တိကနိပါတပါဠိ မူလပါဠိတော်
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
အင်္ဂုတ္တရနိကာယော
တိကနိပါတပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ပဌမပဏ္ဏာသကံ
၁။ ဗာလဝဂ္ဂေါ
၁။ ဘယသုတ္တံ
၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ [ဘဒ္ဒန္တေ (က။)]’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘ယာနိ ကာနိစိ, ဘိက္ခဝေ, ဘယာနိ ဥပ္ပဇ္ဇန္တိ သဗ္ဗာနိ တာနိ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။ ယေ ကေစိ ဥပဒ္ဒဝါ ဥပ္ပဇ္ဇန္တိ သဗ္ဗေ တေ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။ ယေ ကေစိ ဥပသဂ္ဂါ ဥပ္ပဇ္ဇန္တိ သဗ္ဗေ တေ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။ သေယျထာပိ, ဘိက္ခဝေ, နဠာဂါရာ ဝါ တိဏာဂါရာ ဝါ [နဠာဂါရံ ဝါ တိဏာဂါရံ ဝါ (သီ။)] အဂ္ဂိ မုတ္တော [အဂ္ဂိမုက္ကော (သီ။), အဂ္ဂိ မုက္ကော (သျာ။ ကံ။ ပီ။)] ကူဋာဂါရာနိပိ ဍဟတိ ဥလ္လိတ္တာဝလိတ္တာနိ နိဝါတာနိ ဖုသိတဂ္ဂဠာနိ ပိဟိတဝါတပါနာနိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယာနိ ကာနိစိ ဘယာနိ ဥပ္ပဇ္ဇန္တိ သဗ္ဗာနိ တာနိ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။ ယေ ကေစိ ဥပဒ္ဒဝါ ဥပ္ပဇ္ဇန္တိ သဗ္ဗေ တေ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။ ယေ ကေစိ ဥပသဂ္ဂါ ဥပ္ပဇ္ဇန္တိ သဗ္ဗေ တေ ဗာလတော ဥပ္ပဇ္ဇန္တိ, နော ပဏ္ဍိတတော။
‘‘ဣတိ ခေါ, ဘိက္ခဝေ, သပ္ပဋိဘယော ဗာလော, အပ္ပဋိဘယော ပဏ္ဍိတော။ သဥပဒ္ဒဝေါ ဗာလော, အနုပဒ္ဒဝေါ ပဏ္ဍိတော။ သဥပသဂ္ဂေါ ဗာလော, အနုပသဂ္ဂေါ ပဏ္ဍိတော။ နတ္ထိ, ဘိက္ခဝေ, ပဏ္ဍိတတော ဘယံ, နတ္ထိ ပဏ္ဍိတတော ဥပဒ္ဒဝေါ, နတ္ထိ ပဏ္ဍိတတော ဥပသဂ္ဂေါ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ အဘိနိဝဇ္ဇေတွာ, ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ သမာဒါယ ဝတ္တိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ပဌမံ။
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ရဟန်းတို့ ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း ‘ဥပသဂ္ဂ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ရဟန်းတို့ ကျူမိုး ကျူကာ အိမ်မှသော်လည်းကောင်း၊ မြက်မိုး မြက်ကာ အိမ်မှသော်လည်းကောင်း လောင်စွဲလွင့် ထွက်သော မီးသည် လေလုံကုန်သော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်ကုန်သော စေ့စပ်သော တံခါး ဘောင် တံခါးရွက်ရှိကုန်သော လုံသော လေသာပြူတင်းရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်းတို့ကိုလည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း ‘ဥပသဂ္ဂ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် မရှိ၊ သူမိုက်သည် မငြိမ်သက်ခြင်း‘ဥပဒ္ဒဝေါ’ နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် မငြိမ်သက်ခြင်း‘ဥပဒ္ဒဝေါ’ နှင့် စပ်လျက် မရှိ၊ သူမိုက်သည် စိတ်ဆင်းရဲခြင်း‘ဥပသဂ္ဂ’ နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် စိတ်ဆင်းရဲခြင်း‘ဥပသဂ္ဂ’ နှင့် စပ်လျက် မရှိ။ ရဟန်းတို့ ပညာရှိကြောင့် ကြောက်လန့်ခြင်း ဘေးဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် စိတ်ဆင်းရဲခြင်း‘ဥပသဂ္ဂ’ ဖြစ်ပေါ်ခြင်း မရှိ။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဥ်၍ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ ပဌမသုတ်
Numbered Discourses 3.1 1. Fools Perils So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Whatever dangers there are, all come from the foolish, not from the astute. Whatever perils there are, all come from the foolish, not from the astute. Whatever hazards there are, all come from the foolish, not from the astute. It’s like a fire that spreads from a hut made of reeds or grass, and burns down even a bungalow, plastered inside and out, draft-free, with doors fastened and windows shuttered. In the same way, whatever dangers there are, all come from the foolish, not from the astute. Whatever perils there are, all come from the foolish, not from the astute. Whatever hazards there are, all come from the foolish, not from the astute. So, the fool is dangerous, but the astute person is safe. The fool is perilous, but the astute person is not. The fool is hazardous, but the astute person is not. There’s no danger, peril, or hazard that comes from the astute. So you should train like this: ‘We will shun the three things by which a fool is known, and we will proceed having undertaken the three things by which an astute person is known.’ That’s how you should train.”
၂။ လက္ခဏသုတ္တံ
၂။ ‘‘ကမ္မလက္ခဏော, ဘိက္ခဝေ, ဗာလော, ကမ္မလက္ခဏော ပဏ္ဍိတော, အပဒါနသောဘနီ [အပဒါနေ သောဘတိ (သျာ။ ကံ။ ပီ။)] ပညာတိ [ပညတ္တိ (?)]။ တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? ကာယဒုစ္စရိတေန, ဝစီဒုစ္စရိတေန, မနောဒုစ္စရိတေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? ကာယသုစရိတေန, ဝစီသုစရိတေန, မနောသုစရိတေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ အဘိနိဝဇ္ဇေတွာ, ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ သမာဒါယ ဝတ္တိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ဒုတိယံ။
၂-လက္ခဏသုတ် ၂။ ရဟန်းတို့ သူမိုက်သည် မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း ‘လက္ခဏာ’ရှိ၏၊ ပညာရှိသည်လည်း မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း ‘လက္ခဏာ’ရှိ၏၊ ပညာမည်သည် သတ္တဝါတို့၏ အပြု အမူအားလျော်စွာ ထင်ရှား၏။ ရဟန်းတိုု့တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ် သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ် သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဥ်၍၊ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ့်
Numbered Discourses 3.2 1. Fools Characteristics “A fool is characterized by their deeds, and an astute person is characterized by their deeds, for wisdom shines in its traces. A fool is known by three things. What three? Bad conduct by way of body, speech, and mind. These are the three things by which a fool is known. An astute person is known by three things. What three? Good conduct by way of body, speech, and mind. These are the three things by which an astute person is known. So you should train like this: ‘We will shun the three things by which a fool is known, and we will proceed having undertaken the three things by which an astute person is known.’ That’s how you should train.”
၃။ စိန္တီသုတ္တံ
၃။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ဗာလဿ ဗာလလက္ခဏာနိ ဗာလနိမိတ္တာနိ ဗာလာပဒါနာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ဗာလော ဒုစ္စိန္တိတစိန္တီ စ ဟောတိ ဒုဗ္ဘာသိတဘာသီ စ ဒုက္ကဋကမ္မကာရီ စ။ နော စေဒံ [နော စေတံ (သျာ။ ကံ။ က။)], ဘိက္ခဝေ, ဗာလော ဒုစ္စိန္တိတစိန္တီ စ အဘဝိဿ ဒုဗ္ဘာသိတဘာသီ စ ဒုက္ကဋကမ္မကာရီ စ, ကေန နံ ပဏ္ဍိတာ ဇာနေယျုံ [တေန နံ ပဏ္ဍိတာ န ဇာနေယျုံ (က။), န နံ ပဏ္ဍိတာ ဇာနေယျုံ (?)] – ‘ဗာလော အယံ ဘဝံ အသပ္ပုရိသော’တိ? ယသ္မာ စ ခေါ, ဘိက္ခဝေ, ဗာလော ဒုစ္စိန္တိတစိန္တီ စ ဟောတိ ဒုဗ္ဘာသိတဘာသီ စ ဒုက္ကဋကမ္မကာရီ စ တသ္မာ နံ ပဏ္ဍိတာ ဇာနန္တိ – ‘ဗာလော အယံ ဘဝံ အသပ္ပုရိသော’တိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ဗာလဿ ဗာလလက္ခဏာနိ ဗာလနိမိတ္တာနိ ဗာလာပဒါနာနိ။
‘‘တီဏိမာနိ, ဘိက္ခဝေ, ပဏ္ဍိတဿ ပဏ္ဍိတလက္ခဏာနိ ပဏ္ဍိတနိမိတ္တာနိ ပဏ္ဍိတာပဒါနာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ပဏ္ဍိတော သုစိန္တိတစိန္တီ စ ဟောတိ သုဘာသိတဘာသီ စ သုကတကမ္မကာရီ စ။ နော စေဒံ, ဘိက္ခဝေ, ပဏ္ဍိတော သုစိန္တိတစိန္တီ စ အဘဝိဿ သုဘာသိတဘာသီ စ သုကတကမ္မကာရီ စ, ကေန နံ ပဏ္ဍိတာ ဇာနေယျုံ – ‘ပဏ္ဍိတော အယံ ဘဝံ သပ္ပုရိသော’တိ? ယသ္မာ စ ခေါ, ဘိက္ခဝေ, ပဏ္ဍိတော သုစိန္တိတစိန္တီ စ ဟောတိ သုဘာသိတဘာသီ စ သုကတကမ္မကာရီ စ တသ္မာ နံ ပဏ္ဍိတာ ဇာနန္တိ – ‘ပဏ္ဍိတော အယံ ဘဝံ သပ္ပုရိသော’တိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ပဏ္ဍိတဿ ပဏ္ဍိတလက္ခဏာနိ ပဏ္ဍိတနိမိတ္တာနိ ပဏ္ဍိတာပဒါနာနိ။ တသ္မာတိဟ…။ တတိယံ။
၃-စိန္တီသုတ် ၃။ ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ သူမိုက်ဟု သိကြောင်း အမှတ် ‘နိမိတ်’၊ သူမိုက်ဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန’ တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ သူမိုက်သည် မကောင်းသော အကြံကိုလည်း အကယ်၍ ကြံလေ့ မရှိငြားအံ့၊ မကောင်းသော စကား ကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ မကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့မရှိငြားအံ့၊ ထိုသူကို “ဤသူကား သူမိုက် သူယုတ်တည်း”ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင့်ကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုသူမိုက်ကို “ဤသူကား သူမိုက်သူယုတ်တည်း”ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုး တို့သည် သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ သူမိုက်ဟု သိကြောင်း အမှတ် ‘နိမိတ်’၊ သူမိုက်ဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန’တို့ပေတည်း။ ရဟန်းတို့ ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း ‘လက္ခဏာ’၊ ပညာရှိပေဟု သိကြောင်း အမှတ် ‘နိမိတ်’၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန’ တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ ပညာရှိသည် ကောင်းသော အကြံကိုလည်း အကယ်၍ ကြံစည်လေ့ မရှိငြားအံ့၊ ကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ ကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့ မရှိငြားအံ့၊ ထိုသူကို “ဤသူကား ပညာရှိ သူတော်ကောင်းတည်း”ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင်ကြောင့် ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထို ပညာရှိကို “ဤသူကား ပညာရှိ သူတော်ကောင်းတည်း”ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း ‘လက္ခဏာ’၊ ပညာရှိဟု သိကြောင်း အမှတ် ‘နိမိတ်’၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန’တို့တည်း။ ရဟန်းတို့ ထို့ကြောင့်။ပ။ တတိယသုတ်။
Numbered Discourses 3.3 1. Fools Thinking “There are these three characteristics, signs, and manifestations of a fool. What three? A fool thinks poorly, speaks poorly, and acts poorly. If a fool didn’t think poorly, speak poorly, and act poorly, then how would the astute know of them: ‘This worthy one is a fool, an untrue person’? But since a fool does think poorly, speak poorly, and act poorly, then the astute do know of them: ‘This worthy one is a fool, an untrue person’. These are the three characteristics, signs, and manifestations of a fool. There are these three characteristics, signs, and manifestations of an astute person. What three? An astute person thinks well, speaks well, and acts well. If an astute person didn’t think well, speak well, and act well, then how would the astute know of them: ‘This worthy one is astute, a true person’? But since an astute person does think well, speak well, and act well, then the astute do know of them: ‘This worthy one is astute, a true person’. These are the three characteristics, signs, and manifestations of an astute person. So you should train …”
၄။ အစ္စယသုတ္တံ
၄။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? အစ္စယံ အစ္စယတော န ပဿတိ, အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ နပ္ပဋိကရောတိ, ပရဿ ခေါ ပန အစ္စယံ ဒေသေန္တဿ ယထာဓမ္မံ နပ္ပဋိဂ္ဂဏှာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? အစ္စယံ အစ္စယတော ပဿတိ, အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, ပရဿ ခေါ ပန အစ္စယံ ဒေသေန္တဿ ယထာဓမ္မံ ပဋိဂ္ဂဏှာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ တသ္မာတိဟ…။ စတုတ္ထံ။
၄-အစ္စယသုတ် ၄။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း၊ မိမိအပြစ်ကို အပြစ်အားဖြင့် ရှုသော်လည်းတရား အလျောက် မကုစား၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာပါလျက်တရားအလျောက် မခံယူ။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသောသူကို သူမိုက်ဟု သိအပ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် ရှု၏၊ မိမိ၏ အပြစ်ကို အပြစ်အားဖြင့် ရှု၍တရား အလျောက် ကုစား၏၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာသော်တရားအလျောက် ခံယူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။ စတုတ္ထသုတ်။
Numbered Discourses 3.4 1. Fools Mistakes “A fool is known by three things. What three? They don’t recognize when they’ve made a mistake. When they do recognize it they don’t deal with it properly. And when someone else confesses a mistake to them, they don’t accept it properly. These are the three things by which a fool is known. An astute person is known by three things. What three? They recognize when they’ve made a mistake. When they recognize it they deal with it properly. And when someone else confesses a mistake to them, they accept it properly. These are the three things by which an astute person is known. So you should train …”
၅။ အယောနိသောသုတ္တံ
၅။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? အယောနိသော ပဉှံ ကတ္တာ ဟောတိ, အယောနိသော ပဉှံ ဝိဿဇ္ဇေတာ ဟောတိ, ပရဿ ခေါ ပန ယောနိသော ပဉှံ ဝိဿဇ္ဇိတံ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ သိလိဋ္ဌေဟိ ဥပဂတေဟိ နာဗ္ဘနုမောဒိတာ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? ယောနိသော ပဉှံ ကတ္တာ ဟောတိ, ယောနိသော ပဉှံ ဝိဿဇ္ဇေတာ ဟောတိ, ပရဿ ခေါ ပန ယောနိသော ပဉှံ ဝိဿဇ္ဇိတံ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ သိလိဋ္ဌေဟိ ဥပဂတေဟိ အဗ္ဘနုမောဒိတာ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ တသ္မာတိဟ…။ ပဉ္စမံ။
၅-အယောနိသောသုတ် ၅။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်းအကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုအပ်သည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီး မပေးတတ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်း အကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုထားသည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီးပေးတတ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။ ပဉ္စမသုတ်။
Numbered Discourses 3.5 1. Fools Irrational “A fool is known by three things. What three? They ask a question irrationally. They answer a question irrationally. And when someone else answers a question rationally—with well-rounded, coherent, and relevant words and phrases—they disagree with it. These are the three things by which a fool is known. An astute person is known by three things. What three? They ask a question rationally. They answer a question rationally. And when someone else answers a question rationally—with well-rounded, coherent, and relevant words and phrases—they agree with it. These are the three things by which an astute person is known. So you should train …”
၆။ အကုသလသုတ္တံ
၆။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? အကုသလေန ကာယကမ္မေန, အကုသလေန ဝစီကမ္မေန, အကုသလေန မနောကမ္မေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? ကုသလေန ကာယကမ္မေန, ကုသလေန ဝစီကမ္မေန, ကုသလေန မနောကမ္မေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။ တသ္မာတိဟ…။ ဆဋ္ဌံ။
၆-အကုသလသုတ် ၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- အကုသိုလ်ကာယကံလည်းကောင်း၊ အကုသိုလ်ဝစီကံလည်းကောင်း၊ အကုသိုလ်မနောကံလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့်ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကုသိုလ်ကာယကံလည်းကောင်း၊ ကုသိုလ်ဝစီကံလည်းကောင်း၊ ကုသိုလ်မနောကံလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။ ဆဋ္ဌသုတ်။
Numbered Discourses 3.6 1. Fools Unskillful “A fool is known by three things. What three? Unskillful deeds by way of body, speech, and mind. These are the three things by which a fool is known. An astute person is known by three things. What three? Skillful deeds by way of body, speech, and mind. These are the three things by which an astute person is known. So you should train …”
၇။ သာဝဇ္ဇသုတ္တံ
၇။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? သာဝဇ္ဇေန ကာယကမ္မေန, သာဝဇ္ဇေန ဝစီကမ္မေန, သာဝဇ္ဇေန မနောကမ္မေန…ပေ… အနဝဇ္ဇေန ကာယကမ္မေန, အနဝဇ္ဇေန ဝစီကမ္မေန, အနဝဇ္ဇေန မနောကမ္မေန…ပေ…။ သတ္တမံ။
၇-သာဝဇ္ဇသုတ် ၇။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- အပြစ်ရှိသော ကာယကံ၊ အပြစ်ရှိသော ဝစီကံ၊ အပြစ်ရှိသော မနောကံတို့တည်း။ပ။ အပြစ်မရှိသော ကာယကံ၊ အပြစ်မရှိသော ဝစီကံ၊ အပြစ်မရှိသော မနောကံတို့တည်း။ပ။ သတ္တမသုတ်။
Numbered Discourses 3.7 1. Fools Blameworthy “A fool is known by three things. What three? Blameworthy deeds by way of body, speech, and mind. … An astute person is known by blameless deeds by way of body, speech, and mind. …”
၈။ သဗျာဗဇ္ဈသုတ္တံ
၈။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? သဗျာဗဇ္ဈေန ကာယကမ္မေန, သဗျာဗဇ္ဈေန ဝစီကမ္မေန, သဗျာဗဇ္ဈေန မနောကမ္မေန…ပေ… အဗျာဗဇ္ဈေန ကာယကမ္မေန, အဗျာဗဇ္ဈေန ဝစီကမ္မေန, အဗျာဗဇ္ဈေန မနောကမ္မေန။ ဣမေဟိ, ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ အဘိနိဝဇ္ဇေတွာ, ယေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝေဒိတဗ္ဗော တေ တယော ဓမ္မေ သမာဒါယ ဝတ္တိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ အဋ္ဌမံ။
၈-သဗျာဗဇ္ဈသုတ် ၈။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- ဆင်းရဲခြင်းရှိသော ကာယကံ၊ ဆင်းရဲခြင်းရှိသော ဝစီကံ၊ ဆင်းရဲခြင်းရှိသော မနောကံတို့တည်း။ပ။ ဆင်းရဲခြင်းမရှိသော ကာယကံ၊ ဆင်းရဲခြင်းမရှိသော ဝစီကံ၊ ဆင်းရဲခြင်းမရှိသော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “လူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဥ်၍၊ ပညာရှိဟု့သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.8 1. Fools Hurtful “A fool is known by three things. What three? Hurtful deeds by way of body, speech, and mind. … An astute person is known by kind deeds by way of body, speech, and mind. These are the three things by which an astute person is known. So you should train like this: ‘We will shun the three qualities by which a fool is known, and we will proceed having undertaken the three qualities by which an astute person is known.’ That’s how you should train.”
၉။ ခတသုတ္တံ
၉။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဗာလော အဗျတ္တော အသပ္ပုရိသော ခတံ ဥပဟတံ အတ္တာနံ ပရိဟရတိ, သာဝဇ္ဇော စ ဟောတိ သာနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ အပုညံ ပသဝတိ။ ကတမေဟိ တီဟိ? ကာယဒုစ္စရိတေန, ဝစီဒုစ္စရိတေန, မနောဒုစ္စရိတေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဗာလော အဗျတ္တော အသပ္ပုရိသော ခတံ ဥပဟတံ အတ္တာနံ ပရိဟရတိ, သာဝဇ္ဇော စ ဟောတိ သာနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ အပုညံ ပသဝတိ။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝိယတ္တော သပ္ပုရိသော အက္ခတံ အနုပဟတံ အတ္တာနံ ပရိဟရတိ, အနဝဇ္ဇော စ ဟောတိ အနနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ ပုညံ ပသဝတိ။ ကတမေဟိ တီဟိ? ကာယသုစရိတေန, ဝစီသုစရိတေန, မနောသုစရိတေန။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပဏ္ဍိတော ဝိယတ္တော သပ္ပုရိသော အက္ခတံ အနုပဟတံ အတ္တာနံ ပရိဟရတိ, အနဝဇ္ဇော စ ဟောတိ အနနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ ပုညံ ပသဝတီ’’တိ။ နဝမံ။
၉-ခတသုတ် ၉။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိ ကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.9 1. Fools Broken “When a foolish, incompetent, untrue person has three qualities they keep themselves broken and damaged. They deserve to be blamed and criticized by sensible people, and they brim with much wickedness. What three? Bad conduct by way of body, speech, and mind. When a foolish, incompetent untrue person possesses these three qualities they keep themselves broken and damaged. They deserve to be blamed and criticized by sensible people, and they brim with much wickedness. When an astute, competent true person has three qualities they keep themselves healthy and whole. They don’t deserve to be blamed and criticized by sensible people, and they brim with much merit. What three? Good conduct by way of body, speech, and mind. When an astute, competent true person possesses these three qualities they keep themselves healthy and whole. They don’t deserve to be blamed and criticized by sensible people, and they brim with much merit.”
၁၀။ မလသုတ္တံ
၁၀။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော တယော မလေ အပ္ပဟာယ ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ။ ကတမေဟိ တီဟိ? ဒုဿီလော စ ဟောတိ, ဒုဿီလျမလဉ္စဿ အပ္ပဟီနံ ဟောတိ၊ ဣဿုကီ စ ဟောတိ, ဣဿာမလဉ္စဿ အပ္ပဟီနံ ဟောတိ၊ မစ္ဆရီ စ ဟောတိ, မစ္ဆေရမလဉ္စဿ အပ္ပဟီနံ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဣမေ တယော မလေ အပ္ပဟာယ ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော တယော မလေ ပဟာယ ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ။ ကတမေဟိ တီဟိ? သီလဝါ စ ဟောတိ, ဒုဿီလျမလဉ္စဿ ပဟီနံ ဟောတိ၊ အနိဿုကီ စ ဟောတိ, ဣဿာမလဉ္စဿ ပဟီနံ ဟောတိ၊ အမစ္ဆရီ စ ဟောတိ, မစ္ဆေရမလဉ္စဿ ပဟီနံ ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဣမေ တယော မလေ ပဟာယ ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ’’တိ။ ဒသမံ။
ဗာလဝဂ္ဂေါ ပဌမော။
တဿုဒ္ဒါနံ –
ဘယံ လက္ခဏစိန္တီ စ, အစ္စယဉ္စ အယောနိသော၊
အကုသလဉ္စ သာဝဇ္ဇံ, သဗျာဗဇ္ဈခတံ မလန္တိ။
၁၀-မလသုတ် ၁၀။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလမရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ဝန်တို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ မငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ဝန်မတို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ရှေးဦးစွာသော ဗာလဝဂ် ပြီး၏။
Numbered Discourses 3.10 1. Fools Stains “Anyone who has three qualities, and has not given up three stains, is placed in hell as if delivered there. What three? They’re unethical, and haven’t given up the stain of immorality. They’re jealous, and haven’t given up the stain of jealousy. They’re stingy, and haven’t given up the stain of stinginess. Anyone who possesses these three qualities, and has not given up these three stains, is placed in hell as if delivered there. Anyone who has three qualities, and has given up three stains, is placed in heaven as if delivered there. What three? They’re ethical, and have given up the stain of immorality. They’re not jealous, and have given up the stain of jealousy. They’re not stingy, and have given up the stain of stinginess. Anyone who possesses these three qualities, and has given up these three stains, is placed in heaven as if delivered there.”
၂။ ရထကာရဝဂ္ဂေါ
၁။ ဉာတသုတ္တံ
၁၁။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဉာတော ဘိက္ခု ဗဟုဇနအဟိတာယ ပဋိပန္နော ဟောတိ ဗဟုဇနဒုက္ခာယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ကတမေဟိ တီဟိ? အနနုလောမိကေ ကာယကမ္မေ သမာဒပေတိ, အနနုလောမိကေ ဝစီကမ္မေ သမာဒပေတိ, အနနုလောမိကေသု ဓမ္မေသု သမာဒပေတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဉာတော ဘိက္ခု ဗဟုဇနအဟိတာယ ပဋိပန္နော ဟောတိ ဗဟုဇနဒုက္ခာယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။
‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဉာတော ဘိက္ခု ဗဟုဇနဟိတာယ ပဋိပန္နော ဟောတိ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမေဟိ တီဟိ? အနုလောမိကေ ကာယကမ္မေ သမာဒပေတိ, အနုလောမိကေ ဝစီကမ္မေ သမာဒပေတိ, အနုလောမိကေသု ဓမ္မေသု သမာဒပေတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဉာတော ဘိက္ခု ဗဟုဇနဟိတာယ ပဋိပန္နော ဟောတိ ဗဟုဇနသုခါယ, ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာန’’န္တိ။ ပဌမံ။
၂-ရထကာရဝဂ် ၁-ဉာတသုတ် ၁၁။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီး အပွါး မရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုး မရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သာသနာတော်အား မလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော မနောကံတရားတို့၌ (သူတစ်ပါး တို့ကို) ဆောက်တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးမရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုးမရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါး ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သာသနာတော်အားလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော မနောကံတရားတို့၌ (သူတစ်ပါးတို့ကို) ဆောက် တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.11 2. The Chariot-Maker Well-known “Mendicants, a well-known mendicant with three qualities is acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. What three? They encourage deeds of body and speech, as well as principles, that aren’t in line with good qualities. A well-known mendicant who possesses these three qualities is acting for the detriment and unhappiness of the people, against the people, for the harm, detriment, and suffering of gods and humans. A well-known mendicant with three qualities is acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans. What three? They encourage deeds of body and speech, as well as principles, that are in line with good qualities. A well-known mendicant who possesses these three qualities is acting for the welfare and happiness of the people, for the people, for the benefit, welfare, and happiness of gods and humans.”
၂။ သာရဏီယသုတ္တံ
၁၂။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ယာဝဇီဝံ သာရဏီယာနိ [သရဏီယာနိ (သီ။ သျာ။ ကံ။ ပီ။)] ဘဝန္တိ။ ကတမာနိ တီဏိ? ယသ္မိံ, ဘိက္ခဝေ, ပဒေသေ ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော ဇာတော ဟောတိ။ ဣဒံ, ဘိက္ခဝေ, ပဌမံ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယသ္မိံ ပဒေသေ ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော ဟောတိ။ ဣဒံ, ဘိက္ခဝေ, ဒုတိယံ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယသ္မိံ ပဒေသေ ရာဇာ ခတ္တိယော မုဒ္ဓါဝသိတ္တော သင်္ဂါမံ အဘိဝိဇိနိတွာ ဝိဇိတသင်္ဂါမော တမေဝ သင်္ဂါမသီသံ အဇ္ဈာဝသတိ။ ဣဒံ, ဘိက္ခဝေ, တတိယံ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ယာဝဇီဝံ သာရဏီယာနိ ဘဝန္တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဏိမာနိ ဘိက္ခုဿ ယာဝဇီဝံ သာရဏီယာနိ ဘဝန္တိ။ ကတမာနိ တီဏိ? ယသ္မိံ, ဘိက္ခဝေ, ပဒေသေ ဘိက္ခု ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ။ ဣဒံ, ဘိက္ခဝေ, ပဌမံ ဘိက္ခုဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယသ္မိံ ပဒေသေ ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ ဣဒံ, ဘိက္ခဝေ, ဒုတိယံ ဘိက္ခုဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ယသ္မိံ ပဒေသေ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဣဒံ, ဘိက္ခဝေ, တတိယံ ဘိက္ခုဿ ယာဝဇီဝံ သာရဏီယံ ဟောတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ဘိက္ခုဿ ယာဝဇီဝံ သာရဏီယာနိ ဘဝန္တီ’’တိ။ ဒုတိယံ။
၂-သာရဏီယသုတ် ၁၂။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် ဤအရပ် သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။ အဘယ်သုံးမျိုးတိုနည်းဟူမူ- ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ ဖွားမြင်၏။ ရဟန်းတို့ ဤဖွားမြင်ရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက် ထက်ဆုံး အောက်မေ့အပ်သော ပဌမအရပ်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်ဝယ် ဦးထိပ်၌ အဘိသိက်သွန်းအပ်၏။ ရဟန်းတို့ ဤအဘိသိက် သွန်းလောင်းရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ စစ်အောင်သောကြောင့် အောင်ပြီးသော စစ်ရှိသည်ဖြစ်၍ ထို စစ်မြေအရပ်ကို အုပ်ချုပ်၍ နေ၏။ ရဟန်းတို့ ထို စစ်အောင်မြင်ရာ အရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်းပြည့်ရှင်မင်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့ အပ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ရဟန်းသည် အကြင် အရပ်၌ ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏။ ရဟန်းတို့ ဤရဟန်းပြုရာ အရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ပဌမ အရပ်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ “ဤတရားကား ဆင်းရဲ”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲဖြစ်ကြောင်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲချုပ်ရာ”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ရဟန်းတို့ ဤသစ္စာလေးပါးကိုဟုတ်မှန်သော အတိုင်း သိရာအရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ အာသဝေါတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါ မရှိသော၊ စိတ်၏ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤအရဟတ္တဖိုလ်သို့ ရောက်ရာအရပ်သည် ရဟန်း၏ အသက်ထက် ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဤအရပ်သုံးမျိုးတို့ကို ရဟန်းသည် အသက် ထက်ဆုံး အောက်မေ့အပ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.12 2. The Chariot-Maker Commemoration “An anointed aristocratic king should commemorate three places as long as he lives. What three? The place he was born. This is the first place. The place he was anointed as king. This is the second place. The place where he won victory in battle, establishing himself as foremost in battle. This is the third place. These are the three places an anointed king should commemorate as long as he lives. In the same way, a mendicant should commemorate three places as long as they live. What three? The place where the mendicant shaved off their hair and beard, dressed in ocher robes, and went forth from the lay life to homelessness. This is the first place. The place where the mendicant truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. This is the second place. The place where the mendicant realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. This is the third place. These are the three places a mendicant should commemorate as long as they live.”
၃။ အာသံသသုတ္တံ
၁၃။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? နိရာသော, အာသံသော, ဝိဂတာသော။ ကတမော စ, ဘိက္ခဝေ ပုဂ္ဂလော နိရာသော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော နီစေ ကုလေ ပစ္စာဇာတော ဟောတိ, စဏ္ဍာလကုလေ ဝါ ဝေနကုလေ [ဝေဏကုလေ (သျာ။ ကံ။ ပီ။)] ဝါ နေသာဒကုလေ ဝါ ရထကာရကုလေ ဝါ ပုက္ကုသကုလေ ဝါ ဒလိဒ္ဒေ အပ္ပန္နပါနဘောဇနေ ကသိရဝုတ္တိကေ, ယတ္ထ ကသိရေန ဃာသစ္ဆာဒေါ လဗ္ဘတိ။ သော စ ဟောတိ ဒုဗ္ဗဏ္ဏော ဒုဒ္ဒသိကော ဩကောဋိမကော ဗဝှါဗာဓော [ဗဟွာဗာဓော (သျာ။ ကံ။ ပီ။ က။)] ကာဏော ဝါ ကုဏီ ဝါ ခဉ္ဇော ဝါ ပက္ခဟတော ဝါ, န လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော သုဏာတိ – ‘ဣတ္ထန္နာမော ကိရ ခတ္တိယော ခတ္တိယေဟိ ခတ္တိယာဘိသေကေန အဘိသိတ္တော’တိ။ တဿ န ဧဝံ ဟောတိ – ‘ကုဒါဿု နာမ မမ္ပိ ခတ္တိယာ ခတ္တိယာဘိသေကေန အဘိသိဉ္စိဿန္တီ’တိ! အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော နိရာသော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော အာသံသော? ဣဓ, ဘိက္ခဝေ, ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ဇေဋ္ဌော ပုတ္တော ဟောတိ အာဘိသေကော အနဘိသိတ္တော အစလပ္ပတ္တော [မစလပ္ပတ္တော (သီ။ ပီ။)]။ သော သုဏာတိ – ‘ဣတ္ထန္နာမော ကိရ ခတ္တိယော ခတ္တိယေဟိ ခတ္တိယာဘိသေကေန အဘိသိတ္တော’တိ။ တဿ ဧဝံ ဟောတိ – ‘ကုဒါဿု နာမ မမ္ပိ ခတ္တိယာ ခတ္တိယာဘိသေကေန အဘိသိဉ္စိဿန္တီ’တိ! အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော အာသံသော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဝိဂတာသော? ဣဓ, ဘိက္ခဝေ, ရာဇာ ဟောတိ ခတ္တိယော မုဒ္ဓါဝသိတ္တော။ သော သုဏာတိ – ‘ဣတ္ထန္နာမော ကိရ ခတ္တိယော ခတ္တိယေဟိ ခတ္တိယာဘိသေကေန အဘိသိတ္တော’တိ။ တဿ န ဧဝံ ဟောတိ – ‘ကုဒါဿု နာမ မမ္ပိ ခတ္တိယာ ခတ္တိယာဘိသေကေန အဘိသိဉ္စိဿန္တီ’တိ! တံ ကိဿ ဟေတု? ယာ ဟိဿ, ဘိက္ခဝေ, ပုဗ္ဗေ အနဘိသိတ္တဿ အဘိသေကာသာ သာ [သာဿ (သီ။ သျာ။ ကံ။ ပီ။)] ပဋိပ္ပဿဒ္ဓါ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ဝိဂတာသော။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခူသု။ ကတမေ တယော? နိရာသော, အာသံသော, ဝိဂတာသော။ ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော နိရာသော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဒုဿီလော ဟောတိ ပါပဓမ္မော အသုစိ သင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏပဋိညော အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော။ သော သုဏာတိ – ‘ဣတ္ထန္နာမော ကိရ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’တိ။ တဿ န ဧဝံ ဟောတိ – ‘ကုဒါဿု နာမ အဟမ္ပိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရိဿာမီ’တိ! အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော နိရာသော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော အာသံသော? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ ကလျာဏဓမ္မော။ သော သုဏာတိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’တိ။ တဿ ဧဝံ ဟောတိ – ‘ကုဒါဿု နာမ အဟမ္ပိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရိဿာမီ’တိ! အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော အာသံသော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဝိဂတာသော? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ။ သော သုဏာတိ – ‘ဣတ္ထန္နာမော ကိရ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတီ’တိ။ တဿ န ဧဝံ ဟောတိ – ‘ကုဒါဿု နာမ အဟမ္ပိ အာသဝါနံ ခယာ…ပေ… သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရိဿာမီ’တိ! တံ ကိဿ ဟေတု? ယာ ဟိဿ, ဘိက္ခဝေ, ပုဗ္ဗေ အဝိမုတ္တဿ ဝိမုတ္တာသာ သာ ပဋိပ္ပဿဒ္ဓါ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ဝိဂတာသော။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခူသူ’’တိ။ တတိယံ။
၃-အာသံသသုတ် ၁၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း၊ နှီး သမားမျိုး၌သော်လည်းကောင်း၊ မုဆိုးမျိုး၌သော်လည်းကောင်း၊ သားရေနယ်သမားမျိုး၌သော်လည်းကောင်း၊ ပန်းမှိုက်သွန်မျိုး၌သော်လည်းကောင်း အစားအစာ ရှားပါးသော ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရသော ဆင်းရဲငြိုငြင်သဖြင့် အဝတ်အစားကို ရအပ်သော ဤယုတ်နိမ့်သော သူဆင်းရဲအမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အဆင်းမလှ၊ ကြည့်ရှု၍ မကောင်း၊ ပုကွ၏၊ အနာရောဂါ များ၏၊ ကန်းမူလည်း ကန်း၏၊ ကောက်မူလည်း ကောက်၏၊ ခြေခွင်မူလည်း ခွင်၏၊ ကိုယ်အောက်ပိိုုင်းသေမူလည်း သေ၏၊ ထမင်း အဖျော် အဝတ် ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုမူလည်း မရရှိ။ ထိုသူသည် ဤမည်သော မင်းကို မင်းမျိုးတိုု့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်”ဟု ကြား၏။ ထိုသူ အား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့နည်း”ဟု ဤသို့သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ သားကြီးသည် အဘိသိက်သွန်းထိုက်၏၊ အဘိသိက်ကား မသွန်းရသေး၊ အရွယ်သို့ ရောက်ပြီးဖြစ်၏။ ထို မင်းသားသည် “ဤမည်သောမင်းကို မင်းမျိုးတို့က အဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းအပ်သတတ်”ဟု ကြား၏။ ဤသို့ကြားသဖြင့် ထို မင်းသားအား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့့နည်း”ဟု ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ မင်းသည် ဦးထိပ်၌ အဘိသိက်သွန်းပြီးဖြစ်၍ ရေမြေသနင်း ပြည့်ရှင်မင်း ဖြစ်၏၊ ထို မင်းသည် “ဤမည်သော မင်းကို မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်”ဟု ကြား၏။ ထို မင်းအား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းကုန်အံ့နည်း”ဟု ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို မင်းအား အဘိသိက်မသွန်းမီ ရှေးအခါက အဘိသိက်သွန်းခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်း ကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိ ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် ပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ် သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်ရှိသူမဟုတ်ဘဲ မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂစသော အမှိုက်ရှိ၏။ ထိုပုဂ္ဂိုလ်သည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသော်လည်း “အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထိုရဟန်းအား ဤသို့ သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ထိုရဟန်းသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသဖြင့် “အဘယ် အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခု ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထိုရဟန်းအား ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါကုန်ပြီးသော ရဟန္တာ ဖြစ်၏။ ထို ရဟန္တာသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင့်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသော်လည်း “ငါသည်လည်း အဘယ်အခါ၌ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထို ရဟန္တာအား ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို ရဟန္တာအား ကိလေသာမှ မလွတ်သေးမီ ရှေးအခါက ကိလေသာမှ လွတ်ခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Numbered Discourses 3.13 2. The Chariot-Maker Hopes “These three individuals are found in the world. What three? The hopeless, the hopeful, and the one who has done away with hope. And what, mendicants, is a hopeless individual? It’s when an individual is reborn in a low family—a family of corpse-workers, bamboo-workers, hunters, chariot-makers, or scavengers—poor, with little to eat or drink, where life is tough, and food and shelter are hard to find. And they’re ugly, unsightly, deformed, sickly—one-eyed, crippled, lame, or half-paralyzed. They don’t get to have food, drink, clothes, and vehicles; garlands, fragrances, and makeup; or bed, house, and lighting. They hear this: ‘They say the aristocrats have anointed the aristocrat named so-and-so as king.’ It never occurs to them: ‘Oh, when will the aristocrats anoint me too as king?’ This is called a hopeless individual. And what, mendicants, is a hopeful individual? It’s when someone is the eldest son of an anointed aristocratic king. He has not yet been anointed, but is eligible, and has been confirmed in the succession. He hears this: ‘They say that the aristocrats have anointed the aristocrat named so-and-so as king.’ It occurs to him: ‘Oh, when will the aristocrats anoint me too as king?’ This is called a hopeful individual. And what, mendicants, is an individual who has done away with hope? It’s when a king has been anointed. He hears this: ‘They say that the aristocrats have anointed the aristocrat named so-and-so as king.’ It never occurs to him: ‘Oh, when will the aristocrats anoint me too as king?’ Why is that? Because the former hope he had to be anointed has now died down. This is called an individual who has done away with hope. These are the three individuals found in the world. In the same way, these three individuals are found among the mendicants. What three? The hopeless, the hopeful, and the one who has done away with hope. And what, mendicants, is a hopeless individual? It’s when an individual is unethical, of bad qualities, filthy, with suspicious behavior, underhand, no true ascetic or spiritual practitioner—though claiming to be one—rotten inside, festering, and depraved. They hear this: ‘They say that the mendicant named so-and-so has realized the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements.’ It never occurs to them: ‘Oh, when will I too realize the undefiled freedom of heart and freedom by wisdom, and live having realized it with my own insight in this very life due to the ending of defilements.’ This is called a hopeless individual. And what, mendicants, is a hopeful individual? It’s when a mendicant is ethical, of good character. They hear this: ‘They say that the mendicant named so-and-so has realized the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements.’ It occurs to them: ‘Oh, when will I too realize the undefiled freedom of heart and freedom by wisdom, and live having realized it with my own insight in this very life due to the ending of defilements.’ This is called a hopeful individual. And what, mendicants, is an individual who has done away with hope? It’s when a mendicant is a perfected one, who has ended all defilements. They hear this: ‘They say that the mendicant named so-and-so has realized the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements.’ It never occurs to them: ‘Oh, when will I too realize the undefiled freedom of heart and freedom by wisdom, and live having realized it with my own insight in this very life due to the ending of defilements.’ Why is that? Because the former hope they had to be freed has now died down. This is called an individual who has done away with hope. These are the three individuals found among the mendicants.”
၄။ စက္ကဝတ္တိသုတ္တံ
၁၄။ ‘‘ယောပိ သော, ဘိက္ခဝေ, ရာဇာ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ သောပိ န အရာဇကံ စက္ကံ ဝတ္တေတီ’’တိ။ ဧဝံ ဝုတ္တေ အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော ပန, ဘန္တေ, ရညော စက္ကဝတ္တိဿ ဓမ္မိကဿ ဓမ္မရညော ရာဇာ’’တိ [စက္ကန္တိ (က။)]? ‘‘ဓမ္မော, ဘိက္ခူ’’တိ ဘဂဝါ အဝေါစ – ‘‘ဣဓ, ဘိက္ခု, ရာဇာ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ [ဂရုကရောန္တော (သီ။ သျာ။ ကံ။ ပီ။)] ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟတိ အန္တောဇနသ္မိံ’’။
‘‘ပုန စပရံ, ဘိက္ခု, ရာဇာ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟတိ ခတ္တိယေသု, အနုယန္တေသု [အနုယုတ္တေသု (သီ။ သျာ။ ကံ။ ပီ။)], ဗလကာယသ္မိံ, ဗြာဟ္မဏဂဟပတိကေသု, နေဂမဇာနပဒေသု, သမဏဗြာဟ္မဏေသု, မိဂပက္ခီသု။ သ ခေါ သော ဘိက္ခု ရာဇာ စက္ကဝတ္တီ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟိတွာ အန္တောဇနသ္မိံ, ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟိတွာ ခတ္တိယေသု, အနုယန္တေသု, ဗလကာယသ္မိံ, ဗြာဟ္မဏဂဟပတိကေသု, နေဂမဇာနပဒေသု, သမဏဗြာဟ္မဏေသု, မိဂပက္ခီသု, ဓမ္မေနေဝ စက္ကံ ဝတ္တေတိ။ တံ ဟောတိ စက္ကံ အပ္ပဋိဝတ္တိယံ ကေနစိ မနုဿဘူတေန ပစ္စတ္ထိကေန ပါဏိနာ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခု [ဘိက္ခဝေ (က။)], တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟတိ ကာယကမ္မသ္မိံ – ‘ဧဝရူပံ ကာယကမ္မံ သေဝိတဗ္ဗံ, ဧဝရူပံ ကာယကမ္မံ န သေဝိတဗ္ဗ’’’န္တိ။
‘‘ပုန စပရံ, ဘိက္ခု, တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟတိ ဝစီကမ္မသ္မိံ – ‘ဧဝရူပံ ဝစီကမ္မံ သေဝိတဗ္ဗံ, ဧဝရူပံ ဝစီကမ္မံ န သေဝိတဗ္ဗ’န္တိ…ပေ… မနောကမ္မသ္မိံ – ‘ဧဝရူပံ မနောကမ္မံ သေဝိတဗ္ဗံ, ဧဝရူပံ မနောကမ္မံ န သေဝိတဗ္ဗ’’’န္တိ။
‘‘သ ခေါ သော, ဘိက္ခု, တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဓမ္မိကော ဓမ္မရာဇာ ဓမ္မံယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ ဂရုံ ကရောန္တော ဓမ္မံ အပစာယမာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟိတွာ ကာယကမ္မသ္မိံ, ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟိတွာ ဝစီကမ္မသ္မိံ, ဓမ္မိကံ ရက္ခာဝရဏဂုတ္တိံ သံဝိဒဟိတွာ မနောကမ္မသ္မိံ, ဓမ္မေနေဝ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တေတိ။ တံ ဟောတိ စက္ကံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ’’န္တိ။ စတုတ္ထံ။
၄-စက္ကဝတ္တိသုတ် ၁၄။ ရဟန်းတို့ တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသော်မှလည်း (အမှီ) မင်းကို မရခဲ့လျှင် စကြာရတနာကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား- “အသျှင်ဘုရားတရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်း၏ အမှီမင်းဟူသည် အဘယ်ပါနည်း”ဟု လျှောက်၏။ “ရဟန်း အမှီမင်းဟူသည်တရားတည်း”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဤလောက၌တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်း၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်း နောက်တစ်မျိုးကား တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသည် တရားကို သာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက် တရားကို အလေးအမြတ်ပြုလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက် အရံမင်းတို့၌လည်းကောင်း၊ စစ်သည်ဗိုလ်ပါ အပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်းတရားရှိ၍ တရားမင်းဖြစ်သော ထို စကြဝတေးမင်းသည် တရားကိုသာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူး ပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်းတို့၌ တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် အရံမင်းတို့၌လည်းကောင်း၊ ဗိုလ်ပါအပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏ ဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် တရားသဖြင့်သာ စကြာရတနာကို လည်စေ၏။ ထို စကြာရတနာကို လူသားဖြစ်သော ရန်သူ သတ္တဝါ တစ်စုံတစ်ယောက်သည် မဖျက်ဆီး မတားမြစ်နိုင်။ ရဟန်းတို့ ဤအတူသာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော တရားစောင့်သည့်တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို့အကြီးအမှူးပြုလျက် ဤသို့ သဘောရှိသော ကာယကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ကာယ ကံမှုကို မမှီဝဲအပ်”ဟု ကာယကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် “ဤသို့ သဘောရှိသော ဝစီကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ဝစီကံမှုကို မမှီဝဲအပ်”ဟု ဝစီကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ပ။ “ဤသို့သဘောရှိသော မနောကံမှုကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော မနောကံမှုကို မမှီဝဲအပ်”ဟု မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင် ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် ကာယကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် ဝစီကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်တရားသဖြင့်သာ အတုမရှိသော ဓမ္မစက်ကို လည်စေတော်မူ၏၊ ထို ဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်မျှ မဖျက်ဆီး မတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Numbered Discourses 3.14 2. The Chariot-Maker The Wheel-Turning Monarch “Mendicants, even a wheel-turning monarch, a just and principled king, does not wield power without having their own king.” When he said this, one of the mendicants said to the Buddha: “But who is the king of the wheel-turning monarch, the just and principled king?” “It is principle, monk,” said the Buddha. “Monk, a wheel-turning monarch provides just protection and security for his court, relying only on principle—honoring, respecting, and venerating principle, having principle as his flag, banner, and authority. He provides just protection and security for his aristocrats, vassals, troops, brahmins and householders, people of town and country, ascetics and brahmins, beasts and birds. When he has done this, he wields power only in a principled manner. And this power cannot be undermined by any human enemy. In the same way, monk, a Realized One, a perfected one, a fully awakened Buddha, a just and principled king, provides just protection and security regarding bodily actions, relying only on principle—honoring, respecting, and venerating principle, having principle as his flag, banner, and authority. ‘This kind of bodily action should be cultivated. This kind of bodily action should not be cultivated.’ Furthermore, a Realized One … provides just protection and security regarding verbal actions, saying: ‘This kind of verbal action should be cultivated. This kind of verbal action should not be cultivated.’ … And regarding mental actions: ‘This kind of mental action should be cultivated. This kind of mental action should not be cultivated.’ And when a Realized One, a perfected one, a fully awakened Buddha has provided just protection and security regarding actions of body, speech, and mind, he rolls forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or divinity or by anyone in the world.”
၅။ သစေတနသုတ္တံ
၁၅။ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ရာဇာ အဟောသိ သစေတနော [ပစေတနော (သီ။ သျာ။ ကံ။ ပီ။)] နာမ။ အထ ခေါ, ဘိက္ခဝေ, ရာဇာ သစေတနော ရထကာရံ အာမန္တေသိ – ‘ဣတော မေ, သမ္မ ရထကာရ, ဆန္နံ မာသာနံ အစ္စယေန သင်္ဂါမော ဘဝိဿတိ။ သက္ခိဿသိ [သက္ခသိ (သျာ။ ကံ။ ပီ။)] မေ, သမ္မ ရထကာရ, နဝံ စက္ကယုဂံ ကာတု’န္တိ? ‘သက္ကောမိ ဒေဝါ’တိ ခေါ, ဘိက္ခဝေ, ရထကာရော ရညော သစေတနဿ ပစ္စဿောသိ။ အထ ခေါ, ဘိက္ခဝေ, ရထကာရော ဆဟိ မာသေဟိ ဆာရတ္တူနေဟိ ဧကံ စက္ကံ နိဋ္ဌာပေသိ။ အထ ခေါ, ဘိက္ခဝေ, ရာဇာ သစေတနော ရထကာရံ အာမန္တေသိ – ‘ဣတော မေ, သမ္မ ရထကာရ, ဆန္နံ ဒိဝသာနံ အစ္စယေန သင်္ဂါမော ဘဝိဿတိ, နိဋ္ဌိတံ နဝံ စက္ကယုဂ’န္တိ? ‘ဣမေဟိ ခေါ, ဒေဝ, ဆဟိ မာသေဟိ ဆာရတ္တူနေဟိ ဧကံ စက္ကံ နိဋ္ဌိတ’န္တိ။ ‘သက္ခိဿသိ ပန မေ, သမ္မ ရထကာရ, ဣမေဟိ ဆဟိ ဒိဝသေဟိ ဒုတိယံ စက္ကံ နိဋ္ဌာပေတု’န္တိ? ‘သက္ကောမိ ဒေဝါ’တိ ခေါ, ဘိက္ခဝေ, ရထကာရော ဆဟိ ဒိဝသေဟိ ဒုတိယံ စက္ကံ နိဋ္ဌာပေတွာ နဝံ စက္ကယုဂံ အာဒါယ ယေန ရာဇာ သစေတနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ရာဇာနံ သစေတနံ ဧတဒဝေါစ – ‘ဣဒံ တေ, ဒေဝ, နဝံ စက္ကယုဂံ နိဋ္ဌိတ’န္တိ။ ‘ယဉ္စ တေ ဣဒံ, သမ္မ ရထကာရ, စက္ကံ ဆဟိ မာသေဟိ နိဋ္ဌိတံ ဆာရတ္တူနေဟိ ယဉ္စ တေ ဣဒံ စက္ကံ ဆဟိ ဒိဝသေဟိ နိဋ္ဌိတံ, ဣမေသံ ကိံ နာနာကရဏံ? နေသာဟံ ကိဉ္စိ နာနာကရဏံ ပဿာမီ’တိ။ ‘အတ္ထေသံ, ဒေဝ, နာနာကရဏံ။ ပဿတု ဒေဝေါ နာနာကရဏ’’’န္တိ။
‘‘အထ ခေါ, ဘိက္ခဝေ, ရထကာရော ယံ တံ စက္ကံ ဆဟိ ဒိဝသေဟိ နိဋ္ဌိတံ တံ ပဝတ္တေသိ။ တံ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ စိင်္ဂုလာယိတွာ ဘူမိယံ ပပတိ။ ယံ ပန တံ စက္ကံ ဆဟိ မာသေဟိ နိဋ္ဌိတံ ဆာရတ္တူနေဟိ တံ ပဝတ္တေသိ။ တံ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ အက္ခာဟတံ မညေ အဋ္ဌာသိ။
‘‘‘ကော နု ခေါ, သမ္မ ရထကာရ, ဟေတု ကော ပစ္စယော ယမိဒံ [ယဒိဒံ (က။)] စက္ကံ ဆဟိ ဒိဝသေဟိ နိဋ္ဌိတံ တံ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ စိင်္ဂုလာယိတွာ ဘူမိယံ ပပတိ? ကော ပန, သမ္မ ရထကာရ, ဟေတု ကော ပစ္စယော ယမိဒံ စက္ကံ ဆဟိ မာသေဟိ နိဋ္ဌိတံ ဆာရတ္တူနေဟိ တံ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ အက္ခာဟတံ မညေ အဋ္ဌာသီ’တိ? ‘ယမိဒံ, ဒေဝ, စက္ကံ ဆဟိ ဒိဝသေဟိ နိဋ္ဌိတံ တဿ နေမိပိ သဝင်္ကာ သဒေါသာ သကသာဝါ, အရာပိ သဝင်္ကာ သဒေါသာ သကသာဝါ, နာဘိပိ သဝင်္ကာ သဒေါသာ သကသာဝါ။ တံ နေမိယာပိ သဝင်္ကတ္တာ သဒေါသတ္တာ သကသာဝတ္တာ, အရာနမ္ပိ သဝင်္ကတ္တာ သဒေါသတ္တာ သကသာဝတ္တာ, နာဘိယာပိ သဝင်္ကတ္တာ သဒေါသတ္တာ သကသာဝတ္တာ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ စိင်္ဂုလာယိတွာ ဘူမိယံ ပပတိ။ ယံ ပန တံ, ဒေဝ, စက္ကံ ဆဟိ မာသေဟိ နိဋ္ဌိတံ ဆာရတ္တူနေဟိ တဿ နေမိပိ အဝင်္ကာ အဒေါသာ အကသာဝါ, အရာပိ အဝင်္ကာ အဒေါသာ အကသာဝါ, နာဘိပိ အဝင်္ကာ အဒေါသာ အကသာဝါ။ တံ နေမိယာပိ အဝင်္ကတ္တာ အဒေါသတ္တာ အကသာဝတ္တာ, အရာနမ္ပိ အဝင်္ကတ္တာ အဒေါသတ္တာ အကသာဝတ္တာ, နာဘိယာပိ အဝင်္ကတ္တာ အဒေါသတ္တာ အကသာဝတ္တာ ပဝတ္တိတံ သမာနံ ယာဝတိကာ အဘိသင်္ခါရဿ ဂတိ တာဝတိကံ ဂန္တွာ အက္ခာဟတံ မညေ အဋ္ဌာသီ’’’တိ။
‘‘သိယာ ခေါ ပန, ဘိက္ခဝေ, တုမှာကံ ဧဝမဿ – ‘အညော နူန တေန သမယေန သော ရထကာရော အဟောသီ’တိ! န ခေါ ပနေတံ, ဘိက္ခဝေ, ဧဝံ ဒဋ္ဌဗ္ဗံ။ အဟံ တေန သမယေန သော ရထကာရော အဟောသိံ။ တဒါဟံ, ဘိက္ခဝေ, ကုသလော ဒါရုဝင်္ကာနံ ဒါရုဒေါသာနံ ဒါရုကသာဝါနံ။ ဧတရဟိ ခေါ ပနာဟံ, ဘိက္ခဝေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ကုသလော ကာယဝင်္ကာနံ ကာယဒေါသာနံ ကာယကသာဝါနံ, ကုသလော ဝစီဝင်္ကာနံ ဝစီဒေါသာနံ ဝစီကသာဝါနံ, ကုသလော မနောဝင်္ကာနံ မနောဒေါသာနံ မနောကသာဝါနံ။ ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ကာယဝင်္ကော အပ္ပဟီနော ကာယဒေါသော ကာယကသာဝေါ, ဝစီဝင်္ကော အပ္ပဟီနော ဝစီဒေါသော ဝစီကသာဝေါ, မနောဝင်္ကော အပ္ပဟီနော မနောဒေါသော မနောကသာဝေါ, ဧဝံ ပပတိတာ တေ, ဘိက္ခဝေ, ဣမသ္မာ ဓမ္မဝိနယာ, သေယျထာပိ တံ စက္ကံ ဆဟိ ဒိဝသေဟိ နိဋ္ဌိတံ။
‘‘ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ကာယဝင်္ကော ပဟီနော ကာယဒေါသော ကာယကသာဝေါ, ဝစီဝင်္ကော ပဟီနော ဝစီဒေါသော ဝစီကသာဝေါ, မနောဝင်္ကော ပဟီနော မနောဒေါသော မနောကသာဝေါ, ဧဝံ ပတိဋ္ဌိတာ တေ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ, သေယျထာပိ တံ စက္ကံ ဆဟိ မာသေဟိ နိဋ္ဌိတံ ဆာရတ္တူနေဟိ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ကာယဝင်္ကံ ပဇဟိဿာမ ကာယဒေါသံ ကာယကသာဝံ, ဝစီဝင်္ကံ ပဇဟိဿာမ ဝစီဒေါသံ ဝစီကသာဝံ, မနောဝင်္ကံ ပဇဟိဿာမ မနောဒေါသံ မနောကသာဝ’န္တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ပဉ္စမံ။
၅-သစေတနသုတ် ၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သစေတနမည်သော မင်းသည် ဖြစ်ခဲ့ဖူးပြီ၊ ထို စဥ်အခါ သစေတနမင်းသည် ရထားလုပ်သမားကို “အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်လလွန်လျှင် စစ်ဖြစ်လတ္တံ့၊ အချင်း ရထားလုပ်သမား အသစ်ဖြစ်သော ရထားဘီးအစုံကို ပြုလုပ်နိုင်ပါအံ့လော”ဟု မိန့်ဆို၏။ ရဟန်းတို့ ရထားလုပ်သမားသည် “အရှင်မင်းမြတ် ပြုလုပ်နိုင်ပါ၏”ဟု သစေတနမင်းအား ဝန်ခံ၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးတစ်ဖက်ကို ပြီးစေ၏။ ရဟန်းတို့ ထိုအခါ သစေတနမင်းသည် ရထားအလုပ်သမားကို “အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်ရက်လွန်လျှင် စစ်ဖြစ်လတ္တံ့၊ အသစ်ဖြစ်သော ရထားဘီးအစုံကို လုပ်ပြီးပါပြီလော”ဟု မိန့်ဆိုပြန်၏။ မင်းမြတ် ဤခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးသစ် (တစ်ဖက်) ပြီးပါပြီဟု (လျှောက်တင်၏)။ အချင်း ရထားလုပ်သမား ဤခြောက်ရက်တို့ဖြင့် ငါ၏ နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို ပြုလုပ်ပြီးစီးနိုင်ပါအံ့လောဟု မိန့်ဆိုပြန်၏။ ရဟန်းတို့ ရထားလုပ်သမားသည် အရှင်မင်းမြတ် ပြုလုပ်ပြီးစီးနိုင်ပါ၏ဟု လျှောက်တင်၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို့ပြုလုပ်ပြီးစီးစေ၍ ရထားဘီးအသစ် အစုံကို ယူပြီးလျှင် သစေတနမင်းထံ ချဥ်းကပ်ပြီးလျှင် သစေတနမင်းအား “မင်းမြတ် အရှင်မင်းမြတ်၏ ဤရထားဘီးသစ်အစုံသည် ပြီးစီးပါပြီ”ဟု လျှောက်တင်၏။ ရထားလုပ်သမား သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည်ကား ခြောက်ရက်မျှ ဖြင့် ပြီးစီး၏၊ ဤရထားဘီးတို့၏ ထူးခြားချက်ကား အသို့နည်း၊ ငါသည်ကား ထို ရထားဘီးတို့၏ တစ်စုံတစ်ရာ ထူးခြားချက်ကို မတွေ့မမြင်ဟု (မိန့်တော်မူ၏)။ မင်းမြတ် ထို ရထား ဘီးတို့၏ ထူးခြားချက်သည် ရှိပါ၏၊ မင်းမြတ်သည် ထို ရထားဘီးတို့၏ ထူးခြားချက်ကို ရှုစားတော်မူ ပါလော့ဟု (လျှောက်တင်၏)။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ပတ်ပတ်လည်ပြီး မြေ၌ လဲကျ၏။ ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်ပြန်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။ အချင်းရထားလုပ်သမား အကြင် ရထားဘီးသည် ခြောက်ရက်တို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အချင်းရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ကား အဘယ်နည်း၊ အကြင် ရထား ဘီးသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။ အချင်း ရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေး၏)။ အရှင်မင်းမြတ် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော ရထား ဘီး၏ အကွပ်သည် ကွေးကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ အကန့်တို့သည်လည်း ကောက်ကုန်၏၊ အပြစ်အနာ ရှိကုန်၏၊ အကာအဆွေး ဖြစ်ကုန်၏၊ ပုံတောင်းသည်လည်း ကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ ထို ရထားဘီးသည် အကွပ်၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် အကန့်တို့၏လည်း ကောက်ကုန်သောကြောင့် အပြစ်အနာရှိကုန်သောကြောင့် အကာအဆွေးဖြစ်ကုန်သောကြောင့် ပုံတောင်း၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အရှင်မင်းမြတ် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်အပ်သော ရထားဘီး၏ အကွပ်သည်ကား မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေးမဟုတ်၊ အကန့်တို့သည်လည်း မကောက်၊ အပြစ်အနာမရှိကုန်၊ အကာအဆွေး မဟုတ်ကုန်၊ ပုံတောင်းသည်လည်း မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေး မဟုတ်၊ ထို ရထားဘီးသည် အကွပ်၏လည်း မကောက်သောကြောင့်, အပြစ်အနာ မရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့်၊ အကန့်တို့၏လည်း မကောက်ကုန်သောကြောင့့်, အပြစ်အနာ မရှိကုန်သောကြောင့့်, အကာအဆွေးမဟုတ်ကုန်သောကြောင့်၊ ပုံတောင်း၏လည်း မကောက်သောကြောင့််, အပြစ်အနာမရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေပါ၏ဟု (လျှောက်၏)။ ရဟန်းတို့ ထိုအခါ ထို ရထားလုပ်သမားသည် တစ်ပါးသောသူ ဖြစ်လေသလောဟု သင်တို့အား ဤအကြံသည် ဖြစ်ရာ၏။ ရဟန်းတို့ ထို အကြောင်းကို ဤသို့ မမှတ်အပ်၊ ငါသည် ထိုအခါက ထို ရထား လုပ်သမား ဖြစ်ခဲ့၏။ ရဟန်းတို့ ငါသည် ထိုအခါက သစ်ကောက်တို့၌လည်းကောင်း၊ သစ်အပြစ်အနာ တို့၌လည်းကောင်း၊ သစ်အကာ အဆွေးတို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ယခုအခါ၌မူ့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော ငါသည် ကိုယ်၏ကောက်ခြင်း ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း၊ ကိုယ်၏ အပြစ်အနာ ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း၊ ကိုယ်၏ အကာအဆွေး ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ နှုတ်၏ကောက်ခြင်း ‘ဝစီဒုစရိုက်’ တို့၌လည်းကောင်း၊ နှုတ်၏ အပြစ်အနာ ‘ဝစီဒုစရိုက်’တို့၌လည်းကောင်း၊ နှုတ်၏ အကာအဆွေး ‘ဝစီဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ စိတ်၏ ကောက်ခြင်း ‘မနော ဒုစရိုက်’တို့၌လည်းကောင်း၊ စိတ်၏ အပြစ်အနာ ‘မနောဒုစရိုက်’ တို့၌လည်းကောင်း၊ စိတ်၏အကာအဆွေး ‘မနောဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို မပယ်အပ်၊ ကိုယ်၏ အပြစ်အနာကို မပယ်အပ်၊ ကိုယ်၏ အကာ အဆွေးကို မပယ်အပ်။ နှုတ်၏ ကောက်ခြင်းကို မပယ်အပ်၊ နှုတ်၏ အပြစ်အနာကို မပယ်အပ်၊ နှုတ်၏ အကာအဆွေးကို မပယ်အပ်။ စိတ်၏ ကောက်ခြင်းကို မပယ်အပ်၊ စိတ်၏ အပြစ်အနာကို မပယ်အပ်၊ စိတ်၏ အကာအဆွေးကို မပယ်အပ်။ ရဟန်းတို့ ဤသို့ မပယ်အပ်သည်ရှိသော် ခြောက်ရက်တို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်းယောကျာ်း ရဟန်းမိန်းမတို့သည် ဤသာသနာတော်မှ ဂုဏ် အားဖြင့် လျှောကျကုန်၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ ကိုယ်၏ အပြစ်အနာကို ပယ်အပ်၏၊ ကိုယ်၏ အကာအဆွေးကို ပယ်အပ်၏။ နှုတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ နှုတ်၏ အပြစ်အနာကို ပယ်အပ်၏၊ နှုတ်၏ အကာအဆွေးကို ပယ်အပ်၏။ စိတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ စိတ်၏ အပြစ်အနာကို ပယ်အပ်၏၊ စိတ်၏ အကာအဆွေးကို ပယ်အပ်၏။ ရဟန်းတို့ ဤသို့ ပယ်အပ်သည်ရှိသော် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်း ရဟန်းမိန်းမတို့သည် ဤသာသနာတော်၌ ဂုဏ်အားဖြင့် တည်နေကုန်၏။ ရဟန်းတို့ ထိုသို့ ဖြစ်သောကြောင့် ဤသာသနာတော်၌ “ကိုယ်၏ ကောက်ခြင်း၊ ကိုယ်၏ အပြစ် အနာ၊ ကိုယ်၏ အကာအဆွေးများကို ပယ်ကုန်အံ့။ နှုတ်၏ ကောက်ခြင်း၊ နှုတ်၏ အပြစ်အနာ၊ နှုတ်၏ အကာအဆွေးကို ပယ်ကုန်အံ့။ စိတ်၏ ကောက်ခြင်း၊ စိတ်၏ အပြစ်အနာ၊ စိတ်၏ အကာအဆွေးကို ပယ်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.15 2. The Chariot-Maker About Pacetana At one time the Buddha was staying near Varanasi in the deer park at Isipatana. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, there was a king named Pacetana. Then King Pacetana addressed his chariot-maker, ‘In six months’ time, my good chariot-maker, there will be a battle. Are you able to make me a new pair of wheels?’ ‘I can, Your Majesty,’ replied the chariot-maker. Then, when it was six days less than six months later, the chariot-maker had finished one wheel. Then King Pacetana addressed his chariot-maker, ‘In six days’ time there will be a battle. Is my new pair of wheels finished?’ ‘Now that it is six days less than six months, Your Majesty, I have finished one wheel.’ ‘Are you able to finish the second wheel in these six days?’ Saying, ‘I can, Your Majesty,’ the chariot-maker finished the second wheel in six days. Taking the pair of wheels he went up to King Pacetana, and said this to the king, ‘Your Majesty, these are your two new wheels, finished.’ ‘But, my good chariot-maker, what is the difference between the wheel that was finished in six days less than six months, and the wheel finished in just six days? Because I can’t see any difference between them.’ ‘But, Your Majesty, there is a difference. See now what it is.’ Then the chariot-maker rolled forth the wheel that had been finished in six days. It rolled as far as the original impetus took it, then wobbled and fell down. Then he rolled forth the wheel that had been finished in six days less than six months. It rolled as far as the original impetus took it, then stood still as if fixed to an axle. ‘But what is the cause, my good chariot-maker, what is the reason why the wheel that was finished in six days wobbled and fell, while the one that was finished in six days less than six months stood still as if fixed to an axle?’ ‘The wheel that was finished in six days, Your Majesty, is crooked, flawed, and defective in rim, spoke, and hub. That’s why it wobbled and fell. The wheel that was finished in six days less than six months, Your Majesty, is not crooked, flawed, and defective in rim, spoke, and hub. That’s why it stood still as if fixed to an axle.’ Now, mendicants, you might think: ‘Surely that chariot-maker must have been someone else at that time?’ But you should not see it like that. I myself was the chariot-maker at that time. Then I was skilled in the crooks, flaws, and defects of wood. Now that I am a perfected one, a fully awakened Buddha, I am skilled in the crooks, flaws, and defects of actions by body, speech, and mind. Whatever monk or nun has not given up the crooks, flaws, and defects of body, speech, and mind has fallen from the teaching and training, just like the wheel that was finished in six days. Whatever monk or nun has given up the crooks, flaws, and defects of body, speech, and mind is established in the teaching and training, just like the wheel that was finished in six days less than six months. So you should train like this: ‘We will give up the crooks, flaws, and defects of body, speech, and mind.’ That’s how you should train.”
၆။ အပဏ္ဏကသုတ္တံ
၁၆။ ‘‘တီဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အပဏ္ဏကပဋိပဒံ [အပဏ္ဏကတံ ပဋိပဒံ (သီ။ ပီ။) ဋီကာယ ပန သမေတိ] ပဋိပန္နော ဟောတိ, ယောနိ စဿ အာရဒ္ဓါ ဟောတိ အာသဝါနံ ခယာယ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ, ဘောဇနေ မတ္တညူ ဟောတိ, ဇာဂရိယံ အနုယုတ္တော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ [ယတွာဓိကရဏမေတံ (သီ။)] စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဘောဇနေ မတ္တညူ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟာရေတိ – ‘နေဝ ဒဝါယ န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ, ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ ဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ, ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ, နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ, ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စာ’တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဘောဇနေ မတ္တညူ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဇာဂရိယံ အနုယုတ္တော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဒိဝသံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ, ရတ္တိယာ ပဌမံ ယာမံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ, ရတ္တိယာ မဇ္ဈိမံ ယာမံ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေတိ ပါဒေ ပါဒံ အစ္စာဓာယ သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိ ကရိတွာ, ရတ္တိယာ ပစ္ဆိမံ ယာမံ ပစ္စုဋ္ဌာယ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဇာဂရိယံ အနုယုတ္တော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အပဏ္ဏကပဋိပဒံ ပဋိပန္နော ဟောတိ, ယောနိ စဿ အာရဒ္ဓါ ဟောတိ အာသဝါနံ ခယာယာ’’တိ။ ဆဋ္ဌံ။
၆-အပဏ္ဏကသုတ် ၁၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူဖြစ်၏၊ ထိုရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏၊ အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အမြဲယှဥ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဥ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ သော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရား ယုတ်တို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်း တို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွါးရန် (အစားအစာကို မှီဝဲသည်) မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲကင်း ပျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အာဟာရကို သုံးဆောင်၏၊ ဤသို့ သုံးဆောင်ခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု အာဟာရကို သုံးဆောင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဥ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင်တားမြစ်တတ် ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ ညဥ့်ဦးယံ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တား မြစ်တတ်ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ သန်းခေါင်ယံ၌ (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဥ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင် ဉာဏ်ရှိလျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်းပြီးလျှင် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်း စက်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင် တားမြစ်တတ်ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဥ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူ ဖြစ်၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.16 2. The Chariot-Maker A Sure Bet “Mendicants, when a mendicant has three things their practice is a sure bet, and they have laid the groundwork for ending the defilements. What three? It’s when a mendicant guards the sense doors, eats in moderation, and is dedicated to wakefulness. And how does a mendicant guard the sense doors? When a mendicant sees a sight with their eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. That’s how a mendicant guards the sense doors. And how does a mendicant eat in moderation? It’s when a mendicant reflects rationally on the food that they eat: ‘Not for fun, indulgence, adornment, or decoration, but only to sustain this body, to avoid harm, and to support spiritual practice. In this way, I shall put an end to old discomfort and not give rise to new discomfort, and I will have the means to keep going, blamelessness, and a comfortable abiding.’ That’s how a mendicant eats in moderation. And how is a mendicant dedicated to wakefulness? It’s when a mendicant practices walking and sitting meditation by day, purifying their mind from obstacles. In the first watch of the night, they continue to practice walking and sitting meditation. In the middle watch, they lie down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up. In the last watch, they get up and continue to practice walking and sitting meditation, purifying their mind from obstacles. This is how a mendicant is dedicated to wakefulness. When a mendicant possesses these three things their practice is a sure bet, and they have laid the groundwork for ending the defilements.”
၇။ အတ္တဗျာဗာဓသုတ္တံ
၁၇။ ‘‘တယောမေ, ဘိက္ခဝေ, ဓမ္မာ အတ္တဗျာဗာဓာယပိ သံဝတ္တန္တိ, ပရဗျာဗာဓာယပိ သံဝတ္တန္တိ, ဥဘယဗျာဗာဓာယပိ သံဝတ္တန္တိ။ ကတမေ တယော? ကာယဒုစ္စရိတံ, ဝစီဒုစ္စရိတံ, မနောဒုစ္စရိတံ။ ဣမေ ခေါ, ဘိက္ခဝေ, တယော ဓမ္မာ အတ္တဗျာဗာဓာယပိ သံဝတ္တန္တိ, ပရဗျာဗာဓာယပိ သံဝတ္တန္တိ, ဥဘယဗျာဗာဓာယပိ သံဝတ္တန္တိ။
‘‘တယောမေ, ဘိက္ခဝေ, ဓမ္မာ နေဝတ္တဗျာဗာဓာယပိ သံဝတ္တန္တိ, န ပရဗျာဗာဓာယပိ သံဝတ္တန္တိ, န ဥဘယဗျာဗာဓာယပိ သံဝတ္တန္တိ။ ကတမေ တယော? ကာယသုစရိတံ, ဝစီသုစရိတံ, မနောသုစရိတံ။ ဣမေ ခေါ, ဘိက္ခဝေ, တယော ဓမ္မာ နေဝတ္တဗျာဗာဓာယပိ သံဝတ္တန္တိ, န ပရဗျာဗာဓာယပိ သံဝတ္တန္တိ, န ဥဘယဗျာဗာဓာယပိ သံဝတ္တန္တီ’’တိ။ သတ္တမံ။
၇-အတ္တဗျာဗာဓသုတ် ၁၇။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည့်းမဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်း မဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Numbered Discourses 3.17 2. The Chariot-Maker Hurting Yourself “These three things, mendicants, lead to hurting yourself, hurting others, and hurting both. What three? Bad conduct by way of body, speech, and mind. These are three things that lead to hurting yourself, hurting others, and hurting both. These three things, mendicants, don’t lead to hurting yourself, hurting others, or hurting both. What three? Good conduct by way of body, speech, and mind. These are three things that don’t lead to hurting yourself, hurting others, or hurting both.”
၈။ ဒေဝလောကသုတ္တံ
၁၈။ ‘‘သစေ ဝေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ဒေဝလောကူပပတ္တိယာ, အာဝုသော, သမဏေ ဂေါတမေ ဗြဟ္မစရိယံ ဝုဿထာ’တိ? နနု တုမှေ, ဘိက္ခဝေ, ဧဝံ ပုဋ္ဌာ အဋ္ဋီယေယျာထ ဟရာယေယျာထ ဇိဂုစ္ဆေယျာထာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဣတိ ကိရ တုမှေ, ဘိက္ခဝေ, ဒိဗ္ဗေန အာယုနာ အဋ္ဋီယထ ဟရာယထ ဇိဂုစ္ဆထ, ဒိဗ္ဗေန ဝဏ္ဏေန ဒိဗ္ဗေန သုခေန ဒိဗ္ဗေန ယသေန ဒိဗ္ဗေနာဓိပတေယျေန အဋ္ဋီယထ ဟရာယထ ဇိဂုစ္ဆထ၊ ပဂေဝ ခေါ ပန, ဘိက္ခဝေ, တုမှေဟိ ကာယဒုစ္စရိတေန အဋ္ဋီယိတဗ္ဗံ ဟရာယိတဗ္ဗံ ဇိဂုစ္ဆိတဗ္ဗံ, ဝစီဒုစ္စရိတေန… မနောဒုစ္စရိတေန အဋ္ဋီယိတဗ္ဗံ ဟရာယိတဗ္ဗံ ဇိဂုစ္ဆိတဗ္ဗ’’န္တိ။ အဋ္ဌမံ။
၈-ဒေဝလောကသုတ် ၁၈။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သင်တို့သည် ရဟန်းဂေါတမအထံဝယ် နတ်ပြည်၌ ဖြစ်ခြင်းအကျိုးငှါ မြတ်သော အကျင့်ကို ကျင့်သုံး သလော”ဟု ဤသို့ အကယ်၍ မေးကုန်ငြားအံ့။ ရဟန်းတို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည် ရှိသော် ငြီးငွေ့ကုန်ရာသည် မဟုတ်လော ရှက်နိုးကုန်ရာသည် မဟုတ်လော စက်ဆုပ်ကုန်ရာသည် မဟုတ် လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားဟုတ်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သင်တို့သည် နတ်၌ဖြစ်သော အသက်ကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း နတ်၌ဖြစ်သော ချမ်းသာ နတ်၌ဖြစ်သော အစိုးရခြင်းကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏။ ဝစီဒုစရိုက်မှ။ မနောဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.18 2. The Chariot-Maker The Realm of the Gods “Mendicants, if wanderers who follow another religion were to ask you: ‘Reverend, do you lead the spiritual life with the ascetic Gotama so that you can be reborn in the realm of the gods?’ Being questioned like this, wouldn’t you be horrified, repelled, and disgusted?” “Yes, sir.” “So it seems that you are horrified, repelled, and disgusted by heavenly lifespan, beauty, happiness, glory, and sovereignty. How much more then should you be horrified, embarrassed, and disgusted by bad conduct by way of body, speech, and mind.”
၉။ ပဌမပါပဏိကသုတ္တံ
၁၉။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ပါပဏိကော အဘဗ္ဗော အနဓိဂတံ ဝါ ဘောဂံ အဓိဂန္တုံ, အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကာတုံ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ပါပဏိကော ပုဗ္ဗဏှသမယံ [မဇ္ဈန္တိကသမယံ (သီ။ သျာ။ ကံ။ ပီ။)] န သက္ကစ္စံ ကမ္မန္တံ အဓိဋ္ဌာတိ, မဇ္ဈနှိကသမယံ န သက္ကစ္စံ ကမ္မန္တံ အဓိဋ္ဌာတိ, သာယနှသမယံ န သက္ကစ္စံ ကမ္မန္တံ အဓိဋ္ဌာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ပါပဏိကော အဘဗ္ဗော အနဓိဂတံ ဝါ ဘောဂံ အဓိဂန္တုံ, အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကာတုံ [ဖာတိကတ္တုံ (သီ။), ဖာတိကာတုံ (သျာ။ ကံ။ ပီ။)]။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အဘဗ္ဗော အနဓိဂတံ ဝါ ကုသလံ ဓမ္မံ အဓိဂန္တုံ, အဓိဂတံ ဝါ ကုသလံ ဓမ္မံ ဖာတိံ ကာတုံ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ပုဗ္ဗဏှသမယံ န သက္ကစ္စံ သမာဓိနိမိတ္တံ အဓိဋ္ဌာတိ, မဇ္ဈနှိကသမယံ န သက္ကစ္စံ သမာဓိနိမိတ္တံ အဓိဋ္ဌာတိ, သာယနှသမယံ န သက္ကစ္စံ သမာဓိနိမိတ္တံ အဓိဋ္ဌာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အဘဗ္ဗော အနဓိဂတံ ဝါ ကုသလံ ဓမ္မံ အဓိဂန္တုံ, အဓိဂတံ ဝါ ကုသလံ ဓမ္မံ ဖာတိံ ကာတုံ။
‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ပါပဏိကော ဘဗ္ဗော အနဓိဂတံ ဝါ ဘောဂံ အဓိဂန္တုံ, အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကာတုံ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ပါပဏိကော ပုဗ္ဗဏှသမယံ သက္ကစ္စံ ကမ္မန္တံ အဓိဋ္ဌာတိ, မဇ္ဈနှိကသမယံ…ပေ… သာယနှသမယံ သက္ကစ္စံ ကမ္မန္တံ အဓိဋ္ဌာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ပါပဏိကော ဘဗ္ဗော အနဓိဂတံ ဝါ ဘောဂံ အဓိဂန္တုံ, အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကာတုံ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော အနဓိဂတံ ဝါ ကုသလံ ဓမ္မံ အဓိဂန္တုံ, အဓိဂတံ ဝါ ကုသလံ ဓမ္မံ ဖာတိံ ကာတုံ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ပုဗ္ဗဏှသမယံ သက္ကစ္စံ သမာဓိနိမိတ္တံ အဓိဋ္ဌာတိ, မဇ္ဈနှိကသမယံ…ပေ… သာယနှသမယံ သက္ကစ္စံ သမာဓိနိမိတ္တံ အဓိဋ္ဌာတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု ဘဗ္ဗော အနဓိဂတံ ဝါ ကုသလံ ဓမ္မံ အဓိဂန္တုံ, အဓိဂတံ ဝါ ကုသလံ ဓမ္မံ ဖာတိံ ကာတု’’န္တိ။ နဝမံ။
၉-ပဌမ ပါပဏိကသုတ် ၁၉။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန် သော်လည်းကောင်း၊ ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုး တို့နည်းဟူမူ- ရဟန်းတို့ (ဤလောက၌) ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရို သေသေ မစီရင် ‘မပြုလုပ်’၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် ‘မပြုလုပ်’၊ ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် ‘မပြုလုပ်’။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန် သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’၊ ညချမ်းအခါ၌ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် ‘ပြုလုပ်၏’။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း ထိုက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေ ရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.19 2. The Chariot-Maker A Shopkeeper (1st) “Mendicants, a shopkeeper who has three factors is unable to acquire more wealth or to increase the wealth they’ve already acquired. What three? It’s when a shopkeeper doesn’t carefully focus on their work in the morning, at midday, and in the afternoon. A shopkeeper who has these three factors is unable to acquire more wealth or to increase the wealth they’ve already acquired. In the same way, a mendicant with three qualities is unable to acquire more skillful qualities or to increase the skillful qualities they’ve already acquired. What three? It’s when a mendicant doesn’t carefully focus on a meditation subject as a basis of immersion in the morning, at midday, and in the afternoon. A mendicant who possesses these three qualities is unable to acquire more skillful qualities or to increase the skillful qualities they’ve already acquired. A shopkeeper who has three factors is able to acquire more wealth or to increase the wealth they’ve already acquired. What three? It’s when a shopkeeper carefully focuses on their work in the morning, at midday, and in the afternoon. A shopkeeper who has these three factors is able to acquire more wealth or to increase the wealth they’ve already acquired. In the same way, a mendicant with three qualities is able to acquire more skillful qualities or to increase the skillful qualities they’ve already acquired. What three? It’s when a mendicant carefully focuses on a meditation subject as a basis of immersion in the morning, at midday, and in the afternoon. A mendicant who possesses these three qualities is able to acquire more skillful qualities or to increase the skillful qualities they’ve already acquired.”
၁၀။ ဒုတိယပါပဏိကသုတ္တံ
၂၀။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ပါပဏိကော နစိရဿေဝ မဟတ္တံ ဝေပုလ္လတ္တံ [မဟန္တတ္တံ ဝါ ဝေပုလ္လတ္တံ ဝါ (ပီ။ က။)] ပါပုဏာတိ ဘောဂေသု။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ပါပဏိကော စက္ခုမာ စ ဟောတိ ဝိဓုရော စ နိဿယသမ္ပန္နော စ။ ကထဉ္စ, ဘိက္ခဝေ, ပါပဏိကော စက္ခုမာ ဟောတိ? ဣဓ, ဘိက္ခဝေ, ပါပဏိကော ပဏိယံ ဇာနာတိ – ‘ဣဒံ ပဏိယံ ဧဝံ ကီတံ, ဧဝံ ဝိက္ကယမာနံ [ဝိက္ကီယမာနံ (?)], ဧတ္တကံ မူလံ ဘဝိဿတိ, ဧတ္တကော ဥဒယော’တိ [ဥဒ္ဒယောတိ (သီ။)]။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဏိကော စက္ခုမာ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ပါပဏိကော ဝိဓုရော ဟောတိ? ဣဓ, ဘိက္ခဝေ, ပါပဏိကော ကုသလော ဟောတိ ပဏိယံ ကေတုဉ္စ ဝိက္ကေတုဉ္စ။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဏိကော ဝိဓုရော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ပါပဏိကော နိဿယသမ္ပန္နော ဟောတိ? ဣဓ ဘိက္ခဝေ, ပါပဏိကံ ယေ တေ ဂဟပတီ ဝါ ဂဟပတိပုတ္တာ ဝါ အဍ္ဎာ မဟဒ္ဓနာ မဟာဘောဂါ တေ ဧဝံ ဇာနန္တိ – ‘အယံ ခေါ ဘဝံ ပါပဏိကော စက္ခုမာ ဝိဓုရော စ ပဋိဗလော ပုတ္တဒါရဉ္စ ပေါသေတုံ, အမှာကဉ္စ ကာလေန ကာလံ အနုပ္ပဒါတု’န္တိ။ တေ နံ ဘောဂေဟိ နိပတန္တိ – ‘ဣတော, သမ္မ ပါပဏိက, ဘောဂေ ကရိတွာ [ဟရိတွာ (သီ။ သျာ။ ကံ။)] ပုတ္တဒါရဉ္စ ပေါသေဟိ, အမှာကဉ္စ ကာလေန ကာလံ အနုပ္ပဒေဟီ’တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဏိကော နိဿယသမ္ပန္နော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ပါပဏိကော နစိရဿေဝ မဟတ္တံ ဝေပုလ္လတ္တံ ပါပုဏာတိ ဘောဂေသု။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု နစိရဿေဝ မဟတ္တံ ဝေပုလ္လတ္တံ ပါပုဏာတိ ကုသလေသု ဓမ္မေသု။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုမာ စ ဟောတိ ဝိဓုရော စ နိဿယသမ္ပန္နော စ။ ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု စက္ခုမာ ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု စက္ခုမာ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝိဓုရော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ, ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ, ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝိဓုရော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု နိဿယသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ယေ တေ ဘိက္ခူ ဗဟုဿုတာ အာဂတာဂမာ ဓမ္မဓရာ ဝိနယဓရာ မာတိကာဓရာ တေ ကာလေန ကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ ပရိပဉှတိ – ‘ဣဒံ, ဘန္တေ, ကထံ, ဣမဿ ကော အတ္ထော’တိ? တဿ တေ အာယသ္မန္တော အဝိဝဋဉ္စေဝ ဝိဝရန္တိ, အနုတ္တာနီကတဉ္စ ဥတ္တာနီကရောန္တိ, အနေကဝိဟိတေသု စ ကင်္ခါဌာနိယေသု ဓမ္မေသု ကင်္ခံ ပဋိဝိနောဒေန္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု နိဿယသမ္ပန္နော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု နစိရဿေဝ မဟတ္တံ ဝေပုလ္လတ္တံ ပါပုဏာတိ ကုသလေသု ဓမ္မေသူ’’တိ။ ဒသမံ။
ရထကာရဝဂ္ဂေါ ဒုတိယော။
ပဌမဘာဏဝါရော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ဉာတော [ဉာတကော (သျာ။ ကံ။)] သာရဏီယော ဘိက္ခု, စက္ကဝတ္တီ သစေတနော၊
အပဏ္ဏကတ္တာ ဒေဝေါ စ, ဒုဝေ ပါပဏိကေန စာတိ။
၁၀-ဒုတိယ ပါပဏိကသုတ် ၂၀။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ဈေးသည်သည် မျက်စိအမြင် ရှိ၏၊ ဉာဏ်နှင့်ယှဥ်သော ဝီရိယထူး ရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် “ဤကုန်ပစ္စည်းကို ဤသို့ဝယ်၍ ဤသို့ရောင်းသော် အရင်းအနှီးကား ဤမျှလောက် ဖြစ်လတ္တံ့၊ အမြတ် အစွန်းကား ဤမျှလောက် ဖြစ်လတ္တံ့”ဟု ဤသို့ ရောင်းကုန်ပစ္စည်းကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် ဉာဏ်နှင့်ယှဥ်သော ဝီရိယထူး ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ကုန်ပစ္စည်းကို ဝယ်ခြင်းငှါလည်းကောင်း၊ ရောင်းခြင်းငှါလည်းကောင်း ကျွမ်းကျင်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် ထူးသော ဉာဏ်နှင့်ယှဥ်သော ဝီရိယထူးရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်ကို ကြွယ်ဝကုန် များသောဥစ္စာရှိကုန် များသောအသုံးအဆောင်ရှိကုန်သော သူကြွယ် တို့သည်လည်းကောင်း၊ သူကြွယ်သားတို့သည်လည်းကောင်း “ဤဈေးသည်ကား မျက်စိအမြင်လည်း ရှိ၏၊ ဉာဏ်နှင့်ယှဥ်သော ဝီရိယထူးလည်း ရှိ၏၊ သားသမီးတို့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ငါတို့အား ရံခါရံခါ အတိုးပေးဆပ်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏”ဟု သိကုန်၏။ ထိုသူကြွယ် သူကြွယ်သားတို့သည် ထို ဈေးသည်ကို “အချင်းဈေးသည် ငါ၏အထံမှ ဤကုန်စည်ပစ္စည်းတို့ကို ယူ၍ သားမယားကိုလည်း လုပ်ကျွေးလော့၊ ငါတို့အားလည်း ရံခါရံခါ အတိုးပေးဆပ်ပါလော့”ဟု ကုန်စည်ပစ္စည်းဖြင့် ဖိတ်ကြား ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုး တို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၏ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏၊ ဉာဏ်နှင့်ယှဥ်သော ဝီရိယထူးရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့့ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဉာဏ်နှင့် ယှဥ်သော ဝီရိယထူးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်း ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လ ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဉာဏ်နှင့်ယှဥ် သော ဝီရိယထူးရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အကြားအမြင်များကုန် ပါဠိတော်ကို နှုတ်တက်ဆောင်ကုန် သုတ္တန်ကို ဆောင်ကုန် ဝိနည်းကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ ရံဖန် ရံခါ ချဥ်းကပ်၍ “အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ပါနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်သို့ပါနည်း”ဟု မေး မြန်း၏၊ စိစစ်၏၊ ထို (ဗဟုသုတရှိကြသော) အသျှင်တို့သည် ထိုရဟန်းအား မဖွင့်အပ်သေးသည်ကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်တို့ကိုလည်း ပေါ်လွင်စေကုန်၏၊ များပြားကုန်သော ယုံမှားခြင်း၏ အကြောင်းတရားတို့၌ ယုံမှားမှုကို ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှီကောင်း နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ နှစ်ခုမြောက် ရထကာရဝဂ် ပြီး၏။ ပဌမအခန်း ပြီး၏။
Numbered Discourses 3.20 2. The Chariot-Maker A Shopkeeper (2nd) “Mendicants, a shopkeeper who has three factors soon acquires great and abundant wealth. What three? It’s when a shopkeeper sees clearly, is indefatigable, and has supporters. And how does a shopkeeper see clearly? It’s when a shopkeeper knows of a product: ‘This product is bought at this price and is selling at this price. With this much investment, it’ll bring this much profit.’ That’s how a shopkeeper sees clearly. And how is a shopkeeper indefatigable? It’s when a shopkeeper is skilled in buying and selling products. That’s how a shopkeeper is indefatigable. And how does a shopkeeper have supporters? It’s when rich, affluent, and wealthy householders or householders’ children know of him: ‘This good shopkeeper sees clearly and is indefatigable. They are capable of providing for their wives and children, and paying us back from time to time.’ They deposit money with the shopkeeper, saying: ‘With this, my good shopkeeper, earn money to provide for your wives and children, and pay us back from time to time.’ That’s how a shopkeeper has supporters. A shopkeeper who has these three factors soon acquires great and abundant wealth. In the same way, a mendicant with three qualities soon acquires great and abundant skillful qualities. What three? It’s when a mendicant sees clearly, is indefatigable, and has supporters. And how does a mendicant see clearly? It’s when a mendicant truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. That’s how a mendicant sees clearly. And how is a mendicant indefatigable? It’s when a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. That’s how a mendicant is indefatigable. And how does a mendicant have supporters? It’s when from time to time a mendicant goes up to those mendicants who are very learned—inheritors of the heritage, who have memorized the teachings, the monastic law, and the outlines—and asks them questions: ‘Why, sir, does it say this? What does that mean?’ Those venerables reveal what is hidden, clarify what is unclear, and dispel doubt regarding the many doubtful matters. That’s how a mendicant has supporters. A mendicant with these three qualities soon acquires great and abundant skillful qualities.”
၃။ ပုဂ္ဂလဝဂ္ဂေါ
၁။ သမိဒ္ဓသုတ္တံ
၂၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ စ သမိဒ္ဓေါ [သဝိဋ္ဌော (သီ။ သျာ။ ကံ။ ပီ။)] အာယသ္မာ စ မဟာကောဋ္ဌိကော [မဟာကောဋ္ဌိတော (သီ။ သျာ။ ကံ။ ပီ။)] ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မတာ သာရိပုတ္တေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ သမိဒ္ဓံ အာယသ္မာ သာရိပုတ္တော ဧတဒဝေါစ –
‘‘တယောမေ, အာဝုသော သမိဒ္ဓ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော [ဒိဋ္ဌပ္ပတ္တော (က။)], သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ကတမော တေ ပုဂ္ဂလော ခမတိ အဘိက္ကန္တတရော စ ပဏီတတရော စာ’’တိ?
‘‘တယောမေ, အာဝုသော သာရိပုတ္တ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ယွာယံ [ယောယံ (က။)] ပုဂ္ဂလော သဒ္ဓါဝိမုတ္တော, အယံ မေ ပုဂ္ဂလော ခမတိ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စ။ တံ ကိဿ ဟေတု? ဣမဿ, အာဝုသော, ပုဂ္ဂလဿ သဒ္ဓိန္ဒြိယံ အဓိမတ္တ’’န္တိ။
အထ ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ မဟာကောဋ္ဌိကံ ဧတဒဝေါစ – ‘‘တယောမေ, အာဝုသော ကောဋ္ဌိက, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ကတမော တေ ပုဂ္ဂလော ခမတိ အဘိက္ကန္တတရော စ ပဏီတတရော စာ’’တိ?
‘‘တယောမေ, အာဝုသော သာရိပုတ္တ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ယွာယံ ပုဂ္ဂလော ကာယသက္ခီ, အယံ မေ ပုဂ္ဂလော ခမတိ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စ။ တံ ကိဿ ဟေတု? ဣမဿ, အာဝုသော, ပုဂ္ဂလဿ သမာဓိန္ဒြိယံ အဓိမတ္တ’’န္တိ။
အထ ခေါ အာယသ္မာ မဟာကောဋ္ဌိကော အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘တယောမေ, အာဝုသော သာရိပုတ္တ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ကတမော တေ ပုဂ္ဂလော ခမတိ အဘိက္ကန္တတရော စ ပဏီတတရော စာ’’တိ?
‘‘တယောမေ, အာဝုသော ကောဋ္ဌိက, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တော, သဒ္ဓါဝိမုတ္တော။ ဣမေ ခေါ, အာဝုသော, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ပုဂ္ဂလာနံ ယွာယံ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော, အယံ မေ ပုဂ္ဂလော ခမတိ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စ။ တံ ကိဿ ဟေတု? ဣမဿ, အာဝုသော, ပုဂ္ဂလဿ ပညိန္ဒြိယံ အဓိမတ္တ’’န္တိ။
အထ ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တဉ္စ သမိဒ္ဓံ အာယသ္မန္တဉ္စ မဟာကောဋ္ဌိကံ ဧတဒဝေါစ – ‘‘ဗျာကတံ ခေါ, အာဝုသော, အမှေဟိ သဗ္ဗေဟေဝ ယထာသကံ ပဋိဘာနံ။ အာယာမာဝုသော, ယေန ဘဂဝါ တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ ဘဂဝတော ဧတမတ္ထံ အာရောစေဿာမ။ ယထာ နော ဘဂဝါ ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ စ သမိဒ္ဓေါ အာယသ္မာ စ မဟာကောဋ္ဌိကော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသုံ။ အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ သမိဒ္ဓေါ အာယသ္မာ စ မဟာကောဋ္ဌိကော ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ယာဝတကော အဟောသိ အာယသ္မတာ စ သမိဒ္ဓေန အာယသ္မတာ စ မဟာကောဋ္ဌိကေန သဒ္ဓိံ ကထာသလ္လာပေါ တံ သဗ္ဗံ ဘဂဝတော အာရောစေသိ။
‘‘န ခွေတ္ထ, သာရိပုတ္တ, သုကရံ ဧကံသေန ဗျာကာတုံ – ‘အယံ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စာ’တိ။ ဌာနဉှေတံ, သာရိပုတ္တ, ဝိဇ္ဇတိ ယွာယံ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော သွာဿ [သွာယံ (သျာ။ ကံ။ ပီ။), သောယံ (က။)] အရဟတ္တာယ ပဋိပန္နော, ယွာယံ ပုဂ္ဂလော ကာယသက္ခီ သွာဿ သကဒါဂါမီ ဝါ အနာဂါမီ ဝါ, ယော စာယံ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော သောပဿ [သောယံ (က။)] သကဒါဂါမီ ဝါ အနာဂါမီ ဝါ။
‘‘န ခွေတ္ထ, သာရိပုတ္တ, သုကရံ ဧကံသေန ဗျာကာတုံ – ‘အယံ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စာ’တိ။ ဌာနဉှေတံ, သာရိပုတ္တ, ဝိဇ္ဇတိ ယွာယံ ပုဂ္ဂလော ကာယသက္ခီ သွာဿ အရဟတ္တာယ ပဋိပန္နော, ယွာယံ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော သွာဿ သကဒါဂါမီ ဝါ အနာဂါမီ ဝါ, ယော စာယံ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော သောပဿ သကဒါဂါမီ ဝါ အနာဂါမီ ဝါ။
‘‘န ခွေတ္ထ, သာရိပုတ္တ, သုကရံ ဧကံသေန ဗျာကာတုံ – ‘အယံ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စာ’တိ။ ဌာနဉှေတံ, သာရိပုတ္တ, ဝိဇ္ဇတိ ယွာယံ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော သွာဿ အရဟတ္တာယ ပဋိပန္နော, ယွာယံ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော သွာဿ သကဒါဂါမီ ဝါ အနာဂါမီ ဝါ, ယော စာယံ ပုဂ္ဂလော ကာယသက္ခီ သောပဿ သကဒါဂါမီ ဝါ အနာဂါမီ ဝါ။
‘‘န ခွေတ္ထ, သာရိပုတ္တ, သုကရံ ဧကံသေန ဗျာကာတုံ – ‘အယံ ဣမေသံ တိဏ္ဏံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စာ’’’တိ။ ပဌမံ။
၃-ပုဂ္ဂလဝဂ် ၁-သမိဒ္ဓသုတ် ၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် သမိဒ္ဓမထေရ်နှင့် အသျှင်မဟာကောဋ္ဌိကမထေရ်တို့သည် အသျှင်သာရိပုတြာထံသို့ ချည်းကပ်ကြကုန်ပြီး၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သမိဒ္ဓကို အသျှင်သာရိပုတြာသည် “ငါ့သျှင်သမိဒ္ဓ ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။ ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ’ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် သဒ္ဓါတရားဖြင့် ကိလေသာ မှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ် ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။ ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား “ငါ့သျှင်ကောဋ္ဌိက ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။ ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယ သက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သမာဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာအား “ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယသက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာ ပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်”ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။ ငါ့သျှင်ကောဋ္ဌိက ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ‘ကာယ သက္ခိ’ ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သောပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ် အား ပညိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။ ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် အသျှင်သမိဒ္ဓအားလည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကအားလည်းကောင်း “ငါ့သျှင်တို့ ငါတို့အားလုံးသည် မိမိ၏ ဉာဏ်အမြင်အားလျော်စွာ ပြောဆိုအပ်၏။ ငါ့သျှင် တို့ လာ, သွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား ထို အကြောင်းကို လျှောက် ထားကုန်အံ့၊ မြတ်စွာဘုရားသည် ငါတို့အား မိန့်ကြားတော်မူလိမ့်မည်၊ ထို မိန့်တော်မူသော အတိုင်း ထို အကြောင်းကို မှတ်သားကုန်အံ့”ဟု ဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓသည်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကသည်လည်းကောင်း အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ အသျှင် သာရိပုတြာသည်လည်းကောင်း၊ အသျှင် သမိဒ္ဓသည်လည်းကောင်း၊ အသျှင် မဟာကောဋ္ဌိကသည့်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်ပြီး၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးလျှင် အသျှင်သာရိပုတြာသည် အသျှင်သမိဒ္ဓနှင့်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိက နှင့်လည်းကောင်း အတူ ပြောဆိုဆွေးနွေးခဲ့သော စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်၏။ သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ပြောဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ) သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည် ရှိ၏။ သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)- သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရား ဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။ သာရိပုတြာ ဤအရာ၌ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)- သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။ သာရိပုတြာ “ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သော ပုဂ္ဂိုလ်တည်း”ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.21 3. Individuals With Saviṭṭha So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Venerable Saviṭṭha and Venerable Mahākoṭṭhita went up to Venerable Sāriputta, and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side and Venerable Sāriputta said to Venerable Saviṭṭha, “Reverend Saviṭṭha, these three individuals are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, who do you believe to be the finest?” “Reverend Sāriputta, these three individuals are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, I believe the individual freed by faith to be finest. Why is that? Because this individual’s faculty of faith is extraordinary.” Then Sāriputta said to Mahākoṭṭhita, “Reverend Koṭṭhita, these three people are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, who do you believe to be the finest?” “Reverend Sāriputta, these three individuals are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, I believe the direct witness to be finest. Why is that? Because this individual’s faculty of immersion is extraordinary.” Then Mahākoṭṭhita said to Sāriputta, “Reverend Sāriputta, these three individuals are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, who do you believe to be the finest?” “Reverend Koṭṭhita, these three people are found in the world. What three? The direct witness, the one attained to view, and the one freed by faith. These are the three individuals found in the world. Of these three individuals, I believe the individual attained to view to be finest. Why is that? Because this individual’s faculty of wisdom is extraordinary.” Then Sāriputta said to Saviṭṭha and Mahākoṭṭhita, “Each of us has spoken from the heart. Come, reverends, let’s go to the Buddha, and tell him about this. As he answers, so we’ll remember it.” “Yes, reverend,” they replied. Then Sāriputta, Saviṭṭha, and Mahākoṭṭhita went up to the Buddha, bowed, and sat down to one side. Then Sāriputta told the Buddha of all they had discussed. “In this matter, Sāriputta, it’s not easy to categorically declare that one of these three individuals is finest. In some cases, an individual freed by faith is practicing for perfection, while the direct witness and the one attained to view are once-returners or non-returners. In this matter, it’s not easy to categorically declare that one of these three individuals is finest. In some cases, a direct witness is practicing for perfection, while the one freed by faith and the one attained to view are once-returners or non-returners. In this matter, it’s not easy to categorically declare that one of these three individuals is finest. In some cases, one attained to view is practicing for perfection, while the one freed by faith and the direct witness are once-returners or non-returners. In this matter, it’s not easy to categorically declare that one of these three individuals is finest.”
၂။ ဂိလာနသုတ္တံ
၂၂။ [ပု။ ပ။ ၉၄] ‘‘တယောမေ, ဘိက္ခဝေ, ဂိလာနာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ဂိလာနော လဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ, လဘန္တော ဝါ သပ္ပါယာနိ ဘေသဇ္ဇာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘေသဇ္ဇာနိ, လဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ အလဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ နေဝ ဝုဋ္ဌာတိ တမှာ အာဗာဓာ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ဂိလာနော လဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ, လဘန္တော ဝါ သပ္ပါယာနိ ဘေသဇ္ဇာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘေသဇ္ဇာနိ, လဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ အလဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ ဝုဋ္ဌာတိ တမှာ အာဗာဓာ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ဂိလာနော လဘန္တောဝ သပ္ပါယာနိ ဘောဇနာနိ နော အလဘန္တော, လဘန္တောဝ သပ္ပါယာနိ ဘေသဇ္ဇာနိ နော အလဘန္တော, လဘန္တောဝ ပတိရူပံ ဥပဋ္ဌာကံ နော အလဘန္တော ဝုဋ္ဌာတိ တမှာ အာဗာဓာ။
‘‘တတြ, ဘိက္ခဝေ, ယွာယံ ဂိလာနော လဘန္တောဝ သပ္ပါယာနိ ဘောဇနာနိ နော အလဘန္တော, လဘန္တောဝ သပ္ပါယာနိ ဘေသဇ္ဇာနိ နော အလဘန္တော, လဘန္တောဝ ပတိရူပံ ဥပဋ္ဌာကံ နော အလဘန္တော ဝုဋ္ဌာတိ တမှာ အာဗာဓာ, ဣမံ ခေါ, ဘိက္ခဝေ, ဂိလာနံ ပဋိစ္စ ဂိလာနဘတ္တံ အနုညာတံ ဂိလာနဘေသဇ္ဇံ အနုညာတံ ဂိလာနုပဋ္ဌာကော အနုညာတော။ ဣမဉ္စ ပန, ဘိက္ခဝေ, ဂိလာနံ ပဋိစ္စ အညေပိ ဂိလာနာ ဥပဋ္ဌာတဗ္ဗာ။ ဣမေ ခေါ, ဘိက္ခဝေ, တယော ဂိလာနာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တယောမေ ဂိလာနူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော လဘန္တော ဝါ တထာဂတံ ဒဿနာယ အလဘန္တော ဝါ တထာဂတံ ဒဿနာယ, လဘန္တော ဝါ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ အလဘန္တော ဝါ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ နေဝ ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္မတ္တံ။
‘‘ဣဓ, ပန, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော လဘန္တော ဝါ တထာဂတံ ဒဿနာယ အလဘန္တော ဝါ တထာဂတံ ဒဿနာယ, လဘန္တော ဝါ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ အလဘန္တော ဝါ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္မတ္တံ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော လဘန္တောဝ တထာဂတံ ဒဿနာယ နော အလဘန္တော, လဘန္တောဝ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ နော အလဘန္တော ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္မတ္တံ။
‘‘တတြ, ဘိက္ခဝေ, ယွာယံ ပုဂ္ဂလော လဘန္တောဝ တထာဂတံ ဒဿနာယ နော အလဘန္တော, လဘန္တောဝ တထာဂတပ္ပဝေဒိတံ ဓမ္မဝိနယံ သဝနာယ နော အလဘန္တော ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္မတ္တံ, ဣမံ ခေါ ဘိက္ခဝေ, ပုဂ္ဂလံ ပဋိစ္စ ဓမ္မဒေသနာ အနုညာတာ။ ဣမဉ္စ ပန, ဘိက္ခဝေ, ပုဂ္ဂလံ ပဋိစ္စ အညေသမ္ပိ ဓမ္မော ဒေသေတဗ္ဗော။ ‘‘ဣမေ ခေါ, ဘိက္ခဝေ, တယော ဂိလာနူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’န္တိ။ ဒုတိယံ။
၂-ဂိလာနသုတ် ၂၂။ ရဟန်းတို့ ဤသူနာသုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ မထမြောက်။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို့ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ ထမြောက်၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော အစားအစာတို့ကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော ဆေးတို့ကို မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော သူနာပြုကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။ ရဟန်းတို့ ထိုသူနာသုံးမျိုးတို့တွင် အကြင်သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာ လျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက် နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ သူနာအား လျောက်ပတ်သော ဆွမ်း ကို ခွင့်ပြုတော်မူ၏၊ သူနာအား အထောက်အပံ့ဖြစ်သော ဆေးကို ခွင့်ပြုတော်မူ၏၊ သူနာပြုကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်ကုန်၏။ ရဟန်းတို့ လောက၌ ဤသူနာသုံးမျိုးတို့သည် ထင်ရှား ရှိကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သူနာနှင့် တူကုန်သော ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက်ဝင်နိုင်။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန် သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက် ဝင်နိုင်။ ရဟန်းတို့ ထို ပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် မသက်ဝင်နိုင်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍တရားဟောခြင်းကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်းတရားကို ဟောကြားအပ်၏။ ရဟန်းတို့ သူနာနှင့်တူသော ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.22 3. Individuals Patients “These three patients are found in the world. What three? In some cases a patient won’t recover from an illness, regardless of whether or not they get suitable food and medicines, and a capable carer. In some cases a patient will recover from an illness, regardless of whether or not they get suitable food and medicines, and a capable carer. In some cases a patient can recover from an illness, but only if they get suitable food and medicines, and a capable carer, and not if they don’t get these things. Now, it’s for the sake of the last patient—who will recover only if they get suitable food and medicines, and a capable carer—that food, medicines, and a carer are prescribed. But also, for the sake of this patient, the other patients should be looked after. These are the three kinds of patients found in the world. In the same way, these three individuals similar to patients are found in the world. What three? Some people don’t step into the sure path with regard to skillful qualities, regardless of whether or not they get to see a Realized One, and to hear the teaching and training that he proclaims. Some people do step into the sure path with regard to skillful qualities, regardless of whether or not they get to see a Realized One, and to hear the teaching and training that he proclaims. Some people can step into the sure path with regard to skillful qualities, but only if they get to see a Realized One, and to hear the teaching and training that he proclaims, and not when they don’t get those things. Now, it’s for the sake of this last individual that teaching the Dhamma is prescribed, that is, the one who can step into the sure path with regard to skillful qualities, but only if they get to see a Realized One, and to hear the teaching and training that he proclaims. But also, for the sake of this individual, the other people should be taught Dhamma. These are the three individuals similar to patients found in the world.”
