ဓမ္မလမ်း
← မူလပဏ္ဏာသပါဠိ

မူလပဏ္ဏာသပါဠိ မူလပါဠိတော်

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၅၇

မဟာသာရောပမသုတ္တံ နိဋ္ဌိတံ နဝမံ။

၁၀။ စူဠသာရောပမသုတ္တံ

၃၁၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ပိင်္ဂလကောစ္ဆော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ပိင်္ဂလကောစ္ဆော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယေမေ, ဘော ဂေါတမ, သမဏဗြာဟ္မဏာ သံဃိနော ဂဏိနော ဂဏာစရိယာ ဉာတာ ယသဿိနော တိတ္ထကရာ သာဓုသမ္မတာ, ဗဟုဇနဿ, သေယျထိဒံ – ပူရဏော ကဿပေါ, မက္ခလိ ဂေါသာလော, အဇိတော ကေသကမ္ဗလော, ပကုဓော ကစ္စာယနော, သဉ္စယော [သဉ္ဇယော (သီ။ သျာ။ ပီ။ က။)] ဗေလဋ္ဌပုတ္တော, နိဂဏ္ဌော နာဋပုတ္တော, သဗ္ဗေတေ သကာယ ပဋိညာယ အဗ္ဘညံသု သဗ္ဗေဝ နာဗ္ဘညံသု, ဥဒါဟု ဧကစ္စေ အဗ္ဘညံသု ဧကစ္စေ နာဗ္ဘညံသူ’’တိ? ‘‘အလံ, ဗြာဟ္မဏ, တိဋ္ဌတေတံ – သဗ္ဗေတေ သကာယ ပဋိညာယ အဗ္ဘညံသု သဗ္ဗေဝ နာဗ္ဘညံသု, ဥဒါဟု ဧကစ္စေ အဗ္ဘညံသု ဧကစ္စေ နာဗ္ဘညံသူတိ။ ဓမ္မံ တေ, ဗြာဟ္မဏ, ဒေသေဿာမိ, တံ သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ပိင်္ဂလကောစ္ဆော ဗြာဟ္မဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

၁၀- စူဠသာရောပမသုတ် ၃၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဥ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံး စေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏- “အသျှင်ဂေါတမ တပည့်အပေါင်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းဆရာဖြစ်ကုန်သော ထင်ရှားကုန်သော ကျော်စောကုန်သော အယူဝါဒကို တီထွင်သူဖြစ်ကုန်သော သူတော်ကောင်းဟုလူအများက သမုတ်ထားသူဖြစ်ကုန်သော ပူရဏကဿပ, မက္ခလိဂေါသလ, အဇိတကေသကမ္ဗလ,ပကုဓကစ္စာယန, ဗေလဋ္ဌ သား သဉ္စယ, နာဋသား နိကဏ္ဌဟူသော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူအားလုံးတို့သည် မိမိတို့ ဝန်ခံသည့်အတိုင်း သိပါကုန်သလော၊ အားလုံးတို့သည်ပင် မသိဘဲဲ ရှိပါကုန်သလော၊ သို့မဟုတ် အချို့တို့သည် သိပါကုန်သလော၊ အချို့တို့သည် မသိပါကုန်သလော” ဟု (လျှောက်၏)။ ပုဏ္ဏား “ထိုသူအားလုံးတို့သည် မိမိတို့ ဝန်ခံသည့်အတိုင်း သိပါကုန်သလော၊ အားလုံးတို့သည်ပင် လျှင်မသိဘဲဲ ရှိပါကုန်သလော၊ သို့မဟုတ် အချို့တို့သည် သိပါကုန်သလော၊ အချို့တို့သည် မသိပါကုန်သလော” ဟု မေးလျှောက်ခြင်းသည် မသင့်လျော်။ ရှိစေဦး ပုဏ္ဏား သင့်အား တရားဟောအံ့၊ ထိုတရာ့းကို နာလော့၊ ကောင်းစွာ နာလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ” ဟုပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားလေသော် မြတ်စွာဘုရားသည် (ဆိုလတ္တံ့သော) ဤတရားကို ဟောတော်မူ၏ -

Middle Discourses 30 The Shorter Simile of the Heartwood So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the brahmin Piṅgalakoccha went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, there are those ascetics and brahmins who lead an order and a community, and tutor a community. They’re well-known and famous religious founders, deemed holy by many people. Namely: Pūraṇa Kassapa, the bamboo-staffed ascetic Gosāla, Ajita of the hair blanket, Pakudha Kaccāyana, Sañjaya Belaṭṭhiputta, and the Jain ascetic of the Ñātika clan. According to their own claims, did all of them have direct knowledge, or none of them, or only some?” “Enough, brahmin, let this be: ‘According to their own claims, did all of them have direct knowledge, or none of them, or only some?’ I will teach you the Dhamma. Listen and apply your mind well, I will speak.” “Yes, worthy sir,” Piṅgalakoccha replied. The Buddha said this:

စာ-၂၅၈

၃၁၃။ ‘‘သေယျထာပိ, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ အတိက္ကမ္မ ပပဋိကံ, သာခါပလာသံ ဆေတွာ အာဒါယ ပက္ကမေယျ ‘သာရ’န္တိ မညမာနော။ တမေနံ စက္ခုမာ ပုရိသော ဒိသွာ ဧဝံ ဝဒေယျ – ‘န ဝတာယံ ဘဝံ ပုရိသော အညာသိ သာရံ, န အညာသိ ဖေဂ္ဂုံ, န အညာသိ တစံ, န အညာသိ ပပဋိကံ, န အညာသိ သာခါပလာသံ။ တထာ ဟယံ ဘဝံ ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ အတိက္ကမ္မ ပပဋိကံ, သာခါပလာသံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတီ’တိ။

၃၁၃။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက်ဖဲဲခွာသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသောဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ရှိပြည့်တည်သော သစ်ပင်ကြီး၏အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍ သာလျှင်, အခွံကိုလွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင်အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ် လျက် ဖဲဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့်ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

“Suppose there was a person in need of heartwood. And while wandering in search of heartwood he’d come across a large tree standing with heartwood. But, passing over the heartwood, softwood, bark, and shoots, he’d cut off the branches and leaves and leave imagining they were heartwood. If a person with clear eyes saw him they’d say: ‘This gentleman doesn’t know what heartwood, softwood, bark, shoots, or branches and leaves are. That’s why he passed them over, cut off the branches and leaves, and left imagining they were heartwood. Whatever he needs to make from heartwood, he won’t succeed.’

၃၁၄။ ‘‘သေယျထာပိ ဝါ ပန, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ, ပပဋိကံ ဆေတွာ အာဒါယ ပက္ကမေယျ ‘သာရ’န္တိ မညမာနော။ တမေနံ စက္ခုမာ ပုရိသော ဒိသွာ ဧဝံ ဝဒေယျ – ‘န ဝတာယံ ဘဝံ ပုရိသော အညာသိ သာရံ, န အညာသိ ဖေဂ္ဂုံ, န အညာသိ တစံ, န အညာသိ ပပဋိကံ, န အညာသိ သာခါပလာသံ။ တထာ ဟယံ ဘဝံ ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ ပပဋိကံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတီ’တိ။

၃၁၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွာသွားရာ၏။ ထိုသူကိုမျက်စိအမြင် ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ်အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင်ယောကျာ်းသည်အနှစ်ရှာလှည့်လည်သော် အနှစ်ရှိ သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကိုလွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွာသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

Suppose there was another person in need of heartwood … he’d cut off the shoots and leave imagining they were heartwood …

စာ-၂၅၉

၃၁၅။ ‘‘သေယျထာပိ ဝါ ပန, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ, တစံ ဆေတွာ အာဒါယ ပက္ကမေယျ ‘သာရ’န္တိ မညမာနော။ တမေနံ စက္ခုမာ ပုရိသော ဒိသွာ ဧဝံ ဝဒေယျ – ‘န ဝတာယံ ဘဝံ ပုရိသော အညာသိ သာရံ, န အညာသိ ဖေဂ္ဂုံ, န အညာသိ တစံ, န အညာသိ ပပဋိကံ, န အညာသိ သာခါပလာသံ။ တထာ ဟယံ ဘဝံ ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ, တစံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတီ’တိ။

၃၁၅။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကိုဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကိုမသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သောသစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

Suppose there was another person in need of heartwood … he’d cut off the bark and leave imagining it was heartwood …

၃၁၆။ ‘‘သေယျထာပိ ဝါ ပန, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ, ဖေဂ္ဂုံ ဆေတွာ အာဒါယ ပက္ကမေယျ ‘သာရ’န္တိ မညမာနော။ တမေနံ စက္ခုမာ ပုရိသော ဒိသွာ ဧဝံ ဝဒေယျ – ‘န ဝတာယံ ဘဝံ ပုရိသော အညာသိ သာရံ, န အညာသိ ဖေဂ္ဂုံ, န အညာသိ တစံ, န အညာသိ ပပဋိကံ, န အညာသိ သာခါပလာသံ။ တထာ ဟယံ ဘဝံ ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ, ဖေဂ္ဂုံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတီ’တိ။

၃၁၆။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင် အကာကို ဖြတ်ယူ၍အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ပြောဆိုရာ၏၊ “ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏အနှစ်ကိုလွန်၍သာလျှင် အကာကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွား၏။ ထိုယောကျာ်းသည့်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

Suppose there was another person in need of heartwood … he’d cut out the softwood and leave imagining it was heartwood …

၃၁၇။ ‘‘သေယျထာပိ ဝါ ပန, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော သာရညေဝ ဆေတွာ အာဒါယ ပက္ကမေယျ ‘သာရ’န္တိ ဇာနမာနော။ တမေနံ စက္ခုမာ ပုရိသော ဒိသွာ ဧဝံ ဝဒေယျ – ‘အညာသိ ဝတာယံ ဘဝံ ပုရိသော သာရံ, အညာသိ ဖေဂ္ဂုံ, အညာသိ တစံ, အညာသိ ပပဋိကံ, အညာသိ သာခါပလာသံ။ တထာ ဟယံ ဘဝံ ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော သာရညေဝ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ ဇာနမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ အနုဘဝိဿတီ’တိ။

၃၁၇။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက်ဖဲဲခွါသွား ရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို သိ၏၊ အကာကို သိ၏၊ အခွံကို သိ၏၊ အပွေးကို သိ၏၊ အခက်အရွက်ကို သိ၏။ ထိုသို့ သိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော အပင်ကြီး၏ အနှစ်ကိုသာလျှင်ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

Suppose there was another person in need of heartwood. And while wandering in search of heartwood he’d come across a large tree standing with heartwood. He’d cut out just the heartwood and leave knowing it was heartwood. If a person with clear eyes saw him they’d say: ‘This gentleman knows what heartwood, softwood, bark, shoots, or branches and leaves are. That’s why he cut out just the heartwood and left knowing it was heartwood. Whatever he needs to make from heartwood, he will succeed.’

စာ-၂၆၀

၃၁၈။ ‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ဣဓေကစ္စော ပုဂ္ဂလော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ – ‘ဩတိဏ္ဏောမှိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော, အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာ’တိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ။ သော တေန လာဘသက္ကာရသိလောကေန အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန လာဘသက္ကာရသိလောကေန အတ္တာနုက္ကံသေတိ, ပရံ ဝမ္ဘေတိ – ‘အဟမသ္မိ လာဘသက္ကာရသိလောကဝါ, ဣမေ ပနညေ ဘိက္ခူ အပ္ပညာတာ အပ္ပေသက္ခာ’တိ။ လာဘသက္ကာရသိလောကေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ န ဆန္ဒံ ဇနေတိ, န ဝါယမတိ, ဩလီနဝုတ္တိကော စ ဟောတိ သာထလိကော။ သေယျထာပိ သော, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ အတိက္ကမ္မ ပပဋိကံ, သာခါပလာသံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတိ။ တထူပမာဟံ, ဗြာဟ္မဏ, ဣမံ ပုဂ္ဂလံ ဝဒါမိ။

၃၁၈။ ပုဏ္ဏား ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲဲခြင်း စိတ်ဆင်းရဲဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲဲခြင်းအနှိပ် စက်ခံ နေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန်ထင်ရှားဖြစ်ကောင်း တန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ရဟန်းပြု၏။ ထိုသူသည် ဤကဲဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကိုဖြစ်စေပြန်၏။ ထိုရဟန်းသည် ထို လာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။ ထိုရဟန်း သည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် “ငါသည်လာဘ်သပ်ပကာ အကျော်အစောရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကားမထင်ရှားကုန်၊ တန်ခိုးအာနုဘော် နည်းကုန်၏” ဟု မိမိကိုယ် ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ် ကုန်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သောအလိုအဇ္ဈသယသာရှိ၍ အဆုံးအမကို လျော့ရဲဲစွာ ယူလေ့ရှိပေ၏။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ရှိသော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်, အခွံကိုလွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

In the same way, take a certain individual who goes forth from the lay life to homelessness, thinking: ‘I’m swamped by rebirth, old age, and death; by sorrow, lamentation, pain, sadness, and distress. I’m swamped by suffering, mired in suffering. Hopefully I can make an end to this entire mass of suffering.’ When they’ve gone forth they generate possessions, honor, and popularity. They’re happy with that, and they’ve got all they wished for. And they glorify themselves and put others down on account of that: ‘I’m the one with possessions, honor, and popularity. These other mendicants are obscure and insignificant.’ They become lazy and slack on account of their possessions, honor, and popularity, not generating enthusiasm or trying to realize those things that are better and finer. … They’re like the individual who mistakes branches and leaves for heartwood, I say.

၃၁၉။ ‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ – ‘ဩတိဏ္ဏောမှိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော, အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာ’တိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တမနော ဟောတိ န ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ လာဘသက္ကာရသိလောကေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သီလသမ္ပဒံ အာရာဓေတိ။ သော တာယ သီလသမ္ပဒါယ အတ္တမနော ဟောတိ, ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သီလသမ္ပဒါယ အတ္တာနုက္ကံသေတိ, ပရံ ဝမ္ဘေတိ – ‘အဟမသ္မိ သီလဝါ ကလျာဏဓမ္မော, ဣမေ ပနညေ ဘိက္ခူ ဒုဿီလာ ပါပဓမ္မာ’တိ။ သီလသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ န ဆန္ဒံ ဇနေတိ, န ဝါယမတိ, ဩလီနဝုတ္တိကော စ ဟောတိ သာထလိကော။ သေယျထာပိ သော, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ အတိက္ကမ္မ တစံ, ပပဋိကံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ, တဉ္စဿ အတ္ထံ နာနုဘဝိဿတိ။ တထူပမာဟံ, ဗြာဟ္မဏ, ဣမံ ပုဂ္ဂလံ ဝဒါမိ။

၃၁၉။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲဲခြင်း စိတ်ဆင်းရဲဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့် တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါအလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို့အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် အကျင့်သီလရှိသူ ဖြစ်၏၊ ကောင်းသောတရားရှိသူ ဖြစ်၏၊ ငါမှတစ်ပါးကုန်သော အခြားရဟန်းတို့သည်ကား အကျင့်သီလမရှိသူ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏” ဟုမိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယသာရှိ၍ အဆုံးအမကိုလည်း လျော့ရဲဲစွာ ယူလေ့ရှိပေ၏။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကိုလွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွာသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့်အလားတူသူဟု ဟောကြား၏။

Next, take an individual who has gone forth out of faith from the lay life to homelessness … When they’ve gone forth they generate possessions, honor, and popularity. They’re not happy with that, and haven’t got all they wished for. They don’t glorify themselves and put others down on account of that. They don’t become lazy and slack regarding their possessions, honor, and popularity, but generate enthusiasm and try to realize those things that are better and finer. They achieve accomplishment in ethics. They’re happy with that, and they’ve got all they wished for. And they glorify themselves and put others down on account of that: ‘I’m the one who is ethical, of good character. These other mendicants are unethical, of bad character.’ They become lazy and slack regarding their accomplishment in ethics, not generating enthusiasm or trying to realize those things that are better and finer. … They’re like the individual who mistakes shoots for heartwood, I say.

စာ-၂၆၁

၃၂၀။ ‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ – ‘ဩတိဏ္ဏောမှိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော, အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာ’တိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တမနော ဟောတိ, န ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ လာဘသက္ကာရသိလောကေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သီလသမ္ပဒံ အာရာဓေတိ။ သော တာယ သီလသမ္ပဒါယ အတ္တမနော ဟောတိ နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သီလသမ္ပဒါယ န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ သီလသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သမာဓိသမ္ပဒံ အာရာဓေတိ။ သော တာယ သမာဓိသမ္ပဒါယ အတ္တမနော ဟောတိ, ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သမာဓိသမ္ပဒါယ အတ္တာနုက္ကံသေတိ, ပရံ ဝမ္ဘေတိ – ‘အဟမသ္မိ သမာဟိတော ဧကဂ္ဂစိတ္တော, ဣမေ ပနညေ ဘိက္ခူ အသမာဟိတာ ဝိဗ္ဘန္တစိတ္တာ’တိ။ သမာဓိသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ, တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ န ဆန္ဒံ ဇနေတိ, န ဝါယမတိ, ဩလီနဝုတ္တိကော စ ဟောတိ သာထလိကော။ သေယျထာပိ သော, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ အတိက္ကမ္မ ဖေဂ္ဂုံ, တစံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတိ။ တထူပမာဟံ, ဗြာဟ္မဏ, ဣမံ ပုဂ္ဂလံ ဝဒါမိ။

၃၂၀။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲဲခြင်း စိတ်ဆင်းရဲဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသော တရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သောအလို အဇ္ဈာသယရှိ၍အဆုံးအမကိုလည်း လျော့ရဲဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလ နှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်သောတစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ ရဲဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည်တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲဲ့၏။ ထိုရဟန်း သည်ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် တည်ကြည်ခြင်းသမာဓိရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား တည်ကြည်ခြင်းသမာဓိမရှိသူ တုန်လှုပ်ပျံ့လွင့်သောစိတ်ရှိသူတို့ ဖြစ်ကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကားနှိမ့်ချ၏။ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲဲစွာ ယူလေ့ရှိပေ၏။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်အခွံကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွား၏။ ထိုသူသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကို့လည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

Next, take an individual who has gone forth out of faith from the lay life to homelessness … They achieve accomplishment in ethics … and immersion. … They become lazy and slack regarding their accomplishment in immersion, not generating enthusiasm or trying to realize those things that are better and finer. … They’re like the individual who mistakes bark for heartwood, I say.

စာ-၂၆၂

၃၂၁။ ‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ – ‘ဩတိဏ္ဏောမှိ ဇာတိယာ ဇရာယ မရဏေန…ပေ… အန္တကိရိယာ ပညာယေထာ’တိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တမနော ဟောတိ န ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ လာဘသက္ကာရသိလောကေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သီလသမ္ပဒံ အာရာဓေတိ။ သော တာယ သီလသမ္ပဒါယ အတ္တမနော ဟောတိ, နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သီလသမ္ပဒါယ န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ သီလသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သမာဓိသမ္ပဒံ အာရာဓေတိ။ သော တာယ သမာဓိသမ္ပဒါယ အတ္တမနော ဟောတိ, နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သမာဓိသမ္ပဒါယ န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ သမာဓိသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော ဉာဏဒဿနံ အာရာဓေတိ။ သော တေန ဉာဏဒဿနေန အတ္တမနော ဟောတိ, ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန ဉာဏဒဿနေန အတ္တာနုက္ကံသေတိ, ပရံ ဝမ္ဘေတိ – ‘အဟမသ္မိ ဇာနံ ပဿံ ဝိဟရာမိ, ဣမေ ပနညေ ဘိက္ခူ အဇာနံ အပဿံ ဝိဟရန္တီ’တိ။ ဉာဏဒဿနေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ န ဆန္ဒံ ဇနေတိ, န ဝါယမတိ, ဩလီနဝုတ္တိကော စ ဟောတိ သာထလိကော။ သေယျထာပိ သော, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ သာရံ, ဖေဂ္ဂုံ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ မညမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ နာနုဘဝိဿတိ။ တထူပမာဟံ, ဗြာဟ္မဏ, ဣမံ ပုဂ္ဂလံ ဝဒါမိ။

၃၂၁။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း။ပ။ ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုသူသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲဲ့၏။ ထိုရဟန်းသည်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သောအလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ ရဲဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထို အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်းသာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒ ကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၏၊ အဆုံးအမကိုလည်း လျော့ရဲဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်တံ့ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကိုရ၏။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် “ငါသည် သိမြင်လျက် နေ၏၊ ငါမှ တစ်ပါးသော အခြားရဟန်းတို့သည်ကား မသိမမြင်ဘဲဲ နေကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုလည်း နှိမ့်ချပေ၏။ ထိုဉာဏ်အမြင်ထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲဲစွာ ယူလေ့ရှိ၏။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင် အကာကို ဖြတ်ယူ၍အနှစ်ဟု ထင်မှတ်လျက် ဖဲဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းမခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

Next, take an individual who has gone forth out of faith from the lay life to homelessness … They achieve accomplishment in ethics … immersion … and knowledge and vision. They become lazy and slack regarding their knowledge and vision, not generating enthusiasm or trying to realize those things that are better and finer. … They’re like the individual who mistakes softwood for heartwood, I say.

စာ-၂၆၃

၃၂၂။ ‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော ပုဂ္ဂလော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ – ‘ဩတိဏ္ဏောမှိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော, အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာ’တိ။ သော ဧဝံ ပဗ္ဗဇိတော သမာနော လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တမနော ဟောတိ, န ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန လာဘသက္ကာရသိလောကေန န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ လာဘသက္ကာရသိလောကေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သီလသမ္ပဒံ အာရာဓေတိ။ သော တာယ သီလသမ္ပဒါယ အတ္တမနော ဟောတိ, နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သီလသမ္ပဒါယ န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ သီလသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော သမာဓိသမ္ပဒံ အာရာဓေတိ။ သော တာယ သမာဓိသမ္ပဒါယ အတ္တမနော ဟောတိ, နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တာယ သမာဓိသမ္ပဒါယ န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ သမာဓိသမ္ပဒါယ စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။ သော ဉာဏဒဿနံ အာရာဓေတိ။ သော တေန ဉာဏဒဿနေန အတ္တမနော ဟောတိ, နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပေါ။ သော တေန ဉာဏဒဿနေန န အတ္တာနုက္ကံသေတိ, န ပရံ ဝမ္ဘေတိ။ ဉာဏဒဿနေန စ ယေ အညေ ဓမ္မာ ဥတ္တရိတရာ စ ပဏီတတရာ စ တေသံ ဓမ္မာနံ သစ္ဆိကိရိယာယ ဆန္ဒံ ဇနေတိ, ဝါယမတိ, အနောလီနဝုတ္တိကော စ ဟောတိ အသာထလိကော။

၃၂၂။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲဲခြင်း စိတ်ဆင်းရဲဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲဲအစုကို ကုန်ဆုံးအောင်ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲဲ့၏။ ထိုရဟန်းသည့်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သောအလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့် သီလနှင့် ပြည့်စုံခြင်းထက်လည်းသာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက် ပြုခြင်း ငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်း သည်ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကား မဟုတ် ပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သောတစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ကို စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ဉာဏ်အမြင်ထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲဲစွာ ယူလေ့မရှိပေ။

Next, take an individual who has gone forth out of faith from the lay life to homelessness, thinking: ‘I’m swamped by rebirth, old age, and death; by sorrow, lamentation, pain, sadness, and distress. I’m swamped by suffering, mired in suffering. Hopefully I can find an end to this entire mass of suffering.’ When they’ve gone forth they generate possessions, honor, and popularity. They’re not happy with that, and haven’t got all they wished for. They don’t glorify themselves and put others down on account of that. They don’t become lazy and slack on account of their possessions, honor, and popularity, but generate enthusiasm and try to realize those things that are better and finer. They become accomplished in ethics. They’re happy with that, but they haven’t got all they wished for. They don’t glorify themselves and put others down on account of that. They don’t become lazy and slack regarding their accomplishment in ethics, but generate enthusiasm and try to realize those things that are better and finer. They become accomplished in immersion. They’re happy with that, but they haven’t got all they wished for. They don’t glorify themselves and put others down on account of that. They don’t become lazy and slack regarding their accomplishment in immersion, but generate enthusiasm and try to realize those things that are better and finer. They achieve knowledge and vision. They’re happy with that, but they haven’t got all they wished for. They don’t glorify themselves and put others down on account of that. They don’t become lazy and slack regarding their knowledge and vision, but generate enthusiasm and try to realize those things that are better and finer.

စာ-၂၆၄

၃၂၃။ ‘‘ကတမေ စ, ဗြာဟ္မဏ, ဓမ္မာ ဉာဏဒဿနေန ဥတ္တရိတရာ စ ပဏီတတရာ စ? ဣဓ, ဗြာဟ္မဏ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ, သတော စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။

‘‘ပုန စပရံ, ဗြာဟ္မဏ, ဘိက္ခု သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ, ပညာယ စဿ ဒိသွာ အာသဝါ ပရိက္ခီဏာ ဟောန္တိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဓမ္မော ဉာဏဒဿနေန ဥတ္တရိတရော စ ပဏီတတရော စ။ ဣမေ ခေါ, ဗြာဟ္မဏ, ဓမ္မာ ဉာဏဒဿနေန ဥတ္တရိတရာ စ ပဏီတတရာ စ။

၃၂၃။ ပုဏ္ဏား အဘယ်တရားတို့သည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်ကုန်သနည်း၊ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကို မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဥ်’ နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲဲကို ပယ်ခြင်းကြောင့်လည်းကောင်းဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ့မရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့်ထိခိုက်မှု ‘ပဋိဃ’ သညာတို့ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော သညာ ‘နာနတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန် မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။ ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကိုလွန်မြောက်၍ မှတ်သိခြင်း ခံစားခြင်းတို့ ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေ၏။ ထိုရဟန်းအား ပညာဖြင့်လည်း မြင်ခြင်းကြောင့် အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် အထူးသဖြင့်လည်း သာလွန်၏၊ အထူးသဖြင့်လည်းမွန်မြတ်၏။ ပုဏ္ဏား ဤတရားတို့သည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်ကုန်၏။

And what are those things that are better and finer than knowledge and vision? Take a mendicant who, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. This is something better and finer than knowledge and vision. Furthermore, as the placing of the mind and keeping it connected are stilled, a mendicant enters and remains in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. This too is something better and finer than knowledge and vision. Furthermore, with the fading away of rapture, a mendicant enters and remains in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ This too is something better and finer than knowledge and vision. Furthermore, with the giving up of pleasure and pain and the disappearance of former happiness and sadness, a mendicant enters and remains in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. This too is something better and finer than knowledge and vision. Furthermore, a mendicant, going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, enters and remains in the dimension of infinite space. This too is something better and finer than knowledge and vision. Furthermore, a mendicant, going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, enters and remains in the dimension of infinite consciousness. This too is something better and finer than knowledge and vision. Furthermore, a mendicant, going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, enters and remains in the dimension of nothingness. This too is something better and finer than knowledge and vision. Furthermore, take a mendicant who, going totally beyond the dimension of nothingness, enters and remains in the dimension of neither perception nor non-perception. This too is something better and finer than knowledge and vision. Furthermore, take a mendicant who, going totally beyond the dimension of neither perception nor non-perception, enters and remains in the cessation of perception and feeling. And, having seen with wisdom, their defilements come to an end. This too is something better and finer than knowledge and vision. These are the things that are better and finer than knowledge and vision.

၃၂၄။ ‘‘သေယျထာပိ သော, ဗြာဟ္မဏ, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော သာရံယေဝ ဆေတွာ အာဒါယ ပက္ကန္တော ‘သာရ’န္တိ ဇာနမာနော။ ယဉ္စဿ သာရေန သာရကရဏီယံ တဉ္စဿ အတ္ထံ အနုဘဝိဿတိ။ တထူပမာဟံ, ဗြာဟ္မဏ, ဣမံ ပုဂ္ဂလံ ဝဒါမိ။

‘‘ဣတိ ခေါ, ဗြာဟ္မဏ, နယိဒံ ဗြဟ္မစရိယံ လာဘသက္ကာရသိလောကာနိသံသံ, န သီလသမ္ပဒါနိသံသံ, န သမာဓိသမ္ပဒါနိသံသံ, န ဉာဏဒဿနာနိသံသံ။ ယာ စ ခေါ အယံ, ဗြာဟ္မဏ, အကုပ္ပါ စေတောဝိမုတ္တိ – ဧတဒတ္ထမိဒံ, ဗြာဟ္မဏ, ဗြဟ္မစရိယံ, ဧတံ သာရံ ဧတံ ပရိယောသာန’’န္တိ။

ဧဝံ ဝုတ္တေ, ပိင်္ဂလကောစ္ဆော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

စူဠသာရောပမသုတ္တံ နိဋ္ဌိတံ ဒသမံ။

ဩပမ္မဝဂ္ဂေါ နိဋ္ဌိတော တတိယော။

တဿုဒ္ဒါနံ –

မောဠိယဖဂ္ဂုနရိဋ္ဌဉ္စ နာမော, အန္ဓဝနေ ကထိပုဏ္ဏံ နိဝါပေါ၊

ရာသိကဏေရုမဟာဂဇနာမော, သာရူပမော [သာရဝရော (သျာ။), သာရဝနော (က။)] ပုန ပိင်္ဂလကောစ္ဆော။

၃၂၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက်ဖဲဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကို ခံစားရလတ္တံ့။ ပုဏ္ဏား ငါသည်ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။ ပုဏ္ဏား ဤသို့လျှင် ဤသာသနာတော်သည် လာဘ်သပ်ပကာ အကျော်အစောဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ၊ တည်ကြည်ခြင်းသမာဓိဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ၊ (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ။ ပုဏ္ဏား အကြင်မပျက်စီးသော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည်ရှိ၏၊ ဤသာသနာတော်သည် ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) အတွက်သာ ဖြစ်၏၊ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အနှစ်အသားပေတည်း၊ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အဆုံး (ပန်းတိုင်) ပေတည်းဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်ကြား၏။ ဆယ်ခုမြောက် စူဠသာရောပမသုတ်ပြီး၏။ သုံးခုမြောက် ဩပမ္မဝဂ်ပြီး၏။ ထိုဩပမ္မဝဂ်၏ သုတ်အကျဥ်းချုပ် ကကစ္စူပမသုတ် အလဂဒ္ဒူပမသုတ် ဝမ္မိကသုတ် ရထဝိနီတသုတ် နိဝါပသုတ် ပါသရာသိသုတ် စူဠဟတ္ထိပဒေါပမသုတ် မဟာဟတ္ထိပဒေါပမသုတ် မဟာသာရောပမ သုတ် စူဠသာရောပမသုတ်အားဖြင့် ဆယ်သုတ်တို့တည်း။

Suppose there was a person in need of heartwood. And while wandering in search of heartwood he’d come across a large tree standing with heartwood. He’d cut out just the heartwood and leave knowing it was heartwood. Whatever he needs to make from heartwood, he will succeed. That’s what this individual is like, I say. And so, brahmin, this spiritual life is not lived for the sake of possessions, honor, and popularity, or for accomplishment in ethics, or for accomplishment in immersion, or for knowledge and vision. It is this unshakable freedom of heart that is the goal of the spiritual life, the core and the final end.” When he had spoken, the brahmin Piṅgalakoccha said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

စာ-၂၆၆

၄။ မဟာယမကဝဂ္ဂေါ

၁။ စူဠဂေါသိင်္ဂသုတ္တံ

၃၂၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ နာတိကေ [နာဒိကေ (သီ။ သျာ။ ပီ။), ဉာတိကေ (က။)] ဝိဟရတိ ဂိဉ္ဇကာဝသထေ။ တေန ခေါ ပန သမယေန အာယသ္မာ စ အနုရုဒ္ဓေါ အာယသ္မာ စ နန္ဒိယော အာယသ္မာ စ ကိမိလော [ကိမ္ဗိလော (သီ။ ပီ။ က။)] ဂေါသိင်္ဂသာလဝနဒါယေ ဝိဟရန္တိ။ အထ ခေါ ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဂေါသိင်္ဂသာလဝနဒါယော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ ဒါယပါလော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘မာ, သမဏ, ဧတံ ဒါယံ ပါဝိသိ။ သန္တေတ္ထ တယော ကုလပုတ္တာ အတ္တကာမရူပါ ဝိဟရန္တိ။ မာ တေသံ အဖာသုမကာသီ’’တိ။

အဿောသိ ခေါ အာယသ္မာ အနုရုဒ္ဓေါ ဒါယပါလဿ ဘဂဝတာ သဒ္ဓိံ မန္တယမာနဿ။ သုတွာန ဒါယပါလံ ဧတဒဝေါစ – ‘‘မာ, အာဝုသော ဒါယပါလ, ဘဂဝန္တံ ဝါရေသိ။ သတ္ထာ နော ဘဂဝါ အနုပ္ပတ္တော’’တိ။ အထ ခေါ အာယသ္မာ အနုရုဒ္ဓေါ ယေနာယသ္မာ စ နန္ဒိယော အာယသ္မာ စ ကိမိလော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တဉ္စ နန္ဒိယံ အာယသ္မန္တဉ္စ ကိမိလံ ဧတဒဝေါစ – ‘‘အဘိက္ကမထာယသ္မန္တော, အဘိက္ကမထာယသ္မန္တော, သတ္ထာ နော ဘဂဝါ အနုပ္ပတ္တော’’တိ။ အထ ခေါ အာယသ္မာ စ အနုရုဒ္ဓေါ အာယသ္မာ စ နန္ဒိယော အာယသ္မာ စ ကိမိလော ဘဂဝန္တံ ပစ္စုဂ္ဂန္တွာ – ဧကော ဘဂဝတော ပတ္တစီဝရံ ပဋိဂ္ဂဟေသိ, ဧကော အာသနံ ပညပေသိ, ဧကော ပါဒေါဒကံ ဥပဋ္ဌာပေသိ။ နိသီဒိ ဘဂဝါ ပညတ္တေ အာသနေ။ နိသဇ္ဇ ခေါ ဘဂဝါ ပါဒေ ပက္ခာလေသိ။ တေပိ ခေါ အာယသ္မန္တော ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ အနုရုဒ္ဓံ ဘဂဝါ ဧတဒဝေါစ –

၄- မဟာယမကဝဂ် ၁- စူဠဂေါသိင်္ဂသုတ် ၃၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထတော်မူကာ ဂေါသိင်္ဂမည်သောအင်ကြင်းတောဆီသို့ ချဥ်းကပ်တော်မူ၏။ တောစောင့်သည် အဝေးမှ ကြွလာတော်မူသောမြတ်စွာဘုရားကို မြင်၍ “ရဟန်းကြီး ဤတောသို့ မဝင်ပါလင့်၊ ဤတော၌ အမျိုးသားသုံးဦးတို့သည်ရှိပါကုန်၏၊ မိမိ အကျိုးစီးပွားကို လိုလားသော သဘောရှိကုန်လျက် နေပါကုန်၏၊ ထိုအမျိုးသားတို့၏မချမ်းသာမှုကို မပြုပါလင့်” ဟု မြတ်စွာဘုရားကို လျှောက်ထား၏။ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုသော တောစောင့်၏ စကားကို ကြား၍ “ဒါယကာတောစောင့် မြတ်စွာဘုရားကို မတားမြစ်ပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် အစဥ်ရောက်တော်မူလာ၏” ဟု တောစောင့်အား ဤစကားကို ပြောကြား၏။ ထိုအခါအသျှင်အနုရုဒ္ဓါမထေရ်သည် အသျှင်နန္ဒိယ အသျှင်ကိမိလတို့ထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့ကို “အသျှင်တို့ လာကြကုန်၊ အသျှင်တို့လာကြကုန်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည်အစဥ်ရောက်တော်မူလာ၏” ဟု ဤစကားကို ပြောကြား၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ တစ်ပါးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကိုခံယူပြီးလျှင် တစ်ပါးက နေရာကို ခင်း၍ တစ်ပါးက ခြေဆေးရေကို တည်ထား၏။ မြတ်စွာဘုရားသည်ခင်းထားသော နေရာ၌ ထိုင်၍ ခြေတို့ကို ဆေးတော်မူ၏။ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရားကိုရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်သည်ရှိသော် အသျှင်အနုရုဒ္ဓါအားမြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏-

Middle Discourses 31 The Shorter Discourse at Gosiṅga So I have heard. At one time the Buddha was staying at Ñātika in the brick house. Now at that time the venerables Anuruddha, Nandiya, and Kimbila were staying in the sal forest park at Gosiṅga. Then in the late afternoon, the Buddha came out of retreat and went to that park. The park keeper saw the Buddha coming off in the distance and said to him, “Don’t come into this park, ascetic. There are three gentlemen staying here whose nature is to desire self-knowledge. Do not disturb them.” Anuruddha heard the park keeper conversing with the Buddha, and said to him, “Don’t keep the Buddha out, good park keeper! Our Teacher, the Blessed One, has arrived.” Then Anuruddha went to Nandiya and Kimbila, and said to them, “Come forth, venerables, come forth! Our Teacher, the Blessed One, has arrived!” Then Anuruddha, Nandiya, and Kimbila came out to greet the Buddha. One received his bowl and robe, one spread out a seat, and one set out water for washing his feet. The Buddha sat down on the seat spread out, and washed his feet. Those venerables bowed and sat down to one side. The Buddha said to Anuruddha,

၃၂၆။ ‘‘ကစ္စိ ဝေါ, အနုရုဒ္ဓါ, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ ပိဏ္ဍကေန န ကိလမထာ’’တိ? ‘‘ခမနီယံ, ဘဂဝါ, ယာပနီယံ, ဘဂဝါ၊ န စ မယံ, ဘန္တေ, ပိဏ္ဍကေန ကိလမာမာ’’တိ။ ‘‘ကစ္စိ ပန ဝေါ, အနုရုဒ္ဓါ, သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရထာ’’တိ? ‘‘တဂ္ဃ မယံ, ဘန္တေ, သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရာမာ’’တိ။ ‘‘ယထာ ကထံ ပန တုမှေ, အနုရုဒ္ဓါ, သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရထာ’’တိ? ‘‘ဣဓ မယှံ, ဘန္တေ, ဧဝံ ဟောတိ – ‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယောဟံ ဧဝရူပေဟိ သဗြဟ္မစာရီဟိ သဒ္ဓိံ ဝိဟရာမီ’တိ။ တဿ မယှံ, ဘန္တေ, ဣမေသု အာယသ္မန္တေသု မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ၊ မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ၊ မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ။ တဿ မယှံ, ဘန္တေ, ဧဝံ ဟောတိ – ‘ယံနူနာဟံ သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝတ္တေယျ’န္တိ။ သော ခေါ အဟံ, ဘန္တေ, သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝတ္တာမိ။ နာနာ ဟိ ခေါ နော, ဘန္တေ, ကာယာ ဧကဉ္စ ပန မညေ စိတ္တ’’န္တိ။

အာယသ္မာပိ ခေါ နန္ဒိယော…ပေ… အာယသ္မာပိ ခေါ ကိမိလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မယှမ္ပိ, ဘန္တေ, ဧဝံ ဟောတိ – ‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယောဟံ ဧဝရူပေဟိ သဗြဟ္မစာရီဟိ သဒ္ဓိံ ဝိဟရာမီ’တိ။ တဿ မယှံ, ဘန္တေ, ဣမေသု အာယသ္မန္တေသု မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ, မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ, မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ အာဝိ စေဝ ရဟော စ။ တဿ မယှံ, ဘန္တေ, ဧဝံ ဟောတိ – ‘ယံနူနာဟံ သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝတ္တေယျ’န္တိ။ သော ခေါ အဟံ, ဘန္တေ, သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝတ္တာမိ။ နာနာ ဟိ ခေါ နော, ဘန္တေ, ကာယာ ဧကဉ္စ ပန မညေ စိတ္တန္တိ။

‘‘ဧဝံ ခေါ မယံ, ဘန္တေ, သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရာမာ’’တိ။

၃၂၆။ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့ ခံ့ကျန်းကြ၏လော၊ အသို့နည်း မျှတကြ၏လော၊ အသို့ နည်းဆွမ်းဖြင့် မပင်ပန်းကြ၏လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ခံ့ကျန်းကြပါ၏၊ မြတ်စွာဘုရား မျှတကြပါ၏၊ အသျှင်ဘုရား တပည့်တော်တို့သည်ဆွမ်းဖြင့်လည်း မပင်ပန်းကြပါဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲဲ နို့ (နှင့်) ရေရောသကဲဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား စင်စစ် တပည့်တော်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲဲ နို့ (နှင့်) ရေရောသကဲဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာကြည့်ရှုကုန်လျက် နေထိုင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲဲ နို့ (နှင့်) ရေ ရောသကဲဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်မှာ “အကြင်ငါသည် ဤသို့သဘောရှိကုန်သောသီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရားတပည့်တော်သည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံးပါ၏။ အသျှင်ဘုရား တပည့်တော်တို့မှာ ကိုယ်အသီးသီးဖြစ်သော်လည်း စိတ်သည်ကား တစိတ်တည်းကဲဲ့သို့ ဖြစ်ကြပါသည်ဟု (လျှောက်၏)။ အသျှင်နန္ဒိယသည်လည်း။ပ။ အသျှင်ကိမိလသည်လည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဘုရား တပည့်တော်သည်လည်း ငါသည် ဤသို့သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည်ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံး ရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည်မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးပါ၏။ အသျှင် ဘုရား တပည့်တော်တို့မှာ ကိုယ်သည် အသီးသီးဖြစ်သော်လည်း စိတ်သည်ကားတစ်စိတ်တည်းကဲဲ့သို့ ဖြစ်ပါ၏ဟု (လျှောက်၏)။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်း သာ မငြင်းခုံကြဘဲဲ နို့ (နှင့်) ရေ ရောသကဲဲ့သို့ တစ်စိတ်တည်းရှိကုန်၍အချင်းချင်း ချစ်ခင်သောမျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေကြပါ၏” ဟု (လျှောက်ကုန်၏)။

“I hope you’re keeping well, Anuruddha and friends, I hope you’re all right. And I hope you’re having no trouble getting almsfood.” “We’re keeping well, Blessed One, we’re getting by. And we have no trouble getting almsfood.” “I hope you’re living in harmony, appreciating each other, without quarreling, blending like milk and water, and regarding each other with kindly eyes?” “Indeed, sir, we live in harmony as you say.” “But how do you live this way?” “In this case, sir, I think: ‘I’m fortunate, so very fortunate, to live together with spiritual companions such as these.’ I consistently treat these venerables with kindness by way of body, speech, and mind, both in public and in private. I think, ‘Why don’t I set aside my own ideas and just go along with these venerables’ ideas?’ And that’s what I do. Though we’re different in body, sir, we’re one in mind, it seems to me.” And the venerables Nandiya and Kimbila spoke likewise, and they added: “That’s how we live in harmony, appreciating each other, without quarreling, blending like milk and water, and regarding each other with kindly eyes.”

၃၂၇။ ‘‘သာဓု သာဓု, အနုရုဒ္ဓါ! ကစ္စိ ပန ဝေါ, အနုရုဒ္ဓါ, အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရထာ’’တိ? ‘‘တဂ္ဃ မယံ, ဘန္တေ, အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရာမာ’’တိ။ ‘‘ယထာ ကထံ ပန တုမှေ, အနုရုဒ္ဓါ, အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရထာ’’တိ? ‘‘ဣဓ, ဘန္တေ, အမှာကံ ယော ပဌမံ ဂါမတော ပိဏ္ဍာယ ပဋိက္ကမတိ သော အာသနာနိ ပညပေတိ, ပါနီယံ ပရိဘောဇနီယံ ဥပဋ္ဌာပေတိ, အဝက္ကာရပါတိံ ဥပဋ္ဌာပေတိ။ ယော ပစ္ဆာ ဂါမတော ပိဏ္ဍာယ ပဋိက္ကမတိ, သစေ ဟောတိ ဘုတ္တာဝသေသော သစေ အာကင်္ခတိ ဘုဉ္ဇတိ, နော စေ အာကင်္ခတိ အပ္ပဟရိတေ ဝါ ဆဍ္ဍေတိ, အပ္ပါဏကေ ဝါ ဥဒကေ ဩပိလာပေတိ။ သော အာသနာနိ ပဋိသာမေတိ, ပါနီယံ ပရိဘောဇနီယံ ပဋိသာမေတိ, အဝက္ကာရပါတိံ ပဋိသာမေတိ, ဘတ္တဂ္ဂံ သမ္မဇ္ဇတိ။ ယော ပဿတိ ပါနီယဃဋံ ဝါ ပရိဘောဇနီယဃဋံ ဝါ ဝစ္စဃဋံ ဝါ ရိတ္တံ တုစ္ဆံ သော ဥပဋ္ဌာပေတိ။ သစဿ ဟောတိ အဝိသယှံ, ဟတ္ထဝိကာရေန ဒုတိယံ အာမန္တေတွာ ဟတ္ထဝိလင်္ဃကေန ဥပဋ္ဌာပေမ, န တွေဝ မယံ, ဘန္တေ, တပ္ပစ္စယာ ဝါစံ ဘိန္ဒာမ။ ပဉ္စာဟိကံ ခေါ ပန မယံ, ဘန္တေ, သဗ္ဗရတ္တိကံ ဓမ္မိယာ ကထာယ သန္နိသီဒါမ။ ဧဝံ ခေါ မယံ, ဘန္တေ, အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရာမာ’’တိ။

၃၂၇။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် မမေ့မလျော့ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား စင်စစ်သော်ကား တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်ပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ အဘယ်သို့ သင်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်တို့တွင် ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသောသူသည် နေရာတို့ကို ခင်း၏၊ သောက်ရေသုံးဆောင်ရေကို တည်ထား၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို တည်ထား၏။ ဆွမ်းခံရွာမှနောက်ကျ၍ ပြန်လာသောသူသည် စားကြွင်းကို စားလိုလျှင် စားရာ၏၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌လည်း စွန့်၏၊ ပိုးမရှိသော ရေ၌သော်လည်း သွန်၏၊ ထိုသူသည် နေရာတို့ကို (ခေါက်၏) သိုမှီး၏၊ သောက်ရေသုံးဆောင်ရေကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းစား (ဇရပ်) ကျောင်းကို တံမြက်လှည်း၏။ ရေမရှိသော သောက်ရေအိုးကိုလည်းကောင်း၊ သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သောသူသည် (ရေထည့်၍) တည်ထား၏။ ထိုရဟန်းသည် အကယ်၍ မချီနိုင်လျှင် အဖော်ကို လက်ယက်ခေါ်၍ လက့်တို့ဖြင့် မြှောက်ချီကာ တည်ထားကြပါကုန်၏၊ အသျှင်ဘုရား တပည့်တော်တို့သည် ထိုအကြောင်းများကြောင့် နှုတ်မြွက်ပြောဆိုမှု မပြုကြပါ။ အသျှင်ဘုရား တပည့်တော်တို့သည် ငါးရက်မြောက်နေ့၌ တညဥ့်လုံး တရားနှင့်စပ်သော စကားဖြင့် စည်းဝေးနေကြပါကုန်၏။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

“Good, good, Anuruddha and friends! But I hope you’re living diligently, keen, and resolute?” “Indeed, sir, we live diligently.” “But how do you live this way?” “In this case, sir, whoever returns first from almsround prepares the seats, and puts out the drinking water and the rubbish bin. If there’s remainder, whoever returns last eats it if they like. Otherwise they throw it out where there is little that grows, or drop it into water that has no living creatures. Then they put away the seats, drinking water, and rubbish bin, and sweep the refectory. If someone sees that the pot of water for washing, drinking, or the toilet is empty they set it up. If he can’t do it, he summons another with a wave of the hand, and they set it up by lending each other a hand to lift. But we don’t break into speech for that reason. And every five days we sit together for the whole night and discuss the teachings. That’s how we live diligently, keen, and resolute.”

စာ-၂၆၈

၃၂၈။ ‘‘သာဓု သာဓု, အနုရုဒ္ဓါ! အတ္ထိ ပန ဝေါ, အနုရုဒ္ဓါ, ဧဝံ အပ္ပမတ္တာနံ အာတာပီနံ ပဟိတတ္တာနံ ဝိဟရန္တာနံ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ အယံ ခေါ နော, ဘန္တေ, အမှာကံ အပ္ပမတ္တာနံ အာတာပီနံ ပဟိတတ္တာနံ ဝိဟရန္တာနံ ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။ ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ ပီတိယာ စ ဝိရာဂါ ဥပေက္ခကာ စ ဝိဟရာမ, သတာ စ သမ္ပဇာနာ, သုခဉ္စ ကာယေန ပဋိသံဝေဒေမ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရာမ…ပေ… သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရာမ…ပေ… သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရာမ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ။

၃၂၈။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်ကုန်သည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့မှာ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေကြပါကုန်၏။ အသျှင်ဘုရား မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြကုန်သော တပည့်တော်တို့မှာ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သောဤဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသောဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်နှစ်သိမ့်ခြင်း ‘ပီတိ်’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ဆင်ခြင်ခြင်း ဉာဏ်နှင့်ပြည့်စုံကုန်သည်ဖြစ်၍ လျစ်လျူရှုကုန်၍သာလျှင် နေပါကုန်၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့်ခံစားပါကုန်၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက်လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာလျှင် မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသလောက် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲဲခြင်း ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့်ရှေးဦး ကပင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်ခြင်းကြောင့်ဆင်းရဲဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်း စေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှု ‘ပဋိဃ’သညာတို့၏ ချုပ်ခြင်း ကြောင့်အမျိုးမျိုးသော သညာ ‘နာနတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံး မရှိ” ဟု (စီးဖြန်းကာ) အာကာ သာနဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်း ကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော ဝိညာဏဉ္စာယတနဈာန် ကိုလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိဟု” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါလူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကိုရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

“Good, good, Anuruddha and friends! But as you live diligently like this, have you achieved any superhuman distinction in knowledge and vision worthy of the noble ones, a comfortable meditation?” “How could we not, sir? Whenever we want, quite secluded from sensual pleasures, secluded from unskillful qualities, we enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. This is a superhuman distinction in knowledge and vision worthy of the noble ones, a comfortable meditation, that we have achieved while living diligent, keen, and resolute.” “Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, as the placing of the mind and keeping it connected are stilled, we enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. This is another superhuman distinction that we have achieved for going beyond and stilling that meditation.” “Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, with the fading away of rapture, we enter and remain in the third absorption, where we meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ This is another superhuman distinction that we have achieved for going beyond and stilling that meditation.” “Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, with the giving up of pleasure and pain, and the disappearance of former happiness and sadness, we enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. This is another superhuman distinction that we have achieved for going beyond and stilling that meditation.” “Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, we enter and remain in the dimension of infinite space. This is another superhuman distinction that we have achieved for going beyond and stilling that meditation.” “Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, we enter and remain in the dimension of infinite consciousness. … going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, we enter and remain in the dimension of nothingness. … going totally beyond the dimension of nothingness, we enter and remain in the dimension of neither perception nor non-perception. This is another superhuman distinction that we have achieved for going beyond and stilling that meditation.”

စာ-၂၇၀

၃၂၉။ ‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဧတဿ ပန ဝေါ, အနုရုဒ္ဓါ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အတ္ထညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော’’တိ? ‘‘ကိဉှိ နော သိယာ, ဘန္တေ! ဣဓ မယံ, ဘန္တေ, ယာဝဒေဝ အာကင်္ခါမ သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရာမ, ပညာယ စ နော ဒိသွာ အာသဝါ ပရိက္ခီဏာ။ ဧတဿ, ဘန္တေ, ဝိဟာရဿ သမတိက္ကမာယ ဧတဿ ဝိဟာရဿ ပဋိပ္ပဿဒ္ဓိယာ အယမညော ဥတ္တရိမနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော။ ဣမမှာ စ မယံ, ဘန္တေ, ဖာသုဝိဟာရာ အညံ ဖာသုဝိဟာရံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န သမနုပဿာမာ’’တိ။ ‘‘သာဓု သာဓု, အနုရုဒ္ဓါ! ဣမမှာ ဖာသုဝိဟာရာ ဥတ္တရိတရော ဝါ ပဏီတတရော ဝါ ဖာသုဝိဟာရော နတ္ထီ’’တိ။

၃၂၉။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အဘယ်မှာ မရှိဘဲဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ မှတ်သားခြင်း ‘သညာ’ ခံစားခြင်း ‘ဝေဒနာ’တို့ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေပါကုန်၏၊ တပည့်တော်တို့မှာ ပညာဖြင့်လည့်းမြင်ပြီးဖြစ်၍ အာသဝေါတရားတို့သည် ကုန်ပြီးဖြစ်ပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်း ငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောအခြားတစ်ပါးသော ချမ်းသာစွာနေရခြင်းကို မတွေ့မြင်ကြတော့ပါဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောချမ်းသာစွာ နေရခြင်းသည် မရှိတော့ပေဟု (မိန့်တော်မူ၏)။

“Good, good! But have you achieved any other superhuman distinction for going beyond and stilling that meditation?” “How could we not, sir? Whenever we want, going totally beyond the dimension of neither perception nor non-perception, we enter and remain in the cessation of perception and feeling. And, having seen with wisdom, our defilements have come to an end. This is another superhuman distinction in knowledge and vision worthy of the noble ones, a comfortable meditation, that we have achieved for going beyond and stilling that meditation. And we don’t see any better or finer way of meditating comfortably than this.” “Good, good! There is no better or finer way of meditating comfortably than this.”

၃၃၀။ အထ ခေါ ဘဂဝါ အာယသ္မန္တဉ္စ အနုရုဒ္ဓံ အာယသ္မန္တဉ္စ နန္ဒိယံ အာယသ္မန္တဉ္စ ကိမိလံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ အာယသ္မာ စ အနုရုဒ္ဓေါ အာယသ္မာ စ နန္ဒိယော အာယသ္မာ စ ကိမိလော ဘဂဝန္တံ အနုသံယာယိတွာ [အနုသံသာဝေတွာ (သီ။), အနုသာဝေတွာ (ဋီကာ)] တတော ပဋိနိဝတ္တိတွာ အာယသ္မာ စ နန္ဒိယော အာယသ္မာ စ ကိမိလော အာယသ္မန္တံ အနုရုဒ္ဓံ ဧတဒဝေါစုံ – ‘‘ကိံ နု ခေါ မယံ အာယသ္မတော အနုရုဒ္ဓဿ ဧဝမာရောစိမှ – ‘ဣမာသဉ္စ ဣမာသဉ္စ ဝိဟာရသမာပတ္တီနံ မယံ လာဘိနော’တိ, ယံ နော အာယသ္မာ အနုရုဒ္ဓေါ ဘဂဝတော သမ္မုခါ ယာဝ အာသဝါနံ ခယာ ပကာသေတီ’’တိ? ‘‘န ခေါ မေ အာယသ္မန္တော ဧဝမာရောစေသုံ – ‘ဣမာသဉ္စ ဣမာသဉ္စ ဝိဟာရသမာပတ္တီနံ မယံ လာဘိနော’တိ, အပိ စ မေ အာယသ္မန္တာနံ စေတသာ စေတော ပရိစ္စ ဝိဒိတော – ‘ဣမာသဉ္စ ဣမာသဉ္စ ဝိဟာရသမာပတ္တီနံ ဣမေ အာယသ္မန္တော လာဘိနော’တိ။ ဒေဝတာပိ မေ ဧတမတ္ထံ အာရောစေသုံ – ‘ဣမာသဉ္စ ဣမာသဉ္စ ဝိဟာရသမာပတ္တီနံ ဣမေ အာယသ္မန္တော လာဘိနော’တိ။ တမေနံ ဘဂဝတာ ပဉှာဘိပုဋ္ဌေန ဗျာကတ’’န္တိ။

၃၃၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထကာ ဖဲဲခွါတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားသို့ အစဥ်လိုက်၍ ထိုလိုက်ရာမှ ပြန်လှည့်ကာ အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့က အသျှင်အနုရုဒ္ဓါအား- “တပည့်တော်တို့သည် အသျှင်အနုရုဒ္ဓါအား ‘ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏’ဟု ဤသို့ လျှောက်ကြားဖူးပါကုန်သလော၊ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏မျက်မှောက်တော်၌ တပည့်တော်တို့၏ အာသဝေါတရားကုန်ခြင်းကို ဖော်ပြဘိ၏” ဟု (လျှောက်ဆိုကုန်၏)။ ငါ့အား အသျှင်တို့သည် “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏” ဟု ဤသို့ မလျှောက်ကြားဖူးကုန်သော်လည်း ငါသည် အသျှင်တို့၏စိတ်ကို စိတ်ဖြင့် ပိုင်းခြား၍ “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု သိ၏။ နတ်တို့သည်လည်း “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု ဤအကြောင်းကို ငါ့အားလျှောက်ကြားကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားသည် ပြဿနာမေးတော်မူခြင်းကြောင့်ဖြေကြား၏ဟု (ပြောဆို၏)။

Then the Buddha educated, encouraged, fired up, and inspired the venerables Anuruddha, Nandiya, and Kimbila with a Dhamma talk, after which he rose from his seat and left. The venerables then accompanied the Buddha for a little way before turning back. Nandiya and Kimbila said to Anuruddha, “Did we ever tell you that we had gained such and such meditations and attainments, up to the ending of defilements, as you revealed to the Buddha?” “The venerables did not tell me that they had gained such meditations and attainments. But I discovered it by encompassing your minds, and deities also told me. I answered when the Buddha directly asked about it.”

စာ-၂၇၁

၃၃၁။ အထ ခေါ ဒီဃော ပရဇနော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဒီဃော ပရဇနော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘လာဘာ ဝတ, ဘန္တေ, ဝဇ္ဇီနံ, သုလဒ္ဓလာဘာ ဝဇ္ဇိပဇာယ, ယတ္ထ တထာဂတော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဣမေ စ တယော ကုလပုတ္တာ – အာယသ္မာ စ အနုရုဒ္ဓေါ, အာယသ္မာ စ နန္ဒိယော, အာယသ္မာ စ ကိမိလော’’တိ။ ဒီဃဿ ပရဇနဿ ယက္ခဿ သဒ္ဒံ သုတွာ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ – ‘လာဘာ ဝတ, ဘော, ဝဇ္ဇီနံ, သုလဒ္ဓလာဘာ ဝဇ္ဇိပဇာယ, ယတ္ထ တထာဂတော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဣမေ စ တယော ကုလပုတ္တာ – အာယသ္မာ စ အနုရုဒ္ဓေါ, အာယသ္မာ စ နန္ဒိယော, အာယသ္မာ စ ကိမိလော’တိ။ ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ…ပေ… တာဝတိံသာ ဒေဝါ…ပေ… ယာမာ ဒေဝါ…ပေ… တုသိတာ ဒေဝါ…ပေ… နိမ္မာနရတီ ဒေဝါ…ပေ… ပရနိမ္မိတဝသဝတ္တီ ဒေဝါ…ပေ… ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ – ‘‘လာဘာ ဝတ, ဘော, ဝဇ္ဇီနံ, သုလဒ္ဓလာဘာ ဝဇ္ဇိပဇာယ, ယတ္ထ တထာဂတော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, ဣမေ စ တယော ကုလပုတ္တာ – အာယသ္မာ စ အနုရုဒ္ဓေါ, အာယသ္မာ စ နန္ဒိယော, အာယသ္မာ စ ကိမိလော’’တိ။ ဣတိဟ တေ အာယသ္မန္တော တေန ခဏေန (တေန လယေန) [( ) သီ။ သျာ။ ပီ။ ပေါတ္ထကေသု နတ္ထိ] တေန မုဟုတ္တေန ယာဝဗြဟ္မလောကာ ဝိဒိတာ [သံဝိဒိတာ (က။)] အဟေသုံ။

‘‘ဧဝမေတံ, ဒီဃ, ဧဝမေတံ, ဒီဃ! ယသ္မာပိ, ဒီဃ, ကုလာ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, တဉ္စေပိ ကုလံ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တံ အနုဿရေယျ, တဿပါဿ ကုလဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ယသ္မာပိ, ဒီဃ, ကုလပရိဝဋ္ဋာ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, သော စေပိ ကုလပရိဝဋ္ဋော ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တော အနုဿရေယျ, တဿပါဿ ကုလပရိဝဋ္ဋဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ယသ္မာပိ, ဒီဃ, ဂါမာ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, သော စေပိ ဂါမော ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တော အနုဿရေယျ, တဿပါဿ ဂါမဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ယသ္မာပိ, ဒီဃ, နိဂမာ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, သော စေပိ နိဂမော ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တော အနုဿရေယျ, တဿပါဿ နိဂမဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ယသ္မာပိ, ဒီဃ, နဂရာ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, တဉ္စေပိ နဂရံ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တံ အနုဿရေယျ, တဿပါဿ နဂရဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ယသ္မာပိ, ဒီဃ, ဇနပဒါ ဧတေ တယော ကုလပုတ္တာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ, သော စေပိ ဇနပဒေါ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တော အနုဿရေယျ, တဿပါဿ ဇနပဒဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ သဗ္ဗေ စေပိ, ဒီဃ, ခတ္တိယာ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တာ အနုဿရေယျုံ, သဗ္ဗေသာနံပါဿ ခတ္တိယာနံ ဒီဃရတ္တံ ဟိတာယ သုခါယ။ သဗ္ဗေ စေပိ, ဒီဃ, ဗြာဟ္မဏာ…ပေ… သဗ္ဗေ စေပိ, ဒီဃ, ဝေဿာ…ပေ… သဗ္ဗေ စေပိ, ဒီဃ, သုဒ္ဒါ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တာ အနုဿရေယျုံ, သဗ္ဗေသာနံပါဿ သုဒ္ဒါနံ ဒီဃရတ္တံ ဟိတာယ သုခါယ။ သဒေဝကော စေပိ, ဒီဃ, လောကော သမာရကော သဗြဟ္မကော သဿမဏဗြာဟ္မဏီ ပဇာ သဒေဝမနုဿာ ဧတေ တယော ကုလပုတ္တေ ပသန္နစိတ္တာ အနုဿရေယျ, သဒေဝကဿပါဿ လောကဿ သမာရကဿ သဗြဟ္မကဿ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဒီဃရတ္တံ ဟိတာယ သုခါယ။ ပဿ, ဒီဃ, ယာဝ ဧတေ တယော ကုလပုတ္တာ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ လောကာနုကမ္ပာယ, အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနော ဒီဃော ပရဇနော ယက္ခော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။

စူဠဂေါသိင်္ဂသုတ္တံ နိဋ္ဌိတံ ပဌမံ။

၃၃၁။ ထိုအခါ ဒီဃပရဇနနတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်လျက် မြတ်စွာဘုရားအား- “အသျှင်ဘုရား အကြင် (ဂေါသိင်္ဂမည်သောအင်ကြင်းတော) ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန် အရတော်လေကုန်စွ” ဟု လျှောက်၏။ ဒီဃပရဇနနတ်၏ အသံကိုကြား၍ ဘုမ္မဇိုးနတ်တို့သည် “အချင်းတို့ ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည် အလွန် အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့်ကြွေးကြော်ကုန်၏။ ဘုမ္မဇိုးနတ်တို့၏အသံကို ကြား၍ စတုမဟာရာဇ်နတ်တို့သည်။ပ။ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတိနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ ဗြဟ္မာအပေါင်း၌ ဖြစ်သော ဗြဟ္မာတို့သည် “ဂေါသိင်္ဂမည်သောအင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ် တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါအသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီ တိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန်အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့် ကြွေးကြော်ကုန်၏။ ဤသို့လျှင် ထိုအသျှင်တို့သည်ထိုတစ်ခဏချင်း ထိုတစ်လယချင်း ထို တစ်မုဟုတ်ချင်းမျှဖြင့် (အကနိဋ္ဌ) ဗြဟ္မာ့ဘုံတိုင်အောင်ထင်ရှား (ကျော်စော) ကုန်၏။ ဒီဃ ဤ သင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်၏၊ ဒီဃဤသင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်ပေ၏။ ဒီဃအကြင်အမျိုးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုအမျိုးသည်လည်း ထိုသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်အမျိုး (အစဥ်) အဆက်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထို အမျိုး (အစဥ်) အဆက်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ရွာမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထိုရွာသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်နိဂုံးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုနိဂုံး သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲဲ့လျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်မြို့မှလည်းဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုမြို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ဇနပုဒ်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုဇနပုဒ်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲဲ့ကြလျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံသောမင်းတို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲဲ့ကြလျှင်ရှည်မြင့်စွာသော ကာလ ပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံကုန်သောပုဏ္ဏားတို့သည်။ပ။ ဒီဃ အလုံးစုံကုန်သော ကုန်သည်တို့သည်။ပ။ ဒီဃ အလုံးစုံကုန်သောသူဆင်းရဲဲတို့သည်လည်း ဤသုံးဦး ကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ် ရှိ၍အောက်မေ့ခဲဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃနတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိကုန်၍အောက်မေ့ခဲဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ ရှုကြည့်လော့၊ ဤသုံးဦးကုန်သော အမျိုးသားတို့သည် များစွာသော လူအပေါင်း၏ အစီးအပွားအကျိုးငှါ များစွာသော လူအပေါင်း၏ ချမ်းသာအကျိုးငှါ လောကကို အစဥ်စောင့်ရှောက်ခြင်းအကျိုးငှါ နတ်လူတို့၏အကျိုးငှါ အစီးအပွားအကျိုးငှါ ချမ်းသာအကျိုးငှါ အလွန်လျှင် ကျင့်ကုန်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏။ ဒီဃပရဇနနတ်သည် မြတ်စွာ ဘုရား၏တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။ ရှေးဦးစွာသော စူဠဂေါသိင်္ဂသုတ်ပြီး၏။

Then the native spirit Dīgha Parajana went up to the Buddha, bowed, stood to one side, and said to him, “The Vajjis are lucky! The Vajjian people are so very lucky that the Realized One, the perfected one, the fully awakened Buddha stays there, as well as these three gentlemen, the venerables Anuruddha, Nandiya, and Kimbila.” Hearing the cry of Dīgha Parajana, the earth gods raised the cry … Hearing the cry of the earth gods, the gods of the four great kings … the gods of the thirty-three … the gods of Yama … the joyful gods … the gods who love to create … the gods who control what is created by others … the gods of the Divinity’s host raised the cry, “The Vajjis are lucky! The Vajjian people are so very lucky that the Realized One, the perfected one, the fully awakened Buddha stays there, as well as these three gentlemen, the venerables Anuruddha, Nandiya, and Kimbila.” And so at that moment, that second, that hour, those venerables were known as far as the realm of divinity. “That’s so true, Dīgha! That’s so true! If the family from which those three gentlemen went forth from the lay life to homelessness were to recollect those venerables with confident heart, that would be for that family’s lasting welfare and happiness. If the family circle … village … town … city … country … all the aristocrats … all the brahmins … all the peasants … all the workers were to recollect those venerables with confident heart, that would be for all those menials’ lasting welfare and happiness. If the whole world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—were to recollect those venerables with confident heart, that would be for the whole world’s lasting welfare and happiness. See, Dīgha, how those three gentlemen are practicing for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans!” That is what the Buddha said. Satisfied, the native spirit Dīgha Parajana approved what the Buddha said.

၂။ မဟာဂေါသိင်္ဂသုတ္တံ

၃၃၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဂေါသိင်္ဂသာလဝနဒါယေ ဝိဟရတိ သမ္ဗဟုလေဟိ အဘိညာတေဟိ အဘိညာတေဟိ ထေရေဟိ သာဝကေဟိ သဒ္ဓိံ – အာယသ္မတာ စ သာရိပုတ္တေန အာယသ္မတာ စ မဟာမောဂ္ဂလ္လာနေန အာယသ္မတာ စ မဟာကဿပေန အာယသ္မတာ စ အနုရုဒ္ဓေန အာယသ္မတာ စ ရေဝတေန အာယသ္မတာ စ အာနန္ဒေန, အညေဟိ စ အဘိညာတေဟိ အဘိညာတေဟိ ထေရေဟိ သာဝကေဟိ သဒ္ဓိံ။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ မဟာကဿပေါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကဿပံ ဧတဒဝေါစ – ‘‘အာယာမာဝုသော, ကဿပ, ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိဿာမ ဓမ္မဿဝနာယာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ မဟာကဿပေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ပစ္စဿောသိ။ အထ ခေါ အာယသ္မာ စ မဟာမောဂ္ဂလ္လာနော အာယသ္မာ စ မဟာကဿပေါ အာယသ္မာ စ အနုရုဒ္ဓေါ ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိံသု ဓမ္မဿဝနာယ။ အဒ္ဒသာ ခေါ အာယသ္မာ အာနန္ဒော အာယသ္မန္တဉ္စ မဟာမောဂ္ဂလ္လာနံ အာယသ္မန္တဉ္စ မဟာကဿပံ အာယသ္မန္တဉ္စ အနုရုဒ္ဓံ ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမန္တေ ဓမ္မဿဝနာယ။ ဒိသွာန ယေနာယသ္မာ ရေဝတော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ရေဝတံ ဧတဒဝေါစ – ‘‘ဥပသင်္ကမန္တာ ခေါ အမူ, အာဝုသော [အာယသ္မန္တာဝုသော (က။)] ရေဝတ, သပ္ပုရိသာ ယေနာယသ္မာ သာရိပုတ္တော တေန ဓမ္မဿဝနာယ။ အာယာမာဝုသော ရေဝတ, ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိဿာမ ဓမ္မဿဝနာယာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ ရေဝတော အာယသ္မတော အာနန္ဒဿ ပစ္စဿောသိ။ အထ ခေါ အာယသ္မာ စ ရေဝတော အာယသ္မာ စ အာနန္ဒော ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိံသု ဓမ္မဿဝနာယ။

၂- မဟာဂေါသိင်္ဂသုတ် ၃၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ အလွန်ကျော်စော ထင်ရှား သောထေရ်တပည့်သာဝကဖြစ်ကြသည့် အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့အပြင် အခြားများလှစွာသည့် အလွန်ကျော်စောထင်ရှားသော ထေရ်တပည့်သာဝကတို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထကာ အသျှင်မဟာကဿပထံ ချဥ်းကပ်ပြီးလျှင် “ငါ့သျှင်ကဿပ လာသွားကြကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဥ်းကပ်ကုန်အံ့” ဟုဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု အသျှင်မဟာကဿပသည်အသျှင်မဟာမောဂ္ဂလာန်အား ပြန်ကြား၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါတို့သည် အသျှင် သာရိပုတ္တရာထံသို့ တရားနာခြင်းငှါ ချဥ်းကပ်ကြကုန်၏။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဥ်းကပ်ကြသော အသျှင်မဟာမောဂ္ဂလာန်အသျှင်မဟာကဿပ အသျှင်အနုရုဒ္ဓါတို့ကို မြင်၍ အသျှင်ရေဝတထံသို့ ချဥ်းကပ်ပြီးလျှင် “ငါ့သျှင် ရေဝတဤမည်သော အသျှင်သူတော်ကောင်းတို့သည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဥ်းကပ်ကြကုန်၏၊ ငါ့သျှင် ရေဝတ လာသွားကြ ကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဥ်းကပ်ကြကုန်အံ့” ဟု ဤစကားကို ပြောဆို၏။ အသျှင်ရေဝတက “ငါ့သျှင် ကောင်းပြီ” ဟုအသျှင်အာနန္ဒာအား ပြန်ကြား၏။ ထို့နောက် အသျှင်ရေဝတ နှင့် အသျှင်အာနန္ဒာတို့သည်အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဥ်းကပ်ကြကုန်၏။

Middle Discourses 32 The Longer Discourse at Gosiṅga So I have heard. At one time the Buddha was staying in the sal forest park at Gosiṅga, together with several well-known senior disciples, such as the venerables Sāriputta, Mahāmoggallāna, Mahākassapa, Anuruddha, Revata, Ānanda, and others. Then in the late afternoon, Venerable Mahāmoggallāna came out of retreat, went to Venerable Mahākassapa, and said, “Come, Reverend Kassapa, let’s go to Venerable Sāriputta to hear the teaching.” “Yes, reverend,” Mahākassapa replied. Then, together with Venerable Anuruddha, they went to Sāriputta to hear the teaching. Seeing them, Venerable Ānanda went to Venerable Revata, told him what was happening, and invited him also.

စာ-၂၇၃

၃၃၃။ အဒ္ဒသာ ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တဉ္စ ရေဝတံ အာယသ္မန္တဉ္စ အာနန္ဒံ ဒူရတောဝ အာဂစ္ဆန္တေ။ ဒိသွာန အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ဧတု ခေါ အာယသ္မာ အာနန္ဒော! သွာဂတံ အာယသ္မတော အာနန္ဒဿ ဘဂဝတော ဥပဋ္ဌာကဿ ဘဂဝတော သန္တိကာဝစရဿ! ရမဏီယံ, အာဝုသော အာနန္ဒ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ [သဗ္ဗပါလိဖုလ္လာ (သီ။)] သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော အာနန္ဒ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ? ‘‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ, တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ, ဓာတာ [ဓတာ (သီ။ သျာ။ ကံ။ ပီ။)], ဝစသာ ပရိစိတာ, မနသာနုပေက္ခိတာ, ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ သော စတဿန္နံ ပရိသာနံ ဓမ္မံ ဒေသေတိ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ အနုပ္ပဗန္ဓေဟိ [အပ္ပဗဒ္ဓေဟိ (သီ။ ပီ။)] အနုသယသမုဂ္ဃါတာယ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၃။ အသျှင်သာရိပုတြာသည် အဝေးမှလာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍အသျှင်အာနန္ဒာအား- “အသျှင်အာနန္ဒာ လာလော့၊ မြတ်စွာဘုရား အလုပ်အကျွေးဖြစ်၍ မြတ်စွာဘုရား၏ အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏ လာခြင်းသည် ကောင်းသော လာခြင်းပေတည်း။ ငါ့သျှင်အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အာနန္ဒာ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။ ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားပြီးသော တရားကို ဆောင်၏၊ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်, သဒ္ဒါနှင့်လည်း ပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သော အကျင့်ကိုလည်းညွှန်ပြကုန်၏၊ ထိုရဟန်းသည် ထိုသို့ သဘောရှိသော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုရဟန်းသည် ပရိသတ်လေးပါးတို့အား အက္ခရာပြည့်စုံ ပီပြင်ကုန်သော စကားစဥ်မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ’ကို ပယ်ခွာခြင်းငှါဟောကြား၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

Sāriputta saw them coming off in the distance and said to Ānanda, “Come, Venerable Ānanda. Welcome to Ānanda, the Buddha’s attendant, who is so close to the Buddha. Reverend Ānanda, the sal forest park at Gosiṅga is lovely, the night is bright, the sal trees are in full blossom, and heavenly scents seem to float on the air. What kind of mendicant would grace this park?” “Reverend Sāriputta, it’s a mendicant who is very learned, remembering and keeping what they’ve learned. These teachings are good in the beginning, good in the middle, and good in the end, meaningful and well-phrased, describing a spiritual practice that’s entirely full and pure. They are very learned in such teachings, remembering them, rehearsing them, mentally scrutinizing them, and penetrating them theoretically. And they teach the four assemblies in order to uproot the underlying tendencies with well-rounded and coherent words and phrases. That’s the kind of mendicant who would grace this park.”

စာ-၂၇၄

၃၃၄။ ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ ရေဝတံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော ရေဝတ, အာယသ္မတာ အာနန္ဒေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ ရေဝတံ ပုစ္ဆာမ – ‘ရမဏီယံ, အာဝုသော ရေဝတ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော ရေဝတ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ? ‘‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု ပဋိသလ္လာနာရာမော ဟောတိ ပဋိသလ္လာနရတော, အဇ္ဈတ္တံ စေတောသမထမနုယုတ္တော အနိရာကတဇ္ဈာနော, ဝိပဿနာယ သမန္နာဂတော, ဗြူဟေတာ သုညာဂါရာနံ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၄။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ရေဝတအား- “ငါ့သျှင်ရေဝတ အသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကို ယခု မေးကုန်အံ့၊ ငါ့သျှင်ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။ ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှုရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌မပြတ်အား ထုတ် လျက်ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာဉာဏ်နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏၊ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့် တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

When he had spoken, Sāriputta said to Revata, “Reverend Revata, Ānanda has answered according to his own inspiration. And now we ask you the same question.” “Reverend Sāriputta, it’s a mendicant who enjoys retreat and loves retreat. They’re committed to inner serenity of the heart, they don’t neglect absorption, they’re endowed with discernment, and they frequent empty huts. That’s the kind of mendicant who would grace this park.”

၃၃၅။ ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ အနုရုဒ္ဓံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော အနုရုဒ္ဓ, အာယသ္မတာ ရေဝတေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ အနုရုဒ္ဓံ ပုစ္ဆာမ – ‘ရမဏီယံ, အာဝုသော အနုရုဒ္ဓ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော အနုရုဒ္ဓ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ? ‘‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿံ လောကာနံ ဝေါလောကေတိ။ သေယျထာပိ, အာဝုသော သာရိပုတ္တ, စက္ခုမာ ပုရိသော ဥပရိပါသာဒဝရဂတော သဟဿံ နေမိမဏ္ဍလာနံ ဝေါလောကေယျ၊ ဧဝမေဝ ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခု ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿံ လောကာနံ ဝေါလောကေတိ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၅။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား- “ငါ့သျှင်အနုရုဒ္ဓါ အသျှင်ရေဝတသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့ သည်အသျှင်အနုရုဒ္ဓါကို ယခုမေးကုန်အံ့၊ ငါ့သျှင်အနုရုဒ္ဓါ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ် ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂ မည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။ ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာ ဥပမာသော်ကား (ပညာ) မျက်စိ အမြင်ရှိသော ယောကျာ်းသည် ပြာသာဒ်မြတ်အထက်သို့ တက်လျက် (လှည်းဘီးစက်) အကွပ် အဝန်းအဝိုင်းအထောင်ကို ကြည့်ရာသကဲဲ့သို့ ဤအတူပင်လျှင်ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသောမျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ် အထောင်ကို ကြည့်ရှုနိုင်၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

When he had spoken, Sāriputta said to Anuruddha, “Reverend Anuruddha, Revata has answered according to his own inspiration. And now we ask you the same question.” “Reverend Sāriputta, it’s a mendicant who surveys a thousandfold galaxy with clairvoyance that is purified and surpasses the human, just as a person with clear eyes could survey a thousand orbits from the upper floor of a royal longhouse. That’s the kind of mendicant who would grace this park.”

စာ-၂၇၅

၃၃၆။ ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ မဟာကဿပံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော ကဿပ, အာယသ္မတာ အနုရုဒ္ဓေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ မဟာကဿပံ ပုစ္ဆာမ – ‘ရမဏီယံ, အာဝုသော ကဿပ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော ကဿပ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ? ‘‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု အတ္တနာ စ အာရညိကော ဟောတိ အာရညိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပိဏ္ဍပါတိကော ဟောတိ ပိဏ္ဍပါတိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပံသုကူလိကော ဟောတိ ပံသုကူလိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ တေစီဝရိကော ဟောတိ တေစီဝရိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အပ္ပိစ္ဆော ဟောတိ အပ္ပိစ္ဆတာယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သန္တုဋ္ဌော ဟောတိ သန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပဝိဝိတ္တော ဟောတိ ပဝိဝေကဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အသံသဋ္ဌော ဟောတိ အသံသဂ္ဂဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အာရဒ္ဓဝီရိယော ဟောတိ ဝီရိယာရမ္ဘဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သီလသမ္ပန္နော ဟောတိ သီလသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သမာဓိသမ္ပန္နော ဟောတိ သမာဓိသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပညာသမ္ပန္နော ဟောတိ ပညာသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ဝိမုတ္တိသမ္ပန္နော ဟောတိ ဝိမုတ္တိသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ စ ဝဏ္ဏဝါဒီ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၆။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကဿပအား- “ငါ့သျှင်ကဿပ အသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခု မေးကုန်အံ့၊ ငါ့သျှင်ကဿပ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ကဿပ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်း တောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။ ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင် ဆောင်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ဂုဏ် ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲဲလွယ်သူဖြစ်၍ ရောင့်ရဲဲလွယ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆို လေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆို လေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့် ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့် ပြည့်စုံသူဖြစ်၍ အထူးသိခြင်း ‘ပညာ’နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာ၏ဟု (လျှောက်၏)။

When he had spoken, Sāriputta said to Mahākassapa, “Reverend Kassapa, Anuruddha has answered according to his own inspiration. And now we ask you the same question.” “Reverend Sāriputta, it’s a mendicant who lives in the wilderness, eats only almsfood, wears rag robes, and owns just three robes; and they praise these things. They are of few wishes, content, secluded, aloof, and energetic; and they praise these things. They are accomplished in ethics, immersion, wisdom, freedom, and the knowledge and vision of freedom; and they praise these things. That’s the kind of mendicant who would grace this park.”

၃၃၇။ ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော မောဂ္ဂလ္လာန, အာယသ္မတာ မဟာကဿပေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ပုစ္ဆာမ – ‘ရမဏီယံ, အာဝုသော မောဂ္ဂလ္လာန, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ? ‘‘ဣဓာဝုသော သာရိပုတ္တ, ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ, တေ အညမညံ ပဉှံ ပုစ္ဆန္တိ, အညမညဿ ပဉှံ ပုဋ္ဌာ ဝိဿဇ္ဇေန္တိ, နော စ သံသာဒေန္တိ [သံသာရေန္တိ (က။)], ဓမ္မီ စ နေသံ ကထာ ပဝတ္တိနီ ဟောတိ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၇။ ဤသို့ ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာမောဂ္ဂလာန်အား- “ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့၊ ငါ့သျှင်မောဂ္ဂလာန် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ်ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။ ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်း မေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်း ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

When he had spoken, Sāriputta said to Mahāmoggallāna, “Reverend Moggallāna, Mahākassapa has answered according to his own inspiration. And now we ask you the same question.” “Reverend Sāriputta, it’s when two mendicants engage in discussion about the teaching. They question each other and answer each other’s questions without faltering, and their discussion on the teaching flows on. That’s the kind of mendicant who would grace this park.”

စာ-၂၇၆

၃၃၈။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော သာရိပုတ္တ, အမှေဟိ သဗ္ဗေဟေဝ ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ သာရိပုတ္တံ ပုစ္ဆာမ – ‘ရမဏီယံ, အာဝုသော သာရိပုတ္တ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ? ‘‘ဣဓာဝုသော မောဂ္ဂလ္လာန, ဘိက္ခု စိတ္တံ ဝသံ ဝတ္တေတိ, နော စ ဘိက္ခု စိတ္တဿ ဝသေန ဝတ္တတိ။ သော ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ ပုဗ္ဗဏှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ ပုဗ္ဗဏှသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ မဇ္ဈနှိကသမယံ [မဇ္ဈန္တိကသမယံ (သီ။ သျာ။ ကံ။ ပီ။ က။)] ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ မဇ္ဈနှိကသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ သာယနှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ သာယနှသမယံ ဝိဟရတိ။ သေယျထာပိ, အာဝုသော မောဂ္ဂလ္လာန, ရညော ဝါ ရာဇမဟာမတ္တဿ ဝါ နာနာရတ္တာနံ ဒုဿာနံ ဒုဿကရဏ္ဍကော ပူရော အဿ။ သော ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ ပုဗ္ဗဏှသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ ပုဗ္ဗဏှသမယံ ပါရုပေယျ၊ ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ မဇ္ဈနှိကသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ မဇ္ဈနှိကသမယံ ပါရုပေယျ၊ ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ သာယနှသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ သာယနှသမယံ ပါရုပေယျ။ ဧဝမေဝ ခေါ, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခု စိတ္တံ ဝသံ ဝတ္တေတိ, နော စ ဘိက္ခု စိတ္တဿ ဝသေန ဝတ္တတိ။ သော ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ ပုဗ္ဗဏှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ ပုဗ္ဗဏှသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ မဇ္ဈနှိကသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ မဇ္ဈနှိကသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ သာယနှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ သာယနှသမယံ ဝိဟရတိ။ ဧဝရူပေန ခေါ, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

၃၃၈။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာအား- “ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားကြလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်သာရိပုတြာကို မေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည်ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲဲ့သို့သော ရဟန်း ဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆိုမေးမြန်းပြန်၏။ ငါ့သျှင် မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်းမိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ပုဆိုးသေတ္တာသည် အမျိုးမျိုး ဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက် ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်’အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နေ့လည် ‘မွန်းတည့်’အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။ ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင်ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထို့ရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

Then Mahāmoggallāna said to Sāriputta, “Each of us has spoken from our heart. And now we ask you: Reverend Sāriputta, the sal forest park at Gosiṅga is lovely, the night is bright, the sal trees are in full blossom, and heavenly scents seem to float on the air. What kind of mendicant would grace this park?” “Reverend Moggallāna, it’s when a mendicant masters their mind and is not mastered by it. In the morning, they abide in whatever meditation or attainment they want. At midday, and in the evening, they abide in whatever meditation or attainment they want. Suppose that a ruler or their chief minister had a chest full of garments of different colors. In the morning, they’d don whatever pair of garments they wanted. At midday, and in the evening, they’d don whatever pair of garments they wanted. In the same way, a mendicant masters their mind and is not mastered by it. In the morning, they abide in whatever meditation or attainment they want. At midday, and in the evening, they abide in whatever meditation or attainment they want. That’s the kind of mendicant who would grace this park.”

၃၃၉။ အထ ခေါ အာယသ္မာ သာရိပုတ္တော တေ အာယသ္မန္တေ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော, အမှေဟိ သဗ္ဗေဟေဝ ယထာသကံ ပဋိဘာနံ။ အာယာမာဝုသော, ယေန ဘဂဝါ တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ ဧတမတ္ထံ ဘဂဝတော အာရောစေဿာမ။ ယထာ နော ဘဂဝါ ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ အာယသ္မန္တော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသုံ။ အထ ခေါ တေ အာယသ္မန္တော ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဒ္ဒသံ ခေါ အဟံ, ဘန္တေ, အာယသ္မန္တဉ္စ ရေဝတံ အာယသ္မန္တဉ္စ အာနန္ဒံ ဒူရတောဝ အာဂစ္ဆန္တေ။ ဒိသွာန အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစံ – ‘ဧတု ခေါ အာယသ္မာ အာနန္ဒော! သွာဂတံ အာယသ္မတော အာနန္ဒဿ ဘဂဝတော ဥပဋ္ဌာကဿ ဘဂဝတော သန္တိကာဝစရဿ! ရမဏီယံ, အာဝုသော အာနန္ဒ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ၊ ကထံရူပေန, အာဝုသော အာနန္ဒ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ? ဧဝံ ဝုတ္တေ, ဘန္တေ, အာယသ္မာ အာနန္ဒော မံ ဧတဒဝေါစ – ‘ဣဓာဝုသော, သာရိပုတ္တ, ဘိက္ခု ဗဟုဿုတော ဟောတိ သုတဓရော…ပေ… အနုသယသမုဂ္ဃါတာယ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, သာရိပုတ္တ! ယထာ တံ အာနန္ဒောဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ အာနန္ဒော ဟိ, သာရိပုတ္တ, ဗဟုဿုတော သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ, တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ, ဓာတာ, ဝစသာ ပရိစိတာ, မနသာနုပေက္ခိတာ, ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ သော စတဿန္နံ ပရိသာနံ ဓမ္မံ ဒေသေတိ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ အနုပ္ပဗန္ဓေဟိ အနုသယသမုဂ္ဃါတာယာ’’တိ။

၃၃၉။ ထိုအခါ အသျှင်သာရိပုတြာသည် ထိုအသျှင်တို့အား “ငါ့သျှင်တို့ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲဲ့လေပြီ။ ငါ့သျှင်တို့ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားအထံသို့ချဥ်းကပ် ၍ ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်အံ့၊ မြတ်စွာဘုရားက ငါတို့အားဖြေကြား တော်မူသည့်အတိုင်း မှတ်ယူကြကုန်အံ့” ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ” ဟုထိုအသျှင်တို့သည် အသျှင်သာရိပုတြာအား ပြန်ကြားကုန်၏။ ထိုအခါ ထိုအသျှင်တို့သည်မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်သည် ရှိသော် အသျှင်သာရိပုတြာသည်မြတ်စွာဘုရားအား- “အသျှင်ဘုရား ဤသာသနာတော်၌ အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့သည် တပည့်တော် အထံ သို့တရားနာခြင်းငှါ ချဥ်းကပ်ပါကုန်၏။ အသျှင်ဘုရား တပည့်တော်သည် အဝေးမှ လာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍ အသျှင်အာနန္ဒာအား ‘အသျှင်အာနန္ဒာ လာပါလော့၊ မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၍ မြတ်စွာဘုရား၏အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏လာခြင်းသည် ကောင်းသောလာခြင်းပေတည်း။ ငါ့သျှင် အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင် အာနန္ဒာ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်း သော် အသျှင်အာနန္ဒာသည် တပည့်တော်အား ‘ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားသော တရားကိုဆောင်၏။ပ။ ကိန်းဝပ်မှု ‘အနုသယ’ ကို ပယ်ခွါခြင်းငှါ တရားဟောကြား၏။ ငါ့သျှင်သာရိပုတြာဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပါသည်” ဟု (လျှောက်၏)။ သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အာနန္ဒာသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏။)၊ အာနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ နာကြားထား သောတရားကို ဆောင်၏။ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်,သဒ္ဒါနှင့်လည်းပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သောအကျင့်ကိုလည်းညွှန်းပြကုန်၏၊ ထိုအာနန္ဒာသည် ထိုသို့ သဘောရှိကုန်သော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုအာနန္ဒာသည် ပရိသတ်လေးပါးတို့အားအက္ခရာပြည့်စုံ ပီပြင် ကုန်သော စကားစဥ် မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ’ ကိုပယ်ခွါခြင်းငှါ တရား ဟောကြား၏ဟု (မိန့်တော်မူ၏)။

Then Sāriputta said to those venerables, “Each of us has spoken from the heart. Come, reverends, let’s go to the Buddha, and inform him about this. As he answers, so we’ll remember it.” “Yes, reverend,” they replied. Then those venerables went to the Buddha, bowed, and sat down to one side. Venerable Sāriputta told the Buddha of how the mendicants had come to see him, and how he had asked Ānanda: “‘Ānanda, the sal forest park at Gosiṅga is lovely, the night is bright, the sal trees are in full blossom, and heavenly scents seem to float on the air. What kind of mendicant would grace this park?’ When I had spoken, Ānanda said to me: ‘Reverend Sāriputta, it’s a mendicant who is very learned … That’s the kind of mendicant who would grace this park.’” “Good, good, Sāriputta! Ānanda answered in the right way for him. For Ānanda is very learned …”

စာ-၂၇၇

၃၄၀။ ‘‘ဧဝံ ဝုတ္တေ, အဟံ, ဘန္တေ, အာယသ္မန္တံ ရေဝတံ ဧတဒဝေါစံ – ‘ဗျာကတံ ခေါ, အာဝုသော ရေဝတ အာယသ္မတာ အာနန္ဒေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ ရေဝတံ ပုစ္ဆာမ – ရမဏီယံ, အာဝုသော ရေဝတ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ မညေ ဂန္ဓာ သမ္ပဝန္တိ။ ကထံရူပေန, အာဝုသော ရေဝတ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ? ဧဝံ ဝုတ္တေ, ဘန္တေ, အာယသ္မာ ရေဝတော မံ ဧတဒဝေါစ – ‘ဣဓာဝုသော သာရိပုတ္တ ဘိက္ခု ပဋိသလ္လာနာရာမော ဟောတိ ပဋိသလ္လာနရတော, အဇ္ဈတ္တံ စေတောသမထမနုယုတ္တော, အနိရာကတဇ္ဈာနော, ဝိပဿနာယ သမန္နာဂတော, ဗြူဟေတာ သုညာဂါရာနံ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, သာရိပုတ္တ! ယထာ တံ ရေဝတောဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ ရေဝတော ဟိ, သာရိပုတ္တ, ပဋိသလ္လာနာရာမော ပဋိသလ္လာနရတော, အဇ္ဈတ္တံ စေတောသမထမနုယုတ္တော အနိရာကတဇ္ဈာနော, ဝိပဿနာယ သမန္နာဂတော ဗြူဟေတာ သုညာဂါရာန’’န္တိ။

၃၄၀။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်ရေဝတအား “ငါ့သျှင်ရေဝတအသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကိုယခုမေးပါကုန်အံ့၊ ‘ငါ့သျှင် ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည့်အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ “အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်ရေဝတသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်မှုရှိ၏။ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကို ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့်ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပြန်ပါသည်” ဟု (လျှောက်၏)။ သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ရေဝတသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ရေဝတသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှု ရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကို ပွားစေ၏ဟု (မိန့်တော်မူ၏)။

“Next I asked Revata the same question. He said: ‘It’s a mendicant who enjoys retreat … That’s the kind of mendicant who would grace this park.’” “Good, good, Sāriputta! Revata answered in the right way for him. For Revata enjoys retreat …”

စာ-၂၇၈

၃၄၁။ ‘‘ဧဝံ ဝုတ္တေ, အဟံ, ဘန္တေ, အာယသ္မန္တံ အနုရုဒ္ဓံ ဧတဒဝေါစံ – ‘ဗျာကတံ ခေါ အာဝုသော အနုရုဒ္ဓ အာယသ္မတာ ရေဝတေန…ပေ… ကထံရူပေန, အာဝုသော အနုရုဒ္ဓ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ။ ဧဝံ ဝုတ္တေ, ဘန္တေ, အာယသ္မာ အနုရုဒ္ဓေါ မံ ဧတဒဝေါစ – ‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿံ လောကာနံ ဝေါလောကေတိ။ သေယျထာပိ, အာဝုသော သာရိပုတ္တ, စက္ခုမာ ပုရိသော…ပေ… ဧဝရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, သာရိပုတ္တ, ယထာ တံ အနုရုဒ္ဓေါဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ အနုရုဒ္ဓေါ ဟိ, သာရိပုတ္တ, ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿံ လောကာနံ ဝေါလောကေတီ’’တိ။

၃၄၁။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါအသျှင်ရေဝတသည်။ပ။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ “အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်အနုရုဒ္ဓါသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာဥပမာသော်ကား ပညာမျက်စိ အမြင်ရှိသော ယောကျာ်းသည်။ပ။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။ သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အနုရုဒ္ဓါသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ အနုရုဒ္ဓါသည် လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်တို့၏ မျက်စိအမြင်နှင့်တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကိုကြည့်နိုင်၏ဟု (မိန့်တော်မူ၏)။

“Next I asked Anuruddha the same question. He said: ‘It’s a mendicant who surveys the thousandfold galaxy with clairvoyance that is purified and surpasses the human … That’s the kind of mendicant who would grace this park.’” “Good, good, Sāriputta! Anuruddha answered in the right way for him. For Anuruddha surveys the thousandfold galaxy with clairvoyance that is purified and surpasses the human.”

၃၄၂။ ‘‘ဧဝံ ဝုတ္တေ, အဟံ, ဘန္တေ, အာယသ္မန္တံ မဟာကဿပံ ဧတဒဝေါစံ – ‘ဗျာကတံ ခေါ, အာဝုသော ကဿပ အာယသ္မတာ အနုရုဒ္ဓေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ မဟာကဿပံ ပုစ္ဆာမ…ပေ… ကထံ ရူပေန ခေါ, အာဝုသော ကဿပ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ? ဧဝံ ဝုတ္တေ ဘန္တေ, အာယသ္မာ မဟာကဿပေါ မံ ဧတဒဝေါစ – ‘ဣဓာဝုသော သာရိပုတ္တ, ဘိက္ခု အတ္တနာ စ အာရညိကော ဟောတိ အာရညိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပိဏ္ဍပါတိကော ဟောတိ…ပေ… အတ္တနာ စ ပံသုကူလိကော ဟောတိ…ပေ… အတ္တနာ စ တေစီဝရိကော ဟောတိ…ပေ… အတ္တနာ စ အပ္ပိစ္ဆော ဟောတိ…ပေ… အတ္တနာ စ သန္တုဋ္ဌော ဟောတိ…ပေ… အတ္တနာ စ ပဝိဝိတ္တော ဟောတိ…ပေ… အတ္တနာ စ အသံသဋ္ဌော ဟောတိ…ပေ… အတ္တနာ စ အာရဒ္ဓဝီရိယော ဟောတိ…ပေ… အတ္တနာ စ သီလသမ္ပန္နော ဟောတိ…ပေ… အတ္တနာ စ သမာဓိသမ္ပန္နော ဟောတိ…ပေ… အတ္တနာ စ ပညာသမ္ပန္နော ဟောတိ… အတ္တနာ စ ဝိမုတ္တိသမ္ပန္နော ဟောတိ… အတ္တနာ စ ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ စ ဝဏ္ဏဝါဒီ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, သာရိပုတ္တ! ယထာ တံ ကဿပေါဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ ကဿပေါ ဟိ, သာရိပုတ္တ, အတ္တနာ စ အာရညိကော အာရညိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပိဏ္ဍပါတိကော ပိဏ္ဍပါတိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပံသုကူလိကော ပံသုကူလိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ တေစီဝရိကော တေစီဝရိကတ္တဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အပ္ပိစ္ဆော အပ္ပိစ္ဆတာယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သန္တုဋ္ဌော သန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပဝိဝိတ္တော ပဝိဝေကဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အသံသဋ္ဌော အသံသဂ္ဂဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ အာရဒ္ဓဝီရိယော ဝီရိယာရမ္ဘဿ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သီလသမ္ပန္နော သီလသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ သမာဓိသမ္ပန္နော သမာဓိသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ပညာသမ္ပန္နော ပညာသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ဝိမုတ္တိသမ္ပန္နော ဝိမုတ္တိသမ္ပဒါယ စ ဝဏ္ဏဝါဒီ, အတ္တနာ စ ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ စ ဝဏ္ဏဝါဒီ’’တိ။

၃၄၂။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာကဿပအား “ငါ့သျှင်ကဿပအသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခုမေးကုန်အံ့။ပ။ ငါ့သျှင်ကဿပ အဘယ်ကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ “အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်မဟာကဿပသည် တပည့်တော်အား ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍ အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း ပံသုကူဓုတင်ဆောင်၍။ပ။ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း အလိုနည်းသူဖြစ်၍။ပ။ မိမိလည်းရောင့်ရဲဲလွယ်သူဖြစ်၍။ပ။ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်ခြင်းရှိသူဖြစ်၍။ပ။ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍။ပ။ မိမိလည်းအား ထုတ်ခြင်းလုံ့လရှိသူဖြစ်၍။ပ။ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက့်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကိုသိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။ သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ကဿပသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ကဿပသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲဲလွယ်သူဖြစ်၍ ရောင့်ရဲဲလွယ်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကိလေသာတို့မှ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူ ဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့် ပြည့်စုံသူ ဖြစ်၍ အထူးသိခြင်း ‘ပညာ’ နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့်ပြည့်စုံသူဖြစ်၍လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကိုသိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏ဟု (မိန့်တော်မူ၏)။

“Next I asked Mahākassapa the same question. He said: ‘It’s a mendicant who lives in the wilderness … and is accomplished in the knowledge and vision of freedom; and they praise these things. That’s the kind of mendicant who would grace this park.’” “Good, good, Sāriputta! Kassapa answered in the right way for him. For Kassapa lives in the wilderness … and is accomplished in the knowledge and vision of freedom; and he praises these things.”

စာ-၂၇၉

၃၄၃။ ‘‘ဧဝံ ဝုတ္တေ, အဟံ ဘန္တေ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဧတဒဝေါစံ – ‘ဗျာကတံ ခေါ, အာဝုသော မောဂ္ဂလ္လာန, အာယသ္မတာ မဟာကဿပေန ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ပုစ္ဆာမ…ပေ… ကထံရူပေန, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ? ဧဝံ ဝုတ္တေ, ဘန္တေ, အာယသ္မာ မဟာမောဂ္ဂလ္လာနော မံ ဧတဒဝေါစ – ‘ဣဓာဝုသော သာရိပုတ္တ, ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ။ တေ အညမညံ ပဉှံ ပုစ္ဆန္တိ, အညမညဿ ပဉှံ ပုဋ္ဌာ ဝိဿဇ္ဇေန္တိ, နော စ သံသာဒေန္တိ, ဓမ္မီ စ နေသံ ကထာ ပဝတ္တိနီ ဟောတိ။ ဧဝရူပေန ခေါ, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, သာရိပုတ္တ, ယထာ တံ မောဂ္ဂလ္လာနောဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ မောဂ္ဂလ္လာနော ဟိ, သာရိပုတ္တ, ဓမ္မကထိကော’’တိ။

၃၄၃။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာမောဂ္ဂလာန်အား- “ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့။ပ။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်မဟာမောဂ္ဂလာန်သည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်းမေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်းရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။ သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ မောဂ္ဂလာန်သည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ မောဂ္ဂလာန်သည် တရားကို ဟောကြားပြောဆိုတတ်သူ ‘ဓမ္မကထိက’ တည်းဟု (မိန့်တော်မူ၏)။

“Next I asked Mahāmoggallāna the same question. He said: ‘It’s when two mendicants engage in discussion about the teaching … That’s the kind of mendicant who would grace this park.’” “Good, good, Sāriputta! Moggallāna answered in the right way for him. For Moggallāna is a Dhamma speaker.”

၃၄၄။ ဧဝံ ဝုတ္တေ, အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အထ ခွါဟံ, ဘန္တေ, အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစံ – ‘ဗျာကတံ ခေါ, အာဝုသော သာရိပုတ္တ, အမှေဟိ သဗ္ဗေဟေဝ ယထာသကံ ပဋိဘာနံ။ တတ္ထ ဒါနိ မယံ အာယသ္မန္တံ သာရိပုတ္တံ ပုစ္ဆာမ – ရမဏီယံ, အာဝုသော သာရိပုတ္တ, ဂေါသိင်္ဂသာလဝနံ, ဒေါသိနာ ရတ္တိ, သဗ္ဗဖာလိဖုလ္လာ သာလာ, ဒိဗ္ဗာ, မညေ, ဂန္ဓာ သမ္ပဝန္တိ။ ကထံရူပေန, အာဝုသော သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’တိ? ဧဝံ ဝုတ္တေ, ဘန္တေ, အာယသ္မာ သာရိပုတ္တော မံ ဧတဒဝေါစ – ‘ဣဓာဝုသော, မောဂ္ဂလ္လာန, ဘိက္ခု စိတ္တံ ဝသံ ဝတ္တေတိ နော စ ဘိက္ခု စိတ္တဿ ဝသေန ဝတ္တတိ။ သော ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ ပုဗ္ဗဏှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ ပုဗ္ဗဏှသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ မဇ္ဈနှိကသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ မဇ္ဈနှိကသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ သာယနှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ သာယနှသမယံ ဝိဟရတိ။ သေယျထာပိ, အာဝုသော မောဂ္ဂလ္လာန, ရညော ဝါ ရာဇမဟာမတ္တဿ ဝါ နာနာရတ္တာနံ ဒုဿာနံ ဒုဿကရဏ္ဍကော ပူရော အဿ။ သော ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ ပုဗ္ဗဏှသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ ပုဗ္ဗဏှသမယံ ပါရုပေယျ၊ ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ မဇ္ဈနှိကသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ မဇ္ဈနှိကသမယံ ပါရုပေယျ၊ ယညဒေဝ ဒုဿယုဂံ အာကင်္ခေယျ သာယနှသမယံ ပါရုပိတုံ, တံ တဒေဝ ဒုဿယုဂံ သာယနှသမယံ ပါရုပေယျ။ ဧဝမေဝ ခေါ, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခု စိတ္တံ ဝသံ ဝတ္တေတိ, နော စ ဘိက္ခု စိတ္တဿ ဝသေန ဝတ္တတိ။ သော ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ ပုဗ္ဗဏှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ ပုဗ္ဗဏှသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ မဇ္ဈနှိကသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ မဇ္ဈနှိကသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ သာယနှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ သာယနှသမယံ ဝိဟရတိ။ ဧဝရူပေန ခေါ, အာဝုသော မောဂ္ဂလ္လာန, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’’တိ။ ‘‘သာဓု သာဓု, မောဂ္ဂလ္လာန! ယထာ တံ သာရိပုတ္တောဝ သမ္မာ ဗျာကရမာနော ဗျာကရေယျ။ သာရိပုတ္တော ဟိ, မောဂ္ဂလ္လာန, စိတ္တံ ဝသံ ဝတ္တေတိ နော စ သာရိပုတ္တော စိတ္တဿ ဝသေန ဝတ္တတိ။ သော ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ ပုဗ္ဗဏှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ ပုဗ္ဗဏှသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ မဇ္ဈနှိကသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ မဇ္ဈနှိကသမယံ ဝိဟရတိ၊ ယာယ ဝိဟာရသမာပတ္တိယာ အာကင်္ခတိ သာယနှသမယံ ဝိဟရိတုံ, တာယ ဝိဟာရသမာပတ္တိယာ သာယနှသမယံ ဝိဟရတီ’’တိ။

၃၄၄။ ဤသို့ မိန့်ကြားသော် အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားအား “အသျှင်ဘုရား ထိုအခါတပည့်တော်သည် အသျှင်သာရိပုတြာအား- “ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲဲ့ကြပြီ။ ထိုအချက်၌တပည့်တော်တို့သည် အသျှင်သာရိပုတြာကို ယခုမေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဥ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲဲ့ သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆို မေး မြန်းပြန်ပါသည်။ အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်သာရိပုတြာသည် တပည့်တော်အား ‘ငါ့သျှင် မောဂ္ဂလာန်ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်းမဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ ပုဆိုးသေတ္တာသည် အမျိုးမျိုးဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက်ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသောပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်’အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကိုနေ့လယ် ‘မွန်းတည့်’အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။ ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင် ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေ၏၊ ရဟန်းသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။ မောဂ္ဂလာန် ကောင်း၏၊ ကောင်း၏၊ သာရိပုတြာသည် ကောင်းစွာဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ မောဂ္ဂလာန် (မှန်၏)။ သာရိပုတြာသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ သာရိပုတြာသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုသာရိပုတြာသည် နံနက်အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏ဟု (မိန့်တော်မူ၏)။

When he had spoken, Moggallāna said to the Buddha, “Next, I asked Sāriputta: ‘Each of us has spoken according to our own inspiration. And now we ask you: Reverend Sāriputta, the sal forest park at Gosiṅga is lovely, the night is bright, the sal trees are in full blossom, and heavenly scents seem to float on the air. What kind of mendicant would grace this park?’ When I had spoken, Sāriputta said to me: ‘Reverend Moggallāna, it’s when a mendicant masters their mind and is not mastered by it … That’s the kind of mendicant who would grace this park.’” “Good, good, Moggallāna! Sāriputta answered in the right way for him. For Sāriputta masters his mind and is not mastered by it …”

စာ-၂၈၁

၃၄၅။ ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကဿ နု ခေါ, ဘန္တေ, သုဘာသိတ’’န္တိ? ‘‘သဗ္ဗေသံ ဝေါ, သာရိပုတ္တ, သုဘာသိတံ ပရိယာယေန။ အပိ စ မမပိ သုဏာထ ယထာရူပေန ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျ။ ဣဓ, သာရိပုတ္တ, ဘိက္ခု ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ – ‘န တာဝါဟံ ဣမံ ပလ္လင်္ကံ ဘိန္ဒိဿာမိ ယာဝ မေ နာနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိဿတီ’တိ။ ဧဝရူပေန ခေါ, သာရိပုတ္တ, ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ အာယသ္မန္တော [တေ ဘိက္ခူ (က။)] ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာဂေါသိင်္ဂသုတ္တံ နိဋ္ဌိတံ ဒုတိယံ။

၃၄၅။ ဤသို့ မိန့်ကြားတော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သော စကားပါနည်း” ဟု လျှောက်၏။ သာရိပုတြာသင်တို့ အားလုံး၏ စကားသည် အကြောင်း ‘ပရိယာယ်’အားဖြင့် ကောင်းစွာဆိုအပ်သောစကားချည်းပေတည်း။ သို့သော်လည်း ငါ၏ စကားကိုလည်း နာကြဦးလော့၊ အဘယ်ကဲဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်းဆိုသော် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် ဆွမ်း ခံရာမှ ပြန်ခဲဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ် ဖွဲဲ့ခွေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု (သတိကို) ဖြစ်စေလျက် “အကြင်မျှလောက်ငါ၏စိတ်သည် မစွဲဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်မြောက်သေး၊ ထိုမျှလောက် ငါသည်ဤထက်ဝယ်ဖွဲဲ့ခွေ နေခြင်းကို မဖျက်တော့အံ့” ဟု အဓိဋ္ဌာန်၍ ထိုင်နေ၏။ သာရိပုတြာ ဤကဲဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင် ရာ၏ဟု မြတ်စွာဘုရားသည်ဤတရားကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ နှစ်ခုမြောက် မဟာဂေါသိင်္ဂသုတ်ပြီး၏။

When he had spoken, Sāriputta asked the Buddha, “Sir, who has spoken well?” “You’ve all spoken well in your own way. However, listen to me also as to what kind of mendicant would grace this sal forest park at Gosiṅga. It’s a mendicant who, after the meal, returns from almsround, sits down cross-legged, sets their body straight, and brings mindfulness to the present, thinking: ‘I will not break this sitting posture until my mind is freed from the defilements by not grasping!’ That’s the kind of mendicant who would grace this park.” That is what the Buddha said. Satisfied, those venerables approved what the Buddha said.

၃။ မဟာဂေါပါလကသုတ္တံ

၃၄၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဧကာဒသဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ဂေါပါလကော အဘဗ္ဗော ဂေါဂဏံ ပရိဟရိတုံ ဖာတိံ ကာတုံ [ဖာတိကတ္တုံ (သီ။ ပီ။), ဖာတိကာတုံ (သျာ။ ကံ။)]။ ကတမေဟိ ဧကာဒသဟိ? ဣဓ, ဘိက္ခဝေ, ဂေါပါလကော န ရူပညူ ဟောတိ, န လက္ခဏကုသလော ဟောတိ, န အာသာဋိကံ ဟာရေတာ [သာဋေတာ (သီ။ သျာ။ ကံ။ ပီ။)] ဟောတိ, န ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ, န ဓူမံ ကတ္တာ ဟောတိ, န တိတ္ထံ ဇာနာတိ, န ပီတံ ဇာနာတိ, န ဝီထိံ ဇာနာတိ, န ဂေါစရကုသလော ဟောတိ အနဝသေသဒေါဟီ စ ဟောတိ။ ယေ တေ ဥသဘာ ဂေါပိတရော ဂေါပရိဏာယကာ တေ န အတိရေကပူဇာယ ပူဇေတာ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, ဧကာဒသဟိ အင်္ဂေဟိ သမန္နာဂတော ဂေါပါလကော အဘဗ္ဗော ဂေါဂဏံ ပရိဟရိတုံ ဖာတိံ ကာတုံ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဧကာဒသဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အဘဗ္ဗော ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိတုံ။ ကတမေဟိ ဧကာဒသဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု န ရူပညူ ဟောတိ, န လက္ခဏကုသလော ဟောတိ, န အာသာဋိကံ ဟာရေတာ ဟောတိ, န ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ, န ဓူမံ ကတ္တာ ဟောတိ, န တိတ္ထံ ဇာနာတိ, န ပီတံ ဇာနာတိ, န ဝီထိံ ဇာနာတိ, န ဂေါစရကုသလော ဟောတိ, အနဝသေသဒေါဟီ စ ဟောတိ။ ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေ န အတိရေကပူဇာယ ပူဇေတာ ဟောတိ။

၃- မဟာဂေါပါလကသုတ် ၃၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏ - ရဟန်းတို့ အဂ,တစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့် ထိန်းရန်တိုးပွားအောင်ပြုရန် မစွမ်းနိုင်ပေ။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤ လောက၌နွားကျောင်းသားသည် ရုပ်အဆင်းကို မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥတိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်းမပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်းမသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်း အကြွင်းမဲ့ညှစ်ပေ၏၊ နွားတို့၏ အဖနွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့်လည်း မပူဇော်ပေ။ ရဟန်းတို့ ဤအဂ,တစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့်ထိန်းရန်တိုးပွားအောင် ပြုရန် မစွမ်းနိုင်ပေ။ ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်ပေ။ အဘယ်တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကိုလည်း မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်း မပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်း မသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်းအကြွင်းမဲ့ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်မြတ်သော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။

Middle Discourses 33 The Longer Discourse on the Cowherd So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, a cowherd with eleven factors can’t maintain and expand a herd of cattle. What eleven? It’s when a cowherd doesn’t know form, is unskilled in characteristics, doesn’t pick out flies’ eggs, doesn’t dress wounds, doesn’t spread smoke, doesn’t know the ford, doesn’t know satisfaction, doesn’t know the trail, is not skilled in ranges, milks dry, and doesn’t show extra respect to the bulls who are fathers and captains of the herd. A cowherd with these eleven factors can’t maintain and expand a herd of cattle. In the same way, a mendicant with eleven qualities can’t achieve growth, improvement, or maturity in this teaching and training. What eleven? It’s when a mendicant doesn’t know form, is unskilled in characteristics, doesn’t pick out flies’ eggs, doesn’t dress wounds, doesn’t spread smoke, doesn’t know the ford, doesn’t know satisfaction, doesn’t know the trail, is not skilled in ranges, milks dry, and doesn’t show extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha.

