အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယ
ထေရာပဒါနပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
(ဒုတိယော ဘာဂေါ)
၄၃။ သကိံသမ္မဇ္ဇကဝဂ္ဂ
၁။ သကိံသမ္မဇ္ဇကတ္ထေရအပဒါနံ
၁။ ‘‘ဝိပဿိနော ဘဂဝတော, ပါဋလိံ ဗောဓိမုတ္တမံ၊
ဒိသွာဝ တံ ပါဒပဂ္ဂံ, တတ္ထ စိတ္တံ ပသာဒယိံ။
၄၃-သကိံသမ္မဇ္ဇကဝဂ် ၁-သကိံသမ္မဇ္ဇကတ္ထေရအပဒါန ၁။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်မြတ်ကို ဖူးမြင်၏၊ ထိုသစ်ပင်မြတ်ကို ဖူးမြင်၍သာလျှင် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေခဲ့၏။
၂။ ‘‘သမ္မဇ္ဇနိံ ဂဟေတွာန, ဗောဓိံ သမ္မဇ္ဇိ တာဝဒေ၊
သမ္မဇ္ဇိတွာန တံ ဗောဓိံ, အဝန္ဒိံ ပါဋလိံ အဟံ။
၂။ ထိုအခါ တံမြက်စည်းကို ယူ၍ ဗောဓိပင်ရင်ပြင်ကို တံမြက်စည်းလှည်းခဲ့၏၊ တံမြက် လှည်းပြီးလျှင် ငါသည် ထိုသခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။
၃။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, သိရေ ကတွာန အဉ္ဇလိံ၊
နမဿမာနော တံ ဗောဓိံ, ဂဉ္ဆိံ ပဋိကုဋိံ အဟံ။
၃။ ငါသည် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေ၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် ထို ဗောဓိပင်ကို ရှိခိုးလျက် နောက်ဆုတ် ပြန်သွား၏။
၄။ ‘‘တာဒိမဂ္ဂေန ဂစ္ဆာမိ, သရန္တော ဗောဓိမုတ္တမံ၊
အဇဂရော မံ ပီဠေသိ, ဃောရရူပေါ မဟဗ္ဗလော။
၄။ ထိုသို့သော ခရီးဖြင့် မြတ်သော ဗောဓိပင်ကို အောက်မေ့လျက် သွား၏၊ (ထိုအခါ ) ကြမ်းတမ်းသော ခွန်အားကြီးမားသော စပါးကြီးမြွေသည် ငါ့ကို နှိပ်စက်၏။
၅။ ‘‘အာသန္နေ မေ ကတံ ကမ္မံ, ဖလေန တောသယီ မမံ၊
ကဠေဝရံ မေ ဂိလတိ, ဒေဝလောကေ ရမာမဟံ။
၅။ (စုတိစိတ်၏) အနီး၌ ပြုအပ်သော ငါ၏ ကံသည် အကျိုးပေးသောအားဖြင့် ငါ့ကို နှစ်သက်စေ၏၊ (မြွေသည်) ငါ၏ ကိုယ်ကို မျိုလိုက်၏၊ ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။
၆။ ‘‘အနာဝိလံ မမ စိတ္တံ, ဝိသုဒ္ဓံ ပဏ္ဍရံ သဒါ၊
သောကသလ္လံ န ဇာနာမိ, စိတ္တသန္တာပနံ မမ။
၆။ ငါ၏ စိတ်သည် နောက်ကျုခြင်း မရှိ၊ စင်ကြယ်၏၊ အခါခပ်သိမ်း ဖြူစင်၏၊ ငါ၏ စိတ်ကိုပူပန်စေတတ်သော သောကတည်းဟူသော ငြောင့်ကို မသိရပေ။
၇။ ‘‘ကုဋ္ဌံ ဂဏ္ဍော ကိလာသော စ, အပမာရော ဝိတစ္ဆိကာ၊
ဒဒ္ဒု ကဏ္ဍု စ မေ နတ္ထိ, ဖလံ သမ္မဇ္ဇနာယိဒံ [သမ္မဇ္ဇနေ ဣဒံ (သီ။)]။
၇။ နူနာသည်လည်းကောင်း၊ အိုင်းအမာသည်လည်းကောင်း၊ ဝဲကြီးနာသည်လည်းကောင်း၊ ဝက်ရူးနာသည်လည်းကောင်း၊ ဝဲနာသည်လည်းကောင်း၊ ပွေးနာသည်လည်းကောင်း၊ ယားနာသည်လည်းကောင်း ငါ့အား မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။
၈။ ‘‘သောကော စ ပရိဒေဝေါ စ, ဟဒယေ မေ န ဝိဇ္ဇတိ၊
အဘန္တံ ဥဇုကံ စိတ္တံ, ဖလံ သမ္မဇ္ဇနာယိဒံ။
၈။ ငါ၏ စိတ်နှလုံး၌ စိုးရိမ်မှုသည်လည်းကောင်း၊ ငိုကြွေးမှုသည်လည်းကောင်း မရှိချေ။ (ငါ၏) စိတ်သည် တုန်လှုပ်ခြင်းမရှိဘဲ ဖြောင့်မတ်၏။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။
၉။ ‘‘သမာဓီသု န မဇ္ဇာမိ [သမာဓီသု န သဇ္ဇာမိ (သီ။), သမာဓိံ ပုန ပဇ္ဇာမိ (သျာ)], ဝိသဒံ ဟောတိ မာနသံ၊
ယံ ယံ သမာဓိမိစ္ဆာမိ, သော သော သမ္ပဇ္ဇတေ မမံ။
၉။ ငါသည် ဈာန်သမာဓိတို့၌ မမေ့မလျော့၊ (ငါ၏) စိတ်သည် သန့်ရှင်းလျက် ရှိ၏၊ ငါ့အား အကြင်အကြင်သမာဓိကို အလိုရှိ၏၊ ထိုထိုအလိုရှိသော သမာဓိသည် ပြည့်စုံ၏။
၁၀။ ‘‘ရဇနီယေ န ရဇ္ဇာမိ, အထော ဒုဿနိယေသု [ဒေါသနိယေသု (သီ။ သျာ။ က။)] စ၊
မောဟနီယေ န မုယှာမိ, ဖလံ သမ္မဇ္ဇနာယိဒံ။
၁၀။ နှစ်သက်ဖွယ် အာရုံ၌ မနှစ်သက်၊ ထို့ပြင် အမျက်ထွက်ဖွယ် အာရုံ၌လည်း အမျက်မထွက်၊ တွေဝေဖွယ် အာရုံ၌ မတွေဝေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။
၁၁။ ‘‘ဧကနဝုတိတော [ဧကနဝုတေ ဣတော (သီ။ သျာ။)] ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလံ သမ္မဇ္ဇနာယိဒံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံမြက်လှည်းမှု ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။
၁၂။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၁၃။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၁၃။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရားအထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သကိံသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သကိံသမ္မဇ္ဇကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သကိံသမ္မဇ္ဇကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သကိံသမ္မဇ္ဇကတ္ထေရဿာပဒါနံ ပဌမံ။
၂။ ဧကဒုဿဒါယကတ္ထေရအပဒါနံ
၁၅။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ တိဏဟာရကော၊
တိဏဟာရေန ဇီဝါမိ, တေန ပေါသေမိ ဒါရကေ။
၂-ဧကဒုဿဒါယကတ္ထေရအပဒါန ၁၅။ ငါသည် ဟံသာဝတီမြို့၌ မြက်ရိတ်သမား (မြက်ထမ်းသမား) ဖြစ်ခဲ့၏၊ ထို မြက်ထမ်းခြင်းဖြင့် အသက်မွေး၍ သားမယားတို့ကို လည်း ကျွေးမွေး၏။
၁၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
တမန္ဓကာရံ နာသေတွာ, ဥပ္ပဇ္ဇိ လောကနာယကော။
၁၆။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော လောက၏ ရှေ့သွားပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီး၍ ပွင့်တော်မူ၏။
၁၇။ ‘‘သကေ ဃရေ နိသီဒိတွာ, ဧဝံ စိန္တေသိ တာဝဒေ၊
‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ဒေယျဓမ္မော န ဝိဇ္ဇတိ။
၁၇။ ထိုအခါ ငါသည် မိမိအိမ်၌ ထိုင်နေ၍ ဤသို့ ကြံစည်၏- “မြတ်စွာဘုရားသည် လောက၌ပွင့်တော်မူပေ၏၊ ငါ့အား လှူဖွယ်ဝတ္ထုလည်း မရှိပေ။
၁၈။ ‘‘‘ဣဒံ မေ သာဋကံ ဧကံ, နတ္ထိ မေ ကောစိ ဒါယကော၊
ဒုက္ခော နိရယသမ္ဖဿော, ရောပယိဿာမိ ဒက္ခိဏံ’။
၁၈။ ငါ့အား ဤပုဆိုးတစ်ထည်သာ ရှိ၏၊ ငါ့အား ပေးမည့်သူ တစ်ယောက်မျှ မရှိချေ၊ ငရဲ အတွေ့သည် ဆင်းရဲလှချေ၏၊ ငါသည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးတော့အံ့”ဟု ကြံစည်၏။
၁၉။ ‘‘ဧဝါဟံ စိန္တယိတွာန, သကံ စိတ္တံ ပသာဒယိံ၊
ဧကံ ဒုဿံ ဂဟေတွာန, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၁၉။ ငါသည် ဤသို့ ကြံစည်ပြီးလျှင် မိမိစိတ်ကို ကြည်လင်စေခဲ့၏၊ ငါသည် ပုဆိုး တစ်ထည်ကိုယူ၍ ဘုရားမြတ်အား ပေးလှူခဲ့၏။
၂၀။ ‘‘ဧကံ ဒုဿံ ဒဒိတွာန, ဥက္ကုဋ္ဌိံ သမ္ပဝတ္တယိံ၊
‘ယဒိ ဗုဒ္ဓေါ တုဝံ ဝီရ, တာရေဟိ မံ မဟာမုနိ’။
၂၀။ ပုဆိုးတစ်ထည်ကို ပေးလှူပြီးလျှင် “ရဲရင့်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား သည်အကယ်စင်စစ် ဘုရားဖြစ်ပါမူ အကျွန်ုပ်ကို ကယ်တင်တော်မူပါလော့”ဟု ကြွေးကြော်မှု ကို ဖြစ်စေ၏။
၂၁။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမ ဒါနံ ပကိတ္တေန္တော, အကာ မေ အနုမောဒနံ။
၂၁။ လောကသုံးပါးကို သိတော်မူ၍ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အလှူကို ချီးကျူးတော်မူလျက် ငါ့အား အနုမောဒနာ ပြုတော်မူ၏။
၂၂။ ‘‘‘ဣမိနာ ဧကဒုဿေန, စေတနာပဏိဓီဟိ စ၊
ကပ္ပသတသဟဿာနိ, ဝိနိပါတံ န ဂစ္ဆသိ။
၂၂။ ဤပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပျက်စီးကျရာ အပါယ်သို့ မလားရလတ္တံ့။
၂၃။ ‘‘‘ဆတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿသိ၊
တေတ္တိံသက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ [စက္ကဝတ္တိ (သျာ။)] ဘဝိဿသိ။
၂၃။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည်ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ လတ္တံ့၊ သုံးဆယ့်သုံးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၂၄။ ‘‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ [အသင်္ကယံ (သျာ။ က။) ဧဝမုပရိပိ]၊
ဒေဝလောကေ မနုဿေ ဝါ, သံသရန္တော တုဝံ ဘဝေ။
၂၄။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ သင်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ကျင်လည်ရသည် ရှိသော် -
၂၅။ ‘‘‘ရူပဝါ ဂုဏသမ္ပန္နော, အနဝက္ကန္တဒေဟဝါ [အနုဝတ္တန္တ… (သျာ)]၊
အက္ခောဘံ အမိတံ ဒုဿံ, လဘိဿသိ ယဒိစ္ဆကံ’။
၂၅။ အဆင်းလှသူသည်လည်းကောင်း၊ ဂုဏ်နှင့် ပြည့်စုံသူသည်လည်းကောင်း၊ မနှိပ်စက် နိုင်သောကိုယ်ရှိသူသည်လည်းကောင်း ဖြစ်လတ္တံ့။ ရန်သူတို့ မချောက်ချားနိုင်၊ မနှိုင်းရှည့် နိုင်သော ပုဆိုးကိုအလိုရှိတိုင်း ရလတ္တံ့။
၂၆။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊
နဘံ အဗ္ဘုဂ္ဂမီ ဝီရော [ဓီရော (သီ။ သျာ။)], ဟံသရာဇာဝ အမ္ဗရေ။
၂၆။ ရဲရင့်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ‘ကောင်းကင်၌ (ပျံသန်းသော) ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော် မူ၏။
၂၇။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဧကဒုဿဿိဒံ ဖလံ။
၂၇။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ထည် လှူရခြင်း၏ အကျိုး ပေတည်း။
၂၈။ ‘‘ပဒုဒ္ဓါရေ ပဒုဒ္ဓါရေ, ဒုဿံ နိဗ္ဗတ္တတေ မမံ၊
ဟေဋ္ဌာ ဒုဿမှိ တိဋ္ဌာမိ, ဥပရိစ္ဆဒနံ မမ။
၂၈။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ ငါ့အား ပုဆိုအခင်းသည် ဖြစ်ပေါ်လျက် ရှိ၏၊ ငါသည် ပုဆိုး (မျက်နှာကြက်) အောက်၌ တည်၍ ပုဆိုးသည် ငါ၏ အထက်၌ အမိုးဖြစ်လျက် ရှိ၏။
၂၉။ ‘‘စက္ကဝါဠံ ဥပါဒါယ, သကာနနံ သပဗ္ဗတံ၊
ဣစ္ဆမာနော စဟံ အဇ္ဇ, ဒုဿေဟစ္ဆာဒယေယျ တံ။
၂၉။ ယခု ငါ အလိုရှိသည်ရှိသော် တောင်နှင့်တကွသော ဟိမဝန္တာတောကို အစပြု၍ ထိုစကြဝဠာတစ်ခုလုံးကို ပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်၏။
၃၀။ ‘‘တေနေဝ ဧကဒုဿေန, သံသရန္တော ဘဝါဘဝေ၊
သုဝဏ္ဏဝဏ္ဏော ဟုတွာန, သံသရာမိ ဘဝါဘဝေ။
၃၀။ ထိုပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်သာလျှင် ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် ဘဝတိုင်း ဘဝတိုင်း ရွှေအဆင်းရှိသူ ဖြစ်၍ ကျင်လည်ရ၏။
၃၁။ ‘‘ဝိပါကံ ဝိဧကဒုဿဿ, နာဇ္ဈဂံ ကတ္ထစိက္ခယံ၊
အယံ မေ အန္တိမာ ဇာတိ, ဝိပစ္စတိ ဣဓာပိ မေ။
၃၁။ ပုဆိုးတစ်ထည် (အလှူ) ၏ အကျိုးသည် မည်သည့်ဘဝ၌မျှ ကုန်ခန်းခြင်းသို့ မရောက်ချေ၊ ငါ့အားဤဘဝသည် အဆုံးဘဝပေတည်း၊ ဤအဆုံးဘဝ၌လည်း ငါ့အား အကျိုးပေးလျက် ရှိ၏။
၃၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒုဿမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကဒုဿဿိဒံ ဖလံ။
၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပုဆိုးကို ပေးလှူခဲ့ရသောအခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ထည် လှူရခြင်း၏ အကျိုးပေတည်း။
၃၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဒုဿဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ဧကဒုဿဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကဒုဿဒါယကတ္ထေရအပဒါန ပြီး၏။
၃။ ဧကာသနဒါယကတ္ထေရအပဒါနံ
၃၆။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဂေါသိတော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, ပဏ္ဏသာလာ သုမာပိတာ။
၃-ဧကာသနဒါယကတ္ထေရအပဒါန ၃၆။ ဟိမဝန္တာ၏ အနီး၌ ဂေါသိတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်အပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန် ဆင်းအပ်၏။
၃၇။ ‘‘နာရဒေါ နာမ နာမေန, ကဿပေါ ဣတိ မံ ဝိဒူ၊
သုဒ္ဓိမဂ္ဂံ ဂဝေသန္တော, ဝသာမိ ဂေါသိတေ တဒါ။
၃၇။ အမည်အားဖြင့် “နာရဒ”ဟု ထင်ရှား၏၊ ငါ့ကို “ကဿပ”ဟူ၍လည်း (လူတို့) သိကြကုန်၏၊ ထိုအခါ ငါသည် စင်ကြယ်သော လမ်းစဥ်ကို ရှာမှီးလျက် ဂေါသိတတောင်၌ နေ၏။
၃၈။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, အဂဉ္ဆိ အနိလဉ္ဇသာ။
၃၈။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူ သည်ဖြစ်၍ ကောင်းကင်ဖြင့်ကြွသွားတော်မူ၏။
