ဓမ္မလမ်း

ဓမ္မသင်္ဂဏီပါဠိ

အတည်ပြုပြီး

စိတ်၊ စေတသိက်၊ ရုပ်တရားများကို ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ (ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်) ဟူ၍ မာတိကာအမျိုးမျိုးဖြင့် ခွဲခြမ်းစိတ်ဖြာ ဖော်ပြသော အဘိဓမ္မာ ပထမကျမ်း။

ဤကျမ်း၏ အဋ္ဌကထာ

ဓမ္မသင်္ဂဏီပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ။

၁။ ကုသလတိက — (၁) (အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော) ကုသိုလ် တရားများ။ (၂) (အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော) အကုသိုလ် တရားများ။ (၃) ကုသိုလ်၊ အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော (ဝိပါက်၊ ကြိယာ၊ ရုပ်၊ နိဗ္ဗာန် ဟူသော) အဗျာကတ တရားများ။

သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ၊ ဒုက္ခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ။

၂။ ဝေဒနာတိက — (၁) ချမ်းသာခံစားမှု 'သုခဝေဒနာ' နှင့် ယှဉ်သော တရားများ။ (၂) ဆင်းရဲခံစားမှု 'ဒုက္ခဝေဒနာ' နှင့် ယှဉ်သော တရားများ။ (၃) ဆင်းရဲချမ်းသာမဟုတ် အလယ်အလတ်ခံစားမှု 'အဒုက္ခမသုခဝေဒနာ' နှင့် ယှဉ်သော တရားများ။

ဝိပါကာ ဓမ္မာ၊ ဝိပါကဓမ္မဓမ္မာ၊ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။

၃။ ဝိပါကတိက — (၁) အကျိုး 'ဝိပါက်' တရားများ။ (၂) အကျိုး 'ဝိပါက်'ကို ဖြစ်စေခြင်းသဘောရှိသော တရားများ။ (၃) အကျိုး 'ဝိပါက်'လည်း မဟုတ် အကျိုး 'ဝိပါက်'ကို ဖြစ်စေခြင်း သဘောရှိသည်လည်း မဟုတ်သော တရားများ။

ဥပါဒိန္နုပါဒာနိယာ ဓမ္မာ၊ အနုပါဒိန္နုပါဒာနိယာ ဓမ္မာ၊ အနုပါဒိန္နာနုပါဒာနိယာ ဓမ္မာ။

၄။ ဥပါဒိဏ္ဏတိက — (၁) တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံ၏အကျိုးလည်းဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ဥပါဒါန် တရားတို့၏ အာရုံလည်း ဖြစ်ကုန်သော တရားများ (လောကီဝိပါက်နှင့် ကမ္မဇရုပ်တရားများ)။ (၂) ကံ၏ အကျိုးကားမဟုတ် ဥပါဒါန်တို့၏ အစီးအပွါးသာဖြစ်သော လောကီကုသိုလ် အကုသိုလ်ကြိယာနှင့် စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်သော ရုပ်တရားများ။ (၃) ကံ၏ အကျိုးလည်းမဟုတ် ဥပါဒါန်တို့၏ အစီးအပွါးလည်း မဟုတ်သော လောကုတ္တရာတရားများ။

သင်္ကိလိဋ္ဌသင်္ကိလေသိကာ ဓမ္မာ၊ အသင်္ကိလိဋ္ဌသင်္ကိလေသိကာ ဓမ္မာ၊ အသင်္ကိလိဋ္ဌာသင်္ကိလေသိကာ ဓမ္မာ။

၅။ သံကိလိဋ္ဌတိက — (၁) ကိလေသာတို့၏ လှမ်းမှီဖိစီးမှုကိုခံရ၍ ကိလေသာတို့၏ အာရုံလည်းဖြစ်သော အကုသိုလ်တရားများ။ (၂) ကိလေသာတို့၏ ဖိစီးမှုကိုမခံရ၊ ကိလေသာတို့၏ အာရုံသာဖြစ်သော လောကီကုသိုလ် ဝိပါက် ကြိယာနှင့် ရုပ်တရားများ။ (၃) ကိလေသာတို့၏ ဖိစီးမှုကိုမခံရ၊ အာရုံလည်းမဖြစ်သော လောကုတ္တရာတရားများ။

သဝိတက္ကသဝိစာရာ ဓမ္မာ၊ အဝိတက္ကဝိစာရမတ္တာ ဓမ္မာ၊ အဝိတက္ကာဝိစာရာ ဓမ္မာ။

၆။ ဝိတက္ကတိက — (၁) ကြံစည်မှု 'ဝိတက်' နှင့်လည်းတကွ သုံးသပ်မှု 'ဝိစာရ' နှင့်လည်း တကွဖြစ်သော တရားများ။ (၂) ကြံစည်မှု 'ဝိတက်'ကား မရှိ၊ သုံးသပ်မှု 'ဝိစာရ' မျှသာရှိသော တရားများ။ (၃) ကြံစည်မှု 'ဝိတက်'လည်း မရှိ၊ သုံးသပ်မှု 'ဝိစာရ' လည်း မရှိသော တရားများ။