စာ-၂၈၂

၃၄၇။ ‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ရူပညူ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယံ ကိဉ္စိ ရူပံ သဗ္ဗံ ရူပံ ‘စတ္တာရိ မဟာဘူတာနိ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပ’န္တိ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ရူပညူ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န လက္ခဏကုသလော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ‘ကမ္မလက္ခဏော ဗာလော, ကမ္မလက္ခဏော ပဏ္ဍိတော’တိ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န လက္ခဏကုသလော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န အာသာဋိကံ ဟာရေတာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဥပ္ပန္နံ ကာမဝိတက္ကံ အဓိဝါသေတိ, နပ္ပဇဟတိ န ဝိနောဒေတိ န ဗျန္တီ ကရောတိ န အနဘာဝံ ဂမေတိ။ ဥပ္ပန္နံ ဗျာပါဒဝိတက္ကံ…ပေ… ဥပ္ပန္နံ ဝိဟိံသာဝိတက္ကံ…ပေ… ဥပ္ပန္နုပ္ပန္နေ ပါပကေ အကုသလေ ဓမ္မေ အဓိဝါသေတိ, နပ္ပဇဟတိ န ဝိနောဒေတိ န ဗျန္တီ ကရောတိ န အနဘာဝံ ဂမေတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န အာသာဋိကံ ဟာရေတာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နိမိတ္တဂ္ဂါဟီ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ န ပဋိပဇ္ဇတိ, န ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟီ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ န ပဋိပဇ္ဇတိ, န ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ဓူမံ ကတ္တာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ န ဝိတ္ထာရေန ပရေသံ ဒေသေတာ ဟောတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ဓူမံ ကတ္တာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န တိတ္ထံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ဗဟုဿုတာ အာဂတာဂမာ ဓမ္မဓရာ ဝိနယဓရာ မာတိကာဓရာ, တေ ကာလေန ကာလံ ဥပသင်္ကမိတွာ န ပရိပုစ္ဆတိ, န ပရိပဉှတိ – ‘ဣဒံ, ဘန္တေ, ကထံ? ဣမဿ ကော အတ္ထော’တိ? တဿ တေ အာယသ္မန္တော အဝိဝဋဉ္စေဝ န ဝိဝရန္တိ, အနုတ္တာနီကတဉ္စ န ဥတ္တာနီ ကရောန္တိ, အနေကဝိဟိတေသု စ ကင်္ခါဌာနီယေသု ဓမ္မေသု ကင်္ခံ န ပဋိဝိနောဒေန္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န တိတ္ထံ ဇာနာတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ပီတံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ ဒေသိယမာနေ န လဘတိ အတ္ထဝေဒံ, န လဘတိ ဓမ္မဝေဒံ, န လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ပီတံ ဇာနာတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ဝီထိံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ဝီထိံ ဇာနာတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န ဂေါစရကုသလော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စတ္တာရော သတိပဋ္ဌာနေ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု န ဂေါစရကုသလော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု အနဝသေသဒေါဟီ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုံ သဒ္ဓါ ဂဟပတိကာ အဘိဟဋ္ဌုံ ပဝါရေန္တိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေဟိ, တတြ ဘိက္ခု မတ္တံ န ဇာနာတိ ပဋိဂ္ဂဟဏာယ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု အနဝသေသဒေါဟီ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေ န အတိရေကပူဇာယ ပူဇေတာ ဟောတိ။ ဣဓ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ, တေသု န မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ၊ န မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ၊ န မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေ န အတိရေကပူဇာယ ပူဇေတာ ဟောတိ။

‘‘ဣမေဟိ ခေါ ဘိက္ခဝေ ဧကာဒသဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အဘဗ္ဗော ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိတုံ။

၃၄၇။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရုပ်အဆင်းကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါ’ ရုပ်ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကိုမသိပေ။ (၁) ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အမှတ်လက္ခဏာ၌ မလိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “လူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ မလိမ္မာပေ။ (၂) ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို မပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင်း ‘ကာမဝိတက်’ ကိုလက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ်ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ဖြစ်ပေါ်လာသော ပျက်စီးစေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’ ကို။ပ။ ဖြစ်ပေါ်လာသော ညှဥ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ် ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥတိုးပွါးသည်ကို မပယ်ဖျောက်ပေ။ (၃) ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းသနည်း။ ရဟန်းတို့့ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေ စသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟုဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့မရောက်။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းပေ။ (၄) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မီးခိုးကို မပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားပြင့် သူတစ်ပါးကို မဟောကြား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို မပြုပေ။ (၅) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဥ်းကပ်၍ “အသျှင်ဘုရားဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်သို့နည်း” ဟု ပါဠိအဋ္ဌကထာကို မမေးမြန်း။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားရာ (ဌာန) တရားတို့၌လည်း ယုံမှားမှုကိုမပယ်ဖျောက်ကြကုန်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိပေ။ (၆) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို မသိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက် အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို မရ၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို မရ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်ရေသောက်ပြီးသည် မပြီးသည်ကို မသိပေ။ (၇) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဖြူစင်သော အဂ,ရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် လမ်းခရီးကို မသိပေ။ (၈) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာပေ။ (၉) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ ညှစ်တတ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည့်ခံယူခြင်းငှါ အတိုင်းအရှည်ကို မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ညှစ်တတ်သည် မည်ပေ၏။ (၁၀) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်ကြသော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကို မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက် ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။ (၁၁) ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်။

And how does a mendicant not know form? It’s when a mendicant doesn’t truly understand that all form is the four principal states, or form derived from the four principal states. That’s how a mendicant doesn’t know form. And how is a mendicant not skilled in characteristics? It’s when a mendicant doesn’t understand that a fool is characterized by their deeds, and an astute person is characterized by their deeds. That’s how a mendicant isn’t skilled in characteristics. And how does a mendicant not pick out flies’ eggs? It’s when a mendicant tolerates a sensual, malicious, or cruel thought that has arisen. They tolerate any bad, unskillful qualities that have arisen. They don’t give them up, dispel them, eliminate them, and obliterate them. That’s how a mendicant doesn’t pick out flies’ eggs. And how does a mendicant not dress wounds? When a mendicant sees a sight with their eyes, they get caught up in the features and details. Since the faculty of sight is left unrestrained, bad unskillful qualities of covetousness and displeasure become overwhelming. They don’t practice restraint, they don’t protect the faculty of sight, and they don’t achieve its restraint. When they hear a sound with their ears … smell an odor with their nose … taste a flavor with their tongue … feel a touch with their body … know an idea with their mind, they get caught up in the features and details. Since the faculty of the mind is left unrestrained, bad unskillful qualities of covetousness and displeasure become overwhelming. They don’t practice restraint, they don’t protect the faculty of the mind, and they don’t achieve its restraint. That’s how a mendicant doesn’t dress wounds. And how does a mendicant not spread smoke? It’s when a mendicant doesn’t teach others the Dhamma in detail as they learned and memorized it. That’s how a mendicant doesn’t spread smoke. And how does a mendicant not know the ford? It’s when a mendicant doesn’t from time to time go up to those mendicants who are very learned—inheritors of the heritage, who have memorized the teachings, the monastic law, and the outlines—and ask them questions: ‘Why, sir, does it say this? What does that mean?’ Those venerables don’t reveal what is hidden, clarify what is unclear, and dispel doubt regarding the many doubtful matters. That’s how a mendicant doesn’t know the ford. And how does a mendicant not know satisfaction? It’s when a mendicant, when the teaching and training proclaimed by the Realized One are being taught, finds no inspiration in the meaning and the teaching, and finds no joy connected with the teaching. That’s how a mendicant doesn’t know satisfaction. And how does a mendicant not know the trail? It’s when a mendicant doesn’t truly understand the noble eightfold path. That’s how a mendicant doesn’t know the trail. And how is a mendicant not skilled in ranges? It’s when a mendicant doesn’t truly understand the four kinds of mindfulness meditation. That’s how a mendicant is not skilled in ranges. And how does a mendicant milk dry? It’s when a mendicant is invited by a householder to accept robes, almsfood, lodgings, and medicines and supplies for the sick, and that mendicant doesn’t know moderation in accepting. That’s how a mendicant milks dry. And how does a mendicant not show extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha? It’s when a mendicant doesn’t consistently treat senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha with kindness by way of body, speech, and mind, both in public and in private. That’s how a mendicant doesn’t show extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha. A mendicant with these eleven qualities can’t achieve growth, improvement, or maturity in this teaching and training.

၃၄၈။ ‘‘ဧကာဒသဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ဂေါပါလကော ဘဗ္ဗော ဂေါဂဏံ ပရိဟရိတုံ ဖာတိံ ကာတုံ။ ကတမေဟိ ဧကာဒသဟိ? ဣဓ, ဘိက္ခဝေ, ဂေါပါလကော ရူပညူ ဟောတိ, လက္ခဏကုသလော ဟောတိ, အာသာဋိကံ ဟာရေတာ ဟောတိ, ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ, ဓူမံ ကတ္တာ ဟောတိ, တိတ္ထံ ဇာနာတိ, ပီတံ ဇာနာတိ, ဝီထိံ ဇာနာတိ, ဂေါစရကုသလော ဟောတိ, သာဝသေသဒေါဟီ စ ဟောတိ။ ယေ တေ ဥသဘာ ဂေါပိတရော ဂေါပရိဏာယကာ တေ အတိရေကပူဇာယ ပူဇေတာ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, ဧကာဒသဟိ အင်္ဂေဟိ သမန္နာဂတော ဂေါပါလကော ဘဗ္ဗော ဂေါဂဏံ ပရိဟရိတုံ ဖာတိံ ကာတုံ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဧကာဒသဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိတုံ။ ကတမေဟိ ဧကာဒသဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ရူပညူ ဟောတိ, လက္ခဏကုသလော ဟောတိ, အာသာဋိကံ ဟာရေတာ ဟောတိ, ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ, ဓူမံ ကတ္တာ ဟောတိ, တိတ္ထံ ဇာနာတိ, ပီတံ ဇာနာတိ, ဝီထိံ ဇာနာတိ, ဂေါစရကုသလော ဟောတိ, သာဝသေသဒေါဟီ စ ဟောတိ။ ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေ အတိရေကပူဇာယ ပူဇေတာ ဟောတိ။

၃၄၈။ ရဟန်းတို့ အဂ,တစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကိုစောင့်ထိန်းရန် တိုးပွားအောင် ပြုရန် စွမ်းနိုင်၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာပေ၏၊ အနာ၌ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ် မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်း လိမ္မာပေ၏၊ (နို့ရည်ကို) အကြွင်း ထား၍ ညှစ်ပေ၏၊ နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသောပူဇော်ခြင်းဖြင့်လည်း ပူဇော်ပေ၏။ ရဟန်းတို့ ဤအဂ,တစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသောနွားကျောင်းသား သည် နွားအုပ်ကို စောင့်ထိန်းရန် တိုးပွားအောင်ပြုရန် စွမ်းနိုင်ပေ၏။ ရဟန်းတို့ ဤအတူပင်လျှင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်ပေ၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာ၏၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ်မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်းလိမ္မာပေ၏၊ နို့ရည်ကိုလည်း အကြွင်းထား၍ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သောသံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။

A cowherd with eleven factors can maintain and expand a herd of cattle. What eleven? It’s when a cowherd knows form, is skilled in characteristics, picks out flies’ eggs, dresses wounds, spreads smoke, knows the ford, knows satisfaction, knows the trail, is skilled in ranges, doesn’t milk dry, and shows extra respect to the bulls who are fathers and captains of the herd. A cowherd with these eleven factors can maintain and expand a herd of cattle. In the same way, a mendicant with eleven qualities can achieve growth, improvement, and maturity in this teaching and training. What eleven? It’s when a mendicant knows form, is skilled in characteristics, picks out flies’ eggs, dresses wounds, spreads smoke, knows the ford, knows satisfaction, knows the trail, is skilled in ranges, doesn’t milk dry, and shows extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha.

၃၄၉။ ‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ရူပညူ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယံ ကိဉ္စိ ရူပံ သဗ္ဗံ ရူပံ ‘စတ္တာရိ မဟာဘူတာနိ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပ’န္တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ရူပညူ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု လက္ခဏကုသလော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ကမ္မလက္ခဏော ဗာလော, ကမ္မလက္ခဏော ပဏ္ဍိတောတိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု လက္ခဏကုသလော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု အာသာဋိကံ ဟာရေတာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဥပ္ပန္နံ ကာမဝိတက္ကံ နာဓိဝါသေတိ, ပဇဟတိ ဝိနောဒေတိ ဗျန္တီ ကရောတိ အနဘာဝံ ဂမေတိ။ ဥပ္ပန္နံ ဗျာပါဒဝိတက္ကံ…ပေ… ဥပ္ပန္နံ ဝိဟိံသာဝိတက္ကံ…ပေ… ဥပ္ပန္နုပ္ပန္နေ ပါပကေ အကုသလေ ဓမ္မေ နာဓိဝါသေတိ, ပဇဟတိ ဝိနောဒေတိ ဗျန္တီ ကရောတိ အနဘာဝံ ဂမေတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု အာသာဋိကံ ဟာရေတာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝဏံ ပဋိစ္ဆာဒေတာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဓူမံ ကတ္တာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ ဝိတ္ထာရေန ပရေသံ ဒေသေတာ ဟောတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဓူမံ ကတ္တာ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု တိတ္ထံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ဗဟုဿုတာ အာဂတာဂမာ ဓမ္မဓရာ ဝိနယဓရာ မာတိကာဓရာ တေ ကာလေန ကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ, ပရိပဉှတိ – ‘ဣဒံ, ဘန္တေ, ကထံ? ဣမဿ ကော အတ္ထော’တိ? တဿ တေ အာယသ္မန္တော အဝိဝဋဉ္စေဝ ဝိဝရန္တိ, အနုတ္တာနီကတဉ္စ ဥတ္တာနီ ကရောန္တိ, အနေကဝိဟိတေသု စ ကင်္ခါဌာနီယေသု ဓမ္မေသု ကင်္ခံ ပဋိဝိနောဒေန္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု တိတ္ထံ ဇာနာတိ။

‘‘ကထဉ္စ ဘိက္ခဝေ, ဘိက္ခု ပီတံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ ဒေသိယမာနေ လဘတိ အတ္ထဝေဒံ, လဘတိ ဓမ္မဝေဒံ, လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ပီတံ ဇာနာတိ။

ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝီထိံ ဇာနာတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝီထိံ ဇာနာတိ။

ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဂေါစရကုသလော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စတ္တာရော သတိပဋ္ဌာနေ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဂေါစရကုသလော ဟောတိ။

ကထဉ္စ ဘိက္ခဝေ, ဘိက္ခု သာဝသေသဒေါဟီ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုံ သဒ္ဓါ ဂဟပတိကာ အဘိဟဋ္ဌုံ ပဝါရေန္တိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေဟိ။ တတြ ဘိက္ခု မတ္တံ ဇာနာတိ ပဋိဂ္ဂဟဏာယ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သာဝသေသဒေါဟီ ဟောတိ။

ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ, တေ အတိရေကပူဇာယ ပူဇေတာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေသု မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ၊ မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ၊ မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌာပေတိ အာဝိ စေဝ ရဟော စ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပိတရော သံဃပရိဏာယကာ တေ အတိရေကပူဇာယ ပူဇေတာ ဟောတိ။

ဣမေဟိ ခေါ, ဘိက္ခဝေ, ဧကာဒသဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိတု’’န္တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာဂေါပါလကသုတ္တံ နိဋ္ဌိတံ တတိယံ။

၃၄၉။ ရဟန်းတို့ အဘယ်သို့လျှင် ရုပ်အဆင်းကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါရုပ်’ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်အဆင်းကို သိပေ၏။ (၁) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာ၏။ (၂) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို ပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင့်း ‘ကာမဝိတက်’ ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီး စေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’ကို။ပ။ ဖြစ်ပေါ်လာသော ညှဥ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်အနာ၌ ယင်ချေးဥ တိုးပွါး သည်ကို ပယ်ဖျောက်ပေ၏။ (၃) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကိုစွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်တို့ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည်အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေ ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏။ (၄) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းတို့သည် မီးခိုးကို ပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို ပြုပေ၏။ (၅) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဥ်းကပ်၍ “အသျှင်ဘုရား ဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်နည်း” ဟု ပါဠိအဋ္ဌကထာကို မေးမြန်း၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များပြားသော ယုံမှားရာတရားတို့၌ ယုံမှားမှုကိုပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို သိပေ၏။ (၆) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက်အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို ရ၏၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိပေ၏။ (၇) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြူစင်သော အဂ,ရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိပေ၏။ (၈)ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာပေ၏။ (၉) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ ညှစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည်ခံယူခြင်းငှါ အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ညှစ်သည် မည်ပေ၏။ (၁၀) ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်းရှေးရှုဖြစ်စေ၏။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီး ဖြစ်ကုန်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။ (၁၁) ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ သုံးခုမြောက် မဟာဂေါပါလကသုတ်ပြီး၏။

And how does a mendicant know form? It’s when a mendicant truly understands that all form is the four principal states, or form derived from the four principal states. That’s how a mendicant knows form. And how is a mendicant skilled in characteristics? It’s when a mendicant understands that a fool is characterized by their deeds, and an astute person is characterized by their deeds. That’s how a mendicant is skilled in characteristics. And how does a mendicant pick out flies’ eggs? It’s when a mendicant doesn’t tolerate a sensual, malicious, or cruel thought that has arisen. They don’t tolerate any bad, unskillful qualities that have arisen, but give them up, dispel them, eliminate them, and obliterate them. That’s how a mendicant picks out flies’ eggs. And how does a mendicant dress wounds? When a mendicant sees a sight with their eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … smell an odor with their nose … taste a flavor with their tongue … feel a touch with their body … know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. That’s how a mendicant dresses wounds. And how does a mendicant spread smoke? It’s when a mendicant teaches others the Dhamma in detail as they learned and memorized it. That’s how a mendicant spreads smoke. And how does a mendicant know the ford? It’s when from time to time a mendicant goes up to those mendicants who are very learned—inheritors of the heritage, who have memorized the teachings, the monastic law, and the outlines—and asks them questions: ‘Why, sir, does it say this? What does that mean?’ Those venerables reveal what is hidden, clarify what is unclear, and dispel doubt regarding the many doubtful matters. That’s how a mendicant knows the ford. And how does a mendicant know satisfaction? It’s when a mendicant, when the teaching and training proclaimed by the Realized One are being taught, finds inspiration in the meaning and the teaching, and finds joy connected with the teaching. That’s how a mendicant knows satisfaction. And how does a mendicant know the trail? It’s when a mendicant truly understands the noble eightfold path. That’s how a mendicant knows the trail. And how is a mendicant skilled in ranges? It’s when a mendicant truly understands the four kinds of mindfulness meditation. That’s how a mendicant is skilled in ranges. And how does a mendicant not milk dry? It’s when a mendicant is invited by a householder to accept robes, almsfood, lodgings, and medicines and supplies for the sick, and that mendicant knows moderation in accepting. That’s how a mendicant doesn’t milk dry. And how does a mendicant show extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha? It’s when a mendicant consistently treats senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha with kindness by way of body, speech, and mind, both in public and in private. That’s how a mendicant shows extra respect to senior mendicants of long standing, long gone forth, fathers and leaders of the Saṅgha. A mendicant with these eleven qualities can achieve growth, improvement, and maturity in this teaching and training.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၄။ စူဠဂေါပါလကသုတ္တံ

၃၅၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝဇ္ဇီသု ဝိဟရတိ ဥက္ကစေလာယံ ဂင်္ဂါယ နဒိယာ တီရေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, မာဂဓကော ဂေါပါလကော ဒုပ္ပညဇာတိကော, ဝဿာနံ ပစ္ဆိမေ မာသေ သရဒသမယေ, အသမဝေက္ခိတွာ ဂင်္ဂါယ နဒိယာ ဩရိမံ တီရံ, အသမဝေက္ခိတွာ ပါရိမံ တီရံ, အတိတ္ထေနေဝ ဂါဝေါ ပတာရေသိ ဥတ္တရံ တီရံ သုဝိဒေဟာနံ။ အထ ခေါ, ဘိက္ခဝေ, ဂါဝေါ မဇ္ဈေဂင်္ဂါယ နဒိယာ သောတေ အာမဏ္ဍလိယံ ကရိတွာ တတ္ထေဝ အနယဗျသနံ အာပဇ္ဇိံသု။ တံ ကိဿ ဟေတု? တထာ ဟိ သော, ဘိက္ခဝေ, မာဂဓကော ဂေါပါလကော ဒုပ္ပညဇာတိကော, ဝဿာနံ ပစ္ဆိမေ မာသေ သရဒသမယေ, အသမဝေက္ခိတွာ ဂင်္ဂါယ နဒိယာ ဩရိမံ တီရံ, အသမဝေက္ခိတွာ ပါရိမံ တီရံ, အတိတ္ထေနေဝ ဂါဝေါ ပတာရေသိ ဥတ္တရံ တီရံ သုဝိဒေဟာနံ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ ဟိ ကေစိ [ယေ ကေစိ (သျာ။ ကံ။)] သမဏာ ဝါ ဗြာဟ္မဏာ ဝါ အကုသလာ ဣမဿ လောကဿ အကုသလာ ပရဿ လောကဿ, အကုသလာ မာရဓေယျဿ အကုသလာ အမာရဓေယျဿ, အကုသလာ မစ္စုဓေယျဿ အကုသလာ အမစ္စုဓေယျဿ, တေသံ ယေ သောတဗ္ဗံ သဒ္ဒဟာတဗ္ဗံ မညိဿန္တိ, တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။

၄- စူဠဂေါပါလကသုတ် ၃၅၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်ကြားတော်မူ၏ - ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာ ဘက်ကမ်းကိုလည်းမစူးစမ်း မဆင်ခြင်ဘဲ ထိုမှာ ဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာ အရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေ၏။ ရဟန်းတို့ ထိုအခါ နွားတို့သည်ဂင်္ဂါမြစ်၏ အလယ်ရေအယဥ်၌ ချာချာလည်၍ ထိုရေအယဥ်၌သာလျှင် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ထိုသို့ ပျက်စီးခြင်းသို့ ရောက်ရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသားပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း မစူးစမ်း မဆင်ခြင်ဘဲ ထိုမှာဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာအရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ့သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ မလိမ္မာကုန်သော တမလွန်လောက၌ မလိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ မလိမ္မာကုန်သော သမဏဗြာဟ္မဏအချို့တို့၏ (စကားကို) နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာစွာသောကာလပတ်လုံး စီးပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။

Middle Discourses 34 The Shorter Discourse on the Cowherd So I have heard. At one time the Buddha was staying in the land of the Vajjis near Ukkacelā on the bank of the Ganges River. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, there was an unintelligent Magadhan cowherd. In the last month of the rainy season, in autumn, without inspecting the near shore or the far shore, he drove his cattle across a place with no ford on the Ganges River to the northern shore among the Suvidehans. But the cattle bunched up in mid-stream and came to ruin right there. Why is that? Because the unintelligent cowherd failed to inspect the shores before driving the cattle across at a place with no ford. In the same way, there are ascetics and brahmins who are unskilled in this world and the other world, unskilled in Māra’s dominion and its opposite, and unskilled in Death’s dominion and its opposite. If anyone thinks they are worth listening to and trusting, it will be for their lasting harm and suffering.

၃၅၁။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, မာဂဓကော ဂေါပါလကော သပ္ပညဇာတိကော, ဝဿာနံ ပစ္ဆိမေ မာသေ သရဒသမယေ, သမဝေက္ခိတွာ ဂင်္ဂါယ နဒိယာ ဩရိမံ တီရံ, သမဝေက္ခိတွာ ပါရိမံ တီရံ, တိတ္ထေနေဝ ဂါဝေါ ပတာရေသိ ဥတ္တရံ တီရံ သုဝိဒေဟာနံ။ သော ပဌမံ ပတာရေသိ ယေ တေ ဥသဘာ ဂေါပိတရော ဂေါပရိဏာယကာ။ တေ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု။ အထာပရေ ပတာရေသိ ဗလဝဂါဝေါ ဒမ္မဂါဝေါ။ တေပိ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု။ အထာပရေ ပတာရေသိ ဝစ္ဆတရေ ဝစ္ဆတရိယော။ တေပိ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု။ အထာပရေ ပတာရေသိ ဝစ္ဆကေ ကိသာဗလကေ [ကိသဗလကေ (သီ။ သျာ။ ပီ။)]။ တေပိ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု။ ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဝစ္ဆကော တရုဏကော တာဝဒေဝ ဇာတကော မာတုဂေါရဝကေန ဝုယှမာနော, သောပိ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမာသိ။ တံ ကိဿ ဟေတု? တထာ ဟိ သော, ဘိက္ခဝေ, မာဂဓကော ဂေါပါလကော သပ္ပညဇာတိကော, ဝဿာနံ ပစ္ဆိမေ မာသေ သရဒသမယေ, သမဝေက္ခိတွာ ဂင်္ဂါယ နဒိယာ ဩရိမံ တီရံ, သမဝေက္ခိတွာ ပါရိမံ တီရံ, တိတ္ထေနေဝ ဂါဝေါ ပတာရေသိ ဥတ္တရံ တီရံ သုဝိဒေဟာနံ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကုသလာ ဣမဿ လောကဿ ကုသလာ ပရဿ လောကဿ, ကုသလာ မာရဓေယျဿ ကုသလာ အမာရဓေယျဿ, ကုသလာ မစ္စုဓေယျဿ ကုသလာ အမစ္စုဓေယျဿ, တေသံ ယေ သောတဗ္ဗံ သဒ္ဒဟာတဗ္ဗံ မညိဿန္တိ, တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ။

၃၅၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသား သည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်းစူးစမ်းဆင်ခြင်၍ ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်းဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ၏၊ ထိုနွားကျောင်းသားသည် နွားတို့၏ အဖ နွားတို့၏ ဦးစီးဖြစ်သောနွားလားဥသဘတို့ကို ရှေးဦးစွာ ကူးမြောက်စေ၏၊ ထိုနွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြား အားကောင်းသော နွားနှင့်နွားသိုးတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားပေါက်နှင့် နွားမတန်းတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကိုဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားငယ်ကလေးတို့ကိုလည်းကောင်း၊ ပိန်ကြုံအားနည်းသော နွားတို့ကိုလည်းကောင်း ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်းဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူး၏၊ ထိုနွားသားငယ်သည်လည်း ဖီလာကန့်လန့်ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထိုသို့ရောက်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေသောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ လိမ္မာကုန်သော တမလွန်လောက၌ လိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာကုန်သော သမဏဗြာဟ္မဏ အချို့တို့၏ စကားကို နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသော သူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

Once upon a time, mendicants, there was an intelligent Magadhan cowherd. In the last month of the rainy season, in autumn, after inspecting the near shore and the far shore, he drove his cattle across a ford on the Ganges River to the northern shore among the Suvidehans. First he drove across the bulls, the fathers and captains of the herd. They breasted the stream of the Ganges and safely reached the far shore. Then he drove across the strong and tractable cattle. They too breasted the stream of the Ganges and safely reached the far shore. Then he drove across the bullocks and heifers. They too breasted the stream of the Ganges and safely reached the far shore. Then he drove across the calves and weak cattle. They too breasted the stream of the Ganges and safely reached the far shore. Once it happened that a baby calf had just been born. Urged on by its mother’s lowing, even it managed to breast the stream of the Ganges and safely reach the far shore. Why is that? Because the intelligent cowherd inspected both shores before driving the cattle across at a ford. In the same way, there are ascetics and brahmins who are skilled in this world and the other world, skilled in Māra’s dominion and its opposite, and skilled in Death’s dominion and its opposite. If anyone thinks they are worth listening to and trusting, it will be for their lasting welfare and happiness.

စာ-၂၈၈

၃၅၂။ ‘‘သေယျထာပိ, ဘိက္ခဝေ, ယေ တေ ဥသဘာ ဂေါပိတရော ဂေါပရိဏာယကာ တေ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု, ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ တေ ဘိက္ခူ အရဟန္တော ခီဏာသဝါ ဝုသိတဝန္တော ကတကရဏီယာ ဩဟိတဘာရာ အနုပ္ပတ္တသဒတ္ထာ ပရိက္ခီဏဘဝသံယောဇနာ သမ္မဒညာ ဝိမုတ္တာ, တေ တိရိယံ မာရဿ သောတံ ဆေတွာ သောတ္ထိနာ ပါရံ ဂတာ။

‘‘သေယျထာပိ တေ, ဘိက္ခဝေ, ဗလဝဂါဝေါ ဒမ္မဂါဝေါ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု, ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ တေ ဘိက္ခူ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကာ တတ္ထ ပရိနိဗ္ဗာယိနော အနာဝတ္တိဓမ္မာ တသ္မာ လောကာ, တေပိ တိရိယံ မာရဿ သောတံ ဆေတွာ သောတ္ထိနာ ပါရံ ဂမိဿန္တိ။

‘‘သေယျထာပိ တေ, ဘိက္ခဝေ, ဝစ္ဆတရာ ဝစ္ဆတရိယော တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု, ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ တေ ဘိက္ခူ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမိနော သကိံဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရိဿန္တိ, တေပိ တိရိယံ မာရဿ သောတံ ဆေတွာ သောတ္ထိနာ ပါရံ ဂမိဿန္တိ။

‘‘သေယျထာပိ တေ, ဘိက္ခဝေ, ဝစ္ဆကာ ကိသာဗလကာ တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမံသု, ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ တေ ဘိက္ခူ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နာ အဝိနိပါတဓမ္မာ နိယတာ သမ္ဗောဓိပရာယနာ, တေပိ တိရိယံ မာရဿ သောတံ ဆေတွာ သောတ္ထိနာ ပါရံ ဂမိဿန္တိ။

‘‘သေယျထာပိ သော, ဘိက္ခဝေ, ဝစ္ဆကော တရုဏကော တာဝဒေဝ ဇာတကော မာတုဂေါရဝကေန ဝုယှမာနော တိရိယံ ဂင်္ဂါယ သောတံ ဆေတွာ သောတ္ထိနာ ပါရံ အဂမာသိ, ဧဝမေဝ ခေါ, ဘိက္ခဝေ, ယေ တေ ဘိက္ခူ ဓမ္မာနုသာရိနော သဒ္ဓါနုသာရိနော, တေပိ တိရိယံ မာရဿ သောတံ ဆေတွာ သောတ္ထိနာ ပါရံ ဂမိဿန္တိ။

‘‘အဟံ ခေါ ပန, ဘိက္ခဝေ, ကုသလော ဣမဿ လောကဿ ကုသလော ပရဿ လောကဿ, ကုသလော မာရဓေယျဿ ကုသလော အမာရဓေယျဿ, ကုသလော မစ္စုဓေယျဿ ကုသလော အမစ္စုဓေယျဿ။ တဿ မယှံ, ဘိက္ခဝေ, ယေ သောတဗ္ဗံ သဒ္ဒဟာတဗ္ဗံ မညိဿန္တိ, တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာ သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

‘‘အယံ လောကော ပရော လောကော, ဇာနတာ သုပ္ပကာသိတော၊

ယဉ္စ မာရေန သမ္ပတ္တံ, အပ္ပတ္တံ ယဉ္စ မစ္စုနာ။

‘‘သဗ္ဗံ လောကံ အဘိညာယ, သမ္ဗုဒ္ဓေန ပဇာနတာ၊

ဝိဝဋံ အမတဒွါရံ, ခေမံ နိဗ္ဗာနပတ္တိယာ။

‘‘ဆိန္နံ ပါပိမတော သောတံ, ဝိဒ္ဓသ္တံ ဝိနဠီကတံ၊

ပါမောဇ္ဇဗဟုလာ ဟောထ, ခေမံ ပတ္တတ္ထ [ပတ္ထေထ (သျာ။ ကံ။ က။ အဋ္ဌကထာယံ သံဝဏ္ဏေတဗ္ဗပါဌော)] ဘိက္ခဝေါ’’တိ။

စူဠဂေါပါလကသုတ္တံ နိဋ္ဌိတံ စတုတ္ထံ။

၃၅၂။ ရဟန်းတို့ ဥပမာသော်ကား နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်ကုန်သော နွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် ပူဇော်အထူးကို ခံထိုက်ကုန်သော အာသဝေါတရားကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဥ်ကုန်ပြီးကုန်သော ကောင်းစွာသိ၍ လွန်မြောက်ပြီးကုန်သော ရဟန်းတို့သည် ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာ့ဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်၏။ ရဟန်းတို့ ဥပမာသော်ကား ထိုအားကောင်းသော နွားနှင့်နွားသိုးတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင်အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့ဖြစ်သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား ထိုနွားပေါက်နှင့်နွားမတန်းတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် သုံးပါးသောသံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့ဖြစ်သော သကဒါဂါမ်ရဟန်းတို့သည်လည်းဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေ အယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ရောက်ကုန်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား နုနယ်သော နွားငယ်ကလေးနှင့် ပိန်ကြုံအားနည်းသော နွားတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ဤအတူပင်လျှင် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ရောက်ကုန်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူးလျက် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဥ်ကို ဖြတ်၍ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင် ပညာတရားကို အောက်မေ့လေ့ရှိသူယုံကြည်ခြင်း ‘သဒ္ဓါ’ကို အောက်မေ့လေ့ရှိသူ ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဥ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်လတ္တံ့။ ရဟန်းတို့ ငါသည်ကား ဤလောက၌ လိမ္မာ၏၊ တမလွန်လောက၌ လိမ္မာ၏၊ မာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ မာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာ၏၊ သေခြင်း မစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ သေခြင်းမစ္စုမာရ်၏ တည်ရာ မဟုတ်ရာ (လောကုတ္တရာ တရား) ၌လိမ္မာ၏၊ ရဟန်းတို့ ထိုငါ၏ (စကားကို) နာယူထိုက်၏ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေကုန် သောသူများအား ထိုထင်မှတ်ခြင်းသည် ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့ဟု ဤတရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ကောင်း သော စကားကို ဟောကြားတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကိုဟောကြားတော်မူပြီး၍၊ ထိုမှတစ်ပါး လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏- “တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် ဤလောကကိုလည်း ကောင်း၊ တမလွန်လောကကိုလည်းကောင်း ကောင်းစွာ ပြတော်မူပြီ။ (တရားအားလုံးကို) ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် (ကိလေသ) မာရ်ရောက်ရာ (ဘုံသုံးပါးတရား) ကိုလည်းကောင်း၊ သေခြင်းမစ္စုမာရ်မရောက်ရာ (လောကုတ္တရာတရား) ကိုလည်းကောင်းအလုံးစုံသော လောကကို အထူးသိ၍ ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အမြိုက်နိဗ္ဗာန်၏ တံခါးကို့ဖွင့်ထားတော် မူပြီ။ မာရ်ယုတ်၏ ရေအယဥ်ကို ဖြတ်အပ်ပြီ၊ ဖျက်ဆီးအပ်ပြီ၊ ကျူ ကဲ့သို့သော မာန ကင်းခြင်းကို ပြုအပ်ပြီ။ ရဟန်းတို့ (သင်တို့သည်) များစွာသော ဝမ်းမြောက်ခြင်း ရှိကြကုန်လော့၊ ဘေးကင်းရာ (အရဟတ္တဖိုလ်) ကို တောင့်တကြကုန်လော့” ဟု (မိန့် တော်မူ၏)။ လေးခုမြောက် စူဠဂေါပါလကသုတ်ပြီး၏။

Just like the bulls, fathers and captains of the herd, who crossed the Ganges to safety are the mendicants who are perfected, who have ended the defilements, completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and are rightly freed through enlightenment. Having breasted Māra’s stream, they have safely crossed over to the far shore. Just like the strong and tractable cattle who crossed the Ganges to safety are the mendicants who, with the ending of the five lower fetters, are reborn spontaneously. They’re extinguished there, and are not liable to return from that world. They too, having breasted Māra’s stream, will safely cross over to the far shore. Just like the bullocks and heifers who crossed the Ganges to safety are the mendicants who, with the ending of three fetters, and the weakening of greed, hate, and delusion, are once-returners. They come back to this world once only, then make an end of suffering. They too, having breasted Māra’s stream, will safely cross over to the far shore. Just like the calves and weak cattle who crossed the Ganges to safety are the mendicants who, with the ending of three fetters are stream-enterers, not liable to be reborn in the underworld, assured, destined for awakening. They too, having breasted Māra’s stream, will safely cross over to the far shore. Just like the baby calf who had just been born, but, urged on by its mother’s lowing, still managed to cross the Ganges to safety are the mendicants who are followers of teachings, followers by faith. They too, having breasted Māra’s stream, will safely cross over to the far shore. Mendicants, I am skilled in this world and the other world, skilled in Māra’s dominion and its opposite, and skilled in Death’s dominion and its opposite. If anyone thinks I am worth listening to and trusting, it will be for their lasting welfare and happiness.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “This world and the other world have been clearly explained by one who knows; as well as Māra’s reach, and what’s out of Death’s reach. Directly knowing the whole world, the Buddha who understands has opened the door to freedom from death, for finding the sanctuary, extinguishment. The Wicked One’s stream has been cut, it’s blown away and mown down. Be full of joy, mendicants, set your heart on sanctuary!”

၅။ စူဠသစ္စကသုတ္တံ

၃၅၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ တေန ခေါ ပန သမယေန သစ္စကော နိဂဏ္ဌပုတ္တော ဝေသာလိယံ ပဋိဝသတိ ဘဿပ္ပဝါဒကော ပဏ္ဍိတဝါဒေါ သာဓုသမ္မတော ဗဟုဇနဿ။ သော ဝေသာလိယံ ပရိသတိ ဧဝံ ဝါစံ ဘာသတိ – ‘‘နာဟံ တံ ပဿာမိ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, သံဃိံ ဂဏိံ ဂဏာစရိယံ, အပိ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ ပဋိဇာနမာနံ, ယော မယာ ဝါဒေန ဝါဒံ သမာရဒ္ဓေါ န သင်္ကမ္ပေယျ န သမ္ပကမ္ပေယျ န သမ္ပဝေဓေယျ, ယဿ န ကစ္ဆေဟိ သေဒါ မုစ္စေယျုံ။ ထူဏံ စေပါဟံ အစေတနံ ဝါဒေန ဝါဒံ သမာရဘေယျံ, သာပိ မယာ ဝါဒေန ဝါဒံ သမာရဒ္ဓါ သင်္ကမ္ပေယျ သမ္ပကမ္ပေယျ သမ္ပဝေဓေယျ။ ကော ပန ဝါဒေါ မနုဿဘူတဿာ’’တိ။ အထ ခေါ အာယသ္မာ အဿဇိ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဝေသာလိံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဝေသာလိယံ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော အာယသ္မန္တံ အဿဇိံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ယေနာယသ္မာ အဿဇိ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ အဿဇိနာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သစ္စကော နိဂဏ္ဌပုတ္တော အာယသ္မန္တံ အဿဇိံ ဧတဒဝေါစ – ‘‘ကထံ ပန, ဘော အဿဇိ, သမဏော ဂေါတမော သာဝကေ ဝိနေတိ, ကထံဘာဂါ စ ပန သမဏဿ ဂေါတမဿ သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတီ’’တိ? ‘‘ဧဝံ ခေါ, အဂ္ဂိဝေဿန, ဘဂဝါ သာဝကေ ဝိနေတိ, ဧဝံဘာဂါ စ ပန ဘဂဝတော သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတိ – ‘ရူပံ, ဘိက္ခဝေ, အနိစ္စံ, ဝေဒနာ အနိစ္စာ, သညာ အနိစ္စာ, သင်္ခါရာ အနိစ္စာ, ဝိညာဏံ အနိစ္စံ။ ရူပံ, ဘိက္ခဝေ, အနတ္တာ, ဝေဒနာ အနတ္တာ, သညာ အနတ္တာ, သင်္ခါရာ အနတ္တာ, ဝိညာဏံ အနတ္တာ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ, သဗ္ဗေ ဓမ္မာ အနတ္တာ’တိ။ ဧဝံ ခေါ, အဂ္ဂိဝေဿန, ဘဂဝါ သာဝကေ ဝိနေတိ, ဧဝံဘာဂါ စ ပန ဘဂဝတော သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတီ’’တိ။ ‘‘ဒုဿုတံ ဝတ, ဘော အဿဇိ, အဿုမှ ယေ မယံ ဧဝံဝါဒိံ သမဏံ ဂေါတမံ အဿုမှ။ အပ္ပေဝ နာမ မယံ ကဒါစိ ကရဟစိ တေန ဘောတာ ဂေါတမေန သဒ္ဓိံ သမာဂစ္ဆေယျာမ, အပ္ပေဝ နာမ သိယာ ကောစိဒေဝ ကထာသလ္လာပေါ, အပ္ပေဝ နာမ တသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေယျာမာ’’တိ။

၅- စူဠသစ္စကသုတ် ၃၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌နေ၏။ စကားပြိုင်ဆိုင်ပြောဆိုတတ်၏၊ “ငါသည် ပညာရှိတည်း” ဟု ပြောဆိုတတ်၏၊ များစွာသောလူအ ပေါင်းက သူတော်ကောင်းဟု သမုတ်ထားအပ်၏။ ထိုသစ္စကသည် ဝေသာလီပြည် ပရိသတ်၌ဤသို့ သော စကားကို ပြောဆို၏။ “စကားလမ်းစဥ်ဖြင့် ငါအပြစ်တင်ဆိုသော် မတုန်မလှုပ် မယိမ်းယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူ ဂိုဏ်းဆရာဖြစ်သူ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဥ်ဖြင့် ငါအပြစ်တင် ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဥ်ဖြင့် ငါအပြစ်တင်ဆိုသော် တုန်လှုပ် ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရှိတော့အံ့နည်း” ဟု (ပြောဆို၏)။ ထိုအခါ အသျှင်အဿဇိသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သော် အဝေးမှ ကြွလာသည့် အသျှင်အဿဇိကို မြင်လျှင် ချဥ်းကပ်၍အသျှင် အဿဇိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လျက် နိဂဏ္ဌတက္ကတွန်း၏သားသစ္စကက “အို အဿဇိ ရဟန်းဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ ရဟန်းဂေါတမမှာ တပည့် သာဝကတို့အပေါ်၌ အဘယ်သို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည်များစွာဖြစ်သနည်း” ဟုမေး၏။ အဂ္ဂိဝေဿန မြတ်စွာဘုရားသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ မြတ်စွာဘုရား၏ တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာ ဖြစ်၏။ “ရဟန်းတို့ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ’သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ’သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ’မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့ သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်’သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသော ပြုပြင် စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည်ကိုယ် ‘အတ္တ’မဟုတ်ကုန်” ဟု မြတ်စွာဘုရား သည် တပည့်သာဝကတို့ကို ဆုံးမ၏။ မြတ်စွာဘုရား၏တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်း ရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏ဟု (ဆို၏)။ အဿဇိ မတော်မလျော် ကြားရကုန်၏တကား၊ ငါတို့သည် ရဟန်းဂေါတမ ဤသို့ဟောပြောလေ့ရှိသည်ကို ကြားရပေ၏၊ ငါတို့သည် တစ်ချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံရကောင်းတန်ရာ၏၊တစ်စုံတစ်ရာသော စကားအပြန်အလှန် ပြောဆိုခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ထိုယုတ်ညံ့သော အမြင်ဒိဋ္ဌိမှ ကင်းဆိတ်စေနိုင်ကောင်းတန်ရာ၏ဟု (ဆို၏)။

Middle Discourses 35 The Shorter Discourse With Saccaka So I have heard. At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Now at that time Saccaka, the son of Jain parents, was staying in Vesālī. He was a controversialist who pretended to be astute and was deemed holy by many people. He was telling a crowd in Vesālī, “I don’t see any ascetic or brahmin who would not shake and rock and tremble, sweating from the armpits, were I to take them on in debate—not a leader of an order or a community, or the tutor of a community, and not even one who claims to be a perfected one, a fully awakened Buddha. Even an insentient post would shake and rock and tremble were I to take it on in debate. How much more then a human being!” Then Venerable Assaji robed up in the morning and, taking his bowl and robe, entered Vesālī for alms. As Saccaka was going for a walk he saw Assaji coming off in the distance. He approached him and exchanged greetings with him. When the greetings and polite conversation were over, Saccaka stood to one side and said to Assaji, “Worthy Assaji, how does the ascetic Gotama guide his disciples? And on what topics does instruction to his disciples generally proceed?” “Aggivessana, this is how the Buddha guides his disciples, and his instructions to disciples generally proceed on these topics: ‘Form, feeling, perception, choices, and consciousness are impermanent. Form, feeling, perception, choices, and consciousness are not-self. All conditions are impermanent. All things are not-self.’ This is how the Buddha guides his disciples, and how instruction to his disciples generally proceeds.” “It’s sad to hear, worthy Assaji, that the ascetic Gotama has such a doctrine. Hopefully, some time or other I’ll get to meet the worthy Gotama, and we can have a discussion. And hopefully I can dissuade him from this harmful misconception.”

စာ-၂၉၀

၃၅၄။ တေန ခေါ ပန သမယေန ပဉ္စမတ္တာနိ လိစ္ဆဝိသတာနိ သန္ထာဂါရေ [သန္ဓာဂါရေ (က။)] သန္နိပတိတာနိ ဟောန္တိ ကေနစိဒေဝ ကရဏီယေန။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ယေန တေ လိစ္ဆဝီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ လိစ္ဆဝီ ဧတဒဝေါစ – ‘‘အဘိက္ကမန္တု ဘောန္တော လိစ္ဆဝီ, အဘိက္ကမန္တု ဘောန္တော လိစ္ဆဝီ, အဇ္ဇ မေ သမဏေန ဂေါတမေန သဒ္ဓိံ ကထာသလ္လာပေါ ဘဝိဿတိ။ သစေ မေ သမဏော ဂေါတမော တထာ ပတိဋ္ဌိဿတိ ယထာ စ မေ [ယထာဿ မေ (သီ။ ပီ။)] ဉာတညတရေန သာဝကေန အဿဇိနာ နာမ ဘိက္ခုနာ ပတိဋ္ဌိတံ, သေယျထာပိ နာမ ဗလဝါ ပုရိသော ဒီဃလောမိကံ ဧဠကံ လောမေသု ဂဟေတွာ အာကဍ္ဎေယျ ပရိကဍ္ဎေယျ သမ္ပရိကဍ္ဎေယျ, ဧဝမေဝါဟံ သမဏံ ဂေါတမံ ဝါဒေန ဝါဒံ အာကဍ္ဎိဿာမိ ပရိကဍ္ဎိဿာမိ သမ္ပရိကဍ္ဎိဿာမိ။ သေယျထာပိ နာမ ဗလဝါ သောဏ္ဍိကာကမ္မကာရော မဟန္တံ သောဏ္ဍိကာကိဠဉ္ဇံ ဂမ္ဘီရေ ဥဒကရဟဒေ ပက္ခိပိတွာ ကဏ္ဏေ ဂဟေတွာ အာကဍ္ဎေယျ ပရိကဍ္ဎေယျ သမ္ပရိကဍ္ဎေယျ, ဧဝမေဝါဟံ သမဏံ ဂေါတမံ ဝါဒေန ဝါဒံ အာကဍ္ဎိဿာမိ ပရိကဍ္ဎိဿာမိ သမ္ပရိကဍ္ဎိဿာမိ။ သေယျထာပိ နာမ ဗလဝါ သောဏ္ဍိကာဓုတ္တော ဝါလံ [ထာလံ (က။)] ကဏ္ဏေ ဂဟေတွာ ဩဓုနေယျ နိဒ္ဓုနေယျ နိပ္ဖေါဋေယျ [နိစ္ဆာဒေယျ (သီ။ ပီ။ က။), နိစ္ဆောဋေယျ (က။), နိပ္ပေါဌေယျ (သျာ။ ကံ။)] ဧဝမေဝါဟံ သမဏံ ဂေါတမံ ဝါဒေန ဝါဒံ ဩဓုနိဿာမိ နိဒ္ဓုနိဿာမိ နိပ္ဖေါဋေဿာမိ။ သေယျထာပိ နာမ ကုဉ္ဇရော သဋ္ဌိဟာယနော ဂမ္ဘီရံ ပေါက္ခရဏိံ ဩဂါဟေတွာ သာဏဓောဝိကံ နာမ ကီဠိတဇာတံ ကီဠတိ, ဧဝမေဝါဟံ သမဏံ ဂေါတမံ သာဏဓောဝိကံ မညေ ကီဠိတဇာတံ ကီဠိဿာမိ။ အဘိက္ကမန္တု ဘောန္တော လိစ္ဆဝီ, အဘိက္ကမန္တု ဘောန္တော လိစ္ဆဝီ, အဇ္ဇ မေ သမဏေန ဂေါတမေန သဒ္ဓိံ ကထာသလ္လာပေါ ဘဝိဿတီ’’တိ။ တတြေကစ္စေ လိစ္ဆဝီ ဧဝမာဟံသု – ‘‘ကိံ သမဏော ဂေါတမော သစ္စကဿ နိဂဏ္ဌပုတ္တဿ ဝါဒံ အာရောပေဿတိ, အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော သမဏဿ ဂေါတမဿ ဝါဒံ အာရောပေဿတီ’’တိ? ဧကစ္စေ လိစ္ဆဝီ ဧဝမာဟံသု – ‘‘ကိံ သော ဘဝမာနော သစ္စကော နိဂဏ္ဌပုတ္တော ယော ဘဂဝတော ဝါဒံ အာရောပေဿတိ, အထ ခေါ ဘဂဝါ သစ္စကဿ နိဂဏ္ဌပုတ္တဿ ဝါဒံ အာရောပေဿတီ’’တိ? အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ပဉ္စမတ္တေဟိ လိစ္ဆဝိသတေဟိ ပရိဝုတော ယေန မဟာဝနံ ကူဋာဂါရသာလာ တေနုပသင်္ကမိ။

၃၅၄။ ထိုအခါ ငါးရာမျှလောက်ရှိကုန်သော လိစ္ဆဝီမင်းတို့သည် ဆွေးနွေးတိုင်ပင်ရာ လွှတ်တော်၌တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် စည်းဝေးကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လိစ္ဆဝီမင်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင်- “လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်း ဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်ရလတ္တံ့။ ထင်ရှားသော ထေရ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော (ရဟန်းဂေါတမ၏) တပည့်သာဝက အဿဇိမည်သော ရဟန်းသည် ငါ့အား ဝန်ခံသကဲ့သို့ ရဟန်းဂေါတမသည် ငါ့အား ဝန်ခံခဲ့လျှင် အားရှိသော ယောကျာ်းသည် အမွေးရှည်ရှိသောသိုးကိုအမွေးတို့၌ ဆွဲကိုင်၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင်ငါသည် ရဟန်းဂေါတမကို စကားလမ်းစဥ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင်တွန်းလည်း တွန်းရအံ့၊ သေတင်းကုတ်ရှိ အားရှိသော အလုပ်သမားသည် သေတင်းကုတ်၌ ခင်းထားသောကြီးလှစွာသော ဖျာကို နက်စွာသော ရေအိုင်၌ ပစ်ချ၍ အနားစွန်း၌ ကိုင်ဆွဲ၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဥ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင် တွန်းလည်း တွန်းရအံ့၊ အားရှိသော သေသောက်ကြူးသည် သေသောက်ခွက်ကို အနားစွန်း၌ ကိုင်ဆွဲ၍ မှောက်ခါရာ လှန်ခါရာ အကြိမ်ကြိမ် လှုပ်ခါရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဥ်ဖြင့် အပြစ်ကို (တင်ဆို၍) မှောက်ခါရအံ့၊ လှန်ခါရအံ့၊ အကြိမ်ကြိမ် လှုပ်ခါရအံ့။ အနှစ်ခြောက်ဆယ်ရှိမှ အားယုတ်သော ဆင်ပြောင်သည် နက်စွာသော ရေကန်သို့ သက်ဆင်း၍ လျှော်မျှင်ဆေး (ကြော) သည်နှင့် အလားတူသော ကစားခြင်းမျိုးကိုကစား သကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို လျှော်မျှင်ဆေး (ကြော) သည်နှင့်အလားတူသော ကစားခြင်းမျိုးကို ကစားရအံ့။ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်းဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်လတ္တံ့” ဟုပြောဆို၏။ ထိုသို့ဆိုရာ၌ အချို့သော လိစ္ဆဝီမင်းတို့က “ရဟန်းဂေါတမသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စ ကအားအဘယ်မှာ အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကသာ ရဟန်းဂေါတမ အားအပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။ အချို့သော လိစ္ဆဝီမင်းတို့ကလည်း “နိဂဏ္ဌတက္ကတွန်း၏ သားသစ္စကသည် ဘယ်လိုလူစားဖြစ်၍ မြတ်စွာဘုရားအား အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကသာ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား အပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ငါးရာမျှလောက်ရှိသော လိစ္ဆဝီမင်းတို့ဖြင့်။ ခံရံလျက်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဥ်းကပ်၏။

Now at that time around five hundred Licchavis were sitting together at the town hall on some business. Then Saccaka went up to them and said, “Come forth, good Licchavīs, come forth! Today I am going to have a discussion with the ascetic Gotama. If he stands by the position stated to me by one of his well-known disciples—a mendicant named Assaji—I’ll take him on in debate and drag him to and fro and round about, like a strong man would grab a fleecy sheep and drag it to and fro and round about! Taking him on in debate, I’ll drag him to and fro and round about, like a strong brewer’s worker would toss a large brewer’s sieve into a deep lake, grab it by the corners, and drag it to and fro and round about! Taking him on in debate, I’ll shake him down and about, and give him a beating, like a strong brewer’s mixer would grab a strainer by the corners and shake it down and about, and give it a beating! I’ll play a game of hemp-washing with the ascetic Gotama, like a sixty-year-old elephant would plunge into a deep lotus pond and play a game of hemp-washing! Come forth, good Licchavīs, come forth! Today I am going to have a discussion with the ascetic Gotama.” At that, some of the Licchavis said, “How can the ascetic Gotama refute Saccaka’s doctrine, when it is Saccaka who will refute Gotama’s doctrine?” But some of the Licchavis said, “Who is Saccaka to refute the Buddha’s doctrine, when it is the Buddha who will refute Saccaka’s doctrine?” Then Saccaka, escorted by the five hundred Licchavis, went to the hall with the peaked roof in the Great Wood.

စာ-၂၉၁

၃၅၅။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ အဗ္ဘောကာသေ စင်္ကမန္တိ။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘ကဟံ နု ခေါ, ဘော, ဧတရဟိ သော ဘဝံ ဂေါတမော ဝိဟရတိ? ဒဿနကာမာ ဟိ မယံ တံ ဘဝန္တံ ဂေါတမ’’န္တိ။ ‘‘ဧသ, အဂ္ဂိဝေဿန, ဘဂဝါ မဟာဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသိန္နော’’တိ။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော မဟတိယာ လိစ္ဆဝိပရိသာယ သဒ္ဓိံ မဟာဝနံ အဇ္ဈောဂါဟေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ တေပိ ခေါ လိစ္ဆဝီ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ဘဂဝတော သန္တိကေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။

၃၅၅။ ထိုအခါ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ထိုရဟန်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင် “အသျှင်တို့ ယခုအခါ ထိုအသျှင်ဂေါတမသည်အဘယ်၌ နေသနည်း၊ ငါတို့သည် ထိုအသျှင်ဂေါတမကို တွေ့မြင်လိုကုန်၏” ဟု ထိုရဟန်းတို့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုမြတ်စွာဘုရားသည် မဟာဝုန်တောကြီးသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌နေ့သန့်ရန် ထိုင်နေတော်မူ၏ဟု (ပြောဆိုကုန်၏)။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် များစွာသော လိစ္ဆဝီမင်းပရိသတ်နှင့် အတူ မဟာဝုန်တောကြီးသို့ သက်ဝင်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ့်းသာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်၏။ ထိုလိစ္ဆဝီမင်းတို့သည်လည်း အချို့သူတို့က မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်၏။ အချို့သူတို့က မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို ကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားထံသို့ လက်အုပ်ကိုညွတ်စေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားအထံ၌ အမည်အနွယ်ကို ကြား၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က ဆိတ်ဆိတ် (ဖြစ်၍) သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။

At that time several mendicants were walking mindfully in the open air. Then Saccaka went up to them and said, “Good fellows, where is the worthy Gotama at present? For we want to see him.” “Aggivessana, the Buddha has plunged deep into the Great Wood and is sitting at the root of a tree for the day’s meditation.” Then Saccaka, together with a large group of Licchavis, went to the Buddha in the Great Wood, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. Before sitting down to one side, some of the Licchavīs bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent.

စာ-၂၉၂

၃၅၆။ ဧကမန္တံ နိသိန္နော ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပုစ္ဆေယျာဟံ ဘဝန္တံ ဂေါတမံ ကိဉ္စိဒေဝ ဒေသံ, သစေ မေ ဘဝံ ဂေါတမော ဩကာသံ ကရောတိ ပဉှဿ ဝေယျာကရဏာယာ’’တိ။ ‘‘ပုစ္ဆ, အဂ္ဂိဝေဿန, ယဒါကင်္ခသီ’’တိ။ ‘‘ကထံ ပန ဘဝံ ဂေါတမော သာဝကေ ဝိနေတိ, ကထံဘာဂါ စ ပန ဘောတော ဂေါတမဿ သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတီ’’တိ? ‘‘ဧဝံ ခေါ အဟံ, အဂ္ဂိဝေဿန, သာဝကေ ဝိနေမိ, ဧဝံဘာဂါ စ ပန မေ သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတိ – ‘ရူပံ, ဘိက္ခဝေ, အနိစ္စံ, ဝေဒနာ အနိစ္စာ, သညာ အနိစ္စာ, သင်္ခါရာ အနိစ္စာ, ဝိညာဏံ အနိစ္စံ။ ရူပံ, ဘိက္ခဝေ, အနတ္တာ, ဝေဒနာ အနတ္တာ, သညာ အနတ္တာ, သင်္ခါရာ အနတ္တာ, ဝိညာဏံ အနတ္တာ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ, သဗ္ဗေ ဓမ္မာ အနတ္တာ’တိ။ ဧဝံ ခေါ အဟံ, အဂ္ဂိဝေဿန, သာဝကေ ဝိနေမိ, ဧဝံဘာဂါ စ ပန မေ သာဝကေသု အနုသာသနီ ဗဟုလာ ပဝတ္တတီ’’တိ။

‘‘ဥပမာ မံ, ဘော ဂေါတမ, ပဋိဘာတီ’’တိ။ ‘‘ပဋိဘာတု တံ, အဂ္ဂိဝေဿနာ’’တိ ဘဂဝါ အဝေါစ။

‘‘သေယျထာပိ, ဘော ဂေါတမ, ယေ ကေစိမေ ဗီဇဂါမဘူတဂါမာ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇန္တိ, သဗ္ဗေ တေ ပထဝိံ နိဿာယ ပထဝိယံ ပတိဋ္ဌာယ။ ဧဝမေတေ ဗီဇဂါမဘူတဂါမာ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇန္တိ။ သေယျထာပိ ဝါ ပန, ဘော ဂေါတမ, ယေ ကေစိမေ ဗလကရဏီယာ ကမ္မန္တာ ကရီယန္တိ, သဗ္ဗေ တေ ပထဝိံ နိဿာယ ပထဝိယံ ပတိဋ္ဌာယ။ ဧဝမေတေ ဗလကရဏီယာ ကမ္မန္တာ ကရီယန္တိ။ ဧဝမေဝ ခေါ, ဘော ဂေါတမ, ရူပတ္တာယံ ပုရိသပုဂ္ဂလော ရူပေ ပတိဋ္ဌာယ ပုညံ ဝါ အပုညံ ဝါ ပသဝတိ, ဝေဒနတ္တာယံ ပုရိသပုဂ္ဂလော ဝေဒနာယံ ပတိဋ္ဌာယ ပုညံ ဝါ အပုညံ ဝါ ပသဝတိ, သညတ္တာယံ ပုရိသပုဂ္ဂလော သညာယံ ပတိဋ္ဌာယ ပုညံ ဝါ အပုညံ ဝါ ပသဝတိ, သင်္ခါရတ္တာယံ ပုရိသပုဂ္ဂလော သင်္ခါရေသု ပတိဋ္ဌာယ ပုညံ ဝါ အပုညံ ဝါ ပသဝတိ, ဝိညာဏတ္တာယံ ပုရိသပုဂ္ဂလော ဝိညာဏေ ပတိဋ္ဌာယ ပုညံ ဝါ အပုညံ ဝါ ပသဝတီ’’တိ။

‘‘နနု တွံ, အဂ္ဂိဝေဿန, ဧဝံ ဝဒေသိ – ‘ရူပံ မေ အတ္တာ, ဝေဒနာ မေ အတ္တာ, သညာ မေ အတ္တာ, သင်္ခါရာ မေ အတ္တာ, ဝိညာဏံ မေ အတ္တာ’’’တိ? ‘‘အဟဉှိ, ဘော ဂေါတမ, ဧဝံ ဝဒါမိ – ‘ရူပံ မေ အတ္တာ, ဝေဒနာ မေ အတ္တာ, သညာ မေ အတ္တာ, သင်္ခါရာ မေ အတ္တာ, ဝိညာဏံ မေ အတ္တာ’တိ, အယဉ္စ မဟတီ ဇနတာ’’တိ။

‘‘ကိဉှိ တေ, အဂ္ဂိဝေဿန, မဟတီ ဇနတာ ကရိဿတိ? ဣင်္ဃ တွံ, အဂ္ဂိဝေဿန, သကညေဝ ဝါဒံ နိဗ္ဗေဌေဟီ’’တိ။ ‘‘အဟဉှိ, ဘော ဂေါတမ, ဧဝံ ဝဒါမိ – ‘ရူပံ မေ အတ္တာ, ဝေဒနာ မေ အတ္တာ, သညာ မေ အတ္တာ, သင်္ခါရာ မေ အတ္တာ, ဝိညာဏံ မေ အတ္တာ’’’တိ။

၃၅၆။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် “အကယ်၍အသျှင်ဂေါတမက အကျွန်ုပ်အား ပြဿနာကို မေးမြန်းခြင်းငှါ အခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည်အသျှင်ဂေါတမကို တစ်စုံတစ်ရာသော အကြောင်းကို မေးလိုပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ အဂ္ဂိဝေဿန မေးလိုလျှင် မေးလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ အသျှင်ဂေါတမ၏ တပည့်သာဝကတို့အပေါ်၌ အဘယ်သို့သော အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်သနည်းဟု (မေး၏)။ အဂ္ဂိဝေဿန ငါသည် တပည့်သာဝကတို့ကို ဤသို့လျှင် ဆုံးမ၏၊ ငါ၏ တပည့်သာဝကတို့အပေါ်၌ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏။ “ရဟန်းတို့ ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ’သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ’သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်’သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသောပြုပြင်စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်” ဟုဤသို့လျှင် ငါသည် တပည့် သာဝကတို့ကို ဆုံးမ၏၊ ငါ့မှာ တပည့်သာဝကတို့အပေါ်၌ ဤသို့အစိတ်အပိုင်းရှိသော ညွှန်ကြားချက် သည် များစွာဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်မှာ ဥပမာ (တစ်ခု) ထင်မြင်လာပါ၏ဟု (ဆို၏)။ “အဂ္ဂိဝေဿန ထို့ပမာကို ထင်ရှားပါစေ” ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူ၏။ အသျှင်ဂေါတမ ဥပမာသော်ကား အလုံးစုံသော ဤမျိုးစေ့အားလုံးနှင့် အပင်အားလုံးတို့သည် မြေကိုမှီ၍မြေ၌တည်ကာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏၊ ဤသို့လျှင် ဤမျိုးစေ့အားလုံးနှင့် အပင် အားလုံးတို့သည် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဥပမာ တစ်နည်းသော်ကား ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စအားလုံးတို့ကို မြေကို မှီ၍ မြေ၌ တည်ကာ ပြုရကုန်၏၊ ဤသို့ ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စတို့ကို ပြုရကုန်သကဲ့သို့လည်းကောင်း အရှင်ဂေါတမ ဤအတူပင် (လျှင်) ရုပ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ရုပ်၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ခံစားခြင်းကိုကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ခံစားခြင်း၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကိုဖြစ်ပွားစေ၏၊ မှတ်သားခြင်းကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါ ပုဂ္ဂိုလ်သည် မှတ်သားခြင်း၌တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ပြုပြင်စီရင်မှုတို့ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှုတို့၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ အထူးသိမှု့ဝိညာဏ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် အထူးသိမှုဝိညာဏ်၌ တည်၍ ကုသိုလ်အကုသိုလ်တို့ကို ဖြစ်ပွားစေ၏ဟု (ဆို၏)။ အဂ္ဂိဝေဿန ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်းဟု သင် ဤသို့ ဆိုလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ဆိုပါ၏၊ ဤများစွာသောလူအပေါင်းကလည်း ဤသို့ပင် ဆိုပါ၏ဟု (ဆို၏)။ အဂ္ဂိဝေဿန များစွာသော သင်၏လူအပေါင်းသည် အဘယ်သို့ ပြုလတ္တံ့နည်း၊ အဂ္ဂိဝေဿန မိမိဝါဒကိုသာလျှင် သင် ဖြေရှင်းလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ပြောဆိုပါ၏ဟု (ဆို၏)။

Then Saccaka said to the Buddha, “I’d like to ask the worthy Gotama about a certain point, if you’d take the time to answer.” “Ask what you wish, Aggivessana.” “How does the worthy Gotama guide his disciples? And on what topics does instruction to his disciples generally proceed?” “This is how I guide my disciples, and my instructions to disciples generally proceed on these topics: ‘Form, feeling, perception, choices, and consciousness are impermanent. Form, feeling, perception, choices, and consciousness are not-self. All conditions are impermanent. All things are not-self.’ This is how I guide my disciples, and how instruction to my disciples generally proceeds.” “A simile strikes me, worthy Gotama.” “Then speak as you feel inspired,” said the Buddha. “All the plants and seeds that achieve growth, increase, and maturity do so depending on the earth and grounded on the earth. All the hard work that gets done depends on the earth and is grounded on the earth. In the same way, an individual person’s self is form. Established on form they brim with merit and wickedness. An individual person’s self is feeling … perception … choices … consciousness. Established on consciousness they brim with merit and wickedness.” “Aggivessana, are you not saying this: ‘Form is my self, feeling is my self, perception is my self, choices are my self, consciousness is my self’?” “Indeed, worthy Gotama, that is what I am saying. And this big crowd agrees with me!” “What has this big crowd to do with you? Please just unpack your own statement.” “Then, worthy Gotama, what I am saying is this: ‘Form is my self, feeling is my self, perception is my self, choices are my self, consciousness is my self’.”

၃၅၇။ ‘‘တေန ဟိ, အဂ္ဂိဝေဿန, တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ, ယထာ တေ ခမေယျ တထာ နံ [တထာ တံ (က။)] ဗျာကရေယျာသိ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ဝတ္တေယျ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ သကသ္မိံ ဝိဇိတေ ဝသော – ဃာတေတာယံ ဝါ ဃာတေတုံ, ဇာပေတာယံ ဝါ ဇာပေတုံ, ပဗ္ဗာဇေတာယံ ဝါ ပဗ္ဗာဇေတုံ, သေယျထာပိ ရညော ပသေနဒိဿ ကောသလဿ, သေယျထာပိ ဝါ ပန ရညော မာဂဓဿ အဇာတသတ္တုဿ ဝေဒေဟိပုတ္တဿာ’’တိ? ‘‘ဝတ္တေယျ, ဘော ဂေါတမ, ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ သကသ္မိံ ဝိဇိတေ ဝသော – ဃာတေတာယံ ဝါ ဃာတေတုံ, ဇာပေတာယံ ဝါ ဇာပေတုံ, ပဗ္ဗာဇေတာယံ ဝါ ပဗ္ဗာဇေတုံ, သေယျထာပိ ရညော ပသေနဒိဿ ကောသလဿ, သေယျထာပိ ဝါ ပန ရညော မာဂဓဿ အဇာတသတ္တုဿ ဝေဒေဟိပုတ္တဿ။ ဣမေသမ္ပိ ဟိ, ဘော ဂေါတမ, သံဃာနံ ဂဏာနံ – သေယျထိဒံ, ဝဇ္ဇီနံ မလ္လာနံ – ဝတ္တတိ သကသ္မိံ ဝိဇိတေ ဝသော – ဃာတေတာယံ ဝါ ဃာတေတုံ, ဇာပေတာယံ ဝါ ဇာပေတုံ, ပဗ္ဗာဇေတာယံ ဝါ ပဗ္ဗာဇေတုံ။ ကိံ ပန ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ, သေယျထာပိ ရညော ပသေနဒိဿ ကောသလဿ, သေယျထာပိ ဝါ ပန ရညော မာဂဓဿ အဇာတသတ္တုဿ ဝေဒေဟိပုတ္တဿ? ဝတ္တေယျ, ဘော ဂေါတမ, ဝတ္တိတုဉ္စ မရဟတီ’’တိ။

‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘ရူပံ မေ အတ္တာ’တိ, ဝတ္တတိ တေ တသ္မိံ ရူပေ ဝသော – ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’’တိ? ဧဝံ ဝုတ္တေ, သစ္စကော နိဂဏ္ဌပုတ္တော တုဏှီ အဟောသိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ သစ္စကံ နိဂဏ္ဌပုတ္တံ ဧတဒဝေါစ – ‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘ရူပံ မေ အတ္တာ’တိ, ဝတ္တတိ တေ တသ္မိံ ရူပေ ဝသော – ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’’တိ? ဒုတိယမ္ပိ ခေါ သစ္စကော နိဂဏ္ဌပုတ္တော တုဏှီ အဟောသိ။ အထ ခေါ ဘဂဝါ သစ္စကံ နိဂဏ္ဌပုတ္တံ ဧတဒဝေါစ – ‘‘ဗျာကရောဟိ ဒါနိ, အဂ္ဂိဝေဿန, န ဒါနိ တေ တုဏှီဘာဝဿ ကာလော။ ယော ကောစိ, အဂ္ဂိဝေဿန တထာဂတေန ယာဝတတိယံ သဟဓမ္မိကံ ပဉှံ ပုဋ္ဌော န ဗျာကရောတိ, ဧတ္ထေဝဿ သတ္တဓာ မုဒ္ဓါ ဖလတီ’’တိ။

တေန ခေါ ပန သမယေန ဝဇိရပါဏိ ယက္ခော အာယသံ ဝဇိရံ အာဒါယ အာဒိတ္တံ သမ္ပဇ္ဇလိတံ သဇောတိဘူတံ သစ္စကဿ နိဂဏ္ဌပုတ္တဿ ဥပရိဝေဟာသံ ဌိတော ဟောတိ – ‘သစာယံ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတာ ယာဝတတိယံ သဟဓမ္မိကံ ပဉှံ ပုဋ္ဌော န ဗျာကရိဿတိ ဧတ္ထေဝဿ သတ္တဓာ မုဒ္ဓံ ဖာလေဿာမီ’တိ။ တံ ခေါ ပန ဝဇိရပါဏိံ ယက္ခံ ဘဂဝါ စေဝ ပဿတိ သစ္စကော စ နိဂဏ္ဌပုတ္တော။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘီတော သံဝိဂ္ဂေါ လောမဟဋ္ဌဇာတော ဘဂဝန္တံယေဝ တာဏံ ဂဝေသီ ဘဂဝန္တံယေဝ လေဏံ ဂဝေသီ ဘဂဝန္တံယေဝ သရဏံ ဂဝေသီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပုစ္ဆတု မံ ဘဝံ ဂေါတမော, ဗျာကရိဿာမီ’’တိ။

၃၅၇။ အဂ္ဂိဝေဿန ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့် အတိုင်းထိုအမေးကို ဖြေကြားရာ၏၊ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ် သနည်း၊ ပသေနဒိ ကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သားအဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဥ်းဆဲထိုက်သူကို သတ်ဖြတ်ညှဥ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပသေနဒိကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဥ်းဆဲထိုက်သူကို သတ်ဖြတ်ညှဥ်းဆဲစေရန်လည်းကောင်း ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာပါ၏ဟု (ဆို၏)။ အသျှင်ဂေါတမ မှန်ပါ၏။ ဤအစည်းအရုံးအဖွဲ့အစည်းဖြစ်သော ဝဇ္ဇီတိုင်းအစိုးရ မလ္လာတိုင်းအစိုးရတို့အားသော်မှ မိမိနိုင်ငံ၌ သတ်ဖြတ်ညှဥ်းဆဲထိုက်သူကို သတ်ဖြတ်ညှဥ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်းအာဏာသည် ဖြစ်နိုင်ပါသေး၏၊ ပသေနဒိကောသလမင်း၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့သော အဘိသိတ်သွန်းပြီးသော ရေမြေရှင်မင်းအားမူကားအဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အာဏာဖြစ်နိုင်ရာပါ၏၊ အသျှင်ဂေါတမ အာဏာဖြစ်ရန်လည်းထိုက်ပါ၏ဟု (ဆို၏)။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည်ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလော” ဟု မေးတော်မူ၏။ ဤသို့မေးတော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဆိတ်ဆိတ်နေ၏၊ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင့်အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထား နိုင်သလော” ဟု မေးတော်မူ၏။ နှစ်ကြိမ်မြောက်လည်း နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် ဆိတ်ဆိတ် နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို “အဂ္ဂိဝေဿန ယခု ဖြေကြားလော့၊ သင် ယခု ဆိတ်ဆိတ်နေရန် အခါ မဟုတ်တော့ပေ၊ အဂ္ဂိဝေဿန သုံးကြိမ်တိုင်အောင် အကြောင်းအားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် တစ်စုံတစ်ယောက်သော သူသည် မဖြေကြားငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင်လျှင် ခုနစ်စိတ်ကွဲရာ၏” ဟု မိန့်တော်မူ၏။ ထိုစဥ်အခါ၌ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံရှိသောသံဝရဇိန်လက်နက်ကို စွဲကိုင်ပြီးလျှင် “ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သုံးကြိမ်တိုင်တိုင်အကြောင်း အားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် မဖြေခဲ့ပါလျှင်ယင်းနေရာ၌ပင် ထို (သစ္စက)၏ ဦးခေါင်းကို ခုနစ်စိတ်ခွဲအံ့” ဟုကြံရွယ်၍ နိဂဏ္ဌတက္ကတွန်း၏သားသစ္စက၏ အထက် ကောင်းကင်၌ ရပ်လျက်နေ၏။ ထိုဘီလူးအသွင်ရှိသည့် ဝဇိရစိန်လက်စွဲဲသောသိကြားမင်းကို မြတ်စွာ ဘုရားနှင့် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကတို့သာ မြင်ကြရ၏။ ထိုအခါနိဂဏ္ဌတက္ကတွန်း၏သား သစ္စက သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထသည်ဖြစ်၍မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်း အောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် “အသျှင်ဂေါတမသည်အကျွန်ုပ်ကို မေးပါဦးလော့၊ ဖြေပါအံ့” ဟု လျှောက်ထား၏။

“Well then, Aggivessana, I’ll ask you about this in return, and you can answer as you like. What do you think, Aggivessana? Consider an anointed aristocratic king such as Pasenadi of Kosala or Ajātasattu of Magadha, son of the princess of Videha. Would they have the power in their own realm to execute those who have incurred execution, fine those who have incurred fines, or banish those who have incurred banishment?” “An anointed king would have such power, worthy Gotama. Even federations such as the Vajjis and Mallas have such power in their own realm. So of course an anointed king such as Pasenadi or Ajātasattu would wield such power, as is their right.” “What do you think, Aggivessana? When you say, ‘Form is my self,’ do you have power over that form to say: ‘May my form be like this! May it not be like that’?” When he said this, Saccaka kept silent. The Buddha asked the question a second time, but Saccaka still kept silent. So the Buddha said to Saccaka, “Answer now, Aggivessana. Now is not the time for silence. If someone fails to answer a legitimate question when asked three times by the Buddha, their head explodes into seven pieces there and then.” Now at that time the spirit Vajirapāṇī, taking up a burning iron thunderbolt, blazing and glowing, stood in the air above Saccaka, thinking, “If this Saccaka doesn’t answer when asked a third time, I’ll blow his head into seven pieces there and then!” And both the Buddha and Saccaka could see Vajirapāṇī. Saccaka was terrified, shocked, and awestruck. Looking to the Buddha for shelter, asylum, and refuge, he said, “Ask me, worthy Gotama. I will answer.”

၃၅၈။ ‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘ရူပံ မေ အတ္တာ’တိ, ဝတ္တတိ တေ တသ္မိံ ရူပေ ဝသော – ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘မနသိ ကရောဟိ, အဂ္ဂိဝေဿန၊ မနသိ ကရိတွာ ခေါ, အဂ္ဂိဝေဿန, ဗျာကရောဟိ။ န ခေါ တေ သန္ဓိယတိ ပုရိမေန ဝါ ပစ္ဆိမံ ပစ္ဆိမေန ဝါ ပုရိမံ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘ဝေဒနာ မေ အတ္တာ’တိ, ဝတ္တတိ တေ တိဿံ ဝေဒနာယံ [တာယံ ဝေဒနာယံ (သီ။ သျာ။)] ဝသော – ဧဝံ မေ ဝေဒနာ ဟောတု, ဧဝံ မေ ဝေဒနာ မာ အဟောသီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘မနသိ ကရောဟိ, အဂ္ဂိဝေဿန၊ မနသိ ကရိတွာ ခေါ, အဂ္ဂိဝေဿန, ဗျာကရောဟိ။ န ခေါ တေ သန္ဓိယတိ ပုရိမေန ဝါ ပစ္ဆိမံ, ပစ္ဆိမေန ဝါ ပုရိမံ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘သညာ မေ အတ္တာ’တိ, ဝတ္တတိ တေ တိဿံ သညာယံ ဝသော – ဧဝံ မေ သညာ ဟောတု, ဧဝံ မေ သညာ မာ အဟောသီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘မနသိ ကရောဟိ, အဂ္ဂိဝေဿန၊ မနသိ ကရိတွာ ခေါ, အဂ္ဂိဝေဿန, ဗျာကရောဟိ။ န ခေါ တေ သန္ဓိယတိ ပုရိမေန ဝါ ပစ္ဆိမံ, ပစ္ဆိမေန ဝါ ပုရိမံ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘သင်္ခါရာ မေ အတ္တာ’တိ, ဝတ္တတိ တေ တေသု သင်္ခါရေသု ဝသော – ဧဝံ မေ သင်္ခါရာ ဟောန္တု, ဧဝံ မေ သင်္ခါရာ မာ အဟေသု’’န္တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘မနသိ ကရောဟိ, အဂ္ဂိဝေဿန၊ မနသိ ကရိတွာ ခေါ, အဂ္ဂိဝေဿန, ဗျာကရောဟိ။ န ခေါ တေ သန္ဓိယတိ ပုရိမေန ဝါ ပစ္ဆိမံ, ပစ္ဆိမေန ဝါ ပုရိမံ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယံ တွံ ဧဝံ ဝဒေသိ – ‘ဝိညာဏံ မေ အတ္တာ’တိ, ဝတ္တတိ တေ တသ္မိံ ဝိညာဏေ ဝသော – ဧဝံ မေ ဝိညာဏံ ဟောတု, ဧဝံ မေ ဝိညာဏံ မာ အဟောသီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘မနသိ ကရောဟိ, အဂ္ဂိဝေဿန၊ မနသိ ကရိတွာ ခေါ, အဂ္ဂိဝေဿန, ဗျာကရောဟိ။ န ခေါ တေ သန္ဓိယတိ ပုရိမေန ဝါ ပစ္ဆိမံ, ပစ္ဆိမေန ဝါ ပုရိမံ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘော ဂေါတမ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘော ဂေါတမ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, ဝေဒနာ…ပေ… သညာ…ပေ… သင်္ခါရာ…ပေ… တံ ကိံ မညသိ, အဂ္ဂိဝေဿန, ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘော ဂေါတမ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘော ဂေါတမ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။

‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, ယော နု ခေါ ဒုက္ခံ အလ္လီနော ဒုက္ခံ ဥပဂတော ဒုက္ခံ အဇ္ဈောသိတော, ဒုက္ခံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, အပိ နု ခေါ သော သာမံ ဝါ ဒုက္ခံ ပရိဇာနေယျ, ဒုက္ခံ ဝါ ပရိက္ခေပေတွာ ဝိဟရေယျာ’’တိ? ‘‘ကိဉှိ သိယာ, ဘော ဂေါတမ? နော ဟိဒံ, ဘော ဂေါတမာ’’တိ။

‘‘တံ ကိံ မညသိ, အဂ္ဂိဝေဿန, နနု တွံ ဧဝံ သန္တေ ဒုက္ခံ အလ္လီနော ဒုက္ခံ ဥပဂတော ဒုက္ခံ အဇ္ဈောသိတော, ဒုက္ခံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ? ‘‘ကိဉှိ နော သိယာ, ဘော ဂေါတမ? ဧဝမေတံ ဘော ဂေါတမာ’’တိ။

၃၅၈။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပါစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထားနိုင်သလော” ဟု (မေးတော်မူ၏)။ “အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန စဥ်းစားလော့၊ စဥ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ခံစားခြင်း ‘ဝေဒနာ’ ကို “ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုခံစားခြင်း ‘ဝေဒနာ’၌ ငါ၏ ခံစားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ခံစားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။ “အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန စဥ်းစားလော့၊ စဥ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်မှတ်သားခြင်း ‘သညာ’ကို “မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုမှတ်သားခြင်း ‘သညာ’ ၌ ငါ၏ မှတ်သားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ မှတ်သားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။ “အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန စဥ်းစားလော့၊ စဥ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ပြုပြင်စီရင်မှု့ ‘သင်္ခါရ’ကို “ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုပြုပြင်စီရင်မှု ‘သင်္ခါရ’တို့၌ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ ဖြစ်ပါစေကုန်၊ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ မဖြစ်စေကုန်လင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။ “အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန စဥ်းစားလော့၊ စဥ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း၊ (အချင်းချင်း) မဆက်စပ်ပါတကား။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် အထူးသိမှု ‘ဝိညာဏ်’ကို “အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုအထူးသိမှု ‘ဝိညာဏ်’ ၌ ငါ၏ အထူးသိမှု ‘ဝိညာဏ်’သည် ဤသို့ ဖြစ်ပစေ၊ ငါ၏ အထူးသိမှု ‘ဝိညာဏ်’သည် ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။ “အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန စဥ်းစားလော့၊ စဥ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။ မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုရုပ်ကို “ဤရုပ်သည် ငါပိုင်ဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ခံစားခြင်းသည်။ပ။ မှတ်သားခြင်းသည်။ပ။ ပြုပြင်စီရင်မှုတို့သည်။ပ။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အထူးသိမှု ‘ဝိညာဏ်’သည်မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။ မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုဝိညာဏ်ကို “ဤဝိညာဏ်သည် ငါပိုင်ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်သူသည် ဆင်းရဲဒုက္ခကို တွယ်တာလျက်, ဆင်းရဲဒုက္ခသို့ ကပ်ရောက်လျက်, ဆင်းရဲဒုက္ခသို့ သက်ဝင်လျက် ဆင်းရဲဒုက္ခကို “ဤဆင်းရဲ ဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှု၏၊ စင်စစ်သော်ကား ထိုသူသည် ကိုယ်တိုင် ဆင်းရဲဒုက္ခကို ပိုင်းခြား၍သော်လည်းသိနိုင်ရာသလော၊ ဆင်းရဲ ဒုက္ခကို ကုန်ခန်းစေ၍သော်လည်း နေနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအချက်သည် အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊ မဖြစ်နိုင်ရာသည်သာတည်းဟု (လျှောက်၏)။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင်အဘယ်သို့ ထင်မှတ်သနည်း၊ ဤသို့ဖြစ်သော် သင်သည်ဆင်းရဲဒုက္ခကို တွယ်တာနေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ ကပ်ရောက်နေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ သက်ဝင်နေသူဖြစ်၍ ဆင်းရဲဒုက္ခကို “ဤဆင်းရဲဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုရာရောက်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အဘယ်မှာ မရောက်ဘဲ ရှိပါအံ့နည်း၊ ရှုရာရောက်ပါ၏ဟု (လျှောက်၏)။

“What do you think, Aggivessana? When you say, ‘Form is my self,’ do you have power over that form to say: ‘May my form be like this! May it not be like that’?” “No, worthy Gotama.” “Think about it, Aggivessana! You should think before answering. What you said before and what you said after don’t match up. What do you think, Aggivessana? When you say, ‘Feeling is my self,’ do you have power over that feeling to say: ‘May my feeling be like this! May it not be like that’?” “No, worthy Gotama.” “Think about it, Aggivessana! You should think before answering. What you said before and what you said after don’t match up. What do you think, Aggivessana? When you say, ‘Perception is my self,’ do you have power over that perception to say: ‘May my perception be like this! May it not be like that’?” “No, worthy Gotama.” “Think about it, Aggivessana! You should think before answering. What you said before and what you said after don’t match up. What do you think, Aggivessana? When you say, ‘Choices are my self,’ do you have power over those choices to say: ‘May my choices be like this! May they not be like that’?” “No, worthy Gotama.” “Think about it, Aggivessana! You should think before answering. What you said before and what you said after don’t match up. What do you think, Aggivessana? When you say, ‘Consciousness is my self,’ do you have power over that consciousness to say: ‘May my consciousness be like this! May it not be like that’?” “No, worthy Gotama.” “Think about it, Aggivessana! You should think before answering. What you said before and what you said after don’t match up. What do you think, Aggivessana? Is form permanent or impermanent?” “Impermanent.” “But if it’s impermanent, is it suffering or happiness?” “Suffering.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, worthy Gotama.” “What do you think, Aggivessana? Is feeling … perception … choices … consciousness permanent or impermanent?” “Impermanent.” “But if it’s impermanent, is it suffering or happiness?” “Suffering.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, worthy Gotama.” “What do you think, Aggivessana? Consider someone who resorts, draws near, and clings to suffering, regarding it thus: ‘This is mine, I am this, this is my self.’ Would they be able to completely understand suffering themselves, or live having wiped out suffering?” “How could they? No, worthy Gotama.” “What do you think, Aggivessana? This being so, aren’t you someone who resorts, draws near, and clings to suffering, regarding it thus: ‘This is mine, I am this, this is my self’?” “How could I not? Yes, worthy Gotama.”

စာ-၂၉၆

၃၅၉။ ‘‘သေယျထာပိ, အဂ္ဂိဝေဿန, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော တိဏှံ ကုဌာရိံ [ကုဓာရိံ (သျာ။ ကံ။ က။)] အာဒါယ ဝနံ ပဝိသေယျ။ သော တတ္ထ ပဿေယျ မဟန္တံ ကဒလိက္ခန္ဓံ ဥဇုံ နဝံ အကုက္ကုကဇာတံ [အကုက္ကုဋဇာတံ (သျာ။ ကံ။)]။ တမေနံ မူလေ ဆိန္ဒေယျ, မူလေ ဆေတွာ အဂ္ဂေ ဆိန္ဒေယျ, အဂ္ဂေ ဆေတွာ ပတ္တဝဋ္ဋိံ ဝိနိဗ္ဘုဇေယျ [ဝိနိဗ္ဘုဇ္ဇေယျ (က။)]။ သော တတ္ထ ပတ္တဝဋ္ဋိံ ဝိနိဗ္ဘုဇန္တော ဖေဂ္ဂုမ္ပိ နာဓိဂစ္ဆေယျ, ကုတော သာရံ? ဧဝမေဝ ခေါ တွံ, အဂ္ဂိဝေဿန, မယာ သကသ္မိံ ဝါဒေ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော ရိတ္တော တုစ္ဆော အပရဒ္ဓေါ။ ဘာသိတာ ခေါ ပန တေ ဧသာ, အဂ္ဂိဝေဿန, ဝေသာလိယံ ပရိသတိ ဝါစာ – ‘နာဟံ တံ ပဿာမိ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, သံဃိံ ဂဏိံ ဂဏာစရိယံ, အပိ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ ပဋိဇာနမာနံ, ယော မယာ ဝါဒေန ဝါဒံ သမာရဒ္ဓေါ န သင်္ကမ္ပေယျ န သမ္ပကမ္ပေယျ န သမ္ပဝေဓေယျ, ယဿ န ကစ္ဆေဟိ သေဒါ မုစ္စေယျုံ။ ထူဏံ စေပါဟံ အစေတနံ ဝါဒေန ဝါဒံ သမာရဘေယျံ သာပိ မယာ ဝါဒေန ဝါဒံ သမာရဒ္ဓါ သင်္ကမ္ပေယျ သမ္ပကမ္ပေယျ သမ္ပဝေဓေယျ။ ကော ပန ဝါဒေါ မနုဿဘူတဿာ’တိ? တုယှံ ခေါ ပန, အဂ္ဂိဝေဿန, အပ္ပေကစ္စာနိ သေဒဖုသိတာနိ နလာဋာ မုတ္တာနိ, ဥတ္တရာသင်္ဂံ ဝိနိဘိန္ဒိတွာ ဘူမိယံ ပတိဋ္ဌိတာနိ။ မယှံ ခေါ ပန, အဂ္ဂိဝေဿန, နတ္ထိ ဧတရဟိ ကာယသ္မိံ သေဒေါ’’တိ။ ဣတိ ဘဂဝါ တသ္မိံ [တဿံ (?)] ပရိသတိ သုဝဏ္ဏဝဏ္ဏံ ကာယံ ဝိဝရိ။ ဧဝံ ဝုတ္တေ, သစ္စကော နိဂဏ္ဌပုတ္တော တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိ။

၃၅၉။ အဂ္ဂိဝေဿန ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည်အနှစ်ရှာ လှည့်လည်သော် ထက်သော ဓားမကို ယူ၍ တောသို့ ဝင်ရာ၏။ ထိုယောကျာ်းသည် ထိုတော၌နု၍ အတွင်း၌ ဖူးတံမရှိသော ဖြူးဖြောင့်သော ငှက်ပျောတုံးကြီးကို တွေ့မြင်ရာ ထိုငှက်ပျောတုံးကို အရင်း၌ ဖြတ်လှဲရာ၏၊ အရင်း၌ ဖြတ်လှဲပြီးလျှင် အဖျား၌ ဖြတ်ရာ၏၊ အဖျား၌ ဖြတ်ပြီးသော် ငှက်ပျောပတ်ရစ်ကို ခွါရာ၏။ ထိုယောကျာ်းသည် ထိုငှက်ပျောတုံး၌ အပတ်ရစ်ကို ခွါသော် အကာကိုသော်လည်း မရရာ၊ အနှစ်ကိုမူ အဘယ်မှာ ရနိုင်အံ့နည်း။ အဂ္ဂိဝေဿန ဤအတူပင် သင့်ကို မိမိဝါဒ၌ ငါက စိစစ်သော် မေးမြန်းသော် အပြန် အလှန်မေးမြန်းသော် သင်သည် အနှစ်တုံး၍ အသုံးမကျဘဲ ကျရှူံးသူ ဖြစ်သည်သာတည်း။ အဂ္ဂိဝေဿန သင်သည် ဝေသာလီပြည် ပရိသတ်၌ “စကားလမ်းစဥ်ဖြင့် ငါအပြစ်တင်ဆိုသော်မတုန်မလှုပ် မယိမ်းမယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမယိုထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူဂိုဏ်းဆရာ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဥ်ဖြင့် ငါအပြစ်တင်ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဥ်ဖြင့်ငါအပြစ်တင်ဆိုသော် တုန်လှုပ်ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း” ဟု ဆိုခဲ့၏။ အဂ္ဂိဝေဿန သင့်မှာသာလျှင် နဖူးမှ ကျကုန်သော ချွေးပေါက် အချို့တို့သည် အပေါ်ရုံကို ဖေါက်၍မြေကြီး၌ တည်ကုန်၏၊ အဂ္ဂိဝေဿန ငါ့မှာကား ယခု ကိုယ်၌ ချွေးမရှိဟု မြတ်စွာဘုရားသည် ထိုပရိသတ်၌ ရွှေအဆင်းရှိသော ကိုယ်ကို ဖွင့်လှစ်ပြတော်မူ၏။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍ မျက်နှာမသာယာဘဲလည်ပင်း ငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဘဲ ထိုင်နေ၏။

“Suppose, Aggivessana, there was a person in need of heartwood. Wandering in search of heartwood, they’d take a sharp axe and enter a forest. There they’d see a big banana trunk, straight and young and grown unskewed. They’d cut it down at the base, cut off the top, and unroll the coiled sheaths. But they wouldn’t even find sapwood, much less heartwood. In the same way, when pursued, pressed, and grilled by me on your own doctrine, you turn out to be vacuous, hollow, and mistaken. But it was you who stated before the assembly of Vesālī: ‘I don’t see any ascetic or brahmin who would not shake and rock and tremble, sweating from the armpits, were I to take them on in debate—not a leader of an order or a community, or the tutor of a community, and not even one who claims to be a perfected one, a fully awakened Buddha. Even an insentient post would shake and rock and tremble were I to take it on in debate. How much more then a human being!’ But sweat is pouring from your forehead; it’s soaked through your robe and drips on the ground. While I now have no sweat on my body.” So the Buddha revealed his golden body to the assembly. When this was said, Saccaka sat silent, dismayed, shoulders drooping, downcast, depressed, with nothing to say.

၃၆၀။ အထ ခေါ ဒုမ္မုခေါ လိစ္ဆဝိပုတ္တော သစ္စကံ နိဂဏ္ဌပုတ္တံ တုဏှီဘူတံ မင်္ကုဘူတံ ပတ္တက္ခန္ဓံ အဓောမုခံ ပဇ္ဈာယန္တံ အပ္ပဋိဘာနံ ဝိဒိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဥပမာ မံ, ဘဂဝါ, ပဋိဘာတီ’’တိ။ ‘‘ပဋိဘာတု တံ, ဒုမ္မုခါ’’တိ ဘဂဝါ အဝေါစ။ ‘‘သေယျထာပိ, ဘန္တေ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ ပေါက္ခရဏီ။ တတြာဿ ကက္ကဋကော။ အထ ခေါ, ဘန္တေ, သမ္ဗဟုလာ ကုမာရကာ ဝါ ကုမာရိကာ ဝါ တမှာ ဂါမာ ဝါ နိဂမာ ဝါ နိက္ခမိတွာ ယေန သာ ပေါက္ခရဏီ တေနုပသင်္ကမေယျုံ၊ ဥပသင်္ကမိတွာ တံ ပေါက္ခရဏိံ ဩဂါဟေတွာ တံ ကက္ကဋကံ ဥဒကာ ဥဒ္ဓရိတွာ ထလေ ပတိဋ္ဌာပေယျုံ။ ယညဒေဝ ဟိ သော, ဘန္တေ, ကက္ကဋကော အဠံ အဘိနိန္နာမေယျ တံ တဒေဝ တေ ကုမာရကာ ဝါ ကုမာရိကာ ဝါ ကဋ္ဌေန ဝါ ကထလေန ဝါ သဉ္ဆိန္ဒေယျုံ သမ္ဘဉ္ဇေယျုံ သမ္ပလိဘဉ္ဇေယျုံ။ ဧဝဉှိ သော, ဘန္တေ, ကက္ကဋကော သဗ္ဗေဟိ အဠေဟိ သဉ္ဆိန္နေဟိ သမ္ဘဂ္ဂေဟိ သမ္ပလိဘဂ္ဂေဟိ အဘဗ္ဗော တံ ပေါက္ခရဏိံ ပုန ဩတရိတုံ, သေယျထာပိ ပုဗ္ဗေ။ ဧဝမေဝ ခေါ, ဘန္တေ, ယာနိ သစ္စကဿ နိဂဏ္ဌပုတ္တဿ ဝိသူကာယိတာနိ ဝိသေဝိတာနိ ဝိပ္ဖန္ဒိတာနိ တာနိပိ သဗ္ဗာနိ [ဝိပ္ဖန္ဒိတာနိ ကာနိစိ ကာနိစိ တာနိ (သီ။ သျာ။ ကံ။ ပီ။)] ဘဂဝတာ သဉ္ဆိန္နာနိ သမ္ဘဂ္ဂါနိ သမ္ပလိဘဂ္ဂါနိ၊ အဘဗ္ဗော စ ဒါနိ, ဘန္တေ, သစ္စကော နိဂဏ္ဌပုတ္တော ပုန ဘဂဝန္တံ ဥပသင်္ကမိတုံ ယဒိဒံ ဝါဒါဓိပ္ပါယော’’တိ။ ဧဝံ ဝုတ္တေ, သစ္စကော နိဂဏ္ဌပုတ္တော ဒုမ္မုခံ လိစ္ဆဝိပုတ္တံ ဧတဒဝေါစ – ‘‘အာဂမေဟိ တွံ, ဒုမ္မုခ, အာဂမေဟိ တွံ, ဒုမ္မုခ ( ) [(မုခရောသိ တွံ ဒုမ္မုခ) (သျာ။ ကံ။)] န မယံ တယာ သဒ္ဓိံ မန္တေမ, ဣဓ မယံ ဘောတာ ဂေါတမေန သဒ္ဓိံ မန္တေမ။

၃၆၀။ ထိုအခါ လိစ္ဆဝီမင်းသား ဒုမ္မုခသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍မျက်နှာမသာယာဘဲ လည်ပင်းငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရသည်ကိုသိ၍ “မြတ်စွာဘုရား တပည့်တော်မှာ ဥပမာ ထင်လာပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ “ဒုမ္မုခ ထို့ပမာကို ထင်ရှားစေလော့” ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။ အသျှင်ဘုရား ရွာ၏ အနီး၌ဖြစ်စေ၊ နိဂုံး၏အနီး၌ဖြစ်စေ ရေကန်သည် ရှိ၏၊ ထိုရေကန်၌ ပုဇွန်လုံးသည် ရှိရာပါ၏။ ထိုအခါ များစွာသော သူငယ်သူငယ်မတို့သည် ထိုရွာမှလည်းကောင်း၊ ထိုနိဂုံးမှလည်းကောင်း ထွက်၍ ထိုရေကန်ဆီသို့ ချဥ်းကပ်ကြပြီးလျှင် ရေကန်သို့ သက်ဆင်း၍ ထိုပုဇွန်လုံးကို ရေမှထုတ်ဆောင်ကာ ကုန်း၌ တည်စေကုန်ရာ၏။ အသျှင်ဘုရား ထွက်လာတိုင်း ထွက်လာတိုင်းသော ထိုပုဇွန်လုံး၏ ခြေချောင်း လက်ချောင်း ဟူသမျှကိုပင် ထိုသူငယ်သူငယ်မတို့သည် တုတ်ချောင်းဖြင့်ဖြစ်စေအိုးခြမ်းကွဲဖြင့်ဖြစ်စေ ဖြတ်ကုန်ရာ၏၊ ချိုးကုန်ရာ၏၊ ထက်ဝန်းကျင် ချိုးကုန်ရာ၏။ အသျှင်ဘုရား ဤသို့လျှင် ထိုပုဇွန်လုံးသည် ခြေချောင်း လက်ချောင်း အားလုံး အဖြတ်ခံရ အချိုးခံရ ထက်ဝန်းကျင် အချိုးခံထားရသဖြင့် ထိုရေကန်သို့ ရှေးကကဲ့သို့ ပြန်လည် သက်ဆင်းရန် မဖြစ်နိုင်တော့သကဲ့သို့၊ ဤအတူ့ပင်လျှင် နိဂဏ္ဌတက္ကတွန်း၏သား သစ္စက၏ ထောင်ထလှုပ်ရှား နေသော အယူဝါဒခြေချောင်းလက်ချောင်း အားလုံးတို့ကို မြတ်စွာဘုရားသည် ဖြတ်ထားအပ်ကုန်၏၊ ချိုးထားအပ်ကုန်၏၊ ထက်ဝန်းကျင် ချိုးထား အပ်ကုန်၏။ အသျှင်ဘုရား ယခုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည်မြတ်စွာဘုရား ထံသို့ အပြစ် တင်လိုသဖြင့် ပြန်လည်ချဥ်းကပ်ရန် မဖြစ်နိုင်တော့ပါဟု လျှောက်၏။ ဤသို့ လျှောက်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကက “ဒုမ္မုခ သင်သည် ရပ်ဆိုင်းဦးလော့၊ ဒုမ္မုခသင်သည် ရပ်ဆိုင်းဦးလော့၊ ငါတို့သည် သင်နှင့် အတူ မပြောဆို မတိုင်ပင်ကြကုန်၊ ငါတို့သည်အသျှင်ဂေါတမနှင့်အတူ ပြောဆို တိုင်ပင်ကြကုန်၏” ဟု လိစ္ဆဝီမင်းသား ဒုမ္မုခအား ပြောဆို၏။

Knowing this, the Licchavi Dummukha said to the Buddha, “A simile strikes me, Blessed One.” “Then speak as you feel inspired,” said the Buddha. “Sir, suppose there was a lotus pond not far from a town or village, and a crab lived there. Then several boys or girls would leave the town or village and go to the pond, where they’d pull out the crab and put it on solid ground. Whenever that crab extended a claw, those boys or girls would snap, crack, and break it off with a stick or a stone. And when that crab’s claws had all been snapped, cracked, and broken off it wouldn’t be able to return down into that lotus pond. In the same way, sir, the Buddha has snapped, cracked, and broken off all Saccaka’s twists, ducks, and dodges. Now he can’t get near the Buddha again looking for a debate.” But Saccaka said to him, “Hold on, Dummukha, hold on! I wasn’t talking with you, I was talking with the worthy Gotama.

စာ-၂၉၇

၃၆၁။ ‘‘တိဋ္ဌတေသာ, ဘော ဂေါတမ, အမှာကဉ္စေဝ အညေသဉ္စ ပုထုသမဏဗြာဟ္မဏာနံ ဝါစာ။ ဝိလာပံ ဝိလပိတံ မညေ။ ကိတ္တာဝတာ စ နု ခေါ ဘောတော ဂေါတမဿ သာဝကော သာသနကရော ဟောတိ ဩဝါဒပတိကရော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဝိဟရတီ’’တိ? ‘‘ဣဓ, အဂ္ဂိဝေဿန, မမ သာဝကော ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ, သဗ္ဗံ ရူပံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ၊ ယာ ကာစိ ဝေဒနာ…ပေ… ယာ ကာစိ သညာ…ပေ… ယေ ကေစိ သင်္ခါရာ…ပေ… ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ, ယံ ဒူရေ သန္တိကေ ဝါ, သဗ္ဗံ ဝိညာဏံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ ဧတ္တာဝတာ ခေါ, အဂ္ဂိဝေဿန, မမ သာဝကော သာသနကရော ဟောတိ ဩဝါဒပတိကရော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဝိဟရတီ’’တိ။

‘‘ကိတ္တာဝတာ ပန, ဘော ဂေါတမ, ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော’’တိ? ‘‘ဣဓ, အဂ္ဂိဝေဿန, ဘိက္ခု ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သဗ္ဗံ ရူပံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုပါဒါ ဝိမုတ္တော ဟောတိ၊ ယာ ကာစိ ဝေဒနာ…ပေ… ယာ ကာစိ သညာ…ပေ… ယေ ကေစိ သင်္ခါရာ…ပေ… ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သဗ္ဗံ ဝိညာဏံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုပါဒါ ဝိမုတ္တော ဟောတိ။ ဧတ္တာဝတာ ခေါ, အဂ္ဂိဝေဿန, ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော။ ဧဝံ ဝိမုတ္တစိတ္တော ခေါ, အဂ္ဂိဝေဿန, ဘိက္ခု တီဟိ အနုတ္တရိယေဟိ သမန္နာဂတော ဟောတိ – ဒဿနာနုတ္တရိယေန, ပဋိပဒါနုတ္တရိယေန, ဝိမုတ္တာနုတ္တရိယေန။ ဧဝံ ဝိမုတ္တစိတ္တော ခေါ, အဂ္ဂိဝေဿန, ဘိက္ခု တထာဂတညေဝ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ – ဗုဒ္ဓေါ သော ဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ, ဒန္တော သော ဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ, သန္တော သော ဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ, တိဏ္ဏော သော ဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ, ပရိနိဗ္ဗုတော သော ဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတီ’’တိ။

၃၆၁။ (ထို့နောက်) အသျှင်ဂေါတမ အကျွန်ုပ်တို့နှင့် အကျွန်ုပ်မှ တစ်ပါးသော များစွာသောသမဏဗြာဟ္မဏတို့၏ စကားသည် တည်ရှိစေဦး၊ ဤစကားသည် ဆိုမြည် ယောင်ယမ်းသကဲ့သို့သောစကားမျှသာ ဖြစ်၏။ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အသျှင်ဂေါတမ၏ တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်သနည်း၊ ယုံမှားခြင်းကို လွန်မြောက်လျက် သို့လောသို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်း (ဉာဏ်) သို့ ရောက်လျက် သူတစ်ပါးကို ယုံကြည်ရန်မလိုတော့သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ နေပါသနည်းဟု မေး၏။ အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါ၏ တပည့်သာဝကသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါပိုင် မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ဤရုပ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါပိုင်မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ ဤအထူးသိမှု ‘ဝိညာဏ်’ကိုအမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့် ငါ၏တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန် ကြားချက်ကို လိုက်နာသူ ဖြစ်၏၊ ယုံမှားခြင်းကိုလွန်မြောက်လျက် သို့လော သို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်းဉာဏ်သို့ ရောက်လျက်သူတစ်ပါးကို ယုံကြည်ရန် မလိုတော့သည် ဖြစ်၍ မြတ်စွာ ဘုရား သာသနာတော်၌ နေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကိုကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသော ဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုးစီးပွားသို့ ရောက်ပြီးသော ဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဥ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ဖြစ်ပါသနည်းဟု (မေး၏)။ အဂ္ဂိဝေဿန ဤသာသနာတော်၌ ရဟန်းသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤရုပ်ကို အမှန်အတိုင်းကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ်မြောက်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ဥစ္စာမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤအထူးသိမှုဝိညာဏ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ် မြောက်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့်ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသောဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုး စီးပွားသို့ ရောက်ပြီးသောဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဥ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာဖြစ်၏ဟု (မိန့်တော်မူ၏)။ (ထို့နောက်) အဂ္ဂိဝေဿန ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် အမြင်ထူးခြားခြင်း၊ အကျင့်ထူးခြားခြင်း၊ လွတ်မြောက်မှုထူးခြားခြင်းဟူသော သုံးပါးသော ထူးခြားခြင်းတို့နှင့် ပြည့်စုံ၏။ အဂ္ဂိဝေဿန ဤသို့လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် မြတ်စွာဘုရားကိုသာလျှင် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ “သိတော်မူသော ထိုမြတ်စွာဘုရားသည် သိစေခြင်းငှါ တရားကို ဟောကြားတော်မူ၏၊ ယဥ်ကျေးတော်မူပြီးသော ထိုမြတ်စွာဘုရားသည် ယဥ်ကျေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (ကိလေသာ) ငြိမ်းတော်မူပြီးသော ထိုမြတ်စွာဘုရားသည် (ကိလေသာ) ငြိမ်း (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (ဩဃလေးပါးကို) ကူးမြောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် (ဩဃလေးပါး) ကို ကူးမြောက် (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ အကြွင်းမဲ့ငြိမ်းအေး တော်မူပြီးသော ထိုမြတ်စွာဘုရားသည် အကြွင်းမဲ့ငြိမ်းအေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏” ဟု မိန့်တော်မူ၏။

Worthy Gotama, leave aside that statement I made—as did various other ascetics and brahmins— it was, like, just a bit of nonsense. How do you define a disciple of the worthy Gotama who follows instructions and responds to advice; who has gone beyond doubt, got rid of indecision, gained assurance, and is independent of others in the Teacher’s instructions?” “It’s when one of my disciples truly sees any kind of form at all—past, future, or present; internal or external; solid or subtle; inferior or superior; far or near: <em>all</em> form—with right understanding: ‘This is not mine, I am not this, this is not my self.’ They truly see any kind of feeling … perception … choices … consciousness at all—past, future, or present; internal or external; solid or subtle; inferior or superior; far or near: <em>all</em> consciousness—with right understanding: ‘This is not mine, I am not this, this is not my self.’ That’s how to define one of my disciples who follows instructions and responds to advice; who has gone beyond doubt, got rid of indecision, gained assurance, and is independent of others in the Teacher’s instructions.” “But how do you define a mendicant who is a perfected one, with defilements ended, who has completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and is rightly freed through enlightenment?” “It’s when a mendicant truly sees any kind of form at all—past, future, or present; internal or external; solid or subtle; inferior or superior; far or near: <em>all</em> form—with right understanding: ‘This is not mine, I am not this, this is not my self.’ And having seen this with right understanding they’re freed by not grasping. They truly see any kind of feeling … perception … choices … consciousness at all—past, future, or present; internal or external; solid or subtle; inferior or superior; far or near: <em>all</em> consciousness—with right understanding: ‘This is not mine, I am not this, this is not my self.’ And having seen this with right understanding they’re freed by not grasping. That’s how to define a mendicant who is a perfected one, with defilements ended, who has completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and is rightly freed through enlightenment. A mendicant whose mind is freed like this has three unsurpassable qualities: unsurpassable seeing, practice, and freedom. They honor, respect, esteem, and venerate only the Realized One: ‘The Blessed One is awakened, tamed, serene, crossed over, and quenched. And he teaches Dhamma for awakening, self-control, serenity, crossing over, and extinguishment.’”

စာ-၂၉၈

၃၆၂။ ဧဝံ ဝုတ္တေ, သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မယမေဝ, ဘော ဂေါတမ, ဓံသီ, မယံ ပဂဗ္ဗာ, ယေ မယံ ဘဝန္တံ ဂေါတမံ ဝါဒေန ဝါဒံ အာသာဒေတဗ္ဗံ အမညိမှ။ သိယာ ဟိ, ဘော ဂေါတမ, ဟတ္ထိံ ပဘိန္နံ အာသဇ္ဇ ပုရိသဿ သောတ္ထိဘာဝေါ, န တွေဝ ဘဝန္တံ ဂေါတမံ အာသဇ္ဇ သိယာ ပုရိသဿ သောတ္ထိဘာဝေါ။ သိယာ ဟိ, ဘော ဂေါတမ, ပဇ္ဇလိတံ [ဇလန္တံ (သီ။ ပီ။)] အဂ္ဂိက္ခန္ဓံ အာသဇ္ဇ ပုရိသဿ သောတ္ထိဘာဝေါ, န တွေဝ ဘဝန္တံ ဂေါတမံ အာသဇ္ဇ သိယာ ပုရိသဿ သောတ္ထိဘာဝေါ။ သိယာ ဟိ, ဘော ဂေါတမ, အာသီဝိသံ ဃောရဝိသံ အာသဇ္ဇ ပုရိသဿ သောတ္ထိဘာဝေါ, န တွေဝ ဘဝန္တံ ဂေါတမံ အာသဇ္ဇ သိယာ ပုရိသဿ သောတ္ထိဘာဝေါ။ မယမေဝ, ဘော ဂေါတမ, ဓံသီ, မယံ ပဂဗ္ဗာ, ယေ မယံ ဘဝန္တံ ဂေါတမံ ဝါဒေန ဝါဒံ အာသာဒေတဗ္ဗံ အမညိမှ။ အဓိဝါသေတု [အဓိဝါသေတု စ (ပီ။ က။)] မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။

၃၆၂။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟု ထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာလျှင် ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည် စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမ (မှန်ပါ၏)၊ အမုန်ယစ်သော ဆင်ကို ပုတ်ခတ်၍ ယောကျာ်းအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်းမှာချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ တောက်ပြောင်သော မီးပုံကို ပုတ်ခတ်၍ယောကျာ်းအား ချမ်း သာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်းအားချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ လျင်သောအဆိပ်ရှိသောမြွေကြမ်းသောအဆိပ်ရှိသောမြွေကို ပုတ် ခတ်၍ ယောကျာ်းအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်း အား ချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟုထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာ ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည်စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမသည် နက် ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကိုရဟန်းသံဃာနှင့်အတူ ခံယူတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရား သည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။

When he had spoken, Saccaka said to him, “Worthy Gotama, it was rude and impudent of me to imagine I could attack you in debate. For a person might find safety after attacking a rutting elephant, but not after attacking the worthy Gotama. A person might find safety after attacking a blazing mass of fire, but not after attacking the worthy Gotama. They might find safety after attacking a poisonous viper, but not after attacking the worthy Gotama. It was rude and impudent of me to imagine I could attack you in debate. Would the worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” The Buddha consented with silence.

၃၆၃။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ တေ လိစ္ဆဝီ အာမန္တေသိ – ‘‘သုဏန္တု မေ ဘောန္တော လိစ္ဆဝီ, သမဏော မေ ဂေါတမော နိမန္တိတော သွာတနာယ သဒ္ဓိံ ဘိက္ခုသံဃေန။ တေန မေ အဘိဟရေယျာထ ယမဿ ပတိရူပံ မညေယျာထာ’’တိ။ အထ ခေါ တေ လိစ္ဆဝီ တဿာ ရတ္တိယာ အစ္စယေန သစ္စကဿ နိဂဏ္ဌပုတ္တဿ ပဉ္စမတ္တာနိ ထာလိပါကသတာနိ ဘတ္တာဘိဟာရံ အဘိဟရိံသု။ အထ ခေါ နိဂဏ္ဌပုတ္တော သကေ အာရာမေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန သစ္စကဿ နိဂဏ္ဌပုတ္တဿ အာရာမော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ သဒ္ဓိံ ဘိက္ခုသံဃေန။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယမိဒံ, ဘော ဂေါတမ, ဒါနေ ပုညဉ္စ ပုညမဟီ စ တံ ဒါယကာနံ သုခါယ ဟောတူ’’တိ။ ‘‘ယံ ခေါ, အဂ္ဂိဝေဿန, တာဒိသံ ဒက္ခိဏေယျံ အာဂမ္မ အဝီတရာဂံ အဝီတဒေါသံ အဝီတမောဟံ, တံ ဒါယကာနံ ဘဝိဿတိ။ ယံ ခေါ, အဂ္ဂိဝေဿန, မာဒိသံ ဒက္ခိဏေယျံ အာဂမ္မ ဝီတရာဂံ ဝီတဒေါသံ ဝီတမောဟံ, တံ တုယှံ ဘဝိဿတီ’’တိ။

စူဠသစ္စကသုတ္တံ နိဋ္ဌိတံ ပဉ္စမံ။

၃၆၃။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ လက်ခံခြင်းကို သိ၍ထိုလိစ္ဆဝီမင်းတို့ကို “လိစ္ဆဝီမင်းတို့ ငါ၏စကားကို နားထောင်ကြကုန်လော့၊ ရဟန်းဂေါတမကို နက်ဖြန့်အလို့ငှါ ရဟန်းသံဃာနှင့် အတူ ပင့်ဖိတ်ထား၏၊ ရဟန်းဂေါတမအား လျောက်ပတ်၏ဟု ထင်မှတ်ကြသော ဝတ္ထုကို ငါ့ထံသို့ ရှေးရှုဆောင်ခဲ့ကြကုန်” ဟု ပြောဆို၏။ ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် ထိုညဥ့်ကုန်လွန်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကထံသို့ ပို့ဆွမ်း ဆွမ်းအိုးငါးရာမျှလောက်ကို ပို့ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မိမိအရံ၌ မွန်မြတ်သော ခဲဖွယ် စားဖွယ်ကို စီရင်စေ၍မြတ်စွာဘုရားအား “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ” ဟု အချိန်တန်ကြောင်းကိုလျှောက် စေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာနိဂဏ္ဌတက္ကတွန်း၏သား သစ္စကအရံဆီသို့ ချဥ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နိမ့်သော နေရာကို ယူ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ထိုင်၏။ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အလှူဒါန၌ ကုသိုလ် (အကျိုး) ရင်းသည်လည်းကောင်း၊ ကြီးမြတ်သော ကုသိုလ် (အကျိုး) ဆက်သည်လည်းကောင်း ရှိ၏၊ ထိုအကျိုးရင်း အကျိုးဆက်သည် ပေးလှူသူ (လိစ္ဆဝီမင်း)တို့အား ချမ်းသာခြင်းငှါ ဖြစ်ပါစေ” ဟု ဆို၏၊ အဂ္ဂိဝေဿန သင်ကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း မကင်းသေးသော အလှူခံပုဂ္ဂိုလ်ကို စွဲ၍ ပေးသော ဒါနမှုသည် ပေးလှူသူ လိစ္ဆဝီမင်းတို့အတွက်ဖြစ်လတ္တံ့၊ အဂ္ဂိဝေဿန ငါကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း ကင်းသော အလှူခံပုဂ္ဂိုလ်ကိုစွဲ၍ ပေးလှူသော ဒါနမှုသည်ကား သင့်အတွက် ဖြစ်လတ္တံ့ဟု (မိန့်ကြားတော်မူ၏)။ ငါးခုမြောက် စူဠသစ္စကသုတ်ပြီး၏။

Then, knowing that the Buddha had consented, Saccaka addressed those Licchavis, “Listen, gentlemen. I have invited the ascetic Gotama together with the Saṅgha of mendicants for tomorrow’s meal. You may all bring me what you think is suitable.” Then, when the night had passed, those Licchavis presented Saccaka with an offering of five hundred servings of food. And Saccaka had delicious fresh and cooked foods prepared in his own park. Then he had the Buddha informed of the time, saying, “It’s time, worthy Gotama, the meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to Saccaka’s park, where he sat down on the seat spread out together with the Saṅgha of mendicants. Then Saccaka served and satisfied the mendicant Saṅgha headed by the Buddha with his own hands with delicious fresh and cooked foods. When the Buddha had eaten and washed his hand and bowl, Saccaka took a low seat and sat to one side. Then Saccaka said to the Buddha, “Worthy Gotama, may the merit and the growth of merit in this gift be for the happiness of the donors.” “Aggivessana, whatever comes from giving to a recipient of a religious donation such as yourself—who is not free of greed, hate, and delusion—will accrue to the donors. Whatever comes from giving to a recipient of a religious donation such as myself—who is free of greed, hate, and delusion—will accrue to you.”

