အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယေ
ထေရာပဒါနပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
(ပဌမော ဘာဂေါ)
၁။ ဗုဒ္ဓဝဂ္ဂေါ
၁။ ဗုဒ္ဓအပဒါနံ
၁။ တထာဂတံ ဇေတဝနေ ဝသန္တံ, အပုစ္ဆိ ဝေဒေဟမုနီ နတင်္ဂေါ၊
‘‘သဗ္ဗညုဗုဒ္ဓါ ကိရ နာမ ဟောန္တိ, ဘဝန္တိ တေ ဟေတုဘိ ကေဟိ ဝီရ’’။
၁။ ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားကို အသျှင်အာနန္ဒာ သည် ဦးခေါင်းညွတ်ကာ မေးလျှောက်၏- ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကြင်သဗ္ဗညုဘုရားတို့သည် ပွင့်တော်မူကုန်၏၊ ထိုသဗ္ဗညုဘုရားရှင်တို့သည် အဘယ်သို့ သဘောရှိသောအကြောင်းတို့ကြောင့် ပွင့်တော်မူကုန်သနည်း (ဟု မေးလျှောက်၏)။
၂။ တဒါဟ သဗ္ဗညုဝရော မဟေသီ, အာနန္ဒဘဒ္ဒံ မဓုရဿရေန၊
‘‘ယေ ပုဗ္ဗဗုဒ္ဓေသု [သဗ္ဗဗုဒ္ဓေသု (သျာ။)] ကတာဓိကာရာ, အလဒ္ဓမောက္ခာ ဇိနသာသနေသု။
၂။ ထိုသို့မေးလျှောက်သောအခါ မြတ်သောသီလက္ခန္ဓ စသည့်ကျေးဇူးကို ရှာမှီးလေ့ရှိသော သဗ္ဗညုဘုရားမြတ်သည် အရှင်ကောင်းဖြစ်သော သျှင်အာနန္ဒာကို သာယာစွာသော အသံဖြင့် မိန့်တော်မူ၏၊ (အာနန္ဒာ) ရှေးဘုရားတို့၌ ဆုပန်ပြီးကုန်သော ရှေးဘုရားသာသနာတော်တို့၌ နိဗ္ဗာန်ကိုမရသေးကုန်သော -
၃။ ‘‘တေနေဝ သမ္ဗောဓိမုခေန ဓီရာ, အဇ္ဈာသယေနာပိ မဟာဗလေန၊
ပညာယ တေဇေန သုတိက္ခပညာ, သဗ္ဗညုဘာဝံ အနုပါပုဏန္တိ။
၃။ ပညာရှိဘုရားလောင်းတို့သည် ထိုသဗ္ဗညုတဉာဏ်ကို အဦးပြုသည်သာလျှင်ဖြစ်သော အားကြီးသော အလိုဆန္ဒဖြင့်လည်းကောင်း၊ ပညာ၏ အစွမ်းဖြင့်လည်းကောင်း အလွန်ထက် မြတ်သော ပညာရှိကုန်သည်ဖြစ်၍ သဗ္ဗညုဘုရားအဖြစ်သို့ အစဥ်ရောက်တော်မူကြကုန်၏။
၄။ ‘‘အဟမ္ပိ ပုဗ္ဗဗုဒ္ဓေသု, ဗုဒ္ဓတ္တမဘိပတ္ထယိံ,
မနသာယေဝ ဟုတွာန, ဓမ္မရာဇာ အသင်္ခိယာ။
၄။ ငါသည် လည်း ရှေးဘုရားတို့၌ စိတ်ဖြင့်သာလျှင် ဆောက်တည်သည်ဖြစ်၍ ဘုရား အဖြစ်ကို တောင့်တခဲ့၏၊ (ထိုသို့ ဆုတောင်းခဲ့သော) တရားမင်း ဘုရားရှင်တို့ကား မရေ တွက်နိုင်ကုန်။
၅။ ‘‘အထ ဗုဒ္ဓါပဒါနာနိ, သုဏာထ သုဒ္ဓမာနသာ၊
တိံသပါရမိသမ္ပုဏ္ဏာ, ဓမ္မရာဇာ အသင်္ခိယာ။
၅။ စင်ကြယ်သော စိတ်နှလုံးရှိကုန်သော သင်တို့သည် ဘုရားရှင်တို့၏ ဘုရားဖြစ်ရန် အကြောင်းအရာတို့ကို နာကြကုန်လော့၊ ပါရမီသုံးဆယ်နှင့် ပြည့်စုံကုန်သော တရားမင်း ဘုရားရှင်တို့ကား မရေတွက်နိုင်ကုန်။
၆။ ‘‘သမ္ဗောဓိံ ဗုဒ္ဓသေဋ္ဌာနံ, သသံဃေ လောကနာယကေ၊
ဒသင်္ဂုလီ နမဿိတွာ, သိရသာ အဘိဝါဒယိံ [အဘိဝါဒယေ (သျာ။)]။
၆။ ဘုရားမြတ်တို့၏ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို လက်ဆယ်ချောင်းတို့ ဖြင့်ညွတ်လျက် သံဃာတော်နှင့် တကွဖြစ်ကုန်သော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် ငါသည် ရှိခိုးခဲ့ပြီ။
၇။ ‘‘ယာဝတာ ဗုဒ္ဓခေတ္တေသု, ရတနာ ဝိဇ္ဇန္တိသင်္ခိယာ၊
အာကာသဋ္ဌာ စ ဘူမဋ္ဌာ [ဘုမ္မဋ္ဌာ (သီ။ သျာ။)], မနသာ သဗ္ဗမာဟရိံ။
၇။ အကြင်မျှလောက်သော (စကြဝဠာတစ်သောင်းဟူသော) ဗုဒ္ဓခေတ်တို့၌ ကောင်းကင်၌ တည်ကုန်သော မြေ၌လည်း တည်ကုန်သော မရေတွက်နိုင်ကုန်သော ရတနာတို့သည် ရှိကုန်၏၊ ထိုအလုံးစုံသောရတနာတို့ကို ငါသည် စိတ်ဖြင့် (အဓိဋ္ဌာန်၍) ဆောင်ယူခဲ့ပြီ။
၈။ ‘‘တတ္ထ ရူပိယဘူမိယံ, ပါသာဒံ မာပယိံ အဟံ၊
နေကဘုမ္မံ ရတနမယံ, ဥဗ္ဗိဒ္ဓံ နဘမုဂ္ဂတံ။
၈။ (ဆောင်ယူပြီး၍) ထိုငွေအတိခင်းသော, မြေပြင်၌ များစွာသော ဘုံအဆင့်ရှိသော, ရတနာဖြင့်ပြီးသော, အစောက်မြင့်သော, ကောင်းကင်သို့ စွင့်စွင့်တက်သော-
၉။ ‘‘ဝိစိတ္တထမ္ဘံ သုကတံ, သုဝိဘတ္တံ မဟာရဟံ၊
ကနကမယသံဃာဋံ, ကောန္တစ္ဆတ္တေဟိ မဏ္ဍိတံ။
၉။ ကောင်းစွာ ပြုပြင်အပ်သော ဆန်းကြယ်သော တိုင်ရှိသော, ကောင်းစွာ ဝေဖန်အပ် သော, မြတ်သူတို့အားသာ ထိုက်သော, ရွှေဖြင့်ပြီးသော ထုပ်လျောက်ရှိသော, (စိုက်ထူအပ် သော) အောင်လံတံခွန်, ထီးတို့ဖြင့် တန်ဆာဆင်အပ်သော ပြာသာဒ်ကို ငါသည် ဖန်ဆင်းခဲ့ပြီ။
၁၀။ ‘‘ပဌမာ ဝေဠုရိယာ ဘူမိ, ဝိမလဗ္ဘသမာ သုဘာ၊
နဠိနဇလဇာကိဏ္ဏာ, ဝရကဉ္စနဘူမိယာ။
၁၀။ ပထမဘုံအဆင့်သည် ကြောင်မျက်ရွဲဖြင့်ပြီး၏။ အညစ်အကြေးကင်းသော တိမ်တိုက် နှင့်တူ၍ တင့်တယ်၏၊ မြတ်သော ရွှေဖြင့်ပြီးသော မြေပြင်၌ ရေ၌ပေါက်သော ပဒုမ္မာကြာ တို့ဖြင့် ပြွမ်း၏။
၁၁။ ‘‘ပဝါဠံသာ ပဝါဠဝဏ္ဏာ, ကာစိ လောဟိတကာ သုဘာ၊
ဣန္ဒဂေါပကဝဏ္ဏာဘာ, ဘူမိ ဩဘာသတီ ဒိသာ။
၁၁။ အချို့သော ဘုံအဆင့်သည် သန္တာအစုဖြင့်ပြီး၏။ အချို့သော ဘုံအဆင့်သည် သန္တာအဆင်း ရှိ၏၊ အချို့သော ဘုံအဆင့်သည် နီသော အဆင်းရှိသည် ဖြစ်၍ တင့်တယ်၏၊ ပိုးပရန်အဆင်းနှင့်တူသောအရောင်ရှိသည် ဖြစ်၍ အရပ်မျက်နှာတို့၌ တောက်ပ၏။
၁၂။ ‘‘သုဝိဘတ္တာ ဃရမုခါ, နိယျူဟာ သီဟပဉ္ဇရာ၊
စတုရော ဝေဒိကာ ဇာလာ, ဂန္ဓာဝေဠာ မနောရမာ။
၁၂။ ကောင်းစွာ ဝေဖန်အပ်ကုန်သော မုခ်ဦးပြာဿဒ်တို့သည်လည်းကောင်း၊ မုခ်ထွတ်တို့သည်လည်းကောင်း၊ ခြင်္သေ့ခံလေသာပြတင်းတို့သည်လည်းကောင်း၊ လေးမျက်နှာရှိ ပွတ်တိုင်တို့သည်လည်းကောင်း၊ ပြူတင်းကွန်ရက်တို့သည်လည်းကောင်း၊ (တွဲရရွဲ ဆွဲအပ်ကုန်သော ) နံ့သာပန်းဆိုင်းတို့သည်လည်းကောင်း နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏။
၁၃။ ‘‘နီလာ ပီတာ လောဟိတကာ, ဩဒါတာ သုဒ္ဓကာဠကာ၊
ကူဋာဂါရဝရူပေတာ, သတ္တရတနဘူသိတာ။
၁၃။ မြတ်သောအထွတ် စုလစ်မွမ်းချွန်နှင့် ပြည့်စုံသော ပြာသာဒ်ဆောင်တို့သည် (အချို့ ကား) ညို၊ (အချို့ကား) ရွှေ၊ (အချို့ကား) နီ၊ (အချို့ကား) ဖြူ၊ (အချို့ကား) အမည်း သက်သက် ဖြစ်ကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် တင့်တယ်ကုန်၏။
၁၄။ ‘‘ဩလောကမယာ ပဒုမာ, ဝါဠဝိဟင်္ဂသောဘိတာ၊
နက္ခတ္တတာရကာကိဏ္ဏာ, စန္ဒသူရေဟိ [စန္ဒသုရိယေဟိ (သီ။ သျာ။)] မဏ္ဍိတာ။
၁၄။ ပဒုမ္မာကြာတို့ကို အထက်သို့ မျက်နှာမူ၍ ထုလုပ်ထားကုန်၏၊ သားရဲရုပ်, ငှက်ရုပ် တို့ဖြင့်တင့်တယ်ကုန်၏၊ နက္ခတ်ကြယ်တာရာတို့ဖြင့် ပြွမ်းကုန်၏၊ လနေတို့ဖြင့် တန်ဆာဆင်အပ်ကုန်၏။
၁၅။ ‘‘ဟေမဇာလေန သဉ္ဆန္နာ, သောဏ္ဏကိင်္ကိဏိကာယုတာ၊
ဝါတဝေဂေန ကူဇန္တိ, သောဏ္ဏမာလာ မနောရမာ။
၁၅။ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ရွှေချူဆည်းလည်းတို့ဖြင့် တပ်အပ်ကုန်သည် ဖြစ်၍ လေဟုန်ဖြင့် ကျူးရင့်ကုန်၏၊ ရွှေပန်းဆိုင်းတို့သည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏။
၁၆။ ‘‘မဉ္ဇေဋ္ဌကံ လောဟိတကံ, ပီတကံ ဟရိပိဉ္ဇရံ၊
နာနာရင်္ဂေဟိ သမ္ပီတံ [သံစိတ္တံ (သျာ။)], ဥဿိတဒ္ဓဇမာလိနီ [မာလိနိံ (သီ။)]။
၁၆။ အထူးထူးသော ဆိုးရည်တို့ဖြင့် ဆိုးအပ်သော မောင်းသော အဆင်းရှိသော တံခွန်၊ နီသောအဆင်းရှိသော တံခွန်၊ ရွှေသော အဆင်းရှိသော တံခွန်၊ ဇမ္ဗူရစ်ရွှေအဆင်းရှိသော တံခွန်၊ (ဤတံခွန်တို့ဖြင့်) စိုက်ထူအပ်သော တံခွန်အစဥ် ရှိကုန်၏။
၁၇။ ‘‘န နံ [နာနာ (သီ။ သျာ။)] ဗဟူနေကသတာ, ဖလိကာ ရဇတာမယာ၊
မဏိမယာ လောဟိတင်္ဂါ, မသာရဂလ္လမယာ တထာ၊
နာနာသယနဝိစိတ္တာ, သဏှကာသိကသန္ထတာ။
၁၇။ (ထိုပြာသာဒ်၌) မရှိသော အသုံးအဆောင် မည်သည် မရှိ၊ အထူးထူးသော ခင်းနှီး တို့ဖြင့် ဆန်းကြယ်သော အရာမက များပြားကုန်သော ဖလ်ဖြင့်ပြီးသော ညောင်စောင်း၊ ငွေဖြင့်ပြီးသောညောင်စောင်း၊ မြဖြင့်ပြီးသော ညောင်စောင်း၊ ပတ္တမြားနီဖြင့်ပြီးသော ညောင်စောင်း၊ ထို့ပြင်ပတ္တမြားပြောက်ဖြင့်ပြီးသော ညောင်စောင်းတို့ကို သိမ်မွေ့သော ကာသိတိုင်း ဖြစ်ပုဆိုးတို့ဖြင့်ခင်းထားအပ်ကုန်၏။
၁၈။ ‘‘ကမ္ပလာ ဒုကူလာ စီနာ, ပဋ္ဋုဏ္ဏာ ပဏ္ဍုပါဝုရာ၊
ဝိဝိဓတ္ထရဏံ သဗ္ဗံ, မနသာ ပညပေသဟံ။
၁၈။ ခြုံထည်တို့သည် သက္ကလတ်ခြုံထည်၊ ဘွဲ့ဖြူ ခြုံထည်၊ စိန့်တိုင်း၌ ဖြစ်သော ခြုံထည်၊ ပဋုဏ္ဏတိုင်း၌ ဖြစ်သော ခြုံထည်၊ ဖျော့တော့သော အဆင်းရှိသော ခြုံထည်တို့ ဖြစ်ကုန်၏။ ဆန်းကြယ်သော အခင်း, အရုံ အလုံးစုံကို ငါသည် စိတ်ဖြင့် (အဓိဋ္ဌာန်၍) ခင်းထားခဲ့ပြီ။
၁၉။ ‘‘တာသု တာသွေဝ ဘူမီသု, ရတနကူဋလင်္ကတံ၊
မဏိဝေရောစနာ ဥက္ကာ, ဓာရယန္တာ သုတိဋ္ဌရေ။
၁၉။ ထိုထိုဘုံအဆင့်တို့၌သာလျှင် ရတနာအထွတ်တို့ဖြင့် တန်ဆာဆင်အပ်၏၊ ဝေရောစန ပတ္တမြားဖြင့်ပြုအပ်သော ဆီမီးတို့သည် (အလင်းရောင်ကို) ဆောင်ကုန်လျက် ကောင်းစွာ တည်ကုန်၏။
၂၀။ ‘‘သောဘန္တိ ဧသိကာ ထမ္ဘာ, သုဘာ ကဉ္စနတောရဏာ၊
ဇမ္ဗောနဒါ သာရမယာ, အထော ရဇတမယာပိ စ။
၂၀။ ကဉ္စနရွှေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော ဇမ္ဗူရဇ်ရွှေဖြင့်ပြီးသည်လည်းဖြစ်ကုန် သောစန္ဒကူးနှစ်ဖြင့်ပြီးသည်လည်းဖြစ်ကုန်သော ငွေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော တံခါး တိုင်, တုရိုဏ်တိုင်တို့သည် တင့်တယ်ကုန်၏။
၂၁။ ‘‘နေကာ သန္ဓီ သုဝိဘတ္တာ, ကဝါဋဂ္ဂဠစိတ္တိတာ၊
ဥဘတော ပုဏ္ဏဃဋာနေကာ, ပဒုမုပ္ပလသံယုတာ။
၂၁။ ကောင်းစွာ ဝေဖန်အပ်ကုန်သော များစွာသော နံရံအစပ်တို့သည် တံခါးရွက်, တံခါး ကျည်တို့ဖြင့်ဆန်းကြယ်တင့်တယ်ကုန်၏၊ နံပါးနှစ်ဖက်တို့၌ ပဒုမ္မာကြာ, ဥပ္ပလကြာနှင့် ယှဥ် ကုန်သော များစွာသောရေပြည့်အိုးတို့သည် (ထိုတံခါးကို) တင့်တယ်စေကုန်၏။
၂၂။ ‘‘အတီတေ သဗ္ဗဗုဒ္ဓေ စ, သသံဃေ လောကနာယကေ၊
ပကတိဝဏ္ဏရူပေန, နိမ္မိနိတွာ သသာဝကေ။
၂၂-၂၃။ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တတ်ကုန်သော သံဃာတော်နှင့် တကွဖြစ် ကုန်သော တပည့်သာဝကတို့နှင့် တကွလည်းဖြစ်ကုန်သော ပွင့်တော်မူပြီးသော ခပ်သိမ်းသော ဘုရားတို့ကိုလည်းပကတိအသွင်သဏ္ဌာန်ဖြင့် (စိတ်၌) ဖန်ဆင်း၍ တပည့်သားအပေါင်းနှင့် တကွအရိယာအပေါင်းဖြစ်ကုန်သော ခပ်သိမ်းသော ဘုရားရှင်တို့သည် ထိုဆန်းကြယ် တင့် တယ်သောတံခါးဖြင့် ဝင်ကုန်၍ အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဥ်၌ ထိုင်တော်မူကုန်၏။
၂၃။ ‘‘တေန ဒွါရေန ပဝိသိတွာ, သဗ္ဗေ ဗုဒ္ဓါ သသာဝကာ၊
သဗ္ဗသောဏ္ဏမယေ ပီဌေ, နိသိန္နာ အရိယမဏ္ဍလာ။
၂၄။ ‘‘ယေ စ ဧတရဟိ အတ္ထိ, ဗုဒ္ဓါ လောကေ အနုတ္တရာ၊
အတီတေ ဝတ္တမာနာ စ, ဘဝနံ သဗ္ဗေ သမာဟရိံ။
၂၄။ လောက၌ အတုမရှိကုန်သော ယခုအခါ၌ ထင်ရှားပွင့်တော်မူကုန်သော အကြင်ဘုရားရှင်တို့သည်လည်းကောင်း၊ ရှေးအခါ ပွင့်တော်မူပြီးကုန်သော အကြင်ဘုရားရှင်တို့သည်လည်း ကောင်းရှိကုန်၏။ ထိုအလုံးစုံသော ဘုရားရှင်တို့သည် ငါ၏ ပြာသာဒ်သို့ ကောင်းစွာတက်ရောက်သီတင်းသုံးတော်မူကြကုန်၏။
၂၅။ ‘‘ပစ္စေကဗုဒ္ဓေနေကသတေ, သယမ္ဘူ အပရာဇိတေ၊
အတီတေ ဝတ္တမာနေ စ, ဘဝနံ သဗ္ဗေ သမာဟရိံ။
၂၅။ ရှေးအခါ၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း သစ္စာလေးပါးကို ကိုယ်တိုင် သိတော်မူကုန်သော သူတစ်ပါးတို့ မအောင်နိုင်ကုန်သော အရာမက များစွာကုန်သော ခပ်သိမ်း သော ပစ္စေကဗုဒ္ဓါတို့သည် ငါ၏ ပြာသာဒ်သို့ ကောင်းစွာ တက်ရောက် သီတင်းသုံးတော်မူကြ ကုန်၏။
၂၆။ ‘‘ကပ္ပရုက္ခာ ဗဟူ အတ္ထိ, ယေ ဒိဗ္ဗာ ယေ စ မာနုသာ၊
သဗ္ဗံ ဒုဿံ သမာဟန္တာ, အစ္ဆာဒေမိ တိစီဝရံ။
၂၆။ နတ်၌ဖြစ်ကုန်သော များစွာကုန်သော အကြင်ပဒေသာပင်တို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန်သော များစွာကုန်သော အကြင်ပဒေသာပင်တို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုပဒေသာပင်တို့မှ (ပုဆိုးအားလုံးကို) ကောင်းစွာ ယူဆောင်၍ တိစီဝရိက်သင်္ကန်း ပြုလုပ်လှူဒါန်းခဲ့၏။
၂၇။ ‘‘ခဇ္ဇံ ဘောဇ္ဇံ သာယနီယံ, သမ္ပန္နံ ပါနဘောဇနံ၊
မဏိမယေ သုဘေ ပတ္တေ, သံပူရေတွာ အဒါသဟံ။
၂၇။ ငါသည် ချိုမြိန်ကောင်းမြတ်သော ခဲဖွယ်, စားဖွယ်, လျက်ဖွယ်, ထမင်း, အဖျော်ကိုပတ္တမြားကျောက်ဖြင့်ပြီးသော တင့်တယ်သော သပိတ်၌ ပြည့်စေ၍ လှူဒါန်းခဲ့၏။
၂၈။ ‘‘ဒိဗ္ဗဝတ္ထသမာ ဟုတွာ, မဋ္ဌာ [မဋ္ဋာ (သီ။)] စီဝရသံယုတာ၊
မဓုရာ သက္ခရာ စေဝ, တေလာ စ မဓုဖာဏိတာ။
၂၈-၂၉။ ဒိဗ္ဗစက္ခုအဘိညာဥ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍၁ (ကိလေသာတို့မှ ကင်းသော ကြောင့်) ပြေပြစ်တင့်တယ်တော်မူကုန်သော, တိစီဝရိက်သင်္ကန်းတို့နှင့် ပြည့်စုံကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့ကို ချိုသော သကာတို့ဖြင့်လည်းကောင်း၊ ဆီတို့ဖြင့်လည်းကောင်း၊ ပျား, တင်လဲတို့ဖြင့်လည်းကောင်း၊ မွန်မြတ်သော ဃနာနို့ဆွမ်းဖြင့်လည်းကောင်း ငါသည် ရောင့်ရဲစေအပ်ကုန်၏။ ထိုအလုံးစုံသော အရိယာအပေါင်းတို့သည် ‘ဂူ၌ ကိန်းသော ခြင်္သေ့မင်းကဲ့သို့’ ရတနာတိုက်ခန်းသို့ ဝင်ကြကုန်၍ -
၂၉။ ‘‘တပ္ပိတာ ပရမန္နေန, သဗ္ဗေ တေ အရိယမဏ္ဍလာ၊
ရတနဂဗ္ဘံ ပဝိသိတွာ, ကေသရီဝ ဂုဟာသယာ။
၃၀။ ‘‘မဟာရဟမှိ သယနေ, သီဟသေယျမကပ္ပယုံ၊
သမ္ပဇာနာ သမုဋ္ဌာယ, သယနေ [သေယျေ (သျာ။)] ပလ္လင်္ကမာဘုဇုံ။
၃၀။ မြတ်သောသူတို့အားသာ ထိုက်သော နေရာ၌ ခြင်္သေ့မင်း၏ အိပ်ခြင်းကဲ့သို့သော မြတ်သောအိပ်ခြင်းကို ပြုကြကုန်ပြီ၊ ထိုဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့သည် သတိသမ္ပဇဥ် နှင့် ပြည့်စုံကြကုန်လျက် အိပ်ရာမှ ထကြပြီးလျှင် နေရာပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင် နေကြကုန်၏။
၃၁။ ‘‘ဂေါစရံ သဗ္ဗဗုဒ္ဓါနံ, ဈာနရတိသမပ္ပိတာ၊
အညေ ဓမ္မာနိ ဒေသေန္တိ, အညေ ကီဠန္တိ ဣဒ္ဓိယာ။
၃၁။ အလုံးစုံသော ဘုရားရှင်တို့၏ အာရုံဖြစ်သော ကသိုဏ်းစသော အာရုံကို (အာရုံပြု လျက်) ဈာန်တည်းဟူသော မွေ့လျော်ခြင်းဖြင့် ကောင်းစွာ မွေ့လျော်, ဝင်စားကြကုန်၏၊ အချို့ သောပစ္စေကဗုဒ္ဓါတို့သည် တရားဟောကုန်၏၊ အချို့သော ပစ္စေကဗုဒ္ဓါတို့သည် တန်ခိုးဖြင့် ကွန့်မြူးကုန်၏။
၃၂။ ‘‘အညေ အဘိညာ အပ္ပေန္တိ, အဘိညာ ဝသိဘာဝိတာ၊
ဝိကုဗ္ဗနာ ဝိကုဗ္ဗန္တိ, အညေနေကသဟဿိယော။
၃၂။ ပွါးအပ်ပြီးသော အဘိညာဥ်, ဝသီဘော်ရှိကုန်သော အချို့သောပစ္စေကဗုဒ္ဓါတို့သည် အဘိညာဥ်တို့ကို ဝင်စားကုန်၏၊ အချို့သော ပစ္စေကဗုဒ္ဓါတို့သည် အထောင်မက များသော တန်ခိုးဖန်ဆင်းခြင်းတို့ကို ဖန်ဆင်းကုန်၏။
၃၃။ ‘‘ဗုဒ္ဓါပိ ဗုဒ္ဓေ ပုစ္ဆန္တိ, ဝိသယံ သဗ္ဗညုမာလယံ၊
ဂမ္ဘီရံ နိပုဏံ ဌာနံ, ပညာယ ဝိနိဗုဇ္ဈရေ။
၃၃။ ဘုရားရှင်တို့သည်လည်း ဘုရားရှင်တို့ကို သဗ္ဗညုတဉာဏ်၏ အရာဖြစ်သော ပုစ္ဆာ ပြဿနာကိုမေးကုန်၏၊ နက်နဲသိမ်မွေ့သော အရာကို ဉာဏ်ဖြင့် ခွဲခြားသိကုန်၏။
၃၄။ ‘‘သာဝကာ ဗုဒ္ဓေ ပုစ္ဆန္တိ, ဗုဒ္ဓါ ပုစ္ဆန္တိ သာဝကေ၊
အညမညဉ္စ ပုစ္ဆိတွာ [ပုစ္ဆန္တိ (သီ။ သျာ။)], အညောညံ ဗျာကရောန္တိ တေ။
၃၄။ တပည့်သာဝကတို့သည် ဘုရားရှင်တို့ကို မေးလျှောက်ကုန်၏၊ ဘုရားရှင်တို့သည် တပည့်သာဝကတို့ကို (ပြဿနာ) မေးတော်မူကုန်၏၊ ထိုဘုရားရှင်နှင့် တပည့်သာဝကတို့သည်အချင်းချင်း ပြဿနာ မေးကုန်၍ အချင်းချင်း ဖြေဆိုကုန်၏။
၃၅။ ‘‘ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ, သာဝကာ ပရိစာရကာ၊
ဧဝံ သကာယ ရတိယာ, ပါသာဒေဘိရမန္တိ တေ။
၃၅။ ထိုဘုရား, ပစ္စေကဗုဒ္ဓါ, တပည့်သာဝက, အလုပ်အကျွေးဟူသမျှတို့သည် ဤသို့ မိမိတို့၏မွေ့လျော်ခြင်းဖြင့် ငါ၏ ပြာသာဒ်၌ မွေ့လျော်ကုန်၏။
၃၆။ ‘‘ဆတ္တာ တိဋ္ဌန္တု ရတနာ, ကဉ္စနာဝေဠပန္တိကာ၊
မုတ္တာဇာလပရိက္ခိတ္တာ, သဗ္ဗေ ဓာရေန္တု [ဓာရေန္တိ (က။)] မတ္ထကေ။
၃၆။ ရွှေပန်းဆိုင်းအစဥ်ရှိကုန်သော, ရတနာခုနစ်ပါးဖြင့်ပြီးသော ထီးတို့သည် တည်စေ ကုန်သတည်း၊ ပုလဲကွန်ရက်ဖြင့် ခြံရံအပ်ကုန်သော, ခပ်သိမ်းသော ထီးတို့သည် ဦးထိပ်ထက် ၌ဆောင်းမိုးစေကုန်သတည်း။
၃၇။ ‘‘ဘဝန္တု စေဠဝိတာနာ, သောဏ္ဏတာရကစိတ္တိတာ၊
ဝိစိတ္တမလျဝိတတာ, သဗ္ဗေ ဓာရေန္တု မတ္ထကေ။
၃၇။ ရွှေကြယ်တို့ဖြင့် ဆန်းကြယ်ကုန်သော ပုဆိုးဗိတာန်တို့သည် ဖြစ်စေကုန်သတည်း၊ ဆန်းကြယ်ကုန်သော ပန်းအပွင့်တို့ဖြင့် ဖြန့်စီအပ်ကုန်သော ခပ်သိမ်းသော ဗိတာန်တို့သည် အထက်၌ ဆောင်းမိုးစေကုန်သတည်း။
၃၈။ ‘‘ဝိတတာ မလျဒါမေဟိ, ဂန္ဓဒါမေဟိ သောဘိတာ၊
ဒုဿဒါမပရိကိဏ္ဏာ, ရတနဒါမဘူသိတာ။
၃၉။ ‘‘ပုပ္ဖါဘိကိဏ္ဏာ သုစိတ္တာ, သုရဘိဂန္ဓဘူသိတာ၊
ဂန္ဓပဉ္စင်္ဂုလိကတာ [ဂန္ဓပဉ္စင်္ဂုလံ ကတာ (အဋ္ဌ။)], ဟေမစ္ဆဒနဆာဒိတာ။
၄၀။ ‘‘စတုဒ္ဒိသာ ပေါက္ခရညော, ပဒုမုပ္ပလသန္ထတာ၊
သောဝဏ္ဏရူပါ ခါယန္တု, ပဒ္မံရေဏုရဇုဂ္ဂတာ။
၄၁။ ‘‘ပုပ္ဖန္တု ပါဒပါ သဗ္ဗေ, ပါသာဒဿ သမန္တတော၊
သယဉ္စ ပုပ္ဖါ မုဉ္စိတွာ, ဂန္တွာ ဘဝနမောကိရုံ။
၃၈-၃၉-၄၀။ ပန်းဆိုင်းတို့ဖြင့် ပြွမ်းကုန်သော, နံ့သာဆိုင်းတို့ဖြင့် တင့်တယ်ကုန်သော, ပုဆိုးပန်းဆိုင်းတို့ဖြင့် ပြွမ်းကုန်သော, ရတနာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော, ပန်းတို့ဖြင့့်ပြွမ်းကုန်သော, ဆန်းကြယ်ကုန်သော, ကောင်းသော ရနံ့တို့ဖြင့် ကြိုင်လှိုင်ကုန် သော, လက်ငါးချောင်းရာ နံ့သာတို့ဖြင့် လိမ်းကျံကုန်သော, ရွှေပုဆိုးဖြင့် မိုးအပ်ကုန်သော, ပဒုမ္မာကြာ, ဥပ္ပလကြာဖြင့် ပြည့်ကုန်သော ရေကန်တို့သည် အရပ်လေးမျက်နှာတို့မှ တည်စေကုန်သတည်း၊ ရွှေဖြင့်ပြီးသော အရုပ်တို့သည် ထင်စေကုန်သတည်း၊ ပဒုမ္မာကြာ ဝတ်ဆံ ဝတ်မှုန်တို့ဖြင့်ပြွမ်းတက်ကုန်သော ရေကန်တို့သည် တင့်တယ်စေကုန်သတည်း။ (ဤသို့ ကြံစည်ကာမျှ၌ ထိုကြံစည်သမျှတို့သည် ပြီးကုန်၏)။ ၄၁။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ခပ်သိမ်းသော သစ်ပင်တို့သည် ပွင့်စေကုန်သတည်း၊ ပန်းတို့သည် အလိုလို အခိုင်မှ ကြွေကျလျက် ငါ၏ ပြာသာဒ်ထက်သို့ သွား၍ ကြဲဖြန့်စေကုန် သတည်း။
