒေဝါ’တိ, ဘာရဒွါဇ, ပုဋ္ဌော သမာနော ‘အတ္ထိ ဒေဝါ’တိ ယော ဝဒေယျ, ‘ဌာနသော မေ ဝိဒိတာ’တိ [ဌာနသော ဝိဒိတာ မေ ဝိဒိတာတိ (သီ။ သျာ။ ကံ။ ပီ။), ဌာနသော မေ ဝိဒိတာ အတိဒေဝါတိ (?)] ယော ဝဒေယျ၊ အထ ခွေတ္ထ ဝိညုနာ ပုရိသေန ဧကံသေန နိဋ္ဌံ ဂန္တဗ္ဗံ [ဂန္တုံ (က။), ဂန္တုံ ဝါ (သျာ။ ကံ။)] ယဒိဒံ – ‘အတ္ထိ ဒေဝါ’’’တိ။ ‘‘ကိဿ ပန မေ ဘဝံ ဂေါတမော အာဒိကေနေဝ န ဗျာကာသီ’’တိ [ဂေါတမော အာဒိကေနေဝ ဗျာကာသီတိ (က။), ဂေါတမော အတ္ထိ ဒေဝါတိ န ဗျာကာသီတိ (?)]? ‘‘ဥစ္စေန သမ္မတံ ခေါ ဧတံ, ဘာရဒွါဇ, လောကသ္မိံ ယဒိဒံ – ‘အတ္ထိ ဒေဝါ’’’တိ။

၄၈၅။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမအား မည်သူအားမျှ မတည်နိုင်သော ကျင့်ဝတ်ဖြစ်သော အားထုတ်မှုမျိုး ဖြစ်ပေ၏၊ အသျှင်ဂေါတမအား သူတော်ကောင်းတို့၏ ကျင့်ဝတ်ဖြစ်သော အားထုတ်မှုသည် ဖြစ်ပေ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားအား ဖြစ်မြဲဓမ္မတာပေတည်း။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု (လျှောက်၏)။ ဘာရဒွါဇ လွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်းအားလျော်စွာ သိရ၏ဟု (မိန့်တော်မူ၏)။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု မေးပါလျက် “ဘာရဒွါဇလွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်း အားလျော်စွာ သိရ၏”ဟု ဆိုဘိ၏။ အသျှင်ဂေါတမဤသို့ဖြစ်သော် အချည်းနှီး ချွတ်ယွင်းသော စကားဖြစ်သည် မဟုတ်ပါလောဟု (လျှောက်၏)။ ဘာရဒွါဇ နတ်တို့သည် ရှိပါကုန်၏လောဟု မေးသော် နတ်တို့သည် ရှိပါကုန်၏ဟုပင် ဆိုစေကာမူ၊ အကြောင်းအားလျော်စွာ သိရ၏ဟုပင် ဆိုစေကာမူ သိကြား လိမ္မာသော ယောကျာ်းသည် “နတ်တို့ရှိကုန်၏”ဟု ဧကန်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်းငှါ တတ်ကောင်း၏။ အသျှင်ဂေါတမ အဘယ့်ကြောင့် အစကပင် မဖြေကြားဘိသနည်းဟု (လျှောက်၏)။ ဘာရဒွါဇ လောက၌အသံကျယ်ကျယ်ဖြင့်သာ သိအပ် မှတ်သားအပ်ပေ၏ဟု (မိန့်တော်မူ၏)။

When he had spoken, Saṅgārava said to the Buddha, “The striving of the worthy Gotama was indeed assiduous and that of a true person, since he is a perfected one, a fully awakened Buddha. But worthy Gotama, do gods survive?” “I’ve understood about gods in terms of causes.” “But worthy Gotama, when asked ‘Do gods survive?’ why did you say that you have understood about gods in terms of causes? That being so, is it not hollow and false?” “When asked ‘Do gods survive’, whether you reply ‘Gods survive’ or ‘I’ve understood in terms of causes’ a sensible person would come to the categorical conclusion in this matter that gods survive.” “But why didn’t you say that in the first place?” “It is agreed by the eminent in the world that gods survive.”

၄၈၆။ ဧဝံ ဝုတ္တေ, သင်္ဂါရဝေါ မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ – ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

သင်္ဂါရဝသုတ္တံ နိဋ္ဌိတံ ဒသမံ။

ဗြာဟ္မဏဝဂ္ဂေါ နိဋ္ဌိတော ပဉ္စမော။

တဿုဒ္ဒါနံ –

ဗြဟ္မာယု သေလဿလာယနော, ဃောဋမုခေါ စ ဗြာဟ္မဏော၊

စင်္ကီ ဧသု ဓနဉ္ဇာနိ, ဝါသေဋ္ဌော သုဘဂါရဝေါတိ။

ဣဒံ ဝဂ္ဂါနမုဒ္ဒါနံ –

ဝဂ္ဂေါ ဂဟပတိ ဘိက္ခု, ပရိဗ္ဗာဇကနာမကော၊

ရာဇဝဂ္ဂေါ ဗြာဟ္မဏောတိ, ပဉ္စ မဇ္ဈိမအာဂမေ။

မဇ္ဈိမပဏ္ဏာသကံ သမတ္တံ။

၄၈၆။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ (အရှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကိို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။ ဆယ်ခုမြောက် သင်္ဂါရဝသုတ် ပြီး၏။ ငါးခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။ မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။

When he had spoken, Saṅgārava said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the Teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 5. Brāhmaṇavaggo (Suttapiṭaka, Majjhimanikāya, Majjhimapaṇṇāsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#115