၆။ မဟာသစ္စကသုတ္တံ

၃၆၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ တေန ခေါ ပန သမယေန ဘဂဝါ ပုဗ္ဗဏှသမယံ သုနိဝတ္ထော ဟောတိ ပတ္တစီဝရမာဒါယ ဝေသာလိံ ပိဏ္ဍာယ ပဝိသိတုကာမော [ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ… ပဝိသိတုကာမော ဟောတိ (သီ။)]။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ယေန မဟာဝနံ ကူဋာဂါရသာလာ တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ အာယသ္မာ အာနန္ဒော သစ္စကံ နိဂဏ္ဌပုတ္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘အယံ, ဘန္တေ, သစ္စကော နိဂဏ္ဌပုတ္တော အာဂစ္ဆတိ ဘဿပ္ပဝါဒကော ပဏ္ဍိတဝါဒေါ သာဓုသမ္မတော ဗဟုဇနဿ။ ဧသော ခေါ, ဘန္တေ, အဝဏ္ဏကာမော ဗုဒ္ဓဿ, အဝဏ္ဏကာမော ဓမ္မဿ, အဝဏ္ဏကာမော သံဃဿ။ သာဓု, ဘန္တေ, ဘဂဝါ မုဟုတ္တံ နိသီဒတု အနုကမ္ပံ ဥပါဒါယာ’’တိ။ နိသီဒိ ဘဂဝါ ပညတ္တေ အာသနေ။ အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဧတဒဝေါစ –

၆- မဟာသစ္စကသုတ် ၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်အခါ၌သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်လို၍ ကောင်းစွာ ဝတ်ရုံတော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် အညောင်းပြေ လမ်းလျှောက် လှည့်လည်သော်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဥ်းကပ်၏။ အသျှင်အာနန္ဒာသည် အဝေးမှလာသော နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို မြင်၍ “အသျှင်ဘုရား ပညာပြိုင်ဆိုင်ပြောတတ်သော ပညာရှိ၏ဟု ပြောဆိုတတ်သော လူအပေါင်းက သူတော်ကောင်းဟု သမုတ်ထားသော ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လာပါ၏၊ အသျှင်ဘုရား ထိုသစ္စကသည် မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားခြင်းကိုစွဲ၍ တမုဟုတ်မျှ ထိုင်တော်မူပါလော့” ဟု မြတ်စွာဘုရားအား လျှောက်သဖြင့် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက်-

Middle Discourses 36 The Longer Discourse With Saccaka So I have heard. At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Now at that time in the morning the Buddha, being properly dressed, took his bowl and robe, wishing to enter Vesālī for alms. Then as Saccaka, the son of Jain parents, was going for a walk he approached the hall with the peaked roof in the Great Wood. Venerable Ānanda saw him coming off in the distance, and said to the Buddha, “Sir, Saccaka, the son of Jain parents, is coming. He’s a controversialist who pretends to be astute and is deemed holy by many people. He wants to discredit the Buddha, the teaching, and the Saṅgha. Please, sir, sit for an hour out of sympathy.” The Buddha sat down on the seat spread out. Then Saccaka went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha,

စာ-၃၀၀

၃၆၅။ ‘‘သန္တိ, ဘော ဂေါတမ, ဧကေ သမဏဗြာဟ္မဏာ ကာယဘာဝနာနုယောဂမနုယုတ္တာ ဝိဟရန္တိ, နော စိတ္တဘာဝနံ။ ဖုသန္တိ ဟိ တေ, ဘော ဂေါတမ, သာရီရိကံ ဒုက္ခံ ဝေဒနံ။ ဘူတပုဗ္ဗံ, ဘော ဂေါတမ, သာရီရိကာယ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌဿ သတော ဦရုက္ခမ္ဘောပိ နာမ ဘဝိဿတိ, ဟဒယမ္ပိ နာမ ဖလိဿတိ, ဥဏှမ္ပိ လောဟိတံ မုခတော ဥဂ္ဂမိဿတိ, ဥမ္မာဒမ္ပိ ပါပုဏိဿတိ [ပါပုဏိဿန္တိ (သျာ။ ကံ။)] စိတ္တက္ခေပံ။ တဿ ခေါ ဧတံ, ဘော ဂေါတမ, ကာယနွယံ စိတ္တံ ဟောတိ, ကာယဿ ဝသေန ဝတ္တတိ။ တံ ကိဿ ဟေတု? အဘာဝိတတ္တာ စိတ္တဿ။ သန္တိ ပန, ဘော ဂေါတမ, ဧကေ သမဏဗြာဟ္မဏာ စိတ္တဘာဝနာနုယောဂမနုယုတ္တာ ဝိဟရန္တိ, နော ကာယဘာဝနံ။ ဖုသန္တိ ဟိ တေ, ဘော ဂေါတမ, စေတသိကံ ဒုက္ခံ ဝေဒနံ။ ဘူတပုဗ္ဗံ, ဘော ဂေါတမ, စေတသိကာယ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌဿ သတော ဦရုက္ခမ္ဘောပိ နာမ ဘဝိဿတိ, ဟဒယမ္ပိ နာမ ဖလိဿတိ, ဥဏှမ္ပိ လောဟိတံ မုခတော ဥဂ္ဂမိဿတိ, ဥမ္မာဒမ္ပိ ပါပုဏိဿတိ စိတ္တက္ခေပံ။ တဿ ခေါ ဧသော, ဘော ဂေါတမ, စိတ္တနွယော ကာယော ဟောတိ, စိတ္တဿ ဝသေန ဝတ္တတိ။ တံ ကိဿ ဟေတု? အဘာဝိတတ္တာ ကာယဿ။ တဿ မယှံ, ဘော ဂေါတမ, ဧဝံ ဟောတိ – ‘အဒ္ဓါ ဘောတော ဂေါတမဿ သာဝကာ စိတ္တဘာဝနာနုယောဂမနုယုတ္တာ ဝိဟရန္တိ, နော ကာယဘာဝန’’’န္တိ။

၃၆၅။ အသျှင်ဂေါတမ ကိုယ်ကောင်ပွားစီးရေးကိုသာ အားထုတ်လျက် စိတ်ပွားစီးရေးကိုကာ့းအားမထုတ်ဘဲ နေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကား ကိုယ်၌ ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်းစိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ စိတ်သည် ကိုယ်သို့ အစဥ်လိုက်၏။ ကိုယ်၏ အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်ကို မပွားစီးစေအပ်သည့် အဖြစ်ကြောင့်တည်း။ အသျှင်ဂေါတမ စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ကောင်ပွားစီးရေးကိုကား အားမထုတ်ဘဲနေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် စိတ်၌ ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကားစိတ်၌ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ ကိုယ်သည် စိတ်သို့ အစဥ်လိုက်၏။ စိတ်၏အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့်တည်း။ အသျှင်ဂေါတမ “စင်စစ်သော်ကား အသျှင်ဂေါတမ၏ တပည့်သာဝကတို့သည် စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ပွားစီးရေး ကိုကား အားမထုတ်ဘဲ နေကြကုန်၏” ဟုဤသို့လျှင် အကျွန်ုပ်အား အကြံအစည်ဖြစ်ပါ၏ဟု ဆို၏။

“Worthy Gotama, there are some ascetics and brahmins who live committed to the practice of developing physical endurance, without developing the mind. They suffer painful physical feelings. This happened to someone once. Their thighs became paralyzed, their heart burst, hot blood gushed from their mouth, and they went mad and lost their mind. Their mind was subject to the body, and the body had power over it. Why is that? Because their mind was not developed. There are some ascetics and brahmins who live committed to the practice of developing the mind, without developing physical endurance. They suffer painful mental feelings. This happened to someone once. Their thighs became paralyzed, their heart burst, hot blood gushed from their mouth, and they went mad and lost their mind. Their body was subject to the mind, and the mind had power over it. Why is that? Because their physical endurance was not developed. It occurs to me that The worthy Gotama’s disciples must live committed to the practice of developing the mind, without developing physical endurance.”

၃၆၆။ ‘‘ကိန္တိ ပန တေ, အဂ္ဂိဝေဿန, ကာယဘာဝနာ သုတာ’’တိ? ‘‘သေယျထိဒံ – နန္ဒော ဝစ္ဆော, ကိသော သံကိစ္စော, မက္ခလိ ဂေါသာလော – ဧတေဟိ, ဘော ဂေါတမ, အစေလကာ မုတ္တာစာရာ ဟတ္ထာပလေခနာ နဧဟိဘဒ္ဒန္တိကာ နတိဋ္ဌဘဒ္ဒန္တိကာ [နဧဟိဘဒန္တိကာ, နတိဋ္ဌဘဒန္တိကာ (သီ။ သျာ။ ကံ။ ပီ။ က။)] န အဘိဟဋံ န ဥဒ္ဒိဿကတံ န နိမန္တနံ သာဒိယန္တိ, တေ န ကုမ္ဘိမုခါ ပဋိဂ္ဂဏှန္တိ န ကဠောပိမုခါ ပဋိဂ္ဂဏှန္တိ န ဧဠကမန္တရံ န ဒဏ္ဍမန္တရံ န မုသလမန္တရံ န ဒွိန္နံ ဘုဉ္ဇမာနာနံ န ဂဗ္ဘိနိယာ န ပါယမာနာယ န ပုရိသန္တရဂတာယ န သင်္ကိတ္တီသု န ယတ္ထ သာ ဥပဋ္ဌိတော ဟောတိ န ယတ္ထ မက္ခိကာ သဏ္ဍသဏ္ဍစာရိနီ, န မစ္ဆံ န မံသံ န သုရံ န မေရယံ န ထုသောဒကံ ပိဝန္တိ။ တေ ဧကာဂါရိကာ ဝါ ဟောန္တိ ဧကာလောပိကာ, ဒွါဂါရိကာ ဝါ ဟောန္တိ ဒွါလောပိကာ…ပေ… သတ္တာဂါရိကာ ဝါ ဟောန္တိ သတ္တာလောပိကာ။ ဧကိဿာပိ ဒတ္တိယာ ယာပေန္တိ, ဒွီဟိပိ ဒတ္တီဟိ ယာပေန္တိ…ပေ… သတ္တဟိပိ ဒတ္တီဟိ ယာပေန္တိ။ ဧကာဟိကမ္ပိ အာဟာရံ အာဟာရေန္တိ, ဒွီဟိကမ္ပိ အာဟာရံ အာဟာရေန္တိ…ပေ… သတ္တာဟိကမ္ပိ အာဟာရံ အာဟာရေန္တိ။ ဣတိ ဧဝရူပံ အဒ္ဓမာသိကမ္ပိ ပရိယာယဘတ္တဘောဇနာနုယောဂမနုယုတ္တာ ဝိဟရန္တီ’’တိ။

‘‘ကိံ ပန တေ, အဂ္ဂိဝေဿန, တာဝတကေနေဝ ယာပေန္တီ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ။ အပ္ပေကဒါ, ဘော ဂေါတမ, ဥဠာရာနိ ဥဠာရာနိ ခါဒနီယာနိ ခါဒန္တိ, ဥဠာရာနိ ဥဠာရာနိ ဘောဇနာနိ ဘုဉ္ဇန္တိ, ဥဠာရာနိ ဥဠာရာနိ သာယနီယာနိ သာယန္တိ, ဥဠာရာနိ ဥဠာရာနိ ပါနာနိ ပိဝန္တိ။ တေ ဣမံ ကာယံ ဗလံ ဂါဟေန္တိ နာမ, ဗြူဟေန္တိ နာမ, မေဒေန္တိ နာမာ’’တိ။

‘‘ယံ ခေါ တေ, အဂ္ဂိဝေဿန, ပုရိမံ ပဟာယ ပစ္ဆာ ဥပစိနန္တိ, ဧဝံ ဣမဿ ကာယဿ အာစယာပစယော ဟောတိ။ ကိန္တိ ပန တေ, အဂ္ဂိဝေဿန, စိတ္တဘာဝနာ သုတာ’’တိ? စိတ္တဘာဝနာယ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတာ ပုဋ္ဌော သမာနော န သမ္ပာယာသိ။

၃၆၆။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ကိုယ်ကောင်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု (မေးတော်မူ၏)။ ဤ (ကြားဖူးသော) ကိုယ်ကောင်ပွားစီးရေးဟူသည် အဘယ်နည်းဟူမူ- အသျှင်ဂေါတမ ဝစ္ဆနွယ်၌ဖြစ်သော နန္ဒ၊ သံကိစ္စနွယ်၌ဖြစ်သော ကိသနှင့် မက္ခလိဂေါသာလတို့တည်း။ ဤသူတို့သည် အဝတ်မဝတ်ဘဲ နေကုန်၏၊ လွတ်လပ်စွာ ကျင့်ကုန်၏၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိကုန်၏၊ အသျှင် လာပါလော့ဆိုသူ၏ ဆွမ်းကို မခံကုန်၊ ရပ်ပါဦး ဆိုသူ၏ ဆွမ်းကို မခံကုန်၊ မိမိမရပ်မီ ရှေးရှုလာသော ဆွမ်းကိုမခံကုန်၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံကုန်၊ ပင့်ဖိတ်ဆွမ်းကို မခံကုန်၊ ထို (နန္ဒစသော) သူတို့သည်အိုးဝမှကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တောင်းဝမှ ကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ နှစ်ယောက်စားနေစဥ်မှ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကိုယ်ဝန်ဆောင်မိန်းမ၏ ဆွမ်းကို မခံကုန်၊ နို့တိုက်ဆဲမိန်းမ၏ ဆွမ်းကို မခံကုန်၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံကုန်၊ ဆော်အောစုဆောင်း၍ လောင်းသော ဆွမ်းတို့ကို မခံကုန်၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံကုန်၊ ယင်အုံရာမှ ဆွမ်းကို မခံကုန်၊ ငါးမစားကုန်၊ အမဲမစားကုန်၊ သေမသောက်ကုန်၊ အရက်မသောက်ကုန်၊ ဖွဲ၌ မြှုပ်ထားသော ဆေးရေကို မသောက်ကုန်၊ ထိုသူတို့သည်တစ်အိမ်၌သာ ဆွမ်းခံ၍ တစ်လုတ်သာ စားကုန်၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၍ နှစ်လုတ်သာ စားကုန်၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၍ ခုနစ်လုတ်သာ စားကုန်၏၊ ဆွမ်းလောင်း ခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ တစ်ရက်ခြားလည်း အစာစားကုန်၏၊ နှစ်ရက်ခြားလည်း အစာစားကုန်၏။ပ။ ခုနစ်ရက်ခြားလည်း အစာစားကုန်၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့ သဘောရှိသောရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေပါကုန်၏ဟု (ဆို၏)။ အဂ္ဂိဝေဿန ထိုသူတို့သည် ထိုမျှလောက်ဖြင့်သာလျှင် မျှတကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤမျှလောက်ဖြင့်သာလျှင် မျှတသည် မဟုတ်ပါ။ အသျှင်ဂေါတမ တစ်ခါတစ်ရံအလွန်မွန်မြတ်သော ခဲဖွယ်တို့ကို ခဲကုန်၏၊ အလွန်မွန်မြတ်သော စားဖွယ်တို့ကို စားကုန်၏၊ အလွန်မွန်မြတ်သော လျက်ဖွယ်တို့ကို လျက်ကုန်၏၊ အလွန်မွန်မြတ်သော သောက်ဖွယ်တို့ကို သောက်ကုန်၏၊ ထိုသူတို့သည် ဤကိုယ်ကို အားယူစေသည် မည်ကုန်၏၊ ပွားစေသည် မည်ကုန်၏၊ အဆီတိုးစေသည် မည်ကုန်၏ဟု (ဆို၏)။ အဂ္ဂိဝေဿန ထိုသူတို့သည် ရှေးဖြစ်သည့် ပြုကျင့်နိုင်ခဲသော အကျင့်ကို ပယ်၍ နောက်ကာလ၌တိုးပွားစေကုန်၏။ ဤသို့အားဖြင့် ဤကိုယ်၏ တိုးပွားခြင်း ဆုတ်ယုတ်ခြင်းသည် ဖြစ်၏။ အဂ္ဂိဝေဿနအဘယ်သို့လျှင် စိတ်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု မေးတော်မူ၏။ စိတ်ပွားစီးရေးကို မြတ်စွာဘုရားမေးတော်မူသော် နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် ပြည့်စုံအောင် မဖြေဆိုနိုင်။

“But Aggivessana, what have you heard about the development of physical endurance?” “Take, for example, Nanda Vaccha, Kisa Saṅkicca, and the bamboo-staffed ascetic Gosāla. They go naked, ignoring conventions. They lick their hands, and don’t come or wait when called. They don’t consent to food brought to them, or food prepared on their behalf, or an invitation for a meal. They don’t receive anything from a pot or bowl; or from someone who keeps sheep, or who has a weapon or a shovel in their home; or where a couple is eating; or where there is a woman who is pregnant, breastfeeding, or who lives with a man; or where there’s a hound waiting or flies buzzing. They accept no fish or meat or beer or wine, and drink no fermented gruel. They go to just one house for alms, taking just one mouthful, or two houses and two mouthfuls, up to seven houses and seven mouthfuls. They feed on one saucer a day, two saucers a day, up to seven saucers a day. They eat once a day, once every second day, up to once a week, and so on, even up to once a fortnight. They live committed to the practice of eating food at set intervals.” “But Aggivessana, do they get by on so little?” “No, worthy Gotama. Sometimes they eat luxury fresh and cooked foods and drink a variety of luxury beverages. They gather their body’s strength, build it up, and get fat.” “What they earlier gave up, they later got back. That is how there is the increase and decrease of this body. But Aggivessana, what have you heard about development of the mind?” When Saccaka was questioned by the Buddha about development of the mind, he was stumped.

၃၆၇။ အထ ခေါ ဘဂဝါ သစ္စကံ နိဂဏ္ဌပုတ္တံ ဧတဒဝေါစ – ‘‘ယာပိ ခေါ တေ ဧသာ, အဂ္ဂိဝေဿန, ပုရိမာ ကာယဘာဝနာ ဘာသိတာ သာပိ အရိယဿ ဝိနယေ နော ဓမ္မိကာ ကာယဘာဝနာ။ ကာယဘာဝနမ္ပိ [ကာယဘာဝနံ ဟိ (သီ။ ပီ။ က။)] ခေါ တွံ, အဂ္ဂိဝေဿန, န အညာသိ, ကုတော ပန တွံ စိတ္တဘာဝနံ ဇာနိဿသိ? အပိ စ, အဂ္ဂိဝေဿန, ယထာ အဘာဝိတကာယော စ ဟောတိ အဘာဝိတစိတ္တော စ, ဘာဝိတကာယော စ ဟောတိ ဘာဝိတစိတ္တော စ။ တံ သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

၃၆၇။ ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား- “အဂ္ဂိဝေဿန သင် သည်ရှေး၌ဖြစ်သော ကိုယ်ပွားစီးရေးကို ဆို၏၊ ထိုကိုယ်ပွားစီးရေးသည်လည်း မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ တရားနှင့်လျော်သော ကိုယ်ပွားစီးရေး မဟုတ်ပေ။ အဂ္ဂိဝေဿန ကိုယ်ပွားစီးရေးကိုသော်လည်း သင်မသိ၊ စိတ်ပွားစီးရေးကိုကား အဘယ်မှာ သင် သိလတ္တံ့နည်း။ အဂ္ဂိဝေဿန စင်စစ်သော်ကား ပွားများမထားသော ကိုယ်ရှိသူ ပွားများမထားသော စိတ်ရှိသူ ပွားများထားသော ကိုယ်ရှိသူ ပွားများထားသော စိတ်ရှိသူ ဖြစ်ပုံကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့” ဟု မိန့်တော်မူ၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် “အသျှင် ကောင်းပါပြီ” ဟု မြတ်စွာဘုရားအား ပြန်ကြား သဖြင့်မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

So the Buddha said to Saccaka, “The development of physical endurance that you have described is not the legitimate development of physical endurance in the Noble One’s training. And since you don’t even understand the development of physical endurance, how can you possibly understand the development of the mind? Still, as to how someone is undeveloped in physical endurance and mind, and how someone is developed in physical endurance and mind, listen and apply your mind well, I will speak.” “Yes, worthy sir,” replied Saccaka. The Buddha said this:

စာ-၃၀၂

၃၆၈။ ‘‘ကထဉ္စ, အဂ္ဂိဝေဿန, အဘာဝိတကာယော စ ဟောတိ အဘာဝိတစိတ္တော စ? ဣဓ, အဂ္ဂိဝေဿန, အဿုတဝတော ပုထုဇ္ဇနဿ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော သုခသာရာဂီ စ ဟောတိ သုခသာရာဂိတဉ္စ အာပဇ္ဇတိ။ တဿ သာ သုခါ ဝေဒနာ နိရုဇ္ဈတိ။ သုခါယ ဝေဒနာယ နိရောဓာ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သော ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိံ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ။ တဿ ခေါ ဧသာ, အဂ္ဂိဝေဿန, ဥပ္ပန္နာပိ သုခါ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ အဘာဝိတတ္တာ ကာယဿ, ဥပ္ပန္နာပိ ဒုက္ခာ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ အဘာဝိတတ္တာ စိတ္တဿ။ ယဿ ကဿစိ, အဂ္ဂိဝေဿန, ဧဝံ ဥဘတောပက္ခံ ဥပ္ပန္နာပိ သုခါ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ အဘာဝိတတ္တာ ကာယဿ, ဥပ္ပန္နာပိ ဒုက္ခာ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ အဘာဝိတတ္တာ စိတ္တဿ, ဧဝံ ခေါ, အဂ္ဂိဝေဿန, အဘာဝိတကာယော စ ဟောတိ အဘာဝိတစိတ္တော စ။

၃၆၈။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီးမထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်မရှိသော ပုထုဇ္ဇဥ်အား ချမ်းသာခံစားခြင်းသည်ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းလည်း ဖြစ်၏၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည့် အဖြစ်သို့လည်း ရောက်၏။ ထိုသူအားထိုချမ်းသာခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် ပူဆွေး၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ဘတ်စည်တီး ငိုရ၏၊ တွေဝေမိန်းမောခြင်းသို့ ရောက်ရ၏။ အဂ္ဂိဝေဿန ထိုသူအားဤဖြစ်ပေါ်လာ သော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကိုသိမ်းကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆိုနှစ်မျိုး နှစ်စားဖြစ်၍ ဖြစ် ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်း ကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို မပွားစီးစေအပ်သည့်အဖြစ် ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့လျှင်ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီး မထားသော စိတ်ရှိသူဖြစ်၏။

“And how is someone undeveloped in physical endurance and mind? Take an unlearned ordinary person who has a pleasant feeling. When they experience a pleasant feeling they become full of lust for it. Then that pleasant feeling ceases. And when it ceases, a painful feeling arises. When they suffer painful feeling, they sorrow and wail and lament, beating their breast and falling into confusion. Because their physical endurance is undeveloped, pleasant feelings occupy the mind. And because their mind is undeveloped, painful feelings occupy the mind. Anyone whose mind is occupied by both pleasant and painful feelings like this is undeveloped both in physical endurance and in mind.

၃၆၉။ ‘‘ကထဉ္စ, အဂ္ဂိဝေဿန, ဘာဝိတကာယော စ ဟောတိ ဘာဝိတစိတ္တော စ? ဣဓ, အဂ္ဂိဝေဿန, သုတဝတော အရိယသာဝကဿ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော န သုခသာရာဂီ စ ဟောတိ, န သုခသာရာဂိတဉ္စ အာပဇ္ဇတိ။ တဿ သာ သုခါ ဝေဒနာ နိရုဇ္ဈတိ။ သုခါယ ဝေဒနာယ နိရောဓာ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သော ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော န သောစတိ န ကိလမတိ န ပရိဒေဝတိ န ဥရတ္တာဠိံ ကန္ဒတိ န သမ္မောဟံ အာပဇ္ဇတိ။ တဿ ခေါ ဧသာ, အဂ္ဂိဝေဿန, ဥပ္ပန္နာပိ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ ဘာဝိတတ္တာ ကာယဿ, ဥပ္ပန္နာပိ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ ဘာဝိတတ္တာ စိတ္တဿ။ ယဿ ကဿစိ, အဂ္ဂိဝေဿန, ဧဝံ ဥဘတောပက္ခံ ဥပ္ပန္နာပိ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ ဘာဝိတတ္တာ ကာယဿ, ဥပ္ပန္နာပိ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ ဘာဝိတတ္တာ စိတ္တဿ။ ဧဝံ ခေါ, အဂ္ဂိဝေဿန, ဘာဝိတကာယော စ ဟောတိ ဘာဝိတစိတ္တော စာ’’တိ။

၃၆၉။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကအားချမ်းသာခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌လွန်စွာတပ်စွန်းခြင်းလည်း မဖြစ်ပေ၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည်အဖြစ်သို့လည်းမရောက်၊ ထိုသူအား ထိုချမ်းသာ ခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် မပူဆွေးရပေ၊မပင်ပန်းရပေ၊ မငိုကြွေးရပေ၊ ရင်ဘတ်စည်တီး မငိုကြွေးရပေ၊ တွေဝေမိန်းမောခြင်းသို့ မရောက်ရပေ။ အဂ္ဂိဝေဿန ထိုပုဂ္ဂိုလ်အား ဤဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆို နှစ်မျိုးနှစ်စားဖြစ်၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ အဂ္ဂိဝေဿန ဤသို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်၏ဟု (မိန့်တော်မူ၏)။

And how is someone developed in physical endurance and mind? Take a learned noble disciple who has a pleasant feeling. When they experience a pleasant feeling they don’t become full of lust for it. Then that pleasant feeling ceases. And when it ceases, painful feeling arises. When they suffer painful feelings they don’t sorrow or wail or lament, beating their breast and falling into confusion. Because their physical endurance is developed, pleasant feelings don’t occupy the mind. And because their mind is developed, painful feelings don’t occupy the mind. Anyone whose mind is not occupied by both pleasant and painful feelings like this is developed both in physical endurance and in mind.”

၃၇၀။ ‘‘ဧဝံ ပသန္နော အဟံ ဘောတော ဂေါတမဿ! ဘဝဉှိ ဂေါတမော ဘာဝိတကာယော စ ဟောတိ ဘာဝိတစိတ္တော စာ’’တိ။ ‘‘အဒ္ဓါ ခေါ တေ အယံ, အဂ္ဂိဝေဿန, အာသဇ္ဇ ဥပနီယ ဝါစာ ဘာသိတာ, အပိ စ တေ အဟံ ဗျာကရိဿာမိ။ ယတော ခေါ အဟံ, အဂ္ဂိဝေဿန, ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော, တံ ဝတ မေ ဥပ္ပန္နာ ဝါ သုခါ ဝေဒနာ စိတ္တံ ပရိယာဒါယ ဌဿတိ, ဥပ္ပန္နာ ဝါ ဒုက္ခာ ဝေဒနာ စိတ္တံ ပရိယာဒါယ ဌဿတီတိ နေတံ ဌာနံ [နေတံ ခေါဌာနံ (သီ။ ပီ။)] ဝိဇ္ဇတီ’’တိ။

‘‘န ဟိ နူန [န ဟနူန (သီ။ သျာ။ ကံ။ ပီ။)] ဘောတော ဂေါတမဿ ဥပ္ပဇ္ဇတိ တထာရူပါ သုခါ ဝေဒနာ ယထာရူပါ ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌေယျ၊ န ဟိ နူန ဘောတော ဂေါတမဿ ဥပ္ပဇ္ဇတိ တထာရူပါ ဒုက္ခာ ဝေဒနာ ယထာရူပါ ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ ပရိယာဒါယ တိဋ္ဌေယျာ’’တိ။

၃၇၀။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် အသျှင်ဂေါတမသည် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူ ဖြစ်၏ဟု အသျှင်ဂေါတမအား အကျွန်ုပ် ကြည်ညိုပါ၏ဟု (ဆို၏)။ အဂ္ဂိဝေဿန စစ်စစ်သော်ကား သင်သည် ဤစကားကို ထိပါးစောင်းချိတ်၍ ဆိုသည်သာ ဖြစ်၏။ သို့ရာတွင် သင့်အား ငါ ဟောကြားအံ့။ အဂ္ဂိဝေဿန ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်၌ ရဟန်းပြုသောအခါမှစ၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေ၊ ဖြပေါ်လာသော ဆင်းရဲခံ စားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေဟု (မိန့်တော်မူ၏)။ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ချမ်းသာခံစားခြင်းမျိုးသည် အသျှင်ဂေါတမအား မဖြစ်ပေါ်လေယောင်တကား၊ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ဆင်းရဲခံစားခြင်းမျိုးသည် အသျှင်ဂေါတမအားမဖြစ်ပေါ် လေယောင်တကားဟု (ဆို၏)။

“I am quite confident that the worthy Gotama is developed in physical endurance and in mind.” “Your words are clearly invasive and intrusive, Aggivessana. Nevertheless, I will answer you. Ever since I shaved off my hair and beard, dressed in ocher robes, and went forth from the lay life to homelessness, it has not been possible for any pleasant or painful feeling to occupy my mind.” “Worthy Gotama mustn’t have experienced the kind of pleasant or painful feelings that would occupy the mind.”

၃၇၁။ ‘‘ကိဉှိ နော သိယာ, အဂ္ဂိဝေဿန? ဣဓ မေ, အဂ္ဂိဝေဿန, ပုဗ္ဗေဝ သမ္ဗောဓာ အနဘိသမ္ဗုဒ္ဓဿ ဗောဓိသတ္တဿေဝ သတော ဧတဒဟောသိ – ‘သမ္ဗာဓော ဃရာဝါသော ရဇာပထော, အဗ္ဘောကာသော ပဗ္ဗဇ္ဇာ။ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, အပရေန သမယေန ဒဟရောဝ သမာနော, သုသုကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော ပဌမေန ဝယသာ, အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ, ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိံ။ သော ဧဝံ ပဗ္ဗဇိတော သမာနော ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ဣစ္ဆာမဟံ, အာဝုသော ကာလာမ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မစရိယံ စရိတု’န္တိ။ ဧဝံ ဝုတ္တေ, အဂ္ဂိဝေဿန, အာဠာရော ကာလာမော မံ ဧတဒဝေါစ – ‘ဝိဟရတာယသ္မာ, တာဒိသော အယံ ဓမ္မော ယတ္ထ ဝိညူ ပုရိသော နစိရဿေဝ သကံ အာစရိယကံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ ပရိယာပုဏိံ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တာဝတကေနေဝ ဩဋ္ဌပဟတမတ္တေန လပိတလာပနမတ္တေန ဉာဏဝါဒဉ္စ ဝဒါမိ ထေရဝါဒဉ္စ, ‘ဇာနာမိ ပဿာမီ’တိ စ ပဋိဇာနာမိ, အဟဉ္စေဝ အညေ စ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ အာဠာရော ကာလာမော ဣမံ ဓမ္မံ ကေဝလံ သဒ္ဓါမတ္တကေန သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေတိ, အဒ္ဓါ အာဠာရော ကာလာမော ဣမံ ဓမ္မံ ဇာနံ ပဿံ ဝိဟရတီ’’’တိ။

‘‘အထ ခွါဟံ, အဂ္ဂိဝေဿန, ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ကိတ္တာဝတာ နော, အာဝုသော ကာလာမ, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသီ’တိ? ဧဝံ ဝုတ္တေ, အဂ္ဂိဝေဿန, အာဠာရော ကာလာမော အာကိဉ္စညာယတနံ ပဝေဒေသိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ သဒ္ဓါ, မယှံပတ္ထိ သဒ္ဓါ၊ န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ ဝီရိယံ, မယှံပတ္ထိ ဝီရိယံ၊ န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ သတိ, မယှံပတ္ထိ သတိ၊ န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ သမာဓိ, မယှံပတ္ထိ သမာဓိ၊ န ခေါ အာဠာရဿေဝ ကာလာမဿ အတ္ထိ ပညာ, မယှံပတ္ထိ ပညာ၊ ယံနူနာဟံ ယံ ဓမ္မံ အာဠာရော ကာလာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေတိ တဿ ဓမ္မဿ သစ္ဆိကိရိယာယ ပဒဟေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိံ။

‘‘အထ ခွါဟံ, အဂ္ဂိဝေဿန, ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ အာဠာရံ ကာလာမံ ဧတဒဝေါစံ – ‘ဧတ္တာဝတာ နော, အာဝုသော ကာလာမ, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ? ‘ဧတ္တာဝတာ ခေါ အဟံ, အာဝုသော, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမီ’တိ။ ‘အဟမ္ပိ ခေါ, အာဝုသော, ဧတ္တာဝတာ ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီ’တိ။ ‘လာဘာ နော, အာဝုသော, သုလဒ္ဓံ နော, အာဝုသော, ယေ မယံ အာယသ္မန္တံ တာဒိသံ သဗြဟ္မစာရိံ ပဿာမ။ ဣတိ ယာဟံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမိ တံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ၊ ယံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ တမဟံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေမိ။ ဣတိ ယာဟံ ဓမ္မံ ဇာနာမိ တံ တွံ ဓမ္မံ ဇာနာသိ၊ ယံ တွံ ဓမ္မံ ဇာနာသိ တမဟံ ဓမ္မံ ဇာနာမိ။ ဣတိ ယာဒိသော အဟံ တာဒိသော တုဝံ, ယာဒိသော တုဝံ တာဒိသော အဟံ။ ဧဟိ ဒါနိ, အာဝုသော, ဥဘောဝ သန္တာ ဣမံ ဂဏံ ပရိဟရာမာ’တိ။ ဣတိ ခေါ, အဂ္ဂိဝေဿန, အာဠာရော ကာလာမော အာစရိယော မေ သမာနော (အတ္တနော) [( ) နတ္ထိ (သီ။ ပီ။)] အန္တေဝါသိံ မံ သမာနံ အတ္တနာ သမသမံ ဌပေသိ, ဥဠာရာယ စ မံ ပူဇာယ ပူဇေသိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘နာယံ ဓမ္မော နိဗ္ဗိဒါယ န ဝိရာဂါယ န နိရောဓာယ န ဥပသမာယ န အဘိညာယ န သမ္ဗောဓာယ န နိဗ္ဗာနာယ သံဝတ္တတိ, ယာဝဒေဝ အာကိဉ္စညာယတနူပပတ္တိယာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တံ ဓမ္မံ အနလင်္ကရိတွာ တသ္မာ ဓမ္မာ နိဗ္ဗိဇ္ဇ အပက္ကမိံ။

၃၇၁။ အဂ္ဂိဝေဿန အဘယ်မှာ မဖြစ်ပေါ်ဘဲ ရှိအံ့နည်း။ အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါသည်အရိယာမဂ်ကို မရမီ (သစ္စာလေးပါးကို) ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဥ်က “လူ့ဘောင်၌ နေရခြင်းသည် ကျဥ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏။ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ” ဟု ဤသို့သော အကြံအစည်သည် ဖြစ်၏။ အဂ္ဂိဝေဿန နောင်အခါ၌ ပျိုမျစ်သည်သာလျှင် ဖြစ်၍ ကောင်းစွာ မည်းနက်သော ဆံပင်ရှိသော ပဌမအရွယ်နှင့် ပြည့်စုံသဖြင့် အရွယ်ကောင်းသော ထိုငါသည် မလိုလားသော အမိအဖများ မျက်ရည်ယိုစီးလျက် ငိုကြွေးကုန်စဥ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။ ထိုငါသည် ဤဆိုခဲ့သည့်အတိုင်း ရဟန်းဖြစ်ပြီးလျက်သာလျှင်အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေလျက်, အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်ပြီးနောက် ကာလာမအနွယ်၌ ဖြစ်သော အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာတော်၌မြတ်သော အကျင့်ကို ကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော်ကာလာမအနွယ်၌ ဖြစ်သော အာဠာရက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာအယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ပြည့်စုံစေ၍နေနိုင်ရာသော သဘောရှိပါ၏” ဟု ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာ့လျှင် ထိုတရားကို သင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှသာ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿန ထိုငါ့အား ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု ယုံကြည်မှု သက်သက်မျှဖြင့် ပြောကြားသည်မဟုတ်၊ စင်စစ်အားဖြင့် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို သိမြင်လျက် နေ၏” ဟုအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်ပြီးလျှင်- “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏ဟူ၍ ပြောကြားသနည်း” ဟု ကာလာမအနွယ်၌ဖြစ်သော အာဠာရကို ပြောဆို၏။ အဂ္ဂိဝေဿန ဤ သို့ ပြောဆိုသော် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်ကိုပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သောအာဠာရအားသာလျှင် အားထုတ်မှု ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ် သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအသိဉာဏ် ‘ပညာ’ ရှိ၏။ “ထူးသောဉာဏ်ဖြင့် ‘ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ကာလာမအနွယ်၌ဖြစ် သောအာဠာရ ပြောကြားထားသော တရားကို မျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်” ဟုအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို ထူးသောဉာဏ်ဖြင့်ကိုယ် တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။ အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဥ်းကပ်ပြီးလျှင်ကာလာမအနွယ်၌ဖြစ်သော အာဠာရအား “ငါ့သျှင်ကာလာမ ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု ပြောဆို၏။ ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။ ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာအရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါ သိသော တရားကို သင် သိ၏၊ သင် သိသော တရားကို ငါသိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်း (ဖြစ်သော ငါတို့) နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု့ (ပြောဆို၏)။ အဂ္ဂိဝေဿန ဤသို့လျှင် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည်ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

“How could I not, Aggivessana? Before my awakening—when I was still unawakened but intent on awakening—I thought: ‘Life at home is cramped and dirty, life gone forth is wide open. It’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from the lay life to homelessness?’ Some time later, while still with pristine black hair, blessed with youth, in the prime of life—though my mother and father wished otherwise, weeping with tearful faces—I shaved off my hair and beard, dressed in ocher robes, and went forth from the lay life to homelessness. Once I had gone forth I set out to discover what is skillful, seeking the supreme state of sublime peace. I approached Āḷāra Kālāma and said to him, ‘Reverend Kālāma, I wish to lead the spiritual life in this teaching and training.’ Āḷāra Kālāma replied, ‘Stay, venerable. This teaching is such that a sensible person can soon realize their own denomination with their own insight and live having achieved it.’ I quickly memorized that teaching. As far as lip-recital and verbal repetition went, I spoke the doctrine of knowledge, the elder doctrine. I claimed to know and see, and so did others. Then it occurred to me, ‘It is not solely by mere faith that Āḷāra Kālāma declares: “I realize this teaching with my own insight, and live having achieved it.” Surely he meditates knowing and seeing this teaching.’ So I approached Āḷāra Kālāma and said to him, ‘Reverend Kālāma, to what extent do you say you’ve realized this teaching with your own insight?’ When I said this, he declared the dimension of nothingness. Then it occurred to me, ‘It’s not just Āḷāra Kālāma who has faith, energy, mindfulness, immersion, and wisdom; I too have these things. Why don’t I make an effort to realize the same teaching that Āḷāra Kālāma says he has realized with his own insight?’ I quickly realized that teaching with my own insight, and lived having achieved it. So I approached Āḷāra Kālāma and said to him, ‘Reverend Kālāma, is it up to this point that you realized this teaching with your own insight, and declare having achieved it?’ ‘I have, reverend.’ ‘I too have realized this teaching with my own insight up to this point, and live having achieved it.’ ‘We are fortunate, reverend, so very fortunate to see a venerable such as yourself as one of our spiritual companions! So the teaching that I’ve realized with my own insight, and declare having achieved it, you’ve realized with your own insight, and dwell having achieved it. The teaching that you’ve realized with your own insight, and dwell having achieved it, I’ve realized with my own insight, and declare having achieved it. So the teaching that I know, you know, and the teaching you know, I know. I am like you and you are like me. Come now, reverend! We should both lead this community together.’ And that is how my tutor Āḷāra Kālāma placed me, his pupil, on the same position as him, and honored me with high praise. Then it occurred to me, ‘This teaching doesn’t lead to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. It only leads as far as rebirth in the dimension of nothingness.’ Realizing that this teaching was inadequate, I left disappointed.

စာ-၃၀၅

၃၇၂။ ‘‘သော ခေါ အဟံ, အဂ္ဂိဝေဿန, ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ဣစ္ဆာမဟံ, အာဝုသော [ပဿ မ။ နိ။ ၁။၂၇၈ ပါသရာသိသုတ္တေ] ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မစရိယံ စရိတု’န္တိ။ ဧဝံ ဝုတ္တေ, အဂ္ဂိဝေဿန, ဥဒကော ရာမပုတ္တော မံ ဧတဒဝေါစ – ‘ဝိဟရတာယသ္မာ, တာဒိသော အယံ ဓမ္မော ယတ္ထ ဝိညူ ပုရိသော နစိရဿေဝ သကံ အာစရိယကံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ ပရိယာပုဏိံ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တာဝတကေနေဝ ဩဋ္ဌပဟတမတ္တေန လပိတလာပနမတ္တေန ဉာဏဝါဒဉ္စ ဝဒါမိ ထေရဝါဒဉ္စ, ‘ဇာနာမိ ပဿာမီ’တိ စ ပဋိဇာနာမိ, အဟဉ္စေဝ အညေ စ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ ရာမော ဣမံ ဓမ္မံ ကေဝလံ သဒ္ဓါမတ္တကေန သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသိ။ အဒ္ဓါ ရာမော ဣမံ ဓမ္မံ ဇာနံ ပဿံ ဝိဟာသီ’တိ။ အထ ခွါဟံ, အဂ္ဂိဝေဿန, ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ကိတ္တာဝတာ နော, အာဝုသော ရာမော, ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသီ’တိ? ဧဝံ ဝုတ္တေ, အဂ္ဂိဝေဿန, ဥဒကော ရာမပုတ္တော နေဝသညာနာသညာယတနံ ပဝေဒေသိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ ရာမဿေဝ အဟောသိ သဒ္ဓါ, မယှံပတ္ထိ သဒ္ဓါ၊ န ခေါ ရာမဿေဝ အဟောသိ ဝီရိယံ, မယှံပတ္ထိ ဝီရိယံ၊ န ခေါ ရာမဿေဝ အဟောသိ သတိ, မယှံပတ္ထိ သတိ၊ န ခေါ ရာမဿေဝ အဟောသိ သမာဓိ, မယှံပတ္ထိ သမာဓိ၊ န ခေါ ရာမဿေဝ အဟောသိ ပညာ, မယှံပတ္ထိ ပညာ၊ ယံနူနာဟံ ယံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီတိ ပဝေဒေသိ တဿ ဓမ္မဿ သစ္ဆိကိရိယာယ ပဒဟေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, နစိရဿေဝ ခိပ္ပမေဝ တံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိံ။

‘‘အထ ခွါဟံ, အဂ္ဂိဝေဿန, ယေန ဥဒကော ရာမပုတ္တော တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဥဒကံ ရာမပုတ္တံ ဧတဒဝေါစံ – ‘ဧတ္တာဝတာ နော, အာဝုသော, ရာမော ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ? ‘ဧတ္တာဝတာ ခေါ, အာဝုသော, ရာမော ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသီ’တိ။ ‘အဟမ္ပိ ခေါ, အာဝုသော, ဧတ္တာဝတာ ဣမံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရာမီ’တိ။ ‘လာဘာ နော, အာဝုသော, သုလဒ္ဓံ နော, အာဝုသော, ယေ မယံ အာယသ္မန္တံ တာဒိသံ သဗြဟ္မစာရိံ ပဿာမ။ ဣတိ ယံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသိ, တံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ၊ ယံ တွံ ဓမ္မံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရသိ, တံ ဓမ္မံ ရာမော သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ပဝေဒေသိ။ ဣတိ ယံ ဓမ္မံ ရာမော အဘိညာသိ တံ တွံ ဓမ္မံ ဇာနာသိ၊ ယံ တွံ ဓမ္မံ ဇာနာသိ တံ ဓမ္မံ ရာမော အဘိညာသိ။ ဣတိ ယာဒိသော ရာမော အဟောသိ တာဒိသော တုဝံ၊ ယာဒိသော တုဝံ တာဒိသော ရာမော အဟောသိ။ ဧဟိ ဒါနိ, အာဝုသော, တုဝံ ဣမံ ဂဏံ ပရိဟရာ’တိ။ ဣတိ ခေါ, အဂ္ဂိဝေဿန, ဥဒကော ရာမပုတ္တော သဗြဟ္မစာရီ မေ သမာနော အာစရိယဋ္ဌာနေ စ မံ ဌပေသိ, ဥဠာရာယ စ မံ ပူဇာယ ပူဇေသိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘နာယံ ဓမ္မော နိဗ္ဗိဒါယ န ဝိရာဂါယ န နိရောဓာယ န ဥပသမာယ န အဘိညာယ န သမ္ဗောဓာယ န နိဗ္ဗာနာယ သံဝတ္တတိ, ယာဝဒေဝ နေဝသညာနာသညာယတနူပပတ္တိယာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တံ ဓမ္မံ အနလင်္ကရိတွာ တသ္မာ ဓမ္မာ နိဗ္ဗိဇ္ဇ အပက္ကမိံ။

၃၇၂။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ရာမသား ဥဒကထံသို့ချဥ်းကပ်ပြီးနောက် ရာမသား ဥဒကအား- “ငါ့သျှင် ငါသည် ဤသာသနာတော်၌ မြတ်သော အကျင့်ကိုကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ပြောဆိုသော် ရာမသား ဥဒကက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာ့အယူကိုထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာသော သဘောရှိပါ၏” ဟု ဤစကားကို ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကိုသင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင်သိပြီ ဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿနထိုငါ့အား “ရာမသည် ဤတရားကို ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေရာ၏” ဟု ယုံကြည်မှုသက်သက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ်အားဖြင့် ရာမသည်ဤတရားကို သိမြင်လျက် နေ၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဥ်းကပ်ပြီးလျှင် “ငါ့သျှင်ရာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏ ဟူ၍ပြောကြားသနည်း” ဟု ရာမသား ဥဒကကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော် ရာမသားဥဒကသည် နေဝသညာနာသညာယတနဈာန်ကို ပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် အား ထုတ်မှု ‘ဝီရိယ’ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ရှိ၏။ ရာမအားသာလျှင် အသိ ဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ပညာ ရှိ၏။ ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက် မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏’ဟု ရာမ ပြောကြားထားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်’ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါသည် မကြာမီ လျင်မြန်စွာလျှင် ထို တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။ အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဥ်းကပ်၍ ရာမသား ဥဒကအား “ငါ့သျှင်ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု (ပြောဆို၏)။ ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။ ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာ အရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိ သော တရားကို သင် သိ၏၊ သင်သိသော တရားကို ငါသိ၏။ ဤသို့လျှင်ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလေော့၊ ယခုအခါသင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါ လော့ဟု ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့လျှင် ရာမသား ဥပကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား ဤသို့သောအကြံ သည် ဖြစ်၏။ “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန်အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်း ရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ (ထူးသောဉာဏ်ဖြင့်) သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်။ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿနထိုငါသည် ထို တရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

I set out to discover what is skillful, seeking the supreme state of sublime peace. I approached Uddaka son of Rāma and said to him, ‘Reverend, I wish to lead the spiritual life in this teaching and training.’ Uddaka replied, ‘Stay, venerable. This teaching is such that a sensible person can soon realize their own denomination with their own insight and live having achieved it.’ I quickly memorized that teaching. As far as lip-recital and verbal repetition went, I spoke the doctrine of knowledge, the elder doctrine. I claimed to know and see, and so did others. Then it occurred to me, ‘It is not solely by mere faith that Rāma declared: “I realize this teaching with my own insight, and live having achieved it.” Surely he meditated knowing and seeing this teaching.’ So I approached Uddaka son of Rāma and said to him, ‘Reverend, to what extent did Rāma say he’d realized this teaching with his own insight?’ When I said this, Uddaka son of Rāma declared the dimension of neither perception nor non-perception. Then it occurred to me, ‘It’s not just Rāma who had faith, energy, mindfulness, immersion, and wisdom; I too have these things. Why don’t I make an effort to realize the same teaching that Rāma said he had realized with his own insight?’ I quickly realized that teaching with my own insight, and lived having achieved it. So I approached Uddaka son of Rāma and said to him, ‘Reverend, had Rāma realized this teaching with his own insight up to this point, and declared having achieved it?’ ‘He had, reverend.’ ‘I too have realized this teaching with my own insight up to this point, and live having achieved it.’ ‘We are fortunate, reverend, so very fortunate to see a venerable such as yourself as one of our spiritual companions! So the teaching that Rāma had realized with his own insight, and declared having achieved it, you’ve realized with your own insight, and dwell having achieved it. The teaching that you’ve realized with your own insight, and dwell having achieved it, Rāma had realized with his own insight, and declared having achieved it. So the teaching that Rāma directly knew, you know, and the teaching you know, Rāma directly knew. Rāma was like you and you are like Rāma. Come now, reverend! You should lead this community.’ And that is how my spiritual companion Uddaka son of Rāma placed me in the position of a tutor and honored me with high praise. Then it occurred to me, ‘This teaching doesn’t lead to disillusionment, dispassion, cessation, peace, insight, awakening, and extinguishment. It only leads as far as rebirth in the dimension of neither perception nor non-perception.’ Realizing that this teaching was inadequate, I left disappointed.

၃၇၃။ ‘‘သော ခေါ အဟံ, အဂ္ဂိဝေဿန, ကိံကုသလဂဝေသီ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော မဂဓေသု အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဥရုဝေလာ သေနာနိဂမော တဒဝသရိံ။ တတ္ထဒ္ဒသံ ရမဏီယံ ဘူမိဘာဂံ, ပါသာဒိကဉ္စ ဝနသဏ္ဍံ, နဒိဉ္စ သန္ဒန္တိံ သေတကံ သုပတိတ္ထံ ရမဏီယံ, သမန္တာ စ ဂေါစရဂါမံ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ရမဏီယော ဝတ, ဘော, ဘူမိဘာဂေါ, ပါသာဒိကော စ ဝနသဏ္ဍော, နဒီ စ သန္ဒတိ သေတကာ သုပတိတ္ထာ ရမဏီယာ, သမန္တာ စ ဂေါစရဂါမော။ အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္ထိကဿ ပဓာနာယာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တတ္ထေဝ နိသီဒိံ ‘အလမိဒံ ပဓာနာယာ’တိ။

၃၇၃။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် မဂဓတိုင်းတို့၌အစဥ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသော မြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှ ဆွမ်းခံရွာကိုလည်းကောင်း မြင်၏။ အဂ္ဂိဝေဿန ထိုငါအား ဤသို့သော အကြံသည် ဖြစ်၏။ “အချင်းတို့ မြေအဖို့သည် စင်စစ် မွေ့လျော်ဖွယ် ရှိလှပေ၏ တောအုပ်သည်လည်း ကြည်နူးဖွယ် ကောင်းလှပေ၏၊ မြစ်သည်လည်း တသွင်သွင် စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်းလှပေ၏၊ ဆွမ်းခံရွာသည်လည်း နီးနားလှပေ၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသောအမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿန ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်လှပေ၏” ဟု နှလုံးသွင်းလျက် ထိုအရပ်၌ပင် ငါနေခဲ့ပေ၏။

I set out to discover what is skillful, seeking the supreme state of sublime peace. Traveling stage by stage in the Magadhan lands, I arrived at the town of Senā in Uruvelā. There I saw a delightful park, a lovely grove with a flowing river that was clean and charming, with smooth banks. And nearby was a village to resort to for alms. Then it occurred to me, ‘This park is truly delightful, a lovely grove with a flowing river that’s clean and charming, with smooth banks. And nearby there’s a village to resort to for alms. This is good enough for striving for a gentleman wanting to strive.’ So I sat down right there, thinking: ‘This is good enough for striving.’

စာ-၃၀၇

၃၇၄။ ‘‘အပိဿုမံ, အဂ္ဂိဝေဿန, တိဿော ဥပမာ ပဋိဘံသု အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ သေယျထာပိ, အဂ္ဂိဝေဿန, အလ္လံ ကဋ္ဌံ သသ္နေဟံ ဥဒကေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, အပိ နု သော ပုရိသော အမုံ အလ္လံ ကဋ္ဌံ သသ္နေဟံ, ဥဒကေ နိက္ခိတ္တံ, ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အဒုဉှိ, ဘော ဂေါတမ, အလ္လံ ကဋ္ဌံ သသ္နေဟံ, တဉ္စ ပန ဥဒကေ နိက္ခိတ္တံ။ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာ’’တိ။ ‘‘ဧဝမေဝ ခေါ, အဂ္ဂိဝေဿန, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ အဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော, သော စ အဇ္ဈတ္တံ န သုပ္ပဟီနော ဟောတိ, န သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, အဂ္ဂိဝေဿန, ပဌမာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။

၃၇၄။ အဂ္ဂိဝေဿန စင်စစ် ရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာဖြစ်သော ဥပမာသုံးရပ်တို့ သည်ငါ့အား ထင်လာကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေ၌ ချထားသော အစေးရှိသော ထင်းစို သည်ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ရေ၌ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကို မီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အသျှင်ဂေါတမ ဤမည်သောထင်းသည် အစေးရှိသော ထင်းစိုဖြစ်သည့်ပြင် ရေ၌လည်း ချထားသောကြောင့်တည်း။ ထိုယောကျာ်းသည်ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။ အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ့်ဖြင့်လည်းကောင်း၊ လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူသော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွပ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကို ကောင်းစွာမပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရကုန်သော်လည်းသိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်ကုန်။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုမခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် ရှေးဦးစွာဖြစ်သော အံ့ဩဖွယ်ရာ ဤဥပမာသည် ငါ့အားထင်လာ၏။

And then these three similes, which were neither supernaturally inspired, nor learned before in the past, occurred to me. Suppose there was a green, sappy log, and it was lying in water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Aggivessana? By drilling the stick against that green, sappy log lying in water, could they light a fire and produce heat?” “No, worthy Gotama. Why is that? Because it’s a green, sappy log, and it’s lying in the water. That person will eventually get weary and frustrated.” “In the same way, there are ascetics and brahmins who don’t live withdrawn in body and mind from sensual pleasures. They haven’t internally given up or stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are incapable of knowledge and vision, of supreme awakening. This was the first example that occurred to me.

၃၇၅။ ‘‘အပရာပိ ခေါ မံ, အဂ္ဂိဝေဿန, ဒုတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ သေယျထာပိ, အဂ္ဂိဝေဿန, အလ္လံ ကဋ္ဌံ သသ္နေဟံ, အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, အပိ နု သော ပုရိသော အမုံ အလ္လံ ကဋ္ဌံ သသ္နေဟံ, အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ, ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ တေဇော ပါတုကရေယျာ’’တိ? ‘‘နော ဟိဒံ, ဘော ဂေါတမ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အဒုဉှိ, ဘော ဂေါတမ, အလ္လံ ကဋ္ဌံ သသ္နေဟံ, ကိဉ္စာပိ အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ။ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာတိ။ ဧဝမေဝ ခေါ, အဂ္ဂိဝေဿန, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ ဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော သော စ အဇ္ဈတ္တံ န သုပ္ပဟီနော ဟောတိ, န သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, အဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, အဂ္ဂိဝေဿန, ဒုတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ’’။

၃၇၅။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့ဩဖွယ်ရာဖြစ်သော နှစ်ခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးရှိသော ထင်းစိုသည် ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်ထိုယောကျာ်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကိုမီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော် မူ၏)။ အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်နည်းဆိုသော် အသျှင်ဂေါတမ ဤမည် သောထင်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားစေကာမူ အစေးရှိသော ထင်းစိုဖြစ်သောကြောင့်တည်း။ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။ အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိ်ုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ထိိုုအသျှင် သမဏ ဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲ ဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန် ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာနှစ်ခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။

Then a second example occurred to me. Suppose there was a green, sappy log, and it was lying on dry land far from the water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Aggivessana? By drilling the stick against that green, sappy log on dry land far from water, could they light a fire and produce heat?” “No, worthy Gotama. Why not? Because it’s still a green, sappy log, despite the fact that it’s lying on dry land far from water. That person will eventually get weary and frustrated.” “In the same way, there are ascetics and brahmins who live withdrawn in body and mind from sensual pleasures. But they haven’t internally given up or stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are incapable of knowledge and vision, of supreme awakening. This was the second example that occurred to me.

စာ-၃၀၈

၃၇၆။ ‘‘အပရာပိ ခေါ မံ, အဂ္ဂိဝေဿန, တတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ သေယျထာပိ, အဂ္ဂိဝေဿန, သုက္ခံ ကဋ္ဌံ ကောဠာပံ, အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ။ အထ ပုရိသော အာဂစ္ဆေယျ ဥတ္တရာရဏိံ အာဒါယ – ‘အဂ္ဂိံ အဘိနိဗ္ဗတ္တေဿာမိ, တေဇော ပါတုကရိဿာမီ’တိ။ တံ ကိံ မညသိ, အဂ္ဂိဝေဿန, အပိ နု သော ပုရိသော အမုံ သုက္ခံ ကဋ္ဌံ ကောဠာပံ, အာရကာ ဥဒကာ ထလေ နိက္ခိတ္တံ, ဥတ္တရာရဏိံ အာဒါယ အဘိမန္ထေန္တော အဂ္ဂိံ အဘိနိဗ္ဗတ္တေယျ, တေဇော ပါတုကရေယျာ’’တိ? ‘‘ဧဝံ, ဘော ဂေါတမ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အဒုဉှိ, ဘော ဂေါတမ, သုက္ခံ ကဋ္ဌံ ကောဠာပံ, တဉ္စ ပန အာရကာ ဥဒကာ ထလေ နိက္ခိတ္တ’’န္တိ။ ‘‘ဧဝမေဝ ခေါ, အဂ္ဂိဝေဿန, ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ကာယေန စေဝ စိတ္တေန စ ကာမေဟိ ဝူပကဋ္ဌာ ဝိဟရန္တိ, ယော စ နေသံ ကာမေသု ကာမစ္ဆန္ဒော ကာမသ္နေဟော ကာမမုစ္ဆာ ကာမပိပါသာ ကာမပရိဠာဟော, သော စ အဇ္ဈတ္တံ သုပ္ပဟီနော ဟောတိ သုပ္ပဋိပ္ပဿဒ္ဓေါ, ဩပက္ကမိကာ စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ နော စေပိ တေ ဘောန္တော သမဏဗြာဟ္မဏာ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဘဗ္ဗာဝ တေ ဉာဏာယ ဒဿနာယ အနုတ္တရာယ သမ္ဗောဓာယ။ အယံ ခေါ မံ, အဂ္ဂိဝေဿန, တတိယာ ဥပမာ ပဋိဘာသိ အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။ ဣမာ ခေါ မံ, အဂ္ဂိဝေဿန, တိဿော ဥပမာ ပဋိဘံသု အနစ္ဆရိယာ ပုဗ္ဗေ အဿုတပုဗ္ဗာ။’’

၃၇၆။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့ဩဖွယ်ရာဖြစ်သော သုံးခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးမရှိသော ထင်းချောက်သည် ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးမရှိသော ထင်းချောက်ကို မီးပွတ်ခုံကို ယူ၍ ပွတ်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာကား ဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်း ဆိုသော် အသျှင်ဂေါတမ ဤမည်သော ထင်းသည် အစေးမရှိသော ထင်းဖြစ်သည့်ပြင် ရေမှ ဝေးစွာ ကုန်း၌လည်း ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။ အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိ်ုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာငြိမ်းပြီးဖြစ်၏။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ထိိုုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မျက်ကုန်သော ဆင်းရဲဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာသုံးခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့်ဤအံ့ဩဖွယ်ရာဖြစ်သော ဤဥပမာ သုံးရပ်တို့သည် ငါ့အား ထင်လာကုန်၏၊

Then a third example occurred to me. Suppose there was a dried up, withered log, and it was lying on dry land far from the water. Then a person comes along with a drill-stick, thinking to light a fire and produce heat. What do you think, Aggivessana? By drilling the stick against that dried up, withered log on dry land far from water, could they light a fire and produce heat?” “Yes, worthy Gotama. Why is that? Because it’s a dried up, withered log, and it’s lying on dry land far from water.” “In the same way, there are ascetics and brahmins who live withdrawn in body and mind from sensual pleasures. And they have internally given up and stilled desire, affection, infatuation, thirst, and passion for sensual pleasures. Regardless of whether or not they suffer painful, sharp, severe, acute feelings due to exertion, they are capable of knowledge and vision, of supreme awakening. This was the third example that occurred to me. These are the three similes, which were neither supernaturally inspired, nor learned before in the past, that occurred to me.

စာ-၃၀၉

၃၇၇။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ ဒန္တေဘိ ဒန္တမာဓာယ [ပဿ မ။ နိ။ ၁။၂၂၁ ဝိတက္ကသဏ္ဌာနသုတ္တေ], ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှေယျံ အဘိနိပ္ပီဠေယျံ အဘိသန္တာပေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ဒန္တေဘိ ဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှာမိ အဘိနိပ္ပီဠေမိ အဘိသန္တာပေမိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဒန္တေဘိ ဒန္တမာဓာယ ဇိဝှါယ တာလုံ အာဟစ္စ စေတသာ စိတ္တံ အဘိနိဂ္ဂဏှတော အဘိနိပ္ပီဠယတော အဘိသန္တာပယတော ကစ္ဆေဟိ သေဒါ မုစ္စန္တိ။ သေယျထာပိ, အဂ္ဂိဝေဿန, ဗလဝါ ပုရိသော ဒုဗ္ဗလတရံ ပုရိသံ သီသေ ဝါ ဂဟေတွာ ခန္ဓေ ဝါ ဂဟေတွာ အဘိနိဂ္ဂဏှေယျ အဘိနိပ္ပီဠေယျ အဘိသန္တာပေယျ, ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, ဒန္တေဘိ ဒန္တမာဓာယ, ဇိဝှါယ တာလုံ အာဟစ္စ, စေတသာ စိတ္တံ အဘိနိဂ္ဂဏှတော အဘိနိပ္ပီဠယတော အဘိသန္တာပယတော ကစ္ဆေဟိ သေဒါ မုစ္စန္တိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

၃၇၇။ အဂ္ဂိဝေဿန “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍) လျှာဖြင့် အာစောက်ကိုထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့်သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော်လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား အားရှိသောယောကျာ်းသည် အားနည်းသော ယောကျာ်းကို ဦးခေါင်း၌ ကိုင်၍သော်လည်းကောင်း၊ ပခုံး၌ ကိုင်၍သော်လည်းကောင်း ဖိနှိပ်ရာ ဖျစ်ညှစ်ရာ ပင်ပန်းစေရာ သကဲ့သို့၊ ဤအတူ ငါသည် သွားတို့ဖြင့် သွားကိုကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

Then it occurred to me, ‘Why don’t I, with teeth clenched and tongue pressed against the roof of my mouth, squeeze, squash, and scorch mind with mind?’ So that’s what I did, until sweat ran from my armpits. It was like when a strong man grabs a weaker man by the head or throat or shoulder and squeezes, squashes, and crushes them. In the same way, with teeth clenched and tongue pressed against the roof of my mouth, I squeezed, squashed, and crushed mind with mind until sweat ran from my armpits. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind.

၃၇၈။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု ကဏ္ဏသောတေဟိ ဝါတာနံ နိက္ခမန္တာနံ အဓိမတ္တော သဒ္ဒေါ ဟောတိ။ သေယျထာပိ နာမ ကမ္မာရဂဂ္ဂရိယာ ဓမမာနာယ အဓိမတ္တော သဒ္ဒေါ ဟောတိ, ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု ကဏ္ဏသောတေဟိ ဝါတာနံ နိက္ခမန္တာနံ အဓိမတ္တော သဒ္ဒေါ ဟောတိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ။ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ မုဒ္ဓနိ ဦဟနန္တိ [ဦဟန္တိ (သီ။), ဩဟနန္တိ (သျာ။ ကံ။), ဥဟနန္တိ (က။)]။ သေယျထာပိ, အဂ္ဂိဝေဿန, ဗလဝါ ပုရိသော တိဏှေန သိခရေန မုဒ္ဓနိ အဘိမတ္ထေယျ [မုဒ္ဓါနံ အဘိမန္ထေယျ (သီ။ ပီ။), မုဒ္ဓါနံ အဘိမတ္ထေယျ (သျာ။ ကံ။)], ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ မုဒ္ဓနိ ဦဟနန္တိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ။ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ သီသေ သီသဝေဒနာ ဟောန္တိ။ သေယျထာပိ, အဂ္ဂိဝေဿန, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တက္ခဏ္ဍေန [ဝရတ္တကဗန္ဓနေန (သီ။)] သီသေ သီသဝေဌံ ဒဒေယျ, ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ သီသေ သီသဝေဒနာ ဟောန္တိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ။ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ သေယျထာပိ, အဂ္ဂိဝေဿန, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ, ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ။ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ အပ္ပါဏကံယေဝ ဈာနံ ဈာယေယျ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေ ဥပရုန္ဓိံ။ တဿ မယှံ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တော ကာယသ္မိံ ဍာဟော ဟောတိ။ သေယျထာပိ, အဂ္ဂိဝေဿန, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ သမ္ပရိတာပေယျုံ, ဧဝမေဝ ခေါ မေ, အဂ္ဂိဝေဿန, မုခတော စ နာသတော စ ကဏ္ဏတော စ အဿာသပဿာသေသု ဥပရုဒ္ဓေသု အဓိမတ္တော ကာယသ္မိံ ဍာဟော ဟောတိ။ အာရဒ္ဓံ ခေါ ပန မေ, အဂ္ဂိဝေဿန, ဝီရိယံ ဟောတိ အသလ္လီနံ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ။ သာရဒ္ဓေါ စ ပန မေ ကာယော ဟောတိ အပ္ပဋိပ္ပဿဒ္ဓေါ တေနေဝ ဒုက္ခပ္ပဓာနေန ပဓာနာဘိတုန္နဿ သတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။ အပိဿု မံ, အဂ္ဂိဝေဿန, ဒေဝတာ ဒိသွာ ဧဝမာဟံသု – ‘ကာလင်္ကတော သမဏော ဂေါတမော’တိ။ ဧကစ္စာ ဒေဝတာ ဧဝမာဟံသု – ‘န ကာလင်္ကတော သမဏော ဂေါတမော, အပိ စ ကာလင်္ကရောတီ’တိ။ ဧကစ္စာ ဒေဝတာ ဧဝမာဟံသု – ‘န ကာလင်္ကတော သမဏော ဂေါတမော, နပိ ကာလင်္ကရောတိ, အရဟံ သမဏော ဂေါတမော, ဝိဟာရောတွေဝ သော [ဝိဟာရောတွေဝေသော (သီ။)] အရဟတော ဧဝရူပေါ ဟောတီ’တိ [ဝိဟာရောတွေဝေသော အရဟတော’’တိ (?)]။

၃၇၈။ အဂ္ဂိဝေဿန “ငါသည် ထွက်သက် ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿန ထိုငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည် ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည့်ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သောအားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက် ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျာ်းသည် ထက်သောချွန်းဖြင့် ဦးထိပ်၌ကြိတ်နှိပ်ရာသကဲ့သို့ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်စွာပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာ သောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျာ်းသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ထားရာသကဲ့သို့ ဤ အတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်း မရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထို ဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဝမ်းကိုထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏တပည့်သည်လည်းကောင်း ထက် သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွ ရစ်မွှေရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်း ကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား သော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို့ထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တို ဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသောငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်း ကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန အား ရှိသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းကိုအသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့ အပြန်ပြန်။ မိုက်ကုန်ရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့် တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့ သဘောရှိသော ဖြစ်ပေါ်လာ သော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်။ အဂ္ဂိဝေဿန စင်စစ်သော်ကား နတ်တို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် သေလေပြီ” ဟုဆိုကုန်၏။ အချို့နတ်တို့ကမူ “ရဟန်းဂေါတမသည် မသေသေး၊ စင်စစ်ကား သေအံ့ဆဲဆဲသာဖြစ်၏” ဟုဆိုကုန်၏။ အချို့နတ်တို့သည်ကား “ရဟန်းဂေါတမသည် သေလည်း မသေသေး၊ သေအံ့ဆဲဆဲလည်းမဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာတည်း၊ ရဟန္တာ၏ နေခြင်းကား ဤသို့သဘောရှိ၏” ဟု ဆိုကုန်၏။

Then it occurred to me, ‘Why don’t I practice the breathless absorption?’ So I cut off my breathing through my mouth and nose. But then winds came out my ears making a loud noise, like the puffing of a blacksmith’s bellows. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then strong winds ground my head, like a strong man was drilling into my head with a sharp point. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then I got a severe headache, like a strong man was tightening a strong leather strap around my head. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then strong winds carved up my belly, like a deft butcher or their apprentice was slicing my belly open with a sharp meat cleaver. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind. Then it occurred to me, ‘Why don’t I keep practicing the breathless absorption?’ So I cut off my breathing through my mouth and nose and ears. But then there was a severe burning in my body, like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. My energy was roused up and unflagging, and my mindfulness was established and lucid, but my body was disturbed, not tranquil, because I’d pushed too hard with that painful striving. But even such painful feeling did not occupy my mind. Then some deities saw me and said, ‘The ascetic Gotama is dead.’ Others said, ‘He’s not dead, but he’s dying.’ Others said, ‘He’s not dead or dying. The ascetic Gotama is a perfected one, for that is how the perfected ones live.’

၃၇၉။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇေယျ’န္တိ။ အထ ခေါ မံ, အဂ္ဂိဝေဿန, ဒေဝတာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘မာ ခေါ တွံ, မာရိသ, သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇိ။ သစေ ခေါ တွံ, မာရိသ, သဗ္ဗသော အာဟာရုပစ္ဆေဒါယ ပဋိပဇ္ဇိဿသိ, တဿ တေ မယံ ဒိဗ္ဗံ ဩဇံ လောမကူပေဟိ အဇ္ဈောဟာရေဿာမ [အဇ္ဈောဟရိဿာမ (သျာ။ ကံ။ ပီ။ က။)], တာယ တွံ ယာပေဿသီ’တိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘အဟဉ္စေဝ ခေါ ပန သဗ္ဗသော အဇဇ္ဇိတံ [အဇဒ္ဓုကံ (သီ။ ပီ။), ဇဒ္ဓုကံ (သျာ။ ကံ။)] ပဋိဇာနေယျံ, ဣမာ စ မေ ဒေဝတာ ဒိဗ္ဗံ ဩဇံ လောမကူပေဟိ အဇ္ဈောဟာရေယျုံ [အဇ္ဈောဟရေယျုံ (သျာ။ ကံ။ ပီ။ က။)], တာယ စာဟံ ယာပေယျံ, တံ မမဿ မုသာ’တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တာ ဒေဝတာ ပစ္စာစိက္ခာမိ, ‘ဟလ’န္တိ ဝဒါမိ။

၃၇၉။ အဂ္ဂိဝေဿန “ငါသည် လုံးဝ အစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်” ဟု ငါ့အားအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုအခါ နတ်တို့သည် ငါ့ထံသို့ ချဥ်းကပ်ပြီးလျှင် “အချင်း သင်သည် လုံးဝအစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ ကျင့်အံ့၊ ငါတို့သည် သင်၏ အမွေးတွင်းတို့မှ နတ်ဩဇာကို တစ်ဆင့်သွင်းကြရအံ့၊ ထိုနတ်ဩဇာဖြင့် သင်သည်မျှတလတ္တံ့” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန “ငါသည်လည်း လုံးဝမစား” ဟု ဝန်ခံငြားအံ့၊ ဤနတ်တို့သည်လည်း အမွေးတွင်းတို့မှ နတ်ဩဇာကို တစ်ဆင့်သွင်းကုန်ရာ၏၊ ထိုနတ်ဩဇာဖြင့်လည်း ငါသည် မျှတရအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားဖြစ်ရာ၏” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ထိုနတ်တို့ကို တားမြစ်၏၊ “မသင့်” ဟု ပြောဆို၏။

Then it occurred to me, ‘Why don’t I practice completely cutting off food?’ But deities came to me and said, ‘Good fellow, don’t practice totally cutting off food. If you do, we’ll infuse heavenly nectar into your pores and you will live on that.’ Then it occurred to me, ‘If I claim to be completely fasting while these deities are infusing heavenly nectar in my pores, that would be a lie on my part.’ So I refused those deities, saying, ‘There’s no need.’

စာ-၃၁၂

၃၈၀။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယံနူနာဟံ ထောကံ ထောကံ အာဟာရံ အာဟာရေယျံ, ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ထောကံ ထောကံ အာဟာရံ အာဟာရေသိံ, ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသံ။ တဿ မယှံ, အဂ္ဂိဝေဿန, ထောကံ ထောကံ အာဟာရံ အာဟာရယတော, ပသတံ ပသတံ, ယဒိ ဝါ မုဂ္ဂယူသံ, ယဒိ ဝါ ကုလတ္ထယူသံ, ယဒိ ဝါ ကဠာယယူသံ, ယဒိ ဝါ ဟရေဏုကယူသံ, အဓိမတ္တကသိမာနံ ပတ္တော ကာယော ဟောတိ။ သေယျထာပိ နာမ အာသီတိကပဗ္ဗာနိ ဝါ ကာဠပဗ္ဗာနိ ဝါ, ဧဝမေဝဿု မေ အင်္ဂပစ္စင်္ဂါနိ ဘဝန္တိ တာယေဝပ္ပါဟာရတာယ။ သေယျထာပိ နာမ ဩဋ္ဌပဒံ, ဧဝမေဝဿု မေ အာနိသဒံ ဟောတိ တာယေဝပ္ပါဟာရတာယ။ သေယျထာပိ နာမ ဝဋ္ဋနာဝဠီ, ဧဝမေဝဿု မေ ပိဋ္ဌိကဏ္ဋကော ဥဏ္ဏတာဝနတော ဟောတိ တာယေဝပ္ပါဟာရတာယ။ သေယျထာပိ နာမ ဇရသာလာယ ဂေါပါဏသိယော ဩလုဂ္ဂဝိလုဂ္ဂါ ဘဝန္တိ, ဧဝမေဝဿု မေ ဖာသုဠိယော ဩလုဂ္ဂဝိလုဂ္ဂါ ဘဝန္တိ တာယေဝပ္ပါဟာရတာယ။ သေယျထာပိ နာမ ဂမ္ဘီရေ ဥဒပါနေ ဥဒကတာရကာ ဂမ္ဘီရဂတာ ဩက္ခာယိကာ ဒိဿန္တိ, ဧဝမေဝဿု မေ အက္ခိကူပေသု အက္ခိတာရကာ ဂမ္ဘီရဂတာ ဩက္ခာယိကာ ဒိဿန္တိ တာယေဝပ္ပါဟာရတာယ။ သေယျထာပိ နာမ တိတ္တကာလာဗု အာမကစ္ဆိန္နော ဝါတာတပေန သံဖုဋိတော ဟောတိ သမ္မိလာတော, ဧဝမေဝဿု မေ သီသစ္ဆဝိ သံဖုဋိတာ ဟောတိ သမ္မိလာတာ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ဥဒရစ္ဆဝိံ ပရိမသိဿာမီတိ ပိဋ္ဌိကဏ္ဋကံယေဝ ပရိဂ္ဂဏှာမိ, ပိဋ္ဌိကဏ္ဋကံ ပရိမသိဿာမီတိ ဥဒရစ္ဆဝိံယေဝ ပရိဂ္ဂဏှာမိ, ယာဝဿု မေ, အဂ္ဂိဝေဿန, ဥဒရစ္ဆဝိ ပိဋ္ဌိကဏ္ဋကံ အလ္လီနာ ဟောတိ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ဝစ္စံ ဝါ မုတ္တံ ဝါ ကရိဿာမီတိ တတ္ထေဝ အဝကုဇ္ဇော ပပတာမိ တာယေဝပ္ပါဟာရတာယ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ဣမမေဝ ကာယံ အဿာသေန္တော ပါဏိနာ ဂတ္တာနိ အနုမဇ္ဇာမိ။ တဿ မယှံ, အဂ္ဂိဝေဿန, ပါဏိနာ ဂတ္တာနိ အနုမဇ္ဇတော ပူတိမူလာနိ လောမာနိ ကာယသ္မာ ပပတန္တိ တာယေဝပ္ပါဟာရတာယ။ အပိဿု မံ, အဂ္ဂိဝေဿန, မနုဿာ ဒိသွာ ဧဝမာဟံသု – ‘ကာဠော သမဏော ဂေါတမော’တိ။ ဧကစ္စေ မနုဿာ ဧဝမာဟံသု – ‘န ကာဠော သမဏော ဂေါတမော, သာမော သမဏော ဂေါတမော’တိ။ ဧကစ္စေ မနုဿာ ဧဝမာဟံသု – ‘န ကာဠော သမဏော ဂေါတမော, နပိ သာမော, မင်္ဂုရစ္ဆဝိ သမဏော ဂေါတမော’တိ။ ယာဝဿု မေ, အဂ္ဂိဝေဿန, တာဝ ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော ဥပဟတော ဟောတိ တာယေဝပ္ပါဟာရတာယ။

၃၈၀။ အဂ္ဂိဝေဿန “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ အဂ္ဂိဝေဿန တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန့်ပိန်ကြုံခြင်းသို့ ရောက်၏။ ထိုအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကစွန်းနွယ်၏အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထိိုုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုန်းကဲ့သို့ အမြင့်အနိမ့် ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ဇရပ်ဆွေး၏ အခြင်တို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးကျနေကုန်သကဲ့သို့ ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိိုုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေအဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရသကဲ့သို့ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရကုန်၏။ ထိိုုအစာအာဟာရနည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဗူးခါးသီးသည် လေနေပူဖြင့် တွေ့ထိကာ ရှှုံ့တွနေသကဲ့သို့ ထိုငါ၏ ဦးခေါင်းရေသည် ရှှုံ့တွနေ၏။ အဂ္ဂိဝေဿန ထိုငါသည် ဝမ်းရေကို သုံးသပ်အံ့ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ အဂ္ဂိဝေဿန ထိိုုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးကပ်သည်အထိ ဖြစ်ပေါ်နေ၏။ အဂ္ဂိဝေဿန ထိုငါသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ဟု သွားသော် ထိုနေရာ၌သာ ထိိုုအစာအာဟာရ နည်းပါးမှုကြောင့်ပင် မှောက်ခုံလဲကျ၏။ အဂ္ဂိဝေဿန ထိုငါသည် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်၏။ အဂ္ဂိဝေဿန လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည် ထိိုုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ကိုယ်မှ ကျွတ်ကျကုန်၏။ အဂ္ဂိဝေဿန စင်စစ် လူတို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏” ဟုဆိုကုန်၏။ အချို့လူတို့ကမူ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏” ဟု ဆိုကုန်၏။ အချို့လူတို့သည်ကား “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရွှေသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်းအရေအဆင်းရှိ၏” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည် ထိိုုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အလွန်ပျက်စီးနေ၏။

Then it occurred to me, ‘Why don’t I just take a little bit of food each time, a handful of broth made from mung beans, horse gram, chickpeas, or green gram?’ So that’s what I did, until my body became severely emaciated. Due to eating so little, my major and minor limbs became like the joints of an eighty-year-old or a dying man, my bottom became like a camel’s hoof, my vertebrae stuck out like beads on a string, and my ribs were as gaunt as the broken-down rafters on an old barn. Due to eating so little, the gleam of my eyes sank deep in their sockets, like the gleam of water sunk deep down a well. Due to eating so little, my scalp shriveled and withered like a green bitter-gourd in the wind and sun. Due to eating so little, the skin of my belly stuck to my backbone, so that when I tried to rub the skin of my belly I grabbed my backbone, and when I tried to rub my backbone I rubbed the skin of my belly. Due to eating so little, when I tried to urinate or defecate I fell face down right there. Due to eating so little, when I tried to relieve my body by rubbing my limbs with my hands, the hair, rotted at its roots, fell out. Then some people saw me and said: ‘The ascetic Gotama is black.’ Some said: ‘He’s not black, he’s brown.’ Some said: ‘He’s neither black nor brown. The ascetic Gotama has dingy skin.’ That’s how far the pure, bright complexion of my skin had been ruined by taking so little food.

စာ-၃၁၃

၃၈၁။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ယေ ခေါ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယိံသု, ဧတာဝပရမံ, နယိတော ဘိယျော။ ယေပိ ဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယိဿန္တိ, ဧတာဝပရမံ, နယိတော ဘိယျော။ ယေပိ ဟိ ကေစိ ဧတရဟိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဩပက္ကမိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ, ဧတာဝပရမံ, နယိတော ဘိယျော။ န ခေါ ပနာဟံ ဣမာယ ကဋုကာယ ဒုက္ကရကာရိကာယ အဓိဂစ္ဆာမိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ။ သိယာ နု ခေါ အညော မဂ္ဂေါ ဗောဓာယာ’တိ? တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘အဘိဇာနာမိ ခေါ ပနာဟံ ပိတု သက္ကဿ ကမ္မန္တေ သီတာယ ဇမ္ဗုစ္ဆာယာယ နိသိန္နော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရိတာ။ သိယာ နု ခေါ ဧသော မဂ္ဂေါ ဗောဓာယာ’တိ? တဿ မယှံ, အဂ္ဂိဝေဿန, သတာနုသာရိ ဝိညာဏံ အဟောသိ – ‘ဧသေဝ မဂ္ဂေါ ဗောဓာယာ’တိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘ကိံ နု ခေါ အဟံ တဿ သုခဿ ဘာယာမိ, ယံ တံ သုခံ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟီ’တိ။ တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ အဟံ တဿ သုခဿ ဘာယာမိ, ယံ တံ သုခံ အညတြေဝ ကာမေဟိ အညတြ အကုသလေဟိ ဓမ္မေဟီ’တိ။

၃၈၁။ အဂ္ဂိဝေဿန “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလမှာလည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစား လတ္တံ့ကုန်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်း ထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သောကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားနေကုန်သောသမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်ငြါသည် ဤစပ်ခါးသော ပြုနိုင်ခဲသောအမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ တရားထက်လွန်သောအရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ် အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဥ်သည်တစ်ခြားရှိသေးသလော” ဟု ငါ့အား အကြံ ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ငါသည်ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးမြ သော သပြေပင်အရိပ်၌ ထိုင်လျက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း ဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နိဝရဏ) ကင်းဆိတ်ငြိမ်ခြင်းကြောင့်ဖြစ်သော၊နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူး သည်ကို အမှတ်ရ၏။ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဥ်ဖြစ်တန်ရာ၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဥ်တည်း” ဟု အောက် မေ့ခြင်းသို့အစဥ်လိုက်သော စိတ်ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ။ ကဥ်၍သာလျှင်အကုသိုလ်တရားတို့မှ ကြဥ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါသည် ကြောက်လေသလော” ဟုဤအကြံသည် ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ ကြဥ်၍သာလျှင် အကုသိုလ်တရားတို့မှကြဥ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါမကြောက်” ဟု ဤအကြံဖြစ်၏။

Then it occurred to me, ‘Whatever ascetics and brahmins have experienced painful, sharp, severe, acute feelings due to exertion—whether in the past, future, or present—this is as far as it goes, no-one has done more than this. But I have not achieved any superhuman distinction in knowledge and vision worthy of the noble ones by this severe, grueling work. Could there be another path to awakening?’ Then it occurred to me, ‘I recall sitting in the cool shade of a black plum tree while my father the Sakyan was off working. Quite secluded from sensual pleasures, secluded from unskillful qualities, I entered and remained in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. Could that be the path to awakening?’ Stemming from that memory came the understanding: ‘<em>That</em> is the path to awakening!’ Then it occurred to me, ‘Why am I afraid of that pleasure, for it has nothing to do with sensual pleasures or unskillful qualities?’ Then it occurred to me, ‘I’m not afraid of that pleasure, for it has nothing to do with sensual pleasures or unskillful qualities.’

စာ-၃၁၄

၃၈၂။ ‘‘တဿ မယှံ, အဂ္ဂိဝေဿန, ဧတဒဟောသိ – ‘န ခေါ တံ သုကရံ သုခံ အဓိဂန္တုံ ဧဝံ အဓိမတ္တကသိမာနံ ပတ္တကာယေန, ယံနူနာဟံ ဩဠာရိကံ အာဟာရံ အာဟာရေယျံ ဩဒနကုမ္မာသ’န္တိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, ဩဠာရိကံ အာဟာရံ အာဟာရေသိံ ဩဒနကုမ္မာသံ။ တေန ခေါ ပန မံ, အဂ္ဂိဝေဿန, သမယေန ပဉ္စ [ပဉ္စဝဂ္ဂိယာ (အညသုတ္တေသု)] ဘိက္ခူ ပစ္စုပဋ္ဌိတာ ဟောန္တိ – ‘ယံ ခေါ သမဏော ဂေါတမော ဓမ္မံ အဓိဂမိဿတိ, တံ နော အာရောစေဿတီ’တိ။ ယတော ခေါ အဟံ, အဂ္ဂိဝေဿန, ဩဠာရိကံ အာဟာရံ အာဟာရေသိံ ဩဒနကုမ္မာသံ, အထ မေ တေ ပဉ္စ ဘိက္ခူ နိဗ္ဗိဇ္ဇ ပက္ကမိံသု – ‘ဗာဟုလ္လိကော [ဗာဟုလိကော (သီ။ ပီ။) သံဃဘေဒသိက္ခာပဒဋီကာယ သမေတိ] သမဏော ဂေါတမော, ပဓာနဝိဗ္ဘန္တော, အာဝတ္တော ဗာဟုလ္လာယာ’တိ။

၃၈၂။ အဂ္ဂိဝေဿန ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်။ ငါသည် ကြမ်းတမ်းသော ထမင်း မုယော မုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာ အာဟာရကို စား၏။ အဂ္ဂိဝေဿန ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အား ပြောကြားလတ္တံ့” ဟု ရဟန်းငါးပါး (ပဉ္စဝဂ္ဂီ)တို့သည် လုပ်ကျွေးနေကုန်၏။ အဂ္ဂိဝေဿန ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှာ ကျင့်၏၊ ကမ္မဋ္ဌာန်း အားထုတ်မှု အလုပ်ခွင်မှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှာ လှည့်လည်၏” ဟုငြီးငွေ့၍ ထိုရဟန်း ငါးပါးတို့သည် ငါ၏ထံမှ ဖဲခွာကုန်၏။

Then it occurred to me, ‘I can’t achieve that pleasure with a body so severely emaciated. Why don’t I eat some solid food, some rice and porridge?’ So I ate some solid food. Now at that time the group of five mendicants were attending on me, thinking, ‘The ascetic Gotama will tell us of any truth that he realizes.’ But when I ate some solid food, they left disappointed in me, saying, ‘The ascetic Gotama has become indulgent; he has strayed from the struggle and returned to indulgence.’

၃၈၃။ ‘‘သော ခေါ အဟံ, အဂ္ဂိဝေဿန, ဩဠာရိကံ အာဟာရံ အာဟာရေတွာ, ဗလံ ဂဟေတွာ, ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟာသိံ, သတော စ သမ္ပဇာနော။ သုခဉ္စ ကာယေန ပဋိသံဝေဒေသိံ ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

၃၈၃။ အဂ္ဂိဝေဿန ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿနဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ ဝိတက် ဝိစာရတို့၏ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတက်မက်ခြင်းကြောင့် သတိ,သမ္ပဇဥ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်း ကျုံး ၍ မတည်နိုင်။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

After eating solid food and gathering my strength, quite secluded from sensual pleasures, secluded from unskillful qualities, I entered and remained in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. But even such pleasant feeling did not occupy my mind. As the placing of the mind and keeping it connected were stilled, I entered and remained in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. But even such pleasant feeling did not occupy my mind. And with the fading away of rapture, I entered and remained in the third absorption, where I meditated with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ But even such pleasant feeling did not occupy my mind. With the giving up of pleasure and pain, and the disappearance of former happiness and sadness, I entered and remained in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. But even such pleasant feeling did not occupy my mind.

၃၈၄။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ။ အယံ ခေါ မေ, အဂ္ဂိဝေဿန, ရတ္တိယာ ပဌမေ ယာမေ ပဌမာ ဝိဇ္ဇာ အဓိဂတာ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

၃၈၄။ ထိုငါ၏ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော (ပုဗ္ဗေနိဝါသာနုဿတိ) ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုဆောင်ခဲ့ပြီ) ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသည်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။ အဂ္ဂိဝေဿန ငါသည် ညဥ့်၏ ရှေးဦးပဌမယာမ်၌ ရှေးဦးစွာသော အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏စိတ်ကို သိမ်းကျုံး၍ မတည် နိုင်။

When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward recollection of past lives. I recollected my many kinds of past lives, with features and details. This was the first knowledge, which I achieved in the first watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute. But even such pleasant feeling did not occupy my mind.

စာ-၃၁၅

၃၈၅။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿာမိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာမိ…ပေ… အယံ ခေါ မေ, အဂ္ဂိဝေဿန, ရတ္တိယာ မဇ္ဈိမေ ယာမေ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

၃၈၅။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှာ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသောသတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ရှိသော သတ္တဝါတို့ကို မြင်ပြီ၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိပြီ။ပ။ အဂ္ဂိဝေဿန ငါသည် ညဥ့်၏ အလယ်ဖြစ်သော မဇ္ဈိမယာမ်၌ နှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအားအဝိဇ္ဇာမှောင် ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and superhuman, I saw sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. I understood how sentient beings pass on according to their deeds. This was the second knowledge, which I achieved in the middle watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute. But even such pleasant feeling did not occupy my mind.

၃၈၆။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ။ ‘ဣမေ အာသဝါ’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ။ တဿ မေ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ အဟောသိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ အဗ္ဘညာသိံ။ အယံ ခေါ မေ, အဂ္ဂိဝေဿန, ရတ္တိယာ ပစ္ဆိမေ ယာမေ တတိယာ ဝိဇ္ဇာ အဓိဂတာ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော၊ ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ ဧဝရူပါပိ ခေါ မေ, အဂ္ဂိဝေဿန, ဥပ္ပန္နာ သုခါ ဝေဒနာ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

၃၈၆။ ထိုငါသည် ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်အလို့ငှာစိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏ စိတ်သည် ကမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ္စအလို့ငှာ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ” ဟု သိ၏။ အဂ္ဂိဝေဿန ငါသည် ညဥ့်၏နောက်ဆုံးဖြစ်သော ပစ္ဆိမယာမ်၌ သုံးခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ကိုရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ သည် ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

When my mind had immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—I extended it toward knowledge of the ending of defilements. I truly understood: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ I truly understood: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements.’ Knowing and seeing like this, my mind was freed from the defilements of sensuality, desire to be reborn, and ignorance. When it was freed, I knew it was freed. I understood: ‘Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.’ This was the third knowledge, which I achieved in the last watch of the night. Ignorance was banished and knowledge arose; darkness was banished and light arose, as happens for a meditator who is diligent, keen, and resolute. But even such pleasant feeling did not occupy my mind.

စာ-၃၁၆

၃၈၇။ ‘‘အဘိဇာနာမိ ခေါ ပနာဟံ, အဂ္ဂိဝေဿန, အနေကသတာယ ပရိသာယ ဓမ္မံ ဒေသေတာ။ အပိဿု မံ ဧကမေကော ဧဝံ မညတိ – ‘မမေဝါရဗ္ဘ သမဏော ဂေါတမော ဓမ္မံ ဒေသေတီ’တိ။ ‘န ခေါ ပနေတံ, အဂ္ဂိဝေဿန, ဧဝံ ဒဋ္ဌဗ္ဗံ၊ ယာဝဒေဝ ဝိညာပနတ္ထာယ တထာဂတော ပရေသံ ဓမ္မံ ဒေသေတိ။ သော ခေါ အဟံ, အဂ္ဂိဝေဿန, တဿာယေဝ ကထာယ ပရိယောသာနေ, တသ္မိံယေဝ ပုရိမသ္မိံ သမာဓိနိမိတ္တေ အဇ္ဈတ္တမေဝ စိတ္တံ သဏ္ဌပေမိ သန္နိသာဒေမိ ဧကောဒိံ ကရောမိ သမာဒဟာမိ, ယေန သုဒံ နိစ္စကပ္ပံ ဝိဟရာမီ’’’တိ။

‘‘ဩကပ္ပနိယမေတံ ဘောတော ဂေါတမဿ ယထာ တံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အဘိဇာနာတိ ခေါ ပန ဘဝံ ဂေါတမော ဒိဝါ သုပိတာ’’တိ? ‘‘အဘိဇာနာမဟံ, အဂ္ဂိဝေဿန, ဂိမှာနံ ပစ္ဆိမေ မာသေ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော စတုဂ္ဂုဏံ သံဃာဋိံ ပညပေတွာ ဒက္ခိဏေန ပဿေန သတော သမ္ပဇာနော နိဒ္ဒံ ဩက္ကမိတာ’’တိ။ ‘‘ဧတံ ခေါ, ဘော ဂေါတမ, ဧကေ သမဏဗြာဟ္မဏာ သမ္မောဟဝိဟာရသ္မိံ ဝဒန္တီ’’တိ? ‘‘န ခေါ, အဂ္ဂိဝေဿန, ဧတ္တာဝတာ သမ္မူဠှော ဝါ ဟောတိ အသမ္မူဠှော ဝါ။ အပိ စ, အဂ္ဂိဝေဿန, ယထာ သမ္မူဠှော စ ဟောတိ အသမ္မူဠှော စ, တံ သုဏာဟိ, သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

၃၈၇။ အဂ္ဂိဝေဿန ငါသည် အရာမကများစွာသော ပရိသတ်၌ တရားဟောဖူးသည်ကို အမှတ်ရ၏၊ စင်စစ် တစ်ဦးစီတစ်ဦးစီသော ပုဂ္ဂိုလ်တိုင်းကပင် “ငါ့ကိုသာလျှင် ရည်ရွယ်၍ ရဟန်းဂေါတမကား တရားဟော၏” ဟု ဤသို့ ငါ့အား ထင်မှတ်၏။ အဂ္ဂိဝေဿန ဤထင်မှတ်ချက်ကို ဤအတိုင်း မမှတ်သင့်။ သိစေခြင်းငှာသာလျှင် မြတ်စွာဘုရားသည် သူတစ်ပါးတို့အား တရားဟော၏။ အဂ္ဂိဝေဿန ထိုငါသည်ထို (တရား) စကား၏ အဆုံး၌ (ငါ) အခါခပ်သိမ်း နေကြောင်းဖြစ်သော ထိုရှေးဖြစ်သော (အရဟတ္တဖိုလ်) သမာဓိ၏ အာရုံဖြစ်သော နိဗ္ဗာန်၌သာလျှင် စိတ်ကို ကောင်းစွာတည်စေ၏၊ ကောင်းစွာနေစေ၏၊ အာရုံ တစ်ခုတည်းရှိမှုကို ပြု၏၊ ကောင်းစွာ ဆောက်တည်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ၏ ဤစကားကား ယုံကြည်ထိုက်ပါ၏။ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဥ်လာပင် ဖြစ်ပါ၏။ အသျှင်ဂေါတမသည် “နေ့အခါ အိပ်ဖူးသည်ကို” အမှတ်ရပါ၏လောဟု (မေးလျှောက်၏)။ အဂ္ဂိဝေဿန ငါသည် နွေဥတုတို့၏ နောက်ဆုံးဖြစ်သောလ၌ ဆွမ်းခံရာမှ ဖဲခွာခဲ့၍ ဆွမ်းစားပြီးနောက်ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်းကာ လက်ယာနံပါးဖြင့် သတိ သမ္ပဇဥ်ရှိသည်ဖြစ်၍ အိပ်ပျော်ဖူး သည်ကိုအမှတ်ရ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤနေ့အခါအိပ်ခြင်းကို အချို့သော သမဏဗြာဟ္မဏတို့က ‘တွေဝေသောနေခြင်း’ဟုဆိုကုန်၏ဟု (ဆို၏)။ အဂ္ဂိဝေဿန ဤမျှဖြင့် တွေဝေသော သူသည်လည်းကောင်း၊ မတွေဝေသော သူသည်လည်း ကောင်းမဖြစ်သေး။ အဂ္ဂိဝေဿန စင်စစ်သော်ကား တွေဝေသောသူ မတွေဝေသောသူဖြစ်သည့်အ ကြောင်းကိုနာလော့ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ အသျှင် (ဂေါတမ) ကောင်းပါပြီဟု နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအား ပြန်ကြား၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ -

Aggivessana, I recall teaching the Dhamma to an assembly of many hundreds, and each person thought that I was teaching the Dhamma especially for them. But it should not be seen like this. The Realized One teaches others only so that they can understand. When that talk was finished, I stilled, settled, unified, and immersed my mind in samādhi internally in the same meditation subject as a basis of immersion as before, in which I regularly meditate.” “I’d believe that of the worthy Gotama, just like a perfected one, a fully awakened Buddha. But do you ever recall sleeping during the day?” “I do recall that in the last month of the summer, I have spread out my outer robe folded in four and lain down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware.” “Some ascetics and brahmins call that a deluded abiding.” “That’s not how to define whether someone is deluded or not. But as to how to define whether someone is deluded or not, listen and apply your mind well, I will speak.” “Yes, worthy sir,” replied Saccaka. The Buddha said this:

၃၈၈။ ‘‘ယဿ ကဿစိ, အဂ္ဂိဝေဿန, ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ အပ္ပဟီနာ, တမဟံ ‘သမ္မူဠှော’တိ ဝဒါမိ။ အာသဝါနဉှိ, အဂ္ဂိဝေဿန, အပ္ပဟာနာ သမ္မူဠှော ဟောတိ။ ယဿ ကဿစိ, အဂ္ဂိဝေဿန, ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ ပဟီနာ, တမဟံ ‘အသမ္မူဠှော’တိ ဝဒါမိ။ အာသဝါနဉှိ, အဂ္ဂိဝေဿန, ပဟာနာ အသမ္မူဠှော ဟောတိ။

‘‘တထာဂတဿ ခေါ, အဂ္ဂိဝေဿန, ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ သေယျထာပိ, အဂ္ဂိဝေဿန, တာလော မတ္ထကစ္ဆိန္နော အဘဗ္ဗော ပုန ဝိရူဠှိယာ, ဧဝမေဝ ခေါ, အဂ္ဂိဝေဿန, တထာဂတဿ ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ’’တိ။

၃၈၈။ အဂ္ဂိဝေဿန မည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ် သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို မပယ်ရသေး၊ ထိုသူကို ငါသည် ‘တွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို မပယ်ခြင်းကြောင့် တွေဝေသူ ဖြစ်၏။ အဂ္ဂိဝေဿနမည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့်တကွဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်ကုန်သော အာသဝေါ တရားတို့ကို ပယ်ထား၏၊ ထိုသူကို ငါသည် ‘မတွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို ပယ်ခြင်းကြောင့် မတွေဝေသူ ဖြစ်၏။ အဂ္ဂိဝေဿန မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို ပယ်ထားကုန်၏၊ အမြစ်အရင်းကိုအကြွင်းမဲ့ ဖြတ်ထားကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို့ပြုထားကုန်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ အဂ္ဂိဝေဿန ခေါင်းလည်ပြတ်ပြီးသောထန်းပင်သည် တစ်ဖန်စည်ပင်ခြင်းငှာ မထိုက်သကဲ့သို့ မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သောတစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့် တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေ တတ်ကုန်သော အာသဝေါတရားတို့ကိုပယ်ထားကုန်၏၊ အမြစ် အရင်းကို ဖြတ်ထားကုန်၏။ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို ပြု ထားကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။

“Anyone who has not given up the defilements that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death is deluded, I say. For it’s not giving up the defilements that makes you deluded. Anyone who has given up the defilements that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death—is not deluded, I say. For it’s giving up the defilements that makes you not deluded. The Realized One has given up the defilements that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death. He has cut them off at the root, made them like a palm stump, obliterated them so they are unable to arise in the future. Just as a palm tree with its crown cut off is incapable of further growth, in the same way, the Realized One has given up the defilements so they are unable to arise in the future.”

စာ-၃၁၇

၃၈၉။ ဧဝံ ဝုတ္တေ, သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ယာဝဉ္စိဒံ ဘောတော ဂေါတမဿ ဧဝံ အာသဇ္ဇ အာသဇ္ဇ ဝုစ္စမာနဿ, ဥပနီတေဟိ ဝစနပ္ပထေဟိ သမုဒါစရိယမာနဿ, ဆဝိဝဏ္ဏော စေဝ ပရိယောဒါယတိ, မုခဝဏ္ဏော စ ဝိပ္ပသီဒတိ, ယထာ တံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အဘိဇာနာမဟံ, ဘော ဂေါတမ, ပူရဏံ ကဿပံ ဝါဒေန ဝါဒံ သမာရဘိတာ။ သောပိ မယာ ဝါဒေန ဝါဒံ သမာရဒ္ဓေါ အညေနညံ ပဋိစရိ, ဗဟိဒ္ဓါ ကထံ အပနာမေသိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတွာကာသိ။ ဘောတော ပန [ဘောတော ခေါ ပန (သီ။)] ဂေါတမဿ ဧဝံ အာသဇ္ဇ အာသဇ္ဇ ဝုစ္စမာနဿ, ဥပနီတေဟိ ဝစနပ္ပထေဟိ သမုဒါစရိယမာနဿ, ဆဝိဝဏ္ဏော စေဝ ပရိယောဒါယတိ, မုခဝဏ္ဏော စ ဝိပ္ပသီဒတိ, ယထာ တံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အဘိဇာနာမဟံ, ဘော ဂေါတမ, မက္ခလိံ ဂေါသာလံ…ပေ… အဇိတံ ကေသကမ္ဗလံ… ပကုဓံ ကစ္စာယနံ… သဉ္ဇယံ ဗေလဋ္ဌပုတ္တံ… နိဂဏ္ဌံ နာဋပုတ္တံ ဝါဒေန ဝါဒံ သမာရဘိတာ။ သောပိ မယာ ဝါဒေန ဝါဒံ သမာရဒ္ဓေါ အညေနညံ ပဋိစရိ, ဗဟိဒ္ဓါ ကထံ အပနာမေသိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတွာကာသိ။ ဘောတော ပန ဂေါတမဿ ဧဝံ အာသဇ္ဇ အာသဇ္ဇ ဝုစ္စမာနဿ, ဥပနီတေဟိ ဝစနပ္ပထေဟိ သမုဒါစရိယမာနဿ, ဆဝိဝဏ္ဏော စေဝ ပရိယောဒါယတိ, မုခဝဏ္ဏော စ ဝိပ္ပသီဒတိ, ယထာ တံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဟန္ဒ စ ဒါနိ မယံ, ဘော ဂေါတမ, ဂစ္ဆာမ။ ဗဟုကိစ္စာ မယံ, ဗဟုကရဏီယာ’’တိ။ ‘‘ယဿဒါနိ တွံ, အဂ္ဂိဝေဿန, ကာလံ မညသီ’’တိ။

အထ ခေါ သစ္စကော နိဂဏ္ဌပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ပက္ကာမီတိ။

မဟာသစ္စကသုတ္တံ နိဋ္ဌိတံ ဆဋ္ဌံ။

၃၈၉။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အံ့ဩဖွတ်ရှိပါပေ၏၊ အသျှင်ဂေါတမ မဖြစ်စဖူး ဖြစ်ပါပေ၏၊ ဤသို့ ထိခိုက်၍ ထိခိုက်၍ အပြောခံရသော စောင်းချိတ်သော စကားတို့ဖြင့် အပြောခံရသော အသျှင်ဂေါတမ၏ အရေအဆင်းသည်ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဥ်လာပင်ဖြစ်ပါပေသည်။ အသျှင်ဂေါတမ အကျွန်ုပ်သည် ပူရဏကဿပကို စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆိုဖူးသည်ကိုအမှတ်ရပါ၏၊ ထိုပူရဏကဿပသည်လည်း အကျွန်ုပ်က စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွှဲဖယ်၏၊ အမျက်ထွက်ခြင်းပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြု၏၊ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ ထိခိုက်၍ ပြောဆိုသော်လည်း စောင်းချိတ်စကားတို့ဖြင့် ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာ ရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဥ်လာပင် ဖြစ်ပါပေသည်။ အသျှင်ဂေါတမ အကျွန်ုပ်သည် မက္ခလိဂေါသာလကို။ပ။ အဇိတကေသကမ္ဗလကို။ ပကုဓကစ္စာယန ကို။ ဗေလဋ္ဌသား သဉ္စယကို။ နာဋ၏သား နိဂဏ္ဌတက္ကတွန်းကို စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆိုဖူးသည် ကိုအမှတ်ရပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌတက္ကတွန်းသည်လည်း အကျွန်ုပ်က စကားလမ်းစဥ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကိုလည်း ထင်ရှားပြု၏။ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ထိခိုက်၍ ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဥ်လာပင် ဖြစ်ပါပေသည်။ အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ (ရှိပါကုန်၏)၊ များသောပြုဖွယ် ရှိပါကုန်၏” ဟု (လျှောက်၏)။ အဂ္ဂိဝေဿန ယခုအခါ သွားရန် အချိန်အခါကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းသာဖြစ်၏) ဟု (မိန့်တော်မူ၏)။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်၍ နေရာမှ ထကာ ဖဲခွါသွားလေ၏။ ခြောက်ခုမြောက် မဟာသစ္စကသုတ်ပြီး၏။

When he had spoken, Saccaka said to him, “It’s incredible, worthy Gotama, it’s amazing! How when the worthy Gotama is repeatedly attacked with inappropriate and intrusive criticism, the complexion of his skin brightens and the color of his face becomes clear, just like a perfected one, a fully awakened Buddha! I recall taking on Pūraṇa Kassapa in debate. He dodged the issue, distracting the discussion with irrelevant points, and displaying annoyance, hate, and bitterness. But when the worthy Gotama is repeatedly attacked with inappropriate and intrusive criticism, the complexion of his skin brightens and the color of his face becomes clear, just like a perfected one, a fully awakened Buddha. I recall taking on the bamboo-staffed ascetic Gosāla, Ajita of the hair blanket, Pakudha Kaccāyana, Sañjaya Belaṭṭhiputta, and the Jain ascetic of the Ñātika clan in debate. They all dodged the issue, distracting the discussion with irrelevant points, and displaying annoyance, hate, and bitterness. But when the worthy Gotama is repeatedly attacked with inappropriate and intrusive criticism, the complexion of his skin brightens and the color of his face becomes clear, just like a perfected one, a fully awakened Buddha. Well, now, worthy Gotama, I must go. I have many duties, and much to do.” “Please, Aggivessana, go at your convenience.” Then Saccaka, the son of Jain parents, having approved and agreed with what the Buddha said, rose from his seat and left.

စာ-၃၁၈

၇။ စူဠတဏှာသင်္ခယသုတ္တံ

၃၉၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာန’’န္တိ?

‘‘ဣဓ, ဒေဝါနမိန္ဒ, ဘိက္ခုနော သုတံ ဟောတိ – ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ ဧဝဉ္စေတံ, ဒေဝါနမိန္ဒ, ဘိက္ခုနော သုတံ ဟောတိ – ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊ သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ၊ သဗ္ဗံ ဓမ္မံ ပရိညာယ ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ – သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရတိ, ဝိရာဂါနုပဿီ ဝိဟရတိ, နိရောဓာနုပဿီ ဝိဟရတိ, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ။ သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရန္တော, ဝိရာဂါနုပဿီ ဝိဟရန္တော, နိရောဓာနုပဿီ ဝိဟရန္တော, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရန္တော န ကိဉ္စိ လောကေ ဥပါဒိယတိ။ အနုပါဒိယံ န ပရိတဿတိ, အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ ဧတ္တာဝတာ ခေါ, ဒေဝါနမိန္ဒ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာန’’န္တိ။

အထ ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိ။

၇- စူဠတဏှာသင်္ခယသုတ် ၃၉၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သောဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည့်မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသောစွာရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် ရဟန်းသည် အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ ဧကန်အဆုံးစခန်း ပန်တိုင်ရှိသူ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။ သိကြားမင်း ဤသာသနာတော်၌ ရဟန်းသည် “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါမသင့်” ဟု ကြားဖူး၏။ သိကြားမင်း ဤသို့ “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ မသင့်” ဟုကြားဖူးသော ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သည်ကိုဖြစ်စေ အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက် နေ၏။ ချုပ်သောအားဖြင့် ရှုမြင်လျက်နေ၏။ စွန့်လွှတ် ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက်နေသော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော် စွန့်လွှတ်ပြေးဝင်သောအားဖြင့်ရှုမြင်လျက်နေသော် လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင်မတပ် မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလို ကိုယ်တိုင်သာလျှင်ငြိမ်းအေး၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့” ဟု သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့်ရဟန်းသည် အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီး ဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိ့သူ၊ ဧကန်အဆုံးစခန်ပန်းတိုင်ရှိသူ၊ နတ် လူတို့ထက်မြတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက်ဝမ်း မြောက်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်လေ၏။

Middle Discourses 37 The Shorter Discourse on the Ending of Craving So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. And then Sakka, lord of gods, went up to the Buddha, bowed, stood to one side, and said to him: “Sir, how do you briefly define a mendicant who is freed through the ending of craving, who has reached the ultimate end, the ultimate sanctuary from the yoke, the ultimate spiritual life, the ultimate goal, and is best among gods and humans?” “Lord of gods, take a mendicant who has heard: ‘Nothing is worth insisting on.’ When a mendicant has heard that nothing is worth insisting on, they directly know all things. Directly knowing all things, they completely understand all things. Completely understanding all things, when they experience any kind of feeling—pleasant, unpleasant, or neutral— they meditate observing impermanence, dispassion, cessation, and letting go in those feelings. Meditating in this way, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ That’s how I briefly define a mendicant who is freed through the ending of craving, who has reached the ultimate end, the ultimate sanctuary from the yoke, the ultimate spiritual life, the ultimate goal, and is best among gods and humans.” Then Sakka, lord of gods, having approved and agreed with what the Buddha said, bowed and respectfully circled the Buddha, keeping him on his right, before vanishing right there.

၃၉၁။ တေန ခေါ ပန သမယေန အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝတော အဝိဒူရေ နိသိန္နော ဟောတိ။ အထ ခေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဧတဒဟောသိ – ‘‘ကိံ နု ခေါ သော ယက္ခော ဘဂဝတော ဘာသိတံ အဘိသမေစ္စ အနုမောဒိ ဥဒါဟု နော၊ ယံနူနာဟံ တံ ယက္ခံ ဇာနေယျံ – ယဒိ ဝါ သော ယက္ခော ဘဂဝတော ဘာသိတံ အဘိသမေစ္စ အနုမောဒိ ယဒိ ဝါ နော’’တိ။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ အန္တရဟိတော ဒေဝေသု တာဝတိံသေသု ပါတုရဟောသိ။ တေန ခေါ ပန သမယေန သက္ကော ဒေဝါနမိန္ဒော ဧကပုဏ္ဍရီကေ ဥယျာနေ ဒိဗ္ဗေဟိ ပဉ္စဟိ တူရိယသတေဟိ [တုရိယသတေဟိ (သီ။ သျာ။ ကံ။ ပီ။)] သမပ္ပိတော သမင်္ဂီဘူတော ပရိစာရေတိ။ အဒ္ဒသာ ခေါ သက္ကော ဒေဝါနမိန္ဒော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန တာနိ ဒိဗ္ဗာနိ ပဉ္စ တူရိယသတာနိ ပဋိပ္ပဏာမေတွာ ယေနာယသ္မာ မဟာမောဂ္ဂလ္လာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဧတဒဝေါစ – ‘‘ဧဟိ ခေါ, မာရိသ မောဂ္ဂလ္လာန, သွာဂတံ, မာရိသ မောဂ္ဂလ္လာန! စိရဿံ ခေါ, မာရိသ မောဂ္ဂလ္လာန, ဣမံ ပရိယာယံ အကာသိ ယဒိဒံ ဣဓာဂမနာယ။ နိသီဒ, မာရိသ မောဂ္ဂလ္လာန, ဣဒမာသနံ ပညတ္တ’’န္တိ။ နိသီဒိ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ပညတ္တေ အာသနေ။ သက္ကောပိ ခေါ ဒေဝါနမိန္ဒော အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ သက္ကံ ဒေဝါနမိန္ဒံ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဧတဒဝေါစ – ‘‘ယထာ ကထံ ပန ခေါ, ကောသိယ, ဘဂဝါ သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ အဘာသိ? သာဓု မယမ္ပိ ဧတိဿာ ကထာယ ဘာဂိနော အဿာမ သဝနာယာ’’တိ။

၃၉၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် “အသို့နည်း၊ ထိုနတ်သည် မြတ်စွာဘုရား၏ တရားစကားကို သိ၍ ဝမ်းမြောက်လေသလော၊ သို့မဟုတ် မသိမူဘဲ ဝမ်းမြောက်လေသလော။ ထိုနတ်သည် မြတ်စွာဘုရား၏တရားစကား ကို သိ၍သော်လည်းကောင်း၊ မသိမူ၍သော်လည်းကောင်း ဝမ်းမြောက်သလော၊ ထိုနတ်ကိုငါသိအောင်ပြုရ မူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည်ဥပမာသော်ကား အားရှိ သော ယောကျာ်းသည် ကွေးထားသော လက်မောင်းကိုဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်းဤအတူပင်လျှင် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ် ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ကွယ်ကာတာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် သရက်ဖြူတစ်ပင်ရှိသော ဥယျာဥ်၌ နတ်၌ ဖြစ်သောတူရိယာငါးရာတို့နှင့် ကောင်းစွာကုံလုံပြည့်စုံသည်ဖြစ်၍ နတ်စည်းစိမ်ကို ခံစားလျက်နေ၏။ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ထိုနတ်၌ ဖြစ်သောတူရိယာငါးရာတို့ကို ပယ်မြစ်ကာ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဥ်းကပ်ပြီးလျှင် “အသျှင် မောဂ္ဂလာန်ကြွခဲ့ပါလော့၊ အသျှင်မောဂ္ဂလာန် သင်၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းပါ တည်း၊အသျှင်မောဂ္ဂလာန် ဤနတ်ပြည်သို့ လာဖို့ရန် အလှည့်ကို ကြာမြင့်မှ ပြုတော်မူ၏၊ အသျှင် မောဂ္ဂလာန်ထိုင်တော်မူပါ။ ဤနေရာကို ခင်းထားပါပြီ” ဟု အသျှင်မဟာမောဂ္ဂလာန်အား လျှောက်ထား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်း အခြားနိမ့်သော နေရာကို ယူ၍ သင့်လျော်သော နေရာ၌ထိုင်၏။ သင့်လျော်သော နေရာ၌ ထိုင်သော နတ်တို့ကိုအစိုးရသော သိကြားမင်းကို အသျှင်မဟာမောဂ္ဂလာန်သည် “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားက သင်တို့အား အကျဥ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှာ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟုမိန့်ဆို၏။

Now at that time Venerable Mahāmoggallāna was sitting not far from the Buddha. He thought, “Did that spirit comprehend what the Buddha said when he agreed with him, or not? Why don’t I find out?” And then Venerable Mahāmoggallāna, as easily as a strong person would extend or contract their arm, vanished from the Eastern Monastery and reappeared among the gods of the thirty-three. Now at that time Sakka was amusing himself in the Single Lotus Park, supplied and provided with a heavenly orchestra. Seeing Mahāmoggallāna coming off in the distance, he waved off the orchestra, approached Mahāmoggallāna, and said, “Come, my good fellow Moggallāna! Welcome, my good fellow! It’s been a long time since you took the opportunity to come here. Sit, my good Moggallāna, here, a seat is ready.” Mahāmoggallāna sat down on the seat spread out, while Sakka took a low seat and sat to one side. Mahāmoggallāna said to him, “Kosiya, how did the Buddha briefly explain freedom through the ending of craving? Please share this talk with me so that I can also get to hear it.”