၄၂။ ‘‘သိခိနော တတ္ထ နစ္စန္တု, ဒိဗ္ဗဟံသာ ပကူဇရေ၊
ကရဝီကာ စ ဂါယန္တု, ဒိဇသံဃာ သမန္တတော။
၄၂။ ငါ၏ ထိုပြာသာဒ်ထက်၌ ဥဒေါင်းတို့သည် က, စေကုန်သတည်း၊ နတ်ဟင်္သာတို့သည် တွန်ကျူးစေကုန်သတည်း၊ ကရဝိတ်ငှက်တို့သည် ကျူးရင့်စေကုန်သတည်း၊ ပြာသာဒ်၏ ထက် ဝန်းကျင်မှ ငှက်အပေါင်းတို့သည် တွန်မြည်စေကုန်သတည်း။
၄၃။ ‘‘ဘေရိယော သဗ္ဗာ ဝဇ္ဇန္တု, ဝီဏာ သဗ္ဗာ ရသန္တု [ရဝန္တု (သီ။ သျာ။)] တာ၊
သဗ္ဗာ သင်္ဂီတိ ဝတ္တန္တု, ပါသာဒဿ သမန္တတော။
၄၃။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ခပ်သိမ်းသော စည်တို့သည် မြည်ဟည်းစေကုန် သတည်း၊ ခပ်သိမ်းသော စောင်းတို့သည် အသံမြည်စေကုန်သတည်း၊ ခပ်သိမ်းသော ထိုသားငှက် တူရိယာ သာယာသော အသံအပေါင်းတို့သည် ဖြစ်စေကုန်သတည်း။
၄၄။ ‘‘ယာဝတာ ဗုဒ္ဓခေတ္တမှိ, စက္ကဝါဠေ တတော ပရေ၊
မဟန္တာ ဇောတိသမ္ပန္နာ, အစ္ဆိန္နာ ရတနာမယာ။
၄၄-၄၅။ အကြင်မျှလောက်သော (စကြဝဠာတစ်သောင်းဖြစ်သော) ဗုဒ္ဓခေတ်၌လည်း ကောင်း၊ ထိုစကြဝဠာမှ ပြင်ပဖြစ်သော စကြဝဠာတို့၌လည်းကောင်း များစွာကုန်သော အရောင်နှင့် ပြည့်စုံကုန်သော ထက်ဝန်းကျင် ရတနာခုနစ်ပါးတို့ဖြင့် စီခြယ်အပ်ကုန်သော ရွှေပလ္လင်တို့သည် တည်စေကုန်သတည်း။ ဆီမီးတိုင်တို့သည် တောက်ပစေကုန်သတည်း၊ ထို ဆီမီးတိုင်တို့သည် စကြဝဠာတစ်သောင်း အဆက်ဆက်တိုင်အောင် ‘တစ်ရောင်တည်းကဲ့သို့’ ထွန်းလင်းစေကုန်သတည်း။
၄၅။ ‘‘တိဋ္ဌန္တု သောဏ္ဏပလ္လင်္ကာ, ဒီပရုက္ခာ ဇလန္တု တေ၊
ဘဝန္တု ဧကပဇ္ဇောတာ, ဒသသဟဿိပရမ္ပရာ။
၄၆။ ‘‘ဂဏိကာ လာသိကာ စေဝ, နစ္စန္တု အစ္ဆရာဂဏာ၊
နာနာရင်္ဂါ ပဒိဿန္တု, ပါသာဒဿ သမန္တတော။
၄၆။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ကချေသည်မတို့သည်လည်းကောင်း၊ သီချင်းသည်မတို့သည်လည်းကောင်း၊ နတ်သမီးအပေါင်းတို့သည်လည်းကောင်း ကပြ (သီဆို) စေကုန်သတည်း။ အထူးထူးသော ပွဲသဘင်တို့သည် ထင်စေကုန်သတည်း။ (ဤသို့ ကြံစည်ဆဲခဏ၌ ထိုကြံစည်တိုင်းဖြစ်ပေါ်လာကုန်၏)။
၄၇။ ‘‘ဒုမဂ္ဂေ ပဗ္ဗတဂ္ဂေ ဝါ, သိနေရုဂိရိမုဒ္ဓနိ၊
ဥဿာပေမိ ဓဇံ သဗ္ဗံ, ဝိစိတ္တံ ပဉ္စဝဏ္ဏိကံ။
၄၇။ ငါသည် သစ်ပင်ဖျား၌လည်းကောင်း၊ တောင်ထိပ်၌လည်းကောင်း၊ မြင်းမိုရ်တောင်ထိပ်၌လည်းကောင်း အလုံးစုံ ဆန်းကြယ်သော အဆင်းငါးပါးရှိသော တံခွန်အလံကို စိုက်ထူ၏။
၄၈။ ‘‘နရာ နာဂါ စ ဂန္ဓဗ္ဗာ, သဗ္ဗေ ဒေဝါ ဥပေန္တု တေ၊
နမဿန္တာ ပဉ္ဇလိကာ, ပါသာဒံ ပရိဝါရယုံ။
၄၈။ လူတို့သည်လည်းကောင်း၊ နဂါး, ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ ခပ်သိမ်းသော နတ်တို့သည်လည်းကောင်း ချဥ်းကပ်ကြစေကုန်ဟု ကြံစည်သောခဏ၌ ထိုလူ, နတ်, နဂါးတို့သည်ရှိခိုးကုန် လက်အုပ်ချီကုန်လျက် ငါ၏ ပြာသာဒ်ကို ခြံရံကြကုန်၏။
၄၉။ ‘‘ယံ ကိဉ္စိ ကုသလံ ကမ္မံ, ကတ္တဗ္ဗံ ကိရိယံ မမ၊
ကာယေန ဝါစာ မနသာ, တိဒသေ သုကတံ ကတံ။
၄၉။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ပြုသင့်ပြု ထိုက်သောအလုံးစုံသော ကုသိုလ်ကံသည် ရှိ၏။ ထိုကံအားလုံးကို ငါသည် ပြုအပ်ပြီ၊ တာဝတိံသာနတ်ပြည်၌ ဖြစ်ခြင်းငှါထိုက်သော ကောင်းစွာ ပြုသင့်သော ကုသိုလ်ကံကို ပြုအပ်ပြီ။
၅၀။ ‘‘ယေ သတ္တာ သညိနော အတ္ထိ, ယေ စ သတ္တာ အသညိနော၊
ကတံ ပုညဖလံ မယှံ, သဗ္ဗေ ဘာဂီ ဘဝန္တု တေ။
၅၀။ သညာရှိသော သတ္တဝါတို့သည်လည်းကောင်း၊ သညာမရှိသော သတ္တဝါတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုအလုံးစုံသော သတ္တဝါတို့သည် ပြုအပ်သော ငါ၏ ကောင်းမှုကံ အကျိုးကို အဖို့ရကြပါစေကုန်သတည်း။
၅၁။ ‘‘ယေသံ ကတံ သုဝိဒိတံ, ဒိန္နံ ပုညဖလံ မယာ၊
ယေ စ တတ္ထ [တသ္မိံ (သီ။ က။)] န ဇာနန္တိ, ဒေဝါ ဂန္တွာ နိဝေဒယုံ။
၅၁။ အကြင်သတ္တဝါတို့သည် ငါပြုအပ်သော ကုသိုလ်ကို ကောင်းစွာ သိအပ်၏၊ ထို သတ္တဝါတို့အား ငါသည် ကောင်းမှုအကျိုးကို ပေးဝေအပ်ပြီ။ အကြင်သတ္တဝါတို့ကား ထိုငါပြုအပ်သော ကုသိုလ်ပြုခြင်း, အမျှဝေခြင်း၌ မသိကုန်၊ ထိုသတ္တဝါတို့အား နတ်တို့သည် သွား၍ ပြောကြားကုန်ပြီ။
၅၂။ ‘‘သဗ္ဗလောကမှိ [သဗ္ဗေ လောကမှိ (သျာ။ က။)] ယေ သတ္တာ, ဇီဝန္တာဟာရဟေတုကာ၊
မနုညံ ဘောဇနံ သဗ္ဗံ [သဗ္ဗေ (သျာ။)], လဘန္တု မမ စေတသာ။
၅၂။ အလုံးစုံသော လောက၌ အကြင်သတ္တဝါတို့သည် အာဟာရလျှင် အကြောင်းရှိကုန် သည်ဖြစ်၍ အသက်ရှင်ကြကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် နှစ်သက်ဖွယ်ဖြစ်သော အလုံး စုံသော ဘောဇဥ်ကို ငါ၏ စိတ်တန်ခိုးကြောင့် ရကြပါစေကုန်သတည်း။
၅၃။ ‘‘မနသာ ဒါနံ မယာ ဒိန္နံ, မနသာ ပသာဒမာဝဟိံ၊
ပူဇိတာ သဗ္ဗသမ္ဗုဒ္ဓါ, ပစ္စေကာ ဇိနသာဝကာ။
၅၃။ ငါသည် စိတ်ဖြင့် အလှူကို ပေးလှူအပ်ပြီ၊ စိတ်ဖြင့် ကြည်ညိုခြင်းကို ဖြစ်စေပြီ။ ငါသည် ခပ်သိမ်းသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း၊ ဘုရား ရှင်၏တပည့်သားတို့ကိုလည်းကောင်း ပူဇော်အပ်ကုန်ပြီ။
၅၄။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၅၄။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စိတ်စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၌ဖြစ်သော ကိုယ်ကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရပြီ။
၅၅။ ‘‘ဒုဝေ ဘဝေ ပဇာနာမိ, ဒေဝတ္တေ အထ မာနုသေ၊
အညံ ဂတိံ န ဇာနာမိ, မနသာ ပတ္ထနာဖလံ။
၅၅။ ငါသည် နှစ်ပါးကုန်သော နတ်ဘဝ, လူ့ဘဝတို့ကို အပြားအားဖြင့် သိ၏၊ နတ်, လူမှ တစ်ပါးသော ဂတိကို ငါ မသိရ။ ဤအကျိုးသည် စိတ်ဖြင့် တောင့်တခြင်း၏ အကျိုးပင်တည်း။
၅၆။ ‘‘ဒေဝါနံ အဓိကော ဟောမိ, ဘဝါမိ မနုဇာဓိပေါ၊
ရူပလက္ခဏသမ္ပန္နော, ပညာယ အသမော ဘဝေ။
၅၆။ ငါသည် နတ်တို့ထက် (အဆင်းစသည်တို့ဖြင့်) လွန်ကဲသူ ဖြစ်ခဲ့ရပြီ၊ ရုပ်အင်္ဂါ လက္ခဏာနှင့်ပြည့်စုံသော လူမင်း ဖြစ်ခဲ့ရပြီ၊ ငါသည် ပညာအားဖြင့် အတုမရှိသူ ဖြစ်ခဲ့ရပြီ။
၅၇။ ‘‘ဘောဇနံ ဝိဝိဓံ သေဋ္ဌံ, ရတနဉ္စ အနပ္ပကံ၊
ဝိဝိဓာနိ စ ဝတ္ထာနိ, နဘာ [နဘသာ (သျာ။)] ခိပ္ပံ ဥပေန္တိ မံ။
၅၇။ အထူးထူးအပြားပြား မြတ်သော ဘောဇဥ်သည်လည်းကောင်း၊ များစွာသော ရတနာသည်လည်းကောင်း၊ အထူးထူးသော အဝတ်တို့သည်လည်းကောင်း ကောင်းကင်မှ လျင်မြန်စွာ ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၅၈။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, ဒိဗ္ဗာ ဘက္ခာ ဥပေန္တိ မံ။
၅၈။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ နတ်သုဒ္ဓါတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၅၉။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, ရတနာ သဗ္ဗေ ဥပေန္တိ မံ။
၅၉။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ရတနာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၀။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, သဗ္ဗေ ဂန္ဓာ ဥပေန္တိ မံ။
၆၀။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော နံ့သာမျိုးတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၁။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ [ယတ္ထ (သျာ။), ယညံ (က။)] ဟတ္ထံ ပသာရေမိ, သဗ္ဗေ ယာနာ ဥပေန္တိ မံ။
၆၁။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ယာဥ်တို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၂။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, သဗ္ဗေ မာလာ ဥပေန္တိ မံ။
၆၂။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ပန်းတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၃။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, အလင်္ကာရာ ဥပေန္တိ မံ။
၆၃။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ အဆင်တန်ဆာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၄။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, သဗ္ဗာ ကညာ ဥပေန္တိ မံ။
၆၄။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းကုန်သော သတို့သမီးတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၅။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, မဓုသက္ခရာ ဥပေန္တိ မံ။
၆၅။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ပျားသကာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၆။ ‘‘ပထဗျာ ပဗ္ဗတေ စေဝ, အာကာသေ ဥဒကေ ဝနေ၊
ယံ ယံ ဟတ္ထံ ပသာရေမိ, သဗ္ဗေ ခဇ္ဇာ ဥပေန္တိ မံ။
၆၆။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ခဲဖွယ်တို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။
၆၇။ ‘‘အဓနေ အဒ္ဓိက [အဒ္ဓိကေ (သျာ။)] ဇနေ, ယာစကေ စ ပထာဝိနော၊
ဒဒါမိဟံ [ဒဒါမိဟ (သီ။) ဒဒါမိ တံ (သျာ။)] ဒါနဝရံ, သမ္ဗောဓိဝရပတ္တိယာ။
၆၇။ ဥစ္စာမဲ့သောသူတို့အားလည်းကောင်း၊ ခရီးရှည်သွားသောသူတို့အားလည်း ကောင်း၊ သူတောင်းစားတို့အားလည်းကောင်း၊ အရပ်တစ်ပါးသို့ သွားသောသူတို့အားလည်း ကောင်း ငါသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်ခြင်းငှါ မြတ်သော အလှူကို ပေးလှူ ခဲ့ပြီ။
၆၈။ ‘‘နာဒေန္တော ပဗ္ဗတံ သေလံ, ဂဇ္ဇေန္တော ဗဟလံ ဂိရိံ၊
သဒေဝကံ ဟာသယန္တော, ဗုဒ္ဓေါ လောကေ ဘဝါမဟံ။
၆၈။ ငါသည် ကျောက်တောင်ကို ပဲ့တင်ထပ်စေလျက် ကြီးစွာသော မြင်းမိုရ်တောင်ကို ထစ်ချုန်းစေလျက်နတ်နှင့်တကွသော လူကို ရွှင်ပျစေပြီးလျှင် လောကသုံးပါး၌ ဘုရားဖြစ်၏။
၆၉။ ‘‘ဒိသာ ဒသဝိဓာ လောကေ, ယာယတော နတ္ထိ အန္တကံ၊
တသ္မိဉ္စ ဒိသာဘာဂမှိ, ဗုဒ္ဓခေတ္တာ အသင်္ခိယာ။
၆၉။ လောက၌ ဆယ်ပါးသော အဖို့ရှိသော အရပ်မျက်နှာတို့သည် ရှိကုန်၏၊ ထိုအရပ် မျက်နှာတို့သို့ သွားသောသူအား အဆုံးသည် မရှိ၊ ထိုထိုအရပ်မျက်နှာအဖို့၌ ဗုဒ္ဓခေတ်တို့သည် မရေတွွက်နိုင်ကုန်။
၇၀။ ‘‘ပဘာ ပကိတ္တိတာ မယှံ, ယမကာ ရံသိဝါဟနာ၊
ဧတ္ထန္တရေ ရံသိဇာလံ, အာလောကော ဝိပုလော ဘဝေ။
၇၀။ ငါ၏ စကြာရတနာ, ပတ္တမြားရတနာအရောင်တို့သည် အစုံအစုံ ဖြစ်၍ ရောင်ခြည် တို့ကို လွှတ်ကုန်လျက် ထင်ရှားပျံ့နှံ့ကုန်၏။ ဤ (တစ်သောင်းသော လောကဓာတ်) အတွင်း၌ ရောင်ခြည်ကွန်ရက်သည်လည်းကောင်း၊ ပြန့်ပြောသော အလင်းရောင်သည်လည်းကောင်း ဖြစ်ပေါ်လာခဲ့၏။
၇၁။ ‘‘ဧတ္တကေ လောကဓာတုမှိ, သဗ္ဗေ ပဿန္တု မံ ဇနာ၊
သဗ္ဗေ မံ အနုဝတ္တန္တု, ယာဝ ဗြဟ္မနိဝေသနံ [သဗ္ဗေဝ သုမနာ ဟောန္တု, သဗ္ဗေ မံ အနုဝတ္တရေ (သီ။ သျာ။)]။
၇၁။ ဤမျှလောက် တစ်သောင်းသော လောကဓာတ်၌ ခပ်သိမ်းသော သူတို့သည် ငါ့ကိုမြင်စေကုန်သတည်း၊ ဗြဟ္မာ့ပြည်တိုင်အောင် ခပ်သိမ်းသော သူတို့သည် ငါသို့ အစဥ်လိုက်စေကုန်သတည်း။
၇၂။ ‘‘ဝိသိဋ္ဌမဓုနာဒေန, အမတဘေရိမာဟနိံ၊
ဧတ္ထန္တရေ ဇနာ သဗ္ဗေ, သုဏန္တု မဓုရံ ဂိရံ။
၇၂။ သန့်ရှင်းချိုသာသော အသံဖြင့် တရားတည်းဟူသော အမြိုက်စည်ကြီးကို ငါ တီး ခတ်ခဲ့ပြီ၊ ဤတစ်သောင်းသော လောကဓာတ်အတွင်း၌ ခပ်သိမ်းသော သူတို့သည် ချိုမြိန်သော အသံကို ကြားကြစေကုန်သတည်း။
၇၃။ ‘‘ဓမ္မမေဃေန ဝဿန္တေ, သဗ္ဗေ ဟောန္တု အနာသဝါ၊
ယေတ္ထ ပစ္ဆိမကာ သတ္တာ, သောတာပန္နာ ဘဝန္တု တေ။
၇၃။ ငါသည် တရားတည်းဟူသော မိုးကို ရွာသွန်းသည်ရှိသော် ခပ်သိမ်းသော သူတို့သည် ကိလေသာ ကင်းကြပါစေကုန်သတည်း၊ ဤလူအပေါင်း၌ အကြင်သတ္တဝါတို့ကား ဂုဏ်အားဖြင့် ငယ်ကုန်၏၊ ထိုသတ္တဝါတို့သည် သောတာပန်တို့ ဖြစ်ကြပါစေကုန်သတည်း။
၇၄။ ‘‘ဒတွာ ဒါတဗ္ဗကံ ဒါနံ, သီလံ ပူရေတွာ အသေသတော၊
နေက္ခမ္မပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၇၄။ ငါသည် ပေးလှူအပ်သော အလှူဝတ္ထုကို ပေးလှူ၍ သီလကို အကြွင်းမဲ့ ဖြည့်ကျင့် ပြီးလျှင် နေက္ခမ္မပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက် တော်မူရပြီ။
၇၅။ ‘‘ပဏ္ဍိတေ ပရိပုစ္ဆိတွာ, ကတွာ ဝီရိယမုတ္တမံ၊
ခန္တိယာ ပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၇၅။ ငါသည် ပညာရှိတို့ကို အဖန်ဖန်မေးမြန်း၍ မြတ်သော ဝီရိယပါရမီကို ပြုပြီးလျှင် ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူရပြီ။
၇၆။ ‘‘ကတွာ ဒဠှမဓိဋ္ဌာနံ, သစ္စပါရမိ ပူရိယ၊
မေတ္တာယ ပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၇၆။ ငါသည် အဓိဋ္ဌာန်ပါရမီကို မြဲမြံစွာ ဆောက်တည်ခြင်းကို ပြု၍ သစ္စပါရမီကို ဖြည့်ခဲ့ ပြီးလျှင် မေတ္တာပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက် တော်မူခဲ့၏။
၇၇။ ‘‘လာဘာလာဘေ သုခေ ဒုက္ခေ, သမ္မာနေ စာဝမာနနေ [သမ္မာနေ စ ဝိမာနနေ (က။) သမ္မာနနေ ဝိမာနနေ (သျာ။)]၊
သဗ္ဗတ္ထ သမကော ဟုတွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၇၇။ လာဘ်ရခြင်း, လာဘ်မရခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်း၌လည်း ကောင်း၊ မြတ်နိုးခြင်း, မမြတ်နိုးခြင်း၌လည်းကောင်း အလုံးစုံတို့၌ အတူအမျှ ဖြစ်၍ မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူရပြီ။
၇၈။ ‘‘ကောသဇ္ဇံ ဘယတော ဒိသွာ, ဝီရိယံ စာပိ ခေမတော၊
အာရဒ္ဓဝီရိယာ ဟောထ, ဧသာ ဗုဒ္ဓါနုသာသနီ။
၇၈။ ပျင်းရိခြင်းကို ဘေးအားဖြင့် ရှု၍ အားထုတ်ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ထက်သန်သော ဝီရိယရှိသူတို့ ဖြစ်ကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၇၉။ ‘‘ဝိဝါဒံ ဘယတော ဒိသွာ, အဝိဝါဒဉ္စ ခေမတော၊
သမဂ္ဂါ သခိလာ ဟောထ, ဧသာ ဗုဒ္ဓါနုသာသနီ။
၇၉။ ငြင်းခုံခြင်းကို ဘေးအားဖြင့် ရှု၍ မငြင်းခုံခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ညီညွတ်သူ, ပြေပြစ်သူတို့ ဖြစ်ကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမ တော်ပေတည်း။
၈၀။ ‘‘ပမာဒံ ဘယတော ဒိသွာ, အပ္ပမာဒဉ္စ ခေမတော၊
ဘာဝေထဋ္ဌင်္ဂိကံ မဂ္ဂံ, ဧသာ ဗုဒ္ဓါနုသာသနီ။
၈၀။ မေ့လျော့ခြင်းကို ဘေးအားဖြင့် ရှု၍ မမေ့လျော့ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၈၁။ ‘‘သမာဂတာ ဗဟူ ဗုဒ္ဓါ, အရဟန္တာ [အရဟန္တော (သျာ။)] စ သဗ္ဗသော၊
သမ္ဗုဒ္ဓေ အရဟန္တေ စ, ဝန္ဒမာနာ နမဿထ။
၈၁။ များစွာသော ဘုရားရှင်တို့သည်လည်းကောင်း၊ ခပ်သိမ်းသော ရဟန္တာတို့သည် လည်းကောင်း အညီအညွတ် စုဝေးကြကုန်၏။ ထိုဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုရဟန္တာတို့ကိုလည်းကောင်း ရှိခိုးဦးညွှတ်ကြကုန်လော့။
၈၂။ ‘‘ဧဝံ အစိန္တိယာ ဗုဒ္ဓါ, ဗုဒ္ဓဓမ္မာ အစိန္တိယာ၊
အစိန္တိယေ ပသန္နာနံ, ဝိပါကော ဟောတိ အစိန္တိယော’’’။
ဣတ္ထံ သုဒံ ဘဂဝါ အတ္တနော ဗုဒ္ဓစရိယံ သမ္ဘာဝယမာနော ဗုဒ္ဓါပဒါနိယံ [ဗုဒ္ဓစရိယံ (သီ။) ဗုဒ္ဓစရိတံ (သျာ။)] နာမ ဓမ္မပရိယာယံ အဘာသိတ္ထာတိ။
ဗုဒ္ဓါပဒါနံ သမတ္တံ။
၈၂။ ဘုရားရှင်တို့ကို “ဤသို့ ဤသို့”ဟု မကြံစည်နိုင်ကုန်၊ ဘုရားရှင်တို့၏ တရားတော် တို့ကို “ဤသို့ဤသို့”ဟု မကြံစည်နိုင်ကုန်၊ မကြံစည်နိုင်သော ဘုရားရှင်နှင့် ဘုရားရှင်၏ တရားတော်တို့၌ ကြည်ညိုကုန်သော သူတို့အား မကြံစည်နိုင်သော အကျိုးသည် ဖြစ်၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ကိုယ်တော်၏ ဗုဒ္ဓစရိယဖြစ်စဥ်ကို ချီးမွမ်းတော်မူလျက် ဗုဒ္ဓအပဒါနမည်သော တရားတော်ကို ဟောတော်မူ၏။ ။ ဗုဒ္ဓအပဒါန ပြီး၏။ ၁။ ပါဠိတော်၌ ‘ဒိဗ္ဗဝတ္တဿ ဟုတွာ’ဟု ရှိသော်လည်း ‘စီဝရသံယုတာ’ဟူသောပုဒ်၏ ဝိသေသန မဖြစ်နိုင်သောကြောင့် ‘ဒိဗ္ဗစက္ခု သမာဟုတွာ’ဟု အဋ္ဌကထာရှိသည့်အတိုင်း ပြန်ဆိုထားသည်။ ၂-ပစ္စေကဗုဒ္ဓအပဒါန ထို့နောက် ပစ္စေကဗုဒ္ဓါတို့၏ အပဒါနကို နာကြကုန်လော့-
၂။ ပစ္စေကဗုဒ္ဓအပဒါနံ
အထ ပစ္စေကဗုဒ္ဓါပဒါနံ သုဏာထ –
၈၃။ ‘‘တထာဂတံ ဇေတဝနေ ဝသန္တံ, အပုစ္ဆိ ဝေဒေဟမုနီ နတင်္ဂေါ၊
‘ပစ္စေကဗုဒ္ဓါ ကိရ နာမ ဟောန္တိ, ဘဝန္တိ တေ ဟေတုဘိ ကေဟိ ဝီရ’ [ဓီရ (သီ။) ဓီရာ (သျာ။)]။
၈၃။ ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားအား အရှင် အာနန္ဒာသည် ဦးခေါင်းညွတ်ကာ မေးလျှောက်၏- ကြီးသော လုံ့လရှိသော အရှင်ဘုရား ပစ္စေကဗုဒ္ဓါတို့မည်သည် ဖြစ်ပေါ်တော်မူကုန်၏၊ ထိုပစ္စေကဗုဒ္ဓါတို့သည် အဘယ်သို့ သဘော ရှိသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်ကြပါကုန်သနည်း။
၈၄။ ‘‘တဒါဟ သဗ္ဗညုဝရော မဟေသီ, အာနန္ဒဘဒ္ဒံ မဓုရဿရေန၊
‘ယေ ပုဗ္ဗဗုဒ္ဓေသု [သဗ္ဗဗုဒ္ဓေသု (သျာ။ က။)] ကတာဓိကာရာ, အလဒ္ဓမောက္ခာ ဇိနသာသနေသု။
၈၄။ ထိုသို့ မေးလျှောက်သောအခါ မြတ်သော သီလက္ခန္ဓစသည့် ကျေးဇူးကို ရှာမှီးလေ့ ရှိသောသဗ္ဗညုဘုရားမြတ်သည် အရှင်ကောင်းဖြစ်သော အာနန္ဒာကို သာယာစွာသော အသံဖြင့် မိန့်တော်မူ၏၊ (အာနန္ဒာ) ရှေးဘုရားတို့၌ ဆုပန်ပြီးကုန်သော ရှေးဘုရားသာသနာတို့၌ နိဗ္ဗာန်ကို မရသေးကုန်သော -
၈၅။ ‘‘‘တေနေဝ သံဝေဂမုခေန ဓီရာ, ဝိနာပိ ဗုဒ္ဓေဟိ သုတိက္ခပညာ၊
အာရမ္မဏေနာပိ ပရိတ္တကေန, ပစ္စေကဗောဓိံ အနုပါပုဏန္တိ။
