ဓမ္မသင်္ဂဏီပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ဤစာမျက်နှာရှိ English ဘာသာပြန်သည် စာအုပ်ဟောင်း၏ scan ဓာတ်ပုံမှ OCR (စက်ဖြင့် စာလုံးဖတ်ခြင်း) ဖြင့် ကူးယူထားခြင်း ဖြစ်ပါသည်။ လက်ဖြင့် မစစ်ဆေးရသေးသဖြင့် စာလုံးပေါင်း အမှားများ ပါနိုင်ပါသည်။
The English here is an OCR copy of a scanned book, not yet checked by hand, so it may contain errors — see A Buddhist Manual of Psychological Ethics, tr. C. A. F. Rhys Davids (1900) for the original pages.
၁၂၁၂။ ကတမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော? စိတ္တဉ္စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။
၁၂၁၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်) ,စိတ်သို့လည်း အစဥ်မလိုက်သော (စိတ်နှင့် အတူ ဖြစ်, အတူပျက်လည်း မဟုတ်သော) ‘နောစိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း၊ စိတ် သည်လည်းကောင်း၊ အလုံးစုံသောရုပ်သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော အသင်္ခတဓာတ် ’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်းမယှဥ်) , စိတ်လျှင် ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်) , စိတ်သို့လည်း အစဥ် မလိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက် လည်း မဟုတ်သော) ‘နော့စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉, ရုပ်, နိဗ္ဗာန်)။ ၁၂-အဇ္ဈတ္တိကဒုက် အဇ္ဈတ္တိကတရား
၁၂၁၃။ ကတမေ ဓမ္မာ အဇ္ဈတ္တိကာ? စက္ခာယတနံ…ပေ… မနာယတနံ – ဣမေ ဓမ္မာ အဇ္ဈတ္တိကာ။
၁၂၁၃။ (၁) အဘယ်တရားတို့သည် အတွင်း‘အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရားဖြစ်ကုန်သနည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ သိမှုစိတ် ဖြစ်ရာဌာန ‘မနာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရား ဖြစ်ကုန်၏ (စိတ် ၈၉ နှင့် ပသာဒရုပ်ငါးပါး)။ ဗာဟိရတရား
[1207, 1208] Which are the states that are (a) of the self / The spheres of the five senses and of ideation. (b) external t The spheres of the five objects of sense and of ideas.
၁၂၁၄။ ကတမေ ဓမ္မာ ဗာဟိရာ? ရူပါယတနံ…ပေ… ဓမ္မာယတနံ – ဣမေ ဓမ္မာ ဗာဟိရာ။
၁၂၁၄။ (၂) အဘယ်တရားတို့သည် အပသန္တာန်၌ ဖြစ်သော ’ဗာဟိရ’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း’ ရူပါယတန’။ပ။ သိမှုစိတ် ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’ သည် (ရှိ၏)၊ ဤတရားတို့သည် အပသန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရား ဖြစ်ကုန်၏ (အာရုံ-ပါး)။ ၁၃-ဥပါဒါဒုက် ဥပါဒါတရား
၁၂၁၅။ ကတမေ ဓမ္မာ ဥပါဒါ? စက္ခာယတနံ…ပေ… ကဗဠီကာရော အာဟာရော – ဣမေ ဓမ္မာ ဥပါဒါ။
၁၂၁၅။ (၁) အဘယ်တရားတို့သည် မှီ၍ ဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ် အလွေးပြုအပ်သောအစာ ‘ကဗဠီကာရ အာဟာရ’ သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍ ဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်၏ (ဥပါဒါရုပ် နှစ်ဆယ့်လေးပါး)။ နော ဥပါဒါတရား
[1209, 1210] Which are the states that are (a) derived? The spheres of the five senses . . . and bodily nutriment. (b) not derived ? The four skandhas, the four great phenomena and uncompounded element.
၁၂၁၆။ ကတမေ ဓမ္မာ နော ဥပါဒါ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော, စတ္တာရော စ မဟာဘူတာ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ နော ဥပါဒါ။
၁၂၁၆။ (၂) အဘယ်တရားတို့သည် မှီ၍ မဖြစ်တတ်သော ‘နော ဥပါဒါ’ တရားဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် မဟာဘုတ်လေးပါး၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍ မဖြစ်တတ်သော ‘နော ဥပါဒါ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉, စေတသိက် ၅၂, မဟာဘုတ်လေးပါး, နိဗ္ဗာန်)။ ၁၄-ဥပါဒိဏ္ဏဒုက် ဥပါဒိဏ္ဏတရား
၁၂၁၇။ ကတမေ ဓမ္မာ ဥပါဒိဏ္ဏာ? သာသဝါ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ယဉ္စ ရူပံ ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ ဥပါဒိဏ္ဏာ။
၁၂၁၇။ (၁) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သနည်း)။ အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ် ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော,ကုသိုလ် အကုသိုလ်တို့၏ အကျိုး‘ဝိပါက်’ ဖြစ်ကုန်သော ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီး သည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင်ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ် သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သော) ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (လောကီဝိပါက်စိတ်, ယှဥ်ဖက် စေတသိက်, ကမ္မဇရုပ်)။ အနုပါဒိဏ္ဏတရား
[1211-1212] Which are the states that are (a) the issue of grasping ? Co-Intoxicant good and bad states, whether they relate to the worlds of sense, of form, or of the formless ; in other words, the four skandhas, and such form as is due to karma having been wrought. (h) not the issue of grasping ? Co-Intoxicant good and bad states, whether they relate to the worlds of sense, of form, or of the formless ; in other words, the four skandhas ; also such k i r i y a-thoughts as are neither good, nor bad, nor the effects of karma ; the Paths, moreover, that are the Unincluded and the Fruits of the Paths, and uncompounded element. [Chapter XII. The Group on Grasping (upadana-gocchakam).]
၁၂၁၈။ ကတမေ ဓမ္မာ အနုပါဒိဏ္ဏာ? သာသဝါ ကုသလာကုသလာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ, ယဉ္စ ရူပံ န ကမ္မဿ ကတတ္တာ, အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အနုပါဒိဏ္ဏာ။
၁၂၁၈။ (၂) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုး ‘ဝိပါက်’ မဟုတ်ကုန်သနည်း)။ အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန် သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ကုသိုလ်တရား၊ အကုသိုလ်တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင်ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်, (ကုသိုလ် အကုသိုလ်) ကံတို့၏ အကျိုုး‘ဝိပါက်’လည်းမဟုတ်ကုန်သော, ပြုကာမျှ ‘ကိရိယာ’ ဖြစ်သော အကြင်တရား၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် မဖြစ်သော အကြင် ရုပ်၊ ထို့ပြင် ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော မဂ်၊ ထို့ပြင် မဂ်၏အကျိုး (ဖိုလ်)၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြု ပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရား တို့သည် (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုး‘ဝိပါက်’ မဟုတ်သော) ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်,ကုသိုလ်, ဖိုလ်, ကြိယာစိတ်, ယှဥ်ဖက် စေတသိက်, ကမ္မဇရုပ်မှ တစ်ပါးသော တိဇရုပ်နှင့် နိဗ္ဗာန်)။ မဟန္တရဒုက် ပြီးပြီ။ ၁၁-ဥပါဒါနဂေါစ္ဆက ၁-ဥပါဒါနဒုက် ဥပါဒါနတရား
ဥပါဒါနဂေါစ္ဆကံ
၁၂၁၉။ ကတမေ ဓမ္မာ ဥပါဒါနာ? စတ္တာရိ ဥပါဒါနာနိ – ကာမုပါဒါနံ, ဒိဋ္ဌုပါဒါနံ, သီလဗ္ဗတုပါဒါနံ, အတ္တဝါဒုပါဒါနံ [ကာမူပါဒါနံ ဒိဋ္ဌူပါဒါနံ သီလဗ္ဗတူပါဒါနံ အတ္တဝါဒူပါဒါနံ (သီ။)]။
၁၂၁၉။ (၁) အဘယ်တရားတို့သည် ပြင်းစွာယူမှု (ပြင်းစွာစွဲလမ်းမှု) ဥပါဒါန်မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ၊ အမြင်မှားမှုကို ပြင်းစွာယူမှု (စွဲလမ်းမှု)၊ တစ်နည်း- ပြင်းစွာ ယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာ ယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြကြောင်း ဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟု ဥပါဒါန်လေးပါး (ရှိကုန်၏)။ ကာမုပါဒါန်
[1213] Which are the states that have the attribute of Grasping ? The four Graspings : — the Grasping after sense, the Grasping after speculative opinion, the Grasping after mere rule and ritual, the Grasping after a theory of soul. In this connexion,
၁၂၂၀။ တတ္ထ ကတမံ ကာမုပါဒါနံ? ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသိနေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ – ဣဒံ ဝုစ္စတိ ကာမုပါဒါနံ။
၁၂၂၀။ (၁) ထို (ဥပါဒါန်လေးပါးတို့) တွင် လိုချင်ဖွယ် ‘ကာမ’ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ‘ကာမ’တို့၌ အကြင်လိုချင် တောင့်တမှု ‘ကာမစ္ဆန္ဒ’၊ လိုချင်စွဲလမ်းမှု ‘ကာမရာဂ’၊ လိုချင်နှစ်သက်မှု ‘ကာမနန္ဒီ’၊ လိုချင်တပ်မက်မှု ‘ကာမတဏှာ’၊ လိုချင်ဖွယ် ‘ကာမ’၌ တပ်မက်မှုအစေး ‘ကာမသိနေဟ’၊ လိုချင်ဖွယ် ‘ကာမ’ ဟူသော ပူလောင်မှု,ကာမပရိဠာဟ’၊ လိုချင်မိန်းမောမှု (လိုချင်အားကြီးသဖြင့် မိန်းမောမှု) ‘ကာမမုစ္ဆာ’၊ လိုချင်ဖွယ် ‘ကာမ’ကိုမျို၍ ပြီးဆုံးစေခြင်း (အပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီး သော) သဘောကို ‘ကာမုပါဒါန်’ ဟူ၍ ဆိုအပ်၏ (လောဘ)။ (၁၁၀၃,၁၁၅၉) ဒိဋ္ဌုပါဒါန်
[1214] What is the Grasping after sense ? That sensual desire, sensual passion, sensual delight, sensual craving, sensual cleaving, sensual fever, sensual languishing, sensual rapacity, which is excited by the pleasures of the senses.
၁၂၂၁။ တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ? နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော, နတ္ထိ မာတာ, နတ္ထိ ပိတာ, နတ္ထိ သတ္တာ ဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ [သမဂ္ဂတာ (က။)] သမ္မာပဋိပန္နာ, ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီတိ – ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသူကာယိကံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ ဒိဋ္ဌိသံယောဇနံ ဂါဟော ပတိဋ္ဌာဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပထော မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော – ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ။ ဌပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ။
၁၂၂၁။ (၂) ထို (ဥပါဒါန်လေးပါးတို့) တွင် ပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’ ဟူသည် အဘယ်နည်း။ “ပေးလှူရခြင်း (အကျိုး) သည် မရှိ၊ ယစ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ယစ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှု မကောင်းမှု) ကံတို့၏အကျိုးဖျား (အကျိုးဆက်) ‘ဖလ’, အကျိုးရင်း‘ဝိပါက်’ သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ (၌ ကောင်းစွာ ပြုခြင်း, မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) မရှိ၊ အဖ (၌ ကောင်းစွာ ပြုခြင်း, မကောင်းသဖြင့် ပြု ခြင်း၏ အကျိုး) မရှိ၊ သေ၍ တစ်ဖန် ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော, ကောင်းသောအကျင့်ရှိကုန်သော ရဟန်းပုဏ္ဏားတို့သည် လောက၌ မရှိကုန်” ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကိုပိတ်ဆီးတတ်သော) အမြင်မှားမှု တောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်း ဖောက်ဖျက်ဆီးတတ်ခြင်းသဘော၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန် တုန်လှုပ်ခြင်း သဘော။ (ဝဋ် ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကိုမှားသော အားဖြင့်) မြဲစွာယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော [ (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော]။ (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်း တတ်သော သဘော။ (အာရုံကို) မှားသောအားဖြင့် သုံးသပ်တတ်သောသဘော၊ စက်ဆုပ်အပ်သောလမ်းစဥ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အမြင် (မှားသော အယူ) တည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့်) စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤဆို အပ်ခဲ့ပြီးသော) သဘောကိုပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ဒိဋ္ဌုပါဒါန်’ ဟူ၍ ဆိုအပ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’ ကိုလည်းကောင်း။ (အနတ္တဖြစ်သော ရုပ်နာမ်တရား တို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော , ပြင်းစွာယူမှု (စွဲလမ်းမှု) ဖြစ်သော ‘အတ္တဝါဒုပါဒါန်’ ကို လည်းကောင်း ချန်ထား၍ ကြွင်းကျန်သည့် အလုံးစုံသော အမြင်မှားမှုသည်လည်း ပြင်းစွာယူတတ် (စွဲလမ်းတတ်) သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’မည်၏ (ဒိဋ္ဌိ)။ (၃၈၁, ၁၁၀၅,၁၁၂၂,၁၁၄၄) သီလဗ္ဗတုပါဒါန်
[1215] What is the Grasping after speculative opinion ? realized by themselves alone both this world and the next, make known the same ' — all this sort of speculation, this walking in opinion, wilderness of opinion, puppet-show of opinion, scuffling of opinion, this Fetter of opinion, the grip and tenacity of it, the inclination towards it, the being infected by it, this by-path, wrong road, wrongness, this * fording-place,' this shiftiness of grasp — this is what is called the Grasping after speculative opinion. And with the exception of the Graspings after mere rule and ritual and after soul-theory, all wrong views are included in the Grasping after speculative opinion.
၁၂၂၂။ တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ? ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သုဒ္ဓိ, ဝတေန သုဒ္ဓိ, သီလဗ္ဗတေန သုဒ္ဓီတိ – ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသူကာယိကံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ ဒိဋ္ဌိသံယောဇနံ ဂါဟော ပတိဋ္ဌာဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပထော မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော – ဣဒံ ဝုစ္စတိ သီလဗ္ဗတုပါဒါနံ။
၁၂၂၂။ (၃) ထို (ဥပါဒါန်လေးပါးတို့) တွင် (နွား, ခွေးစသည်တို့၏ အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) သီလဗ္ဗတုပါဒါန်’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ ဗြာဟ္မဏတို့၏“(နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ’ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အလေ့အကျင့်‘ဝတ’ဖြင့် (ကိလေသာမှ) စင်ကြယ်၏” ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှား မှုတောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိ) ကို ထွင်း ဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသောဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကိုမှားသောအားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော [ (အာရုံကို) မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော]။ (အာရုံ) ကိုမှားသောအားဖြင့် နှလုံးသွင်း တတ်သော သဘော။ (အာရုံ ကို) မှားသောအားဖြင့် သုံးသပ်တတ်သောသဘော၊ စက်ဆုပ်အပ်သော လမ်းစဥ်၊ မှားသော ခရီး လမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသောအမြင် (မှားသောအယူ) တည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’ ဟူ၍ ဆိုအပ်၏ (ဒိဋ္ဌိ)။ (၁၁၄၃,၁၁၄၄) အတ္တဝါဒုပါဒါန်
[1216] What is the Giasping after mere rule and ritual ? Answer as for the ' Contagion of mere rule and ritual,' § 1005.
၁၂၂၃။ တတ္ထ ကတမံ အတ္တဝါဒုပါဒါနံ? ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ, ရူပဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ရူပံ, ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ…ပေ… သညံ…ပေ… သင်္ခါရေ…ပေ… ဝိညာဏံ အတ္တတော သမနုပဿတိ, ဝိညာဏဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ဝိညာဏံ ဝိညာဏသ္မိံ ဝါ အတ္တာနံ။ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသူကာယိကံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ ဒိဋ္ဌိသံယောဇနံ ဂါဟော ပတိဋ္ဌာဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပထော မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော – ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနံ။
ဣမေ ဓမ္မာ ဥပါဒါနာ။
၁၂၂၃။ (၄) ထို (ဥပါဒါန်လေးပါးတို့) တွင် (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟုပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူသည် အဘယ်နည်း။ ဤလောက၌ အကြားအမြင် မရှိသော, (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအပ်ပြီးသော) အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်း ကျင်သော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံး မအပ်သော,သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော,သူတော်ကောင်းတို့၏ တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ် သောပုထုဇဥ်သည် - (၁) (က) ရုပ်ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသောအတ္တဟု ရှု၏။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။ (၂) (က) ခံစားမှု ‘ဝေဒနာ’ကို။ပ။ (၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။ (၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။ (၅) (က) အထူးသိမှု (စိတ်) ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဏ်ရှိ၏၊ တစ်နည်း- ဝိညာဏ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတောအုပ်။ (အမြင်မှန်သို့ မရောက်နိုင်အောင်ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု။ (အာရုံကို မှားသောအားဖြင့်) မြဲစွာ ယူတတ်သောသဘော (အယူသည်းသော သဘော)။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော [ (အာရုံကို) မှားသောအားဖြင့် ထပ်ကာထပ်ကာ မြဲစွာယူတတ်သောသဘော]၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော၊ စက်ဆုပ်အပ်သော လမ်းစဥ်၊ မှားသော ခရီးလမ်းကြောင်း၊ မှားယွင်းသော သဘော၊ မှားသော အယူတည်းဟူသော အကျိုးမဲ့တို့၏ တည်ရာ၊ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြောင်း ဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူ၍ ဆိုအပ်၏။ (၃၉၂,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄) ဤတရားတို့သည် ဥပါဒါန်မည်ကုန်၏ (လောဘ, ဒိဋ္ဌိ)။ နော ဥပါဒါနတရား
[1217] What is the Grasping after soul- theory ? Ansiver as for the * Theory of individuality,' § 1003.
၁၂၂၄။ ကတမေ ဓမ္မာ နော ဥပါဒါနာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ နော ဥပါဒါနာ။
၁၂၂၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန် မမည်သော ‘နော ဥပါဒါန’ တရားဖြစ်ကုန်သနည်း။ ထို (ဥပါဒါန်) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန် သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် ရှိ၏။ ဤတရားတို့သည် ဥပါဒါန်မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်၏။ (စိတ်, လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရား ကိုယ်နှစ်ပါး ကြဥ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-ဥပါဒါနိယဒုက် ဥပါဒါနိယတရား
[1218] Which are the states that have not the attribute of Grasping ? All other states whatever, good, bad and indeterminate (except the foregoing), whether they relate to the worlds of sense, or of form, or of the formless, or to the life that is Unincluded ; in other words, the four skandhas ; all form also and uncompounded element.
၁၂၂၅။ ကတမေ ဓမ္မာ ဥပါဒါနိယာ? သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပါဒါနိယာ။
၁၂၂၅။ (၁) အဘယ်တရားတို့သည် လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ (ရှည်စွာသော သံသရာဆင်းရဲကို) ယိုစီးစေတတ်ဖြစ်စေတတ်သော အာသဝတရားတို့၏ အာရုံ ‘သာသဝ’ ဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံဖြစ်သော လောကီနာမ်, ရုပ်)။ အနုပါဒါနိယတရား
[1219] Which are the states that are favourable Grasping ? Co-Intoxicant states, good, bad and indeterminate whether they relate to the worlds of sense, form or the formless ; in other words, the ve skandhas.
၁၂၂၆။ ကတမေ ဓမ္မာ အနုပါဒါနိယာ? အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အနုပါဒါနိယာ။
၁၂၂၆။ (၂) အဘယ်တရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး ၌ အကျုံးမဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု,အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် လွန်စွာ စွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏အာရုံ မဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံ မဖြစ်သော မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-ဥပါဒါနသမ္ပယုတ္တဒုက် ဥပါဒါနသမ္ပယုတ္တတရား
[1220] Which are the states that are not favourable to Grasping ? The Paths that are the Unincluded, and the Fruits of the Paths ; and uncompounded element.
၁၂၂၇။ ကတမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ။
၁၂၂၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တရားတို့နှင့်ယှဥ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ထို (ဥပါဒါန်) တရားတို့နှင့် ယှဥ်ကုန်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်)။ ဤတရားတို့သည် ဥပါဒါန်တရားတို့နှင့် ယှဥ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့် ယှဥ်သော လောဘမူစိတ်, ယှဥ်ဖက် စေတသိက်)။ ဥါဒါနဝိပ္ပယုတ္တတရား
[1221-1224] Which are the states that are (a) associated tvith Grasping ? {b) disconnected ivith Grasping ? (c) Grasping and also favourable to Grasping ? (d) favourable to Giasping but not Grasping ? Ansivers exactly analogous to those given to corresponding questions in other Groups, e.g., §§ 1125, 1141, 1164.
၁၂၂၈။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ။
၁၂၂၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တရားတို့နှင့်မယှဥ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ထို (ဥပါဒါန်) တရားတို့နှင့် မယှဥ်ကုန်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)၊ ဤတရား တို့သည်ဥပါဒါန်တရားတို့နှင့် မယှဥ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့် မယှဥ်သော ဒေါသမူ,မောဟမူ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ရုပ်,နိဗ္ဗာန်)။ ၄-ဥပါဒါန ဥပါဒါနိယဒုက် ဥပါဒါန ဥပါဒါနိယတရား
၁၂၂၉။ ကတမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနိယာ စ? တာနေဝ ဥပါဒါနာနိ ဥပါဒါနာ စေဝ ဥပါဒါနိယာ စ။
၁၂၂၉။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ ထိုပြင်းစွာ စွဲလမ်းတတ်သောဥပါဒါန်တရားတို့သည်ပင် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါနဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။ ဥပါဒါနိယ နော ဥပါဒါနတရား
၁၂၃၀။ ကတမေ ဓမ္မာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဥပါဒါနိယာ, တေ ဓမ္မေ ဌပေတွာ အဝသေသာ သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ။
၁၂၃၀။ (၂) အဘယ်ရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ အကြင်တရားတို့သည် ထို (ဥပါဒါန်) တရားတို့ဖြင့် (ထိုဥပါဒါန်တရားတို့ အာရုံပြုအပ်သဖြင့်) ဥပါဒါန်တို့၏အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏။ (ထို ‘ဥပါဒါနိယ’ တရား တို့၌ ပါရှိသော) ထို (ယှဥ်ဖက်ဥပါဒါန်) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, အာသဝတရားတို့၏အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်၏ (ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ဥပါဒါန် မမည့်သော လောကီစိတ် ၈၁, ဥပါဒါန်တရားကိုယ်နှစ်ပါးကြဥ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၅-ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက် ဥပါဒါန ဥပါဒါနသမ္ပယုတ္တတရား
၁၂၃၁။ ကတမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စ? ဒိဋ္ဌုပါဒါနံ ကာမုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ, ကာမုပါဒါနံ ဒိဋ္ဌုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ, သီလဗ္ဗတုပါဒါနံ ကာမုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ, ကာမုပါဒါနံ သီလဗ္ဗတုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ, အတ္တဝါဒုပါဒါနံ ကာမုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ, ကာမုပါဒါနံ အတ္တဝါဒုပါဒါနေန ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တဉ္စ – ဣမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စ။
၁၂၃၁။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်တို့နှင့်လည်း ယှဥ်သော ‘ဥပါဒါန ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ပြင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု ‘ဒိဋ္ဌုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏၊ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာ စွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘ဒိဋ္ဌုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာစွဲလမ်းမှု ‘သီလဗ္ဗတုပါဒါန်’ သည်ဥပါဒါန်လည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏၊ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာစွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘သီလဗ္ဗတုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟုပြောဆိုကြောင်းဖြစ်သော ပြင်းစွာစွဲလမ်းမှု ‘အတ္တဝါဒုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘ကာမုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏။ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာစွဲလမ်းမှု ‘ကာမုပါဒါန်’ သည် ဥပါဒါန်လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ‘အတ္တဝါဒုပါဒါန်’ ကြောင့် ဥပါဒါန်နှင့် ယှဥ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်းယှဥ်သော ‘ဥပါဒါန ဥပါဒါနသမ္ပယုတ္တ’ တရားဖြစ်ကုန်၏ (လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသည့် လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ် နှစ်ပါး)။ ဥပါဒါနသမ္ပယုတ္တနော ဥပါဒါနတရား
[1225-1228] Which are the states that are (a) both Grasping and associated with Grasping ? The Grasping after speculation in conjunction with that after sense is both, and conversely. So is each of the other tivo Grasping s in conjunction with that after sense, and conversely. (b) associated with Grasping but not Grasping ? (c) disconnected with Grasping yet favourable to it? (d) disconnected with Grasping and not favourable to it ? Ansivers as in the Groups specified above, §§ 1125, 1141, 1164 et seq. [Chapter XIII. The Group on the Corruptions (kilesa-gocchakam).'J
၁၂၃၂။ ကတမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ, တေ ဓမ္မေ ဌပေတွာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ။
၁၂၃၂။ (၂) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့်သာ ယှဥ်ကုန်သည်ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ အကြင်တရားတို့သည် ထို (ဥပါဒါန်) တရားတို့နှင့် ယှဥ်ကုန် သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏။ (ထို ‘ဥပါဒါနသမ္ပယုတ္တ’ တရားတို့၌ ပါရှိသော) ထို (ယှဥ်ဖက် ဥပါဒါန်) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်တို့နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ ဥပါဒါန် မမည်သော ‘ဥပါဒါနသမ္ပယုတ္တနောဥပါဒါန’ တရား ဖြစ်ကုန်၏ (ဥပါဒါန်နှင့်သာ ယှဥ်၍ ဥပါဒါန်မမည် သော လောဘမူစိတ်ရှစ်ပါး,ဥပါဒါန်တရား ကိုယ်နှစ်ပါးကြဥ်သော ယှဥ်ဖက်စေတသိက်)။ ၆-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယတရား
၁၂၃၃။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ ဥပါဒါနိယာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ ဥပါဒါနိယာ။
၁၂၃၃။ (၁) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့် မယှဥ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ ထို (ဥပါဒါန်) တရားတို့နှင့် မယှဥ်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဥပါဒါန်တို့နှင့်မယှဥ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရားဖြစ်ကုန်၏ (ဥပါဒါန်နှင့် မယှဥ်မူ၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ဒေါသမူ, မောဟမူ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘ, ရုပ်)။ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယတရား
၁၂၃၄။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနိယာ? အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနိယာ။
နိက္ခေပကဏ္ဍေ ဒုတိယဘာဏဝါရော။
၁၂၃၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန်တို့နှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့ သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်တို့နှင့်လည်း မယှဥ်ကုန်သည်ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဥပါဒါနဂေါစ္ဆက ပြီးပြီ။ ၁၂-ကိလေသဂေါစ္ဆက ၁-ကိလေသဒုက် ကိလေသတရား
ကိလေသဂေါစ္ဆကံ
၁၂၃၅။ ကတမေ ဓမ္မာ ကိလေသာ? ဒသ ကိလေသဝတ္ထူနိ – လောဘော, ဒေါသော, မောဟော, မာနော, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိနံ, ဥဒ္ဓစ္စံ, အဟိရီကံ, အနောတ္တပ္ပံ။
၁၂၃၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မည်ကုန်သနည်း။ လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက် ဆီး ပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယ ဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်၍ (ပုထုဇဥ်သတ္တဝါတို့၏) တည်ရာ ‘ကိလေသဝတ္ထု’ တို့သည် ဆယ်ပါးရှိကုန်၏။ လောဘ
[1229] Which are the states that have the attribute of corruption ? The ten bases of corruption, to wit : lust, perplexity, hate, stolidity, dulness, excitement, conceit, unconscientiousness, speculative opinion, disregard of blame.
၁၂၃၆။ တတ္ထ ကတမော လောဘော? ယော ရာဂေါ သာရာဂေါ အနုနယော အနုရောဓော နန္ဒီ နန္ဒီရာဂေါ စိတ္တဿ သာရာဂေါ ဣစ္ဆာ မုစ္ဆာ အဇ္ဈောသာနံ ဂေဓော ပလိဂေဓော သင်္ဂေါ ပင်္ကော ဧဇာ မာယာ ဇနိကာ သဉ္ဇနနီ သိဗ္ဗိနီ ဇာလိနီ သရိတာ ဝိသတ္တိကာ သုတ္တံ ဝိသဋာ အာယူဟိနီ ဒုတိယာ ပဏိဓိ ဘဝနေတ္တိ ဝနံ ဝနထော သန္ထဝေါ သိနေဟော အပေက္ခာ ပဋိဗန္ဓု အာသာ အာသိသနာ အာသိသိတတ္တံ ရူပါသာ သဒ္ဒါသာ ဂန္ဓာသာ ရသာသာ ဖောဋ္ဌဗ္ဗာသာ လာဘာသာ ဓနာသာ ပုတ္တာသာ ဇီဝိတာသာ ဇပ္ပါ ပဇပ္ပါ အဘိဇပ္ပါ ဇပ္ပါ ဇပ္ပနာ ဇပ္ပိတတ္တံ လောလုပ္ပံ လောလုပ္ပါယနာ လောလုပ္ပါယိတတ္တံ ပုစ္ဆဉ္ဇိကတာ သာဓုကမျတာ အဓမ္မရာဂေါ ဝိသမလောဘော နိကန္တိ နိကာမနာ ပတ္ထနာ ပိဟနာ သမ္ပတ္ထနာ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ရူပတဏှာ အရူပတဏှာ နိရောဓတဏှာ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ဩဃော ယောဂေါ ဂန္ထော ဥပါဒါနံ အာဝရဏံ နီဝရဏံ ဆာဒနံ ဗန္ဓနံ ဥပက္ကိလေသော အနုသယော ပရိယုဋ္ဌာနံ လတာ ဝေဝိစ္ဆံ ဒုက္ခမူလံ ဒုက္ခနိဒါနံ ဒုက္ခပ္ပဘဝေါ မာရပါသော မာရဗဠိသံ မာရဝိသယော တဏှာနဒီ တဏှာဇာလံ တဏှာဂဒ္ဒုလံ တဏှာသမုဒ္ဒေါ အဘိဇ္ဈာ လောဘော အကုသလမူလံ – အယံ ဝုစ္စတိ လောဘော။
၁၂၃၆။ (၁) ထို (ကိလေသာဆယ်ပါး) တို့တွင် လိုချင်တပ်မက်မှု ‘လောဘ’ ဟူသည် အဘယ်နည်း။ အကြင် စွဲလမ်းခြင်းသဘော ‘ရာဂ’၊ ပြင်းစွာစွဲလမ်းခြင်းသဘော ‘သာရာဂ’။ (အာရုံ၌ သတ္တဝါတို့ကို) အဖန်ဖန် ဆွဲဆောင်ခြင်းသဘော ‘အနုနယ’၊ မဆန့်ကျင်ခြင်း (လိုလား စေခြင်း) သဘော ‘အနုရောဓ’၊ နှစ်သက်ခြင်းသဘော ‘နန္ဒီ’၊ နှစ်သက်စွဲလမ်းခြင်းသဘော ‘နန္ဒီရာဂ’၊ စိတ်၏ပြင်းစွာစွဲလမ်းခြင်းသဘော ‘စိတ္တဿ သာရာဂ’။ (အာရုံကို) လိုလားမှုသဘော ‘ဣစ္ဆာ’။ (လိုချင်မှုအားကြီးသဖြင့် မိန်းမောမှုသဘော ‘မုစ္ဆာ’၊ မျို၍ ပြီးဆုံးစေခြင်းသဘော (အပြီးအဆုံး အကြွင်းအကျန်မရှိလိုချင်တပ်မက်မှု) ‘အဇ္ဈောသာန’၊ တပ်မက်ခြင်းသဘော ‘ဂေဓ’၊ ထက်ဝန်းကျင် (အားလုံးကို) တပ်မက်ခြင်း သဘော ‘ပလိဂေဓ’၊ ကပ်ငြိတွယ်တာခြင်းသဘော ‘သင်္ဂ’၊ ရွှံ့ညွန်နှင့် တူသော (နစ်မြုပ်စေခြင်း) သဘော ‘ပင်္က’၊ ဆွဲငင်ခြင်း (ထိုထိုဘဝ၌ ဖြစ်ရန် ဆွဲဆောင်ခြင်း) သဘော ‘ဧဇာ’၊ လှည့်ပတ်ခြင်းသဘော ‘မာယာ’ (ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို) ဖြစ်စေခြင်းသဘော ‘ဇနိကာ’။ (ဆင်းရဲနှင့်) ယှဥ်လျက် ဖြစ်စေတတ်သော သဘော ‘သဉ္ဇနနီ’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ စုတိ,ပဋိသန္ဓေ၏အစွမ်းဖြင့်) ချုပ်စပ်ခြင်းသဘော ‘သိဗ္ဗိနီ’၊ အာရုံကွန်ရက်ရှိသော သဘော ‘ဇာလိနီ’။ (တပ်မက်မှုဖြင့်) စိုစွတ်ခြင်းသဘော၊ တစ်နည်း (ဝဋ်ဆင်းရဲသို့ ဆွဲဆောင်တတ်သဖြင့် လျင်သော ရေအလျဥ်ရှိသော) မြစ်နှင့်တူသောသဘော ‘သရိတာ’၊ အဆိပ်နှင့်တူသော သဘော ‘ဝိသတ္တိကာ’။ (အကျိုးမဲ့သို့ ရောက်အောင်နှောင်ဖွဲ့တတ်သဖြင့်)၊ ကိးနှင့်တူသော သဘော ‘သုတ္တ’။ (ရူပါရုံစသည်တို့၌) ပျံ့နှံ့တပ်မက်တတ်သောသဘော ‘ဝိသဋာ’။ (ထိုထိုအာရုံကို ရခြင်းငှါ) အားထုတ်စေတတ်သော သဘော ‘အာယူဟိနီ’။ (ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝသံသရာ၌ မိမိ၏ ချစ်နှစ်သက်သည့်) အဖော်ဖြစ်သော သဘော ‘ဒုတိယာ’၊ တောင့်တခြင်းသဘော ‘ပဏိဓိ’။ (သတ္တဝါတို့ကို) ဘဝသို့ ဆွဲဆောင်ကြောင်းသဘော (ဘဝ၊ ကိး) ‘ဘဝနေတ္တိ’။ (ထိုထိုအာရုံသို့) ကပ်ရောက်တတ် (ငြိကပ် တတ်) သောသဘော၊ တစ်နည်း- အကျိုးမဲ့ဆင်းရဲကို ဖြစ်စေတတ်သဖြင့် တောနှင့် တူသောသဘော ‘ဝန’။ (ထိုထိုအာရုံသို့) ပြင်းပြစွာကပ်ရောက်တတ် (ငြိကပ်တတ်) သော သဘော၊ တစ်နည်း- အကျိုးမဲ့ ဆင်းရဲကို လွန်စွာ့ဖြစ်စေတတ်သဖြင့် တောနှင့်တူသောသဘော ‘ဝနထ’၊ ချစ်၊ ကိက် ပေါင်းဖော် (ရောနှော) ခြင်းသဘော ‘သန္ထဝ’၊ ချစ်၊ ကိက်ခြင်းသဘော ‘သိနေဟ’၊ ငဲ့ကွက်တွယ်တာခြင်းသဘော ‘အပေက္ခ’။ (အာရုံအသီးသီး၌) နှောင်ဖွဲ့တတ်သော သဘော ‘ပဋိဗန္ဓု’။ (အာရုံကို) တောင့်တခြင်းသဘော ‘အာသာ’၊ တောင့်တပုံအခြင်းအရာ ‘အာသီသနာ’၊ တောင့်တတတ်သော စိတ်၏အဖြစ် ‘အာသိသိတတ္တ’၊ အဆင်း (ရူပါရုံ) ၌ တောင့်တမှု ‘ရူပါသာ’၊ အသံ (သဒ္ဒါရုံ) ၌ တောင့်တ မှု ‘သဒ္ဒါသာ’၊ အနံ့ (ဂန္ဓာရုံ) ၌ တောင့်တမှု ‘ဂန္ဓာသာ’၊ အရသာ (ရသာရုံ) ၌ တောင့်တမှု ‘ရသာသာ’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တောင့်တမှု ‘ဖောဋ္ဌဗ္ဗာသာ’၊ ရအပ်သည့် အရာဝတ္ထု (လာဘ်) ၌ တောင့်တမှု ‘လာဘာသာ’၊ ပစ္စည်းဥစ္စာ၌ တောင့်တမှု ‘ဓနာသာ’၊ သားသမီး၌ တောင့်တမှု ‘ပုတ္တာသာ’၊ အသက်၌ တောင့်တမှု ‘ဇီဝိတာသာ’။ (သတ္တဝါတို့ကို) တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု) ပြောဆိုစေတတ်သော သဘော ‘ဇပ္ပါ’။ (သတ္တဝါတို့ကို) ထူးထူးခြားခြား တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ ငါ့ဥစ္စာဟု ထပ်ကာထပ်ကာ ပြောဆိုစေတတ်သော) သဘော ‘ပဇပ္ပါ’။ (သတ္တဝါတို့ကို) အလွန်တပ်မက်စေတတ်သော သဘော၊ တစ်နည်း (ငါ့ဥစ္စာ, ငါ့ဥစ္စာဟု အလွန်ပြောဆိုစေတတ်သော) သဘော ‘အဘိဇပ္ပါ’၊ တပ်မက်စေခြင်းသဘော ‘ဇပ္ပါ’၊ တပ်မက်စေပုံအခြင်းအရာ ‘ဇပ္ပနာ’၊ တပ်မက်စေတတ်သည်၏အဖြစ် ‘ဇပ္ပိတတ္တ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ခြင်းသဘော (အလွန်တပ်မက်ခြင်းသဘော) ‘လောလုပ္ပ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်ပုံအခြင်းအရာ ‘လောလုပ္ပါယနာ’။ (အာရုံ၌ အဖန်ဖန်) လုယက်ဆွဲငင်တတ်သည်၏အဖြစ် ‘လောလုပ္ပါယိတတ္တ’၊ အမြီးနန့်သော ခွေးကဲ့သို့ (လာဘ်လာဘ၌) တုန်လှုပ်ခြင်းသဘော ‘ပုစ္ဆဉ္ဇိကတာ’၊ ကောင်းသော အာရုံတို့ကို လိုလားသူ၏အဖြစ် ‘သာဓုကမျတာ’။ (အမိ, အဒေါ်စသော) မသင့်လျော်သောအရာ၌ တပ်မက်ခြင်းသဘော ‘အဓမ္မရာဂ’၊ မညီမမျှ (အဆမတန်အားကြီးစွာ) လိုချင်ခြင်းသဘော ‘ဝိသမလောဘ’။ (အာရုံကို) နှစ်သက်ခြင်းသဘော ‘နိကန္တိ’၊ နှစ်သက်ပုံအခြင်းအရာ ‘နိကာမနာ’၊ မျှော်လင့်တောင့်တခြင်းသဘော ‘ပတ္ထနာ’၊ ချစ်ခင်ခြင်းသဘော ‘ပိဟနာ’၊ ကောင်းစွာမျှော်လင့်တောင့်တခြင်း သဘော ‘သမ္ပတ္ထနာ’။ ကာမဂုဏ်ငါးပါးတို့၌ တပ်မက်မှု ‘ကာမတဏှာ’။ (ရူပ, အရူပ) ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’။ (ဥစ္ဆေဒဟု ဆိုအပ်သော) ဘဝကင်းခြင်း၌ တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ရူပဘုံ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပတဏှာ’၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု ‘နိရောဓတဏှာ’၊ အဆင်း (ရူပါရုံ) ၌ တပ်မက်မှု ‘ရူပတဏှာ’၊ အသံ (သဒ္ဒါရုံ) ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’၊ အနံ့ (ဂန္ဓာရုံ) ၌ တပ်မက်မှု ‘ဂန္ဓတဏှာ’၊ အရသာ (ရသာရုံ) ၌ တပ်မက်မှု ‘ရသတဏှာ’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) ၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’၊ သဘောတရား (ဓမ္မာရုံ) ၌ တပ်မက်မှု ‘ဓမ္မတဏှာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေခြင်းသဘော ‘ဩဃ’။ (ဝဋ်ဆင်းရဲ၌) ယှဥ်စေခြင်းသဘော ‘ယောဂ’။ (ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့ခြင်းသဘော ‘ဂန္ထ’၊ ပြင်းစွာယူခြင်း (စွဲလမ်းခြင်း) သဘော ‘ဥပါဒါန’။ (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သောသဘော ‘အာဝရဏ’။ (ကုသိုလ်တရားတို့ကို) တားမြစ်တတ်သောသဘော ‘နီဝရဏ’။ (အမှန်တရားကို) ဖုံးကွယ်ခြင်းသဘော ‘ဆာဒန’။ (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) နှောင်ဖွဲ့တတ် သောသဘော ‘ဗန္ဓန’။ (စိတ်ကို) ကပ်၍ ညစ်နွမ်းစေတတ်သော သဘော ‘ဥပက္ကိလေသ’၊ အစဥ်ကိန်းဝပ်တတ်သောသဘော၊ တစ်နည်း လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ်လျှင်) ဖြစ်တတ်သောသဘော ‘အနုသယ’၊ ထက်ဝန်းကျင် (စိတ်တစ်ခုလုံး သိမ်းကျုံး၍) ထကြွ (သောင်းကျန်း) တတ်သော သဘော ‘ပရိယုဋ္ဌာန’။ (ရစ်ပတ်တတ်သော) နွယ်နှင့်တူသော သဘော ‘လတာ’၊ အရာဝတ္ထုအမျိုးမျိုးတို့ကို လိုချင်တတ်သော သဘော ‘၀၀စ္ဆေ’။ (ဝဋ်) ဆင်းရဲ၏ အခြေအမြစ့်‘ဒုက္ခမူလ’။ (ဝဋ်) ဆင်းရဲ၏အကြောင်းရင်း ‘ဒုက္ခနိဒါန’။ (ဝဋ်) ဆင်းရဲ၏ စ၍ဖြစ်ရာ ‘ဒုက္ခပ္ပဘဝ’၊ မာရ်၏ကျော့ကွင်း ‘မာရပါသ’၊ မာရ်၏ ငါးမျှားချိတ် ‘မာရဗဠိသ’၊ မာရ်၏အရာ (မာရ်၏နယ်ပယ်) ‘မာရဝိသယ’။ (ယိုစီးတတ်သော) တပ်မက်မှု ‘တဏှာ’ မြစ် ‘တဏှာနဒီ’။ (ဖုံးလွှမ်းတတ်သော) တပ်မက်မှု ‘တဏှာ’ကွန်ရက် ‘တဏှာဇာလ’။ (မြဲမြံစွာ နှောင်ဖွဲ့တတ်သော) တပ်မက်မှု ‘တဏှာ’ တောက် ‘တဏှာဂဒ္ဒုလ’။ (ပြည့်နိုင်ခဲသော) တပ်မက်မှု ‘တဏှာ’ သမုဒ္ဒရာ ‘တဏှာသမုဒ္ဒ’။ (သူတစ်ပါးပစ္စည်းဥစ္စာကို) လိုချင်မက်မောမှု ‘အဘိဇ္ဈာ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို လိုချင်တပ်မက်မှု ‘လောဘ’ ဟူ၍ ဆိုအပ်၏။ (၁၀၆၅,၁၁၄၁) ဒေါသ
[1230-1237] In this connexion, What is lust ? . , . hate ? , . . dulness ? . . . conceit f . . . speculative opinion ? . . . perplexity .? . . . stolidity ? . . . excitement ? Answers as m §§ 1059-1061, 1116-1118, 1156, 1159.
၁၂၃၇။ တတ္ထ ကတမော ဒေါသော? အနတ္ထံ မေ အစရီတိ အာဃာတော ဇာယတိ, အနတ္ထံ မေ စရတီတိ အာဃာတော ဇာယတိ, အနတ္ထံ မေ စရိဿတီတိ အာဃာတော ဇာယတိ, ပိယဿ မေ မနာပဿ အနတ္ထံ အစရိ…ပေ… အနတ္ထံ စရတိ…ပေ… အနတ္ထံ စရိဿတီတိ အာဃာတော ဇာယတိ, အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရိ…ပေ… အတ္ထံ စရတိ…ပေ… အတ္ထံ စရိဿတီတိ အာဃာတော ဇာယတိ, အဋ္ဌာနေ ဝါ ပန အာဃာတော ဇာယတိ။ ယော ဧဝရူပေါ စိတ္တဿ အာဃာတော ပဋိဃာတော ပဋိဃံ ပဋိဝိရောဓော ကောပေါ ပကောပေါ သမ္ပကောပေါ ဒေါသော ပဒေါသော သမ္ပဒေါသော စိတ္တဿ ဗျာပတ္တိ မနောပဒေါသော ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္တံ ဒေါသော ဒုဿနာ ဒုဿိတတ္တံ ဗျာပတ္တိ ဗျာပဇ္ဇနာ ဗျာပဇ္ဇိတတ္တံ ဝိရောဓော ပဋိဝိရောဓော စဏ္ဍိက္ကံ အသုရောပေါ အနတ္တမနတာ စိတ္တဿ – အယံ ဝုစ္စတိ ဒေါသော။
၁၂၃၇။ (၂) ထို (ကိလေသာဆယ်ပါးတို့) တွင် ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူသည် အဘယ်နည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ အကျိုးမဲ့ကိုပြုကျင့်နေဆဲဖြစ်သည်” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟုရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ “ငါ၏ ချစ်ခင်မြတ်နိုးအပ်သူ၏ အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးမဲ့ကို ပြုကျင့် နေဆဲဖြစ်သည်။ပ။ အကျိုးမဲ့ကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည်ဖြစ်၏။ “ငါ၏ မချစ်ခင် မမြတ်နိုးအပ်သူ၏ အကျိုးကို ပြုကျင့်ခဲ့ပြီ။ပ။ အကျိုးကို ပြုကျင့်နေဆဲဖြစ်သည်။ပ။ အကျိုးကို ပြုကျင့်လတ္တံ့” ဟု ရန်ငြိုးဖွဲ့မှု ‘အာဃာတ’ သည် ဖြစ်၏။ ထို့ပြင်အကြောင်းမဟုတ်သည်၌ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု) သည် ဖြစ်၏။ ဤသို့ သဘောရှိသော စိတ်၏အကြင် ရန်ငြိုးဖွဲ့မှု ‘အာဃာတ’၊ လွန်စွာ ရန်ငြိုးဖွဲ့မှု ‘ပဋိဃာတ’။ (အာရုံ၌) ထိပါးမှု (မုန်းထားမှု) ‘ပဋိဃ’၊ လွန်စွာ ဆန့်ကျင်ခြင်းသဘော ‘ပဋိဝိရောဓ’၊ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ကောပ’၊ လွန်စွာစိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘ပကောပ’၊ အလွန်ပြင်းစွာ စိတ်ဆိုးခြင်း (အမျက်ထွက်ခြင်း) သဘော ‘သမ္ပကောပ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ လွန်စွာဖျက်ဆီးပြစ်မှားခြင်းသဘော ‘ပဒေါသ’၊ အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘သမ္ပဒေါသ’၊ စိတ်၏ ဖောက်ပြန်ခြင်းသဘော ‘စိတ္တဿ ဗျာပတ္တိ’၊ စိတ်ပျက်စီးခြင်းသဘော ‘မနောပဒေါသ’၊ အမျက်ထွက်ခြင်းသဘော ‘ကောဓ’၊ အမျက်ထွက်ပုံအခြင်းအရာ ‘ကုဇ္ဈနာ’၊ အမျက်ထွက်တတ်သူ၏အဖြစ် ‘ကုဇ္ဈိတတ္တ’၊ ဖျက်ဆီးပြစ်မှားခြင်းသဘော ‘ဒေါသ’၊ ဖျက်ဆီးပြစ်မှားပုံအခြင်းအရာ ‘ဒုဿနာ’၊ ဖျက်ဆီး ပြစ်မှားတတ်သူ၏အဖြစ် ‘ဒုဿိတတ္တ’၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ‘ဗျာပတ္တိ’၊ ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ ‘ဗျာပဇ္ဇနာ’၊ ဖောက်ပြန်ပျက်စီးတတ်သည်၏အဖြစ် ‘ဗျာပဇ္ဇိတတ္တ’၊ ဆန့်ကျင်မှု ‘ဝိရောဓ’၊ လွန်စွာ အဖန်ဖန် ဆန့်ကျင်မှု ‘ပဋိဝိရောဓ’၊ ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) ‘စဏ္ဍိက္က’၊ ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) ‘အသုရောပ’၊ စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏အဖြစ် (မနှစ်လိုမှု) ‘အနတ္တမနတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ ဟူ၍ ဆိုအပ်၏။ (၄၁၈, ၄၁၉,၁၀၆၆,၁၁၄၂,၁၂၄၂) မောဟ
၁၂၃၈။ တတ္ထ ကတမော မောဟော? ဒုက္ခေ အညာဏံ, ဒုက္ခသမုဒယေ အညာဏံ, ဒုက္ခနိရောဓေ အညာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ, ပုဗ္ဗန္တေ အညာဏံ, အပရန္တေ အညာဏံ, ပုဗ္ဗန္တာပရန္တေ အညာဏံ, ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အညာဏံ။ ယံ ဧဝရူပံ အညာဏံ အဒဿနံ အနဘိသမယော အနနုဗောဓော အသမ္ဗောဓော အပ္ပဋိဝေဓော အသံဂါဟနာ အပရိယောဂါဟနာ အသမပေက္ခနာ အပစ္စဝေက္ခဏာ အပစ္စက္ခကမ္မံ ဒုမ္မေဇ္ဈံ ဗာလျံ အသမ္ပဇညံ မောဟော ပမောဟော သမ္မောဟော အဝိဇ္ဇာ အဝိဇ္ဇောဃော အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာလင်္ဂီ မောဟော အကုသလမူလံ – အယံ ဝုစ္စတိ မောဟော။
၁၂၃၈။ (၃) ထို (ကိလေသာဆယ်ပါးတို့) တွင် (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူသည် အဘယ်နည်း။ ဆင်းရဲ၌ မသိမှု ‘ဒုက္ခေ အညာဏ’၊ ဆင်းရဲဖြစ် ကြောင်း၌ မသိမှု ‘ဒုက္ခသမုဒယေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု ‘ဒုက္ခနိရောဓေ အညာဏ’၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ မသိမှု ‘ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏ’၊ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗန္တေ အညာဏ’၊ နောက်အဖို့၌ (ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) မသိမှု ‘အပရန္တေ အညာဏ’၊ ရှေ့အဖို့ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) မသိမှု ‘ပုဗ္ဗန္တာပရန္တေ အညာဏ’၊ ဤ (ဇရာ, မရဏစသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ ဖြစ်သော အကျိုးတရားတို့၌ မသိမှု ‘ဣဒပ္ပစ္စယတာ့ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အညာဏ’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မသိခြင်းသဘော ‘အညာဏ’။ (အမှန်တရားကို) မမြင်ခြင်းသဘော ‘အဒဿန’၊ ထိုးထွင်း၍ မသိတတ်သောသဘော ‘အနဘိသမယ’။ (အမှန်တရားအား) လျော်စွာမသိတတ်သော သဘော ‘အနုနုဗောဓ’။ (အနိစ္စစသည်တို့နှင့် ယှဥ်၍) မသိတတ်သော သဘော (မှားယွင်းစွာ သိတတ်သော သဘော) ‘အသမ္ဗောဓ’၊ ထိုးထွင်း၍ မသိခြင်းသဘော ‘အပ္ပဋိဝေဓ’။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော ‘အသံဂါဟနာ’။ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သော သဘော ‘အပရိယောဂါဟနာ’၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟုမညီမညွတ် ရှုတတ်) သော သဘော ‘အသမပေက္ခန’၊ မဆင်ခြင်တတ်သော သဘော ‘အပစ္စဝေက္ခဏာ’၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) ‘အပစ္စက္ခကမ္မ’။ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်းသဘော ‘ဒုမ္မေဇ္ဈ’၊ လူမိုက်ဖြစ်ကြောင်းသဘော ‘ဗာလျ’၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော ‘အသမ္ပဇည’။ (အမှန်သဘော၌) တွေဝေခြင်း (အမှန်ကို မသိခြင်း) သဘော ‘မောဟ’၊ ပြင်းစွာတွေဝေခြင်းသဘော ‘ပမောဟ’၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်းသဘော ‘သမ္မောဟ’။ (သိအပ်သည်ကို) မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော ‘အဝိဇ္ဇာ’။ (ဝဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇောဃ’။ (ဝဋ်ဆင်းရဲ ၌) ယှဥ်စေတတ်သော မသိမှုသဘော ‘အဝိဇ္ဇာယောဂ’၊ အစဥ်ကိန်းဝပ်တတ်သော မသိမှုသဘော၊ တစ်နည်း- လျောက်ပတ်သော အကြောင်းကိုရလျှင် (အကြောင်းညီညွတ်လျှင်) ဖြစ်တတ်သော မသိမှု သဘော ‘အဝိဇ္ဇာနုသယ’။ (စိတ်၌ ကိလေသာတို့၏) ထကြွသောင်းကျန်းခြင်းဟူသော မသိမှုသဘော ‘အဝိဇ္ဇာပရိယုဋ္ဌာန’။ (စီးပွားချမ်းသာသို့မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ဟူ၍ ဆိုအပ်၏။ (၃၉၀,၁၀၆၇,၁၁၀၅,၁၁၀၆) မာန
၁၂၃၉။ တတ္ထ ကတမော မာနော? သေယျောဟမသ္မီတိ မာနော, သဒိသောဟမသ္မီတိ မာနော, ဟီနောဟမသ္မီတိ မာနော၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ ဥန္နတိ ဥန္နမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ – အယံ ဝုစ္စတိ မာနော။
၁၂၃၉။ (၄) ထို (ကိလေသာဆယ်ပါးတို့) တွင် (ငါသာလျှင်မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ဟူသည် အဘယ်နည်း။ “ငါသည် (အဆင့်အတန်း) မြင့်မြတ်သူဖြစ်၏” ဟူ၍ မှတ်ထင်မှု (ထောင်လွှားမှု) ‘သေယျမာန’၊ “ငါသည် (အဆင့်အတန်းချင်း) တူသူဖြစ်၏” ဟူ၍မှတ်ထင်မှု (ထောင်လွှားမှု) ‘သဒိသမာန’၊ “ငါသည် (အဆင့်အတန်း) ယုတ်နိမ့် (အောက်ကျ) သူဖြစ်၏” ဟူ၍မှတ်ထင်မှု (ထောင်လွှားမှု) (ငါသည် အဆင့်အတန်းယုတ်နိမ့်သော်လည်း မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုဟုမှတ်ထင်မှု) ‘ဟီနမာန’ သည် (ရှိ၏)။ ဤသို့သဘောရှိသော အကြင် မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’၊ မှတ်ထင်ပုံ (ထောင်လွှားပုံ) အခြင်းအရာ ‘မညနာ’၊ မှတ်ထင်တတ် (ထောင်လွှားတတ်) သည်၏အဖြစ် ‘မညိတတ္တ’၊ တက်ကြွခြင်းသဘော ‘ဥန္နတိ’၊ မြှောက်၍ ထားခြင်းသဘော ‘ဥန္နမ’၊ တံခွန်နှင့်တူသောသဘော ‘ဓဇ’၊ မြှောက်ပင့်ခြင်းသဘော ‘သမ္ပဂ္ဂါဟ’၊ စိတ်၏ တံခွန် မှန်ကင်းကဲ့သို့ မြင့်မောက်လိုသည်၏အဖြစ် ‘ကေတုကမျတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ဟူ၍ ဆိုအပ်၏။ (၁၁၂၁) ဒိဋ္ဌိ
၁၂၄၀။ တတ္ထ ကတမာ ဒိဋ္ဌိ? သဿတော လောကောတိ ဝါ, အသဿတော လောကောတိ ဝါ, အန္တဝါ လောကောတိ ဝါ, အနန္တဝါ လောကောတိ ဝါ, တံ ဇီဝံ တံ သရီရန္တိ ဝါ, အညံ ဇီဝံ အညံ သရီရန္တိ ဝါ, ဟောတိ တထာဂတော ပရံ မရဏာတိ ဝါ, န ဟောတိ တထာဂတော ပရံ မရဏာတိ ဝါ, ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာတိ ဝါ, နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာတိ ဝါ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသူကာယိကံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ ဒိဋ္ဌိသံယောဇနံ ဂါဟော ပတိဋ္ဌာဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပထော မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ဒိဋ္ဌိ။ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိ။
၁၂၄၀။ (၅) ထို (ကိလေသာဆယ်ပါးတို့) တွင် အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (ခန္ဓာငါးပါးဟူသော) လောကသည် မြဲ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောက သည်မမြဲဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) ရှိ၏ဟူ၍လည်းကောင်း။ (ခန္ဓာငါးပါးဟူသော) လောကသည် အဆုံး (အပိုင်းအခြား) မရှိဟူ၍လည်းကောင်း၊ ထို့အသက် ‘ဇီဝ’ သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက် ‘ဇီဝ’ သည် တခြား, ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း၊ ဤသို့သဘောရှိသော အကြင်အမြင်မှားမှု ‘ဒိဋ္ဌိ’။ (၆၂ - ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော ‘ဒိဋ္ဌိဂတ’။ (အမြင်မှန်ကို ပိတ်ဆီးတတ်သော) အမြင်မှားမှုတည်းဟူသော တောအုပ် ‘ဒိဋ္ဌိဂဟန’။ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှုခရီးခဲ ‘ဒိဋ္ဌိကန္တာရ’။ (သမ္မာဒိဋ္ဌိကို) ထွင်းဖောက်ဖျက်ဆီးခြင်းသဘော ‘ဒိဋ္ဌိဝိသူကာယိက’၊ အမြင်မှားမှုတည်းဟူသော ဖောက်ပြန်တုန်လှုပ်ခြင်းသဘော ‘ဒိဋ္ဌိဝိပ္ဖန္ဒိတ’။ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်းဖြစ်သော အမြင်မှားမှု ‘ဒိဋ္ဌိသညောဇန’။ (အာရုံကိုမှားသောအားဖြင့်) မြဲစွာယူတတ်သောသဘော (အယူသည်းသောသဘော) ‘ဂါဟ’။ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော ‘ပတိဋ္ဌာဟ’၊ မှားသောအားဖြင့် နှလုံးသွင်းတတ်သော သဘော ‘အဘိနိဝေသ’၊ မှားသောအားဖြင့် သုံးသပ်တတ်သော သဘော ‘ပရာမာသ’၊ စက်ဆုပ်အပ်သော လမ်းစဥ် ‘ကုမ္မဂ္ဂ’၊ မှားသော ခရီးလမ်းကြောင်း ‘မိစ္ဆာပထ’၊ မှားယွင်းသော သဘော ‘မိစ္ဆတ္တ’၊ မှားသောအယူတည်းဟူသောအကျိုးမဲ့တို့၏ဖြစ်ရာ ‘တိတ္တာယတန’၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော ‘ဝိပရိယာသဂ္ဂါဟ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူ၍ ဆိုအပ်၏။ အလုံးစုံသော မှားယွင်းစွာမြင်မှု ‘မိစ္ဆာဒိဋ္ဌိ’ သည်လည်း အမြင်မှားမှု ‘ဒိဋ္ဌိ’ မည်၏။ (၁၁၀၅,၁၁၂၂) ဝိစိကိစ္ဆာ
၁၂၄၁။ တတ္ထ ကတမာ ဝိစိကိစ္ဆာ? သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ, ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ, သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ, ပုဗ္ဗန္တေ ကင်္ခတိ ဝိစိကိစ္ဆတိ, အပရန္တေ ကင်္ခတိ ဝိစိကိစ္ဆတိ, ပုဗ္ဗန္တာပရန္တေ ကင်္ခတိ ဝိစိကိစ္ဆတိ, ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ ဝိစိကိစ္ဆတိ, ယာ ဧဝရူပါ ကင်္ခါ ကင်္ခါယနာ ကင်္ခါယိတတ္တံ ဝိမတိ ဝိစိကိစ္ဆာ ဒွေဠှကံ ဒွေဓာပထော သံသယော, အနေကံသဂ္ဂါဟော အာသပ္ပနာ ပရိသပ္ပနာ အပရိယောဂါဟနာ ထမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ – အယံ ဝုစ္စတိ ဝိစိကိစ္ဆာ။
၁၂၄၁။ (၆) ထို (ကိလေသာဆယ်ပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏, တွေးတော၏၊ အကျင့် ‘သိက္ခာ’ ၌ ယုံမှား၏, တွေးတော၏။ ရှေ့အဖို့၌ (ဖြစ်ပြီးသော ခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏။ နောက်အဖို့၌ (ဖြစ်လတ္တံ့သောခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏၊ ရှေ့အဖို့၊ နောက်အဖို့၌ (ဖြစ်ပြီး ဖြစ်လတ္တံ့ သောခန္ဓာစသည်တို့၌) ယုံမှား၏, တွေးတော၏၊ ဤ (ဇရာ, မရဏ စသည်တို့၏) အကြောင်းတရားနှင့် (ဇာတိစသော ထိုထိုအကြောင်းကို) စွဲ၍ဖြစ်သော အကျိုးတရားတို့၌ ယုံမှား၏, တွေးတော၏ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ ဤသို့သဘောရှိသော အကြင် ယုံမှားမှု ‘ကင်္ခါ’၊ ယုံမှားပုံအခြင်းအရာ ‘ကင်္ခါယနာ’၊ ယုံမှားတတ်သည်၏အဖြစ် ‘ကင်္ခါယိတတ္တ’၊ မသိခြင်း (တွေးတောခြင်း) ‘ဝိမတိ’၊ သဘာဝကို စဥ်းစားလျှင် (မဆုံးဖြတ်နိုင်၍) ပင်ပန်းကြောင်းသဘော ‘ဝိစိကိစ္ဆာ’။ (မဆုံးဖြတ်နိုင်၍) မှန်, မမှန်နှစ်မျိုးအားဖြင့် တုန်လှုပ်တတ်သောသဘော ‘ဒွေဠက’၊ လမ်းနှစ်ခွနှင့်တူသောသဘော ‘ဒွေဓာပထ’၊ ထက်ဝန်းကျင်မှဖြစ်တတ် (ယုံမှားတတ်) သောသဘော ‘သံသယ’၊ ဧကန္တအားဖြင့် ယူခြင်းငှါ မစွမ်းနိုင်ခြင်းသဘော ‘အနေကံသဂ္ဂါဟ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) အာရုံမှ ဆုတ်နစ်တတ်သောသဘော ‘အာသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်း နိုင်၍) အာရုံမှ ဆုတ်နစ်တတ်သော သဘော ‘အာသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) (အာရုံ၏) ထက်ဝန်းကျင် (တဝဲလည်လည်) ရွေ့ရှားတတ်သော သဘော ‘ပရိသပ္ပနာ’။ (ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၍) စိတ်၏ခက်တရော်သည်၏အဖြစ် ‘ထမ္ဘိတတ္တံ စိတ္တဿ’၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ်ထွေးထွေး) ဖြစ်တတ်သော သဘော ‘မနောဝိလေခ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူ၍ ဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃) ထိန
၁၂၄၂။ တတ္ထ ကတမံ ထိနံ? ယာ စိတ္တဿ အကလ္လတာ အကမ္မညတာ ဩလီယနာ သလ္လီယနာ လီနံ လီယနာ လီယိတတ္တံ ထိနံ ထိယနာ ထိယိတတ္တံ စိတ္တဿ – ဣဒံ ဝုစ္စတိ ထိနံ။
၁၂၄၂။ (၇) ထို (ကိလေသာဆယ်ပါးတို့) တွင် (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူသည် အဘယ်နည်း။ စိတ်၏ အကြင်မခံ့ကျန်းသည်၏အဖြစ် ‘အကလ္လတာ’၊ အမှု၌ မခံ့သည်၏ အဖြစ် (အမှုကိစ္စတို့၌ ပြီးမြောက်အောင် မလိုက်လျော မဆောင်ရှက်နိုင်မှု) ‘အကမ္မညတာ’။ (ရှိမြဲ ဣရိယာပုထ် မခိုင်ခံ့နိုင်အောင်ပျင်းရိခြင်း၌) ငြိတွယ်ပုံအခြင်းအရာ ‘ဩလီယနာ’။ (ရှိမြဲ ဣရိယာပုထ် မခိုင်ခံ့နိုင်အောင် ပျင်းရိခြင်း၌) ငြိကပ်ပုံအခြင်းအရာ ‘သလ္လီယနာ’၊ တွန့်ဆုတ်ခြင်းသဘော ‘လီန’၊ တွန့်ဆုတ်ပုံအခြင်းအရာ ‘လီယနာ’၊ တွန့်ဆုတ်တတ်သည်၏အဖြစ် ‘လီယိတတ္တ’။ (စိတ်၏) မခံ့ခြင်း (ထိုင်း မှိုင်းခြင်း) သဘော ‘ထိန’။ (စိတ်၏) မခံ့ပုံ (ထိုင်းမှိုင်းပုံ) အခြင်းအရာ ‘ထိယနာ’။ (စိတ်၏) မခံ့သည် (ထိုင်း မှိုင်းသည်) ၏အဖြစ် ‘ထိယိတတ္တ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ဟူ၍ဆိုအပ်၏။ (၁၁၆၂) ဥဒ္စစ္စ
၁၂၄၃။ တတ္ထ ကတမံ ဥဒ္ဓစ္စံ? ယံ စိတ္တဿ ဥဒ္ဓစ္စံ အဝူပသမော စေတသော ဝိက္ခေပေါ ဘန္တတ္တံ စိတ္တဿ – ဣဒံ ဝုစ္စတိ ဥဒ္ဓစ္စံ။
၁၂၄၃။ (၈) ထို (ကိလေသာဆယ်ပါးတို့) တွင် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူသည် အဘယ်နည်း။ စိတ်၏အကြင် တုန်လှုပ်သည်၏အဖြစ် (ပျံ့လွင့်ခြင်း) ‘စိတ္တဿ ဥဒ္ဓစ္စ’၊ မငြိမ်သက်ခြင်း (မငြိမ်းဧခြင်း) ‘အဝူပသမ’၊ စိတ်ပျံ့လွင့်တတ်သောသဘော (စိတ်၏ ဖရိုဖရဲ ပျံ့လွင့်ခြင်း) ‘စေတသော ဝိက္ခေပ’၊ စိတ်တုန်လှုပ် (မတည်ငြိမ်) သည်၏အဖြစ် (စိတ်လေလွင့်သည်၏အဖြစ်) ‘ဘန္တတ္တံ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ဟူ၍ ဆိုအပ်၏။ (၄၂၉,၁၁၆၅) အဟိရီက
၁၂၄၄။ တတ္ထ ကတမံ အဟိရိကံ? ယံ န ဟိရီယတိ ဟိရိယိတဗ္ဗေန, န ဟိရီယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – ဣဒံ ဝုစ္စတိ အဟိရိကံ။
၁၂၄၄။ (၉) ထို (ကိလေသာဆယ်ပါးတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူသည် အဘယ်နည်း။ အကြင်သဘောတရားသည် ရှက်ထိုက်သောကာယဒုစရိုက်စသည်ကို မရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားများသို့ ရောက်ခြင်း (လွန်ကျူးခြင်း) ကို မရှက်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူ၍ ဆိုအပ်၏။ (၃၈၇) အနောတ္တပ္ပ
[1238] What is unconscientiousness ? The absence of any feeling of conscientious scruple when scruples ought to be felt; the absence of conscientious scruple at attaining to bad and evil states.