စာ-၃၁၉

၃၉၂။ ‘‘မယံ ခေါ, မာရိသ မောဂ္ဂလ္လာန, ဗဟုကိစ္စာ ဗဟုကရဏီယာ – အပ္ပေဝ သကေန ကရဏီယေန, အပိ စ ဒေဝါနံယေဝ တာဝတိံသာနံ ကရဏီယေန။ အပိ စ, မာရိသ မောဂ္ဂလ္လာန, သုဿုတံယေဝ ဟောတိ သုဂ္ဂဟိတံ သုမနသိကတံ သူပဓာရိတံ, ယံ နော ခိပ္ပမေဝ အန္တရဓာယတိ။ ဘူတပုဗ္ဗံ, မာရိသ မောဂ္ဂလ္လာန, ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော [သမူပဗျုဠှော (သျာ။ ကံ။), သမူပဗ္ဗူဠှော (သီ။)] အဟောသိ။ တသ္မိံ ခေါ ပန, မာရိသ မောဂ္ဂလ္လာန, သင်္ဂါမေ ဒေဝါ ဇိနိံသု, အသုရာ ပရာဇိနိံသု။ သော ခေါ အဟံ, မာရိသ မောဂ္ဂလ္လာန, တံ သင်္ဂါမံ အဘိဝိဇိနိတွာ ဝိဇိတသင်္ဂါမော တတော ပဋိနိဝတ္တိတွာ ဝေဇယန္တံ နာမ ပါသာဒံ မာပေသိံ။ ဝေဇယန္တဿ ခေါ, မာရိသ မောဂ္ဂလ္လာန, ပါသာဒဿ ဧကသတံ နိယျူဟံ။ ဧကေကသ္မိံ နိယျူဟေ သတ္တ သတ္တ ကူဋာဂါရသတာနိ။ ဧကမေကသ္မိံ ကူဋာဂါရေ သတ္တ သတ္တ အစ္ဆရာယော။ ဧကမေကိဿာ အစ္ဆရာယ သတ္တ သတ္တ ပရိစာရိကာယော။ ဣစ္ဆေယျာသိ နော တွံ, မာရိသ မောဂ္ဂလ္လာန, ဝေဇယန္တဿ ပါသာဒဿ ရာမဏေယျကံ ဒဋ္ဌု’’န္တိ? အဓိဝါသေသိ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တုဏှီဘာဝေန။

၃၉၂။ အသျှင်မောဂ္ဂလာန် တပည့်တော်တို့မှာ ပြုဖွွယ်ကိစ္စ များပြားလှပါကုန်၏၊ (သို့ရာတွင်) မိမိပြုဖွယ် ကိစ္စအတွက် အနည်းငယ်သာဖြစ်၍ တာဝတိံသာနတ်တို့၏ ပြုဖွယ်ကိစ္စအတွက်သာလျှင် စင်စစ်များလှပါကုန်၏။ အသျှင်မောဂ္ဂလာန် စင်စစ်ကား ကောင်းစွာ ကြားနာထားသော ကောင်းစွာ သင်ယူထားသော ကောင်းစွာ နှလုံးသွင်းထားသော ကောင်းစွာ ဆောင်ထားသော တရားသည် တပည့်တော်တို့မှလျင်စွာသာလျှင် ကွယ်ပျောက် ပါ၏။ အသျှင်မောဂ္ဂလာန် ရှေး၌ဖြစ်ဖူးသည်ကား စစ်ဆင်စုရုံးထားသော နတ် အသုရာ စစ်ပွဲကြီးသည်ဖြစ်ခဲ့ပါ၏။ အသျှင်မောဂ္ဂလာန် ထိုစစ်ပွဲကြီး၌ နတ်တို့က အနိုင်ရ၍ အသုရာတို့သည် ရှုံးနိမ့်ပါကုန်၏။ အသျှင်မောဂ္ဂလာန် ထိုတပည့်တော်သည် ထိုစစ်ပွဲကြီးကို အောင်မြင်၍ စစ်အောင်သူ ဖြစ်ပါ၏၊ ထိုစစ်နိုင်ရာအောင်မြေမှ ပြန်လှည့်ကာ ဝေဇယန္တာမည်သော ပြာသာဒ်ကို ဖန်ဆင်းပါ၏။ အသျှင်မောဂ္ဂလာန်ဝေဇယန္တာ ပြာသာဒ်မှာဘုံဆောင် တစ်ရာ့တစ်ဆောင်ရှိ၍ ဘုံဆောင်တစ်ဆောင် တစ်ဆောင်၌အထွဋ်ရှိသော အခန်း ခုနှစ်ရာစီ ရှိ၏၊ အထွဋ်ရှိသောအခန်း တစ်ခန်းတစ်ခန်း၌လည်း နတ်သမီးခုနစ်ယောက်စီရှိ၏၊ နတ်သမီးတစ်ယောက် တစ်ယောက်၌လည်း အလုပ်အကျွေး ခုနစ်ယောက်စီရှိပါကုန်၏။ အသျှင် မောဂ္ဂလာန် အသျှင် (ဘုရား) သည် ဝေဇယန္တာ ပြာသာဒ်၏မွေ့လျော်ဖွယ်ရှိသည့်အဖြစ်ကို ရှုမြင်ရန် အလိုရှိပါသလောဟု လျှောက်ကြား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဆိတ်ဆိတ်နေခြင်းဖြင့် သည်းခံ တော်မူ၏။

“My good Moggallāna, I have many duties, and much to do, not only for myself, but also for the gods of the thirty-three. Still, what is properly heard, learned, attended, and memorized does not vanish all of a sudden. Once upon a time, a battle was fought between the gods and the titans. In that battle the gods won and the titans lost. When I returned from that battle as a conqueror, I created the Palace of Victory. The Palace of Victory has a hundred towers. Each tower has seven hundred chambers. Each chamber has seven nymphs. Each nymph has seven maids. Would you like to see the lovely Palace of Victory?” Mahāmoggallāna consented with silence.

စာ-၃၂၀

၃၉၃။ အထ ခေါ သက္ကော စ ဒေဝါနမိန္ဒော ဝေဿဝဏော စ မဟာရာဇာ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ပုရက္ခတွာ ယေန ဝေဇယန္တော ပါသာဒေါ တေနုပသင်္ကမိံသု။ အဒ္ဒသံသု ခေါ သက္ကဿ ဒေဝါနမိန္ဒဿ ပရိစာရိကာယော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဒူရတောဝ အာဂစ္ဆန္တံ၊ ဒိသွာ ဩတ္တပ္ပမာနာ ဟိရီယမာနာ သကံ သကံ ဩဝရကံ ပဝိသိံသု။ သေယျထာပိ နာမ သုဏိသာ သသုရံ ဒိသွာ ဩတ္တပ္ပတိ ဟိရီယတိ, ဧဝမေဝ သက္ကဿ ဒေဝါနမိန္ဒဿ ပရိစာရိကာယော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဒိသွာ ဩတ္တပ္ပမာနာ ဟိရီယမာနာ သကံ သကံ ဩဝရကံ ပဝိသိံသု။ အထ ခေါ သက္ကော စ ဒေဝါနမိန္ဒော ဝေဿဝဏော စ မဟာရာဇာ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဝေဇယန္တေ ပါသာဒေ အနုစင်္ကမာပေန္တိ အနုဝိစရာပေန္တိ – ‘‘ဣဒမ္ပိ, မာရိသ မောဂ္ဂလ္လာန, ပဿ ဝေဇယန္တဿ ပါသာဒဿ ရာမဏေယျကံ၊ ဣဒမ္ပိ, မာရိသ မောဂ္ဂလ္လာန, ပဿ ဝေဇယန္တဿ ပါသာဒဿ ရာမဏေယျက’’န္တိ။ ‘‘သောဘတိ ဣဒံ အာယသ္မတော ကောသိယဿ, ယထာ တံ ပုဗ္ဗေ ကတပုညဿ။ မနုဿာပိ ကိဉ္စိဒေဝ ရာမဏေယျကံ ဒိသွာ [ဒိဋ္ဌာ (သီ။ ပီ။ က။)] ဧဝမာဟံသု – ‘သောဘတိ ဝတ ဘော ယထာ ဒေဝါနံ တာဝတိံသာန’န္တိ။ တယိဒံ အာယသ္မတော ကောသိယဿ သောဘတိ, ယထာ တံ ပုဗ္ဗေ ကတပုညဿာ’’တိ။ အထ ခေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဧတဒဟောသိ – ‘‘အတိဗာဠှံ ခေါ အယံ ယက္ခော ပမတ္တော ဝိဟရတိ။ ယံနူနာဟံ ဣမံ ယက္ခံ သံဝေဇေယျ’’န္တိ။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိ [အဘိသင်္ခါရေသိ (က။), အဘိသင်္ခါရေတိ (သျာ။ ကံ။)] ယထာ ဝေဇယန္တံ ပါသာဒံ ပါဒင်္ဂုဋ္ဌကေန သင်္ကမ္ပေသိ သမ္ပကမ္ပေသိ သမ္ပဝေဓေသိ။ အထ ခေါ သက္ကော စ ဒေဝါနမိန္ဒော, ဝေဿဝဏော စ မဟာရာဇာ, ဒေဝါ စ တာဝတိံသာ အစ္ဆရိယဗ္ဘုတစိတ္တဇာတာ အဟေသုံ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, သမဏဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ, ယတြ ဟိ နာမ ဒိဗ္ဗဘဝနံ ပါဒင်္ဂုဋ္ဌကေန သင်္ကမ္ပေဿတိ သမ္ပကမ္ပေဿတိ သမ္ပဝေဓေဿတီ’’တိ! အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော သက္ကံ ဒေဝါနမိန္ဒံ သံဝိဂ္ဂံ လောမဟဋ္ဌဇာတံ ဝိဒိတွာ သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘‘ယထာ ကထံ ပန ခေါ, ကောသိယ, ဘဂဝါ သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ အဘာသိ? သာဓု မယမ္ပိ ဧတိဿာ ကထာယ ဘာဂိနော အဿာမ သဝနာယာ’’တိ။

၃၉၃။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မဟာမောဂ္ဂလာန်ကို ရှေ့ဆောင်ပြု၍ ဝေဇယန္တာပြာသာဒ်ဆီသို့ ချဥ်းကပ်ကုန်၏။ နတ်တို့ကို အစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။ ချွေးမသည် ယောက္ခမကိုမြင်၍ ကြောက်ရွံ့ရှက်နိုးသကဲ့သို့ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မောဂ္ဂလာန်ကို ဝေဇယန္တာပြာသာဒ်၌ စကြ,သွားတော်မူစေကုန်၏၊ လှည့်လည်တော်မူစေကုန်၏။ အသျှင်မောဂ္ဂလာန် ဝေဇယန္တာပြာသာဒ်၏ ဤမွေ့လျော်ဖွယ် အဖြစ်ကိုလည်း ရှုတော်မူပါ၊ အသျှင် မောဂ္ဂလာန် ဝေဇယန္တာ ပြာသာဒ်၏ ဤမွေ့လျော်ဖွယ်အဖြစ်ကိုလည်းရှုတော်မူပါဟု (လျှောက်ကြားကုန်၏)။ အသျှင်သိကြားမင်း၏ ဤဝေဇယန္တာပြာသာဒ်သည်တင့်တယ်လှပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဥ်လာပင် ဖြစ်ပေ၏။ လူတို့သည်လည်းတစ်စုံတစ်ရာ မွေ့လျော်ဖွယ်အဖြစ်ကို တွေ့မြင်ကုန်သော် “အချင်းတို့ တာဝတိံသာနတ်တို့၏အဆောင်ကဲ့သို့ တင့်တယ်၏” ဟု ဆိုကုန်၏။ အသျှင်သိကြားမင်း၏ ထိုဝေဇယန္တာပြာသာဒ်သည့်တင့်တယ်လှ ပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဥ်လာပင် ဖြစ်ပေ၏ဟု (ဆို၏)။ ထိုအခါ “ဤနတ်သည် အလွန်ပြင်းပြစွာ မေ့လျော့နေ၏၊ ငါသည် ဤနတ်ကို ထိတ်လန့်စေရမူကောင်းပေမည်” ဟု အသျှင်မဟာမောဂ္ဂလာန်အား ဤအကြံသည် ဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်သော သဘောရှိသော တန်ခိုးဖန်ဆင်းမှုကို ပြုတော်မူ၏။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း၊ တာဝတိံသာနတ်တို့သည်လည်းကောင်း “အချင်းတို့ ရဟန်း၏ တန်ခိုးကြီးသည့်အဖြစ်သည်အာနုဘော် ကြီးသည့်အဖြစ်သည် အံ့ဖွယ်ရှိပေစွ၊ မဖြစ်စဖူး ဖြစ်လေစွ၊ နတ်ဘုံဗိမာန်ကိုပင်သော်လည်းခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်ဘိ၏” ဟု အံ့ဩခြင်း မဖြစ်စဖူးဖြစ်ခြင်း စိတ်ရှိကုန်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ ထိတ်လန့်ခြင်းကြက်သီးမွေးညင်းထခြင်းဖြစ်သည်ကို သိ၍ “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားသည် အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှါ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟု နတ်တို့်ကိုအစိုးရသော သိကြားမင်းအား ပြောဆို၏။

Then, putting Venerable Mahāmoggallāna in front, Sakka, lord of gods, and Vessavaṇa, the Great King, went to the Palace of Victory. When they saw Moggallāna coming off in the distance, Sakka’s maids, being discreet and prudent, each went to her own bedroom. They were just like a daughter-in-law who is discreet and prudent when they see their father-in-law. Then Sakka and Vessavaṇa encouraged Moggallāna to wander and explore the palace, saying, “See, in the palace, my good Moggallāna, this lovely thing! And that lovely thing!” “That looks beautiful for the venerable Kosiya, as befits one who has made merit in the past. Humans, when they see something lovely, also say: ‘It looks beautiful enough for the gods of the thirty-three!’ That looks beautiful for the venerable Kosiya, as befits one who has made merit in the past.” Then Moggallāna thought, “This spirit lives much too negligently. Why don’t I stir up a sense of urgency in him?” Then Moggallāna used his psychic power to make the Palace of Victory shake and rock and tremble with his big toe. Then Sakka, Vessavaṇa, and the gods of the thirty-three, their minds full of wonder and amazement, thought, “Oh lord, how incredible, how amazing! The ascetic has such power and might that he makes the god’s home shake and rock and tremble with his big toe!” Knowing that Sakka was shocked and awestruck, Moggallāna said to him, “Kosiya, how did the Buddha briefly explain freedom through the ending of craving? Please share this talk with me so that I can also get to hear it.”

စာ-၃၂၁

၃၉၄။ ‘‘ဣဓာဟံ, မာရိသ မောဂ္ဂလ္လာန, ယေန ဘဂဝါ တေနုပသင်္ကမိံ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိံ။ ဧကမန္တံ ဌိတော ခေါ အဟံ, မာရိသ မောဂ္ဂလ္လာန, ဘဂဝန္တံ ဧတဒဝေါစံ – ‘ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာန’’’န္တိ?

‘‘ဧဝံ ဝုတ္တေ, မာရိသ မောဂ္ဂလ္လာန, ဘဂဝါ မံ ဧတဒဝေါစ – ‘ဣဓ, ဒေဝါနမိန္ဒ, ဘိက္ခုနော သုတံ ဟောတိ – သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ ဧဝံ စေတံ ဒေဝါနမိန္ဒ ဘိက္ခုနော သုတံ ဟောတိ ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ, သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ, သဗ္ဗံ ဓမ္မံ ပရိညာယ ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရတိ, ဝိရာဂါနုပဿီ ဝိဟရတိ, နိရောဓာနုပဿီ ဝိဟရတိ, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ။ သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရန္တော, ဝိရာဂါနုပဿီ ဝိဟရန္တော, နိရောဓာနုပဿီ ဝိဟရန္တော, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရန္တော န ကိဉ္စိ လောကေ ဥပါဒိယတိ, အနုပါဒိယံ န ပရိတဿတိ, အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ ဧတ္တာဝတာ ခေါ, ဒေဝါနမိန္ဒ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာနန္တိ။ ဧဝံ ခေါ မေ, မာရိသ မောဂ္ဂလ္လာန, ဘဂဝါ သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ အဘာသီ’’တိ။

အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော သက္ကဿ ဒေဝါနမိန္ဒဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဒေဝေသု တာဝတိံသေသု အန္တရဟိတော ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ ပါတုရဟောသိ။ အထ ခေါ သက္ကဿ ဒေဝါနမိန္ဒဿ ပရိစာရိကာယော အစိရပက္ကန္တေ အာယသ္မန္တေ မဟာမောဂ္ဂလ္လာနေ သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစုံ – ‘‘ဧသော နု တေ, မာရိသ, သော ဘဂဝါ သတ္ထာ’’တိ? ‘‘န ခေါ မေ, မာရိသ, သော ဘဂဝါ သတ္ထာ။ သဗြဟ္မစာရီ မေ ဧသော အာယသ္မာ မဟာမောဂ္ဂလ္လာနော’’တိ။ ‘‘လာဘာ တေ, မာရိသ, (သုလဒ္ဓံ တေ, မာရိသ) [( ) နတ္ထိ (သီ။ ပီ။)] ယဿ တေ သဗြဟ္မစာရီ ဧဝံမဟိဒ္ဓိကော ဧဝံမဟာနုဘာဝေါ! အဟော နူန တေ သော ဘဂဝါ သတ္ထာ’’တိ။

၃၉၄။ အသျှင်မဟာမောဂ္ဂလာန် တပည့်တော်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် အကျဥ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံး ခင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု ဤစကားကို လျှောက်၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှောက်သော် မြတ်စွာဘုရားသည် တပည့်တော်ကို “သိကြားမင်း ဤသာသနာတော်၌ရဟန်းသည် တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ ‘မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်းရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူး၏။ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိ၍ တရားအားလုံးကို ပိုင်းခြား၍သိ၏။ တရားအားလုံးကို ပိုင်းခြားသိ၍ ချမ်းသာသည်လည်းဖြစ်သော ဆင်းရဲသည်လည်း ဖြစ်သောဆင်းရဲ မဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော တစ်စုံတစ်ရာသော ခံစားခြင်းကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့်ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော်တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက်နေ သော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော်စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေသော် လောက ၌ တစ်စုံတစ်ရာကိုမျှ မစွဲယူ၊ မစွဲယူသော်ထက်ဝန်းကျင် မတပ်မက်၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင် ထက်ဝန်းကျင်ငြိမ်း၏၊ (ပဋိသန္ဓေ) နေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်မရှိတော့ဟု သိ၏။ သိကြားမင်း ဤမျှလောက်သောအကျင့်ဖြင့် အကျဥ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု ဤစကားကို မိန့်ကြား တော်မူပါ၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှင် တပည့်တော်အား မြတ်စွာဘုရားသည် အကျဥ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူပါ၏ဟု့လျှောက်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူပင်လျှင်တာဝတိံသာနတ်တို့၌ ကွယ်ကာ ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ထင်ရှားဖြစ်၏။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ဖဲခွါသွား၍ မကြာမီ နတ်တို့ကိုအစိုးရသော သိကြားမင်းကို “အချင်း သင်၏ဆရာ ထိုမြတ်စွာဘုရား ဟူသည် ဤရဟန်းပင်လော” ဟု မေးကုန်၏။ အသျှင်မတို့ ထိုရဟန်းသည် ငါ၏ဆရာ မြတ်စွာဘုရား မဟုတ်၊ ဤရဟန်းသည် ငါ၏ သီတင်း သုံးဖော်အသျှင်မဟာမောဂ္ဂလာန်တည်းဟု (ပြန်ပြော၏)။ အသျှင်သိကြားမင်း သင်သည် အရတော်လေစွ၊ သင်သည် အလွန်အရတော်လေစွ၊ သင်၏ သီတင်းသုံးဖော်ပင် ဤမျှလောက် တန်ခိုးကြီး၏၊ ဤမျှလောက် အာနုဘော်ကြီး၏၊ သင်၏ဆရာ မြတ်စွာဘုရားကား အံ့ဩဖွယ် တန်ခိုးကြီးပေမည်တကားဟု (ဆိုကုန်၏)။

“My good fellow Moggallāna, I approached the Buddha, bowed, stood to one side, and said to him, ‘Sir, how do you briefly define a mendicant who is freed with the ending of craving, who has reached the ultimate end, the ultimate sanctuary from the yoke, the ultimate spiritual life, the ultimate goal, and is best among gods and humans?’ When I had spoken the Buddha said to me: ‘Lord of gods, it’s when a mendicant has heard: “Nothing is worth insisting on.” When a mendicant has heard that nothing is worth insisting on, they directly know all things. Directly knowing all things, they completely understand all things. Having completely understood all things, when they experience any kind of feeling—pleasant, unpleasant, or neutral— they meditate observing impermanence, dispassion, cessation, and letting go in those feelings. Meditating in this way, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: “Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.” That’s how I briefly define a mendicant who is freed through the ending of craving, who has reached the ultimate end, the ultimate sanctuary from the yoke, the ultimate spiritual life, the ultimate goal, and is best among gods and humans.’ That’s how the Buddha briefly explained freedom through the ending of craving to me.” Moggallāna approved and agreed with what Sakka said. As easily as a strong person would extend or contract their arm, he vanished from among the gods of the thirty-three and reappeared in the Eastern Monastery. Soon after Moggallāna left, Sakka’s maids said to him, “Good fellow, was that the Blessed One, your Teacher?” “No, it was not. That was my spiritual companion Venerable Mahāmoggallāna.” “You’re fortunate, good fellow, so very fortunate, to have a spiritual companion of such power and might! We can’t believe that’s not the Blessed One, your Teacher!”

စာ-၃၂၂

၃၉၅။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိဇာနာတိ နော, ဘန္တေ, ဘဂဝါ အဟု [အဟုနညေဝ (သီ။ သျာ။ ကံ။)] ဉာတညတရဿ မဟေသက္ခဿ ယက္ခဿ သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ ဘာသိတာ’’တိ [အဘာသိတ္ထာတိ (က။)]? ‘‘အဘိဇာနာမဟံ, မောဂ္ဂလ္လာန, ဣဓ သက္ကော ဒေဝါနမိန္ဒော ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ, မောဂ္ဂလ္လာန, သက္ကော ဒေဝါနမိန္ဒော မံ ဧတဒဝေါစ – ‘ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာန’’န္တိ။

ဧဝံ ဝုတ္တေ အဟံ, မောဂ္ဂလ္လာန, သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစံ ‘‘ဣဓ ဒေဝါနမိန္ဒ ဘိက္ခုနော သုတံ ဟောတိ ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ ဧဝံ စေတံ ဒေဝါနမိန္ဒ ဘိက္ခုနော သုတံ ဟောတိ ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ, သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ, သဗ္ဗံ ဓမ္မံ ပရိညာယ ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရတိ, ဝိရာဂါနုပဿီ ဝိဟရတိ, နိရောဓာနုပဿီ ဝိဟရတိ, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ။ သော တာသု ဝေဒနာသု အနိစ္စာနုပဿီ ဝိဟရန္တော, ဝိရာဂါနုပဿီ ဝိဟရန္တော, နိရောဓာနုပဿီ ဝိဟရန္တော, ပဋိနိဿဂ္ဂါနုပဿီ ဝိဟရန္တော န ကိဉ္စိ လောကေ ဥပါဒိယတိ, အနုပါဒိယံ န ပရိတဿတိ, အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ ဧတ္တာဝတာ ခေါ, ဒေဝါနမိန္ဒ, ဘိက္ခု သံခိတ္တေန တဏှာသင်္ခယဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော အစ္စန္တယောဂက္ခေမီ အစ္စန္တဗြဟ္မစာရီ အစ္စန္တပရိယောသာနော သေဋ္ဌော ဒေဝမနုဿာနန္တိ။ ဧဝံ ခေါ အဟံ, မောဂ္ဂလ္လာန, အဘိဇာနာမိ သက္ကဿ ဒေဝါနမိန္ဒဿ သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ ဘာသိတာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။

စူဠတဏှာသင်္ခယသုတ္တံ နိဋ္ဌိတံ သတ္တမံ။

၃၉၅။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကိုရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်ကာ “အသျှင်ဘုရား ထင်ရှားကျော်စောသူတို့တွင်တစ်ဦးဖြစ်သော တန်ခိုးကြီးသည့် နတ်အား အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကိုအာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားခဲ့သည်ကို မြတ်စွာဘုရားသည် အမှတ်ရတော်မူပါ၏လော” ဟုလျှောက်၏။ မောဂ္ဂလာန် ငါ အမှတ်ရမိ၏၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့ထံသို့ ချဥ်းကပ်ပြီးလျှင်ငါ့ကို ရိုသေစွာရှိခိုး၍ သင့်လျော်သောနေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သောအကျင့်ဖြင့် ရဟန်းသည် အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။ မောဂ္ဂလာန် ဤသို့လျှောက်သော် ငါသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို “သိကြားမင်းဤသာသနာတော်၌ ရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်း ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူးသောထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာသည်လည်းဖြစ်သော၊ ဆင်းရဲသည်လည်းဖြစ်သော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်း သည် ထိုခံစားခြင်း ဝေဒနာတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းမှု ကင်းသောအားဖြင့် ရှုမြင်လျက်နေသော်ချုပ်သောအားဖြင့် ရှုမြင်လျက် နေသော် စွန့်လွှတ်ပြေးဝင်သော အားဖြင့် ရှုမြင်လျက်နေသော်လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင် မတပ်မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင်ငြိမ်းအေး၏၊ ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါး သော ပြုဖွယ့်မရှိတော့ပြီ’ဟု ခွဲခြား၍ သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့် ရဟန်းသည်အကျဥ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု မိန့်တော်မူ၏။ မောဂ္ဂလာန်ဤသို့လျှင် ငါသည် “နတ်တို့ကိုအစိုးရ သော သိကြားမင်းအား အကျဥ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ် မြောက်ခြင်းကို ဟောကြားခဲ့သည်ကိုအမှတ်ရ၏” ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။ မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်စွာခံယူလေသတည်း။ ခုနစ်ခုမြောက် စူဠတဏှာသင်္ခယသုတ်ပြီး၏။

Then Mahāmoggallāna went up to the Buddha, bowed, sat down to one side, and said to him, “Sir, do you recall briefly explaining freedom through the ending of craving to a certain well-known and illustrious spirit?” “I do, Moggallāna.” And the Buddha retold all that happened when Sakka came to visit him, adding: “That’s how I recall briefly explaining freedom through the ending of craving to Sakka, lord of gods.” That is what the Buddha said. Satisfied, Venerable Mahāmoggallāna approved what the Buddha said.

စာ-၃၂၃

၈။ မဟာတဏှာသင်္ခယသုတ္တံ

၃၉၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သာတိဿ နာမ ဘိက္ခုနော ကေဝဋ္ဋပုတ္တဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ အနည’’န္တိ။ အဿောသုံ ခေါ သမ္ဗဟုလာ ဘိက္ခူ – ‘‘သာတိဿ ကိရ နာမ ဘိက္ခုနော ကေဝဋ္ဋပုတ္တဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’’န္တိ။ အထ ခေါ တေ ဘိက္ခူ ယေန သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတဒဝေါစုံ – ‘‘သစ္စံ ကိရ တေ, အာဝုသော သာတိ, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’’န္တိ? ‘‘ဧဝံ ဗျာ ခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’န္တိ။ အထ ခေါ တေ ဘိက္ခူ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုကာမာ သမနုယုဉ္ဇန္တိ သမနုဂါဟန္တိ သမနုဘာသန္တိ – ‘‘မာ ဧဝံ, အာဝုသော သာတိ, အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေနာဝုသော သာတိ, ပဋိစ္စသမုပ္ပန္နံ ဝိညာဏံ ဝုတ္တံ ဘဂဝတာ, အညတြ ပစ္စယာ နတ္ထိ ဝိညာဏဿ သမ္ဘဝေါ’’တိ။ ဧဝမ္ပိ ခေါ သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တေဟိ ဘိက္ခူဟိ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော တဒေဝ ပါပကံ ဒိဋ္ဌိဂတံ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘‘ဧဝံ ဗျာ ခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ အနည’’န္တိ။

၈- မဟာတဏှာသင်္ခယသုတ် ၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တံငါသည်သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်လာ၏။ များစွာကုန်သော ရဟန်းတို့သည် တံငါသည်၏သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းးအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသတတ်ဟု ကြားကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းထံသို့ ချဥ်းကပ်ကုန်၏၊ “ငါ့သျှင်သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏’ဟုသင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသည်ကား မှန်သလော” ဟု တံငါသည်သား သာတိရဟန်းကို မေးကုန်၏။ ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဖြေဆို၏။ ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့ မပြောဆိုလင့်၊ မြတ်စွာဘုရားအား မစွပ်စွဲလင့်၊ မြတ်စွာဘုရားအားစွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ဝိညာဏ်သည်အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကိုကြဥ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည်ဟု အယူကို မေးစိစစ်ကြကုန်၏၊ အယူကို ဝန်ခံစေကုန်၏၊ အကြောင်းကို မေးမြန်းကြကုန်၏။ တံငါသည်သား သာတိရဟန်းသည် ဤသို့ ထိုရဟန်းတို့ကအယူကို မေးစိစစ်ကြသော်လည်း အယူကို ဝန်ခံစေကြသော်လည်း အကြောင်းကို မေးမြန်းကြသော်လည်းထိုယုတ်ညံ့သော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက် သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထို့ဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသော တရားကို ငါသိ၏” ဟု ပြောဆို၏။

Middle Discourses 38 The Longer Discourse on the Ending of Craving So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a mendicant named Sāti, the fisherman’s son, had the following harmful misconception: “As I understand the Buddha’s teaching, it is this very same consciousness that roams and transmigrates, not another.” Several mendicants heard this rumour. They went up to Sāti and said to him, “Is it really true, Reverend Sāti, that you have such a harmful misconception: ‘As I understand the Buddha’s teaching, it is this very same consciousness that roams and transmigrates, not another’?” “Indeed, reverends. As I understand the Buddha’s teaching, it is this very same consciousness that roams and transmigrates, not another.” Then, wishing to dissuade Sāti from his view, the mendicants pursued, pressed, and grilled him, “Don’t say that, Sāti! Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say that. In many ways the Buddha has said that consciousness is dependently originated, that without a cause, consciousness does not come to be.” But even though the mendicants pressed him in this way, Sāti obstinately stuck to his misconception and insisted on it.

၃၉၇။ ယတော ခေါ တေ ဘိက္ခူ နာသက္ခိံသု သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုံ, အထ ခေါ တေ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘သာတိဿ နာမ, ဘန္တေ, ဘိက္ခုနော ကေဝဋ္ဋပုတ္တဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’န္တိ။ အဿုမှ ခေါ မယံ, ဘန္တေ, သာတိဿ ကိရ နာမ ဘိက္ခုနော ကေဝဋ္ဋပုတ္တဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’န္တိ။ အထ ခေါ မယံ, ဘန္တေ, ယေန သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တေနုပသင်္ကမိမှ၊ ဥပသင်္ကမိတွာ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတဒဝေါစုမှ – ‘သစ္စံ ကိရ တေ, အာဝုသော သာတိ, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’န္တိ? ဧဝံ ဝုတ္တေ, ဘန္တေ, သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော အမှေ ဧတဒဝေါစ – ‘ဧဝံ ဗျာ ခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’န္တိ။ အထ ခေါ မယံ, ဘန္တေ, သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုကာမာ သမနုယုဉ္ဇိမှ သမနုဂါဟိမှ သမနုဘာသိမှ – ‘မာ ဧဝံ, အာဝုသော သာတိ, အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေနာဝုသော သာတိ, ပဋိစ္စသမုပ္ပန္နံ ဝိညာဏံ ဝုတ္တံ ဘဂဝတာ, အညတြ ပစ္စယာ နတ္ထိ ဝိညာဏဿ သမ္ဘဝေါ’တိ။ ဧဝမ္ပိ ခေါ, ဘန္တေ, သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော အမှေဟိ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော တဒေဝ ပါပကံ ဒိဋ္ဌိဂတံ ထာမသာ ပရာမသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဧဝံ ဗျာ ခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’န္တိ။ ယတော ခေါ မယံ, ဘန္တေ, နာသက္ခိမှ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုံ, အထ မယံ ဧတမတ္ထံ ဘဂဝတော အာရောစေမာ’’တိ။

၃၉၇။ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ယုတ်ညံ့သော အယူမှ ကင်းကွာစေရန်မတတ်နိုင်ကြသော အခါ၌ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြ၍ ရိုသေစွာ ရှိခိုးကြပြီးလျှင် သင့်လျော်သော နေရာ၌ ထိုင်ကုန်လျက် မြတ်စွာဘုရားအား ဤသို့ လျှောက်ထားကုန်၏ - အသျှင်ဘုရား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအားဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်း အရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအား ဤသို့သဘောရှိသော ယုတ်ညံ့သောအယူသည် ဖြစ်ပေါ်လာသတတ်ဟု ကြားပါကုန်၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းထံသို့ ချဥ်းကပ်၍ “ငါ့သျှင် သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွားကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ’ဟူသောအခြင်းအရာအားဖြင့် မြတ်စွာဘုရားဟော ထားသော တရားကို ငါသိ၏ဟု သင့်အားဤသို့သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်နေ၏ ဟူသည် မှန်သလော” ဟု တံငါသည်သားသာတိမည်သောရဟန်းအား မေးပါကုန်၏။ အသျှင်ဘုရား ဤသို့မေးသော် တံငါသည်သားသာတိရဟန်းက “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု တပည့်တော်တို့အား ဖြေဆိုပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့မပြောဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ‘ဝိညာဏ်သည် အကြောင်းကို စွဲ၍ဖြစ်၏၊ အကြောင်းကိုကြဥ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားဟောကြားတော်မူ၏” ဟု အယူကို မေးစိစစ်ပါကုန်၏။ အယူကို ဝန်ခံစေပါကုန်၏၊ အကြောင်းကိုမေးမြန်းကြကုန်၏။ အသျှင်ဘုရား တံငါသည်သား သာတိရဟန်းသည် တပည့်တော်တို့က ဤသို့ပင်အယူကို မေးစိစစ်ကြပါ သော်လည်း အယူကို ဝန်ခံစေကြပါသော်လည်း အကြောင်းကိုမေးမြန်းကြပါသော်လည်း ထိုယုတ်မာသော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက်သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု ပြောဆိုပါ၏။ အသျှင်ဘုရား တပည့် တော်တို့သည် တံငါသည်သားသာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေရန် မတတ်နိုင်ကြ သော အခါ၌တပည့်တော်တို့သည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားပါကုန်၏ဟု (လျှောက်ကြကုန်၏)။

When they weren’t able to dissuade Sāti from his view, the mendicants went to the Buddha, bowed, sat down to one side, and told him what had happened.

စာ-၃၂၄

၃၉၈။ အထ ခေါ ဘဂဝါ အညတရံ ဘိက္ခုံ အာမန္တေသိ – ‘‘ဧဟိ တွံ ဘိက္ခု, မမ ဝစနေန သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ အာမန္တေဟိ – ‘သတ္ထာ တံ, အာဝုသော သာတိ, အာမန္တေတီ’’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ဘိက္ခု ဘဂဝတော ပဋိဿုတွာ ယေန သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတဒဝေါစ – ‘‘သတ္ထာ တံ, အာဝုသော သာတိ, အာမန္တေတီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တဿ ဘိက္ခုနော ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဘဂဝါ ဧတဒဝေါစ – ‘‘သစ္စံ ကိရ, တေ, သာတိ, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’’န္တိ? ‘‘ဧဝံ ဗျာ ခေါ အဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ, အနည’’န္တိ။ ‘‘ကတမံ တံ, သာတိ, ဝိညာဏ’’န္တိ? ‘‘ယွာယံ, ဘန္တေ, ဝဒေါ ဝေဒေယျော တတြ တတြ ကလျာဏပါပကာနံ ကမ္မာနံ ဝိပါကံ ပဋိသံဝေဒေတီ’’တိ။ ‘‘ကဿ နု ခေါ နာမ တွံ, မောဃပုရိသ, မယာ ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာသိ? နနု မယာ, မောဃပုရိသ, အနေကပရိယာယေန ပဋိစ္စသမုပ္ပန္နံ ဝိညာဏံ ဝုတ္တံ, အညတြ ပစ္စယာ နတ္ထိ ဝိညာဏဿ သမ္ဘဝေါတိ? အထ စ ပန တွံ, မောဃပုရိသ, အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခသိ, အတ္တာနဉ္စ ခဏသိ, ဗဟုဉ္စ အပုညံ ပသဝသိ။ တဉှိ တေ, မောဃပုရိသ, ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။

၃၉၈။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း သင်သည် လာလော့၊ ငါ့စကားဖြင့် ‘ငါ့သျှင်သာတိမြတ်စွာဘုရား သင့်ကို ခေါ်တော်မူ၏’ဟု တံငါသည်သား သာတိရဟန်းအား သိစေလော့” ဟု တစ်ပါးသော ရဟန်းအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအာ့းဝန်ခံ၍ တံငါသည်သား သာတိရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် တံငါသည်သား သာတိရဟန်းကို “ငါ့သျှင်သာတိ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏” ဟု တံငါသည်သား သာတိရဟန်းကို ပြောကြား၏။ “ငါ့သျှင် ကောင်းပြီ” ဟု တံငါသည်သား သာတိရဟန်းသည် ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးလျက် သင့်လျော်သော နေရာ၌ ထိုင်နေ၏။ သင့်လျော်သောနေရာ၌ ထိုင်နေသော တံငါသည်သား သာတိအား မြတ်စွာဘုရားသည်- “သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏’ဟု သင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သောအယူ ဖြစ်ပေါ်နေသည်ဟူသည်မှန်သလော” ဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိပါ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသောတရားကိုတပည့်တော်သိပါ၏ဟု (လျှောက်၏)။ သာတိ သင်ပြောသော ဝိညာဏ်သည် အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြောဆိုတတ်သောသဘော၊ သိတတ်သောသဘော၊ ထိုထိုဘဝတို့၌ ကုသိုလ်ကံ,အကုသိုလ်ကံတို့၏ အကျိုးကို ခံစားတတ်သောသဘော ဖြစ်ပါသည်ဟု (လျှောက်၏)။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း အဘယ်မည်သောသူအား ငါ ဤသို့ တရားဟောအပ်သည်ကို သင် သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ငါသည် ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကို ကြဥ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်းထိုသို့ဟောထားပါလျက် သင် သည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်းဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ထိုမှား သော အယူသည် သင့်အား ရှည်ကြာစွာသော ကာလပတ်လုံးအစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

So the Buddha addressed one of the monks, “Please, monk, in my name tell the mendicant Sāti that the Teacher summons him.” “Yes, sir,” that monk replied. He went to Sāti and said to him, “Reverend Sāti, the Teacher summons you.” “Yes, reverend,” Sāti replied. He went to the Buddha, bowed, and sat down to one side. The Buddha said to him, “Is it really true, Sāti, that you have such a harmful misconception: ‘As I understand the Buddha’s teaching, it is this very same consciousness that roams and transmigrates, not another’?” “Indeed, sir. As I understand the Buddha’s teaching, it is this very same consciousness that roams and transmigrates, not another.” “Sāti, what is that consciousness?” “Sir, he is the one who speaks, the one who knows, who experiences the results of good and bad deeds in all the different realms.” “Futile man, who on earth have you ever known me to teach in that way? Haven’t I said in many ways that consciousness is dependently originated, that without a cause, consciousness does not come to be? But still you misrepresent me by your wrong grasp, harm yourself, and brim with much wickedness. This will be for your lasting harm and suffering.”

စာ-၃၂၅

၃၉၉။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘တံ ကိံ မညထ, ဘိက္ခဝေ, အပိ နာယံ သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော ဥသ္မီကတောပိ ဣမသ္မိံ ဓမ္မဝိနယေ’’တိ? ‘‘ကိဉှိ သိယာ ဘန္တေ? နော ဟေတံ, ဘန္တေ’’တိ။ ဧဝံ ဝုတ္တေ, သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိ။ အထ ခေါ ဘဂဝါ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ တုဏှီဘူတံ မင်္ကုဘူတံ ပတ္တက္ခန္ဓံ အဓောမုခံ ပဇ္ဈာယန္တံ အပ္ပဋိဘာနံ ဝိဒိတွာ သာတိံ ဘိက္ခုံ ကေဝဋ္ဋပုတ္တံ ဧတဒဝေါစ – ‘‘ပညာယိဿသိ ခေါ တွံ, မောဃပုရိသ, ဧတေန သကေန ပါပကေန ဒိဋ္ဌိဂတေန။ ဣဓာဟံ ဘိက္ခူ ပဋိပုစ္ဆိဿာမီ’’တိ။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘တုမှေပိ မေ, ဘိက္ခဝေ, ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာထ ယထာယံ သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခတိ, အတ္တာနဉ္စ ခဏတိ, ဗဟုဉ္စ အပုညံ ပသဝတီ’’တိ? ‘‘နော ဟေတံ, ဘန္တေ! အနေကပရိယာယေန ဟိ နော, ဘန္တေ, ပဋိစ္စသမုပ္ပန္နံ ဝိညာဏံ ဝုတ္တံ ဘဂဝတာ, အညတြ ပစ္စယာ နတ္ထိ ဝိညာဏဿ သမ္ဘဝေါ’’တိ။ ‘‘သာဓု သာဓု, ဘိက္ခဝေ! သာဓု ခေါ မေ တုမှေ, ဘိက္ခဝေ, ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာထ။ အနေကပရိယာယေန ဟိ ဝေါ, ဘိက္ခဝေ, ပဋိစ္စသမုပ္ပန္နံ ဝိညာဏံ ဝုတ္တံ မယာ, အညတြ ပစ္စယာ နတ္ထိ ဝိညာဏဿ သမ္ဘဝေါတိ။ အထ စ ပနာယံ သာတိ ဘိက္ခု ကေဝဋ္ဋပုတ္တော အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခတိ, အတ္တာနဉ္စ ခဏတိ, ဗဟုဉ္စ အပုညံ ပသဝတိ ပသဝတိ။ တဉှိ တဿ မောဃပုရိသဿ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။

၃၉၉။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတံငါသည်သား သာတိရဟန်းသည် ဤသာသနာတော်၌ ဉာဏ်အငွေ့အသက်မျှရှိသေးသလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ “အသျှင်ဘုရား အဘယ်မှာရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါ” ဟု လျှောက်ကြကုန်၏။ ဤသို့ ပြန်လျှောက်သော် တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရပဲ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဖြစ်နေသော သာတိရဟန်းကို သိတော်မူ၍ တံငါသည်သား သာတိရဟန်းကို “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့်ထင်ရှားလတ္တံ့၊ ငါသည် ရဟန်းတို့ကို တစ်ဖန် မေးဦးအံ့” ဟု တံငါသည်သား သာတိရဟန်းအား မိန့်ဆိုတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ တံငါသည်သား သာတိရဟန်းသည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲလျက် မိမိကိုယ်ကိုလည်းဖြိုဖျက်ကာ များစွာသောမကောင်းမှု ကိုလည်း ဖြစ်ပွားစေသကဲ့သို့၊ ဤအတူပင် သင်တို့သည်လည်း ငါ တရားဟောထားဖူးသည်ကိုသိကြကုန် သလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ ဟောထားဖူးသည်ကိုမသိပါ။ မှန်ပါသည်၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကို ကြဥ်၍ ဝိညာဏ်၏ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် တပည့်တော်တို့အားဟောကြားတော်မူခဲ့ ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်တို့ ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါ ဤကဲ့သို့ ဟောကြားထားသော တရားကိုကောင်းစွာသာလျှင် သိကြကုန်၏။ မှန်၏၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကိုကြဥ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် သင်တို့အား ငါဟောကြားထား ခဲ့ပြီ။ ထိုသို့ ဟောကြားထားပါလျက်လည်း ဤတံငါသည်သား သာတိရဟန်းသည် မိမိလွဲမှားစွာယူအပ် သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ ထိုမှားသော အယူသည် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောကျာ်းအား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

Then the Buddha said to the mendicants, “What do you think, mendicants? Has this mendicant Sāti kindled even a spark of ardor in this teaching and training?” “How could that be, sir? No, sir.” When this was said, Sāti sat silent, dismayed, shoulders drooping, downcast, depressed, with nothing to say. Knowing this, the Buddha said, “Futile man, you will be known by your own harmful misconception. I’ll question the mendicants about this.” Then the Buddha said to the mendicants, “Mendicants, do you understand my teachings as Sāti does, when he misrepresents me by his wrong grasp, harms himself, and brims with much wickedness?” “No, sir. For in many ways the Buddha has told us that consciousness is dependently originated, that without a cause, consciousness does not come to be.” “Good, good, mendicants! It’s good that you understand my teaching like this. For in many ways I have told you that consciousness is dependently originated, that without a cause, consciousness does not come to be. But still this Sāti misrepresents me by his wrong grasp, harms himself, and brims with much wickedness. This will be for his lasting harm and suffering.

စာ-၃၂၆

၄၀၀။ ‘‘ယံ ယဒေဝ, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝိညာဏံ, တေန တေနေဝ ဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ [သင်္ခံ ဂစ္ဆတိ (သီ။ ပီ။)]။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, စက္ခုဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, သောတဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ဃာနဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ဇိဝှါဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ကာယဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, မနောဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ။

‘‘သေယျထာပိ, ဘိက္ခဝေ, ယံ ယဒေဝ ပစ္စယံ ပဋိစ္စ အဂ္ဂိ ဇလတိ တေန တေနေဝ သင်္ချံ ဂစ္ဆတိ။ ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ၊ သကလိကဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, သကလိကဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ၊ တိဏဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, တိဏဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ၊ ဂေါမယဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, ဂေါမယဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ၊ ထုသဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, ထုသဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ၊ သင်္ကာရဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ, သင်္ကာရဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယံ ယဒေဝ ပစ္စယံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝိညာဏံ, တေန တေနေဝ သင်္ချံ ဂစ္ဆတိ။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, စက္ခုဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, သောတဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ, ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ဃာဏဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ, ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ဇိဝှါဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, ကာယဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ။ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ, မနောဝိညာဏံတွေဝ သင်္ချံ ဂစ္ဆတိ။

၄၀၀။ ရဟန်းတို့ အကြင်အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ထိုထိုအကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့်အရသာတို့ကို စွဲ၍ သိမှု ဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ (အာဝဇ္ဇန်းနှင့်တကွဘဝင်) စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဥပမာသော်ကား အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ မီးသည် တောက်လောင်၏၊ ထိုထိုအကြောင်းအားဖြင့်သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ သစ်သားထင်းကို စွဲ၍ မီးသည် တောက်လောင်၏၊ ‘သစ်သားထင်းမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဝါးခြမ်းကို စွဲ၍ မီးသည်တောက် လောင်၏၊ ‘ဝါးခြမ်း မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မြက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘မြက်မီး’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နွားချေးကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘နွားချေးမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဖွဲကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘ဖွဲမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အမှိုက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘အမှိုက်မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူပင်လျှင် အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ်ဖြစ်ပေါ်လာ၏၊ ထိုထို အကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကိုစွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့် အရသာတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင်ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

Consciousness is reckoned according to the very same condition dependent upon which it arises. Consciousness that arises dependent on the eye and sights is reckoned as eye consciousness. Consciousness that arises dependent on the ear and sounds is reckoned as ear consciousness. Consciousness that arises dependent on the nose and smells is reckoned as nose consciousness. Consciousness that arises dependent on the tongue and tastes is reckoned as tongue consciousness. Consciousness that arises dependent on the body and touches is reckoned as body consciousness. Consciousness that arises dependent on the mind and ideas is reckoned as mind consciousness. It’s like fire, which is reckoned according to the very same condition dependent upon which it burns. A fire that burns dependent on logs is reckoned as a log fire. A fire that burns dependent on twigs is reckoned as a twig fire. A fire that burns dependent on grass is reckoned as a grass fire. A fire that burns dependent on cow-dung is reckoned as a cow-dung fire. A fire that burns dependent on husks is reckoned as a husk fire. A fire that burns dependent on rubbish is reckoned as a rubbish fire. In the same way, consciousness is reckoned according to the very same condition dependent upon which it arises. …

၄၀၁။ ‘‘ဘူတမိဒန္တိ, ဘိက္ခဝေ, ပဿထာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရသမ္ဘဝန္တိ, ဘိက္ခဝေ, ပဿထာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရနိရောဓာ ယံ ဘူတံ, တံ နိရောဓဓမ္မန္တိ, ဘိက္ခဝေ, ပဿထာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဘူတမိဒံ နောဿူတိ, ဘိက္ခဝေ, ကင်္ခတော ဥပ္ပဇ္ဇတိ ဝိစိကိစ္ဆာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရသမ္ဘဝံ နောဿူတိ,

ဘိက္ခဝေ, ကင်္ခတော ဥပ္ပဇ္ဇတိ ဝိစိကိစ္ဆာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရနိရောဓာ ယံ ဘူတံ, တံ နိရောဓဓမ္မံ နောဿူတိ, ဘိက္ခဝေ, ကင်္ခတော ဥပ္ပဇ္ဇတိ ဝိစိကိစ္ဆာ’’တိ။‘‘ဧဝံ, ဘန္တေ’’။ ‘‘ဘူတမိဒန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ ဝိစိကိစ္ဆာ သာ ပဟီယတီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရသမ္ဘဝန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ ပဿတာဧ ယာ ဝိစိကိစ္ဆာ သာ ပဟီယတီ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရနိရောဓာ ယံ ဘူတံ, တံ နိရောဓဓမ္မန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ ပဿတာဧ ယာ ဝိစိကိစ္ဆာ သာ ပဟီယတီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဘူတမိဒန္တိ, ဘိက္ခဝေ, ဣတိပိ ဝေါ ဧတ္ထ နိဗ္ဗိစိကိစ္ဆာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရသမ္ဘဝန္တိ, ဘိက္ခဝေ, ဣတိပိ ဝေါ ဧတ္ထ နိဗ္ဗိစိကိစ္ဆာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရနိရောဓာ ယံ ဘူတံ တံ နိရောဓဓမ္မန္တိ, ဘိက္ခဝေ, ဣတိပိ ဝေါ ဧတ္ထ နိဗ္ဗိစိကိစ္ဆာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဘူတမိဒန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌ’’န္တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရသမ္ဘဝန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌ’’န္တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘တဒါဟာရနိရောဓာ ယံ ဘူတံ တံ နိရောဓဓမ္မန္တိ, ဘိက္ခဝေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌ’’န္တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဣမံ စေ တုမှေ, ဘိက္ခဝေ, ဒိဋ္ဌိံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ အလ္လီယေထ ကေလာယေထ ဓနာယေထ မမာယေထ, အပိ နု မေ တုမှေ, ဘိက္ခဝေ, ကုလ္လူပမံ ဓမ္မံ ဒေသိတံ အာဇာနေယျာထ နိတ္ထရဏတ္ထာယ နော ဂဟဏတ္ထာယာ’’တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣမံ စေ တုမှေ, ဘိက္ခဝေ, ဒိဋ္ဌိံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ န အလ္လီယေထ န ကေလာယေထ န ဓနာယေထ န မမာယေထ, အပိ နု မေ တုမှေ, ဘိက္ခဝေ, ကုလ္လူပမံ ဓမ္မံ ဒေသိတံ အာဇာနေယျာထ နိတ္ထရဏတ္ထာယ နော ဂဟဏတ္ထာယာ’’တိ ‘‘ဧဝံ, ဘန္တေ’’။

၄၀၁။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသော သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိသ လောချုပ်ခြင်းသဘောမရှိသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအားမဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုအမှန် အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) ကပ်ငြိကုန်ငြားအံ့၊ တွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ လိုလားမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟု မြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိကုန်သည် မမည်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) မကပ်ငြိကုန်ငြားအံ့၊ မတွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ မလိုလား မမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟုမမြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိကုန်သည် မည်ပါ၏ဟု (လျှောက်ကြကုန်၏)။

Mendicants, do you see that this has come to be?” “Yes, sir.” “Do you see that it came to be with that as fuel?” “Yes, sir.” “Do you see that when that fuel ceases, what has come to be is liable to cease?” “Yes, sir.” “Does doubt arise when you’re uncertain whether or not this has come to be?” “Yes, sir.” “Does doubt arise when you’re uncertain whether or not this has come to be with that as fuel?” “Yes, sir.” “Does doubt arise when you’re uncertain whether or not when that fuel ceases, what has come to be is liable to cease?” “Yes, sir.” “Is doubt given up in someone who truly sees with right understanding that this has come to be?” “Yes, sir.” “Is doubt given up in someone who truly sees with right understanding that this has come to be with that as fuel?” “Yes, sir.” “Is doubt given up in someone who truly sees with right understanding that when that fuel ceases, what has come to be is liable to cease?” “Yes, sir.” “Are you free of doubt as to whether this has come to be?” “Yes, sir.” “Are you free of doubt as to whether this has come to be with that as fuel?” “Yes, sir.” “Are you free of doubt as to whether when that fuel ceases, what has come to be is liable to cease?” “Yes, sir.” “Have you truly seen clearly with right understanding that this has come to be?” “Yes, sir.” “Have you truly seen clearly with right understanding that this has come to be with that as fuel?” “Yes, sir.” “Have you truly seen clearly with right understanding that when that fuel ceases, what has come to be is liable to cease?” “Yes, sir.” “Pure and bright as this view is, mendicants, if you cling to it, dally with it, treasure it, and treat it as your own, would you be understanding my simile of the teaching as a raft: for crossing over, not for holding on?” “No, sir.” “Pure and bright as this view is, mendicants, if you don’t cling to it, dally with it, treasure it, and treat it as your own, would you be understanding my simile of the teaching as a raft: for crossing over, not for holding on?” “Yes, sir.”

၄၀၂။ ‘‘စတ္တာရောမေ, ဘိက္ခဝေ, အာဟာရာ ဘူတာနံ ဝါ သတ္တာနံ ဌိတိယာ, သမ္ဘဝေသီနံ ဝါ အနုဂ္ဂဟာယ။ ကတမေ စတ္တာရော။ ကဗဠီကာရော အာဟာရော ဩဠာရိကော ဝါ သုခုမော ဝါ, ဖဿော ဒုတိယော, မနောသဉ္စေတနာ တတိယာ, ဝိညာဏံ စတုတ္ထံ။ ‘‘ဣမေ စ, ဘိက္ခဝေ, စတ္တာရော အာဟာရာ ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ? ‘‘ဣမေ စတ္တာရော အာဟာရာ တဏှာနိဒါနာ တဏှာသမုဒယာ တဏှာဇာတိကာ တဏှာပဘဝါ။ ‘‘တဏှာ စာယံ, ဘိက္ခဝေ, ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ။ ‘‘တဏှာ ဝေဒနာနိဒါနာ ဝေဒနာသမုဒယာ ဝေဒနာဇာတိကာ ဝေဒနာပဘဝါ။ ‘‘ဝေဒနာ စာယံ, ဘိက္ခဝေ, ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ။ ‘‘ဝေဒနာ ဖဿနိဒါနာ ဖဿသမုဒယာ ဖဿဇာတိကာ ဖဿပဘဝါ။ ‘‘ဖဿော စာယံ, ဘိက္ခဝေ, ကိံနိဒါနော ကိံသမုဒယော ကိံဇာတိကော ကိံပဘဝေါ။ ‘‘ဖဿော သဠာယတနနိဒါနော သဠာယတနသမုဒယော သဠာယတနဇာတိကော သဠာယတနပဘဝေါ။ ‘‘သဠာယတနံ စိဒံ, ဘိက္ခဝေ, ကိံနိဒါနံ ကိံသမုဒယံ ကိံဇာတိကံ ကိံပဘဝံ။ ‘‘သဠာယတနံ နာမရူပနိဒါနံ နာမရူပသမုဒယံ နာမရူပဇာတိကံ နာမရူပပဘဝံ။ ‘‘နာမရူပံ စိဒံ, ဘိက္ခဝေ, ကိံနိဒါနံ ကိံသမုဒယံ ကိံဇာတိကံ ကိံပဘဝံ။ ‘‘နာမရူပံ ဝိညာဏနိဒါနံ ဝိညာဏသမုဒယံ ဝိညာဏဇာတိကံ ဝိညာဏပဘဝံ။ ‘‘ဝိညာဏံ စိဒံ, ဘိက္ခဝေ, ကိံနိဒါနံ ကိံသမုဒယံ ကိံဇာတိကံ ကိံပဘဝံ။ ‘‘ဝိညာဏံ သင်္ခါရနိဒါနံ သင်္ခါရသမုဒယံ သင်္ခါရဇာတိကံ သင်္ခါရပဘဝံ။ ‘‘သင်္ခါရာ စိမေ, ဘိက္ခဝေ, ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ/ ‘‘သင်္ခါရာ အဝိဇ္ဇာနိဒါနာ အဝိဇ္ဇာသမုဒယာ အဝိဇ္ဇာဇာတိကာ အဝိဇ္ဇာပဘဝါ။ ‘‘ဣတိ ခေါ, ဘိက္ခဝေ, အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။’’’

၄၀၂။ ရဟန်းတို့ ဖြစ်ပြီးသောသတ္တဝါတို့၏ တည်တံ့ခြင်းငှာလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့ကိုထောက်ပံ့ခြင်းငှာလည်းကောင်း အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သည်လည်းဖြစ်သော အလုပ်အလွေးပြုအပ်သည့် အစာအာဟာရဟူသော ‘ကဗဠီကာရာဟာရ’၊ နှစ်ခုမြောက် အတွေ့အထိဟူသော ‘ဖဿာဟာရ’၊ သုံးခုမြောက် စိတ်၏ စေ့ဆော်မှုဟူသော ‘မနောသဉ္စေတနာ ဟာရ’၊ လေးခုမြောက် သိမှုဟူသော ‘ဝိညာဏာဟာရ’တို့တည်း။ ရဟန်းတို့ ဤအာဟာရလေးပါးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ ဤအာဟာရလေးပါးတို့သည် တဏှာလျှင် ဖြစ်ကြောင်းရှိကုန်၏၊ တဏှာဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ တဏှာလျှင် ဇာစ်မြစ်ရှိကုန်၏၊ တဏှာလျှင် အမွန်အစရှိကုန်၏။ ရဟန်းတို့ ဤတဏှာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ တဏှာသည် ဝေဒနာလျှင် ဖြစ်ကြောင်းရှိ၏၊ ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝေဒနာလျှင် ဇာစ်မြစ်ရှိ၏၊ ဝေဒနာလျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤဝေဒနာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝေဒနာသည် တွေ့ထိမှုဖဿလျှင် ဖြစ်ကြောင်းရှိ၏၊ ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဖဿလျှင် ဇာစ်မြစ်ရှိ၏၊ ဖဿလျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤဖဿသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဖဿသည်သဠာယတနလျှင် ဖြစ်ကြောင်းရှိ၏၊ သဠာယတနဟူသော အကြောင်းကြောင့် ဖြစ်၏၊ သဠာယတနလျှင့်ဇာစ်မြစ်ရှိ၏၊ သဠာယတနလျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤသဠာယတနသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ သဠာယတနသည် နာမ်ရုပ်လျှင် ဖြစ်ကြောင်းရှိ၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ်လျှင် ဇာစ်မြစ်ရှိ၏၊ နာမ်ရုပ်လျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤနာမ်ရုပ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ နာမ်ရုပ်သည် ဝိညာဏ်လျှင် ဖြစ်ကြောင်းရှိ၏၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝိညာဏ်လျှင် ဇာစ်မြစ်ရှိ၏၊ ဝိညာဏ် လျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤဝိညာဏ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝိညာဏ်သည် ပြုစီရင်မှု သင်္ခါရလျှင် ဖြစ်ကြောင်းရှိ၏၊ ပြုစီရင်မှုသင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်၏၊ ပြုစီရင်မှုသင်္ခါရလျှင်ဇာစ်မြစ်ရှိ၏၊ ပြုစီရင်မှုသင်္ခါရလျှင် အမွန်အစရှိ၏။ ရဟန်းတို့ ဤသင်္ခါရတို့သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ သင်္ခါရတို့သည် မသိခြင်း ‘အဝိဇ္ဇာ’ လျှင် ဖြစ်ကြောင်းရှိကုန်၏၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်ကုန်၏၊ အဝိဇ္ဇာလျှင် ဇာစ်မြစ်ရှိကုန်၏၊ အဝိဇ္ဇာလျှင် အမွန်အစရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် အဝိဇ္ဇာအကြောင်းကြောင့် ပြုစီရင်မှု သင်္ခါရ၊ ပြုစီရင်မှုသင်္ခါရအကြောင်း ကြောင့်ဝိညာဏ်၊ ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတနအကြောင်းကြောင့် ဖဿ၊ ဖဿအကြောင်းကြောင့် ဝေဒနာ၊ ဝေဒနာအကြောင်းကြောင့် တဏှာ၊ တဏှာအကြောင်းကြောင့် ဥပါဒါန်၊ ဥပါဒါန်အကြောင်းကြောင့် ဘဝ၊ ဘဝအကြောင်းကြောင့်် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ဤချမ်းသာ မဖက်သော ဆင်းရဲအစု၏ ဖြစ်ပွားခြင်းသည် ဖြစ်၏။

“Mendicants, these four fuels maintain sentient beings that have been born and help those about to be born. What four? Edible food, whether solid or subtle; contact is the second, mental intention the third, and consciousness the fourth. What is the source, origin, birthplace, and inception of these four fuels? Craving. And what is the source of craving? Feeling. And what is the source of feeling? Contact. And what is the source of contact? The six sense fields. And what is the source of the six sense fields? Name and form. And what is the source of name and form? Consciousness. And what is the source of consciousness? Choices. And what is the source of choices? Ignorance. So, ignorance is a requirement for choices. Choices are a requirement for consciousness. Consciousness is a requirement for name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates.

စာ-၃၂၈

၄၀၃။ ‘‘ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဇာတိပစ္စယာ နု ခေါ, ဘိက္ခဝေ, ဇရာမရဏံ, နော ဝါ, ကထံ ဝါ ဧတ္ထ [ကထံ ဝါ ဝေါ ဧတ္ထ (?)] ဟောတီ’’တိ? ‘‘ဇာတိပစ္စယာ, ဘန္တေ, ဇရာမရဏံ၊ ဧဝံ နော ဧတ္ထ ဟောတိ [ဧဝံ နော ဧတ္ထ ဟောတီတိ (က။)] – ဇာတိပစ္စယာ ဇရာမရဏ’’န္တိ။ ‘‘ဘဝပစ္စယာ ဇာတီတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဘဝပစ္စယာ နု ခေါ, ဘိက္ခဝေ, ဇာတိ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဘဝပစ္စယာ, ဘန္တေ, ဇာတိ၊ ဧဝံ နော ဧတ္ထ ဟောတိ – ဘဝပစ္စယာ ဇာတီ’’တိ။ ‘‘ဥပါဒါနပစ္စယာ ဘဝေါတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဥပါဒါနပစ္စယာ နု ခေါ, ဘိက္ခဝေ, ဘဝေါ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဥပါဒါနပစ္စယာ, ဘန္တေ, ဘဝေါ၊ ဧဝံ နော ဧတ္ထ ဟောတိ – ဥပါဒါနပစ္စယာ ဘဝေါ’’တိ။ ‘‘တဏှာပစ္စယာ ဥပါဒါနန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ, တဏှာပစ္စယာ နု ခေါ, ဘိက္ခဝေ, ဥပါဒါနံ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘တဏှာပစ္စယာ, ဘန္တေ, ဥပါဒါနံ၊ ဧဝံ နော ဧတ္ထ ဟောတိ – တဏှာပစ္စယာ ဥပါဒါန’’န္တိ။ ‘‘ဝေဒနာပစ္စယာ တဏှာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဝေဒနာပစ္စယာ နု ခေါ, ဘိက္ခဝေ, တဏှာ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဝေဒနာပစ္စယာ, ဘန္တေ, တဏှာ၊ ဧဝံ နော ဧတ္ထ ဟောတိ – ဝေဒနာပစ္စယာ တဏှာ’’တိ။ ‘‘ဖဿပစ္စယာ ဝေဒနာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဖဿပစ္စယာ နု ခေါ, ဘိက္ခဝေ, ဝေဒနာ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဖဿပစ္စယာ, ဘန္တေ, ဝေဒနာ၊ ဧဝံ နော ဧတ္ထ ဟောတိ – ဖဿပစ္စယာ ဝေဒနာ’’တိ။ ‘‘သဠာယတနပစ္စယာ ဖဿောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ သဠာယတနပစ္စယာ နု ခေါ, ဘိက္ခဝေ, ဖဿော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘သဠာယတနပစ္စယာ, ဘန္တေ, ဖဿော၊ ဧဝံ နော ဧတ္ထ ဟောတိ – သဠာယတနပစ္စယာ ဖဿော’’တိ။ ‘‘နာမရူပပစ္စယာ သဠာယတနန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ နာမရူပပစ္စယာ နု ခေါ, ဘိက္ခဝေ, သဠာယတနံ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘နာမရူပပစ္စယာ, ဘန္တေ, သဠာယတနံ၊ ဧဝံ နော ဧတ္ထ ဟောတိ – နာမရူပပစ္စယာ သဠာယတန’’န္တိ။ ‘‘ဝိညာဏပစ္စယာ နာမရူပန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဝိညာဏပစ္စယာ နု ခေါ, ဘိက္ခဝေ, နာမရူပံ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဝိညာဏပစ္စယာ, ဘန္တေ, နာမရူပံ၊ ဧဝံ နော ဧတ္ထ ဟောတိ – ဝိညာဏပစ္စယာ နာမရူပ’’န္တိ။ ‘‘သင်္ခါရပစ္စယာ ဝိညာဏန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ သင်္ခါရပစ္စယာ နု ခေါ, ဘိက္ခဝေ, ဝိညာဏံ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘သင်္ခါရပစ္စယာ, ဘန္တေ, ဝိညာဏံ၊ ဧဝံ နော ဧတ္ထ ဟောတိ – သင်္ခါရပစ္စယာ ဝိညာဏ’’န္တိ။ ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ အဝိဇ္ဇာပစ္စယာ နု ခေါ, ဘိက္ခဝေ, သင်္ခါရာ, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘အဝိဇ္ဇာပစ္စယာ, ဘန္တေ, သင်္ခါရာ၊ ဧဝံ နော ဧတ္ထ ဟောတိ – အဝိဇ္ဇာပစ္စယာ သင်္ခါရာ’’တိ။

၄၀၃။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’သေခြင်း ‘မရဏ’ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌အဘယ် သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’သေခြင်း ‘မရဏ’ ဖြစ်၏ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည်ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက် ကြကုန်၏)။ “စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ “အသျှင်ဘုရား စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ သည် ဖြစ်၏ဟုဟောထားသော ဤအရာ၌ “စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဟောထားသော ဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်လေသလော၊ မဖြစ်လေသ လော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏ဟု ဟောထားသောဤအရာ၌ “တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု တပည့်တော်တို့မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏ဟုဟောထားသော ဤအရာ၌ “တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏ဟု ဟော့ထားသော ဤအရာ၌ “နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။ “မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်လေသလော၊ မဖြစ်ကုန်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

‘Rebirth is a requirement for old age and death.’ That’s what I said. Is that how you see this or not?” “That’s how we see it.” “‘Continued existence is a requirement for rebirth.’ … ‘Ignorance is a requirement for choices.’ That’s what I said. Is that how you see this or not?” “That’s how we see it.”

စာ-၃၂၉

၄၀၄။ ‘‘သာဓု, ဘိက္ခဝေ။ ဣတိ ခေါ, ဘိက္ခဝေ, တုမှေပိ ဧဝံ ဝဒေထ, အဟမ္ပိ ဧဝံ ဝဒါမိ – ဣမသ္မိံ သတိ ဣဒံ ဟောတိ, ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ, ယဒိဒံ – အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

၄၀၄။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းရှိသော် ဤအကျိုးရှိ၏၊ ဤအကြောင်း၏ ဖြစ်ပေါ်ခြင်းကြောင့်ဤအကျိုးဖြစ်ပေါ်ပေ၏။ ဖြစ်ပေါ်ပုံကား- မသိမှု ‘အဝိဇ္ဇာ’အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’၊ ပြုစီရင်မှု ‘သင်္ခါရ’အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’၊ သိမှု ‘ဝိညာဏ်’အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတန အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’၊ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’၊ ခံစားခြင်း ‘ဝေဒနာ’အကြောင်းကြောင့်တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊ စွဲလမ်းမှု ‘ဥပါဒါန်’အကြောင်း ကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’၊ ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် တပ်ခြင်းကင်းသဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ချုပ်၏၊ ပြုစီရင်မှု ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏၊ သဠာယတနချုပ်ခြင်းကြောင့် တွေ့ထိခြင်း ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်မှု ချုပ်၏၊ တပ်မက်မှုချုပ်ခြင်းကြောင့်စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဖြစ်ကြောင်း ပြုမှုကံ့ ‘ဘဝ’ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။

“Good, mendicants! So both you and I say this. When this exists, this comes to be; due to the arising of this, this arises. That is: Ignorance is a requirement for choices. Choices are a requirement for consciousness. Consciousness is a requirement for name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. When ignorance fades away and ceases with no residue left behind, choices cease. When choices cease, consciousness ceases. When consciousness ceases, name and form cease. When name and form cease, the six sense fields cease. When the six sense fields cease, contact ceases. When contact ceases, feeling ceases. When feeling ceases, craving ceases. When craving ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases.

၄၀၅။ ‘‘ဇာတိနိရောဓာ ဇရာမရဏနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဇာတိနိရောဓာ နု ခေါ, ဘိက္ခဝေ, ဇရာမရဏနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ။ ‘‘ဇာတိနိရောဓာ, ဘန္တေ, ဇရာမရဏနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဇာတိနိရောဓာ ဇရာမရဏနိရောဓော’’တိ။ ‘‘ဘဝနိရောဓာ ဇာတိနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဘဝနိရောဓာ နု ခေါ, ဘိက္ခဝေ, ဇာတိနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဘဝနိရောဓာ, ဘန္တေ, ဇာတိနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဘဝနိရောဓာ ဇာတိနိရောဓော’’တိ။ ‘‘ဥပါဒါနနိရောဓာ ဘဝနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဥပါဒါနနိရောဓာ နု ခေါ, ဘိက္ခဝေ, ဘဝနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဥပါဒါနနိရောဓာ, ဘန္တေ, ဘဝနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဥပါဒါနနိရောဓာ ဘဝနိရောဓော’’တိ။ ‘‘တဏှာနိရောဓာ ဥပါဒါနနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဏှာနိရောဓာ နု ခေါ, ဘိက္ခဝေ, ဥပါဒါနနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘တဏှာနိရောဓာ, ဘန္တေ, ဥပါဒါနနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – တဏှာနိရောဓာ ဥပါဒါနနိရောဓော’’တိ။ ‘‘ဝေဒနာနိရောဓာ တဏှာနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဝေဒနာနိရောဓာ နု ခေါ, ဘိက္ခဝေ, တဏှာနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဝေဒနာနိရောဓာ, ဘန္တေ, တဏှာနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဝေဒနာနိရောဓာ တဏှာနိရောဓော’’တိ။ ‘‘ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဖဿနိရောဓာ နု ခေါ, ဘိက္ခဝေ, ဝေဒနာနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဖဿနိရောဓာ, ဘန္တေ, ဝေဒနာနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဖဿနိရောဓာ ဝေဒနာနိရောဓော’’တိ။ ‘‘သဠာယတနနိရောဓာ ဖဿနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ သဠာယတနနိရောဓာ နု ခေါ, ဘိက္ခဝေ, ဖဿနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီတိ? သဠာယတနနိရောဓာ, ဘန္တေ, ဖဿနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – သဠာယတနနိရောဓာ ဖဿနိရောဓော’’တိ။ ‘‘နာမရူပနိရောဓာ သဠာယတနနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ နာမရူပနိရောဓာ နု ခေါ, ဘိက္ခဝေ, သဠာယတနနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘နာမရူပနိရောဓာ, ဘန္တေ, သဠာယတနနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – နာမရူပနိရောဓာ သဠာယတနနိရောဓော’’တိ။ ‘‘ဝိညာဏနိရောဓာ နာမရူပနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဝိညာဏနိရောဓာ နု ခေါ, ဘိက္ခဝေ, နာမရူပနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘ဝိညာဏနိရောဓာ, ဘန္တေ, နာမရူပနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – ဝိညာဏနိရောဓာ နာမရူပနိရောဓော’’တိ။ ‘‘သင်္ခါရနိရောဓာ ဝိညာဏနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ သင်္ခါရနိရောဓာ နု ခေါ, ဘိက္ခဝေ, ဝိညာဏနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ။ ‘‘သင်္ခါရနိရောဓာ, ဘန္တေ, ဝိညာဏနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – သင်္ခါရနိရောဓာ ဝိညာဏနိရောဓော’’တိ။ ‘‘အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ အဝိဇ္ဇာနိရောဓာ နု ခေါ, ဘိက္ခဝေ, သင်္ခါရနိရောဓော, နော ဝါ, ကထံ ဝါ ဧတ္ထ ဟောတီ’’တိ? ‘‘အဝိဇ္ဇာနိရောဓာ, ဘန္တေ, သင်္ခါရနိရောဓော၊ ဧဝံ နော ဧတ္ထ ဟောတိ – အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော’’တိ။

၄၀၅။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏” ဟုဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏ဟု ဟောထားသောဤအရာ၌ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု တပည့်တော်တို့မှတ်ထင် ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု တပည့်တော်တို့မှတ် ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “အတွေ့အထိ ‘ဖဿ’ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏ဟု ဟောထားသော ဤအရာ၌ “နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။ “ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက် ကြကုန်၏)။ “မသိမှု ‘အဝိဇ္ဇာ’ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

‘When rebirth ceases, old age and death cease.’ That’s what I said. Is that how you see this or not?” “That’s how we see it.” “‘When continued existence ceases, rebirth ceases.’ … ‘When ignorance ceases, choices cease.’ That’s what I said. Is that how you see this or not?” “That’s how we see it.”

စာ-၃၃၁

၄၀၆။ ‘‘သာဓု, ဘိက္ခဝေ။ ဣတိ ခေါ, ဘိက္ခဝေ, တုမှေပိ ဧဝံ ဝဒေထ, အဟမ္ပိ ဧဝံ ဝဒါမိ – ဣမသ္မိံ အသတိ ဣဒံ န ဟောတိ, ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ, ယဒိဒံ – အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

၄၀၆။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းမရှိသော် ဤအကျိုးမရှိနိုင်၊ ဤအကြောင်းချုပ်ခြင်းကြောင့် ဤ အကျိုးချုပ်ရ၏။ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင့်းကြောင့် သဠာယတန ချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏၊ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေ တည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤ ချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။

“Good, mendicants! So both you and I say this. When this doesn’t exist, this doesn’t come to be; due to the cessation of this, this ceases. That is: When ignorance ceases, choices cease. When choices cease, consciousness ceases. When consciousness ceases, name and form cease. When name and form cease, the six sense fields cease. When the six sense fields cease, contact ceases. When contact ceases, feeling ceases. When feeling ceases, craving ceases. When craving ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases.

၄၀၇။ ‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ ပုဗ္ဗန္တံ ဝါ ပဋိဓာဝေယျာထ – ‘အဟေသုမှ နု ခေါ မယံ အတီတမဒ္ဓါနံ, နနု ခေါ အဟေသုမှ အတီတမဒ္ဓါနံ, ကိံ နု ခေါ အဟေသုမှ အတီတမဒ္ဓါနံ, ကထံ နု ခေါ အဟေသုမှ အတီတမဒ္ဓါနံ, ကိံ ဟုတွာ ကိံ အဟေသုမှ နု ခေါ မယံ အတီတမဒ္ဓါန’’’န္တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ အပရန္တံ ဝါ ပဋိဓာဝေယျာထ – ဘဝိဿာမ နု ခေါ မယံ အနာဂတမဒ္ဓါနံ, နနု ခေါ ဘဝိဿာမ အနာဂတမဒ္ဓါနံ, ကိံ နု ခေါ ဘဝိဿာမ အနာဂတမဒ္ဓါနံ, ကထံ နု ခေါ ဘဝိဿာမ အနာဂတမဒ္ဓါနံ, ကိံ ဟုတွာ ကိံ ဘဝိဿာမ နု ခေါ မယံ အနာဂတမဒ္ဓါန’’န္တိ။‘‘နော ဟေတံ, ဘန္တေ’’။‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ ဧတရဟိ ဝါ ပစ္စုပ္ပန္နမဒ္ဓါနံ အဇ္ဈတ္တံ ကထံကထီ အဿထ – အဟံ နု ခေါသ္မိ, နော နု ခေါသ္မိ, ကိံ နု ခေါသ္မိ, ကထံ နု ခေါသ္မိ, အယံ နု ခေါ သတ္တော ကုတော အာဂတော, သော ကုဟိံဂါမီ ဘဝိဿတီ’’တိ။‘‘နော ဟေတံ, ဘန္တေ’’။‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ ဧဝံ ဝဒေယျာထ – သတ္ထာ နော ဂရု, သတ္ထုဂါရဝေန စ မယံ ဧဝံ ဝဒေမာ’’တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ ဧဝံ ဝဒေယျာထ – သမဏော ဧဝမာဟ, သမဏာ စ နာမ မယံ ဧဝံ ဝဒေမာ’’တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ အညံ သတ္ထာရံ ဥဒ္ဒိသေယျာထာ’’တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အပိ နု တုမှေ, ဘိက္ခဝေ, ဧဝံ ဇာနန္တာ ဧဝံ ပဿန္တာ ယာနိ တာနိ ပုထုသမဏဗြာဟ္မဏာနံ ဝတ ကောတူဟလမင်္ဂလာနိ တာနိ သာရတော ပစ္စာဂစ္ဆေယျာထာ’’တိ။ ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘နနု, ဘိက္ခဝေ, ယဒေဝ တုမှာကံ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ, တဒေဝ တုမှေ ဝဒေထာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’။ ‘‘သာဓု, ဘိက္ခဝေ, ဥပနီတာ ခေါ မေ တုမှေ, ဘိက္ခဝေ, ဣမိနာ သန္ဒိဋ္ဌိကေန ဓမ္မေန အကာလိကေန ဧဟိပဿိကေန ဩပနေယျိကေန ပစ္စတ္တံ ဝေဒိတဗ္ဗေန ဝိညူဟိ။ သန္ဒိဋ္ဌိကော အယံ, ဘိက္ခဝေ, ဓမ္မော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ – ဣတိ ယန္တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တ’’န္တိ။

၄၀၇။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အတိတ်ကာလ၌ ဖြစ်ခဲ့လေကုန်သလော၊ မဖြစ်ခဲ့လေကုန်သလော၊ အတိတ်ကာလ၌ အဘယ် သို့သောသူဖြစ်ခဲ့ကုန်သနည်း၊ အတိတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ခဲ့ကုန်သနည်း၊ ငါတို့သည် အတိတ် ကာလ၌အဘယ်သို့သောသူ ဖြစ်ပြီး၍ အဘယ်သို့သောသူ ဖြစ်ခဲ့ကုန်သနည်း” ဟု ရှေးအဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အနာဂတ်ကာလ၌ ဖြစ်ကုန်လတ္တံ့လော၊ မဖြစ်ကုန်လတ္တံ့လော၊ အနာဂတ်ကာလ၌ အဘယ်သို့သောသူဖြစ်ကုန်လတ္တံ့နည်း၊ အနာဂတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ကုန်လတ္တံ့နည်း၊ ငါတို့သည် အနာဂတ်ကာလ၌အဘယ်သို့သောသူ ဖြစ်၍ အဘယ်သို့သောသူ ဖြစ်ကုန်လတ္တံ့နည်း” ဟု နောက်အဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါသည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ အဘယ်သို့သောသူ ဖြစ်သနည်း၊ အဘယ်ပုံပန်း ဖြစ်သနည်း၊ ဤသတ္တဝါသည် အဘယ်မှ လာသနည်း၊ ထိုသတ္တဝါသည် အဘယ်သို့ သွားလတ္တံ့နည်း” ဟု ယခုပစ္စုပ္ပန်ကာလ ကိုယ်တွင်း သန္တာန်၌လည်း သို့လော သို့လော တွေးတော ယုံမှားမှု ဖြစ်ကြရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သို့လော သို့လော တွေးတော ယုံမှားမှု မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ဆရာမြတ်စွာဘုရားသည် ငါတို့ အလေးပြုသင့်သူတည်း၊ ဆရာမြတ်စွာဘုရားအား ရိုသေခြင်းဖြင့် ငါတို့သည် ဤအတိုင်းဆိုကုန်၏” ဟု ဤသို့ ဆိုကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “သမဏ ဖြစ်သောမြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏၊ သမဏမည်သော ငါတို့သည်လည်း ဤ အတိုင်းပင်ဆိုရကုန်၏” ဟု ဤသို့ ဆိုရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် တစ်ပါးသောဆရာကို ညွှန်ပြကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ ညွှန်ပြခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် များစွာသော သမဏဗြာဟ္မဏတို့၏ ဝတ်အကျင့်နှင့် ကောတုဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် ယူကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ တစ်ဖန် ယူခြင်းသည် မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သင်တို့သည် ကိုယ်တိုင်သိသည်ကိုသာလျှင် ကိုယ်တိုင်မြင်သည်ကိုသာလျှင် ကိုယ်တိုင်ထင်ထင်ရှားရှား သိသည်ကိုသာလျှင် ဆိုကုန်သည် မဟုတ်ကုန်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ ငါသည် ကိုယ်တိုင် သိမြင်နိုင်သော၊ အခါမလင့် အကျိုးပေးတတ်သော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော ဤတရားဖြင့် သင်တို့ကို နိဗ္ဗာန်သို့ ပို့ခဲ့ပြီ။ “ရဟန်းတို့ ဤတရားသည် ကိုယ်တိုင် ရှုမြင်ထိုက်သော တရားတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတည်း၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတည်း” ဟု ဟောထား၏၊ ဤကိုယ်တိုင်မြင် ကိုယ်တိုင်သိ ကိုယ်တိုင် ထင်ထင်ရှားရှား သိသည့်အဖြစ်ကို စွဲ၍ ဤစကားကိုဟောထား၏။

Knowing and seeing in this way, mendicants, would you turn back to the first beginning, thinking, ‘Did we exist in the past? Did we not exist in the past? What were we in the past? How were we in the past? After being what, what did we become in the past?’?” “No, sir.” “Knowing and seeing in this way, mendicants, would you turn forward to the final end, thinking, ‘Will we exist in the future? Will we not exist in the future? What will we be in the future? How will we be in the future? After being what, what will we become in the future?’?” “No, sir.” “Knowing and seeing in this way, mendicants, would you be undecided about the present, thinking, ‘Am I? Am I not? What am I? How am I? This sentient being—where did it come from? And where will it go?’?” “No, sir.” “Knowing and seeing in this way, would you say, ‘Our teacher is respected. We speak like this out of esteem for our teacher’?” “No, sir.” “Knowing and seeing in this way, would you say, ‘Our ascetic says this. We speak like this because it is what he says’?” “No, sir.” “Knowing and seeing in this way, would you dedicate yourself to another teacher?” “No, sir.” “Knowing and seeing in this way, would you believe that the observances and boisterous, superstitious rites of the various ascetics and brahmins are essential?” “No, sir.” “Aren’t you speaking only of what you have known and seen and realized for yourselves?” “Yes, sir.” “Good, mendicants! You have been guided by me with this teaching that’s apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. For when I said that this teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves, this is what I was referring to.

စာ-၃၃၂

၄၀၈။ ‘‘တိဏ္ဏံ ခေါ ပန, ဘိက္ခဝေ, သန္နိပါတာ ဂဗ္ဘဿာဝက္ကန္တိ ဟောတိ။ ဣဓ မာတာပိတရော စ သန္နိပတိတာ ဟောန္တိ, မာတာ စ န ဥတုနီ ဟောတိ, ဂန္ဓဗ္ဗော စ န ပစ္စုပဋ္ဌိတော ဟောတိ, နေဝ တာဝ ဂဗ္ဘဿာဝက္ကန္တိ ဟောတိ။ ဣဓ မာတာပိတရော စ သန္နိပတိတာ ဟောန္တိ, မာတာ စ ဥတုနီ ဟောတိ, ဂန္ဓဗ္ဗော စ န ပစ္စုပဋ္ဌိတော ဟောတိ, နေဝ တာဝ ဂဗ္ဘဿာဝက္ကန္တိ ဟောတိ။ ယတော စ ခေါ, ဘိက္ခဝေ, မာတာပိတရော စ သန္နိပတိတာ ဟောန္တိ, မာတာ စ ဥတုနီ ဟောတိ, ဂန္ဓဗ္ဗော စ ပစ္စုပဋ္ဌိတော ဟောတိ – ဧဝံ တိဏ္ဏံ သန္နိပါတာ ဂဗ္ဘဿာဝက္ကန္တိ ဟောတိ။ တမေနံ, ဘိက္ခဝေ, မာတာ နဝ ဝါ ဒသ ဝါ မာသေ ဂဗ္ဘံ ကုစ္ဆိနာ ပရိဟရတိ မဟတာ သံသယေန ဂရုဘာရံ [ဂရုမ္ဘာရံ (သီ။ ပီ။)]။ တမေနံ, ဘိက္ခဝေ, မာတာ နဝန္နံ ဝါ ဒသန္နံ ဝါ မာသာနံ အစ္စယေန ဝိဇာယတိ မဟတာ သံသယေန ဂရုဘာရံ။ တမေနံ ဇာတံ သမာနံ သကေန လောဟိတေန ပေါသေတိ။ လောဟိတဉှေတံ, ဘိက္ခဝေ, အရိယဿ ဝိနယေ ယဒိဒံ မာတုထညံ။ သ ခေါ သော, ဘိက္ခဝေ, ကုမာရော ဝုဒ္ဓိမနွာယ ဣန္ဒြိယာနံ ပရိပါကမနွာယ ယာနိ တာနိ ကုမာရကာနံ ကီဠာပနကာနိ တေဟိ ကီဠတိ, သေယျထိဒံ – ဝင်္ကကံ ဃဋိကံ မောက္ခစိကံ စိင်္ဂုလကံ ပတ္တာဠှကံ ရထကံ ဓနုကံ။ သ ခေါ သော, ဘိက္ခဝေ, ကုမာရော ဝုဒ္ဓိမနွာယ ဣန္ဒြိယာနံ ပရိပါကမနွာယ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂီဘူတော ပရိစာရေတိ – စက္ခုဝိညေယျေဟိ ရူပေဟိ ဣဋ္ဌေဟိ ကန္တေဟိ မနာပေဟိ ပိယရူပေဟိ ကာမူပသံဟိတေဟိ ရဇနီယေဟိ, သောတဝိညေယျေဟိ သဒ္ဒေဟိ… ဃာနဝိညေယျေဟိ ဂန္ဓေဟိ… ဇိဝှါဝိညေယျေဟိ ရသေဟိ… ကာယဝိညေယျေဟိ ဖောဋ္ဌဗ္ဗေဟိ ဣဋ္ဌေဟိ ကန္တေဟိ မနာပေဟိ ပိယရူပေဟိ ကာမူပသံဟိတေဟိ ရဇနီယေဟိ။

၄၀၈။ ရဟန်းတို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည် ဖြစ်နိုင်ပေ၏။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုမလာ၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သော အခြင်းအရာဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုလာ၏၊ အမိဝမ်း တွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သောအခြင်းအရာ ဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ ရဟန်းတို့ အမိအဖတို့သည်လည်းပေါင်းဖော်ကုန်၏၊ အမိ သည်လည်း ဥတုလာ၏၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်းအဆင်သင့် ရှိနေ၏၊ ဤသို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည်ဖြစ်နိုင်ပေ၏။ ရဟန်းတို့ ထိုကိ်ုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ ဝမ်းဖြင့်လွယ်၍ ကြီးစွာသောယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို လွယ်ရ၏။ ရဟန်းတို့ ထိုကိ်ုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေဆယ်လဖြစ်စေ လွန်သောအခါ၌ ကြီးစွာသော ယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို ဖွားမြင်၏။ မွေးဖွားပြီးသော ထိုသူငယ်ကို မိမိသွေးဖြင့် မွေးမြူ၏။ ရဟန်းတို့ ဤအမိနို့ရည်သည် မြတ်စွာဘုရား၏သာသနာတော်၌ သွေးမည်၏။ ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ ထွန်ငယ်ဖြင့် ကစားခြင်းကျည်းသားရိုက်ကစားခြင်း ဂျွမ်းထိုးကစားခြင်း စကြာဖြင့် ကစားခြင်း ခွက်ငယ်ဖြင့် ကစားခြင်းရထားငယ်ဖြင့် ကစားခြင်း လေးငယ်ဖြင့်ကစားခြင်းဟူသော ထိုထို ဤဤ ကလေးသူငယ် ကစားနည်းမျိုးစုံတို့ဖြင့် ကစား၏။ ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ နှစ်လိုဖွယ်ဖြစ်သောနှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့်စပ်သွယ်သောတပ်မက် ဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့် စပ်သွယ်သောတပ်မက်ဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံ့သည်ဖြစ်၍ ပျော်ပါးလျက် နေ၏။

Mendicants, when three things come together an embryo is conceived. In a case where the mother and father come together, but the mother is not in the fertile phase of her menstrual cycle, and the virile spirit is not ready, the embryo is not conceived. In a case where the mother and father come together, the mother is in the fertile phase of her menstrual cycle, but the virile spirit is not ready, the embryo is not conceived. But when these three things come together—the mother and father come together, the mother is in the fertile phase of her menstrual cycle, and the virile spirit is ready—an embryo is conceived. The mother nurtures the embryo in her womb for nine or ten months at great risk to her heavy burden. When nine or ten months have passed, the mother gives birth at great risk to her heavy burden. When the infant is born she nourishes it with her own blood. For mother’s milk is regarded as blood in the training of the Noble One. That boy grows up and his faculties mature. He accordingly plays childish games such as toy plows, tipcat, somersaults, pinwheels, toy measures, toy carts, and toy bows. That boy grows up and his faculties mature further. He accordingly amuses himself, supplied and provided with the five kinds of sensual stimulation. Sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. Sounds known by the ear … Smells known by the nose … Tastes known by the tongue … Touches known by the body, which are likable, desirable, agreeable, pleasant, sensual, and arousing.

စာ-၃၃၃

၄၀၉။ ‘‘သော စက္ခုနာ ရူပံ ဒိသွာ ပိယရူပေ ရူပေ သာရဇ္ဇတိ, အပ္ပိယရူပေ ရူပေ ဗျာပဇ္ဇတိ, အနုပဋ္ဌိတကာယသတိ စ ဝိဟရတိ ပရိတ္တစေတသော။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ – ယတ္ထဿ တေ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သော ဧဝံ အနုရောဓဝိရောဓံ သမာပန္နော ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, သော တံ ဝေဒနံ အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ ဝေဒနံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ယာ ဝေဒနာသု နန္ဒီ တဒုပါဒါနံ, တဿုပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ ပိယရူပေ ဓမ္မေ သာရဇ္ဇတိ, အပ္ပိယရူပေ ဓမ္မေ ဗျာပဇ္ဇတိ, အနုပဋ္ဌိတကာယသတိ စ ဝိဟရတိ ပရိတ္တစေတသော။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ – ယတ္ထဿ တေ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သော ဧဝံ အနုရောဓဝိရောဓံ သမာပန္နော ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, သော တံ ဝေဒနံ အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ ဝေဒနံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ယာ ဝေဒနာသု နန္ဒီ တဒုပါဒါနံ, တဿုပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၄၀၉။ ထိုသူငယ်သည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ပြင်းစွာတပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲသေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက် ချမ်းသာကိုဖြစ်စေဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရ ပြောဆို၏၊ သက်ဝင်စွဲလမ်း၍ တည်၏။ ထိုခံစားမှုကို နှစ် သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့် ထိုသူအားနှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသောအကြောင်းကြောင့် ဖြစ် ကြောင်းပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။ နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ပ။ စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသောသဘာဝဓမ္မ၌ ပြင်းစွာ တပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်းအမှန်အတိုင်း ခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက်ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သည်ကိုဖြစ်စေ တစ်စုံ တစ်ခုသောဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရပြောဆို၏၊ သက်ဝင်စွဲလမ်း၍တည်၏။ ထိုခံစားမှုကို နှစ်သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့်ထိုသူ့အား နှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသော အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။

When they see a sight with their eyes, if it’s pleasant they desire it, but if it’s unpleasant they dislike it. They live with mindfulness of the body unestablished and their heart stunted. And they don’t truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. Being so full of favoring and opposing, when they experience any kind of feeling—pleasant, unpleasant, or neutral—they approve, welcome, and keep clinging to it. This gives rise to relishing. Relishing feelings is grasping. Their grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, if it’s pleasant they desire it, but if it’s unpleasant they dislike it. They live with mindfulness of the body unestablished and their heart stunted. And they don’t truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. Being so full of favoring and opposing, when they experience any kind of feeling—pleasant, unpleasant, or neutral—they approve, welcome, and keep clinging to it. This gives rise to relishing. Relishing feelings is grasping. Their grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates.

စာ-၃၃၄

၄၁၀။ ‘‘ဣဓ, ဘိက္ခဝေ, တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ တံ ဓမ္မံ သုဏာတိ ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ အညတရသ္မိံ ဝါ ကုလေ ပစ္စာဇာတော။ သော တံ ဓမ္မံ သုတွာ တထာဂတေ သဒ္ဓံ ပဋိလဘတိ။ သော တေန သဒ္ဓါပဋိလာဘေန သမန္နာဂတော ဣတိ ပဋိသဉ္စိက္ခတိ – ‘သမ္ဗာဓော ဃရာဝါသော ရဇာပထော, အဗ္ဘောကာသော ပဗ္ဗဇ္ဇာ။ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ။ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ, ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’’’န္တိ။ သော အပရေန သမယေန အပ္ပံ ဝါ ဘောဂက္ခန္ဓံ ပဟာယ, မဟန္တံ ဝါ ဘောဂက္ခန္ဓံ ပဟာယ, အပ္ပံ ဝါ ဉာတိပရိဝဋ္ဋံ ပဟာယ, မဟန္တံ ဝါ ဉာတိပရိဝဋ္ဋံ ပဟာယ, ကေသမဿုံ ဩဟာရေတွာ, ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ, အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇတိ။

၄၁၀။ ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သူအတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရား သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင့်းအဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသောစင်ကြယ်သော တရားကို ဟောတော်မူ၏၊ မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကိုကြားနာရသော ကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏။ ထိုသူသည် ထိုယုံကြည်မှုကို ရခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏- “အိမ်ရာထောင်သောဘဝ၌ နေရခြင်းသည် ကျဥ်းမြောင်း၏၊ (ကိလေသာ) မြူထရာ ခရီးလမ်းမနှင့်တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ အိမ်ရာထောင်သောဘဝ၌ နေသူသည် ဤမြတ်သောအကျင့် ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှာ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ရဟန်း ဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ” ဟု (ဆင်ခြင်၏)။ ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ များသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ နည်းသော ဆွေမျိုးစဥ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ များသော ဆွေမျိုးစဥ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ ဆံမုတ်ဆိတ်ကို ပယ်၍လည်းကောင်း ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်သို့ ဝင်ရောက်၏။

But consider when a Realized One arises in the world, perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed. He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He proclaims a teaching that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. He reveals an entirely full and pure spiritual life. A householder hears that teaching, or a householder’s child, or someone reborn in a good family. They gain faith in the Realized One and reflect: ‘Life at home is cramped and dirty, life gone forth is wide open. It’s not easy for someone living at home to lead the spiritual life utterly full and pure, like a polished shell. Why don’t I shave off my hair and beard, dress in ocher robes, and go forth from lay life to homelessness?’ After some time they give up a large or small fortune, and a large or small family circle. They shave off hair and beard, dress in ocher robes, and go forth from the lay life to homelessness.

၄၁၁။ ‘‘သော ဧဝံ ပဗ္ဗဇိတော သမာနော ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ။

‘‘အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတိ။

‘‘အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ ဟောတိ, အာရာစာရီ ဝိရတော မေထုနာ ဂါမဓမ္မာ။

‘‘မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ, သစ္စဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿ။

‘‘ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ – ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ, အမုတြ ဝါ သုတွာ န ဣမေသံ အက္ခာတာ အမူသံ ဘေဒါယ။ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ, သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ – ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘သမ္ဖပ္ပလာပံ ပဟာယ သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, ကာလဝါဒီ ဘူတဝါဒီ အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ, နိဓာနဝတိံ ဝါစံ ဘာသိတာ ကာလေန, သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတံ။

‘‘သော ဗီဇဂါမဘူတဂါမသမာရမ္ဘာ ပဋိဝိရတော ဟောတိ, ဧကဘတ္တိကော ဟောတိ ရတ္တူပရတော, ဝိရတော ဝိကာလဘောဇနာ။ နစ္စဂီတဝါဒိတဝိသူကဒဿနာ ပဋိဝိရတော ဟောတိ, မာလာဂန္ဓဝိလေပနဓာရဏမဏ္ဍနဝိဘူသနဋ္ဌာနာ ပဋိဝိရတော ဟောတိ, ဥစ္စာသယနမဟာသယနာ ပဋိဝိရတော ဟောတိ, ဇာတရူပရဇတပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, အာမကဓညပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, အာမကမံသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ဒါသိဒါသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, အဇေဠကပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ကုက္ကုဋသူကရပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ဟတ္ထိဂဝါဿဝဠဝပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ, ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော ဟောတိ, ကယဝိက္ကယာ ပဋိဝိရတော ဟောတိ, တုလာကူဋကံသကူဋမာနကူဋာ ပဋိဝိရတော ဟောတိ, ဥက္ကောဋနဝဉ္စန-နိကတိ-သာစိယောဂါ ပဋိဝိရတော ဟောတိ, ဆေဒန-ဝဓဗန္ဓနဝိပရာမောသ-အာလောပ-သဟသာကာရာ ပဋိဝိရတော ဟောတိ [ပဿ မ။ နိ။ ၁။၂၉၃ စူဠဟတ္ထိပဒေါပမေ]။

‘‘သော သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန ကုစ္ဆိပရိဟာရိကေန ပိဏ္ဍပါတေန။ သော ယေန ယေနေဝ ပက္ကမတိ သမာဒါယေဝ ပက္ကမတိ။ သေယျထာပိ နာမ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ သပတ္တဘာရောဝ ဍေတိ, ဧဝမေဝ ဘိက္ခု သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန, ကုစ္ဆိပရိဟာရိကေန ပိဏ္ဍပါတေန။ သော ယေန ယေနေဝ ပက္ကမတိ သမာဒါယေဝ ပက္ကမတိ။ သော ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော အဇ္ဈတ္တံ အနဝဇ္ဇသုခံ ပဋိသံဝေဒေတိ။

‘‘သော စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သော ဣမိနာ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော အဇ္ဈတ္တံ အဗျာသေကသုခံ ပဋိသံဝေဒေတိ။

‘‘သော အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ, အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ, သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ, သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ, အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ, ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ, ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

၄၁၁။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အကျင့်သီလသိက္ခာနှင့် ကျင့်ဝတ်သိက္ခာပုဒ်သို့ ကောင်းစွာ ရောက်လျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ အရှက်ရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ပေးသည်ကိုသာ ခံယူ၏၊ ပေးသည်ကိုသာ နှစ်လို၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်သာ နေ၏။ မမြတ်သောအကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဥ်၏။ မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဥ်၏။ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်တတ်၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုက်သောစကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဥ်၏။ ဤသူ ထိုသူတို့ ကွဲပြားခြင်းငှာ ဤသူထံမှနားထောင်၍ ထိုသူထံ၌ မပြောတတ်၊ ထိုသူထံမှ နားထောင်၍ ဤသူ့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။ ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဥ်၏။ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ် ရှိ၏၊ နှလုံးသို့ သက်၏၊ ယဥ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။ ပြိန်ဖျင်းသောစကားကို ပယ်၍ပြိန်ဖျင်း သောစကားမှ ရှောင်ကြဥ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အနက်နှင့်ပြည့်စုံသော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။ ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဥ်၏။ ဆွမ်းတစ်နပ်သာ့စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဥ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဥ်၏။ ကခြင်း သီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်းမှ ရှောင်ကြဥ်၏။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဥ်၏။ မြင့်သော နေရာ မြတ်သောနေရာမှ ရှောင်ကြဥ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ ကောက်စိမ်း၁ကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှရှောင်ကြဥ်၏။ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ ကြက်ဝက်ကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ ဆင် နွား မြင်းမြည်းကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ လယ်ယာကို ခံယူခြင်းမှ ရှောင်ကြဥ်၏။ တမန်အမူအစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဥ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဥ်၏။ ချိန်စဥ်းလဲအသပြာစဥ်းလဲ ခြင်တွယ် တိုင်းတာ စဥ်းလဲခြင်းမှ ရှောင်ကြဥ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်းအတုပြုခြင်းတည်းဟူသော ကောက် ကျစ်ခြင်းမှ ရှောင်ကြဥ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဥ်၏။ ထိုရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ အကြင်အကြင် အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တပါတည်း ယူဆောင်၍သာလျှင် သွား၏။ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် အကြင်အကြင်အရပ်သို့ ပျံသော် မိမိအတောင်သာဝန်ရှိသည် ဖြစ်၍ ပျံ၏၊ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသောဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် အကြင် အကြင်အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တစ်ပါတည်း ယူဆောင်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစား၏။ ထိုရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် စက္ခုန္ဒြေကိုမစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့် စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမဟူသော) အမှတ် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ (ဒုက္ခနှင့်) မရောသော ချမ်းသာကို ခံစား၏။ ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

Once they’ve gone forth, they take up the training and livelihood of the mendicants. They give up killing living creatures, renouncing the rod and the sword. They’re scrupulous and kind, living full of sympathy for all living beings. They give up stealing. They take only what’s given, and expect only what’s given. They keep themselves clean by not thieving. They give up unchastity. They are chaste, set apart, refraining from the vulgar act of sex. They give up lying. They speak the truth and stick to the truth. They’re honest and dependable, and don’t trick the world with their words. They give up backbiting. They don’t repeat in one place what they heard in another so as to divide people against each other. Instead, they reconcile those who are divided and support those who are united, delighting in harmony, loving harmony, speaking words that promote harmony. They give up harsh speech. They speak in a way that’s mellow, pleasing to the ear, endearing, going to the heart, polite, and likable and agreeable to the people. They give up talking nonsense. Their words are timely, true, and meaningful, in line with the teaching and training. They say things at the right time which are valuable, reasonable, succinct, and beneficial. They refrain from injuring plants and seeds. They eat in one part of the day, abstaining from eating at night and food at the wrong time. They refrain from seeing shows of dancing, singing, and music. They refrain from attiring and adorning themselves with garlands, fragrance, and makeup. They refrain from high and luxurious beds. They refrain from receiving gold and currency, raw grains, raw meat, women and girls, male and female bondservants, goats and sheep, chickens and pigs, elephants, cows, horses, and mares, and fields and land. They refrain from running errands and messages; buying and selling; falsifying weights, metals, or measures; bribery, fraud, cheating, and duplicity; mutilation, murder, abduction, banditry, plunder, and violence. They’re content with robes to look after the body and almsfood to look after the belly. Wherever they go, they set out taking only these things. They’re like a bird: wherever it flies, wings are its only burden. In the same way, a mendicant is content with robes to look after the body and almsfood to look after the belly. Wherever they go, they set out taking only these things. When they have this spectrum of noble ethics, they experience a blameless happiness inside themselves. When they see a sight with their eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. When they have this noble sense restraint, they experience an unsullied bliss inside themselves. They act with situational awareness when going out and coming back; when looking ahead and aside; when bending and extending the limbs; when bearing the outer robe, bowl and robes; when eating, drinking, chewing, and tasting; when urinating and defecating; when walking, standing, sitting, sleeping, waking, speaking, and keeping silent.

၄၁၂။ ‘‘သော ဣမိနာ စ အရိယေန သီလက္ခန္ဓေန သမန္နာဂတော, (ဣမာယ စ အရိယာယ သန္တုဋ္ဌိယာ သမန္နာဂတော) [ပဿ မ။ နိ။ ၁။၂၉၆ စူဠဟတ္ထိပဒေါပမေ], ဣမိနာ စ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော, ဣမိနာ စ အရိယေန သတိသမ္ပဇညေန သမန္နာဂတော, ဝိဝိတ္တံ သေနာသနံ ဘဇတိ – အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္ဒရံ ဂိရိဂုဟံ သုသာနံ ဝနပတ္ထံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ, ဥဇုံ ကာယံ ပဏိဓာယ, ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော အဘိဇ္ဈံ လောကေ ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ, အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ၊ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ, သဗ္ဗပါဏဘူတဟိတာနုကမ္ပီ, ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ၊ ထီနမိဒ္ဓံ ပဟာယ ဝိဂတထီနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ, သတော သမ္ပဇာနော, ထီနမိဒ္ဓါ စိတ္တံ ပရိသောဓေတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ ဝူပသန္တစိတ္တော, ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ၊ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဏဝိစိကိစ္ဆော ဝိဟရတိ အကထံကထီ ကုသလေသု ဓမ္မေသု, ဝိစိကိစ္ဆာယ စိတ္တံ ပရိသောဓေတိ။

၄၁၂။ ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသော ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်းပြည့်စုံသော ဤမြတ်သော သတိ, ဆင်ခြင်ဉာဏ်နှင့်လည်း ပြည့်စုံသော (ဤမြတ်သော ရောင့်ရဲခြင်းနှင့့်လည်း ပြည့်စုံသော) ထို (ရဟန်း) သည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကိုသစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှူကာ သတိကို ဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် (ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသောပြစ်မှားမှုကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကိုစင်ကြယ်စေ၏။ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

When they have this spectrum of noble ethics, this noble contentment, this noble sense restraint, and this noble mindfulness and situational awareness, they frequent a secluded lodging—a wilderness, the root of a tree, a hill, a ravine, a mountain cave, a charnel ground, a forest, the open air, a heap of straw. After the meal, they return from almsround, sit down cross-legged, set their body straight, and bring mindfulness to the present. Giving up covetousness for the world, they meditate with a heart rid of covetousness, cleansing the mind of covetousness. Giving up ill will and malevolence, they meditate with a mind rid of ill will, full of sympathy for all living beings, cleansing the mind of ill will. Giving up dullness and drowsiness, they meditate with a mind rid of dullness and drowsiness, perceiving light, mindful and aware, cleansing the mind of dullness and drowsiness. Giving up restlessness and remorse, they meditate without restlessness, their mind settled internally, cleansing the mind of restlessness and remorse. Giving up doubt, they meditate having gone beyond doubt, not undecided about skillful qualities, cleansing the mind of doubt.

စာ-၃၃၇

၄၁၃။ ‘‘သော ဣမေ ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ, ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ…ပေ… တတိယံ ဈာနံ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၄၁၃။ ထိုရဟန်းသည် စိတ်၏ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာ၏အားနည်းခြင်းကို ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ တဖန် ထို့ ပြင်လည်း ထိုရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

They give up these five hindrances, corruptions of the heart that weaken wisdom. Then, quite secluded from sensual pleasures, secluded from unskillful qualities, they enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. Furthermore, as the placing of the mind and keeping it connected are stilled, a mendicant enters and remains in the second absorption … third absorption … fourth absorption.

၄၁၄။ ‘‘သော စက္ခုနာ ရူပံ ဒိသွာ ပိယရူပေ ရူပေ န သာရဇ္ဇတိ, အပ္ပိယရူပေ ရူပေ န ဗျာပဇ္ဇတိ, ဥပဋ္ဌိတကာယသတိ စ ဝိဟရတိ အပ္ပမာဏစေတသော။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ ပဇာနာတိ – ယတ္ထဿ တေ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သော ဧဝံ အနုရောဓဝိရောဓဝိပ္ပဟီနော ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ, သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, သော တံ ဝေဒနံ နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ ဝေဒနံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော ယာ ဝေဒနာသု နန္ဒီ သာ နိရုဇ္ဈတိ။ တဿ နန္ဒီနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ ပိယရူပေ ဓမ္မေ န သာရဇ္ဇတိ, အပ္ပိယရူပေ ဓမ္မေ န ဗျာပဇ္ဇတိ, ဥပဋ္ဌိတကာယသတိ စ ဝိဟရတိ အပ္ပမာဏစေတသော, တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ ပဇာနာတိ – ယတ္ထဿ တေ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သော ဧဝံ အနုရောဓဝိရောဓဝိပ္ပဟီနော ယံ ကိဉ္စိ ဝေဒနံ ဝေဒေတိ, သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, သော တံ ဝေဒနံ နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ ဝေဒနံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော ယာ ဝေဒနာသု နန္ဒီ သာ နိရုဇ္ဈတိ။ တဿ နန္ဒီနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣမံ ခေါ မေ တုမှေ, ဘိက္ခဝေ, သံခိတ္တေန တဏှာသင်္ခယဝိမုတ္တိံ ဓာရေထ, သာတိံ ပန ဘိက္ခုံ ကေဝဋ္ဋပုတ္တံ မဟာတဏှာဇာလတဏှာသံဃာဋပ္ပဋိမုက္က’’န္တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာတဏှာသင်္ခယသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။

၄၁၄။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည်မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်း သည် ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရမပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရမပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ မတည်ခြင်းကြောင့် ခံစားမှုတို့၌ထိုရဟန်း အား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှု ချုပ်ခြင်းကြောင့် စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဘဝ ချုပ်ခြင်း ကြောင့်ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ချုပ်ခြင်းသည် ဖြစ်၏။ နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ပ။ စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ် သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည် မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်း ခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်းသည်ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရ မပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရ မပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ မတည်ခြင်းကြောင့် ခံစားမှုတို့၌ ထိုရဟန်းအား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှုချုပ်ခြင်းကြောင့် စွဲလမ်းမှုချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည်ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ငါ၏ ဤအကျဥ်းအားဖြင့် ဟောထားသော တပ်မက်မှုတဏှာကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်ပုံညွှန်ပြချက် ‘တဏှာသင်္ခယဝိမုတ္တိဒေသနာ’ ကို သင်တို့ ဆောင်ကြကုန်လော့။ တံငါသည်သား သာတိရဟန်းကိုကား ကြီးစွာသောတပ်မက်မှုကွန်ရက်, တပ်မက်မှုထုတ်လျောက် (အထပ်အစပ်) ဖြင့် စွပ်မိ၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ ရှစ်ခုမြောက် မဟာတဏှာသင်္ခယသုတ်ပြီး၏။ ၁။ ကောက်စိမ်း= အာမကဓည- ပါဠိတော် စပါးစိမ်း ခုနစ်မျိုး။

When they see a sight with their eyes, if it’s pleasant they don’t desire it, and if it’s unpleasant they don’t dislike it. They live with mindfulness of the body established and a limitless heart. And they truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. Having given up favoring and opposing, when they experience any kind of feeling—pleasant, unpleasant, or neutral—they don’t approve, welcome, or keep clinging to it. As a result, relishing of feelings ceases. When their relishing ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, if it’s pleasant they don’t desire it, and if it’s unpleasant they don’t dislike it. They live with mindfulness of the body established and a limitless heart. And they truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. Having given up favoring and opposing, when they experience any kind of feeling—pleasant, unpleasant, or neutral—they don’t approve, welcome, or keep clinging to it. As a result, relishing of feelings ceases. When their relishing ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. Mendicants, you should memorize this brief statement on freedom through the ending of craving. But the mendicant Sāti, the fisherman’s son, is caught in a vast net of craving, a tangle of craving.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၉။ မဟာအဿပုရသုတ္တံ

၄၁၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အင်္ဂေသု ဝိဟရတိ အဿပုရံ နာမ အင်္ဂါနံ နိဂမော။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘သမဏာ သမဏာတိ ဝေါ, ဘိက္ခဝေ, ဇနော သဉ္ဇာနာတိ။ တုမှေ စ ပန ‘ကေ တုမှေ’တိ ပုဋ္ဌာ သမာနာ ‘သမဏာမှာ’တိ ပဋိဇာနာထ၊ တေသံ ဝေါ, ဘိက္ခဝေ, ဧဝံသမညာနံ သတံ ဧဝံပဋိညာနံ သတံ ‘ယေ ဓမ္မာ သမဏကရဏာ စ ဗြာဟ္မဏကရဏာ စ တေ ဓမ္မေ သမာဒါယ ဝတ္တိဿာမ, ဧဝံ နော အယံ အမှာကံ သမညာ စ သစ္စာ ဘဝိဿတိ ပဋိညာ စ ဘူတာ။ ယေသဉ္စ မယံ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ ပရိဘုဉ္ဇာမ, တေသံ တေ ကာရာ အမှေသု မဟပ္ဖလာ ဘဝိဿန္တိ မဟာနိသံသာ, အမှာကဉ္စေဝါယံ ပဗ္ဗဇ္ဇာ အဝဉ္ဈာ ဘဝိဿတိ သဖလာ သဥဒြယာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

၉- မဟာအဿပုရသုတ် ၄၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည်ဤသို့ မိန့်တော်မူ၏ - ရဟန်းတို့ လူအပေါင်းက သင်တို့ကို “သမဏ သမဏ” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးသော် “သမဏများ ဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့ကို ဆောက်တည်၍ ကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့်ဝန်ခံခြင်းသည်လည်း အမှန်အတိုင်း ဖြစ်လတ္တံ့။ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ့်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့ သည် များသောအကျိုး များသောအာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း မမြုံဘဲ အကျိုးများ၍ တိုးပွားခြင်းရှိသည် ဖြစ်လတ္တံ့” ဟုဤသို့လျှင် ကျင့်ကြံအားထုတ်ရမည်။

Middle Discourses 39 The Longer Discourse at Assapura So I have heard. At one time the Buddha was staying in the land of the Aṅgas, near the Aṅgan town named Assapura. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, people label you as ascetics. And when they ask you what you are, you claim to be ascetics. Given this label and this claim, you should train like this: ‘We will proceed having undertaken the things that make one an ascetic and a brahmin. That way our label will be accurate and our claim correct. The services of those whose robes, almsfood, lodgings, and medicines and supplies for the sick we enjoy shall be very fruitful and beneficial for them. And our going forth will not be barren, but will be fruitful and fertile.’