ပီတိသဟဂတာ ဓမ္မာ၊ သုခသဟဂတာ ဓမ္မာ၊ ဥပေက္ခါသဟဂတာ ဓမ္မာ။

၇။ ပီတိတိက — (၁) နှစ်သက်မှု 'ပီတိ' နှင့်တကွဖြစ်သော တရားများ။ (၂) ချမ်းသာမှု 'သုခ' နှင့်တကွဖြစ်သော တရားများ။ (၃) လျစ်လျူရှုမှု 'ဥပေက္ခာ' နှင့်တကွဖြစ်သော တရားများ။

ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ၊ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ၊ နေဝဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။

၈။ ဒဿနတိက — (၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားများ။ (၂) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော တရားများ။ (၃) မည်သည့်မဂ်ဖြင့်မျှ ပယ်အပ်သည်မဟုတ်သော တရားများ။

ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ၊ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ၊ နေဝဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ။

၉။ ဒဿနေန ပဟာတဗ္ဗဟေတုတိက — (၁) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၂) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၃) ထိုသို့သော အကြောင်းရင်းမရှိသော တရားများ။

အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာ၊ နေဝါစယဂါမိနော နာပစယဂါမိနော ဓမ္မာ။

၁၀။ အာစယဂါမိတိက — (၁) ပဋိသန္ဓေ စုတိသို့ ဆောက်ကြောင်းဖြစ်သော တရားများ။ (၂) နိဗ္ဗာန်သို့ ဆောက်ကြောင်းဖြစ်သော တရားများ။ (၃) နှစ်ပါးစုံသို့မျှ ဆောက်ကြောင်းမဟုတ်သော တရားများ။

သေက္ခါ ဓမ္မာ၊ အသေက္ခါ ဓမ္မာ၊ နေဝသေက္ခနာသေက္ခါ ဓမ္မာ။

၁၁။ သေက္ခတိက — (၁) သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော တရားများ။ (၂) အသေက္ခ 'ရဟန္တာ' ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော တရားများ။ (၃) ထိုနှစ်ပါးစုံ၏ ဥစ္စာမဟုတ်သော တရားများ။

ပရိတ္တာ ဓမ္မာ၊ မဟဂ္ဂတာ ဓမ္မာ၊ အပ္ပမာဏာ ဓမ္မာ။

၁၂။ ပရိတ္တတိက — (၁) နည်းပါးသော အာနုဘော်ရှိသော 'ပရိတ္တ' တရားများ (ကာမတရားများ)။ (၂) ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ ဆောက်သော 'မဟဂ္ဂတ' တရားများ။ (၃) နှိုင်းယှဉ်မှုမပြုနိုင်သော 'အပ္ပမာဏ' တရားများ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်)။

ပရိတ္တာရမ္မဏာ ဓမ္မာ၊ မဟဂ္ဂတာရမ္မဏာ ဓမ္မာ၊ အပ္ပမာဏာရမ္မဏာ ဓမ္မာ။

၁၃။ ပရိတ္တာရမ္မဏတိက — (၁) ပရိတ္တတရားလျှင် အာရုံရှိသော တရားများ။ (၂) မဟဂ္ဂတတရားလျှင် အာရုံရှိသော တရားများ။ (၃) အပ္ပမာဏတရားလျှင် အာရုံရှိသော တရားများ။

ဟီနာ ဓမ္မာ၊ မဇ္ဈိမာ ဓမ္မာ၊ ပဏီတာ ဓမ္မာ။

၁၄။ ဟီနတိက — (၁) ယုတ်ညံ့သော 'ဟီန' တရားများ။ (၂) အလယ်အလတ်ဖြစ်သော 'မဇ္ဈိမ' တရားများ။ (၃) မွန်မြတ်သော 'ပဏီတ' တရားများ။

မိစ္ဆတ္တနိယတာ ဓမ္မာ၊ သမ္မတ္တနိယတာ ဓမ္မာ၊ အနိယတာ ဓမ္မာ။

၁၅။ မိစ္ဆတ္တတိက — (၁) ဖောက်ပြန်သောသဘောရှိ၍ အကျိုးပေးရာ၌ မြဲသော (မိစ္ဆတ္တနိယတ) တရားများ။ (၂) မဖောက်ပြန်သောသဘောရှိ၍ အကျိုးပေးရာ၌ မြဲသော (သမ္မတ္တနိယတ) တရားများ။ (၃) အကျိုးပေးရာ၌ မမြဲသော (အနိယတ) တရားများ။

မဂ္ဂါရမ္မဏာ ဓမ္မာ၊ မဂ္ဂဟေတုကာ ဓမ္မာ၊ မဂ္ဂါဓိပတိနော ဓမ္မာ။

၁၆။ မဂ္ဂါရမ္မဏတိက — (၁) မဂ်တည်းဟူသော အာရုံရှိသောတရားများ။ (၂) မဂ်တည်းဟူသော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ (၃) မဂ်တည်းဟူသော အကြီးအမှူး 'အဓိပတိ' ရှိသောတရားများ။

