ဓမ္မလမ်း
← အပဒါနပါဠိ (ပ)

အပဒါနပါဠိ (ပ)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၀

‘‘ယထာပိ ရမ္မကေ မာသေ, ဗဟူ ပုပ္ဖန္တိ ဝါရိဇာ၊

နာတိက္ကမန္တိ တံ မာသံ, သမယော ပုပ္ဖနာယ သော။

စာ-၃၁

၃၃၀။ ‘‘တထေဝ တွံ မဟာဝီရ, ပုပ္ဖိတော တေ ဝိမုတ္တိယာ၊

သာသနံ နာတိဝတ္တန္တိ, ပဒုမံ ဝါရိဇံ ယထာ။

၃၃၁။ ‘‘သုပုပ္ဖိတော သာလရာဇာ, ဒိဗ္ဗဂန္ဓံ ပဝါယတိ၊

အညသာလေဟိ ပရိဝုတော, သာလရာဇာဝ သောဘတိ။

၃၃၁-၃၃၂။ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသည် နတ်၌ ဖြစ်သော ပန်းရနံ့ကို လှိုင်စေ၏၊ ထိုအင်ကြင်းပင်မင်းသည် အခြားသော အင်ကြင်းပင်တို့ဖြင့် ခြံရံလျက် တင့်တယ် သကဲ့သို့ ထို့အတူကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ပွင့်ခြင်းသို့ရောက်တော်မူ၏၊ ရဟန်းအပေါင်း ခြံရံလျက် အင်ကြင်း ပင်မင်းကဲ့သို့လည်း တင့်တယ်တော်မူပါပေသည်။

၃၃၂။ ‘‘တထေဝ တွံ မဟာဝီရ, ဗုဒ္ဓဉာဏေန ပုပ္ဖိတော၊

ဘိက္ခုသံဃပရိဝုတော, သာလရာဇာဝ သောဘသိ။

၃၃၃။ ‘‘ယထာပိ သေလော ဟိမဝါ, ဩသဓော သဗ္ဗပါဏိနံ၊

နာဂါနံ အသုရာနဉ္စ, ဒေဝတာနဉ္စ အာလယော။

၃၃၃-၃၃၄။ ဟိမဝန္တာတောင်မင်းသည် ခပ်သိမ်းကုန်သော သတ္တဝါတို့၏ ဆေးဖြစ်ထွန်း ရာ နဂါး, အသုရာနှင့် နတ်တို့၏ နေရာ ဖြစ်သကဲ့သို့ ထို့အတူ ကြီးသော လုံ့လရှိတော်မူ သော မြတ်စွာဘုရားအရှင်ဘုရားသည် သတ္တဝါတို့၏ ဆေးဖြစ်ထွန်းရာ နတ်တို့၏ တည်ရာ ဟိမဝန္တာတောင်မင်းနှင့်တူတော်မူပါပေ၏၊ ဝိဇ္ဇာသုံးပါးရှိကုန်သော တပည့်သား, အဘိညာဥ် ခြောက်ပါးရှိကုန်သော တပည့်သားတို့လည်း တန်ခိုး၏ အထွတ်အထိပ်သို့ ရောက်ကြပါကုန်၏။

၃၃၄။ ‘‘တထေဝ တွံ မဟာဝီရ, ဩသဓော ဝိယ ပါဏိနံ၊

တေဝိဇ္ဇာ ဆဠဘိညာ စ, ဣဒ္ဓိယာ ပါရမိံ ဂတာ။

၃၃၅။ ‘‘အနုသိဋ္ဌာ မဟာဝီရ, တယာ ကာရုဏိကေန တေ၊

ရမန္တိ ဓမ္မရတိယာ, ဝသန္တိ တဝ သာသနေ။

၃၃၅။ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား သနားခြင်း ‘ကရုဏာ’ ရှိသော အရှင် ဘုရားသည့်ဆုံးမအပ်ပြီးဖြစ်ကုန်သော ထိုတပည့်သားတော်တို့သည် တရားတည်းဟူသော မွေ့လျော်ခြင်းဖြင့်မွေ့လျော်ကုန်သည်ဖြစ်၍ အရှင်ဘုရား၏ သာသနာတော်၌ နေကြပါကုန်၏။

၃၃၆။ ‘‘မိဂရာဇာ ယထာ သီဟော, အဘိနိက္ခမ္မ အာသယာ၊

စတုဒ္ဒိသာနုဝိလောကေတွာ [ဝိလောကေတွာ (သီ။ သျာ။), နုလောကေတွာ (က။)],တိက္ခတ္တုံ အဘိနာဒတိ။

၃၃၆။ ဥပမာသော်ကား သားတို့သနင်းခြင်္သေ့မင်းသည် နေရာဂူမှ ထွက်၍ အရပ် လေးမျက်နှာတို့ကို စောင်းငဲ့လှည့်လည် ရှေ့နောက် ကြည့်ရှုပြီးလျှင် သုံးကြိမ် မြည်ဟောက်၏။

၃၃၇။ ‘‘သဗ္ဗေ မိဂါ ဥတ္တသန္တိ, မိဂရာဇဿ ဂဇ္ဇတော၊

တထာ ဟိ ဇာတိမာ ဧသော, ပသူ တာသေတိ သဗ္ဗဒါ။

၃၃၇။ ခြင်္သေ့မင်း၏ မြည်ဟောက်သော အသံကြောင့် ခပ်သိမ်းသော သားကောင်တို့သည် ထိတ်လန့်ကုန်၏၊ မြတ်သော ဇာတ်ရှိသော ဤခြင်္သေ့မင်းသည် အခါခပ်သိမ်း သားကောင်တို့ကို ထိတ်လန့်စေ၏။

၃၃၈။ ‘‘ဂဇ္ဇတော တေ မဟာဝီရ, ဝသုဓာ သမ္ပကမ္ပတိ၊

ဗောဓနေယျာဝဗုဇ္ဈန္တိ, တသန္တိ မာရကာယိကာ။

၃၃၈။ ထို့အတူ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏။ ကုံးဝါး တော်မူသောအသံတော်ကြောင့် ဤမြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်၏၊ ကျွတ်ထိုက်သော သတ္တဝါတို့သည် သာလျှင်ထိုးထွင်းသိကုန်၏၊ မာရ်မင်း၏ အသင်းအပင်းဖြစ်ကုန်သော သတ္တဝါ တို့သည် ထိတ်လန့်ကုန်၏။

၃၃၉။ ‘‘တသန္တိ တိတ္ထိယာ သဗ္ဗေ, နဒတော တေ မဟာမုနိ၊

ကာကာ သေနာဝ ဝိဗ္ဘန္တာ, မိဂရညာ ယထာ မိဂါ။

၃၃၉။ မုနိတကာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏။ ကုံးဝါး တော်မူသောအသံတော်ကြောင့် ခပ်သိမ်းကုန်သော တိတ္ထိတို့သည် ထိတ်လန့်ကုန်၏၊ ကျီးတို့သည်သိမ်းငှက်တို့ကြောင့် လှည့်လည်ထွက်ပြေးကုန်သကဲ့သို့လည်းကောင်း၊ သားကောင်တို့သည်သားတို့သနင်း ခြင်္သေ့မင်းကြောင့် တိမ်းရှောင်ထွက်ပြေးကုန်သကဲ့သို့လည်းကောင်း ထိတ်လန့်ကုန်၏။

၃၄၀။ ‘‘ယေ ကေစိ ဂဏိနော လောကေ, သတ္ထာရောတိ ပဝုစ္စရေ၊

ပရမ္ပရာဂတံ ဓမ္မံ, ဒေသေန္တိ ပရိသာယ တေ။

၃၄၀။ လောက၌ ဂိုဏ်းရှိကုန်သော အလုံးစုံသောသူတို့ကို “ဆရာတို့”ဟူ၍ ဆိုအပ် ကုန်၏၊ ထိုဂိုဏ်းဆရာတို့သည် ဆရာအဆက်ဆက် ဆောင်ယူခဲ့သော တရားကို ပရိသတ်၌ ဟောကြားကြကုန်၏။

၃၄၁။ ‘‘န ဟေဝံ တွံ မဟာဝီရ, ဓမ္မံ ဒေသေသိ ပါဏိနံ၊

သာမံ သစ္စာနိ ဗုဇ္ဈိတွာ, ကေဝလံ ဗောဓိပက္ခိယံ။

၃၄၁။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် သတ္တဝါတို့အား (ထိုဂိုဏ်းဆရာတို့ကဲ့သို့) တရားကို ဟောတော်မူသည် မဟုတ်ပါ၊ (အဘယ်သို့ ဟောတော်မူသနည်းဟူမူ) ကိုယ်တိုင် သစ္စာလေးပါးတို့ကို သိ၍ သာလျှင် (ဗောဓိပက္ခိယ) တရားအားလုံးကို သိ၍ ဟောတော်မူ၏။

၃၄၂။ ‘‘အာသယာနုသယံ ဉတွာ, ဣန္ဒြိယာနံ ဗလာဗလံ၊

ဘဗ္ဗာဘဗ္ဗေ ဝိဒိတွာန, မဟာမေဃောဝ ဂဇ္ဇသိ။

၃၄၂။ သတ္တဝါတို့၏ အလိုစရိုက် (အာသယ), ကိန်းအောင်းနေသော ကိလေသာ (အနုသယ) ကိုသိ၍လည်းကောင်း၊ ဣန္ဒြေတို့၏ အားရှိ, မရှိကို သိ၍လည်းကောင်း၊ ကျွတ်ထိုက်, မကျွတ်ထိုက်သောပုဂ္ဂိုလ်တို့ကို သိတော်မူ၍လည်းကောင်း ‘ကြီးစွာသောမိုးသည် ထစ်ကြိုးဘိသကဲ့ သို့’ အရှင်ဘုရားသည် (ဓမ္မဒေသနာဟူသော ကြုံးဝါးခြင်းဖြင့်) ကြုံးဝါးတော်မူ၏။

စာ-၃၂

၃၄၃။ ‘‘စက္ကဝါဠပရိယန္တာ, နိသိန္နာ ပရိသာ ဘဝေ၊

နာနာဒိဋ္ဌီ ဝိစိနန္တာ [ဝိစိန္တေန္တိ (သျာ။), ဝိစိနန္တံ (က။)], ဝိမတိစ္ဆေဒနာယ တံ။

၃၄၃။ ပရိသတ်တို့သည် အထူးထူးသော အယူ (ဝါဒ) တို့ကို စူးစမ်းဆင်ခြင်ကြကုန်လျက် ယုံမှားမှုဖြတ်တောက်ရန်အလို့ငှါ အရှင်ဘုရားကို ခြံရံ၍ စကြဝဠာဆုံးသည့်တိုင်အောင် ထိုင်နေ ကြကုန်၏။

၃၄၄။ ‘‘သဗ္ဗေသံ စိတ္တမညာယ, ဩပမ္မကုသလော မုနိ၊

ဧကံ ပဉှံ ကထေန္တောဝ, ဝိမတိံ ဆိန္ဒသိ [ဆိန္ဒိ (သျာ။ က။)] ပါဏိနံ။

၃၄၄။ ဥပမာ၌ လိမ္မာတော််မူသော အရှင်ဘုရားသည် ခပ်သိမ်းသော ပရိသတ်တို့၏ စိတ် ကို သိတော်မူ၍ တစ်ခုသော ပြဿနာကို ဖြေတော်မူသည် ဖြစ်၍ သာလျှင် သတ္တဝါတို့၏ အထူးထူးသော ယုံမှားမှုကိုဖြတ်တော်မူ၏။

၃၄၅။ ‘‘ဥပတိဿသဒိသေဟေဝ, ဝသုဓာ ပူရိတာ ဘဝေ၊

သဗ္ဗေဝ တေ ပဉ္ဇလိကာ, ကိတ္တယုံ လောကနာယကံ။

၃၄၅။ မြေအပြင်သည် ဥပတိဿနှင့် တူသော ပညာရှိတို့ဖြင့် ပြည့်ရာ၏၊ အလုံးစုံသောထိုပညာရှိတို့ပင်လျှင် လက်အုပ်ချီကုန်လျက် ရှင်တော်ဘုရားကို ချီးမွမ်းကုန်ရာ၏။

၃၄၆။ ‘‘ကပ္ပံ ဝါ တေ ကိတ္တယန္တာ, နာနာဝဏ္ဏေဟိ ကိတ္တယုံ၊

ပရိမေတုံ န သက္ကေယျုံ [န ကပ္ပေယျုံ (သျာ။), န ပပ္ပေယျုံ (က။)], အပ္ပမေယျော တထာဂတော။

၃၄၆။ ဥပတိဿနှင့် တူမျှသော ထိုပညာရှိတို့သည် အထူးထူးသော ဂုဏ်တော်တို့ဖြင့် တစ်ကမ္ဘာပတ်လုံးချီးမွမ်းကုန်သော််လည်း ဂုဏ်ပမာဏကို ရေတွက်ပြောဆိုခြင်းငှါ မစွမ်း နိုင်ကုန်ရာ၊ (အဘယ့်ကြောင့်ဆိုသော်) ဘုရားရှင်တို့သည် မနှိုင်းယှဥ်နိုင်သောဂုဏ်တော်နှင့်ပြည့်စုံတော်မူသောကြောင့်တည်း။

၃၄၇။ ‘‘ယထာသကေန ထာမေန, ကိတ္တိတော ဟိ မယာ ဇိနော၊

ကပ္ပကောဋီပိ ကိတ္တေန္တာ, ဧဝမေဝ ပကိတ္တယုံ။

၃၄၇။ အကျွန်ုပ်သည် မြတ်စွာဘုရားကို မိမိအစွမ်းရှိသလောက် ချီးမွမ်းအပ််ပါ၏၊ ပညာရှိ တို့သည် ကမ္ဘာကုဋေတို့ကာလပတ်လုံး ချီးမွမ်းကုန်သော်လည်း ဤမျှလောက်သာလျှင် ချီးမွမ်း နိုင်ကုန်ရာ၏၊ (ဤထက်လွန်၍ မချီးမွမ်းနိုင်ကုန်ရာ)။

၃၄၈။ ‘‘သစေ ဟိ ကောစိ ဒေဝေါ ဝါ, မနုဿော ဝါ သုသိက္ခိတော၊

ပမေတုံ ပရိကပ္ပေယျ, ဝိဃာတံဝ လဘေယျ သော။

၃၄၈။ ကောင်းစွာသင်ကြားအပ်ပြီးသော တစ််စုံတစ်ယောက်သော နတ်သည်လည်းကောင်း၊ လူသည်လည်းကောင်း ဂုဏ်ပမာဏကို ရေတွက်ခြင်းငှါ အကယ်၍ ကြံစည််ငြားအံ့။ ထိုသူသည်ပင်ပန်းခြင်းကိုသာလျှင် ရရာ၏။

၃၄၉။ ‘‘သာသနေ တေ ပတိဋ္ဌာယ, သကျပုတ္တ မဟာယသ၊

ပညာယ ပါရမိံ ဂန္တွာ, ဝိဟရာမိ အနာသဝေါ။

၃၄၉။ သာကီဝင်မင်းသားဖြစ်တော်မူသော များသော အခြံအရံရှိတော်မူသော မြတ်စွာဘုရားတပည့်တော်သည် ရှင်တော်ဘုရား၏ သာသနာတော်၌ တည်၍ ပညာ၏ အထွတ်် အထိပ်သို့ ရောက်လျက်အာသဝမရှိဘဲ နေရပါ၏။

၃၅၀။ ‘‘တိတ္ထိယေ သမ္ပမဒ္ဒါမိ, ဝတ္တေမိ ဇိနသာသနံ၊

ဓမ္မသေနာပတိ အဇ္ဇ, သကျပုတ္တဿ သာသနေ။

၃၅၀။ ယခုအခါ မြတ်စွာဘုရားသာသနာတော်၌ တိတ္ထိတို့ကို ကောင်းစွာ နှိမ်နင်းနိုင်၏၊ မြတ်စွာဘုရားအဆုံးအမတော်ကို လိုက်နာစောင့်ရှောက်နိုင်၏၊ ယခုအခါ သာကီဝင်မင်းသား မြတ်စွာဘုရား၏သာသနာတော်၌ တရားစစ်သူကြီး ဖြစ်ရပါ၏။

၃၅၁။ ‘‘အပရိမေယျေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊

သုခိတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယီ မမ [ဈာပယိံ မမ (သျာ။), ဈာပယိံ အဟံ (က။)]။

၃၅၁။ မရေမတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ပြုခဲ့သော ကောင်းမှုကံသည် ယခုဤဘဝ၌ အကျွန်ုပ်အား အကျိုးကို ညွှန်ပြ၏၊ ‘ကောင်းစွာ ပစ်အပ်သော မြား အဟုန်ကဲ့သို့’ အကျွန်ုပ်သည် ကိလေသာတို့ကို လောင်ကျွမ်းစေပါ၏။

၃၅၂။ ‘‘ယော ကောစိ မနုဇော ဘာရံ, ဓာရေယျ မတ္ထကေ သဒါ၊

ဘာရေန ဒုက္ခိတော အဿ, ဘာရေဟိ ဘရိတော တထာ။

၃၅၂-၃၅၃။ တစ်စုံတစ်ယောက်သောသူသည် ဦးခေါင်းထက်၌ ဝန်ကို ရွက်ထားရာ၏၊ ဝန်အားဖြင့်ဆင်းရဲခြင်းသို့ ရောက်ရာ၏၊ ထိုပုဂ္ဂိုလ်အား ဝန်ထုပ်ဝန်ပိုးတို့ဖြင့် အလွန် ဝန် လေးသကဲ့သို့ ထို့အတူသုံးပါးသော မီးတို့ဖြင့် လောင်ကျွမ်းလျက် ‘မြင်းမိုရ်တောင်ကို ဦးထိပ်ထက်၌ ရွက်တင်ထားရသကဲ့သို့’ ဘဝတည်းဟူသော ဝန်ထုပ်ဖြင့် ပြည့်လျက် ဘဝများ စွာတို့၌ အကျွန်ုပ် ကျင်လည်ခဲ့ရ၏။

၃၅၃။ ‘‘ဍယှမာနော တီဟဂ္ဂီဟိ, ဘဝေသု သံသရိံ အဟံ၊

ဘရိတော ဘဝဘာရေန, ဂိရိံ ဥစ္စာရိတော ယထာ။

၃၅၄။ ‘‘ဩရောပိတော စ မေ ဘာရော, ဘဝါ ဥဂ္ဃါဋိတာ မယာ၊

ကရဏီယံ ကတံ သဗ္ဗံ, သကျပုတ္တဿ သာသနေ။

၃၅၄။ အကျွန်ုပ်သည် ခန္ဓာဝန်ကို ချအပ်ပြီးပြီ၊ အကျွန်ုပ်သည် ဘဝတို့ကို ဖျက်ဆီးအပ် ပါပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အလုံးစုံသော ပြုဖွယ်ဟူသမျှကို ပြုပြီးပါပြီ။

၃၅၅။ ‘‘ယာဝတာ ဗုဒ္ဓခေတ္တမှိ, ဌပေတွာ သကျပုင်္ဂဝံ၊

အဟံ အဂ္ဂေါမှိ ပညာယ, သဒိသော မေ န ဝိဇ္ဇတိ။

၃၅၅။ စကြဝဠာကုဋေတစ်သိန်းဟူသော ဗုဒ္ဓခေတ်၌ ရှိသမျှသော သတ္တဝါအပေါင်းတို့တွင် မြတ်စွာဘုရားကိုထား၍ အကျွန်ုပ်သည် ပညာအားဖြင့် အမြတ်ဆုံး ဖြစ်၏၊ အကျွန်ုပ်နှင့် တူ သောသူသည် မရှိ။

စာ-၃၃

၃၅၆။ ‘‘သမာဓိမှိ သုကုသလော, ဣဒ္ဓိယာ ပါရမိံ ဂတော၊

ဣစ္ဆမာနော စဟံ အဇ္ဇ, သဟဿံ အဘိနိမ္မိနေ။

၃၅၆။ တည်ကြည်မှု ‘သမာဓိ’ ၌ အလွန်လိမ္မာ၏၊ တန်ခိုးအရာ၌ အထွတ်အထိပ်သို့ ရောက်၏၊ ယခုအကျွန်ုပ် အလိုရှိခဲ့ပါမူ အထောင်မျှလောက် ဖန်ဆင်းနိုင်ပါ၏။

၃၅၇။ ‘‘အနုပုဗ္ဗဝိဟာရဿ, ဝသီဘူတော မဟာမုနိ၊

ကထေသိ သာသနံ မယှံ, နိရောဓော သယနံ မမ။

၃၅၇။ အစဥ်အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါး၌ လေ့လာတော်မူပြီးသော မြတ်စွာဘုရားသည်အကျွန်ုပ်အား အဆုံးအမကို မိန့်ဆိုတော်မူ၏၊ နိရောဓသမာပတ်သည် အကျွန်ုပ်၏ အိပ်ရာနေရာတည်း။

၃၅၈။ ‘‘ဒိဗ္ဗစက္ခု ဝိသုဒ္ဓံ မေ, သမာဓိကုသလော အဟံ၊

သမ္မပ္ပဓာနာနုယုတ္တော, ဗောဇ္ဈင်္ဂဘာဝနာရတော။

၃၅၈။ အကျွန်ုပ်၏ ဒိဗ္ဗစက္ခုအဘိညာဥ်သည် စင်ကြယ်၏၊ အကျွန်ုပ်သည် တည်ကြည်မှု ‘သမာဓိ’ ၌လိမ္မာ၏၊ ကောင်းစွာ အားထုတ်ခြင်း ‘သမ္မပ္ပဓာန်’ လုံ့လနှင့် ယှဥ်၏၊ ဗောဇ္ဈင်် (ခုနစ်ပါး) ကို ပွားများမှု၌မွေ့လျော်၏။

၃၅၉။ ‘‘သာဝကေန ဟိ ပတ္တဗ္ဗံ, သဗ္ဗမေဝ ကတံ မယာ၊

လောကနာထံ ဌပေတွာန, သဒိသော မေ န ဝိဇ္ဇတိ။

၃၅၉။ တပည့်သာဝကတို့ ရရောက်အပ်သော ပြုဖွယ်ကိစ္စဟူသမျှကို အကျွန်ုပ်သည် ပြုပြီး ပြီ၊ မြတ်စွာဘုရားကို ထား၍ အကျွန်ုပ်နှင့် တူသောသူ မရှိ။

၃၆၀။ ‘‘သမာပတ္တီနံ ကုသလော [သမာပတ္တိနယကုသလော (သီ။)], ဈာနဝိမောက္ခာန ခိပ္ပပဋိလာဘီ၊

ဗောဇ္ဈင်္ဂဘာဝနာရတော, သာဝကဂုဏပါရမိဂတောသ္မိ။

၃၆၀။ (အကျွန်ုပ်သည်) သမာပတ်ကိုးပါးတို့၌ လိမ္မာ၏၊ ဈာန်, လောကုတ္တရာဝိမောက္ခကို လျင်စွာရသူဖြစ်ပါ၏၊ ဗောဇ္ဈင် (ခုနစ်ပါး) ပွားများခြင်း၌ မွေ့လျော်၏၊ သာဝကတို့ ရသင့်ရ ထိုက်သော ဂုဏ်တို့၏အထွတ်အထိပ်သို့ ရောက်သူ ဖြစ်ပါ၏။

၃၆၁။ ‘‘သာဝကဂုဏေနပိ ဖုဿေန [သာဝကဂုဏဖုဿေန (သျာ။)], ဗုဒ္ဓိယာ ပရိသုတ္တမဘာရဝါ [ပုရိသုတ္တမဂါရဝါ (သျာ။), ပုရိသုတ္တမဘာရဝါ (က။)]၊

ယံ သဒ္ဓါသင်္ဂဟိတံ [သဒ္ဓါယ သင်္ဂဟိတံ (သီ။), သဒ္ဒါသင်္ဂဟိတံ (သျာ။)] စိတ္တံ, သဒါ သဗြဟ္မစာရီသု။

၃၆၁။ ယောကျာ်းမြတ်ဖြစ်တော်မူသော အရှင်ဘုရား ရအပ်သော သာဝကဂုဏ် (တစ်ဆယ့် ခြောက်ပါး) နှင့်ပြည့်စုံသော်လည်း သီတင်းသုံးဖော်တို့၌ အခါခပ်သိမ်း ကြည်ညိုလေးစား အကျိုးစီးပွားနှင့် ယှဥ်သောစိတ်ကို ပြုပါ၏။

၃၆၂။ ‘‘ဥဒ္ဓတဝိသောဝ သပ္ပေါ, ဆိန္နဝိသာဏောဝ ဥသဘော၊

နိက္ခိတ္တမာနဒပ္ပေါဝ [ဒဗ္ဗောဝ (က။)], ဥပေမိ ဂရုဂါရဝေန ဂဏံ။

၃၆၂။ ‘အဆိပ်နုတ်ထားပြီးသော မြွေကဲ့သို့လည်းကောင်း၊ ဦးချိုကျိုးသော နွားလားကဲ့သို့လည်းကောင်း’ ထောင်လွှားခြင်း ‘မာန’ ကို ချထား၍ သာလျှင် အလွန်ရိုသေလေးစားသဖြင့်ရဟန်းအပေါင်းသို့ ဆည်းကပ်ဝင်ရောက်ပါ၏။

၃၆၃။ ‘‘ယဒိ ရူပိနီ ဘဝေယျ, ပညာ မေ ဝသုမတီပိ [ဝသုမတီ (သီ။ က။) ဝသုပတီနံ (သျာ။)] န သမေယျ၊

အနောမဒဿိဿ [အနောမဒဿိ (?)] ဘဂဝတော, ဖလမေတံ ဉာဏထဝနာယ။

၃၆၃။ အကျွန်ုပ်၏ ပညာသည် အကယ်၍ အစိုင်အခဲ ဖြစ်ခဲ့ပါလျှင် မြေကြီးသည် မဆန့် ရာ၊ ဤအကျိုးသည် အနောမဒဿီမြတ်စွာဘုရား၏ ဉာဏ်တော်ကို ချီးမွမ်းရခြင်း၏ အကျိုး ပေတည်း။