၄၁၆။ ‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ သမဏကရဏာ စ ဗြာဟ္မဏကရဏာ စ? ‘ဟိရောတ္တပ္ပေန သမန္နာဂတာ ဘဝိဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၁၆။ ရဟန်းတို့ သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့သည် အဘယ်တို့နည်း။ ရဟန်းတို့ “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

And what are the things that make one an ascetic and a brahmin? You should train like this: ‘We will have conscience and prudence.’ Now, mendicants, you might think, ‘We have conscience and prudence. This is sufficient; enough has been done. We have achieved the goal of life as an ascetic. There is nothing more to do.’ And you might rest content with just that much. I declare this to you, mendicants, I announce this to you: ‘You who seek to be true ascetics, do not lose sight of the goal of the ascetic life while there is still more to do.’

စာ-၃၃၉

၄၁၇။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ပရိသုဒ္ဓေါ နော ကာယသမာစာရော ဘဝိဿတိ ဥတ္တာနော ဝိဝဋော န စ ဆိဒ္ဒဝါ သံဝုတော စ။ တာယ စ ပန ပရိသုဒ္ဓကာယသမာစာရတာယ နေဝတ္တာနုက္ကံသေဿာမ န ပရံ ဝမ္ဘေဿာမာ’တိ [နေဝတ္တာနုက္ကံသိဿာမ န ပရံ ဝမ္ဘိဿာမာတိ (သဗ္ဗတ္ထ)] ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၁၇။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် ကိုယ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော ကိုယ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံ အားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ် ယုတ်ပါစေလင့်။

What more is there to do? You should train like this: ‘Our bodily behavior will be pure, clear, open, neither inconsistent nor secretive. And we won’t glorify ourselves or put others down on account of our pure bodily behavior.’ Now, mendicants, you might think, ‘We have conscience and prudence, and our bodily behavior is pure. This is sufficient …’ I declare this to you, mendicants, I announce this to you: ‘You who seek to be true ascetics, do not lose sight of the goal of the ascetic life while there is still more to do.’

၄၁၈။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ပရိသုဒ္ဓေါ နော ဝစီသမာစာရော ဘဝိဿတိ ဥတ္တာနော ဝိဝဋော န စ ဆိဒ္ဒဝါ သံဝုတော စ။ တာယ စ ပန ပရိသုဒ္ဓဝစီသမာစာရတာယ နေဝတ္တာနုက္ကံသေဿာမ န ပရံ ဝမ္ဘေဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၁၈။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် နှုတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော နှုတ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည် ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

What more is there to do? You should train like this: ‘Our verbal behavior …

၄၁၉။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ပရိသုဒ္ဓေါ နော မနောသမာစာရော ဘဝိဿတိ ဥတ္တာနော ဝိဝဋော န စ ဆိဒ္ဒဝါ သံဝုတော စ။ တာယ စ ပန ပရိသုဒ္ဓမနောသမာစာရတာယ နေဝတ္တာနုက္ကံသေဿာမ န ပရံ ဝမ္ဘေဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၁၉။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည်စိတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော စိတ်အမူအရာရှိခြင်းဖြင့်လည်း မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည့်ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟုဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အားအထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

mental behavior …

စာ-၃၄၀

၄၂၀။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ပရိသုဒ္ဓေါ နော အာဇီဝေါ ဘဝိဿတိ ဥတ္တာနော ဝိဝဋော န စ ဆိဒ္ဒဝါ သံဝုတော စ။ တာယ စ ပန ပရိသုဒ္ဓါဇီဝတာယ နေဝတ္တာနုက္ကံသေဿာမ န ပရံ ဝမ္ဘေဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော, ပရိသုဒ္ဓေါ အာဇီဝေါ၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၂၀။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် အသက်မွေးမှုကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော အသက်မွေးမှုရှိခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကို မနှိမ့်ချအံ့” ဟုဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည်စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့ သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စ ရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

livelihood will be pure, clear, open, neither inconsistent nor secretive. And we won’t glorify ourselves or put others down on account of our pure livelihood.’ Now, mendicants, you might think, ‘We have conscience and prudence, our bodily, verbal, and mental behavior is pure, and our livelihood is pure. This is sufficient; enough has been done. We have achieved the goal of life as an ascetic. There is nothing more to do.’ And you might rest content with just that much. I declare this to you, mendicants, I announce this to you: ‘You who seek to be true ascetics, do not lose sight of the goal of the ascetic life while there is still more to do.’

၄၂၁။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ဣန္ဒြိယေသု ဂုတ္တဒွါရာ ဘဝိဿာမ၊ စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇိဿာမ, ရက္ခိဿာမ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇိဿာမ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇိဿာမ, ရက္ခိဿာမ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇိဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော, ပရိသုဒ္ဓေါ အာဇီဝေါ, ဣန္ဒြိယေသုမှ ဂုတ္တဒွါရာ၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ, သတိ ဥတ္တရိံ ကရဏီယေ’။

၄၂၁။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဣန္ဒြေတံခါးတို့ကိုပိတ်ထားသူဖြစ်ကုန်အံ့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ မရှိကုန်အံ့၊ (လက်ခြေစသော အင်္ဂါပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကိုမစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်ကုန်အံ့၊ စက္ခုန္ဒြေကို စောင့်စည်းကုန်အံ့၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်ကုန်အံ့။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိကုန်အံ,၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက် မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့် ကုန်အံ့၊ မနိန္ဒြေကို စောင့်စည်းကုန်အံ့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဤမျှ ဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှမရှိပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့် သာလျှင် နှစ်သက်ခြင်းသို့ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေ အံ့၊ ရဟန်းအကျိုးကို့အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိသော် ရဟန်း အကျိုး မဆုတ်ယုတ်ပါစေလင့်။

What more is there to do? You should train yourselves like this: ‘We will restrain our sense doors. When we see a sight with our eyes, we won’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, we will practice restraint, we will protect the faculty of sight, and we will achieve its restraint. When we hear a sound with our ears … When we smell an odor with our nose … When we taste a flavor with our tongue … When we feel a touch with our body … When we know an idea with our mind, we won’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, we will practice restraint, we will protect the faculty of mind, and we will achieve its restraint.’ Now, mendicants, you might think, ‘We have conscience and prudence, our bodily, verbal, and mental behavior is pure, our livelihood is pure, and our sense doors are restrained. This is sufficient …’

စာ-၃၄၁

၄၂၂။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ဘောဇနေ မတ္တညုနော ဘဝိဿာမ, ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟရိဿာမ, နေဝ ဒဝါယ န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ, ဝိဟိံသူပရတိယာ, ဗြဟ္မစရိယာနုဂ္ဂဟာယ, ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမ, ယာတြာ စ နော ဘဝိဿတိ, အနဝဇ္ဇတာ စ, ဖာသု ဝိဟာရော စာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော, ပရိသုဒ္ဓေါ အာဇီဝေါ, ဣန္ဒြိယေသုမှ ဂုတ္တဒွါရာ, ဘောဇနေ မတ္တညုနော၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ, သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ သတိ ဥတ္တရိံ ကရဏီယေ’။

၄၂၂။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ဘောဇဥ်၌အတိုင်းအရှည် သိသူတို့ ဖြစ်ကုန်အံ့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ကုန်အံ့၊ မြူးထူးရန် မာန်ယစ်ရန် (အသား) ပြည့်ဖြိုးရန် (အရေအဆင်း) ကြည်လင်ရန်အလို့ငှာမသုံးဆောင်ကုန်အံ့၊ ဤကိုယ်သည် တည်တံ့ရန် မျှတရန် ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်မြတ်သောအကျင့်ကို အားထုတ်ရန်မျှသာ အာဟာရကို သုံးဆောင်ကုန်အံ့၊ ဤသို့ သုံးဆောင်ခြင်းဖြင့်ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်ကုန်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေကုန်အံ့၊ ငါတို့အား မျှတခြင်းအပြစ်မရှိခြင်း ချမ်းသာစွာနေရခြင်းတို့သည် ဖြစ်ကုန်လတ္တံ့” ဟု ရည်ရွယ်လျက် အာဟာရကို သုံးဆောင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေကို ပိတ်ဆို့ထား သူများ ဖြစ်ကုန်၏၊ ဘောဇဥ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ ဤမျှဖြင့်သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်း အကျိုး မဆုတ် ယုတ်ပါစေလင့်။

What more is there to do? You should train yourselves like this: ‘We will not eat too much. We will only eat after reflecting rationally on our food. We will eat not for fun, indulgence, adornment, or decoration, but only to sustain this body, to avoid harm, and to support spiritual practice. In this way, we shall put an end to old discomfort and not give rise to new discomfort, and we will have the means to keep going, blamelessness, and a comfortable abiding.’ Now, mendicants, you might think, ‘We have conscience and prudence, our bodily, verbal, and mental behavior is pure, our livelihood is pure, our sense doors are restrained, and we don’t eat too much. This is sufficient …’

၄၂၃။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘ဇာဂရိယံ အနုယုတ္တာ ဘဝိဿာမ, ဒိဝသံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေဿာမ။ ရတ္တိယာ ပဌမံ ယာမံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေဿာမ။ ရတ္တိယာ မဇ္ဈိမံ ယာမံ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေဿာမ ပါဒေ ပါဒံ အစ္စာဓာယ, သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိ ကရိတွာ။ ရတ္တိယာ ပစ္ဆိမံ ယာမံ ပစ္စုဋ္ဌာယ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေဿာမာ’တိ, ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော, ပရိသုဒ္ဓေါ အာဇီဝေါ, ဣန္ဒြိယေသုမှ ဂုတ္တဒွါရာ, ဘောဇနေ မတ္တညုနော, ဇာဂရိယံ အနုယုတ္တာ၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ, တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ, သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ သတိ ဥတ္တရိံ ကရဏီယေ’။

၄၂၃။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “နိုးကြားခြင်းကိုအားထုတ်သူတို့ ဖြစ်ကုန်အံ့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှစိတ်ကို သုတ်သင်ကုန်အံ့၊ ညဥ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကိုသုတ်သင်ကုန်အံ့၊ သန်းခေါင်ယံ၌ လကျာ်နံတောင်းဖြင့် (လကျာ်) ခြေ၌ (လက်ဝဲ) ခြေကိုစဥ်းငယ်လွန်ကာ တင်ထား၍ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကိုနှလုံးသွင်းလျက် မြတ် သော အိပ်ခြင်းကို ပြုကုန်အံ့၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်းထိုင်ခြင်းဖြင့် အပိတ် အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည်ကျင့်ကြံအားထုတ်ရ မည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာ သည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည်စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဘောဇဥ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူများ ဖြစ်ကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ် ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံ တစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလို ရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေ လင့်။

What more is there to do? You should train yourselves like this: ‘We will be dedicated to wakefulness. When practicing walking and sitting meditation by day, we will purify our mind from obstacles. In the first watch of the night, we will continue to practice walking and sitting meditation. In the middle watch, we will lie down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up. In the last watch, we will get up and continue to practice walking and sitting meditation, purifying our mind from obstacles.’ Now, mendicants, you might think, ‘We have conscience and prudence, our bodily, verbal, and mental behavior is pure, our livelihood is pure, our sense doors are restrained, we don’t eat too much, and we are dedicated to wakefulness. This is sufficient …’

စာ-၃၄၂

၄၂၄။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ‘သတိသမ္ပဇညေန သမန္နာဂတာ ဘဝိဿာမ, အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ, အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ, သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ, သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ, အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ, ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ, ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ’တိ, ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘ဟိရောတ္တပ္ပေနမှ သမန္နာဂတာ, ပရိသုဒ္ဓေါ နော ကာယသမာစာရော, ပရိသုဒ္ဓေါ ဝစီသမာစာရော, ပရိသုဒ္ဓေါ မနောသမာစာရော, ပရိသုဒ္ဓေါ အာဇီဝေါ, ဣန္ဒြိယေသုမှ ဂုတ္တဒွါရာ, ဘောဇနေ မတ္တညုနော, ဇာဂရိယံ အနုယုတ္တာ, သတိသမ္ပဇညေန သမန္နာဂတာ၊ အလမေတ္တာဝတာ ကတမေတ္တာဝတာ, အနုပ္ပတ္တော နော သာမညတ္ထော, နတ္ထိ နော ကိဉ္စိ ဥတ္တရိံ ကရဏီယ’န္တိ တာဝတကေနေဝ တုဋ္ဌိံ အာပဇ္ဇေယျာထ။ အာရောစယာမိ ဝေါ, ဘိက္ခဝေ, ပဋိဝေဒယာမိ ဝေါ, ဘိက္ခဝေ – ‘မာ ဝေါ, သာမညတ္ထိကာနံ သတံ သာမညတ္ထော ပရိဟာယိ သတိ ဥတ္တရိံ ကရဏီယေ’။

၄၂၄။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “သတိသမ္ပဇဥ်နှင့်ပြည့်စုံသူ ဖြစ်ကုန်အံ့၊ ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ တူရှုကြည့်ရာတစ်စောင်း ကြည့်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကွေးရာ ဆန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ စားရာ သောက်ရာ့ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေ တံခါးတို့ကို ပိတ်ဆို့ထားသူ ဖြစ်ကုန်၏၊ ဘောဇဥ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူ ဖြစ်ကုန်၏၊ သတိသမ္ပဇဥ်နှင့် ပြည့်စုံသူ ဖြစ်ကုန်၏။ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထို့ထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏၊ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက် ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိ သည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါ စေလင့်။

What more is there to do? You should train yourselves like this: ‘We will have mindfulness and situational awareness. We will act with situational awareness when going out and coming back; when looking ahead and aside; when bending and extending the limbs; when bearing the outer robe, bowl and robes; when eating, drinking, chewing, and tasting; when urinating and defecating; when walking, standing, sitting, sleeping, waking, speaking, and keeping silent.’ Now, mendicants, you might think, ‘We have conscience and prudence, our bodily, verbal, and mental behavior is pure, our livelihood is pure, our sense doors are restrained, we don’t eat too much, we are dedicated to wakefulness, and we have mindfulness and situational awareness. This is sufficient …’

၄၂၅။ ‘‘ကိဉ္စ, ဘိက္ခဝေ, ဥတ္တရိံ ကရဏီယံ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝိဝိတ္တံ သေနာသနံ ဘဇတိ – အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္ဒရံ ဂိရိဂုဟံ သုသာနံ ဝနပ္ပတ္ထံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ, ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော အဘိဇ္ဈံ လောကေ ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ, အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ၊ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ, သဗ္ဗပါဏဘူတဟိတာနုကမ္ပီ, ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ၊ ထီနမိဒ္ဓံ ပဟာယ ဝိဂတထီနမိဒ္ဓေါ ဝိဟရတိ, အာလောကသညီ သတော သမ္ပဇာနော, ထီနမိဒ္ဓါ စိတ္တံ ပရိသောဓေတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ, အဇ္ဈတ္တံ ဝူပသန္တစိတ္တော, ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ၊ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဏဝိစိကိစ္ဆော ဝိဟရတိ, အကထံကထီ ကုသလေသု ဓမ္မေသု, ဝိစိကိစ္ဆာယ စိတ္တံ ပရိသောဓေတိ။

၄၂၅။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကိုချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏၊ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်း သို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက် မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီး စေလိုသောဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိ သည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက်အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ငြိမ်းအေးသောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’တို့မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံ မှားခြင်း ‘ဝိစိကိစ္ဆာ’ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

What more is there to do? Take a mendicant who frequents a secluded lodging—a wilderness, the root of a tree, a hill, a ravine, a mountain cave, a charnel ground, a forest, the open air, a heap of straw. After the meal, they return from almsround, sit down cross-legged, set their body straight, and bring mindfulness to the present. Giving up covetousness for the world, they meditate with a heart rid of covetousness, cleansing the mind of covetousness. Giving up ill will and malevolence, they meditate with a mind rid of ill will, full of sympathy for all living beings, cleansing the mind of ill will. Giving up dullness and drowsiness, they meditate with a mind rid of dullness and drowsiness, perceiving light, mindful and aware, cleansing the mind of dullness and drowsiness. Giving up restlessness and remorse, they meditate without restlessness, their mind settled internally, cleansing the mind of restlessness and remorse. Giving up doubt, they meditate having gone beyond doubt, not undecided about skillful qualities, cleansing the mind of doubt.

စာ-၃၄၃

၄၂၆။ ‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော ဣဏံ အာဒါယ ကမ္မန္တေ ပယောဇေယျ။ တဿ တေ ကမ္မန္တာ သမိဇ္ဈေယျုံ [သမ္ပဇ္ဇေယျုံ (သျာ။ ကံ။ က။)]။ သော ယာနိ စ ပေါရာဏာနိ ဣဏမူလာနိ တာနိ စ ဗျန္တီ [ဗျန္တိံ (က။), ဗျန္တိ (ပီ။)] ကရေယျ, သိယာ စဿ ဥတ္တရိံ အဝသိဋ္ဌံ ဒါရဘရဏာယ။ တဿ ဧဝမဿ – ‘အဟံ ခေါ ပုဗ္ဗေ ဣဏံ အာဒါယ ကမ္မန္တေ ပယောဇေသိံ, တဿ မေ တေ ကမ္မန္တာ သမိဇ္ဈိံသု။ သောဟံ ယာနိ စ ပေါရာဏာနိ ဣဏမူလာနိ တာနိ စ ဗျန္တီ အကာသိံ, အတ္ထိ စ မေ ဥတ္တရိံ အဝသိဋ္ဌံ ဒါရဘရဏာယာ’တိ။ သော တတောနိဒါနံ လဘေထ ပါမောဇ္ဇံ, အဓိဂစ္ဆေယျ သောမနဿံ။

‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော အာဗာဓိကော အဿ ဒုက္ခိတော ဗာဠှဂိလာနော, ဘတ္တဉ္စဿ နစ္ဆာဒေယျ, န စဿ ကာယေ ဗလမတ္တာ။ သော အပရေန သမယေန တမှာ အာဗာဓာ မုစ္စေယျ, ဘတ္တဉ္စဿ ဆာဒေယျ, သိယာ စဿ ကာယေ ဗလမတ္တာ။ တဿ ဧဝမဿ – ‘အဟံ ခေါ ပုဗ္ဗေ အာဗာဓိကော အဟောသိံ ဒုက္ခိတော ဗာဠှဂိလာနော, ဘတ္တဉ္စ မေ နစ္ဆာဒေသိ, န စ မေ အာသိ ကာယေ ဗလမတ္တာ, သောမှိ ဧတရဟိ တမှာ အာဗာဓာ မုတ္တော, ဘတ္တဉ္စ မေ ဆာဒေတိ, အတ္ထိ စ မေ ကာယေ ဗလမတ္တာ’တိ။ သော တတောနိဒါနံ လဘေထ ပါမောဇ္ဇံ, အဓိဂစ္ဆေယျ သောမနဿံ။

‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော ဗန္ဓနာဂါရေ ဗဒ္ဓေါ အဿ။ သော အပရေန သမယေန တမှာ ဗန္ဓနာ မုစ္စေယျ သောတ္ထိနာ အဗ္ဘယေန [အဗျယေန (သီ။ ပီ။)], န စဿ ကိဉ္စိ ဘောဂါနံ ဝယော။ တဿ ဧဝမဿ – ‘အဟံ ခေါ ပုဗ္ဗေ ဗန္ဓနာဂါရေ ဗဒ္ဓေါ အဟောသိံ, သောမှိ ဧတရဟိ တမှာ ဗန္ဓနာ မုတ္တော, သောတ္ထိနာ အဗ္ဘယေန, နတ္ထိ စ မေ ကိဉ္စိ ဘောဂါနံ ဝယော’တိ။ သော တတောနိဒါနံ လဘေထ ပါမောဇ္ဇံ, အဓိဂစ္ဆေယျ သောမနဿံ။

‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော ဒါသော အဿ အနတ္တာဓီနော ပရာဓီနော န ယေနကာမံဂမော။ သော အပရေန သမယေန တမှာ ဒါသဗျာ မုစ္စေယျ အတ္တာဓီနော အပရာဓီနော ဘုဇိဿော ယေနကာမံဂမော။ တဿ ဧဝမဿ – ‘အဟံ ခေါ ပုဗ္ဗေ ဒါသော အဟောသိံ အနတ္တာဓီနော ပရာဓီနော န ယေနကာမံဂမော, သောမှိ ဧတရဟိ တမှာ ဒါသဗျာ မုတ္တော အတ္တာဓီနော အပရာဓီနော ဘုဇိဿော ယေနကာမံဂမော’တိ။ သော တတောနိဒါနံ လဘေထ ပါမောဇ္ဇံ, အဓိဂစ္ဆေယျ သောမနဿံ။

‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော သဓနော သဘောဂေါ ကန္တာရဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ [သီလက္ခန္ဓဝဂ္ဂပါဠိယာ ကိဉ္စိ ဝိသဒိသံ]။ သော အပရေန သမယေန တမှာ ကန္တာရာ နိတ္ထရေယျ သောတ္ထိနာ အဗ္ဘယေန, န စဿ ကိဉ္စိ ဘောဂါနံ ဝယော။ တဿ ဧဝမဿ – ‘အဟံ ခေါ ပုဗ္ဗေ သဓနော သဘောဂေါ ကန္တာရဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇိံ။ သောမှိ ဧတရဟိ တမှာ ကန္တာရာ နိတ္ထိဏ္ဏော သောတ္ထိနာ အဗ္ဘယေန, နတ္ထိ စ မေ ကိဉ္စိ ဘောဂါနံ ဝယော’တိ။ သော တတောနိဒါနံ လဘေထ ပါမောဇ္ဇံ, အဓိဂစ္ဆေယျ သောမနဿံ။

‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ယထာ ဣဏံ ယထာ ရောဂံ ယထာ ဗန္ဓနာဂါရံ ယထာ ဒါသဗျံ ယထာ ကန္တာရဒ္ဓါနမဂ္ဂံ, ဣမေ ပဉ္စ နီဝရဏေ အပ္ပဟီနေ အတ္တနိ သမနုပဿတိ။ သေယျထာပိ, ဘိက္ခဝေ, အာဏဏျံ ယထာ အာရောဂျံ ယထာ ဗန္ဓနာမောက္ခံ ယထာ ဘုဇိဿံ ယထာ ခေမန္တဘူမိံ၊ ဧဝမေဝ ဘိက္ခု ဣမေ ပဉ္စ နီဝရဏေ ပဟီနေ အတ္တနိ သမနုပဿတိ။

၄၂၆။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ကြွေးယူ၍ အလုပ်ကို လုပ်ကိုင်ရာ၏၊ ထိုသူ၏ထိုအလုပ်တို့သည် ဖွံ့ဖြိုးကုန်ရာ၏၊ ထိုသူသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရာ၏၊ ထိုသူအား သားမယားကြွေးမွေးရန်အလို့ငှါ အမြတ်လည်း ကျန်ရာ၏။ ထိုသူအား - “ငါသည် ရှေးက ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်၏၊ ထိုငါ့အား ထိုအလုပ်များ ဖွံ့ဖြိုးကုန်၏၊ ငါသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရ၏၊ ငါ့အား သားမယားကျွေးမွေးရန် အမြတ်လည်း ကျန်သေး၏” ဟု အကြံဖြစ်ရာ၏။ ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာ မကျန်းမာသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူအား ထမင်းကိုလည်း စားလိုစိတ် မရှိရာ၊ ထိုသူ၏ ကိုယ်၌ အားလည်း မရှိရာ၊ ထိုသူသည် နောင်အခါ၌ ထိုအနာရောဂါမှ လွတ်ရာ၏၊ ထိုသူသည် ထမင်းကိုလည်း နှစ့်သက်ရာ၏၊ ထိုသူ၏ ကိုယ်၌ အားလည်း ရှိရာ၏။ ထိုသူအား - “ငါသည် ရှေး၌ အနာရောဂါရှိသော ဆင်းရဲအနှိပ်စက်ခံနေရသော ပြင်းစွာမကျန်းမာသောသူ ဖြစ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် မရှိခဲ့၊ ငါ၏ ကိုယ်၌ အားလည်း မရှိခဲ့၊ ထိုငါသည် ယခုအခါ ထိုအနာရောဂါမှ လွတ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် ရှိ၏၊ ငါ၏ ကိုယ်၌ အားလည်း ရှိ၏” ဟုအကြံဖြစ်ရာ၏။ ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား နှောင်အိမ်၌ နှောင်ဖွဲ့ခံရသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည်နောင်အခါ၌ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာ ဘေးကင်းလျက် ချမ်းသာစွာ လွတ်ရာ၏၊ ထိုသူအားစည်းစိမ်အနည်း ငယ်မျှ ပျက်စီးခြင်းမရှိရာ၊ ထိုသူအား - “ငါသည် ရှေးက နှောင်အိမ်၌ နှောင်ဖွဲဲ့ခံခဲ့ရ၏၊ ထိုငါသည် ယခုအခါ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာဘေးကင်းလျက် လွတ်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိ” ဟု အကြံဖြစ်ရာ၏။ ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သောအလိုရှိရာသို့ မသွားနိုင်သော ကျွန်ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုကျွန်အဖြစ်မှလွတ်ရာ၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သော သူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သောလွတ်လပ်သူ ဖြစ်ရာ၏၊ ထိုသူအား - “ငါသည် ရှေး၌ (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သော အလိုရှိရာသို့ မသွားနိုင်သော ကျွန်ဖြစ်ခဲ့၏၊ ထိုငါသည် ယခုအခါ ထိုကျွန်အဖြစ်မှ လွတ်ခဲ့၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သောသူတစ်ပါးတို့ မစိုးပိုင်သော (ကျွန်အဖြစ်မှ) လွတ်မြောက်ပြီးသော အလိုရှိရာသို့ သွားနိုင်သူ ဖြစ်၏” ဟုအကြံဖြစ်ရာ၏။ ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ယောကျာ်းသည် ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ရာ၏၊ ထိုသူအား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိရာ၊ ထိုသူအား - “ငါသည် ရှေးက ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားခဲ့၏၊ ထိုငါသည် ယခု အခါထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်းမရှိ” ဟု အကြံဖြစ်ရာ၏။ ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဤအတူ ရဟန်းသည် မိမိ၌ မပယ်အပ်ကုန်သေးသော ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ကြွေးကဲ့သို့၊ အနာရောဂါကဲ့သို့၊ နှောင်အိမ်ကဲ့သို့၊ ကျွန်အဖြစ်ကဲ့သို့၊ ရှည်ဝေးသောခရီးခဲကဲ့သို့ကောင်းစွာ ရှု၏။ ရဟန်းတို့ ရဟန်းသည် အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်ပြီး ဖြစ်သည်တို့ကိုကြွေးကင်းသကဲ့သို့၊ အနာရောဂါကင်းသကဲ့သို့၊ နှောင်အိမ်မှ လွတ်သကဲ့သို့၊ (ကျွန်အဖြစ်မှ) လွတ်မြောက်သကဲ့သို့၊ ငြိမ်းချမ်း သာယာသောအရပ်သို့ ရောက်သကဲ့သို့ ဤအတူ ကောင်းစွာ ရှု၏။

Suppose a man who has gotten into debt were to apply himself to work, and his efforts proved successful. He would pay off the original loan and have enough left over to support his partner. Thinking about this, he’d be filled with joy and happiness. Suppose a person was sick, suffering, gravely ill. They’d lose their appetite and get physically weak. But after some time they’d recover from that illness, and regain their appetite and their strength. Thinking about this, they’d be filled with joy and happiness. Suppose a person was imprisoned in a jail. But after some time they were released from jail, safe and sound, with no loss of wealth. Thinking about this, they’d be filled with joy and happiness. Suppose a person was a bondservant. They would not be their own master, but indentured to another, unable to go where they wish. But after some time they’d be freed from servitude. They would be their own master, not indentured to another, a freeman able to go where they wish. Thinking about this, they’d be filled with joy and happiness. Suppose there was a person with wealth and property who was traveling along a desert road. But after some time they crossed over the desert, safe and sound, with no loss of wealth. Thinking about this, they’d be filled with joy and happiness. In the same way, as long as these five hindrances are not given up inside themselves, a mendicant regards them as a debt, a disease, a prison, slavery, and a desert crossing. But when these five hindrances are given up inside themselves, a mendicant regards this as freedom from debt, good health, release from prison, emancipation, and a place of sanctuary at last.

၄၂၇။ ‘‘သော ဣမေ ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ, ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ, သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော ဣမမေဝ ကာယံ ဝိဝေကဇေန ပီတိသုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ဝိဝေကဇေန ပီတိသုခေန အပ္ဖုဋံ ဟောတိ။ သေယျထာပိ, ဘိက္ခဝေ, ဒက္ခော နှာပကော [နဟာပကော (သီ။ သျာ။ ကံ။ ပီ။)] ဝါ နှာပကန္တေဝါသီ ဝါ ကံသထာလေ နှာနီယစုဏ္ဏာနိ [နဟာနီယစုဏ္ဏာနိ (သီ။ သျာ။ ကံ။ ပီ။)] အာကိရိတွာ ဥဒကေန ပရိပ္ဖေါသကံ ပရိပ္ဖေါသကံ သန္နေယျ။ သာယံ နှာနီယပိဏ္ဍိ သ္နေဟာနုဂတာ သ္နေဟပရေတာ သန္တရဗာဟိရာ, ဖုဋာ သ္နေဟေန န စ ပဂ္ဃရိဏီ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣမမေဝ ကာယံ ဝိဝေကဇေန ပီတိသုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ဝိဝေကဇေန ပီတိသုခေန အပ္ဖုဋံ ဟောတိ။

၄၂၇။ ထိုရဟန်းသည် စိတ်ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင့်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ် စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံးမပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။ ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း၊ ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်အခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ ယိုကျခြင်းလည်း မရှိ။ ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

They give up these five hindrances, corruptions of the heart that weaken wisdom. Then, quite secluded from sensual pleasures, secluded from unskillful qualities, they enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. They drench, steep, fill, and spread themselves with rapture and bliss born of seclusion. There’s no part of the body that’s not spread with rapture and bliss born of seclusion. It’s like when a deft bathroom attendant or their apprentice pours bath powder into a bronze dish, sprinkling it little by little with water. They knead it until the ball of bath powder is soaked and saturated with moisture, spread through inside and out; yet no moisture oozes out. In the same way, a mendicant drenches, steeps, fills, and spreads themselves with rapture and bliss born of seclusion. There’s no part of the body that’s not spread with rapture and bliss born of seclusion.

စာ-၃၄၅

၄၂၈။ ‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော ဣမမေဝ ကာယံ သမာဓိဇေန ပီတိသုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ သမာဓိဇေန ပီတိသုခေန အပ္ဖုဋံ ဟောတိ။ သေယျထာပိ, ဘိက္ခဝေ, ဥဒကရဟဒေါ ဥဗ္ဘိဒေါဒကော [ဥဗ္ဘိတောဒကော (က။)]။ တဿ နေဝဿ ပုရတ္ထိမာယ ဒိသာယ ဥဒကဿ အာယမုခံ, န ပစ္ဆိမာယ ဒိသာယ ဥဒကဿ အာယမုခံ, န ဥတ္တရာယ ဒိသာယ ဥဒကဿ အာယမုခံ, န ဒက္ခိဏာယ ဒိသာယ ဥဒကဿ အာယမုခံ, ဒေဝေါ စ န ကာလေန ကာလံ သမ္မာဓာရံ အနုပ္ပဝေစ္ဆေယျ။ အထ ခေါ တမှာဝ ဥဒကရဟဒါ သီတာ ဝါရိဓာရာ ဥဗ္ဘိဇ္ဇိတွာ တမေဝ ဥဒကရဟဒံ သီတေန ဝါရိနာ အဘိသန္ဒေယျ ပရိသန္ဒေယျ ပရိပူရေယျ ပရိပ္ဖရေယျ, နာဿ ကိဉ္စိ သဗ္ဗာဝတော ဥဒကရဟဒဿ သီတေန ဝါရိနာ အပ္ဖုဋံ အဿ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣမမေဝ ကာယံ သမာဓိဇေန ပီတိသုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ သမာဓိဇေန ပီတိသုခေန အပ္ဖုဋံ ဟောတိ။

၄၂၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။ ရဟန်းတို့ ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအယဥ်သည် စိမ့်ထွက်၍ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံစိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသောရေဖြင့် ထိုရေအိုင် တစ်ခုလုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။ ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

Furthermore, as the placing of the mind and keeping it connected are stilled, a mendicant enters and remains in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. They drench, steep, fill, and spread themselves with rapture and bliss born of immersion. There’s no part of the body that’s not spread with rapture and bliss born of immersion. It’s like a deep lake fed by spring water. There’s no inlet to the east, west, north, or south, and the heavens would not properly bestow showers from time to time. But the stream of cool water welling up in the lake drenches, steeps, fills, and spreads throughout the lake. There’s no part of the lake that’s not spread through with cool water. In the same way, a mendicant drenches, steeps, fills, and spreads themselves with rapture and bliss born of immersion. There’s no part of the body that’s not spread with rapture and bliss born of immersion.

၄၂၉။ ‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ, သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေတိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော ဣမမေဝ ကာယံ နိပ္ပီတိကေန သုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ နိပ္ပီတိကေန သုခေန အပ္ဖုဋံ ဟောတိ။ သေယျထာပိ, ဘိက္ခဝေ, ဥပ္ပလိနိယံ ဝါ ပဒုမိနိယံ ဝါ ပုဏ္ဍရီကိနိယံ ဝါ အပ္ပေကစ္စာနိ ဥပ္ပလာနိ ဝါ ပဒုမာနိ ဝါ ပုဏ္ဍရီကာနိ ဝါ ဥဒကေ ဇာတာနိ ဥဒကေ သံဝဍ္ဎာနိ ဥဒကာနုဂ္ဂတာနိ အန္တောနိမုဂ္ဂပေါသီနိ, တာနိ ယာဝ စဂ္ဂါ ယာဝ စ မူလာ သီတေန ဝါရိနာ အဘိသန္နာနိ ပရိသန္နာနိ ပရိပူရာနိ ပရိပ္ဖုဋာနိ, နာဿ [န နေသံ (သီ။)] ကိဉ္စိ သဗ္ဗာဝတံ ဥပ္ပလာနံ ဝါ ပဒုမာနံ ဝါ ပုဏ္ဍရီကာနံ ဝါ သီတေန ဝါရိနာ အပ္ဖုဋံ အဿ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣမမေဝ ကာယံ နိပ္ပီတိကေန သုခေန အဘိသန္ဒေတိ ပရိသန္ဒေတိ ပရိပူရေတိ ပရိပ္ဖရတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ နိပ္ပီတိကေန သုခေန အပ္ဖုဋံ ဟောတိ။

၄၂၉။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သက်ခြင်း ‘ပီတိ’ကိိုလည်း မစွဲမက်ခြင်း ကြောင့်သတိ, သမ္ပဇဥ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ ရှိသူ” ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။ ရဟန်းတို့ ဥပမာသော်ကား ဥပ္ပလ (ဖြူ နီ ညို) ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလ (ဖြူ နီ ညို) ကြာအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာအချို့တို့သည်လည်းကောင်း၊ ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီး ပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည်အဖျား အရင်းတိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထို့ပ္ပလ (ဖြူ နီ ညို) ကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ အစိတ်အပိုင်းအလုံးစုံ၌ အေးမြသောရေဖြင့် မပျံ့နှံ့ သော နေရာအနည်းငယ်မျှ မရှိရာ။ ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသောချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

Furthermore, with the fading away of rapture, a mendicant enters and remains in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ They drench, steep, fill, and spread themselves with bliss free of rapture. There’s no part of the body that’s not spread with bliss free of rapture. It’s like a pool with blue water lilies, or pink or white lotuses. Some of them sprout and grow in the water without rising above it, thriving underwater. From the tip to the root they’re drenched, steeped, filled, and soaked with cool water. There’s no part of them that’s not soaked with cool water. In the same way, a mendicant drenches, steeps, fills, and spreads themselves with bliss free of rapture. There’s no part of the body that’s not spread with bliss free of rapture.

စာ-၃၄၆

၄၃၀။ ‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော ဣမမေဝ ကာယံ ပရိသုဒ္ဓေန စေတသာ ပရိယောဒါတေန ဖရိတွာ နိသိန္နော ဟောတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ပရိသုဒ္ဓေန စေတသာ ပရိယောဒါတေန အပ္ဖုဋံ ဟောတိ။ သေယျထာပိ, ဘိက္ခဝေ, ပုရိသော ဩဒါတေန ဝတ္ထေန သသီသံ ပါရုပေတွာ နိသိန္နော အဿ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ဩဒါတေန ဝတ္ထေန အပ္ဖုဋံ အဿ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣမမေဝ ကာယံ ပရိသုဒ္ဓေန စေတသာ ပရိယောဒါတေန ဖရိတွာ နိသိန္နော ဟောတိ, နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ပရိသုဒ္ဓေန စေတသာ ပရိယောဒါတေန အပ္ဖုဋံ ဟောတိ။

၄၃၀။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့််ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဖြူသောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ ဖြူသောအဝတ်ဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။ ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ စင်ကြယ်တောက်ပသော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

Furthermore, with the giving up of pleasure and pain and the disappearance of former happiness and sadness, a mendicant enters and remains in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. They sit spreading their body through with pure bright mind. There’s no part of the body that’s not spread with pure bright mind. It’s like someone sitting wrapped from head to foot with white cloth. There’s no part of the body that’s not spread over with white cloth. In the same way, they sit spreading their body through with pure bright mind. There’s no part of the body that’s not spread with pure bright mind.

၄၃၁။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ, ဒွေပိ ဇာတိယော…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ သေယျထာပိ, ဘိက္ခဝေ, ပုရိသော သကမှာ ဂါမာ အညံ ဂါမံ ဂစ္ဆေယျ, တမှာပိ ဂါမာ အညံ ဂါမံ ဂစ္ဆေယျ, သော တမှာ ဂါမာ သကံယေဝ ဂါမံ ပစ္စာဂစ္ဆေယျ။ တဿ ဧဝမဿ – ‘အဟံ ခေါ သကမှာ ဂါမာ အမုံ ဂါမံ အဂစ္ဆိံ [အဂစ္ဆိံ (သီ။ သျာ။ ကံ။ ပီ။)], တတြပိ ဧဝံ အဋ္ဌာသိံ ဧဝံ နိသီဒိံ ဧဝံ အဘာသိံ ဧဝံ တုဏှီ အဟောသိံ၊ တမှာပိ ဂါမာ အမုံ ဂါမံ အဂစ္ဆိံ, တတြပိ ဧဝံ အဋ္ဌာသိံ ဧဝံ နိသီဒိံ ဧဝံ အဘာသိံ ဧဝံ တုဏှီ အဟောသိံ၊ သောမှိ တမှာ ဂါမာ သကံယေဝ ဂါမံ ပစ္စာဂတော’တိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။

၄၃၁။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ် အလို့ငှါ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည်များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်းတစ်ပါးသော ရွာသို့ သွားရာ၏၊ ထို (ယောကျာ်း) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏။ ထိုယောကျာ်းအား - “ငါသည် မိမိရွာမှ ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုရွာမှလည်း ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုငါသည်ထို ရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏” ဟု (စိတ်အမှတ်အသားဖြစ်ရာ၏)။ ရဟန်းတို့ ဤအတူ ရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့လျှင် အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။

When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward recollection of past lives. They recollect many kinds of past lives, with features and details. Suppose a person was to leave their home village and go to another village. From that village they’d go to yet another village. And from that village they’d return to their home village. They’d think: ‘I went from my home village to another village. There I stood like this, sat like that, spoke like this, or kept silent like that. From that village I went to yet another village. There too I stood like this, sat like that, spoke like this, or kept silent like that. And from that village I returned to my home village.’ In the same way, a mendicant recollects their many kinds of past lives, with features and details.

၄၃၂။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ, သုဂတေ ဒုဂ္ဂတေ, ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ…ပေ… သေယျထာပိ, ဘိက္ခဝေ, ဒွေ အဂါရာ သဒွါရာ [သန္နဒွါရာ (က။)]။ တတ္ထ စက္ခုမာ ပုရိသော မဇ္ဈေ ဌိတော ပဿေယျ မနုဿေ ဂေဟံ ပဝိသန္တေပိ နိက္ခမန္တေပိ, အနုစင်္ကမန္တေပိ အနုဝိစရန္တေပိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ, သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ…ပေ…။

၄၃၂။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ့်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ ရဟန်းတို့ ဥပမာသော်ကား မျက်နှာချင်းဆိုင် တံခါးရှိသော အိမ်နှစ်ဆောင်တို့သည် ရှိကုန်ရာ၏။ ထိုအိမ်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် အလယ်၌ ရပ်တည်လျက် အိမ်သို့ ဝင်ကုန်သော အိမ်မှထွက်ကုန်သော လမ်းမ၌ လမ်လျှောက်သွားလာကုန်သော လှည့်လည်ကုန်သော လူတို့ကို ရှုမြင်ရာ၏။ ရဟန်းတို့ ဤအတူ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သောနတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကိုသိ၏။ပ။

When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds. Suppose there were two houses with doors. A person with clear eyes standing in between them would see humans entering and leaving a house and wandering to and fro. In the same way, with clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds.

စာ-၃၄၇

၄၃၃။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ ‘ဣမေ အာသဝါ’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။

‘‘သေယျထာပိ, ဘိက္ခဝေ, ပဗ္ဗတသင်္ခေပေ ဥဒကရဟဒေါ အစ္ဆော ဝိပ္ပသန္နော အနာဝိလော။ တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော ပဿေယျ သိပ္ပိသမ္ဗုကမ္ပိ [သိပ္ပိကသမ္ဗုကမ္ပိ (သျာ။ ကံ။ က။)] သက္ခရကထလမ္ပိ မစ္ဆဂုမ္ဗမ္ပိ, စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။ တဿ ဧဝမဿ – ‘အယံ ခေါ ဥဒကရဟဒေါ အစ္ဆော ဝိပ္ပသန္နော အနာဝိလော။ တတြိမေ သိပ္ပိသမ္ဗုကာပိ သက္ခရကထလာပိ မစ္ဆဂုမ္ဗာပိ စရန္တိပိ တိဋ္ဌန္တိပီတိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

၄၃၃။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော ‘အာသဝက္ခယ’ဉာဏ် အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန် သော အတိုင်း သိ၏၊ ဤကားဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက် ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကားအာသဝေါတရားတို့ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါ တရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ သို့ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ် မြောက်၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ်မြောက်ပြီ” ဟု အသိဥာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိ၏။ ရဟန်းတို့ ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည်ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွား ကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြသည်ကို မြင်ရာ၏၊ ထိုယောကျာ်းအား - “ဤရေအိုင်သည် ကြည်လင်သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြ၏” ဟု အကြံဖြစ်ရာ၏။ ရဟန်းတို့ ဤအတူ ဤကား ဆင်းရဲတည်းဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ ဤမဂ်ကိစ္စ အလို့ငှာတစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။

When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the ending of defilements. They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ They truly understand: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements.’ Knowing and seeing like this, their mind is freed from the defilements of sensuality, desire to be reborn, and ignorance. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ Suppose that in a mountain glen there was a lake that was transparent, clear, and unclouded. A person with clear eyes standing on the bank would see the clams and mussels, pebbles and gravel, and schools of fish swimming about or staying still. They’d think: ‘This lake is transparent, clear, and unclouded. And here are the clams and mussels, pebbles and gravel, and schools of fish swimming about or staying still.’ In the same way, a mendicant truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ They understand: ‘… there is nothing further for this place.’

၄၃၄။ ‘‘အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု ‘သမဏော’ ဣတိပိ ‘ဗြာဟ္မဏော’ဣတိပိ ‘နှာတကော’ဣတိပိ ‘ဝေဒဂူ’ဣတိပိ ‘သောတ္တိယော’ဣတိပိ ‘အရိယော’ဣတိပိ ‘အရဟံ’ဣတိပိ။ ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု သမဏော ဟောတိ? သမိတာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သမဏော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဗြာဟ္မဏော ဟောတိ? ဗာဟိတာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဗြာဟ္မဏော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု နှာတကော [နဟာတကော (သီ။ သျာ။ ကံ။ ပီ။)] ဟောတိ? နှာတာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု နှာတကော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝေဒဂူ ဟောတိ? ဝိဒိတာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝေဒဂူ ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု သောတ္တိယော ဟောတိ? နိဿုတာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သောတ္တိယော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု အရိယော ဟောတိ? အာရကာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု အရိယော ဟောတိ။

‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု အရဟံ ဟောတိ? အာရကာဿ ဟောန္တိ ပါပကာ အကုသလာ ဓမ္မာ, သံကိလေသိကာ, ပေါနောဗ္ဘဝိကာ, သဒရာ, ဒုက္ခဝိပါကာ, အာယတိံ, ဇာတိဇရာမရဏိယာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု အရဟံ ဟောတီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာအဿပုရသုတ္တံ နိဋ္ဌိတံ နဝမံ။

၄၃၄။ ရဟန်းတို့ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း၊ ရေချိုးပြီးသူဟူ၍လည်းကောင်း၊ သိပြီးသူဟူ၍လည်းကောင်း၊ (ကိလေသာတို့ကို) ညှဥ်းဆဲပြီးသူဟူ၍လည်းကောင်း၊ (ကိလေသာတို့မှ) ဝေးသူဟူ၍လည်းကောင်း၊ ရဟန္တာဟူ၍လည်းကောင်း ဆိုရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သမဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကိုငြိမ်းပြီးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘သမဏ’ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ဗြာဟ္မဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန် သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို အပပြုပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်း သည် ‘ဗြာဟ္မဏ’ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို မဂ်ရေစင်ဖြင့် ချိုးအပ်ပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သိပြီးသူ’ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို သိထားပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ‘သိပြီးသူ’ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ညှဥ်းဆဲပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ် ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ညှဥ်းဆဲပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ညှဥ်းဆဲပြီးသူ’ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်သနည်း။ ထိုရဟန်းအားပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့် တကွဆင်းရဲခြင်း အကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရဟန္တာ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ရဟန္တာ’ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ ကိုးခုမြောက် မဟာအဿပုရသုတ်ပြီး၏။

This mendicant is one who is called an ‘ascetic’, a ‘brahmin’, a ‘bathed initiate’, a ‘knowledge master’, a ‘scholar’, a ‘noble one’, and also a ‘perfected one’. And how is a mendicant an ascetic? They have assuaged the bad, unskillful qualities that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death. That’s how a mendicant is an ascetic. And how is a mendicant a brahmin? They have banished the bad, unskillful qualities. That’s how a mendicant is a brahmin. And how is a mendicant a bathed initiate? They have bathed off the bad, unskillful qualities. That’s how a mendicant is a bathed initiate. And how is a mendicant a knowledge master? They have known the bad, unskillful qualities. That’s how a mendicant is a knowledge master. And how is a mendicant a scholar? They have scoured off the bad, unskillful qualities. That’s how a mendicant is a scholar. And how is a mendicant a noble one? They have nobbled their foes, the bad, unskillful qualities. That’s how a mendicant is a noble one. And how is a mendicant a perfected one? They are impeccably remote from the bad, unskillful qualities that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death. That’s how a mendicant is a perfected one.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

စာ-၃၄၉

၁၀။ စူဠအဿပုရသုတ္တံ

၄၃၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အင်္ဂေသု ဝိဟရတိ အဿပုရံ နာမ အင်္ဂါနံ နိဂမော။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘သမဏာ သမဏာတိ ဝေါ, ဘိက္ခဝေ, ဇနော သဉ္ဇာနာတိ။ တုမှေ စ ပန ‘ကေ တုမှေ’တိ ပုဋ္ဌာ သမာနာ ‘သမဏာမှာ’တိ ပဋိဇာနာထ။ တေသံ ဝေါ, ဘိက္ခဝေ, ဧဝံသမညာနံ သတံ ဧဝံပဋိညာနံ သတံ – ‘ယာ သမဏသာမီစိပ္ပဋိပဒါ တံ ပဋိပဇ္ဇိဿာမ၊ ဧဝံ နော အယံ အမှာကံ သမညာ စ သစ္စာ ဘဝိဿတိ ပဋိညာ စ ဘူတာ၊ ယေသဉ္စ မယံ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ ပရိဘုဉ္ဇာမ, တေသံ တေ ကာရာ အမှေသု မဟပ္ဖလာ ဘဝိဿန္တိ မဟာနိသံသာ, အမှာကဉ္စေဝါယံ ပဗ္ဗဇ္ဇာ အဝဉ္ဈာ ဘဝိဿတိ သဖလာ သဥဒြယာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

၁၀ - စူဠအဿပုရသုတ် ၄၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ ရဟန်းတို့ လူအပေါင်းက သင်တို့ကို “ရဟန်း ရဟန်း” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးကုန်သော် “ရဟန်းများဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကိုကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့် ဝန်ခံခြင်းသည်လည်း အမှန်အဟုတ် ဖြစ်လတ္တံ့၊ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း အိပ်ရာနေရာကျောင်း သူနာ၏ အထောက်အပံ့ဆေးအဆောက် အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့သည်များသောအကျိုး များသော အာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်းမမြုံဘဲ အကျိုးများ၍ တိုးပွားခြင်း ရှိသည် ဖြစ်လတ္တံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ကြံ အားထုတ်ရမည်။

Middle Discourses 40 The Shorter Discourse at Assapura So I have heard. At one time the Buddha was staying in the land of the Aṅgas, near the Aṅgan town named Assapura. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, people label you as ascetics. And when they ask you what you are, you claim to be ascetics. Given this label and this claim, you should train like this: ‘We will practice in the way that is proper for an ascetic. That way our label will be accurate and our claim correct. The services of those whose robes, almsfood, lodgings, and medicines and supplies for the sick we enjoy shall be very fruitful and beneficial for them. And our going forth will not be barren, but will be fruitful and fertile.’

၄၃၆။ ‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု န သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော ဟောတိ? ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုနော အဘိဇ္ဈာလုဿ အဘိဇ္ဈာ အပ္ပဟီနာ ဟောတိ, ဗျာပန္နစိတ္တဿ ဗျာပါဒေါ အပ္ပဟီနော ဟောတိ, ကောဓနဿ ကောဓော အပ္ပဟီနော ဟောတိ, ဥပနာဟိဿ ဥပနာဟော အပ္ပဟီနော ဟောတိ, မက္ခိဿ မက္ခော အပ္ပဟီနော ဟောတိ, ပဠာသိဿ ပဠာသော အပ္ပဟီနော ဟောတိ, ဣဿုကိဿ ဣဿာ အပ္ပဟီနာ ဟောတိ, မစ္ဆရိဿ မစ္ဆရိယံ အပ္ပဟီနံ ဟောတိ, သဌဿ သာဌေယျံ အပ္ပဟီနံ ဟောတိ, မာယာဝိဿ မာယာ အပ္ပဟီနာ ဟောတိ, ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ အပ္ပဟီနာ ဟောတိ, မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ အပ္ပဟီနာ ဟောတိ – ဣမေသံ ခေါ အဟံ, ဘိက္ခဝေ, သမဏမလာနံ သမဏဒေါသာနံ သမဏကသဋာနံ အာပါယိကာနံ ဌာနာနံ ဒုဂ္ဂတိဝေဒနိယာနံ အပ္ပဟာနာ ‘န သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော’တိ ဝဒါမိ။ သေယျထာပိ, ဘိက္ခဝေ, မတဇံ နာမ အာဝုဓဇာတံ ဥဘတောဓာရံ ပီတနိသိတံ။ တဒဿ သံဃာဋိယာ သမ္ပာရုတံ သမ္ပလိဝေဌိတံ။ တထူပမာဟံ, ဘိက္ခဝေ, ဣမဿ ဘိက္ခုနော ပဗ္ဗဇ္ဇံ ဝဒါမိ။

၄၃၆။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်သနည်း။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ ကို မပယ်၊ ဖျက်ဆီးလိုသောစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို မပယ်၊ အမျက်ထွက် လေ့ရှိလျက် အမျက်ထွက်ခြင်း ‘ကောဓ’ကို မပယ်၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲဲ့ခြင်း ‘ဥပနာဟ’ ကို မပယ်၊ ဂုဏ်ကျေးဇူးချေဖျက်ခြင်း ရှိလျက် ဂုဏ်ကျေးဇူးချေဖျက်ခြင်း ‘မက္ခ’ ကို မပယ်၊ ဂုဏ်ပြိုင်ခြင်း ရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို မပယ်၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ ကိုမပယ်၊ ဝန်တိုခြင်းရှိလျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို မပယ်၊ စဥ်းလဲကောက်ကျစ်သူဖြစ်လျက်စဥ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို မပယ်၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ’ ကိုမပယ်၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ ကို မပယ်၊ မှားသောအယူရှိသူဖြစ်လျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ကို မပယ်၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သော မကောင်းရာဘုံဘဝ၌ခံစား ရခြင်းရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ, ဤရဟန်းအမှိုက်တို့ကိုမပယ်ခြင်းကြောင့် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်” ဟု ငါ ဟောကြား၏။ ရဟန်းတို့ရေနှင့် သွေးထားသော နှစ်ဖက် အသွားရှိသော မတဇ (ငှက်သေမှဖြစ်သော) လက်နက်မည်သောလက်နက်မျိုးကို သားရေအိမ်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ပိတ်ဆို့ထားသကဲ့သို့ ငါသည် ဤရဟန်း၏ရဟန်းအဖြစ်ကို ထို လက်နက်မျိုးလျှင် ဥပမာရှိ၏ဟု ဟောကြား၏။

And how does a mendicant not practice in the way that is proper for an ascetic? Any mendicant who has not given up covetousness, ill will, irritability, acrimony, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view is not practicing in the way that is proper for an ascetic, I say. And that is due to not giving up these stains, defects, and dregs of an ascetic, these grounds for rebirth in places of loss, to be experienced in bad places. I say that such a mendicant’s going forth may be compared to the kind of weapon called ‘deadborn’—double-edged, whetted with yellow arsenic—that has been covered and wrapped in an outer robe.

၄၃၇။ ‘‘နာဟံ, ဘိက္ခဝေ, သံဃာဋိကဿ သံဃာဋိဓာရဏမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, အစေလကဿ အစေလကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ရဇောဇလ္လိကဿ ရဇောဇလ္လိကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ဥဒကောရောဟကဿ ဥဒကောရောဟဏမတ္တေန [ဥဒကောရောဟကမတ္တေန (သီ။ ပီ။)] သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ရုက္ခမူလိကဿ ရုက္ခမူလိကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, အဗ္ဘောကာသိကဿ အဗ္ဘောကာသိကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ဥဗ္ဘဋ္ဌကဿ ဥဗ္ဘဋ္ဌကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ပရိယာယဘတ္တိကဿ ပရိယာယဘတ္တိကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, မန္တဇ္ဈာယကဿ မန္တဇ္ဈာယကမတ္တေန သာမညံ ဝဒါမိ။ နာဟံ, ဘိက္ခဝေ, ဇဋိလကဿ ဇဋာဓာရဏမတ္တေန သာမညံ ဝဒါမိ။

‘‘သံဃာဋိကဿ စေ, ဘိက္ခဝေ, သံဃာဋိဓာရဏမတ္တေန အဘိဇ္ဈာလုဿ အဘိဇ္ဈာ ပဟီယေထ, ဗျာပန္နစိတ္တဿ ဗျာပါဒေါ ပဟီယေထ, ကောဓနဿ ကောဓော ပဟီယေထ, ဥပနာဟိဿ ဥပနာဟော ပဟီယေထ, မက္ခိဿ မက္ခော ပဟီယေထ, ပဠာသိဿ ပဠာသော ပဟီယေထ, ဣဿုကိဿ ဣဿာ ပဟီယေထ, မစ္ဆရိဿ မစ္ဆရိယံ ပဟီယေထ, သဌဿ သာဌေယျံ ပဟီယေထ, မာယာဝိဿ မာယာ ပဟီယေထ, ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ ပဟီယေထ, မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ ပဟီယေထ, တမေနံ မိတ္တာမစ္စာ ဉာတိသာလောဟိတာ ဇာတမေဝ နံ သံဃာဋိကံ ကရေယျုံ, သံဃာဋိကတ္တမေဝ [သံဃာဋီကတ္တေ စေဝ (က။)] သမာဒပေယျုံ – ‘ဧဟိ တွံ, ဘဒြမုခ, သံဃာဋိကော ဟောဟိ, သံဃာဋိကဿ တေ သတော သံဃာဋိဓာရဏမတ္တေန အဘိဇ္ဈာလုဿ အဘိဇ္ဈာ ပဟီယိဿတိ, ဗျာပန္နစိတ္တဿ ဗျာပါဒေါ ပဟီယိဿတိ, ကောဓနဿ ကောဓော ပဟီယိဿတိ, ဥပနာဟိဿ ဥပနာဟော ပဟီယိဿတိ, မက္ခိဿ မက္ခော ပဟီယိဿတိ, ပဠာသိဿ ပဠာသော ပဟီယိဿတိ, ဣဿုကိဿ ဣဿာ ပဟီယိဿတိ, မစ္ဆရိဿ မစ္ဆရိယံ ပဟီယိဿတိ, သဌဿ သာဌေယျံ ပဟီယိဿတိ, မာယာဝိဿ မာယာ ပဟီယိဿတိ, ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ ပဟီယိဿတိ, မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ ပဟီယိဿတီ’တိ။ ယသ္မာ စ ခေါ အဟံ, ဘိက္ခဝေ, သံဃာဋိကမ္ပိ ဣဓေကစ္စံ ပဿာမိ အဘိဇ္ဈာလုံ ဗျာပန္နစိတ္တံ ကောဓနံ ဥပနာဟိံ မက္ခိံ ပဠာသိံ ဣဿုကိံ မစ္ဆရိံ သဌံ မာယာဝိံ ပါပိစ္ဆံ မိစ္ဆာဒိဋ္ဌိကံ, တသ္မာ န သံဃာဋိကဿ သံဃာဋိဓာရဏမတ္တေန သာမညံ ဝဒါမိ။

‘‘အစေလကဿ စေ, ဘိက္ခဝေ…ပေ… ရဇောဇလ္လိကဿ စေ, ဘိက္ခဝေ…ပေ… ဥဒကောရောဟကဿ စေ, ဘိက္ခဝေ…ပေ… ရုက္ခမူလိကဿ စေ, ဘိက္ခဝေ…ပေ… အဗ္ဘောကာသိကဿ စေ, ဘိက္ခဝေ…ပေ… ဥဗ္ဘဋ္ဌကဿ စေ, ဘိက္ခဝေ…ပေ… ပရိယာယဘတ္တိကဿ စေ, ဘိက္ခဝေ…ပေ… မန္တဇ္ဈာယကဿ စေ, ဘိက္ခဝေ…ပေ… ဇဋိလကဿ စေ, ဘိက္ခဝေ, ဇဋာဓာရဏမတ္တေန အဘိဇ္ဈာလုဿ အဘိဇ္ဈာ ပဟီယေထ, ဗျာပန္နစိတ္တဿ ဗျာပါဒေါ ပဟီယေထ, ကောဓနဿ ကောဓော ပဟီယေထ, ဥပနာဟိဿ ဥပနာဟော ပဟီယေထ, မက္ခိဿ မက္ခော ပဟီယေထ, ပဠာသိဿ ပဠာသော ပဟီယေထ, ဣဿုကိဿ ဣဿာ ပဟီယေထ, မစ္ဆရိဿ မစ္ဆရိယံ ပဟီယေထ, သဌဿ သာဌေယျံ ပဟီယေထ, မာယာဝိဿ မာယာ ပဟီယေထ, ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ ပဟီယေထ, မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ ပဟီယေထ, တမေနံ မိတ္တာမစ္စာ ဉာတိသာလောဟိတာ ဇာတမေဝ နံ ဇဋိလကံ ကရေယျုံ, ဇဋိလကတ္တမေဝ [ဇဋိလကတ္တေ စေဝ (က။)] သမာဒပေယျုံ – ‘ဧဟိ တွံ, ဘဒြမုခ, ဇဋိလကော ဟောဟိ, ဇဋိလကဿ တေ သတော ဇဋာဓာရဏမတ္တေန အဘိဇ္ဈာလုဿ အဘိဇ္ဈာ ပဟီယိဿတိ ဗျာပန္နစိတ္တဿ ဗျာပါဒေါ ပဟီယိဿတိ, ကောဓနဿ ကောဓော ပဟီယိဿတိ…ပေ… ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ ပဟီယိဿတိ မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ ပဟီယိဿတီ’တိ။ ယသ္မာ စ ခေါ အဟံ, ဘိက္ခဝေ, ဇဋိလကမ္ပိ ဣဓေကစ္စံ ပဿာမိ အဘိဇ္ဈာလုံ ဗျာပန္နစိတ္တံ ကောဓနံ ဥပနာဟိံ မက္ခိံ ပလာသိံ ဣဿုကိံ မစ္ဆရိံ သဌံ မာယာဝိံ ပါပိစ္ဆံ မိစ္ဆာဒိဋ္ဌိံ, တသ္မာ န ဇဋိလကဿ ဇဋာဓာရဏမတ္တေန သာမညံ ဝဒါမိ။

၄၃၇။ ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ အဝတ်မဝတ်သူအား အဝတ်မဝတ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါမဟောပေ။ ရဟန်းတို့ မြူအညစ်အကြေးဆောင်သူအား မြူအညစ်အကြေး ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ရေသို့ သက်ဆင်းသူအား ရေသို့ သက်ဆင်းရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား သစ်ပင်ရင်း၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား လွင်တီးခေါင်၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား မတ်မတ်ရပ်တည်ရုံမျှဖြင့် ရဟန်းအဖြစ်ကိုငါ မဟောပေ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား အလှည့်ဖြင့် စားရုံမျှဖြင့် ရဟန်းအဖြစ်ကို့ငါ မဟောပေ။ ရဟန်းတို့ ဗေဒင်မန္တာန်ကို သရဇ္စျာယ်သူအား ဗေဒင် မန္တာန်ကို သရဇ္စျာယ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကိုငါမဟောပေ။ ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဖျက်ဆီးလိုသော စိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ’သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိ လျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဥ်းလဲကောက်ကျစ်သူဖြစ်လျက် စဥ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ’သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက်အလိုဆိုး ‘ပါပိစ္ဆာ’ သည် အကယ်၍ ပျောက် ငြားအံ့၊ မှားသောအယူရှိလျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားခြင်းချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံ ပေးကုန်ရာ၏။ “ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူ ဖြစ်လော့၊ ချုပ်စပ်ထားသော အဝတ်ဆောင်သူဖြစ်သော သင့်အား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ သည် ပျောက်လတ္တံ့၊ ဖျက်ဆီးလိုစိတ် ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲဲ့ခြင်း ‘ဥပနာဟ’ သည် ပျောက်လတ္တံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ သည် ပျောက်လတ္တံ့၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’သည် ပျောက်လတ္တံ့၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ သည်ပျောက်လတ္တံ့၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ’သည် ပျောက်လတ္တံ့၊ စဥ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဥ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် ပျောက်လတ္တံ့၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ’ သည် ပျောက်လတ္တံ့၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ မှားသောအယူရှိခဲ့သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ သည် ပျောက်လတ္တံ့” ဟု ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံမှုကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။ ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဥ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ အဝတ်မဝတ်သူအား။ပ။ ရဟန်းတို့ မြူအညစ်အကြေး ရှိသူအား။ပ။ ရဟန်းတို့ ရေသို့သက်ဆင်းသူအား။ပ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား။ပ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား။ပ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား။ပ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား။ပ။ ရဟန်းတို့ ဗေဒင်မန္တာန် သရဇ္စျာယ်သူအား။ပ။ ရဟန်းတို့ ဆံကျစ်ရှိသူအား အကယ်၍ ဆံကျစ်ကိုဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ဖျက်ဆီးလိုစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ’သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိ လျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဥ်းလဲကောက်ကျစ်ခြင်းရှိလျက် စဥ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက်လှည့်ပတ်ခြင်း ‘မာယာ’သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ သည်အကယ်၍ ပျောက် ငြားအံ့၊ အယူမှားခြင်းရှိလျက် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည် အကယ်၍ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်း အသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားချင်းဆံကျစ်ရှိသူဖြစ်အောင် ပြုပေးကုန်ရာ၏။ “ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ဆံကျစ်ရှိသူဖြစ်လော့၊ ဆံကျစ်ရှိသူဖြစ်သောသင့်အား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ သည်ပျောက်လတ္တံ့၊ ဖျက်ဆီး လိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့။ပ။ ယုတ်မာသောအလိုဆိုးရှိခဲ့သော် ယုတ်မာသော အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ အယူမှားခြင်းရှိခဲ့သော် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည်ပျောက်လတ္တံ့ဟု ဆံကျစ်ရှိသူအဖြစ်ကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။ ရဟန်းတို့ ဆံကျစ်ရှိသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်ခြင်းရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ,မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဥ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်ရသောကြောင့် ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါမဟောပေ။

I say that you don’t deserve the label ‘outer robe wearer’ just because you wear an outer robe. You don’t deserve the label ‘naked ascetic’ just because you go naked. You don’t deserve the label ‘dust and dirt wearer’ just because you’re caked in dust and dirt. You don’t deserve the label ‘water immerser’ just because you immerse yourself in water. You don’t deserve the label ‘tree root dweller’ just because you stay at the root of a tree. You don’t deserve the label ‘open air dweller’ just because you stay in the open air. You don’t deserve the label ‘stander’ just because you continually stand. You don’t deserve the label ‘interval eater’ just because you eat food at set intervals. You don’t deserve the label ‘reciter’ just because you recite hymns. You don’t deserve the label ‘matted-hair ascetic’ just because you have matted hair. Imagine that just by wearing an outer robe someone with covetousness, ill will, irritability, acrimony, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view could give up these things. If that were the case, your friends and colleagues, relatives and kin would make you an outer robe wearer as soon as you were born. They’d encourage you: ‘Please, dearest, wear an outer robe! By doing so you will give up covetousness, ill will, irritability, acrimony, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view.’ But sometimes I see someone with these bad qualities who is an outer robe wearer. That’s why I say that you don’t deserve the label ‘outer robe wearer’ just because you wear an outer robe. Imagine that just by going naked … wearing dust and dirt … immersing in water … staying at the root of a tree … staying in the open air … standing continually … eating at set intervals … reciting hymns … having matted hair someone with covetousness, ill will, irritability, acrimony, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view could give up these things. If that were the case, your friends and colleagues, relatives and kin would make you a matted-hair ascetic as soon as you were born. They’d encourage you: ‘Please, dearest, become a matted-hair ascetic! By doing so you will give up covetousness, ill will, irritability, hostility, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view.’ But sometimes I see someone with these bad qualities who is a matted-hair ascetic. That’s why I say that you don’t deserve the label ‘matted-hair ascetic’ just because you have matted hair.

စာ-၃၅၁

၄၃၈။ ‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော ဟောတိ? ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုနော အဘိဇ္ဈာလုဿ အဘိဇ္ဈာ ပဟီနာ ဟောတိ, ဗျာပန္နစိတ္တဿ ဗျာပါဒေါ ပဟီနော ဟောတိ, ကောဓနဿ ကောဓော ပဟီနော ဟောတိ, ဥပနာဟိဿ ဥပနာဟော ပဟီနော ဟောတိ, မက္ခိဿ မက္ခော ပဟီနော ဟောတိ, ပဠာသိဿ ပဠာသော ပဟီနော ဟောတိ, ဣဿုကိဿ ဣဿာ ပဟီနာ ဟောတိ, မစ္ဆရိဿ မစ္ဆရိယံ ပဟီနံ ဟောတိ, သဌဿ သာဌေယျံ ပဟီနံ ဟောတိ, မာယာဝိဿ မာယာ ပဟီနာ ဟောတိ, ပါပိစ္ဆဿ ပါပိကာ ဣစ္ဆာ ပဟီနာ ဟောတိ, မိစ္ဆာဒိဋ္ဌိကဿ မိစ္ဆာဒိဋ္ဌိ ပဟီနာ ဟောတိ – ဣမေသံ ခေါ အဟံ, ဘိက္ခဝေ, သမဏမလာနံ သမဏဒေါသာနံ သမဏကသဋာနံ အာပါယိကာနံ ဌာနာနံ ဒုဂ္ဂတိဝေဒနိယာနံ ပဟာနာ ‘သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော’တိ ဝဒါမိ။ သော သဗ္ဗေဟိ ဣမေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ ဝိသုဒ္ဓမတ္တာနံ သမနုပဿတိ ( ) [(ဝိမုတ္တမတ္တာနံ သမနုပဿတိ) (သီ။ သျာ။ ကံ။ ပီ။)]။ တဿ သဗ္ဗေဟိ ဣမေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ ဝိသုဒ္ဓမတ္တာနံ သမနုပဿတော ( ) [(ဝိမုတ္တမတ္တာနံ သမနုပဿတော) (သီ။ သျာ။ ကံ။ ပီ။)] ပါမောဇ္ဇံ ဇာယတိ, ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒေတိ, သုခိနော စိတ္တံ သမာဓိယတိ။

‘‘သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ သေယျထာပိ, ဘိက္ခဝေ, ပေါက္ခရဏီ အစ္ဆောဒကာ သာတောဒကာ သီတောဒကာ သေတကာ သုပတိတ္ထာ ရမဏီယာ။ ပုရတ္ထိမာယ စေပိ ဒိသာယ ပုရိသော အာဂစ္ဆေယျ ဃမ္မာဘိတတ္တော ဃမ္မပရေတော ကိလန္တော တသိတော ပိပါသိတော။ သော တံ ပေါက္ခရဏိံ အာဂမ္မ ဝိနေယျ ဥဒကပိပါသံ ဝိနေယျ ဃမ္မပရိဠာဟံ…ပေ… ပစ္ဆိမာယ စေပိ ဒိသာယ ပုရိသော အာဂစ္ဆေယျ…ပေ… ဥတ္တရာယ စေပိ ဒိသာယ ပုရိသော အာဂစ္ဆေယျ…ပေ… ဒက္ခိဏာယ စေပိ ဒိသာယ ပုရိသော အာဂစ္ဆေယျ။ ယတော ကုတော စေပိ နံ ပုရိသော အာဂစ္ဆေယျ ဃမ္မာဘိတတ္တော ဃမ္မပရေတော, ကိလန္တော တသိတော ပိပါသိတော။ သော တံ ပေါက္ခရဏိံ အာဂမ္မ ဝိနေယျ ဥဒကပိပါသံ, ဝိနေယျ ဃမ္မပရိဠာဟံ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ခတ္တိယကုလာ စေပိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ, ဧဝံ မေတ္တံ ကရုဏံ မုဒိတံ ဥပေက္ခံ ဘာဝေတွာ လဘတိ အဇ္ဈတ္တံ [တမဟံ (က။)] ဝူပသမံ [တမဟံ (က။)]။ အဇ္ဈတ္တံ ဝူပသမာ ‘သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော’တိ ဝဒါမိ။ ဗြာဟ္မဏကုလာ စေပိ…ပေ… ဝေဿကုလာ စေပိ…ပေ… သုဒ္ဒကုလာ စေပိ…ပေ… ယသ္မာ ကသ္မာ စေပိ ကုလာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ အာဂမ္မ, ဧဝံ မေတ္တံ ကရုဏံ မုဒိတံ ဥပေက္ခံ ဘာဝေတွာ လဘတိ အဇ္ဈတ္တံ ဝူပသမံ။ အဇ္ဈတ္တံ ဝူပသမာ ‘သမဏသာမီစိပ္ပဋိပဒံ ပဋိပန္နော’တိ ဝဒါမိ။

‘‘ခတ္တိယကုလာ စေပိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ။ သော စ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အာသဝါနံ ခယာ သမဏော ဟောတိ။ ဗြာဟ္မဏကုလာ စေပိ…ပေ… ဝေဿကုလာ စေပိ… သုဒ္ဒကုလာ စေပိ… ယသ္မာ ကသ္မာ စေပိ ကုလာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အာသဝါနံ ခယာ သမဏော ဟောတီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

စူဠအဿပုရသုတ္တံ နိဋ္ဌိတံ ဒသမံ။

မဟာယမကဝဂ္ဂေါ နိဋ္ဌိတော စတုတ္ထော။

တဿုဒ္ဒါနံ –

ဂိဉ္ဇကသာလဝနံ ပရိဟရိတုံ, ပညဝတော ပုန သစ္စကနိသေဓော၊

မုခဝဏ္ဏပသီဒနတာပိန္ဒော, ကေဝဋ္ဋအဿပုရဇဋိလေန။

၄၃၈။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့် သနည်း၊ ။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများရှိခဲ့သော် ရှေးရှုကြံ စည်ခြင်း ‘အဘိဇ္စျာ’ ကို ပယ်၏၊ ဖျက်ဆီးလိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို ပယ်၏၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ ကို ပယ်၏၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ကို ပယ်၏၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ ကိုပယ်၏၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ကို ပယ်၏၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ ကို ပယ်၏၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို ပယ်၏၊ စဥ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဥ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို ပယ်၏၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ’ကို ပယ်၏၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ ကို ပယ်၏၊ အယူမှားခြင်းရှိခဲ့သော်အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ကို ပယ်၏၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သောမကောင်းရာဘုံဘဝ၌ ခံစားခြင်း ရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ,ဤရဟန်းအမှိုက်တို့ကို ပယ်ခြင်းကြောင့် “ရဟန်းနှင့်သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ငါဟော၏။ ထိုရဟန်းသည် ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ကောင်းစွာရှုမြင်၏။ ဤယုတ် ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်သောထိုရဟန်းအား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်သော စိတ်ရှိသော ရဟန်း၏ ကိုယ် သည်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးခြင်းရှိသော ရဟန်းသည့်ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ထိုရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ ၍နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားပြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံးကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်အရပ် ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့်အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံး ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသောရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ရဟန်းတို့ ဥပမာသော်ကား ကြည်လင်ချိုအေး ဖြူဖွေးသောရေနှင့် ကောင်းသော ရေဆိပ်ရှိသဖြင့်မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် ရှိရာ၏၊ အရှေ့အရပ်မျက်နှာမှ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် အကယ်၍ လာငြားအံ့၊ ထိုယောကျာ်းသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်းကို ပယ်ဖျောက်ရာ၏။ အနောက်အရပ်မျက်နှာမှ ယောကျာ်းသည် အကယ်၍ လာငြားအံ့။ မြောက်အရပ်မျက်နှာမှ ယောကျာ်းသည် အကယ်၍ လာငြားအံ့။ တောင်အရပ်မျက်နှာမှ ယောကျာ်းသည်အကယ်၍ လာငြားအံ့။ မည်သည့် အရပ်မှမဆို ထိုရေကန်သို့ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍အစာ ရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် အကယ်၍ လာငြားအံ့။ ထိုယောကျာ်းသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်း ကို ပယ်ဖျောက်ရာ၏။ ရဟန်းတို့ ဤအတူပင်လျှင် မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုသူ ဖြစ်စေကာမူ၊ ထိုသူသည် မြတ်စွာဘုရား ဟောထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သောအကျင့်ကို ကျင့်၏” ဟု ဟောကြား၏။ ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည် သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း မြတ်စွာ ဘုရားဟောကြားထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍ မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ဟောကြား၏။ မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်းအာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက် မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့်ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏။ ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည်သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက် ကြကုန်၏။ ဆယ်ခုမြောက် စူဠအဿပုရသုတ်ပြီး၏။ လေးခုမြောက် မဟာယမကဝဂ်ပြီး၏။ မဟာယမကဝဂ်၏ သုတ်အကျဥ်းချုပ် ပညာရှိပုဂ္ဂိုလ်၏ ဆောင်ရွက်နိုင်ရန် အကျိုးငှါ ဟောကြားတော်မူအပ်သော စူဠဂေါ သိင်္ဂသုတ်၊ မဟာဂေါသိင်္ဂသုတ်၊ တဖန် မဟာဂေါပါလကသုတ် စူဠဂေါပါလက သုတ်၊ မဟာသစ္စကသုတ်၊ စူဠသစ္စကသုတ်၊ စူဠတဏှာသင်္ခယသုတ်၊ မဟာတဏှာ သင်္ခယသုတ်၊ မဟာအဿပုရသုတ်၊ စူဠအဿပုရသုတ်တည်း။

And how does a mendicant practice in the way that is proper for an ascetic? Any mendicant who has given up covetousness, ill will, irritability, acrimony, disdain, contempt, jealousy, stinginess, deviousness, deceit, corrupt wishes, and wrong view is practicing in the way that is proper for an ascetic, I say. And that is due to giving up these stains, defects, and dregs of an ascetic, these grounds for rebirth in places of loss, to be experienced in bad places. They see themselves purified from all these bad, unskillful qualities. Seeing this, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, they feel bliss. And when blissful, the mind becomes immersed in samādhi. They meditate spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of compassion … They meditate spreading a heart full of rejoicing … They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. Suppose there was a lotus pond with clear, sweet, cool water, clean, with smooth banks, delightful. Then along comes a person—whether from the east, west, north, or south—struggling in the oppressive heat, weary, thirsty, and parched. No matter what direction they come from, when they arrive at that lotus pond they would alleviate their thirst and heat exhaustion. In the same way, suppose someone has gone forth from the lay life to homelessness—whether from a family of aristocrats, brahmins, peasants, or menials—and has arrived at the teaching and training proclaimed by a Realized One. Having developed love, compassion, rejoicing, and equanimity in this way they find inner peace. Because of that inner peace they are practicing the way proper for an ascetic, I say. And suppose someone has gone forth from the lay life to homelessness—whether from a family of aristocrats, brahmins, peasants, or workers— and they realize the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. They’re an ascetic because of the ending of defilements.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

စာ-၃၅၄

၅။ စူဠယမကဝဂ္ဂေါ

၁။ သာလေယျကသုတ္တံ

၄၃၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန သာလာ နာမ ကောသလာနံ ဗြာဟ္မဏဂါမော တဒဝသရိ။ အဿောသုံ ခေါ သာလေယျကာ ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ သာလံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ’။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။

အထ ခေါ သာလေယျကာ ဗြာဟ္မဏဂဟပတိကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတော သန္တိကေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ သာလေယျကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ကော နု ခေါ, ဘော ဂေါတမ, ဟေတု, ကော ပစ္စယော, ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ? ကော ပန, ဘော ဂေါတမ, ဟေတု, ကော ပစ္စယော, ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ?

‘‘အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။ ဓမ္မစရိယာသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ။

‘‘န ခေါ မယံ ဣမဿ ဘောတော ဂေါတမဿ သံခိတ္တေန ဘာသိတဿ, ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ, ဝိတ္ထာရေန အတ္ထံ အာဇာနာမ။ သာဓု နော ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု, ယထာ မယံ ဣမဿ ဘောတော ဂေါတမဿ သံခိတ္တေန ဘာသိတဿ, ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ, ဝိတ္ထာရေန အတ္ထံ အာဇာနေယျာမာ’’တိ။ ‘‘တေန ဟိ, ဂဟပတယော, သုဏာထ, သာဓုကံ မနသိ ကရောထ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ သာလေယျကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

၅ - စူဠယမကဝဂ် ၁- သာလေယျကသုတ် ၄၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ကောသလတိုင်းတို့၌ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်လေ၏။ သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာ ရွာသို့ ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော် မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်းဝိဇ္ဇာစရဏ သမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်းလောကဝိဒူ မည်တော်မူ၏။ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ လွန်မြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿနံ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာ့ဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း” ဟု ကြားသိရလေ၏။ ထိုအခါ သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံ ချဥ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက် အချို့တို့ကမူ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက်,အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သောနေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် သာလာရွာသားပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။ သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဥ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဥ်းအားဖြင့် မိန့်ဆိုထားသောဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်သော အခြင်းအရာအားဖြင့် တပည့်တော်တို့အား တရားကိုအကျယ်ဟောကြားပါလော့ဟု (လျှောက်ကြကုန်၏)။ သူကြွယ်တို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား” ဟု သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

Middle Discourses 41 The People of Sālā So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants when he arrived at a village of the Kosalan brahmins named Sālā. The brahmins and householders of Sālā heard, “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—while wandering in the land of the Kosalans has arrived at Sālā, together with a large Saṅgha of mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. He reveals an entirely full and pure spiritual life. It’s good to see such perfected ones.” Then the brahmins and householders of Sālā went up to the Buddha. Before sitting down to one side, some bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent. Seated to one side they said to the Buddha: “What is the cause, worthy Gotama, what is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell? And what is the cause, worthy Gotama, what is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm?” “Unprincipled and immoral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell. Principled and moral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm.” “We don’t understand the detailed meaning of the worthy Gotama’s brief statement. Worthy Gotama, please teach us this matter in detail so we can understand the meaning.” “Well then, householders, listen and apply your mind well, I will speak.” “Yes, worthy sir,” they replied. The Buddha said this:

၄၄၀။ ‘‘တိဝိဓံ ခေါ, ဂဟပတယော, ကာယေန အဓမ္မစရိယာဝိသမစရိယာ ဟောတိ, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစရိယာဝိသမစရိယာ ဟောတိ, တိဝိဓံ မနသာ အဓမ္မစရိယာဝိသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ ကာယေန အဓမ္မစရိယာဝိသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော ပါဏာတိပါတီ ဟောတိ, လုဒ္ဒေါ [လုဒ္ဒေါ ဒါရုဏော (က။) ဋီကာ ဩလောကေတဗ္ဗာ] လောဟိတပါဏိ ဟတပ္ပဟတေ နိဝိဋ္ဌော အဒယာပန္နော ပါဏဘူတေသု [သဗ္ဗပါဏဘူတေသု (သျာ။ ကံ။ က။)]။

‘‘အဒိန္နာဒါယီ ခေါ ပန ဟောတိ။ ယံ တံ ပရဿ ပရဝိတ္တူပကရဏံ, ဂါမဂတံ ဝါ အရညဂတံ ဝါ, တံ အဒိန္နံ ထေယျသင်္ခါတံ အာဒါတာ ဟောတိ။

‘‘ကာမေသုမိစ္ဆာစာရီ ခေါ ပန ဟောတိ။ ယာ တာ မာတုရက္ခိတာ ပိတုရက္ခိတာ မာတာပိတုရက္ခိတာ ဘာတုရက္ခိတာ ဘဂိနိရက္ခိတာ ဉာတိရက္ခိတာ ဂေါတ္တရက္ခိတာ ဓမ္မရက္ခိတာ သဿာမိကာ သပရိဒဏ္ဍာ အန္တမသော မာလာဂုဠပရိက္ခိတ္တာပိ, တထာရူပါသု စာရိတ္တံ အာပဇ္ဇိတာ ဟောတိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ ကာယေန အဓမ္မစရိယာဝိသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစရိယာဝိသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော မုသာဝါဒီ ဟောတိ။ သဘာဂတော ဝါ ပရိသာဂတော ဝါ, ဉာတိမဇ္ဈဂတော ဝါ ပူဂမဇ္ဈဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ, အဘိနီတော သက္ခိပုဋ္ဌော – ‘ဧဟမ္ဘော ပုရိသ, ယံ ဇာနာသိ တံ ဝဒေဟီ’တိ, သော အဇာနံ ဝါ အာဟ – ‘ဇာနာမီ’တိ, ဇာနံ ဝါ အာဟ – ‘န ဇာနာမီ’တိ, အပဿံ ဝါ အာဟ – ‘ပဿာမီ’တိ, ပဿံ ဝါ အာဟ – ‘န ပဿာမီ’တိ [သော အာဟ အဇာနံ ဝါ အဟံ ဇာနာမီတိ ဇာနံ ဝါ အဟံ န ဇာနာမီတိ အပဿံ ဝါ အဟံ ပဿာမီတိ ပဿံ ဝါ အဟံ န ပဿာမီတိ (က။)]။ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသကိဉ္စိက္ခဟေတု ဝါ သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။

‘‘ပိသုဏဝါစော ခေါ ပန ဟောတိ။ ဣတော သုတွာ အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ, အမုတြ ဝါ သုတွာ ဣမေသံ အက္ခာတာ အမူသံ ဘေဒါယ။ ဣတိ သမဂ္ဂါနံ ဝါ ဘေတ္တာ [ဘေဒကာ (က။), ဘေဒေတာ (သျာ။ ကံ။), တဒဋ္ဌကထာယံ ပန ဘေတ္တာတိ ဒိဿတိ], ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော ဝဂ္ဂရတော ဝဂ္ဂနန္ဒီ ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘ဖရုသဝါစော ခေါ ပန ဟောတိ။ ယာ သာ ဝါစာ အဏ္ဍကာ [ကဏ္ဍကာ (က။)] ကက္ကသာ ပရကဋုကာ ပရာဘိသဇ္ဇနီ ကောဓသာမန္တာ အသမာဓိသံဝတ္တနိကာ, တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘သမ္ဖပ္ပလာပီ ခေါ ပန ဟောတိ။ အကာလဝါဒီ အဘူတဝါဒီ အနတ္ထဝါဒီ အဓမ္မဝါဒီ အဝိနယဝါဒီ။ အနိဓာနဝတိံ ဝါစံ ဘာသိတာ ဟောတိ အကာလေန အနပဒေသံ အပရိယန္တဝတိံ အနတ္ထသံဟိတံ။ ဧဝံ ခေါ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစရိယာဝိသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ မနသာ အဓမ္မစရိယာဝိသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော အဘိဇ္ဈာလု ဟောတိ, ယံ တံ ပရဿ ပရဝိတ္တူပကရဏံ တံ အဘိဇ္ဈာတာ ဟောတိ – ‘အဟော ဝတ ယံ ပရဿ တံ မမဿာ’’’တိ!

‘‘ဗျာပန္နစိတ္တော ခေါ ပန ဟောတိ ပဒုဋ္ဌမနသင်္ကပ္ပေါ – ‘ဣမေ သတ္တာ ဟညန္တု ဝါ ဝဇ္ဈန္တု ဝါ ဥစ္ဆိဇ္ဇန္တု ဝါ ဝိနဿန္တု ဝါ မာ ဝါ အဟေသု’’’န္တိ [မာ ဝါ အဟေသုံ ဣတိ ဝါတိ (သီ။ ပီ။ က။)]။

‘‘မိစ္ဆာဒိဋ္ဌိကော ခေါ ပန ဟောတိ ဝိပရီတဒဿနော – ‘နတ္ထိ ဒိန္နံ နတ္ထိ ယိဋ္ဌံ နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော နတ္ထိ ပရော လောကော, နတ္ထိ မာတာ နတ္ထိ ပိတာ, နတ္ထိ သတ္တာ ဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ မနသာ အဓမ္မစရိယာဝိသမစရိယာ ဟောတိ။

‘‘ဧဝံ အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။

၄၄၀။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်း သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် အသက်သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသောလက်ရှိ၏၊ သတ်ပုတ် ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏ သတ္တဝါတို့၌ သနားခြင်း မရှိ။ မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ် ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူတတ်၏။ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက့်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ, အစ်မညီမ စောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့်ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသော မိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသောမိန်းမ, ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအားဖြင့် ပန်းကုံးရံထားအပ်သော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ရောက်၏။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ သနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုလေ့ ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုး အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျာ်း သိသော အကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောကျာ်းသည် မသိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ မမြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း မြင်သည်ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ်အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။ ကုန်းစကား ပြောဆို၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့် ကွဲပြားခြင်းငှါထိုသူတို့ထံ၌ ပြောကြားတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါဤသူတို့ထံ၌ ပြောကြားတတ်၏။ ဤသို့ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏၊ ကွဲပြားခြင်း၌ မွေ့လျော်၏၊ ကွဲပြားခြင်း၌ ပျော်ပိုက်၏၊ ကွဲပြားခြင်းကိုနှစ်သက်၏၊ ကွဲပြားခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။ ကြမ်းတမ်းသော စကား ရှိ၏၊ ဆူးသဖွယ် အဖုအထစ်ရှိ၍ ကြမ်းတမ်းသော သူတစ်ပါးနားကိုစပ်ခါးစေတတ် သူတစ်ပါးအား ထိခိုက်တတ်သော အမျက်ထွက်ခြင်းနှင့် နီးစပ်လျက် တည်တံ့ခြင်းကို မဖြစ်စေတတ်သည့် သဘောရှိသော စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ ရှိ၏၊ အကျိုးနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ တရားနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ်သည်ကိုဆိုလေ့ရှိ၏၊ မသင့်သောအခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွားနှင့် မစပ်သောနှလုံး၌ မသိုမှီး သင့်သည့် စကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း၊ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ များ၏။ “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဥ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း၊ အသတ်ခံ ကြရပါစေဟူ၍သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေဟူ၍သော်လည်းကောင်း၊ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍သော်လည်းကောင်း ဤသို့ ဖျက်ဆီးလိုသောစိတ် အကြံအစည်ရှိ၏။ မှားသောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည်မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိကျေးဇူးသည် မရှိ၊ အဖကျေးဇူးသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း တစ်ပါးသော လောကကိုလည်းကောင့်းကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်” ဟု ဖောက်ပြန်သောအမြင်ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ ဤသို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။

“Householders, unprincipled and immoral conduct is threefold by way of body, fourfold by way of speech, and threefold by way of mind. And how is unprincipled and immoral conduct threefold by way of body? It’s when someone kills living creatures. They’re violent, bloody-handed, a hardened killer, merciless to living beings. They steal. With the intention to commit theft, they take the wealth or belongings of others from village or wilderness. They commit sexual misconduct. They have relations with women who have their mother, father, both mother and father, brother, sister, relatives, or clan as guardian. They have relations with a woman who is protected on principle, or who has a husband, or whose violation is punishable by law, or even one who has been garlanded as a token of betrothal. This is how unprincipled and immoral conduct is threefold by way of body. And how is unprincipled and immoral conduct fourfold by way of speech? It’s when someone lies. They’re summoned to a council, an assembly, a family meeting, a guild, or to the royal court, and asked to bear witness: ‘Please, my friend, say what you know.’ Not knowing, they say ‘I know.’ Knowing, they say ‘I don’t know.’ Not seeing, they say ‘I see.’ And seeing, they say ‘I don’t see.’ So they deliberately lie for the sake of themselves or another, or for some trivial worldly reason. They backbite. They repeat in one place what they heard in another so as to divide people against each other. And so they divide those who are harmonious, supporting division, delighting in division, loving division, speaking words that promote division. They speak harshly. They use the kinds of words that are cruel, nasty, hurtful, offensive, bordering on anger, not leading to immersion. They talk nonsense. Their speech is untimely, and is neither factual nor beneficial. It has nothing to do with the teaching or the training. Their words have no value, and are untimely, unreasonable, rambling, and pointless. This is how unprincipled and immoral conduct is fourfold by way of speech. And how is unprincipled and immoral conduct threefold by way of mind? It’s when someone is covetous. They covet the wealth and belongings of others: ‘Oh, if only their belongings were mine!’ They have ill will and malicious intentions: ‘May these sentient beings be killed, slaughtered, slain, destroyed, or annihilated!’ They have wrong view. Their perspective is distorted: ‘There’s no meaning in giving, sacrifice, or offerings. There’s no fruit or result of good and bad deeds. There’s no afterlife. There’s no such thing as mother and father, or beings that are reborn spontaneously. And there’s no ascetic or brahmin who is rightly comported and rightly practiced, and who describes the afterlife after realizing it with their own insight.’ This is how unprincipled and immoral conduct is threefold by way of mind. That’s how unprincipled and immoral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell.

၄၄၁။ ‘‘တိဝိဓံ ခေါ, ဂဟပတယော, ကာယေန ဓမ္မစရိယာသမစရိယာ ဟောတိ, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစရိယာသမစရိယာ ဟောတိ, တိဝိဓံ မနသာ ဓမ္မစရိယာသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ ကာယေန ဓမ္မစရိယာသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ။

‘‘အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ။ ယံ တံ ပရဿ ပရဝိတ္တူပကရဏံ, ဂါမဂတံ ဝါ အရညဂတံ ဝါ, တံ နာဒိန္နံ ထေယျသင်္ခါတံ အာဒါတာ ဟောတိ။

‘‘ကာမေသုမိစ္ဆာစာရံ ပဟာယ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ။ ယာ တာ မာတုရက္ခိတာ ပိတုရက္ခိတာ မာတာပိတုရက္ခိတာ ဘာတုရက္ခိတာ ဘဂိနိရက္ခိတာ ဉာတိရက္ခိတာ ဂေါတ္တရက္ခိတာ ဓမ္မရက္ခိတာ သဿာမိကာ သပရိဒဏ္ဍာ အန္တမသော မာလာဂုဠပရိက္ခိတ္တာပိ, တထာရူပါသု န စာရိတ္တံ အာပဇ္ဇိတာ ဟောတိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ ကာယေန ဓမ္မစရိယာသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစရိယာသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ။ သဘာဂတော ဝါ ပရိသာဂတော ဝါ, ဉာတိမဇ္ဈဂတော ဝါ ပူဂမဇ္ဈဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ, အဘိနီတော သက္ခိပုဋ္ဌော – ‘ဧဟမ္ဘော ပုရိသ, ယံ ဇာနာသိ တံ ဝဒေဟီ’တိ, သော အဇာနံ ဝါ အာဟ – ‘န ဇာနာမီ’တိ, ဇာနံ ဝါ အာဟ – ‘ဇာနာမီ’တိ, အပဿံ ဝါ အာဟ – ‘န ပဿာမီ’တိ, ပဿံ ဝါ အာဟ – ‘ပဿာမီ’တိ။ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသကိဉ္စိက္ခဟေတု ဝါ န သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။

‘‘ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ, အမုတြ ဝါ သုတွာ န ဣမေသံ အက္ခာတာ အမူသံ ဘေဒါယ။ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ။ ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ – တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။

‘‘သမ္ဖပ္ပလာပံ ပဟာယ သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ။ ကာလဝါဒီ ဘူတဝါဒီ အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ နိဓာနဝတိံ ဝါစံ ဘာသိတာ ဟောတိ ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတံ။ ဧဝံ ခေါ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစရိယာသမစရိယာ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ မနသာ ဓမ္မစရိယာသမစရိယာ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော အနဘိဇ္ဈာလု ဟောတိ, ယံ တံ ပရဿ ပရဝိတ္တူပကရဏံ တံ နာဘိဇ္ဈာတာ ဟောတိ – ‘အဟော ဝတ ယံ ပရဿ တံ မမဿာ’တိ!

‘‘အဗျာပန္နစိတ္တော ခေါ ပန ဟောတိ အပ္ပဒုဋ္ဌမနသင်္ကပ္ပေါ – ‘ဣမေ သတ္တာ အဝေရာ အဗျာဗဇ္ဈာ အနီဃာ သုခီ အတ္တာနံ ပရိဟရန္တူ’တိ။

‘‘သမ္မာဒိဋ္ဌိကော ခေါ ပန ဟောတိ အဝိပရီတဒဿနော – ‘အတ္ထိ ဒိန္နံ အတ္ထိ ယိဋ္ဌံ အတ္ထိ ဟုတံ, အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, အတ္ထိ အယံ လောကော အတ္ထိ ပရော လောကော, အတ္ထိ မာတာ အတ္ထိ ပိတာ, အတ္ထိ သတ္တာ ဩပပါတိကာ, အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ မနသာ ဓမ္မစရိယာသမစရိယာ ဟောတိ။

‘‘ဧဝံ ဓမ္မစရိယာသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။

၄၄၁။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် တရားမှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အသက်သတ်ခြင်းကိုပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ တုတ်ကိုချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌ တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို မပေးဘဲ ခိုလိုသော စိတ်အစုဖြင့်မယူတတ်။ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဥ်၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသော မိန်းမ, အစ်မ ညီမစောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့် ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသောမိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသော မိန်းမ,ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအား ဖြင့် ပန်းကုံးရံထားသော မိန်းမတို့၌ ကျူး လွန်ခြင်းသို့မရောက်” ၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိ်ုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှရှောင်ကြဥ်၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌တည်သည်ဖြစ်စေ၊ အသင်း အပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးအလယ်၌ တည်သည်ဖြစ်စေခေါ်ဆောင်၍ “အချင်းယောကျာ်း သိသောအကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက်မေးမြန်းလတ်သော် ထိုယောကျာ်းသည် မသိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ မမြင်သည် ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း၊ မြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘအာမိသ ဟူသောအကြောင်းကြောင့်ဖြစ်စေ သိလျက် မုသားမပြောဆို။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဥ်၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ထိုသူတို့နှင့် ကွဲပြားခြင်းငှာ ထိုသူတို့ထံ၌ မပြောကြားတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ဤသူတို့နှင့် ကွဲပြားခြင်းငှာ ဤသူတို့ထံ၌ မပြောကြားတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဥ်၏၊ အပြစ်ကင်း၍ နားချမ်းသာသောနှစ်လိုဖွယ်ရှိသော နှလုံးသို့ သက်ဝင်သော ယဥ်ကျေး၍ လူအများနှစ်သက် လူအများနှစ်ခြိုက်သောသဘောရှိသည့် စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကား ပြောဆိုခြင်းကို ပယ်၍ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သောစကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည်လေးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ မများ, “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုမကြံစည်တတ်။ ဖျက်ဆီးလိုစိတ်မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲ ချမ်းသာ စွာမိမိကိုယ်ကို ဆောင်နိုင်ပါကြစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ မှန်သော အယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည်ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိကျေးဇူးသည် ရှိ၏၊ အဖကျေးဇူးသည် ရှိ၏၊ သေ၍တစ်ဖန် ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားနိုင်ကုန်သော ညီညွတ်သော အကျင့်ရှိ ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ရှိကုန်၏” ဟု မဖောက်ပြန်သော အမြင်ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ ဤတရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ရောက်ကြ ရကုန်၏။

Householders, principled and moral conduct is threefold by way of body, fourfold by way of speech, and threefold by way of mind. And how is principled and moral conduct threefold by way of body? It’s when someone gives up killing living creatures, renouncing the rod and the sword. They’re scrupulous and kind, living full of sympathy for all living beings. They give up stealing. They don’t, with the intention to commit theft, take the wealth or belongings of others from village or wilderness. They give up sexual misconduct. They don’t have relations with women who have their mother, father, both mother and father, brother, sister, relatives, or clan as guardian. They don’t have relations with a woman who is protected on principle, or who has a husband, or whose violation is punishable by law, or even one who has been garlanded as a token of betrothal. This is how principled and moral conduct is threefold by way of body. And how is principled and moral conduct fourfold by way of speech? It’s when someone gives up lying. They’re summoned to a council, an assembly, a family meeting, a guild, or to the royal court, and asked to bear witness: ‘Please, my friend, say what you know.’ Not knowing, they say ‘I don’t know.’ Knowing, they say ‘I know.’ Not seeing, they say ‘I don’t see.’ And seeing, they say ‘I see.’ So they don’t deliberately lie for the sake of themselves or another, or for some trivial worldly reason. They give up backbiting. They don’t repeat in one place what they heard in another so as to divide people against each other. Instead, they reconcile those who are divided and support those who are united, delighting in harmony, loving harmony, speaking words that promote harmony. They give up harsh speech. They speak in a way that’s mellow, pleasing to the ear, endearing, going to the heart, polite, likable, and agreeable to the people. They give up talking nonsense. Their words are timely, true, and meaningful, in line with the teaching and training. They say things at the right time which are valuable, reasonable, succinct, and beneficial. This is how principled and moral conduct is fourfold by way of speech. And how is principled and moral conduct threefold by way of mind? It’s when someone is not covetous. They don’t covet the wealth and belongings of others: ‘Oh, if only their belongings were mine!’ They have a kind heart and loving intentions: ‘May these sentient beings live free of enmity and ill will, untroubled and happy!’ They have right view, an undistorted perspective: ‘There is meaning in giving, sacrifice, and offerings. There are fruits and results of good and bad deeds. There is an afterlife. There are such things as mother and father, and beings that are reborn spontaneously. And there are ascetics and brahmins who are rightly comported and rightly practiced, and who describe the afterlife after realizing it with their own insight.’ This is how principled and moral conduct is threefold by way of mind. This is how principled and moral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm.

စာ-၃၅၉

၄၄၂။ ‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ဗြာဟ္မဏမဟာသာလာနံ…ပေ… ဂဟပတိမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ဂဟပတိမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ တာဝတိံသာနံ ဒေဝါနံ…ပေ… ယာမာနံ ဒေဝါနံ… တုသိတာနံ ဒေဝါနံ… နိမ္မာနရတီနံ ဒေဝါနံ… ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ… ဗြဟ္မကာယိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မကာယိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ အာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ အာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ပရိတ္တာဘာနံ ဒေဝါနံ…ပေ… အပ္ပမာဏာဘာနံ ဒေဝါနံ… အာဘဿရာနံ ဒေဝါနံ… ပရိတ္တသုဘာနံ ဒေဝါနံ… အပ္ပမာဏသုဘာနံ ဒေဝါနံ… သုဘကိဏှာနံ ဒေဝါနံ… ဝေဟပ္ဖလာနံ ဒေဝါနံ…ပေ… အဝိဟာနံ ဒေဝါနံ…ပေ… အတပ္ပါနံ ဒေဝါနံ…ပေ… သုဒဿာနံ ဒေဝါနံ…ပေ… သုဒဿီနံ ဒေဝါနံ…ပေ… အကနိဋ္ဌာနံ ဒေဝါနံ… အာကာသာနဉ္စာယတနူပဂါနံ ဒေဝါနံ…ပေ… ဝိညာဏဉ္စာယတနူပဂါနံ ဒေဝါနံ …ပေ… အာကိဉ္စညာယတနူပဂါနံ ဒေဝါနံ… နေဝသညာနာသညာယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ နေဝသညာနာသညာယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ’’တိ။

၄၄၂။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည်တရား မှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်ပေတည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော ပုဏ္ဏားမျိုး ပုဏ္ဏားနွယ်အဖြစ်သို့။ပ။ များသောဥစ္စာရှိသော သူကြွယ်မျိုးသူကြွယ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြာင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ ဝိညာဏဉ္စာ ယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သော ဗြဟ္မာ။ပ။ နေဝသညာ နာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခု ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက် ၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါ ကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ ပင်လျှင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြောင့်နည်းဟူမူ- ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်းဟု (မိန့်တော်မူ၏)။

Someone of principled and moral conduct might wish: ‘If only, when my body breaks up, after death, I would be reborn in the company of well-to-do aristocrats!’ It’s possible that this might happen. Why is that? Because they have principled and moral conduct. Someone of principled and moral conduct might wish: ‘If only, when my body breaks up, after death, I would be reborn in the company of well-to-do brahmins … well-to-do householders … the gods of the four great kings … the gods of the thirty-three … the gods of Yama … the joyful gods … the gods who love to create … the gods who control what is created by others … the gods of the Divinity’s host … the luminous gods … the gods of limited luminosity … the gods of limitless luminosity … the gods of sublime luminosity … the gods of limited beauty … the gods of limitless beauty … the gods of universal beauty … the gods of abundant fruit … the gods of Aviha … the gods of Atappa … the gods fair to see … the fair seeing gods … the gods of Akaniṭṭha … the gods of the dimension of infinite space … the gods of the dimension of infinite consciousness … the gods of the dimension of nothingness … the gods of the dimension of neither perception nor non-perception.’ It’s possible that this might happen. Why is that? Because they have principled and moral conduct. Someone of principled and moral conduct might wish: ‘If only I might realize the undefiled freedom of heart and freedom by wisdom, and live having realized it with my own insight in this very life due to the ending of defilements.’ It’s possible that this might happen. Why is that? Because they have principled and moral conduct.”

၄၄၃။ ဧဝံ ဝုတ္တေ, သာလေယျကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ။ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ [ပါဏုပေတံ (က။)] သရဏံ ဂတေ’’တိ။

သာလေယျကသုတ္တံ နိဋ္ဌိတံ ပဌမံ။

၄၄၃။ ဤသို့ ဟောကြားတော်မူသော် သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ဂေါတမ ဤအတူသာ လျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားကို့ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍ လျှောက်ကုန်၏။ ရှေးဦးစွာသော သာလေယျကသုတ်ပြီး၏။

When he had spoken, the brahmins and householders of Sālā said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”

၂။ ဝေရဉ္ဇကသုတ္တံ

၄၄၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ သာဝတ္ထိယံ ပဋိဝသန္တိ ကေနစိဒေဝ ကရဏီယေန။ အဿောသုံ ခေါ ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ’။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။

အထ ခေါ ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂဝတော သန္တိကေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ကော နု ခေါ, ဘော ဂေါတမ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ? ကော ပန, ဘော ဂေါတမ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ?