၈၅။ ပညာရှိ ပစ္စေကဗုဒ္ဓါအလောင်းတို့သည် ထိုသံဝေဂဉာဏ်ကို အဦးပြုသဖြင့်သာလျှင် သဗ္ဗညုဘုရားတို့မှ ကင်းကုန်လျက်လည်း အလွန်ထက်သော ပညာရှိကုန်၍ အနည်းငယ်သော အာရုံဖြင့်လည်း ပစ္စေကဗောဓိဉာဏ်သို့ အစဥ်ရောက်ကြကုန်၏။
၈၆။ ‘‘‘သဗ္ဗမှိ လောကမှိ မမံ ဌပေတွာ, ပစ္စေကဗုဒ္ဓေဟိ သမောဝ နတ္ထိ၊
တေသံ ဣမံ ဝဏ္ဏပဒေသမတ္တံ, ဝက္ခာမဟံ သာဓု မဟာမုနီနံ။
၈၆။ ခပ်သိမ်းသော လောက၌ ငါဘုရားကို ထား၍ ပစ္စေကဗုဒ္ဓါတို့နှင့် တူသောသူသည်ပင် မရှိ၊ မြတ်သော မုနိဖြစ်ကုန်သော ထိုပစ္စေကဗုဒ္ဓါတို့၏ ဂုဏ်ကျေးဇူးအမြွတ်မျှကို ငါသည် ကောင်းစွာ ဟောပေအံ့။
၈၇။ ‘‘‘သယမေဝ ဗုဒ္ဓါနံ မဟာဣသီနံ, သာဓူနိ ဝါကျာနိ မဓူဝ [မဓုံဝ (သီ။)] ခုဒ္ဒံ၊
အနုတ္တရံ ဘေသဇံ ပတ္ထယန္တာ, သုဏာထ သဗ္ဗေသု ပသန္နစိတ္တာ။
၈၇။ အလိုလိုသာလျှင် သစ္စာလေးပါးကို သိကုန်သော ပစ္စေကဗုဒ္ဓါတို့၏ ‘ပျားငယ်ရည်ကဲ့ သို့’ ချိုမြိန်ကောင်းမြတ်သော စကားတို့ကို အတုမရှိသော ဆေးသဖွယ်ဖြစ်သော နိဗ္ဗာန်ကို တောင့်တကြကုန်သော ခပ်သိမ်းသော သင်တို့သည် အလွန်ကြည်လင်သော စိတ်ရှိကုန်လျက် နာကြကုန်လော့။
၈၈။ ‘‘‘ပစ္စေကဗုဒ္ဓါနံ သမာဂတာနံ, ပရမ္ပရံ ဗျာကရဏာနိ ယာနိ၊
အာဒီနဝေါ ယဉ္စ ဝိရာဂဝတ္ထုံ, ယထာ စ ဗောဓိံ အနုပါပုဏိံသု။
၈၈။ အပေါင်းအစုဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အကြင်ပစ္စေကဗုဒ္ဓါဖြစ်ကြောင်း အပဒါန တို့ကို အဆင့်ဆင့် ဟောကြားအပ်ကုန်၏။ အကြင်အပြစ်ကိုလည်းကောင်း၊ အကြင်တပ်ခြင်း ကင်းခြင်း၏အကြောင်းကိုလည်းကောင်း ဟောကြားအပ်ကုန်၏။ အကြင်အခြင်းအရာအား ဖြင့်လည်း (ပစ္စေကဗုဒ္ဓါတို့သည် ) ပစ္စေကဗောဓိဉာဏ်သို့ အစဥ်ရောက်ကုန်၏။ (ထိုအလုံးစုံသော အပဒါနကို သင်တို့နာကြကုန်လော့)။
၈၉။ ‘‘‘သရာဂဝတ္ထူသု ဝိရာဂသညီ, ရတ္တမှိ လောကမှိ ဝိရတ္တစိတ္တာ၊
ဟိတွာ ပပဉ္စေ ဇိတဖန္ဒိတာနိ [ဝိဒိယ ဖန္ဒိတာနိ (သီ။) ဇိတဗန္ဓိတာနိ (က။)], တထေဝ ဗောဓိံ အနုပါပုဏိံသု။
၈၉။ တပ်မက်ဖွယ်သောအာရုံတို့၌ တပ်ခြင်းကင်းသော အမှတ်ရှိကုန်လျက် တပ်မက်သော လောက၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ဖြစ်၍ သံသရာချဲ့တတ်သော ‘ပပဉ္စ’ တရားတို့ကို ပယ်ကုန်ပြီးလျှင် တုန်လှုပ်ကုန်သော ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ကို အောင်ကုန်လျက် ထိုသို့သောအကြောင်းဖြင့်သာလျှင် (ပစ္စေကဗုဒ္ဓါတို့သည် ) ပစ္စေကဗောဓိဉာဏ်သို့ အစဥ်ရောက် ကြကုန်၏။ (ထိုအလုံးစုံသော အပဒါနတို့ကို နာကြကုန်လော့)။
၉၀။ ‘‘‘သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ, အဝိဟေဌယံ အညတရမ္ပိ တေသံ၊
မေတ္တေန စိတ္တေန ဟိတာနုကမ္ပီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၀။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင် တစ်ယောက်ယောက်ကိုမျှလည်း မညှဥ်းဆဲဘဲ မေတ္တာစိတ်ဖြင့် အစီးအပွါးကို အစဥ်စောင့် ရှောက်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၁။ ‘‘‘သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ, အဝိဟေဌယံ အညတရမ္ပိ တေသံ၊
န ပုတ္တမိစ္ဆေယျ ကုတော သဟာယံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၁။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင် တစ်ယောက်ယောက်ကိုမျှလည်း မညှဥ်းဆဲဘဲ ပစ္စေကဗောဓိဉာဏ်ကို ရ၏၊ ထိုပစ္စေကဗုဒ္ဓါအရှင် သည် သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်းအဖော်ကိုမူကား အဘယ်မှာအလိုရှိပါ တော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၂။ ‘‘‘သံသဂ္ဂဇာတဿ ဘဝန္တိ သ္နေဟာ, သ္နေဟနွယံ ဒုက္ခမိဒံ ပဟောတိ၊
အာဒီနဝံ သ္နေဟဇံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၂။ ရောနှောစပ်ယှဥ်မှု ‘သံသဂ္ဂ’ ဖြစ်နေသူအား ချစ်ခင်မှု ‘သ္နေဟ’ ဖြစ်ရသည့်အပြင် ချစ်ခင်မှု ‘သ္နေဟ’ သို့ အစဥ်လိုက်သော ဤဆင်းရဲအမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု ‘သ္နေဟ’ ကြောင့်ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။
၉၃။ ‘‘‘မိတ္တေ သုဟဇ္ဇေ အနုကမ္ပမာနော, ဟာပေတိ အတ္ထံ ပဋိဗဒ္ဓစိတ္တော၊
ဧတံ ဘယံ သန္ထဝေ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၃။ အဆွေခင်ပွန်းတို့ကိုလည်းကောင်း၊ ချစ်ကျွမ်းဝင်သူတို့ကိုလည်းကောင်း အစဥ်သနား သည်ဖြစ်၍ (ထိုသူတို့၌) နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုးစီးပွါးအားလုံးကို ဆုတ်ယုတ်စေ၏။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံမှု၌ ဤအကျိုးဆုတ်ယုတ်မှုဟူသော ဘေးကို (ဉာဏ်ဖြင့်) ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၄။ ‘‘‘ဝံသော ဝိသာလောဝ ယထာ ဝိသတ္တော, ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ၊
ဝံသေ ကဠီရောဝ အသဇ္ဇမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၄။ ‘ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့’ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း ငဲ့ကွက်မှုချစ်ခြင်း ‘တဏှာ’ သည် ထိုသားသမီး စသည်တို့၌ ငြိကပ်တွယ်တာ၏။ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက်သစ်စ ဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ်တည်သကဲ့သို့ ထို့အတူ မငြိကပ်မတွယ်တာဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၅။ ‘‘‘မိဂေါ အရညမှိ ယထာ အဗဒ္ဓေါ, ယေနိစ္ဆကံ ဂစ္ဆတိ ဂေါစရာယ၊
ဝိညူ နရော သေရိတံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၅။ ‘သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့ မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန် သွားနိုင်သကဲ့သို့’ ပညာရှိသော ယောကျာ်းသည် (သူတစ်ပါးနှင့်မစပ်ဘဲ) မိမိအလို ဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၆။ ‘‘‘အာမန္တနာ ဟောတိ သဟာယမဇ္ဈေ, ဝါသေ စ [ဝါသေ (သီ။ သျာ။) သုတ္တနိပါတေပိ ‘‘စ‘‘ကာရော နတ္ထိ] ဌာနေ ဂမနေ စာရိကာယ၊
အနဘိဇ္ဈိတံ သေရိတံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၆။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော်လည်းကောင်း၊ ရပ်တည်ရာ၌သော်လည်းကောင်း၊ သွားရာ၌သော်လည်းကောင်း၊ လှည့်လည်ရာ၌သော် လည်းကောင်း (သူတစ်ပါးတို့) အတောင်းခံရ၏။ (ထို့ကြောင့်) သူတစ်ပါးတို့ မမက်မောအပ်သော မိမိအလို ဆန္ဒအတိုင်းဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၇။ ‘‘‘ခိဍ္ဍာ ရတီ ဟောတိ သဟာယမဇ္ဈေ, ပုတ္တေသု ပေမံ ဝိပုလဉ္စ ဟောတိ၊
ပိယဝိပ္ပယောဂံ ဝိဇိဂုစ္ဆမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၇။ အပေါင်းအဖော်အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်၌) မွေ့လျော်ခြင်းသည်ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့်များပြားသော ချစ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၈။ ‘‘‘စာတုဒ္ဒိသော အပ္ပဋိဃော စ ဟောတိ, သန္တုဿမာနော ဣတရီတရေန၊
ပရိဿယာနံ သဟိတာ အဆမ္ဘီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၈။ ဆိုးကောင်း, ယုတ်မြတ် ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ် လေးမျက်နှာတို့၌မေတ္တာဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာ နေရသူ၊ သတ္တဝါတို့၌ ထိပါးမှု မရှိသူ ဖြစ်သည့်အပြင်အတွင်းအပဘေးရန်တို့ကို သည်းခံနိုင်သူ၊ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၉၉။ ‘‘‘ဒုဿင်္ဂဟာ ပဗ္ဗဇိတာပိ ဧကေ, အထော ဂဟဋ္ဌာ ဃရမာဝသန္တာ၊
အပ္ပေါဿုက္ကော ပရပုတ္တေသု ဟုတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၉၉။ အချို့သော ရဟန်းတို့ကိုလည်းကောင်း၊ အချို့သော အိမ်နေသူ လူတို့ကိုလည်း ကောင်း ချီးမြှောက်ရန် ခဲယဥ်းလှကုန်၏။ ဤသို့ သိသောကြောင့် သူတစ်ပါး သားသမီးတို့၌ ကြောင့်ကြမဲ့ ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၀။ ‘‘‘ဩရောပယိတွာ ဂိဟိဗျဉ္ဇနာနိ, သဉ္ဆိန္နပတ္တော ယထာ ကောဝိဠာရော၊
ဆေတွာန ဝီရော ဂိဟိဗန္ဓနာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၀။ လုံ့လဝီရိယရှိသူသည် လူ၏ အသွင်အပြင်တို့ကို ပယ်ချ၍ ‘အရွက်ကြွေကျပြီးသော ပင်လယ်ကသစ်ပင်ကဲ့သို့’ လူ၌ ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ်တောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၁။ ‘‘‘သစေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ, စရေယျ တေနတ္တမနော သတီမာ။
၁၀၁။ ရင့်ကျက်သည့် ပညာရှိသော, ကောင်းစွာ နေလေ့ရှိသော, ဝီရိယမလျော့သော အတူတကွကျင့်ဖက် မိတ်ဆွေကောင်းကို ရခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ဝမ်းမြောက်ဝမ်းသာ သတိရှိသည် ဖြစ်၍ အတွင်းအပ ဘေးရန်အားလုံးတို့ကို လွှမ်းမိုးလျက် ကျင့်ရာ၏။
၁၀၂။ ‘‘‘နော စေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ, ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၁၀၂။ ရင့်ကျက်သည့် ပညာရှိသော, ကောင်းစွာ နေလေ့ရှိသော, ဝီရိယမလျော့သော အတူတကွကျင့်ဖက် မိတ်ဆွေကောင်းကို မရခဲ့မူ ‘မင်းသည် မိမိအောင်နိုင်ပြီးသော တိုင်းနိုင်ငံကို ပယ်စွန့်ကာ တစ်ယောက်တည်း ကျင့်သကဲ့သို့လည်းကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည် တစ်ကောင်တည်း လှည့်လည်သကဲ့သို့လည်းကောင်း’ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၃။ ‘‘‘အဒ္ဓါ ပသံသာမ သဟာယသမ္ပဒံ, သေဋ္ဌာ သမာ သေဝိတဗ္ဗာ သဟာယာ၊
ဧတေ အလဒ္ဓါ အနဝဇ္ဇဘောဇီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၃။ အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါကုန်၏၊ သီလ စသည်တို့ဖြင့် မိမိထက်မြတ်သော အပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိနှင့်တူသော အပေါင်းအဖော်တို့ကိုလည်းကောင်း မှီဝဲပေါင်းသင်းထိုက်ကုန်၏။ ဤသို့သော အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဥ်ကို သုံးဆောင်မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၄။ ‘‘‘ဒိသွာ သုဝဏ္ဏဿ ပဘဿရာနိ, ကမ္မာရပုတ္တေန သုနိဋ္ဌိတာနိ၊
သံဃဋ္ဋမာနာနိ ဒုဝေ ဘုဇသ္မိံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၄။ ရွှေပန်းထိမ်သည်သားသည် ကောင်းစွာ ပြုလုပ်ပြီးကုန်သော, လက်၌ နှစ်ဆင့်ဝတ် ထားသော, ရွှေရောင်တလက်လက်ထွက်သော ရွှေလက်ကောက်တို့ အချင်းချင်း ထိခိုက်ကြသည် တို့ကို မြင်ရ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၅။ ‘‘‘ဧဝံ ဒုတီယေန သဟာ မမဿ, ဝါစာဘိလာပေါ အဘိသဇ္ဇနာ ဝါ၊
ဧတံ ဘယံ အာယတိံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၅။ အဖော်နှင့်တကွ ဤသို့ စကားပြောရခြင်းသည်လည်းကောင်း၊ အလွန်ကပ်ငြိ စွဲလမ်းခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ခဲ့ရာ၏။ နောင်အခါ ဖြစ်မည့် ဤသို့သော ဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၆။ ‘‘‘ကာမာ ဟိ စိတြာ မဓုရာ မနောရမာ, ဝိရူပရူပေန မထေန္တိ စိတ္တံ၊
အာဒီနဝံ ကာမဂုဏေသု ဒိသွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၆။ “ဆန်းကြယ်ကုန်, သာယာဖွယ် ဖြစ်ကုန်သော, စိတ်ပျော်မွေ့ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့သည် ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကို မွှေနှောက်ချောက်ချားတတ် ကုန်၏”ဟုကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၇။ ‘‘‘ဤတီ စ ဂဏ္ဍော စ ဥပဒ္ဒဝေါ စ, ရောဂေါ စ သလ္လဉ္စ ဘယဉ္စ မေတံ၊
ဧတံ ဘယံ ကာမဂုဏေသု ဒိသွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၇။ “ဤကာမဂုဏ်သည် ဘေးရန်လည်း မည်၏၊ အိုင်းအမာလည်း မည်၏၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါလည်း မည်၏၊ အနာရောဂါလည်း မည်၏၊ ငြောင့်တံသင်းလည်း မည်၏၊ ဘေးလည်းမည်၏”ဟု ကာမဂုဏ်တို့၌ ဤသို့သော ဘေးကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၈။ ‘‘‘သီတဉ္စ ဥဏှဉ္စ ခုဒံ ပိပါသံ, ဝါတာတပေ ဍံသသရီသပေ [ဍံသသိရိံသပေ (သီ။ သျာ။)] စ၊
သဗ္ဗာနိပေတာနိ အဘိဗ္ဘဝိတွာ [အဘိသံဘဝိတွာ (သုတ္တနိပါတေ)], ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၈။ အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ ဆာလောင်ခြင်းကိုလည်းကောင်း၊ မွတ်သိပ်ခြင်းကိုလည်းကောင်း၊ လေ နေပူတို့ကိုလည်းကောင်း၊ ခြင်, မှက်, မြွေ, ကင်း, သန်းတို့ကိုလည်းကောင်း ဤအလုံးစုံတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၀၉။ ‘‘‘နာဂေါဝ ယူထာနိ ဝိဝဇ္ဇယိတွာ, သဉ္ဇာတခန္ဓော ပဒုမီ ဥဠာရော၊
ယထာဘိရန္တံ ဝိဟရံ အရညေ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၀၉။ ‘ကောင်းသော လုံးရပ်, သဏ္ဌာန်, ကြန်အင်လက္ခဏာရှိသော ပဒုမ္မာကြာအဆင်းရှိ၍ မြင့်မြတ်သောဆင်ပြောင်ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ်စွန့်ခွာလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့’ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၀။ ‘‘‘အဋ္ဌာနတံ သင်္ဂဏိကာရတဿ, ယံ ဖဿယေ [ဖုဿယေ (သျာ။)] သာမယိကံ ဝိမုတ္တိံ၊
အာဒိစ္စဗန္ဓုဿ ဝစော နိသမ္မ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၀။ “အပေါင်းအဖော်၌ မွေ့လျော်သူအား (ဝင်စားဆဲ၌) ကိလေသာမှ လွတ်မြောက်မှု လောကီသမာပတ်ကို ရနိုင်ရာ၏”ဟူသော အကြောင်းမျိုးသည် အကြောင်းမှန် မဟုတ်နိုင်၊ ဤသို့လျှင် နေမင်း၏ အဆွေဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါ၏ စကားတော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၁။ ‘‘‘ဒိဋ္ဌီဝိသူကာနိ ဥပါတိဝတ္တော, ပတ္တော နိယာမံ ပဋိလဒ္ဓမဂ္ဂေါ၊
ဥပ္ပန္နဉာဏောမှိ အနညနေယျော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၁။ (ငါသည် ) မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင် သောတာ ပတ္တိမဂ်သို့ ရောက်ပြီးသူ, အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ်သည် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ်ရှိသူ ဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို အလိုရှိသူသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၂။ ‘‘‘နိလ္လောလုပေါ နိက္ကုဟော နိပ္ပိပါသော, နိမ္မက္ခ [နိမ္မက္ခော (သျာ။)] နိဒ္ဓန္တကသာဝမောဟော၊
နိရာသယော [နိရာသာသော (က။)] သဗ္ဗလောကေ ဘဝိတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၂။ အာဟာရ၌ လော်လည်ခြင်းကင်းသူ၊ အံ့ဩဖွယ်ပြုခြင်းမှ ကင်းသူ၊ မွတ်သိပ်ခြင်းမှ ကင်းသူ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ၊ တွေဝေမှုဖန်ရည်ကို ထုတ်နုတ်အပ်ပြီးသူ၊ လောကအားလုံး၌ တွယ်တာမှု ‘တဏှာ’ ကင်းသူ ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၃။ ‘‘‘ပါပံ သဟာယံ ပရိဝဇ္ဇယေထ, အနတ္ထဒဿိံ ဝိသမေ နိဝိဋ္ဌံ၊
သယံ န သေဝေ ပသုတံ ပမတ္တံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၃။ အကျိုးမဲ့ကို ပြတတ်သော, ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင်တတ် သော, ကာမ၌လိုက်စားသော, ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော, ယုတ်ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ၊ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၄။ ‘‘‘ဗဟုဿုတံ ဓမ္မဓရံ ဘဇေထ, မိတ္တံ ဥဠာရံ ပဋိဘာနဝန္တံ၊
အညာယ အတ္ထာနိ ဝိနေယျ ကင်္ခံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၄။ အကြားအမြင်များ၍ တရားကို ဆောင်သူ၊ မြင့်မြတ်ပြန့်ပြောသော ပဋိဘာန်ဉာဏ် အမြင်ရှိသူ မိတ်ဆွေကို မှီဝဲဆည်းကပ်ရာ၏။ အကျိုးစီးပွါးတို့ကို သိ၍ ယုံမှားခြင်းကို ပယ် ဖျောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၅။ ‘‘‘ခိဍ္ဍံ ရတိံ ကာမသုခဉ္စ လောကေ, အနလင်္ကရိတွာ အနပေက္ခမာနော၊
ဝိဘူသဋ္ဌာနာ ဝိရတော သစ္စဝါဒီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၅။ “လောက၌ မြူးထူးခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမချမ်းသာကိုလည်းကောင်း တင့်တယ်လျောက်ပတ်၏”ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲ အတင့်အတယ်ပြုခြင်းမှ ရှောင်ကြဥ်ကာ အမှန်စကားကို ပြောဆိုလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၆။ ‘‘‘ပုတ္တဉ္စ ဒါရံ ပိတရဉ္စ မာတရံ, ဓနာနိ ဓညာနိ စ ဗန္ဓဝါနိ၊