၁၂၄၅။ တတ္ထ ကတမံ အနောတ္တပ္ပံ? ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန, န ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – ဣဒံ ဝုစ္စတိ အနောတ္တပ္ပံ။
ဣမေ ဓမ္မာ ကိလေသာ။
၁၂၄၅။ (၁၀) ထို (ကိလေသာဆယ်ပါးတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ’ ဟူသည် အဘယ်နည်း။ အကြင် သဘောတရားသည်ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ မကြောက်လန့်တတ်၊ ယုတ်မာသောအကုသိုလ်တရားများ သို့ ရောက်ခြင်း (လွန်ကျူးခြင်း) မှ မကြောက်လန့်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူ၍ ဆိုအပ်၏။ (၃၀၈) ဤတရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသာ’ တရားမည်ကုန်၏ (ကိလေသာ တရားကိုယ်ဆယ်ပါး)။ နော ကိလေသတရား
[1239] What is disregard of blame ? The absence of any sense of guilt where a sense of guilt ought to be felt, the absence of a sense of guilt at attaining to bad and evil states. These are the states which have the attribute of corruption.
၁၂၄၆။ ကတမေ ဓမ္မာ နော ကိလေသာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော …ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ နော ကိလေသာ။
၁၂၄၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားမမည်သော ‘နော ကိလေသ’ တရားဖြစ် ကုန်သနည်း။ ထို (ကိလေသ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမ (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရား တို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားမမည်သော ‘နောကိလေသ’ တရား ဖြစ် ကုန်၏ (စိတ်, ကိလေသာဆယ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်,နိဗ္ဗာန်)။ ၂-သံကိလေသိကဒုက် သံကိလေသိကတရား
[1240] Which are the states that have not the attribute of corruption ? All other states whatever (i.e., all except the afore-named ten), good, bad and indeterminate, whether they relate to the worlds of sense, form or the formless, or to the life that is Unincluded ; in other words, the four skandhas, all form also and uncompounded element.
၁၂၄၇။ ကတမေ ဓမ္မာ သံကိလေသိကာ? သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သံကိလေသိကာ။
၁၂၄၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အဗျာကတတရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရားဖြစ်ကုန်၏ (ကိလေသာတို့၏ အာရုံဖြစ်သော လောကီတရားများ)။ အသံကိလေသိကတရား
[1241, 1242] Which are the states that are (a) baneful ? of them as immediate conditions (anantara-paccaya). Asl. 386. In the answer, vupasamo in the text should be avupasamo. '' See §§ 387, 388. Co-Intoxicant states, good, bad and indeterminate, whether they relate to the worlds of sense, of form or of the formless ; in other words, the five skandhas. (b) harmless ? The Paths that are the Unincluded, and the Fruits of the Paths, and uncompounded element. [1243, 1243a] Which are the states that are (a) corrupt? The three roots of bad (karma), to wit, lust, hate, dulness, as well as the Corruptions united with them, the four skandhas associated with them, and the action, bodily, vocal and mental, springing from them. (h) not corrupt ? Good and indeterminate states, whether they relate to the worlds of sense, form, or the formless, or to the life that is Unincluded ; in other words, the four skandhas ; all form also, and uncompounded element.
၁၂၄၈။ ကတမေ ဓမ္မာ အသံကိလေသိကာ? အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အသံကိလေသိကာ။
၁၂၄၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါ မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်တို့သည်လည်းကောင်း၊ မဂ်၏ အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို ရခြင်းငှါမထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်,နိဗ္ဗာန်)။ ၃-သံကိလိဋ္ဌဒုက် သံကိလိဋ္ဌတရား
၁၂၄၉။ ကတမေ ဓမ္မာ သံကိလိဋ္ဌာ? တီဏိ အကုသလမူလာနိ – လောဘော, ဒေါသော, မောဟော၊ တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ, မနောကမ္မံ – ဣမေ ဓမ္မာ သံကိလိဋ္ဌာ။
၁၂၄၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်ယှဥ်သော တရားများကား အဘယ်တို့ နည်း)။ လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ဟူသော အကုသိုလ် အခြေအမြစ် ‘အကုသလမူလ’ သုံးပါး၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’စသည့် အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါးတို့နှင့် အတူတကွဖြစ်သော ‘ကိလေသာ’၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့်အကုသိုလ် အခြေအမြစ် ‘အကုသလမူလ’ တို့နှင့် ယှဥ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည့် ‘အကုသလမူလ’တို့ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် ယှဥ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဥ်ဖက်စေတသိက်များ)။ အသံကိလိဋ္ဌတရား
၁၂၅၀။ ကတမေ ဓမ္မာ အသံကိလိဋ္ဌာ? ကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အသံကိလိဋ္ဌာ။
၁၂၅၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့် မယှဥ်သော တရားများကား အဘယ်တို့နည်း)။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ခံစားမှုအစု‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် မယှဥ်သော) ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဥ်ဖက် စေတသိက်, ရုပ်နှင့် နိဗ္ဗာန်)။ ၄-ကိလေသသမ္ပယုတ္တဒုက် ကိလေသသမ္ပယုတ္တတရား
[1244-1247] Which are the states that are (a) associated ivith the Corruptions ? (b) disconnected with the Corruptions ? J (c) both Corruptions and baneful ? \ (d) banefid but not themselves Corruptions V Answers as in the corresponding pairs in the ' Graspings,' §§ 1221-1224.
၁၂၅၁။ ကတမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ။
၁၂၅၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဥ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ထို (ကိလေသ) တရားတို့နှင့် ယှဥ်ကုန်သော ခံစားမှုအစု ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရား တို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဥ်သော ‘ကိလေသ သမ္ပယုတ္တ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ (၁၂၄၉) ကိလေသဝိပ္ပယုတ္တတရား
၁၂၅၂။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ။
၁၂၅၂။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် မယှဥ်သော ‘ကိလေသ ဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။ ထို (ကိလေသ) တရားတို့နှင့် မယှဥ်ကုန်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်)ဟူသောအကြင်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက် တတ်သော ‘ကိလေသ’ တရားတို့နှင့် မယှဥ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်,ကြိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ (၁၂၅၀) ၅-ကိလေသ သံကိလေသိကဒုက် ကိလေသ သံကိလေသိကတရား
၁၂၅၃။ ကတမေ ဓမ္မာ ကိလေသာ စေဝ သံကိလေသိကာ စ? တေဝ ကိလေသာ ကိလေသာ စေဝ သံကိလေသိကာ စ။
၁၂၅၃။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၍ ကိလေသတို့ကို ရခြင်းငှါလည်း ထိုက်သော (ကိလေသတို့၏ အာရုံဖြစ်သော) ‘ကိလေသ သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ ထိုကိလေသာတို့သည်ပင် ‘ကိလေသ’ လည်းမည်၍ ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားတို့ကို ရခြင်းငှါလည်း ထိုက်သော (ကိလေသတို့၏ အာရုံဖြစ်သော) ‘ကိလေသသံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာဆယ်ပါး)။ (၁၂၃၅,၁၂၄၅) သံကိလေသိက နော ကိလေသတရား
၁၂၅၄။ ကတမေ ဓမ္မာ သံကိလေသိကာ စေဝ နော စ ကိလေသာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သံကိလေသိကာ, တေ ဓမ္မေ ဌပေတွာ အဝသေသာ သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သံကိလေသိကာ စေဝ နော စ ကိလေသာ။
၁၂၅၄။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို ရခြင်းငှါသာ ထိုက်၍ (ကိလေသတို့၏အာရုံသာဖြစ်၍) ‘ကိလေသ’ မမည်သော ‘သံကိလေသိက နော ကိလေသ’ တရား ဖြစ်ကုန်သနည်း။ အကြင်တရားတို့သည် ထို ‘ကိလေသ’ တရားတို့ဖြင့် (ထို ‘ကိလေသ’ တရားတို့ အာရုံပြုအပ်သဖြင့်) ကိလေသတရားတို့၏ အာရုံဖြစ်သော ‘သံကိလေသ’ တရား ဖြစ်ကုန်၏။ (ထို ‘သံကိလေသိက’ တရားတို့၌ ပါရှိသော) ထို (ကိလေသ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်သည့် (သံကိလေသိကတရားဖြစ်ကုန်သော) အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့၏အာရုံသာဖြစ်၍ ကိလေသမမည်သော) ‘သံကိလေသိက နော ကိလေသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်,ကိလေသာတရားကိုယ် ဆယ်ပါးကြဥ်သော ယှဥ်ဖက် စေတသိက်, ရုပ်)။ ၆-ကိလေသ သံကိလိဋ္ဌဒုက် ကိလေသ သံကိလိဋ္ဌတရား
[1248, 1249] Which are the states that are (a) both Corruptions and corrupt ? The Corruptions themselves. (b) corrupt but not themselves Corruptions ? The states which by those ten states are made corrupt, the ten themselves excepted ; in other words, the four skandhas.
၁၂၅၅။ ကတမေ ဓမ္မာ ကိလေသာ စေဝ သံကိလိဋ္ဌာ စ? တေဝ ကိလေသာ ကိလေသာ စေဝ သံကိလိဋ္ဌာ စ။
၁၂၅၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၍ ပူပန်စေတတ် နှိပ် စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်လည်း ပူပန်စေအပ်, နှိပ်စက်လည်း နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘ကိလေသ သံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသတရားလည်း မည်၍ ကိလေသနှင့်လည်းယှဥ်သော တရားများကား အဘယ်နည်း)။ ထိုပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည်ပင် (ကိလေသလည်းမည်၍ ကိလေသနှင့်လည်းယှဥ်သော) ‘ကိလေသ့သံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကိလေသာတရားကိုယ် ဆယ်ပါး)။ (၁၂၃၅,၁၂၄၅) သံကိလိဋ္ဌ နော ကိလေသတရား
၁၂၅၆။ ကတမေ ဓမ္မာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သံကိလိဋ္ဌာ, တေ ဓမ္မေ ဌပေတွာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ။
၁၂၅၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန် စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာဖြစ်၍ (ကိလေသတို့နှင့်သာ ယှဥ်၍) ကိလေသ မမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရားဖြစ်ကုန်သနည်း။ အကြင်တရားတို့သည် ထို (ကိလေသ) တရားတို့ဖြင့် (ထိုကိလေသတရားတို့ကပူပန်စေအပ် နှိပ်စက်အပ်သဖြင့်) ‘သံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏။ (ထို ‘သံကိလိဋ္ဌ’ တရားတို့၌ ပါရှိသော) ထို (ကိလေသ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်ကုန်သော) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့နှင့်သာ ယှဥ်၍ကိလေသမမည်သော) ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်၊ ကိလေသဆယ်ပါးကြဥ်သော ယှဥ်ဖက် စေတသိက်)။ ၇-ကိလေသ ကိလေသသမ္ပယုတ္တဒုက် ကိလေသ ကိလေသသမ္ပယုတ္တတရား
၁၂၅၇။ ကတမေ ဓမ္မာ ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စ? လောဘော မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, မောဟော လောဘေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဒေါသော မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, မောဟော ဒေါသေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, မာနော မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, မောဟော မာနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဒိဋ္ဌိ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, မောဟော ဒိဋ္ဌိယာ ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဝိစိကိစ္ဆာ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, မောဟော ဝိစိကိစ္ဆာယ ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ထိနံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော ထိနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဥဒ္ဓစ္စံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အဟိရိကံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အနောတ္တပ္ပံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, လောဘော ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဥဒ္ဓစ္စံ လောဘေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒေါသော ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဥဒ္ဓစ္စံ ဒေါသေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဥဒ္ဓစ္စံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မာနော ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, ဥဒ္ဓစ္စံ မာနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒိဋ္ဌိ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, ဥဒ္ဓစ္စံ ဒိဋ္ဌိယာ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဝိစိကိစ္ဆာ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, ဥဒ္ဓစ္စံ ဝိစိကိစ္ဆာယ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ထိနံ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဥဒ္ဓစ္စံ ထိနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အဟိရိကံ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဥဒ္ဓစ္စံ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အနောတ္တပ္ပံ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဥဒ္ဓစ္စံ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, လောဘော အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အဟိရိကံ လောဘေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒေါသော အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အဟိရိကံ ဒေါသေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အဟိရိကံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မာနော အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အဟိရိကံ မာနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒိဋ္ဌိ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, အဟိရိကံ ဒိဋ္ဌိယာ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဝိစိကိစ္ဆာ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, အဟိရိကံ ဝိစိကိစ္ဆာယ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ထိနံ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အဟိရိကံ ထိနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဥဒ္ဓစ္စံ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အဟိရိကံ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အနောတ္တပ္ပံ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အဟိရိကံ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, လောဘော အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အနောတ္တပ္ပံ လောဘေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒေါသော အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အနောတ္တပ္ပံ ဒေါသေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မောဟော အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အနောတ္တပ္ပံ မောဟေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, မာနော အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ, အနောတ္တပ္ပံ မာနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဒိဋ္ဌိ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, အနောတ္တပ္ပံ ဒိဋ္ဌိယာ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဝိစိကိစ္ဆာ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တာ စ, အနောတ္တပ္ပံ ဝိစိကိစ္ဆာယ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ထိနံ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အနောတ္တပ္ပံ ထိနေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, ဥဒ္ဓစ္စံ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အနောတ္တပ္ပံ ဥဒ္ဓစ္စေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အဟိရိကံ အနောတ္တပ္ပေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ, အနောတ္တပ္ပံ အဟိရိကေန ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ – ဣမေ ဓမ္မာ ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စ။
၁၂၅၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၍ ‘ကိလေသ’ တရားတို့နှင့်လည်းယှဥ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏။ (အမှန် တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ့်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ် စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်းဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ် ဖက်ဖြစ်သော) လောဘ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်းမည်၏။ (ယှဥ် ဖက်ဖြစ်သော) ဒေါသ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (အမှန်တရား၌) တွေဝေမှု ‘မောဟ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မောဟ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ငါသာလျှင် မြတ်သည်ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) မာန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် ‘ကိလေသ’ လည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဒိဋ္ဌိ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား လည်းမည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဝိစိကိစ္ဆာ (ကိလေသ) ကြောင့့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ထိန (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) ဥဒ္ဓစ္စ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ် သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မရှက်မှု ‘အဟိရီက’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အနောတ္တပ္ပ (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့်ယှဥ်သည်လည်း ဖြစ်၏။ (ကာယဒုစရိုက်စသည်မှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည်၏။ (ယှဥ်ဖက်ဖြစ်သော) အဟိရီက (ကိလေသ) ကြောင့် ‘ကိလေသ’ နှင့် ယှဥ်သည်လည်း ဖြစ်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားလည်း မည် ၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားနှင့်လည်း ယှဥ်သော ‘ကိလေသကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘ, ဒေါသစသောကိလေသတရား ကိုယ်ဆယ်ပါး)။ ကိလေသသမ္ပယုတ္တနော ကိလေသတရား
[1250-1253] Which are the states that are {a) both Corruptions and associated with Corruptions ? Lust, hate, conceit, speculative opinion, perplexity, stolidity, excitement, unconscientiousness and disregard of blame taken severally in conjunction with dulness, and dulness in conjunction with each of them. Lust, also, in conjunction with excitement, and conversely, and so for the remaining eight bases. Lust, also, in conjunction with unconscientiousness, and conversely, and so for the remaining eight. Lust, also, in conjunction with disregard of blame, and conversely, and so for the remaining eight. (b) associated with Corruptions but not themselves Corruptions P {(c) disconnected ivith Ills but baneful ? {d) disconnected with Ills and harmless ? Answers to these three questions as in former groups. See §§ 1226-1228, 1171-1173, etc. [Chapter XIV. The Supplementary Set of Pairs (pitthidukam).]
၁၂၅၈။ ကတမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ တေ ဓမ္မေ ဌပေတွာ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ။
၁၂၅၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့်သာ ယှဥ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မမည်သော ‘ကိလေသ သမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်သနည်း။ ထို (ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’) တရားတို့နှင့် ယှဥ်ကုန်သောထို (ကိလေသ) တရားတို့ကို ချန်ထား၍ (ကြွင်းကျန်သည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် (အကုသိုလ်) တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား မမည်သော ‘ကိလေသသမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ကိလေသာဆယ်ပါးကြဥ်သော ယှဥ်ဖက် စေတသိက်)။ ၈-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် ကိလေသဝိပ္ပယုတ္တသံကိလေသိကတရား
၁၂၅၉။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာ? တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ သာသဝါ ကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာ။
၁၂၅၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့နှင့် မယှဥ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏အာရုံဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ ထို (ကိလေသ) တရားတို့နှင့်မယှဥ်ကုန်သော, အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့်ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ဟူသော အကြင် တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’တရားတို့နှင့် မယှဥ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စတတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်)။ ကိလေသဝိပ္ပယုတ္တအသံကိလေသိကတရား
၁၂၆၀။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ? အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ။
၁၂၆၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့နှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသာတို့၏အာရုံလည်း မဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားကို (ရခြင်းငှါ) လည်းမထိုက်သော (ကိလေသာတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ကိလေသဂေါစ္ဆက ပြီးပြီ။ ၁၃-ပိဋ္ဌိဒုက် ၁-ဒဿနေန ပဟာတဗ္ဗဒုက် ဒဿနေန ပဟာတဗ္ဗတရား
ပိဋ္ဌိဒုကံ
၁၂၆၁။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ? တီဏိ သံယောဇနာနိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော။
၁၂၆၁။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှား သောအားဖြင့်သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဥ်သုံးပါးတို့သည်ရှိကုန်၏။ သက္ကာယဒိဋ္ဌိ
[1254] Which are the states that are to be put away by insight ? The Three Fetters, to wit : theory of individuahty, perplexity and the contagion of mere rule and ritual.
၁၂၆၂။ တတ္ထ ကတမာ သက္ကာယဒိဋ္ဌိ? ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ, ရူပဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ရူပံ, ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ…ပေ… သညံ…ပေ… သင်္ခါရေ…ပေ… ဝိညာဏံ အတ္တတော သမနုပဿတိ, ဝိညာဏဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ဝိညာဏံ, ဝိညာဏသ္မိံ ဝါ အတ္တာနံ။ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ သက္ကာယဒိဋ္ဌိ။
၁၂၆၂။ (၁) ထို (သံယောဇဥ်သုံးပါးတို့) တွင် ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ ဤ လောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော, သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏ တရား၌ (စောင့်စည်းခြင်း, ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော ပုထုဇဥ်သည်- (၁) (က) ရုပ်ကို အတ္တဟုရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသောအတ္တဟုရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။ (၂) (က) ခံစားမှု ‘ဝေဒနာ’ ကို။ပ။ (၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။ (၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။ (၅) (က) အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဥ်ရှိ၏၊ တစ်နည်း- ဝိညာဥ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟုဆိုအပ်၏။ (၃၈၁,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄) ဝိစိကိစ္ဆာ
[1255-1257] Identical with §§ 1003-1006.
၁၂၆၃။ တတ္ထ ကတမာ ဝိစိကိစ္ဆာ? သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… ထမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ – အယံ ဝုစ္စတိ ဝိစိကိစ္ဆာ။
၁၂၆၃။ (၂) ထို (သံယောဇဥ်သုံးပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏, တွေးတော၏။ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ပ။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ်၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ် ထွေးထွေး) ဖြစ်တတ်သော သဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟုဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃,၁၁၆၇) သီလဗ္ဗတပရာမာသ
၁၂၆၄။ တတ္ထ ကတမော သီလဗ္ဗတပရာမာသော? ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သုဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓီတိ – ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ သီလဗ္ဗတပရာမာသော။ ဣမာနိ တီဏိ သံယောဇနာနိ, တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ။
၁၂၆၄။ (၃) ထို (သံယောဇဥ်သုံးပါတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ ဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အကျင့် ‘ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့ သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင် ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူ၍ ဆိုအပ်၏ (၃၉၂,၁၀၀၉,၁၁၄၃)။ ဤသံယောဇဥ်သုံးပါး၊ ထိုသံယောဇဥ်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ်သော, နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (သံယောဇဥ်တို့) နှင့် ယှဥ်သော ခံစားမှုအစု‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (သံယောဇဥ်တို့) ကြောင့်ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (သောတာပတ္တိမဂ်သည် အကြွင်းမရှိ ပယ်အပ်သော ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ယှဥ်ဖက်စေတသိက်၊ အပါယဂမနိယဖြစ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူစိတ်နှင့် ယှဥ်ဖက်စေတသိက်များ)။ န ဒဿနေန ပဟာတဗ္ဗတရား
၁၂၆၅။ ကတမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗာ။
၁၂၆၅။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ထို (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင် ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ တရားဖြစ်သည့်ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံ သော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ် သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် မပယ် အပ်သော ‘နဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (သောပတ္တိမဂ် ပယ်အပ်သည်မှတစ်ပါး ဒိဋ္ဌိဂတ ဝိပ္ပယုတ်,ဒေါသမူ, ဥဒ္ဓစ္စသဟဂုတ်, ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-ဘာဝနာယ ပဟာတဗ္ဗဒုက် ဘာဝနာယ ပဟာတဗ္ဗတရား
[1258] Which are the states that are not to be put away by insight ? All states whatever, good, bad and indeterminate, except the three afore-mentioned, whether they relate to the worlds of sense, form or the formless, or to the life that is Unincluded ; in other words, the four skandhas ; all form also and uncompounded element.
၁၂၆၆။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ? အဝသေသော လောဘော ဒေါသော မောဟော, တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ မနောကမ္မံ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ။
၁၂၆၆။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ (သောတာ ပတ္တိမဂ်ဖြင့်ပယ်အပ်သောတရားတို့မှ) ကြွင်းကျန်သော လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ၊ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည် တို့နှင့်အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်) တို့နှင့် ယှဥ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, ဥဒ္ဓစ္စသဟဂုတ်စိတ်နှင့် ယှဥ်ဖက်စေတသိက်)။ န ဘာဝနာယ ပဟာတဗ္ဗတရား
[1259, 1260] Which are the states that are {a) to he put aivay hy cultivation . All the remaining lust, hate and dulness as well as the Corruptions united with them, the four skandhas associated with them, and the action, bodily, vocal and mental, springing from them. (6) not to he put away hy cultivation Answer as for those states which are not to he put away hy insight [§ 1258].
၁၂၆၇။ ကတမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော …ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗာ။
၁၂၆၇။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သ နည်း။ ထို (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါ၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (အထက်မဂ်သုံးပါးဖြင့်မပယ်အပ်သော ကုသိုလ်, အပါယဂမနိယအကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဥ်ဖက် စေတသိက်, ရုပ်,နိဗ္ဗာန်)။ ၃-ဒဿနေန ပဟာတဗ္ဗဟေတုကဒုက် ဒဿနေန ပဟာတဗ္ဗဟေတုကတရား
၁၂၆၈။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ? တီဏိ သံယောဇနာနိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော။
၁၂၆၈။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ရှိသော ‘ဒဿနေနပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။ ထင်ရှားရှိသော (ခန္ဓာငါးပါးဟုဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ , ယုံမှားမှု ‘ဝိစိကိစ္ဆာ’ , (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသောသံယောဇဥ်သုံးပါးတို့သည်ရှိကုန်၏။ သက္ကာယဒိဋ္ဌိ
[1261] Which are the states the causes of which are to be put away by insight ? The Three Fetters, to wit : theory of individuality, perplexity and the contagion of mere rule and ritual.
၁၂၆၉။ တတ္ထ ကတမာ သက္ကာယဒိဋ္ဌိ? ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ, ရူပဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ရူပံ, ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ…ပေ… သညံ…ပေ… သင်္ခါရေ…ပေ… ဝိညာဏံ အတ္တတော သမနုပဿတိ, ဝိညာဏဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ဝိညာဏံ, ဝိညာဏသ္မိံ ဝါ အတ္တာနံ။ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ သက္ကာယဒိဋ္ဌိ။
၁၂၆၉။ (၁) ထို (သံယောဇဥ်သုံးပါးတို့) တွင် ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ ဤ လောက၌ အကြားအမြင်မရှိသော, (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအပ်ပြီးသော) အရိယာတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, အရိယာတို့၏ (သတိပဋ္ဌာန်စသော) တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ (သတိ့ပဋ္ဌာန်စသော) တရား၌ (စောင့်စည်းခြင်း ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော, သူတော်ကောင်းတို့ကို (ဉာဏ်ဖြင့်) မြင်လေ့မရှိသော, သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏တရား၌ (စောင့်စည်းခြင်း၊ ပယ်ရှားခြင်းအားဖြင့်) မဆုံးမအပ်သော ပုထုဇဥ်သည်- (၁) (က) ရုပ်ကို အတ္တဟုရှု၏။ (ခ) သို့မဟုတ် အတ္တကို ရုပ်ရှိ၏ဟု ရှု၏ (အတ္တမှာ ရုပ်ရှိ၏၊ တစ်နည်း- ရုပ်ရှိသော အတ္တဟုရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ ရုပ်ကို ရှု၏။ (ဃ) သို့မဟုတ် ရုပ်၌ အတ္တကို ရှု၏။ (၂) (က) ခံစားမှု ‘ဝေဒနာ’ ကို။ပ။ (၃) (က) မှတ်သားမှု ‘သညာ’ ကို။ပ။ (၄) (က) ပြုပြင်မှု ‘သင်္ခါရ’ တို့ကို။ပ။ (၅) (က) အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏။ (ခ) သို့မဟုတ် အတ္တကို အထူးသိမှု ‘ဝိညာဏ်’ ရှိ၏ဟု ရှု၏ (အတ္တမှာ ဝိညာဥ်ရှိ၏၊ တစ်နည်း- ဝိညာဥ်ရှိသော အတ္တဟု ရှု၏)။ (ဂ) သို့မဟုတ် အတ္တ၌ အထူးသိမှု ‘ဝိညာဏ်’ ကို ရှု၏။ (ဃ) သို့မဟုတ် အထူးသိမှု ‘ဝိညာဏ်’ ၌ အတ္တကို ရှု၏။ ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ဟုဆိုအပ်၏။ (၃၈၁,၁၀၀၇,၁၁၀၅,၁၁၂၂,၁၁၄၄,၁၂၆၂) ဝိစိကိစ္ဆာ
[1262-1264] Identical with §§ 1003-1006.
၁၂၇၀။ တတ္ထ ကတမာ ဝိစိကိစ္ဆာ? သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ…ပေ… ထမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ – အယံ ဝုစ္စတိ ဝိစိကိစ္ဆာ။
၁၂၇၀။ (၂) ထို (သံယောဇဥ်သုံးပါးတို့) တွင် ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသည် အဘယ်နည်း။ မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏။ (မဆုံးဖြတ်နိုင်ဘဲ ပင်ပန်း၏)။ပ။ (ဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်၍) စိတ်၏ ခက်တရော်သည်၏အဖြစ်၊ စိတ်ကို ရေးခြစ်သကဲ့သို့ (ရှုပ်ရှုပ် ထွေးထွေး) ဖြစ်တတ်သော သဘောသည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟုဆိုအပ်၏။ (၄၂၅,၁၀၀၈,၁၁၂၃,၁၁၆၇,၁၂၆၃) သီလဗ္ဗတပရာမာသ
၁၂၇၁။ တတ္ထ ကတမော သီလဗ္ဗတပရာမာသော? ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သုဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓီတိ – ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ သီလဗ္ဗတပရာမာသော။ ဣမာနိ တီဏိ သံယောဇနာနိ, တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ, မနောကမ္မံ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။ တီဏိ သံယောဇနာနိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ။ တဒေကဋ္ဌော လောဘော ဒေါသော မောဟော – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတူ။ တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ, မနောကမ္မံ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။
၁၂၇၁။ (၃) ထို (သံယောဇဥ်သုံးပါတို့) တွင် (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတ ပရာမာသ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း, ပုဏ္ဏား သမဏ, ဗြာဟ္မဏတို့၏ (နွား, ခွေးစသည်တို့၏) အလေ့ ‘သီလ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေး စသည်တို့၏) အကျင့် ‘ဝတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏, (နွား, ခွေးစသည်တို့၏) အလေ့အကျင့် ‘သီလဗ္ဗတ’ ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက် ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူ၍ ဆိုအပ်၏။ (၃၉၂,၁၀၀၉,၁၁၄၃,၁၂၆၄) ဤသံယောဇဥ်သုံးပါး၊ ထိုသံယောဇဥ်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ်သော နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (ကိလေသတရားတို့) နှင့် ယှဥ်သော ခံစားမှုအစု‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (ကိလေသတရားတို့) ကြောင့်ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့်ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့် ကြံစည်တွေးတောမှု့‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်သည်ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ ထင်ရှားရှိသော (ခန္ဓာငါးပါးဟု ဆိုအပ်သော) ကိုယ်၌ (ငါဟူ၍) အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’။ (နွား, ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ဟူသော သံယောဇဥ်သုံးပါးတို့သည်ရှိကုန်၏၊ ဤ (သံယောဇဥ်သုံးပါး) တရားတို့ကိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်ကုန်၏။ ထိုသံယောဇဥ်တို့နှင့် အတူတကွ ဖြစ်သော လိုချင်တပ်မက်မှု ‘လောဘ’၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ တို့တည်း။ ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေ တတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဥ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’၊ စိတ်ဖြင့်ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း ‘ဟိတ်’ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ န ဒဿနေန ပဟာတဗ္ဗဟေတုကတရား
၁၂၇၂။ ကတမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။
၁၂၇၂။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဒဿနေနပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။ ထို (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရား ဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ ၄-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက် ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား
[1265] Which are the states the causes of which are not to be put away by insight ? Answer as for those * states which are not to be put away by insight,' § 1258.
၁၂၇၃။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? အဝသေသော လောဘော ဒေါသော မောဟော – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတူ။ တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ, မနောကမ္မံ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၂၇၃။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း‘ဟိတ်’ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။ (သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော တရားတို့မှ) ကြွင်းကျန်သောလိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ် သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ တို့တည်း။ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွ ဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဥ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ န ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား
[1266, 1267] Which are the states the causes of which are (a) to he put away by cultivation ? All the remaining lust, hate and dulness : these are the causes that are to be put away by cultivation. And the Corruptions united with them, the four skandhas associated with them, and the action, bodily, vocal and mental, springing from them, are the states the causes of which are to be put away by cultivation. (h) not to he put away hy cultivation ? Ansiver as for the ' states which are not to be put away by cultivation,' § 1260.
၁၂၇၄။ ကတမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၂၇၄။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့်ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’မရှိသော ‘န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်သနည်း။ ထို (အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ ရှိသော) တရားတို့ကိုချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည်အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း ‘ဟိတ်’ မရှိသော ‘န ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ ၅-သဝိတက္ကဒုက် သဝိတက္ကတရား
၁၂၇၅။ ကတမေ ဓမ္မာ သဝိတက္ကာ? သဝိတက္ကဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, ဝိတက္ကံ ဌပေတွာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သဝိတက္ကာ။
၁၂၇၅။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော (ဝိတက်နှင့်ယှဥ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော ,ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ကြံစည်မှု ‘ဝိတက်’ နှင့် အတူတကွဖြစ်ရာစိတ်၌ (ရှိသည့်) ကြံစည်မှု ‘ဝိတက်’ ကို ချန်ထား၍ ထို (ကြံစည်မှု ‘ဝိတက်’) နှင့် ယှဥ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည်ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော (ဝိတက်နှင့် ယှဥ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်၏ (သဝိတက္ကစိတ် ၅၅ နှင့် ဝိတက်မှတစ်ပါးသော ယှဥ်ဖက် စေတသိက်)။ အဝိတက္ကတရား
[1268-1271] Which are the states (a) * wherein conception ivorks ' ? The four skandhas when associated with conception (the latter not being included), [which springs up] in a soil wherein conception works, either in the worlds of sense or form, or in the life that is Unincluded. (b) * void of the working of conception ' ? The four skandhas when springing up in a soil void of conception, either in the worlds of sense, form or the formless, or in the life that is Unincluded ; conception itself also, and all form and uncompounded element. (c) * wherein works thought discursive ' ? (d) * void of the working of thought discursive ' .? Ansivers (substituting * discursive thought ' for ' conception ') as in §§ 1268, 1269 respectively .
၁၂၇၆။ ကတမေ ဓမ္မာ အဝိတက္ကာ? အဝိတက္ကဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ဝိတက္ကော စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အဝိတက္ကာ။
၁၂၇၆။ (၂) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ မရှိသော (ဝိတက်နှင့် မယှဥ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကြံစည်မှု ‘ဝိတက်’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် ကြံစည်မှု ‘ဝိတက်’ ၊ ထို့ပြင်အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ မရှိသော (ဝိတက်နှင့် မယှဥ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်၏ (အဝိတက္ကစိတ် ၆၆၊ ဝိတက်ကြဥ်သော ယှဥ်ဖက် စေတသိက်, ဝိတက်, ရုပ်, နိဗ္ဗာန်)။ ၆-သဝိစာရဒုက် သဝိစာရတရား
၁၂၇၇။ ကတမေ ဓမ္မာ သဝိစာရာ? သဝိစာရဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, ဝိစာရံ ဌပေတွာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သဝိစာရာ။
၁၂၇၇။ (၁) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့်ယှဥ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောသုံးသပ်မှု ‘ဝိစာရ’ နှင့် အတူတကွ ဖြစ်ရာစိတ်၌ (ရှိသည့်) သုံးသပ်မှု ‘ဝိစာရ’ ကို ချန်ထား၍ ထို (သုံးသပ်မှု ‘ဝိစာရ’) နှင့်ယှဥ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစ ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့် ယှဥ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်၏ (သဝိစာရစိတ် ၆၆၊ ဝိစာရကြဥ်သော ယှဥ်ဖက်စေတသိက်)။ အဝိစာရတရား
၁၂၇၈။ ကတမေ ဓမ္မာ အဝိစာရာ? အဝိစာရဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ဝိစာရော စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အဝိစာရာ။
၁၂၇၈။ (၂) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’မရှိသော (ဝိစာရနှင့် မယှဥ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက် ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သောသုံးသပ်မှု ‘ဝိစာရ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် သုံးသပ်မှု ‘ဝိစာရ’ ၊ ထို့ပြင် အလုံးစုံသောရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ မရှိသော (ဝိစာရနှင့်မယှဥ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်၏ (အဝိစာရစိတ် ၅၅, ဝိတက် ဝိစာရကြဥ်သော ယှဥ်ဖက်စေတသိက်, ဝိစာရ, ရုပ်, နိဗ္ဗာန်)။ ၇-သပ္ပီတိကတရား သပ္ပီတိကတရား
၁၂၇၉။ ကတမေ ဓမ္မာ သပ္ပီတိကာ? သပ္ပီတိကဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, ပီတိံ ဌပေတွာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သပ္ပီတိကာ။
၁၂၇၉။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ ရှိသော (ပီတိနှင့်ယှဥ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွဖြစ်ရာစိတ်၌ (ရှိသည့်) နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ ထို (နှစ်သက်မှု ‘ပီတိ’) နှင့် ယှဥ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤ တရားတို့သည် နှစ်သက်မှု ‘ပီတိ’ ရှိသော (ပီတိနှင့် ယှဥ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်၏ (ပီတိရှိ သော သပ္ပီတိကစိတ် ၅၁,ပီတိကြဥ်သော ယှဥ်ဖက် စေတသိက်)။ အပ္ပီတိကတရား
[1272-1277] Which are the states that are r {a) joyous ?' \ (h) not joyous ? (c) accompanied by joy ? (d) unaccompanied by joy ? {e) accompanied by ease 1 (/) unaccompanied by ease ? Answers to each pair of questions analogous to those in §§ 1268, 1269, * joy ' or * ease ' being substituted in due order for * conception.'
၁၂၈၀။ ကတမေ ဓမ္မာ အပ္ပီတိကာ? အပ္ပီတိကဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ပီတိ စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အပ္ပီတိကာ။
၁၂၈၀။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ မရှိသော (ပီတိနှင့် မယှဥ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံ သုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင် အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ မရှိ သော (ပီတိနှင့် မယှဥ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်၏ (ပီတိမရှိသော အပ္ပီတိကစိတ် ၇၀, ပီတိကြဥ် သောယှဥ်ဖက်စေတသိက်, ပီတိ, ရုပ်, နိဗ္ဗာန်)။ ၈-ပီတိသဟဂတဒုက် ပီတိသဟဂတတရား
၁၂၈၁။ ကတမေ ဓမ္မာ ပီတိသဟဂတာ? ပီတိဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, ပီတိံ ဌပေတွာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ပီတိသဟဂတာ။
၁၂၈၁။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဥ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည် သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့်အတူတကွဖြစ်ရာ စိတ်၌ (ရှိသည့်) နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ ထို (နှစ်သက်မှု ‘ပီတိ’) နှင့် ယှဥ်သောခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည်နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဥ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (သပ္ပီတိကတရားနှင့် တူ၏)။ န ပီတိသဟဂတတရား
၁၂၈၂။ ကတမေ ဓမ္မာ န ပီတိသဟဂတာ? န ပီတိဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ ပီတိ စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ပီတိသဟဂတာ။
၁၂၈၂။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဥ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော နှစ်သက်မှု ‘ပီတိ’ နှင့် အတူတကွ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင့်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်း တရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့ သည်နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဥ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (အပ္ပီတိကတရားနှင့် တူ၏)။ ၉-သုခသဟဂတဒုက် သုခသဟဂတတရား
၁၂၈၃။ ကတမေ ဓမ္မာ သုခသဟဂတာ? သုခဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, သုခံ ဌပေတွာ, တံသမ္ပယုတ္တော သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သုခသဟဂတာ။
၁၂၈၃။ (၁) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဥ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ချမ်းသာမှု ‘သုခ’ ၏ဖြစ်ရာစိတ်၌ (ရှိသည့်) ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ ထို (ချမ်းသာမှု ‘သုခ’) နှင့် ယှဥ်သောမှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဥ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏ (သုခသဟဂုတ်စိတ် ၆၃, ဝေဒနာကြဥ်သော ယှဥ်ဖက်စေတသိက်)။ န သုခသဟဂတတရား
၁၂၈၄။ ကတမေ ဓမ္မာ န သုခသဟဂတာ? န သုခဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော၊ သုခဉ္စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န သုခသဟဂတာ။
၁၂၈၄။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွမဖြစ်သော (သုခနှင့် မယှဥ်သော) ‘န သုခသဟဂတ’ တရား ဖြစ်ကုန်သ နည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော ချမ်းသာမှု ‘သုခ’ ၏ မဖြစ်ရာ စိတ်၌ (ရှိသည့်) ခံစားမှုအစု‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် ချမ်းသာမှု ‘သုခ’၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွမဖြစ်သော (သုခနှင့် မယှဥ်သော) ‘န သုခသဟဂတ’ တရား ဖြစ်ကုန်၏ (ဒုက္ခသဟဂုတ်စိတ်-၃, ဥပေက္ခာသဟဂုတ်စိတ်-၅၅, ပီတိကြဥ်သော ယှဥ်ဖက်စေတသိက်, သုခဝေဒနာ, ရုပ်, နိဗ္ဗာန်)။ ၁၀-ဥပေက္ခာသဟဂတဒုက် ဥပေက္ခာသဟဂတတရား
၁၂၈၅။ ကတမေ ဓမ္မာ ဥပေက္ခာသဟဂတာ? ဥပေက္ခာဘူမိယံ ကာမာဝစရေ ရူပါဝစရေ အရူပါဝစရေ အပရိယာပန္နေ, ဥပေက္ခံ ဌပေတွာ, တံသမ္ပယုတ္တော သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ဥပေက္ခာသဟဂတာ။
၁၂၈၅။ (၁) အဘယ်တရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၏ ဖြစ်ရာစိတ်၌ (ရှိသည့်) အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ကိုချန်ထား၍ ထို (အသင့်အားဖြင့် ရှုမှု လျစ်လျူရှုမှု ‘ဥပေက္ခာ’) နှင့် ယှဥ်သော မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာ နှင့်ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ်စိတ်- ၅၅, ဥပေက္ခာဝေဒနာကြဥ်သော ယှဥ်ဖက်စေတသိက်)။ န ဥပေက္ခာသဟဂတတရား
[1278, 1279] Which are the states that are (a) accompanied by disinterestedness ? The three skandhas of perception, syntheses and intellect, when associated with disinterestedness (the latter not being included), [which springs up] in a soil congenial to it, either in the worlds of sense, form or the formless, or in the life that is Unincluded. (b) unaccompanied by disinterestedness ? The four skandhas [when springing up] in a soil uncongenial to disinterestedness, either in the worlds of sense or form, or in the life that is Unincluded ; disinterestedness itself also, and all form and uncompounded element.
၁၂၈၆။ ကတမေ ဓမ္မာ န ဥပေက္ခာသဟဂတာ? န ဥပေက္ခာဘူမိယံ ကာမာဝစရေ ရူပါဝစရေ အပရိယာပန္နေ, ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, ဥပေက္ခာ စ, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ န ဥပေက္ခာသဟဂတာ။
၁၂၈၆။ (၂) အဘယ်တရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့် မယှဥ်သော) ‘န ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ,ဘုံသုံးပါး၌ အကျုံးမဝင်သော အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၏ မဖြစ်ရာစိတ်၌ (ရှိသည့်) ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် အသင့်အားဖြင့် ရှုမှု (လျစ်လျူရှုမှု) ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့်မယှဥ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (သုခသဟဂုတ်စိတ်- ၆၃,ဒုက္ခသဟဂုတ်စိတ်- ၃, ဝိစိကိစ္ဆာကြဥ်သော စေတသိက်, ဥပေက္ခာဝေဒနာ, ရုပ်, နိဗ္ဗာန်)။ ၁၁-ကာမာဝစရဒုက် ကာမာဝစရတရား
၁၂၈၇။ ကတမေ ဓမ္မာ ကာမာဝစရာ? ဟေဋ္ဌတော အဝိစိနိရယံ ပရိယန္တံ ကရိတွာ, ဥပရိတော ပရနိမ္မိတဝသဝတ္တီ ဒေဝေ [ပရနိမ္မိတဝသဝတ္တိဒေဝေ (သီ။ က။)] အန္တော ကရိတွာ, ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ ခန္ဓဓာတု အာယတနာ, ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏံ – ဣမေ ဓမ္မာ ကာမာဝစရာ။
၁၂၈၇။ (၁) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။ အောက်အဖို့အားဖြင့် အဝီစိ ငရဲကိုအဆုံး (အပိုင်းအခြား) ပြု၍ အထက်အဖို့အားဖြင့် ပရနိမ္မိတဝသဝတ္တီနတ်တို့ကို အတွင်းပြု၍ (အပါ အဝင်ထည့်သွင်း၍) ဤ (ဆိုခဲ့ပြီးသော) အရပ်ဌာန၌ ဤ (ကာမဘုံ) ၌ ကျင်လည်သက်ဝင် ဖြစ်ကုန်သော,ဤ (ကာမဘုံ) ၌ အကျုံးဝင်ကုန်သော အကြင် အစု ‘ခန္ဓာ’ ၊ သဘာဝ ‘ဓာတ်’။ (စိတ်တို့၏) ဖြစ်ရာဖြစ်ကြောင်း ‘အာယတန’ ၊ ရုပ်၊ ခံစားမှု ‘ဝေဒနာ’ ၊ မှတ်သားမှု ‘သညာ’ ၊ ပြုပြင်မှု ‘သင်္ခါရ’ ၊ အထူးသိမှု (စိတ်) ‘ဝိညာဏ်’ သည် (ရှိ၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်- ၅၄, စေတသိက်, ရုပ်)။ န ကာမာဝစရတရား
၁၂၈၈။ ကတမေ ဓမ္မာ န ကာမာဝစရာ? ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န ကာမာဝစရာ။
၁၂၈၈။ (၂) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ မမည်သော ‘န ကာမာဝစရ’ တရား ဖြစ်ကုန်သ နည်း။ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော , အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော , ဘုံသုံးပါး၌ အကျုံးမဝင်သော တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ မမည်သော ‘နကာမာဝစရ’ တရား ဖြစ်ကုန်၏ (မဟဂ္ဂုတ်, လောကုတ္တရာစိတ်, ယှဥ်ဖက်စေတသိက်, နိဗ္ဗာန်)။ ၁၂-ရူပါဝစရဒုက် ရူပါဝစရတရား
[1281-1287] Which are the states that {a) relate (belong) to the universe of sense / Take from the waveless deep of woe beneath up to the heaven above of the Parinimittavasavatti gods inclusive — then whatever has there its range, and is therein included, whether it be skandha, element or sphere — form, feeling, perception, syntheses, intellect : these are states that relate (belong) to the universe of sense. (b) do not relate (belong) to the universe of sense ? The universe of form, that of the formless and the life that is Unincluded. (c) relate (belong) to the universe of form ? Take from the Brahma-world below up to the heaven above of the Akanittha gods inclusive — then whatever states, both of sense and intellect, have therein their range and are therein included, whether they are states of one who has attained [Jhana having potential good], or of one in whom [resultant Jhana] has arisen, or of one living happily under present conditions. (d) do not relate (belong) to the universe of form . The universe of sense, that of the formless and the life that is Unincluded. (e) relate (belong) to the universe of the formless , Take from the entrance among the gods of ' the sphere of inj&nite space ' as the lower limit, and up to the entrance above among the gods of * the sphere where there is neither perception nor non-perception ' — then whatever states, both of sense and intellect, have therein their range and are therein included, whether they are states of one who has attained [Jhana having potential good], or of one in whom [resultant Jhana] has arisen, or of one living happily under present conditions : these are states that relate (belong) to the universe of the formless. (/) do not relate {belong) to the universe of the formless ? The universe of sense, that of form, and the life that is Unincluded. (g) belong to the Included ? Co-Intoxicant states, good, bad and indeterminate, whether they relate to the worlds of sense, of form or of the formless ; in other words, the five skandhas. (h) belong to the Unincluded ? The Paths, and the Fruits of the Paths, and uncompounded element.
၁၂၈၉။ ကတမေ ဓမ္မာ ရူပါဝစရာ? ဟေဋ္ဌတော ဗြဟ္မလောကံ ပရိယန္တံ ကရိတွာ, ဥပရိတော အကနိဋ္ဌေ ဒေဝေ [အကနိဋ္ဌဒေဝေ (သီ။ က။)] အန္တော ကရိတွာ, ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ [ဒိဋ္ဌဓမ္မသုခဝိဟာရဿ (က။)] ဝါ စိတ္တစေတသိကာ ဓမ္မာ – ဣမေ ဓမ္မာ ရူပါဝစရာ။
၁၂၈၉။ (၁) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ အောက်အဖို့အားဖြင့် (ပဌမဈာန်ဘုံဟု ဆိုအပ် သော) ဗြဟ္မာလောကကိုအဆုံး (အပိုင်းအခြား) ပြု၍ အထက်အဖို့အားဖြင့် အကနိဋ္ဌဗြဟ္မာတို့ကို အတွင်း ပြု၍ (အပါအဝင်ထည့်သွင်း၍) ဤ (ဆိုအပ်ခဲ့ပြီးသော) အရပ်ဌာန၌ ဤ (ရူပဘုံ) ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဤ (ရူပဘုံ) ၌ အကျုံးဝင်ကုန်သော, (ဈာန်သို့) ကောင်းစွာရောက်သူ (ဈာန်ဝင်စားသူ) ၏လည်းကောင်း။ (ပဋိသန္ဓေအဖြစ်ဖြင့်) ကပ်ရောက်သူ (ပဋိသန္ဓေနေသူ) ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ (ဈာန်) ချမ်းသာဖြင့် နေခြင်းရှိသူ၏လည်းကောင်း စိတ်စေတသိက်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ရူပစိတ် ၁၅-ပါးနှင့် ယှဥ်ဖက်စေတသိက်)။ န ရူပါဝစရတရား
၁၂၉၀။ ကတမေ ဓမ္မာ န ရူပါဝစရာ? ကာမာဝစရာ, အရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န ရူပါဝစရာ။
၁၂၉၀။ (၂) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’မမည်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင် လည်သက်ဝင်၍ ဖြစ်ကုန်သော,အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင် သော တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ မမည်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, အရူပစိတ်, လောကုတ္တရာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။ အရူပါဝစရတရား
၁၂၉၁။ ကတမေ ဓမ္မာ အရူပါဝစရာ? ဟေဋ္ဌတော အာကာသာနဉ္စာယတနုပဂေ ဒေဝေ ပရိယန္တံ ကရိတွာ, ဥပရိတော နေဝသညာနာသညာယတနုပဂေ ဒေဝေ အန္တော ကရိတွာ, ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ – ဣမေ ဓမ္မာ အရူပါဝစရာ။
၁၂၉၁။ (၁) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ အောက်အဖို့အားဖြင့် အာ ကာသာနဉ္စာယတနဘုံသို့ကပ်ရောက်သော (ဖြစ်သော) ဗြဟ္မာတို့ကို အဆုံး (အပိုင်းအခြား) ပြု၍ အထက် အဖို့အားဖြင့် နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော (ဖြစ်သော) ဗြဟ္မာတို့ကို အတွင်းပြု၍ (အပါအဝင်ထည့်သွင်း၍) ဤ (ဆိုအပ်ခဲ့ပြီးသော) အရပ်ဌာန၌ ဤ (အရူပဘုံ) ၌ ကျင်လည် သက်ဝင်၍ ဖြစ်ကုန်သော,ဤ (အရူပဘုံ) ၌ အကျုံးဝင်ကုန်သော, (ဈာန်သို့) ကောင်းစွာ ရောက်သူ (ဈာန်ဝင်စားသူ) ၏လည်းကောင်း။ (ပဋိသန္ဓေအဖြစ်ဖြင့်) ကပ်ရောက်သူ (ပဋိသန္ဓေနေသူ) ၏လည်းကောင်း၊ မျက်မှောက်ဘဝ၌ (ဈာန်) ချမ်းသာဖြင့် နေခြင်းရှိသူ၏လည်းကောင်း စိတ် စေတသိက်တရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်၏ (အရူပစိတ်-ပါးနှင့် ယှဥ်ဖက်စေတသိက်)။ န အရူပါဝစရတရား
၁၂၉၂။ ကတမေ ဓမ္မာ န အရူပါဝစရာ? ကာမာဝစရာ, ရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န အရူပါဝစရာ။
၁၂၉၂။ (၂) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ မမည်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်သောတရားတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ မမည်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, ရူပစိတ်, လောကုတ္တရာ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၁၄-ပရိယာပန္နဒုက် ပရိယာပန္နတရား
၁၂၉၃။ ကတမေ ဓမ္မာ ပရိယာပန္နာ? သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ ပရိယာပန္နာ။
၁၂၉၃။ (၁) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးဝင်သော ‘ပရိယာပန္န’ တရားဖြစ်ကုန်သနည်း။ အာသဝတရားတို့၏ အာရုံဖြစ်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးဝင်သော ‘ပရိယာပန္န’ တရား ဖြစ်ကုန်၏ (လောကီစိတ်,စေတသိက်, ရုပ်)။ အပရိယာပန္နတရား
၁၂၉၄။ ကတမေ ဓမ္မာ အပရိယာပန္နာ? မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အပရိယာပန္နာ။
၁၂၉၄။ (၂) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲ၌) အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်သနည်း။ မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး (ဖိုလ်) တို့သည်လည်းကောင်း။ (ကံ,စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (ဝဋ် ဆင်းရဲ၌) အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၁၅-နိယျာနိကဒုက် နိယျာနိကတရား
၁၂၉၅။ ကတမေ ဓမ္မာ နိယျာနိကာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ နိယျာနိကာ။
၁၂၉၅။ (၁) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရားဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါးတို့ သည် (ရှိကုန်၏)။ ဤတရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးပါးနှင့် ယှဥ်ဖက်စေတသိက်)။ အနိယျာနိကတရား
[1288, 1289] Which are the states by which (a) there is a going mvay P The four Paths that are the Unincluded. (6) there is no going away ? All states, good, bad and indeterminate, except those four, whether they relate to the worlds of sense, form or the formless, or to the Hfe that is Unincluded ; in other words, the four skandhas ; all form also, and uncompounded element.
၁၂၉၆။ ကတမေ ဓမ္မာ အနိယျာနိကာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အနိယျာနိကာ။
၁၂၉၆။ (၂) အဘယ်တရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း မဟုတ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်သနည်း။ ထို (မဂ်လေးပါး) တရားတို့ကို ချန်ထား၍ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင်မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (ဝဋ်ဆင်းရဲမှ) ထွက်မြောက်ကြောင်း မဟုတ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဖိုလ်စိတ်, စေတသိက်,ရုပ်, နိဗ္ဗာန်)။ ၁၆-နိယတဒုက် နိယတတရား
၁၂၉၇။ ကတမေ ဓမ္မာ နိယတာ? ပဉ္စ ကမ္မာနိ အာနန္တရိကာနိ, ယာ စ မိစ္ဆာဒိဋ္ဌိ နိယတာ, စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ နိယတာ။
၁၂၉၇။ (၁) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မြဲသော ‘နိယတ’ တရား ဖြစ် ကုန်သနည်း။ (စုတိ၏) အခြားမဲ့၌ အကျိုး ပေးခြင်းမြဲကုန်သော ကံငါးပါး (ပဉ္စာနန္တရိယကံငါးပါး)၊ ထို့ပြင် (အပါယ်ငရဲ၌) မြဲသောအကြင် အမြင်မှားမှု ‘နိယတမိစ္ဆာဒိဋ္ဌိ’ (အဟေတုက, အကြိယ, နတ္ထိကဒိဋ္ဌိ)၊ ဘုံ သုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ, ပဉ္စာနန္တရိယကံတို့၏ အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့် ဒေါသမူဒွေသတ္တမဇော, ယှဥ်ဖက်စေတသိက်, မဂ်စိတ်နှင့် ယှဥ်ဖက်စေတသိက်)။ အနိယတတရား
[1290, 1291] Which are the states that are (a) fired in their consequences ?' The five acts that have immediate results, and those wrong views that are fixed in their consequences ; the four Paths also that are the Unincluded. {h) not fixed in their consequences ? Answer as in § 1289.
၁၂၉၈။ ကတမေ ဓမ္မာ အနိယတာ? တေ ဓမ္မေ ဌပေတွာ အဝသေသာ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အနိယတာ။
၁၂၉၈။ (၂) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးခြင်း) မမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်သနည်း။ ထို (နိယတ) တရားတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော, ကာမဘုံ၌ ကျင်လည် သက်ဝင်၍ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ် အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသောအကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏ အခြားမဲ့၌ လည်းကောင်းအကျိုးပေးခြင်း) မမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏ (နိယတမိစ္ဆာဒိဋ္ဌိကံ, ပဉ္စာနန္တရိယကံတို့၏အစွမ်းဖြင့်ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့် ဒေါသမူဒွေ သတ္တမဇောကြဥ်သော အကုသိုလ်, ကုသိုလ်,ဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၁၇-သဥတ္တရဒုက် သဥတ္တရတရား
၁၂၉၉။ ကတမေ ဓမ္မာ သဥတ္တရာ? သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ၊ ရူပက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော – ဣမေ ဓမ္မာ သဥတ္တရာ။
၁၂၉၉။ (၁) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သော တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်သနည်း။ အာသဝတရားတို့၏ အာရုံဖြစ်ကုန် သော, ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော ကုသိုလ်တရား၊ အကုသိုလ်တရား၊ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ရုပ်အစု ‘ရူပက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် မိမိထက် သာလွန် မြင့်မြတ်သော တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အနုတ္တရတရား
[1292, 1293] Which are the states that have (a) something beyond P Co-Intoxicant states, good, bad and indeterminate, whether they relate to the worlds of sense, of form, or of the formless ; in other words, the five skandhas. (b) no ' beyond ' ? The four Paths that are the Unincluded, and the Fruits of the Paths, and uncompounded element.
၁၃၀၀။ ကတမေ ဓမ္မာ အနုတ္တရာ? အပရိယာပန္နာ မဂ္ဂါ စ, မဂ္ဂဖလာနိ စ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အနုတ္တရာ။
၁၃၀၀။ (၂) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သော တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်တို့သည်လည်းကောင်း၊ မဂ်၏အကျိုး ‘ဖိုလ်’ တို့သည်လည်းကောင်း။ (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် မိမိထက် သာလွန် မြင့်မြတ်သော တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန် ၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၁၈-သရဏဒုက် သရဏတရား
၁၃၀၁။ ကတမေ ဓမ္မာ သရဏာ? တီဏိ အကုသလမူလာနိ လောဘော, ဒေါသော, မောဟော၊ တဒေကဋ္ဌာ စ ကိလေသာ, တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, တံသမုဋ္ဌာနံ ကာယကမ္မံ, ဝစီကမ္မံ, မနောကမ္မံ – ဣမေ ဓမ္မာ သရဏာ။
၁၃၀၁။ (၁) အဘယ်တရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ‘သရဏ’ တရား ဖြစ်ကုန်သနည်း။ လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ဟူသော အကုသိုလ်အခြေအမြစ် ‘အကုသလမူလ’ သုံးပါး၊ ထို့ပြင် ထိုလိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့နှင့် အတူတကွဖြစ်ကုန်သော (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) နှင့် ယှဥ်သော ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’ ၊ ထို (လိုချင်တပ်မက်မှု ‘လောဘ’ စသည်တို့) ကြောင့် ဖြစ်သော ကိုယ်ဖြင့်ပြုလုပ်မှု ‘ကာယကံ’ ၊ နှုတ်ဖြင့် ပြောဆိုမှု ‘ဝစီကံ’ ၊ စိတ်ဖြင့် ကြံစည်တွေးတောမှု ‘မနောကံ’ သည် (ရှိ၏)။ ဤတရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော ‘သရဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဥ်ဖက်စေတသိက်)။ အရဏတရား
[1294, 1295] Which are the states that are (a) concomitant with ivar P The three roots of bad (karma) : lust, hate and dulness — and the Corruptions united with them ; the four skandhas associated with them ; the action, bodily, vocal and mental, springing from them. (b) not concomitant with wa? ? Good, bad and indeterminate states, whether they relate to the worlds of sense, form or the formless, or to the life that is Unincluded ; in other words, the four skandhas ; all form also, and uncompounded element. [PABT II. The Suttanta Pairs of Terms (suttantika-dukam).]
၁၃၀၂။ ကတမေ ဓမ္မာ အရဏာ? ကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ, ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ၊ ဝေဒနာက္ခန္ဓော…ပေ… ဝိညာဏက္ခန္ဓော, သဗ္ဗဉ္စ ရူပံ, အသင်္ခတာ စ ဓာတု – ဣမေ ဓမ္မာ အရဏာ။
အဘိဓမ္မဒုကံ။
၁၃၀၂။ (၂) အဘယ်တရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့မရှိသော ‘အရဏ’ တရား ဖြစ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင် ၍ ဖြစ်ကုန်သော, ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော, ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော ကုသိုလ်တရား၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟော အပ်သော ‘အဗျာကတ’ တရားဖြစ်သည့် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’။ပ။ အထူးသိမှု (စိတ်) အစု ‘ဝိညာ ဏက္ခန္ဓာ’ ၊ ထို့ပြင် အလုံးစုံသော ရုပ်၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား တို့) မပြုပြင် မစီရင်အပ်သော သဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည်ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) မရှိသော ‘အရဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်,ကြိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ပိဋ္ဌိဒုက် ပြီးပြီ။ အဘိဓမ္မာဒုက် ပြီးပြီ။ သုတ္တန္တိကဒုကနိက္ခေပ ၁-ဝိဇ္ဇာဘာဂီဒုက် ဝိဇ္ဇာဘာဂီတရား
သုတ္တန္တိကဒုကနိက္ခေပံ
၁၃၀၃။ ကတမေ ဓမ္မာ ဝိဇ္ဇာဘာဂိနော? ဝိဇ္ဇာယ သမ္ပယုတ္တကာ ဓမ္မာ – ဣမေ ဓမ္မာ ဝိဇ္ဇာဘာဂိနော။
၁၃၀၃။ (၁) အဘယ်တရားတို့သည် ဝိဇ္ဇာ (ရှစ်ပါး) သို့ ဆည်းကပ်တတ်သော ‘ဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်သနည်း။ ဝိဇ္ဇာ (ရှစ်ပါး) နှင့် ယှဥ်သော တရား တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဝိဇ္ဇာ (ရှစ်ပါး) သို့ ဆည်းကပ်တတ်သော ‘ဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်၏ (ဝိဇ္ဇာရှစ်ပါးနှင့်ယှဥ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်စိတ်, အဘိညာဥ်ဒွေ,အရဟတ္တမဂ်စိတ်, အမောဟကြဥ်သော ယှဥ်ဖက် စေတသိက်များ)။ အဝိဇ္ဇာဘာဂီတရား
[1296, 1297] Which are the states that {a) partake oftcisdom' States which are the associates of wisdom. Q)) partake of ignorance P States which are the associates of ignorance.
၁၃၀၄။ ကတမေ ဓမ္မာ အဝိဇ္ဇာဘာဂိနော? အဝိဇ္ဇာယ သမ္ပယုတ္တကာ ဓမ္မာ – ဣမေ ဓမ္မာ အဝိဇ္ဇာဘာဂိနော။
၁၃၀၄။ (၂) အဘယ်တရားတို့သည် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ သို့ ဆည်းကပ်တတ်သော ‘အဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်သနည်း။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ နှင့် ယှဥ်သော တရား တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ သို့ဆည်းကပ်တတ်သော ‘အဝိဇ္ဇာဘာဂီ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် မောဟကြဥ်သော ယှဥ်ဖက်စေတသိက်)။ ၂-ဝိဇ္ဇူပမဒုက် ဝိဇ္ဇူပမတရား
၁၃၀၅။ ကတမေ ဓမ္မာ ဝိဇ္ဇူပမာ? ဟေဋ္ဌိမေသု တီသု အရိယမဂ္ဂေသု ပညာ – ဣမေ ဓမ္မာ ဝိဇ္ဇူပမာ။
၁၃၀၅။ (၁) အဘယ်တရားတို့သည် (အမှန်တရား) သစ္စာလေးပါးတို့ကို ဖုံးကွယ်တတ်သည့် အဝိဇ္ဇာ မောဟအမိုက်မှောင်ကို မိမိဖြစ်ဆဲ အခိုက်အတန့်၌ ပယ်ခွင်းထွန်းလင်းစေတတ်သောကြောင့် မိုးမှောင်ကို ထွန်းလင်းစေသည့်) လျှပ်စစ်နှင့် တူသော ‘ဝိဇ္ဇူပမ’ တရားဖြစ်ကုန်သနည်း။ အောက်ဖြစ်သော အရိယမဂ်သုံးပါးတို့၌ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု ‘ပညာ’ သည် (ရှိ၏)။ ဤတရားတို့သည် လျှပ်စစ်နှင့် တူသော ‘ဝိဇ္ဇူပမ’ တရား ဖြစ်ကုန်၏ (အောက်မဂ်သုံးခု၌ ရှိသောပညာ)။ ဝဇိရူပမတရား
[1298, 1299] Which are the states that have (a) the likeness of lightning ? * The science of the three lowest of the Noble Paths. (h) the likeness of the thunderbolt ? The science of the topmost Path, the Path of Arahatship.