‘‘အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။ ဓမ္မစရိယာသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ။

‘‘န ခေါ မယံ ဣမဿ ဘောတော ဂေါတမဿ သံခိတ္တေန ဘာသိတဿ, ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ, ဝိတ္ထာရေန အတ္ထံ အာဇာနာမ။ သာဓု နော ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု ယထာ မယံ ဣမဿ ဘောတော ဂေါတမဿ သံခိတ္တေန ဘာသိတဿ, ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ, ဝိတ္ထာရေန အတ္ထံ အာဇာနေယျာမာ’’တိ။ ‘‘တေန ဟိ, ဂဟပတယော, သုဏာထ သာဓုကံ မနသိ ကရောထ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ ဘော’’တိ ခေါ ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

၂- ဝေရဥ္စကသုတ် ၄၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီိတင်းသုံးနေတော်မူ၏။ ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် တစ်စုံတစ်ရာသောပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ (ရောက်ရှိ) နေကုန်၏။ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် ဤသို့ကြားကုန်၏- “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် သာဝတ္ထိ ပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏- ထိုမြတ်စွာဘုရားသည် ပူဇော်အထူး ကိုခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတာ်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာ လေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကိုသိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်)တို့ကို ဖူးမျှော်ရခြင်းသည် ကောင်းသည်သာတည်း” ဟု (ကြားသိရလေ၏)။ ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြကုန်ပြီးလျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက်, အချို့တို့ကမူ မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက်, အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သော နေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရသောအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။ သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဥ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အကျယ်အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်။ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဥ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်လောက်သော အခြင်းအရာအားဖြင့်တပည့်တော်တို့ အား တရားကို အကျယ်ဟောကြားတော်မူပါလော့ဟု (လျှောက်ကြကုန်၏)။ သူကြွယ်တို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီအသျှင်ဘုရား” ဟု ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏ -

Middle Discourses 42 The People of Verañjā So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the brahmins and householders of Verañjā were residing in Sāvatthī on some business. The brahmins and householders of Verañjā heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—is staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. He has this good reputation … It’s good to see such perfected ones.” … They said to the Buddha: “What is the cause, worthy Gotama, what is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell? And what is the cause, worthy Gotama, what is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm?” “Unprincipled and immoral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a place of loss, a bad place, the underworld, hell. Principled and moral conduct is the reason why some sentient beings, when their body breaks up, after death, are reborn in a good place, a heavenly realm.” “We don’t understand the detailed meaning of the worthy Gotama’s brief statement. …”

စာ-၃၆၂

၄၄၅။ ‘‘တိဝိဓံ ခေါ, ဂဟပတယော, ကာယေန အဓမ္မစာရီ ဝိသမစာရီ ဟောတိ, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစာရီ ဝိသမစာရီ ဟောတိ, တိဝိဓံ မနသာ အဓမ္မစာရီ ဝိသမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ ကာယေန အဓမ္မစာရီ ဝိသမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော ပါဏာတိပါတီ ဟောတိ။ လုဒ္ဒေါ လောဟိတပါဏိ ဟတပ္ပဟတေ နိဝိဋ္ဌော အဒယာပန္နော ပါဏဘူတေသု။ အဒိန္နာဒါယီ ခေါ ပန ဟောတိ။ ယံ တံ ပရဿ ပရဝိတ္တူပကရဏံ… တံ အဒိန္နံ ထေယျသင်္ခါတံ အာဒါတာ ဟောတိ။ ကာမေသုမိစ္ဆာစာရီ ခေါ ပန ဟောတိ။ ယာ တာ မာတုရက္ခိတာ… တထာရူပါသု စာရိတ္တံ အာပဇ္ဇိတာ ဟောတိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ ကာယေန အဓမ္မစာရီ ဝိသမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစာရီ ဝိသမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော မုသာဝါဒီ ဟောတိ။ သဘာဂတော ဝါ… သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ ပိသုဏဝါစော ခေါ ပန ဟောတိ။ ဣတော သုတွာ အမုတြ အက္ခာတာ… ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။ ဖရုသဝါစော ခေါ ပန ဟောတိ။ ယာ သာ ဝါစာ အဏ္ဍကာ ကက္ကသာ… တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။ သမ္ဖပ္ပလာပီ ခေါ ပန ဟောတိ။ အကာလဝါဒီ… အပရိယန္တဝတိံ အနတ္ထသံဟိတံ။ ဧဝံ ခေါ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ အဓမ္မစာရီ ဝိသမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ မနသာ အဓမ္မစာရီ ဝိသမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော အဘိဇ္ဈာလု ဟောတိ…ပေ… တံ မမဿာ’တိ။ ဗျာပန္နစိတ္တော ခေါ ပန ဟောတိ ပဒုဋ္ဌမနသင်္ကပ္ပေါ – ဣမေ သတ္တာ ဟညန္တု ဝါ… မာ ဝါ အဟေသု’န္တိ။ မိစ္ဆာဒိဋ္ဌိကော ခေါ ပန ဟောတိ ဝိပရီတဒဿနော – ‘နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ… သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ မနသာ အဓမ္မစာရီ ဝိသမစာရီ ဟောတိ။

‘‘ဧဝံ အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။

၄၄၅။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏၊ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သော သူသည် အသက်သတ်လေ့ရှိ၏။ ကြမ်းကြုတ်၏၊ သွေး စွန်းသောလက်ရှိ၏၊ သတ်ပုတ်ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ။ မပေးသည်ကို ယူလေ့ရှိ၏။ပ။ သုတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစုဖြင့် ယူတတ်၏။ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ။ပ။ ထိုသို့သဘောရှိသော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ ရောက်၏၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုလေ့ရှိ၏။ သဘင်၌ တည်သည် ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားပြောဆို၏။ ကုန်းစကား ပြောဆိုတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ထိုသူတို့ထံ၌ ပြောကြားတတ်၏။ပ။ ကွဲပြားခြင်းကို ပြုတတ်သောစကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားရှိ၏၊ (စူးသဖွယ်) အဖုအထစ် ရှိ၍ ကြမ်းတမ်းသော။ပ။ သဘောရှိသော စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ၌ ဆိုလေ့ရှိ၏။ပ။ အပိုင်းအခြားမရှိသောအစီးအပွားနှင့် မစပ်သော။ပ။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှု ပြောဆိုခြင်းသည်လေးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ များ၏။ပ။ သူတစ်ပါး၏ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွဟု ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဥ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း။ပ။ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍လည်းကောင်း “ဤသို့ဖျက်စီးလိုသော စိတ်အကြံအစည် ရှိ၏။ မှားသောအယူရှိ၏၊ ” ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ။ပ။ မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော။ပ။ ဟုဖောက်ပြန်သော အမြင်ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ ဤသို့မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။

“Householders, a person of unprincipled and immoral conduct is threefold by way of body, fourfold by way of speech, and threefold by way of mind. …” …

စာ-၃၆၃

၄၄၆။ ‘‘တိဝိဓံ ခေါ, ဂဟပတယော, ကာယေန ဓမ္မစာရီ သမစာရီ ဟောတိ, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစာရီ သမစာရီ ဟောတိ, တိဝိဓံ မနသာ ဓမ္မစာရီ သမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ ကာယေန ဓမ္မစာရီ သမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ။ အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ယံ တံ ပရဿ… တံ နာဒိန္နံ ထေယျသင်္ခါတံ အာဒါတာ ဟောတိ။ ကာမေသုမိစ္ဆာစာရံ ပဟာယ… တထာရူပါသု န စာရိတ္တံ အာပဇ္ဇိတာ ဟောတိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ ကာယေန ဓမ္မစာရီ သမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစာရီ သမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ။ သဘာဂတော ဝါ…ပေ… န သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ ပိသုဏံ ဝါစံ ပဟာယ… သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ ဟောတိ။ ဖရုသံ ဝါစံ ပဟာယ… တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။ သမ္ဖပ္ပလာပံ ပဟာယ… ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတံ။ ဧဝံ ခေါ, ဂဟပတယော, စတုဗ္ဗိဓံ ဝါစာယ ဓမ္မစာရီ သမစာရီ ဟောတိ။

‘‘ကထဉ္စ, ဂဟပတယော, တိဝိဓံ မနသာ ဓမ္မစာရီ သမစာရီ ဟောတိ? ဣဓ, ဂဟပတယော, ဧကစ္စော အနဘိဇ္ဈာလု ဟောတိ။ ယံ တံ ပရဿ ပရဝိတ္တူပကရဏံ တံ နာဘိဇ္ဈာတာ ဟောတိ ‘အဟော ဝတ ယံ ပရဿ, တံ မမဿာ’တိ။ အဗျာပန္နစိတ္တော ခေါ ပန ဟောတိ အပ္ပဒုဋ္ဌမနသင်္ကပ္ပေါ – ‘ဣမေ သတ္တာ အဝေရာ အဗျာဗဇ္ဈာ အနီဃာ သုခီ အတ္တာနံ ပရိဟရန္တူ’တိ။ သမ္မာဒိဋ္ဌိကော ခေါ ပန ဟောတိ အဝိပရီတဒဿနော – ‘အတ္ထိ ဒိန္နံ, အတ္ထိ ယိဋ္ဌံ… သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီ’တိ။ ဧဝံ ခေါ, ဂဟပတယော, တိဝိဓံ မနသာ ဓမ္မစာရီ သမစာရီ ဟောတိ။

‘‘ဧဝံ ဓမ္မစရိယာသမစရိယာဟေတု ခေါ, ဂဟပတယော, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။

၄၄၆။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးးမျိုးရှိ၏၊ နှုတ်ဖြင့် တရား မှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုး ရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏။ပ။ သူတစ်ပါးဥစ္စာ။ပ။ အဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစု ဖြင့် မယူတတ်။ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍။ပ။ ထိုသို့သဘောရှိသောမိန်းမတို့၌ ကျူးလွန်ခြင်းသို့ မရောက်။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကိုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ သဘင်၌ တည်သည်ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားမပြောဆို။ ကုန်းစကားကို ပယ်၍။ပ။ ညီညွတ်ခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားကို ပယ်၍။ပ။ ထိုသို့သဘော ရှိသောစကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားပြောဆိုခြင်းကို ပယ်၍။ပ။ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော။ပ။ သူကြွယ်တို့ဤသို့လျှင် နှုတ် ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္စျာ’ မများ၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို ရှေးရှုမကြံစည်တတ်။ ဖျက်ဆီးလိုစိတ် မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ မှန်သောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏အကျိုးသည် ရှိ၏။ပ။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော။ပ။ ဟု မဖောက်ပြန်သော အမြင် ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။ သူကြွယ်တို့ ဤသို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ့တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏။

၄၄၇။ ‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ဗြာဟ္မဏမဟာသာလာနံ ဂဟပတိမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ဂဟပတိမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ကေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ တာဝတိံသာနံ ဒေဝါနံ… ယာမာနံ ဒေဝါနံ… တုသိတာနံ ဒေဝါနံ… နိမ္မာနရတီနံ ဒေဝါနံ… ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ… ဗြဟ္မကာယိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ ဗြဟ္မကာယိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ အာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ အာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ, ဂဟပတယော, ဓမ္မစာရီ သမစာရီ ‘အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ပရိတ္တာဘာနံ ဒေဝါနံ…ပေ… အပ္ပမာဏာဘာနံ ဒေဝါနံ… အာဘဿရာနံ ဒေဝါနံ… ပရိတ္တသုဘာနံ ဒေဝါနံ… အပ္ပမာဏသုဘာနံ ဒေဝါနံ… သုဘကိဏှာနံ ဒေဝါနံ … ဝေဟပ္ဖလာနံ ဒေဝါနံ… အဝိဟာနံ ဒေဝါနံ… အတပ္ပါနံ ဒေဝါနံ… သုဒဿာနံ ဒေဝါနံ… သုဒဿီနံ ဒေဝါနံ… အကနိဋ္ဌာနံ ဒေဝါနံ… အာကာသာနဉ္စာယတနူပဂါနံ ဒေဝါနံ… ဝိညာဏဉ္စာယတနူပဂါနံ ဒေဝါနံ… အာကိဉ္စညာယတနူပဂါနံ ဒေဝါနံ…ပေ… နေဝသညာနာသညာယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ယံ သော ကာယဿ ဘေဒါ ပရံ မရဏာ နေဝသညာနာသညာယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ။

‘‘အာကင်္ခေယျ စေ ဂဟပတယော ဓမ္မစာရီ သမစာရီ – ‘အဟော ဝတာဟံ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျ’န္တိ၊ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ, ‘ယံ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျ။ တံ ကိဿ ဟေတု? တထာ ဟိ သော ဓမ္မစာရီ သမစာရီ’’’တိ။

၄၄၇။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍သေသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုးမင်းနွယ် အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ များသော ဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည်ရှိ၏။ ထိုသို့ရောက်ရခြင်းသည်အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်ပေတည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသော ဥစ္စာရှိသော ပုဏ္ဏား။ပ။ များသော ဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက် စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ဖြစ်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည်ရှိ၏။ ထိုသို့ရောက် ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ ဝိညာဏဉ္စာယတန ဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သောဗြဟ္မာ။ပ။ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြာင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခု ဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ရောက်၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်၍ နေရခြင်းသည် အဘယ့်ကြောင်းကြောင့်နည်း၊ ထိုသူသည်တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

၄၄၈။ ဧဝံ ဝုတ္တေ, ဝေရဉ္ဇကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။

ဝေရဉ္ဇကသုတ္တံ နိဋ္ဌိတံ ဒုတိယံ။

၄၄၈။ ဤသို့ ဟောကြားတော်မူသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍လျှောက်ကြကုန်၏။ နှစ်ခုမြောက် ဝေရဉ္ဇကသုတ်ပြီး၏။

၃။ မဟာဝေဒလ္လသုတ္တံ

၄၄၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ မဟာကောဋ္ဌိကော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သာရိပုတ္တေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မဟာကောဋ္ဌိကော အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ –‘‘ဒုပ္ပညော ဒုပ္ပညော’တိ, အာဝုသော, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, အာဝုသော, ဒုပ္ပညောတိ ဝုစ္စတီ’’တိ။ ‘‘‘နပ္ပဇာနာတိ နပ္ပဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ဒုပ္ပညောတိ ဝုစ္စတိ။ ‘‘ကိဉ္စ နပ္ပဇာနာတိ။ ‘ဣဒံ ဒုက္ခ’န္တိ နပ္ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ နပ္ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ နပ္ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ နပ္ပဇာနာတိ။ ‘နပ္ပဇာနာတိ နပ္ပဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ဒုပ္ပညောတိ ဝုစ္စတီ’’တိ။

‘‘သာဓာဝုသော’တိ ခေါ အာယသ္မာ မဟာကောဋ္ဌိကော အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ အာယသ္မန္တံ သာရိပုတ္တံ ဥတ္တရိံ ပဉှံ အပုစ္ဆိ –‘‘ပညဝါ ပညဝါ’တိ, အာဝုသော, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, အာဝုသော, ပညဝါတိ ဝုစ္စတီ’’တိ။‘‘ပဇာနာတိ ပဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ပညဝါတိ ဝုစ္စတိ။ ‘‘ကိဉ္စ ပဇာနာတိ/ ‘ဣဒံ ဒုက္ခ’န္တိ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ပဇာနာတိ။ ‘ပဇာနာတိ ပဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ပညဝါတိ ဝုစ္စတီ’’တိ။

‘‘ဝိညာဏံ ဝိညာဏ’န္တိ, အာဝုသော, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, အာဝုသော, ဝိညာဏန္တိ ဝုစ္စတီ’’တိ? ‘‘ဝိဇာနာတိ ဝိဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ဝိညာဏန္တိ ဝုစ္စတိ။ ‘‘ကိဉ္စ ဝိဇာနာတိ။ သုခန္တိပိ ဝိဇာနာတိ, ဒုက္ခန္တိပိ ဝိဇာနာတိ, အဒုက္ခမသုခန္တိပိ ဝိဇာနာတိ။ ‘ဝိဇာနာတိ ဝိဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ ဝိညာဏန္တိ ဝုစ္စတီ’’တိ။ ‘‘ယာ စာဝုသော, ပညာ ယဉ္စ ဝိညာဏံ – ဣမေ ဓမ္မာ သံသဋ္ဌာ ဥဒါဟု ဝိသံသဋ္ဌာ? လဗ္ဘာ စ ပနိမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ [ဝိနိဗ္ဘုဇ္ဇိတွာ ဝိနိဗ္ဘုဇ္ဇိတွာ (က။)] ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတု’’န္တိ? ‘‘ယာ စာဝုသော, ပညာ ယဉ္စ ဝိညာဏံ – ဣမေ ဓမ္မာ သံသဋ္ဌာ, နော ဝိသံသဋ္ဌာ။ န စ လဗ္ဘာ ဣမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတုံ။ ယံ ဟာဝုသော [ယဉ္စာဝုသော (သျာ။ ကံ။ က။)], ပဇာနာတိ တံ ဝိဇာနာတိ, ယံ ဝိဇာနာတိ တံ ပဇာနာတိ။ တသ္မာ ဣမေ ဓမ္မာ သံသဋ္ဌာ, နော ဝိသံသဋ္ဌာ။ န စ လဗ္ဘာ ဣမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတု’’န္တိ။

‘‘ယာ စာဝုသော, ပညာ ယဉ္စ ဝိညာဏံ – ဣမေသံ ဓမ္မာနံ သံသဋ္ဌာနံ နော ဝိသံသဋ္ဌာနံ ကိံ နာနာကရဏ’’န္တိ။ ‘‘ယာ စာဝုသော, ပညာ ယဉ္စ ဝိညာဏံ – ဣမေသံ ဓမ္မာနံ သံသဋ္ဌာနံ နော ဝိသံသဋ္ဌာနံ ပညာ ဘာဝေတဗ္ဗာ, ဝိညာဏံ ပရိညေယျံ။ ဣဒံ နေသံ နာနာကရဏ’’န္တိ။

၃- မဟာဝေဒလ္လသုတ် ၄၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအချိန်ကိန်းအောင်ရာ မှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဖွယ် အမှတ် ရဖွယ်စကားကို ပြောဆိုပြီး ဆုံးစေလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော်- “ငါ့သျှင် ပညာမဲ့သူ ပညာမဲ့သူဟု ဆို၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရသနည်း” ဟု လျှောက်၏။ ငါ့သျှင် “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏။ အဘယ်သို့လျှင် အပြားအားဖြင့် မသိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်မသိတတ်၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟု့အပြားအားဖြင့် မသိတတ်။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ “ငါ့သျှင် ကောင်းပါပေ၏” ဟု အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ အသျှင်သာရိပုတြာကို ထိုထက်အလွန် ပြဿနာမေးမြန်းပြန်၏။ “ငါ့သျှင် ပညာရှိသူ, ပညာရှိသူဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် ‘ပညာရှိသူ’ဟု ဆိုရသနည်း” ဟု (လျှောက်၏)။ “ငါ့သျှင် “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏။ အဘယ်သို့လျှင် အပြားအားဖြင့် သိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်သိတတ်၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟုအပြားအားဖြင့် သိတတ်၏။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ “ငါ့သျှင် “ဝိညာဏ် ဝိညာဏ်” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝိညာဏ်” ဟုဆိုရသနည်းဟု (လျှောက်၏)။ ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏။ အဘယ်သို့ အထူးသိတတ်သနည်း။ ချမ်းသာဟုလည်း အထူးသိတတ်၏၊ ဆင်းရဲဟုလည်း အထူးသိတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ဟုလည်း အထူးသိတတ်၏။ ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် အပြားအားဖြင့် သိမှု ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်သလော၊ သို့မဟုတ် မရောနှောကြကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကိုပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။ ငါ့သျှင် အပြားအားဖြင့် သိမူ ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေငါ့သျှင် အပြားအားဖြင့်သိသော အရာကိုပင် အထူးသိ၏။ အထူးသိသော အရာကိုပင် အပြားအားဖြင့်သိ၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကိုအသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်တော်မူ၏)။ ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ’နှင့်အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့၏ ခြားနားမှုကား အဘယ်နည်းဟု (လျှောက်၏)။ ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ’နှင့် အထူးသိမှူ ‘ဝိညာဏ်’တို့တွင် ပညာကို ပွားများရ၏၊ ဝိညာဏ်ကို ပိုင်းခြား၍ သိရ၏၊ ဤသည်ကား ထိုတရားတို့၏ ခြားနားချက်ပေတည်းဟု (မိန့်တော်မူ၏)။

Middle Discourses 43 The Great Elaboration So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then in the late afternoon, Venerable Mahākoṭṭhita came out of retreat, went to Venerable Sāriputta, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to Sāriputta: “Reverend, they speak of ‘a witless person’. How is a witless person defined?” “Reverend, they’re called witless because they don’t understand. And what don’t they understand? They don’t understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ They’re called witless because they don’t understand.” Saying “Good, reverend,” Mahākoṭṭhita approved and agreed with what Sāriputta said. Then he asked another question: “They speak of ‘a wise person’. How is a wise person defined?” “They’re called wise because they understand. And what do they understand? They understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering.’ They’re called wise because they understand.” “They speak of ‘consciousness’. How is consciousness defined?” “It’s called consciousness because it cognizes. And what does it cognize? It cognizes ‘pleasure’ and ‘pain’ and ‘neutral’. It’s called consciousness because it cognizes.” “Wisdom and consciousness— are these things mixed or separate? And can we completely disentangle them so as to describe the difference between them?” “Wisdom and consciousness— these things are mixed, not separate. And you can never completely disentangle them so as to describe the difference between them. For you understand what you cognize, and you cognize what you understand. That’s why these things are mixed, not separate. And you can never completely disentangle them so as to describe the difference between them.” “Wisdom and consciousness— what is the difference between these things that are mixed, not separate?” “The difference between these things is that wisdom should be developed, while consciousness should be completely understood.”

စာ-၃၆၇

၄၅၀။ ‘‘‘ဝေဒနာ ဝေဒနာ’တိ, အာဝုသော, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, အာဝုသော, ဝေဒနာတိ ဝုစ္စတီ’’တိ။ ‘‘ဝေဒေတိ ဝေဒေတီ’တိ ခေါ, အာဝုသော, တသ္မာ ဝေဒနာတိ ဝုစ္စတိ။ ‘‘ကိဉ္စ ဝေဒေတိ။ သုခမ္ပိ ဝေဒေတိ, ဒုက္ခမ္ပိ ဝေဒေတိ, အဒုက္ခမသုခမ္ပိ ဝေဒေတိ။ ‘ဝေဒေတိ ဝေဒေတီ’တိ ခေါ, အာဝုသော, တသ္မာ ဝေဒနာတိ ဝုစ္စတီ’’တိ။

‘‘သညာ သညာ’တိ, အာဝုသော, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, အာဝုသော, သညာတိ ဝုစ္စတီ’’တိ။ ‘‘သဉ္ဇာနာတိ သဉ္ဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ သညာတိ ဝုစ္စတိ။ ‘‘ကိဉ္စ သဉ္ဇာနာတိ။ နီလကမ္ပိ သဉ္ဇာနာတိ, ပီတကမ္ပိ သဉ္ဇာနာတိ, လောဟိတကမ္ပိ သဉ္ဇာနာတိ, ဩဒါတမ္ပိ သဉ္ဇာနာတိ။ ‘သဉ္ဇာနာတိ သဉ္ဇာနာတီ’တိ ခေါ, အာဝုသော, တသ္မာ သညာတိ ဝုစ္စတီ’’တိ။

‘‘ယာ စာဝုသော, ဝေဒနာ ယာ စ သညာ ယဉ္စ ဝိညာဏံ – ဣမေ ဓမ္မာ သံသဋ္ဌာ ဥဒါဟု ဝိသံသဋ္ဌာ? လဗ္ဘာ စ ပနိမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတု’’န္တိ? ‘‘ယာ စာဝုသော, ဝေဒနာ ယာ စ သညာ ယဉ္စ ဝိညာဏံ – ဣမေ ဓမ္မာ သံသဋ္ဌာ, နော ဝိသံသဋ္ဌာ။ န စ လဗ္ဘာ ဣမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတုံ။ ယံ ဟာဝုသော [ယဉ္စာဝုသော (သျာ။ ကံ။ က။)], ဝေဒေတိ တံ သဉ္ဇာနာတိ, ယံ သဉ္ဇာနာတိ တံ ဝိဇာနာတိ။ တသ္မာ ဣမေ ဓမ္မာ သံသဋ္ဌာ နော ဝိသံသဋ္ဌာ။ န စ လဗ္ဘာ ဣမေသံ ဓမ္မာနံ ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ နာနာကရဏံ ပညာပေတု’’န္တိ။

၄၅၀။ ငါ့သျှင် “ဝေဒနာ ဝေဒနာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝေဒနာ” ဟုဆိုရသနည်းဟု (လျှောက်၏)။ ငါ့သျှင် “ခံစားတတ်, ခံစားတတ်” သော အကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏။ အဘယ်ကို ခံစားတတ်သနည်း။ ချမ်းသာကိုလည်း ခံစားတတ်၏၊ ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုလည်း ခံစားတတ်၏။ ငါ့သျှင် “ခံစားတတ် ခံစားတတ်” သောအကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် “သညာ သညာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “သညာ” ဟု ဆိုရသနည်းဟု (လျှောက်၏)။ ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏။ အဘယ်ကို မှတ်သားတတ်သနည်း။ ညိုသောအရာကိုလည်း မှတ်သားတတ်၏၊ ရွှေသောအရာကိုလည်းမှတ်သားတတ်၏၊ နီသောအရာကိုလည်း မှတ်သားတတ်၏။ ဖြူသောအရာကိုလည်း မှတ်သားတတ်၏။ ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏ဟု (မိန့် ဆို၏)။ ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်သလော၊ သို့မဟုတ် မရောနှောကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ခြားနားချက် ကို ပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။ ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ။ ငါ့သျှင် အာရုံကိုပင် ခံစား၏၊ ခံစားသော အာရုံကိုပင် မှတ်သား၏၊ မှတ်သားသောအာရုံ ကိုပင် အထူးသိတတ်၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကုန်၏၊ မရောနှောသည်မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်ဆို၏)။

“They speak of this thing called ‘feeling’. How is feeling defined?” “It’s called feeling because it feels. And what does it feel? It feels pleasure, pain, and neutral. It’s called feeling because it feels.” “They speak of this thing called ‘perception’. How is perception defined?” “It’s called perception because it perceives. And what does it perceive? It perceives blue, yellow, red, and white. It’s called perception because it perceives.” “Feeling, perception, and consciousness— are these things mixed or separate? And can we completely disentangle them so as to describe the difference between them?” “Feeling, perception, and consciousness— these things are mixed, not separate. And you can never completely disentangle them so as to describe the difference between them. For you perceive what you feel, and you cognize what you perceive. That’s why these things are mixed, not separate. And you can never completely disentangle them so as to describe the difference between them.”

၄၅၁။ ‘‘နိဿဋ္ဌေန ဟာဝုသော [နိဿဋ္ဌေန ပနာဝုသော (?)], ပဉ္စဟိ ဣန္ဒြိယေဟိ ပရိသုဒ္ဓေန မနောဝိညာဏေန ကိံ နေယျ’’န္တိ။ ‘‘နိဿဋ္ဌေန အာဝုသော, ပဉ္စဟိ ဣန္ဒြိယေဟိ ပရိသုဒ္ဓေန မနောဝိညာဏေန ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ နေယျံ, ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ နေယျံ, ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ နေယျ’’န္တိ။ ‘‘နေယျံ ပနာဝုသော, ဓမ္မံ ကေန ပဇာနာတီ’’တိ။ ‘‘နေယျံ ခေါ, အာဝုသော, ဓမ္မံ ပညာစက္ခုနာ ပဇာနာတီ’’တိ။ ‘‘ပညာ ပနာဝုသော, ကိမတ္ထိယာ’’တိ။ ‘‘ပညာ ခေါ, အာဝုသော, အဘိညတ္ထာ ပရိညတ္ထာ ပဟာနတ္ထာ’’တိ။

၄၅၁။ ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့်အဘယ်တို့ကို သိသင့်သနည်းဟု (လျှောက်၏)။ ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ “ဝိညာဏ်သည် အဆုံးမရှိ” ဟုဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ “တစ်စုံတစ်ရာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကိုသိသင့်၏ဟု (မိန့်ဆို၏)။ ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အပြားအားဖြင့် သိတတ်သနည်းဟု (လျှောက်၏)။ ငါ့သျှင်သိသင့်သော တရားကို ပညာမျက်စိဖြင့် အပြားအားဖြင့် သိတတ်၏ဟု (မိန့်ဆိို၏)။ ငါ့သျှင် ပညာသည် အဘယ်အကျိုးရှိသနည်းဟု (လျှောက်၏)။ ငါ့သျှင် ပညာသည် အထူးသိခြင်းအကျိုးရှိ၏၊ ပိုင်းခြား၍သိခြင်း အကျိုး ရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ဟု (မိန့်ဆို၏)။

“What can be known by purified mind consciousness released from the five senses?” “Aware that ‘space is infinite’ it can know the dimension of infinite space. Aware that ‘consciousness is infinite’ it can know the dimension of infinite consciousness. Aware that ‘there is nothing at all’ it can know the dimension of nothingness.” “How do you understand something that can be known?” “You understand something that can be known with the eye of wisdom.” “What is the goal of wisdom?” “The goal of wisdom is direct knowledge, complete understanding, and giving up.”

စာ-၃၆၈

၄၅၂။ ‘‘ကတိ ပနာဝုသော, ပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယာ’’တိ။ ‘‘ဒွေ ခေါ, အာဝုသော, ပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ – ပရတော စ ဃောသော, ယောနိသော စ မနသိကာရော။ ဣမေ ခေါ, အာဝုသော, ဒွေ ပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယာ’’တိ။

‘‘ကတိဟိ ပနာဝုသော, အင်္ဂေဟိ အနုဂ္ဂဟိတာ သမ္မာဒိဋ္ဌိ စေတောဝိမုတ္တိဖလာ စ ဟောတိ စေတောဝိမုတ္တိဖလာနိသံသာ စ, ပညာဝိမုတ္တိဖလာ စ ဟောတိ ပညာဝိမုတ္တိဖလာနိသံသာ စာ’’တိ။ ‘‘ပဉ္စဟိ ခေါ, အာဝုသော, အင်္ဂေဟိ အနုဂ္ဂဟိတာ သမ္မာဒိဋ္ဌိ စေတောဝိမုတ္တိဖလာ စ ဟောတိ စေတောဝိမုတ္တိဖလာနိသံသာ စ, ပညာဝိမုတ္တိဖလာ စ ဟောတိ ပညာဝိမုတ္တိဖလာနိသံသာ စ။ ဣဓာဝုသော, သမ္မာဒိဋ္ဌိ သီလာနုဂ္ဂဟိတာ စ ဟောတိ, သုတာနုဂ္ဂဟိတာ စ ဟောတိ, သာကစ္ဆာနုဂ္ဂဟိတာ စ ဟောတိ, သမထာနုဂ္ဂဟိတာ စ ဟောတိ, ဝိပဿနာနုဂ္ဂဟိတာ စ ဟောတိ။ ဣမေဟိ ခေါ, အာဝုသော, ပဉ္စဟင်္ဂေဟိ အနုဂ္ဂဟိတာ သမ္မာဒိဋ္ဌိ စေတောဝိမုတ္တိဖလာ စ ဟောတိ စေတောဝိမုတ္တိဖလာနိသံသာ စ, ပညာဝိမုတ္တိဖလာ စ ဟောတိ ပညာဝိမုတ္တိဖလာနိသံသာ စာ’’တိ။

၄၅၂။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်းဟု (လျှောက်၏)။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါးတရားသံနှင့် အသင့်အား ဖြင့်နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကားဤနှစ်ပါးတို့တည်းဟု (မိန့်ဆို၏)။ ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးအာနိ သင်လည်းရှိသနည်း၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးအာနိသင်လည်း ရှိသနည်းဟု (လျှောက်၏)။ ငါ့သျှင် ငါးပါးသောအကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးအာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာအကျိုးအာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စောင့်စည်းမှု ‘သီလ’ အထောက်အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှုအထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန်သမာပတ့် ‘သမထ’ အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူးရှုမှု ‘ဝိပဿနာ’ အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’သည် လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးအာနိသင်လည်းရှိ၏ဟု (မိန့်ဆို၏)။

“How many conditions are there for the arising of right view?” “There are two conditions for the arising of right view: the voice of another and rational application of mind. These are the two conditions for the arising of right view.” “When right view is supported by how many factors does it have freedom of heart and freedom by wisdom as its fruit and benefit?” “When right view is supported by five factors it has freedom of heart and freedom by wisdom as its fruit and benefit. It’s when right view is supported by ethics, learning, discussion, serenity, and discernment. When right view is supported by these five factors it has freedom of heart and freedom by wisdom as its fruit and benefit.”

၄၅၃။ ‘‘ကတိ ပနာဝုသော, ဘဝါ’’တိ။ ‘‘တယောမေ, အာဝုသော, ဘဝါ – ကာမဘဝေါ, ရူပဘဝေါ, အရူပဘဝေါ’’တိ။ ‘‘ကထံ ပနာဝုသော, အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတီ’’တိ။ ‘‘အဝိဇ္ဇာနီဝရဏာနံ ခေါ, အာဝုသော, သတ္တာနံ တဏှာသံယောဇနာနံ တတြတတြာဘိနန္ဒနာ – ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတီ’’တိ။ ‘‘ကထံ ပနာဝုသော, အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ န ဟောတီ’’တိ။ ‘‘အဝိဇ္ဇာဝိရာဂါ ခေါ, အာဝုသော, ဝိဇ္ဇုပ္ပါဒါ တဏှာနိရောဓာ – ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ န ဟောတီ’’တိ။

၄၅၃။ ငါ့သျှင် ဘဝတို့သည် အဘယ်တို့နည်းဟု (လျှောက်၏)။ ငါ့သျှင် ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။ ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။ ငါ့သျှင် မသိမှုအပိတ်အဆီး ‘အဝိဇ္ဇာနီဝရဏ’ နှင့် တပ်မက်မှုအနှောင်အဖွဲ့ ‘တဏှာသံယောဇဥ်’ ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန်နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။ ငါ့သျှင် မသိမှု ‘အဝိဇ္ဇာ’ ကင်းခြင်း, သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့်နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရပေဟု (မိန့်ဆို၏)။

“How many states of existence are there?” “Reverend, there are these three states of existence. Existence in the sensual realm, the realm of luminous form, and the formless realm.” “But how is there regeneration into a new state of existence in the future?” “It’s because of sentient beings—shrouded by ignorance and fettered by craving—taking pleasure wherever they land. That’s how there is regeneration into a new state of existence in the future.” “But how is there no regeneration into a new state of existence in the future?” “It’s when ignorance fades away, knowledge arises, and craving ceases. That’s how there is no regeneration into a new state of existence in the future.”

၄၅၄။ ‘‘ကတမံ ပနာဝုသော, ပဌမံ ဈာန’’န္တိ။ ‘‘ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ – ဣဒံ ဝုစ္စတိ, အာဝုသော, ပဌမံ ဈာန’’န္တိ။ ‘‘ပဌမံ ပနာဝုသော, ဈာနံ ကတိအင်္ဂိက’’န္တိ? ‘‘ပဌမံ ခေါ, အာဝုသော, ဈာနံ ပဉ္စင်္ဂိကံ။ ဣဓာဝုသော, ပဌမံ ဈာနံ သမာပန္နဿ ဘိက္ခုနော ဝိတက္ကော စ ဝတ္တတိ, ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ။ ပဌမံ ခေါ, အာဝုသော, ဈာနံ ဧဝံ ပဉ္စင်္ဂိက’’န္တိ။ ‘‘ပဌမံ ပနာဝုသော, ဈာနံ ကတင်္ဂဝိပ္ပဟီနံ ကတင်္ဂသမန္နာဂတ’’န္တိ။ ‘‘ပဌမံ ခေါ, အာဝုသော, ဈာနံ ပဉ္စင်္ဂဝိပ္ပဟီနံ, ပဉ္စင်္ဂသမန္နာဂတံ။ ဣဓာဝုသော, ပဌမံ ဈာနံ သမာပန္နဿ ဘိက္ခုနော ကာမစ္ဆန္ဒော ပဟီနော ဟောတိ, ဗျာပါဒေါ ပဟီနော ဟောတိ, ထီနမိဒ္ဓံ ပဟီနံ ဟောတိ, ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ, ဝိစိကိစ္ဆာ ပဟီနာ ဟောတိ၊ ဝိတက္ကော စ ဝတ္တတိ, ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ။ ပဌမံ ခေါ, အာဝုသော, ဈာနံ ဧဝံ ပဉ္စင်္ဂဝိပ္ပဟီနံ ပဉ္စင်္ဂသမန္နာဂတ’’န္တိ။

၄၅၄။ ငါ့သျှင် ပဌမဈာန်သည် အဘယ်နည်းဟု (လျှောက်၏)။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့်တကွဖြစ်သော၊ သုံးသပ်ဆင် ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသည်ကို ပဌမဈာန်ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် ပဌမဈာန်သည် အင်္ဂါအဘယ်မျှရှိသနည်းဟု (လျှောက်၏)။ ငါ့သျှင် ပဌမဈာန်သည် အင်္ဂါငါးပါးရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသောရဟန်းအားကြံစည်မှု ‘ဝိတက်’ သည်လည်းကောင်း၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’သည်လည်းကောင်း၊ နှစ်သိမ့်မှု (ပီတိ) သည်လည်းကောင်း၊ ချမ်းသာမှု ‘သုခ’သည်လည်းကောင်း၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ’သည်လည်းကောင်း ဖြစ်၏။ ငါ့သျှင် ပဌမဈာန်သည် ဤသို့ အင်္ဂါငါးပါးရှိ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် ပဌမဈာန်သည် အဘယ်မျှသော အင်္ဂါတို့ကို ပယ်၍ အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံ သနည်းဟု (လျှောက်၏)။ ငါ့သျှင် ပဌမဈာန်သည် ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။ ငါ့သျှင်ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းသည် လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ ကို ပယ်၏၊ ဖျက်ဆီးလိုမှု ‘ဗျာပါဒ’ ကို ပယ်၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ပယ်၏၊ ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္စစ္စကုက္ကုစ္စ’ကို ပယ်၏၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို ပယ်၏။ ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’၊ နှစ်သိမ့်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ’ ဖြစ်၏။ ငါ့သျင် ပဌမဈာန်သည် ဤသို့ ငါးပါးသော အင်္ဂါတို့ကို ပယ်၍ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏ဟု (မိန့်ဆို၏)။

“But what, reverend, is the first absorption?” “Reverend, it’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. This is called the first absorption.” “But how many factors does the first absorption have?” “The first absorption has five factors. When a mendicant has entered the first absorption, placing the mind, keeping it connected, rapture, bliss, and unification of mind are present. That’s how the first absorption has five factors.” “But how many factors has the first absorption given up and how many does it possess?” “The first absorption has given up five factors and possesses five factors. When a mendicant has entered the first absorption, sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt are given up. Placing the mind, keeping it connected, rapture, bliss, and unification of mind are present. That’s how the first absorption has given up five factors and possesses five factors.”

စာ-၃၆၉

၄၅၅။ ‘‘ပဉ္စိမာနိ, အာဝုသော, ဣန္ဒြိယာနိ နာနာဝိသယာနိ နာနာဂေါစရာနိ, န အညမညဿ ဂေါစရဝိသယံ ပစ္စနုဘောန္တိ, သေယျထိဒံ – စက္ခုန္ဒြိယံ, သောတိန္ဒြိယံ, ဃာနိန္ဒြိယံ, ဇိဝှိန္ဒြိယံ, ကာယိန္ဒြိယံ။ ဣမေသံ ခေါ, အာဝုသော, ပဉ္စန္နံ ဣန္ဒြိယာနံ နာနာဝိသယာနံ နာနာဂေါစရာနံ, န အညမညဿ ဂေါစရဝိသယံ ပစ္စနုဘောန္တာနံ, ကိံ ပဋိသရဏံ, ကော စ နေသံ ဂေါစရဝိသယံ ပစ္စနုဘောတီ’’တိ။ ‘‘ပဉ္စိမာနိ, အာဝုသော, ဣန္ဒြိယာနိ နာနာဝိသယာနိ နာနာဂေါစရာနိ, န အညမညဿ ဂေါစရဝိသယံ ပစ္စနုဘောန္တိ, သေယျထိဒံ – စက္ခုန္ဒြိယံ, သောတိန္ဒြိယံ, ဃာနိန္ဒြိယံ, ဇိဝှိန္ဒြိယံ, ကာယိန္ဒြိယံ။ ဣမေသံ ခေါ, အာဝုသော, ပဉ္စန္နံ ဣန္ဒြိယာနံ နာနာဝိသယာနံ နာနာဂေါစရာနံ, န အညမညဿ ဂေါစရဝိသယံ ပစ္စနုဘောန္တာနံ, မနော ပဋိသရဏံ, မနော စ နေသံ ဂေါစရဝိသယံ ပစ္စနုဘောတီ’’တိ။

၄၅၅။ ငါ့သျှင်တို့ ဤငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာရှိကုန်၏။ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် အသီးအသီးအာရုံ, အသီးသီးကျက်စားရာရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို့မခံစားကုန်သော ဣနြေငြါးပါးတို့၏ အားထားရာကား အဘယ်နည်း၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို အဘယ်တရားက ခံစားသနည်းဟု (လျှောက်၏)။ ငါ့သျှင် ငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာ ရှိကုန်၏၊ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိ ဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် အသီးအသီးအာရုံ, အသီးအသီးကျက်စားရာ ရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဣန္ဒြေငါးပါးတို့၏ အားထားရာကား (ဇော) စိတ်ပင် ဖြစ်၏၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို ဇောစိတ်ကပင်ခံစား၏ဟု (မိန့်ဆို၏)။

“Reverend, these five faculties have different domains and different ranges, and don’t experience each other’s domain and range. That is, the faculties of the eye, ear, nose, tongue, and body. What do these five faculties, with their different domains and ranges, have recourse to? What experiences their domains and ranges?” “These five faculties, with their different domains and ranges, have recourse to the mind. And the mind experiences their domains and ranges.”

၄၅၆။ ‘‘ပဉ္စိမာနိ, အာဝုသော, ဣန္ဒြိယာနိ, သေယျထိဒံ – စက္ခုန္ဒြိယံ, သောတိန္ဒြိယံ, ဃာနိန္ဒြိယံ, ဇိဝှိန္ဒြိယံ, ကာယိန္ဒြိယံ။ ဣမာနိ ခေါ, အာဝုသော, ပဉ္စိန္ဒြိယာနိ ကိံ ပဋိစ္စ တိဋ္ဌန္တီ’’တိ။ ‘‘ပဉ္စိမာနိ, အာဝုသော, ဣန္ဒြိယာနိ, သေယျထိဒံ – စက္ခုန္ဒြိယံ, သောတိန္ဒြိယံ, ဃာနိန္ဒြိယံ, ဇိဝှိန္ဒြိယံ, ကာယိန္ဒြိယံ။ ဣမာနိ ခေါ, အာဝုသော, ပဉ္စိန္ဒြိယာနိ အာယုံ ပဋိစ္စ တိဋ္ဌန္တီ’’တိ။ ‘‘အာယု ပနာဝုသော, ကိံ ပဋိစ္စ တိဋ္ဌတီ’’တိ။

‘‘အာယု ဥသ္မံ ပဋိစ္စ တိဋ္ဌတီ’’တိ။ ‘‘ဥသ္မာ ပနာဝုသော, ကိံ ပဋိစ္စ တိဋ္ဌတီ’’တိ? ‘‘ဥသ္မာ အာယုံ ပဋိစ္စ တိဋ္ဌတီ’’တိ။ ‘‘ဣဒါနေဝ ခေါ မယံ, အာဝုသော, အာယသ္မတော သာရိပုတ္တဿ ဘာသိတံ ဧဝံ အာဇာနာမ – ‘အာယု ဥသ္မံ ပဋိစ္စ တိဋ္ဌတီ’တိ။ ဣဒါနေဝ ပန မယံ, အာဝုသော, အာယသ္မတော သာရိပုတ္တဿ ဘာသိတံ ဧဝံ အာဇာနာမ – ‘ဥသ္မာ အာယုံ ပဋိစ္စ တိဋ္ဌတီ’တိ။ ‘‘ယထာ ကထံ ပနာဝုသော, ဣမဿ ဘာသိတဿ အတ္ထော ဒဋ္ဌဗ္ဗော’’တိ။ ‘‘တေန ဟာဝုသော, ဥပမံ တေ ကရိဿာမိ၊ ဥပမာယပိဓေကစ္စေ ဝိညူ ပုရိသာ ဘာသိတဿ အတ္ထံ အာဇာနန္တိ။ သေယျထာပိ, အာဝုသော, တေလပ္ပဒီပဿ ဈာယတော အစ္စိံ ပဋိစ္စ အာဘာ ပညာယတိ, အာဘံ ပဋိစ္စ အစ္စိ ပညာယတိ၊ ဧဝမေဝ ခေါ, အာဝုသော, အာယု ဥသ္မံ ပဋိစ္စ တိဋ္ဌတိ, ဥသ္မာ အာယုံ ပဋိစ္စ တိဋ္ဌတီ’’တိ။

၄၅၆။ ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ,နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် ဣန္ဒြေငါးပါးတို့သည် အဘယ်ကို စွဲ၍ တည်ကုန်သနည်းဟု (လျှောက်၏)။ ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ ဣန္ဒြေတို့သည် အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် ဤဣနြေငြါးပါးတို့သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်ကုန်၏ဟု (မိန့်ဆို၏)။ ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။ ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။ ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။ ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။ ငါ့သျှင် “အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ကို စွဲ၍ တည်၏” ဟု ယခုပင်အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။ ငါ့သျှင် “ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’သည်အသက် ‘ဇီဝိတိန္ဒြေ’ ကို စွဲ၍ တည်၏” ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့သိရကုန်၏။ ငါ့သျှင် ဤစကား၏ အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ သိမှတ်ရမည်နည်းဟု (လျှောက်၏)။ ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာပြုအံ့၊ ဤလောက၌ ဥပမာဖြင့်လည်း အချို့သော ပညာရှိယောကျာ်းတို့သည် ပြောဆိုသော စကား၏ အနက်အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင် တောက်လောင်သောဆီမီး၏ မီးလျှံကို စွဲ၍ အလင်းရောင်သည် ထင်ရှားသကဲ့သို့၊ အလင်းရောင်ကို စွဲ၍ မီးလျှံသည် ထင်ရှားသကဲ့သို့၊ ဤအတူပင် အသက် ‘ဇီဝိတိန္ဒြေ’သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ကို စွဲ၍ တည်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်၏” ဟု (မိန့်ဆို၏)။

“These five faculties depend on what to continue?” “These five faculties depend on vitality to continue.” “But what does vitality depend on to continue?” “Vitality depends on warmth to continue.” “But what does warmth depend on to continue?” “Warmth depends on vitality to continue.” “Just now I understood you to say: ‘Vitality depends on warmth to continue.’ But I also understood you to say: ‘Warmth depends on vitality to continue.’ How then should we see the meaning of this statement?” “Well then, reverend, I shall give you a simile. For by means of a simile some sensible people understand the meaning of what is said. Suppose there was an oil lamp burning. The luminosity appears dependent on the flame, and the flame appears dependent on the luminosity. In the same way, vitality depends on warmth to continue, and warmth depends on vitality to continue.”

စာ-၃၇၀

၄၅၇။ ‘‘တေဝ နု ခေါ, အာဝုသော, အာယုသင်္ခါရာ, တေ ဝေဒနိယာ ဓမ္မာ ဥဒါဟု အညေ အာယုသင်္ခါရာ အညေ ဝေဒနိယာ ဓမ္မာ’’တိ? ‘‘န ခေါ, အာဝုသော, တေဝ အာယုသင်္ခါရာ တေ ဝေဒနိယာ ဓမ္မာ။ တေ စ ဟာဝုသော, အာယုသင်္ခါရာ အဘဝိံသု တေ ဝေဒနိယာ ဓမ္မာ, န ယိဒံ သညာဝေဒယိတနိရောဓံ သမာပန္နဿ ဘိက္ခုနော ဝုဋ္ဌာနံ ပညာယေထ။ ယသ္မာ စ ခေါ, အာဝုသော, အညေ အာယုသင်္ခါရာ အညေ ဝေဒနိယာ ဓမ္မာ, တသ္မာ သညာဝေဒယိတနိရောဓံ သမာပန္နဿ ဘိက္ခုနော ဝုဋ္ဌာနံ ပညာယတီ’’တိ။ ‘‘ယဒါ နု ခေါ, အာဝုသော, ဣမံ ကာယံ ကတိ ဓမ္မာ ဇဟန္တိ၊ အထာယံ ကာယော ဥဇ္ဈိတော အဝက္ခိတ္တော သေတိ, ယထာ ကဋ္ဌံ အစေတန’’န္တိ။‘‘ယဒါ ခေါ, အာဝုသော, ဣမံ ကာယံ တယော ဓမ္မာ ဇဟန္တိ – အာယု ဥသ္မာ စ ဝိညာဏံ၊ အထာယံ ကာယော ဥဇ္ဈိတော အဝက္ခိတ္တော သေတိ, ယထာ ကဋ္ဌံ အစေတန’’န္တိ။

‘‘ယွာယံ, အာဝုသော, မတော ကာလင်္ကတော, ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော – ဣမေသံ ကိံ နာနာကရဏ’’န္တိ။ ‘‘ယွာယံ, အာဝုသော, မတော ကာလင်္ကတော တဿ ကာယသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, ဝစီသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, စိတ္တသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, အာယု ပရိက္ခီဏော, ဥသ္မာ ဝူပသန္တာ, ဣန္ဒြိယာနိ ပရိဘိန္နာနိ။ ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော တဿပိ ကာယသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, ဝစီသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, စိတ္တသင်္ခါရာ နိရုဒ္ဓါ ပဋိပ္ပဿဒ္ဓါ, အာယု န ပရိက္ခီဏော, ဥသ္မာ အဝူပသန္တာ, ဣန္ဒြိယာနိ ဝိပ္ပသန္နာနိ။ ယွာယံ, အာဝုသော, မတော ကာလင်္ကတော, ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော – ဣဒံ နေသံ နာနာကရဏ’’န္တိ။

၄၅၇။ ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့လော၊ သို့မဟုတ် အသက်တို့ကတစ်ခြား, ခံစားတတ်သောသဘောတို့က တစ်ခြားတို့လောဟု (လျှောက်၏)။ ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သောသဘောတို့ မဟုတ်ကုန်။ ငါ့သျှင် မှန်၏၊ ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့ ဖြစ်ခဲ့ကြမူ ဤမှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓ သမာပတ်’ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည် မထင်ရှားရာ၊ ငါ့သျှင် အသက်က တစ်ခြား, ခံစားတတ်သော သဘောက တစ်ခြားဖြစ်ခြင်းကြောင့် မှတ်သားမှု ‘သညာ’,ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓ သမာပတ်’ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည်ထင်ရှား၏ဟု (မိန့်ဆို၏)။ ငါ့သျှင် ဤကိုယ်ကို အဘယ်တရားတို့က စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိသော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရသနည်းဟု (လျှောက်၏)။ ငါ့သျှင် ဤကိုယ်ကို အသက် ‘ဇီဝိတိန္ဒြေ’၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’၊ ဝိညာဏ်၊ ဤတရာ့းသုံးပါးတို့ စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိ သော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရ၏ဟု (မိန့်ဆို၏)။ ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့် မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ ခြားနားချက်ကား အဘယ်နည်းဟု (လျှောက်၏)။ ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) အား ကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည်ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သော ဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ အသက် ‘ဇီဝိတိန္ဒြေ’ သည် ကုန်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည်ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။ မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသော ရဟန်းအားကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သောဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏။ အသက် ‘ဇီဝိတိန္ဒြေ’ သည် မကုန်၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် မငြိမ်း၊ ဣန္ဒြေတို့သည် အထူး ကြည်လင်ကုန်၏၊ ငါ့သျှင် ဤသည်ကား သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့်မှတ်သားမှု ‘သညာ’,ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက် တည်းဟု (မိန့်ဆို၏)။

“Are the vital forces and the phenomena that are felt one and the same? Or are the vital forces one thing, and the phenomena that are felt another?” “The vital forces are not the same things as the phenomena that are felt. For if the vital forces and the phenomena that are felt were the same things, a mendicant who had attained the cessation of perception and feeling would not emerge from it. But because the vital forces and the phenomena that are felt are different things, a mendicant who has attained the cessation of perception and feeling can emerge from it.” “How many things must this body lose before it lies abandoned, tossed aside like an insentient log?” “This body must lose three things before it lies abandoned, tossed aside like an insentient log: vitality, warmth, and consciousness.” “What’s the difference between someone who has passed away and a mendicant who has attained the cessation of perception and feeling?” “When someone dies, their physical, verbal, and mental processes have ceased and stilled; their vitality is spent; their warmth is dissipated; and their faculties have disintegrated. When a mendicant has attained the cessation of perception and feeling, their physical, verbal, and mental processes have ceased and stilled. But their vitality is not spent; their warmth is not dissipated; and their faculties are very clear. That’s the difference between someone who has passed away and a mendicant who has attained the cessation of perception and feeling.”

၄၅၈။ ‘‘ကတိ ပနာဝုသော, ပစ္စယာ အဒုက္ခမသုခါယ စေတောဝိမုတ္တိယာ သမာပတ္တိယာ’’တိ။ ‘‘စတ္တာရော ခေါ, အာဝုသော, ပစ္စယာ အဒုက္ခမသုခါယ စေတောဝိမုတ္တိယာ သမာပတ္တိယာ။ ဣဓာဝုသော, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဣမေ ခေါ, အာဝုသော, စတ္တာရော ပစ္စယာ အဒုက္ခမသုခါယ စေတောဝိမုတ္တိယာ သမာပတ္တိယာ’’တိ။

‘‘ကတိ ပနာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ သမာပတ္တိယာ’’တိ။ ‘‘ဒွေ ခေါ, အာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ သမာပတ္တိယာ – သဗ္ဗနိမိတ္တာနဉ္စ အမနသိကာရော, အနိမိတ္တာယ စ ဓာတုယာ မနသိကာရော။ ဣမေ ခေါ, အာဝုသော, ဒွေ ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ သမာပတ္တိယာ’’တိ။

‘‘ကတိ ပနာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဌိတိယာ’’တိ။ ‘‘တယော ခေါ, အာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဌိတိယာ – သဗ္ဗနိမိတ္တာနဉ္စ အမနသိကာရော, အနိမိတ္တာယ စ ဓာတုယာ မနသိကာရော, ပုဗ္ဗေ စ အဘိသင်္ခါရော။ ဣမေ ခေါ, အာဝုသော, တယော ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဌိတိယာ’’တိ။

‘‘ကတိ ပနာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဝုဋ္ဌာနာယာ’’တိ။ ‘‘ဒွေ ခေါ, အာဝုသော, ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဝုဋ္ဌာနာယ – သဗ္ဗနိမိတ္တာနဉ္စ မနသိကာရော, အနိမိတ္တာယ စ ဓာတုယာ အမနသိကာရော။ ဣမေ ခေါ, အာဝုသော, ဒွေ ပစ္စယာ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဝုဋ္ဌာနာယာ’’တိ။

၄၅၈။ ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းသည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။ ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည်ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာမှုနှင့် နှလုံးမသာမှုတို့၏ ရှေးဦးကပင်ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောလွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် ဤလေးပါးတို့တည်းဟု (မိန့်ဆို၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ် မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် သုံးပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်း၊ ရှေးဦးကပင် (မည်မျှကြာအောင် ဝင်စားမည်ဟု အချိန်ကာလပိုင်းခြားမှု) ပြုစီရင်ခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် ဤသုံးပါးတို့ပင်တည်းဟု (မိန့်ဆို၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင့်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးမသွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

“How many conditions are necessary to attain the neutral release of the heart?” “Four conditions are necessary to attain the neutral release of the heart. With the giving up of pleasure and pain and the disappearance of former happiness and sadness, a mendicant enters and remains in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. These four conditions are necessary to attain the neutral release of the heart.” “How many conditions are necessary to attain the signless release of the heart?” “Two conditions are necessary to attain the signless release of the heart: not focusing on any signs, and focusing on the signless. These two conditions are necessary to attain the signless release of the heart.” “How many conditions are necessary to remain in the signless release of the heart?” “Three conditions are necessary to remain in the signless release of the heart: not focusing on any signs, focusing on the signless, and a previous determination. These three conditions are necessary to remain in the signless release of the heart.” “How many conditions are necessary to emerge from the signless release of the heart?” “Two conditions are necessary to emerge from the signless release of the heart: focusing on all signs, and not focusing on the signless. These two conditions are necessary to emerge from the signless release of the heart.”

၄၅၉။ ‘‘ယာ စာယံ, အာဝုသော, အပ္ပမာဏာ စေတောဝိမုတ္တိ, ယာ စ အာကိဉ္စညာ စေတောဝိမုတ္တိ, ယာ စ သုညတာ စေတောဝိမုတ္တိ, ယာ စ အနိမိတ္တာ စေတောဝိမုတ္တိ – ဣမေ ဓမ္မာ နာနာတ္ထာ စေဝ နာနာဗျဉ္ဇနာ စ ဥဒါဟု ဧကတ္ထာ ဗျဉ္ဇနမေဝ နာန’’န္တိ။ ‘‘ယာ စာယံ, အာဝုသော, အပ္ပမာဏာ စေတောဝိမုတ္တိ, ယာ စ အာကိဉ္စညာ စေတောဝိမုတ္တိ, ယာ စ သုညတာ စေတောဝိမုတ္တိ, ယာ စ အနိမိတ္တာ စေတောဝိမုတ္တိ – အတ္ထိ ခေါ, အာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ နာနာတ္ထာ စေဝ နာနာဗျဉ္ဇနာ စ၊ အတ္ထိ စ ခေါ, အာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ ဧကတ္ထာ, ဗျဉ္ဇနမေဝ နာနံ’’။

‘‘ကတမော စာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ နာနာတ္ထာ စေဝ နာနာဗျဉ္ဇနာ စ’’။ ‘‘ဣဓာဝုသော, ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရတိ။ အယံ ဝုစ္စတာဝုသော, အပ္ပမာဏာ စေတောဝိမုတ္တိ’’။

‘‘ကတမာ စာဝုသော, အာကိဉ္စညာ စေတောဝိမုတ္တိ’’။ ‘‘ဣဓာဝုသော, ဘိက္ခု သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ နတ္ထိ ကိဉ္စီတိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတာဝုသော, အာကိဉ္စညာ စေတောဝိမုတ္တိ’’။

‘‘ကတမာ စာဝုသော, သုညတာ စေတောဝိမုတ္တိ’’ ‘‘ဣဓာဝုသော, ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ ဣတိ ပဋိသဉ္စိက္ခတိ – ‘သုညမိဒံ အတ္တေန ဝါ အတ္တနိယေန ဝါ’တိ။ အယံ ဝုစ္စတာဝုသော, သုညတာ စေတောဝိမုတ္တိ’’။

‘‘ကတမာ စာဝုသော, အနိမိတ္တာ စေတောဝိမုတ္တိ’’။ ‘‘ဣဓာဝုသော, ဘိက္ခု သဗ္ဗနိမိတ္တာနံ အမနသိကာရာ အနိမိတ္တံ စေတောသမာဓိံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတာဝုသော, အနိမိတ္တာ စေတောဝိမုတ္တိ။ အယံ ခေါ, အာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ နာနာတ္ထာ စေဝ နာနာဗျဉ္ဇနာ စ’’။

‘‘ကတမော စာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာနံ’’။ ‘‘ရာဂေါ ခေါ, အာဝုသော, ပမာဏကရဏော, ဒေါသော ပမာဏကရဏော, မောဟော ပမာဏကရဏော။ တေ ခီဏာသဝဿ ဘိက္ခုနော ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ယာဝတာ ခေါ, အာဝုသော, အပ္ပမာဏာ စေတောဝိမုတ္တိယော, အကုပ္ပါ တာသံ စေတောဝိမုတ္တိ အဂ္ဂမက္ခာယတိ။ သာ ခေါ ပနာကုပ္ပါ စေတောဝိမုတ္တိ သုညာ ရာဂေန, သုညာ ဒေါသေန, သုညာ မောဟေန။ ရာဂေါ ခေါ, အာဝုသော, ကိဉ္စနော, ဒေါသော ကိဉ္စနော, မောဟော ကိဉ္စနော။ တေ ခီဏာသဝဿ ဘိက္ခုနော ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ယာဝတာ ခေါ, အာဝုသော, အာကိဉ္စညာ စေတောဝိမုတ္တိယော, အကုပ္ပါ တာသံ စေတောဝိမုတ္တိ အဂ္ဂမက္ခာယတိ။ သာ ခေါ ပနာကုပ္ပါ စေတောဝိမုတ္တိ သုညာ ရာဂေန, သုညာ ဒေါသေန, သုညာ မောဟေန။ ရာဂေါ ခေါ, အာဝုသော, နိမိတ္တကရဏော, ဒေါသော နိမိတ္တကရဏော, မောဟော နိမိတ္တကရဏော။ တေ ခီဏာသဝဿ ဘိက္ခုနော ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ယာဝတာ ခေါ, အာဝုသော, အနိမိတ္တာ စေတောဝိမုတ္တိယော, အကုပ္ပါ တာသံ စေတောဝိမုတ္တိ အဂ္ဂမက္ခာယတိ။ သာ ခေါ ပနာကုပ္ပါ စေတောဝိမုတ္တိ သုညာ ရာဂေန, သုညာ ဒေါသေန, သုညာ မောဟေန။ အယံ ခေါ, အာဝုသော, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာန’’န္တိ။

ဣဒမဝေါစာယသ္မာ သာရိပုတ္တော။ အတ္တမနော အာယသ္မာ မဟာကောဋ္ဌိကော အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒီတိ။

မဟာဝေဒလ္လသုတ္တံ နိဋ္ဌိတံ တတိယံ။

၄၅၉။ ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဥ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါ အသီးသီး ဖြစ်ကုန်သလော၊ သို့မဟုတ် အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာအသီးအသီး ဖြစ်သလောဟု (လျှောက်၏)။ ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဥ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ်မရှိသော လွတ်မြောက် သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသော အကြောင်းလည်း ရှိ၏။ အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာလျှင်အသီးအသီး ဖြစ်၏ဟူသော အကြောင်းလည်း ရှိ၏။ ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသောအကြောင်းကား အဘယ်နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာ ကိုပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက်နေ၏။ ကရုဏာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဥ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဥ်သော စိတ်ပြင့် ပျံ့နှံ့စေ၍ နေ၏။ ငါ့သျှင်ဤနေခြင်းကို အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။ ငါ့သျှင် ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် အခြင်းအရာအားလုံးအားဖြင့် ဝိညာဏဉ္စာယတနဈာန် (အာရုံ) ကို လွန်မြောက်၍ “ဘာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကိုဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်) ဟု ဆိုရ၏။ ငါ့သျှင် (အာရုံ) ဆိတ်သုဥ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် တော၌တည်၍ဖြစ်စေ၊ သစ်ပင်ရင်း၌တည်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာ ကျောင်းအိပ်ရာနေရာ၌တည်၍ဖြစ်စေ “ဤ လွတ်မြောက်သောစိတ် (သမာပတ်) သည် ကိုယ် ‘အတ္တ’ မှလည်းကောင်း၊ ကိုယ်ပိုင်ဥစ္စာ ‘အတ္တနိယ’မှလည်းကောင်း ဆိတ်သုဥ်း၏” ဟု ဤသို့ ဆင်ခြင်၏။ ငါ့သျှင်ဤဆင်ခြင်ခြင်းကို (အာရုံ) ဆိတ်သုဥ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။ ငါ့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင့်ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် (အာရုံ) နိမိတ်မရှိသော တည်တံ့သောစိတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကို (အာရုံ) နိမိတ် မရှိသောလွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။ ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်အသီးသီးဖြစ်၍ သဒ္ဒါအသီးသီးဖြစ်ကုန်၏ ဟူသောအကြောင်းကား ဤသည်ပင်တည်း။ ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးသီးဖြစ်၏ ဟူသောအကြောင်းကား အဘယ်နည်း။ ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’သည် အတိုင်းအရှည်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ’သည် အတိုင်းအရှည်ကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် အတိုင်းအရှည်ကို ပြုတတ်၏။ ထိုတရားတို့သည်အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည် တပ်စွန်းမှု ‘ရာဂ’ မှ ဆိတ်သုဥ်း၏။ ပြစ်မှားမှု ‘ဒေါသ’မှ ဆိတ်သုဥ်း၏။ တွေဝေမှု ‘မောဟ’မှ ဆိတ်သုဥ်း၏။ ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် နှိပ်စက်တတ်၏၊ ပြစ်မှားမှု ‘ဒေါသ’ သည် နှိပ်စက်တတ်၏၊ တွေဝေမှု ‘မောဟ’ သည် နှိပ်စက်တတ်၏၊ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် နှိပ်စက်တတ်သည့်အာရုံ, နှိပ်စက်တတ်သည့် ရာဂစသည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင်မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်းမှု ‘ရာဂ’မှ ဆိတ်သုဥ်း၏။ ပြစ်မှားမှု ‘ဒေါသ’မှ ဆိတ်သုဥ်း၏၊ တွေဝေမှု ‘မောဟ’မှ ဆိတ်သုဥ်း၏။ ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် (အာရုံ) နိမိတ်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ’သည် (အာရုံ) နိမိတ်ကိုပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် (အာရုံ) နိမိတ်ကို ပြုတတ်၏။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏။ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏။ (နုတ်ပြီးသော) ထန်းပင်ရာကဲဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို မြတ်၏ဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်း မှု ‘ရာဂ’ မှ ဆိတ်သုဥ်း၏၊ ပြစ်မှားမှု ‘ဒေါသ’မှဆိတ်သုဥ်း၏၊ တွေဝေမှု ‘မောဟ’ မှ ဆိတ်သုဥ်း၏။ ငါ့့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးအသီးဖြစ်၏ဟူသောအကြောင်းကား ဤသည်ပင်တည်းဟု အသျှင်သာရိပုတြာသည် ဖြေဆို၏။ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာဟောကြားတော်မူသော တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူလေသတည်း။ သုံးခုမြောက် မဟာဝေဒလ္လသုတ် ပြီး၏။

“The limitless release of the heart, and the release of the heart through nothingness, and the release of the heart through emptiness, and the signless release of the heart: do these things differ in both meaning and phrasing? Or do they mean the same thing, and differ only in the phrasing?” “There is a way in which these things differ in both meaning and phrasing. But there’s also a way in which they mean the same thing, and differ only in the phrasing. And what’s the way in which these things differ in both meaning and phrasing? Firstly, a mendicant meditates spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of compassion … They meditate spreading a heart full of rejoicing … They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. This is called the limitless release of the heart. And what is the release of the heart through nothingness? It’s when a mendicant, going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, enters and remains in the dimension of nothingness. This is called the heart’s release through nothingness. And what is the release of the heart through emptiness? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘This is empty of a self or what belongs to a self.’ This is called the release of the heart through emptiness. And what is the signless release of the heart? It’s when a mendicant, not focusing on any signs, enters and remains in the signless immersion of the heart. This is called the signless release of the heart. This is the way in which these things differ in both meaning and phrasing. And what’s the way in which they mean the same thing, and differ only in the phrasing? Greed, hate, and delusion are makers of limits. A mendicant who has ended the defilements has given these up, cut them off at the root, made them like a palm stump, and obliterated them, so they are unable to arise in the future. The unshakable release of the heart is said to be the best kind of limitless release of the heart. That unshakable release of the heart is empty of greed, hate, and delusion. Greed is something, hate is something, and delusion is something. A mendicant who has ended the defilements has given these up, cut them off at the root, made them like a palm stump, and obliterated them, so they are unable to arise in the future. The unshakable release of the heart is said to be the best kind of release of the heart through nothingness. That unshakable release of the heart is empty of greed, hate, and delusion. Greed, hate, and delusion are makers of signs. A mendicant who has ended the defilements has given these up, cut them off at the root, made them like a palm stump, and obliterated them, so they are unable to arise in the future. The unshakable release of the heart is said to be the best kind of signless release of the heart. That unshakable release of the heart is empty of greed, hate, and delusion. This is the way in which they mean the same thing, and differ only in the phrasing.” That is what Venerable Sāriputta said. Satisfied, Venerable Mahākoṭṭhita approved what Sāriputta said.

၄။ စူဠဝေဒလ္လသုတ္တံ

၄၆၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ ဝိသာခေါ ဥပါသကော ယေန ဓမ္မဒိန္နာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဓမ္မဒိန္နံ ဘိက္ခုနိံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဝိသာခေါ ဥပါသကော ဓမ္မဒိန္နံ ဘိက္ခုနိံ ဧတဒဝေါစ – ‘‘‘သက္ကာယော သက္ကာယော’တိ, အယျေ, ဝုစ္စတိ။ ကတမော နု ခေါ, အယျေ, သက္ကာယော ဝုတ္တော ဘဂဝတာ’’တိ? ‘‘ပဉ္စ ခေါ ဣမေ, အာဝုသော ဝိသာခ, ဥပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာ, သေယျထိဒံ – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော, ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ခေါ, အာဝုသော ဝိသာခ, ပဉ္စုပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာ’’တိ။

‘‘သာဓယျေ’’တိ ခေါ ဝိသာခေါ ဥပါသကော ဓမ္မဒိန္နာယ ဘိက္ခုနိယာ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဓမ္မဒိန္နံ ဘိက္ခုနိံ ဥတ္တရိံ ပဉှံ အပုစ္ဆိ – ‘‘‘သက္ကာယသမုဒယော သက္ကာယသမုဒယော’တိ, အယျေ, ဝုစ္စတိ။ ကတမော နု ခေါ, အယျေ, သက္ကာယသမုဒယော ဝုတ္တော ဘဂဝတာ’’တိ? ‘‘ယာယံ, အာဝုသော ဝိသာခ, တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ, သေယျထိဒံ – ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ အယံ ခေါ, အာဝုသော ဝိသာခ, သက္ကာယသမုဒယော ဝုတ္တော ဘဂဝတာ’’တိ။

‘‘‘သက္ကာယနိရောဓော သက္ကာယနိရောဓော’တိ, အယျေ, ဝုစ္စတိ။ ကတမော နု ခေါ, အယျေ, သက္ကာယနိရောဓော ဝုတ္တော ဘဂဝတာ’’တိ။ ‘‘ယော ခေါ, အာဝုသော ဝိသာခ, တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော၊ အယံ ခေါ, အာဝုသော ဝိသာခ, သက္ကာယနိရောဓော ဝုတ္တော ဘဂဝတာ’’တိ။

‘‘‘သက္ကာယနိရောဓဂါမိနီ ပဋိပဒါ သက္ကာယနိရောဓဂါမိနီ ပဋိပဒါ’တိ, အယျေ, ဝုစ္စတိ။ ကတမာ နု ခေါ, အယျေ, သက္ကာယနိရောဓဂါမိနီ ပဋိပဒါ ဝုတ္တာ ဘဂဝတာ’’တိ/ ‘‘အယမေဝ ခေါ, အာဝုသော ဝိသာခ, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သက္ကာယနိရောဓဂါမိနီ ပဋိပဒါ ဝုတ္တာ ဘဂဝတာ, သေယျထိဒံ – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓီ’’တိ။

‘‘တညေဝ နု ခေါ, အယျေ, ဥပါဒါနံ တေ [တေဝ (သီ။)] ပဉ္စုပါဒါနက္ခန္ဓာ ဥဒါဟု အညတြ ပဉ္စဟုပါဒါနက္ခန္ဓေဟိ ဥပါဒါန’’န္တိ? ‘‘န ခေါ, အာဝုသော ဝိသာခ, တညေဝ ဥပါဒါနံ တေ ပဉ္စုပါဒါနက္ခန္ဓာ, နာပိ အညတြ ပဉ္စဟုပါဒါနက္ခန္ဓေဟိ ဥပါဒါနံ။ ယော ခေါ, အာဝုသော ဝိသာခ, ပဉ္စသု ဥပါဒါနက္ခန္ဓေသု ဆန္ဒရာဂေါ တံ တတ္ထ ဥပါဒါန’’န္တိ။

၄- စူဠဝေဒလ္လသုတ် ၄၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝိသာခ ဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်လျက် ဤစကားကို ပြောဆို၏ - အသျှင်မ “သက္ကာယ သက္ကာယ၁ဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယဟု မြတ်စွာဘုရားဟောထားပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ် ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရားဟောတော်မူ၏။ အဘယ်ငါးပါးတို့နည်း ဟူမူ- ရူပုပါဒါနက္ခန္ဓာ (ရုပ်ဟူသော စွဲဲလမ်းဖွယ်ခန္ဓာ)၊ ဝေဒနုပါဒါနက္ခန္ဓာ (ခံစားမှုဟူသော စွဲဲလမ်းဖွယ်ခန္ဓာ)၊ သညုပါဒါနက္ခန္ဓာ (မှတ်သားမှုဟူသော စွဲဲလမ်းဖွယ်ခန္ဓာ)၊ သင်္ခါရုပါဒါနက္ခန္ဓာ (ပြုစီရင်မှုဟူသော စွဲဲလမ်းဖွယ်ခန္ဓာ)၊ ဝိညာဏုပါဒါနက္ခန္ဓာ (အထူးသိမှုဟူသော စွဲဲလမ်းဖွယ်ခန္ဓာ)တို့တည်း။ ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲဲလမ်းဖွယ်ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။ “အသျှင်မ ကောင်းပါပေ့၏” ဟု ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ ထို့ထက်အလွန် ပြဿနာကို မေးလျှောက်ပြန်၏။ “အသျှင်မ သက္ကာယဖြစ်ပေါ်ကြောင်း သက္ကာယဖြစ်ပေါ်ကြောင်းဟု ဆို၏၊ အသျှင်မ အဘယ်ကိုသက္ကာယ ဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွန်းမှု ‘နန္ဒီရာဂ’ နှင့် တစ်ကွဖြစ်သော ထိုထိုဘုံဘဝ၌ အလွန်နှစ်သက်တတ်သော ကာမဂုဏ်ကို တပ်မက်မှု ‘ကာမတဏှာ’၊ ဘုံဘဝကိုတပ်မက်မှု ‘ဘဝ တဏှာ’၊ ဘုံဘဝကင်းပြတ်မှုကို တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ဤတပ်မက်မှု ‘တဏှာ’ကိုသက္ကာယဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။ “အသျှင်မ သက္ကာယချုပ်ရာ, သက္ကာယချုပ်ရာဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာဟုမြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ တပ်စွန်းခြင်းကင်းသောအားဖြင့် ချူပ်ရာ,စွန့်လွှတ်ရာ, တစ်ဖန်စွန့်လွှတ်ရာ, လွတ်မြောက်ရာ, တွယ်တာကပ်ငြိမှုမရှိရာ (နိဗ္ဗာန်) ကို သက္ကာယချုပ်ရာဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။ “အသျှင်မ သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်, သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု ဆို၏။ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဤမြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုပင်လျှင် သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူ၏။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မန္တ’၊ မှန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။ “အသျှင်မ ထိုစွဲလမ်းမှု ‘ဥပါဒါန်’သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့လော၊ သို့မဟုတ် စွဲလမ်းမှု ‘ဥပါဒါန်’သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ထိုစွဲလမ်းမှု ‘ဥပါဒါန်’ သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့့မဟုတ်ကုန်၊ စွဲလမ်းမှု ‘ဥပါဒါန်’သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလည်း မဟုတ်။ ဒါယကာဝိသာခ စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စွဲလမ်းဖွယ်ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ မည်၏ဟု (မိန့်ဆို၏)။

Middle Discourses 44 The Shorter Elaboration So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then the layman Visākha went to see the nun Dhammadinnā, bowed, sat down to one side, and said to her: “Ma’am, they speak of this thing called ‘substantial reality’. What is this substantial reality that the Buddha spoke of?” “Visākha, the Buddha said that these five grasping aggregates are substantial reality. That is, the grasping aggregates of form, feeling, perception, choices, and consciousness. The Buddha said that these five grasping aggregates are substantial reality.” Saying “Good, ma’am,” Visākha approved and agreed with what Dhammadinnā said. Then he asked another question: “Ma’am, they speak of this thing called ‘the origin of substantial reality’. What is the origin of substantial reality that the Buddha spoke of?” “It’s the craving that leads to future lives, mixed up with relishing and greed, taking pleasure there wherever it alights. That is, craving for sensual pleasures, craving for continued existence, and craving for nonexistence. The Buddha said that this is the origin of substantial reality.” “Ma’am, they speak of this thing called ‘the cessation of substantial reality’. What is the cessation of substantial reality that the Buddha spoke of?” “It’s the fading away and cessation of that very same craving with no residue left behind; giving it away, letting it go, releasing it, and not clinging to it. The Buddha said that this is the cessation of substantial reality.” “Ma’am, they speak of the practice that leads to the cessation of substantial reality. What is the practice that leads to the cessation of substantial reality that the Buddha spoke of?” “The practice that leads to the cessation of substantial reality that the Buddha spoke of is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion.” “But ma’am, is that grasping the exact same thing as the five grasping aggregates? Or is grasping one thing and the five grasping aggregates another?” “That grasping is not the exact same thing as the five grasping aggregates. Nor is grasping one thing and the five grasping aggregates another. The desire and greed for the five grasping aggregates is the grasping there.”

၄၆၁။ ‘‘ကထံ ပနာယျေ, သက္ကာယဒိဋ္ဌိ ဟောတီ’’တိ? ‘‘ဣဓာဝုသော ဝိသာခ, အဿုတဝါ ပုထုဇ္ဇနော, အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော, သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော, ရူပံ အတ္တတော သမနုပဿတိ, ရူပဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ရူပံ, ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ…ပေ… သညံ… သင်္ခါရေ… ဝိညာဏံ အတ္တတော သမနုပဿတိ, ဝိညာဏဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ဝိညာဏံ, ဝိညာဏသ္မိံ ဝါ အတ္တာနံ။ ဧဝံ ခေါ, အာဝုသော ဝိသာခ, သက္ကာယဒိဋ္ဌိ ဟောတီ’’တိ။

‘‘ကထံ ပနာယျေ, သက္ကာယဒိဋ္ဌိ န ဟောတီ’’တိ။ ‘‘ဣဓာဝုသော ဝိသာခ, သုတဝါ အရိယသာဝကော, အရိယာနံ ဒဿာဝီ အရိယဓမ္မဿ ကောဝိဒေါ အရိယဓမ္မေ သုဝိနီတော, သပ္ပုရိသာနံ ဒဿာဝီ သပ္ပုရိသဓမ္မဿ ကောဝိဒေါ သပ္ပုရိသဓမ္မေ သုဝိနီတော, န ရူပံ အတ္တတော သမနုပဿတိ, န ရူပဝန္တံ ဝါ အတ္တာနံ, န အတ္တနိ ဝါ ရူပံ, န ရူပသ္မိံ ဝါ အတ္တာနံ။ န ဝေဒနံ…ပေ… န သညံ… န သင်္ခါရေ…ပေ… န ဝိညာဏံ အတ္တတော သမနုပဿတိ, န ဝိညာဏဝန္တံ ဝါ အတ္တာနံ, န အတ္တနိ ဝါ ဝိညာဏံ, န ဝိညာဏသ္မိံ ဝါ အတ္တာနံ။ ဧဝံ ခေါ, အာဝုသော ဝိသာခ, သက္ကာယဒိဋ္ဌိ န ဟောတီ’’တိ။

၄၆၁။ “အသျှင်မ အဘယ်သို့ သက္ကာယဒိဋ္ဌိ ဖြစ်သနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင် သော,အရိယာတရား၌ မယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်း တရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဥ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဥ် သည်ရုပ်ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်း ကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ခံစားမူ ‘ဝေဒနာ’ကို။ပ။ မှတ်သားမှု ‘သညာ’ကို။ပ။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ပ။ အထူးသိမှု ‘ဝိညာဥ်’ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဥ်’ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ အထူးသိမူ ‘ဝိညာဥ်’ဟုလည်းကောင်း၊ အထူးသိမှု ‘ဝိညာဥ်’၌ အတ္တဟုလည်း ကောင်း ရှု၏။ ဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။ “အသျှင်မ အဘယ်သို့လျှင် သက္ကာဒိဋ္ဌိ မဖြစ်သနည်း” ဟု (လျောက်၏)။ ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော,အရိယာတရား၌ ယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော သူတော်ကောင်းတရား၌ကျွမ်းကျင်သော သူတော်ကောင်းတရား၌ ယဥ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌အတ္တဟု မရှု။ ခံစားမူ ‘ဝေဒနာ’ကို။ပ။ မရှု။ မှတ်သားမှု ‘သညာ’ ကို။ပ။ မရှု။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ပ။ မရှု။ အထူးသိမှု ‘ဝိညာဥ်’ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဥ်’ရှိသော အတ္တဟု မရှု။ အတ္တ၌ အထူးသိမူ ‘ဝိညာဥ်’ဟု မရှု၊ အထူးသိမှု ‘ဝိညာဥ်’၌အတ္တဟု မရှု။ ဒါယကာဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။

“But ma’am, how does substantialist view come about?” “It’s when an unlearned ordinary person has not seen the noble ones, and is neither skilled nor trained in the teaching of the noble ones. They’ve not seen true persons, and are neither skilled nor trained in the teaching of the true persons. They regard form as self, self as having form, form in self, or self in form. They regard feeling … perception … choices … consciousness as self, self as having consciousness, consciousness in self, or self in consciousness. That’s how substantialist view comes about.” “But ma’am, how does substantialist view not come about?” “It’s when a learned noble disciple has seen the noble ones, and is skilled and trained in the teaching of the noble ones. They’ve seen true persons, and are skilled and trained in the teaching of the true persons. They don’t regard form as self, self as having form, form in self, or self in form. They don’t regard feeling … perception … choices … consciousness as self, self as having consciousness, consciousness in self, or self in consciousness. That’s how substantialist view does not come about.”

စာ-၃၇၅

၄၆၂။ ‘‘ကတမော ပနာယျေ, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ’’တိ။ ‘‘အယမေဝ ခေါ, အာဝုသော ဝိသာခ, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓီ’’တိ။ ‘‘အရိယော ပနာယျေ, အဋ္ဌင်္ဂိကော မဂ္ဂေါ သင်္ခတော ဥဒါဟု အသင်္ခတော’’တိ?

‘‘အရိယော ခေါ, အာဝုသော ဝိသာခ, အဋ္ဌင်္ဂိကော မဂ္ဂေါ သင်္ခတော’’တိ။ ‘‘အရိယေန နု ခေါ, အယျေ, အဋ္ဌင်္ဂိကေန မဂ္ဂေန တယော ခန္ဓာ သင်္ဂဟိတာ ဥဒါဟု တီဟိ ခန္ဓေဟိ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သင်္ဂဟိတော’’တိ။ ‘‘န ခေါ, အာဝုသော ဝိသာခ, အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန တယော ခန္ဓာ သင်္ဂဟိတာ၊ တီဟိ စ ခေါ, အာဝုသော ဝိသာခ, ခန္ဓေဟိ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ သင်္ဂဟိတော။ ယာ စာဝုသော ဝိသာခ, သမ္မာဝါစာ ယော စ သမ္မာကမ္မန္တော ယော စ သမ္မာအာဇီဝေါ ဣမေ ဓမ္မာ သီလက္ခန္ဓေ သင်္ဂဟိတာ။ ယော စ သမ္မာဝါယာမော ယာ စ သမ္မာသတိ ယော စ သမ္မာသမာဓိ ဣမေ ဓမ္မာ သမာဓိက္ခန္ဓေ သင်္ဂဟိတာ။ ယာ စ သမ္မာဒိဋ္ဌိ ယော စ သမ္မာသင်္ကပ္ပေါ, ဣမေ ဓမ္မာ ပညာက္ခန္ဓေ သင်္ဂဟိတာ’’တိ။

‘‘ကတမော ပနာယျေ, သမာဓိ, ကတမေ ဓမ္မာ သမာဓိနိမိတ္တာ, ကတမေ ဓမ္မာ သမာဓိပရိက္ခာရာ, ကတမာ သမာဓိဘာဝနာ’’တိ။ ‘‘ယာ ခေါ, အာဝုသော ဝိသာခ, စိတ္တဿ ဧကဂ္ဂတာ အယံ သမာဓိ၊ စတ္တာရော သတိပဋ္ဌာနာ သမာဓိနိမိတ္တာ၊ စတ္တာရော သမ္မပ္ပဓာနာ သမာဓိပရိက္ခာရာ။ ယာ တေသံယေဝ ဓမ္မာနံ အာသေဝနာ ဘာဝနာ ဗဟုလီကမ္မံ, အယံ ဧတ္ထ သမာဓိဘာဝနာ’’တိ။

၄၆၂။ “အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဟူသည် အဘယ်နည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဤသည်ပင်လျှင် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်တည်း။ ဤမဂ်ဟူသည်အဘယ်နည်း ဟူမှု- မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။ “အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားလော၊ သို့မဟုတ်အပြုအပြင်ခံမဟုတ်သော ‘အသင်္ခတ’ တရားလော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားပေတည်းဟု (မိန့်ဆို၏)။ “အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို သိမ်းယူရသလော၊ သို့မဟုတ် အစု ‘ခန္ဓာ’သုံးပါးတို့ဖြင့် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရသလော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို မသိမ်းယူရ။ အစု ‘ခန္ဓာ’သုံးပါးတို့ဖြင့်သာ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရာ၏။ ဒါယကာဝိသာခမှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ ဤတရားတို့ကို သီလအစု ‘သီလက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ ဤတရားတို့ကို တည်ကြည်မှုအစု ‘သမာဓိက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ ဤတရားတို့ကို အပြားအားဖြင့် သိမှုအစု ‘ပညာက္ခန္ဓာ’၌ သိမ်းယူရကုန်၏ဟု (မိန့်ဆို၏)။ “အသျှင်မ အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်’တို့ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှု၏ အခြံအရံတို့ပါနည်း။ အဘယ် သည် တည်ကြည်မှုကို ပွားများခြင်းပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ စိတ်၏ အာရုံတစ်မျိုးတည်းသာရှိခြင်းသည် တည်ကြည်မှု ‘သမာဓိ’တည်း။ လေးပါးသော အောက်မေ့မှု ထင်ခြင်း ‘သတိပဋ္ဌာန်’တို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်’တို့တည်း။ လေးပါးသော ကောင်းစွာအားထုတ်ခြင်း ‘သမ္မပ္ပဓာန်’တို့သည် တည်ကြည်မှု၏ အခြံအရံတို့တည်း။ ထိုတရားတို့ကိုသာလျှင် မှီဝဲခြင်း ပွားများခြင်း ကြိမ်ဖန်များစွာပြုခြင်းသည် ဤအရာ၌ တည်ကြည်မှုကို ပွါးများခြင်းတည်းဟု (မိန့်ဆို၏)။

“But ma’am, what is the noble eightfold path?” “It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion.” “But ma’am, is the noble eightfold path conditioned or unconditioned?” “The noble eightfold path is conditioned.” “Are the three spectrums of practice included in the noble eightfold path? Or is the noble eightfold path included in the three spectrums of practice?” “The three spectrums of practice are not included in the noble eightfold path. Rather, the noble eightfold path is included in the three spectrums of practice. Right speech, right action, and right livelihood: these things are included in the spectrum of ethics. Right effort, right mindfulness, and right immersion: these things are included in the spectrum of immersion. Right view and right purpose: these things are included in the spectrum of wisdom.” “But ma’am, what is immersion? What things are the bases of immersion? What things are the prerequisites for immersion? What is the development of immersion?” “Unification of the mind is immersion. The four kinds of mindfulness meditation are the bases for immersion. The four right efforts are the prerequisites for immersion. The cultivation, development, and making much of these very same things is the development of immersion.”

၄၆၃။ ‘‘ကတိ ပနာယျေ, သင်္ခါရာ’’တိ။ ‘‘တယောမေ, အာဝုသော ဝိသာခ, သင်္ခါရာ – ကာယသင်္ခါရော, ဝစီသင်္ခါရော, စိတ္တသင်္ခါရော’’တိ။ ‘‘ကတမော ပနာယျေ, ကာယသင်္ခါရော, ကတမော ဝစီသင်္ခါရော, ကတမော စိတ္တသင်္ခါရော’’တိ။ ‘‘အဿာသပဿာသာ ခေါ, အာဝုသော ဝိသာခ, ကာယသင်္ခါရော, ဝိတက္ကဝိစာရာ ဝစီသင်္ခါရော, သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော’’တိ။ ‘‘ကသ္မာ ပနာယျေ, အဿာသပဿာသာ ကာယသင်္ခါရော, ကသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော, ကသ္မာ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော’’တိ။ ‘‘အဿာသပဿာသာ ခေါ, အာဝုသော ဝိသာခ, ကာယိကာ ဧတေ ဓမ္မာ ကာယပ္ပဋိဗဒ္ဓါ, တသ္မာ အဿာသပဿာသာ ကာယသင်္ခါရော။ ပုဗ္ဗေ ခေါ, အာဝုသော ဝိသာခ, ဝိတက္ကေတွာ ဝိစာရေတွာ ပစ္ဆာ ဝါစံ ဘိန္ဒတိ, တသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။ သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပ္ပဋိဗဒ္ဓါ, တသ္မာ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော’’တိ။

၄၆၃။ “အသျှင်မ သင်္ခါရတို့သည် အဘယ်မျှတို့နည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။ “အသျှင်မ အဘယ်သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်သည် နှုတ်ကိုပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ထွက်သက် ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏၊ ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။ “အသျှင်မ အဘယ်ကြောင့် ထွက်သက် ဝင်သက်တရားတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် ဝိတက် ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ထိုထွက်သက်ဝင်သက်တရားတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ကိုယ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် ထိုထွက်သက်ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏။ ဒါယကာဝိသာခရှေးဦးကပင်ကြံစည်၍ စဥ်းစား၍ နောက်မှ စကားကို မြွက်ဆို၏၊ ထို့ကြောင့် ဝိတက် ဝိစာရတို့သည်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ ထိုသညာ,ဝေဒနာတို့သည် စိတ်၌ ဖြစ်ကုန်၏၊ စိတ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။

“How many processes are there?” “There are these three processes. The physical process, the verbal process, and the mental process.” “But ma’am, what is the physical process? What’s the verbal process? What’s the mental process?” “Breathing is a physical process. Placing the mind and keeping it connected are a verbal process. Perception and feeling are a mental process.” “But ma’am, why is breathing a physical process? Why are placing the mind and keeping it connected a verbal process? Why are perception and feeling a mental process?” “Breathing is physical. It’s tied up with the body, that’s why breathing is a physical process. First you place the mind and keep it connected, then you break into speech. That’s why placing the mind and keeping it connected are a verbal process. Perception and feeling are mental. They’re tied up with the mind, that’s why perception and feeling are a mental process.”

စာ-၃၇၆

၄၆၄။ ‘‘ကထံ ပနာယျေ, သညာဝေဒယိတနိရောဓသမာပတ္တိ ဟောတီ’’တိ။ ‘‘န ခေါ, အာဝုသော ဝိသာခ, သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ဘိက္ခုနော ဧဝံ ဟောတိ – ‘အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇိဿ’န္တိ ဝါ, ‘အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇာမီ’တိ ဝါ, ‘အဟံ သညာဝေဒယိတနိရောဓံ သမာပန္နော’တိ ဝါ။ အထ ခွါဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ယံ တံ တထတ္တာယ ဥပနေတီ’’တိ။

‘‘သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ပနာယျေ, ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ နိရုဇ္ဈန္တိ – ယဒိ ဝါ ကာယသင်္ခါရော, ယဒိ ဝါ ဝစီသင်္ခါရော, ယဒိ ဝါ စိတ္တသင်္ခါရော’’တိ? ‘‘သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ခေါ, အာဝုသော ဝိသာခ, ဘိက္ခုနော ပဌမံ နိရုဇ္ဈတိ ဝစီသင်္ခါရော, တတော ကာယသင်္ခါရော, တတော စိတ္တသင်္ခါရော’’တိ။

‘‘ကထံ ပနာယျေ, သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌာနံ ဟောတီ’’တိ။ ‘‘န ခေါ, အာဝုသော ဝိသာခ, သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ဘိက္ခုနော ဧဝံ ဟောတိ – ‘အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟိဿ’န္တိ ဝါ, ‘အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟာမီ’တိ ဝါ, ‘အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတော’တိ ဝါ။ အထ ခွါဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ယံ တံ တထတ္တာယ ဥပနေတီ’’တိ။

‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ပနာယျေ, ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ ဥပ္ပဇ္ဇန္တိ – ယဒိ ဝါ ကာယသင်္ခါရော, ယဒိ ဝါ ဝစီသင်္ခါရော, ယဒိ ဝါ စိတ္တသင်္ခါရော’’တိ? ‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ခေါ, အာဝုသော ဝိသာခ, ဘိက္ခုနော ပဌမံ ဥပ္ပဇ္ဇတိ စိတ္တသင်္ခါရော, တတော ကာယသင်္ခါရော, တတော ဝစီသင်္ခါရော’’တိ။

‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ပနာယျေ, ဘိက္ခုံ ကတိ ဖဿာ ဖုသန္တီ’’တိ။ ‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ခေါ, အာဝုသော ဝိသာခ, ဘိက္ခုံ တယော ဖဿာ ဖုသန္တိ – သုညတော ဖဿော, အနိမိတ္တော ဖဿော, အပ္ပဏိဟိတော ဖဿော’’တိ။

‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ပနာယျေ, ဘိက္ခုနော ကိံနိန္နံ စိတ္တံ ဟောတိ ကိံပေါဏံ ကိံပဗ္ဘာရ’’န္တိ? ‘‘သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ခေါ, အာဝုသော ဝိသာခ, ဘိက္ခုနော ဝိဝေကနိန္နံ စိတ္တံ ဟောတိ, ဝိဝေကပေါဏံ ဝိဝေကပဗ္ဘာရ’’န္တိ။

၄၆၄။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်မှု ‘နိရောဓသမာပတ်’ သည် အဘယ်သို့ဖြစ်ပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော ရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါသည် သညာ,ဝေဒနာချုပ်နေခြင်းသို့ ရောက်၏ဟူ၍လည်းကောင်း၊ ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည် ထိုသို့ ချုပ်စိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သော အခြင်းအရာဖြင့် ပွါးများထား၏။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်း အားအဘယ်တရားတို့ ရှေးဦးစွာ ချုပ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’လော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်းအား နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ရှေးဦးစွာ ချုပ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ချုပ်၏ဟု (မိန့်ဆို၏)။ “အသျှင်မ သညာ, ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထမှုသည် အဘယ် သို့ဖြစ်သနည်း” ဟု (လျှောက်၏)။ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထတော့မည်ဟူ၍လည်းကောင်းငါသည် သညာ,ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထ၏ဟူ၍လည်းကောင်း ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထပြီးပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည်ထိုသို့ထစိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သောအခြင်းအရာဖြင့် ပွါးများထား၏ဟု (မိန့်ဆို၏)။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’မှ ထသော ရဟန်းအားအဘယ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ လော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ရှေးဦးစွာ ဖြစ်ပေါ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ဖြစ်ပေါ်၏ဟု (မိန့်ဆို၏)။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်းကိုအဘယ်မျှသော တွေ့ထိမှု ‘ဖဿ’တို့သည် တွေ့ထိကုန်သနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသောရဟန်းကို ဆိတ်သုဥ်းသော တွေ့ထိမှု ‘သုညတဖဿ’၊ (အာရုံ) နိမိတ်မရှိသော တွေ့ထိမှု ‘အနိမိတ္တဖဿ’၊ တောင့်တမှုမရှိသော တွေ့ထိမှု ‘အပ္ပဏိဟိတဖဿ’ ဟူသော တွေ့ထိမှု သုံးပါးတို့သည် တွေ့ထိကုန်၏ဟု (မိန့်ဆို၏)။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏စိတ်သည် အဘယ်သို့ ညွတ်ပါသနည်း၊ အဘယ်သို့ ကိုင်းပါသနည်း၊ အဘယ်သို့ ရှိုင်းပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏ စိတ်သည် ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ညွတ်၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ကိုင်း၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ရှိုင်း၏ဟု (မိန့်ဆို၏)။

“But ma’am, how does someone attain the cessation of perception and feeling?” “A mendicant who is entering such an attainment does not think: ‘I will enter the cessation of perception and feeling’ or ‘I am entering the cessation of perception and feeling’ or ‘I have entered the cessation of perception and feeling.’ Rather, their mind has been previously developed so as to lead to such a state.” “But ma’am, which process ceases first for a mendicant who is entering the cessation of perception and feeling: physical, verbal, or mental?” “The verbal process ceases first, then physical, then mental.” “But ma’am, how does someone emerge from the cessation of perception and feeling?” “A mendicant who is emerging from such an attainment does not think: ‘I will emerge from the cessation of perception and feeling’ or ‘I am emerging from the cessation of perception and feeling’ or ‘I have emerged from the cessation of perception and feeling.’ Rather, their mind has been previously developed so as to lead to such a state.” “But ma’am, which process arises first for a mendicant who is emerging from the cessation of perception and feeling: physical, verbal, or mental?” “The mental process arises first, then physical, then verbal.” “But ma’am, when a mendicant has emerged from the attainment of the cessation of perception and feeling, how many kinds of contact do they experience?” “They experience three kinds of contact: emptiness, signless, and undirected contacts.” “But ma’am, when a mendicant has emerged from the attainment of the cessation of perception and feeling, what does their mind slant, slope, and incline to?” “Their mind slants, slopes, and inclines to seclusion.”

၄၆၅။ ‘‘ကတိ ပနာယျေ, ဝေဒနာ’’တိ။ ‘‘တိဿော ခေါ ဣမာ, အာဝုသော ဝိသာခ, ဝေဒနာ – သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ, အဒုက္ခမသုခါ ဝေဒနာ’’တိ။ ‘‘ကတမာ ပနာယျေ, သုခါ ဝေဒနာ, ကတမာ ဒုက္ခာ ဝေဒနာ, ကတမာ အဒုက္ခမသုခါ ဝေဒနာ’’တိ။ ‘‘ယံ ခေါ, အာဝုသော ဝိသာခ, ကာယိကံ ဝါ စေတသိကံ ဝါ သုခံ သာတံ ဝေဒယိတံ – အယံ သုခါ ဝေဒနာ။ ယံ ခေါ, အာဝုသော ဝိသာခ, ကာယိကံ ဝါ စေတသိကံ ဝါ ဒုက္ခံ အသာတံ ဝေဒယိတံ – အယံ ဒုက္ခာ ဝေဒနာ။ ယံ ခေါ, အာဝုသော ဝိသာခ, ကာယိကံ ဝါ စေတသိကံ ဝါ နေဝ သာတံ နာသာတံ ဝေဒယိတံ – အယံ အဒုက္ခမသုခါ ဝေဒနာ’’တိ။

‘‘သုခါ ပနာယျေ, ဝေဒနာ ကိံသုခါ ကိံဒုက္ခာ, ဒုက္ခာ ဝေဒနာ ကိံသုခါ ကိံဒုက္ခာ, အဒုက္ခမသုခါ ဝေဒနာ ကိံသုခါ ကိံဒုက္ခာ’’တိ။ ‘‘သုခါ ခေါ, အာဝုသော ဝိသာခ, ဝေဒနာ ဌိတိသုခါ ဝိပရိဏာမဒုက္ခာ၊ ဒုက္ခာ ဝေဒနာ ဌိတိဒုက္ခာ ဝိပရိဏာမသုခါ၊ အဒုက္ခမသုခါ ဝေဒနာ ဉာဏသုခါ အညာဏဒုက္ခာ’’တိ။

‘‘သုခါယ ပနာယျေ, ဝေဒနာယ ကိံ အနုသယော အနုသေတိ, ဒုက္ခာယ ဝေဒနာယ ကိံ အနုသယော အနုသေတိ, အဒုက္ခမသုခါယ ဝေဒနာယ ကိံ အနုသယော အနုသေတီ’’တိ?

‘‘သုခါယ ခေါ, အာဝုသော ဝိသာခ, ဝေဒနာယ ရာဂါနုသယော အနုသေတိ, ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ, အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတီ’’တိ။

‘‘သဗ္ဗာယ နု ခေါ, အယျေ, သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ, သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ, သဗ္ဗာယ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတီ’’တိ?

‘‘န ခေါ, အာဝုသော ဝိသာခ, သဗ္ဗာယ သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ, န သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ, န သဗ္ဗာယ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတီ’’တိ။

‘‘သုခါယ ပနာယျေ, ဝေဒနာယ ကိံ ပဟာတဗ္ဗံ, ဒုက္ခာယ ဝေဒနာယ ကိံ ပဟာတဗ္ဗံ, အဒုက္ခမသုခါယ ဝေဒနာယ ကိံ ပဟာတဗ္ဗ’’န္တိ။ ‘‘သုခါယ ခေါ, အာဝုသော ဝိသာခ, ဝေဒနာယ ရာဂါနုသယော ပဟာတဗ္ဗော, ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော ပဟာတဗ္ဗော, အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော ပဟာတဗ္ဗော’’တိ။

‘‘သဗ္ဗာယ နု ခေါ, အယျေ, သုခါယ ဝေဒနာယ ရာဂါနုသယော ပဟာတဗ္ဗော, သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော ပဟာတဗ္ဗော, သဗ္ဗာယ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော ပဟာတဗ္ဗော’’တိ။ ‘‘န ခေါ, အာဝုသော ဝိသာခ, သဗ္ဗာယ သုခါယ ဝေဒနာယ ရာဂါနုသယော ပဟာတဗ္ဗော, န သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော ပဟာတဗ္ဗော, န သဗ္ဗာယ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော ပဟာတဗ္ဗော။ ဣဓာဝုသော ဝိသာခ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ရာဂံ တေန ပဇဟတိ, န တတ္ထ ရာဂါနုသယော အနုသေတိ။ ဣဓာဝုသော ဝိသာခ, ဘိက္ခု ဣတိ ပဋိသဉ္စိက္ခတိ – ‘ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ’တိ? ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟာပ္ပစ္စယာ ဒေါမနဿံ။ ပဋိဃံ တေန ပဇဟတိ, န တတ္ထ ပဋိဃာနုသယော အနုသေတိ။ ဣဓာဝုသော ဝိသာခ, ဘိက္ခု သုခဿ စ ပဟာနာ, ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ, အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အဝိဇ္ဇံ တေန ပဇဟတိ, န တတ္ထ အဝိဇ္ဇာနုသယော အနုသေတီ’’တိ။

၄၆၅။ “အသျှင်မ ခံစားမှု ‘ဝေဒနာ’တို့သည် အဘယ်မျှတို့ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ခံစားမှု ‘ဝေဒနာ’တို့သည် ချမ်းသာခံစားမှု, ဆင်းရဲခံစားမှု, ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် ချမ်းသာခံစားမှုပင်တည်း။ ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ဆင်းရဲငြိုငြင်စွာ ခံစားခြင်းသည် ဆင်းရဲခံစားမှုပင်တည်း။ ဒါယကာဝိသာခ့ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် သာယာစွာလည်းမဟုတ်မသာမယာလည်း မဟုတ်သော ခံစားခြင်းသည် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားမှုသည် မည်သို့ ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ချမ်းသာ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏။ ဆင်းရဲခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ဆင်းရဲ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ချမ်းသာ၏။ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်အနုသယသည်ကိန်းဝပ်သနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယသည် ကိန်းဝပ်၏၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယ သည်ကိန်းဝပ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယသည် ကိန်းဝပ်၏ဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲခံစားမှု အား လုံး၌ပဋိဃာနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယသည် ကိန်းဝပ်ပါသလော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် မကိန်းဝပ်၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယသည် မကိန်းဝပ်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယကို ပယ်ရမည်၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယကိုပယ်ရမည်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယကို ပယ်ရမည်ဟု (မိန့်ဆို၏)။ “အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယ ကို ပယ်သင့်ပါသလော” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို မပယ်ရ၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို မပယ်ရ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယကိုမပယ်ရ။ ဒါယကာဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုပဌမဈာန်ဖြင့် တပ်မက်မှု ‘ရာဂ’ ကို ပယ်၏၊ ထိုပဌမဈာန်၌ ရာဂါနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် “ယခုအခါ၌ အရိယာတို့ရောက်၍ နေကြသည့် တည်ရာ ‘အရဟတ္တဖိုလ်’ ကို ငါသည် အဘယ်အခါ၌ ရောက်၍ နေရအံနည်း” ဟု့ဆင်ခြင်၏။ ဤသို့ မြတ်သော လွတ်မြောက်ရာ အရဟတ္တဖိုလ်၌ တောင့်တမှုကို ဖြစ်စေသော ရဟန်းအားတောင့်တမှု ဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု “ဒေါမနဿ” ဖြစ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ’ဖြင့် ထိခိုက်မှု ‘ပဋိဃ’၂ကို ပယ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ’၌ ပဋိဃာနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုစတုတ္ထဈာန်ဖြင့် မသိမှု ‘အဝိဇ္ဇာ’ကိုပယ်၏၊ ထိုစတုတ္ထဈာန်၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။

“But ma’am, how many feelings are there?” “There are three feelings: pleasant, painful, and neutral feeling.” “What are these three feelings?” “Anything felt physically or mentally as pleasant or enjoyable. This is pleasant feeling. Anything felt physically or mentally as painful or unpleasant. This is painful feeling. Anything felt physically or mentally as neither pleasurable nor painful. This is neutral feeling.” “What is pleasant and what is painful regarding each of the three feelings?” “Pleasant feeling is pleasant when it remains and painful when it perishes. Painful feeling is painful when it remains and pleasant when it perishes. Neutral feeling is pleasant in the presence of knowledge, and painful in the presence of ignorance.” “What underlying tendencies underlie each of the three feelings?” “The underlying tendency for greed underlies pleasant feeling. The underlying tendency for aversion underlies painful feeling. The underlying tendency for ignorance underlies neutral feeling.” “Do these underlying tendencies always underlie these feelings?” “No, they do not.” “What should be given up in regard to each of these three feelings?” “The underlying tendency to greed should be given up when it comes to pleasant feeling. The underlying tendency to aversion should be given up when it comes to painful feeling. The underlying tendency to ignorance should be given up when it comes to neutral feeling.” “Should these underlying tendencies be given up regarding all instances of these feelings?” “No, not in all instances. Take a mendicant who, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. With this they give up greed, and the underlying tendency to greed does not lie within that. And take a mendicant who reflects: ‘Oh, when will I enter and remain in the same dimension that the noble ones enter and remain in today?’ Nursing such a longing for the supreme liberations gives rise to sadness due to longing. With this they give up aversion, and the underlying tendency to aversion does not lie within that. Take a mendicant who, with the giving up of pleasure and pain and the disappearance of former happiness and sadness, enters and remains in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. With this they give up ignorance, and the underlying tendency to ignorance does not lie within that.”

၄၆၆။ ‘‘သုခါယ ပနာယျေ, ဝေဒနာယ ကိံ ပဋိဘာဂေါ’’တိ။ ‘‘သုခါယ ခေါ, အာဝုသော ဝိသာခ, ဝေဒနာယ ဒုက္ခာ ဝေဒနာ ပဋိဘာဂေါ’’တိ။ ‘‘ဒုက္ခာယ ပန္နာယျေ, ဝေဒနာယ ကိံ ပဋိဘာဂေါ’’တိ။ ‘‘ဒုက္ခာယ ခေါ, အာဝုသော ဝိသာခ, ဝေဒနာယ သုခါ ဝေဒနာ ပဋိဘာဂေါ’’တိ။ ‘‘အဒုက္ခမသုခါယ ပနာယျေ, ဝေဒနာယ ကိံ ပဋိဘာဂေါ’’တိ။ ‘‘အဒုက္ခမသုခါယ ခေါ, အာဝုသော ဝိသာခ, ဝေဒနာယ အဝိဇ္ဇာ ပဋိဘာဂေါ’’တိ။ ‘‘အဝိဇ္ဇာယ ပနာယျေ, ကိံ ပဋိဘာဂေါ’’တိ။ ‘‘အဝိဇ္ဇာယ ခေါ, အာဝုသော ဝိသာခ, ဝိဇ္ဇာ ပဋိဘာဂေါ’’တိ။ ‘‘ဝိဇ္ဇာယ ပနာယျေ, ကိံ ပဋိဘာဂေါ’’တိ။ ‘‘ဝိဇ္ဇာယ ခေါ, အာဝုသော ဝိသာခ, ဝိမုတ္တိ ပဋိဘာဂေါ’’တိ။ ‘‘ဝိမုတ္တိယာ ပနာယျေ, ကိံ ပဋိဘာဂေါ’’တိ။ ‘‘ဝိမုတ္တိယာ ခေါ, အာဝုသော ဝိသာခ, နိဗ္ဗာနံ ပဋိဘာဂေါ’’တိ။ ‘‘နိဗ္ဗာနဿ ပနာယျေ, ကိံ ပဋိဘာဂေါ’’တိ? ‘‘အစ္စယာသိ, အာဝုသော [အစ္စသရာဝုသော (သီ။ ပီ။), အစ္စဿရာဝုသော (သျာ။ ကံ။)] ဝိသာခ, ပဉှံ, နာသက္ခိ ပဉှာနံ ပရိယန္တံ ဂဟေတုံ။ နိဗ္ဗာနောဂဓဉှိ, အာဝုသော ဝိသာခ, ဗြဟ္မစရိယံ, နိဗ္ဗာနပရာယနံ နိဗ္ဗာနပရိယောသာနံ။ အာကင်္ခမာနော စ တွံ, အာဝုသော ဝိသာခ, ဘဂဝန္တံ ဥပသင်္ကမိတွာ ဧတမတ္ထံ ပုစ္ဆေယျာသိ, ယထာ စ တေ ဘဂဝါ ဗျာကရောတိ တထာ နံ ဓာရေယျာသီ’’တိ။

၄၆၆။ “အသျှင်မ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား ဆင်းရဲခံစားမှုပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား ချမ်းသာခံစားမှုပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား မသိမှု ‘အဝိဇ္ဇာ’ပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မ မသိမှု ‘အဝိဇ္ဇာ’၏ ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ မသိမှု ‘အဝိဇ္ဇာ’၏ပြိုင်ဘက်ကား သိမှု ‘ဝိဇ္ဇာ’ ပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မ သိမှု ‘ဝိဇ္ဇာ’၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သိမှု ‘ဝိဇ္ဇာ’၏ပြိုင်ဘက်ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’ ပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မလွတ်မြောက်မှု ‘ဝိမုတ္တိ’၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ လွတ်မြောက်မှု ‘ဝိမုတ္တိ’၏ပြိုင်ဘက်ကားငြိမ်းအေးမှု ‘နိဗ္ဗာန်’ ပင်တည်းဟု (မိန့်ဆို၏)။ “အသျှင်မငြိမ်းအေးမှု ‘နိဗ္ဗာန်’၏ပြိုင်ဘက်ကား အဘယ်နည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ ပြဿနာကို လွန်၍သွား၏၊ ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်း နိုင်။ ဒါယကာဝိသာခ မှန်၏၊ မြတ်သော အကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏၊ နိဗ္ဗာန်လျှင် လားရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ အလိုရှိခဲ့မူ သင်သည် မြတ်စွာဘုရားသို့ ချဥ်းကပ်၍ ထိုအနက်ကိုမေးလျှောက်လော့။ သင့်အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်လော့ဟု (မိန့်ဆို၏)။

“But ma’am, what is the counterpart of pleasant feeling?” “Painful feeling.” “What is the counterpart of painful feeling?” “Pleasant feeling.” “What is the counterpart of neutral feeling?” “Ignorance.” “What is the counterpart of ignorance?” “Knowledge.” “What is the counterpart of knowledge?” “Freedom.” “What is the counterpart of freedom?” “Extinguishment.” “What is the counterpart of extinguishment?” “Your question goes too far, Visākha. You weren’t able to grasp the limit of questioning. For extinguishment is the objective, destination, and culmination of the spiritual life. If you wish, go to the Buddha and ask him this question. You should remember it in line with his answer.”

စာ-၃၇၉

၄၆၇။ အထ ခေါ ဝိသာခေါ ဥပါသကော ဓမ္မဒိန္နာယ ဘိက္ခုနိယာ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဓမ္မဒိန္နံ ဘိက္ခုနိံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဝိသာခေါ ဥပါသကော ယာဝတကော အဟောသိ ဓမ္မဒိန္နာယ ဘိက္ခုနိယာ သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ ဘဂဝတော အာရောစေသိ။ ဧဝံ ဝုတ္တေ, ဘဂဝါ ဝိသာခံ ဥပါသကံ ဧတဒဝေါစ – ‘‘ပဏ္ဍိတာ, ဝိသာခ, ဓမ္မဒိန္နာ ဘိက္ခုနီ, မဟာပညာ, ဝိသာခ, ဓမ္မဒိန္နာ ဘိက္ခုနီ။ မံ စေပိ တွံ, ဝိသာခ, ဧတမတ္ထံ ပုစ္ဆေယျာသိ, အဟမ္ပိ တံ ဧဝမေဝံ ဗျာကရေယျံ, ယထာ တံ ဓမ္မဒိန္နာယ ဘိက္ခုနိယာ ဗျာကတံ။ ဧသော စေဝေတဿ [ဧသောဝေတဿ (သျာ။ ကံ။)] အတ္ထော။ ဧဝဉ္စ နံ [ဧဝမေတံ (သီ။ သျာ။ ကံ။)] ဓာရေဟီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနော ဝိသာခေါ ဥပါသကော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။

စူဠဝေဒလ္လသုတ္တံ နိဋ္ဌိတံ စတုတ္ထံ။

၄၆၇။ ထိုအခါ ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို နှစ်သက် ဝမ်းမြောက်၍နေရာမှ ထလျက် ဓမ္မဒိန္နာရဟန်းမိန်းမကို ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ချဥ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဓမ္မဒိန္နာရဟန်းမိန်းမနှင့်အတူ ကောင်းစွာ နှီးနှောပြောဆိုခဲ့သမျှသော စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။ ဤသို့ လျှောက်ကြားသော် မြတ်စွာဘုရားသည် ဝိသာခဥပါသကာအား- “ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် ပညာရှိ၏၊ ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် များသောပညာရှိ၏၊ ဝိသာခ ငါ့ကိုလည်းအကယ်၍ ထိုအနက်ကို မေးငြားအံ့၊ ငါသည်လည်း ထိုအနက်ကို ဓမ္မဒိန္နာရဟန်းမိန်းမ ဖြေကြားသကဲ့သို့ပင်လျှင် ဖြေကြားရာ၏၊ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း၊ ဤသို့ပင် ထိုအနက်ကို မှတ်လော့” ဟု (မိန့်တော်မူ၏)။ ဝိသာခဥပါသကာသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကိုနှစ်လို သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။ လေးခုမြောက် စူဠဝေဒလ္လသုတ်ပြီး၏။ ၁။ သက္ကာယဟုူသည် ထင်ရှားရှိကိုယ်တည်း။ ၂။ ဒေါမနဿဖြင့် ပဋိဃကို မပယ်နိုင်။ ငါ၌ ဒေါမနဿကို မဖြစ်စေအံ့ဟု နှလုံးသွင်းလျက် ဝီရိယကို မြဲမြံစွာပြု၍ ကျင့်သဖြင့် ရအပ်သော အနာဂါမိမဂ်ဖြင့်သာ ပဋိဃကို ပယ်၏ဟု မှတ်ရာ၏။ ။ (အဋ္ဌကထာ)။

And then the layman Visākha approved and agreed with what the nun Dhammadinnā said. He rose from his seat, bowed, and respectfully circled her, keeping her on his right. Then he went up to the Buddha, bowed, sat down to one side, and informed the Buddha of all they had discussed. When he had spoken, the Buddha said to him, “The nun Dhammadinnā is astute, Visākha, she has great wisdom. If you came to me and asked this question, I would answer it in exactly the same way as the nun Dhammadinnā. That is what it means, and that’s how you should remember it.” That is what the Buddha said. Satisfied, the layman Visākha approved what the Buddha said.

၅။ စူဠဓမ္မသမာဒါနသုတ္တံ

၄၆၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘စတ္တာရိမာနိ, ဘိက္ခဝေ, ဓမ္မသမာဒါနာနိ။ ကတမာနိ စတ္တာရိ။ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ’’။

၅- စူဠဓမ္မသမာဒါနသုတ် ၄၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်ဆိုတော်မူ၏။ ရဟန်းတို့ တရားကို ဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

Middle Discourses 45 The Shorter Discourse on Taking Up Practices So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, there are these four ways of taking up practices. What four? There is a way of taking up practices that is pleasant now but results in future pain. There is a way of taking up practices that is painful now and results in future pain. There is a way of taking up practices that is painful now but results in future pleasure. There is a way of taking up practices that is pleasant now and results in future pleasure.

စာ-၃၈၀

၄၆၉။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ? သန္တိ, ဘိက္ခဝေ, ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘နတ္ထိ ကာမေသု ဒေါသော’တိ။ တေ ကာမေသု ပါတဗျတံ အာပဇ္ဇန္တိ။ တေ ခေါ မောဠိဗဒ္ဓါဟိ [မောဠိဗန္ဓာဟိ (သျာ။ ကံ။ က။)] ပရိဗ္ဗာဇိကာဟိ ပရိစာရေန္တိ။ တေ ဧဝမာဟံသု – ‘ကိံသု နာမ တေ ဘောန္တော သမဏဗြာဟ္မဏာ ကာမေသု အနာဂတဘယံ သမ္ပဿမာနာ ကာမာနံ ပဟာနမာဟံသု, ကာမာနံ ပရိညံ ပညပေန္တိ? သုခေါ ဣမိဿာ ပရိဗ္ဗာဇိကာယ တရုဏာယ မုဒုကာယ လောမသာယ ဗာဟာယ သမ္ဖဿော’တိ တေ ကာမေသု ပါတဗျတံ အာပဇ္ဇန္တိ။ တေ ကာမေသု ပါတဗျတံ အာပဇ္ဇိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။ တေ တတ္ထ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ။ တေ ဧဝမာဟံသု – ‘ဣဒံ ခေါ တေ ဘောန္တော သမဏဗြာဟ္မဏာ ကာမေသု အနာဂတဘယံ သမ္ပဿမာနာ ကာမာနံ ပဟာနမာဟံသု, ကာမာနံ ပရိညံ ပညပေန္တိ, ဣမေ ဟိ မယံ ကာမဟေတု ကာမနိဒါနံ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယာမာ’တိ။ သေယျထာပိ, ဘိက္ခဝေ, ဂိမှာနံ ပစ္ဆိမေ မာသေ မာလုဝါသိပါဋိကာ ဖလေယျ။ အထ ခေါ တံ, ဘိက္ခဝေ, မာလုဝါဗီဇံ အညတရသ္မိံ သာလမူလေ နိပတေယျ။ အထ ခေါ, ဘိက္ခဝေ, ယာ တသ္မိံ သာလေ အဓိဝတ္ထာ ဒေဝတာ သာ ဘီတာ သံဝိဂ္ဂါ သန္တာသံ အာပဇ္ဇေယျ။ အထ ခေါ, ဘိက္ခဝေ, တသ္မိံ သာလေ အဓိဝတ္ထာယ ဒေဝတာယ မိတ္တာမစ္စာ ဉာတိသာလောဟိတာ အာရာမဒေဝတာ ဝနဒေဝတာ ရုက္ခဒေဝတာ ဩသဓိတိဏဝနပ္ပတီသု အဓိဝတ္ထာ ဒေဝတာ သင်္ဂမ္မ သမာဂမ္မ ဧဝံ သမဿာသေယျုံ – ‘မာ ဘဝံ ဘာယိ, မာ ဘဝံ ဘာယိ၊ အပ္ပေဝ နာမေတံ မာလုဝါဗီဇံ မောရော ဝါ ဂိလေယျ [မောရော ဝါ ဂိလေယျ, ဂေါဓာ ဝါ ခါဒေယျ (က။)], မဂေါ ဝါ ခါဒေယျ, ဒဝဍာဟော [ဝနဒါဟော (က။)] ဝါ ဍဟေယျ, ဝနကမ္မိကာ ဝါ ဥဒ္ဓရေယျုံ, ဥပစိကာ ဝါ ဥဋ္ဌဟေယျုံ [ဥဒြဘေယျုံ (သီ။ ပီ။ က။)], အဗီဇံ ဝါ ပနဿာ’တိ။ အထ ခေါ တံ, ဘိက္ခဝေ, မာလုဝါဗီဇံ နေဝ မောရော ဂိလေယျ, န မဂေါ ခါဒေယျ, န ဒဝဍာဟော ဍဟေယျ, န ဝနကမ္မိကာ ဥဒ္ဓရေယျုံ, န ဥပစိကာ ဥဋ္ဌဟေယျုံ, ဗီဇဉ္စ ပနဿ တံ ပါဝုဿကေန မေဃေန အဘိပ္ပဝုဋ္ဌံ သမ္မဒေဝ ဝိရုဟေယျ။ သာဿ မာလုဝါလတာ တရုဏာ မုဒုကာ လောမသာ ဝိလမ္ဗိနီ, သာ တံ သာလံ ဥပနိသေဝေယျ။ အထ ခေါ, ဘိက္ခဝေ, တသ္မိံ သာလေ အဓိဝတ္ထာယ ဒေဝတာယ ဧဝမဿ – ‘ကိံသု နာမ တေ ဘောန္တော မိတ္တာမစ္စာ ဉာတိသာလောဟိတာ အာရာမဒေဝတာ ဝနဒေဝတာ ရုက္ခဒေဝတာ ဩသဓိတိဏဝနပ္ပတီသု အဓိဝတ္ထာ ဒေဝတာ မာလုဝါဗီဇေ အနာဂတဘယံ သမ္ပဿမာနာ သင်္ဂမ္မ သမာဂမ္မ ဧဝံ သမဿာသေသုံ [သမဿာသေယျုံ (က။)] – ‘‘မာ ဘဝံ ဘာယိ မာ ဘဝံ ဘာယိ, အပ္ပေဝ နာမေတံ မာလုဝါဗီဇံ မောရော ဝါ ဂိလေယျ, မဂေါ ဝါ ခါဒေယျ, ဒဝဍာဟော ဝါ ဍဟေယျ, ဝနကမ္မိကာ ဝါ ဥဒ္ဓရေယျုံ, ဥပစိကာ ဝါ ဥဋ္ဌဟေယျုံ, အဗီဇံ ဝါ ပနဿာ’’တိ၊ သုခေါ ဣမိဿာ မာလုဝါလတာယ တရုဏာယ မုဒုကာယ လောမသာယ ဝိလမ္ဗိနိယာ သမ္ဖဿော’တိ။ သာ တံ သာလံ အနုပရိဟရေယျ။ သာ တံ သာလံ အနုပရိဟရိတွာ ဥပရိ ဝိဋဘိံ [ဝိဋပံ (သျာ။ ဋ္ဌ။)] ကရေယျ။ ဥပရိ ဝိဋဘိံ ကရိတွာ ဩဃနံ ဇနေယျ။ ဩဃနံ ဇနေတွာ ယေ တဿ သာလဿ မဟန္တာ မဟန္တာ ခန္ဓာ တေ ပဒါလေယျ။ အထ ခေါ, ဘိက္ခဝေ, တသ္မိံ သာလေ အဓိဝတ္ထာယ ဒေဝတာယ ဧဝမဿ – ‘ဣဒံ ခေါ တေ ဘောန္တော မိတ္တာမစ္စာ ဉာတိသာလောဟိတာ အာရာမဒေဝတာ ဝနဒေဝတာ ရုက္ခဒေဝတာ ဩသဓိတိဏဝနပ္ပတီသု အဓိဝတ္ထာ ဒေဝတာ မာလုဝါဗီဇေ အနာဂတဘယံ သမ္ပဿမာနာ သင်္ဂမ္မ သမာဂမ္မ ဧဝံ သမဿာသေသုံ [သမဿာသေယျုံ (က။)] – ‘‘မာ ဘဝံ ဘာယိ မာ ဘဝံ ဘာယိ, အပ္ပေဝ နာမေတံ မာလုဝါဗီဇံ မောရော ဝါ ဂိလေယျ, မဂေါ ဝါ ခါဒေယျ, ဒဝဍာဟော ဝါ ဍဟေယျ, ဝနကမ္မိကာ ဝါ ဥဒ္ဓရေယျုံ, ဥပစိကာ ဝါ ဥဋ္ဌဟေယျုံ အဗီဇံ ဝါ ပနဿာ’’တိ။ ယဉ္စာဟံ [ယံ ဝါဟံ (က။), သွာဟံ (သျာ။ ကံ။)] မာလုဝါဗီဇဟေတု ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယာမီ’တိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, သန္တိ ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော ‘နတ္ထိ ကာမေသု ဒေါသော’တိ။ တေ ကာမေသု ပါတဗျတံ အာပဇ္ဇန္တိ။ တေ မောဠိဗဒ္ဓါဟိ ပရိဗ္ဗာဇိကာဟိ ပရိစာရေန္တိ။ တေ ဧဝမာဟံသု – ‘ကိံသု နာမ တေ ဘောန္တော သမဏဗြာဟ္မဏာ ကာမေသု အနာဂတဘယံ သမ္ပဿမာနာ ကာမာနံ ပဟာနမာဟံသု, ကာမာနံ ပရိညံ ပညပေန္တိ? သုခေါ ဣမိဿာ ပရိဗ္ဗာဇိကာယ တရုဏာယ မုဒုကာယ လောမသာယ ဗာဟာယ သမ္ဖဿော’တိ။ တေ ကာမေသု ပါတဗျတံ အာပဇ္ဇန္တိ။ တေ ကာမေသု ပါတဗျတံ အာပဇ္ဇိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။ တေ တတ္ထ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယန္တိ။ တေ ဧဝမာဟံသု – ‘ဣဒံ ခေါ တေ ဘောန္တော သမဏဗြာဟ္မဏာ ကာမေသု အနာဂတဘယံ သမ္ပဿမာနာ ကာမာနံ ပဟာနမာဟံသု, ကာမာနံ ပရိညံ ပညပေန္တိ။ ဣမေ ဟိ မယံ ကာမဟေတု ကာမနိဒါနံ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒယာမာ’တိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ။

၄၆၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲ ကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏။ ဆံထုံးထုံးကုန်သော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိဗိုဇ်မ၏ နူးညံ့သောအမွေးရှိသော လက်မောင်း၏ အတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ထိုသူတို့သည်ကာမဂုဏ်တို့ကို ခံစားကြကုန်၏။ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ရောက်ကြရ ကုန်၏။ ထိုသူတို့သည် ထိုငရဲဲ၌ ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကိုခံစားကြရ ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာ သေးသောဘေးကိုမြင်ကုန်၍ ကာမတို့ကိုု ပယ်ခြင်းကို ပြောဆိုကုန်၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်၏၊ ငါတို့သည် ကာမအထောက်ပံ့ ကာမအရင်းခံကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မျက်သောဆင်းရဲဝေဒနာကို ခံစား ကြရကုန်၏ဟု ထိုသူတို့ ပြောဆိုကုန်၏။ ရဟန်းတို့ ဥပမာသော်ကား နွေဥတုတို့၏ နောက်ဆုံးလ၌ မာလောနွယ်သီးမှည့်သည် ကွဲဲရာ၏၊ ထိုအခါထိုမာလောနွယ်စေ့သည် တစ်ခုသော အင်ကြင်းပင်ရင်း၌ ကျရာ၏။ ထိုအခါ ထိုအင်ကြင်းပင်၌စောင့်နေသော နတ်သည် ကြောက်ရွံ့ ထိတ်လန့်လျက် ပူပန်ခြင်းသို့ ရောက်ရာ၏။ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်၏ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေသော နတ်တို့သည် ပေါင်းဆုံစုရုံးလာကြ၍ “အသျှင်သည် မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို့ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ် သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏” ဟု စိတ်သက်သာရာ ရစေကုန်ရာ၏။ ရဟန်းတို့ ထို့နောက် ထို မာလောနွယ်စေ့ကို ဥဒေါင်းလည်း မမျိုရာ၊ သားကောင်လည်း မစားရာ၊ တောမီးလည်း မလောင်ရာ၊ တောအလုပ်သမားတို့လည်း ကောက်ယူ မသွားကုန်ရာ၊ ခြတို့လည်းမတက် ကုန်ရာ၊ မျိုးအောင်သည်လည်း ဖြစ်ရာ၏။ ထိုမာလောနွယ်စေ့သည် မိုးဦးကျ မိုးရွာသွန်းသော်ကောင်းစွာ သာလျှင် ပေါက်ရာ၏။ ထိုမာလောနွယ်သည် ပျိုနု၏၊ နူးညံ့၏၊ အမွေးရှိ၏၊ နွယ်လက်မောင်းရှိ၏၊ ထို မာလောနွယ်သည် ထိုအင်ကြင်းပင်ကို ကပ်မှီရာ၏။ ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏- “မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်သော နတ်တို့သည် မာလောနွယ်စေ့၌အဘယ်မည်သော မရောက်လာသေးသည့် ဘေးကို မြင်ကုန်၍ ပေါင်းဆုံစုရုံးလာကြကာ ‘အသျှင်သည်မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားသော်လည်းကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟုဤသို့ စိတ်သက်သာရာ ရစေကုန်ဘိသနည်း၊ ပျိုနုသော ဤမာလောနွယ်၏ နူးညံ့သော အမွေးရှိသောနွယ်လက်မောင်း အတွေ့သည် ချမ်းသာ၏” ဟု (အကြံဖြစ်ရာ၏)။ ထိုမာလောနွယ်သည် ထိုအင်ကြင်းပင်ကို ရစ်ပတ်နွယ်တက်၍ အထက်၌ ခွယှက်ခြင်းကို ပြုလျက်အောက်သို့ တွဲကြပြီးလျှင် ထိုအင်ကြင်းပင်၏ ကြီးကုန် ကြီးကုန်သော အကိုင်းတို့ကို ချိုးဖျက်ရာ၏။ ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏- “မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ် သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေရသော နတ်တို့သည် မာလောနွယ်စေ့၌ ဤမရောက် လာသေးသော ဘေးကို မြင်၍ ပေါင်းဆုံစုရုံးကြလျက် ‘အသျှင်သည် မကြောက်လင့်၊ အသျှင်သည် မကြောက်ပါလင့်’ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟု စိတ်သက်သာရာရစေကုန်ရာ၏။ ငါသည် မာလောနွယ်စေ့ဟူသော အကြောင်းကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားရ၏” ဟု (အကြံံဖြစ်ရာ၏)။ ရဟန်းတို့ ဤအတူပင်လျှင် “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏၊ ဆံထုံးထုံးသော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိနိုဇ်မ၏ နူးညံ့သော အမွေးရှိသော လက်မောင်းအတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့သည် ပြောဆိုကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို ခံစားကြကုန်၏၊ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော သူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရကုန်၏။ ထိုသူတို့သည် ထိုငရဲ၌ ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားကြရကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာသေးသော ဘေးကို မြင်ကုန်၍ကာမတို့ကို ပယ်ခြင်းကို ပြောဆိုကုန်ရာ၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်ရာ၏၊ ငါတို့သည် ကာမအထောက်အပံ့ ကာမအရင်းခံကြောင့် ဤကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သောဆင်းရဲဝေဒနာကို ခံစားကြရကုန်၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

And what is the way of taking up practices that is pleasant now but results in future pain? There are some ascetics and brahmins who have this doctrine and view: ‘There’s nothing wrong with sensual pleasures.’ They throw themselves into sensual pleasures, cavorting with female wanderers with jeweled bands in their hair. They say, ‘What future danger do those ascetics and brahmins see in sensual pleasures that they speak of giving up sensual pleasures, and advocate the complete understanding of sensual pleasures? Pleasant is the touch of this female wanderer’s arm, tender, soft, and downy!’ And they throw themselves into sensual pleasures. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. And there they feel painful, sharp, severe, acute feelings. They say, ‘This is that future danger that those ascetics and brahmins saw. For it is because of sensual pleasures that I’m feeling painful, sharp, severe, acute feelings.’ Suppose that in the last month of summer a camel’s foot creeper pod were to burst open and a seed were to fall at the root of a sal tree. Then the deity haunting that sal tree would become apprehensive and nervous. But their friends and colleagues, relatives and kin—deities of the parks, forests, trees, and those who haunt the herbs, grass, and big trees—would come together to reassure them, ‘Do not fear, sir, do not fear! Hopefully that seed will be swallowed by a peacock, or eaten by a deer, or burnt by a forest fire, or picked up by a lumberjack, or eaten by termites, or it may not even be fertile.’ But none of these things happened. And the seed was fertile, so that when the monsoon clouds soaked it with rain, it sprouted. And the creeper wound its tender, soft, and downy tendrils around that sal tree. Then the deity thought, ‘What future danger did my friends see when they said: “Do not fear, sir, do not fear! Hopefully that seed will be swallowed by a peacock, or eaten by a deer, or burnt by a forest fire, or picked up by a lumberjack, or eaten by termites, or it may not even be fertile.” Pleasant is the touch of this creeper’s tender, soft, and downy tendrils.’ Then the creeper enfolded the sal tree, made a canopy over it, draped a curtain around it, and split apart all the main branches. Then the deity thought, ‘This is the future danger that my friends saw! It’s because of that camel’s foot creeper seed that I’m feeling painful, sharp, severe, acute feelings.’ In the same way, there are some ascetics and brahmins who have this doctrine and view: ‘There’s nothing wrong with sensual pleasures’ … This is called the way of taking up practices that is pleasant now but results in future pain.

စာ-၃၈၂

၄၇၀။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော အစေလကော ဟောတိ မုတ္တာစာရော ဟတ္ထာပလေခနော, နဧဟိဘဒ္ဒန္တိကော, နတိဋ္ဌဘဒ္ဒန္တိကော, နာဘိဟဋံ, န ဥဒ္ဒိဿကတံ, န နိမန္တနံ သာဒိယတိ, သော န ကုမ္ဘိမုခါ ပဋိဂ္ဂဏှာတိ, န ကဠောပိမုခါ ပဋိဂ္ဂဏှာတိ, န ဧဠကမန္တရံ, န ဒဏ္ဍမန္တရံ, န မုသလမန္တရံ, န ဒွိန္နံ ဘုဉ္ဇမာနာနံ, န ဂဗ္ဘိနိယာ, န ပါယမာနာယ, န ပုရိသန္တရဂတာယ, န သင်္ကိတ္တီသု, န ယတ္ထ သာ ဥပဋ္ဌိတော ဟောတိ, န ယတ္ထ မက္ခိကာ သဏ္ဍသဏ္ဍစာရိနီ, န မစ္ဆံ, န မံသံ, န သုရံ, န မေရယံ, န ထုသောဒကံ ပိဝတိ။ သော ဧကာဂါရိကော ဝါ ဟောတိ ဧကာလောပိကော, ဒွါဂါရိကော ဝါ ဟောတိ ဒွါလောပိကော…ပေ… သတ္တာဂါရိကော ဝါ ဟောတိ သတ္တာလောပိကော။ ဧကိဿာပိ ဒတ္တိယာ ယာပေတိ, ဒွီဟိပိ ဒတ္တီဟိ ယာပေတိ… သတ္တဟိပိ ဒတ္တီဟိ ယာပေတိ။ ဧကာဟိကမ္ပိ အာဟာရံ အာဟာရေတိ, ဒွီဟိကမ္ပိ အာဟာရံ အာဟာရေတိ… သတ္တာဟိကမ္ပိ အာဟာရံ အာဟာရေတိ။ ဣတိ ဧဝရူပံ အဒ္ဓမာသိကမ္ပိ ပရိယာယဘတ္တဘောဇနာနုယောဂမနုယုတ္တော ဝိဟရတိ။ သော သာကဘက္ခော ဝါ ဟောတိ, သာမာကဘက္ခော ဝါ ဟောတိ, နီဝါရဘက္ခော ဝါ ဟောတိ, ဒဒ္ဒုလဘက္ခော ဝါ ဟောတိ, ဟဋဘက္ခော ဝါ ဟောတိ, ကဏဘက္ခော ဝါ ဟောတိ, အာစာမဘက္ခော ဝါ ဟောတိ, ပိညာကဘက္ခော ဝါ ဟောတိ, တိဏဘက္ခော ဝါ ဟောတိ, ဂေါမယဘက္ခော ဝါ ဟောတိ, ဝနမူလဖလာဟာရော ယာပေတိ ပဝတ္တဖလဘောဇီ။ သော သာဏာနိပိ ဓာရေတိ, မသာဏာနိပိ ဓာရေတိ, ဆဝဒုဿာနိပိ ဓာရေတိ, ပံသုကူလာနိပိ ဓာရေတိ, တိရီဋာနိပိ ဓာရေတိ, အဇိနမ္ပိ ဓာရေတိ, အဇိနက္ခိပမ္ပိ ဓာရေတိ, ကုသစီရမ္ပိ ဓာရေတိ, ဝါကစီရမ္ပိ ဓာရေတိ, ဖလကစီရမ္ပိ ဓာရေတိ, ကေသကမ္ဗလမ္ပိ ဓာရေတိ, ဝါဠကမ္ဗလမ္ပိ ဓာရေတိ, ဥလူကပက္ခမ္ပိ ဓာရေတိ, ကေသမဿုလောစကောပိ ဟောတိ, ကေသမဿုလောစနာနုယောဂမနုယုတ္တော, ဥဗ္ဘဋ္ဌကောပိ ဟောတိ, အာသနပဋိက္ခိတ္တော, ဥက္ကုဋိကောပိ ဟောတိ ဥက္ကုဋိကပ္ပဓာနမနုယုတ္တော, ကဏ္ဋကာပဿယိကောပိ ဟောတိ, ကဏ္ဋကာပဿယေ သေယျံ ကပ္ပေတိ [ပဿ မ။ နိ။ ၁။၁၅၅ မဟာသီဟနာဒသုတ္တေ], သာယတတိယကမ္ပိ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရတိ။ ဣတိ ဧဝရူပံ အနေကဝိဟိတံ ကာယဿ အာတာပနပရိတာပနာနုယောဂမနုယုတ္တော ဝိဟရတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ။

၄၇၀။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင်လာလော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ အသျှင်ရပ်လော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကိုမခံ၊ ရည်စူး၍ပြုသော ဆွမ်းကိုမခံ၊ ပင့်ဖိတ်ဆွမ်းကိုမခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကိုမခံ၊ တောင်းဝမှ (ကော်၍လောင်းသော) ဆွမ်းကိုမခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ နှစ်ယောက်စား နေစဥ် ထ၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကိုယ်ဝန်ဆောင်မိန်းမလောင်းသော ဆွမ်းကိုမခံ၊ နို့တိုက်ဆဲမိန်းမ လောင်းသော ဆွမ်းကိုမခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမလောင်သော ဆွမ်းကိုမခံ၊ ဆော်အော စုဆောင်း၍ လောင်းသော ဆွမ်းတို့ကိုမခံ၊ ခွေးမျှော်ရာမှ ဆွမ်းကိုမခံ၊ ယင်အုံရာမှ ဆွမ်းကိုမခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက် အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာတို့ဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏။ ဤနည်းဖြင့် လခွဲဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေ၏။ ထိုသူသည် ဟင်းရွက်ကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုလည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်ကိုသော်လည်း သောက်နေ၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားနေ၏၊ မြက်ကို သော်လည်း စားနေ၏၊ နွားချေကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကိုစားလျက် မျှတ၏။ ထိုသူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်၏၊ လူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊ သစ်ခေါက် အဝတ်တို့ကိုသော်လည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်း မြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဥ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည် ကမ္ဗလာအဝတ်ကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုတ်ငှက်တောင်အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကိုအားထုတ်၏၊ ထိုင်ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏။ ဆောင့်ကြောင့်ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင်နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကို အားထုတ်နေ၏၊ ဤသို့လျှင်ဤသို့သဘောရှိသည့် များ ပြားသော ကိုယ်ကို လွန်မင်းစွာ ပူပန်စေသော အကျင့်ကိုမပြတ်အားထုတ်လျက် နေ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ့ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

And what is the way of taking up practices that is painful now and results in future pain? It’s when someone goes naked, ignoring conventions. They lick their hands, and don’t come or wait when called. They don’t consent to food brought to them, or food prepared on their behalf, or an invitation for a meal. They don’t receive anything from a pot or bowl; or from someone who keeps sheep, or who has a weapon or a shovel in their home; or where a couple is eating; or where there is a woman who is pregnant, breastfeeding, or who lives with a man; or where there’s a hound waiting or flies buzzing. They accept no fish or meat or beer or wine, and drink no fermented gruel. They go to just one house for alms, taking just one mouthful, or two houses and two mouthfuls, up to seven houses and seven mouthfuls. They feed on one saucer a day, two saucers a day, up to seven saucers a day. They eat once a day, once every second day, up to once a week, and so on, even up to once a fortnight. They live committed to the practice of eating food at set intervals. They eat herbs, millet, wild rice, poor rice, water lettuce, rice bran, scum from boiling rice, sesame flour, grass, or cow dung. They survive on forest roots and fruits, or eating fallen fruit. They wear robes of sunn hemp, mixed hemp, corpse-wrapping cloth, rags, lodh tree bark, antelope hide (whole or in strips), kusa grass, bark, wood-chips, human hair, horse-tail hair, or owls’ wings. They tear out their hair and beard, committed to this practice. They constantly stand, turning down seats. They squat, committed to the endeavor of squatting. They lie on a mat of thorns, making a mat of thorns their bed. They’re devoted to ritual bathing three times a day, including at dusk. And so they live committed to practicing these various ways of mortifying and tormenting the body. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. This is called the way of taking up practices that is painful now and results in future pain.

စာ-၃၈၃

၄၇၁။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပကတိယာ တိဗ္ဗရာဂဇာတိကော ဟောတိ, သော အဘိက္ခဏံ ရာဂဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ပကတိယာ တိဗ္ဗဒေါသဇာတိကော ဟောတိ, သော အဘိက္ခဏံ ဒေါသဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ပကတိယာ တိဗ္ဗမောဟဇာတိကော ဟောတိ, သော အဘိက္ခဏံ မောဟဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ သော သဟာပိ ဒုက္ခေန, သဟာပိ ဒေါမနဿေန, အဿုမုခေါပိ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ။

၄၇၁။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့် တပ်မက်မှု ‘ရာဂ’အားကြီးသောသဘော ရှိ၏။ ထိုသူသည် တပ်မက်မှု ‘ရာဂ’ ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုမပြတ် ခံစားရ၏။ ပြကတေ့ အားဖြင့်ပြစ်မှားမှု ‘ဒေါသ’ အားကြီးသောသဘော ရှိ၏၊ ထိုသူသည်ပြစ်မှားမှု ‘ဒေါသ’ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် ခံစားရ၏။ ပြကတေ့အားဖြင့်တွေဝေမှု ‘မောဟ’အားကြီးသောသဘော ရှိ၏၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သောကိုယ်ဆင်းရဲ စိတ် ဆင်းရဲကို မပြတ်ခံစားရ၏။ ထိုသူသည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနှင့် တကွလည်းမျက်ရည်စက်လက် ငိုကြွေးလျက် ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏။ ထိုသူသည်ကိုယ်ခန္ဓာပျက်စီး၍ သေသည် မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏၊ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုရ၏။

And what is the way of taking up practices that is painful now but results in future pleasure? It’s when someone is ordinarily full of acute greed, hate, and delusion. They often feel the pain and sadness that greed, hate, and delusion bring. They lead the full and pure spiritual life in pain and sadness, weeping, with tearful faces. When their body breaks up, after death, they’re reborn in a good place, a heavenly realm. This is called the way of taking up practices that is painful now but results in future pleasure.

၄၇၂။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပကတိယာ န တိဗ္ဗရာဂဇာတိကော ဟောတိ, သော န အဘိက္ခဏံ ရာဂဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ပကတိယာ န တိဗ္ဗဒေါသဇာတိကော ဟောတိ, သော န အဘိက္ခဏံ ဒေါသဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ပကတိယာ န တိဗ္ဗမောဟဇာတိကော ဟောတိ, သော န အဘိက္ခဏံ မောဟဇံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ သော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ…ပေ… တတိယံ ဈာနံ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ။ ဣမာနိ ခေါ, ဘိက္ခဝေ, စတ္တာရိ ဓမ္မသမာဒါနာနီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

စူဠဓမ္မသမာဒါနသုတ္တံ နိဋ္ဌိတံ ပဉ္စမံ။

၄၇၂။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကား အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့်တပ်မက် မှု ‘ရာဂ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တပ်မက်မှု ‘ရာဂ’ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲစိတ် ဆင်းရဲကို မပြတ်မခံစားရ။ ပြကတေ့အားဖြင့် ပြစ်မှားမှု ‘ဒေါသ’အားကြီးသောသဘော မရှိ၊ ထိုသူသည် ပြစ်မှားမှု ‘ဒေါသ’ကြောင့် ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ပြကတေ့အားဖြင့် တွေဝေမှု ‘မောဟ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သော ကိုယ်ဆင်း ရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ထိုသူသည် ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ် သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်တည် ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သောကြံစည်မှု ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သည့်နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ရောက်၍ နေ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာဗြဟ္မာ့ပြည်သို့ ရောက်ရ၏။ ရဟန်းတိို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။ ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။ ငါးခုမြောက်သော စူဠဓမ္မသမာဒါနသုတ်ပြီး၏။

And what is the way of taking up practices that is pleasant now and results in future pleasure? It’s when someone is not ordinarily full of acute greed, hate, and delusion. They rarely feel the pain and sadness that greed, hate, and delusion bring. Quite secluded from sensual pleasures, secluded from unskillful qualities, they enter and remain in the first absorption … second absorption … third absorption … fourth absorption. When their body breaks up, after death, they’re reborn in a good place, a heavenly realm. This is called the way of taking up practices that is pleasant now and results in future pleasure. These are the four ways of taking up practices.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၆။ မဟာဓမ္မသမာဒါနသုတ္တံ

၄၇၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘ယေဘုယျေန, ဘိက္ခဝေ, သတ္တာ ဧဝံကာမာ ဧဝံဆန္ဒာ ဧဝံအဓိပ္ပါယာ – ‘အဟော ဝတ အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယေယျုံ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎေယျု’န္တိ။ တေသံ, ဘိက္ခဝေ, သတ္တာနံ ဧဝံကာမာနံ ဧဝံဆန္ဒာနံ ဧဝံအဓိပ္ပါယာနံ အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တတြ တုမှေ, ဘိက္ခဝေ, ကံ ဟေတုံ ပစ္စေထာ’’တိ? ‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ, ဘဂဝံနေတ္တိကာ, ဘဂဝံပဋိသရဏာ။ သာဓု ဝတ, ဘန္တေ, ဘဂဝန္တညေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော၊ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေန ဟိ, ဘိက္ခဝေ, သုဏာထ, သာဓုကံ မနသိ ကရောထ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

၆- မဟာဓမ္မသမာဒါနသုတ် ၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော့်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ - “ရဟန်းတို့ များသောအားဖြင့် သတ္တဝါတို့သည် ‘အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်မူ ကောင်းလေစွ၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သော တရားတို့ တိုးပွါးကုန်မူ ကောင်းလေစွ’ဟု ဤသို့လိုလားခြင်း ရှိကုန်၏။ ဤသို့လိုချင်ခြင်း ရှိကုန်၏၊ ဤသို့ ရလိုကုန်၏။ ရဟန်းတို့ ထိုသတ္တဝါတို့အား ဤသို့ လိုလားခြင်းလိုချင်ခြင်း ရလိုခြင်း ရှိကုန်လျက် အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ ထိုသိုု့ဖြစ်ရာ၌ သင်တို့သည် အဘယ်အကြောင်းကိုယုံကြည်ကုန်သနည်း” ဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည်မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုမိန့်ဆိုတော်မူသောတရားစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရား သာလျှင် ဝေဖန်ဟောကြားတော်မူူပါ၊ မြတ်စွာဘုရားအထံမှ နာကြား၍ ရဟန်းတို့သည် ဆောင်ထားကြပါ ကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

Middle Discourses 46 The Great Discourse on Taking Up Practices So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, sentient beings typically have the wish, desire, and hope: ‘Oh, if only unlikable, undesirable, and disagreeable things would decrease, and likable, desirable, and agreeable things would increase!’ But exactly the opposite happens to them. What do you take to be the reason for this?” “Our teachings are rooted in the Buddha. He is our guide and our refuge. Sir, may the Buddha himself please clarify the meaning of this. The mendicants will listen and remember it.” “Well then, mendicants, listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this:

၄၇၄။ ‘‘ဣဓ, ဘိက္ခဝေ, အဿုတဝါ ပုထုဇ္ဇနော, အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော, သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော, သေဝိတဗ္ဗေ ဓမ္မေ န ဇာနာတိ အသေဝိတဗ္ဗေ ဓမ္မေ န ဇာနာတိ, ဘဇိတဗ္ဗေ ဓမ္မေ န ဇာနာတိ အဘဇိတဗ္ဗေ ဓမ္မေ န ဇာနာတိ။ သော သေဝိတဗ္ဗေ ဓမ္မေ အဇာနန္တော အသေဝိတဗ္ဗေ ဓမ္မေ အဇာနန္တော, ဘဇိတဗ္ဗေ ဓမ္မေ အဇာနန္တော အဘဇိတဗ္ဗေ ဓမ္မေ အဇာနန္တော, အသေဝိတဗ္ဗေ ဓမ္မေ သေဝတိ သေဝိတဗ္ဗေ ဓမ္မေ န သေဝတိ, အဘဇိတဗ္ဗေ ဓမ္မေ ဘဇတိ ဘဇိတဗ္ဗေ ဓမ္မေ န ဘဇတိ။ တဿ အသေဝိတဗ္ဗေ ဓမ္မေ သေဝတော သေဝိတဗ္ဗေ ဓမ္မေ အသေဝတော, အဘဇိတဗ္ဗေ ဓမ္မေ ဘဇတော ဘဇိတဗ္ဗေ ဓမ္မေ အဘဇတော အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ အဝိဒ္ဒသုနော။

‘‘သုတဝါ စ ခေါ, ဘိက္ခဝေ, အရိယသာဝကော, အရိယာနံ ဒဿာဝီ အရိယဓမ္မဿ ကောဝိဒေါ အရိယဓမ္မေ သုဝိနီတော, သပ္ပုရိသာနံ ဒဿာဝီ သပ္ပုရိသဓမ္မဿ ကောဝိဒေါ သပ္ပုရိသဓမ္မေ သုဝိနီတော, သေဝိတဗ္ဗေ ဓမ္မေ ဇာနာတိ အသေဝိတဗ္ဗေ ဓမ္မေ ဇာနာတိ, ဘဇိတဗ္ဗေ ဓမ္မေ ဇာနာတိ အဘဇိတဗ္ဗေ ဓမ္မေ ဇာနာတိ။ သော သေဝိတဗ္ဗေ ဓမ္မေ ဇာနန္တော အသေဝိတဗ္ဗေ ဓမ္မေ ဇာနန္တော, ဘဇိတဗ္ဗေ ဓမ္မေ ဇာနန္တော အဘဇိတဗ္ဗေ ဓမ္မေ ဇာနန္တော, အသေဝိတဗ္ဗေ ဓမ္မေ န သေဝတိ သေဝိတဗ္ဗေ ဓမ္မေ သေဝတိ, အဘဇိတဗ္ဗေ ဓမ္မေ န ဘဇတိ ဘဇိတဗ္ဗေ ဓမ္မေ ဘဇတိ။ တဿ အသေဝိတဗ္ဗေ ဓမ္မေ အသေဝတော သေဝိတဗ္ဗေ ဓမ္မေ သေဝတော, အဘဇိတဗ္ဗေ ဓမ္မေ အဘဇတော ဘဇိတဗ္ဗေ ဓမ္မေ ဘဇတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ ဝိဒ္ဒသုနော။

၄၇၄။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မကျွမ်းကျင်သော,အရိယာတရား၌ ယဥ်ကျေးမှုမရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဥ်ကျေးမှုမရှိသော, အကြားအမြင်မရှိသော ပုထုဇ္ဇဥ်သည်မှီဝဲသင့်သော တရား,မမှီဝဲသင့်သောတရားတို့ကို မသိ၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို မသိ၊ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို မသိမူ၍ ဆည်းပူးသင့်သောတရား မဆည်းပူးသင့်သောတရားတို့ကို မသိဘဲ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၏၊ မှီဝဲသင့်သောတရားတို့ကို မမှီဝဲ။ မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၏၊ ဆည်းပူးသင့်သောတရားတို့ကိုမဆည်းပူး။ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၍ မှီဝဲသင့်သောတရားတို့ကို မမှီဝဲသော မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၍ ဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးသော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။၁ ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ယဥ်ကျေးပြီးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော,သူတော် ကောင်းတရား၌ ယဥ်ကျေးပြီးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည်မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၏၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၏။ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၍ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၍ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲ၊ မှီဝဲသင့်သောတရားတို့ကို မှီဝဲ၏။ မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူး၊ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူ့း၏။ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲဘဲ မှီဝဲသင့်သော တရားတို့ကို မှီဝဲသော, မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးဘဲ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူးသော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။

“Take an unlearned ordinary person who has not seen the noble ones, and is neither skilled nor trained in the teaching of the noble ones. They’ve not seen true persons, and are neither skilled nor trained in the teaching of the true persons. They don’t know what practices they should cultivate and foster, and what practices they shouldn’t cultivate and foster. So they cultivate and foster practices they shouldn’t, and don’t cultivate and foster practices they should. When they do so, unlikable, undesirable, and disagreeable things increase, and likable, desirable, and agreeable things decrease. Why is that? Because that’s what it’s like for the ignorant. But a learned noble disciple has seen the noble ones, and is skilled and trained in the teaching of the noble ones. They’ve seen true persons, and are skilled and trained in the teaching of the true persons. They know what practices they should cultivate and foster, and what practices they shouldn’t cultivate and foster. So they cultivate and foster practices they should, and don’t cultivate and foster practices they shouldn’t. When they do so, unlikable, undesirable, and disagreeable things decrease, and likable, desirable, and agreeable things increase. Why is that? Because that’s what it’s like for the knowledgable.

၄၇၅။ ‘‘စတ္တာရိမာနိ, ဘိက္ခဝေ, ဓမ္မသမာဒါနာနိ။ ကတမာနိ စတ္တာရိ? အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ၊ အတ္ထိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ။

၄၇၅။ ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည်ရှိ၏။ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

Mendicants, there are these four ways of taking up practices. What four? There is a way of taking up practices that is painful now and results in future pain. There is a way of taking up practices that is pleasant now but results in future pain. There is a way of taking up practices that is painful now but results in future pleasure. There is a way of taking up practices that is pleasant now and results in future pleasure.

၄၇၆။ ‘‘တတြ, ဘိက္ခဝေ, ယမိဒံ [ယဒိဒံ (သီ။)] ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ, တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ နပ္ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါက’န္တိ။ တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ အပ္ပဇာနန္တော တံ သေဝတိ, တံ န ပရိဝဇ္ဇေတိ။ တဿ တံ သေဝတော, တံ အပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ အဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ နပ္ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါက’န္တိ။ တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ အပ္ပဇာနန္တော တံ သေဝတိ, တံ န ပရိဝဇ္ဇေတိ။ တဿ တံ သေဝတော, တံ အပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ အဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ, တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ နပ္ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါက’န္တိ။ တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ အပ္ပဇာနန္တော တံ န သေဝတိ, တံ ပရိဝဇ္ဇေတိ။ တဿ တံ အသေဝတော, တံ ပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ အဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ, တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ နပ္ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါက’န္တိ။ တံ အဝိဒွါ အဝိဇ္ဇာဂတော ယထာဘူတံ အပ္ပဇာနန္တော တံ န သေဝတိ, တံ ပရိဝဇ္ဇေတိ။ တဿ တံ အသေဝတော, တံ ပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ ပရိဟာယန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ အဝိဒ္ဒသုနော။

၄၇၆။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရား ဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကိုမကြဥ်ရှောင်၊ ထိိုုတရား ဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုုတရားဆောက်တည်ခြင်းကို မကြဥ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောက်အခါ၌ ဆင်းရဲဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည်မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကိုမှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကို မကြဥ်ရှောင်၊ ထိိုု တရားဆောက်တည်ခြင်းကို မှီဝဲ၍ထိိုုတရားဆောက်တည်ခြင်းကို မကြဥ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်ကုန်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမူ ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမူကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိိုုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်၏၊ ထိိုုတရားဆောက် တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

When it comes to the way of taking up practices that is painful now and results in future pain, an ignoramus, without knowing this, doesn’t truly understand: ‘This is the way of taking up practices that is painful now and results in future pain.’ So instead of avoiding that practice, they cultivate it. When they do so, unlikable, undesirable, and disagreeable things increase, and likable, desirable, and agreeable things decrease. Why is that? Because that’s what it’s like for the ignorant. When it comes to the way of taking up practices that is pleasant now and results in future pain, an ignoramus … cultivates it … and disagreeable things increase … When it comes to the way of taking up practices that is painful now and results in future pleasure, an ignoramus … doesn’t cultivate it … and disagreeable things increase … When it comes to the way of taking up practices that is pleasant now and results in future pleasure, an ignoramus … doesn’t cultivate it … and disagreeable things increase … Why is that? Because that’s what it’s like for the ignorant.

၄၇၇။ ‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါက’န္တိ။ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနန္တော တံ န သေဝတိ, တံ ပရိဝဇ္ဇေတိ။ တဿ တံ အသေဝတော, တံ ပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ ဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါက’န္တိ။ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနန္တော တံ န သေဝတိ, တံ ပရိဝဇ္ဇေတိ။ တဿ တံ အသေဝတော, တံ ပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ ဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါက’န္တိ။ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနန္တော တံ သေဝတိ, တံ န ပရိဝဇ္ဇေတိ။ တဿ တံ သေဝတော, တံ အပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ ဝိဒ္ဒသုနော။

‘‘တတြ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနာတိ – ‘ဣဒံ ခေါ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါက’န္တိ။ တံ ဝိဒွါ ဝိဇ္ဇာဂတော ယထာဘူတံ ပဇာနန္တော တံ သေဝတိ, တံ န ပရိဝဇ္ဇေတိ။ တဿ တံ သေဝတော, တံ အပရိဝဇ္ဇယတော, အနိဋ္ဌာ အကန္တာ အမနာပါ ဓမ္မာ ပရိဟာယန္တိ, ဣဋ္ဌာ ကန္တာ မနာပါ ဓမ္မာ အဘိဝဍ္ဎန္တိ။ တံ ကိဿ ဟေတု? ဧဝဉှေတံ, ဘိက္ခဝေ, ဟောတိ ယထာ တံ ဝိဒ္ဒသုနော။

၄၇၇။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောက်အခါ၌လည်း ဆင်းရဲကျိုးရှိ သည့်တရားဆောက်တည်ခြင်းကို ပညာရှှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်း သည်ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့်ထိိုုတရား ဆောက်တည်ခြင်းကို မမှီဝဲ၊ ထိိုုတရား ဆောက်တည်ခြင်းကို ကြဥ်ရှောင်၏၊ ထိိုုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိိုုတရားဆောက်တည်ခြင်းကို ကြဥ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထို သဘောသည် ပညာရှှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိမှုကြောင့် ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရား ဆောက်တည်ခြင်းကို မကြဥ်ရှောင်၊ ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုု တရားဆောက်တည်ခြင်းကို မကြဥ်ရှောင်သော ထိုသူအားအလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါး စေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ ဖြစ်ခြင်းသည့်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာ ရှှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်းဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃) ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိိုုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိိုုတရား ဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိိုုတရားဆောက်တည်ခြင်းကို မကြဥ်ရှောင်၊ ထိိုုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထိိုုတရားဆောက်တည်ခြင်းကို မကြဥ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

When it comes to the way of taking up practices that is painful now and results in future pain, a wise person, knowing this, truly understands: ‘This is the way of taking up practices that is painful now and results in future pain.’ So instead of cultivating that practice, they avoid it. When they do so, unlikable, undesirable, and disagreeable things decrease, and likable, desirable, and agreeable things increase. Why is that? Because that’s what it’s like for the knowledgable. When it comes to the way of taking up practices that is pleasant now and results in future pain, a wise person … doesn’t cultivate it … and agreeable things increase … When it comes to the way of taking up practices that is painful now and results in future pleasure, a wise person … cultivates it … and agreeable things increase … When it comes to the way of taking up practices that is pleasant now and results in future pleasure, a wise person, knowing this, truly understands: ‘This is the way of taking up practices that is pleasant now and results in future pleasure.’ So instead of avoiding that practice, they cultivate it. When they do so, unlikable, undesirable, and disagreeable things decrease, and likable, desirable, and agreeable things increase. Why is that? Because that’s what it’s like for the knowledgable.

၄၇၈။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ပါဏာတိပါတီ ဟောတိ, ပါဏာတိပါတပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အဒိန္နာဒါယီ ဟောတိ, အဒိန္နာဒါနပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ကာမေသု မိစ္ဆာစာရီ ဟောတိ, ကာမေသု မိစ္ဆာစာရပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန မုသာဝါဒီ ဟောတိ, မုသာဝါဒပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ပိသုဏဝါစော ဟောတိ, ပိသုဏဝါစာပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ဖရုသဝါစော ဟောတိ, ဖရုသဝါစာပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန သမ္ဖပ္ပလာပီ ဟောတိ, သမ္ဖပ္ပလာပပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အဘိဇ္ဈာလု ဟောတိ, အဘိဇ္ဈာပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ဗျာပန္နစိတ္တော ဟောတိ, ဗျာပါဒပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန မိစ္ဆာဒိဋ္ဌိ ဟောတိ, မိစ္ဆာဒိဋ္ဌိပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ။

၄၇၈။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ၍ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ ကာမတို့၌မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း မုသားပြော ဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်းစကားပြော၏၊ ကုန်းစကားပြောခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု နှင့်တကွလည်း ဖျက်ဆီးလိုသောစိတ် ရှိ၏၊ ဖျက်ဆီးလိုမှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသော အယူဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသောမကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်းဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၁)

And what is the way of taking up practices that is painful now and results in future pain? It’s when someone in pain and sadness kills living creatures, steals, and commits sexual misconduct. They use speech that’s false, backbiting, harsh, or nonsensical. And they’re covetous, malicious, with wrong view. Because of these things they experience pain and sadness. And when their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. This is called the way of taking up practices that is painful now and results in future pain.

စာ-၃၈၈

၄၇၉။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော သဟာပိ သုခေန သဟာပိ သောမနဿေန ပါဏာတိပါတီ ဟောတိ, ပါဏာတိပါတပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန အဒိန္နာဒါယီ ဟောတိ, အဒိန္နာဒါနပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ကာမေသုမိစ္ဆာစာရီ ဟောတိ, ကာမေသုမိစ္ဆာစာရပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန မုသာဝါဒီ ဟောတိ, မုသာဝါဒပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ပိသုဏဝါစော ဟောတိ, ပိသုဏဝါစာပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ဖရုသဝါစော ဟောတိ, ဖရုသဝါစာပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန သမ္ဖပ္ပလာပီ ဟောတိ, သမ္ဖပ္ပလာပပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန အဘိဇ္ဈာလု ဟောတိ, အဘိဇ္ဈာပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ဗျာပန္နစိတ္တော ဟောတိ, ဗျာပါဒပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန မိစ္ဆာဒိဋ္ဌိ ဟောတိ, မိစ္ဆာဒိဋ္ဌိပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ။

၄၇၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းသူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ့်းမြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်း ဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှုဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကုန်းစကားပြောဆို၏၊ ကုန်းစကားပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’ များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’ ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်ရှိ၏၊ ဖျက်ဆီးလိုမှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၂)

And what is the way of taking up practices that is pleasant now but results in future pain? It’s when someone with pleasure and happiness kills living creatures, steals, and commits sexual misconduct. They use speech that’s false, backbiting, harsh, or nonsensical. And they’re covetous, malicious, with wrong view. Because of these things they experience pleasure and happiness. But when their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. This is called the way of taking up practices that is pleasant now but results in future pain.

၄၈၀။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, ပါဏာတိပါတာ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန မုသာဝါဒါ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ဝေရမဏီပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အနဘိဇ္ဈာလု ဟောတိ, အနဘိဇ္ဈာပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အဗျာပန္နစိတ္တော ဟောတိ, အဗျာပါဒပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန သမ္မာဒိဋ္ဌိ ဟောတိ, သမ္မာဒိဋ္ဌိပစ္စယာ စ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ။

၄၈၀။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းသူ့အသက် သတ်ခြင်းမှ ကြဥ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူခြင်းမှ ကြဥ်ရှောင်၏၊ မပေးသည်ကို ယူခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်းကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဥ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်း စကား ပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်း သောစကားကို ပြောဆိုခြင်းမှကြဥ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း ဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ် ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’ မများ၊ ရှေးရှုမကြံစည်မှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ဖျက်ဆီးလိုသော စိတ်မရှိ၊ မဖျက်ဆီးလိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှန်သော အယူရှိ၏၊ မှန်သောအယူ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည့်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုအပ်၏။ (၃)

And what is the way of taking up practices that is painful now but results in future pleasure? It’s when someone in pain and sadness doesn’t kill living creatures, steal, or commit sexual misconduct. They don’t use speech that’s false, backbiting, harsh, or nonsensical. And they’re contented, kind-hearted, with right view. Because of these things they experience pain and sadness. But when their body breaks up, after death, they’re reborn in a good place, a heavenly realm. This is called the way of taking up practices that is painful now but results in future pleasure.

စာ-၃၈၉

၄၈၁။ ‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ? ဣဓ, ဘိက္ခဝေ, ဧကစ္စော သဟာပိ သုခေန သဟာပိ သောမနဿေန ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, ပါဏာတိပါတာ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန မုသာဝါဒါ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ဝေရမဏီပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန အနဘိဇ္ဈာလု ဟောတိ, အနဘိဇ္ဈာပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန အဗျာပန္နစိတ္တော ဟောတိ, အဗျာပါဒပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ၊ သဟာပိ သုခေန သဟာပိ သောမနဿေန သမ္မာဒိဋ္ဌိ ဟောတိ, သမ္မာဒိဋ္ဌိပစ္စယာ စ သုခံ သောမနဿံ ပဋိသံဝေဒေတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဣဒံ, ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ။ ဣမာနိ ခေါ, ဘိက္ခဝေ, စတ္တာရိ ဓမ္မသမာဒါနာနိ။

၄၈၁။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်းချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း သူ့အသက်သတ်ခြင်းမှ ကြဥ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဥ်ရှောင်ခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမပေးသည်ကိုယူခြင်းမှ ကြဥ်ရှောင်၏၊ မပေးသည်ကိုယူခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဥ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့် တကွလည်း ကုန်းစကားပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှကြဥ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်းဟူသော အကြောင်း ကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်းပြိန်ဖျင်း သော စကားကို ပြောဆိုခြင်းမှကြဥ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္စျာ’မများ၊ ရှေးရှုမကြံစည်မှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်မရှိ၊ မဖျက် ဆီးလိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမှန်သောအယူ ရှိ၏၊ မှန်သောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောသူတို့လားရာနတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ (၄)

And what is the way of taking up practices that is pleasant now and results in future pleasure? It’s when someone with pleasure and happiness doesn’t kill living creatures, steal, or commit sexual misconduct. They don’t use speech that’s false, backbiting, harsh, or nonsensical. And they’re contented, kind-hearted, with right view. Because of these things they experience pleasure and happiness. And when their body breaks up, after death, they’re reborn in a good place, a heavenly realm. This is called the way of taking up practices that is pleasant now and results in future pleasure. These are the four ways of taking up practices.

စာ-၃၉၀

၄၈၂။ ‘‘သေယျထာပိ, ဘိက္ခဝေ, တိတ္တကာလာဗု ဝိသေန သံသဋ္ဌော။ အထ ပုရိသော အာဂစ္ဆေယျ ဇီဝိတုကာမော အမရိတုကာမော သုခကာမော ဒုက္ခပ္ပဋိကူလော။ တမေနံ ဧဝံ ဝဒေယျုံ – ‘အမ္ဘော ပုရိသ, အယံ တိတ္တကာလာဗု ဝိသေန သံသဋ္ဌော, သစေ အာကင်္ခသိ ပိဝ [ပိပ (သီ။ ပီ။)]။ တဿ တေ ပိဝတော [ပိပတော (သီ။ ပီ။)] စေဝ နစ္ဆာဒေဿတိ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ [ပီတွာ (သီ။)] စ ပန မရဏံ ဝါ နိဂစ္ဆသိ မရဏမတ္တံ ဝါ ဒုက္ခ’န္တိ။ သော တံ အပ္ပဋိသင်္ခါယ ပိဝေယျ, နပ္ပဋိနိဿဇ္ဇေယျ။ တဿ တံ ပိဝတော စေဝ နစ္ဆာဒေယျ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန မရဏံ ဝါ နိဂစ္ဆေယျ မရဏမတ္တံ ဝါ ဒုက္ခံ။ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ဓမ္မသမာဒါနံ ဝဒါမိ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခဉ္စေဝ အာယတိဉ္စ ဒုက္ခဝိပါကံ။

၄၈၂။ ရဟန်းတို့ ဥပမာသော်ကား ခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့် ရောထား၏၊ ထိုအခါအသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်း သည်လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့်ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဥ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီး၍လည်း သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲခြင်းသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထိုဘူးခါးရည်ကို မဆင်ခြင်မူ၍ သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောကျာ်းသည် ထိုဘူးခါးရည်ကို သောက်စဥ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီး၍လည်းသေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့့ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင် အခါ၌လည်း ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကိုထိုဘူးခါးရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၁)

Suppose there was some bitter gourd mixed with poison. Then a man would come along who wants to live and doesn’t want to die, who wants to be happy and recoils from pain. They’d say to him: ‘Here, my man, this is bitter gourd mixed with poison. Drink it if you like. If you drink it, the color, aroma, and flavor will be unappetizing, and it will result in death or deadly pain.’ He wouldn’t put it down. Without appraisal, he’d drink it. The color, aroma, and flavor would be unappetizing, and it would result in death or deadly pain. This is comparable to the way of taking up practices that is painful now and results in future pain, I say.

၄၈၃။ ‘‘သေယျထာပိ, ဘိက္ခဝေ, အာပါနီယကံသော ဝဏ္ဏသမ္ပန္နော ဂန္ဓသမ္ပန္နော ရသသမ္ပန္နော။ သော စ ခေါ ဝိသေန သံသဋ္ဌော။ အထ ပုရိသော အာဂစ္ဆေယျ ဇီဝိတုကာမော အမရိတုကာမော သုခကာမော ဒုက္ခပ္ပဋိကူလော။ တမေနံ ဧဝံ ဝဒေယျုံ – ‘အမ္ဘော ပုရိသ, အယံ အာပါနီယကံသော ဝဏ္ဏသမ္ပန္နော ဂန္ဓသမ္ပန္နော ရသသမ္ပန္နော။ သော စ ခေါ ဝိသေန သံသဋ္ဌော, သစေ အာကင်္ခသိ ပိဝ။ တဿ တေ ပိဝတောဟိ [ပိဝတောပိ (က။)] ခေါ ဆာဒေဿတိ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန မရဏံ ဝါ နိဂစ္ဆသိ မရဏမတ္တံ ဝါ ဒုက္ခ’န္တိ။ သော တံ အပ္ပဋိသင်္ခါယ ပိဝေယျ, နပ္ပဋိနိဿဇ္ဇေယျ။ တဿ တံ ပိဝတောဟိ ခေါ ဆာဒေယျ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန မရဏံ ဝါ နိဂစ္ဆေယျ မရဏမတ္တံ ဝါ ဒုက္ခံ။ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ဓမ္မသမာဒါနံ ဝဒါမိ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခံ အာယတိံ ဒုက္ခဝိပါကံ။

၄၈၃။ ရဟန်းတို့ ဥပမာသော်ကား အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသော ဖျော်ရည်ခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသောဤဖျော်ရည်ခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည်သောက်စဥ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သောဆင်းရဲသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထိုအဖျော်ရည်ကို မဆင်ခြင်မူ၍သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောကျာ်းသည် ထိုအဖျော်ရည်ကို သောက်စဥ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်ရာ၏၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကို ထိုအဖျော်ရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၂)

Suppose there was a bronze goblet of beverage that had a nice color, aroma, and flavor. But it was mixed with poison. Then a man would come along who wants to live and doesn’t want to die, who wants to be happy and recoils from pain. They’d say to him: ‘Here, my man, this bronze goblet of beverage has a nice color, aroma, and flavor. But it’s mixed with poison. Drink it if you like. If you drink it, the color, aroma, and flavor will be appetizing, but it will result in death or deadly pain.’ He wouldn’t put it down. Without appraisal, he’d drink it. The color, aroma, and flavor would be appetizing, but it would result in death or deadly pain. This is comparable to the way of taking up practices that is pleasant now and results in future pain, I say.

စာ-၃၉၁

၄၈၄။ ‘‘သေယျထာပိ, ဘိက္ခဝေ, ပူတိမုတ္တံ နာနာဘေသဇ္ဇေဟိ သံသဋ္ဌံ။ အထ ပုရိသော အာဂစ္ဆေယျ ပဏ္ဍုကရောဂီ။ တမေနံ ဧဝံ ဝဒေယျုံ – ‘အမ္ဘော ပုရိသ, ဣဒံ ပူတိမုတ္တံ နာနာဘေသဇ္ဇေဟိ သံသဋ္ဌံ, သစေ အာကင်္ခသိ ပိဝ။ တဿ တေ ပိဝတောဟိ ခေါ နစ္ဆာဒေဿတိ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန သုခီ ဘဝိဿသီ’တိ။ သော တံ ပဋိသင်္ခါယ ပိဝေယျ, နပ္ပဋိနိဿဇ္ဇေယျ။ တဿ တံ ပိဝတောဟိ ခေါ နစ္ဆာဒေယျ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန သုခီ အဿ။ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ဓမ္မသမာဒါနံ ဝဒါမိ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နဒုက္ခံ အာယတိံ သုခဝိပါကံ။

၄၈၄။ ရဟန်းတို့ ဥပမာသော်ကား နွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ ထိုအခါဖျော့တော့အားနည်းသော ရောဂါရှိသော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤနွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ အကယ်၍ အလိုရှိမူသောက်လော့၊ ထိုသင်သည် သောက်စဥ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအား ဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ် လိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည်နွားကျင်ငယ်ပုတ်ကို ဆင်ခြင်၍ သောက်ရာ၏၊ မစွန့် လွှတ်ရာ။ ထိုယောကျာ်းသည် နွားကျင်ငယ်ပုတ်ကိုသောက်စဥ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အား ဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ်ရာ၏၊ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော ဤတရားဆောက် တည်ခြင်းကိုထိုနွားကျင်ငယ်ပုတ်ရည် သောက်ခြင်းနှင့်တူ၏ဟု ငါ ဆို၏။ (၃)

Suppose there was some rancid urine mixed with different medicines. Then a man with jaundice would come along. They’d say to him: ‘Here, my man, this is rancid urine mixed with different medicines. Drink it if you like. If you drink it, the color, aroma, and flavor will be unappetizing, but after drinking it you will be happy.’ He wouldn’t put it down. After appraisal, he’d drink it. The color, aroma, and flavor would be unappetizing, but after drinking it he would be happy. This is comparable to the way of taking up practices that is painful now and results in future pleasure, I say.

၄၈၅။ ‘‘သေယျထာပိ, ဘိက္ခဝေ, ဒဓိ စ မဓု စ သပ္ပိ စ ဖာဏိတဉ္စ ဧကဇ္ဈံ သံသဋ္ဌံ။ အထ ပုရိသော အာဂစ္ဆေယျ လောဟိတပက္ခန္ဒိကော။ တမေနံ ဧဝံ ဝဒေယျုံ – ‘အမ္ဘော ပုရိသ, ဣဒံ ဒဓိံ စ မဓုံ စ သပ္ပိံ စ ဖာဏိတဉ္စ ဧကဇ္ဈံ သံသဋ္ဌံ, သစေ အာကင်္ခသိ ပိဝ။ တဿ တေ ပိဝတော စေဝ ဆာဒေဿတိ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန သုခီ ဘဝိဿသီ’တိ။ သော တံ ပဋိသင်္ခါယ ပိဝေယျ, နပ္ပဋိနိဿဇ္ဇေယျ။ တဿ တံ ပိဝတော စေဝ ဆာဒေယျ ဝဏ္ဏေနပိ ဂန္ဓေနပိ ရသေနပိ, ပိဝိတွာ စ ပန သုခီ အဿ။ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ဓမ္မသမာဒါနံ ဝဒါမိ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ။

၄၈၅။ ရဟန်းတို့ ဥပမာသော်ကား နို့ဓမ်း ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်းရောထား၏၊ ထိုအခါ သွေးသွန်ရောဂါရှိသော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း ဤနို့ဓမ်း, ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်း ရောထား၏၊ အကယ်၍အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဥ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်း ကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီး၍လည်းချမ်းသာခြင်းရှိသူ ဖြစ်လိမ့် မည်” ဟု ဆိုကုန်ရာ၏။ ထိုယောကျာ်းသည် ထို (စတုမဓူ) ဆေးကို ဆင်ခြင်၍သောက်ရာ၏၊ မစွန့်လွှတ် ရာ။ ထိုယောကျာ်းသည် ထို (စတုမဓူ) ဆေးကို သောက်စဥ်မှာလည်းအဆင်းအားဖြင့်လည်းကောင်း၊ အနံ့ အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်းနှစ်သက်ရာ၏၊ သောက်ပြီး၍လည်း ချမ်းသာခြင်း ရှိသူ ဖြစ်ရာ၏။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း ချမ်းသာကျိုးရှိသော ဤတရား ဆောက်တည်ခြင်းကို ထိိုု (စတုမဓူ) သောက်ခြင်းနှင့်တူ၏ဟု ငါဆို၏။ (၄)

Suppose there was some curds, honey, ghee, and molasses all mixed together. Then a man with bloody dysentery would come along. They’d say to him: ‘Here, my man, this is curds, honey, ghee, and molasses all mixed together. Drink it if you like. If you drink it, the color, aroma, and flavor will be appetizing, and after drinking it you will be happy.’ He wouldn’t put it down. After appraisal, he’d drink it. The color, aroma, and flavor would be appetizing, and after drinking it he would be happy. This is comparable to the way of taking up practices that is pleasant now and results in future pleasure, I say.

၄၈၆။ ‘‘သေယျထာပိ, ဘိက္ခဝေ, ဝဿာနံ ပစ္ဆိမေ မာသေ သရဒသမယေ ဝိဒ္ဓေ ဝိဂတဝလာဟကေ ဒေဝေ အာဒိစ္စော နဘံ အဗ္ဘုဿက္ကမာနော သဗ္ဗံ အာကာသဂတံ တမဂတံ အဘိဝိဟစ္စ ဘာသတေ စ တပတေ စ ဝိရောစတေ စ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ယမိဒံ ဓမ္မသမာဒါနံ ပစ္စုပ္ပန္နသုခဉ္စေဝ အာယတိဉ္စ သုခဝိပါကံ တဒညေ ပုထုသမဏဗြာဟ္မဏပရပ္ပဝါဒေ အဘိဝိဟစ္စ ဘာသတေ စ တပတေ စ ဝိရောစတေ စာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာဓမ္မသမာဒါနသုတ္တံ နိဋ္ဌိတံ ဆဋ္ဌံ။

၄၈၆။ ရဟန်းတို့ ဥပမာသော်ကား မိုးဥတုတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါတွင် မိုးနှင့်ဝေ့းသော မိုးတိမ်ကင်းသော ကောင်းကင်၌ နေသည် ကောင်းကင်သို့ တက်လတ်သော် အလုံးစုံသောကောင်း ကင်၌ ဖြစ်သော အမိုက်မှောင်ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်လည်းတောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏။ ရဟန်းတို့ ဤအတူပင်လျှင် ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် (သာသနာတော်မှ) တစ်ပါးဖြစ်သောများစွာသော သမဏဗြာဟ္မဏတို့၏ အယူဝါဒတို့ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်ပလည်း တောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏ဟု- ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။ ခြောက်ခုမြောက် မဟာဓမ္မသမာဒါနသုတ်ပြီး၏။ ၁။ မသိမမြင်သော သူမိုက်အား ထိုအနိဋ္ဌဓမ္မတိုသည် ဖြစ်လေသကဲ့သို့ ထို့အတူ မှီဝဲအပ်သည်ကို မမှီဝဲ၊ မမှီဝဲအပ်သည်ကို မှီဝဲသောသူအား ထိုအနိဋ္ဌတရားတို့သည် ဖြစ်ကုန်၏။ (အဋ္ဌကထာ)။

It’s like the last month of the rainy season, in autumn, when the heavens are sunny and cloudless. And as the sun is rising to the firmament, having dispelled all the darkness of space, it shines and glows and dazzles. In the same way, this way of taking up practices that is pleasant now and results in future pleasure dispels the doctrines of the various other ascetics and brahmins as it shines and glows and dazzles.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

စာ-၃၉၂

၇။ ဝီမံသကသုတ္တံ

၄၈၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘ဝီမံသကေန, ဘိက္ခဝေ, ဘိက္ခုနာ ပရဿ စေတောပရိယာယံ အဇာနန္တေန [အာဇာနန္တေန (ပီ။ က။), အဇာနန္တေန ကိန္တိ (?)] တထာဂတေ သမန္နေသနာ ကာတဗ္ဗာ ‘သမ္မာသမ္ဗုဒ္ဓေါ ဝါ နော ဝါ’ ဣတိ ဝိညာဏာယာ’’တိ။ ‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ, ဘဂဝံနေတ္တိကာ ဘဂဝံပဋိသရဏာ၊ သာဓု ဝတ, ဘန္တေ, ဘဂဝန္တံယေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော၊ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေန ဟိ, ဘိက္ခဝေ, သုဏာထ, သာဓုကံ မနသိ ကရောထ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

၇- ဝီမံသကသုတ် ၄၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏- “ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဥ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် မြတ်စွာဘုရား၌ ‘ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟုတ်လေသလော၊ မဟုတ်လေသလော’ဟု သိရန် စူးစမ်းမှုကိုပြုသင့်၏” ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ စင်စစ် ဤမိန့်တော်မူသော စကား၏ အနက်အဓိပ္ပါယ်သည်မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်လာ မြင်လာစေတော်မူပါ၊ မြတ်စွာဘုရားထံမှ နာကြားရ၍ရဟန်းတို့သည် ဆောင်ထားကြရပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းလှပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏-

Middle Discourses 47 The Inquirer So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, a mendicant who is an inquirer, unable to encompass another’s mind, should scrutinize the Realized One to understand whether he is a fully awakened Buddha or not.” “Our teachings are rooted in the Buddha. He is our guide and our refuge. Sir, may the Buddha himself please clarify the meaning of this. The mendicants will listen and remember it.” “Well then, mendicants, listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this:

၄၈၈။ ‘‘ဝီမံသကေန, ဘိက္ခဝေ, ဘိက္ခုနာ ပရဿ စေတောပရိယာယံ အဇာနန္တေန ဒွီသု ဓမ္မေသု တထာဂတော သမန္နေသိတဗ္ဗော စက္ခုသောတဝိညေယျေသု ဓမ္မေသု – ‘ယေ သံကိလိဋ္ဌာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါ’တိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ သံကိလိဋ္ဌာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’တိ။

‘‘ယတော နံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ သံကိလိဋ္ဌာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’တိ, တတော နံ ဥတ္တရိံ သမန္နေသတိ – ‘ယေ ဝီတိမိဿာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါ’တိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ ဝီတိမိဿာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’တိ။

‘‘ယတော နံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ ဝီတိမိဿာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’တိ, တတော နံ ဥတ္တရိံ သမန္နေသတိ – ‘ယေ ဝေါဒါတာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါ’တိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ ဝေါဒါတာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ တေ တထာဂတဿာ’တိ။

‘‘ယတော နံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ယေ ဝေါဒါတာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ တေ တထာဂတဿာ’တိ, တတော နံ ဥတ္တရိံ သမန္နေသတိ – ‘ဒီဃရတ္တံ သမာပန္နော အယမာယသ္မာ ဣမံ ကုသလံ ဓမ္မံ, ဥဒါဟု ဣတ္တရသမာပန္နော’တိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ဒီဃရတ္တံ သမာပန္နော အယမာယသ္မာ ဣမံ ကုသလံ ဓမ္မံ, နာယမာယသ္မာ ဣတ္တရသမာပန္နော’တိ။

‘‘ယတော နံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ဒီဃရတ္တံ သမာပန္နော အယမာယသ္မာ ဣမံ ကုသလံ ဓမ္မံ, နာယမာယသ္မာ ဣတ္တရသမာပန္နော’တိ, တတော နံ ဥတ္တရိံ သမန္နေသတိ – ‘ဉတ္တဇ္ဈာပန္နော အယမာယသ္မာ ဘိက္ခု ယသပ္ပတ္တော, သံဝိဇ္ဇန္တဿ ဣဓေကစ္စေ အာဒီနဝါ’တိ? န တာဝ, ဘိက္ခဝေ, ဘိက္ခုနော ဣဓေကစ္စေ အာဒီနဝါ သံဝိဇ္ဇန္တိ ယာဝ န ဉတ္တဇ္ဈာပန္နော ဟောတိ ယသပ္ပတ္တော။ ယတော စ ခေါ, ဘိက္ခဝေ, ဘိက္ခု ဉတ္တဇ္ဈာပန္နော ဟောတိ ယသပ္ပတ္တော, အထဿ ဣဓေကစ္စေ အာဒီနဝါ သံဝိဇ္ဇန္တိ။ တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ဉတ္တဇ္ဈာပန္နော အယမာယသ္မာ ဘိက္ခု ယသပ္ပတ္တော, နာဿ ဣဓေကစ္စေ အာဒီနဝါ သံဝိဇ္ဇန္တီ’တိ။

‘‘ယတော နံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘ဉတ္တဇ္ဈာပန္နော အယမာယသ္မာ ဘိက္ခု ယသပ္ပတ္တော, နာဿ ဣဓေကစ္စေ အာဒီနဝါ သံဝိဇ္ဇန္တီ’တိ, တတော နံ ဥတ္တရိံ သမန္နေသတိ – ‘အဘယူပရတော အယမာယသ္မာ, နာယမာယသ္မာ ဘယူပရတော၊ ဝီတရာဂတ္တာ ကာမေ န သေဝတိ ခယာ ရာဂဿာ’တိ? တမေနံ သမန္နေသမာနော ဧဝံ ဇာနာတိ – ‘အဘယူပရတော အယမာယသ္မာ, နာယမာယသ္မာ ဘယူပရတော၊ ဝီတရာဂတ္တာ ကာမေ န သေဝတိ ခယာ ရာဂဿာ’တိ။ တဉ္စေ, ဘိက္ခဝေ, ဘိက္ခုံ ပရေ ဧဝံ ပုစ္ဆေယျုံ – ‘ကေ ပနာယသ္မတော အာကာရာ, ကေ အနွယာ, ယေနာယသ္မာ ဧဝံ ဝဒေသိ – အဘယူပရတော အယမာယသ္မာ, နာယမာယသ္မာ ဘယူပရတော၊ ဝီတရာဂတ္တာ ကာမေ န သေဝတိ ခယာ ရာဂဿာ’တိ။ သမ္မာ ဗျာကရမာနော, ဘိက္ခဝေ, ဘိက္ခု ဧဝံ ဗျာကရေယျ – ‘တထာ ဟိ ပန အယမာယသ္မာ သံဃေ ဝါ ဝိဟရန္တော ဧကော ဝါ ဝိဟရန္တော, ယေ စ တတ္ထ သုဂတာ ယေ စ တတ္ထ ဒုဂ္ဂတာ, ယေ စ တတ္ထ ဂဏမနုသာသန္တိ, ယေ စ ဣဓေကစ္စေ အာမိသေသု သံဒိဿန္တိ, ယေ စ ဣဓေကစ္စေ အာမိသေန အနုပလိတ္တာ, နာယမာယသ္မာ တံ တေန အဝဇာနာတိ။ သမ္မုခါ ခေါ ပန မေတံ ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ – အဘယူပရတောဟမသ္မိ, နာဟမသ္မိ ဘယူပရတော, ဝီတရာဂတ္တာ ကာမေ န သေဝါမိ ခယာ ရာဂဿာ’တိ။

၄၈၈။ ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဥ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော အကျင့်နှစ်ပါးတို့၌ မြတ်စွာဘုရားကို စူးစမ်းရမည်။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိ၏။ ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဤသို့ သိ၏။ ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့်အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏” ဟု သိ၏။ ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏ဟု ဤသို့သိသော အခါ၌ “ဤအသျှင်သည် အပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာ ပြည့်စုံနေသလော၊ သို့မဟုတ် ခဏတဖြုတ်သာ ပြည့်စုံနေသလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့်ကြာမြင့်စွာ ပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု သိ၏။ ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု ဤသို့ သိသော အခါ၌ “ဤအသျှင်သည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်ပြီလော၊ ထိုထင်ရှားခြင်း အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ ရဟန်းတို့ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ မရောက်သေးသမျှကာလပတ်လုံး ရဟန်းအား အ ချို့သောအပြစ်တို့သည် မထင်ရှားသေးကုန်။ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်သောအခါ ထိုရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်၏။ ထိုထင်ရှားခြင်းအခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိ၏။ ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤ အသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်း သို့ရောက်၏၊ ထိုထင်ရှားခြင်းနှင့် အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိသော အခါ၌ “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဥ်သူ ဖြစ်လေသလော၊ ဘေးကြောင့် ရှောင်ကြဥ်သူမဟုတ်ဘဲ ဖြစ်လေသလော၊ တပ်မက်မှု ‘ရာဂ’ကုန်ခန်းသဖြင့်တပ်မက် မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲသလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်း ပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဘေးမရှိဘဲလျက်ရှောင်ကြဥ်သူဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဥ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့်တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟု သိ၏။ ရဟန်းတို့ ထိုရဟန်းကို “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဥ်သူဖြစ်၏၊ ဘေးကြောင့်ရှောင်ကြဥ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင်ကာမတို့ကို မမှီဝဲ” ဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့ နည်းဟု သူတစ်ပါးတို့က မေးလာကြမူ ကောင်းစွာ ဖြေကြားလိုသော ရဟန်းသည် ဤသို့ဖြေကြား ရာ၏၊ “ဤအသျှင်သည် ထိုသို့ အကျင့်ဂုဏ်ရှိသော်လည်းရဟန်းအပေါင်း၌နေသော်လည်းကောင်း၊ တစ်ပါး ထီးတည်းနေသော်လည်းကောင်း ရဟန်းအပေါင်းတို့တွင်ကောင်းသော အကျင့်ရှိသူ၊ မကောင်းသော အကျင့်ရှိသူ၊ ဂိုဏ်းကို ဆုံးမနေကြသူ၊ ပစ္စည်း အာမိသတို့၌ (တပ်မက်သည့်မျက်လုံးဖြင့်) ရှုကြည့်တတ် သည့် အချို့သူ၊ ပစ္စည်းအာမိသနှင့် မလိမ်းကျံသည့်အချို့သူ ဟူသော ထိုထိုရဟန်းကို ဤအသျှင်သည် ထိုအကျင့်ဂုဏ်ရှိခြင်းဖြင့် မထေမဲ့မြင် မပြု၊ ငါသည်ဘေးမရှိဘဲလျက် ရှောင်ကြဥ်သူ ဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဥ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟူသောဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ငါကြားရ၏၊ မျက်မှောက်တော်မှ ခံယူရ၏ဟုဖြေကြားရာ၏။

“Mendicants, a mendicant who is an inquirer, unable to encompass another’s mind, should scrutinize the Realized One for two things—things that can be seen and heard: ‘Can anything corrupt be seen or heard in the Realized One or not?’ Scrutinizing him they find that nothing corrupt can be seen or heard in the Realized One. They scrutinize further: ‘Can anything mixed be seen or heard in the Realized One or not?’ Scrutinizing him they find that nothing mixed can be seen or heard in the Realized One. They scrutinize further: ‘Can anything clean be seen or heard in the Realized One or not?’ Scrutinizing him they find that clean things can be seen and heard in the Realized One. They scrutinize further: ‘Did the venerable attain this skillful state a long time ago, or just recently?’ Scrutinizing him they find that the venerable attained this skillful state a long time ago, not just recently. They scrutinize further: ‘Are certain dangers found in that venerable mendicant who has achieved fame and renown?’ For, mendicants, so long as a mendicant has not achieved fame and renown, certain dangers are not found in them. But when they achieve fame and renown, those dangers appear. Scrutinizing him they find that those dangers are not found in that venerable mendicant who has achieved fame and renown. They scrutinize further: ‘Is this venerable securely stilled or insecurely stilled? Is the reason they don’t indulge in sensual pleasures that they’re free of greed because greed has ended?’ Scrutinizing him they find that that venerable is securely stilled, not insecurely stilled. The reason they don’t indulge in sensual pleasures is that they’re free of greed because greed has ended. If others should ask that mendicant, ‘But what reason and evidence does the venerable have for saying this?’ Answering rightly, the mendicant should say, ‘Because, whether that venerable is staying in a community or alone, some people there are in a good state or a sorry state, some instruct a group, and some are seen among pleasures of the flesh while others remain unsullied. Yet that venerable doesn’t look down on them for that. Also, I have heard and learned this in the presence of the Buddha: “I am securely stilled, not insecurely stilled. The reason I don’t indulge in sensual pleasures is that I’m free of greed because greed has ended.”’

စာ-၃၉၄

၄၈၉။ ‘‘တတြ, ဘိက္ခဝေ, တထာဂတောဝ ဥတ္တရိံ ပဋိပုစ္ဆိတဗ္ဗော – ‘ယေ သံကိလိဋ္ဌာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါ’တိ? ဗျာကရမာနော, ဘိက္ခဝေ, တထာဂတော ဧဝံ ဗျာကရေယျ – ‘ယေ သံကိလိဋ္ဌာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’’’တိ။

‘‘ယေ ဝီတိမိဿာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါတိ? ဗျာကရမာနော, ဘိက္ခဝေ, တထာဂတော ဧဝံ ဗျာကရေယျ – ‘ယေ ဝီတိမိဿာ စက္ခုသောတဝိညေယျာ ဓမ္မာ, န တေ တထာဂတဿ သံဝိဇ္ဇန္တီ’တိ။

‘‘ယေ ဝေါဒါတာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ ဝါ တေ တထာဂတဿ နော ဝါတိ? ဗျာကရမာနော, ဘိက္ခဝေ, တထာဂတော ဧဝံ ဗျာကရေယျ – ‘ယေ ဝေါဒါတာ စက္ခုသောတဝိညေယျာ ဓမ္မာ, သံဝိဇ္ဇန္တိ တေ တထာဂတဿ၊ ဧတံပထောဟမသ္မိ, ဧတံဂေါစရော [ဧတပထောဟမသ္မိ ဧတဂေါစရော (သီ။ သျာ။ ကံ။ ပီ။)], နော စ တေန တမ္မယော’တိ။

‘‘ဧဝံဝါဒိံ ခေါ, ဘိက္ခဝေ, သတ္ထာရံ အရဟတိ သာဝကော ဥပသင်္ကမိတုံ ဓမ္မဿဝနာယ။ တဿ သတ္ထာ ဓမ္မံ ဒေသေတိ ဥတ္တရုတ္တရိံ ပဏီတပဏီတံ ကဏှသုက္ကသပ္ပဋိဘာဂံ။ ယထာ ယထာ ခေါ, ဘိက္ခဝေ, ဘိက္ခုနော သတ္ထာ ဓမ္မံ ဒေသေတိ ဥတ္တရုတ္တရိံ ပဏီတပဏီတံ ကဏှသုက္ကသပ္ပဋိဘာဂံ တထာ တထာ သော တသ္မိံ ဓမ္မေ အဘိညာယ ဣဓေကစ္စံ ဓမ္မံ ဓမ္မေသု နိဋ္ဌံ ဂစ္ဆတိ, သတ္ထရိ ပသီဒတိ – ‘သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော သံဃော’တိ။ တဉ္စေ, ဘိက္ခဝေ, ဘိက္ခုံ ပရေ ဧဝံ ပုစ္ဆေယျုံ – ‘ကေ ပနာယသ္မတော အာကာရာ, ကေ အနွယာ, ယေနာယသ္မာ ဧဝံ ဝဒေသိ – သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ ဓမ္မော, သုပ္ပဋိပန္နော သံဃော’တိ? သမ္မာ ဗျာကရမာနော, ဘိက္ခဝေ, ဘိက္ခု ဧဝံ ဗျာကရေယျ – ‘ဣဓာဟံ, အာဝုသော, ယေန ဘဂဝါ တေနုပသင်္ကမိံ ဓမ္မဿဝနာယ။ တဿ မေ ဘဂဝါ ဓမ္မံ ဒေသေတိ ဥတ္တရုတ္တရိံ ပဏီတပဏီတံ ကဏှသုက္ကသပ္ပဋိဘာဂံ။ ယထာ ယထာ မေ, အာဝုသော, ဘဂဝါ ဓမ္မံ ဒေသေတိ ဥတ္တရုတ္တရိံ ပဏီတပဏီတံ ကဏှသုက္ကသပ္ပဋိဘာဂံ တထာ တထာဟံ တသ္မိံ ဓမ္မေ အဘိညာယ ဣဓေကစ္စံ ဓမ္မံ ဓမ္မေသု နိဋ္ဌမဂမံ, သတ္ထရိ ပသီဒိံ – သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဘဂဝတာ, ဓမ္မော, သုပ္ပဋိပန္နော သံဃော’တိ။

၄၈၉။ ရဟန်းတို့ ထိုစူးစမ်းတတ်သူ ရဟန်းနှစ်ပါးတို့တွင် မူလစူးစမ်းတတ်သော ရဟန်းသည် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မြတ်စွာဘုရားကိုသာလျှင် တစ်ဆင့်တက်၍ မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။ မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလောဟု မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။ မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန် သလော၊ မရှိကုန်သလောဟု (မေးသင့်၏)။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့် မြင်ရနားဖြင့်ကြားရသော ဖြူစင်သော အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏၊ ငါ့မှာ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ လမ်းကြောင်းဖြစ်၏၊ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ကျက်စားရာအာရုံဖြစ်၏၊ ထိုအကျင့် သီလဖြင့်လည်း ငါ မတပ်မက်” ဟု ဖြေကြားရာ၏။ ရဟန်းတို့ ဤသို့ ဆိုလေ့ရှိသော မြတ်စွာဘုရားကို တပည့်သာဝကသည် တရားနာရန် ချဥ်းကပ်ထိုက်၏၊ ထိုတပည့်သာဝကအား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲ မွန်မြတ်သည်ထက်မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ တရားဟော၏၊ ရဟန်းတို့လွန်ကဲသည်ထက် လွန်ကဲမွန်မြတ်သည်ထက် မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ မြတ်စွာဘုရားဟောသည့် တရားတော်အတိုင်း ထိုရဟန်းသည် ထိုတရား၌ အချို့သောတရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏၊ “(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူသောတရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း” ဟု မြတ်စွာဘုရား၌ ကြည်ညို၏။ ရဟန်းတို့ ထိုရဟန်းကို “(တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူသော တရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသောသံဃာပါပေတည်းဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့နည်း” ဟု သူတစ်ပါးတို့က မေးလာကြမူ- ရဟန်းတို့ ကောင်းစွာဖြေကြားလိုသော ရဟန်းသည်ဤသို့ဖြေကြားရာ၏၊ ငါ့သျှင် တပည့်တော်သည် မြတ်စွာဘုရားထံသို့ တရားနာရန် ချဥ်းကပ်ခဲ့ပါ၏။ ထိုတပည့်တော်အား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲဲ မွန်မြတ်သည်ထက် မွန်မြတ်သောအမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ တရားဟောပါ၏။ ငါ့သျှင်တို့ လွန်ကဲသည်ထက်လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ ကိုပြိုင်ဘက်ပြု၍မြတ်စွာဘုရား တရားဟောသည့်အတိုင်း တပည့်တော်သည် ထိုတရား၌ အချို့သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်ခဲ့ပါ၏၊ ‘(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြား တော်မူသောတရားပါပေ တည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း’ဟု မြတ်စွာဘုရား၌ကြည်ညိုခဲ့ပါ၏” ဟု (ဖြေ ကြားရာ၏)။

Next, they should ask the Realized One himself about this, ‘Can anything corrupt be seen or heard in the Realized One or not?’ The Realized One would answer, ‘Nothing corrupt can be seen or heard in the Realized One.’ ‘Can anything mixed be seen or heard in the Realized One or not?’ The Realized One would answer, ‘Nothing mixed can be seen or heard in the Realized One.’ ‘Can anything clean be seen or heard in the Realized One or not?’ The Realized One would answer, ‘Clean things can be seen and heard in the Realized One. I am the scope and the range of that, but I am not determined by that.’ A disciple ought to approach a teacher who has such a doctrine in order to listen to the teaching. The teacher explains Dhamma with its higher and higher stages, with its better and better stages, with its dark and bright sides. When they directly know a certain principle of those teachings, in accordance with how they were taught, the mendicant comes to a conclusion about the teachings. They have confidence in the Teacher: ‘The Blessed One is a fully awakened Buddha! The teaching is well explained! The Saṅgha is practicing well!’ If others should ask that mendicant, ‘But what reason and evidence does the venerable have for saying this?’ Answering rightly, the mendicant should say, ‘Reverends, I approached the Buddha to listen to the teaching. He explained Dhamma with its higher and higher stages, with its better and better stages, with its dark and bright sides. When I directly knew a certain principle of those teachings, in accordance with how I was taught, I came to a conclusion about the teachings. I had confidence in the Teacher: “The Blessed One is a fully awakened Buddha! The teaching is well explained! The Saṅgha is practicing well!”’

စာ-၃၉၅

၄၉၀။ ‘‘ယဿ ကဿစိ, ဘိက္ခဝေ, ဣမေဟိ အာကာရေဟိ ဣမေဟိ ပဒေဟိ ဣမေဟိ ဗျဉ္ဇနေဟိ တထာဂတေ သဒ္ဓါ နိဝိဋ္ဌာ ဟောတိ မူလဇာတာ ပတိဋ္ဌိတာ, အယံ ဝုစ္စတိ, ဘိက္ခဝေ, အာကာရဝတီ သဒ္ဓါ ဒဿနမူလိကာ, ဒဠှာ၊ အသံဟာရိယာ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ။ ဧဝံ ခေါ, ဘိက္ခဝေ, တထာဂတေ ဓမ္မသမန္နေသနာ ဟောတိ။ ဧဝဉ္စ ပန တထာဂတော ဓမ္မတာသုသမန္နိဋ္ဌော ဟောတီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဝီမံသကသုတ္တံ နိဋ္ဌိတံ သတ္တမံ။

၄၉၀။ ရဟန်းတို့ မည်သူ့အား မဆို ဤအကြောင်းတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤဗျည်းအက္ခရာတို့ဖြင့်မြတ်စွာဘုရား၌ ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်၏၊ အကြောင်းရင်းဖြစ်၍ တည်၏။ ရဟန်းတို့ အကြောင်းရှိသော ယုံကြည်မှု ‘သဒ္ဓါ’ကို သောတာပတ္တိမဂ်လျှင် အကြောင်းရင်းရှိ၏၊ ခိုင်မြဲ၏၊ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်မျှ မရွေ့ရှားစေနိုင်ဟုဆိုရ၏။ ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရား၌ သဘောအားပြင့် စူးစမ်းခြင်းသည် ဖြစ်၏။ ဤသို့လည်းမြတ်စွာဘုရားကို သဘောမှန်အားဖြင့်သာလျှင် ကောင်းစွာ စူးစမ်းသင့်၏ဟု ဤသို့ မြတ်စွာဘုရားသည်ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။ ခုနစ်ခုမြောက် ဝီမံသကသုတ်ပြီး၏။

When someone’s faith is settled, rooted, and planted in the Realized One in this manner, with these words and phrases, it’s said to be grounded faith that’s based on evidence. It is strong, and cannot be shifted by any ascetic or brahmin or god or Māra or divinity or by anyone in the world. That is how there is legitimate scrutiny of the Realized One, and that is how the Realized One is legitimately well-scrutinized.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၈။ ကောသမ္ဗိယသုတ္တံ

၄၉၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန ကောသမ္ဗိယံ ဘိက္ခူ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ။ တေ န စေဝ အညမညံ သညာပေန္တိ န စ သညတ္တိံ ဥပေန္တိ, န စ အညမညံ နိဇ္ဈာပေန္တိ, န စ နိဇ္ဈတ္တိံ ဥပေန္တိ။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ, ဘန္တေ, ကောသမ္ဗိယံ ဘိက္ခူ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ, တေ န စေဝ အညမညံ သညာပေန္တိ, န စ သညတ္တိံ ဥပေန္တိ, န စ အညမညံ နိဇ္ဈာပေန္တိ, န စ နိဇ္ဈတ္တိံ ဥပေန္တီ’’တိ။

အထ ခေါ ဘဂဝါ အညတရံ ဘိက္ခုံ အာမန္တေသိ – ‘‘ဧဟိ တွံ, ဘိက္ခု, မမ ဝစနေန တေ ဘိက္ခူ အာမန္တေဟိ – ‘သတ္ထာ ဝေါ အာယသ္မန္တေ အာမန္တေတီ’’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ဘိက္ခု ဘဂဝတော ပဋိဿုတွာ ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘သတ္ထာ အာယသ္မန္တေ အာမန္တေတီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ တဿ ဘိက္ခုနော ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နေ ခေါ တေ ဘိက္ခူ ဘဂဝါ ဧတဒဝေါစ – ‘‘သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရထ, တေ န စေဝ အညမညံ သညာပေထ, န စ သညတ္တိံ ဥပေထ, န စ အညမညံ နိဇ္ဈာပေထ, န စ နိဇ္ဈတ္တိံ ဥပေထာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘိက္ခဝေ, ယသ္မိံ တုမှေ သမယေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရထ, အပိ နု တုမှာကံ တသ္မိံ သမယေ မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ, မေတ္တံ ဝစီကမ္မံ…ပေ… မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ကိရ, ဘိက္ခဝေ, ယသ္မိံ တုမှေ သမယေ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရထ, နေဝ တုမှာကံ တသ္မိံ သမယေ မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ, န မေတ္တံ ဝစီကမ္မံ…ပေ… န မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အထ ကိဉ္စရဟိ တုမှေ, မောဃပုရိသာ, ကိံ ဇာနန္တာ ကိံ ပဿန္တာ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရထ, တေ န စေဝ အညမညံ သညာပေထ, န စ သညတ္တိံ ဥပေထ, န စ အညမညံ နိဇ္ဈာပေထ, န စ နိဇ္ဈတ္တိံ ဥပေထ? တဉှိ တုမှာကံ, မောဃပုရိသာ, ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။

၈- ကောသမ္ဗီယသုတ် ၄၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုရဟန်းတို့သည် အချင်းချင်းနားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်ချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သောနေရာ၌ ထိုင်ကာ ဤသို့ လျှောက်ထား၏- “အသျှင်ဘုရား ဤကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေပါကုန်၏။ ထိုရဟန်းတို့သည်အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြပါကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြပါကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြပါကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြပါကုန်” ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ့စကားဖြင့်ထိုရဟန်းတို့ကို အသျှင်တို့ မြတ်စွာဘုရားသည် သင်တို့ကို ခေါ်တော်မူ၏ဟု သိစေလော့” ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ထိုရဟန်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “မြတ်စွာဘုရားသည် အသျှင်တို့ကို ခေါ်တော်မူ၏” ဟု ဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်ရိုသေစွာ ရှိခိုးလျက် လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်ဤသို့ မေးတော်မူ၏- “ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်း ချင်းနှုတ်လှံထိုးလျက် နေကြကုန်သော သင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရ့ခြင်းသို့လည်း မရောက်ကြကုန်ဟူသည် မှန်ပါသလော” ဟု (မေးတော်မူ၏)။ မှန်ပါ၏ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ ထင်မှတ်ကုန်သနည်း၊ သင်တို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြသောအခါသင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည်ရှေးရှုတည်၏လော၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေမနောကံ မေတ္တာသည် ရှေးရှုတည်၏လောဟု (မေးတော်မူ၏)။ မတည်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်းနှုတ်လှံထိုးလျက် နေကြသောအခါ သင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုမတည်၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုမတည်ဟုကား ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်းတို့ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်ကို သိကြမြင်ကြသဖြင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်ဘိသနည်း။ ထိုသင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်ဘိသနည်း၊ နားလည်မှုရှိခြင်းသို့လည်းမရောက်ကြကုန်ဘိသနည်း၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်ဘိသနည်း၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ထိုသို့ဖြစ်ခြင်းသည်သင်တို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

Middle Discourses 48 The Mendicants of Kosambī So I have heard. At one time the Buddha was staying near Kosambī in Ghosita’s monastery. Now at that time the mendicants of Kosambī were fighting, quarreling, and disputing, continually wounding each other with barbed words. They couldn’t persuade each other or be persuaded, nor could they convince each other or be convinced. Then a mendicant went up to the Buddha, bowed, sat down to one side, and told him what was happening. So the Buddha addressed one of the monks, “Please, monk, in my name tell those mendicants that the Teacher summons them.” “Yes, sir,” that monk replied. He went to those monks and said, “Venerables, the Teacher summons you.” “Yes, reverend,” those monks replied. They went to the Buddha, bowed, and sat down to one side. The Buddha said to them, “Is it really true, mendicants, that you have been fighting, quarreling, and disputing, continually wounding each other with barbed words? And that you can’t persuade each other or be persuaded, nor can you convince each other or be convinced?” “Yes, sir,” they said. “What do you think, mendicants? When you’re fighting, quarreling, and disputing, continually wounding each other with barbed words, are you treating your spiritual companions with kindness by way of body, speech, and mind, both in public and in private?” “No, sir.” “So it seems that when you’re arguing you are not treating each other with kindness. So what then do you know and see, you futile men, that you behave in such a way? This will be for your lasting harm and suffering.”

စာ-၃၉၆

၄၉၂။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဆယိမေ, ဘိက္ခဝေ, ဓမ္မာ သာရဏီယာ ပိယကရဏာ ဂရုကရဏာ သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တန္တိ။ ကတမေ ဆ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကိဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ယေ တေ လာဘာ ဓမ္မိကာ ဓမ္မလဒ္ဓါ အန္တမသော ပတ္တပရိယာပန္နမတ္တမ္ပိ, တထာရူပေဟိ လာဘေဟိ အပ္ပဋိဝိဘတ္တဘောဂီ ဟောတိ သီလဝန္တေဟိ သဗြဟ္မစာရီဟိ သာဓာရဏဘောဂီ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ယာနိ တာနိ သီလာနိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ ဘုဇိဿာနိ ဝိညုပ္ပသတ္ထာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိကာနိ တထာရူပေသု သီလေသု သီလသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ တထာရူပါယ ဒိဋ္ဌိယာ ဒိဋ္ဌိသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိ စေဝ ရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။

‘‘ဣမေ ခေါ, ဘိက္ခဝေ, ဆ သာရဏီယာ ဓမ္မာ ပိယကရဏာ ဂရုကရဏာ သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တန္တိ။ ဣမေသံ ခေါ, ဘိက္ခဝေ, ဆန္နံ သာရဏီယာနံ ဓမ္မာနံ ဧတံ အဂ္ဂံ ဧတံ သင်္ဂါဟိကံ [သင်္ဂါဟကံ (?)] ဧတံ သံဃာဋနိကံ – ယဒိဒံ ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ။ သေယျထာပိ, ဘိက္ခဝေ, ကူဋာဂါရဿ ဧတံ အဂ္ဂံ ဧတံ သင်္ဂါဟိကံ ဧတံ သံဃာဋနိကံ ယဒိဒံ ကူဋံ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဣမေသံ ဆန္နံ သာရဏီယာနံ ဓမ္မာနံ ဧတံ အဂ္ဂံ ဧတံ သင်္ဂါဟိကံ ဧတံ သံဃာဋနိကံ ယဒိဒံ ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ။

၄၉၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏၊ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်ကုန်သော, ချစ်ခြင်းကိုပြုတတ်ကုန်သော, လေးစားခြင်းကိုပြုတတ်ကုန်သော ဤခြောက်ပါးသောတရားတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ကုန်၏။ အဘယ်ခြောက်ပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၁) ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေဝစီကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၂) ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သောလေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၃) ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား တရားနှင့်လျော်စွာဖြစ်ကုန်သော တရားသဖြင့်ရကုန် သောလာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံးဆောင်ခြင်းရှိ၏၊ အကျင့်သီလရှိသော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန့်ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၄) ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မကျိုးမပေါက် မပြောက်မကျားကုန်သော၊ တဏှာ့ကျွန်အဖြစ်မှ တော်လှန်ခြင်းကို ပြုတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော၊ အမှားအသုံးသပ်မခံရကုန်သော၊ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော စောင့်စည်းမှု သီလမျိုးတို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်းမှုသီလတူသည်၏အဖြစ်သို့ ရောက်လျက်နေ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၅) ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် ဖြူစင်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သော အယူမျိုး၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည့်အဖြစ်သို့ ရောက်လျက် နေ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်းသိမ်းသွင်းရန် ဝါဒမကွဲပြား ရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၆) ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ် ကုန်၏။ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည် အချက်အခြာဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။ ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သောအိမ်၌ အထွတ်သည် အချက်အခြာ စုရုံးရာ ပေါင်း ဆုံရာဖြစ်သကဲ့သို့၊ ဤအတူပင် မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှ ထုတ်ဆောင်တတ်သော ထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည်အချက်အခြာ ဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။

Then the Buddha said to the mendicants: “Mendicants, these six warm-hearted qualities make for fondness and respect, conducing to inclusion, harmony, and unity, without quarreling. What six? Firstly, a mendicant consistently treats their spiritual companions with bodily kindness, both in public and in private. This warm-hearted quality makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling. Furthermore, a mendicant consistently treats their spiritual companions with verbal kindness … Furthermore, a mendicant consistently treats their spiritual companions with mental kindness … Furthermore, a mendicant shares without reservation any material things they have gained by legitimate means, even the food placed in the alms-bowl, using them in common with their ethical spiritual companions … Furthermore, a mendicant lives according to the precepts shared with their spiritual companions, both in public and in private. Those precepts are intact, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. … Furthermore, a mendicant lives according to the view shared with their spiritual companions, both in public and in private. That view is noble and emancipating, and delivers one who applies it to the complete ending of suffering. This warm-hearted quality makes for fondness and respect, conducing to inclusion, harmony, and unity, without quarreling. These six warm-hearted qualities make for fondness and respect, conducing to inclusion, harmony, and unity, without quarreling. Of these six warm-hearted qualities, the chief is the view that is noble and emancipating, and delivers one who applies it to the complete ending of suffering. It holds and binds everything together. It’s like a bungalow. The roof-peak is the chief point, which holds and binds everything together. In the same way, of these six warm-hearted qualities, the chief is the view that is noble and emancipating, and delivers one who applies it to the complete ending of suffering. It holds and binds everything together.

စာ-၃၉၈

၄၉၃။ ‘‘ကထဉ္စ, ဘိက္ခဝေ, ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ ဣတိ ပဋိသဉ္စိက္ခတိ – ‘အတ္ထိ နု ခေါ မေ တံ ပရိယုဋ္ဌာနံ အဇ္ဈတ္တံ အပ္ပဟီနံ, ယေနာဟံ ပရိယုဋ္ဌာနေန ပရိယုဋ္ဌိတစိတ္တော ယထာဘူတံ နပ္ပဇာနေယျံ န ပဿေယျ’န္တိ? သစေ, ဘိက္ခဝေ, ဘိက္ခု ကာမရာဂပရိယုဋ္ဌိတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ဗျာပါဒပရိယုဋ္ဌိတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ထီနမိဒ္ဓပရိယုဋ္ဌိတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ဥဒ္ဓစ္စကုက္ကုစ္စပရိယုဋ္ဌိတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ဝိစိကိစ္ဆာပရိယုဋ္ဌိတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ဣဓလောကစိန္တာယ ပသုတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ပရလောကစိန္တာယ ပသုတော ဟောတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သစေ, ဘိက္ခဝေ, ဘိက္ခု ဘဏ္ဍနဇာတော ကလဟဇာတော ဝိဝါဒါပန္နော အညမညံ မုခသတ္တီဟိ ဝိတုဒန္တော ဝိဟရတိ, ပရိယုဋ္ဌိတစိတ္တောဝ ဟောတိ။ သော ဧဝံ ပဇာနာတိ – ‘နတ္ထိ ခေါ မေ တံ ပရိယုဋ္ဌာနံ အဇ္ဈတ္တံ အပ္ပဟီနံ, ယေနာဟံ ပရိယုဋ္ဌာနေန ပရိယုဋ္ဌိတစိတ္တော ယထာဘူတံ နပ္ပဇာနေယျံ န ပဿေယျံ။ သုပ္ပဏိဟိတံ မေ မာနသံ သစ္စာနံ ဗောဓာယာ’တိ။ ဣဒမဿ ပဌမံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၃။ ရဟန်းတို့ အဘယ်သို့လျှင် ဝဋ်မှထုတ်ဆောင်တတ်သည့် ဖြူစင်သော ဤအယူသည် ထို အတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်တောသို့ ကပ်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ယင်းထကြွမှုမျိုးဖြင့်ထကြွသောစိတ် ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား ရှိသေးသလောဟု ဆင်ခြင်၏။ ရဟန်းတို့ အကယ်၍ ရဟန်းသည် ကာမဂုဏ်တပ်မက်မှု ‘ကာမရာဂ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဖျက်ဆီးလိုမှု ‘ဗျာပါဒ’ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တပူပန်မှု ‘ကုက္ကုစ္စ’ ထကြွသည်ဖြစ်မူထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တွေးတော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဤမျက်မှောက်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသော စိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တမလွန်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ငြင်းခုံခိုက်ရန်ဖြစ်သည်ဖြစ်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက်နေမူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ ထိုရဟန်းသည် “ယင်းထကြွမှုမျိုးဖြင့် ထကြွသောစိတ်ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌ မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား မရှိ၊ သစ္စာတို့ကို သိရန် ငါသည် စိတ်ကို ကောင်းစွာ ထားပြီးပြီ” ဟု သိ၏။ ထိုရဟန်းသည် လောကမှ့လွန်မြောက်၍ ပုထုဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤပဌမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရပြီ။

And how does the view that is noble and emancipating lead one who practices it to the complete ending of suffering? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this, ‘Is there anything that I’m overcome with internally and haven’t given up, because of which I might not accurately know and see?’ If a mendicant is overcome with sensual desire, it’s their mind that’s overcome. If a mendicant is overcome with ill will, dullness and drowsiness, restlessness and remorse, doubt, pursuing speculation about this world, pursuing speculation about the next world, or fighting, quarreling, and disputing, continually wounding others with barbed words, it’s their mind that’s overcome. They understand, ‘There is nothing that I’m overcome with internally and haven’t given up, because of which I might not accurately know and see. My heart is properly disposed for awakening to the truths.’ This is the first knowledge they have achieved that is noble and transcendent, and is distinct from that of ordinary people.

၄၉၄။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ဣမံ နု ခေါ အဟံ ဒိဋ္ဌိံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော လဘာမိ ပစ္စတ္တံ သမထံ, လဘာမိ ပစ္စတ္တံ နိဗ္ဗုတိ’န္တိ? သော ဧဝံ ပဇာနာတိ – ‘ဣမံ ခေါ အဟံ ဒိဋ္ဌိံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော လဘာမိ ပစ္စတ္တံ သမထံ, လဘာမိ ပစ္စတ္တံ နိဗ္ဗုတိ’န္တိ။ ဣဒမဿ ဒုတိယံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၄။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ငါသည် ဤအယူကိုမှီဝဲ၍ ပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရသလော၊ မိမိစိတ်ငြိမ်းအေးခြင်းကို ရသလော” ဟုဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ငါသည် ဤအယူကို မှီဝဲပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရ၏၊ မိမိ စိတ်ငြိမ်းအေးခြင်းကို ရ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤဒုတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

Furthermore, a noble disciple reflects, ‘When I develop, cultivate, and make much of this view, do I personally gain serenity and quenching?’ They understand, ‘When I develop, cultivate, and make much of this view, I personally gain serenity and quenching.’ This is their second knowledge …

၄၉၅။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယထာ ရူပါယာဟံ ဒိဋ္ဌိယာ သမန္နာဂတော, အတ္ထိ နု ခေါ ဣတော ဗဟိဒ္ဓါ အညော သမဏော ဝါ ဗြာဟ္မဏော ဝါ တထာရူပါယ ဒိဋ္ဌိယာ သမန္နာဂတော’တိ? သော ဧဝံ ပဇာနာတိ – ‘ယထာရူပါယာဟံ ဒိဋ္ဌိယာ သမန္နာဂတော, နတ္ထိ ဣတော ဗဟိဒ္ဓါ အညော သမဏော ဝါ ဗြာဟ္မဏော ဝါ တထာရူပါယ ဒိဋ္ဌိယာ သမန္နာဂတော’တိ။ ဣဒမဿ တတိယံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၅။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ဤသာသနာတော်မှအပ၌ ငါပြည့်စုံနေသော အယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေရှိသေးသလော” ဟု ဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ဤသာသနာတော်မှ အပ၌ ငါပြည့်စုံနေသောအယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ မရှိ” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤတတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

Furthermore, a noble disciple reflects, ‘Are there any ascetics or brahmins outside of the Buddhist community who have the same kind of view that I have?’ They understand, ‘There are no ascetics or brahmins outside of the Buddhist community who have the same kind of view that I have.’ This is their third knowledge …

စာ-၃၉၉

၄၉၆။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယထာရူပါယ ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဓမ္မတာယ သမန္နာဂတော’တိ။ ကထံရူပါယ စ, ဘိက္ခဝေ, ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော? ဓမ္မတာ ဧသာ, ဘိက္ခဝေ, ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ – ‘ကိဉ္စာပိ တထာရူပိံ အာပတ္တိံ အာပဇ္ဇတိ, ယထာရူပါယ အာပတ္တိယာ ဝုဋ္ဌာနံ ပညာယတိ, အထ ခေါ နံ ခိပ္ပမေဝ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု ဒေသေတိ ဝိဝရတိ ဥတ္တာနီကရောတိ၊ ဒေသေတွာ ဝိဝရိတွာ ဥတ္တာနီကတွာ အာယတိံ သံဝရံ အာပဇ္ဇတိ’။ သေယျထာပိ, ဘိက္ခဝေ, ဒဟရော ကုမာရော မန္ဒော ဥတ္တာနသေယျကော ဟတ္ထေန ဝါ ပါဒေန ဝါ အင်္ဂါရံ အက္ကမိတွာ ခိပ္ပမေဝ ပဋိသံဟရတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဓမ္မတာ ဧသာ ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ – ‘ကိဉ္စာပိ တထာရူပိံ အာပတ္တိံ အာပဇ္ဇတိ ယထာရူပါယ အာပတ္တိယာ ဝုဋ္ဌာနံ ပညာယတိ, အထ ခေါ နံ ခိပ္ပမေဝ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု ဒေသေတိ ဝိဝရတိ ဥတ္တာနီကရောတိ၊ ဒေသေတွာ ဝိဝရိတွာ ဥတ္တာနီကတွာ အာယတိံ သံဝရံ အာပဇ္ဇတိ’။ သော ဧဝံ ပဇာနာတိ – ‘ယထာရူပါယ ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဓမ္မတာယ သမန္နာဂတော’တိ။ ဣဒမဿ စတုတ္ထံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၆။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဥ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဥ်လာနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာပတ်မှ ထနိုင်ကောင်းသော အာပတ်မျိုးသို့ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ ထုံးတမ်းစဥ်လာတည်း။ ရဟန်းတို့ ပက်လက်အိပ်အရွယ်ဖြစ်သော ကလေးသူငယ် လူမမယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ မီးကျီးခဲကို ထိလျှင် လျင်မြန်စွာပင် ပြန်ရုတ်သကဲ့သို့ ဤအတူပင် အာပတ်မှ ထနိုင်ကောင်းသောအာပတ်မျိုးသို့ ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဥ်လာတည်း။ ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်ပြည့်စုံနေသော ထုံးတမ်းစဥ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည်လောကမှ လွန်မြောက်၍ ပုထုဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤစတုတ္ထ (ပစ္စဝေက္ခဏာ) ဉာဏ်ကိုရ၏။

Furthermore, a noble disciple reflects, ‘Do I have the same nature as an individual accomplished in view?’ And what, mendicants, is the nature of an individual accomplished in view? This is the nature of an individual accomplished in view. Though they may fall into a kind of offense for which rehabilitation is possible, they quickly explain, clarify, and disclose it to the Teacher or a sensible spiritual companion. And having revealed it they restrain themselves in the future. Suppose there was a little baby boy. If he puts his hand or foot on a burning coal, he quickly pulls it back. In the same way, this is the nature of an individual accomplished in view. Though they may still fall into a kind of offense for which rehabilitation is possible, they quickly disclose it to the Teacher or a sensible spiritual companion. And having revealed it they restrain themselves in the future. They understand, ‘I have the same nature as an individual accomplished in view.’ This is their fourth knowledge …

၄၉၇။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယထာရူပါယ ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဓမ္မတာယ သမန္နာဂတော’တိ။ ကထံရူပါယ စ, ဘိက္ခဝေ, ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော? ဓမ္မတာ ဧသာ, ဘိက္ခဝေ, ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ – ‘ကိဉ္စာပိ ယာနိ တာနိ သဗြဟ္မစာရီနံ ဥစ္စာဝစာနိ ကိံကရဏီယာနိ တတ္ထ ဥဿုက္ကံ အာပန္နော ဟောတိ, အထ ခွါဿ တိဗ္ဗာပေက္ခာ ဟောတိ အဓိသီလသိက္ခာယ အဓိစိတ္တသိက္ခာယ အဓိပညာသိက္ခာယ’။ သေယျထာပိ, ဘိက္ခဝေ, ဂါဝီ တရုဏဝစ္ဆာ ထမ္ဗဉ္စ အာလုမ္ပတိ ဝစ္ဆကဉ္စ အပစိနတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဓမ္မတာ ဧသာ ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ – ‘ကိဉ္စာပိ ယာနိ တာနိ သဗြဟ္မစာရီနံ ဥစ္စာဝစာနိ ကိံကရဏီယာနိ တတ္ထ ဥဿုက္ကံ အာပန္နော ဟောတိ, အထ ခွါဿ တိဗ္ဗာပေက္ခာ ဟောတိ အဓိသီလသိက္ခာယ အဓိစိတ္တသိက္ခာယ အဓိပညာသိက္ခာယ’။ သော ဧဝံ ပဇာနာတိ – ‘ယထာရူပါယ ဓမ္မတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဓမ္မတာယ သမန္နာဂတော’တိ။ ဣဒမဿ ပဉ္စမံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၇။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံနေသည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဥ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဥ်လာနှင့်ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သော စိတ်လေ့ကျင့်ခန်း ‘အဓိစိတ္တ သိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’ ၌ အလွန်ငဲ့ကွက်ခြင်းရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဥ်လာပင်တည်း။ ရဟန်းတို့ သားငယ်ရှိသော နွားမသည် မြက်ကိုလည်း ဆွဲစား၏၊ နွားငယ်ကိုလည်း စောင့်ငဲ့့ကြည့်ရှုသကဲ့သို့၊ ဤအတူပင် အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သောစိတ် လေ့ကျင့်ခန်း ‘အဓိစိတ္တသိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’၌ အလွန်ငဲ့ကွက်ခြင်း ရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ထုံးတမ်းစဥ်လာပင်တည်း။ ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဥ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဥ်တို့နှင့် မဆက်ဆံသည့် မြတ်သော ဤပဉ္စမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

Furthermore, a noble disciple reflects, ‘Do I have the same nature as an individual accomplished in view?’ And what, mendicants, is the nature of an individual accomplished in view? This is the nature of an individual accomplished in view. Though they might manage a diverse spectrum of duties for their spiritual companions, they still feel a keen regard for the training in higher ethics, higher mind, and higher wisdom. Suppose there was a cow with a baby calf. She watches her calf devotedly as she grazes. In the same way, this is the nature of an individual accomplished in view. Though they might manage a diverse spectrum of duties for their spiritual companions, they still feel a keen regard for the training in higher ethics, higher mind, and higher wisdom. They understand, ‘I have the same nature as an individual accomplished in view.’ This is their fifth knowledge …

စာ-၄၀၀

၄၉၈။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယထာရူပါယ ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဗလတာယ သမန္နာဂတော’တိ။ ကထံရူပါယ စ, ဘိက္ခဝေ, ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော? ဗလတာ ဧသာ, ဘိက္ခဝေ, ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ယံ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ ဒေသိယမာနေ အဋ္ဌိံကတွာ မနသိကတွာ သဗ္ဗစေတသာ [သဗ္ဗစေတသော (သီ။ သျာ။ ကံ။ ပီ။), သဗ္ဗံ စေတသာ (က။)] သမန္နာဟရိတွာ ဩဟိတသောတော ဓမ္မံ သုဏာတိ။ သော ဧဝံ ပဇာနာတိ – ‘ယထာရူပါယ ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဗလတာယ သမန္နာဂတော’တိ။ ဣဒမဿ ဆဋ္ဌံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၈။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသောအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောကြားထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၍ အလုံးစုံသောစိတ်ဖြင့် မှတ်သား၍ နားစိုက်လျက်တရားကို နာ၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော စွမ်းအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟုသိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သောဤဆဋ္ဌ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

Furthermore, a noble disciple reflects, ‘Do I have the same strength as an individual accomplished in view?’ And what, mendicants, is the strength of an individual accomplished in view? The strength of an individual accomplished in view is that, when the teaching and training proclaimed by the Realized One are being taught, they pay attention, apply the mind, concentrate wholeheartedly, and actively listen to the teaching. They understand, ‘I have the same strength as an individual accomplished in view.’ This is their sixth knowledge …

၄၉၉။ ‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယထာရူပါယ ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဗလတာယ သမန္နာဂတော’တိ။ ကထံရူပါယ စ, ဘိက္ခဝေ, ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော? ဗလတာ ဧသာ, ဘိက္ခဝေ, ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ယံ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ ဒေသိယမာနေ လဘတိ အတ္ထဝေဒံ, လဘတိ ဓမ္မဝေဒံ, လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ။ သော ဧဝံ ပဇာနာတိ – ‘ယထာရူပါယ ဗလတာယ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော သမန္နာဂတော, အဟမ္ပိ တထာရူပါယ ဗလတာယ သမန္နာဂတော’တိ။ ဣဒမဿ သတ္တမံ ဉာဏံ အဓိဂတံ ဟောတိ အရိယံ လောကုတ္တရံ အသာဓာရဏံ ပုထုဇ္ဇနေဟိ။

၄၉၉။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားအမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဥ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤသတ္တမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

Furthermore, a noble disciple reflects, ‘Do I have the same strength as an individual accomplished in view?’ And what, mendicants, is the strength of an individual accomplished in view? The strength of an individual accomplished in view is that, when the teaching and training proclaimed by the Realized One are being taught, they find inspiration in the meaning and the teaching, and find joy connected with the teaching. They understand, ‘I have the same strength as an individual accomplished in view.’ This is the seventh knowledge they have achieved that is noble and transcendent, and is distinct from that of ordinary people.

၅၀၀။ ‘‘ဧဝံ သတ္တင်္ဂသမန္နာဂတဿ ခေါ, ဘိက္ခဝေ, အရိယသာဝကဿ ဓမ္မတာ သုသမန္နိဋ္ဌာ ဟောတိ သောတာပတ္တိဖလသစ္ဆိကိရိယာယ။ ဧဝံ သတ္တင်္ဂသမန္နာဂတော ခေါ, ဘိက္ခဝေ, အရိယသာဝကော သောတာပတ္တိဖလသမန္နာဂတော ဟောတီ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ကောသမ္ဗိယသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။

၅၀၀။ ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုသောအားဖြင့် ထုံးတမ်းစဥ်လာကို ကောင်းစွာ စူးစမ်းပြီးပြီ။ ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသူ ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။ ရှစ်ခုမြောက် ကောသမ္ဗိယသုတ်ပြီး၏။

When a noble disciple has these seven factors, they have properly investigated their nature through the realization of the fruit of stream-entry. A noble disciple with these seven factors has the fruit of stream-entry.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၉။ ဗြဟ္မနိမန္တနိကသုတ္တံ

၅၀၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဧကမိဒါဟံ, ဘိက္ခဝေ, သမယံ ဥက္ကဋ္ဌာယံ ဝိဟရာမိ သုဘဂဝနေ သာလရာဇမူလေ။ တေန ခေါ ပန, ဘိက္ခဝေ, သမယေန ဗကဿ ဗြဟ္မုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘ဣဒံ နိစ္စံ, ဣဒံ ဓုဝံ, ဣဒံ သဿတံ, ဣဒံ ကေဝလံ, ဣဒံ အစဝနဓမ္မံ, ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ, ဣတော စ ပနညံ ဥတ္တရိ နိဿရဏံ နတ္ထီ’တိ။ အထ ခွါဟံ, ဘိက္ခဝေ, ဗကဿ ဗြဟ္မုနော စေတသာ စေတောပရိဝိတက္ကမညာယ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ, ဧဝမေဝ – ဥက္ကဋ္ဌာယံ သုဘဂဝနေ သာလရာဇမူလေ အန္တရဟိတော တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိံ။ အဒ္ဒသာ ခေါ မံ, ဘိက္ခဝေ, ဗကော ဗြဟ္မာ ဒူရတောဝ အာဂစ္ဆန္တံ၊ ဒိသွာန မံ ဧတဒဝေါစ – ‘ဧဟိ ခေါ, မာရိသ, သွာဂတံ, မာရိသ! စိရဿံ ခေါ, မာရိသ, ဣမံ ပရိယာယမကာသိ ယဒိဒံ ဣဓာဂမနာယ။ ဣဒဉှိ, မာရိသ, နိစ္စံ, ဣဒံ ဓုဝံ, ဣဒံ သဿတံ, ဣဒံ ကေဝလံ, ဣဒံ အစဝနဓမ္မံ, ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ။ ဣတော စ ပနညံ ဥတ္တရိ နိဿရဏံ နတ္ထီ’’’တိ။

ဧဝံ ဝုတ္တေ, အဟံ, ဘိက္ခဝေ, ဗကံ ဗြဟ္မာနံ ဧတဒဝေါစံ – ‘‘အဝိဇ္ဇာဂတော ဝတ, ဘော, ဗကော ဗြဟ္မာ၊ အဝိဇ္ဇာဂတော ဝတ, ဘော, ဗကော ဗြဟ္မာ၊ ယတြ ဟိ နာမ အနိစ္စံယေဝ သမာနံ နိစ္စန္တိ ဝက္ခတိ, အဒ္ဓုဝံယေဝ သမာနံ ဓုဝန္တိ ဝက္ခတိ, အသဿတံယေဝ သမာနံ သဿတန္တိ ဝက္ခတိ, အကေဝလံယေဝ သမာနံ ကေဝလန္တိ ဝက္ခတိ, စဝနဓမ္မံယေဝ သမာနံ အစဝနဓမ္မန္တိ ဝက္ခတိ၊ ယတ္ထ စ ပန ဇာယတိ ဇီယတိ မီယတိ စဝတိ ဥပပဇ္ဇတိ တဉ္စ ဝက္ခတိ – ‘ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတီ’တိ၊ သန္တဉ္စ ပနညံ ဥတ္တရိ နိဿရဏံ ‘နတ္ထညံ ဥတ္တရိ နိဿရဏ’န္တိ ဝက္ခတီ’’တိ။

၉- ဗြဟ္မနိမန္တနိကသုတ် ၅၀၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ့ကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏- ရဟန်းတို့ ငါသည် အခါတစ်ပါး၌ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာအား- “ဤဗြဟ္မလောကသည် မြဲ၏၊ ဤဗြဟ္မလောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည် သီးသန့်ဖြစ်၏၊ ဤဗြဟ္မလောကသည် ရွေ့လျောခြင်းသဘော မရှိ၊ ဤဗြဟ္မလောက၌ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှ တစ်ပါးလွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ” ဟု ဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေ၏။ ရဟန်းတို့ ထိုအခါ ငါသည် ဗကဗြဟ္မာ၏ စိတ်အကြံအစည်ကို (ငါ၏) စိတ်ဖြင့် သိ၍ ခွန်အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ ကွယ်ခဲ့၍ ထိုဗြဟ္မလောက၌ ထင်ရှားဖြစ်၏။ ရဟန်းတို့ ဗကဗြဟ္မာသည် လာနေသော ငါ့ကို အဝေးမှပင် မြင်၍ “အသျှင်မြတ် လာပါလော့၊ အသျှင်မြတ် (အသျှင်မြတ်၏) လာခြင်းသည် ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ်ဤဗြဟ္မလောက သို့ လာခြင်း၏ အလှည့်ကို ကြာမြင့်မှပင် ပြုဘိ၏၊ အသျှင်မြတ် ဤဗြဟ္မလောကသည်မြဲ၏၊ ဤဗြဟ္မ လောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည်သီးသန့်ဖြစ်၏၊ ဤဗြဟ္မ လောကသည် ရွေ့လျောခြင်းသဘောမရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သောထွက်မြောက်ရာလည်း မရှိ” ဟု ဆို၏။ ရဟန်းတို့ ဤသို့ ဆိုသော် ငါသည် ဗကဗြဟ္မာအား ဤသို့ ပြောဆို၏- “အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွတကား၊ အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား။ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊ မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊ သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊ ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။ ပဋိသန္ဓေနေရာ အိုရာ သေရာ ရွေ့လျှောရာ (ပဋိသန္ဓေအားဖြင့်) ကပ်ရောက်ရာဖြစ်လျက် ‘ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆိုတုံဘိ၏။ ဗြဟ္မလောကမှ တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိလျက်လည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆိုတုံဘိ၏” ဟု (ပြောဆို၏)။

Middle Discourses 49 On the Invitation of Divinity So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “This one time, mendicants, I was staying near Ukkaṭṭhā in the Subhaga Forest at the root of a magnificent sal tree. Now at that time Baka the Divinity had the following harmful misconception: ‘This is permanent, this is everlasting, this is eternal, this is whole, this is not liable to pass away. For this is where there’s no being born, growing old, dying, passing away, or being reborn. And there’s no other escape beyond this.’ Then I knew what Baka the Divinity was thinking. As easily as a strong person would extend or contract their arm, I vanished from the Subhaga Forest and reappeared in that realm of divinity. Baka saw me coming off in the distance and said, ‘Come, good fellow! Welcome, good fellow! It’s been a long time since you took the opportunity to come here. For this is permanent, this is everlasting, this is eternal, this is whole, this is not liable to pass away. For this is where there’s no being born, growing old, dying, passing away, or being reborn. And there’s no other escape beyond this.’ When he had spoken, I said to him, ‘Oh lord, Baka the Divinity is lost in ignorance! Oh lord, Baka the Divinity is lost in ignorance! Because what is actually impermanent, not lasting, transient, incomplete, and liable to pass away, he says is permanent, everlasting, eternal, whole, and not liable to pass away. And where there is being born, growing old, dying, passing away, and being reborn, he says that there’s no being born, growing old, dying, passing away, or being reborn. And although there is another escape beyond this, he says that there’s no other escape beyond this.’

စာ-၄၀၂

၅၀၂။ ‘‘အထ ခေါ, ဘိက္ခဝေ, မာရော ပါပိမာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အနွာဝိသိတွာ မံ ဧတဒဝေါစ – ‘ဘိက္ခု, ဘိက္ခု, မေတမာသဒေါ မေတမာသဒေါ, ဧသော ဟိ, ဘိက္ခု, ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ [သဇ္ဇိတာ (သျာ။ ကံ။ က။), သဉ္ဇိတာ (သီ။ ပီ။)] ဝသီ ပိတာ ဘူတဘဗျာနံ။ အဟေသုံ ခေါ ယေ, ဘိက္ခု, တယာ ပုဗ္ဗေ သမဏဗြာဟ္မဏာ လောကသ္မိံ ပထဝီဂရဟကာ ပထဝီဇိဂုစ္ဆကာ, အာပဂရဟကာ အာပဇိဂုစ္ဆကာ, တေဇဂရဟကာ တေဇဇိဂုစ္ဆကာ, ဝါယဂရဟကာ ဝါယဇိဂုစ္ဆကာ, ဘူတဂရဟကာ ဘူတဇိဂုစ္ဆကာ, ဒေဝဂရဟကာ ဒေဝဇိဂုစ္ဆကာ, ပဇာပတိဂရဟကာ ပဇာပတိဇိဂုစ္ဆကာ, ဗြဟ္မဂရဟကာ ဗြဟ္မဇိဂုစ္ဆကာ – တေ ကာယဿ ဘေဒါ ပါဏုပစ္ဆေဒါ ဟီနေ ကာယေ ပတိဋ္ဌိတာ အဟေသုံ။ ယေ ပန, ဘိက္ခု, တယာ ပုဗ္ဗေ သမဏဗြာဟ္မဏာ လောကသ္မိံ ပထဝီပသံသကာ ပထဝါဘိနန္ဒိနော, အာပပသံသကာ အာပါဘိနန္ဒိနော, တေဇပသံသကာ တေဇာဘိနန္ဒိနော, ဝါယပသံသကာ ဝါယာဘိနန္ဒိနော, ဘူတပသံသကာ ဘူတာဘိနန္ဒိနော, ဒေဝပသံသကာ ဒေဝါဘိနန္ဒိနော, ပဇာပတိပသံသကာ ပဇာပတာဘိနန္ဒိနော, ဗြဟ္မပသံသကာ ဗြဟ္မာဘိနန္ဒိနော – တေ ကာယဿ ဘေဒါ ပါဏုပစ္ဆေဒါ ပဏီတေ ကာယေ ပတိဋ္ဌိတာ။ တံ တာဟံ, ဘိက္ခု, ဧဝံ ဝဒါမိ – ‘ဣင်္ဃ တွံ, မာရိသ, ယဒေဝ တေ ဗြဟ္မာ အာဟ တဒေဝ တွံ ကရောဟိ, မာ တွံ ဗြဟ္မုနော ဝစနံ ဥပါတိဝတ္တိတ္ထော’။ သစေ ခေါ တွံ, ဘိက္ခု, ဗြဟ္မုနော ဝစနံ ဥပါတိဝတ္တိဿသိ, သေယျထာပိ နာမ ပုရိသော သိရိံ အာဂစ္ဆန္တိံ ဒဏ္ဍေန ပဋိပ္ပဏာမေယျ, သေယျထာပိ ဝါ ပန, ဘိက္ခု, ပုရိသော နရကပ္ပပါတေ ပပတန္တော ဟတ္ထေဟိ စ ပါဒေဟိ စ ပထဝိံ ဝိရာဓေယျ, ဧဝံ သမ္ပဒမိဒံ, ဘိက္ခု, တုယှံ ဘဝိဿတိ။ ‘ဣင်္ဃံ တွံ, မာရိသ, ယဒေဝ တေ ဗြဟ္မာ အာဟ တဒေဝ တွံ ကရောဟိ, မာ တွံ ဗြဟ္မုနော ဝစနံ ဥပါတိဝတ္တိတ္ထော။ နနု တွံ, ဘိက္ခု, ပဿသိ ဗြဟ္မပရိသံ သန္နိပတိတ’န္တိ? ဣတိ ခေါ မံ, ဘိက္ခဝေ, မာရော ပါပိမာ ဗြဟ္မပရိသံ ဥပနေသိ။

‘‘ဧဝံ ဝုတ္တေ, အဟံ, ဘိက္ခဝေ, မာရံ ပါပိမန္တံ ဧတဒဝေါစံ – ‘ဇာနာမိ ခေါ တာဟံ, ပါပိမ၊ မာ တွံ မညိတ္ထော – န မံ ဇာနာတီ’တိ။ မာရော တွမသိ, ပါပိမ။ ယော စေဝ, ပါပိမ, ဗြဟ္မာ, ယာ စ ဗြဟ္မပရိသာ, ယေ စ ဗြဟ္မပါရိသဇ္ဇာ, သဗ္ဗေဝ တဝ ဟတ္ထဂတာ သဗ္ဗေဝ တဝ ဝသံဂတာ။ တုယှဉှိ, ပါပိမ, ဧဝံ ဟောတိ – ‘ဧသောပိ မေ အဿ ဟတ္ထဂတော, ဧသောပိ မေ အဿ ဝသံဂတော’တိ။ အဟံ ခေါ ပန, ပါပိမ, နေဝ တဝ ဟတ္ထဂတော နေဝ တဝ ဝသံဂတော’’တိ။

၅၀၂။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ဦးသော အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇဗြဟ္မာကိုပူးဝင်၍ “ရဟန်း ရဟန်း ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ရဟန်း ဤဗကဗြဟ္မာသည် ဗြဟ္မာကြီးတည်း၊ လွှမ်းမိုးနိုင်သူတည်း၊ မည်သူကမှ မလွှမ်းမိုးနိုင်သူတည်း၊ (အလုံးစုံကို) မြင်တတ်သူတည်း၊ အလိုအတိုင်းဖြစ်စေနိုင်သူတည်း၊ အစိုးရသူတည်း၊ ပြုတတ်သူတည်း၊ ဖန်ဆင်းတတ်သူ တည်း၊ အမြတ်ဆုံးဖြစ်သူတည်း၊ စီမံသူတည်း၊ (ဈာန်၌) လေ့လာပြီးသူတည်း၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖတည်း။ ရဟန်းလောက၌ ပထဝီဓာတ်ကို ကဲ့ရဲ့တတ်ကုန်စက်ဆုပ်တတ်ကုန်သော၊ အာပေါဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ တေဇောဓာတ်ကိုကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ် ကုန်သော၊ ဝါယောဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ သတ္တဝါကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ မာရ်နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ ဗြဟ္မာကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊သင့်ထက် ရှေးကျသည့် သမဏ ဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။ ရဟန်း လောက၌ ပထဝီဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ အာပေါဓာတ်ကိုချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ တေဇောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဝါယောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သတ္တဝါကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ မာရ်နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဗြဟ္မာကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မြတ်သော ဘုံဘဝ၌ တည်ကုန်၏။ ရဟန်း ထို (အကြောင်း) ကြောင့် သင့်ကို ငါ ဤသို့ ဆို၏၊ အချင်း သင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏ စကားကို မလွန်ဆန်လင့်။ ရဟန်း သင်သည် ဗြဟ္မာ၏ စကားကို အကယ်၍ လွန်ဆန်ပါမူ ယောကျာ်းသည် ရောက်လာသောကျက်သရေကို တုတ်ဖြင့် မောင်းနှင်ထုတ်သကဲ့သို့လည်းကောင်း၊ ယောကျာ်းသည် ချောက်ကမ်းပါးပြတ်၌ကျသော် မြေကို လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း၊ မကိုင်စွဲ မဆောက်တည်နိုင်ရာသကဲ့သို့လည်းကောင်း ဤအတူ ဤဥပမာနှင့် ပြည့်စုံခြင်းသည် သင့်အား ဖြစ်ပါလိမ့်မည်။ အချင်းသင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏စကားကို မလွန်ဆန်လင့်၊ သင်သည် စုဝေးနေသော ဗြဟ္မာပရိသတ်ကို မြင်သည်မဟုတ်လော” ဟု (ဆို၏)။ ရဟန်းတို့ ဤသို့လျှင် ငါ့ကို မာရ်နတ်ယုတ်သည် ဗြဟ္မာ၏ ပရိသတ်ဖြစ်အောင် ဆွဲဆောင်၏။ ရဟန်းတို့ ဤသို့ဆိုသော် ငါသည် မာရ်နတ်ယုတ်ကို ဤသို့ မိန့်ဆို၏။ “မာရ်ယုတ် သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏။ မာရ်ယုတ် ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း၊ အလုပ် အကျွေးဗြဟ္မာသည်လည်းကောင်း အလုံးစုံသော သူတို့ပင် သင့်လက်သို့ ရောက်ကုန်၏၊ အလုံးစုံသော သူတို့ပင်သင့်အလိုသို့ လိုက်ကုန်၏၊ မာရ်ယုတ် ‘ဤရဟန်းသည်လည်း ငါ့လက်သို့ ရောက်သူဖြစ်ရာ၏၊ ဤရဟန်းသည်လည်း ငါ့အလိုသို့ လိုက်သူဖြစ်ရာ၏” ဟု သင့်အား ဤအကြံအစည်သည် ဖြစ်၏၊ မာရ်ယုတ် ငါကား သင့်လက်ရောက်သည် မဟုတ်၊ သင့်အလိုသို့ လိုက်သူ မဟုတ်” ဟု (မိန့်ဆို၏)။

Then Māra the Wicked took possession of a member of the retinue of Divinity and said this to me, ‘Mendicant, mendicant! Don’t attack this one! Don’t attack this one! For this is the Divinity, the Great Divinity, the Vanquisher, the Unvanquished, the Universal Seer, the Wielder of Power, God Almighty, the Maker, the Creator, the First, the Begetter, the Controller, the Father of those who have been born and those yet to be born. There have been ascetics and brahmins before you, mendicant, who criticized and loathed earth, water, fire, air, creatures, gods, the Progenitor, and the Divinity. When their bodies broke up and their breath was cut off they were established in a lower realm. There have been ascetics and brahmins before you, mendicant, who praised and approved earth, water, fire, air, creatures, gods, the Progenitor, and the Divinity. When their bodies broke up and their breath was cut off they were established in a higher realm. So, mendicant, I tell you this: please, good fellow, do exactly what the Divinity says. Don’t go beyond the word of the Divinity. If you do, then you’ll end up like a person who, when approached by Lady Luck, would fend her off with a staff; or who, as they are falling over a cliff, would push away the ground with their hands and feet. Please, good fellow, do exactly what the Divinity says. Don’t go beyond the word of the Divinity. Do you not see the assembly of the Divinity gathered here?’ And so Māra the Wicked presented the assembly of the Divinity to me. When he had spoken, I said to Māra, ‘I know you, Wicked One. Do not think, “He does not know me.” You are Māra the Wicked. And the Divinity, the Divinity’s assembly, and the retinue of Divinity have all fallen into your hands; they’re under your sway. And you think, “Maybe this one, too, has fallen into my hands; maybe he’s under my sway!” But I haven’t fallen into your hands; I’m not under your sway.’

၅၀၃။ ‘‘ဧဝံ ဝုတ္တေ, ဘိက္ခဝေ, ဗကော ဗြဟ္မာ မံ ဧတဒဝေါစ – ‘အဟဉှိ, မာရိသ, နိစ္စံယေဝ သမာနံ နိစ္စန္တိ ဝဒါမိ, ဓုဝံယေဝ သမာနံ ဓုဝန္တိ ဝဒါမိ, သဿတံယေဝ သမာနံ သဿတန္တိ ဝဒါမိ, ကေဝလံယေဝ သမာနံ ကေဝလန္တိ ဝဒါမိ, အစဝနဓမ္မံယေဝ သမာနံ အစဝနဓမ္မ’န္တိ ဝဒါမိ, ယတ္ထ စ ပန န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ တဒေဝါဟံ ဝဒါမိ – ‘ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတီ’တိ။ အသန္တဉ္စ ပနညံ ဥတ္တရိ နိဿရဏံ ‘နတ္ထညံ ဥတ္တရိ နိဿရဏ’န္တိ ဝဒါမိ။ အဟေသုံ ခေါ, ဘိက္ခု, တယာ ပုဗ္ဗေ သမဏဗြာဟ္မဏာ လောကသ္မိံ ယာဝတကံ တုယှံ ကသိဏံ အာယု တာဝတကံ တေသံ တပေါကမ္မမေဝ အဟောသိ။ တေ ခေါ ဧဝံ ဇာနေယျုံ – ‘သန္တဉ္စ ပနညံ ဥတ္တရိ နိဿရဏံ အတ္ထညံ ဥတ္တရိ နိဿရဏန္တိ, အသန္တံ ဝါ အညံ ဥတ္တရိ နိဿရဏံ နတ္ထညံ ဥတ္တရိ နိဿရဏ’န္တိ။ တံ တာဟံ, ဘိက္ခု, ဧဝံ ဝဒါမိ – ‘န စေဝညံ ဥတ္တရိ နိဿရဏံ ဒက္ခိဿသိ, ယာဝဒေဝ စ ပန ကိလမထဿ ဝိဃာတဿ ဘာဂီ ဘဝိဿသိ။ သစေ ခေါ တွံ, ဘိက္ခု, ပထဝိံ အဇ္ဈောသိဿသိ, ဩပသာယိကော မေ ဘဝိဿသိ ဝတ္ထုသာယိကော, ယထာကာမကရဏီယော ဗာဟိတေယျော။ သစေ အာပံ… တေဇံ… ဝါယံ… ဘူတေ… ဒေဝေ… ပဇာပတိံ… ဗြဟ္မံ အဇ္ဈောသိဿသိ, ဩပသာယိကော မေ ဘဝိဿသိ ဝတ္ထုသာယိကော, ယထာကာမကရဏီယော ဗာဟိတေယျော’တိ။

‘‘အဟမ္ပိ ခေါ ဧဝံ, ဗြဟ္မေ, ဇာနာမိ – သစေ ပထဝိံ အဇ္ဈောသိဿာမိ, ဩပသာယိကော တေ ဘဝိဿာမိ ဝတ္ထုသာယိကော, ယထာကာမကရဏီယော ဗာဟိတေယျော။ ‘သစေ အာပံ… တေဇံ… ဝါယံ… ဘူတေ… ဒေဝေ… ပဇာပတိံ… ဗြဟ္မံ အဇ္ဈောသိဿာမိ, ဩပသာယိကော တေ ဘဝိဿာမိ ဝတ္ထုသာယိကော, ယထာကာမကရဏီယော ဗာဟိတေယျော’တိ အပိ စ တေ အဟံ, ဗြဟ္မေ, ဂတိဉ္စ ပဇာနာမိ, ဇုတိဉ္စ ပဇာနာမိ – ဧဝံ မဟိဒ္ဓိကော ဗကော ဗြဟ္မာ, ဧဝံ မဟာနုဘာဝေါ ဗကော ဗြဟ္မာ, ဧဝံ မဟေသက္ခော ဗကော ဗြဟ္မာ’’တိ။

‘‘ယထာကထံ ပန မေ တွံ, မာရိသ, ဂတိဉ္စ ပဇာနာသိ, ဇုတိဉ္စ ပဇာနာသိ – ‘ဧဝံ မဟိဒ္ဓိကော ဗကော ဗြဟ္မာ, ဧဝံ မဟာနုဘာဝေါ ဗကော ဗြဟ္မာ, ဧဝံ မဟေသက္ခော ဗကော ဗြဟ္မာ’တိ?

‘‘ယာဝတာ စန္ဒိမသူရိယာ, ပရိဟရန္တိ ဒိသာ ဘန္တိ ဝိရောစနာ၊

တာဝ သဟဿဓာ လောကော, ဧတ္ထ တေ ဝတ္တတေ [ဝတ္တတီ (သီ။ သျာ။ ကံ။ ပီ။)] ဝသော။

‘‘ပရောပရဉ္စ [ပရောဝရဉ္စ (သီ။ ပီ။)] ဇာနာသိ, အထော ရာဂဝိရာဂိနံ၊

ဣတ္ထဘာဝညထာဘာဝံ, သတ္တာနံ အာဂတိံ ဂတိ’’န္တိ။

‘‘ဧဝံ ခေါ တေ အဟံ, ဗြဟ္မေ, ဂတိဉ္စ ပဇာနာမိ ဇုတိဉ္စ ပဇာနာမိ – ‘ဧဝံ မဟိဒ္ဓိကော ဗကော ဗြဟ္မာ, ဧဝံ မဟာနုဘာဝေါ ဗကော ဗြဟ္မာ, ဧဝံ မဟေသက္ခော ဗကော ဗြဟ္မာ’တိ။

၅၀၃။ ရဟန်းတို့ ဤသို့ မိန့်ဆိုသော် ဗကဗြဟ္မာသည် ငါ့အား ဤသို့ ပြောဆို၏။ “အသျှင်မြတ် ငါသည် မြဲသည်သာလျှင် ဖြစ်သည်ကို ‘မြဲ၏’ဟု ဆို၏၊ ခိုင်ခံ့သည်သာလျှင် ဖြစ်သည် ကို ‘ခိုင်ခံ့၏’ဟု ဆို၏၊ တည်တံ့သည်သာလျှင် ဖြစ်သည်ကို ‘တည်တံ့၏’ဟု ဆို၏။ သီးသန့်သာလျှင်ဖြစ်သည်ကို ‘သီးသန့်ဖြစ်၏’ဟု ဆို၏၊ ရွေ့လျောခြင်းသဘောမရှိသည်သာလျှင် ဖြစ်သည်ကို ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆို၏။ ပဋိသန္ဓေ မနေရာ, မအိုရာ, မသေရာ, မရွေ့လျောရာ, (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်ရာကိုသာလျှင်’ ငါသည် ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆို၏၊ (ဤဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း ‘ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆို၏။ ရဟန်း လောက၌ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့၏ ကျင့်ကြံမှုသည် သင်၏ အသက်နှင့်အမျှပင် ဖြစ်ပေ၏။ ထိုသမဏဗြာဟ္မဏတို့သည် ဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိသည်ကိုလည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည်ရှိ၏’ဟူ၍လည်းကောင်း၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည် မရှိ’ဟူ၍လည်းကောင်း သိကုန်ရာ၏။ ရဟန်း ထိုအကြောင်းကြောင့့်သင့်ကို ငါ ဤသို့ ဆို၏၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာကို တွေ့မြင်လိမ့်မည်မဟုတ်၊ ပင်ပန်းရုံ ဆင်းရဲရုံသာ ဖြစ်ပေလိမ့်မည်။ “ရဟန်း အကယ်၍ သင်သည် ပထဝီကို စွဲလမ်းမူငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်။ အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍စွဲလမ်းမူ ငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူဖြစ်ပေလိမ့်မည်” ဟု (ဆို၏)။ ဗြဟ္မာ ငါသည်လည်း ဤသို့ သိ၏၊ “အကယ်၍ ပထဝီကို စွဲလမ်းမူ သင်၏ အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်လိမ့်မည်။ အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍ စွဲလမ်းမူ သင်၏အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်” ဟု (သိ၏)။ ဗြဟ္မာ စင်စစ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု သင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏ဟု (ဆို၏)။ အသျှင်မြတ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု အဘယ်သို့ ငါ၏ ဖြစ်ပုံကို သင်သိသနည်း၊ အစွမ်းသတ္တိကိုလည်း သင်သိသနည်းဟု (မေး၏)။ အရပ်မျက်နှာတို့၌ တင့်တယ် ထွန်းလင်းစေလျက် လ နေတို့ လှည့်လည်ရာ (လောကဓာတ်တစ်ခု) ပမာဏအားဖြင့် ဤတစ်ထောင်သော လောက၌ သင်၏ အာဏာသည် ဖြစ်၏။ ဤတစ်ထောင်သော လောက၌ မြတ်သော ယုတ်သော သတ္တဝါကို သိသည့်အပြင် တပ်မက်မှုရှိသူတပ်မက်မှုကင်းသူကိုလည်းကောင်း၊ ဤစကြဝဠာ, တစ်ပါးသော စကြဝဠာကိုလည်းကောင်း၊ သတ္တဝါတို့ပဋိသန္ဓေနေပုံ စုတေပုံကိုလည်းကောင်း သိ၏။ ဗြဟ္မာ ဤသို့လျှင် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသောအာနုဘော်ရှိသူတည်း၊ ဗကဗြဟ္မာသည် ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟုသင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏။

When I had spoken, Baka the Divinity said to me, ‘But, good fellow, what I say is permanent, everlasting, eternal, whole, and not liable to pass away is in fact permanent, everlasting, eternal, whole, and not liable to pass away. And where I say there’s no being born, growing old, dying, passing away, or being reborn there is in fact no being born, growing old, dying, passing away, or being reborn. And when I say there’s no other escape beyond this there is in fact no other escape beyond this. There have been ascetics and brahmins in the world before you, mendicant, whose deeds of fervent mortification lasted as long as your entire life. When there was another escape beyond this they knew it, and when there was no other escape beyond this, they knew it. So, mendicant, I tell you this: you will never find another escape beyond this, and you will eventually get weary and frustrated. If you attach to earth, you will lie close to me, in my domain, subject to my will, and expendable. If you attach to water … fire … air … creatures … gods … the Progenitor … the Divinity, you will lie close to me, in my domain, subject to my will, and expendable.’ ‘Divinity, I too know that if I attach to earth, I will lie close to you, in your domain, subject to your will, and expendable. If I attach to water … fire … air … creatures … gods … the Progenitor … the Divinity, I will lie close to you, in your domain, subject to your will, and expendable. And in addition, Divinity, I understand your range and your light: “That’s how powerful is Baka the Divinity, how illustrious and mighty.”’ ‘But in what way do you understand my range and my light?’ ‘A galaxy extends a thousand times as far as the moon and sun revolve and the dazzling ones light up the quarters. And there you wield your power. You know the high and low, the passionate and dispassionate, and the coming and going of sentient beings from this realm to another. That’s how I understand your range and your light.

၅၀၄။ ‘‘အတ္ထိ ခေါ, ဗြဟ္မေ, အညော ကာယော, တံ တွံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ အတ္ထိ ခေါ, ဗြဟ္မေ, အာဘဿရာ နာမ ကာယော ယတော တွံ စုတော ဣဓူပပန္နော။ တဿ တေ အတိစိရနိဝါသေန သာ သတိ ပမုဋ္ဌာ, တေန တံ တွံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ ဧဝမ္ပိ ခေါ အဟံ, ဗြဟ္မေ, နေဝ တေ သမသမော အဘိညာယ, ကုတော နီစေယျံ? အထ ခေါ အဟမေဝ တယာ ဘိယျော။ အတ္ထိ ခေါ, ဗြဟ္မေ, သုဘကိဏှော နာမ ကာယော, ဝေဟပ္ဖလော နာမ ကာယော, အဘိဘူ နာမ ကာယော, တံ တွံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ ဧဝမ္ပိ ခေါ အဟံ, ဗြဟ္မေ, နေဝ တေ သမသမော အဘိညာယ, ကုတော နီစေယျံ? အထ ခေါ အဟမေဝ တယာ ဘိယျော။ ပထဝိံ ခေါ အဟံ, ဗြဟ္မေ, ပထဝိတော အဘိညာယ ယာဝတာ ပထဝိယာ ပထဝတ္တေန အနနုဘူတံ တဒဘိညာယ ပထဝိံ နာပဟောသိံ, ပထဝိယာ နာပဟောသိံ, ပထဝိတော နာပဟောသိံ, ပထဝိံ မေတိ နာပဟောသိံ, ပထဝိံ နာဘိဝဒိံ။ ဧဝမ္ပိ ခေါ အဟံ, ဗြဟ္မေ, နေဝ တေ သမသမော အဘိညာယ, ကုတော နီစေယျံ? အထ ခေါ အဟမေဝ တယာ ဘိယျော။ အာပံ ခေါ အဟံ, ဗြဟ္မေ…ပေ… တေဇံ ခေါ အဟံ, ဗြဟ္မေ…ပေ… ဝါယံ ခေါ အဟံ, ဗြဟ္မေ…ပေ… ဘူတေ ခေါ အဟံ, ဗြဟ္မေ…ပေ… ဒေဝေ ခေါ အဟံ, ဗြဟ္မေ…ပေ… ပဇာပတိံ ခေါ အဟံ, ဗြဟ္မေ…ပေ… ဗြဟ္မံ ခေါ အဟံ, ဗြဟ္မေ…ပေ… အာဘဿရေ ခေါ အဟံ, ဗြဟ္မေ…ပေ… သုဘကိဏှေ ခေါ အဟံ, ဗြဟ္မေ …ပေ… ဝေဟပ္ဖလေ ခေါ အဟံ, ဗြဟ္မေ…ပေ… အဘိဘုံ ခေါ အဟံ, ဗြဟ္မေ…ပေ… သဗ္ဗံ ခေါ အဟံ, ဗြဟ္မေ, သဗ္ဗတော အဘိညာယ ယာဝတာ သဗ္ဗဿ သဗ္ဗတ္တေန အနနုဘူတံ တဒဘိညာယ သဗ္ဗံ နာပဟောသိံ သဗ္ဗသ္မိံ နာပဟောသိံ သဗ္ဗတော နာပဟောသိံ သဗ္ဗံ မေတိ နာပဟောသိံ, သဗ္ဗံ နာဘိဝဒိံ။ ဧဝမ္ပိ ခေါ အဟံ, ဗြဟ္မေ, နေဝ တေ သမသမော အဘိညာယ, ကုတော နီစေယျံ? အထ ခေါ အဟမေဝ တယာ ဘိယျော’’တိ။

‘‘သစေ ခေါ, မာရိသ, သဗ္ဗဿ သဗ္ဗတ္တေန အနနုဘူတံ, တဒဘိညာယ မာ ဟေဝ တေ ရိတ္တကမေဝ အဟောသိ, တုစ္ဆကမေဝ အဟောသီ’’တိ။

‘‘‘ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘံ’, တံ ပထဝိယာ ပထဝတ္တေန အနနုဘူတံ, အာပဿ အာပတ္တေန အနနုဘူတံ, တေဇဿ တေဇတ္တေန အနနုဘူတံ, ဝါယဿ ဝါယတ္တေန အနနုဘူတံ, ဘူတာနံ ဘူတတ္တေန အနနုဘူတံ, ဒေဝါနံ ဒေဝတ္တေန အနနုဘူတံ, ပဇာပတိဿ ပဇာပတိတ္တေန အနနုဘူတံ, ဗြဟ္မာနံ ဗြဟ္မတ္တေန အနနုဘူတံ, အာဘဿရာနံ အာဘဿရတ္တေန အနနုဘူတံ, သုဘကိဏှာနံ သုဘကိဏှတ္တေန အနနုဘူတံ, ဝေဟပ္ဖလာနံ ဝေဟပ္ဖလတ္တေ အနနုဘူတံ, အဘိဘုဿ အဘိဘုတ္တေန အနနုဘူတံ, သဗ္ဗဿ သဗ္ဗတ္တေန အနနုဘူတံ’’။

‘‘ဟန္ဒ စရဟိ [ဟန္ဒ စ ဟိ (သီ။ ပီ။)] တေ, မာရိသ, ပဿ အန္တရဓာယာမီ’’တိ။ ‘ဟန္ဒ စရဟိ မေ တွံ, ဗြဟ္မေ, အန္တရဓာယဿု, သစေ ဝိသဟသီ’တိ။ အထ ခေါ, ဘိက္ခဝေ, ဗကော ဗြဟ္မာ ‘အန္တရဓာယိဿာမိ သမဏဿ ဂေါတမဿ, အန္တရဓာယိဿာမိ သမဏဿ ဂေါတမဿာ’တိ နေဝဿု မေ သက္ကောတိ အန္တရဓာယိတုံ။

‘‘ဧဝံ ဝုတ္တေ, အဟံ, ဘိက္ခဝေ, ဗကံ ဗြဟ္မာနံ ဧတဒဝေါစံ – ‘ဟန္ဒ စရဟိ တေ ဗြဟ္မေ အန္တရဓာယာမီ’တိ။ ‘ဟန္ဒ စရဟိ မေ တွံ, မာရိသ, အန္တရဓာယဿု သစေ ဝိသဟသီ’တိ။ အထ ခေါ အဟံ, ဘိက္ခဝေ, တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိံ – ‘ဧတ္တာဝတာ ဗြဟ္မာ စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ သဒ္ဒဉ္စ မေ သောဿန္တိ [သဒ္ဒမေဝ သုယျန္တိ (က။)], န စ မံ ဒက္ခန္တီ’တိ။ အန္တရဟိတော ဣမံ ဂါထံ အဘာသိံ –

‘‘ဘဝေဝါဟံ ဘယံ ဒိသွာ, ဘဝဉ္စ ဝိဘဝေသိနံ၊

ဘဝံ နာဘိဝဒိံ ကိဉ္စိ, နန္ဒိဉ္စ န ဥပါဒိယိ’’န္တိ။

‘‘အထ ခေါ, ဘိက္ခဝေ, ဗြဟ္မာ စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ အစ္ဆရိယဗ္ဘုတစိတ္တဇာတာ အဟေသုံ – ‘အစ္ဆရိယံ ဝတ ဘော, အဗ္ဘုတံ ဝတ ဘော! သမဏဿ ဂေါတမဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ, န စ ဝတ နော ဣတော ပုဗ္ဗေ ဒိဋ္ဌော ဝါ, သုတော ဝါ, အညော သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝံ မဟိဒ္ဓိကော ဧဝံ မဟာနုဘာဝေါ ယထာယံ သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော။ ဘဝရာမာယ ဝတ, ဘော, ပဇာယ ဘဝရတာယ ဘဝသမ္မုဒိတာယ သမူလံ ဘဝံ ဥဒဗ္ဗဟီ’တိ။

၅၀၄။ ဗြဟ္မာ တစ်ပါးသော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ထိုဘုံဘဝကို သင် မသိ၊ မမြင်၊ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ အာဘဿရာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ယင်းအာဘဿရဘုံဘဝမှ သင် ရွေ့လျော၍ ဤဘုံ၌ ဖြစ်၏၊ ထိုသင့်အား အလွန်ကြာမြင့်စွာနေခြင်းဖြင့် ထိုအောက်မေ့မှု သတိသည် မေ့ပျောက်နေ၏၊ ထို့ကြောင့် ထိုဘုံဘဝကို သင်မသိ၊ မမြင်။ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။ ဗြဟ္မာ သုဘကိဏှာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ဝေဟပ္ဖိုလ်မည်သောဘုံဘဝသည်။ အဘိဘူမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ထိုဘုံဘဝကို သင် မသိ၊ မမြင်။ ထိုဘုံဘဝကို ငါသိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည်မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏။ ဗြဟ္မာ ငါသည် မြေကို မြေအားဖြင့် သိ၍ ပထဝီဟူသမျှ၏ ပထဝီသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ မြေကို မစွဲယူ၊ မြေ၌ မစွဲယူ၊ မြေအားဖြင့် မစွဲယူ၊ မြေကို ငါပိုင်ဥစ္စာဟု မစွဲယူ၊ မြေကိုမစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက့်အလွန် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။ ဗြဟ္မာ ငါသည် ရေကို။ပ။ ဗြဟ္မာ ငါသည် မီးကို။ပ။ ဗြဟ္မာ ငါသည် လေကို။ပ။ ဗြဟ္မာ ငါသည် သတ္တဝါတို့ကို။ပ။ ဗြဟ္မာ ငါသည် နတ်တို့ကို။ပ။ ဗြဟ္မာ ငါသည် မာရ်နတ်ကို။ပ။ ဗြဟ္မာ ငါသည်ဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် အာဘဿရဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် သုဘကိဏှဗြဟ္မာတို့ကို။ပ။ ဗြဟ္မာငါသည် ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အဘိဘူဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အလုံးစုံ (ဘုံသုံးပါးတရား) ကို အလုံးစုံအားဖြင့် သိ၍ အလုံးစုံဟူသမျှ၏ အလုံးစုံသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ အလုံးစုံကို မစွဲယူ၊ အလုံးစုံ၌ မစွဲယူ၊ အလုံးစုံအားဖြင့် မစွဲယူ၊ အလုံးစုံကို ငါပိုင်ဥစ္စာဟုမစွဲယူ၊ အလုံးစုံကို မစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့်တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း။ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏ဟု (မိန့်ဆို၏)။ အသျှင်မြတ် အကယ်၍ အလုံးစုံ၏ အလုံးစုံသဘောအားဖြင့် မရောက်ခဲ့မူ၊ ယင်းမရောက်ရာကို သိ၍သင့်စကားသည် ဆိတ်သုဥ်းသောစကား မဖြစ်စေလင့်၊ အချည်းနှီးသောစကား မဖြစ်စေလင့်ဟု (ဆို၏)။ ထူးသောဉာဏ်ဖြင့်သာ သိအပ်သော၊ (ပကတိမျက်စိဖြင့်) မမြင်အပ်သော၊ ဖြစ်ခြင်းပျက်ခြင်း (ဥပါဒ်- ဘင်) အစွန်းမရှိသော၊ အလုံးစုံ (သော တရား) ထက် လင်းလက်တောက်ပသည့် အရောင်ရှိသော ထို နိဗ္ဗာန်ကိုမြေဓာတ်၏ မြေသဘောအားဖြင့် မရောက်အပ်၊ ရေဓာတ်၏ ရေသဘောအားဖြင့် မရောက်အပ်၊ မီးဓာတ်၏ မီးသဘောအားဖြင့် မရောက်အပ်၊ လေဓာတ်၏ လေသဘောအားဖြင့် မရောက်အပ်၊ သတ္တဝါတို့၏ သတ္တဝါသဘောအားဖြင့် မရောက်အပ်၊ နတ်တို့၏ နတ်သဘောအားဖြင့် မရောက်အပ်၊ မာရ်နတ်၏မာရ်နတ်သဘောအားဖြင့် မရောက်အပ်၊ ဗြဟ္မာတို့၏ ဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အာဘဿရဗြဟ္မာတို့၏ အာဘဿရဗြဟ္မာ သဘောအားဖြင့် မရောက်အပ်၊ သုဘကိဏှဗြဟ္မာတို့၏ သုဘကိဏှဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏ ဝေဟပ္ဖိုလ်ဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အဘိဘူဗြဟ္မာ၏ အဘိဘူဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အလုံးစုံ၏ အလုံးစုံသဘောအားဖြင့်မရောက်အပ်ဟု (မိန့်ဆို၏)။ အသျှင်မြတ် ရှုလော့၊ ယခု သင်၏ မျက်မှောက်၌ ကွယ်လိုက်မည်ဟု (ဆို၏)။ ဗြဟ္မာ သင်သည် အကယ်၍ စွမ်းနိုင်မူ ယခု ငါ၏ မျက်မှောက်၌ ကွယ်လိုက်လော့ဟု (မိန့်ဆို၏)။ ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာသည် “ရဟန်းဂေါတမ၏ မျက်မှောက်၌ ကွယ်လိုက်မည်၊ ရဟန်းဂေါတမ၏ မျက်မှောက်၌ ကွယ်လိုက်မည်” ဟု ဆိုသော်လည်း ငါ၏ မျက်မှောက်၌ ကွယ်ရန် မစွမ်းနိုင်။ ရဟန်းတို့ ဤသို့ ဆိုသော် ငါသည် ဗကဗြဟ္မာကို “ဗြဟ္မာ ယခု သင်၏ မျက်မှောက်၌ ကွယ်အံ့” ဟုမိန့်ဆို၏။ အသျှင်မြတ် သင်သည် အကယ်၍ စွမ်းနိုင်မူ ယခု အကျွန်ုပ်မျက်မှောက်၌ ကွယ်ပါလော့ဟု (ဆို၏)။ ရဟန်းတို့ ထိုအခါ ငါသည် “ဗြဟ္မာဟူသမျှသည်လည်းကောင်း၊ ဗြဟ္မာ့ပရိသတ်ဟူသမျှသည်လည်းကောင်း၊ ဗြဟ္မာ့အလုပ်အကျွေးဟူသမျှတို့သည်လည်းကောင်း ငါ၏ အသံကိုသာလျှင် ကြားရကုန်၍ ငါ့ကိုကား မမြင်ရမည့် သဘောရှိသော” တန်ခိုးဖန်ဆင်းခြင်းကို ဖန်ဆင်းတော်မူလေ၏၊ ကွယ်တော်မူလျက်- “ငါသည် ဘဝ၌ ဘေးကိုလည်းကောင်း၊ ဘဝကင်းရာရှာသော သတ္တဝါတို့၏ ဖြစ်ပုံကိုလည်းကောင်းမြင်၍သာလျှင် တစ်စုံတစ်ခုသော ဘဝကိုမျှ (တဏှာ ဒိဋ္ဌိ၏ အစွမ်းဖြင့်) မစွဲလမ်းပြီ။ ဘဝ၌ နှစ်သက်ခြင်း ‘ဘဝတဏှာ’ ကိုလည်း မစွဲယူတော့ပြီ” ဟူသော ဤဂါထာကို မိန့်ဆိုတော်မူ၏။ ရဟန်းတို့ ထိုအခါ ဗြဟ္မာသည်လည်းကောင်း ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း ဗြဟ္မာ့အလုပ်အကျွေးတို့သည်လည်းကောင်း “အချင်းတို့ ရဟန်းဂေါတမ၏ ကြီးသော တန်ခိုးရှိသည့်အဖြစ်, ကြီးသောအာနုဘော်ရှိသည့် အဖြစ်သည် အံ့ဩဘွယ် ဖြစ်ပေစွ၊ မဖြစ်စဖူးဖြစ်ပါပေစွ၊ သာကီဝင်မင်းသားဖြစ်၍သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမကဲ့သို့၊ ဤသို့ ကြီးသော တန်ခိုးရှိသူ, ဤသို့ကြီးသော အာနုဘော်ရှိသူ တစ်ပါးသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်းရှေးယခင်အခါက ငါတို့ မြင်လည်း မမြင်ခဲ့၊ ကြားလည်း မကြားခဲ့၊ အချင်းတို့ သာကီဝင်မင်းသားဖြစ်၍သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမသည် ဘဝ၌မွေ့လျော် ဘဝ၌ပျော်ပိုက် ဘဝ၌ဖြစ်ပွားသော သတ္တဝါအပေါင်း၏ ဘဝကို အမြစ်နှင့်တကွ နုတ်နိုင်ပါပေစွ” ဟု အံ့ဩခြင်း မဖြစ်စဖူးစိတ်ဖြစ်ခြင်းရှိကုန်၏။

But there are three other realms that you don’t know or see, but which I know and see. There is the realm named after the gods of sublime luminosity. You passed away from there and were reborn here. You’ve dwelt here so long that you’ve forgotten about that, so you don’t know it or see it. But I know it and see it. So Divinity, I am not your equal in knowledge, let alone your inferior. Rather, I know more than you. There is the realm named after the gods of universal beauty … There is the realm named after the gods of abundant fruit, which you don’t know or see. But I know it and see it. So Divinity, I am not your equal in knowledge, let alone your inferior. Rather, I know more than you. Since directly knowing earth as earth, and since directly knowing that which does not fall within the scope of experience characterized by earth, I have not become earth, I have not become in earth, I have not become as earth, I have not become one who thinks ‘earth is mine’, I have not affirmed earth. So Divinity, I am not your equal in knowledge, let alone your inferior. Rather, I know more than you. Since directly knowing water … fire … air … creatures … gods … the Progenitor … the Divinity … the gods of sublime luminosity … the gods of universal beauty … the gods of abundant fruit … the Vanquisher … Since directly knowing all as all, and since directly knowing that which does not fall within the scope of experience characterized by all, I have not become all, I have not become in all, I have not become as all, I have not become one who thinks ‘all is mine’, I have not affirmed all. So Divinity, I am not your equal in knowledge, let alone your inferior. Rather, I know more than you.’ ‘Well, good fellow, if you have directly known that which does not fall within the scope of experience characterized by all, may that not be vacuous and hollow for you! Consciousness where no form appears, infinite, radiant all-round. That is what does not fall within the scope of experience characterized by earth, water, fire, air, creatures, gods, the Progenitor, the Divinity, the gods of sublime luminosity, the gods of universal beauty, the gods of abundant fruit, the Vanquisher, and the all. Come then, good fellow, see me vanish from you!’ ‘Come on then, Divinity, vanish from me—if you can.’ Then Baka the Divinity said, ‘I will vanish from the ascetic Gotama! I will vanish from the ascetic Gotama!’ But he was unable to vanish from me. So I said to him, ‘Come then, Divinity, see me vanish from you!’ ‘Come on then, good fellow, vanish from me—if you can.’ Then I used my psychic power to will that my voice would extend so that divinity, his assembly, and his retinue would hear me, but they would not see me. And while vanished I spoke this verse: ‘Seeing the danger in existence— that life in any existence will cease to be— I didn’t affirm any kind of existence, and didn’t grasp at relishing.’ Then the Divinity, his assembly, and his retinue, their minds full of wonder and amazement, thought, ‘Oh lord, how incredible, how amazing! The ascetic Gotama has such psychic power and might! We’ve never before seen or heard of any other ascetic or brahmin with psychic power and might like the ascetic Gotama, who has gone forth from the Sakyan clan. Though people enjoy continued existence, loving it so much, he has extracted it, root and all.’

၅၀၅။ ‘‘အထ ခေါ, ဘိက္ခဝေ, မာရော ပါပိမာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အနွာဝိသိတွာ မံ ဧတဒဝေါစ – ‘သစေ ခေါ တွံ, မာရိသ, ဧဝံ ပဇာနာသိ, သစေ တွံ ဧဝံ အနုဗုဒ္ဓေါ, မာ သာဝကေ ဥပနေသိ, မာ ပဗ္ဗဇိတေ၊ မာ သာဝကာနံ ဓမ္မံ ဒေသေသိ, မာ ပဗ္ဗဇိတာနံ၊ မာ သာဝကေသု ဂေဓိမကာသိ, မာ ပဗ္ဗဇိတေသု။ အဟေသုံ ခေါ, ဘိက္ခု, တယာ ပုဗ္ဗေ သမဏဗြာဟ္မဏာ လောကသ္မိံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ ပဋိဇာနမာနာ။ တေ သာဝကေ ဥပနေသုံ ပဗ္ဗဇိတေ, သာဝကာနံ ဓမ္မံ ဒေသေသုံ ပဗ္ဗဇိတာနံ, သာဝကေသု ဂေဓိမကံသု ပဗ္ဗဇိတေသု, တေ သာဝကေ ဥပနေတွာ ပဗ္ဗဇိတေ, သာဝကာနံ ဓမ္မံ ဒေသေတွာ ပဗ္ဗဇိတာနံ, သာဝကေသု ဂေဓိတစိတ္တာ ပဗ္ဗဇိတေသု, ကာယဿ ဘေဒါ ပါဏုပစ္ဆေဒါ ဟီနေ ကာယေ ပတိဋ္ဌိတာ။ အဟေသုံ ယေ ပန, ဘိက္ခု, တယာ ပုဗ္ဗေ သမဏဗြာဟ္မဏာ လောကသ္မိံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ ပဋိဇာနမာနာ။ တေ န သာဝကေ ဥပနေသုံ န ပဗ္ဗဇိတေ, န သာဝကာနံ ဓမ္မံ ဒေသေသုံ န ပဗ္ဗဇိတာနံ, န သာဝကေသု ဂေဓိမကံသု န ပဗ္ဗဇိတေသု, တေ န သာဝကေ ဥပနေတွာ န ပဗ္ဗဇိတေ, န သာဝကာနံ ဓမ္မံ ဒေသေတွာ န ပဗ္ဗဇိတာနံ, န သာဝကေသု ဂေဓိတစိတ္တာ န ပဗ္ဗဇိတေသု, ကာယဿ ဘေဒါ ပါဏုပစ္ဆေဒါ ပဏီတေ ကာယေ ပတိဋ္ဌိတာ။ တံ တာဟံ, ဘိက္ခု, ဧဝံ ဝဒါမိ – ဣင်္ဃ တွံ, မာရိသ, အပ္ပေါဿုက္ကော ဒိဋ္ဌဓမ္မသုခဝိဟာရမနုယုတ္တော ဝိဟရဿု, အနက္ခာတံ ကုသလဉှိ, မာရိသ, မာ ပရံ ဩဝဒါဟီ’တိ။

‘‘ဧဝံ ဝုတ္တေ, အဟံ, ဘိက္ခဝေ, မာရံ ပါပိမန္တံ ဧတဒဝေါစံ – ‘ဇာနာမိ ခေါ တာဟံ, ပါပိမ, မာ တွံ မညိတ္ထော – န မံ ဇာနာတီ’တိ။ မာရော တွမသိ, ပါပိမ။ န မံ တွံ, ပါပိမ, ဟိတာနုကမ္ပီ ဧဝံ ဝဒေသိ၊ အဟိတာနုကမ္ပီ မံ တွံ, ပါပိမ, ဧဝံ ဝဒေသိ။ တုယှဉှိ, ပါပိမ, ဧဝံ ဟောတိ – ‘ယေသံ သမဏော ဂေါတမော ဓမ္မံ ဒေသေဿတိ, တေ မေ ဝိသယံ ဥပါတိဝတ္တိဿန္တီ’တိ။ အသမ္မာသမ္ဗုဒ္ဓါဝ ပန တေ, ပါပိမ, သမာနာ သမ္မာသမ္ဗုဒ္ဓါမှာတိ ပဋိဇာနိံသု။ အဟံ ခေါ ပန, ပါပိမ, သမ္မာသမ္ဗုဒ္ဓေါဝ သမာနော သမ္မာသမ္ဗုဒ္ဓေါမှီတိ ပဋိဇာနာမိ။ ဒေသေန္တောပိ ဟိ, ပါပိမ, တထာဂတော သာဝကာနံ ဓမ္မံ တာဒိသောဝ အဒေသေန္တောပိ ဟိ, ပါပိမ, တထာဂတော သာဝကာနံ ဓမ္မံ တာဒိသောဝ။ ဥပနေန္တောပိ ဟိ, ပါပိမ, တထာဂတော သာဝကေ တာဒိသောဝ, အနုပနေန္တောပိ ဟိ, ပါပိမ, တထာဂတော သာဝကေ တာဒိသောဝ။ တံ ကိဿ ဟေတု? တထာဂတဿ, ပါပိမ, ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ – တေ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ သေယျထာပိ, ပါပိမ, တာလော မတ္ထကစ္ဆိန္နော အဘဗ္ဗော ပုန ဝိရူဠှိယာ၊ ဧဝမေဝ ခေါ, ပါပိမ, တထာဂတဿ ယေ အာသဝါ သံကိလေသိကာ ပေါနောဗ္ဘဝိကာ သဒရာ ဒုက္ခဝိပါကာ အာယတိံ ဇာတိဇရာမရဏိယာ – တေ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာတိ။

‘‘ဣတိ ဟိဒံ မာရဿ စ အနာလပနတာယ ဗြဟ္မုနော စ အဘိနိမန္တနတာယ, တသ္မာ ဣမဿ ဝေယျာကရဏဿ ဗြဟ္မနိမန္တနိကံတေဝ အဓိဝစန’’န္တိ။

ဗြဟ္မနိမန္တနိကသုတ္တံ နိဋ္ဌိတံ နဝမံ။

၅၀၅။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ပါးသော ဗြဟ္မာ့အလုပ်အကျွေးကို ပူးဝင်၍ ငါ့အားဤသို့ ပြောဆို၏။ “အသျှင်မြတ် အကယ်၍ သင်သည် ဤသို့ ခွဲခြား၍သိပါမူ အကယ်၍ သင်သည် ဤသို့လျော်စွာဉာဏ်ဖြင့် သိပါမူ တပည့်သာဝကတို့သို့ (ထိုတရားကို) မပို့ဆောင်ပါလင့်၊ (ရသေ့ပရိဗိုဇ်) ရဟန်းတို့သို့ (ထိုတရားကို) မပို့ ဆောင်ပါလင့်၊ တပည့်သာဝကတို့အား တရားကို မဟောပါလင့်၊ ရဟန်းတို့အား (တရားကို) မဟောပါလင့်၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်။ ရဟန်းတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်၊ ရဟန်း လောက၌ ကိလေသာရန်သူကို သတ်တတ်သူ (အရဟန္တ), (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’တို့ဟု ဝန်ခံခြင်းရှိကြသော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် တပည့်သာဝကတို့သို့ တရားကို ပို့ဆောင်ကုန်၏၊ ရဟန်းတို့သို့ တရားကို ပို့ဆောင်ကုန်၏၊ တပည့်သာဝကတို့အား တရားကို ဟောကုန်၏၊ ရဟန်းတို့အား တရားကို ဟောကုန်၏၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို ပြုကုန်၏၊ ရဟန်းတို့၌ (တပ်မက်မောခြင်းကို ပြုကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည် တပည့်သာဝကတို့သို့ တရားကို ပို့ဆောင်၍ ရဟန်းတို့သို့ တရားကိုပို့ဆောင်၍ တပည့်သာဝကတို့အား တရားကို ဟော၍ ရဟန်းတို့အား တရားကို ဟော၍ တပည့်သာဝကတို့၌ တပ်မက်မောသော စိတ်ရှိကုန်၍ ရဟန်းတို့၌ တပ်မက်မောသော စိတ်ရှိကုန်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။ ရဟန်း လောက၌ ကိလေသာရန်သူကို သတ်တတ်သူ ‘ရဟန္တာ’တို့, (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိသူ ‘သမ္မာသမ္ဗုဒ္ဓ’တို့ဟု ဝန်ခံခြင်းရှိကြသော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည်တပည့်သာဝကတို့သို့ တရားကို မပို့ဆောင်ကုန်၊ ရဟန်းတို့သို တရားကို မပို့ဆောင်ကုန်၊ တပည့်သာဝကတို့အား တရားကို မဟောကုန်၊ ရဟန်းတို့အား တရားကို မဟောကုန်၊ တပည့်သာဝကတို့၌တပ်မက်မောခြင်းကို မပြုကုန်၊ ရဟန်းတို့၌ တပ်မက်မောခြင်းကို မပြုကုန်။ ထိုသမဏဗြာဟ္မဏတို့သည်တပည့်သာဝကတို့သို့ တရားကို မပို့ဆောင်ဘဲ ရဟန်းတို့သို့ တရားကို မပို့ဆောင်ဘဲ တပည့်သာဝကတို့အား တရားကို မဟောဘဲ ရဟန်းတို့အား တရားကို မဟောဘဲ၊ တပည့်သာဝကတို့၌ တပ်မက်မောသောစိတ်မရှိကုန်ဘဲ ရဟန်းတို့၌ တပ်မက်သောစိတ် မရှိကုန်ဘဲ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌မြတ်သော ဘုံဘဝ၌ တည်ကုန်၏။ ရဟန်း ထို့ကြောင့် အသျှင်မြတ် သင့်ကို တိုက်တွန်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်းကို အားထုတ်လျက် ကြောင့်ကြမဲ့နေပါလော့၊ အသျှင်မြတ် (တရားကို) မဟောကြားခြင်းသည် ကောင်းမြတ်၏၊ သူတစ်ပါးကို မဆုံးမပါလင့်” ဟု သင့့်ကို ငါဆို၏ဟု (ဆို၏)။ ရဟန်းတို့ ဤသို့ပြောဆိုသော် ငါသည် မာရ်နတ်ယုတ်အား ဤသို့ မိန့်ဆို၏။ “မာရ်ယုတ် သင့်ကို ငါ သိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်။ မာရ်ယုတ် သင်သည်မာရ်နတ် ဖြစ်၏၊ မာရ်ယုတ် ငါ့ကို သင်သည် အကျိုးစီးပွါးကို လိုလားခြင်းရှိ၍ ဤသို့ မဆို။ မာရ်ယုတ်အကျိုးစီးပွါးမဲ့ကို လိုလားခြင်းရှိ၍သာ ငါ့ကို သင်သည် ဤသို့ ဆို၏။ မာရ်ယုတ် ‘ရဟန်းဂေါတမဟောပြ မည့်တရားကို နာယူကြသူတို့သည် ငါ၏ အာဏာကို လွန်ဆန်ကုန်လိမ့်မည်’ဟု သင့်အားအကြံအစည်လည်း ဖြစ်၏။ မာရ်ယုတ် ထိုသမဏဗြာဟ္မဏတို့သည် (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’မဟုတ်သူတို့သာ ဖြစ်ကုန်လျက် (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’တို့ ဖြစ်ကုန်၏ဟုဝန်ခံကုန်၏။ မာရ်ယုတ် ငါသည်ကား (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’ သာလျှင်ဖြစ်၍ (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’ ဖြစ်၏ဟု ဝန်ခံ၏။ မာရ်ယုတ် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား တရားကို ဟောသော်လည်းကောင်း၊ တရားကိုမဟောသော်လည်းကောင်း ထိုသို့သဘောရှိသည်သာတည်း။ မာရ်ယုတ် မြတ်စွာဘုရားသည် တပည့်သာဝကတို့သို့ (တရားကို) ပို့ဆောင်သော်လည်းကောင်း၊ တရားကို မပို့ဆောင်သော်လည်းကောင်းထိုသို့သဘောရှိသည်သာတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ မာရ်ယုတ် မြတ်စွာဘုရားအားပူပန်ညစ်ညူးစေတတ်ကုန်, တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့် တကွ ဆင်းရဲခြင်းအကျိုးရှိကုန်လျက် နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်သည့် အာသဝေါတရားတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါဖြစ်ခြင်းသဘော မရှိတော့ချေ။ မာရ်ယုတ် ထန်းပင်သည် လည်ဆစ်ပြတ်ခဲ့သော် တစ်ဖန်စည်ပင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူပင်မြတ်စွာဘုရားအား ပူပန်ညစ်ညူးစေတတ်ကုန်, တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်လျက် နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်သည့် အာသဝေါတရားတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ချေ” ဟု (မိန့်တော်မူ၏)။ ဤသို့လျှင် ဤစကားကို မာရ်နတ်အား စကားမပြောဆိုနိုင်စေခြင်းအားဖြင့်လည်းကောင်း ဗြဟ္မာအားအထူးသိစေခြင်းအားဖြင့်လည်းကောင်း (မိန့်ဆိုတော်မူ၏)။ ထို့ကြောင့် ဗြဟ္မနိမန္တနိကဟူ၍သာလျှင်ဤသုတ္တန်၏ အမည်သည် ဖြစ်၏။ ကိုးခုမြောက် ဗြဟ္မနိမန္တနိကသုတ်ပြီး၏။

Then Māra the Wicked took possession of a member of the retinue of Divinity and said this to me, ‘If such is your understanding, good fellow, do not present it to your disciples or those gone forth! Do not teach this Dhamma to your disciples or those gone forth! Do not wish this for your disciples or those gone forth! There have been ascetics and brahmins before you, mendicant, who claimed to be perfected ones, fully awakened Buddhas. They presented, taught, and wished this for their disciples and those gone forth. When their bodies broke up and their breath was cut off they were established in a lower realm. But there have also been other ascetics and brahmins before you, mendicant, who claimed to be perfected ones, fully awakened Buddhas. They did not present, teach, or wish this for their disciples and those gone forth. When their bodies broke up and their breath was cut off they were established in a higher realm. So, mendicant, I tell you this: please, good fellow, remain passive, dwelling in blissful meditation in this life, for this is better left unsaid. Good fellow, do not instruct others.’ When he had spoken, I said to Māra, ‘I know you, Wicked One. Do not think, “He doesn’t know me.” You are Māra the Wicked. You don’t speak to me like this out of sympathy, but with no sympathy. For you think, “Those who the ascetic Gotama teaches will go beyond my reach.” Those who formerly claimed to be fully awakened Buddhas were not in fact fully awakened Buddhas. But I am. The Realized One remains such whether or not he teaches disciples. The Realized One remains as such whether or not he presents the teaching to disciples. Why is that? Because the Realized One has given up the defilements that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death. He has cut them off at the root, made them like a palm stump, obliterated them so they are unable to arise in the future. Just as a palm tree with its crown cut off is incapable of further growth, the Realized One has given up the defilements that are corrupting, leading to future lives, hurtful, resulting in suffering and future rebirth, old age, and death. He has cut them off at the root, made them like a palm stump, obliterated them so they are unable to arise in the future.’” And so, because of the silencing of Māra, and because of the invitation of the Divinity, the name of this discussion is “On the Invitation of Divinity”.

၁၀။ မာရတဇ္ဇနီယသုတ္တံ

၅၀၆။ ဧဝံ မေ သုတံ – ဧကံ သမယံ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂ္ဂေသု ဝိဟရတိ သုသုမာရဂိရေ ဘေသကဠာဝနေ မိဂဒါယေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာမောဂ္ဂလ္လာနော အဗ္ဘောကာသေ စင်္ကမတိ။ တေန ခေါ ပန သမယေန မာရော ပါပိမာ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ကုစ္ဆိဂတော ဟောတိ ကောဋ္ဌမနုပဝိဋ္ဌော။ အထ ခေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဧတဒဟောသိ – ‘‘ကိံ နု ခေါ မေ ကုစ္ဆိ ဂရုဂရော ဝိယ [ဂရု ဂရု ဝိယ (သီ။ ပီ။ ဋီကာယံ ပါဌန္တရံ)]? မာသာစိတံ မညေ’’တိ။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော စင်္ကမာ ဩရောဟိတွာ ဝိဟာရံ ပဝိသိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ပစ္စတ္တံ ယောနိသော မနသာကာသိ။ အဒ္ဒသာ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော မာရံ ပါပိမန္တံ ကုစ္ဆိဂတံ ကောဋ္ဌမနုပဝိဋ္ဌံ။ ဒိသွာန မာရံ ပါပိမန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, ပါပိမ၊ နိက္ခမ, ပါပိမ! မာ တထာဂတံ ဝိဟေသေသိ, မာ တထာဂတသာဝကံ။ မာ တေ အဟောသိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။ အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အဇာနမေဝ ခေါ မံ အယံ သမဏော အပဿံ ဧဝမာဟ – ‘နိက္ခမ, ပါပိမ၊ နိက္ခမ, ပါပိမ! မာ တထာဂတံ ဝိဟေသေသိ, မာ တထာဂတသာဝကံ။ မာ တေ အဟောသိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’တိ။ ယောပိဿ သော သတ္ထာ သောပိ မံ နေဝ ခိပ္ပံ ဇာနေယျ, ကုတော ပန [ကုတော စ ပန (သျာ။)] မံ အယံ သာဝကော ဇာနိဿတီ’’တိ? အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော မာရံ ပါပိမန္တံ ဧတဒဝေါစ – ‘‘ဧဝမ္ပိ ခေါ တာဟံ, ပါပိမ, ဇာနာမိ, မာ တွံ မညိတ္ထော – ‘န မံ ဇာနာတီ’တိ။ မာရော တွမသိ, ပါပိမ၊ တုယှဉှိ, ပါပိမ, ဧဝံ ဟောတိ – ‘အဇာနမေဝ ခေါ မံ အယံ သမဏော အပဿံ ဧဝမာဟ – နိက္ခမ, ပါပိမ၊ နိက္ခမ, ပါပိမ! မာ တထာဂတံ ဝိဟေသေသိ, မာ တထာဂတသာဝကံ။ မာ တေ အဟောသိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ။ ယောပိဿ သော သတ္ထာ သောပိ မံ နေဝ ခိပ္ပံ ဇာနေယျ, ကုတော ပန မံ အယံ သာဝကော ဇာနိဿတီ’’’တိ?

အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘ဇာနမေ ခေါ မံ အယံ သမဏော ပဿံ ဧဝမာဟ – ‘နိက္ခမ, ပါပိမ၊ နိက္ခမ, ပါပိမ! မာ တထာဂတံ ဝိဟေသေသိ, မာ တထာဂတသာဝကံ။ မာ တေ အဟောသိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’’တိ။ အထ ခေါ မာရော ပါပိမာ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ မုခတော ဥဂ္ဂန္တွာ ပစ္စဂ္ဂဠေ အဋ္ဌာသိ။

၁၀- မာရတဇ္ဇနီယသုတ် ၅၀၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သောသမင်တော၌ နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် လွင်တီးခေါင်၌ စင်္ကြံသွား၏။ ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ အူတွင်းသို့ ဝင်သည်ဖြစ်၍ ဝမ်း၌ ရောက်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်အား “အသို့နည်း၊ ငါ၏ ဝမ်းသည် အလွန်လေးသကဲ့သို့ ဖြစ်၏၊ ပဲဆွမ်းဖြင့် ပွပြည့်ယောင်တကား” ဟု စိတ်အမှတ်သည် ဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ဝင်ကာ ခင်းထားသော နေရာ၌ထိုင်ပြီးသော် မိမိကိုယ်ကို အသင့်အားဖြင့် နှလုံးသွင်း၏။ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်ကို ဝမ်းထဲသို့ ရောက်၍ အူအတွင်း၌ ဝင်နေသည်ကို မြင်၍ မာရ်နတ်ယုတ်အား- “မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဥ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဥ်းဆဲလင့်၊ သင့်အား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်” ဟု ဆို၏။ ထိုအခါ မာရ်နတ်ယုတ်အား ဤသို့သော အကြံသည် ဖြစ်၏။ “ငါ့ကို ဤရဟန်းသည် မသိဘဲ မမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဥ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဥ်းဆဲလင့်၊ သင့်အားရှည် ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်” ဟု ဆို၏။ ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်း ငါ့ကို လျင်မြန်စွာ မသိနိုင်ရာ၊ ဤတပည့်သာဝကသည် ငါ့ကိုအဘယ်မှာ သိနိုင်လိမ့်မည်နည်း” ဟု အကြံသည် ဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်အား- “မာရ်နတ်ယုတ် ဤသို့လည်း သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်နတ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏၊ မှန်၏၊ မာရ်နတ်ယုတ် သင့်အား ‘ငါ့ကို ဤရဟန်းသည် မသိဘဲမမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဥ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဥ်းဆဲလင့်၊ သင့်အား ရှည် (ကြာ) စွာသော ကာလပတ်လုံးအစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်ဟု ဆို၏။ ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်းငါ့ကို လျင်မြန်စွာ မသိနိုင်ရာ၊ ဤတပည့်သာဝကသည် ငါ့ကို အဘယ်မှာ သိနိုင်လိမ့်မည်နည်း’ဟု ဤသို့အကြံဖြစ်ဘိ၏” ဟု မိန့်ဆို၏။ ထိုအခါ မာရ်နတ်ယုတ်အား ဤသို့ အကြံဖြစ်ပြန်၏။ “ငါ့ကို ဤရဟန်းသည် သိ၍ မြင်၍သာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက် လော့၊ မြတ်စွာဘုရားကို မညှဥ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဥ်းဆဲလင့်၊ သင့်အားရှည် (ကြာ) စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်’ဟု ဆို၏” ဟု (ဤအကြံသည် ဖြစ်ပြန်၏)။ ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ ခံတွင်းမှ ထွက်၍ တံခါးရွက် အပြင်ဘက်၌ရပ်တည်၏။

Middle Discourses 50 The Warning to Māra So I have heard. At one time Venerable Mahāmoggallāna was staying in the land of the Bhaggas at Crocodile’s Bellow, in the deer park at Bhesakaḷā’s Wood. At that time Moggallāna was walking mindfully in the open air. Now at that time Māra the Wicked had got inside Moggallāna’s belly. Moggallāna thought, “Why now is my belly so very heavy, like I’ve just eaten a load of beans?” Then he stepped down from the walking path, entered his dwelling, sat down on the seat spread out, and investigated inside himself. He saw that Māra the Wicked had got inside his belly. So he said to Māra, “Come out, Wicked One, come out! Do not harass the Realized One or his disciple. Don’t create lasting harm and suffering for yourself!” Then Māra thought, “This ascetic doesn’t really know me or see me when he tells me to come out. Not even the Teacher could recognize me so quickly, so how could a disciple?” Then Moggallāna said to Māra, “I know you even when you’re like this, Wicked One. Do not think, ‘He doesn’t know me.’ You are Māra the Wicked. And you think, ‘This ascetic doesn’t really know me or see me when he tells me to come out. Not even the Teacher could recognize me so quickly, so how could a disciple?’” Then Māra thought, “This ascetic really does know me and see me when he tells me to come out.” Then Māra came up out of Moggallāna’s mouth and stood against the door.

၅၀၇။ အဒ္ဒသာ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော မာရံ ပါပိမန္တံ ပစ္စဂ္ဂဠေ ဌိတံ၊ ဒိသွာန မာရံ ပါပိမန္တံ ဧတဒဝေါစ – ‘ဧတ္ထာပိ ခေါ တာဟံ, ပါပိမ, ပဿာမိ၊ မာ တွံ မညိတ္ထော ‘‘န မံ ပဿတီ’’တိ။ ဧသော တွံ, ပါပိမ, ပစ္စဂ္ဂဠေ ဌိတော။ ဘူတပုဗ္ဗာဟံ, ပါပိမ, ဒူသီ နာမ မာရော အဟောသိံ, တဿ မေ ကာဠီ နာမ ဘဂိနီ။ တဿာ တွံ ပုတ္တော။ သော မေ တွံ ဘာဂိနေယျော အဟောသိ။ တေန ခေါ ပန, ပါပိမ, သမယေန ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥပ္ပန္နော ဟောတိ။ ကကုသန္ဓဿ ခေါ ပန, ပါပိမ, ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဝိဓုရသဉ္ဇီဝံ နာမ သာဝကယုဂံ အဟောသိ အဂ္ဂံ ဘဒ္ဒယုဂံ။ ယာဝတာ ခေါ ပန, ပါပိမ, ကကုသန္ဓဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သာဝကာ။ တေသု န စ ကောစိ အာယသ္မတာ ဝိဓုရေန သမသမော ဟောတိ ယဒိဒံ ဓမ္မဒေသနာယ။ ဣမိနာ ခေါ ဧဝံ [ဧတံ (သီ။ သျာ။ ပီ။)], ပါပိမ, ပရိယာယေန အာယသ္မတော ဝိဓုရဿ ဝိဓုရောတေဝ [ဝိဓုရဿ ဝိဓုရော ဝိဓုရောတွေဝ (သီ။ သျာ။ ကံ။ ပီ။)] သမညာ ဥဒပါဒိ။

‘‘အာယသ္မာ ပန, ပါပိမ, သဉ္ဇီဝေါ အရညဂတောပိ ရုက္ခမူလဂတောပိ သုညာဂါရဂတောပိ အပ္ပကသိရေနေဝ သညာဝေဒယိတနိရောဓံ သမာပဇ္ဇတိ။ ဘူတပုဗ္ဗံ, ပါပိမ, အာယသ္မာ သဉ္ဇီဝေါ အညတရသ္မိံ ရုက္ခမူလေ သညာဝေဒယိတနိရောဓံ သမာပန္နော နိသိန္နော ဟောတိ။ အဒ္ဒသံသု ခေါ, ပါပိမ, ဂေါပါလကာ ပသုပါလကာ ကဿကာ ပထာဝိနော အာယသ္မန္တံ သဉ္ဇီဝံ အညတရသ္မိံ ရုက္ခမူလေ သညာဝေဒယိတနိရောဓံ သမာပန္နံ နိသိန္နံ၊ ဒိသွာန တေသံ ဧတဒဟောသိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! အယံ သမဏော နိသိန္နကောဝ ကာလင်္ကတော! ဟန္ဒ နံ ဒဟာမာ’တိ။ အထ ခေါ တေ, ပါပိမ, ဂေါပါလကာ ပသုပါလကာ ကဿကာ ပထာဝိနော တိဏဉ္စ ကဋ္ဌဉ္စ ဂေါမယဉ္စ သံကဍ္ဎိတွာ အာယသ္မတော သဉ္ဇီဝဿ ကာယေ ဥပစိနိတွာ အဂ္ဂိံ ဒတွာ ပက္ကမိံသု။ အထ ခေါ, ပါပိမ, အာယသ္မာ သဉ္ဇီဝေါ တဿာ ရတ္တိယာ အစ္စယေန တာယ သမာပတ္တိယာ ဝုဋ္ဌဟိတွာ စီဝရာနိ ပပ္ဖေါဋေတွာ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဂါမံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသံသု ခေါ တေ, ပါပိမ, ဂေါပါလကာ ပသုပါလကာ ကဿကာ ပထာဝိနော အာယသ္မန္တံ သဉ္ဇီဝံ ပိဏ္ဍာယ စရန္တံ၊ ဒိသွာန နေသံ ဧတဒဟောသိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! အယံ သမဏော နိသိန္နကောဝ ကာလင်္ကတော, သွာယံ ပဋိသဉ္ဇီဝိတော’တိ။ ဣမိနာ ခေါ ဧဝံ, ပါပိမ, ပရိယာယေန အာယသ္မတော သဉ္ဇီဝဿ သဉ္ဇီဝေါတေဝ [သဉ္ဇီဝေါ သဉ္ဇီဝေါတွေဝ (သီ။ သျာ။ ကံ။ ပီ။)] သမညာ ဥဒပါဒိ။

၅၀၇။ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ် တံခါးရွက် အပြင်ဘက်၌ ရပ်တည်သည်ကို မြင်၍မာရ်နတ်ယုတ်ကို မာရ်နတ်ယုတ် ဤနေရာ၌လည်း သင့်ကို ငါမြင်၏၊ သင်သည် “ငါ့ကို မမြင်” ဟုမထင်မှတ်လင့်။ မာရ်နတ်ယုတ် ဤသင်သည် တံခါးရွက် အပြင်ဘက်၌ ရပ်တည်၏။ မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား ငါသည် ဒူသီမည်သော မာရ်နတ် ဖြစ်ခဲ့ဖူး၏၊ ထိုငါ့အား ကာဠီမည်သော နှမသည် ရှိ၏။ သင်သည် ထိုနှမ၏သားတည်း၊ သင်သည် ငါ၏တူဖြစ်၏။ မာရ်နတ် ထိုအခါ (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်ကန်စွာ သိ်တော်မူသော ကကုသန္ဓမြတ်စွာဘုရားသည်လောက၌ ဖြစ်တော်မူခဲ့၏။ မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိ်တော်မူသော ကကုသန္ဓမြတ်စွာဘုရားအား ဝိဓုရနှင့် သဉ္ဇီဝမည်သော တပည့်သာဝကအစုံသည် ရှိ၏၊ မြတ်၏၊ ကောင်းသော အစုံဖြစ်၏။ မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားအား ရှိသမျှ တပည့်သာဝကတို့တွင် တစ်စုံတစ်ယောက်မျှလည်း တရားဟောခြင်းအားဖြင့် အသျှင်ဝိဓုရနှင့် တူမျှသူ မရှိ။ မာရ်နတ် ဤအကြောင်းကြောင့် ဝိဓုရဟူ၍သာလျှင် အသျှင်ဝိဓုရအမည်သည် ထင်ရှားခဲ့၏။ မာရ်နတ် အသျှင်သဉ္ဇီဝသည်ကား တောသို့ ကပ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်း ကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်၍လည်းကောင်း လွယ်ကူစွာသာလျှင် မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စား၏။ မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား အသျှင်သဉ္ဇီဝသည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သားမှု ‘သညာ’ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေ၏။ မာရ်ယုတ် နွားကျောင်းသားဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သာ့းမှု ‘သညာ’ ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေသော အသျှင်သဉ္ဇီဝကိုမြင်ကုန်၍ ထိုသူတို့အား “အချင်းတို့ အံ့ဩဖွယ် ဖြစ်ပါပေစွ၊ မဖြစ်စဖူးးဖြစ်ပါပေစွ၊ ဤရဟန်းသည်ထိုင်လျက်သာလျှင် သေနေ၏၊ ယခု ထိုရဟန်းကို မီးရှို့ကုန်အံ့” ဟု အကြံဖြစ်၏။ မာရ်နတ် ထိုအခါထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် မြက်ကိုလည်းကောင်း၊ သစ်သားကိုလည်းကောင်း၊ နွားချေးကိုလည်းကောင်း စုရုံး၍ အသျှင်သဉ္ဇီဝ၏ ကိုယ်၌ ထက်ဝန်းကျင်စုပုံပြီး မီးရှို့ကာ ဖဲခွါသွားကြကုန်၏။ မာရ်နတ် ထိုအခါ အသျှင်သဉ္ဇီဝသည် ထိုညဥ့်လွန်သဖြင့် ထိုသမာပတ်မှ ထပြီးသော် သင်္ကန်းတို့ကို ခါ၍နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရွာသို့ ဆွမ်းအလို့ငှါဝင်၏။ မာရ်နတ် ထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် အသျှင်သဉ္ဇီဝ ဆွမ်းအလို့ငှါ ကြွ (သွား) သည်ကို မြင်ကုန်၍ ထိုသူတို့အား “အချင်းတို့ အံ့ဩဖွယ်ဖြစ်ပါပေစွ၊ အချင်းတို့ မဖြစ်စဖူး ဖြစ်ပါပေစွ၊ ရဟန်းသည် ထိုင်လျက်သာလျှင် သေနေ၏၊ ထိုရဟန်းသည် တစ်ဖန် အသက်ရှင်ပြန်၏” ဟု အကြံဖြစ်၏။ မာရ်နတ် ဤသို့လျှင် ဤအကြောင်းကြောင့် ‘သဉ္ဇီဝ’ဟူ၍သာလျှင် အသျှင်သဉ္ဇီဝ၏ အမည်သည် ထင်ရှားခဲ့၏။

Moggallāna saw him there and said, “I see you even there, Wicked One. Do not think, ‘He doesn’t see me.’ That’s you, Wicked One, standing against the door. Once upon a time, Wicked One, I was a Māra named Dūsī, and I had a sister named Kāḷī. You were her son, which made you my nephew. At that time Kakusandha, the Blessed One, the perfected one, the fully awakened Buddha arose in the world. Kakusandha had a fine pair of chief disciples named Vidhura and Sañjīva. Of all the disciples of the Buddha Kakusandha, none were the equal of Venerable Vidhura in teaching Dhamma. And that’s how he came to be known as Vidhura. But when Venerable Sañjīva had gone to a wilderness, or to the root of a tree, or to an empty hut, he easily attained the cessation of perception and feeling. Once upon a time, Sañjīva was sitting at the root of a certain tree having attained the cessation of perception and feeling. Some cowherds, shepherds, farmers, and passers-by saw him sitting there and said, ‘Oh lord, how incredible, how amazing! This ascetic passed away while seated. We should cremate him.’ They collected grass, wood, and cow-dung, heaped it all on Sañjīva’s body, set it on fire, and left. Then, when the night had passed, Sañjīva emerged from that attainment, shook out his robes, and, since it was morning, he robed up and entered the village for alms. Those cowherds, shepherds, farmers, and passers-by saw him wandering for alms and said, ‘Oh lord, how incredible, how amazing! This ascetic passed away while seated, and now he has come back to life!’ And that’s how he came to be known as Sañjīva.

၅၀၈။ ‘‘အထ ခေါ, ပါပိမ, ဒူသိဿ မာရဿ ဧတဒဟောသိ – ‘ဣမေသံ ခေါ အဟံ ဘိက္ခူနံ သီလဝန္တာနံ ကလျာဏဓမ္မာနံ နေဝ ဇာနာမိ အာဂတိံ ဝါ ဂတိံ ဝါ။ ယံနူနာဟံ ဗြာဟ္မဏဂဟပတိကေ အနွာဝိသေယျံ – ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ အက္ကောသထ ပရိဘာသထ ရောသေထ ဝိဟေသေထ။ အပ္ပေဝ နာမ တုမှေဟိ အက္ကောသိယမာနာနံ ပရိဘာသိယမာနာနံ ရောသိယမာနာနံ ဝိဟေသိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရ’န္တိ။ အထ ခေါ တေ, ပါပိမ, ဒူသီ မာရော ဗြာဟ္မဏဂဟပတိကေ အနွာဝိသိ – ‘ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ အက္ကောသထ ပရိဘာသထ ရောသေထ ဝိဟေသေထ။ အပ္ပေဝ နာမ တုမှေဟိ အက္ကောသိယမာနာနံ ပရိဘာသိယမာနာနံ ရောသိယမာနာနံ ဝိဟေသိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရ’န္တိ။

‘‘အထ ခေါ တေ, ပါပိမ, ဗြာဟ္မဏဂဟပတိကာ အနွာဝိသိဋ္ဌာ ဒူသိနာ မာရေန ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ အက္ကောသန္တိ ပရိဘာသန္တိ ရောသေန္တိ ဝိဟေသေန္တိ – ‘ဣမေ ပန မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကိဏှာ [ကဏှာ (သျာ။ ကံ။ က။)] ဗန္ဓုပါဒါပစ္စာ ‘‘ဈာယိနောသ္မာ ဈာယိနောသ္မာ’’တိ ပတ္တက္ခန္ဓာ အဓောမုခါ မဓုရကဇာတာ ဈာယန္တိ ပဇ္ဈာယန္တိ နိဇ္ဈာယန္တိ အပဇ္ဈာယန္တိ။ သေယျထာပိ နာမ ဥလူကော ရုက္ခသာခါယံ မူသိကံ မဂ္ဂယမာနော ဈာယတိ ပဇ္ဈာယတိ နိဇ္ဈာယတိ အပဇ္ဈာယတိ၊ ဧဝမေဝိမေ မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကိဏှာ ဗန္ဓုပါဒါပစ္စာ ‘‘ဈာယိနောသ္မာ ဈာယိနောသ္မာ’’တိ ပတ္တက္ခန္ဓာ အဓောမုခါ မဓုရကဇာတာ ဈာယန္တိ ပဇ္ဈာယန္တိ နိဇ္ဈာယန္တိ အပဇ္ဈာယန္တိ။ သေယျထာပိ နာမ ကောတ္ထု နဒီတီရေ မစ္ဆေ မဂ္ဂယမာနော ဈာယတိ ပဇ္ဈာယတိ နိဇ္ဈာယတိ အပဇ္ဈာယတိ၊ ဧဝမေဝိမေ မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကိဏှာ ဗန္ဓုပါဒါပစ္စာ ‘‘ဈာယိနောသ္မာ ဈာယိနောသ္မာ’’တိ ပတ္တက္ခန္ဓာ အဓောမုခါ မဓုရကဇာတာ ဈာယန္တိ ပဇ္ဈာယန္တိ နိဇ္ဈာယန္တိ အပဇ္ဈာယန္တိ။ သေယျထာပိ နာမ ဗိဠာရော သန္ဓိသမလသင်္ကဋီရေ မူသိကံ မဂ္ဂယမာနော ဈာယတိ ပဇ္ဈာယတိ နိဇ္ဈာယတိ အပဇ္ဈာယတိ၊ ဧဝမေဝိမေ မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကိဏှာ ဗန္ဓုပါဒါပစ္စာ ‘‘ဈာယိနောသ္မာ ဈာယိနောသ္မာ’’တိ ပတ္တက္ခန္ဓာ အဓောမုခါ မဓုရကဇာတာ ဈာယန္တိ ပဇ္ဈာယန္တိ နိဇ္ဈာယန္တိ အပဇ္ဈာယန္တိ။ သေယျထာပိ နာမ ဂဒြဘော ဝဟစ္ဆိန္နော သန္ဓိသမလသင်္ကဋီရေ ဈာယတိ ပဇ္ဈာယတိ နိဇ္ဈာယတိ အပဇ္ဈာယတိ, ဧဝမေဝိမေ မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကိဏှာ ဗန္ဓုပါဒါပစ္စာ ‘‘ဈာယိနောသ္မာ ဈာယိနောသ္မာ’’တိ ပတ္တက္ခန္ဓာ အဓောမုခါ မဓုရကဇာတာ ဈာယန္တိ ပဇ္ဈာယန္တိ နိဇ္ဈာယန္တိ အပဇ္ဈာယန္တီ’’တိ။

‘‘ယေ ခေါ ပန, ပါပိမ, တေန သမယေန မနုဿာ ကာလင်္ကရောန္တိ ယေဘုယျေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ။

၅၀၈။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်အား “ငါသည် ဤစောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့၏ ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည် လာကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဥ်းဆဲကုန်လော့။ သင်တို့ အဆဲရေး အရေရွတ်အခြုတ်ခြယ် အညှဥ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန်ကောင်းရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့်လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို “သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဥ်းဆဲကုန်လော့။ သင်တို့ ဆဲရေး ရေရွတ်ခြုတ်ခြယ် ညှဥ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန်ရာ၏၊ ယင်းအကြောင့်ကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။ မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ်ရှင်တို့သည် ဒူသီမာရ်နတ် အလှည့်အပတ် ခံရကုန်၍ စောင့်စည်းမှုသီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို “အောက်တန်းစားဖြစ်ကုန်သောမည်းညစ်သောသဘော ရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့ တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက်မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြ ကုန်၏။ ဥပမာသော်ကား ခင်ပုပ်ငှက်သည် သစ်ကိုင်း၌ ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင် အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သောသဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။ ဥပမာသော်ကား မြေခွေးသည် မြစ်ကမ်း၌ ငါးတို့ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင်လျှင် အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘော့ရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။ ဥပမာသော်ကား ကြောင်သည် အိမ် (ခြံ) စပ် မစင်အညစ်အကြေးထွက်ရာမြောင်း အမှိုက်စွန့်ရာ၌ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင်လျှင်အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သောဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။ ဥပမာသော်ကား မြည်းသည် ကျောက်ကုန်းပေါက်သော် အိမ်ခြံစပ် မစင်အညစ်အကြေးထွက်ရာ မြောင်းအမှိုက်စွန့်ရာ၌ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံံမှိုင်၏၊ ထိုမှ ဤမှကြံမှိုင်၏။ ဤအတူပင်လျှင်အောက်တန်း စားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ ဖြစ်ကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏” ဟု ဆဲရေးကုန်၏၊ ရေရွတ်ကုန်၏၊ ချုတ်ချယ် ကုန်၏၊ ညှဥ်းဆဲကုန်၏။ မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ချမ်းသာမရှိသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရကုန်၏။

Then it occurred to Māra Dūsī, ‘I don’t know the course of rebirth of these ethical mendicants of good character. Why don’t I take possession of these brahmins and householders and say, “Come, all of you, abuse, attack, harass, and trouble the ethical mendicants of good character. Hopefully by doing this we can upset their minds so that Māra Dūsī can find a vulnerability.”’ And that’s exactly what he did. Then those brahmins and householders abused, attacked, harassed, and troubled the ethical mendicants of good character: ‘These shavelings, fake ascetics, primitives, black spawn from the feet of our kinsman, say, “We practice absorption meditation! We practice absorption meditation!” Shoulders drooping, downcast, and dopey, they meditate and concentrate and contemplate and ruminate. They’re just like an owl on a branch, which meditates and concentrates and contemplates and ruminates as it hunts a mouse. They’re just like a jackal on a river-bank, which meditates and concentrates and contemplates and ruminates as it hunts a fish. They’re just like a cat by an alley or a drain or a dustbin, which meditates and concentrates and contemplates and ruminates as it hunts a mouse. They’re just like an unladen donkey by an alley or a drain or a dustbin, which meditates and concentrates and contemplates and ruminates. In the same way, these shavelings, fake ascetics, primitives, black spawn from the feet of our kinsman, say, “We practice absorption meditation! We practice absorption meditation!” Shoulders drooping, downcast, and dopey, they meditate and concentrate and contemplate and ruminate.’ Most of the people who died at that time—when their body broke up, after death—were reborn in a place of loss, a bad place, the underworld, hell.

စာ-၄၁၁

၅၀၉။ ‘‘အထ ခေါ, ပါပိမ, ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘိက္ခူ အာမန္တေသိ – ‘အနွာဝိဋ္ဌာ ခေါ, ဘိက္ခဝေ, ဗြာဟ္မဏဂဟပတိကာ ဒူသိနာ မာရေန – ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ အက္ကောသထ ပရိဘာသထ ရောသေထ ဝိဟေသေထ, အပ္ပေဝ နာမ တုမှေဟိ အက္ကောသိယမာနာနံ ပရိဘာသိယမာနာနံ ရောသိယမာနာနံ ဝိဟေသိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရ’န္တိ။ ဧထ, တုမှေ, ဘိက္ခဝေ, မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရထ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရထ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရထ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရထာ’တိ။

‘‘အထ ခေါ တေ, ပါပိမ, ဘိက္ခူ ကကုသန္ဓေန ဘဂဝတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧဝံ ဩဝဒိယမာနာ ဧဝံ အနုသာသိယမာနာ အရညဂတာပိ ရုက္ခမူလဂတာပိ သုညာဂါရဂတာပိ မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရိံသု, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိံသု။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရိံသု, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိံသု။

၅၀၉။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ “ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို ဒူသီမာရ်နတ်သည် သင်တို့ လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဥ်းဆဲကုန်လော့။ သင်တို့အဆဲရေး အရေရွတ် အခြုတ်ခြယ် အညှဥ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည်ဖြစ်ကောင်းတန် ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကိုရနိုင်တန်ရာ၏ ဟူသော ရည်ရွယ် ချက်ဖြင့် လှည့်ပတ်၏။ ရဟန်းတို့ သင်တို့သည် လာကုန်လော့၊ မေတ္တာနှင့်ယှဥ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေကုန်လော့။ ကရုဏာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဥ်သော စိတ်ဖြင့်တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဥ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့” ဟု (မိန့်တော်မူ၏)။ မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆိုဆုံးမ သွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ထို့အတူနှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်,အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။ ကရုဏာနှင့်ယှဥ်သောစိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဥ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ,အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် တူစွာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြတ်သော အပိုင်း အခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဥ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

Then Kakusandha the Blessed One, the perfected one, the fully awakened Buddha, addressed the mendicants: ‘Mendicants, the brahmins and householders have been possessed by Māra Dūsī. He told them to abuse you in the hope of upsetting your minds so that he can find a vulnerability. Come, all of you mendicants, meditate spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. Meditate spreading a heart full of compassion … Meditate spreading a heart full of rejoicing … Meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will.’ When those mendicants were instructed and advised by the Buddha Kakusandha in this way, they went to a wilderness, or to the root of a tree, or to an empty hut, where they meditated spreading a heart full of love … compassion … rejoicing … equanimity.

၅၁၀။ ‘‘အထ ခေါ, ပါပိမ, ဒူသိဿ မာရဿ ဧတဒဟောသိ – ‘ဧဝမ္ပိ ခေါ အဟံ ကရောန္တော ဣမေသံ ဘိက္ခူနံ သီလဝန္တာနံ ကလျာဏဓမ္မာနံ နေဝ ဇာနာမိ အာဂတိံ ဝါ ဂတိံ ဝါ, ယံနူနာဟံ ဗြာဟ္မဏဂဟပတိကေ အနွာဝိသေယျံ – ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ သက္ကရောထ ဂရုံ ကရောထ မာနေထ ပူဇေထ, အပ္ပေဝ နာမ တုမှေဟိ သက္ကရိယမာနာနံ ဂရုကရိယမာနာနံ မာနိယမာနာနံ ပူဇိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရ’န္တိ။ အထ ခေါ တေ, ပါပိမ, ဒူသီ မာရော ဗြာဟ္မဏဂဟပတိကေ အနွာဝိသိ – ‘ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ သက္ကရောထ ဂရုံ ကရောထ မာနေထ ပူဇေထ, အပ္ပေဝ နာမ တုမှေဟိ သက္ကရိယမာနာနံ ဂရုကရိယမာနာနံ မာနိယမာနာနံ ပူဇိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရ’န္တိ။ အထ ခေါ တေ, ပါပိမ, ဗြာဟ္မဏဂဟပတိကာ အနွာဝိဋ္ဌာ ဒူသိနာ မာရေန ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ သက္ကရောန္တိ ဂရုံ ကရောန္တိ မာနေန္တိ ပူဇေန္တိ။

‘‘ယေ ခေါ ပန, ပါပိမ, တေန သမယေန မနုဿာ ကာလင်္ကရောန္တိ ယေဘုယျေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။

၅၁၀။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်အား- “ငါသည် ဤသို့ပြုလျက်လည်း အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ဤရဟန်းတို့၏ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည်လာကုန် လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာပြုကုန်လော့၊ လေး စားခြင်းကို ပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ကောင်းစွာအပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်း အကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကိုရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်လော့၊ လေးစားခြင်းကိုပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာအပြု အလေးအစား အမြတ်နိုးအပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏ ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။ မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ့်ရှင်တို့သည် ဒူသီမာရ်နတ် အလှည့်အပတ်ခံရကုန်၍ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏။ မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှှနောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်လောကသို့ ရောက်ရကုန်၏။

Then it occurred to Māra Dūsī, ‘Even when I do this I don’t know the course of rebirth of these ethical mendicants of good character. Why don’t I take possession of these brahmins and householders and say, “Come, all of you, honor, respect, esteem, and venerate the ethical mendicants of good character. Hopefully by doing this we can upset their minds so that Māra Dūsī can find a vulnerability.”’ And that’s exactly what he did. Then those brahmins and householders honored, respected, esteemed, and venerated the ethical mendicants of good character. Most of the people who died at that time—when their body broke up, after death—were reborn in a good place, a heavenly realm.

၅၁၁။ ‘‘အထ ခေါ, ပါပိမ, ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘိက္ခူ အာမန္တေသိ – ‘အနွာဝိဋ္ဌာ ခေါ, ဘိက္ခဝေ, ဗြာဟ္မဏဂဟပတိကာ ဒူသိနာ မာရေန – ဧထ, တုမှေ ဘိက္ခူ သီလဝန္တေ ကလျာဏဓမ္မေ သက္ကရောထ ဂရုံ ကရောထ မာနေထ ပူဇေထ, အပ္ပေဝ နာမ တုမှေဟိ သက္ကရိယမာနာနံ ဂရုကရိယမာနာနံ မာနိယမာနာနံ ပူဇိယမာနာနံ သိယာ စိတ္တဿ အညထတ္တံ, ယထာ တံ ဒူသီ မာရော လဘေထ ဩတာရန္တိ။ ဧထ, တုမှေ, ဘိက္ခဝေ, အသုဘာနုပဿိနော ကာယေ ဝိဟရထ, အာဟာရေ ပဋိကူလသညိနော, သဗ္ဗလောကေ အနဘိရတိသညိနော [အနဘိရတသညီနော (သီ။ သျာ။ ကံ။ ပီ။)], သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿိနော’တိ။

‘‘အထ ခေါ တေ, ပါပိမ, ဘိက္ခူ ကကုသန္ဓေန ဘဂဝတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧဝံ ဩဝဒိယမာနာ ဧဝံ အနုသာသိယမာနာ အရညဂတာပိ ရုက္ခမူလဂတာပိ သုညာဂါရဂတာပိ အသုဘာနုပဿိနော ကာယေ ဝိဟရိံသု, အာဟာရေ ပဋိကူလသညိနော, သဗ္ဗလောကေ အနဘိရတိသညိနော, သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿိနော။

၅၁၁။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရဟန်းတို့ကို- “ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို ဒူသီမာရ်နတ်သည် သင်တို့သည် လာကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာ ပြုကုန်လော့၊ လေးစားကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာအပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏ ဟူသော ရည့်ရွယ်ချက်ဖြင့် လှည့်ပတ်၏။ ရဟန်းတို့ သင်တို့သည် လာကုန်လော့၊ ကိုယ်၌ မတင့်တယ်ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက်အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန်လျက် အလုံးစုံသော လောက၌ ပျော်မွေ့ဖွယ်မရှိဟုအမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက်နေကုန်လော့” ဟု မိန့်တော်မူ၏။ မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆုံးမသွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း ကိုယ်၌ မတင့်တယ်ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက် အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန်လျက် အလုံးစုံသော လောက၌ ပျော်မွေ့ဖွယ်မရှိဟု အမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲခြင်းကို အကြိမ်ကြိမ် ရှုမြင်ကုန်လျက် နေကုန်၏။

Then Kakusandha the Blessed One, the perfected one, the fully awakened Buddha, addressed the mendicants: ‘Mendicants, the brahmins and householders have been possessed by Māra Dūsī. He told them to venerate you in the hope of upsetting your minds so that he can find a vulnerability. Come, all you mendicants, meditate observing the ugliness of the body, perceiving the repulsiveness of food, perceiving dissatisfaction with the whole world, and observing the impermanence of all conditions.’ When those mendicants were instructed and advised by the Buddha Kakusandha in this way, they went to a wilderness, or to the root of a tree, or to an empty hut, where they meditated observing the ugliness of the body, perceiving the repulsiveness of food, perceiving dissatisfaction with the whole world, and observing the impermanence of all conditions.

၅၁၂။ ‘‘အထ ခေါ, ပါပိမ, ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ အာယသ္မတာ ဝိဓုရေန ပစ္ဆာသမဏေန ဂါမံ ပိဏ္ဍာယ ပါဝိသိ။ အထ ခေါ, ပါပိမ, ဒူသီ မာရော အညတရံ ကုမာရကံ [ကုမာရံ (သီ။ ပီ။)] အနွာဝိသိတွာ သက္ခရံ ဂဟေတွာ အာယသ္မတော ဝိဓုရဿ သီသေ ပဟာရမဒါသိ၊ သီသံ ဝေါဘိန္ဒိ [သီသံ တေ ဘိန္ဒိဿာမီတိ (က။)]။ အထ ခေါ, ပါပိမ, အာယသ္မာ ဝိဓုရော ဘိန္နေန သီသေန လောဟိတေန ဂဠန္တေန ကကုသန္ဓံယေဝ ဘဂဝန္တံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓိ။ အထ ခေါ, ပါပိမ, ကကုသန္ဓော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ နာဂါပလောကိတံ အပလောကေသိ – ‘န ဝါယံ ဒူသီ မာရော မတ္တမညာသီ’တိ။ သဟာပလောကနာယ စ ပန, ပါပိမ, ဒူသီ မာရော တမှာ စ ဌာနာ စဝိ မဟာနိရယဉ္စ ဥပပဇ္ဇိ။

‘‘တဿ ခေါ ပန, ပါပိမ, မဟာနိရယဿ တယော နာမဓေယျာ ဟောန္တိ – ဆဖဿာယတနိကော ဣတိပိ, သင်္ကုသမာဟတော ဣတိပိ, ပစ္စတ္တဝေဒနိယော ဣတိပိ။ အထ ခေါ မံ, ပါပိမ, နိရယပါလာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ယဒါ ခေါ တေ [ယတော တေ (က။)], မာရိသ, သင်္ကုနာ သင်္ကု ဟဒယေ သမာဂစ္ဆေယျ။ အထ နံ တွံ ဇာနေယျာသိ – ‘ဝဿသဟဿံ မေ နိရယေ ပစ္စမာနဿာ’တိ။ သော ခေါ အဟံ, ပါပိမ, ဗဟူနိ ဝဿာနိ ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ တသ္မိံ မဟာနိရယေ အပစ္စိံ။ ဒသဝဿသဟဿာနိ တဿေဝ မဟာနိရယဿ ဥဿဒေ အပစ္စိံ ဝုဋ္ဌာနိမံ နာမ ဝေဒနံ ဝေဒိယမာနော။ တဿ မယှံ, ပါပိမ, ဧဝရူပေါ ကာယော ဟောတိ, သေယျထာပိ မနုဿဿ။ ဧဝရူပံ သီသံ ဟောတိ, သေယျထာပိ မစ္ဆဿ။

၅၁၂။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူဆောင်ပြီးလျှင် နောက်လိုက်ရဟန်း အသျှင်ဝိဓုရနှင့် (အတူ) ရွာသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် သူငယ်တစ်ယောက်ကို ပူးဝင်၍ ကျောက်ခဲကို ကောက်ယူလျက်အသျှင်ဝိဓုရ၏ ဦးခေါင်း၌ ပစ်ခတ်၏၊ ဦးခေါင်းသည် ကွဲလေပြီ။ မာရ်နတ် ထိုအခါ အသျှင်ဝိဓုရသည်သွေးယိုကျသော ဦးခေါင်းရှိသည် ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရား၏ နောက်မှ နောက်မှသာလျှင် အစဥ်လိုက်၏။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် “ဤဒူသီမာရ်နတ်ကား အတိုင်းအရှည်ကို မသိ” ဟု နှလုံးပြုကာဆင် (ပြောင်) ကြည့်သကဲ့သို့ လှည့်ကြည့်တော်မူ၏။ ကြည့်တော်မူသည်နှင့် တစ်ပြိုင်နက်ပင်ဒူသီမာရ်နတ်သည် ထိုတည်ရာနတ်လောကမှ ရွေ့လျော၏၊ ငရဲကြီးသို့လည်း ရောက်ရ၏။ မာရ်နတ် ထိုငရဲကြီး၏ ဆဖဿာယတနိကဟူ၍လည်းကောင်း၊ သင်္ကုသမာဟတဟူ၍လည်းကောင်း၊ ပစ္စတ္တဝေဒနီယဟူ၍လည်းကောင်း အမည် သုံးမျိုးတို့သည် ဖြစ်ကုန်၏။ မာရ်နတ် ထိုအခါ ငရဲစောင့်တို့သည် ငါ့ထံသို့ ချဥ်းကပ်၍ “အချင်း သင့်နှလုံး၌ သံတံကျင်တစ်ခုနှင့် သံတံကျင်တစ်ခုသည် ပေါင်းဆုံမိသောအခါ အနှစ်တစ် ထောင်ပတ်လုံး ငါသည် ထိုငရဲ၌ ကျက်၏ဟု သင်သိလော့” ဟု ဆိုကုန်၏။ မာရ်နတ် ထိုငါသည် များစွာကုန်သော နှစ်တို့ပတ်လုံး များစွာကုန်သော နှစ်အရာတို့ပတ်လုံး များစွာကုန်သော နှစ်အထောင်တို့ပတ်လုံး ထိုငရဲကြီး၌ ကျက်ခဲ့ရပြီ။ အနှစ်တစ်သောင်းတို့ပတ်လုံး ထိုငရဲကြီး၏ (အနီးရှိ) ဥဿဒငရဲငယ်၌သာလျှင် နောက်ပိတ်ဆုံး ခံစားခြင်းမည်သည်ကို ခံစားလျက်ကျက်ခဲ့ရပြီ။ မာရ်နတ် ထိုငါ့အား လူ၏ကိုယ်ကဲ့သို့သော ကိုယ်သည် ဖြစ်၏၊ ငါး၏ ဦးခေါင်းကဲ့သို့သော ဦးခေါင်းသည်လည်း ဖြစ်၏။

Then the Buddha Kakusandha robed up in the morning and, taking this bowl and robe, entered the village for alms with Venerable Vidhura as his second monk. Then Māra Dūsī took possession of a certain boy, picked up a rock, and hit Vidhura on the head, cracking it open. Then Vidhura, with blood pouring from his cracked skull, still followed behind the Buddha Kakusandha. Then the Buddha Kakusandha turned to gaze back, the way that elephants do, saying, ‘This Māra Dūsī knows no limit.’ And as he was gazing, Māra Dūsī fell from that place and was reborn in the Great Hell. Now that Great Hell is known by three names: ‘Related to the Six Fields of Contact’ and also ‘The Impaling With Spikes’ and also ‘Uniquely Painful’. Then the wardens of hell came to me and said, ‘When spike meets spike in your heart, you will know that you’ve been roasting in hell for a thousand years.’ I roasted for many years, many centuries, many millennia in that Great Hell. For ten thousand years I roasted in the annex of that Great Hell, experiencing the pain called ‘this is emergence’. My body was in human form, but I had the head of a fish.

၅၁၃။ ‘‘ကီဒိသော နိရယော အာသိ, ယတ္ထ ဒူသီ အပစ္စထ၊

ဝိဓုရံ သာဝကမာသဇ္ဇ, ကကုသန္ဓဉ္စ ဗြာဟ္မဏံ။

‘‘သတံ အာသိ အယောသင်္ကူ, သဗ္ဗေ ပစ္စတ္တဝေဒနာ၊

ဤဒိသော နိရယော အာသိ, ယတ္ထ ဒူသီ အပစ္စထ၊

ဝိဓုရံ သာဝကမာသဇ္ဇ, ကကုသန္ဓဉ္စ ဗြာဟ္မဏံ။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘မဇ္ဈေ သရဿ တိဋ္ဌန္တိ, ဝိမာနာ ကပ္ပဋ္ဌာယိနော၊

ဝေဠုရိယဝဏ္ဏာ ရုစိရာ, အစ္စိမန္တော ပဘဿရာ၊

အစ္ဆရာ တတ္ထ နစ္စန္တိ, ပုထု နာနတ္တဝဏ္ဏိယော။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘ယော ဝေ ဗုဒ္ဓေန စောဒိတော, ဘိက္ခု သံဃဿ ပေက္ခတော၊

မိဂါရမာတုပါသာဒံ, ပါဒင်္ဂုဋ္ဌေန ကမ္ပယိ။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘ယော ဝေဇယန္တံ ပါသာဒံ, ပါဒင်္ဂုဋ္ဌေန ကမ္ပယိ၊

ဣဒ္ဓိဗလေနုပတ္ထဒ္ဓေါ, သံဝေဇေသိ စ ဒေဝတာ။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘ယော ဝေဇယန္တပါသာဒေ, သက္ကံ သော ပရိပုစ္ဆတိ၊

အပိ ဝါသဝ ဇာနာသိ, တဏှာက္ခယဝိမုတ္တိယော၊

တဿ သက္ကော ဝိယာကာသိ, ပဉှံ ပုဋ္ဌော ယထာတထံ။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘ယော ဗြဟ္မံ ပရိပုစ္ဆတိ, သုဓမ္မာယာဘိတော သဘံ၊

အဇ္ဇာပိ တျာဝုသော ဒိဋ္ဌိ, ယာ တေ ဒိဋ္ဌိ ပုရေ အဟု၊

ပဿသိ ဝီတိဝတ္တန္တံ, ဗြဟ္မလောကေ ပဘဿရံ။

‘‘တဿ ဗြဟ္မာ ဝိယာကာသိ, အနုပုဗ္ဗံ ယထာတထံ၊

န မေ မာရိသ သာ ဒိဋ္ဌိ, ယာ မေ ဒိဋ္ဌိ ပုရေ အဟု။

‘‘ပဿာမိ ဝီတိဝတ္တန္တံ, ဗြဟ္မလောကေ ပဘဿရံ၊

သောဟံ အဇ္ဇ ကထံ ဝဇ္ဇံ, အဟံ နိစ္စောမှိ သဿတော။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘ယော မဟာမေရုနော ကူဋံ, ဝိမောက္ခေန အဖဿယိ၊

ဝနံ ပုဗ္ဗဝိဒေဟာနံ, ယေ စ ဘူမိသယာ နရာ။

‘‘ယော ဧတမဘိဇာနာတိ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

တာဒိသံ ဘိက္ခုမာသဇ္ဇ, ကဏှ ဒုက္ခံ နိဂစ္ဆသိ။

‘‘န ဝေ အဂ္ဂိ စေတယတိ [ဝေဌယတိ (သီ။)], ‘အဟံ ဗာလံ ဍဟာမီ’တိ၊

ဗာလော စ ဇလိတံ အဂ္ဂိံ, အာသဇ္ဇ နံ သ ဍယှတိ။

‘‘ဧဝမေဝ တုဝံ မာရ, အာသဇ္ဇ နံ တထာဂတံ၊

သယံ ဍဟိဿသိ အတ္တာနံ, ဗာလော အဂ္ဂိံဝ သံဖုသံ။

‘‘အပုညံ ပသဝီ မာရော, အာသဇ္ဇ နံ တထာဂတံ၊

ကိန္နု မညသိ ပါပိမ, န မေ ပါပံ ဝိပစ္စတိ။

‘‘ကရောတော စီယတိ ပါပံ, စိရရတ္တာယ အန္တက၊

မာရ နိဗ္ဗိန္ဒ ဗုဒ္ဓမှာ, အာသံ မာကာသိ ဘိက္ခုသု။

‘‘ဣတိ မာရံ အတဇ္ဇေသိ, ဘိက္ခု ဘေသကဠာဝနေ၊

တတော သော ဒုမ္မနော ယက္ခော, နတတ္ထေဝန္တရဓာယထာ’’တိ။

မာရတဇ္ဇနီယသုတ္တံ နိဋ္ဌိတံ ဒသမံ။

စူဠယမကဝဂ္ဂေါ နိဋ္ဌိတော ပဉ္စမော။

တဿုဒ္ဒါနံ –

သာလေယျ ဝေရဉ္ဇဒုဝေ စ တုဋ္ဌိ, စူဠမဟာဓမ္မသမာဒါနဉ္စ၊

ဝီမံသကာ ကောသမ္ဗိ စ ဗြာဟ္မဏော, ဒူသီ စ မာရော ဒသမော စ ဝဂ္ဂေါ။

သာလေယျဝဂ္ဂေါ နိဋ္ဌိတော ပဉ္စမော။

ဣဒံ ဝဂ္ဂါနမုဒ္ဒါနံ –

မူလပရိယာယော စေဝ, သီဟနာဒေါ စ ဥတ္တမော၊

ကကစော စေဝ ဂေါသိင်္ဂေါ, သာလေယျော စ ဣမေ ပဉ္စ။

မူလပဏ္ဏာသကံ သမတ္တံ။

၅၁၃။ ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရကိုလည်းကောင်း၊ ကကုသန္ဓမြတ်စွာဘုရားကိုလည်းကောင်း ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အဘယ်သို့သဘောရှိသော ငရဲဖြစ်သနည်း။ ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရကိုလည်းကောင်း၊ ကကုသန္ဓမြတ်စွာ ဘုရားကိုလည်းကောင်း၊ ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အရာ သော သံတံကျင်တို့ဖြင့် လျှိုသတ် (နှိပ်စက်)ခြင်းရှိ၏၊ အလုံးစုံသောသူတို့သည် အလိုလိုပင် အသီး အသီး ခံစားမှု အမျိုးအစားသဘောရှိသော ငရဲဖြစ်၏။ မာရ်နတ် ဤ (ကံ ကံ၏အကျိုး) ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာ ဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ကပ် (ကမ္ဘာ) ပတ်လုံး တည်ကုန်သော ဗိမာန်တို့သည် သမုဒြာအလယ်၌ တည် ကုန်၏၊ ကြောင်မျက်ရွဲအဆင်းကဲ့သို့ နှစ်သက်ဖွယ် ရှိကုန်၏၊ အလျှံရှိကုန်၏။ ပြိုးပြက်သော အရောင်ရှိကုန်၏၊ ထိုဗိမာန်တို့၌ များပြားသော အသီးအသီး ကိုယ် အဆင်းရှိကုန်သော နတ်သမီးတို့သည် ကကြကုန်၏။ မာရ်နတ် ဤဗိမာန်ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏ တပည့် သာဝကရဟန်းကိုထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့် မည်။ ရဟန်းသည် စင်စစ် မြတ်စွာဘုရားတိုက်တွန်းအပ်သည်ဖြစ်၍ ရဟန်းသံဃာ အပေါင်းသည်ကြည့်ရှုနေစဥ် မိဂါရသူဌေး၏အမိ ‘ဝိသာခါ’ ပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေခဲ့ပြီ။ မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ရဟန်းသည် တန်ခိုးစွမ်းအားဖြင့် ထောက်ပင့်အပ်သည်ဖြစ်၍ ဝေဇယန္တာပြာသာဒ် ကို ခြေမဖြင့်တုန်လှုပ်စေခဲ့ပြီ၊ နတ်တို့ကိုလည်း ထိတ်လန့်စေခဲ့ပြီ။ မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ရဟန်းသည် ဝေဇယန္တာပြာသာဒ်၌ သိကြား (မင်း) ကို ‘သိကြားမင်း တပ်မက်မှု ကုန်ရာလွတ်မြောက်ခြင်းတို့ကို သိသလော’ဟု မေးမြန်း၏၊ ပြဿနာအမေးခံရသော သိကြား (မင်း) သည်အမှန်အတိုင်း ထိုရဟန်းအား ဖြေကြား၏။ မာရ်နတ် ဤပြဿနာမေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ရဟန်းသည် သုဓမ္မာသဘင်အနီး၌ ဗြဟ္မာကို ‘ငါ့သျှင် သင့်အား ရှေးကဖြစ်သော အယူသည် ယခုလည်းဖြစ်သေးသလော၊ ဗြဟ္မာလောက၌ ကျော်လွန်ဖြစ်သောပြိုးပြက်သော အရောင်တော်ကိုရှုမြင်သလော’ဟု မေးမြန်း၏။ ဗြဟ္မာသည် အသျှင်မြတ် ငါ့အား ရှေးက ဖြစ်သောအယူသည် မဖြစ်တော့ပြီ၊ ဗြဟ္မလောက၌ကျော်လွန်ဖြစ်သောပြိုးပြက်သော အရောင်တော်ကို ရှုမြင်ပါ၏၊ ထိုငါသည် ယခု ငါ ‘မြဲသူမဟုတ် တည်တံ့သူမဟုတ်’ဟု ခွဲခြား၍ သိ၏ဟု ဤ အစဥ်အားလျော်စွာ အမှန်အတိုင်း ထိုရဟန်းအားဖြေကြား၏။ မာရ်နတ် ဤပြဿနာ မေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ရဟန်းသည် မြင့်မိုရ်တောင်ကြီး၏ အထွတ်ကိုလည်းကောင်း၊ တောင်ကျွန်းကိုလည်းကောင်း၊ အရှေ့ကျွန်းသူကျွန်းသားတို့၏ (နေထိုင်ရာကျွန်းကို)လည်းကောင်း၊ မြေ၌ အိပ်တတ်သူတို့၏ (နေထိုင်ရာအနောက်ကျွန်း မြောက်ကျွန်းကို)လည်း ကောင်း လွတ်မြောက်မှု (ဝိမောက္ခဈာန်အဘိညာဥ်) ဖြင့်တွေ့ထိပြီ။ မာရ်နတ် လွတ်မြောက်မှု (ဝိမောက္ခဈာန်) ဖြင့် တွေ့ထိခြင်းအကြောင်းကို ရှေးရှုသိ သော သဘောရှိသောမြတ်စွာဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ရောက်ရလိမ့်မည်။ မီးသည် စင်စစ် သူမိုက်ကိုသာ ငါလောင်မည်ဟု အားမထုတ်၊ သူမိုက်သည်သာ တောက်သော မီးကို ထိပါး (ပုတ်ခတ်) သောကြောင့် လောင်၏၊ မာရ်နတ် ဤအတူ ပင်လျှင် သင်သည် မြတ်စွာဘုရားကို့ထိပါး (ပုတ်ခတ်) သောကြောင့် မီးကို တွေ့ထိ သော သူမိုက်ကဲ့သို့ အလိုလို မိမိကိုယ်ကိုလောင်စေလိမ့်မည်။ မာရ်နတ်သည် မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်) ၍ အကုသိုလ်ပွါးများ၏၊ မာရ်နတ် အသို့နည်း၊ ယုတ်မာမှုသည် ငါ့အား အကျိုးမပေးဟု ထင်မှတ်သလော။ မာရ်နတ် ယုတ်မာမှုကိုပြုသူအား ကာလကြာမြင့်သော် ယုတ်မာမှုသည် ပွါးစီး၏၊ မာရ်နတ်မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်ခြင်း) မှငြီးငွေ့လော့၊ ရဟန်းတို့၌ (ညှဥ်းဆဲလိုသော) အာသာကိုမပြုလင့်။ ဤသို့လျှင် ရဟန်းသည် ဘေသကဠာ (ပဲစင်းခုံတော) ၌ မာရ်နတ်ကို ခြိမ်းချောက်၏၊ ထို့ကြောင့်ထိုမာရ်နတ်သည် စိတ်မကောင်းဘဲ ထိုနေရာ၌ပင်လျှင် ကွယ်လေ၏။ ဆယ်ခုမြောက် မာရတဇ္ဇနီယသုတ်ပြီး၏။ ငါးခုမြောက် စူဠယမကဝဂ်ပြီး၏။ ထိုဝဂ်၏ ဥဒ္ဒါန်းအကျဥ်းကား သာလေယျကသုတ်၊ ဝေရဉ္ဇကသုတ်၊ မဟာဝေဒလ္လသုတ်၊ စူဠဝေဒလ္လသုတ်၊ စူဠဓမ္မ သမာဒါနသုတ်၊ မဟာဓမ္မသမာဒါနသုတ်၊ ဝီမံသကသုတ်၊ ကောသမ္ဗိယ သုတ်၊ ဗြဟ္မနိမန္တနိကသုတ်၊ မာရတဇ္ဇနိယသုတ်၊ ဤဆယ်သုတ်တို့တည်း။ ငါးခုမြောက် သာလေယျဝဂ်ပြီး၏။ ဤဆိုလတ္တံ့သည်ကား ဝဂ်တို့ကို အကျဥ်းပြရာဖြစ်သော ဥဒ္ဒါန်းတည်း။ မူလပရိယာယဝဂ်၊ သီဟနာဒဝဂ်၊ ကကစူပမသုတ်လျှင်အစရှိသော ဩပမ္မဝဂ်၊ ဂေါသိင်္ဂသုတ်လျှင်အစရှိသော မဟာယမကဝဂ်၊ သာလေယျကသုတ်လျှင် အစရှိသော စူဠယမကဝဂ်အားဖြင့် ငါးပါးတို့တည်း။ မူလပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။

What kind of hell was that, where Dūsī was roasted after attacking the disciple Vidhura along with the brahmin Kakusandha? There were 100 iron spikes, each one uniquely painful. That’s the kind of hell where Dūsī was roasted after attacking the disciple Vidhura along with the brahmin Kakusandha. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. There are mansions that last an eon standing in the middle of a lake. Sapphire-colored, brilliant, they sparkle and shine. Dancing there are nymphs shining in all different colors. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. I’m the one who, urged by the Buddha, shook the stilt longhouse of Migāra’s mother with his big toe as the Saṅgha of mendicants watched. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. I’m the one who shook the Palace of Victory with his big toe owing to psychic power, inspiring deities to awe. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. I’m the one who asked Sakka in the Palace of Victory: ‘Vāsava, I hope you recall the one who is freed <j>through the ending of craving?’ And I’m the one to whom Sakka admitted the truth when asked. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. I’m the one who asked the Divinity in the Hall of Clear Right before the assembly: ‘Respectable sir, do you still have the same view that you had in the past? Or do you see the radiance surpassing the realm of divinity?’ And I’m the one to whom the Divinity truthfully admitted his progress: ‘Good fellow, I don’t have that view that I had in the past. I see the radiance surpassing the realm of divinity. So how could I say today that I am permanent and eternal?’ Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. I’m the one who touched the peak of Mount Meru using the power of meditative liberation. I’ve visited the forests of the people who dwell in the land east of Videha. Dark One, if you attack a mendicant who directly knows this, a disciple of the Buddha, you’ll fall into suffering. Though a fire doesn’t think, ‘I’ll burn the fool!’ Still the fool who attacks the fire gets burnt. In the same way, Māra, in attacking the Realized One, you’ll only burn yourself, like a fool touching the flames. Māra’s done a bad thing in attacking the Realized One. Wicked One, do you imagine that your wickedness won’t bear fruit? Your deeds heap up wickedness that will last a long time, terminator! Give up on the Buddha, Māra! And hold no hope for the mendicants!” That is how, in the Bhesekaḷā grove, the mendicant warned Māra. That spirit, downcast, disappeared right there.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 4. Mahāyamakavaggo (Suttapiṭaka, Majjhimanikāya, Mūlapaṇṇāsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#108
  2. Vipassana Research Institute. (n.d.). 5. Cūḷayamakavaggo (Suttapiṭaka, Majjhimanikāya, Mūlapaṇṇāsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#109