၃၉။ ‘‘ဝနဂ္ဂေ ဂစ္ဆမာနဿ, ဒိသွာ ရံသိံ မဟေသိနော၊
ကဋ္ဌမဉ္စံ ပညာပေတွာ, အဇိနဉ္စ အပတ္ထရိံ။
၃၉။ တော၏ အထက်၌ ကြွသွားတော်မူသော မြတ်စွာဘုရား၏ ရောင်ခြည်တော်ကို ဖူးမြင်ရ၍သစ်သားညောင်စောင်းကို ခင်းလျက် သစ်နက်ရေကိုလည်း ဖြန့်ခင်းခဲ့၏။
၄၀။ ‘‘အာသနံ ပညာပေတွာန, သိရေ ကတွာန အဉ္ဇလိံ၊
သောမနဿံ ပဝေဒိတွာ, ဣဒံ ဝစနမဗြဝိံ။
၄၀။ နေရာခင်းပြီးလျှင် ဦးခေါင်း၌ လက်အုပ်ကို ချီလျက် ဝမ်းမြောက်စကား ပြောကြား၍ ဤစကားကိုလျှောက်ထား၏-
၄၁။ ‘‘‘သလ္လကတ္တော မဟာဝီရ, အာတုရာနံ တိကိစ္ဆကော၊
မမံ ရောဂပရေတဿ [ရာဂ… (သျာ။)], တိကိစ္ဆံ ဒေဟိ နာယက။
၄၁။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် (ကိလေသာ) မြား ငြောင့်ကို နုတ်တော်မူတတ်ပါပေ၏၊ (ကိလေသာ) အနာနှိပ်စက်သော သူတို့ကို ဆေးကု တော်မူတတ်ပါပေ၏၊ မြတ်စွာဘုရား (ကိလေသာ) ရောဂါဖြင့် နှိပ်စက်အပ်သော အကျွန်ုပ်အား ဆေးကုပေးတော်မူပါ။
၄၂။ ‘‘‘ကလ္လတ္ထိကာ ယေ ပဿန္တိ, ဗုဒ္ဓသေဋ္ဌ တုဝံ မုနေ၊
ဓုဝတ္ထသိဒ္ဓိံ ပပ္ပေါန္တိ, ဧတေသံ အဇရော [ဇဇ္ဇရော (သီ။ ပီ။ က။)] ဘဝေ။
၄၂။ ရဟန်းမြတ် ဖြစ်တော်မူသော ဘုရားမြတ် အနာမရှိခြင်းကို အလိုရှိကုန်သော (အတတ်ပညာကို လို၍ပေးလှူသော) အကြင်သူတို့သည် အရှင်ဘုရားကို ဖူးမျှော်ကြပါကုန်၏၊ မချွတ် အကျိုးပြီးခြင်းသို့ရောက်ကုန်၏၊ ထိုသူတို့၏ ဘဝ၌ မအိုမပျက်စီးခြင်းသည် ဖြစ်၏။
၄၃။ ‘‘‘န မေ ဒေယျဓမ္မော အတ္ထိ, ပဝတ္တဖလဘောဇိဟံ၊
ဣဒံ မေ အာသနံ အတ္ထိ [န မေ ဒေယျံ တဝ အတ္ထိ (သီ။ သျာ။)], နိသီဒ ကဋ္ဌမဉ္စကေ’။
၄၃။ အကျွန်ုပ်အား လှူဖွယ်ဝတ္ထု မရှိပါ၊ အကျွန်ုပ်သည် ကြွေကျသော သစ်သီးကို စား လေ့ရှိပါ၏၊ အကျွန်ုပ်အား ဤနေရာသည်သာ (လှူဖွယ်) ရှိပါ၏၊ (အရှင်ဘုရား) သစ်သား ညောင်စောင်း၌ ထိုင်နေတော်မူပါ။
၄၄။ ‘‘နိသီဒိ တတ္ထ ဘဂဝါ, အသမ္ဘီတောဝ [အစ္ဆမ္ဘိတောဝ (သျာ။ က။)] ကေသရီ၊
မုဟုတ္တံ ဝီတိနာမေတွာ, ဣဒံ ဝစနမဗြဝိ။
၄၄။ မြတ်စွာဘုရားသည် ‘ကြောက်ရွံ့ခြင်းကင်းသော ခြင်္သေ့မင်းကဲ့သို့’ ထိုညောင်စောင်း၌ ထိုင်တော်မူ၏၊ တစ်ခဏမျှ လွန်စေ၍ ဤစကားကို မိန့်ဆိုတော်မူ၏-
၄၅။ ‘‘‘ဝိသဋ္ဌော [ဝိဿတ္ထော (သီ။ ပီ), ဝိဿဋ္ဌော (သျာ။ က။)] ဟောဟိ မာ ဘာယိ, လဒ္ဓေါ ဇောတိရသော တယာ၊
ယံ တုယှံ ပတ္ထိတံ သဗ္ဗံ, ပရိပူရိဿတိနာဂတေ [ပရိပူရိဿတာသနံ (သျာ။ က။)]။
၄၅။ သင်သည် ရွံ့ရှားခြင်းကင်းသူ ဖြစ်လော့၊ မကြောက်လင့်၊ သင်သည် ဇောတိရသ ပတ္တမြားကိုရအပ်ပေ၏၊ သင်သည် အကြင်ဆုကို တောင့်တအပ်ပေ၏၊ ထိုဆုအားလုံးသည် နောင်သောအခါ သင့်အားပြည့်စုံလတ္တံ့။
၄၆။ ‘‘‘န မောဃံ တံ ကတံ တုယှံ, ပုညက္ခေတ္တေ အနုတ္တရေ၊
သက္ကာ ဥဒ္ဓရိတုံ အတ္တာ, ယဿ စိတ္တံ ပဏီဟိတံ [သုနီဟိတံ (သျာ။)]။
၄၆။ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ဘုရား၌ သင့်ပြုအပ်သော ထိုကောင်းမှုသည် အချည်းနှီး မဖြစ်ချေ။ အကြင်သူသည် စိတ်ကို ကောင်းစွာဆောက်တည်ထားပေ၏၊ ထိုသူသည် မိမိကိုယ်ကို (ဝဋ်မှ) ထုတ်ဆောင်ခြင်းငှါ စွမ်းနိုင်ရာ၏။
၄၇။ ‘‘‘ဣမိနာသနဒါနေန, စေတနာပဏိဓီဟိ စ၊
ကပ္ပသတသဟဿာနိ, ဝိနိပါတံ န ဂစ္ဆသိ။
၄၇။ ဤနေရာအလှူကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်းကမ္ဘာတစ်သိန်းတို့ပတ်လုံး ပျက်စီးကျရောက်ရာ အပါယ်သို့ မလားရလတ္တံ့။
၄၈။ ‘‘‘ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿသိ၊
အသီတိက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿသိ။
၄၈။ အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသူ ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရ လတ္တံ့၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၄၉။ ‘‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
သဗ္ဗတ္ထ သုခိတော ဟုတွာ, သံသာရေ သံသရိဿသိ’။
၄၉။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ အလုံးစုံသောဘဝတို့၌ ချမ်းသာခြင်းရှိသူ ဖြစ်၍ သံသရာ၌ ကျင်လည်ရလတ္တံ့။
၅၀။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊
နဘံ အဗ္ဘုဂ္ဂမီ ဝီရော, ဟံသရာဇာဝ အမ္ဗရေ။
၅၀။ ပဒုမုတ္တရမည်သော ရဲရင့်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ ၍‘ကောင်းကင်၌ (ပျံသန်းသော) ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော်မူ၏။
၅၁။ ‘‘ဟတ္ထိယာနံ အဿယာနံ, သရထံ သန္ဒမာနိကံ၊
လဘာမိ သဗ္ဗမေဝေတံ, ဧကာသနဿိဒံ ဖလံ။
၅၁။ ဆင်ယာဥ်ကိုလည်းကောင်း၊ မြင်းယာဥ်ကိုလည်းကောင်း၊ ရထားနှင့် တကွသော သံလျှင်း (ထမ်းစင်) ကိုလည်းကောင်း ဤအလုံးစုံကို ရရှိပေ၏။ ဤသို့ ဖြစ်ရခြင်းသည် နေရာတစ်ခုကို လှူရခြင်း၏အကျိုးပေတည်း။
၅၂။ ‘‘ကာနနံ ပဝိသိတွာပိ, ယဒါ ဣစ္ဆာမိ အာသနံ၊
မမ သင်္ကပ္ပမညာယ, ပလ္လင်္ကော ဥပတိဋ္ဌတိ။
၅၂။ ငါသည် တောသို့ ဝင်သော် လည်း နေရာကို အလိုရှိသော အခါ၌ ငါ၏ စိတ်အကြံကို သိ၍ပလ္လင်သည် အနီး၌ တည်လာ၏။
၅၃။ ‘‘ဝါရိမဇ္ဈဂတော သန္တော, ယဒါ ဣစ္ဆာမိ အာသနံ၊
မမ သင်္ကပ္ပမညာယ, ပလ္လင်္ကော ဥပတိဋ္ဌတိ။
၅၃။ ရေလယ်သို့ ရောက်သော် လည်း နေရာကို အလိုရှိသော အခါ၌ ငါ၏ စိတ်အကြံကို သိ၍ပလ္လင်သည် အနီး၌ တည်လာ၏။
၅၄။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ပလ္လင်္ကသတသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ။
၅၄။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ပလ္လင်တစ်သိန်းတို့သည် ငါ့ကိုအခါခပ်သိမ်း ခြံရံကုန်၏။
၅၅။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊
ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ အထ ဗြာဟ္မဏေ။
၅၅။ ငါသည် နှစ်မျိုးသော လူ့ဘဝ နတ်ဘဝတို့၌ သာလျှင် ကျင်လည်ရပေ၏၊ မင်းမျိုး၌ လည်းကောင်း၊ သို့မဟုတ် ဗြာဟ္မာမျိုး၌လည်းကောင်း နှစ်ပါးသော အမျိုး၌သာ ဖြစ်ရပေ၏။
၅၆။ ‘‘ဧကာသနံ ဒဒိတွာန, ပုညက္ခေတ္တေ အနုတ္တရေ၊
ဓမ္မပလ္လင်္ကမာဒါယ [ဓမ္မပလ္လင်္ကမညာယ (သျာ။ က။)], ဝိဟရာမိ အနာသဝေါ။
၅၆။ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် တော်မူသော မြတ်စွာဘုရားအား နေရာတစ်ခုကို ပေးလှူခဲ့ခြင်းကြောင့် တရားတည်းဟူသော ပလ္လင်ကိုယူ၍ အာသဝမရှိဘဲ နေရ၏။
၅၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကာသနဿိဒံ ဖလံ။
၅၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ နေရာအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နေရာတစ်ခုကို လှူရ ခြင်း၏ အကျိုးပေတည်း။
၅၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၆၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဧကသနဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဧကာသနဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဧကာသနဒါယကတ္ထေရဿာပဒါနံ တတိယံ။
၄။ သတ္တကဒမ္ဗပုပ္ဖိယတ္ထေရအပဒါနံ
၆၁။ ‘‘ဟိမဝန္တဿာဝိဒူရေ, ကုက္ကုဋော [ကဒမ္ဗော (သီ။ သျာ။ ပီ။)] နာမ ပဗ္ဗတော၊
တမှိ ပဗ္ဗတပါဒမှိ, သတ္တ ဗုဒ္ဓါ ဝသိံသု တေ။
၄-သတ္တကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ၆၁။ ဟိမဝန္တာ၏ အနီး၌ ကုက္ကုဋမည်သော တောင်သည် ရှိ၏၊ ထိုတောင်ခြေရင်း၌ ခုနစ် ဆူသော ထိုပစ္စေကဗုဒ္ဓါတို့သည် သီတင်းသုံးတော်မူကြကုန်၏။
၆၂။ ‘‘ကဒမ္ဗံ ပုပ္ဖိတံ ဒိသွာ, ပဂ္ဂဟေတွာန အဉ္ဇလိံ၊
သတ္တ မာလာ ဂဟေတွာန, ပုညစိတ္တေန [ပုဏ္ဏစိတ္တေန (က။)] ဩကိရိံ။
၆၂။ ငါသည် ပွင့်နေသော ထိမ်ပင်ကို မြင်၍ ပန်းခုနစ်ပွင့်တို့ကို ခူးယူပြီးလျှင် ကုသိုလ် စိတ်ဖြင့်လက်အုပ်ချီလျက် ကြဲဖြန့်ပူဇော်ခဲ့၏။
၆၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၆၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။
၆၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းလှူမှုကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါဘုရားအား ပန်းပူဇော်ခြင်း၏အကျိုးပေတည်း။
၆၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၆၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၆၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သတ္တကဒမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် သတ္တကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သတ္တကဒမ္ဗပုပ္ဖိယော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
သတ္တကဒမ္ဗပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန
၆၈။ ‘‘ဝနကမ္မိကော ပုရေ အာသိံ, ပိတုမာတုမတေနဟံ [ပိတုပိတာမဟေနဟံ (သီ။ သျာ။ ပီ။)]၊
ပသုမာရေန ဇီဝါမိ, ကုသလံ မေ န ဝိဇ္ဇတိ။
၅-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ၆၈။ ငါသည် ရှေးအခါက မိဘကွယ်လွန်သဖြင့် တောမုဆိုး ဖြစ်ခဲ့၏၊ သားကောင်ကို သတ်ခြင်းဖြင့်အသက်မွေးရ၏၊ ငါ့အား ကုသိုလ်ကောင်းမှုသည် မရှိချေ။
၆၉။ ‘‘မမ အာသယသာမန္တာ, တိဿော လောကဂ္ဂနာယကော၊
ပဒါနိ တီဏိ ဒဿေသိ, အနုကမ္ပာယ စက္ခုမာ။
၆၉။ စက္ခုငါးမျိုးရှိတော်မူသော လောက၌ မြတ်သော ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားသည် အစဥ်သနားတော်မူသဖြင့် ခြေတော်ရာ သုံးဆူတို့ကို ငါ့နေရာအနီး၌ ပြတော်မူ၏။
၇၀။ ‘‘အက္ကန္တေ စ ပဒေ ဒိသွာ, တိဿနာမဿ သတ္ထုနော၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပဒေ စိတ္တံ ပသာဒယိံ။
၇၀။ တိဿမည်သော မြတ်စွာဘုရား၏ နင်းအပ်သော ခြေတော်ရာသုံးဆူတို့ကို ဖူးမြင်ရ၍ ရွှင်လန်းသောငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာ၌ စိတ်ကို ကြည်လင်စေခဲ့၏။
၇၁။ ‘‘ကောရဏ္ဍံ ပုပ္ဖိတံ ဒိသွာ, ပါဒပံ ဓရဏီရုဟံ၊
သကောသကံ ဂဟေတွာန, ပဒသေဋ္ဌမပူဇယိံ။
၇၁။ မြေ၌ ပေါက်ရောက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို တွေ့မြင်ရ၍ အခိုင်နှင့်တကွ ယူပြီးလျှင် ခြေတော်ရာမြတ်ကို ပူဇော်ခဲ့၏။
၇၂။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၇၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။
၇၃။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ကောရဏ္ဍဝဏ္ဏကောယေဝ, သုပ္ပဘာသော ဘဝါမဟံ။
၇၃။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါသည် လိပ်ဆူးရွှေပွင့် အဆင်းရှိလျက်ကောင်းစွာ အရောင်တောက်သူ ဖြစ်ရ၏။
၇၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဒပူဇာယိဒံ ဖလံ။
၇၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကောင်းမှုကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ခြေတော်ရာအား ပူဇော် ရခြင်း၏ အကျိုးပေတည်း။
၇၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၇၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၇၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကောရဏ္ဍပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ကောရဏ္ဍပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၆။ ဃတမဏ္ဍဒါယကတ္ထေရအပဒါန
၇၈။ ‘‘သုစိန္တိတံ ဘဂဝန္တံ, လောကဇေဋ္ဌံ နရာသဘံ၊
ဥပဝိဋ္ဌံ မဟာရညံ, ဝါတာဗာဓေန ပီဠိတံ။
၆-ဃတမဏ္ဍဒါယကတ္ထေရအပဒါန ၇၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်တော်မူသော တောအုပ်ကြီးအတွင်းသို့ ဝင်သော သုစိန္တိတပစ္စေကဗုဒ္ဓါဘုရားကို လေနာဖြင့် နှိပ်စက်ခံနေရသည်ကို ဖူးမြင်ရ၏။
၇၉။ ‘‘ဒိသွာ စိတ္တံ ပသာဒေတွာ, ဃတမဏ္ဍမုပါနယိံ၊
ကတတ္တာ အာစိတတ္တာ စ, ဂင်္ဂါ ဘာဂီရထီ အယံ။
၇၉။ ဖူးမြင်ရသည်ရှိသော် ငါသည် စိတ်ကို ကြည်လင်စေပြီးလျှင် ထောပတ်ကြည်ကို ရှေးရှုဆောင်ယူပူဇော်ခဲ့၏၊ (ကံကို) ပြုလုပ်ပွားစေခဲ့သည်၏ အဖြစ်ကြောင့် ဘာဂီရထီမည် သောဤမြစ်သည်လည်းကောင်း-
၈၀။ ‘‘မဟာသမုဒ္ဒါ စတ္တာရော, ဃတံ သမ္ပဇ္ဇရေ မမ၊