၃။ သင်္ခါရသုတ္တံ
၂၃။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဗျာဗဇ္ဈံ [သဗျာပဇ္ဈံ (သဗ္ဗတ္ထ) ဧဝမုပရိပိ] ကာယသင်္ခါရံ အဘိသင်္ခရောတိ, သဗျာဗဇ္ဈံ ဝစီသင်္ခါရံ အဘိသင်္ခရောတိ, သဗျာဗဇ္ဈံ မနောသင်္ခါရံ အဘိသင်္ခရောတိ။ သော သဗျာဗဇ္ဈံ ကာယသင်္ခါရံ အဘိသင်္ခရိတွာ, သဗျာဗဇ္ဈံ ဝစီသင်္ခါရံ အဘိသင်္ခရိတွာ, သဗျာဗဇ္ဈံ မနောသင်္ခါရံ အဘိသင်္ခရိတွာ သဗျာဗဇ္ဈံ လောကံ ဥပပဇ္ဇတိ။ တမေနံ သဗျာဗဇ္ဈံ လောကံ ဥပပန္နံ သမာနံ သဗျာဗဇ္ဈာ ဖဿာ ဖုသန္တိ။ သော သဗျာဗဇ္ဈေဟိ ဖဿေဟိ ဖုဋ္ဌော သမာနော သဗျာဗဇ္ဈံ ဝေဒနံ ဝေဒယတိ ဧကန္တဒုက္ခံ, သေယျထာပိ သတ္တာ နေရယိကာ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အဗျာဗဇ္ဈံ ကာယသင်္ခါရံ အဘိသင်္ခရောတိ, အဗျာဗဇ္ဈံ ဝစီသင်္ခါရံ အဘိသင်္ခရောတိ, အဗျာဗဇ္ဈံ မနောသင်္ခါရံ အဘိသင်္ခရောတိ။ သော အဗျာဗဇ္ဈံ ကာယသင်္ခါရံ အဘိသင်္ခရိတွာ, အဗျာဗဇ္ဈံ ဝစီသင်္ခါရံ အဘိသင်္ခရိတွာ, အဗျာဗဇ္ဈံ မနောသင်္ခါရံ အဘိသင်္ခရိတွာ အဗျာဗဇ္ဈံ လောကံ ဥပပဇ္ဇတိ။ တမေနံ အဗျာဗဇ္ဈံ လောကံ ဥပပန္နံ သမာနံ အဗျာဗဇ္ဈာ ဖဿာ ဖုသန္တိ။ သော အဗျာဗဇ္ဈေဟိ ဖဿေဟိ ဖုဋ္ဌော သမာနော အဗျာဗဇ္ဈံ ဝေဒနံ ဝေဒယတိ ဧကန္တသုခံ, သေယျထာပိ ဒေဝါ သုဘကိဏှာ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ ကာယသင်္ခါရံ အဘိသင်္ခရောတိ, သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ ဝစီသင်္ခါရံ အဘိသင်္ခရောတိ, သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ မနောသင်္ခါရံ အဘိသင်္ခရောတိ။ သော သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ ကာယသင်္ခါရံ အဘိသင်္ခရိတွာ, သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ ဝစီသင်္ခါရံ အဘိသင်္ခရိတွာ, သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ မနောသင်္ခါရံ အဘိသင်္ခရိတွာ သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ လောကံ ဥပပဇ္ဇတိ။ တမေနံ သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ လောကံ ဥပပန္နံ သမာနံ သဗျာဗဇ္ဈာပိ အဗျာဗဇ္ဈာပိ ဖဿာ ဖုသန္တိ။ သော သဗျာဗဇ္ဈေဟိပိ အဗျာဗဇ္ဈေဟိပိ ဖဿေဟိ ဖုဋ္ဌော သမာနော သဗျာဗဇ္ဈမ္ပိ အဗျာဗဇ္ဈမ္ပိ ဝေဒနံ ဝေဒယတိ ဝေါကိဏ္ဏသုခဒုက္ခံ, သေယျထာပိ မနုဿာ ဧကစ္စေ စ ဒေဝါ ဧကစ္စေ စ ဝိနိပါတိကာ။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’န္တိ။ တတိယံ။
၃-သင်္ခါရသုတ် ၂၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိ သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းနှင့် တကွဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ် ဆင်းရဲသော ဆင်းရဲခြင်းရှိသော ဝေဒနာကို ငရဲသူ သတ္တဝါတို့ကဲ့သို့ ခံစားရ၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထိုသူသည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းမရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းမရှိသော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ်ချမ်းသာသော ဆင်းရဲခြင်းမရှိသော ဝေဒနာကို သုဘကိဏှာ ဗြဟ္မာတို့ကဲ့သို့ ခံစားရ၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်း မရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်း ဖြစ်သော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့သည် တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း ‘ဖဿ’ တို့ တွေ့ထိအပ်သော ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ချမ်းသာဆင်းရဲရောပြွမ်းသော ဝေဒနာကို လူနှင့် အချို့သော နတ် အချို့သော ဝေမာနိကပြိတ္တာတို့ကဲ့သို့ ခံစားရ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Numbered Discourses 3.23 3. Individuals Choices “These three individuals are found in the world. What three? Firstly, a certain individual makes hurtful choices by way of body, speech, and mind. Having made these choices, they’re reborn in a hurtful world, where hurtful contacts strike them. Touched by hurtful contacts, they experience hurtful feelings that are absolutely painful—like the beings in hell. Furthermore, another individual makes pleasing choices by way of body, speech, and mind. Having made these choices, they are reborn in a pleasing world, where pleasing contacts strike them. Touched by pleasing contacts, they experience pleasing feelings of absolute happiness—like the gods of universal beauty. Furthermore, another individual makes both hurtful and pleasing choices by way of body, speech, and mind. Having made these choices, they are reborn in a world that is both hurtful and pleasing, where hurtful and pleasing contacts strike them. Touched by both hurtful and pleasing contacts, they experience both hurtful and pleasing feelings that are a mixture of pleasure and pain—like humans, some gods, and some beings in the underworld. These are the three individuals found in the world.”
၄။ ဗဟုကာရသုတ္တံ
၂၄။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ ပုဂ္ဂလဿ ဗဟုကာရာ။ ကတမေ တယော? ယံ, ဘိက္ခဝေ, ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ၊ အယံ, ဘိက္ခဝေ, ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုကာရော။
‘‘ပုန စပရံ, ဘိက္ခဝေ, ယံ ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ၊ အယံ, ဘိက္ခဝေ, ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုကာရော။
‘‘ပုန စပရံ, ဘိက္ခဝေ, ယံ ပုဂ္ဂလံ အာဂမ္မ ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ, ဘိက္ခဝေ, ပုဂ္ဂလော ဣမဿ ပုဂ္ဂလဿ ဗဟုကာရော။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ ပုဂ္ဂလဿ ဗဟုကာရာ။
‘‘ဣမေဟိ စ ပန, ဘိက္ခဝေ, တီဟိ ပုဂ္ဂလေဟိ ဣမဿ ပုဂ္ဂလဿ နတ္ထညော ပုဂ္ဂလော ဗဟုကာရောတိ ဝဒါမိ။ ဣမေသံ ပန, ဘိက္ခဝေ, တိဏ္ဏံ ပုဂ္ဂလာနံ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ အဘိဝါဒနပစ္စုဋ္ဌာနအဉ္ဇလိကမ္မသာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသန-ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေနာ’’တိ။ စတုတ္ထံ။
၄-ဗဟုကာရသုတ် ၂၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။ ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း“ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။ ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးသည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်အား ဤပုဂ္ဂိုလ်သုံးမျိုးတို့မှ တစ်ပါး များစွာကျေးဇူးရှိသည့် အခြားပုဂ္ဂိုလ်ကား မရှိဟု ငါဆို၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့အား ဤအခြားပုဂ္ဂိုလ်သည် ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း တို့ဖြင့် ချီးမြှောက်ခြင်းဖြင့် ကောင်းစွာ ကျေးဇူးတုံ့ပြန်ခြင်းငှါ မလွယ်ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Numbered Discourses 3.24 3. Individuals Very Helpful “Mendicants, these three individuals are very helpful to another. What three? The individual who has enabled you to go for refuge to the Buddha, the teaching, and the Saṅgha. This individual is very helpful to another. Furthermore, the individual who has enabled you to truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. This individual is very helpful to another. Furthermore, the individual who has enabled you to realize the undefiled freedom of heart and freedom by wisdom, and live having realized it with your own insight in this very life due to the ending of defilements. This individual is very helpful to another. These are the three individuals who are very helpful to another individual. And I say that there is no one more helpful to another than these three individuals. And I also say that it’s not easy to repay these three individuals by bowing down to them, rising up for them, greeting them with cupped palms, and observing proper etiquette for them; or by providing them with robes, almsfood, lodgings, and medicines and supplies for the sick.”
၅။ ဝဇိရူပမသုတ္တံ
၂၅။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? အရုကူပမစိတ္တော ပုဂ္ဂလော, ဝိဇ္ဇူပမစိတ္တော ပုဂ္ဂလော, ဝဇိရူပမစိတ္တော ပုဂ္ဂလော။ ကတမော စ, ဘိက္ခဝေ, အရုကူပမစိတ္တော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထီယတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ သေယျထာပိ, ဘိက္ခဝေ, ဒုဋ္ဌာရုကော [ဒုဋ္ဌာရုကာ (သီ။)] ကဋ္ဌေန ဝါ ကဌလာယ [ကထလာယ (သျာ။ ကံ။ က။), ကဌလေန-ကထလေန (အဋ္ဌကထာ)] ဝါ ဃဋ္ဋိတော [ဃဋ္ဋိတာ (သီ။)] ဘိယျောသောမတ္တာယ အာသဝံ ဒေတိ [အဿဝနောတိ (သီ။)]၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထီယတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အရုကူပမစိတ္တော ပုဂ္ဂလော။
‘‘ကတမော စ, ဘိက္ခဝေ, ဝိဇ္ဇူပမစိတ္တော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ သေယျထာပိ ဘိက္ခဝေ, စက္ခုမာ ပုရိသော ရတ္တန္ဓကာရတိမိသာယံ ဝိဇ္ဇန္တရိကာယ ရူပါနိ ပဿေယျ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ဝိဇ္ဇူပမစိတ္တော ပုဂ္ဂလော။
‘‘ကတမော စ, ဘိက္ခဝေ, ဝဇိရူပမစိတ္တော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သေယျထာပိ, ဘိက္ခဝေ, ဝဇိရဿ နတ္ထိ ကိဉ္စိ အဘေဇ္ဇံ မဏိ ဝါ ပါသာဏော ဝါ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော အာသဝါနံ ခယာ…ပေ… ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ဝဇိရူပမစိတ္တော ပုဂ္ဂလော။ ‘ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’’န္တိ [ပု။ ပ။ ၁၀၂]။ ပဉ္စမံ။
၅-ဝဇိရူပမသုတ် ၂၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အမာ ဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း၊ ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေး ပြည် အရိအရွဲတို့) ယိုထွက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှ ဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက့်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏။ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏၊ ရဟန်းတို့ မျက်စိအမြင်ရှိသော ယောကျာ်းသည် အလွန်မှောင်မိုက်သော ညဥ့်၌ လျှပ်စစ်ပြက်သော ခဏဝယ် ရူပါရုံတို့ကို မြင်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လျှပ်စစ်နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာကို ထူးသော ဉာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဝဇိရစိန် ဖြင့် မခွဲမဖျက်နိုင်သော တစ်စုံတစ်ရာသော ပတ္တမြားသည်လည်းကောင်း၊ ကျောက်သည်လည်းကောင်း မရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ ရောက်လျက် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.25 3. Individuals Like Diamond “These three individuals are found in the world. What three? An individual with a mind like an open sore, an individual with a mind like lightning, and an individual with a mind like diamond. And who has a mind like an open sore? It’s an individual who is irritable and bad-tempered. Even when lightly criticized they lose their temper, becoming annoyed, hostile, and hard-hearted, and they display annoyance, hate, and bitterness. They’re like a festering sore, which, when you hit it with a stick or a stone, discharges even more. In the same way, an individual is irritable and bad-tempered. Even when lightly criticized they lose their temper, becoming annoyed, hostile, and hard-hearted, and they display annoyance, hate, and bitterness. This is called an individual with a mind like an open sore. And who has a mind like lightning? It’s an individual who truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. They’re like a person with keen eyes in the dark of the night, who sees by a flash of lightning. In the same way, an individual truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. This is called an individual with a mind like lightning. And who has a mind like diamond? It’s an individual who realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. It’s like a diamond, which can’t be cut by anything at all, not even a gem or a stone. In the same way, an individual realizes the undefiled freedom of heart and freedom by wisdom … in this very life … This is called an individual with a mind like diamond. These are the three individuals found in the world.”
၆။ သေဝိတဗ္ဗသုတ္တံ
၂၆။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။ အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဟီနော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော အညတြ အနုဒ္ဒယာ အညတြ အနုကမ္ပာ။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဒိသော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု? သီလသာမညဂတာနံ သတံ သီလကထာ စ နော ဘဝိဿတိ, သာ စ နော ပဝတ္တိနီ [ပဝတ္တနီ (သီ။ သျာ။ ကံ။ ပီ။) ပု။ ပ။ ၁၂၂ ပဿိတဗ္ဗံ] ဘဝိဿတိ, သာ စ နော ဖာသု ဘဝိဿတိ။ သမာဓိသာမညဂတာနံ သတံ သမာဓိကထာ စ နော ဘဝိဿတိ, သာ စ နော ပဝတ္တိနီ ဘဝိဿတိ, သာ စ နော ဖာသု ဘဝိဿတိ။ ပညာသာမညဂတာနံ သတံ ပညာကထာ စ နော ဘဝိဿတိ, သာ စ နော ပဝတ္တိနီ ဘဝိဿတိ, သာ စ နော ဖာသု ဘဝိဿတီတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အဓိကော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု? ဣတိ အပရိပူရံ ဝါ သီလက္ခန္ဓံ ပရိပူရေဿာမိ, ပရိပူရံ ဝါ သီလက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊ အပရိပူရံ ဝါ သမာဓိက္ခန္ဓံ ပရိပူရေဿာမိ, ပရိပူရံ ဝါ သမာဓိက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊ အပရိပူရံ ဝါ ပညာက္ခန္ဓံ ပရိပူရေဿာမိ, ပရိပူရံ ဝါ ပညာက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမီတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’န္တိ။
‘‘နိဟီယတိ ပုရိသော နိဟီနသေဝီ,
န စ ဟာယေထ ကဒါစိ တုလျသေဝီ၊
သေဋ္ဌမုပနမံ ဥဒေတိ ခိပ္ပံ,
တသ္မာ အတ္တနော ဥတ္တရိံ ဘဇေထာ’’တိ။ ဆဋ္ဌံ၊
၆-သေဝိတဗ္ဗသုတ် ၂၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးနည်းဟူမူ- ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ် ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိအောက်) ယုတ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အစဥ် သနားခြင်း အစဥ်စောင့်ရှောက်ခြင်းကို ကြဥ်ထား၍ (မိမိအကျိုးငှါ) မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်း ကပ်ထိုက်။ ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိနှင့်) တူ၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဥ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ သီလအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သီလကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဥ် မပြတ်သော စကားဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည့်းဖြစ်လတ္တံ့။ သမာဓိအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သမာဓိကို အကြောင်းပြု၍ ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဥ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ပညာ အားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ ပညာကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဥ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာနေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ထို့ကြောင့် ဤသို့သဘော ရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဥ်းကပ်ထိုက်၏။ ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာ အားဖြင့် (မိမိထက်) လွန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဥ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤသို့ မှီဝဲ ဆည်းကပ် ချဥ်းကပ်ခြင်းဖြင့် မပြည့်စုံသေးသော သီလအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သီလအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့်စုံသေးသော သမာဓိအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သမာဓိအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့် မစုံသေးသော ပညာအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော ပညာအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။ မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလစသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ် ရာ၏။ ဆဋ္ဌသုတ်။
Numbered Discourses 3.26 3. Individuals Associates “These three individuals are found in the world. What three? There is an individual you shouldn’t associate with, accompany, or attend. There is an individual you should associate with, accompany, and attend. There is an individual you should associate with, accompany, and attend with honor and respect. Who is the individual you shouldn’t associate with, accompany, or attend? It’s an individual who is inferior in terms of ethics, immersion, and wisdom. You shouldn’t associate with, accompany, or attend such an individual, except out of kindness and sympathy. Who is the individual you should associate with, accompany, and attend? It’s an individual who is similar in terms of ethics, immersion, and wisdom. You should associate with, accompany, and attend such an individual. Why is that? Thinking, ‘Since our ethical conduct is similar, we can discuss ethics, the conversation will flow, and we’ll both be at ease. Since our immersion is similar, we can discuss immersion, the conversation will flow, and we’ll both be at ease. Since our wisdom is similar, we can discuss wisdom, the conversation will flow, and we’ll both be at ease.’ That’s why you should associate with, accompany, and attend such an individual. Who is the individual you should associate with, accompany, and attend with honor and respect? It’s an individual who is superior in terms of ethics, immersion, and wisdom. You should associate with, accompany, and attend such an individual with honor and respect. Why is that? Thinking, ‘I’ll fulfill the entire spectrum of ethical conduct I haven’t yet fulfilled, or support with wisdom in every situation the ethical conduct I’ve already fulfilled. I’ll fulfill the entire spectrum of immersion I haven’t yet fulfilled, or support with wisdom in every situation the immersion I’ve already fulfilled. I’ll fulfill the entire spectrum of wisdom I haven’t yet fulfilled, or support with wisdom in every situation the wisdom I’ve already fulfilled.’ That’s why you should associate with, accompany, and attend this individual with honor and respect. These are the three individuals found in the world. A man who associates with an inferior goes downhill, but associating with an equal, you’ll never decline; following the best, you’ll quickly rise up, so you should keep company <j>with people better than you.”
၇။ ဇိဂုစ္ဆိတဗ္ဗသုတ္တံ
၂၇။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော ဇိဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။ အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။ အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဇိဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဒုဿီလော ဟောတိ ပါပဓမ္မော အသုစိ သင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော, အဿမဏော သမဏပဋိညော, အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော, အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော ဇိဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု? ကိဉ္စာပိ, ဘိက္ခဝေ, ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနုဂတိံ အာပဇ္ဇတိ, အထ ခေါ နံ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ – ‘ပါပမိတ္တော ပုရိသပုဂ္ဂလော ပါပသဟာယော ပါပသမ္ပဝင်္ကော’တိ။ သေယျထာပိ, ဘိက္ခဝေ, အဟိ ဂူထဂတော ကိဉ္စာပိ န ဒံသတိ [ဍံသတိ (သီ။ သျာ။), ဍဿတိ (ပီ။)], အထ ခေါ နံ မက္ခေတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ကိဉ္စာပိ ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနုဂတိံ အာပဇ္ဇတိ, အထ ခေါ နံ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ – ‘ပါပမိတ္တော ပုရိသပုဂ္ဂလော ပါပသဟာယော ပါပသမ္ပဝင်္ကော’တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော ဇိဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော, အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထီယတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ သေယျထာပိ, ဘိက္ခဝေ, ဒုဋ္ဌာရုကော ကဋ္ဌေန ဝါ ကဌလာယ ဝါ ဃဋ္ဋိတော ဘိယျောသောမတ္တာယ အာသဝံ ဒေတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ…ပေ… သေယျထာပိ, ဘိက္ခဝေ, တိန္ဒုကာလာတံ ကဋ္ဌေန ဝါ ကဌလာယ ဝါ ဃဋ္ဋိတံ ဘိယျောသောမတ္တာယ စိစ္စိဋာယတိ စိဋိစိဋာယတိ၊ ဧဝမေဝံ ခေါ ဘိက္ခဝေ…ပေ… သေယျထာပိ, ဘိက္ခဝေ, ဂူထကူပေါ ကဋ္ဌေန ဝါ ကဌလာယ ဝါ ဃဋ္ဋိတော ဘိယျောသောမတ္တာယ ဒုဂ္ဂန္ဓော ဟောတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော, အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထီယတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု? အက္ကောသေယျပိ မံ ပရိဘာသေယျပိ မံ အနတ္ထမ္ပိ မံ ကရေယျာတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သီလဝါ ဟောတိ ကလျာဏဓမ္မော။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု? ကိဉ္စာပိ, ဘိက္ခဝေ, ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနုဂတိံ အာပဇ္ဇတိ, အထ ခေါ နံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ – ‘ကလျာဏမိတ္တော ပုရိသပုဂ္ဂလော ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော’တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ ‘ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’’န္တိ။
‘‘နိဟီယတိ ပုရိသော နိဟီနသေဝီ,
န စ ဟာယေထ ကဒါစိ တုလျသေဝီ၊
သေဋ္ဌမုပနမံ ဥဒေတိ ခိပ္ပံ,
တသ္မာ အတ္တနော ဥတ္တရိံ ဘဇေထာ’’တိ။ သတ္တမံ၊
၇-ဇိဂုစ္ဆိတဗ္ဗသုတ် ၂၇။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်း တို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သောသဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက် မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေ ကာမူ “ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည် ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ မစင်ဖြင့်မူကား လိမ်းကျံစေနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေကာမူ “ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်။ ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့ သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ လောင်နေဆဲဖြစ်သော တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ ဖြစ်ဖြစ်မြည် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ မကောင်းသော အနံ့ဖြစ်သကဲ့သို့၊ ရဟန်း တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီ ဝဲထိုက် မဆည်းကပ်ထိုက် မချဥ်းကပ်ထိုက်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူလည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဥ်း ကပ်ထိုက်။ ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဥ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသောသဘောရှိ၏၊ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဥ်းကပ်ထိုက်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏ အတုလိုက်ခြင်းသို့ အကယ်၍ မရောက် စေကာမူ “ဤပုဂ္ဂိုလ်သည် ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ကောင်းသော အပေါင်းအဖော်ရှိ၏၊ ကောင်းသော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဥ်းကပ်ထိုက်၏၊ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလ စသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလ စသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်ရာ၏။ သတ္တမသုတ်။
Numbered Discourses 3.27 3. Individuals You Should be Disgusted “These three individuals are found in the world. What three? There is an individual you should be disgusted by, and you shouldn’t associate with, accompany, or attend them. There is an individual you should regard with equanimity, and you shouldn’t associate with, accompany, or attend them. There is an individual you should associate with, accompany, and attend. Who is the individual you should be disgusted by, and not associate with, accompany, or attend? It’s an individual who is unethical, of bad qualities, filthy, with suspicious behavior, underhand, no true ascetic or spiritual practitioner—though claiming to be one—rotten inside, festering, and depraved. You should be disgusted by such an individual, and you shouldn’t associate with, accompany, or attend them. Why is that? Even if you don’t follow the example of such an individual, you still get a bad reputation: ‘That individual has bad friends, companions, and associates.’ They’re like a snake that’s been living in a pile of dung. Even if it doesn’t bite, it’ll still rub off on you. In the same way, even if you don’t follow the example of such an individual, you still get a bad reputation: ‘That individual has bad friends, companions, and associates.’ That’s why you should be disgusted by such an individual, and you shouldn’t associate with, accompany, or attend them. Who is the individual you should regard with equanimity, and not associate with, accompany, or attend? It’s an individual who is irritable and bad-tempered. Even when lightly criticized they lose their temper, becoming annoyed, hostile, and hard-hearted, and they display annoyance, hate, and bitterness. They’re like a festering sore, which, when you hit it with a stick or a stone, discharges even more. In the same way, someone is irritable and bad-tempered. They’re like a firebrand of pale-moon ebony, which, when you hit it with a stick or a stone, sizzles and crackles even more. In the same way, someone is irritable and bad-tempered. They’re like a sewer, which, when you stir it with a stick or a stone, stinks even more. In the same way, an individual is irritable and bad-tempered. Even when lightly criticized they lose their temper, becoming annoyed, hostile, and hard-hearted, and they display annoyance, hate, and bitterness. You should regard such an individual with equanimity, and you shouldn’t associate with, accompany, or attend them. Why is that? Thinking, ‘They might abuse or insult me, or do me harm.’ That’s why you should regard such an individual with equanimity, and you shouldn’t associate with, accompany, or attend them. Who is the individual you should associate with, accompany, and attend? It’s an individual who is ethical, of good character. You should associate with, accompany, and attend such an individual. Why is that? Even if you don’t follow the example of such an individual, you still get a good reputation: ‘That individual has good friends, companions, and associates.’ That’s why you should associate with, accompany, and attend such an individual. These are the three individuals found in the world. A man who associates with an inferior goes downhill, but associating with an equal, you’ll never decline; following the best, you’ll quickly rise up, so you should keep company <j>with people better than you.”
၈။ ဂူထဘာဏီသုတ္တံ
၂၈။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ဂူထဘာဏီ, ပုပ္ဖဘာဏီ, မဓုဘာဏီ။ ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဂူထဘာဏီ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဘဂ္ဂတော ဝါ ပရိသဂ္ဂတော ဝါ [သဘာဂတော ဝါ ပရိသာဂတော ဝါ (သျာ။ ကံ။)] ဉာတိမဇ္ဈဂတော ဝါ ပူဂမဇ္ဈဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ အဘိနီတော သက္ခိပုဋ္ဌော – ‘ဧဟမ္ဘော ပုရိသ, ယံ ဇာနာသိ တံ ဝဒေဟီ’တိ။ သော အဇာနံ ဝါ အာဟ ‘ဇာနာမီ’တိ, ဇာနံ ဝါ အာဟ ‘န ဇာနာမီ’တိ, အပဿံ ဝါ အာဟ ‘ပဿာမီ’တိ, ပဿံ ဝါ အာဟ ‘န ပဿာမီ’တိ [မ။ နိ။ ၁။၄၄၀၊ ပု။ ပ။ ၉၁]၊ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသကိဉ္စိက္ခဟေတု ဝါ သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ဂူထဘာဏီ။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ပုပ္ဖဘာဏီ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဘဂ္ဂတော ဝါ ပရိသဂ္ဂတော ဝါ ဉာတိမဇ္ဈဂတော ဝါ ပူဂမဇ္ဈဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ အဘိနီတော သက္ခိပုဋ္ဌော – ‘ဧဟမ္ဘော ပုရိသ, ယံ ပဇာနာသိ တံ ဝဒေဟီ’တိ, သော အဇာနံ ဝါ အာဟ ‘န ဇာနာမီ’တိ, ဇာနံ ဝါ အာဟ ‘ဇာနာမီ’တိ, အပဿံ ဝါ အာဟ ‘န ပဿာမီ’တိ, ပဿံ ဝါ အာဟ ‘ပဿာမီ’တိ၊ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသကိဉ္စိက္ခဟေတု ဝါ န သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ပုပ္ဖဘာဏီ။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော မဓုဘာဏီ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော မဓုဘာဏီ။ ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’န္တိ။ အဋ္ဌမံ။
၈-ဂူထဘာဏီသုတ် ၂၈။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပန်း ကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပျားကဲ့သို့ ချိုသာ သော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌ သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်၌သော်လည်းကောင်း၊ အသင်းအပင်း အလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့ သင် သိသည်ကို ပြောပါလော့”ဟု သက်သေအရာ၌ ထား လျက် မေးအပ်၏၊ ထိုသူသည် “မသိသည်ကို သိ၏”ဟုလည်းကောင်း၊ “သိသည်ကို မသိ”ဟုလည်းကောင်း၊ “မမြင်သည်ကို မြင်၏”ဟုလည်းကောင်း၊ “မြင်သည်ကို မမြင်”ဟုလည်းကောင်း၊ ဤသို့ မိမိ အကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သောစကားကို ပြောဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့ အလယ်၌သော်လည်းကောင်း၊ အသင်းအပင်းအလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့ သင်သိသည်ကို ပြောပါလော့”ဟု သက်သေအရာ၌ ထားလျက် မေးအပ်၏၊ ထိုသူသည် “မသိသည်ကို မသိ”ဟုလည်းကောင်း၊ “သိသည်ကို သိ၏”ဟုလည်းကောင်း၊ “မမြင်သည်ကို မမြင်ဟု”လည်းကောင်း၊ “မြင်သည်ကို မြင်၏”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့် သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သော စကားကို မပြောဆို။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကား ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဥ်၏။ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဥ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကို ဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.28 3. Individuals Speech like Dung “These three individuals are found in the world. What three? One with speech like dung, one with speech like flowers, and one with speech like honey. And who has speech like dung? It’s an individual who is summoned to a council, an assembly, a family meeting, a guild, or to the royal court, and asked to bear witness: ‘Please, my man, say what you know.’ Not knowing, they say ‘I know.’ Knowing, they say ‘I don’t know.’ Not seeing, they say ‘I see.’ And seeing, they say ‘I don’t see.’ So they deliberately lie for the sake of themselves or another, or for some trivial worldly reason. This is called an individual with speech like dung. And who has speech like flowers? It’s an individual who is summoned to a council, an assembly, a family meeting, a guild, or to the royal court, and asked to bear witness: ‘Please, my man, say what you know.’ Not knowing, they say ‘I don’t know.’ Knowing, they say ‘I know.’ Not seeing, they say ‘I don’t see.’ And seeing, they say ‘I see.’ So they don’t deliberately lie for the sake of themselves or another, or for some trivial worldly reason. This is called an individual with speech like flowers. And who has speech like honey? It’s an individual who gives up harsh speech. They speak in a way that’s mellow, pleasing to the ear, endearing, going to the heart, polite, and likable and agreeable to the people. This is called an individual with speech like honey. These are the three individuals found in the world.”
၉။ အန္ဓသုတ္တံ
၂၉။ ‘‘တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? အန္ဓော, ဧကစက္ခု, ဒွိစက္ခု။ ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော အန္ဓော? ဣဓ, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ တထာရူပံ စက္ခု န ဟောတိ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကရေယျ [ဖာတိကရေယျ (သီ။)]၊ တထာရူပမ္ပိဿ စက္ခု န ဟောတိ ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ, သာဝဇ္ဇာနဝဇ္ဇေ ဓမ္မေ ဇာနေယျ, ဟီနပ္ပဏီတေ ဓမ္မေ ဇာနေယျ, ကဏှသုက္ကသပ္ပဋိဘာဂေ ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော အန္ဓော။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဧကစက္ခု? ဣဓ, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ တထာရူပံ စက္ခု ဟောတိ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကရေယျ၊ တထာရူပံ ပနဿ [တထာရူပမ္ပိဿ (သျာ။ ကံ။ ပီ။ က။)] စက္ခု န ဟောတိ ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ, သာဝဇ္ဇာနဝဇ္ဇေ ဓမ္မေ ဇာနေယျ, ဟီနပ္ပဏီတေ ဓမ္မေ ဇာနေယျ, ကဏှသုက္ကသပ္ပဋိဘာဂေ ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ဧကစက္ခု။
‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော ဒွိစက္ခု? ဣဓ, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ တထာရူပံ စက္ခု ဟောတိ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ, အဓိဂတံ ဝါ ဘောဂံ ဖာတိံ ကရေယျ၊ တထာရူပမ္ပိဿ စက္ခု ဟောတိ ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ၊ သာဝဇ္ဇာနဝဇ္ဇေ ဓမ္မေ ဇာနေယျ, ဟီနပ္ပဏီတေ ဓမ္မေ ဇာနေယျ, ကဏှသုက္ကသပ္ပဋိဘာဂေ ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုဂ္ဂလော ဒွိစက္ခု။ ‘ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’’န္တိ။
‘‘န စေဝ ဘောဂါ တထာရူပါ, န စ ပုညာနိ ကုဗ္ဗတိ၊
ဥဘယတ္ထ ကလိဂ္ဂါဟော, အန္ဓဿ ဟတစက္ခုနော။
‘‘အထာပရာယံ အက္ခာတော, ဧကစက္ခု စ ပုဂ္ဂလော၊
ဓမ္မာဓမ္မေန သဌောသော [သံသဋ္ဌော (သီ။ သျာ။ ကံ။ ပီ။), သဌောတိ (က။)], ဘောဂါနိ ပရိယေသတိ။
‘‘ထေယျေန ကူဋကမ္မေန, မုသာဝါဒေန စူဘယံ၊
ကုသလော ဟောတိ သံဃာတုံ [သံဟာတုံ (သျာ။)], ကာမဘောဂီ စ မာနဝေါ၊
ဣတော သော နိရယံ ဂန္တွာ, ဧကစက္ခု ဝိဟညတိ။
‘‘ဒွိစက္ခု ပန အက္ခာတော, သေဋ္ဌော ပုရိသပုဂ္ဂလော၊
ဓမ္မလဒ္ဓေဟိ ဘောဂေဟိ, ဥဋ္ဌာနာဓိဂတံ ဓနံ။
‘‘ဒဒါတိ သေဋ္ဌသင်္ကပ္ပေါ, အဗျဂ္ဂမာနသော နရော၊
ဥပေတိ ဘဒ္ဒကံ ဌာနံ, ယတ္ထ ဂန္တွာ န သောစတိ။
‘‘အန္ဓဉ္စ ဧကစက္ခုဉ္စ, အာရကာ ပရိဝဇ္ဇယေ၊
ဒွိစက္ခုံ ပန သေဝေထ, သေဋ္ဌံ ပုရိသပုဂ္ဂလ’’န္တိ။ နဝမံ၊
၉-အန္ဓသုတ် ၂၉။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကန်းသော ပုဂ္ဂိုလ်လည်းကောင်း၊ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ နှစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ကန်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် မရှိ။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကန်းသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သောပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် ရှိ၏။ အကြင် သို့သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရား တို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရား တို့ကို သိနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိကား မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိအမြင်သည် ရှိ၏။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန် သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိ သော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း ရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။ ရဟန်းတို့ အကြင် (ပညာ) မျက်စိ ပျက်၍ ကန်းသူအား ထိုသို့ သဘောရှိကုန် သော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ကောင်းမှုတို့ကိုလည်း မပြုလုပ်နိုင်၊ ထိုသူသည် (ပစ္စ္စုပ္ပန် တမလွန်) နှစ်တန်သော လောက၌ ဆုံးရှုံး ရလေ၏။ ထိုမှတစ်ပါး ကောက်ကျစ်သော ပုဂ္ဂိုလ်သည် ဓမ္မ အဓမ္မဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်သည် ခိုးဝှက်မှုဖြင့်လည်းကောင်း၊ ကောက်ကျစ်စဥ်းလဲမှုဖြင့်လည်းကောင်း၊ မဟုတ်မမှန် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ နှစ်ပါးစုံတို့ဖြင့်လည်းကောင်း ဥစ္စာစည်းစိမ်တို့ကို စုဆောင်းခြင်းငှါ ကျွမ်းကျင်၏၊ ကာမဂုဏ်ခံစားသော တစ်ဖက် အမြင်သာရှိသော ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်မှ ငရဲသို့ ရောက်၍ ပင်ပန်းဆင်းရဲ ရ၏။ တရားသဖြင့် ရအပ်သော စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံသော နှစ်ဖက်အမြင်ရှိသူဟု ဆိုအပ်သော မြတ်သော အကြင် ပုဂ္ဂိုလ်သည် ထကြွလုံ့လဖြင့် ရအပ်သော ဥစ္စာကို ပေးလှူ၏၊ ကောင်းမြတ်သော အကြံအစည်ရှိသော ယုံမှားသံသယကင်းသော ထိုပုဂ္ဂိုလ်သည် စိုးရိမ်သောကကင်းရာ နတ်ပြည်သို့ ရောက်ရ၏။ ကန်းသော သူကိုလည်းကောင်း၊ တစ်ဖက်အမြင်ရှိသော သူကိုလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ရာ၏၊ နှစ်ဖက်အမြင်ရှိသော မြတ်သော ပုဂ္ဂိုလ်ကိုသာ မှီဝဲရာ၏။ နဝမသုတ်။
Numbered Discourses 3.29 3. Individuals Blind “These three individuals are found in the world. What three? The blind, the one-eyed, and the two-eyed. Who is the blind individual? It’s someone who doesn’t have the kind of vision that’s needed to acquire more wealth or to increase the wealth they’ve already acquired. Nor do they have the kind of vision that’s needed to know the difference between qualities that are skillful and unskillful, blameworthy and blameless, inferior and superior, and those with a portion of dark or bright. This is called a blind individual. Who is the individual with one eye? It’s someone who has the kind of vision that’s needed to acquire more wealth and to increase the wealth they’ve already acquired. But they don’t have the kind of vision that’s needed to know the difference between qualities that are skillful and unskillful, blameworthy and blameless, inferior and superior, and those with a portion of dark or bright. This is called a one-eyed individual. Who is the individual with two eyes? It’s someone who has the kind of vision that’s needed to acquire more wealth and to increase the wealth they’ve already acquired. And they have the kind of vision that’s needed to know the difference between skillful and unskillful, blameworthy and blameless, inferior and superior, or qualities on the side of dark and bright. This is called a two-eyed individual. These are the three individuals found in the world. Neither suitable wealth, nor merit do they make. They hold a losing hand on both counts, those who are blind, with ruined eyes. And now the one-eyed individual is explained. By methods good and bad, that devious person seeks wealth. Both by fraudulent, thieving deeds, and also by lies, the young man’s skilled at piling up money, and enjoying sensual pleasures. From here they go to hell— the one-eyed person is ruined. And now the two-eyed is explained, the best individual. Their wealth is earned legitimately, money acquired by their own hard work. They give with best of intentions, that peaceful-hearted man. They go to a good place, where there is no sorrow. The blind and the one-eyed, you should avoid from afar. But you should keep the two-eyed close, the best individual.”
၁၀။ အဝကုဇ္ဇသုတ္တံ
၃၀။ ‘‘တယောမေ, ဘိက္ခဝေ [ပု။ ပ။ ၁၀၇-၁၀၈], ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? အဝကုဇ္ဇပညော ပုဂ္ဂလော, ဥစ္ဆင်္ဂပညော ပုဂ္ဂလော, ပုထုပညော ပုဂ္ဂလော။ ကတမော စ, ဘိက္ခဝေ, အဝကုဇ္ဇပညော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ နေဝ အာဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ၊ ဝုဋ္ဌိတောပိ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ။ သေယျထာပိ, ဘိက္ခဝေ, ကုမ္ဘော နိက္ကုဇ္ဇော [နိက္ကုဇ္ဇော (သီ။ ပီ။)] တတြ ဥဒကံ အာသိတ္တံ ဝိဝဋ္ဋတိ, နော သဏ္ဌာတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ နေဝ အာဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ၊ ဝုဋ္ဌိတောပိ တမှာ အာသနာ တဿာ ကထာယ နေဝါဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဝကုဇ္ဇပညော ပုဂ္ဂလော။
‘‘ကတမော စ, ဘိက္ခဝေ, ဥစ္ဆင်္ဂပညော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ၊ ဝုဋ္ဌိတော စ ခေါ တမှာ အာသနာ တဿာ ကထာယ နေဝါဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ။ သေယျထာပိ, ဘိက္ခဝေ, ပုရိသဿ ဥစ္ဆင်္ဂေ နာနာခဇ္ဇကာနိ အာကိဏ္ဏာနိ – တိလာ တဏ္ဍုလာ မောဒကာ ဗဒရာ။ သော တမှာ အာသနာ ဝုဋ္ဌဟန္တော သတိသမ္မောသာ ပကိရေယျ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ၊ ဝုဋ္ဌိတော စ ခေါ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိံ မနသိ ကရောတိ, န မဇ္ဈံ မနသိ ကရောတိ, န ပရိယောသာနံ မနသိ ကရောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ဥစ္ဆင်္ဂပညော ပုဂ္ဂလော။
‘‘ကတမော စ, ဘိက္ခဝေ, ပုထုပညော ပုဂ္ဂလော? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ၊ ဝုဋ္ဌိတောပိ တမှာ အာသနာ တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ။ သေယျထာပိ, ဘိက္ခဝေ, ကုမ္ဘော ဥက္ကုဇ္ဇော တတြ ဥဒကံ အာသိတ္တံ သဏ္ဌာတိ နော ဝိဝဋ္ဋတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဏံ ဘိက္ခူနံ သန္တိကေ ဓမ္မဿဝနာယ။ တဿ ဘိက္ခူ ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ၊ ဝုဋ္ဌိတောပိ တမှာ အာသနာ တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ, မဇ္ဈမ္ပိ မနသိ ကရောတိ, ပရိယောသာနမ္ပိ မနသိ ကရောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ပုထုပညော ပုဂ္ဂလော။ ‘ဣမေ ခေါ, ဘိက္ခဝေ, တယော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’’န္တိ။
‘‘အဝကုဇ္ဇပညော ပုရိသော, ဒုမ္မေဓော အဝိစက္ခဏော၊
အဘိက္ခဏမ္ပိ စေ ဟောတိ, ဂန္တာ ဘိက္ခူန သန္တိကေ။
‘‘အာဒိံ ကထာယ မဇ္ဈဉ္စ, ပရိယောသာနဉ္စ တာဒိသော၊
ဥဂ္ဂဟေတုံ န သက္ကောတိ, ပညာ ဟိဿ န ဝိဇ္ဇတိ။
‘‘ဥစ္ဆင်္ဂပညော ပုရိသော, သေယျော ဧတေန ဝုစ္စတိ၊
အဘိက္ခဏမ္ပိ စေ ဟောတိ, ဂန္တာ ဘိက္ခူန သန္တိကေ။
‘‘အာဒိံ ကထာယ မဇ္ဈဉ္စ, ပရိယောသာနဉ္စ တာဒိသော၊
နိသိန္နော အာသနေ တသ္မိံ, ဥဂ္ဂဟေတွာန ဗျဉ္ဇနံ၊
ဝုဋ္ဌိတော နပ္ပဇာနာတိ, ဂဟိတံ ဟိဿ [ဂဟိတမ္ပိဿ (က။)] မုဿတိ။
‘‘ပုထုပညော စ ပုရိသော, သေယျော ဧတေဟိ [ဧတေန (က။)] ဝုစ္စတိ၊
အဘိက္ခဏမ္ပိ စေ ဟောတိ, ဂန္တာ ဘိက္ခူန သန္တိကေ။
‘‘အာဒိံ ကထာယ မဇ္ဈဉ္စ, ပရိယောသာနဉ္စ တာဒိသော၊
နိသိန္နော အာသနေ တသ္မိံ, ဥဂ္ဂဟေတွာန ဗျဉ္ဇနံ။
‘‘ဓာရေတိ သေဋ္ဌသင်္ကပ္ပေါ, အဗျဂ္ဂမာနသော နရော၊
ဓမ္မာနုဓမ္မပ္ပဋိပန္နော, ဒုက္ခဿန္တကရော သိယာ’’တိ။ ဒသမံ၊
ပုဂ္ဂလဝဂ္ဂေါ တတိယော။
တဿုဒ္ဒါနံ –
သမိဒ္ဓ [ကာယသက္ခိ (သီ။), သဝိဋ္ဌ (သျာ။ ကံ။), သေဋ္ဌ (က။)] -ဂိလာန-သင်္ခါရာ, ဗဟုကာရာ ဝဇိရေန စ၊
သေဝိ-ဇိဂုစ္ဆ-ဂူထဘာဏီ, အန္ဓော စ အဝကုဇ္ဇတာတိ။
၁၀-အဝကုဇ္ဇသုတ် ၃၀။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ခါးပိုက်နှင့်တူသော ပညာရှိ သော ပုဂ္ဂိုလ်လည်းကောင်း၊ ကြီးကျယ်သော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ မှောက်ထားသော အိုး၌ လောင်းထည့် အပ်သော ရေသည် (ဘေးသို့သာ) လျှောကျ၍ (အိုးထဲ၌) မတည်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လောက၌ အချို့သောပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏။ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထိုတရားနာရာနေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ယောကျာ်း၏ (ပုဆိုး)ခါးပိုက်အတွင်း၌ နှမ်း ဆန် ကတွတ်မုန့် ဆီးသီးစသော အထူးထူးသော ခဲဖွယ်များ ရောပြွမ်းလျက် ရှိကုန်၏။ ထိုသူသည် ထို နေရာမှ ထသော် သတိမေ့လျော့ခြင်းကြောင့် (ထို ခဲဖွယ်အားလုံးတို့ကို) ဖရိုဖရဲ ဖြန့်ကျဲလိုက်မိသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရား ကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌နေလျက်တရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံး သွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ခါးပိုက်နှင့်တူသည့် ပညာရှိသောပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံး သွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ လှန်ထားသော အိုး၌ လောင်းထည့် သော ရေသည် တည်နေ၍ မလျှောကျသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရား စကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ ပညာကင်းမဲ့၍ ဆင်ခြင်ဉာဏ်မရှိသော မှောက်ထားသော အိုးနှင့် တူသော ပညာရှိ သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံသို့ အကယ်၍ မပြတ်သွားရောက်စေကာမူ ထိုသို့ သော ပုဂ္ဂိုလ်သည်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူရန် မစွမ်းနိုင်၊ ထိုပုဂ္ဂိုလ်အား ပညာဉာဏ်မရှိသည် သာတည်း။ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ကို ထို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ထက် မြတ်၏ဟု ဆိုအပ်၏၊ (ထိုပုဂ္ဂိုလ်သည်) ရဟန်းတို့ထံသို့ မပြတ်သွားရောက်စေကာမူ ထိုသို့သော ပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေ လျက်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူပြီး၍ နေရာမှထသော်ကား သဒ္ဒါပုဒ်ဗျည်းကို အပြားအားဖြင့် မသိ၊ ထိုပုဂ္ဂိုလ်သည် နာယူပြီးတရားကိုလည်း မေ့လျော့၏။ ကြီးကျယ်သော ပညာရှိသည့် ပုဂ္ဂိုလ်ကို ထို ဆိုပြီး ပုဂ္ဂိုလ်တို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ထို ဂုဏ်နှင့်ပြည့်စုံသော သူသည် ရဟန်းတို့ထံသို့ မပြတ်သွားရောက်သည် ဖြစ်အံ့။ တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း ထို နေရာ၌ နေလျက် မှတ်ယူပြီး၍ (နေရာမှထသော်လည်း) သဒ္ဒါပုဒ်ဗျည်း ကို ဆောင်နိုင်၏၊ မြတ်သော အကြံအစည်ရှိသော ယုံမှားကင်းသော စိတ်ရှိသော ထိုပုဂ္ဂိုလ်သည် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏။ ဒသမသုတ်။ သုံးခုမြောက် ပုဂ္ဂလဝဂ် ပြီး၏။
Numbered Discourses 3.30 3. Individuals Upside-down “These three individuals are found in the world. What three? One with upside-down wisdom, one with wisdom on their lap, and one with widespread wisdom. And who is the individual with upside-down wisdom? It’s an individual who often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. But even while sitting there, that person doesn’t apply the mind to the beginning, middle, or end of the discussion. And when they rise from their seat, they don’t apply the mind to the beginning, middle, or end of the discussion. It’s like when a pot full of water is tipped over, so the water drains out and doesn’t stay. In the same way, an individual often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. But even while sitting there, that person doesn’t apply the mind to the discussion in the beginning, middle, or end. And when they rise from their seat, they don’t apply the mind to the beginning, middle, or end of the discussion. This is called an individual with upside-down wisdom. And who is the individual with wisdom on their lap? It’s an individual who often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. While sitting there, that person applies the mind to the discussion in the beginning, middle, and end. But when they rise from their seat, they don’t apply the mind to the beginning, middle, or end of the discussion. It’s like a person who has different kinds of food crammed on their lap— such as sesame, rice, sweets, or jujube— so that if they rise from the seat without mindfulness, everything gets scattered. In the same way, an individual often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. While sitting there, that person applies the mind to the discussion in the beginning, middle, and end. But when they rise from their seat, they don’t apply the mind to the beginning, middle, or end of the discussion. This is called an individual with wisdom on their lap. And who is the individual with widespread wisdom? It’s an individual who often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. While sitting there, they apply the mind to the discussion in the beginning, middle, and end. And when they rise from their seat, they continue to apply the mind to the beginning, middle, or end of the discussion. It’s like when a pot full of water is set straight, so the water stays and doesn’t drain out. In the same way, an individual often goes to the monastery to hear the teaching in the presence of the mendicants. The mendicants teach them Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And they reveal a spiritual practice that’s entirely full and pure. While sitting there, they apply the mind to the discussion in the beginning, middle, and end. And when they rise from their seat, they continue to apply the mind to the beginning, middle, or end of the discussion. This is called an individual with widespread wisdom. These are the three individuals found in the world. A person with upside-down wisdom, is a simpleton and cannot see, and even if they frequently go into the mendicants’ presence, such a person can’t learn the beginning, middle, or end of the discussion, for their wisdom is lacking. the individual with wisdom on their lap is better than that, it’s said; but even if they frequently go into the mendicants’ presence, such a person can only learn the beginning, middle, and end while sitting in that seat; but they’ve only grasped the phrasing, for when they rise their understanding fails, and what they’ve learned is lost. The person with widespread wisdom is better than that, it’s said; and if they, too, frequently go into the mendicants’ presence, one such can learn the beginning, middle, and end while sitting in that seat; and when they’ve grasped the phrasing, they remember it with the best of intentions. That peaceful-hearted man, practicing in line with the teaching, would make an end of suffering.”
၄။ ဒေဝဒူတဝဂ္ဂေါ
၁။သဗြဟ္မကသုတ္တံ
၃၁။ ‘‘သဗြဟ္မကာနိ, ဘိက္ခဝေ, တာနိ ကုလာနိ ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။ သပုဗ္ဗာစရိယကာနိ, ဘိက္ခဝေ, တာနိ ကုလာနိ ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။ သာဟုနေယျာနိ, ဘိက္ခဝေ, တာနိ ကုလာနိ ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။ ‘ဗြဟ္မာ’တိ, ဘိက္ခဝေ, မာတာပိတူနံ ဧတံ အဓိဝစနံ။ ‘ပုဗ္ဗာစရိယာ’တိ, ဘိက္ခဝေ, မာတာပိတူနံ ဧတံ အဓိဝစနံ။ ‘အာဟုနေယျာ’တိ, ဘိက္ခဝေ, မာတာပိတူနံ ဧတံ အဓိဝစနံ။ တံ ကိဿ ဟေတု? ဗဟုကာရာ, ဘိက္ခဝေ, မာတာပိတရော ပုတ္တာနံ, အာပါဒကာ ပေါသကာ, ဣမဿ လောကဿ ဒဿေတာရောတိ။
‘‘ဗြဟ္မာတိ မာတာပိတရော, ပုဗ္ဗာစရိယာတိ ဝုစ္စရေ၊
အာဟုနေယျာ စ ပုတ္တာနံ, ပဇာယ အနုကမ္ပကာ။
‘‘တသ္မာ ဟိ နေ နမဿေယျ, သက္ကရေယျ စ ပဏ္ဍိတော၊
အန္နေန အထ ပါနေန, ဝတ္ထေန သယနေန စ၊
ဥစ္ဆာဒနေန နှာပနေန [နဟာပနေန (သီ။)], ပါဒါနံ ဓောဝနေန စ။
‘‘တာယ နံ ပါရိစရိယာယ, မာတာပိတူသု ပဏ္ဍိတာ၊
ဣဓေဝ [ဣဓ စေဝ (သီ။)] နံ ပသံသန္တိ, ပေစ္စ သဂ္ဂေ ပမောဒတီ’’တိ [သဂ္ဂေ စ မောဒတီတိ (သီ။) ဣတိဝု။ ၁၀၆ ဣတိဝုတ္တကေ]။ ပဌမံ၊
၄-ဒေဝဒူတဝဂ် ၁-သဗြဟ္မကသုတ် ၃၁။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် “ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် “လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် “အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။ အမိအဖတို့ကို သားသမီးတို့၏ “ဗြဟ္မာ”ဟူ၍လည်းကောင်း၊ “လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ “အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဥ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။ ပဌမသုတ်။
Numbered Discourses 3.31 4. Messengers of the Gods With Divinity “Mendicants, a family where the children honor their parents in their home is said to live with divinity. A family where the children honor their parents in their home is said to live with the first tutors. A family where the children honor their parents in their home is said to live with those worthy of offerings dedicated to the gods. ‘Divinity’ is a term for your parents. ‘First tutors’ is a term for your parents. ‘Worthy of offerings dedicated to the gods’ is a term for your parents. Why is that? Parents are very helpful to their children, they raise them, nurture them, and show them the world. Parents are said to be ‘divinity’ and ‘first tutors’, it’s said. They’re worthy of offerings dedicated to the gods <j>from their children, for they love their offspring. Therefore an astute person would revere them and honor them with food and drink, clothes and bedding, anointing and bathing, and by washing their feet. Because they look after their parents like this, in this life they’re praised by the astute, and they depart to rejoice in heaven.”
၂။ အာနန္ဒသုတ္တံ
၃၂။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –
‘‘သိယာ နု ခေါ, ဘန္တေ, ဘိက္ခုနော တထာရူပေါ သမာဓိပဋိလာဘော ယထာ ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု၊ ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’’တိ? ‘‘သိယာ, အာနန္ဒ, ဘိက္ခုနော တထာရူပေါ သမာဓိပဋိလာဘော ယထာ ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု၊ ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’’တိ။
‘‘ယထာ ကထံ ပန, ဘန္တေ, သိယာ ဘိက္ခုနော တထာရူပေါ သမာဓိပဋိလာဘော ယထာ ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု၊ ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’’တိ?
‘‘ဣဓာနန္ဒ, ဘိက္ခုနော ဧဝံ ဟောတိ – ‘ဧတံ သန္တံ ဧတံ ပဏီတံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာန’န္တိ။ ဧဝံ ခေါ, အာနန္ဒ, သိယာ ဘိက္ခုနော တထာရူပေါ သမာဓိပဋိလာဘော ယထာ ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ နာဿု၊ ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရေယျာ’’တိ။
‘‘ဣဒဉ္စ ပန မေတံ, အာနန္ဒ, သန္ဓာယ ဘာသိတံ ပါရာယနေ ပုဏ္ဏကပဉှေ –
‘‘သင်္ခါယ လောကသ္မိံ ပရောပရာနိ [ပရောဝရာနိ (သီ။ ပီ။) သု။ နိ။ ၁၀၅၄၊ စူဠနိ။ ပုဏ္ဏကမာဏဝပုစ္ဆာ ၇၃],
ယဿိဉ္ဇိတံ နတ္ထိ ကုဟိဉ္စိ လောကေ၊
သန္တော ဝိဓူမော အနီဃော [အနိဃော (သီ။ သျာ။ ကံ။ ပီ။), အနဃော (?)] နိရာသော,
အတာရိ သော ဇာတိဇရန္တိ ဗြူမီ’’တိ။ ဒုတိယံ၊
၂-အာနန္ဒ္ဒသုတ် ၃၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဥ် ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်း အရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘော ရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာပါသလော”ဟု လျှောက်၏။ အာနန္ဒာ အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဥ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင့်းအရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဥ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘောရှိသော သမာဓိကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်ရာပါအံ့နည်း”ဟု (လျှောက်ပြန်၏)။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား ပြုပြင်စီရင်တတ်သော သင်္ခါရတရား အားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာကုန်ခန်းရာ တပ်မက်ခြင်းကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏၊ ထို နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထို နိဗ္ဗာန်သည် မွန်မြတ်၏ဟု ဤသိုု့သော အကြံဖြစ်၏၊ အာနန္ဒာ ဤသို့သာလျှင် အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဥ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အာနန္ဒာ ဤနိဗ္ဗာန်ကို ရည်ရွယ်၍ ပါရာယနဝဂ်တွင် ပုဏ္ဏကလုလင်၏ အမေး ပုစ္ဆာ၌ ဤသို့ ငါဟောခဲ့၏- “လောက၌ သူတစ်ပါးခန္ဓာကိုယ် မိမိခန္ဓာကိုယ်တို့ကို (ပညာဖြင့်) ဆင်ခြင်မိသောကြောင့် အကြင် ရဟန္တာပုဂ္ဂိုလ်အား လောကဝယ် တစ်စုံတစ်ခုသော အာရုံ၌ တုန်လှုပ်ခြင်း မရှိ၊ ငြိမ်းအေး၏၊ အခိုးအငွေ့ကင်း၏၊ ဆင်းရဲခြင်းကင်း၏၊ တပ်မက်ခြင်း ကင်း၏၊ ထို ရဟန္တာ ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းကို ကူးမြောက်ပြီးသူဟု (ငါ) ဆို၏”ဟု ငါဟောထားခဲ့၏။ ဒုတိယသုတ်။
Numbered Discourses 3.32 4. Messengers of the Gods With Ānanda Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Could it be, sir, that a mendicant might gain a state of immersion such that there’s no I-making, mine-making, or underlying tendency to conceit for this conscious body; and no I-making, mine-making, or underlying tendency to conceit for externally for all signs; and that they’d live having attained the freedom of heart and freedom by wisdom where I-making, mine-making, and the underlying tendency to conceit are no more?” “It could be, Ānanda, that a mendicant gains a state of immersion such that they have no I-making, mine-making, or underlying tendency to conceit for this conscious body; and no I-making, mine-making, or underlying tendency to conceit for externally for all signs; and that they’d live having attained the freedom of heart and freedom by wisdom where I-making, mine-making, and the underlying tendency to conceit are no more.” “But how could this be, sir?” “Ānanda, it’s when a mendicant thinks: ‘This is peaceful; this is sublime—that is, the stilling of all activities, the letting go of all attachments, the ending of craving, fading away, cessation, extinguishment.’ That’s how, Ānanda, a mendicant might gain a state of immersion such that there’s no I-making, mine-making, or underlying tendency to conceit for this conscious body; and no I-making, mine-making, or underlying tendency to conceit for externally for all signs; and that they’d live having achieved the freedom of heart and freedom by wisdom where I-making, mine-making, and the underlying tendency to conceit are no more. And Ānanda, this is what I was referring to in ‘The Way to the Far Shore’, in ‘The Questions of Puṇṇaka’ when I said: ‘Having appraised the world high and low, there is nothing in the world that disturbs them. Peaceful, unclouded, untroubled, <j>with no need for hope— they’ve crossed over rebirth and old age, I declare.’”
၃။ သာရိပုတ္တသုတ္တံ
၃၃။ အထ ခေါ အာယသ္မာ သာရိပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ သာရိပုတ္တံ ဘဂဝါ ဧတဒဝေါစ – ‘‘သံခိတ္တေနပိ ခေါ အဟံ, သာရိပုတ္တ, ဓမ္မံ ဒေသေယျံ၊ ဝိတ္ထာရေနပိ ခေါ အဟံ, သာရိပုတ္တ, ဓမ္မံ ဒေသေယျံ၊ သံခိတ္တဝိတ္ထာရေနပိ ခေါ အဟံ, သာရိပုတ္တ, ဓမ္မံ ဒေသေယျံ၊ အညာတာရော စ ဒုလ္လဘာ’’တိ။ ‘‘ဧတဿ, ဘဂဝါ, ကာလော, ဧတဿ, သုဂတ, ကာလော ယံ ဘဂဝါ သံခိတ္တေနပိ ဓမ္မံ ဒေသေယျ, ဝိတ္ထာရေနပိ ဓမ္မံ ဒေသေယျ, သံခိတ္တဝိတ္ထာရေနပိ ဓမ္မံ ဒေသေယျ။ ဘဝိဿန္တိ ဓမ္မဿ အညာတာရော’’တိ။
‘‘တသ္မာတိဟ, သာရိပုတ္တ, ဧဝံ သိက္ခိတဗ္ဗံ – ‘ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဘဝိဿန္တိ, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဘဝိဿန္တိ, ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ခေါ, သာရိပုတ္တ, သိက္ခိတဗ္ဗံ။
‘‘ယတော စ ခေါ, သာရိပုတ္တ, ဘိက္ခုနော ဣမသ္မိဉ္စ သဝိညာဏကေ ကာယေ အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ, ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ, ယဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတော အဟင်္ကာရမမင်္ကာရမာနာနုသယာ န ဟောန္တိ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဝုစ္စတိ, သာရိပုတ္တ – ‘ဘိက္ခု အစ္ဆေစ္ဆိ [အစ္ဆေဇ္ဇိ (သျာ။ ကံ။ က။)] တဏှံ, ဝိဝတ္တယိ [ဝါဝတ္တယိ (သီ။ ပီ။)] သံယောဇနံ, သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿ’။ ဣဒဉ္စ ပန မေတံ, သာရိပုတ္တ, သန္ဓာယ ဘာသိတံ ပါရာယနေ [ပါရာယဏေ (သီ။)] ဥဒယပဉှေ –
‘‘ပဟာနံ ကာမသညာနံ, ဒေါမနဿာန စူဘယံ၊
ထိနဿ စ ပနူဒနံ, ကုက္ကုစ္စာနံ နိဝါရဏံ။
‘‘ဥပေက္ခာသတိသံသုဒ္ဓံ, ဓမ္မတက္ကပုရေဇဝံ၊
အညာဝိမောက္ခံ ပဗြူမိ, အဝိဇ္ဇာယ ပဘေဒန’’န္တိ [သု။ နိ။ ၁၁၁၂၊ စူဠနိ။ ဥဒယမာဏဝပုစ္ဆာ ၁၃၁]။ တတိယံ၊
၃-သာရိပုတ္တသုတ် ၃၃။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် “သာရိပုတြာ ငါသည် အကျဥ်းအားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျယ် အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျဥ်းအကျယ်အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်လည်း ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့ကို ရခဲကုန်၏”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် အကျဥ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်လည်းကောင်း၊ အကျဥ်းအကျယ် အားဖြင့်လည်းကောင်း တရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်တရားတော်ကို ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့သည် ရှိကြပါလိမ့်မည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်း။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်းဟု (လျှောက်၏)။ သာရိပုတြာ သို့ဖြစ်လျှင် ဤသာသနာတော်၌ “ဝိညာဥ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေကုန်အံ့”ဟု ဤသို့ ကျင့်ရမည်။ သာရိပုတြာ ဤသို့သာလျှင် ကျင့်ရ မည်။ သာရိပုတြာ ရဟန်းအား အကြင် အခါမှ စ၍ ဝိညာဥ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေ၏။ သာရိပုတြာ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူဟူ၍လည်းကောင်း၊ သံယောဇဥ်ကို လွန်မြောက်ပြီးသူဟူ၍လည်းကောင်း၊ မာနကို ကောင်းစွာ ပယ်ခြင်းကြောင့် ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍လည်းကောင်း ဆိုအပ်၏။ သာရိပုတြာ ဤသဘောတရားကို ရည်ရွယ်၍ပါရာယနဝဂ်တွင် ဥဒယလုလင်၏ အမေးပုစ္ဆာ၌ ငါ ဟောထားခဲ့၏- “ကာမသညာနှင့် ဒေါမနဿ ဤနှစ်ပါးစုံကို ပယ်ရှားတတ်သော၊ ထိနတရားကို ပယ်နုတ်တတ်သော၊ ကုက္ကုစ္စတရားတို့ကို ပိတ်ပင်တားမြစ်တတ်သော၊ ဥပေက္ခာနှင့် သတိ၏ စင်ကြယ်ခြင်းရှိသော၊ သမ္မာသင်္ကပ္ပလျှင် ရှေ့သွားရှိသော၊ အဝိဇ္ဇာတရားကို ပယ်ဖျက်တတ်သော အရဟတ္တဖိုလ်ကို အညာဝိမောက္ခမည်၏ဟူ၍ (ငါ) ဆို၏”ဟု ငါဟောထားခဲ့၏။ တတိယသုတ်။
Numbered Discourses 3.33 4. Messengers of the Gods With Sāriputta Then Venerable Sāriputta went up to the Buddha, bowed, and sat down to one side. The Buddha said to him, “Maybe I’ll teach Dhamma in brief, maybe in detail, maybe both in brief and in detail. But it’s hard to find anyone who understands.” “Now is the time, Blessed One! Now is the time, Holy One! Let the Buddha teach Dhamma in brief, in detail, and both in brief and in detail. There will be those who understand the teaching!” “So, Sāriputta, you should train like this: ‘There’ll be no I-making, mine-making, or underlying tendency to conceit for this conscious body; and no I-making, mine-making, or underlying tendency to conceit externally for all signs; and we’ll live having achieved the freedom of heart and freedom by wisdom where I-making, mine-making, and the underlying tendency to conceit are no more.’ That’s how you should train. When a mendicant has no I-making, mine-making, or underlying tendency to conceit for this conscious body; and no I-making, mine-making, or underlying tendency to conceit externally for all signs; and they live having attained the freedom of heart and freedom by wisdom where I-making, mine-making, and the underlying tendency to conceit are no more— they’re called a mendicant who has cut off craving, cast off the fetters, and by rightly comprehending conceit has made an end of suffering. And Sāriputta, this is what I was referring to in ‘The Way to the Far Shore’, in ‘The Questions of Udaya’ when I said: ‘The giving up of both sensual desires and displeasures, the casting aside of dullness, and the prevention of remorse; pure equanimity and mindfulness, preceded by investigation of principles— this, I declare, is liberation by enlightenment, the smashing of ignorance.’”
၄။ နိဒါနသုတ္တံ
၃၄။ ‘‘တီဏိမာနိ, ဘိက္ခဝေ, နိဒါနာနိ ကမ္မာနံ သမုဒယာယ။ ကတမာနိ တီဏိ? လောဘော နိဒါနံ ကမ္မာနံ သမုဒယာယ, ဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ, မောဟော နိဒါနံ ကမ္မာနံ သမုဒယာယ။
‘‘ယံ, ဘိက္ခဝေ, လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ, ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ, ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ [ဥပပဇ္ဇေ ဝါ (သီ။ သျာ။ ကံ။) ဥပပဇ္ဇိတွာတိ မ။ နိ။ ၃။၃၀၃ ပါဠိယာ သံဝဏ္ဏနာ] အပရေ ဝါ [အပရာပရေ ဝါ (က။)] ပရိယာယေ။
‘‘ယံ, ဘိက္ခဝေ, ဒေါသပကတံ ကမ္မံ ဒေါသဇံ ဒေါသနိဒါနံ ဒေါသသမုဒယံ, ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ, ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘ယံ, ဘိက္ခဝေ, မောဟပကတံ ကမ္မံ မောဟဇံ မောဟနိဒါနံ မောဟသမုဒယံ, ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ, ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘သေယျထာပိ, ဘိက္ခဝေ, ဗီဇာနိ အခဏ္ဍာနိ အပူတီနိ အဝါတာတပဟတာနိ သာရာဒါနိ သုခသယိတာနိ သုခေတ္တေ သုပရိကမ္မကတာယ ဘူမိယာ နိက္ခိတ္တာနိ။ ဒေဝေါ စ သမ္မာဓာရံ အနုပ္ပဝေစ္ဆေယျ။ ဧဝဿု တာနိ, ဘိက္ခဝေ, ဗီဇာနိ ဝုဒ္ဓိံ ဝိရုဠှိံ ဝေပုလ္လံ အာပဇ္ဇေယျုံ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယံ လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ, ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ, ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။
‘‘ယံ ဒေါသပကတံ ကမ္မံ…ပေ… ယံ မောဟပကတံ ကမ္မံ မောဟဇံ မောဟနိဒါနံ မောဟသမုဒယံ, ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ, ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ နိဒါနာနိ ကမ္မာနံ သမုဒယာယ။
‘‘တီဏိမာနိ, ဘိက္ခဝေ, နိဒါနာနိ ကမ္မာနံ သမုဒယာယ။ ကတမာနိ တီဏိ? အလောဘော နိဒါနံ ကမ္မာနံ သမုဒယာယ, အဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ, အမောဟော နိဒါနံ ကမ္မာနံ သမုဒယာယ။
‘‘ယံ, ဘိက္ခဝေ, အလောဘပကတံ ကမ္မံ အလောဘဇံ အလောဘနိဒါနံ အလောဘသမုဒယံ, လောဘေ ဝိဂတေ ဧဝံ တံ ကမ္မံ ပဟီနံ ဟောတိ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝင်္ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။
‘‘ယံ, ဘိက္ခဝေ, အဒေါသပကတံ ကမ္မံ အဒေါသဇံ အဒေါသနိဒါနံ အဒေါသသမုဒယံ, ဒေါသေ ဝိဂတေ ဧဝံ တံ ကမ္မံ ပဟီနံ ဟောတိ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝင်္ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။
‘‘ယံ, ဘိက္ခဝေ, အမောဟပကတံ ကမ္မံ အမောဟဇံ အမောဟနိဒါနံ အမောဟသမုဒယံ, မောဟေ ဝိဂတေ ဧဝံ တံ ကမ္မံ ပဟီနံ ဟောတိ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝင်္ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။
‘‘သေယျထာပိ, ဘိက္ခဝေ, ဗီဇာနိ အခဏ္ဍာနိ အပူတီနိ အဝါတာတပဟတာနိ သာရာဒါနိ သုခသယိတာနိ။ တာနိ ပုရိသော အဂ္ဂိနာ ဍဟေယျ။ အဂ္ဂိနာ ဍဟိတွာ မသိံ ကရေယျ။ မသိံ ကရိတွာ မဟာဝါတေ ဝါ ဩဖုဏေယျ [ဩပုနေယျ (သီ။ ပီ။)] နဒိယာ ဝါ သီဃသောတာယ ပဝါဟေယျ။ ဧဝဿု တာနိ, ဘိက္ခဝေ, ဗီဇာနိ ဥစ္ဆိန္နမူလာနိ တာလာဝတ္ထုကတာနိ အနဘာဝင်္ကတာနိ [အနဘာဝကတာနိ (သီ။ ပီ။)] အာယတိံ အနုပ္ပါဒဓမ္မာနိ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယံ အလောဘပကတံ ကမ္မံ အလောဘဇံ အလောဘနိဒါနံ အလောဘသမုဒယံ, လောဘေ ဝိဂတေ ဧဝံ တံ ကမ္မံ ပဟီနံ ဟောတိ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝင်္ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။
‘‘ယံ အဒေါသပကတံ ကမ္မံ…ပေ… ယံ အမောဟပကတံ ကမ္မံ အမောဟဇံ အမောဟနိဒါနံ အမောဟသမုဒယံ, မောဟေ ဝိဂတေ ဧဝံ တံ ကမ္မံ ပဟီနံ ဟောတိ…ပေ… အာယတိံ အနုပ္ပါဒဓမ္မံ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ နိဒါနာနိ ကမ္မာနံ သမုဒယာယာ’’တိ။
‘‘လောဘဇံ ဒေါသဇဉ္စေဝ [ဒေါသဇံ ကမ္မံ (က။)], မောဟဇဉ္စာပဝိဒ္ဒသု၊
ယံ တေန ပကတံ ကမ္မံ, အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ၊
ဣဓေဝ တံ ဝေဒနိယံ, ဝတ္ထု အညံ န ဝိဇ္ဇတိ။
‘‘တသ္မာ လောဘဉ္စ ဒေါသဉ္စ, မောဟဇဉ္စာပိ ဝိဒ္ဒသု၊
ဝိဇ္ဇံ ဥပ္ပါဒယံ ဘိက္ခု, သဗ္ဗာ ဒုဂ္ဂတိယော ဇဟေ’’တိ။ စတုတ္ထံ၊
၄-နိဒါနသုတ် ၃၄။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- လောဘသည် ကံံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ ဒေါသသည် ကံံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ မောဟသည် ကံံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ လောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏၊ ဒေါသလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ ဒေါသလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ မောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက် ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ကို ကောင်းသော လယ်ယာ၌ ကောင်းစွာ ပြုပြင်အပ်သော မြေ၌ ကြဲချအပ်ကုန်၏၊ မိုးသည်လည်းကောင်း စွာ ရေအလျဥ်ကို သွန်းလောင်း ‘ရွာချ’ ရာ၏၊ ဤသို့ ဖြစ်လတ်သော် ထို မျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာ သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ လောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏။ပ။ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ မောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌ သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏အကျိုးကို ခံစားရ၏။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အလောဘသည် ကံံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ အဒေါသသည် ကံံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ အမောဟသည် ကံံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အလောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အဒေါသသည် ပြုအပ်၏၊ အဒေါသကြောင့် ဖြစ်၏၊ အဒေါသလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အဒေါသလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ ဒေါသကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အမောဟလျှင် ဖြစ်ကြောင်း ‘သမုဒယ’ ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ မကွဲ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ ရှိကုန်၏၊ ထို မျိုးစေ့တို့ကိို ယောကျာ်းသည် မီးဖြင့် တိုက်ငြားအံ့၊ မီးတိုက်၍ မီးသွေး (ဖြစ်အောင်) ပြုငြားအံ့၊ မီးသွေးပြုလုပ်ပြီး၍ ပြင်းထန်သော လေ၌မူလည်း လွင့်ငြားအံ့၊ ရေစီးသန်သော မြစ်၌မူလည်း မျှောငြားအံ့၊ ရဟန်းတို့ ဤသို့ ပြုအပ်သော် ထို မျိုးစေ့တို့သည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး, အသစ်မဖြစ်ခြင်းကို ပြုပြီး, နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီး ဖြစ်ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အလောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိ။ အကြင် ကံကို အဒေါသသည် ပြုအပ်၏။ပ။ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အမောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီး ဖြစ်၏။ပ။ နောင်အခါ ဖြစ်ပေါ်ခြင်းသဘောမရှိ။ ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ပညာမဲ့သော သူမိုက်သည်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လောဘကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ ဒေါသကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း ပြုလုပ်၏၊ ထိုသူမိုက်သည် ထို ကံကို ဤမိမိအတ္တဘော၌ပင်လျှင် ခံစားအပ်၏၊ ထို ကံ၏ တစ်ပါးသော တည်ရာသည် မရှိ။ ထို့ကြောင့် ပညာရှိသော ရဟန်းသည် လောဘကြောင့် ဖြစ်သော ကံကိုလည်းကောင်း၊ ဒေါသကြောင့့်ဖြစ်သော ကံကိုလည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုလည်းကောင်း (မပြုတော့ချေ)၊ ထိုရဟန်းသည် အရဟတ္တမဂ် (ဝိဇ္ဇာ) ကို ဖြစ်စေလျက် ဒုဂ္ဂတိဘဝအားလုံးတို့ကို ပယ်စွန့်တော်မူ၏။ စတုတ္ထသုတ်။
Numbered Discourses 3.34 4. Messengers of the Gods Sources “Mendicants, there are these three sources that give rise to deeds. What three? Greed, hate, and delusion are sources that give rise to deeds. Any deed that emerges from greed—born, sourced, and originated from greed—ripens where that new incarnation is born. And wherever that deed ripens, its result is experienced—either in the present life, or in the next life, or in some subsequent period. Any deed that emerges from hate—born, sourced, and originated from hate—ripens where that new incarnation is born. And wherever that deed ripens, its result is experienced—either in the present life, or in the next life, or in some subsequent period. Any deed that emerges from delusion—born, sourced, and originated from delusion—ripens where that new incarnation is born. And wherever that deed ripens, its result is experienced—either in the present life, or in the next life, or in some subsequent period. Suppose some seeds were intact, unspoiled, not weather-damaged, fertile, and well-kept. They’re sown in a well-prepared, productive field, and the heavens provide plenty of rain. Then those seeds would grow, increase, and mature. In the same way, any deed that emerges from greed—born, sourced, and originated from greed—ripens where that new incarnation is born. And wherever that deed ripens, its result is experienced—either in the present life, or in the next life, or in some subsequent period. Any deed that emerges from hate … Any deed that emerges from delusion—born, sourced, and originated from delusion—ripens where that new incarnation is born. And wherever that deed ripens, its result is experienced—either in the present life, or in the next life, or in some subsequent period. These are three sources that give rise to deeds. Mendicants, there are these three sources that give rise to deeds. What three? Contentment, love, and understanding are sources that give rise to deeds. Any deed that emerges from contentment—born, sourced, and originated from contentment—is given up when greed is done away with. It’s cut off at the root, made like a palm stump, obliterated, and unable to arise in the future. Any deed that emerges from love—born, sourced, and originated from love—is abandoned when hate is done away with. It’s cut off at the root, made like a palm stump, obliterated, and unable to arise in the future. Any deed that emerges from understanding—born, sourced, and originated from understanding—is abandoned when delusion is done away with. It’s cut off at the root, made like a palm stump, obliterated, and unable to arise in the future. Suppose some seeds were intact, unspoiled, not damaged by wind and sun, fertile, and well-kept. But someone would burn them with fire, reduce them to ashes, and whisk away the ashes in a strong wind, or glide them down a swift stream. Then those seeds would be cut off at the root, made like a palm stump, obliterated, and unable to arise in the future. In the same way, any deed that emerges from contentment—born, sourced, and originated from contentment—is abandoned when greed is done away with. It’s cut off at the root, made like a palm stump, obliterated, and unable to arise in the future. Any deed that emerges from love … Any deed that emerges from understanding—born, sourced, and originated from understanding—is abandoned when delusion is done away with. It’s cut off at the root, made like a palm stump, obliterated, and unable to arise in the future. These are three sources that give rise to deeds. When an ignorant person acts out of greed, hate, or delusion, any deeds they have done, a little or a lot, are to be experienced right here, not in any other place. So a wise person, a mendicant arousing knowledge of the outcome of greed, hate, and delusion, would abandon all bad destinies.”
၅။ ဟတ္ထကသုတ္တံ
၃၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ ဂေါမဂ္ဂေ သိံသပါဝနေ ပဏ္ဏသန္ထရေ။ အထ ခေါ ဟတ္ထကော အာဠဝကော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော အဒ္ဒသ ဘဂဝန္တံ ဂေါမဂ္ဂေ သိံသပါဝနေ ပဏ္ဏသန္ထရေ နိသိန္နံ။ ဒိသွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဟတ္ထကော အာဠဝကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကစ္စိ, ဘန္တေ, ဘဂဝါ သုခမသယိတ္ထာ’’တိ? ‘‘ဧဝံ, ကုမာရ, သုခမသယိတ္ထံ။ ယေ စ ပန လောကေ သုခံ သေန္တိ, အဟံ တေသံ အညတရော’’တိ။
‘‘သီတာ, ဘန္တေ, ဟေမန္တိကာ ရတ္တိ, အန္တရဋ္ဌကော ဟိမပါတသမယော, ခရာ ဂေါကဏ္ဋကဟတာ ဘူမိ, တနုကော ပဏ္ဏသန္ထရော, ဝိရဠာနိ ရုက္ခဿ ပတ္တာနိ, သီတာနိ ကာသာယာနိ ဝတ္ထာနိ, သီတော စ ဝေရမ္ဘော ဝါတော ဝါယတိ။ အထ စ ပန ဘဂဝါ ဧဝမာဟ – ‘ဧဝံ, ကုမာရ, သုခမသယိတ္ထံ။ ယေ စ ပန လောကေ သုခံ သေန္တိ, အဟံ တေသံ အညတရော’’’တိ။
‘‘တေန ဟိ, ကုမာရ, တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ။ ယထာ တေ ခမေယျ တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ, ကုမာရ, ဣဓဿ ဂဟပတိဿ ဝါ ဂဟပတိပုတ္တဿ ဝါ ကူဋာဂါရံ ဥလ္လိတ္တာဝလိတ္တံ နိဝါတံ ဖုသိတဂ္ဂဠံ ပိဟိတဝါတပါနံ။ တတြဿ ပလ္လင်္ကော ဂေါနကတ္ထတော ပဋိကတ္ထတော ပဋလိကတ္ထတော ကဒလိမိဂပဝရပစ္စတ္ထရဏော [ကာဒလိမိဂပဝရပစ္စတ္ထရဏော (သီ။)] သဥတ္တရစ္ဆဒေါ ဥဘတော လောဟိတကူပဓာနော၊ တေလပ္ပဒီပေါ စေတ္ထ ဈာယေယျ [ဇာလေယျ (က။)]၊ စတဿော စ [တဿေဝ (က။)] ပဇာပတိယော မနာပါမနာပေန ပစ္စုပဋ္ဌိတာ အဿု။ တံ ကိံ မညသိ, ကုမာရ, သုခံ ဝါ သော သယေယျ နော ဝါ? ကထံ ဝါ တေ ဧတ္ထ ဟောတီ’’တိ? ‘‘သုခံ သော, ဘန္တေ, သယေယျ။ ယေ စ ပန လောကေ သုခံ သေန္တိ, သော တေသံ အညတရော’’တိ။
‘‘တံ ကိံ မညသိ, ကုမာရ, အပိ နု တဿ ဂဟပတိဿ ဝါ ဂဟပတိပုတ္တဿ ဝါ ဥပ္ပဇ္ဇေယျုံ ရာဂဇာ ပရိဠာဟာ ကာယိကာ ဝါ စေတသိကာ ဝါ ယေဟိ သော ရာဂဇေဟိ ပရိဠာဟေဟိ ပရိဍယှမာနော ဒုက္ခံ သယေယျာ’’တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘ယေဟိ ခေါ သော, ကုမာရ, ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ ရာဂဇေဟိ ပရိဠာဟေဟိ ပရိဍယှမာနော ဒုက္ခံ သယေယျ, သော ရာဂေါ တထာဂတဿ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော။ တသ္မာဟံ သုခမသယိတ္ထံ။
‘‘တံ ကိံ မညသိ, ကုမာရ, အပိ နု တဿ ဂဟပတိဿ ဝါ ဂဟပတိပုတ္တဿ ဝါ ဥပ္ပဇ္ဇေယျုံ ဒေါသဇာ ပရိဠာဟာ…ပေ… မောဟဇာ ပရိဠာဟာ ကာယိကာ ဝါ စေတသိကာ ဝါ ယေဟိ သော မောဟဇေဟိ ပရိဠာဟေဟိ ပရိဍယှမာနော ဒုက္ခံ သယေယျာ’’တိ? ‘‘ဧဝံ, ဘန္တေ’’တိ။
‘‘ယေ ဟိ ခေါ သော, ကုမာရ, ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ မောဟဇေဟိ ပရိဠာဟေဟိ ပရိဍယှမာနော ဒုက္ခံ သယေယျ, သော မောဟော တထာဂတဿ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော။ တသ္မာဟံ သုခမသယိတ္ထ’’န္တိ။
[စူဠဝ။ ၃၀၅၊ သံ။ နိ။ ၁။၂၄၂] ‘‘သဗ္ဗဒါ ဝေ သုခံ သေတိ, ဗြာဟ္မဏော ပရိနိဗ္ဗုတော၊
ယော န လိမ္ပတိ [လိပ္ပတိ (သီ။ သျာ။ ကံ။ က။)] ကာမေသု, သီတိဘူတော နိရူပဓိ။
‘‘သဗ္ဗာ အာသတ္တိယော ဆေတွာ, ဝိနေယျ ဟဒယေ ဒရံ၊
ဥပသန္တော သုခံ သေတိ, သန္တိံ ပပ္ပုယျ စေတသော’’တိ။ ပဉ္စမံ၊
၅-ဟတ္ထကသုတ် ၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် နွားတို့ သွားလာရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟတ္ထက အာဠဝကမင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ နွားတို့ သွားလာရာလမ်း ခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အသို့နည်း၊ မြတ်စွာဘုရားသည် ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော”ဟု လျှောက်၏။ မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ မင်းသား လောက၌ ချမ်းသာစွာ အိပ်စက်ကြရသော သူတို့တွင် ငါသည်လည်း တစ်ဦး အပါအဝင် ဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဆောင်းရာသီညဥ့်ဖြစ်၍ ချမ်းအေးလှပါ၏၊ (တပို့တွဲနှင့် တပေါင်းအကူး) ကြား ရှစ်ရက်သည် ဆီးနှင်းများကျသော အခါဖြစ်ပါ၏၊ မြေပြင်သည် နွားခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏၊ သစ်ရွက်အခင်းလည်း ပါးလှပါ၏၊ သစ်ပင်၏ အရွက်တို့လည်း ကျဲလှပါကုန်၏၊ သင်္ကန်းတော်များလည်း အေးလှပါကုန်၏၊ အရပ်လေးမျက်နှာမှ လာသော အေးသော လေသည်လည်း တိုက်ခတ်နေပါသည်၊ ထိုသို့ ဖြစ်ပါလျက် “မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ကြရ သော သူတို့တွင် ငါသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏”ဟု ဤစကားကို မိန့်ဆိုတော်မူနိုင်ပေ၏ဟု လျှောက်၏။ မင်းသား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကို ပြန်မေးအံ့၊ သင် သဘောကျအတိုင်းသာ ဖြေဆိုလော့။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤလောက၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း လေလုံသော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်သော စေ့စပ်သော တံခါး ပေါင် တံခါးရွက်ရှိသော လုံသော လေသာပြူတင်းရှိသော အထွတ်ထပ်သော အိမ်ကြီးအိမ်ကောင်းသည် ရှိရာ၏။ ထို အိမ်၌ အမွေးရှည်သော ကော်ဇောကြီးဖြင့် ခင်းထားအပ်သော၊ သားမွေးဖြူအခင်းဖြင့် ခင်း ထားအပ်သော၊ ရတနာစီခြယ်သော အခင်းဖြင့် ခင်းထားအပ်သော၊ မြတ်သော ဝံပိုင့်ရေအခင်းဖြင့် ခင်း ထားအပ်သော၊ မျက်နှာကြက်နှင့်တကွဖြစ်သော၊ အုံးနီနှစ်ဖက်ထားအပ်သော ပလ္လင်သည် ရှိရာ၏၊ ထို တိုက် အိမ်ကြီး၌ ဆီမီးကိုလည်း ထွန်းထားရာ၏၊ စိတ်နှလုံးကို နှစ်ခြိုက်စေနိုင်ကုန်သော လေးယောက်သော မယားတို့သည်လည်း နှစ်ခြိုက်ဖွယ် အမျိုးမျိုးတို့ဖြင့် ပြုစုလုပ်ကျွေးကုန်ရာ၏။ မင်းသား ထို အရာကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရာသလော၊ ချမ်းသာစွာ မအိပ်စက်ရာ သလော၊ ဤအရာ၌ သင် မည်သို့ သဘောရသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုသူကြွယ်သည် ချမ်းချမ်းသာသာ အိပ်စက်ရပါ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ရကုန်သော သူတို့တွင် ထိုသူကြွယ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ရာပါ၏ဟု (လျှောက်၏)။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ် သားအားလည်းကောင်း ရာဂကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့့်ပူလောင်သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။ မင်းသား ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို ရာဂကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း၊ ဒေါသကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်း။ပ။ မောဟကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင် သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။ မင်းသား မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော ထိုသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို မောဟကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီ။ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။ မကောင်းမှုကို အပပြုပြီးသော၊ ကိလေသာပရိနိဗ္ဗာန်ပြုပြီးသော၊ ကိလေသာ မရှိသဖြင့် ငြိမ်းအေးသော၊ ကိလေသာဥပဓိမရှိသော အကြင် ရဟန္တာပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ မလိမ်းကျံ။ ထို ရဟန္တာပုဂ္ဂိုလ်သည် အခါခပ်သိမ်း စင်စစ် ချမ်းသာ စွာ အိပ်ရ၏၊ အလုံးစုံသော တဏှာတို့ကို ပယ်ဖြတ်၍ စိတ်နှလုံး၌ ပူလောင်ခြင်းကို ငြိမ်းအေးစေပြီး၍ ငြိမ်းအေးသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ စိတ်ဖြင့် ရောက်၍ ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.35 4. Messengers of the Gods With Hatthaka So I have heard. At one time the Buddha was staying near Āḷavī, on a mat of leaves by a cow-path in a rosewood grove. Then as Hatthaka of Āḷavī was going for a walk he saw the Buddha sitting on that mat of leaves. He went up to the Buddha, bowed, sat down to one side, and said, “Sir, I trust the Buddha slept well?” “Yes, prince, I slept well. I am one of those who sleep at ease in the world.” “The winter nights are cold, sir, and it’s the week of mid-winter, when the snow falls. Rough is the ground trampled under the cows’ hooves, and thin is the mat of leaves. The leaves are sparse on the trees, the ocher robes are cold, and cold blows the north wind. And yet the Buddha says, ‘Yes, prince, I slept well. I am one of those who sleep at ease in the world.’” “Well then, prince, I’ll ask you about this in return, and you can answer as you like. What do you think? Take the case of a householder or his son, who lives in a bungalow, plastered inside and out, draft-free, with door fastened and window shuttered. His couch is spread with woolen covers—shag-piled, pure white, or embroidered with flowers—and spread with a fine deer hide. It has a canopy above and red pillows at both ends. An oil lamp is burning there, while his four wives attend to him in all manner of agreeable ways. What do you think, prince, would he sleep at ease, or not? Or how do you see this?” “He would sleep at ease, sir. Of those who sleep at ease in the world, he would be one.” “What do you think, prince? Is it not possible that a fever born of greed—physical or mental—might arise in that householder or householder’s son, burning him so he sleeps badly?” “Yes, sir.” “The greed that burns that householder or householder’s son, making them sleep badly, has been cut off at the root by the Realized One, made like a palm stump, obliterated, and unable to arise in the future. That’s why I sleep at ease. What do you think, prince? Is it not possible that a fever born of hate … or a fever born of delusion—physical or mental—might arise in that householder or householder’s son, burning him so he sleeps badly?” “Yes, sir.” “The delusion that burns that householder or householder’s son, making them sleep badly, has been cut off at the root by the Realized One, made like a palm stump, obliterated, and unable to arise in the future. That’s why I sleep at ease. A brahmin who is fully quenched always sleeps at ease. Sensual pleasures slip off them, they’re cooled, free of attachments. Since they’ve cut off all clinging, and removed the stress from the heart, the peaceful sleep at ease, having found peace of mind.”
၆။ ဒေဝဒူတသုတ္တံ
၃၆။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ဒေဝဒူတာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ, ဝါစာယ ဒုစ္စရိတံ စရိတွာ, မနသာ ဒုစ္စရိတံ စရိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ တမေနံ, ဘိက္ခဝေ, နိရယပါလာ နာနာဗာဟာသု ဂဟေတွာ ယမဿ ရညော ဒဿေန္တိ – ‘အယံ, ဒေဝ, ပုရိသော အမတ္တေယျော အပေတ္တေယျော အသာမညော အဗြဟ္မညော, န ကုလေ ဇေဋ္ဌာပစာယီ။ ဣမဿ ဒေဝေါ ဒဏ္ဍံ ပဏေတူ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ပဌမံ ဒေဝဒူတံ သမနုယုဉ္ဇတိ သမနုဂါဟတိ သမနုဘာသတိ – ‘အမ္ဘော, ပုရိသ, န တွံ အဒ္ဒသ မနုဿေသု ပဌမံ ဒေဝဒူတံ ပါတုဘူတ’န္တိ? သော ဧဝမာဟ – ‘နာဒ္ဒသံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, န တွံ အဒ္ဒသ မနုဿေသု ဣတ္ထိံ ဝါ ပုရိသံ ဝါ အာသီတိကံ ဝါ နာဝုတိကံ ဝါ ဝဿသတိကံ ဝါ [ပဿ မ။ နိ။ ၃။၂၆၃] ဇာတိယာ ဇိဏ္ဏံ ဂေါပါနသိဝင်္ကံ ဘောဂ္ဂံ ဒဏ္ဍပရာယဏံ [ဒဏ္ဍပရာယနံ (သျာ။ ကံ။ ပီ။)] ပဝေဓမာနံ ဂစ္ဆန္တံ အာတုရံ ဂတယောဗ္ဗနံ ခဏ္ဍဒန္တံ ပလိတကေသံ ဝိလူနံ ခလ္လိတသိရံ [ခလိတံ သိရော (သီ။ ပီ။), ခလိတသိရံ (သျာ။ ကံ။) မ။ နိ။ ၃။၂၆၃] ဝလိတံ တိလကာဟတဂတ္တ’န္တိ? သော ဧဝမာဟ – ‘အဒ္ဒသံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော, ပုရိသ, တဿ တေ ဝိညုဿ သတော မဟလ္လကဿ န ဧတဒဟောသိ – အဟမ္ပိ ခေါမှိ ဇရာဓမ္မော ဇရံ အနတီတော, ဟန္ဒာဟံ ကလျာဏံ ကရောမိ, ကာယေန ဝါစာယ မနသာ’တိ? သော ဧဝမာဟ – ‘နာသက္ခိဿံ, ဘန္တေ။ ပမာဒဿံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော, ပုရိသ, ပမာဒတာယ [ပမာဒဝတာယ (သီ။ သျာ။ ကံ။ ပီ။) မ။ နိ။ ၃။၂၆၂] န ကလျာဏမကာသိ ကာယေန ဝါစာယ မနသာ။ တဂ္ဃ တွံ [တံ (က။)], အမ္ဘော ပုရိသ, တထာ ကရိဿန္တိ ယထာ တံ [တေ (က။)] ပမတ္တံ။ တံ ခေါ ပန တေ ဧတံ [တံ ခေါ ပနေတံ (သီ။ သျာ။ ကံ။ ပီ။)] ပါပကမ္မံ [ပါပံ ကမ္မံ (သီ။)] နေဝ မာတရာ ကတံ, န ပိတရာ ကတံ, န ဘာတရာ ကတံ, န ဘဂိနိယာ ကတံ, န မိတ္တာမစ္စေဟိ ကတံ, န ဉာတိသာလောဟိတေဟိ ကတံ, န ဒေဝတာဟိ ကတံ, န သမဏဗြာဟ္မဏေဟိ ကတံ၊ အထ ခေါ တယာဝေတံ ပါပကမ္မံ ကတံ, တွညေဝေတဿ ဝိပါကံ ပဋိသံဝေဒိဿသီ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ပဌမံ ဒေဝဒူတံ သမနုယုဉ္ဇိတွာ သမနုဂါဟိတွာ သမနုဘာသိတွာ, ဒုတိယံ ဒေဝဒူတံ သမနုယုဉ္ဇတိ သမနုဂါဟတိ သမနုဘာသတိ – ‘အမ္ဘော ပုရိသ, န တွံ အဒ္ဒသ မနုဿေသု ဒုတိယံ ဒေဝဒူတံ ပါတုဘူတ’န္တိ? သော ဧဝမာဟ – ‘နာဒ္ဒသံ, ဘန္တေ’တိ။ ‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, န တွံ အဒ္ဒသ မနုဿေသု ဣတ္ထိံ ဝါ ပုရိသံ ဝါ အာဗာဓိကံ ဒုက္ခိတံ ဗာဠှဂိလာနံ, သကေ မုတ္တကရီသေ ပလိပန္နံ သေမာနံ, အညေဟိ ဝုဋ္ဌာပိယမာနံ, အညေဟိ သံဝေသိယမာန’န္တိ? သော ဧဝမာဟ – ‘အဒ္ဒသံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, တဿ တေ ဝိညုဿ သတော မဟလ္လကဿ န ဧတဒဟောသိ – အဟမ္ပိ ခေါမှိ ဗျာဓိဓမ္မော ဗျာဓိံ အနတီတော, ဟန္ဒာဟံ ကလျာဏံ ကရောမိ ကာယေန ဝါစာယ မနသာ’တိ? သော ဧဝမာဟ – ‘နာသက္ခိဿံ, ဘန္တေ။ ပမာဒဿံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, ပမာဒတာယ န ကလျာဏမကာသိ ကာယေန ဝါစာယ မနသာ။ တဂ္ဃ တွံ, အမ္ဘော ပုရိသ, တထာ ကရိဿန္တိ ယထာ တံ ပမတ္တံ။ တံ ခေါ ပန တေ ဧတံ ပါပကမ္မံ နေဝ မာတရာ ကတံ, န ပိတရာ ကတံ, န ဘာတရာ ကတံ, န ဘဂိနိယာ ကတံ, န မိတ္တာမစ္စေဟိ ကတံ, န ဉာတိသာလောဟိတေဟိ ကတံ, န ဒေဝတာဟိ ကတံ, န သမဏဗြာဟ္မဏေဟိ ကတံ၊ အထ ခေါ တယာဝေတံ ပါပကမ္မံ ကတံ။ တွညေဝေတဿ ဝိပါကံ ပဋိသံဝေဒိဿသီ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဒုတိယံ ဒေဝဒူတံ သမနုယုဉ္ဇိတွာ သမနုဂါဟိတွာ သမနုဘာသိတွာ, တတိယံ ဒေဝဒူတံ သမနုယုဉ္ဇတိ သမနုဂါဟတိ သမနုဘာသတိ – ‘အမ္ဘော ပုရိသ, န တွံ အဒ္ဒသ မနုဿေသု တတိယံ ဒေဝဒူတံ ပါတုဘူတ’န္တိ? သော ဧဝမာဟ – ‘နာဒ္ဒသံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, န တွံ အဒ္ဒသ မနုဿေသု ဣတ္ထိံ ဝါ ပုရိသံ ဝါ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတ’န္တိ? သော ဧဝမာဟ – ‘အဒ္ဒသံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, တဿ တေ ဝိညုဿ သတော မဟလ္လကဿ န ဧတဒဟောသိ – အဟမ္ပိ ခေါမှိ မရဏဓမ္မော မရဏံ အနတီတော, ဟန္ဒာဟံ ကလျာဏံ ကရောမိ ကာယေန ဝါစာယ မနသာ’တိ? သော ဧဝမာဟ – ‘နာသက္ခိဿံ, ဘန္တေ။ ပမာဒဿံ, ဘန္တေ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ ဧဝမာဟ – ‘အမ္ဘော ပုရိသ, ပမာဒတာယ န ကလျာဏမကာသိ ကာယေန ဝါစာယ မနသာ။ တဂ္ဃ တွံ, အမ္ဘော ပုရိသ, တထာ ကရိဿန္တိ ယထာ တံ ပမတ္တံ။ တံ ခေါ ပန တေ ဧတံ ပါပကမ္မံ နေဝ မာတရာ ကတံ, န ပိတရာ ကတံ, န ဘာတရာ ကတံ, န ဘဂိနိယာ ကတံ, န မိတ္တာမစ္စေဟိ ကတံ, န ဉာတိသာလောဟိတေဟိ ကတံ, န ဒေဝတာဟိ ကတံ, န သမဏဗြာဟ္မဏေဟိ ကတံ၊ အထ ခေါ တယာဝေတံ ပါပကမ္မံ ကတံ။ တွညေဝေတဿ ဝိပါကံ ပဋိသံဝေဒိဿသီ’’’တိ။
‘‘တမေနံ, ဘိက္ခဝေ, ယမော ရာဇာ တတိယံ ဒေဝဒူတံ သမနုယုဉ္ဇိတွာ သမနုဂါဟိတွာ သမနုဘာသိတွာ တုဏှီ ဟောတိ။ တမေနံ, ဘိက္ခဝေ, နိရယပါလာ ပဉ္စဝိဓဗန္ဓနံ နာမ ကာရဏံ ကရောန္တိ။ တတ္တံ အယောခိလံ ဟတ္ထေ ဂမေန္တိ။ တတ္တံ အယောခိလံ ဒုတိယသ္မိံ ဟတ္ထေ ဂမေန္တိ။ တတ္တံ အယောခိလံ ပါဒေ ဂမေန္တိ။ တတ္တံ အယောခိလံ ဒုတိယသ္မိံ ပါဒေ ဂမေန္တိ။ တတ္တံ အယောခိလံ မဇ္ဈေ ဥရသ္မိံ ဂမေန္တိ။ သော တတ္ထ ဒုက္ခာ တိဗ္ဗာ [တိပ္ပါ (သီ။)] ခရာ ကဋုကာ ဝေဒနာ ဝေဒိယတိ, န စ တာဝ ကာလင်္ကရောတိ ယာဝ န တံ ပါပကမ္မံ ဗျန္တီဟောတိ။
‘‘တမေနံ, ဘိက္ခဝေ, နိရယပါလာ သံဝေသေတွာ [သံကဍ္ဎိတွာ (က။)] ကုဓာရီဟိ တစ္ဆန္တိ။ သော တတ္ထ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒိယတိ, န စ တာဝ ကာလင်္ကရောတိ ယာဝ န တံ ပါပကမ္မံ ဗျန္တီဟောတိ။
‘‘တမေနံ, ဘိက္ခဝေ, နိရယပါလာ ဥဒ္ဓံပါဒံ အဓောသိရံ ဂဟေတွာ ဝါသီဟိ တစ္ဆန္တိ…ပေ… တမေနံ, ဘိက္ခဝေ, နိရယပါလာ ရထေ ယောဇေတွာ အာဒိတ္တာယ ဘူမိယာ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ [သဉ္ဇောတိဘူတာယ (သျာ။ ကံ။)] သာရေန္တိပိ ပစ္စာသာရေန္တိပိ…ပေ… တမေနံ, ဘိက္ခဝေ, နိရယပါလာ မဟန္တံ အင်္ဂါရပဗ္ဗတံ အာဒိတ္တံ သမ္ပဇ္ဇလိတံ သဇောတိဘူတံ အာရောပေန္တိပိ ဩရောပေန္တိပိ…ပေ… တမေနံ, ဘိက္ခဝေ, နိရယပါလာ ဥဒ္ဓံပါဒံ အဓောသိရံ ဂဟေတွာ တတ္တာယ လောဟကုမ္ဘိယာ ပက္ခိပန္တိ, အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ။ သော တတ္ထ ဖေဏုဒ္ဒေဟကံ ပစ္စမာနော သကိမ္ပိ ဥဒ္ဓံ ဂစ္ဆတိ, သကိမ္ပိ အဓော ဂစ္ဆတိ, သကိမ္ပိ တိရိယံ ဂစ္ဆတိ။ သော တတ္ထ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ ဝေဒနာ ဝေဒိယတိ, န စ တာဝ ကာလံ ကရောတိ ယာဝ န တံ ပါပကမ္မံ ဗျန္တီဟောတိ။ တမေနံ, ဘိက္ခဝေ, နိရယပါလာ မဟာနိရယေ ပက္ခိပန္တိ။ သော ခေါ ပန, ဘိက္ခဝေ, မဟာနိရယော –
‘‘စတုက္ကဏ္ဏော စတုဒွါရော, ဝိဘတ္တော ဘာဂသော မိတော၊
အယောပါကာရပရိယန္တော, အယသာ ပဋိကုဇ္ဇိတော။
‘‘တဿ အယောမယာ ဘူမိ, ဇလိတာ တေဇသာ ယုတာ၊
သမန္တာ ယောဇနသတံ, ဖရိတွာ တိဋ္ဌတိ သဗ္ဗဒါ’’တိ [ပေ။ ဝ။ ၇၀-၇၁, ၂၄၀-၂၄၁]။
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ယမဿ ရညော ဧတဒဟောသိ – ‘ယေ ကိရ, ဘော, လောကေ ပါပကာနိ ကမ္မာနိ ကရောန္တိ တေ ဧဝရူပါ ဝိဝိဓာ ကမ္မကာရဏာ ကရီယန္တိ။ အဟော ဝတာဟံ မနုဿတ္တံ လဘေယျံ, တထာဂတော စ လောကေ ဥပ္ပဇ္ဇေယျ အရဟံ သမ္မာသမ္ဗုဒ္ဓေါ, တဉ္စာဟံ ဘဂဝန္တံ ပယိရုပါသေယျံ။ သော စ မေ ဘဂဝါ ဓမ္မံ ဒေသေယျ, တဿ စာဟံ ဘဂဝတော ဓမ္မံ အာဇာနေယျ’န္တိ။ တံ ခေါ ပနာဟံ, ဘိက္ခဝေ, န အညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သုတွာ ဧဝံ ဝဒါမိ, အပိ စ ခေါ, ဘိက္ခဝေ, ယဒေဝ မေ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝါဟံ ဝဒါမီ’’တိ။
‘‘စောဒိတာ ဒေဝဒူတေဟိ, ယေ ပမဇ္ဇန္တိ မာဏဝါ၊
တေ ဒီဃရတ္တံ သောစန္တိ, ဟီနကာယူပဂါ နရာ။
‘‘ယေ စ ခေါ ဒေဝဒူတေဟိ, သန္တော သပ္ပုရိသာ ဣဓ၊
စောဒိတာ နပ္ပမဇ္ဇန္တိ, အရိယဓမ္မေ ကုဒါစနံ။
‘‘ဥပါဒါနေ ဘယံ ဒိသွာ, ဇာတိမရဏသမ္ဘဝေ၊
အနုပါဒါ ဝိမုစ္စန္တိ, ဇာတိမရဏသင်္ခယေ။
‘‘တေ အပ္ပမတ္တာ [တေ ခေါပ္ပမတ္တာ (သီ။), တေ ခေမပ္ပတ္တာ (သျာ။ ကံ။ ပီ။) မ။ နိ။ ၃။၂၇၁] သုခိနော [သုခိတာ (သီ။ သျာ။)], ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊
သဗ္ဗဝေရဘယာတီတာ, သဗ္ဗဒုက္ခံ ဥပစ္စဂု’’န္တိ။ ဆဋ္ဌံ၊
၆-ဒေဝဒူတသုတ် ၃၆။ ရဟန်းတို့ သေမင်းတမန်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှု ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏။ ထိုသူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက် ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် အသီးအသီး လက်မောင်းတို့၌ ဆွဲကိုင်၍ ယမမင်းအား ပြကုန်၏၊ “မင်းမြတ် ဤယောကျာ်းသည် အမိ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အဖ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ သမဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ ဗြာဟ္မဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အမျိုး၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေး စသည်)တို့ကို အရိုအသေမပြု။ မင်းမြတ်သည် ဤယောကျာ်းအား ဒဏ်ပေးတော်မူပါ”ဟု ပြောဆို ကုန်၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်ပေါ် သော ပဌမသေမင်းတမန်ကို မမြင်ခဲ့ပါသလော”ဟု ပဌမသေမင်းတမန်နှင့် စပ်လျဥ်း၍ မေးမြန်း၏၊ စစ်ဆေး၏၊ ပြောဆို၏။ “အသျှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးမြန်း၏- “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ အိမ်အခြင်ကဲ့သို့ ကိုင်းသော ခါးကုန်းသော တောင်ဝှေးကို အားထားနေရသော တုန်တုန်ရီရီ သွားလာနေသော အိုနာ နှိပ်စက်နေသော အရွယ်လွန်သော သွားကျိုးသော ဆံဖြူသော ခေါင်းပြောင်နေသော ဦးခေါင်းတုန်လှုပ်သော အရေတွန့်လိပ်၍ မှဲ့ခြောက်တို့ဖြင့် ပြိုးပြွမ်းသော ကိုယ်ရှိသော ပဋိသန္ဓေမှ အသက်အားဖြင့် ရှစ်ဆယ် သော်လည်းကောင်း၊ ကိုးဆယ်သော်လည်းကောင်း၊ တစ်ရာသော်လည်းကောင်း ရှိသော အမယ်အိုကို ဖြစ်စေ အဖိုးအိုကို ဖြစ်စေ မမြင်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အသျှင် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏- “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း အိုခြင်းသဘော ရှိ၏၊ အိုခြင်းသဘောကို မလွန်နိုင်ချေ၊ ငါသည် ယခုအခါ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ုပ်သည် (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ ဆို၏- “အမောင် ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည် မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့သည် ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့သည် ပြုသည်မဟုတ်၊ စင်စစ် အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရ လတ္တံ့”ဟု (ဆို၏)။ (၁) ရဟန်းတို့ ထိုသူကို ယမမင်းသည် ပဌမသေမင်းတမန်နှင့် စပ်လျဥ်း၍ မေးမြန်းစစ်ဆေး ပြောဆို ပြီးလျှင် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော ဒုတိယသေမင်းတမန်ကို မမြင်ခဲ့ပါ သလော”ဟု ဒုတိယသေမင်းတမန်နှင့် စပ်လျဥ်း၍ မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ “အရှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏- “အမောင် ယောကျာ်း သင်သည် လူ့ပြည်တို့၌ အနာဖြင့် နှိပ်စက်အပ်သော ဆင်းရဲခြင်း သို့ ရောက်နေသော ပြင်းစွာ မကျန်းမာသော မိမိကျင်ကြီးကျင်ငယ်၌ လိမ်းကျံပေရေလျက် အိပ်ရသော သူတစ်ပါးထူပေးမှ ထနိုင်သော အိပ်ရာသို့ သူတစ်ပါးတို့ ချီမပို့ဆောင်အပ်သော လူနာမိန်းမကိုသော်လည်းကောင်း၊ လူနာယောကျာ်းကိုသော်လည်းကောင်း သင် မမြင်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြောဆို၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏- “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း နာခြင်းသဘော ရှိ၏၊ နာခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့ သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ုပ်သည်ကား (ကောင်းမှု ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ဆို၏- “အမောင်ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်းသည် ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည်မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့”ဟု (ဆို၏)။ (၂) ရဟန်းတို့ ထိုသူကို ယမမင်းသည် ဒုတိယသေမင်းတမန်နှင့် စပ်လျဥ်း၍ မေးမြန်းစစ်ဆေးပြောဆို ပြီးလျှင် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော တတိယသေမင်းတမန်ကို မမြင်ခဲ့ပါသလော”ဟု တတိယသေမင်းတမန်ကို မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ “အရှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏- “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ သေ၍ တစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ နှစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ သုံးရက်ရှိပြီးသော်လည်းဖြစ်သော ဖူးဖူးရောင်နေသော ရုပ်ပျက် ဆင်းပျက် ညိုမဲနေသော ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးနေသော မိန်းမ သူသေကောင်ကိုဖြစ်စေ ယောကျာ်း သူသေကောင်ကိုဖြစ်စေ သင် မမြင်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြန်ပြောဆို၏။ ရဟန်းတို့ ထို ယောကျာ်းကို ယမမင်းသည် ဤသို့ မေးပြန်၏- “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ်ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အရှင် အကျွန်ုပ်သည်ကား (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်း ဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထို ယောကျာ်းကို ယမမင်းသည် ဤသို့ ဆိုပြန်၏- “အမောင်ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင် ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်း ဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့”ဟု (ဆို၏)။ (၃) ရဟန်းတို့ ထိုသူကို ယမမင်းသည် တတိယသေမင်းတမန်နှင့် စပ်လျဥ်း၍ မေးမြန်းစစ်ဆေး ပြောဆိုပြီးသော် ဆိတ်ဆိတ်နေ၏။ ရဟန်းတို့ ထို ယောကျာ်းကို ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်းမည်သော ကမ္မကရဏကို ပြုကုန်၏၊ လောလောပူသော သံစိိုု့ကို လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိိုု့ကို နှစ်ခုမြောက်သော လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိိုု့ကို ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိိုု့ကို နှစ်ခုမြောက်သော ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိိုု့ကို ရင်အလယ်၌ ရိုုက်သွင်းကုန်၏၊ ထို ယောကျာ်းသည် ထို သံစို့ ငါးချက်ရိုက်သွင်းသော နေရာတို့၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာ စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို့ငရဲထိန်းတို့သည် ဆွဲငင်ကုန်၍ ဓားမကြီးတို့ဖြင့် ခုတ်ဖြတ်ကုန်၏၊ ထိုသူသည် ထိုသို့ ဓားမကြီးဖြင့် ခုတ်ဖြတ်ခံရသော နေရာ၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲ ဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံသည် မကုန်သေး ထို မျှလောက် မသေ သေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ပဲခွပ်တို့ဖြင့် ခုတ်ရွေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရထား၌ တပ်၍ ရဲရဲညီးသော အလျှံတပြောင်ပြောင် လောင်သော မီးတောက်မီးလျှံနှင့်တကွသော မြေအပြင်၌ အခေါက်ခေါက် အပြန်ပြန် မောင်းနှင်ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော မီးတောင်ကြီးသို့လည်း တက်စေ ဆင်းစေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော လောလောပူသော သံအိုးကြီး၌ ပစ်ချကုန်၏။ ထိုသူသည် ထို သံအိုးကြီး၌ အမြှုပ်ထလျက် ကျက်သည်ဖြစ်၍ အထက်သို့လည်း တစ်ကြိမ်ပေါ်၏၊ အောက်သို့လည်း တစ်ကြိမ်မြုပ်၏၊ ဖီလာလည်း တစ်ကြိမ်မျော၏။ ထိုသူသည် ထို သံအိုးကြီး၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် (အဝီစိ) ငရဲကြီး၌ ပစ်ချကြကုန်၏။ ရဟန်းတို့ ထို (အဝီစိ) ငရဲကြီးသည်ကား- အထောင့်လေးခု ရှိ၏၊ တံခါးလေးပေါက် ရှိ၏၊ ညီညာသော အဖို့အားဖြင့် ဝေဖန် ပိုင်းခြားအပ်၏၊ သံတံတိုင်းဖြင့် ကာရံအပ်၏၊ သံပြားဖြင့် မိုးထားအပ်၏၊ ထို (အဝီစိ) ငရဲ၏ မြေပြင်သည် သံမြေပြင် ဖြစ်၏၊ အလျှံတပြောင်ပြောင် တောက် လောင်နေ၏၊ အလျှံနှင့် ယှဥ်စပ်နေ၏၊ ထက်ဝန်းကျင် ယူဇနာတစ်ရာ တိုင်တိုင် ပျံ့နှံ့ ၍ အမြဲတည်နေ၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.36 4. Messengers of the Gods Messengers of the Gods “There are, mendicants, these three messengers of the gods. What three? Firstly, someone does bad things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. The wardens of hell take them by the arms and present them to King Yama, saying, ‘Your Majesty, this person did not pay due respect to their mother and father, ascetics and brahmins, or honor the elders in the family. May Your Majesty punish them!’ King Yama pursues, presses, and grills them about the first messenger of the gods: ‘My man, did you not see the first messenger of the gods that appeared among human beings?’ They say, ‘I saw nothing, sir.’ King Yama says to them, ‘My man, did you not see among human beings an elderly woman or a man—eighty, ninety, or a hundred years old—bent double, crooked, leaning on a staff, trembling as they walk, ailing, past their prime, with teeth broken, hair grey and scanty or bald, skin wrinkled, and limbs blotchy?’ They say, ‘I saw that, sir.’ King Yama says to them, ‘My man, did it not occur to you—being sensible and mature— “I, too, am liable to grow old. I’m not exempt from old age. I’d better do good by way of body, speech, and mind”?’ They say, ‘I couldn’t, sir. I was negligent.’ King Yama says to them, ‘My man, because you were negligent, you didn’t do good by way of body, speech, and mind. Well, they’ll definitely punish you to fit your negligence. That bad deed wasn’t done by your mother, father, brother, or sister. It wasn’t done by friends and colleagues, by relatives and kin, by the deities, or by ascetics and brahmins. That bad deed was done by you alone, and you alone will experience the result.’ King Yama grills them about the second messenger of the gods: ‘My man, did you not see the second messenger of the gods that appeared among human beings?’ They say, ‘I saw nothing, sir.’ King Yama says to them, ‘My man, did you not see among human beings a woman or a man, sick, suffering, gravely ill, collapsed in their own urine and feces, being picked up by some and put down by others?’ They say, ‘I saw that, sir.’ King Yama says to them, ‘My man, did it not occur to you—being sensible and mature— “I, too, am liable to become sick. I’m not exempt from sickness. I’d better do good by way of body, speech, and mind”?’ They say, ‘I couldn’t, sir. I was negligent.’ King Yama says to them, ‘My man, because you were negligent, you didn’t do good by way of body, speech, and mind. Well, they’ll definitely punish you to fit your negligence. That bad deed wasn’t done by your mother, father, brother, or sister. It wasn’t done by friends and colleagues, by relatives and kin, by the deities, or by ascetics and brahmins. That bad deed was done by you alone, and you alone will experience the result.’ King Yama grills them about the third messenger of the gods: ‘My man, did you not see the third messenger of the gods that appeared among human beings?’ They say, ‘I saw nothing, sir.’ King Yama says to them, ‘My man, did you not see among human beings a woman or a man, dead for one, two, or three days, bloated, livid, and festering?’ They say, ‘I saw that, sir.’ King Yama says to them, ‘My man, did it not occur to you—being sensible and mature— “I, too, am liable to die. I’m not exempt from death. I’d better do good by way of body, speech, and mind”?’ They say, ‘I couldn’t, sir. I was negligent.’ King Yama says to them, ‘My man, because you were negligent, you didn’t do good by way of body, speech, and mind. Well, they’ll definitely punish you to fit your negligence. That bad deed wasn’t done by your mother, father, brother, or sister. It wasn’t done by friends and colleagues, by relatives and kin, by the deities, or by ascetics and brahmins. That bad deed was done by you alone, and you alone will experience the result.’ After grilling them about the third messenger of the gods, King Yama falls silent. The wardens of hell punish them with the five-fold crucifixion. They drive red-hot stakes through the hands and feet, and another in the middle of the chest. And there they suffer painful, sharp, severe, acute feelings—but they don’t die until that bad deed is eliminated. The wardens of hell throw them down and hack them with axes. … They hang them upside-down and hack them with hatchets. … They harness them to a chariot, and drive them back and forth across burning ground, blazing and glowing. … They make them climb up and down a big mountain of burning coals, blazing and glowing. … The wardens of hell turn them upside down and throw them in a red-hot copper pot, burning, blazing, and glowing. There they’re seared in boiling scum, and they’re swept up and down and round and round. And there they suffer painful, sharp, severe, acute feelings—but they don’t die until that bad deed is eliminated. The wardens of hell toss them into the Great Hell. Now, about that Great Hell: ‘Four are its corners, four its doors, neatly divided section by section. Surrounded by an iron wall, of iron is its roof. The ground is even made of iron, it burns with fierce fire. The heat forever radiates a hundred leagues around.’ Once upon a time, King Yama thought, ‘Those who do such bad deeds in the world receive these many different punishments. Oh, I hope I may be reborn as a human being! And that a Realized One—a perfected one, a fully awakened Buddha—arises in the world! And that I may pay homage to the Buddha! Let that Buddha teach me Dhamma, so that I may understand his teaching!’ Now, I don’t say this because I’ve heard it from some other ascetic or brahmin. I only say it because I’ve known, seen, and realized it for myself. When warned by the gods’ messengers, those sons of Manu who are negligent sorrow for a long time when they go to that wretched place. When warned by the gods’ messengers, the good and true persons here never neglect the teaching of the Noble One. Seeing the danger in grasping, the origin of birth and death, the unattached are freed with the ending of birth and death. Happy, they’ve come to a safe place, quenched in this very life. They’ve gone beyond all enmities and fears, and risen above all suffering.”