၃၆၄။ ‘‘ပဝတ္တိတံ ဓမ္မစက္ကံ, သကျပုတ္တေန တာဒိနာ၊

အနုဝတ္တေမဟံ သမ္မာ, ဉာဏထဝနာယိဒံ ဖလံ။

၃၆၄။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူသော ဓမ္မစကြာ တရားတော်ကိုအကျွန်ုပ်သည် ကောင်းစွာ အတုလိုက်၍ ဟောနိုင်ပါ၏။ ဤအကျိုးသည် ဉာဏ်တော်ကို ချီးမွမ်းရခြင်း၏အကျိုးပေတည်း။

၃၆၅။ ‘‘မာ မေ ကဒါစိ ပါပိစ္ဆော, ကုသီတော ဟီနဝီရိယော၊

အပ္ပဿုတော အနာဒရော [အနာစာရော (သဗ္ဗတ္ထ) ထေရဂါ။ ၉၈၇ ပဿိတဗ္ဗာ], သမေတော အဟု ကတ္ထစိ။

၃၆၅။ ယုတ်မာသော အလိုရှိသော ပျင်းရိသော လုံလဝီရိယ လျော့နည်းသော အကြား အမြင်နည်းသောအဆုံးအမဩဝါဒ၌ ရိုသေခြင်းကင်းသောသူသည် တစ်စုံတစ်ခုသော အရပ်၌ အကျွန်ုပ်နှင့်အတူပေါင်းဖော်ရခြင်းသည် တစ်ရံတစ်ခါမျှ မဖြစ်ပါစေလင့်။

၃၆၆။ ‘‘ဗဟုဿုတော စ မေဓာဝီ, သီလေသု သုသမာဟိတော၊

စေတောသမထာနုယုတ္တော, အပိ မုဒ္ဓနိ တိဋ္ဌတု။

၃၆၆။ အကြင်ပုဂ္ဂိုလ်သည် များသော အကြားအမြင်ရှိသူလည်း ဖြစ်၏၊ လျင်မြန်သော ပညာရှိသူလည်းဖြစ်၏၊ သီလတို့၌ ကောင်းစွာဆောက်တည်သူလည်း ဖြစ်၏၊ စိတ်ကို ကောင်းစွာထားခြင်းနှင့်ယှဥ်သူလည်း ဖြစ်၏၊ ထိုသို့သော ပုဂ္ဂိုလ်သည် အကျွန်ုပ်၏ ဦးထိပ် ထက်၌သော်လည်းတည်ပါစေသတည်း။

၃၆၇။ ‘‘တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ, ယာဝန္တေတ္ထ သမာဂတာ၊

အပ္ပိစ္ဆာ ဟောထ သန္တုဋ္ဌာ, ဈာယီ ဈာနရတာ သဒါ။

၃၆၇။ အရှင်ကောင်းတို့ အရှင်တို့အား ထိုအကြောင်းကို ဆိုပေအံ့၊ ဤပရိသတ်၌ အညီ အညွတ်လာရောက်ကုန်သော အရှင်ကောင်းအပေါင်းတို့သည် အလိုနည်းကြကုန်လော့၊ ရောင့်ရဲလွယ်ကြကုန်လော၊ အခါခပ်သိမ်း ဈာန်ဝင်စားကြကုန်လော့၊ ဈာန်၌ မွေ့လျော်ကြကုန်လော့။

စာ-၃၄

၃၆၈။ ‘‘ယမဟံ ပဌမံ ဒိသွာ, ဝိရဇော ဝိမလော အဟုံ၊

သော မေ အာစရိယော ဓီရော, အဿဇိ နာမ သာဝကော။

၃၆၈။ အကျွန်ုပ်သည် အကြင်အဿဇိမထေရ်ကို မြင်ရ၍ (ကိလေသာ) မြူအညစ််အကြေး ကင်းသည်ဖြစ်၏၊ ပညာရှိသော အဿဇိမည်သော (ထိုမြတ်စွာဘုရား၏) တပည့်သားတော် သည် အကျွန်ုပ်၏ဆရာပါတည်း။

၃၆၉။ ‘‘တဿာဟံ ဝါဟသာ အဇ္ဇ, ဓမ္မသေနာပတီ အဟုံ၊

သဗ္ဗတ္ထ ပါရမိံ ပတွာ, ဝိဟရာမိ အနာသဝေါ။

၃၆၉။ အကျွန်ုပ်သည် ထိုအဿဇိမထေရ်၏ အစွမ်းကြောင့် ယခု တရားစစ်သူကြီး ဖြစ်ရ ပါ၏၊ အလုံးစုံသော သာဝကပါရမီဉာဏ်အရာ၌ အထွတ်အထိပ်သို့ ရောက်လျက် (ကိလေသာ) ကင်းသည် ဖြစ်၍ နေရ၏။

၃၇၀။ ‘‘ယော မေ အာစရိယော အာသိ, အဿဇိ နာမ သာဝကော၊

ယဿံ ဒိသာယံ ဝသတိ, ဥဿီသမှိ ကရောမဟံ။

၃၇၀။ အကျွန်ုပ်၏ ဆရာဖြစ်သော အဿဇိမည်သော (မြတ်စွာဘုရား၏) တပည့်သား တော်သည်အကြင်အရပ်၌ နေ၏၊ ထိုအဿဇိ နေရာအရပ်ကို အကျွန်ုပ်သည် ဦးခေါင်းရင်း ပြု ပါ၏။

၃၇၁။ ‘‘မမ ကမ္မံ သရိတွာန, ဂေါတမော သကျပုင်္ဂဝေါ၊

ဘိက္ခုသံဃေ နိသီဒိတွာ, အဂ္ဂဋ္ဌာနေ ဌပေသိ မံ။

၃၇၁။ အကျွန်ုပ်၏ ရှေးက ပြုခဲ့ဖူးသော ကံကို အောက်မေ့တော်မူ၍ ဂေါတမမြတ်စွာဘုရားသည်ရဟန်းသံဃာ (အလယ်၌) နေတော်မူလျက် အကျွန်ုပ်ကို မြတ်သော အဂ္ဂသာဝက အရာ၌ ထားတော်မူ၏။

၃၇၂။ [ဣမာ ဒွေ ဂါထာယော သျာမပေါတ္ထကေ န သန္တိ]ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ။

နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။

၃၇၂။ အကျွန်ုပ်သည် ကိလေသာတို့ကို လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကိုကောင်းစွာ နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်သည် အနှောင်အဖွဲ့ကို ဖြတ်တောက်၍ နေဘိ သကဲ့သို့’ သံယောဇဥ်အနှောင်အဖွဲ့ကို ဖြတ်တောက်လျက် အာသဝေါကင်းသည်ဖြစ်၍ နေရ၏။

၃၇၃။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ [ဣမာ ဒွေ ဂါထာရော သျာမပေါတ္ထကေ န သန္တိ]။

၃၇၃။ မြတ်စွာဘုရား၏ အထံတော်သို့ အကျွန်ုပ် လာရခြင်းကား စင်စစ် ကောင်းသောလာရခြင်းပေတည်း၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဥ် ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား အဆုံးအမ တော်ကိုပြုကျင့်ရပြီ။

၃၇၄။ ‘‘ပဋိသမ္ဘိဒါ စတဿော [စတဿော စ (သီ။)], ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သာရိပုတ္တော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သာရိပုတ္တတ္ထေရဿာပဒါနံ ပဌမံ။

၃၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သာရိပုတ္တရာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သာရိပုတ္တတ္ထေရအပဒါန ပြီး၏။

၃-၂။ မဟာမောဂ္ဂလ္လာနတ္ထေရအပဒါနံ

၃၇၅။ ‘‘အနောမဒဿီ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊

ဝိဟာသိ ဟိမဝန္တမှိ, ဒေဝသံဃပုရက္ခတော။

၃-၂-မဟာမောဂ္ဂလ္လာနတ္ထေရအပဒါန ၃၇၅။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော လောကထက်မြတ်သော အနောမဒဿီမြတ်စွာဘုရားသည် ဟိမဝန္တာတော၌ နတ်အပေါင်း ခြံရံအပ်သည် ဖြစ်၍ နေတော်မူ၏။

၃၇၆။ ‘‘ဝရုဏော နာမ နာမေန, နာဂရာဇာ အဟံ တဒါ၊

ကာမရူပီ ဝိကုဗ္ဗာမိ, မဟောဒဓိနိဝါသဟံ။

၃၇၆။ ထိုအခါ ငါသည် အမည်အားဖြင့် ဝရုဏမည်သော နဂါးမင်း ဖြစ်ခဲ့၏၊ အလိုရှိအပ် သောအဆင်းသဏ္ဌာန်ကို ဖန်ဆင်းလေ့ရှိသည်ဖြစ်၍ အထူးထူး တန်ခိုးဖန်ဆင်းကာ သမုဒ္ဒရာ ၌ နေ၏။

၃၇၇။ ‘‘သင်္ဂဏိယံ ဂဏံ ဟိတွာ, တူရိယံ ပဋ္ဌပေသဟံ၊

သမ္ဗုဒ္ဓံ ပရိဝါရေတွာ, ဝါဒေသုံ အစ္ဆရာ တဒါ။

၃၇၇။ ငါသည် အခြံအရံဖြစ်သော နဂါးအပေါင်းကို ခေါ်၍ တူရိယာတို့ကို ဖြစ်စေ၏၊ ထိုအခါနတ်နဂါးမတို့သည် မြတ်စွာဘုရားကို ခြံရံကုန်လျက် တီးမှုတ်ကြကုန်၏။

စာ-၃၅

၃၇၈။ ‘‘ဝဇ္ဇမာနေသု တူရေသု, ဒေဝါ တူရာနိ [တုရိယေသု, ဒေဝါ တုရိယာနိ (သီ။ သျာ။)] ဝဇ္ဇယုံ၊

ဥဘိန္နံ သဒ္ဒံ သုတွာန, ဗုဒ္ဓေါပိ သမ္ပဗုဇ္ဈထ။

၃၇၈။ (လူနှင့်နဂါးတို့က) လူတူရိယာ, နဂါးတူရိယာတို့ကို တီးမှုတ်ကြကုန်သည်ရှိသော် နတ်တို့ကလည်းနတ်တူရိယာတို့ကို တီးမှုတ်ကြကုန်၏၊ နှစ်မျိုးသော နတ်လူတို့၏ တူရိယာ သံကို ကြားရသောကြောင့်အနောမဒဿီမြတ်စွာဘုရားသော်မှ (သမာပတ်မှ) ထတော်မူရ၏။ (အသိအမှတ််ပြုတော်မူရ၏)။

၃၇၉။ ‘‘နိမန္တေတွာန သမ္ဗုဒ္ဓံ, သကံ ဘဝနုပါဂမိံ၊

အာသနံ ပညပေတွာန, ကာလမာရောစယိံ အဟံ။

၃၇၉။ ငါသည် အနောမဒဿီမြတ်စွာဘုရားကို ပင့်ဖိတ်၍ မိမိနေရာ နဂါးပြည်သို့ ကပ် ရောက်ပြီးနောက် (ကပ််ပြီး၍) နေရာကို ခင်းထား၍ ဆွမ်းစားချိန်အခါကို ကြားလျှောက်၏။

၃၈၀။ ‘‘ခီဏာသဝသဟဿေဟိ, ပရိဝုတော လောကနာယကော၊

ဩဘာသေန္တော ဒိသာ သဗ္ဗာ, ဘဝနံ မေ ဥပါဂမိ။

၃၈၀။ အနောမဒဿီမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင် ခြံရံအပ်သည် ဖြစ်၍ အလုံး စုံသောအရပ်မျက်နှာတို့ကို ထွန်းလင်းစေလျက် ငါ၏ ဗိမာန်သို့ ကြွရောက်တော်မူလာ၏။

၃၈၁။ ‘‘ဥပဝိဋ္ဌံ မဟာဝီရံ, ဒေဝဒေဝံ နရာသဘံ၊

သဘိက္ခုသံဃံ တပ္ပေသိံ [သန္တပ္ပေသိံ (သျာ။), တပ္ပေမိ (က။)], အန္နပါနေနဟံ တဒါ။

၃၈၁။ ထိုအခါ ငါသည် ရဟန်းသံဃာနှင့် တကွ (ဗိမာန်သို့) ကြွတော်မူလာသော လုံ့လ ကြီးမြတ်နတ်ထက်နတ် ဖြစ်လာသည့် အနောမဒဿီမြတ်စွာဘုရားကို ထမင်းအဖျော်ဖြင့် ရောင့်ရဲတော်မူစေ၏။

၃၈၂။ ‘‘အနုမောဒိ မဟာဝီရော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။

၃၈၂။ လုံ့လကြီးမြတ်တော်မူသော အလိုလို သိတော်မူသော အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အနောမဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူကာ အနုမောဒနာပြုပြီး နောက်ဤဂါထာကို မိန့်တော်မူ၏-

၃၈၃။ ‘‘‘ယော သော [ယံ သော (က။)] သံဃံ အပူဇေသိ, ဗုဒ္ဓဉ္စ လောကနာယကံ၊

တေန စိတ္တပ္ပသာဒေန, ဒေဝလောကံ ဂမိဿတိ။

၃၈၃။ ထိုနဂါးမင်းသည် လူတို့၏ ရှေ့ဆောင်ဖြစ်သော ဘုရားကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ပူဇော်ကြောင်း ဖြစ်သော စိတ်ကြည်လင်မှုကြောင့် နတ်ပြည်သို့ လားရ လတ္တံ့။

၃၈၄။ ‘‘‘သတ္တသတ္တတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ ကရိဿတိ၊

ပထဗျာ ရဇ္ဇံ အဋ္ဌသတံ, ဝသုဓံ အာဝသိဿတိ။

၃၈၄။ ခုနစ်ဆယ့်ခုနစ်ကြိမ် နတ်စည်းစိမ်ကို ခံစားရလတ္တံ့၊ အကြိမ်ရှစ်ရာ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်၍ မြေပြင်အလုံးကို စိုးအုပ်ရလတ္တံ့။

၃၈၅။ ‘‘‘ပဉ္စပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ၊

ဘောဂါ အသင်္ခိယာ တဿ, ဥပ္ပဇ္ဇိဿန္တိ တာဝဒေ။

၃၈၅။ ငါးဆယ့်ငါးကြိမ်တိုင်အောင် စကြဝတေးမင်း ဖြစ်ရလတ္တံ့၊ ထိုစကြဝတေးမင်း အဖြစ်၌ပင်ထိုမင်းအား မရေတွက်နိုင်ကုန်သော စည်းစိမ်ဥစ္စာတို့သည် ဖြစ်ကုန်လတ္တံ့။

၃၈၆။ ‘‘‘အပရိမေယျေ ဣတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန [နာမေန (သီ။)], သတ္ထာ လောကေ ဘဝိဿတိ။

၃၈၆။ (ငါဘုရားပွင့်ရာ) ဤဝရကမ္ဘာမှ မရေတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်၍ အနွယ်တော်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ဖြစ်ပေါ်လတ္တံ့။

၃၈၇။ ‘‘‘နိရယာ သော စဝိတွာန, မနုဿတံ ဂမိဿတိ၊

ကောလိတော နာမ နာမေန, ဗြဟ္မဗန္ဓု ဘဝိဿတိ။

၃၈၇။ ထိုနဂါးမင်းသည် ငရဲမှ စုတေ၍ လူ့ဘဝသို့ ရောက်ပြီးလျှင် “ကောလိတ”ဟူသော အမည်ဖြင့်ပုဏ္ဏားမျိုး ဖြစ်လတ္တံ့။

၃၈၈။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, ကုသလမူလေန စောဒိတော၊

ဂေါတမဿ ဘဂဝတော, ဒုတိယော ဟေဿတိ သာဝကော။

၃၈၈။ အဆုံးစွန်သော ဘဝ၌ ထိုကောလိတသည် ရဟန်းပြု၍ အကြောင်းရင်း ကုသိုလ်ကံ သည်တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ဒုတိယအဂ္ဂသာဝက (လက်ဝဲရံ) ဖြစ်လတ္တံ့။

၃၈၉။ ‘‘‘အာရဒ္ဓဝီရိယော ပဟိတတ္တော, ဣဒ္ဓိယာ ပါရမိံ ဂတော၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။

၃၈၉။ အားထုတ်အပ်သော ဝီရိယရှိသည် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ တန်ခိုး၏အထွတ််အထိပ်သို့ ရောက်လျက် အလုံးစုံသော အာသဝေါတရားတို့ကို ပိုင်းခြား သိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့။ (ဤဂါထာတို့ကို မိန့်တော် မူ၏)။

၃၉၀။ ‘‘ပါပမိတ္တောပနိဿာယ, ကာမရာဂဝသံ ဂတော၊

မာတရံ ပိတရဉ္စာပိ, ဃာတယိံ ဒုဋ္ဌမာနသော။

၃၉၀။ ယုတ်မာသော အဆွေခင်ပွန်းတို့ကို အမှီပြု၍ ကာမဂုဏ်အလိုသို့ လိုက်မှားလျက်အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားသော စိတ်ရှိသည်ဖြစ်၍ သတ်ခဲ့ဖူး လေ၏။

စာ-၃၆

၃၉၁။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, နိရယံ အထ မာနုသံ၊

ပါပကမ္မသမင်္ဂိတာ, ဘိန္နသီသော မရာမဟံ။

၃၉၁။ အကြင်အကြင်ငရဲဘဝသို့ ကပ်ရောက်ရ၏၊ လူဖြစ်သော အခါ၌လည်း ငါသည် မကောင်းမှုကံနှင့်ပြည့်စုံခြင်းကြောင့် ဦးခေါင်းကွဲလျက် သေလွန်ရပြန်၏။

၃၉၂။ ‘‘ဣဒံ ပစ္ဆိမကံ မယှံ, စရိမော ဝတ္တတေ ဘဝေါ၊

ဣဓာပိ ဧဒိသော မယှံ, မရဏကာလေ ဘဝိဿတိ။

၃၉၂။ ငါ့အား ဤသေရခြင်းသည် နောက်ဆုံး သေရခြင်းပင်တည်း၊ ဤဘဝသည် အဆုံး စွန်သောဘဝပေတည်း၊ ဤအဆုံးဘဝ သေရမည့်အခါ၌လည်း ငါ့အား ဤသို့ ဦးခေါင်းကွဲ လျက်သေရခြင်းမျိုးသည်ပင် ဖြစ်လတ္တံ့။

၃၉၃။ ‘‘ပဝိဝေကမနုယုတ္တော, သမာဓိဘာဝနာရတော၊

သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။

၃၉၃။ ဝိဝေကသုံးပါးကို အားထုတ်လျက် ဈာန်သမာဓိကို ပွားများမှု၌ မွေ့လျော်သည်ဖြစ် ၍ အလုံးစုံသောအာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါမရှိဘဲ နေရ၏။

၃၉၄။ ‘‘ဓရဏိမ္ပိ သုဂမ္ဘီရံ, ဗဟလံ ဒုပ္ပဓံသိယံ၊

ဝါမင်္ဂုဋ္ဌေန ခေါဘေယျံ, ဣဒ္ဓိယာ ပါရမိံ ဂတော။

၃၉၄။ တန်ခိုး၏ အထွတ်အထိပ်သို့ ရောက်သောငါသည် အလွန်နက်သော (နှစ်သိန်း လေးသောင်း) အထုရှိသည် ဖြစ်၍ ဖျက်ဆီးနိုင်ခဲသော မြေကြီးကိုလည်း လက်ဝဲခြေမဖြင့် လှုပ် ချောက်ချားနိုင်၏။

၃၉၅။ ‘‘အသ္မိမာနံ န ပဿာမိ, မာနော မယှံ န ဝိဇ္ဇတိ၊

သာမဏေရေ ဥပါဒါယ, ဂရုစိတ္တံ ကရောမဟံ။

၃၉၅။ ငါသည် “ငါတကား”ဟု ထောင်လွှားသော မာန်ကို မမြင်၊ ငါ့အား မာန်သည် မရှိ၊ ရှင်သာမဏေတို့ကို အစပြု၍ ရိုသေလေးစားသော စိတ်ကို ပြု၏။

၃၉၆။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, ယံ ကမ္မမဘိနီဟရိံ၊

တာဟံ ဘူမိမနုပ္ပတ္တော, ပတ္တောမှိ အာသဝက္ခယံ။

၃၉၆။ ငါသည် ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် ဖြစ်သောဝရကမ္ဘာ၌ (လက်ဝဲရံ ဖြစ်ရလို၏ဟု) ဆုတောင်းမှုကို ပြုခဲ့ဖူးသော ဒုတိယအဂ္ဂသာဝ ကရာထူးသို့အစဥ်ရောက်ရပေပြီ၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့လည်း ရောက်ပြီ။

၃၉၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဟာမောဂ္ဂလ္လာနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဟာမောဂ္ဂလ္လာနတ္ထေရဿာပဒါနံ ဒုတိယံ။

၃၉၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် မဟာမောဂ္ဂလ္လာနတ္ထေရအပဒါန ပြီး၏။

၃-၃။ မဟာကဿပတ္ထေရအပဒါနံ

၃၉၈။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊

နိဗ္ဗုတေ လောကနာထမှိ, ပူဇံ ကုဗ္ဗန္တိ သတ္ထုနော။

၃-၃-မဟာကဿပတ္ထေရအပဒါန ၃၉၈။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လောက၌ အကြီးအမှူးဖြစ်တော်မူသောပဒုမုတ္တရမြတ်စွာဘုရား၏ လက်ထက်တော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံလေသော် မြတ်စွာဘုရားအားပူဇော်မှုကို ပြုကြကုန်၏။

၃၉၉။ ‘‘ဥဒဂ္ဂစိတ္တာ ဇနတာ, အာမောဒိတပမောဒိတာ၊

တေသု သံဝေဂဇာတေသု, ပီတိ မေ ဥဒပဇ္ဇထ။

၃၉၉။ တက်ကြွသောစိတ်ရှိကုန်သော လူအပေါင်းတို့သည် အတိုင်းထက်အလွန် ဝမ်း မြောက်ကြကုန်လျက်ပူဇော်မှုကို ပြုကြကုန်၏၊ ထိုလူအပေါင်းသည် သံဝေဂဖြစ်သည်ရှိသော် ငါ့အား နှစ်သက်ခြင်း ‘ပီတိ’ သည်ဖြစ်ပေါ်လာ၏။

၄၀၀။ ‘‘ဉာတိမိတ္တေ သမာနေတွာ, ဣဒံ ဝစနမဗြဝိံ၊

ပရိနိဗ္ဗုတော မဟာဝီရော, ဟန္ဒ ပူဇံ ကရောမသေ။

၄၀၀။ အဆွေခင်ပွန်းတို့ကို စုဝေးစေ၍ ဤစကားကို ပြောဆို၏၊ လုံ့လကြီးမြတ်တော် မူသောမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ယခု ပူဇော်မှုကို ပြုကြကုန်အံ့။

၄၀၁။ ‘‘သာဓူတိ တေ ပဋိဿုတွာ, ဘိယျော ဟာသံ ဇနိံသု မေ၊

ဗုဒ္ဓသ္မိံ လောကနာထမှိ, ကာဟာမ ပုညသဉ္စယံ။

စာ-၃၇

၄၀၂။ ‘‘အဂ္ဃိယံ သုကတံ ကတွာ, သတဟတ္ထသမုဂ္ဂတံ၊

ဒိယဍ္ဎဟတ္ထပတ္ထဋံ, ဝိမာနံ နဘမုဂ္ဂတံ။

၄၀၃။ ‘‘ကတွာန ဟမ္မိယံ တတ္ထ, တာလပန္တီဟိ စိတ္တိတံ၊

သကံ စိတ္တံ ပသာဒေတွာ, စေတိယံ ပူဇယုတ္တမံ။

၄၀၄။ ‘‘အဂ္ဂိက္ခန္ဓောဝ ဇလိတော, ကိံသုကော ဣဝ [သာလရာဇာဝ (သီ။)] ဖုလ္လိတော၊

ဣန္ဒလဋ္ဌီဝ အာကာသေ, ဩဘာသေတိ စတုဒ္ဒိသာ။

၄၀၁-၄၀၂-၄၀၃။ ထိုအဆွေခင်ပွန်းတို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ငါ့အား လွန်စွာ ဝမ်းမြောက်ခြင်းကိုဖြစ်စေ၏၊ လူတို့ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၌ ကောင်းမှုအစုကို ပြုကုန်အံ့ (ဟု တိုင်ပင်ကြ၍) အတောင်တစ်ရာအစောက်မြင့်၍ အတောင်တစ်ရာ့ငါးဆယ်ကျယ် ဝန်းသော ကောင်းကင်သို့စွင့်စွင့်တက်သည့် ဗိမာန်သဖွယ်ဖြစ်သော ရတနာစေတီအိမ်ကို ပြုလုပ်၍ ထိုစေတီအိမ်၌ ထန်းပင်အစဥ်တို့ဖြင့် ဆန်းကြယ်သော ပြာသာဒ်ဦးပြည်းကို ဆောက် လုပ်ပြီးလျှင် မိမိစိတ်ကို ကြည်လင်စေလျက်မြတ်သောစေတီကို ပူဇော်၏။ ၄၀၄။ ‘တောက်ပသော မီးပုံကြီးကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော ပင်လယ်ကသစ်ပင်ကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သက်တင်ရေးကဲ့သို့လည်းကောင်း’ အရပ်လေး မျက်နှာတို့၌ထွန်းလင်းတောက်ပ၏။

၄၀၅။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, ကတွာန ကုသလံ ဗဟုံ၊

ပုဗ္ဗကမ္မံ သရိတွာန, တိဒသံ ဥပပဇ္ဇဟံ။

၄၀၅။ ငါသည် ထိုစေတီတော်၌ စိတ်ကို ကြည်ညိုစေ၍ များစွာသော ကုသိုလ်ကောင်းမှုကို ပြုလျက်ရှေးက ပြုခဲ့ဖူးသော ကံကို အောက်မေ့လျက် သေရသောကြောင့် တာဝတိံသာ နတ်ပြည်သို့ ရောက်ရ၏။

၄၀၆။ ‘‘သဟဿယုတ္တံ ဟယဝါဟိံ, ဒိဗ္ဗယာနမဓိဋ္ဌိတော၊

ဥဗ္ဗိဒ္ဓံ ဘဝနံ မယှံ, သတ္တဘူမံ သမုဂ္ဂတံ။

၄၀၆။ ထိုနတ်ပြည်၌လည်း နတ်မြင်းတစ်ထောင် ကဆောင်သော နတ်ယာဥ်ကို စီးနင်း ပိုင်စိုးရ၏၊ ငါ၏ဗိမာန်သည်လည်း (အစောက်အားဖြင့်) မြင့်၍ ဘုံခုနစ်ဆင့်ရှိလျက် အထက် သို့ စွင့်စွင့်တက်၏။