ဟိတွာန ကာမာနိ ယထောဓိကာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၆။ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အမိကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း၊ ကောက်ပဲသီးနှံတို့ကိုလည်းကောင်း၊ မိတ်ဆွေအပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိ, မိမိတို့၏ အပိုင်းအခြားအလိုက် တည်ကုန်သော ကာမဂုဏ်တို့ကိုလည်းကောင်း စွန့်ပယ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၇။ ‘‘‘သင်္ဂေါ ဧသော ပရိတ္တမေတ္ထ သောချံ, အပ္ပဿာဒေါ ဒုက္ခမေဝေတ္ထ ဘိယျော၊
ဂဠော [ဂါဟော (သီ။) ကဏ္ဍော (သျာ။) ဂါဠှော (က။)] ဧသော ဣတိ ဉတွာ မတိမာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၇။ “ဤကာမဂုဏ်သည် သတ္တဝါတို့ ငြိတွယ်ရာ ဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်း သည် နည်းပါး၏၊ ဤကာမဂုဏ်၌ သာယာဖွယ်မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ်၌ ငါးမျှား ချိတ်နှင့် တူ၏”ဟုသိ၍ ပညာရှိသောသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၁၈။ ‘‘‘သန္ဒာလယိတွာန သံယောဇနာနိ, ဇာလံဝ ဘေတွာ သလိလမ္ဗုစာရီ၊
အဂ္ဂီဝ ဒဍ္ဎံ အနိဝတ္တမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၈။ ‘ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိ သွားသကဲ့ သို့’ (သံယောဇဥ်) အနှောင်အဖွဲ့တို့ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် ‘မီးသည် လောင် ကျွမ်းပြီးရာအရပ်သို့ ပြန်လှည့်မလာသကဲ့သို့’ (ကာမဂုဏ်တောသို့ ပြန်မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။
၁၁၉။ ‘‘‘ဩက္ခိတ္တစက္ခူ န စ ပါဒလောလော, ဂုတ္တိန္ဒြိယော ရက္ခိတမာနသာနော၊
အနဝဿုတော အပရိဍယှမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၁၉။ အောက်သို့ မျက်လွှာချသည် ဖြစ်၍ ခြေထောက် မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣန္ဒြေ, စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ်၊ ကိလေသာမီးလည်း မလောင်မြိုက်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၀။ ‘‘‘ဩဟာရယိတွာ ဂိဟိဗျဉ္ဇနာနိ, သဉ္ဆန္နပတ္တော ယထာ ပါရိဆတ္တော၊
ကာသာယဝတ္ထော အဘိနိက္ခမိတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၀။ လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် ‘ကောင်းစွာ ဖုံးလွှမ်းထား သော အရွက်ရှိသော ပင်လယ်ကသစ်ပင်ကဲ့သို့’ ဖန်ရည်ဆိုး အဝတ်သင်္ကန်းတို့ကို ဝတ်ရုံဖုံး လွှမ်းလျက်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၁။ ‘‘‘ရသေသု ဂေဓံ အကရံ အလောလော, အနညပေါသီ သပဒါနစာရီ၊
ကုလေ ကုလေ အပ္ပဋိဗဒ္ဓစိတ္တော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၁။ ရသာရုံ၌လည်း တပ်မက်မောခြင်းကို မပြု၊ လျှပ်ပေါ်သော တဏှာလည်း မရှိ၊ သူတစ်ပါးတို့ မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဥ်အတိုင်း ဆွမ်းခံလှည့်လည်လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သောစိတ် မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၂။ ‘‘‘ပဟာယ ပဉ္စာဝရဏာနိ စေတသော, ဥပက္ကိလေသေ ဗျပနုဇ္ဇ သဗ္ဗေ၊
အနိဿိတော ဆေဇ္ဇ သိနေဟဒေါသံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၂။ စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူးကြောင်း တို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်းတဏှာဟူသော ‘သိနေဟ’ နှင့် အမျက် ဒေါသကို ဖြတ်တောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၃။ ‘‘‘ဝိပိဋ္ဌိကတွာန သုခဉ္စ ဒုက္ခံ, ပုဗ္ဗေဝ သောမနဿဒေါမနဿံ၊
လဒ္ဓါနုပေက္ခံ သမထံ ဝိသုဒ္ဓံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၃။ ချမ်းသာ ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲ ‘ဒုက္ခ’ ကိုလည်းကောင်း၊ ဝမ်းမြောက်ခြင်း ‘သောမနဿ’ ကိုလည်းကောင်း၊ နှလုံးမသာခြင်း ‘ဒေါမနဿ’ ကိုလည်းကောင်း ရှေးအဖို့ (ဥပစာရ) ၌ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်းထားလျက် အထူးသဖြင့် စင်ကြယ်၍ ငြိမ်သက်တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၄။ ‘‘‘အာရဒ္ဓဝီရိယော ပရမတ္ထပတ္တိယာ, အလီနစိတ္တော အကုသီတဝုတ္တိ၊
ဒဠှနိက္ကမော ထာမဗလူပပန္နော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၄။ နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ, မဆုတ်နစ်သောစိတ်, မပျင်းရိသော ဖြစ်ခြင်း, မြဲမြံသော ဝီရိယရှိသည် ဖြစ်၍ ကိုယ်အား, ဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၅။ ‘‘‘ပဋိသလ္လာနံ ဈာနမရိဉ္စမာနော, ဓမ္မေသု နိစ္စံ အနုဓမ္မစာရီ၊
အာဒီနဝံ သမ္မသိတာ ဘဝေသု, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၅။ တစ်ယောက်တည်း ကိန်းအောင်းခြင်းကိုလည်းကောင်း၊ ဈာန်ကိုလည်းကောင်း မကင်းဆိတ်စေမူ၍ ခန္ဓာငါးပါးတရားတို့၌ အစဥ်တစိုက် လိုက်သော ဝိပဿနာအကျင့်ကို အမြဲ ကျင့်သည် ဖြစ်၍ ဘဝတို့၌အပြစ်ကို ဆင်ခြင်သုံးသပ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့် ရာ၏။
၁၂၆။ ‘‘‘တဏှက္ခယံ ပတ္ထယမပ္ပမတ္တော, အနေဠမူဂေါ သုတဝါ သတီမာ၊
သင်္ခါတဓမ္မော နိယတော ပဓာနဝါ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၆။ တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့, မလျော့ မထိုင်း, မအဘဲ အကြား အမြင် ‘သုတ’၊ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ ပိုင်းခြားသိအပ်ပြီးသော တရားရှိသူ, အရိယာမဂ်ဖြင့် မြဲခြင်းသို့ရောက်ပြီးသူ, သမ္မပ္ပဓာန်လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၇။ ‘‘‘သီဟောဝ သဒ္ဒေသု အသန္တသန္တော, ဝါတောဝ ဇာလမှိ အသဇ္ဇမာနော၊
ပဒုမံဝ တောယေန အလိမ္ပမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၇။ ‘ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့’ အနိစ္စ စသည်တို့ကြောင့် မထိတ်လန့်ဘဲ ‘လေသည် ပိုက်ကွန်၌ မကပ်ငြိသကဲ့သို့’ ခန္ဓာစသည်တို့၌ မကပ်ငြိဘဲ ‘ပဒုမ္မာ ကြာသည် ရေဖြင့်မလိမ်းကျံသကဲ့သို့’ ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၈။ ‘‘‘သီဟော ယထာ ဒါဌဗလီ ပသယှ, ရာဇာ မိဂါနံ အဘိဘုယျ စာရီ၊
သေဝေထ ပန္တာနိ သေနာသနာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၈။ ‘အစွယ်ဟူသော အားရှိသော ခြင်္သေ့မင်းသည် သားကောင်တို့ကို နှိပ်စက်လွှမ်းမိုး၍ လှည့်လည်သွားလာသကဲ့သို့’ ဝေးသော ကျောင်း အိပ်ရာ နေရာတို့ကို မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၂၉။ ‘‘‘မေတ္တံ ဥပေက္ခံ ကရုဏံ ဝိမုတ္တိံ, အာသေဝမာနော မုဒိတဉ္စ ကာလေ၊
သဗ္ဗေန လောကေန အဝိရုဇ္ဈမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၂၉။ တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း ‘မေတ္တာ’ ကိုလည်း ကောင်း၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကိုလည်းကောင်း၊ သနားမှု ‘ကရုဏာ’ ကိုလည်းကောင်း၊ ဝမ်းမြောက်မှု ‘မုဒိတာ’ ကိုလည်းကောင်း မှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချို ပမာတစ်ယောက်တည်း ကျင့်ရာ၏။
၁၃၀။ ‘‘‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, သန္ဒာလယိတွာန သံယောဇနာနိ၊
အသန္တသံ ဇီဝိတသင်္ခယမှိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၃၀။ တပ်စွန်းမှု ‘ရာဂ’ ကိုလည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’ ကိုလည်းကောင်း၊ တွေဝေမှု ‘မောဟ’ ကိုလည်းကောင်း ပယ်စွန့်လျက် သံယောဇဥ်အနှောင်အဖွဲ့တို့ကို ဖြတ်တောက်ကာ အသက်ကုန်ဆုံးခြင်း၌ ထိတ်လန့်မှု မရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၃၁။ ‘‘‘ဘဇန္တိ သေဝန္တိ စ ကာရဏတ္ထာ, နိက္ကာရဏာ ဒုလ္လဘာ အဇ္ဇ မိတ္တာ၊
အတ္တတ္ထပညာ အသုစီမနုဿာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။
၁၃၁။ ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွားဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြကုန်၏၊ မှီဝဲကြကုန်၏၊ ကိုယ်ကျိုးကိုယ်စီးပွားဟူသော အကြောင်းမရှိ ကုန်ဘဲ ဆည်းကပ်မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန်၏၊ မစင်ကြယ်သော လူတို့သည် ကိုယ်ကျိုးကိုယ်စီးပွားကိုသာ မြင်စွမ်းနိုင်သည့် ပညာရှိကုန်၏၊ (ထိုသို့သဘောရှိသောသူတို့မှ ငြီးငွေ့သည်ဖြစ်၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။
၁၃၂။ ‘‘‘ဝိသုဒ္ဓသီလာ သုဝိသုဒ္ဓပညာ, သမာဟိတာ ဇာဂရိယာနုယုတ္တာ၊
ဝိပဿကာ ဓမ္မဝိသေသဒဿီ, မဂ္ဂင်္ဂဗောဇ္ဈင်္ဂဂတေ ဝိဇညာ။
၁၃၂-၁၃၃။ အထူးသဖြင့် စင်ကြယ်သည့် (စတုပါရိသုဒ္ဓိ) သီလရှိကုန်သော ၊ စင်ကြယ် သော မဂ်ဖိုလ်ပညာရှိကုန်သော ၊ တည်ကြည်သော ‘သမာဓိ’ ရှိကုန်သော ၊ နိုးကြားခြင်း၌ မပြတ်ယှဥ်ကုန်သော ၊ (တရားကို) ရှုလေ့ရှိကုန်သော ၊ တရားအထူးကို မြင်လေ့ရှိကုန်သော ၊ မဂ္ဂင်, ဗောဇ္ဈင်တို့နှင့်ယှဥ်သောတရားတို့ကို သိကုန်သော အကြင်ပစ္စေကဗုဒ္ဓါတို့သည် (အနတ္တာ နုပဿနာ အစွမ်းဖြင့်) သုညတဝိမောက္ခကိုလည်းကောင်း၊ (ဒုက္ခာနုပဿနာ အစွမ်းဖြင့်) အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း၊ ထို့အတူ (အနိစ္စာနုပဿနာအစွမ်းဖြင့်) အနိမိတ္တ ဝိမောက္ခကိုလည်းကောင်း မှီဝဲသောအားဖြင့် ပွါးများ၍ မြတ်စွာဘုရား သာသနာတော်၌ တပည့် ‘သာဝက’ အဖြစ်သို့ မရောက်ကြကုန်။ ထိုပစ္စေကဗုဒ္ဓါဘုရားလောင်းတို့သည် အလိုလို သိသော ပစ္စေကဗုဒ္ဓါတို့ ဖြစ်ကုန်၏။
၁၃၃။ ‘‘‘သုညပ္ပဏိဓိဉ္စ တထာနိမိတ္တံ [သုညတပ္ပဏီဟိတဉ္စာနိမိတ္တံ (သီ။)], အာသေဝယိတွာ ဇိနသာသနမှိ၊
ယေ သာဝကတ္တံ န ဝဇန္တိ ဓီရာ, ဘဝန္တိ ပစ္စေကဇိနာ သယမ္ဘူ။
၁၃၄။ ‘‘‘မဟန္တဓမ္မာ ဗဟုဓမ္မကာယာ, စိတ္တိဿရာ သဗ္ဗဒုက္ခောဃတိဏ္ဏာ၊
ဥဒဂ္ဂစိတ္တာ ပရမတ္ထဒဿီ, သီဟောပမာ ခဂ္ဂဝိသာဏကပ္ပါ။
၁၃၄-၁၃၅။ များသော တရားရှိကုန်သော ၊ များစွာသော တရားတည်းဟူသော ကိုယ်ရှိ ကုန်သော ၊ စိတ်ကို အစိုးရကုန်သော ၊ ခပ်သိမ်းသော ဆင်းရဲအလျဥ်ကို ကူးမြောက်ပြီးကုန် သော၊ တက်ကြွသောစိတ်ရှိကုန်သော ၊ မြတ်သော နိဗ္ဗာန်ကို မြင်လေ့ရှိကုန်သော ၊ ခြင်္သေ့မင်း နှင့် တူကုန်သော ၊ ကြံ့ချိုနှင့်တူကုန်သော ၊ ငြိမ်သက်သော ဣန္ဒြေရှိကုန်သော ၊ ငြိမ်သက်သော စိတ်ရှိကုန်သော ၊ တည်ကြည်သော ‘သမာဓိ’ ရှိကုန်သော ၊ ပစ္စန္တရစ်၌ ဖြစ်သော သတ္တဝါတို့၌ သနား ‘ကရုဏာ’ စသည်ဖြင့် ကျက်စားသော အာရုံရှိကုန်သော ၊ သူတစ်ပါးအကျိုးစီးပွားကို ပြတတ်ကုန်သော ၊ ဤလောက၌ ပညာရောင်ဖြင့် တောက်ပကုန်သော ဤပစ္စေကဗုဒ္ဓါတို့သည် အကျိုးစီးပွားကို အမြဲဆောင်ကုန်၏။
၁၃၅။ ‘‘‘သန္တိန္ဒြိယာ သန္တမနာ သမာဓီ, ပစ္စန္တသတ္တေသု ပတိပ္ပစာရာ [ပစ္စတ္တဂမ္ဘီရမတပ္ပစာရာ (သီ။)]၊
ဒီပါ ပရတ္ထ ဣဓ ဝိဇ္ဇလန္တာ, ပစ္စေကဗုဒ္ဓါ သတတံ ဟိတာမေ။
၁၃၆။ ‘‘‘ပဟီနသဗ္ဗာဝရဏာ ဇနိန္ဒာ, လောကပ္ပဒီပါ ဃနကဉ္စနာဘာ၊
နိဿံသယံ လောကသုဒက္ခိဏေယျာ, ပစ္စေကဗုဒ္ဓါ သတတပ္ပိတာမေ။
၁၃၆။ (နီဝရဏ) တရားအားလုံးတို့ကို ပယ်ပြီးဖြစ်ကုန်သော ၊ လူတို့ကို အစိုးရကုန်သော ၊ လူတို့ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်ကုန်သော ၊ တစ်ခဲနက်သော ရွှေနှင့်တူသော အရောင်ရှိကုန် သော၊ စင်စစ် လူတို့၏ မြတ်သောအလှူကို ခံထိုက်ကုန်သော ဤပစ္စေကဗုဒ္ဓါတို့သည် အမြဲ ဝင်စားအပ်သော သမာပတ်ရှိကုန်၏။
၁၃၇။ ‘‘‘ပစ္စေကဗုဒ္ဓါနံ သုဘာသိတာနိ, စရန္တိ လောကမှိ သဒေဝကမှိ၊
သုတွာ တထာ ယေ န ကရောန္တိ ဗာလာ, စရန္တိ ဒုက္ခေသု ပုနပ္ပုနံ တေ။
၁၃၇။ ပစ္စေကဗုဒ္ဓါတို့၏ ကောင်းစွာ ဟောအပ်သော တရားတို့ကို နာကြကုန်လျက် နတ်နှင့်တကွသော လောက၌ (ဟောတော်မူတိုင်း) လိုက်နာကျင့်ကြံကြကုန်၏၊ အကြင်လူမိုက် တို့သည် (ဟောတော်မူတိုင်း) မလိုက်နာကြကုန်၊ ထိုလူမိုက်တို့သည် ဝဋ်ဆင်းရဲတို့၌ အဖန် တလဲလဲ ကျင်လည်ကြရကုန်၏။
၁၃၈။ ‘‘‘ပစ္စေကဗုဒ္ဓါနံ သုဘာသိတာနိ, မဓုံ ယထာ ခုဒ္ဒမဝဿဝန္တံ၊
သုတွာ တထာ ယေ ပဋိပတ္တိယုတ္တာ, ဘဝန္တိ တေ သစ္စဒသာ သပညာ’။
၁၃၈။ ‘ယိုစီးသော ပျားငယ်ရည်ကဲ့သို့’ ပစ္စေကဗုဒ္ဓါတို့၏ ကောင်းစွာ ဟောတော်မူအပ် သောတရားတို့ကို ကြားနာရကုန်၍ အကြင်သူတို့သည် ကြားနာရသည့်အတိုင်း အကျင့်နှင့် ယှဥ်ကုန်၏၊ ပညာရှိကုန်သော ထိုသူတို့သည် သစ္စာလေးပါးတရားကို သိမြင်ရကုန်၏။
၁၃၉။ ‘‘ပစ္စေကဗုဒ္ဓေဟိ ဇိနေဟိ ဘာသိတာ, ကထာ [ဂါထာ (သီ။ သျာ။)] ဥဠာရာ အဘိနိက္ခမိတွာ၊
တာ သကျသီဟေန နရုတ္တမေန, ပကာသိတာ ဓမ္မဝိဇာနနတ္ထံ။
၁၃၉။ ပစ္စေကဗုဒ္ဓါဘုရားတို့သည် ဟောတော်မူအပ်ကုန်သော မြတ်သောထိုတရားတို့ကို တောထွက်တော်မူ၍ သာကီဝင်မင်းတို့ထက်မြတ်သော လူတို့ထက်မြတ်သော ဘုရားရှင်သည် လောကုတ္တရာတရား ကိုးပါးကို သိစေခြင်းငှါ ပြတော်မူ၏။
၁၄၀။ ‘‘လောကာနုကမ္ပာယ ဣမာနိ တေသံ, ပစ္စေကဗုဒ္ဓါန ဝိကုဗ္ဗိတာနိ၊
သံဝေဂသင်္ဂမတိဝဍ္ဎနတ္ထံ, သယမ္ဘုသီဟေန ပကာသိတာနီ’’တိ။
ပစ္စေကဗုဒ္ဓါပဒါနံ သမတ္တံ။
၁၄၀။ လူအပေါင်းကို သနားတော်မူသဖြင့် ထိုပစ္စေကဗုဒ္ဓါရှင်တို့ ဤသို့ဟောတော်မူအပ် သော တရားတို့ကို (သံသရာ၌) ထိတ်လန့်ခြင်း, ကပ်ငြိခြင်း ကင်းခြင်းငှါလည်းကောင်း၊ ပညာပွါးစေခြင်းငှါလည်းကောင်း အလိုလိုသိသော ဘုရားမြတ်သည် ထင်ရှားပြတော်မူအပ် ကုန်၏။ ။ ပစ္စေကဗုဒ္ဓအပဒါန ပြီး၏။ ၃-၁-သာရိပုတ္တတ္ထေရအပဒါန ပစ္စေကဗုဒ္ဓအပဒါန၏ အခြားမဲ့၌ ထေရအပဒါနကို နာကြကုန်လော့-
၃-၁။ သာရိပုတ္တတ္ထေရအပဒါနံ
အထ ထေရာပဒါနံ သုဏာထ –
၁၄၁။ ‘‘ဟိမဝန္တဿ အဝိဒူရေ, လမ္ဗကော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, ပဏ္ဏသာလာ သုမာပိတာ။
၁၄၁။ ဟိမဝန္တာတောင်၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ (ထိုတောင်၌) ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ပြုအပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန်ဆင်းအပ်၏။
၁၄၂။ ‘‘ဥတ္တာနကူလာ နဒိကာ, သုပတိတ္ထာ မနောရမာ၊
သုသုဒ္ဓပုဠိနာကိဏ္ဏာ, အဝိဒူရေ မမဿမံ။
၁၄၂။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အလွန် မတ်စောက်သော ကမ်းပါးရှိသည် ဖြစ်၍ ကောင်းသောဆိပ်ကမ်းရှိသော မြစ်ငယ်သည် နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ် ကောင်း၏၊ (ပုလဲ အသွင်) ဖြူစင်သောသဲပြင်လည်း ရှိ၏။
၁၄၃။ ‘‘အသက္ခရာ အပဗ္ဘာရာ, သာဒု အပ္ပဋိဂန္ဓိကာ၊
သန္ဒတီ နဒိကာ တတ္ထ, သောဘယန္တာ မမဿမံ။
၁၄၃။ ထိုသင်္ခမ်းကျောင်းအနီး၌ ကျောက်စရစ် ကင်း၍ အလွန်မနက်ရှိုင်းသော, စက်ဆုပ် ဖွယ်ရနံ့ကင်းသောကြောင့် ချိုမြိန်သော ရေရှိသော မြစ်ငယ်သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက်စီးဆင်း၏။
၁၄၄။ ‘‘ကုမ္ဘီလာ မကရာ စေတ္ထ, သုသုမာရာ [သုံသုမာရာ (သီ။ သျာ။ )] စ ကစ္ဆပါ၊
စရန္တိ နဒိယာ တတ္ထ, သောဘယန္တာ မမဿမံ။
၁၄၄။ ဤမြစ်ငယ်၌ မိကျောင်း, မကန်းတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော ငါးတို့သည်လည်းကောင်း၊ လိပ်တို့သည်လည်းကောင်း ငါ၏သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက့်ထိုသင်္ခမ်းကျောင်းအနီး၌ ဖြစ်သော မြစ်၌ ကျက်စားကုန်၏။
၁၄၅။ ‘‘ပါဌီနာ ပါဝုသာ မစ္ဆာ, ဗလဇာ [ဝဇလာ (သီ။ သျာ။) ဇလဇာ (ပီ။)] မုဉ္ဇရောဟိတာ၊
ဝဂ္ဂဠာ [ဝဂ္ဂုလာ (သီ။) ဝဂ္ဂုဠာ (သျာ။) မဂ္ဂုရာ (ထေရဂါထာ)] ပပတာယန္တာ, သောဘယန္တိ [ပပတာယန္တိ, သောဘယန္တာ (က။)] မမဿမံ။
၁၄၅။ ငါးဖယ်, ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်း, ငါးခူတို့သည်လည်းကောင်း ထိုမှဤမှ ခုန်ပျံမြူးထူးကြကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေ ကုန်၏။
၁၄၆။ ‘‘ဥဘော ကူလေသု နဒိယာ, ပုပ္ဖိနော ဖလိနော ဒုမာ၊
ဥဘတော အဘိလမ္ဗန္တာ, သောဘယန္တိ [အဘိလမ္ဗန္တိ သောဘယန္တာ (က။)] မမဿမံ။
၁၄၆။ မြစ်၏ ကမ်းနှစ်ဖက်တို့၌ အပွင့်အသီးရှိကုန်သော သစ်ပင်တို့သည် ကမ်းနှစ်ဖက် တို့မှတွဲရရွဲကျကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၁၄၇။ ‘‘အမ္ဗာ သာလာ စ တိလကာ, ပါဋလီ သိန္ဒုဝါရကာ [သိန္ဒုဝါရိကာ (ဗဟူသု)]၊
ဒိဗ္ဗဂန္ဓာ သမ္ပဝန္တိ, ပုပ္ဖိတာ မမ အဿမေ။
၁၄၇။ သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်တို့သည်လည်းကောင်း၊ သခွတ်ပင်, ရေဥနှဲပန်းပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သော ကြောင့် နတ်ပန်းရနံ့ကဲ့သို့သော ရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်း၌ ထက်ဝန်းကျင် သင်းပျံ့ကြိုင်လှိုင်ကုန်၏။
၁၄၈။ ‘‘စမ္ပကာ သဠလာ နီပါ [နိမ္ဗာ (က။)], နာဂပုန္နာဂကေတကာ၊
ဒိဗ္ဗဂန္ဓာ သမ္ပဝန္တိ, ပုပ္ဖိတာ မမ အဿမေ။
၁၄၈။ စံကားပင်, ထင်းရှူးပင်, ကျည်းပင်တို့သည်လည်းကောင်း၊ ကံ့ကော်ပင်, ပုန်း ညက်ပင်, ဆပ်သွားပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သည် ဖြစ်၍ နတ်ပန်း ရနံ့ကဲ့သို့သောရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်း၌ ထက်ဝန်းကျင် သင်းပျံ့ကြိုင်လှိုင်ကုန်၏။