၇။ စတုမဟာရာဇသုတ္တံ
၃၇။ ‘‘အဋ္ဌမိယံ, ဘိက္ခဝေ, ပက္ခဿ စတုန္နံ မဟာရာဇာနံ အမစ္စာ ပါရိသဇ္ဇာ ဣမံ လောကံ အနုဝိစရန္တိ – ‘ကစ္စိ ဗဟူ မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တီ’တိ။ စာတုဒ္ဒသိံ, ဘိက္ခဝေ, ပက္ခဿ စတုန္နံ မဟာရာဇာနံ ပုတ္တာ ဣမံ လောကံ အနုဝိစရန္တိ – ‘ကစ္စိ ဗဟူ မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တီ’တိ။ တဒဟု, ဘိက္ခဝေ, ဥပေါသထေ ပန္နရသေ စတ္တာရော မဟာရာဇာနော သာမညေဝ ဣမံ လောကံ အနုဝိစရန္တိ – ‘ကစ္စိ ဗဟူ မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တီ’’’တိ။
‘‘သစေ, ဘိက္ခဝေ, အပ္ပကာ ဟောန္တိ မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တိ။ တမေနံ, ဘိက္ခဝေ, စတ္တာရော မဟာရာဇာနော ဒေဝါနံ တာဝတိံသာနံ သုဓမ္မာယ သဘာယ သန္နိသိန္နာနံ သန္နိပတိတာနံ အာရောစေန္တိ – ‘အပ္ပကာ ခေါ, မာရိသာ, မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တီ’တိ။ တေန ခေါ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ အနတ္တမနာ ဟောန္တိ – ‘ဒိဗ္ဗာ ဝတ, ဘော, ကာယာ ပရိဟာယိဿန္တိ, ပရိပူရိဿန္တိ အသုရကာယာ’’’တိ။
‘‘သစေ ပန, ဘိက္ခဝေ, ဗဟူ ဟောန္တိ မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တိ။ တမေနံ, ဘိက္ခဝေ, စတ္တာရော မဟာရာဇာနော ဒေဝါနံ တာဝတိံသာနံ သုဓမ္မာယ သဘာယ သန္နိသိန္နာနံ သန္နိပတိတာနံ အာရောစေန္တိ – ‘ဗဟူ ခေါ, မာရိသာ, မနုဿာ မနုဿေသု မတ္တေယျာ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ ပုညာနိ ကရောန္တီ’တိ။ တေန, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ အတ္တမနာ ဟောန္တိ – ‘ဒိဗ္ဗာ ဝတ, ဘော, ကာယာ ပရိပူရိဿန္တိ, ပရိဟာယိဿန္တိ အသုရကာယာ’’’တိ။
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ၊
ဥပေါသထံ ဥပဝသေယျ, ယောပိဿ [ယောပဿ (သီ။ သျာ။ ကံ။ ပီ။)] မာဒိသော နရော’’တိ။
‘‘သာ ခေါ ပနေသာ, ဘိက္ခဝေ, သက္ကေန ဒေဝါနမိန္ဒေန ဂါထာ ဒုဂ္ဂီတာ န သုဂီတာ ဒုဗ္ဘာသိတာ န သုဘာသိတာ။ တံ ကိဿ ဟေတု? သက္ကော ဟိ, ဘိက္ခဝေ, ဒေဝါနမိန္ဒော အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော။
‘‘ယော စ ခေါ သော, ဘိက္ခဝေ, ဘိက္ခု အရဟံ ခီဏာသဝေါ ဝုသိတဝါ ဗြဟ္မစရိယော ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော, တဿ ခေါ ဧတံ, ဘိက္ခဝေ, ဘိက္ခုနော [တဿ ခေါ ဧတံ ဘိက္ခုနော (သီ။ သျာ။), တဿ ခေါ ဧဝံ ဘိက္ခဝေ ဘိက္ခုနော (က။)] ကလ္လံ ဝစနာယ –
‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ၊
ဥပေါသထံ ဥပဝသေယျ, ယောပိဿ မာဒိသော နရော’’တိ။
‘‘တံ ကိဿ ဟေတု? သော ဟိ, ဘိက္ခဝေ, ဘိက္ခု ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော’’တိ။ သတ္တမံ။
၇-ယမရာဇသုတ် ၃၇။ ရဟန်းတို့ ရှေ့၌ ဖြစ်ဖူးသည်ကား ယမမင်းအား ဤသို့သော အကြံသည် ဖြစ်ပေါ်ဖူး၏- “အချင်းတို့ လောက၌ အကြင်သူတို့သည် ယုတ်ညံ့သော အမှုတို့ကို ပြုကုန်၏၊ ထိုသူတို့ကို ဤသို့သဘောရှိသော အထူးထူး အပြားပြားသော ကမ္မကရဏတို့ကို ပြုအပ်ကုန်၏၊ ငါသည် လူ့အဖြစ်ကို ရငြားအံ့၊ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူငြားအံ့၊ ငါသည်လည်း ထို မြတ်စွာဘုရားကို ဆည်းကပ်ရငြားအံ့၊ ထို မြတ်စွာဘုရားသည် ငါ့အားတရားဟောငြားအံ့၊ ငါသည် ထို မြတ်စွာဘုရား၏တရားကိုလည်း သိငြားအံ့၊ ဤသို့ဖြစ်သော် ကောင်းလေစွာ့တကား”ဟု (ဖြစ်ပေါ်ဖူး၏)။ ရဟန်းတို့ ထို ယမမင်းအကြံဖြစ်ခြင်းကို တစ်ပါးသော သမဏဗြာဟ္မဏ၏ ပြောဆိုသံကို ကြားရ၍ ဤသို့ ငါဟောသည် မဟုတ်၊ ရဟန်းတို့ အကြင် အခြင်းအရာကို စင်စစ်အားဖြင့် ငါကိုယ်တိုင် သိ၏၊ ငါကိုယ်တိုင် မြင်၏၊ ငါကိုယ်တိုင် ထင်ထင်ရှားရှား သိ၏၊ ထို အခြင်းအရာကို ငါကိုယ်တိုင် သိမြင်သည့်အတိုင်းပင် ဟော၏ဟု (မိန့်တော်မူ၏)။ အကြင် သတ္တဝါတို့သည် သေမင်းတမန်တို့ နှိုးဆော်တိုက်တွန်းအပ်ပါကုန်လျက် မေ့လျော့ကုန်၏၊ ထို သတ္တဝါတို့သည် ယုတ်ညံ့သော ငရဲဘဝသို့ ကပ်ရောက်ရ ကုန်သည် ဖြစ်၍ ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး စိုးရိမ်ပူဆွေးရကုန်၏။ ဤလောက၌ ကိလေသာငြိမ်းအေးကုန်ပြီးသော အကြင်သူတော်ကောင်းတို့သည် ကား သေမင်းတမန်တို့ နှိုးဆော် တိုက်တွန်းအပ်ကုန်သည် ဖြစ်၍ အရိယဓမ္မ၌ တစ်ခါတစ်ရံမျှ မမေ့လျော့ကြကုန်။ (ထိုသူတော်ကောင်းတို့သည်) ပဋိသန္ဓေနေမှု သေမှုကို ဖြစ်စေတတ်သော ဥပါဒါန်တရား၌ ဘေးကို ရှုမြင်ပြီးလျှင် (ဥပါဒါန်တို့ဖြင့်) မစွဲလမ်းမူ၍ ပဋိသန္ဓေနေမှု သေမှု ကုန်ရာ နိဗ္ဗာန်၌ ကျွတ်လွတ်ကုန်၏။ မမေ့မလျော့ကုန်သော၊ ချမ်းသာခြင်းရှိကြကုန်သော၊ မျက်မှောက်ဘဝ၌ပင် ကိလေသာအပူ ငြိမ်းအေးပြီးကုန်သော၊ အလုံးစုံသော ရန်ဘေးတို့ကို လွန်မြောက် ကုန်သော ထိုသူတော်ကောင်းတို့သည် အလုံးစုံသော ဒုက္ခကို လွန်မြောက်ကြလေ ကုန်၏။ သတ္တမသုတ်။
Numbered Discourses 3.37 4. Messengers of the Gods The Four Great Kings (1st) “On the eighth day of the fortnight, mendicants, the ministers and councillors of the four great kings wander about the world, thinking: ‘Hopefully most humans are paying due respect to their parents, ascetics and brahmins, honoring the elders in their families, observing and keeping vigil on the sabbath, and making merit.’ And on the fourteenth day of the fortnight, the sons of the four great kings wander about the world, thinking: ‘Hopefully most humans are paying due respect to their parents … and making merit.’ And on the fifteenth day sabbath, the four great kings themselves wander about the world, thinking: ‘Hopefully most humans are paying due respect to their parents … and making merit.’ If only a few humans are paying due respect to their parents … and making merit, the four great kings address the gods of the thirty-three, seated together in the Hall of Clear Right: ‘Only a few humans are paying due respect to their parents … and making merit.’ Then the gods of the thirty-three are disappointed, thinking, ‘The heavenly hosts will dwindle, while the titan hosts will swell!’ But if many humans are paying due respect to their parents … and making merit, the four great kings address the gods of the thirty-three, seated together in the Hall of Clear Right: ‘Many humans are paying due respect to their parents … and making merit.’ Then the gods of the thirty-three are pleased, thinking, ‘The heavenly hosts will swell, while the titan hosts will dwindle!’ Once upon a time, Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘Whoever wants to be like me would observe the sabbath complete in all eight factors, on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnightly special displays.’ But that verse was poorly sung by Sakka, lord of gods, not well sung; poorly spoken, not well spoken. Why is that? Because Sakka, lord of gods, is not free of greed, hate, and delusion. But for a mendicant who is perfected—with defilements ended, who has completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and is rightly freed through enlightenment—it is appropriate to say: ‘Whoever wants to be like me would observe the sabbath, complete in all eight factors, on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnightly special displays.’ Why is that? Because that mendicant is free of greed, hate, and delusion.”
၈။ ဒုတိယစတုမဟာရာဇသုတ္တံ
၃၈။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ၊
ဥပေါသထံ ဥပဝသေယျ, ယောပိဿ မာဒိသော နရော’’တိ။
‘‘သာ ခေါ ပနေသာ, ဘိက္ခဝေ, သက္ကေန ဒေဝါနမိန္ဒေန ဂါထာ ဒုဂ္ဂီတာ န သုဂီတာ ဒုဗ္ဘာသိတာ န သုဘာသိတာ။ တံ ကိဿ ဟေတု? သက္ကော ဟိ, ဘိက္ခဝေ, ဒေဝါနမိန္ဒော အပရိမုတ္တော ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, အပရိမုတ္တော ဒုက္ခသ္မာတိ ဝဒါမိ။
‘‘ယော စ ခေါ သော, ဘိက္ခဝေ, ဘိက္ခု အရဟံ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော, တဿ ခေါ ဧတံ, ဘိက္ခဝေ, ဘိက္ခုနော ကလ္လံ ဝစနာယ –
‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ၊
ဥပေါသထံ ဥပဝသေယျ, ယောပိဿ မာဒိသော နရော’’တိ။
‘‘တံ ကိဿ ဟေတု? သော ဟိ, ဘိက္ခဝေ, ဘိက္ခု ပရိမုတ္တော ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ပရိမုတ္တော ဒုက္ခသ္မာတိ ဝဒါမီ’’တိ။ အဋ္ဌမံ။
၈-စတုမဟာရာဇသုတ် ၃၈။ ရဟန်းတို့ လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌ နတ်မင်းကြီး လေးယောက်တို့၏ အလုပ်အကျွေးနတ်တို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာ ကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့် ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုတို့ကို ပြုကြပါကုန်၏လော”ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် လကွယ်နေ့၌ နတ်မင်းကြီးလေးယောက်တို့၏ သားတို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော”ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆန်းတစ်ဆယ့်ငါးရက်မြောက် ဥပုသ် နေ့၌ နတ်မင်းကြီးလေးယောက်တို့သည် ကိုယ်တိုင်ပင်လျှင် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်း ကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော”ဟု (လှည့်လည် စုံစမ်းကုန်၏)။ ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်သော လူတို့သည် အကယ်၍နည်းပါးကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီ့အညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံ သာနတ်တို့အား ပြောကြားကုန်၏ “အသျှင်နတ်မင်းတို့ လူ့ပြည်၌ အနည်းငယ်သော လူတို့သည်သာလျှင် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြကုန်၏၊ ဥပုသ် သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ် ကုန်၏”ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ “အချင်းတို့ နတ်ပြည်တို့သည် ဆုတ်ယုတ်ကုန် လိမ့်တကား၊ အပါယ်လေးဘုံတို့သည် စည်ကားကုန်လိမ့်တကား”ဟု တာဝတိံ သာနတ်တို့သည် နှလုံး မသာဖြစ်ကြကုန်၏။ ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်ကုန် သော လူတို့သည် အကယ်၍ များကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီအညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံသာနတ်တို့အား ပြောကြားကုန်၏ “အသျှင်နတ်မင်းတို့ လူ့ပြည်၌ များစွာသော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့် သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့် ကုန်၏၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ်ကြကုန်၏”ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ “အချင်းတို့ နတ်ပြည်တို့သည် စည်ကားကြကုန်လိမ့်တကား အပါယ်လေးဘုံတို့သည် ဆုတ်ယုတ်ကုန်လိမ့်တကား”ဟု တာဝတိံ သာနတ်တို့သည် ဝမ်းမြောက်ကြကုန်၏။ ရဟန်းတို့ ရှေးအခါက နတ်တို့၏အရှင် သိကြားမင်းသည် တာဝတိံ သာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏- “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆို၏)။ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ရာဂ ဒေါသ မောဟ မကင်းသေးသောကြောင့်ပေတည်း။ ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိ အကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဥ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏-“အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည်ရာ၏”ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။ ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ကင်းပြီးသောကြောင့်တည်း။ ရဟန်းတို့ ရှေးအခါက နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏၊- “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက် ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆို၏)။ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မကင်းလွတ်သေးသောကြောင့် ဆင်းရဲမှ မလွတ်ဟု ငါဆို၏။ ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဥ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏- “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။ ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အကြင် အကြောင်းကြောင့် ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ ကင်းလွတ်ပြီးသောကြောင့် ဆင်းရဲမှ လွတ်၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.38 4. Messengers of the Gods The Four Great Kings (2nd) “Once upon a time, mendicants, Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘Whoever wants to be like me would observe the sabbath complete in all eight factors, on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnightly special displays.’ But that verse was poorly sung by Sakka, lord of gods, not well sung; poorly spoken, not well spoken. Why is that? Because Sakka, lord of gods, is not exempt from rebirth, old age, and death, from sorrow, lamentation, pain, sadness, and distress. He is not exempt from suffering, I say. But for a mendicant who is perfected—with defilements ended, who has completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and is rightly freed through enlightenment—it is appropriate to say: ‘Whoever wants to be like me would observe the sabbath, complete in all eight factors, on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnightly special displays.’ Why is that? Because that mendicant is exempt from rebirth, old age, and death, from sorrow, lamentation, pain, sadness, and distress. He is exempt from suffering, I say.”
၉။ သုခုမာလသုတ္တံ
၃၉။ ‘‘သုခုမာလော အဟံ, ဘိက္ခဝေ, ပရမသုခုမာလော အစ္စန္တသုခုမာလော။ မမ သုဒံ, ဘိက္ခဝေ, ပိတု နိဝေသနေ ပေါက္ခရဏိယော ကာရိတာ ဟောန္တိ။ ဧကတ္ထ သုဒံ, ဘိက္ခဝေ, ဥပ္ပလံ ဝပ္ပတိ [ပုပ္ဖတိ (သီ။ ပီ။)], ဧကတ္ထ ပဒုမံ, ဧကတ္ထ ပုဏ္ဍရီကံ, ယာဝဒေဝ မမတ္ထာယ။ န ခေါ ပနဿာဟံ, ဘိက္ခဝေ, အကာသိကံ စန္ဒနံ ဓာရေမိ [ကာသိကံ စန္ဒနံ ဓာရေမိ (သျာ။ ကံ။ က။), အကာသိကံ ဓာရေမိ (?)]။ ကာသိကံ, ဘိက္ခဝေ, သု မေ တံ ဝေဌနံ ဟောတိ, ကာသိကာ ကဉ္စုကာ, ကာသိကံ နိဝါသနံ, ကာသိကော ဥတ္တရာသင်္ဂေါ။ ရတ္တိန္ဒိဝံ [ရတ္တိဒိဝံ (က။)] ခေါ ပန မေ သု တံ, ဘိက္ခဝေ, သေတစ္ဆတ္တံ ဓာရီယတိ – ‘မာ နံ ဖုသိ သီတံ ဝါ ဥဏှံ ဝါ တိဏံ ဝါ ရဇော ဝါ ဥဿာဝေါ ဝါ’’’တိ။
‘‘တဿ မယှံ, ဘိက္ခဝေ, တယော ပါသာဒါ အဟေသုံ – ဧကော ဟေမန္တိကော, ဧကော ဂိမှိကော, ဧကော ဝဿိကော။ သော ခေါ အဟံ, ဘိက္ခဝေ, ဝဿိကေ ပါသာဒေ ဝဿိကေ စတ္တာရော မာသေ နိပ္ပုရိသေဟိ တူရိယေဟိ ပရိစာရယမာနော [ပရိစာရိယမာနော (သျာ။ ကံ။ ပီ။ က။)] န ဟေဋ္ဌာပါသာဒံ ဩရောဟာမိ။ ယထာ ခေါ ပန, ဘိက္ခဝေ, အညေသံ နိဝေသနေ ဒါသကမ္မကရပေါရိသဿ ကဏာဇကံ ဘောဇနံ ဒီယတိ ဗိလင်္ဂဒုတိယံ, ဧဝမေဝဿု မေ, ဘိက္ခဝေ, ပိတု နိဝေသနေ ဒါသကမ္မကရပေါရိသဿ သာလိမံသောဒနော ဒီယတိ။
‘‘တဿ မယှံ, ဘိက္ခဝေ, ဧဝရူပါယ ဣဒ္ဓိယာ သမန္နာဂတဿ ဧဝရူပေန စ သုခုမာလေန ဧတဒဟောသိ – ‘အဿုတဝါ ခေါ ပုထုဇ္ဇနော အတ္တနာ ဇရာဓမ္မော သမာနော ဇရံ အနတီတော ပရံ ဇိဏ္ဏံ ဒိသွာ အဋ္ဋီယတိ ဟရာယတိ ဇိဂုစ္ဆတိ အတ္တာနံယေဝ အတိသိတွာ, အဟမ္ပိ ခေါမှိ ဇရာဓမ္မော ဇရံ အနတီတော။ အဟဉ္စေဝ [အဟဉ္စေ (?)] ခေါ ပန ဇရာဓမ္မော သမာနော ဇရံ အနတီတော ပရံ ဇိဏ္ဏံ ဒိသွာ အဋ္ဋီယေယျံ ဟရာယေယျံ ဇိဂုစ္ဆေယျံ န မေတံ အဿ ပတိရူပ’န္တိ။ တဿ မယှံ, ဘိက္ခဝေ, ဣတိ ပဋိသဉ္စိက္ခတော ယော ယောဗ္ဗနေ ယောဗ္ဗနမဒေါ သော သဗ္ဗသော ပဟီယိ။
‘‘အဿုတဝါ ခေါ ပုထုဇ္ဇနော အတ္တနာ ဗျာဓိဓမ္မော သမာနော ဗျာဓိံ အနတီတော ပရံ ဗျာဓိတံ ဒိသွာ အဋ္ဋီယတိ ဟရာယတိ ဇိဂုစ္ဆတိ အတ္တာနံယေဝ အတိသိတွာ – ‘အဟမ္ပိ ခေါမှိ ဗျာဓိဓမ္မော ဗျာဓိံ အနတီတော, အဟဉ္စေဝ ခေါ ပန ဗျာဓိဓမ္မော သမာနော ဗျာဓိံ အနတီတော ပရံ ဗျာဓိကံ ဒိသွာ အဋ္ဋီယေယျံ ဟရာယေယျံ ဇိဂုစ္ဆေယျံ, န မေတံ အဿ ပတိရူပ’န္တိ။ တဿ မယှံ, ဘိက္ခဝေ, ဣတိ ပဋိသဉ္စိက္ခတော ယော အာရောဂျေ အာရောဂျမဒေါ သော သဗ္ဗသော ပဟီယိ။
‘‘အဿုတဝါ ခေါ ပုထုဇ္ဇနော အတ္တနာ မရဏဓမ္မော သမာနော မရဏံ အနတီတော ပရံ မတံ ဒိသွာ အဋ္ဋီယတိ ဟရာယတိ ဇိဂုစ္ဆတိ အတ္တာနံယေဝ အတိသိတွာ – ‘အဟမ္ပိ ခေါမှိ မရဏဓမ္မော, မရဏံ အနတီတော, အဟံ စေဝ ခေါ ပန မရဏဓမ္မော သမာနော မရဏံ အနတီတော ပရံ မတံ ဒိသွာ အဋ္ဋီယေယျံ ဟရာယေယျံ ဇိဂုစ္ဆေယျံ, န မေတံ အဿ ပတိရူပ’န္တိ။ တဿ မယှံ, ဘိက္ခဝေ, ဣတိ ပဋိသဉ္စိက္ခတော ယော ဇီဝိတေ ဇီဝိတမဒေါ သော သဗ္ဗသော ပဟီယီ’’တိ။
‘‘တယောမေ, ဘိက္ခဝေ, မဒါ။ ကတမေ တယော? ယောဗ္ဗနမဒေါ, အာရောဂျမဒေါ, ဇီဝိတမဒေါ။ ယောဗ္ဗနမဒမတ္တော ဝါ, ဘိက္ခဝေ, အဿုတဝါ ပုထုဇ္ဇနော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ, ဝါစာယ ဒုစ္စရိတံ စရိတွာ, မနသာ ဒုစ္စရိတံ စရိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ အာရောဂျမဒမတ္တော ဝါ, ဘိက္ခဝေ, အဿုတဝါ ပုထုဇ္ဇနော…ပေ… ဇီဝိတမဒမတ္တော ဝါ, ဘိက္ခဝေ, အဿုတဝါ ပုထုဇ္ဇနော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ, ဝါစာယ ဒုစ္စရိတံ စရိတွာ, မနသာ ဒုစ္စရိတံ စရိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
‘‘ယောဗ္ဗနမဒမတ္တော ဝါ, ဘိက္ခဝေ, ဘိက္ခု သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တတိ။ အာရောဂျမဒမတ္တော ဝါ, ဘိက္ခဝေ, ဘိက္ခု…ပေ… ဇီဝိတမဒမတ္တော ဝါ, ဘိက္ခဝေ, ဘိက္ခု သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တတီ’’တိ။
‘‘ဗျာဓိဓမ္မာ ဇရာဓမ္မာ, အထော မရဏဓမ္မိနော၊
ယထာဓမ္မာ [ဗျာဓိဓမ္မော ဇရာဓမ္မော, အထော မရဏဓမ္မိကော၊ ယထာ ဓမ္မော (က။)] တထာသန္တာ, ဇိဂုစ္ဆန္တိ ပုထုဇ္ဇနာ။
‘‘အဟဉ္စေ တံ ဇိဂုစ္ဆေယျံ, ဧဝံဓမ္မေသု ပါဏိသု၊
န မေတံ ပတိရူပဿ, မမ ဧဝံ ဝိဟာရိနော။
‘‘သောဟံ ဧဝံ ဝိဟရန္တော, ဉတွာ ဓမ္မံ နိရူပဓိံ၊
အာရောဂျေ ယောဗ္ဗနသ္မိဉ္စ, ဇီဝိတသ္မိဉ္စ ယေ မဒါ။
‘‘သဗ္ဗေ မဒေ အဘိဘောသ္မိ [အတီတောသ္မိ (က။)], နေက္ခမ္မေ ဒဋ္ဌု ခေမတံ၊
တဿ မေ အဟု ဥဿာဟော, နိဗ္ဗာနံ အဘိပဿတော။
‘‘နာဟံ ဘဗ္ဗော ဧတရဟိ, ကာမာနိ ပဋိသေဝိတုံ၊
အနိဝတ္တိ ဘဝိဿာမိ, ဗြဟ္မစရိယပရာယဏော’’တိ။ နဝမံ၊
၉-သုခုမာလသုတ် ၃၉။ ရဟန်းတို့ ငါသည် နူးညံ့သိမ်မွေ့၏၊ အလွန် နူးညံ့သိမ်မွေ့၏၊ စင်စစ် နူးညံ့သိမ်မွေ့၏၊ ငါ့ခမည်းတော်၏ နန်းတော်၌ ရေကန်တို့ကို ပြုစီမံအပ်ကုန်၏၊ ရဟန်းတို့ တစ်ခုသော ရေကန်၌ ကြာညို တစ်ခုသော ရေကန်၌ ပဒုမ္မာကြာ တစ်ခုသော ရေကန်၌ ပုဏ္ဍရိက်ကြာကို ငါ့အတွက်သာလျှင် စိုက်ပျိုး အပ်၏၊ ရဟန်းတို့ ငါသည် အလွန် နူးညံ့သိမ်မွေ့သော ကာသိတိုင်းထွက် မဟုတ်သော စန္ဒကူးကို မသုံး ဆောင်။ ရဟန်းတို့ ငါ၏ ‘ဦးရစ်’ ခေါင်းပေါင်းသည် ကာသိတိုင်းမှ ဖြစ်၏၊ အင်္ကျီသည် ကာသိတိုင်းမှ ဖြစ်၏၊ ပုဆိုးသည် ကာသိတိုင်းမှ ဖြစ်၏၊ အပေါ်ရုံသည် ကာသိတိုင်းမှ ဖြစ်၏၊ ရဟန်းတို့ “အအေး အပူ မြက် မြူ ဆီးနှင်းတို့သည် ထို ငါ့ကို မတွေ့ထိပါစေလင့်”ဟု နေ့ညဥ့်ပတ်လုံး ငါ့အား ထီးဖြူကို ဆောင်း ထားအပ်၏။ ရဟန်းတို့ ဆောင်းရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ နွေရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ မိုးရာသီစံနေရန် ပြာသာဒ်တစ်ဆောင်အားဖြင့် ထို ငါ့အား ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။ ရဟန်းတို့ ထို ငါသည် မိုးရာသီစံနေရန် ပြာသာဒ်၌ မိုးလေးလတို့ပတ်လုံး မိန်းမချည်းသက်သက် တီးမှုတ်အပ်ကုန် သော တူရိယာတို့ဖြင့် စံပယ်မွေ့လျော်လျက် ပြာသာဒ်မှ အောက်သို့ မဆင်းမူ၍ နေ၏။ ရဟန်းတို့ သူတစ်ပါးတို့အိမ်၌ ကျွန်အမှုလုပ်သော ယောကျာ်းအား ပအုံးရည်ဟင်းလျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းကို ပေးသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ငါ့ခမည်းတော်၏ နန်းတော်၌ ကျွန်အမှုလုပ် ယောကျာ်းအား သလေးဆန်ဖြင့် ချက်အပ်သော သားပြွမ်းထမင်းကို ပေးအပ်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော တန်ခိုးနှင့်လည်းကောင်း ဤသို့ သဘောရှိသော စင်စစ် နူးညံ့ သိမ်မွေ့ခြင်းနှင့်လည်းကောင်း ပြည့်စုံသော ထို ငါ့အား- “အကြားအမြင်နည်းသော ပုထုဇဥ်သည် မိမိကိုယ် တိုင်က အိုခြင်း သဘောရှိသူ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် အိုမင်းသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း အိုခြင်း သဘောရှိသူ ဖြစ်၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်၏၊ ငါသည် အိုခြင်းသဘောရှိသူ၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် အိုမင်းသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အရွယ်နုပျိုခြင်းကြောင့် အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်းပျောက်ငြိမ်း၏။ “အကြားအမြင်နည်းသော ပုထုဇဥ်သည် မိမိကိုယ်တိုင်က နာခြင်းသဘောရှိသူ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် နာသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် နာသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား ရောဂါကင်းခြင်းကြောင့် ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။ “အကြားအမြင်နည်းသော ပုထုဇဥ်သည် မိမိကိုယ်တိုင်က သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်ပါလျက် သေသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း သေခြင်းသဘောရှိသူ၊ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် သေသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အသက်ရှည်ခြင်းကြောင့် အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။ ရဟန်းတို့ မာန်ယစ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အရွယ် နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဥ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဥ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြား အမြင်နည်းပါးသည့် ပုထုဇဥ်သည်လည်း။ပ။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဥ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဥ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏ဟု (မိန့်တော်မူ၏)။ နာခြင်းသဘောရှိကုန်သော၊ အိုခြင်းသဘောရှိကုန်သော၊ ထို့ပြင် သေခြင်း သဘောရှိကုန်သော ပုထုဇဥ်တို့သည် ထိုသို့ နာခြင်းစသည် သဘောရှိကုန်လျက် သာလျှင် သူတစ်ပါးကို စက်ဆုပ်ကုန်၏။ ဤသို့ သဘောရှိကုန်သော သတ္တဝါတို့၌ ငါသည် ထို နာခြင်းစသော သဘောကို စက်ဆုပ်ငြားအံ့၊ ဤသို့ စက်ဆုပ်သော အခြင်းအရာအားဖြင့် နေလေ့ရှိသော ငါ့အား ဤစက်ဆုပ်ခြင်းသဘောသည် မသင့်လျော်ရာ။ ဤသို့ ဆင်ခြင်လေ့ရှိသည်ဖြစ်၍ နေသော ထို ငါသည် ဥပဓိကင်းရာ နိဗ္ဗာန်ကို သိ၍ ရောဂါကင်းခြင်း၌လည်းကောင်း၊ အရွယ်နုပျိုခြင်း၌လည်းကောင်း၊ အသက်ရှည်ခြင်း၌လည်းကောင်း အကြင် မာန်ယစ်ခြင်းတို့သည် ရှိကုန်၏။ ငါသည် ထို အလုံးစုံသော မာန်ယစ်ခြင်းတို့ကို လွန်မြောက်ပြီးဖြစ်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်၌ ဘေးမရှိဟု ရှု၍ နိဗ္ဗာန်ကို ဘေးမရှိဟု မြင်သော ထို ငါ့အား အားထုတ်မှု လုံ့လသည် ဖြစ်ပြီ။ ငါသည် ယခုအခါ၌ ကာမဂုဏ်တို့ကို မမှီဝဲထိုက်ပြီ၊ မြတ်သော အကျင့်လျှင် အားထားရာ ရှိသည်ဖြစ်၍ မဆုတ်နစ်တော့အံ့သတည်း။ နဝမသုတ်။
Numbered Discourses 3.39 4. Messengers of the Gods A Delicate Lifestyle “My lifestyle was delicate, mendicants, most delicate, extremely delicate. In my father’s home, lotus ponds were made just for me. In some, blue water lilies blossomed, while in others, there were pink or white lotuses, just for my benefit. I only used sandalwood from Kāsi, and my turbans, jackets, sarongs, and upper robes also came from Kāsi. And a white parasol was held over me night and day, with the thought: ‘Don’t let cold, heat, grass, dust, or damp bother him.’ I had three stilt longhouses—one for the winter, one for the summer, and one for the rainy season. I stayed in a stilt longhouse without coming downstairs for the four months of the rainy season, where I was entertained by musicians—none of them men. While the bondservants, workers, and staff in other houses are given sour gruel with false black pepper to eat, in my father’s home they are given fine rice with meat. Amid such prosperity and such a delicate lifestyle, I thought: ‘When an unlearned ordinary person—who is liable to grow old, not being exempt from old age—sees someone else who is old, they’re horrified, repelled, and disgusted, overlooking the fact that they themselves are in the same situation. But since I, too, am liable to grow old, it would not be appropriate for me to be horrified, embarrassed, and disgusted, when I see someone else who is old.’ Reflecting like this, I entirely gave up the vanity of youth. ‘When an unlearned ordinary person—who is liable to get sick, not being exempt from sickness—sees someone else who is sick, they’re horrified, repelled, and disgusted, overlooking the fact that they themselves are in the same situation. But since I, too, am liable to get sick, it would not be appropriate for me to be horrified, embarrassed, and disgusted, when I see someone else who is sick.’ Reflecting like this, I entirely gave up the vanity of health. ‘When an unlearned ordinary person—who is liable to die, not being exempt from death—sees someone else who is dead, they’re horrified, repelled, and disgusted, overlooking the fact that they themselves are in the same situation. But since I, too, am liable to die, it would not be appropriate for me to be horrified, embarrassed, and disgusted, when I see someone else who is dead.’ Reflecting like this, I entirely gave up the vanity of life. There are these three vanities. What three? The vanity of youth, of health, and of life. Intoxicated with the vanity of youth, an unlearned ordinary person does bad things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. Intoxicated with the vanity of health … Intoxicated with the vanity of life, an unlearned ordinary person does bad things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. Intoxicated with the vanity of youth, health, or life, a mendicant resigns the training and returns to a lesser life. For others, sickness is natural, and so are old age and death. Though this is how their nature is, ordinary people feel disgusted. If I were to be disgusted with creatures whose nature is such, it would not be appropriate for me, since my life is just the same. Living in such a way, I understood the truth without attachments. I mastered all vanities— of health, of youth, and even of life— seeing renunciation as sanctuary. Zeal sprang up in me as I looked to extinguishment. Now I’m unable to indulge in sensual pleasures; there’s no turning back, I’m committed to the spiritual life.”
၁၀။ အာဓိပတေယျသုတ္တံ
၄၀။ ‘‘တီဏိမာနိ, ဘိက္ခဝေ, အာဓိပတေယျာနိ။ ကတမာနိ တီဏိ? အတ္တာဓိပတေယျံ, လောကာဓိပတေယျံ, ဓမ္မာဓိပတေယျံ။ ကတမဉ္စ, ဘိက္ခဝေ, အတ္တာဓိပတေယျံ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ ဣတိ ပဋိသဉ္စိက္ခတိ – ‘န ခေါ ပနာဟံ စီဝရဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ န ပိဏ္ဍပါတဟေတု, န သေနာသနဟေတု, န ဣတိဘဝါဘဝဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ အပိ စ ခေါမှိ ဩတိဏ္ဏော ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော။ အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာတိ။ အဟဉ္စေဝ ခေါ ပန ယာဒိသကေ [ယာဒိသကေ ဝါ (သီ။ ပီ။ က။)] ကာမေ ဩဟာယ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော တာဒိသကေ ဝါ [စ (က။)] ကာမေ ပရိယေသေယျံ တတော ဝါ [စ (က။)] ပါပိဋ္ဌတရေ, န မေတံ ပတိရူပ’န္တိ။ သော ဣတိ ပဋိသဉ္စိက္ခတိ – ‘အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ ဘဝိဿတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂ’န္တိ။ သော အတ္တာနံယေဝ အဓိပတိံ ကရိတွာ အကုသလံ ပဇဟတိ, ကုသလံ ဘာဝေတိ, သာဝဇ္ဇံ ပဇဟတိ, အနဝဇ္ဇံ ဘာဝေတိ, သုဒ္ဓံ အတ္တာနံ ပရိဟရတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, အတ္တာဓိပတေယျံ။
‘‘ကတမဉ္စ, ဘိက္ခဝေ, လောကာဓိပတေယျံ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ ဣတိ ပဋိသဉ္စိက္ခတိ – ‘န ခေါ ပနာဟံ စီဝရဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ န ပိဏ္ဍပါတဟေတု, န သေနာသနဟေတု, န ဣတိဘဝါဘဝဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ အပိ စ ခေါမှိ ဩတိဏ္ဏော ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော။ အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာ’တိ။ အဟဉ္စေဝ ခေါ ပန ဧဝံ ပဗ္ဗဇိတော သမာနော ကာမဝိတက္ကံ ဝါ ဝိတက္ကေယျံ, ဗျာပါဒဝိတက္ကံ ဝါ ဝိတက္ကေယျံ, ဝိဟိံသာဝိတက္ကံ ဝါ ဝိတက္ကေယျံ, မဟာ ခေါ ပနာယံ လောကသန္နိဝါသော။ မဟန္တသ္မိံ ခေါ ပန လောကသန္နိဝါသေ သန္တိ သမဏဗြာဟ္မဏာ ဣဒ္ဓိမန္တော ဒိဗ္ဗစက္ခုကာ ပရစိတ္တဝိဒုနော။ တေ ဒူရတောပိ ပဿန္တိ, အာသန္နာပိ န ဒိဿန္တိ, စေတသာပိ စိတ္တံ ပဇာနန္တိ [ဇာနန္တိ (က။)]။ တေပိ မံ ဧဝံ ဇာနေယျုံ – ‘ပဿထ, ဘော, ဣမံ ကုလပုတ္တံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော သမာနော ဝေါကိဏ္ဏော ဝိဟရတိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟီ’တိ။ ဒေဝတာပိ ခေါ သန္တိ ဣဒ္ဓိမန္တိနိယော ဒိဗ္ဗစက္ခုကာ ပရစိတ္တဝိဒုနိယော။ တာ ဒူရတောပိ ပဿန္တိ, အာသန္နာပိ န ဒိဿန္တိ, စေတသာပိ စိတ္တံ ဇာနန္တိ။ တာပိ မံ ဧဝံ ဇာနေယျုံ – ‘ပဿထ, ဘော, ဣမံ ကုလပုတ္တံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော သမာနော ဝေါကိဏ္ဏော ဝိဟရတိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟီ’တိ။ သော ဣတိ ပဋိသဉ္စိက္ခတိ – ‘အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ ဘဝိဿတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂ’န္တိ။ သော လောကံယေဝ အဓိပတိံ ကရိတွာ အကုသလံ ပဇဟတိ, ကုသလံ ဘာဝေတိ, သာဝဇ္ဇံ ပဇဟတိ, အနဝဇ္ဇံ ဘာဝေတိ, သုဒ္ဓံ အတ္တာနံ ပရိဟရတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, လောကာဓိပတေယျံ။
‘‘ကတမဉ္စ, ဘိက္ခဝေ, ဓမ္မာဓိပတေယျံ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ ဣတိ ပဋိသဉ္စိက္ခတိ – ‘န ခေါ ပနာဟံ စီဝရဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ န ပိဏ္ဍပါတဟေတု, န သေနာသနဟေတု, န ဣတိဘဝါဘဝဟေတု အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ အပိ စ ခေါမှိ ဩတိဏ္ဏော ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ, ဒုက္ခောတိဏ္ဏော ဒုက္ခပရေတော။ အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာတိ။ သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။ သန္တိ ခေါ ပန မေ သဗြဟ္မစာရီ ဇာနံ ပဿံ ဝိဟရန္တိ။ အဟဉ္စေဝ ခေါ ပန ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတော သမာနော ကုသီတော ဝိဟရေယျံ ပမတ္တော, န မေတံ အဿ ပတိရူပ’န္တိ။ သော ဣတိ ပဋိသဉ္စိက္ခတိ – ‘အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ ဘဝိဿတိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂ’န္တိ။ သော ဓမ္မံယေဝ အဓိပတိံ ကရိတွာ အကုသလံ ပဇဟတိ, ကုသလံ ဘာဝေတိ, သာဝဇ္ဇံ ပဇဟတိ, အနဝဇ္ဇံ ဘာဝေတိ, သုဒ္ဓံ အတ္တာနံ ပရိဟရတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဓမ္မာဓိပတေယျံ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အာဓိပတေယျာနီ’’တိ။
‘‘နတ္ထိ လောကေ ရဟော နာမ, ပါပကမ္မံ ပကုဗ္ဗတော၊
အတ္တာ တေ ပုရိသ ဇာနာတိ, သစ္စံ ဝါ ယဒိ ဝါ မုသာ။
‘‘ကလျာဏံ ဝတ ဘော သက္ခိ, အတ္တာနံ အတိမညသိ၊
ယော သန္တံ အတ္တနိ ပါပံ, အတ္တာနံ ပရိဂူဟသိ။
‘‘ပဿန္တိ ဒေဝါ စ တထာဂတာ စ,
လောကသ္မိံ ဗာလံ ဝိသမံ စရန္တံ၊
တသ္မာ ဟိ အတ္တာဓိပတေယျကော စ [အတ္တာဓိပကော သကော စရေ (သီ။ သျာ။ ကံ။ ပီ။)],
လောကာဓိပေါ စ နိပကော စ ဈာယီ။
‘‘ဓမ္မာဓိပေါ စ အနုဓမ္မစာရီ,
န ဟီယတိ သစ္စပရက္ကမော မုနိ၊
ပသယှ မာရံ အဘိဘုယျ အန္တကံ,
ယော စ ဖုသီ ဇာတိက္ခယံ ပဓာနဝါ၊
သော တာဒိသော လောကဝိဒူ သုမေဓော,
သဗ္ဗေသု ဓမ္မေသု အတမ္မယော မုနီ’’တိ။ ဒသမံ၊
ဒေဝဒူတဝဂ္ဂေါ စတုတ္ထော။
တဿုဒ္ဒါနံ –
ဗြဟ္မ အာနန္ဒ သာရိပုတ္တော, နိဒါနံ ဟတ္ထကေန စ၊
ဒူတာ ဒုဝေ စ ရာဇာနော, သုခုမာလာဓိပတေယျေန စာတိ။
၁၀-အာဓိပတေယျသုတ် ၄၀။ ရဟန်းတို့ အကြီးအမှူးပြု၍ ဖြစ်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်နည်း သုံးမျိုးတို့နည်းဟူမူ- မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော ‘အတ္တာဓိပတေယျ’တရားလည်းကောင်း၊ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော ‘လောကာဓိပတေယျ’တရားလည်းကောင်း၊ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ‘ဓမ္မာဓိပတေယျ’တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ မိမိ ကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော ‘အတ္တာဓိပတေယျ’တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ ငါသည် ကား အကြင် သို့ သဘောရှိကုန်သော ကာမဂုဏ်တို့ကို စွန့်ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ထိုသို့သဘောရှိကုန်သော ကာမဂုဏ်တို့ကိုသော်လည်းကောင်း၊ ထို အောက်ယုတ်သော ကာမ ဂုဏ်တို့ကိုသော်လည်းကောင်း ရှာမှီးနေငြားအံ့၊ ထိုသို့ ရှာမှီးနေခြင်းသည် ငါ့အား မသင့်လျော်”ဟု (ဤသို့ ကြံဆင်ခြင်၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ “ငါသည် အပြည့်အစုံ အားထုတ် အပ်သည်ရှိသော် တွန့်ဆုတ်ခြင်းမရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် မိမိကိုယ်ကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော ‘လောကာဓိပတေယျ’တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုး အပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည်ကား ဤသို့ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်ဖြစ်ပါလျက် ကာမ ဂုဏ်တို့ကို ကြံစည်ခြင်း ‘ကာမဝိတက်’ ကိုမူလည်း ကြံစည်ငြားအံ့၊ ပျက်စီးရန် ကြံစည်ခြင်း ‘ဗျာပါဒ ဝိတက်’ကိုမူလည်း ကြံစည်ငြားအံ့၊ ညှဥ်းဆဲရန် ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ ကိုမူလည်း ကြံစည်ငြားအံ့၊ ဤသတ္တလောက၏ တည်ရာ ‘စကြာဝဠာ’သည် ကျယ်ဝန်းများပြားသည်သာတည်း၊ ကျယ်ဝန်းများပြားသော သတ္တလောက၏ တည်ရာ ‘စကြာဝဠာ’ ၌ တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော သူတစ်ပါးစိတ်ကို သိကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိနိုင်ကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ “အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း၍ နေဘိ၏”ဟု (ဤသို့ သိကုန်ရာ၏)။ တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိစွမ်းနိုင်ကုန်သော နတ်တို့သည် ရှိကုန်၏၊ ထို နတ်တို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါးစိတ်ကို သိနိုင်ကုန်၏၊ ထိိုုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ “အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်းလျက် နေဘိ၏”ဟု (ဤသို့ သိကုန်ရာ၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏ “ငါသည် အပြည့်အစုံအားထုတ်အပ်သည်ရှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထို ရဟန်းသည် လောကကိုသာလျှင် အကြီး အမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ‘ဓမ္မာဓိပတေယျ’တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဆောင်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစား နိုင်သော တရားတော်ပါပေတည်း။ ထိုတရားတော်ကို သိကုန်မြင်ကုန်လျက် နေကြကုန်သော ငါ၏ သီတင်း သုံးဖော်တို့သည် ရှိကြကုန်၏။ ငါသည်သာ ဤသို့ ကောင်းစွာ ဟောကြားအပ်သော သာသနာတော်၌ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် စင်စစ် ပျင်းရိမေ့လျော့၍ နေငြားအံ့၊ ဤသို့ နေခြင်းသည် ငါ့အား မသင့်လျော်”ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ “ငါသည် အပြည့်အစုံ အားထုတ်အပ်သည်ရှှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် လောကုတ္တရာတရားကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အကြီး အမှူးပြု၍ ဖြစ်သော တရားသည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ အချင်းယောကျာ်း မကောင်းမှုကို ပြုသူ၏ ဆိတ်ကွယ်ရာ အရပ်မည်သည် လောက၌ မရှိ။ မှန်သည်လည်း ဖြစ်စေ၊ မှားသည်လည်း ဖြစ်စေ အကြင် အမှုကို သင်ပြု၏၊ ထို သင်ပြုသော အမှုကို မိမိကိုယ်တိုင် သိ၏။ အချင်းတို့ အကြင်သူသည် ကောင်းမြတ်၍ သက်သေသဖွယ်ဖြစ်သော မိမိကိုယ်ကို မထီမဲ့မြင် အောက်မေ့၏၊ ထိုသူသည် မိမိ၌ ထင်ရှားရှိသော ထို မကောင်းမှုကို စင်စစ် လျှို့ဝှက်၏။ လောက၌ မညီညွတ်သော တရားကို ကျင့်သုံးသော လူမိုက်ကို နတ်တို့သည်လည်းကောင်း၊ ဘုရား (စသော သူတော်ကောင်း)တို့သည်လည်းကောင်း တွေ့မြင် ကုန်၏။ ထို့ကြောင့်သာလျှင် မိမိကိုယ်ကို့အကြီးအမှူးပြုတတ်သော ရဟန်းသည်လည်းကောင်း၊ ပညာရှိ၍ ကိလေသာကို လောင်ကျွမ်းစေတတ်သူ လောကကို အကြီးအမှူးပြုတတ်သူ ရဟန်းသည်လည်းကောင်း၊ လောကုတ္တရာတရားအားလျော် သော အကျင့်ရှိသူ မှန်သော လုံ့လရှိသူ လောကုတ္တရာတရားကို အကြီးအမှူး ပြုတတ်သူ ရဟန်းသည်လည်းကောင်း မဆုတ်ယုတ်။ ကိလေသာကို လောင်ကျွမ်းစေတတ်သော လုံ့လရှိသော အကြင် ရဟန်းသည် ကိလေသာမာရ်ကို နှိပ်စက်၍၊ အယုတ်ကို ပြုတတ်သော ကိလေသာမာရ်ကို လွှမ်းမိုး၍၊ ပဋိသန္ဓေနေခြင်း၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်၏။ လောကကို သိတတ်၍ ကောင်းသော ပညာရှိသော၊ ခပ်သိမ်းကုန်သော တရားတို့၌ တပ်ခြင်းတဏှာမရှိသော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော၊ ထိုသို့ သဘောရှိသော ရဟန္တာသည် တစ်ခါတစ်ရံမျှ မဆုတ်ယုတ်။ ဒသမသုတ်။ လေးခုမြောက် ဒေဝဒူတဝဂ် ပြီး၏။
Numbered Discourses 3.40 4. Messengers from the Gods In Charge “There are, mendicants, these three things to put in charge. What three? Putting oneself, the world, or the teaching in charge. And what, mendicants, is putting oneself in charge? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘I didn’t go forth from the lay life to homelessness for the sake of a robe, almsfood, lodgings, or rebirth in this or that state. But I was swamped by rebirth, old age, and death; by sorrow, lamentation, pain, sadness, and distress. I was swamped by suffering, mired in suffering. And I thought, “Hopefully I can make an end to this entire mass of suffering.” But it would not be appropriate for me to seek sensual pleasures like those I abandoned when I went forth, or even worse.’ Then they reflect: ‘My energy shall be roused up and unflagging, mindfulness shall be established and lucid, my body shall be tranquil and undisturbed, and my mind shall be immersed in samādhi.’ Putting themselves in charge, they give up the unskillful and develop the skillful, they give up the blameworthy and develop the blameless, and they keep themselves pure. This is called putting oneself in charge. And what, mendicants, is putting the world in charge? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘I didn’t go forth from the lay life to homelessness for the sake of a robe, almsfood, lodgings, or rebirth in this or that state. But I was swamped by rebirth, old age, and death, by sorrow, lamentation, pain, sadness, and distress. I was swamped by suffering, mired in suffering. And I thought, “Hopefully I can make an end to this entire mass of suffering.” And now, since I’ve now gone forth, I might have sensual, malicious, or cruel thoughts. But the population of the world is large, and there are ascetics and brahmins who have psychic power—they’re clairvoyant, and can read the minds of others. They see far without being seen, even by those close; and they understand the minds of others. They would know me: “Look at this gentleman; he’s gone forth out of faith from the lay life to homelessness, but he’s living mixed up with bad, unskillful qualities.” And there are deities, too, who have psychic power—they’re clairvoyant, and can read the minds of others. They see far without being seen, even by those close; and they understand the minds of others. They would know me: “Look at this gentleman; he’s gone forth out of faith from the lay life to homelessness, but he’s living mixed up with bad, unskillful qualities.”’ Then they reflect: ‘My energy shall be roused up and unflagging, mindfulness shall be established and lucid, my body shall be tranquil and undisturbed, and my mind shall be immersed in samādhi.’ Putting the world in charge, they give up the unskillful and develop the skillful, they give up the blameworthy and develop the blameless, and they keep themselves pure. This is called putting the world in charge. And what, mendicants, is putting the teaching in charge? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘I didn’t go forth from the lay life to homelessness for the sake of a robe, almsfood, lodgings, or rebirth in this or that state. But I was swamped by rebirth, old age, and death, by sorrow, lamentation, pain, sadness, and distress. I was swamped by suffering, mired in suffering. And I thought, “Hopefully I can make an end to this entire mass of suffering.” The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. I have spiritual companions who live knowing and seeing. Now that I’ve gone forth in this well explained teaching and training, it would not be appropriate for me to live lazy and heedless.’ Then they reflect: ‘My energy shall be roused up and unflagging, mindfulness shall be established and lucid, my body shall be tranquil and undisturbed, and my mind shall be immersed in samādhi.’ Putting the teaching in charge, they give up the unskillful and develop the skillful, they give up the blameworthy and develop the blameless, and they keep themselves pure. This is called putting the teaching in charge. These are the three things to put in charge. There’s no privacy in the world, for someone who does bad deeds. You’ll know for yourself, whether you’ve lied or told the truth. When you witness your good self, you despise it; while you disguise your bad self inside yourself. The gods and the Realized One see the fool who lives unjustly in the world. So with yourself in charge, live mindfully; with the world in charge, <j>be alert and practice absorption; with the teaching in charge, <j>live in line with that teaching: a sage who tries for the truth doesn’t deteriorate. Māra’s conquered; the terminator’s overcome: one who strives reaches the end of rebirth. Unaffected, intelligent, knowing the world— that sage is determined by nothing at all.”
၅။ စူဠဝဂ္ဂေါ
၁။ သမ္မုခီဘာဝသုတ္တံ
၄၁။ ‘‘တိဏ္ဏံ, ဘိက္ခဝေ, သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ။ ကတမေသံ တိဏ္ဏံ? သဒ္ဓါယ, ဘိက္ခဝေ, သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ။ ဒေယျဓမ္မဿ, ဘိက္ခဝေ, သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ။ ဒက္ခိဏေယျာနံ, ဘိက္ခဝေ, သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ။ ဣမေသံ ခေါ, ဘိက္ခဝေ, တိဏ္ဏံ သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုံ ပုညံ ပသဝတီ’’တိ။ ပဌမံ။
၅-စူဠဝဂ် ၁-သမ္မုခီဘာဝသုတ် ၄၁။ ရဟန်းတို့ တရားသုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ သဒ္ဓါတရား၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူဝတ္ထု၏ မျက်မှောက် ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှု ကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူခံပုဂ္ဂိုလ်တို့၏ မျက်မှောက်ထင်ရှား ရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ ဤတရား သုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.41 5. The Lesser Chapter Present “Mendicants, when three things are present, a faithful gentleman brims with much merit. What three? When faith is present, when a gift to give is present, and when those worthy of a religious donation are present. When these three things are present, a faithful gentleman brims with much merit.”
၂။ တိဌာနသုတ္တံ
၄၂။ ‘‘တီဟိ, ဘိက္ခဝေ, ဌာနေဟိ သဒ္ဓေါ ပသန္နော ဝေဒိတဗ္ဗော။ ကတမေဟိ တီဟိ? သီလဝန္တာနံ ဒဿနကာမော ဟောတိ, သဒ္ဓမ္မံ သောတုကာမော ဟောတိ, ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသတိ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဌာနေဟိ သဒ္ဓေါ ပသန္နော ဝေဒိတဗ္ဗော’’။
‘‘ဒဿနကာမော သီလဝတံ, သဒ္ဓမ္မံ သောတုမိစ္ဆတိ၊
ဝိနယေ မစ္ဆေရမလံ, သ ဝေ သဒ္ဓေါတိ ဝုစ္စတီ’’တိ။ ဒုတိယံ၊
၂-တိဌာနသုတ် ၄၂။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် ကြည်ညိုသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလနှင့်ပြည့်စုံသော သူတို့ကို ဖူးမြင်လိုသူ ဖြစ်၏၊ သူတော်ကောင်းတရားကို နာကြားလိုသူဖြစ်၏၊ လွတ်လွတ်စွန့်ကြဲခြင်း ရှိသည်ဖြစ်၍ ဆေးကြောအပ်သော လက်ရှိသည် စွန့်လွှတ်ခြင်း၌ ပျော်မွေ့သည် တောင်းခံခြင်းငှါ သင့်သည် ပေးလှူမှု ဝေဖန်ခန့်ခွဲမှု၌ မွေ့လျော်သည်ဖြစ်၍ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်၌နေသူ ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း သုံးမျိုးတို့ဖြင့် ကြည်ညိုသောသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ (အကြင် ပုဂ္ဂိုလ်သည်) သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏၊ သူတော်ကောင်းတရားကို နာကြားလို၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက် တတ်၏၊ ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.42 5. The Lesser Chapter Three Grounds “There are three grounds, mendicants, by which a person with faith and confidence can be known. What three? They like to see ethical people. They like to hear the true teaching. And they live at home with heart rid of the stain of stinginess, freely generous, open-handed, loving to let go, committed to charity, loving to give and to share. These are the three grounds by which a person with faith and confidence can be known. They like to see ethical people; they want to hear the true teaching; they’ve driven out the stain of stinginess: that’s who’s called an individual of faith.”
၃။ အတ္ထဝသသုတ္တံ
၄၃။ ‘‘တယော, ဘိက္ခဝေ, အတ္ထဝသေ သမ္ပဿမာနေန အလမေဝ ပရေသံ ဓမ္မံ ဒေသေတုံ။ ကတမေ တယော? ယော ဓမ္မံ ဒေသေတိ သော အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပ္ပဋိသံဝေဒီ စ။ ယော ဓမ္မံ သုဏာတိ သော အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပ္ပဋိသံဝေဒီ စ။ ယော စေဝ ဓမ္မံ ဒေသေတိ ယော စ ဓမ္မံ သုဏာတိ ဥဘော အတ္ထပ္ပဋိသံဝေဒိနော စ ဟောန္တိ ဓမ္မပ္ပဋိသံဝေဒိနော စ။ ဣမေ ခေါ, ဘိက္ခဝေ, တယော အတ္ထဝသေ သမ္ပဿမာနေန အလမေဝ ပရေသံ ဓမ္မံ ဒေသေတု’’န္တိ။ တတိယံ။
၃-အတ္တဝသသုတ် ၄၃။ ရဟန်းတို့ အကြောင်း သုံးမျိုးတို့ကို ကောင်းစွာရှုမြင်သဖြင့် သူတစ်ပါးတို့အား တရားကို ဟောကြားခြင်းငှါ သင့်သည်သာတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက်သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ကို ကောင်းစွာ ရှုမြင်သဖြင့် သူတစ်ပါးတို့အားတရားဟောခြင်းငှါ သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Numbered Discourses 3.43 5. The Lesser Chapter Good Reasons “Mendicants, taking three reasons into consideration provides quite enough motivation to teach Dhamma to another. What three? When the teacher understands the meaning and the teaching. When the audience understands the meaning and the teaching. When both the teacher and the audience understand the meaning and the teaching. Taking these three reasons into consideration provides quite enough motivation to teach Dhamma to another.”
၄။ ကထာပဝတ္တိသုတ္တံ
၄၄။ ‘‘တီဟိ, ဘိက္ခဝေ, ဌာနေဟိ ကထာ ပဝတ္တိနီ ဟောတိ။ ကတမေဟိ တီဟိ? ယော ဓမ္မံ ဒေသေတိ သော အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပ္ပဋိသံဝေဒီ စ။ ယော ဓမ္မံ သုဏာတိ သော အတ္ထပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မပ္ပဋိသံဝေဒီ စ။ ယော စေဝ ဓမ္မံ ဒေသေတိ ယော စ ဓမ္မံ သုဏာတိ ဥဘော အတ္ထပ္ပဋိသံဝေဒိနော စ ဟောန္တိ ဓမ္မပ္ပဋိသံဝေဒိနော စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဌာနေဟိ ကထာ ပဝတ္တိနီ ဟောတီ’’တိ။ စတုတ္ထံ။
၄-ကထာပဝတ္ထိသုတ် ၄၄။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်းသည် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက် သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်း၏ အကြောင်းတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Numbered Discourses 3.44 5. The Lesser Chapter When Conversation Flows “In three situations, mendicants, conversation flows. What three? When the teacher understands the meaning and the teaching. When the audience understands the meaning and the teaching. When both the teacher and the audience understand the meaning and the teaching. These are the three situations in which conversation flows.”
၅။ ပဏ္ဍိတသုတ္တံ
၄၅။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ပဏ္ဍိတပညတ္တာနိ သပ္ပုရိသပညတ္တာနိ။ ကတမာနိ တီဏိ? ဒါနံ, ဘိက္ခဝေ, ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။ ပဗ္ဗဇ္ဇာ, ဘိက္ခဝေ, ပဏ္ဍိတပညတ္တာ သပ္ပုရိသပညတ္တာ။ မာတာပိတူနံ, ဘိက္ခဝေ, ဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ပဏ္ဍိတပညတ္တာနိ သပ္ပုရိသပညတ္တာနီ’’တိ။
‘‘သဗ္ဘိ ဒါနံ ဥပညတ္တံ, အဟိံသာ သံယမော ဒမော၊
မာတာပိတု ဥပဋ္ဌာနံ, သန္တာနံ ဗြဟ္မစာရိနံ။
‘‘သတံ ဧတာနိ ဌာနာနိ, ယာနိ သေဝေထ ပဏ္ဍိတော၊
အရိယော ဒဿနသမ္ပန္နော, သ လောကံ ဘဇတေ သိဝ’’န္တိ။ ပဉ္စမံ၊
၅-ပဏ္ဍိတသုတ် ၄၅။ ရဟန်းတို့ ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အလှူ ‘ဒါန’ကို ပညာရှိ သူတော်ကောင်းတို့ ပညတ် အပ်၏၊ ရဟန်းတို့ ရှင်ရဟန်းပြုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ အမိ အဖတို့အား လုပ်ကျွေးပြုစုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ ပညာရှိ သူတော် ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ အလှူပေးခြင်းကိုလည်းကောင်း၊ (သူတစ်ပါးတို့အား) မညှဥ်းဆဲခြင်းကိုလည်းကောင်း၊ စောင့်ထိန်းခြင်းကိုလည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းကိုလည်းကောင်း၊ သူတော်ကောင်းဖြစ်ကုန် မြတ်သော အကျင့်ရှိကုန်သော သူတို့၏ အမိအဖတို့အား လုပ်ကျွေးပြုစုခြင်းကိုလည်းကောင်း သူတော်ကောင်းတို့ ပညတ်အပ်၏။ သူတော်ကောင်းတို့သည် (ပညတ်အပ်ကုန်သော) အကြင် အကြောင်းသုံးမျိုးတို့သည် ရှိကုန်၏၊ ထို အကြောင်းသုံးမျိုးတို့ကို ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာ ပညာရှိသည် မှီဝဲရာ၏၊ ထိုသူသည် ချမ်းမြေ့သော နတ်ပြည်လောကသို့ ဝင်ရောက်၏။ ပဉ္စမသုတ်။
Numbered Discourses 3.45 5. The Lesser Chapter Recommended by the Astute “Mendicants, these three things are recommended by astute true persons. What three? Giving, going forth, and taking care of your mother and father. These are the three things recommended by astute true persons. The virtuous recommend giving, harmlessness, restraint, and self-control; caring for mother and father, and peaceful spiritual practitioners. These are the things recommended by the good, which the astute should cultivate. A noble one, having vision, will enjoy a world of grace.”
၆။ သီလဝန္တသုတ္တံ
၄၆။ ‘‘ယံ, ဘိက္ခဝေ, သီလဝန္တော ပဗ္ဗဇိတာ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရန္တိ။ တတ္ထ မနုဿာ တီဟိ ဌာနေဟိ ဗဟုံ ပုညံ ပသဝန္တိ။ ကတမေဟိ တီဟိ? ကာယေန, ဝါစာယ, မနသာ။ ယံ, ဘိက္ခဝေ, သီလဝန္တော ပဗ္ဗဇိတာ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရန္တိ။ တတ္ထ မနုဿာ ဣမေဟိ တီဟိ ဌာနေဟိ ဗဟုံ ပုညံ ပသဝန္တီ’’တိ။ ဆဋ္ဌံ။
၆-သီလဝန္တသုတ် ၄၆။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ နှုတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ စိတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို့ဖြစ်ပွါးစေကုန်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌမသုတ်။
Numbered Discourses 3.46 5. The Lesser Chapter Ethical “Mendicants, when ethical renunciates are supported by a town or village, the people there brim with much merit in three ways. What three? By way of body, speech, and mind. When ethical renunciates are supported by a town or village, the people there brim with much merit in these three ways.”
၇။ သင်္ခတလက္ခဏသုတ္တံ
၄၇။ ‘‘တီဏိမာနိ, ဘိက္ခဝေ, သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ? ဥပ္ပါဒေါ ပညာယတိ, ဝယော ပညာယတိ, ဌိတဿ အညထတ္တံ ပညာယတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ သင်္ခတဿ သင်္ခတလက္ခဏာနီ’’တိ။ သတ္တမံ။
၇-သင်္ခတလက္ခဏာသုတ် ၄၇။ ရဟန်းတို့ သင်္ခတ၁တရား၏ သင်္ခတဟု မှတ်ကြောင်းလက္ခဏာ၂တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ဖြစ်ခြင်း ‘ဥပါဒ်’ လက္ခဏာသည် ထင်ရှား၏၊ ပျက်ခြင်း ‘ဘင်’ လက္ခဏာသည် ထင်ရှား၏၊ ဥပါဒ်အခိုက်အတန့်၏ ပြောင်းလဲခြင်း ‘ဌီ’လက္ခဏာသည် ထင်ရှား၏။ ရဟန်းတို့ သင်္ခတတရား၏ သင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။ ၁။ သင်္ခတ၊ အကြောင်းတရားတို့ စုပေါင်းပြုအပ်သောသဘော။ ၂။ လက္ခဏာ၊ ဤတရားသဘောကား သင်္ခတဖြစ်သည်ဟု သိကြောင်းအမှတ်အသား။
Numbered Discourses 3.47 5. The Lesser Chapter Characteristics of the Conditioned “Mendicants, the conditioned has these three characteristics. What three? Arising is evident, vanishing is evident, and change while persisting is evident. These are the three characteristics of the conditioned.” Characteristics of the Unconditioned
၈။ အသင်္ခတလက္ခဏသုတ္တံ
၄၈။ ‘‘တီဏိမာနိ, ဘိက္ခဝေ, အသင်္ခတဿ အသင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ? န ဥပ္ပါဒေါ ပညာယတိ, န ဝယော ပညာယတိ, န ဌိတဿ အညထတ္တံ ပညာယတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အသင်္ခတဿ အသင်္ခတလက္ခဏာနီ’’တိ။ အဋ္ဌမံ။
၈-အသင်္ခတလက္ခဏာသုတ် ၄၈။ ရဟန်းတို့ အသင်္ခတတရား၏ အသင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ဖြစ်ခြင်း ‘ဥပါဒ်’ လက္ခဏာသည် မထင်ရှားပေ၊ ပျက်ခြင်း ‘ဘင်’ လက္ခဏာသည် မထင်ရှားပေ၊ ဥပါဒ်အခိုက်အတန့်၏ ပြောင်းလဲခြင်း ‘ဌီ’ လက္ခဏာသည် မထင်ရှားပေ။ ရဟန်းတို့ အသင်္ခတတရား၏ အသင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
“The unconditioned has these three characteristics. What three? No arising is evident, no vanishing is evident, and no change while persisting is evident. These are the three characteristics of the unconditioned.”
၉။ ပဗ္ဗတရာဇသုတ္တံ
၄၉။ ‘‘ဟိမဝန္တံ, ဘိက္ခဝေ, ပဗ္ဗတရာဇံ နိဿာယ မဟာသာလာ တီဟိ ဝဍ္ဎီဟိ ဝဍ္ဎန္တိ။ ကတမာဟိ တီဟိ? သာခါပတ္တပလာသေန ဝဍ္ဎန္တိ, တစပပဋိကာယ ဝဍ္ဎန္တိ, ဖေဂ္ဂုသာရေန ဝဍ္ဎန္တိ။ ဟိမဝန္တံ, ဘိက္ခဝေ, ပဗ္ဗတရာဇံ နိဿာယ မဟာသာလာ ဣမာဟိ တီဟိ ဝဍ္ဎီဟိ ဝဍ္ဎန္တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, သဒ္ဓံ ကုလပတိံ နိဿာယ အန္တော ဇနော တီဟိ ဝဍ္ဎီဟိ ဝဍ္ဎတိ။ ကတမာဟိ တီဟိ? သဒ္ဓါယ ဝဍ္ဎတိ, သီလေန ဝဍ္ဎတိ, ပညာယ ဝဍ္ဎတိ။ သဒ္ဓံ, ဘိက္ခဝေ, ကုလပတိံ နိဿာယ အန္တော ဇနော ဣမာဟိ တီဟိ ဝဍ္ဎီဟိ ဝဍ္ဎတီ’’တိ။
‘‘ယထာပိ ပဗ္ဗတော သေလော, အရညသ္မိံ ဗြဟာဝနေ၊
တံ ရုက္ခာ ဥပနိဿာယ, ဝဍ္ဎန္တေ တေ ဝနပ္ပတီ။
‘‘တထေဝ သီလသမ္ပန္နံ, သဒ္ဓံ ကုလပတိံ ဣဓ၊
ဥပနိဿာယ ဝဍ္ဎန္တိ, ပုတ္တဒါရာ စ ဗန္ဓဝါ၊
အမစ္စာ ဉာတိသံဃာ စ, ယေ စဿ အနုဇီဝိနော။
‘‘တျာဿ သီလဝတော သီလံ, စာဂံ သုစရိတာနိ စ၊
ပဿမာနာနုကုဗ္ဗန္တိ, အတ္တမတ္ထံ [ယေ ဘဝန္တိ (သီ။ သျာ။ ကံ။ ပီ။)] ဝိစက္ခဏာ။
‘‘ဣဓ ဓမ္မံ စရိတွာန, မဂ္ဂံ သုဂတိဂါမိနံ၊
နန္ဒိနော ဒေဝလောကသ္မိံ, မောဒန္တိ ကာမကာမိနော’’တိ။ နဝမံ၊
၉-ပဗ္ဗတရာဇသုတ် ၄၉။ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အကိုင်း အခက် အရွက်ဖြင့် ကြီးပွါးကုန်၏၊ အခေါက် အပွေးဖြင့် ကြီးပွါးကုန်၏၊ အကာ အနှစ်ဖြင့် ကြီးပွါးကုန်၏၊ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား အကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ယုံကြည်ခြင်း ‘သဒ္ဓါတရား’ ဖြင့် ကြီးပွါး၏၊ အကျင့် ‘သီလ’ ဖြင့် ကြီးပွါး၏၊ အသိ ‘ပညာ’ ဖြင့် ကြီးပွါး၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသားအကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏ဟု (မိန့်တော်မူ၏)။ တောအုပ်ကြီးအတွင်း၌ ရှိသော ကျောက်တောင်ကြီးကို အမှီပြု၍ တောစိုး သစ်ပင်ကြီးတို့သည် ကြီးပွါးကုန်သကဲ့သို့၊ ထို့အတူသာလျှင် ဤလောက၌ သီလနှင့် ပြည့်စုံသော၊ သဒ္ဓါတရားရှိသော အမျိုးသား အကြီးအကဲကို အမှီပြု၍ သား မယားတို့သည်လည်းကောင်း၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင် သူတို့သည်လည်းကောင်း၊ ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊ ထို သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားကို မှီ၍အသက်မွေးကုန်သော သူတို့သည်လည်းကောင်း (သဒ္ဓါစသော သုံးပါးသော တရားတို့ဖြင့်) ကြီးပွါးကုန်၏။ မိမိအကျိုးကို မြော်မြင်တတ်ကုန်သော ထို ပညာရှိတို့သည် ထို သီလရှိသော သူ၏ သီလကိုလည်းကောင်း၊ စွန့်ကြဲခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း မြင်ကုန်သည်ဖြစ်၍ အတုလိုက်ကာ ပြုကုန်၏။ ဤလောက၌ နှစ်သက်ခြင်းရှိကုန်သော ချမ်းသာကို လိုလားကုန်သော သူတို့သည် သုဂတိဘဝသို့ လားကြောင်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ရ၍ နတ်ပြည်၌ မွေ့လျော်ရကုန်၏။ နဝမသုတ်။
Numbered Discourses 3.48 5. The Lesser Chapter The King of Mountains “Mendicants, great sal trees grow in three ways supported by the Himalayas, the king of mountains. What three? The branches, leaves, and foliage; the bark and shoots; and the softwood and heartwood. Great sal trees grow in these three ways supported by the Himalayas, the king of mountains. In the same way, a family grows in three ways supported by a family head with faith. What three? Faith, ethics, and wisdom. A family grows in these three ways supported by a family head with faith. Supported by the rocky mountain in the wilds, the formidable forest, the tree grows to become lord of the forest. So too, when the family head is ethical and faithful, supported by them, they grow: children, partners, and kin, colleagues, relatives, and those dependent for their livelihood. Seeing the ethical conduct of the virtuous, the generosity and good deeds, those who see clearly do likewise. Having practiced the teaching here, the path that goes to a good place, they delight in the heavenly realm, enjoying all the pleasures they desire.”
၁၀။ အာတပ္ပကရဏီယသုတ္တံ
၅၀။ ‘‘တီဟိ, ဘိက္ခဝေ, ဌာနေဟိ အာတပ္ပံ ကရဏီယံ။ ကတမေဟိ တီဟိ? အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ အာတပ္ပံ ကရဏီယံ, အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ အာတပ္ပံ ကရဏီယံ, ဥပ္ပန္နာနံ သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ တိဗ္ဗာနံ ခရာနံ ကဋုကာနံ အသာတာနံ အမနာပါနံ ပါဏဟရာနံ အဓိဝါသနာယ အာတပ္ပံ ကရဏီယံ။ ဣမေဟိ တီဟိ, ဘိက္ခဝေ, ဌာနေဟိ အာတပ္ပံ ကရဏီယံ။
‘‘ယတော ခေါ, ဘိက္ခဝေ, ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ အာတပ္ပံ ကရောတိ, အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ အာတပ္ပံ ကရောတိ, ဥပ္ပန္နာနံ သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ တိဗ္ဗာနံ ခရာနံ ကဋုကာနံ အသာတာနံ အမနာပါနံ ပါဏဟရာနံ အဓိဝါသနာယ အာတပ္ပံ ကရောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု အာတာပီ နိပကော သတော သမ္မာ ဒုက္ခဿ အန္တကိရိယာယာ’’တိ။ ဒသမံ။
၁၀-အာတပ္ပကရဏီယသုတ် ၅၀။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာစပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ်သက်ဖွယ်ဖြစ်ကုန် အသက် ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံနိ်ုင်ခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏။ ရဟန်းတို့ ဤအကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။ ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာ စပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ် သက်ဖွယ်ဖြစ်ကုန် အသက်ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံ နိ်ုင်ခြင်းငှါ အားထုတ်ခြင်းကို ပြု၏။ ရဟန်းတို့ ထိုအခါ၌ ဤရဟန်းကို ဆင်းရဲအဆုံးကို ကောင်းစွာ ပြုခြင်းငှါ အားထုတ်ခြင်းရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ရဟန်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Numbered Discourses 3.49 5. The Lesser Chapter Keen “In three situations, mendicants, you should be keen. What three? You should be keen to prevent bad, unskillful qualities from arising. You should be keen to give rise to skillful qualities. And you should be keen to endure physical pain—sharp, severe, acute, unpleasant, disagreeable, life-threatening. In these three situations, you should be keen. It’s a mendicant who is keen to prevent bad, unskillful qualities from arising. They’re keen to give rise to skillful qualities. And they’re keen to endure physical pain—sharp, severe, acute, unpleasant, disagreeable, life-threatening. This is called a mendicant who is keen, alert, and mindful so as to rightly make an end of suffering.”
၁၁။ မဟာစောရသုတ္တံ
၅၁။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော မဟာစောရော သန္ဓိမ္ပိ ဆိန္ဒတိ, နိလ္လောပမ္ပိ ဟရတိ, ဧကာဂါရိကမ္ပိ ကရောတိ, ပရိပန္ထေပိ တိဋ္ဌတိ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, မဟာစောရော ဝိသမနိဿိတော စ ဟောတိ, ဂဟနနိဿိတော စ ဟောတိ, ဗလဝနိဿိတော စ ဟောတိ။ ကထဉ္စ, ဘိက္ခဝေ, မဟာစောရော ဝိသမနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, မဟာစောရော နဒီဝိဒုဂ္ဂံ ဝါ နိဿိတော ဟောတိ ပဗ္ဗတဝိသမံ ဝါ။ ဧဝံ ခေါ, ဘိက္ခဝေ, မဟာစောရော ဝိသမနိဿိတော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, မဟာစောရော ဂဟနနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, မဟာစောရော တိဏဂဟနံ ဝါ နိဿိတော ဟောတိ, ရုက္ခဂဟနံ ဝါ ရောဓံ [ဂေဓံ (သီ။ ပီ။)] ဝါ မဟာဝနသဏ္ဍံ ဝါ။ ဧဝံ ခေါ, ဘိက္ခဝေ, မဟာစောရော ဂဟနနိဿိတော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, မဟာစောရော ဗလဝနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, မဟာစောရော ရာဇာနံ ဝါ ရာဇမဟာမတ္တာနံ ဝါ နိဿိတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘သစေ မံ ကောစိ ကိဉ္စိ ဝက္ခတိ, ဣမေ မေ ရာဇာနော ဝါ ရာဇမဟာမတ္တာ ဝါ ပရိယောဓာယ အတ္ထံ ဘဏိဿန္တီ’တိ။ သစေ နံ ကောစိ ကိဉ္စိ အာဟ, တျာဿ ရာဇာနော ဝါ ရာဇမဟာမတ္တာ ဝါ ပရိယောဓာယ အတ္ထံ ဘဏန္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, မဟာစောရော ဗလဝနိဿိတော ဟောတိ။ ဣမေ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော မဟာစောရော သန္ဓိမ္ပိ ဆိန္ဒတိ, နိလ္လောပမ္ပိ ဟရတိ, ဧကာဂါရိကမ္ပိ ကရောတိ, ပရိပန္ထေပိ တိဋ္ဌတိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ပါပဘိက္ခု ခတံ ဥပဟတံ အတ္တာနံ ပရိဟရတိ, သာဝဇ္ဇော စ ဟောတိ သာနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ အပုညံ ပသဝတိ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ပါပဘိက္ခု ဝိသမနိဿိတော စ ဟောတိ ဂဟနနိဿိတော စ ဗလဝနိဿိတော စ။
‘‘ကထဉ္စ, ဘိက္ခဝေ, ပါပဘိက္ခု ဝိသမနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, ပါပဘိက္ခု ဝိသမေန ကာယကမ္မေန သမန္နာဂတော ဟောတိ, ဝိသမေန ဝစီကမ္မေန သမန္နာဂတော ဟောတိ, ဝိသမေန မနောကမ္မေန သမန္နာဂတော ဟောတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဘိက္ခု ဝိသမနိဿိတော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ပါပဘိက္ခု ဂဟနနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, ပါပဘိက္ခု မိစ္ဆာဒိဋ္ဌိကော ဟောတိ, အန္တဂ္ဂါဟိကာယ ဒိဋ္ဌိယာ သမန္နာဂတော ဟောတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဘိက္ခု ဂဟနနိဿိတော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ပါပဘိက္ခု ဗလဝနိဿိတော ဟောတိ? ဣဓ, ဘိက္ခဝေ, ပါပဘိက္ခု ရာဇာနံ ဝါ ရာဇမဟာမတ္တာနံ ဝါ နိဿိတော ဟောတိ။ တဿ ဧဝံ ဟောတိ – ‘သစေ မံ ကောစိ ကိဉ္စိ ဝက္ခတိ, ဣမေ မေ ရာဇာနော ဝါ ရာဇမဟာမတ္တာ ဝါ ပရိယောဓာယ အတ္ထံ ဘဏိဿန္တီ’တိ။ သစေ နံ ကောစိ ကိဉ္စိ အာဟ, တျာဿ ရာဇာနော ဝါ ရာဇမဟာမတ္တာ ဝါ ပရိယောဓာယ အတ္ထံ ဘဏန္တိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပါပဘိက္ခု ဗလဝနိဿိတော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ပါပဘိက္ခု ခတံ ဥပဟတံ အတ္တာနံ ပရိဟရတိ, သာဝဇ္ဇော စ ဟောတိ သာနုဝဇ္ဇော စ ဝိညူနံ, ဗဟုဉ္စ အပုညံ ပသဝတီ’’တိ။ ဧကာဒသမံ။
စူဠဝဂ္ဂေါ ပဉ္စမော။
တဿုဒ္ဒါနံ –
သမ္မုခီ ဌာနတ္ထဝသံ, ပဝတ္တိ ပဏ္ဍိတ သီလဝံ၊
သင်္ခတံ ပဗ္ဗတာတပ္ပံ, မဟာစောရေနေကာဒသာတိ [မဟာစောရေန တေ ဒသာတိ (က။)]။
ပဌမော ပဏ္ဏာသကော သမတ္တော။
၁၁-မဟာစောရသုတ် ၅၁။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးတို့သည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏၊ အဘယ်သုံးမျိုးနည်းဟူမူ- ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကိုသော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရ သနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာကူးခက်သော မြစ်ကိုသော်လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော်လည်းကောင်း၊ သစ်တောကိုသော်လည်းကောင်း၊ ထူထဲသော တောအုပ်ကိုသော်လည်းကောင်း၊ တောအုပ်ကြီးကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌ခိုးသူကြီးသည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ် ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထို ခိုးသူကြီးအား “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံ တစ်ရာကို ပြောငြားအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြားကုန်လတ္တံ့”ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထို ခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီ ရ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်း ကိုသော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏။ ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြို ဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲ အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကို သော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ ရဟန်းယုတ်သည် အဘယ်သို့ လျှင် မညီညွတ်သည်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သည်ကို အမှီရသည် မည်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ သဿတစသည်ဖြင့် စွဲယူသော ‘အန္တဂ္ဂါဟိက’ ဒိဋ္ဌိနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသည် မည်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထိုရဟန်းယုတ်အား “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ ဤမင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကုန်လတ္တံ့”ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်းယုတ်၏ အကျိုးကို ပြောကြကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသည် မည်၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲအပ်၏၊ များစွာသော မကောင်းမှုတို့ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ ဧကဒသမသုတ်။ ငါးခုမြောက် စူဠဝဂ် ပြီး၏။ ပဌမ သုတ်ငါးဆယ် ပြီး၏။ ၂-ဒုတိယပဏ္ဏာသက ၂-ဒုတိယ သုတ်ငါးဆယ် (၆) ဗြာဟ္မဏဝဂ် ၁-ပဌမ ဒွေ ဗြာဟ္မဏသုတ်
Numbered Discourses 3.50 5. The Lesser Chapter A Master Thief “Mendicants, a master thief with three factors breaks into houses, plunders wealth, steals from isolated buildings, and commits highway robbery. What three? A master thief relies on uneven ground, on thick cover, and on the powerful. And how does a master thief rely on uneven ground? It’s when a master thief relies on inaccessible riverlands or rugged mountains. That’s how a master thief relies on uneven ground. And how does a master thief rely on thick cover? It’s when a master thief relies on thick grass, thick trees, a blind spot, or a large forest grove. That’s how a master thief relies on thick cover. And how does a master thief rely on the powerful? It’s when a master thief relies on rulers or their chief ministers. They think: ‘If anyone accuses me of anything, these rulers or their chief ministers will speak in my defense in the case.’ And that’s exactly what happens. That’s how a master thief relies on the powerful. A master thief with these three factors breaks into houses, plunders wealth, steals from isolated buildings, and commits highway robbery. In the same way, when a bad mendicant has three factors, they keep themselves broken and damaged. They deserve to be blamed and criticized by sensible people, and they brim with much wickedness. What three? A bad mendicant relies on uneven ground, on thick cover, and on the powerful. And how does a bad mendicant rely on uneven ground? It’s when a bad mendicant has unethical conduct by way of body, speech, and mind. That’s how a bad mendicant relies on uneven ground. And how does a bad mendicant rely on thick cover? It’s when a bad mendicant has wrong view, he’s attached to an extremist view. That’s how a bad mendicant relies on thick cover. And how does a bad mendicant rely on the powerful? It’s when a bad mendicant relies on rulers or their chief ministers. They think: ‘If anyone accuses me of anything, these rulers or their chief ministers will speak in my defense in the case.’ And that’s exactly what happens. That’s how a bad mendicant relies on the powerful. When a bad mendicant has these three qualities, they keep themselves broken and damaged. They deserve to be blamed and criticized by sensible people, and they brim with much wickedness.”
၂။ ဒုတိယပဏ္ဏာသကံ
(၆) ၁။ ဗြာဟ္မဏဝဂ္ဂေါ
၁။ ပဌမဒွေဗြာဟ္မဏသုတ္တံ
၅၂။ အထ ခေါ ဒွေ ဗြာဟ္မဏာ ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဗြာဟ္မဏာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘မယမဿု, ဘော ဂေါတမ, ဗြာဟ္မဏာ ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ၊ တေ စမှာ အကတကလျာဏာ အကတကုသလာ အကတဘီရုတ္တာဏာ။ ဩဝဒတု နော ဘဝံ ဂေါတမော, အနုသာသတု နော ဘဝံ ဂေါတမော ယံ အမှာကံ အဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘တဂ္ဃ တုမှေ, ဗြာဟ္မဏာ, ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ၊ တေ စတ္ထ အကတကလျာဏာ အကတကုသလာ အကတဘီရုတ္တာဏာ။ ဥပနီယတိ ခေါ အယံ, ဗြာဟ္မဏာ, လောကော ဇရာယ ဗျာဓိနာ မရဏေန။ ဧဝံ ဥပနီယမာနေ ခေါ, ဗြာဟ္မဏာ, လောကေ ဇရာယ ဗျာဓိနာ မရဏေန, ယော ဣဓ ကာယေန သံယမော ဝါစာယ သံယမော မနသာ သံယမော, တံ တဿ ပေတဿ တာဏဉ္စ လေဏဉ္စ ဒီပဉ္စ သရဏဉ္စ ပရာယဏဉ္စာ’’တိ။
‘‘ဥပနီယတိ ဇီဝိတမပ္ပမာယု,
ဇရူပနီတဿ န သန္တိ တာဏာ၊
ဧတံ ဘယံ မရဏေ ပေက္ခမာနော,
ပုညာနိ ကယိရာထ သုခါဝဟာနိ။
‘‘ယောဓ ကာယေန သံယမော, ဝါစာယ ဥဒ စေတသာ၊
တံ တဿ ပေတဿ သုခါယ ဟောတိ,
ယံ ဇီဝမာနော ပကရောတိ ပုည’’န္တိ။ [သံ။ နိ။ ၁။၁၀၀] ပဌမံ၊
၅၂။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့် လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ပင်ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကြပါကုန်ပြီ၊ ထို အကျွန်ုပ်တို့ကား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါကုန်သေး၊ အသျှင် ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ”ဟု လျှောက်ထားကြကုန်၏။ ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိကုန်၍ အိုမင်းကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့် ပို့ဆောင်အပ်၏။ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် သတ္တလောကကို ဤသို့ အဆင့်ဆင့် ပို့ဆောင်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသိုု့ ပြောင်းသွား သူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (အို နာ သေရေး ဒုက္ခဘေးတို့သည်) ဇီဝိတိန္ဒြေကို အဆင့်ဆင့် ပို့ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် တိုတောင်းလှ၏၊ အိုခြင်းတရားသည် အဆင့်ဆင့် ပို့ဆောင်အပ်သော သတ္တဝါအား ကိုးကွယ်ရာတို့မည်သည် မရှိနိုင်ကုန်၊ သေခြင်းတရား၌ ဤမည်သော ဘေးကို (ပညာမျက်စိဖြင့်) မြင်အောင်ရှုလျက် ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရာသတည်း။ ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဥ်ရှင်နေစဥ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်လောက သို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။ ပဌမသုတ်။
Numbered Discourses 3.51 6. Brahmins Two Brahmins (1st) Then two old brahmins—elderly and senior, who were advanced in years and had reached the final stage of life, a hundred and twenty years old—went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side, and said to the Buddha: “We brahmins, worthy Gotama, are old, elderly and senior, we’re advanced in years and have reached the final stage of life; we’re a hundred and twenty years old. And we haven’t done what is good and skillful, nor have we made a shelter from fear. Advise us, worthy Gotama, instruct us! It will be for our lasting welfare and happiness.” “Indeed, brahmins, you’re old, elderly and senior. And you haven’t done what is good and skillful, nor have you made a shelter from fear. This world is led onward by old age, sickness, and death. But restraint here by way of body, speech, and mind is the shelter, asylum, island, refuge, and final haven for the departed. This life, so very short, is led onward. One led on to old age has no shelter. Seeing this peril in death, do good deeds that bring you joy. The restraint practiced here— of body, speech, and mind— leads the departed to happiness, as the good deeds done while living.”
၂။ ဒုတိယဒွေဗြာဟ္မဏသုတ္တံ
၅၃။ အထ ခေါ ဒွေ ဗြာဟ္မဏာ ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဗြာဟ္မဏာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘မယမဿု, ဘော ဂေါတမ, ဗြာဟ္မဏာ ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ၊ တေ စမှာ အကတကလျာဏာ အကတကုသလာ အကတဘီရုတ္တာဏာ။ ဩဝဒတု နော ဘဝံ ဂေါတမော, အနုသာသတု နော ဘဝံ ဂေါတမော ယံ အမှာကံ အဿ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘တဂ္ဃ တုမှေ, ဗြာဟ္မဏာ, ဇိဏ္ဏာ ဝုဒ္ဓါ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ၊ တေ စတ္ထ အကတကလျာဏာ အကတကုသလာ အကတဘီရုတ္တာဏာ။ အာဒိတ္တော ခေါ အယံ, ဗြာဟ္မဏာ, လောကော ဇရာယ ဗျာဓိနာ မရဏေန။ ဧဝံ အာဒိတ္တေ ခေါ, ဗြာဟ္မဏာ, လောကေ ဇရာယ ဗျာဓိနာ မရဏေန, ယော ဣဓ ကာယေန သံယမော ဝါစာယ သံယမော မနသာ သံယမော, တံ တဿ ပေတဿ တာဏဉ္စ လေဏဉ္စ ဒီပဉ္စ သရဏဉ္စ ပရာယဏဉ္စာ’’တိ။
‘‘အာဒိတ္တသ္မိံ အဂါရသ္မိံ, ယံ နီဟရတိ ဘာဇနံ၊
တံ တဿ ဟောတိ အတ္ထာယ, နော စ ယံ တတ္ထ ဍယှတိ။
‘‘ဧဝံ အာဒိတ္တော ခေါ [ဧဝံ အာဒီဝိတော (သီ။ ပီ။), ဧဝံ အာဒိတ္တကော (သျာ။ ကံ။) သံ။ နိ။ ၁။၄၁] လောကော, ဇရာယ မရဏေန စ၊
နီဟရေထေဝ ဒါနေန, ဒိန္နံ ဟောတိ သုနီဟတံ [သုနိဗ္ဘတံ (က။)]။
‘‘ယောဓ ကာယေန သံယမော, ဝါစာယ ဥဒ စေတသာ၊
တံ တဿ ပေတဿ သုခါယ ဟောတိ,
ယံ ဇီဝမာနော ပကရောတိ ပုည’’န္တိ။ ဒုတိယံ၊
၂-ဒုတိယ ဒွေဗြာဟ္မဏသုတ် ၅၃။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့လည်း ရောက်ကြပါကုန်ပြီ။ ထို အကျွန်ုပ်တို့အား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါ ကုန်သေး။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ”ဟု လျှောက်ထားကြကုန်၏။ ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ ဤသတ္တ့လောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် လောင်မြိုက်နေ၏။ ပုဏ္ဏားတို့ သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် ဤသို့ လောင်မြိုက်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသိုု့ ပြောင်းသွားသူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အိမ်ကို မီးစွဲဲလောင်သည်ရှိသော် အကြင် အိုးခွက် စသော ပစ္စည်းကို ထုတ်ယူထား အပ်၏၊ ထို ထုတ်ယူထားအပ်သော အိုးခွက်စသော ပစ္စည်းသည်လည်းကောင်း၊ ထို အိမ်၌ အကြင် အကြင် ပစ္စည်းကို မီးမလောင်၊ ထို မီးမလောင်သော ပစ္စည်းသည်လည်းကောင်း အိမ်ရှင်၏ အကျိုးငှါ ဖြစ်၏။ ဤအတူပင် သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် စွဲလောင် အပ်၏၊ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူထားအပ်သည်သာတည်း၊ ပေးလှူအပ်ပြီးသော အလှူ‘ဒါန’သည် ကောင်းစွာ ထုတ်ယူထားအပ် ပြီး မည်၏။ ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဥ်ရှင်နေစဥ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်ဘဝသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။ ဒုတိယသုတ်။
Numbered Discourses 3.52 6. Brahmins Two Brahmins (2nd) Then two old brahmins—elderly and senior, who were advanced in years and had reached the final stage of life, a hundred and twenty years old—went up to the Buddha, bowed, sat down to one side, and said to him: “We brahmins, worthy Gotama, are old, elderly and senior, we’re advanced in years and have reached the final stage of life; we’re a hundred and twenty years old. And we haven’t done what is good and skillful, nor have we made a shelter from fear. Advise us, worthy Gotama, instruct us! It will be for our lasting welfare and happiness.” “Indeed, brahmins, you’re old, elderly and senior. And you haven’t done what is good and skillful, nor have you made a shelter from fear. This world is burning with old age, sickness, and death. But restraint here by way of body, speech, and mind is the shelter, asylum, island, refuge, and final haven for the departed. When your house is on fire, you rescue the pot that’s useful, not the one that’s burnt. And as the world is on fire with old age and death, you should rescue by giving, for what’s given is rescued. The restraint practiced here— of body, speech, and mind— leads the departed to happiness, as the good deeds done while living.”
၃။ အညတရဗြာဟ္မဏသုတ္တံ
၅၄။ အထ ခေါ အညတရော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သန္ဒိဋ္ဌိကော ဓမ္မော သန္ဒိဋ္ဌိကော ဓမ္မော’တိ, ဘော ဂေါတမ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘော ဂေါတမ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော [ဩပနယိကော (သီ။ သျာ။ ကံ။ ပီ။) ပဉ္စမသုတ္တဿ ဋီကာ ဩလောကေတဗ္ဗာ] ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ?
‘‘ရတ္တော ခေါ, ဗြာဟ္မဏ, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ရာဂေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ (ရတ္တော ခေါ…ပေ… ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ ရာဂေ ပဟီနာ နေဝ ကာယေန ဒုစ္စရိတံ စရတိ, န ဝါစာယ ဒုစ္စရိတံ စရတိ, န မနသာ ဒုစ္စရိတံ စရတိ။ ရတ္တော ခေါ…ပေ… အတ္တတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ။ ရာဂေ ပဟီနေ အတ္တတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ။) [( ) ဧတ္ထန္တရေ ပါဌော သီ။ သျာ။ ကံ။ ပီ။ ပေါတ္ထကေသု န ဒိဿတိ, ဣဓပိ ဒုဋ္ဌမူဠှဝါရေသု] ဧဝမ္ပိ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ…ပေ…။
‘‘ဒုဋ္ဌော ခေါ, ဗြာဟ္မဏ, ဒေါသေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ဒေါသေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကမ္ပိ [န စေတသိကံ (သီ။ သျာ။ က။)] ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ဧဝမ္ပိ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ…ပေ…။
‘‘မူဠှော ခေါ, ဗြာဟ္မဏ, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ မောဟေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ဧဝံ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ တတိယံ။
၃-အညရတဗြာဟ္မဏသုတ် ၅၄။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရား အား- “အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက်သော တရား ကိုယ်တိုင်သိမြင်ထိုက်သော တရားဟု ဆိုအပ် ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားသည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေး ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက် ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်းဟု (လျှောက်ထား၏)။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ (ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်း မှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊)၊ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။ ( ) ဤကွင်းအတွင်းရှိ စကားရပ်များသည် သီဟိုဋ် ယိုးဒယား ကမ္ဗောဒီးယား အင်္ဂလိပ်မူတို့၌ မပါ။ ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည် ဒေါသနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ဒေါသဖြင့် သိမ်းကျုံးဆွဲ ဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ဒေါသကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင် ထိုက်၏။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးတို့ဖြင့်တရားတော်ကို ပြတော်မူ၏၊ ထို အကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်၏။ တတိယသုတ်။
Numbered Discourses 3.53 6. Brahmins A Certain Brahmin Then a brahmin went up to the Buddha, and exchanged greetings with him. Seated to one side he said to the Buddha: “Worthy Gotama, they speak of ‘a teaching apparent in the present life’. In what way is the teaching apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves?” “A greedy person, overcome and overwhelmed by greed, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When greed has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. This is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. A hateful person, overcome by hate, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When hate has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. This, too, is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. A deluded person, overcome by delusion, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When delusion has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. This, too, is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.” “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၄။ ပရိဗ္ဗာဇကသုတ္တံ
၅၅။ အထ ခေါ အညတရော ဗြာဟ္မဏပရိဗ္ဗာဇကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဗြာဟ္မဏပရိဗ္ဗာဇကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သန္ဒိဋ္ဌိကော ဓမ္မော သန္ဒိဋ္ဌိကော ဓမ္မော’တိ, ဘော ဂေါတမ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘော ဂေါတမ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ?
‘‘ရတ္တော ခေါ, ဗြာဟ္မဏ, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ရာဂေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။
‘‘ရတ္တော ခေါ, ဗြာဟ္မဏ, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ ရာဂေ ပဟီနေ နေဝ ကာယေန ဒုစ္စရိတံ စရတိ, န ဝါစာယ ဒုစ္စရိတံ စရတိ, န မနသာ ဒုစ္စရိတံ စရတိ။
‘‘ရတ္တော ခေါ, ဗြာဟ္မဏ, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ။ ရာဂေ ပဟီနေ အတ္တတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ…ပေ…။
‘‘ဒုဋ္ဌော ခေါ, ဗြာဟ္မဏ, ဒေါသေန…ပေ… မူဠှော ခေါ, ဗြာဟ္မဏ, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ မောဟေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။
‘‘မူဠှော ခေါ, ဗြာဟ္မဏ, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော, ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ မောဟေ ပဟီနေ နေဝ ကာယေန ဒုစ္စရိတံ စရတိ, န ဝါစာယ ဒုစ္စရိတံ စရတိ, န မနသာ ဒုစ္စရိတံ စရတိ။
‘‘မူဠှော ခေါ, ဗြာဟ္မဏ, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ။ မောဟေ ပဟီနေ အတ္တတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ စတုတ္ထံ။
၄-ပရိဗ္ဗာဇကသုတ် ၅၅။ ထိုအခါ တစ်ဦးသော ပုဏ္ဏားမျိုး ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ် ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက် သော တရား၊ ကိုယ်တိုင်သိမြင်ထိုက်သော တရားဟု ဆိုအပ်ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားတော်သည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း။ (အရိယာ) ပညာရှိတို့ သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း”ဟု (လျှောက်ထား၏)။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန့်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုး ကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။ ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟ နှိပ်စက်ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ မောဟကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား မောဟဖြင့် တွေဝေသော သူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်း မှန်စွာ မသိ။ မောဟကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ အခါမလင့် အကျိုး ပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိ တို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ စတုတ္ထသုတ်။
Numbered Discourses 3.54 6. Brahmins A Wanderer Then a brahmin wanderer went up to the Buddha … Seated to one side he said to the Buddha: “Worthy Gotama, they speak of ‘a teaching apparent in the present life’. In what way is the teaching apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves?” “A greedy person, overcome by greed, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When greed has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. A greedy person does bad things by way of body, speech, and mind. When greed has been given up, they don’t do bad things by way of body, speech, and mind. A greedy person doesn’t truly understand what’s for their own good, the good of another, or the good of both. When greed has been given up, they truly understand what’s for their own good, the good of another, or the good of both. This is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. A hateful person … A deluded person, overcome by delusion, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When delusion has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. A deluded person does bad things by way of body, speech, and mind. When delusion has been given up, they don’t do bad things by way of body, speech, and mind. A deluded person doesn’t truly understand what’s for their own good, the good of another, or the good of both. When delusion has been given up, they truly understand what’s for their own good, the good of another, or the good of both. This, too, is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.” “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၅။ နိဗ္ဗုတသုတ္တံ
၅၆။ အထ ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သန္ဒိဋ္ဌိကံ နိဗ္ဗာနံ သန္ဒိဋ္ဌိကံ နိဗ္ဗာန’န္တိ, ဘော ဂေါတမ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘော ဂေါတမ, သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဟောတိ အကာလိကံ ဧဟိပဿိကံ ဩပနေယျိကံ ပစ္စတ္တံ ဝေဒိတဗ္ဗံ ဝိညူဟီ’’တိ?
‘‘ရတ္တော ခေါ, ဗြာဟ္မဏ, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ရာဂေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ဧဝမ္ပိ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဟောတိ။
‘‘ဒုဋ္ဌော ခေါ, ဗြာဟ္မဏ…ပေ… မူဠှော ခေါ, ဗြာဟ္မဏ, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ မောဟေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ဧဝမ္ပိ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဟောတိ။
‘‘ယတော ခေါ အယံ, ဗြာဟ္မဏ [ယတော စ ခေါ အယံ ဗြာဟ္မဏ (သီ။), ယတော ခေါ ဗြာဟ္မဏ အကာလိကံ ဧဟိပဿိကံ ဩပနေယျိကံ ပစ္စတ္တံ ဝေဒိတဗ္ဗံ (က။)], အနဝသေသံ ရာဂက္ခယံ ပဋိသံဝေဒေတိ, အနဝသေသံ ဒေါသက္ခယံ ပဋိသံဝေဒေတိ, အနဝသေသံ မောဟက္ခယံ ပဋိသံဝေဒေတိ၊ ဧဝံ ခေါ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဟောတိ အကာလိကံ ဧဟိပဿိကံ ဩပနေယျိကံ ပစ္စတ္တံ ဝေဒိတဗ္ဗံ ဝိညူဟီ’’တိ။ ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ပဉ္စမံ။
၅-နိဗ္ဗုတသုတ် ၅၆။ ထိုအခါ ဇာဏုဿောဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက်သော နိဗ္ဗာန်, ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်ဟု ဆို၏၊ အသျှင်ဂေါတမ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်ပါ သနည်း၊ အခါမလင့် အကျိုးကို ပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ့ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း”ဟု (လျှောက်၏)။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံး မသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။ ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသူသည် မောဟ နှိပ်စက် ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လည်း နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ ပုဏ္ဏား ဤသူသည် အကြွင်းမဲ့ ရာဂကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။ အကြွင်းမဲ့ ဒေါသကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ အကြွင်းမဲ့ မောဟကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင် ထိုက်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏။ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (ဟောတော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ ပဉ္စမသုတ်။
Numbered Discourses 3.55 6. Brahmins Quenched Then the brahmin Jānussoṇi went up to the Buddha, bowed, sat down to one side, and said to him: “Worthy Gotama, they say that ‘extinguishment is apparent in the present life’. In what way is extinguishment apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves?” “A greedy person, overcome by greed, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When greed has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. This is how extinguishment is apparent in the present life. A hateful person … A deluded person, overcome by delusion, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When delusion has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. This, too, is how extinguishment is apparent in the present life. When you experience the ending of greed, hate, and delusion without remainder, that’s how extinguishment is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.” “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၆။ ပလောကသုတ္တံ
၅၇။ အထ ခေါ အညတရော ဗြာဟ္မဏမဟာသာလော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဗြာဟ္မဏမဟာသာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ, ပုဗ္ဗကာနံ ဗြာဟ္မဏာနံ ဝုဒ္ဓါနံ မဟလ္လကာနံ အာစရိယပါစရိယာနံ ဘာသမာနာနံ – ‘ပုဗ္ဗေ သုဒံ [ပုဗ္ဗဿုဒံ (သီ။ သျာ။ ကံ။ ပီ။)] အယံ လောကော အဝီစိ မညေ ဖုဋော အဟောသိ မနုဿေဟိ, ကုက္ကုဋသံပါတိကာ ဂါမနိဂမရာဇဓာနိယော’တိ။ ကော နု ခေါ, ဘော ဂေါတမ, ဟေတု ကော ပစ္စယော ယေနေတရဟိ မနုဿာနံ ခယော ဟောတိ, တနုတ္တံ ပညာယတိ, ဂါမာပိ အဂါမာ ဟောန္တိ, နိဂမာပိ အနိဂမာ ဟောန္တိ, နဂရာပိ အနဂရာ ဟောန္တိ, ဇနပဒါပိ အဇနပဒါ ဟောန္တီ’’တိ?