၄၀၇။ ‘‘ကူဋာဂါရသဟဿာနိ, သဗ္ဗသောဏ္ဏမယာ အဟုံ၊

ဇလန္တိ သကတေဇေန, ဒိသာ သဗ္ဗာ ပဘာသယံ။

၄၀၇။ ထိုဗိမာန်၌ အလုံးစုံသော ရွှေဖြင့် ပြီးသော အထွတ်တပ်သည့် ပြာသာဒ်ဆောင် ပေါင်းတစ်ထောင်ရှိကုန်၏၊ မိမိ၏ ကောင်းမှုတန်ခိုးဖြင့် အရပ်မျက်နှာ အားလုံးတို့သည် အလျှံတဝင်းဝင်းထွန်းလင်းတောက်ပကုန်၏။

၄၀၈။ ‘‘သန္တိ အညေပိ နိယျူဟာ, လောဟိတင်္ဂမယာ တဒါ၊

တေပိ ဇောတန္တိ အာဘာယ, သမန္တာ စတုရော ဒိသာ။

၄၀၈။ ထိုဗိမာန်၌ ပတ္တမြားနီဖြင့် ပြီးသော အခြားအခြားသော နန်းဦးပြာသာဒ်ဆောင်တို့သည်လည်းရှိကုန်သေး၏၊ ထိုပြာသာဒ်ဆောင်တို့ကလည်း ထက်ဝန်းကျင် အရပ်လေးမျက်နှာ တို့ကို အရောင်အဝါဖြင့်ထွန်းလင်းတောက်ပစေကုန်၏။

၄၀၉။ ‘‘ပုညကမ္မာဘိနိဗ္ဗတ္တာ, ကူဋာဂါရာ သုနိမ္မိတာ၊

မဏိမယာပိ ဇောတန္တိ, ဒိသာ ဒသ [ဒိသောဒိသံ (သျာ။)] သမန္တတော။

၄၀၉။ ကောင်းမှုကံကြောင့် ဖြစ်ပေါ်လာကုန်သော ကောင်းစွာ ဖန်ဆင်းအပ်သည်ဖြစ်၍ ပတ္တမြားဖြင့်ပြီးကုန်သော အထွတ်တပ်သော အဆောင်တို့ကလည်း ထက်ဝန်းကျင် အရပ်ဆယ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေကုန်၏။

၄၁၀။ ‘‘တေသံ ဥဇ္ဇောတမာနာနံ, ဩဘာသော ဝိပုလော အဟု၊

သဗ္ဗေ ဒေဝေ အဘိဘောမိ, ပုညကမ္မဿိဒံ ဖလံ။

၄၁၀။ တလျှပ်လျှပ်တောက်ပကုန်သော ထိုဗိမာန်တို့၏ အလင်းရောင်သည် ကျယ်ပြန့်သည် ဖြစ်၍ နတ်အားလုံးတို့ကို (အသက်အဆင်းစသည်ဖြင့်) လွှမ်းမိုး၍ သွား၏။ ဤသို့ ဖြစ်ပေါ် ရခြင်းသည်ကောင်းမှုကံ၏ အကျိုးပေတည်း။

၄၁၁။ ‘‘သဋ္ဌိကပ္ပသဟဿမှိ, ဥဗ္ဗိဒ္ဓေါ နာမ ခတ္တိယော၊

စာတုရန္တော ဝိဇိတာဝီ, ပထဝိံ အာဝသိံ အဟံ။

၄၁၁။ ငါသည် ကမ္ဘာခြောက်သောင်းထက်၌ လေးကျွန်းလုံးကို အစိုးရ၍ ရန်သူကို အောင် ပြီးသူ “ဥဗ္ဗိဒ္ဓ”မည်သော စကြာမင်း ဖြစ်၍ မြေပြင်အလုံးကို စိုးအုပ်ရလေ၏။

၄၁၂။ ‘‘တထေဝ ဘဒ္ဒကေ ကပ္ပေ, တိံသက္ခတ္တုံ အဟောသဟံ၊

သကကမ္မာဘိရဒ္ဓေါမှိ, စက္ကဝတ္တီ မဟဗ္ဗလော။

၄၁၂။ ငါသည် ဘဒ္ဒကမ္ဘာ၌လည်း အကြိမ်သုံးဆယ် အလားတူ စကြာမင်း ဖြစ်ရပြန်၏၊ ဗိုလ်ပါအင်အားများသော စကြာမင်းဖြစ်၍ မိမိ၏ မင်းကျင့်ဆယ်တန်ပရိကံကိစ္စ၌ အားထုတ်အပ် ပြီးသူဖြစ်၏။

၄၁၃။ ‘‘သတ္တရတနသမ္ပန္နော, စတုဒီပမှိ ဣဿရော၊

တတ္ထာပိ ဘဝနံ မယှံ, ဣန္ဒလဋ္ဌီဝ ဥဂ္ဂတံ။

၄၁၃။ ထိုစကြာမင်းအဖြစ်၌လည်း ရတနာခုနစ်ပါးနှင့် ပြည့်စုံ၍ လေးကျွန်းလုံးကို အစိုးရ သူ ဖြစ်၏၊ ငါ၏ ဗိမာန်သည် လျှပ်စစ်နွယ်ကဲ့သို့ အထက်သို့ အလျှံတက်၏။

၄၁၄။ ‘‘အာယာမတော စတုဗ္ဗီသံ, ဝိတ္ထာရေန စ ဒွါဒသ၊

ရမ္မဏံ [ရမ္မကံ (သီ။ သျာ။)] နာမ နဂရံ, ဒဠှပါကာရတောရဏံ။

၄၁၄-၄၁၅။ အလျားအားဖြင့် နှစ်ဆယ့်လေးယူဇနာ ရှိ၍ အနံအားဖြင့် တစ်ဆယ့်နှစ် ယူဇနာကျယ်ပြန့်၏၊ မြဲမြံခိုင်ခံ့သည့် တံတိုင်း, တုရိုဏ်တိုင်ရှိသော ရမ္မဏမည်သော မြို့တော် သည်ကား အလျားငါးယူဇနာ, အနံယူဇနာခွဲ ရှိ၏၊ လူအပေါင်းတို့ဖြင့် ပြွမ်းလျက် တာဝတိံသာနတ်ပြည်သဖွယ် ဖြစ်၏။

စာ-၃၈

၄၁၅။ ‘‘အာယာမတော ပဉ္စသတံ, ဝိတ္ထာရေန တဒဍ္ဎကံ၊

အာကိဏ္ဏံ ဇနကာယေဟိ, တိဒသာနံ ပုရံ ဝိယ။

၄၁၆။ ‘‘ယထာ သူစိဃရေ သူစီ, ပက္ခိတ္တာ ပဏ္ဏဝီသတိ၊

အညမညံ ပဃဋ္ဋေန္တိ, အာကိဏ္ဏံ ဟောတိ လင်္ကတံ [တံ တဒါ (သီ။), သတတာ (သျာ။), သင်္ကရံ (?)]။

၄၁၆။အပ်ကျည်ဘူး၌ ထည့်ထားသောအပ်တို့သည် အချင်းချင်း ရောယှက်ထိခိုက်ကြကုန် သကဲ့သို့ဝင်ရောက်နေထိုင်ရောင်းဝယ်သော ဈေးသူဈေးသားတို့သည် အချင်းချင်း ရောယှက် ထိစပ်ကြကုန်၏။ တန်ဆာဆင်အပ်သော မြို့တော်ဖြစ်၍ လူမျိုးစုံတို့ဖြင့် ရောပြွမ်းခြင်း ရှိ၏။

၄၁၇။ ‘‘ဧဝမ္ပိ နဂရံ မယှံ, ဟတ္ထိဿရထသံကုလံ၊

မနုဿေဟိ သဒါကိဏ္ဏံ, ရမ္မဏံ နဂရုတ္တမံ။

၄၁၇။ ဤအခြင်းအရာဖြင့်လည်း ဆင် မြင်း ရထားတို့ဖြင့် ရောပြွမ်းသော ငါ၏။ မို့တော် သည်လူတို့ဖြင့် အခါခပ်သိမ်း ရောပြွမ်း၍ မြတ်သော ရမ္မဏမြို့တော် ဖြစ်ခဲ့၏။

၄၁၈။ ‘‘တတ္ထ ဘုတွာ ပိဝိတွာ စ, ပုန ဒေဝတ္တနံ ဂတော [ပုနပိ ဒေဝတင်္ဂတော (က။)]။

ဘဝေ ပစ္ဆိမကေ မယှံ, အဟောသိ ကုလသမ္ပဒါ။

၄၁၈။ ထိုရမ္မဏမြို့တော််၌ပင် သုံးဆောင်ခံစားနေထိုင်ပြီး၍ တစ်ဖန် နတ်အဖြစ်သို့ ရောက်ပြန်၏။ ငါ့အားအဆုံးဘဝ၌ မျိုးရိုး၏ ပြည့်စုံခြင်းသည် ဖြစ်၏။

၄၁၉။ ‘‘ဗြာဟ္မညကုလသမ္ဘူတော, မဟာရတနသဉ္စယော၊

အသီတိကောဋိယော ဟိတွာ, ဟိရညဿာပိ ပဗ္ဗဇိံ။

၄၁၉။ ဗြာဟ္မဏမျိုး၌ ဖြစ်၍ များစွာသော ရတနာတို့ စုဝေးရာ ဖြစ်၏၊ ကုဋေရှစ်ဆယ် သောရွှေငွေတို့ကို စွန့်လွှတ်၍ ရဟန်းပြု၏။

၄၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဟာကဿပေါ ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဟာကဿပတ္ထေရဿာပဒါနံ တတိယံ။

၄၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဟာကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် မဟာကဿပတ္ထေရအပဒါန ပြီး၏။

၃-၄။ အနုရုဒ္ဓတ္ထေရအပဒါနံ

၄၂၁။ ‘‘သုမေဓံ ဘဂဝန္တာဟံ, လောကဇေဋ္ဌံ နရာသဘံ၊

ဝူပကဋ္ဌံ ဝိဟရန္တံ, အဒ္ဒသံ လောကနာယကံ။

၃-၄-အနုရုဒ္ဓတ္ထေရအပဒါန ၄၂၁။ ဘုန်းတော်ကြီးတော်မူသော, လောကထက် မြတ်သော, ဆိတ်ငြိမ်ရာသို့ ကပ်လျက်နေတော်မူသော လူတို့၏ ရှေ့သွားဖြစ်သည့် သုမေဓာမြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။

၄၂၂။ ‘‘ဥပဂန္တွာန သမ္ဗုဒ္ဓံ, သုမေဓံ လောကနာယကံ၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, ဗုဒ္ဓသေဋ္ဌမယာစဟံ။

၄၂၂။ ငါသည် လူတို့၏ ရှေ့သွားဖြစ်သော သုမေဓာမြတ်စွာဘုရားသို့ ချဥ်းကပ်၍ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို တောင်းပန်၏။

၄၂၃။ ‘‘အနုကမ္ပ မဟာဝီရ, လောကဇေဋ္ဌ နရာသဘ၊

ပဒီပံ တေ ပဒဿာမိ, ရုက္ခမူလမှိ ဈာယတော။

၄၂၃။ သနားစောင့်ရှောက်၍ လုံ့လကြီးမြတ်တော်မူသော, လူတို့ဥက္ကဌ် လောကထက် မြတ်တော်မူသောမြတ်စွာဘုရား သစ်ပင်ရင်း၌ ဈာန်ဝင်စားတော်မူသော အရှင်ဘုရားအား ဆီမီးကို ကပ်လှူပါအံ့။ (ဤသို့တောင်းပန်၏)။

၄၂၄။ ‘‘အဓိဝါသေသိ သော ဓီရော, သယမ္ဘူ ဝဒတံ ဝရော၊

ဒုမေသု ဝိနိဝိဇ္ဈိတွာ, ယန္တံ ယောဇိယဟံ တဒါ။

၄၂၄-၄၂၅။ အလိုလို ပွင့်ပေါ်တော်မူသည် ဖြစ်၍ ဟောပြောသူတို့ထက် မြတ်သော ထို သုမေဓာမြတ်စွာဘုရားသည် လက်ခံတော်မူ၏၊ ထိုအခါ ငါသည် သစ်ပင်တို့၌ ဖောက်ထွင်း၍ (ဆီညှစ်) ယန္တရားကို တပ်ဆင်ပြီးလျှင် (ဆီကို ညှစ်ယူပြီးလျှင် ) လောက၏ အဆွေဖြစ်တော် မူသောသုမေဓာမြတ်စွာဘုရားအား ဆီမီးတစ်ထောင်ကို လှူဒါန်း၏၊ ငါ၏ ဆီမီးတို့သည် ခုနစ်ရက်ပတ်လုံးတောက်ပပြီးလတ်သော် ငြိမ်းကုန်၏။

စာ-၃၉

၄၂၅။ ‘‘သဟဿဝဋ္ဋိံ ပါဒါသိံ, ဗုဒ္ဓဿ လောကဗန္ဓုနော၊

သတ္တာဟံ ပဇ္ဇလိတွာန, ဒီပါ ဝူပသမိံသု မေ။

၄၂၆။ ‘‘တေန စိတ္တပ္ပသာဒေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, ဝိမာနမုပပဇ္ဇဟံ။

၄၂၆။ ငါသည် ထိုစိတ်၏ ကြည်လင်ခြင်းဖြင့်လည်းကောင်း၊ ကုသိုလ်စေတနာ, ဆုတောင်းခြင်းတို့ဖြင့်လည်းကောင်း လူ၌ ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ပြီးသော် (နတ်) ဗိမာန်သို့ ကပ် ရောက်ရ၏။

၄၂၇။ ‘‘ဥပပန္နဿ ဒေဝတ္တံ, ဗျမှံ အာသိ သုနိမ္မိတံ၊

သမန္တတော ပဇ္ဇလတိ, ဒီပဒါနဿိဒံ ဖလံ။

၄၂၇။ နတ်အဖြစ်သို့ ရောက်သော ငါ့အား (ကောင်းမှုကံက) ဖန်ဆင်းအပ်သော နတ် ဗိမာန်သည်ဖြစ်ပေါ်လာ၏၊ ထက်ဝန်းကျင်မှလည်း တောက်ပ၏။ ဤသို့ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏အကျိုးပေတည်း။

၄၂၈။ ‘‘သမန္တာ ယောဇနသတံ, ဝိရောစေသိမဟံ တဒါ၊

သဗ္ဗေ ဒေဝေ အဘိဘောမိ, ဒီပဒါနဿိဒံ ဖလံ။

၄၂၈။ ထိုအခါ ငါသည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ထွန်းလင်းစေနိုင်၏။ နတ်အားလုံးတို့ကို (အသက်အဆင်းစသည်တို့ဖြင့်) လွှမ်းမိုး၍ သွား၏။ ဤသို့ ဖြစ်ရခြင်း သည် ဆီမီးလှူရခြင်း၏အကျိုးပေတည်း။

၄၂၉။ ‘‘တိံသကပ္ပါနိ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊

န မံ ကေစီတိမညန္တိ, ဒီပဒါနဿိဒံ ဖလံ။

၄၂၉။ (အာယု) ကပ် သုံးဆယ်တို့ပတ်လုံး သိကြားမင်း ဖြစ်လျက် နတ်စည်းစိမ်ကို ခံစားရ၏၊ တစ်စုံတစ်ယောက်သော နတ်တို့သည် ငါ့ကို မထီမဲ့မြင် မပြုဝံ့ကုန်။ ဤသို့ ဖြစ်ရခြင်းသည်ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၄၃၀။ ‘‘အဋ္ဌဝီသတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊

ဒိဝါ ရတ္တိဉ္စ ပဿာမိ, သမန္တာ ယောဇနံ တဒါ။

၄၃၀။ ငါသည် နှစ်ဆယ့်ရှစ်ကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်ရ၏၊ ထိုအခါ နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း ထက်ဝန်းကျင် တစ်ယူဇနာတိုင်တိုင် မြင်စွမ်းနိုင်၏။

၄၃၁။ ‘‘သဟဿလောကံ ဉာဏေန, ပဿာမိ သတ္ထု သာသနေ၊

ဒိဗ္ဗစက္ခုမနုပ္ပတ္တော, ဒီပဒါနဿိဒံ ဖလံ။

၄၃၁။ မြတ်စွာဘုရား၏ သာသနာတော်၌ တစ်သောင်းသော စကြဝဠာကို ဉာဏ်မျက်စိဖြင့် မြင်စွမ်းနိုင်၏၊ ဒိဗ္ဗစက္ခု (ဧတဒဂ်ရာထူးကို) ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၄၃၂။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, တိံသကပ္ပသဟဿိတော၊

တဿ ဒီပေါ မယာ ဒိန္နော, ဝိပ္ပသန္နေန စေတသာ။

၄၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်၌ သုမေဓာမည်သော မြတ်စွာဘုရား ပွင့်တော် မူ၏၊ ငါသည် ထိုမြတ်စွာဘုရားအား အထူးကြည်ညိုသော စိတ်ဖြင့် ဆီမီးကို လှူဒါန်း ခဲ့ဖူး၏။

၄၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အနုရုဒ္ဓေါ ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အနုရုဒ္ဓတ္ထေရဿာပဒါနံ စတုတ္ထံ။

၄၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အရှင်အနုရုဒ္ဓါမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အနုရုဒ္ဓတ္ထေရအပဒါန ပြီး၏။

၃-၅။ ပုဏ္ဏမန္တာဏိပုတ္တတ္ထေရအပဒါနံ

၄၃၄။ ‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊

ပုရက္ခတောမှိ သိဿေဟိ, ဥပဂစ္ဆိံ နရုတ္တမံ။

၃-၅-ပုဏ္ဏမန္တာဏိပုတ္တတ္ထေရအပဒါန ၄၃၄။ ဗေဒင်ကို လေ့လာပို့ချသော, ဗေဒင်ကို ဆောင်သော, ဗေဒင်သုံးပုံတို့၌ တစ်ဖက် ကမ်းခတ်သောငါ (သုနန္ဒာရသေ့) သည် တပည့်များစွာ ခြံရံလျက် ပဒုမုတ္တရမြတ်စွာဘုရားသို့ ချဥ်းကပ်၏။

၄၃၅။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမ ကမ္မံ ပကိတ္တေသိ, သင်္ခိတ္တေန မဟာမုနိ။

၄၃၅။ လောကသုံးပါးကို သိတော်မူသော, ပူဇော်အပ်သော ဝတ္ထုတို့ကို ခံယူတော်မူတတ် သောပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ (ပန်းမဏ္ဍပ်လှူဒါန်းရသော) ကောင်းမှုကို အကျဥ်း အားဖြင့်မြွက်ကြားတော်မူ၏။

စာ-၄၀

၄၃၆။ ‘‘တာဟံ ဓမ္မံ သုဏိတွာန, အဘိဝါဒေတွာန သတ္ထုနော၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, ပက္ကမိံ [ပက္ကာမိံ (သီ။ သျာ။)] ဒက္ခိဏာမုခေါ။

၄၃၆။ ထိုတရားတော်ကို ကြားနာပြီး၍ ပဒုမုတ္တရမြတ်စွာဘုရားအား ရှိခိုးပြီးလျှင် လက် အုပ်ချီလျက်တောင်မျက်နှာသို့ ရှေးရှုဖဲခွာခဲ့၏။

၄၃၇။ ‘‘သင်္ခိတ္တေန သုဏိတွာန, ဝိတ္ထာရေန အဘာသယိံ [အဒေသယိံ (သီ။ သျာ။)]၊

သဗ္ဗေ သိဿာ အတ္တမနာ, သုတွာန မမ ဘာသတော၊

သကံ ဒိဋ္ဌိံ ဝိနောဒေတွာ, ဗုဒ္ဓေ စိတ္တံ ပသာဒယုံ။

၄၃၇။ အကျဥ်းအားဖြင့် ကြားနာပြီးလျှင် တပည့်တို့အား အကျယ်အားဖြင့် ဟောကြား၏၊ ငါဟောကြားသည်ကို ကြားနာရ၍ တပည့်အားလုံးတို့သည် ဝမ်းမြောက်ကြလျက် မိမိအယူဝါဒ ကိုပယ်ဖျောက် ကြပြီးလျှင် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေကုန်၏။

၄၃၈။ ‘‘သင်္ခိတ္တေနပိ ဒေသေမိ, ဝိတ္ထာရေန တထေဝဟံ [ဒေသေသိံ ဝိတ္ထာရေနပိ ဘာသယိံ (က။)]၊

အဘိဓမ္မနယညူဟံ, ကထာဝတ္ထုဝိသုဒ္ဓိယာ၊

သဗ္ဗေသံ ဝိညာပေတွာန, ဝိဟရာမိ အနာသဝေါ။

၄၃၈။ ငါသည် အကျဥ်းအားဖြင့်လည်း ဟောကြား၏၊ အကျယ်အားဖြင့်လည်း ဟောကြား၏၊ အဘိဓမ္မာနည်း၌ လိမ္မာသော ငါသည် ကထာဝတ္ထုကျမ်း၌ လိမ္မာခြင်းငှါ ခပ်သိမ်းသော ရဟန်းရှင်လူတို့အား ထင်ရှားသိစေ၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရ၏။

၄၃၉။ ‘‘ဣတော ပဉ္စသတေ ကပ္ပေ, စတုရော သုပ္ပကာသကာ၊

သတ္တရတနသမ္ပန္နာ, စတုဒီပမှိ ဣဿရာ။

၄၃၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးရာထက်၌ ကောင်းစွာ ထင်ရှား ရတနာခုနစ်ပါးနှင့် ပြည့်စုံ သောလေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း လေးဦးတို့သည် ဖြစ်ကုန်၏။

၄၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပုဏ္ဏော မန္တာဏိပုတ္တော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပုဏ္ဏမန္တာဏိပုတ္တတ္ထေရဿာပဒါနံ ပဉ္စမံ။

၄၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်သော အသျှင်ပုဏ္ဏမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ငါးခုမြောက် ပုဏ္ဏမန္တာဏိပုတ္တတ္ထေရအပဒါန ပြီး၏။

၃-၆။ ဥပါလိတ္ထေရအပဒါနံ

၄၄၁။ ‘‘နဂရေ ဟံသဝတိယာ, သုဇာတော နာမ ဗြာဟ္မဏော၊

အသီတိကောဋိနိစယော, ပဟူတဓနဓညဝါ။

၃-၆-ဥပါလိတ္ထေရအပဒါန ၄၄၁။ ဟံသာဝတီမြို့၌ သုဇာတမည်သော ပုဏ္ဏားသည် ကုဋေရှစ်ဆယ် ကြွယ်ဝ၍ များပြားသောဥစ္စာစပါး ရှိ၏။

၄၄၂။ ‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊

လက္ခဏေ ဣတိဟာသေ စ, သဓမ္မေ ပါရမိံ ဂတော။

၄၄၂။ ဗေဒင်ကို လေ့လာပို့ချလျက် ဗေဒင်ကို ဆောင်ပြီးလျှင် ဗေဒင်သုံးပုံတို့၌လည်းတစ်ဖက်ကမ်းခတ်၏။ လက္ခဏာကျမ်း၊ ဣတိဟာသကျမ်း၊ မိမိဥစ္စာဖြစ်သော ဗြာဟ္မဏလမ်းစဥ်တို့၌လည်း အထွတ်အထိပ်သို့ ရောက်၏။

၄၄၃။ ‘‘ပရိဗ္ဗာဇာ ဧကသိခါ [ဧကဘိက္ခာ (က။)], ဂေါတမာ ဗုဒ္ဓသာဝကာ [သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ]။

စရကာ တာပသာ စေဝ, စရန္တိ မဟိယာ တဒါ။

၄၄၃။ ထိုအခါ ပရိဗိုဇ်တို့သည်လည်းကောင်း၊ ဦးစွန်းတစ်ခုသာရှိသော တက္ကတွန်းတို့သည်လည်းကောင်း၊ ဂေါတမအနွယ်၌ ဖြစ်သော ဗုဒ္ဓသာဝကတို့သည်လည်းကောင်း၊ ရသေ့တု, ရသေ့ယောင်တို့သည်လည်းကောင်း၊ ရသေ့စစ်တို့သည်လည်းကောင်း မြေအပြင်၌ လှည့်လည်သွားလာကြကုန်၏။

၄၄၄။ ‘‘တေပိ မံ ပရိဝါရေန္တိ, ဗြာဟ္မဏော ဝိဿုတော ဣတိ၊

ဗဟုဇ္ဇနော မံ ပူဇေတိ, နာဟံ ပူဇေမိ ကိဉ္စနံ။

၄၄၄။ ထိုအယူအမျိုးမျိုး ရှိသူတို့သည်လည်း ငါ့ကို ခြံရံကုန်၏၊ သုဇာတပုဏ္ဏားသည်အလွန်ကျော်ကြား၏ဟု (နှလုံးပိုက်လျက်) လူများက ငါ့ကို ပူဇော်၏၊ ငါသည် မူကား မည်သူ့ ကိုမျှမပူဇော်ပေ။

စာ-၄၁

၄၄၅။ ‘‘ပူဇာရဟံ န ပဿာမိ, မာနတ္ထဒ္ဓေါ အဟံ တဒါ၊

ဗုဒ္ဓေါတိ ဝစနံ နတ္ထိ, တာဝ နုပ္ပဇ္ဇတေ ဇိနော။

၄၄၅။ ထိုအခါ၌ ငါသည် ပူဇော်ထိုက်သူကို မမြင်ဘဲ ခက်ထန်သော မာန်ရှိသူ ဖြစ်၏၊ မြတ်စွာဘုရားမပွင့်သေးသမျှ ကာလပတ်လုံး “ဘုရား”ဟူသော စကားကိုလည်း မြွက်ဆိုရ ခြင်း မရှိပေ။