၁၄၉။ ‘‘အတိမုတ္တာ အသောကာ စ, ဘဂိနီမာလာ စ ပုပ္ဖိတာ၊
အင်္ကောလာ ဗိမ္ဗိဇာလာ [ဗိမ္ဗဇာလာ (က။)] စ, ပုပ္ဖိတာ မမ အဿမေ။
၁၄၉။ ငါ၏ သင်္ခမ်းကျောင်း၌ စစ်ကြီးပင်, သော်ကပင်, ဘဂိနီမာလာပင်တို့သည် အမြဲ မပြတ် ပွင့်၍ နေကြကုန်၏၊ မှန်ကူပင်, မျက်နှာပန်းပင်တို့သည်လည်း အမြဲမပြတ် ပွင့်၍ နေ ကြကုန်၏။
၁၅၀။ ‘‘ကေတကာ ကန္ဒလိ [ကဒလီ (သျာ။)] စေဝ, ဂေါဓုကာ တိဏသူလိကာ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၁၅၀။ ဆပ်သွားဖူးပင်, ခတ္တာပင်တို့သည်လည်းကောင်း၊ ဆူးပန်းပင်, စံပယ်, ကြက်ရုန်းပင်တို့သည်လည်းကောင်း နတ်ပန်းရနံ့ကဲ့သို့သော ရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၁၅၁။ ‘‘ကဏိကာရာ ကဏ္ဏိကာ စ, အသနာ အဇ္ဇုနာ ဗဟူ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၁၅၁။ မဟာလှေကားကြီး, မဟာလှေကားကလေးပင်တို့သည်လည်းကောင်း၊ များစွာ သောပိတောက်ပင်, ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်) တို့သည်လည်းကောင်း နတ်ပန်းရနံ့ ကဲ့သို့သော ရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၁၅၂။ ‘‘ပုန္နာဂါ ဂိရိပုန္နာဂါ, ကောဝိဠာရာ စ ပုပ္ဖိတာ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၁၅၂။ ပုန်းညက်ပင်တို့သည်လည်းကောင်း၊ တောင်ပုန်းညက်ပင်တို့သည်လည်းကောင်း၊ ပင်လယ်ကသစ်ပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကုန်သည် ဖြစ်၍ နတ်ပန်းရနံ့ကဲ့သို့ သောရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၁၅၃။ ‘‘ဥဒ္ဓါလကာ စ ကုဋဇာ, ကဒမ္ဗာ ဝကုလာ ဗဟူ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၁၅၃။ ငုရွှေပင်တို့သည်လည်းကောင်း၊ လက်ထုတ်ပင်တို့သည်လည်းကောင်း၊ များစွာသောထိမ်ပင်တို့သည်လည်းကောင်း၊ ချရားပင်တို့သည်လည်းကောင်း နတ်ပန်းရနံ့ကဲ့သို့သော ရနံ့ကိုသင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၁၅၄။ ‘‘အာဠကာ ဣသိမုဂ္ဂါ စ, ကဒလိမာတုလုင်္ဂိယော၊
ဂန္ဓောဒကေန သံဝဍ္ဎာ, ဖလာနိ ဓာရယန္တိ တေ။
၁၅၄။ ပဲဘတ်ပင်, ပဲနောက်ပင်တို့သည်လည်းကောင်း၊ ငှက်ပျောပင်, ရှောက်ပင်တို့သည်လည်းကောင်းထိုသစ်ပင်တို့သည် ကောင်းစွာ ကြီးပွားကြရကုန်သည် ဖြစ်၍ အသီးတို့ကို ဆောင်ကုန်၏။
၁၅၅။ ‘‘အညေ ပုပ္ဖန္တိ ပဒုမာ, အညေ ဇာယန္တိ ကေသရီ၊
အညေ ဩပုပ္ဖါ ပဒုမာ, ပုပ္ဖိတာ တဠာကေ တဒါ။
၁၅၅။ ထိုအခါ ငါ၏ သင်္ခမ်းကျောင်းအနီး ဖြစ်သော တစ်ဖက်ဆည်ကန်၌ အချို့သော ပဒုမ္မာကြာတို့သည် ပွင့်ကြကုန်၏၊ အချို့ကား ပွင့်ပြီးကုန်သည် ဖြစ်၍ ကြာရွက်မျှသာ ရှိကုန်၏။
၁၅၆။ ‘‘ဂဗ္ဘံ ဂဏှန္တိ ပဒုမာ, နိဒ္ဓါဝန္တိ မုလာဠိယော၊
သိံဃာဋိပတ္တမာကိဏ္ဏာ, သောဘန္တိ တဠာကေ တဒါ။
၁၅၆။ ထိုအခါ တစ်ဖက်ဆည်ကန်၌ အချို့သောပဒုမ္မာကြာတို့သည် ဝတ်မှုန်တည်းဟူသော ကိုယ်ဝန်ကိုယူကုန်၏၊ ကြာစွယ်တို့ ထွက်ပေါ်ကုန်၏၊ အရွက်တို့ဖြင့် ပြွမ်းသော ကြာပင်ရုံတို့သည်တင့်တယ်ကုန်၏။
၁၅၇။ ‘‘နယိတာ အမ္ဗဂန္ဓီ စ, ဥတ္တလီ ဗန္ဓုဇီဝကာ၊
ဒိဗ္ဗဂန္ဓာ သမ္ပဝန္တိ, ပုပ္ဖိတာ တဠာကေ တဒါ။
၁၅၇။ ထိုအခါ တစ်ဖက်ဆည်ကန်၌ လံဗူးချုံတို့သည်လည်းကောင်း၊ သရက်နံ့ရှိသောပန်းပင်တို့သည်လည်းကောင်း၊ မြစ်ကိုင်းပန်းပင်တို့သည်လည်းကောင်း၊ ခေါင်ရန်းပန်းပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သည်ဖြစ်၍ နတ်ပန်းရနံ့ကဲ့သို့သော ရနံ့တို့သည် သင်းပျံ့ကြိုင်လှိုင်ကုန်၏။
၁၅၈။ ‘‘ပါဌီနာ ပါဝုသာ မစ္ဆာ, ဗလဇာ မုဉ္ဇရောဟိတာ၊
သံဂုလာ မဂ္ဂုရာ [မင်္ဂုရာ (သီ။ က။)] စေဝ, ဝသန္တိ တဠာကေ တဒါ။
၁၅၈။ ထိုအခါ တစ်ဖက်ဆည်ကန်၌ ငါးဖယ်, ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်း, ငါးနုသန်း, ငါးခူတို့သည်လည်းကောင်း နေကုန်၏။
၁၅၉။ ‘‘ကုမ္ဘီလာ သုသုမာရာ စ, တန္တိဂါဟာ စ ရက္ခသာ၊
ဩဂုဟာ [ဩဂါဟာ (သျာ။)] အဇဂရာ စ, ဝသန္တိ တဠာကေ တဒါ။
၁၅၉။ ထိုအခါ တစ်ဖက်ဆည်ကန်၌ မိကျောင်း, ကြမ်းတမ်းသော ငါး, ညံသတ္တဝါတို့သည်လည်းကောင်း၊ ရေစောင့်ဘီလူးတို့သည်လည်းကောင်း၊ ဩဂုဟမည်သော မြွေ, စပါးကြီးမြွေ တို့သည်လည်းကောင်းနေကုန်၏။
၁၆၀။ ‘‘ပါရေဝတာ ရဝိဟံသာ, စက္ကဝါကာ နဒီစရာ၊
ကောကိလာ သုကသာဠိကာ, ဥပဇီဝန္တိ တံ သရံ။
၁၆၀။ ခို, ငှက်, ဝမ်းဘဲ, စက္ကဝက်ငှက်တို့သည်လည်းကောင်း၊ တင်ကျီး, ဥဩ, ကျေး, သာလိကာတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေးကုန်၏။
၁၆၁။ ‘‘ကုက္ကုတ္ထကာ ကုဠီရကာ, ဝနေ ပေါက္ခရသာတကာ၊
ဒိန္ဒိဘာ သုဝပေါတာ စ, ဥပဇီဝန္တိ တံ သရံ။
၁၆၁။ ဘုတ်ငှက်, ပုစွန် (ငှက်) တို့သည်လည်းကောင်း၊ တော၌ သင်္ကန်းဖွပ်ငှက်, ဘုံမတီးငှက်, ငှက်ကုလားတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက် မွေးကုန်၏။
၁၆၂။ ‘‘ဟံသာ ကောဉ္စာ မယူရာ စ, ကောကိလာ တမ္ဗစူဠကာ [တမ္ဗစူဠိကာ (သီ။)]၊
ပမ္ပကာ ဇီဝံဇီဝါ စ, ဥပဇီဝန္တိ တံ သရံ။
၁၆၂။ ဟင်္သာ, ကြိုးကြာ, ဥဒေါင်းတို့သည်လည်းကောင်း၊ ဥဩ, တောကြက်, (ခရု စုတ်) ငှက်, ဇီဝဇိုးငှက်တို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေး ကုန်၏။
၁၆၃။ ‘‘ကောသိကာ ပေါဋ္ဌသီသာ စ, ကုရရာ သေနကာ ဗဟူ၊
မဟာကာဠာ စ သကုဏာ, ဥပဇီဝန္တိ တံ သရံ။
၁၆၃။ ခင်ပုပ်ငှက်, တောင်ပုတီးငှက်, ဝန်လိုငှက်တို့သည်လည်းကောင်း၊ သိမ်းစွန်ငှက်တို့သည်လည်းကောင်း၊ များစွာသော ငှက်နက်ကြီးတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေးကုန်၏။
၁၆၄။ ‘‘ပသဒါ စ ဝရာဟာ စ, စမရာ ဂဏ္ဍကာ ဗဟူ [ဝကာ ဘေရဏ္ဍကာ ဗဟူ (သီ။ သျာ။)]၊
ရောဟိစ္စာ သုကပေါတာ [သုတ္တပေါတာ (သျာ။)] စ, ဥပဇီဝန္တိ တံ သရံ။
၁၆၄။ ချေ, ဝက်, စာမရီသားကောင်, ကြံ့တို့သည်လည်းကောင်း၊ များစွာသော စိုင်တို့သည်လည်းကောင်း၊ သုကပေါတမည်သော သားတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန် ကိုအမှီပြု၍ အသက်မွေးကုန်၏။
၁၆၅။ ‘‘သီဟဗျဂ္ဃါ စ ဒီပီ စ, အစ္ဆကောကတရစ္ဆကာ၊
တိဓာ ပဘိန္နမာတင်္ဂါ, ဥပဇီဝန္တိ တံ သရံ။
၁၆၅။ ခြင်္သေ့, ကျား, သစ်, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း၊ အရပ်သုံးပါးမှ ယိုစီး ကျသောမုန်ရှိသော ဆင်တို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက် မွေးကုန်၏။
၁၆၆။ ‘‘ကိန္နရာ ဝါနရာ စေဝ, အထောပိ ဝနကမ္မိကာ၊
စေတာ စ လုဒ္ဒကာ စေဝ, ဥပဇီဝန္တိ တံ သရံ။
၁၆၆။ ကိန္နရာ, မျောက်တို့သည်လည်းကောင်း၊ ထိုမှတစ်ပါး တောအလုပ်သမား, ငါး မုဆိုး တံငါ, သားမုဆိုးတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေး ကုန်၏။
၁၆၇။ ‘‘တိန္ဒုကာနိ ပိယာလာနိ, မဓုကာ ကာသုမာရယော [ကာသမာရိယော (သျာ။)]၊
ဓုဝံ ဖလာနိ ဓာရေန္တိ, အဝိဒူရေ မမဿမံ။
၁၆၇။ တည်ပင်, လွန်ပင်တို့သည်လည်းကောင်း၊ သစ်မည်စည်ပင်, သရက်ဖြူပင်တို့သည်လည်းကောင်းငါ၏ သင်္ခမ်းကျောင်းမှ မနီးမဝေးသော အရပ်၌ အမြဲ အသီးတို့ကို ဆောင် ကုန်၏။
၁၆၈။ ‘‘ကောသမ္ဗာ [ကောသုမ္ဘာ (သီ။ သျာ။)] သဠလာ နိမ္ဗာ [သဠလာ နီပါ (သီ။ သျာ။) ပနသာ အမ္ဗာ (?)], သာဒုဖလသမာယုတာ၊
ဓုဝံ ဖလာနိ ဓာရေန္တိ, အဝိဒူရေ မမဿမံ။
၁၆၈။ ကြို့ပင်, ထင်းရှူးပင်, တမာပင်တို့သည် ကောင်းသော အသီး သီးကုန်လျက် ငါ၏သင်္ခမ်းကျောင်းမှ မနီးမဝေးသော အရပ်၌ အမြဲ အသီးတို့ကို ဆောင်ကုန်၏။
၁၆၉။ ‘‘ဟရီတကာ အာမလကာ, အမ္ဗဇမ္ဗုဝိဘီတကာ၊
ကောလာ ဘလ္လာတကာ ဗိလ္လာ, ဖလာနိ ဓာရယန္တိ တေ။
၁၆၉။ သဖန်းခါးပင်, သျှိသျှားပင်, သရက်ပင်, သပြေပင်, သစ်ဆိမ့်ပင်တို့သည်လည်း ကောင်း၊ အိမ်ဆီးပင်, ချေးပင် (သစ်စေးပင်), ဥသျှစ်ပင်တို့သည်လည်းကောင်း ထိုသစ်ပင်တို့သည် အသီးတို့ကို ဆောင်ကုန်၏။
၁၇၀။ ‘‘အာလုဝါ စ ကဠမ္ဗာ စ, ဗိဠာလီတက္ကဠာနိ စ၊
ဇီဝကာ သုတကာ စေဝ, ဗဟုကာ မမ အဿမေ။
၁၇၀။ မျောက်ပင်, သင်းတောက်ပင်, ပိန်းပင်, သတွေးပင်, ကန်စွန်းကြီးပင်တို့သည်လည်းကောင်း၊ သုတကမည်သော သစ်ပင်တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း၌ များပြားကုန်၏။
၁၇၁။ ‘‘အဿမဿာဝိဒူရမှိ, တဠာကာသုံ သုနိမ္မိတာ၊
အစ္ဆောဒကာ သီတဇလာ, သုပတိတ္ထာ မနောရမာ။
၁၇၁။ သင်္ခမ်းကျောင်း၏ အနီး၌ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော ကြည်လင်သောရေ အေးမြသောရေရှိကုန်သော ကောင်းသော ရေဆိပ်ရှိသော နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တစ်ဖက်ဆည်ကန်တို့သည် ရှိကုန်၏။
၁၇၂။ ‘‘ပဒုမုပ္ပလသဉ္ဆန္နာ, ပုဏ္ဍရီကသမာယုတာ၊
မန္ဒာလကေဟိ သဉ္ဆန္နာ, ဒိဗ္ဗဂန္ဓော ပဝါယတိ။
၁၇၂။ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော, ပုဏ္ဍရိက်ကြာတို့နှင့် ကောင်းစွာယှဥ်ကုန်သော, မျောက်လှေကူးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ရေကန်တို့သည် ဖြစ်ကုန်၏၊ နတ်ပန်းရနံ့ကဲ့သို့သော ရနံ့သည် သင်းပျံ့ကြိုင်လှိုင်၏။
၁၇၃။ ‘‘ဧဝံ သဗ္ဗင်္ဂသမ္ပန္နေ, ပုပ္ဖိတေ ဖလိတေ ဝနေ၊
သုကတေ အဿမေ ရမ္မေ, ဝိဟရာမိ အဟံ တဒါ။
၁၇၃။ ငါသည် သုရုစိရသေ့ဖြစ်စဥ်အခါ ဤသို့ အလုံးစုံသော အင်္ဂါနှင့် ပြည့်စုံသော အပွင့်, အသီးရှိသောတောဝယ် ကောင်းစွာ ပြုအပ်သော မွေ့လျော်ဖွယ်ကောင်းသော သင်္ခမ်းကျောင်း၌ နေခဲ့၏။
၁၇၄။ ‘‘သီလဝါ ဝတသမ္ပန္နော [ဝတ္တသမ္ပန္နော (သျာ။)], ဈာယီ ဈာနရတော သဒါ၊
ပဉ္စာဘိညာဗလပ္ပတ္တော, သုရုစိ နာမ တာပသော။
၁၇၄။ ငါသည် သီလရှိသော, အကျင့်နှင့် ပြည့်စုံသော, ဈာန်ဝင်စားလေ့ရှိသော, အခါ ခပ်သိမ်း ဈာန်ဖြင့်မွေ့လျော်သော, အဘိညာဥ်ငါးပါးတည်းဟူသော အားသို့ ရောက်သော သုရုစိရသေ့ ဖြစ်ခဲ့ပြီ။
၁၇၅။ ‘‘စတုဝီသသဟဿာနိ, သိဿာ မယှံ ဥပဋ္ဌဟု၊
သဗ္ဗေဝ ဗြာဟ္မဏာ ဧတေ, ဇာတိမန္တော ယသဿိနော။
၁၇၅။ နှစ်သောင်းလေးထောင်သော တပည့်တို့သည် ငါ့အား လုပ်ကျွေးကုန်၏၊ အလုံးစုံ သောထိုပုဏ္ဏားပျိုတပည့်တို့သည်လည်း ဗြာဟ္မဏမျိုး ဖြစ်ကြကုန်၏၊ ဇာတ်နှင့် ပြည့်စုံကြ ကုန်၏၊ များသောအခြံအရံ ရှိကြကုန်၏။
၁၇၆။ ‘‘လက္ခဏေ ဣတိဟာသေ စ, သနိဃဏ္ဋုသကေဋုဘေ၊
ပဒကာ ဝေယျာကရဏာ, သဓမ္မေ ပါရမိံ ဂတာ။
၁၇၆။ အဘိဓာန်ကျမ်း, အလင်္ကာကျမ်းနှင့် တကွသော သာမုဒြိကလက္ခဏာကျမ်း၌လည်း ကောင်း၊ ဣတိဟာသရာဇဝင်ကျမ်း၌လည်းကောင်း အပြီးသို့ ရောက်ကုန်၏။ ပုဒ်၌ လိမ္မာကုန်၏၊ ဗျာကရုဏ်းကျမ်းကို တတ်ကုန်၏၊ မိမိဥစ္စာဖြစ်သော ဗေဒင်သုံးပုံ၌ အပြီးသို့ ရောက် ကုန်၏။
၁၇၇။ ‘‘ဥပ္ပါတေသု နိမိတ္တေသု, လက္ခဏေသု စ ကောဝိဒါ၊
ပထဗျာ ဘူမန္တလိက္ခေ, မမ သိဿာ သုသိက္ခိတာ။
၁၇၇။ ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိကုန်သော ငါ့တပည့်တို့သည် ဥက္ကာကျခြင်း စသောဥပ္ပါတကျမ်းတို့၌လည်းကောင်း၊ ကောင်းကျိုးဆိုးကျိုးစသော နိမိတ်ကျမ်းတို့၌လည်း ကောင်း၊ လက္ခဏာကျမ်းတို့၌လည်းကောင်း၊ မြေနှင့် ပတ်သက်သော အတတ်ပညာ, ကမ္ဘာ လောကနှင့်ပတ်သက်သော အတတ်ပညာ, ကောင်းကင်နှင့် ပတ်သက်သော အတတ်ပညာ၌လည်းကောင်းလိမ္မာကုန်၏။
၁၇၈။ ‘‘အပ္ပိစ္ဆာ နိပကာ ဧတေ, အပ္ပါဟာရာ အလောလုပါ၊
လာဘာလာဘေန သန္တုဋ္ဌာ, ပရိဝါရေန္တိ မံ သဒါ။
၁၇၈။ ထိုငါ၏ တပည့်တို့သည် အလိုနည်းကြကုန်၏၊ ရင့်ကျက်သော ပညာရှိကုန်၏၊ နည်းသောအစာရှိကုန်၏၊ လျှပ်ပေါ်လော်လည်ခြင်း မရှိကုန်၊ လာဘ်ရမှု, မရမှုဖြင့် ရောင့်ရဲကုန် လျက် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။
၁၇၉။ ‘‘ဈာယီ ဈာနရတာ ဓီရာ, သန္တစိတ္တာ သမာဟိတာ၊
အာကိဉ္စညံ ပတ္ထယန္တာ, ပရိဝါရေန္တိ မံ သဒါ။
၁၇၉။ ဈာန်ဝင်စားလေ့ရှိကုန်၏၊ ဈာန်၌ မွေ့လျော်ကုန်၏၊ ပညာရှိကုန်၏၊ ငြိမ်သက်သော စိတ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ ကြောင့်ကြမဲ့သည်၏အဖြစ်ကို တောင့်တကုန်လျက် အခါခပ် သိမ်း ငါ့ကို ခြံရံကုန်၏။
၁၈၀။ ‘‘အဘိညာပါရမိပ္ပတ္တာ, ပေတ္တိကေ ဂေါစရေ ရတာ၊
အန္တလိက္ခစရာ ဓီရာ, ပရိဝါရေန္တိ မံ သဒါ။
၁၈၀။ အဘိညာဥ်ငါးပါး၏ အထွတ်အထိပ်သို့ ရောက်ကုန်သော ဖခင်၏ ဥစ္စာဖြစ်သော (ကသိုဏ်းစသော) အာရုံ၌ မွေ့လျော်ကုန်သော ကောင်းကင်၌ သွားလေ့ရှိကုန်သော ပညာရှိကုန် သောငါ၏ တပည့်တို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။
၁၈၁။ ‘‘သံဝုတာ ဆသု ဒွါရေသု, အနေဇာ ရက္ခိတိန္ဒြိယာ၊
အသံသဋ္ဌာ စ တေ ဓီရာ, မမ သိဿာ ဒုရာသဒါ။
၁၈၁။ ထိုပညာရှိ ငါ၏ တပည့်တို့သည် ဒွါရခြောက်ပါးတို့၌ စောင့်စည်းကုန်၏၊ တပ်မက်မှု ‘တဏှာ’ ကင်းကုန်၏၊ စောင့်ရှောက်အပ်သော ဣန္ဒြေရှိကုန်၏၊ လူတို့နှင့် ရောယှက်ခြင်းလည်း မရှိကုန်၊ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်၏။
၁၈၂။ ‘‘ပလ္လင်္ကေန နိသဇ္ဇာယ, ဌာနစင်္ကမနေန စ၊
ဝီတိနာမေန္တိ တေ ရတ္တိံ, မမ သိဿာ ဒုရာသဒါ။
၁၈၂။ ထိုငါ၏ တပည့်တို့သည် ထက်ဝယ်ဖွဲ့ခွေ နေခြင်းဖြင့်လည်းကောင်း၊ ရပ်ခြင်း, သွားခြင်းဖြင့်လည်းကောင်း ညဥ့်ကို ကုန်လွန်စေကုန်၏၊ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ် နိုင်ခဲကုန်၏။
၁၈၃။ ‘‘ရဇနီယေ န ရဇ္ဇန္တိ, ဒုဿနီယေ န ဒုဿရေ၊
မောဟနီယေ န မုယှန္တိ, မမ သိဿာ ဒုရာသဒါ။
၁၈၃။ ထိုငါ၏ တပည့်တို့သည် တပ်နှစ်သက်ဖွယ်အာရုံ၌ မတပ်နှစ်သက်ကြကုန်၊ အမျက် ထွက်ဖွယ်အာရုံ၌ အမျက်မထွက်ကြကုန်၊ တွေဝေဖွယ်အာရုံ၌ မတွေဝေကြကုန်၊ (သူတစ်ပါး တို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်၏။
၁၈၄။ ‘‘ဣဒ္ဓိံ ဝီမံသမာနာ တေ, ဝတ္တန္တိ နိစ္စကာလိကံ၊
ပထဝိံ [ပဌဝိံ (သီ။ သျာ။)] တေ ပကမ္ပေန္တိ, သာရမ္ဘေန ဒုရာသဒါ။
၁၈၄။ ထိုငါ၏ တပည့်တို့သည် တန်ခိုးကို စူးစမ်းလိုကုန်သည် ဖြစ်၍ အခါခပ်သိမ်း တန်ခိုးဖန်ဆင်းခြင်းကိုဖြစ်စေကုန်၏၊ ထိုငါ၏ တပည့်တို့သည် မြေကို ပြင်းစွာ တုန်လှုပ်စေ ကုန်၏၊ ခြုပ်ခြယ်ရမ်းကားထိပါးလိုသဖြင့် ချဥ်းကပ်နိုင်ခဲကုန်၏၊ (သူတစ်ပါးတို့ နှိပ်စက် ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်၏။
၁၈၅။ ‘‘ကီဠမာနာ စ တေ သိဿာ, ကီဠန္တိ ဈာနကီဠိတံ၊
ဇမ္ဗုတော ဖလမာနေန္တိ, မမ သိဿာ ဒုရာသဒါ။
၁၈၅။ ထိုငါ၏ တပည့်တို့သည် ကစားလိုကုန်သော် ဈာန်ကစားခြင်းကိုသာ ကစားကြ ကုန်၏၊ ဇမ္ဗုသပြေပင်မှ အသီးကို ဆောင်ကုန်၏၊ ငါ၏ တပည့်တို့သည် (သူတစ်ပါးတို့ နှိပ် စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်၏။
၁၈၆။ ‘‘အညေ ဂစ္ဆန္တိ ဂေါယာနံ, အညေ ပုဗ္ဗဝိဒေဟကံ [ပုဗ္ဗဝိဒေဟနံ (သျာ။ က။)]၊
အညေ စ ဥတ္တရကုရုံ, ဧသနာယ ဒုရာသဒါ။
၁၈၆။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲသော ငါ၏ တပည့်တို့သည် အာဟာရ ရှာမှီးရန်အချို့ အနောက်ကျွန်းသို့ သွားကုန်၏၊ အချို့ကား အရှေ့ကျွန်းသို့ အချို့ကား မြောက်ကျွန်းသို့သွားကုန်၏။
၁၈၇။ ‘‘ပုရတော ပေသေန္တိ ခါရိံ, ပစ္ဆတော စ ဝဇန္တိ တေ၊
စတုဝီသသဟဿေဟိ, ဆာဒိတံ ဟောတိ အမ္ဗရံ။
၁၈၇။ ထိုငါ၏ တပည့်တို့သည် ရှေ့မှ ရသေ့ပရိက္ခရာကို သွားစေ၍ နောက်မှ မိမိတို့ လိုက်ကြကုန်၏၊ နှစ်သောင်းလေးထောင်သော ရသေ့တို့ဖြင့် ကောင်းကင်သည် ဖုံးလွှမ်းအပ် သည် ဖြစ်၏။
၁၈၈။ ‘‘အဂ္ဂိပါကီ အနဂ္ဂီ စ, ဒန္တောဒုက္ခလိကာပိ စ၊
အသ္မေန ကောဋ္ဋိတာ ကေစိ, ပဝတ္တဖလဘောဇနာ။
၁၈၈။ အချို့သော ရသေ့တို့သည် မီးဖြင့် ချက်၍ စားကုန်၏၊ အချို့တို့ကား မီးဖြင့် ချက်၍ မစားကုန်၊ အချို့တို့ကား သွားဖြင့် ကိုက်၍ စားကုန်၏၊ အချို့တို့ကား ဆုံငယ်တို့ဖြင့် ထောင်း၍ စားကုန်၏၊ အချို့တို့ကား ကျောက်ဖြင့် ထု၍ စားကုန်၏၊ အချို့တို့ကား အလိုလို ကြွေကျသော သစ်သီးကိုစားကုန်၏။
၁၈၉။ ‘‘ဥဒကောရောဟဏာ ကေစိ, သာယံ ပါတော သုစီရတာ၊
တောယာဘိသေစနကရာ, မမ သိဿာ ဒုရာသဒါ။
၁၈၉။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်သော ငါ၏တပည့်တို့သည် အချို့ စင်ကြယ်ခြင်း၌မွေ့လျော်ကုန်သည်ဖြစ်၍ အချို့ နေ့ရောညဥ့်ပါ ရေသို့ သက်ဆင်းကုန်၏၊ အချို့တို့ကားရေသွန်းလောင်းခြင်းကို ပြုကုန်၏။
၁၉၀။ ‘‘ပရူဠှကစ္ဆနခလောမာ, ပင်္ကဒန္တာ ရဇဿိရာ၊
ဂန္ဓိတာ သီလဂန္ဓေန, မမ သိဿာ ဒုရာသဒါ။
၁၉၀။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်ဝံ့ခဲကုန်သော ငါ၏ တပည့်တို့သည် ပေါက်သောလက်ကတီးမွေး, ခြေသည်း, လက်သည်း, မုတ်ဆိတ်, ကြင်စွယ်မွေး ရှိကုန်၏၊ သွားချေးကပ်သောသွားရှိကုန်၏၊ မြူကပ်သော ဦးခေါင်း ရှိကုန်၏၊ သီလရနံ့ဖြင့် ကြိုင်လှိုင် ကုန်၏။
၁၉၁။ ‘‘ပါတောဝ သန္နိပတိတွာ, ဇဋိလာ ဥဂ္ဂတာပနာ၊
လာဘာလာဘံ ပကိတ္တေတွာ, ဂစ္ဆန္တိ အမ္ဗရေ တဒါ။
၁၉၁။ ထက်သော အကျင့်ရှိကုန်သော ရသေ့တို့သည် နံနက်အခါ၌သာ စည်းဝေးကြကုန်၍ လာဘ်ရသည်, မရသည်ကို ပြောကြားပြီးသောအခါ ကောင်းကင်၌ သွားကြကုန်၏။
၁၉၂။ ‘‘ဧတေသံ ပက္ကမန္တာနံ, မဟာသဒ္ဒေါ ပဝတ္တတိ၊
အဇိနစမ္မသဒ္ဒေန, မုဒိတာ ဟောန္တိ ဒေဝတာ။
၁၉၂။ ကောင်းကင်ခရီးဖြင့် သွားကြကုန်သော ထိုရသေ့တို့၏ လျှော်တေသင်္ကန်းကြောင့် ဖြစ်သောကြီးစွာသော အသံသည် ဖြစ်ပေါ်၏၊ ထိုရသေ့တို့ ဆောင်သော သစ်နက်ရေအသံဖြင့် နတ်တို့သည် ဝမ်းမြောက်ကြရကုန်၏။
၁၉၃။ ‘‘ဒိသောဒိသံ ပက္ကမန္တိ, အန္တလိက္ခစရာ ဣသီ၊
သကေ ဗလေနုပတ္ထဒ္ဓါ, တေ ဂစ္ဆန္တိ ယဒိစ္ဆကံ။
၁၉၃။ ကောင်းကင်၌ သွားကုန်သော ရသေ့တို့သည် ထိုထိုအရပ်သို့ ဖဲသွားကြကုန်၏၊ ထိုရသေ့တို့သည် မိမိတန်ခိုးအစွမ်းဖြင့် ထောက်ပံ့ကုန်၍ အလိုရှိရာ အရပ်သို့ သွားကြကုန်၏။
၁၉၄။ ‘‘ပထဝီကမ္ပကာ ဧတေ, သဗ္ဗေဝ နဘစာရိနော၊
ဥဂ္ဂတေဇာ ဒုပ္ပသဟာ, သာဂရောဝ အခေါဘိယာ။
၁၉၄။ ထိုရသေ့တို့သည် မြေကြီးကို တုန်လှုပ်စေနိုင်ကုန်၏၊ အလုံးစုံသော ရသေ့တို့သည် ကောင်းကင်၌ကျက်စားနိုင်ကုန်၏၊ ထက်သော တန်ခိုးရှိကုန်၏၊ (သူတစ်ပါးတို့) နှိပ်စက်နိုင်ခဲ ကုန်၏၊ ‘သမုဒ္ဒရာကဲ့သို့’ (သူတစ်ပါးတို့) ချောက်ချားနိုင်ခဲကုန်၏။
၁၉၅။ ‘‘ဌာနစင်္ကမိနော ကေစိ, ကေစိ နေသဇ္ဇိကာ ဣသီ၊
ပဝတ္တဘောဇနာ ကေစိ, မမ သိဿာ ဒုရာသဒါ။
၁၉၅။ အချို့သော ရသေ့တို့သည် ရပ်ခြင်း, သွားခြင်း (ဣရိယာပုထ်ဖြင့်) မျှတကုန်၏၊ အချို့သောရသေ့တို့သည် နိသဇ်ဓူတင်ဆောက်တည်ကုန်၏၊ အချို့သော ရသေ့တို့သည် အလိုလို ကြွေကျသောသစ်သီးကိုသာ စားကုန်၏၊ ငါ၏ တပည့်တို့သည် (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်၏။
၁၉၆။ ‘‘မေတ္တာဝိဟာရိနော ဧတေ, ဟိတေသီ သဗ္ဗပါဏိနံ၊
အနတ္တုက္ကံသကာ သဗ္ဗေ, န တေ ဝမ္ဘေန္တိ ကဿစိ။
၁၉၆။ ထိုငါ၏ တပည့်တို့သည် မေတ္တာဈာန်ဖြင့် နေလေ့ရှိကုန်၏၊ အလုံးစုံသော သတ္တဝါ တို့၏အစီးအပွါးကို ရှာမှီးလေ့ရှိကုန်၏၊ အလုံးစုံသော ထိုငါ၏ တပည့်တို့သည် မိမိကိုယ်ကို မမြှောက်ပင့်ကုန်၊ ထိုငါ၏ တပည့်တို့သည် တစ်စုံတစ်ယောက်သောသူအား မရှုတ်ချကုန်။
၁၉၇။ ‘‘သီဟရာဇာဝသမ္ဘီတာ, ဂဇရာဇာဝ ထာမဝါ၊
ဒုရာသဒါ ဗျဂ္ဃါရိဝ, အာဂစ္ဆန္တိ မမန္တိကေ။
၁၉၇။ ‘ခြင်္သေ့မင်းကဲ့သို့’ ထိတ်လန့်ခြင်း ကင်းကုန်သော ‘ဆင်မင်းကဲ့သို့’ အားကြီးကုန် သော ‘ကျားကဲ့သို့’ ချဥ်းကပ်ဝံ့ခဲကုန်သော ငါ၏ တပည့်တို့သည် ငါ၏ အနီးသို့ ရောက်လာ ကုန်၏။
၁၉၈။ ‘‘ဝိဇ္ဇာဓရာ ဒေဝတာ စ, နာဂဂန္ဓဗ္ဗရက္ခသာ၊
ကုမ္ဘဏ္ဍာ ဒါနဝါ ဂရုဠာ, ဥပဇီဝန္တိ တံ သရံ။
၁၉၈။ ဝိဇ္ဇာဓိုရ်တို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါး, ဂန္ဓဗ္ဗနတ်, ရက္ခိုသ်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်, အသုရာ, ဂဠုန်တို့သည်လည်းကောင်း ထိုရေအိုင်ကို အမှီပြု၍ အသက်မွေးကုန်၏။
၁၉၉။ ‘‘တေ ဇဋာခါရိဘရိတာ, အဇိနုတ္တရဝါသနာ၊
အန္တလိက္ခစရာ သဗ္ဗေ, ဥပဇီဝန္တိ တံ သရံ။
၁၉၉။ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်သော သစ်နက်ရေကို ခြုံရုံကုန်သော ကောင်း ကင်ဖြင့်သွားကုန်သော ခပ်သိမ်းသော ထိုရသေ့တို့သည် ထိုရေအိုင်ကို အမှီပြု၍ အသက်မွေး ကုန်၏။
၂၀၀။ ‘‘သဒါနုစ္ဆဝိကာ [တဒါနုစ္ဆဝိကာ (သျာ။ က။)] ဧတေ, အညမညံ သဂါရဝါ၊
စတုဗ္ဗီသသဟဿာနံ, ခိပိတသဒ္ဒေါ န ဝိဇ္ဇတိ။
၂၀၀။ အခါခပ်သိမ်း သင့်လျော်သော အကျင့်ရှိကုန်သော ထိုရသေ့တို့သည် အချင်းချင်းရိုသေတုပ်ဝပ်ကုန်၏၊ နှစ်သောင်းလေးထောင်သော ရသေ့တို့၏ ချေဆတ်သော အသံသည် မရှိ။
၂၀၁။ ‘‘ပါဒေ ပါဒံ နိက္ခိပန္တာ, အပ္ပသဒ္ဒါ သုသံဝုတာ၊
ဥပသင်္ကမ္မ သဗ္ဗေဝ [သဗ္ဗေ တေ (သျာ။)], သိရသာ ဝန္ဒရေ မမံ။
၂၀၁။ အလုံးစုံသော ရသေ့တို့သည် တစ်ယောက်သွားသော ခြေရာ၌ တစ်ယောက်ခြေရာချ နင်းကုန်လျက်တိုးတိုးပြောသောအသံ, စောင့်စည်းသောဣန္ဒြေရှိကုန်လျက် ငါ့ကို ချဥ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးကုန်၏။
၂၀၂။ ‘‘တေဟိ သိဿေဟိ ပရိဝုတော, သန္တေဟိ စ တပဿိဘိ၊
ဝသာမိ အဿမေ တတ္ထ, ဈာယီ ဈာနရတော အဟံ။
၂၀၂။ ဈာန်ဝင်စားလေ့ရှိသော ဈာန်ဖြင့် မွေ့လျော်သော ငါသည် ငြိမ်သက်သော အကျင့် ကို မှီသော တပည့်တို့ ခြံရံအပ်သည်ဖြစ်၍ ထိုသင်္ခမ်းကျောင်း၌ နေ၏။
၂၀၃။ ‘‘ဣသီနံ သီလဂန္ဓေန, ပုပ္ဖဂန္ဓေန စူဘယံ၊
ဖလီနံ ဖလဂန္ဓေန, ဂန္ဓိတော ဟောတိ အဿမော။
၂၀၃။ သင်္ခမ်းကျောင်းသည် ရသေ့တို့၏ သီလတည်းဟူသော ရနံ့, ပန်းရနံ့ဟူသော နှစ်ပါးသောရနံ့တို့ဖြင့်လည်းကောင်း၊ အသီး, သီးသော သစ်ပင်တို့၏ အသီးဖြင့်လည်း ကောင်းမွှေးကြိုင်သင်းထုံနေ၏။
၂၀၄။ ‘‘ရတ္တိန္ဒိဝံ န ဇာနာမိ, အရတိ မေ န ဝိဇ္ဇတိ၊
သကေ သိဿေ ဩဝဒန္တော, ဘိယျော ဟာသံ လဘာမဟံ။
၂၀၄။ (ထိုအခါ ငါသည် ) ညဥ့်, နေ့ကို မသိ၊ ငါ့အား မမွေ့လျော်ခြင်းသည် မရှိ၊ ငါသည် မိမိတပည့်တို့ကို ဆုံးမလျက် လွန်စွာ ပျော်ရွှင်ခြင်းကို ရ၏။
၂၀၅။ ‘‘ပုပ္ဖါနံ ပုပ္ဖမာနာနံ, ဖလာနဉ္စ ဝိပစ္စတံ၊
ဒိဗ္ဗဂန္ဓာ ပဝါယန္တိ, သောဘယန္တာ မမဿမံ။
၂၀၅။ ပွင့်ကုန်သော ပန်းတို့၏လည်းကောင်း၊ မှည့်ကုန်သော အသီးတို့၏လည်းကောင်း နှစ်သက်ဖွယ်နတ်၌ဖြစ်သော ရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ကြိုင် လှိုင်စေကုန်၏။
၂၀၆။ ‘‘သမာဓိမှာ ဝုဋ္ဌဟိတွာ, အာတာပီ နိပကော အဟံ၊
ခါရိဘာရံ ဂဟေတွာန, ဝနံ အဇ္ဈောဂဟိံ အဟံ။
၂၀၆။ (ထိုအခါ) ကိလေသာကို ပူပန်စေတတ်သော လုံ့လ, ရင့်ကျက်သော ပညာရှိသော ငါသည် ဈာန်သမာပတ်မှ ထ၍ တံချူ, တူးရွင်း, ခြင်းတောင်းပရိက္ခရာကို ယူ၍ တောသို့ နေ့အခါ ဝင်၏။
၂၀၇။ ‘‘ဥပ္ပါတေ သုပိနေ စာပိ, လက္ခဏေသု သုသိက္ခိတော၊
ပဝတ္တမာနံ [ဝတ္တမာနံ (က။)] မန္တပဒံ, ဓာရယာမိ အဟံ တဒါ။
၂၀၇။ ထိုအခါ ဥပါတ်ကျမ်း, အိပ်မက်ကျမ်း, လက္ခဏာကျမ်းတို၌ သင်အပ်ပြီးသော အတတ်ရှိသောငါသည် မန္တန်မန္တရားပုဒ်ကို ဖြစ်စေလျက် နှုတ်တက်အာဂုံဆောင်၏။
၂၀၈။ ‘‘အနောမဒဿီ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, ဟိမဝန္တမုပါဂမိ။
၂၀၈။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူ၍ လူတို့ထက် ကြီးတော်မူသော လူတို့ ထက်မြတ်တော်မူသော ဆိတ်ငြိမ်ခြင်းကို အလိုရှိတော်မူသော သစ္စာလေးပါးကို သိတော်မူ သောအနောမဒဿီမြတ်စွာဘုးရားသည် ဟိမဝန္တာတောသို့ ချဥ်းကပ်တော်မူပြီ။
၂၀၉။ ‘‘အဇ္ဈောဂါဟေတွာ ဟိမဝန္တံ, အဂ္ဂေါ ကာရုဏိကော မုနိ၊
ပလ္လင်္ကံ အာဘုဇိတွာန, နိသီဒိ ပုရိသုတ္တမော။
၂၀၉။ ယောကျာ်းမြတ်ဖြစ်တော်မူသော မဟာကရုဏာရှင်ဖြစ်တော်မူသော ဘုရားမြတ်သည်ဟိမဝန္တာတောသို့ သက်ဝင်လျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။
၂၁၀။ ‘‘တမဒ္ဒသာဟံ သမ္ဗုဒ္ဓံ, သပ္ပဘာသံ မနောရမံ၊
ဣန္ဒီဝရံဝ ဇလိတံ, အာဒိတ္တံဝ ဟုတာသနံ။
၂၁၀။ တောက်ပသော ငုရွှေပန်းကဲ့သို့လည်းကောင်း၊ အလျှံပြောင်ပြောင် တောက်သောမီးကဲ့သို့လည်းကောင်း၊ စိတ်နှလုံးမွေ့လျော်ဖွယ်ရှိသော ကိုယ်တော်ရောင်နှင့်တကွ ဖြစ်သောထိုအနောမဒဿီမြတ်စွာဘုရားကို ငါ ဖူးမြင်ရလေပြီ။
၂၁၁။ ‘‘ဇလန္တံ ဒီပရုက္ခံဝ, ဝိဇ္ဇုတံ ဂဂဏေ ယထာ၊
သုဖုလ္လံ သာလရာဇံဝ, အဒ္ဒသံ လောကနာယကံ။
၂၁၁။ တောက်ပသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ပြက်သော လျှပ်စစ်ကဲ့သို့လည်းကောင်း၊ ကောင်းစွာပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း (အဘိညာဥ်ခြောက်ပါးဖြင့်) ပွင့်သော အနောမဒဿီမြတ်စွာဘုရားကို ဖူးမြင်ရလေပြီ။
၂၁၂။ ‘‘အယံ နာဂေါ မဟာဝီရော, ဒုက္ခဿန္တကရော မုနိ၊
ဣမံ ဒဿနမာဂမ္မ, သဗ္ဗဒုက္ခာ ပမုစ္စရေ။
၂၁၂။ ‘ဆင်ပြောင်ကဲ့သို့’ ကြီးသော လုံ့လရှိတော်မူသော ဤအနောမဒဿီမြတ်စွာဘုရား သည် ဆင်းရဲ၏အဆုံးကို ပြုတော်မူတတ်၏၊ ဤဘုရားရှင် ဖူးမြင်ရခြင်းကို အကြောင်းပြု၍ (သတ္တဝါတို့သည် ) ခပ်သိမ်းသော ဆင်းရဲမှ လွတ်ကြရကုန်၏။
၂၁၃။ ‘‘ဒိသွာနာဟံ ဒေဝဒေဝံ, လက္ခဏံ ဥပဓာရယိံ၊
ဗုဒ္ဓေါ နု ခေါ န ဝါ ဗုဒ္ဓေါ, ဟန္ဒ ပဿာမိ စက္ခုမံ။
၂၁၃။ ငါသည် ယခု စက္ခုငါးပါးနှင့် ပြည့်စုံသော ဘုရားကို ဖူးမြင်ရ၏၊ နတ်ထက်နတ် ဖြစ်တော်မူသောမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် “ဘုရားဟုတ်လေသလော၊ ဘုရား မဟုတ်လေသလော”ဟုလက္ခဏာကို စူးစမ်းဆင်ခြင်ပြီ။
၂၁၄။ ‘‘သဟဿာရာနိ စက္ကာနိ, ဒိဿန္တိ စရဏုတ္တမေ၊
လက္ခဏာနိဿ ဒိသွာန, နိဋ္ဌံ ဂစ္ဆိံ တထာဂတေ။
၂၁၄။ အကန့်တစ်ထောင်ရှိသော စက်လက္ခဏာတို့သည် မြတ်သော ခြေတော်၌ ထင် ကုန်၏၊ ထိုမြတ်စွာဘုရား၏ လက္ခဏာတို့ကို တွေ့မြင်ရ၍ မြတ်စွာဘုရား၌ (ဘုရားဟုတ်၏ဟု) ဆုံးဖြတ်ခြင်းသို့ရောက်ခဲ့ပြီ။
၂၁၅။ ‘‘သမ္မဇ္ဇနိံ ဂဟေတွာန, သမ္မဇ္ဇိတွာနဟံ တဒါ၊
အထ ပုပ္ဖေ သမာနေတွာ, ဗုဒ္ဓသေဋ္ဌံ အပူဇယိံ။
၂၁၅။ ထိုအခါ ငါသည် တံမြက်စည်းကို ယူ၍ တံမြက်လှည်းပြီးနောက် ပန်းတို့ကို ကောင်းစွာဆောင်ယူခဲ့၍ ဘုရားမြတ်ကို ပူဇော်ပြီ။
၂၁၆။ ‘‘ပူဇယိတွာန တံ ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ၊
ဧကံသံ အဇိနံ ကတွာ, နမဿိံ လောကနာယကံ။
၂၁၆။ ငါသည် ဩဃလေးပါးကို ကူးမြောက်တော်မူပြီးသော အာသဝေါ ကင်းတော်မူပြီး သောထိုမြတ်စွာဘုရားကို ပူဇော်ပြီး၍ သစ်နက်ရေကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်လျက် မြတ်စွာဘုရားကိုဦးညွှတ်ရှိခိုးပြီ။
၂၁၇။ ‘‘ယေန ဉာဏေန သမ္ဗုဒ္ဓေါ, ဝိဟရတိ [ဝိဟရိတ္ထ (သီ။), ဝိဟရေတိ (က။)] အနာသဝေါ၊
တံ ဉာဏံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၂၁၇။ အကြင်ဉာဏ်ဖြင့် မြတ်စွာဘုရားသည် အာသဝေါကင်းလျက် နေတော်မူ၏၊ ထို ဉာဏ်တော်ကို ငါ့ပြောကြားပေတော့အံ့၊ ပြောဆိုသော ငါ၏ စကားကို နာယူကြကုန်လော့-
၂၁၈။ ‘‘‘သမုဒ္ဓရသိမံ [သမုဒ္ဓရယိမံ (သျာ။)] လောကံ, သယမ္ဘူ အမိတောဒယ၊
တဝ ဒဿနမာဂမ္မ, ကင်္ခါသောတံ တရန္တိ တေ။
၂၁၈။ အလိုလိုပွင့်တော်မူသော မနှိုင်းရှည့်နိုင်အောင် တိုးပွါးခြင်းရှိတော်မူသော အရှင် ဘုရားအရှင်ဘုရားသည် ဤလူအပေါင်းကို ထုတ်ဆောင်ကယ်တင်တော်မူ၏၊ အရှင်ဘုရားအား ဖူးမြင်ရခြင်းကိုအကြောင်းပြု၍ ထိုသတ္တဝါတို့သည် ယုံမှားခြင်းတည်းဟူသော အလျဥ်ကို လွန်မြောက်နိုင်ကြကုန်၏။
၂၁၉။ ‘‘‘တုဝံ သတ္ထာ စ ကေတု စ, ဓဇော ယူပေါ စ ပါဏိနံ၊
ပရာယဏော [ပရာယနော (သျာ။ က။)] ပတိဋ္ဌာ စ, ဒီပေါ စ ဒွိပဒုတ္တမော။
၂၁၉။ အရှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူ၏၊ မှန်ကင်းသဖွယ်လည်းဖြစ်တော်မူ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူ၏၊ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော် မူ၏၊ အခြေနှစ်ချောင်းရှိသောသူတို့ထက် မြတ်တော်မူသော အရှင်ဘုရားသည် သတ္တဝါတို့၏လဲလျောင်းရာလည်း ဖြစ်တော်မူ၏၊ တည်ရာလည်း ဖြစ်တော်မူ၏၊ ကိုင်းကျွန်းသဖွယ်လည်း ဖြစ်တော်မူ၏။
၂၂၀။ ‘‘‘သက္ကာ သမုဒ္ဒေ ဥဒကံ, ပမေတုံ အာဠှကေန ဝါ၊
န တွေဝ တဝ သဗ္ဗညု, ဉာဏံ သက္ကာ ပမေတဝေ။
၂၂၀။ သမုဒ္ဒရာရေကို ပြည်တောင်းဖြင့် ခြင်တွယ်ခြင်းငှါ တတ်ကောင်းရာသေး၏၊ အရှင် ဘုရား၏သဗ္ဗညုတဉာဏ်တော်ကို နှိုင်းယှဥ်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။
၂၂၁။ ‘‘‘ဓာရေတုံ ပထဝိံ သက္ကာ, ဌပေတွာ တုလမဏ္ဍလေ၊
န တွေဝ တဝ သဗ္ဗညု, ဉာဏံ သက္ကာ ဓရေတဝေ။
၂၂၁။ မြေကြီးကို ချိန်ခွင်၌ တင်ထား၍ ချိန်စက်ခြင်းငှါ တတ်ကောင်းရာသေး၏၊ အရှင် ဘုရား၏သဗ္ဗညုတဉာဏ်တော်ကို ချိန်စက်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။
၂၂၂။ ‘‘‘အာကာသော မိနိတုံ သက္ကာ, ရဇ္ဇုယာ အင်္ဂုလေန ဝါ၊
န တွေဝ တဝ သဗ္ဗညု, ဉာဏံ သက္ကာ ပမေတဝေ။
၂၂၂။ ကောင်းကင်ကို ကြိုးဖြင့်သော်လည်းကောင်း၊ လက်သစ်, တောင်တာဖြင့်သော်လည်း ကောင်းတိုင်းတာနှိုင်းယှဥ်ခြင်းငှါ တတ်ကောင်းရာသေး၏။ အရှင်ဘုရား၏ သဗ္ဗညုတဉာဏ် တော်ကိုတိုင်းတာနှိုင်းယှဥ်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။
၂၂၃။ ‘‘‘မဟာသမုဒ္ဒေ ဥဒကံ, ပထဝီ စာခိလာ ဇဋံ [ပထဝိံ စာခိလဉ္ဇဟေ (သျာ။)]၊
ဗုဒ္ဓဉာဏံ ဥပါဒါယ, ဥပမာတော န ယုဇ္ဇရေ။
၂၂၃။ မဟာသမုဒ္ဒရာရေအားလုံးကိုလည်းကောင်း၊ ပထဝီမြေပြင်တစ်ခုလုံးကိုလည်းကောင်း၊ ကောင်းကင်ပြင်တစ်ခုလုံးကိုလည်းကောင်း ထိုအလုံးစုံတို့သည် ဘုရားဉာဏ်တော်ကို ထောက်ဆ ၍ နှိုင်းယှဥ်စရာ ဥပမာအားဖြင့် မသင့်ကုန်။
၂၂၄။ ‘‘‘သဒေဝကဿ လောကဿ, စိတ္တံ ယေသံ ပဝတ္တတိ၊
အန္တောဇာလီကတာ [အန္တောဇာလဂတာ (ပီ။)] ဧတေ, တဝ ဉာဏမှိ စက္ခုမ။
၂၂၄။ နတ်နှင့် တကွသော လောကဝယ် အကြင်သတ္တဝါတို့အား စိတ် ဖြစ်နေ၏၊ မျက်စိအမြင်ရှိတော်မူသော မြတ်စွာဘုရား ထိုစိတ် ဖြစ်နေသူ သတ္တဝါအားလုံးတို့သည် အရှင်ဘုရား၏ဉာဏ်တော်ကွန်ရက်အတွင်းသို့ ဝင်ကုန်၏။
၂၂၅။ ‘‘‘ယေန ဉာဏေန ပတ္တောသိ, ကေဝလံ ဗောဓိမုတ္တမံ၊
တေန ဉာဏေန သဗ္ဗညု, မဒ္ဒသီ ပရတိတ္ထိယေ’။
၂၂၅။ ခပ်သိမ်းသော တရားကို သိတော်မူသော အရှင်ဘုရား အကြင်ဉာဏ်တော်ဖြင့် အလုံးစုံသော မြတ်သော ဗောဓိသို့ ရောက်တော်မူ၏၊ အရှင်ဘုရားသည် ထိုဉာဏ်တော်ဖြင့်ပင် တစ်ပါးသော တိတ္ထိတို့ကိုနှိမ်နင်းတော်မူ၏။
၂၂၆။ ‘‘ဣမာ ဂါထာ ထဝိတွာန, သုရုစိ နာမ တာပသော၊
အဇိနံ ပတ္ထရိတွာန, ပထဝိယံ နိသီဒိ သော။
၂၂၆။ ဤဂါထာတို့ဖြင့် ချီးမွမ်းပြီးနောက် သုရုစိမည်သော ထိုရသေ့သည် မြေ၌ သစ်နက် ရေကို ဖြန့်ခင်း၍ ထိုင်နေ၏။
၂၂၇။ ‘‘စုလ္လာသီတိသဟဿာနိ, အဇ္ဈောဂါဠှော မဟဏ္ဏဝေ၊
အစ္စုဂတော တာဝဒေဝ, ဂိရိရာဇာ ပဝုစ္စတိ။
၂၂၇။ မြင်းမိုရ်တောင်မင်းကို (ယူဇနာ) ရှစ်သောင်းလေးထောင်တိုင်တိုင် သမုဒ္ဒရာ၌ သက်ဝင်၍ ထိုမျှလောက် ရေပေါ်၌ ပေါ်နေ၏ဟု ဆိုအပ်၏။
၂၂၈။ ‘‘တာဝ အစ္စုဂ္ဂတော နေရု, အာယတော ဝိတ္ထတော စ သော၊
စုဏ္ဏိတော အဏုဘေဒေန, ကောဋိသတသဟဿသော [သဟဿိယော (သျာ။ က။)]။
၂၂၈-၂၂၉။ အမြင့်အားဖြင့်လည်းကောင်း၊ အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း ထိုမျှလောက် ရှစ်သောင်းလေးထောင်နှင်နှင် ရှိသော စကြဝဠာကုဋေတစ်သိန်း၌ ရှိသော မြင်းမိုရ်တောင်အားလုံးကို သိမ်မွေ့, သေးဖွဲ ထုခွဲသဖြင့် အမှုန့်ပြုလျက် (ဉာဏ် တော်တစ်ခု, မြူမှုန့်တစ်ခုဟူသော) အမှတ်၌ ထားအပ်သည်ရှိသော် မြူ၏ ကုန်ခြင်းသို့ ရောက်ရာ၏၊ အရှင်ဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို နှိုင်းယှဥ်ခြင်းငှါ မတတ်ကောင်းသည် သာတည်း။
၂၂၉။ ‘‘လက္ခေ ဌပိယမာနမှိ, ပရိက္ခယမဂစ္ဆထ၊
န တွေဝ တဝ သဗ္ဗညု, ဉာဏံ သက္ကာ ပမေတဝေ။
၂၃၀။ ‘‘သုခုမစ္ဆိကေန ဇာလေန, ဥဒကံ ယော ပရိက္ခိပေ၊
ယေ ကေစိ ဥဒကေ ပါဏာ, အန္တောဇာလီကတာ သိယုံ။
၂၃၀-၂၃၁။ အကြင်သူသည် ပိုက်ကွန်စိပ်ဖြင့် ရေကို ဖုံးအုပ်ရာ၏၊ ရေ၌ ဖြစ်သော အလုံးစုံသော သတ္တဝါတို့သည် ပိုက်ကွန်တွင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား မိစ္ဆာဒိဋ္ဌိတည်းဟူသော တောအုပ်သို့ သက်ဝင် ကုန်သော မှားသော သုံးသပ်ခြင်းဖြင့်တွေဝေကုန်သော ခပ်သိမ်းကုန်သော တိတ္ထိမြောက် မြားစွာတို့သည် ရှိကြကုန်၏။
၂၃၁။ ‘‘တထေဝ ဟိ မဟာဝီရ, ယေ ကေစိ ပုထုတိတ္ထိယာ၊
ဒိဋ္ဌိဂဟနပက္ခန္ဒာ [ပက္ခန္တာ (သီ။ သျာ။)], ပရာမာသေန မောဟိတာ။
၂၃၂။ ‘‘တဝ သုဒ္ဓေန ဉာဏေန, အနာဝရဏဒဿိနာ၊
အန္တောဇာလီကတာ ဧတေ, ဉာဏံ တေ နာတိဝတ္တရေ။
၂၃၂။ မပိတ်မပင် မြင်ရသော အရှင်ဘုရား၏ စင်ကြယ်သော ဉာဏ်တော်ဖြင့် အဖုံး အအုပ်ခံရသော ထိုတိတ္ထိအားလုံးတို့သည် ဉာဏ်တော်တည်းဟူသော ပိုက်ကွန်တွင်း၌ တင်ကုန်၏၊ ထိုတိတ္ထိတို့သည် ဉာဏ်တော်တည်းဟူသော ပိုက်ကွန်ကို မလွန်နိုင်ကုန်။
၂၃၃။ ‘‘ဘဂဝါ တမှိ သမယေ, အနောမဒဿီ မဟာယသော၊
ဝုဋ္ဌဟိတွာ သမာဓိမှာ, ဒိသံ ဩလောကယီ ဇိနော။
၂၃၃။ ထိုအခါ များသော အခြံအရံရှိသော မာရ်ငါးပါးကို အောင်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် သမာဓိမှ ထတော်မူ၍ အရပ်မျက်နှာကို ကြည့်ရှုတော်မူ၏။
၂၃၄။ ‘‘အနောမဒဿိမုနိနော, နိသဘော နာမ သာဝကော၊
ပရိဝုတော သတသဟဿေဟိ, သန္တစိတ္တေဟိ တာဒိဘိ။
၂၃၄-၂၃၅။ အနောမဒဿီမြတ်စွာဘုရား၏ နိသဘမည်သော သာဝကသည် တည်ကြည် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ကုန်ပြီးသော အာသဝရှိကုန်သော စင်ကြယ်ကုန်သော အဘိညာဥ်ခြောက်ပါးရှိကုန်သော ဈာန်ဝင်စားလေ့ရှိကုန်သော တစ်သိန်း သော ရဟန်းအပေါင်းတို့ခြံရံလျက် လာစေလိုသောမြတ်စွာဘုရား၏ စိတ်တော်ကို သိ၍ အနောမဒဿီ မြတ်စွာဘုရားထံသို့ချဥ်းကပ်လေ၏။
၂၃၅။ ‘‘ခီဏာသဝေဟိ သုဒ္ဓေဟိ, ဆဠဘိညေဟိ ဈာယိဘိ၊
စိတ္တမညာယ ဗုဒ္ဓဿ, ဥပေသိ လောကနာယကံ။
၂၃၆။ ‘‘အန္တလိက္ခေ ဌိတာ တတ္ထ, ပဒက္ခိဏမကံသု တေ၊
နမဿန္တာ ပဉ္ဇလိကာ, ဩတရုံ [ဩရုဟုံ (သျာ။)] ဗုဒ္ဓသန္တိကေ။
၂၃၆။ ကောင်းကင်၌ တည်ကုန်သော ထိုတစ်သိန်းသော ရဟန်းတို့သည် ထိုအနောမဒဿီမြတ်စွာဘုရားထံတော်၌ လက်ယာရစ်လှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် လက်အုပ်ချီကာရှိခိုးကြကုန်လျက် မြတ်စွာဘုရားထံတော်သို့ သက်ဆင်းကြကုန်၏။
၂၃၇။ ‘‘အနောမဒဿီ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဘိက္ခုသံဃေ နိသိဒိတွာ, သိတံ ပါတုကရီ ဇိနော။
၂၃၇။ လူတို့ထက် ကြီးတော်မူသော လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကို အောင် တော်မူသောအနောမဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင်တော်မူလျက် ပြုံး တော်မူ၏။
၂၃၈။ ‘‘ဝရုဏော နာမုပဋ္ဌာကော, အနောမဒဿိဿ သတ္ထုနော၊
ဧကံသံ စီဝရံ ကတွာ, အပုစ္ဆိ လောကနာယကံ။
၂၃၈။ အနောမဒဿီဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော ဝရုဏမည်သော ရဟန်းသည် သင်္ကန်းကိုပခုံးတစ်ဖက်၌ တင်၍ မြတ်စွာဘုရားအား မေးလျှောက်၏-
၂၃၉။ ‘‘‘ကော နု ခေါ ဘဂဝါ ဟေတု, သိတကမ္မဿ သတ္ထုနော၊
န ဟိ ဗုဒ္ဓါ အဟေတူဟိ, သိတံ ပါတုကရောန္တိ တေ’။