‘‘ဧတရဟိ, ဗြာဟ္မဏ, မနုဿာ အဓမ္မရာဂရတ္တာ ဝိသမလောဘာဘိဘူတာ မိစ္ဆာဓမ္မပရေတာ။ တေ အဓမ္မရာဂရတ္တာ ဝိသမလောဘာဘိဘူတာ မိစ္ဆာဓမ္မပရေတာ တိဏှာနိ သတ္ထာနိ ဂဟေတွာ အညမညံ [အညမညဿ (သဗ္ဗတ္ထ)] ဇီဝိတာ ဝေါရောပေန္တိ, တေန ဗဟူ မနုဿာ ကာလံ ကရောန္တိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဟေတု အယံ ပစ္စယော ယေနေတရဟိ မနုဿာနံ ခယော ဟောတိ, တနုတ္တံ ပညာယတိ, ဂါမာပိ အဂါမာ ဟောန္တိ, နိဂမာပိ အနိဂမာ ဟောန္တိ, နဂရာပိ အနဂရာ ဟောန္တိ, ဇနပဒါပိ အဇနပဒါ ဟောန္တိ။
‘‘ပုန စပရံ, ဗြာဟ္မဏ, ဧတရဟိ မနုဿာ အဓမ္မရာဂရတ္တာ ဝိသမလောဘာဘိဘူတာ မိစ္ဆာဓမ္မပရေတာ။ တေသံ အဓမ္မရာဂရတ္တာနံ ဝိသမလောဘာဘိဘူတာနံ မိစ္ဆာဓမ္မပရေတာနံ ဒေဝေါ န သမ္မာဓာရံ အနုပ္ပဝေစ္ဆတိ။ တေန ဒုဗ္ဘိက္ခံ ဟောတိ ဒုဿဿံ သေတဋ္ဌိကံ သလာကာဝုတ္တံ။ တေန ဗဟူ မနုဿာ ကာလံ ကရောန္တိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဟေတု အယံ ပစ္စယော ယေနေတရဟိ မနုဿာနံ ခယော ဟောတိ, တနုတ္တံ ပညာယတိ, ဂါမာပိ အဂါမာ ဟောန္တိ, နိဂမာပိ အနိဂမာ ဟောန္တိ, နဂရာပိ အနဂရာ ဟောန္တိ, ဇနပဒါပိ အဇနပဒါ ဟောန္တိ။
‘‘ပုန စပရံ, ဗြာဟ္မဏ, ဧတရဟိ မနုဿာ အဓမ္မရာဂရတ္တာ ဝိသမလောဘာဘိဘူတာ မိစ္ဆာဓမ္မပရေတာ။ တေသံ အဓမ္မရာဂရတ္တာနံ ဝိသမလောဘာဘိဘူတာနံ မိစ္ဆာဓမ္မပရေတာနံ ယက္ခာ ဝါဠေ အမနုဿေ ဩဿဇ္ဇန္တိ [ဩဿဇန္တိ (သီ။)], တေန ဗဟူ မနုဿာ ကာလံ ကရောန္တိ။ အယမ္ပိ ခေါ, ဗြာဟ္မဏ, ဟေတု အယံ ပစ္စယော ယေနေတရဟိ မနုဿာနံ ခယော ဟောတိ, တနုတ္တံ ပညာယတိ, ဂါမာပိ အဂါမာ ဟောန္တိ, နိဂမာပိ အနိဂမာ ဟောန္တိ, နဂရာပိ အနဂရာ ဟောန္တိ, ဇနပဒါပိ အဇနပဒါ ဟောန္တီ’’တိ။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ဆဋ္ဌံ။
၆-ပလောကသုတ် ၅၇။ ထိုအခါ ဥစ္စာကြွယ်ဝသော ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား အထံသို့ ချဥ်းကပ်ပြီး လျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (အသက်) ကြီးကုန် အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ရှေးပုဏ္ဏားတို့ ပြောဆိုကြသော ဤစကားကို ကြားဖူးပါသည် ‘ရှေးအခါက ဤလူ့ဘုံလောကသည် အဝီစိငရဲကြီးကဲ့သို့ပင် လူတို့ဖြင့် ပြည့်နှက်၍ နေ၏၊ ရွာ နိဂုံး မင်းနေပြည်တို့သည် ကြက်ပျံတကျ ရှိကုန်၏’ဟု (ကြားဖူးပါသည်)။ ယခု အခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့ မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ် ကုန်။ အသျှင်ဂေါတမ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ပုဏ္ဏား ယခုအခါ၌ လူတို့သည် မတရားသော ‘အဓမ္မ’ လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှ သော ‘ဝိသမ’ လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့် ‘မိစ္ဆာဓမ္မ’ နှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်သည် ဖြစ်၍ မညီမျှသော လောဘဖြင့် နှိပ်စက့်အပ်ကုန်သည် ဖြစ်၍ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ထက်သော လက်နက်တို့ကို စွဲကိုင်ကြလျက် အချင်းချင်း သတ်ဖြတ်ကြကုန်၏၊ ထို့ကြောင့် လူပေါင်း မြောက်မြားစွာ သေကုန်၏၊ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။ ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့အား မိုးသည် ရေအလျဥ်ကို ကောင်းစွာ ရွာချမပေး၊ ထို့ကြောင့် ငတ်မွတ် ခေါင်းပါး၏၊ ကောက်ပင်တို့ မသန်စွမ်းကုန်၊ ကောက်ပင်တို့ ပိုးဖျက်ခံရ၏၊ အရိုးတံသာ ကျန်ရှိ၏၊ ထို့ကြောင့် လူပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါး ကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။ ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့ထံသို့ အကြီးအကဲဖြစ်သော ဘီလူးတို့သည် ကြမ်းတမ်းသော ဘီလူးတို့ကို စေလွှတ်ကုန်၏၊ ထို့ကြောင့် လူအပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါး) ကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.56 6. Brahmins Breaking Apart Then a certain well-to-do brahmin went up to the Buddha, and seated to one side he said to him: “Worthy Gotama, I have heard that brahmins of the past who were elderly and senior, the tutors of tutors, said: ‘In the old days this world was so full of humans you’d think they were squashed together. The villages, towns, and capital cities were no more than a chicken’s flight apart.’ What is the cause, worthy Gotama, what is the reason why these days human numbers have dwindled, a decline in population is evident, and whole villages, towns, cities, and countries have disappeared?” “These days, brahmin, humans just love illicit desire. They’re overcome by immoral greed, and mired in wrong religious teachings. Taking up sharp knives, they murder each other. And so many people perish. This is the cause, this is the reason why these days human numbers have dwindled. Furthermore, because these days humans just love illicit desire … the heavens don’t provide enough rain, so there’s famine, a bad harvest, with crops blighted and turned to straw. And so many people perish. This is the cause, this is the reason why these days human numbers have dwindled. Furthermore, because these days humans just love illicit desire … native spirits let vicious monsters loose. And so many humans perish. This is the cause, this is the reason why these days human numbers have dwindled.” “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၇။ ဝစ္ဆဂေါတ္တသုတ္တံ
၅၈။ အထ ခေါ ဝစ္ဆဂေါတ္တော [ဝစ္ဆပုတ္တော (က။)] ပရိဗ္ဗာဇကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ, သမဏော ဂေါတမော ဧဝမာဟ – ‘မယှမေဝ ဒါနံ ဒါတဗ္ဗံ, နာညေသံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ, နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ ဒိန္နံ မဟပ္ဖလံ, နာညေသံ ဒိန္နံ မဟပ္ဖလံ၊ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ, နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလ’န္တိ။ ယေ တေ, ဘော ဂေါတမ, ဧဝမာဟံသု ‘သမဏော ဂေါတမော ဧဝမာဟ မယှမေဝ ဒါနံ ဒါတဗ္ဗံ, နာညေသံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ, နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ ဒိန္နံ မဟပ္ဖလံ, နာညေသံ ဒိန္နံ မဟပ္ဖလံ။ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ, နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလ’န္တိ။ ကစ္စိ တေ ဘောတော ဂေါတမဿ ဝုတ္တဝါဒိနော စ ဘဝန္တံ ဂေါတမံ အဘူတေန အဗ္ဘာစိက္ခန္တိ, ဓမ္မဿ စာနုဓမ္မံ ဗျာကရောန္တိ, န စ ကောစိ သဟဓမ္မိကော ဝါဒါနုပါတော [ဝါဒါနုဝါဒေါ (က။)] ဂါရယှံ ဌာနံ အာဂစ္ဆတိ? အနဗ္ဘက္ခာတုကာမာ ဟိ မယံ ဘဝန္တံ ဂေါတမ’’န္တိ။
‘‘ယေ တေ, ဝစ္ဆ, ဧဝမာဟံသု – ‘သမဏော ဂေါတမော ဧဝမာဟ – မယှမေဝ ဒါနံ ဒါတဗ္ဗံ…ပေ… နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလ’န္တိ န မေ တေ ဝုတ္တဝါဒိနော။ အဗ္ဘာစိက္ခန္တိ စ ပန မံ [စ ပန မံ တေ (သီ။ သျာ။ ကံ။ ပီ။)] အသတာ အဘူတေန။ ယော ခေါ, ဝစ္ဆ, ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ, တိဏ္ဏံ ပါရိပန္ထိကော။ ကတမေသံ တိဏ္ဏံ? ဒါယကဿ ပုညန္တရာယကရော ဟောတိ, ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ, ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။ ယော ခေါ, ဝစ္ဆ, ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော ဣမေသံ တိဏ္ဏံ အန္တရာယကရော ဟောတိ, တိဏ္ဏံ ပါရိပန္ထိကော။
‘‘အဟံ ခေါ ပန, ဝစ္ဆ, ဧဝံ ဝဒါမိ – ယေ ဟိ တေ စန္ဒနိကာယ ဝါ ဩလိဂလ္လေ ဝါ ပါဏာ, တတြပိ ယော ထာလိဓောဝနံ [ထာလကဓောဝနံ (က။)] ဝါ သရာဝဓောဝနံ ဝါ ဆဍ္ဍေတိ – ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တူတိ, တတော နိဒါနမ္ပာဟံ, ဝစ္ဆ, ပုညဿ အာဂမံ ဝဒါမိ။ ကော ပန ဝါဒေါ မနုဿဘူတေ! အပိ စာဟံ, ဝစ္ဆ, သီလဝတော ဒိန္နံ မဟပ္ဖလံ ဝဒါမိ, နော တထာ ဒုဿီလဿ, သော စ ဟောတိ ပဉ္စင်္ဂဝိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။
‘‘ကတမာနိ ပဉ္စင်္ဂါနိ ပဟီနာနိ ဟောန္တိ? ကာမစ္ဆန္ဒော ပဟီနော ဟောတိ, ဗျာပါဒေါ ပဟီနော ဟောတိ, ထိနမိဒ္ဓံ ပဟီနံ ဟောတိ, ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ, ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။ ဣမာနိ ပဉ္စင်္ဂါနိ ဝိပ္ပဟီနာနိ ဟောန္တိ။
‘‘ကတမေဟိ ပဉ္စဟိ အင်္ဂေဟိ သမန္နာဂတော ဟောတိ? အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ၊ ဣမေဟိ ပဉ္စဟိ အင်္ဂေဟိ သမန္နာဂတော ဟောတိ။ ဣတိ ပဉ္စင်္ဂဝိပ္ပဟီနေ ပဉ္စင်္ဂသမန္နာဂတေ ဒိန္နံ မဟပ္ဖလန္တိ ဝဒါမီ’’တိ။
‘‘ဣတိ ကဏှာသု သေတာသု, ရောဟိဏီသု ဟရီသု ဝါ၊
ကမ္မာသာသု သရူပါသု, ဂေါသု ပါရေဝတာသု ဝါ။
‘‘ယာသု ကာသုစိ ဧတာသု, ဒန္တော ဇာယတိ ပုင်္ဂဝေါ၊
ဓောရယှော ဗလသမ္ပန္နော, ကလျာဏဇဝနိက္ကမော၊
တမေဝ ဘာရေ ယုဉ္ဇန္တိ, နာဿ ဝဏ္ဏံ ပရိက္ခရေ။
‘‘ဧဝမေဝံ မနုဿေသု, ယသ္မိံ ကသ္မိဉ္စိ ဇာတိယေ၊
ခတ္တိယေ ဗြာဟ္မဏေ ဝေဿေ, သုဒ္ဒေ စဏ္ဍာလပုက္ကုသေ။
‘‘ယာသု ကာသုစိ ဧတာသု, ဒန္တော ဇာယတိ သုဗ္ဗတော၊
ဓမ္မဋ္ဌော သီလသမ္ပန္နော, သစ္စဝါဒီ ဟိရီမနော။
‘‘ပဟီနဇာတိမရဏော, ဗြဟ္မစရိယဿ ကေဝလီ၊
ပန္နဘာရော ဝိသံယုတ္တော, ကတကိစ္စော အနာသဝေါ။
‘‘ပါရဂူ သဗ္ဗဓမ္မာနံ, အနုပါဒါယ နိဗ္ဗုတော၊
တသ္မိံယေဝ [တသ္မိံ ဝေ (သျာ။ ကံ။)] ဝိရဇေ ခေတ္တေ, ဝိပုလာ ဟောတိ ဒက္ခိဏာ။
‘‘ဗာလာ စ အဝိဇာနန္တာ, ဒုမ္မေဓာ အဿုတာဝိနော၊
ဗဟိဒ္ဓါ ဒေန္တိ ဒါနာနိ, န ဟိ သန္တေ ဥပါသရေ။
‘‘ယေ စ သန္တေ ဥပါသန္တိ, သပ္ပညေ ဓီရသမ္မတေ၊
သဒ္ဓါ စ နေသံ သုဂတေ, မူလဇာတာ ပတိဋ္ဌိတာ။
‘‘ဒေဝလောကဉ္စ တေ ယန္တိ, ကုလေ ဝါ ဣဓ ဇာယရေ၊
အနုပုဗ္ဗေန နိဗ္ဗာနံ, အဓိဂစ္ဆန္တိ ပဏ္ဍိတာ’’တိ။ သတ္တမံ၊
၇-ဝစ္ဆဂေါတ္တသုတ် ၅၈။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့် တို့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုး မကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး’ဟု ပြောဟောသည်ဟူသော ဤစကားကို အကျွန်ုပ် ကြားဖူး ပါသည်။ အသျှင်ဂေါတမ အသို့နည်း ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို့ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့်တို့ အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါး သူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုးမကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာ လျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး’ဟု ပြော ဟောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် အသျှင်ဂေါတမဆိုသည့် အတိုင်းပင် ဆိုကြသည်ဟုတ်ပါ၏ လော၊ အသျှင်ဂေါတမကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ဘဲရှိပါကုန်၏လော၊ အသျှင်ဂေါတမ ဟောသော တရားကိုပင် တစ်ဆင့် ဟောကြားကြသည်ဟုတ်ပါ၏လော၊ အသျှင်ဂေါတမ၏ မူရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝကင်းပါ၏လော၊ အကျွန်ုပ်တို့သည်ကား အသျှင်ဂေါတမကို စွပ်စွဲရန် အလိုမရှိကြပါ”ဟု လျှောက်၏။ ဝစ္ဆ “ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏။ပ။ တစ်ပါးသူတို့၏ တပည့် တို့အား ပေးလှူသော အလှူသည် အကျိုးမကြီးဟု’ ဟောပြောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် ငါဆိုသည့်အတိုင်း ဆိုကြသည် မဟုတ်ကုန်၊ ငါ့ကို ထင်ရှားမရှိသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ ကုန်သည်သာတည်း။ ဝစ္ဆ သူတစ်ပါး အလှူပေးသည်ကို တားမြစ်သူသည် သုံးမျိုးတို့၏ အန္တရာယ်ကို ပြုသည်မည်၏၊ သုံးမျိုးတို့၏ ဘေးရန်ကို ပြုသည် မည်၏။ အဘယ်သုံးမျိုးတို့၏ အန္တရာယ်, ဘေးရန် ကို ပြုသည်မည်သနည်းဟူမူ- အလှူဒါယကာ၏ ကောင်းမှု အန္တရာယ်ကို ပြုသည် မည်၏။ အလှူခံ ပုဂ္ဂိုလ်၏ လာဘ် အန္တရာယ်ကို ပြုသည် မည်၏။ ထို တားမြစ်သူသည် ရှေးဦးကပင်လျှင် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးအပ်သည် မည်၏။ ဝစ္ဆ သူတစ်ပါးအလှူပေးသည်ကို တားမြစ်သူသည် ဤသုံးမျိုးတို့၏ အန္တရာယ်ကို ပြုသည် မည်၏၊ ဤသုံးမျိုးတို့၏ ဘေးရန်ကို ပြုသည် မည်၏။ ဝစ္ဆ ငါမူကား ဤသို့ ဟော၏- “တန်စီးအိုင် တန်စီးမြောင်းရှိ သတ္တဝါတို့သည် အိုးခွက် ဆေးရေ တို့ဖြင့် မျှတကြပါစေ”ဟု အိုးဆေးရေကို ဖြစ်စေ ခွက်ဆေးရေကို ဖြစ်စေ ထို အိုင် ထို မြောင်း၌ စွန့်သွန်၏၊ ဝစ္ဆ ထို အကြောင်းကြောင့်လည်းကောင်း မှုဖြစ်ခြင်းကို ငါ ဟော၏၊ လူဖြစ်သူကို ပေးလှူရာ၌ ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ စင်စစ်အားဖြင့်ကား သီလရှိသူအား ပေးလှူခြင်းသည် အကျိုးကြီး၏ဟု ငါဆို၏၊ သီလမရှိသူအား ပေးလှူခြင်းသည် ထို့အတူ အကျိုးကြီး၏ဟူ၍ကား ငါမဆို။ ထို သီလ ရှိသူဟူသည်လည်း အင်္ဂါငါးပါးကို ပယ်ပြီးသူ အင်္ဂါငါးပါးနှင့် ပြည့်စုံပြီးသူ ဖြစ်ရ၏။ အဘယ်အင်္ဂါငါးပါးကို ပယ်ပြီးသူ ဖြစ်ရသနည်း။ ကာမဂုဏ်ကို လိုလားခြင်း ‘ကာမစ္ဆန္ဒ’ ကို ပယ်ပြီးသူ၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကို ပယ်ပြီးသူ၊ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်ပြီးသူ၊ ပျံ့လွင့်ခြင်း နောင်တ ပူပန်ခြင်း ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ ကို ပယ်ပြီးသူ၊ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်ပြီးသူ ဖြစ်ရ၏။ ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီးသူ ဖြစ်ရ၏။ အဘယ်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ရသနည်း။ ရဟန္တာတို့ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့် စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော သမာဓိအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော ပညာအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ ဥစ္စာဖြစ်သော ဝိမုတ္တိအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော ဝိမုတ္တိဉာဏ် အမြင်အစုနှင့် ပြည့်စုံသူ ဖြစ်ရ၏။ ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ရ၏။ ဤသို့ ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီး၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံပြီးသော ပုဂ္ဂိုလ်၌ ပေးလှူခြင်းသည် အကျိုးကြီး၏ဟူ၍ ငါဆို၏ဟု (မိန့်တော်မူ၏)။ အဆင်းတူဖြစ်သည့် နွားနက် နွားဖြူ နွားနီ နွားပြာစိမ်း နွားကျား ခိုပြာရောင် နွားဟူကုန်သော မည်သည့်နွားတို့တွင်မဆို အကြင် ရှေ့ဆောင် နွားလားသည် ယဥ်ကျေး၏၊ ဝန်ကို ဆောင်နိုင်၏၊ ခွန်အားနှင့် ပြည့်စုံ၏၊ ဖြောင့်မတ် လျင်မြန်စွာ သွား၏။ ထို နွားကိုသာလျှင် ဝန်ဆောင်ခိုင်းကုန်၏၊ ထို နွား၏ အဆင်းကိုမူကား မစူးစမ်း မဆင်ခြင်ကုန်။ ဤအတူသာလျှင် မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုး ဒွန်း စဏ္ဍားမျိုး ပန်းမှိုက်သွန်မျိုးဟူကုန်သော မည်သည့် အမျိုးဇာတ်ရှိသည့် လူတို့တွင် မဆို အကြင်သူသည် ယဥ်ကျေး၏၊ ကောင်းသော အကျင့် ရှိ၏၊ တရား၌ တည်၏၊ သီလနှင့် ပြည့်စုံ၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ (မကောင်းမှုမှ) ရှက်စိတ် ရှိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းသဘောကို ပယ်ပြီးဖြစ်၏၊ မြတ်သော အကျင့် အလုံးစုံနှင့် ပြည့်စုံပြီး ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီး ဖြစ်၏၊ ဝဋ်ဆင်းရဲ၌ မယှဥ်၊ ပြုဖွယ်ကိုလည်း ပြုပြီး ဖြစ်၏၊ အာသဝေါတရားမှ ကင်း၏၊ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ (တဏှာ ဒိဋ္ဌိဖြင့်) တစ်စုံ တစ်ရာ အာရုံကို မစွဲယူမူ၍ ငြိမ်းအေး၏။ ကိလေသာမြူကင်းသော လယ်ယာ မြေကောင်းသဖွယ်ဖြစ်သော ထို ရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ပြန့်ပြော၏၊ မသိမလိမ္မာ ပညာမရှိ ဗဟုသုတနည်းပါးကုန်သော သူမိုက်တို့သည်ကား ဤသာသနာတော်မှ အပ၌ အလှူကို ပေးလှူကုန်၏၊ သူတော်ကောင်းတို့ကို မဆည်း ကပ်ကုန်။ အကြင်သူတို့သည်ကား ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော ပညာရှိသူတော် ကောင်းတို့ကို မှီဝဲဆည်းကပ်ကုန်၏၊ ထိုသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ် ဖြစ်၍ တည်၏၊ ထို ပညာရှိတို့သည် နတ်ပြည်သို့လည်း လားရကုန်၏၊ ဤလူ့ပြည်၌မူလည်း မြတ်သော အမျိုး၌ ဖြစ်ရကုန်၏၊ အစဥ်သဖြင့် နိဗ္ဗာန်သို့ ရောက်ရကုန်၏။ သတ္တမသုတ်။
Numbered Discourses 3.57 6. Brahmins With Vacchagotta Then the wanderer Vacchagotta went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “I have heard, worthy Gotama, that the ascetic Gotama says this: ‘Gifts should only be given to me, not to others. Gifts should only be given to my disciples, not to the disciples of others. Only what is given to me is very fruitful, not what is given to others. Only what is given to my disciples is very fruitful, not what is given to the disciples of others.’ I trust those who say this repeat what the worthy Gotama has said, and do not misrepresent him with an untruth? Is their explanation in line with the teaching? Are there any legitimate grounds for rebuttal and criticism? For we don’t want to misrepresent the worthy Gotama.” “Vaccha, those who say this do not repeat what I have said. They misrepresent me with what is false and untrue. Anyone who prevents another from giving makes an obstacle and a roadblock for three individuals. What three? The giver is obstructed from making merit. The receiver is obstructed from getting what is offered. And they’ve already broken and damaged themselves. Anyone who prevents another from giving makes an obstacle and a roadblock for these three individuals. Vaccha, this is what I say: ‘You even make merit by tipping out dish-washing water in a cesspool or a sump with living creatures in it, thinking, “May any creatures here be nourished!”’ How much more then for human beings! However, I also say that a gift to an ethical person is more fruitful than one to an unethical person. They’ve given up five factors, and possess five factors. What are the five factors they’ve given up? Sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. These are the five factors they’ve given up. What are the five factors they possess? The entire spectrum of an adept’s ethics, immersion, wisdom, freedom, and knowledge and vision of freedom. These are the five factors they possess. I say that a gift to anyone who has given up these five factors and possesses these five factors is very fruitful. Cows may be black or white, red or tawny, mottled or uniform, or pigeon-colored. But when one is born among them, the bull that’s tamed— a behemoth, powerful, well-paced in pulling forward— they yoke the load just to him, regardless of his color. So it is for humans, wherever they may be born— among aristocrats, brahmins, peasants, menials, or corpse-workers and scavengers— one is born among them, tamed, true to their vows. Firm in principle, accomplished in ethical conduct, truthful, conscientious, they’ve given up birth and death. Complete in the spiritual journey, with burden put down, detached, they’ve completed the task <j>and are free of defilements. Gone beyond all things, they’re quenched by not grasping. In that flawless field, a religious donation is abundant. Fools who don’t understand— unlearned simpletons— give their gifts to those outside, and don’t attend the peaceful ones. But those who do attend the peaceful ones— wise, esteemed as attentive— and whose faith in the Holy One has roots planted deep, they go to the realm of the gods, or are born here in a good family. Gradually those astute ones reach extinguishment.”
၈။ တိကဏ္ဏသုတ္တံ
၅၉။ အထ ခေါ တိကဏ္ဏော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ…ပေ… ဧကမန္တံ နိသိန္နော ခေါ တိကဏ္ဏော ဗြာဟ္မဏော ဘဂဝတော သမ္မုခါ တေဝိဇ္ဇာနံ သုဒံ ဗြာဟ္မဏာနံ ဝဏ္ဏံ ဘာသတိ – ‘‘ဧဝမ္ပိ တေဝိဇ္ဇာ ဗြာဟ္မဏာ, ဣတိပိ တေဝိဇ္ဇာ ဗြာဟ္မဏာ’’တိ။
‘‘ယထာ ကထံ ပန, ဗြာဟ္မဏ, ဗြာဟ္မဏာ ဗြာဟ္မဏံ တေဝိဇ္ဇံ ပညာပေန္တီ’’တိ? ‘‘ဣဓ, ဘော ဂေါတမ, ဗြာဟ္မဏော ဥဘတော သုဇာတော ဟောတိ မာတိတော စ ပိတိတော စ, သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ, အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန, အဇ္ဈာယကော, မန္တဓရော, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယောတိ။ ဧဝံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ တေဝိဇ္ဇံ ပညာပေန္တီ’’တိ။
‘‘အညထာ ခေါ, ဗြာဟ္မဏ, ဗြာဟ္မဏာ ဗြာဟ္မဏံ တေဝိဇ္ဇံ ပညပေန္တိ, အညထာ စ ပန အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘ယထာ ကထံ ပန, ဘော ဂေါတမ, အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတိ? သာဓု မေ ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု ယထာ အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘တေန ဟိ, ဗြာဟ္မဏ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ တိကဏ္ဏော ဗြာဟ္မဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘ဣဓ, ဗြာဟ္မဏ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေတိ ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော တိဿောပိ ဇာတိယော စတဿောပိ ဇာတိယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော ဝီသမ္ပိ ဇာတိယော တိံသမ္ပိ ဇာတိယော စတ္တာရီသမ္ပိ ဇာတိယော ပညာသမ္ပိ ဇာတိယော ဇာတိသတမ္ပိ ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ, အနေကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ – ‘အမုတြာသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော, သော တတော စုတော အမုတြ ဥဒပါဒိံ။ တတြာပါသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော, သော တတော စုတော ဣဓူပပန္နော’တိ။ ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ အယမဿ ပဌမာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ, သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ – ‘ဣမေ ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ…ပေ… မနောဒုစ္စရိတေန သမန္နာဂတာ အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ, တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။ ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန သမန္နာဂတာ, ဝစီသုစရိတေန သမန္နာဂတာ, မနောသုစရိတေန သမန္နာဂတာ အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ, တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ’တိ။ ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ, သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ။ အယမဿ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ၊ ‘ဣမေ အာသဝါ’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ ပဇာနာတိ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယမဿ တတိယာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော’’တိ။
‘‘အနုစ္စာဝစသီလဿ, နိပကဿ စ ဈာယိနော၊
စိတ္တံ ယဿ ဝသီဘူတံ, ဧကဂ္ဂံ သုသမာဟိတံ။
‘‘တံ ဝေ တမောနုဒံ ဓီရံ, တေဝိဇ္ဇံ မစ္စုဟာယိနံ၊
ဟိတံ ဒေဝမနုဿာနံ, အာဟု သဗ္ဗပ္ပဟာယိနံ။
‘‘တီဟိ ဝိဇ္ဇာဟိ သမ္ပန္နံ, အသမ္မူဠှဝိဟာရိနံ၊
ဗုဒ္ဓံ အန္တိမဒေဟိနံ [အန္တိမသာရီရံ (သီ။ သျာ။ ကံ။ ပီ။)], တံ နမဿန္တိ ဂေါတမံ။
၈-တိကဏ္ဏသုတ် ၅၉။ ထိုအခါ တိကဏ္ဏပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရား၏ မျက်မှောက်၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ပုဏ္ဏားတို့၏ ဂုဏ်ကို ဤသို့ပြောဆို၏- “ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံသော ပုဏ္ဏားတို့သည် ဤသို့လည်း (ပညာရှိ) ဖြစ်ကုန်၏၊ ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံသော ပုဏ္ဏားတို့သည် ဤအကြောင်းကြောင့်လည်း (ပညာရှိ) ဖြစ်ကုန်၏”ဟု (ပြောဆို၏)။ ပုဏ္ဏား အဘယ်သို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးမျိုးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပြောဆိုပညတ်ကုန်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် ဇာတ်နှင့် စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့မခံရ၊ ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏။ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ် ကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ပုဏ္ဏားကို ဝိဇ္ဇာသုံပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ်ပြောဆိုကြသည်ကား အခြား တစ်ပါးတည်း၊ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်သို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်း ဖြစ်သနည်း၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါး ဖြစ်ပုံတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် နာလော့၊ကောင်းစွာ နှလုံးသွင်းလော့၊ ငါ ဟောအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု တိကဏ္ဏပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွ ဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန် သို့ ရောက်၍ နေ၏။ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်စေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဥ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦး ကပင်လျှင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ တို့ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုသူသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝအရာကိုလည်းကောင်း၊ ဘဝ အထောင်ကိုလည်းကောင်း၊ ဘဝအသိန်းတို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည် သော ဘဝ၌ ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ရှိ၏၊ ဤသို့ အသက်အပိုင်းအခြား ရှိခဲ့၏။ ထို ငါသည် ထို ဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထို ဘဝ၌လည်း ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သော အဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခဲ့ရခြင်း ရှိ၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏။ ထို ငါသည် ထို ဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ထိုသူအား ဤရှေးဦးစွာ သော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား ‘အဝိဇ္ဇာ’ မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင် ပျောက်၍ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်၏။ ဤသို့လျှင် တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော့်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံ အားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏- “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲ တတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ကုန်၏”ဟု (သိ၏)။ ဤသို့လျှင် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ ထို ပုဂ္ဂိုလ်အား ဤနှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည် ဖြစ်၍ နေသောသူအား (အဝိဇ္ဇာ) မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။ ဤသို့လျှင် တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် “ဤကား ဆင်းရဲ”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား “ဆင်းရဲဖြစ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအ တိုင်း သိ၏၊ “ဤကား အာသဝေါတရားတို့၏ ဖြစ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ် မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို့ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ ထိုသူအား ဤသုံးခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား (အဝိဇ္ဇာ) မှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့၊ မသိမှု ‘အဝိဇ္ဇာ’သည် ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။ နိမ့်တုံ မြင့်တုံ မဟုတ် (ကြီးပွါး) သော သီလနှင့် ပြည့်စုံသော၊ ရင့်သော ပညာလည်း ရှိသော၊ ဈာန်ဝင်စားလေ့ရှိသော အကြင် ပုဂ္ဂိုလ်၏ စိတ်သည် ဈာန်ကို လေ့လာပြီးဖြစ်၍ တစ်ခုတည်းသော အာရုံရှိ၏။ ကောင်းစွာ တည်ကြည်၏။ အဝိဇ္ဇာမှောင်ကို ပယ်ဖျောက်ပြီးဖြစ်၍ သမာဓိနှင့် ပြည့်စုံလျက် သေခြင်းတရားကို ပယ်ရှားပြီးသော၊ နတ်လူတို့၏ အစီးအပွါးကို ဆောင်တတ်သော၊ အလုံးစုံသော အကုသိုလ်တရားကို ပယ်စွန့်ပြီးသော ထို ပုဂ္ဂိုလ်ကို စင်စစ် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ဆိုကြကုန်၏။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၍ မတွေဝေဘဲ နေလေ့ရှိသော၊ သစ္စာလေးပါးကို သိသော၊ အဆုံးစွန်သော ကိုယ်ကို ဆောင်သော၊ ဂေါတမအနွယ်ဖြစ်သော ထို ပုဂ္ဂိုလ်ကို ရှိခိုးကြကုန်၏။ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသည်ကို သိ၏၊ နတ်ဘုံအပါယ်ဘုံတို့ကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ် ဖြင့် သိ၍ အပြီးအဆုံးသို့ ရောက်၏၊ မောနေယျတရားရှိ၏။ (ထို ပုဂ္ဂိုလ်သည်) ဤဝိဇ္ဇာသုံးပါးတို့ဖြင့် တေဝိဇ္ဇပုဏ္ဏား ဖြစ်၏၊ ထို ပုဂ္ဂိုလ်ကိုသာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါဆို၏၊ တစ်ပါးသူတို့ ပြောသည်ကို လိုက်၍ ပြောတတ်ကာမျှဖြစ်သူကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါမဆိုဟု (မိန့်တော်မူ၏)။ ပုဏ္ဏား ဤသို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးပါတည်း၊ အရိယာ သူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးပါတည်း။ အသျှင်ဂေါတမ ပုဏ္ဏား တို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းသည် အရိယာသူမြတ်တို့၏ အဆုံးအမဖြစ်သော ဤဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကို တစ်ဆယ့်ခြောက် စိတ်စိတ်၍ တစ်စိတ်မျှကိုလည်း မမှီနိုင်ပါ။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက် ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ အဋ္ဌမသုတ်။ ၁။ မဟာဘာရတစသော ရှေးဟောင်းသမိုင်းရာဇဝင်ပုံပြင်ကျမ်း။ ၂။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စိစစ်ပြသောကျမ်း။ ၃။ ဓာတ်ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးဆုံးပုံကိုပြသောကျမ်း။ ၄။ မျက်မြင်လောက အကြောင်းအရာကိုသာ ပြသော ရုပ်ဝါဒကျမ်း စာရ်ဗာကဆရာ၏ ရုပ်ဝါဒ စသည်။
Numbered Discourses 3.58 6. Brahmins With Tikaṇṇa Then Tikaṇṇa the brahmin went up to the Buddha, and exchanged greetings with him. Seated to one side, in front of the Buddha, Tikaṇṇa praised the brahmins who were proficient in the three Vedas, “Such are the brahmins, masters of the three Vedic knowledges! Thus are the brahmins, masters of the three Vedic knowledges!” “But brahmin, how do the brahmins describe a brahmin who is master of the three Vedic knowledges?” “Worthy Gotama, it’s when a brahmin is well born on both his mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation. He recites and remembers the hymns, and has mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knows them word-by-word, and their grammar. He is well versed in cosmology and the marks of a great man. That’s how the brahmins describe a brahmin who is master of the three Vedic knowledges.” “Brahmin, a master of three knowledges according to the brahmins is quite different from a master of the three knowledges in the training of the Noble One.” “But worthy Gotama, how is one a master of the three knowledges in the training of the Noble One? Worthy Gotama, please teach me this.” “Well then, brahmin, listen and apply your mind well, I will speak.” “Yes, worthy sir,” Tikaṇṇa replied. The Buddha said this: “Brahmin, it’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, they enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, they enter and remain in the third absorption, where they meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain, and the disappearance of former happiness and sadness, they enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward recollection of past lives. They recollect many kinds of past lives. That is: one, two, three, four, five, ten, twenty, thirty, forty, fifty, a hundred, a thousand, a hundred thousand rebirths; many eons of the world contracting, many eons of the world expanding, many eons of the world contracting and expanding. They remember: ‘There, I was named this, my clan was that, I looked like this, and that was my food. This was how I felt pleasure and pain, and that was how my life ended. When I passed away from that place I was reborn somewhere else. There, too, I was named this, my clan was that, I looked like this, and that was my food. This was how I felt pleasure and pain, and that was how my life ended. When I passed away from that place I was reborn here.’ And so they recollect their many kinds of past lives, with features and details. This is the first knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished and light has arisen, as happens for a meditator who is diligent, keen, and resolute. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds: ‘These dear beings did bad things by way of body, speech, and mind. They denounced the noble ones; they had wrong view; and they chose to act out of that wrong view. When their body broke up, after death, they were reborn in a place of loss, a bad place, the underworld, hell. These dear beings, however, did good things by way of body, speech, and mind. They never denounced the noble ones; they had right view; and they chose to act out of that right view. When their body broke up, after death, they were reborn in a good place, a heavenly realm.’ And so, with clairvoyance that is purified and superhuman, they see sentient beings passing away and being reborn—inferior and superior, beautiful and ugly, in a good place or a bad place. They understand how sentient beings pass on according to their deeds. This is the second knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished and light has arisen, as happens for a meditator who is diligent, keen, and resolute. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the ending of defilements. They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. They truly understand: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements’. Knowing and seeing like this, their mind is freed from the defilements of sensuality, desire to be reborn, and ignorance. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the third knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished, and light has arisen, as happens for a meditator who is diligent, keen, and resolute. For someone whose ethical conduct doesn’t waver, who is alert, practicing absorption; whose mind is mastered, unified, serene. That attentive one dispels the darkness, master of the three knowledges, conqueror of death. For the welfare of gods and humans, he has given up everything, they say. Accomplished in the three knowledges, living without confusion, bearing the final body, they revere the awakened Gotama. One who knows their past lives, sees heaven and places of loss, and has attained the ending of rebirth, a sage of perfect insight— it’s because of these three knowledges that a brahmin is a master of the three knowledges. That’s who I call a three-knowledge master, and not the other <j>who repeats what they are told. This, brahmin, is a master of the three knowledges in the training of the Noble One.” “Worthy Gotama, a master of three knowledges according to the brahmins is quite different from a master of the three knowledges in the training of the Noble One. And, worthy Gotama, a master of three knowledges according to the brahmins is not worth a sixteenth part of a master of the three knowledges in the training of the Noble One. Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
[ဓ။ ပ။ ၄၂၃၊ ဣတိဝု။ ၉၉]
‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒီ, သဂ္ဂါပါယဉ္စ ပဿတိ၊
အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ။
‘‘ဧတာဟိ တီဟိ ဝိဇ္ဇာဟိ, တေဝိဇ္ဇော ဟောတိ ဗြာဟ္မဏော၊
တမဟံ ဝဒါမိ တေဝိဇ္ဇံ, နာညံ လပိတလာပန’’န္တိ။
‘‘ဧဝံ ခေါ, ဗြာဟ္မဏ, အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘အညထာ, ဘော ဂေါတမ, ဗြာဟ္မဏာနံ တေဝိဇ္ဇော, အညထာ စ ပန အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတိ။ ဣမဿ စ ပန, ဘော ဂေါတမ, အရိယဿ ဝိနယေ တေဝိဇ္ဇဿ ဗြာဟ္မဏာနံ တေဝိဇ္ဇော ကလံ နာဂ္ဃတိ သောဠသိံ’’။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ အဋ္ဌမံ။
၉။ ဇာဏုဿောဏိသုတ္တံ
၆၀။ အထ ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ…ပေ… ဧကမန္တံ နိသိန္နော ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယဿဿု, ဘော ဂေါတမ, ယညော ဝါ သဒ္ဓံ ဝါ ထာလိပါကော ဝါ ဒေယျဓမ္မံ ဝါ, တေဝိဇ္ဇေသု ဗြာဟ္မဏေသု ဒါနံ ဒဒေယျာ’’တိ။ ‘‘ယထာ ကထံ ပန, ဗြာဟ္မဏ, ဗြာဟ္မဏာ တေဝိဇ္ဇံ ပညပေန္တီ’’တိ? ‘‘ဣဓ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏော ဥဘတော သုဇာတော ဟောတိ မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန, အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ, ပဒကော, ဝေယျာကရဏော, လောကာယတမဟာပုရိသလက္ခဏေသု အနဝယောတိ။ ဧဝံ ခေါ, ဘော ဂေါတမ, ဗြာဟ္မဏာ တေဝိဇ္ဇံ ပညပေန္တီ’’တိ။
‘‘အညထာ ခေါ, ဗြာဟ္မဏ, ဗြာဟ္မဏာ ဗြာဟ္မဏံ တေဝိဇ္ဇံ ပညပေန္တိ, အညထာ စ ပန အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘ယထာ ကထံ ပန, ဘော ဂေါတမ, အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတိ? သာဓု မေ ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု ယထာ အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘တေန ဟိ, ဗြာဟ္မဏ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဇာဏုဿောဏိ ဗြာဟ္မဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘ဣဓ ပန, ဗြာဟ္မဏ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ, သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော…ပေ… ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ အယမဿ ပဌမာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန…ပေ… ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ။ အယမဿ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။
‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ၊ ‘ဣမေ အာသဝါ’တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယမဿ တတိယာ ဝိဇ္ဇာ အဓိဂတာ ဟောတိ၊ အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ၊ တမော ဝိဟတော, အာလောကော ဥပ္ပန္နော ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော’’တိ။
‘‘ယော သီလဗ္ဗတသမ္ပန္နော, ပဟိတတ္တော သမာဟိတော၊
စိတ္တံ ယဿ ဝသီဘူတံ, ဧကဂ္ဂံ သုသမာဟိတံ။
[ဓ။ ပ။ ၄၂၃၊ ဣတိဝု။ ၉၉] ‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒီ, သဂ္ဂါပါယဉ္စ ပဿတိ၊
အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ။
‘‘ဧတာဟိ တီဟိ ဝိဇ္ဇာဟိ, တေဝိဇ္ဇော ဟောတိ ဗြာဟ္မဏော၊
တမဟံ ဝဒါမိ တေဝိဇ္ဇံ, နာညံ လပိတလာပန’’န္တိ။
‘‘ဧဝံ ခေါ, ဗြာဟ္မဏ, အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတီ’’တိ။ ‘‘အညထာ, ဘော ဂေါတမ, ဗြာဟ္မဏာနံ တေဝိဇ္ဇော, အညထာ စ ပန အရိယဿ ဝိနယေ တေဝိဇ္ဇော ဟောတိ။ ဣမဿ စ, ဘော ဂေါတမ, အရိယဿ ဝိနယေ တေဝိဇ္ဇဿ ဗြာဟ္မဏာနံ တေဝိဇ္ဇော ကလံ နာဂ္ဃတိ သောဠသိံ’’။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ နဝမံ။
၉-ဇာဏုဿောဏိသုတ် ၆၀။ ထိုအခါ ဇာဏုဿောဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ အကြင်သူအား ယဇ်ပူဇော်ဖွယ် ဖြစ်စေ ကုဗ္ဘီးထမင်း၁ဖြစ်စေ နွားနို့ထမင်း ဖြစ်စေ (အခြား) လှူဖွယ်ဝတ္ထုဖြစ်စေ ရှိသည် ဖြစ်အံ့၊ ထိုသူသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ပုဏ္ဏားတို့၌ အလှူကို ပေးလှူရာပါ၏”ဟု (လျှောက်၏)။ ပုဏ္ဏား အဘယ်သို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးရှိသူဟူ၍ ပုဏ္ဏားတို့ ပညတ်ကုန်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏။ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ် မြောက်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ပုဏ္ဏားတို့ ပညတ် ကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ်ပြောဆိုကြသည်ကား အခြား တစ်ပါးတည်း၊ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်သို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းဖြစ်ပါသနည်း၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာ သုံးပါး ဖြစ်ပုံတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါဟောအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ဇာဏုဿောဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ခဲ့ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေ၏။ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ထိုသူအား ဤရှေးဦးစွာသော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား (အဝိဇ္ဇာ) မှောင်ကင်း၍ (ပညာဉာဏ်) အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် မတုန်မလှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါ၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ ထိုသူအား ဤနှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် တည်ကြည် သော စိတ်ရှိသည်ဖြစ်၍နေသော သူအား (အဝိဇ္ဇာ) မှောင်ကင်း၍ (ပညာဉာဏ်) အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ်‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ “အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ဤသို့ သိသော ဤသို့မြင်သော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီး ပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့”ဟု သိ၏။ ထိုသူအား ဤသုံးခုမြောက် အသိဉာဏ် “ဝိဇ္ဇာ” ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ (ပညာဉာဏ်) အလင်းရောင်သည် ဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။ အကြင် ပုဂ္ဂိုလ်သည် သီလအကျင့်နှင့် ပြည့်စုံ၏၊ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ တည်ကြည်၏၊ အကြင် ပုဂ္ဂိုလ်၏ စိတ်သည် (ဈာန်၌) လေ့လာ ပြီး ဖြစ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ ကောင်းစွာ တည်ကြည်၏။ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသည်ကို သိ၏၊ နတ်ဘုံ အပါယ်ဘုံတို့ကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ ကုန်ခန်းရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ်ဖြင့် သိ၍ အပြီးဆုံးသို့ ရောက်၏၊ မောနေယျတရားရှိ၏။ (ထို ပုဂ္ဂိုလ်သည်) ဤဝိဇ္ဇာသုံးပါးတို့ဖြင့် တေဝိဇ္ဇပုဏ္ဏား ဖြစ်၏၊ ထို ပုဂ္ဂိုလ်ကိုသာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါဆို၏။ တစ်ပါးသူတို့ ပြောသည်ကို လိုက်၍ ပြောတတ်ကာမျှ ဖြစ်သူကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟု ငါမဆို။ ပုဏ္ဏား ဤသို့လျှင် အရိယာ၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်၏ (ဟု မိန့်တော်မူ၏)၊ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကား အခြားတစ်ပါးပါတည်း အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကား အခြားတစ်ပါးပါတည်း။ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာ သုံးပါးသည် အရိယာသူမြတ်တို့၏ အဆုံးအမဖြစ်သော ဤဝိဇ္ဇာသုံးပါးကို တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှကိုလည်း မမှီနိုင်ပါ။ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ နဝမသုတ်။ ၁။ ကုဗ္ဘီးထမင်းဟူသည် သေသူကို ရည်၍ ပေးလှူသော ထမင်းတည်း။ ၂။ ထာလိပါကကို နွားနို့ဖြင့် ချက်အပ်သော ထမင်းအထူးဟု သက္ကဋအဘိဓာန်တို့၌ ဆိုသည်။
Numbered Discourses 3.59 6. Brahmins With Jānussoṇi Then the brahmin Jānussoṇi went up to the Buddha, and exchanged greetings with him. Seated to one side he said to the Buddha: “Worthy Gotama, whoever has a sacrifice, an offering of food for ancestors, a dish of milk-rice prepared for an auspicious ceremony, or a gift to give, should give it to the brahmins who have mastered the three Vedic knowledges.” “But brahmin, how do the brahmins describe a brahmin who is proficient in the three Vedic knowledges?” “Worthy Gotama, it’s when a brahmin is well born on both his mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation. He recites and remembers the hymns, and has mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knows them word-by-word, and their grammar. He is well versed in cosmology and the marks of a great man. That’s how the brahmins describe a brahmin who is proficient in the three Vedic knowledges.” “Brahmin, a master of three knowledges according to the brahmins is quite different from a master of the three knowledges in the training of the Noble One.” “But worthy Gotama, how is one a master of the three knowledges in the training of the Noble One? Worthy Gotama, please teach me this.” “Well then, brahmin, listen and apply your mind well, I will speak.” “Yes, worthy sir,” Jānussoṇi replied. The Buddha said this: “Brahmin, it’s when a mendicant, quite secluded from sensual pleasures … enters and remains in the fourth absorption. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward recollection of past lives. They recollect many kinds of past lives, with features and details. This is the first knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished and light has arisen, as happens for a meditator who is diligent, keen, and resolute. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the death and rebirth of sentient beings. With clairvoyance that is purified and surpasses the human, they understand how sentient beings pass on according to their deeds. This is the second knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished and light has arisen, as happens for a meditator who is diligent, keen, and resolute. When their mind has become immersed in samādhi like this—purified, bright, flawless, rid of corruptions, pliable, workable, steady, and imperturbable—they extend it toward knowledge of the ending of defilements. They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. They truly understand: ‘These are defilements’ … ‘This is the origin of defilements’ … ‘This is the cessation of defilements’ … ‘This is the practice that leads to the cessation of defilements’. Knowing and seeing like this, their mind is freed from the defilements of sensuality, desire to be reborn, and ignorance. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the third knowledge that they attain. Ignorance is banished and knowledge has arisen; darkness is banished and light has arisen, as happens for a meditator who is diligent, keen, and resolute. One who is perfect in precepts and observances, resolute and serene, whose mind is mastered, unified, serene; who knows their past lives, sees heaven and places of loss, and has attained the end of rebirth, such a sage has perfect insight. Because of these three knowledges a brahmin is a master of the three knowledges. That’s who I call a three-knowledge master, and not the other <j>who repeats what they are told. This, brahmin, is a master of the three knowledges in the training of the Noble One.” “Worthy Gotama, the master of three knowledges according to the brahmins is quite different from a master of the three knowledges in the training of the Noble One. And, worthy Gotama, a master of three knowledges according to the brahmins is not worth a sixteenth part of a master of the three knowledges in the training of the Noble One. Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
၁၀။ သင်္ဂါရဝသုတ္တံ
၆၁။ အထ ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မယမဿု, ဘော ဂေါတမ, ဗြာဟ္မဏာ နာမ။ ယညံ ယဇာမပိ ယဇာပေမပိ။ တတြ, ဘော ဂေါတမ, ယော စေဝ ယဇတိ [ယော စေဝ ယညံ ယဇတိ (သျာ။ ကံ။)] ယော စ ယဇာပေတိ သဗ္ဗေ တေ အနေကသာရီရိကံ ပုညပ္ပဋိပဒံ ပဋိပန္နာ ဟောန္တိ, ယဒိဒံ ယညာဓိကရဏံ။ ယော ပနာယံ, ဘော ဂေါတမ, ယဿ ဝါ တဿ ဝါ ကုလာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဧကမတ္တာနံ ဒမေတိ, ဧကမတ္တာနံ သမေတိ, ဧကမတ္တာနံ ပရိနိဗ္ဗာပေတိ, ဧဝမဿာယံ ဧကသာရီရိကံ ပုညပ္ပဋိပဒံ ပဋိပန္နော ဟောတိ, ယဒိဒံ ပဗ္ဗဇ္ဇာဓိကရဏ’’န္တိ။
‘‘တေန ဟိ, ဗြာဟ္မဏ, တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ။ ယထာ တေ ခမေယျ တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ, ဗြာဟ္မဏ, ဣဓ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဧဝမာဟ – ‘ဧထာယံ မဂ္ဂေါ အယံ ပဋိပဒါ ယထာပဋိပန္နော အဟံ အနုတ္တရံ ဗြဟ္မစရိယောဂဓံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ၊ ဧထ [ဧတံ (က။)], တုမှေပိ တထာ ပဋိပဇ္ဇထ, ယထာပဋိပန္နာ တုမှေပိ အနုတ္တရံ ဗြဟ္မစရိယောဂဓံ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရိဿထာ’တိ။ ဣတိ အယဉ္စေဝ [သယံ စေဝ (က။)] သတ္ထာ ဓမ္မံ ဒေသေတိ, ပရေ စ တထတ္ထာယ ပဋိပဇ္ဇန္တိ, တာနိ ခေါ ပန ဟောန္တိ အနေကာနိပိ သတာနိ အနေကာနိပိ သဟဿာနိ အနေကာနိပိ သတသဟဿာနိ။
‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, ဣစ္စာယံ ဧဝံ သန္တေ ဧကသာရီရိကာ ဝါ ပုညပ္ပဋိပဒါ ဟောတိ အနေကသာရီရိကာ ဝါ, ယဒိဒံ ပဗ္ဗဇ္ဇာဓိကရဏ’’န္တိ? ‘‘ဣစ္စာယမ္ပိ [ဣစ္စာယန္တေ (က။)], ဘော ဂေါတမ, ဧဝံ သန္တေ အနေကသာရီရိကာ ပုညပ္ပဋိပဒါ ဟောတိ, ယဒိဒံ ပဗ္ဗဇ္ဇာဓိကရဏ’’န္တိ။
ဧဝံ ဝုတ္တေ အာယသ္မာ အာနန္ဒော သင်္ဂါရဝံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ဣမာသံ တေ, ဗြာဟ္မဏ, ဒွိန္နံ ပဋိပဒါနံ ကတမာ ပဋိပဒါ ခမတိ အပ္ပတ္ထတရာ စ အပ္ပသမာရမ္ဘတရာ စ မဟပ္ဖလတရာ စ မဟာနိသံသတရာ စာ’’တိ? ဧဝံ ဝုတ္တေ သင်္ဂါရဝေါ ဗြာဟ္မဏော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘သေယျထာပိ ဘဝံ ဂေါတမော ဘဝံ စာနန္ဒော။ ဧတေ မေ ပုဇ္ဇာ, ဧတေ မေ ပါသံသာ’’တိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော သင်္ဂါရဝံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘န ခေါ တျာဟံ, ဗြာဟ္မဏ, ဧဝံ ပုစ္ဆာမိ – ‘ကေ ဝါ တေ ပုဇ္ဇာ ကေ ဝါ တေ ပါသံသာ’တိ? ဧဝံ ခေါ တျာဟံ, ဗြာဟ္မဏ, ပုစ္ဆာမိ – ‘ဣမာသံ တေ, ဗြာဟ္မဏ, ဒွိန္နံ ပဋိပဒါနံ ကတမာ ပဋိပဒါ ခမတိ အပ္ပတ္ထတရာ စ အပ္ပသမာရမ္ဘတရာ စ မဟပ္ဖလတရာ စ မဟာနိသံသတရာ စာ’’’တိ? ဒုတိယမ္ပိ ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘သေယျထာပိ ဘဝံ ဂေါတမော ဘဝံ စာနန္ဒော။ ဧတေ မေ ပုဇ္ဇာ, ဧတေ မေ ပါသံသာ’’တိ။
တတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော သင်္ဂါရဝံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘န ခေါ တျာဟံ, ဗြာဟ္မဏ, ဧဝံ ပုစ္ဆာမိ – ‘ကေ ဝါ တေ ပုဇ္ဇာ ကေ ဝါ တေ ပါသံသာ’တိ? ဧဝံ ခေါ တျာဟံ, ဗြာဟ္မဏ, ပုစ္ဆာမိ – ‘ဣမာသံ တေ, ဗြာဟ္မဏ, ဒွိန္နံ ပဋိပဒါနံ ကတမာ ပဋိပဒါ ခမတိ အပ္ပတ္ထတရာ စ အပ္ပသမာရမ္ဘတရာ စ မဟပ္ဖလတရာ စ မဟာနိသံသတရာ စာ’’’တိ? တတိယမ္ပိ ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘သေယျထာပိ ဘဝံ ဂေါတမော ဘဝံ စာနန္ဒော။ ဧတေ မေ ပုဇ္ဇာ, ဧတေ မေ ပါသံသာ’’တိ။
အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ယာဝ တတိယမ္ပိ ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော အာနန္ဒေန သဟဓမ္မိကံ ပဉှံ ပုဋ္ဌော သံသာဒေတိ [မ။ နိ။ ၁။၃၃၇] နော ဝိဿဇ္ဇေတိ။ ယံနူနာဟံ ပရိမောစေယျ’’န္တိ။ အထ ခေါ ဘဂဝါ သင်္ဂါရဝံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ကာ နွဇ္ဇ, ဗြာဟ္မဏ, ရာဇန္တေပုရေ ရာဇပုရိသာနံ [ရာဇပရိသာယံ (သီ။ သျာ။ ကံ။ ပီ။)] သန္နိသိန္နာနံ သန္နိပတိတာနံ အန္တရာကထာ ဥဒပါဒီ’’တိ? ‘‘အယံ ခွဇ္ဇ, ဘော ဂေါတမ, ရာဇန္တေပုရေ ရာဇပုရိသာနံ သန္နိသိန္နာနံ သန္နိပတိတာနံ အန္တရာကထာ ဥဒပါဒိ – ‘ပုဗ္ဗေ သုဒံ အပ္ပတရာ စေဝ ဘိက္ခူ အဟေသုံ ဗဟုတရာ စ ဥတ္တရိ မနုဿဓမ္မာ ဣဒ္ဓိပါဋိဟာရိယံ ဒဿေသုံ၊ ဧတရဟိ ပန ဗဟုတရာ စေဝ ဘိက္ခူ အပ္ပတရာ စ ဥတ္တရိ မနုဿဓမ္မာ ဣဒ္ဓိပါဋိဟာရိယံ ဒဿေန္တီ’တိ။ အယံ ခွဇ္ဇ, ဘော ဂေါတမ, ရာဇန္တေပုရေ ရာဇပုရိသာနံ သန္နိသိန္နာနံ သန္နိပတိတာနံ အန္တရာကထာ ဥဒပါဒီ’’တိ။
[ပဋိ။ မ။ ၃။၃၀၊ ဒီ။ နိ။ ၁။၄၈၃] ‘‘တီဏိ ခေါ ဣမာနိ, ဗြာဟ္မဏ, ပါဋိဟာရိယာနိ။ ကတမာနိ တီဏိ? ဣဒ္ဓိပါဋိဟာရိယံ, အာဒေသနာပါဋိဟာရိယံ, အနုသာသနီပါဋိဟာရိယံ။ ကတမဉ္စ, ဗြာဟ္မဏ, ဣဒ္ဓိပါဋိဟာရိယံ? ဣဓ, ဗြာဟ္မဏ, ဧကစ္စော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ – ‘ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ, ဗဟုဓာပိ ဟုတွာ ဧကော ဟောတိ၊ အာဝိဘာဝံ, တိရောဘာဝံ၊ တိရောကုဋ္ဋံ တိရောပါကာရံ တိရောပဗ္ဗတံ အသဇ္ဇမာနော ဂစ္ဆတိ, သေယျထာပိ အာကာသေ၊ ပထဝိယာပိ ဥမ္မုဇ္ဇနိမုဇ္ဇံ ကရောတိ, သေယျထာပိ ဥဒကေ၊ ဥဒကေပိ အဘိဇ္ဇမာနေ ဂစ္ဆတိ, သေယျထာပိ ပထဝိယံ၊ အာကာသေပိ ပလ္လင်္ကေန ကမတိ, သေယျထာပိ ပက္ခီ သကုဏော၊ ဣမေပိ စန္ဒိမသူရိယေ ဧဝံမဟိဒ္ဓိကေ ဧဝံမဟာနုဘာဝေ ပါဏိနာ ပရိမသတိ [ပရာမသတိ (ဒီ။ နိ။ ၁။၄၈၄၊ ပဋိ။ မ။ ၁။၁၀၂] ပရိမဇ္ဇတိ, ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ’။ ဣဒံ ဝုစ္စတိ, ဗြာဟ္မဏ, ဣဒ္ဓိပါဋိဟာရိယံ။
‘‘ကတမဉ္စ, ဗြာဟ္မဏ, အာဒေသနာပါဋိဟာရိယံ? ဣဓ, ဗြာဟ္မဏ, ဧကစ္စော နိမိတ္တေန အာဒိသတိ – ‘ဧဝမ္ပိ တေ မနော, ဣတ္ထမ္ပိ တေ မနော, ဣတိပိ တေ စိတ္တ’န္တိ။ သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။
‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော န ဟေဝ ခေါ နိမိတ္တေန အာဒိသတိ, အပိ စ ခေါ မနုဿာနံ ဝါ အမနုဿာနံ ဝါ ဒေဝတာနံ ဝါ သဒ္ဒံ သုတွာ အာဒိသတိ – ‘ဧဝမ္ပိ တေ မနော, ဣတ္ထမ္ပိ တေ မနော, ဣတိပိ တေ စိတ္တ’န္တိ။ သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။
‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော န ဟေဝ ခေါ နိမိတ္တေန အာဒိသတိ နပိ မနုဿာနံ ဝါ အမနုဿာနံ ဝါ ဒေဝတာနံ ဝါ သဒ္ဒံ သုတွာ အာဒိသတိ, အပိ စ ခေါ ဝိတက္ကယတော ဝိစာရယတော ဝိတက္ကဝိပ္ဖါရသဒ္ဒံ သုတွာ အာဒိသတိ – ‘ဧဝမ္ပိ တေ မနော, ဣတ္ထမ္ပိ တေ မနော, ဣတိပိ တေ စိတ္တ’န္တိ။ သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။
‘‘ဣဓ ပန, ဗြာဟ္မဏ, ဧကစ္စော န ဟေဝ ခေါ နိမိတ္တေန အာဒိသတိ, နပိ မနုဿာနံ ဝါ အမနုဿာနံ ဝါ ဒေဝတာနံ ဝါ သဒ္ဒံ သုတွာ အာဒိသတိ, နပိ ဝိတက္ကယတော ဝိစာရယတော ဝိတက္ကဝိပ္ဖါရသဒ္ဒံ သုတွာ အာဒိသတိ, အပိ စ ခေါ အဝိတက္ကံ အဝိစာရံ သမာဓိံ သမာပန္နဿ စေတသာ စေတော ပရိစ္စ ပဇာနာတိ – ‘ယထာ ဣမဿ ဘောတော မနောသင်္ခါရာ ပဏိဟိတာ ဣမဿ စိတ္တဿ အနန္တရာ အမုံ နာမ ဝိတက္ကံ ဝိတက္ကေဿတီ’တိ။ သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။ ဣဒံ ဝုစ္စတိ, ဗြာဟ္မဏ, အာဒေသနာပါဋိဟာရိယံ။
‘‘ကတမဉ္စ, ဗြာဟ္မဏ, အနုသာသနီပါဋိဟာရိယံ? ဣဓ, ဗြာဟ္မဏ, ဧကစ္စော ဧဝမနုသာသတိ – ‘ဧဝံ ဝိတက္ကေထ, မာ ဧဝံ ဝိတက္ကယိတ္ထ၊ ဧဝံ မနသိ ကရောထ, မာ ဧဝံ မနသာကတ္ထ၊ ဣဒံ ပဇဟထ, ဣဒံ ဥပသမ္ပဇ္ဇ ဝိဟရထာ’တိ။ ဣဒံ ဝုစ္စတိ, ဗြာဟ္မဏ, အနုသာသနီပါဋိဟာရိယံ။ ဣမာနိ ခေါ, ဗြာဟ္မဏ, တီဏိ ပါဋိဟာရိယာနိ။ ဣမေသံ တေ, ဗြာဟ္မဏ, တိဏ္ဏံ ပါဋိဟာရိယာနံ ကတမံ ပါဋိဟာရိယံ ခမတိ အဘိက္ကန္တတရဉ္စ ပဏီတတရဉ္စာ’’တိ?
‘‘တတြ, ဘော ဂေါတမ, ယဒိဒံ [ယမိဒံ (သျာ။ ကံ။ ပီ။)] ပါဋိဟာရိယံ ဣဓေကစ္စော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ…ပေ… ယာဝ ဗြာဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ, ဣဒံ, ဘော ဂေါတမ, ပါဋိဟာရိယံ ယောဝ [ယော စ (သျာ။ ကံ။ ပီ။ က။)] နံ ကရောတိ သောဝ [သောစ စ (သျာ။ ကံ ပီ။ က။)] နံ ပဋိသံဝေဒေတိ, ယောဝ [ယော စ (သျာ။ ကံ။ ပီ။ က။)] နံ ကရောတိ တဿေဝ [တဿမေဝ (သီ။ က။), တဿ စေဝ (သျာ။ ကံ။ ပီ။)] တံ ဟောတိ။ ဣဒံ မေ, ဘော ဂေါတမ, ပါဋိဟာရိယံ မာယာသဟဓမ္မရူပံ ဝိယ ခါယတိ။
‘‘ယမ္ပိဒံ, ဘော ဂေါတမ, ပါဋိဟာရိယံ ဣဓေကစ္စော နိမိတ္တေန အာဒိသတိ – ‘ဧဝမ္ပိ တေ မနော, ဣတ္ထမ္ပိ တေ မနော, ဣတိပိ တေ စိတ္တ’န္တိ, သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။ ဣဓ ပန, ဘော ဂေါတမ, ဧကစ္စော န ဟေဝ ခေါ နိမိတ္တေန အာဒိသတိ, အပိ စ ခေါ မနုဿာနံ ဝါ အမနုဿာနံ ဝါ ဒေဝတာနံ ဝါ သဒ္ဒံ သုတွာ အာဒိသတိ…ပေ… နပိ မနုဿာနံ ဝါ အမနုဿာနံ ဝါ ဒေဝတာနံ ဝါ သဒ္ဒံ သုတွာ အာဒိသတိ, အပိ စ ခေါ ဝိတက္ကယတော ဝိစာရယတော ဝိတက္ကဝိပ္ဖါရသဒ္ဒံ သုတွာ အာဒိသတိ…ပေ… နပိ ဝိတက္ကယတော ဝိစာရယတော ဝိတက္ကဝိပ္ဖါရသဒ္ဒံ သုတွာ အာဒိသတိ, အပိ စ ခေါ အဝိတက္ကံ အဝိစာရံ သမာဓိံ သမာပန္နဿ စေတသာ စေတော ပရိစ္စ ပဇာနာတိ – ‘ယထာ ဣမဿ ဘောတော မနောသင်္ခါရာ ပဏိဟိတာ ဣမဿ စိတ္တဿ အနန္တရာ အမှံ နာမ ဝိတက္ကံ ဝိတက္ကေဿတီ’တိ, သော ဗဟုံ စေပိ အာဒိသတိ တထေဝ တံ ဟောတိ, နော အညထာ။ ဣဒမ္ပိ, ဘော ဂေါတမ, ပါဋိဟာရိယံ ယောဝ နံ ကရောတိ သောဝ နံ ပဋိသံဝေဒေတိ, ယောဝ နံ ကရောတိ တဿေဝ တံ ဟောတိ။ ဣဒမ္ပိ မေ, ဘော ဂေါတမ, ပါဋိဟာရိယံ မာယာသဟဓမ္မရူပံ ဝိယ ခါယတိ။
‘‘ယဉ္စ ခေါ ဣဒံ, ဘော ဂေါတမ, ပါဋိဟာရိယံ ဣဓေကစ္စော ဧဝံ အနုသာသတိ – ‘ဧဝံ ဝိတက္ကေထ, မာ ဧဝံ ဝိတက္ကယိတ္ထ၊ ဧဝံ မနသိ ကရောထ, မာ ဧဝံ မနသာကတ္ထ၊ ဣဒံ ပဇဟထ, ဣဒံ ဥပသမ္ပဇ္ဇ ဝိဟရထာ’တိ။ ဣဒမေဝ, ဘော ဂေါတမ, ပါဋိဟာရိယံ ခမတိ ဣမေသံ တိဏ္ဏံ ပါဋိဟာရိယာနံ အဘိက္ကန္တတရဉ္စ ပဏီတတရဉ္စ။
‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ယာဝသုဘာသိတမိဒံ ဘောတာ ဂေါတမေန ဣမေဟိ စ မယံ တီဟိ ပါဋိဟာရိယေဟိ သမန္နာဂတံ ဘဝန္တံ ဂေါတမံ ဓာရေမ။ ဘဝဉှိ ဂေါတမော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ…ပေ… ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ, ဘဝဉှိ ဂေါတမော အဝိတက္ကံ အဝိစာရံ သမာဓိံ သမာပန္နဿ စေတသာ စေတော ပရိစ္စ ပဇာနာတိ – ‘ယထာ ဣမဿ ဘောတော မနောသင်္ခါရာ ပဏိဟိတာ ဣမဿ စိတ္တဿ အနန္တရာ အမုံ နာမ ဝိတက္ကံ ဝိတက္ကေဿတီ’တိ။ ဘဝဉှိ ဂေါတမော ဧဝမနုသာသတိ – ‘ဧဝံ ဝိတက္ကေထ, မာ ဧဝံ ဝိတက္ကယိတ္ထ၊ ဧဝံ မနသိ ကရောထ, မာ ဧဝံ မနသာကတ္ထ၊ ဣဒံ ပဇဟထ, ဣဒံ ဥပသမ္ပဇ္ဇ ဝိဟရထာ’’’တိ။
‘‘အဒ္ဓါ ခေါ တျာဟံ, ဗြာဟ္မဏ, အာသဇ္ဇ ဥပနီယ ဝါစာ ဘာသိတာ၊ အပိ စ တျာဟံ ဗျာကရိဿာမိ။ အဟဉှိ, ဗြာဟ္မဏ, အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောမိ…ပေ… ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေမိ။ အဟဉှိ, ဗြာဟ္မဏ, အဝိတက္ကံ အဝိစာရံ သမာဓိံ သမာပန္နဿ စေတသာ စေတော ပရိစ္စ ပဇာနာမိ – ‘ယထာ ဣမဿ ဘောတော မနောသင်္ခါရာ ပဏိဟိတာ, ဣမဿ စိတ္တဿ အနန္တရာ အမုံ နာမ ဝိတက္ကံ ဝိတက္ကေဿတီ’တိ။ အဟဉှိ, ဗြာဟ္မဏ, ဧဝမနုသာသာမိ – ‘ဧဝံ ဝိတက္ကေထ, မာ ဧဝံ ဝိတက္ကယိတ္ထ၊ ဧဝံ မနသိ ကရောထ, မာ ဧဝံ မနသာကတ္ထ၊ ဣဒံ ပဇဟထ, ဣဒံ ဥပသမ္ပဇ္ဇ ဝိဟရထာ’’’တိ။
‘‘အတ္ထိ ပန, ဘော ဂေါတမ, အညော ဧကဘိက္ခုပိ ယော ဣမေဟိ တီဟိ ပါဋိဟာရိယေဟိ သမန္နာဂတော, အညတြ ဘောတာ ဂေါတမေနာ’’တိ? ‘‘န ခေါ, ဗြာဟ္မဏ, ဧကံယေဝ သတံ န ဒွေ သတာနိ န တီဏိ သတာနိ န စတ္တာရိ သတာနိ န ပဉ္စ သတာနိ, အထ ခေါ ဘိယျောဝ, ယေ [တေ (က။) ပဿ မ။ နိ။ ၂။၁၉၅] ဘိက္ခူ ဣမေဟိ တီဟိ ပါဋိဟာရိယေဟိ သမန္နာဂတာ’’တိ။ ‘‘ကဟံ ပန, ဘော ဂေါတမ, ဧတရဟိ တေ ဘိက္ခူ ဝိဟရန္တီ’’တိ? ‘‘ဣမသ္မိံယေဝ ခေါ, ဗြာဟ္မဏ, ဘိက္ခုသံဃေ’’တိ။
‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ, ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ, ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ဒသမံ။
ဗြာဟ္မဏဝဂ္ဂေါ ပဌမော။
တဿုဒ္ဒါနံ –
ဒွေ ဗြာဟ္မဏာ စညတရော, ပရိဗ္ဗာဇကေန နိဗ္ဗုတံ၊
ပလောကဝစ္ဆော တိကဏ္ဏော, သောဏိ သင်္ဂါရဝေန စာတိ။
၁၀-သင်္ဂါရဝသုတ် ၆၁။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဂေါတမ အကျွန်ုပ်တို့ ပုဏ္ဏားမည်သည် ကိုယ်တိုင်လည်း ယဇ်ပူဇော်ကြကုန်၏၊ သူတစ်ပါးကိုလည်း ပူဇော်စေကြကုန်၏။ အသျှင်ဂေါတမ ထို ယဇ်ပူဇော်ခြင်း၌ ကိုယ်တိုင် ပူဇော်သူ သူတစ်ပါးကိုလည်း ပူဇော်စေသူ အားလုံးတို့သည် ယင်းယဇ် ပူဇော်ခြင်း အကြောင်းကြောင့် အများအတွက် အကျင့်ကို ကျင့်ကုန်၏။ အသျှင်ဂေါတမ အကြင်သူသည် ကား ထို ထို ဤဤအမျိုးမှ ရဟန်းပြု၍ မိမိတစ်ကိုယ်တည်းကို ဆုံးမ၏၊ မိမိတစ်ကိုယ်တည်းကို ငြိမ်သက်စေ၏၊ မိမိတစ်ကိုယ်တည်းကို (ကိလေသာမှ) ငြိမ်းစေ၏၊ ဤသို့ဖြစ်သော် ဤသူသည် ယင်းရဟန်းပြုခြင်းအကြောင်းကြောင့် တစ်ကိုယ်ကောင်းအကျင့်ကို ကျင့်၏ဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်မေးဦးမည်၊ သင် နှစ်သက်သည့်အတိုင်း ထို အမေးကို ဖြေကြားလော့၊ ပုဏ္ဏား ထို စကားကို သင်မည်သို့ မှတ်ထင်သနည်း။ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ ထို မြတ်စွာဘုရားသည် “လာကြကုန်လော့ အတုမရှိသော မြတ်သော အကျင့်၏ တည်ရာ နိဗ္ဗာန်ကို (ငါကိုယ်တိုင်) ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုခဲ့သော ဤလမ်းစဥ် ဤအကျင့်ကို (သင်တို့အား) ဟောကြားမည်၊ ငါဟောကြားသည့်အတိုင်း သင်တို့ ကျင့်လျှင်လည်း အတုမရှိသော မြတ်သောအကျင့်၏ တည်ရာနိဗ္ဗာန်ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ နေကြရ လိမ့်မည်၊ ထို လမ်းစဥ်ကို သင်တို့လည်း ထို အတိုင်း ကျင့်ကြကုန်လော့”ဟု မိန့်တော်မူ၏။ ဤသို့ မြတ်စွာဘုရားသည် ကိုယ်တိုင်လည်းတရားကို ဟော၏၊ တစ်ပါးသော သူတို့သည်လည်း ထို နိဗ္ဗာန် အကျိုးငှါ ကျင့်ကြကုန်၏၊ ထို ကျင့်သူတို့ကား အရာ အထောင် အသိန်းမက များလှကုန်၏။ ပုဏ္ဏား ငါ ယခု ပြောဆိုခဲ့သည့် စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤအတိုင်းဖြစ်လျှင် ရဟန်းပြုခြင်းဟူသော ဤအကျင့်သည် တစ်ကိုယ်ကောင်းအကျင့် မည်သလော၊ သို့မဟုတ် အများအတွက် အကျင့် မည်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤအတိုင်းဖြစ်လျှင် ရဟန်းပြုခြင်းဟူသော ဤအကျင့်သည် အများအတွက် အကျင့်မည်ပါ၏ဟု (လျှောက်၏)။ ဤသို့လျှောက်သော် အသျှင်အာနန္ဒာသည် သင်္ဂါရဝပုဏ္ဏားအား- “ပုဏ္ဏား ဤအကျင့် နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသော ကိစ္စရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသောအာနိသင်ရှိသနည်း”ဟု ဆို၏။ ဤသို့ ဆိုအပ်သည် ရှိသော် သင်္ဂါရဝပုဏ္ဏားသည် အသျှင်အာနန္ဒာအား- “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာ ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု (လျှောက်၏)။ နှစ်ကြိမ်မြောက်လည်း သင်္ဂါရဝပုဏ္ဏားအား အသျှင်အာနန္ဒာသည် “ပုဏ္ဏား ‘သင် အဘယ်ပုဂ္ဂိုလ် တို့ကို ပူဇော်သနည်း၊ သင် အဘယ်ပုဂ္ဂိုလ်တို့ကို ချီးမွမ်းသနည်း’ဟု သင့်အား ငါမေးသည် မဟုတ်၊ ပုဏ္ဏား ဤအကျင့်နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသောကိစ္စရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသော အာနိသင်ရှိသနည်း”ဟုသာ သင့်အား ငါမေး၏ဟု ဆို၏။ နှစ်ကြိမ်မြောက်ပင် သင်္ဂါရဝ ပုဏ္ဏားသည် အသျှင်အာနန္ဒာအား “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု လျှောက်၏။ သုံးကြိမ်မြောက်လည်း သင်္ဂါရဝပုဏ္ဏားကို အသျှင်အာနန္ဒာသည် “ပုဏ္ဏား ‘သင် အဘယ်ပုဂ္ဂိုလ်တို့ကို ပူဇော်သနည်း၊ သင် အဘယ်ပုဂ္ဂိုလ်တို့ကို ချီးမွမ်းသနည်း’ဟု သင့်အား ငါမေးသည် မဟုတ်၊ ပုဏ္ဏား ဤအကျင့်နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို ‘သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသောကိစ္စ ရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသော အာနိသင်ရှိသနည်း’ဟုသာ သင့်အား ငါမေး၏”ဟု ဆို၏။ သုံးကြိမ်မြောက်ပင် သင်္ဂါရဝပုဏ္ဏားသည် အသျှင်အာနန္ဒာအား “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာကဲ့သို့ သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု (လျှောက်၏)။ ထိုအခါ အာနန္ဒာသည် “သုံးကြိမ်တိုင်အောင်လည်း ပြဿနာကိုတရားသဖြင့် မေးအပ်ပါလျက် သင်္ဂါရဝပုဏ္ဏားသည် ရှောင်လွှဲ၏၊ မဖြေဆို၊ ငါသည် နှစ်ယောက်လုံးကို ပင်ပန်းခြင်းမှ လွတ်စေရမူကား ကောင်းပေလိမ့်မည်”ဟု မြတ်စွာဘုရားအား အကြံ ဖြစ်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ဂါရဝ ပုဏ္ဏားအား- “ပုဏ္ဏား ယနေ့ နန်းတော်တွင်း၌ အညီအညွတ်စည်းဝေးနေကြသော မင်းချင်းယောကျာ်းတို့ အား အဘယ်သို့သော အကြားစကားသည် ထင်ရှားဖြစ်သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဂေါတမ ယနေ့ နန်းတော်တွင်း၌ အညီအညွတ်စည်း ဝေးနေကြသော မင်းချင်းယောကျာ်းတို့အား ဤသို့သော အကြားစကားသည် ထင်ရှားဖြစ်ပါ၏။ “ရှေးအခါက ရဟန်းတို့သည် အလွန်နည်းပါးကုန်လျက်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုကား ပြသူ များကုန်၏၊ ယခုအခါ၌မူကား ရဟန်းတို့သည် အလွန်များကုန်လျက်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုကား ပြသူနည်းကုန်၏”ဟူသော ဤအကြားစကားသည် ထင်ရှား ဖြစ်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ပြာဋိဟာတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- တန်ခိုးပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊ အတပ်ဟောခြင်း ပြာဋိဟာ ‘အာဒေသနာပါဋိဟာရိယ’ နှင့် ဆုံးမခြင်း ပြာဋိဟာ ‘အနု သာသနီပါဋိဟာရိယ’ တို့ပေတည်း။ ပုဏ္ဏား တန်ခိုးပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ (ကိုယ်) ထင်ရှား ဖြစ်စေ၏၊ (ကိုယ်) ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိ မငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုး အာနုဘော်ကြီးကုန်သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ ပုဏ္ဏား ဤပြာဋိဟာကို တန်ခိုးပြာဋိဟာဟု ဆိုအပ်၏။ ပုဏ္ဏား အတပ်ဟောခြင်း ပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့် “သင့် စိတ်သည် ဤသို့သော သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာ ရှိ၏၊ သင့် စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့် အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့် အတပ်မဟော၊ စင်စစ်သော်ကား လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ “သင့်စိတ်သည် ဤသို့သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာအား ဖြင့် ဖြစ်၏၊ သင့်စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟော စေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့်လည်း အတပ် မဟော၊ လူတို့၏အသံ ဘီလူးတို့၏အသံ့နတ်တို့၏အသံကို ကြား၍လည်း အတပ်မဟော၊ စင်စစ်သော်ကား ကြံစည်သုံးသပ်သောသူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကို ကြား၍ “သင့်စိတ်သည် ဤသို့ သဘောရှိ၏၊ သင့် စိတ်သည် ဤသို့ အခြင်းအရာအားဖြင့် ဖြစ်၏၊ သင့် စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့်လည်း အတပ်မဟော၊ လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍လည်း အတပ်မဟော၊ ကြံစည်သုံးသပ်သူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကို ကြား၍လည်း အတပ်မဟော၊ စင်စစ်သော်ကား ကြံစည်ခြင်း သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသူ၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ်အခြားမဲ့၌ ဤမည်သော အကြံကို ကြံလတ္တံ့”ဟု အပြားအားဖြင့် သိ၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်း အရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤပြာဋိဟာကို အတပ်ဟောခြင်းပြာဋိဟာဟု ဆိုအပ်၏။ ပုဏ္ဏား ဆုံးမခြင်း ပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ(တရား) ကို ပယ်ကုန်လော့၊ ဤ(တရား) သို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏။ ပုဏ္ဏား ဤပြာဋိဟာကို ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။ ပုဏ္ဏား ပြာဋိဟာတို့သည် ဤသုံးမျိုးတို့ပေတည်း။ ပုဏ္ဏား ဤပြာဋိဟာသုံးမျိုးတို့တွင် အဘယ်ပြာဋိဟာကို သာလွန်မွန်မြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထို ပြာဋိဟာသုံးမျိုးတို့တွင် ဤလောက၌ အချို့သောသူသည် များပြားသော တန်ခိုး ဖန်ဆင်းခြင်းကို ဖြစ်စေ၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏၊ အသျှင်ဂေါတမ ဤသည်ကား ပြာဋိဟာပါတည်း။ ထို ပြာဋိဟာကို ပြုသူသာ ခံစားရပါ၏၊ ထို ပြာဋိဟာသည် ပြုသူအားသာလျှင် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤပြာဋိဟာသည် မျက်လှည့်နှင့်တူသော သဘောရှိသကဲ့သို့ အကျွန်ုပ်အား ထင်ပါ၏။ အသျှင်ဂေါတမ ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့် “သင့်စိတ်သည် ဤသို့ ဖြစ်၏၊ သင့်စိတ်သည် ဤသို့သော သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင့်စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏၊ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့် အတပ်မဟော၊ စင်စစ်သော်ကား လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ အတပ် ဟော၏။ပ။ လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ အတပ်မဟော၊ စင်စစ်သော် ကား ကြံစည်သုံးသပ်သော သူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့်ဖြစ်သော အသံကို ကြား၍ အတပ် ဟော၏။ပ။ ကြံစည်သုံးသပ်သောသူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့်ဖြစ်သော အသံကို ကြား၍ အတပ် မဟော၊ စင်စစ်သော်ကား ကြံစည်သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသော ပုဂ္ဂိုလ်၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ် အခြားမဲ့၌ ဤမည်သော အကြံကို ကြံလတ္တံ့”ဟု အပြားအားဖြင့် သိ၏။ ထိုသူသည် များစွာ အတပ် ဟောစေကာမူ ထို အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ အသျှင်ဂေါတမ ဤသည်လည်း ပြာဋိဟာပါတည်း။ ထို ပြာဋိဟာကို ပြုသူသာ ခံစားရ၏၊ ထို ပြာဋိဟာသည် ပြုသူအားသာလျှင် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤပြာဋိဟာသည်လည်း မျက်လှည့်နှင့် တူသော သဘောရှိသကဲ့သို့ အကျွန်ုပ် အား ထင်ပါ၏။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသူသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ(တရား) ကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏။ အသျှင်ဂေါတမ ပြာဋိဟာသုံးမျိုးတို့တွင် ဤဆုံးမခြင်း ပြာဋိဟာကို သာလျှင် သာလွန်မွန်မြတ်သည် ဖြစ်၍ အကျွန်ုပ် နှစ်သက်ပါ၏။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် ဤပြာဋိဟာကို ကောင်းစွာ ဟောတော်မူပါပေ၏၊ အသျှင်ဂေါတမကို ဤပြာဋိဟာသုံးမျိုးတို့နှင့်လည်း ပြည့်စုံ၏ဟူ၍ အကျွန်ုပ်တို့ အသိအမှတ်ပြုပါကုန်၏၊ အကြောင်းကို ဆိုသော် အသျှင်ဂေါတမသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေတော်မူနိုင်ပါပေ၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေနိုင်ပါပေ၏။ အသျှင်ဂေါတမသည် ကြံစည်သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသော ပုဂ္ဂိုလ်၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား သိတော်မူ၏၊ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ကောင်းစွာထားသော အခြင်းအရာအားဖြင့် ဤစိတ်၏ အခြားမဲ့၌ ဤမည်သောအကြံကို ကြံစည်လတ္တံ့”ဟု သိတော်မူပါပေ၏။ အသျှင်ဂေါတမသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံး သွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမတော်မူပါပေ၏ဟု (လျှောက်၏)။ ပုဏ္ဏား သင်သည် စင်စစ် (ငါ့ဂုဏ်ကို) ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန်အားဖြင့် ငါကသာ သင့်အား ပြောကြားရမည်၊ ပုဏ္ဏား ငါသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ နိုင်၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေနိုင်၏၊ ပုဏ္ဏား ငါသည် ကြံစည် သုံးသပ်ခြင်းမရှိသော သမာဓိဝင်စားသူ၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏- “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ်၏ အခြားမဲ့၌ ဤမည်သော အကြံကို ကြံစည်လတ္တံ့”ဟု သိ၏၊ ပုဏ္ဏား ငါသည် “ဤသို့ ကြံကြကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဂေါတမမှ တစ်ပါး ဤပြာဋိဟာသုံးမျိုးတို့နှင့် ပြည့်စုံသည့် အခြား ရဟန်းရှိပါသေးသလောဟု (လျှောက်၏)။ ပုဏ္ဏား ရဟန်းတစ်ရာသာ မဟုတ်၊ နှစ်ရာ သုံးရာ လေးရာ ငါးရာသာ မဟုတ်၊ စင်စစ်သော်ကား ဤပြာဋိဟာသုံးမျိုးတို့နှင့် ပြည့်စုံသော ထိုရဟန်းတို့သည် များစွာပင် ရှိကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုရဟန်းတို့သည် ယခု အဘယ်၌ နေပါကုန်သနည်းဟု (လျှောက်၏)၊ ပုဏ္ဏား ဤရဟန်းသံဃာအတွင်းမှာပင် နေကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏၊ ထို အကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ ဒသမသုတ်။ ရှေးဦးစွာသော ဗြာဟ္မဏဝဂ် ပြီး၏။ (၇) ၂ မဟာဝဂ် ၁-တိတ္ထာယတနသုတ်
Numbered Discourses 3.60 6. Brahmins With Saṅgārava Then Saṅgārava the brahmin went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, we who are called brahmins make sacrifices and encourage others to make sacrifices. Now, worthy Gotama, both of these people—the one who sacrifices and the one who encourages others to sacrifice—are doing good for many people on account of that sacrifice. But, worthy Gotama, when someone has gone forth from the lay life to homelessness, they tame, calm, and extinguish themselves alone. That being so, they are doing good for just one person on account of that going forth.” “Well then, brahmin, I’ll ask you about this in return, and you can answer as you like. What do you think, brahmin? A Realized One arises in the world, perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed. He says, ‘Come, this is the path, this is the practice. Practicing like this, I realized the supreme objective of the spiritual life with my own insight, and I make it known. Please, all of you, practice like this, and you too will realize the supreme objective of the spiritual life, and will live having realized it with your own insight.’ So the Teacher teaches Dhamma, and others practice accordingly, in their hundreds and thousands, and hundreds of thousands. What do you think, brahmin? This being so, are they doing good for just one person or for many people on account of going forth?” “This being so, worthy Gotama, they are doing good for many people on account of going forth.” When he said this, Venerable Ānanda said to Saṅgārava, “Brahmin, which of these two practices do you believe has fewer obligations and undertakings, yet is more fruitful and beneficial?” Saṅgārava said to Ānanda, “Those such as the worthies Gotama and Ānanda are honored and praised by me!” For a second time, Ānanda said to Saṅgārava, “Brahmin, I didn’t ask you who you honor and praise. I asked you which of these two practices do you believe has fewer obligations and undertakings, yet is more fruitful and beneficial?” For a second time Saṅgārava said to Ānanda, “Those such as the worthies Gotama and Ānanda are honored and praised by me!” For a third time, Ānanda said to Saṅgārava, “Brahmin, I didn’t ask you who you honor and praise. I asked you which of these two practices do you believe has fewer obligations and undertakings, yet is more fruitful and beneficial?” For a third time Saṅgārava said to Ānanda, “Those such as the worthies Gotama and Ānanda are honored and praised by me!” Then it occurred to the Buddha, “Though Ānanda asked him a sensible question three times, Saṅgārava falters without answering. Why don’t I give him a way out?” So the Buddha said to Saṅgārava, “Brahmin, what came up in the conversation among the king’s retinue today, sitting together in the royal compound?” “Worthy Gotama, this came up: ‘Formerly, it seems, there were fewer mendicants, but more of them displayed superhuman demonstrations of psychic power; while these days, there are more mendicants, but fewer display superhuman demonstrations of psychic power.’ This is what came up in the conversation among the king’s retinue today, while sitting together in the royal compound.” “Brahmin, there are three kinds of demonstration. What three? A demonstration of psychic power, a demonstration of revealing, and a demonstration of instruction. And what is the demonstration of psychic power? It’s when someone wields the many kinds of psychic power: multiplying themselves and becoming one again; materializing and dematerializing; going unobstructed through a wall, a rampart, or a mountain as if through space; diving in and out of the earth as if it were water; walking on water as if it were earth; flying cross-legged through the sky like a bird; touching and stroking with the hand the sun and moon, so mighty and powerful. They control the body as far as the realm of divinity. This is called the demonstration of psychic power. And what is the demonstration of revealing? In one case, someone reveals by means of a sign: ‘This is what you’re thinking, such is your thought, and thus is your state of mind.’ And even if they reveal this many times, it turns out exactly so, not otherwise. In another case, someone reveals after hearing it from humans or non-humans or deities: ‘This is what you’re thinking, such is your thought, and thus is your state of mind.’ And even if they reveal this many times, it turns out exactly so, not otherwise. In another case, someone reveals by hearing the sound of thought spreading as someone thinks and considers: ‘This is what you’re thinking, such is your thought, and thus is your state of mind.’ And even if they reveal this many times, it turns out exactly so, not otherwise. In another case, someone comprehends the mind of one who has attained the immersion that’s free of placing the mind and keeping it connected. They understand: ‘Judging by the way this worthy’s intentions are directed, immediately after this mind state, they’ll think this thought.’ And even if they reveal this many times, it turns out exactly so, not otherwise. This is called the demonstration of revealing. And what is a demonstration of instruction? It’s when someone instructs others like this: ‘Think like this, not like that. Focus your mind like this, not like that. Give up this, and live having achieved that.’ This is called a demonstration of instruction. These are the three kinds of demonstration. Of these three kinds of demonstration, which do you consider to be the finest?” “Regarding this, worthy Gotama, a demonstration of psychic power is experienced only by the one who performs it, occurring only to them. This seems to me like an illusion. And the demonstration where someone reveals something by means of a sign, or after hearing it from humans, non-humans, or deities, or by hearing the sound of thought spreading as someone thinks and considers, or by comprehending the mind of another, is also experienced only by the one who performs it, occurring only to them. This also seems to me like an illusion. But as to the demonstration where someone instructs others: ‘Think like this, not like that. Focus your mind like this, not like that. Give up this, and live having achieved that.’ I prefer this demonstration, worthy Gotama. It’s the finest of the three kinds of demonstration. It’s incredible, worthy Gotama, it’s amazing, how well this was said by the worthy Gotama. We regard the worthy Gotama as someone who possesses these three kinds of demonstration. For the worthy Gotama wields the many kinds of psychic power … controlling the body as far as the realm of divinity. And Worthy Gotama comprehends the mind of another who has attained the immersion that is free of placing the mind and keeping it connected. He understands: ‘Judging by the way this worthy’s intentions are directed, immediately after this mind state they’ll think this thought.’ And the worthy Gotama instructs others like this: ‘Think like this, not like that. Focus your mind like this, not like that. Give up this, and live having achieved that.’” “Your words are clearly invasive and intrusive, brahmin. Nevertheless, I will answer you. For I do wield the many kinds of psychic power … controlling the body as far as the realm of divinity. And I do comprehend the mind of another individual who has attained the immersion that is free of placing the mind and keeping it connected. I understand: ‘Judging by the way this worthy’s intentions are directed, immediately after this mind state they’ll think this thought.’ And I do instruct others like this: ‘Think like this, not like that. Focus your mind like this, not like that. Give up this, and live having achieved that.’” “But worthy Gotama, is there even one other mendicant who possesses these three kinds of demonstration, apart from the worthy Gotama?” “There’s not just one hundred mendicants, brahmin, who possess these three kinds of demonstration, nor two, three, four, or five hundred, but many more than that.” “But where are these mendicants now staying?” “Right here, brahmin, in this Saṅgha of mendicants.” “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”
(၇) ၂။ မဟာဝဂ္ဂေါ
၁။ တိတ္ထာယတနာဒိသုတ္တံ
၆၂။ ‘‘တီဏိမာနိ, ဘိက္ခဝေ, တိတ္ထာယတနာနိ ယာနိ ပဏ္ဍိတေဟိ သမနုယုဉ္ဇိယမာနာနိ [သမနုဂ္ဂါဟိယမာနာနိ (သျာ။ ကံ။ က။)] သမနုဂါဟိယမာနာနိ သမနုဘာသိယမာနာနိ ပရမ္ပိ ဂန္တွာ အကိရိယာယ သဏ္ဌဟန္တိ။ ကတမာနိ တီဏိ? သန္တိ, ဘိက္ခဝေ, ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ပုဗ္ဗေကတဟေတူ’တိ။ သန္တိ, ဘိက္ခဝေ, ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ဣဿရနိမ္မာနဟေတူ’တိ။ သန္တိ, ဘိက္ခဝေ, ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ အဟေတုအပ္ပစ္စယာ’’’တိ။
‘‘တတြ, ဘိက္ခဝေ, ယေ တေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ပုဗ္ဗေကတဟေတူ’တိ, တျာဟံ ဥပသင်္ကမိတွာ ဧဝံ ဝဒါမိ – ‘သစ္စံ ကိရ တုမှေ အာယသ္မန္တော ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ပုဗ္ဗေကတဟေတူ’တိ? တေ စ မေ [တေ စေ မေ (သီ။ သျာ။ ကံ။ ပီ။)] ဧဝံ ပုဋ္ဌာ ‘အာမာ’တိ [အာမောတိ (သီ။)] ပဋိဇာနန္တိ။ တျာဟံ ဧဝံ ဝဒါမိ – ‘တေနဟာယသ္မန္တော ပါဏာတိပါတိနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, အဒိန္နာဒါယိနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, အဗြဟ္မစာရိနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, မုသာဝါဒိနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, ပိသုဏဝါစာ ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, ဖရုသဝါစာ ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, သမ္ဖပ္ပလာပိနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, အဘိဇ္ဈာလုနော ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, ဗျာပန္နစိတ္တာ ဘဝိဿန္တိ ပုဗ္ဗေကတဟေတု, မိစ္ဆာဒိဋ္ဌိကာ ဘဝိဿန္တိ ပုဗ္ဗေကတဟေတု’’’။
‘‘ပုဗ္ဗေကတံ ခေါ ပန, ဘိက္ခဝေ, သာရတော ပစ္စာဂစ္ဆတံ န ဟောတိ ဆန္ဒော ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခာနံ ဝိဟရတံ န ဟောတိ ပစ္စတ္တံ သဟဓမ္မိကော သမဏဝါဒေါ။ အယံ ခေါ မေ, ဘိက္ခဝေ, တေသု သမဏဗြာဟ္မဏေသု ဧဝံဝါဒီသု ဧဝံဒိဋ္ဌီသု ပဌမော သဟဓမ္မိကော နိဂ္ဂဟော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယေ တေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ဣဿရနိမ္မာနဟေတူ’တိ, တျာဟံ ဥပသင်္ကမိတွာ ဧဝံ ဝဒါမိ – ‘သစ္စံ ကိရ တုမှေ အာယသ္မန္တော ဧဝံဝါဒိနော ဧဝဒိဋ္ဌိနော – ယံ ကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ ဣဿရနိမ္မာနဟေတူ’တိ? တေ စ မေ ဧဝံ ပုဋ္ဌာ ‘အာမာ’တိ ပဋိဇာနန္တိ။ တျာဟံ ဧဝံ ဝဒါမိ – ‘တေနဟာယသ္မန္တော ပါဏာတိပါတိနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, အဒိန္နာဒါယိနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, အဗြဟ္မစာရိနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, မုသာဝါဒိနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, ပိသုဏဝါစာ ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, ဖရုသဝါစာ ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, သမ္ဖပ္ပလာပိနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, အဘိဇ္ဈာလုနော ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, ဗျာပန္နစိတ္တာ ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု, မိစ္ဆာဒိဋ္ဌိကာ ဘဝိဿန္တိ ဣဿရနိမ္မာနဟေတု’’’။
‘‘ဣဿရနိမ္မာနံ ခေါ ပန, ဘိက္ခဝေ, သာရတော ပစ္စာဂစ္ဆတံ န ဟောတိ ဆန္ဒော ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခာနံ ဝိဟရတံ န ဟောတိ ပစ္စတ္တံ သဟဓမ္မိကော သမဏဝါဒေါ။ အယံ ခေါ မေ, ဘိက္ခဝေ, တေသု သမဏဗြာဟ္မဏေသု ဧဝံဝါဒီသု ဧဝံဒိဋ္ဌီသု ဒုတိယော သဟဓမ္မိကော နိဂ္ဂဟော ဟောတိ။
‘‘တတြ, ဘိက္ခဝေ, ယေ တေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ‘ယံ ကိံ စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ အဟေတုအပ္ပစ္စယာ’တိ, တျာဟံ ဥပသင်္ကမိတွာ ဧဝံ ဝဒါမိ – ‘သစ္စံ ကိရ တုမှေ အာယသ္မန္တော ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော – ယံ ကိံ စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ သဗ္ဗံ တံ အဟေတုအပ္ပစ္စယာ’တိ? တေ စ မေ ဧဝံ ပုဋ္ဌာ ‘အာမာ’တိ ပဋိဇာနန္တိ။ တျာဟံ ဧဝံ ဝဒါမိ – ‘တေနဟာယသ္မန္တော ပါဏာတိပါတိနော ဘဝိဿန္တိ အဟေတုအပ္ပစ္စယာ…ပေ… မိစ္ဆာဒိဋ္ဌိကာ ဘဝိဿန္တိ အဟေတုအပ္ပစ္စယာ’’’။
‘‘အဟေတုအပ္ပစ္စယံ [အဟေတုံ (သီ။), အဟေတု (သျာ။ ကံ။), အဟေတုအပ္ပစ္စယာ (ပီ။), အဟေတုံ အပ္ပစ္စယံ (က။)] ခေါ ပန, ဘိက္ခဝေ, သာရတော ပစ္စာဂစ္ဆတံ န ဟောတိ ဆန္ဒော ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခာနံ ဝိဟရတံ န ဟောတိ ပစ္စတ္တံ သဟဓမ္မိကော သမဏဝါဒေါ။ အယံ ခေါ မေ, ဘိက္ခဝေ, တေသု သမဏဗြာဟ္မဏေသု ဧဝံဝါဒီသု ဧဝံဒိဋ္ဌီသု တတိယော သဟဓမ္မိကော နိဂ္ဂဟော ဟောတိ။
‘‘ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ တိတ္ထာယတနာနိ ယာနိ ပဏ္ဍိတေဟိ သမနုယုဉ္ဇိယမာနာနိ သမနုဂါဟိယမာနာနိ သမနုဘာသိယမာနာနိ ပရမ္ပိ ဂန္တွာ အကိရိယာယ သဏ္ဌဟန္တိ။
‘‘အယံ ခေါ ပန, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။ ကတမော စ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ? ဣမာ ဆ ဓာတုယောတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။ ဣမာနိ ဆ ဖဿာယတနာနီတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။ ဣမေ အဋ္ဌာရသ မနောပဝိစာရာတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။ ဣမာနိ စတ္တာရိ အရိယသစ္စာနီတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။
‘‘ဣမာ ဆ ဓာတုယောတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဆယိမာ, ဘိက္ခဝေ, ဓာတုယော – ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု, အာကာသဓာတု, ဝိညာဏဓာတု။ ဣမာ ဆ ဓာတုယောတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘ဣမာနိ ဆ ဖဿာယတနာနီတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဆယိမာနိ, ဘိက္ခဝေ, ဖဿာယတနာနိ – စက္ခု ဖဿာယတနံ, သောတံ ဖဿာယတနံ, ဃာနံ ဖဿာယတနံ, ဇိဝှါ ဖဿာယတနံ, ကာယော ဖဿာယတနံ, မနော ဖဿာယတနံ။ ဣမာနိ ဆ ဖဿာယတနာနီတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘ဣမေ အဋ္ဌာရသ မနောပဝိစာရာတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? စက္ခုနာ ရူပံ ဒိသွာ သောမနဿဋ္ဌာနိယံ ရူပံ ဥပဝိစရတိ ဒေါမနဿဋ္ဌာနိယံ ရူပံ ဥပဝိစရတိ ဥပေက္ခာဋ္ဌာနိယံ ရူပံ ဥပဝိစရတိ, သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ သောမနဿဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ ဒေါမနဿဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ ဥပေက္ခာဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ။ ဣမေ အဋ္ဌာရသ မနောပဝိစာရာတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘ဣမာနိ စတ္တာရိ အရိယသစ္စာနီတိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ခေါ ပနေတံ ဝုတ္တံ။ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ? ဆန္နံ, ဘိက္ခဝေ, ဓာတူနံ ဥပါဒါယ ဂဗ္ဘဿာဝက္ကန္တိ ဟောတိ၊ ဩက္ကန္တိယာ သတိ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ။ ဝေဒိယမာနဿ ခေါ ပနာဟံ, ဘိက္ခဝေ, ဣဒံ ဒုက္ခန္တိ ပညပေမိ, အယံ ဒုက္ခသမုဒယောတိ ပညပေမိ, အယံ ဒုက္ခနိရောဓောတိ ပညပေမိ, အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ပညပေမိ။
‘‘ကတမဉ္စ, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ? ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ( ) [(ဗျာဓိပိ ဒုက္ခော) (သီ။ ပီ။ က။) အဋ္ဌကထာယ သံသန္ဒေတဗ္ဗံ ဝိသုဒ္ဓိ။ ၂။၅၃၇] မရဏမ္ပိ ဒုက္ခံ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ ဒုက္ခာ၊ (အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော,) [(နတ္ထိ ကတ္ထစိ)] ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ။
‘‘ကတမဉ္စ, ဘိက္ခဝေ, ဒုက္ခသမုဒယံ [ဒုက္ခသမုဒယော (သျာ။ ကံ။)] အရိယသစ္စံ? အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။
‘‘ကတမဉ္စ, ဘိက္ခဝေ, ဒုက္ခနိရောဓံ [ဒုက္ခနိရောဓော (သျာ။ ကံ။)] အရိယသစ္စံ? အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။
‘‘ကတမဉ္စ, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ ‘ဣမာနိ စတ္တာရိ အရိယသစ္စာနီ’တိ, ဘိက္ခဝေ, မယာ ဓမ္မော ဒေသိတော အနိဂ္ဂဟိတော အသံကိလိဋ္ဌော အနုပဝဇ္ဇော အပ္ပဋိကုဋ္ဌော သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟီတိ။ ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တ’’န္တိ။ ပဌမံ။
၆၂။ ရဟန်းတို့ မှားသော အယူတို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းအယူတို့ကို ပညာရှိတို့က မေးမြန်း စိစစ် စစ်ဆေးအပ်ကုန်သော် ထို့ထက်လွန်၍ပင်လည်း မပြုခြင်း ‘အကိရိယ’ မျှ၌သာ တည် ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်း သဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏။ ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏။ ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် အကြောင်းမရှိ အထောက်အပံ့မရှိမူ၍ ဖြစ်၏”ဟု ပြောလေ့ ယူလေ့ ရှိသော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏ ဗြာဟ္မဏတို့ထံသို့ ချဥ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲ မဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟု သင်တို့ ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန် သလော”ဟု ငါ မေး၏။ ဤသို့ ငါ မေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏။ ထိုသူတို့ ကို ငါသည် ဤသို့ ဆို၏- “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် ရှေးကပြုခဲ့ ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မပေးသည်ကို ယူလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မမြတ်သော အကျင့်ကို ကျင့်လေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မဟုတ် မမှန်စကား ပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကုန်းစကားပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကြမ်းတမ်းသောစကားကို ပြောလေ့ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ သူတစ်ပါးစည်းစိမ်ကို မက်မောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသောအကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပျက်စီးစေလိုစိတ်ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရ ကုန်လတ္တံ့၊ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန် လတ္တံ့”ဟု ငါဆို၏။ ရဟန်းတို့ ရှေးက ပြုခဲ့ဖူးသော အကြောင်းကိုသာလျှင် အမြတ်တနိုး ယုံကြည် စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည့်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့အား အသီးအခြား အကြောင်းနှင့်တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ ပဌမ နှိမ်နင်းခြင်းပေတည်း။ (၁) ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏအချို့တို့ထံသို့ ချဥ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏ဟု သင်တို့ ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန်ပါသလော”ဟု ငါမေး၏။ ဤသို့ ငါမေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏၊ ထိုသူတို့ကို ငါသည် ဤသို့ ဆို၏- “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူ တို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မပေးသည်ကို ယူလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မမြတ်သော အကျင့်ကို ကျင့်လေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မဟုတ်မမှန် ပြောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကုန်းစကား ပြောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကြမ်းတမ်းသော စကားကို ပြောလေ့ရှိသူတို့သည် လောက ကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ သူတစ်ပါး စည်းစိမ်ကို မက်မောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရ ကုန်လတ္တံ့၊ ပျက်စီးစေလိုစိတ် ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့”ဟု (ငါဆို၏)။ ရဟန်းတို့ လောကကို အစိုးရသူ ဖန်ဆင်းခြင်းကိုသာလျှင် အမြတ်တနိုး ယုံကြည် စွဲလမ်းကြသူ တို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူ တို့အား အသီးအခြား အကြောင်းနှင့်တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ ဒုတိယ မြောက် နှိမ်နင်းခြင်းပေတည်း။ (၂) ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် အကြောင်းအထောက်အပံ့ မရှိမူ၍ ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့ထံသို့ ချဥ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည့်အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် အကြောင်း အထောက်အပံ့ မရှိမူ၍ ဖြစ်၏ဟု ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန်ပါသလော”ဟု ငါ မေး၏။ ဤသို့ ငါမေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏၊ ထိုသူတို့ကို ငါသည် ဤသို့ ဆို၏- “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် အကြောင်းအထောက်အပံ့ မရှိဘဲ ဖြစ်ရကုန်လတ္တံ့။ပ။ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် အကြောင်းအထောက်အပံ့ မရှိဘဲ ဖြစ်ရကုန်လတ္တံ့”ဟု (ငါဆို၏)။ ရဟန်းတို့ အကြောင်းအထောက်အပံ့ မရှိခြင်းကိုသာလျှင် အမြတ်တနိုး ယုံကြည်စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့ အား အသီးအခြားအကြောင်းနှင့် တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ တတိယ မြောက် နှိမ်နင်းခြင်းပေတည်း။ (၃) ရဟန်းတို့ မှားသော အယူတို့သည် ဤသုံးမျိုးတို့ပေတည်း၊ ယင်းမှားသော အယူတို့ကို ပညာရှိ တို့က မေးမြန်း စိစစ် စစ်ဆေးအပ်ကုန်သော် ထို့ထက်လွန်၍ပင်လည်း မပြုခြင်း ‘အကိရိယ’ မျှ၌သာ တည် ကုန်၏။ ရဟန်းတို့ ငါ ဟောကြားထားသော ဤတရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ် ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူး စေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်သော ငါ ဟောကြားအပ်သော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ “ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိသမဏ ဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်။ “ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှု၏တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့တည်း”ဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ “ရဟန်းတို့ ဤသည်တို့ ကား စိတ်ဖြစ်ရာ ‘မနောပဝိစာရ’တရားတစ်ဆယ့်ရှစ်ပါးတို့တည်း”ဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ “ရဟန်းတို့ ဤသည်တို့သည်ကား အရိယာတို့၏အမှန်တရား လေးပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ “ရဟန်းတို့ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟု ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် အားဖြင့် ဤခြောက်ပါးတို့ပေတည်း။ “ရဟန်းတို့ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟု ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။ “ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှု၏တည်ရာ ခြောက်ပါးတို့တည်းဟု ငါ ဟောကြား အပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ တွေ့ထိမှု၏တည်ရာတို့သည် မျက်စိတွေ့ထိမှုတည်ရာ၊ နားတွေ့ထိမှုတည်ရာ၊ နှာခေါင်းတွေ့ထိမှုတည်ရာ၊ လျှာ တွေ့ထိမှုတည်ရာ၊ ကိုယ်တွေ့ထိ့မှုတည်ရာ၊ စိတ်တွေ့ထိမှုတည်ရာ အားဖြင့် ဤခြောက်ပါးတို့တည်း။ “ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှုတည်ရာ ခြောက်ပါးတို့တည်းဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့ သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။ “ရဟန်းတို့ ဤသည်တို့ကား စိတ်ဖြစ်ရာ တစ်ဆယ့်ရှစ်ပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ မျက်စိဖြင့် အဆင်းကို မြင်သော် သောမနဿဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ နားဖြင့် အသံကို ကြားသော် သောမနဿဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ နှာခေါင်းဖြင့် အနံ့ကို နမ်းသော် သောမနဿဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ လျှာဖြင့် အရသာကို လျက်သော် သောမနဿဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ကိုယ်ဖြင့် အတွေ့ကို တွေ့ထိ သော် သောမနဿဝေဒနာဖြစ်ကြောင်း အတွေ့သို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အတွေ့ သို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အတွေ့သို့ ကပ်၍ ဖြစ်၏။ စိတ်ဖြင့် သဘောကို သိသော် သောမနဿဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏။ ဒေါမနဿဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏။ ဥပေက္ခာဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏၊ “ရဟန်းတို့ ဤသည်တို့ကား စိတ်ဖြစ်ရာ တစ်ဆယ့်ရှစ်ပါးတို့တည်းဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။ “ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ အမှန်တရား လေးပါးတို့တည်းဟု ငါ ဟောကြား အပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ ဓာတ်ခြောက်ပါးတို့ကို အကြောင်းပြု၍ သူငယ်၏ (အမိဝမ်းသို့) သက်ဝင်ခြင်း ဖြစ်၏၊ သက်ဝင်ခြင်း ဖြစ်လတ်သော် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်၏၊ ‘အာယတန’ ခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ ဖဿကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ခံစားသော ပုဂ္ဂိုလ်အား “ဤကား ဆင်းရဲတည်း”ဟု ငါ သိစေ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟု ငါ သိ စေ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟု ငါ သိစေ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု ငါ သိစေ၏။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဟူသည် အဘယ်နည်း၊ ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲတည်း၊ အိုရခြင်းသည်လည်း ဆင်းရဲတည်း၊ နာရခြင်းသည်လည်း ဆင်းရဲတည်း၊ သေရခြင်းသည်လည်း ဆင်းရဲတည်း၊ စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာ ပင်ပန်းရခြင်းသည်လည်း ဆင်းရဲတည်း၊ လိုချင်ရာမရခြင်းသည်လည်း ဆင်းရဲတည်း၊ အချုပ်အား ဖြင့် စွဲလမ်းမှု ‘ဥပါဒါန်’၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲတို့ပေတည်း။ ရဟန်းတို့ ဤဆိုအပ်ပြီးသည်ကို အရိယာတို့၏အမှန်တရားဖြစ်သော ဆင်းရဲခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်မှုဟူသော အကြောင်းကြောင့် ဝိညာဥ် ဖြစ်၏။ ဝိညာဥ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တည်ရာ ‘အာယတန’ခြောက်မျိုး ဖြစ်၏၊ တည်ရာခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏၊ တွေ့ထိခြင်းဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏၊ ခံစားခြင်းဟူသော အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ဖြစ်၏၊ တပ်မက်ခြင်းဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏၊ စွဲလမ်းခြင်းဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစု သက်သက် ဖြစ်ပေါ်၏။ ရဟန်းတို့ ဤဆိုအပ် ခဲ့ပြီးသည်ကို အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်းဟု ဆိုအပ်၏။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟူသည် အဘယ်နည်း၊ မသိမှု ‘အဝိဇ္ဇာ’၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုပြင်စီရင်မှုချုပ်ခြင်းကြောင့် ဝိညာဥ်ချုပ်၏၊ ဝိညာဥ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ ခြောက်မျိုးချုပ်၏၊ တည်ရာခြောက်မျိုး ချုပ်ခြင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ချုပ်၏၊ တပ်မက်ခြင်းချုပ်ခြင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းခြင်း ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ချုပ်၏၊ ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက် ချုပ်၏။ ရဟန်းတို့ ဤဆိုခဲ့အပ်ပြီးသည်ကို အရိယာတို့၏ အမှန်တရား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟု ဆိုအပ်၏။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပေတည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤရှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤဆိုခဲ့အပ်ပြီးသည်ကို အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏။ “ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ အမှန်တရားလေးပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.61 7. The Great Chapter Sectarian Tenets “Mendicants, these three sectarian tenets—as pursued, pressed, and grilled by the astute—when taken to their conclusion, end with inaction. What three? There are some ascetics and brahmins who have this doctrine and view: ‘Everything this individual person experiences—pleasurable, painful, or neutral—is because of past deeds.’ There are some ascetics and brahmins who have this doctrine and view: ‘Everything this individual person experiences—pleasurable, painful, or neutral—is because of God Almighty’s creation.’ There are some ascetics and brahmins who have this doctrine and view: ‘Everything this individual person experiences—pleasurable, painful, or neutral—has no cause or reason.’ Regarding this, I went up to the ascetics and brahmins whose view is that everything an individual person experiences is because of past deeds, and I said to them: ‘Is it really true that this is the venerables’ view?’ And they answered, ‘Yes’. I said to them: ‘In that case, you might kill living creatures, steal, be unchaste; use speech that’s false, backbiting, harsh, or nonsensical; be covetous, malicious, or have wrong view, all because of past deeds.’ Those who believe that past deeds are the most important thing have no enthusiasm or effort, no idea that there are things that should and should not be done. Not finding as a genuine fact that there are things that should and should not be done, they’re unmindful and careless, and can’t rightly be called ascetics. This is my first legitimate refutation of the ascetics and brahmins who have this doctrine and view. Regarding this, I went up to the ascetics and brahmins whose view is that everything that an individual person experiences is because of God Almighty’s creation, and I said to them: ‘Is it really true that this is the venerables’ view?’ And they answered, ‘Yes’. I said to them: ‘In that case, you might kill living creatures, steal, be unchaste; use speech that’s false, backbiting, harsh, or nonsensical; be covetous, malicious, or have wrong view, all because of God Almighty’s creation.’ Those who believe that God Almighty’s creative power is the most important thing have no enthusiasm, no effort, no idea that there are things that should and should not be done. Not finding as a genuine fact that there are things that should and should not be done, they’re unmindful and careless, and can’t rightly be called ascetics. This is my second legitimate refutation of the ascetics and brahmins who have this doctrine and view. Regarding this, I went up to the ascetics and brahmins whose view is that everything that an individual person experiences has no cause or reason, and I said to them: ‘Is it really true that this is the venerables’ view?’ And they answered, ‘Yes’. I said to them: ‘In that case, you might kill living creatures, steal, be unchaste; use speech that’s false, backbiting, harsh, or nonsensical; be covetous, malicious, or have wrong view, all without cause or reason.’ Those who believe that the absence of cause or reason is the most important thing have no enthusiasm, no effort, no idea that there are things that should and should not be done. Not finding as a genuine fact that there are things that should and should not be done, they’re unmindful and careless, and can’t rightly be called ascetics. This is my third legitimate refutation of the ascetics and brahmins who have this doctrine and view. These are the three sectarian tenets—as pursued, pressed, and grilled by the astute—which, when taken to their conclusion, end with inaction. But the Dhamma that I’ve taught is irrefutable, uncorrupted, beyond reproach, and not scorned by sensible ascetics and brahmins. What is the Dhamma that I’ve taught? ‘These are the six elements’: this is the Dhamma I’ve taught … ‘These are the six fields of contact’: this is the Dhamma I’ve taught … ‘These are the eighteen mental preoccupations’: this is the Dhamma I’ve taught … ‘These are the four noble truths’: this is the Dhamma I’ve taught that is irrefutable, uncorrupted, beyond reproach, and is not scorned by sensible ascetics and brahmins. ‘“These are the six elements”: this is the Dhamma I’ve taught …’ That’s what I said, but why did I say it? There are these six elements: the elements of earth, water, fire, air, space, and consciousness. ‘“These are the six elements”: this is the Dhamma I’ve taught …’ That’s what I said, and this is why I said it. ‘“These are the six fields of contact”: this is the Dhamma I’ve taught …’ That’s what I said, but why did I say it? There are these six fields of contact: eye, ear, nose, tongue, body, and mind contact. ‘“These are the six fields of contact”: this is the Dhamma I’ve taught …’ That’s what I said, and this is why I said it. ‘“These are the eighteen mental preoccupations”: this is the Dhamma I’ve taught …’ This is what I said, but why did I say it? Seeing a sight with their eyes, one is preoccupied with a sight that’s a basis for happiness or sadness or equanimity. Hearing a sound with their ears … Smelling an odor with their nose … Tasting a flavor with their tongue … Encountering a touch with their body … Becoming conscious of an idea with their mind, one is preoccupied with an idea that’s a basis for happiness or sadness or equanimity. ‘“These are the eighteen mental preoccupations”: this is the Dhamma I’ve taught …’ That’s what I said, and this is why I said it. ‘“These are the four noble truths”: this is the Dhamma I’ve taught …’ That’s what I said, but why did I say it? Supported by the six elements, an embryo is conceived. When it is conceived, there are name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. It’s for one who feels that I declare: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. And what is the noble truth of suffering? Rebirth is suffering; old age is suffering; death is suffering; sorrow, lamentation, pain, sadness, and distress are suffering; being coupled with the disliked is suffering; separation from the liked is suffering; not getting what you wish for is suffering. In brief, the five grasping aggregates are suffering. This is called the noble truth of suffering. And what is the noble truth of the origin of suffering? Ignorance is a requirement for choices. Choices are a requirement for consciousness. Consciousness is a requirement for name and form. Name and form are requirements for the six sense fields. The six sense fields are requirements for contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. This is called the noble truth of the origin of suffering. And what is the noble truth of the cessation of suffering? When ignorance fades away and ceases no residue left behind, choices cease. When choices cease, consciousness ceases. When consciousness ceases, name and form cease. When name and form cease, the six sense fields cease. When the six sense fields cease, contact ceases. When contact ceases, feeling ceases. When feeling ceases, craving ceases. When craving ceases, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. This is called the noble truth of the cessation of suffering. And what is the noble truth of the practice that leads to the cessation of suffering? It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. This is called the noble truth of the practice that leads to the cessation of suffering. ‘“These are the four noble truths”: this is the Dhamma I’ve taught that is irrefutable, uncorrupted, beyond reproach, and is not scorned by sensible ascetics and brahmins.’ That’s what I said, and this is why I said it.”