ဥပ္ပန္နာ ဓမ္မာ၊ အနုပ္ပန္နာ ဓမ္မာ၊ ဥပ္ပါဒိနော ဓမ္မာ။

၁၇။ ဥပ္ပန္နတိက — (၁) ဥပါဒ်၊ ဌီ၊ ဘင်္ဂ ခဏသုံးပါးသို့ ရောက်ဆဲဖြစ်သော တရားများ။ (၂) ထိုခဏသုံးပါးသို့ မရောက်သေးသော တရားများ။ (၃) မချုတ်ကုန်ဖြစ်လတ္တံ့သော (ဝိပါက်ကမ္မဇရုပ်) တရားများ။

အတီတာ ဓမ္မာ၊ အနာဂတာ ဓမ္မာ၊ ပစ္စုပ္ပန္နာ ဓမ္မာ။

၁၈။ အတီတတိက — (၁) ခဏသုံးပါးသို့ ရောက်၍ လွန်သွားသော 'အတီတ' တရားများ။ (၂) ခဏသုံးပါးသို့ မရောက်သေးသော 'အနာဂတ်' တရားများ။ (၃) ဖြစ်ပေါ်ဆဲ 'ပစ္စုပ္ပန်' တရားများ။

အတီတာရမ္မဏာ ဓမ္မာ၊ အနာဂတာရမ္မဏာ ဓမ္မာ၊ ပစ္စုပ္ပန္နာရမ္မဏာ ဓမ္မာ။

၁၉။ အတီတာရမ္မဏတိက — (၁) အတိတ်တရားလျှင် အာရုံရှိသော တရားများ။ (၂) အနာဂတ်တရားလျှင် အာရုံရှိသော တရားများ။ (၃) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော တရားများ။

အဇ္ဈတ္တာ ဓမ္မာ၊ ဗဟိဒ္ဓါ ဓမ္မာ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မာ။

၂၀။ အဇ္ဈတ္တတိက — (၁) မိမိအတွင်း 'အဇ္ဈတ္တ' သန္တာန်ဖြစ်သော တရားများ။ (၂) သူတစ်ပါးအပ 'ဗဟိဒ္ဓ' သန္တာန်ဖြစ်သော တရားများ။ (၃) နှစ်ပါးစုံ 'အဇ္ဈတ္တ-ဗဟိဒ္ဓ' သန္တာန်ဖြစ်သော တရားများ။

အဇ္ဈတ္တာရမ္မဏာ ဓမ္မာ၊ ဗဟိဒ္ဓါရမ္မဏာ ဓမ္မာ၊ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ ဓမ္မာ။

၂၁။ အဇ္ဈတ္တာရမ္မဏတိက — (၁) အဇ္ဈတ္တတရားလျှင် အာရုံရှိသော တရားများ။ (၂) ဗဟိဒ္ဓတရားလျှင် အာရုံရှိသော တရားများ။ (၃) အဇ္ဈတ္တ-ဗဟိဒ္ဓ တရားလျှင် အာရုံရှိသော တရားများ။

သနိဒဿနသပ္ပဋိဃာ ဓမ္မာ၊ အနိဒဿနသပ္ပဋိဃာ ဓမ္မာ၊ အနိဒဿနာပ္ပဋိဃာ ဓမ္မာ။

၂၂။ သနိဒဿနတိက — (၁) မြင်ခြင်းနှင့်၊ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော တရားများ။ (၂) မြင်ခြင်းမရှိ၊ ထိပါးခြင်းနှင့်သာ တကွဖြစ်သော တရားများ။ (၃) မြင်ခြင်းလည်းမရှိ၊ ထိပါးခြင်းလည်းမရှိသော တရားများ။

ဓမ္မသင်္ဂဏီပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

—

1. ဟေတုဒုက — 1. အကြောင်းရင်း 'ဟိတ်' မည်သော တရားများ။ 2. အကြောင်းရင်း 'ဟိတ်' မမည်သောတရားများ။

—

2. သဟေတုကဒုက — 1. အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ 2. အကြောင်းရင်း 'ဟိတ်' မရှိသောတရားများ။

—

3. ဟေတုသမ္ပယုတ္တဒုက — 1. အကြောင်းရင်း 'ဟိတ်' နှင့် ယှဉ်သောတရားများ။ 2. အကြောင်းရင်း 'ဟိတ်' နှင့် မယှဉ်သောတရားများ။

—

4. ဟေတုသဟေတုကဒုက — 1. အကြောင်းရင်း 'ဟိတ်' လည်းမည် အကြောင်းရင်း 'ဟိတ်' လည်းရှိသော တရားများ။ 2. အကြောင်းရင်း 'ဟိတ်' သာရှိ၍ အကြောင်းရင်း 'ဟိတ်' မမည်သော တရားများ။

—

5. ဟေတုဟေတုသမ္ပယုတ္တဒုက — 1. အကြောင်းရင်း 'ဟိတ်' လည်းမည် အကြောင်းရင်း 'ဟိတ်' နှင့်လည်း ယှဉ်သော တရားများ။ 2. အကြောင်းရင်း 'ဟိတ်' နှင့်သာ ယှဉ်၍ အကြောင်းရင်း 'ဟိတ်' မမည်သော တရားများ။

—

6. နဟေတုသဟေတုကဒုက — 1. အကြောင်းရင်း 'ဟိတ်' မမည်သော်လည်း အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ 2. အကြောင်းရင်း 'ဟိတ်' လည်းမမည် အကြောင်းရင်း 'ဟိတ်' လည်း မရှိသော တရားများ။

—

7. သပ္ပစ္စယဒုက — 1. (ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော) အကြောင်းတရားလေးပါးတို့နှင့် တကွဖြစ်သော တရားများ။ 2. ထိုအကြောင်းတရားလေးပါးတို့နှင့် တကွမဖြစ်သောတရားများ။

—

8. သင်္ခတဒုက — 1. (ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော) အကြောင်းတရားလေးပါးတို့ဖြင့် ပြုပြင်စီမံအပ်သော တရားများ။ 2. ထိုအကြောင်းတရားလေးပါးတို့ဖြင့် ပြုပြင်စီမံအပ်သည် မဟုတ်သော (နိဗ္ဗာန်) တရားများ။

—

9. သနိဒဿနဒုက — 1. မြင်ခြင်းနှင့် တကွဖြစ်သော တရားများ။ 2. မြင်ခြင်းနှင့် တကွမဖြစ်သော တရားများ။

—

10. သပ္ပဋိဃဒုက — 1. ထိပါးခြင်းနှင့် တကွဖြစ်သော တရားများ။ 2. ထိပါးခြင်းနှင့် တကွမဖြစ်သော တရားများ။

—

11. ရူပီဒုက — 1. ဖောက်ပြန်ခြင်းသဘောရှိသော 'ရုပ်' တရားများ။ 2. ဖောက်ပြန်ခြင်းသဘောမရှိသော 'နာမ်' တရားများ။

—

12. လောကိယဒုက — 1. လောကနှင့် အကျုံးဝင်သော တရားများ။ 2. လောကမှ လွန်မြောက်သော တရားများ။

—

13. ကေနစိဝိညေယျဒုက — 1. တစုံတခုသောစိတ်သည် သိအပ်၊ သိထိုက်သော တရားများ။ 2. တစုံတခုသောစိတ်သည် မသိအပ်၊ မသိထိုက်သော တရားများ။

—

14. အာသဝဒုက — 1. အာသဝမည်သော တရားများ (ညစ်စွာသော သံသရာဆင်းရဲကို ယိုစီးစေတတ်၊ ဖြစ်စေတတ်သော တရားများ)။ 2. အာသဝမမည်သော တရားများ။

—

15. သာသဝဒုက — 1. အာသဝတို့၏ အာရုံဖြစ်သော တရားများ။ 2. အာသဝတို့၏ အာရုံမဖြစ်သော တရားများ။

—

16. အာသဝသမ္ပယုတ္တဒုက — 1. အာသဝနှင့် ယှဉ်သောတရားများ။ 2. အာသဝနှင့် မယှဉ်သော တရားများ။

—

17. အာသဝသာသဝဒုက — 1. အာသဝလည်းမည်၊ အာသဝတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. အာသဝတို့၏ အာရုံသာဖြစ်၍ အာသဝမမည်သော တရားများ။

—

18. အာသဝအာသဝသမ္ပယုတ္တဒုက — 1. အာသဝလည်းမည်၊ အာသဝနှင့်လည်း ယှဉ်သော တရားများ။ 2. အာသဝနှင့်သာ ယှဉ်၍ အာသဝမမည်သော တရားများ။

—

19. အာသဝဝိပ္ပယုတ္တသာသဝဒုက — 1. အာသဝနှင့် မယှဉ်သော်လည်း အာသဝတို့၏ အာရုံဖြစ်သော တရားများ။ 2. အာသဝနှင့်လည်း မယှဉ်၊ အာသဝတို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

20. သညောဇနဒုက — 1. သံယောဇဉ်မည်သော တရားများ (ဝဋ်ဆင်းရဲ၌ ယှဉ်စပ်နှောင်ဖွဲ့တတ်သော တရားများ)။ 2. သံယောဇဉ်မမည်သော တရားများ။

—

21. သညောဇနိယဒုက — 1. သံယောဇဉ်တို့၏ အာရုံဖြစ်သော တရားများ။ 2. သံယောဇဉ်တို့၏ အာရုံမဖြစ်သော တရားများ။

—

22. သညောဇနသမ္ပယုတ္တဒုက — 1. သံယောဇဉ်နှင့် ယှဉ်သော တရားများ။ 2. သံယောဇဉ်နှင့် မယှဉ်သော တရားများ။

—

23. သညောဇနသညောဇနိယဒုက — 1. သံယောဇဉ်လည်းမည်၊ သံယောဇဉ်တို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. သံယောဇဉ်တို့၏ အာရုံသာဖြစ်၍ သံယောဇဉ်မမည်သော တရားများ။

—

24. သညောဇနသညောဇနသမ္ပယုတ္တဒုက — 1. သံယောဇဉ်လည်းမည်၊ သံယောဇဉ်နှင့်လည်း ယှဉ်သော တရားများ။ 2. သံယောဇဉ်နှင့်သာ ယှဉ်၍ သံယောဇဉ်မမည်သော တရားများ။

—

25. သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက — 1. သံယောဇဉ်နှင့် မယှဉ်သော်လည်း သံယောဇဉ်တို့၏ အာရုံဖြစ်သော တရားများ။ 2. သံယောဇဉ်နှင့်လည်း မယှဉ်၊ သံယောဇဉ်တို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