၂၃၉။ “ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား ထိုမြတ်စွာဘုရားတို့သည် အကြောင်း မရှိဘဲပြုံးတော်မူခြင်းကို မပြုကုန်၊ မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း”ဟုလျှောက်၏။
၂၄၀။ ‘‘အနောမဒဿီ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဘိက္ခုမဇ္ဈေ နိသီဒိတွာ, ဣမံ ဂါထံ အဘာသထ။
၂၄၀။ လူတို့ထက်ကြီးတော်မူသော လူတို့ထက်မြတ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည်ရဟန်းတို့၏ အလယ်၌ ထိုင်တော်မူ၍ ဤဂါထာကို မိန့်တော်မူ၏-
၂၄၁။ ‘‘‘ယော မံ ပုပ္ဖေန ပူဇေသိ, ဉာဏဉ္စာပိ အနုတ္ထဝိ၊
တမဟံ ကိတ္တယိဿာမိ, သုဏောထ မမ ဘာသတော။
၂၄၁။ အကြင်သုရုစိရသေ့သည် ငါဘုရားကို ပန်းဖြင့် ပူဇော်၏၊ ငါဘုရား၏ ဉာဏ်တော်ကိုလည်းလျောက်ပတ်စွာ ချီးမွမ်း၏၊ ထိုရသေ့ကို ငါသည် ဗျာဒိတ်စကား ကြားပေအံ့၊ ဟော တော်မူသောငါဘုရား (စကားကို) နာယူကြကုန်လော့-
၂၄၂။ ‘‘‘ဗုဒ္ဓဿ ဂိရမညာယ, သဗ္ဗေ ဒေဝါ သမာဂတာ၊
သဒ္ဓမ္မံ သောတုကာမာ တေ, သမ္ဗုဒ္ဓမုပသင်္ကမုံ။
၂၄၂။ မြတ်စွာဘုရား၏ စကားတော်ကို သိ၍ အလုံးစုံသော နတ်ဗြဟ္မာတို့သည် အညီ အညွတ်လာကြကုန်၏၊ ထိုနတ်ဗြဟ္မာတို့သည် သူတော်ကောင်းတရားကို နာလို၍ မြတ်စွာဘုရားထံသို့ချဥ်းကပ်ကြကုန်၏။
၂၄၃။ ‘‘‘ဒသသု လောကဓာတူသု, ဒေဝကာယာ မဟိဒ္ဓိကာ၊
သဒ္ဓမ္မံ သောတုကာမာ တေ, သမ္ဗုဒ္ဓမုပသင်္ကမုံ။
၂၄၃။ ဆယ်ခုသော လောကဓာတ်တို့၌ တန်ခိုးကြီးကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် ရှိကုန်၏၊ ထိုနတ်ဗြဟ္မာအပေါင်းတို့သည် သူတော်ကောင်းတရားကို နာလိုကုန်၍ မြတ်စွာဘုရား ထံသို့ချဥ်းကပ်ကြကုန်၏။
၂၄၄။ ‘‘‘ဟတ္ထီ အဿာ ရထာ ပတ္တီ, သေနာ စ စတုရင်္ဂိနီ၊
ပရိဝါရေဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၄၄။ အင်္ဂါလေးပါးရှိသော ဆင်, မြင်း, ရထား, ခြေလျင်စစ်သည်တို့သည် ဤရသေ့ကို အမြဲခြံရံကုန်လတ္တံ့။ ဤအကျိုးသည် ငါဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၄၅။ ‘‘‘သဋ္ဌိတူရိယသဟဿာနိ, ဘေရိယော သမလင်္ကတာ၊
ဥပဋ္ဌိဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၄၅။ တူရိယာ ခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်ကုန် သောစည်ကြီးတို့သည်လည်းကောင်း ဤရသေ့ကို အခါခပ်သိမ်း တီးမှုတ်ဆည်းကပ်ကုန် လတ္တံ့။ ဤအကျိုးသည်ငါဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၄၆။ ‘‘‘သောဠသိတ္ထိသဟဿာနိ, နာရိယော သမလင်္ကတာ၊
ဝိစိတ္တဝတ္ထာဘရဏာ, အာမုတ္တမဏိကုဏ္ဍလာ။
၂၄၆-၂၄၇။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော ဆန်းကြယ်သော အဝတ်တန်ဆာရှိ ကုန်သော ပုလဲနားတောင်းဝတ်ကုန်သော ကော့ဖြူးသော မျက်တောင်ရှိကုန်သော ပြုံးရယ် လျက် ဆိုတတ်ကုန်သော ကောင်းသော အမှတ်ရှိကုန်သော သေးသွယ်သော ခါးရှိကုန်သော တစ်သောင်းခြောက်ထောင်ကုန်သော မိန်းမတို့သည် ဤရသေ့ကို အမြဲခြံရံကုန်လတ္တံ့။ ဤ အကျိုးသည် ငါဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၄၇။ ‘‘‘အဠာရပမှာ ဟသုလာ, သုသညာ တနုမဇ္ဈိမာ၊
ပရိဝါရေဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၄၈။ ‘‘‘ကပ္ပသတသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ စက္ကဝတ္တီ, ရာဇာ ရဋ္ဌေ ဘဝိဿတိ။
၂၄၈။ ကမ္ဘာတစ်သိန်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင် တိုင်းနိုင်ငံ၌စကြာမင်းဖြစ်လတ္တံ့။
၂၄၉။ ‘‘‘သဟဿက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ [အသင်္ခယံ (သျာ။ က။) ဧဝမုပရိပိ]။
၂၄၉။ အကြိမ်တစ်ထောင် သိကြားမင်း ဖြစ်၍ နတ်မင်းစည်းစိမ်ကို ခံစားရလတ္တံ့၊ အရေ အတွက်အားဖြင့်မရေတွက်နိုင်အောင် များစွာသော ပဒေသရာဇ်မင်းအဖြစ်ကို ပြုလတ္တံ့။
၂၅၀။ ‘‘‘ပစ္ဆိမေ ဘဝသမ္ပတ္တေ [ပစ္ဆိမဘဝေ သမ္ပတ္တေ (သီ။)], မနုဿတ္တံ ဂမိဿတိ၊
ဗြာဟ္မဏီ သာရိယာ နာမ, ဓာရယိဿတိ ကုစ္ဆိနာ။
၂၅၀။ အဆုံးဘဝသို့ ရောက်လတ်သော် လူအဖြစ်သို့ လာရလတ္တံ့၊ သာရီမည်သော ပုဏ္ဏေးမသည်ဝမ်းဖြင့် ဆောင်လတ္တံ့။
၂၅၁။ ‘‘‘မာတုယာ နာမဂေါတ္တေန, ပညာယိဿတိယံ နရော၊
သာရိပုတ္တောတိ နာမေန, တိက္ခပညော ဘဝိဿတိ။
၂၅၁။ အမိ၏ အမည်အနွယ်အားဖြင့် ဤရသေ့သည် ထင်ရှားလတ္တံ့၊ “သာရိပုတြာ”ဟူသော အမည်ဖြင့်ထက်သော ပညာရှိ ဖြစ်လတ္တံ့။
၂၅၂။ ‘‘‘အသီတိကောဋီ ဆဍ္ဍေတွာ, ပဗ္ဗဇိဿတိကိဉ္စနော၊
ဂဝေသန္တော သန္တိပဒံ, စရိဿတိ မဟိံ ဣမံ။
၂၅၂။ ကုဋေရှစ်ဆယ်သော ဥစ္စာကို စွန့်၍ ကြောင့်ကြမဲ့ ရဟန်းပြုလတ္တံ့၊ ငြိမ်းအေးသော နိဗ္ဗာန်ကိုရှာမှီးလျက် ဤမြေပြင်ကို လှည့်လည်လတ္တံ့။
၂၅၃။ ‘‘‘အပ္ပရိမေယျေ ဣတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၅၃။ ငါ အနောမဒဿီဘုရား ပွင့်ရာ ဤဝရကမ္ဘာမှ မရေတွက်နိုင်သော တစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်းထက် ဘဒ္ဒကမ္ဘာ၌ (တတိယ) ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၂၅၄။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သာရိပုတ္တောတိ နာမေန, ဟေဿတိ အဂ္ဂသာဝကော။
၂၅၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ အမွေခံသားဖြစ်၍ တရားသည် ဖန် ဆင်းအပ်သည်ဖြစ်ရကား ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်သော အမည်အားဖြင့် သာရိပုတြာ မည်သော အဂ္ဂသာဝကဖြစ်လတ္တံ့။
၂၅၅။ ‘‘‘အယံ ဘာဂီရထီ [ဘာဂီရသီ (သျာ။ က။)] ဂင်္ဂါ, ဟိမဝန္တာ ပဘာဝိတာ၊
မဟာသမုဒ္ဒမပ္ပေတိ, တပ္ပယန္တီ မဟောဒဓိံ [မဟောဒဓီ (?) ဂင်္ဂါဒိမဟာနဒိယောတိ အတ္ထော]။
၂၅၅။ ဘာဂီရထီမည်သော ဤမြစ်သည် ဟိမဝန္တာမှ အမွန်အစ ဖြစ်၏၊ များစွာသော ရေကိုပြည့်စေလျက် မဟာသမုဒ္ဒရာသို့ စီးဝင်၏။
၂၅၆။ ‘‘‘တထေဝါယံ သာရိပုတ္တော, သကေ တီသု ဝိသာရဒေါ၊
ပညာယ ပါရမိံ ဂန္တွာ, တပ္ပယိဿတိ ပါဏိနေ [ပါဏိနော (သီ။ သျာ။)]။
၂၅၆။ ထို့အတူ ဤသာရိပုတြာသည် မိမိ အမျိုးဥစ္စာ ဖြစ်သော ဗေဒင်သုံးပုံတို့၌ ရဲရင့်၍ ပညာ၏အဆုံးသို့ ရောက်လျက် သတ္တဝါတို့ကို နှစ်သိမ့်စေလတ္တံ့။
၂၅၇။ ‘‘‘ဟိမဝန္တမုပါဒါယ, သာဂရဉ္စ မဟောဒဓိံ၊
ဧတ္ထန္တရေ ယံ ပုလိနံ, ဂဏနာတော အသင်္ခိယံ။
၂၅၇။ ဟိမဝန္တာတောင်ကို အစပြု၍ များသော ရေရှိသော သမုဒ္ဒရာကိုလည်း (အပိုင်း အခြားပြု၍) ဤအတွင်း၌ အကြင်သဲကို ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်။
၂၅၈။ ‘‘‘တမ္ပိ သက္ကာ အသေသေန, သင်္ခါတုံ ဂဏနာ ယထာ၊
န တွေဝ သာရိပုတ္တဿ, ပညာယန္တော ဘဝိဿတိ။
၂၅၈။ ထိုသဲကိုသော်လည်း ဂဏန်းသင်္ချာအားဖြင့် အကြွင်းမဲ့ ရေတွက်ခြင်းငှါ တတ် ကောင်းရာသေး၏၊ သာရိပုတြာ၏ ပညာအဆုံးအပိုင်းအခြားသည် (ရေတွက်၍) မဖြစ်ကောင်း သည်သာတည်း။
၂၅၉။ ‘‘‘လက္ခေ ဌပိယမာနမှိ, ခီယေ ဂင်္ဂါယ ဝါလုကာ၊
န တွေဝ သာရိပုတ္တဿ, ပညာယန္တော ဘဝိဿတိ။
၂၅၉။ ဉာဏ်ဖြင့် အမှတ်အသားထားအပ်သည်ရှိသော် ဂင်္ဂါမြစ်၌ သဲသည် ကုန်ရာ၏၊ သာရိပုတြာ၏ပညာအဆုံးအပိုင်းအခြားသည် ရေတွက်၍ မဖြစ်ကောင်းသည်သာတည်း။
၂၆၀။ ‘‘‘မဟာသမုဒ္ဒေ ဦမိယော, ဂဏနာတော အသင်္ခိယာ၊
တထေဝ သာရိပုတ္တဿ, ပညာယန္တော န ဟေဿတိ။
၂၆၀။ မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးတို့သည် အရေအတွက် ဂဏန်းအားဖြင့် မရေတွက်နိုင် သကဲ့သို့ထို့အတူ သာရိပုတြာ၏ ပညာအဆုံးအပိုင်းအခြားသည် ရေတွက်၍ မဖြစ်ကောင်း သည်သာတည်း။
၂၆၁။ ‘‘‘အာရာဓယိတွာ သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊
ပညာယ ပါရမိံ ဂန္တွာ, ဟေဿတိ အဂ္ဂသာဝကော။
၂၆၁။ သာကီဝင်မင်းတို့ထက် မြတ်သော ဂေါတမမြတ်စွာဘုရားကို နှစ်သိမ့်စေ၍ ပညာ၏ အဆုံးသို့ရောက်လျက် အဂ္ဂသာဝက ဖြစ်လတ္တံ့။
၂၆၂။ ‘‘‘ပဝတ္တိတံ ဓမ္မစက္ကံ, သကျပုတ္တေန တာဒိနာ၊
အနုဝတ္တေဿတိ သမ္မာ, ဝဿေန္တော ဓမ္မဝုဋ္ဌိယော။
၂၆၂။ တရားတည်းဟူသော မိုးကို ရွာသွန်းစေနိုင်သော ထိုသာရိပုတြာသည် တာဒိဂုဏ် နှင့်ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဂေါတမမြတ်စွာဘုရားသည် လည်စေအပ်သောတရားတည်းဟူသော စက်ကို အတုလိုက်၍ လည်စေလတ္တံ့။
၂၆၃။ ‘‘‘သဗ္ဗမေတံ အဘိညာယ, ဂေါတမော သကျပုင်္ဂဝေါ၊
ဘိက္ခုသံဃေ နိသီဒိတွာ, အဂ္ဂဋ္ဌာနေ ဌပေဿတိ’။
၂၆၃။ သာကီဝင်မင်းတို့ထက် မြတ်သော ဂေါတမမြတ်စွာဘုရားသည် ဤအလုံးစုံကို ထူး သောဉာဏ်ဖြင့်သိ၍ ရဟန်းသံဃာ (အလယ်၌) ထိုင်နေတော်မူလျက် အဂ္ဂသာဝကအရာ၌ ထားလတ္တံ့ဟုဟောကြားတော်မူ၏။
၂၆၄။ ‘‘အဟော မေ သုကတံ ကမ္မံ, အနောမဒဿိဿ သတ္ထုနော၊
ယဿာဟံ ကာရံ [ယဿာဓိကာရံ (သျာ။)] ကတွာန, သဗ္ဗတ္ထ ပါရမိံ ဂတော။
၂၆၄။ အနောမဒဿီမြတ်စွာဘုရားအား ကောင်းစွာ ပြုအပ်သော ငါ၏ ကုသိုလ်ကံသည် အံ့ဖွယ်ရှိပေစွ၊ ငါသည် အကြင်မြတ်စွာဘုရား၌ ကုသိုလ်ကံကို ပြုကျင့်သောကြောင့် ခပ်သိမ်း သော သာဝကပါရမီဉာဏ်၏အဆုံးသို့ ရောက်ခဲ့၏။
၂၆၅။ ‘‘အပရိမေယျေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊
သုမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယိံ အဟံ။
၂၆၅။ မရေတွက်နိုင်သော ကပ်ကမ္ဘာ၌ ပြုခဲ့သော ကောင်းမှုကံသည် ဤအဆုံးဘဝ၌ ငါ့အား အကျိုးကိုပြ၏၊ ‘လေးမှ ကောင်းစွာ လွတ်သော မြား၏ အဟုန်ကဲ့သို့’ ငါသည် ကိလေသာတို့ကို (မဂ်ဉာဏ်ဖြင့်) လောင်ကျွမ်းစေအပ်ပေပြီ။
၂၆၆။ ‘‘အသင်္ခတံ ဂဝေသန္တော, နိဗ္ဗာနံ အစလံ ပဒံ၊
ဝိစိနံ တိတ္ထိယေ သဗ္ဗေ, ဧသာဟံ သံသရိံ ဘဝေ။
၂၆၆။ အကြောင်းတရားလေးပါးတို့ မပြုပြင်အပ်သော တုန်လှုပ်ခြင်း မရှိသော ချမ်းသာ ခြင်း၏အကြောင်းဖြစ်သော နိဗ္ဗာန်ကို ရှာမှီးသော ထိုငါသည် ခပ်သိမ်းသော အယူဝါဒ တီထွင် သူတို့၏အယူဝါဒအားလုံးတို့ကို စူးစမ်းရှာဖွေလျက် သံသရာ၌ ကျင်လည်ခဲ့ရ၏။
၂၆၇။ ‘‘ယထာပိ ဗျာဓိတော ပေါသော, ပရိယေသေယျ ဩသဓံ၊
ဝိစိနေယျ ဝနံ [ဓနံ (သျာ။ က။)] သဗ္ဗံ, ဗျာဓိတော ပရိမုတ္တိယာ။
၂၆၇-၂၆၈။ အနာနှိပ်စက်သော ယောကျာ်းသည် အနာမှ လွတ်ခြင်းငှါ ဆေးကို ရှာမှီးသကဲ့သို့လည်းကောင်း၊ တောအားလုံးသို့ သက်ဝင်၍ ဆေးမြစ်ကို စူးစမ်းဆည်းပူးသကဲ့သို့လည်းကောင်းအကြောင်းတရားလေးပါးတို့ မပြုပြင်ရသော သေခြင်းမရှိသော ချမ်းသာခြင်း၏ အကြောင်းဖြစ်သောနိဗ္ဗာန်ကို ရှာမှီးသော ငါသည် အဆက်မပြတ် ဘဝငါးရာပတ်လုံး ရသေ့ ရဟန်းအဖြစ်ကို ပြုကျင့်ခဲ့၏။
၂၆၈။ ‘‘အသင်္ခတံ ဂဝေသန္တော, နိဗ္ဗာနံ အမတံ ပဒံ၊
အဗ္ဗောကိဏ္ဏံ [အဗ္ဗောစ္ဆိန္နံ (အဋ္ဌ။)] ပဉ္စသတံ, ပဗ္ဗဇိံ ဣသိပဗ္ဗဇံ။
၂၆၉။ ‘‘ဇဋာဘာရေန ဘရိတော, အဇိနုတ္တရနိဝါသနော၊
အဘိညာပါရမိံ ဂန္တွာ, ဗြဟ္မလောကံ အဂစ္ဆိဟံ။
၂၆၉။ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်သော ငါသည် မြတ်သော သစ်နက်ရေကို ဝတ်ရုံခဲ့့၏၊ ငါသည် (လောကီ) အဘိညာဥ်ငါးပါး၏ အဆုံးသို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့ရ၏။
၂၇၀။ ‘‘နတ္ထိ ဗာဟိရကေ သုဒ္ဓိ, ဌပေတွာ ဇိနသာသနံ၊
ယေ ကေစိ ဗုဒ္ဓိမာ သတ္တာ, သုဇ္ဈန္တိ ဇိနသာသနေ။
၂၇၀။ မြတ်စွာဘုရားသာသနာတော်ကို ထား၍ သာသနာမှ အပဖြစ်သော တိတ္ထိ သာသနာ၌ (မဂ်ဉာဏ်ဖြင့်) စင်ကြယ်ခြင်း မရှိ၊ ပညာရှိသော ခပ်သိမ်းသော သတ္တဝါတို့သည် မြတ်စွာဘုရားသာသနာတော်၌သာလျှင် (မဂ်ဉာဏ်ဖြင့်) စင်ကြယ်နိုင်ကုန်၏။
၂၇၁။ ‘‘အတ္တကာရမယံ [အတ္ထကာရမယံ (က။)] ဧတံ, နယိဒံ ဣတိဟီတိဟံ၊
အသင်္ခတံ ဂဝေသန္တော, ကုတိတ္ထေ [ကုတိတ္ထံ (သီ။ သျာ။)] သဉ္စရိံ အဟံ။
၂၇၁။ ဤသို့ မဂ်ဉာဏ်ဖြင့် စင်ကြယ်ခြင်းသည် မိမိကိုယ်တိုင် ပြုအပ်သော လုံ့လဖြင့် ပြီး၏။ ဤသို့စင်ကြယ်ခြင်းသည် “ဤသို့ ဤသို့”ဟု ပြောဆိုကာမျှဖြင့် ပြီးသည် မဟုတ်၊ အကြောင်းတရားလေးပါးတို့မပြုပြင်အပ်သော နိဗ္ဗာန်ကို ရှာမှီးသော ငါသည် မှားသော မိစ္ဆာအယူဆိပ်ကမ်း၌ လှည့့်လည်ခဲ့ရ၏။
၂၇၂။ ‘‘ယထာ သာရတ္ထိကော ပေါသော, ကဒလိံ ဆေတွာန ဖာလယေ၊
န တတ္ထ သာရံ ဝိန္ဒေယျ, သာရေန ရိတ္တကော ဟိ သော။
၂၇၂-၂၇၃။ အနှစ်ကို အလိုရှိသော ယောကျာ်းသည် ငှက်ပျောပင်ကို ဖြတ်၍ ခွဲရာ၏၊ ထိုငှက်ပျောတုံးသည် အနှစ်မှ ကင်းဆိတ်သောကြောင့် ထိုငှက်ပျောတုံး၌ အနှစ်ကို မရသကဲ့သို့ထို့အတူသာလျှင် လောက၌ အထူးထူးသော အယူရှိသော များစွာသော တိတ္ထိတို့သည် ‘ငှက်ပျောတုံးသည် အနှစ်မှ ကင်းသကဲ့သို့’ နိဗ္ဗာန်မှ ကင်းဆိတ်ကုန်၏။
၂၇၃။ ‘‘တထေဝ တိတ္ထိယာ လောကေ, နာနာဒိဋ္ဌီ ဗဟုဇ္ဇနာ၊
အသင်္ခတေန ရိတ္တာသေ, သာရေန ကဒလီ ယထာ။
၂၇၄။ ‘‘ပစ္ဆိမေ ဘဝသမ္ပတ္တေ, ဗြဟ္မဗန္ဓု အဟောသဟံ၊
မဟာဘောဂံ ဆဍ္ဍေတွာန, ပဗ္ဗဇိံ အနဂါရိယံ။
ပဌမဘာဏဝါရံ။
၂၇၄။ ငါသည် နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်သော ကာလ၌ ပုဏ္ဏားမျိုး၌ ဖြစ်၏၊ များစွာသောစည်းစိမ်ဥစ္စာကို ဖြတ်တောက်စွန့်လွှတ်၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ပထမဘာဏဝါရ ပြီး၏။
၂၇၅။ ‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊
ဗြာဟ္မဏော သဉ္စယော [သဉ္ဇယော (သီ။ သျာ။ ပီ။)] နာမ, တဿ မူလေ ဝသာမဟံ။
၂၇၅။ ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော ဗေဒင်သုံးပုံတို့၏ တစ်ဖက် ကမ်းသို့ရောက်သော သိဉ္စည်းမည်သော ပုဏ္ဏားပရိဗိုဇ်သည် ရှိ၏၊ အကျွန်ုပ်သည် ထိုပုဏ္ဏား ပရိဗိုဇ်ခြေရင်း၌နေ၏။
၂၇၆။ ‘‘သာဝကော တေ မဟာဝီရ, အဿဇိ နာမ ဗြာဟ္မဏော၊
ဒုရာသဒေါ ဥဂ္ဂတေဇော, ပိဏ္ဍာယ စရတီ တဒါ။
၂၇၆။ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား ထိုအခါ အရှင်ဘုရား၏ တပည့်ဖြစ် သော (နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲသော ထက်သော တန်ခိုးရှိသော အဿဇိမည်သော ရဟန္တာသည်ဆွမ်းခံလှည့်လည်၏။
၂၇၇။ ‘‘တမဒ္ဒသာသိံ သပ္ပညံ, မုနိံ မောနေ သမာဟိတံ၊
သန္တစိတ္တံ မဟာနာဂံ, သုဖုလ္လံ ပဒုမံ ယထာ။
၂၇၇။ အကျွန်ုပ်သည် ပညာရှိသော မဂ်ဉာဏ်ကြောင့် တည်ကြည်သော ငြိမ်သက်သော စိတ်ရှိသောရဟန္တာမြတ်ဖြစ်သော ကောင်းစွာပွင့်သော ပဒုမ္မာကြာနှင့် တူသော ထိုအဿဇိ မထေရ်ရဟန်းကို မြင်ရပြီ။
၂၇၈။ ‘‘ဒိသွာ မေ စိတ္တမုပ္ပဇ္ဇိ, သုဒန္တံ သုဒ္ဓမာနသံ၊
ဥသဘံ ပဝရံ ဝီရံ, အရဟာယံ ဘဝိဿတိ။
၂၇၈။ အလွန် ယဥ်ကျေး၍ စင်ကြယ်သော စိတ်ရှိသော ဥသဘနှင့် တူသော မြတ်သော ရဲရင့်သောအဿဇိမထေရ်ကို တွေ့မြင်ရ၍ “ဤသူကား ရဟန္တာဖြစ်ပေလိမ့်မည်”ဟု အကျွန်ုပ် အား ကြည်ညိုသောစိတ်ဖြစ်ပေါ်လာ၏။
၂၇၉။ ‘‘ပါသာဒိကော ဣရိယတိ, အဘိရူပေါ သုသံဝုတော၊
ဥတ္တမေ ဒမထေ ဒန္တော, အမတဒဿီ ဘဝိဿတိ။
၂၇၉။ ဤသူကား အလွန်သပ္ပါယ်၏၊ ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ကြည်ညိုဖွယ်ကိုဆောင်လျက် လှည့်လည်သွားလာနေ၏၊ မြတ်သော အဆုံးအမကြောင့် ယဥ်ကျေး၏၊ မသေရာတရားကိုသိမြင်သူ ဖြစ်လတ္တံ့။
၂၈၀။ ‘‘ယံနူနာဟံ ဥတ္တမတ္ထံ, ပုစ္ဆေယျံ တုဋ္ဌမာနသံ၊
သော မေ ပုဋ္ဌော ကထေဿတိ, ပဋိပုစ္ဆာမဟံ တဒါ။
၂၈၀။ ကြည်လင်နှစ်သက်သော စိတ်ရှိသော ရဟန်းအား မြင့်မြတ်သောတရား၏ အနက် သဘောကို ငါမေးရပါမူကား ကောင်းလေစွ၊ ငါ မေးခဲ့သော် ထိုရဟန်းသည် ဖြေဆိုလတ္တံ့၊ ထိုဖြေဆိုသောအခါ ငါသည် ပြန်လှန်မေးမြန်းအံ့။
၂၈၁။ ‘‘ပိဏ္ဍပါတံ [ပိဏ္ဍစာရံ (သျာ။)] စရန္တဿ, ပစ္ဆတော အဂမာသဟံ၊
ဩကာသံ ပဋိမာနေန္တော, ပုစ္ဆိတုံ အမတံ ပဒံ။
၂၈၁။ အကျွန်ုပ်သည် မသေရာ နိဗ္ဗာန်ကို မေးမြန်းရန် အခွင့်ကို ဆိုင်းငံ့လျက် ဆွမ်းခံ သွားသောရဟန်း၏ နောက်မှ လိုက်၏။
၂၈၂။ ‘‘ဝီထိန္တရေ အနုပ္ပတ္တံ, ဥပဂန္တွာန ပုစ္ဆဟံ၊
‘ကထံ ဂေါတ္တောသိ တွံ ဝီရ, ကဿ သိဿောသိ မာရိသ’။
၂၈၂။ ငါသည် ခရီးလမ်းအကြား တစ်ခုသော နေရာသို့ ရောက်သော ရဟန်းကို ချဥ်း ကပ်၍ ကြီးသောလုံ့လရှိသော အရှင်ဘုရား အရှင်ဘုရားသည် အဘယ်အနွယ် ဖြစ်ပါ သနည်း၊ အရှင်ဘုရားအရှင်ဘုရားသည် အဘယ်သူ၏ တပည့် ဖြစ်ပါသနည်းဟု မေး၏။
၂၈၃။ ‘‘သော မေ ပုဋ္ဌော ဝိယာကာသိ, အသမ္ဘီတောဝ ကေသရီ၊
‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, တဿ သိဿောမှိ အာဝုသော’။
၂၈၃။ အကျွန်ုပ်သည် မေးအပ်သည်ရှိသော် ငါ့ရှင်ပရိဗိုဇ် လောက၌ မြတ်စွာဘုရားသည် ကောင်းစွာဖြစ်တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်၏ဟု ထိုအဿဇိမထေရ်က ‘ခြင်္သေ့မင်းကဲ့သို့’ ရဲတင်းစွာ ဖြေကြား၏။
၂၈၄။ ‘‘‘ကီဒိသံ တေ မဟာဝီရ, အနုဇာတ မဟာယသ၊
ဗုဒ္ဓဿ သာသနံ ဓမ္မံ, သာဓု မေ ကထယဿု ဘော’။
၂၈၄။ ကြီးသော လုံ့လရှိတော်မူသော အဖသို့ အစဥ်လိုက်သော သားဖြစ်သော များသောအခြံအရံရှိသော အရှင်ဘုရား အရှင့်ဆရာ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော တရားသည် အဘယ်သို့သဘောရှိပါသနည်း၊ အရှင်ရဟန်း တောင်းပန်ပါ၏၊ အကျွန်ုပ်အား တရားတော်ကို ဟောတော်မူပါလော့။
၂၈၅။ ‘‘သော မေ ပုဋ္ဌော ကထီ သဗ္ဗံ, ဂမ္ဘီရံ နိပုဏံ ပဒံ၊
တဏှာသလ္လဿ ဟန္တာရံ, သဗ္ဗဒုက္ခာပနူဒနံ။
၂၈၅။ အကျွန်ုပ် မေးလျှောက်အပ်သည်ရှိသော် ထိုအဿဇိမထေရ်သည် တဏှာတည်းဟူ သော ငြောင့်ကိုပယ်နုတ်တတ်သော ခပ်သိမ်းသော ဆင်းရဲကို ပယ်ဖျောက်တတ်သော နက်နဲ သိမ်မွေ့သော “ယေဓမ္မာဟေတုပ္ပဘဝါ”အစရှိသော ဂါထာပဒကို (ဟောတော်မူ၏)။
၂၈၆။ ‘‘‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိရောဓော, ဧဝံ ဝါဒီ မဟာသမဏော’။