၄၄၆။ ‘‘အစ္စယေန အဟောရတ္တံ, ပဒုမုတ္တရနာမကော [နာယကော (သီ။ သျာ။)]၊

သဗ္ဗံ တမံ ဝိနောဒေတွာ, လောကေ ဥပ္ပဇ္ဇိ စက္ခုမာ။

၄၄၆။ နေ့ညဥ့်များစွာ ကုန်လွန်သော အခါ စက္ခုငါးပါးရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည့်အလုံးစုံသော အမိုက်ကို ပယ်ဖျောက်တော်မူလျက် လောက၌ ပွင့်တော်မူ၏။

၄၄၇။ ‘‘ဝိတ္ထာရိကေ ဗာဟုဇညေ, ပုထုဘူတေ စ သာသနေ၊

ဥပါဂမိ တဒါ ဗုဒ္ဓေါ, နဂရံ ဟံသသဝှယံ။

၄၄၇။ ထိုအခါ၌ သာသနာတော် ပျံ့နှံ့၍ လူသိများကာ ပြန့်ပြောစွာ ဖြစ်လတ်သော် ပဒုမုတ္တရမြတ်စွာဘုရားသည် ဟံသာဝတီမြို့တော်သို့ ကြွလာတော်မူ၏။

၄၄၈။ ‘‘ပိတု အတ္ထာယ သော ဗုဒ္ဓေါ, ဓမ္မံ ဒေသေသိ စက္ခုမာ၊

တေန ကာလေန ပရိသာ, သမန္တာ ယောဇနံ တဒါ။

၄၄၈။ စက္ခုငါးပါးရှိတော်မူသော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ခမည်းတော် အာနန္ဒာ မင်းကြီး၏အကျိုးငှါ တရားတော်ကို ဟောကြားတော်မူ၏၊ ထိုအခါ၌ တရားနာပရိသတ် တို့သည် ထက်ဝန်းကျင်တစ်ယူဇနာတိုင်တိုင် ရှိ၏။

၄၄၉။ ‘‘သမ္မတော မနုဇာနံ သော, သုနန္ဒော နာမ တာပသော၊

ယာဝတာ ဗုဒ္ဓပရိသာ, ပုပ္ဖေဟစ္ဆာဒယီ တဒါ။

၄၄၉။ ထိုအခါ၌ လူတို့က သမုတ်အပ်သော သုနန္ဒမည်သော ရသေ့သည် မြတ်စွာဘုရား၏ပရိသတ်ရှိသမျှ အရပ်တို့၌ ပန်းတို့ဖြင့် ဖုံးလွှမ်းလှူဒါန်းပေ၏။

၄၅၀။ ‘‘စတုသစ္စံ ပကာသေန္တေ, သေဋ္ဌေ စ [ဟေဋ္ဌာ စ (က။)] ပုပ္ဖမဏ္ဍပေ၊

ကောဋိသတသဟဿာနံ, ဓမ္မာဘိသမယော အဟု။

၄၅၀။ ထိုအခါ မြတ်သော ပန်းမဏ္ဍပ်၌ သစ္စာလေးပါးတရားတော်ကို ဟောပြတော်မူသည် ရှိသော်ကုဋေတစ်သိန်းသော ဝေနေယျတို့အား သစ္စာလေးပါးတရားတော်ကို သိမြင်ခြင်းသည် ဖြစ်၏။

၄၅၁။ ‘‘သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, ဝဿေတွာ ဓမ္မဝုဋ္ဌိယော၊

အဋ္ဌမေ ဒိဝသေ ပတ္တေ, သုနန္ဒံ ကိတ္တယီ ဇိနော။

၄၅၁။ မာရ်ငါးပါးကို အောင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ခုနစ်ရက်သော နေ့ညဥ့်တို့ပတ်လုံးတရားတည်းဟူသော မိုးတို့ကို ရွာသွန်းစေပြီးလျှင် ရှစ်ရက်မြောက် ရောက်လတ်သော် သုနန္ဒရသေ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏ -

၄၅၂။ ‘‘ဒေဝလောကေ မနုဿေ ဝါ, သံသရန္တော အယံ ဘဝေ၊

သဗ္ဗေသံ ပဝရော ဟုတွာ, ဘဝေသု သံသရိဿတိ။

၄၅၂။ ဤရသေ့သည် နတ်ဘဝ, လူ့ဘဝ ကျင်လည်ရသော် ဘဝများစွာတို့၌ ခပ်သိမ်း သောသူတို့ထက်မြတ်သည် ဖြစ်၍ ကျင်လည်ရလတ္တံ့။

၄၅၃။ ‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၄၅၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော, အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၅၄။ ‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

မန္တာဏိပုတ္တော ပုဏ္ဏောတိ, ဟေဿတိ သတ္ထု သာဝကော။

၄၅၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ တရားအမွေခံ ရင်သွေးဖြစ်၍ တရား တော်ကဖန်ဆင်းအပ်သော မန္တာဏိပုဏ္ဏေးမ၏သား “ပုဏ္ဏ”ဟု အမည်ရသော ဘုရား တပည့်သာဝက ဖြစ်လတ္တံ့။

၄၅၅။ ‘‘ဧဝံ ကိတ္တယိ သမ္ဗုဒ္ဓေါ, သုနန္ဒံ တာပသံ တဒါ၊

ဟာသယန္တော ဇနံ သဗ္ဗံ, ဒဿယန္တော သကံ ဗလံ။

၄၅၅။ ပဒုမုတ္တရမြတ်စွာဘုရားသည် လူအပေါင်းကို ရွှင်စေပြီးလျှင် ကိုယ်တော်၏ ဉာဏ် စွမ်းကိုဖော်ပြလျက် သုနန္ဒရသေ့ကို ဤဆိုပြီးသည့်အတိုင်း ဗျာဒိတ်စကား မိန့်ကြားတော် မူ၏။

၄၅၆။ ‘‘ကတဉ္ဇလီ နမဿန္တိ, သုနန္ဒံ တာပသံ ဇနာ၊

ဗုဒ္ဓေ ကာရံ ကရိတွာန, သောဓေသိ ဂတိမတ္တနော။

၄၅၆။ လူတို့သည် သုနန္ဒရသေ့ကို လက်အုပ်ချီမိုး ရှိခိုးကုန်၏၊ ထိုရသေ့သည် မိမိလား ရာ ‘ဂတိ’ ကိုသုတ်သင်၏။

၄၅၇။ ‘‘တတ္ထ မေ အဟု သင်္ကပ္ပေါ, သုတွာန မုနိနော ဝစံ၊

အဟမ္ပိ ကာရံ ကဿာမိ, ယထာ ပဿာမိ ဂေါတမံ။

၄၅၇။ ထိုအခါ၌ ပဒုမုတ္တရမြတ်စွာဘုရား၏ စကားတော်ကို ကြားရသောကြောင့် “ငါသည် လည်းဂေါတမဘုရားရှင်ကို ဖူးမြင်ရကြောင်းဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုတော့အံ့”ဟု ငါ့အား အကြံဖြစ်၏။

စာ-၄၂

၄၅၈။ ‘‘ဧဝါဟံ စိန္တယိတွာန, ကိရိယံ စိန္တယိံ မမ၊

ကျာဟံ ကမ္မံ အာစရာမိ, ပုညက္ခေတ္တေ အနုတ္တရေ။

၄၅၈။ ဤသို့ ကြံစည်ပြီးလျှင် “ငါသည် အတုမဲ့ ဖြစ်သော ကောင်းမှုတည်ရာ ရတနာ သုံးပါး၌အဘယ်ကုသိုလ်မှုကို ပြုကျင့်ရပါအံ့နည်း”ဟု မိမိပြုရမည့် အမှုကိုလည်း ကြံစည် ပြန်၏။

၄၅၉။ ‘‘အယဉ္စ ပါဌိကော ဘိက္ခု, သဗ္ဗပါဌိဿ သာသနေ၊

ဝိနယေ အဂ္ဂနိက္ခိတ္တော, တံ ဌာနံ ပတ္ထယေ အဟံ။

၄၅၉။ သာသနာတော်၌ ဤ ‘ပါဌိက’ မည်သော ရဟန်းသည်ကား ရွတ်ဖတ်ပို့ချသူအား လုံးတို့၏အလယ်တွင် ဝိနည်းအရာ၌ အမြတ်ဆုံး ထားအပ်သူ ဖြစ်၏၊ ငါသည် ထိုကဲ့သို့ သော ရာထူးကိုပင်တောင့်တရတော့အံ့။

၄၆၀။ ‘‘ဣဒံ မေ အမိတံ ဘောဂံ, အက္ခောဘံ သာဂရူပမံ၊

တေန ဘောဂေန ဗုဒ္ဓဿ, အာရာမံ မာပယေ အဟံ။

၄၆၀။ ငါ့အား သမုဒ္ဒရာကြီးသဖွယ်ဖြစ်သော ရန်သူမျိုးငါးပါး မလှုပ်ချောက်ချားနိုင်သောဤမနှိုင်းရှည့်အပ်သော စည်းစိမ်ဥစ္စာသည် ရှိ၏၊ ငါသည် ထိုစည်းစိမ်ဥစ္စာဖြင့် မြတ်စွာဘုရား၏ကျောင်းတိုက်အရံကို ပြုလုပ်ဖန်ဆင်းရတော့အံ့။

၄၆၁။ ‘‘သောဘနံ နာမ အာရာမံ, နဂရဿ ပုရတ္ထတော၊

ကိဏိတွာ [ကီတွာ (သီ။), ကိတွာ (က။)] သတသဟဿေန, သံဃာရာမံ အမာပယိံ။

၄၆၁။ ဤသို့ ကြံပြီး၍ ဟံသာဝတီမြို့တော်၏ အရှေ့အရပ်၌ သောဘနမည်သော အရံကို အသပြာငွေတစ်သိန်းဖြင့် ဝယ်ယူ၍ သံဃာ့အရံကို ဖန်ဆင်းခဲ့ပြီ။

၄၆၂။ ‘‘ကူဋာဂါရေ စ ပါသာဒေ, မဏ္ဍပေ ဟမ္မိယေ ဂုဟာ၊

စင်္ကမေ သုကတေ ကတွာ, သံဃာရာမံ အမာပယိံ။

၄၆၂။ အထွတ်တပ်သော ကျောင်းဆောင်တို့ကိုလည်းကောင်း၊ ပြာသာဒ်ရှည်, မဏ္ဍပ်, ပြာသာဒ်ဦးပြည်းတို့ကိုလည်းကောင်း၊ လိုဏ်ဂူ, စင်္ကြံတို့ကိုလည်းကောင်း ကောင်းစွာ ဆောက်လုပ်၍ သံဃာ့အရံကို ဖန်ဆင်း၏။

၄၆၃။ ‘‘ဇန္တာဃရံ အဂ္ဂိသာလံ, အထော ဥဒကမာဠကံ၊

နှာနဃရံ မာပယိတွာ, ဘိက္ခုသံဃဿဒါသဟံ။

၄၆၃။ ငါသည် ဇရုံးအိမ်၊ မီးတင်းကုပ်၊ ထို့အပြင် ရေအိုးစင်၊ ရေချိုးအိမ်တို့ကို ဖန်ဆင်း၍ ရဟန်းသံဃာအား ပေးလှူခဲ့၏။

၄၆၄။ ‘‘အာသန္ဒိယော ပီဌကေ စ, ပရိဘောဂေ စ ဘာဇနေ၊

အာရာမိကဉ္စ ဘေသဇ္ဇံ, သဗ္ဗမေတံ အဒါသဟံ။

၄၆၄။ ငါသည် ညောင်စောင်း, အင်းပျဥ်, အသုံးအဆောင်, အိုးခွက်တို့ကိုလည်းကောင်း၊ အရံစောင့်ကိုလည်းကောင်း၊ ဆေးပစ္စည်းတို့ကိုလည်းကောင်း ဤအလုံးစုံကို ပေးလှူခဲ့၏။

၄၆၅။ ‘‘အာရက္ခံ ပဋ္ဌပေတွာန, ပါကာရံ ကာရယိံ ဒဠှံ၊

မာ နံ ကောစိ ဝိဟေဌေသိ, သန္တစိတ္တာန တာဒိနံ။

၄၆၅။ တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ငြိမ်သက်သော စိတ်ရှိသည့် ရဟန်းတော်တို့အား တစ်စုံတစ်ယောက်သောသူမျှ မညှဥ်းဆဲပါစေလင့်ဟု (နှလုံးပိုက်၍) ငါသည် အစောင့်အရှောက်ထားလျက် မြဲမြံခိုင်ခံ့သော တံတိုင်းကို ဆောက်လုပ်၏။

၄၆၆။ ‘‘သတသဟဿေနာဝါသံ [အာဝါသံ သတသဟဿေန (သီ။), အာဝါသေ သတသဟဿေ (သျာ။)], သံဃာရာမေ အမာပယိံ၊

ဝေပုလ္လံ တံ မာပယိတွာ [ဝေပုလ္လတံ ပါပယိတွာ (သီ။)], သမ္ဗုဒ္ဓံ ဥပနာမယိံ။

၄၆၆။ သံဃာ့အရံ၌ နေရာကျောင်းကို အသပြာငွေတစ်သိန်းဖြင့် ဖန်ဆင်းဆောက်လုပ်၏၊ စည်ပင်ပြန့်ပြောသော ထိုကျောင်းတိုက်အရံကြီးကို ဖန်ဆင်းပြီး၍ မြတ်စွာဘုရားအား ဆက်ကပ်လှူဒါန်း၏။

၄၆၇။ ‘‘နိဋ္ဌာပိတော မယာရာမော, သမ္ပဋိစ္ဆ တုဝံ မုနိ၊

နိယျာဒေဿာမိ တံ ဝီရ [တေ ဝီရ (သီ။), တံ ဓီရ (သျာ။)], အဓိဝါသေဟိ စက္ခုမ။

၄၆၇။ မြတ်စွာဘုရား အကျွန်ုပ်သည် အရံကို ပြီးစေအပ်ပါပြီ၊ အရှင်ဘုရားသည် လက်ခံ တော်မူပါ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ထိုအရံကို အရှင်ဘုရားအား ဆောက်နှင်းလှူဒါန်းပါအံ့၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လက်ခံတော်မူပါ။

၄၆၈။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမ သင်္ကပ္ပမညာယ, အဓိဝါသေသိ နာယကော။

၄၆၈။ လောကကို သိတော်မူသော ဧည့်သည်တို့အလို့ငှါ အဝေးမှ ဆောင်အပ်သော ပစ္စည်းလေးပါးတို့ကိုအလှူခံတော်မူထိုက်သည် ဖြစ်၍ လူတို့၏ အကြီးအမှူးဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိ၍ လက်ခံတော်မူ၏။

၄၆၉။ ‘‘အဓိဝါသနမညာယ, သဗ္ဗညုဿ မဟေသိနော၊

ဘောဇနံ ပဋိယာဒေတွာ, ကာလမာရောစယိံ အဟံ။

၄၆၉။ သီလက္ခန္ဓစသည့် ကျေးဇူးကို ဆည်းပူးရှာမှီးပြီးသော မြတ်စွာဘုရား၏ လက်ခံ တော်မူခြင်းကိုသိ၍ ဘောဇဥ်ကို ပြုပြင်စီရင်ပြီးလျှင် ငါသည် ဆွမ်းစားချိန်ကို လျှောက်ကြား၏။

၄၇၀။ ‘‘အာရောစိတမှိ ကာလမှိ, ပဒုမုတ္တရနာယကော၊

ခီဏာသဝသဟဿေဟိ, အာရာမံ မေ ဥပါဂမိ။

၄၇၀။ ဆွမ်းစားချိန်ကို လျှောက်ကြားအပ်ပြီးသော် ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့် အတူ ငါ၏ အရံသို့ ကြွတော်မူ၏။

စာ-၄၃

၄၇၁။ ‘‘နိသိန္နံ ကာလမညာယ, အန္နပါနေန တပ္ပယိံ၊

ဘုတ္တာဝိံ ကာလမညာယ, ဣဒံ ဝစနမဗြဝိံ။

၄၇၁။ ထိုင်နေတော်မူပြီးဖြစ်သော မြတ်စွာဘုရားကို အခါကို သိ၍ စားဖွယ်, သောက်ဖွယ် ဖြင့်ရောင့်ရဲစေ၏၊ ဆွမ်းစားပြီးသော မြတ်စွာဘုရားကို အခါကို သိ၍ ဤစကားကို လျှောက် ထား၏ -

၄၇၂။ ‘‘ကီတော သတသဟဿေန, တတ္တကေနေဝ ကာရိတော၊

သောဘနော နာမ အာရာမော, သမ္ပဋိစ္ဆ တုဝံ မုနိ။

၄၇၂။ သောဘနအရံကို ငွေတစ်သိန်းဖြင့် ဝယ်ယူပါ၏၊ ထိုငွေတစ်သိန်းမျှလောက်ဖြင့်သာ လျှင်ဆောက်လုပ်ထားပါ၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် လက်ခံတော်မူပါ။

၄၇၃။ ‘‘ဣမိနာရာမဒါနေန, စေတနာပဏိဓီဟိ စ၊

ဘဝေ နိဗ္ဗတ္တမာနောဟံ, လဘာမိ မမ ပတ္ထိတံ။

၄၇၃။ တပည့်တော်သည် ဤသံဃာ့အရံ လှူဒါန်းရခြင်းကြောင့်လည်းကောင်း၊ ကုသိုလ် စေတနာ, ဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း ဘဝသံသရာ၌ ဖြစ်ရသေးသည်ရှိသော် တပည့်တော်တောင့်တအပ်သော အကျိုးကို ရပါလို၏။

၄၇၄။ ‘‘ပဋိဂ္ဂဟေတွာ သမ္ဗုဒ္ဓေါ, သံဃာရာမံ သုမာပိတံ၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဣဒံ ဝစနမဗြဝိ။

၄၇၄။ ကောင်းစွာ စီရင်ဖန်ဆင်းအပ်သော အရံကို လက်ခံတော်မူပြီးလျှင် မြတ်စွာဘုရား သည်ရဟန်းသံဃာ (အလယ်၌) ထိုင်တော်မူ၍ ဤဆိုမည့် စကားကို မြွက်ကြားတော်မူ၏။ -

၄၇၅။ ‘‘ယော သော ဗုဒ္ဓဿ ပါဒါသိ, သံဃာရာမံ သုမာပိတံ၊

တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။

၄၇၅။ အကြင်သူသည် ကောင်းစွာ စီရင်အပ်သော သံဃာ့အရံကို ဘုရားအား လှူဒါန်း၏၊ ထိုသူ၏အကြောင်းကို ငါဘုရားသည် ကြားစေအံ့၊ ငါ ပြောကြားသော (စကားကို) နာယူ ကြကုန်လော့ -

၄၇၆။ ‘‘ဟတ္ထီ အဿာ ရထာ ပတ္တီ, သေနာ စ စတုရင်္ဂိနီ၊

ပရိဝါရေဿန္တိမံ နိစ္စံ, သံဃာရာမဿိဒံ ဖလံ။

၄၇၆။ အင်္ဂါလေးပါးရှိသော ဆင်, မြင်း, ရထား, ခြေလျင်တော်စစ်သည်တို့သည် ဤသူကို အမြဲခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် သံဃာ့အရံလှူရခြင်း၏ အကျိုးပေတည်း။

၄၇၇။ ‘‘သဋ္ဌိ တူရသဟဿာနိ [တုရိယသဟဿာနိ (သီ။ သျာ။)], ဘေရိယော သမလင်္ကတာ၊

ပရိဝါရေဿန္တိမံ နိစ္စံ, သံဃာရာမဿိဒံ ဖလံ။

၄၇၇။ ခြောက်သောင်းသော တူရိယာတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သောစည်တို့သည်လည်းကောင်း ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် သံဃာ့အရံလှူရခြင်း၏အကျိုးပေတည်း။

၄၇၈။ ‘‘ဆဠသီတိသဟဿာနိ, နာရိယော သမလင်္ကတာ၊

ဝိစိတ္တဝတ္ထာဘရဏာ, အာမုတ္တမဏိကုဏ္ဍလာ။

၄၇၈-၄၇၉။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော ၊ ဆန်းကြယ်သော အဝတ်တန်ဆာရှိ ကုန်သော ၊ ပုလဲသွယ်, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော ၊ ကော့ဖြူးသော မျက်တောင် ရှိကုန်သော ၊ (ကျယ်ပြန့်သော မျက်လုံးရှိကုန်သော ) ပြုံးရွှင်စွာ ဆိုတတ်ကုန်သော ၊ ကောင်း သော အမှတ်ရှိကုန်သော ၊ သေးသွယ်သော ခါးရှိကုန်သော ၊ ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် ဤသူကိုအမြဲခြံရံကုန်လတ္တံ့။ ဤအကျိုးသည် သံဃာ့အရံလှူရခြင်း၏ အကျိုး ပေတည်း။

၄၇၉။ ‘‘အဠာရပမှာ ဟသုလာ, သုသညာ တနုမဇ္ဈိမာ၊

ပရိဝါရေဿန္တိမံ နိစ္စံ, သံဃာရာမဿိဒံ ဖလံ။

၄၈၀။ ‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊

သဟဿက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။

၄၈၀။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင် သိကြားမင်းဖြစ်၍ နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၄၈၁။ ‘‘ဒေဝရာဇေန ပတ္တဗ္ဗံ, သဗ္ဗံ ပဋိလဘိဿတိ၊

အနူနဘောဂေါ ဟုတွာန, ဒေဝရဇ္ဇံ ကရိဿတိ။

၄၈၁။ သိကြားနတ်မင်းတို့ ရသင့်ရထိုက်သော စည်းစိမ်အားလုံးကို ရလတ္တံ့၊ မယုတ် လျော့သောစည်းစိမ်ရှိလျက် နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၄၈၂။ ‘‘သဟဿက္ခတ္တုံ စက္ကဝတ္တီ, ရာဇာ ရဋ္ဌေ ဘဝိဿတိ၊

ပထဗျာ ရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။

၄၈၂။ တိုင်းနိုင်ငံ၌ အကြိမ်တစ်ထောင် စကြာမင်း ဖြစ်ရလတ္တံ့၊ မြေပြင်အားလုံး၌ စည်း စိမ်ဥစ္စာပြန့်ပြောစွာသော ဧကရာဇ်မင်းအဖြစ်သည်ကား အရေအတွက်အားဖြင့် မရေတွက်နိုင် အောင် ဖြစ်ရလတ္တံ့။

၄၈၃။ ‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၄၈၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

စာ-၄၄

၄၈၄။ ‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ဥပါလိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော။

၄၈၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ တရားအမွေခံ ရင်သွေး ဖြစ်၍ တရားတော်ကဖန်ဆင်းအပ်သော “ဥပါလိ”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့် သာဝက ဖြစ်လတ္တံ့။

၄၈၅။ ‘‘ဝိနယေ ပါရမိံ ပတွာ, ဌာနာဌာနေ စ ကောဝိဒေါ၊

ဇိနသာသနံ ဓာရေန္တော, ဝိဟရိဿတိနာသဝေါ။

၄၈၅။ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်၍ အရာဟုတ်သည်, မဟုတ်သည်၌ လိမ္မာသောဘုရားသာသနာတော်ကို ဆောင်ရွက်သည့် အာသဝကင်းကွာ ရဟန္တာဖြစ်လျက် နေရလတ္တံ့။

၄၈၆။ ‘‘သဗ္ဗမေတံ အဘိညာယ, ဂေါတမော သကျပုင်္ဂဝေါ၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဧတဒဂ္ဂေ ဌပေဿတိ။

၄၈၆။ သာကီဝင်မင်းတို့၏ ရှေ့သွား ဂေါတမမြတ်စွာဘုရားသည် ထိုအလုံးစုံသော အကြောင်းကိုသိတော်မူ၍ ရဟန်းသံဃာအလယ်၌ ထိုင်နေတော်မူလျက် အမြတ်ဆုံး ဧတဒဂ် အရာ၌ ထားလတ္တံ့။

၄၈၇။ ‘‘အပရိမေယျုပါဒါယ, ပတ္ထေမိ တဝ သာသနံ၊

သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။

၄၈၇။ မရေတွက်နိုင်သော နှစ်တို့ကို အစထား၍ အရှင်ဘုရား၏ သာသနာတော်ကို တောင့်တပါ၏၊ သံယောဇဥ်အားလုံး ကုန်ဆုံးခြင်းဟုဆိုအပ်သော အကျိုးကို တပည့်တော် အစဥ် ရအပ်ပါပြီ။

၄၈၈။ ‘‘ယထာ သူလာဝုတော ပေါသော, ရာဇဒဏ္ဍေန တဇ္ဇိတော၊

သူလေ သာတံ အဝိန္ဒန္တော, ပရိမုတ္တိံဝ ဣစ္ဆတိ။

၄၈၉။ ‘‘တထေဝါဟံ မဟာဝီရ, ဘဝဒဏ္ဍေန တဇ္ဇိတော၊

ကမ္မသူလာဝုတော သန္တော, ပိပါသာဝေဒနဋ္ဋိတော။

၄၉၀။ ‘‘ဘဝေ သာတံ န ဝိန္ဒာမိ, ဍယှန္တော တီဟိ အဂ္ဂိဘိ၊

ပရိမုတ္တိံ ဂဝေသာမိ, ယထာပိ ရာဇဒဏ္ဍိတော။

၄၉၁။ ‘‘ယထာ ဝိသာဒေါ ပုရိသော, ဝိသေန ပရိပီဠိတော၊

အဂဒံ သော ဂဝေသေယျ, ဝိသဃာတာယုပါလနံ [ဝိသဃာတာယုပါယနံ (သျာ။ က။)]။

၄၈၈-၄၈၉-၄၉၀။ မင်းဒဏ်ဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ တံကျင်လျှိုခံရသော ယောကျာ်း သည် တံကျင်၌သာယာမှုကို မရဘဲ လွတ်မြောက်ခြင်းကိုသာ အလိုရှိသကဲ့သို့ ထို့အတူ ကြီးသော လုံ့လရှိတော်မူသောမြတ်စွာဘုရား ဘဝဒဏ်ဖြင့် နှိပ်စက်အပ်သော အကျွန်ုပ်သည် ကံတည်းဟူသော ဝေဒနာဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ ဘဝများစွာ သံသရာ၌ သာယာမှုကို မရခဲ့ပါ၊ မီး သုံးပါးတို့ဖြင့်အလောင်မြိုက်ခံရသည်ဖြစ်၍ မင်းဒဏ်သင့်သောသူကဲ့သို့ လွတ် မြောက်ရာကိုသာ ရှာမှီးပါ၏။ ၄၉၁။ အဆိပ်ကို စားသော ယောကျာ်းသည် အဆိပ်ဖြင့် ပြင်းစွာ နှိပ်စက်ခံရ၍ အသက် ကိုစောင့်ရှောက်ရန် အဆိပ်ပျောက်ခြင်း၏ အကြောင်းဖြစ်သော ဆေးကို ရှာမှီးရာ၏။