၁၃၀၆။ ကတမေ ဓမ္မာ ဝဇိရူပမာ? ဥပရိဋ္ဌိမေ အရဟတ္တမဂ္ဂေ ပညာ – ဣမေ ဓမ္မာ ဝဇိရူပမာ။
၁၃၀၆။ (၂) အဘယ်တရားတို့သည် (အလုံးစုံသော ကိလေသာတို့ကို နောက်ထပ် တစ်ဖန်ပြန်၍ မဖြစ်နိုင်အောင် အကြွင်းမဲ့ ပယ်ဖျက်သုတ်သင်တတ်သောကြောင့် မိမိကျသည့် နေရာ၌ အရာဝတ္ထုအားလုံးတို့ကို ဖောက်ခွဲဖျက်ဆီးတတ်သည့်) မိုးကြိုးစက်နှင့်တူသော ‘ဝဇိရူပမ’ တရားဖြစ်ကုန်သနည်း။ အထက်၌ တည်သော အရဟတ္တမဂ်၌ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာ’ သည် (ရှိ၏)။ ဤတရားတို့သည် မိုးကြိုးစက်နှင့် တူသော ‘ဝဇိရူပမ’ တရား ဖြစ်ကုန်၏ (အရဟတ္တမဂ်၌ ရှိသောပညာ)။ ၃-ဗာလဒုက် လူမိုက်ဖြစ်အောင် ပြုတတ်သော ‘ဗာလ’ တရား
၁၃၀၇။ ကတမေ ဓမ္မာ ဗာလာ? အဟိရီကဉ္စ အနောတ္တပ္ပဉ္စ – ဣမေ ဓမ္မာ ဗာလာ။ သဗ္ဗေပိ အကုသလာ ဓမ္မာ ဗာလာ။
၁၃၀၇။ (၁) အဘယ်တရားတို့သည် လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်သနည်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောအကုသိုလ်တရားတို့သည်လည်း လူမိုက်တို့၌ တည်သော (လူမိုက်ဖြစ်အောင် ပြုတတ်သော) ‘ဗာလ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်နှင့် ယှဥ်ဖက် စေတသိက်)။ လူလိမ္မာဖြစ်အောင် ပြုတတ်သော ‘ပဏ္ဍိတ’ တရား
[1300, 1301] Which are the states that are (a) foolish P Unconscientiousness and disregard of blame. Besides, all bad states are foolish. {!)) discreet ? Conscientiousness and fear of blame. Besides, all good states are discreet.
၁၃၀၈။ ကတမေ ဓမ္မာ ပဏ္ဍိတာ? ဟိရီ စ ဩတ္တပ္ပဉ္စ – ဣမေ ဓမ္မာ ပဏ္ဍိတာ။ သဗ္ဗေပိ ကုသလာ ဓမ္မာ ပဏ္ဍိတာ။
၁၃၀၈။ (၂) အဘယ်တရားတို့သည် ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြု တတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်သနည်း။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြုတတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောကုသိုလ်တရားတို့သည်လည်း ပညာရှိတို့၌ တည်သော (လူလိမ္မာဖြစ်အောင် ပြုတတ်သော) ‘ပဏ္ဍိတ’ တရား ဖြစ်ကုန်၏ (ကုသိုလ်စိတ်နှင့် ယှဥ်ဖက် စေတသိက်)။ ၄-ကဏှဒုက် မည်းညစ်သော ‘ကဏှ’ တရား
၁၃၀၉။ ကတမေ ဓမ္မာ ကဏှာ? အဟိရီကဉ္စ အနောတ္တပ္ပဉ္စ – ဣမေ ဓမ္မာ ကဏှာ။ သဗ္ဗေပိ အကုသလာ ဓမ္မာ ကဏှာ။
၁၃၀၉။ (၁) အဘယ်တရားတို့သည် (စိတ်) မည်းညစ်အောင် (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်သနည်း။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ သည်လည်းကောင်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤ တရားတို့သည်မည်းညစ်သော (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်၏။ အလုံးစုံသော အကုသိုလ်တရားတို့သည်လည်း မည်းညစ်သော (ယုတ်မာညံ့ဖျင်းသော လူဆင်းရဲဖြစ်အောင် ပြုတတ်သော) ‘ကဏှ’ တရား ဖြစ်ကုန်၏ (ဗာလတရားနှင့်တူ၏)။ ဖြူစင်သော ‘သုက္က’ တရား
[1302, 1303] Which are the states that are (a) dark P Unconscientiousness and disregard of blame. Besides, all bad states are dark. {h) bright ? Conscientiousness and fear of blame. Besides, all good states are bright.
၁၃၁၀။ ကတမေ ဓမ္မာ သုက္ကာ? ဟိရီ စ ဩတ္တပ္ပဉ္စ – ဣမေ ဓမ္မာ သုက္ကာ? သဗ္ဗေပိ ကုသလာ ဓမ္မာ သုက္ကာ။
၁၃၁၀။ (၂) အဘယ်တရားတို့သည် (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ,ဘုန်းကံကြီးမားသူဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်သနည်း။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ သည်လည်းကောင်း။ (ကာယဒုစရိုက် စသောမကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ၊ ဘုန်းကံကြီးမားသူဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်၏။ အလုံးစုံသော ကုသိုလ်တရားတို့သည်လည်း (စိတ်) ဖြူစင်သော (စိတ်ချမ်းသာသူ၊ ဘုန်းကံကြီးမားသူ့ဖြစ်အောင် ပြုတတ်သော) ‘သုက္က’ တရား ဖြစ်ကုန်၏ (ပဏ္ဍိတတရားနှင့် တူ၏)။ ၅-တပနီယဒုက် ပူလောင်စေတတ်သော ‘တပနီယ’ တရား
၁၃၁၁။ ကတမေ ဓမ္မာ တပနီယာ? ကာယဒုစ္စရိတံ, ဝစီဒုစ္စရိတံ, မနောဒုစ္စရိတံ – ဣမေ ဓမ္မာ တပနီယာ။ သဗ္ဗေပိ အကုသလာ ဓမ္မာ တပနီယာ။
၁၃၁၁။ (၁) အဘယ်တရားတို့သည် (ယခုဘဝ နောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရား ဖြစ် ကုန်သနည်း။ ကိုယ်ဖြင့် မကောင်းပြုကျင့်မှု ‘ကာယဒုစရိုက်’ နှုတ် (စကား)ဖြင့် မကောင်းပြုကျင့်မှု (ပြောဆိုမှု) ‘ဝစီဒုစရိုက်’ ၊ စိတ်ဖြင့်မကောင်းပြုကျင့်မှု (ကြံစည်တွေးတောမှု) ‘မနောဒုစရိုက်’ သည် (ရှိ၏)။ ဤတရားတို့သည် (ယခုဘဝနောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရား ဖြစ် ကုန်၏။ အလုံးစုံသောအကုသိုလ်တရားတို့သည်လည်း (ယခုဘဝ နောက်ဘဝ၌) ပူလောင်စေတတ်သော ‘တပနီယ’ တရားဖြစ်ကုန်၏ (ဗာလတရားနှင့် တူ၏)။ မပူလောင်စေတတ်သော ‘အ တပနီယ’ တရား
[1304, 1305] Which are the states that (a) conduce to remorse ? Misconduct in act, word and thought. Besides, all bad states conduce to remorse. (/>) do not conduce to remorse ? Good conduct in act, word and thought. Besides, no good states conduce to remorse. That which is an enumeration, that which is a designation, an expression, a current term, a name, a denomination, the assigning of a name, an interpretation, a distinctive mark of discourse on this or that state. [1306a] All states are processes of synonymous nomenclature.
၁၃၁၂။ ကတမေ ဓမ္မာ အတပနီယာ? ကာယသုစရိတံ, ဝစီသုစရိတံ, မနောသုစရိတံ – ဣမေ ဓမ္မာ အတပနီယာ။ သဗ္ဗေပိ ကုသလာ ဓမ္မာ အတပနီယာ။
၁၃၁၂။ (၂) အဘယ်တရားတို့သည် (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရား ဖြစ်ကုန်သနည်း။ ကိုယ်ဖြင့် ကောင်းစွာ ပြုကျင့်မှု ‘ကာယသုစရိုက်’ နှုတ် (စကား)ဖြင့် ကောင်းစွာပြုကျင့်မှု (ပြောဆိုမှု) ‘ဝစီသုစရိုက်’ ၊ စိတ်ဖြင့်ကောင်းစွာပြုကျင့်မှု (ကြံစည်တွေး တောမှု) ‘မနောသုစရိုက်’ သည် (ရှိ၏)။ ဤတရားတို့သည် (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရား ဖြစ်ကုန်၏။ အလုံးစုံသောကုသိုလ်တရားတို့သည်လည်း (ယခုဘဝ နောက်ဘဝ၌) မပူလောင်စေတတ်သော ‘အတပနီယ’ တရားဖြစ်ကုန်၏ (ပဏ္ဍိတတရားနှင့် တူ၏)။ ၆-အဓိဝစနဒုက် အမည်ပညတ် ‘အဓိဝစန’ တရား
၁၃၁၃။ ကတမေ ဓမ္မာ အဓိဝစနာ? ယာ တေသံ တေသံ ဓမ္မာနံ သင်္ခါ သမညာ ပညတ္တိ ဝေါဟာရော နာမံ နာမကမ္မံ နာမဓေယျံ နိရုတ္တိ ဗျဉ္ဇနံ အဘိလာပေါ – ဣမေ ဓမ္မာ အဓိဝစနာ။ သဗ္ဗေဝ ဓမ္မာ အဓိဝစနပထာ။
၁၃၁၃။ (၁) အဘယ်တရားတို့သည် အမည်ပညတ် ‘အဓိဝစန’ တရားဖြစ်ကုန်သနည်း။ ထိုထိုတရားတို့၏ အကြင်ကောင်းစွာ ပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာသိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သောနာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှု၌ ညွတ်တတ်သော, အနက်အဓိပ္ပါယ်ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သောအမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်ဖော်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။ ဤတရားတို့သည်အမည်ပညတ် ‘အဓိဝစန’ တရား ဖြစ်ကုန်၏ (သဒ္ဒပညတ်)။ အမည်ပညတ်၏ အကြောင်းဖြစ်သော (၂) အလုံးစုံသော တရားတို့သည်ပင်လျှင် အမည်ပညတ်၏အကြောင်း ‘အဓိဝ စနပထ’ တရားဖြစ်သော ‘အဓိဝစန ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။ ၇-နိရုတ္တိဒုက် ထုတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား
၁၃၁၄။ ကတမေ ဓမ္မာ နိရုတ္တိ? ယာ တေသံ တေသံ ဓမ္မာနံ သင်္ခါ သမညာ ပညတ္တိ ဝေါဟာရော နာမံ နာမကမ္မံ နာမဓေယျံ နိရုတ္တိ ဗျဉ္ဇနံ အဘိလာပေါ – ဣမေ ဓမ္မာ နိရုတ္တိ။ သဗ္ဗေဝ ဓမ္မာ နိရုတ္တိပထာ။
၁၃၁၄။ (၁) အဘယ်တရားတို့သည် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား ဖြစ်ကုန်သနည်း။ ထိုထိုတရားတို့၏ အကြင် ကောင်းစွာ ပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာ သိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သော နာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှု၌ ညွတ်တတ်သော,အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သော အမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်ဖော်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။ ဤတရားတို့သည် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိ’ တရား ဖြစ်ကုန်၏ (သဒ္ဒပညတ်)။ ထုတ်ဆိုခြင်း၏အကြောင်းဖြစ်သော (၂) အလုံးစုံသော တရားတို့သည်ပင် (အသံ) ထုတ်၍ ရွတ်ဆိုအပ်သော ‘နိရုတ္တိပထ’ တရား တရားတို့၏အကြောင်း (ရွတ်ဆိုခြင်း၏ အကြောင်း) ဖြစ်သော ‘နိရုတ္တိ ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။ ၈-ပညတ္တိဒုက် အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား
[1307] Which are the states that are interpretative ? Answer as in § 1306. [1307a] All states are processes of interpretation.
၁၃၁၅။ ကတမေ ဓမ္မာ ပညတ္တိ? ယာ တေသံ တေသံ ဓမ္မာနံ သင်္ခါ သမညာ ပညတ္တိ ဝေါဟာရော နာမံ နာမကမ္မံ နာမဓေယျံ နိရုတ္တိ ဗျဉ္ဇနံ အဘိလာပေါ – ဣမေ ဓမ္မာ ပညတ္တိ။ သဗ္ဗေဝ ဓမ္မာ ပညတ္တိပထာ။
၁၃၁၅။ (၁) အဘယ်တရားတို့သည် ပိုင်းခြား၍ အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား ဖြစ်ကုန်သနည်း။ ထိုထိုတရားတို့၏ အကြင် ကောင်းစွာပြောဆိုအပ်သော နာမည် ‘သင်္ခါ’ ၊ ကောင်းစွာ သိအပ်သော နာမည် ‘သမညာ’ ၊ ပညတ်အပ်သော (သိစေအပ်သော) နာမည် ‘ပညတ္တိ’ ၊ ခေါ်ဝေါ်အပ်သော နာမည် ‘ဝေါဟာရ’ ၊ နာမည် (အနက်အဓိပ္ပါယ်ခေါ်ဝေါ်မှု၌ ညွတ်တတ်သော, အနက်အဓိပ္ပါယ် ခေါ်ဝေါ်မှုကို မိမိသို့ ညွှတ်စေတတ်သော အမည်) ‘နာမ’ ၊ မှည့်အပ်သော အမည် ‘နာမကမ္မ’ ၊ ထားအပ်သော အမည် ‘နာမဓေယျ’ ၊ ထုတ်၍ ဆိုအပ်သော အမည် ‘နိရုတ္တိ’။ (အနက်အဓိပ္ပါယ်ကို) ပြတတ်သော အမည် ‘ဗျဉ္ဇန’ ၊ ပြောပြအပ်သော အမည် ‘အဘိလာပ’ သည် (ရှိ၏)။ ဤတရားတို့သည် ပိုင်းခြား၍ အပြားအားဖြင့် သိစေတတ်သော ‘ပညတ္တိ’ တရား ဖြစ် ကုန်၏ (သဒ္ဒပညတ်)။ အပြားအားဖြင့် သိစေတတ်သောတရားတို့၏အကြောင်းဖြစ်သော (၂) အလုံးစုံသော ‘ပညတ္တိပထ’ တရား တရားတို့သည်ပင်ပိုင်းခြား၍ အပြားအားဖြင့် သိစေ တတ်သော တရားတို့၏အကြောင်းဖြစ်သော ‘ပညတ္တိ ပထ’ တရား ဖြစ်ကုန်၏ (အတ္ထပညတ်)။ ၉-နာမရူပဒုက် နာမ်
[1308] "Which are the states that are expressions ? Answer as in § 1306. [1308a] All states are processes of expression. In this connexion,
၁၃၁၆။ တတ္ထ ကတမံ နာမံ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော, အသင်္ခတာ စ ဓာတု – ဣဒံ ဝုစ္စတိ နာမံ။
၁၃၁၆။ (၁) ထို (နာမ်, ရုပ်တို့) တွင် နာမ်ဟူသည် အဘယ်နည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’၊ အထူးသိမှု (စိတ်) အစု ‘ဝိညာဏက္ခန္ဓာ’၊ ထို့ပြင် (ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားတို့) မပြုပြင် မစီရင် အပ်သောသဘော ‘အသင်္ခတဓာတ်’ (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားအပေါင်းကို နာမ်ဟု ဆိုအပ်၏ (စိတ်, စေတသိက်, နိဗ္ဗာန်)။ ရုပ်
[1309] What is name The four skandhas and uncompounded element. [IBIO] What is form? The four great phenomena and the form which is derived from them.
၁၃၁၇။ တတ္ထ ကတမံ ရူပံ? စတ္တာရော စ မဟာဘူတာ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ – ဣဒံ ဝုစ္စတိ ရူပံ။
၁၃၁၇။ (၂) ထို (နာမ်, ရုပ်တို့) တွင် ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးပါး၊ မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ဖြစ်သော ‘ဥပါဒါ’ရုပ်သည် (ရှိ၏)။ ဤတရားအပေါင်းကို ရုပ်ဟု ဆိုအပ်၏ (မဟာဘူတရုပ်, ဥပါဒါရုပ်)။ ၁၀-အဝိဇ္ဇာဒုက် အဝိဇ္ဇာ
၁၃၁၈။ တတ္ထ ကတမာ အဝိဇ္ဇာ? ယံ အညာဏံ အဒဿနံ…ပေ… အဝိဇ္ဇာလင်္ဂီ မောဟော အကုသလမူလံ – အယံ ဝုစ္စတိ အဝိဇ္ဇာ။
၁၃၁၈။ (၁) ထို (အဝိဇ္ဇာ, ဘဝတဏှာတို့) တွင် (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) အဝိဇ္ဇာ’ ဟူသည် အဘယ်နည်း။ အကြင်မသိခြင်းသဘော၊ မမြင်ခြင်းသဘော။ပ။ (စီးပွါးချမ်းသာသို့မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှု သဘော၊ အကုသိုလ်တို့၏ အခြေအမြစ် ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟအကုလသမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟု ဆိုအပ်၏ (မောဟ)။ ဘဝတဏှာ
[1311] What is ignorance ? Ansiver as for ' dulness,' § 390 {omitting * on that occasion ').
၁၃၁၉။ တတ္ထ ကတမာ ဘဝတဏှာ? ယော ဘဝေသု ဘဝဆန္ဒော…ပေ… ဘဝဇ္ဈောသာနံ – အယံ ဝုစ္စတိ ဘဝတဏှာ။
၁၃၁၉။ (၂) ထို (အဝိဇ္ဇာ, ဘဝတဏှာတို့) တွင် ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’ ဟူသည်အဘယ်နည်း။ (ရူပ, အရူပ) ဘဝတို့၌ အကြင် (ရူပ, အရူပ) ဘဝကို တောင့်တမှု။ပ။ (ရူပ, အရူပ) ဘဝကို မျို၍ ပြီးဆုံးစေခြင်း (ရူပ, အရူပဘဝကို အပြီးအဆုံး အကြွင်း အကျန်မရှိ လိုချင်မှု) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝကို တပ်မက်မှု ‘ဘဝတဏှာ’ ဟု ဆိုအပ်၏ (ရူပ, အရူပဘဝကို လိုချင်တောင့်တသော လောဘ)။ ၁၁-ဘဝဒိဋ္ဌိဒုက် ဘဝဒိဋ္ဌိ
[1312] What is the craving for renewed existence ? Answer as for the * Fetter of the passion for renewed existence,' § 1120.
၁၃၂၀။ တတ္ထ ကတမာ ဘဝဒိဋ္ဌိ? ဘဝိဿတိ အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ဘဝဒိဋ္ဌိ။
၁၃၂၀။ (၁) ထို (ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိတို့) တွင် ဘဝမြဲခြင်း၏ အစွမ်းဖြင့် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟူသော အစွမ်းဖြင့်) ဖြစ်သော အယူ ‘ဘဝဒိဋ္ဌိ’ ဟူသည့်အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဖြစ်လတ္တံ့ဟု ဤသို့ သဘောရှိသောအကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝ မြဲခြင်း၏အစွမ်းဖြင့် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟူသော အစွမ်းဖြင့်) ဖြစ်သော အယူ ‘ဘဝဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ဝိဘဝဒိဋ္ဌိ
[1313] What is speculative opinion about renewed existence ? Theories that both soul and world will be re-born, etc.
၁၃၂၁။ တတ္ထ ကတမာ ဝိဘဝဒိဋ္ဌိ? န ဘဝိဿတိ အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ဝိဘဝဒိဋ္ဌိ။
၁၃၂၁။ (၁) ထို (ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိတို့) တွင် ဘဝကင်းပြတ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော အယူ‘ဝိဘဝဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်းမဖြစ်လတ္တံ့ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဘဝကင်းပြတ်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော အယူ ‘ဝိဘဝဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ၁၂-သဿတဒိဋ္ဌိဒုက် သဿတဒိဋ္ဌိ
[1314] What is speculative opinion about existence not being renewed ? Theories that both soul and world will not be re-born, etc.
၁၃၂၂။ တတ္ထ ကတမာ သဿတဒိဋ္ဌိ? သဿတော အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ သဿတဒိဋ္ဌိ။
၁၃၂၂။ (၁) ထို (သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) မြဲ၏ဟု စွဲယူခြင်း ‘သဿတဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့်စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) မြဲ၏ဟု စွဲယူခြင်း ‘သဿတဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ဥစ္ဆေဒဒိဋ္ဌိ
[1315] What is the sort of speculation known as Eternalism ? That both soul and world are eternal, etc.
၁၃၂၃။ တတ္ထ ကတမာ ဥစ္ဆေဒဒိဋ္ဌိ? ဥစ္ဆိဇ္ဇိဿတိ အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ဥစ္ဆေဒဒိဋ္ဌိ။
၁၃၂၃။ (၂) ထို (သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) ပြတ်လတ္တံ့ဟု စွဲယူခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ပြတ်လတံ့ဟု ဤသို့သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) ပြတ်လတ္တံ့ဟု စွဲယူခြင်း ‘ဥစ္ဆေဒဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ၁၃-အန္တဝါ ဒိဋ္ဌိဒုက် အန္တဝါဒိဋ္ဌိ
[1316] What is the sort of speculation known as Annihilation ? That both soul and world will be dissolved, etc.
၁၃၂၄။ တတ္ထ ကတမာ အန္တဝါ ဒိဋ္ဌိ? အန္တဝါ အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ အန္တဝါ ဒိဋ္ဌိ။
၁၃၂၄။ (၁) ထို (အန္တဝါဒိဋ္ဌိ, အနန္တဝါဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) ရှိ၏ဟု စွဲယူခြင်း ‘အန္တဝါဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံး (အပိုင်းအခြား) ရှိ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက် ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) ရှိ၏ဟု စွဲယူခြင်း ‘အန္တဝါဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ အနန္တဝါဒိဋ္ဌိ
[1317] What is the sort of speculation known as the Finite Theory . . . [1318] the Infinite Theory '? That both soul and world are finite . . . infinite, etc.
၁၃၂၅။ တတ္ထ ကတမာ အနန္တဝါ ဒိဋ္ဌိ? အနန္တဝါ အတ္တာ စ လောကော စာတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ အနန္တဝါ ဒိဋ္ဌိ။
၁၃၂၅။ (၂) ထို (အန္တဝါဒိဋ္ဌိ, အနန္တဝါဒိဋ္ဌိတို့) တွင် (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) မရှိ၏ဟု စွဲယူခြင်း ‘အနန္တဝါ ဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံး (အပိုင်းအခြား) ရှိ၏ဟု ဤသို့သဘောရှိသော အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ ပြီးသော) သဘောကို (အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း) အဆုံး (အပိုင်းအခြား) မရှိ၏ဟု စွဲယူခြင်း‘အနန္တဝါဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ၁၄-ပုဗ္ဗန္တာနုဒိဋ္ဌိဒုက် ပုဗ္ဗန္တာနုဒိဋ္ဌိ
၁၃၂၆။ တတ္ထ ကတမာ ပုဗ္ဗန္တာနုဒိဋ္ဌိ? ပုဗ္ဗန္တံ အာရဗ္ဘ ယာ ဥပ္ပဇ္ဇတိ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ပုဗ္ဗန္တာနုဒိဋ္ဌိ။
၁၃၂၆။ (၁) ထို (ပုဗ္ဗန္တာနုဒိဋ္ဌိ, အပရန္တာနုဒိဋ္ဌိတို့) တွင် (သံသရာ၏) ရှေးအဖို့သို့ အစဥ်လိုက်သော အယူ (ရှေးအတိတ် သံသရာဘဝ အဆက်ဆက်တို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (သံသရာ၏) ရှေးအဖို့ ကို (ရှေးအတိတ်ဘဝတို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကို) အာရုံပြု၍ အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘောသည် ဖြစ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သံသရာ၏) ရှေးအဖို့သို့ အစဥ်လိုက်သောအယူ (ရှေးအတိတ် သံသရာဘဝအဆက်ဆက်တို့၌ ဖြစ်ခဲ့သော ခန္ဓာတို့ကိုစွဲ၍ ဖြစ်ပေါ်လာသော အယူမှားမှု) ‘ပုဗ္ဗန္တာနုဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ အပရန္တာနုဒိဋ္ဌိ
[1319] What is the sort of speculation known as the Theory of Origins . . . [1320] the Theory of the Hereafter ? Theories concerning the ultimate past . . . concerning futurity. All this sort of opinion, walking in opinion, jungle of opinion, wilderness of opinion, puppet-show of opinion, scuffling of opinion, the Fetter of opinion, the grip and tenacity of it, the inclination towards it, the being infected by it, this by-path, wrong road, wrongness, this ' fordingplace,' this shiftiness of grasp — this is what is called speculative opinion about renewed existence, and the rest.
၁၃၂၇။ တတ္ထ ကတမာ အပရန္တာနုဒိဋ္ဌိ? အပရန္တံ အာရဗ္ဘ ယာ ဥပ္ပဇ္ဇတိ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ အပရန္တာနုဒိဋ္ဌိ။
၁၃၂၇။ (၂) ထို (ပုဗ္ဗန္တာနုဒိဋ္ဌိ, အပရန္တာနုဒိဋ္ဌိတို့) တွင် (သံသရာ၏) နောက်အဖို့သို့အစဥ်လိုက်သော အယူ (နောင်ဘဝ အနာဂတ်အခါ၌ ခန္ဓာတို့သည် မည်သို့ဖြစ် လိမ့်မည်,မည်သို့ဖြစ်လတ္တံ့စသည်ဖြင့် တွေးတောပြီးလျှင် ထိုအနာဂတ်ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘အပရန္တာနုဒိဋ္ဌိ’ ဟူသည် အဘယ်နည်း။ (သံသရာ၏) နောက်အဖို့ကို (နောင်အနာဂတ်အခါ၌ ဖြစ်ပေါ်မည့်ခန္ဓာတို့ကို) အာရုံပြု၍ အကြင် အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှုတို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်း သဘောသည် ဖြစ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သံသရာ၏) နောက်အဖို့သို့ အစဥ်လိုက်သော အယူ (နောင်ဘဝအနာဂတ်အခါ၌ ခန္ဓာတို့သည် မည်သို့ဖြစ်လိမ့်မည်, မည်သို့ဖြစ်လတ္တံ့စသည်ဖြင့် တွေးတောပြီးလျှင်ထိုအနာဂတ်ခန္ဓာတို့ကို စွဲ၍ဖြစ်ပေါ်သော အယူမှားမှု) ‘အပရန္တာနုဒိဋ္ဌိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ ၁၅-အဟိရီကဒုက် အဟိရီက
၁၃၂၈။ တတ္ထ ကတမံ အဟိရိကံ? ယံ န ဟိရီယတိ ဟိရိယိတဗ္ဗေန, န ဟိရီယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – ဣဒံ ဝုစ္စတိ အဟိရိကံ။
၁၃၂၈။ (၁) ထို (အဟိရီက, အနောတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ရှက်ထိုက်သော ကာယ ဒုစရှိက်စသည်ကိုမရှက်တတ်၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) ကို မရှက်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’ ဟုဆိုအပ်၏ (အဟိရီကစေတသိက်)။ အနောတ္တပ္ပ
[1321] What is unconscientiousness ? . . . [1322] disregard of blame ? Answers as for the ninth and tenth 'bases of corruption,' §§ 1238, 1239.
၁၃၂၉။ တတ္ထ ကတမံ အနောတ္တပ္ပံ? ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန, န ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – ဣဒံ ဝုစ္စတိ အနောတ္တပ္ပံ။
၁၃၂၉။ (၂) ထို (အဟိရီက, အနောတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ကြောက်လန့်ထိုက်သောကာယဒုစရိုက်စသည်ကို မကြောက်လန့်တတ်၊ ယုတ်မာသော အကုသိုလ် တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) မှ မကြောက်လန့်တတ်။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟု ဆိုအပ်၏ (အနောတ္တပ္ပ စေတသိက်)။ ၁၆-ဟိရီဒုက် ဟိရီ
၁၃၃၀။ တတ္ထ ကတမာ ဟိရီ? ယံ ဟိရီယတိ ဟိရိယိတဗ္ဗေန, ဟိရီယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – အယံ ဝုစ္စတိ ဟိရီ။
၁၃၃၀။ (၁) ထို (ဟိရီ, ဩတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ ဟူသည်အဘယ်နည်း။ အကြင်သဘောသည် ရှက်ထိုက်သော ကာယဒုစရိုက်စသည်မှ ရှက်တတ် ၏၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူးလွန်ခြင်း) ကို ရှက်တတ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှုမှ) ရှက်မှု ‘ဟိရီ’ ဟု ဆိုအပ်၏ (ဟိရီစေတသိက်)။ ဩတ္တပ္ပ
[1323] What is conscientiousness ? The feeHng of conscientious scruple when scruples ought to be felt, conscientious scruple at attaining to bad and evil states.
၁၃၃၁။ တတ္ထ ကတမံ ဩတ္တပ္ပံ? ယံ ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန, ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ – ဣဒံ ဝုစ္စတိ ဩတ္တပ္ပံ။
၁၃၃၁။ (၂) ထို (ဟိရီ, ဩတ္တပ္ပတို့) တွင် (ကာယဒုစရိုက်စသော မကောင်းမှုမှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ ဟူသည် အဘယ်နည်း။ အကြင်သဘောသည် ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်မှ့ကြောက်လန့်တတ်၏၊ ယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်း (ကျူး လွန်ခြင်း) မှကြောက်လန့်တတ်၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကာယဒုစရိုက်စသော မကောင်းမှု မှ) ကြောက်လန့်မှု ‘ဩတ္တပ္ပ’ ဟု ဆိုအပ်၏ (ဩတ္တပ္ပစေတသိက်)။ ၁၇-ဒေါဝစဿတာဒုက် ဆိုဆုံးမခက်သောသူ ဖြစ်ကြောင်းတရား
[1324] What is the fear of blame? The sense of guilt where a sense of guilt ought to be felt, a sense of guilt at attaining to bad and evil states. [1825] What is contumacy ? The being surly, refractious, contumacious when that which is in accordance with the Law has been said, contrariness, captiousness, want of regard, of consideration, of reverence, of deference.
၁၃၃၂။ တတ္ထ ကတမာ ဒေါဝစဿတာ? သဟဓမ္မိကေ ဝုစ္စမာနေ ဒေါဝစဿာယံ ဒေါဝစဿိယံ ဒေါဝစဿတာ ဝိပ္ပဋိကူလဂ္ဂါဟိတာ ဝိပစ္စနီကသာတတာ အနာဒရိယံ အနာဒရတာ အဂါရဝတာ အပ္ပဋိဿဝတာ – အယံ ဝုစ္စတိ ဒေါဝစဿတာ။
၁၃၃၂။ (၁) ထို (ဒေါဝစဿတာ,ပါပမိတ္တတာတို့) တွင် ‘ဒေါဝစဿတာ’ ဆိုဆုံးမခက်သော သူ၏အဖြစ် (ဆိုဆုံးမခက် သောသူ ဖြစ်အောင်ပြုတတ်သောတရား) ‘ဒေါဝစဿတာ’ ဟူသည် အဘယ်နည်း။ အကျင့်သိက္ခာပုဒ်၌ (အကြောင်းကိုပြကာ သင်သည်ဤအပြစ်အာပတ်သို့ ရောက်နေ၏၊ ထိုအပြစ် အာပတ်ကို ကုစားလော့ဟု) ပြောဆို (ဆုံးမ) အပ်သည်ရှိသော် ခဲယဥ်းသော စကားရှိသူ (ဆိုဆုံးမ ခက်သူ) ၏ အပြုအမူ‘ဒေါဝစဿာယံ’၊ ခဲယဥ်းသော စကားရှိသူ၏ အပြုအမူ၏အဖြစ် ‘ဒေါဝစဿိယံ’၊ ခဲယဥ်းသောစကားရှိသူ၏ အပြုအမူ၏ဖြစ်ကြောင်း ‘ဒေါဝစဿတာ’၊ မလျောက်ပတ်သည်ကို (စက်ဆုပ်ဖွယ်ဆန့်ကျင်ဘက်ကို) ယူလေ့ရှိသူ၏အဖြစ် ‘ဝိပ္ပဋိကူလဂ္ဂါဟိတာ’။ (မလျောက်ပတ်သည်ကို ယူခြင်းဟုဆိုအပ်သော) ဆန့်ကျင်မှုကို သာယာတတ်သူ၏အဖြစ် ‘ဝိပစ္စနီကသာတတာ’။ (အဆုံးအမကို မနာယူသည်၏အစွမ်းဖြင့်) ရိုသေခြင်းမရှိသူ၏အဖြစ် ‘အနာဒရိယ’။ (အဆုံးအမကို မနာယူသည်၏ အစွမ်းဖြင့်) ရိုသေခြင်းမရှိသူ၏ အခြင်းအရာ ‘အနာဒရတာ’။ (လေးစားစွာ မနေသည်၏ အစွမ်းဖြင့်) လေးစားခြင်းမရှိသူ၏အဖြစ် ‘အဂါရဝတာ’၊ ရှေးရှု (စူးစိုက်၍) နားထောင်ခြင်း မရှိသူ၏အဖြစ် (မကျိုးနွံခြင်း) ‘အပ္ပဋိဿဝတာ’ သည်ရှိ၏။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆိုဆုံးမ ခက်သောသူ၏ အဖြစ် (ဆိုဆုံးမခက်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဒေါဝစဿတာ’ ဟု ဆိုအပ်၏ (ဒေါသမူဒွေ, ယှဥ်ဖက်စေတသိက်)။ မိတ်ဆွေဆိုးရှိသူဖြစ်ကြောင်းတရား ‘ပါပမိတ္တတာ’
၁၃၃၃။ တတ္ထ ကတမာ ပါပမိတ္တတာ? ယေ တေ ပုဂ္ဂလာ အဿဒ္ဓါ ဒုဿီလာ အပ္ပဿုတာ မစ္ဆရိနော ဒုပ္ပညာ, ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ တံသမ္ပဝင်္ကတာ – အယံ ဝုစ္စတိ ပါပမိတ္တတာ။
၁၃၃၃။ (၂) ထို (ဒေါဝစဿတာ, ပါပမိတ္တတာတို့) တွင်ယုတ်မာသော (မကောင်းသော) မိတ်ဆွေ ရှိသူ၏အဖြစ် (မကောင်းသောမိတ်ဆွေရှိသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ပါပမိတ္တတာ’ ဟူသည် အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်တို့သည် (ကံ, ကံ၏အကျိုးကို) ယုံကြည်မှု ‘သဒ္ဓါ’ တရား မရှိကုန် ‘အသဒ္ဓ’၊ အကျင့် သီလမရှိကုန် ‘ဒုဿီလ’၊ အကြားအမြင်မရှိကုန် ‘အပ္ပဿုတ’၊ နှမြောဝန်တိုခြင်းရှိကုန်၏ ‘မစ္ဆရီ’၊ ပညာမရှိကုန် ‘ဒုပ္ပည’၊ ထိုပုဂ္ဂိုလ်တို့ကို အကြင် (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သေဝန’၊ အမြဲ (မှီဝဲ ဆည်းကပ်) ပေါင်းသင်းခြင်း ‘နိသေဝန’၊ ကောင်းစွာ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သံသေဝန’၊ မှီဝဲခြင်း ‘ဘဇန’၊ ကောင်းစွာ မှီဝဲခြင်း ‘သမ္ဘဇန’၊ ဆည်းကပ်ခြင်း ‘ဘတ္တိ’၊ ကောင်းစွာ ဆည်းကပ်ခြင်း ‘သမ္ဘတ္တိ’၊ ထိုပုဂ္ဂိုလ်တို့၌ ညွတ်ယိမ်း ကိုင်းရှိုင်းခြင်း ‘သမ္ပဝင်္ကတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုယုတ်မာသော (မကောင်းသော) မိတ်ဆွေရှိ သူ၏အဖြစ် (မကောင်းသော မိတ်ဆွေရှိသော သူဖြစ်အောင်ပြုတတ်သောတရား) ‘ပါပမိတ္တတာ’ ဟု ဆိုအပ်၏ (လောဘမူ, မောဟမူစိတ်, ယှဥ်ဖက် စေတသိက်)။ ၁၈-သောဝစဿတာဒုက် ဆိုဆုံးမလွယ်သောသူဖြစ်ကြောင်းတရား ‘သောဝစဿတာ’
[1326] What is friendship with evil? To follow after, to frequent the company of, and associate with, such persons as are unbelievers, immoral, uneducated, mean- spirited and witless f to resort to and consort with them, to be devoted to them, enthusiastic about them, and entangled with them.
၁၃၃၄။ တတ္ထ ကတမာ သောဝစဿတာ? သဟဓမ္မိကေ ဝုစ္စမာနေ သောဝစဿာယံ သောဝစဿိယံ သောဝစဿတာ အပ္ပဋိကူလဂ္ဂါဟိတာ အဝိပစ္စနီကသာတတာ သဂါရဝတာ သာဒရိယံ သာဒရတာ သပ္ပဋိဿဝတာ – အယံ ဝုစ္စတိ သောဝစဿတာ။
၁၃၃၄။ (၁) ထို (သောဝစဿတာ,ကလျာဏမိတ္တတာတို့) တွင် ဆိုဆုံးမလွယ် သောသူ၏အဖြစ် (ဆိုဆုံးမလွယ်သောသူဖြစ်အောင်ပြုတတ်သောတရား) ‘သောဝစဿတာ’ ဟူသည် အဘယ်နည်း။ အကျင့်သိက္ခာပုဒ်၌ (အကြောင်းကိုပြကာ သင်သည် ဤအပြစ်အာပတ်သို့ ရောက်နေ၏၊ ထိုအပြစ်အာပတ်ကို ကုစားလော့ဟု) ပြောဆို (ဆုံးမ) အပ်သည်ရှိသော် လွယ်ကူသော စကားရှိသူ (ဆိုဆုံးမလွယ်သောသူ) ၏ အပြုအမူ‘သောဝစဿာယံ’၊ လွယ်ကူသော စကားရှိသူ (ဆိုဆုံးမလွယ်သူ) ၏ အပြုအမူ၏အဖြစ် ‘သောဝစဿိယံ’၊ လွယ်ကူသော စကားရှိသူ (ဆုံးမလွယ်သူ) ၏ အပြုအမူ၏ဖြစ်ကြောင်း ‘သောဝစဿတာ’၊ လျောက်ပတ်သည်ကို (မဆန့်ကျင်သည်ကို) ယူလေ့ရှိသူ၏အဖြစ် ‘အပ္ပဋိကူလဂ္ဂါဟိတာ’၊ မဆန့်ကျင်မှုကိုသာယာတတ်သူ၏အဖြစ် ‘အဝိပစ္စနီကသာတတာ’။ (အဆုံးအမကို နာယူသည်၏ အစွမ်းဖြင့်) ရိိုသေခြင်းရှိသူ၏အဖြစ် ‘သာဒရိယံ’ (အဆုံးအမကို နာယူသည်၏ အစွမ်းဖြင့်) ရိုသေခြင်းရှိသူ၏အခြင်းအရာ ‘သာဒရတာ’။ (လေးစားစွာ နေသည်၏ အစွမ်းဖြင့်) လေးစားခြင်းရှိသူ၏အဖြစ် ‘သဂါရဝတာ’၊ ရှေးရှု (စူးစိုက်၍) နားထောင်ခြင်းရှိသူ၏အဖြစ် (ကျိုးနွံခြင်း) ‘သပ္ပဋိဿဝတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆိုဆုံးမ လွယ်သောသူ၏အဖြစ် (ဆိုဆုံးမ လွယ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သောဝစဿတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဥ်ဖက် စေတသိက်)။ အဆွေခင်ပွန်းကောင်းရှိသူဖြစ်ကြောင်းတရား
[1327] What is suavity ? The being gentle, tractable, amenable when that which is in accordance with the Law has been said, the refraining from contradiction and from captiousness ; the showing regard and consideration, reverence and deference.
၁၃၃၅။ တတ္ထ ကတမာ ကလျာဏမိတ္တတာ? ယေ တေ ပုဂ္ဂလာ သဒ္ဓါ သီလဝန္တော ဗဟုဿုတာ စာဂဝန္တော ပညဝန္တော, ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ တံသမ္ပဝင်္ကတာ – အယံ ဝုစ္စတိ ကလျာဏမိတ္တတာ။
၁၃၃၅။ (၂) ထို (သောဝစဿတာ,‘ကလျာဏမိတ္တတာ’တို့) တွင် ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ် (အဆွေခင်ပွန်းကောင်းရှိသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ကလျာဏမိတ္တတာ’ ဟူသည်အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်တို့သည် (ကံ, ကံ၏အကျိုးကို) ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်၏၊ အကျင့်‘သီလ’ရှိကုန်၏ ‘သီလဝန္တ’၊ များသော အကြားအမြင်ရှိကုန် (အကြားအမြင်များကုန်) ၏၊ စွန့်ကြဲပေးကမ်းခြင်းရှိကုန်၏ ‘စာဂဝန္တ’၊ ပညာရှိကုန်၏ ‘ပညဝန္တ’၊ ထိုပုဂ္ဂိုလ် တို့ကို အကြင် (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း‘သေဝန’၊ အမြဲ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘နိသေဝန’၊ ကောင်းစွာ (မှီဝဲဆည်းကပ်) ပေါင်းသင်းခြင်း ‘သံသေဝန’၊ မှီဝဲခြင်း ‘ဘဇန’၊ ကောင်းစွာ မှီဝဲခြင်း ‘သမ္ဘဇန’၊ ဆည်းကပ်ခြင်း ‘ဘတ္တိ’၊ ကောင်းစွာ ဆည်းကပ်ခြင်း ‘သမ္ဘတ္တိ’ ထိုပုဂ္ဂိုလ်တို့၌ ညွတ်ယိမ်းကိုင်းရှိုင်းခြင်း ‘သမ္ပဝင်္ကတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ကောင်းသော မိတ်ဆွေရှိသူ၏အဖြစ် (အဆွေခင်ပွန်းကောင်းရှိသောသူ ဖြစ်အောင် ပြုတတ်သောတရား) ‘ကလျာဏမိတ္တတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဥ်ဖက်စေတသိက်)။ ၁၉-အာပတ္တိကုသလတာဒုက် အာပတ်တို့၌ လိမ္မာသောသူဖြစ်ကြောင်းတရား
[1328] What is friendship with good ? To follow after, frequent the company of, and associate with, such persons as are believers, virtuous, well educated, generous and intellectual ; to resort to and consort with them, to be devoted to them, enthusiastic about them, mixed up with them.
၁၃၃၆။ တတ္ထ ကတမာ အာပတ္တိကုသလတာ? ပဉ္စပိ အာပတ္တိက္ခန္ဓာ အာပတ္တိယော, သတ္တပိ အာပတ္တိက္ခန္ဓာ အာပတ္တိယော။ ယာ တာသံ အာပတ္တီနံ အာပတ္တိကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ အာပတ္တိကုသလတာ။
၁၃၃၆။ (၁) ထို (အာပတ္တိကုသလတာ အာပတ္တိဝုဋ္ဌာန‘အာပတ္တိကုသလတာ’ကုသလတာတို့) တွင် အပြစ်အာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (အပြစ်အာပတ်တို့၌ ကျွမ်းကျင်တတ်သိလိမ္မာသော သူဖြစ်အောင် ပြုတတ်သောတရား) ‘အာပတ္တိကုသလတာ’ ဟူသည် အဘယ်နည်း။ (ပါရာဇိက, သံဃာဒိသိသ်, ပါစိတ်, ပါဋိဒေသနီ,ဒုက္ကဋ်ဟူသော) (အပြစ်) အာပတ်ငါးပုံ (ငါးစု) တို့သည်လည်း (အပြစ်) အာပတ်တို့တည်း။ (ပါရာဇိက,သံဃာဒိသိသ်, ထုလ္လစဥ်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်, ဒုဗ္ဘာသီဟူသော) (အပြစ်) အာပတ်ခုနစ်ပုံ (ခုနစ်စု) တို့သည်လည်း (အပြစ်) အာပတ်တို့တည်း၊ ထို (အပြစ်) အာပတ်တို့ကို အကြင်အာပတ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေ မှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အပြစ်) အာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သောသူအဖြစ် (အပြစ် အာပတ်တို့၌ ကျွမ်းကျင်တတ်သိလိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အာပတ္တိကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၌ ရှိသောပညာ)။ အာပတ်မှထခြင်း၌ လိမ္မာသောသူဖြစ်ကြောင်းတရား
[1329-1332] What is skill in ((a) the Offences? I (h) restoration from the Offences ? (c) the Attainments ? (d) recovery from the Attainments ? That skill which is science, understanding, search, research, etc., when applied to (a) the Offences termed the Five Groups of Offences and the Seven Groups of Offences ; (h) restoration from [the effects of] those Offences ; (c) a case of Attainment where * conception works and thought discursive,' a case of Attainment * wherein is no working of conception, but only of thought discursive,' a case of Attainment 'void of the working of conception and of thought discursive ' ; (d) recovery from those Attainments.
၁၃၃၇။ တတ္ထ ကတမာ အာပတ္တိဝုဋ္ဌာနကုသလတာ? ယာ တာဟိ အာပတ္တီဟိ ဝုဋ္ဌာနကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ အာပတ္တိဝုဋ္ဌာနကုသလတာ။
၁၃၃၇။ (၂) ထို (အာပတ္တိကုသလတာ, အာပတ္တိဝုဋ္ဌာန‘အာပတ္တိဝုဋ္ဌာနကုသလတာ’ ကုသလတာတို့) တွင် (အပြစ်) အာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏ အဖြစ် (အပြစ်အာပတ်မှ ကင်းလွတ်အောင် ကုစားခြင်း၌ ကျွမ်းကျင်တတ်သိလိမ္မာသောသူဖြစ်အောင် ပြု တတ်သောတရား) ‘အာပတ္တိဝုဋ္ဌာနကုသလတာ’ ဟူသည့်အဘယ်နည်း။ ထိုအာပတ်တို့မှ အကြင် ထခြင်း၌ (ကင်းလွတ်အောင် ကုစားခြင်း၌) ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာ လေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (အပြစ်) အာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူအဖြစ် (အပြစ် အာပတ်မှ ကင်းလွတ်အောင်ကုစားခြင်း၌ ကျွမ်းကျင်တတ်သိ လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာပတ္တိဝုဋ္ဌာနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၌ ရှိသော ပညာ)။ ၂၀-သမာပတ္တိ ကုသလတာဒုက် သမာပတ်၌ လိမ္မာသောသူဖြစ်ကြောင်းတရား
၁၃၃၈။ တတ္ထ ကတမာ သမာပတ္တိကုသလတာ? အတ္ထိ သဝိတက္ကသဝိစာရာ သမာပတ္တိ, အတ္ထိ အဝိတက္ကဝိစာရမတ္တာ သမာပတ္တိ, အတ္ထိ အဝိတက္ကအဝိစာရာ သမာပတ္တိ။ ယာ တာသံ သမာပတ္တီနံ သမာပတ္တိကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ သမာပတ္တိကုသလတာ။
၁၃၃၈။ (၁) ထို (သမာပတ္တိကုသလတာ, သမာပတ္တိဝုဋ္ဌာန‘သမာပတ္တိကုသလတာ’ ကုသလတာတို့) တွင် သမာပတ် (ဝင်စားမှု) ၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သ မာပတ်ဝင်စားမှုကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိ ကုသလတာ’ ဟူသည် အဘယ်နည်း။ ကြံစည်မှု ‘ဝိတက်’ နှင့် တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော သမာပတ်သည်ရှိ၏၊ ကြံစည်မှု ‘ဝိတက်’ကားမရှိ၊ သုံးသပ်မှု ‘ဝိစာရ’မျှသာရှိသော သမာပတ်သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်’ လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ လည်း မရှိသော သမာပတ်သည်ရှိ၏၊ ထို သမာပတ်တို့ကို ဝင်စားခြင်း၌ အကြင် ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန် သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာသိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို သမာပတ်တို့၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သမာပတ်ဝင်စား မှုကို ပိုင်းခြားခွဲခြမ်း၍သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏ သမ္ပယုတ်စိတ်၌ ရှိသော ပညာ)။ သမာပတ်မှထမှု၌ လိမ္မာသောသူဖြစ်ကြောင်းတရား
၁၃၃၉။ တတ္ထ ကတမာ သမာပတ္တိဝုဋ္ဌာနကုသလတာ? ယာ တာဟိ သမာပတ္တီဟိ ဝုဋ္ဌာနကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ သမာပတ္တိဝုဋ္ဌာနကုသလတာ။
၁၃၃၉။ (၂) ထို (သမာပတ္တိကုသလတာ,‘သမာပတ္တိဝုဋ္ဌာနကုသလတာ’ သမာပတ္တိဝုဋ္ဌာန ကုသလတာတို့) တွင် သမာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (သမာပတ်မှထခြင်းကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သောဉာဏ်ရှိသူဖြစ်အောင် ပြုတတ်သော တရား) ‘သမာပတ္တိဝုဋ္ဌာန ကုသလတာ’ ဟူသည် အဘယ်နည်း။ ထိုသမာပတ်တို့မှ အကြင်ထခြင်း၌ လိမ္မာ သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို သမာပတ်မှ ထခြင်း၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (သမာပတ်မှထခြင်းကို ပိုင်းခြားခွဲခြမ်း၍ သိနိုင်သော ဉာဏ်ရှိသူ ဖြစ်အောင် ပြုတတ်သောတရား) ‘သမာပတ္တိဝုဋ္ဌာနကုသလတာ’ ဟုဆိုအပ်၏ (မဟာကုသိုလ် ဉာဏသမ္ပယုတ်, မဟာကြိယာဉာဏသမ္ပယုတ်စိတ်၌ ရှိသော ပညာ)။ ၂၁-ဓာတုကုသလတာဒုက် သဘာဝ‘ဓာတ် ’၌ လိမ္မာသောသူဖြစ်ကြောင်းတရား
၁၃၄၀။ တတ္ထ ကတမာ ဓာတုကုသလတာ? အဋ္ဌာရသ ဓာတုယော စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု, သောတဓာတု သဒ္ဒဓာတု သောတဝိညာဏဓာတု, ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု, ဇိဝှါဓာတု ရသဓာတု ဇိဝှါဝိညာဏဓာတု, ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု, မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု။ ယာ တာသံ ဓာတူနံ ဓာတုကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ ဓာတုကုသလတာ။
၁၃၄၀။ (၁) ထို (ဓာတုကုသလတာ မနသိကာရ ‘ဓာတုကုသလတာ’ ကုသလတာတို့) တွင် ပင်ကိုရှိရင်း သဘောကို ဆောင်ထားမှု ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သော သူ၏အဖြစ် (ဓာတ်တစ်ဆယ့် ရှစ်ပါးတို့၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ဓာတုကုသလတာ’ ဟူသည် အဘယ်နည်း။ မျက်စိသဘာဝ့‘စက္ခုဓာတ်’၊ အဆင်း (ရူပါရုံ) သဘာဝ ‘ရူပဓာတ်’၊ မြင်သိစိတ်သဘာဝ ‘စက္ခုဝိညာဏဓာတ်’၊ နားသဘာဝ ‘သောတဓာတ်’၊ အသံ (သဒ္ဒါရုံ) သဘာဝ ‘သဒ္ဒဓာတ်’၊ ကြားသိစိတ်သဘာဝ‘သောတဝိညာဏဓာတ်’၊ နှာခေါင်းသဘာဝ ‘ဃာနဓာတ်’၊ အနံ့ (ဂန္ဓာရုံ) သဘာဝ ‘ဂန္ဓဓာတ်’၊ နံသိစိတ်သဘာဝ ‘ဃာနဝိညာဏဓာတ်’၊ လျှာသဘာဝ ‘ဇိဝှါဓာတ်’၊ အရသာ (ရသာရုံ) သဘာဝ ‘ရသဓာတ်’၊ လျက်သိစိတ်သဘာဝ ‘ဇိဝှါဝိညာဏဓာတ်’၊ ကိုယ်သဘာဝ ‘ကာယဓာတ်’၊ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ) သဘာဝ‘ဖောဋ္ဌဗ္ဗဓာတ်’၊ ထိသိစိတ်သဘာဝ ‘ကာယဝိညာဏဓာတ်’၊ သိမှုသဘာဝ ‘မနောဓာတ်’၊ တရားသဘာဝ‘ဓမ္မဓာတ်’၊ အထူးသိမှုသဘာဝ ‘မနောဝိညာဏဓာတ်’ ဟူသော သဘာဝ ‘ဓာတ်’ တစ်ဆယ့်ရှစ်ပါးတို့သည် (ရှိကုန်၏)၊ ထိုသဘာဝ ‘ဓာတ်’ တို့ကို အကြင် ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်’ ၌ ကျွမ်းကျင် (လိမ္မာ) သောသူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘ဓာတုကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏ သမ္ပယုတ်စိတ်, အဘိညာဥ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။ (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို) နှလုံးသွင်းမှု၌ လိမ္မာသောသူ
[1333] What is proficiency in the Elements ? That proficiency which is science, understanding, search, research, etc., when applied to the eighteen elements, viz. : sight, visual object and visual cognition, hearing, sound and auditory cognition, smell, odour and olfactory cognition, taste, sapid object and gustatory cognition, bodysensibility, the tangible and tactile cognition, mind, mental object and representative cognition.
၁၃၄၁။ တတ္ထ ကတမာ မနသိကာရကုသလတာ? ယာ တာသံ ဓာတူနံ မနသိကာရကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ မနသိကာရကုသလတာ။
၁၃၄၁။ (၂) ထို (ဓာတုကုသလတာ,ဖြစ်ကြောင်းတရား ‘မနသိကာရကုသလတာ’ မနသိကာရကုသလတာတို့) တွင် (ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်’တို့ကို) နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို နှလုံးသွင်းမှု၌ တတ်သိ ကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘မနသိကာရကုသလတာ’ ဟူသည် အဘယ်နည်း။ ထိုသဘာဝ ‘ဓာတ်’ တို့ကို အကြင်နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြား အားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ပင်ကိုရှိရင်းသဘောကို ဆောင်ထားမှု ‘ဓာတ်’ တို့ကို) နှလုံးသွင်းမှု၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို နှလုံးသွင်းမှု၌ တတ်သိကျွမ်းကျင် လိမ္မာ သောသူဖြစ်အောင်ပြုတတ်သောတရား) ‘မနသိကာရကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ် ဉာဏ သမ္ပယုတ်,မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဥ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။ ၂၂-အာယတနကုသလတာဒုက် အာယတနတစ်ဆယ့်နှစ်ပါး၌ တတ်သိလိမ္မာသောသူ
[1334] What is proficiency in attention ? That proficiency in attention which is science, understanding, etc., when applied to those elements.
၁၃၄၂။ တတ္ထ ကတမာ အာယတနကုသလတာ? ဒွါဒသာယတနာနိ – စက္ခာယတနံ, ရူပါယတနံ, သောတာယတနံ, သဒ္ဒါယတနံ, ဃာနာယတနံ, ဂန္ဓာယတနံ, ဇိဝှါယတနံ, ရသာယတနံ, ကာယာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, မနာယတနံ, ဓမ္မာယတနံ။ ယာ တေသံ အာယတနာနံ အာယတနကုသလတာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ အာယတနကုသလတာ။
၁၃၄၂။ (၁) ထို (အာယတနကုသလတာ, ပဋိစ္စဖြစ်ကြောင်းတရား ‘အာယတနကုသလတာ’သမုပ္ပါဒကုသလတာတို့) တွင်စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း ‘အာယတန’၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အာယတနတစ်ဆယ့်နှစ်ပါး၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာယတနကုသလတာ’ ဟူသည်အဘယ်နည်း။ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’၊ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ရာ နားအကြည် ‘သောတာယတန’၊ ကြားသိစိတ် (သောတဝိညာဏ်) ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ရာ နှာခေါင်းအကြည် ‘ဃာနာယတန’၊ နံသိစိတ် (ဃာနဝိညာဏ်) ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ရာ လျှာအကြည် ‘ဇိဝှါယတန’၊ လျက်သိစိတ် (ဇိဝှါဝိညာဏ်) ဖြစ်ကြောင်း အရသာ ‘ရသာယတန’၊ ထိသိစိတ် (ကာယ ဝိညာဏ်) ဖြစ်ရာကိုယ်အကြည် ‘ကာယာယတန’၊ ထိသိစိတ် (ကာယဝိညာဏ်) ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’၊ သိမှုစိတ် ဖြစ်ရာ ‘မနာယတန’၊ သိမှုစိတ် ဖြစ်ကြောင်းသဘာဝ ‘ဓမ္မာယတန’ ဟူသောအာယတနတစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ထို (အာယတန) တို့ကို အကြင် အာယတန၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ်။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာသိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း ‘အာယတန’ ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အာယတန တစ်ဆယ့်နှစ်ပါး၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သော တရား) ‘အာယတနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဥ်စိတ်, မဂ်စိတ်တို့၌ ရှိသော ပညာ)။ ပဋိစ္စသမုပ္ပါဒ်၌ တတ်သိလိမ္မာသောသူဖြစ်ကြောင်းတရား
[1335] What is skill in the spheres ? That skill which is science, understanding, etc., when applied to the twelve spheres, namely, sight and visual form, hearing and sound, smell and odorous object, taste and sapid object, body- sensibility and the tangible, mind and mental object.
၁၃၄၃။ တတ္ထ ကတမာ ပဋိစ္စသမုပ္ပါဒကုသလတာ? အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။ ယာ တတ္ထ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ ပဋိစ္စသမုပ္ပါဒကုသလတာ။
၁၃၄၃။ (၂) ထို (အာယတနကုသလတာ,‘ပဋိစ္စသမုပ္ပါဒကုသလတာ’ ပဋိစ္စသမုပ္ပါဒကုသလတာတို့) တွင် ပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ပဋိစ္စသမုပ္ပါဒ်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ပဋိစ္စသမုပ္ပါဒကုသလတာ’ ဟူသည် အဘယ်နည်း။ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) ‘အဝိဇ္ဇာ’ ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့သည် (ဖြစ်ကုန်၏)၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ဟူသော အကြောင်း ကြောင့် အထူးသိမှု ‘ဝိညာဏ်’ (ပဋိသန္ဓေစိတ်) သည် (ဖြစ်၏)၊ အထူးသိမှု ‘ဝိညာဏ်’ (ပဋိသန္ဓေစိတ်)ဟူသော အကြောင်းကြောင့် နာမ်နှင့်ရုပ်သည် (ဖြစ်၏)၊ နာမ်ရုပ်ဟူသောအကြောင်းကြောင့် စိတ်ဖြစ်ရာ အာယတနခြောက်ပါးသည် (ဖြစ်၏)၊ စိတ်ဖြစ်ရာ ‘အာယတန’ ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’ သည် (ဖြစ်၏)၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ သည် (ဖြစ်၏)၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ သည် (ဖြစ်၏)၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ သည် (ဖြစ်၏)၊ ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်ကြောင်း‘ဘဝ’ (ကမ္မဘဝ) သည် (ဖြစ်၏)၊ ဖြစ် ပေါ်ကြောင်း ‘ဘဝ’ (ကမ္မဘဝ)ဟူသော အကြောင်းကြောင့်ဖြစ်မှု (ပဋိသန္ဓေနေမှု) ‘ဇာတိ’ သည် (ဖြစ်၏)၊ ဖြစ်မှု (ပဋိသန္ဓေနေမှု) ‘ဇာတိ’ ဟူသော အကြောင်းကြောင့်အိုမှုနှင့် သေမှု ‘ဇရာ, မရဏ’ သည် (ဖြစ်၏)၊ စိုးရိမ်မှု ‘သောက’, ငိုကြွေးမှု ‘ပရိဒေဝ’, ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’, စိတ်ဆင်းရဲမှု ‘ဒေါမနဿ’, ပြင်းထန်စွာ ပင်ပန်းမှု ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏၊ ဤသို့အလုံးစုံသော ဆင်းရဲအစု၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ ဤသို့ ထိုပဋိစ္စသမုပ္ပါဒ်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြား အားဖြင့်သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (ပဋိစ္စသမုပ္ပါဒ်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူ ဖြစ်အောင်ပြုတတ်သောတရား) ‘ပဋိစ္စသမုပ္ပါဒကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်,မဟာကြိယာဉာဏသမ္ပယုတ်စိတ်, အဘိညာဥ်စိတ်, မဂ်စိတ်တို့၌ ရှိသောပညာ)။ ၂၃-ဌာနကုသလတာဒုက် အကြောင်း (ဟုတ်သည်) ၌ လိမ္မာသောသူဖြစ်ကြောင်းတရား
[1336] What is skill in the ' Conditioned Geneses '? Science, understanding, etc., when applied to the formula : * The syntheses come to pass because of ignorance ; cognition comes to pass because of syntheses ; name and form come to pass because of cognition ; the sixfold sphere comes to pass because of name and form ; contact comes to pass because of the sixfold sphere, feeling because of contact, craving because of feeling, grasping because of craving, renewed existence because of grasping, birth because of renewed existence, old age and death, grief, lamentation, distress, melancholy and despair come to pass because of birth. Such is the uprising of this whole mass of Ill.'i
၁၃၄၄။ တတ္ထ ကတမာ ဌာနကုသလတာ? ယေ ယေ ဓမ္မာ ယေသံ ယေသံ ဓမ္မာနံ ဟေတူ ပစ္စယာ ဥပ္ပါဒါယ [ဥပါဒါယ (သီ။ က။)] တံ တံ ဌာနန္တိ, ယာ တတ္ထ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ ဌာနကုသလတာ။
၁၃၄၄။ (၁) ထို (ဌာနကုသလတာ,‘ဌာနကုသလတာ’ အဋ္ဌာနကုသလတာတို့) တွင် အကြောင်း (ဟုတ်သည်) ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်း ‘ဌာန’ ဟုတ်သည်၌ တတ်သိ ကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဌာနကုသလတာ’ ဟူသည် အဘယ်နည်း။ အကြင်အကြင်တရားတို့သည် အကြင်အကြင် (အကျိုး) တရားတို့၏ အကြောင်း‘ဟေတု’ ဖြစ်ကုန်၏။ အထောက်အပံ့‘ပစ္စယ’ ဖြစ်ကုန်၏။ (ထိုထို အကျိုးတရားတို့) ဖြစ်ပေါ်ခြင်းငှါ ထိုထိုအကြောင်း ‘ဌာန’ သည် ရှိ၏။ [ထိုထိုအကြောင်းကို စွဲ၍ (ထိုထိုအကျိုးတရားတို့သည် ဖြစ်ကုန်၏) ]။ ဤသို့ ထိုအကြောင်းဟုတ်သည်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကြောင်း (ဟုတ်သည်) ၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းဟုတ်သည်၌ တတ်သိကျွမ်းကျင်လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘ဌာနကုသလတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်ဉာဏသမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဥ်စိတ်တို့၌ ရှိသောပညာ)။ အကြောင်းမဟုတ်သည်၌ လိမ္မာသောသူဖြစ်ကြောင်းတရား
[1337, 1338] What is skill in affirming ... in negating [causal conjuncture]? Science, understanding, etc., when applied to discerning that, in a given conjuncture, certain states are . . . are not, the cause and conditions of certain other states.
၁၃၄၅။ တတ္ထ ကတမာ အဋ္ဌာနကုသလတာ? ယေ ယေ ဓမ္မာ ယေသံ ယေသံ ဓမ္မာနံ န ဟေတူ န ပစ္စယာ ဥပ္ပါဒါယ တံ တံ အဋ္ဌာနန္တိ, ယာ တတ္ထ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ အဋ္ဌာနကုသလတာ။
၁၃၄၅။ (၂) ထို (ဌာနကုသလတာ အဋ္ဌာန‘အဋ္ဌာနကုသလတာ’ ကုသလတာတို့) တွင်အကြောင်း မဟုတ်သည်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းမဟုတ်သည်၌ တတ်သိကျွမ်းကျင် လိမ္မာသူဖြစ်အောင်ပြုတတ်သောတရား) ‘အဋ္ဌာနကုသလတာ’ ဟူသည် အဘယ်နည်း။ အကြင်အကြင် တရားတို့သည်အကြင်အကြင် (အကျိုး) တရားတို့၏ (ဖြစ်ပေါ်ရန်) အကြောင်း မဟုတ်ကုန်၊ အထောက်အပံ့မဟုတ်ကုန်။ (ထိုထိုအကျိုးတရားတို့) ဖြစ်ပေါ်ခြင်းငှါ ထိုထိုမဟုတ်သော အကြောင်း ‘အဋ္ဌာန’ သည်ရှိ၏။ [ထိုထိုအကြောင်း မဟုတ်သည်ကို စွဲ၍ (ထိုထိုအကျိုးတရားတို့ မဖြစ်ကုန်) ]။ ဤသို့ ထိုအကြောင်းဟုတ်သည်၌ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်း၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကြောင်းမဟုတ်သည်၌ ကျွမ်းကျင် (လိမ္မာ) သူ၏အဖြစ် (အကြောင်းမဟုတ်သည်၌ တတ်သိကျွမ်းကျင် လိမ္မာသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အဋ္ဌာနကုသလတာ’ ဟု ဆိုအပ်၏ (စက္ခုပသာဒသည် သောတဝိညာဥ်ဖြစ်ပေါ်ရန် အကြောင်းမဟုတ်စသည်ဖြင့် သိတတ်သော မဟာကုသိုလ်ဉာဏ သမ္ပယုတ်, မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်, အဘိညာဥ် စိတ်တို့၌ ရှိသောပညာ)။ ၂၄-အဇ္ဇဝဒုက် ဖြောင့်မတ်သောသူဖြစ်ကြောင်းတရား ‘အဇ္ဇဝ’
၁၃၄၆။ တတ္ထ ကတမော အဇ္ဇဝေါ? ယာ အဇ္ဇဝတာ အဇိမှတာ အဝင်္ကတာ အကုဋိလတာ – အယံ ဝုစ္စတိ အဇ္ဇဝေါ။
၁၃၄၆။ (၁) ထို (အဇ္ဇဝ မဒ္ဒဝတို့) တွင် ဖြောင့်မတ်သူ၏အဖြစ် (ဖြောင့်မတ်သူဖြစ်အောင် ပြုတတ် သောတရား) ‘အဇ္ဇဝ’ ဟူသည် အဘယ်နည်း။ အကြင်ဖြောင့်မတ်သည်၏အဖြစ် ‘အဇ္ဇဝတာ’၊ မကောက် သည်၏အဖြစ် ‘အဇိမှတာ’၊ မကွေးသည်၏အဖြစ် ‘အဝင်္ကတာ’၊ မကိုင်းသည်၏အဖြစ် ‘အကုဋိလတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုဖြောင့်မတ်သူ၏အဖြစ် (ဖြောင့်မတ်သောသူ ဖြစ်အောင် ပြုတတ်သော တရား) ‘အဇ္ဇဝ’ ဟု ဆိုအပ်၏ (ကာယုဇုကတာ, စိတ္တုဇုကတာ)။ နူးညံ့ပြေပြစ်သောသူဖြစ်ကြောင်းတရား ‘မဒ္ဒဝ’
[1339] What is upright ? Uprightness, without deflexion, twist, or crookedness.
၁၃၄၇။ တတ္ထ ကတမော မဒ္ဒဝေါ? ယာ မုဒုတာ မဒ္ဒဝတာ အကက္ခဠတာ အကထိနတာ နီစစိတ္တတာ – အယံ ဝုစ္စတိ မဒ္ဒဝေါ။
၁၃၄၇။ (၂) ထို (အဇ္ဇဝ မဒ္ဒဝတို့) တွင် နူးညံ့ပြေပြစ်သူ၏အဖြစ် (နူးညံ့ပြေပြစ်သောသူဖြစ်အောင် ပြု တတ်သောတရား) ‘မဒ္ဒဝ’ ဟူသည် အဘယ်နည်း။ အကြင်နူးညံ့သည်၏အဖြစ် ‘မုဒုတာ’၊ ပြေပြစ်သည်၏ အဖြစ် ‘မဒ္ဒဝတာ’၊ မခက်ထန်သည်၏အဖြစ် ‘အကက္ခဠတာ’၊ မကြမ်းတမ်းသည်၏အဖြစ် ‘အကထိနတာ’။ (မာနမရှိသဖြင့်) နှိမ့်ချသော စိတ်ရှိသူ၏အဖြစ် ‘နီစစိတ္တတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို နူးညံ့ပြေပြစ်သူ၏ အဖြစ် (နူးညံ့ပြေပြစ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘မဒ္ဒဝ’ ဟု ဆိုအပ်၏ (ကာယမုဒုတာ, စိတ္တမုဒုတာ)။ ၂၅-ခန္တိဒုက် သည်းခံခြင်းတရား ‘ခန္တိ’
[1340] What is soft ? That which is plasticity, gentleness, smoothness, pliancy, lowliness of heart.
၁၃၄၈။ တတ္ထ ကတမာ ခန္တိ? ယာ ခန္တိ ခမနတာ အဓိဝါသနတာ အစဏ္ဍိက္ကံ အနသုရောပေါ အတ္တမနတာ စိတ္တဿ – အယံ ဝုစ္စတိ ခန္တိ။
၁၃၄၈။ (၁) ထို (ခန္တိ, သောရစ္စတို့) တွင် သည်းခံခြင်းတရား‘ခန္တိ’ ဟူသည်အဘယ်နည်း။ အကြင် သည်းခံခြင်း ‘ခန္တိ’၊ သည်းခံပုံအခြင်းအရာ ‘ခမနတာ’၊ အထက်၌ နေစေခြင်း (မိမိထက် အမြတ်ထားခြင်း) ဆန့်ကျင်ဘက်အဖြစ်ဖြင့် မတည်ခြင်း ‘အဓိဝါသနတာ’၊ မကြမ်းတမ်းခြင်းသဘော ‘အစဏ္ဍိက္က’၊ ပြည့်စုံစွာ ပြောဆိုနိုင်ခြင်း (ကောင်းစွာဆိုအပ်သော စကား) ‘အနသုရောပ’။ (ဝမ်းမြောက်သည်၏အစွမ်းဖြင့်) စိတ်၏ မိမိပကတိစိတ်ရှိသည်၏အဖြစ် (နှစ်သက်လိုလားခြင်း) ‘အတ္တမနတာ စိတ္တဿ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုသည်းခံခြင်းတရား ‘ခန္တိ’ ဟု ဆိုအပ်၏ (သည်းခံခြင်း အဒေါသပြဋ္ဌာန်းသော မဟာကုသိုလ်,မဟာကြိယာစိတ်, ယှဥ်ဖက် စေတသိက်)။ ကောင်းသောအမှု၌ မွေ့လျော်သောသူဖြစ်ကြောင်းတရား
[1341] What is patience ? That patience which is long-suffering, compliance, absence of rudeness and abruptness, complacency of heart.
၁၃၄၉။ တတ္ထ ကတမံ သောရစ္စံ? ယော ကာယိကော အဝီတိက္ကမော, ဝါစသိကော အဝီတိက္ကမော, ကာယိကဝါစသိကော အဝီတိက္ကမော – ဣဒံ ဝုစ္စတိ သောရစ္စံ။ သဗ္ဗောပိ သီလသံဝရော သောရစ္စံ။
၁၃၄၉။ (၂) ထို (ခန္တိ, သောရစ္စတို့) တွင် ‘သောရစ္စ’ ကောင်းသောအမှု၌ မွေ့လျော်သူ၏ အဖြစ် (ကောင်းသောအမှု၌ မွေ့လျော် သူဖြစ်အောင်ပြုတတ်သောတရား) ‘သောရစ္စ’ ဟူသည် အဘယ်နည်း။ အကြင် ကိုယ်၌ ဖြစ်သော မလွန်ကျူး မှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (နှစ်ပါး) ၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင် ရှစ်ခုမြောက်သော ‘အာဇီဝဋ္ဌမက သီလ’) သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို ကောင်းသော အမှု၌ မွေ့လျော်သူ၏အဖြစ် (ကောင်းသော အမှု၌ မွေ့လျော်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သောရစ္စ’ ဟူ၍ ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကိုစောင့်စည်းခြင်းကိုလည်း ကောင်းသောအမှု၌ မွေ့လျော်သူ၏အဖြစ် (ကောင်းသော အမှု၌ မွေ့လျော်သူဖြစ်အောင် ပြုတတ်သောတရား) ‘သောရစ္စ’ ဟု ဆိုအပ်၏ (သီလစေတနာ ပြဋ္ဌာန်းသော မဟာကုသိုလ်,မဟာကြိယာစိတ်, လောကုတ္တရာစိတ်, ယှဥ်ဖက်စေတသိက်)။ ၂၆-သာခလျဒုက် နူးညံ့ပြေပြစ်ချစ်ခင်ဖွယ်စကားကို ဆိုတတ်သောသူ
[1342] What is temperance ? That which is the absence of excess in deed, in word, and in deed and word together. Besides, all moral self-restraint is temperance.
၁၃၅၀။ တတ္ထ ကတမံ သာခလျံ? ယာ သာ ဝါစာ အဏ္ဍကာ ကက္ကသာ ပရကဋုကာ ပရာဘိသဇ္ဇနီ ကောဓသာမန္တာ အသမာဓိသံဝတ္တနိကာ, တထာရူပိံ ဝါစံ ပဟာယ ယာ သာ ဝါစာ နေဠာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ၊ ယာ တတ္ထ သဏှဝါစတာ သခိလဝါစတာ အဖရုသဝါစတာ – ဣဒံ ဝုစ္စတိ သာခလျံ။
၁၃၅၀။ (၁) ထို (သာခလျ၊ ပဋိသန္ထာရတို့) တွင်ဖြစ်ကြောင်းတရား ‘သာခလျ’ နူးညံ့သိမ်မွေ့သော, စကားရှိသော သူ၏အဖြစ် (နူးညံ့ပြေပြစ်ချစ်ဖွယ်စကားကို ဆိုတတ် သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သာခလျ’ ဟူသည် အဘယ်နည်း။ အကြင်စကားသည် (မပြေမပြစ်) အဖုအထစ်ရှိ၏ ‘အဏ္ဍက’၊ ဆွေးမြည့်၏ (နားမချမ်းသာဖွယ်ဖြစ်၏) ‘ကက္ကသ’၊ သူတစ်ပါး တို့ကို စပ်ပူစေတတ်၏ (ဒေါသကို ဖြစ်စေတတ်၏) ‘ပရကဋုက’၊ သူတစ်ပါးတို့ကို (သွားလိုရာသို့ သွားခွင့် မပေးဘဲ ဆူးခက်ကဲ့သို့) အလွန် ငြိတွယ်တတ်၏ (စိတ်ကို ထိခိုက်တတ်၏) ‘ပရာဘိသဇ္ဇနီ’၊ အမျက် ဒေါသ၏ အနီးအပါး၌ ဖြစ်၏ (အမျက်ဒေါသထွက်လောက်အောင် ဖြစ်၏) ‘ကောဓသာမန္တာ’၊ တည်ကြည်မှု ‘သမာဓိ’ ကို မဖြစ်ပေါ်စေတတ် ‘အသမာဓိ သံဝတ္တနိကာ’၊ ထိုသို့သဘောရှိသော စကားကို ပယ်စွန့်၍ အကြင် စကားသည် အပြစ်ကင်း၏ ‘နေဠ’၊ နားချမ်းသာ၏‘ကဏ္ဏသုခ’၊ နှစ်သက်မြတ်နိုးဖွယ်ရှိ၏ ‘ပေမနီယ’။ (မထိခိုက်ဘဲ ချမ်းသာစွာ) စိတ်နှလုံးသို့ သက်ဝင်၏ ‘ဟဒယင်္ဂမ’၊ နေပြည်တော်သူ မြို့ကြီးသူတို့ စကားသဖွယ် ယဥ်ကျေး၏ ‘ပေါရီ’၊ လူအများ နှစ်သက်၏‘ဗဟုဇနကန္တ’၊ လူအများစိတ်ကို (နှစ်သက်မြတ်နိုးသည်၏ အဖြစ်ဖြင့်) တိုးပွါးစေတတ်၏ ‘ဗဟုဇနမနာပ’၊ ထိုသို့သဘောရှိသော စကားကို ပြောဆိုအပ်၏။ ထိုစကား၌ အကြင် ပြေပြစ်သော စကားရှိသူ၏အဖြစ် ‘သဏှဝါစတာ’၊ နူးညံ့သိမ်မွေ့သော စကားရှိသူ၏အဖြစ် ‘သခိလဝါစတာ’၊ မကြမ်းတမ်းသော စကားရှိသူ၏အဖြစ် ‘အဖရုသဝါစတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို နူးညံ့သိမ်မွေ့သော စကားရှိသူ၏အဖြစ် (နူးညံ့ပြေပြစ် ချစ်ဖွယ်စကားကိုဆိုတတ်သောသူဖြစ်အောင် ပြုတတ်သောတရား) ‘သာခလျ’ ဟု ဆိုအပ်၏ (ချစ်ဖွယ်စကားကို ဆိုသောအခါဖြစ်ပေါ်သော မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဥ်ဖက်စေတသိက်)။ ပျူငှါလောကဝတ် ဖော်ရှေကျေပွန်ခြင်းဖြစ်သော သူ
[1343] What is amity ? When all such speech as is insolent, disagreeable, grating, harsh to others, vituperative to others, bordering upon anger, not conducive to concentration, is put away, and when all such speech as is innocuous, pleasant to the ear, affectionate, such as goes to the heart, is urbane, sweet and acceptable to people generally — when speech of this sort is spoken — polished, friendly and gentle language — this is what is called amity.
၁၃၅၁။ တတ္ထ ကတမော ပဋိသန္ထာရော? ဒွေ ပဋိသန္ထာရာ – အာမိသပဋိသန္ထာရော စ ဓမ္မပဋိသန္ထာရော စ။ ဣဓေကစ္စော ပဋိသန္ထာရကော ဟောတိ အာမိသပဋိသန္ထာရေန ဝါ ဓမ္မပဋိသန္ထာရေန ဝါ – အယံ ဝုစ္စတိ ပဋိသန္ထာရော။
၁၃၅၁။ (၂) ထို (သာခလျ၊ ပဋိသန္ထာရတို့) တွင် ‘ပဋိသန္ထာရ’ (တရား‘ဓမ္မ’ဖြင့်ဖြစ်စေ, ပစ္စည်း‘အာမိသ’ဖြင့်ဖြစ်စေ) ပျူငှါလောကဝတ် အစေ့အစပ်ပြုခြင်း (လောကဝတ် ဖော်ရွေကျေပွန်ခြင်း, ကျွမ်းဝင်ရင်းနှီးစွာ ဆက်ဆံခြင်း) ‘ပဋိသန္ထာရ’ ဟူသည်အဘယ်နည်း။ ပစ္စည်း‘အာမိသ’ဖြင့် အစေ့အစပ်ပြုခြင်း ‘အာမိသပဋိသန္ထာရ’၊ တရား ‘ဓမ္မ’ ဖြင့် အစေ့အစပ့်ပြုခြင်း ‘ဓမ္မပဋိသန္ထာရ’ ဟူ၍ အစေ့အစပ်ပြုခြင်း ‘ပဋိသန္ထာရ’တို့သည် နှစ်မျိုးရှိကုန်၏။ ဤသာသနာ (လောက) ၌ အချို့ပုဂ္ဂိုလ်သည် ပစ္စည်း ‘အာမိသ’ ဖြင့် အစေ့အစပ်ပြုခြင်း ‘အာမိသပဋိသန္ထာရ’ဖြင့်လည်းကောင်း၊ တရား ‘ဓမ္မ’ ဖြင့် အစေ့အစပ်ပြုခြင်း ‘ဓမ္မပဋိသန္ထာရ’ ဖြင့်လည်းကောင်းစေ့စပ်တတ်သူဖြစ်၏၊ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ပျူငှါလောကဝတ်အစေ့အစပ်ပြုခြင်း ‘ပဋိသန္ထာရ’ ဟု ဆိုအပ်၏ (ပျူငှါလောကဝတ် ပြုသောအခါ၌ ဖြစ်ပေါ်သော မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဥ်ဖက်စေတသိက်)။ ၂၇-ဣန္ဒြိယေသု အဂုတ္တဒွါရတာဒုက် မျက်စိစသောဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်ကြောင်းတရား
[1344] What is courtesy ? The two forms of courtesy: hospitality towards bodily needs and considerateness in matters of doctrine. When anyone shows courtesy it is in one or other of these two forms.
၁၃၅၂။ တတ္ထ ကတမာ ဣန္ဒြိယေသု အဂုတ္တဒွါရတာ? ဣဓေကစ္စော စက္ခုနာ ရူပံ ဒိသွာ နိမိတ္တဂ္ဂါဟီ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ န ပဋိပဇ္ဇတိ, န ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟီ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ န ပဋိပဇ္ဇတိ, န ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္နံ ဣန္ဒြိယာနံ အဂုတ္တိ အဂေါပနာ အနာရက္ခော အသံဝရော – အယံ ဝုစ္စတိ ဣန္ဒြိယေသု အဂုတ္တဒွါရတာ။
၁၃၅၂။ (၁) ထို (ဣန္ဒြိယေသု အဂုတ္တ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဒွါရတာ, ဘောဇနေ အမတ္တညုတာတို့) တွင် အစိုးရမှု ‘ဣန္ဒြေ’ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ မစောင့်ရှောက်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော,ဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဟူသည်အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် မျက်စိအကြည် ‘စက္ခု’ ဖြင့် အဆင်း ‘ရူပါရုံ’ကိုမြင်သော် (မိန်းမ, ယောကျာ်းဟူသော) အမှတ်အသား ပုံသဏ္ဌာန် ‘နိမိတ်’ကို ယူလေ့ရှိ၏၊ ကိလေသာကို ထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ၊ ပြုံးဟန် ရယ်ဟန် စသောအမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္စန’ ကိုယူလေ့ရှိ၏၊ အကြင်အကြောင်းကြောင့် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ကို စောင့်စည်းခြင်းငှါ မကျင့်၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ကို မစောင့်ရှောက်၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ၌ စောင့်စည်းခြင်းသို့မရောက်။ နားအကြည် ‘သောတ’ ဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ပ။ နှာခေါင်းအကြည် ‘ဃာန’ဖြင့် အနံ့‘ဂန္ဓာရုံ’ကို နမ်း (နံ) သော်။ပ။ လျှာအကြည် ‘ဇိဝှါ’ ဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်အကြည် ‘ကာယ’ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမ, ယောကျာ်းဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်’ ကို ယူလေ့ရှိ၏၊ ကိလေသာကိုထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္ဇန’ကို ယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့် အစိုးတရ သိမှု ‘မနိန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုအစိုးတရ သိမှု ‘မနိန္ဒြေ’ ကို စောင့်စည်း ခြင်းငှါ မကျင့်၊ အစိုးတရ သိမှု ‘မနိန္ဒြေ’ကို မစောင့်ရှောက်၊ အစိုးတရ သိမှု ‘မနိန္ဒြေ’ ၌ စောင့်စည်း ခြင်းသို့ မရောက်။ ဤအစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့ကို အကြင် မလုံခြုံစေခြင်း ‘အဂုတ္တိ’၊ မလုံခြုံစေပုံအခြင်းအရာ ‘အဂေါပနာ’၊ မစောင့်ရှောက်ခြင်း ‘အနာရက္ခ’၊ မစောင့်စည်းခြင်း (မပိတ်ဆို့ခြင်း) ‘အသံဝရ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ မစောင့်ရှောက်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို မစောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’ ဟု ဆိုအပ်၏ (လောဘမူစိတ်, ဒေါသမူစိတ်, ယှဥ်ဖက်စေတသိက်)။ စားဖွယ် (ဘောဇဥ်) ၌ အတိုင်းအရှည်မသိတတ်သူ
[1345] What is it to have the door of the faculties unguarded? When a certain individuaP sees an object with the eye he is entranced with the general appearance, or in the details of it. He does not set himself to restrain that which might give occasion for wicked states, covetous, dejected, to flow in over him, were he to dwell unrestrained as to the sense of sight. He keeps no watch over his faculty of sight, nor does he attain to mastery over it. And so in like manner when he hears a sound with the ear . . . smells an odour with the nose . . . tastes a sapid with the tongue . . . feels a tangible with the body . . . recognises a mental object with the mind, he is entranced with the general appearance and in the details of it. He does not set himself to restrain that which might give occasion for wicked states, covetous, dejected, to flow in over him, were he to dwell unrestrained as to the mental faculty. He keeps no watch over the mental faculty, nor does he attain to mastery over it. That these six faculties should be thus unguarded, untended, unwatched over, unrestrained, is what is called having the door of the faculties unguarded.
၁၃၅၃။ တတ္ထ ကတမာ ဘောဇနေ အမတ္တညုတာ? ဣဓေကစ္စော အပ္ပဋိသင်္ခါ အယောနိသော အာဟာရံ အာဟာရေတိ ဒဝါယ မဒါယ မဏ္ဍနာယ ဝိဘူသနာယ။ ယာ တတ္ထ အသန္တုဋ္ဌိတာ အမတ္တညုတာ အပ္ပဋိသင်္ခါ ဘောဇနေ – အယံ ဝုစ္စတိ ဘောဇနေ အမတ္တညုတာ။
၁၃၅၃။ (၂) ထို (ဣန္ဒြိယေသု အဂုတ္တဒွါရတာ,ဖြစ်ကြောင်းတရား ‘ဘောဇနေ အမတ္တညုတာ’ ဘောဇနေအမတ္တညုတာတို့) တွင် စားဖွယ် (ဘောဇဥ်) ၌အတိုင်းအရှည်ကို မသိတတ် သူ၏အဖြစ် (စားဖွယ်ဘောဇဥ်၌ အတိုင်းအရှည်ကို မသိတတ်သူ ဖြစ်အောင်ပြုတတ်သောတရား) ‘ဘောဇနေ အမတ္တညုတာ’ ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် (ဉာဏ်ဖြင့်) မဆင်ခြင်မူ၍ မသင့်လျော်သောအားဖြင့် (ကချေသည် ကျွမ်းသမားတို့ကဲ့သို့) မြူးထူးပျော်ပါးခြင်းငှါ။ (မင်း, မင်း၏အမတ်တို့ကဲ့သို့) မာန်ယစ်ခြင်းငှါ။ (ပြည့်တန်ဆာ နန်းတွင်းသူတို့ကဲ့သို့ ခန္ဓာကိုယ်ကို) တန်ဆာဆင်ခြင်းငှါ။ (လက်ဝှေ့သည်, လက်ပမ်းသည်တို့ကဲ့သို့ အသားအရေကို) ပြည့်ဖြိုးတိုးပွါးစေခြင်းငှါ အစာ ‘အာဟာရ’ ကို စားသောက်၏။ ထိုစားဖွယ် (ဘောဇဥ်) ၌ အကြင် မရောင့်ရဲသူ၏အဖြစ် ‘အသန္တုဋ္ဌိတာ’၊ အတိုင်းအရှည်ကို မသိသူ၏အဖြစ် ‘အမတ္တညုတာ’၊ စားဖွယ် (ဘောဇဥ်) ၌ (သင့်လျော်သောအားဖြင့်) မဆင်ခြင်ခြင်း ‘အပ္ပဋိသင်္ခါဘောဇနေ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို စားဖွယ် (ဘောဇဥ်) ၌ အတိုင်းအရှည်ကိုမသိတတ်သူ၏အဖြစ် (စားဖွယ်ဘောဇဥ်၌ အတိုင်းအရှည်ကို မသိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ အမတ္တညုတာ’ ဟု ဆိုအပ်၏ (လောဘမူစိတ်, မောဟမူစိတ်, ယှဥ်ဖက်စေတသိက်)။ ၂၈-ဣန္ဒြိယေသု ဂုတ္တဒွါရတာဒုက် မျက်စိစသောဣန္ဒြေကိုစောင့်ထိန်းတတ်သူဖြစ်ကြောင်းတရား
[1346] What is immoderation in diet? When anyone, through carelessness and without judgment, takes food for purposes of sport, sensual excess, personal charm and adornment, his insatiableness, immoderation, and want of judgment are what is called immoderation in diet.
၁၃၅၄။ တတ္ထ ကတမာ ဣန္ဒြိယေသု ဂုတ္တဒွါရတာ? ဣဓေကစ္စော စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ န အနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္နံ ဣန္ဒြိယာနံ ဂုတ္တိ ဂေါပနာ အာရက္ခော သံဝရော – အယံ ဝုစ္စတိ ဣန္ဒြိယေသု ဂုတ္တဒွါရတာ။
၁၃၅၄။ (၁) ထို (ဣန္ဒြိယေသု‘ဣန္ဒြိယေသု ဂုတ္တဒွါရတာ’ ဂုတ္တဒွါရတာ,ဘောဇနေ မတ္တညုတာတို့) တွင်အစိုးရမှု ‘ဣန္ဒြေ’ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ စောင့်ရှောက်ပိတ်ဆို့အပ်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို စောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သောတရား) ‘ဣန္ဒြိယေသုဂုတ္တဒွါရတာ’ ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် မျက်စိအကြည် ‘စက္ခု’ဖြင့် အဆင်း ‘ရူပါရုံ’ ကိုမြင်သော် (မိန်းမ, ယောကျာ်းဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်’ကို ယူလေ့မရှိ၊ ကိလေသာကိုထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျဉ္စန’ကို ယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ကိုမစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မြင်မှု၌ အစိုးရသောမျက်စိအကြည် ‘စက္ခုန္ဒြေ’ ကို စောင့်ရှောက်၏၊ မြင်မှု၌ အစိုးရသော မျက်စိအကြည် ‘စက္ခုန္ဒြေ’ ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားအကြည် ‘သောတ’ ဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းအကြည် ‘ဃာန’ ဖြင့် အနံ့‘ဂန္ဓာရုံ’ ကို နမ်း (နံ) သော်။ပ။ လျှာအကြည် ‘ဇိဝှါ’ ဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်အကြည် ‘ကာယ’ ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ, ယောကျာ်းဟူသော) အမှတ်အသားပုံသဏ္ဌာန် ‘နိမိတ်’ ကို ယူလေ့မရှိ၊ ကိလေသာကို ထင်ရှားပြတတ်သော လက်ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာ ‘အနုဗျ ဉ္ဇန’ ကို ယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် အစိုးတရ သိမှု ‘မနိန္ဒြေ’ ကို မစောင့်စည်း (မပိတ်ဆို့) ဘဲ နေသော ဤပုဂ္ဂိုလ်ကို မက်မောမှု ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဥ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုအစိုးတရ သိမှု ‘မနိန္ဒြေ’ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ အစိုးတရ သိမှု ‘မနိန္ဒြေ’ကို စောင့်ရှောက်၏၊ အစိုးတရ သိမှု ‘မနိန္ဒြေ’၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤအစိုးရမှု ‘ဣန္ဒြေ’ခြောက်ပါး (တံခါးခြောက်ပေါက်) တို့ကို အကြင် လုံခြုံစေခြင်း ‘ဂုတ္တိ’၊ လုံခြုံစေပုံအခြင်းအရာ ‘ဂေါပနာ’၊ စောင့်ရှောက်ခြင်း ‘အာရက္ခ’၊ စောင့်စည်း (ပိတ်ဆို့) ခြင်း‘သံဝရ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အစိုးရမှု ‘ဣန္ဒြေ’ ခြောက်ပါး (တံခါးခြောက်ပေါက်) တို့၌ စောင့်ရှောက့်ပိတ်ဆို့အပ်သော တံခါးပေါက်ရှိသူ၏အဖြစ် (မျက်စိစသော ဣန္ဒြေကို စောင့်ထိန်းတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဣန္ဒြိယေသု ဂုတ္တဒွါရတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာ,လောကုတ္တရာ စိတ်, ယှဥ်ဖက် စေတသိက်)။ စားဖွယ် (ဘောဇဥ်) ၌ အတိုင်းအရှည်သိတတ်သူ
[1347] What is it to have the doors of the faculties guarded ? When a certain individual sees an object with the eye he is not entranced with the general appearance or the details of it. He sets himself to restrain that which might give occasion for wicked states, covetous, dejected, to flow in over him, were he to dwell unrestrained as to the sense of sight. He keeps watch over this faculty of sight, and attains to mastery over it. And so in like manner, when he hears a sound with the ear . . . smells an odour with the nose . . . tastes a sapid with the tongue . . . feels a tangible with the body . . . recognises an idea with the mind, he is not entranced with the general appearance and the details of it. He sets himself to restrain that which might give occasion for wicked states, covetous, dejected, to flow in over him, were he to dwell unrestrained as to the mental faculty. He keeps watch over the mental faculty, and attains to mastery over it. That these six faculties should be thus guarded, tended, watched over, restrained, is what is called having the doors of the faculties guarded.
၁၃၅၅။ တတ္ထ ကတမာ ဘောဇနေ မတ္တညုတာ? ဣဓေကစ္စော ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟာရေတိ – နေဝ ဒဝါယ န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ ဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ, ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ, နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ, ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စာတိ။ ယာ တတ္ထ သန္တုဋ္ဌိတာ မတ္တညုတာ ပဋိသင်္ခါ ဘောဇနေ – အယံ ဝုစ္စတိ ဘောဇနေ မတ္တညုတာ။
၁၃၅၅။ (၂) ထို (ဣန္ဒြိယေသု အဂုတ္တဒွါရတာ, ဘာဇနေဖြစ်ကြောင်းတရား ‘ဘောဇနေ မတ္တညုတာ’ မတ္တညုတာတို့) တွင် စားဖွယ် (ဘောဇဥ်) ၌ အတိုင်းအရှည်ကို သိတတ်သူ၏အဖြစ် (စားဖွယ် ဘောဇဥ်၌ အတိုင်းအရှည်ကိုသိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ မတ္တညုတာ’ ဟူသည် အဘယ်နည်း။ ဤသာသနာတော်၌ အချို့ပုဂ္ဂိုလ်သည် (ဉာဏ်ဖြင့်) ဆင်ခြင်၍ သင့်လျော်သော အားဖြင့် အစာ ‘အာဟာရ’ကို စားသောက်၏။ (ကချေသည် ကျွမ်းသမားတို့ကဲ့သို့) မြူးထူးပျော်ပါးခြင်းငှါ မစား။ (မင်း, မင်း၏အမတ်တို့ကဲ့သို့) မာန်ယစ်ခြင်းငှါ မစား။ (ပြည့်တန်ဆာ, နန်းတွင်းသူတို့ကဲ့သို့ခန္ဓာကိုယ်ကို) တန်ဆာဆင်ခြင်းငှါ မစား။ (လက်ဝှေ့သည်, လက်ပန်းသည်တို့ကဲ့သို့ အသားအရေကို) ပြည့်ဖြိုးတိုးပွါးစေခြင်းငှါ မစား၊ ဤကိုယ်၏ တည်တံ့ရန်, မျှတရန်, ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်,ဆာလောင်ခြင်း မွတ်သိပ်ခြင်းငြိမ်းရန်, မြတ်သောအကျင့်ကို ချီးမြှောက်ရန် အကျိုးငှါသာလျှင် အစာ ‘အာဟာရ’ ကို စားသောက်၏၊ ဤသို့ (အစာ ‘အာဟာရ’ ကို) စားသောက်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’အဟောင်း (အစာမစားခြင်းကြောင့်ဖြစ် သည့် ဝေဒနာ) ကိုလည်း ပယ်ဖျောက်မည်၊ ခံစားမှု ‘ဝေဒနာ’အသစ် (အလွန်စားခြင်းကြောင့်ဖြစ်သည့် ဝေဒနာ) ကိုလည်း မဖြစ်စေမည်၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဟူသောရည်ရွယ်ချက်ဖြင့် အစာ ‘အာဟာရ’ကို စားမျို၏၊ ထိုစားဖွယ် (ဘောဇဥ်) ၌ အကြင်ရောင့်ရဲသူ၏အဖြစ် ‘သန္တုဋ္ဌိတာ’၊ အတိုင်းအရှည်ကို သိသူ၏အဖြစ် ‘မတ္တညုတာ’၊ စားဖွယ် (ဘောဇဥ်) ၌ ဆင်ခြင်ခြင်း ‘ပဋိသင်္ခါဘောဇနေ’ သည် (ရှိ၏)။ ဤဆိုအပ်ခဲ့ပြီးသော သဘောကို စားဖွယ် (ဘောဇဥ်) ၌ အတိုင်းအရှည်ကိုသိတတ်သူ၏အဖြစ် (စားဖွယ်ဘောဇဥ်၌ အတိုင်းအရှည်ကို သိတတ်သူဖြစ်အောင် ပြုတတ်သော တရား) ‘ဘောဇနေ မတ္တညုတာ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်, ယှဥ်ဖက် စေတသိက်)။ ၂၉-မုဋ္ဌသစ္စဒုက် သတိမေ့လျော့သောသူဖြစ်ကြောင်းတရား ‘မုဋ္ဌသစ္စ’
[1348] What is moderation in diet ? When anyone takes food with reflection and judgment, not for purposes of sport, excess, personal charm and attractions, but so as to suffice for the sustenance and preservation of the body, for allaying the pangs [of hunger] and for aiding the practice of the higher life, and thinking the while, ' I shall subdue that which I have been feeling and shall cause no new feeling to arise, and maintenance shall be mine, blamelessness also and comfort ' — this content, moderation, judgment in diet is what is called moderation in diet.
၁၃၅၆။ တတ္ထ ကတမံ မုဋ္ဌသစ္စံ? ယာ အသတိ အနနုဿတိ အပ္ပဋိဿတိ အသတိ အသရဏတာ အဓာရဏတာ ပိလာပနတာ သမ္မုသနတာ – ဣဒံ ဝုစ္စတိ မုဋ္ဌသစ္စံ။
၁၃၅၆။ (၁) ထို (မုဋ္ဌသစ္စ၊ အသမ္ပဇညတို့) တွင်မေ့လျော့သော ‘သတိ’ရှိသူ (သတိ မေ့သူ) ၏အဖြစ် (သတိမေ့လျော့သောသူဖြစ်အောင်ပြုတတ်သောတရား) ‘မုဋ္ဌသစ္စ’ ဟူသည် အဘယ်နည်း။ အကြင် မအောက်မေ့မှု, အမှတ်မရမှု ‘အသတိ’၊ အစဥ်မအောက်မေ့မှု ‘အနနုဿတိ’၊ တစ်ဖန် မအောက်မေ့မှု ‘အပ္ပဋိဿတိ’၊ ‘အသတိ’ ဟူသောမအောက်မေ့ပုံ အခြင်းအရာ ‘အသတိ အသရဏရတာ’၊ ဆောင်ခြင်းငှါ မစွမ်းနိုင်သည်၏အဖြစ် ‘အဓာရဏတာ’။ (ရေပေါ်၌ ပေါ်နေသော ဗူးခွံကဲ့သို့ အာရုံ၌) ပေါ် သည်၏အဖြစ် (အာရုံ၌ မစူးစိုက်မှု) ‘ပိလာပနတာ’၊ မေ့ပျောက်သော သတိရှိသည်၏အဖြစ် ‘သမ္မုဿနတာ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မေ့လျော့သော ‘သတိ’ ရှိသူ (သတိမေ့သူ) ၏အဖြစ် (သတိမေ့လျော့သောသူဖြစ်အောင် ပြုတတ်သော တရား) ‘မုဋ္ဌသစ္စ’ ဟု ဆိုအပ်၏ (သတိ၏ ဆန့်ကျင်ဖက်အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ ဆင်ခြင်စဥ်းစားဉာဏ်မရှိသောသူဖြစ်ကြောင်းတရား
[1349] What is forgetfulness ? Unmindfulness, lapse of memory, non-recollection, nonremembrance, not bearing in mind, superficiality, oblivion.
၁၃၅၇။ တတ္ထ ကတမံ အသမ္ပဇညံ? ယံ အညာဏံ အဒဿနံ…ပေ… အဝိဇ္ဇာလင်္ဂီ မောဟော အကုသလမူလံ – ဣဒံ ဝုစ္စတိ အသမ္ပဇညံ။
၁၃၅၇။ (၂) ထို (မုဋ္ဌသစ္စ၊ အသမ္ပဇညတို့) ‘အသမ္ပဇည’ တွင် ဆင်ခြင်စဥ်းစားဉာဏ်မရှိသူ၏ အဖြစ် (ဆင်ခြင်စဥ်းစားဉာဏ် မရှိသူ ဖြစ်အောင်ပြုတတ်သောတရား) ‘အသမ္ပဇည’ ဟူသည် အဘယ်နည်း။ အကြင် မသိခြင်းသဘော ‘အညာဏ’၊ မမြင်ခြင်းသဘော ‘အဒဿန’။ပ။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ် သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှုသဘော ‘အဝိဇ္ဇာလင်္ဂီ’၊ အကုသိုလ်တို့၏ အခြေအမြစ့်ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟအကုသလမူလ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆင်ခြင်စဥ်းစားဉာဏ် မရှိသူ၏အဖြစ် (ဆင်ခြင်စဥ်းစားဉာဏ်မရှိသောသူဖြစ်အောင် ပြုတတ်သောတရား) ‘အသမ္ပဇည’ ဟု ဆိုအပ်၏ (ပညာ၏ ဆန့်ကျင်ဖက် အကုသိုလ်စိတ်,ယှဥ်ဖက် စေတသိက်)။ ၃၀-သတိဒုက် အောက်မေ့မှု ‘သတိ’ တရား
[1350] What is lack of intelligence ? Answer as for * ignorance ' or ' dulness,' § 1311, etc.
၁၃၅၈။ တတ္ထ ကတမာ သတိ? ယာ သတိ အနုဿတိ ပဋိဿတိ သတိ သရဏတာ ဓာရဏတာ အပိလာပနတာ အသမ္မုသနတာ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ – အယံ ဝုစ္စတိ သတိ။
၁၃၅၈။ (၁) ထို (သတိ,သမ္ပဇညတို့) တွင် အောက်မေ့မှု အမှတ်ရမှု ‘သတိ’ တရားဟူသည် အဘယ်နည်း။ အကြင်အောက်မေ့မှု, အမှတ်ရမှု ‘သတိ’၊ အစဥ်အောက်မေ့မှု ‘အနုဿတိ’၊ တစ်ဖန် အောက်မေ့မှု ‘ပဋိဿတိ’၊ အမှတ်ရမှု ‘သတိ’ ဟူသော အောက်မေ့ပုံ အခြင်းအရာ ‘သတိ သရဏတာ’၊ ဆောင်ပုံအခြင်းအရာ ‘ဓာရဏတာ’၊ မပေါ်သောအခြင်းအရာ (အာရုံ၌ စူးစိုက်မှု) ‘အပိလာပနတာ’၊ မမေ့ပျောက်သည်၏အဖြစ် ‘အသမ္မုဿနတာ’၊ သတိဟူသော အစိုးတရ အောက်မေ့မှု ‘သတိန္ဒြေ’။ (ခိုင်မြဲစွာ) မတုန်မလှုပ် အောက်မေ့မှု ‘သတိဗိုလ်’၊ ကောင်းစွာ အောက်မေ့မှု ‘သမ္မာသတိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘော ကို အောက်မေ့မှု အမှတ်ရမှု ‘သတိ’ တရားဟုဆိုအပ်၏ (သတိ)။ ဆင်ခြင်စဥ်းစားမှု ‘သမ္ပဇည’ တရား
[1351] What is mindfulness ? Answer as in § 14, omitting * on that occasion.'
၁၃၅၉။ တတ္ထ ကတမံ သမ္ပဇညံ? ယာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – ဣဒံ ဝုစ္စတိ သမ္ပဇညံ။
၁၃၅၉။ (၂) ထို (သတိ, သမ္ပဇညတို့) တွင် ဆင်ခြင်စဥ်းစားမှု ‘သမ္ပဇည’ တရားဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု ‘ပညာ’။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်း ‘ပဇာနနာ’။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု) ‘အမောဟ’။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော ‘ဓမ္မဝိစယ’၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို ဆင်ခြင် စဥ်းစားမှု ‘သမ္ပဇည’ တရားဟုဆိုအပ်၏ (ပညာ)။ ၃၁-ပဋိသင်္ခါနဗလဒုက် မတုန်မလှုပ်ဆင်ခြင်ခြင်း‘ပဋိသင်္ခါနဗလ’
[1352] What is intelligence? Answer as for ' wisdom ' or ' science,' § 16. And see § 53.
၁၃၆၀။ တတ္ထ ကတမံ ပဋိသင်္ခါနဗလံ? ယာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – ဣဒံ ဝုစ္စတိ ပဋိသင်္ခါနဗလံ။
၁၃၆၀။ (၁) ထို (ပဋိသင်္ခါနဗလ, ဘာဝနာဗလတို့) တွင် (ခိုင်မြဲစွာ) မတုန်မလှုပ်သော ဆင်ခြင်ခြင်း ‘ပဋိသင်္ခါနဗလ’ ဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ခိုင်မြဲစွာ) မတုန်မလှုပ်သော ဆင်ခြင်ခြင်း‘ပဋိသင်္ခါနဗလ’ ဟု ဆိုအပ်၏ (ပညာ)။ မတုန်မလှုပ်ပွားများခြင်း ‘ဘာဝနာဗလ’
[1353] What is the power of computation ? Answer as for 'wisdom,' § 16.
၁၃၆၁။ တတ္ထ ကတမံ ဘာဝနာဗလံ? ယာ ကုသလာနံ ဓမ္မာနံ အာသေဝနာ ဘာဝနာ ဗဟုလီကမ္မံ – ဣဒံ ဝုစ္စတိ ဘာဝနာဗလံ။ သတ္တပိ ဗောဇ္ဈင်္ဂါ ဘာဝနာဗလံ။
၁၃၆၁။ (၂) ထို (ပဋိသင်္ခါနဗလ,ဘာဝနာဗလတို့) တွင် (ခိုင်မြဲစွာ) မတုန်မလှုပ် ပွားများခြင်း ‘ဘာဝနာဗလ’ ဟူသည် အဘယ်နည်း။ ကုသိုလ်တရား (ဗောဓိပက္ခိယတရား) တို့ကို အကြင် မှီဝဲခြင်း ‘အာသေဝနာ’၊ ပွားများခြင်း ‘ဘာဝနာ’၊ အကြိမ်များစွာပြုခြင်း ‘ဗဟုလီကမ္မ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ခိုင်မြဲစွာ) မတုန်မလှုပ်ပွားများခြင်း ‘ဘာဝနာဗလ’ ဟု ဆိုအပ်၏။ (သစ္စာလေးပါးကို) သိခြင်း၏ အဖို့ အစု (အသင်းအပင်း) ‘ဗောဇ္ဈင်’ ခုနစ်ပါးတို့ကိုလည်း (ခိုင်မြဲစွာ) မတုန်မလှုပ် ပွားများခြင်း ‘ဘာဝနာ ဗလ’ ဟု ဆိုအပ်၏ (ကုသိုလ် ၂၁, ယှဥ်ဖက် စေတသိက် ၃၈)။ ၃၂-သမထဒုက် ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို ငြိမ်သက်စေမှု
[1354] What is the power of cultivation ? That which is the pursuing, the cultivating, the multiplying of good states. Moreover, the seven factors in the Great Awakening' are the power of cultivation.
၁၃၆၂။ တတ္ထ ကတမော သမထော? ယာ စိတ္တဿ ဌိတိ…ပေ… သမ္မာသမာဓိ – အယံ ဝုစ္စတိ သမထော။
၁၃၆၂။ (၁) ထို (သမထ, ဝိပဿနာတို့) တွင် ‘သမထ’ တရား (ဆန့်ကျင်ဘက် အကုသိုလ်တရား တို့ကို) ငြိမ်သက်စေမှု ‘သမထ’ ဟူသည်အဘယ်နည်း။ စိတ်၏ အကြင် တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို) ငြိမ်သက်စေမှု ‘သမထ’ ဟု ဆိုအပ်၏ (သမ္မာသမာဓိ)။ အထူးထူးရှုမြင်မှု ‘ဝိပဿနာ’ တရား
[1355] What is composure ? Ansicer as for * quiet,' §§ 11, 54.
၁၃၆၃။ တတ္ထ ကတမာ ဝိပဿနာ? ယာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ ဝိပဿနာ။
၁၃၆၃။ (၁) ထို (သမထ, ဝိပဿနာတို့) တွင် (အနိစ္စအစရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ‘ဝိပဿနာ’ ဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြား အားဖြင့် သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်း (အမှန်ကိုသိမှု)။ (သစ္စာလေးပါး) တရား တို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီး သော) သဘောကို (အနိစ္စအစရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ‘ဝိပဿနာ’ ဟု ဆိုအပ်၏ (ပညာ)။ ၃၃-သမထနိမိတ္တဒုက် သမထ၏အကြောင်း ‘သမထနိမိတ္တ’
[1356] What is insight ? Answer as for ' insight ' and * wisdom,' §§ 55, 16.
၁၃၆၄။ တတ္ထ ကတမံ သမထနိမိတ္တံ? ယာ စိတ္တဿ ဌိတိ…ပေ… သမ္မာသမာဓိ – ဣဒံ ဝုစ္စတိ သမထနိမိတ္တံ။
၁၃၆၄။ (၁) ထို (သမထနိမိတ္တ၊ ပဂ္ဂါဟနိမိတ္တတို့) တွင် ငြိမ်သက်စေမှု ‘သမထ’ ၏အကြောင်း ‘သမထနိမိတ္တ’ ဟူသည် အဘယ် နည်း။ စိတ်၏ အကြင်တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။ ဤ (ဆိုအပ် ခဲ့ပြီးသော) သဘောကိုငြိမ်သက်စေမှု ‘သမထ’ ၏အကြောင်း ‘သမထနိမိတ္တ’ ဟု ဆိုအပ်၏ (သမ္မာ သမာဓိ)။ ပဂ္ဂါဟ၏အကြောင်း ‘ပဂ္ဂါဟနိမိတ္တ’
[1357] What is * the mark of composure '?i Answer as for * quiet,' § 1357.
၁၃၆၅။ တတ္ထ ကတမံ ပဂ္ဂါဟနိမိတ္တံ? ယော စေတသိကော ဝီရိယာရမ္ဘော…ပေ… သမ္မာဝါယာမော – ဣဒံ ဝုစ္စတိ ပဂ္ဂါဟနိမိတ္တံ။
၁၃၆၅။ (၂) ထို (သမထနိမိတ္တ,ပဂ္ဂါဟနိမိတ္တတို့) တွင် (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ၏ အကြောင်း ‘ပဂ္ဂါဟနိမိတ္တ’ ဟူသည် အဘယ်နည်း။ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’၏အကြောင်း ‘ပဂ္ဂါဟနိမိတ္တ’ ဟု ဆိုအပ်၏ (သမ္မာဝါယာမ)။ ၃၄-ပဂ္ဂါဟဒုက် ချီးမြှောက်မှု ‘ပဂ္ဂါဟ’
[1358] What is * the mark of grasp '? Ansiver as for 'grasp ' and 'energy,' §§ 56, 13.
၁၃၆၆။ တတ္ထ ကတမော ပဂ္ဂါဟော? ယော စေတသိကော ဝီရိယာရမ္ဘော…ပေ… သမ္မာဝါယာမော – အယံ ဝုစ္စတိ ပဂ္ဂါဟော။
၁၃၆၆။ (၁) ထို (ပဂ္ဂါဟ၊ အဝိက္ခေပတို့) တွင် (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ဟူသည် အဘယ်နည်း။ စိတ်၌ မှီသော အကြင် လုံ့လအားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (သမ္ပယုတ်တရားတို့ကို) ချီးမြှောက်မှု (ထောက်ပံ့မှု) ‘ပဂ္ဂါဟ’ ဟု ဆိုအပ်၏ (သမ္မာဝါယာမ)။ မပျံ့လွင့်မှု ‘အဝိက္ခေပ’
[1359] What is grasp? Answer as for * the mark of grasp,' § 1358.
၁၃၆၇။ တတ္ထ ကတမော အဝိက္ခေပေါ? ယာ စိတ္တဿ ဌိတိ…ပေ… သမ္မာသမာဓိ – အယံ ဝုစ္စတိ အဝိက္ခေပေါ။
၁၃၆၇။ (၁) ထို (ပဂ္ဂါဟ၊ အဝိက္ခေပတို့) တွင်မပျံ့လွင့်မှု ‘အဝိက္ခေပ’ ဟူသည်အဘယ်နည်း။ စိတ်၏ အကြင် တည်မှု။ပ။ ကောင်းစွာ တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို မပျံ့လွင့်မှု ‘အဝိက္ခေပ’ ဟု ဆိုအပ်၏ (သမ္မာသမာဓိ)။ ၃၅-သီလဝိပတ္တိဒုက် အကျင့် ‘သီလ’ပျက်စီးခြင်း ‘သီလဝိပတ္တိ’
[1360] What is balance ? Answer as for 'balance,' § 57.
၁၃၆၈။ တတ္ထ ကတမာ သီလဝိပတ္တိ? ယော ကာယိကော ဝီတိက္ကမော, ဝါစသိကော ဝီတိက္ကမော, ကာယိကဝါစသိကော ဝီတိက္ကမော – အယံ ဝုစ္စတိ သီလဝိပတ္တိ။ သဗ္ဗမ္ပိ ဒုဿိလျံ သီလဝိပတ္တိ။
၁၃၆၈။ (၁) ထို (သီလဝိပတ္တိ,ဒိဋ္ဌိဝိပတ္တိတို့) တွင်အကျင့်‘သီလ’ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟူသည် အဘယ် နည်း။ ကိုယ်၌ ဖြစ်သော အကြင် လွန်ကျူးမှု (ကာယဒုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော အကြင် လွန်ကျူးမှု (ဝစီဒုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော လွန်ကျူးမှုသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (မစောင့်စည်းမှုဟူသော) အကျင့်ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟု ဆိုအပ်၏။ အလုံးစုံသောအကျင့်‘သီလ’မရှိသူ၏အဖြစ် ‘ဒုဿီလျ’ကိုလည်း အကျင့်ပျက်စီးခြင်း ‘သီလဝိပတ္တိ’ ဟု ဆိုအပ်၏ (အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ အယူပျက်စီးခြင်း‘ဒိဋ္ဌိဝိပတ္တိ’
[1361] What is moral failure ? Excess in deed, excess in word, excess in both together. Moreover, all immorality is moral failure.
၁၃၆၉။ တတ္ထ ကတမာ ဒိဋ္ဌိဝိပတ္တိ? နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော, နတ္ထိ မာတာ, နတ္ထိ ပိတာ, နတ္ထိ သတ္တာ ဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီတိ, ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ…ပေ… ဝိပရိယာသဂ္ဂါဟော – အယံ ဝုစ္စတိ ဒိဋ္ဌိဝိပတ္တိ။ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိဝိပတ္တိ။
၁၃၆၉။ (၂) ထို (သီလဝိပတ္တိ,ဒိဋ္ဌိဝိပတ္တိတို့) တွင်အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟူသည် အဘယ်နည်း။ “ပေးလှူခြင်း (အကျိုး) သည် မရှိ၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ယဇ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ်, မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှု မကောင်းမှု) ကံတို့၏ အကျိုးဖျား (အကျိုးဆက်) ‘ဖလ’, အကျိုးရင်း‘ဝိပါက်’ သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန် လောကသည့်မရှိ၊ အမိ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) သည် မရှိ၊ အဖ (၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုး) သည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါ တို့သည်မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော, ကောင်းသော အကျင့်ရှိ ကုန်သောရဟန်း, ပုဏ္ဏား (သမဏ, ဗြာဟ္မဏ) တို့သည် လောက၌ မရှိကုန်” ဟု ဤသို့ သဘောရှိသော အကြင်အမြင်မှားမှု။ (ခြောက်ဆယ့်နှစ်ပါးသော) အမြင်မှားမှု (အယူမှားမှု) တို့၌ ပါဝင်ခြင်းသဘော။ပ။ ဖောက်ပြန် မှားယွင်းသောအားဖြင့် စွဲယူခြင်းသည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟု ဆိုအပ်၏။ အလုံးစုံသော အမြင်မှားမှု (အယူမှားမှု) ကိုလည်း အယူပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’ ဟု ဆိုအပ်၏ (ဒိဋ္ဌိ)။ (၁၂၂၁) ၃၆-သီလသမ္ပဒါဒုက် အကျင့်သီလပြည့်စုံခြင်း ‘သီလသမ္ပဒါ’
[1362] What is theoretic fallacy ?•' * There is no such thing as alms, or sacrifice, or offering; there is neither fruit, nor result of good or evil deeds ; there is no such thing as this world or the next ; there is no such thing as mother, or father, or beings springing into birth without them ; there are in the world no recluses or brahmins who have reached the highest point, who have attained the height, who, having understood and realized by themselves alone both this world and the next, make known the same ' — all this sort of speculation . . . this is what is called theoretic fallacy. Moreover, all wrong views are theoretic fallacies.
၁၃၇၀။ တတ္ထ ကတမာ သီလသမ္ပဒါ? ယော ကာယိကော အဝီတိက္ကမော, ဝါစသိကော အဝီတိက္ကမော, ကာယိကဝါစသိကော အဝီတိက္ကမော – အယံ ဝုစ္စတိ သီလသမ္ပဒါ။ သဗ္ဗောပိ သီလသံဝရော သီလသမ္ပဒါ။
၁၃၇၀။ (၁) ထို (သီလသမ္ပဒါ, ဒိဋ္ဌိသမ္ပဒါတို့) တွင် အကျင့်‘သီလ’ပြည့်စုံခြင်း ‘သီလသမ္ပဒါ’ ဟူသည် အဘယ်နည်း။ အကြင်ကိုယ်၌ ဖြစ်သော မလွန်ကျူးမှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင် ရှစ်ခုမြောက် ဖြစ်သော ‘အာဇီဝဋ္ဌမကသီလ’) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို အကျင့် ‘သီလ’ နှင့် ပြည့်စုံခြင်း‘သီလသမ္ပဒါ’ ဟု ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကို စောင့်စည်းခြင်း ‘သီလသံဝရ’ ကိုလည်းအကျင့် ‘သီလ’ ပြည့်စုံခြင်း ‘သီလသမ္ပဒါ’ ဟု ဆိုအပ်၏ (မဟာကုသိုလ်, မဟာကြိယာစိတ်,ယှဥ်ဖက်စေတသိက်)။ အယူပြည့်စုံခြင်း‘ဒိဋ္ဌိသမ္ပဒါ’
[1363] What is moral progress ? Absence of excess in deed, in word, and in deed and word together.'
၁၃၇၁။ တတ္ထ ကတမာ ဒိဋ္ဌိသမ္ပဒါ? အတ္ထိ ဒိန္နံ, အတ္ထိ ယိဋ္ဌံ, အတ္ထိ ဟုတံ, အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, အတ္ထိ အယံ လောကော, အတ္ထိ ပရော လောကော, အတ္ထိ မာတာ, အတ္ထိ ပိတာ, အတ္ထိ သတ္တာ ဩပပါတိကာ, အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တီတိ, ယာ ဧဝရူပါ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ – အယံ ဝုစ္စတိ ဒိဋ္ဌိသမ္ပဒါ။ သဗ္ဗာပိ သမ္မာဒိဋ္ဌိ ဒိဋ္ဌိသမ္ပဒါ။
၁၃၇၁။ (၂) ထို (သီလသမ္ပဒါ, ဒိဋ္ဌိသမ္ပဒါတို့) တွင် (ကောင်းမွန် မှန်ကန်သော) အယူ ပြည့်စုံခြင်း (သမ္မာ) ‘ဒိဋ္ဌိသမ္ပဒါ’ ဟူသည် အဘယ်နည်း။ “ပေးလှူခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ယဇ်ငယ် (ဟုန်း) (အလှူငယ်) ပူဇော်ရခြင်း (အကျိုး) သည် ရှိ၏၊ ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော (ကောင်းမှုမကောင်းမှု) ကံတို့၏ အကျိုးဖျား (အကျိုးဆက်) ‘ဖလ’, အကျိုးရင်း‘ဝိပါက’ သည် ရှိ၏။ ဤလောကသည်ရှိ၏၊ တမလွန် လောကသည်ရှိ၏၊ အမိ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏အကျိုး) သည်ရှိ၏၊ အဖ (၌ ကောင်းစွာ ပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏အကျိုး) သည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်းကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော, ညီညွတ်ကုန်သော,ကောင်းသော အကျင့်ရှိကုန်သော ရဟန်း, ပုဏ္ဏား (သမဏ, ဗြာဟ္မဏ) တို့သည် လောက၌ ရှိကြ၏” ဟုဤသို့သဘောရှိသော အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု။ (ခွဲခွဲခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်း (အမှန်ကို သိခြင်း)။ (သစ္စာလေးပါး) တရားတို့ကိုစိစစ်ခြင်းသဘော၊ ကောင်းစွာ မြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကို (ကောင်းမွန် မှန်ကန်သော) အယူပြည့်စုံခြင်း (သမ္မာ) ‘ဒိဋ္ဌိသမ္ပဒါ’ ဟု ဆိုအပ်၏။ အလုံးစုံသောအမြင်မှန်မှု (အယူမှန်မှု) ‘သမ္မာဒိဋ္ဌိ’ ကိုလည်း အယူပြည့်စုံခြင်း ‘ဒိဋ္ဌိသမ္ပဒါ’ ဟု ဆိုအပ်၏ (သမ္မာဒိဋ္ဌိ)။ ၃၇-သီလဝိသုဒ္ဓိဒုက် အကျင့်‘သီလ’၏ အထူးစင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’
[1364] What is progress in theory ? ' There is such a thing as alms, sacrifice, and offering ; . . . fruit, and the result of good and evil deeds ; . . . this world and the next ; mother, father and beings springing into birth without them ; . . . recluses and brahmins who have reached the highest, who have attained the height, who having understood and realized by themselves alone both this world and the other world, make known the same ' — all this sort of science, understanding, etc. . . . this is what is called progress in theory. Moreover, all right views are progress in theory. •
၁၃၇၂။ တတ္ထ ကတမာ သီလဝိသုဒ္ဓိ? ယော ကာယိကော အဝီတိက္ကမော, ဝါစသိကော အဝီတိက္ကမော, ကာယိကဝါစသိကော အဝီတိက္ကမော – အယံ ဝုစ္စတိ သီလဝိသုဒ္ဓိ။ သဗ္ဗောပိ သီလသံဝရော သီလဝိသုဒ္ဓိ။
၁၃၇၂။ (၁) ထို (သီလဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိတို့) တွင်အကျင့်‘သီလ’၏ အထူး စင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟူသည် အဘယ်နည်း။ ကိုယ်၌ ဖြစ်သော အကြင် မလွန်ကျူးမှု (ကာယသုစရိုက်သုံးပါး)၊ နှုတ် (စကား) ၌ ဖြစ်သော မလွန်ကျူးမှု (ဝစီသုစရိုက်လေးပါး)၊ ကိုယ်နှုတ် (စကား) နှစ်ပါး၌ ဖြစ်သော မလွန်ကျူးမှု (အာဇီဝလျှင့်ရှစ်ခုမြောက်ဖြစ်သော ‘အာဇီဝဋ္ဌမကသီလ’) သည် (ရှိ၏)။ ဤ (ဆိုအပ်ခဲ့ပြီးသော) သဘောကိုအကျင့် ‘သီလ’၏ အထူးစင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟု ဆိုအပ်၏။ အလုံးစုံသော အကျင့် ‘သီလ’ ကိုစောင့်စည်းခြင်း ‘သီလသံဝရ’ကိုလည်း အကျင့် ‘သီလ’၏ အထူး စင်ကြယ်ခြင်း ‘သီလဝိသုဒ္ဓိ’ ဟု ဆိုအပ်၏ (လောကုတ္တရာစိတ်, ယှဥ်ဖက်စေတသိက်)။ အယူ၏အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’
[1365] What is purity in morals ? Absence of excess in deed, in word, and in deed and word together.
၁၃၇၃။ တတ္ထ ကတမာ ဒိဋ္ဌိဝိသုဒ္ဓိ? ကမ္မဿကတဉာဏံ သစ္စာနုလောမိကဉာဏံ မဂ္ဂသမင်္ဂိဿ ဉာဏံ ဖလသမင်္ဂိဿ ဉာဏံ။
၁၃၇၃။ (၂) ထို (သီလဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိတို့) တွင် အယူ၏ အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဟူသည် အဘယ်နည်း။ ကံသည် မိမိဥစ္စာဖြစ်သည်ဟု သိသောဉာဏ် ‘ကမ္မဿကတဉာဏ်’။ (သစ္စာလေးပါး) အမှန်တရားအား လျော်စွာ သိမှု ‘သစ္စာနုလောမိကဉာဏ်’ (ဝိပဿနာဉာဏ်)၊ မဂ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ သိမှု ‘မဂ် ဉာဏ်’၊ မဂ်၏ အကျိုး (ဖိုလ်) နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏သိမှု ‘ဖိုလ်ဉာဏ်’ သည် (ရှိ၏)။ (ဤဆိုအပ်ခဲ့ပြီး သော သဘောကို အယူ၏ အထူးစင်ကြယ်ခြင်း‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဟုဆိုအပ်၏) (ကမ္မဿကတဉာဏ်, သစ္စာနုလောမိကဟု ဆိုအပ်သော ဝိပဿနာဉာဏ်,မဂ်ဉာဏ်, ဖိုလ်ဉာဏ်)။ ၃၈-ဒိဋ္ဌိဝိသုဒ္ဓိခေါပနဒုက် အယူ၏ အထူးစင်ကြယ်ခြင်း‘ဒိဋ္ဌိဝိသုဒ္ဓိ’
[1366] What is purity in theory ? Knowledge of the specific nature of Karma ; knowledge of the Truths in their due order ; the knowledge of him who holds the Path ; the knowledge of him who holds the Fruit of the Path. (i.) The phrase ' Now purity of theory ' is equivalent to that science, understanding . . . right theory (views) [described above, § 16]. (ii*) In the phrase ' And as the struggle of him who holds certain views, ' ' struggle ' means that inception of energy etc. [described above, § 13]. (iii.) The phrase * agitation ' implies dread of birth, dread of old age, dread of sickness, dread of death. (iv.) The phrase ' occasion of agitation ' means birth, old age, sickness, death. (v.) The phrase * And the earnest struggle of him who is agitated ' refers to [the four Eight Struggles] : — When a bhikkhu brings forth the desire (a) that bad and wicked states which have not arisen should not arise, (6) that bad and wicked states which have arisen should be put away, (c) that good states which have not arisen should arise, (d) that good states which have arisen should stand firm, should not get confused, should be frequently practised, made to abound, cultivated, and perfected — then he uses endeavour, sets energy a-going, reaches forward in thought and struggles. (vi.) The phrase ' And discontent in good states ' means the longing for higher achievement in one who is dissatisfied over the cultivation of good states. (vii.) The phrase * And the not shrinking back in the struggle ' means the thorough and persevering and unresting performance, the absence of stagnation, the unfaltering volition, the unflinching endurance, the assiduous pursuit, exercise and repetition which attend the cultivation of good states. (viii.) The phrase 'Wisdom' means the threefold wisdom, namely (a) reminiscent knowledge of one's former births, (h) knowledge of the relapse and renascence of beings, (c) the knowledge that makes an end of the Intoxicants. (ix.) The phrase * Emancipation ' means the twofold emancipation, namely, (a) detachment of thought, and (h) Nirvana. (x.) The phrase ' knowledge in making an end ' means the knowledge he has who holds the Path. (xi.) The phrase ' knowledge in origins ' means the knowledge he has who holds the Fruit of the Path. End of the Division entitled 'Elimination.'