၂၈၆။ အကြင် (ဒုက္ခသစ္စာ) တရားတို့သည် အကြောင်းဖြစ်သော (သမုဒယသစ္စာ) သာလျှင်အမွန်အစရှိကုန်၏၊ ထို (ဒုက္ခသစ္စာ) တရားတို့၏ အကြောင်းဖြစ်သော (သမုဒယသစ္စာ) ကို ငါတို့ဆရာမြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထို (ဒုက္ခ, သမုဒယ) သစ္စာတို့၏ အကြင် ချုပ် ရာဖြစ်သောနိဗ္ဗာန်သည် ရှိ၏၊ ထိုနိဗ္ဗာန်ကိုလည်း ဟောတော်မူ၏၊ ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ဟောလေ့ရှိ၏။
၂၈၇။ ‘‘သောဟံ ဝိဿဇ္ဇိတေ ပဉှေ, ပဌမံ ဖလမဇ္ဈဂံ၊
ဝိရဇော ဝိမလော အာသိံ, သုတွာန ဇိနသာသနံ။
၂၈၇။ ပြဿနာကို ဖြေဆိုအပ်သည်ရှိသော် ထိုအကျွန်ုပ်သည် သောတာပတ္တိဖိုလ်သို့ ရောက်၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားအဆုံးအမတော်ကို ကြားနာရသောကြောင့် ကိလေသာ မြူကင်း သူ, အညစ်အကြေးကင်းသူ ဖြစ်ခဲ့ပြီ။
၂၈၈။ ‘‘သုတွာန မုနိနော ဝါကျံ, ပဿိတွာ ဓမ္မမုတ္တမံ၊
ပရိယောဂါဠှသဒ္ဓမ္မော, ဣမံ ဂါထမဘာသဟံ။
၂၈၈။ အဿဇိမထေရ်၏ စကားကို နာရသောကြောင့် မြတ်သော နိဗ္ဗာန်တရားကို မြင်ရ၍ သူတော်ကောင်းတရားသို့ သက်ဝင်ပြီးဖြစ်သော အကျွန်ုပ်သည် ဤဂါထာကို ရွတ်ဆို၏။
၂၈၉။ ‘‘‘ဧသေဝ ဓမ္မော ယဒိ တာဝဒေဝ, ပစ္စဗျထပဒမသောကံ၊
အဒိဋ္ဌံ အဗ္ဘတီတံ, ဗဟုကေဟိ ကပ္ပနဟုတေဟိ’။
၂၈၉။ ထိုသောတာပတ္တိဖိုလ်မျှလောက်ကိုပင် သိသေးစေကာမူ ဤတရားသည်ပင် (ငါတို့ ရှာအပ်သော) တရားတည်း၊ အရှင်ဘုရားတို့သည် စိုးရိမ်ခြင်းကင်းသော နိဗ္ဗာန်ကို သိမြင်တော် မူကြရလေပြီ၊ အကျွန်ုပ်တို့ကား ထိုတရားကို မမြင်ရဘဲ ကမ္ဘာသောင်းပေါင်း များစွာကို ကျော် လွန်ခဲ့ရပြီ။
၂၉၀။ ‘‘သွာဟံ ဓမ္မံ ဂဝေသန္တော, ကုတိတ္ထေ သဉ္စရိံ အဟံ၊
သော မေ အတ္ထော အနုပ္ပတ္တော, ကာလော မေ နပ္ပမဇ္ဇိတုံ။
၂၉၀။ အကျွန်ုပ်သည် တရားကို ရှာမှီးလျက် မိစ္ဆာအယူတည်းဟူသော ဆိပ်၌ ကူးမှားခဲ့ဖူး၏၊ အကျွန်ုပ်သည် ထိုအလိုရှိအပ်သော အကျိုးသို့ အစဥ်ရောက်ပြီ၊ အကျွန်ုပ်အား (ယခု) မမေ့လျော့ရန်အခါတန်ပြီ။
၂၉၁။ ‘‘တောသိတောဟံ အဿဇိနာ, ပတွာန အစလံ ပဒံ၊
သဟာယကံ ဂဝေသန္တော, အဿမံ အဂမာသဟံ။
၂၉၁။ အဿဇိမထေရ် နှစ်သိမ့်စေအပ်သော အကျွန်ုပ်သည် တုန်လှုပ်ခြင်း ကင်းသော နိဗ္ဗာန်သို့ ရောက်၍အဆွေခင်ပွန်းဖြစ်သော ကောလိတကို ရှာမှီးလျက် သင်္ခမ်းကျောင်းသို့ သွား၏။
၂၉၂။ ‘‘ဒူရတောဝ မမံ ဒိသွာ, သဟာယော မေ သုသိက္ခိတော၊
ဣရိယာပထသမ္ပန္နော [ဣရိယာပထံ မမံ ဒိသွာ (က။)], ဣဒံ ဝစနမဗြဝိ။
၂၉၂။ ကောင်းစွာ သင်အပ်ပြီး ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံသော အကျွန်ုပ်၏ အဆွေ ခင်ပွန်းဖြစ်သောကောလိတသည် အဝေးမှသာလျှင် အကျွန်ုပ်ကို မြင်၍ ဤစကားကို ပြောဆို၏။
၂၉၃။ ‘‘‘ပသန္နမုခနေတ္တောသိ, မုနိဘာဝေါဝ ဒိဿတိ၊
အမတာဓိဂတော ကစ္စိ, နိဗ္ဗာနမစ္စုတံ ပဒံ။
၂၉၃။ (အဆွေ) သင်သည် ကြည်လင်သော မျက်နှာ, ကြည်လင်သော မျက်လုံး ရှိ၏၊ ရဟန်းဟုသိမှတ်ကြောင်း တရားထူးရသောသူကဲ့သို့ ထင်ရ၏၊ အသို့နည်း မသေရာ အမြိုက်နိဗ္ဗာန်တရားကိုရခဲ့လေသလော။
၂၉၄။ ‘‘‘သုဘာနုရူပေါ အာယာသိ, အာနေဉ္ဇကာရိတော ဝိယ၊
ဒန္တောဝ ဒန္တဒမထော [ဒန္တောဝုတ္တမဒမထော (သီ။) ဒန္တောဝ ဒန္တ ဒမထေ (သျာ။)], ဥပသန္တောသိ ဗြာဟ္မဏ။
၂၉၄။ အဆွေပုဏ္ဏား သင်သည် ‘ချွန်းတောင်းစသည်တို့ဖြင့် ဆုံးမအပ်ပြီးသည်ဖြစ်၍ ငြိမ် သက်သောဆင်ကဲ့သို့’ တင့်တယ်သော သဘောရှိသည် ဖြစ်လျက် လာဘိ၏၊ ‘ယဥ်ကျေး သိမ်မွေ့အောင်ဆုံးမသွန်သင်ပြီး ဖြစ်၍ ယဥ်ကျေးသိမ်မွေ့ပြီးသော ဆင်ကဲ့သို့’ ယဥ်ကျေး သိမ်မွေ့ဘိ၏။
၂၉၅။ ‘‘‘အမတံ မယာဓိဂတံ, သောကသလ္လာပနူဒနံ၊
တွမ္ပိ တံ အဓိဂစ္ဆေသိ [အဓိဂစ္ဆာဟိ (သီ။), အဓိဂစ္ဆေဟိ (သျာ။), အဓိဂတောသိ (?)], ဂစ္ဆာမ ဗုဒ္ဓသန္တိကံ’။
၂၉၅။ (အဆွေ) ငါသည် သောကတည်းဟူသော ငြောင့်ကို နုတ်တတ်သော အမြိုက်နိဗ္ဗာန် ကို ရအပ်ပြီ၊ သင်သည်လည်း ထိုနိဗ္ဗာန်ကို ရလေပြီ၊ ငါတို့သည် မြတ်စွာဘုရားထံသို့ သွား ကြကုန်စို့။
၂၉၆။ ‘‘သာဓူတိ သော ပဋိဿုတွာ, သဟာယော မေ သုသိက္ခိတော၊
ဟတ္ထေန ဟတ္ထံ ဂဏှိတွာ, ဥပဂမ္မ [ဥပါဂမိ (သီ။), ဥပါဂမ္မ (သျာ။)] တဝန္တိကံ။
၂၉၆။ ကောင်းစွာသင်အပ်ပြီးသော ငါ၏ အဆွေခင်ပွန်းဖြစ်သော ထိုကောလိတသည် ‘ကောင်းပြီ’ဟုဝန်ခံပြီးလျှင် လက်ချင်းချင်း ဆွဲကိုင်၍ အရှင်ဘုရားထံသို့ ချဥ်းကပ်လျက်-
၂၉၇။ ‘‘ဥဘောပိ ပဗ္ဗဇိဿာမ, သကျပုတ္တ တဝန္တိကေ၊
တဝ သာသနမာဂမ္မ, ဝိဟရာမ အနာသဝါ။
၂၉၇။ သာကီဝင်မင်းသား ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားထံတော်၌ အကျွန်ုပ် တို့နှစ်ယောက်တို့သည်လည်း ရဟန်းပြုကြပါကုန်အံ့၊ အရှင်ဘုရား၏ အဆုံးအမကို အကြောင်းပြု၍ အာသဝကင်းလျက် နေကြပါကုန်အံ့။
၂၉၈။ ‘‘ကောလိတော ဣဒ္ဓိယာ သေဋ္ဌော, အဟံ ပညာယ ပါရဂေါ၊
ဥဘောဝ ဧကတော ဟုတွာ, သာသနံ သောဘယာမသေ။
၂၉၈။ ကောလိတသည် တန်ခိုးအရာ၌ အမြတ်ဆုံး ဖြစ်၏၊ အကျွန်ုပ်သည် ပညာဖြင့် တစ်ဖက်ကမ်းသို့ရောက်၏၊ အကျွန်ုပ်တို့ နှစ်ဦးသည် တစ်ပေါင်းတည်း ဖြစ်၍ သာလျှင် သာသနာတော်ကိုတင့်တယ်စေပါကုန်အံ့။
၂၉၉။ ‘‘အပရိယောသိတသင်္ကပ္ပေါ, ကုတိတ္ထေ သဉ္စရိံ အဟံ၊
တဝ ဒဿနမာဂမ္မ, သင်္ကပ္ပေါ ပူရိတော မမ။
၂၉၉။ တပည့်တော်သည် အပြီးသို့ မရောက်သေးသော အလိုရှိသည် ဖြစ်၍ မှားသော (မိစ္ဆာအယူတည်းဟူသော) ဆိပ်၌ လှည့်လည်ခဲ့ရပါပြီ၊ အရှင်ဘုရားအား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ တပည့်တော်၏ အလိုအကြံအစည်သည် ပြည့်စုံပါပြီ။
၃၀၀။ ‘‘ပထဝိယံ ပတိဋ္ဌာယ, ပုပ္ဖန္တိ သမယေ ဒုမာ၊
ဒိဗ္ဗဂန္ဓာ သမ္ပဝန္တိ, တောသေန္တိ သဗ္ဗပါဏိနံ။
၃၀၀။ သစ်ပင်တို့သည် မြေ၌ တည်၍ ပွင့်ချိန်တန်သော အခါ၌ ပွင့်ကုန်၏၊ နတ်၌ ဖြစ်သော ရနံ့တို့သည် ကြိုင်လှိုင်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့အား နှစ်သက်စေကုန်၏။
၃၀၁။ ‘‘တထေဝါဟံ မဟာဝီရ, သကျပုတ္တ မဟာယသ၊
သာသနေ တေ ပတိဋ္ဌာယ, သမယေသာမိ ပုပ္ဖိတုံ။
၃၀၁။ ကြီးသောလုံ့လရှိတော်မူသော သာကီဝင်မင်းသားဖြစ်တော်မူသော များသော အခြံအရံရှိတော်မူသော အရှင်ဘုရား ထို့အတူသာလျှင် တပည့်တော်သည် အရှင်ဘုရား၏ သာသနာ တော်၌တည်၍ (အရဟတ္တဖိုလ်တည်းဟူသော ပန်း) ပွင့်လန်းခြင်းငှါ အခါကို ရှာမှီးပါအံ့။
၃၀၂။ ‘‘ဝိမုတ္တိပုပ္ဖံ ဧသန္တော, ဘဝသံသာရမောစနံ၊
ဝိမုတ္တိပုပ္ဖလာဘေန, တောသေမိ သဗ္ဗပါဏိနံ။
၃၀၂။ ဘဝတို့၌ ကျင်လည်ရခြင်းမှ လွတ်မြောက်စေတတ်သော အရဟတ္တဖိုလ်တည်းဟူသော ပန်းကိုရှာသော တပည့်တော်သည် အရဟတ္တဖိုလ် (တည်းဟူသော) ပန်းကို ရသဖြင့် ခပ်သိမ်းသော သတ္တဝါတို့အား နှစ်သက်စေပါအံ့။
၃၀၃။ ‘‘ယာဝတာ ဗုဒ္ဓခေတ္တမှိ, ဌပေတွာန မဟာမုနိံ၊
ပညာယ သဒိသော နတ္ထိ, တဝ ပုတ္တဿ စက္ခုမ။
၃၀၃။ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရား (စကြဝဠာကုဋေတစ်သိန်းဟူသော) ဗုဒ္ဓ ခေတ်၌ရှိသမျှသော သတ္တဝါတို့တွင် မြတ်စွာဘုရားကို ထား၍ အရှင်ဘုရား၏ သားတော်ဖြစ် သော အကျွန်ုပ်နှင့်ပညာအားဖြင့် တူသောသူသည် မရှိပါ။
၃၀၄။ ‘‘သုဝိနီတာ စ တေ သိဿာ, ပရိသာ စ သုသိက္ခိတာ၊
ဥတ္တမေ ဒမထေ ဒန္တာ, ပရိဝါရေန္တိ တံ သဒါ။
၃၀၄။ အရှင်ဘုရား၏ တပည့်သာဝကတို့သည် ကောင်းစွာဆုံးမအပ်ပြီးသူတို့ ဖြစ်ကုန်၏၊ ပရိသတ်တို့သည်လည်း ကောင်းစွာ သင်ကြားအပ်ပြီးသူတို့ ဖြစ်ကုန်၏၊ မြတ်သောအဆုံးအမ၌ယဥ်ကျေးတော်မူကုန်သည် ဖြစ်၍ အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၀၅။ ‘‘ဈာယီ ဈာနရတာ ဓီရာ, သန္တစိတ္တာ သမာဟိတာ၊
မုနီ မောနေယျသမ္ပန္နာ, ပရိဝါရေန္တိ တံ သဒါ။
၃၀၅။ ဈာန်ဝင်စားလေ့ရှိကုန်သော ဈာန်၌ မွေ့လျော်ကုန်သော မြဲမြံခိုင်ခံ့သော ပညာရှိကုန် သောငြိမ်သက်သောစိတ် တည်ကြည်သော သမာဓိရှိကုန်သော မဂ်ဉာဏ်နှင့် ပြည့်စုံသော တပည့်သားရဟန်းတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၀၆။ ‘‘အပ္ပိစ္ဆာ နိပကာ ဓီရာ, အပ္ပါဟာရာ အလောလုပါ၊
လာဘာလာဘေန သန္တုဋ္ဌာ, ပရိဝါရေန္တိ တံ သဒါ။
၃၀၆။ အလိုနည်းကုန်သော ရင့်ကျက်သော ပညာရှိကုန်သော မြဲမြံခိုင်ခံ့သော ပညာရှိကုန် သောနည်းသော အစာအာဟာရရှိကုန်သော လျှပ်ပေါ်လော်လည်ခြင်း ကင်းကုန်သော လာဘ်ရမှု, လာဘ်မရမှုဖြင့် ရောင့်ရဲကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံ ပါကုန်၏။
၃၀၇။ ‘‘အာရညိကာ ဓုတရတာ, ဈာယိနော လူခစီဝရာ၊
ဝိဝေကာဘိရတာ ဓီရာ, ပရိဝါရေန္တိ တံ သဒါ။
၃၀၇။ အရညကင်ဓူတင် ဆောက်တည်ကုန်သော ဓူတင်၌ မွေ့လျော်ကုန်သော ဈာန်ဝင်စားလေ့ရှိကုန်သော ခေါင်းပါးသော သင်္ကန်းရှိကုန်သော ဆိတ်ငြိမ်ရာ၌ မွေ့လျော်ကုန်သော မြဲမြံ ခိုင်ခံ့သောပညာရှိကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၀၈။ ‘‘ပဋိပန္နာ ဖလဋ္ဌာ စ, သေခါ ဖလသမင်္ဂိနော၊
အာသီသကာ [အာသိံသကာ (သီ။ သျာ။)] ဥတ္တမတ္ထံ, ပရိဝါရေန္တိ တံ သဒါ။
၃၀၈။ ကျင့်ဆဲမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရဟတ္တဖိုလ်၌ တည်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အောက်ဖိုလ်နှင့် ပြည့်စုံသော သေက္ခပုဂ္ဂိုလ်တို့သည်လည်း ကောင်းမြတ်သော နိဗ္ဗာန်အကျိုးကို တောင့်တကုန်လျက် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါ ကုန်၏။
၃၀၉။ ‘‘သောတာပန္နာ စ ဝိမလာ, သကဒါဂါမိနော စ ယေ၊
အနာဂါမီ စ အရဟာ, ပရိဝါရေန္တိ တံ သဒါ။
၃၀၉။ အညစ်အကြေး ကင်းကုန်သော သောတာပန်တို့သည်လည်းကောင်း၊ သကဒါဂါမ်တို့သည်လည်းကောင်း၊ အနာဂါမ်တို့သည်လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်းအရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၁၀။ ‘‘သတိပဋ္ဌာနကုသလာ, ဗောဇ္ဈင်္ဂဘာဝနာရတာ၊
သာဝကာ တေ ဗဟူ သဗ္ဗေ, ပရိဝါရေန္တိ တံ သဒါ။
၃၁၀။ သတိပဋ္ဌာန်၌ လိမ္မာကုန်သော ဗောဇ္ဈင်ကို ပွါးများခြင်း၌ မွေ့လျော်ကုန်သော အလုံးစုံ များစွာသောထိုတပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၁၁။ ‘‘ဣဒ္ဓိပါဒေသု ကုသလာ, သမာဓိဘာဝနာရတာ၊
သမ္မပ္ပဓာနာနုယုတ္တာ, ပရိဝါရေန္တိ တံ သဒါ။
၃၁၁။ ဣဒ္ဓိပါဒ်၌ လိမ္မာကုန်သော သမာဓိဈာန်ကို ပွါးများခြင်း၌ မွေ့လျော်ကုန်သော သမ္မပ္ပဓာန်နှင့်ယှဥ်ကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၁၂။ ‘‘တေဝိဇ္ဇာ ဆဠဘိညာ စ, ဣဒ္ဓိယာ ပါရမိံ ဂတာ၊
ပညာယ ပါရမိံ ပတ္တာ, ပရိဝါရေန္တိ တံ သဒါ။
၃၁၂။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တပည့်သားတို့သည်လည်းကောင်း၊ အဘိညာဥ် ခြောက်ပါးနှင့်ပြည့်စုံကုန်သော တပည့်သားတို့သည်လည်းကောင်း၊ တန်ခိုး၏ အထွတ်အထိပ် သို့ ရောက်ကုန်သော တပည့်သားတို့သည်လည်းကောင်း၊ ပညာ၏ အထွတ်အထိပ်သို့ ရောက် ကုန်သော တပည့်သားတို့သည်လည်းကောင်း အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၁၃။ ‘‘ဧဒိသာ တေ မဟာဝီရ, တဝ သိဿာ သုသိက္ခိတာ၊
ဒုရာသဒါ ဥဂ္ဂတေဇာ, ပရိဝါရေန္တိ တံ သဒါ။
၃၁၃။ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား ကောင်းစွာ သင်အပ်ပြီးဖြစ်ကုန်သော (နှိပ်စက်ခြင်းငှါ) ချဥ်းကပ်နိုင်ခဲကုန်သော ထက်သော တန်ခိုးရှိကုန်သော ဤသို့ သဘောရှိကုန် သော အရှင်ဘုရား၏ထိုတပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။
၃၁၄။ ‘‘တေဟိ သိဿေဟိ ပရိဝုတော, သညတေဟိ တပဿိဘိ၊
မိဂရာဇာဝသမ္ဘီတော, ဥဠုရာဇာဝ သောဘသိ။
၃၁၄။ ကိုယ်နှုတ်နှလုံးစောင့်သုံးကုန်သော ခြိုးခြံကုန်သော အကျင့်ရှိကုန်သော ထိုတပည့် အပေါင်းတို့ဖြင့်ခြံရံအပ်သော အရှင်ဘုရားသည် ‘ကြောက်ရွံ့ခြင်း ကင်းသော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ ကြယ်များသနင်း လမင်းကဲ့သို့လည်းကောင်း’ တင့်တယ်တော်မူပါပေ၏။
၃၁၅။ ‘‘ပထဝိယံ ပတိဋ္ဌာယ, ရုဟန္တိ ဓရဏီရုဟာ၊
ဝေပုလ္လတံ ပါပုဏန္တိ, ဖလဉ္စ ဒဿယန္တိ တေ။
၃၁၅။ ဥပမာအားဖြင့် သစ်ပင်တို့သည် မြေ၌ တည်၍ ပေါက်ရောက်ကုန်၏၊ ပြန့်ပြောသည့်အဖြစ်သို့လည်း ရောက်ကုန်၏၊ အသီးအပွင့်ကိုလည်း သီးပွင့်ကုန်၏။
၃၁၆။ ‘‘ပထဝီသဒိသော တွံသိ, သကျပုတ္တ မဟာယသ၊
သာသနေ တေ ပတိဋ္ဌာယ, လဘန္တိ အမတံ ဖလံ။
၃၁၆။ သာကီဝင်မင်းသားဖြစ်သော များသော အခြံအရံရှိသော မြတ်စွာဘုရား အရှင် ဘုရားသည်မြေကြီးနှင့် တူတော်မူပါပေ၏၊ သတ္တဝါတို့သည် အရှင်ဘုရား၏ သာသနာတော်၌ တည်၍ အမြိုက်နိဗ္ဗာန်တည်းဟူသော အသီးကို ရကြပါကုန်၏။
၃၁၇။ ‘‘သိန္ဓု သရဿတီ စေဝ, နဒိယော စန္ဒဘာဂိကာ၊
ဂင်္ဂါ စ ယမုနာ စေဝ, သရဘူ စ အထော မဟီ။
၃၁၇။ သိန္ဓုမြစ်, သရဿတီမြစ်တို့သည်လည်းကောင်း၊ စန္ဒဘာဂါမြစ်, ဂင်္ဂါမြစ်, ယမုနာမြစ်တို့သည်လည်းကောင်း၊ သရဘူမြစ်တို့သည်လည်းကောင်း၊ မဟီမြစ်သည်လည်းကောင်း-
၃၁၈။ ‘‘ဧတာသံ သန္ဒမာနာနံ, သာဂရော သမ္ပဋိစ္ဆတိ၊
ဇဟန္တိ ပုရိမံ နာမံ, သာဂရောတေဝ ဉာယတိ။
၃၁၈။ စီးဆင်းကုန်သော ထိုမြစ်ရေတို့ကို သမုဒ္ဒရာသည် ခံယူ၏။ (သိန္ဓုစသော) ရှေး အမည်ဟောင်းကိုစွန့်၍ “သမုဒ္ဒရာ”ဟူသော အမည်သည်သာလျှင် ထင်ရှား၏။
၃၁၉။ ‘‘တထေဝိမေ စတုဗ္ဗဏ္ဏာ, ပဗ္ဗဇိတွာ တဝန္တိကေ၊
ဇဟန္တိ ပုရိမံ နာမံ, ဗုဒ္ဓပုတ္တာတိ ဉာယရေ။
၃၁၉။ တို့အတူပင် ဤအမျိုးလေးပါးတို့သည် အရှင်ဘုရားထံပါး၌ ရဟန်းပြုကုန်သော်ရှေးအမည်ကိုစွန့်လျက် “ဘုရားသားတော်”ဟူ၍ ထင်ရှားကုန်၏။
၃၂၀။ ‘‘ယထာပိ စန္ဒော ဝိမလော, ဂစ္ဆံ အာကာသဓာတုယာ၊
သဗ္ဗေ တာရဂဏေ လောကေ, အာဘာယ အတိရောစတိ။
၃၂၀-၃၂၁။ ကောင်းကင်၌ လှည့်လည်သွားသော အညစ်အကြေးကင်းသော လမင်းသည် လောက၌အလုံးစုံသော ကြယ်အပေါင်းတို့ကို အရောင်ဖြင့် လွှမ်းမိုးလျက် တင့်တယ်ဘိသကဲ့သို့ ထို့အတူ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား နတ်လူတို့ဖြင့် ခြံရံအပ်သော အရှင်ဘုရားသည် နတ်လူအားလုံးတို့ကို လွှမ်းမို၍ အခါခပ်သိမ်း တောက်ပတော်မူပါပေ၏။
၃၂၁။ ‘‘တထေဝ တွံ မဟာဝီရ, ပရိဝုတော ဒေဝမာနုသေ၊
ဧတေ သဗ္ဗေ အတိက္ကမ္မ, ဇလသိ သဗ္ဗဒါ တုဝံ။
၃၂၂။ ‘‘ဂမ္ဘီရေ ဥဋ္ဌိတာ ဦမီ, န ဝေလမတိဝတ္တရေ၊
သဗ္ဗာ ဝေလံဝ ဖုသန္တိ [သဗ္ဗာဝ ဝေလံ ဖုသန္တိ (သီ။), သဗ္ဗာ ဝေလံ ပဖုဿန္တိ (သျာ။)], သဉ္စုဏ္ဏာ ဝိကိရန္တိ တာ။
၃၂၂။ နက်စွာသော သမုဒ္ဒရာ၌ ထကြွသော လှိုင်းတံပိုးတို့သည် ကမ်းကို မလွန်နိုင်ကြ ကုန်၊ အလုံးစုံသော လှိုင်းတံပိုးတို့သည် ကမ်းကိုသာ ထိခိုက်ကုန်လျက် ကြေမွပျက်ကွဲကုန် လျက် ဖရိုဖရဲကြဲပြန့်ကြရကုန်သကဲ့သို့-
၃၂၃။ ‘‘တထေဝ တိတ္ထိယာ လောကေ, နာနာဒိဋ္ဌီ ဗဟုဇ္ဇနာ၊
ဓမ္မံ ဝါဒိတုကာမာ တေ, နာတိဝတ္တန္တိ တံ မုနိံ။
၃၂၃။ ထို့အတူသာလျှင် လောက၌ အထူးထူးသော အယူရှိကုန်သော များစွာသော တိတ္ထိ တို့သည် ရှိကုန်၏၊ ထိုတိတ္ထိတို့သည် ဝါဒတရားကို ပြိုင်ဆိုင် ပြောဆိုလိုကုန်သော်လည်း ထို ရှင်တော်ဘုရားကိုမလွန်ဆန်နိုင်ကုန်။
၃၂၄။ ‘‘သစေ စ တံ ပါပုဏန္တိ, ပဋိဝါဒေဟိ စက္ခုမ၊
တဝန္တိကံ ဥပါဂန္တွာ, သဉ္စုဏ္ဏာဝ ဘဝန္တိ တေ။
၃၂၄။ ပညာမျက်စိရှိတော်မူသော အရှင်ဘုရား ထိုတိတ္ထိတို့သည် ဆန့်ကျင်ဘက် အယူ (ဝါဒ) တို့ဖြင့်အရှင်ဘုရားထံသို့ အကယ်၍ ရောက်ကြစေကုန်မူ အရှင်ဘုရားသို့ ချဥ်းကပ်မိ ကုန်သော်မှုန့်မှုန့်ညက်ညက် ကျေပျက်ကုန်သည်သာ ဖြစ်ကုန်၏။
၃၂၅။ ‘‘ယထာပိ ဥဒကေ ဇာတာ, ကုမုဒါ မန္ဒာလကာ ဗဟူ၊
ဥပလိမ္ပန္တိ [ဥပလိပ္ပန္တိ (?)] တောယေန, ကဒ္ဒမကလလေန စ။
၃၂၅။ ရေ၌ ပေါက်သော များစွာသော ကုမုဒြာကြာ, မျောက်လှေကူးတို့သည် ရေဖြင့်လည်း ကောင်း၊ ညွန်စေးညွန်ကျဲဖြင့်လည်းကောင်း လိမ်းကျံကုန်သကဲ့သို့-
၃၂၆။ ‘‘တထေဝ ဗဟုကာ သတ္တာ, လောကေ ဇာတာ ဝိရူဟရေ၊
အဋ္ဋိတာ ရာဂဒေါသေန, ကဒ္ဒမေ ကုမုဒံ ယထာ။
၃၂၆။ ထို့အတူ များစွာသော သတ္တဝါတို့သည် ရာဂ, ဒေါသဖြင့် နှိပ်စက်အပ်ကုန်လျက် ‘ညွန်၌ကုမုဒြာကြာကဲ့သို့’ လောက၌ ပေါက်ရောက် ဖြစ်ပွါးကြရကုန်၏။
၃၂၇။ ‘‘ယထာပိ ပဒုမံ ဇလဇံ, ဇလမဇ္ဈေ ဝိရူဟတိ၊
န သော လိမ္ပတိ တောယေန, ပရိသုဒ္ဓေါ ဟိ ကေသရီ။
၃၂၇-၃၂၈။ ရေ၌ ဖြစ်သော ပဒုမ္မာကြာသည် ရေ၏ အလယ်၌ ပေါက်ရောက်၏၊ ဝတ်ဆံ ရှိသောထိုပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံ, စင်ကြယ်သကဲ့သို့ ထို့အတူ ကြီးသောလုံ့လ ရှိတော်မူသောမြတ်သော မုနိဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် လောက၌ ဖြစ်တော်မူလျက်ပင် ‘ပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံသကဲ့သို့’ လောကဖြင့် လိမ်းကျံတော် မမူ။
၃၂၈။ ‘‘တထေဝ တွံ မဟာဝီရ, လောကေ ဇာတော မဟာမုနိ၊
နောပလိမ္ပသိ လောကေန, တောယေန ပဒုမံ ယထာ။
၃၂၉။
၃၂၉-၃၃၀။ မွေ့လျော်ဖွယ်ရှိသော တန်ဆောင်မုန်းလ၌ များစွာကုန်သော ရေ၌ ဖြစ်ကုန် သောကြာတို့သည် ပွင့်ကုန်၏၊ ထိုတန်ဆောင်မုန်းလကို လွန်၍ မဖြစ်ကုန်၊ ထိုအခါကာလ သည် ကြာပွင့်ရာအခါသမယ ဖြစ်သကဲ့သို့ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားအရှင်ဘုရားသည် (သစ္စာလေးဆင့်ဖြင့်) ပွင့်တော်မူ၏၊ အရှင်ဘုရား၏ အရဟတ္တဖိုလ်ဖြင့််ပွင့်တော်မူကြပါကုန်ပြီ။ ဥပမာသော်ကား ရေ၌ ဖြစ်သော ပဒုမ္မာကြာသည် ပွင့်ရာအချိန်အခါကို လွန်၍ မဖြစ်သကဲ့သို့ ထို့အတူ တပည့်သားသာဝကတို့သည် အရှင်ဘုရား၏ အဆုံးအမသာသနာကိုမလွန်ကြပါကုန်။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Buddhavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#488