၄၉၂။ ‘‘ဂဝေသမာနော ပဿေယျ, အဂဒံ ဝိသဃာတကံ၊

တံ ပိဝိတွာ သုခီ အဿ, ဝိသမှာ ပရိမုတ္တိယာ။

၄၉၂။ ရှာမှီးလတ်သော် အဆိပ်ကို ပယ်ဖျောက်တတ်သော ဆေးကို မြင်ရာ၏၊ အဆိပ်မှလွတ်မြောက်ဖို့ရာ အလို့ငှါ ထိုဆေးကို သောက်ရသောကြောင့် ချမ်းသာမှု ဖြစ်ရသကဲ့သို့-

၄၉၃။ ‘‘တထေဝါဟံ မဟာဝီရ, ယထာ ဝိသဟတော နရော၊

သမ္ပီဠိတော အဝိဇ္ဇာယ, သဒ္ဓမ္မာဂဒမေသဟံ။

၄၉၃။ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည်အဆိပ်နှိပ်စက်ခံရသောသူကဲ့သို့ အဝိဇ္ဇာတည်းဟူသော အဆိပ်ဖြင့် ပြင်းစွာ နှိိပ်စက်ခံရ၍ သူတော်ကောင်းတရားတည်းဟူသော အဆိပ်ဖျောက်ဆေးကို ရှာမှီးခဲ့ပါ၏။

၄၉၄။ ‘‘ဓမ္မာဂဒံ ဂဝေသန္တော, အဒ္ဒက္ခိံ သကျသာသနံ၊

အဂ္ဂံ သဗ္ဗောသဓာနံ တံ, သဗ္ဗသလ္လဝိနောဒနံ။

၄၉၄။ တရားတည်းဟူသော အဆိပ်ဖျောက်ဆေးကို ရှာမှီးလတ်သော် ငြောင့်အားလုံးကိုနုတ်ပယ်တတ်သည် ဖြစ်၍ ဆေးအားလုံးတို့ထက် မြတ်သော သာကီဝင်မင်းသား ဘုရားအဆုံးအမတော်တည်းဟူသော ထိုအဆိပ်ဖျောက်ဆေးကို တွေ့မြင်ရပါ၏။

၄၉၅။ ‘‘ဓမ္မောသဓံ ပိဝိတွာန, ဝိသံ သဗ္ဗံ သမူဟနိံ၊

အဇရာမရံ သီတိဘာဝံ, နိဗ္ဗာနံ ဖဿယိံ အဟံ။

၄၉၅။ တရားတည်းဟူသော ဆေးကို သောက်သောကြောင့် အဆိပ်အားလုံးကို နုတ်ပယ်ရ ပါပြီ၊ တပည့်တော်သည် မအိုရာ မသေရာ ချမ်းမြေ့စွာသော နိဗ္ဗာန်ကို တွေ့မြင်ရပါပြီ။

၄၉၆။ ‘‘ယထာ ဘူတဋ္ဋိတော ပေါသော, ဘူတဂ္ဂါဟေန ပီဠိတော၊

ဘူတဝေဇ္ဇံ ဂဝေသေယျ, ဘူတသ္မာ ပရိမုတ္တိယာ။

၄၉၆။ ဘုတ်ဘီလူး (တစ္ဆေ) ဖမ်းစားသော သတ္တဝါသည် ဘုတ်ဘီလူး ဖမ်းခြင်းဖြင့် နှိပ်စက်ခံရ၍ ဘုတ်ဘီလူး ဖမ်းစားခြင်းမှ လွတ်မြောက်ခြင်းငှါ ဘုတ်ဘီလူး ချွတ်သော ဆေး သမားကို ရှာမှီးရာ၏။

စာ-၄၅

၄၉၇။ ‘‘ဂဝေသမာနော ပဿေယျ, ဘူတဝိဇ္ဇာသု ကောဝိဒံ၊

တဿ သော ဝိဟနေ ဘူတံ, သမူလဉ္စ ဝိနာသယေ။

၄၉၇။ ရှာမှီးလေသော် ဘုတ်ဘီလူး ချွတ်ခြင်းအတတ်တို့၌ လိမ္မာသော ဆေးသမားကို တွေ့မြင်ရာ၏၊ ထိုဆေးဆရာသည် ထိုဘုတ်ဘီလူး ဖမ်းစားသောသူ၌ ပူးကပ်သော ဘုတ် ဘီလူး (တစ္ဆေ) ကိုပယ်ဖျောက်ရာ၏၊ ဘုတ်ဘီလူး ဝင်ခြင်း၏ အကြောင်းရင်းနှင့် တကွဖြစ် သော အစွဲအလမ်းကိုလည်းဖျောက်ရာသကဲ့သို့ -

၄၉၈။ ‘‘တထေဝါဟံ မဟာဝီရ, တမဂ္ဂါဟေန ပီဠိတော၊

ဉာဏာလောကံ ဂဝေသာမိ, တမတော ပရိမုတ္တိယာ။

၄၉၈။ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ကိလေသာအမိုက်ဖြင့် နှိပ်စက်ခံရ၍ ကိလေသာအမိုက်မှ လွတ်မြောက်ခြင်းငှါ ဉာဏ်အလင်းကို ရှာမှီးပါ၏။

၄၉၉။ ‘‘အထဒ္ဒသံ သကျမုနိံ, ကိလေသတမသောဓနံ၊

သော မေ တမံ ဝိနောဒေသိ, ဘူတဝေဇ္ဇောဝ ဘူတကံ။

၄၉၉။ ထိုသို့ ရှာမှီးလေသော် ကိလေသာအမိုက်ကို သုတ်သင်တတ်သော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏၊ ဘုတ်ဘီလူး ချွတ်သော ဆေးဆရာသည် ဖမ်းစားသော ဘုတ်ဘီလူးကို ဖျောက် သကဲ့သို့ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ကိလေသာအမိုက်ကို ဖျောက်တော်မူပါ၏။

၅၀၀။ ‘‘သံသာရသောတံ သဉ္ဆိန္ဒိံ, တဏှာသောတံ နိဝါရယိံ၊

ဘဝံ ဥဂ္ဃါဋယိံ သဗ္ဗံ, ဘူတဝေဇ္ဇောဝ မူလတော။

၅၀၀။ အကျွန်ုပ်သည် သံသရာအယဥ်ကို ကောင်းစွာ ဖြတ်ပြီးပါပြီ၊ တဏှာအလျဥ်ကို တားမြစ်ပြီးပါပြီ၊ ဘုတ်ဘီလူးချွတ်သော ဆေးဆရာသည် ဘုတ်ဘီလူး ဝင်ခြင်းအကြောင်းမှ ခွါနုတ်သကဲ့သို့ ဘဝအားလုံးကိုခွါနုတ်ပြီးပါပြီ။

၅၀၁။ ‘‘ဂရုဠော ယထာ ဩပတတိ, ပန္နဂံ ဘက္ခမတ္တနော၊

သမန္တာ ယောဇနသတံ, ဝိက္ခောဘေတိ မဟာသရံ။

၅၀၁။ ဂဠုန်သည် မိမိအစာဖြစ်သော နဂါးကို မြင်၍ ကောင်းကင်မှ သက်ဆင်းပြီးလျှင် ထက်ဝန်းကျင်မှယူဇနာတစ်ရာတိုင်အောင် သမုဒ္ဒရာကို ချောက်ချားစေ၏။

၅၀၂။ ‘‘ပန္နဂံ သော ဂဟေတွာန, အဓောသီသံ ဝိဟေဌယံ၊

အာဒါယ သော ပက္ကမတိ, ယေနကာမံ ဝိဟင်္ဂမော။

၅၀၂။ ထိုဂဠုန်ငှက်သည် နဂါးကို ဖမ်းယူ၍ ဦးခေါင်းစောက်ထိုး ပြုခါ ညှဥ်းဆဲလျက် အလိုရှိရာ အရပ်သို့ယူဆောင်ဖဲခွါသွား၏

၅၀၃။ ‘‘တထေဝါဟံ မဟာဝီရ, ယထာပိ ဂရုဠော ဗလီ၊

အသင်္ခတံ ဂဝေသန္တော, ဒေါသေ ဝိက္ခာလယိံ အဟံ။

၅၀၃။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ထို့အတူသာလျှင် အကျွန်ုပ်သည် အားရှိသောဂဠုန်ကဲ့သို့ နိဗ္ဗာန်ကို ရှာမှီးလတ်သော် ကိလေသာအပြစ်တို့ကို ဆေးကြော သုတ်သင်ခဲ့ပါပြီ။

၅၀၄။ ‘‘ဒိဋ္ဌော အဟံ ဓမ္မဝရံ, သန္တိပဒမနုတ္တရံ၊

အာဒါယ ဝိဟရာမေတံ, ဂရုဠော ပန္နဂံ ယထာ။

၅၀၄။ အကျွန်ုပ်သည် အတုမရှိသော ပူပန်ခပ်သိမ်း ငြိမ်းအေးရာ နိဗ္ဗာန်တရားတော်မြတ် ကိုသိမြင်ရပါ၏၊ ဂဠုန်သည် နဂါးကို ယူဆောင်၍ နေသကဲ့သို့ အကျွန်ုပ်သည် ထိုတရား တော်မြတ်ကို ယူ၍ နေပါ၏။

၅၀၅။ ‘‘အာသာဝတီ နာမ လတာ, ဇာတာ စိတ္တလတာဝနေ၊

တဿာ ဝဿသဟဿေန, ဧကံ နိဗ္ဗတ္တတေ ဖလံ။

၅၀၅။ အာသာဝတီမည်သော နွယ်သည် စိတ္တလတာဥယျာဥ်၌ ပေါက်ရောက်၏၊ ထို အာသာဝတီနွယ်သည်အနှစ်တစ်ထောင်ကြာမြင့်မှ တစ်ကြိမ်သာ အသီး, သီး၏။

၅၀၆။ ‘‘တံ ဒေဝါ ပယိရုပါသန္တိ, တာဝဒူရဖလေ သတိ၊

ဒေဝါနံ သာ ပိယာ ဧဝံ, အာသာဝတီ လတုတ္တမာ။

၅၀၆။ ထိုမျှလောက် အနှစ်တစ်ထောင်ကြာမြင့်မှ အသီး, သီးသော ထိုအာသာဝတီနွယ် နီသီးကိုနတ်တို့သည် ချဥ်းကပ်ကြကုန်၏၊ နွယ်တို့တွင် အမြတ်ဆုံးဖြစ်သော ထိုအာသာ ဝတီနွယ်နီသီးကိုနတ်တို့သည် ဤမျှလောက်ပင် ချစ်မြတ်နိုးကြ၏။

၅၀၇။ ‘‘သတသဟဿုပါဒါယ, တာဟံ ပရိစရေ မုနိ၊

သာယံ ပါတံ နမဿာမိ, ဒေဝါ အာသာဝတိံ ယထာ။

၅၀၇။ မြတ်စွာဘုရား အကျွန်ုပ်သည် ကမ္ဘာတစ်သိန်းကို အစထား၍ အရှင်ဘုရားကိုလုပ်ကျွေးဆည်းကပ်ခဲ့ပါ၏၊ နတ်တို့သည် အာသာဝတီနွယ်နီသီးကို ဆည်းကပ်သကဲ့သို့ အကျွန်ုပ်သည်အရှင်ဘုရားကို ညဥ့်နံနက် ရှိခိုးပါ၏။

၅၀၈။ ‘‘အဝဉ္ဈာ ပါရိစရိယာ, အမောဃာ စ နမဿနာ၊

ဒူရာဂတမ္ပိ မံ သန္တံ, ခဏောယံ န ဝိရာဓယိ။

၅၀၈။ လုပ်ကျွေးခြင်းသည် အကျိုး မမြုံပါ၊ ရှိခိုးခြင်းသည်လည်း အချည်းနှီး မဖြစ်ပါ၊ ကမ္ဘာတစ်သိန်းအဝေးမှ လာရသည် ဖြစ်ပါလျက် ဤဗုဒ္ဓုပ္ပါဒခဏသည် အကျွန်ုပ်ကို မလွဲ ချော်စေပါဘုရား။

၅၀၉။ ‘‘ပဋိသန္ဓိံ န ပဿာမိ, ဝိစိနန္တော ဘဝေ အဟံ၊

နိရူပဓိ ဝိပ္ပမုတ္တော [ဝိပ္ပယုတ္တော (က။)], ဥပသန္တော စရာမဟံ။

၅၀၉။ အကျွန်ုပ်သည် ဘဝတို့ကို စူးစမ်းဆင်ခြင်လတ်သော် နောင်ဘဝ၌ ဖြစ်ရမည့် ပဋိသန္ဓေကိုမမြင်ရပါ၊ ခန္ဓာ, ကိလေသာဟူသော ဥပဓိ မရှိပါ၊ (ကိလေသာမှ) လွတ်မြောက် ပါ၏၊ ငြိမ်းအေးသောစိတ်ရှိသည် ဖြစ်၍ ကျင့်ရပါ၏။

စာ-၄၆

၅၁၀။ ‘‘ယထာပိ ပဒုမံ နာမ, သူရိယရံသေန ပုပ္ဖတိ၊

တထေဝါဟံ မဟာဝီရ, ဗုဒ္ဓရံသေန ပုပ္ဖိတော။

၅၁၀။ ပဒုမ္မာကြာမည်သည် နေရောင်ဖြင့် ပွင့်သကဲ့သို့ ထို့အတူ ကြီးမြတ်သော လုံ့လရှိ တော်မူသောမြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားတည်းဟူသော ရောင်ခြည်ဖြင့် ပွင့်ခြင်းသို့ ရောက်ပါ၏။

၅၁၁။ ‘‘ယထာ ဗလာကယောနိမှိ, န ဝိဇ္ဇတိ ပုမော [ပုမာ (သီ။ သျာ။)] သဒါ၊

မေဃေသု ဂဇ္ဇမာနေသု, ဂဗ္ဘံ ဂဏှန္တိ တာ သဒါ။

၅၁၁။ ဗျိုင်းအောက်မျိုး၌ အခါခပ်သိမ်း အဖိုမရှိ၊ ထိုဗျိုင်းအောက်တို့သည် မိုးတို့ထစ်ကြိုးကုန်သည်ရှိသော် အခါခပ်သိမ်း ကိုယ်ဝန်ကို ယူကုန်၏။

၅၁၂။ ‘‘စိရမ္ပိ ဂဗ္ဘံ ဓာရေန္တိ, ယာဝ မေဃော န ဂဇ္ဇတိ၊

ဘာရတော ပရိမုစ္စန္တိ, ယဒါ မေဃော ပဝဿတိ။

၅၁၂။ မိုးမရွာသေးသရွေ့ကာလပတ်လုံး ကြာမြင့်စွာလည်း ကိုယ်ဝန်ကို ဆောင်ကုန်၏၊ မိုးရွာသောအခါ၌ကား ကိုယ်ဝန်မှ လွတ်မြောက်ကုန်၏။

၅၁၃။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, ဓမ္မမေဃေန ဂဇ္ဇတော၊

သဒ္ဒေန ဓမ္မမေဃဿ, ဓမ္မဂဗ္ဘံ အဂဏှဟံ။

၅၁၃။ တရားတည်းဟူသောမိုးဖြင့် ထစ်ကြိုးသော ပဒုမုတ္တရမြတ်စွာဘုရား၏ တရားတည်းဟူသောမိုးသံဖြင့် အကျွန်ုပ်သည် တရားတည်းဟူသော ကိုယ်ဝန်ကို ဆောင်ယူပါ၏။

၅၁၄။ သတသဟဿုပါဒါယ, ပုညဂဗ္ဘံ ဓရေမဟံ၊

နပ္ပမုစ္စာမိ ဘာရတော, ဓမ္မမေဃော န ဂဇ္ဇတိ။

၅၁၄။ အကျွန်ုပ်သည် ကမ္ဘာတစ်သိန်းကို အစထား၍ ကောင်းမှုတည်းဟူသော ကိုယ်ဝန် ကို ဆောင်ပါ၏၊ တရားတည်းဟူသော မိုးမရွာသေးသရွေ့ ကာလပတ်လုံး ကိုယ်ဝန်မှ မလွတ် မြောက်ရသေးပါ။

၅၁၅။ ‘‘ယဒါ တုဝံ သကျမုနိ, ရမ္မေ ကပိလဝတ္ထဝေ၊

ဂဇ္ဇသိ ဓမ္မမေဃေန, ဘာရတော ပရိမုစ္စဟံ။

၅၁၅။ သာကီဝင်မင်းသား မြတ်စွာဘုရား အရှင်ဘုရားသည် မွေ့လျော်ဖွယ်သော ကပိလဝတ်ပြည်၌တရားတည်းဟူသောမိုးဖြင့် ထစ်ကြိုးကြွေးကြော်တော်မူ၏၊ ထိုအခါ အကျွန်ုပ်သည် ကိုယ်ဝန်မှ လွတ်မြောက်ပါ၏။

၅၁၆။ ‘‘သုညတံ အနိမိတ္တဉ္စ, တထာပ္ပဏိဟိတမ္ပိ စ၊

စတုရော စ ဖလေ သဗ္ဗေ, ဓမ္မေဝံ ဝိဇနယိံ [ဝိဇဋယိံ (က။) ဗလာကာနံ ဝိဇာယနူပမာယ သံသန္ဒေတွာ အတ္ထော ဝေဒိတဗ္ဗော] အဟံ။

ဒုတိယဘာဏဝါရံ။

၅၁၆။ သုညတမဂ်ကိုလည်းကောင်း၊ အနိမိတ္တမဂ်ကိုလည်းကောင်း၊ ထိုမှတစ်ပါး အပ္ပဏိဟိတမဂ်ကိုလည်းကောင်း၊ လေးပါးသော ဖိုလ်တို့ကိုလည်းကောင်း တရားအားလုံးတို့ကိုအကျွန်ုပ်သည်ဖြစ်စေသောအားဖြင့် မွေးဖွားပါ၏။ ဒုတိယဘာဏဝါရ ပြီး၏။

၅၁၇။ ‘‘အပရိမေယျုပါဒါယ, ပတ္ထေမိ တဝ သာသနံ၊

သော မေ အတ္ထော အနုပ္ပတ္တော, သန္တိပဒမနုတ္တရံ။

၅၁၇။ မရေတွက်နိုင်သော ကမ္ဘာတစ်သိန်းကို အစထား၍ အရှင်ဘုရား၏ သာသနာ တော်ကိုတောင့်တပါ၏၊ အကျွန်ုပ်သည် ငြိမ်းအေးရာ “နိဗ္ဗာန်”ဟူသော အတုမဲ့ အကျိုးကို အစဥ်ရအပ်ပါပြီ။

၅၁၈။ ‘‘ဝိနယေ ပါရမိံ ပတ္တော, ယထာပိ ပါဌိကော ဣသိ၊

န မေ သမသမော အတ္ထိ, ဓာရေမိ သာသနံ အဟံ။

၅၁၈။ ပါဌိကမည်သော ရဟန်းကဲ့သို့ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်သည် ဖြစ်၍ ငါနှင့်တူမျှသောသူသည် မရှိ၊ ငါသည် သာသနာတော်ကို ဆောင်ရွက်၏။

၅၁၉။ ‘‘ဝိနယေ ခန္ဓကေ စာပိ, တိကစ္ဆေဒေ စ ပဉ္စကေ [ပဉ္စမေ (သီ။)]၊

ဧတ္ထ မေ ဝိမတိ နတ္ထိ, အက္ခရေ ဗျဉ္ဇနေပိ ဝါ။

၅၁၉။ ဥဘတောဝိဘင်း၌လည်းကောင်း၊ မဟာဝဂ္ဂခန္ဓက, စူဠဝဂ္ဂခန္ဓက၌လည်းကောင်း၊ တိကသံဃာဒိသိသ်စသည်၌လည်းကောင်း၊ ပရိဝါ၌လည်းကောင်း ဝိနည်းငါးကျမ်း၌ ငါ့အား ယုံမှားခြင်းမရှိ။ အက္ခရာ, ပုဒ်ဗျည်းတို့၌လည်း ယုံမှားခြင်း မရှိ။

၅၂၀။ ‘‘နိဂ္ဂဟေ ပဋိကမ္မေ စ, ဌာနာဌာနေ စ ကောဝိဒေါ၊

ဩသာရဏေ ဝုဋ္ဌာပနေ, သဗ္ဗတ္ထ ပါရမိံ ဂတော။

၅၂၀။ (ပါပိစ္ဆရဟန်းကို) နှိပ်ခြင်း၌လည်းကောင်း၊ အာပတ်ကို ကုစားခြင်း၌လည်း ကောင်း၊ အရာဟုတ်သည်, မဟုတ်သည်၌လည်းကောင်း လိမ္မာ၏။ (ကံငြိမ်းသောရဟန်းကို) သွင်းခြင်း၌လည်းကောင်း၊ အာပတ်မှ ထစေခြင်း၌လည်းကောင်း အလုံးစုံသော အရာတို့၌အထွတ်အထိပ်သို့ ရောက်၏။

၅၂၁။ ‘‘ဝိနယေ ခန္ဓကေ ဝါပိ, နိက္ခိပိတွာ ပဒံ အဟံ၊

ဥဘတော ဝိနိဝေဌေတွာ, ရသတော ဩသရေယျဟံ။

၅၂၁။ ဝိနည်း၌လည်းကောင်း၊ ခန္ဓက၌လည်းကောင်း ငါသည် မာတိကာပုဒ်ကို ချထား လျက်ဝိနည်း, ခန္ဓကနှစ်ပါးစုံ၌ ဖြေရှင်းကာ နည်းကို ဆောင်၍ ကိစ္စအားဖြင့် သွင်းနိုင်၏။

စာ-၄၇

၅၂၂။ ‘‘နိရုတ္တိယာ သုကုသလော, အတ္ထာနတ္ထေ စ ကောဝိဒေါ၊

အနညာတံ မယာ နတ္ထိ, ဧကဂ္ဂေါ သတ္ထု သာသနေ။

၅၂၂။ ဝေါဟာရ၌ အလွန် လိမ္မာ၏၊ အကျိုးရှိ, မရှိ၌လည်း (တိုးပွားခြင်း, ဆုတ်ယုတ် ခြင်း၌လည်း) လိမ္မာ၏၊ ငါသည် မသိအပ်သောအရာ မရှိ၊ မြတ်စွာဘုရား၏ သာသနာတော်၌ ငါတစ်ယောက်တည်းသာဝိနည်းအရာ အမြတ်ဆုံး ဖြစ်၏။

၅၂၃။ ‘‘ရူပဒက္ခော [ရူပရက္ခော (?) မိလိန္ဒပဉှော ဓမ္မနဂရာဓိကာရေ ပဿိတဗ္ဗံ] အဟံ အဇ္ဇ, သကျပုတ္တဿ သာသနေ၊

ကင်္ခံ သဗ္ဗံ ဝိနောဒေမိ, ဆိန္ဒာမိ သဗ္ဗသံသယံ။

၅၂၃။ ယခုအခါ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ ဝိနည်း အဆုံးအဖြတ်၌လိမ္မာ၏၊ အလုံးစုံသော ယုံမှားမှုကို ပယ်ဖျောက်၏၊ အလုံးစုံသော ယုံမှား သံသယကို ဖြတ်တောက်၏။

၅၂၄။ ‘‘ပဒံ အနုပဒဉ္စာပိ, အက္ခရဉ္စာပိ ဗျဉ္ဇနံ၊

နိဒါနေ ပရိယောသာနေ, သဗ္ဗတ္ထ ကောဝိဒေါ အဟံ။

၅၂၄။ ငါသည် ရှေ့ပုဒ်, နောက်ပုဒ်၌လည်းကောင်း၊ တစ်လုံးတစ်လုံးသော အက္ခရာ၌လည်း ကောင်း၊ ပုဒ်ဝါကျ၌လည်းကောင်း၊ နိဒါန်း, နိဂုံး၌လည်းကောင်း အလုံးစုံသော အရာတို့၌ လိမ္မာ၏။

၅၂၅။ ‘‘ယထာပိ ရာဇာ ဗလဝါ, နိဂ္ဂဏှိတွာ ပရန္တပေ၊

ဝိဇိနိတွာန သင်္ဂါမံ, နဂရံ တတ္ထ မာပယေ။

၅၂၅။ ဥပမာသော်ကား အားရှိသော မင်းသည် ရန်သူတို့ကို နှိမ်နင်း၍ စစ်မြေကို အောင်မြင်သည်ရှိသော်ထိုအောင်ရာ အရပ်၌ မြို့ကို ဖန်ဆင်းရာ၏။

၅၂၆။ ‘‘ပါကာရံ ပရိခဉ္စာပိ, ဧသိကံ ဒွါရကောဋ္ဌကံ၊

အဋ္ဋာလကေ စ ဝိဝိဓေ, ကာရယေ နဂရေ ဗဟူ။

၅၂၆။ တံတိုင်းကိုလည်းကောင်း၊ ကျုံးကိုလည်းကောင်း၊ တံခါးတိုင်ကိုလည်းကောင်း၊ တံခါးမုခ်ကိုလည်းကောင်း၊ ထူးထွေများပြားသော ပြအိုးတို့ကိုလည်းကောင်း မြို့၌ ဆောက် လုပ်စေ၏။

၅၂၇။ ‘‘သိင်္ဃာဋကံ စစ္စရဉ္စ, သုဝိဘတ္တန္တရာပဏံ၊

ကာရယေယျ သဘံ တတ္ထ, အတ္ထာနတ္ထဝိနိစ္ဆယံ။

၅၂၇။ ထိုမင်းသည် ထိုမြို့၌ ခရီးလမ်းမကိုလည်းကောင်း၊ ခရီးလမ်းဆုံကိုလည်းကောင်း၊ ကောင်းစွာ့ဝေခွဲချထားအပ်သော အိမ်ဈေးကိုလည်းကောင်း၊ အကျိုး (အပြစ်) ရှိ, မရှိကို ဆုံးဖြတ် ရန် တရားလွှတ်တော်သဘင်ကိုလည်းကောင်း ပြုလုပ်စေ၏။