၁၃၇၄။ ဒိဋ္ဌိဝိသုဒ္ဓိ ခေါ ပနာတိ – ယာ ပညာ ပဇာနနာ…ပေ… အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ။
၁၃၇၄။ (၁) ထိုပြင် အယူ၏အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ ဟူသည်ကား အကြင် (ခွဲခွဲခြားခြား) အပြားအား ဖြင့် သိမှု။ (ခွဲခွဲ ခြားခြား) အပြားအားဖြင့်သိခြင်းသဘော။ပ။ (အမှန်သဘော၌) မတွေဝေခြင်းသဘော (အမှန်ကို သိခြင်းသဘော)။ (သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော၊ ကောင်းစွာ သိမြင်မှု (အမြင်မှန်မှု) ‘သမ္မာဒိဋ္ဌိ’ သည် (ရှိ၏)။ (ဤကား အယူ၏ အထူးစင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’ တည်း။) (ကမ္မဿကတဉာဏ်,သစ္စာနုလောမိကဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်)။ အထူးစင်ကြယ်သောအယူအားလျော်သော လုံ့လ
၁၃၇၅။ ယထာဒိဋ္ဌိဿ စ ပဓာနန္တိ – ယော စေတသိကော ဝီရိယာရမ္ဘော…ပေ… သမ္မာဝါယာမော။
၁၃၇၅။ (၂) အထူးစင်ကြယ်သောအယူ ‘ဒိဋ္ဌိဝိသုဒ္ဓိ’‘ယထာဒိဋ္ဌိဿ ပဓာန’ အားလျော်သော လုံ့လ ‘ယထာဒိဋ္ဌိဿပဓာန’ ဟူသည်ကား စိတ်၌ မှီသော အကြင် လုံ့လ အားထုတ်မှု။ပ။ ကောင်းစွာ အားထုတ်မှု ‘သမ္မာဝါယာမ’ သည် (ရှိ၏)။ (ဤကား အထူးစင်ကြယ် သော အယူ ‘ဒိဋ္ဌိဝိသုဒ္ဓိ’ အားလျော် သော လုံ့လ‘ယထာဒိဋ္ဌိဿ ပဓာန’ တည်း) (မဟာကုသိုလ်ဉာဏ သမ္ပယုတ်, မဟာကိရိယာဉာဏ သမ္ပယုတ်,လောကုတ္တရာစိတ်တို့၌ ရှိသော ဝီရိယ)။ ၃၉-သံဝေဂဒုက် ထိတ်လန့်ဖွယ်အကြောင်းတို့၌ ထိတ်လန့်ခြင်း‘သံဝေဂ’
၁၃၇၆။ သံဝေဂေါတိ – ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ။ သံဝေဇနိယံ [သံဝေဇနီယံ (သီ။)] ဌာနန္တိ – ဇာတိ ဇရာ ဗျာဓိ မရဏံ။
၁၃၇၆။ (၁) (ထိတ်လန့်ဖွယ်အကြောင်းတို့၌) ထိတ်လန့်ခြင်း ‘သံဝေဂ’ ဟူ သည်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’ ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဇာတိဘယ’၊ အိုမှု ‘ဇရာ’ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဇရာဘယ’၊ နာမှု ‘ဗျာဓိ’ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘ဗျာဓိဘယ’၊ သေမှု ‘မရဏ’ကို ဘေးအားဖြင့် မြင်၍ တည်သော (ဖြစ်ပေါ်လာသော) ဉာဏ် ‘မရဏဘယ’တည်း၊ ထိတ်လန့်ဖွယ် အကြောင်းဟူသည်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’၊ အိုမှု ‘ဇရာ’၊ နာမှု ‘ဗျာဓိ’၊ သေမှု ‘မရဏ’ တည်း (ဇာတိစသည်တို့မှ ထိတ်လန့်သောအခါဖြစ်ပေါ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ်၌ ရှိသော ပညာ)။ ထိတ်လန့်သူ၏သင့်လျော်သောအားဖြင့်လုံ့လပြုခြင်း
၁၃၇၇။ သံဝိဂ္ဂဿ စ ယောနိသော ပဓာနန္တိ – ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ, ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။
၁၃၇၇။ (၂) ထိတ်လန့်သူ၏ သင့်လျော်သောအား‘သံဝိဂ္ဂဿ ယောနိသော ပဓာန’ဖြင့် လုံ့လပြုခြင်း ‘သံဝိဂ္ဂဿ ယောနိသောပဓာန’ ဟူသည်ကား ဤသာသနာတော် ၌ ရဟန်းသည် - (၁) မဖြစ်ပေါ်သေးကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ လိုလားမှု ကိုဖြစ်စေ၏ ‘ဆန္ဒံ ဇနေတိ’၊ ကြိုးစား၏ ‘ဝါယမတိ’၊ ကြိုးစားမှု ‘ဝီရိယ’ ကို အားထုတ်၏ ‘ဝီရိယံ့အာရဘတိ’၊ စိတ်ကို ချီးမြှောက် (အားပေး) ၏ ‘စိတ္တံ ပဂ္ဂဏှာတိ’၊ လုံ့လစိုက်၏ ‘ပဒဟတိ’။ (၂) ဖြစ်ပေါ်ကုန်ပြီးသော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ လိုလားမှုကိုဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ’ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (၃) မဖြစ်ပေါ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေခြင်းငှါ လိုလားမှုကို ဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ’ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (၄) ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားတို့၏ တည်တံ့စေခြင်းငှါ ‘ဌိတိယာ’၊ မမေ့မပျောက် စေခြင်းငှါ‘အသမ္မောသာယ’၊ လွန်စွာ တိုးပွါးစေခြင်းငှါ ‘ဘိယျောဘာဝါယ’၊ စည်ပင်ပြန့်ပြောစေခြင်းငှါ ‘ဝေပုလ္လာယ’၊ ပွားများစေခြင်းငှါ ‘ဘာဝနာယ’၊ ပြည့်ဖြိုးစေခြင်းငှါ ‘ပါရိပူရိယာ’ လိုလားမှုကို ဖြစ်စေ၏၊ ကြိုးစား၏၊ ကြိုးစားမှု ‘ဝီရိယ’ ကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် (အားပေး) ၏၊ လုံ့လစိုက်၏။ (ဤကား ထိတ်လန့်သူ၏ သင့်လျော်သောအားဖြင့် လုံ့လပြုခြင်း ‘သံဝိဂ္ဂဿ ယောနိသော ပဓာန’ပေတည်း။) (ကုသိုလ်စိတ် ၂၁နှင့် ဖိုလ်စိတ် ၄ တို့၌ ရှိသော ဝီရိယ) ၄၀-အသန္တုဋ္ဌိတာဒုက် ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်သူဖြစ်ကြောင်းတရား
၁၃၇၈။ အသန္တုဋ္ဌိတာ စ ကုသလေသု ဓမ္မေသူတိ – ယာ ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသန္တုဋ္ဌဿ ဘိယျောကမျတာ။
၁၃၇၈။ (၁) ကုသိုလ် တရားတို့၌ ‘အသန္တုဋ္ဌိတာကုသလေသု ဓမ္မေသု’ မရောင့်ရဲ (မတင်းတိမ်) နိုင်သူ၏အဖြစ် (ကုသိုလ်တရားတို့၌ မရောင့်ရဲမတင်းတိမ်နိုင်သူဖြစ်အောင် ပြုတတ်သော တရား)ဟူသည်ကား ကုသိုလ်တရားတို့ကို ပွားစေခြင်းငှါမရောင့်ရဲ (မတင်းတိမ်) သူ၏ အကြင် လွန်စွာ လိုလားသူ၏အဖြစ်သည် (ရှိ၏)။ [ဤကားကုသိုလ်တရားတို့၌ မရောင့်ရဲ (မတင်းတိမ်) နိုင်သူ၏အဖြစ် (ကုသိ်ုလ်တရားတို့၌ မရောင့်ရဲ မတင်းတိမ်နိုင်သူဖြစ်အောင် ပြုတတ်သော တရား ‘အသန္တုဋ္ဌိတာ ကုသလေသု ဓမ္မေသု’ တည်း) (ကုသိုလ်စိတ် ၂၁,ယှဥ်ဖက်စေတသိက် ၃၈) ]။ လုံ့လပြုခြင်း‘ဝီရိယ’၌ မဆုတ်နစ်သူဖြစ်ကြောင်းတရား
၁၃၇၉။ အပ္ပဋိဝါနိတာ စ ပဓာနသ္မိန္တိ – ယာ ကုသလာနံ ဓမ္မာနံ ဘာဝနာယ သက္ကစ္စကိရိယတာ သာတစ္စကိရိယတာ အဋ္ဌိတကိရိယတာ အနောလီနဝုတ္တိတာ အနိက္ခိတ္တဆန္ဒတာ အနိက္ခိတ္တဓုရတာ အာသေဝနာ ဘာဝနာ ဗဟုလီကမ္မံ။
၁၃၇၉။ (၂) လုံ့လပြုခြင်း‘ဝီရိယ’ ၌ ‘အပ္ပဋိဝါနိတာ ပဓာနသ္မိံ’ မဆုတ်နစ်သူ (ဇွဲရှိသူ) ၏အဖြစ် (ကုသိုလ် တရားပွားများအားထုတ်ခြင်း၌ မဆုတ်နစ်သူ ဖြစ်အောင် ပြုတတ်သောတရား) ဟူသည်ကား ကုသိုလ်တရားတို့ကိုပွားစေခြင်းငှါ အကြင် ရိုသေစွာ ပြုခြင်း ‘သက္ကစ္စ ကိရိယတာ’၊ အမြဲ မပြတ်ပြုခြင်း ‘သာတစ္စကိရိယတာ’။ (ဝီရိယကို ကျိုးပဲ့ပျက်စီးအောင် မပြုဘဲ) ဝီရိယကို ချန်မထားဘဲ ပြုခြင်း ‘အဋ္ဌိတကိရိယတာ’၊ မတွန့်ဆုတ်သော (ဝီရိယမလျော့သော) ဖြစ်ခြင်းရှိသည်၏အဖြစ် ‘အနောလီနဝုတ္တိတာ’၊ မချအပ်သော (မလျော့သော လိုလားမှုရှိသူ၏အဖြစ် (ကောင်းသော အလိုဆန္ဒကို မချခြင်း) ‘အနိက္ခိတ္တဆန္ဒတာ’၊ မချအပ်သော (မလျော့သော) တာဝန်ရှိသူ၏ အဖြစ် (ကုသိုလ်ပြုရာ၌ ဝီရိယတည်းဟူသော တာဝန်ကိုမလျော့ခြင်း) ‘အနိက္ခိတ္တဓုရတာ’၊ မှီဝဲခြင်း ‘အာသေဝနာ’၊ ပွားစေခြင်း ‘ဘာဝနာ’၊ အကြိမ်များစွာ ပြုခြင်း‘ဗဟုလီကမ္မ’ သည် (ရှိ၏)။ (ဤကား လုံ့လပြုခြင်း ‘ဝီရိယ’၌ မဆုတ်နစ်သူ (ဇွဲရှိသူ) ၏အဖြစ် ‘အပ္ပဋိဝါနိတာ ပဓာနသ္မိံ ’ တည်း။) (ကုသိုလ်စိတ် ၂၁နှင့် ဖိုလ်စိတ် ၄ တို့၌ ရှိသော ဝီရိယ။) ၄၁-ဝိဇ္ဇာဒုက် ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’
၁၃၈၀။ ဝိဇ္ဇာတိ – တိဿော ဝိဇ္ဇာ – ပုဗ္ဗေနိဝါသာနုဿတိ ဉာဏံ ဝိဇ္ဇာ, သတ္တာနံ စုတူပပါတေ ဉာဏံ ဝိဇ္ဇာ, အာသဝါနံ ခယေ ဉာဏံ ဝိဇ္ဇာ။
၁၃၈၀။ (၁) (သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာမောဟ အမိုက်မှောင်ကို) ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တရားဟူသည်ကား ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို (ရှေးဘဝကို) အဖန်ဖန် အောက်မေ့မှုနှင့် ယှဥ်သောသိမှု ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’၊ သတ္တဝါတို့၏ သေခြင်း, ပဋိသန္ဓေနေခြင်း၌ သိမှု ‘စုတူပပါတဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’၊ အာသဝတို့၏ ကုန်ရာ (အရဟတ္တမဂ်) ၌ သိမှု ‘အာသဝက္ခယဉာဏ်’ ဟူသော ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’အားဖြင့် (သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာမောဟ အမိုက် မှောင်ကို) ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တို့သည် သုံးပါးတို့တည်း (ဤကား ဖောက်ထွင်းသိမှု ‘ဝိဇ္ဇာ’ တရား တို့တည်း) (ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ်, အာသဝက္ခယဉာဏ်)။ လွတ်မြောက်မှု ‘ဝိမုတ္တိ’
၁၃၈၁။ ဝိမုတ္တီတိ – ဒွေ ဝိမုတ္တိယော – စိတ္တဿ [စိတ္တဿ စ (သီ။ သျာ။)] အဓိမုတ္တိ, နိဗ္ဗာနဉ္စ။
၁၃၈၁။ (၂) လွတ်မြောက်မှု ‘ဝိမုတ္တိ’ တရားဟူသည်ကား စိတ်၏ လွတ်မြောက်မှု (သမာပတ်ရှစ်ပါး) ‘စိတ္တဿအဓိမုတ္တိ’၊ ‘ဝါန’ ဟူသော တဏှာမှ ထွက်မြောက်မှု ‘နိဗ္ဗာန်’အားဖြင့်လွတ်မြောက်မှု ‘ဝိမုတ္တိ’ တို့သည် နှစ်မျိုးတို့တည်း။ (ဤတရားတို့ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’ တရားတို့တည်း) (မဟဂ္ဂုတ်ကုသိုလ်, မဟဂ္ဂုတ်ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, နိဗ္ဗာန်)။ ၄၂-ခယေဉာဏဒုက် ကိလေသာကုန်ခန်းခြင်းကို ပြုတတ်သောဉာဏ်
၁၃၈၂။ ခယေ ဉာဏန္တိ – မဂ္ဂသမင်္ဂိဿ ဉာဏံ။
၁၃၈၂။ (၁) (ကိလေသာ) ကုန်ခန်းခြင်းကို ပြုတတ်သော ‘ခယေဉာဏ’ (အရိယမဂ်) ဉာဏ် ‘ခယေဉာဏ’ ဟူသည်ကား မဂ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ သိမှု ‘မဂ်ဉာဏ်’ တည်း (မဂ်စိတ်လေးခု၌ ရှိသောပညာ)။ ကိလေသာတစ်ဖန်မဖြစ်ပေါ်စေတတ်သောဉာဏ်
၁၃၈၃။ အနုပ္ပါဒေ ဉာဏန္တိ – ဖလသမင်္ဂိဿ ဉာဏံ။
နိက္ခေပကဏ္ဍံ နိဋ္ဌိတံ။
၁၃၈၃။ (၂) (ကိလေသာ) တစ်ဖန် မဖြစ်ပေါ်စေတတ် ‘အနုပ္ပါဒေဉာဏ’ သော (အရိယာဖိုလ်) ဉာဏ် ‘အနုပ္ပါဒေဉာဏ’ ဟူသည်ကား မဂ်၏အကျိုး ‘ဖိုလ်’ နှင့် ပြည့်စုံ သော ပုဂ္ဂိုလ်၏ သိမှု ‘ဖိုလ်ဉာဏ်’တည်း (ဖိုလ်စိတ်လေးခု၌ ရှိသော ပညာ)။ နိက္ခေပကဏ္ဍ ပြီးပြီ။ ၄-ပိဋကတ်သုံးပုံဟူသော မြတ်စွာဘုရားစကားတော်၏ အနက်ကို ထုတ်ဆိုရာအပိုင်း ‘အဋ္ဌကထာကဏ္ဍ’ (က) သုံးစုပြု၍ ဟောအပ်သော တရားတို့၏အရကောက်ကို ထုတ်ပြခြင်း ‘တိကအတ္ထုဒ္ဓါရ’ ၁-ကုသလတိက် ကုသိုလ်တရား
၄။ အဋ္ဌကထာကဏ္ဍံ
တိကအတ္ထုဒ္ဓါရော
၁၃၈၄။ ကတမေ ဓမ္မာ ကုသလာ? စတူသု ဘူမီသု ကုသလံ – ဣမေ ဓမ္မာ ကုသလာ။
၁၃၈၄။ (၁) အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁) သည် (ရှိ၏)။ ဤတရားတို့သည်ကုသိုလ်မည်ကုန်၏။ အကုသိုလ်တရား
၁၃၈၅။ ကတမေ ဓမ္မာ အကုသလာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ အကုသလာ။
၁၃၈၅။ (၂) အဘယ်တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။ အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အကုသိုလ် မည်ကုန်၏။ အဗျာကတတရား
၁၃၈၆။ ကတမေ ဓမ္မာ အဗျာကတာ? စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဗျာကတာ။
၁၃၈၆။ (၃) အဘယ်တရားတို့သည် ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားမည်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် (ဝါနဟူသော တဏှာမှ ထွက်မြောက်ရာ) နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘အဗျာကတ’ တရားမည်ကုန်၏။ ၂-ဝေဒနာတိက် သုခဝေဒနာနှင့် ယှဥ်သောတရား
၁၃၈၇။ ကတမေ ဓမ္မာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော ကာမာဝစရကုသလဿ ဝိပါကတော စ ကိရိယတော စ ပဉ္စ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ သုခံ ဝေဒနံ ဌပေတွာ – ဣမေ ဓမ္မာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ။
၁၃၈၇။ (၁) အဘယ်တရားတို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့်ယှဥ်ကုန်သနည်း။ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော (ကာမာဝစရ) ကုသိုလ်မှသောမနဿသဟဂုတ် စိတ္တုပ္ပါဒ် ၄၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ၄၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ၅၊ ကိရိယာမှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ၅၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း၊ ကိရိယာမှ လည်းကောင်း ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၉,ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္တဈာန်)၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း လောကုတ္တရာတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ,ဒုတိယ, တတိယဈာန် ၂၄, ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန်)၊ ဤစိတ်တို့၌ ဖြစ်သော ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် - တို့သည် ရှိကုန်၏)။ ဤတရားတို့သည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ နှင့် ယှဥ်ကုန်၏။ ဒုက္ခဝေဒနာနှင့် ယှဥ်သောတရား
၁၃၈၈။ ကတမေ ဓမ္မာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ? ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဒုက္ခသဟဂတံ ကာယဝိညာဏံ, ဧတ္ထုပ္ပန္နံ ဒုက္ခံ ဝေဒနံ ဌပေတွာ – ဣမေ ဓမ္မာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ။
၁၃၈၈။ (၂) အဘယ်တရားတို့သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့်ယှဥ်ကုန်သနည်း။ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ် ၂၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ ဤစိတ်တို့၌ ဖြစ်သော ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၂၁-တို့သည် ရှိကုန်၏)။ ဤတရားတို့သည် ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဥ်ကုန်၏။ အဒုက္ခမသုခဝေဒနာနှင့် ယှဥ်သောတရား
၁၃၈၉။ ကတမေ ဓမ္မာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော ဆ, ကာမာဝစရကုသလဿ ဝိပါကတော ဒသ, အကုသလဿ ဝိပါကတော ဆ, ကိရိယတော ဆ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အရူပါဝစရာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ အဒုက္ခမသုခံ ဝေဒနံ ဌပေတွာ – ဣမေ ဓမ္မာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ တိဿော စ ဝေဒနာ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဝတ္တဗ္ဗာ သုခါယ ဝေဒနာယ သမ္ပယုတ္တာတိပိ, ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာတိပိ, အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာတိပိ။
၁၃၈၉။ (၃) အဘယ်တရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သော အလယ်အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဥ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှ ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် ၄၊ အကုသိုလ်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ၁၀၊ အကုသိုလ်၏အကျိုး (ဝိပါက်) မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကိရိယာမှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ၆၊ ကုသိုလ်မှလည်းကောင်း, အကျိုး ‘ဝိပါက်’ မှလည်းကောင်း, ကိရိယာမှ လည်းကောင်း စတုက္ကနည်းအားဖြင့်ရူပါဝစရစတုတ္ထဈာန် ၃၊ ကုသိုလ်မှလည်းကောင်း, ဝိပါက်မှ လည်းကောင်း, ကိရိယာမှလည်းကောင်း အရူပဝစရစိတ် ၄ -ပါးစီ၊ ကုသိုလ်မှလည်းကောင်း, ဝိပါက်မှလည်းကောင်း စတုက္ကနည်းအားဖြင့်လောကုတ္တရာစတုတ္ထဈာန် ၈၊ ဤစိတ်တို့၌ ဖြစ်သော ဆင်းရဲချမ်းသာ မဟုတ်သော အလယ်အလတ်ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခ ဝေဒနာ’ ကို ချန်ထား၍ (ကြွင်း သော စေတသိက်- တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဆင်းရဲချမ်းသာ မဟုတ်သော အလယ် အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဥ်ကုန်၏။ တိတ်မုတ် (သုခ, ဒုက္ခ, အဒုက္ခမသုခဟူသော) ဝေဒနာသုံးပါးတို့သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့ကို ချမ်းသာခံစားမှု ‘သုခ ဝေဒနာ’ နှင့်ယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ နှင့် ယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ ဆင်းရဲချမ်းသာမဟုတ်သော အလယ်အလတ် ခံစားမှု (ဥပေက္ခာဝေဒနာ) ‘အဒုက္ခမသုခဝေဒနာ’ နှင့် ယှဥ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၃-ဝိပါကတိက် အကျိုး‘ဝိပါက်’ တရား
၁၃၉၀။ ကတမေ ဓမ္မာ ဝိပါကာ? စတူသု ဘူမီသု ဝိပါကော – ဣမေ ဓမ္မာ ဝိပါကာ။
၁၃၉၀။ (၁) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်’မည်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၆) သည် (ရှိ၏)။ ဤ တရားတို့သည်အကျိုး ‘ဝိပါက်’ မည်ကုန်၏။ အကျိုးကိုဖြစ်စေသော ‘ဝိပါကဓမ္မ’ တရား
၁၃၉၁။ ကတမေ ဓမ္မာ ဝိပါကဓမ္မဓမ္မာ? စတူသု ဘူမီသု ကုသလံ အကုသလံ – ဣမေ ဓမ္မာ ဝိပါကဓမ္မဓမ္မာ။
၁၃၉၁။ (၂) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်’ကိုဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရားမည် ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရား တို့သည် အကျိုး ‘ဝိပါက်’ ကိုဖြစ်စေခြင်းသဘောရှိသော ‘ဝိပါကဓမ္မ’ တရား မည်ကုန်၏။ အကျိုးလည်းမဟုတ်အကျိုးကိုလည်းမဖြစ်စေသော
၁၃၉၂။ ကတမေ ဓမ္မာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ? တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။
၁၃၉၂။ (၃) အဘယ်တရားတို့သည် အကျိုး ‘ဝိပါက်’‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရားလည်းမဟုတ်, အကျိုး ‘ဝိပါက်’ ကို ဖြစ် စေခြင်းသဘောရှိသည်လည်း မဟုတ်သော ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရား မည်ကုန်နည်း။ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ တရားတို့သည် အကျိုး‘ဝိပါက်’ လည်း မဟုတ်၊ အကျိုး ‘ဝိပါက်’ ကိုဖြစ်စေခြင်းသဘောရှိသည်လည်း မဟုတ်သော ‘နေဝ ဝိပါက န ဝိပါကဓမ္မ’ တရားမည်ကုန်၏။ ၄-ဥပါဒိဏ္ဏတိက် ဥပါဒိဏ္ဏုပါဒါနိယတရား
၁၃၉၃။ ကတမေ ဓမ္မာ ဥပါဒိဏ္ဏုပါဒါနိယာ? တီသု ဘူမီသု ဝိပါကော, ယဉ္စ ရူပံ ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ ဥပါဒိဏ္ဏုပါဒါနိယာ။
၁၃၉၃။ (၁) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ကပ်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) စွဲယူလည်း စွဲယူအပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံလည်းဖြစ်သော ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်းဖြစ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) အကျိုး‘ဝိပါက်’ (၃၂)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်သည်၏အဖြစ် (ကံ) ကြောင့်ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းဖြစ်၍ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော) ‘ဥပါဒိဏ္ဏုပါဒါနိယ’ တရား ဖြစ်ကုန်၏။ (၉၉၄) အနုပါဒိဏ္ဏုပါဒါနိယတရား
၁၃၉၄။ ကတမေ ဓမ္မာ အနုပါဒိဏ္ဏုပါဒါနိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ န ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ အနုပါဒိဏ္ဏုပါဒါနိယာ။
၁၃၉၄။ (၂) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ကပ်အပ်သော ကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူအပ် ကုန်သည်ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံသာဖြစ်သော ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်, ဥပါဒါန်တို့၏ အာရုံသာဖြစ်သော တရားများကားအဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) , ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောပြုကာမျှ ကိရိယာ (၂၀)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် (တိဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးကား မဟုတ်၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော) ‘အနုပါဒိဏ္ဏုပါဒါနိယ’ တရား ဖြစ်ကုန်၏။ (၉၉၅) အနုပါဒိဏ္ဏ အနုပါဒါနိယတရား
၁၃၉၅။ ကတမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ။
၁၃၉၅။ (၃) အဘယ်တရားတို့သည် (အာရုံပြုသောအားဖြင့်) တဏှာ ဒိဋ္ဌိတို့ကပ်အပ်သောကံသည် (အကျိုး၏အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်သည် ဖြစ်၍ လွန်စွာစွဲလမ်းတတ်သော ‘ဥပါဒါန်’ တရားတို့၏ အာရုံလည်း မဟုတ်သော ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့်ကံ၏ အကျိုးလည်း မဟုတ်, ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်လေးပါး၊ ထို့ပြင်ဖိုလ်လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ, ဒိဋ္ဌိတို့အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်း မဟုတ်, ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော) ‘အနုပါဒိဏ္ဏအနုပါဒါနိယ’ တရားဖြစ်ကုန်၏။ (၉၉၆) ၅-သံကိလိဋ္ဌတိက် သံကိလိဋ္ဌ သံကိလေသိကတရား
၁၃၉၆။ ကတမေ ဓမ္မာ သံကိလိဋ္ဌသံကိလေသိကာ? ဒွါဒသာကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သံကိလိဋ္ဌသံကိလေသိကာ။
၁၃၉၆။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန် စေအပ် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား တို့ကို (ရခြင်းငှါ) ထိုက်သော ‘သံကိလိဋ္ဌသံကိလေသိက’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်လည်း ယှဥ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ လည်း ဖြစ်သော တရားတို့ကား အဘယ် နည်း)။ အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (ကိလေသာတို့ နှင့်လည်းယှဥ်၍ ‘သံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ လည်း ဖြစ်သော) ‘သံကိလိဋ္ဌသံကိလေသိက’ တရားဖြစ်ကုန်၏။ (၉၉၇) အသံကိလိဋ္ဌ သံကိလေသိကတရား
၁၃၉၇။ ကတမေ ဓမ္မာ အသံကိလိဋ္ဌသံကိလေသိကာ? တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ အသံကိလိဋ္ဌသံကိလေသိကာ။
၁၃၉၇။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ်နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန် စေအပ် မနှိပ်စက်အပ်ကုန်သည်ဖြစ်၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) သာ ထိုက်သော ‘အသံကိလိဋ္ဌ သံကိလေသိက’ တရားဖြစ်ကုန်သနည်း (ကိလေသ တို့နှင့်မယှဥ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’သာဖြစ်သော တရားတို့ကား အဘယ်နည်း)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) အကျိုး ‘ဝိပါက်’ (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ် သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် မယှဥ် ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံ ‘သံကိလေသိက’ သာဖြစ်သော) ‘အသံကိလိဋ္ဌ သံကိလေသိက’ တရား ဖြစ်ကုန်၏။ (၉၉၈) အသံကိလိဋ္ဌ အသံကိလေသိကတရား
၁၃၉၈။ ကတမေ ဓမ္မာ အသံကိလိဋ္ဌအသံကိလေသိကာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အသံကိလိဋ္ဌအသံကိလေသိကာ။
၁၃၉၈။ (၃) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ သည် ပူလည်းမပူပန်စေအပ်,နှိပ်လည်းမနှိပ်စက်အပ်ကုန်မူ၍ (သတ္တဝါတို့ကို) ပူပန်စေတတ်, နှိပ်စက် တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်လည်း မထိုက်သော ‘အသံကိလိဋ္ဌ အသံကိလေသိက’ တရားဖြစ်ကုန်သနည်း (ကိလေသာတို့နှင့်လည်း မယှဥ်၊ ‘အသံကိလိဋ္ဌ’၊ ကိလေသာတို့၏ အာရုံလည်းမဖြစ်သော ‘အသံကိလေသိက’ တရားတို့ကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် ဖိုလ်လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့်လည်း မယှဥ်၊ ကိလေသာတို့၏ အာရုံလည်း မဖြစ်သော ‘အသံကိလိဋ္ဌ အသံကိလေသိက’ တရား ဖြစ်ကုန်၏။ (၉၉၉) ၆-ဝိတက္ကတိက် သဝိတက္က သဝိစာရတရား
၁၃၉၉။ ကတမေ ဓမ္မာ သဝိတက္ကသဝိစာရာ? ကာမာဝစရံ ကုသလံ, အကုသလံ, ကာမာဝစရကုသလဿ ဝိပါကတော ဧကာဒသ စိတ္တုပ္ပါဒါ, အကုသလဿ ဝိပါကတော ဒွေ, ကိရိယတော ဧကာဒသ, ရူပါဝစရံ ပဌမံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရံ ပဌမံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နေ ဝိတက္ကဝိစာရေ ဌပေတွာ – ဣမေ ဓမ္မာ သဝိတက္ကသဝိစာရာ။
၁၃၉၉။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွသုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္က သဝိစာရ’ တရား ဖြစ်ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့် ယှဥ်သော တရားများကား အဘယ်နည်း)။ ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ ကာမာဝစရကုသိုလ်၏ အကျိုး‘ဝိပါက်’ မှ စိတ္တုပ္ပါဒ် (ဝိပါက် စိတ်) တစ်ဆယ့်တစ်ပါး၊ အကုသိုလ်၏အကျိုး ‘ဝိပါက်’ မှ (ဝိပါက်စိတ်) နှစ်ပါး၊ ကိရိယာမှ (ကာမ) ကိရိယာ တစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှရူပါဝစရ ပဌမဈာန် (၁)၊ ဝိပါက်မှ ရူပါဝစရ ပဌမဈာန် (၁)၊ ကိရိယာမှ ရူပါဝစရ ပဌမဈာန် (၁)၊ ကုသိုလ်မှ လောကုတ္တရာ ပဌမဈာန် (၄)၊ ဝိပါက်မှ လောကုတ္တရာ ပဌမဈာန် (၄)၊ ဤ (ငါးဆယ့်ငါးပါးသော) စိတ်တို့၌ ဖြစ်ကုန်သော ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်မှု ‘ဝိစာရ’ တို့ကိုချန်ထား၍ (ကြွင်းသောစေတသိက် ငါးဆယ်တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့်လည်း တကွ၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော ‘သဝိတက္က သဝိစာရ’ တရား ဖြစ်ကုန်၏။ (၁၀၀၀) အဝိတက္က ဝိစာရမတ္တတရား
၁၄၀၀။ ကတမေ ဓမ္မာ အဝိတက္ကဝိစာရမတ္တာ? ရူပါဝစရပဉ္စကနယေ ဒုတိယံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရပဉ္စကနယေ ဒုတိယံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ဝိစာရံ ဌပေတွာ, ဝိတက္ကော စ – ဣမေ ဓမ္မာ အဝိတက္ကဝိစာရမတ္တာ။
၁၄၀၀။ (၂) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’မျှသာရှိသော (ဝိတက်နှင့်ကား မယှဥ်, ဝိစာရနှင့်သာ ယှဥ်သော) ‘အဝိတက္က ဝိစာရမတ္တ’ တရားဖြစ်ကုန်သနည်း။ ရူပါဝစရ (ဈာန်) ပဉ္စကနည်း၌ ကုသိုလ်မှ ဒုတိယဈာန် (၁)၊ ဝိပါက်မှ ဒုတိယဈာန် (၁)၊ ကိရိယာမှ ဒုတိယဈာန် (၁)၊ လောကုတ္တရာ (ဈာန်) ပဉ္စကနည်း၌ ကုသိုလ်မှ ဒုတိယဈာန် (၄)၊ ဝိပါက်မှ ဒုတိယဈာန် (၄)၊ ဤ (တစ်ဆယ့်တစ်ပါးသော) စိတ် တို့၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် သုံးဆယ့်ခြောက်)။ (သဝိတက္က စိတ် ခု၌ ရှိသော) ကြံစည်မှု ‘ဝိတက်’ သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ ကား မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော (ဝိတက်နှင့်ကား မယှဥ်၊ ဝိစာရနှင့်သာ ယှဥ်သော) ‘အဝိတက္က့ဝိစာရမတ္တ’ တရား ဖြစ်ကုန်၏။ (၁၀၀၁) အဝိတက္က အဝိစာရတရား
၁၄၀၁။ ကတမေ ဓမ္မာ အဝိတက္ကအဝိစာရာ? ဒွေပဉ္စဝိညာဏာနိ, ရူပါဝစရတိကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ လောကုတ္တရတိကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ပဉ္စကနယေ ဒုတိယေ ဈာနေ [ဒုတိယဇ္ဈာနေ (သီ။)], ဥပ္ပန္နော စ ဝိစာရော ရူပဉ္စ နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဝိတက္ကအဝိစာရာ။ ဝိတက္ကသဟဇာတော ဝိစာရော န ဝတ္တဗ္ဗော သဝိတက္ကသဝိစာရောတိပိ, အဝိတက္ကဝိစာရမတ္တောတိပိ, အဝိတက္ကအဝိစာရောတိပိ။
၁၄၀၁။ (၃) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’လည်း မရှိသော ‘အဝိတက္က အဝိစာရ’ တရား ဖြစ် ကုန်သနည်း (ဝိတက် ဝိစာရတို့နှင့်မယှဥ်သော တရားများကား အဘယ်နည်း)။ ဒွေပဉ္စဝိညာဏ် (၁၀)၊ ကုသိုလ်မှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကိရိယာမှ ရူပါဝစရတိက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကုသိုလ်မှ အရူပဈာန် (၄)၊ ဝိပါက်မှအရူပဈာန် (၄)၊ ကြိယာမှ အရူပဈာန် (၄)၊ ကုသိုလ်မှ လောကုတ္တရာတိက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်)၊ ဝိပါက်မှ လောကုတ္တရာတိက တိကဈာန် (စတုတ္ထနည်းအားဖြင့် လောကုတ္တရာ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာတတိယ, စတုတ္ထ, ပဉ္စမဈာန်) ပဉ္စကနည်း၌ ဒုတိယဈာန်၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ (၁၁)၊ ရုပ် (၂၈)၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’လည်း မရှိ, သုံးသပ်မှု ‘ဝိစာရ’လည်းမရှိသော (ဝိတက်, ဝိစာရတို့နှင့် မယှဥ်သော) ‘အဝိတက္က အဝိစာရ’ တရား ဖြစ်ကုန်၏။ (၁၀၀၂) တိက်မုတ် ဝိတက်နှင့် တကွဖြစ်သော (ဝိတက်နှင့် ယှဥ်သော) ‘ဝိစာရ’ ကို ‘ဝိတက်’ ‘ဝိစာရ’ နှစ်ပါးစလုံးနှင့် ယှဥ်၏ဟူ၍လည်းကောင်း၊ ဝိတက်နှင့်ကား မယှဥ်, ဝိစာရနှင့်သာ ယှဥ်၏ဟူ၍လည်းကောင်း၊ ဝိတက် ဝိစာရနှစ်ပါးစလုံးနှင့် မယှဥ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။ ၇-ပီတိတိက် ပီတိသဟဂတတရား
၁၄၀၂။ ကတမေ ဓမ္မာ ပီတိသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော, ကာမာဝစရကုသလဿ ဝိပါကတော ပဉ္စ, ကိရိယတော ပဉ္စ, ရူပါဝစရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ပီတိံ ဌပေတွာ – ဣမေ ဓမ္မာ ပီတိသဟဂတာ။
၁၄၀၂။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်သော (ပီတိနှင့်ယှဥ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ငါးပါး၊ ကိရိယာမှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကိရိယာမှ ရူပါဝစရဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄,ဒုတိယဈာန် ၄, ပေါင်း ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄, ဒုတိယဈာန်, ပေါင်း ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဤ (ငါးဆယ့်တစ်ပါးသော စိတ်) တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်သော (ပီတိနှင့်ယှဥ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (ပီတိသဟဂုတ်စိတ် ၅၁, ပီတိကြဥ်ယှဥ်ဖက် စေတသိက်)။ (၁၀၀၃) သုခသဟဂတတရား
၁၄၀၃။ ကတမေ ဓမ္မာ သုခသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော, ကာမာဝစရကုသလဿ ဝိပါကတော ဆ, ကိရိယတော ပဉ္စ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ သုခံ ဌပေတွာ – ဣမေ ဓမ္မာ သုခသဟဂတာ။
၁၄၀၃။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခဝေဒနာနှင့် ယှဥ်သော) ‘သုခသဟဂတ’ တရားဖြစ်ကုန်သနည်း။ ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (သုခသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကိရိယာမှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ တိက စတုက္ကဈာန် (စတုက္က နည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ,စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ,တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှ လောကုတ္တရာတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ ဈာန်၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန်)၊ ဝိပါက်မှလောကုတ္တရာတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာပဌမ, ဒုတိယ, တတိယဈာန်၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုက္ကဈာန်)၊ ဤ (ခြောက်ဆယ့်သုံးပါးသော စိတ်) တို့၌ ဖြစ်သော ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည်ရှိကုန်၏)။ ဤ တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခဝေဒနာနှင့် ယှဥ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏။ (၁၀၀၄) ဥပေက္ခာသဟဂတတရား
၁၄၀၄။ ကတမေ ဓမ္မာ ဥပေက္ခာသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော ဆ,ကာမာဝစရ- ကုသလဿ ဝိပါကတော ဒသ, အကုသလဿ ဝိပါကတော ဆ, ကိရိယတော ဆ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ဥပေက္ခံ ဌပေတွာ – ဣမေ ဓမ္မာ ဥပေက္ခာသဟဂတာ။ ပီတိ န ပီတိသဟဂတာ, သုခသဟဂတာ, န ဥပေက္ခာသဟဂတာ။ သုခံ န သုခသဟဂတံ, သိယာ ပီတိသဟဂတံ, န ဥပေက္ခာသဟဂတံ, သိယာ န ဝတ္တဗ္ဗံ ပီတိသဟဂတန္တိ။ ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဒုက္ခသဟဂတကာယဝိညာဏံ, ယာ စ ဝေဒနာ ဥပေက္ခာ, ရူပဉ္စ နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဝတ္တဗ္ဗာ ပီတိသဟဂတာတိပိ, သုခသဟဂတာတိပိ, ဥပေက္ခာသဟဂတာတိပိ။
၁၄၀၄။ (၃) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ် ကုန်သနည်း။ ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကာမာဝစရကုသိုလ်၏ အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ဆယ်ပါး၊ အကုသိုလ်၏အကျိုး ‘ဝိပါက်’ မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကိရိယာမှ (ဥပေက္ခာ သဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကုသိုလ်မှ အရူပဈာန်လေးပါး၊ ဝိပါက်မှ အရူပဈာန် လေးပါး၊ ကိရိယာမှ အရူပဈာန် လေးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် (၄)၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် (၄)၊ ဤ (ငါးဆယ့်ငါးပါးသော စိတ်) တို့၌ ဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်လေးဆယ့်ခြောက်ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရားဖြစ်ကုန်၏ (ဥပေက္ခာသဟဂုတ် စိတ်, ဥပေက္ခာဝေဒနာ ကြဥ်သော ယှဥ်ဖက် စေတသိက်)။ နှစ်သက်မှု ‘ပီတိ’ သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်၊ ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်၏၊ လျစ် လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်။ ချမ်းသာမှု ‘သုခ’ သည် ချမ်းသာမှု ‘သုခ’ နှင့် တကွ မဖြစ်၊ ရံခါ နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်၏၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွ မဖြစ်၊ ရံခါ နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်၏ဟု မဆိုအပ် မဆိုထိုက်။ တိက်မုတ် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်၊ ဥပေက္ခာဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့ကို နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်ကုန်၏ဟူ၍လည်း ကောင်း၊ ချမ်းသာမှု ‘သုခ’ နှင့် တကွ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ (၁၀၀၅)
၁၄၀၅။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ။
၈ - ဒဿနတိက့်ဒဿနေန ပဟာတဗ္ဗတရား ၁၄၀၅။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာမြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်- သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏ (သောတာပတ္တိမဂ်သည်အကြွင်းမရှိ ပယ်အပ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်, ဝိစိကိစ္ဆာ သဟဂုတ်စိတ်, ယှဥ်ဖက်စေတသိက်)။ ဘာဝနာယ ပဟာတဗ္ဗတရား
၁၄၀၆။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ? ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တာ လောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဒဿနေန ပဟာတဗ္ဗာ သိယာ ဘာဝနာယ ပဟာတဗ္ဗာ။
၁၄၀၆။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စ သဟဂုတ်စိတ္တုပ္ပါဒ်-သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့လားစေတတ်သည့် အစိတ်အပိုင်း ဖြစ်သော တရားအချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရားတို့ ဖြစ်ကုန်၏၊ အချို့ကား (ကြွင်းကျန်သည့် အစိတ်အပိုင်း အချို့တရားတို့သည်) အထက်မဂ်သုံးပါးတို့ဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ‘ တရားတို့ဖြစ်ကုန်၏။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗတရား
၁၄၀၇။ ကတမေ ဓမ္မာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ? စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။
၁၄၀၇။ (၂) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း မပယ်အပ်, အထက်မဂ်သုံးပါးဖြင့် လည်း မပယ်အပ်သော ‘နေဝ ဒဿနေန န ဘာဝနာယပဟာတဗ္ဗ’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ,ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့်လည်း မပယ်အပ်၊ အထက် မဂ်သုံးပါးဖြင့်လည်း မပယ်အပ်သော ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်,ရုပ်, နိဗ္ဗာန်)။ ၉-ဒဿနဟေတုတိက် ဒဿနေန ပဟာတဗ္ဗဟေတုကတရား
၁၄၀၈။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဧတ္ထုပ္ပန္နံ မောဟံ ဌပေတွာ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။
၁၄၀၈။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဥ်သော) ‘ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်၊ ဤ (ဝိစိကိစ္ဆာသဟဂုတ်စိတ်) ၌ ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၂၂) ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဥ်သော) ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်, ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ ရှိသောမောဟမှတစ်ပါး အခြားသော ယှဥ်ဖက်စေတသိက်)။ ဘာဝနာယမဟာတဗ္ဗဟေတုကတရား
၁၄၀၉။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, ဧတ္ထုပ္ပန္နံ မောဟံ ဌပေတွာ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တာ လောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ, သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၄၀၉။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဥ်သော) ‘ဘာဝနာယပဟာတဗ္ဗဟေတုက’ တရားဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်၊ ဤ (ဥဒ္ဓစ္စသဟဂုတ်စိတ်) ၌ ရှိသောမောဟကို ချန်ထား၍ (ကြွင်းသော စေတသိက်-ပါးတို့ သည်ရှိကုန်၏)။ ဤတရားတို့သည်အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့ လားစေတတ်သည့် အစိတ်အပိုင်းဖြစ်သော တရားအချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏။ အချို့ကား (ကြွင်း ကျန်သည့် အစိတ်အပိုင်းတရားအချို့တို့သည်) အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဥ်သော) ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်,ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူဒွေ, ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ရှိသော မောဟမှတစ်ပါး အခြားသော ယှဥ်ဖက်စေတသိက်)။ နေဝ ဒဿနေန န ဘာဝနာယပဟာတဗ္ဗဟေတုကတရား
၁၄၁၀။ ကတမေ ဓမ္မာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော မောဟော, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၄၁၀။ (၃) အဘယ်တရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိ၊ အထက်မဂ်သုံးပါးဖြင့်လည်းပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဥ်သော) ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော တွေဝေမှု ‘ဝိစိကိစ္ဆာသဟဂုတ်မောဟ’ ၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော တွေဝေမှု ‘ဥဒ္ဓစ္စသဟဂုတ်မောဟ’။ (ကာမ,ရူပ, အရူပ, အပရိယာပန္န) ဘုံလေး ပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့်လည်း ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော, အထက်မဂ် သုံးပါးဖြင့်လည်း ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့် မယှဥ်သော) ‘နေဝ ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဥ်ဖက်စေတသိက်, ဝိစိကိစ္ဆာသဟဂုတ်မောဟ, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်, နိဗ္ဗာန်)။ ၁၀-အာစယဂါမိတိက် အာစယဂါမိတရား
၁၄၁၁။ ကတမေ ဓမ္မာ အာစယဂါမိနော? တီသု ဘူမီသု ကုသလံ, အကုသလံ – ဣမေ ဓမ္မာ အာစယဂါမိနော။
၁၄၁၁။ (၁) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး တို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် ပဋိသန္ဓေ စုတိသို့ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အာစယဂါမိ’ တရား ဖြစ်ကုန်၏။ အပစယဂါမိတရား
၁၄၁၂။ ကတမေ ဓမ္မာ အပစယဂါမိနော? စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ အပစယဂါမိနော။
၁၄၁၂။ (၂) အဘယ်တရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သောမဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော (ရောက်စေတတ်သော) ‘အပစယဂါမိ’ တရား ဖြစ်ကုန်၏ (မဂ်စိတ်, ယှဥ်ဖက်စေတသိက်)။ နေဝါစယဂါမိ နာပစယဂါမိတရား
၁၄၁၃။ ကတမေ ဓမ္မာ နေဝါစယဂါမိနာပစယဂါမိနော? စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နေဝါစယဂါမိနာပစယဂါမိနော။
၁၄၁၃။ (၃) အဘယ်တရားတို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်သော ‘နေဝါစယဂါမိ နာပစယဂါမိ’ တရား ဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည် ပဋိသန္ဓေ စုတိသို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်း (ရောက်စေတတ်သည်) လည်းမဟုတ်သော ‘နေဝါစယဂါမိ နာပစယဂါမိ’ တရား ဖြစ်ကုန်၏ (ဝိပါက်စိတ်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၁၁-သေက္ခတိက် သေက္ခတရား
၁၄၁၄။ ကတမေ ဓမ္မာ သေက္ခာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, ဟေဋ္ဌိမာနိ စ တီဏိ သာမညဖလာနိ – ဣမေ ဓမ္မာ သေက္ခာ။
၁၄၁၄။ (၁) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် အောက်၌ ဖြစ်သော ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (အောက်ဖိုလ်) သုံးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲသေက္ခ ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာဖြစ်သော ‘သေက္ခ’ တရား ဖြစ်ကုန်၏ (မဂ်စိတ်လေးခု, အောက်ဖိုလ်သုံးခု, ယှဥ်ဖက် စေတသိက်)။ အသေက္ခတရား
၁၄၁၅။ ကတမေ ဓမ္မာ အသေက္ခာ? ဥပရိဋ္ဌိမံ အရဟတ္တဖလံ – ဣမေ ဓမ္မာ အသေက္ခာ။
၁၄၁၅။ (၂) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ်ကုန် သနည်း။ (အောက်ဖိုလ်သုံးပါးတို့၏) အထက်၌ တည်သော အရဟတ္တဖိုလ်သည် (ရှိ၏)။ ဤတရား တို့သည် (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီး အသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ‘အသေက္ခ’ တရား ဖြစ်ကုန်၏ (အရဟတ္တဖိုလ်စိတ်, ယှဥ်ဖက် စေတသိက်)။ နေဝသေက္ခ နာသေက္ခတရား
၁၄၁၆။ ကတမေ ဓမ္မာ နေဝသေက္ခနာသေက္ခာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နေဝသေက္ခနာသေက္ခာ။
၁၄၁၆။ (၃) အဘယ်တရားတို့သည် (အရဟတ္တဖိုလ်သို့ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်းမဟုတ်။ (အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော ‘နေဝသေက္ခ နာသေက္ခ’ တရားဖြစ်ကုန်သနည်း။ (အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့၏ ဥစ္စာမဟုတ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ,ရူပ,အရူပ) ဘုံသုံးပါတို့၌ ဖြစ်သော ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ပြုကာမျှ ‘ကိရိယာ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (အရဟတ္တဖိုလ်သို့ ရောက်ရန်) ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ခုနစ်ယောက်တို့၏ ဥစ္စာလည်း မဟုတ်။ (အရဟတ္တဖိုလ်သို့ ရောက်ပြီး ဖြစ်သော) ကျင့်ပြီးအသေက္ခ (ရဟန္တာ) ပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော (အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့၏ဥစ္စာမဟုတ်သော) ‘နေဝသေက္ခ နာသေက္ခ’ တရား ဖြစ်ကုန်၏ (အကုသိုလ်, လောကီ ကုသိုလ်,လောကီဝိပါက်, ကြိယာစိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၁၂-ပရိတ္တတိက် ပရိတ္တတရား
၁၄၁၇။ ကတမေ ဓမ္မာ ပရိတ္တာ? ကာမာဝစရကုသလံ, အကုသလံ, သဗ္ဗော ကာမာဝစရဿ ဝိပါကော, ကာမာဝစရကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ပရိတ္တာ။
၁၄၁၇။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ အလုံးစုံသော ကာမာဝစရဝိပါက် (၂၃)၊ ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ပြုကာမျှဖြစ်သည့် ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကာမာဝစရကိရိယာဗျာကတ’ စိတ် (၁၁)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား ဖြစ်ကုန်၏ (ကာမစိတ်, စေတသိက်, ရုပ်)။ မဟဂ္ဂတရား
၁၄၁၈။ ကတမေ ဓမ္မာ မဟဂ္ဂတာ? ရူပါဝစရာ, အရူပါဝစရာ, ကုသလာဗျာကတာ – ဣမေ ဓမ္မာ မဟဂ္ဂတာ။
၁၄၁၈။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရား ဖြစ်ကုန်သနည်း။ ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ ကုသိုလ် (၅)၊ အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ ကုသိုလ် (၄)၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (မဟဂ္ဂုတ်ဝိပါက်) အဗျာကတ (၉)။ (မဟဂ္ဂုတ်ကြိယာ) အဗျာကတ (၉) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက် သော ‘မဟဂ္ဂတ’ တရားဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ်, ယှဥ်ဖက် စေတသိက်)။ အပ္ပမာဏတရား
၁၄၁၉။ ကတမေ ဓမ္မာ အပ္ပမာဏာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အပ္ပမာဏာ။
၁၄၁၉။ (၃) အဘယ်တရားတို့သည် (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန် သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၁၃-ပရိတ္တာရမ္မဏတိက် ပရိတ္တာရမ္မဏတရား
၁၄၂၀။ ကတမေ ဓမ္မာ ပရိတ္တာရမ္မဏာ? သဗ္ဗော ကာမာဝစရဿ ဝိပါကော, ကိရိယာမနောဓာတု, ကိရိယာဟေတုကမနောဝိညာဏဓာတု သောမနဿသဟဂတာ – ဣမေ ဓမ္မာ ပရိတ္တာရမ္မဏာ။
၁၄၂၀။ (၁) အဘယ်တရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ အလုံးစုံသောကာမာဝစရဝိပါက် (၂၃)၊ ကိရိယာမနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း (၁)၊ သောမနဿသဟဂုတ် (အဟိတ်) ကြိယာ မနောဝိညာဏဓာတ် (ဟသိတုပ္ပါဒ်) သည် (ရှိ၏)။ ဤ (၂၅) ပါး သော) တရားတို့သည်နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရားဖြစ်ကုန်၏ (ကာမတရားကို ဧကန်အာရုံပြုသော ကာမဝိပါက်, ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်စိတ်, ယှဥ်ဖက်စေတသိက်)။ မဟဂ္ဂတာရမ္မဏတရား
၁၄၂၁။ ကတမေ ဓမ္မာ မဟဂ္ဂတာရမ္မဏာ? ဝိညာဏဉ္စာယတနံ, နေဝသညာနာသညာယတနံ – ဣမေ ဓမ္မာ မဟဂ္ဂတာရမ္မဏာ။
၁၄၂၁။ (၂) အဘယ်တရားတို့သည် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ ဝိညာဏဉ္စာယတနဈာန်စိတ် (၃)၊ နေဝသညာ နာသညာယတနဈာန်စိတ် (၃) သည် (ရှိ၏)။ ဤတရား (ခြောက်ပါး) တို့သည် ကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင်အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဝိညာဏဉ္စာယတနစိတ်, နေဝသညာနာသညာယတနစိတ်, ယှဥ်ဖက် စေတသိက်)။ အပ္ပမာဏာရမ္မဏတရား
၁၄၂၂။ ကတမေ ဓမ္မာ အပ္ပမာဏာရမ္မဏာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ – ဣမေ ဓမ္မာ အပ္ပမာဏာရမ္မဏာ။ ကာမာဝစရကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ, ကိရိယတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ, သဗ္ဗံ အကုသလံ – ဣမေ ဓမ္မာ သိယာ ပရိတ္တာရမ္မဏာ, သိယာ မဟဂ္ဂတာရမ္မဏာ, န အပ္ပမာဏာရမ္မဏာ, သိယာ န ဝတ္တဗ္ဗာ ပရိတ္တာရမ္မဏာတိပိ, မဟဂ္ဂတာရမ္မဏာတိပိ။ ကာမာဝစရကုသလတော စတ္တာရော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒါ, ကိရိယတော စတ္တာရော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒါ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ကိရိယတော စ, ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ – ဣမေ ဓမ္မာ သိယာ ပရိတ္တာရမ္မဏာ, သိယာ မဟဂ္ဂတာရမ္မဏာ, သိယာ အပ္ပမာဏာရမ္မဏာ, သိယာ န ဝတ္တဗ္ဗာ ပရိတ္တာရမ္မဏာတိပိ, မဟဂ္ဂတာရမ္မဏာတိပိ, အပ္ပမာဏာရမ္မဏာတိပိ။ ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတုတ္ထဿ ဈာနဿ ဝိပါကော, အာကာသာနဉ္စာယတနံ, အာကိဉ္စညာယတနံ – ဣမေ ဓမ္မာ န ဝတ္တဗ္ဗာ ပရိတ္တာရမ္မဏာတိပိ, မဟဂ္ဂတာရမ္မဏာတိပိ, အပ္ပမာဏာရမ္မဏာတိပိ။ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။
၁၄၂၂။ (၃) အဘယ်တရားတို့သည် (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ (လောကုတ္တရာ) တရားလျှင်အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရား (ရှစ်ပါး) တို့သည် (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂ စသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင်အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်)။ ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ကြိယာမှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ အလုံးစုံသော အကုသိုလ် (တစ်ဆယ့်နှစ်ပါး) သည် (ရှိ၏)။ ဤ (နှစ်ဆယ်သော) တရားတို့သည် ရံခါနည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရားဖြစ်ကုန်၏၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံ ရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏။ (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရားတို့ကား မဟုတ်ကုန် (ဟု ဆိုအပ်ဆိုထိုက်၏)။ ရံခါ နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရားဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ကာမာဝစရကုသိုလ်မှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ကိရိယာမှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ ထို့ပြင် ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ထို့ပြင် ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဥပေက္ခာသဟဂုတ်ကြိယာ အဟိတ် မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်း) သည် (ရှိ၏)။ ဤ (တစ်ဆယ့်တစ်ပါးသော) တရားတို့သည် ရံခါ နည်းပါးသောအာနုဘော်ရှိသော ‘ပရိတ္တ’ တရားလျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ့်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဟု ဆိုအပ် ဆိုထိုက်ကုန်၏)။ ရံခါ နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင်အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ ကြီးကျယ်မြင့်မြတ် သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ရံခါ (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့်) ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့်) ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ,ဒုတိယ, တတိယ, စတုတ္ထဈာန် (၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ အာကိဉ္စာညာယတနဈာန် (၃) သည် ရှိ၏။ ဤတရားတို့သည် နည်းပါးသော အာနုဘော်ရှိသော ‘ပရိတ္တ’ တရား (ကာမတရား) လျှင် အာရုံရှိသော ‘ပရိတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း, ကြီးကျယ်မြင့်မြတ်သည်၏အဖြစ်သို့ရောက်သော ‘မဟဂ္ဂတ’ တရားလျှင် အာရုံရှိသော ‘မဟဂ္ဂတာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း။ (နှိုင်းယှဥ်မှုကို ပြုတတ်သော ရာဂစသည်တို့၏ဆန့်ကျင်ဘက်ဖြစ်သည်) မနှိုင်းယှဥ်အပ်သော ‘အပ္ပမာဏ’ တရား (လောကုတ္တရာတရား) လျှင် အာရုံရှိသော ‘အပ္ပမာဏာရမ္မဏ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏။ ၁၄-ဟီနတိက် ဟီနတရား
၁၄၂၃။ ကတမေ ဓမ္မာ ဟီနာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ ဟီနာ။
၁၄၂၃။ (၁) အဘယ်တရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရား ဖြစ်ကုန်သနည်း။ အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ယုတ်ညံ့သော ‘ဟီန’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ မဇ္ဈိမတရား
၁၄၂၄။ ကတမေ ဓမ္မာ မဇ္ဈိမာ? တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ မဇ္ဈိမာ။
၁၄၂၄။ (၂) အဘယ်တရားတို့သည် အလယ်အလတ်ဖြစ်သော ‘မဇ္ဈိမ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် အလယ်အလတ် ဖြစ်သော ‘မဇ္ဈိမ’ တရားဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကြိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်)။ ပဏီတတရား
၁၄၂၅။ ကတမေ ဓမ္မာ ပဏီတာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ပဏီတာ။
၁၄၂၅။ (၃) အဘယ်တရားတို့သည် မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့ သည် မွန်မြတ်သော ‘ပဏီတ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၁၅-မိစ္ဆတ္တတိက် မိစ္ဆတ္တနိယတ တရား
၁၄၂၆။ ကတမေ ဓမ္မာ မိစ္ဆတ္တနိယတာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ မိစ္ဆတ္တနိယတာ, သိယာ အနိယတာ။
၁၄၂၆။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်သောသဘောရှိကုန်၍ (စုတိ၏အခြားမဲ့၌) အကျိုးပေးမြဲသော ‘မိစ္ဆတ္တနိယတ’ တရား ဖြစ်ကုန် သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ့်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရား (ခြောက်ပါး) တို့သည် ရံခါ ဖောက်ပြန်သော သဘောရှိကုန်၍ စုတိ၏ အခြားမဲ့၌ အကျိုးပေးမြဲကုန်၏၊ ရံခါ မမြဲကုန်။ (ဒိဋ္ဌိဂတ သမ္ပယုတ်သတ္တမဇော, ဒေါသမူသတ္တမဇော, ယှဥ်ဖက်စေတသိက်)။ သမ္မတ္တနိယတတရား
၁၄၂၇။ ကတမေ ဓမ္မာ သမ္မတ္တနိယတာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ သမ္မတ္တနိယတာ။
၁၄၂၇။ (၂) အဘယ်တရားတို့သည် မဖောက်ပြန်သောသဘောရှိကုန်၍ (မိမိ၏အခြားမဲ့၌) အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ’ တရားဖြစ်ကုန်သ နည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤ တရားတို့သည်မဖောက်ပြန်သော သဘောရှိကုန်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘သမ္မတ္တနိယတ’ တရားဖြစ်ကုန်၏ (မဂ်စိတ်, ယှဥ်ဖက်စေတသိက်)။ အနိယတတရား
၁၄၂၈။ ကတမေ ဓမ္မာ အနိယတာ? စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, တီသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနိယတာ။
၁၄၂၈။ (၃) အဘယ်တရားတို့သည် (စုတိ၏ အခြားမဲ့၌ လည်းကောင်း၊ မိမိ၏ အခြားမဲ့၌ လည်းကောင်း) အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စ သဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (စုတိ၏အခြားမဲ့၌ လည်းကောင်း၊ မိမိ၏ အခြားမဲ့၌ လည်းကောင်း) အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် သတ္တမဇောနှင့် ဒေါသမူဒွေသတ္တမဇောကြဥ်သော အကုသိုလ်, လောကီကုသိုလ်,ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၁၆-မဂ္ဂါရမ္မဏတိက် မဂ္ဂါရမ္မဏ, မဂ္ဂဟေတုက,မဂ္ဂါဓိပတိတရား
၁၄၂၉။ ကတမေ ဓမ္မာ မဂ္ဂါရမ္မဏာ? ကာမာဝစရကုသလတော စတ္တာရော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒါ, ကိရိယတော စတ္တာရော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ မဂ္ဂါရမ္မဏာ, န မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော, သိယာ န ဝတ္တဗ္ဗာ မဂ္ဂါရမ္မဏာတိပိ, မဂ္ဂါဓိပတိနောတိပိ။ စတ္တာရော အရိယမဂ္ဂါ န မဂ္ဂါရမ္မဏာ, မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော, သိယာ န ဝတ္တဗ္ဗာ မဂ္ဂါဓိပတိနောတိ။ ရူပါဝစရစတုတ္ထံ ဈာနံ ကုသလတော စ ကိရိယတော စ, ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ – ဣမေ ဓမ္မာ သိယာ မဂ္ဂါရမ္မဏာ၊ န မဂ္ဂဟေတုကာ, န မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ မဂ္ဂါရမ္မဏာတိ။ ကာမာဝစရကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ, သဗ္ဗံ အကုသလံ, သဗ္ဗော ကာမာဝစရဿ ဝိပါကော, ကိရိယတော ဆ စိတ္တုပ္ပါဒါ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတုတ္ထဿ ဈာနဿ ဝိပါကော, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရိ စ သာမညဖလာနိ – ဣမေ ဓမ္မာ န ဝတ္တဗ္ဗာ မဂ္ဂါရမ္မဏာတိပိ, မဂ္ဂဟေတုကာတိပိ, မဂ္ဂါဓိပတိနောတိပိ။ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။
၁၄၂၉။ အဘယ်တရားတို့သည် မဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ ကာ မာဝစရကုသိုလ်မှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး။ (ကာမာဝစရ) ကိရိယာမှ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရံခါမဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား ဖြစ်ကုန်၏။ (ဤတရားတို့သည်) မဂ်တည်းဟူသောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရားများကား မဟုတ်ကုန်၊ ရံခါမဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏ (ဟု ဆိုအပ် ဆိုထိုက်၏)၊ ရံခါ မဂ်တည်းဟူသော အာရုံရှိကုန်၏ဟူ၍ လည်းကောင်း၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆို ထိုက်ကုန်။ အရိယာမဂ်လေးပါးတို့သည် မဂ်တည်းဟူသော အာရုံရှိသော ‘မဂ္ဂါရမ္မဏ’ တရား မဟုတ်ကုန်၊ မဂ်တည်းဟူသော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘မဂ္ဂဟေတုက’ တရား ဖြစ်ကုန်၏၊ ဤတရားတို့သည် ရံခါ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရား ဖြစ်ကုန်၏ (ဟုဆိုအပ် ဆိုထိုက်၏)။ ရံခါ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော ‘မဂ္ဂါဓိပတိ’ တရားဟူ၍မဆိုအပ် မဆိုထိုက်ကုန်။ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ဥပေက္ခာသဟဂုတ် ကြိယာ အဟိတ်မနောဝိညာဏဓာတ် (မနောဒွါရာဝဇ္ဇန်း) သည် (ရှိ၏)။ ဤတရား (သုံးပါး) တို့သည် ရံခါ မဂ်လျှင် အာရုံရှိသော တရားဖြစ်ကုန်၏၊ မဂ်တည်းဟူ သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော တရားများကား မဟုတ်ကုန်၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ ရှိသော တရားမဟုတ်ကုန် (ဟု ဆိုအပ် ဆိုထိုက်၏)။ (ဤတရားတို့ကို) ရံခါ မဂ်လျှင်အာရုံရှိသော တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန် (ဤတရားတို့သည် ရံခါ မဂ်ကို အာရုံပြု၍ ရံခါ မဂ်ကို အာရုံမပြုကုန်)။ ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ အလုံးစုံသော အကုသိုလ် (၁၂)၊ အလုံးစုံသော ကာမာဝစရဝိပါက် (၂၃)။ (ကာမာဝစရ) ကိရိယာမှ (ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်, ဉာဏဝိပ္ပယုတ်) စိတ္တုပ္ပါဒ်ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန်ဝိပါက် (၁)၊ ကုသိုလ်မှ အရူပ (ဈာန်) လေးပါး၊ ဝိပါက်မှ အရူပ (ဈာန်) လေးပါး၊ ကိရိယာမှ အရူပ (ဈာန်) လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့ကို မဂ်တည်းဟူသော အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်တည်းဟူသော အကြောင်းရင်း (ဟိတ်) ရှိကုန်၏ဟူ၍လည်းကောင်း၊ မဂ်တည်းဟူသော အကြီးအမှူး ‘အဓိပတိ’ရှိကုန်၏ဟူ ၍လည်းကောင်းမဆိုအပ် မဆိုထိုက်ကုန်။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏။ ၁၇-ဥပ္ပန္နတိက် ဥပ္ပန္နတရား
၁၄၃၀။ ကတမေ ဓမ္မာ ဥပ္ပန္နာ? စတူသု ဘူမီသု ဝိပါကော, ယဉ္စ ရူပံ ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ သိယာ ဥပ္ပန္နာ, သိယာ ဥပ္ပါဒိနော၊ န ဝတ္တဗ္ဗာ အနုပ္ပန္နာတိ။ စတူသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ န ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ သိယာ ဥပ္ပန္နာ, သိယာ အနုပ္ပန္နာ, န ဝတ္တဗ္ဗာ ဥပ္ပါဒိနောတိ။ နိဗ္ဗာနံ န ဝတ္တဗ္ဗံ ဥပ္ပန္နန္တိပိ, အနုပ္ပန္နန္တိပိ, ဥပ္ပါဒိနောတိပိ။
၁၄၃၀။ အဘယ်တရားတို့သည် ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ (ဖြစ်ဆဲ) ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ရံခါဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သော ခဏသုံးပါးသို့ ရောက်ဆဲ ဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်၏။ ရံခါမချွတ်ဧကန် ဖြစ်လတံ့သော ‘ဥပ္ပါဒိ’ တရား ဖြစ်ကုန်၏။ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ရောက်ပြီးလည်းမဟုတ်၊ ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန်။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ စိတ် (၂၀)၊ ထို့ပြင် ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော အကြင် (တိဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ရံခါ ဥပါဒ်, ဌီ, ဘင်ဟု ဆိုအပ်သောခဏသုံးပါသို့ ရောက်ဆဲဖြစ်သော ‘ဥပ္ပန္န’ တရား ဖြစ်ကုန်၏၊ ရံခါ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်းမဟုတ်၊ ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရား ဖြစ်ကုန်၏။ မချွတ်ဧကန် ဖြစ်လတံ့သော ‘ဥပ္ပါဒိ’ တရားဟူ၍ မဆိုအပ် မဆိုထိုက်ကုန်။ တိက်မုတ် နိဗ္ဗာန်ကို ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါသို့ ရောက်ဆဲဖြစ်သော ‘ဥပ္ပန္န’ တရားဖြစ်၏ဟူ၍လည်းကောင်း၊ ဥပါဒ်, ဌီ, ဘင်ဟုဆိုအပ်သော ခဏသုံးပါးသို့ ရောက်ပြီးလည်း မဟုတ်,ရောက်ဆဲလည်း မဟုတ်သော ‘အနုပ္ပန္န’ တရားဖြစ်၏ဟူ၍လည်းကောင်း၊ မချွတ်ဧကန် ဖြစ်လတံ့ သော ‘ဥပ္ပါဒိ’ တရားဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။ ၁၈-အတီတတိက် အတိတ်, အနာဂတ်, ပစ္စုပ္ပန်တရား