အယဉ္စ ပထဝီ ဃောရာ, အပ္ပမာဏာ အသင်္ခိယာ။
၈၀။ မဟာသမုဒ္ဒရာ လေးစင်းတို့သည်လည်းကောင်း ငါ့အား ထောပတ်တို့ ဖြစ်ကုန်၏။ မနှိုင်းယှဥ့်မရေတွက်နိုင်သော ကြမ်းတမ်းခက်မာသော မြေကြီးသည်လည်း-
၈၁။ ‘‘မမ သင်္ကပ္ပမညာယ, ဘဝတေ မဓုသက္ကရာ၊
စာတုဒ္ဒီပါ [စတုဒ္ဒိသာ (သျာ။)] ဣမေ ရုက္ခာ, ပါဒပါ ဓရဏီရုဟာ။
၈၁။ ငါ၏ စိတ်အကြံကို သိ၍ ပျားသကာ ဖြစ်လေ၏၊ ဤသစ်ပင်တို့သည် လေးကျွန်း လုံး၌ ရှိကုန်၏၊ ခြေဖြင့် ရေကို သောက်ကုန်၏၊ မြေ၌ ပေါက်ရောက်ကုန်၏။
၈၂။ ‘‘မမ သင်္ကပ္ပမညာယ, ကပ္ပရုက္ခာ ဘဝန္တိ တေ၊
ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ။
၈၂။ ထိုသစ်ပင်တို့သည် ငါ၏ စိတ်အကြံကိုသိ၍ ပဒေသာပင်တို့ ဖြစ်ကုန်၏၊ အကြိမ် ငါးဆယ်တိုင်တိုင်နတ်တို့ကို အစိုးရလျက် သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။
၈၃။ ‘‘ဧကပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၈၃။ ငါးဆယ့်တစ်ကြိမ်တိုင်တိုင် ငါသည် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၈၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဃတမဏ္ဍဿိဒံ ဖလံ။
၈၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ကြည်ကို လှူရခြင်း၏ အကျိုးပေတည်း။
၈၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၈၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၈၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၈၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၈၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဃတမဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဃတမဏ္ဍဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဃတမဏ္ဍဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဃတမဏ္ဍဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ ဧကဓမ္မဿဝနိယတ္ထေရအပဒါန
၈၈။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
စတုသစ္စံ ပကာသေန္တော, သန္တာရေသိ ဗဟုံ ဇနံ။
၇-ဧကဓမ္မဿဝနိယတ္ထေရအပဒါန ၈၈။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးကို ဖော်ပြတော်မူလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။
၈၉။ ‘‘အဟံ တေန သမယေန, ဇဋိလော ဥဂ္ဂတာပနော၊
ဓုနန္တော ဝါကစီရာနိ, ဂစ္ဆာမိ အမ္ဗရေ တဒါ။
၈၉။ ထိုအခါ ၌ ငါသည် ထက်မြက်သော တန်ခိုးရှိသော ရသေ့ဖြစ်၍ လျှော်တေသင်္ကန်း တို့ကို ခါလျက်ထိုအခါ ကောင်းကင်၌ သွားခဲ့၏။
၉၀။ ‘‘ဗုဒ္ဓသေဋ္ဌဿ ဥပရိ, ဂန္တုံ န ဝိသဟာမဟံ၊
ပက္ခီဝ သေလမာသဇ္ဇ, ဂမနံ န လဘာမဟံ။
၉၀။ ဘုရားမြတ်၏ အထက်၌ ငါသည် သွားခြင်းငှါ မစွမ်းနိုင်ချေ၊ ‘ငှက်သည် ကျောက် တောင်သို့ရောက်သည်ရှိသော် သွားခွင့်ကို မရသကဲ့သို့’ ငါသည် သွားခွင့်ကို မရတော့ချေ။
၉၁။ ‘‘ဥဒကေ ဝေါက္ကမိတွာန, ဧဝံ ဂစ္ဆာမိ အမ္ဗရေ၊
န မေ ဣဒံ ဘူတပုဗ္ဗံ, ဣရိယာပထဝိကောပနံ။
၉၁။ ရေ၌ သက်ဆင်း၍ သွားရသကဲ့သို့ ထို့အတူ ကောင်းကင်၌ သွားရ၏၊ ဣရိယာ ပုထ်ကိုဖျက်ဆီးတတ်သော ဤအကြောင်းသည် ငါ့အား ရှေးက မဖြစ်စဖူးပေ။
၉၂။ ‘‘ဟန္ဒ မေတံ ဂဝေသိဿံ, အပ္ပေဝတ္ထံ လဘေယျဟံ၊
ဩရောဟန္တော အန္တလိက္ခာ, သဒ္ဒမဿောသိ သတ္ထုနော။
၉၂။ ယခုအခါ၌ ငါသည် ဤအကြောင်းကို ရှာဖွေရတော့အံ့၊ ထိုအကျိုးကို ရနိုင်တန်ရာ၏၊ (ဤသို့ကြံလျက်) ကောင်းကင်မှ ဆင်းသက်သည်ရှိသော် မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရလေ၏။
၉၃။ ‘‘သရေန ရဇနီယေန, သဝနီယေန ဝဂ္ဂုနာ၊
အနိစ္စတံ ကထေန္တဿ, တညေဝ ဥဂ္ဂဟိံ တဒါ၊
အနိစ္စသညမုဂ္ဂယှ, အဂမာသိံ မမဿမံ။
၉၃။ ထိုအခါ နှစ်သက်ဖွယ် နာပျော်ဖွယ် ကောင်းသော သာယာသော အသံဖြင့် အနိစ္စ တရားကိုဟောတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ ထိုအနိစ္စသညာတရားကိုသာလျှင် သင်ယူခဲ့၏၊ အနိစ္စသညာကို သင်ယူ၍ ငါ၏ သင်္ခမ်းကျောင်းသို့ ပြန်သွားခဲ့၏။
၉၄။ ‘‘ယာဝတာယုံ ဝသိတွာန, တတ္ထ ကာလင်္ကတော အဟံ၊
စရိမေ ဝတ္တမာနမှိ, သဒ္ဓမ္မဿဝနံ သရိံ။
၉၄။ ငါသည် ထိုသင်္ခမ်းကျောင်း၌ အသက်ထက်ဆုံး နေ၍ ကွယ်လွန်ခဲ့၏၊ နောက်ဆုံး စုတိစိတ်ဖြစ်ခါနီးလတ်သော် ကြားနာခဲ့ရသော သူတော်ကောင်းတရားကို အောက်မေ့၏။
၉၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၉၅။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် ပြည်သို့ရောက်ရ၏။
၉၆။ ‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိံ အဟံ၊
ဧကပညာသက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၉၆။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ငါးဆယ့်တစ်ကြိမ် တိုင်တိုင်နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။
၉၇။ ‘‘ဧကဝီသတိက္ခတ္တုဉ္စ [ဧကတိံသတိ… (သျာ။)], စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၉၇။ ငါသည် နှစ်ဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၉၈။ ‘‘အနုဘောမိ သကံ ပုညံ, သုခိတောဟံ ဘဝါဘဝေ၊
အနုဿရာမိ တံ သညံ, သံသရန္တော ဘဝါဘဝေ၊
န ကောဋိံ ပဋိဝိဇ္ဈာမိ, နိဗ္ဗာနံ အစ္စုတံ ပဒံ။
၉၈။ ငါသည် ဘဝကြီးငယ်၌ ချမ်းသာသူ ဖြစ်၍ မိမိပြုအပ်သော ကောင်းမှု၏ အကျိုးကို ခံစားရ၏၊ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ထိုအနိစ္စသညာကို အောက်မေ့၏၊ ငါသည် ဘဝ၏ အဆုံးဖြစ်သောစုတေခြင်းကင်းသော (ပညာရှိတို့) ရောက်အပ်သော နိဗ္ဗာန်ကို ထိုး ထွင်း၍ မသိခဲ့ချေ။
၉၉။ ‘‘ပိတုဂေဟေ နိသီဒိတွာ, သမဏော ဘာဝိတိန္ဒြိယော၊
ကထံသ [ကထယံ (သီ။ ပီ။ က။)] ပရိဒီပေန္တော, အနိစ္စတမုဒါဟရိ။
၉၉။ ပွားများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်း (တစ်ပါး) သည် အဖအိမ်၌ ကြွရောက်ထိုင်နေတော်မူလျက် တရားစကားကို ဟောပြတော်မူသည်ရှိသော် အနိစ္စသညာကိုသာ ထုတ်ဆောင်တော်မူ၏။
၁၀၀။ ‘‘‘အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ’။
၁၀၀။ ဖြစ်ခြင်း ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတရားတို့သည် အမြဲ မရှိကုန်စွ တကား၊ ဖြစ်ပြီး၍ချုပ်ငြိမ်းကုန်၏၊ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်သည် ချမ်း သာ၏။
၁၀၁။ ‘‘သဟ ဂါထံ သုဏိတွာန, ပုဗ္ဗသညမနုဿရိံ၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
၁၀၁။ ငါသည် ဂါထာကို ကြားနာရသည်နှင့် တစ်ပြိုင်နက် ရှေးအမှတ်သညာကို အောက် မေ့ခဲ့၏၊ (ထိုအခါ ) တစ်ထိုင်တည်း၌ အရဟတ္တဖိုလ်သို့ ရောက်၏။
၁၀၂။ ‘‘ဇာတိယာ သတ္တဝဿေန, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယီ ဗုဒ္ဓေါ, ဓမ္မဿဝနဿိဒံ ဖလံ။
၁၀၂။ မွေးဖွားသည်မှ ခုနစ်နှစ်မျှဖြင့် အရဟတ္တဖိုလ်သို့ ရောက်၏၊ မြတ်စွာဘုရားသည် (ငါ့ကို) ရဟန်းပြုပေးတော်မူ၏။ (ဤသို့ ဖြစ်ရခြင်းသည်) တရားနာခြင်း၏ အကျိုးပေတည်း။
၁၀၃။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဓမ္မမသုဏိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓမ္မဿဝနဿိဒံ ဖလံ။
၁၀၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ တရားကို နာခဲ့ရသောအခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တရားနာရခြင်း၏ အကျိုးပေ တည်း။
၁၀၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၀၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၁၀၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၀၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဓမ္မဿဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဧကဓမ္မဿဝနိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဓမ္မဿဝနိယော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ဧကဓမ္မဿဝနိယတ္ထေရဿာပဒါနံ သတ္တမံ။
၈။ သုစိန္တိတတ္ထေရအပဒါန
၁၀၇။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ ကဿကော တဒါ၊
ကသိကမ္မေန ဇီဝါမိ, တေန ပေါသေမိ ဒါရကေ။
၈-သုစိန္တိတတ္ထေရအပဒါန ၁၀၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ လယ်သမား ဖြစ်ခဲ့၏၊ လယ်လုပ်ငန်းဖြင့် အသက်မွေး၏၊ ထိုလယ်အလုပ်ဖြင့်ပင် သားမယားတို့ကို ကျွေးမွေး၏။
၁၀၈။ ‘‘သုသမ္ပန္နံ တဒါ ခေတ္တံ, ဓညံ မေ ဖလိနံ [ဖလိတံ (သီ။ ပီ။)] အဟု၊
ပါကကာလေ စ သမ္ပတ္တေ, ဧဝံ စိန္တေသဟံ တဒါ။
၁၀၈။ ထိုအခါ ၌ (ငါ၏) လယ်သည် အလွန်ပြည့်စုံသော ကောက်ပင် ရှိ၏၊ ငါ၏ စပါးခင်းသည် အသီးဖြစ်ထွန်းလေ၏၊ ငါသည် စပါးမှည့်ချိန်ရောက်လတ်သော် ဤသို့ ကြံ စည်ခဲ့၏။
၁၀၉။ ‘‘နစ္ဆန္နံ နပ္ပတိရူပံ, ဇာနန္တဿ ဂုဏာဂုဏံ၊
ယောဟံ သံဃေ အဒတွာန, အဂ္ဂံ ဘုဉ္ဇေယျ စေ တဒါ [မတ္တနာ (သျာ။)]။
၁၀၉။ ဂုဏ်ရှိ ဂုဏ်မဲ့ကို သိသည်ဖြစ်၍ သံဃာအား မပေးလှူဘဲ ဦးဦးဖျားဖျား စား သော ငါ့အားမလျောက်ပတ် မသင့်တော်ပေ။
၁၁၀။ ‘‘အယံ ဗုဒ္ဓေါ အသမသမော, ဒွတ္တိံသဝရလက္ခဏော၊
တတော ပဘာဝိတော သံဃော, ပုညက္ခေတ္တော အနုတ္တရော။
၁၁၀။ ဤဘုရားရှင်သည် အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူ၏၊ သုံးဆယ့် နှစ်ပါးသောယောကျာ်းမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံတော်မူ၏၊ ကောင်းမှုမျိုးစေ့ကို စိုက် ပျိုးရာလယ်မြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံးသော သံဃာတော်သည် ထိုမြတ်စွာ ဘုရားမှ အမွန်စ၍ဖြစ်ပေါ်တော်မူ၏။
၁၁၁။ ‘‘တတ္ထ ဒဿာမဟံ ဒါနံ, နဝသဿံ ပုရေ ပုရေ၊
ဧဝါဟံ စိန္တယိတွာန, ဟဋ္ဌော ပီဏိတမာနသော [ပီတိက… (သျာ။)]။
၁၁၁။ ငါသည် ထိုဘုရားအမှူးရှိသော သံဃာအား ကောက်ဦးအလှူကို ဦးဦးဖျားဖျား ပေးလှူအံ့၊ ဤသို့ကြံစည်ပြီးလျှင် ရွှင်လန်း, နှစ်သက်သော စိတ်ရှိသည်ဖြစ်၍-
၁၁၂။ ‘‘ခေတ္တတော ဓညမာဟတွာ, သမ္ဗုဒ္ဓံ ဥပသင်္ကမိံ၊
ဥပသင်္ကမ္မ သမ္ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ၊
ဝန္ဒိတွာ သတ္ထုနော ပါဒေ, ဣဒံ ဝစနမဗြဝိံ။
၁၁၂။ လယ်မှ စပါးကို ဆောင်ယူ၍ လောက၏ အကြီးအမှူးဖြစ်သော လူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားထံ ချဥ်းကပ်လျက် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးကာ ဤ စကားကိုလျှောက်ထား၏-
၁၁၃။ ‘‘‘နဝသဿဉ္စ သမ္ပန္နံ, အာယာဂေါသိ [ဣဓ ဟောသိ (သျာ။)] စ တွံ မုနေ၊
အနုကမ္ပမုပါဒါယ, အဓိဝါသေဟိ စက္ခုမ’။
၁၁၃။ မြတ်စွာဘုရား အရှင်ဘုရားသည် လည်း ပူဇော်ရာ ဖြစ်တော်မူပါပေ၏၊ (တပည့် တော်အားလည်း)ကောက်ဦးသည် ပြည့်စုံလျက် ရှိပါ၏၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာ ဘုရား အစဥ်သနားမှုကိုအကြောင်းပြု၍ လက်ခံတော်မူပါ (အလှူခံတော်မူပါ)။
၁၁၄။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမ သင်္ကပ္ပမညာယ, ဣဒံ ဝစနမဗြဝိ။
၁၁၄။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော် မူထိုက်သောပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ ဤစကားကို မိန့်တော် မူ၏-
၁၁၅။ ‘‘‘စတ္တာရော စ ပဋိပန္နာ, စတ္တာရော စ ဖလေ ဌိတာ၊
ဧသ သံဃော ဥဇုဘူတော, ပညာသီလသမာဟိတော၊
ယဇန္တာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ။
၁၁၅-၁၁၆။ ကျင့်ဆဲဖြစ်သော (မဂ်) ပုဂ္ဂိုလ်လေးယောက်တို့လည်းကောင်း၊ ဖိုလ်၌ တည် သောပုဂ္ဂိုလ်လေးယောက်တို့လည်းကောင်း ဤရှစ်ယောက်သော အရိယာသံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏။ ပညာ သီလ သမာဓိနှင့် ပြည့်စုံတော်မူပါပေ၏။ ကောင်းမှုကို အလိုရှိသဖြင့်ပူဇော်ကုန်သော နတ်ပြည်ဥပဓိကို ဖြစ်စေတတ်သော လူသတ္တဝါတို့ ပြုအပ်သော ကောင်းမှုသည်သံဃာအား ပေးလှူအပ်သည်ရှိသော် များသော အကျိုးရှိပေ၏။ ထိုသံဃာအားသာလျှင် သင်၏ကောက်ဦးကိုလည်းကောင်း၊ ထို့အတူ အခြားဝတ္ထုကို လည်းကောင်း ပေးလှူအပ်၏။
၁၁၆။ ‘‘‘ကရောတောပဓိကံ ပုညံ, သံဃေ ဒိန္နံ မဟပ္ဖလံ၊