၅၂၈။ ‘‘နိဂ္ဃါတတ္ထံ အမိတ္တာနံ, ဆိဒ္ဒါဆိဒ္ဒဉ္စ ဇာနိတုံ၊

ဗလကာယဿ ရက္ခာယ, သေနာပစ္စံ ဌပေတိ [ထပေသိ (က။)] သော။

၅၂၈။ ထိုမင်းသည် ရန်သူတို့ကို တားမြစ်ခြင်းငှါလည်းကောင်း၊ အပြစ်ရှိ, မရှိ သိခြင်း ငှါလည်းကောင်း၊ ဗိုလ်ပါအပေါင်းကို စောင့်ရှောက်စိမ့်သောငှါလည်းကောင်း အမတ်စစ်သူကြီးကို ခန့်ထား၏။

၅၂၉။ ‘‘အာရက္ခတ္ထာယ ဘဏ္ဍဿ, နိဓာနကုသလံ နရံ၊

မာ မေ ဘဏ္ဍံ ဝိနဿီတိ, ဘဏ္ဍရက္ခံ ဌပေတိ သော။

၅၂၉။ ဥစ္စာဘဏ္ဍာကို စောင့်ရှောက်ရန် သိုမှီးခြင်း၌ လိမ္မာသောသူကို “ငါ၏ ဥစ္စာ ဘဏ္ဍာသည်မပျက်စီးစေလင့်”ဟု (နှလုံးပိုက်လျက်) ထိုမင်းသည် ဘဏ္ဍာစိုးကို ခန့်ထား၏။

၅၃၀။

၅၃၀။ အကြင်အမတ်သည် မင်းကြီးအား မြတ်နိုးသော သဘောရှိ၏၊ အကြင်မင်းကြီး၏ကြီးပွားပြန့်ပြောခြင်းကိုလည်း အလိုရှိ၏၊ ထိုကဲ့သို့သောအမတ်အား အဆွေခင်ပွန်းအဖြစ်ကျင့်သုံးရန်အလို့ငှါ တရားသူကြီးရာထူးကို ပေး၏။

‘‘မမတ္တော [မာမကော (သီ။), သမဂ္ဂေါ (သျာ။)]

ဟောတိ ယော ရညော, ဝုဒ္ဓိံ ယဿ စ ဣစ္ဆတိ။

တဿာဓိကရဏံ ဒေတိ, မိတ္တဿ ပဋိပဇ္ဇိတုံ။

၅၃၁။ ‘‘ဥပ္ပါတေသု နိမိတ္တေသု, လက္ခဏေသု စ ကောဝိဒံ၊

အဇ္ဈာယကံ မန္တဓရံ, ပေါရောဟိစ္စေ ဌပေတိ သော။

၅၃၁။ ဥပ္ပါတကျမ်း, နိမိတ်ကျမ်း, လက္ခဏာကျမ်းတို့၌ လိမ္မာ၍ မန္တန်ကို သရဇ္ဈာယ် တတ်သည့်ပြင်ဗေဒင်ကိုလည်း ဆောင်တတ်သော ပညာရှိကို ထိုမင်းသည် ပုရောဟိတ်ရာထူး၌ ထား၏။

၅၃၂။ ‘‘ဧတေဟင်္ဂေဟိ သမ္ပန္နော, ခတ္တိယောတိ ပဝုစ္စတိ၊

သဒါ ရက္ခန္တိ ရာဇာနံ, စက္ကဝါကောဝ ဒုက္ခိတံ။

၅၃၂။ ထိုအင်္ဂါတို့နှင့် ပြည့်စုံသူကို “မင်း”ဟူ၍ ဆိုအပ်၏၊ စက္ကဝါက်ငှက်သည် ဆင်းရဲ သောမိမိဆွေမျိုးကို စောင့်ရှောက်သကဲ့သို့ ထိုစစ်သူကြီးစသည်တို့သည် မင်းကို အခါခပ်သိမ်းစောင့်ရှောက်ကုန်၏။

၅၃၃။ ‘‘တထေဝ တွံ မဟာဝီရ, ဟတာမိတ္တောဝ ခတ္တိယော၊

သဒေဝကဿ လောကဿ, ဓမ္မရာဇာတိ ဝုစ္စတိ။

၅၃၃။ ထို့အတူသာလျှင် ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှင်တော်ဘုရားကို အပရန်ကိုသတ်ပြီးသော မင်းကဲ့သို့ နတ်နှင့် တကွသော လူအပေါင်း၏ တရားအားလျော်စွာ ဖြစ်ပေါ်လာသောမင်းဟု ဆိုအပ်၏။

၅၃၄။ ‘‘တိတ္ထိယေ နိဟနိတွာန [နီဟရိတွာန (သျာ။ က။)], မာရဉ္စာပိ သသေနကံ၊

တမန္ဓကာရံ ဝိဓမိတွာ, ဓမ္မနဂရံ အမာပယိ။

၅၃၄။ မြတ်စွာဘုရားသည် တိတ္ထိတို့ကိုလည်းကောင်း၊ စစ်သည်နှင့်တကွသော မာရ်ကိုလည်းကောင်းနှိမ်နင်းပြီး၍ မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်လျက် တရားတည်းဟူသော မြို့ကိုဖန်ဆင်းတော်မူ၏။

စာ-၄၈

၅၃၅။ ‘‘သီလံ ပါကာရကံ တတ္ထ, ဉာဏံ တေ ဒွါရကောဋ္ဌကံ၊

သဒ္ဓါ တေ ဧသိကာ ဝီရ, ဒွါရပါလော စ သံဝရော။

၅၃၅။ ထိုတရားတည်းဟူသော မြို့တော်၌ သီလသည် တံတိုင်းသဖွယ် ဖြစ်၏၊ ရှင်တော် ဘုရား၏ဉာဏ်တော်သည် တံခါးမုခ်သဖွယ် ဖြစ်၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားရှင်တော်မြတ်ဘုရား၏ သဒ္ဓါသည် တံခါးတိုင်သဖွယ် ဖြစ်၍ စောင့်စည်းခြင်း ‘သံဝရ’ သည်တံခါးမှူးသဖွယ် ဖြစ်ပါ၏။

၅၃၆။ ‘‘သတိပဋ္ဌာနမဋ္ဋာလံ, ပညာ တေ စစ္စရံ မုနေ၊

ဣဒ္ဓိပါဒဉ္စ သိင်္ဃာဋံ, ဓမ္မဝီထိ သုမာပိတာ။

၅၃၆။ မြတ်စွာဘုရား သတိပဋ္ဌာန်သည် ပြအိုးသဖွယ် ဖြစ်ပါ၏၊ ရှင်တော်ဘုရား၏ ပညာ သည်ခရီးလမ်းဆုံသဖွယ် ဖြစ်၍ ဣဒ္ဓိပါဒ်သည်ကား ခရီးလမ်းမသဖွယ် ဖြစ်ပါ၏၊ ဗောဓိပက္ခိယတရားတည်းဟူသော လမ်းမတော်ကြီး၌ ကောင်းစွာ ဖန်းဆင်းတော်မူအပ်သော တရားမြို့တော်ကြီးပေတည်း။

၅၃၇။ ‘‘သုတ္တန္တံ အဘိဓမ္မဉ္စ, ဝိနယဉ္စာပိ ကေဝလံ၊

နဝင်္ဂံ ဗုဒ္ဓဝစနံ, ဧသာ ဓမ္မသဘာ တဝ။

၅၃၇။ သုတ္တန်သည်လည်းကောင်း၊ အဘိဓမ္မာသည်လည်းကောင်း၊ ဝိနည်းသည်လည်း ကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ စကားတော်အားလုံးသည်လည်းကောင်း ဤ အလုံးစုံသည်ရှင်တော်ဘုရား၏ တရားသဘင် ဖြစ်၏။

၅၃၈။ ‘‘သုညတံ အနိမိတ္တဉ္စ, ဝိဟာရဉ္စပ္ပဏီဟိတံ၊

အာနေဉ္ဇဉ္စ နိရောဓော စ, ဧသာ ဓမ္မကုဋီ တဝ။

၅၃၈။ သုညတဝိဟာရသည်လည်းကောင်း၊ အနိမိတ္တဝိဟာရသည်လည်းကောင်း၊ အပ္ပဏိဟိတဝိဟာရသည်လည်းကောင်း၊ မတုန်လှုပ်သော သာမညဖိုလ်ဟူသော အာနေဉ္ဇဝိဟာရသည်လည်းကောင်း၊ ဒုက္ခငြိမ်းရာ နိဗ္ဗာန်သည်လည်းကောင်း ဤအလုံးစုံသည် ရှင်တော်ဘုရား၏ တရားရွှေနန်းတော်ကြီး ဖြစ်ပါ၏။

၅၃၉။ ‘‘ပညာယ အဂ္ဂေါ နိက္ခိတ္တော [အဂ္ဂနိက္ခိတ္တော (သီ။)], ပဋိဘာနေ စ ကောဝိဒေါ၊

သာရိပုတ္တောတိ နာမေန, ဓမ္မသေနာပတီ တဝ။

၅၃၉။ ပညာစွမ်းဖြင့် အမြတ်ဆုံးဟု ထားအပ်သည် ဖြစ်၍ ဉာဏ်ပဋိဘာန်ထင်ခြင်း၌ လိမ္မာသောအမည်အားဖြင့် သာရိပုတ္တရာဟု ထင်ရှားသော မထေရ်သည်ကား ရှင်တော်ဘုရား၏ တရားစစ်သူကြီးဖြစ်ပါ၏။

၅၄၀။ ‘‘စုတူပပါတကုသလော, ဣဒ္ဓိယာ ပါရမိံ ဂတော၊

ကောလိတော နာမ နာမေန, ပေါရောဟိစ္စော တဝံ မုနေ။

၅၄၀။ မုနိငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား စုတိပဋိသန္ဓေအရာ၌ လိမ္မာ၍ တန်ခိုး၏ အထွတ်အထိပ်ရောက်ပြီးလျှင် အမည်အားဖြင့် ကောလိတဟု ထင်ရှားသော ရှင်မောဂ္ဂလ္လာန် မထေရ်သည်ကားရှင်တော်ဘုရား၏ ပုရောဟိတ်ပညာရှိ ဖြစ်ပါ၏။

၅၄၁။ ‘‘ပေါရာဏကဝံသဓရော, ဥဂ္ဂတေဇော ဒုရာသဒေါ၊

ဓုတဝါဒီဂုဏေနဂ္ဂေါ, အက္ခဒဿော တဝံ မုနေ။

၅၄၁။ မုနိငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ရှေးရှေးအရိယာတို့၏ အနွယ်ကို ဆောင်လျက်ထက်သော တန်ခိုးရှိသည်ဖြစ်၍ ချဥ်းကပ်ဝံ့ခဲသော ဓူတင်ကို ချီးမွမ်းခြင်းဟူသော ဂုဏ်အားဖြင့်အမြတ်ဆုံးဖြစ်သော အရှင်မဟာကဿပမထေရ်သည်ကား ရှင်တော်ဘုရား၏ တရားသူကြီး ဖြစ်ပါ၏။

၅၄၂။ ‘‘ဗဟုဿုတော ဓမ္မဓရော, သဗ္ဗပါဌီ စ သာသနေ၊

အာနန္ဒော နာမ နာမေန, ဓမ္မာရက္ခော [ဓမ္မရက္ခော (သျာ။)] တဝံ မုနေ။

၅၄၂။ မုနိငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အကြားအမြင်များ၍ တရားကို ဆောင်ကာသာသနာတော်၌ အလုံးစုံသော ပရိယတ်ကို ရွတ်ဆိုတတ်သော အမည်အားဖြင့် အာနန္ဒာဟု ထင်ရှားသောမထေရ်သည်ကား ရှင်တော်ဘုရား၏ တရားဘဏ္ဍာစိုး ဖြစ်ပါ၏။

၅၄၃။ ‘‘ဧတေ သဗ္ဗေ အတိက္ကမ္မ, ပမေသိ ဘဂဝါ မမံ၊

ဝိနိစ္ဆယံ မေ ပါဒါသိ, ဝိနယေ ဝိညုဒေသိတံ။

၅၄၃။ မြတ်စွာဘုရားသည် (သာရိပုတ္တရာစသည်တို့မှတစ်ပါး) ထိုအလုံးစုံသော ရဟန်း တို့ကို ကျော်လွန်၍ အကျွန်ုပ်ကိုသာလျှင် နှိုင်းရှည့်မှု ပြုတော်မူ၏၊ ဝိနည်းအရာ၌ ပညာရှိတို့သည်ဟောကြားအပ်သော ဆုံးဖြတ်စိစစ်ခွင့်ကိုလည်း အကျွန်ုပ်အား ပေးတော်မူပါ၏။

၅၄၄။ ‘‘ယော ကောစိ ဝိနယေ ပဉှံ, ပုစ္ဆတိ ဗုဒ္ဓသာဝကော၊

တတ္ထ မေ စိန္တနာ နတ္ထိ, တညေဝတ္ထံ ကထေမဟံ။

၅၄၄။ တစ်စုံတစ်ယောက်သော မြတ်စွာဘုရား၏ တပည့်သားသည် ဝိနည်းအရာ၌ ပြဿနာကိုမေးငြားအံ့၊ ထိုပြဿနာ၌ ငါ့အား ကြံစည်တွေးတောရခြင်း မရှိဘဲ ထိုအနက် သဘောကို ငါ ဖြေဆိုနိုင်၏။

၅၄၅။ ‘‘ယာဝတာ ဗုဒ္ဓခေတ္တမှိ, ဌပေတွာ တံ မဟာမုနိ၊

ဝိနယေ မာဒိသော နတ္ထိ, ကုတော ဘိယျော ဘဝိဿတိ။

၅၄၅။ အကြင်မျှလောက်သော ဗုဒ္ဓခေတ်၌ မြတ်စွာဘုရားကို ချန်ထား၍ ဝိနည်းအရာ၌ ငါနှင့် တူသောသူမရှိပေ၊ သာလွန်သောသူသည်ကား အဘယ်မှာ ရှိပါအံ့နည်း။

၅၄၆။ ‘‘ဘိက္ခုသံဃေ နိသီဒိတွာ, ဧဝံ ဂဇ္ဇတိ ဂေါတမော၊

ဥပါလိဿ သမော နတ္ထိ, ဝိနယေ ခန္ဓကေသု စ။

၅၄၆။ ဥဘတောဝိဘင်း၌လည်းကောင်း၊ မဟာဝဂ္ဂ, စူဠဝဂ္ဂ, ခန္ဓဝဂ္ဂ၌လည်းကောင်း ဥပါလိနှင့်တူသောသူသည် မရှိဟု ဂေါတမမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင် နေတော်မူ၍ ဤသို့မိန့်တော်မူ၏။

၅၄၇။ ‘‘ယာဝတာ ဗုဒ္ဓဘဏိတံ, နဝင်္ဂံ သတ္ထုသာသနံ၊

ဝိနယောဂဓံ တံ [ဝိနယောဂဓိတံ (သီ။ အဋ္ဌ။), ဝိနယေ ကထိတံ (သျာ။)] သဗ္ဗံ,ဝိနယမူလပဿိနော [ဝိနယံ မူလန္တိ ပဿတော (သီ။)]။

၅၄၇-၅၄၈။ မြတ်စွာဘုရား ဟောကြားအပ်သော အင်္ဂါကိုးပါးရှိသော ဘုရားအဆုံးအမ တော်ရှိသမျှအလုံးစုံသည် ဝိနည်း၌ အကျုံးဝင်၏၊ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်တော် မူသောဂေါတမမြတ်စွာဘုရားသည် ဝိနည်း၏ အကြောင်းရင်းကို ရှုလေ့ရှိသော ငါ၏ ရှေး ကောင်းမှုကိုအောက်မေ့တော်မူလျက် ရဟန်းသံဃာ (အလယ်၌) ထိုင်နေတော်မူ၍ မြတ်သော (ဝိနည်း) ဧတဒဂ်အရာ၌ငါ့ကို ထားတော်မူ၏။

စာ-၄၉

၅၄၈။ ‘‘မမ ကမ္မံ သရိတွာန, ဂေါတမော သကျပုင်္ဂဝေါ၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဧတဒဂ္ဂေ ဌပေသိ မံ။

၅၄၉။ ‘‘သတသဟဿုပါဒါယ, ဣမံ ဌာနံ အပတ္ထယိံ၊

သော မေ အတ္ထော အနုပ္ပတ္တော, ဝိနယေ ပါရမိံ ဂတော။

၅၄၉။ ကမ္ဘာတစ်သိန်းကို အစထား၍ (ဧတဒဂ်) ရာထူးကို တောင့်တခဲ့၏၊ ငါသည် ထို အကျိုးသို့ အစဥ်ရောက်ပြီ၊ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်၏။

၅၅၀။ ‘‘သကျာနံ နန္ဒိဇနနော, ကပ္ပကော အာသဟံ ပုရေ၊

ဝိဇဟိတွာန တံ ဇာတိံ, ပုတ္တော ဇာတော မဟေသိနော။

၅၅၀။ ငါသည် ရှေးအခါ၌ သာကီဝင်မင်းတို့ကို နှစ်သက်စေတတ်သော ဆတ္တာသည် ဖြစ်ခဲ့ဖူး၏၊ ထိုဆတ္တာသည်အဖြစ်ကို စွန့်ပယ်၍ မြတ်စွာဘုရား၏ သားတော် ဖြစ်လာ၏။

၅၅၁။ ‘‘ဣတော ဒုတိယကေ ကပ္ပေ, အဉ္ဇသော နာမ ခတ္တိယော၊

အနန္တတေဇော အမိတယသော, ဘူမိပါလော မဟဒ္ဓနော။

၅၅၁။ ဤဘဒ္ဒကမ္ဘာမှ အထက် နှစ်ခုမြောက်သော ကမ္ဘာ၌ အဆုံးမရှိသော တန်ခိုးနှင့် ပြည့်စုံသောအဉ္ဇသမင်း ဖြစ်၍ မနှိုင်းရှည့်နိုင်သော အခြံအရံ ရှိ၏၊ မြေကို စောင့်၍ များသော ဥစ္စာလည်းရှိ၏။

၅၅၂။ ‘‘တဿ ရညော အဟံ ပုတ္တော, စန္ဒနော နာမ ခတ္တိယော၊

ဇာတိမဒေနုပတ္ထဒ္ဓေါ, ယသဘောဂမဒေန စ။

၅၅၂။ ငါသည် ထိုအဉ္ဇသမင်း၏ သားတော် စန္ဒနမည်သော မင်းဖြစ်၍ ဇာတိမာန်ဖြင့်လည်းကောင်း၊ အခြံအရံဥစ္စာမာန်ဖြင့်လည်းကောင်း ခက်ထန်၏။

၅၅၃။ ‘‘နာဂသတသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊

တိဓာပဘိန္နာ မာတင်္ဂါ, ပရိဝါရေန္တိ မံ သဒါ။

၅၅၃။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော အရပ်သုံးပါးမှ ယိုစီးကျသည့် အမုန်ရှိကုန်သော တစ်သိန်းသော ဆင်ပြောင်ကြီးတို့သည် ငါ့အား အမြဲ ခြံရံကုန်၏။

၅၅၄။ ‘‘သဗလေဟိ ပရေတောဟံ, ဥယျာနံ ဂန္တုကာမကော၊

အာရုယှ သိရိကံ နာဂံ, နဂရာ နိက္ခမိံ တဒါ။

၅၅၄။ ထိုအခါ ငါသည် ဥယျာဥ်သို့ သွားလို၍ မိမိဗိုလ်ပါအပေါင်း ခြံရံလျက် သိရိကဆင် ကိုတက်စီးပြီးလျှင် ထိုမြို့မှ ထွက်၏။

၅၅၅။ ‘‘စရဏေန စ သမ္ပန္နော, ဂုတ္တဒွါရော သုသံဝုတော၊

ဒေဝလော နာမ သမ္ဗုဒ္ဓေါ, အာဂစ္ဆိ ပုရတော မမ။

၅၅၅။ အကျင့် ‘စရဏ’ နှင့် ပြည့်စုံ၍ လုံခြုံသော တံခါး, စောင့်စည်းသော ဣန္ဒြေရှိ တော်မူသောဒေဝလမည်သော ပစ္စေကဗုဒ္ဓါသည် ငါ၏ ရှေ့မှ ကြွတော်မူလာ၏။

၅၅၆။ ‘‘ပေသေတွာ သိရိကံ နာဂံ, ဗုဒ္ဓံ အာသာဒယိံ တဒါ၊

တတော သဉ္ဇာတကောပေါ သော [ဇာတကောပေါဝ (သျာ။)], နာဂေါ နုဒ္ဓရတေ ပဒံ။

၅၅၆။ ထိုအခါ ငါသည် သိရိကဆင်ကို စေလွှတ်၍ ရှင်ပစ္စေကဗုဒ္ဓါကို တိုက်ဝှေ့စေ၏၊ ထိုအတင်းအကြိတ်စေလွှတ်သောကြောင့် သိရိကဆင်သည် (ငါ့အပေါ်၌) ပြင်းစွာအမျက်ထွက်၍ ခြေကို မမြှောက်တော့ပေ။

၅၅၇။ ‘‘နာဂံ ရုဏ္ဏမနံ [ရုဋ္ဌမနံ (ပီ။ အဋ္ဌ။), ဒုဋ္ဌမနံ (သီ။ အဋ္ဌ။), ရုဒ္ဓပဒံ (?)] ဒိသွာ, ဗုဒ္ဓေ ကောဓံ အကာသဟံ၊

ဝိဟေသယိတွာ သမ္ဗုဒ္ဓံ, ဥယျာနံ အဂမာသဟံ။

၅၅၇။ ငါသည် အမျက်ထွက်သော သိရိကဆင်ကို မြင်သောကြောင့် ပစ္စေကဗုဒ္ဓါ၌ အမျက် ကို ပြု၏ (အမျက်ထွက်၏)၊ ဒေဝလပစ္စေကဗုဒ္ဓါကို ညှဥ်းဆဲပြီးလျှင် ဥယျာဥ်တော်သို့ သွား၏။

၅၅၈။ ‘‘သာတံ တတ္ထ န ဝိန္ဒာမိ, သိရော ပဇ္ဇလိတော ယထာ၊

ပရိဠာဟေန ဍယှာမိ, မစ္ဆောဝ ဗဠိသာဒကော။

၅၅၈။ ထိုဥယျာဥ်တော်၌ သာယာကြည်နူးမှုကို မရ။ ဦးခေါင်းသည် တောက်လောင်သကဲ့သို့လည်းကောင်း၊ ငါးမျှားချိတ်ကို မျိုသော ငါးကဲ့သို့လည်းကောင်း ပူပန်ခြင်းဖြင့် လောင် မြိုက်ခဲ့၏။

၅၅၉။ ‘‘သသာဂရန္တာ ပထဝီ, အာဒိတ္တာ ဝိယ ဟောတိ မေ၊

ပိတု သန္တိကုပါဂမ္မ, ဣဒံ ဝစနမဗြဝိံ။

၅၅၉။ သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော မြေပြင်သည် ငါ့အား ရဲရဲတောက် ပူလောင် သကဲ့သို့ ဖြစ်၏၊ ဖခင်ထံ ချဥ်းကပ်၍ ဤဆိုမည့်အတိုင်း လျှောက်ထား၏-

၅၆၀။ ‘‘အာသီဝိသံဝ ကုပိတံ, အဂ္ဂိက္ခန္ဓံဝ အာဂတံ၊

မတ္တံဝ ကုဉ္ဇရံ ဒန္တိံ, ယံ သယမ္ဘုမသာဒယိံ။

၅၆၀။ (အရှင်မင်းကြီး) အမျက်ထွက်သော မြွေဟောက်ကို ထိပါးသကဲ့သို့လည်းကောင်း၊ တောက်လောင်သော မီးအစုကို ထိပါးသကဲ့သို့လည်းကောင်း၊ အစွယ်ရှိသော အမုန်ယစ်သောဆင်ပြောင်ကို ထိပါးသကဲ့သို့လည်းကောင်း ကြွလာတော်မူသော အရှင်ပစ္စေကဗုဒ္ဓါကို ပြစ်မှား မိခဲ့၏။

စာ-၅၀

၅၆၁။ ‘‘အာသာဒိတော မယာ ဗုဒ္ဓေါ, ဃောရော ဥဂ္ဂတပေါ ဇိနော၊

ပုရာ သဗ္ဗေ ဝိနဿာမ, ခမာပေဿာမ တံ မုနိံ။

၅၆၁။ ပြင်းထန်ထက်မြက်သည့် အကျင့်ရှိသော မာရ်ငါးပါးကို အောင်ပြီးသော ပစ္စေက ဗုဒ္ဓါကိုအကျွန်ုပ်သည် ပြစ်မှားမိခဲ့၏၊ အကျွန်ုပ်တို့အားလုံး မပျက်စီးကုန်မီ ထိုရှင်ပစ္စေကဗုဒ္ဓါ ကိုကန်တော့ပါကုန်အံ့ဟု (ဤစကားကို လျှောက်ထား၏)။

၅၆၂။ ‘‘နော စေ တံ နိဇ္ဈာပေဿာမ, အတ္တဒန္တံ သမာဟိတံ၊

ဩရေန သတ္တဒိဝသာ, ရဋ္ဌံ မေ ဝိဓမိဿတိ။

၅၆၂။ ယဥ်ကျေးသော ကိုယ်စိတ်ရှိသော တည်ကြည်သော သမာဓိရှိသော ထိုပစ္စေကဗုဒ္ဓါ ကို အကယ်၍ မကန်တော့ကုန်ခဲ့သော် ခုနစ်ရက်အတွင်း၌ အကျွန်ုပ်၏ တိုင်းနိုင်ငံသည် ပျက်စီး ရတော့အံ့။

၅၆၃။ ‘‘သုမေခလော ကောသိယော စ, သိဂ္ဂဝေါ စာပိ သတ္တကော [သတ္တုကော (သီ။)]၊

အာသာဒယိတွာ ဣသယော, ဒုဂ္ဂတာ တေ သရဋ္ဌကာ။

၅၆၃။ သုမေခလမင်း၊ ကောသိယမင်း၊ သိဂ္ဂဝမင်း၊ သတ္တကမင်း ဤမင်းလေးပါးတို့သည် ရသေ့ရဟန်းတို့ကို ညှဥ်းဆဲကြကုန်၍ တိုင်းသူပြည်သားနှင့်တကွ ထိုမင်းတို့သည် ဆင်းရဲခြင်း သို့ရောက်ကုန်၏ (ပျက်စီးခြင်းသို့ ရောက်ကုန်၏)။