၂။ ဘယသုတ္တံ
၆၃။ ‘‘တီဏိမာနိ, ဘိက္ခဝေ, အမာတာပုတ္တိကာနိ ဘယာနီတိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။ ကတမာနိ တီဏိ? ဟောတိ သော, ဘိက္ခဝေ, သမယော ယံ မဟာအဂ္ဂိဍာဟော ဝုဋ္ဌာတိ။ မဟာအဂ္ဂိဍာဟေ ခေါ ပန, ဘိက္ခဝေ, ဝုဋ္ဌိတေ တေန ဂါမာပိ ဍယှန္တိ နိဂမာပိ ဍယှန္တိ နဂရာပိ ဍယှန္တိ။ ဂါမေသုပိ ဍယှမာနေသု နိဂမေသုပိ ဍယှမာနေသု နဂရေသုပိ ဍယှမာနေသု တတ္ထ မာတာပိ ပုတ္တံ နပ္ပဋိလဘတိ, ပုတ္တောပိ မာတရံ နပ္ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, ပဌမံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ မဟာမေဃော ဝုဋ္ဌာတိ။ မဟာမေဃေ ခေါ ပန, ဘိက္ခဝေ, ဝုဋ္ဌိတေ မဟာဥဒကဝါဟကော သဉ္ဇာယတိ။ မဟာဥဒကဝါဟကေ ခေါ ပန, ဘိက္ခဝေ, သဉ္ဇာယန္တေ တေန ဂါမာပိ ဝုယှန္တိ နိဂမာပိ ဝုယှန္တိ နဂရာပိ ဝုယှန္တိ။ ဂါမေသုပိ ဝုယှမာနေသု နိဂမေသုပိ ဝုယှမာနေသု နဂရေသုပိ ဝုယှမာနေသု တတ္ထ မာတာပိ ပုတ္တံ နပ္ပဋိလဘတိ, ပုတ္တောပိ မာတရံ နပ္ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, ဒုတိယံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ ဘယံ ဟောတိ အဋဝိသင်္ကောပေါ, စက္ကသမာရုဠှာ ဇာနပဒါ ပရိယာယန္တိ။ ဘယေ ခေါ ပန, ဘိက္ခဝေ, သတိ အဋဝိသင်္ကောပေ စက္ကသမာရုဠှေသု ဇာနပဒေသု ပရိယာယန္တေသု တတ္ထ မာတာပိ ပုတ္တံ နပ္ပဋိလဘတိ, ပုတ္တောပိ မာတရံ နပ္ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, တတိယံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အမာတာပုတ္တိကာနိ ဘယာနီတိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။
‘‘တာနိ ခေါ ပနိမာနိ [ဣမာနိ ခေါ (သီ။), ဣမာနိ ခေါ ပန (က။)], ဘိက္ခဝေ, တီဏိ သမာတာပုတ္တိကာနိယေဝ ဘယာနိ အမာတာပုတ္တိကာနိ ဘယာနီတိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။ ကတမာနိ တီဏိ? ဟောတိ သော, ဘိက္ခဝေ, သမယော ယံ မဟာအဂ္ဂိဍာဟော ဝုဋ္ဌာတိ။ မဟာအဂ္ဂိဍာဟေ ခေါ ပန, ဘိက္ခဝေ, ဝုဋ္ဌိတေ တေန ဂါမာပိ ဍယှန္တိ နိဂမာပိ ဍယှန္တိ နဂရာပိ ဍယှန္တိ။ ဂါမေသုပိ ဍယှမာနေသု နိဂမေသုပိ ဍယှမာနေသု နဂရေသုပိ ဍယှမာနေသု ဟောတိ သော သမယော ယံ ကဒါစိ ကရဟစိ မာတာပိ ပုတ္တံ ပဋိလဘတိ, ပုတ္တောပိ မာတရံ ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, ပဌမံ သမာတာပုတ္တိကံယေဝ ဘယံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ မဟာမေဃော ဝုဋ္ဌာတိ။ မဟာမေဃေ ခေါ ပန, ဘိက္ခဝေ, ဝုဋ္ဌိတေ မဟာဥဒကဝါဟကော သဉ္ဇာယတိ။ မဟာဥဒကဝါဟကေ ခေါ ပန, ဘိက္ခဝေ, သဉ္ဇာတေ တေန ဂါမာပိ ဝုယှန္တိ နိဂမာပိ ဝုယှန္တိ နဂရာပိ ဝုယှန္တိ။ ဂါမေသုပိ ဝုယှမာနေသု နိဂမေသုပိ ဝုယှမာနေသု နဂရေသုပိ ဝုယှမာနေသု ဟောတိ သော သမယော ယံ ကဒါစိ ကရဟစိ မာတာပိ ပုတ္တံ ပဋိလဘတိ, ပုတ္တောပိ မာတရံ ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, ဒုတိယံ သမာတာပုတ္တိကံယေဝ ဘယံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။
‘‘ပုန စပရံ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ ဘယံ ဟောတိ အဋဝိသင်္ကောပေါ, စက္ကသမာရုဠှာ ဇာနပဒါ ပရိယာယန္တိ။ ဘယေ ခေါ ပန, ဘိက္ခဝေ, သတိ အဋဝိသင်္ကောပေ စက္ကသမာရုဠှေသု ဇာနပဒေသု ပရိယာယန္တေသု ဟောတိ သော သမယော ယံ ကဒါစိ ကရဟစိ မာတာပိ ပုတ္တံ ပဋိလဘတိ, ပုတ္တောပိ မာတရံ ပဋိလဘတိ။ ဣဒံ, ဘိက္ခဝေ, တတိယံ သမာတာပုတ္တိကံယေဝ ဘယံ အမာတာပုတ္တိကံ ဘယန္တိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ။ ‘‘ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ သမာတာပုတ္တိကာနိယေဝ ဘယာနိ အမာတာပုတ္တိကာနိ ဘယာနီတိ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ’’။
‘‘တီဏိမာနိ, ဘိက္ခဝေ, အမာတာပုတ္တိကာနိ ဘယာနိ။ ကတမာနိ တီဏိ? ဇရာဘယံ, ဗျာဓိဘယံ, မရဏဘယန္တိ။ န, ဘိက္ခဝေ, မာတာ ပုတ္တံ ဇီရမာနံ ဧဝံ လဘတိ – ‘အဟံ ဇီရာမိ, မာ မေ ပုတ္တော ဇီရီ’တိ၊ ပုတ္တော ဝါ ပန မာတရံ ဇီရမာနံ န ဧဝံ လဘတိ – ‘အဟံ ဇီရာမိ, မာ မေ မာတာ ဇီရီ’’’တိ။
‘‘န, ဘိက္ခဝေ, မာတာ ပုတ္တံ ဗျာဓိယမာနံ ဧဝံ လဘတိ – ‘အဟံ ဗျာဓိယာမိ, မာ မေ ပုတ္တော ဗျာဓိယီ’တိ၊ ပုတ္တော ဝါ ပန မာတရံ ဗျာဓိယမာနံ န ဧဝံ လဘတိ – ‘အဟံ ဗျာဓိယာမိ, မာ မေ မာတာ ဗျာဓိယီ’’’တိ။
‘‘န, ဘိက္ခဝေ, မာတာ ပုတ္တံ မီယမာနံ ဧဝံ လဘတိ – ‘အဟံ မီယာမိ, မာ မေ ပုတ္တော မီယီ’တိ၊ ပုတ္တော ဝါ ပန မာတရံ မီယမာနံ န ဧဝံ လဘတိ – ‘အဟံ မီယာမိ, မာ မေ မာတာ မီယီ’တိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အမာတာပုတ္တိကာနိ ဘယာနီ’’တိ။
‘‘အတ္ထိ, ဘိက္ခဝေ, မဂ္ဂေါ အတ္ထိ ပဋိပဒါ ဣမေသဉ္စ တိဏ္ဏံ သမာတာပုတ္တိကာနံ ဘယာနံ ဣမေသဉ္စ တိဏ္ဏံ အမာတာပုတ္တိကာနံ ဘယာနံ ပဟာနာယ သမတိက္ကမာယ သံဝတ္တတိ။ ကတမော စ, ဘိက္ခဝေ, မဂ္ဂေါ ကတမာ စ ပဋိပဒါ ဣမေသဉ္စ တိဏ္ဏံ သမာတာပုတ္တိကာနံ ဘယာနံ ဣမေသဉ္စ တိဏ္ဏံ အမာတာပုတ္တိကာနံ ဘယာနံ ပဟာနာယ သမတိက္ကမာယ သံဝတ္တတိ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ။ အယံ ခေါ, ဘိက္ခဝေ, မဂ္ဂေါ အယံ ပဋိပဒါ ဣမေသဉ္စ တိဏ္ဏံ သမာတာပုတ္တိကာနံ ဘယာနံ ဣမေသဉ္စ တိဏ္ဏံ အမာတာပုတ္တိကာနံ ဘယာနံ ပဟာနာယ သမတိက္ကမာယ သံဝတ္တတီ’’တိ။ ဒုတိယံ။
၂-ဘယသုတ် ၆၃။ ရဟန်းတို့ “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ‘အမာတာပုတ္တိကဘေး’တို့သည် ဤသုံးမျိုးတို့တည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ အဘယ်သုံးမျိုးတို့နည်းဟူ- ရဟန်းတို့ မီးကြီးစွာ စွဲလောင်သော အခါသည် ဖြစ်တတ်၏၊ မီးကြီးစွာ စွဲလောင်သည်ရှိသော် ထို မီးသည့်ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း စွဲလောင်အပ်ကုန်၏၊ ရွာ နိဂုံး မြို့တို့ကို စွဲလောင်အပ်ကုန်သည်ရှိသော် ထိုသို့ လောင်ရာ၌ အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့် သား အချင်းချင်း မကာကွယ်နိုင်သော “ပဌမ အမာတာပုတ္တိကဘေးတည်း”ဟု အကြားအမြင် မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ နောက်တစ်မျိုးကား မိုးကြီးစွာ ရွာသွန်းသော အခါသည် ဖြစ်တတ်၏၊ မိုးကြီးစွာ ရွာသွန်းသည်ရှိသော် ကြီးစွာသော ရေအလျဥ်သည် ဖြစ်၏၊ ကြီးစွာသော ရေအလျဥ် ဖြစ်လတ်သော် ထို ရေအလျဥ်သည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း မျောစေအပ် ကုန်၏။ ရွာ နိဂုံး မြို့တို့ကို မျောစေအပ်ကုန်သည်ရှိ်သော် ထိုသို့ မျောစေရာ၌ အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော “ဒုတိယ အမာတာပုတ္တိက ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဥ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသော အခါသည် ဖြစ်တတ်၏၊ တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူတို့ (ပစ္စည်းများကို) ယာဥ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသည်ရှိသော် ထိုသို့ ထွက်ပြေးရာ၌ အမိသည် ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့် သား အချင်းချင်း မကာကွယ်နိုင်သော “တတိယ အမာတာပုတ္တိကဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ ထို သုံးမျိုးတို့ကို အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးတို့လည်း ဖြစ်ကုန် လျက်သာလျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ မီးကြီး စွဲလောင်သော အခါသည် ဖြစ်တတ်၏၊ မီးကြီး စွဲလောင်သည် ရှိသော် ထို မီးသည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း စွဲလောင်အပ်ကုန်၏၊ ရွာ နိဂုံး မြို့တို့ကို စွဲလောင်အပ်ကုန်သည်ရှိသော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရ သော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင် သော ဤပဌမဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြား အမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ နောက်တစ်မျိုးကား မိုးကြီး ရွာသွန်းသော အခါသည် ဖြစ်တတ်၏၊ မိုးကြီး ရွာသွန်း ခဲ့သော် ကြီးစွာသော ရေအလျဥ်သည် ဖြစ်၏၊ ကြီးစွာသော ရေအလျဥ် ဖြစ်လတ်သော် ထို ရေအလျဥ်သည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း မျောစေ၏။ ရွာ နိဂုံး မြို့တို့ကို မျောစေအပ်ကုန်သည်ရှိ်သော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရသော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဤဒုတိယဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်းသောင်းကျန်းမှုဘေးဖြစ်၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဥ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးကြရသော အခါမျိုးသည် ဖြစ့်တတ်၏၊ ရဟန်းတို့ တောပုန်းသောင်းကျန်းမှုဘေးဖြစ်၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဥ် ဖြင့် တင်ဆောင်၍ ထို ထို အရပ်သို့ ထွက်ပြေးကြရကုန်သော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရသော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဤတတိယဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ ဤသုံးမျိုးတို့ကို အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးတို့ ဖြစ်လျက် သာလျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင် မရှိသော ပုထုဇဥ်သည် ဆို၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အိုဘေး၊ နာဘေး၊ သေဘေးတို့တည်း။ ရဟန်းတို့ အမိသည် “ငါ အိုပါအံ့၊ ငါ၏ သား မအိုပါစေလင့်”ဟု အိုမင်းသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ အိုပါအံ့၊ ငါ၏ အမိ မအိုပါစေလင့်”ဟု အိုမင်းသော အမိကို ကာကွယ်ခွင့် မရနိုင်။ ရဟန်းတို့ အမိသည် “ငါ နာပါအံ့၊ ငါ၏ သား မနာပါစေလင့်”ဟု နာသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ နာပါအံ့၊ ငါ၏ အမိ် မနာပါစေလင့်”ဟု နာသော အမိကို ကာကွယ်ခွင့် မရနိုင်။ ရဟန်းတို့ အမိသည် “ငါ သေပါအံ့၊ ငါ၏ သား မသေပါစေလင့်”ဟု သေသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ သေပါအံ့၊ ငါ၏ အမိ မသေပါစေလင့်”ဟု သေသော အမိကို ကာကွယ်ခွင့် မရနိုင်။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ဤအမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေး သုံးမျိုးတို့ကိုလည်းကောင်း၊ ဤအမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဥ် အကျင့်သည် ရှိ၏။ ရဟန်းတို့ ဤအမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးသုံးမျိုး တို့ကိုလည်းကောင်း၊ ဤအမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဥ်အကျင့်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’၊ (ဤရှစ်ပါးတို့ပေတည်း)။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း ကာကွယ် နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း၊ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုး တို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဥ်အကျင့်တည်းဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.62 7. The Great Chapter Perils “Mendicants, an unlearned ordinary person speaks of three perils that tear mothers and children apart. What three? There comes a time when a great fire flares up, and it burns villages, towns, and cities. When this happens, a mother can’t find her child, and a child can’t find their mother. This is the first peril that tears mothers and children apart. Furthermore, there comes a time when a great storm gathers, and it unleashes a mighty flood that sweeps away villages, towns, and cities. When this happens, a mother can’t find her child, and a child can’t find their mother. This is the second peril that tears mothers and children apart. Furthermore, there comes a time of peril due to turmoil in the wilds, so the countryfolk mount their vehicles and flee everywhere. When this happens, a mother can’t find her child, and a child can’t find their mother. This is the third peril that tears mothers and children apart. These are the three perils an unlearned ordinary person speaks of that tear mothers and children apart. Mendicants, an unlearned ordinary person speaks of three perils that don’t tear mothers and children apart. What three? There comes a time when a great fire flares up, and it burns villages, towns, and cities. When this happens, sometimes a mother can find her child, and a child can find their mother. This is the first peril that doesn’t tear mothers and children apart. Furthermore, there comes a time when a great storm gathers, and it unleashes a mighty flood that sweeps away villages, towns, and cities. When this happens, sometimes a mother can find her child, and a child can find their mother. This is the second peril that doesn’t tear mothers and children apart. Furthermore, there comes a time of peril due to turmoil in the wilds, so the countryfolk mount their vehicles and flee everywhere. When this happens, sometimes a mother can find her child, and a child can find their mother. This is the third peril that doesn’t tear mothers and children apart. These are the three perils an unlearned ordinary person speaks of that don’t tear mothers and children apart. There are three perils that tear mothers and children apart. What three? The perils of old age, sickness, and death. When a child is growing old, a mother doesn’t get her wish: ‘Let me grow old, may my child not grow old!’ When a mother is growing old, a child doesn’t get their wish: ‘Let me grow old, may my mother not grow old!’ When a child is sick, a mother doesn’t get her wish: ‘Let me be sick, may my child not be sick!’ When a mother is sick, a child doesn’t get their wish: ‘Let me be sick, may my mother not be sick!’ When a child is dying, a mother doesn’t get her wish: ‘Let me die, may my child not die!’ When a mother is dying, a child doesn’t get their wish: ‘Let me die, may my mother not die!’ These are the three perils that tear mothers and children apart. There is a path and a practice that leads to giving up and going beyond the three perils that don’t tear mothers and children apart, and the three perils that do tear mothers and children apart. What is that path and practice? It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. This is the path, this is the practice that leads to giving up and going beyond the three perils that don’t tear mothers and children apart, and the three perils that do tear mothers and children apart.”
၃။ ဝေနာဂပုရသုတ္တံ
၆၄။ ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ဝေနာဂပုရံ နာမ ကောသလာနံ ဗြာဟ္မဏဂါမော တဒဝသရိ။ အဿောသုံ ခေါ ဝေနာဂပုရိကာ ဗြာဟ္မဏဂဟပတိကာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဝေနာဂပုရံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ [ဘဂဝါ (သီ။ သျာ ကံ။ ပီ။) ဣဒံ သုတ္တဝဏ္ဏနာယ အဋ္ဌကထာယ သံသန္ဒေတဗ္ဗံ ပါရာ။ ၁၊ ဒီ။ နိ။ ၁။၂၅၅ ပဿိတဗ္ဗံ]။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။
အထ ခေါ ဝေနာဂပုရိကာ ဗြာဟ္မဏဂဟပတိကာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ ဝေနာဂပုရိကော ဝစ္ဆဂေါတ္တော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ –
‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ယာဝဉ္စိဒံ ဘောတော ဂေါတမဿ ဝိပ္ပသန္နာနိ ဣန္ဒြိယာနိ, ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော။ သေယျထာပိ, ဘော ဂေါတမ, သာရဒံ ဗဒရပဏ္ဍုံ [မဏ္ဍံ (က။)] ပရိသုဒ္ဓံ ဟောတိ ပရိယောဒါတံ၊ ဧဝမေဝံ ဘောတော ဂေါတမဿ ဝိပ္ပသန္နာနိ ဣန္ဒြိယာနိ ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော။ သေယျထာပိ, ဘော ဂေါတမ, တာလပက္ကံ သမ္ပတိ ဗန္ဓနာ ပမုတ္တံ [မုတ္တံ (သီ။ ပီ။ က။)] ပရိသုဒ္ဓံ ဟောတိ ပရိယောဒါတံ၊ ဧဝမေဝံ ဘောတော ဂေါတမဿ ဝိပ္ပသန္နာနိ ဣန္ဒြိယာနိ ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော။ သေယျထာပိ, ဘော ဂေါတမ, နေက္ခံ [နိက္ခံ-ဣတိပိ (မ။ နိ။ ၃။၁၆၈)] ဇမ္ဗောနဒံ ဒက္ခကမ္မာရပုတ္တသုပရိကမ္မကတံ ဥက္ကာမုခေ သုကုသလသမ္ပဟဋ္ဌံ ပဏ္ဍုကမ္ဗလေ နိက္ခိတ္တံ ဘာသတေ စ တပတေ စ ဝိရောစတိ စ၊ ဧဝမေဝံ ဘောတော ဂေါတမဿ ဝိပ္ပသန္နာနိ ဣန္ဒြိယာနိ ပရိသုဒ္ဓေါ ဆဝိဝဏ္ဏော ပရိယောဒါတော။ ယာနိ တာနိ, ဘော ဂေါတမ, ဥစ္စာသယနမဟာသယနာနိ, သေယျထိဒံ – အာသန္ဒိ ပလ္လင်္ကော ဂေါနကော စိတ္တကော ပဋိကာ ပဋလိကာ တူလိကာ ဝိကတိကာ ဥဒ္ဒလောမီ ဧကန္တလောမီ ကဋ္ဋိဿံ ကောသေယျံ ကုတ္တကံ ဟတ္ထတ္ထရံ အဿတ္ထရံ ရထတ္ထရံ အဇိနပ္ပဝေဏီ ကဒလိမိဂပဝရပစ္စတ္ထရဏံ [ကာဒလိမိဂပဝရပစ္စတ္ထရဏံ (သီ။)] သဥတ္တရစ္ဆဒံ ဥဘတောလောဟိတကူပဓာနံ, ဧဝရူပါနံ နူန ဘဝံ ဂေါတမော ဥစ္စာသယနမဟာသယနာနံ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ။
‘‘ယာနိ ခေါ ပန တာနိ, ဗြာဟ္မဏ, ဥစ္စာသယနမဟာသယနာနိ, သေယျထိဒံ – အာသန္ဒိ ပလ္လင်္ကော ဂေါနကော စိတ္တကော ပဋိကာ ပဋလိကာ တူလိကာ ဝိကတိကာ ဥဒ္ဒလောမီ ဧကန္တလောမီ ကဋ္ဋိဿံ ကောသေယျံ ကုတ္တကံ ဟတ္ထတ္ထရံ အဿတ္ထရံ ရထတ္ထရံ အဇိနပ္ပဝေဏီ ကဒလိမိဂပဝရပစ္စတ္ထရဏံ သဥတ္တရစ္ဆဒံ ဥဘတောလောဟိတကူပဓာနံ။ ဒုလ္လဘာနိ တာနိ ပဗ္ဗဇိတာနံ လဒ္ဓါ စ ပန [လဒ္ဓါနိ စ (သီ။ သျာ။ ကံ။), လဒ္ဓါ စ (ပီ။)] န ကပ္ပန္တိ။
‘‘တီဏိ ခေါ, ဣမာနိ, ဗြာဟ္မဏ, ဥစ္စာသယနမဟာသယနာနိ, ယေသာဟံ ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ။ ကတမာနိ တီဏိ? ဒိဗ္ဗံ ဥစ္စာသယနမဟာသယနံ, ဗြဟ္မံ ဥစ္စာသယနမဟာသယနံ, အရိယံ ဥစ္စာသယနမဟာသယနံ။ ဣမာနိ ခေါ, ဗြာဟ္မဏ, တီဏိ ဥစ္စာသယနမဟာသယနာနိ, ယေသာဟံ ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ။
‘‘ကတမံ ပန တံ, ဘော ဂေါတမ, ဒိဗ္ဗံ ဥစ္စာသယနမဟာသယနံ, ယဿ ဘဝံ ဂေါတမော ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ? ‘‘ဣဓာဟံ, ဗြာဟ္မဏ, ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရာမိ, သော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ တမေဝ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသာမိ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ဝနန္တညေဝ ပဝိသာမိ [ပစာရယာမိ (သီ။ သျာ။ ကံ။)]။ သော ယဒေဝ တတ္ထ ဟောန္တိ တိဏာနိ ဝါ ပဏ္ဏာနိ ဝါ တာနိ ဧကဇ္ဈံ သံဃရိတွာ နိသီဒါမိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ၊ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရာမိ သတော စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေမိ, ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ၊ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော စင်္ကမာမိ, ဒိဗ္ဗော မေ ဧသော တသ္မိံ သမယေ စင်္ကမော ဟောတိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော တိဋ္ဌာမိ, ဒိဗ္ဗံ မေ ဧတံ တသ္မိံ သမယေ ဌာနံ ဟောတိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော နိသီဒါမိ, ဒိဗ္ဗံ မေ ဧတံ တသ္မိံ သမယေ အာသနံ ဟောတိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော သေယျံ ကပ္ပေမိ, ဒိဗ္ဗံ မေ ဧတံ တသ္မိံ သမယေ ဥစ္စာသယနမဟာသယနံ ဟောတိ။ ဣဒံ ခေါ, ဗြာဟ္မဏ, ဒိဗ္ဗံ ဥစ္စာသယနမဟာသယနံ, ယဿာဟံ ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ။
‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ကော စညော ဧဝရူပဿ ဒိဗ္ဗဿ ဥစ္စာသယနမဟာသယနဿ နိကာမလာဘီ ဘဝိဿတိ အကိစ္ဆလာဘီ အကသိရလာဘီ, အညတြ ဘောတာ ဂေါတမေန!
‘‘ကတမံ ပန တံ, ဘော ဂေါတမ, ဗြဟ္မံ ဥစ္စာသယနမဟာသယနံ, ယဿ ဘဝံ ဂေါတမော ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ? ‘‘ဣဓာဟံ, ဗြာဟ္မဏ, ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရာမိ, သော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ တမေဝ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသာမိ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ဝနန္တညေဝ ပဝိသာမိ။ သော ယဒေဝ တတ္ထ ဟောန္တိ တိဏာနိ ဝါ ပဏ္ဏာနိ ဝါ တာနိ ဧကဇ္ဈံ သံဃရိတွာ နိသီဒါမိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရာမိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ, ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန [အဗျာပဇ္ဈေန (သဗ္ဗတ္ထ)] ဖရိတွာ ဝိဟရာမိ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရာမိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ [စတုတ္ထိံ (သီ။)], ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရာမိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော စင်္ကမာမိ, ဗြဟ္မာ မေ ဧသော တသ္မိံ သမယေ စင်္ကမော ဟောတိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော တိဋ္ဌာမိ…ပေ… နိသီဒါမိ…ပေ… သေယျံ ကပ္ပေမိ, ဗြဟ္မံ မေ ဧတံ တသ္မိံ သမယေ ဥစ္စာသယနမဟာသယနံ ဟောတိ။ ဣဒံ ခေါ, ဗြာဟ္မဏ, ဗြဟ္မံ ဥစ္စာသယနမဟာသယနံ, ယဿာဟံ ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ။
‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ကော စညော ဧဝရူပဿ ဗြဟ္မဿ ဥစ္စာသယနမဟာသယနဿ နိကာမလာဘီ ဘဝိဿတိ အကိစ္ဆလာဘီ အကသိရလာဘီ, အညတြ ဘောတာ ဂေါတမေန!
‘‘ကတမံ ပန တံ, ဘော ဂေါတမ, အရိယံ ဥစ္စာသယနမဟာသယနံ, ယဿ ဘဝံ ဂေါတမော ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ? ‘‘ဣဓာဟံ, ဗြာဟ္မဏ, ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရာမိ, သော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ တမေဝ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသာမိ။ သော ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ဝနန္တညေဝ ပဝိသာမိ။ သော ယဒေဝ တတ္ထ ဟောန္တိ တိဏာနိ ဝါ ပဏ္ဏာနိ ဝါ တာနိ ဧကဇ္ဈံ သံဃရိတွာ နိသီဒါမိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော ဧဝံ ဇာနာမိ – ‘ရာဂေါ မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော၊ ဒေါသော မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော၊ မောဟော မေ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော’။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော စင်္ကမာမိ, အရိယော မေ ဧသော တသ္မိံ သမယေ စင်္ကမော ဟောတိ။ သော စေ အဟံ, ဗြာဟ္မဏ, ဧဝံဘူတော တိဋ္ဌာမိ…ပေ… နိသီဒါမိ…ပေ… သေယျံ ကပ္ပေမိ, အရိယံ မေ ဧတံ တသ္မိံ သမယေ ဥစ္စာသယနမဟာသယနံ ဟောတိ။ ဣဒံ ခေါ, ဗြာဟ္မဏ, အရိယံ ဥစ္စာသယနမဟာသယနံ, ယဿာဟံ ဧတရဟိ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ’’တိ။
‘‘အစ္ဆရိယံ, ဘော ဂေါတမ, အဗ္ဘုတံ, ဘော ဂေါတမ! ကော စညော ဧဝရူပဿ အရိယဿ ဥစ္စာသယနမဟာသယနဿ နိကာမလာမီ ဘဝိဿတိ အကိစ္ဆလာဘီ အကသိရလာဘီ, အညတြ ဘောတာ ဂေါတမေန!
‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ ခေါ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။ တတိယံ။
၃-ဝေနာဂပုရသုတ် ၆၄။ တစ်ရံရောအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ ကောသလတိုင်း (အဝင်အပါ) ဝေနာဂပုရမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူခဲ့၏။ ဝေနာဂပုရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဤသို့ ကြားသိကုန်၏- “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေနာဂပုရရွာ သို့ ရောက်လာသတတ်ဟု (ကြားသိကုန်၏)။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည့်ဤသို့ ပျံ့နှံ့၍ ထွက်၏- ‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သော အကြောင်းကြောင့် အရဟံ မည်တော်မူ၏။ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ သစ္စာလေးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏၊ ထို မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထို မြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော တရားကို ဟောတော်မူ၏၊ စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာတို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိကုန်၏။ ထိုအခါ ဝေနာဂပုရရွာသား ပုဏ္ဏားနှင့်အမျိုးသား အချို့တို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာဘက်သို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင် ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာသာလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ တစ်ခုသော နေရာ၌ ထိုင်နေသော ဝေနာဂပုရရွာသား ဝစ္ဆအနွယ်၌ ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား- အသျှင်ဂေါတမ အံ့ဖွယ်ရှိပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် အလွန်ကြည်လင်လှပါကုန်၏၊ အရေအဆင်းသည် အလွန်စင်ကြယ်ပါ၏၊ အလွန် တောက်ပပါ၏၊ အသျှင်ဂေါတမ သရဒအခါ တန်ဆောင်မုန်းလ၌ မှည့်သစ်စ ဆီးသီးသည် စင်ကြယ် တောက်ပသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ကုန်၏၊ အရေ အဆင်းသည် စင်ကြယ်တောက်ပလှပါ၏၊ အသျှင်ဂေါတမ အညှာမှ ကြွေကျစ ထန်းသီးမှည့်သည် စင်ကြယ် တောက်ပသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ပါကုန်၏၊ အရေ အဆင်းသည် စင်ကြယ်တောက်ပလှပါ၏။ အသျှင်ဂေါတမ ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည် ကောင်းစွာ အပြေအပြစ်ပြု၍ မိုက်ဝ၌ အလွန်ကောင်းမွန်စွာ ကြည်စေပြီးလျှင် ကမ္ဗလာနီ၌ တင်ထားသော တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်သည် အရောင်ထွက်လျက် တောက်ပြောင် တင့်တယ်ဘိသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ပါကုန်၏၊ အရေအဆင်းသည် စင်ကြယ် တောက်ပလှပါ၏။ အသျှင်ဂေါတမ အကြင် မြင့်သောနေရာ မြတ်သောနေရာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ မြင့်သော အခြေရှိသော ညောင်စောင်း၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွပ် အခင်း၊ ရုပ်ပုံခြယ် သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချ ည်အခင်း၊သားမွေးအခင်းကြီး၊ ဆင်ကုန်နှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း။ အသျှင်ဂေါတမသည် ဤသို့သဘောရှိသော မြင့်သောနေရာ မြတ်သောနေရာတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲရသည် မဟုတ်ပါလောဟု မေးလျှောက်လေ၏။ ပုဏ္ဏား အကြင် မြင့်သောနေရာ မြတ်သောနေရာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ မြင့်သော အခြေရှိသော ညောင်စောင်း၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေး အခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွပ်အခင်း၊ ရုပ်ပုံခြယ် သားမွေး အခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေး အခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း။ ထို မြင့်သောနေရာ မြတ်သောနေရာတို့ကို ရဟန်းတို့သည် ရနိုင်ခဲကုန်၏၊ ရသော်လည်း မအပ်စပ်ကုန်။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲရသော မြင့်သောနေရာ မြတ်သော နေရာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာ၊ ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာ၊ အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာတို့တည်း။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော မြင့်သောနေရာ မြတ်သောနေရာတို့ကား ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဂေါတမသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏၊ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ်သို့သာ ဝင်ခဲ့၏၊ ထို အရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံးကာ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ ‘နီဝရဏ’ ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု လျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယ) ဈာန်ကြောင့် ထိုသူကို “လျစ်လျူ ရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ ထို ငါသည် ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော စင်္ကြံပင့်ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ ရပ်အံ့၊ ထိုအခါ၌ ငါ၏ ရပ်ခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော ရပ်တည်ရာ ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ ထိုင်နေအံ့၊ ထိုအခါ၌ ငါ၏ ထိုင်နေခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော ထိုင် နေရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ငါ၏ အိပ်ခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော အိပ်ရာ မြတ်သော အိပ်ရာပင် ဖြစ်၏။ ပုဏ္ဏား ငါသည် ယခုအခါ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သော သူသည် ဤသို့သဘောရှိသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သော နေရာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရလိမ့်မည်နည်း၊ အသျှင်ဂေါတမ အသျှင် ဂေါတမသည် ယခု အခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ဤလောက၌ ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏၊ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ်သို့သာ ဝင်ခဲ့၏၊ ထို တောအရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံး၍ ထက်ဝယ်ဖွဲ့ခွေပြီး ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် မေတ္တာနှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ သုံးခုမြောက်သော အရပ်ကို။ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်တို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ သုံးခုမြောက်သော အရပ်ကို။ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်တို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော ဥပေက္ခာနှင့် တကွဖြစ်သော စိတ် ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော စင်္ကြံပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ ရပ်တည်အံ့၊ ထိုအခါ၌ ငါ၏ ရပ်တည်ခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော ရပ်တည်ရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ ထိုင်နေသည် ဖြစ်အံ့၊ ထိုအခါ၌ ငါ၏ ထိုင်နေခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော ထိုင်နေရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ငါ၏ အိပ်ခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သောအိပ်ရာ မြတ်သောအိပ်ရာပင် ဖြစ်၏။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သောသူသည် ဤသို့သဘောရှိသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ့မြတ်သော နေရာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရလိမ့်မည်နည်း။ အသျှင်ဂေါတမ အသျှင် ဂေါတမသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ဤလောက၌ ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏။ ငါသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ် သို့သာ ဝင်ခဲ့၏၊ ထို ငါသည် ထို တောအရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံး၍ ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် ဤသို့ သိ၏၊ “ငါသည် တပ်မက်ခြင်း ‘ရာဂ’ ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ် အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သိုု့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်း သဘော မရှိတော့ပြီ၊ ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သိုု့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သိုု့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ပုဏ္ဏား ဤသို့ဖြစ်သော် ထို ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် မြတ်သော စင်္ကြံသွားခြင်း မည်၏၊ ပုဏ္ဏား ဤသို့ဖြစ်သော် ထို ငါသည် အကယ်၍ ရပ်အံ့။ပ။ အကယ်၍ ထိုင်နေအံ့။ပ။ အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ဤငါ၏အိပ်ခြင်းသည် မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်းမည်၏။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သော သူသည် ဤသို့သဘောရှိသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သော နေရာကို အလိုရှိတိုင်း ရလိမ့်မည်နည်း၊ မငြိုမငြင် မပင်ပန်းဘဲ ရလိမ့်မည်နည်း။ အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏။ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း ထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြား ဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက် မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏။ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ တတိယသုတ်။
Numbered Discourses 3.63 7. The Great Chapter At Venāgapura At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants when he arrived at a village of the Kosalan brahmins named Venāgapura. The brahmins and householders of Venāgapura heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Venāgapura. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.” Then the brahmins and householders of Venāgapura went up to the Buddha. Before sitting down to one side, some bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent. Then the brahmin Vacchagotta of Venāgapura said to the Buddha: “It’s incredible, worthy Gotama, it’s amazing, how your faculties are so very clear, and the complexion of your skin is pure and bright. It’s like a golden brown jujube in the autumn, or a ripe palmyra fruit freshly plucked from the stalk, or a pendant of Black Plum River gold, fashioned by a deft smith, well-wrought in the forge, and placed on a cream rug where it shines and glows and dazzles. In the same way, your faculties are so very clear, and the complexion of your skin is pure and bright. Surely the worthy Gotama gets when he wants, without trouble or difficulty, various kinds of high and luxurious bedding, such as: sofas, couches, woolen covers—shag-piled, colorful, white, embroidered with flowers, quilted, embroidered with animals, double or single fringed—and silk covers studded with gems, as well as silken sheets, wollen carpets, rugs for elephants, horses, or chariots, black antelope hides and woven rugs, and spreads of fine deer hide, with a canopy above and red cushions at both ends.” “Brahmin, these various kinds of high and luxurious bedding are hard for renunciates to find. And even if they do get them, they’re not allowed. There are, brahmin, these three high and luxurious beds that I get these days when I want, without trouble or difficulty. What three? The heavenly high and luxurious bed, the divine high and luxurious bed, and the noble high and luxurious bed. These are the three high and luxurious beds that I get these days when I want, without trouble or difficulty.” “But what, worthy Gotama, is the heavenly high and luxurious bed?” “Brahmin, when I am living supported by a village or town, I robe up in the morning and, taking my bowl and robe, enter the town or village for alms. After the meal, on my return from almsround, I enter within a forest. I gather up some grass or leaves into a pile and sit down cross-legged, setting my body straight, and bringing mindfulness to the present. Quite secluded from sensual pleasures, secluded from unskillful qualities, I enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. As the placing of the mind and keeping it connected are stilled, I enter and remain in the second absorption, which has the rapture and bliss born of immersion, with internal clarity and mind at one, without placing the mind and keeping it connected. And with the fading away of rapture, I enter and remain in the third absorption, where I meditate with equanimity, mindful and aware, experiencing for themselves the bliss of which the noble ones declare, ‘Equanimous and mindful, one meditates in bliss.’ With the giving up of pleasure and pain, and the disappearance of former happiness and sadness, I enter and remain in the fourth absorption, without pleasure or pain, with pure equanimity and mindfulness. When I’m practicing like this, if I walk, at that time my walking is heavenly. When I’m practicing like this, if I stand, at that time my standing is heavenly. When I’m practicing like this, if I sit, at that time my sitting is heavenly. When I’m practicing like this, if I lie down, at that time my lying is heavenly. This is the heavenly high and luxurious bed that I get these days when I want, without trouble or difficulty.” “It’s incredible, worthy Gotama, it’s amazing! Who but the worthy Gotama could get such a heavenly high and luxurious bed when he wants, without trouble or difficulty? But what, worthy Gotama, is the divine high and luxurious bed?” “Brahmin, when I am living supported by a village or town, I robe up in the morning and, taking my bowl and robe, enter the town or village for alms. After the meal, on my return from almsround, I enter within a forest. I gather up some grass or leaves into a pile and sit down cross-legged, setting my body straight, and bringing mindfulness to the present. I meditate spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, I spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. I meditate spreading a heart full of compassion to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, I spread a heart full of compassion to the whole world—abundant, expansive, limitless, free of enmity and ill will. I meditate spreading a heart full of rejoicing to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, I spread a heart full of rejoicing to the whole world—abundant, expansive, limitless, free of enmity and ill will. I meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, I spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. When I’m practicing like this, if I walk, at that time my walking is divine. … my standing is divine. … my sitting is divine. When I’m practicing like this, if I lie down, at that time my lying is divine. This is the divine high and luxurious bed that I get these days when I want, without trouble or difficulty.” “It’s incredible, worthy Gotama, it’s amazing! Who but the worthy Gotama could get such a divine high and luxurious bed when he wants, without trouble or difficulty? But what, worthy Gotama, is the noble high and luxurious bed?” “Brahmin, when I am living supported by a village or town, I robe up in the morning and, taking my bowl and robe, enter the town or village for alms. After the meal, on my return from almsround, I enter within a forest. I gather up some grass or leaves into a pile and sit down cross-legged, setting my body straight, and bringing mindfulness to the present. I know this: ‘I’ve given up greed, hate, and delusion, cut them off at the root, made them like a palm stump, obliterated them, so they’re unable to arise in the future.’ When I’m practicing like this, if I walk, at that time my walking is noble. … my standing is noble. … my sitting is noble. When I’m practicing like this, if I lie down, at that time my lying is noble. This is the noble high and luxurious bed that I get these days when I want, without trouble or difficulty.” “It’s incredible, worthy Gotama, it’s amazing! Who but the worthy Gotama could get such a noble high and luxurious bed when he wants, without trouble or difficulty? Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”
၄။ သရဘသုတ္တံ
၆၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေန ခေါ ပန သမယေန သရဘော နာမ ပရိဗ္ဗာဇကော အစိရပက္ကန္တော ဟောတိ ဣမသ္မာ ဓမ္မဝိနယာ။ သော ရာဇဂဟေ ပရိသတိ [ပရိသတိံ (သီ။ ပီ။)] ဧဝံ ဝါစံ ဘာသတိ – ‘‘အညာတော မယာ သမဏာနံ သကျပုတ္တိကာနံ ဓမ္မော။ အညာယ စ ပနာဟံ သမဏာနံ သကျပုတ္တိကာနံ ဓမ္မံ ဧဝါဟံ တသ္မာ ဓမ္မဝိနယာ အပက္ကန္တော’’တိ။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပဝိသိံသု။ အဿောသုံ ခေါ တေ ဘိက္ခူ သရဘဿ ပရိဗ္ဗာဇကဿ ရာဇဂဟေ ပရိသတိ ဧဝံ ဝါစံ ဘာသမာနဿ – ‘‘အညာတော မယာ သမဏာနံ သကျပုတ္တိကာနံ ဓမ္မော။ အညာယ စ ပနာဟံ သမဏာနံ သကျပုတ္တိကာနံ ဓမ္မံ ဧဝါဟံ တသ္မာ ဓမ္မဝိနယာ အပက္ကန္တော’’တိ။
အထ ခေါ တေ ဘိက္ခူ ရာဇဂဟေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘သရဘော နာမ, ဘန္တေ, ပရိဗ္ဗာဇကော အစိရပက္ကန္တော ဣမသ္မာ ဓမ္မဝိနယာ။ သော ရာဇဂဟေ ပရိသတိ ဧဝံ ဝါစံ ဘာသတိ – ‘အညာတော မယာ သမဏာနံ သကျပုတ္တိကာနံ ဓမ္မော။ အညာယ စ ပနာဟံ သမဏာနံ သကျပုတ္တိကာနံ ဓမ္မံ ဧဝါဟံ တသ္မာ ဓမ္မဝိနယာ အပက္ကန္တော’တိ။ သာဓု ဘန္တေ, ဘဂဝါ ယေန သိပ္ပိနိကာတီရံ [သပ္ပိနိကာတီရံ (သီ။ ပီ။), သပ္ပိနိယာ တီရံ (သျာ။ ကံ။)] ပရိဗ္ဗာဇကာရာမော ယေန သရဘော ပရိဗ္ဗာဇကော တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။
အထ ခေါ ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန သိပ္ပိနိကာတီရံ ပရိဗ္ဗာဇကာရာမော ယေန သရဘော ပရိဗ္ဗာဇကော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ သရဘံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – ‘‘သစ္စံ ကိရ တွံ, သရဘ, ဧဝံ ဝဒေသိ – ‘အညာတော မယာ သမဏာနံ သကျပုတ္တိကာနံ ဓမ္မော။ အညာယ စ ပနာဟံ သမဏာနံ သကျပုတ္တိကာနံ ဓမ္မံ ဧဝါဟံ တသ္မာ ဓမ္မဝိနယာ အပက္ကန္တော’’’တိ? ဧဝံ ဝုတ္တေ သရဘော ပရိဗ္ဗာဇကော တုဏှီ အဟောသိ။
ဒုတိယမ္ပိ ခေါ, ဘဂဝါ သရဘံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – ‘‘ဝဒေဟိ, သရဘ, ကိန္တိ တေ အညာတော သမဏာနံ သကျပုတ္တိကာနံ ဓမ္မော? သစေ တေ အပရိပူရံ ဘဝိဿတိ, အဟံ ပရိပူရေဿာမိ။ သစေ ပန တေ ပရိပူရံ ဘဝိဿတိ, အဟံ အနုမောဒိဿာမီ’’တိ။ ဒုတိယမ္ပိ ခေါ သရဘော ပရိဗ္ဗာဇကော တုဏှီ အဟောသိ။
တတိယမ္ပိ ခေါ ဘဂဝါ သရဘံ ပရိဗ္ဗာဇကံ ဧတဒဝေါစ – (‘‘ယော [မယာ (သျာ။ ကံ။ ပီ။)] ခေါ သရဘ ပညာယတိ သမဏာနံ သကျပုတ္တိကာနံ ဓမ္မော) [( ) သီ။ ပေါတ္ထကေ နတ္ထိ] ‘‘ဝဒေဟိ, သရဘ, ကိန္တိ တေ အညာတော သမဏာနံ သကျပုတ္တိကာနံ ဓမ္မော? သစေ တေ အပရိပူရံ ဘဝိဿတိ, အဟံ ပရိပူရေဿာမိ။ သစေ ပန တေ ပရိပူရံ ဘဝိဿတိ, အဟံ အနုမောဒိဿာမီ’’တိ။ တတိယမ္ပိ ခေါ သရဘော ပရိဗ္ဗာဇကော တုဏှီ အဟောသိ။
အထ ခေါ တေ ပရိဗ္ဗာဇကာ သရဘံ ပရိဗ္ဗာဇကံ ဧတဒဝေါစုံ – ‘‘ယဒေဝ ခေါ တွံ, အာဝုသော သရဘ, သမဏံ ဂေါတမံ ယာစေယျာသိ တဒေဝ တေ သမဏော ဂေါတမော ပဝါရေတိ။ ဝဒေဟာဝုသော သရဘ, ကိန္တိ တေ အညာတော သမဏာနံ သကျပုတ္တိကာနံ ဓမ္မော? သစေ တေ အပရိပူရံ ဘဝိဿတိ, သမဏော ဂေါတမော ပရိပူရေဿတိ။ သစေ ပန တေ ပရိပူရံ ဘဝိဿတိ, သမဏော ဂေါတမော အနုမောဒိဿတီ’’တိ။ ဧဝံ ဝုတ္တေ သရဘော ပရိဗ္ဗာဇကော တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိ။
အထ ခေါ ဘဂဝါ သရဘံ ပရိဗ္ဗာဇကံ တုဏှီဘူတံ မင်္ကုဘူတံ ပတ္တက္ခန္ဓံ အဓောမုခံ ပဇ္ဈာယန္တံ အပ္ပဋိဘာနံ ဝိဒိတွာ တေ ပရိဗ္ဗာဇကေ ဧတဒဝေါစ –
‘‘ယော ခေါ မံ, ပရိဗ္ဗာဇကာ [ပရိဗ္ဗာဇကော (ပီ။ က။)], ဧဝံ ဝဒေယျ – ‘သမ္မာသမ္ဗုဒ္ဓဿ တေ ပဋိဇာနတော ဣမေ ဓမ္မာ အနဘိသမ္ဗုဒ္ဓါ’တိ, တမဟံ တတ္ထ သာဓုကံ သမနုယုဉ္ဇေယျံ သမနုဂါဟေယျံ သမနုဘာသေယျံ။ သော ဝတ မယာ သာဓုကံ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော အဋ္ဌာနမေတံ အနဝကာသော ယံ သော တိဏ္ဏံ ဌာနာနံ နာညတရံ [အညတရံ (က။)] ဌာနံ နိဂစ္ဆေယျ, အညေန ဝါ အညံ ပဋိစရိဿတိ, ဗဟိဒ္ဓါ ကထံ အပနာမေဿတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရိဿတိ, တုဏှီဘူတော မင်္ကုဘူတော [တုဏှီဘူတော ဝါ မင်္ကုဘူတော (သီ။ သျာ။ ကံ။), တုဏှီဘူတော ဝါ မင်္ကုဘူတော ဝါ (ပီ။)] ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိဿတိ, သေယျထာပိ သရဘော ပရိဗ္ဗာဇကော။
‘‘ယော ခေါ မံ, ပရိဗ္ဗာဇကာ, ဧဝံ ဝဒေယျ – ‘ခီဏာသဝဿ တေ ပဋိဇာနတော ဣမေ အာသဝါ အပရိက္ခီဏာ’တိ, တမဟံ တတ္ထ သာဓုကံ သမနုယုဉ္ဇေယျံ သမနုဂါဟေယျံ သမနုဘာသေယျံ။ သော ဝတ မယာ သာဓုကံ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော အဋ္ဌာနမေတံ အနဝကာသော ယံ သော တိဏ္ဏံ ဌာနာနံ နာညတရံ ဌာနံ နိဂစ္ဆေယျ, အညေန ဝါ အညံ ပဋိစရိဿတိ, ဗဟိဒ္ဓါ ကထံ အပနာမေဿတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရိဿတိ, တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိဿတိ, သေယျထာပိ သရဘော ပရိဗ္ဗာဇကော။
‘‘ယော ခေါ မံ, ပရိဗ္ဗာဇကာ, ဧဝံ ဝဒေယျ – ‘ယဿ ခေါ ပန တေ အတ္ထာယ ဓမ္မော ဒေသိတော, သော န နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယာ’တိ, တမဟံ တတ္ထ သာဓုကံ သမနုယုဉ္ဇေယျံ သမနုဂါဟေယျံ သမနုဘာသေယျံ။ သော ဝတ မယာ သာဓုကံ သမနုယုဉ္ဇိယမာနော သမနုဂါဟိယမာနော သမနုဘာသိယမာနော အဋ္ဌာနမေတံ အနဝကာသော ယံ သော တိဏ္ဏံ ဌာနာနံ နာညတရံ ဌာနံ နိဂစ္ဆေယျ, အညေန ဝါ အညံ ပဋိစရိဿတိ, ဗဟိဒ္ဓါ ကထံ အပနာမေဿတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရိဿတိ, တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော နိသီဒိဿတိ, သေယျထာပိ သရဘော ပရိဗ္ဗာဇကော’’တိ။ အထ ခေါ ဘဂဝါ သိပ္ပိနိကာတီရေ ပရိဗ္ဗာဇကာရာမေ တိက္ခတ္တုံ သီဟနာဒံ နဒိတွာ ဝေဟာသံ ပက္ကာမိ။
အထ ခေါ တေ ပရိဗ္ဗာဇကာ အစိရပက္ကန္တဿ ဘဂဝတော သရဘံ ပရိဗ္ဗာဇကံ သမန္တတော ဝါစာယသန္နိတောဒကေန [ဝါစာသတ္တိတောဒကေန (သီ။)] သဉ္ဇမ္ဘရိမကံသု [သဉ္စုမ္ဘရိမကံသု (ပီ။, ဒီ။ နိ။ ၁။၄၂၁) သံ။ နိ။ ၂။၂၄၃ ဥပရိပါဌော ဝိယ] – ‘‘သေယျထာပိ, အာဝုသော သရဘ, ဗြဟာရညေ ဇရသိင်္ဂါလော ‘သီဟနာဒံ နဒိဿာမီ’တိ သိင်္ဂါလကံယေဝ [သေဂါလကံယေဝ (သီ။ သျာ။ ကံ။ ပီ။)] နဒတိ, ဘေရဏ္ဍကံယေဝ နဒတိ [ဘေဒဏ္ဍကံ (က။)]၊ ဧဝမေဝံ ခေါ တွံ, အာဝုသော သရဘ, အညတြေဝ သမဏေန ဂေါတမေန ‘သီဟနာဒံ နဒိဿာမီ’တိ သိင်္ဂါလကံယေဝ နဒသိ ဘေရဏ္ဍကံယေဝ နဒသိ။ သေယျထာပိ, အာဝုသော သရဘ, အမ္ဗုကသဉ္စရီ [အမ္ဗကမဒ္ဒရီ (သီ။)] ‘ပုရိသကရဝိတံ [ဖုဿကရဝိတံ (သီ။), ပုဿကရဝိတံ (သျာ။ ကံ။ ပီ။)] ရဝိဿာမီ’တိ အမ္ဗုကသဉ္စရိရဝိတံယေဝ ရဝတိ၊ ဧဝမေဝံ ခေါ တွံ, အာဝုသော သရဘ, အညတြေဝ သမဏေန ဂေါတမေန ‘ပုရိသကရဝိတံ ရဝိဿာမီ’တိ, အမ္ဗုကသဉ္စရိရဝိတံယေဝ ရဝသိ။ သေယျထာပိ, အာဝုသော သရဘ, ဥသဘော သုညာယ ဂေါသာလာယ ဂမ္ဘီရံ နဒိတဗ္ဗံ မညတိ၊ ဧဝမေဝံ ခေါ တွံ, အာဝုသော သရဘ, အညတြေဝ သမဏေန ဂေါတမေန ဂမ္ဘီရံ နဒိတဗ္ဗံ မညသီ’’တိ။ အထ ခေါ တေ ပရိဗ္ဗာဇကာ သရဘံ ပရိဗ္ဗာဇကံ သမန္တတော ဝါစာယသန္နိတောဒကေန သဉ္ဇမ္ဘရိမကံသူတိ။ စတုတ္ထံ။
၄-သရဘသုတ် ၆၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သရဘအမည်ရှိသော ပရိဗိုဇ်သည် ဤ့သာသနာတော်မှ ထွက်ခွါသွားစ ဖြစ်၏၊ ထို ပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည် ပရိသတ်အလယ်၌ “ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏”ဟု ဤသို့သော စကားကို ဆို၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ ထိုရဟန်းတို့သည် ရာဂြိုဟ်ပြည် ပရိသတ်အလယ်၌ “ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏”ဟု ဤသို့ ပြောဆိုသော သရဘပရိဗိုဇ်၏ စကားကို ကြားကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ကြပြီး လျှင် မြတ်စွာဘုရားအထံ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသော နေရာ၌ ထိုင်နေကုန်လျက် “အသျှင်ဘုရား သရဘအမည်ရှိသော ပရိဗိုဇ်သည် ဤသာသနာတော်မှ ထွက်ခွါသွားစ ဖြစ်ပါ၏၊ ထို ပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည် ပရိသတ်အလယ်၌ ‘ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏’ဟု ဤသို့သော စကားကို ပြောဆိုနေပါသည်။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သိပ္ပိနီမြစ် ကမ်းနား ပရိဗိုဇ်တို့အရံ သရဘပရိဗိုဇ်ရှိရာသို့် သနားသောအားဖြင့် ချဥ်းကပ်တော်မူပါ”ဟု လျှောက် ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူလျက် သိပ္ပိနီမြစ်ကမ်းနား ပရိဗိုဇ်တို့အရံ သရဘပရိဗိုဇ်ရှိရာသို့် ချဥ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်လျက် သရဘပရိဗိုဇ်အား- “သရဘ ‘ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏’ဟု သင် ဤသို့ဆို၏ဟူသည် မှန်သလော”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်ဆိုသော် သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သရဘပရိဗိုဇ်အား- “သရဘ ပြောလော့၊ သင်သည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို အဘယ်သို့ သိသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ငါဖြည့်စွက်ပေးမည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင် ငါဝမ်းမြောက်မည်”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေ၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သရဘပရိဗိုဇ်အား “သရဘ သင်သည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို အဘယ်သို့ သိသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ငါဖြည့်စွက်ပေးမည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင် ငါဝမ်းမြောက်မည်”ဟု သုံးကြိမ်တိုင်တိုင် မိန့်ဆိုသော် သရဘပရဗိုဇ်သည် ဆိတ်ဆိတ် နေ၏။ ထိုအခါ ထို ပရိဗိုဇ်တို့သည် သရဘပရိဗိုဇ်အား “ငါ့သျှင် သရဘ သင် တောင့်တနေသော ရဟန်း ဂေါတမကပင် သင့်ကို ဖိတ်ကြား၏၊ ငါ့သျှင် သရဘ ပြောပါလော့၊ သင်သည် သာကီဝင်မင်းသား ရဟန်း တို့၏တရားကို အဘယ်သို့ သိပါသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ရဟန်းဂေါတမက ဖြည့်စွက်ပေးလိမ့်မည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင်လည်း ရဟန်းဂေါတမက ဝမ်းမြောက်ပါ လိမ့်မည်”ဟု (ပြောကုန်၏)။ ဤသို့ ပြောဆိုကြသော် သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကားမရှိဘဲ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် သရဘပရိဗိုဇ်ကို ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဖြစ်နေသည်ကို သိတော့်မူ၍ ထို ပရိဗိုဇ်တို့အား ဤစကားကို မိန့်တော်မူ၏- ပရိဗိုဇ်တို့ အကြင်သူသည် ငါ့ကို (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ၏ဟူ၍ ဝန်ခံသော အသျှင်ဘုရားသည် ဤမည်သော တရား တို့ကိုမူကား ထိုးထွင်း၍ မသိဟု ဆိုငြားအံ့၊ ငါသည် ထို ဆိုသောသူကို ကောင်းစွာ မေးမြန်း စိစစ် စစ်ဆေးခဲ့မူ ထိုသူသည် စကားတစ်ခုဖြင့် စကားတစ်ခုကိုသော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာ သော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဘဲသော်လည်း ထိုင်နေ ရလိမ့်မည်။ ပရိဗိုဇ်တို့ အကြင်သူသည် ငါဘုရားကို “အာသဝေါကုန်ပြီးသူဟု ဝန်ခံသော အသျှင်ဘုရားသည် ဤမည်သော အာသဝေါတို့ကား မကုန်သေးပေ”ဟူ၍ ဆိုငြားအံ့၊ ငါသည် ထို ဆိုသောသူကို ကောင်းစွာ မေးမြန်း စိစစ် စစ်ဆေးခဲ့မူ ထိုသူသည် စကားတစ်ခုဖြင့် စကားတစ်ခုကိုသော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာသော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကားမရှိဘဲ သော်လည်း ထိုင်နေရလိမ့်မည်။ ပရိဗိုဇ်တို့ အကြင်သူသည် ငါဘုရားကို ဝဋ်ဆင်းရဲကုန်ရန် “အသျှင်ဘုရား ဟောသော တရားသည် ထိုတရားကို ကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ခြင်းငှါ မထုတ်ဆောင်နိုင်”ဟု ဆိုငြားအံ့၊ ငါသည် ထို ဆိုသော သူကို ကောင်းစွာ မေးမြန်း စိစစ်စစ်ဆေးခဲ့ပါမူ ထိုသူသည် စကားတစ်ခုဖြင့် စကား တစ်ခုကို သော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက် ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့ တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာသော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ် ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဘဲသော်လည်း ထိုင်နေရလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သိပ္ပိနီမြစ်ကမ်းနား ပရိဗိုဇ်တို့အရံ၌ ရဲရင့်သော အသံကို သုံးကြိမ်တိုင်တိုင် ကျူးရင့်တော်မူ၍ ကောင်းကင်သို့ ကြွတော်မူ၏။ ထိုအခါ ထို ပရိဗိုဇ်တို့သည် မြတ်စွာဘုရား ကြွတော်မူ၍ မကြာမြင့်မီပင် သရဘပရိဗိုဇ်ကို နှုတ် နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကုန်၏- “ငါ့သျှင်သရဘ တောအုပ်ကြီးထဲ၌ မြေခွေးအိုသည် ခြင်္သေ့သံ ဟောက် မည်ဟု (ဟောက်သော်လည်း) ကွဲအက်သော မြေခွေးသံသာ ထွက်သကဲ့သို့၊ သင်သည် ရဟန်း ဂေါတမ ကွယ်ရာ၌ ‘ခြင်္သေ့သံဟောက်မည်’ဟု (ဟောက်သော်လည်း) ကွဲအက်သော မြေခွေးသံသာလျှင် ထွက်ဘိ၏။ ငါ့သျှင်သရဘ ကြက်မငယ်သည် ကြက်ဖသံတွန်မည်ဟု (တွန်သော်လည်း) ကြက်မသံသာ ထွက်သကဲ့သို့ သင်သည် ရဟန်းဂေါတမကွယ်ရာ၌ ‘ကြက်ဖသံကို တွန်မည်’ဟု (တွန်သော်လည်း) ကြက်မသံသာလျှင် ထွက်ဘိ၏။ ငါ့သျှင် သရဘ နွားသည် (အကြီးအမှူး) နွားမရှိသော နွားခြံ၌ အောင်မြင်သော နွားကြီးအသံ တွန်နိုင်၏ဟု မှတ်ထင်သကဲ့သို့ သင်သည် ရဟန်းဂေါတမ ကွယ်ရာ၌ အောင်မြင်သော (နွားကြီး) အသံ တွန်နိုင်၏ဟု မှတ်ထင်ဘိ၏။ ဤသို့လျှင် ထို ပရိဗိုဇ်တို့သည် သရဘပရိဗိုဇ်ကို နှုတ်နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကုန်၏။ စတုတ္ထသုတ်။
Numbered Discourses 3.64 7. The Great Chapter With Sarabha So I have heard. At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. Now at that time a wanderer named Sarabha had recently left this teaching and training. He was telling a crowd in Rājagaha, “I learned the teaching of the ascetics who follow the Sakyan, then I left their teaching and training.” Then several mendicants robed up in the morning and, taking their bowls and robes, entered Rājagaha for alms. They heard what Sarabha was saying. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and said to him, “The wanderer named Sarabha has recently left this teaching and training. He was telling a crowd in Rājagaha: ‘I learned the teaching of the ascetics who follow the Sakyan, then I left their teaching and training.’ Worthy sir, please go to the wanderers’ monastery on the bank of the Serpentine River to see Sarabha the wanderer out of sympathy.” The Buddha consented with silence. Then in the late afternoon, the Buddha came out of retreat and went to the wanderers’ monastery on the bank of the Serpentine River to visit Sarabha the wanderer. He sat down on the seat spread out and said to the wanderer Sarabha, “Is it really true, Sarabha, that you’ve been saying: ‘I learned the teaching of the ascetics who follow the Sakyan, then I left their teaching and training.’” When he said this, Sarabha kept silent. For a second time, the Buddha said to Sarabha, “Tell me, Sarabha, what exactly have you learned of the teachings of the ascetics who follow the Sakyan? If you’ve not learned it fully, I’ll fill you in. But if you have learned it fully, I’ll agree.” For a second time, Sarabha kept silent. For a third time, the Buddha said to Sarabha, “Sarabha, the teachings of the ascetics who follow the Sakyan are clear to me. What exactly have you learned of the teachings of the ascetics who follow the Sakyan? If you’ve not learned it fully, I’ll fill you in. But if you have learned it fully, I’ll agree.” For a third time, Sarabha kept silent. Then those wanderers said to Sarabha, “The ascetic Gotama has offered to tell you anything you ask for. Speak, reverend Sarabha, what exactly have you learned of the teachings of the ascetics who follow the Sakyan? If you’ve not learned it fully, he’ll fill you in. But if you have learned it fully, he’ll agree.” When this was said, Sarabha sat silent, dismayed, shoulders drooping, downcast, depressed, with nothing to say. Knowing this, the Buddha said to the wanderers: “Wanderers, someone might say to me: ‘You claim to be a fully awakened Buddha, but you don’t understand these things.’ Then I’d carefully pursue, press, and grill them on that point. When grilled by me, they would, without a doubt, fall into one of these three categories. They’d dodge the issue, distracting the discussion with irrelevant points. They’d display annoyance, hate, and bitterness. Or they’d sit silent, dismayed, shoulders drooping, downcast, depressed, with nothing to say, like Sarabha. Wanderers, someone might say to me: ‘You claim to have ended all defilements, but you still have these defilements.’ Then I’d carefully pursue, press, and grill them on that point. When grilled by me, they would, without a doubt, fall into one of these three categories. They’d dodge the issue, distracting the discussion with irrelevant points. They’d display annoyance, hate, and bitterness. Or they’d sit silent, dismayed, shoulders drooping, downcast, depressed, with nothing to say, like Sarabha. Wanderers, someone might say to me: ‘Regardless of your goal in teaching the Dhamma, it does not deliver one who applies it to the complete ending of suffering.’ Then I’d carefully pursue, press, and grill them on that point. When grilled by me, they would, without a doubt, fall into one of these three categories. They’d dodge the issue, distracting the discussion with irrelevant points. They’d display annoyance, hate, and bitterness. Or they’d sit silent, dismayed, shoulders drooping, downcast, depressed, with nothing to say, like Sarabha.” Then the Buddha, having roared his lion’s roar three times in the monastery for the wanderers on the bank of the Serpentine River, rose into the air and flew away. Soon after the Buddha left, those wanderers beset Sarabha on all sides with sneering and jeering. “Reverend Sarabha, you’re just like an old jackal in the formidable wilderness who thinks, ‘I’ll roar a lion’s roar!’ but they still only manage to squeal and yelp like a jackal. In the same way, when the ascetic Gotama wasn’t here you said ‘I’ll roar a lion’s roar!’ but you only managed to squeal and yelp like a jackal. You’re just like a marsh hen who thinks, ‘I’ll cry like a cuckoo!’ but they still only manage to cry like a marsh hen. In the same way, when the ascetic Gotama wasn’t here you said ‘I’ll cry like a cuckoo!’ but you still only managed to cry like a marsh hen. You’re just like a bull that thinks to bellow only when the cowstall is empty. In the same way, you only thought to bellow when the ascetic Gotama wasn’t here.” That’s how those wanderers beset Sarabha on all sides with sneering and jeering.
၅။ ကေသမုတ္တိသုတ္တံ
၆၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ကေသမုတ္တံ [ကေသပုတ္တံ (သီ။ သျာ။ ကံ။ ပီ။)] နာမ ကာလာမာနံ နိဂမော တဒဝသရိ။ အဿောသုံ ခေါ ကေသမုတ္တိယာ ကာလာမာ – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ကေသမုတ္တံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ…ပေ… သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’’တိ။
အထ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု, သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ နာမဂေါတ္တံ သာဝေတွာ ဧကမန္တံ နိသီဒိံသု, အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘သန္တိ, ဘန္တေ, ဧကေ သမဏဗြာဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ။ တေ သကံယေဝ ဝါဒံ ဒီပေန္တိ ဇောတေန္တိ, ပရပ္ပဝါဒံ ပန ခုံသေန္တိ ဝမ္ဘေန္တိ ပရိဘဝန္တိ ဩမက္ခိံ [ဩပပက္ခိံ (သီ။ သျာ။ ကံ။ ပီ။), ဩမက္ခိကံ (က။)] ကရောန္တိ။ အပရေပိ, ဘန္တေ, ဧကေ သမဏဗြာဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ။ တေပိ သကံယေဝ ဝါဒံ ဒီပေန္တိ ဇောတေန္တိ, ပရပ္ပဝါဒံ ပန ခုံသေန္တိ ဝမ္ဘေန္တိ ပရိဘဝန္တိ ဩမက္ခိံ ကရောန္တိ။ တေသံ နော, ဘန္တေ, အမှာကံ ဟောတေဝ ကင်္ခါ ဟောတိ ဝိစိကိစ္ဆာ – ‘ကော သု နာမ ဣမေသံ ဘဝတံ သမဏဗြာဟ္မဏာနံ သစ္စံ အာဟ, ကော မုသာ’’’တိ? ‘‘အလဉှိ ဝေါ, ကာလာမာ, ကင်္ခိတုံ အလံ ဝိစိကိစ္ဆိတုံ။ ကင်္ခနီယေဝ ပန [ကင်္ခနီယေဝ စ ပန (သံယုတ္တနိကာယေ)] ဝေါ ဌာနေ ဝိစိကိစ္ဆာ ဥပ္ပန္နာ’’။
‘‘ဧထ တုမှေ, ကာလာမာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, ကာလာမာ, အတ္တနာဝ ဇာနေယျာထ – ‘ဣမေ ဓမ္မာ အကုသလာ, ဣမေ ဓမ္မာ သာဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုဂရဟိတာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ [သမာဒိဏ္ဏာ (က။)] အဟိတာယ ဒုက္ခာယ သံဝတ္တန္တီ’’’တိ, အထ တုမှေ, ကာလာမာ, ပဇဟေယျာထ။
‘‘တံ ကိံ မညထ, ကာလာမာ, လောဘော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဟိတာယ ဝါ အဟိတာယ ဝါ’’တိ?
‘‘အဟိတာယ, ဘန္တေ’’။
‘‘လုဒ္ဓေါ ပနာယံ, ကာလာမာ, ပုရိသပုဂ္ဂလော လောဘေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပါဏမ္ပိ ဟနတိ, အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ [တဒတ္ထာယ (က။)] သမာဒပေတိ, ယံ သ [ယံ တဿ (က။) အနန္တရသုတ္တေ ပန ‘‘ယံ’ သ’’ ဣတွေဝ သဗ္ဗတ္ထပိ ဒိဿတိ] ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, ကာလာမာ, ဒေါသော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဟိတာယ ဝါ အဟိတာယ ဝါ’’တိ?
‘‘အဟိတာယ, ဘန္တေ’’။
‘‘ဒုဋ္ဌော ပနာယံ, ကာလာမာ, ပုရိသပုဂ္ဂလော ဒေါသေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပါဏမ္ပိ ဟနတိ [ဟန္တိ (သီ။ ပီ။)], အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, ကာလာမာ, မောဟော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဟိတာယ ဝါ အဟိတာယ ဝါ’’တိ?
‘‘အဟိတာယ, ဘန္တေ’’။
‘‘မူဠှော ပနာယံ, ကာလာမာ, ပုရိသပုဂ္ဂလော မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပါဏမ္ပိ ဟနတိ, အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, ကာလာမာ, ဣမေ ဓမ္မာ ကုသလာ ဝါ အကုသလာ ဝါ’’တိ?
‘‘အကုသလာ, ဘန္တေ’’။
‘‘သာဝဇ္ဇာ ဝါ အနဝဇ္ဇာ ဝါ’’တိ?
‘‘သာဝဇ္ဇာ, ဘန္တေ’’။
‘‘ဝိညုဂရဟိတာ ဝါ ဝိညုပ္ပသတ္ထာ ဝါ’’တိ?
‘‘ဝိညုဂရဟိတာ, ဘန္တေ’’။
‘‘သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ, နော ဝါ? ကထံ ဝါ [ကထံ ဝါ ဝေါ (?)] ဧတ္ထ ဟောတီ’’တိ?
‘‘သမတ္တာ, ဘန္တေ, သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီတိ။ ဧဝံ နော ဧတ္ထ ဟောတီ’’တိ။
‘‘ဣတိ ခေါ, ကာလာမာ, ယံ တံ အဝေါစုမှာ [အဝေါစုမှ (သီ။ သျာ။ ကံ။ ပီ။) အ။ နိ။ ၄။၁၉၃] – ‘ဧထ တုမှေ, ကာလာမာ! မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ ကာလာမာ အတ္တနာဝ ဇာနေယျာထ – ‘ဣမေ ဓမ္မာ အကုသလာ, ဣမေ ဓမ္မာ သာဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုဂရဟိတာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီတိ, အထ တုမှေ, ကာလာမာ, ပဇဟေယျာထာ’တိ, ဣတိ ယံ တံ ဝုတ္တံ, ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘ဧထ တုမှေ, ကာလာမာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, ကာလာမာ, အတ္တနာဝ ဇာနေယျာထ – ‘ဣမေ ဓမ္မာ ကုသလာ, ဣမေ ဓမ္မာ အနဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုပ္ပသတ္ထာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တီ’တိ, အထ တုမှေ, ကာလာမာ, ဥပသမ္ပဇ္ဇ ဝိဟရေယျာထ။
‘‘တံ ကိံ မညထ, ကာလာမာ, အလောဘော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဟိတာယ ဝါ အဟိတာယ ဝါ’’တိ?
‘‘ဟိတာယ, ဘန္တေ’’။
‘‘အလုဒ္ဓေါ ပနာယံ, ကာလာမာ, ပုရိသပုဂ္ဂလော လောဘေန အနဘိဘူတော အပရိယာဒိန္နစိတ္တော နေဝ ပါဏံ ဟနတိ, န အဒိန္နံ အာဒိယတိ, န ပရဒါရံ ဂစ္ဆတိ, န မုသာ ဘဏတိ, န ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, ကာလာမာ, အဒေါသော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ…ပေ… အမောဟော ပုရိသဿ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ…ပေ… ဟိတာယ သုခါယာ’’တိ။
‘‘ဧဝံ ဘန္တေ’’။
‘‘တံ ကိံ မညထ, ကာလာမာ, ဣမေ ဓမ္မာ ကုသလာ ဝါ အကုသလာ ဝါ’’တိ?
‘‘ကုသလာ, ဘန္တေ’’။
‘‘သာဝဇ္ဇာ ဝါ အနဝဇ္ဇာ ဝါ’’တိ?
‘‘အနဝဇ္ဇာ, ဘန္တေ’’။
‘‘ဝိညုဂရဟိတာ ဝါ ဝိညုပ္ပသတ္ထာ ဝါ’’တိ?
‘‘ဝိညုပ္ပသတ္ထာ, ဘန္တေ’’။
‘‘သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တိ နော ဝါ? ကထံ ဝါ ဧတ္ထ ဟောတီ’’တိ?
‘‘သမတ္တာ, ဘန္တေ, သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တိ။ ဧဝံ နော ဧတ္ထ ဟောတီ’’တိ။
‘‘ဣတိ ခေါ, ကာလာမာ, ယံ တံ အဝေါစုမှာ – ‘ဧထ တုမှေ, ကာလာမာ! မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, ကာလာမာ, အတ္တနာဝ ဇာနေယျာထ – ဣမေ ဓမ္မာ ကုသလာ, ဣမေ ဓမ္မာ အနဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုပ္ပသတ္ထာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တီတိ, အထ တုမှေ, ကာလာမာ, ဥပသမ္ပဇ္ဇ ဝိဟရေယျာထာ’တိ, ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘သ ခေါ သော [ယော ခေါ (က။)], ကာလာမာ, အရိယသာဝကော ဧဝံ ဝိဂတာဘိဇ္ဈော ဝိဂတဗျာပါဒေါ အသမ္မူဠှော သမ္ပဇာနော ပတိဿတော [သတော (က။)] မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ, ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ။ ကရုဏာသဟဂတေန စေတသာ…ပေ… မုဒိတာသဟဂတေန စေတသာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ, ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ။
‘‘သ [သစေ (က။)] ခေါ သော, ကာလာမာ, အရိယသာဝကော ဧဝံ အဝေရစိတ္တော ဧဝံ အဗျာပဇ္ဈစိတ္တော ဧဝံ အသံကိလိဋ္ဌစိတ္တော ဧဝံ ဝိသုဒ္ဓစိတ္တော။ တဿ ဒိဋ္ဌေဝ ဓမ္မေ စတ္တာရော အဿာသာ အဓိဂတာ ဟောန္တိ။ ‘သစေ ခေါ ပန အတ္ထိ ပရော လောကော, အတ္ထိ သုကတဒုက္ကဋာနံ [သုကဋဒုက္ကဋာနံ (သီ။ သျာ။ ကံ။ ပီ။)] ကမ္မာနံ ဖလံ ဝိပါကော, အထာဟံ [ဌာနမဟံ (သီ။ ပီ။), ဌာနမေတံ ယေနာဟံ (သျာ။ ကံ။)] ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿာမီ’တိ, အယမဿ ပဌမော အဿာသော အဓိဂတော ဟောတိ။
‘‘‘သစေ ခေါ ပန နတ္ထိ ပရော လောကော, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, အထာဟံ [ဣဓာဟံ (သီ။ သျာ။ ကံ။ ပီ။)] ဒိဋ္ဌေဝ ဓမ္မေ အဝေရံ အဗျာပဇ္ဈံ အနီဃံ သုခိံ [သုခံ (သီ။), သုခီ (သျာ။ ကံ။)] အတ္တာနံ ပရိဟရာမီ’တိ, အယမဿ ဒုတိယော အဿာသော အဓိဂတော ဟောတိ။
‘‘‘သစေ ခေါ ပန ကရောတော ကရီယတိ ပါပံ, န ခေါ ပနာဟံ ကဿစိ ပါပံ စေတေမိ။ အကရောန္တံ ခေါ ပန မံ ပါပကမ္မံ ကုတော ဒုက္ခံ ဖုသိဿတီ’တိ, အယမဿ တတိယော အဿာသော အဓိဂတော ဟောတိ။
‘‘‘သစေ ခေါ ပန ကရောတော န ကရီယတိ ပါပံ, အထာဟံ ဥဘယေနေဝ ဝိသုဒ္ဓံ အတ္တာနံ သမနုပဿာမီ’တိ, အယမဿ စတုတ္ထော အဿာသော အဓိဂတော ဟောတိ။
‘‘သ ခေါ သော, ကာလာမာ, အရိယသာဝကော ဧဝံ အဝေရစိတ္တော ဧဝံ အဗျာပဇ္ဈစိတ္တော ဧဝံ အသံကိလိဋ္ဌစိတ္တော ဧဝံ ဝိသုဒ္ဓစိတ္တော။ တဿ ဒိဋ္ဌေဝ ဓမ္မေ ဣမေ စတ္တာရော အဿာသာ အဓိဂတာ ဟောန္တီ’’တိ။
‘‘ဧဝမေတံ, ဘဂဝါ, ဧဝမေတံ, သုဂတ! သ ခေါ သော, ဘန္တေ, အရိယသာဝကော ဧဝံ အဝေရစိတ္တော ဧဝံ အဗျာပဇ္ဈစိတ္တော ဧဝံ အသံကိလိဋ္ဌစိတ္တော ဧဝံ ဝိသုဒ္ဓစိတ္တော။ တဿ ဒိဋ္ဌေဝ ဓမ္မေ စတ္တာရော အဿာသာ အဓိဂတာ ဟောန္တိ။ ‘သစေ ခေါ ပန အတ္ထိ ပရော လောကော, အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, အထာဟံ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿာမီ’တိ, အယမဿ ပဌမော အဿာသော အဓိဂတော ဟောတိ။
‘‘‘သစေ ခေါ ပန နတ္ထိ ပရော လောကော, နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, အထာဟံ ဒိဋ္ဌေဝ ဓမ္မေ အဝေရံ အဗျာပဇ္ဈံ အနီဃံ သုခိံ အတ္တာနံ ပရိဟရာမီ’တိ, အယမဿ ဒုတိယော အဿာသော အဓိဂတော ဟောတိ။
‘‘သစေ ခေါ ပန ကရောတော ကရီယတိ ပါပံ, န ခေါ ပနာဟံ – ကဿစိ ပါပံ စေတေမိ, အကရောန္တံ ခေါ ပန မံ ပါပကမ္မံ ကုတော ဒုက္ခံ ဖုသိဿတီ’တိ, အယမဿ တတိယော အဿာသော အဓိဂတော ဟောတိ။
‘‘‘သစေ ခေါ ပန ကရောတော န ကရီယတိ ပါပံ, အထာဟံ ဥဘယေနေဝ ဝိသုဒ္ဓံ အတ္တာနံ သမနုပဿာမီ’တိ, အယမဿ စတုတ္ထော အဿာသော အဓိဂတော ဟောတိ။
‘‘သ ခေါ သော, ဘန္တေ, အရိယသာဝကော ဧဝံ အဝေရစိတ္တော ဧဝံ အဗျာပဇ္ဈစိတ္တော ဧဝံ အသံကိလိဋ္ဌစိတ္တော ဧဝံ ဝိသုဒ္ဓစိတ္တော။ တဿ ဒိဋ္ဌေဝ ဓမ္မေ ဣမေ စတ္တာရော အဿာသာ အဓိဂတာ ဟောန္တိ။
‘‘အဘိက္ကန္တံ, ဘန္တေ…ပေ… ဧတေ မယံ, ဘန္တေ, ဘဂဝန္တံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော, ဘန္တေ, ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။ ပဉ္စမံ။
၅ -ကေသမုတ္တိသုတ် ၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ ကြားသိကြကုန်၏- “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကေသမုတ္တနိဂုံးသို့ ရောက်လာတော်မူ၏။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။ ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူ၏။ပ။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။ ထို့နောက် ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ကြကုန်ပြီး လျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် မြတ်စွွာဘုရား ရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် အမည် အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ တစ်ခုသော နေရာ၌ ထိုင်နေကြသော ကေသမုတ္တနိဂုံးသား ထို ကာလာမမင်းမျိုးတို့သည် မြတ်စွာဘုရားအား- အသျှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက် လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ “အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါ သနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်း”ဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏” (ဟု လျှောက်ကုန်၏)။ ကာလာမမင်းတို့ သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏၊ တွေးတောခြင်းငှါ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှါသင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။ ကာလာမမင်းတို့ သင်တို့သည်- ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ တပ်မက်ခြင်း ‘လောဘ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော ‘လောဘ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွား လာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက် တည်စေ၏၊ ယင်းသူတစ်ပါးအသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ အမျက်ထွက်ခြင်း‘ဒေါသ’သည် သတ္တဝါ၏ အတွင်း‘အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ အမျက်ထွက်သော ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း ‘ဒေါသ’နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွား လာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက် တည်စေ၏၊ ယင်းသူတစ်ပါးအသက်သတ်ခြင်း သတ်စေခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင် ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း ‘မောဟ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော။ပ။ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မိန့်တော်မူ၏)။ အကုသိုလ်တရားတို့ ဖြစ်ပါသည်အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့မဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။ အပြစ်ရှိသော တရားတို့ဖြစ်ပါသည် အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရား တို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မိန့်တော်မူ၏)။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော။ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါး မဲဲဲ့ခြင်းငှါ ဆင်းရခြင်းငှါ ဖြစ်ကုန်ပါ၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ “ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန် လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရား တို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏”ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုသော စကားဖြစ်၏။ ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှ ဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားရသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတပ်မက်ခြင်း ‘အလောဘ’သည် သတ္တဝါ၏ အတွင်း‘အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားရှိခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ မတပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘လော ဘ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူ့မယားကိုလည်း မသွား လာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆို၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူတစ်ပါး အသက် သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူတစ်ပါး အသက်မသတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း ‘အဒေါသ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’သန္တာန်၌ဖြစ်သော်။ပ။ မတွေဝေခြင်း ‘အမောဟ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ဖြစ်သော်။ပ။ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)၊ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မိန့်တော်မူ၏)။ ကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့ဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။ အပြစ်မရှိသော တရားတို့ ဖြစ်ပါသည့်အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မိန့်တော်မူ၏)။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော၊ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ “ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှလည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏”ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုအပ်သော စကားဖြစ်၏။ ကာလာမမင်းတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသည် ပျက်စီးစေ လိုခြင်း ‘ဗျာပါဒ’မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့်ပြည့်စုံသည်ဖြစ်၍ မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိ သောကြောင့်ကြခြင်းမရှိသော မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း‘မုဒိတာ’နှင့် ယှဥ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသောကြောင့်ကြခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ် ကုန်၏။ တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့့်မည်ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာပေတည်း။ တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းစွာ ပြုအပ်သော မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။ မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေ အံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာ ပေတည်း။ မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော စတုတ္ထထောက်တည်ရာပေတည်း။ ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာတပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါပေ၏၊ မြတ်စွာဘုရား ဤအတိုင်းပင်ဟုတ်ပါပေ၏၊ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာ တပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။ တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော သက်သာရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမထောက်တည်ရာပေတည်း။ တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် ယခုဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။ မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အား မထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း။ မကောင်းမှု ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာပေတည်း။ အသျှင်ဘုရား ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာတပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ ကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ်တော်မူပါဟု (လျှောက်ကြကုန်၏)။ ပဉ္စမသုတ်။
Numbered Discourses 3.65 7. The Great Chapter With the Kālāmas of Kesamutta So I have heard. At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants when he arrived at a town of the Kālāmas named Kesamutta. The Kālāmas of Kesamutta heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Kesamutta. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha …’ It’s good to see such perfected ones.” Then the Kālāmas went up to the Buddha. Before sitting down to one side, some bowed, some exchanged greetings and polite conversation, some held up their cupped palms toward the Buddha, some announced their name and clan, while some kept silent. Seated to one side the Kālāmas said to the Buddha: “There are, sir, some ascetics and brahmins who come to Kesamutta. They explain and promote only their own doctrine, while they attack, badmouth, disparage, and smear the doctrines of others. Then some other ascetics and brahmins come to Kesamutta. They too explain and promote only their own doctrine, while they attack, badmouth, disparage, and smear the doctrines of others. So, sir, we’re doubting and uncertain: ‘I wonder who of these respected ascetics and brahmins speaks the truth, and who speaks falsehood?’” “It is enough, Kālāmas, for you to be doubting and uncertain. Doubt has come up in you about an uncertain matter. Please, Kālāmas, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think ‘The ascetic is our respected teacher.’ But when you know for yourselves: ‘These things are unskillful, blameworthy, criticized by sensible people, and when you undertake them, they lead to harm and suffering’, then you should give them up. What do you think, Kālāmas? Does greed come up in a person for their welfare or harm?” “Harm, sir.” “A greedy individual, overcome by greed, kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Kālāmas? Does hate come up in a person for their welfare or harm?” “Harm, sir.” “A hateful individual, overcome by hate, kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Kālāmas? Does delusion come up in a person for their welfare or harm?” “Harm, sir.” “A deluded individual, overcome by delusion, kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Kālāmas, are these things skillful or unskillful?” “Unskillful, sir.” “Blameworthy or blameless?” “Blameworthy, sir.” “Criticized or praised by sensible people?” “Criticized by sensible people, sir.” “When you undertake them, do they lead to harm and suffering, or not? Or how do you see this?” “When you undertake them, they lead to harm and suffering. That’s how we see it.” “So, Kālāmas, when I said: ‘Please, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think “The ascetic is our respected teacher.” But when you know for yourselves: “These things are unskillful, blameworthy, criticized by sensible people, and when you undertake them, they lead to harm and suffering”, then you should give them up.’ That’s what I said, and this is why I said it. Please, Kālāmas, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think ‘The ascetic is our respected teacher.’ But when you know for yourselves: ‘These things are skillful, blameless, praised by sensible people, and when you undertake them, they lead to welfare and happiness’, then you should acquire them and keep them. What do you think, Kālāmas? Does contentment come up in a person for their welfare or harm?” “Welfare, sir.” “An individual who is content, not overcome by greed, doesn’t kill living creatures, steal, commit adultery, lie, or encourage others to do the same. Is that for their lasting welfare and happiness?” “Yes, sir.” “What do you think, Kālāmas? Does love come up in a person for their welfare or harm? … Does understanding come up in a person for their welfare or harm? … Is that for their lasting welfare and happiness?” “Yes, sir.” “What do you think, Kālāmas, are these things skillful or unskillful?” “Skillful, sir.” “Blameworthy or blameless?” “Blameless, sir.” “Criticized or praised by sensible people?” “Praised by sensible people, sir.” “When you undertake them, do they lead to welfare and happiness, or not? Or how do you see this?” “When you undertake them, they lead to welfare and happiness. That’s how we see it.” “So, Kālāmas, when I said: ‘Please, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think “The ascetic is our respected teacher.” But when you know for yourselves: “These things are skillful, blameless, praised by sensible people, and when you undertake them, they lead to welfare and happiness”, then you should acquire them and keep them.’ That’s what I said, and this is why I said it. Then that noble disciple is rid of desire, rid of ill will, unconfused, aware, and mindful. They meditate spreading a heart full of love to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of love to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of compassion to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of compassion to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of rejoicing to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of rejoicing to the whole world—abundant, expansive, limitless, free of enmity and ill will. They meditate spreading a heart full of equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. When that noble disciple has a mind that’s free of enmity and ill will, uncorrupted and purified, they’ve won four consolations in this very life. ‘If it turns out there is another world, and good and bad deeds have a result, then—when the body breaks up, after death—I’ll be reborn in a good place, a heavenly realm.’ This is the first consolation they’ve won. ‘If it turns out there is no other world, and good and bad deeds don’t have a result, then in this very life I’ll keep myself free of enmity and ill will, untroubled and happy.’ This is the second consolation they’ve won. ‘If it turns out that bad things happen to people who do bad things, then since I have no bad intentions, and since I’m not doing anything bad, how can suffering touch me?’ This is the third consolation they’ve won. ‘If it turns out that bad things don’t happen to people who do bad things, then I still see myself pure on both sides.’ This is the fourth consolation they’ve won. When that noble disciple has a mind that’s free of enmity and ill will, uncorrupted and purified, they’ve won these four consolations in this very life.” “That’s so true, Blessed One! That’s so true, Holy One! When that noble disciple has a mind that’s free of enmity and ill will, uncorrupted and purified, they’ve won these four consolations in this very life. … Excellent, sir! Excellent! … We go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the Buddha remember us as lay followers who have gone for refuge for life.”
၆။ သာဠှသုတ္တံ
၆၇။ ဧဝံ မေ သုတံ – ဧကံ သမယံ အာယသ္မာ နန္ဒကော သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ အထ ခေါ သာဠှော စ မိဂါရနတ္တာ သာဏော စ သေခုနိယနတ္တာ [ရောဟဏော စ ပေခုဏိယနတ္တာ (သီ။ သျာ။ ကံ။ ပီ။)] ယေနာယသ္မာ နန္ဒကော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မန္တံ နန္ဒကံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နံ ခေါ သာဠှံ မိဂါရနတ္တာရံ အာယသ္မာ နန္ဒကော ဧတဒဝေါစ –
‘‘ဧထ တုမှေ, သာဠှာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, သာဠှာ, အတ္တနာဝ ဇာနေယျာထ ‘ဣမေ ဓမ္မာ အကုသလာ, ဣမေ ဓမ္မာ သာဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုဂရဟိတာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီ’တိ, အထ တုမှေ သာဠှာ ပဇဟေယျာထ။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ လောဘော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘အဘိဇ္ဈာတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ လုဒ္ဓေါ ခေါ အယံ, သာဠှာ, အဘိဇ္ဈာလု ပါဏမ္ပိ ဟနတိ, အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ ဒေါသော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘ဗျာပါဒေါတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ ဒုဋ္ဌော ခေါ အယံ, သာဠှာ, ဗျာပန္နစိတ္တော ပါဏမ္ပိ ဟနတိ, အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ မောဟော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘အဝိဇ္ဇာတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ မူဠှော ခေါ အယံ, သာဠှာ, အဝိဇ္ဇာဂတော ပါဏမ္ပိ ဟနတိ, အဒိန္နမ္ပိ အာဒိယတိ, ပရဒါရမ္ပိ ဂစ္ဆတိ, မုသာပိ ဘဏတိ, ပရမ္ပိ တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, ဣမေ ဓမ္မာ ကုသလာ ဝါ အကုသလာ ဝါ’’တိ?
‘‘အကုသလာ, ဘန္တေ’’။
‘‘သာဝဇ္ဇာ ဝါ အနဝဇ္ဇာ ဝါ’’တိ?
‘‘သာဝဇ္ဇာ, ဘန္တေ’’။
‘‘ဝိညုဂရဟိတာ ဝါ ဝိညုပ္ပသတ္ထာ ဝါ’’တိ?
‘‘ဝိညုဂရဟိတာ, ဘန္တေ’’။
‘‘သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ, နော ဝါ? ကထံ ဝါ ဧတ္ထ ဟောတီ’’တိ?
‘‘သမတ္တာ, ဘန္တေ, သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီတိ။ ဧဝံ နော ဧတ္ထ ဟောတီ’’တိ။
‘‘ဣတိ ခေါ, သာဠှာ, ယံ တံ အဝေါစုမှာ – ‘ဧထ တုမှေ, သာဠှာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, သာဠှာ, အတ္တနာဝ ဇာနေယျာထ – ဣမေ ဓမ္မာ အကုသလာ, ဣမေ ဓမ္မာ သာဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုဂရဟိတာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီတိ, အထ တုမှေ, သာဠှာ, ပဇဟေယျာထာ’တိ, ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘ဧထ တုမှေ, သာဠှာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, သာဠှာ, အတ္တနာဝ ဇာနေယျာထ – ‘ဣမေ ဓမ္မာ ကုသလာ, ဣမေ ဓမ္မာ အနဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုပ္ပသတ္ထာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တီ’တိ, အထ တုမှေ, သာဠှာ, ဥပသမ္ပဇ္ဇ ဝိဟရေယျာထ။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ အလောဘော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘အနဘိဇ္ဈာတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ အလုဒ္ဓေါ ခေါ အယံ, သာဠှာ, အနဘိဇ္ဈာလု နေဝ ပါဏံ ဟနတိ, န အဒိန္နံ အာဒိယတိ, န ပရဒါရံ ဂစ္ဆတိ, န မုသာ ဘဏတိ, ပရမ္ပိ န တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ အဒေါသော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘အဗျာပါဒေါတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ အဒုဋ္ဌော ခေါ အယံ, သာဠှာ, အဗျာပန္နစိတ္တော နေဝ ပါဏံ ဟနတိ, န အဒိန္နံ အာဒိယတိ, န ပရဒါရံ ဂစ္ဆတိ, န မုသာ ဘဏတိ, ပရမ္ပိ န တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, အတ္ထိ အမောဟော’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘ဝိဇ္ဇာတိ ခေါ အဟံ, သာဠှာ, ဧတမတ္ထံ ဝဒါမိ။ အမူဠှော ခေါ အယံ, သာဠှာ, ဝိဇ္ဇာဂတော နေဝ ပါဏံ ဟနတိ, န အဒိန္နံ အာဒိယတိ, န ပရဒါရံ ဂစ္ဆတိ, န မုသာ ဘဏတိ, ပရမ္ပိ န တထတ္တာယ သမာဒပေတိ, ယံ သ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။
‘‘ဧဝံ, ဘန္တေ’’။
‘‘တံ ကိံ မညထ, သာဠှာ, ဣမေ ဓမ္မာ ကုသလာ ဝါ အကုသလာ ဝါ’’တိ?
‘‘ကုသလာ, ဘန္တေ’’။
‘‘သာဝဇ္ဇာ ဝါ အနဝဇ္ဇာ ဝါ’’တိ?
‘‘အနဝဇ္ဇာ, ဘန္တေ’’။
‘‘ဝိညုဂရဟိတာ ဝါ ဝိညုပ္ပသတ္ထာ ဝါ’’တိ?
‘‘ဝိညုပ္ပသတ္ထာ, ဘန္တေ’’။
‘‘သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တိ, နော ဝါ? ကထံ ဝါ ဧတ္ထ ဟောတီ’’တိ?
‘‘သမတ္တာ, ဘန္တေ, သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တီတိ။ ဧဝံ နော ဧတ္ထ ဟောတီ’’တိ။
‘‘ဣတိ ခေါ, သာဠှာ, ယံ တံ အဝေါစုမှာ – ‘ဧထ တုမှေ, သာဠှာ, မာ အနုဿဝေန, မာ ပရမ္ပရာယ, မာ ဣတိကိရာယ, မာ ပိဋကသမ္ပဒါနေန, မာ တက္ကဟေတု, မာ နယဟေတု, မာ အာကာရပရိဝိတက္ကေန, မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ, မာ ဘဗ္ဗရူပတာယ, မာ သမဏော နော ဂရူတိ။ ယဒါ တုမှေ, သာဠှာ, အတ္တနာဝ ဇာနေယျာထ – ဣမေ ဓမ္မာ ကုသလာ, ဣမေ ဓမ္မာ အနဝဇ္ဇာ, ဣမေ ဓမ္မာ ဝိညုပ္ပသတ္ထာ, ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ ဒီဃရတ္တံ ဟိတာယ သုခါယ သံဝတ္တန္တီတိ, အထ တုမှေ, သာဠှာ, ဥပသမ္ပဇ္ဇ ဝိဟရေယျာထာ’တိ, ဣတိ ယံ တံ ဝုတ္တံ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။
‘‘သ ခေါ သော, သာဠှာ, အရိယသာဝကော ဧဝံ ဝိဂတာဘိဇ္ဈော ဝိဂတဗျာပါဒေါ အသမ္မူဠှော သမ္ပဇာနော ပတိဿတော မေတ္တာသဟဂတေန စေတသာ…ပေ… ကရုဏာ…ပေ… မုဒိတာ…ပေ… ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ, တထာ ဒုတိယံ, တထာ တတိယံ, တထာ စတုတ္ထံ, ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ။ သော ဧဝံ ပဇာနာတိ – ‘အတ္ထိ ဣဒံ, အတ္ထိ ဟီနံ, အတ္ထိ ပဏီတံ, အတ္ထိ ဣမဿ သညာဂတဿ ဥတ္တရိ [ဥတ္တရိံ (သီ။ သျာ။ ကံ။ ပီ။)] နိဿရဏ’န္တိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ, ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ, အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။
‘‘သော ဧဝံ ပဇာနာတိ – ‘အဟု ပုဗ္ဗေ လောဘော, တဒဟု အကုသလံ, သော ဧတရဟိ နတ္ထိ, ဣစ္စေတံ ကုသလံ၊ အဟု ပုဗ္ဗေ ဒေါသော…ပေ… အဟု ပုဗ္ဗေ မောဟော, တဒဟု အကုသလံ, သော ဧတရဟိ နတ္ထိ, ဣစ္စေတံ ကုသလ’န္တိ။ သော ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗုတော သီတိဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတီ’’တိ။ ဆဋ္ဌံ။
၆-သာဠှသုတ် ၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်နန္ဒကမထေရ်သည် သာဝတ္ထိ ပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မိဂါရသူဌေး၏မြေး သာဠှနှင့် သေခုနိယ၏မြေး သာဏတို့သည် အသျှင်နန္ဒကမထေရ်ထံသို့ ချဥ်းကပ်၍ အသျှင်နန္ဒက မထေရ်ကို ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော မိဂါရသူဌေး၏မြေး သာဠှအား အသျှင်နန္ဒကမထေရ်သည် ဤစကားကို ဆို၏- သာဠှတို့ သင်တို့သည်- ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ - ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ - (ငါတို့) ကြံစည်နှစ်သက်၍ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။ သာဠှတို့ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လိုချင်တပ်မက်ခြင်း ‘လောဘ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဘိဇ္ဈာ’ဟု ငါဆို၏။ သာဠှတို့ တပ်မက်သောသူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ များသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကား ကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်ထွက်ခြင်း ‘ဒေါသ’ဟူသည် ရှိသ့လောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘ဗျာပါဒ’ဟု ငါဆို၏။ သာဠှတို့ အမျက်ထွက်သော သူသည် ဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကားကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုုင်သည် မဟုတ် လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း ‘မောဟ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဝိဇ္ဇာ’ဟု ငါဆို၏။ သာဠှတို့ တွေဝေသူသည် အဝိဇ္ဇာနှင့် ပြည့်စုံသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏။ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့လောဟု (မေး၏)။ အကုသိုလ်တရားတို့ပါ အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့ လော၊ အပြစ်မရှိသော တရားတို့လောဟု (မေး၏)။ အပြစ်ရှိသော တရားတို့ပါ အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေး၏)။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ပါ အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ သို့မဟုတ် မဖြစ်ကုန်သလော၊ ဤအရာ၌ (သင်တို့စိတ်) အဘယ်သို့ရှိသနည်းဟု (မေး၏)။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါကုန်၏ အသျှင်ဘုရား၊ ဤအရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ဖြစ်ပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ “သာဠှတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆ တွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး။ ‘ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီး အပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့် ကုန်ရာ၏”ဟု ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သောစကား ဖြစ်၏။ “သာဠှတို့ သင်တို့သည် သူတစ်ပါး ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်း) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူ ကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှလည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီး အပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံ စေ၍ နေကုန်ရာ၏။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မလိုချင်မတပ်မက်ခြင်း ‘အလောဘ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အနဘိဇ္ဈာ’ဟု ငါ ဆို၏။ သာဠှတို့ မတပ်မက်သောသူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ မများသည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက် တည်စေ၊ ယင်းသူ့အသက်မသတ်ခြင်းစသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း ‘အဒေါသ’တရားဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဗျာပါဒ’ဟု ငါဆို၏။ သာဠှတို့ အမျက်မထွက်သောသူသည် မဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက် တည်စေ၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတွေဝေခြင်း ‘အမောဟ’တရားဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘ဝိဇ္ဇာ’ဟု ငါဆို၏။ သာဠှတို့ မတွေဝေသူသည် အသိဉာဏ်သို့ ရောက်သည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည် ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ် မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါး ကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူ့အသက် မသတ်ခြင်း စသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ် လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မေး၏)။ ကုသိုလ်တရားတို့ပါ အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့မဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မေး၏)။ အပြစ်မရှိသော တရားတို့ပါ အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေး၏)။ ပညာရှိတို့ ချီးမွမ်းသော တရားတို့ပါ အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်သလော၊ (သို့မဟုတ်) မဖြစ်ပါကုန်သလော၊ ဤအရာ၌ (သင်တို့ စိတ်) အဘယ်သို့ ရှိသနည်းဟု (မေး၏)။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ အသျှင်ဘုရား ဤအရာ၌ အကျွန်ုပ်တို့၏ (စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ “သာဠှတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊အစဥ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်း) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ သာဠှတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏”ဟု ဆိုခဲ့သော စကားသည် ဤသည်ကိုစွဲ၍ ဆိုခဲ့သော စကား ဖြစ်ပေ၏။ သာဠှတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း ‘အဘိဇ္ဈာ’မှ ကင်းသည် ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ မေတ္တာနှင့်ယှဥ်သော စိတ်ဖြင့်။ပ။ သနားခြင်း ‘ကရုဏာ’နှင့်ယှဥ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဥ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဥ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို အရိယာတပည့်သည် “ဤခန္ဓာငါးပါး ဒုက္ခတရားသည် ရှိ၏ဟု သိ၏၊ ယုတ်ညံ့သော (သမုဒယ)တရားသည် ရှိ၏ဟု သိ၏၊ မြတ်သော (မဂ်)တရားသည် ရှိ၏ဟု သိ၏၊ (ဝိပဿနာသညာဟု ဆိုအပ်သော) ဤသညာထက်လွန် မြတ်သော ထွက်မြောက်ရာ (နိဗ္ဗာန်)တရားသည် ရှိ၏”ဟု သိ၏။ ဤသို့ သိသော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ် မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီး လတ်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ထိုသူသည် ဤသို့ သိ၏- “ရှေးအခါ၌ လောဘဖြစ်ဖူး၏၊ ထို လောဘသည် အကုသိုလ်ဖြစ်၏၊ ထို လောဘအကုသိုလ်သည် ယခု (ငါ၌) မရှိ၊ ယင်းသို့ မရှိခြင်းသည် ကောင်း၏။ ရှေးအခါ၌ ဒေါသ ဖြစ်ဖူး၏။ပ။ ရှေးအခါ၌ မောဟဖြစ်ဖူး၏၊ ထို မောဟသည် အကုသိုလ်ဖြစ်၏၊ ထို မောဟ အကုသိုလ်သည် ယခု (ငါ၌) မရှိ၊ ယင်းသို့ မရှိခြင်းသည် ကောင်း၏” (ဟု သိလျက်) ထိုသူသည် မျက်မှောက်ဘဝ၌ (တဏှာ) မွတ်သိပ်ခြင်း မရှိသည် ဖြစ်၍ ငြိမ်းချမ်းအေးမြလျက် ချမ်းသာကို ခံစားကာ မြတ်သော အတ္တဘောဖြင့် နေလေသတည်းဟု (မိန့်ဆို၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.66 7. The Great Chapter With Sāḷha and His Friend So I have heard. Now at that time Venerable Nandaka was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Then Sāḷha, Migāra’s grandson, and Rohaṇa, Pekhuṇiya’s grandson went up to Venerable Nandaka, bowed, and sat down to one side. Then Venerable Nandaka said to Sāḷha: “Please, Sāḷha and friend, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think ‘The ascetic is our respected teacher.’ But when you know for yourselves: ‘These things are unskillful, blameworthy, criticized by sensible people, and when you undertake them, they lead to harm and suffering’, then you should give them up. What do you think, Sāḷha? Is greed real?” “Yes, sir.” “‘Covetousness’ is what I mean by this. A person who is greedy and covetous kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Sāḷha? Is hate real?” “Yes, sir.” “‘Malice’ is what I mean by this. A hateful and malicious person kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Sāḷha? Is delusion real?” “Yes, sir.” “‘Ignorance’ is what I mean by this. A person who is deluded and ignorant kills living creatures, steals, commits adultery, lies, and encourages others to do the same. Is that for their lasting harm and suffering?” “Yes, sir.” “What do you think, Sāḷha, are these things skillful or unskillful?” “Unskillful, sir.” “Blameworthy or blameless?” “Blameworthy, sir.” “Criticized or praised by sensible people?” “Criticized by sensible people, sir.” “When you undertake them, do they lead to harm and suffering, or not? Or how do you see this?” “When you undertake them, they lead to harm and suffering. That’s how we see it.” “So, Sāḷha and friend, when I said: ‘Please, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think “The ascetic is our respected teacher.” But when you know for yourselves: “These things are unskillful, blameworthy, criticized by sensible people, and when you undertake them, they lead to harm and suffering”, then you should give them up.’ That’s what I said, and this is why I said it. Please, Sāḷha and friend, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think ‘The ascetic is our respected teacher.’ But when you know for yourselves: ‘These things are skillful, blameless, praised by sensible people, and when you undertake them, they lead to welfare and happiness’, then you should acquire them and keep them. What do you think? Is contentment real?” “Yes, sir.” “‘Satisfaction’ is what I mean by this. A person who is content and satisfied doesn’t kill living creatures, steal, commit adultery, lie, or encourage others to do the same. Is that for their lasting welfare and happiness?” “Yes, sir.” “What do you think? Is love real?” “Yes, sir.” “‘Kindness’ is what I mean by this. A loving and kind-hearted person doesn’t kill living creatures, steal, commit adultery, lie, or encourage others to do the same. Is that for their lasting welfare and happiness?” “Yes, sir.” “What do you think, Sāḷha? Is understanding real?” “Yes, sir.” “‘Knowledge’ is what I mean by this. A person who understands and knows doesn’t kill living creatures, steal, commit adultery, lie, or encourage others to do the same. Is that for their lasting welfare and happiness?” “Yes, sir.” “What do you think, Sāḷha, are these things skillful or unskillful?” “Skillful, sir.” “Blameworthy or blameless?” “Blameless, sir.” “Criticized or praised by sensible people?” “Praised by sensible people, sir.” “When you undertake them, do they lead to welfare and happiness, or not? Or how do you see this?” “When you undertake them, they lead to welfare and happiness. That’s how we see it.” “So, Sāḷha and friend, when I said: ‘Please, don’t go by oral transmission, don’t go by lineage, don’t go by testament, don’t go by canonical authority, don’t rely on logic, don’t rely on inference, don’t go by reasoned train of thought, don’t go by the acceptance of a view after deliberation, don’t go by the appearance of competence, and don’t think “The ascetic is our respected teacher.” But when you know for yourselves: “These things are skillful, blameless, praised by sensible people, and when you undertake them, they lead to welfare and happiness”, then you should acquire them and keep them.’ That’s what I said, and this is why I said it. Then that noble disciple is rid of desire, rid of ill will, unconfused, aware, and mindful. They meditate spreading a heart full of love … compassion … rejoicing … equanimity to one direction, and to the second, and to the third, and to the fourth. In the same way above, below, across, everywhere, all around, they spread a heart full of equanimity to the whole world—abundant, expansive, limitless, free of enmity and ill will. They understand: ‘There is this, there is what is worse than this, there is what is better than this, and there is an escape beyond the scope of perception.’ Knowing and seeing like this, their mind is freed from the defilements of sensuality, desire to be reborn, and ignorance. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ They understand: ‘Formerly there was greed, which was unskillful. Now there is none, so that’s skillful. Formerly there was hate, which was unskillful. Now there is none, so that’s skillful. Formerly there was delusion, which was unskillful. Now there is none, so that’s skillful.’ So they live without wishes in this very life, quenched, cooled, experiencing bliss, with self become divine.”