တသ္မိံ သံဃေဝ [သံဃေ စ (သျာ။ ပီ။)] ဒါတဗ္ဗံ, တဝ သဿံ တထေတရံ။
၁၁၇။ ‘‘‘သံဃတော ဥဒ္ဒိသိတွာန, ဘိက္ခူ နေတွာန သံဃရံ၊
ပဋိယတ္တံ ဃရေ သန္တံ, ဘိက္ခုသံဃဿ ဒေဟိ တွံ’။
၁၁၇။ သံဃာမှ ညွှန်ပြသော ရဟန်းတို့ကို မိမိအိမ်သို့ ပင့်ဆောင်ပြီးလျှင် အိမ်၌ စီရင် ထားသော ထင်ရှားရှိသော အလှူဝတ္ထုကို သင်သည် ရဟန်းသံဃာအား ပေးလှူလော့ (ဟု မိန့်တော်မူ၏)။
၁၁၈။ ‘‘သံဃတော ဥဒ္ဒိသိတွာန, ဘိက္ခူ နေတွာန သံဃရံ၊
ယံ ဃရေ ပဋိယတ္တံ မေ, ဘိက္ခုသံဃဿဒါသဟံ။
၁၁၈။ ငါသည် သံဃာမှ ရည်ညွှန်းပြသော ရဟန်းတို့ကို မိမိအိမ်သို့ ပင့်ဆောင်၍ ငါ၏ အိမ်၌စီရင်အပ်သော အလှူဝတ္ထုကို ရဟန်းသံဃာအား ပေးလှူခဲ့၏။
၁၁၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၁၉။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ကိုယ်ခန္ဓာကို စွန့်သည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။
၁၂၀။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, သောဝဏ္ဏံ သပ္ပဘဿရံ၊
သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။
ဧကူနဝီသတိမံ ဘာဏဝါရံ။
၁၂၀။ ထိုတာဝတိံသာနတ်ပြည်၌ ငါ၏ ကောင်းစွာ ပြုအပ်သော ဗိမာန်သည် ရွှေဖြင့် ပြီး၏။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်၏၊ ယူဇနာခြောက်ဆယ် အစောက်နက်၏၊ ယူဇနာသုံး ဆယ်အပြန့်ကျယ်၏။ တစ်ဆယ့်ကိုးခုမြောက် ဘာဏဝါရ ပြီး၏။
၁၂၁။ ‘‘အာကိဏ္ဏံ ဘဝနံ မယှံ, နာရီဂဏသမာကုလံ၊
တတ္ထ ဘုတွာ ပိဝိတွာ စ, ဝသာမိ တိဒသေ အဟံ။
၁၂၁။ ငါ၏ ဗိမာန်၌ နတ်သမီးအပေါင်းတို့ဖြင့် ရောပြွမ်းလျက် ရှိ၏၊ ငါသည် ထို တာဝတိံသာနတ်ပြည်၌ (အလိုရှိတိုင်း) စားသောက်၍ နေရ၏။
၁၂၂။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊
သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၂၂။ အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ အကြိမ်ငါးရာတိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအား ဖြင့်မရေတွက်နိုင်။
၁၂၃။ ‘‘ဘဝါဘဝေ သံသရန္တော, လဘာမိ အမိတံ ဓနံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, နဝသဿဿိဒံ ဖလံ။
၁၂၃။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် မရေတွက်နိုင်သော ဥစ္စာကို ရ၏၊ ငါ့အားစည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်း မရှိ။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်း လှူရ ခြင်း၏အကျိုးပေတည်း။
၁၂၄။ ‘‘ဟတ္ထိယာနံ အဿယာနံ, သိဝိကံ သန္ဒမာနိကံ၊
လဘာမိ သဗ္ဗမေဝေတံ [သဗ္ဗမေတမ္ပိ (က။)], နဝသဿဿိဒံ ဖလံ။
၁၂၄။ ဆင်ယာဥ်ကိုလည်းကောင်း၊ မြင်းယာဥ်ကိုလည်းကောင်း၊ သံလျှင်းကိုလည်းကောင်း ဤအလုံးစုံကိုရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၁၂၅။ ‘‘နဝဝတ္ထံ နဝဖလံ, နဝဂ္ဂရသဘောဇနံ၊
လဘာမိ သဗ္ဗမေဝေတံ, နဝသဿဿိဒံ ဖလံ။
၁၂၅။ အဝတ်သစ်ကိုလည်းကောင်း၊ အသီးဦးကိုလည်းကောင်း၊ မွန်မြတ်သော အရသာ ရှိသောဘောဇဥ်ဦးကိုလည်းကောင်း ဤအလုံးစုံကို ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏အကျိုးပေတည်း။
၁၂၆။ ‘‘ကောသေယျကမ္ဗလိယာနိ, ခေါမကပ္ပါသိကာနိ စ၊
လဘာမိ သဗ္ဗမေဝေတံ, နဝသဿဿိဒံ ဖလံ။
၁၂၆။ ပိုးပုဆိုး, ကမ္ဗလာပုဆိုး (သက္ကလပ်) တို့ကို လည်းကောင်း၊ ခေါမတိုင်းဖြစ် ပုဆိုး, ဝါချည်ပုဆိုးတို့ကို လည်းကောင်း ထိုအလုံးစုံကို ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦး ဆွမ်းလှူရခြင်း၏အကျိုးပေတည်း။
၁၂၇။ ‘‘ဒါသီဂဏံ ဒါသဂဏံ, နာရိယော စ အလင်္ကတာ၊
လဘာမိ သဗ္ဗမေဝေတံ, နဝသဿဿိဒံ ဖလံ။
၁၂၇။ ကျွန်မိန်းမအပေါင်းကိုလည်းကောင်း၊ ကျွန်ယောကျာ်းအပေါင်းကိုလည်းကောင်း၊ တန်ဆာဆင်အပ်ကုန်သော မိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုလည်း ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည်ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၁၂၈။ ‘‘န မံ သီတံ ဝါ ဥဏှံ ဝါ, ပရိဠာဟော န ဝိဇ္ဇတိ၊
အထော စေတသိကံ ဒုက္ခံ, ဟဒယေ မေ န ဝိဇ္ဇတိ။
၁၂၈။ ငါ့အား အေးခြင်း, ပူခြင်း, အိုက်စပ်ခြင်းသည် မရှိပေ၊ ထို့ပြင် ငါ၏ နှလုံး၌စိတ်ဆင်းရဲခြင်းသည် မရှိ။
၁၂၉။ ‘‘ဣဒံ ခါဒ ဣဒံ ဘုဉ္ဇ, ဣမမှိ သယနေ သယ၊
လဘာမိ သဗ္ဗမေဝေတံ, နဝသဿဿိဒံ ဖလံ။
၁၂၉။ “ဤခဲဖွယ်ကို ခဲပါလော့၊ ဤစားသောက်ဖွယ်ကို စားပါလော့၊ ဤနေရာ၌ အိပ်ပါ လော့’ထိုအလုံးစုံသော ဖိတ်မန်မှုကိုလည်း ရရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်း လှူရခြင်း၏အကျိုးပေတည်း။
၁၃၀။ ‘‘အယံ ပစ္ဆိမကော ဒါနိ, စရိမော ဝတ္တတေ ဘဝေါ၊
အဇ္ဇာပိ ဒေယျဓမ္မော မေ, ဖလံ တောသေသိ သဗ္ဗဒါ။
၁၃၀။ ယခုအခါ၌ ဤဘဝသည်ကား အဆုံးစွန်သော ဘဝပေတည်း။ နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုဘဝ၌လည်း ငါ၏ လှူဖွယ်ဝတ္ထုသည် အခါခပ်သိမ်း အကျိုးကို နှစ်သက်စေ၏။
၁၃၁။ ‘‘နဝသဿံ ဒဒိတွာန, သံဃေ ဂဏဝရုတ္တမေ၊
အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။
၁၃၁။ အမြတ်ဆုံးဂိုဏ်းသံဃာအား ကောက်ဦးဆွမ်းကို ပေးလှူရ၍ ငါ၏ ကံအား လျောက်ပတ်ကုန်သောအကျိုးဆက်ရှစ်ပါးတို့ကို ခံစားရ၏။
၁၃၂။ ‘‘ဝဏ္ဏဝါ ယသဝါ ဟောမိ, မဟာဘောဂေါ အနီတိကော၊
မဟာပက္ခော [မဟာဘက္ခော (သျာ။ က။)] သဒါ ဟောမိ, အဘေဇ္ဇပရိသော သဒါ။
၁၃၂။ ငါသည် အဆင်းလှသူ၊ အခြံအရံများသူ၊ ဥစ္စာစည်းစိမ်များပြားသူ၊ ဘေးရန်မရှိသူ ဖြစ်ရ၏။ အခါခပ်သိမ်း အပေါင်းအသင်း ပေါများသူ၊ မပျက်စီးသော ပရိသတ်ရှိသူ ဖြစ်ရ၏။
၁၃၃။ ‘‘သဗ္ဗေ မံ အပစာယန္တိ, ယေ ကေစိ ပထဝိဿိတာ၊
ဒေယျဓမ္မာ စ ယေ ကေစိ, ပုရေ ပုရေ လဘာမဟံ။
၁၃၃။ မြေ၌ နေကုန်သော လူအားလုံးတို့သည် ငါ့ကို ပူဇော်ကြကုန်၏၊ ငါသည် ခပ်သိမ်း သောလှူဖွယ်ဝတ္ထုကိုလည်း ဦးဦးဖျားဖျား ရရှိပေ၏။
၁၃၄။ ‘‘ဘိက္ခုသံဃဿ ဝါ မဇ္ဈေ, ဗုဒ္ဓသေဋ္ဌဿ သမ္မုခါ၊
သဗ္ဗေပိ သမတိက္ကမ္မ, ဒေန္တိ မမေဝ ဒါယကာ။
၁၃၄။ ရဟန်းသံဃာ၏ အလယ်၌လည်းကောင်း၊ မြတ်စွာဘုရား၏ မျက်မှောက်၌လည်းကောင်းပုဂ္ဂိုလ်အားလုံးတို့ကို ကျော်လွန်၍ အလှူဒါယကာတို့သည် ငါ့အားသာလျှင် ပေးလှူ ကြကုန်၏။
၁၃၅။ ‘‘ပဌမံ နဝသဿဉှိ, ဒတွာ သံဃေ ဂဏုတ္တမေ၊
ဣမာနိသံသေ အနုဘောမိ, နဝသဿဿိဒံ ဖလံ။
၁၃၅။ အမြတ်ဆုံးဂိုဏ်းသံဃာအား ကောက်ဦးဆွမ်းကို ရှေးဦးစွာ ပေးလှူခြင်းကြောင့်အကျိုးဆက်ရှစ်ပါးတို့ကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၁၃၆။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, နဝသဿဿိဒံ ဖလံ။
၁၃၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောက်ဦးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောက်ဦးဆွမ်းလှူရ ခြင်း၏ အကျိုးပေတည်း။
၁၃၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ၊
၁၃၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၃၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၃၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၁၃၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုစိန္တိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သုစိန္တိတတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သုစိန္တိတော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သုစိန္တိတတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ သောဝဏ္ဏကိင်္ကဏိယတ္ထေရအပဒါနံ
၁၄၀။ ‘‘သဒ္ဓါယ အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ၊
ဝါကစီရဓရော အာသိံ, တပေါကမ္မမပဿိတော။
၉-သောဝဏ္ဏကိင်္ကဏိယတ္ထေရအပဒါန ၁၄၀။ ငါသည် ယုံကြည်မှုသဒ္ဓါတရားဖြင့် တောထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ခြိုးခြံသောအကျင့်ကို မှီလျက် လျှော်တေသင်္ကန်းကို ဆောင်သူ ဖြစ်ခဲ့၏။
၁၄၁။ ‘‘အတ္ထဒဿီ တု ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဥပ္ပဇ္ဇိ တမှိ သမယေ, တာရယန္တော မဟာဇနံ။
၁၄၁။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာ ဘုရားသည် ထိုအခါ ၌ လူအပေါင်းကို ကယ်တင်တော်မူလျက် ပွင့်တော်မူ၏။
၁၄၂။ ‘‘ဗလဉ္စ ဝတ မေ ခီဏံ, ဗျာဓိနာ ပရမေန တံ၊
ဗုဒ္ဓသေဋ္ဌံ သရိတွာန, ပုလိနေ ထူပမုတ္တမံ။
၁၄၂။ ငါသည် လွန်စွာ မကျန်းမာခြင်းကြောင့် ငါ၏ အင်အားသည်လည်း စင်စစ် ကုန် ခန်းလျက် ရှိ၏၊ ဘုရားမြတ်ကို အောက်မေ့၍ မြတ်သော သဲပုံစေတီကို ပြုပြီးလျှင် -
၁၄၃။ ‘‘ကရိတွာ ဟဋ္ဌစိတ္တောဟံ, သဟတ္ထေန [ပသာဒေန (က။)] သမောကိရိံ၊
သောဏ္ဏကိင်္ကဏိပုပ္ဖါနိ, ဥဒဂ္ဂမနသော အဟံ။
၁၄၃။ ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ရွှေအဆင်းရှိသော ဆည်းလည်းပန်း တို့ကိုတက်ကြွသော စိတ်ရှိလျက် မိမိလက်ဖြင့် ကြဲဖြန့်ပူဇော်ခဲ့၏။
၁၄၄။ ‘‘သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, ထူပံ ပရိစရိံ အဟံ၊
တေန စေတောပသာဒေန, အတ္ထဒဿိဿ တာဒိနော။
၁၄၄။ ငါသည် မျက်မှောက်၌ သက်တော်ထင်ရှား မြတ်စွာဘုရားကဲ့သို့ သဲပုံစေတီတော်ကိုဆည်းကပ်ပူဇော်ခဲ့၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အတ္ထဒဿီမြတ်စွာဘုရားအား ထိုစိတ်၏ကြည်လင်မှုကြောင့်-
၁၄၅။ ‘‘ဒေဝလောကံ ဂတော သန္တော, လဘာမိ ဝိပုလံ သုခံ၊
သုဝဏ္ဏဝဏ္ဏော တတ္ထာသိံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၄၅။ နတ်ပြည်သို့ ရောက်သည်ဖြစ်၍ ပြန့်ပြောကြီးမားသော ချမ်းသာကို ရရှိပေ၏၊ ထိုနတ်ပြည်၌‘ရွှေအဆင်းကဲ့သို့’ အဆင်းရှိသည်ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၁၄၆။ ‘‘အသီတိကောဋိယော မယှံ, နာရိယော သမလင်္ကတာ၊
သဒါ မယှံ ဥပဋ္ဌန္တိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၄၆။ ကောင်းစွာ တန်ဆာဆင်ယင်အပ်ကုန်သော ကုဋေရှစ်ဆယ်မျှသော ငါ၏ မိန်းမတို့ သည်အခါခပ်သိမ်း ငါ့အား ခစားလုပ်ကျွေးကြကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၄၇။ ‘‘သဋ္ဌိတုရိယသဟဿာနိ [သဋ္ဌိတူရိယ… (က။)], ဘေရိယော ပဏဝါနိ စ၊
သင်္ခါ စ ဍိဏ္ဍိမာ တတ္ထ, ဝဂ္ဂူ ဝဇ္ဇန္တိ [နဒန္တိ (သီ။), ဝဒန္တိ (ပီ။)] ဒုန္ဒုဘီ။
၁၄၇။ တူရိယာခြောက်သောင်းတို့သည်လည်းကောင်း၊ စည်ကြီးတို့သည်လည်းကောင်း၊ ထက်စည်တို့သည်လည်းကောင်း၊ ခရုသင်းတို့သည်လည်းကောင်း၊ စည်တို့သည်လည်းကောင်း၊ ဒုန်းဒုန်းမည်သော စည်ကြီးတို့သည်လည်းကောင်း ထိုနတ်ပြည်၌ သာယာစွာ မြည်လျက် ရှိကုန်၏။
၁၄၈။ ‘‘စုလ္လာသီတိသဟဿာနိ, ဟတ္ထိနော သမလင်္ကတာ၊
တိဓာပဘိန္နမာတင်္ဂါ, ကုဉ္ဇရာ သဋ္ဌိဟာယနာ။
၁၄၈-၁၄၉။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော၊ ဌာနသုံးမျိုးမှ ယိုကျသော အမုန် ရှိကုန်သော၊ တောင်ထိပ်တောင်ကွေ့၌ ပျော်မွေ့ကုန်သော၊ အသက်ခြောက်ဆယ်တွင်မှ အရွယ် ယုတ်လျော့ကုန်သော၊ ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော မာတင်္ဂဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ့အားခစားမှုကို ပြုကြကုန်၏။ ငါ့အား ဗိုလ်ပါအပေါင်း၌ လည်းကောင်း၊ ဆင်အပေါင်း၌လည်းကောင်းယုတ်လျော့ခြင်းသည် မရှိချေ။
၁၄၉။ ‘‘ဟေမဇာလာဘိသဉ္ဆန္နာ, ဥပဋ္ဌာနံ ကရောန္တိ မေ၊
ဗလကာယေ ဂဇေ စေဝ, ဦနတာ မေ န ဝိဇ္ဇတိ။
၁၅၀။ ‘‘သောဏ္ဏကိင်္ကဏိပုပ္ဖါနံ, ဝိပါကံ အနုဘောမဟံ၊
အဋ္ဌပညာသက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၁၅၀။ ငါသည် ရွှေဆည်းလည်းပန်းတို့၏ အကျိုးကို ခံစားရ၏၊ ငါးဆယ့်ရှစ်ကြိမ်တိုင်တိုင်နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။
၁၅၁။ ‘‘ဧကသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပထဗျာ ရဇ္ဇံ ဧကသတံ, မဟိယာ ကာရယိံ အဟံ။
၁၅၁။ ငါသည် ခုနစ်ဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်၏၊ တစ်ရာ့ တစ်ကြိမ်တိုင်တိုင်ဧကရာဇ်မင်းအဖြစ်ကို မြေအပြင်၌ ပြုရ၏။
၁၅၂။ ‘‘သော ဒါနိ အမတံ ပတ္တော, အသင်္ခတံ သုဒုဒ္ဒသံ [ဂမ္ဘီရံ ဒုဒ္ဒသံ ပဒံ (သျာ။)]၊
သံယောဇနပရိက္ခီဏော, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၁၅၂။ ထိုငါသည် ယခုအခါ၌ ပြုစီရင်မှုမရှိသော အလွန်မြင်နိုင်ခဲသော အမြိုက်နိဗ္ဗာန်သို့ ရောက်၏၊ ငါ့အား သံယောဇဥ်ကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။
၁၅၃။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၅၃။ (ဤဘဒ္ဒကမ္ဘာမှ) ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ပန်းတင်ပူဇော်ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏အကျိုးပေတည်း။
၁၅၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၅၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၅၅။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၁၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သောဝဏ္ဏကိင်္ကဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သောဝဏ္ဏကိင်္ကဏိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သောဝဏ္ဏကိင်္ကဏိယော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
သောဝဏ္ဏကိင်္ကဏိယတ္ထေရဿာပဒါနံ နဝမံ။
၁၀။ သောဏ္ဏကောန္တရိကတ္ထေရအပဒါနံ
၁၅၇။ ‘‘မနောဘာဝနိယံ ဗုဒ္ဓံ, အတ္တဒန္တံ သမာဟိတံ၊
ဣရိယမာနံ ဗြဟ္မပထေ, စိတ္တဝူပသမေ ရတံ။
၁၀-သောဏ္ဏကောန္တရိကတ္ထေရအပဒါန ၁၅၇။ စိတ်ကို ပွားစေတတ်သော သစ္စာလေးပါးတရားကို သိတော်မူသော ယဥ်ကျေးသော ကိုယ်, စိတ်ရှိတော်မူသော ကောင်းစွာ တည်ကြည်တော်မူသော မြတ်သော အကျင့်လမ်း၌ ကျင့်တော်မူသော စိတ်၏ ငြိမ်သက်ခြင်း၌ မွေ့လျော်တော်မူသော -
၁၅၈။ ‘‘နိတ္တိဏ္ဏဩဃံ သမ္ဗုဒ္ဓံ, ဈာယိံ ဈာနရတံ မုနိံ၊
ဥပတိတ္ထံ သမာပန္နံ, ဣန္ဒိဝရဒလပ္ပဘံ။
၁၅၈။ ဩဃကို ကူးမြောက်တော်မူပြီးသော ဈာန်ဝင်စားလေ့ရှိတော်မူသော ဈာန်ဝင်စား မှု၌မွေ့လျော်တော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော ရေဆိပ်အနီး၌ သမာပတ်ဝင်စား တော်မူသော ကြာညိုပွင့်ချပ်ရောင်နှင့် တူတော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၏။ ဖူးမြင် ရသည်ရှိသော်) -
၁၅၉။ ‘‘အလာဗုနောဒကံ ဂယှ, ဗုဒ္ဓသေဋ္ဌံ ဥပါဂမိံ၊
ဗုဒ္ဓဿ ပါဒေ ဓောဝိတွာ, အလာဗုကမဒါသဟံ။
၁၅၉။ ဗူးဖြင့် ရေကို ယူ၍ ဘုရားမြတ်ထံသို့ ချဥ်းကပ်ခဲ့၏၊ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရေဆေး၍ ဗူးကို ပေးလှူခဲ့၏။
၁၆၀။ ‘‘အာဏာပေသိ စ သမ္ဗုဒ္ဓေါ, ပဒုမုတ္တရနာမကော၊
‘ဣမိနာ ဒကမာဟတွာ, ပါဒမူလေ ဌပေဟိ မေ’။
၁၆၀။ “သင်သည် ဤဗူးဖြင့် ရေကို ဆောင်ပြီးလျှင် ငါ၏ ခြေရင်း၌ ထားခဲ့လော့”ဟု ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် စေခိုင်းတော်မူ၏။
၁၆၁။ ‘‘သာဓူတိဟံ ပဋိဿုတွာ, သတ္ထုဂါရဝတာယ စ၊
ဒကံ အလာဗုနာဟတွာ, ဗုဒ္ဓသေဋ္ဌံ ဥပါဂမိံ။
၁၆၁။ ငါသည် မြတ်စွာဘုရား၌ ရိုသေခြင်းဖြင့်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဗူးဖြင့် ရေကို ဆောင်၍ဘုရားမြတ်ထံ ချဥ်းကပ်ခဲ့၏။
၁၆၂။ ‘‘အနုမောဒိ မဟာဝီရော, စိတ္တံ နိဗ္ဗာပယံ မမ၊
‘ဣမိနာလာဗုဒါနေန, သင်္ကပ္ပေါ တေ သမိဇ္ဈတု’။
၁၆၂။ မြတ်စွာဘုရားသည် ငါ၏ စိတ်ကို ငြိမ်းအေးစေလျက် အနုမောဒနာ ပြုတော်မူ၏၊ “ဤဗူးကိုလှူရခြင်းကြောင့် သင်၏ အကြံအစည်သည် ပြည့်စုံစေသတည်း”။
၁၆၃။ ‘‘ပန္နရသေသု ကပ္ပေသု, ဒေဝလောကေ ရမိံ အဟံ၊
တိံသတိက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ အဟောသဟံ။
၁၆၃။ ငါသည် တစ်ဆယ့်ငါးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ အကြိမ်သုံးဆယ် တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။
၁၆၄။ ‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, စင်္ကမန္တဿ တိဋ္ဌတော၊
သောဝဏ္ဏံ ကောန္တရံ ဂယှ, တိဋ္ဌတေ ပုရတော မမ။
၁၆၄။ နေ့၌ဖြစ်စေ, ညဥ့်၌ဖြစ်စေ စင်္ကြံသွားစဥ်လည်းကောင်း၊ ရပ်တည်စဥ်လည်းကောင်း ငါ၏ ရှေ့၌ (တစ်စုံတစ်ယောက်သည်) ရွှေအောင်လံကို ကိုင်၍ တည်၏။
၁၆၅။ ‘‘ဗုဒ္ဓဿ ဒတွာနလာဗုံ, လဘာမိ သောဏ္ဏကောန္တရံ၊
အပ္ပကမ္ပိ ကတံ ကာရံ, ဝိပုလံ ဟောတိ တာဒိသု။
၁၆၅။ မြတ်စွာဘုရားအား ဗူးကို ပေးလှူခဲ့ခြင်းကြောင့် ရွှေအောင်လံကို ရ၏၊ တာဒိဂုဏ် နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားတို့၌ ပြုအပ်သော ကောင်းမှုသည် အနည်းငယ်မျှပင် ဖြစ်သော် လည်းပြန့်ပြောသော အကျိုးသည် ဖြစ်ထွန်းလေ၏။
၁၆၆။ ‘‘သတသဟဿိတော ကပ္ပေ, ယံလာဗုမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အလာဗုဿ ဣဒံ ဖလံ။
၁၆၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဗူးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗူးအလှူ၏ အကျိုးပေတည်း။
၁၆၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၆၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၆၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၆၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။
၁၆၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၆၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သောဏ္ဏကောန္တရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သောဏ္ဏကောန္တရိကတ္ထေရအပဒါန ပြီး၏။ လေးဆယ့်သုံးခုမြောက် သကိံသမ္မဇ္ဇကဝဂ် ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သောဏ္ဏကောန္တရိကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
သောဏ္ဏကောန္တရိကတ္ထေရဿာပဒါနံ ဒသမံ။
သကိံသမ္မဇ္ဇကဝဂ္ဂေါ တေစတ္တာလီသမော။
တဿုဒ္ဒါနံ-
သကိံသမ္မဇ္ဇကော ထေရော, ဧကဒုဿီ ဧကာသနီ၊
ကဒမ္ဗကောရဏ္ဍကဒေါ, ဃတဿဝနိကောပိ စ။
သုစိန္တိကော ကိင်္ကဏိကော, သောဏ္ဏကောန္တရိကောပိ စ၊
ဧကဂါထာသတဉ္စေတ္ထ, ဧကသတ္တတိမေဝ စ။
၄၄။ ဧကဝိဟာရိဝဂ္ဂ
၁။ ဧကဝိဟာရိကတ္ထေရအပဒါန
၁။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၄၄-ဧကဝိဟာရိဝဂ် ၁-ဧကဝိဟာရိကတ္ထေရအပဒါန ၁။ ဤဘဒ္ဒကမ္ဘာ၌ ဗြဟ္မာမင်း၏ အဆွေဖြစ်သော အခြံအရံ များတော်မူသော အနွယ်တော် အားဖြင့်ကဿပအမည်ရှိသော ဟောပြောသော သူတို့ထက် အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂။ ‘‘နိပ္ပပဉ္စော နိရာလမ္ဗော, အာကာသသမမာနသော၊
သုညတာဗဟုလော တာဒီ, အနိမိတ္တရတော ဝသီ။
၂။ ထိုမြတ်စွာဘုရားသည် ပပဉ္စတရား ရှိတော်မမူ၊ စွဲလမ်းခြင်း ရှိတော်မမူ၊ ကောင်း ကင်နှင့်တူသောစိတ်ရှိတော်မူ၏၊ တိတ်ဆိတ်ရာ အရပ်၌ များစွာ နေလေ့ရှိတော်မူ၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏၊ အနိမိတ္တနိဗ္ဗာန်၌ မွေ့လျော်တော်မူ၏၊ ဝသီငါးပါးနှင့် ပြည့်စုံတော်မူ၏။
၃။ ‘‘အသင်္ဂစိတ္တော နိက္လေသော [နိလ္လေပေါ (သျာ။ က။)], အသံသဋ္ဌော ကုလေ ဂဏေ၊
မဟာကာရုဏိကော ဝီရော, ဝိနယောပါယကောဝိဒေါ။
၃။ မကပ်ငြိသော စိတ်ရှိတော်မူ၏၊ (ကိလေသာဖြင့်) လိမ်းကျံခြင်းမှ ကင်းတော်မူ၏၊ အမျိုးအပေါင်း၌ရောနှောခြင်း ရှိတော်မမူ၊ ကြီးမားသော မဟာကရုဏာရှိတော်မူ၏၊ ရဲရင့်တော်မူ၏၊ ဆုံးမခြင်းအကြောင်း၌ လိမ္မာတော်မူ၏။
၄။ ‘‘ဥယျုတ္တော ပရကိစ္စေသု, ဝိနယန္တော သဒေဝကေ၊
နိဗ္ဗာနဂမနံ မဂ္ဂံ, ဂတိံ ပင်္ကဝိသောသနံ။
၄။ သူတစ်ပါးကိစ္စတို့၌ အားထုတ်တော်မူ၏၊ နတ်နှင့်တကွသော လောက၌ ဂတိတည်းဟူသော ညွန်ကိုခြောက်သွေ့စေတတ်သော နိဗ္ဗာန်ရောက်ကြောင်း မဂ်တရားကိုလည်းကောင်း-
၅။ ‘‘အမတံ ပရမဿာဒံ, ဇရာမစ္စုနိဝါရဏံ၊
မဟာပရိသမဇ္ဈေ သော, နိသိန္နော လောကတာရကော။
၅။ အိုခြင်းသေခြင်းကို တားမြစ်တတ်သော လွန်စွာသာယာဖွယ်ကောင်းသော အမြိုက်နိဗ္ဗာန်တရားကိုလည်းကောင်း ဆုံးမတော်မူပါပေ၏။ ထိုမြတ်စွာဘုရားသည် များစွာသော ပရိသတ်တို့၏အလယ်၌ ထိုင်နေတော်မူလျက် လောကကို ကယ်တင်တော်မူတတ်ပါပေ၏။
၆။ ‘‘ကရဝီကရုတော [ကရဝီကရုဒေါ (သျာ။ ပီ။ က။)] နာထော, ဗြဟ္မဃောသော တထာဂတော၊
ဥဒ္ဓရန္တော မဟာဒုဂ္ဂါ, ဝိပ္ပနဋ္ဌေ အနာယကေ။
၆။ ကရဝိက်ငှက်မင်း၏ အသံနှင့်တူသော အသံရှိတော်မူသော ကိုးကွယ်ရာဖြစ်တော်မူသော ဗြဟ္မာမင်း၏အသံနှင့်တူသော အသံရှိတော်မူသော ထိုမြတ်စွာဘုရားသည် ကိုးကွယ်ရာ မရှိဘဲ ပျက်စီးသော သူတို့ကို သံသရာတည်းဟူသော ကြီးစွာသော ချောက်မှ ထုတ်ဆောင်တော်မူ တတ်ပါပေ၏။
၇။ ‘‘ဒေသေန္တော ဝိရဇံ ဓမ္မံ, ဒိဋ္ဌော မေ လောကနာယကော၊
တဿ ဓမ္မံ သုဏိတွာန, ပဗ္ဗဇိံ အနဂါရိယံ။
၇။ ကိလေသာအညစ်အကြေးကင်းသော တရားကို ဟောတော်မူသော မြတ်စွာဘုရားကို ငါသည်ဖူးမြင်ရ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းဘောင်၌ ဝင်ရောက်ခဲ့၏။
၈။ ‘‘ပဗ္ဗဇိတွာ တဒါပါဟံ, စိန္တေန္တော ဇိနသာသနံ၊
ဧကကောဝ ဝနေ ရမ္မေ, ဝသိံ သံသဂ္ဂပီဠိတော။
၈။ ထိုအခါ ၌ ငါသည် ရဟန်းပြုပြီးလျှင် မြတ်စွာဘုရား အဆုံးအမကို ဆင်ခြင်ဝင်စား လျက်အပေါင်းအဖော်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ မွေ့လျော်ဖွယ်ကောင်းသော တော၌တစ်ယောက်တည်းသာလျှင် နေခဲ့၏။
၉။ ‘‘သက္ကာယဝူပကာသော မေ, ဟေတုဘူတော မမာဘဝီ [မမာဂမီ (သျာ။ ပီ။)]၊
မနသော ဝူပကာသဿ, သံသဂ္ဂဘယဒဿိနော။
၉။ အပေါင်းအဖော် ရောနှောခြင်း၌ ဘေးဟု ရှုလေ့ရှိသော ငြိမ်းချမ်းသော စိတ်ရှိသော ငါ့အား “ငါ”ဟုစွဲလမ်းခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ ငြိမ်းမှုသည် ဖြစ်လေ၏။
၁၀။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၁၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၁၁။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၁၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဝိဟာရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဧကဝိဟာရိကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဝိဟာရိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဧကဝိဟာရိကတ္ထေရဿာပဒါနံ ပဌမံ။
၂။ ဧကသင်္ခိယတ္ထေရအပဒါန
၁၃။ ‘‘ဝိပဿိနော ဘဂဝတော, မဟာဗောဓိမဟော အဟု၊
မဟာဇနာ သမာဂမ္မ, ပူဇေန္တိ ဗောဓိမုတ္တမံ။
၂-ဧကသင်္ခိယတ္ထေရအပဒါန ၁၃။ ဝိပဿီမြတ်စွာဘုရား၏ မဟာဗောဓိပင်ကို ပူဇော်ပွဲသည် ဖြစ်လေ၏၊ များစွာသော လူတို့သည်အညီအညွတ် စည်းဝေးကုန်၍ ဗောဓိပင်မြတ်ကို ပူဇော်ကြကုန်၏။
၁၄။ ‘‘န ဟိ တံ ဩရကံ မညေ, ဗုဒ္ဓသေဋ္ဌော ဘဝိဿတိ၊
ယဿာယံ ဤဒိသာ ဗောဓိ, ပူဇနီယာ [ဤဒိသော ဗောဓိ, ပူဇနီယော (သျာ။)] စ သတ္ထုနော။
၁၄။ အကြင်မြတ်စွာဘုရား၏ ဤသို့ သဘောရှိသော ဗောဓိပင်ကို ဤပူဇော်ခြင်းသည် ရှိ၏၊ ထိုဗောဓိပင်ကို ပူဇော်ခြင်းသည် မယုတ်ညံ့၊ ဘုရားမြတ်ကဲ့သို့ပင် ဖြစ်လတ္တံ့ (ဟုဆင် ခြင်၏)။
၁၅။ ‘‘တတော သင်္ခံ ဂဟေတွာန, ဗောဓိရုက္ခမုပဋ္ဌဟိံ၊
ဓမန္တော သဗ္ဗဒိဝသံ, အဝန္ဒိံ ဗောဓိမုတ္တမံ။
၁၅။ ထိုအခါ ၌ ငါသည် ခရုသင်းကို ယူ၍ တစ်နေ့လုံး မှုတ်လျက် ဗောဓိပင်ကို ဆည်း ကပ်ပူဇော်၏၊ မြတ်သော ဗောဓိပင်ကို ရှိခိုးခဲ့၏။
၁၆။ ‘‘အာသန္နကေ ကတံ ကမ္မံ, ဒေဝလောကံ အပါပယီ၊
ကဠေဝရံ မေ ပတိတံ, ဒေဝလောကေ ရမာမဟံ။
၁၆။ သေခါနီးအခါ၌ ပြုအပ်သော ကံသည် နတ်ပြည်သို့ ရောက်စေ၏၊ ငါ၏ ကိုယ်သည် (မြေ၌) ကျသည်ရှိသော် ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။
၁၇။ ‘‘သဋ္ဌိတုရိယသဟဿာနိ, တုဋ္ဌဟဋ္ဌာ ပမောဒိတာ၊
သဒါ မယှံ ဥပဋ္ဌန္တိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၇။ တူရိယာခြောက်သောင်းတို့သည် နှစ်သက်ရွှင်လန်း, ဝမ်းမြောက်စေလျက် ငါ့အား အခါခပ်သိမ်းခစားဆည်းကပ်ကြကုန်၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၁၈။ ‘‘ဧကသတ္တတိမေ ကပ္ပေ, ရာဇာ အာသိံ သုဒဿနော၊
စာတုရန္တော ဝိဇိတာဝီ, ဇမ္ဗုမဏ္ဍဿ ဣဿရော။
၁၈။ ခုနစ်ဆယ့်တစ်ကမ္ဘာထက်၌ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေကို အစိုးရ သော၊ အောင်အပ်ပြီးသော ရန်သူရှိသော၊ ဇမ္ဗူဒိပ်ကျွန်းအလုံးကို အစိုးရသော သုဒဿနမင်း သည် ဖြစ်ခဲ့၏။
၁၉။ ‘‘တတော အင်္ဂသတာ တုရိယာ [တူရာ (သီ။ က။)], ပရိဝါရေန္တိ မံ သဒါ၊
အနုဘောမိ သကံ ကမ္မံ, ဥပဋ္ဌာနဿိဒံ ဖလံ။
၁၉။ ထိုအခါ ၌ အစိတ်အပိုင်း (အင်္ဂါ) တစ်ရာရှိကုန်သော တူရိယာတို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏၊ ငါသည် မိမိကောင်းမှုကံကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆည်းကပ် ရခြင်း၏ အကျိုးပေတည်း။
၂၀။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
မာတုကုစ္ဆိဂတဿာပိ, ဝဇ္ဇရေ ဘေရိယော သဒါ။
၂၀။ ကပ်ရောက်ရတိုင်းသော နတ်အဖြစ် လူ့အဖြစ်ဟူသမျှတို့၌ အမိဝမ်း၌ ကိန်းအောင်း လျက်ရှိသော ငါ့အားလည်း စည်တို့သည် အခါခပ်သိမ်း မြည်ဟီးကုန်၏။
၂၁။ ‘‘ဥပဋ္ဌိတွာန သမ္ဗုဒ္ဓံ, အနုဘုတွာန သမ္ပဒါ၊
သိဝံ သုခေမံ အမတံ, ပတ္တောမှိ အစလံ ပဒံ။
၂၁။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ခဲ့ခြင်းကြောင့် စည်းစိမ်တို့ကို ခံစားပြီးလျှင် အေးချမ်း၍ဘေးမရှိသော တုန်လှုပ်ခြင်း မရှိသော အမြိုက်နိဗ္ဗာန်သို့ ရောက်ရ၏။
၂၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရဖြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာပြုကျင့်ပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကသင်္ခိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကသင်္ခိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဧကသင်္ခိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဧကသင်္ခိယတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ ပါဋိဟီရသညကတ္ထေရအပဒါနံ
၂၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, အာဟုတီနံ ပဋိဂ္ဂဟော၊
ဝသီသတသဟဿေဟိ, နဂရံ ပါဝိသီ တဒါ။
၃-ပါဋိဟီရသညကတ္ထေရအပဒါန ၂၆။ ထိုအခါ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ရဟန္တာတစ်သိန်းတို့နှင့် အတူ မြို့သို့ ဝင်တော်မူ၏။
၂၇။ ‘‘နဂရံ ပဝိသန္တဿ, ဥပသန္တဿ တာဒိနော၊
ရတနာနိ ပဇ္ဇောတိံသု [ပနာဒိံသု (ပီ။)], နိဂ္ဃေါသော အာသိ တာဝဒေ။
၂၇။ ကိလေသာမီး ငြိမ်းတော်မူပြီးသော မြတ်စွာဘုရားသည် မြို့သို့ ဝင်တော်မူလတ်သော် ရတနာတို့သည် တောက်ပလေကုန်၏၊ ထိုခဏ၌ ကြွေးကြော်သံသည် ဖြစ်ပေါ်၏။
၂၈။ ‘‘ဗုဒ္ဓဿ အာနုဘာဝေန, ဘေရီ ဝဇ္ဇုမဃဋ္ဋိတာ၊
သယံ ဝီဏာ ပဝဇ္ဇန္တိ, ဗုဒ္ဓဿ ပဝိသတော ပုရံ။
၂၈။ မြတ်စွာဘုရား မြို့သို့ ဝင်တော်မူလတ်သော် မြတ်စွာဘုရား၏ အာနုဘော်တော် ကြောင့် စည်တို့သည် မတီးမမှုတ်ကုန်ဘဲ မြည်ကုန်၏၊ စောင်းတို့သည် အလိုလို မြည်ကုန်၏။
၂၉။ ‘‘ဗုဒ္ဓသေဋ္ဌံ နမဿာမိ [န ပဿာမိ (သီ။)], ပဒုမုတ္တရမဟာမုနိံ၊
ပါဋိဟီရဉ္စ ပဿိတွာ, တတ္ထ စိတ္တံ ပသာဒယိံ။
၂၉။ ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ငါသည် ရှိခိုးပါ၏၊ တန်ခိုး ပြာဋိဟာကိုဖူးမြင်ရခြင်းကြောင့်လည်း ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခဲ့၏။
၃၀။ ‘‘အဟော ဗုဒ္ဓေါ အဟော ဓမ္မော, အဟော နော သတ္ထုသမ္ပဒါ၊
အစေတနာပိ တုရိယာ, သယမေဝ ပဝဇ္ဇရေ။
၃၀။ ဘုရားရှင်သည် အံ့ဩဖွယ် ရှိပါပေစွ၊ တရားတော်သည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါတို့အား ဆရာ၏ပြည့်စုံခြင်းတို့သည် အံ့ဩဖွယ် ရှိပါပေကုန်စွ၊ စိတ်စေတနာ မရှိကုန်သော တူရိယာတို့သည်လည်းအလိုလိုသာလျှင် မြည်လျက် ရှိကုန်၏။
၃၁။ ‘‘သတသဟဿိတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓသညာယိဒံ ဖလံ။
၃၁။ (ငါသည်) ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ “မြတ်စွာဘုရား”ဟူသော အမှတ် သညာကိုရခဲ့သော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရ ခြင်းသည် “ဘုရား”ဟူသော အမှတ်သညာ၏ အကျိုးပေတည်း။
၃၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါဋိဟီရသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ပါဋိဟီရသညကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပါဋိဟီရသညကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပါဋိဟီရသညကတ္ထေရဿာပဒါနံ တတိယံ။
၄။ ဉာဏတ္ထဝိကတ္ထေရအပဒါန
၃၅။ ‘‘ကဏိကာရံဝ ဇလိတံ, ဒီပရုက္ခံဝ ဇောတိတံ၊
ကဉ္စနံဝ ဝိရောစန္တံ, အဒ္ဒသံ ဒွိပဒုတ္တမံ။
၄-ဉာဏတ္ထဝိကတ္ထေရအပဒါန ၃၅။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော ‘ဆီမီးတိုင်ကဲ့သို့’ ထွန်းလင်း တော်မူသော ‘ရွှေကဲ့သို့’ တင့်တယ်တော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၃၆။ ‘‘ကမဏ္ဍလုံ ဌပေတွာန, ဝါကစီရဉ္စ ကုဏ္ဍိကံ၊
ဧကံသံ အဇိနံ ကတွာ, ဗုဒ္ဓသေဋ္ဌံ ထဝိံ အဟံ။
၃၆။ ငါသည် ကရားကိုလည်းကောင်း၊ လျှော်တေသင်္ကန်းကိုလည်းကောင်း၊ သံကောက်ကို လည်းကောင်းချထား၍ သစ်နက်ရေကို လက်ဝဲပခုံး၌ တင်ပြီးလျှင် ဘုရားမြတ်ကို ချီးကျူးခဲ့၏။
၃၇။ ‘‘‘တမန္ဓကာရံ ဝိဓမံ, မောဟဇာလသမာကုလံ၊
ဉာဏာလောကံ ဒဿေတွာန, နိတ္တိဏ္ဏောသိ မဟာမုနိ။
၃၇။ မြတ်စွာဘုရား အသျှင်ဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ် ဖျောက်လျက်မောဟတည်းဟူသော ကွန်ရက်ဖြင့် ရောယှက်ရှုပ်ထွေးလျက်ရှိသော သတ္တဝါ အပေါင်းအားဉာဏ်တော်တည်းဟူသော အလင်းရောင်ကို ပြ၍ (သံသရာမှ) ကူးမြောက်ပြီး သော ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။
၃၈။ ‘‘‘သမုဒ္ဓရသိမံ လောကံ, သဗ္ဗာဝန္တမနုတ္တရံ၊
ဉာဏေ တေ ဥပမာ နတ္ထိ, ယာဝတာဇဂတောဂတိ [ယာဝတာ စ ဂတောဂတိ (ပီ။ က။)]။
၃၈။ အရှင်ဘုရားသည် ဤလောကကို ကောင်းစွာ ထုတ်ဆောင်ကယ်တင်တော်မူပါပေ၏၊ (အရှင်ဘုရား၏ ) အလုံးစုံကို သိမြင်ခြင်းရှိသော ဉာဏ်တော်သည် အမြတ်ဆုံး ဖြစ်တော်မူပါပေ၏၊ ထိုဉာဏ်တော်၏သိဖွယ်တရားကို သိမြင်တော်မူသလောက် အရှင်ဘုရား၏ ဉာဏ်တော်၌ နှိုင်းစရာ (ဥပမာ) မရှိတော့ပါ။
၃၉။ ‘‘‘တေန ဉာဏေန သဗ္ဗညူ, ဣတိ ဗုဒ္ဓေါ ပဝုစ္စတိ၊
ဝန္ဒာမိ တံ မဟာဝီရံ, သဗ္ဗညုတမနာဝရံ’။
၃၉။ ထိုဉာဏ်တော်ကြောင့် မြတ်စွာဘုရားကို “သဗ္ဗညု”ဟု ဆိုအပ်ပါ၏၊ ငါသည် မပိတ် ပင်မတားဆီးအပ်သော သဗ္ဗညုတဉာဏ်တော် ရှိတော်မူသော ထိုမြတ်စွာဘုရားကို ရှိခိုးပါ၏။
၄၀။ ‘‘သတသဟဿိတော ကပ္ပေ, ဗုဒ္ဓသေဋ္ဌံ ထဝိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏတ္ထဝါယိဒံ ဖလံ၊
၄၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် ဘုရားမြတ်ကို ချီးကျူးခဲ့၏၊ ထိုအခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ် တော်ကို ချီးကျူးရခြင်း၏အကျိုးပေတည်း။
၄၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ၊
၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဉာဏတ္ထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဉာဏတ္ထဝိကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဉာဏတ္ထဝိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဉာဏတ္ထဝိကတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ ဥစ္ဆုခဏ္ဍိကတ္ထေရအပဒါန
၄၄။ ‘‘နဂရေ ဗန္ဓုမတိယာ, ဒွါရပါလော အဟောသဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သဗ္ဗဓမ္မာန ပါရဂုံ။
၅-ဥစ္ဆုခဏ္ဍိကတ္ထေရအပဒါန ၄၄။ ငါသည် ဗန္ဓုမတီမြို့၌ တံခါးစောင့် ဖြစ်ခဲ့၏၊ တရားခပ်သိမ်းတို့ကို တစ်ဖက် ကမ်းရောက်သိမြင်တော်မူသော ကိလေသာအညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရား ကို ဖူးမြင်ရ၏။
၄၅။ ‘‘ဥစ္ဆုခဏ္ဍိကမာဒါယ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
ပသန္နစိတ္တော သုမနော, ဝိပဿိဿ မဟေသိနော။
၄၅။ ငါသည် ကြံပိုင်းကို ယူ၍ ဘုရားမြတ်ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားကို ကြည်ညိိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခဲ့၏။
၄၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဥစ္ဆုမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥစ္ဆုခဏ္ဍဿိဒံ ဖလံ။
၄၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြံကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြံပိုင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၄၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥစ္ဆုခဏ္ဍိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဥစ္ဆုခဏ္ဍိကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဥစ္ဆုခဏ္ဍိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဥစ္ဆုခဏ္ဍိကတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ ကဠမ္ဗဒါယကတ္ထေရအပဒါန
၅၀။ ‘‘ရောမသော နာမ သမ္ဗုဒ္ဓေါ, ဝသတေ ပဗ္ဗတန္တရေ၊
ကဠမ္ဗံ တဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။
၆-ကဠမ္ဗဒါယကတ္ထေရအပဒါန ၅၀။ ရောမသအမည်တော်ရှိသော ပစ္စေကဗုဒ္ဓါသည် တောင်ကြား၌ နေတော်မူ၏၊ ငါသည်ထိုရောမသပစ္စေကဗုဒ္ဓါအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် သင်းတောက်ဥကို ပေးလှူ ခဲ့၏။
၅၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ကဠမ္ဗဿ ဣဒံ ဖလံ။
၅၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သင်းတောက်ဥကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သင်း တောက်ဥကို လှူရခြင်း၏အကျိုးပေတည်း။
၅၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဠမ္ဗဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကဠမ္ဗဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကဠမ္ဗဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကဠမ္ဗဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ အမ္ဗာဋကဒါယကတ္ထေရအပဒါန
၅၅။ ‘‘ဝိပိနေ ဗုဒ္ဓံ ဒိသွာန, သယမ္ဘုံ အပရာဇိတံ၊
အမ္ဗာဋကံ ဂဟေတွာန, သယမ္ဘုဿ အဒါသဟံ။
၇-အမ္ဗာဋကဒါယကတ္ထေရအပဒါန ၅၅။ အလိုလို ပွင့်တော်မူသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားကို တော၌ ဖူးမြင်ရ၍ငါသည် ဝှေးသီးကို ယူပြီးလျှင် မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၅၆။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၅၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဝှေးသီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဝှေးသီးကို လှူရခြင်း၏ အကျိုးပေတည်း။
၅၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၅၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗာဋကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အမ္ဗာဋကဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗာဋကဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အမ္ဗာဋကဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ ဟရီတကဒါယကတ္ထေရအပဒါန
၆၀။ ‘‘ဟရီတကံ အာမလကံ, အမ္ဗဇမ္ဗုဝိဘီတကံ၊
ကောလံ ဘလ္လာတကံ ဗိလ္လံ, သယမေဝ ဟရာမဟံ။
၈-ဟရီတကဒါယကတ္ထေရအပဒါန ၆၀။ ငါသည် ဖန်ခါးသီး, သျှိသျှားသီးကိုလည်းကောင်း၊ သရက်, သပြေ, သစ်ဆိမ့်သီးကိုလည်းကောင်း၊ ဆီးသီးကိုလည်းကောင်း၊ ချေးသီးကိုလည်းကောင်း၊ ဥသျှစ်သီးကိုလည်းကောင်းကိုယ်တိုင်သာလျှင် ဆောင်ယူခဲ့၏။
၆၁။ ‘‘ဒိသွာန ပဗ္ဘာရဂတံ, ဈာယိံ ဈာနရတံ မုနိံ၊
အာဗာဓေန အာပီဠေန္တံ, အဒုတီယံ မဟာမုနိံ။
၆၁။ လိုဏ်ဂူ၌ နေတော်မူသော ၊ ဈာန်ဝင်စားလေ့ရှိသော၊ ဈာန်၌ မွေ့လျော်တော်မူသော ၊ အကျိုးနှစ်ပါးကိုသိတော်မူသော ၊ အဖော်မရှိသော၊ အနာနှိပ်စက်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၆၂။ ‘‘ဟရီတကံ ဂဟေတွာန, သယမ္ဘုဿ အဒါသဟံ၊
ခါဒမတ္တမှိ ဘေသဇ္ဇေ, ဗျာဓိ ပဿမ္ဘိ [ပဿဒ္ဓိ (က။)] တာဝဒေ။
၆၂။ ငါသည် ဖန်ခါးသီးကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ ဆေးကို သုံးဆောင် တော်မူကာမျှထိုခဏ၌ အနာရောဂါသည် ငြိမ်းလေ၏။
၆၃။ ‘‘ပဟီနဒရထော ဗုဒ္ဓေါ, အနုမောဒမကာသိ မေ၊
‘ဘေသဇ္ဇဒါနေနိမိနာ, ဗျာဓိဝူပသမေန စ။
၆၃။ ပူပန်ခြင်းကို ပယ်တော်မူပြီးသော မြတ်စွာဘုရားသည် ငါ့အား ဆေးအနုမောဒနာ ပြုတော်မူ၏၊ အနာငြိမ်းကြောင်းဖြစ်သော ဤဆေးကို လှူရခြင်းကြောင့်-
၆၄။ ‘‘‘ဒေဝဘူတော မနုဿော ဝါ, ဇာတော ဝါ အညဇာတိယာ၊
သဗ္ဗတ္ထ သုခိတော ဟောတု, မာ စ တေ ဗျာဓိမာဂမာ’။
၆၄။ နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်း၊ အခြားဘဝ၌ ဖြစ်သော် လည်းကောင်းအလုံးစုံသော ဘဝတို့၌ ချမ်းသာခြင်းရှိသူ ဖြစ်စေသတည်း။ သင့်အား အနာ ရောဂါမကပ်ရောက်စေသတည်း။
၆၅။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, သယမ္ဘူ အပရာဇိတော၊
နဘံ အဗ္ဘုဂ္ဂမီ ဓီရော, ဟံသရာဇာဝ အမ္ဗရေ။
၆၅။ အလိုလို ဖြစ်တော်မူသော ၊ ရန်သူတို့သည် မအောင်အပ်သော၊ ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ ‘ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့’ ကောင်း ကင်သို့တက်ကြွတော်မူ၏။
၆၆။ ‘‘ယတော ဟရီတကံ ဒိန္နံ, သယမ္ဘုဿ မဟေသိနော၊
ဣမံ ဇာတိံ ဥပါဒါယ, ဗျာဓိ မေ နုပပဇ္ဇထ။
၆၆။ အကြင်ဘဝ၌ ငါသည် ဖန်ခါးသီးကို အလိုလို ဖြစ်တော်မူသော မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ ဤဘဝကို အစပြု၍ ငါ့အား အနာရောဂါသည် မဖြစ်စဖူးပေ။
၆၇။ ‘‘အယံ ပစ္ဆိမကော မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
တိဿော ဝိဇ္ဇာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ။
၆၇။ ငါ၏ ဤဘဝသည်ကား အဆုံးစွန်သော ဘဝပေတည်း၊ ငါ့အား နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုကျင့်အပ်ပြီ။
၆၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ဘေသဇ္ဇမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘေသဇ္ဇဿ ဣဒံ ဖလံ။
၆၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆေးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးလှူရခြင်း၏ အကျိုးပေတည်း။
၆၉။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၆၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၇၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဟရီတကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဟရီတကဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဟရီတကဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဟရီတကဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ အမ္ဗပိဏ္ဍိယတ္ထေရအပဒါန
၇၂။ ‘‘ဟတ္ထိရာဇာ တဒါ အာသိံ, ဤသာဒန္တော ဥရုဠှဝါ၊
ဝိစရန္တော ဗြဟာရညေ, အဒ္ဒသံ လောကနာယကံ။
၉-အမ္ဗပိဏ္ဍိယတ္ထေရအပဒါန ၇၂။ ထိုအခါ၌ (ငါသည်) ထွန်သန်သဖွယ် အစွယ်ရှိလျက် ခွန်အားကြီးမားသော ဆင်မင်း ဖြစ်ခဲ့၏၊ ငါသည် တောကြီးထဲ၌ လှည့်လည်သည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၇၃။ ‘‘အမ္ဗပိဏ္ဍံ ဂဟေတွာန, အဒါသိံ သတ္ထုနော အဟံ၊
ပဋိဂ္ဂဏှိ မဟာဝီရော, သိဒ္ဓတ္ထော လောကနာယကော။
၇၃။ ငါသည် သရက်သီးခိုင်ကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ လုံ့လကြီးမား တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အလှူခံတော်မူ၏။
၇၄။ ‘‘မမ နိဇ္ဈာယမာနဿ, ပရိဘုဉ္ဇိ တဒါ ဇိနော၊
တတ္ထ စိတ္တံ ပသာဒေတွာ, တုသိတံ ဥပပဇ္ဇဟံ။
၇၄။ ထိုအခါ၌ ကြည့်ရှုနေစဥ် မြတ်စွာဘုရားသည် ဘုဥ်းပေးတော်မူ၏၊ ငါသည် ထို မြတ်စွာဘုရား၌စိတ်ကို ကြည်ညိုစေခဲ့၍ တုသိတာနတ်ပြည်သို့ ရောက်ရ၏။
၇၅။ ‘‘တတော အဟံ စဝိတွာန, စက္ကဝတ္တီ အဟောသဟံ၊
ဧတေနေဝ ဥပါယေန, အနုဘုတွာန သမ္ပဒါ။
၇၅။ ငါသည် ထိုတုသိတာနတ်ပြည်မှ စုတေခဲ့၍ စကြဝတေးမင်း ဖြစ်၏၊ ဤသို့သောနည်းအားဖြင့်သာလျှင် စည်းစိမ်တို့ကို ခံစား၍-
၇၆။ ‘‘ပဓာနပဟိတတ္တောဟံ, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၇၆။ ငါသည် ကမ္မဋ္ဌာန်း၌ စေလွှတ်အပ်သော စိတ်ရှိသူ၊ ကိလေသာငြိမ်းသူ၊ ဥပဓိမရှိသူ ဖြစ်၍အလုံးစုံသော အာသဝတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ နေရ၏။
၇၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၇၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သရက်သီးကို ပေးလှူခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီး လှူရခြင်း၏ အကျိုးပေတည်း။
၇၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၈၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၈၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗပိဏ္ဍိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် အမ္ဗပိဏ္ဍိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗပိဏ္ဍိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အမ္ဗပိဏ္ဍိယတ္ထေရဿာပဒါနံ နဝမံ။
၁၀။ အမ္ဗဖလိယတ္ထေရအပဒါန
၈၁။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, လောကဇေဋ္ဌဿ တာဒိနော၊
ပိဏ္ဍာယ ဝိစရန္တဿ, ဓာရတော ဥတ္တမံ ယသံ။
၁၀-အမ္ဗဖလိယတ္ထေရအပဒါန ၈၁။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာ ဘုရားသည် မြတ်သော အခြံအရံကို ဆောင်လျက် ဆွမ်းခံလှည့်လည်တော်မူစဥ်-
၈၂။ ‘‘အဂ္ဂဖလံ ဂဟေတွာန, ဝိပ္ပသန္နေန စေတသာ၊
ဒက္ခိဏေယျဿ ဝီရဿ, အဒါသိံ သတ္ထုနော အဟံ။
၈၂။ ငါသည် သရက်သီးဦးကို ယူ၍ အထူးကြည်ညိုသောစိတ်ဖြင့် မြတ်သောအလှူကို ခံတော်မူထိုက်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၈၃။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ [ဒိပဒိန္ဒ (သီ။ သျာ။ ပီ။)], လောကဇေဋ္ဌ နရာသဘ၊
ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၈၃။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောက၏ အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား ထိုကောင်းမှုကြောင့် အောင်ခြင်း ရှုံးခြင်းကို ပယ်၍ မတုန် လှုပ်သော နိဗ္ဗာန်သို့ရောက်ရပါလို၏။
၈၄။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အဂ္ဂဒါနဿိဒံ ဖလံ။
၈၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ သရက်သီးအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီးဦးကို လှူရခြင်း၏အကျိုးပေတည်း။
၈၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၈၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၈၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၈၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗဖလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
အမ္ဗဖလိယတ္ထေရဿာပဒါနံ ဒသမံ။
ဧကဝိဟာရိဝဂ္ဂေါ စတုစတ္တာလီသမော။
တဿုဒ္ဒါနံ-
ထေရော ဧကဝိဟာရီ စ, သင်္ခိယော ပါဋိဟီရကော၊
ထဝိကော ဥစ္ဆုခဏ္ဍီ စ, ကဠမ္ဗအမ္ဗာဋကဒေါ။
ဟရီတကမ္ဗပိဏ္ဍီ စ, အမ္ဗဒေါ ဒသမော ယတိ၊
ဆဠသီတိ စ ဂါထာယော, ဂဏိတာယော ဝိဘာဝိဘိ။
၈၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် အမ္ဗဖလိယတ္ထေရအပဒါန ပြီး၏။ လေးဆယ့်လေးခုမြောက် ဧကဝိဟာရိဝဂ် ပြီး၏။
၄၅။ ဝိဘီတကဝဂ္ဂ
၁။ ဝိဘီတကမိဉ္ဇိယတ္ထေရအပဒါန
၁။ ‘‘ကကုသန္ဓော မဟာဝီရော, သဗ္ဗဓမ္မာန ပါရဂူ၊
ဂဏမှာ ဝူပကဋ္ဌော သော, အဂမာသိ ဝနန္တရံ။
၄၅-ဝိဘီတကဝဂ် ၁-ဝိဘီတကမိဉ္ဇိယတ္ထေရအပဒါန ၁။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ထိုကကုသန် မြတ်စွာဘုရားသည် အပေါင်းအဖော်မှ ဖဲခွါလျက် ဆိတ်ငြိမ်ရာကို အလိုရှိသည်ဖြစ်၍ တော အတွင်းသို့ ကြွတော်မူ၏။
၂။ ‘‘ဗီဇမိဉ္ဇံ ဂဟေတွာန, လတာယ အာဝုဏိံ အဟံ၊
ဘဂဝါ တမှိ သမယေ, ဈာယတေ ပဗ္ဗတန္တရေ။
၂။ ငါသည် သစ်ဆိမ့်သီးအဆံကို ယူ၍ နွယ်ဖြင့် သီကုံးခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် တောင်ကြား၌ဈာန်ဝင်စား၍ နေ၏။
၃။ ‘‘ဒိသွာနဟံ ဒေဝဒေဝံ, ဝိပ္ပသန္နေန စေတသာ၊
ဒက္ခိဏေယျဿ ဝီရဿ, ဗီဇမိဉ္ဇမဒါသဟံ။
၃။ ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၍ အလွန်ကြည်ညို သော စိတ်ဖြင့်မြတ်သော အလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရားအား သစ်ဆိမ့်သီး ဆံကို ပေးလှူခဲ့၏။
၄။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ယံ မိဉ္ဇမဒဒိံ [ဖလမဒဒိံ (သီ။ ပီ။), ဗီဇမဒဒိံ (သျာ။)] တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗီဇမိဉ္ဇဿိဒံ ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာ၌ ထိုသစ်ဆိမ့်သီးဆံကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကိုမသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ဆိမ့်သီးဆံကို လှူရခြင်း၏ အကျိုး ပေတည်း။
၅။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။
၆။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား အထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။
၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝိဘီတကမိဉ္ဇိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဝိဘီတကမိဉ္ဇိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဝိဘီတကမိဉ္ဇိယော [ဝိဘေဒက… (သျာ။ က။)] ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ဝိဘီတကမိဉ္ဇိယတ္ထေရဿာပဒါနံ ပဌမံ။
၂။ ကောလဒါယကတ္ထေရအပဒါန
၈။ ‘‘အဇိနေန နိဝတ္ထောဟံ, ဝါကစီရဓရော တဒါ၊
ခါရိယာ ပူရယိတွာန, ကောလံဟာသိံ မမဿမံ [ခါရိဘာရံ ဟရိတွာန, ကောလမာဟရိမဿမံ (သီ။ ပီ။)]။
၂-ကောလဒါယကတ္ထေရအပဒါန ၈။ ထိုအခါ၌ သစ်နက်ရေကို ဝတ်လျက် လျှော်တေသင်္ကန်းကို ဆောင်သော ငါသည် ဆီးသီးကိုတောင်းဖြင့် ပြည့်စေ၍ ငါ၏ သင်္ခမ်းကျောင်းသို့ ဆောင်ယူခဲ့၏။
၉။ ‘‘တမှိ ကာလေ သိခီ ဗုဒ္ဓေါ, ဧကော အဒုတိယော အဟု၊
မမဿမံ ဥပါဂစ္ဆိ, ဇာနန္တော သဗ္ဗကာလိကံ။
၉။ ထိုအခါ၌ နှစ်ယောက်မြောက် ရှိတော်မမူသော အတုမရှိ မြတ်သော သိခီမြတ်စွာ ဘုရားသည် ပွင့်တော်မူလျက် ရှိလေ၏၊ ထိုမြတ်စွာဘုရားသည် အချိန်အခါအားလုံးကို သိတော် မူလျက် ငါ၏သင်္ခမ်းကျောင်းသို့ ကြွလာတော်မူ၏။
၁၀။ ‘‘သကံ စိတ္တံ ပသာဒေတွာ, ဝန္ဒိတွာန စ သုဗ္ဗတံ၊
ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ကောလံ ဗုဒ္ဓဿဒါသဟံ။
၁၀။ ငါသည် မိမိစိတ်ကို ကြည်လင်စေ၍ ကောင်းသော အကျင့်ရှိသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဆီးသီးကို လက်နှစ်ဖက်တို့ဖြင့် ယူဆောင်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၁၁။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ကောလဒါနဿိဒံ ဖလံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဆီးသီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆီးသီးကို လှူရခြင်း၏ အကျိုးပေတည်း။
၁၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ကောလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကောလဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကောလဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ ဗိလ္လိယတ္ထေရအပဒါန
၁၅။ ‘‘စန္ဒဘာဂါနဒီတီရေ, အဿမော သုကတော မမ၊
ဗိလ္လရုက္ခေဟိ [ဗေလုဝရုက္ခေဟိ (သျာ။)] အာကိဏ္ဏော, နာနာဒုမနိသေဝိတော။
၃-ဗိလ္လိယတ္ထေရအပဒါန ၁၅။ စန္ဒဘာဂါမြစ်ကမ်း၌ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်အပ်၏၊ ဥသျှစ်ပင်တို့ဖြင့်ရောပြွမ်းလျက် ရှိ၏၊ အထူးထူးသော သစ်ပင်တို့၏ မှီဝဲပေါက်ရောက်ရာ ဖြစ်၏။
၁၆။ ‘‘သုဂန္ဓံ ဗေလုဝံ ဒိသွာ, ဗုဒ္ဓသေဋ္ဌမနုဿရိံ၊
ခါရိဘာရံ ပူရယိတွာ, တုဋ္ဌော သံဝိဂ္ဂမာနသော။
၁၆။ ငါသည် ကောင်မွန်သော (မွှေးကြိုင်သော) အနံ့ရှိသော ဥသျှစ်သီးကို မြင်ရသည် ရှိသော် ပရိက္ခရာဝန်ကို ပြည့်စေလျက် နှစ်သက်သည် ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍ ဘုရားမြတ်ကိုအောက်မေ့ခဲ့၏။
၁၇။ ‘‘ကကုသန္ဓံ ဥပါဂမ္မ, ဗိလ္လပက္ကမဒါသဟံ၊
ပုညက္ခေတ္တဿ ဝီရဿ, ဝိပ္ပသန္နေန စေတသာ။
၁၇။ ငါသည် ကကုသန်မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ကောင်းမှု စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် ဖြစ်သော မြတ်စွာဘုရားအား အလွန်ကြည်ညိုသော စိတ်ဖြင့်ဥသျှစ်သီးမှည့်ကို ပေးလှူ၏။
၁၈။ ‘‘ဣမသ္မိံယေဝ ကပ္ပသ္မိံ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၈။ ဤကမ္ဘာ၌ ဥသျှစ်သီးကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဥသျှစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။
၁၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗိလ္လိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဗိလ္လိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဗိလ္လိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဗိလ္လိယတ္ထေရဿာပဒါနံ တတိယံ။
၄။ ဘလ္လာတဒါယကတ္ထေရအပဒါန
၂၂။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဒွတ္တိံသဝရလက္ခဏံ၊
ဝိပိနဂ္ဂေန [ပဝနဂ္ဂေန (သီ။ သျာ။ ပီ။)] ဂစ္ဆန္တံ, သာလရာဇံဝ ဖုလ္လိတံ။
၄-ဘလ္လာတဒါယကတ္ထေရအပဒါန ၂၂။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော ၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်း မြတ်တို့၏လက္ခဏာနှင့် ပြည့်စုံတော်မူသော ၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းနှင့် တူတော်မူသော မြတ်စွာဘုရားကို တောအထက်၌ ကြွသွားတော်မူစဥ် ဖူးမြင်ရ၍-
၂၃။ ‘‘တိဏတ္ထရံ ပညာပေတွာ, ဗုဒ္ဓသေဋ္ဌံ အယာစဟံ၊
‘အနုကမ္ပတု မံ ဗုဒ္ဓေါ, ဘိက္ခံ ဣစ္ဆာမိ ဒါတဝေ’။
၂၃။ ငါသည် မြက်အခင်းကို ခင်းပြီးလျှင် ဘုရားမြတ်ကို တောင်းပန်လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို အစဥ် သနားတော်မူပါ၊ (အကျွန်ုပ်သည်) ဆွမ်းကို လှူခြင်း ငှါအလိုရှိပါ၏။
၂၄။ ‘‘အနုကမ္ပကော ကာရုဏိကော, အတ္ထဒဿီ မဟာယသော၊
မမ သင်္ကပ္ပမညာယ, ဩရူဟိ မမ အဿမေ။
၂၄။ အစဥ် စောင့်ရှောက်တော်မူတတ်သော မဟာကရုဏာရှိတော်မူသော အခြံအရံ များပြားတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ ငါ၏ သင်္ခမ်း ကျောင်း၌ ဆင်းသက်တော်မူ၏။
၂၅။ ‘‘ဩရောဟိတွာန သမ္ဗုဒ္ဓေါ, နိသီဒိ ပဏ္ဏသန္ထရေ၊
ဘလ္လာတကံ ဂဟေတွာန, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၂၅။ မြတ်စွာဘုရားသည် သက်ဆင်းတော်မူ၍ သစ်ရွက်အခင်း၌ ထိုင်တော်မူ၏၊ ငါသည် ချေးသီးကို ယူ၍ဘုရားမြတ်အား ပေးလှူခဲ့၏။
၂၆။ ‘‘မမ နိဇ္ဈာယမာနဿ, ပရိဘုဉ္ဇိ တဒါ ဇိနော၊
တတ္ထ စိတ္တံ ပသာဒေတွာ, အဘိဝန္ဒိံ တဒါ ဇိနံ။
၂၆။ ထိုအခါ ငါသည် ကြည့်ရှုစဥ် မြတ်စွာဘုရားသည် ဘုဥ်းပေးတော်မူ၏၊ ထိုအခါ ငါသည်ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေ၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။
၂၇။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၂၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ သစ်သီးအလှူကို ပေးလှူခဲ့ရသော အခါမစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။
၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘလ္လာတဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဘလ္လာတဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဘလ္လာတဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဘလ္လာတဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ ဥတ္တလိပုပ္ဖိယတ္ထေရအပဒါန
၃၁။ ‘‘နိဂြောဓေ ဟရိတောဘာသေ, သံဝိရုဠှမှိ ပါဒပေ၊
ဥတ္တလိမာလံ [ဥမ္မာ မာလံ ဟိ (သျာ။)] ပဂ္ဂယှ, ဗောဓိယာ အဘိရောပယိံ။
၅-ဥတ္တလိပုပ္ဖိယတ္ထေရအပဒါန ၃၁။ စိမ်းညိုသော အရောင်ရှိသော ပညောင်ပင်သည် စည်ပင်ပြန့်ပွါးလတ်သော် မြစ် သေးပန်းကို ယူ၍ဗောဓိပင်အား တင်လှူပူဇော်ခဲ့၏။
၃၂။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ယံ ဗောဓိမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိပူဇာယိဒံ ဖလံ။
၃၂။ ဤဘဒ္ဒကမ္ဘာ၌ ဗောဓိပင်ကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရ သည်ကိုမသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေ တည်း။
၃၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥတ္တလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဥတ္တလိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဥတ္တလိပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဥတ္တလိပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ အမ္ဗာဋကိယတ္ထေရအပဒါန
၃၆။ ‘‘သုပုပ္ဖိတံ သာလဝနံ, ဩဂယှ ဝေဿဘူ မုနိ၊
နိသီဒိ ဂိရိဒုဂ္ဂေသု, အဘိဇာတောဝ ကေသရီ။
၆-အမ္ဗာဋကိယတ္ထေရအပဒါန ၃၆။ ဝေဿဘူမြတ်စွာဘုရားသည် ကောင်းစွာ ပွင့်သော အင်ကြင်းတောသို့ ဝင်၍ တောင်ချောက်ကြားတို့၌ ‘အမျိုးမြတ်သော ခြင်္သေ့မင်းကဲ့သို့’ နေတော်မူ၏။
၃၇။ ‘‘ပသန္နစိတ္တော သုမနော, အမ္ဗာဋကမပူဇယိံ၊
ပုညက္ခေတ္တံ အနုတ္တရံ [မဟာဝီရံ (သီ။ သျာ။)], ပသန္နော သေဟိ ပါဏိဘိ။
၃၇။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော မြတ်စွာဘုရားကို ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့်ဝှေးသီးကို ပူဇော်ခဲ့၏။
၃၈။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဝှေးသီးကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှစ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၃၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗာဋကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် အမ္ဗာဋကိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗာဋကိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အမ္ဗာဋကိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ သီဟာသနိကတ္ထေရအပဒါန
၄၂။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, သဗ္ဗဘူတဟိတေသိနော၊
ပသန္နစိတ္တော သုမနော, သီဟာသနမဒါသဟံ။
၇-သီဟာသနိကတ္ထေရအပဒါန ၄၂။ သတ္တဝါအားလုံး၏ အကျိုးစီးပွါးကို ရှာမှီးတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအားကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် မြတ်သော နေရာကို ပေးလှူခဲ့၏။
၄၃။ ‘‘ဒေဝလောကေ မနုဿေ ဝါ, ယတ္ထ ယတ္ထ ဝသာမဟံ၊
လဘာမိ ဝိပုလံ ဗျမှံ, သီဟာသနဿိဒံ ဖလံ။
၄၃။ ငါသည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း အကြင်အကြင်ဘဝ၌ နေရ၏ (ဖြစ်ရ၏)။ ထိုထိုဘဝ၌ ပြန့်ပြောသော ဗိမာန်ကို ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်သော နေရာကိုလှူရခြင်း၏ အကျိုးပေတည်း။
၄၄။ ‘‘သောဏ္ဏမယာ ရူပိမယာ, လောဟိတင်္ဂမယာ [လောဟိတင်္ကမယာ (သီ။ သျာ။ ပီ။)] ဗဟူ၊
မဏိမယာ စ ပလ္လင်္ကာ, နိဗ္ဗတ္တန္တိ မမံ သဒါ။
၄၄။ ရွှေပလ္လင်၊ ငွေပလ္လင်၊ ကျောက်နီပလ္လင်၊ ပတ္တမြားပလ္လင်တို့သည် အခါခပ်သိမ်း ငါ့အား များစွာဖြစ်ပေါ်ကုန်၏။
၄၅။ ‘‘ဗောဓိယာ အာသနံ ကတွာ, ဇလဇုတ္တမနာမိနော၊
ဥစ္စေ ကုလေ ပဇာယာမိ, အဟော ဓမ္မသုဓမ္မတာ။
၄၅။ ငါသည် ပဒုမုတ္တရမည်သော မြတ်စွာဘုရား၏ ဗောဓိပင်၌ နေရာကို ပြုလုပ်ခဲ့ရ သောကြောင့်မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ တရားတော်၏ ကောင်းသော တရားအဖြစ် သည် အံ့ဖွယ်ရှိပါပေစွ။
၄၆။ ‘‘သတသဟဿိတော ကပ္ပေ, သီဟာသနမကာသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သီဟာသနဿိဒံ ဖလံ။
၄၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် မြတ်သောနေရာ (ခင်းမှု) ကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်သော နေရာကိုလှူရခြင်း၏ အကျိုးပေတည်း။
၄၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သီဟာသနိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် သီဟာသနိကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သီဟာသနိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သီဟာသနိကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ ပါဒပီဌိယတ္ထေရအပဒါန
၅၀။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, အဂ္ဂေါ ကာရုဏိကော မုနိ၊
တာရယိတွာ ဗဟူ သတ္တေ, နိဗ္ဗုတော သော မဟာယသော။
၈-ပါဒပီဌိယတ္ထေရအပဒါန ၅၀။ မဟာကရုဏာရှိတော်မူသော ၊ ရဟန်းမြတ်ဖြစ်တော်မူသော ၊ များသော အခြံအရံရှိ တော်မူသော ၊ သုမေဓာမည်သော ထိုမြတ်စွာဘုရားသည် သတ္တဝါများစွာတို့ကို ကယ်တင် တော်မူ၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။
၅၁။ ‘‘သီဟာသနဿ သာမန္တာ, သုမေဓဿ မဟေသိနော၊
ပသန္နစိတ္တော သုမနော, ပါဒပီဌမကာရယိံ။
၅၁။ သုမေဓာမြတ်စွာဘုရား၏ မြတ်သော နေရာအနီး၌ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ခြေဆေးအင်းပျဥ်ကို ပြုလုပ်လှူဒါန်းခဲ့၏။
၅၂။ ‘‘ကတွာန ကုသလံ ကမ္မံ, သုခပါကံ သုခုဒြယံ၊
ပုညကမ္မေန သံယုတ္တော, တာဝတိံသမဂစ္ဆဟံ။
၅၂။ ငါသည် ကောင်းသော အကျိုးရှိသော ချမ်းသာကို ပွါးစေသော ကုသိုလ်ကံကို ပြုခဲ့ခြင်းကြောင့်ကောင်းမှုကံနှင့် ယှဥ်လျက် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။
၅၃။ ‘‘တတ္ထ မေ ဝသမာနဿ, ပုညကမ္မသမင်္ဂိနော၊
ပဒါနိ ဥဒ္ဓရန္တဿ, သောဏ္ဏပီဌာ ဘဝန္တိ မေ။
၅၃။ ထိုတာဝတိံသာနတ်ပြည်၌ နေသော ကောင်းမှုကံနှင့် ပြည့်စုံသော ငါသည် ခြေတို့ကို ကြွသည်ရှိသော် ရွှေအင်းပျဥ်တို့သည် ငါ့အား ဖြစ်ပေါ်ကုန်၏။
၅၄။ ‘‘လာဘာ တေသံ သုလဒ္ဓံ ဝေါ, ယေ လဘန္တိ ဥပဿုတိံ၊
နိဗ္ဗုတေ ကာရံ ကတွာန, လဘန္တိ ဝိပုလံ သုခံ။
၅၄။ အကြင်သူတို့သည် “ဘုရား”ဟူသော စကားသံကို ကြားခြင်းကို ရရှိကုန်၏၊ ထိုသူ တို့အားအရတော်လေကုန်စွ၊ သင်တို့သည် ကောင်းစွာ ရအပ်ပေ၏၊ ပရိနိဗ္ဗာန်စံတော် မူပြီးသော မြတ်စွာဘုရား၌ကောင်းမှုကို ပြုခဲ့ခြင်းကြောင့် ကြီးကျယ်သော ချမ်းသာကို ရရှိကုန်၏။
၅၅။ ‘‘မယာပိ သုကတံ ကမ္မံ, ဝါဏိဇ္ဇံ သုပ္ပယောဇိတံ၊
ပါဒပီဌံ ကရိတွာန, သောဏ္ဏပီဌံ လဘာမဟံ။
၅၅။ ငါသည်လည်းကောင်းမှုကံကို ကောင်းစွာ ရအပ်ပြီ၊ ကုန်သွယ်မှုကို ကောင်းစွာ ယှဥ်စေအပ်ပြီ၊ ငါသည် ခြေဆေးအင်းပျဥ် ပြုလုပ်ခဲ့ခြင်းကြောင့် ရွှေအင်းပျဥ်ကို ရရှိပေ၏။
၅၆။ ‘‘ယံ ယံ ဒိသံ ပက္ကမာမိ, ကေနစိ ကိစ္စယေနဟံ [ပစ္စယေနဟံ (သီ။ ပီ။)]၊
သောဏ္ဏပီဌေ အက္ကမာမိ [သောဏ္ဏပီဌေန ကမာမိ (က။)], ပုညကမ္မဿိဒံ ဖလံ။
၅၆။ ငါသည် အကြောင်းကိစ္စ တစ်စုံတစ်ခုဖြင့် အကြင်အကြင်အရပ်သို့ ဖဲသွား၏၊ (ထိုအခါ) ရွှေအင်းပျဥ်၌နစ်သွားရပေ၏၊ ဤသို့ဖြစ်ရခြင်းသည် (ခြေဆေးအင်းပျဥ်ကို ပေးလှူ သော) ကောင်းမှုကံ၏အကျိုးပေတည်း။
၅၇။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပါဒပီဌဿိဒံ ဖလံ။
၅၇။ ကမ္ဘာသုံးသောင်းထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကိုမသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေဆေးအင်းပျဥ်လှူရခြင်း၏ အကျိုး ပေတည်း။
၅၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 43. Sakiṃsammajjakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#531
- Vipassana Research Institute. (n.d.). 44. Ekavihārivaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#532
- Vipassana Research Institute. (n.d.). 45. Vibhītakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#533