အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၃၆၈။ ‘‘‘ယာဝတာ ဂဏိနော လောကေ, သတ္ထဝါဟာ ပဝုစ္စရေ၊
တုဝံ အဂ္ဂေါသိ သဗ္ဗညု, တဝ အန္တောဂဓာဝ တေ။
၃၆၈။ လောက၌ အကြင်မျှလောက် ဂိုဏ်းဆရာတို့ကို “လှည်းမှူးသဖွယ် ဖြစ်၏”ဟူ၍ ဆိုအပ်ပါကုန်၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် (ဂိုဏ်းဆရာတို့တွင်) အမြတ်ဆုံး ဖြစ် တော်မူပါပေ၏၊ ထိုဂိုဏ်းဆရာတို့သည်ကား အရှင်ဘုရား၏ ဉာဏ်တော်အတွင်း၌ ဝင်ကြရပါ ကုန်၏။
၃၆၉။ ‘‘‘တဝ ဉာဏေန သဗ္ဗညု, တာရေသိ ဇနတံ ဗဟုံ၊
တဝ ဒဿနမာဂမ္မ, ဒုက္ခဿန္တံ ကရိဿရေ။
၃၆၉။ သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် များစွာသော လူအပေါင်းကို ကယ်တင်တော်မူပါပေ၏၊ (သတ္တဝါအားလုံးတို့သည် ) အရှင်ဘုရားအား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ ဒုက္ခ၏ အဆုံးကို ပြုကြရပါကုန်လတ္တံ့။
၃၇၀။ ‘‘‘ယေ ကေစိမေ ဂန္ဓဇာတာ, လောကေ ဝါယန္တိ စက္ခုမ၊
တဝ ဂန္ဓသမော နတ္ထိ, ပုညက္ခေတ္တေ မဟာမုနေ’။
၃၇၀။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား လောက၌ ဤနံ့သာမျိုး အားလုံးတို့သည် ကြိုင်လှိုင်လျက် ရှိပါကုန်၏၊ ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် သော မြတ်စွာဘုရား အရှင်ဘုရား၏ အနံ့နှင့် တူသော ရနံ့သည် မရှိပါ။
၃၇၁။ ‘‘‘တိရစ္ဆာနယောနိံ နိရယံ, ပရိမောစေသိ [ပရိမောစေဟိ (သျာ။ က။)] စက္ခုမ၊
အသင်္ခတံ ပဒံ သန္တံ, ဒေသေသိ [ဒေသေဟိ (သျာ။ က။)] တွံ မဟာမုနေ’။
၃၇၁။ စက္ခ္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် တိရစ္ဆာန်ဘဝကိုလည်း ကောင်း၊ ငရဲကိုလည်းကောင်း လွတ်စေတော်မူပါလော့။ မြတ်စွာဘုရား အရှင်ဘုရားသည် ငြိမ်သက်သော အကြောင်းတရားတို့ ပြုပြင်ခြင်းကင်းသော နိဗ္ဗာန်ကို ဟောကြားတော်မူပါ (ဟု လျှောက်၏)။
၃၇၂။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၃၇၂။ ပေးလှူဖွယ်ပစ္စည်းတို့ကို အလှူခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။
၃၇၃။ ‘‘‘ယော မေ ဉာဏံ အပူဇေသိ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၃၇၃။ အကြင်သူသည် ငါဘုရား၏ ဉာဏ်တော်ကို ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ပူဇော်၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကား ကို နာယူကြကုန်လော့။
၃၇၄။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ’။
၃၇၄။ ဤသူသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့ (ဟု ဟောတော်မူ၏)။
၃၇၅။ ‘‘သုလဒ္ဓလာဘံ လဒ္ဓေါမှိ, တောသယိတွာန သုဗ္ဗတံ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၃၇၅။ ငါသည် လာဘ်ကောင်း, လာဘ်မြတ်ကို ရသူ ဖြစ်ပေ၏၊ ကောင်းသော အကျင့် ရှိသော မြတ်စွာဘုရားကို အားရနှစ်သက်စေ၍ အာသဝတရားအားလုံးတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ နေရပေ၏။
၃၇၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၃၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၇၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၇၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၃၇၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥဒေနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥဒေနတ္ထေရဿာပဒါနံ ဒသမံ။
မေတ္တေယျဝဂ္ဂေါ ဧကစတ္တာလီသမော။
တဿုဒ္ဒါနံ –
မေတ္တေယျော ပုဏ္ဏကော ထေရော, မေတ္တဂူ ဓောတကောပိ စ၊
ဥပသိဝေါ စ နန္ဒော စ, ဟေမကော သတ္တမော တဟိံ။
တောဒေယျော ဇတုကဏ္ဏီ စ, ဥဒေနော စ မဟာယသော၊
တီဏိ ဂါထာသတာနေတ္ထ, အသီတိ တီဏိ စုတ္တရိံ။
၃၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒေနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဥဒေနတ္ထေရအပဒါန ပြီး၏။ လေးဆယ့်တစ်ခုမြောက် မေတ္တေယျဝဂ် ပြီး၏။
၄၂။ ဘဒ္ဒါလိဝဂ္ဂေါ
၁။ ဘဒ္ဒါလိတ္ထေရအပဒါနံ
၁။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, အဂ္ဂေါ ကာရုဏိကော မုနိ၊
ဝိဝေကကာမော လောကဂ္ဂေါ, ဟိမဝန္တမုပါဂမိ။
၄၂-ဘဒ္ဒါလိဝဂ် ၁-ဘဒ္ဒါလိတ္ထေရအပဒါန ၁။ မြင့်မြတ်တော်မူသည်ဖြစ်၍ မဟာကရုဏာရှိတော်မူသော လောကတွင် အမြတ်ဆုံး ဖြစ်၍ ရဟန်းမြတ် ဖြစ်တော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည်ဖြစ်၍ ဟိမဝန္တာသို့ ကြွတော်မူ၏။
၂။ ‘‘အဇ္ဈောဂါဟေတွာ ဟိမဝံ, သုမေဓော လောကနာယကော၊
ပလ္လင်္ကံ အာဘုဇိတွာန, နိသီဒိ ပုရိသုတ္တမော။
၂။ ယောကျာ်းမြတ်ဖြစ်တော်မူသော လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် ဟိမဝန္တာသို့ ဝင်ရောက်တော်မူပြီးလျှင် တင်ပလ္လင်ဖွဲ့ခွေ နေထိုင်တော်မူ၏။
၃။ ‘‘သမာဓိံ သော သမာပန္နော, သုမေဓော လောကနာယကော၊
သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, နိသီဒိ ပုရိသုတ္တမော။
၃။ ယောကျာ်းမြတ်ဖြစ်တော်မူသော လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် သမာပတ် ဝင်စားလျက် ခုနစ်နေ့, ခုနစ်ညဥ့်တို့ပတ်လုံး ထိုင်နေတော်မူ၏။
၄။ ‘‘ခါရိဘာရံ [ခါရိကာဇံ (သီ။)] ဂဟေတွာန, ဝနမဇ္ဈောဂဟိံ အဟံ၊
တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။
၄။ ငါသည် ရသေ့ပရိက္ခရာဝန်ကို ယူ၍ တောသို့ ဝင်ရောက်ခဲ့၏၊ ထိုလောက၌ ဩဃကို လွန်မြောက်တော်မူသော အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။
၅။ ‘‘သမ္မဇ္ဇနိံ ဂဟေတွာန, သမ္မဇ္ဇိတွာန အဿမံ၊
စတုဒဏ္ဍေ ဌပေတွာန, အကာသိံ မဏ္ဍပံ တဒါ။
၅။ ထိုအခါ တံမြက်စည်းကို ယူ၍ သင်္ခမ်းကျောင်းကို တံမြက်လှည်းပြီးလျှင် တိုင် လေးတိုင်ကို စိုက်ထူ၍ မဏ္ဍပ်ကို ဆောက်လုပ်ခဲ့၏။
၆။ ‘‘သာလပုပ္ဖံ အာဟရိတွာ, မဏ္ဍပံ ဆာဒယိံ အဟံ၊
ပသန္နစိတ္တော သုမနော, အဘိဝန္ဒိံ တထာဂတံ။
၆။ ငါသည် အင်ကြင်းပန်းကို ယူဆောင်၍ မဏ္ဍပ်ကို မိုးခဲ့၏၊ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုး၏။
၇။ ‘‘ယံ ဝဒန္တိ သုမေဓောတိ, ဘူရိပညံ သုမေဓသံ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၇။ ကောင်းသောပညာရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော အကြင်မြတ်စွာဘုရားကို သုမေဓာဟူ၍ ဆိုကြကုန်၏၊ (ထိုမြတ်စွာဘုရားသည်) ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေ တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောတော်မူ၏။
၈။ ‘‘‘ဗုဒ္ဓဿ ဂိရမညာယ, သဗ္ဗေ ဒေဝါ သမာဂမုံ၊
အသံသယံ ဗုဒ္ဓသေဋ္ဌော, ဓမ္မံ ဒေသေတိ စက္ခုမာ။
၈။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် “ဧကန်မုချ တရားဟောတော်မူ၏”ဟု မြတ်စွာဘုရား၏ စကား (အသံ) တော်ကို သိသဖြင့် နတ်အားလုံးတို့ စုဝေးကြကုန်၏။
၉။ ‘‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဒေဝသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၉။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော သုမေဓာမြတ်စွာဘုရားသည် နတ် အပေါင်း (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။
၁၀။ ‘‘‘ယော မေ သတ္တာဟံ မဏ္ဍပံ, ဓာရယီ သာလဆာဒိတံ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၁၀။ အကြင်သူသည် အင်ကြင်းပန်းဖြင့် မိုးအပ်သော မဏ္ဍပ်ကို ငါ့အား ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပေ၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့ -
၁၁။ ‘‘‘ဒေဝဘူတော မနုဿော ဝါ, ဟေမဝဏ္ဏော ဘဝိဿတိ၊
ပဟူတဘောဂေါ ဟုတွာန, ကာမဘောဂီ ဘဝိဿတိ။
၁၁။ (ဤသူသည်) နတ်ြ ဖစ် သော်လည်း ကောင်း၊ လူြ ဖစ် သော်လည်း ကောင်း ရွှေအဆင်း ရှိသူ ဖြစ် လတ္တံ့၊ စည်းစိမ်ဥစ္စာများသူ ဖြစ်၍ ကာမဂုဏ်ကို ခံစားရသူ ဖြစ်လတ္တံ့။
၁၂။ ‘‘‘သဋ္ဌိ နာဂသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊
သုဝဏ္ဏကစ္ဆာ မာတင်္ဂါ, ဟေမကပ္ပနဝါသသာ။
၁၂-၁၃။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ခါးကြိုးရှိကုန်သော ၊ ရွှေတန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ၊ မှိန်းနှင့် ချွန်းကို လက်စွဲသော ဆင်စီးသူရဲတို့ တက်စီးအပ်ကုန်သော မာတင်္ဂဆင်ပေါင်း ခြောက်သောင်းတို့သည် ညဥ့်ရောနေ့ပါ ခစားခြင်းငှါ ဤသူ့ထံသို့ လာရောက်ကုန်လတ္တံ့၊ ဤသူသည် ထိုဆင်တို့ဖြင့် ခြံရံလျက် မွေ့လျော်ရလတ္တံ့။
၁၃။ ‘‘‘အာရူဠှာ ဂါမဏီယေဟိ, တောမရင်္ကုသပါဏိဘိ၊
သာယံ ပါတော [သာယပါတော (ပီ။)] ဥပဋ္ဌာနံ, အာဂမိဿန္တိမံ နရံ၊
တေဟိ နာဂေဟိ ပရိဝုတော, ရမိဿတိ အယံ နရော။
၁၄။ ‘‘‘သဋ္ဌိ အဿသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊
အာဇာနီယာဝ ဇာတိယာ, သိန္ဓဝါ သီဃဝါဟိနော။
၁၄-၁၅။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ အမျိုးအားဖြင့် အာဇာနည် မျိုးဖြစ်ကုန်သော ၊ လျင်မြန်စွာ ဝန်ကို ဆောင်တတ်ကုန်သော ၊ သက်တင်ရေးနှင့် တူသော လေးကိို ဆောင်ကုန်သော မြင်းစီးသူရဲတို့သည် တက်စီးအပ်ကုန်သော သိန္ဓောမြင်းပေါင်း ခြောက်သောင်းတို့သည် ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၅။ ‘‘‘အာရူဠှာ ဂါမဏီယေဟိ, ဣလ္လိယာစာပဓာရိဘိ၊
ပရိဝါရေဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၆။ ‘‘‘သဋ္ဌိ ရထသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊
ဒီပါ အထောပိ ဝေယဂ္ဃါ, သန္နဒ္ဓါ ဥဿိတဒ္ဓဇာ။
၁၆-၁၇။ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ ကျားသစ်ရေ, ကျားရေတို့ဖြင့် ကျက်အပ်ကုန်သော ၊ မြဲမြံစွာ ဖွဲ့ချည်အပ်ကုန်သော ၊ စိုက်ထူထားသော အလံ ရှိကုန်သော ၊ လေးကို့လက်စွဲကုန်သော ၊ ချပ်မိန်ညိုဝတ်ဆင်သည့် ရထားစီးသူရဲတို့သည် တက် စီးအပ်ကုန်သော ရထားခြောက်သောင်းတို့သည် ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရ ခြင်းသည် ဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၇။ ‘‘‘အာရူဠှာ ဂါမဏီယေဟိ, စာပဟတ္ထေဟိ ဝမ္မိဘိ၊
ပရိဝါရေဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၈။ ‘‘‘သဋ္ဌိ ဂါမသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
ပဟူတဓနဓညာနိ, သုသမိဒ္ဓါနိ သဗ္ဗသော၊
သဒါ ပါတုဘဝိဿန္တိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၈။ အကြွင်းမဲ့ ပြည့်စုုံကုန်သော ခြောက်သောင်းသော ရွာတို့သည်လည်းကောင်း၊ များ သော ဥစ္စာစပါးရှိကုန်သော, အလုံးစုံ အလွန်ကြွယ်ဝကုန်သော ရွာပေါင်း ခြောက်သောင်းတို့သည်လည်းကောင်း အခါခပ်သိမ်း ထင်ရှားဖြစ်ပေါ်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရား ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၉။ ‘‘‘ဟတ္ထီ အဿာ ရထာ ပတ္တီ, သေနာ စ စတုရင်္ဂိနီ၊
ပရိဝါရေဿန္တိမံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၉။ ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ဟူသော အင်္ဂါလေးပါးရှိသော စစ်တပ် တို့သည် ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၀။ ‘‘‘အဋ္ဌာရသေ ကပ္ပသတေ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
၂၀။ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်လတ္တံ့။
၂၁။ ‘‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ ကရိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၂၁။ အကြိမ်သုံးရာတို့တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ် မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၂၂။ ‘‘‘တိံသကပ္ပသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၂။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၃။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရိဿတိနာသဝေါ’။
၂၃။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်၍ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ နေရ လတ္တံ့ (ဟု ဟောတော်မူ၏)။
၂၄။ ‘‘တိံသကပ္ပသဟဿမှိ, အဒ္ဒသံ လောကနာယကံ၊
ဧတ္ထန္တရမုပါဒါယ, ဂဝေသိံ အမတံ ပဒံ။
၂၄။ ငါသည် ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ၏၊ ဤအခါမှစ၍ အမြိုက်နိဗ္ဗာန်ကို ရှာမှီးခဲ့၏။
၂၅။ ‘‘လာဘာ မယှံ သုလဒ္ဓံ မေ, ယမဟညာသိ သာသနံ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၅။ ငါသည် သာသနာကို အကြင့်ကြောင့် သိ၏၊ ထိုသို့သိရခြင်းသည် ငါ့အား အရတော်ပေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၆။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊
တဝ ဉာဏံ ပကိတ္တေတွာ, ပတ္တောမှိ အစလံ ပဒံ။
၂၆။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား၏ ဉာဏ်တော်ကို ချီးကျူးခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။
၂၇။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
သဗ္ဗတ္ထ သုခိတော ဟောမိ, ဖလံ မေ ဉာဏကိတ္တနေ။
၂၇။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှ အားလုံးတို့၌ ချမ်းသာသူ ဖြစ်ရပေ၏၊ (ဤအကျိုးသည်) ဉာဏ်တော်ကို ချီးကျူးခြင်းကြောင့် ဖြစ်သော ငါ၏ အကျိုးပေတည်း။
၂၈။ ‘‘ဣဒံ ပစ္ဆိမကံ မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၂၈။ ဤဘဝသည် နောက်ဆုံးပေတည်း၊ ငါ့အား နောက်ဆုံးဘဝသည် ဖြစ်ပေ၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရပေ၏။
၂၉။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၂၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရပေ၏။
၃၀။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၃၀။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။
၃၁။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဘဒ္ဒါလိတ္ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဘဒ္ဒါလိတ္ထေရဿာပဒါနံ ပဌမံ။
၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘဒ္ဒါလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဘဒ္ဒါလိတ္ထေရအပဒါန ပြီး၏။
၂။ ဧကဆတ္တိယတ္ထေရအပဒါနံ
၃၂။ ‘‘စန္ဒဘာဂါနဒီတီရေ, အဿမော သုကတော မမ၊
သုသုဒ္ဓပုလိနာကိဏ္ဏော, ပန္နသာလာ သုမာပိတာ။
၂-ဧကဆတ္တိယတ္ထ္ထေရအပဒါန ၃၂။ စန္ဒဘာဂါမြစ်ကမ်း၌ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်၏၊ (ထို ကျောင်း၌) အလွန်စင်ကြယ်သော သဲဖြင့် ပြွမ်း၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ပြုလုပ် ဖန်ဆင်းအပ်၏။
၃၃။ ‘‘ဥတ္တာနကူလာ နဒိကာ, သုပတိတ္ထာ မနောရမာ၊
မစ္ဆကစ္ဆပသမ္ပန္နာ [… သဉ္ဆန္နာ (က။)], သုသုမာရနိသေဝိတာ။
၃၃။ မြစ်ငယ်သည် တိမ်သော ကမ်းရှိ၏၊ ကောင်းသော ဆိပ်ကမ်းရှိသည် ဖြစ်၍ စိတ်နှလုံးကို မွေ့လျော်စေနိုင်ပေ၏၊ ငါး, လိပ်တို့နှင့် ပြည့်စုံ၏၊ မိကျောင်းတို့ မှီဝဲနေထိုင်ရာ ဖြစ်ပေ၏။
၃၄။ ‘‘အစ္ဆာ ဒီပီ စ မယူရာ, ကရဝီကာ စ သာဠိကာ၊
ကူဇန္တိ သဗ္ဗဒါ ဧတေ, သောဘယန္တာ မမဿမံ။
၃၄။ ဝံ, ကျားသစ်, ဥဒေါင်း, ကရဝိက်, သာလိကာတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် အခါခပ်သိမ်း တွန်မြူးကြကုန်၏။
၃၅။ ‘‘ကောကိလာ မဉ္ဇုဘာဏီ စ, ဟံသာ စ မဓုရဿရာ၊
အဘိကူဇန္တိ တေ တတ္ထ, သောဘယန္တာ မမဿမံ။
၃၅။ သာယာစွာ တွန်မြည်လေ့ရှိသော ဥဩတို့သည်လည်းကောင်း၊ ချိုမြိန်သော အသံရှိ ကုန်သော ဟင်္သာတို့သည်လည်းကောင်း ထိုသတ္တဝါတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့် တယ်စေကုန်လျက် ထိုအရပ်၌ အလွန် တွန်မြူးကြကုန်၏။
၃၆။ ‘‘သီဟာ ဗျဂ္ဃါ ဝရာဟာ စ, အစ္ဆ [ဝက (သီ။ ပီ။), ဗကာ (သျာ။), ဝကာ (က။)] ကောကတရစ္ဆကာ၊
ဂိရိဒုဂ္ဂမှိ နာဒေန္တိ, သောဘယန္တာ မမဿမံ။
၃၆။ ခြင်္သေ့, ကျား, ဝက်, ဝက်ဝံ, ဝံပုလွေ, အောင်းတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် တောင်ချောက်၌ မြည်ကြကုန်၏။
၃၇။ ‘‘ဧဏီမိဂါ စ သရဘာ, ဘေရဏ္ဍာ သူကရာ ဗဟူ၊
ဂိရိဒုဂ္ဂမှိ နာဒေန္တိ, သောဘယန္တာ မမဿမံ။
၃၇။ ဧဏီမည်သော သားကောင်တို့သည်လည်းကောင်း၊ သမင်ဆီးဆောက်တို့သည်လည်း ကောင်း၊ မြေခွေးတို့သည်လည်းကောင်း၊ ဝက်တို့သည်လည်းကောင်း များပြားသော သတ္တဝါ တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် တောင်ချောက်၌ မြည်ကြကုန်၏။
၃၈။ ‘‘ဥဒ္ဒါလကာ စမ္ပကာ စ, ပါဋလီ သိန္ဒုဝါရကာ၊
အတိမုတ္တာ အသောကာ စ, သောဘယန္တိ မမဿမံ [ပုပ္ဖန္တိ မမ အဿမေ (သီ။ ပီ။)]။
၃၈။ ငုစပ်ပင်, စံကားပင်, သခွတ်ပင်, ရေဥနှဲပင်, စစ်ကြီးပင်, သော်ကပင်တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၃၉။ ‘‘အင်္ကောလာ ယူထိကာ စေဝ, သတ္တလီ ဗိမ္ဗိဇာလိကာ၊
ကဏိကာရာ စ ပုပ္ဖန္တိ, သောဘယန္တာ မမဿမံ [ကဏိကာကဏိကာရာ စ, ပုပ္ဖန္တိ မမ အဿမေ (သီ။ သျာ။ ပီ။)]။
၃၉။ မှန်ကူပင်, စံပယ်ကြီးပင်, မိုးစွေပင်, လိပ်ဆူးရွှေပင်, မဟာလှေကားပင်တို့သည်လည်း ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ပွင့်ကြကုန်၏။
၄၀။ ‘‘နာဂါ သာလာ စ သဠလာ, ပုဏ္ဍရီကေတ္ထ ပုပ္ဖိတာ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၄၀။ ဤအရပ်၌ ကံ့ကော်ပင်, အင်ကြင်းပင်, ထင်းရှူးပင်, ကြာပုဏ္ဍရိက်ပင်တို့သည် ပွင့်ကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့် တယ်စေကုန်၏။
၄၁။ ‘‘အဇ္ဇုနာ အသနာ စေတ္ထ, မဟာနာမာ စ ပုပ္ဖိတာ၊
သာလာ စ ကင်္ဂုပုပ္ဖါ စ, သောဘယန္တိ မမဿမံ။
၄၁။ ဤအရပ်၌ ဖောက်ကြံ့ (ထောက်ကြံ့) ပင်, ပိတောက်ပင်, ရှားစောင်းပင်တို့သည်လည်း ကောင်း၊ သာလ (အင်ကြင်း) ပင်, ဥပါသကာပင်တို့သည်လည်းကောင်း ပွင့်ကုန်သည်ရှိသော် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၄၂။ ‘‘အမ္ဗာ ဇမ္ဗူ စ တိလကာ, နိမ္ဗာ စ သာလကလျာဏီ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၄၂။ သရက်ပင်, သပြေပင်တို့သည်လည်းကောင်း၊ ပြည့်စင်ပင်, တမာပင်တို့သည်လည်း ကောင်း၊ ကြောင်လျှာပင်တို့သည်လည်းကောင်း နတ်ရနံ့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၄၃။ ‘‘အသောကာ စ ကပိဋ္ဌာ စ, ဂိရိမာလေတ္ထ [ဘဂိနိမာလေတ္ထ (သီ။ ပီ။), ဘဂိနိမာလာ စ (သျာ။)] ပုပ္ဖိတာ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၄၃။ ဤအရပ်၌ သော်ကပင်, သီးပင်တို့သည်လည်းကောင်း၊ တောင်၌ ပေါက်သော ပန်းပင်တို့သည်လည်းကောင်း ပွင့်ကုန်သည်ရှိသော် နတ်ရနံ့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၄၄။ ‘‘ကဒမ္ဗာ ကဒလီ စေဝ, ဣသိမုဂ္ဂါ စ ရောပိတာ၊
ဓုဝံ ဖလာနိ ဓာရေန္တိ, သောဘယန္တာ မမဿမံ။
၄၄။ ထိမ်ပင်, ငှက်ပျောပင်တို့သည်လည်းကောင်း၊ စိုက်ပျိုးအပ်ကုန်သော ရသေ့စားပဲပင် တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် အမြဲမပြတ် အသီး သီးလျက် ရှိကုန်၏။
၄၅။ ‘‘ဟရီတကာ အာမလကာ, အမ္ဗဇမ္ဗုဝိဘီတကာ၊
ကောလာ ဘလ္လာတကာ ဗိလ္လာ, ဖလိနော မမ အဿမေ။
၄၅။ သဖန်ခါးပင်, သျှိသျှားပင်တို့သည်လည်းကောင်း၊ သရက်ပင်, သပြေပင်, သစ်ဆိမ့် ပင်တို့သည်လည်းကောင်း၊ ဆီးပင်တို့သည်လည်းကောင်း၊ ချေးပင်တို့သည်လည်းကောင်း၊ ဥသျှစ်ပင်တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းအနီး၌ အသီးသီးလျက် ရှိကုန်၏။
၄၆။ ‘‘အဝိဒူရေ ပေါက္ခရဏီ, သုပတိတ္ထာ မနောရမာ၊
မန္ဒာလကေဟိ သဉ္ဆန္နာ, ပဒုမုပ္ပလကေဟိ စ။
၄၆။ ထိုသင်္ခမ်းကျောင်း၏ အနီး၌ လေးထောင့်ကန်သည် ကောင်းသော ရေဆိပ်ရှိသည် ဖြစ်၍စိတ်နှလုံးကို မွေ့လျော်စေနိုင်၏။ မျောက်လှေကူးတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်လည်းကောင်း ဖုံးလွှမ်းလျက် ရှိ၏။
၄၇။ ‘‘ဂဗ္ဘံ ဂဏှန္တိ ပဒုမာ, အညေ ပုပ္ဖန္တိ ကေသရီ၊
ဩပတ္တကဏ္ဏိကာ စေဝ, ပုပ္ဖန္တိ မမ အဿမေ။
၄၇။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အချို့သော ပဒုမ္မာကြာတို့သည် ဖူးငုံလျက် ရှိကုန်၏၊ အချို့သော ကြာတို့သည် ဝတ်ဆံစွွင့်စွင့် ပွင့်လျက် ရှိကုန်၏၊ အချို့သောကြာတို့သည် အရွက် ကြွေကျ ကြာခွက်မျှ ရှိကုန်လျက် ပွင့်ကြကုန်၏။
၄၈။ ‘‘ပါဌီနာ ပါဝုသာ မစ္ဆာ, ဗလဇာ မုဉ္ဇရောဟိတာ၊
အစ္ဆောဒကမှိ ဝိစရံ, သောဘယန္တိ မမဿမံ။
၄၈။ ငါးဖယ်တို့သည်လည်းကောင်း၊ ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်းတို့သည်လည်းကောင်း ကြည်လင်သော ရေ၌ လှည့်လည်ကုန်လျက် ငါ၏ သင်္ခမ်း ကျောင်းကို တင့်တယ်စေကုန်၏။
၄၉။ ‘‘နယိတာ အမ္ဗဂန္ဓီ စ, အနုကူလေ စ ကေတကာ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၄၉။ နယိတပင်, သရက်နံ့ရှိသော ပန်းပင်တို့သည်လည်းကောင်း၊ ကမ်းနား၌ ပေါက် ရောက်ကုန်သော ဆပ်သွားပင်တို့သည်လည်းကောင်း နတ်ရနံ့ကိုု ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၅၀။ ‘‘မဓု ဘိသမှာ သဝတိ, ခီရသပ္ပိ မုဠာလိဘိ၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တာ, သောဘယန္တိ မမဿမံ။
၅၀။ ပျားရည်သည် ကြာစွယ်မှ ယိုစီးလျက် ရှိ၏၊ ကြာရင်းတို့မှ နို့ထောပတ်နှင့် တူ သော အရည်သည် ယိုစီးလျက် ရှိ၏၊ နတ်ရနံ့တို့ ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၅၁။ ‘‘ပုလိနာ သောဘနာ တတ္ထ, အာကိဏ္ဏာ ဇလသေဝိတာ၊
ဩပုပ္ဖါ ပုပ္ဖိတာ သေန္တိ, သောဘယန္တာ မမဿမံ။
၅၁။ ထိုသင်္ခမ်းကျောင်း (အနီး) ၌ တင့်တယ်လှပသော သဲတို့သည် ရောပြွမ်းလျက် ရှိ ကုန်၏၊ ရေကို မှီသော ပန်းပင်ငယ်တို့သည် ပွင့်ကုန်သည်ရှိသော် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ဖြစ်ထွန်းကုန်၏။
၅၂။ ‘‘ဇဋာဘာရေန ဘရိတာ, အဇိနုတ္တရဝါသနာ၊
ဝါကစီရဓရာ သဗ္ဗေ, သောဘယန္တိ မမဿမံ။
၅၂။ ရသေ့ပရိက္ခရာဝန်တို့ဖြင့် ပြည့်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်ကုန်သော လျှော်တေသင်္ကန်းကို ဆောင်ကုန်သော ရသေ့အားလုံးတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၅၃။ ‘‘ယုဂမတ္တမပေက္ခန္တာ, နိပကာ သန္တဝုတ္တိနော၊
ကာမဘောဂေ အနပေက္ခာ, ဝသန္တိ မမ အဿမေ။
၅၃။ ထမ်းပိုးတစ်ပြန်မျှသာ ကြည့်ရှုကုန်သော ရင့်ကျက်သော ပညာရှိကုန်သော ငြိမ် သက်သော ဖြစ်ခြင်းရှိကုန်သော ရသေ့တို့သည် ကာမစည်းစိမ်ကို ငဲ့ကွက်ခြင်း မရှိဘဲ ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။
၅၄။ ‘‘ပရူဠှကစ္ဆနခလောမာ, ပင်္ကဒန္တာ ရဇဿိရာ၊
ရဇောဇလ္လဓရာ သဗ္ဗေ, ဝသန္တိ မမ အဿမေ။
၅၄။ ပေါက်ရောက်သော လက်ကတီးမွေး (ချိုင်းမွေး) ရှိကုန်သော ၊ ရှည်သော လက်သည်း, ခြေသည်း, မုတ်ဆိတ်, ကြင်စွယ်မွေးရှိကုန်သော ၊ သွားချေးကပ်သော သွားရှိကုန်သော ၊ ဦးခေါင်း၌ မြူရှိကုန်သော ၊ အညစ်အကြေးကို ဆောင်ကုန်သော ရသေ့အားလုံးတို့သည် ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။
၅၅။ ‘‘အဘိညာပါရမိပ္ပတ္တာ, အန္တလိက္ခစရာ စ တေ၊
ဥဂ္ဂစ္ဆန္တာ နဘံ ဧတေ, သောဘယန္တိ မမဿမံ။
၅၅။ ထိုရသေ့တို့သည် အဘိညာဥ်၌ အထွတ်အထိပ်သို့ ရောက်ကုန်၏၊ ကောင်းကင်၌ လှည့်လည်သွားလာကုန်၏၊ ထိုရသေ့တို့သည် ကောင်းကင်သို့ ပျံတက်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။
၅၆။ ‘‘တေဟိ သိဿေဟိ ပရိဝုတော, ဝသာမိ ဝိပိနေ တဒါ၊
ရတ္တိန္ဒိဝံ န ဇာနာမိ, သဒါ ဈာနသမပ္ပိတော။
၅၆။ ထိုအခါ၌ (ငါသည် ) ထိုတပည့်တို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ တော၌ နေ၏၊ အခါခပ်သိမ်း ဈာန်ဝင်စားခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ နေ့, ညဥ့်ကို မသိချေ။
၅၇။ ‘‘ဘဂဝါ တမှိ သမယေ, အတ္ထဒဿီ မဟာမုနိ၊
တမန္ဓကာရံ နာသေန္တော, ဥပ္ပဇ္ဇိ လောကနာယကော။
၅၇။ ထိုအခါ၌ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော လောက၏ ရှေ့သွား အတ္ထဒဿီမြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးလျက် ပွင့် တော်မူ၏။
၅၈။ ‘‘အထ အညတရော သိဿော, အာဂစ္ဆိ မမ သန္တိကံ၊
မန္တေ အဇ္ဈေတုကာမော သော, ဆဠင်္ဂံ နာမ လက္ခဏံ။
၅၈။ ထိုအခါ၌ တပည့်တစ်ဦးသည် ဗေဒင်သုံးပုံတွင် ဆဠင်္ဂမည်သော လက္ခဏာကျမ်းကို သင်လိုသည် ဖြစ်၍ သာလျှင် ငါ၏ အထံသို့ ရောက်လာ၏။
၅၉။ ‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, အတ္ထဒဿီ မဟာမုနိ၊
စတုသစ္စံ ပကာသေန္တော, ဒေသေတိ အမတံ ပဒံ။
၅၉။ သစ္စာလေးပါးကို သိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလျက် ရှိ၏၊ သစ္စာလေးပါးကို ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူပေ၏ (ဟု ငါ့အား ပြောဆို၏)။
၆၀။ ‘‘တုဋ္ဌဟဋ္ဌော ပမုဒိတော, ဓမ္မန္တရဂတာသယော၊
အဿမာ အဘိနိက္ခမ္မ, ဣဒံ ဝစနမဗြဝိံ။
၆၀။ ငါသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည် ဖြစ်၍ ထူးခြားသော တရားအပေါင်းကို အလိုရှိသည် ဖြစ်၍ သင်္ခမ်းကျောင်းမှ ထွက်ပြီးလျှင် ဤစကားကို ပြောဆို၏။
၆၁။ ‘‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ဒွတ္တိံသဝရလက္ခဏော၊
ဧထ သဗ္ဗေ ဂမိဿာမ, သမ္မာသမ္ဗုဒ္ဓသန္တိကံ’။
၆၁။ လောက၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံတော်မူ သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ လာကြကုန်လော့၊ ငါတို့အားလုံးတို့သည် မြတ်စွာဘုရား အထံတော်သို့ သွားကြကုန်အံ့။
၆၂။ ‘‘ဩဝါဒပဋိကရာ တေ, သဓမ္မေ ပါရမိံ ဂတာ၊
သာဓူတိ သမ္ပဋိစ္ဆိံသု, ဥတ္တမတ္ထဂဝေသကာ။
၆၂။ ဆုံးမခြင်းကို လိုက်နာကုန်သော သူတော်ကောင်းတရား၌ အထွတ်အထိပ်သို့ ရောက် ကုန်သော မြတ်သော အကျိုးကို ရှာမှီးကုန်သော ထိုတပည့်တို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ ကြကုန်၏။
၆၃။ ‘‘ဇဋာဘာရဘရိတာ တေ [ဇဋာဘာရေန ဘရိတာ (က။)], အဇိနုတ္တရဝါသနာ၊
ဥတ္တမတ္ထံ ဂဝေသန္တာ, နိက္ခမိံသု ဝနာ တဒါ။
၆၃။ ထိုအခါ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်ကုန်သော ထိုတပည့် (ရသေ့) တို့သည် မြတ်သော အကျိုးကို ရှာမှီးလိုကုန်သည်ဖြစ်၍ တောမှ ထွက်ကြ ကုန်၏။
၆၄။ ‘‘ဘဂဝါ တမှိ သမယေ, အတ္ထဒဿီ မဟာယသော၊
စတုသစ္စံ ပကာသေန္တော, ဒေသေတိ အမတံ ပဒံ။
၆၄။ ထိုအခါ၌ အခြံအရံ များပြားတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် သစ္စာ လေးပါးကို ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူ၏။
၆၅။ ‘‘သေတစ္ဆတ္တံ ဂဟေတွာန, ဗုဒ္ဓသေဋ္ဌဿ ဓာရယိံ၊
ဧကာဟံ ဓာရယိတွာန, ဗုဒ္ဓသေဋ္ဌံ အဝန္ဒဟံ။
၆၅။ ငါသည် ထီးဖြူကို ယူ၍ ဘုရားမြတ်အား ဆောင်းမိုး၏၊ ငါသည် တစ်ရက်မျှ ဆောင်းမိုးပြီးလျှင် ဘုရားမြတ်အား ရှိခိုးခဲ့၏။
၆၆။ ‘‘အတ္ထဒဿီ တု ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၆၆။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏ -
၆၇။ ‘‘‘ယော မေ ဆတ္တံ အဓာရေသိ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၆၇။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ထီးကို ဆောင်း မိုးပေ၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာကြကုန်လော့။
၆၈။ ‘‘‘ဣမဿ ဇာယမာနဿ, ဒေဝတ္တေ အထ မာနုသေ၊
ဓာရေဿတိ သဒါ ဆတ္တံ, ဆတ္တဒါနဿိဒံ ဖလံ။
၆၈။ နတ်ပြည်၌လည်းကောင်း၊ ထို့ပြင် လူ့ပြည်၌လည်းကောင်း ဖြစ်သော ဤသူအား ထီးသည် အခါခပ်သိမ်း ဆောင်းမိုးလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုး ပေတည်း။
၆၉။ ‘‘‘သတ္တသတ္တတိကပ္ပါနိ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
၆၉။ ဤသူသည် ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၇၀။ ‘‘‘သတ္တသတ္တတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ ကရိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၇၀။ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၇၁။ ‘‘‘အဋ္ဌာရသေ ကပ္ပသတေ, ဂေါတမော သကျပုင်္ဂဝေါ၊
တမန္ဓကာရံ နာသေန္တော, ဥပ္ပဇ္ဇိဿတိ စက္ခုမာ။
၇၁။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်၍ စက္ခုငါးမျိုးရှိတော်မူသော ဂေါတမမြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးလျက် ပွင့်တော်မူလတ္တံ့။
၇၂။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရိဿတိနာသဝေါ’။
၇၂။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍ အာသဝအားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ နေရလတ္တံ့ (ဟု ဟော တော်မူ၏)။
၇၃။ ‘‘ယတော အဟံ ကမ္မမကံ, ဆတ္တံ ဗုဒ္ဓဿ ဓာရယံ၊
ဧတ္ထန္တရေ န ဇာနာမိ, သေတစ္ဆတ္တံ အဓာရိတံ။
၇၃။ ငါသည် အကြင်အခါမှ (စ၍) မြတ်စွာဘုရားအား ထီးကို ဆောင်းမိုးမှုကို ပြုခဲ့၏၊ ဤအတွင်း၌ ထီးဖြူမဆောင်းဖူးသည်ကို မသိရပေ။
၇၄။ ‘‘ဣဒံ ပစ္ဆိမကံ မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
ဆတ္တဓာရဏမဇ္ဇာပိ, ဝတ္တတေ နိစ္စကာလိကံ။
၇၄။ ငါ၏ ဤဘဝသည်ကား အဆုံးစွန်သော ဘဝတည်း၊ ငါ့အား နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုအခါလည်း ထီးဆောင်းခံရခြင်းသည် အခါခပ်သိမ်း ဖြစ်၏။
၇၅။ ‘‘အဟော မေ သုကတံ ကမ္မံ, အတ္ထဒဿိဿ တာဒိနော၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၇၅။ အတ္ထဒဿီမြတ်စွာဘုရားအား ကောင်းစွာ ပြုလုပ်ခဲ့သော ငါ၏ကံသည် အံ့ဩဖွယ် ရှိပေစွ၊ အာသဝတရားအားလုံးကုန်ပြီီ၊ ယခု ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းသည် မရှိတော့ပြီ။
၇၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝတရား မရှိဘဲ နေရပေ၏။
၇၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၇၇။ စင်စစ် ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၇၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဆတ္တိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ဧကဆတ္တိယတ္ထေရဿာပဒါနံ ဒုတိယံ။
၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဆတ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကဆတ္တိယတ္ထေရအပဒါန ပြီး၏။
၃။ တိဏသူလကဆာဒနိယတ္ထေရအပဒါနံ
၇၉။ ‘‘ဇာတိံ ဇရဉ္စ မရဏံ, ပစ္စဝေက္ခိံ အဟံ တဒါ၊
ဧကကော အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ။
၃-တိဏသူလကဆာဒနိယတ္ထေရအပဒါန ၇၉။ ထိုအခါ ငါသည် ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်းကို စဥ်းစားဆင်ခြင်ခဲ့၏၊ တစ်ယောက်တည်း တောထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်၏။
၈၀။ ‘‘စရမာနောနုပုဗ္ဗေန, ဂင်္ဂါတီရံ ဥပါဂမိံ၊
တတ္ထဒ္ဒသာသိံ ပထဝိံ, ဂင်္ဂါတီရေ သမုန္နတံ။
၈၀။ ငါသည် အစဥ်အတိုင်း လှည့်လည်သည်ရှိသော် ဂင်္ဂါမြစ်ကမ်းသို့ ရောက်၏၊ ထို ဂင်္ဂါမြစ် ကမ်း၌ မြင့်မောက်လျက်ရှိသော မြေကြီးကို တွေ့မြင်ရပေ၏။
၈၁။ ‘‘အဿမံ တတ္ထ မာပေတွာ, ဝသာမိ အဿမေ အဟံ၊
သုကတော စင်္ကမော မယှံ, နာနာဒိဇဂဏာယုတော။
၈၁။ ထိုနေရာ၌ သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ ငါသည် ထိုသင်္ခမ်းကျောင်း၌ပင် နေ၏၊ ကောင်းစွာ ပြုလုပ်အပ်သော ငါ၏ စင်္ကြံသည် အမျိုးမျိုးသော ငှက်အပေါင်းတို့နှင့် စပ်ယှဥ် လျက် ရှိ၏။
၈၂။ ‘‘မမုပေန္တိ စ ဝိဿတ္ထာ, ကူဇန္တိ စ မနောဟရံ၊
ရမမာနော သဟ တေဟိ, ဝသာမိ အဿမေ အဟံ။
၈၂။ (ငှက်တို့သည် ) ကြောက်ရွံ့ခြင်း မရှိဘဲ ငါ့ထံသို့လည်း ချဥ်းကပ်ကုန်၏၊ စိတ်ကို ဆွဲဆောင်နိုင်သော အသံကိုလည်း တွန်ကျူးကြကုန်၏၊ ငါသည် သင်္ခမ်းကျောင်း၌ ထိုငှက် တို့နှင့် အတူတကွ မွေ့လျော်ပျော်ရွှင်စွာ နေ၏။
၈၃။ ‘‘မမ အဿမသာမန္တာ, မိဂရာဇာ စတုက္ကမော၊
အာသယာ အဘိနိက္ခမ္မ, ဂဇ္ဇိ သော အသနီ ဝိယ။
၈၃။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အခြေလေးချောင်းဖြင့် သွားတတ်သော ခြင်္သေ့သည် ရှိ၏၊ ထိုခြင်္သေ့သည် နေရာမှ ထွက်၍ ‘မိုးကြိုးသံကဲ့သို့’ ဟိန်းဟောက်လေ၏။
၈၄။ ‘‘နဒိတေ မိဂရာဇေ စ, ဟာသော မေ ဥဒပဇ္ဇထ၊
မိဂရာဇံ ဂဝေသန္တော, အဒ္ဒသံ လောကနာယကံ။
၈၄။ ခြင်္သေ့ဟိန်းဟောက်သည်ရှိသော် ငါ့အား ရွှင်လန်းခြင်းသည် ဖြစ်ပေါ်လာလေ၏၊ ငါသည် ခြင်္သေ့ကို ရှာဖွေသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။
၈၅။ ‘‘ဒိသွာနာဟံ ဒေဝဒေဝံ, တိဿံ လောကဂ္ဂနာယကံ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပူဇယိံ နာဂကေသရံ။
၈၅။ နတ်ထက်နတ် ဖြစ်တော်မူ၍ လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားကို ဖူးမြင်ရ၍ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ကံ့ကော် ဝတ်ဆံကို ပူဇော်ခဲ့၏။
၈၆။ ‘‘ဥဂ္ဂစ္ဆန္တံဝ သူရိယံ, သာလရာဇံဝ ပုပ္ဖိတံ၊
ဩသဓိံဝ ဝိရောစန္တံ, သန္ထဝိံ လောကနာယကံ။
၈၆။ ‘တက်လာသော နေမင်းကဲ့သို့လည်းကောင်း၊ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်း ကောင်း၊ ထွန်းတောက်တင့်တယ် သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားကို ချီးကျူးခဲ့၏။
၈၇။ ‘‘‘တဝ ဉာဏေန သဗ္ဗညု, မောစေသိမံ သဒေဝကံ၊
တဝံ အာရာဓယိတွာန, ဇာတိယာ ပရိမုစ္စရေ။
၈၇။ သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရားသည် အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် နတ်နှင့် တကွသော ဤလောကကို လွတ်မြောက်စေတော်မူပါပေ၏၊ (ထိုသူတို့သည် ) အရှင်ဘုရားအား နှစ်သက်စေကုန်၍ ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကြပါကုန်၏။
၈၈။ ‘‘‘အဒဿနေန သဗ္ဗညု, ဗုဒ္ဓါနံ သဗ္ဗဒဿိနံ၊
ပတန္တိဝီစိနိရယံ, ရာဂဒေါသေဟိ ဩဖုဋာ [ဩတ္ထဋာ (သျာ။)]။
၈၈။ သဗ္ဗညုမြတ်စွာဘုရား (ထိုသူတို့သည် ) တရားအားလုံးကို သိမြင်လေ့ရှိသော ဘုရား ရှင်တို့ကို မဖူးမြင်ရခြင်းကြောင့် ရာဂ, ဒေါသတို့ တွေ့ထိနှိပ်စက်အပ်ကုန်သည် ဖြစ်၍ အဝီစိ ငရဲသို့ ကျရောက်ပါကုန်၏။
၈၉။ ‘‘‘တဝ ဒဿနမာဂမ္မ, သဗ္ဗညု လောကနာယက၊
ပမုစ္စန္တိ ဘဝါ သဗ္ဗာ, ဖုသန္တိ အမတံ ပဒံ။
၈၉။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား (ထိုသူတို့သည် ) အရှင်ဘုရား အား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ ဘဝအားလုံးမှ လွတ်မြောက်ကြပါကုန်၏၊ နိဗ္ဗာန်သို့ ရောက်ရပါကုန်၏။
၉၀။ ‘‘‘ယဒါ ဗုဒ္ဓါ စက္ခုမန္တော, ဥပ္ပဇ္ဇန္တိ ပဘင်္ကရာ၊
ကိလေသေ ဈာပယိတွာန, အာလောကံ ဒဿယန္တိ တေ’။
၉၀။ အကြင်အခါ၌ စက္ခုငါးမျိုးရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော်မူကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်၏၊ ထိုဘုရားရှင်တို့သည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေကုန်၍ အလင်းရောင်ကို ပြတော်မူကြပါကုန်၏။
၉၁။ ‘‘ကိတ္တယိတွာန သမ္ဗုဒ္ဓံ, တိဿံ လောကဂ္ဂနာယကံ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, တိဏသူလံ အပူဇယိံ။
၉၁။ လောက၏အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားကို ချီးကျူး (လျှောက်ထား) ပြီးလျှင် နှစ်သက်ရွှင်ပျသော စိတ်ဖြင့် ကြက်ရုန်းပန်းကို ပူဇော်ခဲ့၏။
၉၂။ ‘‘မမ သင်္ကပ္ပမညာယ, တိဿော လောကဂ္ဂနာယကော၊
သကာသနေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၉၂။ တိဿမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ မိမိနေရာ၌ ထိုင်နေလျက် ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏။
၉၃။ ‘‘‘ယော မံ ပုပ္ဖေဟိ ဆာဒေသိ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၉၃။ အကြင်သူသည် ငါ့အား ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ပန်းတို့ကို ဖုံးလွှမ်း ပူဇော်၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။
၉၄။ ‘‘‘ပဉ္စဝီသတိက္ခတ္တုံ သော, ဒေဝရဇ္ဇံ ကရိဿတိ၊
ပဉ္စသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ။
၉၄။ ထိုသူသည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ခုနစ်ဆယ့်ငါး ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၉၅။ ‘‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
တဿ ကမ္မနိဿန္ဒေန [ကမ္မဿ နိဿန္ဒော (သီ။ သျာ။ ပီ။)], ပုပ္ဖါနံ ပူဇနာယ စ [သော (သျာ။ ပီ။)]။
၉၅။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။ ထိုကံ၏ အကျိုးဆက်ကြောင့်လည်းကောင်း၊ ပန်းပူဇော်မှုကြောင့်လည်းကောင်း၊
၉၆။ ‘‘‘သီသံနှာတော စယံ ပေါသော, ပုပ္ဖမာကင်္ခတေ ယဒိ [သာယံ ပါတော စယံ ပေါသော, ပုပ္ဖေဟိ မံ အဆာဒယိ (သျာ။)]၊
ပုညကမ္မေန သံယုတ္တံ [သံယုတ္တော (သီ။ သျာ။ ပီ။)], ပုရတော ပါတုဘဝိဿတိ။
၉၆။ ဤသူသည် ဦးခေါင်းလျှော် ရေချိုးပြီး၍လည်း ပန်းပန်ခြင်းကို အလိုရှိလတ်သော် ကောင်းမှုကံနှင့် ယှဥ်သော ပန်းသည် ရှေ့၌ ထင်ရှားဖြစ်ပေါ်လတ္တံ့။
၉၇။ ‘‘‘ယံ ယံ ဣစ္ဆတိ ကာမေဟိ, တံ တံ ပါတုဘဝိဿတိ၊
သင်္ကပ္ပံ ပရိပူရေတွာ, နိဗ္ဗာယိဿတိနာသဝေါ’။
အဋ္ဌာရသမံ ဘာဏဝါရံ။
၉၇။ ကာမဂုဏ်တို့ဖြင့် အကြင်အကြင်ဝတ္ထုကို အလိုရှိအံ့၊ ထိုထိုဝတ္ထုသည် (သူ့အား) ထင်ရှား ဖြစ်ပေါ်လတ္တံ့၊ (ထိုသူသည်) စိတ်အကြံကို ပြည့်စုံစေ၍ အာသဝ မရှိဘဲ ပရိနိဗ္ဗာန် ပြုရလတ္တံ့ (ဟု ဟောတော်မူ၏)။ တစ်ဆယ့်ရှစ်ခုမြောက် ဘာဏဝါရ ပြီး၏။
၉၈။ ‘‘ကိလေသေ ဈာပယိတွာန, သမ္ပဇာနော ပတိဿတော၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
၉၈။ ငါသည် ဆင်ခြင်မှု “ပညာ”, အောက်မေ့မှု “သတိ”နှင့် ပြည့်စုံလျက် တစ်ခုတည်း သော နေရာ၌ ထိုင်၍ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၉၉။ ‘‘စင်္ကမန္တော နိပဇ္ဇန္တော, နိသိန္နော ဥဒ ဝါ ဌိတော၊
ဗုဒ္ဓသေဋ္ဌံ သရိတွာန, ဝိဟရာမိ အဟံ သဒါ။
၉၉။ ငါသည် စင်္ကြံသွားသော်လည်းကောင်း၊ လျောင်းသော်လည်းကောင်း၊ ထိုင်သော်လည်း ကောင်း၊ ထို့ပြင် ရပ်သော်လည်းကောင်း ဘုရားမြတ်ကို အခါခပ်သိမ်း အောက်မေ့၍ နေထိုင်၏။
၁၀၀။ ‘‘စီဝရေ ပိဏ္ဍပါတေ စ, ပစ္စယေ သယနာသနေ၊
တတ္ထ မေ ဦနတာ နတ္ထိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၀၀။ သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း၊ ဆေးပစ္စည်း၌လည်းကောင်း၊ ကျောင်း အိပ်ရာနေရာ၌လည်းကောင်း ထိုပစ္စည်းလေးပါး၌ ငါ့အား ယုတ်လျော့ခြင်း မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၀၁။ ‘‘သော ဒါနိ ပတ္တော အမတံ, သန္တံ ပဒမနုတ္တရံ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၁၀၁။ ယခုအခါ ထိုငါသည် သေခြင်း မရှိ၍ ငြိမ်သက်သော အမြတ်ဆုံး အမြိုက်နိဗ္ဗာန်သို့ ရောက်ပေပြီ၊ အာသဝတရားအားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝ မရှိဘဲ နေရပေ၏။
၁၀၂။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၀၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၀၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၀၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၀၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၀၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဏသူလကဆာဒနိယော [တိဏသူလိကဆာဒနိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဏသူလကဆာဒနိယတ္ထေရဿာပဒါနံ တတိယံ။
၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏသူလကဆာဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် တိဏသူလကဆာဒနိယတ္ထေရအပဒါန ပြီး၏။
၄။ မဓုမံသဒါယကတ္ထေရအပဒါနံ
၁၀၆။ ‘‘နဂရေ ဗန္ဓုမတိယာ, သူကရိကော အဟောသဟံ၊
ဥက္ကောဋံ ရန္ဓယိတွာန [ဥက္ကောဋကံ ရန္ဓယိတွာ (သီ။ သျာ။)], မဓုမံသမှိ [မဓုသပ္ပိမှိ (ပီ။), မဓုံ မံသမှိ (က။)] ဩကိရိံ။
၄-မဓုမံသဒါယကတ္ထေရအပဒါန ၁၀၆။ ငါသည် ဗန္ဓုမတီမြို့၌ ဝက်သားသည် (ဝက်သတ်သမား) ဖြစ်ခဲ့၏၊ အဖျဥ်း, အဆုတ်, အသားကို ချက်၍ ကောင်းမြတ်သော အသား၌ သွန်းလောင်း၏။
၁၀၇။ ‘‘သန္နိပါတံ အဟံ ဂန္တွာ, ဧကံ ပတ္တံ ဂဟေသဟံ၊
ပူရယိတွာန တံ ပတ္တံ, ဘိက္ခုသံဃဿဒါသဟံ။
၁၀၇။ ငါသည် (သံဃာ့) အစည်းအဝေးသို့ သွား၍ သပိတ်တစ်လုံးကို ယူခဲ့၏၊ ငါသည် ထိုသပိတ်ကို ပြည့်စေ၍ ရဟန်းသံဃာအား ပေးလှူခဲ့၏။
၁၀၈။ ‘‘ယောတ္ထ ထေရတရော ဘိက္ခု, နိယျာဒေသိ မမံ တဒါ၊
ဣမိနာ ပတ္တပူရေန, လဘဿု ဝိပုလံ သုခံ။
၁၀၈။ ထိုအခါ ဤအစည်းအဝေး၌ မထေရ်ကြီးဖြစ်သော ရဟန်းသည် “ဤကောင်းမြတ် သော အသားဖြင့် ပြည့်သော သပိတ်ကို လှူရခြင်းကြောင့် ပြန့်ပြောသော ချမ်းသာကို ရစေ သော”ဟု ငါ့ကို ဆုပေးလေ၏။
၁၀၉။ ‘‘ဒုဝေ သမ္ပတ္တိယော ဘုတွာ, သုက္ကမူလေန စောဒိတော၊
ပစ္ဆိမေ ဝတ္တမာနမှိ, ကိလေသေ ဈာပယိဿတိ။
၁၀၉။ စည်းစိမ်နှစ်မျိုးတို့ကို သုံးဆောင်ခံစားပြီးလျှင် ဖြူစင်သော အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ အဆုံးစွန်သော ဘဝဖြစ်လတ်သော် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေနိုင်လတ္တံ့။
၁၁၀။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, တာဝတိံသမဂစ္ဆဟံ၊
တတ္ထ ဘုတွာ ပိဝိတွာ စ, လဘာမိ ဝိပုလံ သုခံ။
၁၁၀။ ငါသည် အလှူ၌ စိတ်ကို ကြည်လင်စေ၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏၊ ထိုတာဝတိံသာနတ်ပြည်၌ (အလိုရှိတိုင်း) စား၍လည်းကောင်း၊ သောက်၍လည်းကောင်း ပြန့် ပြောသော ချမ်းသာကို ရရှိပေ၏။
၁၁၁။ ‘‘မဏ္ဍပေ ရုက္ခမူလေ ဝါ, ပုဗ္ဗကမ္မံ အနုဿရိံ၊
အန္နပါနာဘိဝဿော မေ, အဘိဝဿတိ တာဝဒေ။
၁၁၁။ မဏ္ဍပ်၌ဖြစ်စေ, သစ်ပင်ရင်း၌ဖြစ်စေ ရှေးကံကို အမှတ်ရပေ၏၊ ထိုခဏ၌ ငါ့ အတွက် ထမင်း, အဖျော်မိုးသည် ရွာသွန်းလေ၏။
၁၁၂။ ‘‘ဣဒံ ပစ္ဆိမကံ မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
ဣဓာပိ အန္နပါနံ မေ, ဝဿတေ သဗ္ဗကာလိကံ။
၁၁၂။ ဤဘဝသည် ငါ၏ နောက်ဆုံးဘဝတည်း၊ အဆုံးစွန်သောဘဝ ဖြစ်ပေ၏၊ ဤ နောက်ဆုံး ဘဝ၌လည်း ထမင်း, အဖျော်သည် ငါ့အတွက် အခါခပ်သိမ်း ရွာသွန်းလျက် ရှိပေ၏၊
၁၁၃။ ‘‘တေနေဝ မဓုဒါနေန [မံသဒါနေန (သီ။ ပီ။)], သန္ဓာဝိတွာ ဘဝေ အဟံ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၁၁၃။ ငါသည် ထိုကောင်းမြတ်သော အသားအလှူကြောင့်ပင်လျှင် ဘဝအမျိုးမျိုး၌ ကျင် လည်ပြီး၍ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ နေရပေ၏။
၁၁၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဓုဒါနဿိဒံ ဖလံ။
၁၁၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမြတ်သော အသားကို လှူရခြင်း၏ အကျိုးပေတည်း။
၁၁၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၁၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၁၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၁၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဓုမံသဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဓုမံသဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၁၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဓုမံသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် မဓုမံသဒါယကတ္ထေရအပဒါန ပြီး၏။
၅။ နာဂပလ္လဝတ္ထေရအပဒါနံ
၁၁၈။ ‘‘နဂရေ ဗန္ဓုမတိယာ, ရာဇုယျာနေ ဝသာမဟံ၊
မမ အဿမသာမန္တာ, နိသီဒိ လောကနာယကော။
၅-နာဂပလ္လဝတ္ထေရအပဒါန ၁၁၈။ ငါသည် ဗန္ဓုမတီမြို့ မင်းဥယျာဥ်၌ နေခဲ့၏၊ ထိုအခါ ငါ၏ သင်္ခမ်းကျောင်းအနီး၌ မြတ်စွာဘုရားသည် ထိုင်နေတော်မူ၏။
၁၁၉။ ‘‘နာဂပလ္လဝမာဒါယ, ဗုဒ္ဓဿ အဘိရောပယိံ၊
ပသန္နစိတ္တော သုမနော, သုဂတံ အဘိဝါဒယိံ။
၁၁၉။ ငါသည် ကံ့ကော်ညွန့်ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏၊ ကြည် လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။
၁၂၀။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပလ္လဝမပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကံ့ကော်ညွန့်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၂၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၂၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၂၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၂၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နာဂပလ္လဝေါ ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နာဂပလ္လဝတ္ထေရဿာပဒါနံ ပဉ္စမံ။
၁၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဂပလ္လဝမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် နာဂပလ္လဝတ္ထေရအပဒါန ပြီး၏။
၆။ ဧကဒီပိယတ္ထေရအပဒါနံ
၁၂၄။ ‘‘ပရိနိဗ္ဗုတေ သုဂတေ, သိဒ္ဓတ္ထေ လောကနာယကေ၊
သဒေဝမာနုသာ သဗ္ဗေ, ပူဇေန္တိ ဒွိပဒုတ္တမံ။
၆-ဧကဒီပိယတ္ထေရအပဒါန ၁၂၄။ လောက၏ ရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် နတ်နှင့် တကွသော လူအားလုံးတို့သည် မြတ်စွာဘုရားကို ပူဇော်ကြကုန်၏။
၁၂၅။ ‘‘အာရောပိတေ စ စိတကေ, သိဒ္ဓတ္ထေ လောကနာယကေ၊
ယထာသကေန ထာမေန, စိတံ ပူဇေန္တိ သတ္ထုနော။
၁၂၅။ လောကရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရား (အလောင်းတော်) ကို နံ့သာထင်းပုံထက်သို့ တင်အပ်ပြီးသည်ရှိသော် မိမိတို့အားစွမ်းအလျောက် မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ပူဇော် ကြကုန်၏။
၁၂၆။ ‘‘အဝိဒူရေ စိတကဿ, ဒီပံ ဥဇ္ဇာလယိံ အဟံ၊
ယာဝ ဥဒေတိ သူရိယော, ဒီပံ မေ တာဝ ဥဇ္ဇလိ။
၁၂၆။ ငါသည် နံ့သာထင်းပုံ၏ အနီး၌ ဆီမီးကို ညှိထွန်းပူဇော်ခဲ့၏၊ နေထွက်သည်တိုင် အောင်ပင် ငါ၏ ဆီမီးသည် တောက်ပလျက် ရှိလေ၏။
၁၂၇။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၂၇။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်သည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။
၁၂၈။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ဧကဒီပီတိ ဉာယတိ၊
ဒီပသတသဟဿာနိ, ဗျမှေ ပဇ္ဇလရေ မမ။
၁၂၈။ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ဗိမာန်သည် “ဧကဒီပိဗိမာန်”ဟု ထင်ရှား၏၊ ငါ၏ ဗိမာန်၌ ဆီမီးတစ်သိန်းတို့သည် တောက်ပကုန်၏။
၁၂၉။ ‘‘ဥဒယန္တောဝ သူရိယော, ဒေဟော မေ ဇောတတေ သဒါ၊
သပ္ပဘာဟိ သရီရဿ, အာလောကော ဟောတိ မေ သဒါ။
၁၂၉။ ငါ၏ ကိုယ်သည် အခါခပ်သိမ်း ‘တက်လာသော နေမင်းကဲ့သို့’ ထွန်းတောက်ပ၏။ ကိုယ်၏ အရောင်တို့ဖြင့် ငါ့အား အလင်းရောင်သည် အခါခပ်သိမ်း ဖြစ်၏။
၁၃၀။ ‘‘တိရောကုဋ္ဋံ [တိရောကုဍ္ဍံ (သီ။ သျာ။ က။)] တိရောသေလံ, သမတိဂ္ဂယှ [သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ] ပဗ္ဗတံ၊
သမန္တာ ယောဇနသတံ, ပဿာမိ စက္ခုနာ အဟံ။
၁၃၀။ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ တောင်ကိုလည်းကောင်း ကျော်လွန်၍ ငါသည် ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်အောင် မျက်စိဖြင့် မြင်ရ၏။
၁၃၁။ ‘‘သတ္တသတ္တတိက္ခတ္တုဉ္စ, ဒေဝလောကေ ရမိံ အဟံ၊
ဧကတိံသတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၁၃၁။ ငါသည် ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင်လည်း နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏၊ သုံးဆယ့်တစ်ကြိမ်တိုင်အောင်လည်း နတ်မင်းအဖြစ်ကို ပြုခဲ့ရပေ၏။
၁၃၂။ ‘‘အဋ္ဌဝီသတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၃၂။ ငါသည် နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၁၃၃။ ‘‘ဒေဝလောကာ စဝိတွာန, နိဗ္ဗတ္တိံ မာတုကုစ္ဆိယံ၊
မာတုကုစ္ဆိဂတဿာပိ, အက္ခိ မေ န နိမီလတိ။
၁၃၃။ နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်လေ၏၊ အမိဝမ်း၌ ဖြစ်ရသော်လည်း ငါ၏ မျက်စိသည် မှိတ်ခြင်း မရှိခဲ့ချေ။
၁၃၄။ ‘‘ဇာတိယာ စတုဝဿောဟံ, ပဗ္ဗဇိံ အနဂါရိယံ၊
အဍ္ဎမာသေ အသမ္ပတ္တေ, အရဟတ္တမပါပုဏိံ။
၁၃၄။ ငါသည် မွေးဖွား၍ လေးနှစ်မျှ ရှိလတ်သော် ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ လခွဲသို့ မရောက်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပေ၏။
၁၃၅။ ‘‘ဒိဗ္ဗစက္ခုံ ဝိသောဓေသိံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗေ ကိလေသာ သဉ္ဆိန္နာ, ဧကဒီပဿိဒံ ဖလံ။
၁၃၅။ ငါသည် ဒိဗ္ဗစက္ခုဉာဏ်ကို စင်ကြယ်စေခဲ့၏၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ကိလေသာအားလုံးတို့ကို ဖြတ်တောက်အပ်ကုန်ပြီ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင် လှူရခြင်း၏ အကျိုးပေတည်း။
၁၃၆။ ‘‘တိရောကုဋ္ဋံ တိရောသေလံ, ပဗ္ဗတဉ္စာပိ ကေဝလံ၊
သမတိက္ကမ္မ [သဗ္ဗတ္ထပီ ဧဝမေဝ ဒိဿတိ] ပဿာမိ, ဧကဒီပဿိဒံ ဖလံ။
၁၃၆။ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ တောင် သက်သက်ကိုလည်းကောင်း ကျော်လွန်၍ မြင်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင် လှူရခြင်း၏ အကျိုးပေတည်း။
၁၃၇။ ‘‘ဝိသမာ မေ သမာ ဟောန္တိ, အန္ဓကာရော န ဝိဇ္ဇတိ၊
နာဟံ ပဿာမိ တိမိရံ, ဧကဒီပဿိဒံ ဖလံ။
၁၃၇။ ငါ့အား မညီညွတ်သော အရာတို့သည် ညီညွတ်လျက် ရှိကုန်၏၊ အမိုက်တိုက်သည် ငါ့အား မရှိချေ၊ ငါသည် အမိုက်မှောင်ကို မမြင်ချေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။
၁၃၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒီပမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကဒီပဿိဒံ ဖလံ။
၁၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီမီးကို လှူခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင်လှူရခြင်း၏ အကျိုးပေတည်း။
၁၃၉။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၄၀။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၄၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဒီပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကဒီပိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၁၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဒီပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဧကဒီိပိယတ္ထေရအပဒါန ပြီး၏။
၇။ ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရအပဒါနံ
၁၄၂။ ‘‘နဂရေ ဗန္ဓုမတိယာ, အဟောသိံ မာလိကော တဒါ၊
ဥစ္ဆင်္ဂံ ပူရယိတွာန, အဂမံ အန္တရာပဏံ။
၇-ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရအပဒါန ၁၄၂။ အကြင်အခါ၌ (ငါသည် ) ဗန္ဓုမတီမြို့၌ ပန်းသည် ဖြစ်ခဲ့၏၊ (ထိုအခါ) ခါးပိုက်ကို ပြည့်စေလျက် ဈေးအတွင်းသို့ သွားခဲ့၏။
၁၄၃။ ‘‘ဘဂဝါ တမှိ သမယေ, ဘိက္ခုသံဃပုရက္ခတော၊
မဟတာ အာနုဘာဝေန, နိယျာတိ လောကနာယကော။
၁၄၃။ ထိုအခါ၌ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားသည် ရဟန်း အပေါင်း ခြံရံလျက် ကြီးစွာသော အာနုဘော်ဖြင့် ထွက်တော်မူ၏။
၁၄၄။ ‘‘ဒိသွာန လောကပဇ္ဇောတံ, ဝိပဿိံ လောကတာရဏံ၊
ပုပ္ဖံ ပဂ္ဂယှ ဥစ္ဆင်္ဂါ, ဗုဒ္ဓသေဋ္ဌံ အပူဇယိံ။
၁၄၄။ လောက၏ မီးရှူးတန်ဆောင်ဖြစ်သော လောကကို ကယ်တင်တော်မူသော ဝိပဿီ မြတ်စွာဘုရားကို ဖူးမြင်ရ၍ ခါးပိုက်မှ ပန်းကို ယူပြီးလျှင် ဘုရားမြတ်ကို ပူဇော်ခဲ့၏။
၁၄၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၄၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၄၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၄၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၄၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥစ္ဆင်္ဂပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရဿာပဒါနံ သတ္တမံ။
၁၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥစ္ဆင်္ဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၈။ ယာဂုဒါယကတ္ထေရအပဒါနံ
၁၄၉။ ‘‘အတိထိံ [အတီတံ (က။)] မေ ဂဟေတွာန, အဂစ္ဆိံ ဂါမကံ တဒါ၊
သမ္ပုဏ္ဏနဒိကံ ဒိသွာ, သံဃာရာမံ ဥပါဂမိံ။
၈-ယာဂုဒါယကတ္ထေရအပဒါန ၁၄၉။ ထိုအခါ၌ ငါသည် ခရီးလမ်း စားနပ်ရိက္ခာကို ယူ၍ ရွာငယ်သို့သွား၏၊ ရေပြည့်သော မြစ်ငယ်ကို တွေ့မြင်၍ သံဃာ့အရံသို့ ချဥ်းကပ်ခဲ့၏။
၁၅၀။ ‘‘အာရညကာ ဓုတဓရာ, ဈာယိနော လူခစီဝရာ၊
ဝိဝေကာဘိရတာ ဓီရာ, သံဃာရာမေ ဝသန္တိ တေ။
၁၅၀။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ကုန်သည် ဖြစ်၍ ခေါင်းပါးသော သင်္ကန်းရှိကုန်သော တောကျောင်းနေ ဓုတင်ဆောင် ဈာန်ရဖြစ်သော ထိုပညာရှိ ရဟန်းတို့သည် သံဃာ့အရံ၌ နေကုန်၏။
၁၅၁။ ‘‘ဂတိ တေသံ ဥပစ္ဆိန္နာ, သုဝိမုတ္တာန တာဒိနံ၊
ပိဏ္ဍာယ တေ န ဂစ္ဆန္တိ, ဩရုဒ္ဓနဒိတာယ ဟိ [ဩရုဒ္ဓနဒိကာယတိံ (သျာ။)]။
၁၅၁။ ကိလေသာမှ ကောင်းစွာ လွတ်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော ထိုရဟန်းတို့၏ ဆွမ်းခံရာ လမ်းခရီးသည် ပြတ်တောက်လျက် ရှိ၏၊ ထိုရဟန်းတို့သည် မြစ်၏ ပိတ်ဆို့လျက် ရှိခြင်းကြောင့်သာလျှင် ဆွမ်းခံ မသွားကြကုန်။
၁၅၂။ ‘‘ပသန္နစိတ္တော သုမနော, ဝေဒဇာတော ကတဉ္ဇလီ၊
တဏ္ဍုလံ မေ ဂဟေတွာန, ယာဂုဒါနံ အဒါသဟံ။
၁၅၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် နှစ်သက်ခြင်းရှိသည် ဖြစ်၍ လက်အုပ်ချီပြီးလျှင် ငါ၏ ဆန်ကို ယူ၍ ယာဂုအလှူကို လှူဒါန်း၏။
၁၅၃။ ‘‘ပဉ္စန္နံ ယာဂုံ ဒတွာန, ပသန္နော သေဟိ ပါဏိဘိ၊
သကကမ္မာဘိရဒ္ဓေါဟံ, တာဝတိံသမဂစ္ဆဟံ။
၁၅၃။ ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ရဟန်းငါးပါးတို့အား ယာဂုကို ပေးလှူခဲ့ခြင်းကြောင့် မိမိကောင်းမှုကံကို အားရနှစ်သက်လျက် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။
၁၅၄။ ‘‘မဏိမယဉ္စ မေ ဗျမှံ, နိဗ္ဗတ္တိ တိဒသေ ဂဏေ၊
နာရီဂဏေဟိ သဟိတော, မောဒါမိ ဗျမှမုတ္တမေ။
၁၅၄။ တာဝတိံသာနတ်အပေါင်း၌ ငါ့အား ပတ္တမြားဖြင့် ပြီးသော ဗိမာန်သည် ဖြစ်လေ၏၊ ငါသည် နတ်သမီးအပေါင်းတို့နှင့် တကွဖြစ်၍ ဗိမာန်မြတ်၌ ဝမ်းမြောက်ဝမ်းသာ မွေ့လျော်ရပေ၏။
၁၅၅။ ‘‘တေတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
တိံသက္ခတ္တုံ စက္ကဝတ္တီ, မဟာရဇ္ဇမကာရယိံ။
၁၅၅။ သုံးဆယ့်သုံးကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည်ဖြစ်၍ သိကြားနတ်မင်း အဖြစ်ကို ပြုခဲ့ရ၏၊ အကြိမ်သုံးဆယ်တိုင်တိုင် စကြဝတေးမင်းအဖြစ်ကို ပြုခဲ့ရပေ၏။
၁၅၆။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
ဒေဝလောကေ မနုဿေ ဝါ, အနုဘောတွာ သယံ [ယသံ (သျာ။)] အဟံ။
၁၅၆။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ငါသည် လူ့ပြည်, နတ်ပြည်၌ ကိုယ်တိုင် ခံစားပြီး၍-
၁၅၇။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ပဗ္ဗဇိံ အနဂါရိယံ၊
သဟ ဩရောပိတေ ကေသေ, သဗ္ဗံ သမ္ပဋိဝိဇ္ဈဟံ။
၁၅၇။ အဆုံးစွန်သော ဘဝသို့ ရောက်သည်ရှိသော် ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဆံချ သည်နှင့် တစ်ပြိုင်နက် ငါသည် အလုံးစုံသော တရားကို ထိုးထွင်း၍ သိ၏။
၁၅၈။ ‘‘ခယတော ဝယတော စာပိ, သမ္မသန္တော ကဠေဝရံ၊
ပုရေ သိက္ခာပဒါဒါနာ, အရဟတ္တမပါပုဏိံ။
၁၅၈။ ခန္ဓာကိုယ်ကို ကုန်ခြင်းအားဖြင့်လည်းကောင်း၊ ပျက်ခြင်းအားဖြင့်လည်းကောင်း သုံးသပ်သည်ရှိသော် သိက္ခာပုဒ် မယူမီပင် အရဟတ္တဖိုလ်သို့ ရောက်ရပေ၏။
၁၅၉။ ‘‘သုဒိန္နံ မေ ဒါနဝရံ, ဝါဏိဇ္ဇံ သမ္ပယောဇိတံ၊
တေနေဝ ယာဂုဒါနေန, ပတ္တောမှိ အစလံ ပဒံ။
၁၅၉။ ငါသည် အလှူမြတ်ကို ကောင်းစွာ လှူအပ်ပြီ၊ ကုန်သွယ်မှုကို ကောင်းစွာ ယှဥ်စေအပ်ပြီ၊ ငါသည် ထိုယာဂုအလှူကြောင့်သာလျှင် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။
၁၆၀။ ‘‘သောကံ ပရိဒ္ဒဝံ ဗျာဓိံ, ဒရထံ စိတ္တတာပနံ၊
နာဘိဇာနာမိ ဥပ္ပန္နံ, ယာဂုဒါနဿိဒံ ဖလံ။
၁၆၀။ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဖျားနာခြင်း၊ ကိုယ်ပူပန်ခြင်း၊ စိတ်ပူပန်ခြင်း ဖြစ်ဖူးသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ယာဂုလှူရခြင်း၏ အကျိုးပေတည်း။
၁၆၁။ ‘‘ယာဂုံ သံဃဿ ဒတွာန, ပုညက္ခေတ္တေ အနုတ္တရေ၊
ပဉ္စာနိသံသေ အနုဘောမိ, အဟော ယာဂုသုယိဋ္ဌတာ။
၁၆၁။ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ရတနာသုံးပါး၌ သံဃာတော်အား ယာဂုကို ပေးလှူရခြင်းကြောင့် အကျိုးထူးငါးပါးတို့ကို ခံစားရပေ၏၊ ပူဇော်ရခြင်းသည် အံ့ဩဖွယ် ရှိပါပေစွ။
၁၆၂။ ‘‘အဗျာဓိတာ ရူပဝတာ, ခိပ္ပံ ဓမ္မနိသန္တိတာ [နိဗုဇ္ဈိတာ (သျာ။)]၊
လာဘိတာ အန္နပါနဿ, အာယု ပဉ္စမကံ မမ။
၁၆၂။ ငါ့အား အနာရောဂါကင်းခြင်းသည်လည်းကောင်း၊ အဆင်းလှခြင်းသည်လည်း ကောင်း၊ လျင်မြန်စွာ တရားကို ဆင်ခြင်နိုင်ခြင်းသည်လည်းကောင်း၊ ထမင်း, အဖျော်ကို ရလွယ်ခြင်းသည်လည်းကောင်း၊ ငါးခုမြောက်သော အသက်ရှည်ခြင်းသည်လည်းကောင်း ဖြစ် လေ၏။
၁၆၃။ ‘‘ယော ကောစိ ဝေဒံ ဇနယံ, သံဃေ ယာဂုံ ဒဒေယျ သော၊
ဣမာနိ ပဉ္စ ဌာနာနိ, ပဋိဂဏှေယျ ပဏ္ဍိတော။
၁၆၃။ တစ်စုံတစ်ယောက်သောသူသည် နှစ်သက်ခြင်းကို ဖြစ်စေလျက် သံဃာအား ယာဂုကို ပေးလှူငြားအံ့၊ ထိုပညာရှိသည် ဤငါးပါးသော အရာတို့ကို ခံယူရာ၏။
၁၆၄။ ‘‘ကရဏီယံ ကတံ သဗ္ဗံ, ဘဝါ ဥဂ္ဃါဋိတာ မယာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၁၆၄။ ပြုဖွယ်အလုံးစုံကို ပြုအပ်ပြီ၊ ငါသည် ဘဝတို့ကို ပယ်ခွါအပ်ကုန်ပြီ၊ (ငါ့အား) အာသဝေါတရားအားလုံး ကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။
၁၆၅။ ‘‘သော အဟံ ဝိစရိဿာမိ, ဂါမာ ဂါမံ ပုရာ ပုရံ၊
နမဿမာနော သမ္ဗုဒ္ဓံ, ဓမ္မဿ စ သုဓမ္မတံ။
၁၆၅။ ထိုငါသည် မြတ်စွာဘုရားကိုလည်း ရှိခိုးလျက် တရားတော်အားလည်း ကောင်း သော တရားတော်အဖြစ်ကို ချီးကျူးလျက် တစ်ရွာမှ တစ်ရွာသို့ တစ်မြို့မှ တစ်မြို့သို့ လှည့်, လည်ရတော့အံ့။
၁၆၆။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ယာဂုဒါနဿိဒံ ဖလံ။
၁၆၆။ ကမ္ဘာသုံးသောင်းထက်၌ ယာဂုအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ယာဂုလှူရခြင်း၏ အကျိုးပေတည်း။
၁၆၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၆၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၆၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၆၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ယာဂုဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယာဂုဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၁၆၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ယာဂုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ယာဂုဒါယကတ္ထေရအပဒါန ပြီး၏။
၉။ ပတ္ထောဒနဒါယကတ္ထေရအပဒါနံ
၁၇၀။ ‘‘ဝနစာရီ ပုရေ အာသိံ, သတတံ ဝနကမ္မိကော၊
ပတ္ထောဒနံ ဂဟေတွာန, ကမ္မန္တံ အဂမာသဟံ။
၉-ပတ္ထောဒနဒါယကတ္ထေရအပဒါန ၁၇၀။ ရှေးအခါက တော၌ လှည့်လည်လေ့ရှိသည် ဖြစ်၍ အမြဲမပြတ် တောအမှု ပြုလုပ်သူ ဖြစ်ခဲ့၏၊ ငါသည် တစ်ကွမ်းစား (တစ်စလယ်) ချက်ထမင်းကို ယူပြီးလျှင် အလုပ်ဌာနသို့ သွားခဲ့၏။
၁၇၁။ ‘‘တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ၊
ဝနာ ပိဏ္ဍာယ နိက္ခန္တံ, ဒိသွာ စိတ္တံ ပသာဒယိံ။
၁၇၁။ ထိုတော၌ အလိုလိုဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော ပစ္စေက ဗုဒ္ဓါကို ဆွမ်းအလို့ငှါ တောမှ ထွက်ကြွတော်မူစဥ် ဖူးမြင်ရ၏၊ ဖူးမြင်ရသည်ရှိသော် စိတ်ကို ကြည်လင်စေခဲ့၏။
၁၇၂။ ‘‘ပရကမ္မာယနေ [ဝယကမ္မာယနေ (က။)] ယုတ္တော, ပုညဉ္စ မေ န ဝိဇ္ဇတိ၊
အယံ ပတ္ထောဒနော အတ္ထိ, ဘောဇယိဿာမဟံ [ဘောဇယိဿာမိ မံ (သျာ။)] မုနိံ။
၁၇၂။ ငါသည် သူတစ်ပါးအလုပ်ကို ပြုလုပ်ရသူ ဖြစ်၍ ငါ့အား ကောင်းမှုသည်လည်း မရှိချေ၊ တစ်ကွမ်းစားချက်ထမင်းသည် (ငါ့အား) ရှိ၏၊ ငါသည် ပစ္စေကဗုဒ္ဓါကို ဆွမ်းကပ်ရ တော့အံ့။
၁၇၃။ ‘‘ပတ္ထောဒနံ ဂဟေတွာန, သယမ္ဘုဿ အဒါသဟံ၊
မမ နိဇ္ဈာယမာနဿ, ပရိဘုဉ္ဇိ တဒါ မုနိ။
၁၇၃။ ငါသည် တစ်ကွမ်းစားချက်ထမင်းကို ယူ၍ (ပစ္စေကဗုဒ္ဓါ) ဘုရားရှင်အား ပေးလှူ၏၊ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ငါ ဖူးမြော်နေစဥ်ပင်လျှင် ဘုဥ်းပေးသုံးဆောင်တော်မူ၏။
၁၇၄။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၇၄။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကုသိုလ်ကံကြောင့်လည်းကောင်း၊ စေတနာတောင့်တ မှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည် သို့ ရောက်ရပေ၏။
၁၇၅။ ‘‘ဆတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
တေတ္တိံသက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ အဟောသဟံ။
၁၇၅။ ငါသည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရလျက် သိကြားနတ်မင်း အဖြစ်ကို ပြုခဲ့ရပေ၏၊ သုံးဆယ့်သုံးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ရပေ၏။
၁၇၆။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
သုခိတော ယသဝါ ဟောမိ, ပတ္ထောဒနဿိဒံ ဖလံ။
၁၇၆။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ချမ်းသာလျက် အခြံအရံများသူ ဖြစ်ရ၏။ ဤသို့ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၇၇။ ‘‘ဘဝါဘဝေ သံသရန္တော, လဘာမိ အမိတံ ဓနံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ပတ္ထောဒနဿိဒံ ဖလံ။
၁၇၇။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် မရေတွက်နိုင်သော ပစ္စည်းဥစ္စာ ကို ရခဲ့ပေ၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်း မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၇၈။ ‘‘နဒီသောတပဋိဘာဂါ, ဘောဂါ နိဗ္ဗတ္တရေ မမ၊
ပရိမေတုံ န သက္ကောမိ, ပတ္ထောဒနဿိဒံ ဖလံ။
၁၇၈။ စည်းစိမ်ဥစ္စာတို့သည် မြစ်ရေအလျဥ်နှင့် တူစွာ ငါ့အား ဖြစ်ထွန်းလျက် ရှိကုန်၏၊ နှိုင်းရှည့်ရေတွက်ခြင်းငှါ မတတ်နိုင်ပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၇၉။ ‘‘ဣမံ ခါဒ ဣမံ ဘုဉ္ဇ, ဣမမှိ သယနေ သယ၊
တေနာဟံ သုခိတော ဟောမိ, ပတ္ထောဒနဿိဒံ ဖလံ။
၁၇၉။ ထိုကောင်းမှုကံကြောင့်ပင်လျှင် “ဤခဲဖွယ်ကို ခဲပါ၊ ဤစားဖွယ်ကို စားပါ၊ ဤနေရာ၌ အိပ်ပါ”ဟု သူတစ်ပါးတို့က ဖိတ်ခေါ်ယုယအပ်သည်ဖြစ်၍ ငါသည် ချမ်းသာသူ ဖြစ်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၈၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပတ္ထောဒနဿိဒံ ဖလံ။
၁၈၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် (တစ်ကွမ်းစားချက်ဆွမ်း) အလှူ ကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရ ခြင်းသည်ကား တစ်ကွမ်းစားချက် ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၈၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။
၁၈၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၈၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပတ္ထောဒနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပတ္ထောဒနဒါယကတ္ထေရဿာပဒါနံ နဝမံ။
၁၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပတ္ထောဒနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ပတ္ထောဒနဒါယကတ္ထေရအပဒါန ပြီး၏။
၁၀။ မဉ္စဒါယကတ္ထေရအပဒါနံ
၁၈၄။ ‘‘ပရိနိဗ္ဗုတေ ကာရုဏိကေ, သိဒ္ဓတ္ထေ လောကနာယကေ၊
ဝိတ္ထာရိကေ ပါဝစနေ, ဒေဝမာနုသသက္ကတေ။
၁၀-မဥ္စဒါယကထ္ထေရအပဒါန ၁၈၄။ မဟာကရုဏာရှိတော်မူသော လောက၏ ရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် နတ်လူတို့သည် ပူဇော်အပ်သော သာသနာတော်သည် ကျယ် ပြန့် ထွန်းကားလျက်ရှိစဥ်-
၁၈၅။ ‘‘စဏ္ဍာလော အာသဟံ တတ္ထ, အာသန္ဒိပီဌကာရကော၊
တေန ကမ္မေန ဇီဝါမိ, တေန ပေါသေမိ ဒါရကေ။
၁၈၅။ ထိုအခါ ငါသည် ညောင်စောင်းအင်းပျဥ်ပြုလုပ်သော ဒွန်းစဏ္ဍား ဖြစ်ခဲ့ပေ၏၊ ထို အလုပ်ဖြင့် အသက်မွေးရပေ၏၊ ထိုအလုပ်ဖြင့် သားမယားတို့ကို မွေးမြူရပေ၏။
၁၈၆။ ‘‘အာသန္ဒိံ သုကတံ ကတွာ, ပသန္နော သေဟိ ပါဏိဘိ၊
သယမေဝုပဂန္တွာန, ဘိက္ခုသံဃဿဒါသဟံ။
၁၈၆။ ငါသည် ညောင်စောင်းကို ကောင်းစွာ ပြုလုပ်၍ ကိုယ်တိုင် သွားရောက်ပြီးလျှင် ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ရဟန်းသံဃာအား ပေးလှူခဲ့၏။
၁၈၇။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၈၇။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။
၁၈၈။ ‘‘ဒေဝလောကဂတော သန္တော, မောဒါမိ တိဒသေ ဂဏေ၊
သယနာနိ မဟဂ္ဃါနိ, နိဗ္ဗတ္တန္တိ ယဒိစ္ဆကံ။
၁၈၈။ ငါသည် နတ်ပြည်သို့ ရောက်သည်ရှိသော် တာဝတိံသာနတ်အပေါင်း၌ ဝမ်းမြောက် ရပေ၏၊ အဖိုးများစွာ ထိုက်ကုန်သော အိပ်ရာနေရာတို့သည် အလိုရှိတိုင်း ဖြစ်ကုန်၏။
၁၈၉။ ‘‘ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
အသီတိက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ အဟောသဟံ။
၁၈၉။ ငါသည် အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရလျက် သိကြားနတ်မင်းအဖြစ် ကို ပြုခဲ့ရပေ၏၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ရပေ၏။
၁၉၀။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
သုခိတော ယသဝါ ဟောမိ, မဉ္စဒါနဿိဒံ ဖလံ။
၁၉၀။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ငါသည် ချမ်းသာလျက် အခြံအရံများသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ညောင်စောင်း လှူရခြင်း၏ အကျိုးပေတည်း။
၁၉၁။ ‘‘ဒေဝလောကာ စဝိတွာန, ဧမိ စေ မာနုသံ ဘဝံ၊
မဟာရဟာ သုသယနာ, သယမေဝ ဘဝန္တိ မေ။
၁၉၁။ ငါသည် နတ်ပြည်မှ စုတေ၍ လူ့ဘဝသို့ ရောက်ခဲ့၏၊ ထိုအခါ မြတ်သောသူတို့ အားသာ ထိုက်တန်သော အိပ်ရာနေရာတို့သည် အလိုလိုသာလျှင် ငါ့အား ဖြစ်ပေါ်ကုန်၏။
၁၉၂။ ‘‘အယံ ပစ္ဆိမကော မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
အဇ္ဇာပိ သယနေ ကာလေ [သယနကာလေ (သျာ။)], သယနံ ဥပတိဋ္ဌတိ။
၁၉၂။ ဤဘဝသည်ကား ငါ့အား နောက်ဆုံးဘဝတည်း၊ အဆုံးစွန်သော ဘဝ ဖြစ်ပေ၏၊ ယခု ဘဝ၌လည်း အိပ်သောအခါ အိပ်ရာနေရာသည် ရှေးရှု တည်လာရပေ၏။
၁၉၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဉ္စဒါနဿိဒံ ဖလံ။
၁၉၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ညောင်စောင်းအလှူကို ပေးလှူခဲဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင် စောင်းလှူရခြင်း၏ အကျိုးပေတည်း။
၁၉၄။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၉၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရပေ၏။
၁၉၅။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၉၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၁၉၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဉ္စဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဉ္စဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ဘဒ္ဒါလိဝဂ္ဂေါ ဗာစတ္တာလီသမော။
တဿုဒ္ဒါနံ –
ဘဒ္ဒါလီ ဧကဆတ္တော စ, တိဏသူလော စ မံသဒေါ၊
နာဂပလ္လဝိကော ဒီပီ, ဥစ္ဆင်္ဂိ ယာဂုဒါယကော။
ပတ္ထောဒနီ မဉ္စဒဒေါ, ဂါထာယော ဂဏိတာ စိဟ၊
ဒွေသတာနိ စ ဂါထာနံ, ဂါထာ စေကာ တဒုတ္တရိ။
၁၉၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် မဉ္စဒါယကထ္ထေရအပဒါန ပြီး၏။ လေဆယ့်နှစ်ခုမြောက် ဘဒ္ဒါလိဝဂ် ပြီး၏။ ပထမအုပ် ပြီး၏။ ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန် ဒုတိယအုပ် နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒဿ။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 42. Bhaddālivaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#529