၇။ ကထာဝတ္ထုသုတ္တံ
၆၈။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ကထာဝတ္ထူနိ။ ကတမာနိ တီဏိ? အတီတံ ဝါ, ဘိက္ခဝေ, အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ အဟောသိ အတီတမဒ္ဓါန’န္တိ။ အနာဂတံ ဝါ, ဘိက္ခဝေ, အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ ဘဝိဿတိ အနာဂတမဒ္ဓါန’န္တိ။ ဧတရဟိ ဝါ, ဘိက္ခဝေ, ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကထံ ကထေယျ – ‘ဧဝံ ဟောတိ ဧတရဟိ ပစ္စုပ္ပန္နမဒ္ဓါန’’’န္တိ [ဧဝံ ဧတရဟိ ပစ္စုပ္ပန္နန္တိ (သီ။ ပီ။ က။), ဧဝံ ဟောတိ ဧတရဟိ ပစ္စုပ္ပန္နန္တိ (သျာ။ ကံ။)]။
‘‘ကထာသမ္ပယောဂေန, ဘိက္ခဝေ, ပုဂ္ဂလော ဝေဒိတဗ္ဗော ယဒိ ဝါ ကစ္ဆော ယဒိ ဝါ အကစ္ဆောတိ။ သစာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော ဧကံသဗျာကရဏီယံ ပဉှံ န ဧကံသေန ဗျာကရောတိ, ဝိဘဇ္ဇဗျာကရဏီယံ ပဉှံ န ဝိဘဇ္ဇ ဗျာကရောတိ, ပဋိပုစ္ဆာဗျာကရဏီယံ ပဉှံ န ပဋိပုစ္ဆာ ဗျာကရောတိ, ဌပနီယံ ပဉှံ န ဌပေတိ [ထပနီယံ ပဉှံ န ထပေတိ (က။)], ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော အကစ္ဆော ဟောတိ။ သစေ ပနာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော ဧကံသဗျာကရဏီယံ ပဉှံ ဧကံသေန ဗျာကရောတိ, ဝိဘဇ္ဇဗျာကရဏီယံ ပဉှံ ဝိဘဇ္ဇ ဗျာကရောတိ, ပဋိပုစ္ဆာဗျာကရဏီယံ ပဉှံ ပဋိပုစ္ဆာ ဗျာကရောတိ, ဌပနီယံ ပဉှံ ဌပေတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော ကစ္ဆော ဟောတိ။
‘‘ကထာသမ္ပယောဂေန, ဘိက္ခဝေ, ပုဂ္ဂလော ဝေဒိတဗ္ဗော ယဒိ ဝါ ကစ္ဆော ယဒိ ဝါ အကစ္ဆောတိ။ သစာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော ဌာနာဌာနေ န သဏ္ဌာတိ ပရိကပ္ပေ န သဏ္ဌာတိ အညာတဝါဒေ [အညဝါဒေ (သီ။ သျာ။ ကံ။ ပီ။), အညာတဝါရေ (က။)] န သဏ္ဌာတိ ပဋိပဒါယ န သဏ္ဌာတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော အကစ္ဆော ဟောတိ။ သစေ ပနာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော ဌာနာဌာနေ သဏ္ဌာတိ ပရိကပ္ပေ သဏ္ဌာတိ အညာတဝါဒေ သဏ္ဌာတိ ပဋိပဒါယ သဏ္ဌာတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော ကစ္ဆော ဟောတိ။
‘‘ကထာသမ္ပယောဂေန, ဘိက္ခဝေ, ပုဂ္ဂလော ဝေဒိတဗ္ဗော ယဒိ ဝါ ကစ္ဆော ယဒိ ဝါ အကစ္ဆောတိ။ သစာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော အညေနညံ ပဋိစရတိ, ဗဟိဒ္ဓါ ကထံ အပနာမေတိ, ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော အကစ္ဆော ဟောတိ။ သစေ ပနာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော န အညေနညံ ပဋိစရတိ န ဗဟိဒ္ဓါ ကထံ အပနာမေတိ, န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော ကစ္ဆော ဟောတိ။
‘‘ကထာသမ္ပယောဂေန, ဘိက္ခဝေ, ပုဂ္ဂလော ဝေဒိတဗ္ဗော ယဒိ ဝါ ကစ္ဆော ယဒိ ဝါ အကစ္ဆောတိ။ သစာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော အဘိဟရတိ အဘိမဒ္ဒတိ အနုပဇဂ္ဃတိ [အနုသံဇဂ္ဃတိ (က။)] ခလိတံ ဂဏှာတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော အကစ္ဆော ဟောတိ။ သစေ ပနာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပဉှံ ပုဋ္ဌော သမာနော နာဘိဟရတိ နာဘိမဒ္ဒတိ န အနုပဇဂ္ဃတိ န ခလိတံ ဂဏှာတိ, ဧဝံ သန္တာယံ, ဘိက္ခဝေ, ပုဂ္ဂလော ကစ္ဆော ဟောတိ။
‘‘ကထာသမ္ပယောဂေန, ဘိက္ခဝေ, ပုဂ္ဂလော ဝေဒိတဗ္ဗော ယဒိ ဝါ သဥပနိသော ယဒိ ဝါ အနုပနိသောတိ။ အနောဟိတသောတော, ဘိက္ခဝေ, အနုပနိသော ဟောတိ, ဩဟိတသောတော သဥပနိသော ဟောတိ။ သော သဥပနိသော သမာနော အဘိဇာနာတိ ဧကံ ဓမ္မံ, ပရိဇာနာတိ ဧကံ ဓမ္မံ, ပဇဟတိ ဧကံ ဓမ္မံ, သစ္ဆိကရောတိ ဧကံ ဓမ္မံ။ သော အဘိဇာနန္တော ဧကံ ဓမ္မံ, ပရိဇာနန္တော ဧကံ ဓမ္မံ, ပဇဟန္တော ဧကံ ဓမ္မံ, သစ္ဆိကရောန္တော ဧကံ ဓမ္မံ သမ္မာဝိမုတ္တိံ ဖုသတိ။ ဧတဒတ္ထာ, ဘိက္ခဝေ, ကထာ၊ ဧတဒတ္ထာ မန္တနာ၊ ဧတဒတ္ထာ ဥပနိသာ၊ ဧတဒတ္ထံ သောတာဝဓာနံ, ယဒိဒံ အနုပါဒါ စိတ္တဿ ဝိမောက္ခောတိ။
‘‘ယေ ဝိရုဒ္ဓါ သလ္လပန္တိ, ဝိနိဝိဋ္ဌာ သမုဿိတာ၊
အနရိယဂုဏမာသဇ္ဇ, အညောညဝိဝရေသိနော။
‘‘ဒုဗ္ဘာသိတံ ဝိက္ခလိတံ, သမ္ပမောဟံ [သသမ္မောဟံ (က။)] ပရာဇယံ၊
အညောညဿာဘိနန္ဒန္တိ, တဒရိယော ကထနာစရေ [တဒရိယော န ကထံ ဝဒေ (က။)]။
‘‘သစေ စဿ ကထာကာမော, ကာလမညာယ ပဏ္ဍိတော၊
ဓမ္မဋ္ဌပဋိသံယုတ္တာ, ယာ အရိယစရိတာ [အရိယဉ္စရိတာ (သီ။), အရိယာဒိကာ (က။)] ကထာ။
‘‘တံ ကထံ ကထယေ ဓီရော, အဝိရုဒ္ဓေါ အနုဿိတော၊
အနုန္နတေန မနသာ, အပဠာသော အသာဟသော။
‘‘အနုသူယာယမာနော သော, သမ္မဒညာယ ဘာသတိ၊
သုဘာသိတံ အနုမောဒေယျ, ဒုဗ္ဘဋ္ဌေ နာပသာဒယေ [နာဝသာဒယေ (သီ။ ပီ။)]။
‘‘ဥပါရမ္ဘံ န သိက္ခေယျ, ခလိတဉ္စ န ဂါဟယေ [န ဘာသယေ (က။)]၊
နာဘိဟရေ နာဘိမဒ္ဒေ, န ဝါစံ ပယုတံ ဘဏေ။
‘‘အညာတတ္ထံ ပသာဒတ္ထံ, သတံ ဝေ ဟောတိ မန္တနာ၊
ဧဝံ ခေါ အရိယာ မန္တေန္တိ, ဧသာ အရိယာန မန္တနာ၊
ဧတဒညာယ မေဓာဝီ, န သမုဿေယျ မန္တယေ’’တိ။ သတ္တမံ၊
၇-ကထာဝတ္ထုသုတ် ၆၈။ ရဟန်းတို့ စကားဖြစ်ကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ “လွန်လေပြီးကာလက ဤသို့ ဖြစ်ဖူးပြီ”ဟု လွန်လေပြီးကာလကို အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ “လာလတ္တံ့ကာလ၌ ဤသို့ ဖြစ်လိမ့်မည်”ဟု လာလတ္တံ့ကာလကို့အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏၊ ရဟန်းတို့ “ယခုဖြစ်ဆဲကာလ၌ ဤသို့ ဖြစ်နေ၏”ဟု ယခုဖြစ်ဆဲသော ကာလကို အကြောင်းပြု၍မူလည်း စကားကို ပြောဆိုရာ၏။ ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍သော်လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍သော်လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက်ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ မဖြေဆိုငြားအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို ဝေဖန်၍ မဖြေဆိုငြားအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ မဖြေဆိုငြားအံ့၊ (မဖြေဆိုဘဲ) ထားရမည်ဖြစ်သော ပြဿနာကို (မဖြေဆိုဘဲ) မထားငြားအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက်ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ ဖြေဆိုအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို ဝေဖန်၍ ဖြေဆိုအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည် ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ ဖြေဆိုအံ့၊ (မဖြေဆိုဘဲ) ထားရမည်ဖြစ်သော ပြဿနာကိုလည်း (မဖြေဆိုဘဲ) ထားအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ မတည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍ မတည်အံ့၊ သိရမည့် ဝါဒ၌ အကယ်၍ မတည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ မတည်အံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ တည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍ တည်အံ့၊ သိရမည့်ဝါဒ၌ အကယ်၍ တည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ တည်အံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေး သင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ ဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ ပယ်အံ့၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ မဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ မပယ်အံ့၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာ မပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍လည်းကောင်း၊ မဆွေးနွေးသင့်သူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) လွှမ်းမိုးအံ့၊ (အကြောင်းပြ၍) ဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယရှိလာအောင်) ပြင်းစွာ ရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှားဖမ်းအံ့။ ရဟန်းတို့ ဤသို့ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) မလွှမ်းမိုးအံ့၊ (အကြောင်းပြ၍) မဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ ရှိလာအောင်) ပြင်းစွာ မရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှား မဖမ်းအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “မှီရာအကြောင်းရှိသူဟူ၍လည်းကောင်း၊ မှီရာ အကြောင်းမရှိသူဟူ၍လည်းကောင်း” သိအပ်၏။ ရဟန်းတို့ နားမထောင်သူသည် မှီရာအကြောင်းမရှိသူ ဖြစ်၏၊ နားထောင်သူသည် မှီရာ အကြောင်းရှိသူ ဖြစ်၏၊ ထိုသူသည် မှီရာအကြောင်းရှိသူ ဖြစ်ခဲ့သော် (အရိယာမဂ်ဟူသော) တစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၏၊ (ဒုက္ခသစ္စာဟူသော) တစ်ခုသော တရားကို ပိုင်းခြားသိ၏၊ (အကုသိုလ်ဟူသော) တစ်ခုသော တရားကို ပယ်စွန့်၏၊ (နိဗ္ဗာန်ဟူသော) တစ်ခုသော တရားကို မျက်မှောက်ပြု၏။ ထိုပုဂ္ဂိုလ်သည် (အရိယာမဂ်ဟူသော) တစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ (ဒုက္ခသစ္စာဟူသော) တစ်ခုသော တရားကို ပိုင်းခြားသိလျက် (အကုသိုလ်ဟူသော) တစ်ခုသော တရားကို ပယ်စွန့်ကာ (နိဗ္ဗာန်ဟူသော) တစ်ခုသော တရားကို မျက်မှောက်ပြုပြီး လျှင် ကိလေသာမှ ကောင်းစွာ လွတ်မြောက်သော အရဟတ္တဖိုလ်သို့ ရောက်၏၊ ရဟန်းတို့ (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ စိတ်၏ ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်သည် ရှိ၏၊ နှီးနှောမိခြင်းကြောင့်ဖြစ်သော စကားသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ ပြောဆိုတိုင်ပင်ခြင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ နားထောင်ခြင်းဟူသော မှီရာအကြောင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏၊ နားထောင်၍ မှတ်ခြင်းသည် ထို အရဟတ္တဖိုလ်တည်းဟူသော အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။ အကြင်သူတို့သည် ဆန့်ကျင်ကုန်သည်ဖြစ်၍ မှားသောအားဖြင့် နှလုံးသွင်း ကုန်ပြီးလျှင် ထောင်လွှားကုန်လျက် ပုထုဇဥ်တို့ ဥစ္စာဖြစ်သော ဂုဏ်သိက္ခာကို ထိခိုက်၍ အချင်းချင်း အပြစ်ရှာလျက် ပြောဆိုကုန်၏။ (ထိုသူတို့သည်) အချင်းချင်း၏ မကောင်းသဖြင့် ပြောဆိုအပ်သော အနည်းငယ်မျှ ချွတ်ယွင်းတွေဝေသော အရှုံးစကားကို အလွန် နှစ်သက်ကုန်၏၊ အရိယာပုဂ္ဂိုလ် ကား ထို စကားမျိုးကို မဆိုပေ။ ပညာရှိသည် အကယ်၍ စကားပြောဆိုလိုလျှင် အချိန်အခါကိုသိ၍တရား၌ တည်လျက်တရားနှင့် ယှဥ်စပ်သော အရိယာတို့၏ အသုံးအနှုန်းဖြစ်သော စကား ကို ဆိုရာ၏။ ပညာရှိသည် မဆန့်ကျင် မထောင်လွှားဘဲ မပျံ့လွင်သော စိတ်ဖြင့် ဂုဏ်မပြိုင်, နိုင်ထက်ကလူ မပြု၊ ထို ပညာရှိသည် ငြူစူခြင်းမရှိဘဲ ကောင်းစွာ သိ၍ ပြောဆို၏၊ ကောင်းစွာ ပြောဆိုအပ်သော စကားကိုလည်း ဝမ်းမြောက်ရာ၏၊ မကောင်းသဖြင့် ဆိုအပ်သော် မခြိမ်းခြောက်ရာ။ သူတစ်ပါးအား ခြုတ်ခြယ် စောင်းမြောင်းခြင်းကို မပြုကျင့်ရာ၊ ချွတ်ချော်သော စကားကိုလည်း (အပြစ်ဟု) မယူရာ၊ (ပါဠိပါဌ်သားတို့ကို ရွတ်၍လည်း) မလွှမ်းမိုး ရာ၊ (အကြောင်းပြ၍) မဖိနှိပ်ရာ၊ အမှန်အမှား ရောစပ်သော စကားကိုလည်း မဆိုရာ။ သူတော်ကောင်းတို့၏ ဆွေးနွေးခြင်းသည် စင်စစ် သိခြင်း ကြည်ညိုခြင်း အကျိုးငှါဖြစ်၏၊ ဤသို့လျှင် အရိယာတို့သည် တိုင်ပင်ကုန်၏။ ဤသည်ကား အရိယာတို့၏ တိုင်ပင်ခြင်းမည်၏၊ ပညာရှိသည် ထို အရိယာတို့၏ တိုင်ပင်ခြင်းကို သိ၍ မထောင်လွှားဘဲ တိုင်ပင်ရာသတည်း။ သတ္တမသုတ်။
Numbered Discourses 3.67 7. The Great Chapter Topics of Discussion “There are, mendicants, these three topics of discussion. What three? You might discuss the past: ‘That is how it was in the past.’ You might discuss the future: ‘That is how it will be in the future.’ Or you might discuss the present: ‘This is how it is at present.’ You can know whether or not an individual is competent to hold a discussion by seeing how they take part in a discussion. When an individual is asked a question, if it needs to be answered categorically and they don’t answer it categorically; or if it needs analysis and they answer without analyzing it; or if it needs a counter-question and they answer without a counter-question; or if it should be set aside and they don’t set it aside, then that individual is not competent to hold a discussion. When an individual is asked a question, if it needs to be answered categorically and they answer it categorically; or if it needs analysis and they answer after analyzing it; or if it needs a counter-question and they answer with a counter-question; or if it should be set aside and they set it aside, then that individual is competent to hold a discussion. You can know whether or not an individual is competent to hold a discussion by seeing how they take part in a discussion. When an individual is asked a question, if they’re not consistent about what their position is and what it isn’t; about what they propose; about speaking from what they know; and about the appropriate procedure, then that individual is not competent to hold a discussion. When an individual is asked a question, if they are consistent about what their position is and what it isn’t; about what they propose; about speaking from what they know; and about the appropriate procedure, then that individual is competent to hold a discussion. You can know whether or not an individual is competent to hold a discussion by seeing how they take part in a discussion. When an individual is asked a question, if they dodge the issue; distract the discussion with irrelevant points; or display annoyance, hate, and bitterness, then that individual is not competent to hold a discussion. When an individual is asked a question, if they don’t dodge the issue; distract the discussion with irrelevant points; or display annoyance, hate, and bitterness, then that individual is competent to hold a discussion. You can know whether or not an individual is competent to hold a discussion by seeing how they take part in a discussion. When an individual is asked a question, if they intimidate, crush, mock, or seize on trivial mistakes, then that individual is not competent to hold a discussion. When an individual is asked a question, if they don’t intimidate, crush, mock, or seize on trivial mistakes, then that individual is competent to hold a discussion. You can know whether or not an individual has what’s required by seeing how they take part in a discussion. If they actively listen they have what’s required; if they don’t actively listen they don’t have what’s required. Someone who has what’s required directly knows one thing, completely understands one thing, gives up one thing, and realizes one thing— and then they experience complete freedom. This is the purpose of discussion, consultation, sitting close, and listening well, that is, the liberation of the mind by not grasping. Those who converse with hostility, too sure of themselves, arrogant, ignoble, attacking virtues, they look for flaws in each other. They rejoice together when their opponent speaks poorly and makes a mistake, becoming confused and defeated— but the noble ones don’t discuss like this. If an astute person wants to hold a discussion connected with the teaching and its meaning— the kind of discussion that noble ones hold— then that attentive one should start the discussion, knowing when the time is right, neither hostile nor arrogant. Not over-excited, contemptuous, or aggressive, or with a mind full of jealousy, they’d speak from what they rightly know. They agree with what was well spoken, without criticizing what was poorly said. They’d not persist in finding faults, nor seize on trivial mistakes, neither intimidating nor crushing the other, nor would they speak suggestively. Good people consult for the sake of knowledge and clarity. That’s how the noble ones consult, this is a noble consultation. Knowing this, an intelligent person would consult without arrogance.”
၈။ အညတိတ္ထိယသုတ္တံ
၆၉။ ‘‘သစေ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘တယောမေ, အာဝုသော, ဓမ္မာ။ ကတမေ တယော? ရာဂေါ, ဒေါသော, မောဟော – ဣမေ ခေါ, အာဝုသော, တယော ဓမ္မာ။ ဣမေသံ, အာဝုသော, တိဏ္ဏံ ဓမ္မာနံ ကော ဝိသေသော ကော အဓိပ္ပယာသော [အဓိပ္ပါယော (သီ။) အဓိပ္ပါယာသော (သျာ။ ကံ။ ပီ။) အဓိ + ပ + ယသု + ဏ = အဓိပ္ပယာသော] ကိံ နာနာကရဏ’န္တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ကိန္တိ ဗျာကရေယျာထာ’’တိ? ‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ ဘဂဝံနေတ္တိကာ ဘဂဝံပဋိသရဏာ။ သာဓု ဝတ, ဘန္တေ, ဘဂဝန္တံယေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေန ဟိ, ဘိက္ခဝေ, သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘သစေ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘တယောမေ, အာဝုသော, ဓမ္မာ။ ကတမေ တယော? ရာဂေါ, ဒေါသော, မောဟော – ဣမေ ခေါ, အာဝုသော, တယော ဓမ္မာ၊ ဣမေသံ, အာဝုသော, တိဏ္ဏံ ဓမ္မာနံ ကော ဝိသေသော ကော အဓိပ္ပယာသော ကိံ နာနာကရဏ’န္တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘ရာဂေါ ခေါ, အာဝုသော, အပ္ပသာဝဇ္ဇော ဒန္ဓဝိရာဂီ, ဒေါသော မဟာသာဝဇ္ဇော ခိပ္ပဝိရာဂီ, မောဟော မဟာသာဝဇ္ဇော ဒန္ဓဝိရာဂီ’’’ တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော ဝါ ရာဂေါ ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ရာဂေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’တိ? ‘သုဘနိမိတ္တန္တိဿ ဝစနီယံ။ တဿ သုဘနိမိတ္တံ အယောနိသော မနသိ ကရောတော အနုပ္ပန္နော ဝါ ရာဂေါ ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ရာဂေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော ဝါ ရာဂေါ ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ရာဂေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’’တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော ဝါ ဒေါသော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ဒေါသော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’တိ? ‘ပဋိဃနိမိတ္တံ တိဿ ဝစနီယံ။ တဿ ပဋိဃနိမိတ္တံ အယောနိသော မနသိ ကရောတော အနုပ္ပန္နော ဝါ ဒေါသော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ဒေါသော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော ဝါ ဒေါသော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ ဒေါသော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’’တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော ဝါ မောဟော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ မောဟော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’တိ? ‘အယောနိသော မနသိကာရော တိဿ ဝစနီယံ။ တဿ အယောနိသော မနသိ ကရောတော အနုပ္ပန္နော ဝါ မောဟော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ မောဟော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော ဝါ မောဟော ဥပ္ပဇ္ဇတိ ဥပ္ပန္နော ဝါ မောဟော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီ’’’တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော စေဝ ရာဂေါ နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ရာဂေါ ပဟီယတီ’တိ? ‘အသုဘနိမိတ္တန္တိဿ ဝစနီယံ။ တဿ အသုဘနိမိတ္တံ ယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ရာဂေါ နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ရာဂေါ ပဟီယတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော စေဝ ရာဂေါ နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ရာဂေါ ပဟီယတီ’’’တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော စေဝ ဒေါသော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ဒေါသော ပဟီယတီ’တိ? ‘မေတ္တာ စေတောဝိမုတ္တီ တိဿ ဝစနီယံ။ တဿ မေတ္တံ စေတောဝိမုတ္တိံ ယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ ဒေါသော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ဒေါသော ပဟီယတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော စေဝ ဒေါသော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ ဒေါသော ပဟီယတီ’’’တိ။
‘‘‘ကော ပနာဝုသော, ဟေတု ကော ပစ္စယော ယေန အနုပ္ပန္နော စေဝ မောဟော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ မောဟော ပဟီယတီ’တိ? ‘ယောနိသောမနသိကာရော တိဿ ဝစနီယံ။ တဿ ယောနိသော မနသိ ကရောတော အနုပ္ပန္နော စေဝ မောဟော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ မောဟော ပဟီယတိ။ အယံ ခေါ, အာဝုသော, ဟေတု အယံ ပစ္စယော ယေန အနုပ္ပန္နော ဝါ မောဟော နုပ္ပဇ္ဇတိ ဥပ္ပန္နော စ မောဟော ပဟီယတီ’’’တိ။ အဋ္ဌမံ။
၈-အညတိတ္ထိယသုတ် ၆၉။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် ဤသို့ မေးကုန်ငြားအံ့- “ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’တို့တည်း။ ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့ပေတည်း။ ငါ့သျှင်တို့ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်နည်း၊ ပယောဂ လွန်ကဲမှုကား အဘယ်နည်း၊ ကွဲပြားခြားနားမှုကား အဘယ်နည်းဟု (မေးကုန်ငြားအံ့)။ ဤသို့ မေးအပ့်ကုန်သော် ရဟန်းတို့ သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိသော ထို ပရိဗိုဇ်တို့အား အဘယ်သို့ ဖြေဆိုကုန်မည်နည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားတရားတော်တို့သည် အကျွန်ုပ်တို့ အား မြတ်စွာဘုရားလျှင် အကြောင်းရင်းရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ပုဂ္ဂိုလ် ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် သက်ဝင်ရာရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ ဟောကြားအပ်သော ထိုတရား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသည်သာလျှင် ဝေဖန် ဟောကြားတော်မူပါ၊ မြတ်စွာဘုရားထံမှ ကြားနာကြရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန်လတ္တံ့ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ ရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် ဤသို့ မေးကုန်ငြားအံ့ “ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’တို့တည်း။ ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့ ပေတည်း။ ငါ့သျှင်တို့ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်ပါနည်း၊ ပယောဂလွန်ကဲမှုကား အဘယ်ပါနည်း၊ ကွဲပြား ခြားနားမှုကား အဘယ်ပါနည်း”ဟု မေးကုန်ငြားအံ့။ ဤသို့မေးအပ်ကုန်သော် ရဟန်းတို့ သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိသော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြ ကုန်လော့ “ငါ့သျှင်တို့ ရာဂသည် အပြစ်နည်း၏၊ ဖြည်းဖြည်း ကင်းပျောက်၏၊ ဒေါသသည် အပြစ်ကြီး၏၊ မြန်မြန် ကင်းပျောက်၏၊ မောဟသည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏”ဟု (ဖြေဆိုကြ ကုန်လော့)။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောရာဂ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ တိုးပွါး ပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်နည်းဟု အကယ်၍ မေးခဲ့လျှင် “တင့်တယ်သော အာရုံ ‘သုဘနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ တင့်တယ်သော အာရုံ ‘သုဘနိမိတ်’ ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း တိုးပွါး ပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောရာဂ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ရာဂတိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “ဒေါသဖြစ်ကြောင်း အာရုံ ‘ပဋိဃနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်း အာရုံ ‘ပဋိဃနိမိတ်’ ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း တိုးပွါးပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောဒေါသ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောမောဟ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောမောဟ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ’တည်း”ဟု ဖြေဆိုရာ၏။ (အာရုံဟူသမျှကို) မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း တိုးပွါး ပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော မောဟဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော မောဟ တိုးပွါးပြန့်ပြောရန့်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောရာဂ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ ပျောက် ကင်းရန် သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့လျှင် “မတင့်တယ်သော အာရုံ ‘အသုဘနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ မတင့်တယ်သော အာရုံ အသုဘ နိမိတ်ကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ် ပြီးသော ရာဂသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောရာဂ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက် အပံ့တည်းဟု ဖြေဆိုရာ၏။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောဒေါသ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောဒေါသ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်နည်းဟု အကယ်၍ မေးခဲ့လျှင် “စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်း”ဟု ဖြေဆိုရာ၏။ စိတ်၏ (ဗျာပါဒမှ) လွတ် မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော ဒေါသမဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။ ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောမောဟ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောမောဟ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “သင့်သော အားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ’တည်း”ဟု ဖြေဆိုရာ၏။ (အာရုံဟူသမျှကို) သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော မောဟမဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော မောဟပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာသတည်း။ အဋ္ဌမသုတ်။
Numbered Discourses 3.68 7. The Great Chapter Followers of Other Religions “Mendicants, if wanderers of other religions were to ask: ‘There are these three things. What three? Greed, hate, and delusion. These are the three things. What’s the difference between them?’ How would you answer them?” “Our teachings are rooted in the Buddha. He is our guide and our refuge. Sir, may the Buddha himself please clarify the meaning of this. The mendicants will listen and remember it.” “Well then, mendicants, listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “Mendicants, if wanderers of other religions were to ask: ‘There are these three things. What three? Greed, hate, and delusion. These are the three things. What’s the difference between them?’ You should answer them: ‘Greed, reverends, is mildly blameworthy, but slow to fade away. Hate is very blameworthy, but quick to fade away. Delusion is very blameworthy, and slow to fade away.’ And if they ask: ‘What is the cause, what is the reason why greed arises, and once arisen it increases and grows?’ You should say: ‘The feature of beauty. When you apply the mind irrationally to the feature of beauty, greed arises, and once arisen it increases and grows. This is the cause, this is the reason why greed arises, and once arisen it increases and grows.’ And if they ask: ‘What is the cause, what is the reason why hate arises, and once arisen it increases and grows?’ You should say: ‘The feature of aversion. When you apply the mind irrationally to the feature of aversion, hate arises, and once arisen it increases and grows. This is the cause, this is the reason why hate arises, and once arisen it increases and grows.’ And if they ask: ‘What is the cause, what is the reason why delusion arises, and once arisen it increases and grows?’ You should say: ‘Irrational application of mind. When you apply the mind irrationally, delusion arises, and once arisen it increases and grows. This is the cause, this is the reason why delusion arises, and once arisen it increases and grows.’ And if they ask, ‘What is the cause, what is the reason why greed doesn’t arise, or if it’s already arisen it’s given up?’ You should say: ‘The feature of ugliness. When you apply the mind rationally on the ugly feature of things, greed doesn’t arise, or if it’s already arisen it’s given up. This is the cause, this is the reason why greed doesn’t arise, or if it’s already arisen it’s given up.’ And if they ask, ‘What is the cause, what is the reason why hate doesn’t arise, or if it’s already arisen it’s given up?’ You should say: ‘The heart’s release by love. When you apply the mind rationally on the heart’s release by love, hate doesn’t arise, or if it’s already arisen it’s given up. This is the cause, this is the reason why hate doesn’t arise, or if it’s already arisen it’s given up.’ And if they ask, ‘What is the cause, what is the reason why delusion doesn’t arise, or if it’s already arisen it’s given up?’ You should say: ‘Rational application of mind. When you apply the mind rationally, delusion doesn’t arise, or if it’s already arisen it’s given up. This is the cause, this is the reason why delusion doesn’t arise, or if it’s already arisen it’s given up.’”
၉။ အကုသလမူလသုတ္တံ
၇၀။ ‘‘တီဏိမာနိ, ဘိက္ခဝေ, အကုသလမူလာနိ။ ကတမာနိ တီဏိ? လောဘော အကုသလမူလံ, ဒေါသော အကုသလမူလံ, မောဟော အကုသလမူလံ။
‘‘ယဒပိ, ဘိက္ခဝေ, လောဘော တဒပိ အကုသလမူလံ [အကုသလံ (သီ။ သျာ။ ကံ။ ပီ။)]၊ ယဒပိ လုဒ္ဓေါ အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ အကုသလံ [အကုသလမူလံ (က။)]၊ ယဒပိ လုဒ္ဓေါ လောဘေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ [ဥပဒဟတိ (သီ။ သျာ။ ကံ။ ပီ။)] ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ အကုသလံ [ဣဒံ ပန သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ]။ ဣတိဿမေ လောဘဇာ လောဘနိဒါနာ လောဘသမုဒယာ လောဘပစ္စယာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။
‘‘ယဒပိ, ဘိက္ခဝေ, ဒေါသော တဒပိ အကုသလမူလံ၊ ယဒပိ ဒုဋ္ဌော အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ အကုသလံ၊ ယဒပိ ဒုဋ္ဌော ဒေါသေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ အကုသလံ။ ဣတိဿမေ ဒေါသဇာ ဒေါသနိဒါနာ ဒေါသသမုဒယာ ဒေါသပစ္စယာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။
‘‘ယဒပိ, ဘိက္ခဝေ, မောဟော တဒပိ အကုသလမူလံ၊ ယဒပိ မူဠှော အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ အကုသလံ၊ ယဒပိ မူဠှော မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ အကုသလံ။ ဣတိဿမေ မောဟဇာ မောဟနိဒါနာ မောဟသမုဒယာ မောဟပစ္စယာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။ ဧဝရူပေါ စာယံ, ဘိက္ခဝေ, ပုဂ္ဂလော ဝုစ္စတိ အကာလဝါဒီတိပိ, အဘူတဝါဒီတိပိ, အနတ္ထဝါဒီတိပိ, အဓမ္မဝါဒီတိပိ, အဝိနယဝါဒီတိပိ။
‘‘ကသ္မာ စာယံ, ဘိက္ခဝေ, ဧဝရူပေါ ပုဂ္ဂလော ဝုစ္စတိ အကာလဝါဒီတိပိ, အဘူတဝါဒီတိပိ, အနတ္ထဝါဒီတိပိ, အဓမ္မဝါဒီတိပိ, အဝိနယဝါဒီတိပိ? တထာဟာယံ, ဘိက္ခဝေ, ပုဂ္ဂလော ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ။ ဘူတေန ခေါ ပန ဝုစ္စမာနော အဝဇာနာတိ, နော ပဋိဇာနာတိ၊ အဘူတေန ဝုစ္စမာနော န အာတပ္ပံ ကရောတိ, တဿ နိဗ္ဗေဌနာယ ဣတိပေတံ အတစ္ဆံ ဣတိပေတံ အဘူတန္တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော ဝုစ္စတိ အကာလဝါဒီတိပိ, အဘူတဝါဒီတိပိ, အနတ္ထဝါဒီတိပိ, အဓမ္မဝါဒီတိပိ, အဝိနယဝါဒီတိပိ။
‘‘ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော လောဘဇေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒိဋ္ဌေ စေဝ ဓမ္မေ ဒုက္ခံ ဝိဟရတိ, သဝိဃာတံ သဥပါယာသံ သပရိဠာဟံ။ ကာယဿ စ ဘေဒါ ပရံ မရဏာ ဒုဂ္ဂတိ ပါဋိကင်္ခါ။
‘‘ဒေါသဇေဟိ…ပေ… မောဟဇေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒိဋ္ဌေ စေဝ ဓမ္မေ ဒုက္ခံ ဝိဟရတိ, သဝိဃာတံ သဥပါယာသံ သပရိဠာဟံ။ ကာယဿ စ ဘေဒါ ပရံ မရဏာ ဒုဂ္ဂတိ ပါဋိကင်္ခါ။ သေယျထာပိ, ဘိက္ခဝေ, သာလော ဝါ ဓဝေါ ဝါ ဖန္ဒနော ဝါ တီဟိ မာလုဝါလတာဟိ ဥဒ္ဓသ္တော ပရိယောနဒ္ဓေါ အနယံ အာပဇ္ဇတိ, ဗျသနံ အာပဇ္ဇတိ, အနယဗျသနံ အာပဇ္ဇတိ၊ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဧဝရူပေါ ပုဂ္ဂလော လောဘဇေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒိဋ္ဌေ စေဝ ဓမ္မေ ဒုက္ခံ ဝိဟရတိ, သဝိဃာတံ သဥပါယာသံ သပရိဠာဟံ။ ကာယဿ စ ဘေဒါ ပရံ မရဏာ ဒုဂ္ဂတိ ပါဋိကင်္ခါ။
‘‘ဒေါသဇေဟိ…ပေ… မောဟဇေဟိ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒိဋ္ဌေ စေဝ ဓမ္မေ ဒုက္ခံ ဝိဟရတိ သဝိဃာတံ သဥပါယာသံ သပရိဠာဟံ။ ကာယဿ စ ဘေဒါ ပရံ မရဏာ ဒုဂ္ဂတိ ပါဋိကင်္ခါ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အကုသလမူလာနီတိ။
‘‘တီဏိမာနိ, ဘိက္ခဝေ, ကုသလမူလာနိ။ ကတမာနိ တီဏိ? အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ, အမောဟော ကုသလမူလံ။
‘‘ယဒပိ, ဘိက္ခဝေ, အလောဘော တဒပိ ကုသလမူလံ [ကုသလံ (သီ။ သျာ။ ကံ။ ပီ။)]၊ ယဒပိ အလုဒ္ဓေါ အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ ကုသလံ [ကုသလမူလံ (က။)]၊ ယဒပိ အလုဒ္ဓေါ လောဘေန အနဘိဘူတော အပရိယာဒိန္နစိတ္တော န ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ ကုသလံ။ ဣတိဿမေ အလောဘဇာ အလောဘနိဒါနာ အလောဘသမုဒယာ အလောဘပစ္စယာ အနေကေ ကုသလာ ဓမ္မာ သမ္ဘဝန္တိ။
‘‘ယဒပိ, ဘိက္ခဝေ, အဒေါသော တဒပိ ကုသလမူလံ၊ ယဒပိ အဒုဋ္ဌော အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ ကုသလံ၊ ယဒပိ အဒုဋ္ဌော ဒေါသေန အနဘိဘူတော အပရိယာဒိန္နစိတ္တော န ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ ကုသလံ။ ဣတိဿမေ အဒေါသဇာ အဒေါသနိဒါနာ အဒေါသသမုဒယာ အဒေါသပစ္စယာ အနေကေ ကုသလာ ဓမ္မာ သမ္ဘဝန္တိ။
‘‘ယဒပိ, ဘိက္ခဝေ, အမောဟော တဒပိ ကုသလမူလံ၊ ယဒပိ အမူဠှော အဘိသင်္ခရောတိ ကာယေန ဝါစာယ မနသာ တဒပိ ကုသလံ၊ ယဒပိ အမူဠှော မောဟေန အနဘိဘူတော အပရိယာဒိန္နစိတ္တော န ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ တဒပိ ကုသလံ။ ဣတိဿမေ အမောဟဇာ အမောဟနိဒါနာ အမောဟသမုဒယာ အမောဟပစ္စယာ အနေကေ ကုသလာ ဓမ္မာ သမ္ဘဝန္တိ။ ဧဝရူပေါ စာယံ, ဘိက္ခဝေ, ပုဂ္ဂလော ဝုစ္စတိ ကာလဝါဒီတိပိ, ဘူတဝါဒီတိပိ, အတ္ထဝါဒီတိပိ, ဓမ္မဝါဒီတိပိ, ဝိနယဝါဒီတိပိ။
‘‘ကသ္မာ စာယံ, ဘိက္ခဝေ, ဧဝရူပေါ ပုဂ္ဂလော ဝုစ္စတိ ကာလဝါဒီတိပိ, ဘူတဝါဒီတိပိ, အတ္ထဝါဒီတိပိ, ဓမ္မဝါဒီတိပိ, ဝိနယဝါဒီတိပိ? တထာဟာယံ, ဘိက္ခဝေ, ပုဂ္ဂလော န ပရဿ အသတာ ဒုက္ခံ ဥပ္ပါဒယတိ ဝဓေန ဝါ ဗန္ဓနေန ဝါ ဇာနိယာ ဝါ ဂရဟာယ ဝါ ပဗ္ဗာဇနာယ ဝါ ဗလဝမှိ ဗလတ္ထော ဣတိပိ။ ဘူတေန ခေါ ပန ဝုစ္စမာနော ပဋိဇာနာတိ နော အဝဇာနာတိ၊ အဘူတေန ဝုစ္စမာနော အာတပ္ပံ ကရောတိ တဿ နိဗ္ဗေဌနာယ – ‘ဣတိပေတံ အတစ္ဆံ, ဣတိပေတံ အဘူတ’န္တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော ဝုစ္စတိ ကာလဝါဒီတိပိ, အတ္ထဝါဒီတိပိ, ဓမ္မဝါဒီတိပိ, ဝိနယဝါဒီတိပိ။
‘‘ဧဝရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ လောဘဇာ ပါပကာ အကုသလာ ဓမ္မာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ဒိဋ္ဌေဝ ဓမ္မေ သုခံ ဝိဟရတိ အဝိဃာတံ အနုပါယာသံ အပရိဠာဟံ။ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ။
‘‘ဒေါသဇာ…ပေ… ပရိနိဗ္ဗာယတိ။ မောဟဇာ…ပေ… ပရိနိဗ္ဗာယတိ။ သေယျထာပိ ဘိက္ခဝေ, သာလော ဝါ ဓဝေါ ဝါ ဖန္ဒနော ဝါ တီဟိ မာလုဝါလတာဟိ ဥဒ္ဓသ္တော ပရိယောနဒ္ဓေါ။ အထ ပုရိသော အာဂစ္ဆေယျ ကုဒ္ဒါလ-ပိဋကံ [ကုဒ္ဒါလပိဋကံ (သီ။ သျာ။ ကံ။ ပီ။)] အာဒါယ။ သော တံ မာလုဝါလတံ မူလေ ဆိန္ဒေယျ, မူလေ ဆေတွာ ပလိခဏေယျ, ပလိခဏိတွာ မူလာနိ ဥဒ္ဓရေယျ, အန္တမသော ဥသီရနာဠိမတ္တာနိပိ [ဥသီရနာဠမတ္တာနိပိ (သီ။ သျာ။ ကံ။ ပီ။)]။ သော တံ မာလုဝါလတံ ခဏ္ဍာခဏ္ဍိကံ ဆိန္ဒေယျ, ခဏ္ဍာခဏ္ဍိကံ ဆေတွာ ဖာလေယျ, ဖာလေတွာ သကလိကံ သကလိကံ ကရေယျ, သကလိကံ သကလိကံ ကရိတွာ ဝါတာတပေ ဝိသောသေယျ, ဝါတာတပေ ဝိသောသေတွာ အဂ္ဂိနာ ဍဟေယျ, အဂ္ဂိနာ ဍဟိတွာ မသိံ ကရေယျ, မသိံ ကရိတွာ မဟာဝါတေ ဝါ ဩဖုဏေယျ နဒိယာ ဝါ သီဃသောတာယ ပဝါဟေယျ။ ဧဝမဿ [ဧဝမဿု (သီ။), ဧဝဿု (က။)] တာ, ဘိက္ခဝေ, မာလုဝါလတာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဧဝရူပဿ ပုဂ္ဂလဿ လောဘဇာ ပါပကာ အကုသလာ ဓမ္မာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ဒိဋ္ဌေဝ ဓမ္မေ သုခံ ဝိဟရတိ အဝိဃာတံ အနုပါယာသံ အပရိဠာဟံ။ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ။
‘‘ဒေါသဇာ …ပေ… မောဟဇာ ပါပကာ အကုသလာ ဓမ္မာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ဒိဋ္ဌေဝ ဓမ္မေ သုခံ ဝိဟရတိ အဝိဃာတံ အနုပါယာသံ အပရိဠာဟံ။ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ကုသလမူလာနီ’’တိ။ နဝမံ။
၉-အကုသလမူလသုတ် ၇၀။ ရဟန်းတို့ အကုသိုလ်၏ အကြောင်းရင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- လောဘဟူသော အကုသိုလ်၏ အကြောင်းရင်း၊ ဒေါသဟူသော အကုသိုလ်၏ အကြောင်းရင်း၊ မောဟဟူသော အကုသိုလ်၏ အကြောင်းရင်းတို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း ‘လောဘ’သည် ရှိ၏၊ ယင်းတပ်မက်ခြင်း ‘လောဘ’သည် အကုသိုလ်၏ အကြောင်းရင်းတည်း။ တပ်မက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် အကုသိုလ်တည်း။ တပ်မက်သူသည် တပ်မက်ခြင်း ‘လောဘ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်း ဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့် သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် လောဘကြောင့် ဖြစ်ကုန်သော လောဘလျှင် အကြောင်းရင်းရှိကုန်သော လောဘလျှင် ဖြစ်ကြောင်းရှိကုန် သော လောဘလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ အမျက်ထွက်ခြင်း ‘ဒေါသ’သည် ရှိ၏၊ ယင်း အမျက်ထွက်ခြင်း ဒေါသသည် အကုသိုလ်၏ အကြောင်းရင်းတည်း။ အမျက်ထွက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည်လည်း အကုသိုလ်တည်း။ အမျက်ထွက်သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ နှိပ်စက်အပ် သိမ်းယူအပ် သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် ဒေါသကြောင့် ဖြစ်ကုန်သော ဒေါသလျှင် အကြောင်းရင်းရှိကုန်သော ဒေါသလျှင် ဖြစ်ကြောင်းရှိကုန်သော ဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ တွေဝေခြင်း ‘မောဟ’သည် ရှိ၏။ ယင်းတွေဝေခြင်း ‘မောဟ’သည် အကုသိုလ်၏ အကြောင်းရင်းတည်း။ တွေဝေသူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် အကုသိုလ်ပေတည်း၊ တွေဝေသူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့် သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် မောဟကြောင့် ဖြစ်ကုန်သော မောဟလျှင် အကြောင်းရင်းရှိကုန်သော မောဟလျှင် ဖြစ်ကြောင်းရှိကုန်သော မောဟလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မဟုတ်မမှန်သော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “တရားမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ” “မဟုတ် မမှန်သော စကားကို ပြောဆိုတတ်သူ” “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ” “တရားမဟုတ်သည်ကို ပြောဆိုတတ်သူ” “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟု အဘယ့်ကြောင့် ခေါ်ဆိုအပ် ပါသနည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်း ဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ဟုတ်မှန်သောစကားဖြင့် ဆိုအပ်သော် ငြင်းပယ်၏၊ ဝန်မခံ၊ မဟုတ်မမှန်သော စကားဖြင့် ဆိုအပ်သော် ဤစကားသည် “ဤအကြောင်းကြောင့် မမှန်၊ ဤအကြောင်းကြောင့် မဟုတ်”ဟု ထို စကားကို ဖြေရှင်းရန် လုံ့လမပြု။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မဟုတ်မမှန်သောစကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “တရား မဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရား ယုတ်တို့ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင့်းပူလောင်ခြင်းရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက် အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း ရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ သုံးခုသော မာလောနွယ်တို့သည် ဖျက်ဆီး ရစ်ပတ် မှေးယှက်အပ်သော အင်ကြင်းပင် ဖြစ်စေ မျောက်ငိုပင်ဖြစ်စေ ကြို့ပင်ဖြစ်စေ မကြီးပွါးခြင်းသို့ ရောက်ရသကဲ့သို့ ပျက်စီးခြင်းသို့ ရောက်ရ သကဲ့သို့ မကြီးမပွါး ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသို့သဘော ရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက်အပ် သိမ်းယူ အပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက် အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း ရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ဤသည်တို့ကား အကုသိုလ်၏ အကြောင်းရင်း သုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ ရဟန်းတို့ ကုသိုလ်၏ အကြောင်းရင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အလောဘဟူသော ကုသိုလ်၏ အကြောင်းရင်း၊ အဒေါသဟူသော ကုသိုလ်၏ အကြောင်းရင်း၊ အမောဟဟူသော ကုသိုလ်၏ အကြောင်းရင်းတို့တည်း။ ရဟန်းတို့ မတပ်မက်ခြင်း ‘အလောဘ’သည် ရှိ၏၊ ယင်းအလောဘသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ မတပ်မက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် ကုသိုလ်တည်း။ မတပ်မက်သူသည် တပ်မက်ခြင်း ‘လောဘ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အလောဘကြောင့် ဖြစ်ကုန်သော အလောဘလျှင် အကြောင်းရင်းရှိကုန်သော အလောဘလျှင် ဖြစ်ကြောင်း ရှိကုန်သော အလောဘလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာကုန်သော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ အမျက်မထွက်ခြင်း ‘အဒေါသ’သည် ရှိ၏၊ ယင်းအဒေါသသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ အမျက်မထွက်သော သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် ကုသိုလ်တည်း။ အမျက်မထွက်သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်း ဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အဒေါသကြောင့် ဖြစ်ကုန်သော အဒေါသ လျှင် အကြောင်းရင်းရှိကုန်သော အဒေါသလျှင့်ဖြစ်ကြောင်း ရှိကုန်သော အဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ မတွေဝေခြင်း ‘အမောဟ’သည် ရှိ၏။ ယင်းအမောဟသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ မတွေဝေသော ပုဂ္ဂိုလ်သည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်ခြင်းသည်လည်း ကုသိုလ်တည်း။ မတွေဝေသူသည် တွေဝေခြင်း ‘မောဟ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အမောဟကြောင့် ဖြစ်ကုန် သော အမောဟလျှင် အကြောင်းရင်းရှိကုန်သော အမောဟလျှင် ဖြစ်ကြောင်းရှိကုန်သော အမောဟလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “သင့်လျော်သော အချိန်၌ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မှန်သော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးရှိသော စကားကို ပြောဆို တတ်သူ”ဟူ၍လည်းကောင်း၊ “တရားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း “ဝိနည်းကို ပြောဆို တတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော သူကို သင့်လျော်သော အချိန်အခါ၌ ပြောဆိုတတ်သူ မှန်သော စကားကို ပြောဆိုတတ်သူ အကျိုးရှိသော စကားကို ပြောဆိုတတ်သူတရားကို ပြောဆိုတတ်သူ ဝိနည်းကို ပြောဆိုတတ်သူဟူ၍ အဘယ့်ကြောင့် ခေါ်ဆိုအပ်သနည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်း ဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှား မရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ဟုတ်မှန်သော စကားဖြင့် ဆိုအပ်သော် ဝန်ခံ၏၊ မပယ်ရှား၊ မဟုတ် မမှန်သော စကားဖြင့် ဆိုအပ်သော် “ဤစကားသည် ဤအကြောင်းကြောင့် မမှန်၊ ဤအကြောင်းကြောင့် မဟုတ်”ဟု ထို စကားကို ဖြေရှင်းရန် လုံ့လပြု၏။ ထို့ကြောင့် ဤသို့သဘောရှိသော သူကို သင့်လျော်သော အချိန်၌ ပြောဆိုတတ်သူ၊ မှန်သောစကားကို ပြောဆိုတတ်သူ၊ အကျိုးရှိသော စကားကို ပြောဆိုတတ်သူ၊ တရားကို ပြောဆိုတတ်သူ၊ ဝိနည်းကို ပြောဆိုတတ်သူဟူ၍ ခေါ်အပ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရား ယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာမပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ ယခုဘဝ၌ပင် ငြိမ်းအေးရ၏။ ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ ငြိမ်းအေးရ၏။ မောဟကြောင့် ဖြစ်ကုန်သော။ပ။ ငြိမ်းအေးရ၏။ ရဟန်းတို့ သုံးခုသော မာလောနွယ်တို့သည် အင်ကြင်းပင်ကိုဖြစ်စေ မျောက်ငိုပင်ကိုဖြစ်စေ ကြို့ပင်ကို ဖြစ်စေ ဖျက်ဆီး ရစ်ပတ် မှေးယှက်အပ်၏။ ထိုအခါ လူတစ်ယောက်သည် ပေါက်တူးနှင့်ခြင်းတောင်းကို ယူလာပြီးလျှင် ထို မာလောနွယ်ကို အရင်းမှ ဖြတ်တောက် တူးဖြိုလျက် အယုတ်ဆုံးအားဖြင့် ပန်းရင်းရိုးမျှ လောက်သော အမြစ်ငယ်များပါ မကျန် နုတ်ပစ်၏။ ထို လူသည် ထို မာလောနွယ်ကို နုပ်နုပ်ပါအောင် ဖြတ်စဥ်းခွဲစိတ်၍ အစိတ်စိတ် အမြွာမြွာ ပြုပြီးလျှင် လေနေပူ၌ ခြောက်သွေ့စေ၍ မီးရှို့ပြာချပြီးနောက် ပြင်းထန်သော လေ၌မူလည်း လွှင့်ရာ၏။ လျင်သော မြစ်ရေအလျဥ်၌မူလည်း မျှောရာ၏။ ရဟန်းတို့ ဤသို့ပြုလုပ်သော် ထို မာလောနွယ်တို့သည် အမြစ်ရင်းပါ ပြတ်ပြီးဖြစ်ကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာ့ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်ကုန်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိကုန်။ ရဟန်းတို့ ဤအတူပင်လျှင် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်သော အကုသိုလ်တရားယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာမပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ ယခုဘဝ၌ပင် ငြိမ်းအေးရ၏။ ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာ မပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ မျက်မှောက်ဘဝ၌ပင် ငြိမ်းအေးရ၏။ ရဟန်းတို့ ဤသည်တို့ကား ကုသိုလ်၏ အကြောင်းရင်းသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.69 7. The Great Chapter Unskillful Roots “Mendicants, there are these three unskillful roots. What three? Greed, hate, and delusion. Greed is a root of the unskillful. When a greedy person chooses to act by way of body, speech, or mind, that too is unskillful. When a greedy person, overcome by greed, causes another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is unskillful. And so these many bad, unskillful things are produced in them, born, sourced, originated, and conditioned by greed. Hate is a root of the unskillful. When a hateful person chooses to act by way of body, speech, or mind, that too is unskillful. When a hateful person, overcome by hate, causes another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is unskillful. And so these many bad, unskillful things are produced in them, born, sourced, originated, and conditioned by hate. Delusion is a root of the unskillful. When a deluded person chooses to act by way of body, speech, or mind, that too is unskillful. When a deluded person, overcome by delusion, causes another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is unskillful. And so these many bad, unskillful things are produced in them, born, sourced, originated, and conditioned by delusion. Such an individual is said to have speech that’s ill-timed, false, meaningless, not in line with the teaching and training. Why is this? This individual causes another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’. So when someone makes a valid criticism, they’re scornful and admit nothing. When someone makes a baseless criticism, they make no effort to explain, ‘This is why that’s untrue, this is why that’s false.’ That’s why such an individual is said to have speech that’s ill-timed, false, meaningless, not in line with the teaching and training. Such an individual—overcome with bad, unskillful qualities born of greed, hate, and delusion—suffers in this very life, with distress, anguish, and fever. And when the body breaks up, after death, they can expect to be reborn in a bad place. Suppose a sal, axlewood, or sandan tree was choked and enveloped by three camel’s foot creepers. It would fall to ruin and disaster. In the same way, such an individual—overcome with bad, unskillful qualities born of greed, hate, and delusion—suffers in this very life, with distress, anguish, and fever. And when the body breaks up, after death, they can expect to be reborn in a bad place. These are the three unskillful roots. There are these three skillful roots. What three? Contentment, love, and understanding. Contentment is a root of the skillful. When a contented person chooses to act by way of body, speech, or mind, that too is skillful. When a contented person, not overcome by greed, doesn’t cause another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is skillful. And so these many skillful things are produced in them, born, sourced, originated, and conditioned by contentment. Love is a root of the skillful. When a loving person chooses to act by way of body, speech, or mind, that too is skillful. When a loving person, not overcome by hate, doesn’t cause another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is skillful. And so these many skillful things are produced in them, born, sourced, originated, and conditioned by love. Understanding is a root of the skillful. When an understanding person chooses to act by way of body, speech, or mind, that too is skillful. When an understanding person, not overcome by delusion, doesn’t cause another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’, that too is skillful. And so these many skillful things are produced in them, born, sourced, originated, and conditioned by understanding. Such an individual is said to have speech that’s well-timed, true, meaningful, in line with the teaching and training. Why is this? This individual doesn’t cause another to suffer under a false pretext—by execution or imprisonment or confiscation or condemnation or banishment—thinking ‘I’m powerful, I want power’. So when someone makes a valid criticism, they admit it and aren’t scornful. When someone makes a baseless criticism, they make an effort to explain, ‘This is why that’s untrue, this is why that’s false.’ That’s why such an individual is said to have speech that’s well-timed, true, meaningful, in line with the teaching and training. For such an individual, bad unskillful qualities born of greed, hate, and delusion are cut off at the root, made like a palm stump, obliterated, and unable to arise in the future. In this very life they’re happy, free of distress, anguish, and fever, and they’re also extinguished in this very life. Suppose a sal, axlewood, or sandan tree was choked and enveloped by three camel’s foot creepers. Then along comes a person with a spade and basket. They’d cut the creeper out by the roots, dig them up, and pull them out, down to the fibers and stems. Then they’d split the creeper apart, cut up the parts, and chop it into splinters. They’d dry the splinters in the wind and sun, burn them with fire, and reduce them to ashes. Then they’d whisk away the ashes in a strong wind, or glide them down a swift stream. So those camel’s foot creepers would be cut off at the root, made like a palm stump, and obliterated, unable to arise in the future. In the same way, for such an individual, bad unskillful qualities born of greed, hate, and delusion are cut off at the root, made like a palm stump, obliterated, and unable to arise in the future. In this very life they’re happy, free of distress, anguish, and fever, and they’re also extinguished in this very life. These are the three skillful roots.”
၁၀။ ဥပေါသထသုတ္တံ
၇၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ အထ ခေါ ဝိသာခါ မိဂါရမာတာ တဒဟုပေါသထေ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဝိသာခံ မိဂါရမာတရံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ ကုတော နု တွံ, ဝိသာခေ, အာဂစ္ဆသိ ဒိဝါ ဒိဝဿာ’’တိ? ‘‘ဥပေါသထာဟံ, ဘန္တေ, အဇ္ဇ ဥပဝသာမီ’’တိ။
‘‘တယော ခေါမေ, ဝိသာခေ, ဥပေါသထာ။ ကတမေ တယော? ဂေါပါလကုပေါသထော, နိဂဏ္ဌုပေါသထော, အရိယုပေါသထော။ ကထဉ္စ, ဝိသာခေ, ဂေါပါလကုပေါသထော ဟောတိ? သေယျထာပိ, ဝိသာခေ, ဂေါပါလကော သာယနှသမယေ သာမိကာနံ ဂါဝေါ နိယျာတေတွာ ဣတိ ပဋိသဉ္စိက္ခတိ – ‘အဇ္ဇ ခေါ ဂါဝေါ အမုကသ္မိဉ္စ အမုကသ္မိဉ္စ ပဒေသေ စရိံသု, အမုကသ္မိဉ္စ အမုကသ္မိဉ္စ ပဒေသေ ပါနီယာနိ ပိဝိံသု၊ သွေ ဒါနိ ဂါဝေါ အမုကသ္မိဉ္စ အမုကသ္မိဉ္စ ပဒေသေ စရိဿန္တိ, အမုကသ္မိဉ္စ အမုကသ္မိဉ္စ ပဒေသေ ပါနီယာနိ ပိဝိဿန္တီ’တိ၊ ဧဝမေဝံ ခေါ, ဝိသာခေ, ဣဓေကစ္စော ဥပေါသထိကော ဣတိ ပဋိသဉ္စိက္ခတိ – ‘အဟံ ခွဇ္ဇ ဣဒဉ္စိဒဉ္စ ခါဒနီယံ ခါဒိံ, ဣဒဉ္စိဒဉ္စ ဘောဇနီယံ ဘုဉ္ဇိံ၊ သွေ ဒါနာဟံ ဣဒဉ္စိဒဉ္စ ခါဒနီယံ ခါဒိဿာမိ, ဣဒံ စိဒဉ္စ ဘောဇနီယံ ဘုဉ္ဇိဿာမီ’တိ။ သော တေန အဘိဇ္ဈာသဟဂတေန စေတသာ ဒိဝသံ အတိနာမေတိ။ ဧဝံ ခေါ ဝိသာခေ, ဂေါပါလကုပေါသထော ဟောတိ။ ဧဝံ ဥပဝုတ္ထော ခေါ, ဝိသာခေ, ဂေါပါလကုပေါသထော န မဟပ္ဖလော ဟောတိ န မဟာနိသံသော န မဟာဇုတိကော န မဟာဝိပ္ဖါရော။
‘‘ကထဉ္စ, ဝိသာခေ, နိဂဏ္ဌုပေါသထော ဟောတိ? အတ္ထိ, ဝိသာခေ, နိဂဏ္ဌာ နာမ သမဏဇာတိကာ။ တေ သာဝကံ ဧဝံ သမာဒပေန္တိ – ‘ဧဟိ တွံ, အမ္ဘော ပုရိသ, ယေ ပုရတ္ထိမာယ ဒိသာယ ပါဏာ ပရံ ယောဇနသတံ တေသု ဒဏ္ဍံ နိက္ခိပါဟိ၊ ယေ ပစ္ဆိမာယ ဒိသာယ ပါဏာ ပရံ ယောဇနသတံ တေသု ဒဏ္ဍံ နိက္ခိပါဟိ၊ ယေ ဥတ္တရာယ ဒိသာယ ပါဏာ ပရံ ယောဇနသတံ တေသု ဒဏ္ဍံ နိက္ခိပါဟိ၊ ယေ ဒက္ခိဏာယ ဒိသာယ ပါဏာ ပရံ ယောဇနသတံ တေသု ဒဏ္ဍံ နိက္ခိပါဟီ’တိ။ ဣတိ ဧကစ္စာနံ ပါဏာနံ အနုဒ္ဒယာယ အနုကမ္ပာယ သမာဒပေန္တိ, ဧကစ္စာနံ ပါဏာနံ နာနုဒ္ဒယာယ နာနုကမ္ပာယ သမာဒပေန္တိ။ တေ တဒဟုပေါသထေ သာဝကံ ဧဝံ သမာဒပေန္တိ – ‘ဧဟိ တွံ, အမ္ဘော ပုရိသ, သဗ္ဗစေလာနိ [သဗ္ဗဝေရာနိ (က။)] နိက္ခိပိတွာ ဧဝံ ဝဒေဟိ – နာဟံ ကွစနိ ကဿစိ ကိဉ္စနတသ္မိံ [ကိဉ္စနတသ္မိ (?) ကိရိယာပဒမေတံ ယထာ ကိဉ္စနတတ္ထီတိ], န စ မမ ကွစနိ ကတ္ထစိ ကိဉ္စနတတ္ထီ’တိ။ ဇာနန္တိ ခေါ ပနဿ မာတာပိတရော – ‘အယံ အမှာကံ ပုတ္တော’တိ၊ သောပိ ဇာနာတိ – ‘ဣမေ မယှံ မာတာပိတရော’တိ။ ဇာနာတိ ခေါ ပနဿ ပုတ္တဒါရော – ‘အယံ မယှံ ဘတ္တာ’တိ၊ သောပိ ဇာနာတိ – ‘အယံ မယှံ ပုတ္တဒါရော’တိ။ ဇာနန္တိ ခေါ ပနဿ ဒါသကမ္မကရပေါရိသာ – ‘အယံ အမှာကံ အယျော’တိ၊ သောပိ ဇာနာတိ – ‘ဣမေ မယှံ ဒါသကမ္မကရပေါရိသာ’တိ။ ဣတိ ယသ္မိံ သမယေ သစ္စေ သမာဒပေတဗ္ဗာ မုသာဝါဒေ တသ္မိံ သမယေ သမာဒပေန္တိ။ ဣဒံ တဿ မုသာဝါဒသ္မိံ ဝဒါမိ။ သော တဿာ ရတ္တိယာ အစ္စယေန ဘောဂေ အဒိန္နံယေဝ ပရိဘုဉ္ဇတိ။ ဣဒံ တဿ အဒိန္နာဒါနသ္မိံ ဝဒါမိ။ ဧဝံ ခေါ, ဝိသာခေ, နိဂဏ္ဌုပေါသထော ဟောတိ။ ဧဝံ ဥပဝုတ္ထော ခေါ, ဝိသာခေ, နိဂဏ္ဌုပေါသထော န မဟပ္ဖလော ဟောတိ န မဟာနိသံသော န မဟာဇုတိကော န မဟာဝိပ္ဖါရော။
‘‘ကထဉ္စ, ဝိသာခေ, အရိယုပေါသထော ဟောတိ? ဥပက္ကိလိဋ္ဌဿ, ဝိသာခေ, စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ [ပရိယောဒါပနာ (?)] ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော တထာဂတံ အနုဿရတိ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ တဿ တထာဂတံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ။ ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ, သေယျထာပိ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ သီသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ သီသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ကက္ကဉ္စ ပဋိစ္စ မတ္တိကဉ္စ ပဋိစ္စ ဥဒကဉ္စ ပဋိစ္စ ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ, ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ သီသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ဧဝမေဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော တထာဂတံ အနုဿရတိ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ တဿ တထာဂတံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ။ အယံ ဝုစ္စတိ, ဝိသာခေ – ‘အရိယသာဝကော ဗြဟ္မုပေါသထံ ဥပဝသတိ, ဗြဟ္မုနာ သဒ္ဓိံ သံဝသတိ, ဗြဟ္မဉ္စဿ [ဗြဟ္မဉ္စ (က။)] အာရဗ္ဘ စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ’။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ဥပက္ကိလိဋ္ဌဿ, ဝိသာခေ, စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော ဓမ္မံ အနုဿရတိ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။ တဿ ဓမ္မံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ, သေယျထာပိ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ကာယဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ကာယဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? သောတ္တိဉ္စ ပဋိစ္စ, စုဏ္ဏဉ္စ ပဋိစ္စ, ဥဒကဉ္စ ပဋိစ္စ, ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ကာယဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ဧဝမေဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော ဓမ္မံ အနုဿရတိ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။ တဿ ဓမ္မံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ။ အယံ ဝုစ္စတိ, ဝိသာခေ, ‘အရိယသာဝကော ဓမ္မုပေါသထံ ဥပဝသတိ, ဓမ္မေန သဒ္ဓိံ သံဝသတိ, ဓမ္မဉ္စဿ အာရဗ္ဘ စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ’။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ဥပက္ကိလိဋ္ဌဿ, ဝိသာခေ, စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော သံဃံ အနုဿရတိ – ‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’တိ။ တဿ သံဃံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ, သေယျထာပိ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဝတ္ထဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဝတ္ထဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဥသ္မဉ္စ [ဦသဉ္စ (သျာ။ ကံ။ အဋ္ဌကထာယမ္ပိ ပါဌန္တရံ, သံ။ နိ။ ၃။၈၉ ခေမကသုတ္တပါဠိယာပိ သမေတိ။) ဥသုမဉ္စ (သီ။)] ပဋိစ္စ, ခါရဉ္စ ပဋိစ္စ, ဂေါမယဉ္စ ပဋိစ္စ, ဥဒကဉ္စ ပဋိစ္စ, ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဝတ္ထဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ဧဝမေဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော သံဃံ အနုဿရတိ – ‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…ပေ… အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’တိ။ တဿ သံဃံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ။ အယံ ဝုစ္စတိ, ဝိသာခေ, ‘အရိယသာဝကော သံဃုပေါသထံ ဥပဝသတိ, သံဃေန သဒ္ဓိံ သံဝသတိ, သံဃဉ္စဿ အာရဗ္ဘ စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ’။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ဥပက္ကိလိဋ္ဌဿ, ဝိသာခေ, စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော အတ္တနော သီလာနိ အနုဿရတိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ ဘုဇိဿာနိ ဝိညုပ္ပသတ္ထာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိကာနိ။ တဿ သီလံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ, သေယျထာပိ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ အာဒါသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ အာဒါသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? တေလဉ္စ ပဋိစ္စ, ဆာရိကဉ္စ ပဋိစ္စ, ဝါလဏ္ဍုပကဉ္စ ပဋိစ္စ, ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ အာဒါသဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ဧဝမေဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော အတ္တနော သီလာနိ အနုဿရတိ အခဏ္ဍာနိ…ပေ… သမာဓိသံဝတ္တနိကာနိ။ တဿ သီလံ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ။ အယံ ဝုစ္စတိ, ဝိသာခေ, ‘အရိယသာဝကော သီလုပေါသထံ ဥပဝသတိ, သီလေန သဒ္ဓိံ သံဝသတိ, သီလဉ္စဿ အာရဗ္ဘ စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ’။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ဥပက္ကိလိဋ္ဌဿ, ဝိသာခေ, စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ ဝိသာခေ, အရိယသာဝကော ဒေဝတာ အနုဿရတိ – ‘သန္တိ ဒေဝါ စာတုမဟာရာဇိကာ [စာတုမ္မဟာရာဇိကာ (သီ။ သျာ။ ကံ။ ပီ။)], သန္တိ ဒေဝါ တာဝတိံသာ, သန္တိ ဒေဝါ ယာမာ, သန္တိ ဒေဝါ တုသိတာ, သန္တိ ဒေဝါ နိမ္မာနရတိနော, သန္တိ ဒေဝါ ပရနိမ္မိတဝသဝတ္တိနော, သန္တိ ဒေဝါ ဗြဟ္မကာယိကာ, သန္တိ ဒေဝါ တတုတ္တရိ [တတုတ္တရိံ (သီ။ ပီ။)]။ ယထာရူပါယ သဒ္ဓါယ သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ [တတ္ထုပ္ပန္နာ (သီ။ ပီ။)], မယှမ္ပိ တထာရူပါ သဒ္ဓါ သံဝိဇ္ဇတိ။ ယထာရူပေန သီလေန သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပံ သီလံ သံဝိဇ္ဇတိ။ ယထာရူပေန သုတေန သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပံ သုတံ သံဝိဇ္ဇတိ။ ယထာရူပေန စာဂေန သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပေါ စာဂေါ သံဝိဇ္ဇတိ။ ယထာရူပါယ ပညာယ သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပါ ပညာ သံဝိဇ္ဇတီ’တိ။ တဿ အတ္တနော စ တာသဉ္စ ဒေဝတာနံ သဒ္ဓဉ္စ သီလဉ္စ သုတဉ္စ စာဂဉ္စ ပညဉ္စ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ, သေယျထာပိ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဇာတရူပဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဇာတရူပဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဥက္ကဉ္စ ပဋိစ္စ, လောဏဉ္စ ပဋိစ္စ, ဂေရုကဉ္စ ပဋိစ္စ, နာဠိကသဏ္ဍာသဉ္စ [နာဠိကဉ္စ ပဋိစ္စ သဏ္ဍာသဉ္စ (ပီ။ က။)] ပဋိစ္စ, ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ ဇာတရူပဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။ ဧဝမေဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘ကထဉ္စ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ? ဣဓ, ဝိသာခေ, အရိယသာဝကော ဒေဝတာ အနုဿရတိ – ‘သန္တိ ဒေဝါ စာတုမဟာရာဇိကာ, သန္တိ ဒေဝါ တာဝတိံသာ…ပေ… သန္တိ ဒေဝါ တတုတ္တရိ။ ယထာရူပါယ သဒ္ဓါယ သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပါ သဒ္ဓါ သံဝိဇ္ဇတိ။ ယထာရူပေန သီလေန…ပေ… သုတေန…ပေ… စာဂေန…ပေ… ပညာယ သမန္နာဂတာ တာ ဒေဝတာ ဣတော စုတာ တတ္ထုပပန္နာ, မယှမ္ပိ တထာရူပါ ပညာ သံဝိဇ္ဇတီ’တိ။ တဿ အတ္တနော စ တာသဉ္စ ဒေဝတာနံ သဒ္ဓဉ္စ သီလဉ္စ သုတဉ္စ စာဂဉ္စ ပညဉ္စ အနုဿရတော စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ။ အယံ ဝုစ္စတိ, ဝိသာခေ, ‘အရိယသာဝကော ဒေဝတုပေါသထံ ဥပဝသတိ, ဒေဝတာဟိ သဒ္ဓိံ သံဝသတိ, ဒေဝတာ အာရဗ္ဘ စိတ္တံ ပသီဒတိ, ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ, ယေ စိတ္တဿ ဥပက္ကိလေသာ တေ ပဟီယန္တိ’။ ဧဝံ ခေါ, ဝိသာခေ, ဥပက္ကိလိဋ္ဌဿ စိတ္တဿ ဥပက္ကမေန ပရိယောဒပနာ ဟောတိ။
‘‘သ ခေါ သော, ဝိသာခေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ – ‘ယာဝဇီဝံ အရဟန္တော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတာ နိဟိတဒဏ္ဍာ နိဟိတသတ္ထာ လဇ္ဇီ ဒယာပန္နာ သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရန္တိ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရာမိ။ ဣမိနာပိ [ဣမိနာပဟံ (သီ။) အ။ နိ။ ၈။၄၁] အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတာ ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ, အထေနေန သုစိဘူတေန အတ္တနာ ဝိဟရန္တိ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ, အထေနေန သုစိဘူတေန အတ္တနာ ဝိဟရာမိ။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ အာရာစာရီ [အနာစာရီ (ပီ။)] ဝိရတာ မေထုနာ ဂါမဓမ္မာ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ အာရာစာရီ ဝိရတော မေထုနာ ဂါမဓမ္မာ။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတာ သစ္စဝါဒီ သစ္စသန္ဓာ ထေတာ ပစ္စယိကာ အဝိသံဝါဒကာ လောကဿ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော သစ္စဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿ။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ ပဟာယ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတာ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ ပဟာယ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော ဧကဘတ္တိကာ ရတ္တူပရတာ ဝိရတာ ဝိကာလဘောဇနာ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ ဧကဘတ္တိကော ရတ္တူပရတော ဝိရတော ဝိကာလဘောဇနာ။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော နစ္စဂီတဝါဒိတဝိသူကဒဿနမာလာဂန္ဓဝိလေပနဓာရဏမဏ္ဍနဝိဘူသနဋ္ဌာနာ ပဋိဝိရတာ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ နစ္စဂီတဝါဒိတဝိသူကဒဿနမာလာဂန္ဓဝိလေပနဓာရဏမဏ္ဍနဝိဘူသနဋ္ဌာနာ ပဋိဝိရတော။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။
‘‘ယာဝဇီဝံ အရဟန္တော ဥစ္စာသယနမဟာသယနံ ပဟာယ ဥစ္စာသယနမဟာသယနာ ပဋိဝိရတာ နီစသေယျံ ကပ္ပေန္တိ မဉ္စကေ ဝါ တိဏသန္ထာရကေ ဝါ၊ အဟမ္ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ ဥစ္စာသယနမဟာသယနံ ပဟာယ ဥစ္စာသယနမဟာသယနာ ပဋိဝိရတော နီစသေယျံ ကပ္ပေမိ မဉ္စကေ ဝါ တိဏသန္ထာရကေ ဝါ။ ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတီ’’တိ။
‘‘ဧဝံ ခေါ, ဝိသာခေ, အရိယုပေါသထော ဟောတိ။ ဧဝံ ဥပဝုတ္ထော ခေါ, ဝိသာခေ, အရိယုပေါသထော မဟပ္ဖလော ဟောတိ မဟာနိသံသော မဟာဇုတိကော မဟာဝိပ္ဖါရော’’။
‘‘ကီဝမဟပ္ဖလော ဟောတိ ကီဝမဟာနိသံသော ကီဝမဟာဇုတိကော ကီဝမဟာဝိပ္ဖါရော’’? ‘‘သေယျထာပိ, ဝိသာခေ, ယော ဣမေသံ သောဠသန္နံ မဟာဇနပဒါနံ ပဟူတရတ္တရတနာနံ [ပဟူတသတ္တရတနာနံ (က။ သီ။ သျာ။ ကံ။ ပီ။) ဋီကာယံ ဒဿိတပါဠိယေဝ။ အ။ နိ။ ၈။၄၂] ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေယျ, သေယျထိဒံ – အင်္ဂါနံ, မဂဓာနံ, ကာသီနံ, ကောသလာနံ, ဝဇ္ဇီနံ, မလ္လာနံ, စေတီနံ, ဝင်္ဂါနံ, ကုရူနံ, ပဉ္စာလာနံ, မစ္ဆာနံ [မစ္စာနံ (က။)], သူရသေနာနံ, အဿကာနံ, အဝန္တီနံ, ဂန္ဓာရာနံ, ကမ္ဗောဇာနံ, အဋ္ဌင်္ဂသမန္နာဂတဿ ဥပေါသထဿ ဧတံ [ဧကံ (က။)] ကလံ နာဂ္ဃတိ သောဠသိံ။ တံ ကိဿ ဟေတု? ကပဏံ, ဝိသာခေ, မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’။
‘‘ယာနိ, ဝိသာခေ, မာနုသကာနိ ပညာသ ဝဿာနိ, စာတုမဟာရာဇိကာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ [ရတ္တိဒိဝေါ (က။)]။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ ပဉ္စ ဝဿသတာနိ စာတုမဟာရာဇိကာနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။
‘‘ယံ, ဝိသာခေ, မာနုသကံ ဝဿသတံ, တာဝတိံသာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗံ ဝဿသဟဿံ တာဝတိံသာနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ တာဝတိံသာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။
‘‘ယာနိ, ဝိသာခေ, မာနုသကာနိ ဒွေ ဝဿသတာနိ, ယာမာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ ဒွေ ဝဿသဟဿာနိ ယာမာနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ ယာမာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။
‘‘ယာနိ, ဝိသာခေ, မာနုသကာနိ စတ္တာရိ ဝဿသတာနိ, တုသိတာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ စတ္တာရိ ဝဿသဟဿာနိ တုသိတာနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ တုသိတာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။
‘‘ယာနိ, ဝိသာခေ, မာနုသကာနိ အဋ္ဌ ဝဿသတာနိ, နိမ္မာနရတီနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ အဋ္ဌ ဝဿသဟဿာနိ နိမ္မာနရတီနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ နိမ္မာနရတီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။
‘‘ယာနိ, ဝိသာခေ, မာနုသကာနိ သောဠသ ဝဿသတာနိ, ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒိဝေါ။ တာယ ရတ္တိယာ တိံသရတ္တိယော မာသော။ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော။ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ သောဠသ ဝဿသဟဿာနိ ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ အာယုပ္ပမာဏံ။ ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။ ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယာ’’’တိ။
‘‘ပါဏံ န ဟညေ [န ဟာနေ (သီ။ ပီ။), န ဟနေ (က။)] န စဒိန္နမာဒိယေ,
မုသာ န ဘာသေ န စ မဇ္ဇပေါ သိယာ၊
အဗြဟ္မစရိယာ ဝိရမေယျ မေထုနာ,
ရတ္တိံ န ဘုဉ္ဇေယျ ဝိကာလဘောဇနံ။
‘‘မာလံ န ဓာရေ န စ ဂန္ဓမာစရေ,
မဉ္စေ ဆမာယံ ဝ သယေထ သန္ထတေ၊
ဧတဉှိ အဋ္ဌင်္ဂိကမာဟုပေါသထံ,
ဗုဒ္ဓေန ဒုက္ခန္တဂုနာ ပကာသိတံ။
‘‘စန္ဒော စ သူရိယော စ ဥဘော သုဒဿနာ,
ဩဘာသယံ အနုပရိယန္တိ ယာဝတာ၊
တမောနုဒါ တေ ပန အန္တလိက္ခဂါ,
နဘေ ပဘာသန္တိ ဒိသာဝိရောစနာ။
‘‘ဧတသ္မိံ ယံ ဝိဇ္ဇတိ အန္တရေ ဓနံ,
မုတ္တာ မဏိ ဝေဠုရိယဉ္စ ဘဒ္ဒကံ၊
သိင်္ဂီ သုဝဏ္ဏံ အထ ဝါပိ ကဉ္စနံ,
ယံ ဇာတရူပံ ဟဋကန္တိ ဝုစ္စတိ။
‘‘အဋ္ဌင်္ဂုပေတဿ ဥပေါသထဿ,
ကလမ္ပိ တေ နာနုဘဝန္တိ သောဠသိံ၊
စန္ဒပ္ပဘာ တာရဂဏာ စ သဗ္ဗေ။
‘‘တသ္မာ ဟိ နာရီ စ နရော စ သီလဝါ,
အဋ္ဌင်္ဂုပေတံ ဥပဝဿုပေါသထံ၊
ပုညာနိ ကတွာန သုခုဒြယာနိ,
အနိန္ဒိတာ သဂ္ဂမုပေန္တိ ဌာန’’န္တိ။ ဒသမံ၊
မဟာဝဂ္ဂေါ သတ္တမော။
တဿုဒ္ဒါနံ –
တိတ္ထဘယဉ္စ ဝေနာဂေါ, သရဘော ကေသမုတ္တိယာ၊
သာဠှော စာပိ ကထာဝတ္ထု, တိတ္ထိယမူလုပေါသထောတိ။
၁၀-ဥပေါသထသုတ် ၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် မိဂါရမာတာဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါသည် ထို ဥပုသ်နေ့၌ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါအား မြတ်စွာဘုရားသည် “ဝိသာခါ နေမွန်းတည့် အခါကြီး၌ သင် အဘယ်မှ လာခဲ့သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ယနေ့ဥပုသ်နေ့ပါတည်း၊ တပည့်တော် ဥပုသ် ကျင့်သုံးပါ၏ဟု (လျှောက်၏)။ ဝိသာခါ ဥပုသ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နွားကျောင်းသား ‘ဂေါပါလ’ ဥပုသ်၊ တက္ကတွန်း ‘နိဂဏ္ဌ’ ဥပုသ်၊ အရိယာဥပုသ်တို့တည်း။ ဝိသာခါ နွားကျောင်းသား ဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ နွားကျောင်းသားသည် ညနေချမ်းအခါ၌ နွားရှင်တို့အား နွားတို့ကို အပ်နှင်း၍ “ယနေ့ နွားတို့သည် ဤမည် ဤမည်သော အရပ်၌ ကျက်စားခဲ့ကြကုန်၏၊ ဤမည် ဤမည်သော အရပ်၌ ရေသောက်ခဲ့ကြကုန်၏၊ နက်ဖြန် နွားတို့သည် ဤမည် ဤမည်သော အရပ်၌ ကျက်စားရကုန်လတ္တံ့၊ ဤမည် ဤမည်သော အရပ်၌ ရေသောက်ရကုန်လတ္တံ့”ဟု ဆင်ခြင်သကဲ့သို့၊ အချို့သော ဥပုသ်သည်သည် “ယနေ့ ငါသည် ဤမည် ဤမည်သော ခဲဖွယ်ကို ခဲခဲ့၏၊ ဤမည် ဤမည် သော စားဖွယ်ကို စားခဲ့၏၊ နက်ဖြန် ငါသည် ဤမည် ဤမည်သော ခဲဖွယ်ကို ခဲရလတ္တံ့၊ ဤမည် ဤမည်သော စားဖွယ်ကို စားရလတ္တံ့”ဟု ဆင်ခြင်၏။ ထိုသူသည် ထို မက်မောခြင်း ‘အဘိဇ္ဈာ’ နှင့် တကွသော စိတ်ဖြင့် နေ့ကို ကုန်လွန်စေ၏၊ ဝိသာခါ နွားကျောင်းသား ဥပုသ်သည် ဤသို့ ဖြစ်၏။ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော နွားကျောင်းသားဥပုသ်သည် ကြီးမြတ်သော အကျိုး မရှိ၊ ကြီးမြတ် သော အာနိသင် မရှိ၊ ကြီးမြတ်သော အရောင်အလင်း မရှိ၊ ကြီးမြတ်သော ပျံ့နှံ့ခြင်း မရှိ။ (၁) ဝိသာခါ တက္ကတွန်းဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ တက္ကတွန်း ရဟန်းတို့ မည်သည် ရှိကုန်၏၊ ထိုသူတို့သည် တပည့်ကို “အမောင်ယောကျာ်း သင်သည် အရှေ့အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊ အနောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊ မြောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊ တောင်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့”ဟု ဆောက်တည်စေကုန်၏။ ဤသို့လျှင် အချို့သော သတ္တဝါတို့ကို သနားခြင်း စောင့်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်၏။ အချို့သော သတ္တဝါတို့ကို မသနားခြင့်းမစောင့်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်၏။ ထိုသူတို့သည် ဥပုသ်နေ့၌ တပည့်ကို “အမောင်ယောကျာ်း သင်သည် အဝတ် အားလုံးကို ချွတ်ချပြီးလျှင် ဤသို့ ဆိုလော့ “ငါသည် တစ်စုံတစ်ခုသော အရပ် တစ်စုံတစ်ခုသော အခါဝယ် တစ်စုံတစ်ယောက်သော သူအတွက်ကြောင့်ကြမှု မဖြစ်” ငါ၏ အတွင်း အပသန္တာန်ဝယ် တစ်စုံ တစ်ခုသော ပရိက္ခရာ၌သော်လည်းကြောင့်ကြမှု မရှိ”ဟု ဆိုလော့ဟူ၍ ဆောက်တည်စေကုန်၏။ ဤသို့ပင် ဆောက်တည်စေသော်လည်း ထိုသူ၏ အမိ အဖတို့သည် “ဤသူကား ငါတို့၏သားတည်း”ဟု သိကုန်၏၊ ထိုသူကလည်း “ဤသူတို့ကား ငါ၏ အမိ အဖတို့တည်း”ဟု သိ၏။ ထိုသူ၏ သား မယား တိုု့သည်လည်း “ဤသူကား ငါတို့ကို လုပ်ကျွေးသူ အရှင်လင်တည်း”ဟု သိကုန်၏၊ ထိုသူကလည်း “ဤသူကား ငါ၏ သား မယားတည်း”ဟု သိ၏၊ ထိုသူ၏ ကျွန်အလုပ်သမား ယောကျာ်းတို့သည်လည်း “ဤသူကား ငါတို့၏ သခင်တည်း”ဟု သိကုန်၏။ ထိုသူကလည်း “ဤသူတို့ကား ငါ၏ ကျွန် အလုပ်သမား ယောကျာ်းတို့တည်း”ဟု သိ၏။ ဤသို့လျှင် အမှန်တရားကို ဆောက်တည်စေရာ အခါ၌ပင် မမှန်သော စကားဆိုခြင်းကို ဆောက်တည်စေသည် မည်ကုန်၏၊ ထိုသူ၏ ဤသို့ ဆောက်တည်ခြင်းကို ‘မမှန်သော စကားဆိုခြင်း’ဟု ငါဆို၏။ ထိုသူသည် ထို ညဥ့်လွန်သဖြင့် စည်းစိမ်တို့ကို မပေးဘဲသာလျှင် သုံးဆောင်၏၊ ထိုသူ၏ ဤသို့ သုံးဆောင်ခြင်းကို မပေးသည်ကို ယူခြင်းဟု ငါဆို၏။ ဝိသာခါ တက္ကတွန်း ဥပုသ်သည် ဤသို့ ဖြစ်၏၊ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော တက္ကတွန်းဥပုသ်သည် ကြီးမြတ်သော အကျိုး မရှိ၊ ကြီးမြတ်သော အာနိသင် မရှိ၊ ကြီးမြတ်သော အရောင်အလင်း မရှိ၊ ကြီးမြတ်သော ပျံ့နှံ့ခြင်း မရှိ။ (၂) ဝိသာခါ အရိယာဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လ ပြုသဖြင့် ဖြူစင်စေနိုင်ခြင်းတည်း။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင် စေသနည်း၊ ဝိသာခါ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏- “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ် လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ညစ်ညူးကြောင်း ကိလေသာ တို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် ဖြူစင်စေ သကဲ့သို့တည်း။ ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေသနည်း၊ သျှိသျှားမှုန့် ကိုလည်းကောင်း၊ မြေညက်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေ၏၊ ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေ၏၊ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေ၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေသနည်း၊ ဝိသာခါ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရား တို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏)။ မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို ဗြဟ္မာဥပုသ်ကို ကျင့်သုံးသူ၊ မြတ်စွာဘုရားနှင့် အတူနေရသူ၊ မြတ်စွာဘုရားကို အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏၊ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃-က) ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည်တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံ စားနိုင်သော တရားတော်ပါပေတည်း”ဟုတရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏၊ ဝိသာခါ ညစ်ညူးသော ကိုယ်ကို လုံ့လပြု သဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။ ဝိသာခါ ညစ်နွမ်းသော ကိုယ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ကျောက်မှုန့်နှင့် ချိတ် ရောစပ်၍ ပြုအပ်သော ကြေးတွန်းရန် ဝတ္ထုကိုလည်းကောင်း၊ ရေချိုးကသယ်မှုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ကိုယ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည်တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏- “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူ သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးနိုင်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထို ပုဂ္ဂိုလ်၏စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို ဓမ္မဥပုသ်ကို ကျင့်သုံးသူ၊ တရားတော်နှင့်အတူနေသူ၊တရားတော်ကို အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃-ခ) ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသောစိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိ တော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ် အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ပါပေ၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို သော်လည်း ခံထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ် ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏၊ သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ ညစ်ညူးကြောင်း ကိလေသာ တို့ ပျောက်ကင်းကုန်၏၊ ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။ ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ မီးဖြင့် ပေါင်းအပ်သော အငွေ့ကိုလည်းကောင်း၊ ဆပ်ပြာကိုလည်းကောင်း၊ နွားချေးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေ နိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ဖြောင့်မတ်သော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိ၏၊ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ ဤတပည့်သားသံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ပါပေ၏”ဟု သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏၊ သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို သံဃဥပုသ်ကို ကျင့်သုံးသူ သံဃာ တော်နှင့်အတူနေသူ သံဃာကို အာရုံပြု၍ စိတ်ကြည်လင်သူ ဝမ်းမြောက်သူ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃-ဂ) ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် မကျိုး မပေါက့်မပြောက် မကျားမူ၍ (တဏှာကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ်၊ မှားသောအားဖြင့် မသုံး သပ်အပ်၊ တည်ကြည်မှု သမာဓိကို ဖြစ်ပွါးစေတတ်သော မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့၏၊ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင် သကဲ့သို့တည်း။ ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဆီကိုလည်းကောင်း၊ ပြာကိုလည်းကောင်း၊ သားမြီး သင်ပန်းလျှော်ခွေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏၊ ဝိသာခါ ဤအတူသာလျှင် ညစ်နွမ်းသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏၊ ဝိသာခါ ညစ်နွမ်းသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားမူ၍ (တဏှာ ကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ်၊ မှားသောအားဖြင့် မသုံးသပ်အပ်၊ တည်ကြည်မှုသမာဓိကို ဖြစ်ပွါးစေတတ်သော မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့၏၊ သီလကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏၊ ဝိသာခါ ဤအရိယာတပည့်ကို သီလဥပုသ်ကို ကျင့်သုံးသူ၊ သီလနှင့်အတူနေသူ၊ သီလကို အာရုံပြု၍ စိတ်ကြည် လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃-ဃ) ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် နတ်တို့ကို (သက်သေ ထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်တလဲလဲ အောက်မေ့၏- “စာတုမဟာရာဇ်နတ် တာဝတိံသာ နတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာ တို့သည် ရှိကုန်၏။ သဒ္ဓါတရားနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏။ ငါ့အားလည်း ထို သဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို သီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို အကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့်ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို စွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို ပညာမျိုးသည် ရှိ၏”ဟု မိမိ၏လည်းကောင်း၊ ထို နတ်တို့၏လည်းကောင်း သဒ္ဓါတရား အကျင့်သီလ အကြားအမြင် စွန့်ကြဲပေးကမ်းခြင်း ဉာဏ် ပညာတို့ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။ ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ မိုက်လုံဝ ကိုလည်းကောင်း၊ ဆားငံမြေကိုလည်းကောင်း၊ ကွေ့နီမှုန့်ကိုလည်းကောင်း၊ မီးပြောင်းနှင့် ညှပ်ကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင့်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် နတ်တို့ကို (သက်သေထား၍) မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာန ရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏။ သဒ္ဓါတရားနှင့် ပြည့်စုံ ကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏။ ငါ့အားလည်း ထို သဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့်ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို သီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို အကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို စွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို ပညာမျိုးသည် ရှိ၏”ဟု မိမိ၏လည်းကောင်း၊ ထို နတ်တို့၏လည်းကောင်း သဒ္ဓါတရား၊ အကျင့် ‘သီလ’၊ အကြားအမြင် ‘သုတ’၊ စွန့်ကြဲပေးကမ်းခြင်း ‘စာဂ’၊ ဉာဏ် ‘ပညာ’တို့ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာ တပည့်ကို ဒေဝတာဥပုသ်ကို ကျင့်သုံးသူ၊ နတ်တို့နှင့် အတူနေသူ၊ နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃-င) ဝိသာခါ ထို အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏- ရဟန္တာတို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး သူ့ အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဥ်ကုန်၏၊ တုတ်ကို ချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီးဖြစ်ကုန်၏၊ ရှက်ခြင်းရှိကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဥ်လျက်၊ တုတ်ကို ချထားလျက်၊ လက်နက်ကို ချထားလျက်၊ ရှက်ခြင်းရှိလျက်၊ သနားလျက်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မပေးသည်ကို ယူခြင်း၌ ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်ကုန်၏၊ ပေးသည်ကိုသာ ယူကုန်၏၊ ပေးသည်ကိုသာလျှင် အလိုရှိကုန်၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်လျက်၊ ပေးသည်ကိုသာ ယူလေ့ရှိသည်ဖြစ်၍ ပေးသည်ကိုသာလျှင် အလိုရှိသည်ဖြစ်၍ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ (မမြတ်သော အကျင့်မှ) ဝေးစွာ ရှောင်ကြဥ်ကုန်၏၊ ရွာနေသူတို့ အလေ့ ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဥ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လျက်၊ မမြတ်သော အကျင့်မှ ဝေးစွာ ရှောင်ကြဥ်သည် ဖြစ်၍၊ ရွာသူတို့ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဥ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ် မမှန် ပြောခြင်းမှ ရှောင်ကြဥ်ကုန်၏၊ အမှန်ကိုသာ ဆိုလေ့ရှိကုန်၏၊ မှန်သော စကားချင်း ဆက်စပ်စေ ကုန်၏။ တည်သော စကားရှိကုန်၏၊ ယုံကြည်ထိုက်သော စကားရှိကုန်၏၊ လောကကို မလှည့်စား တတ်ကုန်။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဥ်လျက်၊ အမှန်ကိုသာ ပြောဆိုသည်ဖြစ်၍၊ မှန်သော စကားချင်း ဆက်စပ်စေလျက်၊ တည်သော စကားရှိလျက်၊ ယုံကြည်ထိုက်သော စကားရှိလျက်၊ လောကကို မလှည့်စားဘဲ နေပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဥ်ကုန်၏၊ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေအရက်သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဥ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး တစ်ထပ်သာ စားလေ့ရှိကုန်၏၊ ညစာ စားခြင်းမှ ရှောင်ကြဥ်ကုန်၏၊ နေလွဲစာစားခြင်းမှ ရှောင်ကြဥ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး တစ်ထပ်သာ စားပါအံ့၊ ညစာစားခြင်းမှ ရှောင်ကြဥ်ပါအံ့၊ နေလွဲစာစားခြင်းမှ ရှောင်ကြဥ် ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံး ပြီးလည်း ဖြစ်လိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော် ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာ ပျောင်း လိမ်းကျံခြင်းမှ ရှောင်ကြဥ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း, ပန်းပန်ခြင်း နံ့သာမှုန့် ခြယ်ခြင်း နံ့သာပျောင်းလိမ်းကျံခြင်းမှ ရှောင်ကြဥ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့် မည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မြင့်သော နေရာ မြတ်သော နေရာကို ပယ်၍ မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းမှ ရှောင်ကြဥ်ကုန်၏၊ နိမ့်သောနေရာ ညောင်စောင်း ငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ အိပ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဥ့် ဤနေ့ပတ်လုံး မြင့်သော နေရာ မြတ်သော နေရာကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဥ်လျက်၊ နိမ့်သော နေရာ ညောင်စောင်းငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ အိပ်အံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာ ပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်ဟု (ဆင်ခြင်၏)။ ဝိသာခါ အရိယာဥပုသ်သည် ဤသို့ ဖြစ်၏။ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော အရိယာ ဥပုသ်သည် ကြီးမြတ်သော အကျိုးရှိ၏၊ ကြီးမြတ်သော အာနိသင်ရှိ၏၊ ကြီးမြတ်သော အရောင်အလင်း ရှိ၏၊ ကြီးမြတ်သော ပျံ့နှံ့ခြင်းရှိ၏။ အဘယ်မျှလောက် ကြီးမြတ်သော အကျိုးရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော အာနိသင် ရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော အရောင်အလင်း ရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော ပျံ့နှံ့ခြင်းရှိသနည်း။ ဝိသာခါ များစွာသော တပ်မက်ဖွယ် ရတနာတို့နှင့် ပြည့်စုံသော အင်္ဂတိုင်း မဂဓတိုင်း ကာသိတိုင်း ကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လာတိုင်း စေတီယတိုင်း ဝင်္ဂတိုင်း ကုရုတိုင်း ပဉ္စာလတိုင်း မစ္ဆတိုင်း သူရသေနတိုင်း အဿကတိုင်း အဝန္တိတိုင်း ဂန္ဓာရတိုင်း ကမ္ဗောဇတိုင်းဟူသော တိုင်းကြီး တစ်ဆယ့်ခြောက်ရပ်တို့၌ အုပ်ချုပ်၍ မင်းလုပ်ရခြင်းသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်လောက်ကိုမျှ မမှီနိုင်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ဝိသာခါ လူ့မင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ် မျှသာ ဖြစ်၏။ ဝိသာခါ လူတို့ အနှစ်ငါးဆယ်သည် စာတုမဟာရာဇ်နတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့်ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်ငါးရာသည် စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီး လျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက် နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤသို့သော အကြောင်းမျိုးကို ရည်ရွယ်၍ လူမင်း စည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။ ဝိသာခါ လူတို့ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့်ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်တစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤသို့သော အကြောင်းမျိုးကို ရည်ရွယ်၍ လူမင်း စည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။ ဝိသာခါ လူတို့ အနှစ်နှစ်ရာတို့သည် ယာမာနတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့်ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်နှစ်ထောင်တို့သည် ယာမာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမ ဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ယာမာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။ ဝိသာခါ လူတို့ အနှစ်လေးရာတို့သည် တုသိတာနတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့် ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်လေးထောင်တို့သည် တုသိတာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီး လျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တုသိတာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာ သော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။ ဝိသာခါ လူတို့ အနှစ်ရှစ်ရာတို့သည် နိမ္မာနရတိနတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့်ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်ရှစ်ထောင်တို့သည် နိမ္မာနရတိနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ နိမ္မာနရတိနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။ ဝိသာခါ လူတို့ အနှစ်တစ်ထောင့်ခြောက်ရာတို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်ညဥ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဥ့်ဖြင့် ညဥ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လ တို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်တစ်သောင်း ခြောက်ထောင်တို့သည် ပရနိမ္မိတ ဝသဝတ္တီနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှ သာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။ (ဥပုသ်ကျင့်သုံးသူသည်) အသက်ကိုလည်း မသတ်ရာ၊ မပေးသည်ကိုလည်း မယူရာ၊ မဟုတ်မမှန် စကားကိုလည်း မပြောဆိုရာ၊ သေရည် သေရက်ကိုလည်း မသောက်ရာ၊ မေထုန်မှီဝဲခြင်းဟူသော မမြတ်သော အကျင့်မှလည်း ရှောင်ကြဥ် ရာ၏၊ နေလွဲညစာကိုလည်း မစားရာ။ ပန်းကိုလည်း မပန်ရာ၊ နံ့သာကိုလည်း မခြယ်ရာ၊ ညောင်စောင်း၌လည်းကောင်း၊ မြေကြီး၌လည်းကောင်း၊ မြက်အခင်း၌လည်းကောင်း အိပ်ရာ၏၊ ဤဥပုသ်ကို ဒုက္ခအဆုံးသို့ ဆိုက်ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ဟောပြတော်မူအပ် သော အင်္ဂါရှစ်ပါးရှိသော ဥပုသ်ဟု ဆိုကြကုန်၏။ ကောင်းသော အဆင်းရှိကုန်သော လ နေ နှစ်ပါးတို့သည် အကြင် မျှလောက်သော အရပ်ကို ထွန်းလင်းကုန်လျက် လှည့်လည်ကုန်၏၊ ကောင်းကင်၌ သွားလာကုန်သော ထို လ နေတို့သည် အမိုက်မှောင်ကို ပယ်ဖျောက်၍ အရပ်မျက်နှာတို့ကို တင့်တယ်စေ ကုန်လျက် ကောင်းကင်၌ ထွန်းပကုန်၏။ ထို လ နေတို့ ထွန်းပရာ (လောကဓာတ်) အတွင်း၌ ပုလဲ ပတ္တမြား လာဘ်ရ ကြောင်း ကောင်းမြတ်သော ကျောက်မျက်ရွဲ သိင်္ဂီရွှေ ကဉ္စနရွှေ မူလတွင်းထွက်ရွှေ ပိုးရွခြတို့ ချီယူစုဆောင်းထားသော ဟဋကရွှေဟူသော ဥစ္စာရတနာတို့သည် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင် ကုန်၊ အလုံးစုံသော ကြယ်တာရာအပေါင်းတို့သည် လရောင်၏ တစ်ဆယ့်ခြောက် စိတ် တစ်စိတ်မျှလောက်ကိုလည်း မမှီနိုင်သကဲ့သို့တည်း။ ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး၍ ချမ်းသာကျိုးရှိသော ကောင်းမှုတို့ကို ပြုပြီးလျှင် ကဲ့ရဲ့ဖွယ်မရှိဘဲ နတ်ပြည်ဌာနသို့ ကပ်ရောက်ရလေကုန် သတည်း။ ဒသမသုတ်။ နှစ်ခုမြောက် မဟာဝဂ် ပြီး၏။ ၁။ သတ္တဝါတို့ကို နှိပ်စက်သတ်ဖြတ်ခြင်း မပြုလင့်ဟူလို။ (ဂ) ၃-အာနန္ဒဝဂ် ၁-ဆန္နသုတ်
Numbered Discourses 3.70 7. The Great Chapter Sabbath So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Then Visākhā, Migāra’s mother, went up to the Buddha, bowed, and sat down to one side. The Buddha said to her, “So, Visākhā, where are you coming from in the middle of the day?” “Today, sir, I’m observing the sabbath.” “There are, Visākhā, these three sabbaths. What three? The sabbath of the cowherds, the sabbath of the Jains, and the sabbath of the noble ones. And what is the sabbath of the cowherds? It’s just like a cowherd who, in the late afternoon, takes the cows back to their owners. They reflect: ‘Today the cows grazed in this spot and that, and they drank in this spot and that. Tomorrow the cows will graze in this spot and that, and drink in this spot and that.’ In the same way, someone keeping the sabbath reflects: ‘Today I ate this and that, and had a meal of this and that. Tomorrow I’ll eat this and that, and have a meal of this and that.’ And so they spend their day with a mind full of covetousness. That’s the sabbath of the cowherds. When the cowherd’s sabbath is observed like this it’s not very fruitful or beneficial or brilliant or bountiful. And what is the sabbath of the Jains? There’s a kind of ascetic belonging to a group called the Jains. They encourage their disciple: ‘Please, my man, don’t hurt any living creatures more than a hundred leagues away to the east. Don’t hurt any living creatures more than a hundred leagues away to the west. Don’t hurt any living creatures more than a hundred leagues away to the north. Don’t hurt any living creatures more than a hundred leagues away to the south.’ So they encourage kindness and sympathy for some creatures and not others. On the sabbath, they encourage their disciple: ‘Please, my man, take off all your clothes and say: “I don’t belong to anyone anywhere! And nothing belongs to me anywhere!”’ But their mother and father still know, ‘This is our child.’ And they know, ‘This is my mother and father.’ Partner and child still know, ‘This is our supporter.’ And they know, ‘This is my partner and child.’ Bondservants, workers, and staff still know: ‘This is our master.’ And they know, ‘These are my bondservants, workers, and staff.’ So, at a time when they should be encouraged to speak the truth, the Jains encourage them to lie. This, I say, is lying. When the night has passed they use their possessions once more, though they’ve not been given back to them. This, I say, is stealing. That’s the sabbath of the Jains. When the Jain’s sabbath is observed like this it’s not very fruitful or beneficial or brilliant or bountiful. And what is the sabbath of the noble ones? A corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the Realized One: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ As they recollect the Realized One, their mind becomes clear, joy arises, and mental corruptions are given up. It’s just like cleaning a dirty head by exertion. And how is a dirty head cleaned by exertion? With cleansing paste, clay, and water, and by applying the appropriate effort. In the same way, a corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the Realized One: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ As they recollect the Realized One, their mind becomes clear, joy arises, and mental corruptions are given up. This is called: ‘A noble disciple who observes the sabbath of the divinity, living together with the divinity. And because they think of the divinity their mind becomes clear, joy arises, and mental corruptions are given up.’ That’s how a corrupt mind is cleaned by exertion. A corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the teaching: ‘The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.’ As they recollect the teaching, their mind becomes clear, joy arises, and mental corruptions are given up. It’s just like cleaning a dirty body by exertion. And how is a dirty body cleaned by exertion? With cleanser and powder, water, and by applying the appropriate effort. That’s how a dirty body is cleaned by exertion. In the same way, a corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the teaching: ‘The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.’ As they recollect the teaching, their mind becomes clear, joy arises, and mental corruptions are given up. This is called: ‘A noble disciple who observes the sabbath of Dhamma, living together with Dhamma. And because they think of the Dhamma their mind becomes clear, joy arises, and mental corruptions are given up.’ That’s how a corrupt mind is cleaned by exertion. A corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the Saṅgha: ‘The Saṅgha of the Buddha’s disciples is practicing the way that’s good, direct, systematic, and proper. It consists of the four pairs, the eight individual persons. This is the Saṅgha of the Buddha’s disciples that is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of greeting with cupped palms, and is the supreme field of merit for the world.’ As they recollect the Saṅgha, their mind becomes clear, joy arises, and mental corruptions are given up. It’s just like cleaning a dirty cloth by exertion. And how is a dirty cloth cleaned by applying effort? With salt, lye, cow dung, and water, and by applying the appropriate effort. That’s how a dirty cloth is cleaned by exertion. In the same way, a corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the Saṅgha: ‘The Saṅgha of the Buddha’s disciples is practicing the way that’s good, direct, systematic, and proper. It consists of the four pairs, the eight individual persons. This Saṅgha of the Buddha’s disciples is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, and worthy of veneration with cupped palms. It is the supreme field of merit for the world.’ As they recollect the Saṅgha, their mind becomes clear, joy arises, and mental corruptions are given up. This is called: ‘A noble disciple who observes the sabbath of the Saṅgha, living together with the Saṅgha. And because they think of the Saṅgha their mind becomes clear, joy arises, and mental corruptions are given up.’ That’s how a corrupt mind is cleaned by exertion. A corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects their own ethical precepts, which are intact, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. As they recollect their ethical conduct, their mind becomes clear, joy arises, and mental corruptions are given up. It’s just like cleaning a dirty mirror by exertion. And how is a dirty mirror cleaned by exertion? With oil, ash, a rolled-up cloth, and by applying the appropriate effort. That’s how a dirty mirror is cleaned by exertion. In the same way, a corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects their own ethical precepts, which are intact, impeccable, spotless, and unmarred, liberating, praised by sensible people, not mistaken, and leading to immersion. As they recollect their ethical conduct, their mind becomes clear, joy arises, and mental corruptions are given up. This is called: ‘A noble disciple who observes the sabbath of ethical conduct, living together with ethics. And because they think of their ethical conduct their mind becomes clear, joy arises, and mental corruptions are given up.’ That’s how a corrupt mind is cleaned by exertion. A corrupt mind is cleaned by exertion. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the deities: ‘There are the gods of the four great kings, the gods of the thirty-three, the gods of Yama, the joyful gods, the gods who love to create, the gods who control what is created by others, the gods of the Divinity’s host, and gods even higher than these. When those deities passed away from here, they were reborn there because of their faith, ethics, learning, generosity, and wisdom. I, too, have the same kind of faith, ethics, learning, generosity, and wisdom.’ As they recollect the faith, ethics, learning, generosity, and wisdom of both themselves and those deities, their mind becomes clear, joy arises, and mental corruptions are given up. It’s just like cleansing corrupt native gold by exertion. And how is corrupt native gold cleansed by applying effort? With a furnace, flux, a blowpipe, and tongs, and by applying the appropriate effort. That’s how corrupt native gold is cleansed by exertion. In the same way, a corrupt mind is cleaned by applying effort. And how is a corrupt mind cleaned by exertion? It’s when a noble disciple recollects the deities: ‘There are the gods of the four great kings, the gods of the thirty-three, the gods of Yama, the joyful gods, the gods who love to imagine, the gods who control what is imagined by others, the gods of the Divinity’s host, and gods even higher than these. When those deities passed away from here, they were reborn there because of their faith, ethics, learning, generosity, and wisdom. I, too, have the same kind of faith, ethics, learning, generosity, and wisdom.’ As they recollect the faith, ethics, learning, generosity, and wisdom of both themselves and those deities, their mind becomes clear, joy arises, and mental corruptions are given up. This is called: ‘A noble disciple who observes the sabbath of the deities, living together with the deities. And because they think of the deities their mind becomes clear, joy arises, and mental corruptions are given up.’ That’s how a corrupt mind is cleaned by applying effort. Then that noble disciple reflects: ‘As long as they live, the perfected ones give up killing living creatures, renouncing the rod and the sword. They are scrupulous and kind, and live full of sympathy for all living beings. I, too, for this day and night will give up killing living creatures, renouncing the rod and the sword. I’ll be scrupulous and kind, and live full of sympathy for all living beings. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones give up stealing. They take only what’s given, and expect only what’s given. They keep themselves clean by not thieving. I, too, for this day and night will give up stealing. I’ll take only what’s given, and expect only what’s given. I’ll keep myself clean by not thieving. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones give up unchastity. They are chaste, set apart, refraining from the vulgar act of sex. I, too, for this day and night will give up unchastity. I will be chaste, set apart, refraining from the vulgar act of sex. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones give up lying. They speak the truth and stick to the truth. They’re honest and dependable, and don’t trick the world with their words. I, too, for this day and night will give up lying. I’ll speak the truth and stick to the truth. I’ll be honest and dependable, and won’t trick the world with my words. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones give up intoxicants of beer, wine, and liquor. I, too, for this day and night will give up intoxicants of beer, wine, and liquor. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones eat in one part of the day, abstaining from eating at night and from food at the wrong time. I, too, for this day and night will eat in one part of the day, abstaining from eating at night and food at the wrong time. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones refrain from seeing shows of dancing, singing, and music; and attiring and adorning themselves with garlands, fragrance, and makeup. I, too, for this day and night will refrain from seeing shows of dancing, singing, and music; and attiring and adorning myself with garlands, fragrance, and makeup. I will observe the sabbath by doing as the perfected ones do in this respect. As long as they live, the perfected ones give up high and luxurious beds. They sleep in a low place, either a cot or a grass mat. I, too, for this day and night will give up high and luxurious beds. I’ll sleep in a low place, either a cot or a grass mat. I will observe the sabbath by doing as the perfected ones do in this respect.’ That’s the sabbath of the noble ones. When the sabbath of the noble ones is observed like this it’s very fruitful and beneficial and brilliant and bountiful. How much so? Suppose you were to rule as sovereign lord over these sixteen great countries—Aṅga, Magadha, Kāsi, Kosala, Vajji, Malla, Cetī, Vaccha, Kuru, Pañcāla, Maccha, Sūrasena, Assaka, Avanti, Gandhāra, and Persia—full of the seven treasures. This wouldn’t be worth a sixteenth part of the sabbath with its eight factors. Why is that? Because human kingship is a poor thing compared to the happiness of the gods. Fifty years in the human realm is one day and night for the gods of the four great kings. Thirty such days make up a month. Twelve such months make up a year. The lifespan of the gods of the four great kings is five hundred of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the gods of the four great kings. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ A hundred years in the human realm is one day and night for the gods of the thirty-three. Thirty such days make up a month. Twelve such months make up a year. The lifespan of the gods of the thirty-three is a thousand of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the gods of the thirty-three. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ Two hundred years in the human realm is one day and night for the gods of Yama. Thirty such days make up a month. Twelve such months make up a year. The lifespan of the gods of Yama is two thousand of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the gods of Yama. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ Four hundred years in the human realm is one day and night for the joyful gods. Thirty such days make up a month. Twelve such months make up a year. The lifespan of the joyful gods is four thousand of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the joyful gods. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ Eight hundred years in the human realm is one day and night for the gods who love to create. Thirty such days make up a month. Twelve such months make up a year. The lifespan of the gods who love to create is eight thousand of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the gods who love to create. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ Sixteen hundred years in the human realm is one day and night for the gods who control what is created by others. Thirty such days make up a month. Twelve such months make up a year. The lifespan of the gods who control what is created by others is sixteen thousand of these heavenly years. It’s possible that some woman or man who has observed the eight-factored sabbath will—when their body breaks up, after death—be reborn in the company of the gods who control what is created by others. This is what I was referring to when I said: ‘Human kingship is a poor thing compared to the happiness of the gods.’ You shouldn’t kill living creatures, or steal, or lie, or drink liquor. Be chaste, refraining from sex, and don’t eat at night, the wrong time. Not wearing garlands or applying fragrance, you should sleep on a low bed, <j>or a mat on the ground. This is the eight-factored sabbath, they say, revealed by the Buddha, <j>who has gone to suffering’s end. The moon and sun are both fair to see, radiating as far as they revolve. Those dispellers of darkness, travelers in midair, shine in the firmament, dazzling the quarters. All of the wealth that’s found in this realm— pearls, gems, fine beryl too, mountain gold or lustrous gold, or the native gold called ‘coruscant’— they’re not worth a sixteenth part of the sabbath with its eight factors, as starlight cannot rival the moon. So an ethical woman or man, who has observed the eight-factored sabbath, having made merit whose outcome is happiness, blameless, they go to a heavenly place.”
(၈) ၃။ အာနန္ဒဝဂ္ဂေါ
၁။ ဆန္နသုတ္တံ
၇၂။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဆန္နော ပရိဗ္ဗာဇကော ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ အာနန္ဒေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဆန္နော ပရိဗ္ဗာဇကော အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘တုမှေပိ, အာဝုသော အာနန္ဒ, ရာဂဿ ပဟာနံ ပညာပေထ, ဒေါသဿ ပဟာနံ ပညာပေထ, မောဟဿ ပဟာနံ ပညာပေထာတိ။ မယံ ခေါ, အာဝုသော, ရာဂဿ ပဟာနံ ပညာပေမ, ဒေါသဿ ပဟာနံ ပညာပေမ, မောဟဿ ပဟာနံ ပညပေမာ’’တိ။
‘‘ကိံ ပန တုမှေ, အာဝုသော, ရာဂေ အာဒီနဝံ ဒိသွာ ရာဂဿ ပဟာနံ ပညာပေထ, ကိံ ဒေါသေ အာဒီနဝံ ဒိသွာ ဒေါသဿ ပဟာနံ ပညာပေထ, ကိံ မောဟေ အာဒီနဝံ ဒိသွာ မောဟဿ ပဟာနံ ပညာပေထာ’’တိ?