၅၆၄။ ‘‘ယဒါ ကုပ္ပန္တိ ဣသယော, သညတာ ဗြဟ္မစာရိနော၊

သဒေဝကံ ဝိနာသေန္တိ, သသာဂရံ သပဗ္ဗတံ။

၅၆၄။ ကိုယ်နှုတ်နှလုံးကို စောင့်သုံးကုန်သော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သော ရသေ့ တို့အမျက်ထွက်သော အခါ၌ သမုဒ္ဒရာ တောတောင်နှင့် တကွဖြစ်သော နတ်နှင့် တကွသောလူအပေါင်းတို့သည် ပျက်စီးကုန်၏။

၅၆၅။ ‘‘တိယောဇနသဟဿမှိ, ပုရိသေ သန္နိပါတယိံ၊

အစ္စယံ ဒေသနတ္ထာယ, သယမ္ဘုံ ဥပသင်္ကမိံ။

၅၆၅။ ယူဇနာသုံးထောင်အတွင်း၌ မင်းချင်းတို့ကို စည်းဝေးစေ၏၊ စည်းဝေးပြီး၍ အပြစ် ကိုကြားအံ့သောငှါ ပစ္စေကဗုဒ္ဓါအရှင်မြတ်သို့ ချဥ်းကပ်ကုန်၏။

၅၆၆။ ‘‘အလ္လဝတ္ထာ အလ္လသိရာ, သဗ္ဗေဝ ပဉ္ဇလီကတာ၊

ဗုဒ္ဓဿ ပါဒေ နိပတိတွာ, ဣဒံ ဝစနမဗြဝုံ [မဗြဝိံ (က။)]။

၅၆၆။ စိုသော အဝတ်, စိုသော ဦးခေါင်းရှိကုန်သော ပရိသတ်အလုံးစုံတို့သည် လက်အုပ်ချီ ကုန်လျက်အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်စုံတို့ကို ဦးတိုက်ကုန်လျက် ဤစကားကို လျှောက် ထားကုန်၏။

၅၆၇။ ‘‘ခမဿု တွံ မဟာဝီရ, အဘိယာစတိ တံ ဇနော၊

ပရိဠာဟံ ဝိနောဒေဟိ, မာ နော ရဋ္ဌံ ဝိနာသယ။

၅၆၇။ ကြီးသော လုံ့လရှိတော်မူသော အရှင်မြတ်ဘုရား အရှင်ဘုရားသည် သည်းခံတော် မူပါ၊ လူအပေါင်းသည် အရှင်ဘုရားကို ရှေးရှုတောင်းပန်ပါ၏၊ ပူပန်ခြင်းကို ပယ်ဖျောက် တော်မူပါဘုရား၊ တပည့်တော်တို့၏ တိုင်းပြည်ကို မပျက်စီးစေပါလင့်ဘုရားဟု (ဤစကားကို လျှောက်ကုန်၏)။

၅၆၈။ ‘‘သဒေဝမာနုသာ သဗ္ဗေ, သဒါနဝါ သရက္ခသာ၊

အယောမယေန ကုဋေန, သိရံ ဘိန္ဒေယျု မေ သဒါ။

၅၆၈။ အသုရာနှင့်တကွ ရက္ခိုသ်နှင့်တကွ နတ်နှင့်တကွသော ခပ်သိမ်းသော လူတို့သည် သံတူဖြင့် ငါ၏ဦးခေါင်းကို အခါခပ်သိမ်း ရိုက်ခွဲကုန်ရာ၏။

၅၆၉။ ‘‘ဒကေ [ဥဒကေ (သီ။ သျာ။)] အဂ္ဂိ န သဏ္ဌာတိ, ဗီဇံ သေလေ န ရူဟတိ၊

အဂဒေ ကိမိ န သဏ္ဌာတိ, ကောပေါ ဗုဒ္ဓေ န ဇာယတိ။

၅၆၉။ ရေ၌ မီးသည် မတည်သကဲ့သို့လည်းကောင်း၊ ကျောက်ဆောင်၌ မျိုးစေ့သည် မပေါက်ရောက်နိုင်သကဲ့သို့လည်းကောင်း၊ ဆေး၌ ပိုးသည် မတည်သကဲ့သို့လည်းကောင်း ပစ္စေကဗုဒ္ဓါဘုရား၌အမျက်ထွက်ခြင်း မဖြစ်။

၅၇၀။ ‘‘ယထာ စ ဘူမိ အစလာ, အပ္ပမေယျော စ သာဂရော၊

အနန္တကော စ အာကာသော, ဧဝံ ဗုဒ္ဓါ အခေါဘိယာ။

၅၇၀။ မြေကြီးသည် မတုန်လှုပ်နိုင်သကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် မနှိုင်းရှည့်နိုင်သကဲ့သို့လည်းကောင်း၊ ကောင်းကင်သည် အဆုံးမရှိသကဲ့သို့လည်းကောင်း ဤအတူ ပစ္စေကဗုဒ္ဓါအရှင်တို့သည် မချောက်ချားနိုင်ကုန်။

၅၇၁။ ‘‘သဒါ ခန္တာ မဟာဝီရာ, ခမိတာ စ တပဿိနော၊

ခန္တာနံ ခမိတာနဉ္စ, ဂမနံ တံ [ဝေါ (သျာ။)] န ဝိဇ္ဇတိ။

၅၇၁။ ကြီးသော လုံ့လရှိကုန်သော ရဟန်းတို့သည် အခါခပ်သိမ်း သည်းခံတတ်ကုန်၏၊ သည်းခံအပ်သော သဘောလည်း ရှိကုန်၏။ သည်းခံတတ်သောသူတို့အားလည်းကောင်း၊ သည်းခံအပ်သောသဘောရှိသောသူတို့အားလည်းကောင်း ထိုဆန္ဒာဂတိသို့ လားခြင်း, လိုက်ခြင်းသည် မရှိ။

၅၇၂။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ပရိဠာဟံ ဝိနောဒယံ၊

မဟာဇနဿ ပုရတော, နဘံ အဗ္ဘုဂ္ဂမိ တဒါ။

၅၇၂။ ဒေဝလပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဤစကားကို မိန့်တော်မူပြီး၍ ပူပန်ခြင်းကို ပယ်ဖျောက်လျက်လူအပေါင်း၏ မျက်မှောက်၌ ကောင်းကင်သို့ ပျံတက်တော်မူ၏။

၅၇၃။ ‘‘တေန ကမ္မေနဟံ ဝီရ, ဟီနတ္တံ အဇ္ဈုပါဂတော၊

သမတိက္ကမ္မ တံ ဇာတိံ, ပါဝိသိံ အဘယံ ပုရံ။

၅၇၃။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား အကျွန်ုပ်သည် ထိုမကောင်းမှုကံကြောင့် ယုတ်ညံ့သောဆတ္တာသည်အမျိုးသို့ ရောက်ရ၏၊ ထိုယုတ်ညံ့သော ဆတ္တာသည်အဖြစ်ကို လွန်မြောက်၍ ဘေးမဲ့ပြည် (နိဗ္ဗာန်သို့) ဝင်ရပါပြီ။

စာ-၅၁

၅၇၄။ ‘‘တဒါပိ မံ မဟာဝီရ, ဍယှမာနံ သုသဏ္ဌိတံ၊

ပရိဠာဟံ ဝိနောဒေသိ, သယမ္ဘုဉ္စ ခမာပယိံ။

၅၇၄။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား ထိုအခါ၌လည်း လောင်မြိုက်လျက် တည်သောအကျွန်ုပ်ကို ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ပူလောင်မှုကို ပယ်ဖျောက်တော်မူ၏၊ အရှင်ပစ္စေကဗုဒ္ဓါကိုလည်းကန်တော့ခဲ့ပါ၏။

၅၇၅။ ‘‘အဇ္ဇာပိ မံ မဟာဝီရ, ဍယှမာနံ တိဟဂ္ဂိဘိ၊

နိဗ္ဗာပေသိ တယော အဂ္ဂီ, သီတိဘာဝဉ္စ ပါပယိံ [ပါပယီ (သီ။)]။

၅၇၅။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား ယခုအခါ၌လည်း သုံးပါးသောမီးတို့ဖြင့်လောင်မြိုက်နေသော အကျွန်ုပ်ကို အရှင်ဘုရားသည် မီးသုံးပါးငြိမ်းအေးစေ၍ ချမ်းမြေ့သည့် အဖြစ်သို့ရောက်စေတော်မူ၏။

၅၇၆။ ယေသံ သောတာဝဓာနတ္ထိ, သုဏာထ မမ ဘာသတော၊

အတ္ထံ တုမှံ ပဝက္ခာမိ, ယထာ ဒိဋ္ဌံ ပဒံ မမ။

၅၇၆။ အကြင်သူတို့အား ကြားနာမှတ်သားခြင်းသည် ရှိ၏၊ ထိုသူတို့သည် ဟောကြား သော ငါ၏စကားကို နာကြကုန်လော့။ ငါသည် နိဗ္ဗာန်ကို သိမြင်သည့်အတိုင်း သင်တို့အား နိဗ္ဗာန်အကျိုးကိုဟောကြားပေအံ့။

၅၇၇။ ‘‘သယမ္ဘုံ တံ ဝိမာနေတွာ, သန္တစိတ္တံ သမာဟိတံ၊

တေန ကမ္မေနဟံ အဇ္ဇ, ဇာတောမှိ နီစယောနိယံ။

၅၇၇။ ငြိမ်သက်သောစိတ်ရှိသော, တည်ကြည်သော, အလိုလိုပွင့်တော်မူသော အရှင်ပစ္စေက ဗုဒ္ဓါကိုပြစ်မှားမိ၍ ထိုကံကြောင့် ယခု ငါသည် ယုတ်ညံ့သော ဆတ္တာသည်မျိုး၌ ဖြစ်ရ၏။

၅၇၈။ ‘‘မာ ဝေါ ခဏံ ဝိရာဓေထ, ခဏာတီတာ ဟိ သောစရေ၊

သဒတ္ထေ ဝါယမေယျာထ, ခဏော ဝေါ ပဋိပါဒိတော။

၅၇၈။ သင်တို့သည် ဘုရားပွင့်ရာကာလ ‘ဗုဒ္ဓုပ္ပါဒခဏ’ ကို မလွဲချော်ကြစေကုန်လင့်။ မှန်၏၊ ဘုရားပွင့်ရာကာလကို ကုန်လွန်စေသောသူတို့သည် စိုးရိမ်ပူပန်ရကုန်၏။ သင်တို့သည် မိမိအကျိုးစီးပွား၌လုံ့လပြုကြကုန်လော့၊ သင်တို့သည် ဘုရားပွင့်ရာကာလ ‘ဗုဒ္ဓုပ္ပါဒခဏ’ ကို ပြီးပြည့်စေအပ်၏ (ရောက်အပ်၏)။

၅၇၉။ ‘‘ဧကစ္စာနဉ္စ ဝမနံ, ဧကစ္စာနံ ဝိရေစနံ၊

ဝိသံ ဟလာဟလံ ဧကေ, ဧကစ္စာနဉ္စ ဩသဓံ။

၅၇၉။ (သာသနာတော်သည်) အချို့သောသူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သောသူတို့အားဝမ်းလျှောဆေးဖြစ်၏၊ အချို့သောသူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သောသူတို့အား နတ်ဆေး ဖြစ်၏။

၅၈၀။ ‘‘ဝမနံ ပဋိပန္နာနံ, ဖလဋ္ဌာနံ ဝိရေစနံ၊

ဩသဓံ ဖလလာဘီနံ, ပုညက္ခေတ္တံ ဂဝေသိနံ။

၅၈၀။ သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာအန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ဝမ်းလျှောဆေးဖြစ်၏၊ အကျိုးကို လိုလားကုန်သော ကောင်းမှု ကိုရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။

၅၈၁။ ‘‘သာသနေန ဝိရုဒ္ဓါနံ, ဝိသံ ဟလာဟလံ ယထာ၊

အာသီဝိသော ဒိဋ္ဌဝိသော [ဒဋ္ဌဝိသော (သျာ။ အဋ္ဌ။)], ဧဝံ ဈာပေတိ တံ နရံ။

၅၈၁။ သာသနာတော်နှင့် ဆန့်ကျင်သောသူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ဟောကြားတော်မူ၏၊ မျက်စောင်းရိပ်ကာမျှဖြင့် လျင်စွာသေစေတတ်သော အဆိပ် ရှိသော မြွေဆိုးသည်ထိုလူကို လောင်စေသကဲ့သို့ ထို့အတူ ထိုသာသနာတော်နှင့် ဆန့်ကျင် သောသူကို လောင်စေ၏။

၅၈၂။ ‘‘သကိံ ပီတံ ဟလာဟလံ, ဥပရုန္ဓတိ ဇီဝိတံ၊

သာသနေန ဝိရုဇ္ဈိတွာ, ကပ္ပကောဋိမှိ ဍယှတိ။

၅၈၂။ တစ်ကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တစ်ကြိမ်သာ ဖြတ်တတ်၏၊ ထိုသူသည်သာသနာတော်နှင့် ဆန့်ကျင်ဘက်ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။

၅၈၃။ ‘‘ခန္တိယာ အဝိဟိံသာယ, မေတ္တစိတ္တဝတာယ စ၊

သဒေဝကံ သော တာရတိ, တသ္မာ တေ အဝိရာဓိယာ [အဝိရောဓိယော (သီ။), တေ အဝိရောဓိယာ (သျာ။)]။

၅၈၃။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဥ်းဆဲခြင်းဖြင့်လည်း ကောင်း၊ မေတ္တာစိတ်ရှိခြင်းဖြင့်လည်းကောင်း နတ်နှင့်တကွသော လောကကို ကယ်တင် တော်မူ၏။ ထို့ကြောင့်ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

၅၈၄။ ‘‘လာဘာလာဘေ န သဇ္ဇန္တိ, သမ္မာနနဝိမာနနေ၊

ပထဝီသဒိသာ ဗုဒ္ဓါ, တသ္မာ တေ န ဝိရာဓိယာ [တေ န ဝိရောဓိယာ (သီ။ သျာ။)]။

၅၈၄။ လာဘ်ရမှု, မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု, မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရား ရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏၊ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

၅၈၅။ ‘‘ဒေဝဒတ္တေ စ ဝဓကေ, စောရေ အင်္ဂုလိမာလကေ၊

ရာဟုလေ ဓနပါလေ စ, သဗ္ဗေသံ သမကော မုနိ။

၅၈၅။ မြတ်စွာဘုရားသည် သတ်ပုတ်ညှဥ်းဆဲတတ်သော ဒေဝဒတ်၌လည်းကောင်း၊ အင်္ဂုလိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာသားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်း ကောင်းခပ်သိမ်းသော သတ္တဝါတို့၏ အပေါ်၌ တူမျှသော စိတ်ထား ရှိတော်မူ၏။

၅၈၆။ ‘‘ဧတေသံ ပဋိဃော နတ္ထိ, ရာဂေါမေသံ န ဝိဇ္ဇတိ၊

သဗ္ဗေသံ သမကော ဗုဒ္ဓေါ, ဝဓကဿောရသဿ စ။

၅၈၆။ ထိုဆန့်ကျင်သောသူတို့အား အမျက်ထားခြင်း မရှိ၊ ဤမဆန့်ကျင်သောသူတို့ အားတပ်နှစ်သက်မှု မရှိ။ သတ်ပုတ်ညှဥ်းဆဲတတ်သောသူ၏ အပေါ်၌လည်းကောင်း၊ ရင် သွေးသားမြတ်၏အပေါ်၌လည်းကောင်း ဤသတ္တဝါအလုံးစုံတို့၏ အပေါ်၌ မြတ်စွာဘုရားသည် တူမျှသောစိတ်ထားရှိတော်မူ၏။

စာ-၅၂

၅၈၇။ ‘‘ပန္ထေ ဒိသွာန ကာသာဝံ, ဆဍ္ဍိတံ မီဠှမက္ခိတံ၊

သိရသ္မိံ အဉ္ဇလိံ ကတွာ, ဝန္ဒိတဗ္ဗံ ဣသိဒ္ဓဇံ။

၅၈၇။ မစင်လိမ်းကျံသော အရိယာတို့၏ တံခွန်အောင်လံသဖွယ်ဖြစ်သော သင်္ကန်းကို လမ်းခရီး၌စွန့်ထားအပ်သည်ကို မြင်လတ်သော် ဦးခေါင်း၌ လက်အုပ်ချီလျက် ရှိခိုးအပ်၏။

၅၈၈။ ‘‘အဗ္ဘတီတာ စ ယေ ဗုဒ္ဓါ, ဝတ္တမာနာ အနာဂတာ၊

ဓဇေနာနေန သုဇ္ဈန္တိ, တသ္မာ ဧတေ နမဿိယာ။

၅၈၈။ ပွင့်ပြီး, ပွင့်ဆဲ, ပွင့်လတ္တံ့ဖြစ်ကုန်သော အကြင်မြတ်စွာဘုရားတို့သည် ဤအရဟတ္တ ဖိုလ်တံခွန်သင်္ကန်းဖြင့် စင်ကြယ်ကုန်၏၊ ထိုသင်္ကန်းဖြင့် စင်ကြယ်ရသောကြောင့် ထိုမြတ်စွာဘုရားတို့ကို ရှိခိုးအပ်ကုန်၏။

၅၈၉။ ‘‘သတ္ထုကပ္ပံ သုဝိနယံ, ဓာရေမိ ဟဒယေနဟံ၊

နမဿမာနော ဝိနယံ, ဝိဟရိဿာမိ သဗ္ဗဒါ။

၅၈၉။ ဘုရားသဖွယ် ဖြစ်သော မွန်မြတ်သည့် ဝိနည်းတရားတော်ကို စိတ်ဖြင့် ဆောင် ထား၏၊ ငါသည် ဝိနည်းတရားတော်ကို အခါခပ်သိမ်း ရှိခိုးလျက်နေအံ့။

၅၉၀။ ‘‘ဝိနယော အာသယော မယှံ, ဝိနယော ဌာနစင်္ကမံ၊

ကပ္ပေမိ ဝိနယေ ဝါသံ, ဝိနယော မမ ဂေါစရော။

၅၉၀။ ဝိနည်းတရားတော်သည် ငါ၏ တည်နေရာတည်း၊ ဝိနည်းတရားတော်သည် ငါ၏ ရပ်ရာသွားရာတည်း၊ ငါသည် ဝိနည်းတရားတော်၌ နေခြင်းကို ပြု၏၊ ဝိနည်းတရားတော် သည် ငါ၏ကျက်စားရာပင်တည်း။

၅၉၁။ ‘‘ဝိနယေ ပါရမိပ္ပတ္တော, သမထေ စာပိ ကောဝိဒေါ၊

ဥပါလိ တံ မဟာဝီရ, ပါဒေ ဝန္ဒတိ သတ္ထုနော။

၅၉၁။ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်သည် ဖြစ်၍ အဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ၌လည်း ကျွမ်းကျင်လိမ္မာသော အကျွန်ုပ်ဥပါလိသည်ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးပါ၏။

၅၉၂။ ‘‘သော အဟံ ဝိစရိဿာမိ, ဂါမာ ဂါမံ ပုရာ ပုရံ၊

နမဿမာနော သမ္ဗုဒ္ဓံ, ဓမ္မဿ စ သုဓမ္မတံ။

၅၉၂။ အကျွန်ုပ်ဥပါလိသည် မြတ်စွာဘုရားကို ရှိခိုးလျက် တရားတော်၏ ကောင်းသော တရားအဖြစ်ကိုလည်း သိ၍ (ရှိခိုးလျက်) တစ်ရွာမှ တစ်ရွာသို့ တစ်ပြည်မှ တစ်ပြည်သို့ လှည့်လည်ပါအံ့။

၅၉၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၅၉၃။ အကျွန်ုပ်သည် ကိလေသာတို့ကို ရှို့မြှိုက်စေအပ်ကုန်ပြီ၊ ခပ်သိမ်းသော ဘဝတို့ကို နုတ်ပယ်အပ်ကုန်ပြီ၊ ခပ်သိမ်းသော အာသဝေါတရားတို့သည် ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝ သစ်၌တစ်ဖန် ဖြစ်ခြင်းသည် မရှိတော့ပြီ။

၅၉၄။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၅၉၄။ မြတ်စွာဘုရားထံတော်သို့ အကျွန်ုပ်၏ လာခြင်းသည် စင်စစ် ကောင်းသောလာခြင်း ဖြစ်၏၊ သုံးပါးသော ဝိဇ္ဇာတို့သို့ အစဥ် ရောက်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုကျင့်လိုက်နာအပ်ပါပြီ။

၅၉၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥပါလိ ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပါလိတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၅၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပါလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥပါလိတ္ထေရအပဒါန ပြီး၏။

၃-၇။ အညာသိကောဏ္ဍညတ္ထေရအပဒါနံ

၅၉၆။ ‘‘ပဒုမုတ္တရသမ္ဗုဒ္ဓံ, လောကဇေဋ္ဌံ ဝိနာယကံ၊

ဗုဒ္ဓဘူမိမနုပ္ပတ္တံ, ပဌမံ အဒ္ဒသံ အဟံ။

၃-၇- အညာသိကောဏ္ဍညတ္ထေရအပဒါန ၅၉၆။ လောကထက် မြတ်တော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တတ်သည် ဖြစ်၍ ဘုရားမြတ် တို့၏တည်ရာဘုံ (သဗ္ဗညုတဉာဏ်) သို့ ရောက်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ငါသည် ရှေးဦးစွာဖူးမြင်ရ၏။

၅၉၇။ ‘‘ယာဝတာ ဗောဓိယာ မူလေ, ယက္ခာ သဗ္ဗေ သမာဂတာ၊

သမ္ဗုဒ္ဓံ ပရိဝါရေတွာ, ဝန္ဒန္တိ ပဉ္ဇလီကတာ။

၅၉၇။ ဗောဓိပင်အနီး၌ အကြင်မျှလောက်သော နတ်အားလုံးတို့သည် အညီအညွတ် လာ၍ မြတ်စွာဘုရားကို ခြံရံပြီးလျှင် လက်အုပ်ချီလျက် ရှိခိုးကြကုန်၏။

စာ-၅၃

၅၉၈။ ‘‘သဗ္ဗေ ဒေဝါ တုဋ္ဌမနာ, အာကာသေ သဉ္စရန္တိ တေ၊

ဗုဒ္ဓေါ အယံ အနုပ္ပတ္တော, အန္ဓကာရတမောနုဒေါ။

၅၉၈။ ထိုနတ်အားလုံးတို့သည် နှစ်သက်သော စိတ်ရှိကုန်လျက် အမိုက်မှောင်ကို ပယ် ဖျောက်တော်မူသောဤမြတ်စွာဘုရားသည် (သဗ္ဗညုတဉာဏ်သို့) အစဥ်ရောက်ပြီဟု ဆိုကုန် လျက် ကောင်းကင်၌လှည့်လည်သွားလာကြကုန်၏။

၅၉၉။ ‘‘တေသံ ဟာသပရေတာနံ, မဟာနာဒေါ အဝတ္တထ၊

ကိလေသေ ဈာပယိဿာမ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၅၉၉။ မြတ်စွာဘုရား၏ သာသနာတော်၌ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေကုန် အံ့ဟုရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကုန်သော ထိုနတ်တို့အား သည်းထန်စွာ ကြွေးကြော်ခြင်း သည်ဖြစ်လေသတည်း။

၆၀၀။ ‘‘ဒေဝါနံ ဂိရမညာယ, ဝါစာသဘိမုဒီရိဟံ၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, အာဒိဘိက္ခမဒါသဟံ။

၆၀၀။ ငါသည် နတ်တို့ ပြောဆိုအပ်သော မြတ်သော စကားကို ကြားသိရသောကြောင့်ရွှင်လန်းဝမ်းမြောက်သည် ဖြစ်၍ ရွှင်ပျသော စိတ်ဖြင့် ဆွမ်းဦးကို ကပ်လှူ၏။

၆၀၁။ ‘‘မမ သင်္ကပ္ပမညာယ, သတ္ထာ လောကေ အနုတ္တရော၊

ဒေဝသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။

၆၀၁။ လောက၌ အတုမဲ့ဖြစ်သော မြတ်စွာဘုရားသည် ငါ၏ အကြံအစည်ကို သိသော ကြောင့် နတ်အပေါင်းတို့၏ အလယ်၌ ထိုင်နေတော်မူပြီးလျှင် ဤဆိုမည့် ဂါထာတို့ကို မိန့် တော်မူ၏-

၆၀၂။ ‘‘‘သတ္တာဟံ အဘိနိက္ခမ္မ, ဗောဓိံ အဇ္ဈဂမံ အဟံ၊

ဣဒံ မေ ပဌမံ ဘတ္တံ, ဗြဟ္မစာရိဿ ယာပနံ။

၆၀၂။ ငါသည် ခုနစ်ရက်ပတ်လုံး တောထွက် တရားအားထုတ်၍ အရဟတ္တမဂ်ဉာဏ်ကို ရ၏၊ ခန္ဓာကိုမျှတစေတတ်သော ဤဆွမ်းသည် အကျင့်မြတ်ကို ကျင့်လေ့ရှိသော ငါ့အား ရှေး ဦးစွာသောဆွမ်းပင်တည်း။

၆၀၃။ ‘‘‘တုသိတာ ဟိ ဣဓာဂန္တွာ, ယော မေ ဘိက္ခံ ဥပါနယိ၊

တမဟံ ကိတ္တယိဿာမိ, သုဏောထ မမ ဘာသတော။

၆၀၃။ တုသိတာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ငါ့အား ဆွမ်းလှူသော နတ်သားကို ငါသည် ဗျာဒိတ်စကား ပြောကြားအံ့၊ ဟောကြားမည့် ငါ၏ စကားကို နာကြကုန်လော့-