၁၄၃၁။ နိဗ္ဗာနံ ဌပေတွာ သဗ္ဗေ ဓမ္မာ သိယာ အတီတာ, သိယာ အနာဂတာ, သိယာ ပစ္စုပ္ပန္နာ။ နိဗ္ဗာနံ န ဝတ္တဗ္ဗံ အတီတန္တိပိ, အနာဂတန္တိပိ, ပစ္စုပ္ပန္နန္တိပိ။
၁၄၃၁။ နိဗ္ဗာန်ကို ချန်ထား၍အလုံးစုံသော တရားတို့သည် ရံခါအတိတ်မည်ကုန်၏၊ ရံခါ အနာဂတ်မည်ကုန်၏၊ ရံခါ ပစ္စုပ္ပန်မည်ကုန်၏။ တိက်မုတ် နိဗ္ဗာန်ကို အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်ဟူ၍လည်းကောင်းမဆိုအပ် မဆိုထိုက်။ ၁၉-အတီတာရမ္မဏတိက် အတီတာရမ္မဏတရား
၁၄၃၂။ ကတမေ ဓမ္မာ အတီတာရမ္မဏာ? ဝိညာဏဉ္စာယတနံ, နေဝသညာနာသညာယတနံ – ဣမေ ဓမ္မာ အတီတာရမ္မဏာ။
၁၄၃၂။ (၁) အဘယ်တရားတို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အတိတ်တရားကို အာရုံပြုသော ‘အတီတာရမ္မဏ’ တရားများကားအဘယ်နည်း)။ ဝိညာဏဉ္စာယတနဈာန် (၃)၊ နေဝသညာ နာသညာယတန ဈာန် (၃) သည် (ရှိ၏)။ ဤတရား (ခြောက်ပါး) တို့သည် အတိတ်တရားလျှင် အာရုံရှိသော ‘အတီတာရမ္မဏ’ တရား ဖြစ်ကုန်၏ (ဝိညာဏဉ္စာယတန, နေဝသညာနာသညာယတနစိတ်, ယှဥ်ဖက် စေတသိက်)။ အနာဂတာရမ္မဏတရား
၁၄၃၃။ နိယောဂါ အနာဂတာရမ္မဏာ နတ္ထိ။
၁၄၃၃။ (၂) အမြဲတန်း အနာဂတ်တရားလျှင် အာရုံရှိသော ‘အနာဂတာရမ္မဏ’ (စိတ်, စေတသိက်) တရားများ မရှိကြ။ ပစ္စုပ္ပန္နာရမ္မဏတရား
၁၄၃၄။ ကတမေ ဓမ္မာ ပစ္စုပ္ပန္နာရမ္မဏာ? ဒွေပဉ္စဝိညာဏာနိ, တိဿော စ မနောဓာတုယော – ဣမေ ဓမ္မာ ပစ္စုပ္ပန္နာရမ္မဏာ။ ကာမာဝစရကုသလဿ ဝိပါကတော ဒသ စိတ္တုပ္ပါဒါ, အကုသလဿ ဝိပါကတော မနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ, ကိရိယာဟေတုကမနောဝိညာဏဓာတု သောမနဿသဟဂတာ – ဣမေ ဓမ္မာ သိယာ အတီတာရမ္မဏာ, သိယာ အနာဂတာရမ္မဏာ, သိယာ ပစ္စုပ္ပန္နာရမ္မဏာ။ ကာမာဝစရကုသလံ, အကုသလံ, ကိရိယတော နဝ စိတ္တုပ္ပါဒါ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ကိရိယတော စ – ဣမေ ဓမ္မာ သိယာ အတီတာရမ္မဏာ, သိယာ အနာဂတာရမ္မဏာ, သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ အတီတာရမ္မဏာတိပိ, အနာဂတာရမ္မဏာတိပိ, ပစ္စုပ္ပန္နာရမ္မဏာတိပိ။ ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတုတ္ထဿ ဈာနဿ ဝိပါကော, အာကာသာနဉ္စာယတနံ, အာကိဉ္စညာယတနံ, စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ – ဣမေ ဓမ္မာ န ဝတ္တဗ္ဗာ အတီတာရမ္မဏာတိပိ, အနာဂတာရမ္မဏာတိပိ, ပစ္စုပ္ပန္နာရမ္မဏာတိပိ။ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။
၁၄၃၄။ (၃) အဘယ်တရားတို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ (ပစ္စုပ္ပန်တရားကို အာရုံပြု၍ ‘ပစ္စုပ္ပန္နာရမ္မဏ’ တရားများကားအဘယ်နည်း)။ ဒွေပဉ္စဝိညာဏ် (၁၀)၊ မနောဓာတ်သုံးပါးတို့သည် (ရှိ ကုန်၏)။ ဤတရား (တစ်ဆယ့်သုံးပါး) တို့သည် ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ‘ပစ္စုပ္ပန္နာရမ္မဏ’ တရား ဖြစ်ကုန်၏။ ကာမာဝစရကုသိုလ်၏ ဝိပါက်မှ စိတ္တုပ္ပါဒ်ဆယ်ပါး၊ အကုသလဝိပါက်မှ ဥပေက္ခာသဟဂုတ်မနောဝိညာဏဓာတ် (သန္တီရဏ) (၁)၊ သောမနဿသဟဂုတ် ကိရိယာ အဟိတ်မနောဝိညာဏဓာတ် (ဟသိတုပ္ပါဒ်) (၁) သည် (ရှိ၏)။ ဤတရား (တစ်ဆယ့်နှစ်ပါး) တို့သည် ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ အနာဂတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏။ ကာမာဝစရကုသိုလ် (၈)၊ အကုသိုလ် (၁၂)။ (ကာမ) ကိရိယာမှ စိတ္တုပ္ပါဒ်ကိုးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁) သည် (ရှိ၏)။ ဤတရား (သုံးဆယ့်တစ်ပါး) တို့သည် ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါအနာဂတ်တရားလျှင် အာရုံရှိကုန်၏၊ ရံခါ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟုဆိုအပ် ဆိုထိုက်ကုန်။ ရံခါ အတိတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ အနာဂတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန် (ဤတရားသုံးဆယ့်တစ်ပါးတို့သည် ရံခါ အတိတ်, အနာဂတ်, ပစ္စုပ္ပန် အာရုံရှိကုန်၍ ရံခါ အတိတ်, အနာဂတ်, ပစ္စုပ္ပန်အာရုံ မရှိကြကုန်)။ ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ အာကိဉ္စညာယတနဈာန် (၃)၊ ဘုံသုံးပါး၌ အကျုံး မဝင်ကုန်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့ကို အတိတ်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ အနာဂတ်တရားလျှင်အာရုံရှိကုန်၏ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်တရားလျှင် အာရုံရှိကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန် (ဤတရားတို့သည် ပညတ်နှင့် နိဗ္ဗာန်ကို အာရုံပြု ကြ၏)။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ် ကုန်၏။ ၂၀-အဇ္ဈတ္တတိက် အဇ္ဈတ္တ, ဗဟိဒ္ဓ, အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ ဖြစ်သော တရား
၁၄၃၅။ အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဌပေတွာ, သဗ္ဗေ ဓမ္မာ သိယာ အဇ္ဈတ္တာ, သိယာ ဗဟိဒ္ဓါ, သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဗဟိဒ္ဓါ။
၁၄၃၅။ ဣန္ဒြေနှင့်မစပ်သော ‘အနိန္ဒြိယဗဒ္ဓ’ရုပ် (ဣန္ဒြိယဗဒ္ဓရုပ်ရှစ်ပါးမှ တစ်ပါး သော ရုပ်) ကိုလည်းကောင်း၊ နိဗ္ဗာန်ကိုလည်းကောင်း ချန်ထား၍အလုံးစုံသော [စိတ်, စေတသိက်, ဣန္ဒြေနှင့်စပ်သော ‘ဣန္ဒြိယဗဒ္ဓ’ရုပ် (ပသာဒရုပ်ငါးခု ဘာဝရုပ်နှစ်ခုဇီဝိတရုပ်) ] တရားတို့သည် ရံခါ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တ’ တရား ဖြစ်ကုန်၏၊ ရံခါဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏၊ ရံခါ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏။ ဣန္ဒြေနှင့် မစပ်သော ‘အနိန္ဒြိယဗဒ္ဓ’ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ‘ဗဟိဒ္ဓ’ တရား ဖြစ်ကုန်၏။ ၂၁-အဇ္ဈတ္တာရမ္မဏတိက် အဇ္ဈတ္တာရမ္မဏတရား
၁၄၃၆။ ကတမေ ဓမ္မာ အဇ္ဈတ္တာရမ္မဏာ? ဝိညာဏဉ္စာယတနံ, နေဝသညာနာသညာယတနံ – ဣမေ ဓမ္မာ အဇ္ဈတ္တာရမ္မဏာ။
၁၄၃၆။ (၁) အဘယ်တရားတို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်သနည်း (အဇ္ဈတ္တတရားကို အာရုံပြုသော တရားများကား အဘယ်နည်း)။ ဝိညာဏဉ္စာယတနဈာန် (၃)၊ နေဝသညာ နာသညာယတနဈာန် (၃) သည် (ရှိ၏)။ ဤတရား (ခြောက်ပါး) တို့သည် အဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏ (အဇ္ဈတ္တာရမ္မဏဧကန် ဖြစ်သော ဝိညာဏဉ္စာယတန, နေဝသညာ နာသညာယတနစိတ်, ယှဥ်ဖက်စေတသိက်)။ ဗဟိဒ္ဓါရမ္မဏတရား
၁၄၃၇။ ကတမေ ဓမ္မာ ဗဟိဒ္ဓါရမ္မဏာ? ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတုတ္ထဿ ဈာနဿ ဝိပါကော, အာကာသာနဉ္စာယတနံ, စတ္တာရော မဂ္ဂါ အပရိယာပန္နာ စတ္တာရိ စ သာမညဖလာနိ – ဣမေ ဓမ္မာ ဗဟိဒ္ဓါရမ္မဏာ။ ရူပံ ဌပေတွာ, သဗ္ဗေဝ ကာမာဝစရာ ကုသလာကုသလာဗျာကတာ ဓမ္မာ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ကိရိယတော စ – ဣမေ ဓမ္မာ သိယာ အဇ္ဈတ္တာရမ္မဏာ, သိယာ ဗဟိဒ္ဓါရမ္မဏာ, သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။ အာကိဉ္စညာယတနံ န ဝတ္တဗ္ဗံ အဇ္ဈတ္တာရမ္မဏန္တိပိ, ဗဟိဒ္ဓါရမ္မဏန္တိပိ, အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏန္တိပိ။ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။
၁၄၃၇။ (၂) အဘယ်တရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရားဖြစ် ကုန်သနည်း (ဗဟိဒ္ဓတရားကို အာရုံပြုသော တရားများ ကား အဘယ်နည်း)။ ကုသိုလ်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)။ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ဝိပါက် (၁)၊ အာကာသာနဉ္စာယတနဈာန် (၃)၊ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (အဘိညာဥ်ဒွေမှ တစ်ပါးသော ဗဟိဒ္ဓါရမ္မဏဧကန်ဖြစ်သော ရူပစိတ်, အာကာသာနဉ္စာယတနစိတ်, မဂ်စိတ်, ဖိုလ်စိတ်, ယှဥ်ဖက် စေတသိက်)။ ရုပ်ကို ချန်ထား၍ အလုံးစုံသာလျှင် ဖြစ်ကုန်သော ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်ကုန်သော (မဟာ) ကုသိုလ် (၈)၊ အကုသိုလ် (၁၂)၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော (ကာမဝိပါက်ကိရိယာ) ‘အဗျာကတ’ တရား (၃၄)၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁)၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် (၁) သည် (ရှိ၏)။ ဤတရားတို့သည် ရံခါအဇ္ဈတ္တတရားလျှင် အာရုံရှိသော ‘အဇ္ဈတ္တာရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ ဗဟိဒ္ဓတရားလျှင် အာရုံရှိသော ‘ဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏၊ ရံခါ အဇ္ဈတ္တ,ဗဟိဒ္ဓတရားလျှင် အာရုံရှိကုန်သော ‘အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ’ တရား ဖြစ်ကုန်၏ (အနေကန် အာရုံပြုသောတရား)။ တိက်မုတ် အာကိဉ္စညာယတနဈာန် (၃) ကို အဇ္ဈတ္တတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း၊ ဗဟိဒ္ဓတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း၊ အဇ္ဈတ္တ, ဗဟိဒ္ဓတရားလျှင် အာရုံရှိ၏ဟူ၍လည်းကောင်း မဆိုအပ်မဆိုထိုက်။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း အာရုံမပြုတတ်သော ‘အနာရမ္မဏ’ တရား ဖြစ်ကုန် ၏။ ၂၂-သနိဒဿနတိက် သနိဒဿန သပ္ပဋိဃတရား
၁၄၃၈။ ကတမေ ဓမ္မာ သနိဒဿနသပ္ပဋိဃာ? ရူပါယတနံ – ဣမေ ဓမ္မာ သနိဒဿနသပ္ပဋိဃာ။
၁၄၃၈။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန် သနည်း (မြင်အပ်၍ ထိပါးတတ်သောတရားများကား အဘယ်နည်း)။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ် ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤ (ရူပါယတန) တရားတို့သည် မြင်ခြင်းနှင့်လည်း တကွ ထိပါးခြင်းနှင့်လည်း တကွဖြစ်သော ‘သနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ရူပါရုံ)။ အနိဒဿန သပ္ပဋိဃတရား
၁၄၃၉။ ကတမေ ဓမ္မာ အနိဒဿနသပ္ပဋိဃာ? စက္ခာယတနံ…ပေ… ဖောဋ္ဌဗ္ဗာယတနံ – ဣမေ ဓမ္မာ အနိဒဿနသပ္ပဋိဃာ။
၁၄၃၉။ (၂) အဘယ်တရားတို့သည် မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာတကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မမြင်အပ်မူ၍ ထိပါးတတ်သောတရားများကား အဘယ်နည်း)။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ‘ကာယဝိညာဏ်’ ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည်မြင်ခြင်းကား မရှိ၊ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ‘အနိဒဿန သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (ရူပါရုံမှတစ်ပါးသော ဩဠာရိကရုပ်)။ အနိဒဿန အပ္ပဋိဃတရား
၁၄၄၀။ ကတမေ ဓမ္မာ အနိဒဿနအပ္ပဋိဃာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ အနိဒဿနံ အပ္ပဋိဃံ ဓမ္မာယတနပရိယာပန္နံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနိဒဿနအပ္ပဋိဃာ။
တိကံ။
၁၄၄၀။ (၃) အဘယ်တရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော ‘အနိဒဿန အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း (မြင် လည်း မမြင်အပ်, ထိပါးလည်းမထိပါးတတ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ဓမ္မာယတန၌ အကျုံးဝင်သော မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်းမရှိသော အကြင် (သုခုမ) ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းလည်း မရှိ၊ ထိပါးခြင်းလည်း မရှိသော ‘အနိဒဿနအပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။ သုံးစုပြု၍ဟောအပ်သော ‘တိက်’ ပြီးပြီ။ ၂-နှစ်စုပြု၍ ဟောအပ်သော တရားတို့၏အရကောက်ကို ထုတ်ပြခြင်း ‘ဒုကအတ္ထုဒ္ဓါရ’ (၁) ဟေတုဂေါစ္ဆက ၁-ဟေတုဒုက် ဟေတုတရား
ဒုကအတ္ထုဒ္ဓါရော
ဟေတုဂေါစ္ဆကံ
၁၄၄၁။ ကတမေ ဓမ္မာ ဟေတူ? တယော ကုသလဟေတူ, တယော အကုသလဟေတူ, တယော အဗျာကတဟေတူ။ အလောဘော ကုသလဟေတု, အဒေါသော ကုသလဟေတု, စတူသု ဘူမီသု ကုသလေသု ဥပ္ပဇ္ဇန္တိ။ အမောဟော ကုသလဟေတု, ကာမာဝစရကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တေ စိတ္တုပ္ပါဒေ ဌပေတွာ, စတူသု ဘူမီသု ကုသလေသု ဥပ္ပဇ္ဇတိ။
လောဘော အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဒေါသော ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ မောဟော သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ။
အလောဘော ဝိပါကဟေတု အဒေါသော ဝိပါကဟေတု, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ, စတူသု ဘူမီသု ဝိပါကေသု ဥပ္ပဇ္ဇန္တိ။ အမောဟော ဝိပါကဟေတု, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ, စတ္တာရော ဉာဏဝိပ္ပယုတ္တေ စိတ္တုပ္ပါဒေ ဌပေတွာ, စတူသု ဘူမီသု ဝိပါကေသု ဥပ္ပဇ္ဇတိ။
အလောဘော ကိရိယဟေတု အဒေါသော ကိရိယဟေတု, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ, တီသု ဘူမီသု ကိရိယေသု ဥပ္ပဇ္ဇန္တိ။ အမောဟော ကိရိယဟေတု, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ, စတ္တာရော ဉာဏဝိပ္ပယုတ္တေ စိတ္တုပ္ပါဒေ ဌပေတွာ, တီသု ဘူမီသု ကိရိယေသု ဥပ္ပဇ္ဇတိ – ဣမေ ဓမ္မာ ဟေတူ။
၁၄၄၁။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မည်သော ‘ဟေတု’ တရား ဖြစ်ကုန်သနည်း။ ကုသိုလ်အကြောင်းရင်း အခြေအမြစ် (ကုသိုလ်ဟိတ်) သုံးပါး၊ အကုသိုလ်အကြောင်းရင်း အခြေအမြစ် (အကုသိုလ်ဟိတ်) သုံးပါး၊ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော အကြောင်းရင်း အခြေအမြစ် (အဗျာကတဟိတ်) သုံးပါးတို့သည် (ရှိကုန်၏)။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ကုသိုလ်ဟိတ်သည် မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူသော ကုသိုလ်ဟိတ်သည် ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁) တို့၌ ဖြစ်ကုန်၏။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကို သိမှု) ‘အမောဟ’ ဟူသော ကုသိုလ်ဟိတ်သည် ကာမာဝစရကုသိုလ်မှ ဉာဏဝိပ္ပယုတ်စိတ္တုပ္ပါဒ်တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၁၇) တို့၌ ဖြစ်၏။ လိုချင်တပ်မက်မှု ‘လောဘ’ (အကုသိုလ်ဟိတ်) သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ (အကုသိုလ်ဟိတ်) သည် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်၏။ (အမှန် သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ (အကုသိုလ်ဟိတ်) သည် အလုံးစုံသော အကုသိုလ့်တို့၌ ဖြစ်၏။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ဝိပါက်ဟိတ်သည်, မဖျက်ဆီးမပြစ်မှားမှု ‘အဒေါသ’ ဟူသောဝိပါက်ဟိတ်သည် ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) တို့၌ ဖြစ်ကုန်၏၊ မတွေဝေမှု ‘အမောဟ’ ဟူသော ဝိပါက်ဟိတ်သည် ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ဉာဏဝိပ္ပယုတ်စိတ္တုပ္ပါဒ် လေးပါးတို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်ဉာဏသမ္ပယုတ်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) တို့၌ ဖြစ်၏။ မလိုချင်မတပ်မက်မှု ‘အလောဘ’ ဟူသော ကိရိယာဟိတ်သည် မဖျက်ဆီး မပြစ်မှားမှု ‘အဒေါသ’ ဟူသောကိရိယာဟိတ်သည် ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ဘုံသုံးပါးတို့၌ (ဖြစ်သော) ကိရိယာ (မဟာကိရိယာ, မဟဂ္ဂုတ်ကိရိယာ) တို့၌ ဖြစ်ကုန်၏၊ မတွေဝေမှု ‘အမောဟ’ ဟူသော ကြိယာဟိတ်သည် ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဉာဏဝိပ္ပယုတ် စိတ္တပ္ပါဒ်လေးပါးတို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ကိရိယာ (မဟာကိရိယာဉာဏသမ္ပယုတ်, မဟဂ္ဂုတ်ကိရိယာ) တို့၌ ဖြစ်၏။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မည်သော ‘ဟေတု’ တရား ဖြစ်ကုန်၏ (ဟိတ်-ပါး)။ န ဟေတုတရား
၁၄၄၂။ ကတမေ ဓမ္မာ န ဟေတူ? ဌပေတွာ ဟေတူ, စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဟေတူ။
၁၄၄၂။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘န ဟေတု’ တရား ဖြစ်ကုန်သနည်း။ အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) မမည်သော ‘န ဟေတု’ တရား ဖြစ်ကုန်၏ (စိတ်, ဟိတ် ၆-ပါး မှတစ်ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-သဟေတုကဒုက် သဟေတုကတရား
၁၄၄၃။ ကတမေ ဓမ္မာ သဟေတုကာ? ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ဌပေတွာ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ စတူသု ဘူမီသု ဝိပါကော, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ တီသု ဘူမီသု ကိရိယာဗျာကတံ – ဣမေ ဓမ္မာ သဟေတုကာ။
၁၄၄၃။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဥ်သော) ‘သဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဥ်သော မောဟ) နှင့် ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သောမောဟ) တို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား ၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရ ကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇) သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော ‘သဟေတုက’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁, မောဟမူဒွေမောဟမှတစ်ပါး အခြားသော စေတသိက်)။ အဟေတုကတရား
၁၄၄၄။ ကတမေ ဓမ္မာ အဟေတုကာ? ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော မောဟော, ဒွေပဉ္စဝိညာဏာနိ, တိဿော စ မနောဓာတုယော, ပဉ္စ စ အဟေတုကမနောဝိညာဏဓာတုယော, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဟေတုကာ။
၁၄၄၄။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့်ယှဥ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သော မောဟ)၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ အဟိတ် မနောဝိညာဏဓာတ် (သန္တီရဏသုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရား ဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဥ်ဖက် စေတသိက်, မောဟမူဒွေ၌ ရှိသော မောဟ, ရုပ်, နိဗ္ဗာန်)။ ၃-ဟေတုသမ္ပယုတ္တဒုက် ဟေတုသမ္ပယုတ္တတရား
၁၄၄၅။ ကတမေ ဓမ္မာ ဟေတုသမ္ပယုတ္တာ? ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ဌပေတွာ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ စတူသု ဘူမီသု ဝိပါကော, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ တီသု ဘူမီသု ကိရိယာဗျာကတံ – ဣမေ ဓမ္မာ ဟေတုသမ္ပယုတ္တာ။
၁၄၄၅။ (၁) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) နှင့်ယှဥ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဥ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သော မောဟ) တို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ် စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ်,အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇) သည် (ရှိ၏)။ ဤ (ခုနစ်ဆယ့်တစ်ပါး) တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့် ယှဥ်သော ‘ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁၊ မောဟမူဒွေမောဟမှတစ်ပါး အခြားသောစေတသိက်)။ ဟေတုဝိပ္ပယုတ္တတရား
၁၄၄၆။ ကတမေ ဓမ္မာ ဟေတုဝိပ္ပယုတ္တာ? ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော မောဟော, ဒွေပဉ္စဝိညာဏာနိ တိဿော စ မနောဓာတုယော ပဉ္စ စ အဟေတုကမနောဝိညာဏဓာတုယော, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ဟေတုဝိပ္ပယုတ္တာ။
၁၄၄၆။ (၂) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) နှင့်မယှဥ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့်ယှဥ်သော မောဟ)၊ ဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သော မောဟ)၊ ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ အဟိတ်မနောဝိညာဏဓာတ် (သန္တီရဏသုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့် မယှဥ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဥ်ဖက်စေတသိက်, မောဟမူဒွေ၌ ရှိသော မောဟ,ရုပ်, နိဗ္ဗာန်)။ ၄-ဟေတု သဟေတုကဒုက် ဟေတု သဟေတုကတရား
၁၄၄၇။ ကတမေ ဓမ္မာ ဟေတူ စေဝ သဟေတုကာ စ? ယတ္ထ ဒွေ တယော ဟေတူ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဟေတူ စေဝ သဟေတုကာ စ။
၁၄၄၇။ (၁) အဘယ်တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) လည်း မည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း ရှိသော (ဟိတ်နှင့်လည်း ယှဥ်သော) ‘ဟေတု သဟေတုက’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ ဤ (ဟိတ်နှစ်ပါး သုံးပါး) တရားတို့သည် အကြောင်းရင်းအခြေအမြစ် (ဟိတ်) လည်း မည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းရှိသော (ဟိတ်နှင့်လည်းယှဥ်သော) ‘ဟေတု သဟေတုက’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ မောဟကြဥ်သော ဟိတ် ခြောက်ပါး)။ သဟေတုက န ဟေတုတရား
၁၄၄၈။ ကတမေ ဓမ္မာ သဟေတုကာ စေဝ န စ ဟေတူ? စတူသု ဘူမီသု ကုသလံ, အကုသလံ, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ စတူသု ဘူမီသု ဝိပါကော, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ တီသု ဘူမီသု ကိရိယာဗျာကတံ, ဧတ္ထုပ္ပန္နေ ဟေတူ ဌပေတွာ – ဣမေ ဓမ္မာ သဟေတုကာ စေဝ န စ ဟေတူ။ အဟေတုကာ ဓမ္မာ န ဝတ္တဗ္ဗာ – ဟေတူ စေဝ သဟေတုကာ စာတိပိ, သဟေတုကာ စေဝ န စ ဟေတူတိပိ။
၁၄၄၈။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘သဟေတုက န ဟေတု’ တရားဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှအဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါး တို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်,မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (မဟာကိရိယာ, မဟဂ္ဂုတ်ကိရိယာ) (၁၇)၊ ဤစိတ် (ခုနစ်ဆယ့်တစ်ပါး) တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၄၆) တို့သည်ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘သဟေတုက န ဟေတု’ တရား ဖြစ်ကုန်၏။ (သဟိတ်စိတ် ၇၁၊ ဟိတ်ခြောက်ပါးမှတစ်ပါး အခြားသော စေတသိက်)။ ဒုက်မုတ်အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော ‘အဟေတုက’ တရားတို့ကို အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းရှိသော တရားတို့ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာရှိ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-ဟေတု ဟေတုသမ္ပယုတ္တဒုက် ဟေတု ဟေတုသမ္ပယုတ္တတရား
၁၄၄၉။ ကတမေ ဓမ္မာ ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စ? ယတ္ထ ဒွေ တယော ဟေတူ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စ။
၁၄၄၉။ (၁) အဘယ်တရားတို့သည်အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်း ယှဥ်သော ‘ဟေတုဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ ဤ (ဟိတ်နှစ်ပါး, သုံးပါး) တို့သည်အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်းယှဥ်သော ‘ဟေတု ဟေတုသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ၌ ရှိသော မောဟကြဥ်သောဟိတ်ခြောက်ပါး)။ ဟေတုသမ္ပယုတ္တန ဟေတုတရား
၁၄၅၀။ ကတမေ ဓမ္မာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ? စတူသု ဘူမီသု ကုသလံ, အကုသလံ, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ စတူသု ဘူမီသု ဝိပါကော, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ တီသု ဘူမီသု ကိရိယာဗျာကတံ, ဧတ္ထုပ္ပန္နေ ဟေတူ ဌပေတွာ – ဣမေ ဓမ္မာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ။ ဟေတုဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စာတိပိ, ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူတိပိ။
၁၄၅၀။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဥ်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘ဟေတုသမ္ပယုတ္တနဟေတု’ တရား ဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်, မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကို ချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇)၊ ဤစိတ် (ခုနစ်ဆယ့်တစ်ပါး) တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဥ်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်သော ‘ဟေတုသမ္ပယုတ္တန ဟေတု’ တရား ဖြစ်ကုန်၏ (သဟိတ်စိတ် ၇၁၊ ဟိတ်ခြောက်ပါးမှတစ်ပါး အခြားသော စေတသိက်)။ ဒုက်မုတ် အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်မယှဥ်သော ‘ဟေတုဝိပ္ပယုတ္တ’ တရားတို့ကို အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမည်၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်လည်းယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) နှင့်သာ ယှဥ်၍ အကြောင်းရင်းအခြေအမြစ် (ဟိတ်) မမည်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-န ဟေတု သဟေတုကဒုက် န ဟေတု သဟေတုကတရား
၁၄၅၁။ ကတမေ ဓမ္မာ န ဟေတူ သဟေတုကာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, ကာမာဝစရဿ ဝိပါကတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ စတူသု ဘူမီသု ဝိပါကော, ကာမာဝစရကိရိယတော အဟေတုကေ စိတ္တုပ္ပါဒေ ဌပေတွာ တီသု ဘူမီသု ကိရိယာဗျာကတံ, ဧတ္ထုပ္ပန္နေ ဟေတူ ဌပေတွာ – ဣမေ ဓမ္မာ န ဟေတူ သဟေတုကာ။
၁၄၅၁။ (၁) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်ဟူ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာ ရှိ်သော ‘န ဟေတု သဟေတုက’ တရားဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ကာမာဝစရဝိပါက်မှအဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ဝိပါက်) တို့ကို ချန်ထား၍ ဘုံလေးပါး တို့၌ (ဖြစ်သော) ဝိပါက် (မဟာဝိပါက်,မဟဂ္ဂုတ်ဝိပါက်, ဖိုလ်စိတ်) (၂၁)၊ ကာမာဝစရကိရိယာမှ အဟိတ်စိတ္တုပ္ပါဒ် (အဟိတ်ကိရိယာ) တို့ကိုချန်ထား၍ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၁၇)၊ ဤစိတ်တို့၌ ဖြစ်ကုန်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) တို့ကိုချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရား (ခုနစ်ဆယ့်တစ်ပါး) တို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်မူ၍ အကြောင်းရင်း အခြေအမြစ် (ဟိတ်) သာရှိသော ‘န့ဟေတု သဟေတုက’ တရား ဖြစ်ကုန်၏ (သဟိတ် စိတ် ၇၁၊ ဟိတ် ခြောက်ပါးမှတစ်ပါး အခြားသောစေတသိက်)။ န ဟေတု အဟေတုကတရား
၁၄၅၂။ ကတမေ ဓမ္မာ န ဟေတူ အဟေတုကာ? ဒွေပဉ္စဝိညာဏာနိ, တိဿော စ မနောဓာတုယော, ပဉ္စ စ အဟေတုကမနောဝိညာဏဓာတုယော, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဟေတူ အဟေတုကာ။ ဟေတူ ဓမ္မာ န ဝတ္တဗ္ဗာ – န ဟေတူ သဟေတုကာတိပိ, န ဟေတူ အဟေတုကာတိပိ။
၁၄၅၂။ (၂) အဘယ်တရားတို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မမည်၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော ‘န ဟေတု အဟေတုက’ တရားဖြစ်ကုန်သနည်း။ ဒွေပဉ္စဝိညာဏ် (၁၀)၊ ထို့ပြင် မနောဓာတ်သုံးပါး (ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုန်းဒွေး)၊ ထို့ပြင် အဟိတ်မနောဝိညာဏဓာတ် (သန္တီရဏ သုံးခု၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်) ငါးပါး၊ ထို့ပြင်ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည် အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်းမမည်၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော ‘န ဟေတု အဟေတုက’ တရားဖြစ်ကုန်၏ (အဟိတ်စိတ်, ယှဥ်ဖက် စေတသိက်, ရုပ်, နိဗ္ဗာန်)။ ဒုက်မုတ် ဟိတ် (ခြောက်ပါး) တရားတို့ကိုအကြောင်းရင်း အခြေအမြစ် (ဟိတ်) မမည်မူ၍ အကြောင်းရင်းအခြေအမြစ် (ဟိတ်) သာရှိ၏ဟူ၍လည်းကောင်း၊ အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မမည်,အကြောင်းရင်း အခြေအမြစ် (ဟိတ်) လည်း မရှိသော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ဟေတုဂေါစ္ဆက ပြီးပြီ။ ၂-စူဠန္တရဒုက် ၁-သပ္ပစ္စယဒုက် သပ္ပစ္စယတရား
စူဠန္တရဒုကံ
၁၄၅၃။ ကတမေ ဓမ္မာ သပ္ပစ္စယာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သပ္ပစ္စယာ။
၁၄၅၃။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့်ဖြစ်သော) ‘သပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ်,အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွဖြစ်သော (အကြောင်း တရား လေးပါးတို့ကြောင့် ဖြစ်သော) ‘သပ္ပစ္စယ’ တရားဖြစ်ကုန်၏ (စိတ်, စေတသိက်, ရုပ်)။ အပ္ပစ္စယတရား
၁၄၅၄။ ကတမေ ဓမ္မာ အပ္ပစ္စယာ? နိဗ္ဗာနံ – ဣမေ ဓမ္မာ အပ္ပစ္စယာ။
၁၄၅၄။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါး တို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်သနည်း။ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရား (လေးပါး) တို့နှင့် တကွမဖြစ်သော (အကြောင်းတရား လေးပါးတို့ကြောင့် မဖြစ်သော) ‘အပ္ပစ္စယ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။ ၂-သင်္ခတဒုက် သင်္ခတတရား
၁၄၅၅။ ကတမေ ဓမ္မာ သင်္ခတာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သင်္ခတာ။
၁၄၅၅။ (၁) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့သည်) ပြုပြင်စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ်ကုန် သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသောအကြောင်း တရားလေးပါးတို့သည်) ပြုပြင် စီရင်အပ်သော ‘သင်္ခတ’ တရား ဖြစ် ကုန်၏ (စိတ်,စေတသိက်, ရုပ်)။ အသင်္ခတတရား
၁၄၅၆။ ကတမေ ဓမ္မာ အသင်္ခတာ? နိဗ္ဗာနံ – ဣမေ ဓမ္မာ အသင်္ခတာ။
၁၄၅၆။ (၂) အဘယ်တရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသောအကြောင်းတရားလေးပါးတို့သည်) မပြုပြင်မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ် ကုန်သနည်း။ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော) အကြောင်းတရားလေးပါးတို့သည်) မပြုပြင် မစီရင်အပ်သော ‘အသင်္ခတ’ တရား ဖြစ်ကုန်၏ (နိဗ္ဗာန်)။ ၃-သနိဒဿနဒုက် သနိဒဿနတရား
၁၄၅၇။ ကတမေ ဓမ္မာ သနိဒဿနာ? ရူပါယတနံ – ဣမေ ဓမ္မာ သနိဒဿနာ။
၁၄၅၇။ (၁) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ် မြင်ရသော) ‘သနိဒဿန’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ သည် (ရှိ၏)။ ဤ (ရူပါယတန) တရားတို့သည် မြင်ခြင်းနှင့် တကွဖြစ်သော (မြင်အပ် မြင် ရသော) ‘သနိဒဿန’ တရားဖြစ်ကုန်၏ (ရူပါရုံ)။ အနိဒဿနတရား
၁၄၅၈။ ကတမေ ဓမ္မာ အနိဒဿနာ? စက္ခာယတနံ …ပေ… ဖောဋ္ဌဗ္ဗာယတနံ, စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ အနိဒဿနံ အပ္ပဋိဃံ ဓမ္မာယတနပရိယာပန္နံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနိဒဿနာ။
၁၄၅၈။ (၂) အဘယ်တရားတို့သည် မြင်ခြင်းနှင့် တကွမဖြစ်သော (မမြင်အပ် မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိ အကြည် ‘စက္ခာယတန’။ပ။ ထိသိစိတ် ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် မြင်ခြင်းနှင့်လည်းတကွမဖြစ် ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင် (သုခုမ) ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မြင်ခြင်းနှင့်တကွမဖြစ်သော (မမြင်အပ်, မမြင်ရသော) ‘အနိဒဿန’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်,ရူပါရုံမှတစ်ပါး အခြားသောရုပ်, နိဗ္ဗာန်)။ ၄-သပ္ပဋိဃဒုက် သပ္ပဋိဃတရား
၁၄၅၉။ ကတမေ ဓမ္မာ သပ္ပဋိဃာ? စက္ခာယတနံ…ပေ… ဖောဋ္ဌဗ္ဗာယတနံ – ဣမေ ဓမ္မာ သပ္ပဋိဃာ။
၁၄၅၉။ (၁) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွဖြစ်သော (ထိခိုက်၍ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ် ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတတန’။ပ။ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် ထိပါးခြင်းနှင့်တကွဖြစ်သော (ထိခိုက်၍ရသော) ‘သပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (သပ္ပဋိဃရုပ်)။ အပ္ပဋိဃတရား
၁၄၆၀။ ကတမေ ဓမ္မာ အပ္ပဋိဃာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ အနိဒဿနံ အပ္ပဋိဃံ ဓမ္မာယတနပရိယာပန္နံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အပ္ပဋိဃာ။
၁၄၆၀။ (၂) အဘယ်တရားတို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍ မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ ပြင်မြင်ခြင်းနှင့်လည်း တကွမဖြစ် ထိပါးခြင်းနှင့်လည်း တကွမဖြစ်သော , စိတ်ဖြစ်ရာ စိတ်ဖြစ်ကြောင်းသဘော ‘ဓမ္မာယတန’ ၌ အကျုံးဝင်သော အကြင် (သုခုမ) ရုပ်၊ ထို့ပြင် (နိဗ္ဗာန်) သည် (ရှိ၏)။ ဤတရားတို့သည် ထိပါးခြင်းနှင့် တကွမဖြစ်သော (ထိခိုက်၍ မရသော) ‘အပ္ပဋိဃ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, သုခုမရုပ်, နိဗ္ဗာန်)။ ၅-ရူပီဒုက် ရူပီတရား
၁၄၆၁။ ကတမေ ဓမ္မာ ရူပိနော? စတ္တာရော စ မဟာဘူတာ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ – ဣမေ ဓမ္မာ ရူပိနော။
၁၄၆၁။ (၁) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်း သဘောရှိသော ‘ရူပီ’ တရား ဖြစ်ကုန်သနည်း။ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါး၊ ကြီးကျယ်ထင်ရှားသော ‘မဟာဘုတ်’ လေးပါးတို့ကို စွဲမှီ၍ (ဖြစ်သော) ‘ဥပါဒါ’ ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဖောက်ပြန်ခြင်းသဘောရှိသော ‘ရူပီ’ တရား ဖြစ်ကုန်၏ (ရုပ်နှစ်ဆယ့်ရှစ်ပါး)။ အရူပီတရား
၁၄၆၂။ ကတမေ ဓမ္မာ အရူပိနော? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အရူပိနော။
၁၄၆၂။ (၂) အဘယ်တရားတို့သည် ဖောက်ပြန်ခြင်းသဘော မရှိသော ‘အရူပီ’ တရား ဖြစ်ကုန်သနည်း။ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်ဖောက်ပြန်ခြင်းသဘော မရှိသော ‘အရူပီ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, နိဗ္ဗာန်)။ ၆-လောကိယဒုက် လောကိယတရား ၁၄၆၃။ (၁) အဘယ်တရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရားဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟု ဆိုအပ်သောသင်္ခါရလောက၌ အကျုံးဝင်သည်၏အဖြစ်ဖြင့် ဖြစ်တတ်, ပျက်တတ်သော ဝဋ် ဆင်းရဲဟု ဆိုအပ်သောသင်္ခါရလောက၌ ယှဥ်ကုန်သနည်း)။ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် လောက၌ အကျုံးဝင်သော ‘လောကိယ’ တရား ဖြစ်ကုန်၏ (ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးဝင် သည်၏ အဖြစ်ဖြင့်ဖြစ်တတ်, ပျက်တတ်သော ဝဋ်ဆင်းရဲဟု ဆိုအပ်သော သင်္ခါရလောက၌ ယှဥ်ကုန်၏) (လောကီစိတ်,စေတသိက်, ရုပ်)။ လောကုတ္တရာတရား
၁၄၆၃။ ကတမေ ဓမ္မာ လောကိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ လောကိယာ။
၁၄၆၃။ (၂) အဘယ်တရားတို့သည် လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် ဖြစ်တတ်, ပျက် တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးမဝင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်, ပျက် တတ်သော ဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောကမှ လွန်မြောက်ကုန်သနည်း)။ ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်လောကမှ လွန်မြောက်သော ‘လောကုတ္တရာ’ တရား ဖြစ်ကုန်၏ (ဖြစ်တတ်, ပျက်တတ် သောဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောက၌ အကျုံးမဝင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်, ပျက်တတ်သောဝဋ်ဆင်းရဲဟုဆိုအပ်သော သင်္ခါရလောကမှ လွန်မြောက်ကုန်၏) (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၇-ကေနစိ ဝိညေယျဒုက် ကေနစိ ဝိညေယျတရား ၁၄၆၄။ (၁) (စက္ခုဝိညာဏ်စသော) တစ်စုံတစ်ခုသော စိတ်သည် အလုံးစုံသော (မိမိနှင့်သက်ဆိုင်သည့်) တရားတို့ကို သိအပ် သိထိုက် ကုန်၏။ (၁၁၀၁) ကေနစိ န ဝိညေယျတရား
၁၄၆၄။ ကတမေ ဓမ္မာ လောကုတ္တရာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ လောကုတ္တရာ။ သဗ္ဗေ [သဗ္ဗေဝ (သျာ။)] ဓမ္မာ ကေနစိ ဝိညေယျာ, ကေနစိ န ဝိညေယျာ။
၁၄၆၄။ (၂) (စက္ခုဝိညာဏ်စသော) တစ်စုံတစ်ခုသော စိတ်သည် (မိမိနှင့်မသက်ဆိုင်သည့် အလုံးစုံသော တရားတို့ကို) မသိအပ် မသိထိုက်ကုန်။ စူဠန္တရဒုက် ပြီးပြီ။ ၃-အာသဝဂေါစ္ဆက ၁-အာသဝဒုက် အာသဝတရား
အာသဝဂေါစ္ဆကံ
၁၄၆၅။ ကတမေ ဓမ္မာ အာသဝါ? စတ္တာရော အာသဝါ – ကာမာသဝေါ, ဘဝါသဝေါ, ဒိဋ္ဌာသဝေါ, အဝိဇ္ဇာသဝေါ။ ကာမာသဝေါ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ ဘဝါသဝေါ စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ ဒိဋ္ဌာသဝေါ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ အဝိဇ္ဇာသဝေါ သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ – ဣမေ ဓမ္မာ အာသဝါ။
၁၄၆၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရား ဖြစ်ကုန်သနည်း။ (လိုချင်ဖွယ် ‘ကာမ’ တို့၌) လိုချင်မှုဟူသောယိုစီးခြင်း, ဖြစ်ခြင်း ‘ကာမာသဝ’။ (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘ဘဝါသဝ’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ဒိဋ္ဌာသဝ’ ၊ သိအပ်သည် ကိုမသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ ဟူသော ‘အာသဝ’ လေးပါးတို့သည် ရှိကုန်၏။ (ထိုအာသဝလေးပါးတွင်) (လိုချင်ဖွယ် ‘ကာမ’ တို့၌) လိုချင်မှုဟူသော ယိုစီးခြင်း, ဖြစ်ခြင်း ‘ကာမာသဝ’ သည် လော ဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့ ၌ ဖြစ်၏။ (ရူပ, အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးခြင်း ဖြစ်ခြင်း ‘ဘဝါသဝ’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ (အမြင်မှားမှု) ဒိဋ္ဌိဟူသော ယိုစီးခြင်း ဖြစ်ခြင်း ‘ဒိဋ္ဌာသဝ’ သည်ဒိဋ္ဌိဂတသမ္ပယုတ် (လောဘသဟဂုတ်) စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏၊ သိအပ်သည်ကိုမသိမှု (သစ္စာလေးပါးကို မသိမှု) ‘အဝိဇ္ဇာ’ ဟူသော ယိုစီး ခြင်း ဖြစ်ခြင်း ‘အဝိဇ္ဇာသဝ’ (မောဟ) သည်အလုံးစုံသော အကုသိုလ် (၁၂) တို့၌ ဖြစ်၏။ ဤတရားတို့ သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိ, မောဟဟူသော အာသဝတရားကိုယ်သုံးပါး)။ နော အာသဝတရား
၁၄၆၆။ ကတမေ ဓမ္မာ နော အာသဝါ? ဌပေတွာ အာသဝေ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော အာသဝါ။
၁၄၆၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ မမည်သော ‘နော အာသဝ’ တရား ဖြစ်ကုန်သ နည်း။ ‘အာသဝ’ (လေးပါး) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့ ၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံ (လေးပါးတို့၌) ဖြစ်သော ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိဗျာကတ’ (၂၀)၊ ထို့ ပြင် ရုပ်၊ ထို့ ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ် သော ‘အာသဝ’မမည်သော ‘နော အာသဝ’ တရား ဖြစ်ကုန်၏ (စိတ်, အာသဝတရား ကိုယ်သုံးပါးမှတစ် ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-သာသဝဒုက် သာသဝတရား
၁၄၆၇။ ကတမေ ဓမ္မာ သာသဝါ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သာသဝါ။
၁၄၆၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရား ဖြစ် ကုန်သနည်း။ ဘုံသုံးပါး၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရား တို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံဖြစ်သော ‘သာသဝ’ တရားဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အနာသဝတရား
၁၄၆၈။ ကတမေ ဓမ္မာ အနာသဝါ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနာသဝါ။
၁၄၆၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့၏ အာရုံမဖြစ်သော ‘အနာသဝ’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-အာသဝသမ္ပယုတ္တဒုက် အာသဝသမ္ပယုတ္တတရား
၁၄၆၉။ ကတမေ ဓမ္မာ အာသဝသမ္ပယုတ္တာ? ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ ဧတ္ထုပ္ပန္နံ မောဟံ ဌပေတွာ, ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ဌပေတွာ, အဝသေသံ အကုသလံ – ဣမေ ဓမ္မာ အာသဝသမ္ပယုတ္တာ။
၁၄၆၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ’ တရားနှင့် ယှဥ်သော ‘အာသဝ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (ဒေါမနဿသဟဂုတ်စိတ်) တို့၌ ဖြစ်သော (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’ ကို ချန်ထား၍, ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဥ်သော မောဟ) နှင့် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွ ဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သောမောဟ) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရား တို့နှင့် ယှဥ်သော ‘အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ဒေါသမူဒွေမောဟနှင့် မောဟမူ ဒွေ၌မောဟကြဥ်သော ယှဥ်ဖက်စေတသိက်)။ အာသ၀၀ပ္ပယုတ္တတရား
၁၄၇၀။ ကတမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ? ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော မောဟော, ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော မောဟော, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ။
၁၄၇၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားတို့နှင့် မယှဥ်သော ‘အာသဝ ဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်သော ‘မောဟ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဥ်သော မောဟ)၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့်ယှဥ်သော မောဟ)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော)၊ ပြုကာမျှ ဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ် ဖြစ်နေတတ်သော ‘အာသဝ’ တရား တို့နှင့် မယှဥ်သော ‘အာသ၀၀ပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်,ဒေါသမူဒွေမောဟ, မောဟမူဒွေမောဟ, ရုပ်, နိဗ္ဗာန်)။ ၄-အာသဝ သာသဝဒုက် အာသဝ သာသဝတရား
၁၄၇၁။ ကတမေ ဓမ္မာ အာသဝါ စေဝ သာသဝါ စ? တေဝ အာသဝါ အာသဝါ စေဝ သာသဝါ စ။
၁၄၇၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ တရားလည်း မည်၍ ‘အာသဝ’တို့၏ အာရုံလည်း ဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်သနည်း။ ထို ‘အာသဝ’ (လေးပါး) တို့သည် ပင်လျှင် ‘အာသဝ’ လည်းမည်၍ ‘အာသဝ’တို့၏ အာရုံလည်း ဖြစ်သော ‘အာသဝ သာသဝ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိ,မောဟဟူသော အာသဝတရား ကိုယ်သုံးပါး)။ သာသဝ နော အာသဝတရား
၁၄၇၂။ ကတမေ ဓမ္မာ သာသဝါ စေဝ နော စ အာသဝါ? ဌပေတွာ အာသဝေ, အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သာသဝါ စေဝ နော စ အာသဝါ။ အနာသဝါ ဓမ္မာ န ဝတ္တဗ္ဗာ – အာသဝါ စေဝ သာသဝါ စာတိပိ, သာသဝါ စေဝ နော စ အာသဝါတိပိ။
၁၄၇၂။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်,ဖြစ်နေတတ်သော ‘အာသဝ’တို့၏ အာရုံသာဖြစ်၍ ‘အာသဝ’ မမည်သော ‘သာသဝ နောအာသဝ’ တရား ဖြစ်ကုန်သနည်း။ အာသဝတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော)၊ ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် အာသဝတို့၏အာရုံသာဖြစ်၍ ‘အာသဝ’ မမည်သော ‘သာသဝ နော အာသဝ’ တရား ဖြစ်ကုန်၏ (လောကီ စိတ်,အာသဝတရားကိုယ် သုံးပါးကြဥ်သော စေတသိက်, ရုပ်)။ ဒုက်မုတ် အာသဝတို့၏ အာရုံမဟုတ်သော ‘အနာသဝ’ (လောကုတ္တရာ) တရားတို့ကို အာသဝလည်းမည်၍ အာသဝတို့၏ အာရုံလည်းဖြစ်သော တရားတို့ဟူ၍လည်းကောင်း၊ အာသဝတို့၏ အာရုံသာဖြစ်၍ အာသဝမမည်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-အာသဝ အာသဝသမ္ပယုတ္တဒုက် အာသဝ အာသဝသမ္ပယုတ္တတရား
၁၄၇၃။ ကတမေ ဓမ္မာ အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စ? ယတ္ထ ဒွေ တယော အာသဝါ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စ။
၁၄၇၃။ (၁) အဘယ်တရားတို့သည်အာသဝလည်းမည်၍ အာသဝနှင့်လည်း ယှဥ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ အာသဝနှစ်ပါးသုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏၊ ဤတရား တို့သည် အာသဝလည်းမည်၍ အာသဝနှင့်လည်းယှဥ်သော ‘အာသဝ အာသဝသမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (လောဘမူစိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ,မောဟဟူသော အာသဝတရားကိုယ်သုံးပါး)။ အာသဝသမ္ပယုတ္တနော အာသဝတရား
၁၄၇၄။ ကတမေ ဓမ္မာ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ? ဌပေတွာ အာသဝေ, အဝသေသံ အကုသလံ – ဣမေ ဓမ္မာ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ။ အာသဝဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာတိပိ, အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါတိပိ။
၁၄၇၄။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့်သာ ယှဥ်၍ ‘အာသဝ’မမည်သော ‘အာသဝသမ္ပယုတ္တနော အာသဝ’ တရား ဖြစ်ကုန်သနည်း။ ‘အာသဝ’ တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် ‘အာသဝ’ နှင့်သာ ယှဥ်၍ ‘အာသဝ’ မမည်သော ‘အာသဝသမ္ပယုတ္တ့နော အာသဝ’ တရား ဖြစ်ကုန်၏ (အကုသိုလ် စိတ်, အာသဝတရားကိုယ်သုံးပါးကြဥ်သောယှဥ်ဖက်စေတသိက်)။ ဒုက်မုတ်အာသဝနှင့် မယှဥ်သော ‘အာသ၀၀ပ္ပယုတ္တ’ တရားတို့ကို အာသဝလည်း မည်၍ အာသဝနှင့်လည်း ယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ အာသဝနှင့်သာ ယှဥ်၍ အာသဝမမည်ကုန်ဟူ၍လည်း ကောင်းမဆိုအပ် မဆိုထိုက်ကုန်။ ၆-အာသ၀၀ပ္ပယုတ္တသာသဝဒုက် အာသ၀၀ပ္ပယုတ္တသာသဝတရား
၁၄၇၅။ ကတမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ သာသဝါ? ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော မောဟော, ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော မောဟော, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ သာသဝါ။
၁၄၇၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့် မယှဥ်မူ၍ ‘အာသဝ’တို့၏ အာရုံသာဖြစ်သော ‘အာသ၀၀ပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်သနည်း။ ဒေါမနဿ သဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော မောဟ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ နှင့် တကွဖြစ်သော မောဟ (ဝိစိကိစ္ဆာနှင့် ယှဥ်သော မောဟ)၊ ပျံ့လွင့်မှုဥဒ္ဓစ္စနှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သော မောဟ)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘အာသဝ’ နှင့် မယှဥ်မူ၍ ‘အာသဝ’တို့၏ အာရုံသာဖြစ်သော ‘အာသ၀၀ပ္ပယုတ္တသာသဝ’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ဒေါသမူဒွေမောဟ, မောဟမူဒွေ မောဟ, ရုပ်)။ အာသ၀၀ပ္ပယုတ္တအနာသဝတရား
၁၄၇၆။ ကတမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ အနာသဝါ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အာသဝဝိပ္ပယုတ္တာ အနာသဝါ။ အာသဝသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – အာသဝဝိပ္ပယုတ္တာ သာသဝါတိပိ, အာသဝဝိပ္ပယုတ္တာ အနာသဝါတိပိ။
၁၄၇၆။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့၏ သန္တာန်၌) ယိုစီးနေတတ်, ဖြစ်နေတတ်သော ‘အာသဝ’ နှင့်လည်း မယှဥ်မူ၍ ‘အာသဝ’တို့၏ အာရုံလည်းမဖြစ်သော ‘အာသ၀၀ပ္ပယုတ္တအနာသဝ’ တရား ဖြစ် ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်သောမဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားသည် ‘အာသဝ’ နှင့်လည်း မယှဥ်မူ၍ ‘အာဝသ’တို့၏ အာရုံလည်း မဖြစ်သော ‘အာသ၀၀ပ္ပယုတ္တအနာသဝ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ် ‘အာသဝ’ နှင့် ယှဥ်သော ‘အာသဝသမ္ပယုတ္တ’ တရားတို့ကို ‘အာသဝ’ နှင့် မယှဥ်မူ၍ ‘အာသဝ’ တရားတို့၏ အာရုံသာဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘အာသဝ’ နှင့်လည်း မယှဥ်, ‘အာသဝ’တို့၏အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ အာသဝဂေါစ္ဆကပြီးပြီ။ ၄-သညောဇနဂေါစ္ဆက ၁-သညောဇနဒုက် သညောဇနတရား
သံယောဇနဂေါစ္ဆကံ
၁၄၇၇။ ကတမေ ဓမ္မာ သံယောဇနာ? ဒသ သံယောဇနာနိ – ကာမရာဂသံယောဇနံ, ပဋိဃသံယောဇနံ, မာနသံယောဇနံ, ဒိဋ္ဌိသံယောဇနံ, ဝိစိကိစ္ဆာသံယောဇနံ, သီလဗ္ဗတပရာမာသသံယောဇနံ, ဘဝရာဂသံယောဇနံ, ဣဿာသံယောဇနံ, မစ္ဆရိယသံယောဇနံ, အဝိဇ္ဇာသံယောဇနံ။ ကာမရာဂသံယောဇနံ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ပဋိဃသံယောဇနံ ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ မာနသံယောဇနံ စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိသံယောဇနံ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာသံယောဇနံ ဝိစိကိစ္ဆာသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ သီလဗ္ဗတပရာမာသသံယောဇနံ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဘဝရာဂသံယောဇနံ စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဣဿာသံယောဇနဉ္စ မစ္ဆရိယသံယောဇနဉ္စ ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ။ အဝိဇ္ဇာသံယောဇနံ သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ – ဣမေ ဓမ္မာ သံယောဇနာ။
၁၄၇၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော သံယောဇဥ်မည်သော ‘သညောဇန’ တရား ဖြစ်ကုန်သနည်း။ ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့ တတ်သော ‘ကာမရာဂသံယောဇဥ်’။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ)ဟူသော (သတ္တဝါဝိုာ့ကို ဝဋ် ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ပဋိ့ဃသံယောဇဥ်’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘မာနသံယောဇဥ်’ ၊ အမြင်မှားမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဒိဋ္ဌိသံယောဇဥ်’ ၊ ယုံမှားမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဝိစိကိစ္ဆာသံယောဇဥ်’ ၊ နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) အမှားသုံးသပ့်ခြင်းဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘သီလဗ္ဗတပရာမာသ သံယောဇဥ်’ ၊ ရူပ, အရူပဘဝ၌ တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဘဝရာဂသံယောဇဥ်’ ၊ ငြူစူမှု (မနာလိုမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဣဿာသံယောဇဥ်’ ၊ ဝန်တိုမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘မစ္ဆရိယသံယောဇဥ်’။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကို မသိမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘အဝိဇ္ဇာသံယောဇဥ်ဟူသော သံယောဇဥ်ဆယ်ပါးတို့သည်ရှိကုန်၏။ (ထိုသံယောဇဥ်ဆယ်ပါးတို့တွင်) ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ကာမရာဂသံယောဇဥ်သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ (အာရုံ၌) ထိပါးမှု (အမျက်ဒေါသ)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ပဋိဃသံယောဇဥ်’ သည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ (ငါသာလျှင် မြတ်၏ဟုစသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘မာနသံယောဇဥ်’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ အမြင်မှားမှု ‘ဒိဋ္ဌိ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဒိဋ္ဌိသံယောဇဥ်’ သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဝိစိကိစ္ဆာသံယောဇဥ်’ သည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) အမှားသုံးသပ်ခြင်း ‘သီလဗ္ဗတပရာမာသ’ ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ်, နှောင်ဖွဲ့တတ်သော ‘သီလဗ္ဗတပရာမာသသံယောဇဥ်’ သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ (ရူပ, အရူပဘဝ၌) တပ်မက်မှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ် သော ‘ဘဝရာဂသံယောဇဥ်’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ငြူစူမှု (မနာလိုမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘ဣဿာသံယောဇဥ်’ သည်လည်းကောင်း၊ ဝန်တိုမှုဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ်, နှောင်ဖွဲ့တတ်သော ‘မစ္ဆရိယသံယောဇဥ်’ သည်လည်းကောင်း ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်ကုန်၏။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးတို့ကို မသိမှု)ဟူသော (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘အဝိဇ္ဇာသံယောဇဥ်’ (မောဟ) သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော သံယောဇဥ်မည်သော ‘သညောဇန’ တရား ဖြစ်ကုန်၏။ နော သညောဇနတရား
၁၄၇၈။ ကတမေ ဓမ္မာ နော သံယောဇနာ။ ဌပေတွာ သံယောဇနေ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော သံယောဇနာ။
၁၄၇၈။ (၂) အဘယ်တရားတို့သည် သံယောဇဥ်မမည်သော ‘နော သညောဇန’ တရား ဖြစ်ကုန်သနည်း။ (သံယောဇဥ်) တို့ကို ချန်ထား၍ ကြွင်း ကျန်သော အကုသိုလ် (၁၂)၊ ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)၊ ဘုံလေပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဥ် မမည်သော ‘နော သညောဇန’ တရား ဖြစ်ကုန်၏ (စိတ်, သံယောဇဥ်တရားကိုယ် ရှစ်ပါးမှတစ်ပါး အခြား သော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-သညောဇနိယဒုက် သညောဇနိယတရား
၁၄၇၉။ ကတမေ ဓမ္မာ သံယောဇနိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သံယောဇနိယာ။
၁၄၇၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ်နှောင်ဖွဲ့တတ်သော ‘သံယောဇဥ်’တို့၏အာရုံဖြစ်သော ‘သညောဇနိယ’ တရားဖြစ် ကုန်သနည်း။ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဥ်’တို့၏ အာရုံဖြစ်သော ‘သညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အသညောဇနိယတရား
၁၄၈၀။ ကတမေ ဓမ္မာ အသံယောဇနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အသံယောဇနိယာ။
၁၄၈၀။ (၂) အဘယ်တရားတို့သည် သံယောဇဥ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။ ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်သံယောဇဥ်တို့၏ အာရုံမဖြစ်သော ‘အသညောဇနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-သညောဇနသမ္ပယုတ္တဒုက် သညောဇနသမ္ပယုတ္တတရား
၁၄၈၁။ ကတမေ ဓမ္မာ သံယောဇနသမ္ပယုတ္တာ? ဥဒ္ဓစ္စသဟဂတံ မောဟံ ဌပေတွာ အဝသေသံ အကုသလံ – ဣမေ ဓမ္မာ သံယောဇနသမ္ပယုတ္တာ။
၁၄၈၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဥ်’တို့နှင့် ယှဥ်သော ‘သညောဇနသမ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နှင့် တကွဖြစ်သော မောဟ (ဥဒ္ဓစ္စနှင့် ယှဥ်သော မောဟ) ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါ တို့ကို ဝဋ်ဆင်းရဲ၌) ယှဥ်စေတတ် နှောင်ဖွဲ့တတ်သော ‘သံယောဇဥ်’ နှင့် ယှဥ်သော ‘သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်၊ ဥဒ္ဓစ္စသဟဂုတ်၌ မောဟကြဥ် ယှဥ်ဖက် စေတသိက်)။ သညောဇနဝိပ္ပယုတ္တတရား
၁၄၈၂။ ကတမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ? ဥဒ္ဓစ္စသဟဂတော မောဟော, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ။
၁၄၈၂။ (၂) အဘယ်တရားတို့သည်သံယောဇဥ်တို့နှင့် မယှဥ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စသဟဂုတ်မောဟ၊ ဘုံ လေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဥ်တို့နှင့် မယှဥ်သော ‘သညောဇနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဥဒ္ဓစ္စသဟဂုတ်၌ မောဟ, ရုပ်, နိဗ္ဗာန်)။ ၄-သညောဇန သညောဇနိယဒုက် သညောဇန သညောဇနိယတရား
၁၄၈၃။ ကတမေ ဓမ္မာ သံယောဇနာ စေဝ သံယောဇနိယာ စ? တာနေဝ သံယောဇနာနိ သံယောဇနာ စေဝ သံယောဇနိယာ စ။
၁၄၈၃။ (၁) အဘယ်တရားတို့သည် သံယောဇဥ်လည်း မည်၍ သံယောဇဥ်တို့၏ အာရုံလည်း ဖြစ်သော ‘သညောဇန သညောဇနိယ’ တရား ဖြစ်ကုန်သနည်း။ ထိုသံယောဇဥ်တို့သည်ပင်လျှင် သံယောဇဥ်လည်း မည်၍ သံယောဇဥ်တို့၏ အာရုံလည်း ဖြစ်သော ‘သညောဇန သညောဇနိယ’ တရား ဖြစ်ကုန်၏ (သံယောဇဥ် တရားကိုယ် ရှစ်ပါး)။ သညောဇနိယ နော သညောဇနတရား
၁၄၈၄။ ကတမေ ဓမ္မာ သံယောဇနိယာ စေဝ နော စ သံယောဇနာ? ဌပေတွာ သံယောဇနေ အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သံယောဇနိယာ စေဝ နော စ သံယောဇနာ။ အသံယောဇနိယာ ဓမ္မာ န ဝတ္တဗ္ဗာ – သံယောဇနာ စေဝ သံယောဇနိယာ စာတိပိ, သံယောဇနိယာ စေဝ နော စ သံယောဇနာတိပိ။
၁၄၈၄။ (၂) အဘယ်တရားတို့သည်သံယောဇဥ်တို့၏ အာရုံသာဖြစ်၍ သံယောဇဥ်မမည်သော ‘သညောဇနိယ နော သညောဇန’ တရား ဖြစ်ကုန်သနည်း။ သံယောဇဥ်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်သံယော ဇဥ်တို့၏ အာရုံသာ ဖြစ်၍ သံယောဇဥ် မမည်သော ‘သညောဇနိယ နော သညောဇန’ တရားဖြစ်ကုန်၏ (လောကီစိတ်, သံယောဇဥ်တရားကိုယ် ရှစ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်)။ ဒုက်မုတ် သံယောဇဥ်တို့၏အာရုံမဖြစ်သော ‘အသညောဇနိယ’ (လောကုတ္တရာ) တရားတို့ကို သံယောဇဥ်လည်း မည်၍ သံယောဇဥ်တို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဥ်တို့၏အာရုံသာ ဖြစ်၍ သံယောဇဥ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-သညောဇန သညောဇနသမ္ပယုတ္တဒုက် သညောဇန သညောဇနသမ္ပယုတ္တတရား
၁၄၈၅။ ကတမေ ဓမ္မာ သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စ? ယတ္ထ ဒွေ တီဏိ သံယောဇနာနိ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စ။
၁၄၈၅။ (၁) အဘယ်တရားတို့သည်သံယောဇဥ်လည်း မည်၍သံယောဇဥ်တို့နှင့်လည်း ယှဥ်သော ’သညောဇန သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ သံယောဇဥ်နှစ်ပါး သုံးပါးတို့သည် တစ်ပြိုင် နက် ဖြစ်ကုန်၏၊ ဤ (နှစ်ပါးသုံးပါးသောသံယောဇဥ်) တရားတို့သည် သံယောဇဥ်လည်းမည်၍ သံယောဇဥ် တို့နှင့်လည်းယှဥ်သော ‘သညောဇန သညောဇနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ် မောဟ ကြဥ်သောသံယောဇဥ်တရားကိုယ် ရှစ်ပါး)။ သညောဇနသမ္ပယုတ္တနော သညောဇနတရား
၁၄၈၆။ ကတမေ ဓမ္မာ သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ? ဌပေတွာ သံယောဇနေ, အဝသေသံ အကုသလံ – ဣမေ ဓမ္မာ သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ။ သံယောဇနဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စာတိပိ, သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာတိပိ။
၁၄၈၆။ (၂) အဘယ်တရားတို့သည် သံယောဇဥ်တို့နှင့်သာ ယှဥ်၍ သံယောဇဥ် မမည်သော ‘သညောဇနသမ္ပယုတ္တနော သညောဇန’ တရားဖြစ်ကုန်သနည်း။ သံယောဇဥ်တို့ကို ချန်ထား၍ ကြွင်း ကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဥ်တို့နှင့်သာ ယှဥ်၍ သံယောဇဥ် မမည်သော ‘သညောဇနသမ္ပယုတ္တနော သညောဇန’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, သံယောဇဥ် တရားကိုယ်ရှစ်ပါးမှတစ်ပါးအခြားသော ယှဥ်ဖက် စေတသိက်)။ ဒုက်မုတ် သံယောဇဥ်တို့နှင့် မယှဥ်သော ‘သညောဇနဝိပ္ပယုတ္တ’ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို သံယောဇဥ်လည်း မည်၍ သံယောဇဥ်တို့နှင့်လည်းယှဥ်ကုန်၏ဟူ၍လည်းကောင်း သံယောဇဥ်တို့နှင့်သာ ယှဥ်ကုန်သည်ဖြစ်၍ သံယောဇဥ် မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက် သညောဇနဝိပ္ပယုတ္တသညောဇနိယတရား
၁၄၈၇။ ကတမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ သံယောဇနိယာ? ဥဒ္ဓစ္စသဟဂတော မောဟော, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ သံယောဇနိယာ။
၁၄၈၇။ (၁) အဘယ်တရားတို့သည် သံယောဇဥ်တို့နှင့်မယှဥ်မူ၍ သံယောဇဥ်တို့၏ အာရုံသာဖြစ်သော ’သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရားဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စသဟဂုတ် မောဟ (ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ရှိသော မောဟ)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ ဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဥ်တို့နှင့် မယှဥ်မူ ၍ သံယောဇဥ်တို့၏ အာရုံသာဖြစ်သော ‘သညောဇနဝိပ္ပယုတ္တသညောဇနိယ’ တရား ဖြစ်ကုန်၏ (လောကီ ကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်)။ သညောဇနဝိပ္ပယုတ္တအသညောဇနိယတရား
၁၄၈၈။ ကတမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ အသံယောဇနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ သံယောဇနဝိပ္ပယုတ္တာ အသံယောဇနိယာ။ သံယောဇနသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – သံယောဇနဝိပ္ပယုတ္တာ သံယောဇနိယာတိပိ, သံယောဇနဝိပ္ပယုတ္တာ အသံယောဇနိယာတိပိ။
၁၄၈၈။ (၂) အဘယ်တရားတို့သည် သံယောဇဥ်တို့နှင့်လည်း မယှဥ်, သံယောဇဥ်တို့၏ အာရုံလည်း မဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံး ပါးတို့၌ အကျုံးမဝင်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သံယောဇဥ်တို့နှင့်လည်း မယှဥ်၊ သံယောဇဥ်တို့၏ အာရုံလည်းမဖြစ်သော ‘သညောဇနဝိပ္ပယုတ္တအသညောဇနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ် သံယောဇဥ်တို့နှင့် ယှဥ်သော သညောဇနသမ္ပယုတ္တ’ (အကုသိုလ်) တရားတို့ကို သံယောဇဥ်တို့နှင့် မယှဥ်မူ၍ သံယောဇဥ်တို့၏ အာရုံသာဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ သံယောဇဥ်တို့နှင့် လည်းမယှဥ်, သံယောဇဥ်တို့၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ သညောဇနဂေါစ္ဆက ပြီးပြီ။ ဂန္ထဂေါစ္ဆက ၁-ဂန္ထဒုက် ဂန္ထတရား
ဂန္ထဂေါစ္ဆကံ
၁၄၈၉။ ကတမေ ဓမ္မာ ဂန္ထာ? စတ္တာရော ဂန္ထာ – အဘိဇ္ဈာကာယဂန္ထော, ဗျာပါဒေါ ကာယဂန္ထော, သီလဗ္ဗတပရာမာသော ကာယဂန္ထော, ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော။ အဘိဇ္ဈာကာယဂန္ထော အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဗျာပါဒေါ ကာယဂန္ထော ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ သီလဗ္ဗတပရာမာသော ကာယဂန္ထော စ ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော စ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဂန္ထာ။
၁၄၈၉။ (၁) အဘယ်တရားတို့သည် (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ‘ဂန္ထ’ တရား မည်ကုန်သနည်း။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာ ကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ,ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ ၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤငါ၏အယူသည်သာလျှင် မှန်၏ (တစ်ပါးသောအယူသည် အချည်းနှီးတည်း)ဟု မှားသောအားဖြင့် နှလုံးသွင်းမှု ‘ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ’ ဟူသော ဂန္ထလေးပါးတို့သည် ရှိကုန်၏။ ထို (ဂန္ထလေးပါးတို့) တွင် နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော မက်မောမှု ‘အဘိဇ္ဈာကာယဂန္ထ’ သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒကာယဂန္ထ’ သည် ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့၌ ဖြစ်၏။ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိ ပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော နွား, ခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် (မကောင်းမှုမှ စင်ကြယ်၏ဟု) မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသကာယဂန္ထ’ သည်လည်းကောင်း၊ နာမ်တရားအပေါင်း ‘နာမကာယ’ ကို (စုတိပဋိသန္ဓေ၏အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ်ထုံးဖွဲ့တတ်သော ဤငါ၏ အယူသည်သာလျှင် မှန်၏။ (တစ်ပါးသောအယူသည် အချည်းနှီးတည်း)ဟု မှားသောအားဖြင့် နှလုံးသွင်းမှု ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ သည်လည်းကောင်း ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် (စုတိ, ပဋိသန္ဓေ၏ အစွမ်းဖြင့် ဝဋ်ဆင်းရဲ၌) ဆက်စပ် ထုံးဖွဲ့တတ်သော ‘ဂန္ထ’ တရားမည်ကုန်၏ (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော ဂန္ထတရားကိုယ်သုံးပါး)။ နော ဂန္ထတရား
၁၄၉၀။ ကတမေ ဓမ္မာ နော ဂန္ထာ? ဌပေတွာ ဂန္ထေ, အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော ဂန္ထာ။
၁၄၉၀။ (၂) အဘယ်တရားတို့သည် ဂန္ထမမည်သော ‘နော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။ ဂန္ထတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထမမည်သော ‘နော ဂန္ထ’ တရား ဖြစ်ကုန်၏ (စိတ်,ဂန္ထတရားကိုယ်သုံးပါးကြဥ်သော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-ဂန္ထနိယဒုက် ဂန္ထနိယတရား
၁၄၉၁။ ကတမေ ဓမ္မာ ဂန္ထနိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဂန္ထနိယာ။
၁၄၉၁။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏ အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)၊ ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အပြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထ၏အာရုံဖြစ်သော ‘ဂန္ထနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်,ရုပ်)။ အဂန္ထနိယတရား
၁၄၉၂။ ကတမေ ဓမ္မာ အဂန္ထနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဂန္ထနိယာ။
၁၄၉၂။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်ကုန်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထ၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-ဂန္ထသမ္ပယုတ္တဒုက် ဂန္ထသမ္ပယုတ္တတရား
၁၄၉၃။ ကတမေ ဓမ္မာ ဂန္ထသမ္ပယုတ္တာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နံ လောဘံ ဌပေတွာ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နံ ပဋိဃံ ဌပေတွာ – ဣမေ ဓမ္မာ ဂန္ထသမ္ပယုတ္တာ။
၁၄၉၃။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် ယှဥ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဤ (ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်) တို့၌ ဖြစ်သော လောဘကို ချန်ထား၍ (ကြွင်းသော စေတသိက်နှစ်ဆယ့်နှစ်ပါး)၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (ဒေါသမူစိတ်) တို့၌ ဖြစ်သော ပဋိဃကို ချန်ထား၍ (ကြွင်းသော စေတသိက် နှစ်ဆယ့်တစ်ပါး) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဂန္ထနှင့် ယှဥ်သော ‘ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်, ဒေါသမူဒွေ,ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘနှင့် ဒေါသမူဒေါသမှတစ်ပါး အခြားသော ယှဥ်ဖက်စေတသိက်)။ ဂန္ထဝိပ္ပယုတ္တတရား
၁၄၉၄။ ကတမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ? စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော လောဘော, ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နံ ပဋိဃံ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ။
၁၄၉၄။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် မယှဥ်သော ‘ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော ပဋိဃ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ်၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)၊ ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ တရားတို့သည်ဂန္ထနှင့် မယှဥ်သော ဂန္ထဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဥ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ဒေါသမူဒွေ၌ ဒေါသ, ရုပ်, နိဗ္ဗာန်)။ ၄-ဂန္ထ ဂန္ထနိယဒုက် ဂန္ထဂန္ထနိယတရား
၁၄၉၅။ ကတမေ ဓမ္မာ ဂန္ထာ စေဝ ဂန္ထနိယာ စ? တေဝ ဂန္ထာ ဂန္ထာ စေဝ ဂန္ထနိယာ စ။
၁၄၉၅။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထလည်းမည်၍ ဂန္ထ၏ အာရုံလည်းဖြစ်သော ‘ဂန္ထ္ထဂန္ထနိယ’ တရား ဖြစ်ကုန်သ နည်း။ ထိုဂန္ထတရားတို့သည်ပင် ဂန္ထလည်းမည် ကုန်၍ ဂန္ထ၏ အာရုံလည်းဖြစ်သော ‘ဂန္ထဂန္ထနိယ’ တရားဖြစ်ကုန်၏ (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော ဂန္ထတရား ကိုယ်သုံးပါး)။ ဂန္ထနိယ နော ဂန္ထတရား
၁၄၉၆။ ကတမေ ဓမ္မာ ဂန္ထနိယာ စေဝ နော စ ဂန္ထာ? ဌပေတွာ ဂန္ထေ အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဂန္ထနိယာ စေဝ နော စ ဂန္ထာ။ အဂန္ထနိယာ ဓမ္မာ န ဝတ္တဗ္ဗာ – ဂန္ထာ စေဝ ဂန္ထနိယာ စာတိပိ, ဂန္ထနိယာ စေဝ နော စ ဂန္ထာတိပိ။
၁၄၉၆။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထ၏အာရုံသာ ဖြစ်၍ ဂန္ထမမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။ ဂန္ထတို့ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော လောကီဝိပါက် (၃၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထတို့၏အာရုံသာဖြစ်၍ ဂန္ထ မမည်သော ‘ဂန္ထနိယ နော ဂန္ထ’ တရား ဖြစ်ကုန်၏ (အကုသိုလ်, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ဂန္ထတရားကိုယ်သုံးပါးမှတစ်ပါး အခြား သော စေတသိက်, ရုပ်)။ ဒုက်မုတ်ဂန္ထတို့၏ အာရုံမဖြစ်သော ‘အဂန္ထနိယ’ (လောကုတ္တရာ) တရားတို့ကို ဂန္ထလည်းမည်၍ ဂန္ထတို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထ၏ အာရုံသာ ဖြစ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-ဂန္ထဂန္ထသမ္ပယုတ္တဒုက် ဂန္ထဂန္ထသမ္ပယုတ္တတရား
၁၄၉၇။ ကတမေ ဓမ္မာ ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စ? ယတ္ထ ဒိဋ္ဌိ စ လောဘော စ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စ။
၁၄၉၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိ)ဟူသော ဂန္ထလည်း မည်၍ ဂန္ထနှင့်လည်း ယှဥ်သော ‘ဂန္ထ ဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ ဒိဋ္ဌိသည်လည်းကောင်း၊ လောဘသည်လည်းကောင်း တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော လောဘ, ဒိဋ္ဌိဟူသော) ဤတရားတို့သည် ဂန္ထလည်းမည်၍ ဂန္ထနှင့် လည်း ယှဥ်သော ‘ဂန္ထဂန္ထသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရှိသော လောဘ, ဒိဋ္ဌိ)။ ဂန္ထသမ္ပယုတ္တနော ဂန္ထတရား
၁၄၉၈။ ကတမေ ဓမ္မာ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ? အဋ္ဌ လောဘသဟဂတစိတ္တုပ္ပါဒါ ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နေ ဂန္ထေ ဌပေတွာ – ဣမေ ဓမ္မာ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ။ ဂန္ထဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာတိပိ, ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာတိပိ။
၁၄၉၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိ)ဟူသောဂန္ထနှင့်သာ ယှဥ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရား ဖြစ်ကုန်သနည်း။ လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါး၊ ဒေါမနဿသဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဤ (လောဘမူ၊ ဒေါသမူစိတ်) တို့၌ ဖြစ်သော ဂန္ထတို့ကို ချန်ထား၍ (ကြွင်းသော စေတသိက် နှစ်ဆယ့်သုံးပါး တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဂန္ထနှင့်သာ ယှဥ်၍ ဂန္ထမမည်သော ‘ဂန္ထသမ္ပယုတ္တနော ဂန္ထ’ တရားဖြစ်ကုန်၏ (လောဘမူ, ဒေါသမူစိတ်, ဂန္ထတရားကိုယ် သုံးပါးမှတစ်ပါး အခြားသော ယှဥ်ဖက်စေတသိက်)။ ဒုက်မုတ်ဂန္ထနှင့် မယှဥ်သော ‘ဂန္ထဝိပ္ပယုတ္တ’ (မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို ဂန္ထလည်းမည်၍ ဂန္ထနှင့်လည်း ယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ ဂန္ထတို့နှင့်သာ ယှဥ်၍ ဂန္ထမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-ဂန္တဝိပ္ပယုတ္တဂန္ထနိယဒုက် ဂန္ထဝိပ္ပယုတ္တဂန္ထနိယတရား
၁၄၉၉။ ကတမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ ဂန္ထနိယာ? စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော လောဘော, ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နံ ပဋိဃံ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ ဂန္ထနိယာ။
၁၄၉၉။ (၁) အဘယ်တရားတို့သည် (လောဘ,ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့် ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ် စိတ္တုပ္ပါဒ် လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်သော ပဋိဃ၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ္တုပ္ပါဒ်၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ်။ (ကာမ, ရူပ, အရူပ, ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထနှင့် မယှဥ်မူ၍ဂန္ထ၏ အာရုံသာဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မောဟမူဒွေ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ဒေါသမူဒွေ၌ ဒေါသ၊ ရုပ်)။ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယတရား
၁၅၀၀။ ကတမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ အဂန္ထနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ဂန္ထဝိပ္ပယုတ္တာ အဂန္ထနိယာ။ ဂန္ထသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ဂန္ထဝိပ္ပယုတ္တာ ဂန္ထနိယာတိပိ, ဂန္ထဝိပ္ပယုတ္တာ အဂန္ထနိယာတိပိ။
၁၅၀၀။ (၂) အဘယ်တရားတို့သည် (လောဘ, ဒေါသ, ဒိဋ္ဌိဟူသော) ဂန္ထနှင့်လည်း မယှဥ်ကုန်, ဂန္ထ၏အာရုံလည်း မဖြစ်သော ‘ဂန္ထဝိပ္ပယုတ္တအဂန္ထနိယ’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။ ဤတရားတို့သည် ဂန္ထနှင့်လည်း မယှဥ်ကုန်၊ ဂန္ထ၏ အာရုံလည်း မဖြစ်သော ‘ဂန္ထ ဝိပ္ပယုတ္တ့အဂန္ထနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ်ဂန္ထနှင့် ယှဥ်သော ‘ဂန္ထသမ္ပယုတ္တ’ တရားတို့ကို ဂန္ထနှင့် မယှဥ်ကုန်သည်ဖြစ်၍ ဂန္ထ၏ အာရုံသာဖြစ်ကုန်၏ဟူ၍ လည်းကောင်း၊ ဂန္ထနှင့်လည်း မယှဥ်၊ ဂန္ထ၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ဂန္ထဂေါစ္ဆက ပြီးပြီ။ ၆-ဩဃဂေါစ္ဆက ၁-ဩဃဒုက် ဩဃတရား
ဩဃဂေါစ္ဆကံ
၁၅၀၁။ ကတမေ ဓမ္မာ ဩဃာ…ပေ…။
၁၅၀၁။ အဘယ်တရားတို့သည် ဩဃမည်ကုန်သနည်း။ပ။ ၇-ယောဂဂေါစ္ဆက ၁-ယောဂဃဒုက် ယောဂတရား
ယောဂဂေါစ္ဆကံ
၁၅၀၂။ ကတမေ ဓမ္မာ ယောဂါ…ပေ…။
၁၅၀၂။ အဘယ်တရားတို့သည် ယောဂမည်ကုန်သနည်း။ပ။ ၈-နီဝရဏဂေါစ္ဆက ၁-နီဝရဏဒုက် နီဝရဏတရား
နီဝရဏဂေါစ္ဆကံ
၁၅၀၃။ ကတမေ ဓမ္မာ နီဝရဏာ? ဆ နီဝရဏာ – ကာမစ္ဆန္ဒနီဝရဏံ, ဗျာပါဒနီဝရဏံ, ထိနမိဒ္ဓနီဝရဏံ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏံ, ဝိစိကိစ္ဆာနီဝရဏံ, အဝိဇ္ဇာနီဝရဏံ။ ကာမစ္ဆန္ဒနီဝရဏံ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ, ဗျာပါဒနီဝရဏံ ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ, ထိနမိဒ္ဓနီဝရဏံ သသင်္ခါရိကေသု အကုသလေသု ဥပ္ပဇ္ဇတိ, ဥဒ္ဓစ္စနီဝရဏံ ဥဒ္ဓစ္စသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ, ကုက္ကုစ္စနီဝရဏံ ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ, ဝိစိကိစ္ဆာနီဝရဏံ ဝိစိကိစ္ဆာသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ, အဝိဇ္ဇာနီဝရဏံ သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ – ဣမေ ဓမ္မာ နီဝရဏာ။
၁၅၀၃။ (၁) အဘယ်တရားတို့သည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ မည်ကုန်သနည်း။ ကာမဂုဏ်တို့၌ လိုချင်တောင့်တခြင်း ‘ကာမစ္ဆန္ဒ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင် တားဆီးမှု ‘ကာမစ္ဆန္ဒနီဝရဏ’ ၊ ဖျက်ဆီးပြစ်မှားမှု ‘ဗျာပါဒ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ဗျာပါဒနီဝရဏ’ ၊ စိတ် စေတသိက်တို့၏မခံ့မှု (ထိုင်းမှိုင်းခြင်း) ‘ထိနမိဒ္ဓ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ထိနမိဒ္ဓနီဝရဏ’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ ၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင် တားဆီးမှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’ ၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘ဝိစိကိစ္ဆာနီဝရဏ’။ (သိအပ်သည်ကို) မသိမှု (သစ္စာလေးပါးကိုမသိမှု) ‘အဝိဇ္ဇာ’ ဟူသော (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘အဝိဇ္ဇာ နီဝရဏ’ ဟူသော နီဝရဏခြောက်ပါးတို့သည် (ရှိကုန်၏)။ (ထိုနီဝရဏခြောက်ပါးတို့တွင်) ကာမစ္ဆန္ဒနီဝရဏသည် လောဘသဟဂုတ် စိတ္တုပ္ပါဒ်ရှစ်ပါးတို့၌ ဖြစ်၏။ ဗျာပါဒ နီဝရဏသည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ ထိနမိဒ္ဓ နီဝရဏသည် သသင်္ခါရိက အကုသိုလ် (စိတ်) တို့၌ ဖြစ်၏။ ဥဒ္ဓစ္စနီဝရဏသည် ဥဒ္ဓစ္စသဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ ကုက္ကုစ္စ နီဝရဏသည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ ဝိစိကိစ္ဆာ နီဝရဏသည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ အဝိဇ္ဇာနီဝရဏ (မောဟ) သည် အလုံးစုံသော အကုသိုလ် (စိတ်) တို့၌ ဖြစ်၏။ ဤတရားတို့သည် (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ မည်ကုန်၏။ နော နီဝရဏတရား
၁၅၀၄။ ကတမေ ဓမ္မာ နော နီဝရဏာ? ဌပေတွာ နီဝရဏေ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော နီဝရဏာ။
၁၅၀၄။ (၂) အဘယ်တရားတို့သည် နီဝရဏမမည်သော ‘နော နီဝရဏ’ တရားဖြစ်ကုန်သနည်း။ (ဈာန်, မဂ်, ဖိုလ်တရားတို့ကို) ပိတ်ပင်တားဆီးမှု ‘နီဝရဏ’ တရားတို့ကို ချန်ထား၍ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏမမည်သော ‘နော နီဝရဏ’ တရား ဖြစ်ကုန်၏ (စိတ်, နီဝရဏတရားကိုယ်ရှစ်ပါးမှတစ်ပါး အခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-နီဝရဏိယဒုက် နီဝရဏိယတရား
၁၅၀၅။ ကတမေ ဓမ္မာ နီဝရဏိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ နီဝရဏိယာ။
၁၅၀၅။ (၁) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်နီဝရဏတို့၏ အာရုံဖြစ်သော ‘နီဝရဏိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အနီဝရဏိယတရား
၁၅၀၆။ ကတမေ ဓမ္မာ အနီဝရဏိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနီဝရဏိယာ။
၁၅၀၆။ (၂) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့၏ အာရုံမဖြစ်သော ‘အနီဝရဏိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-နီဝရဏသမ္ပယုတ္တဒုက် နီဝရဏသမ္ပယုတ္တတရား
၁၅၀၇။ ကတမေ ဓမ္မာ နီဝရဏသမ္ပယုတ္တာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ နီဝရဏသမ္ပယုတ္တာ။
၁၅၀၇။ (၁) အဘယ်တရားတို့သည် နီဝရဏနှင့် ယှဥ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါး တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် နီဝရဏတို့နှင့် ယှဥ်သော ‘နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ် ၁၂, ယှဥ်ဖက်စေတသိက်)။ နီဝရဏဝိပ္ပယုတ္တတရား
၁၅၀၈။ ကတမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ? စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ။
၁၅၀၈။ (၂) အဘယ်တရားတို့သည် နီဝရဏနှင့် မယှဥ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါး တို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ,ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏနှင့်မယှဥ်သော ‘နီဝရဏဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်,ရုပ်, နိဗ္ဗာန်)။ ၄-နီဝရဏ နီဝရဏိယဒုက် နီဝရဏ နီဝရဏိယတရား
၁၅၀၉။ ကတမေ ဓမ္မာ နီဝရဏာ စေဝ နီဝရဏိယာ စ? တာနေဝ နီဝရဏာနိ နီဝရဏာ စေဝ နီဝရဏိယာ စ။
၁၅၀၉။ (၁) အဘယ်တရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏတို့၏အာရုံလည်းဖြစ်သော ‘နီဝရဏ နီဝရဏိယ’ တရား ဖြစ်ကုန် သနည်း။ ထိုနီဝရဏတရားတို့သည်ပင်လျှင် နီဝရဏလည်း မည်၍ နီဝရဏတို့၏ အာရုံလည်း ဖြစ်သော ‘နီဝရဏနီဝရဏိယ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။ နီဝရဏိယ နော နီဝရဏတရား
၁၅၁၀။ ကတမေ ဓမ္မာ နီဝရဏိယာ စေဝ နော စ နီဝရဏာ? ဌပေတွာ နီဝရဏေ, အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ နီဝရဏိယာ စေဝ နော စ နီဝရဏာ။ အနီဝရဏိယာ ဓမ္မာ န ဝတ္တဗ္ဗာ – နီဝရဏာ စေဝ နီဝရဏိယာ စာတိပိ, နီဝရဏိယာ စေဝ နော စ နီဝရဏာတိပိ။
၁၅၁၀။ (၂) အဘယ်တရားတို့သည် နီဝရဏတို့၏ အာရုံသာ ဖြစ်၍နီဝရဏမမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။ နီဝရဏတရားတို့ကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည့်နီဝရဏတို့၏ အာရုံသာ ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏိယ နော နီဝရဏ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, နီဝရဏတရားကိုယ်ရှစ်ပါး ကြဥ်သော စေတသိက်, ရုပ်)။ ဒုက်မုတ် နီဝရဏတို့၏ အာရုံမဟုတ်သော ‘အနီဝရဏိယ’ (မဂ်, ဖိုလ်, နိဗ္ဗာန်) တရားတို့ကို နီဝရဏလည်း မည်၍ နီဝရဏတို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့၏ အာရုံသာဖြစ်၍ နီဝရဏမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-နီဝရဏ နီဝရဏသမ္ပယုတ္တဒုက် နီဝရဏ နီဝရဏသမ္ပယုတ္တတရား
၁၅၁၁။ ကတမေ ဓမ္မာ နီဝရဏာ စေဝ နီဝရဏသမ္ပယုတ္တာ စ? ယတ္ထ ဒွေ တီဏိ နီဝရဏာနိ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ နီဝရဏာ စေဝ နီဝရဏသမ္ပယုတ္တာ စ။
၁၅၁၁။ (၁) အဘယ်တရားတို့သည် နီဝရဏလည်းမည်၍ နီဝရဏနှင့်လည်း ယှဥ်သော ‘နီဝရဏ နီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ နီဝရဏနှစ်ပါး, သုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော နီဝရဏနှစ်ပါး,သုံးပါးဟူသော) ဤတရားတို့သည် နီဝရဏလည်း မည်၍ နီဝရဏနှင့်လည်း ယှဥ်သော ‘နီဝရဏနီဝရဏသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (နီဝရဏတရားကိုယ်ရှစ်ပါး)။ နီဝရဏသမ္ပယုတ္တနော နီဝရဏတရား
၁၅၁၂။ ကတမေ ဓမ္မာ နီဝရဏသမ္ပယုတ္တာ စေဝ နော စ နီဝရဏာ? ဌပေတွာ နီဝရဏေ, အဝသေသံ အကုသလံ – ဣမေ ဓမ္မာ နီဝရဏသမ္ပယုတ္တာ စေဝ နော စ နီဝရဏာ။ နီဝရဏဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – နီဝရဏာ စေဝ နီဝရဏသမ္ပယုတ္တာ စာတိပိ, နီဝရဏသမ္ပယုတ္တာ စေဝ နော စ နီဝရဏာတိပိ။
၁၅၁၂။ (၂) အဘယ်တရားတို့သည် နီဝရဏတို့နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ နီဝရဏမမည်သော ‘နီဝရဏ သမ္ပယုတ္တနော နီဝရဏ’ တရား ဖြစ်ကုန်သနည်း။ နီဝရဏတရားတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည်နီဝရဏတို့နှင့်သာ ယှဥ်ကုန်သည်ဖြစ်၍ နီဝရဏမမည် သော ‘နီဝရဏသမ္ပယုတ္တနော နီဝရဏ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, နီဝရဏတရား ကိုယ်ရှစ်ပါး မှတစ်ပါး အခြားသော ယှဥ်ဖက် စေတသိက်)။ ဒုက်မုတ် နီဝရဏတို့နှင့် မယှဥ်သော ‘နီဝရဏဝိပ္ပယုတ္တ’ (ကုသိုလ်, ဝိပါက်, ကိရိယာ, ရုပ်, နိဗ္ဗာန်) တရားတို့ကို နီဝရဏလည်း မည်၍ နီဝရဏတို့နှင့်လည်း ယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ နီဝရဏ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-နီဝရဏဝိပ္ပယုတ္တနီဝရဏိယဒုက် နီဝရဏဝိပ္ပယုတ္တနီဝရဏိယတရား
၁၅၁၃။ ကတမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ နီဝရဏိယာ? တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ နီဝရဏိယာ။
၁၅၁၃။ (၁) အဘယ်တရားတို့သည် နီဝရဏတို့နှင့် မယှဥ်ကုန်မူ၍နီဝရဏတို့၏အာရုံသာဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ အဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့နှင့် မယှဥ် ကုန်မူ၍ နီဝရဏတို့၏အာရုံသာဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တနီဝရဏိယ’ တရား ဖြစ်ကုန်၏ (လောကီ ကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ရုပ်)။ နီဝရဏဝိပ္ပယုတ္တအနီဝရဏိယတရား
၁၅၁၄။ ကတမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ အနီဝရဏိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နီဝရဏဝိပ္ပယုတ္တာ အနီဝရဏိယာ။ နီဝရဏသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – နီဝရဏဝိပ္ပယုတ္တာ နီဝရဏိယာတိပိ, နီဝရဏဝိပ္ပယုတ္တာ အနီဝရဏိယာတိပိ။
၁၅၁၄။ (၂) အဘယ်တရားတို့သည် နီဝရဏတို့နှင့်လည်း မယှဥ်ကုန်မူ၍ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နီဝရဏတို့နှင့်လည်း မယှဥ်ကုန်မူ၍ နီဝရဏတို့၏ အာရုံလည်း မဖြစ်သော ‘နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ် နီဝရဏတို့နှင့် ယှဥ်သော ‘နီဝရဏသမ္ပယုတ္တ’ (အကုသိုလ်) တရားတို့ကို နီဝရဏတို့နှင့် မယှဥ်မူ၍ နီဝရဏတို့၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ နီဝရဏတို့နှင့်လည်း မယှဥ်ကုန် မူ၍နီဝရဏတို့၏ အာရုံလည်း မဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ နီဝရဏဂေါစ္ဆက ပြီးပြီ။ ၉-ပရာမာသဂေါစ္ဆက ၁-ပရာမာသဒုက် ပရာမာသတရား
ပရာမာသဂေါစ္ဆကံ
၁၅၁၅။ ကတမေ ဓမ္မာ ပရာမာသာ? ဒိဋ္ဌိပရာမာသော စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ – ဣမေ ဓမ္မာ ပရာမာသာ။
၁၅၁၅။ (၁) အဘယ်တရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ မည်ကုန်သနည်း။ မိစ္ဆာဒိဋ္ဌိဟူသော မှားသောအားဖြင့် သုံးသပ်မှု ‘ဒိဋ္ဌိ ပရာမာသ’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏။ ဤတရားတို့သည် မှားသောအားဖြင့် သုံးသပ်မှု ‘ပရာမာသ’ မည်ကုန်၏ (ဒိဋ္ဌိစေတသိက်)။ နော ပရာမာသတရား
၁၅၁၆။ ကတမေ ဓမ္မာ နော ပရာမာသာ? ဌပေတွာ ပရာမာသံ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော ပရာမာသာ။
၁၅၁၆။ (၂) အဘယ်တရားတို့သည် ပရာမာသမမည်သော ‘နော ပရာမာသ’ တရားဖြစ်ကုန်သနည်း။ ဒိဋ္ဌိပရာမာသကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာ အဗျာကတ’ (၂၀)၊ ထို့ပြင်အလုံးစုံသော ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ပရာမာသမမည်သော ‘နောပရာမာသ’ တရား ဖြစ်ကုန်၏ (စိတ်, ဒိဋ္ဌိကြဥ်သော စေတသိက် ၅၁, ရုပ်, နိဗ္ဗာန်)။ ၂-ပရာမဋ္ဌဒုက် ပရာမဋ္ဌတရား
၁၅၁၇။ ကတမေ ဓမ္မာ ပရာမဋ္ဌာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ပရာမဋ္ဌာ။
၁၅၁၇။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’၏ အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’၏အာရုံဖြစ်သော ‘ပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အပရာမဋ္ဌတရား
၁၅၁၈။ ကတမေ ဓမ္မာ အပရာမဋ္ဌာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အပရာမဋ္ဌာ။
၁၅၁၈။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’၏ အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ ၏ အာရုံ မဖြစ်သော ‘အပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်,နိဗ္ဗာန်)။ ၃-ပရာမာသသမ္ပယုတ္တဒုက် ပရာမာသ သမ္ပယုတ္တတရား
၁၅၁၉။ ကတမေ ဓမ္မာ ပရာမာသသမ္ပယုတ္တာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နံ ပရာမာသံ ဌပေတွာ – ဣမေ ဓမ္မာ ပရာမာသသမ္ပယုတ္တာ။
၁၅၁၉။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့်ယှဥ်သော ‘ပရာမာသသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဤစိတ်တို့၌ ဖြစ်သော (ဒိဋ္ဌိ) ပရာမာသကို ချန်ထား၍ (ကြွင်းသော) စေတသိက် (၂၀) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် ယှဥ်သော ‘ပရာမာသ သမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်, ဒိဋ္ဌိမှတစ်ပါးအခြားသော ယှဥ်ဖက် စေတသိက်)။ ပရာမာသဝိပ္ပယုတ္တတရား
၁၅၂၀။ ကတမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ? စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ။ ပရာမာသော န ဝတ္တဗ္ဗော – ပရာမာသသမ္ပယုတ္တောတိပိ, ပရာမာသဝိပ္ပယုတ္တောတိပိ။
၁၅၂၀။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့် မယှဥ်သော ‘ပရာမာသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘ သဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် မယှဥ်သော ‘ပရာမာသဝိပ္ပယုတ္တ’ တရားဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်,ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ဒုက်မုတ် (ဒိဋ္ဌိ) ပရာမာသကို ‘ပရာမာသ’ နှင့် ယှဥ်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ နှင့် မယှဥ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။ ၄-ပရာမာသ ပရာမဋ္ဌဒုက် ပရာမာသ ပရာမဋ္ဌတရား
၁၅၂၁။ ကတမေ ဓမ္မာ ပရာမာသာ စေဝ ပရာမဋ္ဌာ စ? သော ဧဝ ပရာမာသော ပရာမာသော စေဝ ပရာမဋ္ဌော စ။
၁၅၂၁။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’လည်းမည်၍ ပရာမာသ၏အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရား ဖြစ်ကုန် သနည်း။ ထို (ဒိဋ္ဌိ) ပရာမာသသည်ပင် ‘ပရာမာသ’ လည်း မည်၍ ‘ပရာမာသ’ ၏ အာရုံလည်း ဖြစ်သော ‘ပရာမာသ ပရာမဋ္ဌ’ တရား ဖြစ်၏ (ဒိဋ္ဌိစေတသိက်)။ ပရာမဋ္ဌ နော ပရာမာသတရား
၁၅၂၂။ ကတမေ ဓမ္မာ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ? ဌပေတွာ ပရာမာသံ အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ။ အပရာမဋ္ဌာ ဓမ္မာ န ဝတ္တဗ္ဗာ – ပရာမာသာ စေဝ ပရာမဋ္ဌာ စာတိပိ, ပရာမဋ္ဌာ စေဝ နော စ ပရာမာသာတိပိ။
၁၅၂၂။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’၏ အာရုံသာဖြစ်၍‘ပရာမာသ’မမည်သော ‘ပရာမဋ္ဌ နော ပရာမာသ’ တရား ဖြစ်ကုန်သနည်း။ (ဒိဋ္ဌိ) ပရာမာသကိုချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ်, အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာအဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ ၏ အာရုံသာ ဖြစ်၍ ‘ပရာမာသ’ မမည်သော ‘ပရာမဋ္ဌ နောပရာမာသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဒိဋ္ဌိမှတစ်ပါး အခြားသော စေတသိက်, ရုပ်)။ ဒုက်မုတ် ‘ပရာမာသ’ ၏ အာရုံမဖြစ်သော ‘အပရာမဋ္ဌ’ (မဂ်, ဖိုလ်, နိဗ္ဗာန်) တရားတို့ကို ‘ပရာမာသ’ လည်း မည်၍ ‘ပရာမာသ’ ၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ ၏ အာရုံသာဖြစ်၍ ‘ပရာမာသ’ မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက် ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌတရား
၁၅၂၃။ ကတမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာ? စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာ။
၁၅၂၃။ (၁) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့် မယှဥ်မူ၍‘ပရာမာသ’၏ အာရုံသာဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာအဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသောရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့် မယှဥ်မူ၍ ‘ပရာမာသ’ ၏ အာရုံသာဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတဝိပ္ပယုတ်, ဒေါသမူ, မောဟမူ, လောကီကုသိုလ်,လောကီဝိပါက်, ကိရိယာစိတ်, စေတသိက်, ရုပ်)။ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌတရား
၁၅၂၄။ ကတမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ။ ပရာမာသာ စ ပရာမာသသမ္ပယုတ္တာ စ ဓမ္မာ န ဝတ္တဗ္ဗာ – ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာတိပိ, ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာတိပိ။
၁၅၂၄။ (၂) အဘယ်တရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဥ်မူ၍ ‘ပရာမသ’၏ အာရုံလည်းမဖြစ်သော ‘ပရာမာသ ဝိပ္ပယုတ္တအပရာမဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ် လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း ‘သာမည’ (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ‘ပရာမာသ’ နှင့်လည်း မယှဥ်မူ၍ ‘ပရာမာသ’ ၏ အာရုံလည်း မဖြစ်သော ‘ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌ’ တရား ဖြစ်ကုန်၏။ ဒုက်မုတ် ‘ပရာမာသ’ (ဒိဋ္ဌိ) တို့ကိုလည်းကောင်း၊ ‘ပရာမာသ’ နှင့် ယှဥ်သော (ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်) တရားတို့ကိုလည်းကောင်း၊ ‘ပရာမာသ’ နှင့် မယှဥ်မူ၍ ‘ပရာမာသ’ ၏ အာရုံသာ ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ‘ပရာမာသ’ နှင့်လည်း မယှဥ်၊ ‘ပရာမာသ’ ၏ အာရုံလည်းမဖြစ်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ပရာမာသဂေါစ္ဆက ပြီးပြီ။ ၁၀-မဟန္တရဒုက် ၁-သာရမ္မဏဒုက် သာရမ္မဏတရား
မဟန္တရဒုကံ
၁၅၂၅။ ကတမေ ဓမ္မာ သာရမ္မဏာ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ – ဣမေ ဓမ္မာ သာရမ္မဏာ။
၁၅၂၅။ (၁) အဘယ်တရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀) သည် (ရှိ၏)။ ဤတရားတို့သည် အာရုံပြုခြင်းရှိသော (အာရုံပြုတတ်သော) ‘သာရမ္မဏ’ တရား ဖြစ် ကုန်၏ (အာရုံပြုခြင်းရှိသော စိတ်, စေတသိက်)။ အနာရမ္မဏတရား
၁၅၂၆။ ကတမေ ဓမ္မာ အနာရမ္မဏာ? ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနာရမ္မဏာ။
၁၅၂၆။ (၂) အဘယ်တရားတို့သည် အာရုံပြုခြင်းမရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မဏ’ တရား ဖြစ်ကုန်သနည်း။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန် သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် အာရုံပြုခြင်းမရှိသော (အာရုံမပြုတတ်သော) ‘အနာရမ္မဏ’ တရား ဖြစ်ကုန်၏ (အာရုံပြုခြင်းမရှိသော ရုပ်, နိဗ္ဗာန်)။ ၂-စိတ္တဒုက် စိတ္တတရား
၁၅၂၇။ ကတမေ ဓမ္မာ စိတ္တာ? စက္ခုဝိညာဏံ, သောတဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ကာယဝိညာဏံ, မနောဓာတု, မနောဝိညာဏဓာတု – ဣမေ ဓမ္မာ စိတ္တာ။
၁၅၂၇။ (၁) အဘယ်တရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’မည်သော ‘စိတ္တ’ တရားဖြစ်ကုန်သနည်း။ မြင်သိစိတ် ‘စက္ခုဝိညာဏ်’ ၊ ကြားသိစိတ် ‘သောတဝိညာဏ်’ ၊ နံသိစိတ် ‘ဃာနဝိညာဏ်’ ၊ လျက်သိစိတ် ‘ဇိဝှါဝိညာဏ်’ ၊ ထိသိစိတ် ‘ကာယဝိညာဏ်’ ၊ သိတတ်သော သဘော ‘မနောဓာတ်’ ၊ အထူးသိတတ်သော သဘော ‘မနောဝိညာဏဓာတ်’ သည် (ရှိ၏)။ ဤတရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’ မည်သော ‘စိတ္တ’ တရား ဖြစ်ကုန်၏ (စိတ် ၈၉)။ နော စိတ္တတရား
၁၅၂၈။ ကတမေ ဓမ္မာ နော စိတ္တာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တာ။
၁၅၂၈။ (၂) အဘယ်တရားတို့သည် (အာရုံကို သိတတ်သည့်) ‘စိတ်’ မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (အာရုံကိုသိတတ်သည့်) ‘စိတ်’ မမည်သော ‘နော စိတ္တ’ တရား ဖြစ်ကုန်၏ (စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၃-စေတသိကဒုက် စေတသိကတရား
၁၅၂၉။ ကတမေ ဓမ္မာ စေတသိကာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စေတသိကာ။
၁၅၂၉။ (၁) အဘယ်တရားတို့သည် (စိတ်၌ ယှဥ်သည့်) ‘စေတသိက်’မည်သော ‘စေတသိက’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် (စိတ်၌ ယှဥ်သည့်) ‘စေတသိက်’ မည်သော ‘စေတသိက’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။ အစေတသိကတရား
၁၅၃၀။ ကတမေ ဓမ္မာ အစေတသိကာ? စိတ္တဉ္စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အစေတသိကာ။
၁၅၃၀။ (၂) အဘယ်တရားတို့သည် (စိတ်၌ ယှဥ်သည့်) ‘စေတသိက်’ မမည်သော ‘အစေတသိက’ တရား ဖြစ်ကုန်သနည်း။ စိတ်၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (စိတ်၌ ယှဥ်သည့်) ‘စေတသိက်’ မမည်သော ‘အစေတသိက’ တရား ဖြစ်ကုန်၏။ (စိတ်, ရုပ်, နိဗ္ဗာန်)။ ၄-စိတ္တသမ္ပယုတ္တဒုက် စိတ္တသမ္ပယုတ္တတရား
၁၅၃၁။ ကတမေ ဓမ္မာ စိတ္တသမ္ပယုတ္တာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စိတ္တသမ္ပယုတ္တာ။
၁၅၃၁။ (၁) အဘယ်တရားတို့သည် စိတ်၌ ယှဥ်သော ‘စိတ္တသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်၌ ယှဥ်သော ‘စိတ္တသမ္ပယုတ္တ’ တရား ဖြစ် ကုန်၏ (စေတသိက် ၅၂)။ စိတ္တဝိပ္ပယုတ္တတရား
၁၅၃၂။ ကတမေ ဓမ္မာ စိတ္တဝိပ္ပယုတ္တာ? ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ စိတ္တဝိပ္ပယုတ္တာ။ စိတ္တံ န ဝတ္တဗ္ဗံ – စိတ္တေန သမ္ပယုတ္တန္တိပိ, စိတ္တေန ဝိပ္ပယုတ္တန္တိပိ။
၁၅၃၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မယှဥ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရားဖြစ်ကုန်သနည်း။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့် မယှဥ်သော ‘စိတ္တဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (စိတ်နှင့် မယှဥ်သော ရုပ်, နိဗ္ဗာန်)။ ဒုက်မုတ် စိတ်ကိုစိတ်နှင့်ယှဥ်၏ဟူ၍လည်းကောင်း၊ စိတ်နှင့်မယှဥ်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်။ ၅-စိတ္တသံသဋ္ဌဒုက် စိတ္တသံသဋ္ဌတရား
၁၅၃၃။ ကတမေ ဓမ္မာ စိတ္တသံသဋ္ဌာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စိတ္တသံသဋ္ဌာ။
၁၅၃၃။ (၁) အဘယ်တရားတို့သည် စိတ်နှင့် ရောနှောသော (စိတ်နှင့် ယှဥ်သော) ‘စိတ္တသံသဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် ရောနှောသော (စိတ်နှင့် ယှဥ်သော) ‘စိတ္တသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။ စိတ္တဝိသံသဋ္ဌတရား
၁၅၃၄။ ကတမေ ဓမ္မာ စိတ္တဝိသံသဋ္ဌာ? ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ စိတ္တဝိသံသဋ္ဌာ။ စိတ္တံ န ဝတ္တဗ္ဗံ – စိတ္တေန သံသဋ္ဌန္တိပိ, စိတ္တေန ဝိသံသဋ္ဌန္တိပိ။
၁၅၃၄။ (၂) အဘယ်တရားတို့သည် စိတ်နှင့် မရောနှောသော (စိတ်နှင့် မယှဥ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်သနည်း။ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန် သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် မရောနှောသော (စိတ်နှင့် မယှဥ်သော) ‘စိတ္တဝိသံသဋ္ဌ’ တရား ဖြစ်ကုန်၏ (ရုပ်, နိဗ္ဗာန်)။ ဒုက်မုတ် စိတ်ကို စိတ်နှင့်ရောနှော၏ဟူ၍လည်းကောင်း စိတ်နှင့် မရောနှောဟူ၍လည်းကောင်း မဆိုအပ်မဆိုထိုက်။ ၆-စိတ္တသမုဋ္ဌာနဒုက် စိတ္တသမုဋ္ဌာနတရား
၁၅၃၅။ ကတမေ ဓမ္မာ စိတ္တသမုဋ္ဌာနာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ကာယဝိညတ္တိ, ဝစီဝိညတ္တိ, ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တဇံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ – ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ အာကာသဓာတု အာပေါဓာတု ရူပဿ လဟုတာ ရူပဿ မုဒုတာ ရူပဿ ကမ္မညတာ ရူပဿ ဥပစယော ရူပဿ သန္တတိ ကဗဠီကာရော အာဟာရော – ဣမေ ဓမ္မာ စိတ္တသမုဋ္ဌာနာ။
၁၅၃၅။ (၁) အဘယ်တရားတို့သည် စိတ်လျှင်ဖြစ်ကြောင်းရှိသော (စိတ်ကြောင့်ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူ အရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ထို့ပြင် (ဆိုအပ်ခဲ့ပြီးသော ရုပ်တို့မှ) တစ်မျိုးတခြား ဖြစ်သော စိတ်ကြောင့်ဖြစ်သော ‘စိတ္တဇ’ ၊ စိတ်ဟူသောအကြောင်းရှိသော ‘စိတ္တဟေတုက’ ၊ စိတ်လျှင် ဖြစ်ကြောင်းရှိသော ‘စိတ္တသမုဋ္ဌာန’ ၊ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’ ၊ ကြားသိစိတ်ဖြစ်ကြောင်း အသံ ‘သဒ္ဒါယတန’ ၊ နံသိစိတ်ဖြစ်ကြောင်း အနံ့ ‘ဂန္ဓာယတန’ ၊ လျက်သိစိတ်ဖြစ်ကြောင်း အရသာ ‘ရသာယတန’ ထိသိစိတ်ဖြစ်ကြောင်း အတွေ့ ‘ဖောဋ္ဌဗ္ဗာယတန’ ၊ မရေး ခြစ်အပ်သော (ရေးခြစ်၍ မထင်သောဟင်းလင်း) သဘော ‘အာကာသဓာတ်’ ၊ ရေဟူသောသဘော (ဖွဲ့စည်းခြင်းသဘော) ‘အာပေါဓာတ်’ ၊ ရုပ်၏လျင်မြန် ပေါ့ပါးမှု ‘ရူပဿ လဟုတာ’ ၊ ရုပ်၏ နူးညံ့မှု ‘ရူပဿ မုဒုတာ’ ၊ ရုပ်၏ ခံ့မှု (အမှုကိစ္စတို့၌ ပြီးမြောက်အောင် လိုက်လျော ဆောင်ရွက်နိုင်မှု) ‘ရူပဿ ကမ္မညတာ’ ၊ ရုပ်၏ ဖြစ်ပေါ်စ ‘ရူပဿဥပစယ’ ၊ ရုပ်၏ ကြီးပွါးဆဲအစဥ် ‘ရူပဿ သန္တတိ’ ၊ အလုတ်အလွေး ပြုအပ်သော အစာ ‘ကဗဠီကာရအာဟာရ’ ဟူသော အကြင် ရုပ်သည်လည်း ရှိသေး၏။ ဤတရားတို့သည် စိတ်လျှင် ဖြစ်ကြောင်းရှိသော (စိတ်ကြောင့် ဖြစ်သော) ‘စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက်, စိတ္တဇရုပ်)။ နော စိတ္တသမုဋ္ဌာနတရား
၁၅၃၆။ ကတမေ ဓမ္မာ နော စိတ္တသမုဋ္ဌာနာ? စိတ္တဉ္စ, အဝသေသဉ္စ ရူပံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တသမုဋ္ဌာနာ။
၁၅၃၆။ (၂) အဘယ်တရားတို့သည် စိတ်လျှင်ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့်မဖြစ်သော) ‘နော စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။ စိတ်၊ ထို့ပြင် (စိတ္တဇရုပ်မှ) ကြွင်းကျန်သော ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် စိတ်လျှင်ဖြစ်ကြောင်း မရှိသော (စိတ်ကြောင့် မဖြစ်သော) ‘နော စိတ္တသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ကမ္မဇ, ဥတုဇ,အာဟာရဇရုပ်, နိဗ္ဗာန်)။ ၇-စိတ္တသဟဘုဒုက် စိတ္တသဟဘုတရား
၁၅၃၇။ ကတမေ ဓမ္မာ စိတ္တသဟဘုနော? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ကာယဝိညတ္တိ, ဝစီဝိညတ္တိ – ဣမေ ဓမ္မာ စိတ္တသဟဘုနော။
၁၅၃၇။ (၁) အဘယ်တရားတို့သည် စိတ်နှင့် အတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ် အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။ ခံစားမှု အစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ်အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ဤတရားတို့သည်စိတ်နှင့် အတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ် အတူပျက်သော) ‘စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂, ဝိညတ်ရုပ်နှစ်ပါး)။ နော စိတ္တသဟဘုတရား
၁၅၃၈။ ကတမေ ဓမ္မာ နော စိတ္တသဟဘုနော? စိတ္တဉ္စ, အဝသေသဉ္စ ရူပံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တသဟဘုနော။
၁၅၃၈။ (၂) အဘယ်တရားတို့သည် စိတ်နှင့်အတူတကွ မဖြစ်သော (စိတ်နှင့်အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်သနည်း။ စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်မှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့် အတူတကွ မဖြစ်သော (စိတ်နှင့် အတူဖြစ်,အတူပျက်မဟုတ်သော) ‘နော စိတ္တသဟဘု’ တရား ဖြစ်ကုန်၏ (စိတ်, ဝိညတ်ရုပ်မှတစ်ပါး အခြားသောရုပ်, နိဗ္ဗာန်)။ ၈-စိတ္တာနုပရိဝတ္တိဒုက် စိတ္တာနုပရိဝတ္တိတရား
၁၅၃၉။ ကတမေ ဓမ္မာ စိတ္တာနုပရိဝတ္တိနော? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ကာယဝိညတ္တိ, ဝစီဝိညတ္တိ – ဣမေ ဓမ္မာ စိတ္တာနုပရိဝတ္တိနော။
၁၅၃၉။ (၁) အဘယ်တရားတို့သည် စိတ်သို့အစဥ်လိုက်သော (စိတ်နှင့် အတူဖြစ်,အတူပျက်သော) ‘စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’။ (မိမိအလိုဆန္ဒကို) ကိုယ် အမူအရာဖြင့် သိစေမှု ‘ကာယဝိညတ်’။ (မိမိအလိုဆန္ဒကို) နှုတ်မြွက်ခြင်းဖြင့် သိစေမှု ‘ဝစီဝိညတ်’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်သို့အစဥ်လိုက်သော (စိတ်နှင့်အတူဖြစ် အတူပျက်သော) ‘စိတ္တာနုပရိဝတ္တိ’ တရားဖြစ်ကုန်၏ (စေတသိက်, ဝိညတ်ရုပ်နှစ်ပါး)။ နော စိတ္တာနုပရိဝတ္တိတရား
၁၅၄၀။ ကတမေ ဓမ္မာ နော စိတ္တာနုပရိဝတ္တိနော? စိတ္တဉ္စ, အဝသေသဉ္စ ရူပံ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တာနုပရိဝတ္တိနော။
၁၅၄၀။ (၂) အဘယ်တရားတို့သည် စိတ်သို့အစဥ်မလိုက်သော (စိတ်နှင့်အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။ စိတ်သည်လည်းကောင်း။ (ဝိညတ်ရုပ်မှ) ကြွင်းကျန်သော ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်သို့အစဥ် မလိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်မဟုတ်သော) ‘နောစိတ္တာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ်, ဝိညတ်ရုပ်မှတစ်ပါး အခြားသော ရုပ်, နိဗ္ဗာန်)။ ၉-စိတ္တသံသဋ္ဌ သမုဋ္ဌာနဒုက် စိတ္တသံသဋ္ဌ သမုဋ္ဌာနတရား
၁၅၄၁။ ကတမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ။
၁၅၄၁။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်း ယှဥ်သော)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိသော (စိတ်ကြောင့်လည်း ဖြစ်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဥ်သော)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိသော (စိတ်ကြောင့်လည်း ဖြစ်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။ နော စိတ္တသံသဋ္ဌ သမုဋ္ဌာနတရား
၁၅၄၂။ ကတမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ? စိတ္တဉ္စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ။
၁၅၄၂။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နောစိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်သနည်း။ စိတ်သည်လည်း ကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာန’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။ ၁၀-စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုဒုက် စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုတရား
၁၅၄၃။ ကတမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။
၁၅၄၃။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့် လည်းယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်နှင့်လည်းအတူတကွ ဖြစ်သော (စိတ်နှင့် အတူဖြစ်, အတူပျက် သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရားဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှု အစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်နှင့်လည်း အတူတကွ ဖြစ်သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရား ဖြစ်ကုန်၏ (စေတသိက် ၅၂)။ နော စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘုတရား
၁၅၄၄။ ကတမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော? စိတ္တဉ္စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။
၁၅၄၄။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်းမရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်း လည်း မရှိသော (စိတ်ကြောင့်လည်း မဖြစ်) စိတ်နှင့်လည်း အတူတကွ မဖြစ်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာန သဟဘု’ တရား ဖြစ်ကုန်သနည်း။ စိတ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်)၊ စိတ်နှင့်လည်းအတူတကွ မဖြစ်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာနသဟဘု’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။ ၁၁-စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိဒုက် စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိတရား
၁၅၄၅။ ကတမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော? ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော – ဣမေ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။
၁၅၄၅။ (၁) အဘယ်တရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့် လည်းယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း ရှိ (စိတ်ကြောင့်လည်း ဖြစ်သော)၊ စိတ်သို့လည်းအစဥ်လိုက်သော (စိတ်နှင့် အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရားဖြစ်ကုန်သနည်း။ ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ ၊ မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ ၊ ပြုပြင်မှုအစု ‘သင်္ခါရက္ခန္ဓာ’ သည် (ရှိ၏)။ ဤတရားတို့သည် စိတ်နှင့်လည်း ရောနှော (စိတ်နှင့်လည်းယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်းရှိ (စိတ်ကြောင့်လည်းဖြစ်)၊ စိတ်သို့လည်း အစဥ်လိုက် သော (စိတ်နှင့်အတူဖြစ်, အတူပျက်သော) ‘စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စေတသိက် -၅၂)။ နော စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိတရား
၁၅၄၆။ ကတမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော? စိတ္တဉ္စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။
၁၅၄၆။ (၂) အဘယ်တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ် ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်သော)၊ စိတ်သို့လည်း အစဥ်မလိုက်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက်မဟုတ်သော) ‘နော စိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်သနည်း။ စိတ် သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း (ရှိ၏)။ ဤ တရားတို့သည် စိတ်နှင့်လည်း မရောနှော (စိတ်နှင့်လည်း မယှဥ်)၊ စိတ်လျှင်ဖြစ်ကြောင်းလည်း မရှိ (စိတ်ကြောင့်လည်း မဖြစ်)၊ စိတ်သို့လည်းအစဥ်မလိုက်သော (စိတ်နှင့်လည်း အတူဖြစ် အတူပျက် မဟုတ်သော) ‘နောစိတ္တသံသဋ္ဌ သမုဋ္ဌာနာနုပရိဝတ္တိ’ တရား ဖြစ်ကုန်၏ (စိတ်, ရုပ်, နိဗ္ဗာန်)။ ၁၂-အဇ္ဈတ္တိကဒုက် အဇ္ဈတ္တိကတရား
၁၅၄၇။ ကတမေ ဓမ္မာ အဇ္ဈတ္တိကာ? စက္ခာယတနံ…ပေ… မနာယတနံ – ဣမေ ဓမ္မာ အဇ္ဈတ္တိကာ။
၁၅၄၇။ (၁) အဘယ်တရားတို့သည် အတွင်း ‘အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ သိမှု (စိတ်) ဖြစ်ရာ ‘မနာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော ‘အဇ္ဈတ္တိက’ တရားဖြစ်ကုန်၏ (စိတ် ၈၉, ပသာဒရုပ် ၅)။ ဗာဟိရတရား
၁၅၄၈။ ကတမေ ဓမ္မာ ဗာဟိရာ? ရူပါယတနံ…ပေ… ဓမ္မာယတနံ – ဣမေ ဓမ္မာ ဗာဟိရာ။
၁၅၄၈။ (၂) အဘယ်တရားတို့သည် အပ (ဗဟိဒ္ဓ) သန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရားဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ကြောင်း အဆင်း ‘ရူပါယတန’။ပ။ သိမှု (စိတ်) ဖြစ်ကြောင်း သဘော ‘ဓမ္မာယတန’ သည် (ရှိ၏)။ ဤတရားတို့သည် အပ (ဗဟိဒ္ဓ) သန္တာန်၌ ဖြစ်သော ‘ဗာဟိရ’ တရားဖြစ်ကုန်၏ (စေတသိက်, ပသာဒရုပ်မှတစ်ပါး အခြားသော ရုပ်, နိဗ္ဗာန်)။ ၁၃-ဥပါဒါဒုက် ဥပါဒါတရား
၁၅၄၉။ ကတမေ ဓမ္မာ ဥပါဒါ? စက္ခာယတနံ…ပေ… ကဗဠီကာရော အာဟာရော – ဣမေ ဓမ္မာ ဥပါဒါ။
၁၅၄၉။ (၁) အဘယ်တရားတို့သည် မှီ၍သာဖြစ်တတ်သော ‘ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။ မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် ‘စက္ခာယတန’။ပ။ အလုတ်အလွေး ပြုအပ် သော အစာ ‘ကဗဠီကာရအာဟာရ’ သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍သာ ဖြစ်တတ်သော ‘ဥပါဒါ’ တရားဖြစ်ကုန်၏ (ဥပါဒါရုပ် ၂၄)။ နော ဥပါဒါတရား
၁၅၅၀။ ကတမေ ဓမ္မာ နော ဥပါဒါ? စတူသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, စတ္တာရော စ မဟာဘူတာ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော ဥပါဒါ။
၁၅၅၀။ (၂) အဘယ်တရားတို့သည် မှီ၍သာ ဖြစ်တတ်သည့် ‘ဥပါဒါ’ရုပ် မဟုတ်သော ‘နော ဥပါဒါ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာ ပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် မဟာဘုတ် လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မှီ၍သာ ဖြစ်တတ်သည့် ‘ဥပါဒါ’ ရုပ်မဟုတ်သော ‘နောဥပါဒါ’ တရား ဖြစ်ကုန်၏ (စိတ်, စေတသိက်, ဘူတရုပ်လေးပါး, နိဗ္ဗာန်)။ ၁၄-ဥပါဒိဏ္ဏဒုက် ဥပါဒိဏ္ဏတရား
၁၅၅၁။ ကတမေ ဓမ္မာ ဥပါဒိဏ္ဏာ? တီသု ဘူမီသု ဝိပါကော, ယဉ္စ ရူပံ ကမ္မဿ ကတတ္တာ – ဣမေ ဓမ္မာ ဥပါဒိဏ္ဏာ။
၁၅၅၁။ (၁) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး‘ဝိပါက်’၏အဖြစ်ဖြင့် စွဲယူအပ်သော ‘ဥပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်ကုန်သနည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့် ဖြစ်သော အကြင် (ကမ္မဇ) ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏အကျိုး ‘ဝိပါက်’ ဖြစ်သော) ‘ဥပါဒိဏ္ဏ’ တရားဖြစ်ကုန်၏ (လောကီဝိပါက်စိတ်, ယှဥ်ဖက် စေတသိက်, ကမ္မဇရုပ်)။ အနုပါဒိဏ္ဏတရား
၁၅၅၂။ ကတမေ ဓမ္မာ အနုပါဒိဏ္ဏာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ကိရိယာဗျာကတံ, ယဉ္စ ရူပံ န ကမ္မဿ ကတတ္တာ, စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနုပါဒိဏ္ဏာ။
၁၅၅၂။ (၂) အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာ ဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး (ဝိပါက်) ၏အဖြစ်ဖြင့် မစွဲယူအပ်သော ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်သနည်း (အဘယ်တရားတို့သည် တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏ အကျိုး‘ဝိပါက်’ မဟုတ်ကုန်သနည်း)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော လောကီကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် (ကုသိုလ် အကုသိုလ်) ကံကို ပြုအပ်ခဲ့ပြီးသည်၏အဖြစ် (ကံ) ကြောင့်မဖြစ်သော (ကမ္မဇရုပ်မဟုတ်သော) အကြင် (တိဇ) ရုပ်။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (တဏှာ ဒိဋ္ဌိတို့ အာရုံပြုအပ်သော ကံ၏ အကျိုး ‘ဝိပါက်’မဟုတ်သော) ‘အနုပါဒိဏ္ဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, အကုသိုလ်, ကိရိယာ, ဖိုလ်စိတ်, စေတသိက်,တိဇရုပ်, နိဗ္ဗာန်)။ မဟန္တရဒုက် ပြီးပြီ။ ၁၁-ဥပါဒါနဂေါစ္ဆက ၁-ဥပါဒါနဒုက် ဥပါဒါနတရား
ဥပါဒါနဂေါစ္ဆကံ
၁၅၅၃။ ကတမေ ဓမ္မာ ဥပါဒါနာ? စတ္တာရိ ဥပါဒါနာနိ – ကာမုပါဒါနံ, ဒိဋ္ဌုပါဒါနံ, သီလဗ္ဗတုပါဒါနံ, အတ္တဝါဒုပါဒါနံ။ ကာမုပါဒါနံ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဒိဋ္ဌုပါဒါနဉ္စ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဥပါဒါနာ။
၁၅၅၃။ (၁) အဘယ်တရားတို့သည် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ ၊ အမြင်မှားမှုဟူသော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဒိဋ္ဌုပါဒါန်’။ (နွား ခွေးစသည်တို့၏) အလေ့ အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ် တရားတို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ ဟူသော ပြင်းစွာ ယူမှု (စွဲလမ်းမှု) ဥပါဒါန်လေးပါးတို့သည် (ရှိကုန်၏)။ (ထိုဥပါဒါန်လေးပါးတို့တွင်) ကာမဟူသော လိုချင်ဖွယ် ‘ကာမ’ ကို ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ကာမုပါဒါန်’ သည် လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါးတို့၌ ဖြစ်၏၊ အမြင်မှားမှုဟူသော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဒိဋ္ဌုပါဒါန်’။ (နွား ခွေးစသည်တို့၏) အလေ့အကျင့်တို့ကို (စင်ကြယ်၏ဟု) ပြင်းစွာယူမှု (စွဲလမ်းမှု) ‘သီလဗ္ဗတုပါဒါန်’။ (အနတ္တဖြစ်သော ရုပ်နာမ်တရားတို့ကို) အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု (စွဲလမ်းမှု) ‘အတ္တဝါဒုပါဒါန်’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် ပြင်းစွာယူမှု (စွဲလမ်းမှု) ‘ဥပါဒါန်’ မည်သော ‘ဥပါဒါန’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်ရှစ်ပါး၌ ရှိသော လောဘ, ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၌ ရှိသော ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။ နော ဥပါဒါနတရား
၁၅၅၄။ ကတမေ ဓမ္မာ နော ဥပါဒါနာ? ဌပေတွာ ဥပါဒါနေ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော ဥပါဒါနာ။
၁၅၅၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန် မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ ဥပါဒါန်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)၊ ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်ဥပါဒါန်မမည်သော ‘နော ဥပါဒါန’ တရား ဖြစ်ကုန်၏ (စိတ်, ဥပါဒါန်တရား ကိုယ်နှစ်ပါးမှတစ်ပါးအခြားသော စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-ဥပါဒါနိယဒုက် ဥပါဒါနိယတရား
၁၅၅၅။ ကတမေ ဓမ္မာ ဥပါဒါနိယာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဥပါဒါနိယာ။
၁၅၅၅။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’တို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏ အာရုံဖြစ်သော ‘ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, စေတသိက်, ရုပ်)။ အနုပါဒါနိယတရား
၁၅၅၆။ ကတမေ ဓမ္မာ အနုပါဒါနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနုပါဒါနိယာ။
၁၅၅၆။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’တို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ကိလေသာငြိမ်းကြောင်း မဂ်၏အကျိုး (ဖိုလ်) လေးပါး၊ နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’တို့၏ အာရုံမဖြစ်သော ‘အနုပါဒါနိယ’ တရားဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-ဥပါဒါနသမ္ပယုတ္တဒုက် ဥပါဒါနသမ္ပယုတ္တတရား
၁၅၅၇။ ကတမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နံ လောဘံ ဌပေတွာ – ဣမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ။
၁၅၅၇။ (၁) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် ယှဥ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် လောဘသဟဂုတ့်စိတ္တုပ္ပါဒ်လေးပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ် လေးပါး၊ ဤ (ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်) တို့၌ ဖြစ်သော လောဘကို ချန်ထား၍ (ကြွင်းသောစေတသိက် နှစ်ဆယ့်နှစ်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် ယှဥ်သော ‘ဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်, ဒိဋ္ဌိဂတ ဝိပ္ပယုတ်၌ လောဘမှတစ်ပါး အခြားသော စေတသိက်)။ ဥပါဒါနဝိပ္ပယုတ္တတရား
၁၅၅၈။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ? စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော လောဘော, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ။
၁၅၅၈။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် မယှဥ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံ လေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏) ဤတရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’ တရားတို့နှင့် မယှဥ်သော ‘ဥပါဒါန ဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒေါသမူဒွေ, မောဟမူဒွေ, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ လောဘ, ရုပ်, နိဗ္ဗာန်)။ ၄-ဥပါဒါန ဥပါဒါနိယဒုက် ဥပါဒါန ဥပါဒါနိယတရား
၁၅၅၉။ ကတမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနိယာ စ? တာနေဝ ဥပါဒါနာနိ ဥပါဒါနာ စေဝ ဥပါဒါနိယာ စ။
၁၅၅၉။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ ထိုဥပါဒါန်တို့သည်ပင်လျှင်ဥပါဒါန်လည်းမည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်သော ‘ဥပါဒါန ဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရား ကိုယ်နှစ်ပါး)။ ဥပါဒါနိယ နော ဥပါဒါနတရား
၁၅၆၀။ ကတမေ ဓမ္မာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ? ဌပေတွာ ဥပါဒါနေ အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ။ အနုပါဒါနိယာ ဓမ္မာ န ဝတ္တဗ္ဗာ – ဥပါဒါနာ စေဝ ဥပါဒါနိယာ စာတိပိ, ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာတိပိ။
၁၅၆၀။ (၂) အဘယ်တရားတို့သည် (လောဘ, ဒိဋ္ဌိဟူသော) ‘ဥပါဒါန်’တို့၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ ဥပါဒါန်တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) လောကီကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (လောဘ ဒိဋ္ဌိဟူသော) ဥပါဒါန်တို့၏ အာရုံသာ ဖြစ်၍ ဥပါဒါန်မမည်သော ‘ဥပါဒါနိယ နောဥပါဒါန’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ဥပါဒါန်တရားကိုယ် နှစ်ပါးမှတစ်ပါး အခြားသော စေတသိက်,ရုပ်)။ ဒုက်မုတ် ဥပါဒါန်တို့၏အာရုံ မဖြစ်သော (လောကုတ္တရာ) တရားတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်တို့၏ အာရုံလည်း ဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်တို့၏ အာရုံသာဖြစ်၍ ဥပါဒါန်မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၅-ဥပါဒါန ဥပါဒါနသမ္ပယုတ္တဒုက် ဥပါဒါန ဥပါဒါနသမ္ပယုတ္တတရား
၁၅၆၁။ ကတမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စ? ယတ္ထ ဒိဋ္ဌိ စ လောဘော စ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စ။
၁၅၆၁။ (၁) အဘယ်တရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဥ်သော ‘ဥပါဒါနဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ် ကုန်သနည်း။ အကြင် (ဒိဋ္ဌိဂတသမ္ပယုတ်) စိတ်၌ ဒိဋ္ဌိသည်လည်းကောင်း, လောဘသည်လည်းကောင်း တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော လောဘ ဒိဋ္ဌိဟူသော) ဤတရားတို့သည် ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့်လည်း ယှဥ်သော ‘ဥပါဒါနဥပါဒါနသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်၌ ရှိသော လောဘ, ဒိဋ္ဌိဟူသော ဥပါဒါန်တရားကိုယ်နှစ်ပါး)။ ဥပါဒါနသမ္ပယုတ္တနော ဥပါဒါနတရား
၁၅၆၂။ ကတမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ? အဋ္ဌ လောဘသဟဂတစိတ္တုပ္ပါဒါ, ဧတ္ထုပ္ပန္နေ ဥပါဒါနေ ဌပေတွာ – ဣမေ ဓမ္မာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ။ ဥပါဒါနဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စာတိပိ, ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာတိပိ။
၁၅၆၂။ (၂) အဘယ်တရားတို့သည် ဥပါဒါန်နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်သနည်း။ လောဘသဟဂုတ်စိတ္တုပ္ပါဒ် ရှစ်ပါး၊ ဤစိတ်တို့၌ ဖြစ်ကုန်သော ဥပါဒါန်တို့ကို ချန်ထား၍ (ကြွင်းသောစေတသိက် (၂၀) တို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဥပါဒါန် နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ဥပါဒါန်မမည်သော ‘ဥပါဒါနသမ္ပယုတ္တနော ဥပါဒါန’ တရား ဖြစ်ကုန်၏ (လောဘမူစိတ်,ဥပါဒါန်တရားကိုယ် နှစ်ပါးမှတစ်ပါး အခြားသောယှဥ်ဖက် စေတသိက်)။ ဒုက်မုတ် ဥပါဒါန်နှင့် မယှဥ်သော ‘ဥပါဒါနဝိပ္ပယုတ္တ’ (ဒေါသမူ, မောဟမူ, ကုသိုလ်, ဝိပါက်, ကြိယာစိတ်, ယှဥ်ဖက် စေတသိက်, ရုပ်, နိဗ္ဗာန်) တရားတို့ကို ဥပါဒါန်လည်း မည်၍ ဥပါဒါန်နှင့် လည်းယှဥ်ကုန်၏ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်သာ ယှဥ်ကုန်သည် ဖြစ်၍ ဥပါဒါန်ကား မမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက် ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယတရား
၁၅၆၃။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ ဥပါဒါနိယာ? စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပန္နော လောဘော, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ ဥပါဒါနိယာ။
၁၅၆၃။ (၁) အဘယ်တရားတို့သည် ဥပါဒါန်နှင့် မယှဥ်ကုန်မူ၍ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ် စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်သော လောဘ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ဥပါဒါန်နှင့် မယှဥ်ကုန်မူ၍ ဥပါဒါန်တို့၏ အာရုံသာဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယ’ တရား ဖြစ်ကုန်၏ (ဒေါသမူဒွေ, မောဟမူဒွေ, လောကီကုသိုလ်, လောကီဝိပါက်,ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ဒိဋ္ဌိဂတဝိပ္ပယုတ်၌ လောဘ, ရုပ်)။ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယတရား
၁၅၆၄။ ကတမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနိယာ။ ဥပါဒါနသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ဥပါဒါနဝိပ္ပယုတ္တာ ဥပါဒါနိယာတိပိ, ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနိယာတိပိ။
၁၅၆၄။ (၂) အဘယ်တရားတို့သည် ဥပါဒါန်နှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင်ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည်ဥပါဒါန်တို့နှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ ဥပါဒါန်တို့၏ အာရုံလည်း မဖြစ်သော ‘ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယ’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ်ဥပါဒါန်နှင့် ယှဥ်သော ‘ဥပါဒါနသမ္ပယုတ္တ’ (လောဘမူစိတ်ရှစ်ခု, ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘကြဥ်သော ယှဥ်ဖက်စေတသိက် နှစ်ဆယ့်နှစ်ပါး) တရားတို့ကို ဥပါဒါန်နှင့် မယှဥ်မူ၍ ဥပါဒါန်တို့၏အာရုံသာဖြစ်သော တရားတို့ဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်လည်း မယှဥ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဖြစ်သော တရားတို့ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ဥပါဒါနဂေါစ္ဆက ပြီးပြီ။ ၁၂-ကိလေသဂေါစ္ဆက ၁-ကိလေသဒုက် ကိလေသတရား
ကိလေသဂေါစ္ဆကံ
၁၅၆၅။ ကတမေ ဓမ္မာ ကိလေသာ? ဒသ ကိလေသဝတ္ထူနိ – လောဘော, ဒေါသော, မောဟော, မာနော, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိနံ, ဥဒ္ဓစ္စံ, အဟိရိကံ, အနောတ္တပ္ပံ။ လောဘော အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဒေါသော ဒွီသု ဒေါမနဿသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ မောဟော သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ။ မာနော စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ။ ထိနံ သသင်္ခါရိကေသု အကုသလေသု ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စဉ္စ အဟိရိကဉ္စ အနောတ္တပ္ပဉ္စ သဗ္ဗာကုသလေသု ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ကိလေသာ။
၁၅၆၅။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား ဖြစ်ကုန်သနည်း။ လိုချင်တပ်မက်မှု ‘လောဘ’ ၊ ဖျက်ဆီး ပြစ်မှားမှု ‘ဒေါသ’ ၊ (အမှန်သဘော၌) တွေဝေမှု (အမှန်ကိုမသိမှု) ‘မောဟ’။ (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ ၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ ၊ ယုံမှားမှု ဝိစိကိစ္ဆာ’။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ ၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယဒုစရိုက်စသောမကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ ဟူသော (သတ္တဝါတို့ကို) ပူပန်စေမှု, နှိပ်စက်မှု ‘ကိလေသ’ ဖြစ်ရာ အကြောင်း ‘ကိလေသဝတ္ထု’ ဆယ်ပါးတို့သည် ရှိကုန်၏။ (ထိုဆယ်ပါးတို့တွင်) လိုချင်တပ်မက်မှု ‘လောဘ’ သည် လောဘသဟဂုတ်စိတ္တပ္ပါဒ် ရှစ်ပါးတို့၌ ဖြစ်၏၊ ဖျက်ဆီးပြစ်မှားမှု ‘ဒေါသ’ သည် ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်နှစ်ပါးတို့၌ ဖြစ်၏။ (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) ‘မောဟ’ သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်၏။ (ငါသာလျှင်မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) ‘မာန’ သည် ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး တို့၌ ဖြစ်၏၊ အမြင်မှားမှု ‘ဒိဋ္ဌိ’ သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ်လေးပါးတို့၌ ဖြစ်၏၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ သည် ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ်တို့၌ ဖြစ်၏။ (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ‘ထိန’ သည် သသင်္ခါရိက အကုသိုလ်တို့၌ ဖြစ်၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မရှက်မှု ‘အဟိရီက’။ (ကာယဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု ‘အနောတ္တပ္ပ’ သည် အလုံးစုံသော အကုသိုလ်တို့၌ ဖြစ်ကုန်၏။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရား ဖြစ် ကုန်၏။ နော ကိလေသတရား
၁၅၆၆။ ကတမေ ဓမ္မာ နော ကိလေသာ? ဌပေတွာ ကိလေသေ အဝသေသံ အကုသလံ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ နော ကိလေသာ။
၁၅၆၆။ (၂) အဘယ်တရားတို့သည် ကိလေသမမည်သော ‘နော ကိလေသ’ တရားဖြစ်ကုန်သနည်း။ ကိလေသာ (၁၀) ပါးတို့ကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသမမည်သော ‘နောကိလေသ’ တရား ဖြစ်ကုန်၏။ (စိတ်, ကိလေသာဆယ်ပါးမှတစ်ပါး အခြားသောစေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-သံကိလေသိကဒုက် သံကိလေသိကတရား
၁၅၆၇။ ကတမေ ဓမ္မာ သံကိလေသိကာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သံကိလေသိကာ။
၁၅၆၇။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်စေတတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) ထိုက်သော (ကိလေသာတို့၏ အာရုံဖြစ်သော) ‘သံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာတို့၏ အာရုံဖြစ်သော လောကီစိတ်, စေတသိက်, ရုပ်)။ အသံကိလေသိကတရား
၁၅၆၈။ ကတမေ ဓမ္မာ အသံကိလေသိကာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အသံကိလေသိကာ။
၁၅၆၈။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံ သုံးပါးတို့၌ အကျုံးမဝင်သောမဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ် သော ‘ကိလေသ’ တို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏ အာရုံမဖြစ်သော) ‘အသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၃-သံကိလိဋ္ဌဒုက် သံကိလိဋ္ဌတရား
၁၅၆၉။ ကတမေ ဓမ္မာ သံကိလိဋ္ဌာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သံကိလိဋ္ဌာ။
၁၅၆၉။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သော ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်သနည်း။ (ကိလေသာတို့နှင့် ယှဥ်သော တရားများကား အဘယ် နည်း)။ အကုသိုလ်စိတ္တုပ္ပါဒ်တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် (ကိလေသာတို့နှင့် ယှဥ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ အသံကိလိဋ္ဌတရား
၁၅၇၀။ ကတမေ ဓမ္မာ အသံကိလိဋ္ဌာ? စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အသံကိလိဋ္ဌာ။
၁၅၇၀။ (၂) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်သနည်း (ကိလေသာတို့နှင့် မယှဥ်သော တရားများကား အဘယ်နည်း)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသာနှင့် မယှဥ်သော) ‘အသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၄-ကိလေသသမ္ပယုတ္တဒုက် ကိလေသသမ္ပယုတ္တတရား
၁၅၇၁။ ကတမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ။
၁၅၇၁။ (၁) အဘယ်တရားတို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တရားတို့နှင့် ယှဥ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရား တို့သည် (သတ္တဝါတို့ကို) ပူပန်စေတတ် နှိပ်စက်တတ်သော ‘ကိလေသ’ တို့နှင့် ယှဥ်သော ‘ကိလေသ သမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ယှဥ်ဖက်စေတသိက်)။ ကိလေသဝိပ္ပယုတ္တတရား
၁၅၇၂။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ? စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ။
၁၅၇၂။ (၂) အဘယ်တရားတို့သည် ကိလေသတို့နှင့် မယှဥ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံ လေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသတို့နှင့် မယှဥ်သော ‘ကိလေသဝိပ္ပယုတ္တ’ တရားဖြစ်ကုန်၏ (ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၅-ကိလေသ သံကိလေသိကဒုက် ကိလေသ သံကိလေသိကတရား
၁၅၇၃။ ကတမေ ဓမ္မာ ကိလေသာ စေဝ သံကိလေသိကာ စ? တေဝ ကိလေသာ ကိလေသာ စေဝ သံကိလေသိကာ စ။
၁၅၇၃။ (၁) အဘယ်တရားတို့သည် ‘ကိလေသ’ တရားလည်း မည်၍ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက်သော (ကိလေ သာတို့၏ အာရုံဖြစ်သော) ‘ကိလေသသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ ထိုကိလေသ (ဆယ်ပါး) တို့သည်ပင်လျှင် ‘ကိလေသ’ လည်းမည်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက်သော (ကိလေသတို့၏အာရုံလည်းဖြစ်သော) ‘ကိလေသ သံကိလေသိက’ တရား ဖြစ်ကုန်၏ (ကိလေသာ တရားကိုယ်ဆယ်ပါး)။ သံကိလေသိက နော ကိလေသတရား
၁၅၇၄။ ကတမေ ဓမ္မာ သံကိလေသိကာ စေဝ နော စ ကိလေသာ? ဌပေတွာ ကိလေသေ အဝသေသံ အကုသလံ, တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သံကိလေသိကာ စေဝ နော စ ကိလေသာ။ အသံကိလေသိကာ ဓမ္မာ န ဝတ္တဗ္ဗာ – ကိလေသာ စေဝ သံကိလေသိကာ စာတိပိ, သံကိလေသိကာ စေဝ နော စ ကိလေသာတိပိ။
၁၅၇၄။ (၂) အဘယ်တရားတို့သည် ကိလေသကို (ရခြင်းငှါ) သာထိုက်၍ (ကိလေသအာရုံသာ ဖြစ်၍) ကိလေသ မမည်သော ‘သံကိလေသိက နော ကိလေသ’ တရားဖြစ်ကုန်သနည်း။ ကိလေသတို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့၏ အာရုံသာဖြစ်၍) ‘ကိလေသ’မမည်သော ‘သံကိလေသိကနော ကိလေသ’ တရား ဖြစ်ကုန်၏ (လောကီစိတ်, ကိလေသတရားကိုယ် ဆယ်ပါးမှတစ်ပါး အခြားသောစေတသိက်, ရုပ်)။ ဒုက်မုတ် ကိလေသတို့ကို (ရခြင်းငှါ) မထိုက်သော (ကိလေသာတို့၏အာရုံမဟုတ်သော) ‘အသံကိလေသိက’ (လောကုတ္တရာ) တရားတို့ကို ကိလေသလည်းမည်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း ထိုက် ကုန်၏ (ကိလေသာတို့၏ အာရုံလည်းဖြစ်၏)ဟူ၍လည်းကောင်း၊ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်၍ (ကိလေသာတို့၏ အာရုံသာဖြစ်၍) ကိလေသမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၆-ကိလေသ သံကိလိဋ္ဌဒုက် ကိလေသ သံကိလိဋ္ဌတရား
၁၅၇၅။ ကတမေ ဓမ္မာ ကိလေသာ စေဝ သံကိလိဋ္ဌာ စ? တေဝ ကိလေသာ ကိလေသာ စေဝ သံကိလိဋ္ဌာ စ။
၁၅၇၅။ (၁) အဘယ်တရားတို့သည် ကိလေသတရားလည်းမည်၍ကိလေသတရားတို့သည် ပူပန်လည်း ပူပန်စေအပ်, နှိပ်စက် လည်း နှိပ်စက်အပ် (ညစ်နွမ်းလည်း ညစ်နွမ်းစေအပ်) သော (ကိလေသတို့နှင့်ယှဥ်သော) ‘ကိလေသ သံကိလိဋ္ဌ’ တရားလည်းဖြစ်ကုန်သနည်း (ကိလေသတရားလည်း မည်၍ ကိလေသနှင့်လည်း ယှဥ်သော တရားများ ကားအဘယ်နည်း)။ ထို ကိလေသ (ဆယ်ပါး) တို့သည်ပင် (ကိလေသလည်း မည်၍ ကိလေသနှင့်လည်းယှဥ်သော) ‘ကိလေသသံကိလိဋ္ဌ’ တရား ဖြစ်ကုန်၏ (ကိလေသာတရားကိုယ် ဆယ်ပါး)။ သံကိလိဋ္ဌ နော ကိလေသတရား
၁၅၇၆။ ကတမေ ဓမ္မာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ? ဌပေတွာ ကိလေသေ အဝသေသံ အကုသလံ – ဣမေ ဓမ္မာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ။ အသံကိလိဋ္ဌာ ဓမ္မာ န ဝတ္တဗ္ဗာ – ကိလေသာ စေဝ သံကိလိဋ္ဌာ စာတိပိ, သံကိလိဋ္ဌာ စေဝ နော စ ကိလေသာတိပိ။
၁၅၇၆။ (၂) အဘယ်တရားတို့သည် ကိလေသသတရားတို့သည်ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာ ဖြစ်၍ (ကိလေသတို့နှင့်သာယှဥ်၍) ကိလေသမမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်သနည်း။ ကိလေသ (ဆယ်ပါး) တို့ကို ချန်ထား၍ ကြွင်းကျန်သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် (ကိလေသတို့နှင့်သာယှဥ်၍ ကိလေသမမည်သော) ‘သံကိလိဋ္ဌ နော ကိလေသ’ တရားဖြစ်ကုန်၏ (အကုသိုလ်စိတ်, ကိလေသတရားကိုယ် ဆယ်ပါးကြဥ်သော ယှဥ်ဖက်စေတသိက်)။ ဒုက်မုတ် ကိလေသ (ဆယ်ပါး) တို့သည် မပူပန်စေအပ် မနှိပ်စက်အပ် (မညစ်နွမ်းစေအပ်) သော (ကိလေသတို့နှင့် မယှဥ်သော) ‘အသံကိလိဋ္ဌ’ တရားတို့ကို ကိလေသလည်းမည်၍ ကိလေသတို့သည်ပူပန်လည်း ပူပန်စေအပ် နှိပ်စက်လည်း နှိပ်စက်အပ်သော (ကိလေသာနှင့် ယှဥ်သော) ‘သံကိလိဋ္ဌ’ တရားဖြစ်ကုန်၏ဟူ၍လည်းကောင်း၊ ကိလေသတို့သည် ပူပန်စေအပ် နှိပ်စက်အပ် (ညစ်နွမ်းစေအပ်) သည်သာဖြစ်၍ (ကိလေသတို့နှင့်သာ ယှဥ်၍) ကိလေသမမည်သော ‘သံကိလိဋ္ဌ နော ကိလေသ’ တရား ဖြစ်ကုန်၏ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၇-ကိလေသ ကိလေသသမ္ပယုတ္တဒုက် ကိလေသ ကိလေသသမ္ပယုတ္တတရား
၁၅၇၇။ ကတမေ ဓမ္မာ ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စ? ယတ္ထ ဒွေ တယော ကိလေသာ ဧကတော ဥပ္ပဇ္ဇန္တိ – ဣမေ ဓမ္မာ ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စ။
၁၅၇၇။ (၁) အဘယ်တရားတို့သည် ‘ကိသေလ’လည်း မည်၍‘ကိလေသ’တို့နှင့်လည်း ယှဥ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်သနည်း။ အကြင်စိတ်၌ ကိလေသနှစ်ပါး သုံးပါးတို့သည် တစ်ပြိုင်နက် ဖြစ်ကုန်၏။ (ထိုစိတ်၌ ဖြစ်သော ကိလေသနှစ်ပါး သုံးပါးဟူသော) ဤတရားတို့သည် ကိလေသလည်း မည်၍ ကိလေသနှင့်လည်းယှဥ်သော ‘ကိလေသ ကိလေသသမ္ပယုတ္တ’ တရား ဖြစ်ကုန်၏ (ကိလေသ တရား ကိုယ်ဆယ်ပါး)။ ကိလေသသမ္ပယုတ္တနော ကိလေသတရား
၁၅၇၈။ ကတမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ? ဌပေတွာ ကိလေသေ အဝသေသံ အကုသလံ – ဣမေ ဓမ္မာ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ။ ကိလေသဝိပ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စာတိပိ, ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာတိပိ။
၁၅၇၈။ (၂) အဘယ်တရားတို့သည် ကိလေသနှင့်သာ ယှဥ်သည် ဖြစ်၍ ကိလေသမမည်သော ‘ကိလေသ သမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်သနည်း။ ကိလေသ (ဆယ်ပါး) တို့ကို ချန်ထား၍ ကြွင်းကျန် သော အကုသိုလ် (၁၂) သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသနှင့်သာ ယှဥ်သည်ဖြစ်၍ ကိလေသ မမည်သော ‘ကိလေသသမ္ပယုတ္တနော ကိလေသ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ်, ကိလေသာ တရားကိုယ်ဆယ်ပါးမှတစ်ပါး အခြား သော ယှဥ်ဖက်စေတသိက်)။ ဒုက်မုတ် ကိလေသနှင့် မယှဥ်သော ‘ကိလေသဝိပ္ပယုတ္တ’ (ကုသိုလ် ၂၁, ဝိပါက် ၃၆, ကိရိယာ ၂၀, ရုပ်,နိဗ္ဗာန်) တရားတို့ကို ကိလေသလည်း မည်၍ ကိလေသတို့နှင့်လည်း ယှဥ်ကုန်၏ဟူ၍ လည်းကောင်း၊ ကိလေသတို့နှင့်သာ ယှဥ်သည်ဖြစ်၍ ကိလေသမမည်ကုန်ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ၈-ကိလေသဝိပ္ပယုတ္တသံကိလေသိကဒုက် ကိလေသဝိပ္ပယုတ္တသံကိလေသိကတရား
၁၅၇၉။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာ? တီသု ဘူမီသု ကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာ။
၁၅၇၉။ (၁) အဘယ်တရားတို့သည် ‘ကိလေသ’ နှင့် မယှဥ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသတို့၏ အာရုံသာဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသနှင့် မယှဥ်မူ၍ ကိလေသတရားတို့ကို (ရခြင်းငှါ) သာ ထိုက်သော (ကိလေသာတို့၏ အာရုံသာဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တသံကိလေသိက’ တရား ဖြစ်ကုန်၏ (လောကီကုသိုလ်, လောကီဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ရုပ်)။ ကိလေသဝိပ္ပယုတ္တအသံကိလေသတရား
၁၅၈၀။ ကတမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ။ ကိလေသသမ္ပယုတ္တာ ဓမ္မာ န ဝတ္တဗ္ဗာ – ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာတိပိ, ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာတိပိ။
၁၅၈၀။ (၂) အဘယ်တရားတို့သည်ကိလေသနှင့်လည်း မယှဥ်ကုန်သည် ဖြစ်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်း ကြောင်း (မဂ်) ၏အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကိလေသာ တရားတို့နှင့်လည်းမယှဥ်ကုန်သည် ဖြစ်၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်သော (ကိလေသတို့၏ အာရုံလည်းမဖြစ်သော) ‘ကိလေသဝိပ္ပယုတ္တအသံကိလေသိက’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ဒုက်မုတ် ကိလေသနှင့်ယှဥ်သော ‘ကိလေသသမ္ပယုတ္တ’ (အကုသိုလ်စိတ္တုပ္ပါဒ်) တရားတို့ကို ကိလေသတရားတို့နှင့် မယှဥ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) သာ ထိုက်ကုန်၏ (ကိလေသတို့၏ အာရုံသာ ဖြစ်ကုန်၏)ဟူ၍လည်းကောင်း၊ ကိလေသတို့နှင့်လည်း မယှဥ်မူ၍ ကိလေသတို့ကို (ရခြင်းငှါ) လည်း မထိုက်ကုန် (ကိလေသတို့၏ အာရုံလည်း မဖြစ်ကုန်)ဟူ၍လည်းကောင်း မဆိုအပ် မဆိုထိုက်ကုန်။ ကိလေသဂေါစ္ဆက ပြီးပြီ။ ၁၃-ပိဋ္ဌိဒုက် ၁-ဒဿနေန ပဟာတဗ္ဗဒုက် ဒဿနေန ပဟာတဗ္ဗတရား
ပိဋ္ဌိဒုကံ
၁၅၈၁။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဒဿနေန ပဟာတဗ္ဗာ, သိယာ န ဒဿနေန ပဟာတဗ္ဗာ။
၁၅၈၁။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ် စိတ္တုပ္ပါဒ် (၁) သည် (ရှိ၏)။ ဤတရားတို့သည်သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်,ဝိစိကိစ္ဆာသဟဂုတ်စိတ်, ယှဥ်ဖက်စေတသိက်)။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား (ဤတရားတို့အနက်မှ အပါယ်သို့ လားစေတတ်သည့် ‘အပါယ့ဂမနိယ’ ဖြစ်သော အစိတ်အပိုင်းတရား အချို့တို့သည်) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ‘ဒဿနေနပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏၊ အချို့ကား (အပါယဂမနိယတရားမှတစ်ပါး ကြွင်းကျန်သည့် အစိတ်အပိုင်းအချို့တရားတို့သည်) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။ န ဒဿနေန ပဟာတဗ္ဗတရား
၁၅၈၂။ ကတမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗာ? ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗာ။
၁၅၈၂။ အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ,အရူပ) ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရား တို့သည်သောတာပတ္တိမဂ်ဖြင့် မပယ်အပ်သော ‘န ဒဿနေန ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စ သဟဂုတ်စိတ်,ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်, နိဗ္ဗာန်)။ ၂-ဘာဝနာယ ပဟာတဗ္ဗဒုက် ဘာဝနာယ ပဟာတဗ္ဗတရား
၁၅၈၃။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ? ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဘာဝနာယ ပဟာတဗ္ဗာ, သိယာ န ဘာဝနာယ ပဟာတဗ္ဗာ။
၁၅၈၃။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စ သဟဂုတ် စိတ္တုပ္ပါဒ်သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော ‘ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏၊ အချို့ကား အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရားဖြစ်ကုန်၏။ န ဘာဝနာယ ပဟာတဗ္ဗ္ဗ္ဗ္ဗတရား
၁၅၈၄။ ကတမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗာ။
၁၅၈၄။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ်လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။ ဤတရားတို့သည်အထက်မဂ်သုံးပါးဖြင့် မပယ်အပ်သော ‘န ဘာဝနာယ ပဟာတဗ္ဗ’ တရား ဖြစ်ကုန်၏။ ၃-ဒဿနေန ပဟာတဗ္ဗဟေတုကဒုက် ဒဿနေန ပဟာတဗ္ဗဟေတုကတရား
၁၅၈၅။ ကတမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဧတ္ထုပ္ပန္နံ မောဟံ ဌပေတွာ – ဣမေ ဓမ္မာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ, သိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။
၁၅၈၅။ (၁) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဥ်သော) ‘ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဤ (ဝိစိကိစ္ဆာသဟဂုတ်) စိတ်၌ ဖြစ်သော မောဟကို ချန်ထား၍ (ကြွင်းသော ယှဥ်ဖက်စေတသိက် နှစ်ဆယ့်နှစ်ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့် ယှဥ်သော) ‘ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်စိတ်, ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ ရှိသော မောဟကြဥ်သော ယှဥ်ဖက်စေတသိက် ၂၂) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေ့အမြစ် (ဟိတ်) ရှိသော တရားမည်ကုန်၏၊ အချို့ကား သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော တရားမမည်ကုန်။ န ဒဿနေန ပဟာတဗ္ဗဟေတုကတရား
၁၅၈၆။ ကတမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ? ဝိစိကိစ္ဆာသဟဂတော မောဟော, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။
၁၅၈၆။ (၂) အဘယ်တရားတို့သည် (နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တတ်သော ‘ဒဿန’) သောတာပတ္တိမဂ်ဖြင့် ပယ် အပ်သော အကြောင်းရင်းအခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့် မယှဥ်သော)၊ ‘န ဒဿနေန ပဟာတဗ္ဗ ဟေတုက’ တရားဖြစ်ကုန်သနည်း။ ဝိစိကိစ္ဆာသဟဂုတ်မောဟ၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ,အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဥ်သော) ‘န ဒဿနေန ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဂုတ်စိတ်, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက် စေတသိက်, ဝိစိကိစ္ဆာသဟဂုတ်မောဟ, ရုပ်,နိဗ္ဗာန်)။ ၄-ဘာဝနာယ ပဟာတဗ္ဗဟေတုကဒုက် ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား
၁၅၈၇။ ကတမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, ဧတ္ထုပ္ပန္နံ မောဟံ ဌပေတွာ – ဣမေ ဓမ္မာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ, သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၅၈၇။ (၁) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဥ်သော) ‘ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဥဒ္ဓစ္စသဟဂုတ် စိတ္တုပ္ပါဒ် (၁)၊ ဤ (ဥဒ္ဓစ္စသဟဂုတ်) စိတ်၌ ဖြစ်သော မောဟကို ချန်ထား၍ (ကြွင်းသော ယှဥ်ဖက် စေတသိက်တစ်ဆယ့်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အထက်မဂ် သုံးပါးဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိသော (ဟိတ်နှင့်ယှဥ်သော) ‘ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဥဒ္ဓစ္စသဟဂုတ်စိတ်, ဥဒ္ဓစ္စသဟဂုတ် မောဟကြဥ်သော ယှဥ်ဖက်စေတသိက်) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) ရှိကုန်၏ (ဟိတ်နှင့် ယှဥ်ကုန်၏)၊ အချို့ကား အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သောအကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိကုန် (ဟိတ်နှင့် မယှဥ်ကုန်)။ န ဘာဝနာယ ပဟာတဗ္ဗဟေတုကတရား
၁၅၈၈။ ကတမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော မောဟော, စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
၁၅၈၈။ (၂) အဘယ်တရားတို့သည် အထက်မဂ်သုံးပါးဖြင့်ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဥ်သော) ‘န ဘာဝနာယပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ် မောဟ။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာ မျှဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော အကြောင်းရင်း အခြေအမြစ် (ဟိတ်) မရှိသော (ဟိတ်နှင့်မယှဥ်သော) ‘န ဘာဝနာယ ပဟာတဗ္ဗဟေတုက’ တရား ဖြစ်ကုန်၏ (ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာသဟဂုတ်, ကုသိုလ်, ဝိပါက်, ကိရိယာစိတ်, ယှဥ်ဖက်စေတသိက်, ဥဒ္ဓစ္စသဟဂုတ်မောဟ, ရုပ်, နိဗ္ဗာန်)။ ၅-သဝိတက္ကဒုက် သဝိတတ္ကတရား
၁၅၈၉။ ကတမေ ဓမ္မာ သဝိတက္ကာ? ကာမာဝစရကုသလံ, အကုသလံ, ကာမာဝစရကုသလဿ ဝိပါကတော ဧကာဒသ စိတ္တုပ္ပါဒါ, အကုသလဿ ဝိပါကတော ဒွေ, ကိရိယတော ဧကာဒသ, ရူပါဝစရံ ပဌမံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ လောကုတ္တရံ ပဌမံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ဝိတက္ကံ ဌပေတွာ – ဣမေ ဓမ္မာ သဝိတက္ကာ။
၁၅၈၉။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွ ဖြစ်သော (ဝိတက်နှင့် ယှဥ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်၊ ကာမာဝစရကုသလ ဝိပါက်မှ စိတ္တုပ္ပါဒ် တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ နှစ်ပါး၊ ကိရိယာမှတစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း၊ ကိရိယာမှလည်းကောင်း၊ ရူပါဝစရပဌမဈာန် ၃၊ ကုသိုလ်မှလည်းကောင်း၊ ဝိပါက်မှလည်းကောင်း လောကုတ္တရာ ပဌမဈာန် ၈၊ ဤ (၅၅-ပါးသော) စိတ်တို့၌ ဖြစ်သော ကြံစည်မှု ‘ဝိတက်’ ကို ချန်ထား၍ (ကြွင်းသော စေတသိက်ငါးဆယ့်တစ်ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွ ဖြစ်သော (ဝိတက်နှင့် ယှဥ်သော) ‘သဝိတက္က’ တရား ဖြစ်ကုန်၏ (သဝိတက္ကစိတ် ၅၅၊ ဝိတက်ကြဥ်သောယှဥ်ဖက်စေတသိက် ၅၁)။ အဝိတက္ကတရား
၁၅၉၀။ ကတမေ ဓမ္မာ အဝိတက္ကာ? ဒွေပဉ္စဝိညာဏာနိ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အရူပါဝစရာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဝိတက္ကော စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဝိတက္ကာ။
၁၅၉၀။ (၁) အဘယ်တရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွမဖြစ်သော (ဝိတက်နှင့် မယှဥ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်သနည်း။ ဒွေပဉ္စဝိညာဏ်၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိက စတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန် ၄)’ ၊ ကိရိယာမှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန် ၄)၊ ကုသိုလ်မှ အရူပါဝစရစိတ္တုပ္ပါဒ်လေးပါး၊ ဝိပါက်မှ အရူပဝစရစိတ္တုပ္ပါဒ်လေးပါး၊ ကိရိယာမှ အရူပါဝစရစိတ္တုပ္ပါဒ် လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်)၊ ဝိပါက်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်)၊ ထို့ပြင် ဝိတက်၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ကြံစည်မှု ‘ဝိတက်’ နှင့် တကွမဖြစ်သော (ဝိတက်နှင့် မယှဥ်သော) ‘အဝိတက္က’ တရား ဖြစ်ကုန်၏ (အဝိတက္ကစိတ် ၆၆၊ ယှဥ်ဖက် စေတသိက် ၃၇၊ ဝိတက် စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ ၆-သဝိစာရဒုက် သဝိစာရတရား
၁၅၉၁။ ကတမေ ဓမ္မာ သဝိစာရာ? ကာမာဝစရကုသလံ, အကုသလံ, ကာမာဝစရကုသလဿ ဝိပါကတော ဧကာဒသ စိတ္တုပ္ပါဒါ, အကုသလဿ ဝိပါကတော ဒွေ ကိရိယတော ဧကာဒသ, ရူပါဝစရဧကကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဧကကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ဝိစာရံ ဌပေတွာ – ဣမေ ဓမ္မာ သဝိစာရာ။
၁၅၉၁။ (၁) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့်လည်း တကွဖြစ်သော (ဝိစာရနှင့် ယှဥ်သော) ‘သဝိစာရ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်၊ ကာမာဝစရကုသလ ဝိပါက်မှ စိတ္တုပ္ပါဒ် တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ နှစ်ပါး၊ ကိရိယာမှ တစ်ဆယ့်တစ်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန်၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရဧကက ဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန် ၁၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ ဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမဈာန်၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂)၊ ကုသိုလ်မှ လောကုတ္တရာ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈)၊ ဝိပါက်မှလောကုတ္တရာ ဧကကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမဈာန် ၄၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈)၊ ဤ (၆၆-ပါးသော) စိတ်တို့၌ ဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ ကိုချန်ထား၍ (ကြွင်းကျန်သော စေတသိက် ၅၁-ပါး တို့သည်ရှိကုန်၏)။ ဤ တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (ဝိစာရနှင့် ယှဥ်သော) ‘သဝိစာရ’ တရား ဖြစ် ကုန်၏ (သဝိစာရစိတ် ၆၆၊ ဝိစာရကြဥ် စေတသိက် ၅၁)။ အဝိစာရတရား
၁၅၉၂။ ကတမေ ဓမ္မာ အဝိစာရာ? ဒွေပဉ္စဝိညာဏာနိ, ရူပါဝစရတိကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရတိကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဝိစာရော စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အဝိစာရာ။
၁၅၉၂။ (၂) အဘယ်တရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွမဖြစ်သော (ဝိစာရနှင့်မယှဥ်သော) ‘အဝိစာရ’ တရား ဖြစ်ကုန်သနည်း။ ဒွေပဉ္စဝိညာဏ်၊ ကုသိုလ်မှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန်၊ ကိရိယာမှ ရူပါဝစရ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ဒုတိယ, တတိယ, စတုတ္ထဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထ, ပဉ္စမဈာန် ၃)၊ ကုသိုလ်မှ အရူပစိတ် ၄၊ ဝိပါက်မှ အရူပစိတ် ၄၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ တိကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်းအားဖြင့်လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်)၊ ဝိပါက်မှ လောကုတ္တရာတိက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ဒုတိယ, တတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထ, ပဉ္စမဈာန်)၊ ထို့ပြင် သုံးသပ်မှု ‘ဝိစာရ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွမဖြစ်သော (ဝိစာရနှင့် မယှဥ်သော) အဝိစာရ’ တရား ဖြစ်ကုန်၏ (အဝိစာရစိတ် ၅၅၊ ယှဥ်ဖက်စေတသိက် ၃၆၊ ဝိစာရစေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ ၇-သပ္ပီတိကဒုက် သပ္ပီတိကတရား
၁၅၉၃။ ကတမေ ဓမ္မာ သပ္ပီတိကာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော, ကာမာဝစရကုသလဿ ဝိပါကတော ပဉ္စ, ကိရိယတော ပဉ္စ, ရူပါဝစရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ပီတိံ ဌပေတွာ – ဣမေ ဓမ္မာ သပ္ပီတိကာ။
၁၅၉၃။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွ ဖြစ်သော (ပီတိနှင့်ယှဥ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှ သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး။ (ကာမ) ကိရိယာမှ သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကိရိယာမှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုက တိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန်။ (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဤစိတ်တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် ၄၆-ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့်ယှဥ်သော) ‘သပ္ပီတိက’ တရား ဖြစ်ကုန်၏ (သပ္ပီတိကစိတ် ၅၁၊ ပီတိကြဥ် ယှဥ်ဖက်စေတသိက် ၄၆)။ အပ္ပီတိကတရား
၁၅၉၄။ ကတမေ ဓမ္မာ အပ္ပီတိကာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော အဋ္ဌ, ကာမာဝစရကုသလဿ ဝိပါကတော ဧကာဒသ, အကုသလဿ ဝိပါကတော သတ္တ, ကိရိယတော ဆ, ရူပါဝစရဒုကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဒုကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ပီတိ စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အပ္ပီတိကာ။
၁၅၉၄။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့်မယှဥ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှ ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂၊ ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (ဥပေက္ခာ၊ သုခသဟဂုတ် ကာယဝိညာဏ်) တစ်ဆယ့်တစ်ပါး၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာ) ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုက္ကဈာန် ၂၊ ပဉ္စက နည်း အားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်း အားဖြင့် ရူပါဝစရ တတိယ,စတုတ္ထဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထဈာန် ၂၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စကဈာန် ၂)၊ ကုသိုလ်မှ အရူပစိတ် လေးပါး၊ ဝိပါက်မှ အရူပစိတ် လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ဝိပါက်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤ (ခုနစ်ဆယ်သော) တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့် မယှဥ်သော) ‘အပ္ပီတိက’ တရား ဖြစ်ကုန်၏ (အပ္ပီတိကစိတ် ၇၀၊ ပီတိကြဥ်စေတသိက် ၅၁၊ ပီတိ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ ၈-ပီတိသဟဂတဒုက် ပီတိသဟဂတတရား
၁၅၉၅။ ကတမေ ဓမ္မာ ပီတိသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော, ကာမာဝစရကုသလဿ ဝိပါကတော ပဉ္စ, ကိရိယတော ပဉ္စ, ရူပါဝစရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဒုကတိကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ပီတိံ ဌပေတွာ – ဣမေ ဓမ္မာ ပီတိသဟဂတာ။
၁၅၉၅။ (၁) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဥ်သော) ‘ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ်စိတ္တုပ္ပါဒ်) ငါးပါး၊ ကိရိယာမှ သောမနဿသဟဂုတ် စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ဝိပါက်မှ ရူပါဝစရဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရပဌမ ဒုတိယ, တတိယဈာန် ၃) ကိရိယာမှ ရူပါဝစရ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃)၊ ကုသိုလ်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်း အားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဝိပါက်မှ လောကုတ္တရာ ဒုကတိကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်)၊ ဤစိတ်တို့၌ ဖြစ်သော နှစ်သက်မှု ‘ပီတိ’ ကို ချန်ထား၍ (ကြွင်းသောစေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော (ပီတိနှင့် ယှဥ်သော) ပီတိသဟဂတတရား ဖြစ်ကုန်၏ (ပီတိသဟဂုတ်စိတ် ၅၁၊ ပီတိကြဥ် ယှဥ်ဖက်စေတသိက် ၄၆)။ န ပီတိသဟဂတတရား
၁၅၉၆။ ကတမေ ဓမ္မာ န ပီတိသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော အဋ္ဌ, ကာမာဝစရကုသလဿ ဝိပါကတော ဧကာဒသ, အကုသလဿ ဝိပါကတော သတ္တ, ကိရိယတော ဆ, ရူပါဝစရဒုကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရဒုကဒုကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ပီတိ စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ပီတိသဟဂတာ။
၁၅၉၆။ (၂) အဘယ်တရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့်တကွမဖြစ်သော (ပီတိနှင့် မယှဥ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂၊ ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာ၊ သုခသဟဂုတ် ကာယဝိညာဏ်) တစ်ဆယ့် တစ်ပါး၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာ) ခြောက်ပါး၊ ကုသိုလ်မှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုက္ကဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ဝိပါက်မှ ရူပါဝစရ ဒုကဒုက ဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယ, စတုတ္ထဈာန် ၂၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ,ပဉ္စမဈာန် ၂)၊ ကိရိယာမှ ရူပါဝစရ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရတတိယ, စတုတ္ထဈာန်၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရစတုတ္ထ, ပဉ္စမဈာန် ၂)၊ ကုသိုလ်မှ အရူပစိတ် လေးပါး၊ ဝိပါက်မှအရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယ, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန်)၊ ဝိပါက်မှ လောကုတ္တရာ ဒုကဒုကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ တတိယဈာန်, စတုတ္ထဈာန် ၈၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ စတုတ္ထ, ပဉ္စမဈာန် ၈)၊ ထို့ပြင် နှစ်သက်မှု ‘ပီတိ’ ၊ ထို့ပြင်ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် နှစ်သက်မှု ‘ပီတိ’ နှင့် တကွမဖြစ်သော (ပီတိနှင့်မယှဥ်သော) ‘န ပီတိသဟဂတ’ တရား ဖြစ်ကုန်၏ (န ပီတိသဟဂတစိတ် ၇၀, ပီတိကြဥ် ယှဥ်ဖက်စေတသိက် ၅၁, ပီတိစေတသိက်, ရုပ်, နိဗ္ဗာန်)။ ၉-သုခသဟဂတဒုက် သုခသဟဂတတရား
၁၅၉၇။ ကတမေ ဓမ္မာ သုခသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော စတ္တာရော, ကာမာဝစရကုသလဿ ဝိပါကတော ဆ, ကိရိယတော ပဉ္စ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ လောကုတ္တရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ သုခံ ဌပေတွာ – ဣမေ ဓမ္မာ သုခသဟဂတာ။
၁၅၉၇။ (၁) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့် ယှဥ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရ ကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်) လေးပါး၊ ကာမာဝစရ ကုသလဝိပါက်မှ (သောမနဿသဟဂုတ် ၅၊ သုခသဟဂုတ် ကာယဝိညာဏ်) ခြောက်ပါး။ (ကာမ) ကိရိယာမှ သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ငါးပါး၊ ကုသိုလ်မှ ရူပါဝစရ တိကစတုက္က ဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ,ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရ တိကစတုတ္ထဈာန် (စတုက္ကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ,စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပဝါစရ ပဌမ, ဒုတိယ,တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှလောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၁၆)၊ ဝိပါက်မှ လောကုတ္တရာတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၁၆)၊ ဤစိတ်တို့၌ ဖြစ်သော ချမ်းသာမှု ‘သုခ’ ကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည် ရှိကုန်၏)။ ဤတရား တို့သည်ချမ်းသာမှု ‘သုခ’ နှင့် တကွဖြစ်သော (သုခနှင့်ယှဥ်သော) ‘သုခသဟဂတ’ တရား ဖြစ်ကုန်၏ (သုခ သဟဂုတ်စိတ် ၆၃၊ ဝေဒနာကြဥ် ယှဥ်ဖက်စေတသိတ် ၄၆)။ န သုခသဟဂတတရား
၁၅၉၈။ ကတမေ ဓမ္မာ န သုခသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော အဋ္ဌ, ကာမာဝစရကုသလဿ ဝိပါကတော ဒသ, အကုသလဿ ဝိပါကတော သတ္တ, ကိရိယတော ဆ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ လောကုတ္တရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ, သုခဉ္စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န သုခသဟဂတာ။
၁၅၉၈။ (၂) အဘယ်တရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့် တကွ မဖြစ်သော (သုခနှင့် မယှဥ်သော ‘န သုခသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဒေါသမူ ၂, ဥပေက္ခာ ၆) ရှစ်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်၊ အကုသလဝိပါက်မှ (ဥပေက္ခာ ၆၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်) ခုနစ်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာသဟဂုတ် စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ဝိပါက်မှ (စတုက္ကနည်း အားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကုသိုလ်မှ အရူပစိတ်လေးပါး၊ ဝိပါက်မှအရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါး၊ ကုသိုလ်မှ (စတုက္က နည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန် ၄၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာ စတုတ္ထဈာန် ၄၊ ထို့ပြင်ချမ်းသာမှု ‘သုခ’ ၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ချမ်းသာမှု ‘သုခ’ နှင့်တကွမဖြစ်သော ‘န သုခသဟဂတ’ တရား ဖြစ်ကုန်၏ (န သုခသဟဂတစိတ် ၅၈၊ ပီတိကြဥ် စေတသိက်၊ သုခဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်)။ ၁၀-ဥပေက္ခာသဟဂတဒုက် ဥပေက္ခာသဟဂတတရား
၁၅၉၉။ ကတမေ ဓမ္မာ ဥပေက္ခာသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော ဥပေက္ခာသဟဂတစိတ္တုပ္ပါဒါ, အကုသလတော ဆ, ကာမာဝစရကုသလဿ ဝိပါကတော ဒသ, အကုသလဿ ဝိပါကတော ဆ, ကိရိယတော ဆ, ရူပါဝစရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရံ စတုတ္ထံ ဈာနံ ကုသလတော စ ဝိပါကတော စ, ဧတ္ထုပ္ပန္နံ ဥပေက္ခံ ဌပေတွာ – ဣမေ ဓမ္မာ ဥပေက္ခာသဟဂတာ။
၁၅၉၉။ (၁) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန် သနည်း။ ကာမာဝစရကုသိုလ်မှဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ အကုသိုလ်မှ (ဥပေက္ခာသဟဂုတ် စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကာမာဝစရကုသလဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ဆယ်ပါး၊ အကုသလ ဝိပါက်မှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး။ (ကာမ) ကိရိယာမှ (ဥပေက္ခာသဟဂုတ်စိတ္တုပ္ပါဒ်) ခြောက်ပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကိရိယာမှ (စတုက္ကနည်းအားဖြင့်) ရူပါဝစရစတုတ္ထဈာန် ၁၊ ကုသိုလ်မှအရူပစိတ်လေးပါး၊ ဝိပါက်မှ အရူပစိတ် လေးပါး၊ ကိရိယာမှ အရူပစိတ် လေးပါး၊ ကုသိုလ်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာ စတုတ္ထဈာန် ၄၊ ဝိပါက်မှ (စတုက္ကနည်းအားဖြင့်) လောကုတ္တရာစတုတ္ထဈာန်၊ ဤစိတ်တို့၌ ဖြစ်သော ဥပေက္ခာကို ချန်ထား၍ (ကြွင်းသော စေတသိက် ၄၆-ပါးတို့သည်ရှိကုန်၏)။ ဤတရားတို့သည် ဥပေက္ခာနှင့် တကွဖြစ်သော (ဥပေက္ခာနှင့် ယှဥ်သော) ‘ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (ဥပေက္ခာသဟဂတတရား ၅၅၊ ဝေဒနာကြဥ် ယှဥ်ဖက် စေတသိက် ၄၆)။ န ဥပေက္ခာသဟဂတတရား
၁၆၀၀။ ကတမေ ဓမ္မာ န ဥပေက္ခာသဟဂတာ? ကာမာဝစရကုသလတော စတ္တာရော သောမနဿသဟဂတစိတ္တုပ္ပါဒါ, အကုသလတော ဆ, ကာမာဝစရကုသလဿ ဝိပါကတော ဆ, အကုသလဿ ဝိပါကတော ဧကော, ကိရိယတော ပဉ္စ, ရူပါဝစရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ, လောကုတ္တရတိကစတုက္ကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ, ဥပေက္ခာ စ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ န ဥပေက္ခာသဟဂတာ။
၁၆၀၀။ (၂) အဘယ်တရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့်မယှဥ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ်မှသောမနဿသဟဂုတ်စိတ္တုပ္ပါဒ်လေးပါး, အကုသိုလ်မှ (သောမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ၄၊ ဒေါမနဿ သဟဂုတ်စိတ္တုပ္ပါဒ် ၂-) ခြောက်ပါး၊ ကာမာဝစရကုသလ ဝိပါက်မှ (သုခသဟဂုတ်ကာယဝိညာဏ်, သောမနဿသဟဂုတ်စိတ္တုပ္ပါဒ် ၅) ခြောက်ပါး၊ အကုသလ ဝိပါက်မှ (ဒုက္ခသဟဂုတ်ကာယဝိညာဏ်) တစ်ပါး။ (ကာမ) ကိရိယာမှ (သောမနဿသဟဂုစိတ္တုပ္ပါဒ်) ငါးပါး၊ ကုသိုလ်မှ ရူပါဝစရတိကစတုက္ကဈာန် စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ ဈာန်၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ဝိပါက်မှ ရူပါဝစရတိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့်ရူပါဝစရ ပဌမ, ဒုတိယ, တတိယ, စတုတ္ထဈာန် ၄)၊ ကိရိယာမှ ရူပါဝစရ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ, တတိယဈာန် ၃၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၄)၊ ကုသိုလ်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယ, တတိယဈာန်၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၁၆)၊ ဝိပါက်မှ လောကုတ္တရာ တိကစတုက္ကဈာန် (စတုက္ကနည်းအားဖြင့်လောကုတ္တရာ ပဌမ, ဒုတိယ, တတိယ ဈာန် ၁၂၊ ပဉ္စကနည်းအားဖြင့် လောကုတ္တရာ ပဌမ, ဒုတိယ,တတိယ, စတုတ္ထဈာန် ၁၆)၊ ထို့ပြင် ဥပေက္ခာ (ဝေဒနာ)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွမဖြစ်သော (ဥပေက္ခာနှင့် မယှဥ်သော) ‘န ဥပေက္ခာသဟဂတ’ တရား ဖြစ်ကုန်၏ (န ဥပေက္ခာသဟဂတစိတ် ၆၆၊ ဝိစိကိစ္ဆာကြဥ် စေတသိက် ၅၁၊ ဥပေက္ခာဝေဒနာ၊ ရုပ်၊ နိဗ္ဗာန်)။ ၁၁-ကာမာဝစရဒုက် ကာမာဝစရတရား
၁၆၀၁။ ကတမေ ဓမ္မာ ကာမာဝစရာ? ကာမာဝစရကုသလံ, အကုသလံ, သဗ္ဗော ကာမာဝစရဿ ဝိပါကော, ကာမာဝစရကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ကာမာဝစရာ။
၁၆၀၁။ (၁) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရကုသိုလ် ၈၊ အကုသိုလ်)၊ ကာမာဝစရဝိပါက်အလုံးစုံ ၂၃၊ ကာမာဝစရ ကိရိယာဗျာကတ၊ ထို့ပြင် အလုံးစုံ သော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ကာမာဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈)။ န ကာမာဝစရတရား
၁၆၀၂။ ကတမေ ဓမ္မာ န ကာမာဝစရာ? ရူပါဝစရာ, အရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န ကာမာဝစရာ။
၁၆၀၂။ (၂) အဘယ်တရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ကာမာဝစရ’ တရား ဖြစ်ကုန်သနည်း။ ရူပါဝစရတရား (၁၅)၊ အရူပါဝစရ တရား (၁၂)။ (ကာမ,ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ကာမဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ကာမာဝစရ’ တရားဖြစ်ကုန်၏ (မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်၊ ယှဥ်ဖက်စေတသိက်, နိဗ္ဗာန်)။ ၁၂-ရူပါဝစရဒုက် ရူပါဝစရတရား
၁၆၀၃။ ကတမေ ဓမ္မာ ရူပါဝစရာ? ရူပါဝစရစတုက္ကပဉ္စကဇ္ဈာနာ ကုသလတော စ ဝိပါကတော စ ကိရိယတော စ – ဣမေ ဓမ္မာ ရူပါဝစရာ။
၁၆၀၃။ (၁) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကုသိုလ်မှ ရူပါဝစရစတုက္ကပဉ္စကဈာန် (စတုက္က နည်းအားဖြင့် ရူပါဝစရဈာန်၊ ပဉ္စကနည်း အားဖြင့် ရူပါဝစရဈာန် ၅)၊ ဝိပါက်မှ ရူပါဝစရစတုက္က ပဉ္စကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဈာန် ၄၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရဈာန် ၅)၊ ကိရိယာမှ ရူပါဝစရစတုက္ကပဉ္စကဈာန် (စတုက္ကနည်းအားဖြင့် ရူပါဝစရဈာန ၄၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရဈာန် ၅) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ရူပစိတ် ၁၅၊ ယှဥ်ဖက် စေတသိက် ၃၅)။ န ရူပါဝစရတရား
၁၆၀၄။ ကတမေ ဓမ္မာ န ရူပါဝစရာ? ကာမာဝစရာ, အရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န ရူပါဝစရာ။
၁၆၀၄။ (၂) အဘယ်တရားတို့သည် ရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘နရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရတရား (ကာမစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်)၊ အရူပါဝစရတရား (အရူပစိတ်, ယှဥ်ဖက်စေတသိက်)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤ တရားတို့သည်ရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န ရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ်၊ ယှဥ်ဖက်စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ ၁၃-အရူပါဝစရဒုက် အရူပါဝစရတရား
၁၆၀၅။ ကတမေ ဓမ္မာ အရူပါဝစရာ? စတ္တာရော အာရုပ္ပါ ကုသလတော စ ဝိပါကတော စ ကိရိယတော စ – ဣမေ ဓမ္မာ အရူပါဝစရာ။
၁၆၀၅။ (၁) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကုသိုလ်မှ အရူပစိတ်လေးပါး၊ ဝိပါက်မှ အရူပစိတ်လေးပါး၊ ကိရိယာမှ အရူပစိတ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပ ဘုံ၌ ကျင်လည်သက်ဝင်၍ဖြစ်သော ‘အရူပါဝစရ’ တရား ဖြစ်ကုန်၏ (အရူပစိတ်၊ ယှဥ်ဖက်စေတသိက်)။ န အရူပါဝစရတရား
၁၆၀၆။ ကတမေ ဓမ္မာ န အရူပါဝစရာ? ကာမာဝစရာ, ရူပါဝစရာ, အပရိယာပန္နာ – ဣမေ ဓမ္မာ န အရူပါဝစရာ။
၁၆၀၆။ (၂) အဘယ်တရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်သနည်း။ ကာမာဝစရတရား (ကာမစိတ်, ယှဥ်ဖက်စေတသိက်, ရုပ်)၊ ရူပါဝစရတရား (ရူပစိတ်, ယှဥ်ဖက်စေတသိက်)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား (မဂ်, ဖိုလ်, နိဗ္ဗာန်) တို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အရူပဘုံ၌ ကျင်လည်သက်ဝင်၍ မဖြစ်သော ‘န အရူပါဝစရ’ တရား ဖြစ်ကုန်၏ (ကာမ စိတ်၊ ရူပစိတ်၊ လောကုတ္တရာစိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ ၁၄-ပရိယာပန္နဒုက် ပရိယာပန္နတရား
၁၆၀၇။ ကတမေ ဓမ္မာ ပရိယာပန္နာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ ပရိယာပန္နာ။
၁၆၀၇။ (၁) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န’ တရားဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ,ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရား တို့သည် ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ‘ပရိယာပန္န’ တရား ဖြစ်ကုန်၏ (လောကီစိတ်၊ စေတသိက်၊ ရုပ်)။ အပရိယာပန္နတရား
၁၆၀၈။ ကတမေ ဓမ္မာ အပရိယာပန္နာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အပရိယာပန္နာ။
၁၆၀၈။ (၂) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံး မဝင်သော မဂ်လေးပါး၊ ထို့ပြင် ကိလေသာငြိမ်းကြောင်း (မဂ်) ၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန် သည် (ရှိ၏)။ ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ အကျုံးမဝင်သော ‘အပရိယာပန္န’ တရား ဖြစ်ကုန်၏ (မဂ်, ဖိုလ်, နိဗ္ဗာန်)။ ၁၅-နိယျာနိကဒုက် နိယျာနိကတရား
၁၆၀၉။ ကတမေ ဓမ္မာ နိယျာနိကာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ နိယျာနိကာ။
၁၆၀၉။ (၁) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော ‘နိယျာနိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါး တို့၌ အကျုံးမဝင်သော (လောကုတ္တရာ) မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ‘နိယျာနိက’ တရား ဖြစ်ကုန်၏ (မဂ် လေးပါး)။ အနိယျာနိကတရား
၁၆၁၀။ ကတမေ ဓမ္မာ အနိယျာနိကာ? တီသု ဘူမီသု ကုသလံ, အကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနိယျာနိကာ။
၁၆၁၀။ (၂) အဘယ်တရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဖြစ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံ သုံးပါးတို့၌ ဖြစ်သော (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ ဖြစ်သော (လောကီ) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဖြစ်သော ‘အနိယျာနိက’ တရား ဖြစ်ကုန်၏။ ၁၆-နိယတဒုက် နိယတတရား
၁၆၁၁။ ကတမေ ဓမ္မာ နိယတာ? စတ္တာရော ဒိဋ္ဌိဂတသမ္ပယုတ္တစိတ္တုပ္ပါဒါ, ဒွေ ဒေါမနဿသဟဂတစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သိယာ နိယတာ သိယာ အနိယတာ။ စတ္တာရော မဂ္ဂါ အပရိယာပန္နာ – ဣမေ ဓမ္မာ နိယတာ။
၁၆၁၁။ (၁) အဘယ်တရားတို့သည် စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန် သနည်း။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ် နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် အချို့ကား (နိယတမိစ္ဆာဒိဋ္ဌိကံ၏ အစွမ်းဖြင့် ဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ် သတ္တမဇော၊ ပဉ္စာနန္တရိယကံ၏ အစွမ်းဖြင့်ဖြစ်သော ဒေါသမူသတ္တမဇောတို့သည်) စုတိ၏အခြားမဲ့၌ အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏။ (ကြွင်းကျန်သောတရား) အချို့ကား စုတိ၏အခြားမဲ့၌ အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် မိမိဖြစ်ခြင်း၏ အခြားမဲ့၌ အကျိုးပေးမြဲသော ‘နိယတ’ တရား ဖြစ်ကုန်၏။ အနိယတတရား
၁၆၁၂။ ကတမေ ဓမ္မာ အနိယတာ? စတ္တာရော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတစိတ္တုပ္ပါဒါ, ဝိစိကိစ္ဆာသဟဂတော စိတ္တုပ္ပါဒေါ, ဥဒ္ဓစ္စသဟဂတော စိတ္တုပ္ပါဒေါ, တီသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနိယတာ။
၁၆၁၂။ (၂) အဘယ်တရားတို့သည် စုတိ၏ အခြားမဲ့၌ လည်းကောင်း, မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ် ကုန်သနည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ်လောဘသဟဂုတ်စိတ္တုပ္ပါဒ် လေးပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ္တုပ္ပါဒ် (၁)၊ ဥဒ္ဓစ္စသဟဂုတ်စိတ္တုပ္ပါဒ် (၁)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)။ (ကာမ, ရူပ, အရူပ,အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)၊ ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှ ဖြစ်၍ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင်နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် စုတိ၏အခြားမဲ့၌ လည်းကောင်း၊ မိမိဖြစ်ခြင်း၏အခြားမဲ့၌ လည်းကောင်း အကျိုးပေးမမြဲသော ‘အနိယတ’ တရား ဖြစ်ကုန်၏။ ၁၇-သဥတ္တရဒုက် သဥတ္တရတရား
၁၆၁၃။ ကတမေ ဓမ္မာ သဥတ္တရာ? တီသု ဘူမီသု ကုသလံ, အကုသလံ, တီသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, သဗ္ဗဉ္စ ရူပံ – ဣမေ ဓမ္မာ သဥတ္တရာ။
၁၆၁၃။ (၁) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့် တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ကုသိုလ် (၁၇)၊ အကုသိုလ် (၁၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) (လောကီ) ဝိပါက် (၃၂)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့်မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် အလုံးစုံသော ရုပ်သည် (ရှိ၏)။ ဤတရားတို့သည်မိမိထက် သာလွန် မြင့်မြတ်သည့်တရားရှိသော ‘သဥတ္တရ’ တရား ဖြစ်ကုန်၏ (လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ်)။ အနုတ္တရတရား
၁၆၁၄။ ကတမေ ဓမ္မာ အနုတ္တရာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာ, စတ္တာရိ စ သာမညဖလာနိ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အနုတ္တရာ။
၁၆၁၄။ (၂) အဘယ်တရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့် တရားမရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ အကျုံးမဝင်သော မဂ်လေးပါး၊ ထို့ပြင် မဂ်၏ အကျိုး (ဖိုလ်) လေးပါး၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် မိမိထက် သာလွန်မြင့်မြတ်သည့်တရား မရှိသော ‘အနုတ္တရ’ တရား ဖြစ်ကုန်၏ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်)။ ၁၈-သရဏဒုက် သရဏတရား
၁၆၁၅။ ကတမေ ဓမ္မာ သရဏာ? ဒွါဒသ အကုသလစိတ္တုပ္ပါဒါ – ဣမေ ဓမ္မာ သရဏာ။
၁၆၁၅။ (၁) အဘယ်တရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော (‘ရဏ’တို့နှင့် ယှဥ်သော) ‘သရဏ’ တရား ဖြစ်ကုန် သနည်း။ အကုသိုလ်စိတ္တုပ္ပါဒ် တစ်ဆယ့်နှစ်ပါးတို့သည် (ရှိကုန်၏)။ ဤတရားတို့သည် ငိုကြွေးကြောင်း ရာဂစသောကိလေသာ (ရဏ) တို့နှင့် တကွဖြစ်သော (‘ရဏ’ တို့နှင့် ယှဥ်သော) ‘သရဏ’ တရား ဖြစ်ကုန်၏ (အကုသိုလ်စိတ် ၁၂၊ ယှဥ်ဖက် စေတသိက် ၂၇)။ အရဏတရား
၁၆၁၆။ ကတမေ ဓမ္မာ အရဏာ? စတူသု ဘူမီသု ကုသလံ, စတူသု ဘူမီသု ဝိပါကော, တီသု ဘူမီသု ကိရိယာဗျာကတံ, ရူပဉ္စ, နိဗ္ဗာနဉ္စ – ဣမေ ဓမ္မာ အရဏာ။
အတ္ထုဒ္ဓါရော နိဋ္ဌိတော။
ဓမ္မသင်္ဂဏီပကရဏံ နိဋ္ဌိတံ။
၁၆၁၆။ (၂) အဘယ်တရားတို့သည် ငိုကြွေးကြောင်း ရာဂစသော ကိလေသာ (ရဏ) တို့မရှိသော (‘ရဏ’တို့နှင့် မယှဥ်သော ‘အရဏ’ တရား ဖြစ်ကုန်သနည်း။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ကုသိုလ် (၂၁)။ (ကာမ, ရူပ, အရူပ, အပရိယာပန္န) ဘုံလေးပါးတို့၌ (ဖြစ်သော) ဝိပါက် (၃၆)။ (ကာမ, ရူပ, အရူပ) ဘုံသုံးပါးတို့၌ (ဖြစ်သော) ပြုကာမျှဖြစ်၍ ကုသိုလ် အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သော ‘ကိရိယာဗျာကတ’ (၂၀)၊ ထို့ပြင် ရုပ်၊ ထို့ပြင် နိဗ္ဗာန်သည် (ရှိ၏)။ ဤတရားတို့သည် ငိုကြွေးကြောင်းရာဂစသော ကိလေသာ (ရဏ) တို့မရှိသော (‘ရဏ’ တို့နှင့် မယှဥ်သော) ‘အရဏ’ တရား ဖြစ်ကုန်၏ (ကုသိုလ်၊ ဝိပါက်၊ ကိရိယာစိတ်၊ ယှဥ်ဖက်စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)။ အနက်ကို ထုတ်ပြခန်း ‘အတ္ထုဒ္ဓါရ’ ပြီးပြီ။ တရားတို့ကို ပေါင်းစုရေတွက်ရာ ‘ဓမ္မသင်္ဂဏီ’ ကျမ်း ပြီးပြီ။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 4. Aṭṭhakathākaṇḍaṃ (Abhidhammapiṭaka, Dhammasaṅgaṇīpāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#660