‘‘ရတ္တော ခေါ, အာဝုသော, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ ရာဂေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ ရတ္တော ခေါ, အာဝုသော, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ၊ ရာဂေ ပဟီနေ နေဝ ကာယေန ဒုစ္စရိတံ စရတိ, န ဝါစာယ ဒုစ္စရိတံ စရတိ, န မနသာ ဒုစ္စရိတံ စရတိ။ ရတ္တော ခေါ, အာဝုသော, ရာဂေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ၊ ရာဂေ ပဟီနေ အတ္တတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ။ ရာဂေါ ခေါ, အာဝုသော, အန္ဓကရဏော အစက္ခုကရဏော အညာဏကရဏော ပညာနိရောဓိကော ဝိဃာတပက္ခိကော အနိဗ္ဗာနသံဝတ္တနိကော။
‘‘ဒုဋ္ဌော ခေါ, အာဝုသော, ဒေါသေန…ပေ… မူဠှော ခေါ, အာဝုသော, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တဗျာဗာဓာယပိ စေတေတိ, ပရဗျာဗာဓာယပိ စေတေတိ, ဥဘယဗျာဗာဓာယပိ စေတေတိ, စေတသိကမ္ပိ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ၊ မောဟေ ပဟီနေ နေဝတ္တဗျာဗာဓာယပိ စေတေတိ, န ပရဗျာဗာဓာယပိ စေတေတိ, န ဥဘယဗျာဗာဓာယပိ စေတေတိ, န စေတသိကံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ မူဠှော ခေါ, အာဝုသော, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ၊ မောဟေ ပဟီနေ နေဝ ကာယေန ဒုစ္စရိတံ စရတိ, န ဝါစာယ ဒုစ္စရိတံ စရတိ, န မနသာ ဒုစ္စရိတံ စရတိ။ မူဠှော ခေါ, အာဝုသော, မောဟေန အဘိဘူတော ပရိယာဒိန္နစိတ္တော အတ္တတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ နပ္ပဇာနာတိ၊ မောဟေ ပဟီနေ အတ္တတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ပရတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ, ဥဘယတ္ထမ္ပိ ယထာဘူတံ ပဇာနာတိ။ မောဟော ခေါ, အာဝုသော, အန္ဓကရဏော အစက္ခုကရဏော အညာဏကရဏော ပညာနိရောဓိကော ဝိဃာတပက္ခိကော အနိဗ္ဗာနသံဝတ္တနိကော။ ဣဒံ ခေါ မယံ, အာဝုသော, ရာဂေ အာဒီနဝံ ဒိသွာ ရာဂဿ ပဟာနံ ပညာပေမ။ ဣဒံ ဒေါသေ အာဒီနဝံ ဒိသွာ ဒေါသဿ ပဟာနံ ပညာပေမ။ ဣဒံ မောဟေ အာဒီနဝံ ဒိသွာ မောဟဿ ပဟာနံ ပညာပေမာ’’တိ။
‘‘အတ္ထိ ပနာဝုသော, မဂ္ဂေါ အတ္ထိ ပဋိပဒါ ဧတဿ ရာဂဿ ဒေါသဿ မောဟဿ ပဟာနာယာ’’တိ? ‘‘အတ္ထာဝုသော, မဂ္ဂေါ အတ္ထိ ပဋိပဒါ ဧတဿ ရာဂဿ ဒေါသဿ မောဟဿ ပဟာနာယာ’’တိ။ ‘‘ကတမော ပနာဝုသော, မဂ္ဂေါ ကတမာ ပဋိပဒါ ဧတဿ ရာဂဿ ဒေါသဿ မောဟဿ ပဟာနာယာ’’တိ? ‘‘အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ…ပေ… သမ္မာသမာဓိ။ အယံ ခေါ, အာဝုသော, မဂ္ဂေါ အယံ ပဋိပဒါ ဧတဿ ရာဂဿ ဒေါသဿ မောဟဿ ပဟာနာယာ’’တိ။ ‘‘ဘဒ္ဒကော ခေါ, အာဝုသော, မဂ္ဂေါ ဘဒ္ဒိကာ ပဋိပဒါ ဧတဿ ရာဂဿ ဒေါသဿ မောဟဿ ပဟာနာယ။ အလဉ္စ ပနာဝုသော အာနန္ဒ, အပ္ပမာဒါယာ’’တိ။ ပဌမံ။
၇၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဆန္နပရိဗိုဇ်သည် အသျှင် အာနန္ဒာထံသို့ ချဥ်းကပ်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် အသျှင်အာနန္ဒာအား- “ငါ့သျှင်အာနန္ဒာ သင်တို့သည်လည်း ရာဂပယ်ခြင်းကို ပညတ်ကုန်သလော၊ ဒေါသပယ်ခြင်းကို ပညတ်ကုန်သလော၊ မောဟပယ်ခြင်းကို ပညတ်ကုန်သလော”ဟု့မေး၏။ ငါ့သျှင်ဆန္န ငါတို့သည်သာ ရာဂပယ်ခြင်းကို ပညတ်ကုန်၏၊ ဒေါသပယ်ခြင်းကို ပညတ်ကုန်၏၊ မောဟပယ်ခြင်းကို ပညတ်ကုန်၏ဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာ သင်တို့သည် ရာဂ၌ အဘယ်အပြစ်ကို မြင်၍ ရာဂပယ်ခြင်းကို ပညတ်ပါကုန်သနည်း၊ ဒေါသ၌ အဘယ်အပြစ်ကို မြင်၍ ဒေါသပယ်ခြင်းကို ပညတ်ပါကုန်သနည်း၊ မောဟ၌ အဘယ်အပြစ်ကို မြင်၍ မောဟပယ်ခြင်းကို ပညတ်ပါကုန်သနည်းဟု (မေး၏)။ ငါ့သျှင်ဆန္န တပ်မက်သော သူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရ ကား မိမိဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ မိမိသူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ စိတ်ကို စွဲ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်သည်ရှိသော် မိမိဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ စိတ်ကို စွဲ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ။ ငါ့သျှင်ဆန္န တပ်မက်သောသူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ ရာဂကို ပယ်သည်ရှိသော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်။ ငါ့သျှင်ဆန္န တပ်မက်သော သူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ သူတစ်ပါး အကျိုး ကိုလည်းဟုတ်မှန်သော အတိုင်း မသိ၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း မသိ။ ရာဂကို ပယ်သည်ရှိသော် မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏။ ငါ့သျှင်ဆန္န တပ်မက်ခြင်း ‘ရာဂ’သည် ကန်းသည်ကို ပြုတတ်၏၊ ပညာမျက်စိ မရှိသည်ကို ပြုတတ်၏၊ ပညာဉာဏ်ကို မပြုတတ်၊ ပညာကို ချုပ်ကွယ်စေတတ်၏၊ ပင်ပန်းခြင်းအဖို့ ရှိ၏၊ ငြိမ်းအေးမှုကို မဖြစ်စေတတ်။ ငါ့သျှင်ဆန္န အမျက်ထွက်သော သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ နှိပ်စက်။ပ။ ငါ့သျှင်ဆန္န တွေဝေ သော သူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ သူတစ်ပါး ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်သည်ရှိသော် မိမိဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း မခံစားရ။ ငါ့သျှင်ဆန္န တွေဝေသော သူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံး ယူထားသော စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ မောဟကို ပယ်သည်ရှိသော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်။ ငါ့သျှင်ဆန္န တွေဝေသောသူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ သူတစ်ပါးအကျိုး ကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ မိမိသူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း မသိ။ မောဟကို ပယ်သည်ရှိသော် မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း သိ၏။ ငါ့သျှင်ဆန္န မောဟသည် ကန်းသည်ကို ပြုတတ်၏၊ ပညာမျက်စိ မရှိသည်ကို့ပြုတတ်၏၊ ပညာဉာဏ်ကို မပြုတတ်၊ ပညာကို ချုပ်ကွယ်စေတတ်၏၊ ပင်ပန်းခြင်းအဖို့ ရှိ၏၊ ငြိမ်းအေးမှုကို မဖြစ်စေတတ်။ ငါ့သျှင်ဆန္န ငါတို့သည် တပ်မက်ခြင်း ‘ရာဂ’၌ ဤသို့သော အပြစ်ကို မြင်၍ ရာဂပယ်ခြင်း ကို ပညတ်ကုန်၏၊ ဒေါသ၌ ဤသို့သော အပြစ်ကို မြင်၍ ဒေါသပယ်ခြင်းကို ပညတ်ကုန်၏၊ မောဟ၌ ဤသို့သော အပြစ်ကို မြင်၍ မောဟပယ်ခြင်းကို ပညတ်ကုန်၏ဟု (မိန့်ဆို၏)။ ငါ့သျှင် (အာနန္ဒာ) ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဥ် အကျင့် ရှိပါသလောဟု (မေး၏)။ ငါ့သျှင်ဆန္န ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဥ် အကျင့်သည် ရှိ၏ဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာ ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဥ် အကျင့်ကား အဘယ်နည်းဟု (မေး၏)။ ငါ့သျှင် အင်္ဂါရှစ်ပါး ရှိသော ဤအရိယာမဂ်တရားပင်တည်း။ ဤမဂ်သည် အဘယ်နည်းဟူမူ- မှန်စွာသိခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤရှစ်ပါးတို့ပေတည်း။ ငါ့သျှင် (ဆန္န) ဤသည်ကား ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဥ် အကျင့်ပေတည်းဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာ ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဥ်သည် ကောင်းပါပေ၏၊ အကျင့်သည် ကောင်းပါပေ၏၊ ငါ့သျှင် အာနန္ဒာ မမေ့မလျော့ရန် သင့်လှပါပေ၏ဟု (ဆို၏)။ ပဌမသုတ်။
Numbered Discourses 3.71 8. Ānanda With Channa At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the wanderer Channa went up to Venerable Ānanda and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to Ānanda: “Reverend Ānanda, do you advocate giving up greed, hate, and delusion?” “We do, reverend.” “But what drawbacks have you seen, Reverend Ānanda, that you advocate giving up greed, hate, and delusion?” “A greedy person, overcome by greed, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When greed has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. A greedy person does bad things by way of body, speech, and mind. When greed has been given up, they don’t do bad things by way of body, speech, and mind. A greedy person doesn’t truly understand what’s for their own good, the good of another, or the good of both. When greed has been given up, they truly understand what’s for their own good, the good of another, or the good of both. Greed is a destroyer of sight, vision, and knowledge. It blocks wisdom, it’s on the side of distress, and it doesn’t lead to extinguishment. A hateful person, overcome by hate, intends to hurt themselves, hurt others, and hurt both. … A deluded person, overcome by delusion, intends to hurt themselves, hurt others, and hurt both. They experience mental pain and sadness. When delusion has been given up, they don’t intend to hurt themselves, hurt others, and hurt both. They don’t experience mental pain and sadness. A deluded person does bad things by way of body, speech, and mind. When delusion has been given up, they don’t do bad things by way of body, speech, and mind. A deluded person doesn’t truly understand what’s for their own good, the good of another, or the good of both. When delusion has been given up, they truly understand what’s for their own good, the good of another, or the good of both. Delusion is a destroyer of sight, vision, and knowledge; it blocks wisdom, it’s on the side of distress, and it doesn’t lead to extinguishment. This is the drawback we’ve seen in greed, hate, and delusion, and this is why we advocate giving them up.” “But, reverend, is there a path and a practice for giving up that greed, hate, and delusion?” “There is, reverend, a path and a practice for giving up that greed, hate, and delusion.” “Well, what is it?” “It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. This is the path, this is the practice for giving up that greed, hate, and delusion.” “This is a fine path, a fine practice, for giving up that greed, hate, and delusion. Just this much is enough for diligence.”
၂။ အာဇီဝကသုတ္တံ
၇၃။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ အထ ခေါ အညတရော အာဇီဝကသာဝကော ဂဟပတိ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော အာဇီဝကသာဝကော ဂဟပတိ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ –
‘‘ကေသံ နော, ဘန္တေ အာနန္ဒ, ဓမ္မော သွာက္ခာတော? ကေ လောကေ သုပ္ပဋိပန္နာ? ကေ လောကေ သုကတာ’’တိ [သုဂတာတိ (သီ။ သျာ။ ကံ။ ပီ။)]? ‘‘တေန ဟိ, ဂဟပတိ, တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ, ယထာ တေ ခမေယျ တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ, ဂဟပတိ, ယေ ရာဂဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, ဒေါသဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, မောဟဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, တေသံ ဓမ္မော သွာက္ခာတော နော ဝါ? ကထံ ဝါ တေ ဧတ္ထ ဟောတီ’’တိ? ‘‘ယေ, ဘန္တေ, ရာဂဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, ဒေါသဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, မောဟဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, တေသံ ဓမ္မော သွာက္ခာတော။ ဧဝံ မေ ဧတ္ထ ဟောတီ’’တိ။
‘‘တံ ကိံ မညသိ, ဂဟပတိ, ယေ ရာဂဿ ပဟာနာယ ပဋိပန္နာ, ဒေါသဿ ပဟာနာယ ပဋိပန္နာ, မောဟဿ ပဟာနာယ ပဋိပန္နာ, တေ လောကေ သုပ္ပဋိပန္နာ နော ဝါ? ကထံ ဝါ တေ ဧတ္ထ ဟောတီ’’တိ? ‘‘ယေ, ဘန္တေ, ရာဂဿ ပဟာနာယ ပဋိပန္နာ, ဒေါသဿ ပဟာနာယ ပဋိပန္နာ, မောဟဿ ပဟာနာယ ပဋိပန္နာ, တေ လောကေ သုပ္ပဋိပန္နာ။ ဧဝံ မေ ဧတ္ထ ဟောတီ’’တိ။
‘‘တံ ကိံ မညသိ, ဂဟပတိ, ယေသံ ရာဂေါ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော, ယေသံ ဒေါသော ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော, ယေသံ မောဟော ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော, တေ လောကေ သုကတာ နော ဝါ? ကထံ ဝါ တေ ဧတ္ထ ဟောတီ’’တိ? ‘‘ယေသံ, ဘန္တေ, ရာဂေါ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော, ယေသံ ဒေါသော ပဟီနော…ပေ… ယေသံ မောဟော ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝံကတော အာယတိံ အနုပ္ပါဒဓမ္မော, တေ လောကေ သုကတာ။ ဧဝံ မေ ဧတ္ထ ဟောတီ’’တိ။
‘‘ဣတိ ခေါ, ဂဟပတိ, တယာဝေတံ [တယာ စေတံ (သီ။ ပီ။ က။)] ဗျာကတံ – ‘ယေ, ဘန္တေ, ရာဂဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, ဒေါသဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, မောဟဿ ပဟာနာယ ဓမ္မံ ဒေသေန္တိ, တေသံ ဓမ္မော သွာက္ခာတော’တိ။ တယာဝေတံ ဗျာကတံ – ‘ယေ, ဘန္တေ, ရာဂဿ ပဟာနာယ ပဋိပန္နာ, ဒေါသဿ ပဟာနာယ ပဋိပန္နာ, မောဟဿ ပဟာနာယ ပဋိပန္နာ, တေ လောကေ သုပ္ပဋိပန္နာ’တိ။ တယာဝေတံ ဗျာကတံ – ‘ယေသံ, ဘန္တေ, ရာဂေါ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော, ယေသံ ဒေါသော ပဟီနော…ပေ… ယေသံ မောဟော ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော, တေ လောကေ သုကတာ’’’တိ။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! န စေဝ နာမ သဓမ္မုက္ကံသနာ ဘဝိဿတိ, န စ ပရဓမ္မာပသာဒနာ [န ပရဓမ္မာပသာဒနာ (သီ။ ပီ။), န ပရဓမ္မဝမ္ဘနာ (မ။ နိ။ ၂။၂၃၆)]။ အာယတနေဝ [အာယတနေ စ (မ။ နိ။ ၂။၂၃၆)] ဓမ္မဒေသနာ, အတ္ထော စ ဝုတ္တော, အတ္တာ စ အနုပနီတော။ တုမှေ, ဘန္တေ အာနန္ဒ, ရာဂဿ ပဟာနာယ ဓမ္မံ ဒေသေထ, ဒေါသဿ…ပေ… မောဟဿ ပဟနာယ ဓမ္မံ ဒေသေထ။ တုမှာကံ, ဘန္တေ အာနန္ဒ, ဓမ္မော သွာက္ခာတော။ တုမှေ, ဘန္တေ အာနန္ဒ, ရာဂဿ ပဟာနာယ ပဋိပန္နာ, ဒေါသဿ…ပေ… မောဟဿ ပဟာနာယ ပဋိပန္နာ။ တုမှေ, ဘန္တေ, လောကေ သုပ္ပဋိပန္နာ။ တုမှာကံ, ဘန္တေ အာနန္ဒ, ရာဂေါ ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော, တုမှာကံ ဒေါသော ပဟီနော…ပေ… တုမှာကံ မောဟော ပဟီနော ဥစ္ဆိန္နမူလော တာလာဝတ္ထုကတော အနဘာဝင်္ကတော အာယတိံ အနုပ္ပါဒဓမ္မော။ တုမှေ လောကေ သုကတာ။
‘‘အဘိက္ကန္တံ, ဘန္တေ, အဘိက္ကန္တံ, ဘန္တေ! သေယျထာပိ, ဘန္တေ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ အယျေန အာနန္ဒေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘန္တေ အာနန္ဒ, တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ အယျော အာနန္ဒော ဓာရေတု, အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ဒုတိယံ။
၂-အာဇီဝကသုတ် ၇၃။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အာဇီဝက၏တပည့် သူကြွယ်တစ်ယောက်သည် အသျှင်အာနန္ဒာအထံသို့ ချဥ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်အာနန္ဒာအား- “အသျှင်အာနန္ဒာ အဘယ်သူတို့၏တရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ်ပါ သနည်း၊ အဘယ်သူတို့သည် လောက၌ ကောင်းစွာ ကျင့်ကြပါကုန်သနည်း၊ အဘယ်သူတို့သည် လောက၌ ကောင်းစွာ ပြုပြီးဖြစ်ပါကုန် သနည်း”ဟု လျှောက်၏။ သူကြွယ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်မေးအံ့၊ ထို အမေးကို သင် နှစ်သက်သလို ဖြေကြားလော့။ သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ရန်တရားကို ဟောကုန်၏၊ ဒေါသကို ပယ်ရန်တရားကို ဟောကုန်၏၊ မောဟကို ပယ်ရန်တရားကို ဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရား ဖြစ်သလော၊ သို့မဟုတ် မဖြစ်သလော၊ ဤနေရာ၌ (သင့်စိတ်) အသို့ ရှိပါသနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ရန်တရားကို ဟောကုန်၏၊ ဒေါသကို ပယ်ရန်တရားကို ဟောကုန်၏၊ မောဟကို ပယ်ရန်တရားကို ဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရားဖြစ်ပါ၏၊ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။ သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ရန် ကျင့်ကုန်၏၊ ဒေါသကို ပယ်ရန် ကျင့်ကုန်၏၊ မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်သလော၊ သို့မဟုတ် မကျင့်သူတို့ ဖြစ်ကုန်သလော၊ ဤနေရာ၌ (သင့်စိတ်) အသို့ရှိသနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ရန် ကျင့်ကုန်၏၊ ဒေါသကို ပယ်ရန် ကျင့်ကုန်၏၊ မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ပါကုန်၏။ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။ သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ အကြင်သူတို့သည် ဒေါသကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ အကြင်သူတို့သည် မောဟကိုပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်း သဘော မရှိ၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ကုန်သလော၊ သို့မဟုတ် မပြုပြီးသူတို့ ဖြစ်ကုန်သလော ဤနေရာ၌ (သင့်စိတ်) အသို့ရှိ သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ အကြင်သူတို့သည် ဒေါသကို ပယ်ပြီးဖြစ်၏။ပ။ အကြင်သူတို့သည် မောဟကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ကုန်၏၊ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။ သူကြွယ် “အသျှင်ဘုရားအာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန်တရားဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီး ဖြစ်၏။ “အသျှင်ဘုရားအာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ပါကုန်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီးဖြစ်၏။ “အသျှင်ဘုရား အာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ အကြင်သူတို့သည် ဒေါသကို ပယ်ပြီး ဖြစ်၏။ပ။ အကြင်သူတို့သည် မောဟကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ပါကုန်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီးဖြစ်၏ဟု (ဆို၏)။ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ မိမိ၏ အယူဝါဒကို ချီးမြှောက်မြှင့်တင်ခြင်း သူတစ်ပါးအယူဝါဒကို ရှုတ်ချခြင်း အလျှင်းမရှိ ဖြစ်ပါပေ၏၊ အကြောင်းသင့်ရာ၌ သာလျှင်တရားဟောပြောခြင်း ဖြစ်ပါပေ၏၊ (အကျွန်ုပ်မေးအပ်သော ပြဿနာ၏) အနက်အဓိပ္ပါယ် ကိုလည်း ဖြေဆိုပြီး ဖြစ်ပါ၏၊ မိမိကိုယ်ကိုလည်း ချီးမြှောက်အပ်သည် မဟုတ်ပါ။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန်တရားဟောပါကုန်၏။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရားပါတည်း။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ကျင့်ကုန်၏၊ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် လောက၌ ကောင်းစွာ ကျင့်သော သူတို့ပါတည်း။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် လောက၌ ရာဂကို ပယ်ပြီး ဖြစ်ပါကုန်၏၊ အမြစ် ရင်းကို အကြွင်းမဲ့ဖြတ်ပြီး ဖြစ်ပါကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ပါကုန်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်ပါကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပါကုန်၏။ အသျှင်ဘုရားတို့သည့်ဒေါသကို ပယ်ပြီးဖြစ်ပါကုန်၏။ပ။ အသျှင်ဘုရားတို့သည် မောဟကို ပယ်ပြီးဖြစ်ပါကုန်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်ပါကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ပါကုန်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်ပါကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပါကုန်၏။ အသျှင်ဘုရားတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ပါတည်း။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ပြဘိ သကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဘုရားအာနန္ဒာသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အာနန္ဒာ ထို အကျွန်ုပ်သည် ထို မြတ်စွာဘုရားကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘုရားအာနန္ဒာ ထို အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ ဒုတိယသုတ်။
Numbered Discourses 3.72 8. Ānanda A Disciple of the Ājīvakas At one time Venerable Ānanda was staying near Kosambī in Ghosita’s monastery. Then a householder who was a disciple of the Ājīvaka ascetics went up to Venerable Ānanda, bowed, sat down to one side, and said to Ānanda: “Honorable Ānanda, whose teaching is well explained? Who in the world is practicing well? Who in the world has done well?” “Well then, householder, I’ll ask you about this in return, and you can answer as you like. What do you think, householder? Is the teaching of those who teach for giving up greed, hate, and delusion well explained or not? Or how do you see this?” “The teaching of those who teach for giving up greed, hate, and delusion is well explained. That’s how I see it.” “What do you think, householder? Are those who practice for giving up greed, hate, and delusion practicing well or not? Or how do you see this?” “Those who practice for giving up greed, hate, and delusion are practicing well. That’s how I see it.” “What do you think, householder? Have those who’ve given up greed, hate, and delusion—so they’re cut off at the root, made like a palm stump, obliterated, and unable to arise in the future—done well in the world, or not? Or how do you see this?” “Those who’ve given up greed, hate, and delusion have done well in the world. That’s how I see it.” “So, householder, you’ve declared: ‘The teaching of those who teach for giving up greed, hate, and delusion is well explained.’ And you’ve declared: ‘Those who practice for giving up greed, hate, and delusion are practicing well.’ And you’ve declared: ‘Those who’ve given up greed, hate, and delusion have done well in the world.’” “It’s incredible, sir, it’s amazing! There’s no acclaiming your own teaching or disrespecting someone else’s, just teaching what’s relevant in that context. The goal is spoken of, but the self is not involved. You, sir, teach Dhamma for giving up greed, hate, and delusion. Your teaching is well explained. You, sir, practice for giving up greed, hate, and delusion. You in the world are practicing well. You’ve given up greed, hate, and delusion. You in the world have done well. Excellent, sir! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, Master Ānanda has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may Master Ānanda remember me as a lay follower who has gone for refuge for life.”
၃။ မဟာနာမသက္ကသုတ္တံ
၇၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ နိဂြောဓာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဂိလာနာဝုဋ္ဌိတော [ဂိလာနဝုဋ္ဌိတော (သဒ္ဒနီတိ)] ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ။ အထ ခေါ မဟာနာမော သက္ကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ မဟာနာမော သက္ကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဒီဃရတ္တာဟံ, ဘန္တေ, ဘဂဝတာ ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘သမာဟိတဿ ဉာဏံ, နော အသမာဟိတဿာ’တိ။ သမာဓိ နု ခေါ, ဘန္တေ, ပုဗ္ဗေ, ပစ္ဆာ ဉာဏံ၊ ဥဒါဟု ဉာဏံ ပုဗ္ဗေ, ပစ္ဆာ သမာဓီ’’တိ? အထ ခေါ အာယသ္မတော အာနန္ဒဿ ဧတဒဟောသိ – ‘‘ဘဂဝါ ခေါ ဂိလာနဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ။ အယဉ္စ မဟာနာမော သက္ကော ဘဂဝန္တံ အတိဂမ္ဘီရံ ပဉှံ ပုစ္ဆတိ။ ယံနူနာဟံ မဟာနာမံ သက္ကံ ဧကမန္တံ အပနေတွာ ဓမ္မံ ဒေသေယျ’’န္တိ။
အထ ခေါ အာယသ္မာ အာနန္ဒော မဟာနာမံ သက္ကံ ဗာဟာယံ ဂဟေတွာ ဧကမန္တံ အပနေတွာ မဟာနာမံ သက္ကံ ဧတဒဝေါစ – ‘‘သေခမ္ပိ ခေါ, မဟာနာမ, သီလံ ဝုတ္တံ ဘဂဝတာ, အသေခမ္ပိ သီလံ ဝုတ္တံ ဘဂဝတာ၊ သေခေါပိ သမာဓိ ဝုတ္တော ဘဂဝတာ, အသေခေါပိ သမာဓိ ဝုတ္တော ဘဂဝတာ၊ သေခါပိ ပညာ ဝုတ္တာ ဘဂဝတာ, အသေခါပိ ပညာ ဝုတ္တာ ဘဂဝတာ။ ကတမဉ္စ, မဟာနာမ, သေခံ သီလံ? ဣဓ, မဟာနာမ, ဘိက္ခု သီလဝါ ဟောတိ ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ဣဒံ ဝုစ္စတိ, မဟာနာမ, သေခံ သီလံ’’။
‘‘ကတမော စ, မဟာနာမ, သေခေါ သမာဓိ? ဣဓ, မဟာနာမ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ, မဟာနာမ, သေခေါ သမာဓိ။
‘‘ကတမာ စ, မဟာနာမ, သေခါ ပညာ? ဣဓ, မဟာနာမ, ဘိက္ခု ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ…ပေ… အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ အယံ ဝုစ္စတိ, မဟာနာမ, သေခါ ပညာ။
‘‘သ ခေါ သော, မဟာနာမ, အရိယသာဝကော ဧဝံ သီလသမ္ပန္နော ဧဝံ သမာဓိသမ္ပန္နော ဧဝံ ပညာသမ္ပန္နော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧဝံ ခေါ, မဟာနာမ, သေခမ္ပိ သီလံ ဝုတ္တံ ဘဂဝတာ, အသေခမ္ပိ သီလံ ဝုတ္တံ ဘဂဝတာ၊ သေခေါပိ သမာဓိ ဝုတ္တော ဘဂဝတာ, အသေခေါပိ သမာဓိ ဝုတ္တော ဘဂဝတာ၊ သေခါပိ ပညာ ဝုတ္တာ ဘဂဝတာ, အသေခါပိ ပညာ ဝုတ္တာ ဘဂဝတာ’’တိ။ တတိယံ။
၃-မဟာနာမသက္ကသုတ် ၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မကျန်း မာရာမှ ထမြောက်တော်မူခါစ ဖြစ်၏။ ထိုအခါ သာကီဝင်မင်း မဟာနာမ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘တည်ကြည် သော သူအား ဉာဏ်ဖြစ်၏၊ မတည်ကြည်သောသူအား ဉာဏ်မဖြစ်’ဟု မြတ်စွာဘုရား ဟောထားသော တရားတော်ကို တပည့်တော် သိရသည်မှာ ကြာမြင့်ပါပြီ၊ အသျှင်ဘုရား သမာဓိက ရှေးဦးစွာ ဖြစ်၍ ဉာဏ်က နောက်မှ ဖြစ်ပါသလော၊ သို့မဟုတ် ဉာဏ်က ရှေးဦးစွာ ဖြစ်၍ သမာဓိက နောက်မှ ဖြစ်ပါ သလော”ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာအား ဤသို့ အကြံဖြစ်၏- “မြတ်စွာဘုရားသည် မကျန်းမာရာမှ ထမြောက်တော်မူခါစ ဖြစ်၏၊ ဤသာကီဝင်မင်းသား မဟာနာမ်သည်လည်း မြတ်စွာဘုရား အား အလွန်နက်နဲသော ပြဿနာကို မေး၏၊ ငါသည် သာကီဝင်မင်းသား မဟာနာမ်ကို တစ်ခုသော နေရာသို့ ခေါ်ဆောင်၍တရားဟောရလျှင် ကောင်းပေလိမ့်မည်”ဟု (အကြံဖြစ်၏)။ ထို့နောက် အသျှင်အာနန္ဒာသည် သာကီဝင်မင်း မဟာနာမ်၏ လက်ကို ဆွဲ၍ တစ်ခုသော နေရာသို့ ခေါ်ပြီးလျှင် ဤစကားကိုဆို၏- မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလကိုလည်းကောင်း မြတ်စွာဘုရား ဟော ကြားတော်မူ၏၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူ၏။ မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ မဟာနာမ် ဤသီလကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဟု့ဆိုအပ်၏။ မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ မဟာနာမ် ဤသမာဓိကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ သမာဓိဟု ဆို၏။ မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော ပညာဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲဒုက္ခတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ မဟာနာမ် ဤပညာကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဟု ဆိုအပ်၏။ မဟာနာမ် ဤသို့ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော အရိယာတပည့်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက် လျက် နေ၏။ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ သမာဓိ ပညာကိုလည်း မြတ်စွာဘုရား ဟောတော်မူ၏။ မဟာနာမ် ဤသို့လျှင် ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ သမာဓိ ပညာကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူ၏ဟု (ပြောဆို၏)။ တတိယသုတ်။
Numbered Discourses 3.73 8. Ānanda With Mahānāma the Sakyan So I have heard. At one time the Buddha was staying in the land of the Sakyans, near Kapilavatthu in the Banyan Tree Monastery. Now at that time the Buddha had recently recovered from an illness. Then Mahānāma the Sakyan went up to the Buddha, bowed, sat down to one side, and said to him: “For a long time, sir, I have understood your teaching like this: ‘Knowledge is for those with immersion, not those without immersion.’ But, sir, does immersion come first, then knowledge? Or does knowledge come first, then immersion?” Then Venerable Ānanda thought, “The Buddha has recently recovered from an illness, and this Mahānāma asks him a question that’s too deep. Why don’t I take him off to one side and teach him the Dhamma?” Then Ānanda took Mahānāma by the arm, led him off to one side, and said to him, “Mahānāma, the Buddha has spoken of the ethics, immersion, and wisdom of a trainee; and the ethics, immersion, and wisdom of an adept. What is the ethics of a trainee? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is called the ethics of a trainee. And what is the immersion of a trainee? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … third absorption … fourth absorption. This is called the immersion of a trainee. And what is the wisdom of a trainee? They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. This is called the wisdom of a trainee. Then a noble disciple—accomplished in ethics, immersion, and wisdom—realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. In this way the Buddha has spoken of the ethics, immersion, and wisdom of both a trainee and an adept.”
၄။ နိဂဏ္ဌသုတ္တံ
၇၅။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ အထ ခေါ အဘယော စ လိစ္ဆဝိ ပဏ္ဍိတကုမာရကော စ လိစ္ဆဝိ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ အဘယော လိစ္ဆဝိ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘နိဂဏ္ဌော, ဘန္တေ, နာဋပုတ္တော [နာထပုတ္တော (သီ။ ပီ။)] သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနာတိ – ‘စရတော စ မေ တိဋ္ဌတော စ သုတ္တဿ စ ဇာဂရဿ စ သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတ’န္တိ။ သော ပုရာဏာနံ ကမ္မာနံ တပသာ ဗျန္တီဘာဝံ ပညပေတိ နဝါနံ ကမ္မာနံ အကရဏာ သေတုဃာတံ။ ဣတိ ကမ္မက္ခယာ ဒုက္ခက္ခယော, ဒုက္ခက္ခယာ ဝေဒနာက္ခယော, ဝေဒနာက္ခယာ သဗ္ဗံ ဒုက္ခံ နိဇ္ဇိဏ္ဏံ ဘဝိဿတိ – ဧဝမေတိဿာ သန္ဒိဋ္ဌိကာယ နိဇ္ဇရာယ ဝိသုဒ္ဓိယာ သမတိက္ကမော ဟောတိ။ ဣဓ, ဘန္တေ, ဘဂဝါ ကိမာဟာ’’တိ?
‘‘တိဿော ခေါ ဣမာ, အဘယ, နိဇ္ဇရာ ဝိသုဒ္ဓိယော တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သမ္မဒက္ခာတာ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ။ ကတမာ တိဿော? ဣဓ, အဘယ, ဘိက္ခု သီလဝါ ဟောတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော နဝဉ္စ ကမ္မံ န ကရောတိ, ပုရာဏဉ္စ ကမ္မံ ဖုဿ ဖုဿ ဗျန္တီကရောတိ။ သန္ဒိဋ္ဌိကာ နိဇ္ဇရာ အကာလိကာ ဧဟိပဿိကာ ဩပနေယျိကာ ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟီတိ။
‘‘သ ခေါ သော, အဘယ, ဘိက္ခု ဧဝံ သီလသမ္ပန္နော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေတိ ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ, ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော နဝဉ္စ ကမ္မံ န ကရောတိ, ပုရာဏဉ္စ ကမ္မံ ဖုဿ ဖုဿ ဗျန္တီကရောတိ။ သန္ဒိဋ္ဌိကာ နိဇ္ဇရာ အကာလိကာ ဧဟိပဿိကာ ဩပနေယျိကာ ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟီတိ။
‘‘သ ခေါ သော, အဘယ, ဘိက္ခု ဧဝံ သမာဓိသမ္ပန္နော [ဧဝံ သီလသမ္ပန္နော ဧဝံ သမာဓိသမ္ပန္နော (သီ။ သျာ။ ကံ။)] အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော နဝဉ္စ ကမ္မံ န ကရောတိ, ပုရာဏဉ္စ ကမ္မံ ဖုဿ ဖုဿ ဗျန္တီကရောတိ။ သန္ဒိဋ္ဌိကာ နိဇ္ဇရာ အကာလိကာ ဧဟိပဿိကာ ဩပနေယျိကာ ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟီတိ။ ဣမာ ခေါ, အဘယ, တိဿော နိဇ္ဇရာ ဝိသုဒ္ဓိယော တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သမ္မဒက္ခာတာ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယာ’’တိ။
ဧဝံ ဝုတ္တေ ပဏ္ဍိတကုမာရကော လိစ္ဆဝိ အဘယံ လိစ္ဆဝိံ ဧတဒဝေါစ – ‘‘ကိံ ပန တွံ, သမ္မ အဘယ, အာယသ္မတော အာနန္ဒဿ သုဘာသိတံ သုဘာသိတတော နာဗ္ဘနုမောဒသီ’’တိ? ‘‘ကျာဟံ, သမ္မ ပဏ္ဍိတကုမာရက, အာယသ္မတော အာနန္ဒဿ သုဘာသိတံ သုဘာသိတတော နာဗ္ဘနုမောဒိဿာမိ! မုဒ္ဓါပိ တဿ ဝိပတေယျ ယော အာယသ္မတော အာနန္ဒဿ သုဘာသိတံ သုဘာသိတတော နာဗ္ဘနုမောဒေယျာ’’တိ။ စတုတ္ထံ။
၄-နိဂဏ္ဌသုတ် ၇၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အဘယလိစ္ဆဝီမင်းနှင့် ပဏ္ဍိတကုမာရကလိစ္ဆဝီမင်း တို့သည် အသျှင်အာနန္ဒာအထံသို့ ချဥ်းကပ်ကြ၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် အဘယ လိစ္ဆဝီမင်းသည် အသျှင်အာနန္ဒာအား- “အသျှင်ဘုရား နာဋပုတ္တတက္ကတွန်းသည်တရားအားလုံးကို သိ၏၊ တရားအားလုံးကို မြင်၏ ‘သွားလာနေစဥ်လည်းကောင်း၊ ရပ်တည်နေစဥ်လည်းကောင်း၊ အိပ်နေစဥ်လည်းကောင်း၊ နိုးကြားနေစဥ်လည်းကောင်း ငါ့အား အခါခပ်သိမ်း ဉာဏ်အမြင်သည် ရှေးရှုထင်နေ၏’ဟု အကြွင်းအကျန်မရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏၊ ထို တက္ကတွန်းသည် ခြိုးခြံသော အကျင့်ဖြင့် ကံဟောင်း တို့၏ ပျက်စီးခြင်းကို ပညတ်၏၊ မပြုလုပ်ခြင်းဖြင့် ကံသစ်တို့၏ အကြောင်းကို သတ်ခြင်းကို ပညတ်၏၊ ဤသို့ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်ဆုံး၏၊ ဆင်းရဲကုန်ဆုံးခြင်းကြောင့် ခံစားမှုကုန်ဆုံး၏၊ ခံစားမှု ကုန်ဆုံးခြင်းကြောင့် ဆင်းရဲအားလုံး ဆွေးမြေ့ကုန်ဆုံးရမည်၊ ဤသို့ ကိုယ်တိုင်ရှုအပ်သော (ကိလေသာ) တို့ကို ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ထို စင်ကြယ်သော အကျင့်ဖြင့် (ဝဋ်ဆင်းရဲကို) လွန်မြောက်၏ဟု ဟော၏။ အသျှင်ဘုရား ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဟောတော်မူပါသနည်း”ဟု လျှောက်၏။ အဘယ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့ စင်ကြယ်ရန်၊ ပူဆွေးခြင် ငိုကြွေးခြင်း တို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့ ချုပ်ပျောက်ရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကောင်းစွာ ဟောကြားအပ်သည့် (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သော စင်ကြယ်သော အကျင့်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဘယ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ်သော အကျင့်သည် ကိုယ်တိုင်ရှုမြင်နိုင် သော၊ အခါမလင့့်အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော အကျင့်ဖြစ်၏။ အဘယ ဤသို့ သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ရှေးကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ် သော အကျင့်သည် ကိုယ်တိုင်ရှုမြင်နိုင်သော၊ အခါမလင့် အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင်ခံစားနိုင်သော အကျင့်ဖြစ်၏။ အဘယ ဤသို့ သမာဓိနှင့်ပြည့်စုံသော ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ရှေးကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ်သော အကျင့်သည် ကိုယ်တိုင် ရှုမြင်နိုင်သော၊ အခါမလင့် အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော အကျင့်ဖြစ်၏။ အဘယ ဤသည်တို့ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့ စင်ကြယ်ရန်၊ ပူဆွေးခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့ ချုပ်ပျောက်ရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကောင်းစွာ ဟောတော်မူအပ်သည့် (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံး စေတတ်သော စင်ကြယ်သော အကျင့်သုံးမျိုးတို့ပေတည်းဟု (ဟောကြား၏)။ ဤသို့ ဟောလတ်သော် ပဏ္ဍိတကုမာရကလိစ္ဆဝီမင်းသည် အဘယလိစ္ဆဝီမင်းကို ဤသို့ဆို၏- “အဆွေ အဘယ သင်သည် အသျှင်အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ့်ကြောင့် ကောင်းချီးမခေါ်ပါသနည်း”ဟု ဆို၏။ အဆွေ ပဏ္ဍိတကုမာရက ငါသည် အသျှင် အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ့်ကြောင့် ကောင်းချီးမခေါ်ဘဲ ရှိပါအံ့နည်း၊ အသျှင်အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချီးမခေါ်သော သူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (ဆိုလေသတည်း)။ စတုတ္ထသုတ်။
Numbered Discourses 3.74 8. Ānanda Jains At one time Venerable Ānanda was staying near Vesālī, at the Great Wood, in the hall with the peaked roof. Then the Licchavis Abhaya and Paṇḍitakumāra went up to Venerable Ānanda, bowed, sat down to one side, and said to him: “Sir, the Jain ascetic of the Ñātika clan claims to be all-knowing and all-seeing, to know and see everything without exception, thus: ‘Knowledge and vision are constantly and continually present to me, while walking, standing, sleeping, and waking.’ He advocates the elimination of past deeds by fervent mortification, and breaking the bridge by not doing any new deeds. So with the ending of deeds, suffering ends; with the ending of suffering, feeling ends; and with the ending of feeling, all suffering will have been worn away. This is how to go beyond suffering by means of this purification by wearing away in the present life. What, sir, does the Buddha say about this?” “Abhaya, these three kinds of purification by wearing away have been rightly explained by the Blessed One, who knows and sees, the perfected one, the fully awakened Buddha. They are in order to purify sentient beings, to get past sorrow and crying, to make an end of pain and sadness, to discover the system, and to realize extinguishment. What three? It’s when, Abhaya, a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. They don’t perform any new deeds, and old deeds are eliminated by experiencing their results little by little. This wearing away is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. Then a mendicant accomplished in ethics, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … third absorption … fourth absorption. They don’t perform any new deeds, and old deeds are eliminated by experiencing their results little by little. This wearing away is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. Then a mendicant accomplished in immersion realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. They don’t perform any new deeds, and old deeds are eliminated by experiencing their results little by little. This wearing away is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. These are the three kinds of purification by wearing away that have been rightly explained by the Buddha … in order to realize extinguishment.” When he said this, Paṇḍitakumāra said to Abhaya, “Dear Abhaya, is there anything in what Ānanda has said so well that you would disagree with?” “How could I not agree with what was said so well by Ānanda? If anyone didn’t agree with him, their head would explode!”
၅။ နိဝေသကသုတ္တံ
၇၆။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ အာနန္ဒံ ဘဂဝါ ဧတဒဝေါစ –
‘‘ယေ, အာနန္ဒ, အနုကမ္ပေယျာထ ယေ စ သောတဗ္ဗံ မညေယျုံ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ တေ ဝေါ, အာနန္ဒ, တီသု ဌာနေသု သမာဒပေတဗ္ဗာ [သမာဒါပေတဗ္ဗာ (?)] နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။ ကတမေသု တီသု? ဗုဒ္ဓေ အဝေစ္စပ္ပသာဒေ သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ, ဗုဒ္ဓေါ ဘဂဝါ’တိ, ဓမ္မေ အဝေစ္စပ္ပသာဒေ သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ, သံဃေ အဝေစ္စပ္ပသာဒေ သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ – ‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’’’တိ။
‘‘သိယာ, အာနန္ဒ, စတုန္နံ မဟာဘူတာနံ အညထတ္တံ – ပထဝီဓာတုယာ အာပေါဓာတုယာ တေဇောဓာတုယာ ဝါယောဓာတုယာ, န တွေဝ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညထတ္တံ တတြိဒံ အညထတ္တံ။ သော ဝတာနန္ဒ, ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတော အရိယသာဝကော နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ ပေတ္တိဝိသယံ ဝါ ဥပပဇ္ဇိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
‘‘သိယာ, အာနန္ဒ, စတုန္နံ မဟာဘူတာနံ အညထတ္တံ – ပထဝီဓာတုယာ အာပေါဓာတုယာ တေဇောဓာတုယာ ဝါယောဓာတုယာ, န တွေဝ ဓမ္မေ…ပေ… န တွေဝ သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညထတ္တံ တတြိဒံ အညထတ္တံ။ သော ဝတာနန္ဒ, သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတော အရိယသာဝကော နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ ပေတ္တိဝိသယံ ဝါ ဥပပဇ္ဇိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
‘‘ယေ, အာနန္ဒ, အနုကမ္ပေယျာထ ယေ စ သောတဗ္ဗံ မညေယျုံ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ တေ ဝေါ, အာနန္ဒ, ဣမေသု တီသု ဌာနေသု သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ’’တိ။ ပဉ္စမံ။
၅-နိဝေသကသုတ် ၇၆။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏- အာနန္ဒာ မိတ်ဆွေတို့ကို ဖြစ်စေ ချစ်ကျွမ်းဝင်သူတို့ကို ဖြစ်စေ ဆွေမျိုးသားချင်းတို့ကို ဖြစ်စေ စောင့်ရှောက် လိုကုန်မူ ယင်းမိတ်ဆွေ ခင်ပွန်းတို့ကလည်း (သင်တို့၏စကားကို) နာယူထိုက်၏ဟု မှတ်ထင် အောက်မေ့စေလိုကုန်မူ သင်တို့သည် ထိုသူတို့ကို သုံးမျိုးသော ဌာနတို့၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို့ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဤသို့ မြတ်စွာဘုရား၌ မတုန်မလှုပ် ယုံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။ “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း။ ဤသို့တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။ “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေ အတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု ဤသို့ သံဃာတော်၌ မတုန်မလှုပ် ယုံံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။ အာနန္ဒာ ပထဝီ အာပေါ တေဇော ဝါယော ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသည် ဖြစ်နိုင်ရာသေး၏၊ မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ နေသော အရိယာသာဝကအား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ကား မဖြစ်နိုင်ရာသည် သာတည်း။ ထို စကား၌ ဤကား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပုံတည်း။ အာနန္ဒာ မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံသော ထို အရိယာသာဝကသည် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်ဘုံသို့ ဖြစ်စေ ပြိတ္တာဘုံသို့ ဖြစ်စေ ဖြစ်ရလတ္တံ့။ ဤသို့ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော ထို အကြောင်းသည် မရှိချေ။ အာနန္ဒာ ပထဝီ အာပေါ တေဇော ဝါယော ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသည် ဖြစ်နိုင်ရာသေး၏၊ တရားတော်၌။ပ။ သံဃာတော်၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံသော အရိယာသာဝကအား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ကား မဖြစ်နိုင်ရာသည်သာတည်း။ ထို စကား၌ ဤကား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပုံတည်း။ အာနန္ဒာ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံသော ထို အရိယာသာဝကသည် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်ဘုံသို့ ဖြစ်စေ ပြိတ္တာ ဘုံသို့ဖြစ်စေ ဖြစ်ရလတ္တံ့။ ဤသို့တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းဟူသော ထို အကြောင်းသည် မရှိချေ။ အာနန္ဒာ မိတ်ဆွေတို့ကို ဖြစ်စေ ချစ်ကျွမ်းဝင်သူတို့ကို ဖြစ်စေ ဆွေမျိုးသားချင်းတို့ကို ဖြစ်စေ စောင့်ရှောက်လိုကုန်မူ ယင်းမိတ်ဆွေခင်ပွန်းတို့ကိုလည်း (သင်တို့၏ စကားကို) နာယူထိုက်၏ဟု မှတ်ထင့်အောက်မေ့စေလိုကုန်မူ သင်တို့သည် ထိုသူတို့ကို ဤသုံးမျိုးသော ဌာနတို့၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.75 8. Ānanda Support Then Venerable Ānanda went up to the Buddha, bowed, and sat down to one side. The Buddha said to him: “Ānanda, those who you have sympathy for, and those worth listening to—friends and colleagues, relatives and family—should be encouraged, supported, and established in three things. What three? Experiential confidence in the Buddha: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ Experiential confidence in the teaching: ‘The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.’ Experiential confidence in the Saṅgha: ‘The Saṅgha of the Buddha’s disciples is practicing the way that’s good, direct, systematic, and proper. It consists of the four pairs, the eight individual persons. This is the Saṅgha of the Buddha’s disciples that is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of greeting with cupped palms, and is the supreme field of merit for the world.’ There might be change in the four principal states— earth, water, air, and fire—but a noble disciple with experiential confidence in the Buddha would never change. In this context, ‘change’ means that such a noble disciple will be reborn in hell, the animal realm, or the ghost realm: this is quite impossible. There might be change in the four principal states— earth, water, air, and fire—but a noble disciple with experiential confidence in the teaching … or the Saṅgha would never change. In this context, ‘change’ means that such a noble disciple will be reborn in hell, the animal realm, or the ghost realm: this is quite impossible. Those who you have sympathy for, and those worth listening to—friends and colleagues, relatives and family—should be encouraged, supported, and established by you in these three things.”
၆။ ပဌမဘဝသုတ္တံ
၇၇။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘဝေါ, ဘဝေါတိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဘဝေါ ဟောတီ’’တိ?
‘‘ကာမဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ ကာမဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ခေါ, အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော [သိနေဟော (သီ။ သျာ။ ကံ။ ပီ။)]။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ ဟီနာယ ဓာတုယာ ဝိညာဏံ ပတိဋ္ဌိတံ ဧဝံ အာယတိံ [အာယတိ (သီ။)] ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ။ ( ) [(ဧဝံ ခေါ အာနန္ဒ ဘဝေါ ဟောတီတိ) (က။) ဒုတိယသုတ္တေ ပန ဣဒံ ပါဌနာနတ္တံ နတ္ထိ]
‘‘ရူပဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ ရူပဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ခေါ အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ မဇ္ဈိမာယ ဓာတုယာ ဝိညာဏံ ပတိဋ္ဌိတံ ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ။ ( ) [(ဧဝံ ခေါ အာနန္ဒ ဘဝေါ ဟောတီတိ) (က။) ဒုတိယသုတ္တေ ပန ဣဒံ ပါဌနာနတ္တံ နတ္ထိ]
‘‘အရူပဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ အရူပဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ခေါ, အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ ပဏီတာယ ဓာတုယာ ဝိညာဏံ ပတိဋ္ဌိတံ ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ။ ဧဝံ ခေါ, အာနန္ဒ, ဘဝေါ ဟောတီ’’တိ။ ဆဋ္ဌံ။
၆-ပဌမ ဘဝသုတ် ၇၇။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အထံသို့ ချဥ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဘုရား ‘ဘဝ ဘဝ’ဟု ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ကာမဓာတ် (ကာမဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မိန့်တော်မူ၏)။ ထင်ရှားမဖြစ်ပေါ်နိုင်ပါ အသျှင်ဘုရား၊ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့်တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမ ဓာတ် (ကာမဘုံ) ၌ ဝိညာဥ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ ရူပဓာတ် (ရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား အလယ်အလတ်ဖြစ်သော ရူပဓာတ် (ရူပဘုံ) ၌ ဝိညာဥ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ အရူပဓာတ် (အရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် အရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား မြတ်သော အရူပဓာတ် (အရူပဘုံ) ၌ ဝိညာဥ်သည် တည်၏။ ဤသို့တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏၊ အာနန္ဒာ ဤသို့လျှင် ဘဝဖြစ်သတည်းဟု (ဟောတော်မူ၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.76 8. Ānanda Continued Existence (1st) Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, they speak of this thing called ‘continued existence’. How is continued existence defined?” “If, Ānanda, there were no deeds to result in the sensual realm, would continued existence in the sensual realm still come about?” “No, sir.” “So, Ānanda, deeds are the field, consciousness is the seed, and craving is the moisture. The consciousness of sentient beings—shrouded by ignorance and fettered by craving—is established in a lower realm. That’s how there is regeneration into a new state of existence in the future. If there were no deeds to result in the realm of luminous form, would continued existence in the realm of luminous form still come about?” “No, sir.” “So, Ānanda, deeds are the field, consciousness is the seed, and craving is the moisture. The consciousness of sentient beings—shrouded by ignorance and fettered by craving—is established in a middle realm. That’s how there is regeneration into a new state of existence in the future. If there were no deeds to result in the formless realm, would continued existence in the formless realm still come about?” “No, sir.” “So, Ānanda, deeds are the field, consciousness is the seed, and craving is the moisture. The consciousness of sentient beings—shrouded by ignorance and fettered by craving—is established in a higher realm. That’s how there is regeneration into a new state of existence in the future. That’s how continued existence is defined.”
၇။ ဒုတိယဘဝသုတ္တံ
၇၈။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘဝေါ, ဘဝေါတိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဘဝေါ ဟောတီ’’တိ?
‘‘ကာမဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ ကာမဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ ဘန္တေ’’။ ‘‘ဣတိ ခေါ, အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ ဟီနာယ ဓာတုယာ စေတနာ ပတိဋ္ဌိတာ ပတ္ထနာ ပတိဋ္ဌိတာ ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ’’။
‘‘ရူပဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ ရူပဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ခေါ, အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ မဇ္ဈိမာယ ဓာတုယာ စေတနာ ပတိဋ္ဌိတာ ပတ္ထနာ ပတိဋ္ဌိတာ ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ’’။
‘‘အရူပဓာတုဝေပက္ကဉ္စ, အာနန္ဒ, ကမ္မံ နာဘဝိဿ, အပိ နု ခေါ အရူပဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘ဣတိ ခေါ, အာနန္ဒ, ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သ္နေဟော။ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ ပဏီတာယ ဓာတုယာ စေတနာ ပတိဋ္ဌိတာ ပတ္ထနာ ပတိဋ္ဌိတာ ဧဝံ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ။ ဧဝံ ခေါ, အာနန္ဒ, ဘဝေါ ဟောတီ’’တိ။ သတ္တမံ။
၇-ဒုတိယ ဘဝသုတ် ၇၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင်။ပ။ မြတ်စွာဘုရားအား “အသျှင်ဘုရား ‘ဘဝ ဘဝ’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ကာမဓာတ် (ကာမဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမ ဓာတ် (ကာမဘုံ) ၌ စေတနာသည် တည်၏၊ တောင့်တခြင်းသည် တည်၏။ ဤသို့တည်သော် နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ ရူပဓာတ် (ရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ခဲ့လျှင် ရူပဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့လျှင့်ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား အလယ်အလတ်ဖြစ်သော ရူပဓာတ် (ရူပဘုံ) ၌ စေတနာသည် တည်၏၊ တောင့်တခြင်းသည် တည်၏။ ဤသို့တည်သော် နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ အရူပဓာတ် (အရူပဘုံ) ၌ အကျိုးပေးတတ်သော ကံ မဖြစ်ပေါ်ခဲ့လျှင် အရူပဘဝသည် ထင်ရှားဖြစ်ပေါ်နိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမဖြစ်ပေါ်နိုင်ပါ။ အာနန္ဒာ ဤသို့ လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဥ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေး ‘ရေ’ နှင့် တူ၏။ အဝိဇ္ဇာပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ရှိကုန်သော သတ္တဝါတို့အား မြတ်သော အရူပဓာတ် (အရူပဘုံ) ၌ စေတနာသည် တည်၏။ တောင့်တခြင်းသည် တည်၏။ ဤသို့ တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏။ အာနန္ဒာ ဤသို့လျှင် ဘဝဖြစ်သတည်းဟု (ဟောတော်မူ၏)။ သတ္တမသုတ်။
Numbered Discourses 3.77 8. Ānanda Continued Existence (2nd) Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, they speak of this thing called ‘continued existence’. How is continued existence defined?” “If, Ānanda, there were no deeds to result in the sensual realm, would continued existence in the sensual realm still come about?” “No, sir.” “So, Ānanda, deeds are the field, consciousness is the seed, and craving is the moisture. The intention and aim of sentient beings—shrouded by ignorance and fettered by craving—is established in a lower realm. That’s how there is regeneration into a new state of existence in the future. If there were no deeds to result in the realm of luminous form, would continued existence in the realm of luminous form still come about?” “No, sir.” “So, Ānanda, deeds are the field, consciousness is the seed, and craving is the moisture. The intention and aim of sentient beings—shrouded by ignorance and fettered by craving—is established in a middle realm. That’s how there is regeneration into a new state of existence in the future. If there were no deeds to result in the formless realm, would continued existence in the formless realm still come about?” “No, sir.” “So, deeds are the field, consciousness is the seed, and craving is the moisture. The intention and aim of sentient beings—shrouded by ignorance and fettered by craving—is established in a higher realm. That’s how there is regeneration into a new state of existence in the future. That’s how continued existence is defined.”
၈။ သီလဗ္ဗတသုတ္တံ
၇၉။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ အာနန္ဒံ ဘဂဝါ ဧတဒဝေါစ – ‘‘သဗ္ဗံ နု ခေါ, အာနန္ဒ, သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရံ သဖလ’’န္တိ? ‘‘န ခွေတ္ထ, ဘန္တေ, ဧကံသေနာ’’တိ။ ‘‘တေန ဟာနန္ဒ, ဝိဘဇဿူ’’တိ။
‘‘ယဉှိဿ [ယထာရူပံ ဟိဿ (?) သေဝိတဗ္ဗာသေဝိတဗ္ဗသုတ္တာနုရူပံ], ဘန္တေ, သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရံ သေဝတော အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ ကုသလာ ဓမ္မာ ပရိဟာယန္တိ, ဧဝရူပံ သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရံ အဖလံ။ ယဉ္စ ခွါဿ [ယဉှိဿ (က။), ယထာရူပဉ္စ ခွါဿ (?)], ဘန္တေ, သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရံ သေဝတော အကုသလာ ဓမ္မာ ပရိဟာယန္တိ, ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ, ဧဝရူပံ သီလဗ္ဗတံ ဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရံ သဖလ’’န္တိ။ ဣဒမဝေါစ အာယသ္မာ အာနန္ဒော၊ သမနုညော သတ္ထာ အဟောသိ။
အထ ခေါ အာယသ္မာ အာနန္ဒော ‘‘သမနုညော မေ သတ္ထာ’’တိ, ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ ဘဂဝါ အစိရပက္ကန္တေ အာယသ္မန္တေ အာနန္ဒေ ဘိက္ခူ အာမန္တေသိ – ‘‘သေခေါ, ဘိက္ခဝေ, အာနန္ဒော၊ န စ ပနဿ သုလဘရူပေါ သမသမော ပညာယာ’’တိ။ အဋ္ဌမံ။
၈-သီလဗ္ဗတသုတ် ၇၉။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်- “အာနန္ဒာ အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်လည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်သုံးမှုလည်းကောင်း၊ အထင်အားဖြင့် ဖြစ်သော အမြတ်တရားလည်းကောင်း ထို အားလုံးသည် (လိုအပ်သော) အကျိုးရှိပါသလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရာ၌ မုချအားဖြင့် မဖြေဆိုသင့်ပါဟု (လျှောက်၏)။ အာနန္ဒာ သို့ဖြစ်လျှင် ဝေဖန်လော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကြင် သို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သောအကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။ ဤသို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့သည် အကျိုးမရှိနိုင်ပါ။ အသျှင်ဘုရား အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။ ဤသို့သဘောရှိသော အသက် ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားသည် အကျိုးရှိနိုင်ပါ၏ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ဤစကားကို လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် “ငါ့စကားကို မြတ်စွာဘုရား နှစ်သက်တော်မူပါပေသည်”ဟု ထိုင်ရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် ဖဲခွါသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမီပင် ရဟန်းတို့ကို “ရဟန်းတို့ အာနန္ဒာကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် သာတည်း၊ ယင်းသို့ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဖြစ်လင့်ကစား ထို အာနန္ဒာနှင့် ပညာအရာ ထပ်တူထပ်မျှ တူညီသူကို ရလွယ်သော သဘောရှိသည် မဟုတ်ပေ”ဟု မိန့်တော်မူ၏။ အဋ္ဌမသုတ်။
Numbered Discourses 3.78 8. Ānanda Precepts and Observances Then Venerable Ānanda went up to the Buddha, bowed, and sat down to one side. The Buddha said to him: “Ānanda, are all precepts and observances, lifestyles, and spiritual paths fruitful when taken as the essence?” “This matter is not categorical, sir.” “Well then, Ānanda, break it down.” “Take the case of someone who cultivates precepts and observances, a lifestyle, and a spiritual path, taking this as the essence. If unskillful qualities grow while skillful qualities decline, that’s not fruitful. However, if unskillful qualities decline while skillful qualities grow, that is fruitful.” That is what Venerable Ānanda said, and the Teacher concurred. Then Ānanda, knowing that the Teacher concurred, got up from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. Then, not long after Ānanda had left, the Buddha addressed the mendicants: “Mendicants, Ānanda is a trainee, but it’s not easy to find his equal in wisdom.”
၉။ ဂန္ဓဇာတသုတ္တံ
၈၀။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –
‘‘တီဏိမာနိ, ဘန္တေ, ဂန္ဓဇာတာနိ, ယေသံ အနုဝါတံယေဝ ဂန္ဓော ဂစ္ဆတိ, နော ပဋိဝါတံ။ ကတမာနိ တီဏိ? မူလဂန္ဓော, သာရဂန္ဓော, ပုပ္ဖဂန္ဓော – ဣမာနိ ခေါ, ဘန္တေ, တီဏိ ဂန္ဓဇာတာနိ, ယေသံ အနုဝါတံယေဝ ဂန္ဓော ဂစ္ဆတိ, နော ပဋိဝါတံ။ အတ္ထိ နု ခေါ, ဘန္တေ, ကိဉ္စိ ဂန္ဓဇာတံ ယဿ အနုဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, ပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, အနုဝါတပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတီ’’တိ?
‘‘အတ္ထာနန္ဒ, ကိဉ္စိ ဂန္ဓဇာတံ [အတ္ထာနန္ဒ ဂန္ဓဇာတံ (သီ။ သျာ။ ကံ။ ပီ။)] ယဿ အနုဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, ပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, အနုဝါတပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတီ’’တိ။ ‘‘ကတမဉ္စ ပန, ဘန္တေ, ဂန္ဓဇာတံ ယဿ အနုဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, ပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, အနုဝါတပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတီ’’တိ?
‘‘ဣဓာနန္ဒ, ယသ္မိံ ဂါမေ ဝါ နိဂမေ ဝါ ဣတ္ထီ ဝါ ပုရိသော ဝါ ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ, ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, သီလဝါ ဟောတိ ကလျာဏဓမ္မော, ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသတိ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော။
‘‘တဿ ဒိသာသု သမဏဗြာဟ္မဏာ ဝဏ္ဏံ ဘာသန္တိ – ‘အမုကသ္မိံ [အသုကသ္မိံ (သီ။ သျာ။ ကံ။ ပီ။)] နာမ ဂါမေ ဝါ နိဂမေ ဝါ ဣတ္ထီ ဝါ ပုရိသော ဝါ ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ, ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, သီလဝါ ဟောတိ ကလျာဏဓမ္မော, ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသတိ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော’’’တိ။
‘‘ဒေဝတာပိဿ [ဒေဝတာပိဿ အမနုဿာ (သီ။ ပီ။), ဒေဝတာပိဿ အမနုဿာပိ (က။), ဒေဝတာပိဿ…ပေ… မနုဿာပိဿ (?)] ဝဏ္ဏံ ဘာသန္တိ – ‘အမုကသ္မိံ နာမ ဂါမေ ဝါ နိဂမေ ဝါ ဣတ္ထီ ဝါ ပုရိသော ဝါ ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ, ပါဏာတိပါတာ ပဋိဝိရတော ဟောတိ…ပေ… သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, သီလဝါ ဟောတိ ကလျာဏဓမ္မော, ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသတိ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော’တိ။ ဣဒံ ခေါ တံ, အာနန္ဒ, ဂန္ဓဇာတံ ယဿ အနုဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, ပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတိ, အနုဝါတပဋိဝါတမ္ပိ ဂန္ဓော ဂစ္ဆတီ’’တိ။
‘‘န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ,
န စန္ဒနံ တဂရမလ္လိကာ [တဂ္ဂရမလ္လိကာ (ပီ။)] ဝါ၊
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ,
သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတီ’’တိ။ နဝမံ၊
၉-ဂန္ဓဇာတသုတ် ၈၀။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား- အသျှင်ဘုရား လေအောက်သို့သာ ရနံ့သွား၍ လေညာသို့ ရနံ့ မသွားသော နံ့သာမျိုးတို့သည် သုံးမျိုးတို့ပါတည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- အမြစ်နံ့သာမျိုး၊ အနှစ်နံ့သာမျိုး၊ အပွင့်နံ့သာမျိုးတို့တည်း၊ အသျှင်ဘုရား လေအောက်သို့သာ ရနံ့သွား၍ လေညာသို့ ရနံ့မသွားသော နံ့သာမျိုးတို့သည် ဤသုံးမျိုးတို့ပါတည်း။ အသျှင်ဘုရား လေအောက်သို့လည်း သွားနိုင် လေညာသို့လည်း သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးသည် ရှိနိုင်ပါသလောဟု လျှောက်၏။ အာနန္ဒာ လေအောက်သို့လည်း ရနံ့သွားနိုင် လေညာ သို့လည်း ရနံ့သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးသည် ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား လေအောက်သို့လည်း ရနံ့သွားနိုင် လေညာသို့လည်း ရနံ့သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးကား အဘယ်ပါနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤလောကဝယ် အကြင် ရွာနိဂုံး၌ ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ဘုရားတရား သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ သူ့ အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ လွန် ကျူးခြင်း, မဟုတ် မမှန်ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင် ကြဥ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်လေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော်ပိုက်၏။ သမဏဗြာဟ္မဏတို့သည် ထိုသူ၏ ဂုဏ်သတင်းကို အရပ်လေးမျက်နှာတို့၌ ပြောဆိုကုန်၏- “ဤမည်သော ရွာနိဂုံး၌ (ဤမည်သော) ယောကျာ်းသည်လည်းကောင်း၊ မိန်းမသည်လည်းကောင်း ဘုရားတရား သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ သူ့အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ လွန်ကျူးခြင်း, မဟုတ်မမှန် ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဥ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲလေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော် ပိုက်၏”ဟု (ပြောဆိုကြကုန်၏)။ နတ်တို့သည်လည်း ထိုသူ၏ ဂုဏ်သတင်းကို ပြောဆိုကြကုန်၏- “ဤမည်သော ရွာနိဂုံး၌ (ဤမည်သော) ယောကျာ်းသည်လည်းကောင်း၊ မိန်းမသည်လည်းကောင်း ဘုရားတရား သံဃာကို ကိုးကွယ် ဆည်းကပ်၏၊ သူ့ အသက်သတ်ခြင်း။ပ။ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဥ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲလေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော်ပိုက်၏”ဟု (ပြောဆိုကြကုန်၏)။ အာနန္ဒာ လေအောက်သို့လည်း ရနံ့သွားနိုင် လေညာသို့လည်း ရနံ့သွားနိုင် လေအောက် လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော နံ့သာမျိုးကား ဤ(ဆိုခဲ့ပြီး သရဏဂုံ, သီလ စသည်နှင့် ပြည့်စုံခြင်း) ဂုဏ်သတင်းပေတည်း။ ပန်းတို့၏ ရနံ့သည် လေညာသို့ မရောက်နိုင်၊ စန္ဒကူး တောင်စလပ် ကြက်ရုံး ပန်းတို့၏ ရနံ့သည်လည်း လေညာသို့ မရောက်နိုင်ကုန်၊ သူတော်ကောင်းတို့၏ ရနံ့သည်ကား လေညာသို့ ရောက်နိုင်၏၊ သူတော်ကောင်းသည်ကား အရပ်ဆယ် မျက်နှာအားလုံးတို့ကို ဂုဏ်သတင်းရနံ့ဖြင့် သင်းပျံ့လွှမ်းမိုးနိုင်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.79 8. Ānanda Fragrances Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, there are these three kinds of fragrance that spread only with the wind, not against it. What three? The fragrance of roots, heartwood, and flowers. These are the three kinds of fragrance that spread only with the wind, not against it. Is there a kind of fragrance that spreads with the wind, and against it, and both ways?” “There is, Ānanda, such a kind of fragrance.” “So what, sir, is that kind of fragrance?” “It’s when, Ānanda, in some village or town, a woman or man has gone for refuge to the Buddha, the teaching, and the Saṅgha. They don’t kill living creatures, steal, commit sexual misconduct, lie, or consume intoxicants of beer, wine, and liquor. They’re ethical, of good character. They live at home with heart rid of the stain of stinginess, freely generous, open-handed, loving to let go, committed to charity, loving to give and to share. Ascetics and brahmins everywhere praise them for these good qualities; even the deities praise them. This is the kind of fragrance that spreads with the wind, and against it, and both. The fragrance of flowers <j>doesn’t spread against the wind, nor sandalwood, pinwheel flowers, or jasmine; but the fragrance of the good <j>spreads against the wind; a true person’s virtue spreads in every direction.”
၁၀။ စူဠနိကာသုတ္တံ
၈၁။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သမ္မုခါမေတံ, ဘန္တေ, ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ – ‘ဘဂဝတော, အာနန္ဒ, သိခိဿ အဘိဘူ နာမ သာဝကော ဗြဟ္မလောကေ ဌိတော သဟဿိလောကဓာတုံ [သဟဿီလောကဓာတုံ (ပီ။) သံ။ နိ။ ၁။၁၈၅ ဝိတ္ထာရော] သရေန ဝိညာပေသီ’တိ။ ဘဂဝါ ပန, ဘန္တေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ကီဝတကံ ပဟောတိ သရေန ဝိညာပေတု’’န္တိ? ‘‘သာဝကော သော, အာနန္ဒ, အပ္ပမေယျာ တထာဂတာ’’တိ။
ဒုတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သမ္မုခါ မေတံ, ဘန္တေ, ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ – ‘ဘဂဝတော, အာနန္ဒ, သိခိဿ အဘိဘူ နာမ သာဝကော ဗြဟ္မလောကေ ဌိတော သဟဿိလောကဓာတုံ သရေန ဝိညာပေသီ’တိ။ ဘဂဝါ ပန, ဘန္တေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ကီဝတကံ ပဟောတိ သရေန ဝိညာပေတု’’န္တိ? ‘‘သာဝကော သော, အာနန္ဒ, အပ္ပမေယျာ တထာဂတာ’’တိ။
တတိယမ္ပိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သမ္မုခါမေတံ, ဘန္တေ, ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ – ‘ဘဂဝတော, အာနန္ဒ, သိခိဿ အဘိဘူ နာမ သာဝကော ဗြဟ္မလောကေ ဌိတော သဟဿိလောကဓာတုံ သရေန ဝိညာပေသီ’တိ။ ဘဂဝါ ပန, ဘန္တေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ကီဝတကံ ပဟောတိ သရေန ဝိညာပေတု’’န္တိ? ‘‘သုတာ တေ, အာနန္ဒ, သဟဿီ စူဠနိကာ လောကဓာတူ’’တိ? ‘‘ဧတဿ, ဘဂဝါ, ကာလော၊ ဧတဿ, သုဂတ, ကာလော! ယံ ဘဂဝါ ဘာသေယျ။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေနဟာနန္ဒ, သုဏာဟိ သာဓုကံ မနသိ ကရောဟိ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘ယာဝတာ, အာနန္ဒ, စန္ဒိမသူရိယာ [စန္ဒိမသုရိယာ (သီ။ သျာ။ ကံ။ ပီ။)] ပရိဟရန္တိ, ဒိသာ ဘန္တိ ဝိရောစနာ, တာဝ သဟဿဓာ လောကော။ တသ္မိံ သဟဿဓာ လောကေ သဟဿံ [တသ္မိံ သဟဿံ (သျာ။ ကံ။ ပီ။)] စန္ဒာနံ, သဟဿံ သူရိယာနံ, သဟဿံ သိနေရုပဗ္ဗတရာဇာနံ, သဟဿံ ဇမ္ဗုဒီပါနံ, သဟဿံ အပရဂေါယာနာနံ, သဟဿံ ဥတ္တရကုရူနံ, သဟဿံ ပုဗ္ဗဝိဒေဟာနံ, စတ္တာရိ မဟာသမုဒ္ဒသဟဿာနိ, စတ္တာရိ မဟာရာဇသဟဿာနိ, သဟဿံ စာတုမဟာရာဇိကာနံ, သဟဿံ တာဝတိံသာနံ, သဟဿံ ယာမာနံ, သဟဿံ တုသိတာနံ, သဟဿံ နိမ္မာနရတီနံ, သဟဿံ ပရနိမ္မိတဝသဝတ္တီနံ, သဟဿံ ဗြဟ္မလောကာနံ – အယံ ဝုစ္စတာနန္ဒ, သဟဿီ စူဠနိကာ လောကဓာတု။
‘‘ယာဝတာနန္ဒ, သဟဿီ စူဠနိကာ လောကဓာတု တာဝ သဟဿဓာ လောကော။ အယံ ဝုစ္စတာနန္ဒ, ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု။
‘‘ယာဝတာနန္ဒ, ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု တာဝ သဟဿဓာ လောကော။ အယံ ဝုစ္စတာနန္ဒ, တိသဟဿီ မဟာသဟဿီ လောကဓာတု။
‘‘အာကင်္ခမာနော, အာနန္ဒ, တထာဂတော တိသဟဿိမဟာသဟဿိလောကဓာတုံ [တိသဟဿိ မဟာသဟဿိံ လောကဓာတုံ (သျာ။ ကံ။), တိသဟဿီမဟာသဟဿီလောကဓာတုံ (ပီ။)] သရေန ဝိညာပေယျ, ယာဝတာ ပန အာကင်္ခေယျာ’’တိ။
‘‘ယထာ ကထံ ပန, ဘန္တေ, ဘဂဝါ တိသဟဿိမဟာသဟဿိလောကဓာတုံ သရေန ဝိညာပေယျ, ယာဝတာ ပန အာကင်္ခေယျာ’’တိ? ‘‘ဣဓာနန္ဒ, တထာဂတော တိသဟဿိမဟာသဟဿိလောကဓာတုံ ဩဘာသေန ဖရေယျ။ ယဒါ တေ သတ္တာ တံ အာလောကံ သဉ္ဇာနေယျုံ, အထ တထာဂတော ဃောသံ ကရေယျ သဒ္ဒမနုဿာဝေယျ။ ဧဝံ ခေါ, အာနန္ဒ, တထာဂတော တိသဟဿိမဟာသဟဿိလောကဓာတုံ သရေန ဝိညာပေယျ, ယာဝတာ ပန အာကင်္ခေယျာ’’တိ။
ဧဝံ ဝုတ္တေ အာယသ္မာ အာနန္ဒော (အာယသ္မန္တံ ဥဒါယိံ) [(ဘဂဝန္တံ) (သီ။), ( ) နတ္ထိ သျာ။ ကံ။ ပေါတ္ထကေသု။ အဋ္ဌကထာယ သမေတိ] ဧတဒဝေါစ – ‘‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယဿ မေ သတ္ထာ ဧဝံမဟိဒ္ဓိကော ဧဝံမဟာနုဘာဝေါ’’တိ။ ဧဝံ ဝုတ္တေ အာယသ္မာ ဥဒါယီ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘ကိံ တုယှေတ္ထ, အာဝုသော အာနန္ဒ, ယဒိ တေ သတ္ထာ ဧဝံမဟိဒ္ဓိကော ဧဝံမဟာနုဘာဝေါ’’တိ? ဧဝံ ဝုတ္တေ ဘဂဝါ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘မာ ဟေဝံ, ဥဒါယိ, မာ ဟေဝံ, ဥဒါယိ။ သစေ, ဥဒါယိ, အာနန္ဒော အဝီတရာဂေါ ကာလံ ကရေယျ, တေန စိတ္တပ္ပသာဒေန သတ္တက္ခတ္တုံ ဒေဝေသု ဒေဝရဇ္ဇံ ကာရေယျ, သတ္တက္ခတ္တုံ ဣမသ္မိံယေဝ ဇမ္ဗုဒီပေ မဟာရဇ္ဇံ ကာရေယျ။ အပိ စ, ဥဒါယိ, အာနန္ဒော ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယိဿတီ’’တိ။ ဒသမံ။
အာနန္ဒဝဂ္ဂေါ တတိယော။
တဿုဒ္ဒါနံ –
ဆန္နော အာဇီဝကော သက္ကော, နိဂဏ္ဌော စ နိဝေသကော၊
ဒုဝေ ဘဝါ သီလဗ္ဗတံ, ဂန္ဓဇာတဉ္စ စူဠနီတိ။
၁၀-စူဠနိုကာသုတ် ၈၁။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြား မှတ်သားရဖူးပါသည်- ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူအမည်ရှိသော သာဝကသည် ဗြဟ္မာ့ဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိစေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ထို အဘိဘူသည် တပည့်သာဝကမျှ သာတည်း၊ မြတ်စွာဘုရားတို့သည်ကား မနှိုင်းယှဥ်အပ်သော ပုဂ္ဂိုလ်တို့ပေတည်းဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြားမှတ်သားရဖူးပါသည် ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူ အမည် ရှိသော သာဝကသည် ဗြဟ္မာ့ဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိနိုင်စေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ထို အဘိဘူသည် တပည့်သာဝကမျှ သာတည်း၊ မြတ်စွာဘုရားတို့သည်ကား မနှိုင်းယှဥ်အပ်သော ပုဂ္ဂိုလ်တို့ပေတည်းဟု (မိန့်တော်မူ၏)။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြားမှတ်သားရဖူးပါသည် ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူအမည်ရှိသော သာဝကသည် ဗြဟ္မာဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိနိုင်စေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ (စကြဝဠာ) တစ်ထောင်ရှိ စူဠနိကာ လောကဓာတ် (လောကဓာတ်ငယ်) ကို သင်ကြားဖူး၏ လောဟု (မေးတော်မူ၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ထို (စူဠနိကာလောကဓာတ်) ကို ဟောချိန်တန်ပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထို (စူဠနိကာလောကဓာတ်) ကို ဟောချိန်တန်ပါပြီ၊ မြတ်စွာဘုရား ဟောတော်မူမည့် စူဠနိကာလောကဓာတ်ကို မြတ်စွာဘုရား အထံတော်မှ ကြားနာရ၍ ရဟန်းတို့သည် မှတ်သား ဆောင်ထားကြရပါလိမ့်မည်ဟု (လျှောက်၏)။ အာနန္ဒာ သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံး သွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- အာနန္ဒာ လ နေတို့ လှည့်လည်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ (စကြဝဠာ) တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏၊ ထို လောကဓာတ်တစ်ထောင်၌ လတစ်ထောင် နေတစ်တောင် မြင်းမိုရ်တောင်မင်းတစ်ထောင် ဇမ္ဗူဒိပ် ‘တောင်’ ကျွန်းတစ်ထောင် အပရ ဂေါယာန ‘အနောက်’ ကျွန်းတစ်ထောင် ဥတ္တရကုရု‘မြောက်’ ကျွန်းတစ်ထောင် ပုဗ္ဗဝိဒေဟ‘အရှေ့’ ကျွန်း တစ်ထောင် မဟာသမုဒ္ဒရာလေးထောင် နတ်မင်းကြီးလေးထောင် စာတုမဟာရာဇ်နတ်ဘုံတစ်ထောင့်တာဝတိံသာနတ်ဘုံတစ်ထောင် ယာမာနတ်ဘုံတစ်ထောင် တုသိတာနတ်ဘုံတစ်ထောင် နိမ္မာနရတိနတ်ဘုံ တစ်ထောင် ပရနိမ္မိတဝသဝတ္တီနတ်ဘုံတစ်ထောင် ဗြဟ္မာဘုံတစ်ထောင် ရှိ၏။ အာနန္ဒာ ဤလောကဓာတ် ကို တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော စူဠနိကာလောကဓာတ်ဟု ဆိုအပ်၏။ အာနန္ဒာ တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော စူဠနိကာလောကဓာတ်တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏။ အာနန္ဒာ ဤလောကဓာတ်ကို နှစ်ကြိမ်မြောက် တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော မဇ္ဈိမိကာ လောကဓာတ်ဟု ဆိုအပ်၏။ အာနန္ဒာ နှစ်ကြိမ်မြောက် တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော မဇ္ဈိမိကာလောကဓာတ် တစ်ခုကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏။ အာနန္ဒာ ဤလောကဓာတ်ကို သုံးကြိမ်သုံးခါ ထောင်များစွာ မြှောက်ခြင်းရှိသော မဟာလောကဓာတ်၁ဟု ဆိုအပ်၏။ အာနန္ဒာ မြတ်စွာဘုရားသည် အလိုတော်ရှိသော် (စကြဝဠာကုဋေတစ်သိန်းရှိ) မဟာလောကဓာတ်ကို အသံဖြင့် ကြားသိစေနိုင်၏၊ ထို့ထက် အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်သို့လျှင် စကြဝဠာ ကုဋေတစ်သိန်းရှိ မဟာလောကဓာတ်ကို အသံဖြင့် ကြားသိစေတော်မူပါသနည်း၊ ထို့ထက်အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ မြတ်စွာဘုရားသည် အကြင် အခါ၌ (စကြဝဠာ ကုဋေ တစ်သိန်းရှိ) မဟာလောကဓာတ်ကို အရောင်အလင်းဖြင့် နှံ့စေရာ၏၊ ထိုအခါ ထို သတ္တဝါတို့သည် ထို အရောင်အလင်းကို သိကုန်ရာ၏၊ ထို့နောက် မြတ်စွာဘုရားသည် ကြွေးကြော်သံကို ပြုရာ၏၊ အသံကို ကြားစေနိုင်ရာ၏။ အာနန္ဒာ ဤသို့လျှင် မြတ်စွာဘုရားသည် (စကြဝဠာ ကုဋေတစ်သိန်းရှိ) မဟာ လောကဓာတ်ကို အသံဖြင့် ကြားသိစေနိုင်၏၊ ထို့ထက် အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီ (လာဠုဒါယီ) မထေရ်အား ဤသို့ ပြောဆို၏- “ငါ့အား အရတော်လေစွတကား ငါသည် ကောင်းစွာ ရအပ်ပေသည်တကား၊ ငါ၏ဆရာ မြတ်စွာဘုရားသည် ဤသို့ တန်ခိုးအာနုဘော် ရှိပါပေသည်”ဟု (ဆို၏)။ အသျှင်အာနန္ဒာ ဤသို့ ဆိုသော် ဥဒါယီသည် အသျှင်အာနန္ဒာအား “ငါ့သျှင်အာနန္ဒာ သင်၏ဆရာ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးအာနုဘော် ရှိခြင်းသည် သင့်အား အဘယ်အကျိုးရှိပါသနည်း”ဟု (ဆို၏)။ ဤသို့ ဆိုသော် အသျှင်ဥဒါယီအား မြတ်စွာဘုရားသည် “ဥဒါယီ ဤသို့ မဆိုလင့်၊ ဥဒါယီ ဤသို့ မဆိုလင့်။ ဥဒါယီ အာနန္ဒာသည် တပ်မက်ခြင်း ‘ရာဂ’ မကင်းသေးဘဲ အကယ်၍ သေသွားခဲ့လျှင် (ငါဘုရား၌) ကြည်ညိုနေသော ထို စိတ်ကြောင့် ခုနစ်ကြိမ်တိုင်တိုင် နတ်ပြည်တို့၌ နတ်မင်း ဖြစ်နိုင်၏၊ ခုနစ်ကြိမ်တိုင်တိုင် ဤဇမ္ဗူဒိပ်ကျွန်း၌ပင် ကြီးမြတ်သော စကြဝတေးမင်း ဖြစ်နိုင်၏။ ဥဒါယီ စင်စစ်သော်ကား အာနန္ဒာသည် ယခုဘဝ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့”ဟု မိန့်တော်မူ၏။ ဒသမသုတ်။ သုံးခုမြောက် အာနန္ဒဝဂ် ပြီး၏။ ၁။ စကြဝဠာတစ်ခုတည်၊ စကြဝဠာတစ်ထောင်ဖြင့် မြှောက်၊ စူဠနိကာလောကဓာတ် တစ်ခုဖြစ်၏။ စူဠနိကာလောကဓာတ် တစ်ခု (စကြဝဠာတစ်ထောင်) တည်၊ စကြဝဠာတစ်ထောင်ဖြင့် မြှောက်၊ မဇ္ဈိမိကာလောကဓာတ်တစ်ခု (စကြဝဠာတစ်သန်း) ဖြစ်၏။ မဇ္ဈိမိကာလောကဓာတ် တစ်ခု (စကြဝဠာတစ်သန်း) တည်၊ စူဠနိကာလောကဓာတ်တစ်ထောင် (စကြဝဠာတစ်သန်း) ဖြင့် မြှောက်၊ မဟာလောကဓာတ်တစ်ခု (စကြဝဠာကုဋေတစ်သိန်း) ဖြစ်၏။ (၉) ၄-သမဏဝဂ် ၁-သမဏသုတ်
Numbered Discourses 3.80 8. Ānanda Lesser Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, I have heard and learned this in the presence of the Buddha: ‘Ānanda, the Buddha Sikhī had a disciple named Abhibhū. Standing in the realm of divinity, he could make his voice heard throughout the thousandfold galaxy.’ I wonder how far a Blessed One, a perfected one, a fully awakened Buddha can make their voice heard?” “He was a disciple, Ānanda. Realized Ones are immeasurable.” For a second time … For a third time, Ānanda said to the Buddha: “… I wonder how far a Blessed One, a perfected one, a fully awakened Buddha can make their voice heard?” “Ānanda, have you heard of a thousandfold lesser world system, a galaxy?” “Now is the time, Blessed One! Now is the time, Holy One! Let the Buddha speak. The mendicants will listen and remember it.” “Well then, Ānanda, listen and apply your mind well, I will speak.” “Yes, sir,” Ānanda replied. The Buddha said this: “Ānanda, a galaxy extends a thousand times as far as the moon and sun revolve and the dazzling ones light up the quarters. In that galaxy there are a thousand moons, a thousand suns, a thousand Sinerus king of mountains, a thousand Black Plum Tree Lands, a thousand lands west of Godāvarī, a thousand lands north of Kuru, a thousand lands east of Videha, four thousand oceans, four thousand great kings, a thousand realms of the gods of the four great kings, a thousand realms of the gods of the thirty-three, of the gods of Yama, of the joyful gods, of the gods who love to create, of the gods who control what is created by others, and a thousand realms of divinity. This is called a thousandfold lesser world system, a ‘galaxy’. A world system that extends for a thousand galaxies is called a millionfold middling world system, a ‘galactic cluster’. A world system that extends for a thousand galactic clusters is called a billionfold great world system, a ‘galactic supercluster’. If he wished, Ānanda, a Realized One could make his voice heard throughout a galactic supercluster, or as far as he wants.” “But how would the Buddha make his voice heard so far?” “First, Ānanda, a Realized One would fill the galactic supercluster with light. When sentient beings saw the light, the Realized One would project his call so that they’d hear the sound. That’s how a Realized One could make his voice heard throughout a galactic supercluster, or as far as he wants.” When he said this, Venerable Ānanda said, “I’m so fortunate, so very fortunate, to have a teacher with such power and might!” When he said this, Venerable Udāyī said to Venerable Ānanda, “What is it to you, Reverend Ānanda, if your teacher has such power and might?” When he said this, the Buddha said to Venerable Udāyī, “Not so, Udāyī, not so! If Ānanda were to die while still not free of greed, he would rule as king of the gods for seven lifetimes, or as king of the Black Plum Tree Land for seven lifetimes, because of the confidence of his heart. However, Ānanda will be fully extinguished in this very life.”
(၉) ၄။ သမဏဝဂ္ဂေါ
၁။ သမဏသုတ္တံ
၈၂။ ‘‘တီဏိမာနိ, ဘိက္ခဝေ, သမဏဿ သမဏိယာနိ သမဏကရဏီယာနိ။ ကတမာနိ တီဏိ? အဓိသီလသိက္ခာသမာဒါနံ, အဓိစိတ္တသိက္ခာသမာဒါနံ, အဓိပညာသိက္ခာသမာဒါနံ – ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ သမဏဿ သမဏိယာနိ သမဏကရဏီယာနိ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိသီလသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိစိတ္တသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိပညာသိက္ခာသမာဒါနေ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ပဌမံ။
၈၂။ ရဟန်းတို့ ရဟန်း၏ ဥစ္စာဖြစ်ကုန်သော ရဟန်းတို့ ပြုရမည့် ကိစ္စတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက် တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက်တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်း၏ ဥစ္စာဖြစ်ကုန်သော ရဟန်းတို့ ပြုရမည့် ကိစ္စတို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌- “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.81 9. Ascetics Ascetics “Mendicants, there are three duties of an ascetic. What three? Undertaking the training in the higher ethics, the higher mind, and the higher wisdom. These are the three duties of an ascetic. So you should train like this: ‘We will have keen enthusiasm for undertaking the training in the higher ethics, the higher mind, and the higher wisdom.’ That’s how you should train.”
၂။ ဂဒြဘသုတ္တံ
၈၃။ ‘‘သေယျထာပိ, ဘိက္ခဝေ, ဂဒြဘော ဂေါဂဏံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော ဟောတိ – ‘အဟမ္ပိ ဒမ္မော, အဟမ္ပိ ဒမ္မော’တိ [အဟမ္ပိ ဂေါ အမှာ အဟမ္ပိ ဂေါ အမှာတိ (သီ။), အဟမ္ပိ အမှာ အဟမ္ပိ အမှာတိ (သျာ။ ကံ။ ပီ။), အဟမ္ပိ ဂေါ အဟမ္ပိ ဂေါတိ (?)]။ တဿ န တာဒိသော ဝဏ္ဏော ဟောတိ သေယျထာပိ ဂုန္နံ, န တာဒိသော သရော ဟောတိ သေယျထာပိ ဂုန္နံ, န တာဒိသံ ပဒံ ဟောတိ သေယျထာပိ ဂုန္နံ။ သော ဂေါဂဏံယေဝ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော ဟောတိ – ‘အဟမ္ပိ ဒမ္မော, အဟမ္ပိ ဒမ္မော’’’တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ဘိက္ခု ဘိက္ခုသံဃံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော ဟောတိ – ‘အဟမ္ပိ ဘိက္ခု, အဟမ္ပိ ဘိက္ခူ’တိ။ တဿ န တာဒိသော ဆန္ဒော ဟောတိ အဓိသီလသိက္ခာသမာဒါနေ သေယျထာပိ အညေသံ ဘိက္ခူနံ, န တာဒိသော ဆန္ဒော ဟောတိ အဓိစိတ္တသိက္ခာသမာဒါနေ သေယျထာပိ အညေသံ ဘိက္ခူနံ, န တာဒိသော ဆန္ဒော ဟောတိ အဓိပညာသိက္ခာသမာဒါနေ သေယျထာပိ အညေသံ ဘိက္ခူနံ။ သော ဘိက္ခုသံဃံယေဝ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော ဟောတိ – ‘အဟမ္ပိ ဘိက္ခု, အဟမ္ပိ ဘိက္ခူ’’’တိ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိသီလသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိစိတ္တသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိပညာသိက္ခာသမာဒါနေ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ဒုတိယံ။
၂-ဂ ဒြ ဘသုတ် ၈၃။ ရဟန်းတို့ မြည်းသည် “ငါသည်လည်း နွားတည်း၊ ငါသည်လည်း နွားတည်း”ဟု (ထင်မှတ် လျက်) နွားအုပ်သို့ နောက်မှ နောက်မှ လိုက်၏၊ ထို မြည်းအား နွားတို့၏ အဆင်းကဲ့သို့သော အဆင်း မျိုးလည်း မရှိ၊ နွားတို့၏ အသံကဲ့သို့သော အသံမျိုးလည်း မရှိ၊ နွားတို့၏ ခွာကဲ့သို့သော ခွာမျိုးလည်း မရှိ၊ ထို မြည်းသည် “ငါသည်လည်း နွားတည်း၊ ငါသည်လည်း နွားတည်း”ဟု ထင်မှတ်လျက် နွားအုပ် သို့ နောက်မှ နောက်မှ လိုက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် “ငါသည်လည်း ရဟန်းတည်း၊ ငါသည်လည်း ရဟန်းတည်း”ဟု ရဟန်းသံဃာသို့ နောက်မှ နောက်မှ လိုက်၏၊ ထိုရဟန်းအား အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ တစ်ပါးသော ရဟန်းတို့၏ ထက်သန်သော ဆန္ဒကဲ့သို့သော ဆန္ဒမျိုးလည်း မရှိ၊ ထိုရဟန်းသည် “ငါသည်လည်း ရဟန်းတည်း၊ ငါသည်လည်း ရဟန်းတည်း”ဟု ရဟန်းသံဃာသို့ နောက်မှ နောက်မှ လိုက်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌- “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒ ဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.82 9. Ascetics The Donkey “Suppose, mendicants, a donkey followed behind a herd of cattle, thinking: ‘I can moo too! I can moo too!’ But it doesn’t look like a cow, or sound like a cow, or leave a footprint like a cow. Still it follows behind a herd of cattle, thinking: ‘I can moo too! I can moo too!’ In the same way, some mendicant follows behind the mendicant Saṅgha, thinking: ‘I’m a monk too! I’m a monk too!’ But they don’t have the same enthusiasm for undertaking the training in the higher ethics, the higher mind, and the higher wisdom as the other mendicants. Still they follow behind the mendicant Saṇgha, thinking: ‘I’m a monk too! I’m a monk too!’ So you should train like this: ‘We will have keen enthusiasm for undertaking the training in the higher ethics, the higher mind, and the higher wisdom.’ That’s how you should train.”
၃။ ခေတ္တသုတ္တံ
၈၄။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ကဿကဿ ဂဟပတိဿ ပုဗ္ဗေ ကရဏီယာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ကဿကော ဂဟပတိ ပဋိကစ္စေဝ [ပဋိဂစ္စေဝ (သီ။ ပီ။)] ခေတ္တံ သုကဋ္ဌံ ကရောတိ သုမတိကတံ [သုမတ္တိကတံ (က။), ဧတ္ထ မတိသဒ္ဒေါ ကဋ္ဌခေတ္တဿ သမီကရဏသာဓနေ ဒါရုဘဏ္ဍေ ဝတ္တတီတိ သက္ကတအဘိဓာနေသု အာဂတံ။ တံ ‘‘မတိယာ သုဋ္ဌု သမီကတ’’န္တိ အဋ္ဌကထာယ သမေတိ]။ ပဋိကစ္စေဝ ခေတ္တံ သုကဋ္ဌံ ကရိတွာ သုမတိကတံ ကာလေန ဗီဇာနိ ပတိဋ္ဌာပေတိ။ ကာလေန ဗီဇာနိ ပတိဋ္ဌာပေတွာ သမယေန ဥဒကံ အဘိနေတိပိ အပနေတိပိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ကဿကဿ ဂဟပတိဿ ပုဗ္ဗေ ကရဏီယာနိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဏိမာနိ ဘိက္ခုဿ ပုဗ္ဗေ ကရဏီယာနိ။ ကတမာနိ တီဏိ? အဓိသီလသိက္ခာသမာဒါနံ, အဓိစိတ္တသိက္ခာသမာဒါနံ, အဓိပညာသိက္ခာသမာဒါနံ – ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ဘိက္ခုဿ ပုဗ္ဗေ ကရဏီယာနိ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိသီလသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိစိတ္တသိက္ခာသမာဒါနေ, တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိပညာသိက္ခာသမာဒါနေ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ တတိယံ။
၃-ခေတ္တသုတ် ၈၄။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ ရှေးအဖို့့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အိမ်ရှင်ယောကျာ်း လယ် သမားသည် ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုရ၏၊ ရှေးဦးစွာသာလျှင် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြုပြီးလျှင် သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ၏၊ သင့်လျော်သော အချိန်၌ မျိုးစေ့တို့ကို ကြဲချ ပြီးလျှင် အချိန်အခါ အား လျော်စွာ ရေကို သွင်းလည်း သွင်း၏၊ ထုတ်လည်း ထုတ်၏။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ် သမား၏ ရှေးအဖို့၌ ဧကန်ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင့်ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက် တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌- “အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Numbered Discourses 3.83 9. Ascetics Fields “Mendicants, a farmer has three primary duties. What three? A farmer first of all makes sure the field is well ploughed and tilled. Next they plant seeds in season. When the time is right, they irrigate the field and then drain it. These are the three primary duties of a farmer. In the same way, a mendicant has three primary duties. What three? Undertaking the training in the higher ethics, the higher mind, and the higher wisdom. These are the three primary duties of a mendicant. So you should train like this: ‘We will have keen enthusiasm for undertaking the training in the higher ethics, the higher mind, and the higher wisdom.’ That’s how you should train.”
၄။ ဝဇ္ဇိပုတ္တသုတ္တံ
၈၅။ ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ အထ ခေါ အညတရော ဝဇ္ဇိပုတ္တကော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဝဇ္ဇိပုတ္တကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓိကမိဒံ, ဘန္တေ, ဒိယဍ္ဎသိက္ခာပဒသတံ [ဒိယဍ္ဎံ သိက္ခာပဒသတံ (သီ။)] အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ။ နာဟံ, ဘန္တေ, ဧတ္ထ သက္ကောမိ သိက္ခိတု’’န္တိ။ ‘‘သက္ခိဿသိ ပန တွံ, ဘိက္ခု, တီသု သိက္ခာသု သိက္ခိတုံ – အဓိသီလသိက္ခာယ, အဓိစိတ္တသိက္ခာယ အဓိပညာသိက္ခာယာ’’တိ? ‘‘သက္ကောမဟံ, ဘန္တေ, တီသု သိက္ခာသု သိက္ခိတုံ – အဓိသီလသိက္ခာယ, အဓိစိတ္တသိက္ခာယ, အဓိပညာသိက္ခာယာ’’တိ။ ‘‘တသ္မာတိဟ တွံ, ဘိက္ခု, တီသု သိက္ခာသု သိက္ခဿု – အဓိသီလသိက္ခာယ, အဓိစိတ္တသိက္ခာယ, အဓိပညာသိက္ခာယ’’။
‘‘ယတော ခေါ တွံ, ဘိက္ခု, အဓိသီလမ္ပိ သိက္ခိဿသိ, အဓိစိတ္တမ္ပိ သိက္ခိဿသိ, အဓိပညမ္ပိ သိက္ခိဿသိ, တဿ တုယှံ ဘိက္ခု အဓိသီလမ္ပိ သိက္ခတော အဓိစိတ္တမ္ပိ သိက္ခတော အဓိပညမ္ပိ သိက္ခတော ရာဂေါ ပဟီယိဿတိ, ဒေါသော ပဟီယိဿတိ, မောဟော ပဟီယိဿတိ။ သော တွံ ရာဂဿ ပဟာနာ ဒေါသဿ ပဟာနာ မောဟဿ ပဟာနာ ယံ အကုသလံ န တံ ကရိဿသိ, ယံ ပါပံ န တံ သေဝိဿသီ’’တိ။
အထ ခေါ သော ဘိက္ခု အပရေန သမယေန အဓိသီလမ္ပိ သိက္ခိ, အဓိစိတ္တမ္ပိ သိက္ခိ, အဓိပညမ္ပိ သိက္ခိ။ တဿ အဓိသီလမ္ပိ သိက္ခတော အဓိစိတ္တမ္ပိ သိက္ခတော အဓိပညမ္ပိ သိက္ခတော ရာဂေါ ပဟီယိ, ဒေါသော ပဟီယိ, မောဟော ပဟီယိ။ သော ရာဂဿ ပဟာနာ ဒေါသဿ ပဟာနာ မောဟဿ ပဟာနာ ယံ အကုသလံ တံ နာကာသိ, ယံ ပါပံ တံ န သေဝီတိ။ စတုတ္ထံ။
၄-ဝဇ္ဇိပုတ္တသုတ် ၈၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝဇ္ဇီမင်းသား ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဥ်းပြခြင်းသို့ ရောက်၏၊ အသျှင်ဘုရား တပည့်တော်သည် ဤသိက္ခာပုဒ်တို့၌ ကျင့်သုံးရန် မစွမ်းနိုင်ပါ”ဟု လျှောက်၏။ ရဟန်း သို့ဖြစ်လျှင် သင်သည် အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ သုံးပါးတို့၌ ကျင့်နိုင်မည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ထို အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါးတို့၌ကား ကျင့်နိုင်ပါ၏ဟု (လျှောက်၏)။ ရဟန်း ထို့ကြောင့် သင်သည် ဤသာသနာတော်၌ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါး တို့၌ ကျင့်လေလော့၊ ရဟန်း သင်သည် အဓိသီလသိက္ခာကိုလည်းကောင်း၊ အဓိစိတ္တသိက္ခာကိုလည်းကောင်း၊ အဓိပညာ သိက္ခာကိုလည်းကောင်း ကျင့်သောကြောင့် သင့်အား ရာဂ ဒေါသ မောဟ (အလိုလို) ပျောက်ကင်းလိမ့်မည်၊ ထို သင်သည် ရာဂ ဒေါသ မောဟ (အလိုလို) ပျောက်ကင်းခြင်းကြောင့် အကုသိုလ် ကို ပြုလိမ့်မည်မဟုတ်၊ မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုရဟန်းသည် နောက်အခါ၌ အဓိသီလသိက္ခာကိုလည်း ကျင့်၏၊ အဓိစိတ္တသိက္ခာကိုလည်း ကျင့်၏၊ အဓိပညာသိက္ခာကိုလည်း ကျင့်၏၊ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးကို ကျင့်သော ထိုရဟန်းအား ရာဂပျောက်ကင်းလေပြီ၊ ဒေါသပျောက်ကင်းလေပြီ၊ မောဟပျောက်ကင်းလေပြီ။ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ပျောက်ကင်းလေသောကြောင့် အကုသိုလ်ကို မပြုလုပ်ပြီ။ မကောင်းမှုကိုလည်း မမှီဝဲပြီ။ စတုတ္ထသုတ်။ ၁။ ဤသုတ်ဒေသနာကို ဟောချိန်၌ ပါတိမောက် သိက္ခာပုဒ်ပေါင်း ၁၅၀ ကျော်မျှသာ ပညတ်ရသေးသည်၊ ထို့ကြောင့် ပါတိမောက်လာအတိုင်း ၂၂၇ သွယ်သော သိက္ခာပုဒ်ဟု မဆိုဘဲ ပညတ်ပြီးရုံမျှ ဖြစ်သော သိက္ခာပုဒ် ၁၅၀ ကျော်ကို ရည်၍ “သာဓိကမိဒံ ဘန္တေ ဒိဃဋ္ဌသိက္ခာပဒသတံ”ဟု ဟောတော်မူသတည်း။
Numbered Discourses 3.84 9. Ascetics The Vajji At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Then a certain Vajji monk went up to the Buddha, bowed, sat down to one side, and said to him: “Sir, each fortnight over a hundred and fifty training rules are recited. I’m not able to train in them.” “But monk, are you able to train in three trainings: the higher ethics, the higher mind, and the higher wisdom?” “I am, sir.” “So, monk, you should train in these three trainings: the higher ethics, the higher mind, and the higher wisdom. As you train in these, you will give up greed, hate, and delusion. Then you won’t do anything unskillful, or practice anything bad.” After some time that monk trained in the higher ethics, the higher mind, and the higher wisdom. He gave up greed, hate, and delusion. Then he didn’t do anything unskillful, or practice anything bad.
၅။ သေက္ခသုတ္တံ
၈၆။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ –
‘‘‘သေခေါ, သေခေါ’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, သေခေါ ဟောတီ’’တိ? ‘‘သိက္ခတီတိ ခေါ, ဘိက္ခု, တသ္မာ သေခေါတိ ဝုစ္စတိ။ ကိဉ္စ သိက္ခတိ? အဓိသီလမ္ပိ သိက္ခတိ, အဓိစိတ္တမ္ပိ သိက္ခတိ, အဓိပညမ္ပိ သိက္ခတိ။ သိက္ခတီတိ ခေါ, ဘိက္ခု, တသ္မာ သေခေါတိ ဝုစ္စတီ’’တိ။
‘‘သေခဿ သိက္ခမာနဿ, ဥဇုမဂ္ဂါနုသာရိနော၊
ခယသ္မိံ ပဌမံ ဉာဏံ, တတော အညာ အနန္တရာ။
‘‘တတော အညာဝိမုတ္တဿ [အညာဝိမုတ္တိယာ (က။)], ဉာဏံ ဝေ [ဉာဏဉ္စ (က။)] ဟောတိ တာဒိနော၊
၅-သေက္ခသုတ် ၈၆။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား သေက္ခ သေက္ခဟု ဆို၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် သေက္ခ ဖြစ်နိုင်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဟု ဆိုအပ်၏၊ အဘယ်တရားကို ကျင့်သနည်း၊ အဓိသီလကိုလည်း ကျင့် တတ်၏၊ အဓိစိတ္တကိုလည်း ကျင့်တတ်၏၊ အဓိပညာကိုလည်း ကျင့်တတ်၏၊ ရဟန်း ထို့ကြောင့် သေက္ခဟု ဆိုအပ်၏။ မဂ်ဟူသော လမ်းဖြောင့်သို့ အစဥ်လျှောက်လျက် ကျင့်သော သေက္ခပုဂ္ဂိုလ်အား ကိလေသာတို့ကို ကုန်ခန်းစေတတ်သော တရား (မဂ်) ၌ ရှေးဦးစွာ ဉာဏ်ဖြစ်ပေါ်၏၊ ထိုတရား (မဂ်)၏ အခြားမဲ့၌ အရဟတ္တဖိုလ် ဖြစ်ပေါ်၏။ ထို အရဟတ္တဖိုလ်၏အခြားမဲ့၌ တာဒိဂုဏ်နှင့်ပြည်စုံသော၊ အရဟတ္တဖိုလ်ဖြင့် (ကိလေသာတို့မှ) လွတ်မြောက်ပြီးသော အသျှင်အား ဘဝသံယောဇဥ်၏ ကုန်ရာ၌ “ငါ၏ အရဟတ္တဖိုလ်ဝိမုတ္တိသည် မပျက်စီးနိုင်ပြီ”ဟု (ဤသို့သော ပစ္စဝေက္ခဏာ) ဉာဏ်သည် စင်စစ် ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.85 9. Ascetics A Trainee Then a mendicant went up to the Buddha, bowed, sat down to one side, and said to him: “Sir, they speak of the one called ‘a trainee’. How is a trainee defined?” “They train, mendicant, that’s why they’re called ‘a trainee’. What is their training? They train in the higher ethics, the higher mind, and the higher wisdom. They train, that’s why they’re called ‘a trainee’. As a trainee trains, following the straight road, first they know about ending; enlightenment follows in the same lifetime. Then the knowledge comes such a one, freed through enlightenment, with the end of the fetters of continued existence: ‘My freedom is unshakable.’”
အကုပ္ပါ မေ ဝိမုတ္တီတိ, ဘဝသံယောဇနက္ခယေ’’တိ။ ပဉ္စမံ၊ ( ) [(အဋ္ဌမံ ဘာဏဝါရံ နိဋ္ဌိတံ) (က။)]
၆။ ပဌမသိက္ခာသုတ္တံ
၈၇။ ‘‘သာဓိကမိဒံ, ဘိက္ခဝေ, ဒိယဍ္ဎသိက္ခာပဒသတံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ, ယတ္ထ အတ္တကာမာ ကုလပုတ္တာ သိက္ခန္တိ။ တိဿော ဣမာ, ဘိက္ခဝေ, သိက္ခာ ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။ ကတမာ တိဿော? အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ – ဣမာ ခေါ, ဘိက္ခဝေ, တိဿော သိက္ခာ, ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။
‘‘ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ မတ္တသော ကာရီ ပညာယ မတ္တသော ကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ, တတ္ထ ဓုဝသီလော [ဓုဝသီလီ (သီ။) ပု။ ပ။ ၁၂၇-၁၂၉ (ထောကံ ဝိသဒိသံ)] စ ဟောတိ ဌိတသီလော [ဌိတသီလီ (သီ။)] စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော။
‘‘ဣဓ ပန, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ မတ္တသော ကာရီ ပညာယ မတ္တသော ကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမီ ဟောတိ, သကိဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရောတိ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ မတ္တသော ကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တသ္မာ လောကာ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ ပရိပူရကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။
‘‘ဣတိ ခေါ, ဘိက္ခဝေ, ပဒေသံ ပဒေသကာရီ အာရာဓေတိ ပရိပူရံ ပရိပူရကာရီ။ အဝဉ္ဈာနိ တွေဝါဟံ [အဝဉ္စုဝနေဝါဟံ (က။)], ဘိက္ခဝေ, သိက္ခာပဒါနိ ဝဒါမီ’’တိ။ ဆဋ္ဌံ။
၆-ပဌမ သိက္ခာသုတ် ၈၇။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဥ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအကျိုးစီးပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်းတို့ အကျင့် ‘သိက္ခာ’တို့ဟူသည် ဤသုံးမျိုးတို့ပေတည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာတို့တည်း။ ရဟန်းတို့ အကျင့် ‘သိက္ခာ’ဟူသည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ်အလုံးစုံသည် အကျုံးဝင်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် သောတာပန် ဖြစ်၏၊ အပါယ်သို့ ကျရောက်ခြင်းသဘော မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာ မဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက် ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ် တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် သကဒါဂါမ်ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန် ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက် တည်၍ ကျင့်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိကုန်သော ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အနာဂါမ်ဖြစ်၏၊ ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေသူ ဖြစ်၏၊ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန် ပြု၏၊ ထို (ဘုံ) မှ ပြန်လည်ခြင်းသဘော မရှိ။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ ထို (အာပတ်တို့မှ) ထလည်း ထ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြီးစေ၏၊ အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြုလေ့ရှိသော (ရဟန္တာ) ပုဂ္ဂိုလ်သည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ ရဟန်းတို့ ဤသိက္ခာပုဒ်တို့ကို မမြုံ ‘အချည်း အနှီးမဟုတ်’ကုန်ဟူ၍သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။ ၁။ အာပတ်မသင့်ထိုက်ကြောင်းကို မဟောဟုဆိုသဖြင့် အာပတ်သင့်ထိုက်ကြောင်းကို ဟောသည်ဟု အဓိပ္ပါယ်ရသည်၊ ထို့ကြောင့် ရဟန္တာများသည် လောကပြစ် အာပတ်မျိုးသာ မသင့်၊ ဓမ္မပြစ် အာပတ်ကြီး အာပတ်ငယ်များ သင့်ကြသေးသည်ကို အဋ္ဌကထာ အစောင်စောင်တို့ ဖွင့်သည်၊ ဝိနည်း၌ကား သာ၍ ထင်ရှား စုံလင်သည်။
Numbered Discourses 3.86 9. Ascetics Training (1st) “Mendicants, each fortnight over a hundred and fifty training rules come up for recitation, in which gentlemen who desire self-knowledge train. These are all included in the three trainings. What three? The training in the higher ethics, the higher mind, and the higher wisdom. These are the three trainings that include them all. Take the case of a mendicant who has fulfilled their ethics, but has limited immersion and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. With the ending of three fetters they’re a stream-enterer, not liable to be reborn in the underworld, assured, destined for awakening. Take another case of a mendicant who has fulfilled their ethics, but has limited immersion and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. With the ending of three fetters, and the weakening of greed, hate, and delusion, they’re a once-returner. They come back to this world once only, then make an end of suffering. Take another case of a mendicant who has fulfilled their ethics and immersion, but has limited wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. With the ending of the five lower fetters they’re reborn spontaneously. They are extinguished there, and are not liable to return from that world. Take another case of a mendicant who has fulfilled their ethics, immersion, and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. They realize the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. So, mendicants, if you practice partially you succeed partially. If you practice fully you succeed fully. But in any case, these training rules are not barren, I say.”
၇။ ဒုတိယသိက္ခာသုတ္တံ
၈၈။ ‘‘သာဓိကမိဒံ, ဘိက္ခဝေ, ဒိယဍ္ဎသိက္ခာပဒသတံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ ယတ္ထ အတ္တကာမာ ကုလပုတ္တာ သိက္ခန္တိ။ တိဿော ဣမာ, ဘိက္ခဝေ, သိက္ခာ ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။ ကတမာ တိဿော? အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာ – ဣမာ ခေါ, ဘိက္ခဝေ, တိဿော သိက္ခာ ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။
‘‘ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ မတ္တသော ကာရီ ပညာယ မတ္တသော ကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သတ္တက္ခတ္တုပရမော ဟောတိ။ သတ္တက္ခတ္တုပရမံ ဒေဝေ စ မနုဿေ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ကောလံကောလော ဟောတိ, ဒွေ ဝါ တီဏိ ဝါ ကုလာနိ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ဧကဗီဇီ ဟောတိ, ဧကံယေဝ မာနုသကံ ဘဝံ နိဗ္ဗတ္တေတွာ ဒုက္ခဿန္တံ ကရောတိ။ သော တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမီ ဟောတိ, သကိဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရောတိ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ မတ္တသော ကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ သသင်္ခါရပရိနိဗ္ဗာယီ ဟောတိ။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ အသင်္ခါရပရိနိဗ္ဗာယီ ဟောတိ။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဥပဟစ္စပရိနိဗ္ဗာယီ ဟောတိ။ သော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ အန္တရာပရိနိဗ္ဗာယီ ဟောတိ။
‘‘ဣဓ ပန, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ ပရိပူရကာရီ။ သော ယာနိ တာနိ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။
‘‘ဣတိ ခေါ, ဘိက္ခဝေ, ပဒေသံ ပဒေသကာရီ အာရာဓေတိ, ပရိပူရံ ပရိပူရကာရီ, အဝဉ္ဈာနိ တွေဝါဟံ, ဘိက္ခဝေ, သိက္ခာပဒါနိ ဝဒါမီ’’တိ။ သတ္တမံ။
၇-ဒုတိယ သိက္ခာသုတ် ၈၈။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဥ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအစီးအပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်း တို့ အကျင့်‘သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။ ရဟန်းတို့ အကျင့်‘သိက္ခာ’တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ခုနစ်ကြိမ်သာ အလွန်ဆုံး ပဋိသန္ဓေနေရခြင်း အတိုင်းအရှည်ရှိသော ‘သတ္တက္ခတ္တုပရမ’ သောတာပန်ဖြစ်၏၊ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ခုနစ်ကြိမ် အတိုင်းအရှည် ပြေး သွားကျင်လည်ရလျက် ဒုက္ခ၏အဆုံးကို ပြု၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုးတစ်မျိုးသို့) ကျင်လည်ပြေးသွားသော သဘောရှိသော ‘ကောလံကောလ’ သောတာပန် ဖြစ်၏၊ နှစ်ဘဝတို့သို့လည်းကောင်း၊ သုံးဘဝတို့သို့လည်းကောင်း၊ ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏ အဆုံးကို ပြု၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝသာ ပဋိသန္ဓေတည်နေရသော ‘ဧကဗီဇိ’ သောတာပန် ဖြစ်၏၊ လူ့ပြည်၌ တစ်ဘဝသာလျှင် ဖြစ်ရ၍ ဒုက္ခ၏ အဆုံးကို ပြု၏။ သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း‘ရာဂ’၊ ပြစ်မှားခြင်း‘ဒေါသ’၊ တွေဝေခြင်း‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း သကဒါဂါမ် ဖြစ်၏၊ တစ်ကြိမ်သာလျှင် ဤလူ့ဘုံသို့ ပြန်လာ၍ ဒုက္ခ၏အဆုံးကို ပြု၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန် ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ထို သိက္ခာပုဒ်တို့၌ အာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစ ဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော ထို သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အထက်ဘုံသို့ ဆောင် တတ်သော အယဥ် ‘တဏှာသောတ’ ရှိသော အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ‘ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ’ အနာဂါမ်ဖြစ်၏၊ ထို ပုဂ္ဂိုလ်သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံဃောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်း ရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထိုရဟန်းသည် အောက့် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသော ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက်အပိုင်းအခြား၏ ထက်ဝက်ကို) လွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထို ပုဂ္ဂိုလ်သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက် အပိုင်းအခြား၏) အလယ်ကြား၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ ထို (အာပတ်တို့မှ) ထလည်း ထ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ထို အာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက် တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်) ကို ပြီးစေ၏၊ အပြည့်အစုံ (အရဟတ္တမဂ်) ကို ပြုလေ့ရှိသောပုဂ္ဂိုလ်သည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ ရဟန်းတို့ သိက္ခာပုဒ်တို့ကို မမြုံ ‘အချည်းအနှီးမဟုတ်’ ကုန်ဟူ၍ သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Numbered Discourses 3.87 9. Ascetics Training (2nd) “Mendicants, each fortnight over a hundred and fifty training rules come up for recitation, in which gentlemen who desire self-knowledge train. These are all included in the three trainings. What three? The training in the higher ethics, the higher mind, and the higher wisdom. These are the three trainings that include them all. Take the case of a mendicant who has fulfilled their ethics, but has limited immersion and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual life. They keep the rules they’ve undertaken. With the ending of three fetters they have at most seven rebirths. They will transmigrate at most seven times among gods and humans and then make an end of suffering. With the ending of three fetters, they go from family to family. They will transmigrate between two or three families and then make an end of suffering. With the ending of three fetters, they’re a one-seeder. They will be reborn just one time in a human existence, then make an end of suffering. With the ending of three fetters, and the weakening of greed, hate, and delusion, they’re a once-returner. They come back to this world once only, then make an end of suffering. Take another case of a mendicant who has fulfilled their ethics and immersion, but has limited wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. With the ending of the five lower fetters they head upstream, going to the Akaniṭṭha realm. With the ending of the five lower fetters they’re extinguished with extra effort. With the ending of the five lower fetters they’re extinguished without extra effort. With the ending of the five lower fetters they’re extinguished upon landing. With the ending of the five lower fetters they’re extinguished between one life and the next. Take another case of a mendicant who has fulfilled their ethics, immersion, and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. They realize the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. So, mendicants, if you practice partially you succeed partially. If you practice fully you succeed fully. But in any case, these training rules are not barren, I say.”
၈။ တတိယသိက္ခာသုတ္တံ
၈၉။ ‘‘သာဓိကမိဒံ, ဘိက္ခဝေ, ဒိယဍ္ဎသိက္ခာပဒသတံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ ယတ္ထ အတ္တကာမာ ကုလပုတ္တာ သိက္ခန္တိ။ တိဿော ဣမာ, ဘိက္ခဝေ, သိက္ခာ ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။ ကတမာ တိဿော? အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာ – ဣမာ ခေါ, ဘိက္ခဝေ, တိဿော သိက္ခာ ယတ္ထေတံ သဗ္ဗံ သမောဓာနံ ဂစ္ဆတိ။
‘‘ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလေသု ပရိပူရကာရီ ဟောတိ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ ပရိပူရကာရီ။ သော ယာနိ တာနိ ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ တာနိ အာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ တံ ကိဿ ဟေတု? န ဟိ မေတ္ထ, ဘိက္ခဝေ, အဘဗ္ဗတာ ဝုတ္တာ။ ယာနိ စ ခေါ တာနိ သိက္ခာပဒါနိ အာဒိဗြဟ္မစရိယကာနိ ဗြဟ္မစရိယသာရုပ္ပါနိ တတ္ထ ဓုဝသီလော စ ဟောတိ ဌိတသီလော စ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ အန္တရာပရိနိဗ္ဗာယီ ဟောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဥပဟစ္စပရိနိဗ္ဗာယီ ဟောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ အသင်္ခါရပရိနိဗ္ဗာယီ ဟောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ သသင်္ခါရပရိနိဗ္ဗာယီ ဟောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဥဒ္ဓံသောတော ဟောတိ အကနိဋ္ဌဂါမီ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ, ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမီ ဟောတိ, သကိဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ဧကဗီဇီ ဟောတိ, ဧကံယေဝ မာနုသကံ ဘဝံ နိဗ္ဗတ္တေတွာ ဒုက္ခဿန္တံ ကရောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ ကောလံကောလော ဟောတိ, ဒွေ ဝါ တီဏိ ဝါ ကုလာနိ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။ တံ ဝါ ပန အနဘိသမ္ဘဝံ အပ္ပဋိဝိဇ္ဈံ တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သတ္တက္ခတ္တုပရမော ဟောတိ, သတ္တက္ခတ္တုပရမံ ဒေဝေ စ မနုဿေ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။
‘‘ဣတိ ခေါ, ဘိက္ခဝေ, ပရိပူရံ ပရိပူရကာရီ အာရာဓေတိ ပဒေသံ ပဒေသကာရီ။ အဝဉ္ဈာနိတွေဝါဟံ, ဘိက္ခဝေ, သိက္ခာပဒါနိ ဝဒါမီ’’တိ။ အဋ္ဌမံ။
၈-တတိယ သိက္ခာသုတ် ၈၉။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဥ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအစီးအပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်း တို့ အကျင့်‘သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ်အလုံးစုံသည် အကျုံးဝင်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာ သိက္ခာတို့တည်း။ ရဟန်းတို့ အကျင့်‘သိက္ခာ’တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် (အာပတ်) တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံဃောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက်အပိုင်းအခြား၏) အလယ်ကြား၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက် အပိုင်းအခြား၏) ထက်ဝက်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တ ဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည် ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသောသံယောဇဥ်‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရ ဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာ ဉာဏ်ဟူသော) တိုက်တွန်းခြင်းရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည် ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ဆောင်တတ်သော အယဥ် ‘တဏှာသောတ’ ရှိသော အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယော ဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’၊ ပြစ်မှားခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’ တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း သကဒါဂါမ် ဖြစ်၏၊ တစ်ကြိမ် သာလျှင် ဤလူဘုံသို့ ပြန်လာ၍ ဒုက္ခ၏အဆုံးကို ပြု၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယော ဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝသာ ပဋိသန္ဓေတည်နေရသော ‘ဧကဗီဇိ’ သောတာပန် ဖြစ်၏။ လူ့ပြည်၌ တစ်ဘဝသာလျှင် ဖြစ်ရ၍ ဒုက္ခ၏ အဆုံးကို ပြု၏။ ထို အရဟတ္တဖိုလ် သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုး တစ်မျိုးသို့) ကျင်လည်ပြေးသွားသော သဘောရှိသော ‘ကောလံကောလ’သောတာပန် ဖြစ်၏။ နှစ်ဘဝ တို့သို့လည်းကောင်း၊ သုံးဘဝတို့သို့လည်းကောင်း ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏ အဆုံးကို ပြု၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍မသိနိုင်သည်ရှိသော် သုံးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ခုနစ်ကြိမ်သာ (အလွန်ဆုံး) ပဋိန္ဓေနေရခြင်း အတိုင်း အရှည်ရှိသော ‘သတ္တက္ခတ္တုပရမ’ သောတာပန် ဖြစ်၏။ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ခုနစ်ကြိမ်အတိုင်းအရှည် ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏အဆုံးကို ပြု၏။ ရဟန်းတို့ ဤသို့လျှင် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြုလေ့ရှိသောသူသည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်)ကို ပြီးစေ၏။ ရဟန်းတို့ သိက္ခာပုဒ်တို့ကို မမြုံ ‘အချည်းအနှီးမဟုတ်’ ကုန်ဟူ၍သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.88 9. Ascetics Training (3rd) “Mendicants, each fortnight over a hundred and fifty training rules come up for recitation, in which gentlemen who desire self-knowledge train. These are all included in the three trainings. What three? The training in the higher ethics, the higher mind, and the higher wisdom. These are the three trainings that include them all. Take the case of a mendicant who has fulfilled their ethics, immersion, and wisdom. They break some lesser and minor training rules, but are restored. Why is that? Because I don’t say they’re incapable of that. But they’re constant and steady in their precepts regarding the training rules that are fundamental, befitting the spiritual path. They keep the rules they’ve undertaken. They realize the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. If they don’t penetrate so far, with the ending of the five lower fetters they’re extinguished between one life and the next. If they don’t penetrate so far, with the ending of the five lower fetters they’re extinguished upon landing. If they don’t penetrate so far, with the ending of the five lower fetters they’re extinguished without extra effort. If they don’t penetrate so far, with the ending of the five lower fetters they’re extinguished with extra effort. If they don’t penetrate so far, with the ending of the five lower fetters they head upstream, going to the Akaniṭṭha realm. If they don’t penetrate so far, with the ending of three fetters, and the weakening of greed, hate, and delusion, they’re a once-returner. They come back to this world once only, then make an end of suffering. If they don’t penetrate so far, with the ending of three fetters, they’re a one-seeder. They will be reborn just one time in a human existence, then make an end of suffering. If they don’t penetrate so far, with the ending of three fetters, they go from family to family. They will transmigrate between two or three families and then make an end of suffering. If they don’t penetrate so far, with the ending of three fetters, they have at most seven rebirths. They will transmigrate at most seven times among gods and humans and then make an end of suffering. So, mendicants, if you practice fully you succeed fully. If you practice partially you succeed partially. But in any case, these training rules are not barren, I say.”
၉။ ပဌမသိက္ခတ္တယသုတ္တံ
၉၀။ ‘‘တိဿော ဣမာ, ဘိက္ခဝေ, သိက္ခာ။ ကတမာ တိဿော? အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိသီလသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိသီလသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိစိတ္တသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိစိတ္တသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိပညာသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိပညာသိက္ခာ။ ဣမာ ခေါ, ဘိက္ခဝေ, တိဿော သိက္ခာ’’တိ။ နဝမံ။
၉-ပဌမ သိက္ခတ္တယသုတ် ၉၀။ ရဟန်းတို့ အကျင့်‘သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။ ရဟန်းတို့ အဓိသီလသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခသံဝရသီလကို အဓိသီလ သိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ အဓိစိတ္တသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန် သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ အဓိပညာသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့ သစ္စာလေးပါးသိခြင်းကို အဓိ ပညာသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်‘သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.89 9. Ascetics Three Trainings (1st) “Mendicants, these are the three trainings. What three? The training in the higher ethics, the higher mind, and the higher wisdom. And what is the training in the higher ethics? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is called the training in the higher ethics. And what is the training in the higher mind? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … third absorption … fourth absorption. This is called the training in the higher mind. And what is the training in the higher wisdom? They truly understand: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. This is called the training in the higher wisdom. These are the three trainings.”
၁၀။ ဒုတိယသိက္ခတ္တယသုတ္တံ
၉၁။ ‘‘တိဿော ဣမာ, ဘိက္ခဝေ, သိက္ခာ။ ကတမာ တိဿော? အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိသီလသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိသီလသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိစိတ္တသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ…ပေ… စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိစိတ္တသိက္ခာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဓိပညာသိက္ခာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဓိပညာ သိက္ခာ။ ဣမာ ခေါ, ဘိက္ခဝေ, တိဿော သိက္ခာ’’တိ။
‘‘အဓိသီလံ အဓိစိတ္တံ, အဓိပညဉ္စ ဝီရိယဝါ၊
ထာမဝါ ဓိတိမာ ဈာယီ, သတော ဂုတ္တိန္ဒြိယော [ဥပ္ပတ္တိန္ဒြိယော (က။)] စရေ။
‘‘ယထာ ပုရေ တထာ ပစ္ဆာ, ယထာ ပစ္ဆာ တထာ ပုရေ၊
ယထာ အဓော တထာ ဥဒ္ဓံ, ယထာ ဥဒ္ဓံ တထာ အဓော။
‘‘ယထာ ဒိဝါ တထာ ရတ္တိံ, ယထာ ရတ္တိံ တထာ ဒိဝါ၊
အဘိဘုယျ ဒိသာ သဗ္ဗာ, အပ္ပမာဏသမာဓိနာ။
‘‘တမာဟု သေခံ ပဋိပဒံ [ပါဋိပဒံ (?) မ။ နိ။ ၂။၂၇ ပဿိတဗ္ဗံ], အထော သံသုဒ္ဓစာရိယံ [သံသုဒ္ဓစာရဏံ (သီ။ ပီ။), သံသုဒ္ဓစာရိနံ (သျာ။ ကံ။)]၊
တမာဟု လောကေ သမ္ဗုဒ္ဓံ, ဓီရံ ပဋိပဒန္တဂုံ။
‘‘ဝိညာဏဿ နိရောဓေန, တဏှာက္ခယဝိမုတ္တိနော၊
ပဇ္ဇောတဿေဝ နိဗ္ဗာနံ, ဝိမောက္ခော ဟောတိ စေတသော’’တိ။ ဒသမံ၊
၁၀-ဒုတိယ သိက္ခတ္တယသုတ် ၉၁။ ရဟန်းတို့ အကျင့်‘သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။ ရဟန်းတို့ အဓိသီလသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခသံဝရသီလကို အဓိသီလသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ အဓိစိတ္တသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန် သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ အဓိပညာသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ် မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤအရဟတ္တဖိုလ်ပညာကို အဓိပညာသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ သိက္ခာတို့သည် ဤသုံးမျိုးတို့တည်း။ အကြင်သူသည် လုံ့လရှိ၏၊ (ပညာ) အားအစွမ်းလည်း ရှိ၏၊ တည်ကြည်ခြင်းလည်း ရှိ၏၊ ဈာန်ဝင်စားလေ့ ရှိ၏၊ သတိလည်း ရှိ၏၊ လုံခြုံသော ဣန္ဒြေလည်း ရှိ၏၊ (ထိုသူသည်) အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ ကို ကျင့်ရာ သတည်း။ အကြင် ပုဂ္ဂိုလ်သည် အလုံးစုံသော အရပ်တို့ကို လွှမ်းမိုး၍ အတိုင်းအရှည်မရှိသော (အရဟတ္တမဂ်) သမာဓိဖြင့် ရှေးကာလဝယ် (သိက္ခာသုံးပါးတို့၌) ကျင့်သကဲ့သိုု့ ထို့အတူ နောက်ကာလ၌လည်း ကျင့်ရာ၏၊ နောက်ကာလဝယ် (သိက္ခာသုံးပါးတို့၌) ကျင့်သကဲ့သို့ ထို့အတူ့ရှေးကာလ၌လည်း ကျင့်ရာ၏၊ ကိုယ်၏ အောက်ပိုင်းကို (အသုဘဟု) ရှုသကဲ့သို့ ထို့အတူ ကိုယ်၏ အထက်ပိုင်းကိုလည်း ရှု၏၊ ကိုယ်၏ အထက်ပိုင်းကို (အသုဘဟု) ရှုသကဲ့ ထို့အတူ ကိုယ်၏ အောက်ပိုင်းကိုလည်း ရှု၏၊ နေ့အခါ (သိက္ခာသုံးပါးတို့ကို) ကျင့်သကဲ့သို့ ထို့အတူ ညဥ့်အခါ၌လည်း ကျင့်၏၊ ညဥ့်အခါ (သိက္ခာသုံးပါးတို့ကို) ကျင့်သကဲ့သို့ ထို့အတူ နေ့အခါ၌လည်း ကျင့်၏။ အကျင့်နှင့် ပြည့်စုံသော၊ ၄င်းပြင် ကောင်းစွာ စင်ကြယ်သော အကျင့်သီလရှိသော ထိုပုဂ္ဂိုလ်ကို သေက္ခပုဂ္ဂိုလ်ဟု ဆိုကုန်၏၊ မြဲမြံသော သမာဓိနှင့် ပြည့်စုံ၍ အကျင့် ဖြင့် အဆုံး (နိဗ္ဗာန်) သို့ ရောက်သော ထို ပုဂ္ဂိုလ်ကို လောက၌ (စတုသစ္စ) ဗုဒ္ဓဟု ဆိုကြကုန်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ဆီမီး၏ ငြိမ်းခြင်း ကဲ့သို့ (အဆုံး) ဝိညာဥ်၏ ချုပ်ငြိမ်းခြင်းကြောင့် စိတ်၏ (တစ်ဖန် မဖြစ်ပေါ်သော အားဖြင့်) ကင်းလွတ်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Numbered Discourses 3.90 9. Ascetics Three Trainings (2nd) “Mendicants, these are the three trainings. What three? The training in the higher ethics, the higher mind, and the higher wisdom. And what is the training in the higher ethics? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. This is called the training in the higher ethics. And what is the training in the higher mind? It’s when a mendicant, quite secluded from sensual pleasures, secluded from unskillful qualities, enters and remains in the first absorption … second absorption … third absorption … fourth absorption. This is called the training in the higher mind. And what is the training in the higher wisdom? It’s when a mendicant realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. This is called the training in the higher wisdom. These are the three trainings. The higher ethics, the higher mind, and the higher wisdom should be practiced by those energetic, steadfast, and resolute, practicing absorption, mindful, with guarded senses. As before, so behind; as behind, so before. As below, so above; as above, so below. As by day, so by night; as by night, so by day. Having mastered every direction with limitless immersion, they call them a ‘trainee on the path’, and ‘one living a pure life’. But a wise one who has gone to the end of the path they call a ‘Buddha’ in the world. With the cessation of consciousness, freed by the ending of craving, the liberation of their heart is like a lamp going out.”
၁၁။ သင်္ကဝါသုတ္တံ
၉၂။ ဧကံ သမယံ ဘဂဝါ ကောသလေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန သင်္ကဝါ [ပင်္ကဓာ (သီ။ သျာ။ ကံ။ ပီ။)] နာမ ကောသလာနံ နိဂမော တဒဝသရိ။ တတြ သုဒံ ဘဂဝါ သင်္ကဝါယံ ဝိဟရတိ။ တေန ခေါ ပန သမယေန ကဿပဂေါတ္တော နာမ ဘိက္ခု သင်္ကဝါယံ အာဝါသိကော ဟောတိ။ တတြ သုဒံ ဘဂဝါ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ အထ ခေါ ကဿပဂေါတ္တဿ ဘိက္ခုနော ဘဂဝတိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘‘အဓိသလ္လိခတေဝါယံ [အဓိသလ္လေခတေဝါယံ (သျာ။ ကံ။ က။)] သမဏော’’တိ။ အထ ခေါ ဘဂဝါ သင်္ကဝါယံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ရာဇဂဟံ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ရာဇဂဟံ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ။
အထ ခေါ ကဿပဂေါတ္တဿ ဘိက္ခုနော အစိရပက္ကန္တဿ ဘဂဝတော အဟုဒေဝ ကုက္ကုစ္စံ အဟု ဝိပ္ပဋိသာရော – ‘‘အလာဘာ ဝတ မေ, န ဝတ မေ လာဘာ၊ ဒုလ္လဒ္ဓံ ဝတ မေ, န ဝတ မေ သုလဒ္ဓံ၊ ယဿ မေ ဘဂဝတိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘အဓိသလ္လိခတေဝါယံ သမဏော’တိ။ ယံနူနာဟံ ယေန ဘဂဝါ တေနုပသင်္ကမေယျံ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ အစ္စယံ အစ္စယတော ဒေသေယျ’’န္တိ။ အထ ခေါ ကဿပဂေါတ္တော ဘိက္ခု သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ ယေန ရာဇဂဟံ တေန ပက္ကာမိ။ အနုပုဗ္ဗေန ယေန ရာဇဂဟံ ယေန ဂိဇ္ဈကူဋော ပဗ္ဗတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ကဿပဂေါတ္တော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ –
‘‘ဧကမိဒံ, ဘန္တေ, သမယံ ဘဂဝါ သင်္ကဝါယံ ဝိဟရတိ, သင်္ကဝါ နာမ ကောသလာနံ နိဂမော။ တတြ, ဘန္တေ, ဘဂဝါ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ တဿ မယှံ ဘဂဝတိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘အဓိသလ္လိခတေဝါယံ သမဏော’တိ။ အထ ခေါ ဘဂဝါ သင်္ကဝါယံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ရာဇဂဟံ တေန စာရိကံ ပက္ကာမိ။ ( ) [(အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ရာဇဂဟံ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ။ အထ ခေါ (က။)] တဿ မယှံ, ဘန္တေ, အစိရပက္ကန္တဿ ဘဂဝတော အဟုဒေဝ ကုက္ကုစ္စံ အဟု ဝိပ္ပဋိသာရော – အလာဘာ ဝတ မေ, န ဝတ မေ လာဘာ၊ ဒုလ္လဒ္ဓံ ဝတ မေ, န ဝတ မေ သုလဒ္ဓံ၊ ယဿ မေ ဘဂဝတိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘အဓိသလ္လိခတေဝါယံ သမဏော’တိ။ ယံနူနာဟံ ယေန ဘဂဝါ တေနုပသင်္ကမေယျံ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ အစ္စယံ အစ္စယတော ဒေသေယျန္တိ။ အစ္စယော မံ, ဘန္တေ, အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ ယဿ မေ ဘဂဝတိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘အဓိသလ္လိခတေဝါယံ သမဏော’တိ။ တဿ မေ, ဘန္တေ, ဘဂဝါ အစ္စယံ အစ္စယတော ပဋိဂ္ဂဏှာတု, အာယတိံ သံဝရာယာ’’တိ။
‘‘တဂ္ဃ တံ [တဂ္ဃ တွံ (သီ။ ပီ။)], ကဿပ, အစ္စယော အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ, ယဿ တေ မယိ သိက္ခာပဒပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ ဘိက္ခူ သန္ဒဿေန္တေ သမာဒပေန္တေ သမုတ္တေဇေန္တေ သမ္ပဟံသေန္တေ အဟုဒေဝ အက္ခန္တိ အဟု အပ္ပစ္စယော – ‘အဓိသလ္လိခတေဝါယံ သမဏော’တိ။ ယတော စ ခေါ တွံ, ကဿပ, အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောသိ, တံ တေ မယံ ပဋိဂ္ဂဏှာမ။ ဝုဒ္ဓိဟေသာ, ကဿပ, အရိယဿ ဝိနယေ ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတိ။
‘‘ထေရော စေပိ, ကဿပ, ဘိက္ခု ဟောတိ န သိက္ခာကာမော န သိက္ခာသမာဒါနဿ ဝဏ္ဏဝါဒီ, ယေ စညေ ဘိက္ခူ န သိက္ခာကာမာ တေ စ န သိက္ခာယ သမာဒပေတိ, ယေ စညေ ဘိက္ခူ သိက္ခာကာမာ တေသဉ္စ န ဝဏ္ဏံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန, ဧဝရူပဿာဟံ, ကဿပ, ထေရဿ ဘိက္ခုနော န ဝဏ္ဏံ ဘဏာမိ။ တံ ကိဿ ဟေတု? သတ္ထာ ဟိဿ ဝဏ္ဏံ ဘဏတီတိ အညေ နံ [တံ (သီ။ ပီ။)] ဘိက္ခူ ဘဇေယျုံ, ယေ နံ ဘဇေယျုံ တျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ, ယျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ တေသံ တံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ။ တသ္မာဟံ, ကဿပ, ဧဝရူပဿ ထေရဿ ဘိက္ခုနော န ဝဏ္ဏံ ဘဏာမိ။
‘‘မဇ္ဈိမော စေပိ, ကဿပ, ဘိက္ခု ဟောတိ…ပေ… နဝေါ စေပိ, ကဿပ, ဘိက္ခု ဟောတိ န သိက္ခာကာမော န သိက္ခာသမာဒါနဿ ဝဏ္ဏဝါဒီ, ယေ စညေ ဘိက္ခူ န သိက္ခာကာမာ တေ စ န သိက္ခာယ သမာဒပေတိ, ယေ စညေ ဘိက္ခူ သိက္ခာကာမာ တေသဉ္စ န ဝဏ္ဏံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန, ဧဝရူပဿာဟံ, ကဿပ, နဝဿ ဘိက္ခုနော န ဝဏ္ဏံ ဘဏာမိ။ တံ ကိဿ ဟေတု? သတ္ထာ ဟိဿ ဝဏ္ဏံ ဘဏတီတိ အညေ နံ ဘိက္ခူ ဘဇေယျုံ, ယေ နံ ဘဇေယျုံ တျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ, ယျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ တေသံ တံ အဿ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ။ တသ္မာဟံ, ကဿပ, ဧဝရူပဿ နဝဿ ဘိက္ခုနော န ဝဏ္ဏံ ဘဏာမိ။
‘‘ထေရော စေပိ, ကဿပ, ဘိက္ခု ဟောတိ သိက္ခာကာမော သိက္ခာသမာဒါနဿ ဝဏ္ဏဝါဒီ, ယေ စညေ ဘိက္ခူ န သိက္ခာကာမာ တေ စ သိက္ခာယ သမာဒပေတိ, ယေ စညေ ဘိက္ခူ သိက္ခာကာမာ တေသဉ္စ ဝဏ္ဏံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန, ဧဝရူပဿာဟံ, ကဿပ, ထေရဿ ဘိက္ခုနော ဝဏ္ဏံ ဘဏာမိ။ တံ ကိဿ ဟေတု? သတ္ထာ ဟိဿ ဝဏ္ဏံ ဘဏတီတိ အညေ နံ ဘိက္ခူ ဘဇေယျုံ, ယေ နံ ဘဇေယျုံ တျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ, ယျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ တေသံ တံ အဿ ဒီဃရတ္တံ ဟိတာယ သုခါယာတိ။ တသ္မာဟံ, ကဿပ, ဧဝရူပဿ ထေရဿ ဘိက္ခုနော ဝဏ္ဏံ ဘဏာမိ။
‘‘မဇ္ဈိမော စေပိ, ကဿပ, ဘိက္ခု ဟောတိ သိက္ခာကာမော…ပေ… နဝေါ စေပိ, ကဿပ, ဘိက္ခု ဟောတိ သိက္ခာကာမော သိက္ခာသမာဒါနဿ ဝဏ္ဏဝါဒီ, ယေ စညေ ဘိက္ခူ န သိက္ခာကာမာ တေ စ သိက္ခာယ သမာဒပေတိ, ယေ စညေ ဘိက္ခူ သိက္ခာကာမာ တေသဉ္စ ဝဏ္ဏံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန, ဧဝရူပဿာဟံ, ကဿပ, နဝဿ ဘိက္ခုနော ဝဏ္ဏံ ဘဏာမိ။ တံ ကိဿ ဟေတု? သတ္ထာ ဟိဿ ဝဏ္ဏံ ဘဏတီတိ အညေ နံ ဘိက္ခူ ဘဇေယျုံ, ယေ နံ ဘဇေယျုံ တျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ, ယျာဿ ဒိဋ္ဌာနုဂတိံ အာပဇ္ဇေယျုံ တေသံ တံ အဿ ဒီဃရတ္တံ ဟိတာယ သုခါယာတိ။ တသ္မာဟံ, ကဿပ, ဧဝရူပဿ နဝဿ ဘိက္ခုနော ဝဏ္ဏံ ဘဏာမီ’’တိ။ ဧကာဒသမံ။
သမဏဝဂ္ဂေါ နဝမော။
တဿုဒ္ဒါနံ –
သမဏော ဂဒြဘော ခေတ္တံ, ဝဇ္ဇိပုတ္တော စ သေက္ခကံ၊
တယော စ သိက္ခနာ ဝုတ္တာ, ဒွေ သိက္ခာ သင်္ကဝါယ စာတိ။
၁၁-သင်္ကဝါသုတ် ၉၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သင်္ကဝါအမည်ရှိသော ကောသလတိုင်းသူတို့၏ နိဂုံးသိုု့ ရောက် တော်မူ၍ ထို သင်္ကဝါနိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ ကဿပဂေါတ္တအမည်ရှိသော ရဟန်းသည် သင်္ကဝါနိဂုံး၌ ကျောင်းထိုင် (ပုဂ္ဂိုလ်) ဖြစ်၏။ ထို သင်္ကဝါနိဂုံး၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာ ပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည် ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား”ဟု အောက်မေ့၍ ကဿပဂေါတ္တအမည်ရှိသော ရဟန်းအားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်သည်သာတည်း။ ထို့နောက် မြတ်စွာဘုရားသည် သင်္ကဝါနိဂုံး၌ မွေ့လျော်တော်မူ သရွေ့ (သီတင်းသုံး) နေတော်မူပြီးလျှင် အစဥ်အတိုင်း ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ထို ရာဇဂြိုဟ်ပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ (သင်္ကဝါနိဂုံးမှ) မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီပင် ကဿပဂေါတ္တရဟန်းအား နောင်တ ပူပန်ခြင်း ‘ကုက္ကုစ္စ’ နှလုံးမသာခြင်း ‘ဝိပ္ပဋိသာရ’ ဖြစ်လေ၏- “ငါသည် (သီလစသောဂုဏ်တို့ကို) မရပြီတကား၊ ငါသည် (ရသင့်သော သီလစသော ဂုဏ်တို့ကို) ရခြင်း မဖြစ်ပြီတကား။ ငါသည် (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်းဖြစ်ရပြီတကား၊ ငါသည် (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ပြီတကား။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုး စီးပွါးကို) သိမြင်စေလျက် (တရားကိို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ တော်မူသည်ရှိသော် ‘ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလို ယောင်တကား’ဟု အောက်မေ့၍ ငါ့အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့၏၊ ငါသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအထံတော်၌ အကယ်၍ အပြစ်ကို အပြစ်အားဖြင့် လျှောက်ကြားရမူ ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်၏။ ထို့နောက် ကဿပဂေါတ္တရဟန်းသည် ကျောင်းအိပ်ရာနေရာကို သိုမှီး၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ထွက်ခဲ့လေ၏။ အစဥ်အတိုင်း ထွက်လာခဲ့ရာ မြတ်စွာဘုရားရှိရာ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်သို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို့ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်၍ ဤသို့ လျှောက်၏- အသျှင်ဘုရား မြတ်စွာဘုရားသည် အခါတစ်ပါး၌ ကောသလတိုင်း သင်္ကဝါနိဂုံး၌ (သီတင်းသုံး) နေတော်မူပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထို သင်္ကဝါနိဂုံး၌ ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ် သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပါသည်။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကိို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည် ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား”ဟု အောက်မေ့၍ အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့ ပါ၏၊ ထို့နောက် မြတ်စွာဘုရားသည် သင်္ကဝါနိဂုံး၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ဒေသစာရီကြွချီတော်မူခဲ့ပါသည်၊ မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီပင် ထို အကျွန်ုပ်အား နောင်တပူပန်ခြင်း နှလုံးမသာခြင်းဖြစ်ပါသည် “ငါသည် (သီလစသောဂုဏ်တို့ကို) မရပြီတကား၊ ငါသည် (ရသင့်သော သီလစသော ဂုဏ်တို့ကို) ရခြင်းမဖြစ်ပြီတကား။ ငါသည် (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်းဖြစ်ရပြီတကား၊ ငါသည် (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ပြီတကား။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကိို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည်ရှိသော် ‘ဤရဟန်းဂေါတမသည် အလွန်ခေါင်းပါးစေလိုယောင်တကား’ဟု အောက်မေ့၍ ထို အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့ပါသည်၊ (ထို့နောက်) ငါသည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား အထံတော်၌ အကယ်၍ အပြစ်ကို အပြစ်အားဖြင့် လျှောက်ကြားရမူ ကောင်းပေလိမ့်မည်”ဟု ဤအကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါပြီ၊ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကိို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည်ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါး စေလိုယောင်တကား”ဟု အောက်မေ့၍ အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်မိပါသည်၊ မြတ်စွာဘုရားသည် ထို အကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါအပြစ်ဟု လက်ခံတော်မူပါ အသျှင်ဘုရားဟု (လျှောက်၏)။ ကဿပ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးခဲ့၏။ ငါသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူသည် ရှိသော် ‘ဤရဟန်း ဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား’ဟု အောက်မေ့၍ သင့်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့၏၊ ကဿပ သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ် အားလျော်စွာ ကုစားခြင်းကြောင့် သင်၏ ထို အပြစ်ကို အပြစ်ဟု ငါတို့ လက်ခံကုန်၏။ ကဿပ အပြစ်ကို အပြစ်ဟု မြင်လျက်တရားအားလျော်စွာ ကုစား၍ နောင်အခါ စောင့်စည်း၏၊ ဤ(ကုစား စောင့်စည်းခြင်း)သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွါးခြင်းပင်တည်း။ ကဿပ သီတင်းကြီးရဟန်းပင် ဖြစ်စေကာမူ သိက္ခာသုံးပါးတို့ကိို အလိုမရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ပြောဆိုလေ့မရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကိို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါးတို့၌ မဆောက်တည်စေအံ့၊ သိက္ခာသုံးပါးကိို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သော အခါ၌ဟုတ်တိုင်းမှန်စွာ မဆိုငြားအံ့။ ကဿပ့ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါသည် မချီးမွမ်း။ ထိုသို့မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကိို မလိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို မှီဝဲဆည်းကပ်ကုန်သော ရဟန်းတို့သည် (သိက္ခာသုံးပါးကိို မလိုလားသော) ထိုရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏၊ ထို သိက္ခာ သုံးပါးကိို မလိုလားသော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတု လိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါသည် မချီးမွမ်းပေ။ ကဿပ သီတင်းလတ်ရဟန်းပင် ဖြစ်စေကာမူ။ပ။ ကဿပ သီတင်းငယ်ရဟန်းပင် ဖြစ်စေကာမူ သိက္ခာသုံးပါးတို့ကိို အလိုမရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ပြောဆိုလေ့မရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကိို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါးတို့၌ မဆောက်တည်စေအံ့၊ သိက္ခာသုံးပါးကိို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သောအခါ၌ဟုတ်တိုင်းမှန်စွာ မဆိုငြားအံ့။ ကဿပ ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါသည် မချီးမွမ်း။ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကိို မလိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထို ရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် သိက္ခာသုံးပါးကိို မလိုလားသော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏၊ ထို (သိက္ခာသုံးပါးကိို မလိုလားသော) ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာ သော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းငယ် ရဟန်းမျိုးကို ငါသည် မချီးမွမ်းပေ။ ကဿပ သီတင်းကြီးရဟန်းသည်လည်း သိက္ခာသုံးပါးတို့ကိို အလိုရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ချီးကျူးပြောဆိုလေ့ရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါး၌ ဆောက်တည်စေအံ့။ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သော အခါ၌ဟုတ်တိုင်းမှန်စွာ ဆိုငြားအံ့။ ကဿပ ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါ ချီးမွမ်း၏။ ထိုသို့ချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကိို လိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် ထို (သိက္ခာသုံးပါးကိို အလိုရှိသော) ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏။ ထို သိက္ခာသုံးပါးကို အလိုရှိ သော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါ ချီးမွမ်း၏။ ကဿပ သီတင်းလတ်ရဟန်းသည် သိက္ခာသုံးပါးကိို အလိုရှိသူ။ပ။ ကဿပ သီတင်းငယ်ရဟန်းသည် သိက္ခာသုံးပါးကိို အလိုရှိသူ၊ သိက္ခာသုံးပါးကိို ဆောက်တည်ခြင်း၏ ဂုဏ်ကို ချီးကျူးပြောဆိုလေ့ရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါး၌ ဆောက် တည်စေအံ့၊ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော် သောအခါ၌ဟုတ်တိုင်းမှန်စွာ ဆိုငြားအံ့၊ ကဿပ ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါ ချီးမွမ်း၏။ ထိုသို့ချီးမွမ်းခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကိို လိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် ထို (သိက္ခာသုံးပါးကိို အလိုရှိသော) ရဟန်း၏ အမူ့အရာသို့ အတုလိုက်ကုန်ရာ၏။ ထို (သိက္ခာသုံးပါးကို အလိုရှိသော) ရဟန်း၏ အမူအရာသို့ အတုလိုက် ကုန်သော ရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါ ချီးမွမ်း၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။ လေးခုမြောက် သမဏဝဂ် ပြီး၏။ (၁၀) ၅-လောဏကပလ္လဝဂ် ၁-အစ္စာယိကသုတ်
Numbered Discourses 3.91 9. Ascetics At Paṅkadhā At one time the Buddha was wandering in the land of the Kosalans together with a large Saṅgha of mendicants. He arrived at a town of the Kosalans named Paṅkadhā, and stayed there. Now, at that time a monk named Kassapagotta was resident at Paṅkadhā. There the Buddha educated, encouraged, fired up, and inspired the mendicants with a Dhamma talk about the training rules. Kassapagotta became quite impatient and bitter, thinking, “This ascetic is much too strict.” When the Buddha had stayed in Paṅkadhā as long as he pleased, he set out for Rājagaha. Traveling stage by stage, he arrived at Rājagaha, and stayed there. Soon after the Buddha left, Kassapagotta became quite remorseful and regretful, thinking, “It’s my loss, my misfortune, that when the Buddha was talking about the training rules I became quite impatient and bitter, thinking he was much too strict. Why don’t I go to the Buddha and confess my mistake to him?” Then Kassapagotta set his lodgings in order and, taking his bowl and robe, set out for Rājagaha. Eventually he came to Rājagaha and the Vulture’s Peak. He went up to the Buddha, bowed, sat down to one side, and told him what had happened, saying: “I made a mistake, sir. It was foolish, stupid, and unskillful of me to become impatient and bitter when the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about the training rules, and to think, ‘This ascetic is much too strict.’ Please, sir, accept my mistake for what it is, so I will restrain myself in future.” “Indeed, Kassapa, you made a mistake. But since you have recognized your mistake for what it is, and have dealt with it properly, I accept it. For it is growth in the training of the Noble One to recognize a mistake for what it is, deal with it properly, and commit to restraint in the future. Kassapa, take the case of a senior mendicant who is not eager to train and doesn’t praise taking up the training. They don’t encourage other mendicants who are not eager to train to take up the training. And they don’t truthfully and correctly praise at the right time those mendicants not eager to train. I don’t praise that kind of senior mendicant. Why is that? Because, hearing that I praised that mendicant, other mendicants might want to keep company with them. Then they might follow their example, which would be for their lasting harm and suffering. That’s why I don’t praise that kind of senior mendicant. Take the case of a middle mendicant who doesn’t want to train … Take the case of a junior mendicant who is not eager to train … That’s why I don’t praise that kind of junior mendicant. Kassapa, take the case of a senior mendicant who is eager to train and praises taking up the training. They encourage other mendicants who are not eager to train to take up the training. And they truthfully and correctly praise at the right time those mendicants who are eager to train. I praise that kind of senior mendicant. Why is that? Because, hearing that I praised that mendicant, other mendicants might want to keep company with them. Then they might follow their example, which would be for their lasting welfare and happiness. That’s why I praise that kind of senior mendicant. Take the case of a middle mendicant who is eager to train … Take the case of a junior mendicant who is eager to train … That’s why I praise that kind of junior mendicant.”
(၁၀) ၅။ လောဏကပလ္လဝဂ္ဂေါ
၁။ အစ္စာယိကသုတ္တံ
၉၃။ ‘‘တီဏိမာနိ, ဘိက္ခဝေ, ကဿကဿ ဂဟပတိဿ အစ္စာယိကာနိ ကရဏီယာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ကဿကော ဂဟပတိ သီဃံ သီဃံ ခေတ္တံ သုကဋ္ဌံ ကရောတိ သုမတိကတံ။ သီဃံ သီဃံ ခေတ္တံ သုကဋ္ဌံ ကရိတွာ သုမတိကတံ သီဃံ သီဃံ ဗီဇာနိ ပတိဋ္ဌာပေတိ။ သီဃံ သီဃံ ဗီဇာနိ ပတိဋ္ဌာပေတွာ သီဃံ သီဃံ ဥဒကံ အဘိနေတိပိ အပနေတိပိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ကဿကဿ ဂဟပတိဿ အစ္စာယိကာနိ ကရဏီယာနိ။ တဿ ခေါ တံ, ဘိက္ခဝေ, ကဿကဿ ဂဟပတိဿ နတ္ထိ သာ ဣဒ္ဓိ ဝါ အာနုဘာဝေါ ဝါ – ‘အဇ္ဇေဝ မေ ဓညာနိ ဇာယန္တု, သွေဝ ဂဗ္ဘီနိ ဟောန္တု, ဥတ္တရသွေဝ ပစ္စန္တူ’တိ။ အထ ခေါ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ တဿ ကဿကဿ ဂဟပတိဿ တာနိ ဓညာနိ ဥတုပရိဏာမီနိ ဇာယန္တိပိ ဂဗ္ဘီနိပိ ဟောန္တိ ပစ္စန္တိပိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဏိမာနိ ဘိက္ခုဿ အစ္စာယိကာနိ ကရဏီယာနိ။ ကတမာနိ တီဏိ? အဓိသီလသိက္ခာသမာဒါနံ, အဓိစိတ္တသိက္ခာသမာဒါနံ, အဓိပညာသိက္ခာသမာဒါနံ – ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ ဘိက္ခုဿ အစ္စာယိကာနိ ကရဏီယာနိ။ တဿ ခေါ တံ, ဘိက္ခဝေ, ဘိက္ခုနော နတ္ထိ သာ ဣဒ္ဓိ ဝါ အနုဘာဝေါ ဝါ – ‘အဇ္ဇေဝ မေ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတု သွေ ဝါ ဥတ္တရသွေ ဝါ’တိ။ အထ ခေါ, ဘိက္ခဝေ, ဟောတိ သော သမယော ယံ တဿ ဘိက္ခုနော အဓိသီလမ္ပိ သိက္ခတော အဓိစိတ္တမ္ပိ သိက္ခတော အဓိပညမ္ပိ သိက္ခတော အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ။
‘‘တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘တိဗ္ဗော နော ဆန္ဒော ဘဝိဿတိ အဓိသီလသိက္ခာသမာဒါနေ, တိဗ္ဗော ဆန္ဒော ဘဝိဿတိ အဓိစိတ္တသိက္ခာသမာဒါနေ, တိဗ္ဗော ဆန္ဒော ဘဝိဿတိ အဓိပညာသိက္ခာသမာဒါနေ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ ပဌမံ။
၉၃။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ အဆောတလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အိမ်ရှင်ယောကျာ်း လယ် သမားသည် လျင်လျင် မြန်မြန် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီညွတ်ညွတ် ပြု၏။ လျင် လျင် မြန်မြန် လယ်ကို ကောင်းစွာ ထွန်ယက်၍ မြေကို ညီညီ ညွတ်ညွတ် ကောင်းစွာ ပြုပြီးလျှင် လျင် လျင် မြန်မြန် မျိုးစေ့တို့ကို ကြဲချ၏။ လျင်လျင် မြန်မြန် မျိုးစေ့တို့ကို ကြဲချ၍ လျင်လျင် မြန်မြန် ရေကို သွင်းလည်း သွင်း၏၊ ထုတ်လည်း ထုတ်၏။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ အဆော တလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမားအား “ယနေ့ပင် ငါ၏ စပါးတို့သည် ပေါက်ပါစေ၊ နက်ဖြန်ပင် ဖုံးပါစေ၊ သန်ဘက်ခါပင် မှည့်ပါစေ”ဟု (ဤသို့ အလိုရှိတိုင်း ပြီးစေနိုင်သော) ထို တန်ခိုးအစွမ်းသည် မရှိပေ။ ရဟန်းတို့ စင်စစ် သော်ကား ထို အိမ်ရှင်ယောကျာ်း လယ်သမား၏ ထို စပါးတို့သည် ညီညွတ်သော ဥတုကို ရ၍ ပေါက်လည်း ပေါက် ဖုံးလည်းဖုံး မှည့်လည်း မှည့်သော အခါမျိုးသည် ရှိ၏။ ရဟန်းတို့ ဤအတူသာလျှင် ရဟန်း၏ အဆောတလျင် ပြုရမည့် ပြုလုပ်ဖွယ်တို့သည် ဤသုံးမျိုးတို့ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ခြင်း၊ အဓိပညာသိက္ခာကို ဆောက်တည်ခြင်းတို့တည်း။ ရဟန်းတို့ ရဟန်း၏ အဆောတလျင် ပြုရမည့် ပြုလုပ် ဖွယ်တို့သည် ဤသုံးမျိုးတို့တည်း။ ရဟန်းတို့ ထိုရဟန်းအား “ယနေ့၌သော်လည်းကောင်း၊ နက်ဖြန်၌သော်လည်းကောင်း၊ သန်ဘက်ခါ၌သော်လည်းကောင်း ငါ၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်စေသတည်း”ဟု (ဤသို့ အလိုရှိတိုင်း ပြီးစေနိုင်သော) ထို တန်ခိုး အစွမ်းသည် မရှိပေ။ ရဟန်းတို့ စင်စစ်သော်ကား အဓိ သီလသိက္ခာကိုလည်းကောင်း၊ အဓိစိတ္တသိက္ခာကိုလည်းကောင်း၊ အဓိပညာသိက္ခာကိုလည်းကောင်း ကျင့်သုံးသော ထိုရဟန်း၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို (မစွဲလမ်းမူ၍) အာသဝေါတရားတို့မှ ကင်းလွတ်သော အခါမျိုးသည် ရှိ၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌- အဓိသီလသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက် သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိစိတ္တသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့၊ အဓိပညာသိက္ခာကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့”ဟု ဤအတိုင်း သာ သင်တို့ ကျင့်ကြရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Numbered Discourses 3.92 10. A Lump of Salt Urgent “Mendicants, a farmer has three urgent duties. What three? A farmer swiftly makes sure the field is well ploughed and tilled. Next they swiftly plant seeds in season. When the time is right, they swiftly irrigate or drain the field. These are the three urgent duties of a farmer. That farmer has no special power or ability to say: ‘Let the crops germinate today! Let them flower tomorrow! Let them ripen the day after!’ But there comes a time when that farmer’s crops germinate, flower, and ripen as the seasons change. In the same way, a mendicant has three urgent duties. What three? Undertaking the training in the higher ethics, the higher mind, and the higher wisdom. These are the three urgent duties of a mendicant. That mendicant has no special power or ability to say: ‘Let my mind be freed from defilements by not grasping today! Or tomorrow! Or the day after!’ But there comes a time—as that mendicant trains in the higher ethics, the higher mind, and the higher wisdom—that their mind is freed from defilements by not grasping. So you should train like this: ‘We will have keen enthusiasm for undertaking the training in the higher ethics, the higher mind, and the higher wisdom.’ That’s how you should train.”
၂။ ပဝိဝေကသုတ္တံ
၉၄။ ‘‘တီဏိမာနိ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ပဝိဝေကာနိ ပညာပေန္တိ။ ကတမာနိ တီဏိ? စီဝရပဝိဝေကံ, ပိဏ္ဍပါတပဝိဝေကံ, သေနာသနပဝိဝေကံ။
‘‘တတြိဒံ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ စီဝရပဝိဝေကသ္မိံ ပညာပေန္တိ, သာဏာနိပိ ဓာရေန္တိ, မသာဏာနိပိ ဓာရေန္တိ, ဆဝဒုဿာနိပိ ဓာရေန္တိ, ပံသုကူလာနိပိ ဓာရေန္တိ, တိရီဋာနိပိ ဓာရေန္တိ, အဇိနမ္ပိ ဓာရေန္တိ, အဇိနက္ခိပမ္ပိ ဓာရေန္တိ, ကုသစီရမ္ပိ ဓာရေန္တိ, ဝါကစီရမ္ပိ ဓာရေန္တိ, ဖလကစီရမ္ပိ ဓာရေန္တိ, ကေသကမ္ဗလမ္ပိ ဓာရေန္တိ, ဝါလကမ္ဗလမ္ပိ ဓာရေန္တိ, ဥလူကပက္ခိကမ္ပိ ဓာရေန္တိ။ ဣဒံ ခေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ စီဝရပဝိဝေကသ္မိံ ပညာပေန္တိ။
‘‘တတြိဒံ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ပိဏ္ဍပါတပဝိဝေကသ္မိံ ပညာပေန္တိ။ သာကဘက္ခာပိ ဟောန္တိ, သာမာကဘက္ခာပိ ဟောန္တိ, နီဝါရဘက္ခာပိ ဟောန္တိ, ဒဒ္ဒုလဘက္ခာပိ ဟောန္တိ, ဟဋဘက္ခာပိ ဟောန္တိ, ကဏဘက္ခာပိ ဟောန္တိ, အာစာမဘက္ခာပိ ဟောန္တိ, ပိညာကဘက္ခာပိ ဟောန္တိ, တိဏဘက္ခာပိ ဟောန္တိ, ဂေါမယဘက္ခာပိ ဟောန္တိ, ဝနမူလဖလာဟာရာ ယာပေန္တိ ပဝတ္တဖလဘောဇီ။ ဣဒံ ခေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ပိဏ္ဍပါတပဝိဝေကသ္မိံ ပညာပေန္တိ။
‘‘တတြိဒံ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ သေနာသနပဝိဝေကသ္မိံ ပညာပေန္တိ အရညံ ရုက္ခမူလံ သုသာနံ [ရုက္ခမူလံ ဘုသာဂါရံ သုသာနံ (က။)] ဝနပတ္ထံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ ဘုသာဂါရံ [သုညာဂါရံ (က။)]။ ဣဒံ ခေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ သေနာသနပဝိဝေကသ္မိံ ပညာပေန္တိ။ ဣမာနိ ခေါ, ဘိက္ခဝေ, တီဏိ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ပဝိဝေကာနိ ပညာပေန္တိ။
‘‘တီဏိ ခေါ ပနိမာနိ, ဘိက္ခဝေ, ဣမသ္မိံ ဓမ္မဝိနယေ ဘိက္ခုနော ပဝိဝေကာနိ။ ကတမာနိ တီဏိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ စ ဟောတိ, ဒုဿီလျဉ္စဿ ပဟီနံ ဟောတိ, တေန စ ဝိဝိတ္တော ဟောတိ၊ သမ္မာဒိဋ္ဌိကော စ ဟောတိ, မိစ္ဆာဒိဋ္ဌိ စဿ ပဟီနာ ဟောတိ, တာယ စ ဝိဝိတ္တော ဟောတိ၊ ခီဏာသဝေါ စ ဟောတိ, အာသဝါ စဿ ပဟီနာ ဟောန္တိ, တေဟိ စ ဝိဝိတ္တော ဟောတိ။ ယတော ခေါ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ, ဒုဿီလျဉ္စဿ ပဟီနံ ဟောတိ, တေန စ ဝိဝိတ္တော ဟောတိ၊ သမ္မာဒိဋ္ဌိကော စ ဟောတိ, မိစ္ဆာဒိဋ္ဌိ စဿ ပဟီနာ ဟောတိ, တာယ စ ဝိဝိတ္တော ဟောတိ၊ ခီဏာသဝေါ စ ဟောတိ, အာသဝါ စဿ ပဟီနာ ဟောန္တိ, တေဟိ စ ဝိဝိတ္တော ဟောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ‘ဘိက္ခု အဂ္ဂပ္ပတ္တော သာရပ္ပတ္တော သုဒ္ဓေါ သာရေ ပတိဋ္ဌိတော’’’။
‘‘သေယျထာပိ, ဘိက္ခဝေ, ကဿကဿ ဂဟပတိဿ သမ္ပန္နံ သာလိက္ခေတ္တံ။ တမေနံ ကဿကော ဂဟပတိ သီဃံ သီဃံ [သီဃသီဃံ (သီ။ သျာ။ ကံ။ ပီ။)] လဝါပေယျ။ သီဃံ သီဃံ လဝါပေတွာ သီဃံ သီဃံ သံဃရာပေယျ။ သီဃံ သီဃံ သံဃရာပေတွာ သီဃံ သီဃံ ဥဗ္ဗဟာပေယျ [ဥဗ္ဗာဟာပေယျ (သျာ။ ကံ။)]။ သီဃံ သီဃံ ဥဗ္ဗဟာပေတွာ သီဃံ သီဃံ ပုဉ္ဇံ ကာရာပေယျ။ သီဃံ သီဃံ ပုဉ္ဇံ ကာရာပေတွာ သီဃံ သီဃံ မဒ္ဒါပေယျ။ သီဃံ သီဃံ မဒ္ဒါပေတွာ သီဃံ သီဃံ ပလာလာနိ ဥဒ္ဓရာပေယျ။ သီဃံ သီဃံ ပလာလာနိ ဥဒ္ဓရာပေတွာ သီဃံ သီဃံ ဘုသိကံ ဥဒ္ဓရာပေယျ။ သီဃံ သီဃံ ဘုသိကံ ဥဒ္ဓရာပေတွာ သီဃံ သီဃံ ဩပုနာပေယျ။ သီဃံ သီဃံ ဩပုနာပေတွာ သီဃံ သီဃံ အတိဟရာပေယျ။ သီဃံ သီဃံ အတိဟရာပေတွာ သီဃံ သီဃံ ကောဋ္ဋာပေယျ။ သီဃံ သီဃံ ကောဋ္ဋာပေတွာ သီဃံ သီဃံ ထုသာနိ ဥဒ္ဓရာပေယျ။ ဧဝမဿု [ဧဝဿု (က။)] တာနိ, ဘိက္ခဝေ, ကဿကဿ ဂဟပတိဿ ဓညာနိ အဂ္ဂပ္ပတ္တာနိ သာရပ္ပတ္တာနိ သုဒ္ဓါနိ သာရေ ပတိဋ္ဌိတာနိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယတော ဘိက္ခု သီလဝါ စ ဟောတိ, ဒုဿီလျဉ္စဿ ပဟီနံ ဟောတိ, တေန စ ဝိဝိတ္တော ဟောတိ၊ သမ္မာဒိဋ္ဌိကော စ ဟောတိ, မိစ္ဆာဒိဋ္ဌိ စဿ ပဟီနာ ဟောတိ, တာယ စ ဝိဝိတ္တော ဟောတိ၊ ခီဏာသဝေါ စ ဟောတိ, အာသဝါ စဿ ပဟီနာ ဟောန္တိ, တေဟိ စ ဝိဝိတ္တော ဟောတိ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, ‘ဘိက္ခု အဂ္ဂပ္ပတ္တော သာရပ္ပတ္တော သုဒ္ဓေါ သာရေ ပတိဋ္ဌိတော’’’တိ။ ဒုတိယံ။
၂-ပဝိဝေကသုတ် ၉၄။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤ(ကိလေသာတို့မှ) ကင်းဆိတ်ခြင်း သုံးမျိုးတို့ကို ပညတ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်း၊ ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်း၊ ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းတို့တည်း။ ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ ပိုက်ဆံလျှော် အဝတ်တို့ကို သော်လည်း ဆောင်ကုန်၏၊ ပိုက်ဆံလျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သူသေကောင် အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်ကုန်၏၊ ခွါနှင့်တကွ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ သမန်းမြက်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ ပျဥ်ချပ်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ လူ့ဆံပင်တို့ဖြင့် ရက်သော ကမ္ဗလာကိုသော်လည်း ဆောင်ကုန်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်ကုန်၏၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုသော်လည်း ဆောင်ကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့သဘောရှိသော သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ ဟင်းရွက်စိမ်းကိုသော်လည်း စားကုန်၏၊ ပြောင်းဆန်စိမ်းကိုသော်လည်း စားကုန်၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားကုန်၏၊ သားရေ အစအနကိုသော်လည်း စားကုန်၏၊ မှော်ကိုသော်လည်း စားကုန်၏၊ ဆန်ကွဲကိုသော်လည်း စားကုန်၏၊ ထမင်းချိုးကိုသော်လည်း စားကုန်၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားကုန်၏၊ မြက်ကိုသော်လည်း စား ကုန်၏၊ နွားချေးကိုသော်လည်း စားကုန်၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလျက် မျှတကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ တော သစ်ပင်ရင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ ကောက်ရိုးအုံတို့ကို ပညတ်ကြကုန်၏။ ရဟန်းတို့ သာသနာ တော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤကင်းဆိတ်ခြင်းသုံးမျိုးတို့ကို ပညတ်ကုန်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏ (ကိလေသာတို့မှ) ကင်းဆိတ်ခြင်းတို့သည် သုံးမျိုးတို့ ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား သီလမရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ မှန်သော မြင်ခြင်းလည်း ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော အမြင်မှလည်း ကင်းဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ကိုလည်း ပယ်အပ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။ ရဟန်းတို့ အကြင် အကြောင်းကြောင့် ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား သီလ မရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ ကောင်းသော မြင်ခြင်းလည်း ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော မြင်ခြင်းမှလည်း ကင်းဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကိုလည်း ပယ်အပ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်းကို (သီလဟူသော)အမြတ်သို့ ရောက်သူ၊ (သီလဟူသော) အနှစ်သို့ ရောက်သူ၊ စင်ကြယ်သူ၊ (သီလ သမာဓိ ပညာဟူသော ဂုဏ်) အနှစ်၌ တည်သူဟု ဆိုအပ်၏။ ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ သလေးစပါးခင်းသည် ပြည့်စုံ၏၊ ထို သလေး စပါးခင်းကို အိမ်ရှင်ယောကျာ်း လယ်သမားသည် လျင်လျင် မြန်မြန် ရိတ်စေရာ၏၊ လျင်လျင် မြန်မြန် ရိတ်စေပြီး၍ လျင်လျင် မြန်မြန် စုရုံးစေရာ၏၊ လျင်လျင် မြန်မြန် စုရုံးစေပြီး၍ လျင်လျင် မြန်မြန် တိုက် စေရာ၏၊ လျင်လျင် မြန်မြန် တိုက်စေပြီး၍ လျင်လျင် မြန်မြန် စုပုံစေရာ၏၊ လျင်လျင် မြန်မြန် အစုအပုံ ပြုစေပြီး၍ လျင်လျင် မြန်မြန် နယ်စေရာ၏၊ လျင်လျင် မြန်မြန် နယ်စေပြီး၍ လျင်လျင် မြန်မြန် လှေ့စေရာ၏၊ လျင်လျင် မြန်မြန် လှေ့စေပြီး၍ လျင်လျင် မြန်မြန် ထောင်းထုစေရာ၏၊ လျင်လျင် မြန်မြန် ထောင်းထုစေပြီး၍ လျင်လျင် မြန်မြန် ဖွဲတို့ကို လွှင့်ထုတ်စေရာ၏။ ရဟန်းတို့ ဤသို့ ပြုသည်ရှိသော် အိမ်ရှင်ယောကျာ်း လယ်သမား၏ စပါးတို့သည် (ဆန်ဟူသော) အမြတ်သို့ ရောက်ကုန်၏၊ (ဆန်ဟူသော) အနှစ်သို့ ရောက်ကုန်၏၊ စင်ကြယ်ကုန်၏၊ (ဆန်ဟူသော) အနှစ်၌ တည်ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် အကြင် အကြောင်းကြောင့် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်း အား သီလမရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ ကောင်းသော မြင်ခြင်းသည် ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော အမြင်မှလည်း ကင်း ဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကိုလည်း ပယ်အပ်ပြီး ဖြစ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်း ကို (သီလဟူသော) အမြတ်သို့ ရောက်သူ၊ (သီလဟူသော) အနှစ်သို့ ရောက်သူ၊ စင်ကြယ်သူ၊ (သီလ သမာဓိ ပညာဟူသောဂုဏ်) အနှစ်၌ တည်သူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Numbered Discourses 3.93 10. A Lump of Salt Seclusion “Mendicants, wanderers of other religions advocate three kinds of seclusion. What three? Seclusion in robes, almsfood, and lodgings. Wanderers of other religions advocate this kind of seclusion in robes. They wear robes of sunn hemp, mixed hemp, corpse-wrapping cloth, rags, lodh tree bark, antelope hide (whole or in strips), kusa grass, bark, wood-chips, human hair, horse-tail hair, or owls’ wings. This is what wanderers of other religions advocate for seclusion in robes. Wanderers of other religions advocate this kind of seclusion in almsfood. They eat herbs, millet, wild rice, poor rice, water lettuce, rice bran, scum from boiling rice, sesame flour, grass, or cow dung. They survive on forest roots and fruits, or eating fallen fruit. This is what the wanderers of other religions advocate for seclusion in almsfood. Wanderers of other religions advocate this kind of seclusion in lodgings. They stay in a wilderness, at the root of a tree, in a charnel ground, a forest, the open air, a heap of straw, or a threshing-hut. This is what wanderers of other religions advocate for seclusion in lodgings. These are the three kinds of seclusion that wanderers of other religions advocate. In this teaching and training, there are three kinds of seclusion for a mendicant. What three? Firstly, a mendicant is ethical, giving up unethical conduct, being secluded from it. They have right view, giving up wrong view, being secluded from it. They’ve ended defilements, giving up defilements, being secluded from them. When a mendicant has these three kinds of seclusion, they’re called a mendicant who has reached the peak and the pith, being pure and consolidated in the core. When a farmer’s rice field is ripe, they’d have the rice cut swiftly, gathered swiftly, transported swiftly, made into heaps swiftly, threshed swiftly, the straw removed swiftly, winnowed swiftly, brought over swiftly, pounded swiftly, and have the husks removed swiftly. In this way that farmer’s crop would reach the peak and the pith, being pure and consolidated in the core. In the same way, when a mendicant is ethical, giving up unethical conduct, being secluded from it; when they have right view, giving up wrong view, being secluded from it; when they’ve ended defilements, giving up defilements, being secluded from them: they’re called a mendicant who has reached the peak and the pith, being pure and consolidated in the core.”
၃။ သရဒသုတ္တံ
၉၅။ ‘‘သေယျထာပိ, ဘိက္ခဝေ, သရဒသမယေ ဝိဒ္ဓေ ဝိဂတဝလာဟကေ ဒေဝေ အာဒိစ္စော နဘံ အဗ္ဘုဿက္ကမာနော [အဗ္ဘုဿုက္ကမာနော (သီ။ ပီ။)] သဗ္ဗံ အာကာသဂတံ တမဂတံ အဘိဝိဟစ္စ ဘာသတေ စ တပတေ စ ဝိရောစတိ စ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယတော အရိယသာဝကဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥပ္ပဇ္ဇတိ [ဥဒပါဒိ (သဗ္ဗတ္ထ)], သဟ ဒဿနုပ္ပါဒါ, ဘိက္ခဝေ, အရိယသာဝကဿ တီဏိ သံယောဇနာနိ ပဟီယန္တိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော။
‘‘အထာပရံ ဒွီဟိ ဓမ္မေဟိ နိယျာတိ အဘိဇ္ဈာယ စ ဗျာပါဒေန စ။ သော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ တသ္မိံ စေ, ဘိက္ခဝေ, သမယေ အရိယသာဝကော ကာလံ ကရေယျ, နတ္ထိ တံ [တဿ (က။)] သံယောဇနံ ယေန သံယောဇနေန သံယုတ္တော အရိယသာဝကော ပုန ဣမံ [ပုနယိမံ (သျာ။ ကံ။ က။)] လောကံ အာဂစ္ဆေယျာ’’တိ။ တတိယံ။
၃-သရဒသုတ် ၉၅။ ရဟန်းတို့ တန်ဆောင်မုန်းလ ‘သရဒ’ အခါ တိမ်သား ကင်းစင်၍ မြင့်သော မိုးကောင်းကင်၌ ရှေးရှုတက်လာသော နေမင်းသည် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကအား ကိလေသာမြူ အညစ် အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ သောတာ ပတ္တိမဂ်ဉာဏ်အမြင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အရိယာသာဝကအား သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ သုံးဝသော သံယောဇဥ် ‘နှောင်ကြိုး’တို့သည် ပျောက်ကုန်၏။ ထိုမှနောက်၌ မက်မောခြင်း ‘အဘိဇ္ဈာ’၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’တရားနှစ်မျိုးတို့မှ လွတ် မြောက်၏။ ထိုပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်း ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ထိုအခါ၌ အရိယာသာဝကသည် အကယ်၍ သေငြားအံ့၊ ထို သာဝကအား လူ့ပြည်သို့ တစ်ဖန် ပြန်လာ စေနိုင်သော ယင်းယှဥ်စပ်မှု သံယောဇဥ် ‘နှောင်ကြိုး’ မရှိတော့ပြီဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Numbered Discourses 3.94 10. A Lump of Salt Autumn “In the autumn, the heavens are sunny and cloudless. And as the sun is rising to the firmament, having dispelled all the darkness of space, it shines and glows and dazzles. In the same way, when the stainless, immaculate vision of the teaching arises in a noble disciple, three fetters are given up: substantialist view, doubt, and misapprehension of precepts and observances. Afterwards they are delivered from two things: covetousness and ill will. Quite secluded from sensual pleasures, secluded from unskillful qualities, they enter and remain in the first absorption, which has the rapture and bliss born of seclusion, while placing the mind and keeping it connected. If that noble disciple passed away at that time, they’re bound by no fetter that might return them to this world.”
၄။ ပရိသာသုတ္တံ
၉၆။ ‘‘တိဿော ဣမာ, ဘိက္ခဝေ, ပရိသာ။ ကတမာ တိဿော? အဂ္ဂဝတီ ပရိသာ, ဝဂ္ဂါ ပရိသာ, သမဂ္ဂါ ပရိသာ။
‘‘ကတမာ စ, ဘိက္ခဝေ, အဂ္ဂဝတီ ပရိသာ? ဣဓ, ဘိက္ခဝေ, ယဿံ ပရိသာယံ ထေရာ ဘိက္ခူ န ဗာဟုလိကာ ဟောန္တိ န သာထလိကာ, ဩက္ကမနေ နိက္ခိတ္တဓုရာ ပဝိဝေကေ ပုဗ္ဗင်္ဂမာ, ဝီရိယံ အာရဘန္တိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ, တေသံ ပစ္ဆိမာ ဇနတာ ဒိဋ္ဌာနုဂတိံ အာပဇ္ဇတိ။ သာပိ ဟောတိ န ဗာဟုလိကာ န သာထလိကာ ဩက္ကမနေ နိက္ခိတ္တဓုရာ ပဝိဝေကေ ပုဗ္ဗင်္ဂမာ, ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္ဆိကတဿ သစ္ဆိကိရိယာယ။ အယံ ဝုစ္စတိ, ဘိက္ခဝေ, အဂ္ဂဝတီ ပရိသာ။
‘‘ကတမာ စ, ဘိက္ခဝေ, ဝဂ္ဂါ ပရိသာ? ဣဓ, ဘိက္ခဝေ, ယဿံ ပရိသာယံ ဘိက္ခူ ဘဏ္ဍနဇာတာ ကလဟဇာတာ ဝိဝါဒါပန္နာ အညမညံ မုခသတ္တီဟိ ဝိတုဒန္တာ ဝိဟရန္တိ, အယံ ဝုစ္စတိ, ဘိက္ခဝေ, ဝဂ္ဂါ ပရိသာ။
‘‘ကတမာ စ, ဘိက္ခဝေ, သမဂ္ဂါ ပရိသာ? ဣဓ, ဘိက္ခဝေ, ယဿံ ပရိသာယံ ဘိက္ခူ သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရန္တိ, အယံ ဝုစ္စတိ, ဘိက္ခဝေ, သမဂ္ဂါ ပရိသာ။
‘‘ယသ္မိံ, ဘိက္ခဝေ, သမယေ ဘိက္ခူ သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရန္တိ, ဗဟုံ, ဘိက္ခဝေ, ဘိက္ခူ တသ္မိံ သမယေ ပုညံ ပသဝန္တိ။ ဗြဟ္မံ, ဘိက္ခဝေ, ဝိဟာရံ တသ္မိံ သမယေ ဘိက္ခူ ဝိဟရန္တိ, ယဒိဒံ မုဒိတာယ စေတောဝိမုတ္တိယာ။ ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒိယတိ, သုခိနော စိတ္တံ သမာဓိယတိ။
‘‘သေယျထာပိ, ဘိက္ခဝေ, ဥပရိပဗ္ဗတေ ထုလ္လဖုသိတကေ ဒေဝေ ဝဿန္တေ တံ ဥဒကံ ယထာနိန္နံ ပဝတ္တမာနံ ပဗ္ဗတကန္ဒရပဒရသာခါ ပရိပူရေတိ, ပဗ္ဗတကန္ဒရပဒရသာခါ ပရိပူရာ ကုသောဗ္ဘေ [ကုဿုမ္ဘေ (သီ။ ပီ။), ကုသုမ္ဘေ (သျာ။ ကံ။ က။)] ပရိပူရေန္တိ, ကုသောဗ္ဘာ ပရိပူရာ မဟာသောဗ္ဘေ ပရိပူရေန္တိ, မဟာသောဗ္ဘာ ပရိပူရာ ကုန္နဒိယော ပရိပူရေန္တိ, ကုန္နဒိယော ပရိပူရာ မဟာနဒိယော ပရိပူရေန္တိ, မဟာနဒိယော ပရိပူရာ သမုဒ္ဒံ [သမုဒ္ဒသာဂရေ (က။)] ပရိပူရေန္တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယသ္မိံ သမယေ ဘိက္ခူ သမဂ္ဂါ သမ္မောဒမာနာ အဝိဝဒမာနာ ခီရောဒကီဘူတာ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရန္တိ, ဗဟုံ, ဘိက္ခဝေ, ဘိက္ခူ တသ္မိံ သမယေ ပုညံ ပသဝန္တိ။ ဗြဟ္မံ, ဘိက္ခဝေ, ဝိဟာရံ တသ္မိံ သမယေ ဘိက္ခူ ဝိဟရန္တိ, ယဒိဒံ မုဒိတာယ စေတောဝိမုတ္တိယာ။ ပမုဒိတဿ ပီတိ ဇာယတိ, ပီတိမနဿ ကာယော ပဿမ္ဘတိ, ပဿဒ္ဓကာယော သုခံ ဝေဒိယတိ, သုခိနော စိတ္တံ သမာဓိယတိ။ ဣမာ ခေါ, ဘိက္ခဝေ, တိဿော ပရိသာ’’တိ။ စတုတ္ထံ။
၄-ပရိသာသုတ် ၉၆။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- ပုဂ္ဂိုလ် မြတ်ရှိသော ‘အဂ္ဂဝတီ’ ပရိသတ်၊ မညီညွတ်သော ‘ဝဂ္ဂ’ ပရိသတ်၊ ညီညွတ်သော ‘သမဂ္ဂ’ ပရိသတ်တို့တည်း။ ရဟန်းတို့ ပုဂ္ဂိုလ်မြတ်ရှိသော ‘အဂ္ဂဝတီ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်းများခြင်းငှါ မကျင့်ကုန်၊ (သိက္ခာသုံးပါးကို) လျော့လျော့ မကျင့်ကုန်၊ အောက်သို့ သက်စေတတ်သော တရား၌ စွန့်ချအပ်သော လုံ့လရှိကုန်၏၊ ကင်းဆိတ်ခြင်း (သုံးပါး) ၌ ရှေ့သွားဖြစ်ကုန်၏။ မရောက်သေးသော (ဈာန် မဂ် ဖိုလ်) တရားသို့ ရောက်ခြင်းငှါ၊ မရသေးသော တရားကို ရခြင်းငှါ၊ မျက်မှောက်မပြုရသေးသော တရားကိုလည်း မျက်မှောက်ပြုခြင်းငှါ လုံ့လစိုက်ကုန်၏။ နောင်လာ တပည့်သားအပေါင်းတို့သည် ထို သီတင်းကြီးရဟန်းတို့၏ (အပြုအမူသို့) အတုလိုက်ကုန်၏၊ ထို နောင်လာ တပည့်သားအပေါင်းတို့သည်လည်း ပစ္စည်း များခြင်းငှါ မကျင့်ကုန်၊ (သိက္ခာသုံးပါးကိုလည်း) လျော့လျော့ မကျင့်ကုန်၊ အောက်သို့ သက်စေတတ်သော တရား၌ စွန့်ချအပ်သော လုံ့လရှိကုန်၏၊ ကင်းဆိတ်ခြင်း (သုံးပါး) ၌ ရှေ့သွားဖြစ်ကုန်၏။ မရောက် သေးသော (ဈာန် မဂ် ဖိုလ်)တရားသို့ ရောက်ခြင်းငှါ၊ မရသေးသော တရားကို ရခြင်းငှါ၊ မျက်မှောက် မပြုရသေးသော တရားကိုလည်း မျက်မှောက်ပြုခြင်းငှါ လုံ့လစိုက်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ပုဂ္ဂိုလ်မြတ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ မညီညွတ်သော ‘ဝဂ္ဂ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော် ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် မျက်ကွယ်မျက်မှောက် ငြင်းခုံခြင်း ဆန့်ကျင်ဘက် ပြောကြား စကားများတတ်ကြသည့်ပြင် အချင်းချင်း နှုတ်လှံထိုး၍လည်း နေကြကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို မညီညွတ်သော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ညီညွတ်သော ‘သမဂ္ဂ’ ပရိသတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာ တော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက်စကား ကို မပြောမူ၍ နို့နှင့် ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ညီညွတ်သော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ အကြင် အခါ၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက် စကားကို မပြောကုန်မူ၍ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် များစွာသော ကောင်းမှုကို ဖြစ်စေကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် စိတ်၏ ကိလေသာမှ လွတ်မြောက်ကြောင်းဖြစ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဖြင့် မြတ်သော နေခြင်းကို နေကုန်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်၏။ ရဟန်းတို့ တောင်ထိပ်၌ မိုးသည်းထန်စွာ ရွာလတ်သော် ထို ရေသည် နိမ့်ရာနိမ့်ရာသို့ စီးဆင်း၍ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ကို ပြည့်လျှံစေ၏၊ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ ပြည့်လျှံကုန်ပြီးသော် အိုင်ငယ်တို့ကို ပြည့်လျှံစေကုန်၏၊ အိုင်ငယ်တို့ ပြည့်လျှံပြီးသော် အိုင်ကြီးတို့ကို ပြည့်လျှံစေကုန်၏၊ အိုင်ကြီးတို့ ပြည့်လျှံကုန်ပြီးသော် မြစ်ငယ်တို့ကို ပြည့်လျှံစေကုန်၏၊ မြစ်ငယ်တို့ ပြည့်လျှံကုန်ပြီးသော် မြစ်ကြီးတို့ကို ပြည့်လျှံစေကုန်၏၊ မြစ်ကြီးတို့ ပြည့်လျှံကုန်ပြီးသော် မဟာသမုဒ္ဒရာတို့ကို ပြည့်လျှံစေကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် အကြင် အခါ၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန်လျက် ဆန့်ကျင်ဘက်စကားကို မပြောကုန်မူ၍ နို့နှင့်ရေ ရောစပ်ထားသကဲ့သို့ ဖြစ်ကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကြကုန်လျက် နေထိုင်ကြကုန်၏။ ရဟန်းတို့ ထိုအခါ၌ရဟန်းတို့သည် များစွာသော ကောင်းမှုကို ဖြစ်စေကုန်၏။ ရဟန်းတို့ ထိုအခါ၌ ရဟန်းတို့သည် စိတ်၏ ကိလေသာမှ လွတ်မြောက်ကြောင်းဖြစ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ဖြင့် မြတ်သော နေခြင်းကို နေကုန်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤသုံးမျိုးတည်းဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Numbered Discourses 3.95 10. A Lump of Salt Assemblies “Mendicants, these are the three assemblies. What three? An assembly of the best, a divided assembly, and a harmonious assembly. And what is an assembly of the best? An assembly where the senior mendicants are not indulgent or slack, nor are they backsliders. Instead, they take the lead in seclusion, rousing energy for attaining the unattained, achieving the unachieved, and realizing the unrealized. And those who come afterwards follow their example. They too are not indulgent or slack, nor are they backsliders. Instead, they take the lead in seclusion, rousing energy for attaining the unattained, achieving the unachieved, and realizing the unrealized. This is called an assembly of the best. And what is a divided assembly? An assembly where the mendicants fight, quarrel, and dispute, continually wounding each other with barbed words. This is called a divided assembly. And what is a harmonious assembly? An assembly where the mendicants live in harmony, appreciating each other, without dispute, blending like milk and water, and regarding each other with kindly eyes. This is called a harmonious assembly. When the mendicants live in harmony like this, they brim with much merit. At that time the mendicants live in a divine dwelling, that is, the heart’s release by rejoicing. When they’re joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, they feel bliss. And when they’re blissful, the mind becomes immersed in samādhi. It’s like when the heavens rain heavily on a mountain top, and the water flows downhill to fill the hollows, crevices, and creeks. As they become full, they fill up the pools. The pools fill up the lakes, the lakes fill up the streams, and the streams fill up the rivers. And as the rivers become full, they fill up the ocean. In the same way, when the mendicants are in harmony, appreciating each other, without dispute, blending like milk and water, and regarding each other with kindly eyes, they brim with much merit. At that time the mendicants live in a divine dwelling, that is, the heart’s release by rejoicing. When they’re joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, they feel bliss. And when they’re blissful, the mind becomes immersed in samādhi. These are the three assemblies.”
၅။ ပဌမအာဇာနီယသုတ္တံ
၉၇။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော [ဘဒ္ဒေါ (က။)] အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ချံ [သင်္ခံ (သီ။ သျာ။ ကံ။ ပီ။)] ဂစ္ဆတိ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ရညော ဘဒြော အဿာဇာနီယော ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ချံ ဂစ္ဆတိ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’’တိ။ ပဉ္စမံ။
၅-ပဌမ အာဇာနီယသုတ် ၉၇။ ရဟန်းတို့ မင်း၏အင်္ဂါ သုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား လျောက်ပတ်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မင်း၏ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ထက်သန် သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ်ခြင်း ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါသုံးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန်ထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Numbered Discourses 3.96 10. A Lump of Salt The Thoroughbred (1st) “Mendicants, a fine royal thoroughbred with three factors is worthy of a king, fit to serve a king, and reckoned as a factor of kingship. What three? It’s when a fine royal thoroughbred is beautiful, strong, and fast. A fine royal thoroughbred with these three factors is worthy of a king. … In the same way, a mendicant with three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world. What three? It’s when a mendicant is beautiful, strong, and fast. And how is a mendicant beautiful? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. That’s how a mendicant is beautiful. And how is a mendicant strong? It’s when a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. That’s how a mendicant is strong. And how is a mendicant fast? It’s when a mendicant truly understands: ‘This is suffering’ … ‘This is the origin of suffering’ … ‘This is the cessation of suffering’ … ‘This is the practice that leads to the cessation of suffering’. That’s how a mendicant is fast. A mendicant with these three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world.”
၆။ ဒုတိယအာဇာနီယသုတ္တံ
၉၈။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ခယံ ဂစ္ဆတိ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ရညော ဘဒြော အဿာဇာနီယော ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ချံ ဂစ္ဆတိ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ…ပေ… အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တသ္မာ လောကာ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ…ပေ… အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’’တိ။ ဆဋ္ဌံ။
၆-ဒုတိယ အာဇာနီယသုတ် ၉၈။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူ သာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အား နှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ထက်သန် သော လုံ့လရှိသည်ဖြစ်၍ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဥ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေပြီးလျှင် ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြု၍ ထို (ဘုံ) မှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ်ဖြစ်၏၊ ဥပပါတ်ပဋိသန္ဓေဖြစ်၍ ထို ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏၊ ထို ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Numbered Discourses 3.97 10. A Lump of Salt The Thoroughbred (2nd) “Mendicants, a fine royal thoroughbred with three factors is worthy of a king, fit to serve a king, and considered a factor of kingship. What three? It’s when a fine royal thoroughbred is beautiful, strong, and fast. A fine royal thoroughbred with these three factors is worthy of a king, … In the same way, a mendicant with three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world. What three? It’s when a mendicant is beautiful, strong, and fast. And how is a mendicant beautiful? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. That’s how a mendicant is beautiful. And how is a mendicant strong? It’s when a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. That’s how a mendicant is strong. And how is a mendicant fast? It’s when a mendicant, with the ending of the five lower fetters, is reborn spontaneously. They’re extinguished there, and are not liable to return from that world. That’s how a mendicant is fast. A mendicant with these three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world.”
၇။ တတိယအာဇာနီယသုတ္တံ
၉၉။ ‘‘တီဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ခယံ ဂစ္ဆတိ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ရညော ဘဒြော အဿာဇာနီယော ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ အင်္ဂေဟိ သမန္နာဂတော ရညော ဘဒြော အဿာဇာနီယော ရာဇာရဟော ဟောတိ ရာဇဘောဂ္ဂေါ, ရညော အင်္ဂန္တေဝ သင်္ချံ ဂစ္ဆတိ။ ဧဝမေဝံ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ကတမေဟိ တီဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော စ ဟောတိ ဗလသမ္ပန္နော စ ဇဝသမ္ပန္နော စ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝဏ္ဏသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဗလသမ္ပန္နော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဇဝသမ္ပန္နော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, တီဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု အာဟုနေယျော ဟောတိ…ပေ… အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’’တိ။ သတ္တမံ။
၇-တတိယ အာဇာနီယသုတ် ၉၉။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မင်း၏ ဤအင်္ဂါသုံးမျိုးနှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန့်ထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏။ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ထက်သန် သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ်ခြင်းရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍ သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Numbered Discourses 3.98 10. A Lump of Salt The Thoroughbred (3rd) “Mendicants, a fine royal thoroughbred with three factors is worthy of a king, fit to serve a king, and considered a factor of kingship. What three? It’s when a fine royal thoroughbred is beautiful, strong, and fast. A fine royal thoroughbred with these three factors is worthy of a king. … In the same way, a mendicant with three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world. What three? It’s when a mendicant is beautiful, strong, and fast. And how is a mendicant beautiful? It’s when a mendicant is ethical, restrained in the monastic code, conducting themselves well and resorting for alms in suitable places. Seeing danger in the slightest fault, they keep the rules they’ve undertaken. That’s how a mendicant is beautiful. And how is a mendicant strong? It’s when a mendicant lives with energy roused up for giving up unskillful qualities and embracing skillful qualities. They are strong, staunchly vigorous, not slacking off when it comes to developing skillful qualities. That’s how a mendicant is strong. And how is a mendicant fast? It’s when a mendicant realizes the undefiled freedom of heart and freedom by wisdom. And they live having realized it with their own insight in this very life due to the ending of defilements. That’s how a mendicant is fast. A mendicant with these three qualities is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of veneration with cupped palms, and is the supreme field of merit for the world.”
၈။ ပေါတ္ထကသုတ္တံ
၁၀၀။ ‘‘နဝေါပိ, ဘိက္ခဝေ, ပေါတ္ထကော ဒုဗ္ဗဏ္ဏော စ ဟောတိ ဒုက္ခသမ္ဖဿော စ အပ္ပဂ္ဃေါ စ၊ မဇ္ဈိမောပိ, ဘိက္ခဝေ, ပေါတ္ထကော ဒုဗ္ဗဏ္ဏော စ ဟောတိ ဒုက္ခသမ္ဖဿော စ အပ္ပဂ္ဃေါ စ၊ ဇိဏ္ဏောပိ, ဘိက္ခဝေ, ပေါတ္ထကော ဒုဗ္ဗဏ္ဏော စ ဟောတိ ဒုက္ခသမ္ဖဿော စ အပ္ပဂ္ဃေါ စ။ ဇိဏ္ဏမ္ပိ, ဘိက္ခဝေ, ပေါတ္ထကံ ဥက္ခလိပရိမဇ္ဇနံ ဝါ ကရောန္တိ သင်္ကာရကူဋေ ဝါ နံ [တံ (သီ။), ဌာနေ (က။)] ဆဍ္ဍေန္တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, နဝေါ စေပိ ဘိက္ခု ဟောတိ ဒုဿီလော ပါပဓမ္မော။ ဣဒမဿ ဒုဗ္ဗဏ္ဏတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော ဒုဗ္ဗဏ္ဏော တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေ ခေါ ပနဿ သေဝန္တိ ဘဇန္တိ ပယိရုပါသန္တိ ဒိဋ္ဌာနုဂတိံ အာပဇ္ဇန္တိ, တေသံ တံ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ ဣဒမဿ ဒုက္ခသမ္ဖဿတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော ဒုက္ခသမ္ဖဿော တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေသံ ခေါ ပန သော [ယေသံ ခေါ ပန (သီ။ သျာ။ ကံ။ ပီ။), ယေသံ သော (က။) ပု။ ပ။ ၁၁၆ ပဿိတဗ္ဗံ] ပဋိဂ္ဂဏှာတိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ, တေသံ တံ န မဟပ္ဖလံ ဟောတိ န မဟာနိသံသံ။ ဣဒမဿ အပ္ပဂ္ဃတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော အပ္ပဂ္ဃေါ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ မဇ္ဈိမော စေပိ, ဘိက္ခဝေ, ဘိက္ခု ဟောတိ…ပေ… ထေရော စေပိ, ဘိက္ခဝေ, ဘိက္ခု ဟောတိ ဒုဿီလော ပါပဓမ္မော, ဣဒမဿ ဒုဗ္ဗဏ္ဏတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော ဒုဗ္ဗဏ္ဏော တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေ ခေါ ပနဿ သေဝန္တိ ဘဇန္တိ ပယိရုပါသန္တိ ဒိဋ္ဌာနုဂတိံ အာပဇ္ဇန္တိ, တေသံ တံ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ ဣဒမဿ ဒုက္ခသမ္ဖဿတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော ဒုက္ခသမ္ဖဿော တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေသံ ခေါ ပန သော ပဋိဂ္ဂဏှာတိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ, တေသံ တံ န မဟပ္ဖလံ ဟောတိ န မဟာနိသံသံ။ ဣဒမဿ အပ္ပဂ္ဃတာယ ဝဒါမိ။ သေယျထာပိ သော, ဘိက္ခဝေ, ပေါတ္ထကော အပ္ပဂ္ဃေါ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။
‘‘ဧဝရူပေါ စာယံ, ဘိက္ခဝေ, ထေရော ဘိက္ခု သံဃမဇ္ဈေ ဘဏတိ။ တမေနံ ဘိက္ခူ ဧဝမာဟံသု – ‘ကိံ နု ခေါ တုယှံ ဗာလဿ အဗျတ္တဿ ဘဏိတေန, တွမ္ပိ နာမ ဘဏိတဗ္ဗံ မညသီ’တိ! သော ကုပိတော အနတ္တမနော တထာရူပိံ ဝါစံ နိစ္ဆာရေတိ ယထာရူပါယ ဝါစာယ သံဃော တံ ဥက္ခိပတိ, သင်္ကာရကူဋေဝ နံ ပေါတ္ထကံ။
‘‘နဝမ္ပိ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဖဿဉ္စ မဟဂ္ဃဉ္စ၊ မဇ္ဈိမမ္ပိ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဖဿဉ္စ မဟဂ္ဃဉ္စ၊ ဇိဏ္ဏမ္ပိ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဖဿဉ္စ မဟဂ္ဃဉ္စ။ ဇိဏ္ဏမ္ပိ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ ရတနပလိဝေဌနံ ဝါ ကရောတိ ဂန္ဓကရဏ္ဍကေ ဝါ နံ ပက္ခိပန္တိ။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, နဝေါ စေပိ ဘိက္ခု ဟောတိ သီလဝါ ကလျာဏဓမ္မော, ဣဒမဿ သုဝဏ္ဏတာယ ဝဒါမိ။ သေယျထာပိ တံ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ ဝဏ္ဏဝန္တံ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေ ခေါ ပနဿ သေဝန္တိ ဘဇန္တိ ပယိရုပါသန္တိ ဒိဋ္ဌာနုဂတိံ အာပဇ္ဇန္တိ, တေသံ တံ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယ။ ဣဒမဿ သုခသမ္ဖဿတာယ ဝဒါမိ။ သေယျထာပိ တံ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ သုခသမ္ဖဿံ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ယေသံ ခေါ ပန သော ပဋိဂ္ဂဏှာတိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ, တေသံ တံ မဟပ္ဖလံ ဟောတိ မဟာနိသံသံ။ ဣဒမဿ မဟဂ္ဃတာယ ဝဒါမိ။ သေယျထာပိ တံ, ဘိက္ခဝေ, ကာသိကံ ဝတ္ထံ မဟဂ္ဃံ တထူပမာဟံ, ဘိက္ခဝေ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ မဇ္ဈိမော စေပိ, ဘိက္ခဝေ, ဘိက္ခု ဟောတိ…ပေ… ထေရော စေပိ, ဘိက္ခဝေ, ဘိက္ခု ဟောတိ…ပေ… ပုဂ္ဂလံ ဝဒါမိ။
‘‘ဧဝရူပေါ စာယံ, ဘိက္ခဝေ, ထေရော ဘိက္ခု သံဃမဇ္ဈေ ဘဏတိ။ တမေနံ ဘိက္ခူ ဧဝမာဟံသု – ‘အပ္ပသဒ္ဒါ အာယသ္မန္တော ဟောထ, ထေရော ဘိက္ခု ဓမ္မဉ္စ ဝိနယဉ္စ ဘဏတီ’တိ။ တသ္မာတိဟ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘ကာသိကဝတ္ထူပမာ ဘဝိဿာမ, န ပေါတ္ထကူပမာ’တိ [ကာသိကံ ဝတ္ထံ တထူပမာဟံ ဘဝိဿာမိ, န ပေါတ္ထကူပမာဟန္တိ (က။)]။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗ’’န္တိ။ အဋ္ဌမံ။
၈-ပေါတ္ထကသုတ် ၁၀၀။ ရဟန်းတို့ လျှော်မျှင်ပုဆိုးသစ်သည် အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးတစ်ပတ်ရစ်သည်လည်း အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးဟောင်းသည်လည်း အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးဟောင်းကို လက်နှီးသော်လည်း ပြုလုပ်ကြကုန်၏၊ အမှိုက်ပုံ၌သော်လည်း စွန့်ပစ်ကြကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သီတင်းငယ်ဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိသူ၊ သဘောယုတ်သူ ဖြစ်အံ့၊ ဤ(သီလမရှိ, သဘောယုတ်သည့်) အဖြစ်ကို ထို သီတင်းငယ်ရဟန်း၏ အဆင်း မလှသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဆင်းမလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်)လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလမရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေး အတုလိုက်သော ပုဂ္ဂိုလ်တို့အား ထိုမှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းကို ထိုရဟန်း၏ အတွေ့ကြမ်းတမ်းသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အတွေ့ ကြမ်းတမ်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို လျှော်မျှင်ပုဆိုးသစ်လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထိုရဟန်းခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဖြစ်သော ဆေးတို့ကို ပေးလှူသော ပုဂ္ဂိုလ်တို့၏ အလှူသည် ကြီးသော အာနိသင်မရှိ၊ ဤအလှူ၏ အကျိုးမကြီးသည့် အဖြစ်ကို ထို သီလ မရှိသော ရဟန်း၏ အဖိုးမတန်သည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည့်အဖိုးမတန်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ရဟန်းတို့ သီတင်းလတ်ဖြစ်သော ရဟန်းသည်လည်း။ပ။ ရဟန်းတို့ သီတင်းကြီးဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိသူ၊ သဘောယုတ်သူ ဖြစ်အံ့၊ ဤ(သီလမရှိ, သဘောယုတ်သည့်) အဖြစ်ကို ထို သီတင်းကြီးရဟန်း၏ အဆင်းမလှသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဆင်းမလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလမရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေး အတုလိုက်သော ပုဂ္ဂိုလ်တို့အား ထိုမှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤ(ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်း) ကို ထိုရဟန်း၏ အတွေ့ကြမ်းတမ်းသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အတွေ့ကြမ်းတမ်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို လျှော်မျှင်ပုဆိုးသစ်လျှင် ဥပမာ ရှိ၏ဟု ငါဆို၏။ ထိုရဟန်းခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဖြစ်သော ဆေးတို့ကို ပေးလှူသော ပုဂ္ဂိုလ်တို့၏ အလှူသည် ကြီးသော အကျိုးအာနိသင်မရှိ။ ဤ(အလှူ၏ အကျိုးမကြီးသည့်) အဖြစ်ကို ထို သီလမရှိသော ရဟန်း၏ အဖိုးမတန်သည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဖိုးမတန်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ရဟန်းတို့ ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထို သီတင်းကြီးရဟန်းကို ရဟန်းတို့သည် “မိုက်မဲ မလိမ္မာသော သင်၏ စကားဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင် စင်လျက်လည်း စကားဆိုသင့်သည်ဟု မှတ်ထင်ဘိ၏”ဟူ၍ ပြောဆိုကုန်၏။ အမှိုက်ပုံ၌ ထို လျှော်မျှင်ပုဆိုးကို စွန့်ပစ်ဘိသကဲ့သို့ သံဃာက နှင်ထုတ်ကြောင်းသဘောရှိသော စကားကို ထို သီလ မရှိသော သီတင်းကြီးသည် အမျက်ထွက်ကာ နှလုံးမသာဘဲ မြွက်ဆို၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးသစ်သည် အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်းတန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်တစ်ပတ်ရစ်ပုဆိုးသည်လည်း အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်း တန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ဆွေးညစ်သော ပုဆိုးဟောင်းသည်လည်း အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်း တန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးဟောင်းကို ရတနာထုပ်သော်လည်း ပြုလုပ်၏၊ နံ့သာကြုတ်၌သော်လည်း ထည့်ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သီတင်းငယ်ရဟန်းသည်လည်း သီလရှိသူ၊ ကောင်းသောသဘောရှိသူ ဖြစ်အံ့၊ ဤ(သီလရှိ၍ ကောင်းသော သဘောရှိသည့်အဖြစ်) ကို ထိုရဟန်း၏ အဆင်းလှသောအဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို ကာသိတိုင်းဖြစ်ပုဆိုးသည် အဆင်းလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ကာသိတိုင်းဖြစ်ပုဆိုးလျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေးအတုလိုက်သော ပုဂ္ဂိုလ်အား ထိုသို့ မှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်၏၊ ဤ(ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်း ချမ်းသာခြင်း) အဖြစ်ကို ထိုရဟန်း၏ အတွေ့ကောင်းသည့်အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးသည် အတွေ့ ကောင်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို (ကာသိတိုင်းဖြစ်ပုဆိုး) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထိုရဟန်း ခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင်ဖြစ်သော ဆေးတို့ကို ပေးလှူသော လူတို့၏ အလှူသည် ကြီးသော အကျိုးအာနိသင် ရှိ၏။ ဤအလှူ၏ အကျိုးကြီးသည့် အဖြစ်ကို ထို သီလရှိသော ရဟန်း၏ အဖိုးများစွာ ထိုက်သည့်အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို ကာသိတိုင်းဖြစ်ပုဆိုးသည် အဖိုးများစွာ ထိုက်သကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (ကာသိတိုင်းဖြစ်ပုဆိုး) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ရဟန်းတို့ သီတင်းလတ်ရဟန်းသည်လည်း။ပ။ သီတင်းကြီး ရဟန်းသည်လည့်း။ပ။ ငါဆို၏။ ရဟန်းတို့ ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထို သီတင်းကြီးကို ရဟန်းတို့သည် “အသျှင်တို့နည်းသော အသံရှိကြကုန်လော့၊ သီတင်းကြီးရဟန်းသည် သုတ် အဘိဓမ္မာ ဝိနည်းကို ရွတ်ဆိုနေ၏”ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ငါသည် ကာသိတိုင်းဖြစ်ပုဆိုးနှင့်တူစွာ ဖြစ်စေအံ့၊ ငါသည် လျှော်မျှင်ပုဆိုးနှင့်တူစွာ မဖြစ်စေအံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤအတိုင်းသာ သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Numbered Discourses 3.99 10. A Lump of Salt Jute “Jute canvas is ugly, unpleasant to touch, and worthless whether it’s new, worn in, or worn out. They use worn out jute canvas for scrubbing cauldrons, or else they just throw it away on the rubbish heap. In the same way, if a junior mendicant is unethical, of bad character, this is how they’re ugly, I say. That individual is just as ugly as jute canvas. If you associate with, accompany, and attend to them, following their example, it’ll be for your lasting harm and suffering. This is how they’re unpleasant to touch, I say. That individual is just as unpleasant to touch as jute canvas. Any robes, almsfood, lodgings, and medicines and supplies for the sick that they receive are not very fruitful or beneficial for the donor. This is how they’re worthless, I say. That individual is just as worthless as jute canvas. If a middle mendicant is unethical, of bad character, this is how they’re ugly, I say. … If a senior mendicant is unethical, of bad character, this is how they’re ugly, I say. … If you associate with, accompany, and attend to them, following their example, it’ll be for your lasting harm and suffering. … If such a senior mendicant speaks among the Saṅgha, the mendicants say: ‘What’s an incompetent fool like you got to say? How on earth could you imagine you’ve got something worth saying!’ They become angry and upset, and blurt out things that make the Saṅgha throw them out, as if they were throwing jute canvas away on the rubbish heap. Cloth from Kāsi is beautiful, pleasant to touch, and valuable whether it’s new, worn in, or worn out. They use worn out cloth from Kāsi for wrapping, or else they place it in a fragrant casket. In the same way, if a junior mendicant is ethical, of good character, this is how they’re beautiful, I say. That individual is just as beautiful as cloth from Kāsi. If you associate with, accompany, and attend to such an individual, following their example, it will be for your lasting welfare and happiness. This is how they’re pleasant to touch, I say. That individual is just as pleasant to touch as cloth from Kāsi. Any robes, almsfood, lodgings, and medicines and supplies for the sick that they receive are very fruitful and beneficial for the donor. This is how they’re valuable, I say. That individual is just as valuable as cloth from Kāsi. If a middle mendicant is ethical, of good character, this is how they’re beautiful, I say. … If a senior mendicant is ethical, of good character, this is how they’re beautiful, I say. … If such a senior mendicant speaks in the midst of the Saṅgha, the mendicants say: ‘Venerables, be quiet! The senior mendicant is speaking on the teaching and training.’ So you should train like this: ‘We will be like cloth from Kāsi, not like jute canvas.’ That’s how you should train.”
၉။ လောဏကပလ္လသုတ္တံ
၁၀၁။ ‘‘ယော [ယော ခေါ (သျာ။ ကံ။), ယော စ ခေါ (က။)], ဘိက္ခဝေ, ဧဝံ ဝဒေယျ – ‘ယထာ ယထာယံ ပုရိသော ကမ္မံ ကရောတိ တထာ တထာ တံ ပဋိသံဝေဒိယတီ’တိ, ဧဝံ သန္တံ, ဘိက္ခဝေ, ဗြဟ္မစရိယဝါသော န ဟောတိ, ဩကာသော န ပညာယတိ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ ယော စ ခေါ, ဘိက္ခဝေ, ဧဝံ ဝဒေယျ – ‘ယထာ ယထာ ဝေဒနီယံ အယံ ပုရိသော ကမ္မံ ကရောတိ တထာ တထာဿ ဝိပါကံ ပဋိသံဝေဒိယတီ’တိ, ဧဝံ သန္တံ, ဘိက္ခဝေ, ဗြဟ္မစရိယဝါသော ဟောတိ, ဩကာသော ပညာယတိ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ ဣဓ, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ [ပါပံ ကမ္မံ (သီ။ ပီ။)] ကတံ တမေနံ နိရယံ ဥပနေတိ။ ဣဓ ပန, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာ’ဏုပိ ခါယတိ, ကိံ ဗဟုဒေဝ။
‘‘ကထံရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ ကတံ တမေနံ နိရယံ ဥပနေတိ? ဣဓ ပန, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အဘာဝိတကာယော ဟောတိ အဘာဝိတသီလော အဘာဝိတစိတ္တော အဘာဝိတပညော ပရိတ္တော အပ္ပါတုမော အပ္ပဒုက္ခဝိဟာရီ။ ဧဝရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ ကတံ တမေနံ နိရယံ ဥပနေတိ။
‘‘ကထံရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာ’ဏုပိ ခါယတိ, ကိံ ဗဟုဒေဝ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဘာဝိတကာယော ဟောတိ ဘာဝိတသီလော ဘာဝိတစိတ္တော ဘာဝိတပညော အပရိတ္တော မဟတ္တော [မဟတ္တာ (သီ။ သျာ။ ကံ။ ပီ။)] အပ္ပမာဏဝိဟာရီ။ ဧဝရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာဏုပိ ခါယတိ, ကိံ ဗဟုဒေဝ။
‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော လောဏကပလ္လံ [လောဏဖလံ (သီ။ သျာ။ ကံ။ ပီ။)] ပရိတ္တေ ဥဒကမလ္လကေ [ဥဒကကပလ္လကေ (က။)] ပက္ခိပေယျ။ တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု တံ ပရိတ္တံ ဥဒကံ [ဥဒကမလ္လကေ ဥဒကံ (သီ။ သျာ။ ကံ။ ပီ။)] အမုနာ လောဏကပလ္လေန လောဏံ အဿ အပေယျ’’န္တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အဒုဉှိ, ဘန္တေ, ပရိတ္တံ ဥဒကကပလ္လကေ ဥဒကံ, တံ အမုနာ လောဏကပလ္လေန လောဏံ အဿ အပေယျ’’န္တိ။ ‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော လောဏကပလ္လကံ ဂင်္ဂါယ နဒိယာ ပက္ခိပေယျ။ တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု သာ ဂင်္ဂါ နဒီ အမုနာ လောဏကပလ္လေန လောဏံ အဿ အပေယျာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အသု ဟိ, ဘန္တေ, ဂင်္ဂါယ နဒိယာ မဟာ ဥဒကက္ခန္ဓော သော အမုနာ လောဏကပလ္လေန လောဏော န အဿ အပေယျော’’တိ [လောဏံ နေဝဿ အပေယျန္တိ (သီ။), န လောဏော အဿ အပေယျောတိ (ပီ။)]။
‘‘ဧဝမေဝံ ခေါ, ဘိက္ခဝေ, ဣဓေကစ္စဿ ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ ကတံ တမေနံ နိရယံ ဥပနေတိ။ ဣဓ, ဘိက္ခဝေ, ဧကစ္စဿ ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာဏုပိ ခါယတိ, ကိံ ဗဟုဒေဝ။
‘‘ကထံရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ ကတံ တမေနံ နိရယံ ဥပနေတိ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အဘာဝိတကာယော ဟောတိ အဘာဝိတသီလော အဘာဝိတစိတ္တော အဘာဝိတပညော ပရိတ္တော အပ္ပါတုမော အပ္ပဒုက္ခဝိဟာရီ။ ဧဝရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ အပ္ပမတ္တကမ္ပိ ပါပကမ္မံ ကတံ တမေနံ နိရယံ ဥပနေတိ။
‘‘ကထံရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာဏုပိ ခါယတိ, ကိံ ဗဟုဒေဝ? ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဘာဝိတကာယော ဟောတိ ဘာဝိတသီလော ဘာဝိတစိတ္တော ဘာဝိတပညော အပရိတ္တော မဟတ္တော အပ္ပမာဏဝိဟာရီ။ ဧဝရူပဿ, ဘိက္ခဝေ, ပုဂ္ဂလဿ တာဒိသံယေဝ အပ္ပမတ္တကံ ပါပကမ္မံ ကတံ ဒိဋ္ဌဓမ္မဝေဒနီယံ ဟောတိ, နာဏုပိ ခါယတိ, ကိံ ဗဟုဒေဝ။
၉-လောဏကပလ္လသုတ် ၁၀၁။ ရဟန်းတို့ “ဤသတ္တဝါသည် ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်မရှိတော့ချေ။ ရဟန်းတို့ “ဤသတ္တဝါသည် ခံစားအပ်သော ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်ရှိနိုင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ် မှာ ထင်ပါအံ့နည်း။ ရဟန်းတို့ အဘယ်သို့သော သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှဖြစ်သော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ (မကောင်းမှု) အနည်းငယ်ဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ် သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဥ်ခြင်းကို ပြုတတ်သော ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ် မှာ ထင်ပါတော့အံ့နည်း။ ရဟန်းတို့ ယောကျာ်းတစ်ယောက်သည် ဆားခွက်ကို ရေနည်းသော ခွက်၌ ထည့်ငြားအံ့၊ ရဟန်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အနည်းငယ်သော ထို ရေသည် ဤမည်သော ဆားခွက် ဖြင့့်မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု (မေးတော်မူ၏)၊ မသောက်နိုင်သော ဆားငန်ရေ ဖြစ်ပါသည် အသျှင်ဘုရား။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ရေခွက်၌ ရေအနည်းငယ်သာရှိသောကြောင့် ထို အနည်းငယ်သော ရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင် သော ဆားငန်ရေ ဖြစ်ရာပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ယောကျာ်းတစ်ယောက်သည် ဆားခွက်ကို ဂင်္ဂါမြစ်၌ ထည့်ငြားအံ့၊ ရဟန်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထို ဂင်္ဂါမြစ်သည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေဖြစ်ရာအံ့လောဟု (မေးတော်မူ၏)။ မဖြစ်နိုင်ပါ အသျှင်ဘုရား၊ ထိုသို့မဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ဂင်္ဂါမြစ်၌ ရေထုများပြားသောကြောင့် ထို များသော ရေထုသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ မဖြစ်နိုင်ပါဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ် မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာ သော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ အနည်းငယ်သော မကောင်းမှုဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဥ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ (၁) ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် ခံရ သနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် ခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် ခံရ သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာနည်း၏၊ ကိုယ်ပိုင်အသုံး အဆောင်နည်း၏။ ရဟန်းတို့ ဤသို့သဘောရှိသော သူဆင်းရဲသည့်အသပြာဝက်ဖြင့်လည်း အချုပ် အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် ခံရ၏၊ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ သနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော အသုံးအဆောင်ရှိ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ကြွယ်ဝချမ်းသာသူသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ် အနှောင် မခံရ။ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ် သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ်ငယ်၏၊ အနည်းငယ်သော မကောင်းမှုကံဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ နှိုင်းယှဥ်ခြင်းကို ပြုတတ်သော ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှလည်းဖြစ်သော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ (၂) ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဥ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့ အံ့နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ ဆိတ်ကို ခိုးယူသူအချို့ကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ့်းနိုင်၏။ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အချို့သူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန် သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့ သဘောရှိ သောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအား လျော်စွာပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာနည်းပါး၏။ ကိုယ်ပိုင်အသုံးအဆောင်နည်း၏။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသော သူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်၏။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော အသုံးအဆောင်ရှိ၏။ မင်းသော်လည်း ဖြစ်၏၊ အမတ်ကြီးသော်လည်း ဖြစ်၏။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ် စွမ်းနိုင်။ စင်စစ်သော်ကား လက်အုပ်ချီလျက် “အသျှင် ဆိတ်ကို ဖြစ်စေ၊ ဆိတ်၏ တန်ဖိုးကိုဖြစ်စေ အကျွန်ုပ်အား ပေးသနားပါ”ဟု ထိုသူကို တောင်းပန်ရ၏။ ရဟန်းတို့ ဤအတူသာလျှင် အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည် ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှု ကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ အနည်းငယ်မျှသော မကောင်းမှုဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်း ငယ်မျှသော အကျိုးကား မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသော အားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဥ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ (၃) ရဟန်းတို့ “ဤသတ္တဝါသည် ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစား ရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်မရှိတော့ချေ။ ရဟန်းတို့ “ဤသတ္တဝါသည် ခံစားအပ်သော ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့။ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်ရှိနိုင်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Numbered Discourses 3.100 10. A Lump of Salt A Lump of Salt “Mendicants, suppose you say: ‘No matter how this person performs a deed, they experience it the same way.’ This being so, the spiritual life could not be lived, and there’d be no chance of making a complete end of suffering. Suppose you say: ‘No matter how this person performs a deed, they experience the result as it should be experienced.’ This being so, the spiritual life can be lived, and there is a chance of making a complete end of suffering. Take the case of the individual who does a trivial bad deed, but it lands them in hell. Meanwhile, another individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot. What kind of individual does a trivial bad deed, but it lands them in hell? An individual who hasn’t developed their physical endurance, ethics, mind, or wisdom. They’re small-minded and mean-spirited, living in suffering. That kind of individual does a trivial bad deed, but it lands them in hell. What kind of individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot? An individual who has developed their physical endurance, ethics, mind, and wisdom. They’re not small-minded, but are big-hearted, meditating on the immeasurables. That kind of individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot. Suppose a person was to drop a lump of salt into a mug of water. What do you think, mendicants? Would that mug of water become salty and undrinkable?” “Yes, sir. Why is that? Because there is only a little water in the bowl.” “Suppose a person was to drop a lump of salt into the Ganges River. What do you think, mendicants? Would the Ganges River become salty and undrinkable?” “No, sir. Why is that? Because the Ganges River is a vast mass of water.” “This is how it is in the case of an individual who does a trivial bad deed, but it lands them in hell. Meanwhile, another individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot. … Take the case of someone who is thrown in jail for stealing half a dollar, a dollar, or a hundred dollars. While someone else isn’t thrown in jail for stealing half a dollar, a dollar, or a hundred dollars. What sort of person is thrown in jail for stealing half a dollar, a dollar, or a hundred dollars? Someone who is poor, with few possessions and little wealth. That kind of person is thrown in jail for stealing half a dollar, a dollar, or a hundred dollars. What sort of person isn’t thrown in jail for stealing half a dollar, a dollar, or a hundred dollars? Someone who is rich, affluent, and wealthy. That kind of person isn’t thrown in jail for stealing half a dollar, a dollar, or a hundred dollars. This is how it is in the case of an individual who does a trivial bad deed, but they go to hell. Meanwhile, another individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot. … It’s like a sheep dealer or butcher. They can execute, jail, fine, or otherwise punish one person who steals from them, but not another. What sort of person can they punish? Someone who is poor, with few possessions and little wealth. That’s the kind of person they can punish. What sort of person can’t they punish? A ruler or their chief minister who is rich, affluent, and wealthy. That’s the kind of person they can’t punish. In fact, all they can do is raise their cupped palms and ask: ‘Please, good fellow, give me my sheep or pay me for it.’ This is how it is in the case of an individual who does a trivial bad deed, but it lands them in hell. Meanwhile, another individual does the same trivial bad deed, but experiences it in this life, so that not even a little remains, let alone a lot. … Mendicants, suppose you say: ‘No matter how this person performs a deed, they experience it the same way.’ This being so, the spiritual life could not be lived, and there’d be no chance of making a complete end of suffering. Suppose you say: ‘No matter how this person performs a deed, they experience the result as it should be experienced.’ This being so, the spiritual life can be lived, and there is a chance of making a complete end of suffering.”
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Bālavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#227
- Vipassana Research Institute. (n.d.). 2. Rathakāravaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#228
- Vipassana Research Institute. (n.d.). 3. Puggalavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#229
- Vipassana Research Institute. (n.d.). 4. Devadūtavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#230
- Vipassana Research Institute. (n.d.). 5. Cūḷavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#231
- Vipassana Research Institute. (n.d.). (6) 1. Brāhmaṇavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#232
- Vipassana Research Institute. (n.d.). (7) 2. Mahāvaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#233
- Vipassana Research Institute. (n.d.). (8) 3. Ānandavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#234
- Vipassana Research Institute. (n.d.). (9) 4. Samaṇavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#235
- Vipassana Research Institute. (n.d.). (10) 5. Loṇakapallavaggo (Suttapiṭaka, Aṅguttaranikāya, Tikanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#236