26. ဂန္ထဒုက — 1. ဂန္ထမည်သော တရားများ (ကုန်းဒိုသဘောရှိ ဒေါသကြောင်းဖြင့် ဝဋ်ဆင်းရဲ့ ဆက်စပ်ထုံးဖွဲ့တတ်သော တရားများ)။ 2. ဂန္ထမမည်သော တရားများ။

—

27. ဂန္ထနိယဒုက — 1. ဂန္ထတရားတို့၏ အာရုံဖြစ်သော တရားများ။ 2. ဂန္ထတရားတို့၏ အာရုံမဖြစ်သော တရားများ။

—

28. ဂန္ထသမ္ပယုတ္တဒုက — 1. ဂန္ထနှင့် ယှဉ်သော တရားများ။ 2. ဂန္ထနှင့် မယှဉ်သော တရားများ။

—

29. ဂန္ထဂန္ထနိယဒုက — 1. ဂန္ထလည်းမည်၊ ဂန္ထတရားတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. ဂန္ထတရားတို့၏ အာရုံသာဖြစ်၍ ဂန္ထမမည်သော တရားများ။

—

30. ဂန္ထဂန္ထသမ္ပယုတ္တဒုက — 1. ဂန္ထလည်းမည်၊ ဂန္ထနှင့်လည်း ယှဉ်သော တရားများ။ 2. ဂန္ထနှင့်သာ ယှဉ်၍ ဂန္ထမမည်သော တရားများ။

—

31. ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက — 1. ဂန္ထနှင့် မယှဉ်သော်လည်း ဂန္ထတရားတို့၏ အာရုံဖြစ်သော တရားများ။ 2. ဂန္ထနှင့်လည်း မယှဉ်၊ ဂန္ထတရားတို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

32. ဩဃဒုက — 1. ဩဃမည်သော တရားများ (ဝဋ်ဆင်းရဲ့ ယှဉ်စေတတ်သော တရားများ)။ 2. ဩဃမမည်သော တရားများ။

—

33. ဩဃနိယဒုက — 1. ဩဃတို့၏ အာရုံဖြစ်သော တရားများ။ 2. ဩဃတို့၏ အာရုံမဖြစ်သော တရားများ။

—

34. ဩဃသမ္ပယုတ္တဒုက — 1. ဩဃနှင့် ယှဉ်သော တရားများ။ 2. ဩဃနှင့် မယှဉ်သော တရားများ။

—

35. ဩဃဩဃနိယဒုက — 1. ဩဃလည်းမည်၊ ဩဃတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. ဩဃတို့၏ အာရုံသာဖြစ်၍ ဩဃမမည်သော တရားများ။

—

36. ဩဃဩဃသမ္ပယုတ္တဒုက — 1. ဩဃလည်းမည်၊ ဩဃနှင့်လည်း ယှဉ်သော တရားများ။ 2. ဩဃနှင့်သာ ယှဉ်၍ ဩဃမမည်သော တရားများ။

—

37. ဩဃဝိပ္ပယုတ္တဩဃနိယဒုက — 1. ဩဃနှင့် မယှဉ်သော်လည်း ဩဃတို့၏ အာရုံဖြစ်သော တရားများ။ 2. ဩဃနှင့်လည်း မယှဉ်၊ ဩဃတို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

38. ယောဂဒုက — 1. ယောဂမည်သော တရားများ (ဝဋ်ဆင်းရဲ့ ယှဉ်စေတတ်သော တရားများ)။ 2. ယောဂမမည်သော တရားများ။

—

39. ယောဂနိယဒုက — 1. ယောဂတို့၏ အာရုံဖြစ်သော တရားများ။ 2. ယောဂတို့၏ အာရုံမဖြစ်သော တရားများ။

—

40. ယောဂသမ္ပယုတ္တဒုက — 1. ယောဂနှင့် ယှဉ်သော တရားများ။ 2. ယောဂနှင့် မယှဉ်သော တရားများ။

—

41. ယောဂယောဂနိယဒုက — 1. ယောဂလည်းမည်၊ ယောဂတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. ယောဂတို့၏ အာရုံသာဖြစ်၍ ယောဂမမည်သော တရားများ။

—

42. ယောဂယောဂသမ္ပယုတ္တဒုက — 1. ယောဂလည်းမည်၊ ယောဂနှင့်လည်း ယှဉ်သော တရားများ။ 2. ယောဂနှင့်သာ ယှဉ်၍ ယောဂမမည်သော တရားများ။

—

43. ယောဂဝိပ္ပယုတ္တယောဂနိယဒုက — 1. ယောဂနှင့် မယှဉ်သော်လည်း ယောဂတို့၏ အာရုံဖြစ်သော တရားများ။ 2. ယောဂနှင့်လည်း မယှဉ်၊ ယောဂတို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

44. နီဝရဏဒုက — 1. နီဝရဏမည်သော တရားများ (ဈာန်၊ မဂ်၊ ဖိုလ်တို့ကို ပိတ်ပင်တတ်သော တရားများ)။ 2. နီဝရဏမမည်သော တရားများ။

—

45. နီဝရဏနိယဒုက — 1. နီဝရဏတို့၏ အာရုံဖြစ်သော တရားများ။ 2. နီဝရဏတို့၏ အာရုံမဖြစ်သော တရားများ။

—

46. နီဝရဏသမ္ပယုတ္တဒုက — 1. နီဝရဏနှင့် ယှဉ်သော တရားများ။ 2. နီဝရဏနှင့် မယှဉ်သော တရားများ။

—

47. နီဝရဏနီဝရဏိယဒုက — 1. နီဝရဏလည်းမည်၊ နီဝရဏတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. နီဝရဏတို့၏ အာရုံသာဖြစ်၍ နီဝရဏမမည်သော တရားများ။

—

48. နီဝရဏနီဝရဏသမ္ပယုတ္တဒုက — 1. နီဝရဏလည်းမည်၊ နီဝရဏနှင့်လည်း ယှဉ်သော တရားများ။ 2. နီဝရဏနှင့်သာ ယှဉ်၍ နီဝရဏမမည်သော တရားများ။

—

49. နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက — 1. နီဝရဏနှင့် မယှဉ်သော်လည်း နီဝရဏတို့၏ အာရုံဖြစ်သော တရားများ။ 2. နီဝရဏနှင့်လည်း မယှဉ်၊ နီဝရဏတို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

50. ပရာမာသဒုက — 1. ပရာမာသမည်သော တရားများ (မမြင်သင့်သည်ကို မြင်ဟု မှားသောအားဖြင့် သုံးသပ်တတ်သော တရားများ)။ 2. ပရာမာသမမည်သော တရားများ။

—

51. ပရာမဋ္ဌဒုက — 1. ပရာမာသ၏ အာရုံဖြစ်သော တရားများ။ 2. ပရာမာသ၏ အာရုံမဖြစ်သော တရားများ။

—

52. ပရာမာသသမ္ပယုတ္တဒုက — 1. ပရာမာသနှင့် ယှဉ်သော တရားများ။ 2. ပရာမာသနှင့် မယှဉ်သော တရားများ။

—

53. ပရာမာသပရာမဋ္ဌဒုက — 1. ပရာမာသလည်းမည်၊ ပရာမာသ၏ အာရုံလည်းဖြစ်သော တရားများ။ 2. ပရာမာသ၏ အာရုံသာဖြစ်၍ ပရာမာသမမည်သော တရားများ။

—

54. ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက — 1. ပရာမာသနှင့် မယှဉ်သော်လည်း ပရာမာသ၏ အာရုံဖြစ်သော တရားများ။ 2. ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်းမဖြစ်သော တရားများ။

—

55. သာရမ္မဏဒုက — 1. အာရုံပြုခြင်းရှိသော တရားများ။ 2. အာရုံပြုခြင်းမရှိသော တရားများ။

—

56. စိတ္တဒုက — 1. စိတ်မည်သော တရားများ (အာရုံကို သိတတ်သော တရားများ)။ 2. စိတ်မမည်သော တရားများ။

—

57. စေတသိကဒုက — 1. စေတသိက်မည်သော တရားများ။ 2. စေတသိက်မမည်သော တရားများ။

—

58. စိတ္တသမ္ပယုတ္တဒုက — 1. စိတ်နှင့် ယှဉ်သော တရားများ။ 2. စိတ်နှင့် မယှဉ်သော တရားများ။

—

59. စိတ္တသံသဋ္ဌဒုက — 1. စိတ်နှင့် ရောနှောသော တရားများ။ 2. စိတ်နှင့် မရောနှောသော တရားများ။

—

60. စိတ္တသမုဋ္ဌာနဒုက — 1. စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) တရားများ။ 2. စိတ်လျှင် ဖြစ်ကြောင်းမရှိသော တရားများ။

—

61. စိတ္တသဟဘုဒုက — 1. စိတ်နှင့် တကွဖြစ်သော တရားများ။ 2. စိတ်နှင့် တကွမဖြစ်သော တရားများ။

—

62. စိတ္တာနုပရိဝတ္တိဒုက — 1. စိတ်နှင့်အတူ အစဉ်လိုက်သော တရားများ (စေတသိက်များ၊ ဝိညတ်များ)။ 2. စိတ်နှင့်အတူ အစဉ်မလိုက်သော တရားများ။

—

63. စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက — 1. စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိသော တရားများ (စေတသိက်တရားများ)။ 2. စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိသော တရားများ။

—

64. စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဒုက — 1. စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ၊ စိတ်နှင့်လည်း တကွဖြစ်သော တရားများ (စေတသိက်တရားများ)။ 2. စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်းမရှိ၊ စိတ်နှင့်လည်း တကွမဖြစ်သော တရားများ။

—

65. စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက — 1. စိတ်နှင့်လည်း ရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ၊ စိတ်နှင့်အတူ အစဉ်လိုက်သော တရားများ (စေတသိက်တရားများ)။ 2. စိတ်နှင့်လည်း မရောနှော၊ စိတ်လျှင်ဖြစ်ကြောင်းလည်းမရှိ၊ စိတ်နှင့်အတူ အစဉ်မလိုက်သော တရားများ။

—

66. အဇ္ဈတ္တိကဒုက — 1. အတွင်း 'အဇ္ဈတ္တ' သန္ဓာန်ဖြစ်သော တရားများ။ 2. အပ 'ဗဟိဒ္ဓ' သန္ဓာန်ဖြစ်သော တရားများ။

—

67. ဥပါဒါဒုက — 1. မှီ၍ ဖြစ်တတ်သော တရားများ။ 2. မမှီဘဲ ဖြစ်တတ်သော တရားများ။

—

68. ဥပါဒိဏ္ဏဒုက — 1. တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံ၏ အကျိုးဖြစ်သဖြင့် စွဲယူအပ်သော တရားများ (လောကီဝိပါက် စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်တရားများ)။ 2. တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံ၏ အကျိုးမဟုတ်သဖြင့် စွဲယူအပ်သည်မဟုတ်သော တရားများ (ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာတို့နှင့် တိဇရုပ်၊ နိဗ္ဗာန် တရားများ)။

—

69. ဥပါဒါနဒုက — 1. ဥပါဒါန်မည်သော တရားများ (ပြင်းစွာ စွဲလမ်းတတ်သော တရားများ)။ 2. ဥပါဒါန်မမည်သော တရားများ (ပြင်းစွာ မစွဲလမ်းတတ်သော တရားများ)။

—

70. ဥပါဒါနိယဒုက — 1. ဥပါဒါန်တို့၏ အာရုံဖြစ်သော တရားများ (ဥပါဒါန်တို့၏ အစီးအပွားဖြစ်သော လောကီတရားများ)။ 2. ဥပါဒါန်တို့၏ အာရုံမဖြစ်သော တရားများ (လောကုတ္တရာတရားများ)။

—

71. ဥပါဒါနသမ္ပယုတ္တဒုက — 1. ဥပါဒါန်တို့နှင့် ယှဉ်သော တရားများ။ 2. ဥပါဒါန်တို့နှင့် မယှဉ်သော တရားများ။

—

72. ဥပါဒါနဥပါဒါနိယဒုက — 1. ဥပါဒါန်လည်းမည်၊ ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်သော တရားများ။

—

73. ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုက — 1. ဥပါဒါန်လည်းမည်၊ ဥပါဒါန်နှင့်လည်း ယှဉ်သော တရားများ။ 2. ဥပါဒါန်နှင့်သာ ယှဉ်၍ ဥပါဒါန်မမည်သော တရားများ။

—

74. ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက — 1. ဥပါဒါန်နှင့် မယှဉ်သော်လည်း ဥပါဒါန်တို့၏ အာရုံဖြစ်သော တရားများ။ 2. ဥပါဒါန်နှင့်လည်း မယှဉ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော တရားများ။

—

75. ကိလေသဒုက — 1. ကိလေသမည်သော တရားများ (ပူပန်စေတတ်၊ နှိပ်စက်တတ်သော တရားများ)။ 2. ကိလေသမမည်သော တရားများ။

—

76. သံကိလေသိကဒုက — 1. ပူပန်စေတတ်၊ နှိပ်စက်တတ်သော ကိလေသတို့ကို ရခြင်းငှါ ထိုက်တန်သော တရားများ (ကိလေသတို့၏ အာရုံဖြစ်သော တရားများ)။ 2. ထိုသို့ ရခြင်းငှါ မထိုက်သော တရားများ။

—

77. သံကိလိဋ္ဌဒုက — 1. ပူပန်စေတတ်၊ နှိပ်စက်တတ်သော ကိလေသတို့သည် ပူပန်စေအပ်၊ နှိပ်စက်အပ်ကုန်သော တရားများ (ကိလေသတို့၏ လှမ်းမှီးဖိစီးမှုကို ခံရသော အကုသိုလ်တရားများ)။ 2. ကိလေသတို့သည် မပူပန်စေအပ်၊ မနှိပ်စက်အပ်ကုန်သော တရားများ (ဖိစီးမှုကို မခံရသော တရားများ)။

—

78. ကိလေသသမ္ပယုတ္တဒုက — 1. ကိလေသနှင့် ယှဉ်သော တရားများ။ 2. ကိလေသနှင့် မယှဉ်သော တရားများ။

—

79. ကိလေသသံကိလေသိကဒုက — 1. ကိလေသလည်းမည်၊ ကိလေသတို့၏ အာရုံလည်းဖြစ်သော တရားများ။ 2. ကိလေသတို့၏ အာရုံသာဖြစ်၍ ကိလေသမမည်သော တရားများ။

—

80. ကိလေသသံကိလိဋ္ဌဒုက — 1. ကိလေသလည်းမည်၊ ပူပန်စေတတ်နှိပ်စက်တတ်သော ကိလေသတို့သည် ပူပန်စေအပ်၊ နှိပ်စက်အပ်လည်းဖြစ်သော တရားများ။ 2. ကိလေသတို့သည် ပူပန်စေအပ်နှိပ်စက်အပ်သော်လည်း ကိလေသမမည်သော တရားများ။

—

81. ကိလေသကိလေသသမ္ပယုတ္တဒုက — 1. ကိလေသလည်းမည်၊ ကိလေသနှင့်လည်း ယှဉ်သော တရားများ။ 2. ကိလေသနှင့်သာ ယှဉ်၍ ကိလေသမမည်သော တရားများ။

—

82. ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက — 1. ကိလေသနှင့် မယှဉ်သော်လည်း ပူပန်စေတတ်နှိပ်စက်တတ်သော ကိလေသကို ရခြင်းငှါ ထိုက်သော တရားများ။ 2. ကိလေသနှင့်လည်း မယှဉ်၊ ထိုသို့ ရခြင်းငှါလည်း မထိုက်သော တရားများ။

—

83. ဒဿနေနပဟာတဗ္ဗဒုက — 1. သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော တရားများ။ 2. သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော တရားများ။

—

84. ဘာဝနာယပဟာတဗ္ဗဒုက — 1. အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော တရားများ။ 2. အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော တရားများ။

—

85. ဒဿနေနပဟာတဗ္ဗဟေတုကဒုက — 1. သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ 2. ထိုသို့သော အကြောင်းရင်း 'ဟိတ်' မရှိသော တရားများ။

—

86. ဘာဝနာယပဟာတဗ္ဗဟေတုကဒုက — 1. အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း 'ဟိတ်' ရှိသော တရားများ။ 2. ထိုသို့သော အကြောင်းရင်း 'ဟိတ်' မရှိသော တရားများ။

—

87. သဝိတက္ကဒုက — 1. ကြံစည်မှု 'ဝိတက်' နှင့် တကွဖြစ်သော တရားများ။ 2. ကြံစည်မှု 'ဝိတက်' နှင့် တကွမဖြစ်သော တရားများ။

—

88. သဝိစာရဒုက — 1. သုံးသပ်မှု 'ဝိစာရ' နှင့် တကွဖြစ်သော တရားများ။ 2. သုံးသပ်မှု 'ဝိစာရ' နှင့် တကွမဖြစ်သော တရားများ။

—

89. သပ္ပီတိကဒုက — 1. နှစ်သက်မှု 'ပီတိ' နှင့် တကွဖြစ်သော တရားများ (ပီတိရှိသော တရားများ)။ 2. ပီတိနှင့် တကွမဖြစ်သော (ပီတိမရှိသော) တရားများ။

—

90. ပီတိသဟဂတဒုက — 1. ပီတိနှင့် တကွဖြစ်သော တရားများ။ 2. ပီတိနှင့် တကွမဖြစ်သော တရားများ။

—

91. သုခသဟဂတဒုက — 1. ချမ်းသာမှု 'သုခ' နှင့် တကွဖြစ်သော တရားများ။ 2. သုခနှင့် တကွမဖြစ်သော တရားများ။

—

92. ဥပေက္ခာသဟဂတဒုက — 1. အလယ်အလတ်ခံစားမှု 'ဥပေက္ခာ' နှင့် တကွဖြစ်သော တရားများ။ 2. ဥပေက္ခာနှင့် တကွမဖြစ်သော တရားများ။

—

93. ကာမာဝစရဒုက — 1. ကာမဘုံ၌ သက်ဝင်ဖြစ်တတ်သော 'ကာမာဝစရ' တရားများ။ 2. ကာမဘုံ၌ သက်ဝင်မဖြစ်သော 'နကာမာဝစရ' တရားများ။

—

94. ရူပါဝစရဒုက — 1. ရူပဘုံ၌ သက်ဝင်ဖြစ်တတ်သော 'ရူပါဝစရ' တရားများ။ 2. ရူပဘုံ၌ သက်ဝင်မဖြစ်သော 'နရူပါဝစရ' တရားများ။

—

95. အရူပါဝစရဒုက — 1. အရူပဘုံ၌ သက်ဝင်ဖြစ်တတ်သော 'အရူပါဝစရ' တရားများ။ 2. အရူပဘုံ၌ သက်ဝင်မဖြစ်သော 'နအရူပါဝစရ' တရားများ။

—

96. ပရိယာပန္နဒုက — 1. ဝဋ်ဆင်းရဲ့၌ အကျုံးဝင်သော တရားများ။ 2. ဝဋ်ဆင်းရဲ့၌ အကျုံးမဝင်သော တရားများ။

—

97. နိယျာနိကဒုက — 1. ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားများ။ 2. ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော တရားများ။

—

98. နိယတဒုက — 1. စုတိ၏ အခြားမဲ့၌ မိမိဖြစ်ခြင်း၏ အကျိုးပေးရာ၌ မြဲသော တရားများ။ 2. အကျိုးပေးရာ၌ မမြဲသော တရားများ။

—

99. သဥတ္တရဒုက — 1. မိမိထက် သာလွန်မြင့်မြတ်သော တရားရှိသော 'လောကီ' တရားများ။ 2. မိမိထက် သာလွန်မြင့်မြတ်သော တရားမရှိသော 'လောကုတ္တရာ' တရားများ။

—

100. သရဏဒုက — 1. ရဏ (ပူပန်စေတတ်သော အကြောင်း) နှင့် တကွရှိသော တရားများ။ 2. ရဏနှင့် တကွမရှိသော တရားများ။

ဓမ္မသင်္ဂဏီပါဠိ

ဤကျမ်းသည် ပုဒ်ပေါင်း 2,436 ရှိသဖြင့် စာမျက်နှာခွဲ၍ ဖတ်ရှုနိုင်ပါသည်။

စတင်ဖတ်ရှုရန် →

အရင်းအမြစ်များ