၆၀၄။ ‘‘‘တိံသကပ္ပသဟဿာနိ [တိံသမတ္တေ ကပ္ပသဂဿေ (သျာ။ က။)], ဒေဝရဇ္ဇံ ကရိဿတိ၊

သဗ္ဗေ ဒေဝေ အဘိဘောတွာ, တိဒိဝံ အာဝသိဿတိ။

၆၀၄။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ နတ်အားလုံးတို့ကို လွှမ်းမိုး၍ နတ်ပြည်ကို အုပ်စိုးနေရလတ္တံ့။

၆၀၅။ ‘‘‘ဒေဝလောကာ စဝိတွာန, မနုဿတ္တံ ဂမိဿတိ၊

သဟဿဓာ စက္ကဝတ္တီ, တတ္ထ ရဇ္ဇံ ကရိဿတိ။

၆၀၅။ နတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ ထိုလူ့ပြည်၌ အကြိမ်တစ်ထောင် တိုင်တိုင်စကြဝတေးမင်းဖြစ်၍ မင်းပြုရလတ္တံ့။

၆၀၆။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၆၀၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၆၀၇။ ‘‘‘တိဒသာ သော စဝိတွာန, မနုဿတ္တံ ဂမိဿတိ၊

အဂါရာ ပဗ္ဗဇိတွာန, ဆဗ္ဗဿာနိ ဝသိဿတိ။

၆၀၇။ ထိုကောဏ္ဍညလောင်းသည် နတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ အိမ်ရာတည်ထောင်သော လူ့ဘောင်မှ ထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် ခြောက်နှစ်တို့ပတ်လုံး (ဘုရားအလောင်းနှင့်အတူ) နေရလတ္တံ့။

၆၀၈။ ‘‘‘တတော သတ္တမကေ ဝဿေ, ဗုဒ္ဓေါ သစ္စံ ကထေဿတိ၊

ကောဏ္ဍညော နာမ နာမေန, ပဌမံ သစ္ဆိကာဟိတိ’။

၆၀၈။ ထို့နောက် ခုနစ်နှစ်မြောက်သော ကာလ၌ ဂေါတမမြတ်စွာဘုရားသည် ဓမ္မစကြာ တရားတော်ကိုဟောလတ္တံ့၊ “ကောဏ္ဍည”ဟူသော အမည်ဖြင့် ရှေးဦးစွာ သစ္စာလေးပါး တရားကို မျက်မှောက်ပြုရလတ္တံ့။

၆၀၉။ ‘‘နိက္ခန္တေနာနုပဗ္ဗဇိံ, ပဓာနံ သုကတံ မယာ၊

ကိလေသေ ဈာပနတ္ထာယ, ပဗ္ဗဇိံ အနဂါရိယံ။

၆၀၉။ ငါသည် တောထွက်သော ဘုရားလောင်းနှင့် အတူ တောထွက်၍ အတုလိုက် ရဟန်းပြု၏၊ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေခြင်းငှါ အိမ်၏ အစီးအပွား မဖြစ်သော သာသနာတော်၌ရဟန်းပြု၏။

၆၁၀။ ‘‘အဘိဂန္တွာန သဗ္ဗညူ, ဗုဒ္ဓေါ လောကေ သဒေဝကေ၊

ဣသိနာမေ မိဂါရညေ [ဣမိနာ မေ မဟာရညံ (သျာ။), ဣမိနာ မေ မိဂါရညံ (က။)], အမတဘေရိမာဟနိ။

၆၁၀။ နတ်နှင့် တကွသော လောက၌ ခပ်သိမ်းသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားသည်ငါ့ထံသို့ ချဥ်းကပ်လာပြီးလျှင် “ဣသိပတန”မည်သော မိဂဒါဝုန်၌ တရားတည်းဟူသောအမြိုက်စည်ကြီးကို တီးခတ်တော်မူ၏။

စာ-၅၄

၆၁၁။ ‘‘သော ဒါနိ ပတ္တော အမတံ, သန္တိပဒမနုတ္တရံ၊

သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။

၆၁၁။ ထိုငါသည် ယခုအခါ၌ အတုမဲ့ဖြစ်သော ငြိမ်းအေးရာ အမြိုက်နိဗ္ဗာန်သို့ ရောက်၏၊ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိလျက် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရ၏။

၆၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

၆၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အညာသိကောဏ္ဍညမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အညာသိကောဏ္ဍညတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ အညာသိကောဏ္ဍညော [အညာတကောဏ္ဍညော (သီ။), အညာ ကောဏ္ဍညော (သျာ။)] ထေရော ဣမာ

ဂါထာယော အဘာသိတ္ထာတိ။

အညာသိကောဏ္ဍညတ္ထေရဿာပဒါနံ သတ္တမံ။

၃-၈။ ပိဏ္ဍောလဘာရဒွါဇတ္ထေရအပဒါနံ

၆၁၃။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊

ပုရတော ဟိမဝန္တဿ, စိတ္တကူဋေ ဝသီ တဒါ။

၃-၈-ပိဏ္ဍောလဘာရဒွါဇတ္ထေရအပဒါန ၆၁၃။ အလိုလိုဖြစ်တော်မူ၍ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည် ထိုအခါဟိမဝန္တာတောင်၏ အရှေ့မျက်နှာ စိတ္တကူဋတောင်၌ နေ၏။

၆၁၄။ ‘‘အဘီတရူပေါ တတ္ထာသိံ, မိဂရာဇာ စတုက္ကမော၊

တဿ သဒ္ဒံ သုဏိတွာန, ဝိက္ခမ္ဘန္တိ ဗဟုဇ္ဇနာ။

၆၁၄။ ငါသည် ထိုစိတ္တကူဋတောင်၌ မကြောက်မရွံ့သော သဘောရှိသည် ဖြစ်၍ အရပ် လေးမျက်နှာသို့သွားခြင်းငှါ စွမ်းနိုင်သော ခြင်္သေ့မင်း ဖြစ်ခဲ့၏၊ ထိုခြင်္သေ့မင်း၏ ဟိန်းဟောက် သံကို ကြားရသောကြောင့်များစွာသော သတ္တဝါတို့သည် အထူး ကြောက်ရွံ့ကုန်၏။

၆၁၅။ ‘‘သုဖုလ္လံ ပဒုမံ ဂယှ, ဥပဂစ္ဆိံ နရာသဘံ၊

ဝုဋ္ဌိတဿ သမာဓိမှာ, ဗုဒ္ဓဿ အဘိရောပယိံ။

၆၁၅။ (ခြင်္သေ့မင်းဖြစ်သော ငါသည် ကောင်းစွာ ပွင့်သော ပဒုမ္မာကြာကို ကိုက်ချီ၍ မြတ်စွာဘုရားထံတော်သို့ ချဥ်းကပ်ပြီးလျှင် နိရောဓသမာပတ်မှ ထတော်မူသော မြတ်စွာဘုရားအား ရှေးရှုကပ်လှူ၏။

၆၁၆။ ‘‘စာတုဒ္ဒိသံ နမဿိတွာ, ဗုဒ္ဓသေဋ္ဌံ နရုတ္တမံ၊

သကံ စိတ္တံ ပသာဒေတွာ, သီဟနာဒံ နဒိံ အဟံ [တဒါ (သျာ။)]။

၆၁၆။ ငါသည် ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို အရပ်လေးမျက်နှာတို့၌ ရှိခိုးပြီးလျှင် မိမိစိတ်ကို ကြည်လင်စေ၏၊ မကြောက်ရွံ့သော ခြင်္သေ့သံကို မြည်ဟောက်၏။

၆၁၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

သကာသနေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။

၆၁၇။ လောကကို သိတော်မူသော ဧည့်သည်အလို့ငှါ အဝေးမှ ဆောင်ခဲ့သောဝတ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် မိမိနေရာ၌ ထိုင်နေတော်မူလျက် ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏ -

၆၁၈။ ‘‘‘ဗုဒ္ဓဿ ဂိရမညာယ, သဗ္ဗေ ဒေဝါ သမာဂတာ၊

အာဂတော ဝဒတံ သေဋ္ဌော, ဓမ္မံ သောဿာမ တံ မယံ။

၆၁၈။ မြတ်စွာဘုရား၏ အသံတော်ကို သိ၍ ခပ်သိမ်းသော နတ်အားလုံးတို့သည် အညီ အညွတ်လာကြကုန်၏၊ သစ္စာလေးပါးတရားကို ဟောတတ်သောသူတို့ထက် မြတ်သော မြတ်စွာဘုရားသည်ကြွရောက်တော်မူလာသည် ဖြစ်၍ ငါတို့သည် ထိုတရားတော်ကို နာကုန်အံ့ဟု ကောင်းစွာ လာကြကုန်၏။

၆၁၉။ ‘‘‘တေသံ ဟာသပရေတာနံ, ပုရတော လောကနာယကော၊

မမ သဒ္ဒံ [ကမ္မံ (?)] ပကိတ္တေသိ, ဒီဃဒဿီ မဟာမုနိ’။

၆၁၉။ လူတို့၏ ရှေ့သွားဖြစ်သော အရှည်ကို မြင်တော်မူသော မြတ်စွာဘုရားသည် ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကုန်သော ထိုနတ်တို့၏ မျက်မှောက်၌ ငါ့အား မြတ်သော တရား သံကို ထင်စွာပြတော်မူ၏။

၆၂၀။ ‘‘ယေနိဒံ ပဒုမံ ဒိန္နံ, သီဟနာဒေါ စ နာဒိတော၊

တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။

၆၂၀။ ပဒုမ္မာကြာကို လှူ၍ ခြင်္သေ့အသံကို ဟောက်သော ခြင်္သေ့မင်းကို ငါသည် (ဗျာဒိတ် စကား) ဟောကြားပေအံ့၊ ငါ ဟောကြားမည့် စကားကို နာကြကုန်လော့-

စာ-၅၅

၆၂၁။ ‘‘‘ဣတော အဋ္ဌမကေ ကပ္ပေ, စက္ကဝတ္တီ ဘဝိဿတိ၊

သတ္တရတနသမ္ပန္နော စတုဒီပမှိ ဣဿရော။

၆၂၁။ ခြင်္သေ့မင်းသည် ဤ (ငါပဒုမုတ္တရဘုရားပွင့်ရာ) ကပ်မှ ရှစ်ကမ္ဘာမြောက်၌ ရတနာ ခုနစ်ပါးနှင့်ပြည့်စုံသော လေးကျွန်းလုံး၌ အစိုးရသော စကြဝတေးမင်း ဖြစ်လတ္တံ့။

၆၂၂။ ‘‘‘ကာရယိဿတိ ဣဿရိယံ [ဣဿရံ (သျာ။ က။)], မဟိယာ စတုသဋ္ဌိယာ၊

ပဒုမော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၆၂၂။ များသော ဗိုလ်ပါရှိသော ပဒုမစကြဝတေးမင်း ဖြစ်၍ မြေအပြင်၌ ခြောက်ဆယ့်လေးကြိမ်တိုင်အောင် မင်းအဖြစ်ကို ပြုရလတ္တံ့။

၆၂၃။ ‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၆၂၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၆၂၄။ ‘ပကာသိတေ ပါဝစနေ, ဗြဟ္မဗန္ဓု ဘဝိဿတိ၊

ဗြဟ္မညာ အဘိနိက္ခမ္မ, ပဗ္ဗဇိဿတိ တာဝဒေ’။

၆၂၄။ မြတ်စွာဘုရားသည် အဆုံးအမစကားတော်ကို ဖော်ပြအပ်သည် ရှိသော် ပုဏ္ဏား မျိုး၌ ဖြစ်လတ္တံ့၊ ထိုအခါ ပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုလတ္တံ့။

၆၂၅။ ‘‘ပဓာနပဟိတတ္တော သော, ဥပသန္တော နိရူပဓိ၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။

၆၂၅။ ထိုရဟန်းသည် အားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ ကိလေသာမီးငြိမ်းအေးလျက် ဥပဓိလေးပါးမှ ကင်းကာ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းအေးရလတ္တံ့။

၆၂၆။ ‘‘ဝိဇနေ ပန္တသေယျမှိ, ဝါဠမိဂသမာကုလေ၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။

၆၂၆။ ခြင်္သေ့, သစ်, ကျား, သားရဲတို့ဖြင့် ပြွမ်း၍ လူသူကင်းရှင်းသော တောကျောင်း၌ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းအေးရလတ္တံ့။

၆၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပိဏ္ဍောလဘာရဒွါဇော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပိဏ္ဍောလဘာရဒွါဇတ္ထေရဿာပဒါနံ အဋ္ဌမံ။

၆၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ပိဏ္ဍောလဘာရဒွါဇတ္ထေရအပဒါန ပြီး၏။

၃-၉။ ခဒိရဝနိယရေဝတတ္ထေရအပဒါနံ

၆၂၈။ ‘‘ဂင်္ဂါ ဘာဂီရထီ နာမ, ဟိမဝန္တာ ပဘာဝိတာ၊

ကုတိတ္ထေ နာဝိကော အာသိံ, ဩရိမေ စ တရိံ [ဩရိမံ စ တရေ (သျာ။)] အဟံ။

၃-၉-ခဒိရဝနိယရေဝတတ္ထေရအပဒါန ၆၂၈။ ဘာဂီရထီမည်သော ဂင်္ဂါမြစ်သည် ဟိမဝန္တာတောင်မှ အမွန်စ၍ ဖြစ်၏၊ (ထိုမြစ်၏) သွားလာခက်ခဲသော ဆိပ်၌ ငါသည် ကူးတို့သူကြီး ဖြစ်၍ ဤမှာဘက်မှ (ထိုဘက်သို့ ထိုဘက်မှဤဘက်သို့) ကူးတို့ပို့ခဲ့ရ၏။

၆၂၉။ ‘‘ပဒုမုတ္တရော နာယကော, သမ္ဗုဒ္ဓေါ ဒွိပဒုတ္တမော၊

ဝသီ သတသဟဿေဟိ, ဂင်္ဂါတီရမုပါဂတော [ပုဗ္ဗေ မယှံ သုတံ အာသိ,§‘‘ပဒုမုတ္တရနာယကော၊ ဝသီသတသဟဿေဟိ, ဂင်္ဂါသောတံ တရိဿတိ‘‘၊ (သီ။)]။

၆၂၉။ (သတ္တဝါတို့ကို ) နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော အခြေနှစ်ချောင်းရှိသူ လူ အပေါင်းတို့ထက်မြတ်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ဝသီငါးပါးကို လေ့လာပြီးသော ရဟန္တာတစ်သိန်းတို့နှင့်တကွဂင်္ဂါမြစ်ကမ်းနားသို့ ကြွတော်မူလာ၏။

၆၃၀။ ‘‘ဗဟူ နာဝါ သမာနေတွာ, ဝဍ္ဎကီဟိ [စမ္မကေဟိ (က။)] သုသင်္ခတံ၊

နာဝါယ [နာဝါနံ (က။)] ဆဒနံ ကတွာ, ပဋိမာနိံ နရာသဘံ။

၆၃၀။ များစွာသော လှေတို့ကို စုပေါင်း၍ လှေထက်၌ လက်သမားတို့သည် ကောင်းစွာ စီရင်အပ်သောအမိုးကို ပြုလုပ်ပြီးလျှင် မြတ်စွာဘုရားကို မြတ်နိုးပူဇော်ခဲ့ရ၏။

စာ-၅၆

၆၃၁။ ‘‘အာဂန္တွာန စ သမ္ဗုဒ္ဓေါ, အာရူဟိ တဉ္စ နာဝကံ၊

ဝါရိမဇ္ဈေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ။

၆၃၁။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ထိုလှေကိုသာလျှင် တက်စီးတော်မူ၏၊ မြတ်စွာဘုရားသည်ရေလယ်၌ တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏-

၆၃၂။ ‘‘‘ယော သော တာရေသိ သမ္ဗုဒ္ဓံ, သံဃဉ္စာပိ အနာသဝံ၊

တေန စိတ္တပ္ပသာဒေန, ဒေဝလောကေ ရမိဿတိ။

၆၃၂။ ထိုကူးတို့သူကြီးသည် ငါဘုရားကိုလည်းကောင်း၊ အာသဝေါကင်းသော သံဃာတော်ကိုလည်းကောင်း ကူးတို့ပို့၏။ ထိုကူးတို့ပိုရသော စိတ်၏ ကြည်လင်ခြင်းကြောင့် နတ် ပြည်၌မွေ့လျော်ရလတ္တံ့။

၆၃၃။ ‘‘‘နိဗ္ဗတ္တိဿတိ တေ ဗျမှံ, သုကတံ နာဝသဏ္ဌိတံ၊

အာကာသေ ပုပ္ဖဆဒနံ, ဓာရယိဿတိ သဗ္ဗဒါ။

၆၃၃။ သင့်အား ကောင်းစွာ ပြုအပ်သည်ဖြစ်၍ လှေသဏ္ဌာန်သဖွယ် ဖြစ်သော ဘုံဗိမာန် သည်ဖြစ်ပေါ်လတ္တံ့၊ ကောင်းကင်၌ ပန်းအမိုးမဏ္ဍပ်သည်လည်း အခါခပ်သိမ်း ဆောင်းမိုး၍ ထားလတ္တံ့။

၆၃၄။ ‘‘‘အဋ္ဌပညာသကပ္ပမှိ, တာရကော [တာရဏော (သျာ။)] နာမ ခတ္တိယော၊

စာတုရန္တော ဝိဇိတာဝီ, စက္ကဝတ္တီ ဘဝိဿတိ။

၆၃၄။ ငါးဆယ့်ရှစ်ကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည် ဖြစ်၍ ရန်သူ ကိုအောင်ပြီးသော “တာရက”မည်သော စကြဝတေးမင်း ဖြစ်လတ္တံ့။

၆၃၅။ ‘‘‘သတ္တပညာသကပ္ပမှိ, စမ္မကော [စမ္ပကော (သီ။), စမ္ဗကော (သျာ။)] နာမ ခတ္တိယော၊

ဥဂ္ဂစ္ဆန္တောဝ သူရိယော, ဇောတိဿတိ မဟဗ္ဗလော။

၆၃၅။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ တက်သစ်သော နေကဲ့သို့ များသော ဗိုလ်ပါရှိသော စမ္မကမည်သောမင်းဖြစ်၍ တောက်ပလတ္တံ့။

၆၃၆။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၆၃၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၆၃၇။ ‘‘‘တိဒသာ သော စဝိတွာန, မနုဿတ္တံ ဂမိဿတိ၊

ရေဝတော နာမ နာမေန, ဗြဟ္မဗန္ဓု ဘဝိဿတိ။

၆၃၇။ ထိုသူသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ အမည် အားဖြင့် “ရေဝတ”မည်သော ပုဏ္ဏားမျိုးသည် ဖြစ်လတ္တံ့။

၆၃၈။ ‘‘‘အဂါရာ နိက္ခမိတွာန, သုက္ကမူလေန စောဒိတော၊

ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိဿတိ။

၆၃၈။ အကြောင်းရင်းဖြစ်သော ကုသိုလ်သည် တိုက်တွန်းအပ်သောကြောင့် လူ့ဘောင်မှ ထွက်၍ ဂေါတမမြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုလတ္တံ့။

၆၃၉။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, ယုတ္တယောဂေါ ဝိပဿကော၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။

၆၃၉။ ထိုသူသည် ရဟန်းပြုပြီးနောက်၌ ကမ္မဋ္ဌာန်းအားထုတ်ကာ ဝိပဿနာရှုသည်ဖြစ်၍ အလုံးစုံသောအာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရလတ္တံ့။

၆၄၀။ ‘‘ဝီရိယံ [ဝိရိယံ (သီ။ သျာ။)] မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၆၄၀။ ငါ၏ ယောဂကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော လုံ့လသည် ဝန်ဆောင်နွားလား သဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။

၆၄၁။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊

သုမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယီ မမ။

၆၄၁။ ကမ္ဘာတစ်သိန်းထက်က ပြုခဲ့သော ကုသိုလ်ကံသည် ဤအဆုံးဘဝ၌ ငါ့အား ကောင်းကျိုးကို ပြပေ၏၊ ‘လေးမှ လွတ်သော မြားအဟုန်ကဲ့သို့’ ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေ၏။

၆၄၂။ ‘‘တတော မံ ဝနနိရတံ, ဒိသွာ လောကန္တဂူ မုနိ၊

ဝနဝါသိဘိက္ခူနဂ္ဂံ, ပညပေသိ မဟာမတိ။

၆၄၂။ ထို့နောက် တော၌ မွေ့လျော်သော အကျွန်ုပ်ကို မြင်တော်မူ၍ လောက၏ အဆုံး နိဗ္ဗာန်သို့ရောက်တော်မူသော, ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် “တောနေရဟန်းတို့တွင်အမြတ်ဆုံး ဧတဒဂ်ပုဂ္ဂိုလ်”ဟူ၍ ပညတ်တော်မူ၏။

၆၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ခဒိရဝနိယော ရေဝတော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ခဒိရဝနိယရေဝတတ္ထေရဿာပဒါနံ နဝမံ။

၆၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ရှားတော၌ နေသော အသျှင်ရေဝတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော် မူ၏။ ကိုးခုမြောက် ခဒိရဝနိယရေဝတတ္ထေရအပဒါန ပြီး၏။

၃-၁၀။ အာနန္ဒတ္ထေရအပဒါနံ

၆၄၄။ ‘‘အာရာမဒွါရာ နိက္ခမ္မ, ပဒုမုတ္တရော မဟာမုနိ၊

ဝဿေန္တော အမတံ ဝုဋ္ဌိံ, နိဗ္ဗာပေသိ မဟာဇနံ။

၃-၁၀-အာနန္ဒတ္ထေရအပဒါန ၆၄၄။ ပဒုမုတ္တရမြတ်စွာဘုရားသည် ကျောင်းတိုက်အရံ တံခါးမှ ထွက်တော်မူ၍ အမြိုက် မိုးကိုရွာသွန်းစေလျက် လူအပေါင်းကို ငြိမ်းအေးစေ၏။

၆၄၅။ ‘‘သတသဟဿံ တေ ဓီရာ, ဆဠဘိညာ မဟိဒ္ဓိကာ၊

ပရိဝါရေန္တိ သမ္ဗုဒ္ဓံ, ဆာယာဝ အနပါယိနီ [အနုပါယိနီ (သျာ။ က။)]။

၆၄၅။ အဘိညာဥ်ခြောက်ပါးနှင့် ပြည့်စုံ၍ ကြီးသော တန်ခိုးဣဒ္ဓိပါဒ်ရှိကုန်သော အရဟတ္တမဂ်ဉာဏ်ရှိကုန်သော ထိုရဟန္တာတစ်သိန်းတို့သည် ‘အရိပ်ကဲ့သို့’ အစဥ်လိုက်ကုန်လျက် မြတ်စွာဘုရားကိုခြံရံကုန်၏။

၆၄၆။ ‘‘ဟတ္ထိက္ခန္ဓဂတော အာသိံ, သေတစ္ဆတ္တံ ဝရုတ္တမံ၊

သုစာရုရူပံ ဒိသွာန, ဝိတ္တိ မေ ဥဒပဇ္ဇထ။

၆၄၆။ (ထိုအခါ ငါသည် ) အလွန် မြင့်မြတ်သော ထီးဖြူကို ဆောင်းလျက် ဆင်ကျောက် ကုန်း၌စီးလေ၏၊ အလွန်သပ္ပါယ်သော အဆင်းရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါ့အား နှစ်သက်ခြင်းဖြစ်လေ၏။

၆၄၇။ ‘‘ဩရုယှ ဟတ္ထိခန္ဓမှာ, ဥပဂစ္ဆိံ နရာသဘံ၊

ရတနာမယဆတ္တံ မေ, ဗုဒ္ဓသေဋ္ဌဿ ဓာရယိံ။

၆၄၇။ ငါသည် ဆင်ကျောက်ကုန်းမှ သက်ဆင်း၍ မြတ်စွာဘုရား (အထံ) သို့ ချဥ်းကပ်ပြီး လျှင်ရတနာဖြင့် ပြီးသော ငါ၏ ထီးဖြူကို ဘုရားမြတ်အား ဆောင်းလှူပူဇော်၏။

၆၄၈။ ‘‘မမ သင်္ကပ္ပမညာယ, ပဒုမုတ္တရော မဟာဣသိ၊

တံ ကထံ ဌပယိတွာန, ဣမာ ဂါထာ အဘာသထ။

၆၄၈။ ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အကြံအစည်ကို သိတော်မူ၍ (ထိုဟောမြဲတိုင်း သော) တရားတော်ကို ရပ်တန့်တော်မူလျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏ -

၆၄၉။ ‘‘‘ယော သော ဆတ္တမဓာရေသိ, သောဏ္ဏာလင်္ကာရဘူသိတံ၊

တမဟံ ကိတ္တယိဿာမိ, သုဏောထ မမ ဘာသတော။

၆၄၉။ အကြင်မင်းသားသည် ရွှေတို့ဖြင့် တန်ဆာဆင်အပ်သော ထီးဖြူကို ဆောင်းလှူပူ ဇော်၏၊ ထိုမင်းသားကို ငါသည် (ဗျာဒိတ်) စကား မြွက်ကြားပေအံ့၊ ငါ မြွက်ကြားမည့် စကား ကိုနာကြကုန်လော့ -

၆၅၀။ ‘‘‘ဣတော ဂန္တွာ အယံ ပေါသော, တုသိတံ အာဝသိဿတိ၊

အနုဘောဿတိ သမ္ပတ္တိံ, အစ္ဆရာဟိ ပုရက္ခတော။

၆၅၀။ ဤမင်းသားသည် ဤဘဝမှ (ဘဝတစ်ပါး) ပြောင်းသွားခဲ့သော် တုသိတာနတ်ပြည် ၌စိုးအုပ်နေရလတ္တံ့၊ နတ်သမီးတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၆၅၁။ ‘‘‘စတုတ္တိံသတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ ကရိဿတိ၊

ဗလာဓိပေါ အဋ္ဌသတံ, ဝသုဓံ အာဝသိဿတိ။

၆၅၁။ သုံးဆယ့်လေးကြိမ်တိုင်အောင် နတ်စည်းစိမ်ကို ခံစားရလတ္တံ့၊ (နတ်မင်းအဖြစ်ကို ပြုလတ္တံ့)၊ အကြိမ်ရှစ်ရာတိုင်တိုင် ဗိုလ်ပါတို့ကို အစိုးရသော ဧကရာဇ်မင်းဖြစ်၍ မြေအပြင်ကို စိုးအုပ်ရလတ္တံ့။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection