ဥပရိပဏ္ဏာသပါဠိ မူလပါဠိတော်
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၂၉၁။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သတ္တာနံ ဝိဟေဌကဇာတိကော ဟောတိ, ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဗဝှါဗာဓော ဟောတိ။ ဗဝှါဗာဓသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – သတ္တာနံ ဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သတ္တာနံ အဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ အပ္ပါဗာဓော ဟောတိ။ အပ္ပါဗာဓသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – သတ္တာနံ အဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။
၂၉၁။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဥ်းဆဲလေ့ရှိ၏။ ထိုသတ္တဝါတို့ကို ညှဥ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါ များ၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်း ကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဥ်းဆဲလေ့ရှိခြင်းသည် အနာ ရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဥ်းဆဲလေ့မရှိ။ ထိုသတ္တဝါတို့ကို ညှဥ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင့်းသတ္တဝါတို့ကို ညှဥ်းဆဲလေ့မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)
Take some woman or man who habitually hurts living creatures with a fist, stone, rod, or sword. Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re sickly … But take some woman or man who would never hurt living creatures with a fist, stone, rod, or sword. Because of undertaking such deeds, after death they’re reborn in a heavenly realm … or if they return to the human realm, they’re healthy …
၂၉၂။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ကောဓနော ဟောတိ ဥပါယာသဗဟုလော။ အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိဋ္ဌီယတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဒုဗ္ဗဏ္ဏော ဟောတိ။ ဒုဗ္ဗဏ္ဏသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိဋ္ဌီယတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အက္ကောဓနော ဟောတိ အနုပါယာသဗဟုလော၊ ဗဟုမ္ပိ ဝုတ္တော သမာနော နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိဋ္ဌီယတိ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ပါသာဒိကော ဟောတိ။ ပါသာဒိကသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – အက္ကောဓနော ဟောတိ အနုပါယာသဗဟုလော၊ ဗဟုမ္ပိ ဝုတ္တော သမာနော နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိဋ္ဌီယတိ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။
၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထိုဒေါသကြီးသူ သည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏၊ လုလင် အမျက်ဒေါသထွက်ခြင်း ပြင်းစွာပင်ပန်းမှုများခြင်း အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကိုဆိုသည်ရှိ သော် လွန်စွာ စွဲမြဲငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးခြင်း ရှေးရှုတည်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြုခြင်းသည် အရုပ်ဆိုးခြင်း ကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြမြဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်စုံ သော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာအမျိုး၌ လှပသောအဆင်းရှိ၏၊ လုလင် အမျက်ထွက်လေ့မရှိခြင်း ပြင်းစွာပင်ပန်းမှုမများ ခြင်း မနှစ်သက်ဖွယ်စကားကို များစွာဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက်မထွက်ခြင်း မဖျက်ဆီးခြင်း ရှေးရှုမတည်ခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မနှစ် သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုခြင်းသည် လှပသောအဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)
Take some woman or man who is irritable and bad-tempered. Even when lightly criticized they lose their temper, becoming annoyed, hostile, and hard-hearted, and displaying annoyance, hate, and bitterness. Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re ugly … But take some woman or man who isn’t irritable and bad-tempered. Even when heavily criticized, they don’t lose their temper, become annoyed, hostile, and hard-hearted, or display annoyance, hate, and bitterness. Because of undertaking such deeds, after death they’re reborn in a heavenly realm … or if they return to the human realm, they’re lovely …
၂၉၃။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ဣဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ အပ္ပေသက္ခော ဟောတိ။ အပ္ပေသက္ခသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – ဣဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အနိဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ မဟေသက္ခော ဟောတိ။ မဟေသက္ခသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – အနိဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ။
၂၉၃။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဥ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြည့်စုံသော ဤသို မှားယွင်းစွာဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံနည်း၏၊ လုလင် ငြူစူခြင်းနှင့် ယှဥ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်းအစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့နှောင်ခြင်းသည် အခြံအရံမရှိခြင်းကို ဖြစ်စေတတ် သော အကျင့်တည်း။ (၄) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဥ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင့်းပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံများ၏၊ လုလင် မငြူစူ ခြင်းနှင့်ယှဥ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေးမပြစ်မှားခြင်း ငြူစူခြင်းကို မဖွဲ့ နှောင်ခြင်းသည် အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)
Take some woman or man who is jealous. They envy, resent, and begrudge the possessions, honor, respect, reverence, homage, and veneration given to others. Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re insignificant … But take some woman or man who is not jealous … Because of undertaking such deeds, after death they’re reborn in a heavenly realm … or if they return to the human realm, they’re illustrious …
၂၉၄။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ အပ္ပဘောဂေါ ဟောတိ။ အပ္ပဘောဂသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ မဟာဘောဂေါ ဟောတိ။ မဟာဘောဂသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။
၂၉၄။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဥ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာနည်း၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဥ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဥ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဥ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများ ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)
Take some woman or man who doesn’t give to ascetics or brahmins such things as food, drink, clothing, vehicles; garlands, fragrance, and makeup; and bed, house, and lighting. Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re poor … But take some woman or man who does give to ascetics or brahmins … Because of undertaking such deeds, after death they’re reborn in a heavenly realm … or if they return to the human realm, they’re rich …
၂၉၅။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ထဒ္ဓေါ ဟောတိ အတိမာနီ – အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ, ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ, အာသနာရဟဿ န အာသနံ ဒေတိ, မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ, သက္ကာတဗ္ဗံ န သက္ကရောတိ, ဂရုကာတဗ္ဗံ န ဂရုကရောတိ, မာနေတဗ္ဗံ န မာနေတိ, ပူဇေတဗ္ဗံ န ပူဇေတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ နီစကုလီနော ဟောတိ။ နီစကုလီနသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – ထဒ္ဓေါ ဟောတိ အတိမာနီ၊ အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ, ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ, အာသနာရဟဿ န အာသနံ ဒေတိ, မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ, သက္ကာတဗ္ဗံ န သက္ကရောတိ, ဂရုကာတဗ္ဗံ န ဂရုကရောတိ, မာနေတဗ္ဗံ န မာနေတိ, ပူဇေတဗ္ဗံ န ပူဇေတိ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ၊ အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ, ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ, အာသနာရဟဿ အာသနံ ဒေတိ, မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ, သက္ကာတဗ္ဗံ သက္ကရောတိ, ဂရုကာတဗ္ဗံ ဂရုကရောတိ, မာနေတဗ္ဗံ မာနေတိ, ပူဇေတဗ္ဗံ ပူဇေတိ။ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဥစ္စာကုလီနော ဟောတိ။ ဥစ္စာကုလီနသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ၊ အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ, ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ, အာသနာရဟဿ အာသနံ ဒေတိ, မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ, သက္ကာတဗ္ဗံ သက္ကရောတိ, ဂရုကာတဗ္ဗံ ဂရုကရောတိ, မာနေတဗ္ဗံ မာနေတိ, ပူဇေတဗ္ဗံ ပူဇေတိ။
၂၉၅။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏၊ လုလင် ထိုခက်ထန်ခြင်း ထောင်လွှားတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း အလေးပြုထိုက်သူကို အလေးမပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို့မပူဇော်ခြင်းသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့် တည်း။ (၆) လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။ အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုး မြတ်၏၊ လုလင် ထိုမခက်ထန်ခြင်း မထောင်လွှားခြင်း မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီးဦးကြိုဆို ထိုက်သူကို ခရီးဦးကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)
Take some woman or man who is obstinate and arrogant. They don’t bow to those they should bow to. They don’t rise up for them, offer them a seat, make way for them, or honor, respect, esteem, or venerate those who are worthy of such. Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re reborn in a low class family … But take some woman or man who is not obstinate and arrogant … Because of undertaking such deeds, after death they’re reborn in a heavenly realm … or if they return to the human realm, they’re reborn in an eminent family …
၂၉၆။ ‘‘ဣဓ, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ န ပရိပုစ္ဆိတာ ဟောတိ – ‘ကိံ, ဘန္တေ, ကုသလံ, ကိံ အကုသလံ၊ ကိံ သာဝဇ္ဇံ, ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ, ကိံ န သေဝိတဗ္ဗံ၊ ကိံ မေ ကရီယမာနံ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ, ကိံ ဝါ ပန မေ ကရီယမာနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတီ’တိ? သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဒုပ္ပညော ဟောတိ။ ဒုပ္ပညသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ န ပရိပုစ္ဆိတာ ဟောတိ – ‘ကိံ, ဘန္တေ, ကုသလံ, ကိံ အကုသလံ၊ ကိံ သာဝဇ္ဇံ, ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ, ကိံ န သေဝိတဗ္ဗံ၊ ကိံ မေ ကရီယမာနံ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ, ကိံ ဝါ ပန မေ ကရီယမာနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတီ’’တိ။
‘‘ဣဓ ပန, မာဏဝ, ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ ပရိပုစ္ဆိတာ ဟောတိ – ‘ကိံ, ဘန္တေ, ကုသလံ, ကိံ အကုသလံ၊ ကိံ သာဝဇ္ဇံ, ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ, ကိံ န သေဝိတဗ္ဗံ၊ ကိံ မေ ကရီယမာနံ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ, ကိံ ဝါ ပန မေ ကရီယမာနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတီ’တိ? သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, သစေ မနုဿတ္တံ အာဂစ္ဆတိ ယတ္ထ ယတ္ထ ပစ္စာဇာယတိ မဟာပညော ဟောတိ။ မဟာပညသံဝတ္တနိကာ ဧသာ, မာဏဝ, ပဋိပဒါ ယဒိဒံ – သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ ပရိပုစ္ဆိတာ ဟောတိ – ‘ကိံ, ဘန္တေ, ကုသလံ, ကိံ အကုသလံ၊ ကိံ သာဝဇ္ဇံ, ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ, ကိံ န သေဝိတဗ္ဗံ၊ ကိံ မေ ကရီယမာနံ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ, ကိံ ဝါ ပန မေ ကရီယမာနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတီ’’တိ။
၂၉၆။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကိုမပြု၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရား သည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ် သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ ပညာကြီး၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် “အသျှင် ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းမှုပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)
Take some woman or man who doesn’t approach an ascetic or brahmin to ask: ‘Sir, what is skillful and what is unskillful? What is blameworthy and what is blameless? What should be cultivated and what should not be cultivated? What kind of action will lead to my lasting harm and suffering? Or what kind of action will lead to my lasting welfare and happiness?’ Because of undertaking such deeds, after death they’re reborn in a place of loss … or if they return to the human realm, they’re witless … But take some woman or man who does approach an ascetic or brahmin to ask: ‘Sir, what is skillful and what is unskillful? What is blameworthy and what is blameless? What should be cultivated and what should not be cultivated? What kind of action will lead to my lasting harm and suffering? Or what kind of action will lead to my lasting welfare and happiness?’ Because of undertaking such deeds, when their body breaks up, after death, they’re reborn in a good place, a heavenly realm. If they’re not reborn in a heavenly realm, but return to the human realm, then wherever they’re reborn they’re very wise. For asking questions of ascetics or brahmins is the path leading to wisdom.
၂၉၇။ ‘‘ဣတိ ခေါ, မာဏဝ, အပ္ပါယုကသံဝတ္တနိကာ ပဋိပဒါ အပ္ပါယုကတ္တံ ဥပနေတိ, ဒီဃာယုကသံဝတ္တနိကာ ပဋိပဒါ ဒီဃာယုကတ္တံ ဥပနေတိ၊ ဗဝှါဗာဓသံဝတ္တနိကာ ပဋိပဒါ ဗဝှါဗာဓတ္တံ ဥပနေတိ, အပ္ပါဗာဓသံဝတ္တနိကာ ပဋိပဒါ အပ္ပါဗာဓတ္တံ ဥပနေတိ၊ ဒုဗ္ဗဏ္ဏသံဝတ္တနိကာ ပဋိပဒါ ဒုဗ္ဗဏ္ဏတ္တံ ဥပနေတိ, ပါသာဒိကသံဝတ္တနိကာ ပဋိပဒါ ပါသာဒိကတ္တံ ဥပနေတိ၊ အပ္ပေသက္ခသံဝတ္တနိကာ ပဋိပဒါ အပ္ပေသက္ခတ္တံ ဥပနေတိ, မဟေသက္ခသံဝတ္တနိကာ ပဋိပဒါ မဟေသက္ခတ္တံ ဥပနေတိ၊ အပ္ပဘောဂသံဝတ္တနိကာ ပဋိပဒါ အပ္ပဘောဂတ္တံ ဥပနေတိ, မဟာဘောဂသံဝတ္တနိကာ ပဋိပဒါ မဟာဘောဂတ္တံ ဥပနေတိ၊ နီစကုလီနသံဝတ္တနိကာ ပဋိပဒါ နီစကုလီနတ္တံ ဥပနေတိ, ဥစ္စာကုလီနသံဝတ္တနိကာ ပဋိပဒါ ဥစ္စာကုလီနတ္တံ ဥပနေတိ၊ ဒုပ္ပညသံဝတ္တနိကာ ပဋိပဒါ ဒုပ္ပညတ္တံ ဥပနေတိ, မဟာပညသံဝတ္တနိကာ ပဋိပဒါ မဟာပညတ္တံ ဥပနေတိ။ ကမ္မဿကာ, မာဏဝ, သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ။ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ – ဟီနပ္ပဏီတတာယာ’’တိ။
ဧဝံ ဝုတ္တေ, သုဘော မာဏဝေါ တောဒေယျပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။
စူဠကမ္မဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ ပဉ္စမံ။
၂၉၇။ လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့် သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများ ခြင်းသို့ ဆောင်တတ်၏၊ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင် တတ်၏၊ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊ ပညာကြီးခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊ လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏ ) ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှားသောသူ အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင် ဂေါတမ) ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ် သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။ ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။ ၁။ သုဘသုတ်ဟူ၍လည်း ဆိုအပ်သည်။
So it is the way people live that makes them how they are, whether short-lived or long-lived, sickly or healthy, ugly or lovely, insignificant or illustrious, poor or rich, in a low class or eminent family, or witless or wise. Sentient beings are the owners of their deeds and heir to their deeds. Deeds are their womb, their relative, and their refuge. It is deeds that divide beings into inferior and superior.” When he had spoken, Subha said to him, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the Teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၆။ မဟာကမ္မဝိဘင်္ဂသုတ္တံ
၂၉၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ သမိဒ္ဓိ အရညကုဋိကာယံ ဝိဟရတိ။ အထ ခေါ ပေါတလိပုတ္တော ပရိဗ္ဗာဇကော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ယေနာယသ္မာ သမိဒ္ဓိ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သမိဒ္ဓိနာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ပေါတလိပုတ္တော ပရိဗ္ဗာဇကော အာယသ္မန္တံ သမိဒ္ဓိံ ဧတဒဝေါစ – ‘‘သမ္မုခါ မေတံ, အာဝုသော သမိဒ္ဓိ, သမဏဿ ဂေါတမဿ သုတံ, သမ္မုခါ ပဋိဂ္ဂဟိတံ – ‘မောဃံ ကာယကမ္မံ မောဃံ ဝစီကမ္မံ, မနောကမ္မမေဝ သစ္စ’န္တိ။ အတ္ထိ စ သာ [အတ္ထိ စေသာ (သီ။ က။)] သမာပတ္တိ ယံ သမာပတ္တိံ သမာပန္နော န ကိဉ္စိ ဝေဒိယတီ’’တိ? ‘‘မာ ဟေဝံ, အာဝုသော ပေါတလိပုတ္တ, အဝစ၊ (မာ ဟေဝံ, အာဝုသော ပေါတလိပုတ္တ, အဝစ၊) [( ) သျာ။ ကံ။ ပေါတ္ထကေသု နတ္ထိ] မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ။ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ – ‘မောဃံ ကာယကမ္မံ မောဃံ ဝစီကမ္မံ, မနောကမ္မမေဝ သစ္စ’န္တိ။ အတ္ထိ စ ခေါ [အတ္ထိ စေဝ ခေါ (သီ။ က။)] သာ, အာဝုသော, သမာပတ္တိ ယံ သမာပတ္တိံ သမာပန္နော န ကိဉ္စိ ဝေဒိယတီ’’တိ။ ‘‘ကီဝစိရံ ပဗ္ဗဇိတောသိ, အာဝုသော သမိဒ္ဓီ’’တိ? ‘‘န စိရံ, အာဝုသော! တီဏိ ဝဿာနီ’’တိ။ ‘‘ဧတ္ထ ဒါနိ မယံ ထေရေ ဘိက္ခူ ကိံ ဝက္ခာမ, ယတြ ဟိ နာမ ဧဝံနဝေါ ဘိက္ခု [နဝကေန ဘိက္ခုနာ (က။)] သတ္ထာရံ ပရိရက္ခိတဗ္ဗံ မညိဿတိ။ သဉ္စေတနိကံ, အာဝုသော သမိဒ္ဓိ, ကမ္မံ ကတွာ ကာယေန ဝါစာယ မနသာ ကိံ သော ဝေဒိယတီ’’တိ? ‘‘သဉ္စေတနိကံ, အာဝုသော ပေါတလိပုတ္တ, ကမ္မံ ကတွာ ကာယေန ဝါစာယ မနသာ ဒုက္ခံ သော ဝေဒိယတီ’’တိ။ အထ ခေါ ပေါတလိပုတ္တော ပရိဗ္ဗာဇကော အာယသ္မတော သမိဒ္ဓိဿ ဘာသိတံ နေဝ အဘိနန္ဒိ နပ္ပဋိက္ကောသိ၊ အနဘိနန္ဒိတွာ အပ္ပဋိက္ကောသိတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။
၆-မဟာကမ္မဝိဘင်္ဂသုတ် ၂၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်သမိဒ္ဓိသည် တောကျောင်း၌ နေ၏။ ထိုအခါ ပေါတလိပုတ္တမည်သော ပရိဗိုဇ်သည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ရင်း အသျှင်သမိဒ္ဓိထံသို့ ချဥ်း ကပ်ပြီးလျှင် အသျှင်သမိဒ္ဓိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ထိုင်ကာ အသျှင်သမိဒ္ဓိအား ဤစကားကို ပြောဆို၏- “ငါ့သျှင်သမိဒ္ဓိ ‘ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီး တည်း၊ မနောကံသာလျှင် မှန်ကန်၏’ ဟူ၍ ဤစကားကို ရဟန်းဂေါတမ၏ မျက်မှောက်မှ ကြားရ၏၊ မျက်မှောက်မှ နာယူရ၏၊ အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ် သည် ရှိသည် မဟုတ်လော”ဟု (ပြောဆို၏)။ ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းသည်သာတည်း၊ “ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ မနောကံသာလျှင် မှန်ကန်၏”ဟူ၍ ဤသို့ မြတ်စွာဘုရား မဟောတန်ရာ၊ ငါ့သျှင် အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ်သည် ရှိသည်သာတည်းဟု (ပြောဆို၏)။ ငါ့သျှင်သမိဒ္ဓိ သင်ရဟန်းပြုသည်မှာ အဘယ်မျှကြာ ပြီနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ မကြာသေး၊ သုံးဝါသာ ရှိသေး၏ဟု (ပြောဆို၏)။ ဤမျှငယ် သော ရဟန်းသော်မှလည်း ဆရာဖြစ်သော မြတ်စွာဘုရားကို (ကဲ့ရဲ့ခြင်းမှ) စောင့်ရှောက်ကာကွယ်ရမည်ဟု မှတ်ထင်တုံသေး၏၊ ယခုအခါ မထေရ်ကြီးရဟန်းဖြစ်သော ငါတို့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ငါ့သျှင်သမိဒ္ဓိ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် အဘယ်သို့သော ဝေဒနာကို ခံစားရသနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဆင်းရဲသော ဝေဒနာကို ခံစားရ၏ဟု (ပြောဆို၏)။ ထိုအခါ ပေါတလိပုတ္တပရိဗိုဇ်သည် အသျှင်သမိဒ္ဓိ၏ စကားကို နှစ်လည်း မနှစ်သက်ဘဲ မြစ်လည်း မမြစ်ဘဲ နေရာမှထကာ ဖဲသွား၏။
Middle Discourses 136 The Longer Analysis of Deeds So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Samiddhi was staying in a wilderness hut. Then as the wanderer Potaliputta was going for a walk he came up to Venerable Samiddhi and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to him: “Reverend Samiddhi, I have heard and learned this in the presence of the ascetic Gotama: ‘Deeds by way of body and speech are done in vain. Only mental deeds are real.’ And: ‘There is such an attainment where the one who enters it does not feel anything at all.’” “Don’t say that, Reverend Potaliputta, don’t say that! Don’t misrepresent the Buddha, for misrepresentation of the Buddha is not good. And the Buddha would not say this: ‘Deeds by way of body and speech are done in vain. Only mental deeds are real.’ But, reverend, there is such an attainment where the one who enters it does not feel anything at all.” “Reverend Samiddhi, how long has it been since you went forth?” “Not long, reverend: three years.” “Well now, what are we to say to the senior mendicants, when even such a junior mendicant imagines their Teacher needs defending? After doing an intentional deed by way of body, speech, or mind, reverend, what does one feel?” “After doing an intentional deed by way of body, speech, or mind, reverend, one feels suffering.” Then, neither approving nor rejecting Samiddhi’s statement, Potaliputta rose from his seat and left.
၂၉၉။ အထ ခေါ အာယသ္မာ သမိဒ္ဓိ အစိရပက္ကန္တေ ပေါတလိပုတ္တေ ပရိဗ္ဗာဇကေ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ အာနန္ဒေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သမိဒ္ဓိ ယာဝတကော အဟောသိ ပေါတလိပုတ္တေန ပရိဗ္ဗာဇကေန သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ အာယသ္မတော အာနန္ဒဿ အာရောစေသိ။
ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော အာယသ္မန္တံ သမိဒ္ဓိံ ဧတဒဝေါစ – ‘‘အတ္ထိ ခေါ ဣဒံ, အာဝုသော သမိဒ္ဓိ, ကထာပါဘတံ ဘဂဝန္တံ ဒဿနာယ။ အာယာမာဝုသော သမိဒ္ဓိ, ယေန ဘဂဝါ တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ ဧတမတ္ထံ ဘဂဝတော အာရောစေဿာမ။ ယထာ နော ဘဂဝါ ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ သမိဒ္ဓိ အာယသ္မတော အာနန္ဒဿ ပစ္စဿောသိ။
အထ ခေါ အာယသ္မာ စ အာနန္ဒော အာယသ္မာ စ သမိဒ္ဓိ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ယာဝတကော အဟောသိ အာယသ္မတော သမိဒ္ဓိဿ ပေါတလိပုတ္တေန ပရိဗ္ဗာဇကေန သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ ဘဂဝတော အာရောစေသိ။ ဧဝံ ဝုတ္တေ, ဘဂဝါ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ဒဿနမ္ပိ ခေါ အဟံ, အာနန္ဒ, ပေါတလိပုတ္တဿ ပရိဗ္ဗာဇကဿ နာဘိဇာနာမိ, ကုတော ပနေဝရူပံ ကထာသလ္လာပံ? ဣမိနာ စ, အာနန္ဒ, သမိဒ္ဓိနာ မောဃပုရိသေန ပေါတလိပုတ္တဿ ပရိဗ္ဗာဇကဿ ဝိဘဇ္ဇဗျာကရဏီယော ပဉှော ဧကံသေန ဗျာကတော’’တိ။ ဧဝံ ဝုတ္တေ, အာယသ္မာ ဥဒါယီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘သစေ ပန [ကိံ ပန (က။)], ဘန္တေ, အာယသ္မတာ သမိဒ္ဓိနာ ဣဒံ သန္ဓာယ ဘာသိတံ – ယံ ကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိ’’န္တိ။
၂၉၉။ ထိုအခါ အသျှင်သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ် ဖဲသွား၍ မကြာမြင့်မီ အသျှင်အာနန္ဒာထေရ် ရှိရာသို့ ချဥ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ ပေါတလိပုတ္တပရိဗိုဇ်နှင့် အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို အသျှင်အာနန္ဒာအား ပြောကြား၏။ ဤသို့ပြောဆိုသော် အသျှင်အာနန္ဒာ သည် အသျှင်သမိဒ္ဓိအား “ငါ့သျှင် သမိဒ္ဓိ မြတ်စွာဘုရားကို ဖူးမျှော်ရန် စကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင် သမိဒ္ဓိ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်အံ့၊ ငါတို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကြရကုန်အံ့”ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် အသျှင် အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ အသျှင်သမိဒ္ဓိသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြကုန်ပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကြကုန်၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော အသျှင် အာနန္ဒာသည် အသျှင်သမိဒ္ဓိ၏ ပေါတလိပုတ္တပရိဗိုဇ်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရား အား လျှောက်ထား၏။ ဤသို့လျှောက်ထားသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါသည် ပေါတလိပုတ္တပရိဗိုဇ်အား မြင်ဖူးသည်ကိုမျှလည်း မမှတ်မိ၊ အဘယ်မှာ ဤသို့ သဘောရှိသော စကားဆွေးနွေးခြင်းမျိုး ဖြစ်အံ့နည်း။ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤ သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ခွဲခြမ်းဝေဖန်၍ ဖြေဆိုသင့်သော ပြဿနာကို တစ်ဖက်သတ် ဖြေဆို ဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ‘ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခသာတည်း’ဟု ဤသင်္ခါရ ဒုက္ခကို ရည်ရွယ်၍ အသျှင် သမိဒ္ဓိထေရ်သည် ပြောဆိုသည် မဟုတ်လော”ဟု ဤစကားကို လျှောက်ထား၏။
Soon after he had left, Venerable Samiddhi went to Venerable Ānanda, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and informed Ānanda of all they had discussed. When he had spoken, Ānanda said to him, “Reverend Samiddhi, we should see the Buddha about this matter. Come, let’s go to the Buddha and inform him about this. As he answers, so we’ll remember it.” “Yes, reverend,” Samiddhi replied. Then Ānanda and Samiddhi went up to the Buddha, bowed, sat down to one side, and told him what had happened. When they had spoken, the Buddha said to Ānanda, “I don’t recall even seeing the wanderer Potaliputta, Ānanda, so how could we have had such a discussion? The wanderer Potaliputta’s question should have been answered after analyzing it, but this futile man answered categorically.” When he said this, Venerable Udāyī said to him, “But perhaps, sir, Venerable Samiddhi spoke in reference to the statement: ‘Suffering includes whatever is felt.’”
၃၀၀။ အထ ခေါ [ဧဝံ ဝုတ္တေ (သျာ။ ကံ။)] ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ပဿသိ နော တွံ, အာနန္ဒ, ဣမဿ ဥဒါယိဿ မောဃပုရိသဿ ဥမ္မင်္ဂံ [ဥမ္မဂ္ဂံ (သီ။ သျာ။ ကံ။ ပီ။), ဥမင်္ဂံ (က။)]? အညာသိံ ခေါ အဟံ, အာနန္ဒ – ‘ဣဒါနေဝါယံ ဥဒါယီ မောဃပုရိသော ဥမ္မုဇ္ဇမာနော အယောနိသော ဥမ္မုဇ္ဇိဿတီ’တိ။ အာဒိံယေဝ [အာဒိသောဝ (သီ။ ပီ။), အာဒိယေဝ (က။)], အာနန္ဒ, ပေါတလိပုတ္တေန ပရိဗ္ဗာဇကေန တိဿော ဝေဒနာ ပုစ္ဆိတာ။ သစာယံ, အာနန္ဒ, သမိဒ္ဓိ မောဃပုရိသော ပေါတလိပုတ္တဿ ပရိဗ္ဗာဇကဿ ဧဝံ ပုဋ္ဌော ဧဝံ ဗျာကရေယျ – ‘သဉ္စေတနိကံ, အာဝုသော ပေါတလိပုတ္တ, ကမ္မံ ကတွာ ကာယေန ဝါစာယ မနသာ သုခဝေဒနီယံ သုခံ သော ဝေဒယတိ၊ သဉ္စေတနိကံ, အာဝုသော ပေါတလိပုတ္တ, ကမ္မံ ကတွာ ကာယေန ဝါစာယ မနသာ ဒုက္ခဝေဒနီယံ ဒုက္ခံ သော ဝေဒယတိ၊ သဉ္စေတနိကံ, အာဝုသော ပေါတလိပုတ္တ, ကမ္မံ ကတွာ ကာယေန ဝါစာယ မနသာ အဒုက္ခမသုခဝေဒနီယံ အဒုက္ခမသုခံ သော ဝေဒယတီ’တိ။ ဧဝံ ဗျာကရမာနော ခေါ, အာနန္ဒ, သမိဒ္ဓိ မောဃပုရိသော ပေါတလိပုတ္တဿ ပရိဗ္ဗာဇကဿ သမ္မာ (ဗျာကရမာနော) [( ) နတ္ထိ (သီ။ သျာ။ ကံ။ ပီ။)] ဗျာကရေယျ။ အပိ စ, အာနန္ဒ, ကေ စ [ကေစိ (က။)] အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဗာလာ အဗျတ္တာ ကေ စ တထာဂတဿ မဟာကမ္မဝိဘင်္ဂံ ဇာနိဿန္တိ? သစေ တုမှေ, အာနန္ဒ, သုဏေယျာထ တထာဂတဿ မဟာကမ္မဝိဘင်္ဂံ ဝိဘဇန္တဿာ’’တိ။
‘‘ဧတဿ, ဘဂဝါ, ကာလော, ဧတဿ, သုဂတ, ကာလော ယံ ဘဂဝါ မဟာကမ္မဝိဘင်္ဂံ ဝိဘဇေယျ။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေန ဟာနန္ဒ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘စတ္တာရောမေ, အာနန္ဒ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော? ဣဓာနန္ဒ, ဧကစ္စော ပုဂ္ဂလော ဣဓ ပါဏာတိပါတီ ဟောတိ, အဒိန္နာဒါယီ ဟောတိ, ကာမေသုမိစ္ဆာစာရီ ဟောတိ, မုသာဝါဒီ ဟောတိ, ပိသုဏဝါစော ဟောတိ, ဖရုသဝါစော ဟောတိ, သမ္ဖပ္ပလာပီ ဟောတိ, အဘိဇ္ဈာလု ဟောတိ, ဗျာပန္နစိတ္တော ဟောတိ, မိစ္ဆာဒိဋ္ဌိ ဟောတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
‘‘ဣဓ ပနာနန္ဒ, ဧကစ္စော ပုဂ္ဂလော ဣဓ ပါဏာတိပါတီ ဟောတိ, အဒိန္နာဒါယီ ဟောတိ, ကာမေသုမိစ္ဆာစာရီ ဟောတိ, မုသာဝါဒီ ဟောတိ, ပိသုဏဝါစော ဟောတိ, ဖရုသဝါစော ဟောတိ, သမ္ဖပ္ပလာပီ ဟောတိ, အဘိဇ္ဈာလု ဟောတိ, ဗျာပန္နစိတ္တော ဟောတိ, မိစ္ဆာဒိဋ္ဌိ ဟောတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
‘‘ဣဓာနန္ဒ, ဧကစ္စော ပုဂ္ဂလော ဣဓ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, အနဘိဇ္ဈာလု ဟောတိ, အဗျာပန္နစိတ္တော ဟောတိ, သမ္မာဒိဋ္ဌိ ဟောတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
‘‘ဣဓ ပနာနန္ဒ, ဧကစ္စော ပုဂ္ဂလော ဣဓ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ, ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ, သမ္ဖပ္ပလာပါ ပဋိဝိရတော ဟောတိ, အနဘိဇ္ဈာလု ဟောတိ, အဗျာပန္နစိတ္တော ဟောတိ, သမ္မာဒိဋ္ဌိ ဟောတိ။ သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
၃၀၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဓာကို “အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤဥဒါယီ၏ အမေးပြဿနာကို သင် မြင်၏လော၊ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး သော ယောကျာ်းဖြစ်သည့် ဤဥဒါယီသည် မသင့်သောအကြောင်းဖြင့် ဦးခေါင်းထောင်ကြွသည်ဖြစ်၍ ဦးခေါင်းထောင်ကြွလိမ့်မည်”ဟူသော အကြောင်းကို ယခုအခါ ငါ သိရ၏၊ အာနန္ဒာ ပေါတလိပုတ္တပရိဗိုဇ် သည် အစကတည်းကပင် ဝေဒနာသုံးပါးတို့ကို မေး၏။ အာနန္ဒာ ဤသို့မေးအပ်သော် အချည်းနှီးသော ယောကျာ်းဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဇ်ဗိုလ်အား “ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ် နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ချမ်းသာကိုသာ ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ် သည် သုခဝေဒနာကိုသာ ခံစားရ၏၊ ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဥပေက္ခာ ဝေဒနာကို ခံစားရ၏”ဟု အကယ်၍ ဤသို့ ဖြေကြားငြားအံ့၊ အာနန္ဒာ ဤသို့ဖြေကြားသော် အချည်းနှီးသော ယောကျာ်းဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည် မည်ရာ၏။ အာနန္ဒာ စင်စစ် သော်ကား မိုက်မဲကုန် မလိမ္မာကုန် သော သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် အဘယ် သို့သော ပုဂ္ဂိုလ်စားတို့ပေနည်း၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ များစွာသော ကံတို့ကို ဝေဖန်မှု ‘မဟာကမ္မဝိဘင်း’ကို သိကုန်လတ္တံ့နည်း။ အာနန္ဒာ သင်တို့သည် များစွာသော ကံတို့ ကို ဝေဖန်မှု‘မဟာ ကမ္မဝိဘင်း’ကို ဝေဖန်ဟောကြားသော မြတ်စွာဘုရား၏ (စကားကို) အကယ်၍ နာကြားလိုလျှင် နာကြားကြကုန်လော့ဟု (မိန့်တော်မူ၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု‘မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု‘မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန်လတ္တံ့ဟု လျှောက်၏။ အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏- အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးယောက်တို့နည်းဟူမူ- အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏၊ မဟုတ် မမှန်သောစကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ (၁) အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ် လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်း သော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီး လိုစိတ်ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ (၂) အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဥ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဥ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်းမရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ်မရှိ၊ မှန်သောအယူ ကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။ (၃) အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင် ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဥ်၏၊ မဟုတ် မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဥ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဥ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်း မရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သောအယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏။ (၄)
But the Buddha said to Venerable Ānanda, “See what this futile man Udāyī comes up with? I knew that he was coming up with something irrational. Right from the start Potaliputta asked about the three feelings. Suppose the futile man Samiddhi had answered the wanderer Potaliputta’s question like this: ‘After doing an intentional deed to be experienced as pleasant by way of body, speech, or mind, one feels pleasure. After doing an intentional deed to be experienced as painful by way of body, speech, or mind, one feels pain. After doing an intentional deed to be experienced as neutral by way of body, speech, or mind, one feels neutral.’ Answering in this way, Samiddhi would have rightly answered Potaliputta. Still, who are those foolish and incompetent wanderers of other religions to understand the Realized One’s great analysis of deeds? If you would all listen, Ānanda, I will explain the Realized One’s great analysis of deeds.” “Now is the time, Blessed One! Now is the time, Holy One! Let the Buddha explain the great analysis of deeds. The mendicants will listen and remember it.” “Well then, Ānanda, listen and apply your mind well, I will speak.” “Yes, sir,” Ānanda replied. The Buddha said this: “Ānanda, these four individuals are found in the world. What four? It’s when an individual here kills living creatures, steals, and commits sexual misconduct. They use speech that’s false, backbiting, harsh, or nonsensical. And they’re covetous, malicious, and have wrong view. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. But some other individual here kills living creatures, steals, and commits sexual misconduct. They use speech that’s false, backbiting, harsh, or nonsensical. And they’re covetous, malicious, and have wrong view. When their body breaks up, after death, they’re reborn in a good place, a heavenly realm. But some other individual here refrains from killing living creatures, stealing, sexual misconduct, or using speech that’s false, divisive, harsh, or nonsensical. And they’re contented, kind-hearted, with right view. When their body breaks up, after death, they’re reborn in a good place, a heavenly realm. But some other individual here refrains from killing living creatures, stealing, sexual misconduct, or using speech that’s false, divisive, harsh, or nonsensical. And they’re contented, kind-hearted, with right view. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell.
၃၀၁။ ‘‘ဣဓာနန္ဒ, ဧကစ္စော သမဏော ဝါ ဗြာဟ္မဏော ဝါ အာတပ္ပမနွာယ ပဓာနမနွာယ အနုယောဂမနွာယ အပ္ပမာဒမနွာယ သမ္မာမနသိကာရမနွာယ တထာရူပံ စေတောသမာဓိံ ဖုသတိ ယထာသမာဟိတေ စိတ္တေ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန အမုံ ပုဂ္ဂလံ ပဿတိ – ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ ကာမေသုမိစ္ဆာစာရိံ မုသာဝါဒိံ ပိသုဏဝါစံ ဖရုသဝါစံ သမ္ဖပ္ပလာပိံ အဘိဇ္ဈာလုံ ဗျာပန္နစိတ္တံ မိစ္ဆာဒိဋ္ဌိံ ကာယဿ ဘေဒါ ပရံ မရဏာ ပဿတိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နံ။ သော ဧဝမာဟ – ‘အတ္ထိ ကိရ, ဘော, ပါပကာနိ ကမ္မာနိ, အတ္ထိ ဒုစ္စရိတဿ ဝိပါကော။ အမာဟံ [အပါဟံ (သီ။ ပီ။ က။) အမုံ + အဟံ = အမာဟံ-ဣတိ ပဒဝိဘာဂေါ] ပုဂ္ဂလံ အဒ္ဒသံ ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ…ပေ… မိစ္ဆာဒိဋ္ဌိံ ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္န’န္တိ။ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ယေ ဧဝံ ဇာနန္တိ, တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ [မိစ္ဆာ တေ သဉ္ဇာနန္တိ (က။)]။ ဣတိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ [ပရာမဿ (သီ။ ပီ။)] အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ။
‘‘ဣဓ ပနာနန္ဒ, ဧကစ္စော သမဏော ဝါ ဗြာဟ္မဏော ဝါ အာတပ္ပမနွာယ ပဓာနမနွာယ အနုယောဂမနွာယ အပ္ပမာဒမနွာယ သမ္မာမနသိကာရမနွာယ တထာရူပံ စေတောသမာဓိံ ဖုသတိ ယထာသမာဟိတေ စိတ္တေ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန အမုံ ပုဂ္ဂလံ ပဿတိ – ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ…ပေ… မိစ္ဆာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿတိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နံ။ သော ဧဝမာဟ – ‘နတ္ထိ ကိရ, ဘော, ပါပကာနိ ကမ္မာနိ, နတ္ထိ ဒုစ္စရိတဿ ဝိပါကော။ အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ…ပေ… မိစ္ဆာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္န’န္တိ။ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ။ ဣတိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’’န္တိ။
‘‘ဣဓာနန္ဒ, ဧကစ္စော သမဏော ဝါ ဗြာဟ္မဏော ဝါ အာတပ္ပမနွာယ ပဓာနမနွာယ အနုယောဂမနွာယ အပ္ပမာဒမနွာယ သမ္မာမနသိကာရမနွာယ တထာရူပံ စေတောသမာဓိံ ဖုသတိ ယထာသမာဟိတေ စိတ္တေ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန အမုံ ပုဂ္ဂလံ ပဿတိ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ အဒိန္နာဒါနာ ပဋိဝိရတံ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတံ မုသာဝါဒါ ပဋိဝိရတံ ပိသုဏာယ ဝါစာယ ပဋိဝိရတံ ဖရုသာယ ဝါစာယ ပဋိဝိရတံ သမ္ဖပ္ပလာပါ ပဋိဝိရတံ အနဘိဇ္ဈာလုံ အဗျာပန္နစိတ္တံ သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿတိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နံ။ သော ဧဝမာဟ – ‘အတ္ထိ ကိရ, ဘော, ကလျာဏာနိ ကမ္မာနိ, အတ္ထိ သုစရိတဿ ဝိပါကော။ အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ အဒိန္နာဒါနာ ပဋိဝိရတံ ။ပ။ သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္န’န္တိ။ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော ။ပ။သမ္မာဒိဋ္ဌိ သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ။ ဣတိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’’န္တိ။
‘‘ဣဓ ပနာနန္ဒ, ဧကစ္စော သမဏော ဝါ ဗြာဟ္မဏော ဝါ အာတပ္ပမနွာယ ပဓာနမနွာယ အနုယောဂမနွာယ အပ္ပမာဒမနွာယ သမ္မာမနသိကာရမနွာယ တထာရူပံ စေတောသမာဓိံ ဖုသတိ ယထာသမာဟိတေ စိတ္တေ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန အမုံ ပုဂ္ဂလံ ပဿတိ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ ။ပ။ သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿတိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နံ။ သော ဧဝမာဟ – ‘နတ္ထိ ကိရ, ဘော ကလျာဏာနိ ကမ္မာနိ, နတ္ထိ သုစရိတဿ ဝိပါကော။ အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ အဒိန္နာဒါနာ ပဋိဝိရတံ…ပေ… သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္န’န္တိ။ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော…ပေ… သမ္မာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ။ ဣတိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ။
၃၀၁။ အာနန္ဒာ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ် တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော, ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိသော, မဟုတ်မမှန်သောစကားကို ပြောဆိုလေ့ရှိသော, ကုန်း ချောလေ့ရှိသော, ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိသော, အကျိုးမဲ့ ပြိန်ဖျင်းသောစကားကို ပြော ဆိုလေ့ရှိသော, သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်းရှိသော, သူတစ်ပါးအား ဖျက်ဆီးလိုစိတ်ရှိသော, မှား သောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် ရှိကုန်သတတ်၊ ဒုစရိုက်၏အကျိုး သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏၊ အကြင်သူတို့သည် တစ်ပါးသောအခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၁) အာနန္ဒာ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်၏။ ထိုသမဏ ဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူ တို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါး သောအယူ သည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၂) အာနန္ဒာ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ် တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်သော မပေး သည်ကို ယူခြင်းမှ ရှောင်ကြဥ်သော ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဥ်သော မဟုတ်မမှန် သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်သော ကုန်းချောခြင်းမှ ရှောင်ကြဥ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ်သော အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဥ် သော သူ့စည်းစိမ်ကို တပ်မက်၍ ကြံခြင်း မရှိသော သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိသော မှန်သော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ် ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် ရှိကုန်သတတ်၊ သုစရိုက်၏ အကျို့းသည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင် သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၃) အာနန္ဒ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်း ကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏၊ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ် သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်းသိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားကိုသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤ အယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၄)
Now, some ascetic or brahmin—by dint of keen, resolute, committed, and diligent effort, and right application of mind—experiences an immersion of the heart of such a kind that it gives rise to clairvoyance that is purified and superhuman. With that clairvoyance they see that individual here who killed living creatures, stole, and committed sexual misconduct; who used speech that’s false, backbiting, harsh, or nonsensical; and who was covetous, malicious, and had wrong view. And they see that, when their body breaks up, after death, they are reborn in a place of loss, a bad place, the underworld, hell. They say: ‘It seems, worthy sir, that there is such a thing as bad deeds, and the result of bad conduct. For I have seen a individual here who killed living creatures … and had wrong view. And when their body broke up, after death, they were reborn in a place of loss, a bad place, the underworld, hell.’ They say: ‘It seems that everyone who kills living creatures … and has wrong view is reborn in hell. Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion.’ And so they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile.’ But some other ascetic or brahmin—by dint of keen, resolute, committed, and diligent effort, and right application of mind—experiences an immersion of the heart of such a kind that it gives rise to clairvoyance that is purified and superhuman. With that clairvoyance they see that individual here who killed living creatures … and had wrong view. And they see that they are reborn in a heavenly realm. They say: ‘It seems that there is no such thing as bad deeds, and the result of bad conduct. For I have seen an individual here who killed living creatures … and had wrong view. And I saw that they were reborn in a heavenly realm.’ They say: ‘It seems that everyone who kills living creatures … and has wrong view is reborn in a heavenly realm. Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion.’ And so they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile.’ Take some ascetic or brahmin who with clairvoyance sees an individual here who refrained from killing living creatures … and had right view. And they see that they are reborn in a heavenly realm. They say: ‘It seems that there is such a thing as good deeds, and the result of good conduct. For I have seen an individual here who refrained from killing living creatures … and had right view. And I saw that they were reborn in a heavenly realm.’ They say: ‘It seems that everyone who refrains from killing living creatures … and has right view is reborn in a heavenly realm. Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion.’ And so they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile.’ Take some ascetic or brahmin who with clairvoyance sees an individual here who refrained from killing living creatures … and had right view. And they see that they are reborn in hell. They say: ‘It seems that there is no such thing as good deeds, and the result of good conduct. For I have seen an individual here who refrained from killing living creatures … and had right view. And I saw that they were reborn in hell.’ They say: ‘It seems that everyone who refrains from killing living creatures … and has right view is reborn in hell. Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion.’ And so they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile.’
၃၀၂။ ‘‘တတြာနန္ဒ, ယွာယံ သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝမာဟ – ‘အတ္ထိ ကိရ, ဘော, ပါပကာနိ ကမ္မာနိ, အတ္ထိ ဒုစ္စရိတဿ ဝိပါကော’တိ ဣဒမဿ အနုဇာနာမိ၊ ယမ္ပိ သော ဧဝမာဟ – ‘အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ…ပေ… မိစ္ဆာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္န’န္တိ ဣဒမ္ပိဿ အနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတီ’တိ ဣဒမဿ နာနုဇာနာမိ၊ ယမ္ပိ သော ဧဝမာဟ – ‘ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ၊ ယမ္ပိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ။ တံ ကိဿ ဟေတု? အညထာ ဟိ, အာနန္ဒ, တထာဂတဿ မဟာကမ္မဝိဘင်္ဂေ ဉာဏံ ဟောတိ။
‘‘တတြာနန္ဒ, ယွာယံ သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝမာဟ – ‘နတ္ထိ ကိရ, ဘော, ပါပကာနိ ကမ္မာနိ, နတ္ထိ ဒုစ္စရိတဿ ဝိပါကော’တိ ဣဒမဿ နာနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတိံ အဒိန္နာဒါယိံ…ပေ… မိစ္ဆာဒိဋ္ဌိံ ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္န’န္တိ ဣဒမဿ အနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတီ’တိ ဣဒမဿ နာနုဇာနာမိ၊ ယမ္ပိ သော ဧဝမာဟ – ‘ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ၊ ယမ္ပိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ။ တံ ကိဿ ဟေတု? အညထာ ဟိ, အာနန္ဒ, တထာဂတဿ မဟာကမ္မဝိဘင်္ဂေ ဉာဏံ ဟောတိ။
‘‘တတြာနန္ဒ, ယွာယံ သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝမာဟ – ‘အတ္ထိ ကိရ, ဘော, ကလျာဏာနိ ကမ္မာနိ, အတ္ထိ သုစရိတဿ ဝိပါကော’တိ ဣဒမဿ အနုဇာနာမိ၊ ယမ္ပိ သော ဧဝမာဟ – ‘အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ အဒိန္နာဒါနာ ပဋိဝိရတံ…ပေ… သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ သုဂတိံ သဂ္ဂံ လောကံ ဥပပန္န’န္တိ ဣဒမ္ပိဿ အနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော…ပေ… သမ္မာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတီ’တိ ဣဒမဿ နာနုဇာနာမိ၊ ယမ္ပိ သော ဧဝမာဟ – ‘ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ၊ ယမ္ပိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ။ တံ ကိဿ ဟေတု? အညထာ ဟိ, အာနန္ဒ, တထာဂတဿ မဟာကမ္မဝိဘင်္ဂေ ဉာဏံ ဟောတိ။
‘‘တတြာနန္ဒ, ယွာယံ သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝမာဟ – ‘နတ္ထိ ကိရ, ဘော, ကလျာဏာနိ ကမ္မာနိ, နတ္ထိ သုစရိတဿ ဝိပါကော’တိ ဣဒမဿ နာနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘အမာဟံ ပုဂ္ဂလံ အဒ္ဒသံ – ဣဓ ပါဏာတိပါတာ ပဋိဝိရတံ အဒိန္နာဒါနာ ပဋိဝိရတံ…ပေ… သမ္မာဒိဋ္ဌိံ, ကာယဿ ဘေဒါ ပရံ မရဏာ ပဿာမိ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္န’န္တိ ဣဒမဿ အနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘ယော ကိရ, ဘော, ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော…ပေ… သမ္မာဒိဋ္ဌိ, သဗ္ဗော သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတီ’တိ ဣဒမဿ နာနုဇာနာမိ၊ ယဉ္စ ခေါ သော ဧဝမာဟ – ‘ယေ ဧဝံ ဇာနန္တိ တေ သမ္မာ ဇာနန္တိ၊ ယေ အညထာ ဇာနန္တိ, မိစ္ဆာ တေသံ ဉာဏ’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ၊ ယမ္ပိ သော ယဒေဝ တဿ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝ တတ္ထ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ ဣဒမ္ပိဿ နာနုဇာနာမိ။ တံ ကိဿ ဟေတု? အညထာ ဟိ, အာနန္ဒ, တထာဂတဿ မဟာကမ္မဝိဘင်္ဂေ ဉာဏံ ဟောတိ။
၃၀၂။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့ သည် ရှိကုန်သတတ်၊ ဒုစရိုက်၏ အ ကျိုးသည် ရှိသတတ်” ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသောအယူကို ယူလေ့ရှိသောသူ အားလုံးသည့်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအ ယူသည် အမှားချည်း တည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့် မပြု။ အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၁) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်၏ အကျိုးသည် မရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိ သော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိ ကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာ အားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာ လျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံး သွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာ သော ကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သော ကြောင့်တည်း။ (၂) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မှန်သောကံတို့သည် ရှိကုန် သတတ်၊ သုစရိုက်၏ အကျိုးသည် ရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏၊ “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်း မှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၃) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ ကောင်းသော ကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်” ဟူ၍ ပြောဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင် ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏၊ “အချင်းတို့ အသက်သတ်ခြင်းမှ ရှောင်ကြဥ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ် ရောက်ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၄)
In this case, when an ascetic or brahmin says this: ‘It seems that there is such a thing as bad deeds, and the result of bad conduct,’ I grant them that. And when they say: ‘I have seen an individual here who killed living creatures … and had wrong view. And after death, they were reborn in hell,’ I also grant them that. But when they say: ‘It seems that everyone who kills living creatures … and has wrong view is reborn in hell,’ I don’t grant them that. And when they say: ‘Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion.’ I also don’t grant them that. And when they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile,’ I also don’t grant them that. Why is that? Because the Realized One’s knowledge of the great analysis of deeds is otherwise. In this case, when an ascetic or brahmin says this: ‘It seems that there is no such thing as bad deeds, and the result of bad conduct,’ I don’t grant them that. But when they say: ‘I have seen an individual here who killed living creatures … and had wrong view. And I saw that they were reborn in a heavenly realm,’ I grant them that. But when they say: ‘It seems that everyone who kills living creatures … and has wrong view is reborn in a heavenly realm,’ I don’t grant them that. … Because the Realized One’s knowledge of the great analysis of deeds is otherwise. In this case, when an ascetic or brahmin says this: ‘It seems that there is such a thing as good deeds, and the result of good conduct,’ I grant them that. And when they say: ‘I have seen an individual here who refrained from killing living creatures … and had right view. And I saw that they were reborn in a heavenly realm,’ I also grant them that. But when they say: ‘It seems that everyone who refrains from killing living creatures … and has right view is reborn in a heavenly realm,’ I don’t grant them that. … Because the Realized One’s knowledge of the great analysis of deeds is otherwise. In this case, when an ascetic or brahmin says this: ‘It seems that there is no such thing as good deeds, and the result of good conduct,’ I don’t grant them that. But when they say: ‘I have seen an individual here who refrained from killing living creatures … and had right view. And after death, they were reborn in hell,’ I grant them that. But when they say: ‘It seems that everyone who refrains from killing living creatures … and has right view is reborn in hell,’ I don’t grant them that. But when they say: ‘Those whose notion is this have the right notion. Those whose notion is otherwise have a wrong notion,’ I also don’t grant them that. And when they obstinately stick to what they have known, seen, and understood for themselves, insisting that: ‘This is the only truth, anything else is futile,’ I also don’t grant them that. Why is that? Because the Realized One’s knowledge of the great analysis of deeds is otherwise.
၃၀၃။ ‘‘တတြာနန္ဒ, ယွာယံ ပုဂ္ဂလော ဣဓ ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ, ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ, ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ, မရဏကာလေ ဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိ သမတ္တာ သမာဒိန္နာ။ တေန သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ယဉ္စ ခေါ သော ဣဓ ပါဏာတိပါတီ ဟောတိ အဒိန္နာဒါယီ ဟောတိ…ပေ… မိစ္ဆာဒိဋ္ဌိ ဟောတိ တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ [ဥပပဇ္ဇံ ဝါ (သီ။ ပီ။), ဥပပဇ္ဇ ဝါ (သျာ။ ကံ။ က။) ဥပပဇ္ဇိတွာတိ သံဝဏ္ဏနာယ သံသန္ဒေတဗ္ဗာ] အပရေ ဝါ ပရိယာယေ။
‘‘တတြာနန္ဒ, ယွာယံ ပုဂ္ဂလော ဣဓ ပါဏာတိပါတီ အဒိန္နာဒါယီ…ပေ… မိစ္ဆာဒိဋ္ဌိ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ကလျာဏကမ္မံ သုခဝေဒနီယံ, ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ကလျာဏကမ္မံ သုခဝေဒနီယံ, မရဏကာလေ ဝါဿ ဟောတိ သမ္မာဒိဋ္ဌိ သမတ္တာ သမာဒိန္နာ။ တေန သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ယဉ္စ ခေါ သော ဣဓ ပါဏာတိပါတီ ဟောတိ အဒိန္နာဒါယီ ဟောတိ…ပေ… မိစ္ဆာဒိဋ္ဌိ ဟောတိ တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘တတြာနန္ဒ, ယွာယံ ပုဂ္ဂလော ဣဓ ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော…ပေ… သမ္မာဒိဋ္ဌိ, ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ, ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ကလျာဏကမ္မံ သုခဝေဒနီယံ, ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ကလျာဏကမ္မံ သုခဝေဒနီယံ, မရဏကာလေ ဝါဿ ဟောတိ သမ္မာဒိဋ္ဌိ သမတ္တာ သမာဒိန္နာ။ တေန သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ယဉ္စ ခေါ သော ဣဓ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ…ပေ… သမ္မာဒိဋ္ဌိ ဟောတိ, တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘တတြာနန္ဒ, ယွာယံ ပုဂ္ဂလော ဣဓ ပါဏာတိပါတာ ပဋိဝိရတော အဒိန္နာဒါနာ ပဋိဝိရတော ။ပ။ သမ္မာဒိဋ္ဌိ, ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ, ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ, ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ, မရဏကာလေ ဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိ သမတ္တာ သမာဒိန္နာ။ တေန သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ယဉ္စ ခေါ သော ဣဓ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ ။ပ။ သမ္မာဒိဋ္ဌိ ဟောတိ, တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘ဣတိ ခေါ, အာနန္ဒ, အတ္ထိ ကမ္မံ အဘဗ္ဗံ အဘဗ္ဗာဘာသံ, အတ္ထိ ကမ္မံ အဘဗ္ဗံ ဘဗ္ဗာဘာသံ, အတ္ထိ ကမ္မံ ဘဗ္ဗဉ္စေဝ ဘဗ္ဗာဘာသဉ္စ, အတ္ထိ ကမ္မံ ဘဗ္ဗံ အဘဗ္ဗာဘာသ’’န္တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ အာနန္ဒော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။
မဟာကမ္မဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ ဆဋ္ဌံ။
၃၀၃။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီး ကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသော အယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုယုတ်မာသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်း ကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၁) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ် သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှန်သောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ် သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူကို ယူလေ့ရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၂) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏။ပ။ မှန်သောအယူကို ယူလေ့ ရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် ကောင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဥ်လေ့ ရှိ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်လေ့ရှိ၏။ပ။ မှန်သောအယူ ရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၃) အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏။ပ။ မှန်သော အယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုမကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏။ပ။ မှန်သောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၄) အာနန္ဒာ ဤသို့လျှင် အကြောင်းမမှန်ဘဲ အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းမမှန်ဘဲ အကြောင်းမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းလည်းမှန်လျက် အကြောင်း မှန်ကို ပြတတ်သော ကံလည်း ရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။ ခြောက်ခုမြောက် မဟာကမ္မဝိဘင်္ဂသုတ် ပြီး၏။
Now, Ānanda, take the case of the individual here who killed living creatures … and had wrong view, and who, when their body breaks up, after death, is reborn in a place of loss, a bad place, the underworld, hell. That bad deed of theirs that is to be experienced as painful was either done previously, or later, or else at the time of death they undertook wrong view. And that’s why, when their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. But anyone here who kills living creatures … and has wrong view experiences the result of that in this very life, or in the next life, or in some subsequent period. Now, Ānanda, take the case of the individual here who killed living creatures … and had wrong view, and who is reborn in a heavenly realm. That good deed of theirs that is to be experienced as pleasurable was either done previously, or later, or else at the time of death they undertook right view. And that’s why, when their body breaks up, after death, they’re reborn in a good place, a heavenly realm. But anyone here who kills living creatures … and has wrong view experiences the result of that in this very life, or in the next life, or in some subsequent period. Now, Ānanda, take the case of the individual here who refrained from killing living creatures … and had right view, and who is reborn in a heavenly realm. That good deed of theirs that is to be experienced as pleasurable was either done previously, or later, or else at the time of death they undertook right view. And that’s why, when their body breaks up, after death, they’re reborn in a good place, a heavenly realm. But anyone here who refrains from killing living creatures … and has right view experiences the result of that in this very life, or in the next life, or in some subsequent period. Now, Ānanda, take the case of the individual here who refrained from killing living creatures … and had right view, and who is reborn in hell. That bad deed of theirs that is to be experienced as painful was either done previously, or later, or else at the time of death they undertook wrong view. And that’s why, when their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. But anyone here who refrains from killing living creatures … and has right view experiences the result of that in this very life, or in the next life, or in some subsequent period. So, Ānanda, there are deeds that are ineffective and appear ineffective. There are deeds that are ineffective but appear effective. There are deeds that are effective and appear effective. And there are deeds that are effective but appear ineffective.” That is what the Buddha said. Satisfied, Venerable Ānanda approved what the Buddha said.
၇။ သဠာယတနဝိဘင်္ဂသုတ္တံ
၃၀၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘သဠာယတနဝိဘင်္ဂံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနိ, ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနိ, ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ, ဆ ဖဿကာယာ ဝေဒိတဗ္ဗာ, အဋ္ဌာရသ မနောပဝိစာရာ ဝေဒိတဗ္ဗာ, ဆတ္တိံသ သတ္တပဒါ ဝေဒိတဗ္ဗာ, တတြ ဣဒံ နိဿာယ ဣဒံ ပဇဟထ, တယော သတိပဋ္ဌာနာ ယဒရိယော သေဝတိ၊ ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ, သော ဝုစ္စတိ ယောဂ္ဂါစရိယာနံ [ယောဂါစရိယာနံ (က။)] အနုတ္တရော ပုရိသဒမ္မသာရထီ’တိ – အယမုဒ္ဒေသော သဠာယတနဝိဘင်္ဂဿ။
၇-သဠာယတနဝိဘင်္ဂသုတ် ၃၀၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား သဠာယတနဝိဘင်းကို ဟောပေအံ့၊ ထိုသဠာယတနဝိဘင်းကို နာယူကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်၊ တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံး သပ်ခြင်းတို့ကို သိရမည်၊ သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ ကို သိရမည်၊ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့၌ ဤတရားကို မှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့၊ သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင် သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော (လူနတ်တို့၏) ဆရာ (ဘုရား)သည် သတ္တဝါအပေါင်းကို ဆုံး မခြင်းငှါ ထိုက်၏၊ ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတု မဲ့ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူဟု ဆိုရ၏။ ဤဆိုခဲ့ပြီးသည်ကား သဠာယတနဝိဘင်း၏ အကျဥ်း ‘ဥဒ္ဒေသ’တည်း။
Middle Discourses 137 The Analysis of the Six Sense Fields So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I shall teach you the analysis of the six sense fields. Listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “‘The six interior sense fields should be understood. The six exterior sense fields should be understood. The six classes of consciousness should be understood. The six classes of contact should be understood. The eighteen mental preoccupations should be understood. The thirty-six positions of sentient beings should be understood. Therein, relying on this, give up that. The Noble One cultivates the establishment of mindfulness in three cases, by virtue of which they are a Teacher worthy to instruct a group. Of all meditation tutors, it is he that is called the supreme guide for those fit for training.’ This is the summary recital for the analysis of the six sense fields.
၃၀၅။ ‘‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှါယတနံ ကာယာယတနံ မနာယတနံ – ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘‘ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဓမ္မာယတနံ – ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘‘ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ – ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘‘ဆ ဖဿကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘စက္ခုသမ္ဖဿော သောတသမ္ဖဿော ဃာနသမ္ဖဿော ဇိဝှါသမ္ဖဿော ကာယသမ္ဖဿော မနောသမ္ဖဿော – ဆ ဖဿကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘‘အဋ္ဌာရသ မနောပဝိစာရာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘စက္ခုနာ ရူပံ ဒိသွာ သောမနဿဋ္ဌာနီယံ ရူပံ ဥပဝိစရတိ, ဒေါမနဿဋ္ဌာနီယံ ရူပံ ဥပဝိစရတိ, ဥပေက္ခာဋ္ဌာနီယံ ရူပံ ဥပဝိစရတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ သောမနဿဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ, ဒေါမနဿဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ, ဥပေက္ခာဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ။ ဣတိ ဆ သောမနဿူပဝိစာရာ, ဆ ဒေါမနဿူပဝိစာရာ, ဆ ဥပေက္ခူပဝိစာရာ, အဋ္ဌာရသ မနောပဝိစာရာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၀၅။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနကို သိရမည်” ဟူ၍ ဤသို့လျှင် ထိုစကားကို ဆိုခဲ့၏၊ ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခာယတန သောတာယတန ဃာနာ ယတန ဇိဝှါယတန ကာယာယတန မနာယတနတို့တည်း။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ ဖြစ် သော အာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၁) “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်ကုန်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၂) “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့ သနည်း၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်တို့ တည်း။ “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကို သာလျှင် စွဲ၍ ဆိုခဲ့၏။ (၃) “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သ နည်း၊ စက္ခုဝိညာဏ်နှင့်ယှဥ်သော သမ္ဖဿ, သောတဝိညာဏ်နှင့်ယှဥ်သော သမ္ဖဿ, ဃာနဝိညာဏ်နှင့်ယှဥ် သော သမ္ဖဿ, ဇိဝှါဝိညာဏ်နှင့်ယှဥ်သော သမ္ဖဿ, ကာယဝိညာဏ်နှင့်ယှဥ်သော သမ္ဖဿ, မနောဝိညာဏ် နှင့်ယှဥ်သော သမ္ဖဿတို့တည်း။ “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထို စကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၄) “တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို ရှုမြင်၍ သောမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားနာ၍။ပ။ ဃာန ဝိညာဏ်ဖြင့် ဂန္ဓာရုံကို နံ၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ သောမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံး သပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဤသို့လျှင် ခြောက်ပါးကုန်သော သောမနဿနှင့်ယှဥ်သော ကြံစည်ခြင်းသုံး သပ်ခြင်း ခြောက်ပါးကုန်သော ဒေါမနဿနှင့် ယှဥ်သော ကြံစည်ခြင်းသုံးသပ်ခြင်း ခြောက်ပါးကုန်သော ဥပေက္ခာနှင့်ယှဥ်သော ကြံစည်ခြင်းသုံးသပ်ခြင်းတို့သည် ဖြစ်ကုန်၏၊ “တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ကြံစည်ခြင်းသုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤတစ်ဆယ့်ရှစ်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏၊ (၅)
‘The six interior sense fields should be understood.’ That’s what I said, but why did I say it? There are the sense fields of the eye, ear, nose, tongue, body, and mind. ‘The six interior sense fields should be understood.’ That’s what I said, and this is why I said it. ‘The six exterior sense fields should be understood.’ That’s what I said, but why did I say it? There are the sense fields of sights, sounds, smells, tastes, touches, and ideas. ‘The six exterior sense fields should be understood.’ That’s what I said, and this is why I said it. ‘The six classes of consciousness should be understood.’ That’s what I said, but why did I say it? There are eye, ear, nose, tongue, body, and mind consciousness. ‘The six classes of consciousness should be understood.’ That’s what I said, and this is why I said it. ‘The six classes of contact should be understood.’ That’s what I said, but why did I say it? There is contact through the eye, ear, nose, tongue, body, and mind. ‘The six classes of contact should be understood.’ That’s what I said, and this is why I said it. ‘The eighteen mental preoccupations should be understood.’ That’s what I said, but why did I say it? Seeing a sight with their eyes, one is preoccupied with a sight that’s a basis for happiness or sadness or equanimity. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Becoming conscious of an idea with their mind, one is preoccupied with an idea that’s a basis for happiness or sadness or equanimity. So there are six preoccupations with happiness, six preoccupations with sadness, and six preoccupations with equanimity. ‘The eighteen mental preoccupations should be understood.’ That’s what I said, and this is why I said it.
၃၀၆။ ‘‘‘ဆတ္တိံသ သတ္တပဒါ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဆ ဂေဟသိတာနိ [ဂေဟဿိတာနိ (?)] သောမနဿာနိ, ဆ နေက္ခမ္မသိတာနိ [နေက္ခမ္မဿိတာနိ (ဋီကာ)] သောမနဿာနိ, ဆ ဂေဟသိတာနိ ဒေါမနဿာနိ, ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနိ, ဆ ဂေဟသိတာ ဥပေက္ခာ, ဆ နေက္ခမ္မသိတာ ဥပေက္ခာ။ တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ သောမနဿာနိ? စက္ခုဝိညေယျာနံ ရူပါနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ ပဋိလာဘံ ဝါ ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ ဣဒံ ဝုစ္စတိ ဂေဟသိတံ သောမနဿံ။ သောတဝိညေယျာနံ သဒ္ဒါနံ… ဃာနဝိညေယျာနံ ဂန္ဓာနံ… ဇိဝှါဝိညေယျာနံ ရသာနံ… ကာယဝိညေယျာနံ ဖောဋ္ဌဗ္ဗာနံ… မနောဝိညေယျာနံ ဓမ္မာနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ…ပေ… သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ ဣဒံ ဝုစ္စတိ ဂေဟသိတံ သောမနဿံ။ ဣမာနိ ဆ ဂေဟသိတာနိ သောမနဿာနိ။
‘‘တတ္ထ ကတမာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ? ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ [ဝိပရိဏာမံ ဝိရာဂံ နိရောဓံ (က။)], ‘ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿံ။ သဒ္ဒါနံတွေဝ… ဂန္ဓာနံတွေဝ… ရသာနံတွေဝ… ဖောဋ္ဌဗ္ဗာနံတွေဝ… ဓမ္မာနံတွေ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ, ‘ပုဗ္ဗေ စေဝ ဓမ္မာ ဧတရဟိ စ သဗ္ဗေ တေ ဓမ္မာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿံ။ ဣမာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ။
၃၀၆။ “သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရ မည်”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း၊ ခြောက်ပါး ကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် အဘယ်နည်း။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့် ယှဥ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီး သော ရူပါရုံတို့ကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏၊ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်ကိုမှီသော သောမနဿဟူ၍ ဆိုရ၏။ သောတဝိညာဏ်ဖြင့် သိအပ်ကုန် သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဥ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူး သော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော သောမနဿကို ကာမဂုဏ်ကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန် သော သောမနဿတို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန် ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿသည် ဖြစ်၏။ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏သာ လျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿ သည် ဖြစ်၏။ ဤသို့သဘောရှိသော သောမနဿကို ကာမဂုဏ်မှထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။
‘The thirty-six positions of sentient beings should be understood.’ That’s what I said, but why did I say it? There are six kinds of domestic happiness and six kinds of renunciate happiness. There are six kinds of domestic sadness and six kinds of renunciate sadness. There are six kinds of domestic equanimity and six kinds of renunciate equanimity. And in this context what are the six kinds of domestic happiness? There are sights known by the eye, which are likable, desirable, agreeable, pleasing, connected with the worldly pleasures of the flesh. Happiness arises when you regard it as a gain to obtain such sights, or when you recollect sights you formerly obtained that have passed, ceased, and perished. Such happiness is called domestic happiness. There are sounds known by the ear … Smells known by the nose … Tastes known by the tongue … Touches known by the body … Ideas known by the mind, which are likable, desirable, agreeable, pleasing, connected with the worldly pleasures of the flesh. Happiness arises when you regard it as a gain to obtain such ideas, or when you recollect ideas you formerly obtained that have passed, ceased, and perished. Such happiness is called domestic happiness. These are the six kinds of domestic happiness. And in this context what are the six kinds of renunciate happiness? When you’ve understood the impermanence of sights—their perishing, fading away, and cessation—happiness arises as you truly understand through right understanding that both formerly and now all those sights are impermanent, suffering, and perishable. Such happiness is called renunciate happiness. When you’ve understood the impermanence of sounds … smells … tastes … touches … ideas—their perishing, fading away, and cessation—happiness arises as you truly understand through right understanding that both formerly and now all those ideas are impermanent, suffering, and perishable. Such happiness is called renunciate happiness. These are the six kinds of renunciate happiness.
၃၀၇။ ‘‘တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ? စက္ခုဝိညေယျာနံ ရူပါနံ…ပေ… သောတဝိညေယျာနံ သဒ္ဒါနံ… ဃာနဝိညေယျာနံ ဂန္ဓာနံ… ဇိဝှါဝိညေယျာနံ ရသာနံ… ကာယဝိညေယျာနံ ဖောဋ္ဌဗ္ဗာနံ… မနောဝိညေယျာနံ ဓမ္မာနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ အပ္ပဋိလာဘံ ဝါ အပ္ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ အပ္ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ ဒေါမနဿံ။ ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ ဝုစ္စတိ ဂေဟသိတံ ဒေါမနဿံ။ ဣမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။
‘‘တတ္ထ ကတမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနိ? ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ, ‘ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပေတိ – ‘ကုဒါဿု [ကဒါဿု (သျာ။ ကံ။ ပီ။)] နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ’တိ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ။ ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ သဒ္ဒါနံတွေဝ…ပေ… ဂန္ဓာနံတွေဝ… ရသာနံတွေဝ… ဖောဋ္ဌဗ္ဗာနံတွေဝ… ဓမ္မာနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ, ‘ပုဗ္ဗေ စေဝ ဓမ္မာ ဧတရဟိ စ သဗ္ဗေ တေ ဓမ္မာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပေတိ – ‘ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ’တိ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ။ ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနိ။
၃၀၇။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော ဒေါမနဿတို့သည့်အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့ကို။ပ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိ အပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အလိုရှိအပ် နှစ်သက် အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဥ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို မရခြင်းကိုလည်း မရသောအားဖြင့် အဖန်ဖန်ရှုသော ပုဂ္ဂိုလ်အားလည်း ကောင်း ရှေး၌လည်း ရှေးကမရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံ တို့ကို အဖန်ဖန်အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိ သော ဒေါမနဿကို ကာမဂုဏ်ကို မှီသော ဒေါမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော ဒေါမနဿတို့သည် ဤသည်တို့ပင်တည်း။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တ ဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ သဒ္ဒါရုံတို့၏သာလျှင်။ပ။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံ တို့၏သာလျှင်။ ဓမ္မာရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တဖိုလ် ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿတို့သည် ဤ သည်တို့ပင်တည်း။
And in this context what are the six kinds of domestic sadness? There are sights known by the eye, which are likable, desirable, agreeable, pleasing, connected with the worldly pleasures of the flesh. Sadness arises when you regard it as a loss to lose such sights, or when you recollect sights you formerly lost that have passed, ceased, and perished. Such sadness is called domestic sadness. There are sounds known by the ear … There are smells known by the nose … There are tastes known by the tongue … There are touches known by the body … There are ideas known by the mind, which are likable, desirable, agreeable, pleasing, connected with the worldly pleasures of the flesh. Sadness arises when you regard it as a loss to lose such ideas, or when you recollect ideas you formerly lost that have passed, ceased, and perished. Such sadness is called domestic sadness. These are the six kinds of domestic sadness. And in this context what are the six kinds of renunciate sadness? When you’ve understood the impermanence of sights—their perishing, fading away, and cessation—you truly understand through right understanding that both formerly and now all those sights are impermanent, suffering, and perishable. Upon seeing this, you give rise to longing for the supreme liberations: ‘Oh, when will I enter and remain in the same dimension that the noble ones enter and remain in today?’ When you give rise to longing for the supreme liberations like this, sadness arises because of the longing. Such sadness is called renunciate sadness. When you’ve understood the impermanence of sounds … smells … tastes … touches … ideas—their perishing, fading away, and cessation—you truly understand through right understanding that both formerly and now all those ideas are impermanent, suffering, and perishable. Upon seeing this, you give rise to longing for the supreme liberations: ‘Oh, when will I enter and remain in the same dimension that the noble ones enter and remain in today?’ When you give rise to longing for the supreme liberations like this, sadness arises because of the longing. Such sadness is called renunciate sadness. These are the six kinds of renunciate sadness.
၃၀၈။ ‘‘တတ္ထ ကတမာ ဆ ဂေဟသိတာ ဥပေက္ခာ? စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ( ) [(မန္ဒဿ) (က။)] ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ ယာ ဧဝရူပါ ဥပေက္ခာ, ရူပံ သာ နာတိဝတ္တတိ။ တသ္မာ သာ [သာယံ (က။)] ဥပေက္ခာ ‘ဂေဟသိတာ’တိ ဝုစ္စတိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ ယာ ဧဝရူပါ ဥပေက္ခာ, ဓမ္မံ သာ နာတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ ‘ဂေဟသိတာ’တိ ဝုစ္စတိ။ ဣမာ ဆ ဂေဟသိတာ ဥပေက္ခာ။
‘‘တတ္ထ ကတမာ ဆ နေက္ခမ္မသိတာ ဥပေက္ခာ? ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ, ‘ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ ဥပေက္ခာ။ ယာ ဧဝရူပါ ဥပေက္ခာ, ရူပံ သာ အတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ ‘နေက္ခမ္မသိတာ’တိ ဝုစ္စတိ။ သဒ္ဒါနံတွေဝ… ဂန္ဓာနံတွေဝ… ရသာနံတွေဝ… ဖောဋ္ဌဗ္ဗာနံတွေဝ… ဓမ္မာနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ, ‘ပုဗ္ဗေ စေဝ ဓမ္မာ ဧတရဟိ စ သဗ္ဗေ တေ ဓမ္မာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ ဥပေက္ခာ။ ယာ ဧဝရူပါ ဥပေက္ခာ, ဓမ္မံ သာ အတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ ‘နေက္ခမ္မသိတာ’တိ ဝုစ္စတိ။ ဣမာ ဆ နေက္ခမ္မသိတာ ဥပေက္ခာ။ ‘ဆတ္တိံသ သတ္တပဒါ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၀၈။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကိုမှီသော ဥပေက္ခာတို့ သည် အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဥ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင် အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဥ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟု ဆိုရ၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြား၍။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို နမ်း၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဥ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင့်အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဥ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍ မဖြစ်။ ထို့ကြောင့် ထို ဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ကာမဂုဏ်ကိုမှီသော ဥပေက္ခာတို့သည် ဤ ခြောက်ပါးတို့တည်း။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိ ကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏ သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ထွက်မြောက်ကြောင်းကို မှီကုန် သော ဥပေက္ခာတို့သည် ဤခြောက်ပါးတို့ပင်တည်း။ “သုံးဆယ့်ခြောက်ပါးသော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤသုံးဆယ့်ခြောက်ပါးသော တရားကို သာလျှင် စွဲ၍ ဆိုခဲ့၏၊
And in this context what are the six kinds of domestic equanimity? When seeing a sight with their eyes, equanimity arises for the unlearned ordinary person—a foolish ordinary person who has not overcome their limitations and the results of deeds, and is blind to the drawbacks. Such equanimity does not transcend the sight. That’s why it’s called domestic equanimity. When hearing a sound with their ears … When smelling an odor with their nose … When tasting a flavor with their tongue … When encountering a touch with their body … When knowing an idea with their mind, equanimity arises for the unlearned ordinary person—a foolish ordinary person who has not overcome their limitations and the results of deeds, and is blind to the drawbacks. Such equanimity does not transcend the idea. That’s why it’s called domestic equanimity. These are the six kinds of domestic equanimity. And in this context what are the six kinds of renunciate equanimity? When you’ve understood the impermanence of sights—their perishing, fading away, and cessation—equanimity arises as you truly understand through right understanding that both formerly and now all those sights are impermanent, suffering, and perishable. Such equanimity transcends the sight. That’s why it’s called renunciate equanimity. When you’ve understood the impermanence of sounds … smells … tastes … touches … ideas—their perishing, fading away, and cessation—equanimity arises as you truly understand through right understanding that both formerly and now all those ideas are impermanent, suffering, and perishable. Such equanimity transcends the idea. That’s why it’s called renunciate equanimity. These are the six kinds of renunciate equanimity. ‘The thirty-six positions of sentient beings should be understood.’ That’s what I said, and this is why I said it.
၃၀၉။ ‘‘တတြ ဣဒံ နိဿာယ ဣဒံ ပဇဟထာ’’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? တတြ, ဘိက္ခဝေ, ယာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ တာနိ နိဿာယ တာနိ အာဂမ္မ ယာနိ ဆ ဂေဟသိတာနိ သောမနဿာနိ တာနိ ပဇဟထ, တာနိ သမတိက္ကမထ။ ဧဝမေတေသံ ပဟာနံ ဟောတိ, ဧဝမေတေသံ သမတိက္ကမော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနိ တာနိ နိဿာယ တာနိ အာဂမ္မ ယာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ တာနိ ပဇဟထ, တာနိ သမတိက္ကမထ။ ဧဝမေတေသံ ပဟာနံ ဟောတိ, ဧဝမေတေသံ သမတိက္ကမော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယာ ဆ နေက္ခမ္မသိတာ ဥပေက္ခာ တာ နိဿာယ တာ အာဂမ္မ ယာ ဆ ဂေဟသိတာ ဥပေက္ခာ တာ ပဇဟထ, တာ သမတိက္ကမထ။ ဧဝမေတာသံ ပဟာနံ ဟောတိ, ဧဝမေတာသံ သမတိက္ကမော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ တာနိ နိဿာယ တာနိ အာဂမ္မ ယာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနိ တာနိ ပဇဟထ, တာနိ သမတိက္ကမထ။ ဧဝမေတေသံ ပဟာနံ ဟောတိ, ဧဝမေတေသံ သမတိက္ကမော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယာ ဆ နေက္ခမ္မသိတာ ဥပေက္ခာ တာ နိဿာယ တာ အာဂမ္မ ယာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ တာနိ ပဇဟထ, တာနိ သမတိက္ကမထ။ ဧဝမေတေသံ ပဟာနံ ဟောတိ, ဧဝမေတေသံ သမတိက္ကမော ဟောတိ။
၃၀၉။ ထိုသုံးဆယ့်ခြောက်ပါးသောတရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့” ဟူသော စကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို ပယ်စွန့်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို မှီ၍ ထိုဒေါမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿ တို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို လွန် မြောက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို ပယ်ကြကုန်လော့၊ ထိုဥပေက္ခာတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကိုမှီသော ဥပေက္ခာ တို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုကာမဂုဏ်ကို မှီသော ဥပေက္ခာတို့ကို လွန်မြောက်ခြင်းသည့်ဖြစ်၏။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထိိုု ဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုဒေါမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထို သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုသောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။
‘Therein, relying on this, give up that.’ That’s what I said, but why did I say it? Therein, by relying and depending on the six kinds of renunciate happiness, give up and go beyond the six kinds of domestic happiness. That’s how they are given up. Therein, by relying on the six kinds of renunciate sadness, give up the six kinds of domestic sadness. That’s how they are given up. Therein, by relying on the six kinds of renunciate equanimity, give up the six kinds of domestic equanimity. That’s how they are given up. Therein, by relying on the six kinds of renunciate happiness, give up the six kinds of renunciate sadness. That’s how they are given up. Therein, by relying on the six kinds of renunciate equanimity, give up the six kinds of renunciate happiness. That’s how they are given up.
၃၁၀။ ‘‘အတ္ထိ, ဘိက္ခဝေ, ဥပေက္ခာ နာနတ္တာ နာနတ္တသိတာ, အတ္ထိ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ။ ကတမာ စ, ဘိက္ခဝေ, ဥပေက္ခာ နာနတ္တာ နာနတ္တသိတာ? အတ္ထိ, ဘိက္ခဝေ, ဥပေက္ခာ ရူပေသု, အတ္ထိ သဒ္ဒေသု, အတ္ထိ ဂန္ဓေသု, အတ္ထိ ရသေသု, အတ္ထိ ဖောဋ္ဌဗ္ဗေသု – အယံ, ဘိက္ခဝေ, ဥပေက္ခာ နာနတ္တာ နာနတ္တသိတာ။ ကတမာ စ, ဘိက္ခဝေ, ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ? အတ္ထိ, ဘိက္ခဝေ, ဥပေက္ခာ အာကာသာနဉ္စာယတနနိဿိတာ, အတ္ထိ ဝိညာဏဉ္စာယတနနိဿိတာ, အတ္ထိ အာကိဉ္စညာယတနနိဿိတာ, အတ္ထိ နေဝသညာနာသညာယတနနိဿိတာ – အယံ, ဘိက္ခဝေ, ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ။
‘‘တတြ, ဘိက္ခဝေ, ယာယံ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ တံ နိဿာယ တံ အာဂမ္မ ယာယံ ဥပေက္ခာ နာနတ္တာ နာနတ္တသိတာ တံ ပဇဟထ, တံ သမတိက္ကမထ။ ဧဝမေတိဿာ ပဟာနံ ဟောတိ, ဧဝမေတိဿာ သမတိက္ကမော ဟောတိ။
‘‘အတမ္မယတံ, ဘိက္ခဝေ, နိဿာယ အတမ္မယတံ အာဂမ္မ ယာယံ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ တံ ပဇဟထ, တံ သမတိက္ကမထ။ ဧဝမေတိဿာ ပဟာနံ ဟောတိ, ဧဝမေတိဿာ သမတိက္ကမော ဟောတိ။ ‘တတြ ဣဒံ နိဿာယ ဣဒံ ပဇဟထာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၁၀။ ရဟန်းတို့ အထူးထူးသောသဘောရှိသော အထူးထူးသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်း တို့ အထူးထူး သောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ ရူပါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ သဒ္ဒါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဂန္ဓာရုံတို့ ၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရသာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် အထူးထူးသောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာတည်း။ ရဟန်းတို့ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ဝိညာဏဉ္စာယတန ဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ အာကိဉ္စညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ နေဝသညာ နာသညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာတည်း။ ရဟန်းတို့ ထိုဥပေက္ခာနှစ်မျိုးတို့တွင် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံ ကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို မှီ၍ ထိုဥပေက္ခာကို အစွဲပြု၍ အထူးထူးသော သဘောရှိသော အထူးထူးသော အာရုံကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန် လော့၊ ထိုဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကိုမှီ၍ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ကို အစွဲပြု၍ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော အကြင် အရူပါဝစရသမာပတ္တိဥပေက္ခာနှင့် ဝိပဿနုပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန်လော့၊ ထို ဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ “ထိုသုံးဆယ့်ခြောက် ပါးသော တရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို စွန့်ကုန်လော့” ဟူသော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုခဲ့၏။
There is equanimity that is diversified, based on diversity, and equanimity that is unified, based on unity. And what is equanimity based on diversity? There is equanimity toward sights, sounds, smells, tastes, and touches. This is equanimity based on diversity. And what is equanimity based on unity? There is equanimity based on the dimensions of infinite space, infinite consciousness, nothingness, and neither perception nor non-perception. This is equanimity based on unity. Therein, relying on equanimity based on unity, give up equanimity based on diversity. That’s how it is given up. Relying on not being determined by that, give up equanimity based on unity. That’s how it is given up. ‘Therein, relying on this, give up that.’ That’s what I said, and this is why I said it.
၃၁၁။ ‘‘‘တယော သတိပဋ္ဌာနာ ယဒရိယော သေဝတိ, ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဣဓ, ဘိက္ခဝေ, သတ္ထာ သာဝကာနံ ဓမ္မံ ဒေသေတိ အနုကမ္ပကော ဟိတေသီ အနုကမ္ပံ ဥပါဒါယ – ‘ဣဒံ ဝေါ ဟိတာယ, ဣဒံ ဝေါ သုခါယာ’တိ။ တဿ သာဝကာ န သုဿူသန္တိ, န သောတံ ဩဒဟန္တိ, န အညာ စိတ္တံ ဥပဋ္ဌပေန္တိ, ဝေါက္ကမ္မ စ သတ္ထုသာသနာ ဝတ္တန္တိ။ တတြ, ဘိက္ခဝေ, တထာဂတော န စေဝ အနတ္တမနော ဟောတိ, န စ အနတ္တမနတံ ပဋိသံဝေဒေတိ, အနဝဿုတော စ ဝိဟရတိ သတော သမ္ပဇာနော။ ဣဒံ, ဘိက္ခဝေ, ပဌမံ သတိပဋ္ဌာနံ ယဒရိယော သေဝတိ, ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, သတ္ထာ သာဝကာနံ ဓမ္မံ ဒေသေတိ အနုကမ္ပကော ဟိတေသီ အနုကမ္ပံ ဥပါဒါယ – ‘ဣဒံ ဝေါ ဟိတာယ, ဣဒံ ဝေါ သုခါယာ’တိ။ တဿ ဧကစ္စေ သာဝကာ န သုဿူသန္တိ, န သောတံ ဩဒဟန္တိ, န အညာ စိတ္တံ ဥပဋ္ဌပေန္တိ, ဝေါက္ကမ္မ စ သတ္ထုသာသနာ ဝတ္တန္တိ၊ ဧကစ္စေ သာဝကာ သုဿူသန္တိ, သောတံ ဩဒဟန္တိ, အညာ စိတ္တံ ဥပဋ္ဌပေန္တိ, န စ ဝေါက္ကမ္မ သတ္ထုသာသနာ ဝတ္တန္တိ။ တတြ, ဘိက္ခဝေ, တထာဂတော န စေဝ အနတ္တမနော ဟောတိ, န စ အနတ္တမနတံ ပဋိသံဝေဒေတိ၊ န စ အတ္တမနော ဟောတိ, န စ အတ္တမနတံ ပဋိသံဝေဒေတိ။ အနတ္တမနတာ စ အတ္တမနတာ စ – တဒုဘယံ အဘိနိဝဇ္ဇေတွာ ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုတိယံ သတိပဋ္ဌာနံ ယဒရိယော သေဝတိ, ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, သတ္ထာ သာဝကာနံ ဓမ္မံ ဒေသေတိ အနုကမ္ပကော ဟိတေသီ အနုကမ္ပံ ဥပါဒါယ – ‘ဣဒံ ဝေါ ဟိတာယ, ဣဒံ ဝေါ သုခါယာ’တိ။ တဿ သာဝကာ သုဿူသန္တိ, သောတံ ဩဒဟန္တိ, အညာစိတ္တံ ဥပဋ္ဌပေန္တိ, န စ ဝေါက္ကမ္မ သတ္ထုသာသနာ ဝတ္တန္တိ။ တတြ, ဘိက္ခဝေ, တထာဂတော အတ္တမနော စေဝ ဟောတိ, အတ္တမနတဉ္စ ပဋိသံဝေဒေတိ, အနဝဿုတော စ ဝိဟရတိ သတော သမ္ပဇာနော။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, တတိယံ သတိပဋ္ဌာနံ ယဒရိယော သေဝတိ, ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ။ ‘တယော သတိပဋ္ဌာနာ ယဒရိယော သေဝတိ, ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတီ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၁၁။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကိုမှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဤလောက၌ အစဥ် သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဥ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ မနာယူကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ်စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံးမသာယာ ခြင်း ဒေါမနဿကို မခံစားရ၊ ဒေါမနဿမယိုစီးဘဲ သတိပညာနှင့် ပြည့်စုံ၍ နေ၏။ ရဟန်းတို့ အကြင် သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် ရှေးဦးစွာသော သတိ ပဋ္ဌာန်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား အစဥ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား)သည် အစဥ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ မနာယူကြကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ် စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံး မသာယာခြင်း ဒေါမနဿကိုလည်း မခံစားရ၊ နှလုံးသာယာခြင်းလည်း မဖြစ်၊ နှလုံးသာယာခြင်း သောမနဿကိုလည်း မခံစားရ၊ နှလုံးမသာယာခြင်း နှလုံးသာယာခြင်း ထိုနှစ်ပါးစုံကို ကြဥ်၍ လျစ်လျူ ရှုလျက် သတိပညာနှင့် ပြည့်စုံကာနေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သော သူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် နှစ်ခုမြောက်သော သတိပဋ္ဌာန်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား အစဥ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဥ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ဆရာ (ဘုရား) သည် နှစ်လိုဝမ်းသာ ခြင်းဖြစ်၏၊ ဝမ်းမြောက်မှု သောမနဿကိုလည်း ခံစားရ၏၊ ရာဂမစိုစွတ်မူ၍ သတိပညာနှင့် ပြည့်စုံကာ နေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် သုံးခုမြောက်သော သတိပဋ္ဌာန်ပေတည်း။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။
‘The Noble One cultivates the establishment of mindfulness in three cases, by virtue of which they are a Teacher worthy to instruct a group.’ That’s what I said, but why did I say it? The first case is when the Teacher teaches Dhamma to his disciples out of kindness and sympathy: ‘This is for your welfare. This is for your happiness.’ But their disciples don’t want to listen. They don’t actively listen or try to understand. They proceed having turned away from the Teacher’s instruction. In this case the Realized One is not unhappy, he does not feel unhappiness. He remains unfestering, mindful and aware. This is the first case in which the Noble One cultivates the establishment of mindfulness. The next case is when the Teacher teaches Dhamma to his disciples out of kindness and sympathy: ‘This is for your welfare. This is for your happiness.’ And some of their disciples don’t want to listen. They don’t actively listen or try to understand. They proceed having turned away from the Teacher’s instruction. But some of their disciples do want to listen. They actively listen and try to understand. They don’t proceed having turned away from the Teacher’s instruction. In this case the Realized One is not unhappy, nor is he happy. Shunning both unhappiness and happiness, he remains equanimous, mindful and aware. This is the second case in which the Noble One cultivates the establishment of mindfulness. The next case is when the Teacher teaches Dhamma to his disciples out of kindness and sympathy: ‘This is for your welfare. This is for your happiness.’ And their disciples want to listen. They actively listen and try to understand. They don’t proceed having turned away from the Teacher’s instruction. In this case the Realized One is happy, he does feel happiness. He remains unfestering, mindful and aware. This is the third case in which the Noble One cultivates the establishment of mindfulness. ‘The Noble One cultivates the establishment of mindfulness in three cases, by virtue of which they are a Teacher worthy to instruct a group.’ That’s what I said, and this is why I said it.
၃၁၂။ ‘‘‘သော ဝုစ္စတိ ယောဂ္ဂါစရိယာနံ အနုတ္တရော ပုရိသဒမ္မသာရထီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဟတ္ထိဒမကေန, ဘိက္ခဝေ, ဟတ္ထိဒမ္မော သာရိတော ဧကံယေဝ ဒိသံ ဓာဝတိ – ပုရတ္ထိမံ ဝါ ပစ္ဆိမံ ဝါ ဥတ္တရံ ဝါ ဒက္ခိဏံ ဝါ။ အဿဒမကေန, ဘိက္ခဝေ, အဿဒမ္မော သာရိတော ဧကညေဝ ဒိသံ ဓာဝတိ – ပုရတ္ထိမံ ဝါ ပစ္ဆိမံ ဝါ ဥတ္တရံ ဝါ ဒက္ခိဏံ ဝါ။ ဂေါဒမကေန, ဘိက္ခဝေ, ဂေါဒမ္မော သာရိတော ဧကံယေဝ ဒိသံ ဓာဝတိ – ပုရတ္ထိမံ ဝါ ပစ္ဆိမံ ဝါ ဥတ္တရံ ဝါ ဒက္ခိဏံ ဝါ။ တထာဂတေန ဟိ, ဘိက္ခဝေ, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ပုရိသဒမ္မော သာရိတော အဋ္ဌ ဒိသာ ဝိဓာဝတိ။ ရူပီ ရူပါနိ ပဿတိ – အယံ ဧကာ ဒိသာ၊ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ – အယံ ဒုတိယာ ဒိသာ၊ သုဘန္တေွဝ အဓိမုတ္တော ဟောတိ – အယံ တတိယာ ဒိသာ၊ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ – အယံ စတုတ္ထီ ဒိသာ၊ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ – အယံ ပဉ္စမီ ဒိသာ၊ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ – အယံ ဆဋ္ဌီ ဒိသာ၊ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ – အယံ သတ္တမီ ဒိသာ၊ သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ – အယံ အဋ္ဌမီ ဒိသာ။ တထာဂတေန, ဘိက္ခဝေ, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ပုရိသဒမ္မော သာရိတော ဣမာ အဋ္ဌ ဒိသာ ဝိဓာဝတိ။ ‘သော ဝုစ္စတိ ယောဂ္ဂါစရိယာနံ အနုတ္တရော ပုရိသဒမ္မသာရထီ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တ’’န္တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
သဠာယတနဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ သတ္တမံ။
၃၁၂။ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဆင်ဆရာ သင်ကြားဆုံးမထားသော ယဥ်ကျေးပြီးသော ဆင်သည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခု တည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ မြင်းဆရာ သင်ကြားဆုံးမထားသော ယဥ် ကျေးပြီးသော မြင်းသည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ် သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ၊ တစ်ခုတည်းသောအရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ နွားဆရာ သင်ကြားဆုံးမထားသော ယဥ်ကျေးပြီးသော နွားသည် အရှေ့အရပ်သို့မူလည်းဖြစ် စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခုတည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော မြတ်စွာဘုရားသည် သင်ကြားဆုံးမထားသော ယဥ်ကျေးပြီးသော ပုဂ္ဂိုလ်သည် အရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏။ ရူပဈာန်ရှိသည်ဖြစ်၍ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခ သည် တစ်ခုသော အရပ်မည်၏။ အတွင်းသန္တာန်၌ ရုပ်ဟူသော အမှတ်အသား မရှိသည်ဖြစ်၍ အပ သန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခသည် နှစ်ခုမြောက်အရပ်မည်၏။ တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤဝိမောက္ခသည် သုံးခုမြောက်အရပ်မည်၏။ ရူပသညာ တို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် လေးခုမြောက်အရပ်မည်၏။ အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန် မြောက်၍ “ပဌမာရုပ္ပဝိ ညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ငါးခုမြောက်အရပ်မည်၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခြောက်ခုမြောက်အရပ်မည်၏။ အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန် သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခုနစ်ခုမြောက် အရပ်မည်၏။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍နေ၏။ ဤဝိမောက္ခသည် ရှစ်ခု မြောက် အရပ်မည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော် မူသော မြတ်စွာဘုရားသည် သင်ကြားပြီး ယဥ်းကျေးပြီး သောယောကျာ်းသည် ဤအရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏၊ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူ၍ အကြင်စကားကို ဆိုခဲ့၏၊ ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ ခုနစ်ခုမြောက် သဠာယတနဝိဘင်္ဂသုတ် ပြီး၏။
‘Of all meditation tutors, it is he that is called the supreme guide for those fit for training.’ That’s what I said, but why did I say it? Driven by an elephant trainer, an elephant in training proceeds in just one direction: east, west, north, or south. Driven by a horse trainer, a horse in training proceeds in just one direction: east, west, north, or south. Driven by an ox trainer, an ox in training proceeds in just one direction: east, west, north, or south. But driven by the Realized One, the perfected one, the fully awakened Buddha, a person in training proceeds in eight directions: Having physical form, they see forms. This is the first direction. Not perceiving physical form internally, they see forms externally. This is the second direction. They’re focused only on beauty. This is the third direction. Going totally beyond perceptions of form, with the disappearance of perceptions of impingement, not focusing on perceptions of diversity, aware that ‘space is infinite’, they enter and remain in the dimension of infinite space. This is the fourth direction. Going totally beyond the dimension of infinite space, aware that ‘consciousness is infinite’, they enter and remain in the dimension of infinite consciousness. This is the fifth direction. Going totally beyond the dimension of infinite consciousness, aware that ‘there is nothing at all’, they enter and remain in the dimension of nothingness. This is the sixth direction. Going totally beyond the dimension of nothingness, they enter and remain in the dimension of neither perception nor non-perception. This is the seventh direction. Going totally beyond the dimension of neither perception nor non-perception, they enter and remain in the cessation of perception and feeling. This is the eighth direction. Driven by the Realized One, the perfected one, the fully awakened Buddha, a person in training proceeds in these eight directions. ‘Of all meditation tutors, it is he that is called the supreme guide for those fit for training.’ That’s what I said, and this is why I said it.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၈။ ဥဒ္ဒေသဝိဘင်္ဂသုတ္တံ
၃၁၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘ဥဒ္ဒေသဝိဘင်္ဂံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ ယထာ ယထာ [ယထာ ယထာဿ (သီ။ သျာ။ ကံ။ ပီ။)] ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’’တိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော ဥဋ္ဌာယာသနာ ဝိဟာရံ ပါဝိသိ။
၈-ဥဒ္ဒေသဝိဘင်္ဂသုတ် ၃၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား အကျဥ်းဒေသနာ အကျယ်ဒေသနာကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်း ကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို့မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - “ရဟန်းတို့ အကြင်အကြင်သို့ သဘောရှိသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း အား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း မတပ် မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံ တို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမတပ် မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထတော်မူလျက် ကျောင်း တွင်းသို့ ဝင်တော်မူ၏။
Middle Discourses 138 A Summary Recital and its Analysis So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I shall teach you a summary recital and its analysis. Listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “A mendicant should examine in whatever way such that, while examining, consciousness would neither be scattered nor diffused externally, nor stuck internally, and they would not be anxious because of grasping. When consciousness is neither scattered nor diffused externally, nor stuck internally, and they are not anxious because of grasping, there is no coming to be of the origin of suffering—of rebirth, old age, and death in the future.” That is what the Buddha said. When he had spoken, the Holy One rose from his seat and entered his dwelling.
၃၁၄။ အထ ခေါ တေသံ ဘိက္ခူနံ, အစိရပက္ကန္တဿ ဘဂဝတော, ဧတဒဟောသိ – ‘‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’’တိ? အထ ခေါ တေသံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မာ မဟာကစ္စာနော သတ္ထု စေဝ သံဝဏ္ဏိတော သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ၊ ပဟောတိ စာယသ္မာ မဟာကစ္စာနော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’’တိ။
အထ ခေါ တေ ဘိက္ခူ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မတာ မဟာကစ္စာနေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစုံ –
‘‘ဣဒံ ခေါ နော, အာဝုသော ကစ္စာန, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’တိ။ တေသံ နော, အာဝုသော ကစ္စာန, အမှာကံ, အစိရပက္ကန္တဿ ဘဂဝတော, ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ, ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’’တိ။ ‘‘တေသံ နော, အာဝုသော ကစ္စာန, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ အာယသ္မာ မဟာကစ္စာနော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ မဟာကစ္စာနော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ – ဝိဘဇတာယသ္မာ မဟာကစ္စာနော’’တိ။
၃၁၄။ ထိုအခါ ထိုရဟန်းတို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမီ ဤဆိုလတ္တံ့သော အကြံသည် ဖြစ်ပေါ်လာ၏ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာ ရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှား သော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ’ ဟူ၍ ဤတရားကို အကျဥ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ မြတ်စွာဘုရား အကျဥ်းချုပ် ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤအကျဥ်းတရား၏ အနက်သဘောကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံသည် ဖြစ်ပေါ်လာ၏)။ ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဥ်းချုပ် ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဥ်းကပ်၍ အသျှင်မဟာ ကစ္စာနအား ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘောကို မေးမြန်းကြရမူ ကောင်းပေမည်”ဟု အကြံ သည် ဖြစ်ပေါ်လာပြန်၏။ ထို့နောက် ရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စာနနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံး စေကာ တစ်ခုသောအရပ်၌ ထိုင်နေကုန်လျက် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို ပြောဆို လျှောက်ထားကုန်၏။ ငါ့သျှင်ကစ္စာန ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာ အားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်း အာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဤဥဒ္ဒေသကို အကျဥ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာ မှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့သျှင်ကစ္စာန့မြတ်စွာဘုရား ဖဲကြွသွားတော်မူ၍ မကြာမြင့်မီ ငါတို့အား ဤသို့သော အကြံသည် ဖြစ်ပေါ်လာပြန်၏ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင် သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်း တို့၏ ဖြစ်ခြင်းသည် မရှိ’ဟူသော ဤဥဒ္ဒေသကို အကျဥ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေ ဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ အဘယ်သူသည် မြတ်စွာဘုရား အကျဥ်းချုပ် ညွှန်ပြ၍ အကျယ်အားဖြင့် အနက်သဘောကို မဝေဖန်သော ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘော ကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံဖြစ်ပေါ်ပြန်၏)။ ငါ့သျှင်ကစ္စာန ထိုငါတို့အား ဤသို့ အကြံဖြစ်ပေါ်ပြန်ပါ၏ “ဤအသျှင်ကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဥ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာန ထံသို့ ချဥ်းကပ်ကြ၍ အနက်သဘောကို မေမြန်းကြရမူ ကောင်းပေမည်”ဟု (အကြံဖြစ်ပေါ်လာပြန်၏ )။ အသျှင်ကစ္စာနသည် ဝေဖန်တော်မူပါလော့ဟု (ပြောဆိုလျှောက်ထားကြကုန်၏)။
Soon after the Buddha left, those mendicants considered, “The Buddha gave this brief summary recital, then entered his dwelling without explaining the meaning in detail. Who can explain in detail the meaning of this brief summary recital given by the Buddha?” Then those mendicants thought, “This Venerable Mahākaccāna is praised by the Buddha and esteemed by his sensible spiritual companions. He is capable of explaining in detail the meaning of this brief summary recital given by the Buddha. Let’s go to him, and ask him about this matter.” Then those mendicants went to Mahākaccāna, and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side. They told him what had happened, and said, “May Venerable Mahākaccāna please explain this.”
၃၁၅။ ‘‘‘သေယျထာပိ, အာဝုသော, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ မူလံ အတိက္ကမ္မ ခန္ဓံ သာခါပလာသေ သာရံ ပရိယေသိတဗ္ဗံ မညေယျ, ဧဝံ သမ္ပဒမိဒံ အာယသ္မန္တာနံ သတ္ထရိ သမ္မုခီဘူတေ တံ ဘဂဝန္တံ အတိသိတွာ အမှေ ဧတမတ္ထံ ပဋိပုစ္ဆိတဗ္ဗံ မညထ။ သော ဟာဝုသော, ဘဂဝါ ဇာနံ ဇာနာတိ, ပဿံ ပဿတိ, စက္ခုဘူတော ဉာဏဘူတော ဓမ္မဘူတော ဗြဟ္မဘူတော ဝတ္တာ ပဝတ္တာ အတ္ထဿ နိန္နေတာ အမတဿ ဒါတာ ဓမ္မဿာမီ တထာဂတော။ သော စေဝ ပနေတဿ ကာလော အဟောသိ ယံ ဘဂဝန္တံယေဝ ဧတမတ္ထံ ပဋိပုစ္ဆေယျာထ၊ ယထာ ဝေါ ဘဂဝါ ဗျာကရေယျ တထာ နံ ဓာရေယျာထာ’’’တိ။ ‘အဒ္ဓါဝုသော ကစ္စာန, ဘဂဝါ ဇာနံ ဇာနာတိ, ပဿံ ပဿတိ, စက္ခုဘူတော ဉာဏဘူတော ဓမ္မဘူတော ဗြဟ္မဘူတော ဝတ္တာ ပဝတ္တာ အတ္ထဿ နိန္နေတာ အမတဿ ဒါတာ ဓမ္မဿာမီ တထာဂတော။ သော စေဝ ပနေတဿ ကာလော အဟောသိ ယံ ဘဂဝန္တံယေဝ ဧတမတ္ထံ ပဋိပုစ္ဆေယျာမ၊ ယထာ နော ဘဂဝါ ဗျာကရေယျ တထာ နံ ဓာရေယျာမ။ အပိ စာယသ္မာ မဟာကစ္စာနော သတ္ထု စေဝ သံဝဏ္ဏိတော သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ မဟာကစ္စာနော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ဝိဘဇတာယသ္မာ မဟာကစ္စာနော အဂရုံ ကရိတွာ’တိ။ ‘တေန ဟာဝုသော, သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’တိ။ ‘ဧဝမာဝုသော’တိ ခေါ တေ ဘိက္ခူ အာယသ္မတော မဟာကစ္စာနဿ ပစ္စဿောသုံ။ အာယသ္မာ မဟာကစ္စာနော ဧတဒဝေါစ –
‘ယံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ, ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ, ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’တိ။ ဣမဿ ခေါ အဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဧဝံ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။
၃၁၅။ ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိသော အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ်ရှာ လှည့်လည်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်အရင်းကိုလည်း ကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်မှတ် ရာသကဲ့သို့ ဤအတူ ဤဥပမာ၏ ပြည့်စုံခြင်းကို သိအပ်၏၊ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက် ဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော်လွန်၍ ငါတို့အား အကျဥ်းဖြစ်သော တရား၏ အနက်သဘောကို မေးမြန်းသင့်၏ဟု ထင်မှတ်ကြကုန် ဘိ၏။ ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြား တော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများ အတူ ဖြစ်တော်မူ၏၊ ဤအနက်သဘော ကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့် အတိုင်း ထိုအနက်ကို မှတ်ကြကုန်ရာ၏ဟု (ပြောဆို၏)။ ငါ့သျှင်ကစ္စာန စင်စစ် မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော် မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ် သောမဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော် မူ၏၊ ရှေးဘုရားများ အတူဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်ပါ၏၊ ငါတို့သည် ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်ကြကုန်ရာ၏၊ သို့ပါသော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဥ်း ချုပ်ညွှန်ပြ၍ အကျယ် မဝေဖန်ခဲ့သော ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘောကို့အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ အသျှင်မဟာကစ္စာနသည် ဝန်မလေးသည်ကို ပြု၍ ဝေဖန်ပါလော့ဟု (လျှောက်ကြကုန်၏)။ ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုကြမူ နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန် လော့၊ ဟောကြားပေအံ့ဟု (ပြောဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာ ကစ္စာနအား ပြန်ကြားလျှောက်ထားကုန်း၏။ အသျှင်မဟာကစ္စာနသည် ဤဆိုလတ္တံ့သော စကားကို ပြောဆို၏ - ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဥဒ္ဒေသကို အကျဥ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဥ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤအကျဥ်းဖြစ်သော တရား၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် ငါနားလည်ပါ၏။
“Reverends, suppose there was a person in need of heartwood. And while wandering in search of heartwood he’d come across a large tree standing with heartwood. But he’d pass over the roots and trunk, imagining that the heartwood should be sought in the branches and leaves. Such is the consequence for the venerables. Though you were face to face with the Buddha, you bypassed him, imagining that you should ask me about this matter. For he is the Buddha, the one who knows and sees. He is vision, he is knowledge, he is the manifestation of principle, he is the manifestation of divinity. He is the preacher, the proclaimer, the elucidator of meaning, the bestower of freedom from death, the lord of truth, the Realized One. That was the time to approach the Buddha and ask about this matter. You should have remembered it in line with the Buddha’s answer.” “Certainly he is the Buddha, the one who knows and sees. He is vision, he is knowledge, he is the manifestation of principle, he is the manifestation of divinity. He is the preacher, the proclaimer, the elucidator of meaning, the bestower of freedom from death, the lord of truth, the Realized One. That was the time to approach the Buddha and ask about this matter. We should have remembered it in line with the Buddha’s answer. Still, Venerable Mahākaccāna is praised by the Buddha and esteemed by his sensible spiritual companions. He is capable of explaining in detail the meaning of this brief summary recital given by the Buddha. Please explain this, if it’s no trouble.” “Well then, reverends, listen and apply your mind well, I will speak.” “Yes, reverend,” they replied. Venerable Mahākaccāna said this: “Reverends, the Buddha gave this brief summary recital, then entered his dwelling without explaining the meaning in detail: ‘A mendicant should examine in whatever way such that, while examining, consciousness would neither be scattered nor diffused externally, nor stuck internally, and they would not be anxious because of grasping. When consciousness is neither scattered nor diffused externally, nor stuck internally, and they are not anxious because of grasping, there is no coming to be of the origin of suffering—of rebirth, old age, and death in the future.’ This is how I understand the detailed meaning of this summary recital.
၃၁၆။ ‘‘ကထဉ္စာဝုသော, ဗဟိဒ္ဓါ ဝိညာဏံ ဝိက္ခိတ္တံ ဝိသဋန္တိ ဝုစ္စတိ? ဣဓာဝုသော, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ရူပနိမိတ္တာနုသာရိ ဝိညာဏံ ဟောတိ ရူပနိမိတ္တဿာဒဂဓိတံ […ဂထိတံ (သီ။ ပီ။)] ရူပနိမိတ္တဿာဒဝိနိဗန္ဓံ […ဝိနိဗန္ဓံ (သီ။ ပီ။)] ရူပနိမိတ္တဿာဒသံယောဇနသံယုတ္တံ ဗဟိဒ္ဓါ ဝိညာဏံ ဝိက္ခိတ္တံ ဝိသဋန္တိ ဝုစ္စတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ ဓမ္မနိမိတ္တာနုသာရီ ဝိညာဏံ ဟောတိ၊ ဓမ္မနိမိတ္တဿာဒဂဓိတံ ဓမ္မနိမိတ္တဿာဒဝိနိဗန္ဓံ ဓမ္မနိမိတ္တဿာဒသံယောဇနသံယုတ္တံ ဗဟိဒ္ဓါ ဝိညာဏံ ဝိက္ခိတ္တံ ဝိသဋန္တိ ဝုစ္စတိ။ ဧဝံ ခေါ အာဝုသော, ဗဟိဒ္ဓါ ဝိညာဏံ ဝိက္ခိတ္တံ ဝိသဋန္တိ ဝုစ္စတိ။
၃၁၆။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုရ သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဥ်လျှောက်ပြေး သွားသော ရူပါရုံကို သာယာမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် ဖွဲ့သော ရူပါရုံကို သာယာခြင်း သံယောဇဥ်နှင့် ယှဥ်သော ဝိညာဏ်သည် ဖြစ်၏။ (ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။ နားဖြင့်အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ လျှာဖြင့် အရသာကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဥ် လျှောက်ပြေးသွားသော ဓမ္မာရုံကို သာယာမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့်ဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဥ်နှင့် ယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ်သည် အပ အာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။
How is consciousness said to be scattered and diffused externally? In this case, when a mendicant sees a sight with their eyes, and consciousness follows after the features of that sight—tied, attached, and fettered to gratification in its features—consciousness is said to be scattered and diffused externally. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, and consciousness follows after the features of that idea—tied, attached, and fettered to gratification in its features—consciousness is said to be scattered and diffused externally. That’s how consciousness is said to be scattered and diffused externally.
၃၁၇။ ‘‘ကထဉ္စာဝုသော, ဗဟိဒ္ဓါ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋန္တိ ဝုစ္စတိ? ဣဓာဝုသော, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ န ရူပနိမိတ္တာနုသာရိ ဝိညာဏံ ဟောတိ ရူပနိမိတ္တဿာဒဂဓိတံ န ရူပနိမိတ္တဿာဒဝိနိဗန္ဓံ န ရူပနိမိတ္တဿာဒသံယောဇနသံယုတ္တံ ဗဟိဒ္ဓါ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋန္တိ ဝုစ္စတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ န ဓမ္မနိမိတ္တာနုသာရီ ဝိညာဏံ ဟောတိ န ဓမ္မနိမိတ္တဿာဒဂဓိတံ န ဓမ္မနိမိတ္တဿာဒဝိနိဗန္ဓံ န ဓမ္မနိမိတ္တဿာဒသံယောဇနသံယုတ္တံ ဗဟိဒ္ဓါ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋန္တိ ဝုစ္စတိ။ ဧဝံ ခေါ, အာဝုသော, ဗဟိဒ္ဓါ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋန္တိ ဝုစ္စတိ။
၃၁၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ် သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဥ် မလျှောက် မပြေးသွားသော ရူပါရုံကို မသာယာ မမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် မဖွဲ့သော ရူပါရုံကိုသာ ယာခြင်းသံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏။ (ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်ကို အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ နားဖြင့်အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ လျှာဖြင့် အရသာကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဥ်မလျှောက်မပြေးသွားသော ဓမ္မာရုံကို မသာယာ မမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့် မဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ် သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံ တို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏။
And how is consciousness said to be not scattered and diffused externally? In this case, when a mendicant sees a sight with their eyes, but consciousness does not follow after the features of that sight—not tied, attached, and fettered to gratification in its features—consciousness is said to be not scattered and diffused externally. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, but consciousness does not follow after the features of that idea—not tied, attached, and fettered to gratification in its features—consciousness is said to be not scattered and diffused externally. That’s how consciousness is said to be not scattered and diffused externally.
၃၁၈။ ‘‘ကထဉ္စာဝုသော, အဇ္ဈတ္တံ [အဇ္ဈတ္တံ စိတ္တံ (သီ။ သျာ။ ကံ။ ပီ။)] သဏ္ဌိတန္တိ ဝုစ္စတိ? ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ ဝိဝေကဇပီတိသုခါနုသာရိ ဝိညာဏံ ဟောတိ ဝိဝေကဇပီတိသုခဿာဒဂဓိတံ ဝိဝေကဇပီတိသုခဿာဒဝိနိဗန္ဓံ ဝိဝေကဇပီတိသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ သဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ သမာဓိဇပီတိသုခါနုသာရိ ဝိညာဏံ ဟောတိ သမာဓိဇပီတိသုခဿာဒဂဓိတံ သမာဓိဇပီတိသုခဿာဒဝိနိဗန္ဓံ သမာဓိဇပီတိသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ သဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ ဥပေက္ခာနုသာရိ ဝိညာဏံ ဟောတိ ဥပေက္ခာသုခဿာဒဂဓိတံ ဥပေက္ခာသုခဿာဒဝိနိဗန္ဓံ ဥပေက္ခာသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ သဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ အဒုက္ခမသုခါနုသာရိ ဝိညာဏံ ဟောတိ အဒုက္ခမသုခဿာဒဂဓိတံ အဒုက္ခမသုခဿာဒဝိနိဗန္ဓံ အဒုက္ခမသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ သဏ္ဌိတန္တိ ဝုစ္စတိ။ ဧဝံ ခေါ, အာဝုသော, အဇ္ဈတ္တံ [အဇ္ဈတ္တံ စိတ္တံ (သီ။ သျာ။ ကံ။ ပီ။)] သဏ္ဌိတန္တိ ဝုစ္စတိ။
၃၁၈။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာ လျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဥ်လျှောက်ပြေးသွား သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာမက်မောသော နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် နှောင်ဖွဲ့သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိ သုခကို သာယာခြင်းဟူသော သံယောဇဥ်နှင့် ယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ် သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ငြိမ်းခြင်းကြောင့် အတွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်းသမာဓိကို ဖြစ်ပွါးစေတတ်သော ဝိတက်ဝိစာရ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏၊ ထိုပုဂ္ဂိုလ် အား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဥ်လျှောက်ပြေးသွားသော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာမက်မောသော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်း ဖြင့် ဖွဲ့သော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာခြင်းဟူသော သံယောဇဥ်နှင့်ယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဥ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာသုခကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ဟူသော အကြောင်းကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသော သူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု (အရိယာပုဂ္ဂိုလ်တို့သည်) ချီးမွမ်းကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဥပေက္ခာသို့ အစဥ်လျှောက်ပြေးသွားသော ဥပေက္ခာကို သာယာမက်မော သော ဥပေက္ခာကို သာယာခြင်းဖြင့်ဖွဲ့သော ဥပေက္ခာကို သာယာခြင်းဟူသော သံယောဇဥ်နှင့်ယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်အား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာသို့ အစဥ်လျှောက်ပြေးသွားသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာမက်မောသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာ ခြင်းဖြင့်ဖွဲ့သော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာခြင်းဟူသော သံယောဇဥ်နှင့် ယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။
And how is it said to be stuck internally? Take a mendicant who, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. When consciousness follows after that rapture and bliss born of seclusion—tied, attached, and fettered to gratification in that rapture and bliss born of seclusion—the mind is said to be stuck internally. Furthermore, as the placing of the mind and keeping it connected are stilled, a mendicant enters and remains in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. When consciousness follows after that rapture and bliss born of immersion—tied, attached, and fettered to gratification in that rapture and bliss born of immersion—the mind is said to be stuck internally. Furthermore, with the fading away of rapture, a mendicant enters and remains in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ When consciousness follows after that equanimity—tied, attached, and fettered to gratification in that bliss with equanimity—the mind is said to be stuck internally. Furthermore, with the giving up of pleasure and pain and the disappearance of former happiness and sadness, a mendicant enters and remains in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. When consciousness follows after that neutral feeling—tied, attached, and fettered to gratification in that neutral feeling—the mind is said to be stuck internally. That’s how it is said to be stuck internally.
၃၁၉။ ‘‘ကထဉ္စာဝုသော, အဇ္ဈတ္တံ [အဇ္ဈတ္တံ စိတ္တံ (သီ။ သျာ။ ကံ။ ပီ။)] အသဏ္ဌိတန္တိ ဝုစ္စတိ? ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ…ပေ… ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ န ဝိဝေကဇပီတိသုခါနုသာရိ ဝိညာဏံ ဟောတိ န ဝိဝေကဇပီတိသုခဿာဒဂဓိတံ န ဝိဝေကဇပီတိသုခဿာဒဝိနိဗန္ဓံ န ဝိဝေကဇပီတိသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ အသဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ဝိတက္ကဝိစာရာနံ ဝူပသမာ…ပေ… ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ န သမာဓိဇပီတိသုခါနုသာရိ ဝိညာဏံ ဟောတိ န သမာဓိဇပီတိသုခဿာဒဂဓိတံ န သမာဓိဇပီတိသုခဿာဒဝိနိဗန္ဓံ န သမာဓိဇပီတိသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ အသဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု ပီတိယာ စ ဝိရာဂါ…ပေ… တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ န ဥပေက္ခာနုသာရိ ဝိညာဏံ ဟောတိ န ဥပေက္ခာသုခဿာဒဂဓိတံ န ဥပေက္ခာသုခဿာဒဝိနိဗန္ဓံ န ဥပေက္ခာသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ အသဏ္ဌိတန္တိ ဝုစ္စတိ။
‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တဿ န အဒုက္ခမသုခါနုသာရိ ဝိညာဏံ ဟောတိ န အဒုက္ခမသုခဿာဒဂဓိတံ န အဒုက္ခမသုခဿာဒဝိနိဗန္ဓံ န အဒုက္ခမသုခဿာဒသံယောဇနသံယုတ္တံ အဇ္ဈတ္တံ စိတ္တံ အသဏ္ဌိတန္တိ ဝုစ္စတိ။ ဧဝံ ခေါ, အာဝုသော, အဇ္ဈတ္တံ [အဇ္ဈတ္တံ စိတ္တံ (သီ။ သျာ။ ကံ။ ပီ။)] အသဏ္ဌိတန္တိ ဝုစ္စတိ။
၃၁၉။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်သနည်း။ ငါ့သျှင်တို့ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်။ပ။ ပဌမဈာန် သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဥ် မလျှောက် မပြေးသွားသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက် မောသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော နီဝရဏ တို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဟူသော သံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့ သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည် ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့့ရောက်၍နေ၏၊ ထိုရဟန်းအား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဥ်မလျှောက် မပြေးသွား သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက်မောသော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို သာယာ ခြင်းဟူသော သံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်း အာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယ ဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဥပေက္ခာသို့ အစဥ်မလျှောက် မပြေးသွားသော ဥပေက္ခာကို မသာယာ မမက်မောသော ဥပေက္ခာကို သာယာခြင်းဖြင့် မဖွဲ့သော ဥပေက္ခာကိိုု သာယာခြင်းဟူသော သံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာသို့ အစဥ်မလျှောက် မပြေးသွားသော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာကို မသာယာ မမက်မောသော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာ ဝေဒနာကို သာယာခြင်းဖြင့် မဖွဲ့သော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာကိိုု သာယာခြင်းဟူသော သံယောဇဥ်နှင့် မယှဥ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။
And how is it said to be not stuck internally? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. When consciousness does not follow after that rapture and bliss born of seclusion—not tied, attached, and fettered to gratification in that rapture and bliss born of seclusion—the mind is said to be not stuck internally. Furthermore, they enter the second absorption … When consciousness does not follow after that rapture and bliss born of immersion—not tied, attached, and fettered to gratification in that rapture and bliss born of immersion—the mind is said to be not stuck internally. Furthermore, they enter and remain in the third absorption … When consciousness does not follow after that equanimity—not tied, attached, and fettered to gratification in that bliss with equanimity—the mind is said to be not stuck internally. Furthermore, they enter and remain in the fourth absorption … When consciousness does not follow after that neutral feeling—not tied, attached, and fettered to gratification in that neutral feeling—the mind is said to be not stuck internally. That’s how it is said to be not stuck internally.
၃၂၀။ ‘‘ကထဉ္စာဝုသော, အနုပါဒါ ပရိတဿနာ ဟောတိ? ဣဓာဝုသော, အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ ရူပဝန္တံ ဝါ အတ္တာနံ အတ္တနိ ဝါ ရူပံ ရူပသ္မိံ ဝါ အတ္တာနံ။ တဿ တံ ရူပံ ဝိပရိဏမတိ, အညထာ ဟောတိ။ တဿ ရူပဝိပရိဏာမညထာဘာဝါ ရူပဝိပရိဏာမာနုပရိဝတ္တိ ဝိညာဏံ ဟောတိ။ တဿ ရူပဝိပရိဏာမာနုပရိဝတ္တဇာ ပရိတဿနာ ဓမ္မသမုပ္ပါဒါ စိတ္တံ ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော ပရိယာဒါနာ ဥတ္တာသဝါ စ ဟောတိ ဝိဃာတဝါ စ အပေက္ခဝါ စ အနုပါဒါယ စ ပရိတဿတိ။ ဝေဒနံ …ပေ… သညံ… သင်္ခါရေ… ဝိညာဏံ အတ္တတော သမနုပဿတိ ဝိညာဏဝန္တံ ဝါ အတ္တာနံ အတ္တနိ ဝါ ဝိညာဏံ ဝိညာဏသ္မိံ ဝါ အတ္တာနံ။ တဿ တံ ဝိညာဏံ ဝိပရိဏမတိ, အညထာ ဟောတိ။ တဿ ဝိညာဏဝိပရိဏာမညထာဘာဝါ ဝိညာဏဝိပရိဏာမာနုပရိဝတ္တိ ဝိညာဏံ ဟောတိ။ တဿ ဝိညာဏဝိပရိဏာမာနုပရိဝတ္တဇာ ပရိတဿနာ ဓမ္မသမုပ္ပါဒါ စိတ္တံ ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော ပရိယာဒါနာ ဥတ္တာသဝါ စ ဟောတိ ဝိဃာတဝါ စ အပေက္ခဝါ စ အနုပါဒါယ စ ပရိတဿတိ။ ဧဝံ ခေါ, အာဝုသော, အနုပါဒါ ပရိတဿနာ ဟောတိ။
၃၂၀။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်မက်ခြင်းသည် ဖြစ်သနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရားတို့၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရားတို့၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဥ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဥ်သည် ရုပ်ကို အတ္တ‘ကိုယ်’ဟု ရှု၏။ ( ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ရုပ်ဟုလည်း ကောင်း, ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ထိုပုထုဇဥ်ပုဂ္ဂိုလ်၏ ထိုရုပ်သည် ဖောက်ပြန်၏။ တစ်မျိုး တစ်မည်အားဖြင့် ဖြစ်တတ်၏။ ထိုပုထုဇဥ်ပုဂ္ဂိုလ်အား ဤရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။ ထိုပုထုဇဥ်ပုဂ္ဂိုလ်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်၍ဖြစ်သော စိတ်ကြောင့်ဖြစ်ကုန်သော တပ်နှစ်သက်ခြင်းတို့သည်လည်း ကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြာင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်းခြင်းရှိသည်လည်း ကောင်း၊ ကပ်ငြိခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏၊ ခံစားမှု ‘ဝေဒနာ’ ကို။ပ။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကို။ သိမှု ‘ဝိညာဏ်’ကို အတ္တ ‘ကိုယ်’ဟု ရှု၏။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း, ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏၊ ထိုပုထုဇဥ်ပုဂ္ဂိုလ်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏။ တစ်မျိုး တစ်မည်အားဖြင့် ဖြစ်တတ်၏။ ထိုပုထုဇဥ်ပုဂ္ဂိုလ်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။ ထိုပုထုဇဥ် ပုဂ္ဂိုလ်အား ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ့်သက်ခြင်းတို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန် ခန်းစေ၍ တည်ကုန်၏။ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြောင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်း ခြင်းရှိသည်လည်းကောင်း၊ ငြိကပ်ခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏။ ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်နှစ်သက်ခြင်းသည် ဖြစ်၏။
And how is it anxious because of grasping? It’s when an unlearned ordinary person has not seen the noble ones, and is neither skilled nor trained in the teaching of the noble ones. They’ve not seen true persons, and are neither skilled nor trained in the teaching of the true persons. They regard form as self, self as having form, form in self, or self in form. But that form decays and perishes, and consciousness latches on to the perishing of form. Anxieties occupy the mind, born of latching on to the perishing of form, and originating in accordance with natural principles. So it becomes frightened, worried, concerned, and anxious because of grasping. They regard feeling … perception … choices … consciousness as self, self as having consciousness, consciousness in self, or self in consciousness. But that consciousness decays and perishes, and consciousness latches on to the perishing of consciousness. Anxieties occupy the mind, born of latching on to the perishing of consciousness, and originating in accordance with natural principles. So it becomes frightened, worried, concerned, and anxious because of grasping. That’s how it is anxious because of grasping.
၃၂၁။ ‘‘ကထဉ္စာဝုသော, အနုပါဒါနာ အပရိတဿနာ ဟောတိ? ဣဓာဝုသော, သုတဝါ အရိယသာဝကော အရိယာနံ ဒဿာဝီ အရိယဓမ္မဿ ကောဝိဒေါ အရိယဓမ္မေ သုဝိနီတော သပ္ပုရိသာနံ ဒဿာဝီ သပ္ပုရိသဓမ္မဿ ကောဝိဒေါ သပ္ပုရိသဓမ္မေ သုဝိနီတော န ရူပံ အတ္တတော သမနုပဿတိ န ရူပဝန္တံ ဝါ အတ္တာနံ န အတ္တနိ ဝါ ရူပံ န ရူပသ္မိံ ဝါ အတ္တာနံ။ တဿ တံ ရူပံ ဝိပရိဏမတိ, အညထာ ဟောတိ။ တဿ ရူပဝိပရိဏာမညထာဘာဝါ န စ ရူပဝိပရိဏာမာနုပရိဝတ္တိ ဝိညာဏံ ဟောတိ။ တဿ န ရူပဝိပရိဏာမာနုပရိဝတ္တဇာ ပရိတဿနာ ဓမ္မသမုပ္ပါဒါ စိတ္တံ ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော ပရိယာဒါနာ န စေဝုတ္တာသဝါ [န စ ဥတ္တာသဝါ (သီ။)] ဟောတိ န စ ဝိဃာတဝါ န စ အပေက္ခဝါ အနုပါဒါယ စ န ပရိတဿတိ။ န ဝေဒနံ… န သညံ… န သင်္ခါရေ… န ဝိညာဏံ အတ္တတော သမနုပဿတိ န ဝိညာဏဝန္တံ ဝါ အတ္တာနံ န အတ္တနိ ဝါ ဝိညာဏံ န ဝိညာဏသ္မိံ ဝါ အတ္တာနံ။ တဿ တံ ဝိညာဏံ ဝိပရိဏမတိ, အညထာ ဟောတိ။ တဿ ဝိညာဏဝိပရိဏာမညထာဘာဝါ န စ ဝိညာဏဝိပရိဏာမာနုပရိဝတ္တိ ဝိညာဏံ ဟောတိ။ တဿ န ဝိညာဏဝိပရိဏာမာနုပရိဝတ္တဇာ ပရိတဿနာ ဓမ္မသမုပ္ပါဒါ စိတ္တံ ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော ပရိယာဒါနာ န စေဝုတ္တာသဝါ ဟောတိ န စ ဝိဃာတဝါ န စ အပေက္ခဝါ, အနုပါဒါယ စ န ပရိတဿတိ။ ဧဝံ ခေါ, အာဝုသော, အနုပါဒါ အပရိတဿနာ ဟောတိ။
‘‘ယံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’တိ။ ဣမဿ ခေါ အဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဧဝံ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။ အာကင်္ခမာနာ စ ပန တုမှေ အာယသ္မန္တော ဘဂဝန္တံယေဝ ဥပသင်္ကမိတွာ ဧတမတ္ထံ ပဋိပုစ္ဆေယျာထ၊ ယထာ ဝေါ ဘဂဝါ ဗျာကရောတိ တထာ နံ ဓာရေယျာထာ’’တိ။
၃၂၁။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့ ၌ မတပ်နှစ်သက်ခြင်းသည် ဖြစ်သ နည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဥ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့် သာဝကသည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည် အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ် သက်ခြင်းတို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ မတည်ကုန်၊ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြောင့် တုန်လှုပ်ခြင်း ရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငြိကပ်တွယ်တာခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်း၍လည်း မတပ်နှစ် သက်။ ဝေဒနာကို မရှု။ သညာကို မရှု။ သင်္ခါရတို့ကို မရှု။ ဝိညာဏ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဥ်၌ အတ္တဟု မရှု။ ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည်အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဥ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့် အား ဝိညာဏ်၏ ဖောက်ပြန် ခြင်းသို့ အစဥ်လိုက်၍ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ်သက်ခြင်း တို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ မတည်ကုန်၊ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်း ကြောင့် တုန်လှုပ်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငြိကပ်တွယ်တာခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်း၍လည်း မတပ်နှစ်သက်။ ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ မတပ်နှစ်သက်ခြင်းသည် ရှိ၏။ ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင် ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဥဒ္ဒေသကို အကျဥ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏။ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဥ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် ငါနား လည်ပါ၏၊ အသျှင်တို့ အလိုရှိကြကုန်သော် အသျှင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဥ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန် မေးမြန်းကြကုန်ရာ၏၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့် အတိုင်း ထိုအနက်သဘောကို့မှတ်ကုန်ရာ၏ဟု (မိန့်ဆို၏)။
And how is it not anxious because of grasping? It’s when a learned noble disciple has seen the noble ones, and is skilled and trained in the teaching of the noble ones. They’ve seen true persons, and are skilled and trained in the teaching of the true persons. They don’t regard form as self, self as having form, form in self, or self in form. When that form decays and perishes, consciousness doesn’t latch on to the perishing of form. Anxieties—born of latching on to the perishing of form and originating in accordance with natural principles—don’t occupy the mind. So it does not become frightened, worried, concerned, or anxious because of grasping. They don’t regard feeling … perception … choices … consciousness as self, self as having consciousness, consciousness in self, or self in consciousness. When that consciousness decays and perishes, consciousness doesn’t latch on to the perishing of consciousness. Anxieties—born of latching on to the perishing of consciousness and originating in accordance with natural principles—don’t occupy the mind. So it does not become frightened, worried, concerned, or anxious because of grasping. That’s how it is not anxious because of grasping. The Buddha gave this brief summary recital, then entered his dwelling without explaining the meaning in detail: ‘A mendicant should examine in whatever way such that, while examining, consciousness would neither be scattered nor diffused externally, nor stuck internally, and they would not be anxious because of grasping. When consciousness is neither scattered nor diffused externally, nor stuck internally, and they are not anxious because of grasping, there is no coming to be of the origin of suffering—of rebirth, old age, and death in the future.’ And this is how I understand the detailed meaning of this summary recital. If you wish, you may go to the Buddha and ask him about this. You should remember it in line with the Buddha’s answer.”
၃၂၂။ အထ ခေါ တေ ဘိက္ခူ အာယသ္မတော မဟာကစ္စာနဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ယံ ခေါ နော, ဘန္တေ, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီ’’’တိ။
‘‘တေသံ နော, ဘန္တေ, အမှာကံ, အစိရပက္ကန္တဿ ဘဂဝတော, ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – တထာ တထာ, ဘိက္ခဝေ, ဘိက္ခု ဥပပရိက္ခေယျ, ယထာ ယထာ ဥပပရိက္ခတော ဗဟိဒ္ဓါ စဿ ဝိညာဏံ အဝိက္ခိတ္တံ အဝိသဋံ, အဇ္ဈတ္တံ အသဏ္ဌိတံ အနုပါဒါယ န ပရိတဿေယျ။ ဗဟိဒ္ဓါ, ဘိက္ခဝေ, ဝိညာဏေ အဝိက္ခိတ္တေ အဝိသဋေ သတိ အဇ္ဈတ္တံ အသဏ္ဌိတေ အနုပါဒါယ အပရိတဿတော အာယတိံ ဇာတိဇရာမရဏဒုက္ခသမုဒယသမ္ဘဝေါ န ဟောတီတိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’တိ? တေသံ နော, ဘန္တေ, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ အာယသ္မာ မဟာကစ္စာနော သတ္ထု စေဝ သံဝဏ္ဏိတော သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ မဟာကစ္စာနော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ။
‘‘အထ ခေါ မယံ, ဘန္တေ, ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိမှ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာကစ္စာနံ ဧတမတ္ထံ ပဋိပုစ္ဆိမှ။ တေသံ နော, ဘန္တေ, အာယသ္မတာ မဟာကစ္စာနေန ဣမေဟိ အာကာရေဟိ ဣမေဟိ ပဒေဟိ ဣမေဟိ ဗျဉ္ဇနေဟိ အတ္ထော ဝိဘတ္တော’’တိ။
‘‘ပဏ္ဍိတော, ဘိက္ခဝေ, မဟာကစ္စာနော၊ မဟာပညော, ဘိက္ခဝေ, မဟာကစ္စာနော။ မံ စေပိ တုမှေ, ဘိက္ခဝေ, ဧတမတ္ထံ ပဋိပုစ္ဆေယျာထ, အဟမ္ပိ ဧဝမေဝံ ဗျာကရေယျံ ယထာ တံ မဟာကစ္စာနေန ဗျာကတံ။ ဧသော စေဝေတဿ [ဧသော စေတဿ (သီ။ ပီ။), ဧသော စေဝ တဿ (သျာ။ ကံ။), ဧသောယေဝ တဿ (က။)] အတ္ထော။ ဧဝဉ္စ နံ ဓာရေယျာထာ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ဥဒ္ဒေသဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။
၃၂၂။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်း မြောက်ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြ ကုန်လျက် လျောက်ပတ်သောအရပ်၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကြကုန်၏- မြတ်စွာဘုရား အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်း အရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်း သည် စူးစမ်းဆင်ခြင်ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမူ၍ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ”ဟု ဥဒ္ဒေသကို အကျဥ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရားသည် ကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင် သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမူ၍ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲ အပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ’ ဟူသော ဤဥဒ္ဒေသကို အကျဥ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူ ခဲ့၏။ အဘယ်သူသည် မြတ်စွာဘုရား အကျဥ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင် ရာသနည်း”ဟု ဤသို့ အကြံအစည်သည် ဖြစ်ပေါ်ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးအမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်များ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဥ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဥ်းကပ်၍ ဤအနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ခဲ့ပြန်ပါ၏။ မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဥ်းကပ်ကုန်၍ အသျှင်မဟာကစ္စာနအား ဤအနက်သဘော ကို မေးမြန်းကြပါကုန်၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျအက္ခရာတို့ဖြင့် အနက်သဘောကို ဝေဖန်ပြပါ၏ဟု (လျှောက်ထားကြကုန်၏)။ ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ရဟန်းတို့ မဟာကစ္စာနသည် ပညာကြီး၏၊ ရဟန်းတို့ ငါ့ကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ တစ်ဖန် မေးမြန်းကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသ၏ အနက်သဘောသည် ဤသည်ပင်တည်း။ ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ ရှစ်ခုမြောက် ဥဒ္ဒေသဝိဘင်္ဂသုတ် ပြီး၏။
Then those mendicants, approving and agreeing with what Mahākaccāna said, rose from their seats and went to the Buddha, bowed, sat down to one side, and told him what had happened, adding: “Mahākaccāna clearly explained the meaning to us in this manner, with these words and phrases.” “Mahākaccāna is astute, mendicants, he has great wisdom. If you came to me and asked this question, I would answer it in exactly the same way as Mahākaccāna. That is what it means, and that’s how you should remember it.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၉။ အရဏဝိဘင်္ဂသုတ္တံ
၃၂၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘အရဏဝိဘင်္ဂံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘န ကာမသုခမနုယုဉ္ဇေယျ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, န စ အတ္တကိလမထာနုယောဂမနုယုဉ္ဇေယျ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ။ ဧတေ ခေါ, ဘိက္ခဝေ [ဧတေ ခေါ (သီ။), ဧတေ တေ (သျာ။ ကံ။ ပီ။)], ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ဥဿာဒနဉ္စ ဇညာ, အပသာဒနဉ္စ ဇညာ၊ ဥဿာဒနဉ္စ ဉတွာ အပသာဒနဉ္စ ဉတွာ နေဝုဿာဒေယျ, န အပသာဒေယျ [နာပသာဒေယျ (သီ။)], ဓမ္မမေဝ ဒေသေယျ။ သုခဝိနိစ္ဆယံ ဇညာ၊ သုခဝိနိစ္ဆယံ ဉတွာ အဇ္ဈတ္တံ သုခမနုယုဉ္ဇေယျ။ ရဟောဝါဒံ န ဘာသေယျ, သမ္မုခါ န ခီဏံ [နာတိခီဏံ (သျာ။ ကံ။ က။)] ဘဏေ။ အတရမာနောဝ ဘာသေယျ, နော တရမာနော။ ဇနပဒနိရုတ္တိံ နာဘိနိဝေသေယျ, သမညံ နာတိဓာဝေယျာတိ – အယမုဒ္ဒေသော အရဏဝိဘင်္ဂဿ။
၉-အရဏဝိဘင်္ဂသုတ် ၃၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝထ္တိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏၊ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား အရဏဝိဘင်္ဂသုတ်ဒေသနာကိို ဟောကြားပေအံ့၊ ထို အရဏဝိဘင်္ဂသုတ်ဒေသနာကိို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော တရားစကားကို မိန့်တော်မူ၏- ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဥ်သော ကိုယ်ပင် ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ။ ရဟန်းတို့ ထိုအစွန်း နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကို သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။ မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောတရားကိုသာလျှင် ဟောပြောရာ၏။ ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိ၍ အဇ္ဈ တ္တသန္တာန်၌ ချမ်းသာကို အဖန် တလဲလဲ အားထုတ်ရာ၏၊ မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချစကားကို မဆိုရာ၊ ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ ဆောလျင်စွာ မဆိုရာ၊ ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံး ပညတ်ကို လွန်၍ မသွားရာ၊ ဤဆိုခဲ့ပြီးသည်ကား အရဏဝိဘင်္ဂသုတ်၏ အကျဥ်း ‘ဥဒ္ဒေသ’တည်း။
Middle Discourses 139 The Analysis of No Strife So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I shall teach you the analysis of no strife. Listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “Don’t indulge in sensual pleasure, which is low, crude, ordinary, ignoble, and pointless. And don’t indulge in self-mortification, which is painful, ignoble, and pointless. Avoiding these two extremes, the Realized One understood the middle way of practice, which gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment. Know what it means to flatter and to rebuke. Knowing these, avoid them, and just teach Dhamma. Know how to evaluate different kinds of pleasure. Knowing this, pursue inner pleasure. Don’t talk behind people’s backs, and don’t speak sharply in their presence. Don’t speak hurriedly. Don’t insist on popular definitions and don’t overstep normal labels. This is the summary recital for the analysis of no strife.
၃၂၄။ ‘‘‘န ကာမသုခမနုယုဉ္ဇေယျ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, န စ အတ္တကိလမထာနုယောဂမနုယုဉ္ဇေယျ ဒုက္ခံ အနရိယံ အနတ္ထသံဟိတ’န္တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ယော ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ ယော ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနနုယောဂေါ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ ယော အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ ယော အတ္တကိလမထာနုယောဂံ အနနုယောဂေါ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ ‘န ကာမသုခမနုယုဉ္ဇေယျ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, န စ အတ္တကိလမထာနုယောဂံ အနုယုဉ္ဇေယျ ဒုက္ခံ အနရိယံ အနတ္ထသံဟိတ’န္တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၂၄။ “ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုး စီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ မလိုက်စား အားမထုတ် ရာ”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ယုတ်ညံ့၍ ရွာသူတို့၏ အလေ့အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်ဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်း သဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဥ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ မှားယွင်းသော အကျင့်ပင်တည်း။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမဂုဏ်ချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်းမရှိ၊ မှန်ကန်သော အကျင့်ပင်တည်း။ ကိုယ် စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ့်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဥ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်၏၊ မှားယွင်းသော အကျင့်ပင်တည်း။ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲ ခြင်း ညှဥ်းဆဲခြင်း နှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း။ “ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကို အစွဲပြု၍ ဆိုခဲ့၏။
‘Don’t indulge in sensual pleasure, which is low, crude, ordinary, ignoble, and pointless. And don’t indulge in self-mortification, which is painful, ignoble, and pointless.’ That’s what I said, but why did I say it? Indulging in the happiness of the pleasure linked to sensuality is low, crude, ordinary, ignoble, and pointless. It is a principle beset by pain, harm, stress, and fever, and it is the wrong way. Breaking off such indulgence is a principle free of pain, harm, stress, and fever, and it is the right way. Indulging in self-mortification is painful, ignoble, and pointless. It is a principle beset by pain, harm, stress, and fever, and it is the wrong way. Breaking off such indulgence is a principle free of pain, harm, stress, and fever, and it is the right way. ‘Don’t indulge in sensual pleasure, which is low, crude, ordinary, ignoble, and pointless. And don’t indulge in self-mortification, which is painful, ignoble, and pointless.’ That’s what I said, and this is why I said it.
၃၂၅။ ‘‘‘ဧတေ ခေါ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။ ‘ဧတေ ခေါ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတီ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၂၅။ “ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ် သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါဖြစ်၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင် တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ ကြံခြင်း‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက် မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဤသည်တို့ပင်တည်း။ “ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြု တတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် (သစ္စာ လေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ဆိုခဲ့၏။
‘Avoiding these two extremes, the Realized One understood the middle way of practice, which gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment.’ That’s what I said, but why did I say it? It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. ‘Avoiding these two extremes, the Realized One understood the middle way of practice, which gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment.’ That’s what I said, and this is why I said it.
၃၂၆။ ‘‘‘ဥဿာဒနဉ္စ ဇညာ, အပသာဒနဉ္စ ဇညာ၊ ဥဿာဒနဉ္စ ဉတွာ အပသာဒနဉ္စ ဉတွာ နေဝုဿာဒေယျ, န အပသာဒေယျ, ဓမ္မမေဝ ဒေသေယျာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ကထဉ္စ, ဘိက္ခဝေ, ဥဿာဒနာ စ ဟောတိ အပသာဒနာ စ, နော စ ဓမ္မဒေသနာ? ‘ယေ ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနုယုတ္တာ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – ဣတိ ဝဒံ [ဣတိ ပရံ (က။)] ဣတ္ထေကေ အပသာဒေတိ။
‘‘ယေ ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနနုယုတ္တာ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – ဣတိ ဝဒံ ဣတ္ထေကေ ဥဿာဒေတိ။
‘‘ယေ အတ္တကိလမထာနုယောဂံ အနုယုတ္တာ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – ဣတိ ဝဒံ ဣတ္ထေကေ အပသာဒေတိ။
‘‘ယေ အတ္တကိလမထာနုယောဂံ အနနုယုတ္တာ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – ဣတိ ဝဒံ ဣတ္ထေကေ ဥဿာဒေတိ။
‘‘ယေသံ ကေသဉ္စိ ဘဝသံယောဇနံ အပ္ပဟီနံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – ဣတိ ဝဒံ ဣတ္ထေကေ အပသာဒေတိ။
‘‘ယေသံ ကေသဉ္စိ ဘဝသံယောဇနံ ပဟီနံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – ဣတိ ဝဒံ ဣတ္ထေကေ ဥဿာဒေတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဥဿာဒနာ စ ဟောတိ အပသာဒနာ စ, နော စ ဓမ္မဒေသနာ။
၃၂၆။ “မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ဟောပြောရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် အဘယ်သို့ ဖြစ်သနည်း။ ယုတ်ညံ့ ၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်းနှင့်တကွ ညှဥ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်း ခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆို သူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။ ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ့်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲ ခြင်းနှင့်တကွ ညှဥ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။ ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ညှဥ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။ ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဥ်း ဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိ ကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။ ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဥ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။ ရဟန်းတို့ ဤသို့လျှင် မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် ဖြစ်၏။
‘Know what it means to flatter and to rebuke. Knowing these, avoid them, and just teach Dhamma.’ That’s what I said, but why did I say it? And how is there flattering and rebuking without teaching Dhamma? ‘All those who indulge in the happiness of the pleasure linked to sensuality—low, crude, ordinary, ignoble, and pointless—are beset by pain, harm, stress, and fever, and they are practicing the wrong way.’ In speaking like this, one rebukes some here. ‘All those who have broken off indulging in the happiness of the pleasure linked to sensuality are free of pain, harm, stress, and fever, and they are practicing the right way.’ In speaking like this, one flatters some here. ‘All those who indulge in self-mortification—painful, ignoble, and pointless—are beset by pain, harm, stress, and fever, and they are practicing the wrong way.’ In speaking like this, one rebukes some here. ‘All those who have broken off indulging in self-mortification are free of pain, harm, stress, and fever, and they are practicing the right way.’ In speaking like this, one flatters some here. ‘All those who have not given up the fetter of continued existence are beset by pain, harm, stress, and fever, and they are practicing the wrong way.’ In speaking like this, one rebukes some here. ‘All those who have given up the fetter of continued existence are free of pain, harm, stress, and fever, and they are practicing the right way.’ In speaking like this, one flatters some here. That’s how there is flattering and rebuking without teaching Dhamma.
၃၂၇။ ‘‘ကထဉ္စ, ဘိက္ခဝေ, နေဝုဿာဒနာ ဟောတိ န အပသာဒနာ, ဓမ္မဒေသနာ စ [ဓမ္မဒေသနာဝ (သျာ။ ကံ။)]? ‘ယေ ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနုယုတ္တာ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘အနုယောဂေါ စ ခေါ, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။
‘‘‘ယေ ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနနုယုတ္တာ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘အနနုယောဂေါ စ ခေါ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။
ယေ အတ္တကိလမထာနုယောဂံ အနုယုတ္တာ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘အနုယောဂေါ စ ခေါ, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။
ယေ အတ္တကိလမထာနုယောဂံ အနနုယုတ္တာ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘အနနုယောဂေါ စ ခေါ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။
ယေသံ ကေသဉ္စိ ဘဝသံယောဇနံ အပ္ပဟီနံ, သဗ္ဗေ တေ သဒုက္ခာ သဥပဃာတာ သဥပါယာသာ သပရိဠာဟာ မိစ္ဆာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘ဘဝသံယောဇနေ စ ခေါ အပ္ပဟီနေ ဘဝေါပိ အပ္ပဟီနော ဟောတီ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။
ယေသံ ကေသဉ္စိ ဘဝသံယောဇနံ ပဟီနံ, သဗ္ဗေ တေ အဒုက္ခာ အနုပဃာတာ အနုပါယာသာ အပရိဠာဟာ သမ္မာပဋိပန္နာ’တိ – န ဧဝမာဟ။ ‘ဘဝသံယောဇနေ စ ခေါ ပဟီနေ ဘဝေါပိ ပဟီနော ဟောတီ’တိ – ဣတိ ဝဒံ ဓမ္မမေဝ ဒေသေတိ။ ဧဝံ ခေါ, ဘိက္ခဝေ, နေဝုဿာဒနာ ဟောတိ န အပသာဒနာ, ဓမ္မဒေသနာ စ။ ‘ဥဿာဒနဉ္စ ဇညာ, အပသာဒနဉ္စ ဇညာ၊ ဥဿာဒနဉ္စ ဉတွာ အပသာဒနဉ္စ ဉတွာ နေဝုဿာဒေယျ, န အပသာဒေယျ, ဓမ္မမေဝ ဒေသေယျာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၂၇။ ရဟန်းတို့ မမြှောက်ပင့်ခြင်း မနှိပ်ချခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် အဘယ် သို့ ဖြစ်သနည်း။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမချမ်းသာနှင့် စပ်သော ပုဂ္ဂိုလ်၏ ဝမ်း မြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဥ်းဆဲနှိပ်စက် ခြင်း ရှိကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားထုတ်ခြင်းဟူသော ဤသဘောကား ဆင်းရဲခြင်း ရှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြော ဆိုမူ၍ “စင်စစ် အဖန်ဖန် အားမထုတ်ခြင်းဟူသော ဤသဘောကား ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက် ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆို သူသည် သူတစ်ပါးကိုဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားထုတ်ခြင်းဟူသော ဤ သဘောကား ဆင်းရဲခြင်း ရှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆို သည် မည်၏။ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့့်မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားမထုတ်ခြင်းဟူသော ဤ သဘောကား ဆင်းရဲ ခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆို သည် မည်၏။ ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့် ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုးတဏှာကို မပယ်ရသေးသော် ဘဝကိုလည်း မပယ်ရသေး”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။ ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဥ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော် ဘဝကိုလည်း ပယ်ပြီးဖြစ်၏”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။ ရဟန်းတို့ ဤသို့လျှင် မမြှောက်ပင့်ခြင်း မနှိပ်ချ ခြင်းဟုတ်မှန်သော သဘောကို ပြောဆိုခြင်းသည် ဖြစ်၏။ “မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချ ခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မပြောရာ၊ နှိပ်ချ၍ မပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဟောရာ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။
And how is there neither flattering nor rebuking, and just teaching Dhamma? You don’t say: ‘All those who indulge in the happiness of the pleasure linked to sensuality—low, crude, ordinary, ignoble, and pointless—are beset by pain, harm, stress, and fever, and they are practicing the wrong way.’ Rather, by saying this you just teach Dhamma: ‘The indulgence is a principle beset by pain, harm, stress, and fever, and it is the wrong way.’ You don’t say: ‘All those who have broken off indulging in the happiness of the pleasure linked to sensuality are free of pain, harm, stress, and fever, and they are practicing the right way.’ Rather, by saying this you just teach Dhamma: ‘Breaking off the indulgence is a principle free of pain, harm, stress, and fever, and it is the right way.’ You don’t say: ‘All those who indulge in self-mortification—painful, ignoble, and pointless—are beset by pain, harm, stress, and fever, and they are practicing the wrong way.’ Rather, by saying this you just teach Dhamma: ‘The indulgence is a principle beset by pain, harm, stress, and fever, and it is the wrong way.’ You don’t say: ‘All those who have broken off indulging in self-mortification are free of pain, harm, stress, and fever, and they are practicing the right way.’ Rather, by saying this you just teach Dhamma: ‘Breaking off the indulgence is a principle free of pain, harm, stress, and fever, and it is the right way.’ You don’t say: ‘All those who have not given up the fetter of continued existence are beset by pain, harm, stress, and fever, and they are practicing the wrong way.’ Rather, by saying this you just teach Dhamma: ‘When the fetter of continued existence is not given up, continued existence is also not given up.’ You don’t say: ‘All those who have given up the fetter of continued existence are free of pain, harm, stress, and fever, and they are practicing the right way.’ Rather, by saying this you just teach Dhamma: ‘When the fetter of continued existence is given up, continued existence is also given up.’ That’s how there is neither flattering nor rebuking, and just teaching Dhamma. ‘Know what it means to flatter and to rebuke. Knowing these, avoid them, and just teach Dhamma.’ That’s what I said, and this is why I said it.
၃၂၈။ သုခဝိနိစ္ဆယံ ဇညာ၊ သုခဝိနိစ္ဆယံ ဉတွာ အဇ္ဈတ္တံ သုခမနုယုဉ္ဇေယျာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ပဉ္စိမေ, ဘိက္ခဝေ, ကာမဂုဏာ။ ကတမေ ပဉ္စ? စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ, သောတဝိညေယျာ သဒ္ဒါ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ – ဣမေ ခေါ, ဘိက္ခဝေ, ပဉ္စ ကာမဂုဏာ။ ယံ ခေါ, ဘိက္ခဝေ, ဣမေ ပဉ္စ ကာမဂုဏေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ ဣဒံ ဝုစ္စတိ ကာမသုခံ မီဠှသုခံ ပုထုဇ္ဇနသုခံ အနရိယသုခံ။ ‘န အာသေဝိတဗ္ဗံ, န ဘာဝေတဗ္ဗံ, န ဗဟုလီကာတဗ္ဗံ, ဘာယိတဗ္ဗံ ဧတဿ သုခဿာ’တိ – ဝဒါမိ။ ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ…ပေ… တတိယံ ဈာနံ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဣဒံ ဝုစ္စတိ နေက္ခမ္မသုခံ ပဝိဝေကသုခံ ဥပသမသုခံ သမ္ဗောဓိသုခံ။ ‘အာသေဝိတဗ္ဗံ, ဘာဝေတဗ္ဗံ, ဗဟုလီကာတဗ္ဗံ, န ဘာယိတဗ္ဗံ ဧတဿ သုခဿာ’တိ – ဝဒါမိ။ ‘သုခဝိနိစ္ဆယံ ဇညာ၊ သုခဝိနိစ္ဆယံ ဉတွာ အဇ္ဈတ္တံ သုခမနုယုဉ္ဇေယျာ’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၂၈။ “ဆုံးဖြတ်အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ အဇ္ဈ တ္တ သန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ် ဖြင့် သိရသော အဆင်း။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ် ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ဖြစ်သော ဤချမ်းသာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ’ကို ကာမဂုဏ်ချမ်းသာဟူ၍လည်းကောင်း၊ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာဟူ၍လည်းကောင်း၊ ပုထုဇဥ်တို့၏ ချမ်းသာဟူ၍လည်းကောင်း၊ အရိယာမဟုတ် သူတို့၏ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မမှီဝဲရ၊ မပွါးစေရ၊ ကြိမ်ဖန်များစွာ မလေ့လာရ၊ ထိုချမ်းသာကို ကြောက်ရမည်”ဟု ငါဘုရားဟော၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင် စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့့်လျစ်လျူရှုလျက် နေ၏။ပ။ တတိယဈာန်သို့လည်းကောင်း။ပ။ စတုတ္ထဈာန်သို့လည်းကောင်း ရောက်၍ နေ၏။ ဤချမ်းသာခြင်း ‘သုခ’ကို ကာမမှ ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ ချမ်းသာဟူ၍လည်းကောင်း၊ ကင်းဆိတ်ခြင်း ‘ပဝိဝေက’ ချမ်းသာဟူ၍လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ဥပသမ’ ချမ်းသာဟူ၍လည်း ကောင်း၊ ကောင်းစွာသိခြင်း ‘သမ္ဗောဓိ’ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မှီဝဲရမည်၊ ပွါးစေရ မည်၊ ကြိမ်ဖန်များစွာ လေ့လာရမည်၊ ထိုချမ်းသာမျိုးကို မကြောက်ရ”ဟု ငါဆို၏။ “ဆုံးဖြတ် အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ မိမိသန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
‘Know how to evaluate different kinds of pleasure. Knowing this, pursue inner pleasure.’ That’s what I said, but why did I say it? There are these five kinds of sensual stimulation. What five? Sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. Sounds known by the ear … Smells known by the nose … Tastes known by the tongue … Touches known by the body, which are likable, desirable, agreeable, pleasant, sensual, and arousing. These are the five kinds of sensual stimulation. The pleasure and happiness that arise from these five kinds of sensual stimulation is called sensual pleasure—a filthy, common, ignoble pleasure. Such pleasure should not be cultivated or developed, but should be feared, I say. Now, take a mendicant who, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption … third absorption … fourth absorption. This is called the pleasure of renunciation, the pleasure of seclusion, the pleasure of peace, the pleasure of awakening. Such pleasure should be cultivated and developed, and should not be feared, I say. ‘Know how to evaluate different kinds of pleasure. Knowing this, pursue inner pleasure.’ That’s what I said, and this is why I said it.
၃၂၉။ ရဟောဝါဒံ န ဘာသေယျ, သမ္မုခါ န ခီဏံ ဘဏေ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? တတြ, ဘိက္ခဝေ, ယံ ဇညာ ရဟောဝါဒံ အဘူတံ အတစ္ဆံ အနတ္ထသံဟိတံ သသက္ကံ [သမ္ပတ္တံ (က။)] တံ ရဟောဝါဒံ န ဘာသေယျ။ ယမ္ပိ ဇညာ ရဟောဝါဒံ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ တဿပိ သိက္ခေယျ အဝစနာယ။ ယဉ္စ ခေါ ဇညာ ရဟောဝါဒံ ဘူတံ တစ္ဆံ အတ္ထသံဟိတံ တတြ ကာလညူ အဿ တဿ ရဟောဝါဒဿ ဝစနာယ။ တတြ, ဘိက္ခဝေ, ယံ ဇညာ သမ္မုခါ ခီဏဝါဒံ အဘူတံ အတစ္ဆံ အနတ္ထသံဟိတံ သသက္ကံ တံ သမ္မုခါ ခီဏဝါဒံ န ဘာသေယျ။ ယမ္ပိ ဇညာ သမ္မုခါ ခီဏဝါဒံ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ တဿပိ သိက္ခေယျ အဝစနာယ။ ယဉ္စ ခေါ ဇညာ သမ္မုခါ ခီဏဝါဒံ ဘူတံ တစ္ဆံ အတ္ထသံဟိတံ တတြ ကာလညူ အဿ တဿ သမ္မုခါ ခီဏဝါဒဿ ဝစနာယ။ ‘ရဟောဝါဒံ န ဘာသေယျ, သမ္မုခါ န ခီဏံ ဘဏေ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၂၉။ “မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်း ညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ မျက်ကွယ်အပြစ်ပြောခြင်းကိုလည်း မဆိုမိစေခြင်းငှါ ကျင့်ရာ၏။ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည်ဖြစ်ရာ၏။ ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါး နှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကိုလည်း မဆိုမိ စေခြင်းငှါ ကျင့်ရာ၏။ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည် ဖြစ်ရာ၏။ “မျက်ကွယ်၌ အပြစ်ပြောဆိုခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
‘Don’t talk behind people’s backs, and don’t speak sharply in their presence.’ That’s what I said, but why did I say it? When you know that what you say behind someone’s back is untrue, false, and pointless, then to the best of your ability you should not speak. When you know that what you say behind someone’s back is true and correct, but pointless, then you should train yourself not to speak. When you know that what you say behind someone’s back is true, correct, and beneficial, then you should know the right time to speak. When you know that your sharp words in someone’s presence are untrue, false, and pointless, then to the best of your ability you should not speak. When you know that your sharp words in someone’s presence are true and correct, but pointless, then you should train yourself not to speak. When you know that your sharp words in someone’s presence are true, correct, and beneficial, then you should know the right time to speak. ‘Don’t talk behind people’s backs, and don’t speak sharply in their presence.’ That’s what I said, and this is why I said it.
၃၃၀။ အတရမာနောဝ ဘာသေယျ နော တရမာနော’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? တတြ, ဘိက္ခဝေ, တရမာနဿ ဘာသတော ကာယောပိ ကိလမတိ, စိတ္တမ္ပိ ဥပဟညတိ [ဦဟညတိ (သီ။)], သရောပိ ဥပဟညတိ [ဦဟညတိ (သီ။)], ကဏ္ဌောပိ အာတုရီယတိ, အဝိသဋ္ဌမ္ပိ ဟောတိ အဝိညေယျံ တရမာနဿ ဘာသိတံ။ တတြ, ဘိက္ခဝေ, အတရမာနဿ ဘာသတော ကာယောပိ န ကိလမတိ, စိတ္တမ္ပိ န ဥပဟညတိ, သရောပိ န ဥပဟညတိ, ကဏ္ဌောပိ န အာတုရီယတိ, ဝိသဋ္ဌမ္ပိ ဟောတိ ဝိညေယျံ အတရမာနဿ ဘာသိတံ။ ‘အတရမာနောဝ ဘာသေယျ, နော တရမာနော’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၃၀။ “ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ကိုယ်သည်လည်း ပင်ပန်း၏၊ စိတ်သည်လည်း ဆင်းရဲ၏၊ အသံသည်လည်း ပျက်စီး၏၊ လည်ချောင်းသည်လည်း နာ၏၊ မသန့်ရှင်း မပြတ်သားသည်လည်း ဖြစ်၏၊ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ စကားသည် မသိလွယ်။ ရဟန်းတို့ ဖြေးဖြေးသာသာ ပြောဆိုသောသူ၏ ကိုယ်သည်လည်း မပင်ပန်း၊ စိတ်သည်လည်း မဆင်းရဲ၊ အသံသည်လည်း မပျက်စီး၊ လည်ချောင်းသည်လည်း မနာ၊ သန့်ရှင်းပြတ်သားသည်လည်း ဖြစ်၏၊ ဖြေးဖြေးသာ သာ ပြောဆိုသောသူ၏ စကားသည် သိလွယ်၏။ “ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
‘Don’t speak hurriedly.’ That’s what I said, but why did I say it? When speaking hurriedly, your body gets tired, your mind gets stressed, your voice gets stressed, your throat gets sore, and your words become unclear and hard to understand. When not speaking hurriedly, your body doesn’t get tired, your mind doesn’t get stressed, your voice doesn’t get stressed, your throat doesn’t get sore, and your words are clear and easy to understand. ‘Don’t speak hurriedly.’ That’s what I said, and this is why I said it.
၃၃၁။ ဇနပဒနိရုတ္တိံ နာဘိနိဝေသေယျ, သမညံ နာတိဓာဝေယျာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ကထဉ္စ, ဘိက္ခဝေ, ဇနပဒနိရုတ္တိယာ စ အဘိနိဝေသော ဟောတိ သမညာယ စ အတိသာရော? ဣဓ, ဘိက္ခဝေ, တဒေဝေကစ္စေသု ဇနပဒေသု ‘ပါတီ’တိ သဉ္ဇာနန္တိ, ‘ပတ္တ’န္တိ သဉ္ဇာနန္တိ, ‘ဝိတ္တ’န္တိ [ဝိဋ္ဌန္တိ (သျာ။ ကံ။)] သဉ္ဇာနန္တိ, ‘သရာဝ’န္တိ သဉ္ဇာနန္တိ ‘ဓာရောပ’န္တိ [ဟရောသန္တိ (သျာ။ ကံ။)] သဉ္ဇာနန္တိ, ‘ပေါဏ’န္တိ သဉ္ဇာနန္တိ, ‘ပိသီလဝ’န္တိ [ပိသီလန္တိ (သီ။ ပီ။), ပိပိလန္တိ (သျာ။ ကံ။)] သဉ္ဇာနန္တိ။ ဣတိ ယထာ ယထာ နံ တေသု တေသု ဇနပဒေသု သဉ္ဇာနန္တိ တထာ တထာ ထာမသာ ပရာမာသာ [ပရာမဿ (သီ။)] အဘိနိဝိဿ ဝေါဟရတိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဇနပဒနိရုတ္တိယာ စ အဘိနိဝေသော ဟောတိ သမညာယ စ အတိသာရော။
၃၃၁။ “ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သား တို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံးပညတ်ကို လွန်၍ သွားခြင်းဖြစ်သနည်း။ ရဟန်းတို့ ထိုခွက်ကိုသာလျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏။ ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် အားစွမ်းဖြင့် အမှားသုံးသပ်ခြင်းဖြင့် “ဤငါ့အယူသာလျှင် မှန်၏၊ သူတစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု နှလုံးသွင်း စွဲမြဲ၍ ပြောဆို၏။ ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင့်းလောကသုံးပညတ်ကို လွန်၍ သွားခြင်းသည် ဖြစ်၏။
‘Don’t insist on popular definitions and don’t overstep normal labels.’ That’s what I said, but why did I say it? And how do you insist on popular definitions and overstep normal labels? It’s when among different populations they label the same thing as a ‘cup’, a ‘bowl’, a ‘jar’, a ‘scoop’, a ‘vessel’, a ‘dish’, or a ‘plate’. And however it is known among those various populations, you speak accordingly, obstinately sticking to that and insisting: ‘This is the only truth, anything else is futile.’ That’s how you insist on popular definitions and overstep normal labels.
၃၃၂။ ‘‘ကထဉ္စ, ဘိက္ခဝေ, ဇနပဒနိရုတ္တိယာ စ အနဘိနိဝေသော ဟောတိ သမညာယ စ အနတိသာရော? ဣဓ, ဘိက္ခဝေ, တဒေဝေကစ္စေသု ဇနပဒေသု ‘ပါတီ’တိ သဉ္ဇာနန္တိ, ‘ပတ္တ’န္တိ သဉ္ဇာနန္တိ, ‘ဝိတ္တ’န္တိ သဉ္ဇာနန္တိ, ‘သရာဝ’န္တိ သဉ္ဇာနန္တိ, ‘ဓာရောပ’န္တိ သဉ္ဇာနန္တိ, ‘ပေါဏ’န္တိ သဉ္ဇာနန္တိ, ‘ပိသီလဝ’န္တိ သဉ္ဇာနန္တိ။ ဣတိ ယထာ ယထာ နံ တေသု တေသု ဇနပဒေသု သဉ္ဇာနန္တိ ‘ဣဒံ ကိရ မေ [ဣဒံ ကိရ တေ စ (က။)] အာယသ္မန္တော သန္ဓာယ ဝေါဟရန္တီ’တိ တထာ တထာ ဝေါဟရတိ အပရာမသံ။ ဧဝံ ခေါ, ဘိက္ခဝေ, ဇနပဒနိရုတ္တိယာ စ အနဘိနိဝေသော ဟောတိ, သမညာယ စ အနတိသာရော။ ‘ဇနပဒနိရုတ္တိံ နာဘိနိဝေသေယျ သမညံ နာတိဓာဝေယျာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၃၂။ ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ ထိုခွက်ကိုသာ လျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏၊ ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ “ဤအသျှင်တို့သည်လည်း ဤခွက်ကို ရည်ရွယ်၍ ခေါ်ဝေါ်ကုန်သတတ်”ဟု ထိုထိုဇနပုဒ်သားတို့၏ အခေါ်အဝေါ် အခြင်းအရာအားဖြင့် အမှားမသုံးသပ်မူ၍ ခေါ်ဝေါ်ပြောဆို၏။ ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်း စွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်၏။ “ဇနပုဒ်သားတို့၏ ဘာသာ ကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။
And how do you not insist on popular definitions and overstep normal labels? It’s when among different populations they label the same thing as a ‘cup’, a ‘bowl’, a ‘jar’, a ‘scoop’, a ‘vessel’, a ‘dish’, or a ‘plate’. And however it is known among those various populations, you speak accordingly, thinking: ‘It seems that the venerables are referring to this.’ That’s how you don’t insist on popular definitions and don’t overstep normal labels. ‘Don’t insist on popular definitions and don’t overstep normal labels.’ That’s what I said, and this is why I said it.
၃၃၃။ ‘‘တတြ, ဘိက္ခဝေ, ယော ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယော ကာမပဋိသန္ဓိသုခိနော သောမနဿာနုယောဂံ အနနုယောဂေါ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ အနတ္ထသံဟိတံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၃။ ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ် ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း၊ ထို့ကြောင့် ဤသဘောတရား သည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဥ် တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဥ် ကာမချမ်း သာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Now, mendicants, indulging in the happiness of the pleasure linked to sensuality is low, crude, ordinary, ignoble, and pointless. It is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Breaking off such indulgence is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၄။ ‘‘တတြ, ဘိက္ခဝေ, ယော အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယော အတ္တကိလမထာနုယောဂံ အနနုယောဂေါ ဒုက္ခံ အနရိယံ အနတ္ထသံဟိတံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၄။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘော တရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာ တို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဥ်သော ကိုယ်ပင်ပန်းမှုကို အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Indulging in self-mortification is painful, ignoble, and pointless. It is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Breaking off such indulgence is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၅။ ‘‘တတြ, ဘိက္ခဝေ, ယာယံ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၅။ ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူသော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ် ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏၊ ဤသဘော တရား သည် ဆင်းရဲခြင်း ညှဥ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
The middle way of practice that was understood by the Realized One gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment. It is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၆။ ‘‘တတြ, ဘိက္ခဝေ, ယာယံ ဥဿာဒနာ စ အပသာဒနာ စ နော စ ဓမ္မဒေသနာ, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယာယံ နေဝုဿာဒနာ စ န အပသာဒနာ စ ဓမ္မဒေသနာ စ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၆။ ရဟန်းတို့ မြှောက်ပင့်ပြောခြင်း နှိပ်ချပြောခြင်း မဟုတ်မမှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း ညှဥ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ မြှောက်ပင့်မပြောခြင်း နှိပ်ချမပြောခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရာ့းသည် (ကိလေသာ) မြူမှ ကင်း၏။
Flattering and rebuking without teaching Dhamma is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Neither flattering nor rebuking, and just teaching Dhamma is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၇။ ‘‘တတြ, ဘိက္ခဝေ, ယမိဒံ ကာမသုခံ မီဠှသုခံ ပေါထုဇ္ဇနသုခံ အနရိယသုခံ, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယမိဒံ နေက္ခမ္မသုခံ ပဝိဝေကသုခံ ဥပသမသုခံ သမ္ဗောဓိသုခံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၇။ ရဟန်းတို့ ကာမဂုဏ်ချမ်းသာ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာ ပုထုဇဥ်တို့၏ ချမ်းသာ အရိယာမဟုတ်သော သူတို့၏ ချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ် စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ထွက်မြောက်ခြင်းချမ်းသာ ကင်းဆိတ် ခြင်းချမ်းသာ ငြိမ်းအေးခြင်း ချမ်းသာ သိခြင်းချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Sensual pleasure—a filthy, common, ignoble pleasure—is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. The pleasure of renunciation, the pleasure of seclusion, the pleasure of peace, the pleasure of awakening is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၈။ ‘‘တတြ, ဘိက္ခဝေ, ယွာယံ ရဟောဝါဒေါ အဘူတော အတစ္ဆော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယွာယံ ရဟောဝါဒေါ ဘူတော တစ္ဆော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယွာယံ ရဟောဝါဒေါ ဘူတော တစ္ဆော အတ္ထသံဟိတော, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၈။ ရဟန်းတို့ မဟုတ်မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်း သဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘော တရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ် သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Saying untrue, false, and pointless things behind someone’s back is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Saying true and correct, but pointless things behind someone’s back is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Saying true, correct, and beneficial things behind someone’s back is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၃၉။ ‘‘တတြ, ဘိက္ခဝေ, ယွာယံ သမ္မုခါ ခီဏဝါဒေါ အဘူတော အတစ္ဆော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယွာယံ သမ္မုခါ ခီဏဝါဒေါ ဘူတော တစ္ဆော အနတ္ထသံဟိတော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယွာယံ သမ္မုခါ ခီဏဝါဒေါ ဘူတော တစ္ဆော အတ္ထသံဟိတော, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၃၉။ ရဟန်းတို့ မဟုတ်သော မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရား သည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်မှောက်၌ ကိလေသာတို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘော သည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန် သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Saying untrue, false, and pointless things in someone’s presence is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Saying true and correct, but pointless things in someone’s presence is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Saying true, correct, and beneficial things in someone’s presence is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၄၀။ ‘‘တတြ, ဘိက္ခဝေ, ယမိဒံ တရမာနဿ ဘာသိတံ, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ, ဘိက္ခဝေ, ယမိဒံ အတရမာနဿ ဘာသိတံ, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
၃၄၀။ ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ်စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ဖြေးဖြေသာသာ ပြောဆို သူ၏ ပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။
Speaking hurriedly is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Speaking unhurriedly is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife.
၃၄၁။ ‘‘တတြ, ဘိက္ခဝေ, ယွာယံ ဇနပဒနိရုတ္တိယာ စ အဘိနိဝေသော သမညာယ စ အတိသာရော, သဒုက္ခော ဧသော ဓမ္မော သဥပဃာတော သဥပါယာသော သပရိဠာဟော၊ မိစ္ဆာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော သရဏော။ တတြ ဘိက္ခဝေ, ယွာယံ ဇနပဒနိရုတ္တိယာ စ အနဘိနိဝေသော သမညာယ စ အနတိသာရော, အဒုက္ခော ဧသော ဓမ္မော အနုပဃာတော အနုပါယာသော အပရိဠာဟော၊ သမ္မာပဋိပဒါ။ တသ္မာ ဧသော ဓမ္မော အရဏော။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ‘သရဏဉ္စ ဓမ္မံ ဇာနိဿာမ, အရဏဉ္စ ဓမ္မံ ဇာနိဿာမ၊ သရဏဉ္စ ဓမ္မံ ဉတွာ အရဏဉ္စ ဓမ္မံ ဉတွာ အရဏပဋိပဒံ ပဋိပဇ္ဇိဿာမာ’တိ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။ သုဘူတိ စ ပန, ဘိက္ခဝေ, ကုလပုတ္တော အရဏပဋိပဒံ ပဋိပန္နော’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
အရဏဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ နဝမံ။
၃၄၁။ ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာစကားကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ ပြေးသွားပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှှိ၏၊ ညှဥ်းဆဲနှိပ် စက်ခြင်း ရှှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှှိ၏၊ ပူပန်ခြင်း ရှှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့် တကွ ဖြစ်၏။ ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာ စကားကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ မပြေးသွာ့းမပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဥ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။ ရဟန်းတို့ ထို့ကြောင့် ဤလောက၌ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း၊ သိရာ၏၊ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း သိ၍ (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်ကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ရမည်။ ရဟန်းတို့ သုဘူတိမည်သော အမျိုးကောင်းသားသည် (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ ကိုးခုမြောက် အရဏဝိဘင်္ဂသုတ် ပြီး၏။
Insisting on popular definitions and overriding common usage is a principle beset by pain, harm, stress, and fever, and it is the wrong way. That’s why this is a principle beset by strife. Not insisting on popular definitions and not overriding common usage is a principle free of pain, harm, stress, and fever, and it is the right way. That’s why this is a principle free of strife. So you should train like this: ‘We shall know the principles beset by strife and the principles free of strife. Knowing this, we will practice the way free of strife.’ And, mendicants, the gentleman Subhūti practices the way free of strife.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၁၀။ ဓာတုဝိဘင်္ဂသုတ္တံ
၃၄၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မဂဓေသု စာရိကံ စရမာနော ယေန ရာဇဂဟံ တဒဝသရိ၊ ယေန ဘဂ္ဂဝေါ ကုမ္ဘကာရော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ္ဂဝံ ကုမ္ဘကာရံ ဧတဒဝေါစ – ‘‘သစေ တေ, ဘဂ္ဂဝ, အဂရု ဝိဟရေမု အာဝေသနေ [ဝိဟရာမာဝေသနေ (သီ။ ပီ။), ဝိဟရာမ နိဝေသနေ (သျာ။ ကံ။), ဝိဟရေမု နိဝေသနေ (က။)] ဧကရတ္တ’’န္တိ။ ‘‘န ခေါ မေ, ဘန္တေ, ဂရု။ အတ္ထိ စေတ္ထ ပဗ္ဗဇိတော ပဌမံ ဝါသူပဂတော။ သစေ သော အနုဇာနာတိ, ဝိဟရထ [ဝိဟရ (သီ။ ပီ။)], ဘန္တေ, ယထာသုခ’’န္တိ။
တေန ခေါ ပန သမယေန ပုက္ကုသာတိ နာမ ကုလပုတ္တော ဘဂဝန္တံ ဥဒ္ဒိဿ သဒ္ဓါယ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ သော တသ္မိံ ကုမ္ဘကာရာဝေသနေ [ကုမ္ဘကာရနိဝေသနေ (သျာ။ ကံ။ က။)] ပဌမံ ဝါသူပဂတော ဟောတိ။ အထ ခေါ ဘဂဝါ ယေနာယသ္မာ ပုက္ကုသာတိ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ပုက္ကုသာတိံ ဧတဒဝေါစ – ‘‘သစေ တေ, ဘိက္ခု, အဂရု ဝိဟရေမု အာဝေသနေ ဧကရတ္တ’’န္တိ။ ‘‘ဥရုန္ဒံ, အာဝုသော [ဦရူန္ဒံ (သီ။ သျာ။ ကံ။ ပီ။), ဥရူဒ္ဓံ (က။) ဒီ။ နိ။ ၂ သက္ကပဉှသုတ္တဋီကာ ဩလောကေတဗ္ဗာ], ကုမ္ဘကာရာဝေသနံ။ ဝိဟရတာယသ္မာ ယထာသုခ’’န္တိ။
အထ ခေါ ဘဂဝါ ကုမ္ဘကာရာဝေသနံ ပဝိသိတွာ ဧကမန္တံ တိဏသန္ထာရကံ [တိဏသန္ထရိကံ (သီ။), တိဏသန္ထရကံ (သျာ။ ကံ။)] ပညာပေတွာ နိသီဒိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ အထ ခေါ ဘဂဝါ ဗဟုဒေဝ ရတ္တိံ နိသဇ္ဇာယ ဝီတိနာမေသိ။ အာယသ္မာပိ ခေါ ပုက္ကုသာတိ ဗဟုဒေဝ ရတ္တိံ နိသဇ္ဇာယ ဝီတိနာမေသိ။
အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ပါသာဒိကံ ခေါ အယံ ကုလပုတ္တော ဣရိယတိ။ ယံနူနာဟံ ပုစ္ဆေယျ’’န္တိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ ပုက္ကုသာတိံ ဧတဒဝေါစ – ‘‘ကံသိ တွံ, ဘိက္ခု, ဥဒ္ဒိဿ ပဗ္ဗဇိတော? ကော ဝါ တေ သတ္ထာ? ကဿ ဝါ တွံ ဓမ္မံ ရောစေသီ’’တိ? ‘‘အတ္ထာဝုသော, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော။ တံ ခေါ ပန ဘဂဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ တာဟံ ဘဂဝန္တံ ဥဒ္ဒိဿ ပဗ္ဗဇိတော။ သော စ မေ ဘဂဝါ သတ္ထာ။ တဿ စာဟံ ဘဂဝတော ဓမ္မံ ရောစေမီ’’တိ။ ‘‘ကဟံ ပန, ဘိက္ခု, ဧတရဟိ သော ဘဂဝါ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ။ ‘‘အတ္ထာဝုသော, ဥတ္တရေသု ဇနပဒေသု သာဝတ္ထိ နာမ နဂရံ။ တတ္ထ သော ဘဂဝါ ဧတရဟိ ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ။ ‘‘ဒိဋ္ဌပုဗ္ဗော ပန တေ, ဘိက္ခု, သော ဘဂဝါ၊ ဒိသွာ စ ပန ဇာနေယျာသီ’’တိ? ‘‘န ခေါ မေ, အာဝုသော, ဒိဋ္ဌပုဗ္ဗော သော ဘဂဝါ၊ ဒိသွာ စာဟံ န ဇာနေယျ’’န္တိ။
အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘မမဉ္စ ခွါယံ [မံ တွာယံ (သီ။), မမံ ခွါယံ (သျာ။ ကံ။), မံ ခွါယံ (ပီ။)] ကုလပုတ္တော ဥဒ္ဒိဿ ပဗ္ဗဇိတော။ ယံနူနဿာဟံ ဓမ္မံ ဒေသေယျ’’န္တိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ ပုက္ကုသာတိံ အာမန္တေသိ – ‘‘ဓမ္မံ တေ, ဘိက္ခု, ဒေသေဿာမိ။ တံ သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ ပုက္ကုသာတိ ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
၁၀- ဓာတုဝိဘင်္ဂသုတ် ၃၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသော် ရာဇဂြိုဟ် ပြည်သို့ ဆိုက်ရောက်တော်မူ၍ ဘဂ္ဂဝမည်သော အိုးထိန်းသည်ထံသို့ ချဥ်းကပ်ပြီးလျှင် ဘဂ္ဂဝမည်သော အိုးထိန်းသည်ကို “ဘဂ္ဂဝ အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဥ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရား ဝန်မလေးပါ၊ ဤအိုးလုပ်ရာ တင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ်ရောက်နှင့်သော ရဟန်းသည် ရှိပါသေး၏၊ ထိုရှေးဦးစွာ နေနှင့်သော ရဟန်းသည် အကယ်၍ ခွင့်ပြုမူ မြတ်စွာဘုရား ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။ ထိုအခါ ပုက္ကုသာတိမည်သော အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ရည်ရွယ်၍ သဒ္ဓါယုံကြည် လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ခဲ့၍ ထိုအိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ် ရောက်နှင့်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ပုက္ကုသာတိထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင် ပုက္ကုသာတိကို “ရဟန်း အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဥ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင် အိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်သည် ကျယ်ပြန့်ပါ၏၊ အသျှင်သည် ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် အိုးထိန်းသည်၏ အိုးလုပ်ရာ တင်းကုပ်သို့ ဝင်၍ တစ်ခုသော နေရာ၌ မြက်အခင်းကို ခင်းပြီးလျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကို ဖြစ်စေ၍ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဥ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏၊ အသျှင်ပုက္ကုသာတိသည်လည်း ညဥ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏။ ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာ ပုထ်ကို ဖြစ်စေ၏၊ ငါသည် အကယ်၍ မေးရမူ ကောင်းပေစွ”ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထို့နောက်၌ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသ နည်း၊ အဘယ်သူသည် သင်၏ ဆရာဖြစ်သနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း”ဟု ဤစကားကို မိန့်တော်မူ၏၊ ငါ့သျှင် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ရှိ၏၊ ထိုအသျှင် ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ဘဝဂ်မဆံ့ ပျံ့နှံ့၍ ထွက်၏-“ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည့်း‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်း ပြု၏၊ ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားကို နှစ်သက်ပါ၏ဟု (ပြောဆို၏)။ ရဟန်း ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်မှာ နေတော်မူသနည်းဟု (မေးတော်မူ၏)။ ငါ့သျှင် ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ယခုအခါ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နေ တော်မူ၏ဟု (ပြောဆို၏)။ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို မြင်ဖူး၏လော၊ စင်စစ် မြင်သော် သိပါ အံ့လောဟု (မေး၏)။ ငါ့သျှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မမြင်ဖူးပါ၊ စင်စစ် မြင်သော်လည်း မသိရာပါဟု (ပြောဆို၏)။ ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ငါ့ကိုသာလျှင် ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားအား ငါသည် တရားဟောရမူ ကောင်းပေမည်”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်ပုက္ကုသာတိသည် မြတ်စွာဘုရားအား ပြန်ကြားပြောဆို၏။ မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏-
Middle Discourses 140 The Analysis of the Elements So I have heard. At one time the Buddha was wandering in the Magadhan lands when he arrived at Rājagaha. He went to see Bhaggava the potter, and said, “Bhaggava, if it is no trouble, I’d like to spend a single night in your workshop.” “It’s no trouble, sir. But there’s a renunciate already staying there. If he allows it, sir, you may stay as long as you please.” Now at that time a gentleman named Pukkusāti had gone forth out of faith from the lay life to homelessness in the Buddha’s name. And it was he who had first taken up residence in the workshop. Then the Buddha approached Venerable Pukkusāti and said, “Mendicant, if it is no trouble, I’d like to spend a single night in the workshop.” “The potter’s workshop is spacious, reverend. Stay as long as you please.” Then the Buddha entered the workshop and spread out a grass mat to one side. He sat down cross-legged, set his body straight, and brought mindfulness to the present. He spent much of the night sitting in meditation, and so did Pukkusāti. Then it occurred to the Buddha, “This gentleman’s behavior is impressive. Why don’t I question him?” So the Buddha said to Pukkusāti, “In whose name have you gone forth, mendicant? Who is your Teacher? Whose teaching do you believe in?” “Reverend, there is the ascetic Gotama—a Sakyan, gone forth from a Sakyan family. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ I’ve gone forth in his name. That Blessed One is my Teacher, and I believe in his teaching.” “But mendicant, where is the Blessed One at present, the perfected one, the fully awakened Buddha?” “In the northern lands there is a city named Sāvatthī. There the Blessed One is now staying, the perfected one, the fully awakened Buddha.” “But have you ever seen that Buddha? Would you recognize him if you saw him?” “No, I’ve never seen him, and I wouldn’t recognize him if I did.” Then it occurred to the Buddha, “This gentleman has gone forth in my name. Why don’t I teach him the Dhamma?” So the Buddha said to Pukkusāti, “Mendicant, I shall teach you the Dhamma. Listen and apply your mind well, I will speak.” “Yes, reverend,” replied Pukkusāti. The Buddha said this:
၃၄၃။ ‘‘‘ဆဓာတုရော [ဆဒ္ဓါတုရော (သီ။)] အယံ, ဘိက္ခု, ပုရိသော ဆဖဿာယတနော အဋ္ဌာရသမနောပဝိစာရော စတုရာဓိဋ္ဌာနော၊ ယတ္ထ ဌိတံ မညဿဝါ နပ္ပဝတ္တန္တိ, မညဿဝေ ခေါ ပန နပ္ပဝတ္တမာနေ မုနိ သန္တောတိ ဝုစ္စတိ။ ပညံ နပ္ပမဇ္ဇေယျ, သစ္စမနုရက္ခေယျ, စာဂမနုဗြူဟေယျ, သန္တိမေဝ သော သိက္ခေယျာ’တိ – အယမုဒ္ဒေသော ဓာတုဝိဘင်္ဂဿ [ဆဓာတုဝိဘင်္ဂဿ (သီ။ သျာ။ ကံ။ ပီ။)]။
၃၄၃။ ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏၊ ခြောက်ပါးသော ဖဿာယတန ရှိ၏၊ တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏၊ လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာ လေးပါးတို့၌ တည်သောပုဂ္ဂိုလ်သတ္တဝါအား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ တို့သည် မဖြစ် ကုန်။ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ မဖြစ်သော် ကိလေသာ ငြိမ်းသော ရဟန်း ဟူ၍ ဆိုရ၏၊ ဝိပဿနာ ပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာစွန့်ခြင်းကို အားထုတ် ရာ၏၊ ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏။ ဤကား ဓာတုဝိဘင်္ဂသုတ်၏ အကျဥ်း ‘ဥဒ္ဒေသ’ တည်း။
“‘This person has six elements, six fields of contact, eighteen mental preoccupations, and four foundations. Where they stand, the streams of conceiving do not flow. And where the streams of conceiving do not flow, they are called a sage at peace. Do not neglect wisdom; preserve truth; foster generosity; and train only for peace.’ This is the summary recital for the analysis of the elements.
၃၄၄။ ‘‘‘ဆဓာတုရော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? (ဆယိမာ, ဘိက္ခု, ဓာတုယော) [( ) နတ္ထိ သီ။ ပီ။ ပေါတ္ထကေသု] – ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု, အာကာသဓာတု, ဝိညာဏဓာတု။ ‘ဆဓာတုရော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၄၄။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ် ခြောက်ပါးရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။
‘This person has six elements.’ That’s what I said, but why did I say it? There are these six elements: the elements of earth, water, fire, air, space, and consciousness. ‘This person has six elements.’ That’s what I said, and this is why I said it.
၃၄၅။ ‘‘‘ဆဖဿာယတနော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုသမ္ဖဿာယတနံ, သောတသမ္ဖဿာယတနံ, ဃာနသမ္ဖဿာယတနံ, ဇိဝှါသမ္ဖဿာယတနံ, ကာယသမ္ဖဿာယတနံ, မနောသမ္ဖဿာယတနံ။ ‘ဆဖဿာယတနော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၄၅။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ စက္ခုသမ္ဖဿာယတန သောတသမ္ဖဿာယတန ဃာနသမ္ဖဿာယတန ဇိဝှါသမ္ဖဿာယတန ကာယသမ္ဖဿာယတန မနောသမ္ဖဿာယတနသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။
‘This person has six fields of contact.’ That’s what I said, but why did I say it? The fields of contact of the eye, ear, nose, tongue, body, and mind. ‘This person has six fields of contact.’ That’s what I said, and this is why I said it.
၃၄၆။ အဋ္ဌာရသမနောပဝိစာရော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုနာ ရူပံ ဒိသွာ သောမနဿဋ္ဌာနီယံ ရူပံ ဥပဝိစရတိ, ဒေါမနဿဋ္ဌာနီယံ ရူပံ ဥပဝိစရတိ, ဥပေက္ခာဋ္ဌာနီယံ ရူပံ ဥပဝိစရတိ၊ သောတေန သဒ္ဒံ သုတွာ ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ သောမနဿဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ, ဒေါမနဿဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ, ဥပေက္ခာဋ္ဌာနီယံ ဓမ္မံ ဥပဝိစရတိ – ဣတိ ဆ သောမနဿုပဝိစာရာ, ဆ ဒေါမနဿုပဝိစာရာ, ဆ ဥပေက္ခုပဝိစာရာ။ ‘အဋ္ဌာရသမနောပဝိစာရော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၄၆။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ သောမနဿ၏အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင် သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံ၍။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိ၍။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိ၍ သောမနဿ၏ အကြောင်း ဖြစ်သော သဘော ‘ဓမ္မာရုံ’ ကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော သဘော‘ဓမ္မာရုံ’ကို ဆင်ခြင်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော သဘော‘ဓမ္မာရုံ’ကို ဆင်ခြင်သုံးသပ်၏။ ဤသို့ သောမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဒေါမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဥပေက္ခာ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။
‘This person has eighteen mental preoccupations.’ That’s what I said, but why did I say it? Seeing a sight with their eyes, one is preoccupied with a sight that’s a basis for happiness or sadness or equanimity. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Becoming conscious of an idea with their mind, one is preoccupied with an idea that’s a basis for happiness or sadness or equanimity. So there are six preoccupations with happiness, six preoccupations with sadness, and six preoccupations with equanimity. ‘This person has eighteen mental preoccupations.’ That’s what I said, and this is why I said it.
၃၄၇။ စတုရာဓိဋ္ဌာနော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ပညာဓိဋ္ဌာနော, သစ္စာဓိဋ္ဌာနော, စာဂါဓိဋ္ဌာနော, ဥပသမာဓိဋ္ဌာနော။ ‘စတုရာဓိဋ္ဌာနော အယံ, ဘိက္ခု, ပုရိသော’တိ – ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၄၇။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ပညာဟူသော တည်ရာ၊ သစ္စာဟူသော တည်ရာ၊ ကိလေသာကို စွန့်ခြင်း ဟူသော တည်ရာ၊ ကိလေသာငြိမ်းခြင်းဟူသော တည်ရာသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။
‘This person has four foundations.’ That’s what I said, but why did I say it? The foundations of wisdom, truth, generosity, and peace. ‘This person has four foundations.’ That’s what I said, and this is why I said it.
၃၄၈။ ပညံ နပ္ပမဇ္ဇေယျ, သစ္စမနုရက္ခေယျ, စာဂမနုဗြူဟေယျ, သန္တိမေဝ သော သိက္ခေယျာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ကထဉ္စ, ဘိက္ခု, ပညံ နပ္ပမဇ္ဇတိ? ဆယိမာ, ဘိက္ခု, ဓာတုယော – ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု, အာကာသဓာတု, ဝိညာဏဓာတု။
၃၄၈။ “ဝိပဿနာပညာကို မမေ့့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ကိလေသာငြိမ်းခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း အဘယ်သို့လျှင် ဝိပဿနာပညာကို မမေ့မလျော့သနည်း။ ရဟန်း ဓာတ်တို့သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဤခြောက်ပါးတို့ တည်း။
‘Do not neglect wisdom; preserve truth; foster generosity; and train only for peace.’ That’s what I said, but why did I say it? And how does one not neglect wisdom? There are these six elements: the elements of earth, water, fire, air, space, and consciousness.
၃၄၉။ ‘‘ကတမာ စ, ဘိက္ခု, ပထဝီဓာတု? ပထဝီဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရာ။ ကတမာ စ, ဘိက္ခု, အဇ္ဈတ္တိကာ ပထဝီဓာတု? ယံ အဇ္ဈတ္တံ ပစ္စတ္တံ ကက္ခဠံ ခရိဂတံ ဥပါဒိန္နံ [ဥပါဒိဏ္ဏံ (ပီ။ က။)], သေယျထိဒံ – ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ [အဋ္ဌိမိဉ္ဇာ (သီ။ ပီ။)] ဝက္ကံ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ, ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ ကက္ခဠံ ခရိဂတံ ဥပါဒိန္နံ – အယံ ဝုစ္စတိ, ဘိက္ခု, အဇ္ဈတ္တိကာ ပထဝီဓာတု။ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ ပထဝီဓာတု ယာ စ ဗာဟိရာ ပထဝီဓာတု ပထဝီဓာတုရေဝေသာ။ ‘တံ နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာ’တိ – ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ပထဝီဓာတုယာ နိဗ္ဗိန္ဒတိ, ပထဝီဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃၄၉။ ရဟန်း မြေ ‘ပထဝီ’ ဓာတ်ဟူသည် အဘယ်နည်း။ မြေ ‘ပထဝီ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်တည်း။ ဤရုပ်ဟူသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဥ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊ ဤဆိုခဲ့ပြီးမှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်း တမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ၍ ဆိုရ၏။ အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း မြေ ‘ပထဝီ’ ဓာတ်သာပင်တည်း။ မြေ ‘ပထဝီ’ ဓာတ်ကို “ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါမဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤမြေ ‘ပထဝီ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေ ‘ပထဝီ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော့်မြေ ‘ပထဝီ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ ‘ပထဝီ’ဓာတ်၌ တပ်ခြင်းကင်း၏။
And what is the earth element? The earth element may be interior or exterior. And what is the interior earth element? Anything internal, personal, that’s hard, solid, and appropriated. This includes: head hair, body hair, nails, teeth, skin, flesh, sinews, bones, bone marrow, kidneys, heart, liver, diaphragm, spleen, lungs, intestines, mesentery, undigested food, feces, or anything else internal, personal, that’s hard, solid, and appropriated. This is called the interior earth element. The interior earth element and the exterior earth element are just the earth element. This should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ When you truly see with right understanding, you grow disillusioned with the earth element, detaching the mind from the earth element.
၃၅၀။ ‘‘ကတမာ စ, ဘိက္ခု, အာပေါဓာတု? အာပေါဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရာ။ ကတမာ စ, ဘိက္ခု, အဇ္ဈတ္တိကာ အာပေါဓာတု? ယံ အဇ္ဈတ္တံ ပစ္စတ္တံ အာပေါ အာပေါဂတံ ဥပါဒိန္နံ သေယျထိဒံ – ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ, ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ အာပေါ အာပေါဂတံ ဥပါဒိန္နံ – အယံ ဝုစ္စတိ, ဘိက္ခု, အဇ္ဈတ္တိကာ အာပေါဓာတု။ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ အာပေါဓာတု ယာ စ ဗာဟိရာ အာပေါဓာတု အာပေါဓာတုရေဝေသာ။ ‘တံ နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ – ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အာပေါဓာတုယာ နိဗ္ဗိန္ဒတိ, အာပေါဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃၅၀။ ရဟန်း ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ ရေ ‘အာပေါ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါ အဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇ ရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်း သန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်ဟူ၍ ဆိုရ၏။ အတွင်းသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ဓာတ်သည်လည်းကောင်း ရေ ‘အာပေါ’ ဓာတ်သာပင်တည်း။ ထိုရေ ‘အာပေါ’ ဓာတ်ကို “ဤရေ ‘အာပေါ’ ဓာတ်သည် ငါပိုင်မဟုတ်၊ ဤရေ ‘အာပေါ’ ဓာတ်သည် ငါမဟုတ်၊ ဤရေ ‘အာပေါ’ဓာတ် သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာ ပညာဖြင့် ရှုသင့်၏။ ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ ‘အာပေါ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ ‘အာပေါ’ ဓာတ်၌ တပ်ခြင်းကင်း၏။
And what is the water element? The water element may be interior or exterior. And what is the interior water element? Anything internal, personal, that’s water, watery, and appropriated. This includes: bile, phlegm, pus, blood, sweat, fat, tears, grease, saliva, snot, synovial fluid, urine, or anything else internal, personal, that’s water, watery, and appropriated. This is called the interior water element. The interior water element and the exterior water element are just the water element. This should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ When you truly see with right understanding, you grow disillusioned with the water element, detaching the mind from the water element.
၃၅၁။ ‘‘ကတမာ စ, ဘိက္ခု, တေဇောဓာတု? တေဇောဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရာ။ ကတမာ စ, ဘိက္ခု, အဇ္ဈတ္တိကာ တေဇောဓာတု? ယံ အဇ္ဈတ္တံ ပစ္စတ္တံ တေဇော တေဇောဂတံ ဥပါဒိန္နံ, သေယျထိဒံ – ယေန စ သန္တပ္ပတိ, ယေန စ ဇီရီယတိ, ယေန စ ပရိဍယှတိ, ယေန စ အသိတပီတခါယိတသာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတိ, ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ တေဇော တေဇောဂတံ ဥပါဒိန္နံ – အယံ ဝုစ္စတိ, ဘိက္ခု, အဇ္ဈတ္တိကာ တေဇောဓာတု။ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ တေဇောဓာတု ယာ စ ဗာဟိရာ တေဇောဓာတု တေဇောဓာတုရေဝေသာ။ ‘တံ နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ – ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ တေဇောဓာတုယာ နိဗ္ဗိန္ဒတိ, တေဇောဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃၅၁။ ရဟန်း အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ အပူအအေး ‘မီး’ ဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’ အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ် နည်း၊ အကြင် အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ဆွေးမြည့်ရင့်ကျက်၏၊ အကြင်အပူအအေး ‘မီး’ဓာတ်ဖြင့်လည်း ထက်ဝန်းကျင်လောင်၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက် ခြင်းသို့ ရောက်၏၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ် သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်ဟူ၍ ဆိုရ၏။ အတွင်းသန္တာန်၌ဖြစ်သော အကြင်အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း အပူအအေး ‘မီး’ ဓာတ်သာလျှင်တည်း။ “ဤအပူအ အေး ‘မီး’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါမဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို ကောင်းသောဝိပဿနာပညာဖြင့် အမှန် အတိုင်း ရှုမြင်သော် အပူအအေး ‘မီး’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူအအေး ‘မီး’ ဓာတ်၌ တပ်ခြင်း ကင်း၏။
And what is the fire element? The fire element may be interior or exterior. And what is the interior fire element? Anything internal, personal, that’s fire, fiery, and appropriated. This includes: that which warms, that which ages, that which heats you up when feverish, that which properly digests food and drink; or anything else internal, personal, that’s fire, fiery, and appropriated. This is called the interior fire element. The interior fire element and the exterior fire element are just the fire element. This should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ When you truly see with right understanding, you grow disillusioned with the fire element, detaching the mind from the fire element.
၃၅၂။ ‘‘ကတမာ စ, ဘိက္ခု, ဝါယောဓာတု? ဝါယောဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရာ။ ကတမာ စ, ဘိက္ခု, အဇ္ဈတ္တိကာ ဝါယောဓာတု? ယံ အဇ္ဈတ္တံ ပစ္စတ္တံ ဝါယော ဝါယောဂတံ ဥပါဒိန္နံ, သေယျထိဒံ – ဥဒ္ဓင်္ဂမာ ဝါတာ အဓောဂမာ ဝါတာ ကုစ္ဆိသယာ ဝါတာ ကောဋ္ဌာသယာ [ကောဋ္ဌသယာ (သီ။ သျာ။ ကံ။ ပီ။)] ဝါတာ အင်္ဂမင်္ဂါနုသာရိနော ဝါတာ အဿာသော ပဿာသော ဣတိ, ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ ဝါယော ဝါယောဂတံ ဥပါဒိန္နံ – အယံ ဝုစ္စတိ, ဘိက္ခု, အဇ္ဈတ္တိကာ ဝါယောဓာတု။ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ ဝါယောဓာတု ယာ စ ဗာဟိရာ ဝါယောဓာတု ဝါယောဓာတုရေဝေသာ။ ‘တံ နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ – ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ဝါယောဓာတုယာ နိဗ္ဗိန္ဒတိ, ဝါယောဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃၅၂။ ရဟန်း လေဓာတ်သည် အဘယ်နည်း။ လေဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေဓာတ် လေဓာတ်အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ် သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သောလေ, အောက်သို့ သက် သောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ, အင်္ဂါကြီးငယ်သို့့အစဥ်လျှောက်သောလေ, ထွက်သက် ဝင်သက်လေ၊ ဤလေတို့ပင်တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေ လေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်ဟူ၍ ဆိုအပ်၏။ အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း လေဓာတ်သာလျှင်တည်း။ “ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ လေဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ ဤလေဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။
And what is the air element? The air element may be interior or exterior. And what is the interior air element? Anything internal, personal, that’s air, airy, and appropriated. This includes: winds that go up or down, winds in the belly or the bowels, winds that flow through the limbs, in-breaths and out-breaths; or anything else internal, personal, that’s air, airy, and appropriated. This is called the interior air element. The interior air element and the exterior air element are just the air element. This should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ When you truly see with right understanding, you grow disillusioned with the air element, detaching the mind from the air element.
၃၅၃။ ‘‘ကတမာ စ, ဘိက္ခု, အာကာသဓာတု? အာကာသဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရာ။ ကတမာ စ, ဘိက္ခု, အဇ္ဈတ္တိကာ အာကာသဓာတု? ယံ အဇ္ဈတ္တံ ပစ္စတ္တံ အာကာသံ အာကာသဂတံ ဥပါဒိန္နံ, သေယျထိဒံ – ကဏ္ဏစ္ဆိဒ္ဒံ နာသစ္ဆိဒ္ဒံ မုခဒွါရံ ယေန စ အသိတပီတခါယိတသာယိတံ အဇ္ဈောဟရတိ, ယတ္ထ စ အသိတပီတခါယိတသာယိတံ သန္တိဋ္ဌတိ, ယေန စ အသိတပီတခါယိတသာယိတံ အဓောဘာဂံ [အဓောဘာဂါ (သီ။ သျာ။ ကံ။ ပီ။) ဒေဝဒူတသုတ္တေန သမေတိ] နိက္ခမတိ, ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ အာကာသံ အာကာသဂတံ အဃံ အဃဂတံ ဝိဝရံ ဝိဝရဂတံ အသမ္ဖုဋ္ဌံ မံသလောဟိတေဟိ ဥပါဒိန္နံ – အယံ ဝုစ္စတိ ဘိက္ခု အဇ္ဈတ္တိကာ အာကာသဓာတု။ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ အာကာသဓာတု ယာ စ ဗာဟိရာ အာကာသဓာတု အာကာသဓာတုရေဝေသာ။ ‘တံ နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ – ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အာကာသဓာတုယာ နိဗ္ဗိန္ဒတိ, အာကာသဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃၅၃။ ရဟန်း အာကာသဓာတ်သည် အဘယ်နည်း။ အာကာသဓာတ် သည် အချို့ အတွင်းသန္တာန် ၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော အာကာသဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင် အာကာသအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ် သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း။ နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာကို မျိုရာ အပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ တည်ရာအပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ အောက်အဘို့သို့ ထွက်ရာအပေါက် တို့တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင်အာကာ အပါအဝင်ဖြစ်သော ရေးခြစ်မထင် ကောင်းကင်အာကာသ ကောင်းကင်အာကာသ၌ အတွင်းဝင်သော ဟင်းလင်းအပေါက် ဟင်းလင်းအပေါက်၌ အတွင်းဝင်သော အသားအသွေးတို့ဖြင့် မတွေ့ထိသော တဏှာဒိဋ္ဌိ တို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အာကာသ ဓာတ်ဟူ၍ ဆိုအပ်၏။ အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အပသန္တာန်၌ဖြစ်သော အာကာသ ဓာတ်သည်လည်းကောင်း အာကာသဓာတ်ချည်းပင်တည်း။ “ဤအာကာသဓာတ်သည် ငါပိုင် မဟုတ်၊ ဤအာကာသဓာတ်သည် ငါမဟုတ်၊ ဤအာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ အာကာသ ဓာတ်ကို အမှန်အတိုင်း ကောင်းသောဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အာကာသဓာတ်ကို ကောင်း သော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသ ဓာတ်၌ တပ်ခြင်းကင်း၏။
And what is the space element? The space element may be interior or exterior. And what is the interior space element? Anything internal, personal, that’s space, spacious, and appropriated. This includes: the ear canals, nostrils, and mouth; and the space for swallowing what is eaten and drunk, the space where it stays, and the space for excreting it from the nether regions; or anything else internal, personal, that’s space, spacious, and appropriated. This is called the interior space element. The interior space element and the exterior space element are just the space element. This should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ When you truly see with right understanding, you grow disillusioned with the space element, detaching the mind from the space element.
၃၅၄။ ‘‘အထာပရံ ဝိညာဏံယေဝ အဝသိဿတိ ပရိသုဒ္ဓံ ပရိယောဒါတံ။ တေန စ ဝိညာဏေန ကိံ [တေန ဝိညာဏေန ကိဉ္စ (သီ။)] ဝိဇာနာတိ? ‘သုခ’န္တိပိ ဝိဇာနာတိ, ‘ဒုက္ခ’န္တိပိ ဝိဇာနာတိ, ‘အဒုက္ခမသုခ’န္တိပိ ဝိဇာနာတိ။ သုခဝေဒနိယံ, ဘိက္ခု, ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သော သုခံ ဝေဒနံ ဝေဒယမာနော ‘သုခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ သုခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ သုခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ သုခါ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၄။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်သော ဝိညာဏ်သည်သာလျှင် ကြွင်း ကျန်၏။ ထိုဝိညာဏ်ဖြင့် အဘယ်ကို သိသနည်း။ ချမ်းသာဟူ၍လည်း သိ၏၊ ဆင်းရဲဟူ၍လည်း သိ၏၊ ဥပေက္ခာဟူ၍လည်း သိ၏၊ ရဟန်း သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထို ဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
What remains is sheer consciousness, pure and bright. And what does that consciousness know? It cognizes ‘pleasure’ and ‘pain’ and ‘neutral’. Pleasant feeling arises dependent on a contact to be experienced as pleasant. When they feel a pleasant feeling, they know: ‘I feel a pleasant feeling.’ They know: ‘With the cessation of that contact to be experienced as pleasant, the corresponding pleasant feeling ceases and stops.’
၃၅၅။ ‘‘ဒုက္ခဝေဒနိယံ, ဘိက္ခု, ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သော ဒုက္ခံ ဝေဒနံ ဝေဒယမာနော ‘ဒုက္ခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ ဒုက္ခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ ဒုက္ခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၅။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို့ဖြစ်စေတတ်သော ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
Painful feeling arises dependent on a contact to be experienced as painful. When they feel a painful feeling, they know: ‘I feel a painful feeling.’ They know: ‘With the cessation of that contact to be experienced as painful, the corresponding painful feeling ceases and stops.’
၃၅၆။ ‘‘အဒုက္ခမသုခဝေဒနိယံ, ဘိက္ခု, ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ။ သော အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော ‘အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ အဒုက္ခမသုခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ အဒုက္ခမသုခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ အဒုက္ခမသုခါ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၆။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်း ဝေဒနာကိုဖြစ်စေတတ်သော, ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
Neutral feeling arises dependent on a contact to be experienced as neutral. When they feel a neutral feeling, they know: ‘I feel a neutral feeling.’ They know: ‘With the cessation of that contact to be experienced as neutral, the corresponding neutral feeling ceases and stops.’
၃၅၇။ ‘‘သေယျထာပိ, ဘိက္ခု, ဒွိန္နံ ကဋ္ဌာနံ သံဃဋ္ဋာ [သမ္ဖဿ (သီ။ ပီ။), သံဃဋာ (သျာ။ ကံ။)] သမောဓာနာ ဥသ္မာ ဇာယတိ, တေဇော အဘိနိဗ္ဗတ္တတိ, တေသံယေဝ ဒွိန္နံ ကဋ္ဌာနံ နာနာဘာဝါ ဝိက္ခေပါ ယာ တဇ္ဇာ ဥသ္မာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတိ၊ ဧဝမေဝ ခေါ, ဘိက္ခု, သုခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သော သုခံ ဝေဒနံ ဝေဒယမာနော ‘သုခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ သုခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ သုခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ သုခါ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၇။ ရဟန်း ဥပမာအားဖြင့် နှစ်ချောင်းကုန်သော ထင်းတို့၏ ထိခိုက်ခြင်း ပေါင်းဆုံခြင်းကြောင့် အငွေ့ဖြစ်ပေါ်၏၊ မီးဖြစ်ပေါ်၏၊ ထိုနှစ်ချောင်းကုန်သော ထင်းတို့၏သာလျှင် ( မထိခိုက်ဘဲ ) အသီးအသီး တခြားစီ ဖြစ်ခြင်းကြောင့် ကင်းခြင်းကြောင့် ထိုထင်းအားလျော်စွာဖြစ်သော အငွေ့သည် ချုပ်သကဲ့သို့ ငြိမ်းသကဲ့သို့ ဤဥပမာအတူသာလျှင် သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
When you rub two sticks together, heat is generated and fire is produced. But when you part the sticks and lay them aside, any corresponding heat ceases and stops. In the same way, pleasant feeling arises dependent on a contact to be experienced as pleasant. …
၃၅၈။ ‘‘ဒုက္ခဝေဒနိယံ, ဘိက္ခု, ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သော ဒုက္ခံ ဝေဒနံ ဝေဒယမာနော ‘ဒုက္ခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ ဒုက္ခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ ဒုက္ခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ ဒုက္ခာ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၈။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူ သည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်း ဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ် သော, ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
၃၅၉။ ‘‘အဒုက္ခမသုခဝေဒနိယံ, ဘိက္ခု, ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ။ သော အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော ‘အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ‘တဿေဝ အဒုက္ခမသုခဝေဒနိယဿ ဖဿဿ နိရောဓာ ယံ တဇ္ဇံ ဝေဒယိတံ အဒုက္ခမသုခဝေဒနိယံ ဖဿံ ပဋိစ္စ ဥပ္ပန္နာ အဒုက္ခမသုခါ ဝေဒနာ သာ နိရုဇ္ဈတိ, သာ ဝူပသမ္မတီ’တိ ပဇာနာတိ။
၃၅၉။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
They know: ‘With the cessation of that contact to be experienced as neutral, the corresponding neutral feeling ceases and stops.’
၃၆၀။ ‘‘အထာပရံ ဥပေက္ခာယေဝ အဝသိဿတိ ပရိသုဒ္ဓါ ပရိယောဒါတာ မုဒု စ ကမ္မညာ စ ပဘဿရာ စ။ သေယျထာပိ, ဘိက္ခု, ဒက္ခော သုဝဏ္ဏကာရော ဝါ သုဝဏ္ဏကာရန္တေဝါသီ ဝါ ဥက္ကံ ဗန္ဓေယျ, ဥက္ကံ ဗန္ဓိတွာ ဥက္ကာမုခံ အာလိမ္ပေယျ, ဥက္ကာမုခံ အာလိမ္ပေတွာ သဏ္ဍာသေန ဇာတရူပံ ဂဟေတွာ ဥက္ကာမုခေ ပက္ခိပေယျ, တမေနံ ကာလေန ကာလံ အဘိဓမေယျ, ကာလေန ကာလံ ဥဒကေန ပရိပ္ဖေါသေယျ, ကာလေန ကာလံ အဇ္ဈုပေက္ခေယျ, တံ ဟောတိ ဇာတရူပံ [ဇာတရူပံ ဓန္တံ (သီ။ ပီ။)] သုဓန္တံ နိဒ္ဓန္တံ နီဟဋံ [နိဟတံ (သျာ။ ကံ။ က။)] နိန္နီတကသာဝံ [နိဟတကသာဝံ (က။)] မုဒု စ ကမ္မညဉ္စ ပဘဿရဉ္စ, ယဿာ ယဿာ စ ပိဠန္ဓနဝိကတိယာ အာကင်္ခတိ – ယဒိ ပဋ္ဋိကာယ [ပဝဋ္ဋိကာယ (သီ။ သျာ။)] ယဒိ ကုဏ္ဍလာယ ယဒိ ဂီဝေယျကာယ ယဒိ သုဝဏ္ဏမာလာယ တဉ္စဿ အတ္ထံ အနုဘောတိ၊ ဧဝမေဝ ခေါ, ဘိက္ခု, အထာပရံ ဥပေက္ခာယေဝ အဝသိဿတိ ပရိသုဒ္ဓါ ပရိယောဒါတာ မုဒု စ ကမ္မညာ စ ပဘဿရာ စ။
၃၆၀။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ထက်ဝန်းကျင် ဖြူစင်သော စတုတ္ထဈာန် ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုး ပြက် အရောင်လည်း ရှိ၏။ ရဟန်း ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ဖိုကို ဖွဲ့စီရင်ရာ၏၊ ဖိုကို ဖွဲ့စီရင်၍ ဖိုဝကို လိမ်းကျံရာ၏၊ ဖိုဝကို လိမ်းကျံ၍ ညှပ်ဖြင့် ရွှေကို ကိုင်၍ ဖိုဝ၌ ထားရာ၏။ ထိုရွှေကို ရံခါရံခါ မှုတ်ရာ၏၊ ရံခါရံခါ ရေဖြင့် ဖျန်းရာ၏၊ ရံခါရံခါ ရှုရာ၏၊ ဦးပြီးသော လှော်ပြီးသော ထင်ရှားသောအပြစ် သိမ်မွေ့ သောအပြစ်ကင်းသော ထိုရွှေသည် နူးညံ့လည်း နူးညံ့၏။ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ထွက်၏၊ ရွှေပြားအတွက်ဖြစ်စေ၊ နားတောင်းအတွက်ဖြစ်စေ၊ လည်ရွဲတန်ဆာအတွက် ဖြစ်စေ၊ ရွှေပန်းခိုင်အတွက်ဖြစ်စေ မည်သည့်တန်ဆာ ပြုလုပ်ရန်မဆို တန်ဆာအထူးကို အလိုရှိငြားအံ့၊ ထို ရွှေပန်းထိမ်သည်အား ထိုထိုအကျိုးကို ခံစားရသကဲ့သို့၊ ဤဥပမာအတူသာလျှင် ထက်ဝန်းကျင် စင်ကြယ် သော ထက်ဝန်းကျင် ဖြူစင်သော ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ရှိ၏။
There remains only equanimity, pure, bright, pliable, workable, and radiant. It’s like when a deft goldsmith or a goldsmith’s apprentice prepares a forge, fires the crucible, picks up some native gold with tongs and puts it in the crucible. From time to time they fan it, from time to time they sprinkle water on it, and from time to time they just watch over it. That native gold becomes pliable, workable, and radiant, not brittle, and is ready to be worked. Then the goldsmith can successfully create any kind of ornament they want, whether a bracelet, earrings, a necklace, or a golden garland. In the same way, there remains only equanimity, pure, bright, pliable, workable, and radiant.
၃၆၁။ ‘‘သော ဧဝံ ပဇာနာတိ – ‘ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ အာကာသာနဉ္စာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ။ ဧဝံ မေ အယံ ဥပေက္ခာ တံနိဿိတာ တဒုပါဒါနာ စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌေယျ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ ဝိညာဏဉ္စာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ။ ဧဝံ မေ အယံ ဥပေက္ခာ တံနိဿိတာ တဒုပါဒါနာ စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌေယျ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ အာကိဉ္စညာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ။ ဧဝံ မေ အယံ ဥပေက္ခာ တံနိဿိတာ တဒုပါဒါနာ စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌေယျ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ နေဝသညာနာသညာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ။ ဧဝံ မေ အယံ ဥပေက္ခာ တံနိဿိတာ တဒုပါဒါနာ စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌေယျာ’’’တိ။
၃၆၁။ ထိုသူသည် ဤသို့ သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန့်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန်ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင် ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကာသာနဉ္စာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကာသာနဉ္စာ ယတနဈာန်ကို စွဲလမ်းသည် ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတန ဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုဝိညာဏဉ္စာယတနဈာန်ကို မှီသည် ဖြစ်၍ ထိုဝိညာဏဉ္စာယတနဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကိဉ္စညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကိဉ္စညာယတနဈာန်ကို စွဲလန်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာ နာသညာယတနဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုနေဝသညာနာ သညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုနေဝသညာနာသညာယတန ဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏”ဟု ( သိ၏ )။
They understand: ‘If I were to apply this equanimity, so pure and bright, to the dimension of infinite space, and develop my mind accordingly, this equanimity of mine, relying on that and grasping it, would remain for a very long time. If I were to apply this equanimity, so pure and bright, to the dimension of infinite consciousness, and develop my mind accordingly, this equanimity of mine, relying on that and grasping it, would remain for a very long time. If I were to apply this equanimity, so pure and bright, to the dimension of nothingness, and develop my mind accordingly, this equanimity of mine, relying on that and grasping it, would remain for a very long time. If I were to apply this equanimity, so pure and bright, to the dimension of neither perception nor non-perception, and develop my mind accordingly, this equanimity of mine, relying on that and grasping it, would remain for a very long time.’
၃၆၂။ ‘‘သော ဧဝံ ပဇာနာတိ – ‘ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ အာကာသာနဉ္စာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ၊ သင်္ခတမေတံ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ ဝိညာဏဉ္စာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ၊ သင်္ခတမေတံ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ အာကိဉ္စညာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ၊ သင်္ခတမေတံ။ ဣမဉ္စေ အဟံ ဥပေက္ခံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ နေဝသညာနာသညာယတနံ ဥပသံဟရေယျံ, တဒနုဓမ္မဉ္စ စိတ္တံ ဘာဝေယျံ၊ သင်္ခတမေတ’’’န္တိ။
‘‘သော နေဝ တံ အဘိသင်္ခရောတိ, န အဘိသဉ္စေတယတိ ဘဝါယ ဝါ ဝိဘဝါယ ဝါ။ သော အနဘိသင်္ခရောန္တော အနဘိသဉ္စေတယန္တော ဘဝါယ ဝါ ဝိဘဝါယ ဝါ န ကိဉ္စိ လောကေ ဥပါဒိယတိ, အနုပါဒိယံ န ပရိတဿတိ, အပရိတဿံ ပစ္စတ္တံယေဝ ပရိနိဗ္ဗာယတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။
၃၆၂။ ထိုသူသည် ဤသို့သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း ကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤ အာကာသာနဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန်ဥပေက္ခာကို ဝိညာဏဉ္စာ ယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတနဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ် ကိုလည်း ပွါးငြားအံ့၊ ဤဝိညာဏဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤအာကိဉ္စညာ ယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာနာသညာယတနဈာန်သို့ အစဥ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤနေဝသညာ နာသညာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း”ဟု ( သိ၏ )။ ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း ထိုရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို မပြုပြင် မစေ့ဆော်၊ ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း မတောင့်တ မပြုပြင် မစေ့ဆော်သော် လောက၌ တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မစွဲလမ်းသောသူသည် မတောင့်တ၊ မတောင့်တသောသူသည် အသီးအခြားသာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံး ပြီးပြီ၊ ( မဂ် )ကိစ္စကို ပြုပြီးပြီ၊ ဤ( မဂ် )ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏။
They understand: ‘If I were to apply this equanimity, so pure and bright, to the dimension of infinite space, my mind would develop accordingly. But that is conditioned. If I were to apply this equanimity, so pure and bright, to the dimension of infinite consciousness … nothingness … neither perception nor non-perception, my mind would develop accordingly. But that is conditioned.’ They neither make a choice nor form an intention for existence or nonexistence. Because of this, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’
၃၆၃။ ‘‘သော သုခဉ္စေ ဝေဒနံ ဝေဒေတိ, ‘သာ အနိစ္စာ’တိ ပဇာနာတိ, ‘အနဇ္ဈောသိတာ’တိ ပဇာနာတိ, ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။ ဒုက္ခဉ္စေ ဝေဒနံ ဝေဒေတိ, ‘သာ အနိစ္စာ’တိ ပဇာနာတိ, ‘အနဇ္ဈောသိတာ’တိ ပဇာနာတိ, ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။ အဒုက္ခမသုခဉ္စေ ဝေဒနံ ဝေဒေတိ, ‘သာ အနိစ္စာ’တိ ပဇာနာတိ, ‘အနဇ္ဈောသိတာ’တိ ပဇာနာတိ, ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။
၃၆၃။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုသုခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏၊ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထို ဒုက္ခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုဥပေက္ခာဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။
If they feel a pleasant feeling, they understand that it’s impermanent, that they’re not attached to it, and that they don’t take pleasure in it. If they feel a painful feeling, they understand that it’s impermanent, that they’re not attached to it, and that they don’t take pleasure in it. If they feel a neutral feeling, they understand that it’s impermanent, that they’re not attached to it, and that they don’t take pleasure in it.
၃၆၄။ ‘‘သော သုခဉ္စေ ဝေဒနံ ဝေဒေတိ, ဝိသံယုတ္တော နံ ဝေဒေတိ၊ ဒုက္ခဉ္စေ ဝေဒနံ ဝေဒေတိ, ဝိသံယုတ္တော နံ ဝေဒေတိ၊ အဒုက္ခမသုခဉ္စေ ဝေဒနံ ဝေဒေတိ, ဝိသံယုတ္တော နံ ဝေဒေတိ။ သော ကာယပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ကာယပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ, ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ, ‘ကာယဿ ဘေဒါ ပရံ မရဏာ ဥဒ္ဓံ ဇီဝိတပရိယာဒါနာ ဣဓေဝ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီဘဝိဿန္တီ’တိ ပဇာနာတိ။
၃၆၄။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုသုခဝေဒနာကို ရာဂါနုသယနှင့် မယှဥ် ဘဲသာလျှင် ခံစား၏။ ဒုက္ခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဒုက္ခဝေဒနာကို ပဋိဃာနုသယနှင့် မယှဥ် ဘဲသာလျှင် ခံစား၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဥပေက္ခာဝေဒနာကို အဝိဇ္ဇာနုသယနှင့် မယှဥ်ဘဲသာလျှင် ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား သည်ရှိသော် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှအထက်၌ ဤအာယတန တစ်ဆယ့်နှစ်ပါးတို့၌သာ လျှင် မနှစ်သက်အပ်သော ခံစားမှုဝေဒနာအလုံးစုံ ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။
If they feel a pleasant feeling, they feel it detached. If they feel a painful feeling, they feel it detached. If they feel a neutral feeling, they feel it detached. Feeling the end of the body draw close, they understand: ‘I feel the end of the body draw close.’ Feeling the end of life draw close, they understand: ‘I feel the end of life draw close.’ They understand: ‘When my body breaks up and my life has come to an end, everything that’s felt, since I no longer take pleasure in it, will become cool right here.’
၃၆၅။ ‘‘သေယျထာပိ, ဘိက္ခု, တေလဉ္စ ပဋိစ္စ ဝဋ္ဋိဉ္စ ပဋိစ္စ တေလပ္ပဒီပေါ ဈာယတိ၊ တဿေဝ တေလဿ စ ဝဋ္ဋိယာ စ ပရိယာဒါနာ အညဿ စ အနုပဟာရာ [အနုပါဟာရာ (သီ။ ပီ။), အနုပါဒါနာ (က။)] အနာဟာရော နိဗ္ဗာယတိ၊ ဧဝမေဝ ခေါ, ဘိက္ခု, ကာယပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ကာယပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ, ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ, ‘ကာယဿ ဘေဒါ ပရံ မရဏာ ဥဒ္ဓံ ဇီဝိတပရိယာဒါနာ ဣဓေဝ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီဘဝိဿန္တီ’တိ ပဇာနာတိ။ တသ္မာ ဧဝံ သမန္နာဂတော ဘိက္ခု ဣမိနာ ပရမေန ပညာဓိဋ္ဌာနေန သမန္နာဂတော ဟောတိ။ ဧသာ ဟိ, ဘိက္ခု, ပရမာ အရိယာ ပညာ ယဒိဒံ – သဗ္ဗဒုက္ခက္ခယေ ဉာဏံ။
၃၆၅။ ရဟန်း ဥပမာအားဖြင့် ဆီကိုလည်း စွဲ၍ မီးစာကိုလည်း စွဲ၍ ဆီမီးသည် တောက်ပ၏၊ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခြင်းကြောင့် တစ်ပါးသောဝတ္ထုကိုလည်း မစွဲယူခြင်း ကြောင့် အကြောင်းကင်း၍ ငြိမ်းသကဲ့သို့၊ ဤဥပမာအတူသာလျှင် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာ ကို ခံစားသည်ရှိသော် ခန္ဓာကိုလျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံး ဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှ အထက်၌ ဤအာယတန တစ်ဆယ့် နှစ်ပါးတို့၌သာလျှင် မနှစ်သက်အပ်သော ခံစားမှု ဝေဒနာအလုံးစုံသည် ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။ ထိုကြောင့် ဤသို့ ( ဆိုခဲ့တိုင်း ) ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤအရဟတ္တဖိုလ် ပညာ ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းကုန်သော ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရာဖြစ်သော ဤ ဉာဏ်သည် အလွန်အကဲမြတ်သော ပညာပေတည်း။
Suppose an oil lamp depended on oil and a wick to burn. As the oil and the wick are used up, it would be extinguished due to not being fed. In the same way, feeling the end of the body draw close, they understand: ‘I feel the end of the body draw close.’ Feeling the end of life draw close, they understand: ‘I feel the end of life draw close.’ They understand: ‘When my body breaks up and my life has come to an end, everything that’s felt, since I no longer take pleasure in it, will become cool right here.’ Therefore a mendicant thus endowed is endowed with the ultimate foundation of wisdom. For this is the ultimate noble wisdom, namely, the knowledge of the ending of all suffering.
၃၆၆။ ‘‘တဿ သာ ဝိမုတ္တိ သစ္စေ ဌိတာ အကုပ္ပါ ဟောတိ။ တဉှိ, ဘိက္ခု, မုသာ ယံ မောသဓမ္မံ, တံ သစ္စံ ယံ အမောသဓမ္မံ နိဗ္ဗာနံ။ တသ္မာ ဧဝံ သမန္နာဂတော ဘိက္ခု ဣမိနာ ပရမေန သစ္စာဓိဋ္ဌာနေန သမန္နာဂတော ဟောတိ။ ဧတဉှိ, ဘိက္ခု, ပရမံ အရိယသစ္စံ ယဒိဒံ – အမောသဓမ္မံ နိဗ္ဗာနံ။
၃၆၆။ ထိုဆိုခဲ့တိုင်းပြည့်စုံသော ရဟန်းအား ထိုအရဟတ္တဖိုလ်ပညာသည် ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်အာရုံ၌ တည်၏၊ မပျက်စီး၊ ရဟန်း ပျက်စီးခြင်းသဘောရှိသောတရားသည် မှားယွင်းသော သဘောရှိ၏၊ မမှန်ကန်။ မပျက်စီးခြင်းသဘောရှိသောတရားသည် မှန်ကန်သော နိဗ္ဗာန် ( နိရောဓသစ္စာ ) တည်း။ ထို့ကြောင့် ဤဆိုပြီး လက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤပရမတ္ထ သစ္စာဖြစ်သော နိဗ္ဗာန်ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း မပျက်စီးခြင်းသဘောရှိသော နိဗ္ဗာန်သည် အလွန်အကဲမြတ်သော အရိယသစ္စာသာတည်း။
Their freedom, being founded on truth, is unshakable. For that which is false has a deceptive nature, while that which is true has an undeceptive nature—extinguishment. Therefore a mendicant thus endowed is endowed with the ultimate foundation of truth. For this is the ultimate noble truth, namely, that which has an undeceptive nature—extinguishment.
၃၆၇။ ‘‘တဿေဝ ခေါ ပန ပုဗ္ဗေ အဝိဒ္ဒသုနော ဥပဓီ ဟောန္တိ သမတ္တာ သမာဒိန္နာ။ တျာဿ ပဟီနာ ဟောန္တိ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ တသ္မာ ဧဝံ သမန္နာဂတော ဘိက္ခု ဣမိနာ ပရမေန စာဂါဓိဋ္ဌာနေန သမန္နာဂတော ဟောတိ။ ဧသော ဟိ, ဘိက္ခု, ပရမော အရိယော စာဂေါ ယဒိဒံ – သဗ္ဗူပဓိပဋိနိဿဂ္ဂေါ။
၃၆၇။ စင်စစ် ရှေးပုထုဇဥ်ဘဝက မရသေးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ပြည့် ပြည့်စုံစုံ ဆောက်တည်ထားသော ( ဆင်းရဲကိုဆောင်တတ်သော ) ဥပဓိတို့သည် ရှိကုန်၏။ ထိုပုဂ္ဂိုလ်အား ထိုဥပဓိတို့ကို ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီး ဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ နောင် တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိလေသာကို စွန့်ခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းသော ဥပဓိကို အရဟတ္တမဂ် ဉာဏ်ဖြင့် ဤစွန့်ခြင်းသည် အလွန်အကဲ မြတ်သော စွန့်ခြင်းတည်း။
In their ignorance, they used to acquire attachments. Those have been cut off at the root, made like a palm stump, obliterated so they are unable to arise in the future. Therefore a mendicant thus endowed is endowed with the ultimate foundation of generosity. For this is the ultimate noble generosity, namely, letting go of all attachments.
၃၆၈။ ‘‘တဿေဝ ခေါ ပန ပုဗ္ဗေ အဝိဒ္ဒသုနော အဘိဇ္ဈာ ဟောတိ ဆန္ဒော သာရာဂေါ။ သွာဿ ပဟီနော ဟောတိ ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော။ တဿေဝ ခေါ ပန ပုဗ္ဗေ အဝိဒ္ဒသုနော အာဃာတော ဟောတိ ဗျာပါဒေါ သမ္ပဒေါသော။ သွာဿ ပဟီနော ဟောတိ ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော။ တဿေဝ ခေါ ပန ပုဗ္ဗေ အဝိဒ္ဒသုနော အဝိဇ္ဇာ ဟောတိ သမ္မောဟော။ သွာဿ ပဟီနော ဟောတိ ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော။ တသ္မာ ဧဝံ သမန္နာဂတော ဘိက္ခု ဣမိနာ ပရမေန ဥပသမာဓိဋ္ဌာနေန သမန္နာဂတော ဟောတိ။ ဧသော ဟိ, ဘိက္ခု, ပရမော အရိယော ဥပသမော ယဒိဒံ – ရာဂဒေါသမောဟာနံ ဥပသမော။ ‘ပညံ နပ္ပမဇ္ဇေယျ, သစ္စမနုရက္ခေယျ, စာဂမနုဗြူဟေယျ, သန္တိမေဝ သော သိက္ခေယျာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
၃၆၈။ စင်စစ် ရှေးပုထုဇဥ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား သူ့ စည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈာ’ လိုချင်ခြင်း ‘ဆန္ဒ’ ပြင်းစွာ တပ်နှစ်သက်ခြင်း ‘သာရာဂ’ သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုအဘိဇ္ဈာ, ဆန္ဒ, သာရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ စင်စစ် ရှေးပုထုဇဥ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ရန်ငြိုး ဖွဲ့ခြင်း ‘အာဃာတ’ သူတစ်ပါးအား ပျက်စီးစေခြင်း ‘ဗျာပါဒ’ခပ်သိမ်းသော အခြင်းအရာဖြင့် ပြစ်မှားခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုဒေါသသုံးမျိုးကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိ တော့ချေ။ စင်စစ် ရှေးပုထုဇဥ် ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား မသိခြင်း ‘အဝိဇ္ဇာ’ ပြင်းစွာတွေဝေခြင်း‘သမ္မောဟ’သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုမောဟတရားကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုခဲ့ပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ်ဖြင့် ကိလေသာကို ငြိမ်းအေးစေခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ရာဂ ဒေါသ မောဟတို့၏ ဤငြိမ်းအေးခြင်းသည် အလွန်အကဲမြတ်သော ငြိမ်းအေး ခြင်းတည်း။ “ပညာကို မမေ့လျော့ရာ၊ ဝစီသစ္စာကို အစဥ်စောင့်ရှောက်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ကိလေသာငြိမ်းအေးခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။
In their ignorance, they used to be covetous, full of desire and lust. That has been cut off at the root, made like a palm stump, obliterated so it’s unable to arise in the future. In their ignorance, they used to be contemptuous, full of ill will and malevolence. That has been cut off at the root, made like a palm stump, obliterated so it’s unable to arise in the future. In their ignorance, they used to be ignorant, full of delusion. That has been cut off at the root, made like a palm stump, obliterated so it’s unable to arise in the future. Therefore a mendicant thus endowed is endowed with the ultimate foundation of peace. For this is the ultimate noble peace, namely, the pacification of greed, hate, and delusion. ‘Do not neglect wisdom; preserve truth; foster generosity; and train only for peace.’ That’s what I said, and this is why I said it.
၃၆၉။ ‘‘ယတ္ထ ဌိတံ မညဿဝါ နပ္ပဝတ္တန္တိ, မညဿဝေ ခေါ ပန နပ္ပဝတ္တမာနေ မုနိ သန္တောတိ ဝုစ္စတီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ‘အသ္မီ’တိ, ဘိက္ခု, မညိတမေတံ, ‘အယမဟမသ္မီ’တိ မညိတမေတံ, ‘ဘဝိဿ’န္တိ မညိတမေတံ, ‘န ဘဝိဿ’န္တိ မညိတမေတံ, ‘ရူပီ ဘဝိဿ’န္တိ မညိတမေတံ, ‘အရူပီ ဘဝိဿ’န္တိ မညိတမေတံ, ‘သညီ ဘဝိဿ’န္တိ မညိတမေတံ, ‘အသညီ ဘဝိဿ’န္တိ မညိတမေတံ, ‘နေဝသညီနာသညီ ဘဝိဿ’န္တိ မညိတမေတံ။ မညိတံ, ဘိက္ခု, ရောဂေါ မညိတံ ဂဏ္ဍော မညိတံ သလ္လံ။ သဗ္ဗမညိတာနံ တွေဝ, ဘိက္ခု, သမတိက္ကမာ မုနိ သန္တောတိ ဝုစ္စတိ။ မုနိ ခေါ ပန, ဘိက္ခု, သန္တော န ဇာယတိ, န ဇီယတိ, န မီယတိ, န ကုပ္ပတိ, န ပိဟေတိ။ တဉှိဿ, ဘိက္ခု, နတ္ထိ ယေန ဇာယေထ, အဇာယမာနော ကိံ ဇီယိဿတိ, အဇီယမာနော ကိံ မီယိဿတိ, အမီယမာနော ကိံ ကုပ္ပိဿတိ, အကုပ္ပမာနော ကိဿ [ကိံ (က။)] ပိဟေဿတိ? ‘ယတ္ထ ဌိတံ မညဿဝါ နပ္ပဝတ္တန္တိ, မညဿဝေ ခေါ ပန နပ္ပဝတ္တမာနေ မုနိ သန္တောတိ ဝုစ္စတီ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣမံ ခေါ မေ တွံ, ဘိက္ခု, သံခိတ္တေန ဆဓာတုဝိဘင်္ဂံ ဓာရေဟီ’’တိ။
၃၆၉။ “လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ် ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာ ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်း ငါဟူသည် ထင်မှတ်ခြင်းတည်း၊ ဤဟာ ငါဖြစ်၏ ဟူသည် ထင်မှတ်ခြင်းတည်း၊ ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရုပ်ရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ် ခြင်းတည်း၊ ရုပ်မရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာမရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်သော သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရဟန်း ထင်မှတ်ခြင်းသည် အနာရောဂါတည်း၊ ထင်မှတ်ခြင်းသည် အိုင်းအမာတည်း၊ ထင်မှတ်ခြင်းသည် မြား ငြောင့်တည်း။ ရဟန်း ထင်မှတ်ခြင်းမညနာ (တဏှာ မာန ဒိဋ္ဌိ) အာလုံးတို့ကို လွန်မြောက်ခြင်းကြောင့် ကိလေသာ ငြိမ်းအေးသော ရဟန်းဟု ဆိုရ၏။ ရဟန်း ကိလေသာငြိမ်းအေးသော ရဟန်းသည် ပဋိသန္ဓေမနေ မအို မသေ မပျက်စီး မတောင့်တ။ ရဟန်း အကြင်ကံကြောင့် ပဋိသန္ဓေနေရာ၏၊ ထိုပဋိသန္ဓေ ပေးသောကံ သည် ထိုရဟန္တာအား မရှိ၊ ပဋိသန္ဓေမနေသူသည် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူသည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးသူသည် အဘယ်မှာ တောင့်တ လတ္တံ့နည်း။ “ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ရဟန်း သင်သည် အကျဥ်းအားဖြင့် ငါဟောသော ဤဓာတ်ခြောက်ပါးကို ဝေဖန်ရာ ဓာတုဝိဘင်္ဂသုတ်ကို ဆောင်လော့ဟု ( မိန့်တော်မူ၏ )။
‘Where they stand, the streams of conceiving do not flow. And where the streams of conceiving do not flow, they are called a sage at peace.’ That’s what I said, but why did I say it? These are all forms of conceiving: ‘I am’, ‘I am this’, ‘I will be’, ‘I will not be’, ‘I will have form’, ‘I will be formless’, ‘I will be percipient’, ‘I will be non-percipient’, ‘I will be neither percipient nor non-percipient.’ Conceiving is a disease, a boil, a dart. Having gone beyond all conceiving, one is called a sage at peace. The sage at peace is not reborn, does not grow old, and does not die. They are not shaken, and do not yearn. For they have nothing which would cause them to be reborn. Not being reborn, how could they grow old? Not growing old, how could they die? Not dying, how could they be shaken? Not shaking, for what could they yearn? ‘Where they stand, the streams of conceiving do not flow. And where the streams of conceiving do not flow, they are called a sage at peace.’ That’s what I said, and this is why I said it. Mendicant, you should remember this brief analysis of the six elements.”
၃၇၀။ အထ ခေါ အာယသ္မာ ပုက္ကုသာတိ – ‘‘သတ္ထာ ကိရ မေ အနုပ္ပတ္တော, သုဂတော ကိရ မေ အနုပ္ပတ္တော သမ္မာသမ္ဗုဒ္ဓေါ ကိရ မေ အနုပ္ပတ္တော’’တိ ဥဋ္ဌာယာသနာ ဧကံသံ စီဝရံ ကတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္စယော မံ, ဘန္တေ, အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ, ယောဟံ ဘဂဝန္တံ အာဝုသောဝါဒေန သမုဒါစရိတဗ္ဗံ အမညိဿံ။ တဿ မေ, ဘန္တေ, ဘဂဝါ အစ္စယံ အစ္စယတော ပဋိဂ္ဂဏှာတု အာယတိံ သံဝရာယာ’’တိ။ ‘‘တဂ္ဃ တွံ, ဘိက္ခု, အစ္စယော အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ, ယံ မံ တွံ အာဝုသောဝါဒေန သမုဒါစရိတဗ္ဗံ အမညိတ္ထ။ ယတော စ ခေါ တွံ, ဘိက္ခု, အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောသိ, တံ တေ မယံ ပဋိဂ္ဂဏှာမ။ ဝုဒ္ဓိဟေသာ, ဘိက္ခု, အရိယဿ ဝိနယေ ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတီ’’တိ။ ‘‘လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ဥပသမ္ပဒ’’န္တိ။ ‘‘ပရိပုဏ္ဏံ ပန တေ, ဘိက္ခု, ပတ္တစီဝရ’’န္တိ? ‘‘န ခေါ မေ, ဘန္တေ, ပရိပုဏ္ဏံ ပတ္တစီဝရ’’န္တိ။ ‘‘န ခေါ, ဘိက္ခု, တထာဂတာ အပရိပုဏ္ဏပတ္တစီဝရံ ဥပသမ္ပာဒေန္တီ’’တိ။ အထ ခေါ အာယသ္မာ ပုက္ကုသာတိ ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပတ္တစီဝရပရိယေသနံ ပက္ကာမိ။
အထ ခေါ အာယသ္မန္တံ ပုက္ကုသာတိံ ပတ္တစီဝရပရိယေသနံ စရန္တံ ဝိဗ္ဘန္တာ ဂါဝီ [ဘန္တဂါဝီ (သီ။ ပီ။), ဂါဝီ (သျာ။ ကံ။)] ဇီဝိတာ ဝေါရောပေသိ။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ယော သော, ဘန္တေ, ပုက္ကုသာတိ နာမ ကုလပုတ္တော ဘဂဝတာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော သော ကာလင်္ကတော။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ? ‘‘ပဏ္ဍိတော, ဘိက္ခဝေ, ပုက္ကုသာတိ ကုလပုတ္တော ပစ္စပါဒိ ဓမ္မဿာနုဓမ္မံ, န စ မံ ဓမ္မာဓိကရဏံ ဝိဟေသေသိ [ဝိဟေဌေသိ (သီ။ သျာ။ ကံ။) ဝိဟေသေတိ (က။)]။ ပုက္ကုသာတိ, ဘိက္ခဝေ, ကုလပုတ္တော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တသ္မာ လောကာ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ဓာတုဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ ဒသမံ။
၃၇၀။ ထိုအခါ၌ အသျှင်ပုက္ကုသာတိမထေရ်သည် “ငါ့ထံသို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည့်အစဥ်ရောက်တော်မူ၏၊ ငါ့ထံသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အစဥ်ရောက်တော်မူ၏၊ ငါ့ထံသို့ သစ္စာလေးပါးကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် အစဥ်ရောက်တော်မူ၏”ဟု နှလုံးသွင်း၍ နေရာမှ ထလျက် လက်ဝဲပခုံးစွန်း၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်လျှိုး၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “မြတ်စွာဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်မိခဲ့ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ”ဟု လျှောက်ထား၏။ ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ အကြင်သူ သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း‘အဆုံးအမ’၌ ကြီးပွါးခြင်းပင်တည်းဟု ( မိန့်တော် မူ၏ )။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏ဟု ( လျှောက်၏ )။ ရဟန်း သင့်အား သပိတ်သင်္ကန်းသည် ပြည့်စုံပြီလောဟု ( မေးတော်မူ၏ )။ မြတ်စွာဘုရား အကျွန်ုပ်အား သပိတ် သင်္ကန်းသည် မပြည့်စုံသေးပါဟု ( လျှောက်၏ )။ ရဟန်း မြတ်စွာဘုရား တို့သည် သပိတ်သင်္ကန်း မပြည့်စုံသူကို ရဟန်းပြုမပေးကုန်ဟု ( မိန့်တော်မူ၏ )။ ထို့နောက် အသျှင် ပုက္ကုသာတိမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာ ဖဲသွား၏။ ထိုအခါ သပိတ်သင်္ကန်းရှာ လှည့်လည်သော အသျှင်ပုက္ကုသာတိမထေရ်ကို နွားမသည် လှည့်ပတ်၍ အသက်ဇီဝိန်မှချပြီ။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်နေကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုက္ကုသာတိမည်သော အမျိုးကောင်းသားအား မြတ်စွာဘုရားသည် အကျဥ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူခဲ့၏၊ ထိုပုက္ကုသာတိ အမျိုးကောင်းသား သည် သေရှာလေပြီ၊ ထိုအမျိုးသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝသည်ကား အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။ ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ လောကုတ္တရာ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကိုလည်း လောကုတ္တရာတရားဟူသော အကြောင်းကြောင့် မပင် ပန်းစေ။ ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ငါးပါးကုန်သော အောက်ကာမဘုံ၌ဖြစ်သော သံယောဇဥ် တို့၏ ကုန်ခြင်းကြောင့် ( အဝိဟာဘုံ၌ ) ပဋိသန္ဓေနေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုအဝိဟာ ဘုံမှ ပြန်လည်ခြင်း သဘောမရှိဟု ( မိန့်တော်မူ၏ )။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ ဆယ်ခုမြောက် ဓာတုဝိဘင်္ဂသုတ် ပြီး၏။
Then Venerable Pukkusāti thought, “It seems the Teacher has come to me! The Holy One has come to me! The fully awakened Buddha has come to me!” He got up from his seat, arranged his robe over one shoulder, bowed with his head to the Buddha’s feet, and said, “I made a mistake, sir. It was foolish, stupid, and unskillful of me to presume to address the Buddha as ‘reverend’. Please, sir, accept my mistake for what it is, so I will restrain myself in future.” “Indeed, mendicant, you made a mistake. It was foolish, stupid, and unskillful of you to act in that way. But since you have recognized your mistake for what it is, and have dealt with it properly, I accept it. For it is growth in the training of the Noble One to recognize a mistake for what it is, deal with it properly, and commit to restraint in the future.” “Sir, may I receive the going forth, the ordination in the Buddha’s presence?” “But mendicant, do you have a full set of bowl and robes?” “No, sir, I do not.” “The Realized Ones do not ordain those without a full set of bowl and robes.” And then Venerable Pukkusāti approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving. But while he was wandering in search of a bowl and robes, a stray cow took his life. Then several mendicants went up to the Buddha, bowed, sat down to one side, and said to him, “Sir, the gentleman named Pukkusāti, who was advised in brief by the Buddha, has passed away. Where has he been reborn in his next life?” “Mendicants, Pukkusāti was astute. He practiced in line with the teaching, and did not trouble me about the teachings. With the ending of the five lower fetters, he’s been reborn spontaneously and will become extinguished there, not liable to return from that world.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၁၁။ သစ္စဝိဘင်္ဂသုတ္တံ
၃၇၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘တထာဂတေန, ဘိက္ခဝေ, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ, ယဒိဒံ – စတုန္နံ အရိယသစ္စာနံ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ။ ကတမေသံ စတုန္နံ? ဒုက္ခဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခသမုဒယဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခနိရောဓဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ။ တထာဂတေန, ဘိက္ခဝေ, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ, ယဒိဒံ – ဣမေသံ စတုန္နံ အရိယသစ္စာနံ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ။
‘‘သေဝထ, ဘိက္ခဝေ, သာရိပုတ္တမောဂ္ဂလ္လာနေ၊ ဘဇထ, ဘိက္ခဝေ, သာရိပုတ္တမောဂ္ဂလ္လာနေ။ ပဏ္ဍိတာ ဘိက္ခူ အနုဂ္ဂါဟကာ သဗြဟ္မစာရီနံ။ သေယျထာပိ, ဘိက္ခဝေ, ဇနေတာ [ဇနေတ္တိ (သီ။ ပီ။)], ဧဝံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ, ဧဝံ မောဂ္ဂလ္လာနော။ သာရိပုတ္တော, ဘိက္ခဝေ, သောတာပတ္တိဖလေ ဝိနေတိ, မောဂ္ဂလ္လာနော ဥတ္တမတ္ထေ။ သာရိပုတ္တော, ဘိက္ခဝေ, ပဟောတိ စတ္တာရိ အရိယသစ္စာနိ ဝိတ္ထာရေန အာစိက္ခိတုံ ဒေသေတုံ ပညာပေတုံ ပဋ္ဌပေတုံ ဝိဝရိတုံ ဝိဘဇိတုံ ဥတ္တာနီကာတု’’န္တိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော ဥဋ္ဌာယာသနာ ဝိဟာရံ ပါဝိသိ။
၁၁-သစ္စဝိဘင်္ဂသုတ် ၃၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။ အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအား ဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ငါဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်း ကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက် သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင် ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။ ရဟန်းတို့ သာရိပုတြာမောဂ္ဂလာန်တို့ကို မှီဝဲကုန်လော့၊ ရဟန်းတို့ သာရိပုတြာ မောဂ္ဂလာန်တို့ကို ဆည်းကပ်ကုန်လော့၊ ထိုသာရိပုတြာ မောဂ္ဂလာန်တို့သည် ပညာရှိသော ရဟန်းတို့ ဖြစ်ကုန်၍ သီတင်းသုံး ဖော်တို့ကို ချီးမြှောက်တတ်ကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် သာရိပုတြာသည် မွေးသော မိခင်နှင့် တူ၏၊ မောဂ္ဂလာန်သည် မွေးပြီးသူငယ်ကို ကျွေးမွေးသူနှင့် တူ၏။ ရဟန်းတို့ သာရိပုတြာသည် သောတာ ပတ္တိဖိုလ်သို့ ဆောင်တတ်၏၊ မောဂ္ဂလာန်သည် အထက်ဖိုလ်တို့ကို ဆောင်တတ်၏။ ရဟန်းတို့ သာရိပုတြာသည် လေးပါးသော အရိယသစ္စာတို့ကို အကျယ်အားဖြင့် ပြောကြားခြင်းငှါ ဟောကြားခြင်းငှါ အပြားအားဖြင့် သိစေခြင်းငှါ အပြားအားဖြင့် သိအောင် ထားခြင်းငှါ ဖွင့်ပြခြင်းငှါ ဝေဖန်ချဲ့ထွင်ခြင်းငှါ ထင်စွာပြုခြင်းငှါ စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ နေရာမှ ထကာ ကျောင်းတွင်းသို့ ဖဲကြွတော်မူ၏။
Middle Discourses 141 The Analysis of the Truths So I have heard. At one time the Buddha was staying near Varanasi in the deer park at Isipatana. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Near Varanasi, in the deer park at Isipatana, the Realized One, the perfected one, the fully awakened Buddha rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or divinity or by anyone in the world. It is the teaching, advocating, establishing, clarifying, analyzing, and revealing of the four noble truths. What four? The noble truths of suffering, the origin of suffering, the cessation of suffering, and the practice that leads to the cessation of suffering. Near Varanasi, in the deer park at Isipatana, the Realized One, the perfected one, the fully awakened Buddha rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or divinity or by anyone in the world. It is the teaching, advocating, establishing, clarifying, analyzing, and revealing of the four noble truths. Mendicants, you should cultivate friendship with Sāriputta and Moggallāna. You should associate with Sāriputta and Moggallāna. They’re astute, and they support their spiritual companions. Sāriputta is like one who gives birth, while Moggallāna is like one who raises the child. Sāriputta guides people to the fruit of stream-entry, Moggallāna to the highest goal. Sāriputta is able to explain, teach, assert, establish, clarify, analyze, and reveal the four noble truths in detail.” That is what the Buddha said. When he had spoken, the Holy One rose from his seat and entered his dwelling.
၃၇၂။ တတြ ခေါ အာယသ္မာ သာရိပုတ္တော အစိရပက္ကန္တဿ ဘဂဝတော ဘိက္ခူ အာမန္တေသိ – ‘‘အာဝုသော, ဘိက္ခဝေ’’တိ။ ‘‘အာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသုံ။ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ –
‘‘တထာဂတေန, အာဝုသော, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ, ယဒိဒံ – စတုန္နံ အရိယသစ္စာနံ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ။ ကတမေသံ စတုန္နံ? ဒုက္ခဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခသမုဒယဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခနိရောဓဿ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မံ။
၃၇၂။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲကြွတော်မူ၍ မကြာမီ ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ( မိန့်ဆို၏ )။ “ငါ့သျှင်သာရိပုတြာ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို ပြောဆို၏ - ငါ့သျှင်ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟော စွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတု မဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီ။ အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန် ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။
Then, not long after the Buddha left, Venerable Sāriputta said to the mendicants, “Reverends, mendicants!” “Reverend,” they replied. Sāriputta said this: “Near Varanasi, in the deer park at Isipatana, the Realized One, the perfected one, the fully awakened Buddha rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or divinity or by anyone in the world. It is the teaching, advocating, establishing, clarifying, analyzing, and revealing of the four noble truths. What four? The noble truths of suffering, the origin of suffering, the cessation of suffering, and the practice that leads to the cessation of suffering.
၃၇၃။ ‘‘ကတမဉ္စာဝုသော, ဒုက္ခံ အရိယသစ္စံ? ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, မရဏမ္ပိ ဒုက္ခံ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ ဒုက္ခာ, ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
‘‘ကတမာ စာဝုသော, ဇာတိ? ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော, အယံ ဝုစ္စတာဝုသော – ‘ဇာတိ’’’။
‘‘ကတမာ စာဝုသော, ဇရာ? ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော, အယံ ဝုစ္စတာဝုသော – ‘ဇရာ’’’။
‘‘ကတမဉ္စာဝုသော, မရဏံ? ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလံကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿုပစ္ဆေဒေါ, ဣဒံ ဝုစ္စတာဝုသော – ‘မရဏံ’’’။
‘‘ကတမော စာဝုသော, သောကော? ယော ခေါ, အာဝုသော, အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော, အယံ ဝုစ္စတာဝုသော – ‘သောကော’’’။
‘‘ကတမော စာဝုသော, ပရိဒေဝေါ? ယော ခေါ, အာဝုသော, အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္တံ ပရိဒေဝိတတ္တံ, အယံ ဝုစ္စတာဝုသော – ‘ပရိဒေဝေါ’’’။
‘‘ကတမဉ္စာဝုသော, ဒုက္ခံ? ယံ ခေါ, အာဝုသော, ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ, ဣဒံ ဝုစ္စတာဝုသော – ‘ဒုက္ခံ’’’။
‘‘ကတမဉ္စာဝုသော, ဒေါမနဿံ? ယံ ခေါ, အာဝုသော, စေတသိကံ ဒုက္ခံ စေတသိကံ အသာတံ မနောသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ, ဣဒံ ဝုစ္စတာဝုသော – ‘ဒေါမနဿံ’’’။
‘‘ကတမော စာဝုသော, ဥပါယာသော? ယော ခေါ, အာဝုသော, အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ, အယံ ဝုစ္စတာဝုသော – ‘ဥပါယာသော’’’။
‘‘ကတမဉ္စာဝုသော, ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ? ဇာတိဓမ္မာနံ, အာဝုသော, သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ – ‘အဟော ဝတ, မယံ န ဇာတိဓမ္မာ အဿာမ၊ န စ, ဝတ, နော ဇာတိ အာဂစ္ဆေယျာ’တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ။ ဣဒမ္ပိ – ‘ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ’။ ဇရာဓမ္မာနံ, အာဝုသော, သတ္တာနံ…ပေ… ဗျာဓိဓမ္မာနံ, အာဝုသော, သတ္တာနံ… မရဏဓမ္မာနံ, အာဝုသော, သတ္တာနံ… သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာနံ, အာဝုသော, သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ – ‘အဟော ဝတ, မယံ န သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ အဿာမ၊ န စ, ဝတ, နော သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ အာဂစ္ဆေယျု’န္တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ။ ဣဒမ္ပိ – ‘ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ’’’။
‘‘ကတမေ စာဝုသော, သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ? သေယျထိဒံ – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော, ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တာဝုသော – ‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’။ ဣဒံ ဝုစ္စတာဝုသော – ‘ဒုက္ခံ အရိယသစ္စံ’’’။
၃၇၃။ ငါ့သျှင်တို့ ဒုက္ခဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ ပဋိသန္ဓေတည်နေခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲဒုက္ခတည်း၊ အိုခြင်း‘ဇရာ’သည်လည်း ဆင်းရဲဒုက္ခတည်း၊ သေခြင်း‘မရဏ’သည်လည်း ဆင်းရဲဒုက္ခတည်း၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ် ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည်လည်း ဆင်းရဲဒုက္ခတို့တည်း၊ အလိုရှိ အပ်သည်ကို မရခြင်းသည်လည်း ဆင်းရဲဒုက္ခတည်း၊ အကျဥ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဆင်းရဲဒုက္ခတည်း။ ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာ ဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း ( အမိဝမ်းတွင်း ဥခွံတွင်းသို့ ) သက်ဝင်ခြင်း ကိုယ် ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို ပဋိသန္ဓေ တည်နေရခြင်း ‘ဇာတိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ’သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်း၌ အိုခြင်း အိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ဆုတ်ယုတ်ခြင်း မျက်စိ စသော ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို အိုမင်းခြင်း ‘ဇရာ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ သေခြင်း‘မရဏ’သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန် ခြင်း ခန္ဓာကိုယ်တို့၏ ပျက်စီးခြင်း အကောင်ပုပ်ကို ပြစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို သေခြင်း‘မရဏ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သော အခြင်းအရာ စိုးရိမ်တတ်သူ၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ပြင်းစွာစိုးရိမ်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို စိုးရိမ်ပူပန်ခြင်း ‘သောက’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ငိုကြွေးခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ငိုကြွေးခြင်း ပြင်းစွာ့ငိုကြွေးခြင်း ငိုကြွေးသောအခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသောသူ၏အဖြစ် ပြင်းစွာ ငိုကြွေးသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ငိုကြွေးခြင်း ‘ပရိဒေဝ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ကိုယ်၌ ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင် တို့ ဤတရား သဘောကို ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’သည် အဘယ်နည်း။ ငါ့သျှင်တို့ စိတ်၌ဖြစ်သော ဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’သည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပင်ပန်းသူ၏အဖြစ် ပြင်းစွာပင်ပန်းသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤ တရားသဘောကို ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ အလိုရှိသည်ကို မရ၍ ဆင်းရဲခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’သဘော မရှိကြကုန်မူ ကောင်းလေစွ၊ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’သည် ငါတို့ထံ မလာရောက်မူကား ကောင်း လေစွ”ဟု ဤသို့သာ တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤဇာတိမလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ’သဘောရှိကုန်သော သတ္တဝါတို့အား။ပ။ ငါ့သျှင်တို့ ဖျားနာခြင်း ‘ဗျာဓိ’သဘောရှိ ကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ သေခြင်း ‘မရဏ’သဘောရှိကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောမရှိကြကုန်မူ ကောင်းလေစွ၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ငါတို့ထံ မလာမူကား ကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤသောကစသည်တို့ မလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ ငါ့သျှင်တို့ အကျဥ်းချုပ်အားဖြင့် ငါးပါးသောဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟူသည် အဘယ်တို့နည်း၊ ဤ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာ ဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့ပေတည်း။ ငါ့သျှင်တို့ ဤ( ဥပါဒါနက္ခန္ဓာ ငါးပါး ) တို့ကို အကျဥ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟု ဆိုအပ်ကုန်၏။ ငါ့သျှင်တို့ ဤ တရားသဘောအလုံးစုံကို ဒုက္ခဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
And what is the noble truth of suffering? Rebirth is suffering; old age is suffering; death is suffering; sorrow, lamentation, pain, sadness, and distress are suffering; not getting what you wish for is suffering. In brief, the five grasping aggregates are suffering. And what is rebirth? The rebirth, inception, conception, regeneration, manifestation of the aggregates, and acquisition of the sense fields of the various sentient beings in the various orders of sentient beings. This is called rebirth. And what is old age? The old age, decrepitude, broken teeth, grey hair, wrinkly skin, diminished vitality, and failing faculties of the various sentient beings in the various orders of sentient beings. This is called old age. And what is death? The passing away, passing on, disintegration, demise, mortality, death, decease, breaking up of the aggregates, laying to rest of the corpse, and cutting off of the life faculty of the various sentient beings in the various orders of sentient beings. This is called death. And what is sorrow? The sorrow, sorrowing, state of sorrow, inner sorrow, inner deep sorrow in someone who has undergone misfortune, who has experienced suffering. This is called sorrow. And what is lamentation? The wail, lament, wailing, lamenting, state of wailing and lamentation in someone who has undergone misfortune, who has experienced suffering. This is called lamentation. And what is pain? Physical pain, physical unpleasantness, the painful, unpleasant feeling that’s born from physical contact. This is called pain. And what is sadness? Mental pain, mental displeasure, the painful, unpleasant feeling that’s born from mind contact. This is called sadness. And what is distress? The stress, distress, state of stress and distress in someone who has undergone misfortune, who has experienced suffering. This is called distress. And what is ‘not getting what you wish for is suffering’? In sentient beings who are liable to be reborn, such a wish arises: ‘Oh, if only we were not liable to be reborn! If only rebirth would not come to us!’ But you can’t get that by wishing. This is: ‘not getting what you wish for is suffering’. In sentient beings who are liable to grow old … fall ill … die … experience sorrow, lamentation, pain, sadness, and distress, such a wish arises: ‘Oh, if only we were not liable to experience sorrow, lamentation, pain, sadness, and distress! If only sorrow, lamentation, pain, sadness, and distress would not come to us!’ But you can’t get that by wishing. This is: ‘not getting what you wish for is suffering’. And what is ‘in brief, the five grasping aggregates are suffering’? They are the grasping aggregates that consist of form, feeling, perception, choices, and consciousness. This is called ‘in brief, the five grasping aggregates are suffering’. This is called the noble truth of suffering.
၃၇၄။ ‘‘ကတမဉ္စာဝုသော, ဒုက္ခသမုဒယံ [ဒုက္ခသမုဒယော (သျာ။ ကံ။)] အရိယသစ္စံ? ယာယံ တဏှာ ပေါနောဗ္ဘဝိကာ [ပေါနောဘဝိကာ (သီ။ ပီ။)] နန္ဒီရာဂသဟဂတာ [နန္ဒိရာဂသဟဂတာ (သီ။ သျာ။ ကံ။ ပီ။)] တတြတတြာဘိနန္ဒိနီ, သေယျထိဒံ – ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ, ဣဒံ ဝုစ္စတာဝုသော – ‘ဒုက္ခသမုဒယံ [ဒုက္ခသမုဒယော (သျာ။ ကံ။)] အရိယသစ္စံ’’’။
‘‘ကတမဉ္စာဝုသော, ဒုက္ခနိရောဓံ [ဒုက္ခနိရောဓော (သျာ။ ကံ။)] အရိယသစ္စံ? ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော, ဣဒံ ဝုစ္စတာဝုသော – ‘ဒုက္ခနိရောဓံ [ဒုက္ခနိရောဓော (သျာ။ ကံ။)] အရိယသစ္စံ’’’။
၃၇၄။ ငါ့သျှင်တို့ ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာသည် အဘယ်နည်း၊ တစ်ဖန် ဘဝသစ် ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ဤတဏှာသည် အဘယ်နည်း၊ ကာမဘုံ၌ တပ်မက်ခြင်း ‘ကာမတဏှာ’၊ ရူပ, အရူပဘုံ တို့၌ တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း ‘ဝိဘဝတဏှာ’တို့တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင့်းချုပ်ရာ တဏှာကို စွန့်ရာ တဏှာကို ဝေးစွာစွန့်ရာ တဏှာမှ လွန်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
And what is the noble truth of the origin of suffering? It’s the craving that leads to future lives, mixed up with relishing and greed, taking pleasure there wherever it alights. That is, craving for sensual pleasures, craving for continued existence, and craving for nonexistence. This is called the noble truth of the origin of suffering. And what is the noble truth of the cessation of suffering? It’s the fading away and cessation of that very same craving no residue left behind; giving it away, letting it go, releasing it, and not clinging to it. This is called the noble truth of the cessation of suffering.
၃၇၅။ ‘‘ကတမဉ္စာဝုသော, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။
‘‘ကတမာစာဝုသော, သမ္မာဒိဋ္ဌိ? ယံ ခေါ, အာဝုသော, ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ, အယံ ဝုစ္စတာဝုသော – ‘သမ္မာဒိဋ္ဌိ’’’။
‘‘ကတမော စာဝုသော, သမ္မာသင်္ကပ္ပေါ? နေက္ခမ္မသင်္ကပ္ပေါ, အဗျာပါဒသင်္ကပ္ပေါ, အဝိဟိံသာသင်္ကပ္ပေါ, အယံ ဝုစ္စတာဝုသော – ‘သမ္မာသင်္ကပ္ပေါ’’’။
‘‘ကတမာ စာဝုသော, သမ္မာဝါစာ? မုသာဝါဒါ ဝေရမဏီ, ပိသုဏာယ ဝါစာယ ဝေရမဏီ, ဖရုသာယ ဝါစာယ ဝေရမဏီ, သမ္ဖပ္ပလာပါ ဝေရမဏီ, အယံ ဝုစ္စတာဝုသော – ‘သမ္မာဝါစာ’’’။
‘‘ကတမော စာဝုသော, သမ္မာကမ္မန္တီ? ပါဏာတိပါတာ ဝေရမဏီ, အဒိန္နာဒါနာ ဝေရမဏီ, ကာမေသုမိစ္ဆာစာရာ ဝေရမဏီ, အယံ ဝုစ္စတာဝုသော – ‘သမ္မာကမ္မန္တော’’’။
‘‘ကတမော စာဝုသော, သမ္မာအာဇီဝေါ? ဣဓာဝုသော, အရိယသာဝကော မိစ္ဆာအာဇီဝံ ပဟာယ သမ္မာအာဇီဝေန ဇီဝိကံ ကပ္ပေတိ, အယံ ဝုစ္စတာဝုသော – ‘သမ္မာအာဇီဝေါ’’’။
‘‘ကတမော စာဝုသော, သမ္မာဝါယာမော? ဣဓာဝုသော, ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, အယံ ဝုစ္စတာဝုသော – ‘သမ္မာဝါယာမော’’။
‘‘ကတမာ စာဝုသော, သမ္မာသတိ? ဣဓာဝုသော, ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ…ပေ… စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ… ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ, အယံ ဝုစ္စတာဝုသော – ‘သမ္မာသတိ’’။
‘‘ကတမော စာဝုသော, သမ္မာသမာဓိ? ဣဓာဝုသော, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ, ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ, ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ…ပေ… တတိယံ ဈာနံ… ဝိဟရတိ, အယံ ဝုစ္စတာဝုသော – ‘သမ္မာသမာဓိ’။ ဣဒံ ဝုစ္စတာဝုသော – ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ’’။
‘‘တထာဂတေနာဝုသော, အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ, ယဒိဒံ – ဣမေသံ စတုန္နံ အရိယသစ္စာနံ အာစိက္ခနာ ဒေသနာ ပညာပနာ ပဋ္ဌပနာ ဝိဝရဏာ ဝိဘဇနာ ဥတ္တာနီကမ္မ’’န္တိ။
ဣဒမဝေါစ အာယသ္မာ သာရိပုတ္တော။ အတ္တမနာ တေ ဘိက္ခူ အာယသ္မတော သာရိပုတ္တဿ ဘာသိတံ အဘိနန္ဒုန္တိ။
သစ္စဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ ဧကာဒသမံ။
၃၇၅။ ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ မြတ်သောအင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်ပင်တည်း။ ဤမဂ်အကျင့်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။ ငါ့သျှင်တို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ငါ့သျှင်တို့ ဤသိမြင်ခြင်းကို မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’သည် အဘယ်နည်း။ ကာမအာရုံမှ လွတ်ကင်းသော ကြံခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံခြင်း၊ ညှဥ်းဆဲခြင်းမှ လွတ်ကင်းသော ကြံခြင်းတည်း၊ ငါ့သျှင် တို့ ဤကြံခြင်းကို မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’သည် အဘယ်နည်း။ မုသားဆိုခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဥ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဥ်ခြင်း၊ ပြိန်ဖျင်း သော စကားကို ဆိုခြင်းမှ ရှောင်ကြဥ်ခြင်းတည်း။ ငါ့သျှင်တို့ ဤရှောင်ကြဥ်ခြင်းကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’သည် အဘယ်နည်း။ အသက်ကို သတ်ခြင်းမှ ရှောင် ကြဥ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်ခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဥ်ခြင်း တည်း။ ငါ့သျှင်တို့ ဤရှောင်ကြဥ်ခြင်းကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသော အသက်မွေးခြင်းကို ပယ်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏၊ ငါ့သျှင်တို့ ဤအသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ငါ့သျှင်တို့ ဤအားထုတ်ခြင်းကို မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ခံစားခြင်း ‘ဝေဒနာ’တို့၌ ခံစားခြင်း‘ဝေဒနာ’ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ စိတ်၌ စိတ်ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ့်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက ၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ခန္ဓာစသော သဘောတရားတို့၌ ခန္ဓာစသော သဘောတရားတို့ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤအောက်မေ့ခြင်း ‘သတိ’ကို မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည် ခြင်း ‘ဝိတက်’နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ် ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ပွားစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော တည် ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ငါ့သျှင်တို့ ဤစတုက္ကနည်းဈာန်လေးပါးကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤအင်္ဂါရှစ်ပါးရှိသော မဂ်ကို ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။ ငါ့သျှင်တို့ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးသော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီဟု ( မိန့်ဆို၏ )။ အသျှင်သာရိပုတြာသည် ဤတရားဒေသနာတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာ၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ တစ်ဆယ့်တစ်ခုမြောက် သစ္စဝိဘင်္ဂသုတ် ပြီး၏။
And what is the noble truth of the practice that leads to the cessation of suffering? It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. And what is right view? Knowing about suffering, the origin of suffering, the cessation of suffering, and the practice that leads to the cessation of suffering. This is called right view. And what is right purpose? Purposes of renunciation, good will, and harmlessness. This is called right purpose. And what is right speech? Refraining from lying, backbiting, harsh speech, and talking nonsense. This is called right speech. And what is right action? Refraining from killing living creatures, stealing, and sexual misconduct. This is called right action. And what is right livelihood? It’s when a noble disciple gives up wrong livelihood and earns a living by right livelihood. This is called right livelihood. And what is right effort? It’s when a mendicant generates enthusiasm, tries, makes an effort, exerts the mind, and strives so that bad, unskillful qualities don’t arise. They generate enthusiasm, try, make an effort, exert the mind, and strive so that bad, unskillful qualities that have arisen are given up. They generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities arise. They generate enthusiasm, try, make an effort, exert the mind, and strive so that skillful qualities that have arisen remain, are not lost, but increase, mature, and are fully developed. This is called right effort. And what is right mindfulness? It’s when a mendicant meditates by observing an aspect of the body—keen, aware, and mindful, rid of covetousness and displeasure for the world. They meditate observing an aspect of feelings … mind … principles—keen, aware, and mindful, rid of covetousness and displeasure for the world. This is called right mindfulness. And what is right immersion? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, they enter and remain in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. This is called right immersion. This is called the noble truth of the practice that leads to the cessation of suffering. Near Varanasi, in the deer park at Isipatana, the Realized One, the perfected one, the fully awakened Buddha rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or divinity or by anyone in the world. It is the teaching, advocating, establishing, clarifying, analyzing, and revealing of the four noble truths.” That is what Venerable Sāriputta said. Satisfied, the mendicants approved what Sāriputta said.
၁၂။ ဒက္ခိဏာဝိဘင်္ဂသုတ္တံ
၃၇၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ နိဂြောဓာရာမေ။ အထ ခေါ မဟာပဇာပတိ [မဟာပဇာပတီ (သီ။ သျာ။ ကံ။ ပီ။)] ဂေါတမီ နဝံ ဒုဿယုဂံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နာ ခေါ မဟာပဇာပတိ ဂေါတမီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဒံ မေ, ဘန္တေ, နဝံ ဒုဿယုဂံ ဘဂဝန္တံ ဥဒ္ဒိဿ သာမံ ကန္တံ သာမံ ဝါယိတံ။ တံ မေ, ဘန္တေ, ဘဂဝါ ပဋိဂ္ဂဏှာတု အနုကမ္ပံ ဥပါဒါယာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ မဟာပဇာပတိံ ဂေါတမိံ ဧတဒဝေါစ – ‘‘သံဃေ, ဂေါတမိ, ဒေဟိ။ သံဃေ တေ ဒိန္နေ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃော စာ’’တိ။ ဒုတိယမ္ပိ ခေါ မဟာပဇာပတိ ဂေါတမီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဒံ မေ, ဘန္တေ, နဝံ ဒုဿယုဂံ ဘဂဝန္တံ ဥဒ္ဒိဿ သာမံ ကန္တံ သာမံ ဝါယိတံ။ တံ မေ, ဘန္တေ, ဘဂဝါ ပဋိဂ္ဂဏှာတု အနုကမ္ပံ ဥပါဒါယာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ မဟာပဇာပတိံ ဂေါတမိံ ဧတဒဝေါစ – ‘‘သံဃေ, ဂေါတမိ, ဒေဟိ။ သံဃေ တေ ဒိန္နေ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃော စာ’’တိ။ တတိယမ္ပိ ခေါ မဟာပဇာပတိ ဂေါတမီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဒံ မေ, ဘန္တေ, နဝံ ဒုဿယုဂံ ဘဂဝန္တံ ဥဒ္ဒိဿ သာမံ ကန္တံ သာမံ ဝါယိတံ။ တံ မေ, ဘန္တေ, ဘဂဝါ ပဋိဂ္ဂဏှာတု အနုကမ္ပံ ဥပါဒါယာ’’တိ။ တတိယမ္ပိ ခေါ ဘဂဝါ မဟာပဇာပတိံ ဂေါတမိံ ဧတဒဝေါစ – ‘‘သံဃေ, ဂေါတမိ, ဒေဟိ။ သံဃေ တေ ဒိန္နေ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃော စာ’’တိ။
၁၂-ဒက္ခိဏာဝိဘင်္ဂသုတ် ၃၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရား ထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ “မြတ်စွာဘုရား အကျွန်ုပ်သည် အသစ် ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင် ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူ ပါလော့”ဟု ဤစကားကို လျှောက်ထား၏။ ဤသို့လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာ ပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထား ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါလော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤ အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါ လော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။
Middle Discourses 142 The Analysis of Religious Donations So I have heard. At one time the Buddha was staying in the land of the Sakyans, near Kapilavatthu in the Banyan Tree Monastery. Then Mahāpajāpati Gotamī approached the Buddha bringing a new pair of garments. She bowed, sat down to one side, and said to the Buddha, “Sir, I have spun and woven this new pair of garments specially for the Buddha. May the Buddha please accept this from me out of sympathy.” When she said this, the Buddha said to her, “Give it to the Saṅgha, Gotamī. When you give to the Saṅgha, both the Saṅgha and I will be honored.” For a second time … For a third time, Mahāpajāpati Gotamī said to the Buddha, “Sir, I have spun and woven this new pair of garments specially for the Buddha. May the Buddha please accept this from me out of sympathy.” And for a third time, the Buddha said to her, “Give it to the Saṅgha, Gotamī. When you give to the Saṅgha, both the Saṅgha and I will be honored.”
၃၇၇။ ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဂ္ဂဏှာတု, ဘန္တေ, ဘဂဝါ မဟာပဇာပတိယာ ဂေါတမိယာ နဝံ ဒုဿယုဂံ။ ဗဟူပကာရာ [ဗဟုကာရာ (သျာ။ ကံ။)], ဘန္တေ, မဟာပဇာပတိ ဂေါတမီ ဘဂဝတော မာတုစ္ဆာ အာပါဒိကာ ပေါသိကာ ခီရဿ ဒါယိကာ၊ ဘဂဝန္တံ ဇနေတ္တိယာ ကာလင်္ကတာယ ထညံ ပါယေသိ။ ဘဂဝါပိ, ဘန္တေ, ဗဟူပကာရော မဟာပဇာပတိယာ ဂေါတမိယာ။ ဘဂဝန္တံ, ဘန္တေ, အာဂမ္မ မဟာပဇာပတိ ဂေါတမီ ဗုဒ္ဓံ သရဏံ ဂတာ, ဓမ္မံ သရဏံ ဂတာ, သံဃံ သရဏံ ဂတာ။ ဘဂဝန္တံ, ဘန္တေ, အာဂမ္မ မဟာပဇာပတိ ဂေါတမီ ပါဏာတိပါတာ ပဋိဝိရတာ အဒိန္နာဒါနာ ပဋိဝိရတာ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတာ မုသာဝါဒါ ပဋိဝိရတာ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတာ။ ဘဂဝန္တံ, ဘန္တေ, အာဂမ္မ မဟာပဇာပတိ ဂေါတမီ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ, ဓမ္မေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ, သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ အရိယကန္တေဟိ သီလေဟိ သမန္နာဂတာ။ ဘဂဝန္တံ, ဘန္တေ, အာဂမ္မ မဟာပဇာပတိ ဂေါတမီ ဒုက္ခေ နိက္ကင်္ခါ, ဒုက္ခသမုဒယေ နိက္ကင်္ခါ, ဒုက္ခနိရောဓေ နိက္ကင်္ခါ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ နိက္ကင်္ခါ။ ဘဂဝါပိ, ဘန္တေ, ဗဟူပကာရော မဟာပဇာပတိယာ ဂေါတမိယာ’’တိ။
၃၇၇။ ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော်မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေးဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော်နတ်ရွာစံသည်ရှိ သော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီ အား ကျေးဇူးများပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရားကို ဆည်းကပ်ပါ၏၊ တရားကို ဆည်းကပ်ပါ၏၊ သံဃာကို ဆည်းကပ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် အသက်သတ်ခြင်းမှ ရှောင်ကြဥ်ပါ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်ပါ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဥ်ပါ၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဥ်ပါ၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဥ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရား၌ မတုန်မလှုပ် သက် ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူများပါ၏”ဟု ဤစကားကို လျှောက်ထား၏။
When he said this, Venerable Ānanda said to the Buddha, “Sir, please accept the new pair of garments from Mahāpajāpati Gotamī. Sir, Mahāpajāpati was very helpful to the Buddha. As his aunt, she raised him, nurtured him, and gave him her milk. When the Buddha’s birth mother passed away, she nurtured him at her own breast. And the Buddha has been very helpful to Mahāpajāpati. It is owing to the Buddha that Mahāpajāpati has gone for refuge to the Buddha, the teaching, and the Saṅgha. It’s owing to the Buddha that she refrains from killing living creatures, stealing, sexual misconduct, lying, and intoxicants of beer, wine, and liquor. It’s owing to the Buddha that she has experiential confidence in the Buddha, the teaching, and the Saṅgha, and has the ethics loved by the noble ones. It’s owing to the Buddha that she is free of doubt regarding suffering, its origin, its cessation, and the practice that leads to its cessation. The Buddha has been very helpful to Mahāpajāpati.”
၃၇၈။ ‘‘ဧဝမေတံ, အာနန္ဒ။ ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။
‘‘ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။
‘‘ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတော ဟောတိ, ဓမ္မေ… သံဃေ… အရိယကန္တေဟိ သီလေဟိ သမန္နာဂတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။
‘‘ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဒုက္ခေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခသမုဒယေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခနိရောဓေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ နိက္ကင်္ခေါ ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာနအဉ္ဇလိကမ္မ-သာမီစိကမ္မ-စီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။
၃၇၈။ အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာ ဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်း သို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤ တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ် ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင် ကြဥ်၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို့သောက်ခြင်းမှ ရှောင်ကြဥ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုး ခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့ နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်း သော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း ‘သမုဒယသစ္စာ’၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ ‘နိရောဓသစ္စာ’၌ ယုံမှား ကင်း၏၊ ဒုက္ခ၏ ချုပ်ရာ ( နိဗ္ဗာန် )သို့ ရောက်ကြောင်းအကျင့်ဖြစ်သော ‘မဂ္ဂသစ္စာ’၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။
“That’s so true, Ānanda. When someone has enabled you to go for refuge, it’s not easy to repay them by bowing down to them, rising up for them, greeting them with cupped palms, and observing proper etiquette for them; or by providing them with robes, almsfood, lodgings, and medicines and supplies for the sick. When someone has enabled you to refrain from killing, stealing, sexual misconduct, lying, and intoxicants of beer, wine, and liquor, it’s not easy to repay them … When someone has enabled you to have experiential confidence in the Buddha, the teaching, and the Saṅgha, and the ethics loved by the noble ones, it’s not easy to repay them … When someone has enabled you to be free of doubt regarding suffering, its origin, its cessation, and the practice that leads to its cessation, it’s not easy to repay them by bowing down to them, rising up for them, greeting them with cupped palms, and observing proper etiquette for them; or by providing them with robes, almsfood, lodgings, and medicines and supplies for the sick.
၃၇၉။ ‘‘စုဒ္ဒသ ခေါ ပနိမာနန္ဒ, ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ ကတမာ စုဒ္ဒသ? တထာဂတေ အရဟန္တေ သမ္မာသမ္ဗုဒ္ဓေ ဒါနံ ဒေတိ – အယံ ပဌမာ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ ပစ္စေကသမ္ဗုဒ္ဓေ [ပစ္စေကဗုဒ္ဓေ (သီ။ ပီ။)] ဒါနံ ဒေတိ – အယံ ဒုတိယာ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ တထာဂတသာဝကေ အရဟန္တေ ဒါနံ ဒေတိ – အယံ တတိယာ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ အရဟတ္တဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ – အယံ စတုတ္ထီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ အနာဂါမိဿ ဒါနံ ဒေတိ – အယံ ပဉ္စမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ အနာဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ – အယံ ဆဋ္ဌီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ သကဒါဂါမိဿ ဒါနံ ဒေတိ – အယံ သတ္တမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ – အယံ အဋ္ဌမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ သောတာပန္နေ ဒါနံ ဒေတိ – အယံ နဝမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ – အယံ ဒသမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ ဗာဟိရကေ ကာမေသု ဝီတရာဂေ ဒါနံ ဒေတိ – အယံ ဧကာဒသမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ ပုထုဇ္ဇနသီလဝန္တေ ဒါနံ ဒေတိ – အယံ ဒွါဒသမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ ပုထုဇ္ဇနဒုဿီလေ ဒါနံ ဒေတိ – အယံ တေရသမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာ။ တိရစ္ဆာနဂတေ ဒါနံ ဒေတိ – အယံ စုဒ္ဒသမီ ပါဋိပုဂ္ဂလိကာ ဒက္ခိဏာတိ။
‘‘တတြာနန္ဒ, တိရစ္ဆာနဂတေ ဒါနံ ဒတွာ သတဂုဏာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ, ပုထုဇ္ဇနဒုဿီလေ ဒါနံ ဒတွာ သဟဿဂုဏာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ, ပုထုဇ္ဇနသီလဝန္တေ ဒါနံ ဒတွာ သတသဟဿဂုဏာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ, ဗာဟိရကေ ကာမေသု ဝီတရာဂေ ဒါနံ ဒတွာ ကောဋိသတသဟဿဂုဏာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ, သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒတွာ အသင်္ခေယျာ အပ္ပမေယျာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ, ကော ပန ဝါဒေါ သောတာပန္နေ, ကော ပန ဝါဒေါ သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နေ, ကော ပန ဝါဒေါ သကဒါဂါမိဿ, ကော ပန ဝါဒေါ အနာဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နေ, ကော ပန ဝါဒေါ အနာဂါမိဿ, ကော ပန ဝါဒေါ အရဟတ္တဖလသစ္ဆိကိရိယာယ ပဋိပန္နေ, ကော ပန ဝါဒေါ အရဟန္တေ, ကော ပန ဝါဒေါ ပစ္စေကသမ္ဗုဒ္ဓေ, ကော ပန ဝါဒေါ တထာဂတေ အရဟန္တေ သမ္မာသမ္ဗုဒ္ဓေ!
၃၇၉။ အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။ အဘယ် တစ်ဆယ့် လေးပါးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊ ဤကား ရှေးဦးစွာသော ပုဂ္ဂလိက အလှူတည်း။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ ဘုရား၏တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် ပုဂ္ဂလိကအလှူ တည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ရှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ကိုးခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့် သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ဆယ်ခုမြောက် ပုဂ္ဂလိကအလှူ တည်း။ သာသနာပအခါ ဝိက္ခ မ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်တစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလရှိသော ပုထုဇဥ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလမရှိသော ပုထုဇဥ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်သုံးခုမြောက် ပုဂ္ဂလိကအလှူတည်း။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင် တိရစ္ဆာန်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) အရာ မချွတ်ဖြစ်လတ္တံ့။ သီလမရှိသော ပုထုဇဥ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျို့းအဆ (ဘဝ) အထောင် မချွတ်ဖြစ်လတ္တံ့။ သီလရှိသော ပုထုဇဥ်အား အလှူကို ပေးလှူ ၍ အလှူ၏အကျိုး အဆ (ဘဝ) အသိန်း မချွတ်ဖြစ်လတ္တံ့။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) ပေါင်း ကုဋေအသိန်း မချွတ်ဖြစ်လတ္တံ့။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ ကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဥ်နိုင်သော အလှူ၏အကျိုး မချွတ်ဖြစ်လတ္တံ့။ သောတာပန်ပုဂ္ဂိုလ် အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါ ဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ အနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆို ဖွယ်ရာရှိအံ့နည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ရဟန္တာအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပစ္စေကဗုဒ္ဓါအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
Ānanda, there are these fourteen religious donations to individuals. What fourteen? One gives a gift to the Realized One, the perfected one, the fully awakened Buddha. This is the first religious donation to an individual. One gives a gift to an independent Buddha. This is the second religious donation to an individual. One gives a gift to a perfected one. This is the third religious donation to an individual. One gives a gift to someone practicing to realize the fruit of perfection. This is the fourth religious donation to an individual. One gives a gift to a non-returner. This is the fifth religious donation to an individual. One gives a gift to someone practicing to realize the fruit of non-return. This is the sixth religious donation to an individual. One gives a gift to a once-returner. This is the seventh religious donation to an individual. One gives a gift to someone practicing to realize the fruit of once-return. This is the eighth religious donation to an individual. One gives a gift to a stream-enterer. This is the ninth religious donation to an individual. One gives a gift to someone practicing to realize the fruit of stream-entry. This is the tenth religious donation to an individual. One gives a gift to an outsider who is free of desire for sensual pleasures. This is the eleventh religious donation to an individual. One gives a gift to an ordinary person who has good ethical conduct. This is the twelfth religious donation to an individual. One gives a gift to an ordinary person who has bad ethical conduct. This is the thirteenth religious donation to an individual. One gives a gift to an animal. This is the fourteenth religious donation to an individual. Now, Ānanda, gifts to the following persons may be expected to yield the following returns. To an animal, a hundred times. To an unethical ordinary person, a thousand. To an ethical ordinary person, a hundred thousand. To an outsider free of desire for sensual pleasures, 10,000,000,000. But a gift to someone practicing to realize the fruit of stream-entry may be expected to yield incalculable, immeasurable returns. How much more so a gift to a stream-enterer, someone practicing to realize the fruit of once-return, a once-returner, someone practicing to realize the fruit of non-return, a non-returner, someone practicing to realize the fruit of perfection, a perfected one, or an independent Buddha? How much more so a Realized One, a perfected one, a fully awakened Buddha?
၃၈၀။ ‘‘သတ္တ ခေါ ပနိမာနန္ဒ, သံဃဂတာ ဒက္ခိဏာ။ ကတမာ သတ္တ? ဗုဒ္ဓပ္ပမုခေ ဥဘတောသံဃေ ဒါနံ ဒေတိ – အယံ ပဌမာ သံဃဂတာ ဒက္ခိဏာ။ တထာဂတေ ပရိနိဗ္ဗုတေ ဥဘတောသံဃေ ဒါနံ ဒေတိ – အယံ ဒုတိယာ သံဃဂတာ ဒက္ခိဏာ။ ဘိက္ခုသံဃေ ဒါနံ ဒေတိ – အယံ တတိယာ သံဃဂတာ ဒက္ခိဏာ။ ဘိက္ခုနိသံဃေ ဒါနံ ဒေတိ – အယံ စတုတ္ထီ သံဃဂတာ ဒက္ခိဏာ။ ‘ဧတ္တကာ မေ ဘိက္ခူ စ ဘိက္ခုနိယော စ သံဃတော ဥဒ္ဒိဿထာ’တိ ဒါနံ ဒေတိ – အယံ ပဉ္စမီ သံဃဂတာ ဒက္ခိဏာ။ ‘ဧတ္တကာ မေ ဘိက္ခူ သံဃတော ဥဒ္ဒိဿထာ’တိ ဒါနံ ဒေတိ – အယံ ဆဋ္ဌီ သံဃဂတာ ဒက္ခိဏာ။ ‘ဧတ္တကာ မေ ဘိက္ခုနိယော သံဃတော ဥဒ္ဒိဿထာ’တိ ဒါနံ ဒေတိ – အယံ သတ္တမီ သံဃဂတာ ဒက္ခိဏာ။
‘‘ဘဝိဿန္တိ ခေါ ပနာနန္ဒ, အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ ဒုဿီလာ ပါပဓမ္မာ။ တေသု ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ။ တဒါပါဟံ, အာနန္ဒ, သံဃဂတံ ဒက္ခိဏံ အသင်္ခေယျံ အပ္ပမေယျံ ဝဒါမိ။ န တွေဝါဟံ, အာနန္ဒ, ကေနစိ ပရိယာယေန သံဃဂတာယ ဒက္ခိဏာယ ပါဋိပုဂ္ဂလိကံ ဒါနံ မဟပ္ဖလတရံ ဝဒါမိ။
၃၈၀။ အာနန္ဒာ သံဃိကဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့ဟူမူ- ဘုရားအမှူးရှိသော နှစ်မျိုးသော ရဟန်းယောကျာ်း ရဟန်းမိန်းမသံဃာအား အလှူကို ပေးလှူ၏၊ ဤ ကား ရှေးဦးစွာသော သံဃိကအလှူတည်း။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောကျာ်း ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် သံဃိကအလှူ တည်း။ ရဟန်းယောကျာ်း သံဃာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် သံဃိကအလှူ တည်း။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောကျာ်းတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ ကိုလည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် သံဃိက အလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောကျာ်းတို့ကို သံဃာမှ ညွှန်း ချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းမိန်းမတို့ကို သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် သံဃိကအလှူတည်း။ အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊ ထို သီလမရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဥ်နိုင်သော အကျိုးရှိ၏ဟု ငါဟော၏၊ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု ငါမဟော။
But there are, Ānanda, seven religious donations bestowed on a Saṅgha. What seven? One gives a gift to the communities of both monks and nuns headed by the Buddha. This is the first religious donation bestowed on a Saṅgha. One gives a gift to the communities of both monks and nuns after the Buddha has finally become quenched. This is the second religious donation bestowed on a Saṅgha. One gives a gift to the Saṅgha of monks. This is the third religious donation bestowed on a Saṅgha. One gives a gift to the Saṅgha of nuns. This is the fourth religious donation bestowed on a Saṅgha. One gives a gift, thinking: ‘Appoint this many monks and nuns for me from the Saṅgha.’ This is the fifth religious donation bestowed on a Saṅgha. One gives a gift, thinking: ‘Appoint this many monks for me from the Saṅgha.’ This is the sixth religious donation bestowed on a Saṅgha. One gives a gift, thinking: ‘Appoint this many nuns for me from the Saṅgha.’ This is the seventh religious donation bestowed on a Saṅgha. In times to come there will be lambs of the flock wearing a scrap of ocher cloth, unethical and of bad character. People will give gifts to those unethical people in the name of the Saṅgha. Then too, I say, a religious donation bestowed on the Saṅgha is incalculable and immeasurable. But in any case, there is no way a personal offering can be more fruitful than one bestowed on a Saṅgha, I say.
၃၈၁။ ‘‘စတဿော ခေါ ဣမာ, အာနန္ဒ, ဒက္ခိဏာ ဝိသုဒ္ဓိယော။ ကတမာ စတဿော? အတ္ထာနန္ဒ, ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။ အတ္ထာနန္ဒ, ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ နော ဒါယကတော။ အတ္ထာနန္ဒ, ဒက္ခိဏာ နေဝ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။ အတ္ထာနန္ဒ, ဒက္ခိဏာ ဒါယကတော စေဝ ဝိသုဇ္ဈတိ ပဋိဂ္ဂါဟကတော စ။
‘‘ကထဉ္စာနန္ဒ, ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော? ဣဓာနန္ဒ, ဒါယကော ဟောတိ သီလဝါ ကလျာဏဓမ္မော, ပဋိဂ္ဂါဟကာ ဟောန္တိ ဒုဿီလာ ပါပဓမ္မာ – ဧဝံ ခေါ, အာနန္ဒ, ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။
‘‘ကထဉ္စာနန္ဒ, ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ နော ဒါယကတော? ဣဓာနန္ဒ, ဒါယကော ဟောတိ ဒုဿီလော ပါပဓမ္မော, ပဋိဂ္ဂါဟကာ ဟောန္တိ သီလဝန္တော [သီလဝန္တာ (သီ။)] ကလျာဏဓမ္မာ – ဧဝံ ခေါ, အာနန္ဒ, ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ နော ဒါယကတော။
‘‘ကထဉ္စာနန္ဒ, ဒက္ခိဏာ နေဝ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော? ဣဓာနန္ဒ, ဒါယကော စ ဟောတိ ဒုဿီလော ပါပဓမ္မော, ပဋိဂ္ဂါဟကာ စ ဟောန္တိ ဒုဿီလာ ပါပဓမ္မာ – ဧဝံ ခေါ, အာနန္ဒ, ဒက္ခိဏာ နေဝ ဒါယကတော ဝိသုဇ္ဈတိ နော ပဋိဂ္ဂါဟကတော။
‘‘ကထဉ္စာနန္ဒ, ဒက္ခိဏာ ဒါယကတော စေဝ ဝိသုဇ္ဈတိ ပဋိဂ္ဂါဟကတော စ? ဣဓာနန္ဒ, ဒါယကော စ ဟောတိ သီလဝါ ကလျာဏဓမ္မော, ပဋိဂ္ဂါဟကာ စ ဟောန္တိ သီလဝန္တော ကလျာဏဓမ္မာ – ဧဝံ ခေါ, အာနန္ဒ, ဒက္ခိဏာ ဒါယကတော စေဝ ဝိသုဇ္ဈတိ ပဋိဂ္ဂါဟကတော စ။ ဣမာ ခေါ, အာနန္ဒ, စတဿော ဒက္ခိဏာ ဝိသုဒ္ဓိယော’’တိ။
ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
၃၈၁။ အာနန္ဒာ အလှူ၏စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း ဟူမူ- အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ အလှူခံသူ ဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူ ဘက်မှလညှ်း စင်ကြယ်သော အလှူလည်းရှိ၏။ အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလမရှိ ကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ့စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။ အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလမရှိကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သောအလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလရှိ၏၊ စင်ကြယ်သောတရားရှိ၏၊ အလှူခံသူ တို့သည်လည်း သီလရှိကုန်၏၊ စင်ကြယ်သောတရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူ ဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။ အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ( မိန့်တော်မူ၏ )။ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ -
Ānanda, there are these four ways of purifying a religious donation. What four? There’s a religious donation that’s purified by the giver, not the recipient. There’s a religious donation that’s purified by the recipient, not the giver. There’s a religious donation that’s purified by neither the giver nor the recipient. There’s a religious donation that’s purified by both the giver and the recipient. And how is a religious donation purified by the giver, not the recipient? It’s when the giver is ethical, of good character, but the recipient is unethical, of bad character. And how is a religious donation purified by the recipient, not the giver? It’s when the giver is unethical, of bad character, but the recipient is ethical, of good character. And how is a religious donation purified by neither the giver nor the recipient? It’s when both the giver and the recipient are unethical, of bad character. And how is a religious donation purified by both the giver and the recipient? It’s when both the giver and the recipient are ethical, of good character. These are the four ways of purifying a religious donation.” That is what the Buddha said. Then the Holy One, the Teacher, went on to say:
၃၈၂
။‘‘ယော သီလဝါ ဒုဿီလေသု ဒဒါတိ ဒါနံ,
ဓမ္မေန လဒ္ဓံ [လဒ္ဓါ (သီ။ ပီ။)] သုပသန္နစိတ္တော၊
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
သာ ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ။
‘‘ယော ဒုဿီလော သီလဝန္တေသု ဒဒါတိ ဒါနံ,
အဓမ္မေန လဒ္ဓံ အပ္ပသန္နစိတ္တော၊
အနဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
သာ ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ။
‘‘ယော ဒုဿီလော ဒုဿီလေသု ဒဒါတိ ဒါနံ,
အဓမ္မေန လဒ္ဓံ အပ္ပသန္နစိတ္တော၊
အနဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
န တံ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။
‘‘ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ,
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော၊
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ [သာ ဒက္ခိဏာ နေဝုဘတော ဝိသုဇ္ဈတိ (သီ။ ပီ။)]။
‘‘ယော ဝီတရာဂေါ ဝီတရာဂေသု ဒဒါတိ ဒါနံ,
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော၊
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
တံ ဝေ ဒါနံ အာမိသဒါနာနမဂ္ဂ’’ [တံ ဝေ ဒါနံ ဝိပုလန္တိ ဗြူမိ (သီ။)] န္တိ။
ဒက္ခိဏာဝိဘင်္ဂသုတ္တံ နိဋ္ဌိတံ ဒွါဒသမံ။
ဝိဘင်္ဂဝဂ္ဂေါ နိဋ္ဌိတော စတုတ္ထော။
၃၈၂။ “အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန် ယုံကြည်လျက် သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူ သောပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။ အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။ အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိ သော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော။ အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကြည်လင် သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါဟော၏။ အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂမကင်း သော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ဟု ငါဟော၏ဟု (မိန့်တော်မူ၏)။ တစ်ဆယ့်နှစ်ခုမြောက် ဒက္ခိဏာဝိဘင်္ဂသုတ် ပြီး၏။ လေးခုမြောက် ဝိဘင်္ဂဝဂ် ပြီး၏။
“When an ethical person with trusting heart gives a proper gift to unethical persons, trusting in the ample fruit of deeds, that offering is purified by the giver. When an unethical and untrusting person, gives an improper gift to ethical persons, not trusting in the ample fruit of deeds, that offering is purified by the receivers. When an unethical and untrusting person, gives an improper gift to unethical persons, not trusting in the ample fruit of deeds, I declare that gift is not very fruitful. When an ethical person with trusting heart gives a proper gift to ethical persons, trusting in the ample fruit of deeds, I declare that gift is abundantly fruitful. But when a passionless one gives to the passionless a proper gift with trusting heart, trusting in the ample fruit of deeds, that’s truly the best of material gifts.”
တဿုဒ္ဒါနံ
ဘဒ္ဒေကာနန္ဒကစ္စာန, လောမသကင်္ဂိယာသုဘော၊
မဟာကမ္မသဠာယတနဝိဘင်္ဂါ, ဥဒ္ဒေသအရဏာ ဓာတု သစ္စံ။
ဒက္ခိဏာဝိဘင်္ဂသုတ္တန္တိ။
၅။ သဠာယတနဝဂ္ဂေါ
၁။ အနာထပိဏ္ဍိကောဝါဒသုတ္တံ
၃၈၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အနာထပိဏ္ဍိကော ဂဟပတိ အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ အနာထပိဏ္ဍိကော ဂဟပတိ အညတရံ ပုရိသံ အာမန္တေသိ – ‘‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယေန ဘဂဝါ တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒာဟိ [ဝန္ဒာဟိ ဧဝဉ္စ ဝဒေဟိ (သဗ္ဗတ္ထ) အညသုတ္တေသု ပန နတ္ထိ] – ‘အနာထပိဏ္ဍိကော, ဘန္တေ, ဂဟပတိ အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ။ ယေန စာယသ္မာ သာရိပုတ္တော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ မမ ဝစနေန အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒာဟိ [ဝန္ဒာဟိ ဧဝဉ္စ ဝဒေဟိ (သဗ္ဗတ္ထ) အညသုတ္တေသု ပန နတ္ထိ] – ‘အနာထပိဏ္ဍိကော, ဘန္တေ, ဂဟပတိ အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒတီ’တိ။ ဧဝဉ္စ ဝဒေဟိ – ‘သာဓု ကိရ, ဘန္တေ, အာယသ္မာ သာရိပုတ္တော ယေန အနာထပိဏ္ဍိကဿ ဂဟပတိဿ နိဝေသနံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’တိ ခေါ သော ပုရိသော အနာထပိဏ္ဍိကဿ ဂဟပတိဿ ပဋိဿုတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ပုရိသော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အနာထပိဏ္ဍိကော, ဘန္တေ, ဂဟပတိ အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’’တိ။ ယေန စာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သာရိပုတ္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ပုရိသော အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘အနာထပိဏ္ဍိကော, ဘန္တေ, ဂဟပတိ အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သော အာယသ္မတော သာရိပုတ္တဿ ပါဒေ သိရသာ ဝန္ဒတိ၊ ဧဝဉ္စ ဝဒေတိ – ‘သာဓု ကိရ, ဘန္တေ, အာယသ္မာ သာရိပုတ္တော ယေန အနာထပိဏ္ဍိကဿ ဂဟပတိဿ နိဝေသနံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။ အဓိဝါသေသိ ခေါ အာယသ္မာ သာရိပုတ္တော တုဏှီဘာဝေန။
၅-သဠာယတနဝဂ် ၁-အနာထပိဏ္ဍိကောဝါဒသုတ် ၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျာ်းတစ်ယောက်ကို ခေါ်၍ “အမောင် ယောကျာ်း လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက် နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ ဟူ၍လည်း လျှောက်လေလော့၊ အသျှင်သာရိပုတြာထံသို့လည်း ချဥ်းကပ်၍ ငါ၏စကားဖြင့် အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာ နေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင် သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်သာရိပုတြာ တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာ သည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဥ်သနားသည်ကို အကြောင်းပြု၍ ချဥ်းကပ်တော်မူပါလော့’ ဟူ၍”လည်း လျှောက်လေလော့ဟု ပြောဆို၏။ “အသျှင်သူဌေး ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် အနာထပိဏ်သူဌေးအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့် လျော်ရာ၌ ထိုင်ပြီးသော ထိုယောကျာ်းသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာထံ သို့လည်း ချဥ်းကပ်၍ အသျှင်သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်၏၊ သင့် လျော်ရာ၌ထိုင်ပြီးသော ထိုယောကျာ်းသည် အသျှင်သာရိပုတြာကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတို့ကို ဦးတိုက်ပါ၏ ‘အသျှင်ဘုရားသာရိပုတြာ တောင်းပန်ပါ၏၊ အသျှင် သာရိပုတြာသည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဥ်သနားသည်ကို အကြောင်းပြု၍ ချဥ်းကပ်တော်မူပါ လော့’ဟူ၍”လည်း လျှောက်လိုက်ပါ၏ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာသည် ဆိတ် ဆိတ်နေသဖြင့် လက်ခံတော်မူ၏။
Middle Discourses 143 Advice to Anāthapiṇḍika So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the householder Anāthapiṇḍika was sick, suffering, gravely ill. Then he addressed a man, “Please, my man, go to the Buddha, and in my name bow with your head to his feet. Say to him: ‘Sir, the householder Anāthapiṇḍika is sick, suffering, gravely ill. He bows with his head to your feet.’ Then go to Venerable Sāriputta, and in my name bow with your head to his feet. Say to him: ‘Sir, the householder Anāthapiṇḍika is sick, suffering, gravely ill. He bows with his head to your feet.’ And then say: ‘Sir, please visit him at his home out of sympathy.’” “Yes, sir,” that man replied. He did as Anāthapiṇḍika asked. Sāriputta consented with silence.
၃၈၄။ အထ ခေါ အာယသ္မာ သာရိပုတ္တော နိဝါသေတွာ ပတ္တစီဝရမာဒါယ အာယသ္မတာ အာနန္ဒေန ပစ္ဆာသမဏေန ယေန အနာထပိဏ္ဍိကဿ ဂဟပတိဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ အာယသ္မာ သာရိပုတ္တော အနာထပိဏ္ဍိကံ ဂဟပတိံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, ဂဟပတိ, ခမနီယံ, ကစ္စိ ယာပနီယံ? ကစ္စိ တေ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ, နော အဘိက္ကမန္တိ၊ ပဋိက္ကမောသာနံ ပညာယတိ, နော အဘိက္ကမော’’တိ?
‘‘န မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘန္တေ သာရိပုတ္တ, ဗလဝါ ပုရိသော တိဏှေန သိခရေန မုဒ္ဓနိ [မုဒ္ဓါနံ (သီ။ သျာ။ ကံ။ ပီ။)] အဘိမတ္ထေယျ [အဘိမန္ထေယျ (သီ။ ပီ။)]၊ ဧဝမေဝ ခေါ မေ, ဘန္တေ သာရိပုတ္တ, အဓိမတ္တာ ဝါတာ မုဒ္ဓနိ [ဩဟနန္တိ (သျာ။ ကံ။)] ဦဟနန္တိ [အဓိမတ္တာ ဝါတာ သီလံ ပရိကန္တန္တိ (သီ။ သျာ။ ကံ။)]။ န မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘန္တေ သာရိပုတ္တ, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တခဏ္ဍေန သီသေ သီသဝေဌံ ဒဒေယျ၊ ဧဝမေဝ ခေါ မေ, ဘန္တေ သာရိပုတ္တ, အဓိမတ္တာ သီသေ သီသဝေဒနာ။ န မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘန္တေ သာရိပုတ္တ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ၊ ဧဝမေဝ ခေါ မေ, ဘန္တေ သာရိပုတ္တ, အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ န မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, ဘန္တေ သာရိပုတ္တ, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ, သမ္ပရိတာပေယျုံ၊ ဧဝမေဝ ခေါ မေ, ဘန္တေ သာရိပုတ္တ, အဓိမတ္တော ကာယသ္မိံ ဍာဟော။ န မေ, ဘန္တေ သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော’’တိ။
၃၈၄။ ထိုအခါ အသျှင်သာရိပုတြာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသျှင်အာနန္ဒာကို နောက်လိုက်ရဟန်းပြုကာ အနာထပိဏ်သူဌေး၏ အိမ်ဆီသို့ ချဥ်းကပ်၍ ခင်းထား သောနေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို “သူဌေး အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ (ဣရိယာပထ) မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏ လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သောအရာ သည် မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ။ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန် သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ် ယုတ်သောအရာသည် မထင်ပါ။ အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှ တပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကာ့းမဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ် အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ အသျှင် ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျာ်းသည်လည်း ကောင်း၊ နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ပြင်းပြကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါ ကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။ အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အလွန်အား နည်းသော ယောကျာ်းကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန် အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင်ခြင်းသည် ဖြစ်ပါ၏။ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်ထား၏)။
Then Venerable Sāriputta robed up and, taking his bowl and robe, went with Venerable Ānanda as his second monk to Anāthapiṇḍika’s home. He sat down on the seat spread out and said to Anāthapiṇḍika, “I hope you’re keeping well, householder, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “I’m not keeping well, Honorable Sāriputta, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. The winds piercing my head are so severe, it feels like a strong man drilling into my head with a sharp point. The pain in my head is so severe, it feels like a strong man tightening a strong leather strap around my head. The winds slicing my belly are so severe, like a deft butcher or their apprentice were slicing open a cow’s belly with a sharp meat cleaver. The burning in my body is so severe, it feels like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. That’s how severe the burning is in my body. I’m not keeping well, Honorable Sāriputta, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading.”
၃၈၅။ ‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စက္ခုံ ဥပါဒိယိဿာမိ, န စ မေ စက္ခုနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န သောတံ ဥပါဒိယိဿာမိ, န စ မေ သောတနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ဃာနံ ဥပါဒိယိဿာမိ, န စ မေ ဃာနနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ဇိဝှံ ဥပါဒိယိဿာမိ, န စ မေ ဇိဝှါနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ကာယံ ဥပါဒိယိဿာမိ, န စ မေ ကာယနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န မနံ ဥပါဒိယိဿာမိ, န စ မေ မနောနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ရူပံ ဥပါဒိယိဿာမိ, န စ မေ ရူပနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န သဒ္ဒံ ဥပါဒိယိဿာမိ…ပေ… န ဂန္ဓံ ဥပါဒိယိဿာမိ… န ရသံ ဥပါဒိယိဿာမိ… န ဖောဋ္ဌဗ္ဗံ ဥပါဒိယိဿာမိ… န ဓမ္မံ ဥပါဒိယိဿာမိ န စ မေ ဓမ္မနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စက္ခုဝိညာဏံ ဥပါဒိယိဿာမိ, န စ မေ စက္ခုဝိညာဏနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န သောတဝိညာဏံ ဥပါဒိယိဿာမိ… န ဃာနဝိညာဏံ ဥပါဒိယိဿာမိ… န ဇိဝှါဝိညာဏံ ဥပါဒိယိဿာမိ… န ကာယဝိညာဏံ ဥပါဒိယိဿာမိ… န မနောဝိညာဏံ ဥပါဒိယိဿာမိ န စ မေ မနောဝိညာဏနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စက္ခုသမ္ဖဿံ ဥပါဒိယိဿာမိ, န စ မေ စက္ခုသမ္ဖဿနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န သောတသမ္ဖဿံ ဥပါဒိယိဿာမိ… န ဃာနသမ္ဖဿံ ဥပါဒိယိဿာမိ… န ဇိဝှါသမ္ဖဿံ ဥပါဒိယိဿာမိ… န ကာယသမ္ဖဿံ ဥပါဒိယိဿာမိ… န မနောသမ္ဖဿံ ဥပါဒိယိဿာမိ, န စ မေ မနောသမ္ဖဿနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စက္ခုသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ, န စ မေ စက္ခုသမ္ဖဿဇာဝေဒနာနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န သောတသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ… န ဃာနသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ… န ဇိဝှါသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ… န ကာယသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ… န မနောသမ္ဖဿဇံ ဝေဒနံ ဥပါဒိယိဿာမိ, န စ မေ မနောသမ္ဖဿဇာဝေဒနာနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
၃၈၅။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုပသာဒကို ငါမစွဲလမ်းအံ့၊ စက္ခုပသာဒ ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတပသာဒကို ငါမစွဲလမ်းအံ့၊ သောတပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဃာနပသာဒကို ငါမစွဲလမ်းအံ့၊ ဃာနပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဇိဝှါပသာဒကို ငါမစွဲလမ်းအံ့၊ ဇိဝှါပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤ သို့ကျင့်ရမည် “ကာယပသာဒကို ငါမစွဲလမ်းအံ့၊ ကာယပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရ မည် “မနောဒွါရကို ငါမစွဲလမ်းအံ့၊ မနောဒွါရကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၁) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရူပါရုံကို ငါမစွဲလမ်းအံ့၊ ရူပါရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သဒ္ဒါရုံကို ငါမစွဲလမ်းအံ့။ပ။ ဂန္ဓာရုံကို ငါမစွဲလမ်းအံ့။ပ။ ရသာရုံကို ငါမစွဲ လမ်းအံ့။ပ။ ဖောဋ္ဌဗ္ဗာရုံကို ငါမစွဲလမ်းအံ့။ပ။ ဓမ္မာရုံကို ငါမစွဲလမ်းအံ့၊ ဓမ္မာရုံကို မှီ၍ဖြစ်သော ဝိညာဏ် သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၂) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ စက္ခုဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ဃာနဝိညာဏ်ကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ကာယဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ မနောဝိညာဏ်ကို ငါ မစွဲလမ်းအံ့၊ မနောဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၃) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကို ငါမစွဲလမ်းအံ့၊ စက္ခုသမ္ဖဿကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကို ငါမစွဲ လမ်းအံ့၊ မနောသမ္ဖဿကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ (၄) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ် လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတ သမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့၊ မနောသမ္ဖဿ ကြောင့် ဖြစ်သော ဝေဒနာကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၅)
“That’s why, householder, you should train like this: ‘I shall not grasp the eye, and there shall be no consciousness of mine dependent on the eye.’ That’s how you should train. You should train like this: ‘I shall not grasp the ear, and there shall be no consciousness of mine dependent on the ear.’ … ‘I shall not grasp the nose, and there shall be no consciousness of mine dependent on the nose.’ … ‘I shall not grasp the tongue, and there shall be no consciousness of mine dependent on the tongue.’ … ‘I shall not grasp the body, and there shall be no consciousness of mine dependent on the body.’ … ‘I shall not grasp the mind, and there shall be no consciousness of mine dependent on the mind.’ That’s how you should train. You should train like this: ‘I shall not grasp sight, and there shall be no consciousness of mine dependent on sight.’ … ‘I shall not grasp sound … smell … taste … touch … idea, and there shall be no consciousness of mine dependent on idea.’ That’s how you should train. You should train like this: ‘I shall not grasp eye consciousness, and there shall be no consciousness of mine dependent on eye consciousness.’ … ‘I shall not grasp ear consciousness … nose consciousness … tongue consciousness … body consciousness … mind consciousness, and there shall be no consciousness of mine dependent on mind consciousness.’ That’s how you should train. You should train like this: ‘I shall not grasp eye contact … ear contact … nose contact … tongue contact … body contact … mind contact, and there shall be no consciousness of mine dependent on mind contact.’ That’s how you should train. You should train like this: ‘I shall not grasp feeling born of eye contact … feeling born of ear contact … feeling born of nose contact … feeling born of tongue contact … feeling born of body contact … feeling born of mind contact, and there shall be no consciousness of mine dependent on the feeling born of mind contact.’ That’s how you should train.
၃၈၆။ ‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ပထဝီဓာတုံ ဥပါဒိယိဿာမိ, န စ မေ ပထဝီဓာတုနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န အာပေါဓာတုံ ဥပါဒိယိဿာမိ… န တေဇောဓာတုံ ဥပါဒိယိဿာမိ… န ဝါယောဓာတုံ ဥပါဒိယိဿာမိ… န အာကာသဓာတုံ ဥပါဒိယိဿာမိ… န ဝိညာဏဓာတုံ ဥပါဒိယိဿာမိ, န စ မေ ဝိညာဏဓာတုနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ရူပံ ဥပါဒိယိဿာမိ, န စ မေ ရူပနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ဝေဒနံ ဥပါဒိယိဿာမိ… န သညံ ဥပါဒိယိဿာမိ… န သင်္ခါရေ ဥပါဒိယိဿာမိ… န ဝိညာဏံ ဥပါဒိယိဿာမိ, န စ မေ ဝိညာဏနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န အာကာသာနဉ္စာယတနံ ဥပါဒိယိဿာမိ, န စ မေ အာကာသာနဉ္စာယတနနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ဝိညာဏဉ္စာယတနံ ဥပါဒိယိဿာမိ… န အာကိဉ္စညာယတနံ ဥပါဒိယိဿာမိ… န နေဝသညာနာသညာယတနံ ဥပါဒိယိဿာမိ န စ မေ နေဝသညာနာသညာယတနနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။
‘‘တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ဣဓလောကံ ဥပါဒိယိဿာမိ, န စ မေ ဣဓလောကနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘န ပရလောကံ ဥပါဒိယိဿာမိ, န စ မေ ပရလောကနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗံ။ တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘ယမ္ပိ မေ ဒိဋ္ဌံ သုတံ မုတံ ဝိညာတံ ပတ္တံ ပရိယေသိတံ အနုပရိယေသိတံ အနုစရိတံ မနသာ တမ္ပိ န ဥပါဒိယိဿာမိ, န စ မေ တံနိဿိတံ ဝိညာဏံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗ’’န္တိ။
၃၈၆။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ပထဝီဓာတ်ကို ငါမစွဲလမ်းအံ့၊ ပထဝီဓာတ် ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာပေါဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ တေဇောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝါယောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ အာကာသဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏဓာတ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏဓာတ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤ သို့လျှင် ကျင့်ရမည်။ (၆) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရုပ်ကို ငါမစွဲလမ်းအံ့၊ ရုပ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ သညာကို ငါမစွဲလမ်းအံ့။ သင်္ခါရတို့ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၇) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာကာသာနဉ္စာယတနဈာန်ကို ငါမစွဲလမ်းအံ့၊ အာကာသာနဉ္စာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဝိညာဏဉ္စာယတနဈာန်ကို ငါမစွဲ လမ်းအံ့။ပ။ အာကိဉ္စညာယတနဈာန်ကို ငါမစွဲလမ်းအံ့။ပ။ နေဝသညာနာသညာယတနဈာန်ကို ငါမစွဲလမ်း အံ့၊ နေဝသညာနာသညာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၈) သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဤမျက်မှောက်ကာလကို ငါမစွဲလမ်းအံ့၊ ဤ မျက်မှောက်ကာလကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရ့မည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “တမလွန်လောကကို ငါမစွဲလမ်းအံ့၊ တမလွန် လောကကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “မြင်ရ ကြားရ တွေ့ရ သိရ ရောက်ရ ရှာမှီးရ အဖန် ဖန်ရှာမှီးရ စိတ်ဖြင့်လေ့လာရသော အကြင်အာရုံသည် ရှိ၏၊ ထိုအာရုံကိုလည်း ငါမစွဲလမ်းအံ့၊ ထိုအာရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်ဆို၏)။ (၉)
You should train like this: ‘I shall not grasp the earth element … water element … fire element … air element … space element … consciousness element, and there shall be no consciousness of mine dependent on the consciousness element.’ That’s how you should train. You should train like this: ‘I shall not grasp form … feeling … perception … choices … consciousness, and there shall be no consciousness of mine dependent on consciousness.’ That’s how you should train. You should train like this: ‘I shall not grasp the dimension of infinite space … the dimension of infinite consciousness … the dimension of nothingness … the dimension of neither perception nor non-perception, and there shall be no consciousness of mine dependent on the dimension of neither perception nor non-perception.’ That’s how you should train. You should train like this: ‘I shall not grasp this world, and there shall be no consciousness of mine dependent on this world.’ That’s how you should train. You should train like this: ‘I shall not grasp the other world, and there shall be no consciousness of mine dependent on the other world.’ That’s how you should train. You should train like this: ‘I shall not grasp whatever is seen, heard, thought, known, attained, sought, and explored by my mind, and my consciousness will not have that as support.’ That’s how you should train.”
၃၈၇။ ဧဝံ ဝုတ္တေ, အနာထပိဏ္ဍိကော ဂဟပတိ ပရောဒိ, အဿူနိ ပဝတ္တေသိ။ အထ ခေါ အာယသ္မာ အာနန္ဒော အနာထပိဏ္ဍိကံ ဂဟပတိံ ဧတဒဝေါစ – ‘‘ဩလီယသိ ခေါ တွံ, ဂဟပတိ, သံသီဒသိ ခေါ တွံ, ဂဟပတီ’’တိ? ‘‘နာဟံ, ဘန္တေ အာနန္ဒ, ဩလီယာမိ, နပိ သံသီဒါမိ၊ အပိ စ မေ ဒီဃရတ္တံ သတ္ထာ ပယိရုပါသိတော မနောဘာဝနီယာ စ ဘိက္ခူ၊ န စ မေ ဧဝရူပီ ဓမ္မီ ကထာ သုတပုဗ္ဗာ’’တိ။ ‘‘န ခေါ, ဂဟပတိ, ဂိဟီနံ ဩဒါတဝသနာနံ ဧဝရူပီ ဓမ္မီ ကထာ ပဋိဘာတိ၊ ပဗ္ဗဇိတာနံ ခေါ, ဂဟပတိ, ဧဝရူပီ ဓမ္မီ ကထာ ပဋိဘာတီ’’တိ။ ‘‘တေန ဟိ, ဘန္တေ သာရိပုတ္တ, ဂိဟီနမ္ပိ ဩဒါတဝသနာနံ ဧဝရူပီ ဓမ္မီ ကထာ ပဋိဘာတု။ သန္တိ ဟိ, ဘန္တေ, ကုလပုတ္တာ အပ္ပရဇက္ခဇာတိကာ, အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ၊ ဘဝိဿန္တိ ဓမ္မဿ အညာတာရော’’တိ။
အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ အာနန္ဒော အနာထပိဏ္ဍိကံ ဂဟပတိံ ဣမိနာ ဩဝါဒေန ဩဝဒိတွာ ဥဋ္ဌာယာသနာ ပက္ကမိံသု။ အထ ခေါ အနာထပိဏ္ဍိကော ဂဟပတိ, အစိရပက္ကန္တေ အာယသ္မန္တေ စ သာရိပုတ္တေ အာယသ္မန္တေ စ အာနန္ဒေ, ကာလမကာသိ တုသိတံ ကာယံ ဥပပဇ္ဇိ။ အထ ခေါ အနာထပိဏ္ဍိကော ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတော ခေါ အနာထပိဏ္ဍိကော ဒေဝပုတ္တော ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘ဣဒဉှိ တံ ဇေတဝနံ, ဣသိသံဃနိသေဝိတံ၊
အာဝုတ္ထံ ဓမ္မရာဇေန, ပီတိသဉ္ဇနနံ မမ။
‘‘ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ, သီလံ ဇီဝိတမုတ္တမံ၊
ဧတေန မစ္စာ သုဇ္ဈန္တိ, န ဂေါတ္တေန ဓနေန ဝါ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ယောနိသော ဝိစိနေ ဓမ္မံ, ဧဝံ တတ္ထ ဝိသုဇ္ဈတိ။
‘‘သာရိပုတ္တောဝ ပညာယ, သီလေန ဥပသမေန၊
ယောပိ ပါရင်္ဂတော ဘိက္ခု, ဧတာဝပရမော သိယာ’’တိ။
ဣဒမဝေါစ အနာထပိဏ္ဍိကော ဒေဝပုတ္တော။ သမနုညော သတ္ထာ အဟောသိ။ အထ ခေါ အနာထပိဏ္ဍိကော ဒေဝပုတ္တော – ‘‘သမနုညော မေ သတ္ထာ’’တိ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိ။
၃၈၇။ ဤသို့ မိန့်ဆိုသည်ရှိသော် အနာထပိဏ်သူဌေးသည် ငိုကြွေး၏၊ မျက်ရည်တို့ကို ဖြစ်စေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် အနာထပိဏ်သူဌေးအား “သူဌေး သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော”ဟု (မိန့်ဆို၏)။ အသျှင်ဘုရားအာနန္ဒာ အကျွန်ုပ်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ရှည်မြင့်စွာ သော ကာလပတ်လုံး မြတ်စွာဘုရားကို ဆည်းကပ်ပါ၏၊ စိတ်ကို ပွါးစေတတ်သော ရဟန်းတို့ကိုလည်း ဆည်းကပ်ပါ၏၊ သို့သော်လည်း အကျွန်ုပ်သည် ဤသို့သဘောရှိသော တရားစကားကို မကြားရဖူးပါဟု (လျှောက်၏)။ သူဌေး အဝတ်ဖြူဝတ် လူတို့မှာ ဤသို့ပင် သဘောရှိသော တရားစကားသည် မထင်နိုင်၊ သူဌေး ဤသို့ သဘောရှိသော တရားစကားသည် ရဟန်းတို့မှာသာ ထင်နိုင်၏ဟု (မိန့်ဆို၏)။ အသျှင် ဘုရားသာရိပုတြာ တိုက်တွန်းပါ၏၊ အဝတ်ဖြူဝတ်သော လူတို့မှာလည်း ဤသို့သဘောရှိသော တရား စကားကို ထင်ပါစေ၊ အသျှင်ဘုရား ဉာဏ်မျက်စိ၌ ကိလေသာမြူနည်းသော သဘောရှိကုန်သော အမျိုး ကောင်းသားတို့သည် ရှိကြပါကုန်၏၊ တရားတော်ကို မနာကြားရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်နေ ကြပါကုန်၏၊ တရားတော်ကို သိလွယ်သူတို့သည် ရှိပါကုန်လတ္တံ့ဟု (လျှောက်၏)။ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကြကုန်၏။ ထို့နောက် အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့ ဖဲသွား၍ မကြာမီ ကွယ်လွန်လေ၏၊ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရိုသေစွာရှိခိုး၍ သင့် လျော်သော အရပ်၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်၏ - “ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ဖြစ်စေပါ၏။ အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက် မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။ ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။ အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။ အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်ထား၏။ မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏။
When he said this, Anāthapiṇḍika cried and burst out in tears. Venerable Ānanda said to him, “Are you failing, householder? Are you fading, householder?” “No, Honorable Ānanda. But for a long time I have paid homage to the Buddha and the esteemed mendicants. Yet I have never before heard such a Dhamma talk.” “Householder, such Dhamma talk does not strike when teaching white-clothed laypeople. Rather, it strikes when teaching those gone forth.” “Well then, Honorable Sāriputta, let such Dhamma talk strike when teaching white-clothed laypeople as well! There are gentlemen with little dust in their eyes. They’re in decline because they haven’t heard the teaching. There will be those who understand the teaching!” And when the venerables Sāriputta and Ānanda had given the householder Anāthapiṇḍika this advice they rose from their seats and left. Not long after they had left, Anāthapiṇḍika passed away and was reborn in the host of joyful gods. Then, late at night, the glorious godling Anāthapiṇḍika, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and addressed the Buddha in verse: “This is indeed that Jeta’s Grove, frequented by the Saṅgha of seers, where the King of Dhamma stayed: it brings me joy! Deeds, knowledge, and principle; ethical conduct, an excellent livelihood; by these are mortals purified, not by clan or wealth. That’s why an astute person, seeing what’s good for themselves, would examine the teaching rationally, that’s how they become purified in that. Sāriputta is full of wisdom, ethics, and peace. Even a mendicant who has crossed over might at best equal him.” That is what the godling Anāthapiṇḍika said, and the Teacher concurred. Then the godling Anāthapiṇḍika, knowing that the Teacher concurred, bowed and respectfully circled the Buddha, keeping him on his right, before vanishing right there.
၃၈၈။ အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ အစ္စယေန ဘိက္ခူ အာမန္တေသိ – ‘‘ဣမံ, ဘိက္ခဝေ, ရတ္တိံ အညတရော ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သော ဒေဝပုတ္တော မံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘ဣဒဉှိ တံ ဇေတဝနံ, ဣသိသံဃနိသေဝိတံ၊
အာဝုတ္ထံ ဓမ္မရာဇေန, ပီတိသဉ္ဇနနံ မမ။
‘‘ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ, သီလံ ဇီဝိတမုတ္တမံ၊
ဧတေန မစ္စာ သုဇ္ဈန္တိ, န ဂေါတ္တေန ဓနေန ဝါ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ယောနိသော ဝိစိနေ ဓမ္မံ, ဧဝံ တတ္ထ ဝိသုဇ္ဈတိ။
‘‘သာရိပုတ္တောဝ ပညာယ, သီလေန ဥပသမေန၊
ယောပိ ပါရင်္ဂတော ဘိက္ခု, ဧတာဝပရမော သိယာ’’တိ။
‘‘ဣဒမဝေါစ, ဘိက္ခဝေ, သော ဒေဝပုတ္တော။ ‘သမနုညော မေ သတ္ထာ’တိ မံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သော ဟိ နူန သော, ဘန္တေ, အနာထပိဏ္ဍိကော ဒေဝပုတ္တော ဘဝိဿတိ။ အနာထပိဏ္ဍိကော, ဘန္တေ, ဂဟပတိ အာယသ္မန္တေ သာရိပုတ္တေ အဘိပ္ပသန္နော အဟောသီ’’တိ။ ‘‘သာဓု, သာဓု, အာနန္ဒ! ယာဝတကံ ခေါ, အာနန္ဒ, တက္ကာယ ပတ္တဗ္ဗံ, အနုပ္ပတ္တံ တံ တယာ။ အနာထပိဏ္ဍိကော သော, အာနန္ဒ, ဒေဝပုတ္တော’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ အာနန္ဒော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။
အနာထပိဏ္ဍိကောဝါဒသုတ္တံ နိဋ္ဌိတံ ပဌမံ။
၃၈၈။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဥ့်ကို လွန်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ဤညဥ့်၌ နတ်သားတစ်ဦးသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် ငါ့ထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးကာ သင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် ငါ့ကို ဂါထာတို့ဖြင့် လျှောက်ထား၏ - “ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်းဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေပါ၏။ အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက်မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။ ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။ အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။ ရဟန်းတို့ ထိုနတ်သားသည် ဤဆိုခဲ့သည့် စကားကို လျှောက်ထား၏ “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု ငါ့ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏ဟု (မိန့် တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “မြတ်စွာဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သားဖြစ်လိမ့်မည် ထင်ပါသည်၊ မြတ်စွာဘုရား အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာကို အလွန်ကြည်ညိုပါ၏ဟု”ဟု (လျှောက်ထား၏)။ အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့် ရောက်ထိုက်သော အရာမှန် သမျှသို့ သင် ရောက်ရှိနေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်နတ်သားပင်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။ ရှေးဦးစွာသော အနာထပိဏ္ဍိကောဝါဒသုတ် ပြီး၏။
Then, when the night had passed, the Buddha told the mendicants all that had happened. When he had spoken, Venerable Ānanda said to the Buddha: “Sir, that godling must surely have been Anāthapiṇḍika. For the householder Anāthapiṇḍika was devoted to Venerable Sāriputta.” “Good, good, Ānanda. You’ve reached the logical conclusion, as far as logic goes. For that was indeed the godling Anāthapiṇḍika.” That is what the Buddha said. Satisfied, Venerable Ānanda approved what the Buddha said.
၂။ ဆန္နောဝါဒသုတ္တံ
၃၈၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော အာယသ္မာ စ ဆန္နော ဂိဇ္ဈကူဋေ ပဗ္ဗတေ ဝိဟရန္တိ။ တေန ခေါ ပန သမယေန အာယသ္မာ ဆန္နော အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ အာယသ္မာ သာရိပုတ္တော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ မဟာစုန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာစုန္ဒံ ဧတဒဝေါစ – ‘‘အာယာမာဝုသော စုန္ဒ, ယေနာယသ္မာ ဆန္နော တေနုပသင်္ကမိဿာမ ဂိလာနပုစ္ဆကာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ မဟာစုန္ဒော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသိ။
အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော ယေနာယသ္မာ ဆန္နော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မတာ ဆန္နေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ ဆန္နံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, အာဝုသော ဆန္န, ခမနီယံ, ကစ္စိ ယာပနီယံ? ကစ္စိ တေ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ, နော အဘိက္ကမန္တိ၊ ပဋိက္ကမောသာနံ ပညာယတိ, နော အဘိက္ကမော’’တိ?
‘‘န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော သာရိပုတ္တ, ဗလဝါ ပုရိသော တိဏှေန သိခရေန မုဒ္ဓနိ အဘိမတ္ထေယျ၊ ဧဝမေဝ ခေါ မေ, အာဝုသော သာရိပုတ္တ, အဓိမတ္တာ ဝါတာ မုဒ္ဓနိ ဦဟနန္တိ။ န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော သာရိပုတ္တ, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တက္ခဏ္ဍေန သီသေ သီသဝေဌံ ဒဒေယျ၊ ဧဝမေဝ ခေါ မေ, အာဝုသော သာရိပုတ္တ, အဓိမတ္တာ သီသေ သီသဝေဒနာ။ န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော သာရိပုတ္တ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ၊ ဧဝမေဝ ခေါ မေ, အာဝုသော သာရိပုတ္တ, အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော သာရိပုတ္တ, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ သမ္ပရိတာပေယျုံ၊ ဧဝမေဝ ခေါ မေ, အာဝုသော သာရိပုတ္တ, အဓိမတ္တော ကာယသ္မိံ ဍာဟော။ န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ။ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ, နော ပဋိက္ကမော။ သတ္ထံ, အာဝုသော သာရိပုတ္တ, အာဟရိဿာမိ, နာဝကင်္ခါမိ ဇီဝိတ’’န္တိ။
၂-ဆန္ဒောဝါဒသုတ် ၃၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္စျကုဋ်တောင်၌ နေကြကုန်၏။ ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို ‘ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဥ်းကပ်ကုန်အံ့”ဟု ဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင် ဆန္ဒနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လော၊ (ဣရိယာပထ) မျှတ၏လော၊ သင့်အား ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ဘဲ ရှိကုန်၏လော၊ ဆုတ်ယုတ်သော အရာသည် ထင်၏လော၊ တိုးတက်သော အရာသည် မထင်ဘဲ ရှိ၏လော”ဟု ဤစကားကို ပြောဆို၏။ ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာ တို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန် သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျာ်းသည်လည်းကောင်း၊ နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန် သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက် သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အလွန်အားနည်းသော ယောကျာ်းကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်း ထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဓား ကို အသုံးပြုတော့မည်၊ အသက်ရှင်ခြင်းကို မလိုလားတော့ပါဟု (ပြောဆို၏)။
Middle Discourses 144 Advice to Channa So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time the venerables Sāriputta, Mahācunda, and Channa were staying on the Vulture’s Peak Mountain. Now at that time Venerable Channa was sick, suffering, gravely ill. Then in the late afternoon, Venerable Sāriputta came out of retreat, went to Venerable Mahācunda and said to him, “Come, Reverend Cunda, let’s go to see Venerable Channa and ask about his illness.” “Yes, reverend,” replied Mahācunda. And then Sāriputta and Mahācunda went to see Channa and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side. Then Sāriputta said to Channa, “I hope you’re keeping well, Reverend Channa, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “Reverend Sāriputta, I’m not keeping well, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. The winds piercing my head are so severe, it feels like a strong man drilling into my head with a sharp point. The pain in my head is so severe, it feels like a strong man tightening a strong leather strap around my head. The winds slicing my belly are so severe, like a deft butcher or their apprentice were slicing open a cow’s belly with a sharp meat cleaver. The burning in my body is so severe, it feels like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. I’m not keeping well, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. Reverend Sāriputta, I shall commit suicide. I don’t wish to live.”
၃၉၀။ ‘‘မာယသ္မာ ဆန္နော သတ္ထံ အာဟရေသိ။ ယာပေတာယသ္မာ ဆန္နော။ ယာပေန္တံ မယံ အာယသ္မန္တံ ဆန္နံ ဣစ္ဆာမ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ သပ္ပါယာနိ ဘောဇနာနိ, အဟံ အာယသ္မတော ဆန္နဿ သပ္ပါယာနိ ဘောဇနာနိ ပရိယေသိဿာမိ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ သပ္ပါယာနိ ဘေသဇ္ဇာနိ, အဟံ အာယသ္မတော ဆန္နဿ သပ္ပါယာနိ ဘေသဇ္ဇာနိ ပရိယေသိဿာမိ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ ပတိရူပါ ဥပဋ္ဌာကာ, အဟံ အာယသ္မန္တံ ဆန္နံ ဥပဋ္ဌဟိဿာမိ။ မာယသ္မာ ဆန္နော သတ္ထံ အာဟရေသိ။ ယာပေတာယသ္မာ ဆန္နော။ ယာပေန္တံ မယံ အာယသ္မန္တံ ဆန္နံ ဣစ္ဆာမာ’’တိ။
‘‘နပိ မေ, အာဝုသော သာရိပုတ္တ, နတ္ထိ သပ္ပါယာနိ ဘောဇနာနိ၊ နပိ မေ နတ္ထိ သပ္ပါယာနိ ဘေသဇ္ဇာနိ၊ နပိ မေ နတ္ထိ ပတိရူပါ ဥပဋ္ဌာကာ၊ အပိ စာဝုသော သာရိပုတ္တ, ပရိစိဏ္ဏော မေ သတ္ထာ ဒီဃရတ္တံ မနာပေနေဝ နော အမနာပေန။ ဧတဉှိ, အာဝုသော သာရိပုတ္တ, သာဝကဿ ပတိရူပံ ယံ သတ္ထာရံ ပရိစရေယျ မနာပေနေဝ နော အမနာပေန။ ‘အနုပဝဇ္ဇံ ဆန္နော ဘိက္ခု သတ္ထံ အာဟရိဿတီ’တိ ဧဝမေတံ [ဧဝမေဝ ခေါ တွံ (က။)], အာဝုသော သာရိပုတ္တ, ဓာရေဟီ’’တိ။ ‘‘ပုစ္ဆေယျာမ မယံ အာယသ္မန္တံ ဆန္နံ ကဉ္စိဒေဝ ဒေသံ, သစေ အာယသ္မာ ဆန္နော ဩကာသံ ကရောတိ ပဉှဿ ဝေယျာကရဏာယာ’’တိ။ ‘‘ပုစ္ဆာဝုသော သာရိပုတ္တ, သုတွာ ဝေဒိဿာမီ’’တိ။
၃၉၀။ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည့်အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဥ်တို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဥ်တို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဆေးတို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော အလုပ်အကျွေးသည် မရှိအံ့၊ ငါသည် အသျှင်ဆန္ဒကို လုပ်ကျွေးပါအံ့၊ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏ဟု (ပြောဆိုကြကုန်၏)။ ငါ့သျှင်သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဥ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော် ဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။ ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင်သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက်မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။ ငါ့သျှင့်သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ဟု (ပြောဆို၏)။ အသျှင်ဆန္ဒသည် အကယ် ၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ဟု (ဆိုကြကုန်၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ဟု (ဆို၏)။
“Please don’t commit suicide! Venerable Channa, keep going! We want you to keep going. If you don’t have any suitable food, we’ll find it for you. If you don’t have suitable medicine, we’ll find it for you. If you don’t have a capable carer, we’ll find one for you. Please don’t commit suicide! Venerable Channa, keep going! We want you to keep going.” “Reverend Sāriputta, it’s not that I don’t have suitable food, or suitable medicine, or a capable carer. Moreover, for a long time now I have served the Teacher with love, not without love. For it is proper for a disciple to serve the Teacher with love, not without love. You should remember this: ‘The mendicant Channa will commit suicide blamelessly.’” “I’d like to ask Venerable Channa about a certain point, if you’d take the time to answer.” “Ask, Reverend Sāriputta. When I’ve heard it I’ll know.”
၃၉၁။ ‘‘စက္ခုံ, အာဝုသော ဆန္န, စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသိ? သောတံ, အာဝုသော ဆန္န, သောတဝိညာဏံ…ပေ… ဃာနံ, အာဝုသော ဆန္န, ဃာနဝိညာဏံ… ဇိဝှံ, အာဝုသော ဆန္န, ဇိဝှါဝိညာဏံ … ကာယံ, အာဝုသော ဆန္န, ကာယဝိညာဏံ… မနံ, အာဝုသော ဆန္န, မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘စက္ခုံ, အာဝုသော သာရိပုတ္တ, စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ။ သောတံ, အာဝုသော သာရိပုတ္တ…ပေ… ဃာနံ, အာဝုသော သာရိပုတ္တ… ဇိဝှံ, အာဝုသော သာရိပုတ္တ… ကာယံ, အာဝုသော သာရိပုတ္တ… မနံ, အာဝုသော သာရိပုတ္တ, မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမီ’’တိ။
၃၉၁။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။ ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။ပ။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာမဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။ ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်‘အတ္တ’မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင် သာရိပုတြာ သောတပသာဒ။ပ။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။ ငါ့သျှင် သာရိပုတြာ ကာယပသာဒ။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။
“Reverend Channa, do you regard the eye, eye consciousness, and things knowable by eye consciousness in this way: ‘This is mine, I am this, this is my self’? Do you regard the ear … nose … tongue … body … mind, mind consciousness, and things knowable by mind consciousness in this way: ‘This is mine, I am this, this is my self’?” “Reverend Sāriputta, I regard the eye, eye consciousness, and things knowable by eye consciousness in this way: ‘This is not mine, I am not this, this is not my self.’ I regard the ear … nose … tongue … body … mind, mind consciousness, and things knowable by mind consciousness in this way: ‘This is not mine, I am not this, this is not my self’.”
၃၉၂။ ‘‘စက္ခုသ္မိံ, အာဝုသော ဆန္န, စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု ကိံ ဒိသွာ ကိံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသိ? သောတသ္မိံ, အာဝုသော ဆန္န, သောတဝိညာဏေ … ဃာနသ္မိံ, အာဝုသော ဆန္န, ဃာနဝိညာဏေ… ဇိဝှါယ, အာဝုသော ဆန္န, ဇိဝှါဝိညာဏေ… ကာယသ္မိံ, အာဝုသော ဆန္န, ကာယဝိညာဏေ… မနသ္မိံ, အာဝုသော ဆန္န, မနောဝိညာဏေ မနောဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု ကိံ ဒိသွာ ကိံ အဘိညာယ မနံ မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘စက္ခုသ္မိံ, အာဝုသော သာရိပုတ္တ, စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ။ သောတသ္မိံ, အာဝုသော သာရိပုတ္တ, သောတဝိညာဏေ… ဃာနသ္မိံ, အာဝုသော သာရိပုတ္တ, ဃာနဝိညာဏေ… ဇိဝှါယ, အာဝုသော သာရိပုတ္တ, ဇိဝှါဝိညာဏေ… ကာယသ္မိံ, အာဝုသော သာရိပုတ္တ, ကာယဝိညာဏေ… မနသ္မိံ, အာဝုသော သာရိပုတ္တ, မနောဝိညာဏေ မနောဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာ မနံ မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမီ’’တိ။
၃၉၂။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ် ကိုမြင်၍ အဘယ်ကိုသိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်‘အတ္တ’ မဟုတ်”ဟု ရှုပါသနည်း။ ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသနည်းဟု (မေး၏)။ ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ့်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာန ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယ ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုပါ၏ဟု (ပြောဆို၏)။
“Reverend Channa, what have you seen, what have you directly known in these things that you regard them in this way: ‘This is not mine, I am not this, this is not my self’?” “Reverend Sāriputta, after seeing cessation, after directly knowing cessation in these things I regard them in this way: ‘This is not mine, I am not this, this is not my self’.”
၃၉၃။ ဧဝံ ဝုတ္တေ, အာယသ္မာ မဟာစုန္ဒော အာယသ္မန္တံ ဆန္နံ ဧတဒဝေါစ – ‘‘တသ္မာတိဟ, အာဝုသော ဆန္န, ဣဒမ္ပိ တဿ ဘဂဝတော သာသနံ [ဝစနံ (သီ။)], နိစ္စကပ္ပံ မနသိ ကာတဗ္ဗံ – ‘နိဿိတဿ စလိတံ, အနိဿိတဿ စလိတံ နတ္ထိ။ စလိတေ အသတိ ပဿဒ္ဓိ, ပဿဒ္ဓိယာ သတိ နတိ န ဟောတိ။ နတိယာ အသတိ အာဂတိဂတိ န ဟောတိ။ အာဂတိဂတိယာ အသတိ စုတူပပါတော န ဟောတိ။ စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာ’’’တိ။ အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော အာယသ္မန္တံ ဆန္နံ ဣမိနာ ဩဝါဒေန ဩဝဒိတွာ ဥဋ္ဌာယာသနာ ပက္ကမိံသု။
၃၉၃။ ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ ထို့ကြောင့် ‘မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျောကပ်ရောက်မှု မရှိ၊ ရွေ့လျောကပ်ရောက်မှု မရှိသော် ဤဘဝမှာလည်း မဖြစ်၊ တမလွန် ဘဝမှာလည်း မဖြစ်၊ နှစ်ပါးစုံမှာလည်း မဖြစ်၊ ဤသည်ပင်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးမည်၏’ ဟူသော ဤမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း အမြဲနှလုံးသွင်းသင့်၏”ဟု (ပြောဆို၏)။ ထို့နောက် အသျှင် သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။
When he said this, Venerable Mahācunda said to Venerable Channa: “So, Reverend Channa, you should regularly apply your mind to this instruction of the Buddha: ‘For the dependent there is quivering. For the independent there’s no quivering. When there’s no quivering, there is tranquility. When there is tranquility, there’s no inclination. When there’s no inclination, there’s no coming and going. When there’s no coming and going, there’s no passing away and reappearing. When there’s no passing away and reappearing, there’s no this life or the next or between the two. Just this is the end of suffering.’” And when the venerables Sāriputta and Mahācunda had given Venerable Channa this advice they rose from their seats and left.
၃၉၄။ အထ ခေါ အာယသ္မာ ဆန္နော အစိရပက္ကန္တေ အာယသ္မန္တေ စ သာရိပုတ္တေ အာယသ္မန္တေ စ မဟာစုန္ဒေ သတ္ထံ အာဟရေသိ။ အထ ခေါ အာယသ္မာ သာရိပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အာယသ္မတာ, ဘန္တေ, ဆန္နေန သတ္ထံ အာဟရိတံ။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ? ‘‘နနု တေ, သာရိပုတ္တ, ဆန္နေန ဘိက္ခုနာ သမ္မုခါယေဝ အနုပဝဇ္ဇတာ ဗျာကတာ’’တိ? ‘‘အတ္ထိ, ဘန္တေ, ပုဗ္ဗဇိရံ [ပပ္ပဇိတဉှိတံ (က။), ဥပဝဇ္ဇိတံ (က။), ပုဗ္ဗဝိဇ္ဇနံ, ပုဗ္ဗဝိဇ္ဈနံ, ပုဗ္ဗဝိစိရံ (သံယုတ္တကေ)] နာမ ဝဇ္ဇိဂါမော။ တတ္ထာယသ္မတော ဆန္နဿ မိတ္တကုလာနိ သုဟဇ္ဇကုလာနိ ဥပဝဇ္ဇကုလာနီ’’တိ။ ‘‘ဟောန္တိ [ပေါသန္တိ (က။)] ဟေတေ, သာရိပုတ္တ, ဆန္နဿ ဘိက္ခုနော မိတ္တကုလာနိ သုဟဇ္ဇကုလာနိ ဥပဝဇ္ဇကုလာနိ။ နာဟံ, သာရိပုတ္တ, ဧတ္တာဝတာ ‘သဥပဝဇ္ဇော’တိ ဝဒါမိ။ ယော ခေါ, သာရိပုတ္တ, ဣမဉ္စ ကာယံ နိက္ခိပတိ အညဉ္စ ကာယံ ဥပါဒိယတိ တမဟံ ‘သဥပဝဇ္ဇော’တိ ဝဒါမိ။ တံ ဆန္နဿ ဘိက္ခုနော နတ္ထိ။ ‘အနုပဝဇ္ဇော ဆန္နော ဘိက္ခု သတ္ထံ အာဟရေသီ’တိ ဧဝမေတံ, သာရိပုတ္တ, ဓာရေဟီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ သာရိပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။
ဆန္နောဝါဒသုတ္တံ နိဋ္ဌိတံ ဒုတိယံ။
၃၉၄။ ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓား လက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ် ပါနည်း”ဟု လျှောက်ထား၏။ သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာမရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည်လည်းကောင်း၊ စိတ်သဘောကောင်းသော အမျိုး တို့သည်လည်းကောင်း၊ ချဥ်းကပ်ထိုက်သော အမျိုးတို့သည်လည်းကောင်း ရှိပါကုန်၏ဟု (လျှောက်၏)။ သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်းသောအမျိုး ချဥ်းကပ် ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။ သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ဟု မဆို။ သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူဟူ၍ ငါဟော၏၊ ရဟန်းဆန္ဒအား ထိုကပ်ရောက် စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြု သွားပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ နှစ်ခုမြောက် ဆန္ဒောဝါဒသုတ် ပြီး၏။
Not long after those venerables had left, Venerable Channa committed suicide. Then Sāriputta went up to the Buddha, bowed, sat down to one side, and said to him, “Sir, Venerable Channa has committed suicide. Where has he been reborn in his next life?” “Sāriputta, didn’t the mendicant Channa declare his blamelessness to you personally?” “Sir, there is a Vajjian village named Pubbajira. There Channa had families who were friendly, intimate, and hospitable.” “The mendicant Channa did indeed have such families. But, Sāriputta, this is not enough for me to call someone ‘blameworthy’. When someone lays down this body and takes up another body, I call them ‘blameworthy’. But the mendicant Channa did no such thing. You should remember this: ‘The mendicant Channa committed suicide blamelessly.’” That is what the Buddha said. Satisfied, Venerable Sāriputta approved what the Buddha said.
၃။ ပုဏ္ဏောဝါဒသုတ္တံ
၃၉၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ ပုဏ္ဏော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ပုဏ္ဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မံ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဩဝါဒေန ဩဝဒတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။ ‘‘တေန ဟိ, ပုဏ္ဏ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ ပုဏ္ဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘သန္တိ ခေါ, ပုဏ္ဏ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တံ စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ [နန္ဒိ (သျာ။ ကံ။)]။ ‘နန္ဒီသမုဒယာ ဒုက္ခသမုဒယော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘သန္တိ ခေါ, ပုဏ္ဏ, သောတဝိညေယျာ သဒ္ဒါ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ… မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တံ စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ‘နန္ဒီသမုဒယာ ဒုက္ခသမုဒယော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘သန္တိ စ ခေါ, ပုဏ္ဏ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တံ စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ ‘နန္ဒီနိရောဓာ ဒုက္ခနိရောဓော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘သန္တိ စ ခေါ, ပုဏ္ဏ, သောတဝိညေယျာ သဒ္ဒါ… ဃာနဝိညေယျာ ဂန္ဓာ… ဇိဝှါဝိညေယျာ ရသာ… ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ… မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တံ စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ ‘နန္ဒီနိရောဓာ ဒုက္ခနိရောဓော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘ဣမိနာ စ တွံ ပုဏ္ဏ, မယာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော ကတရသ္မိံ ဇနပဒေ ဝိဟရိဿသီ’’တိ? ‘‘ဣမိနာဟံ, ဘန္တေ, ဘဂဝတာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော, အတ္ထိ သုနာပရန္တော နာမ ဇနပဒေါ, တတ္ထာဟံ ဝိဟရိဿာမီ’’တိ။
၃-ပုဏ္ဏောဝါဒသုတ် ၃၉၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန့်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဥ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာရ၍ တစ်ပါးတည်း ကင်းကင်းရှင်းရှင်း မမေ့မလျော့ လုံ့လပြု၍ စိတ်စိုက်ကာ နေလိုပါ၏”ဟု (လျှောက်ထား၏)။ ပုဏ္ဏ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏ - ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်း ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အဆင်းရူပါရုံတို့သည် ရှိကုန်၏။ ရဟန်း သည် ထိုရူပါရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုရူပါရုံကို နှစ်သက်တမ်းတ စွဲမက်၍ တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်းကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။ ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုဓမ္မာရုံကို နှစ်သက် တမ်းတ စွဲမက်၍တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်း ကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။ ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုရူပါရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုရူပါရုံကို မနှစ်သက် မတမ်း တ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှု ချုပ်၏ဟု ငါ ဟော၏။ ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်ကုန်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုဓမ္မာရုံကို မနှစ်သက် မတမ်းတ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှုချုပ်၏ဟု ငါဟော၏။ ပုဏ္ဏ သင်သည် ငါ့ထံမှ ဤအကျဥ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ အဘယ်ဇနပုဒ်၌ နေ မည်နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံမှ ဤအကျဥ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ သုနာပရ န္တမည်သော ဇနပုဒ်၌ အကျွန်ုပ်နေပါအံ့ဟု (လျှောက်၏)။
Middle Discourses 145 Advice to Puṇṇa So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then in the late afternoon, Venerable Puṇṇa came out of retreat and went to the Buddha. He bowed, sat down to one side, and said to the Buddha, “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Well then, Puṇṇa, listen and apply your mind well, I will speak.” “Yes, sir,” replied Puṇṇa. The Buddha said this: “Puṇṇa, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say. There are sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say. Puṇṇa, now that I’ve given you this brief advice, what country will you live in?” “Sir, there’s a country named Sunāparanta. I shall live there.”
၃၉၆။ ‘‘စဏ္ဍာ ခေါ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ၊ ဖရုသာ ခေါ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ။ သစေ တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတ္ထ တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ [ဘဒြကာ (က။)] ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ ပါဏိနာ ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ [ဧဝမ္မေတ္ထ (?)], ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ လေဍ္ဍုနာ ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ ဒဏ္ဍေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ သတ္ထေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မံ [ယံ မေ (သီ။ ပီ။ က။)] နယိမေ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ? ‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘သန္တိ ခေါ ဘဂဝတော သာဝကာ ကာယေ စ ဇီဝိတေ စ အဋ္ဋီယမာနာ ဟရာယမာနာ ဇိဂုစ္ဆမာနာ သတ္ထဟာရကံ ပရိယေသန္တိ။ တံ မေ ဣဒံ အပရိယိဋ္ဌံယေဝ သတ္ထဟာရကံ လဒ္ဓ’န္တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။ ‘‘သာဓု, သာဓု, ပုဏ္ဏ! သက္ခိဿသိ ခေါ တွံ, ပုဏ္ဏ, ဣမိနာ ဒမူပသမေန သမန္နာဂတော သုနာပရန္တသ္မိံ ဇနပဒေ ဝိဟရိတုံ။ ယဿဒါနိ တွံ, ပုဏ္ဏ, ကာလံ မညသီ’’တိ။
၃၉၆။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ကြမ်းကြုတ်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ခက်ထန်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသား ဖြစ်ကုန် သော လူတို့သည် သင့်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ပြုရာ၌ သင့်အာ့းအဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ထိုသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ငါ့အား လက်ဖြင့် မပုတ်ခတ်ကြသေးပေ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန် တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤ သို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရား ဤသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ လက်ဖြင့် ပုတ်ခတ် ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ပုတ်ခတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ လက်ဖြင့် ပုတ်ခတ်ကုန်အံ့၊ ထိုသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ခဲဖြင့် မပေါက်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ခဲဖြင့် ပေါက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ထိုသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား တုတ်ဖြင့်မရိုက် ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ တုတ်ဖြင့်ရိုက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ထိုသို့ တုတ်ဖြင့် ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ဓားဖြင့် မခုတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ဓားဖြင့် ခုတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ထိုသို့ ဓားဖြင့်ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား ထက်စွာသော ဓားဖြင့် အသေမသတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့့သည် တော်ကြလေစွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်း တော်ကြီးသော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါ လတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ထက်စွာသော ဓားဖြင့် အသေသတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့အသေသတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော် မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ထက်စွာ သော ဓားဖြင့် အသေသတ်ကုန်အံ့၊ ထိုသို့အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ကိုယ်၌လည်းကောင်း၊ အသက်၌လည်းကောင်း ငြီးငွေ့ရွံ့ရှာစက်ဆုပ်သည်ဖြစ်၍ သေစေနိုင်မည့် လက်နက်ကို ရှာဖွေနေကြကုန်သော မြတ်စွာဘုရား၏ တပည့်များ ရှိကြသေး၏၊ ထိုသေစေနိုင်မည့်လက်နက်ကို ငါ မရှာ ဖွေရဘဲ ရပေပြီ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ ကောင်းပေစွ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံခြင်းဟူသော ယဥ်ကျေးညင်သာခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ သုနာပရ န္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ ‘သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏’ဟု (မိန့်တော်မူ၏)။
“The people of Sunāparanta are wild and rough, Puṇṇa. If they abuse and insult you, what will you think of them?” “If they abuse and insult me, I will think: ‘These people of Sunāparanta are gracious, truly gracious, since they don’t hit me with their fists.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do hit you with their fists, what will you think of them then?” “If they hit me with their fists, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t throw stones at me.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do throw stones at you, what will you think of them then?” “If they throw stones at me, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t beat me with a club.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do beat you with a club, what will you think of them then?” “If they beat me with a club, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t stab me with a knife.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do stab you with a knife, what will you think of them then?” “If they stab me with a knife, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t take my life with a sharp knife.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do take your life with a sharp knife, what will you think of them then?” “If they take my life with a sharp knife, I’ll think: ‘There are disciples of the Buddha who looked for a suicide weapon because they were horrified, repelled, and disgusted with the body and with life. And I have found this without looking!’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “Good, good Puṇṇa! Having such self-control and peacefulness, you will be quite capable of living in Sunāparanta. Now, Puṇṇa, go at your convenience.”
၃၉၇။ အထ ခေါ အာယသ္မာ ပုဏ္ဏော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ ယေန သုနာပရန္တော ဇနပဒေါ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန သုနာပရန္တော ဇနပဒေါ တဒဝသရိ။ တတြ သုဒံ အာယသ္မာ ပုဏ္ဏော သုနာပရန္တသ္မိံ ဇနပဒေ ဝိဟရတိ။ အထ ခေါ အာယသ္မာ ပုဏ္ဏော တေနေဝန္တရဝဿေန ပဉ္စမတ္တာနိ ဥပါသကသတာနိ ပဋိဝေဒေသိ [ပဋိပါဒေသိ (သီ။ ပီ။), ပဋိဒေသေသိ (သျာ။ ကံ။)], တေနေဝန္တရဝဿေန ပဉ္စမတ္တာနိ ဥပါသိကသတာနိ ပဋိဝေဒေသိ, တေနေဝန္တရဝဿေန တိဿော ဝိဇ္ဇာ သစ္ဆာကာသိ။ အထ ခေါ အာယသ္မာ ပုဏ္ဏော အပရေန သမယေန ပရိနိဗ္ဗာယိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ယော သော, ဘန္တေ, ပုဏ္ဏော နာမ ကုလပုတ္တော ဘဂဝတာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော သော ကာလင်္ကတော။ တဿ ကာ ဂတိ, ကော အဘိသမ္ပရာယော’’တိ? ‘‘ပဏ္ဍိတော, ဘိက္ခဝေ, ပုဏ္ဏော ကုလပုတ္တော ပစ္စပါဒိ [သစ္စဝါဒီ ဓမ္မဝါဒီ (က။)] ဓမ္မဿာနုဓမ္မံ, န စ မံ ဓမ္မာဓိကရဏံ ဝိဟေဌေသိ။ ပရိနိဗ္ဗုတော, ဘိက္ခဝေ, ပုဏ္ဏော ကုလပုတ္တော’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ပုဏ္ဏောဝါဒသုတ္တံ နိဋ္ဌိတံ တတိယံ။
၃၉၇။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကျောင်းအိပ်ရာ နေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ သုနာပရ န္တဇနပုဒ်ဆီသို့ ဒေသစာရီလှည့်လည်၏။ အစဥ်အတိုင်း ဒေသစာရီလှည့်လည်သော် သုနာပရ န္တဇနပုဒ်ဆီသို့ ဆိုက်ရောက်၍ သုနာပရ န္တဇနပုဒ်၌ နေ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာယောကျာ်း တို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာ မိန်းမတို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ဝိဇ္ဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၍ နောက်အချိန်၌ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် ထိုရဟန်းတို့ သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုဏ္ဏမည်သော အမျိုးကောင်းသားကို မြတ်စွာဘုရားသည် အကျဥ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူလိုက်ပါ၏၊ ထိုပုဏ္ဏသည် ကွယ်လွန်ပါပြီ၊ ထိုပုဏ္ဏ၏ လားရာ ဂတိသည် အဘယ်ပါနည်း၊ တမလွန်ဘဝသည် အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ တရားကို ဆိုလေ့ရှိ၏၊ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကို တရားတည်း ဟူသော အကြောင်းကြောင့် မပင်ပန်းစေ။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပရိနိဗ္ဗာန်စံပြီဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ သုံးခုမြောက် ပုဏ္ဏောဝါဒသုတ် ပြီး၏။
And then Puṇṇa welcomed and agreed with the Buddha’s words. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right. Then he set his lodgings in order and, taking his bowl and robe, set out for Sunāparanta. Traveling stage by stage, he arrived at Sunāparanta, and stayed there. Within that rainy season he confirmed around five hundred male and five hundred female lay followers. And within that same rainy season he realized the three knowledges. Some time later he became fully extinguished. Then several mendicants went up to the Buddha, bowed, sat down to one side, and said to him, “Sir, the gentleman named Puṇṇa, who was advised in brief by the Buddha, has passed away. Where has he been reborn in his next life?” “Mendicants, Puṇṇa was astute. He practiced in line with the teaching, and did not trouble me about the teachings. Puṇṇa has become fully quenched.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၄။ နန္ဒကောဝါဒသုတ္တံ
၃၉၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ မဟာပဇာပတိဂေါတမီ ပဉ္စမတ္တေဟိ ဘိက္ခုနိသတေဟိ သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ မဟာပဇာပတိဂေါတမီ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဩဝဒတု, ဘန္တေ, ဘဂဝါ ဘိက္ခုနိယော၊ အနုသာသတု, ဘန္တေ, ဘဂဝါ ဘိက္ခုနိယော၊ ကရောတု, ဘန္တေ, ဘဂဝါ ဘိက္ခုနီနံ ဓမ္မိံ ကထ’’န္တိ [ဓမ္မိကထန္တိ (သျာ။ ကံ။ က။)]။
တေန ခေါ ပန သမယေန ထေရာ ဘိက္ခူ ဘိက္ခုနိယော ဩဝဒန္တိ ပရိယာယေန။ အာယသ္မာ နန္ဒကော န ဣစ္ဆတိ ဘိက္ခုနိယော ဩဝဒိတုံ ပရိယာယေန။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ကဿ နု ခေါ, အာနန္ဒ, အဇ္ဇ ပရိယာယော ဘိက္ခုနိယော ဩဝဒိတုံ ပရိယာယေနာ’’တိ? ‘‘သဗ္ဗေဟေဝ, ဘန္တေ, ကတော [နန္ဒကဿ ဘန္တေ (သီ။ ပီ။)] ပရိယာယော ဘိက္ခုနိယော ဩဝဒိတုံ ပရိယာယေန။ အယံ, ဘန္တေ, အာယသ္မာ နန္ဒကော န ဣစ္ဆတိ ဘိက္ခုနိယော ဩဝဒိတုံ ပရိယာယေနာ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ နန္ဒကံ အာမန္တေသိ – ‘‘ဩဝဒ, နန္ဒက, ဘိက္ခုနိယော၊ အနုသာသ, နန္ဒက, ဘိက္ခုနိယော၊ ကရောဟိ တွံ, ဗြာဟ္မဏ, ဘိက္ခုနီနံ ဓမ္မိံ ကထ’’န္တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ နန္ဒကော ဘဂဝတော ပဋိဿုတွာ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော အတ္တဒုတိယော ယေန ရာဇကာရာမော တေနုပသင်္ကမိ။ အဒ္ဒသံသု ခေါ တာ ဘိက္ခုနိယော အာယသ္မန္တံ နန္ဒကံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန အာသနံ ပညာပေသုံ, ဥဒကဉ္စ ပါဒါနံ ဥပဋ္ဌပေသုံ။ နိသီဒိ ခေါ အာယသ္မာ နန္ဒကော ပညတ္တေ အာသနေ။ နိသဇ္ဇ ပါဒေ ပက္ခာလေသိ။ တာပိ ခေါ ဘိက္ခုနိယော အာယသ္မန္တံ နန္ဒကံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တာ ဘိက္ခုနိယော အာယသ္မာ နန္ဒကော ဧတဒဝေါစ – ‘‘ပဋိပုစ္ဆကထာ ခေါ, ဘဂိနိယော, ဘဝိဿတိ။ တတ္ထ အာဇာနန္တီဟိ – ‘အာဇာနာမာ’ တိဿ ဝစနီယံ, န အာဇာနန္တီဟိ – ‘န အာဇာနာမာ’ တိဿ ဝစနီယံ။ ယဿာ ဝါ ပနဿ ကင်္ခါ ဝါ ဝိမတိ ဝါ အဟမေဝ တတ္ထ ပဋိပုစ္ဆိတဗ္ဗော – ‘ဣဒံ, ဘန္တေ, ကထံ၊ ဣမဿ ကွတ္ထော’’’တိ? ‘‘ဧတ္တကေနပိ မယံ, ဘန္တေ, အယျဿ နန္ဒကဿ အတ္တမနာ အဘိရဒ္ဓါ [အဘိနန္ဒာမ (သျာ။ ကံ။)] ယံ နော အယျော နန္ဒကော ပဝါရေတီ’’တိ။
၄-နန္ဒကောဝါဒသုတ် ၃၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ငါးရာသော ရဟန်းမိန်းမတို့ နှင့်အတူ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - “မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမတော်မူပါလော့။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ကံမြစ်တော်မူပါလော့၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်း ပြုတော်မူပါ လော့”ဟု (လျှောက်ထား၏)။ ထိုအခါ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမကုန်၏၊ အသျှင်နန္ဒကသည် အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိ။ ထိုအခါ မြတ်စွာဘုရား သည် အသျှင်အာနန္ဒာကို “အာနန္ဒာ ယနေ့ ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အဘယ် ရဟန်း၏ အလှည့်နည်း”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား အလုံးစုံသော မထေရ်ကြီးတို့သည် ရဟန်း မိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အလှည့်ကို ပြုပြီးပါပြီ၊ အသျှင်ဘုရား ဤအသျှင်နန္ဒကသည် ကား အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိပါဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ရဟန်းမိန်းမတို့ကို ဆုံးမလော့၊ နန္ဒက ရဟန်းမိန်းမတို့ကို ကံမြစ်လော့၊ မကောင်းမှုကို အပပြုပြီးသောနန္ဒက သင်သည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်းပြုလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင် နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ကောသလမင်း ဆောက်လုပ်သော ရာဇကာရုံကျောင်းဆီသို့ ချဥ်းကပ်၏၊ ထိုရဟန်း မိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှလျှင် ကြွလာ သည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏။ ထိုရဟန်းမိန်းမ တို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင်နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့။ ထိုမေးမြန်းရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရ မည်၊ တစ်ဦးတစ်ယောက်မှာ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း’ဟု ငါ့ကိုသာလျှင် ပြန်၍ မေးရမည်”ဟု (မိန့်ဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤ စကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြ ကုန်၏ )။
Middle Discourses 146 Advice from Nandaka So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Mahāpajāpati Gotamī together with around five hundred nuns approached the Buddha, bowed, stood to one side, and said to him, “Sir, may the Buddha please advise and instruct the nuns. Please give the nuns a Dhamma talk.” Now at that time the senior monks were taking turns to advise the nuns. But Venerable Nandaka didn’t want to take his turn. Then the Buddha said to Venerable Ānanda, “Ānanda, whose turn is it to advise the nuns today?” “It’s Nandaka’s turn, sir, but he doesn’t want to do it.” Then the Buddha said to Nandaka, “Nandaka, please advise and instruct the nuns. Please, brahmin, give the nuns a Dhamma talk.” “Yes, sir,” replied Nandaka. Then, in the morning, he robed up and, taking his bowl and robe, entered Sāvatthī for alms. He wandered for alms in Sāvatthī. After the meal, on his return from almsround, he went to the Royal Monastery with a companion. Those nuns saw him coming off in the distance, so they spread out a seat and placed water for washing the feet. Nandaka sat down on the seat spread out, and washed his feet. Those nuns bowed, and sat down to one side. Nandaka said to them, “Sisters, this talk shall be in the form of questions. When you understand, say so. When you don’t understand, say so. If anyone has a doubt or uncertainty, ask me about it: ‘Why, sir, does it say this? What does that mean?’” “We’re already delighted and satisfied with Master Nandaka, since he invites us like this.”
၃၉၉။ ‘‘တံ ကိံ မညထ, ဘဂိနိယော, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘဂိနိယော, သောတံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… ဃာနံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’… ‘‘ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’… ‘‘ကာယော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’… ‘‘မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ’’’တိ။ ‘‘သာဓု, သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၃၉၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤ စက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှစ်မတို့ ထိုစကားကို အဘယ်သို့ မှတ်ထင် ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု့(လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့် ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော အဇ္စျတ္တိကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည် ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤ သို့သာ ဖြစ်၏။
“What do you think, sisters? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, sisters? Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir. Why is that? Because we have already truly seen this with right wisdom: ‘So these six interior sense fields are impermanent.’” “Good, good, sisters! That’s how it is for a noble disciple who truly sees with right wisdom.
၄၀၀။ ‘‘တံ ကိံ မညထ, ဘဂိနိယော, ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘဂိနိယော, သဒ္ဒါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ…ပေ… ဂန္ဓာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’… ‘‘ရသာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’… ‘‘ဖောဋ္ဌဗ္ဗာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’… ‘‘ဓမ္မာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ ဗာဟိရာ အာယတနာ အနိစ္စာ’’’တိ။ ‘‘သာဓု, သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့် လျော်ပါအသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန် သနည်း၊ သဒ္ဒါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဂန္ဓာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင် ဘုရားဟု (လျှောက်ကြကုန်၏)။ ရသာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဖောဋ္ဌဗ္ဗာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဓမ္မာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤ ဓမ္မာရုံသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်လျော်ပါအသျှင် ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန် တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
What do you think, sisters? Are sights permanent or impermanent?” “Impermanent, sir.” “But if they’re impermanent, are they suffering or happiness?” “Suffering, sir.” “But if they’re impermanent, suffering, and perishable, are they fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, sisters? Are sounds … smells … tastes … touches … ideas permanent or impermanent?” “Impermanent, sir.” “But if they’re impermanent, are they suffering or happiness?” “Suffering, sir.” “But if they’re impermanent, suffering, and perishable, are they fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir. Why is that? Because we have already truly seen this with right wisdom: ‘So these six exterior sense fields are impermanent.’” “Good, good, sisters! That’s how it is for a noble disciple who truly sees with right wisdom.
၄၀၁။ ‘‘တံ ကိံ မညထ, ဘဂိနိယော, စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘဂိနိယော, သောတဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… ဃာနဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’… ‘‘ဇိဝှါဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’… ‘‘ကာယဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’… ‘‘မနောဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ’’? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ ဝိညာဏကာယာ အနိစ္စာ’’’တိ။ ‘‘သာဓု, သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၁။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ကိုယ်‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေး၏)။ မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ် သို့ အောက်မေ့ကြကုန်သနည်း၊ သောတဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ့အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လောဟု (မေး၏)။ မသင့် လျော်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
What do you think, sisters? Is eye consciousness … ear consciousness … nose consciousness … tongue consciousness … body consciousness … mind consciousness permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir. Why is that? Because we have already truly seen this with right wisdom: ‘So these six classes of consciousness are impermanent.’” “Good, good, sisters! That’s how it is for a noble disciple who truly sees with right wisdom.
၄၀၂။ ‘‘သေယျထာပိ, ဘဂိနိယော, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အာဘာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။ ယော နု ခေါ, ဘဂိနိယော, ဧဝံ ဝဒေယျ – ‘အမုဿ တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ၊ ယာ စ ခွါဿ အာဘာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ’တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမုဿ ဟိ, ဘန္တေ, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ၊ ပဂေဝဿ အာဘာ အနိစ္စာ ဝိပရိဏာမဓမ္မာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘဂိနိယော, ယော နု ခေါ ဧဝံ ဝဒေယျ – ‘ဆ ခေါမေ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ [အနိစ္စာ ဝိပရိဏာမဓမ္မာ (?)]၊ ယဉ္စ ခေါ ဆ အဇ္ဈတ္တိကေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မ’န္တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘တဇ္ဇံ တဇ္ဇံ, ဘန္တေ, ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တီ’’တိ။ ‘‘သာဓု, သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၂။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ နှမတို့ အကြင်သူသည် “တောက် နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာ သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်သည် အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘောရှိသည် သာတည်းဟု (လျှောက်ကြကုန်၏)။ နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္စျတ္တိကာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးသော အဇ္စျတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန် ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထိုသဘောရှိ သော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။
Suppose there was an oil lamp burning. The oil, wick, flame, and light were all impermanent and perishable. Now, suppose someone was to say: ‘While this oil lamp is burning, the oil, the wick, and the flame are all impermanent and perishable. But the light is permanent, lasting, eternal, and imperishable.’ Would they be speaking rightly?” “No, sir. Why is that? Because that oil lamp’s oil, wick, and flame are all impermanent and perishable, let alone the light.” “In the same way, suppose someone was to say: ‘These six interior sense fields are impermanent. But the feeling—whether pleasant, painful, or neutral—that I experience due to these six interior sense fields is permanent, lasting, eternal, and imperishable.’ Would they be speaking rightly?” “No, sir. Why is that? Because each kind of feeling arises dependent on the corresponding condition. When the corresponding condition ceases, the appropriate feeling ceases.” “Good, good, sisters! That’s how it is for a noble disciple who truly sees with right wisdom.
၄၀၃။ ‘‘သေယျထာပိ, ဘဂိနိယော, မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဆာယာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။ ယော နု ခေါ, ဘဂိနိယော, ဧဝံ ဝဒေယျ – ‘အမုဿ မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ယာ စ ခွါဿ ဆာယာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ’တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမုဿ ဟိ, ဘန္တေ, မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ပဂေဝဿ ဆာယာ အနိစ္စာ ဝိပရိဏာမဓမ္မာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘဂိနိယော, ယော နု ခေါ ဧဝံ ဝဒေယျ – ‘ဆ ခေါမေ ဗာဟိရာ အာယတနာ အနိစ္စာ [အနိစ္စာ ဝိပရိဏာမဓမ္မာ (သီ။ ပီ။)]။ ယဉ္စ ခေါ ဆ ဗာဟိရေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မ’န္တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘တဇ္ဇံ တဇ္ဇံ, ဘန္တေ, ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တီ’’တိ။ ‘‘သာဓု, သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၃။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ယင်းသစ်ပင်၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ့တည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တည်နေ ဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏။ ယင်းသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန် ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။ နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကိုစွဲ၍ ထိုထိုသဘောရှိသော ဝေဒနာသည် ဖြစ်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။
Suppose there was a large tree standing with heartwood. The roots, trunk, branches and leaves, and shadow were all impermanent and perishable. Now, suppose someone was to say: ‘There’s a large tree standing with heartwood. The roots, trunk, and branches and leaves are all impermanent and perishable. But the shadow is permanent, lasting, eternal, and imperishable.’ Would they be speaking rightly?” “No, sir. Why is that? Because that large tree’s roots, trunk, and branches and leaves are all impermanent and perishable, let alone the shadow.” “In the same way, suppose someone was to say: ‘These six exterior sense fields are impermanent. But the feeling—whether pleasant, painful, or neutral—that I experience due to these six exterior sense fields is permanent, lasting, eternal, and imperishable.’ Would they be speaking rightly?” “No, sir. Why is that? Because each kind of feeling arises dependent on the corresponding condition. When the corresponding condition ceases, the appropriate feeling ceases.” “Good, good, sisters! That’s how it is for a noble disciple who truly sees with right wisdom.
၄၀၄။ ‘‘သေယျထာပိ, ဘဂိနိယော, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ တိဏှေန ဂေါဝိကန္တနေန ဂါဝိံ သင်္ကန္တေယျ အနုပဟစ္စ အန္တရံ မံသကာယံ အနုပဟစ္စ ဗာဟိရံ စမ္မကာယံ။ ယံ ယဒေဝ တတ္ထ အန္တရာ ဝိလိမံသံ [ဝိလိမံ (သီ။ ပီ။ က။)] အန္တရာ နှာရု အန္တရာ ဗန္ဓနံ တံ တဒေဝ တိဏှေန ဂေါဝိကန္တနေန သဉ္ဆိန္ဒေယျ သင်္ကန္တေယျ သမ္ပကန္တေယျ သမ္ပရိကန္တေယျ။ သဉ္ဆိန္ဒိတွာ သင်္ကန္တိတွာ သမ္ပကန္တိတွာ သမ္ပရိကန္တိတွာ ဝိဓုနိတွာ ဗာဟိရံ စမ္မကာယံ တေနေဝ စမ္မေန တံ ဂါဝိံ ပဋိစ္ဆာဒေတွာ ဧဝံ ဝဒေယျ – ‘တထေဝါယံ ဂါဝီ သံယုတ္တာ ဣမိနာဝ စမ္မေနာ’တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမု ဟိ, ဘန္တေ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ တိဏှေန ဂေါဝိကန္တနေန ဂါဝိံ သင်္ကန္တေယျ အနုပဟစ္စ အန္တရံ မံသကာယံ အနုပဟစ္စ ဗာဟိရံ စမ္မကာယံ။ ယံ ယဒေဝ တတ္ထ အန္တရာ ဝိလိမံသံ အန္တရာ နှာရု အန္တရာ ဗန္ဓနံ တံ တဒေဝ တိဏှေန ဂေါဝိကန္တနေန သဉ္ဆိန္ဒေယျ သင်္ကန္တေယျ သမ္ပကန္တေယျ သမ္ပရိကန္တေယျ။ သဉ္ဆိန္ဒိတွာ သင်္ကန္တိတွာ သမ္ပကန္တိတွာ သမ္ပရိကန္တိတွာ ဝိဓုနိတွာ ဗာဟိရံ စမ္မကာယံ တေနေဝ စမ္မေန တံ ဂါဝိံ ပဋိစ္ဆာဒေတွာ ကိဉ္စာပိ သော ဧဝံ ဝဒေယျ – ‘တထေဝါယံ ဂါဝီ သံယုတ္တာ ဣမိနာဝ စမ္မေနာ’တိ၊ အထ ခေါ သာ ဂါဝီ ဝိသံယုတ္တာ တေနေဝ စမ္မေနာ’’တိ။
‘‘ဥပမာ ခေါ မေ အယံ, ဘဂိနိယော, ကတာ အတ္ထဿ ဝိညာပနာယ။ အယမေဝေတ္ထ အတ္ထော၊ ‘အန္တရာ မံသကာယော’တိ ခေါ, ဘဂိနိယော, ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ၊ ‘ဗာဟိရော စမ္မကာယော’တိ ခေါ ဘဂိနိယော, ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ၊ ‘အန္တရာ ဝိလိမံသံ, အန္တရာ နှာရု, အန္တရာ ဗန္ဓန’န္တိ ခေါ, ဘဂိနိယော, နန္ဒီရာဂဿေတံ အဓိဝစနံ။ ‘တိဏှံ ဂေါဝိကန္တန’န္တိ ခေါ, ဘဂိနိယော, အရိယာယေတံ ပညာယ အဓိဝစနံ၊ ယာယံ အရိယာ ပညာ အန္တရာ ကိလေသံ အန္တရာ သံယောဇနံ အန္တရာ ဗန္ဓနံ သဉ္ဆိန္ဒတိ သင်္ကန္တတိ သမ္ပကန္တတိ သမ္ပရိကန္တတိ။
၄၀၄။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ လှီးဖြတ်ရာ၏၊ ထိုလှီး ဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ဆိုသည် မည်ရာ အံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာ သော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ် ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေ ကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ် နေ၏”ဟု အကယ်၍ကား ထိုသူသည် ဆို၏၊ ထိုသို့ပင် ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။ နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆိုလတ္တံ့ သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော အဇ္စျတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည်တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည်တည်း။ ဤ မြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သောကိလေသာ အကြား၌ဖြစ်သောသံယောဇဥ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။
Suppose a deft butcher or their apprentice, having killed a cow, were to carve it with a sharp meat cleaver, without damaging the flesh inside or the hide outside. They’d cut, carve, sever, and slice through each of the connecting tendons, sinews, and ligaments with a sharp meat cleaver, and then peel off the outer hide. Then they’d wrap that cow up in that very same hide and say: ‘This cow is joined to its hide just like before.’ Would they be speaking rightly?” “No, sir. Why is that? Because even if they wrap that cow up in that very same hide and say: ‘This cow is joined to its hide just like before,’ still that cow is not joined to that hide.” “I’ve made up this simile to make a point. And this is the point. ‘The inner flesh’ is a term for the six interior sense fields. ‘The outer hide’ is a term for the six exterior sense fields. ‘The connecting tendons, sinews, and ligaments’ is a term for greed and relishing. ‘A sharp meat cleaver’ is a term for noble wisdom. And it is that noble wisdom which cuts, carves, severs, and slices the connecting corruption, fetter, and bond.
၄၀၅။ ‘‘သတ္တ ခေါ ပနိမေ, ဘဂိနိယော, ဗောဇ္ဈင်္ဂါ, ယေသံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ကတမေ သတ္တ? ဣဓ, ဘဂိနိယော, ဘိက္ခု သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ, ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ…ပေ… ဝီရိယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပီတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… သမာဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဣမေ ခေါ, ဘဂိနိယော, သတ္တ ဗောဇ္ဈင်္ဂါ, ယေသံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’’တိ။
၄၀၅။ နှမတို့ ဗောဇ္စျင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္စျင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမ တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္စျင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ပဿဒ္ဓိ သမ္ဗောဇ္စျင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္စျင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာ သမ္ဗောဇ္စျင်ကို ပွါး၏။ နှမတို့ ဗောဇ္စျင်တို့သည် ဤခုနစ်ပါးတို့ပင်တည်း။ ရဟန်းသည် ယင်းဗောဇ္စျင် ခုနစ်ပါးတို့ကို ပွါးသည်၏အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရား တို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု (မိန့်ဆို၏)။
Sisters, by developing and cultivating these seven awakening factors, a mendicant realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. What seven? It’s when a mendicant develops the awakening factors of mindfulness, investigation of principles, energy, rapture, tranquility, immersion, and equanimity, which rely on seclusion, fading away, and cessation, and ripen as letting go. It is by developing and cultivating these seven awakening factors that a mendicant realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements.”
၄၀၆။ အထ ခေါ အာယသ္မာ နန္ဒကော တာ ဘိက္ခုနိယော ဣမိနာ ဩဝါဒေန ဩဝဒိတွာ ဥယျောဇေသိ – ‘‘ဂစ္ဆထ, ဘဂိနိယော၊ ကာလော’’တိ။ အထ ခေါ တာ ဘိက္ခုနိယော အာယသ္မတော နန္ဒကဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ အာယသ္မန္တံ နန္ဒကံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ တာ ဘိက္ခုနိယော ဘဂဝါ ဧတဒဝေါစ – ‘‘ဂစ္ဆထ, ဘိက္ခုနိယော၊ ကာလော’’တိ။ အထ ခေါ တာ ဘိက္ခုနိယော ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမိံသု။ အထ ခေါ ဘဂဝါ အစိရပက္ကန္တီသု တာသု ဘိက္ခုနီသု ဘိက္ခူ အာမန္တေသိ – ‘‘သေယျထာပိ, ဘိက္ခဝေ, တဒဟုပေါသထေ စာတုဒ္ဒသေ န ဟောတိ ဗဟုနောဇနဿ ကင်္ခါ ဝါ ဝိမတိ ဝါ – ‘ဦနော နု ခေါ စန္ဒော, ပုဏ္ဏော နု ခေါ စန္ဒော’တိ, အထ ခေါ ဦနော စန္ဒောတွေဝ ဟောတိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, တာ ဘိက္ခုနိယော နန္ဒကဿ ဓမ္မဒေသနာယ အတ္တမနာ ဟောန္တိ နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပါ’’တိ။
၄၀၆။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးကုန်ပြီး လျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၏၊ ချဥ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့် လျော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ရဟန်းမိန်းမတို့ကို မြတ်စွာဘုရားသည် “ရဟန်းမိန်းမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်း မိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြုပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရား သည် ထိုရဟန်းမိန်းမတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့် လေးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့လေသလော၊ ပြည့်လေသလော’ဟု များစွာ သော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ယုတ်လျော့ သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရားဒေသနာကို ဝမ်းမြောက်သော စိတ်ရှိကုန်၏၊ ပြည့်စုံသော အကြံကား မရှိကုန်သေး”ဟု မိန့်တော်မူ၏၊
Then after giving this advice to the nuns, Nandaka sent them off, saying, “Go, sisters, it is time.” And then those nuns approved and agreed with what Nandaka had said. They rose from their seats, bowed, and respectfully circled him, keeping him on their right. Then they went up to the Buddha, bowed, and stood to one side. The Buddha said to them, “Go, nuns, it is time.” Then those nuns bowed and respectfully circled the Buddha, keeping him on their right, before leaving. Soon after those nuns had left, the Buddha addressed the mendicants: “Suppose, mendicants, it was the sabbath of the fourteenth day. You wouldn’t get lots of people wondering whether the moon is full or not, since it is obviously not full. In the same way, those nuns were uplifted by Nandaka’s Dhamma teaching, but they still haven’t got all they wished for.”
၄၀၇။ အထ ခေါ ဘဂဝါ အာယသ္မန္တံ နန္ဒကံ အာမန္တေသိ – ‘‘တေန ဟိ တွံ, နန္ဒက, သွေပိ တာ ဘိက္ခုနိယော တေနေဝေါဝါဒေန ဩဝဒေယျာသီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ နန္ဒကော ဘဂဝတော ပစ္စဿောသိ။ အထ ခေါ အာယသ္မာ နန္ဒကော တဿာ ရတ္တိယာ အစ္စယေန ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော အတ္တဒုတိယော ယေန ရာဇကာရာမော တေနုပသင်္ကမိ။ အဒ္ဒသံသု ခေါ တာ ဘိက္ခုနိယော အာယသ္မန္တံ နန္ဒကံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန အာသနံ ပညာပေသုံ, ဥဒကဉ္စ ပါဒါနံ ဥပဋ္ဌပေသုံ။ နိသီဒိ ခေါ အာယသ္မာ နန္ဒကော ပညတ္တေ အာသနေ။ နိသဇ္ဇ ပါဒေ ပက္ခာလေသိ။ တာပိ ခေါ ဘိက္ခုနိယော အာယသ္မန္တံ နန္ဒကံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တာ ဘိက္ခုနိယော အာယသ္မာ နန္ဒကော ဧတဒဝေါစ – ‘‘ပဋိပုစ္ဆကထာ ခေါ, ဘဂိနိယော, ဘဝိဿတိ။ တတ္ထ အာဇာနန္တီဟိ ‘အာဇာနာမာ’ တိဿ ဝစနီယံ, န အာဇာနန္တီဟိ ‘န အာဇာနာမာ’ တိဿ ဝစနီယံ။ ယဿာ ဝါ ပနဿ ကင်္ခါ ဝါ ဝိမတိ ဝါ, အဟမေဝ တတ္ထ ပဋိပုစ္ဆိတဗ္ဗော – ‘ဣဒံ, ဘန္တေ, ကထံ၊ ဣမဿ ကွတ္ထော’’’တိ။ ‘‘ဧတ္တကေနပိ မယံ, ဘန္တေ, အယျဿ နန္ဒကဿ အတ္တမနာ အဘိရဒ္ဓါ ယံ နော အယျော နန္ဒကော ပဝါရေတီ’’တိ။
၄၀၇။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ထိုသို့ ဖြစ်ခြင်းကြောင့် သင်သည် နက်ဖြန်၌လည်း ထိုရဟန်းမိန်းမတို့ကို ထိုအဆုံးအမဖြင့်ပင်လျှင် ဆုံးမဦးလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ အသျှင်နန္ဒကသည် ထိုညဥ့်ကို လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်း ခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ရာဇကာရုံကျောင်းဆီသို့ ချဥ်းကပ်၏။ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှသာလျှင် လာသည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းထားကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏၊ ထိုရဟန်းမိန်းမတို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး ကုန်ပြီး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏။ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင် နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့၊ ထိုမေးမြန်း ရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရမည်၊ တစ်ဦးတစ်ယောက် အား ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏အနက်ကား အဘယ်ပါနည်း’ဟု ‘ငါ့ကိုသာလျှင် ပြန်၍မေးရမည်’ဟု (ပြောဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤစကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြကုန်၏)။
Then the Buddha said to Nandaka, “Well then, Nandaka, tomorrow you should give those nuns the same advice again.” “Yes, sir,” Nandaka replied. And the next day he went to those nuns, and all unfolded just like the previous day.
၄၀၈။ ‘‘တံ ကိံ မညထ, ဘဂိနိယော, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘဂိနိယော, သောတံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… ဃာနံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ… ဇိဝှါ… ကာယော… မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ’’’တိ။ ‘‘သာဓု သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၈။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခု ပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော အဇ္စျတ္တိ ကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ထားပြီးပါပြီဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာ ပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
၄၀၉။ ‘‘တံ ကိံ မညထ, ဘဂိနိယော, ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညထ, ဘဂိနိယော, သဒ္ဒါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ…ပေ… ဂန္ဓာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ… ရသာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ… ဖောဋ္ဌဗ္ဗာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ… ဓမ္မာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ ဗာဟိရာ အာယတနာ အနိစ္စာ’’’တိ။ ‘‘သာဓု သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၀၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲသလော မမြဲ သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ သည် ငါ၏ ကိုယ်‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ သဒ္ဒါရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဂန္ဓာရုံတို့သည့်မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ရသာရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဖောဋ္ဌဗ္ဗာရုံတို့ သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဓမ္မာရုံ တို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံ သည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်း ကြောင့်လည်း ဤ ခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
၄၁၀။ ‘‘တံ ကိံ မညထ, ဘဂိနိယော, စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… သောတဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ… ဃာနဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ… ဇိဝှါဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ… ကာယဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ… မနောဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ ဝိညာဏကာယာ အနိစ္စာ’’’တိ။ ‘‘သာဓု သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၁၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ သောတဝိညာဏ်သည် မြဲသ လော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ် သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝက အား ဤသို့သာ ဖြစ်၏။
၄၁၁။ ‘‘သေယျထာပိ, ဘဂိနိယော, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အာဘာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။ ယော နု ခေါ, ဘဂိနိယော, ဧဝံ ဝဒေယျ – ‘အမုဿ တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ၊ ယာ စ ခွါဿ အာဘာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ’တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမုဿ ဟိ, ဘန္တေ, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ၊ ပဂေဝဿ အာဘာ အနိစ္စာ ဝိပရိဏာမဓမ္မာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘဂိနိယော, ယော နု ခေါ ဧဝံ ဝဒေယျ – ‘ဆ ခေါမေ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ။ ယဉ္စ ခေါ ဆ အဇ္ဈတ္တိကေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မ’န္တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘တဇ္ဇံ တဇ္ဇံ, ဘန္တေ, ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တီ’’တိ။ ‘‘သာဓု သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၁၁။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန် ခြင်းသဘော ရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ နှမတို့ အကြင်သူသည် “တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင် မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့် ကြောင့်နည်းဟူမူ-အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲပါ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင်သည် အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။ နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္စျတ္တိကာယတနတို့သည် မမြဲ ကုန်၊ ယင်းခြောက်ပါးကုန်သော အဇ္စျတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘောရှိ သော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက်ကြ ကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
၄၁၂။ ‘‘သေယျထာပိ, ဘဂိနိယော, မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဆာယာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။ ယော နု ခေါ, ဘဂိနိယော, ဧဝံ ဝဒေယျ – ‘အမုဿ မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ယာ စ ခွါဿ ဆာယာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ’တိ၊ သမ္မာ နု ခေါ သော ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမုဿ ဟိ, ဘန္တေ, မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော, သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ပဂေဝဿ ဆာယာ အနိစ္စာ ဝိပရိဏာမဓမ္မာ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘဂိနိယော, ယော နု ခေါ ဧဝံ ဝဒေယျ – ‘ဆ ခေါမေ ဗာဟိရာ အာယတနာ အနိစ္စာ။ ယဉ္စ ခေါ ဗာဟိရေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မ’န္တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘တဇ္ဇံ တဇ္ဇံ, ဘန္တေ, ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တီ’’တိ။ ‘‘သာဓု သာဓု, ဘဂိနိယော! ဧဝဉှေတံ, ဘဂိနိယော, ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော’’။
၄၁၂။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာ အံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင် ဘုရား တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ ပင်စည်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိပါ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့ နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်း သဘောရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။ နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲ ကုန်၊ ခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်း ကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘော ရှိသော အကြောင်း၏ချုပ်ခြင်းကြောင့် ထိုထို သဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။
၄၁၃။ ‘‘သေယျထာပိ, ဘဂိနိယော, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ တိဏှေန ဂေါဝိကန္တနေန ဂါဝိံ သင်္ကန္တေယျ အနုပဟစ္စ အန္တရံ မံသကာယံ အနုပဟစ္စ ဗာဟိရံ စမ္မကာယံ။ ယံ ယဒေဝ တတ္ထ အန္တရာ ဝိလိမံသံ အန္တရာ နှာရု အန္တရာ ဗန္ဓနံ တံ တဒေဝ တိဏှေန ဂေါဝိကန္တနေန သဉ္ဆိန္ဒေယျ သင်္ကန္တေယျ သမ္ပကန္တေယျ သမ္ပရိကန္တေယျ။ သဉ္ဆိန္ဒိတွာ သင်္ကန္တိတွာ သမ္ပကန္တိတွာ သမ္ပရိကန္တိတွာ ဝိဓုနိတွာ ဗာဟိရံ စမ္မကာယံ တေနေဝ စမ္မေန တံ ဂါဝိံ ပဋိစ္ဆာဒေတွာ ဧဝံ ဝဒေယျ – ‘တထေဝါယံ ဂါဝီ သံယုတ္တာ ဣမိနာဝ စမ္မေနာ’တိ၊ သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အမု ဟိ, ဘန္တေ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ တိဏှေန ဂေါဝိကန္တနေန ဂါဝိံ သင်္ကန္တေယျ အနုပဟစ္စ အန္တရံ မံသကာယံ အနုပဟစ္စ ဗာဟိရံ စမ္မကာယံ။ ယံ ယဒေဝ တတ္ထ အန္တရာ ဝိလိမံသံ အန္တရာ နှာရု အန္တရာ ဗန္ဓနံ တံ တဒေဝ တိဏှေန ဂေါဝိကန္တနေန သဉ္ဆိန္ဒေယျ သင်္ကန္တေယျ သမ္ပကန္တေယျ သမ္ပရိကန္တေယျ။ သဉ္ဆိန္ဒိတွာ သင်္ကန္တိတွာ သမ္ပကန္တိတွာ သမ္ပရိကန္တိတွာ ဝိဓုနိတွာ ဗာဟိရံ စမ္မကာယံ တေနေဝ စမ္မေန တံ ဂါဝိံ ပဋိစ္ဆာဒေတွာ ကိဉ္စာပိ သော ဧဝံ ဝဒေယျ – ‘တထေဝါယံ ဂါဝီ သံယုတ္တာ ဣမိနာဝ စမ္မေနာ’တိ၊ အထ ခေါ သာ ဂါဝီ ဝိသံယုတ္တာ တေနေဝ စမ္မေနာ’’တိ။
‘‘ဥပမာ ခေါ မေ အယံ, ဘဂိနိယော, ကတာ အတ္ထဿ ဝိညာပနာယ အယမေဝေတ္ထ အတ္ထော။ ‘အန္တရာ မံသကာယော’တိ ခေါ, ဘဂိနိယော, ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ၊ ‘ဗာဟိရော စမ္မကာယော’တိ ခေါ, ဘဂိနိယော, ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ၊ ‘အန္တရာ ဝိလိမံသံ အန္တရာ နှာရု အန္တရာ ဗန္ဓန’န္တိ ခေါ, ဘဂိနိယော, နန္ဒီရာဂဿေတံ အဓိဝစနံ၊ ‘တိဏှံ ဂေါဝိကန္တန’န္တိ ခေါ, ဘဂိနိယော, အရိယာယေတံ ပညာယ အဓိဝစနံ၊ ယာယံ အရိယာ ပညာ အန္တရာ ကိလေသံ အန္တရာ သံယောဇနံ အန္တရာ ဗန္ဓနံ သဉ္ဆိန္ဒတိ သင်္ကန္တတိ သမ္ပကန္တတိ သမ္ပရိကန္တတိ။
၄၁၃။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း၊ နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီး ဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေ ကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည့်အမှန်ကို ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင် သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကို သတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေ ကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြော ကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်း ကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု အကယ်၍ကား ထိုသူ ဆို၏၊ ထိုသို့ပင်ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။ နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆို လတ္တံ့သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္စျတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေ ကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။ နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည် တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည် တည်း။ ဤမြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သော ကိလေသာ အကြား၌ဖြစ်သော သံယောဇဥ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။
၄၁၄။ ‘‘သတ္တ ခေါ ပနိမေ, ဘဂိနိယော, ဗောဇ္ဈင်္ဂါ, ယေသံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ကတမေ သတ္တ? ဣဓ, ဘဂိနိယော, ဘိက္ခု သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ။ပ။ ဝီရိယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပီတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ… ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ။ သမာဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ။ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဣမေ ခေါ, ဘဂိနိယော, သတ္တ ဗောဇ္ဈင်္ဂါ ယေသံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’’တိ။
၄၁၄။ နှမတို့ ဗောဇ္စျင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္စျင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ကို ရင့် ကျက်စေတတ်သော သတိသမ္ဗောဇ္စျင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္စျင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္စျင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော ကိလေသာ စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္စျင်ကို ပွါး၏။ နှမတို့ ဗောဇ္စျင်ခုနစ်ပါးတို့သည် ဤသည်တို့တည်း။ ရဟန်းသည် ယင်းဗောဇ္စျင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ် မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံ စေ၍နေ၏ဟု (မိန့်ဆို၏)။
၄၁၅။ အထ ခေါ အာယသ္မာ နန္ဒကော တာ ဘိက္ခုနိယော ဣမိနာ ဩဝါဒေန ဩဝဒိတွာ ဥယျောဇေသိ – ‘‘ဂစ္ဆထ, ဘဂိနိယော၊ ကာလော’’တိ။ အထ ခေါ တာ ဘိက္ခုနိယော အာယသ္မတော နန္ဒကဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ အာယသ္မန္တံ နန္ဒကံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ တာ ဘိက္ခုနိယော ဘဂဝါ ဧတဒဝေါစ –‘‘ဂစ္ဆထ, ဘိက္ခုနိယော၊ ကာလော’’တိ။ အထ ခေါ တာ ဘိက္ခုနိယော ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမိံသု။ အထ ခေါ ဘဂဝါ အစိရပက္ကန္တီသု တာသု ဘိက္ခုနီသု ဘိက္ခူ အာမန္တေသိ – ‘‘သေယျထာပိ, ဘိက္ခဝေ, တဒဟုပေါသထေ ပန္နရသေ န ဟောတိ ဗဟုနော ဇနဿ ကင်္ခါ ဝါ ဝိမတိ ဝါ – ‘ဦနော နု ခေါ စန္ဒော, ပုဏ္ဏော နု ခေါ စန္ဒော’တိ, အထ ခေါ ပုဏ္ဏော စန္ဒောတွေဝ ဟောတိ၊ ဧဝမေဝ ခေါ, ဘိက္ခဝေ, တာ ဘိက္ခုနိယော နန္ဒကဿ ဓမ္မဒေသနာယ အတ္တမနာ စေဝ ပရိပုဏ္ဏသင်္ကပ္ပါ စ။ တာသံ, ဘိက္ခဝေ, ပဉ္စန္နံ ဘိက္ခုနိသတာနံ ယာ ပစ္ဆိမိတာ ဘိက္ခုနီ သာ [ယာ ပစ္ဆိမာ ဘိက္ခုနီ, သာ (သီ။ သျာ။ ကံ။ ပီ။), ယာ ပစ္ဆိမိကာ, တာ ဘိက္ခုနိယော (က။)] သောတာပန္နာ အဝိနိပါတဓမ္မာ နိယတာ သမ္ဗောဓိပရာယနာ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
နန္ဒကောဝါဒသုတ္တံ နိဋ္ဌိတံ စတုတ္ထံ။
၄၁၅။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု (ဆို၍) လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင် နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၏၊ ချဥ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ထိုရဟန်းမိန်းမတို့ကို မြတ်စွာဘုရာ့းသည် “ရဟန်းမိန်းမတို့ သွားချိန် တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြု ပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်မတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့ လေသလော၊ ပြည့်လေသလော’ဟု များစွာသော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ပြည့်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရား ဒေသနာ၌ ဝမ်းမြောက်သော စိတ်ရှိကုန်သည်လည်းကောင်း၊ ပြည့်စုံသော အကြံအစည်ရှိကုန်သည်လည်း ကောင်း ဖြစ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းမိန်မ ငါးရာတို့တွင် အကြင်ရဟန်းမိန်မတို့သည် (ဂုဏ်အား ဖြင့်) အငယ်ဆုံးဖြစ်ကုန်၏၊ ထိုရဟန်းမိန်းမတို့သည် သောတာပန်တို့တည်း၊ ဖရိုဖရဲကျခြင်း သဘောမရှိ ကုန်၊ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိကုန်၏”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ လေးခုမြောက် နန္ဒကောဝါဒသုတ် ပြီး၏။
Soon after those nuns had left, the Buddha addressed the mendicants: “Suppose, mendicants, it was the sabbath of the fifteenth day. You wouldn’t get lots of people wondering whether the moon is full or not, since it is obviously full. In the same way, those nuns were uplifted by Nandaka’s Dhamma teaching, and they got all they wished for. Even the last of these five hundred nuns is a stream-enterer, not liable to be reborn in the underworld, assured, destined for awakening.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၅။ စူဠရာဟုလောဝါဒသုတ္တံ
၄၁၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ပရိပက္ကာ ခေါ ရာဟုလဿ ဝိမုတ္တိပရိပါစနီယာ ဓမ္မာ။ ယံနူနာဟံ ရာဟုလံ ဥတ္တရိံ အာသဝါနံ ခယေ ဝိနေယျ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော အာယသ္မန္တံ ရာဟုလံ အာမန္တေသိ – ‘‘ဂဏှာဟိ, ရာဟုလ, နိသီဒနံ၊ ယေန အန္ဓဝနံ တေနုပသင်္ကမိဿာမ ဒိဝါဝိဟာရာယာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ ရာဟုလော ဘဂဝတော ပဋိဿုတွာ နိသီဒနံ အာဒါယ ဘဂဝန္တံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓိ။
တေန ခေါ ပန သမယေန အနေကာနိ ဒေဝတာသဟဿာနိ ဘဂဝန္တံ အနုဗန္ဓာနိ ဟောန္တိ – ‘‘အဇ္ဇ ဘဂဝါ အာယသ္မန္တံ ရာဟုလံ ဥတ္တရိံ အာသဝါနံ ခယေ ဝိနေဿတီ’’တိ။ အထ ခေါ ဘဂဝါ အန္ဓဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ပညတ္တေ အာသနေ နိသီဒိ။ အာယသ္မာပိ ခေါ ရာဟုလော ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ –
၅-စူဠရာဟုလောဝါဒသုတ် ၄၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါး တည်း ကိန်းအောင်းနေစဥ် “ရာဟုလာအား အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်ကုန်သော သဘောတရား တို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာအား တစ်ဆင့်တက်၍ အာသဝေါတရားတို့၏ ကုန်ခန်းမှု၌ သွန်သင်ဆုံးမရမူ ကောင်းလေစွ”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိ ပြည်၌ ဆွမ်ခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင်ကို ယူခဲ့လော့၊ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဥ်းကပ်ကုန်အံ့”ဟု မိန်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ပြန်လျှောက်ထား၍ နိသီဒိုင်အခင်းကို ယူလျက် မြတ်စွာဘုရား၏ နောက်တော်မှ အစဥ်လိုက်၏။ ထိုအခါ ထောင်ပေါင်းများစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို တစ်ဆင့်တက်၍ အာသဝေါတို့၏ ကုန်ခန်းမှု၌ သွန်သင်တော်မူလတ္တံ့”ဟု နှလုံးပိုက်၍ မြတ်စွာဘုရားသို့ အစဥ်လိုက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အန္ဓဝန်တောသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း ခင်းထားသောနေရာ၌ ထိုင်တော်မူ၏၊ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်ရာဟုလာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏-
Middle Discourses 147 The Shorter Advice to Rāhula So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then as he was in private retreat this thought came to his mind, “The qualities that ripen in freedom have ripened in Rāhula. Why don’t I lead him further to the ending of defilements?” Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. Then, after the meal, on his return from almsround, he addressed Venerable Rāhula, “Rāhula, get your sitting cloth. Let’s go to the Dark Forest for the day’s meditation.” “Yes, sir,” replied Rāhula. Taking his sitting cloth he followed behind the Buddha. Now at that time many thousands of deities followed the Buddha, thinking, “Today the Buddha will lead Rāhula further to the ending of defilements!” Then the Buddha plunged deep into the Dark Forest and sat at the root of a tree on the seat spread out. Rāhula bowed to the Buddha and sat down to one side. The Buddha said to him:
၄၁၇။ ‘‘တံ ကိံ မညသိ, ရာဟုလ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ, ရာဟုလ, ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ, ရာဟုလ, စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ, ရာဟုလ, စက္ခုသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ, ရာဟုလ, ယမိဒံ [ယမ္ပိဒံ (သီ။ က။)] စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
၄၁၇။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရား (ဟု လျှောက်၏)။ မမြဲသော စက္ခု ပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ရာဟုလာ ထိုစကားကို့အဘယ်သို့ အောက်မေ့သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင် ဘုရားဟု (လျှောက်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲ ပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲ သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤ စက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော် မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿ သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင် ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း မြဲသလော မမြဲသလောဟု (မေး တော်မူ၏)။ မမြဲပါအသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော် မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။
“What do you think, Rāhula? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Are sights permanent or impermanent?” “Impermanent, sir.” “But if they’re impermanent, are they suffering or happiness?” “Suffering, sir.” “But if they’re impermanent, suffering, and perishable, are they fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Is eye consciousness permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Is eye contact permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Anything included in feeling, perception, choices, and consciousness that arises dependent on eye contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.”
၄၁၈။ ‘‘တံ ကိံ မညသိ ရာဟုလ, သောတံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… ဃာနံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ…ပေ… ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ…ပေ… ကာယော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ…ပေ… မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ –‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ ရာဟုလ, ဓမ္မာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ ရာဟုလ, မနောဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ ရာဟုလ, မနောသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ? ‘‘အနိစ္စော, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိံ မညသိ, ရာဟုလ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ, တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ, ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
၄၁၈။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ကာယပသာဒ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ မနောဒွါရ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာ တည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါ မည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ ဓမ္မာရုံတို့သည် မြဲကုန်သလော့မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့ သနည်း၊ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤ မနောသမ္ဖဿသည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။
“What do you think, Rāhula? Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Are ideas permanent or impermanent?” “Impermanent, sir.” “But if they’re impermanent, are they suffering or happiness?” “Suffering, sir.” “But if they’re impermanent, suffering, and perishable, are they fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Is mind consciousness permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Is mind contact permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “What do you think, Rāhula? Anything included in feeling, perception, choices, and consciousness that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.”
၄၁၉။ ‘‘ဧဝံ ပဿံ, ရာဟုလ, သုတဝါ အရိယသာဝကော စက္ခုသ္မိံ [စက္ခုသ္မိမ္ပိ (သျာ။ ကံ။) ဧဝမိတရေသုပိ] နိဗ္ဗိန္ဒတိ, ရူပေသု နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေ နိဗ္ဗိန္ဒတိ, ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ သောတသ္မိံ နိဗ္ဗိန္ဒတိ, သဒ္ဒေသု နိဗ္ဗိန္ဒတိ ။ပ။ , ဃာနသ္မိံ နိဗ္ဗိန္ဒတိ, ဂန္ဓေသု နိဗ္ဗိန္ဒတိ၊ ဇိဝှါယ နိဗ္ဗိန္ဒတိ, ရသေသု နိဗ္ဗိန္ဒတိ၊ ကာယသ္မိံ နိဗ္ဗိန္ဒတိ, ဖောဋ္ဌဗ္ဗေသု နိဗ္ဗိန္ဒတိ၊ မနသ္မိံ နိဗ္ဗိန္ဒတိ, ဓမ္မေသု နိဗ္ဗိန္ဒတိ, မနောဝိညာဏေ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေ နိဗ္ဗိန္ဒတိ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ, ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ ရာဟုလော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ရာဟုလဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိ။ တာသဉ္စ အနေကာနံ ဒေဝတာသဟဿာနံ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ’’န္တိ။
စူဠရာဟုလောဝါဒသုတ္တံ နိဋ္ဌိတံ ပဉ္စမံ။
၄၁၉။ ချစ်သားရာဟုလာ အကြားအမြင်ရှိသော အရိယာ၏တပည့်သည် ဤသို့ရှု မြင်သော် စက္ခု ပသာဒ၌ ငြီးငွှေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏၊ သောတပသာဒ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနပသာဒ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏၊ ဇိဝှါပသာဒ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏၊ ကာယပသာဒ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ ငြီးငွေ့၏၊ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏၊ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ၌ ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် ကိလေသာမှလွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ်ပြုဖွယ် မရှိတော်ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ စင်စစ် ဤစုဏ္ဏိယတရာ့းဒေသနာတော်ကို ဟောသည်ရှိသော် အသျှင်ရာဟုလာ၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းတော့ဘဲ အာသဝေါတရားတို့မှ လွတ်ပြီ၊ ထိုထောင်ပေါင်းများစွာသော နတ်တို့အားလည်း “ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု ကိလေသာ မြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လေပြီ။ ငါးခုမြောက် စူဠရာဟုလောဝါဒသုတ် ပြီး၏။
“Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with anything included in feeling, perception, choices, and consciousness that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind, ideas, mind consciousness, and mind contact. And they grow disillusioned with anything included in feeling, perception, choices, and consciousness that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” That is what the Buddha said. Satisfied, Venerable Rāhula approved what the Buddha said. And while this discourse was being spoken, Rāhula’s mind was freed from defilements by not grasping. And the stainless, immaculate vision of the Dhamma arose in those thousands of deities: “Everything that is liable to arise is liable to cease.”
၆။ ဆဆက္ကသုတ္တံ
၄၂၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘ဓမ္မံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေဿာမိ, ယဒိဒံ – ဆ ဆက္ကာနိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနိ, ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနိ, ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ, ဆ ဖဿကာယာ ဝေဒိတဗ္ဗာ, ဆ ဝေဒနာကာယာ ဝေဒိတဗ္ဗာ, ဆ တဏှာကာယာ ဝေဒိတဗ္ဗာ။
၆-ဆဆက္ကသုတ် ၄၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား” ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-“ရဟန်းတို့ သင်တို့အား ဆက္ကခြောက်ပါး ဟူသော အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောအံ့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာနှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏- ခြောက်ပါးသော အဇ္စျတ္တိကာယတနတို့ကို သိရမည်၊ ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရ မည်၊ ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်။
Middle Discourses 148 Six By Six So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I shall teach you the Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And I shall reveal a spiritual practice that’s entirely full and pure, namely, the six sets of six. Listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “The six interior sense fields should be understood. The six exterior sense fields should be understood. The six classes of consciousness should be understood. The six classes of contact should be understood. The six classes of feeling should be understood. The six classes of craving should be understood.
၄၂၁။ ‘‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခာယတနံ, သောတာယတနံ, ဃာနာယတနံ, ဇိဝှါယတနံ, ကာယာယတနံ, မနာယတနံ။ ‘ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ ပဌမံ ဆက္ကံ။
‘‘ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ရူပါယတနံ, သဒ္ဒါယတနံ, ဂန္ဓာယတနံ, ရသာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, ဓမ္မာယတနံ။ ‘ဆ ဗာဟိရာနိ အာယတနာနိ ဝေဒိတဗ္ဗာနီ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ ဒုတိယံ ဆက္ကံ။
‘‘ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ, ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ, ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ, ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ, မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ ‘ဆ ဝိညာဏကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ တတိယံ ဆက္ကံ။
‘‘ဆ ဖဿကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော၊ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော၊ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော။ ‘ဆ ဖဿကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ စတုတ္ထံ ဆက္ကံ။
‘‘ဆ ဝေဒနာကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ၊ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ၊ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ၊ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ၊ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ။ ‘ဆ ဝေဒနာကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ ပဉ္စမံ ဆက္ကံ။
‘‘ဆ တဏှာကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ…ပေ… ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ… ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ။ ‘ဆ တဏှာကာယာ ဝေဒိတဗ္ဗာ’တိ – ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ ဆဋ္ဌံ ဆက္ကံ။
၄၂၁။ “ခြောက်ပါးသော အဇ္စျတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန တို့တည်း။ “ခြောက်ပါးသော အဇ္စျတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဌမဆက္ကတည်း။ (၁) “ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဒုတိယဆက္ကတည်း။ (၂) “ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ စက္ခုဒွါရနှင့် ရူပါရုံကိုစွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတ ဝိညာဏ်သည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ “ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား တတိယဆက္ကတည်း။ (၃) “ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်း ကြောင့့်ဖဿသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ “ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား စတုတ္ထဆက္ကတည်း။ (၄) “ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါး တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယ ဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ “ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဉ္စမဆက္ကတည်း။ (၅) “ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ “ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဆဋ္ဌ ဆက္ကတည်း။ (၆)
‘The six interior sense fields should be understood.’ That’s what I said, but why did I say it? There are the sense fields of the eye, ear, nose, tongue, body, and mind. ‘The six interior sense fields should be understood.’ That’s what I said, and this is why I said it. This is the first set of six. ‘The six exterior sense fields should be understood.’ That’s what I said, but why did I say it? There are the sense fields of sights, sounds, smells, tastes, touches, and ideas. ‘The six exterior sense fields should be understood.’ That’s what I said, and this is why I said it. This is the second set of six. ‘The six classes of consciousness should be understood.’ That’s what I said, but why did I say it? Eye consciousness arises dependent on the eye and sights. Ear consciousness arises dependent on the ear and sounds. Nose consciousness arises dependent on the nose and smells. Tongue consciousness arises dependent on the tongue and tastes. Body consciousness arises dependent on the body and touches. Mind consciousness arises dependent on the mind and ideas. ‘The six classes of consciousness should be understood.’ That’s what I said, and this is why I said it. This is the third set of six. ‘The six classes of contact should be understood.’ That’s what I said, but why did I say it? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Ear consciousness arises dependent on the ear and sounds. The meeting of the three is contact. Nose consciousness arises dependent on the nose and smells. The meeting of the three is contact. Tongue consciousness arises dependent on the tongue and tastes. The meeting of the three is contact. Body consciousness arises dependent on the body and touches. The meeting of the three is contact. Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. ‘The six classes of contact should be understood.’ That’s what I said, and this is why I said it. This is the fourth set of six. ‘The six classes of feeling should be understood.’ That’s what I said, but why did I say it? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Ear consciousness arises dependent on the ear and sounds. The meeting of the three is contact. Contact is a requirement for feeling. Nose consciousness arises dependent on the nose and smells. The meeting of the three is contact. Contact is a requirement for feeling. Tongue consciousness arises dependent on the tongue and tastes. The meeting of the three is contact. Contact is a requirement for feeling. Body consciousness arises dependent on the body and touches. The meeting of the three is contact. Contact is a requirement for feeling. Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. ‘The six classes of feeling should be understood.’ That’s what I said, and this is why I said it. This is the fifth set of six. ‘The six classes of craving should be understood.’ That’s what I said, but why did I say it? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. Ear consciousness … Nose consciousness … Tongue consciousness … Body consciousness … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. ‘The six classes of craving should be understood.’ That’s what I said, and this is why I said it. This is the sixth set of six.
၄၂၂။ ‘‘စက္ခု အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘စက္ခု အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ။
‘‘ရူပါ အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ ရူပါနံ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘ရူပါ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ, ရူပါ အနတ္တာ။
‘‘စက္ခုဝိညာဏံ အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ စက္ခုဝိညာဏဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘စက္ခုဝိညာဏံ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ, ရူပါ အနတ္တာ, စက္ခုဝိညာဏံ အနတ္တာ။
‘‘စက္ခုသမ္ဖဿော အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ စက္ခုသမ္ဖဿဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘စက္ခုသမ္ဖဿော အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ, ရူပါ အနတ္တာ, စက္ခုဝိညာဏံ အနတ္တာ, စက္ခုသမ္ဖဿော အနတ္တာ။
‘‘ဝေဒနာ အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ ဝေဒနာယ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘ဝေဒနာ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ, ရူပါ အနတ္တာ, စက္ခုဝိညာဏံ အနတ္တာ, စက္ခုသမ္ဖဿော အနတ္တာ, ဝေဒနာ အနတ္တာ။
‘‘တဏှာ အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ တဏှာယ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘တဏှာ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ, ရူပါ အနတ္တာ, စက္ခုဝိညာဏံ အနတ္တာ, စက္ခုသမ္ဖဿော အနတ္တာ, ဝေဒနာ အနတ္တာ, တဏှာ အနတ္တာ။
၄၂၂။ “စက္ခုဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုဒွါရ၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင် တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း။ “ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ရူပါရုံတို့အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင်တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို အတ္တဟု ဆိုခဲ့လျှင့်“ငါ၏အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း။ “စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ စက္ခုဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း။ “စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခု သမ္ဖဿသည် အနတ္တတည်း။ “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ္တတည်း၊ ဝေဒနာသည် အနတ္တတည်း။ “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ္တတည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။
If anyone says, ‘the eye is self,’ that is not tenable. The arising and vanishing of the eye is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that the eye is self. So the eye is not self. If anyone says, ‘sights are self,’ that is not tenable. The arising and vanishing of sights is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that sights are self. So the eye is not self and sights are not self. If anyone says, ‘eye consciousness is self,’ that is not tenable. The arising and vanishing of eye consciousness is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that eye consciousness is self. So the eye, sights, and eye consciousness are not self. If anyone says, ‘eye contact is self,’ that is not tenable. The arising and vanishing of eye contact is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that eye contact is self. So the eye, sights, eye consciousness, and eye contact are not self. If anyone says, ‘feeling is self,’ that is not tenable. The arising and vanishing of feeling is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that feeling is self. So the eye, sights, eye consciousness, eye contact, and feeling are not self. If anyone says, ‘craving is self,’ that is not tenable. The arising and vanishing of craving is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that craving is self. So the eye, sights, eye consciousness, eye contact, feeling, and craving are not self.
၄၂၃။ ‘‘သောတံ အတ္တာ’’တိ ယော ဝဒေယျ…ပေ… ‘ဃာနံ အတ္တာ’တိ ယော ဝဒေယျ… ‘ဇိဝှါ အတ္တာ’တိ ယော ဝဒေယျ… ‘ကာယော အတ္တာ’တိ ယော ဝဒေယျ… ‘မနော အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ မနဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘မနော အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ။
‘‘ဓမ္မာ အတ္တာ’’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ ဓမ္မာနံ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘ဓမ္မာ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ, ဓမ္မာ အနတ္တာ။
‘‘မနောဝိညာဏံ အတ္တာ’’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ မနောဝိညာဏဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘မနောဝိညာဏံ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ, ဓမ္မာ အနတ္တာ, မနောဝိညာဏံ အနတ္တာ။
‘‘မနောသမ္ဖဿော အတ္တာ’’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ မနောသမ္ဖဿဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘မနောသမ္ဖဿော အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ, ဓမ္မာ အနတ္တာ, မနောဝိညာဏံ အနတ္တာ, မနောသမ္ဖဿော အနတ္တာ။
‘‘ဝေဒနာ အတ္တာ’’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ ဝေဒနာယ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘ဝေဒနာ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ, ဓမ္မာ အနတ္တာ, မနောဝိညာဏံ အနတ္တာ, မနောသမ္ဖဿော အနတ္တာ, ဝေဒနာ အနတ္တာ။
‘‘တဏှာ အတ္တာ’’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ တဏှာယ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘တဏှာ အတ္တာ’တိ ယော ဝဒေယျ။ ဣတိ မနော အနတ္တာ, ဓမ္မာ အနတ္တာ, မနောဝိညာဏံ အနတ္တာ, မနောသမ္ဖဿော အနတ္တာ, ဝေဒနာ အနတ္တာ, တဏှာ အနတ္တာ။
၄၂၃။ “သောတဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဃာနဒွါရ သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဇိဝှါဒွါရသည် အတ္တတည်း”ဟု တစ်ဦး တစ်ယောက်သည် ဆိုငြားအံ့။ပ။ “ကာရဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “မနောဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုသို့ ဆိုခြင်းသည် မဖြစ် သင့်၊ မနောဒွါရအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဒွါရသည် အတ္တ တည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း။ “ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဓမ္မာရုံအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း။ “မနောဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ မနောဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဝိညာဏ် သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း။ “မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ မနောသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တတည်း။ “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း။ “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။
If anyone says, ‘the ear is self’ … ‘the nose is self’ … ‘the tongue is self’ … ‘the body is self’ … ‘the mind is self,’ that is not tenable. The arising and vanishing of the mind is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that the mind is self. So the mind is not self. If anyone says, ‘ideas are self’ … ‘mind consciousness is self’ … ‘mind contact is self’ … ‘feeling is self’ … ‘craving is self,’ that is not tenable. The arising and vanishing of craving is evident, so it would follow that one’s self arises and vanishes. That’s why it’s not tenable to claim that craving is self. So the mind, ideas, mind consciousness, mind contact, feeling, and craving are not self.
၄၂၄။ ‘‘အယံ ခေါ ပန, ဘိက္ခဝေ, သက္ကာယသမုဒယဂါမိနီ ပဋိပဒါ – စက္ခုံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ ရူပေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ စက္ခုဝိညာဏံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ စက္ခုသမ္ဖဿံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ ဝေဒနံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ တဏှံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ၊ သောတံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ…ပေ… ဃာနံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ…ပေ… ဇိဝှံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ…ပေ… ကာယံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ…ပေ… မနံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, မနောဝိညာဏံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, မနောသမ္ဖဿံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, ဝေဒနံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ, တဏှံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿတိ။
‘‘အယံ ခေါ ပန, ဘိက္ခဝေ, သက္ကာယနိရောဓဂါမိနီ ပဋိပဒါ – စက္ခုံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ ရူပေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ စက္ခုဝိညာဏံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ စက္ခုသမ္ဖဿံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ ဝေဒနံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ တဏှံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ သောတံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ…ပေ… ဃာနံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ… ဇိဝှံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ… ကာယံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ… မနံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ မနောဝိညာဏံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ မနောသမ္ဖဿံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ ဝေဒနံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။ တဏှံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿတိ။
၄၂၄။ ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယဖြစ်ခြင်းသို့ ရောက်ကြောင်းဖြစ်သော အကျင့် တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာတည်း၊ ဤစက္ခုဒွါရသည် ငါတည်း၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခု သမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ်‘အတ္တ’တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ သောတဒွါရကို “ဤ သောတဒွါရသည် ငါ့ဟာတည်း၊ ဤသောတဒွါရသည် ငါတည်း၊ ဤသောတဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာတည်း၊ ဤဃာနဒွါရသည် ငါတည်း၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာတည်း၊ ဤ ဇိဝှါဒွါရသည် ငါတည်း၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ပ။ ကာယဒွါရကို “ဤ ကာယဒွါရသည် ငါ့ဟာတည်း၊ ဤကာယဒွါရသည် ငါတည်း၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤမနောသမ္ဖဿ သည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။ ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယ ချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာမဟုတ်၊ ဤစက္ခုဒွါရသည် ငါမဟုတ်၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာမဟုတ်၊ ဤရူပါရုံသည် ငါမဟုတ်၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာမဟုတ်၊ ဤစက္ခု ဝိညာဏ်သည် ငါမဟုတ်၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤ တဏှာသည် ငါမဟုတ်၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ သောတဒွါရကို “ဤသောတဒွါရသည် ငါ့ဟာမဟုတ်၊ ဤသောတဒွါရသည် ငါမဟုတ်၊ ဤသောတဒွါရ သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာမဟုတ်၊ ဤဃာနဒွါရ သည် ငါမဟုတ်၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာမဟုတ်၊ ဤဇိဝှါဒွါရသည် ငါမဟုတ်၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှု၏။ ကာယ ဒွါရကို “ဤကာယဒွါရသည် ငါ့ဟာမဟုတ်၊ ဤကာယဒွါရသည် ငါမဟုတ်၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာမဟုတ်၊ ဤမနောဒွါရသည် ငါမဟုတ်၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာမဟုတ်၊ ဤဓမ္မာရုံသည် ငါမဟုတ်၊ ဤဓမ္မာရုံသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနောဝိညာဏ်သည် ငါ့ဟာ မဟုတ်၊ ဤမနောဝိညာဏ်သည် ငါမဟုတ်၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤမနော သမ္ဖဿသည် ငါမဟုတ်၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤတဏှာသည် ငါမဟုတ်၊ ဤတဏှာ သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။
Now, mendicants, this is the practice that leads to the origin of substantial reality. You regard the eye like this: ‘This is mine, I am this, this is my self.’ You regard sights … eye consciousness … eye contact … feeling … craving like this: ‘This is mine, I am this, this is my self.’ You regard the ear … nose … tongue … body … mind … ideas … mind consciousness … mind contact … feeling … craving like this: ‘This is mine, I am this, this is my self.’ But this is the practice that leads to the cessation of substantial reality. You regard the eye like this: ‘This is not mine, I am not this, this is not my self.’ You regard sights … eye consciousness … eye contact … feeling … craving like this: ‘This is not mine, I am not this, this is not my self.’ You regard the ear … nose … tongue … body … mind like this: ‘This is not mine, I am not this, this is not my self.’ You regard ideas … mind consciousness … mind contact … feeling … craving like this: ‘This is not mine, I am not this, this is not my self.’
၄၂၅။ ‘‘စက္ခုဉ္စ, ဘိက္ခဝေ, ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ ရာဂါနုသယော အနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိံ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ။ တဿ ပဋိဃာနုသယော အနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ။ တဿ အဝိဇ္ဇာနုသယော အနုသေတိ။ သော ဝတ, ဘိက္ခဝေ, သုခါယ ဝေဒနာယ ရာဂါနုသယံ အပ္ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ အပ္ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ အသမူဟနိတွာ အဝိဇ္ဇံ အပ္ပဟာယ ဝိဇ္ဇံ အနုပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတိ။
‘‘သောတဉ္စ, ဘိက္ခဝေ, ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ…ပေ… ဃာနဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ…ပေ… ဇိဝှဉ္စ, ဘိက္ခဝေ, ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ…ပေ… ကာယဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ…ပေ… မနဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ ရာဂါနုသယော အနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိံ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ။ တဿ ပဋိဃာနုသယော အနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ။ တဿ အဝိဇ္ဇာနုသယော အနုသေတိ။ သော ဝတ, ဘိက္ခဝေ, သုခါယ ဝေဒနာယ ရာဂါနုသယံ အပ္ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ အပ္ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ အသမူဟနိတွာ အဝိဇ္ဇံ အပ္ပဟာယ ဝိဇ္ဇံ အနုပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ – နေတံ ဌာနံ ဝိဇ္ဇတိ။
၄၂၅။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတ၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိ သည်ရှိသော် ဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက်မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်း သည် မရှိ။ ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယ ဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အ ကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတပြော ဆို၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ် အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်း ကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက် မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် မရှိ။
Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for the arising of what is felt as pleasant, painful, or neutral. When you experience a pleasant feeling, if you approve, welcome, and keep clinging to it, the underlying tendency to greed underlies that. When you experience a painful feeling, if you sorrow and wail and lament, beating your breast and falling into confusion, the underlying tendency to aversion underlies that. When you experience a neutral feeling, if you don’t truly understand that feeling’s origin, disappearance, gratification, drawback, and escape, the underlying tendency to ignorance underlies that. Mendicants, without giving up the underlying tendency to greed for pleasant feeling, without dispelling the underlying tendency to aversion toward painful feeling, without eradicating ignorance in the case of neutral feeling, without giving up ignorance and without giving rise to knowledge, it is quite impossible to make an end of suffering in this very life. Ear consciousness … Nose consciousness … Tongue consciousness … Body consciousness … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for the arising of what is felt as pleasant, painful, or neutral. When you experience a pleasant feeling, if you approve, welcome, and keep clinging to it, the underlying tendency to greed underlies that. When you experience a painful feeling, if you sorrow and wail and lament, beating your breast and falling into confusion, the underlying tendency to aversion underlies that. When you experience a neutral feeling, if you don’t truly understand that feeling’s origin, disappearance, gratification, drawback, and escape, the underlying tendency to ignorance underlies that. Mendicants, without giving up the underlying tendency to greed for pleasant feeling, without dispelling the underlying tendency to aversion toward painful feeling, without eradicating ignorance in the case of neutral feeling, without giving up ignorance and without giving rise to knowledge, it is quite impossible to make an end of suffering in this very life.
၄၂၆။ ‘‘စက္ခုဉ္စ, ဘိက္ခဝေ, ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ ရာဂါနုသယော နာနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော န သောစတိ န ကိလမတိ ပရိဒေဝတိ န ဥရတ္တာဠိံ ကန္ဒတိ န သမ္မောဟံ အာပဇ္ဇတိ။ တဿ ပဋိဃာနုသယော နာနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ပဇာနာတိ။ တဿ အဝိဇ္ဇာနုသယော နာနုသေတိ။ သော ဝတ, ဘိက္ခဝေ, သုခါယ ဝေဒနာယ ရာဂါနုသယံ ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ သမူဟနိတွာ အဝိဇ္ဇံ ပဟာယ ဝိဇ္ဇံ ဥပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ – ဌာနမေတံ ဝိဇ္ဇတိ။
‘‘သောတဉ္စ, ဘိက္ခဝေ, ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ ။ပ။ ‘‘ဃာနဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ ။ပ။ ‘‘ဇိဝှဉ္စ, ဘိက္ခဝေ, ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ ။ပ ‘‘ကာယဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ ။ပ။ ‘‘မနဉ္စ, ဘိက္ခဝေ, ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော, ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ ရာဂါနုသယော နာနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော န သောစတိ န ကိလမတိ န ပရိဒေဝတိ န ဥရတ္တာဠိံ ကန္ဒတိ န သမ္မောဟံ အာပဇ္ဇတိ။ တဿ ပဋိဃာနုသယော နာနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ပဇာနာတိ။ တဿ အဝိဇ္ဇာနုသယော နာနုသေတိ။ သော ဝတ, ဘိက္ခဝေ, သုခါယ ဝေဒနာယ ရာဂါနုသယံ ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ သမူဟနိတွာ အဝိဇ္ဇံ ပဟာယ ဝိဇ္ဇံ ဥပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ – ဌာနမေတံ ဝိဇ္ဇတိ။
၄၂၆။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် မနှစ်သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် မကိန်း။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခ ဝေဒနာ၌ ပဋိဃာနုသယကို ဖျောက်၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြု နိုင်လတ္တံ့ဟူသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မနှစ် သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊ တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံ ကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာနုသယသည် မကိန်း။ ရဟန်း တို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ဖျောက် ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် ရှိ၏။
Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for the arising of what is felt as pleasant, painful, or neutral. When you experience a pleasant feeling, if you don’t approve, welcome, and keep clinging to it, the underlying tendency to greed does not underlie that. When you experience a painful feeling, if you don’t sorrow or wail or lament, beating your breast and falling into confusion, the underlying tendency to aversion does not underlie that. When you experience a neutral feeling, if you truly understand that feeling’s origin, disappearance, gratification, drawback, and escape, the underlying tendency to ignorance does not underlie that. Mendicants, after giving up the underlying tendency to greed for pleasant feeling, after dispelling the underlying tendency to aversion toward painful feeling, after eradicating ignorance in the case of neutral feeling, after giving up ignorance and giving rise to knowledge, it’s quite possible to make an end of suffering in this very life. Ear consciousness … Nose consciousness … Tongue consciousness … Body consciousness … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for what is felt as pleasant, painful, or neutral. When you experience a pleasant feeling, if you don’t approve, welcome, and keep clinging to it, the underlying tendency to greed does not underlie that. When you experience a painful feeling, if you don’t sorrow or wail or lament, beating your breast and falling into confusion, the underlying tendency to aversion does not underlie that. When you experience a neutral feeling, if you truly understand that feeling’s origin, disappearance, gratification, drawback, and escape, the underlying tendency to ignorance does not underlie that. Mendicants, after giving up the underlying tendency to greed for pleasant feeling, after dispelling the underlying tendency to aversion toward painful feeling, after eradicating ignorance in the case of neutral feeling, after giving up ignorance and giving rise to knowledge, it’s quite possible to make an end of suffering in this very life.
၄၂၇။ ‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိံ [စက္ခုသ္မိမ္ပိ (သျာ။ ကံ။) ဧဝမိတရေသုပိ] နိဗ္ဗိန္ဒတိ, ရူပေသု နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေ နိဗ္ဗိန္ဒတိ, ဝေဒနာယ နိဗ္ဗိန္ဒတိ, တဏှာယ နိဗ္ဗိန္ဒတိ။ သောတသ္မိံ နိဗ္ဗိန္ဒတိ, သဒ္ဒေသု နိဗ္ဗိန္ဒတိ…ပေ… ဃာနသ္မိံ နိဗ္ဗိန္ဒတိ, ဂန္ဓေသု နိဗ္ဗိန္ဒတိ… ဇိဝှါယ နိဗ္ဗိန္ဒတိ, ရသေသု နိဗ္ဗိန္ဒတိ… ကာယသ္မိံ နိဗ္ဗိန္ဒတိ, ဖောဋ္ဌဗ္ဗေသု နိဗ္ဗိန္ဒတိ… မနသ္မိံ နိဗ္ဗိန္ဒတိ, ဓမ္မေသု နိဗ္ဗိန္ဒတိ, မနောဝိညာဏေ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေ နိဗ္ဗိန္ဒတိ, ဝေဒနာယ နိဗ္ဗိန္ဒတိ, တဏှာယ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ, ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ ခေါ ပန ဝေယျာကရဏသ္မိံ ဘညမာနေ သဋ္ဌိမတ္တာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။
ဆဆက္ကသုတ္တံ နိဋ္ဌိတံ ဆဋ္ဌံ။
၄၂၇။ ရဟန်းတို့ ဤသို့ ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် စက္ခုဒွါရ၌ ငြီးငွေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ သောတဒွါရ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနဒွါရ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏။ ဇိဝှါဒွါရ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏။ ကာယဒွါရ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံ တို့၌ ငြီးငွေ့၏။ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏။ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်နှစ်သက်ခြင်း ကင်း၏၊ တပ်နှစ်သက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော် မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ ဤဂါထာမဖက် သက်သက်သော တရားဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့ သည် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကုန်ပြီ။ ခြောက်ခုမြောက် ဆဆက္ကသုတ် ပြီး၏။
Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, eye contact, feeling, and craving. They grow disillusioned with the ear … nose … tongue … body … mind, ideas, mind consciousness, mind contact, feeling, and craving. Being disillusioned, desire fades away. When desire fades away they’re freed. When it is freed, they know it is freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” That is what the Buddha said. Satisfied, the mendicants approved what the Buddha said. And while this discourse was being spoken, the minds of sixty mendicants were freed from defilements by not grasping.
၇။ မဟာသဠာယတနိကသုတ္တံ
၄၂၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘မဟာသဠာယတနိကံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
၇-မဟာသဠာယတနိကသုတ် ၄၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -“ရဟန်းတို့ သင်တို့အား ကျယ်ပြန့်သော အာယတနခြောက်ပါး တို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့် တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ -
Middle Discourses 149 The Great Discourse on What Relates to the Six Sense Fields So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I shall teach you the great discourse on what relates to the six sense fields. Listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this:
၄၂၉။ ‘‘စက္ခုံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ, ရူပေ အဇာနံ အပဿံ ယထာဘူတံ, စက္ခုဝိညာဏံ အဇာနံ အပဿံ ယထာဘူတံ, စက္ခုသမ္ဖဿံ အဇာနံ အပဿံ ယထာဘူတံ, ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဇာနံ အပဿံ ယထာဘူတံ, စက္ခုသ္မိံ သာရဇ္ဇတိ, ရူပေသု သာရဇ္ဇတိ, စက္ခုဝိညာဏေ သာရဇ္ဇတိ, စက္ခုသမ္ဖဿေ သာရဇ္ဇတိ, ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ သာရဇ္ဇတိ။
‘‘တဿ သာရတ္တဿ သံယုတ္တဿ သမ္မူဠှဿ အဿာဒါနုပဿိနော ဝိဟရတော အာယတိံ ပဉ္စုပါဒါနက္ခန္ဓာ ဥပစယံ ဂစ္ဆန္တိ။ တဏှာ စဿ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ, သာ စဿ ပဝဍ္ဎတိ။ တဿ ကာယိကာပိ ဒရထာ ပဝဍ္ဎန္တိ, စေတသိကာပိ ဒရထာ ပဝဍ္ဎန္တိ၊ ကာယိကာပိ သန္တာပါ ပဝဍ္ဎန္တိ, စေတသိကာပိ သန္တာပါ ပဝဍ္ဎန္တိ၊ ကာယိကာပိ ပရိဠာဟာ ပဝဍ္ဎန္တိ, စေတသိကာပိ ပရိဠာဟာ ပဝဍ္ဎန္တိ။ သော ကာယဒုက္ခမ္ပိ [ကာယိကဒုက္ခမ္ပိ (သျာ။ ကံ။), ကာယိကံ ဒုက္ခမ္ပိ (က။)] စေတောဒုက္ခမ္ပိ ပဋိသံဝေဒေတိ။
‘‘သောတံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ ။ပ။ ဃာနံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ ။ပ။ ဇိဝှံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ ။ပ။ ကာယံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ ။ပ။ မနံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ, ဓမ္မေ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ, မနောဝိညာဏံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ, မနောသမ္ဖဿံ, ဘိက္ခဝေ, အဇာနံ အပဿံ ယထာဘူတံ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဇာနံ အပဿံ ယထာဘူတံ, မနသ္မိံ သာရဇ္ဇတိ, ဓမ္မေသု သာရဇ္ဇတိ, မနောဝိညာဏေ သာရဇ္ဇတိ, မနောသမ္ဖဿေ သာရဇ္ဇတိ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ သာရဇ္ဇတိ။
‘‘တဿ သာရတ္တဿ သံယုတ္တဿ သမ္မူဠှဿ အဿာဒါနုပဿိနော ဝိဟရတော အာယတိံ ပဉ္စုပါဒါနက္ခန္ဓာ ဥပစယံ ဂစ္ဆန္တိ။ တဏှာ စဿ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ, သာ စဿ ပဝဍ္ဎတိ။ တဿ ကာယိကာပိ ဒရထာ ပဝဍ္ဎန္တိ, စေတသိကာပိ ဒရထာ ပဝဍ္ဎန္တိ၊ ကာယိကာပိ သန္တာပါ ပဝဍ္ဎန္တိ, စေတသိကာပိ သန္တာပါ ပဝဍ္ဎန္တိ၊ ကာယိကာပိ ပရိဠာဟာ ပဝဍ္ဎန္တိ, စေတသိကာပိ ပရိဠာဟာ ပဝဍ္ဎန္တိ။ သော ကာယဒုက္ခမ္ပိ စေတောဒုက္ခမ္ပိ ပဋိသံဝေဒေတိ။
၄၂၉။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း မသိမမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းဟုတ်မှန် တိုင်း မသိ မမြင်၍ စက္ခု၌ ပြင်းစွာတပ်နှစ်သက်၏၊ ရူပါရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုဝိညာဏ်၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာ တပ်နှစ်သက်၏။ ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဥ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်း တို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။ ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း မသိ မမြင်၍၊ ရဟန်းတို့ မနောဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ မနောသမ္ဖဿကိုဟုတ်မှန် တိုင်း မသိမမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခ သော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း မသိမမြင် မူ၍ မနောဒွါရ၌ ပြင်းစွာတပ်နှစ်သက်၏၊ ဓမ္မာရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောဝိညာဏ်၌ ပြင်းစွာ တပ်နှစ်သက်၏၊ မနောသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာတပ်နှစ်သက်၏။ ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဥ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍နေ သော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။
“Mendicants, when you don’t truly know and see the eye, sights, eye consciousness, eye contact, and what is felt as pleasant, painful, or neutral that arises dependent on eye contact, you’re aroused by these things. Someone who lives aroused like this—fettered, confused, concentrating on gratification—accumulates the five grasping aggregates for themselves in the future. And their craving—which leads to future lives, mixed up with relishing and greed, taking pleasure there wherever it alights—grows. Their physical and mental stress, torment, and fever grow. And they experience physical and mental suffering. When you don’t truly know and see the ear … nose … tongue … body … mind, ideas, mind consciousness, mind contact, and what is felt as pleasant, painful, or neutral that arises dependent on mind contact, you’re aroused by these things. Someone who lives aroused like this—fettered, confused, concentrating on gratification—accumulates the five grasping aggregates for themselves in the future. And their craving—which leads to future lives, mixed up with relishing and greed, taking pleasure there wherever it alights—grows. Their physical and mental stress, torment, and fever grow. And they experience physical and mental suffering.
၄၃၀။ ‘‘စက္ခုဉ္စ ခေါ, ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ, ရူပေ ဇာနံ ပဿံ ယထာဘူတံ, စက္ခုဝိညာဏံ ဇာနံ ပဿံ ယထာဘူတံ, စက္ခုသမ္ဖဿံ ဇာနံ ပဿံ ယထာဘူတံ, ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဇာနံ ပဿံ ယထာဘူတံ, စက္ခုသ္မိံ န သာရဇ္ဇတိ, ရူပေသု န သာရဇ္ဇတိ, စက္ခုဝိညာဏေ န သာရဇ္ဇတိ, စက္ခုသမ္ဖဿေ န သာရဇ္ဇတိ, ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ န သာရဇ္ဇတိ။
‘‘တဿ အသာရတ္တဿ အသံယုတ္တဿ အသမ္မူဠှဿ အာဒီနဝါနုပဿိနော ဝိဟရတော အာယတိံ ပဉ္စုပါဒါနက္ခန္ဓာ အပစယံ ဂစ္ဆန္တိ။ တဏှာ စဿ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ, သာ စဿ ပဟီယတိ။ တဿ ကာယိကာပိ ဒရထာ ပဟီယန္တိ, စေတသိကာပိ ဒရထာ ပဟီယန္တိ၊ ကာယိကာပိ သန္တာပါ ပဟီယန္တိ, စေတသိကာပိ သန္တာပါ ပဟီယန္တိ၊ ကာယိကာပိ ပရိဠာဟာ ပဟီယန္တိ, စေတသိကာပိ ပရိဠာဟာ ပဟီယန္တိ။ သော ကာယသုခမ္ပိ စေတောသုခမ္ပိ ပဋိသံဝေဒေတိ။
၄၃၀။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း သိမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခု ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်း ကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း သိမြင်၍ စက္ခု၌ ပြင်းစွာ မတပ်နှစ်သက်၊ ရူပါရုံ တို့၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုသမ္ဖဿ၌ ပြင်းစွာ မတပ် နှစ်သက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်း ကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။ ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဥ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်း ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်း ကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။
When you do truly know and see the eye, sights, eye consciousness, eye contact, and what is felt as pleasant, painful, or neutral that arises dependent on eye contact, you’re not aroused by these things. Someone who lives unaroused like this—unfettered, unconfused, concentrating on drawbacks—disperses the five grasping aggregates for themselves in the future. And their craving—which leads to future lives, mixed up with relishing and greed, taking pleasure there wherever it alights—is given up. Their physical and mental stress, torment, and fever are given up. And they experience physical and mental pleasure.
၄၃၁။ ‘‘ယာ တထာဘူတဿ [ယထာဘူတဿ (သီ။ ပီ။)] ဒိဋ္ဌိ သာဿ ဟောတိ သမ္မာဒိဋ္ဌိ၊ ယော တထာဘူတဿ [ယထာဘူတဿ (သီ။ ပီ။)] သင်္ကပ္ပေါ သွာဿ ဟောတိ သမ္မာသင်္ကပ္ပေါ၊ ယော တထာဘူတဿ [ယထာဘူတဿ (သီ။ ပီ။)] ဝါယာမော သွာဿ ဟောတိ သမ္မာဝါယာမော၊ ယာ တထာဘူတဿ [ယထာဘူတဿ (သီ။ ပီ။)] သတိ သာဿ ဟောတိ သမ္မာသတိ၊ ယော တထာဘူတဿ [ယထာဘူတဿ (သီ။ ပီ။)] သမာဓိ သွာဿ ဟောတိ သမ္မာသမာဓိ။ ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတိ။ ဧဝမဿာယံ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဘာဝနာပါရိပူရိံ ဂစ္ဆတိ။
‘‘တဿ ဧဝံ ဣမံ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝယတော စတ္တာရောပိ သတိပဋ္ဌာနာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, စတ္တာရောပိ သမ္မပ္ပဓာနာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, စတ္တာရောပိ ဣဒ္ဓိပါဒါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, ပဉ္စပိ ဣန္ဒြိယာနိ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, ပဉ္စပိ ဗလာနိ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, သတ္တပိ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ။
‘‘တဿိမေ ဒွေ ဓမ္မာ ယုဂနန္ဓာ [ယုဂနဒ္ဓါ (သီ။ သျာ။ ကံ။)] ဝတ္တန္တိ – သမထော စ ဝိပဿနာ စ။ သော ယေ ဓမ္မာ အဘိညာ ပရိညေယျာ တေ ဓမ္မေ အဘိညာ ပရိဇာနာတိ။ ယေ ဓမ္မာ အဘိညာ ပဟာတဗ္ဗာ တေ ဓမ္မေ အဘိညာ ပဇဟတိ။ ယေ ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ တေ ဓမ္မေ အဘိညာ ဘာဝေတိ။ ယေ ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ တေ ဓမ္မေ အဘိညာ သစ္ဆိကရောတိ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ပရိညေယျာ? ‘ပဉ္စုပါဒါနက္ခန္ဓာ’ တိဿ ဝစနီယံ, သေယျထိဒံ – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော, ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဓမ္မာ အဘိညာ ပရိညေယျာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ပဟာတဗ္ဗာ၊ အဝိဇ္ဇာ စ ဘဝတဏှာ စ – ဣမေ ဓမ္မာ အဘိညာ ပဟာတဗ္ဗာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ – ဣမေ ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ၊ ဝိဇ္ဇာ စ ဝိမုတ္တိ စ – ဣမေ ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ။
၄၃၁။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောထိုပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့ သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထို အောက်မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်း ကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။ ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ့ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါ နက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ပင်တည်း။
The view of such a person is right view. Their intention is right intention, their effort is right effort, their mindfulness is right mindfulness, and their immersion is right immersion. And their actions of body and speech, and their livelihood, have already been fully purified before. So this noble eightfold path is fully developed. When the noble eightfold path is developed, the following are fully developed: the four kinds of mindfulness meditation, the four right efforts, the four bases of psychic power, the five faculties, the five powers, and the seven awakening factors. And these two qualities proceed in conjunction: serenity and discernment. They completely understand by direct knowledge those things that should be completely understood by direct knowledge. They give up by direct knowledge those things that should be given up by direct knowledge. They develop by direct knowledge those things that should be developed by direct knowledge. They realize by direct knowledge those things that should be realized by direct knowledge. And what are the things that should be completely understood by direct knowledge? You should say: ‘The five grasping aggregates.’ That is: form, feeling, perception, choices, and consciousness. These are the things that should be completely understood by direct knowledge. And what are the things that should be given up by direct knowledge? Ignorance and craving for continued existence. These are the things that should be given up by direct knowledge. And what are the things that should be developed by direct knowledge? Serenity and discernment. These are the things that should be developed by direct knowledge. And what are the things that should be realized by direct knowledge? Knowledge and freedom. These are the things that should be realized by direct knowledge.
၄၃၂။ ‘‘သောတံ, ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ…ပေ… ဃာနံ ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ…ပေ… ဇိဝှံ, ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ… ကာယံ, ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ… မနံ, ဘိက္ခဝေ, ဇာနံ ပဿံ ယထာဘူတံ, ဓမ္မေ ဇာနံ ပဿံ ယထာဘူတံ, မနောဝိညာဏံ ဇာနံ ပဿံ ယထာဘူတံ, မနောသမ္ဖဿံ ဇာနံ ပဿံ ယထာဘူတံ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဇာနံ ပဿံ ယထာဘူတံ, မနသ္မိံ န သာရဇ္ဇတိ, ဓမ္မေသု န သာရဇ္ဇတိ, မနောဝိညာဏေ န သာရဇ္ဇတိ, မနောသမ္ဖဿေ န သာရဇ္ဇတိ, ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ န သာရဇ္ဇတိ။
‘‘တဿ အသာရတ္တဿ အသံယုတ္တဿ အသမ္မူဠှဿ အာဒီနဝါနုပဿိနော ဝိဟရတော အာယတိံ ပဉ္စုပါဒါနက္ခန္ဓာ အပစယံ ဂစ္ဆန္တိ။ တဏှာ စဿ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ, သာ စဿ ပဟီယတိ။ တဿ ကာယိကာပိ ဒရထာ ပဟီယန္တိ, စေတသိကာပိ ဒရထာ ပဟီယန္တိ၊ ကာယိကာပိ သန္တာပါ ပဟီယန္တိ, စေတသိကာပိ သန္တာပါ ပဟီယန္တိ၊ ကာယိကာပိ ပရိဠာဟာ ပဟီယန္တိ, စေတသိကာပိ ပရိဠာဟာ ပဟီယန္တိ။ သော ကာယသုခမ္ပိ စေတောသုခမ္ပိ ပဋိသံဝေဒေတိ။
၄၃၂။ ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဤမနော ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ် မှန်တိုင်း သိမြင်၍ မနကို ပြင်းစွာ မတပ်နှစ်သက်၊ ဓမ္မာရုံတို့၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿ၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သောဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။ ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဥ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွသော ထိုထို အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏၊ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်း ကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။
When you truly know and see the ear … nose … tongue … body … mind, ideas, mind consciousness, mind contact, and what is felt as pleasant, painful, or neutral that arises dependent on mind contact, you are not aroused by these things. …
၄၃၃။ ‘‘ယာ တထာဘူတဿ ဒိဋ္ဌိ သာဿ ဟောတိ သမ္မာဒိဋ္ဌိ၊ ယော တထာဘူတဿ သင်္ကပ္ပေါ သွာဿ ဟောတိ သမ္မာသင်္ကပ္ပေါ၊ ယော တထာဘူတဿ ဝါယာမော သွာဿ ဟောတိ သမ္မာဝါယာမော၊ ယာ တထာဘူတဿ သတိ သာဿ ဟောတိ သမ္မာသတိ၊ ယော တထာဘူတဿ သမာဓိ သွာဿ ဟောတိ သမ္မာသမာဓိ။ ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတိ။ ဧဝမဿာယံ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဘာဝနာပါရိပူရိံ ဂစ္ဆတိ။
‘‘တဿ ဧဝံ ဣမံ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝယတော စတ္တာရောပိ သတိပဋ္ဌာနာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, စတ္တာရောပိ သမ္မပ္ပဓာနာ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, စတ္တာရောပိ ဣဒ္ဓိပါဒါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, ပဉ္စပိ ဣန္ဒြိယာနိ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, ပဉ္စပိ ဗလာနိ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ, သတ္တပိ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ။
‘‘တဿိမေ ဒွေ ဓမ္မာ ယုဂနန္ဓာ ဝတ္တန္တိ – သမထော စ ဝိပဿနာ စ။ သော ယေ ဓမ္မာ အဘိညာ ပရိညေယျာ တေ ဓမ္မေ အဘိညာ ပရိဇာနာတိ။ ယေ ဓမ္မာ အဘိညာ ပဟာတဗ္ဗာ တေ ဓမ္မေ အဘိညာ ပဇဟတိ။ ယေ ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ တေ ဓမ္မေ အဘိညာ ဘာဝေတိ။ ယေ ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ တေ ဓမ္မေ အဘိညာ သစ္ဆိကရောတိ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ပရိညေယျာ? ‘ပဉ္စုပါဒါနက္ခန္ဓာ’ တိဿ ဝစနီယံ, သေယျထိဒံ – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော, ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဓမ္မာ အဘိညာ ပရိညေယျာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ပဟာတဗ္ဗာ? အဝိဇ္ဇာ စ ဘဝတဏှာ စ – ဣမေ ဓမ္မာ အဘိညာ ပဟာတဗ္ဗာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ? သမထော စ ဝိပဿနာ စ – ဣမေ ဓမ္မာ အဘိညာ ဘာဝေတဗ္ဗာ။
‘‘ကတမေ စ, ဘိက္ခဝေ, ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ? ဝိဇ္ဇာ စ ဝိမုတ္တိ စ – ဣမေ ဓမ္မာ အဘိညာ သစ္ဆိကာတဗ္ဗာ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
မဟာသဠာယတနိကသုတ္တံ နိဋ္ဌိတံ သတ္တမံ။
၄၃၃။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ် သောပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာ့သင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအောက် မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်းကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။ ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ် တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ ပင်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။ ခုနစ်ခုမြောက် မဟာသဠာယတနိကသုတ် ပြီး၏။
These are the things that should be realized by direct knowledge.” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.
၈။ နဂရဝိန္ဒေယျသုတ္တံ
၄၃၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန နဂရဝိန္ဒံ နာမ ကောသလာနံ ဗြာဟ္မဏာနံ ဂါမော တဒဝသရိ။ အဿောသုံ ခေါ နဂရဝိန္ဒေယျကာ [နဂရဝိန္ဒေယျာ (က။)] ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ နဂရဝိန္ဒံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။
အထ ခေါ နဂရဝိန္ဒေယျကာ ဗြာဟ္မဏဂဟပတိကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ ဘဂဝတော သန္တိကေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု။ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နေ ခေါ နဂရဝိန္ဒေယျကေ ဗြာဟ္မဏဂဟပတိကေ ဘဂဝါ ဧတဒဝေါစ –
၈-နဂရဝိန္ဒေယျသုတ် ၄၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒမည်သော ပုဏ္ဏားရွာဆီသို့ ဆိုက်ရောက်တော်မူ၏၊ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ စင်စစ် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒရွာသို့ အစဥ်ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့ နှံ့၍ ထွက်၏- ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောက သုံးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့ ၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ (သာသနာအတွင်းအပရှိ) သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ထင်ရှားပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ အား ဖူးမြင်ရခြင်းသည် ကောင်းသည်သာလျှင်တည်း”ဟု ကြားကုန်၏။ ထိုအခါ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ အချို့သူ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရား နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် အမည်အနွယ်ကို လျှောက်ကြား ကုန်၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် ဆိတ်ဆိတ်ဖြစ်ကုန်၍ သင့်လျော်ရာ၌ ထိုင်နေ ကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကြပြီးသော် နဂရဝိန္ဒရွာသား ပုဏ္ဏားသူကြွယ်တို့ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-
Middle Discourses 150 With the People of Nagaravinda So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants when he arrived at a village of the Kosalan brahmins named Nagaravinda. The brahmins and householders of Nagaravinda heard, “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—while wandering in the land of the Kosalans has arrived at Nagaravinda, together with a large Saṅgha of mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.” Then the brahmins and householders of Nagaravinda went up to the Buddha. Before sitting down to one side, some bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent. The Buddha said to them:
၄၃၅။ ‘‘သစေ ဝေါ, ဂဟပတယော, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကထံဘူတာ, ဂဟပတယော, သမဏဗြာဟ္မဏာ န သက္ကာတဗ္ဗာ န ဂရုကာတဗ္ဗာ န မာနေတဗ္ဗာ န ပူဇေတဗ္ဗာ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘ယေ တေ သမဏဗြာဟ္မဏာ စက္ခုဝိညေယျေသု ရူပေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ, အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရန္တိ ကာယေန ဝါစာယ မနသာ, ဧဝရူပါ သမဏဗြာဟ္မဏာ န သက္ကာတဗ္ဗာ န ဂရုကာတဗ္ဗာ န မာနေတဗ္ဗာ န ပူဇေတဗ္ဗာ။ တံ ကိဿ ဟေတု? မယမ္ပိ ဟိ စက္ခုဝိညေယျေသု ရူပေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ, အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရာမ ကာယေန ဝါစာယ မနသာ, တေသံ နော သမစရိယမ္ပိ ဟေတံ ဥတ္တရိ အပဿတံ။ တသ္မာ တေ ဘောန္တော သမဏဗြာဟ္မဏာ န သက္ကာတဗ္ဗာ န ဂရုကာတဗ္ဗာ န မာနေတဗ္ဗာ န ပူဇေတဗ္ဗာ။ ယေ တေ သမဏဗြာဟ္မဏာ သောတဝိညေယျေသု သဒ္ဒေသု… ဃာနဝိညေယျေသု ဂန္ဓေသု… ဇိဝှါဝိညေယျေသု ရသေသု… ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု… မနောဝိညေယျေသု ဓမ္မေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ, အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရန္တိ ကာယေန ဝါစာယ မနသာ, ဧဝရူပါ သမဏဗြာဟ္မဏာ န သက္ကာတဗ္ဗာ န ဂရုကာတဗ္ဗာ န မာနေတဗ္ဗာ န ပူဇေတဗ္ဗာ။ တံ ကိဿ ဟေတု? မယမ္ပိ ဟိ မနောဝိညေယျေသု ဓမ္မေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ, အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရာမ ကာယေန ဝါစာယ မနသာ, တေသံ နော သမစရိယမ္ပိ ဟေတံ ဥတ္တရိ အပဿတံ။ တသ္မာ တေ ဘောန္တော သမဏဗြာဟ္မဏာ န သက္ကာတဗ္ဗာ န ဂရုကာတဗ္ဗာ န မာနေတဗ္ဗာ န ပူဇေတဗ္ဗာ’တိ။ ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ။
၄၃၅။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့အား- “သူကြွယ်တို့ အဘယ်သို့ ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေ မပြုအပ်ကုန်သနည်း၊ အလေးမပြုအပ်ကုန်သနည်း၊ မမြတ်နိုးအပ်ကုန်သနည်း၊ မပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြား အံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန် သော သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော့်အပ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေး မပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။ အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရို အသေ မပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူ- ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်း သော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ် ကုန်၊ မပူဇော်အပ်ကုန်”ဟု (ဖြေဆိုရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။
“Householders, if wanderers who follow another religion were to ask you: ‘What kind of ascetic or brahmin doesn’t deserve honor, respect, reverence, and veneration?’ You should answer them: ‘There are ascetics and brahmins who are not free of greed, hate, and delusion for sights known by the eye, whose minds are not settled internally, and who conduct themselves badly among the good by way of body, speech, and mind. They don’t deserve honor, respect, reverence, and veneration. Why is that? Because we ourselves are not free of these things, so we do not see that they have any higher good conduct than us. That’s why they don’t deserve honor, respect, reverence, and veneration. There are ascetics and brahmins who are not free of greed, hate, and delusion for sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind, who are not settled internally, and who conduct themselves badly among the good by way of body, speech, and mind. They don’t deserve honor, respect, reverence, and veneration. Why is that? Because we ourselves are not free of these things, so we do not see that they have any higher good conduct than us. That’s why they don’t deserve honor, respect, reverence, and veneration.’ When questioned by wanderers of other religions, that’s how you should answer them.
၄၃၆။ ‘‘သစေ ပန ဝေါ, ဂဟပတယော, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကထံဘူတာ, ဂဟပတယော, သမဏဗြာဟ္မဏာ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘ယေ တေ သမဏဗြာဟ္မဏာ စက္ခုဝိညေယျေသု ရူပေသု ဝီတရာဂါ ဝီတဒေါသာ ဝီတမောဟာ, အဇ္ဈတ္တံ ဝူပသန္တစိတ္တာ, သမစရိယံ စရန္တိ ကာယေန ဝါစာယ မနသာ, ဧဝရူပါ သမဏဗြာဟ္မဏာ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ။ တံ ကိဿ ဟေတု? မယမ္ပိ ဟိ [မယံ ဟိ (?)] စက္ခုဝိညေယျေသု ရူပေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ, အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရာမ ကာယေန ဝါစာယ မနသာ, တေသံ နော သမစရိယမ္ပိ ဟေတံ ဥတ္တရိ ပဿတံ။ တသ္မာ တေ ဘောန္တော သမဏဗြာဟ္မဏာ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ။ ယေ တေ သမဏဗြာဟ္မဏာ သောတဝိညေယျေသု သဒ္ဒေသု… ဃာနဝိညေယျေသု ဂန္ဓေသု… ဇိဝှါဝိညေယျေသု ရသေသု… ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု… မနောဝိညေယျေသု ဓမ္မေသု ဝီတရာဂါ ဝီတဒေါသာ ဝီတမောဟာ, အဇ္ဈတ္တံ ဝူပသန္တစိတ္တာ, သမစရိယံ စရန္တိ ကာယေန ဝါစာယ မနသာ, ဧဝရူပါ သမဏဗြာဟ္မဏာ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ။ တံ ကိဿ ဟေတု? မယမ္ပိ ဟိ မနောဝိညေယျေသု ဓမ္မေသု အဝီတရာဂါ အဝီတဒေါသာ အဝီတမောဟာ အဇ္ဈတ္တံ အဝူပသန္တစိတ္တာ, သမဝိသမံ စရာမ ကာယေန ဝါစာယ မနသာ, တေသံ နော သမစရိယမ္ပိ ဟေတံ ဥတ္တရိ ပဿတံ။ တသ္မာ တေ ဘောန္တော သမဏဗြာဟ္မဏာ သက္ကာတဗ္ဗာ ဂရုကာတဗ္ဗာ မာနေတဗ္ဗာ ပူဇေတဗ္ဗာ’တိ။ ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ။
၄၃၆။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့ အား- “သူကြွယ်တို့ အဘယ်သို့ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်သနည်း၊ အလေးပြုအပ်ကုန်သနည်း၊ မြတ်နိုးအပ်ကုန်သနည်း၊ ပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏-“အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် သော ရူပါရုံတို့၌ ရာဂကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ် ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိ ကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထို အသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြု အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏။ အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ့ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ ရာဂ ကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ် ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သော အကျင့် ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင် သမဏဗြာဟ္မဏ တို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏”ဟု (ဖြေဆို ရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။
If wanderers of other religions were to ask you: ‘What kind of ascetic or brahmin deserves honor, respect, reverence, and veneration?’ You should answer them: ‘There are ascetics and brahmins who are free of greed, hate, and delusion for sights known by the eye, whose minds are settled internally, and who conduct themselves well by way of body, speech, and mind. They deserve honor, respect, reverence, and veneration. Why is that? Because we ourselves are not free of these things, but we see that they have a higher good conduct than us. That’s why they deserve honor, respect, reverence, and veneration. There are ascetics and brahmins who are free of greed, hate, and delusion for sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind, whose minds are settled internally, and who conduct themselves well by way of body, speech, and mind. They deserve honor, respect, reverence, and veneration. Why is that? Because we ourselves are not free of these things, but we see that they have a higher good conduct than us. That’s why they deserve honor, respect, reverence, and veneration.’ When questioned by wanderers of other religions, that’s how you should answer them.
၄၃၇။ ‘‘သစေ ပန ဝေါ [သစေ တေ (သျာ။ ကံ။ ပီ။ က။)], ဂဟပတယော, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကေ ပနာယသ္မန္တာနံ အာကာရာ, ကေ အနွယာ, ယေန တုမှေ အာယသ္မန္တော ဧဝံ ဝဒေထ? အဒ္ဓါ တေ အာယသ္မန္တော ဝီတရာဂါ ဝါ ရာဂဝိနယာယ ဝါ ပဋိပန္နာ, ဝီတဒေါသာ ဝါ ဒေါသဝိနယာယ ဝါ ပဋိပန္နာ, ဝီတမောဟာ ဝါ မောဟဝိနယာယ ဝါ ပဋိပန္နာ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘တထာ ဟိ တေ အာယသ္မန္တော အရညဝနပတ္ထာနိ ပန္တာနိ သေနာသနာနိ ပဋိသေဝန္တိ။ နတ္ထိ ခေါ ပန တတ္ထ တထာရူပါ စက္ခုဝိညေယျာ ရူပါ ယေ ဒိသွာ ဒိသွာ အဘိရမေယျုံ, နတ္ထိ ခေါ ပန တတ္ထ တထာရူပါ သောတဝိညေယျာ သဒ္ဒါ ယေ သုတွာ သုတွာ အဘိရမေယျုံ, နတ္ထိ ခေါ ပန တတ္ထ တထာရူပါ ဃာနဝိညေယျာ ဂန္ဓာ ယေ ဃာယိတွာ ဃာယိတွာ အဘိရမေယျုံ, နတ္ထိ ခေါ ပန တတ္ထ တထာရူပါ ဇိဝှါဝိညေယျာ ရသာ ယေ သာယိတွာ သာယိတွာ အဘိရမေယျုံ, နတ္ထိ ခေါ ပန တတ္ထ တထာရူပါ ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ ယေ ဖုသိတွာ ဖုသိတွာ အဘိရမေယျုံ။ ဣမေ ခေါ နော, အာဝုသော, အာကာရာ, ဣမေ အနွယာ, ယေန မယံ [ယေန မယံ အာယသ္မန္တော (သီ။ ပီ။), ယေန မယံ အာယသ္မန္တေ (သျာ။ ကံ။)] ဧဝံ ဝဒေမ – အဒ္ဓါ တေ အာယသ္မန္တော ဝီတရာဂါ ဝါ ရာဂဝိနယာယ ဝါ ပဋိပန္နာ, ဝီတဒေါသာ ဝါ ဒေါသဝိနယာယ ဝါ ပဋိပန္နာ, ဝီတမောဟာ ဝါ မောဟဝိနယာယ ဝါ ပဋိပန္နာ’တိ။ ဧဝံ ပုဋ္ဌာ တုမှေ, ဂဟပတယော, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထာ’’တိ။
ဧဝံ ဝုတ္တေ, နဂရဝိန္ဒေယျကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။
နဂရဝိန္ဒေယျသုတ္တံ နိဋ္ဌိတံ အဋ္ဌမံ။
၄၃၇။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့အား “အသျှင်သူကြွယ်တို့ ‘မချွတ် ထိုအသျှင်တို့သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ ဟူ၍ သင်တို့ ဆိုခြင်း၏ အကြောင်းအထောက် အထားကား အဘယ်နည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သည် ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “ထိုသို့ ရာဂ ဒေါသ မောဟ ကင်းသောကြောင့်သာလျှင် ထိုအသျှင်သမဏဗြာဟ္မဏတို့သည် တောစွန် တောင်ဖျားဖြစ်ကုန်သော ကျောင်းတို့ကို မှီဝဲကုန်၏။ အကြင်ရူပါရုံတို့ကို မြင်ကုန်၍ မြင်ကုန်၍ အလွန်မွေ့ လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ထိုတော ကျောင်း၌ မရှိကုန်။ အကြင်သဒ္ဒါရုံတို့ကို ကြားကုန်၍ ကြားကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့ သဘောရှိကုန်သော သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိ ကုန်။ အကြင်ဂန္ဓာရုံတို့ကို နံကုန်၍ နံကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ရသာ ရုံတို့ကို လျက်ကုန်၍ လျက်ကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဇိဝှါဝိညာဏ်ဖြင့် သိအပ် ကုန်သော ရသာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ထိကုန်၍ တွေ့ထိကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အိုငါ့သျှင်တို့ ငါတို့သည် မချွတ် ထိုအသျှင်တို့ သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ဟု” ဆိုခြင်း၏ အကြောင်း အထောက်အထားတို့ကား ဤသည်တို့ပင်တည်း။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ဟု (မိန့်တော်မူ၏)။ ဤသို့မိန့်တော်မူသော် နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင် ဂေါတမကိုု ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်းကောင်း ရဟန်းအပေါင်းကိုလည်း ကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက် ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု (လျှောက် ကြကုန်၏)။ ရှစ်ခုမြောက် နဂရဝိန္ဒေယျသုတ် ပြီး၏။
If wanderers of other religions were to ask you: ‘But what reasons and evidence do you have regarding those venerables that justifies saying, “Clearly those venerables are free of greed, hate, and delusion, or practicing to be free of them”?’ You should answer them: ‘It’s because those venerables frequent remote lodgings in the wilderness and the forest. In such places there are no sights known by the eye to see and enjoy, there are no sounds known by the ear to hear and enjoy, no odors known by the nose to smell and enjoy, no flavors known by the tongue to taste and enjoy, and no touches known by the body to feel and enjoy. These are the reasons and evidence that you have regarding those venerables that justifies saying, “Clearly those venerables are free of greed, hate, and delusion, or practicing to be free of them”.’ When questioned by wanderers of other religions, that’s how you should answer them.” When he had spoken, the brahmins and householders of Nagaravinda said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the Teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”
၉။ ပိဏ္ဍပါတပါရိသုဒ္ဓိသုတ္တံ
၄၃၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မာ သာရိပုတ္တော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ သာရိပုတ္တံ ဘဂဝါ ဧတဒဝေါစ –
‘‘ဝိပ္ပသန္နာနိ ခေါ တေ, သာရိပုတ္တ, ဣန္ဒြိယာနိ, ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော။ ကတမေန ခေါ တွံ, သာရိပုတ္တ, ဝိဟာရေန ဧတရဟိ ဗဟုလံ ဝိဟရသီ’’တိ? ‘‘သုညတာဝိဟာရေန ခေါ အဟံ, ဘန္တေ, ဧတရဟိ ဗဟုလံ ဝိဟရာမီ’’တိ။ ‘‘သာဓု, သာဓု, သာရိပုတ္တ! မဟာပုရိသဝိဟာရေန ကိရ တွံ, သာရိပုတ္တ, ဧတရဟိ ဗဟုလံ ဝိဟရသိ။ မဟာပုရိသဝိဟာရော ဧသော [ဟေသ (သီ။ သျာ။ ကံ။ ပီ။)], သာရိပုတ္တ, ယဒိဒံ – သုညတာ။ တသ္မာတိဟ, သာရိပုတ္တ, ဘိက္ခု သစေ အာကင်္ခေယျ – ‘သုညတာဝိဟာရေန ဗဟုလံ [ဧတရဟိ ဗဟုလံ (သီ။ ပီ။)] ဝိဟရေယျ’န္တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, အတ္ထိ နု ခေါ မေ တတ္ထ စက္ခုဝိညေယျေသု ရူပေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, အတ္ထိ မေ တတ္ထ စက္ခုဝိညေယျေသု ရူပေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေသံယေဝ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, နတ္ထိ မေ တတ္ထ စက္ခုဝိညေယျေသု ရူပေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၉-ပိဏ္ဍပါတပါရိသုဒ္ဓိသုတ် ၄၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ သာရိပုတြာ စင်စစ် သင်သည် ယခုအခါ အဘယ်နေခြင်းဖြင့် များစွာ နေသနည်းဟု (မိန့်တော် မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် ယခုအခါ သုညတဖလသမာပတ်ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာနေပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ယခုအခါ ယောကျာ်းမြတ်တို့၏ နေခြင်းဖြင့် များစွာ နေပေသတတ်၊ သာရိပုတြာ ထိုဖလသမာပတ်ဝင်စား ခြင်းဟူသော နေခြင်းသည် ယောကျာ်း မြတ်တို့၏ နေခြင်းတည်း။ သာရိပုတြာ ထို့ကြောင့် ဤသာသနာ တော်၌ ရဟန်းသည် “သုညတဖလသမာပတ် ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာ နေလိုငြားအံ့၊ သာရိပုတြာ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင်ခရီးဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊ အကြင် အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခွါ၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်း သည်လည်းကောင်း ပြင်းစွာတပ်နှစ်သက် ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက် ခြင်းသည်လည်းကောင်း ရှိလေသလောဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏၊ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ် သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ထိုကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Middle Discourses 151 The Purification of Alms So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then in the late afternoon, Sāriputta came out of retreat and went to the Buddha. He bowed and sat down to one side. The Buddha said to him, “Sāriputta, your faculties are so very clear, and your complexion is pure and bright. What kind of meditation are you usually practicing these days?” “Sir, these days I usually practice the meditation on emptiness.” “Good, good, Sāriputta! It seems you usually practice the meditation of a great man. For emptiness is the meditation of a great man. Now, a mendicant might wish: ‘May I usually practice the meditation on emptiness.’ So they should reflect: ‘Along the path that I went for alms, or in the place I wandered for alms, or along the path that I returned from alms, was there any desire or greed or hate or delusion or aversion in my heart for sights known by the eye?’ Suppose that, upon checking, a mendicant knows that there was such desire or greed or hate or delusion or aversion in their heart, they should make an effort to give up those unskillful qualities. But suppose that, upon checking, a mendicant knows that there was no such desire or greed or hate or delusion or aversion in their heart, they should meditate with rapture and joy, training day and night in skillful qualities.
၄၃၉။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, အတ္ထိ နု ခေါ မေ တတ္ထ သောတဝိညေယျေသု သဒ္ဒေသု ။ပ။ ဃာနဝိညေယျေသု ဂန္ဓေသု… ဇိဝှါဝိညေယျေသု ရသေသု။ ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု။ မနောဝိညေယျေသု ဓမ္မေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, အတ္ထိ မေ တတ္ထ မနောဝိညေယျေသု ဓမ္မေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေသံယေဝ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ယေန စာဟံ မဂ္ဂေန ဂါမံ ပိဏ္ဍာယ ပါဝိသိံ, ယသ္မိဉ္စ ပဒေသေ ပိဏ္ဍာယ အစရိံ, ယေန စ မဂ္ဂေန ဂါမတော ပိဏ္ဍာယ ပဋိက္ကမိံ, နတ္ထိ မေ တတ္ထ မနောဝိညေယျေသု ဓမ္မေသု ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ မောဟော ဝါ ပဋိဃံ ဝါပိ စေတသော’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၃၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင် ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့် လည်ရာ၌ ငါ့အား သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌။ပ။ ကာယဝိညာဏ် ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာတပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်း သည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိလေသလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကိုထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ် ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Along the path that I went for alms, or in the place I wandered for alms, or along the path that I returned from alms, was there any desire or greed or hate or delusion or repulsion in my heart for sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind?’ Suppose that, upon checking, a mendicant knows that there was such desire or greed or hate or delusion or aversion in their heart, they should make an effort to give up those unskillful qualities. But suppose that, upon checking, a mendicant knows that there was no such desire or greed or hate or delusion or aversion in their heart, they should meditate with rapture and joy, training day and night in skillful qualities.
၄၄၀။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ပဟီနာ နု ခေါ မေ ပဉ္စ ကာမဂုဏာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အပ္ပဟီနာ ခေါ မေ ပဉ္စ ကာမဂုဏာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ပဉ္စန္နံ ကာမဂုဏာနံ ပဟာနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ပဟီနာ ခေါ မေ ပဉ္စ ကာမဂုဏာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၀။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I given up the five kinds of sensual stimulation?’ Suppose that, upon checking, a mendicant knows that they have not given them up, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have given them up, they should meditate with rapture and joy, training day and night in skillful qualities.
၄၄၁။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ပဟီနာ နု ခေါ မေ ပဉ္စ နီဝရဏာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အပ္ပဟီနာ ခေါ မေ ပဉ္စ နီဝရဏာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ပဉ္စန္နံ နီဝရဏာနံ ပဟာနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ပဟီနာ ခေါ မေ ပဉ္စ နီဝရဏာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော နီဝရဏတို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I given up the five hindrances?’ Suppose that, upon checking, a mendicant knows that they have not given them up, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have given them up, they should meditate with rapture and joy, training day and night in skillful qualities.
၄၄၂။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ပရိညာတာ နု ခေါ မေ ပဉ္စုပါဒါနက္ခန္ဓာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အပရိညာတာ ခေါ မေ ပဉ္စုပါဒါနက္ခန္ဓာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ ပရိညာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ပရိညာတာ ခေါ မေ ပဉ္စုပါဒါနက္ခန္ဓာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၂။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ မသိရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိခြင်းငှါ အားထုတ်ရမည်၊ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I completely understood the five grasping aggregates?’ Suppose that, upon checking, a mendicant knows that they have not completely understood them, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have completely understood them, they should meditate with rapture and joy, training day and night in skillful qualities.
၄၄၃။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာ နု ခေါ မေ စတ္တာရော သတိပဋ္ဌာနာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာ ခေါ မေ စတ္တာရော သတိပဋ္ဌာနာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ စတုန္နံ သတိပဋ္ဌာနာနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာ ခေါ မေ စတ္တာရော သတိပဋ္ဌာနာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၃။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီး ပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်း မြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I developed the four kinds of mindfulness meditation?’ Suppose that, upon checking, a mendicant knows that they haven’t developed them, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have developed them, they should meditate with rapture and joy, training day and night in skillful qualities.
၄၄၄။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာ နု ခေါ မေ စတ္တာရော သမ္မပ္ပဓာနာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာ ခေါ မေ စတ္တာရော သမ္မပ္ပဓာနာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ စတုန္နံ သမ္မပ္ပဓာနာနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာ ခေါ မေ စတ္တာရော သမ္မပ္ပဓာနာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၄။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I developed the four right efforts …
၄၄၅။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာ နု ခေါ မေ စတ္တာရော ဣဒ္ဓိပါဒါ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာ ခေါ မေ စတ္တာရော ဣဒ္ဓိပါဒါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ စတုန္နံ ဣဒ္ဓိပါဒါနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာ ခေါ မေ စတ္တာရော ဣဒ္ဓိပါဒါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၅။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
the four bases of psychic power …
၄၄၆။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာနိ နု ခေါ မေ ပဉ္စိန္ဒြိယာနီ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာနိ ခေါ မေ ပဉ္စိန္ဒြိယာနီ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ပဉ္စန္နံ ဣန္ဒြိယာနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာနိ ခေါ မေ ပဉ္စိန္ဒြိယာနီ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၆။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
the five faculties …
၄၄၇။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာနိ နု ခေါ မေ ပဉ္စ ဗလာနီ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာနိ ခေါ မေ ပဉ္စ ဗလာနီ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ပဉ္စန္နံ ဗလာနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာနိ ခေါ မေ ပဉ္စ ဗလာနီ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၇။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်း သည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
the five powers …
၄၄၈။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာ နု ခေါ မေ သတ္တ ဗောဇ္ဈင်္ဂါ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာ ခေါ မေ သတ္တ ဗောဇ္ဈင်္ဂါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ သတ္တန္နံ ဗောဇ္ဈင်္ဂါနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာ ခေါ မေ သတ္တ ဗောဇ္ဈင်္ဂါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၈။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
the seven awakening factors …
၄၄၉။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတော နု ခေါ မေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတော ခေါ မေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတော ခေါ မေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၄၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
the noble eightfold path?’ Suppose that, upon checking, a mendicant knows that they haven’t developed it, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have developed it, they should meditate with rapture and joy, training day and night in skillful qualities.
၄၅၀။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘ဘာဝိတာ နု ခေါ မေ သမထော စ ဝိပဿနာ စာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အဘာဝိတာ ခေါ မေ သမထော စ ဝိပဿနာ စာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ သမထဝိပဿနာနံ ဘာဝနာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘ဘာဝိတာ ခေါ မေ သမထော စ ဝိပဿနာ စာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၅၀။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် သမထ ကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း ဝိပဿနာကိုလည်းကောင်း မပွါးများ ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I developed serenity and discernment?’ Suppose that, upon checking, a mendicant knows that they haven’t developed them, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have developed them, they should meditate with rapture and joy, training day and night in skillful qualities.
၄၅၁။ ‘‘ပုန စပရံ, သာရိပုတ္တ, ဘိက္ခုနာ ဣတိ ပဋိသဉ္စိက္ခိတဗ္ဗံ – ‘သစ္ဆိကတာ နု ခေါ မေ ဝိဇ္ဇာ စ ဝိမုတ္တိ စာ’တိ? သစေ, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘အသစ္ဆိကတာ ခေါ မေ ဝိဇ္ဇာ စ ဝိမုတ္တိ စာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ ဝိဇ္ဇာယ ဝိမုတ္တိယာ သစ္ဆိကိရိယာယ ဝါယမိတဗ္ဗံ။ သစေ ပန, သာရိပုတ္တ, ဘိက္ခု ပစ္စဝေက္ခမာနော ဧဝံ ဇာနာတိ – ‘သစ္ဆိကတာ ခေါ မေ ဝိဇ္ဇာ စ ဝိမုတ္တိ စာ’တိ, တေန, သာရိပုတ္တ, ဘိက္ခုနာ တေနေဝ ပီတိပါမောဇ္ဇေန ဝိဟာတဗ္ဗံ အဟောရတ္တာနုသိက္ခိနာ ကုသလေသု ဓမ္မေသု။
၄၅၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီလော”ဟု (ဆင်ခြင်ရ မည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တ ဖိုလ်ကိုလည်းကောင်း မျက်မှောက်မပြုရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်း ငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည့်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
Furthermore, a mendicant should reflect: ‘Have I realized knowledge and freedom?’ Suppose that, upon checking, a mendicant knows that they haven’t realized them, they should make an effort to do so. But suppose that, upon checking, a mendicant knows that they have realized them, they should meditate with rapture and joy, training day and night in skillful qualities.
၄၅၂။ ‘‘ယေ ဟိ ကေစိ, သာရိပုတ္တ, အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပိဏ္ဍပါတံ ပရိသောဓေသုံ, သဗ္ဗေ တေ ဧဝမေဝ ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ပိဏ္ဍပါတံ ပရိသောဓေသုံ။ ယေပိ ဟိ ကေစိ, သာရိပုတ္တ, အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပိဏ္ဍပါတံ ပရိသောဓေဿန္တိ, သဗ္ဗေ တေ ဧဝမေဝ ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ပိဏ္ဍပါတံ ပရိသောဓေဿန္တိ။ ယေပိ ဟိ ကေစိ, သာရိပုတ္တ, ဧတရဟိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပိဏ္ဍပါတံ ပရိသောဓေန္တိ, သဗ္ဗေ တေ ဧဝမေဝ ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ပိဏ္ဍပါတံ ပရိသောဓေန္တိ။ တသ္မာတိဟ, သာရိပုတ္တ [ဝေါ သာရိပုတ္တ ဧဝံ သိက္ခိတဗ္ဗံ (သီ။ ပီ။)], ‘ပစ္စဝေက္ခိတွာ ပစ္စဝေက္ခိတွာ ပိဏ္ဍပါတံ ပရိသောဓေဿာမာ’တိ – ဧဝဉှိ ဝေါ, သာရိပုတ္တ, သိက္ခိတဗ္ဗ’’န္တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ သာရိပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။
ပိဏ္ဍပါတပါရိသုဒ္ဓိသုတ္တံ နိဋ္ဌိတံ နဝမံ။
၄၅၂။ သာရိပုတြာ လွန်လေပြီးသော ကာလက ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်၏။ သာရိပုတြာ လာလတ္တံ့ သော ကာလ၌ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်လတ္တံ့။ သာရိပုတြာ ယခုအခါ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ သုတ်သင်ကုန်၏။ သာရိပုတြာ ထို့ကြောင့် ဤ သာသနာတော်၌ “ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကြကုန်အံ့”ဟု ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ ကိုးခုမြောက် ပိဏ္ဍပါတပါရိသုဒ္ဓိသုတ် ပြီး၏။
Whether in the past, future, or present, all those who purify their almsfood do so by continually checking in this way. So, Sāriputta, you should all train like this: ‘We shall purify our almsfood by continually checking.’” That is what the Buddha said. Satisfied, Venerable Sāriputta approved what the Buddha said.
၁၀။ ဣန္ဒြိယဘာဝနာသုတ္တံ
၄၅၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဂဇင်္ဂလာယံ [ကဇင်္ဂလာယံ (သီ။ ပီ။), ကဇ္ဇင်္ဂလာယံ (သျာ။ ကံ။)] ဝိဟရတိ သုဝေဠုဝနေ [ဝေဠုဝနေ (သျာ။ ကံ။), မုခေလုဝနေ (သီ။ ပီ။)]။ အထ ခေါ ဥတ္တရော မာဏဝေါ ပါရာသိဝိယန္တေဝါသီ [ပါရာသရိယန္တေဝါသီ (သီ။ ပီ။), ပါရာသိရိယန္တေဝါသီ (သျာ။ ကံ။)] ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဥတ္တရံ မာဏဝံ ပါရာသိဝိယန္တေဝါသိံ ဘဂဝါ ဧတဒဝေါစ – ‘‘ဒေသေတိ, ဥတ္တရ, ပါရာသိဝိယော ဗြာဟ္မဏော သာဝကာနံ ဣန္ဒြိယဘာဝန’’န္တိ? ‘‘ဒေသေတိ, ဘော ဂေါတမ, ပါရာသိဝိယော ဗြာဟ္မဏော သာဝကာနံ ဣန္ဒြိယဘာဝန’’န္တိ။ ‘‘ယထာ ကထံ ပန, ဥတ္တရ, ဒေသေတိ ပါရာသိဝိယော ဗြာဟ္မဏော သာဝကာနံ ဣန္ဒြိယဘာဝန’’န္တိ? ‘‘ဣဓ, ဘော ဂေါတမ, စက္ခုနာ ရူပံ န ပဿတိ, သောတေန သဒ္ဒံ န သုဏာတိ – ဧဝံ ခေါ, ဘော ဂေါတမ, ဒေသေတိ ပါရာသိဝိယော ဗြာဟ္မဏော သာဝကာနံ ဣန္ဒြိယဘာဝန’’န္တိ။ ‘‘ဧဝံ သန္တေ ခေါ, ဥတ္တရ, အန္ဓော ဘာဝိတိန္ဒြိယော ဘဝိဿတိ, ဗဓိရော ဘာဝိတိန္ဒြိယော ဘဝိဿတိ၊ ယထာ ပါရာသိဝိယဿ ဗြာဟ္မဏဿ ဝစနံ။ အန္ဓော ဟိ, ဥတ္တရ, စက္ခုနာ ရူပံ န ပဿတိ, ဗဓိရော သောတေန သဒ္ဒံ န သုဏာတီ’’တိ။ ဧဝံ ဝုတ္တေ, ဥတ္တရော မာဏဝေါ ပါရာသိဝိယန္တေဝါသီ တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိ။
အထ ခေါ ဘဂဝါ ဥတ္တရံ မာဏဝံ ပါရာသိဝိယန္တေဝါသိံ တုဏှီဘူတံ မင်္ကုဘူတံ ပတ္တက္ခန္ဓံ အဓောမုခံ ပဇ္ဈာယန္တံ အပ္ပဋိဘာနံ ဝိဒိတွာ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘အညထာ ခေါ, အာနန္ဒ, ဒေသေတိ ပါရာသိဝိယော ဗြာဟ္မဏော သာဝကာနံ ဣန္ဒြိယဘာဝနံ, အညထာ စ ပနာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ဟောတီ’’တိ။ ‘‘ဧတဿ, ဘဂဝါ, ကာလော၊ ဧတဿ, သုဂတ, ကာလော ယံ ဘဂဝါ အရိယဿ ဝိနယေ အနုတ္တရံ ဣန္ဒြိယဘာဝနံ ဒေသေယျ။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေနဟာနန္ဒ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
၁၀-ဣန္ဒြိယဘာဝနာသုတ် ၄၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂဇင်္ဂလနိဂုံး သုဝေဠုတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-“ဥတ္တရ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြော၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပါရာသိဝိယပုဏ္ဏား သည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောပါ၏ဟု (လျှောက်၏)။ ဥတ္တရ အဘယ်သို့ လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောသနည်းဟု (မေး တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ မျက်စိဖြင့် ရူပါရုံကို မရှုအပ်၊ နားဖြင့် သဒ္ဒါရုံကို မကြားအပ်။ အသျှင်ဂေါတမ ဤသို့လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟော ပြော၏ဟု (လျှောက်၏)။ ဥတ္တရ ပါရာသိဝိယပုဏ္ဏား၏ စကားသည် ဤသို့ဖြစ်သော် ကန်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့၊ နားပင်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့။ ဥတ္တရ ကန်းသောသူသည် မျက်စိဖြင့် ရူပါရုံကို မမြင်။ နားပင်းသောသူသည် နားဖြင့် သဒ္ဒါရုံကို မကြားဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် နှုတ် ဆိတ်နေသည် မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံ ရာမရဘဲ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို နှုတ်ဆိတ်၍ မျက်နှာ မသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံရာမရသည်ကို သိ၍ အသျှင် အာနန္ဒာကို “အာနန္ဒာ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို တစ်မျိုးအား ဖြင့် ဟောပြော၏၊ အာနန္ဒာ အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းသည် တစ်မျိုး ဖြစ်၏”ဟု (မိန့်တော်မူ၏)။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ့်သော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ရဟန်းတို့သည် မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ ဆောင်ပါကုန်လတ္တံ့ဟု (လျှောက်၏)။ အာနန္ဒာ ထိုသို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -
Middle Discourses 152 The Development of the Faculties So I have heard. At one time the Buddha was staying near Kajaṅgalā in a bamboo grove. Then the student Uttara, a pupil of the brahmin Pārāsariya, approached the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. The Buddha said to him, “Uttara, does Pārāsariya teach his disciples the development of the faculties?” “He does, worthy Gotama.” “But how does he teach it?” “Worthy Gotama, it’s when the eye sees no sight and the ear hears no sound. That’s how Pārāsariya teaches his disciples the development of the faculties.” “In that case, Uttara, a blind person and a deaf person will have developed faculties according to what Pārāsariya says. For a blind person sees no sight with their eyes and a deaf person hears no sound with their ears.” When he said this, Uttara sat silent, dismayed, shoulders drooping, downcast, depressed, with nothing to say. Knowing this, the Buddha addressed Venerable Ānanda, “Ānanda, the development of the faculties taught by Pārāsariya is quite different from the supreme development of the faculties in the training of the Noble One.” “Now is the time, Blessed One! Now is the time, Holy One. Let the Buddha teach the supreme development of the faculties in the training of the Noble One. The mendicants will listen and remember it.” “Well then, Ānanda, listen and apply your mind well, I will speak.” “Yes, sir,” Ānanda replied. The Buddha said this:
၄၅၄။ ‘‘ကထဉ္စာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ဟောတိ? ဣဓာနန္ဒ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, စက္ခုမာ ပုရိသော ဥမ္မီလေတွာ ဝါ နိမီလေယျ, နိမီလေတွာ ဝါ ဥမ္မီလေယျ၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ စက္ခုဝိညေယျေသု ရူပေသု။
၄၅၄။ အာနန္ဒာ အဘယ်သို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းသည် ဖြစ်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်သော် နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဤဝိပဿနုပေက္ခာ သည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ထိုဖြစ်သော နှစ်သက်ခြင်း သည်လည်းကောင်း၊ ထိုဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ထိုဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် မျက်စိအမြင်ရှိသော ယောကျာ်းသည် ဖွင့်၍လည်း မှိတ်ရာ၏၊ မှိတ်၍လည်း ဖွင့်ရာ၏၊ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်ပေါ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်ပေါ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်ပေါ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။
“And how, Ānanda, is there the supreme development of the faculties in the training of the Noble One? When a mendicant sees a sight with their eyes, in them arises what is agreeable, what is disagreeable, and what is both agreeable and disagreeable. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a person with clear eyes might open their eyes then shut them; or might shut their eyes then open them. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding sights known by the eye.
၄၅၅။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော သောတေန သဒ္ဒံ သုတွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, ဗလဝါ ပုရိသော အပ္ပကသိရေနေဝ အစ္ဆရံ [အစ္ဆရိကံ (သျာ။ ကံ။ ပီ။ က။)] ပဟရေယျ၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ သောတဝိညေယျေသု သဒ္ဒေသု။
၄၅၅။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် မပင်ပန်းဘဲသာလျှင် လက်ဖျောက်ကို တီးခတ်ရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။
Furthermore, when a mendicant hears a sound with their ears, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a strong person can effortlessly snap their fingers. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding sounds known by the ear.
၄၅၆။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော ဃာနေန ဂန္ဓံ ဃာယိတွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, ဤသကံပေါဏေ [ဤသကပေါဏေ (သီ။ သျာ။ ကံ။ ပီ။), ဤသကဖဏေ (သီ။ အဋ္ဌ။), ‘‘မဇ္ဈေ ဥစ္စံ ဟုတွာ’’တိ ဋီကာယ သံသန္ဒိတဗ္ဗာ] ပဒုမပလာသေ [ပဒုမိနိပတ္တေ (သီ။ သျာ။ ကံ။ ပီ။)] ဥဒကဖုသိတာနိ ပဝတ္တန္တိ, န သဏ္ဌန္တိ၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ဃာနဝိညေယျေသု ဂန္ဓေသု။
၄၅၆။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့့ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် စဥ်းငယ်နိမ့်ရှိုင်း သော ကြာဖက်၌ ရေပေါက်တို့သည် လိမ့်ကျကုန်သကဲ့သို့ ကောင်းစွာ မတည်ကုန်သကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဃာနဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။
Furthermore, when a mendicant smells an odor with their nose, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a drop of water would roll off a gently sloping lotus leaf, and would not stay there. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding smells known by the nose.
၄၅၇။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော ဇိဝှါယ ရသံ သာယိတွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, ဗလဝါ ပုရိသော ဇိဝှဂ္ဂေ ခေဠပိဏ္ဍံ သံယူဟိတွာ အပ္ပကသိရေန ဝမေယျ [သန္ဓမေယျ (က။)]၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ဇိဝှါဝိညေယျေသု ရသေသု။
၄၅၇။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် ရသာရုံကို လျက်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် လျှာဖျား၌ တံတွေးပေါက်ကို စုရုံး၍ မပင်ပန်းဘဲ ထွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာ လျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။
Furthermore, when a mendicant tastes a flavor with their tongue, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a strong person who’s formed a glob of spit on the tip of their tongue could easily spit it out. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding tastes known by the tongue.
၄၅၈။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု။
၄၅၈။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ နှစ်သက် ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်း သည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤ မည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရား တို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက် ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ကာယဝိညာဏ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။
Furthermore, when a mendicant encounters a touch with their body, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a strong person can extend or contract their arm. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding touches known by the body.
၄၅၉။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော ဧဝံ ပဇာနာတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ မနာပံ, ဥပ္ပန္နံ အမနာပံ, ဥပ္ပန္နံ မနာပါမနာပံ။ တဉ္စ ခေါ သင်္ခတံ ဩဠာရိကံ ပဋိစ္စသမုပ္ပန္နံ။ ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ – ဥပေက္ခာ’တိ။ တဿ တံ ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ၊ ဥပေက္ခာ သဏ္ဌာတိ။ သေယျထာပိ, အာနန္ဒ, ဗလဝါ ပုရိသော ဒိဝသံသန္တတ္တေ [ဒိဝသသန္တေတ္တေ (သီ။)] အယောကဋာဟေ ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ နိပါတေယျ။ ဒန္ဓော, အာနန္ဒ, ဥဒကဖုသိတာနံ နိပါတော, အထ ခေါ နံ ခိပ္ပမေဝ ပရိက္ခယံ ပရိယာဒါနံ ဂစ္ဆေယျ၊ ဧဝမေဝ ခေါ, အာနန္ဒ, ယဿ ကဿစိ ဧဝံသီဃံ ဧဝံတုဝဋံ ဧဝံအပ္ပကသိရေန ဥပ္ပန္နံ မနာပံ ဥပ္ပန္နံ အမနာပံ ဥပ္ပန္နံ မနာပါမနာပံ နိရုဇ္ဈတိ, ဥပေက္ခာ သဏ္ဌာတိ – အယံ ဝုစ္စတာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ မနောဝိညေယျေသု ဓမ္မေသု။ ဧဝံ ခေါ, အာနန္ဒ, အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ ဟောတိ။
၄၅၉။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် တစ်နေ့လုံး ပူထားသော သံအိုးကင်း၌ နှစ်ပေါက်သုံးပေါက်လည်း ဖြစ်ကုန်သော ရေပေါက်တို့ကို ချရာ၏၊ အာနန္ဒာ ရေပေါက်တို့၏ ကျခြင်းသည် နှေးသေး၏၊ စင်စစ် ထိုရေပေါက်သည် လျင်မြန်စွာသာလျှင် ကုန်ခြင်း ခန်းခြောက်ခြင်းသို့ ရောက်ရာသကဲ့သို့ အာနန္ဒာ ဤဥပမာအတူသာလျှင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤ ဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စိတ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။ အာနန္ဒာ ဤသို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းသည် ဖြစ်၏။
Furthermore, when a mendicant knows a thought with their mind, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They understand: ‘What is agreeable, what is disagreeable, and what is both agreeable and disagreeable have arisen in me. That’s conditioned, crude, and dependently originated. But this is peaceful and sublime, namely equanimity.’ Then the agreeable, the disagreeable, and the both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. It’s like how a strong person could let two or three drops of water fall onto an iron cauldron that had been heated all day. The drops would be slow to fall, but they’d quickly dry up and evaporate. Such is the speed, the swiftness, the ease with which anything agreeable, disagreeable, and both agreeable and disagreeable that arose in them cease, and equanimity becomes stabilized. In the training of the Noble One this is called the supreme development of the faculties regarding ideas known by the mind. That’s how there is the supreme development of the faculties in the training of the Noble One.
၄၆၀။ ‘‘ကထဉ္စာနန္ဒ, သေခေါ ဟောတိ ပါဋိပဒေါ? ဣဓာနန္ဒ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော တေန ဥပ္ပန္နေန မနာပေန ဥပ္ပန္နေန အမနာပေန ဥပ္ပန္နေန မနာပါမနာပေန အဋ္ဋီယတိ ဟရာယတိ ဇိဂုစ္ဆတိ။ သောတေန သဒ္ဒံ သုတွာ ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ ဇိဝှါယ ရသံ သာယိတွာ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော တေန ဥပ္ပန္နေန မနာပေန ဥပ္ပန္နေန အမနာပေန ဥပ္ပန္နေန မနာပါမနာပေန အဋ္ဋီယတိ ဟရာယတိ ဇိဂုစ္ဆတိ။ ဧဝံ ခေါ, အာနန္ဒ, သေခေါ ဟောတိ ပါဋိပဒေါ။
၄၆၀။ အာနန္ဒာ အဘယ်သို့လျှင် ကျင့်အပ်သော အကျင့်ရှိသနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ် သက်ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ လျှာဖြင့် ရသာရုံကို လျက်၍။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက် ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ်သက် ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ အာနန္ဒာ ဤသို့လျှင် ကျင့်အပ်သော အကျင့်သည် ရှိ၏။
And how are they a practicing trainee? When a mendicant sees a sight with their eyes, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They are horrified, repelled, and disgusted by that. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know a thought with their mind, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. They are horrified, repelled, and disgusted by that. That’s how they are a practicing trainee.
၄၆၁။ ‘‘ကထဉ္စာနန္ဒ, အရိယော ဟောတိ ဘာဝိတိန္ဒြိယော? ဣဓာနန္ဒ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော သစေ အာကင်္ခတိ – ‘ပဋိကူလေ [ပဋိက္ကူလေ (သဗ္ဗတ္ထ)] အပ္ပဋိကူလသညီ ဝိဟရေယျ’န္တိ, အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘အပ္ပဋိကူလေ ပဋိကူလသညီ ဝိဟရေယျ’န္တိ, ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘ပဋိကူလေ စ အပ္ပဋိကူလေ စ အပ္ပဋိကူလသညီ ဝိဟရေယျ’န္တိ, အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘အပ္ပဋိကူလေ စ ပဋိကူလေ စ ပဋိကူလသညီ ဝိဟရေယျ’န္တိ, ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘ပဋိကူလဉ္စ အပ္ပဋိကူလဉ္စ တဒုဘယံ အဘိနိဝဇ္ဇေတွာ ဥပေက္ခကော ဝိဟရေယျံ သတော သမ္ပဇာနော’တိ, ဥပေက္ခကော တတ္ထ ဝိဟရတိ သတော သမ္ပဇာနော။
၄၆၁။ အာနန္ဒာ အဘယ်သို့လျှင် ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ် သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ် ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထို စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်း ကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည့်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဥ်၍ လျစ်လျူရှုလျက် သတိ, ပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့”၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိ, ပညာနှင့် ပြည့်စုံစေ၍ နေ၏။
And how are they a noble one with developed faculties? When a mendicant sees a sight with their eyes, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. If they wish: ‘May I meditate perceiving the unrepulsive in the repulsive,’ that’s what they do. If they wish: ‘May I meditate perceiving the repulsive in the unrepulsive,’ that’s what they do. If they wish: ‘May I meditate perceiving the unrepulsive in the repulsive and the unrepulsive,’ that’s what they do. If they wish: ‘May I meditate perceiving the repulsive in the unrepulsive and the repulsive,’ that’s what they do. If they wish: ‘May I meditate staying equanimous, mindful and aware, shunning both the repulsive and the unrepulsive,’ that’s what they do.
၄၆၂။ ‘‘ပုန စပရံ, အာနန္ဒ, ဘိက္ခုနော သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇတိ မနာပံ, ဥပ္ပဇ္ဇတိ အမနာပံ, ဥပ္ပဇ္ဇတိ မနာပါမနာပံ။ သော သစေ အာကင်္ခတိ – ‘ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျ’န္တိ, အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘အပ္ပဋိကူလေ ပဋိကူလသညီ ဝိဟရေယျ’န္တိ, ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘ပဋိကူလေ စ အပ္ပဋိကူလေ စ အပ္ပဋိကူလသညီ ဝိဟရေယျ’န္တိ, အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘အပ္ပဋိကူလေ စ ပဋိကူလေ စ ပဋိကူလသညီ ဝိဟရေယျ’န္တိ, ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ – ‘ပဋိကူလဉ္စ အပ္ပဋိကူလဉ္စ တဒုဘယမ္ပိ အဘိနိဝဇ္ဇေတွာ ဥပေက္ခကော ဝိဟရေယျံ သတော သမ္ပဇာနော’တိ, ဥပေက္ခကော တတ္ထ ဝိဟရတိ သတော သမ္ပဇာနော။ ဧဝံ ခေါ, အာနန္ဒ, အရိယော ဟောတိ ဘာဝိတိန္ဒြိယော။
၄၆၂။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်း သည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ် ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ် ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ် သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်ဖြစ်သော အာရုံ၌လည်းကောင်း စက်ဆုပ် ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဥ်၍ လျစ်လျူရှုလျက် သတိပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့”၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ နေ၏။ အာနန္ဒာ ဤ သို့လျှင် ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်သည် ဖြစ်၏။
When they hear a sound with their ear … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know a thought with their mind, the agreeable, the disagreeable, and the both agreeable and disagreeable arise in them. If they wish: ‘May I meditate perceiving the unrepulsive in the repulsive,’ that’s what they do. If they wish: ‘May I meditate perceiving the repulsive in the unrepulsive,’ that’s what they do. If they wish: ‘May I meditate perceiving the unrepulsive in the repulsive and the unrepulsive,’ that’s what they do. If they wish: ‘May I meditate perceiving the repulsive in the unrepulsive and the repulsive,’ that’s what they do. If they wish: ‘May I meditate staying equanimous, mindful and aware, shunning both the repulsive and the unrepulsive,’ that’s what they do. That’s how they are a noble one with developed faculties.
၄၆၃။ ‘‘ဣတိ ခေါ, အာနန္ဒ, ဒေသိတာ မယာ အရိယဿ ဝိနယေ အနုတ္တရာ ဣန္ဒြိယဘာဝနာ, ဒေသိတော သေခေါ ပါဋိပဒေါ, ဒေသိတော အရိယော ဘာဝိတိန္ဒြိယော။ ယံ ခေါ, အာနန္ဒ, သတ္ထာရာ ကရဏီယံ သာဝကာနံ ဟိတေသိနာ အနုကမ္ပကေန အနုကမ္ပံ ဥပါဒါယ, ကတံ ဝေါ တံ မယာ။ ဧတာနိ, အာနန္ဒ, ရုက္ခမူလာနိ, ဧတာနိ သုညာဂါရာနိ, ဈာယထာနန္ဒ, မာ ပမာဒတ္ထ, မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ အာနန္ဒော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။
ဣန္ဒြိယဘာဝနာသုတ္တံ နိဋ္ဌိတံ ဒသမံ။
သဠာယတနဝဂ္ဂေါ နိဋ္ဌိတော ပဉ္စမော။
၄၆၃။ အာနန္ဒာ ဤသို့လျှင် ငါသည် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟော၏၊ ကျင့်ဆဲ ‘သေက္ခ’ ဖြစ်သော ပုဂ္ဂိုလ်ကို ဟော၏၊ ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ကို ဟော၏၊ အာနန္ဒာ တပည့် ‘သာဝက’ တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဥ်သနားစိတ်ရှိသည့် ငါဘုရားသည် အစဥ်သနားစိတ်ကို အစွဲပြု၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ပြုပြီးပေပြီ။ အာနန္ဒာ ဤသည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုဆင်ခြင်ကြကုန်လော့၊ သတိမမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ ဆယ်ခုမြောက် ဣန္ဒြိယဘာဝနာသုတ် ပြီး၏။ ငါးခုမြောက် သဠာယတနဝဂ် ပြီး၏။ ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။ (သုတ်ငါးဆယ်စီရှိသော) ပဏ္ဏာသကသုံးမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသော မဇ္ဈိမနိကာယ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ပြီ။
So, Ānanda, I have taught the supreme development of the faculties in the training of the Noble One, I have taught the practicing trainee, and I have taught the noble one with developed faculties. Out of sympathy, I’ve done what a teacher should do who wants what’s best for their disciples. Here are these roots of trees, and here are these empty huts. Practice absorption, Ānanda! Don’t be negligent! Don’t regret it later! This is my instruction to you.” That is what the Buddha said. Satisfied, Venerable Ānanda approved what the Buddha said. The Middle Discourses are complete.
တဿုဒ္ဒါနံ
အနာထပိဏ္ဍိကော ဆန္နော, ပုဏ္ဏော နန္ဒကရာဟုလာ၊
ဆဆက္ကံ သဠာယတနိကံ, နဂရဝိန္ဒေယျသုဒ္ဓိကာ၊
ဣန္ဒြိယဘာဝနာ စာပိ, ဝဂ္ဂေါ ဩဝါဒပဉ္စမောတိ။
ဣဒံ ဝဂ္ဂါနမုဒ္ဒါနံ
ဒေဝဒဟောနုပဒေါ စ, သုညတော စ ဝိဘင်္ဂကော၊
သဠာယတနောတိ ဝဂ္ဂါ, ဥပရိပဏ္ဏာသကေ ဌိတာတိ။
ဥပရိပဏ္ဏာသကံ သမတ္တံ။
တီဟိ ပဏ္ဏာသကေဟိ ပဋိမဏ္ဍိတော သကလော
မဇ္ဈိမနိကာယော သမတ္တော။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 5. Saḷāyatanavaggo (Suttapiṭaka, Majjhimanikāya, Uparipaṇṇāsapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#121