ဓမ္မလမ်း
← အပဒါနပါဠိ (ဒု)

အပဒါနပါဠိ (ဒု)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၈၀

‘‘အနုဘောတွာ ယသံ သဗ္ဗံ, ပတွာန သဗ္ဗသမ္ပဒါ၊

တုမှံ [တွယိ (သီ။ ပီ။)] ပသာဒံ ပဋိလဒ္ဓါ, ဗုဇ္ဈိဿန္တိ အနာဂတေ။

၁၇။ ‘‘အမှေ ဗြာဟ္မဏဓီတာ တု, ဗြာဟ္မညကုလသမ္ဘဝါ၊

ပေက္ခတော နော [လက္ခဏာ စ (သျာ။)] မဟာဝီရ, ပါဒေ ဝန္ဒာမ စက္ခုမ။

၁၇။ ကြီးမြတ်သော လုံ့လရှိသည်ဖြစ်၍ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား ပုဏ္ဏားမျိုး၌ဖြစ်ကုန်သော ပုဏ္ဏားသမီးဖြစ်သော အကျွန်ုပ်တို့၌ အရှင်ဘုရားသည် အကျွန်ုပ် တို့ကို ကြည့်ရှုစဥ် (အရှင်ဘုရား၏ ) ခြေတော်တို့ကို ရှိခိုးပါကုန်၏။

၁၈။ ‘‘ဥပဟတာ ဘဝါ သဗ္ဗေ, မူလတဏှာ သမူဟတာ၊

သမုစ္ဆိန္နာ အနုသယာ, ပုညသင်္ခါရဒါလိတာ။

၁၈။ အကျွန်ုပ်တို့သည် ဘဝအားလုံးတို့သို့ ကပ်ရောက်တတ်ကုန်သော တဏှာအရင်း အမြစ်တို့ကိုပယ်နုတ်အပ်ကုန်ပြီ၊ အနုသယတို့ကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ ကုသိုလ်ပြု စီရင်မှု‘ပုညာဘိသင်္ခါရ’တို့ကို ဖျက်ဆီးအပ်ကုန်ပြီ။

၁၉။ ‘‘သမာဓိဂေါစရာ သဗ္ဗာ, သမာပတ္တိဝသီ ကတာ၊

ဈာနေန ဓမ္မရတိယာ, ဝိဟရိဿာမ နော သဒါ။

၁၉။ အကျွန်ုပ်တို့အားလုံးသည် သမာဓိလျှင် ကျက်စားရာ အာရုံရှိကြပါကုန်၏၊ သမာပတ်၌လေ့လာခြင်းကို ပြုအပ်ပါကုန်၏။ အကျွန်ုပ်တို့သည် ဈာန်ဖြင့်လည်းကောင်း၊ တရား၌ပျော်မွေ့ခြင်းဖြင့်လည်းကောင်း အခါခပ်သိမ်း နေကြပါကုန်၏။

၂၀။ ‘‘ဘဝနေတ္တိ အဝိဇ္ဇာ စ, သင်္ခါရာပိ စ ခေပိတာ၊

သုဒုဒ္ဒသံ ပဒံ ဂန္တွာ, အနုဇာနာထ [အနုဇာနိမှ (သျာ။ ပီ။ က။)] နာယက။

၂၀။ ရှေ့သွားခေါင်းဆောင်ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ဘဝတဏှာကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း၊ သင်္ခါရတို့ကိုလည်းကောင်း ကုန်စေအပ်ကုန်ပြီ။ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်သို့ သွားလိုပါကုန်၍ ခွင့်ပြုတော်မူပါကုန်။

၂၁။ ‘‘ဥပကာရာ မမံ တုမှေ, ဒီဃရတ္တံ ကတာဝိနော၊

စတုန္နံ သံသယံ ဆေတွာ, သဗ္ဗာ ဂစ္ဆန္တု နိဗ္ဗုတိံ။

၂၁။ သင်တို့သည် ငါ့အား ရှည်မြင့်သော ညဥ့်နေ့ပတ်လုံး ကျေးဇူးတို့ကို ပြုပြီးကုန်ပြီ၊ သင်တို့အားလုံးတို့သည် ပရိသတ်လေးပါးတို့၏ ယုံမှားခြင်းကို ဖြတ်၍ ငြိမ်းအေးရာ နိဗ္ဗာန် သို့သွားကြကုန်လော့။

စာ-၂၈၁

၂၂။ ‘‘ဝန္ဒိတွာ မုနိနော ပါဒေ, ကတွာ ဣဒ္ဓိဝိကုဗ္ဗနံ၊

ကာစိ ဒဿေန္တိ အာလောကံ, အန္ဓကာရမထာပရာ။

၂၂။ (အကျွန်ုပ်တို့သည်) မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလျက် တန်ခိုးဖန်ဆင်း ခြင်းတို့ကိုပြုပြီးလျှင် အချို့သော ရဟန်းမတို့သည် အလင်းရောင်ကိုလည်းကောင်း၊ ထိုမှ တစ်ပါး အမိုက်တိုက်ကိုလည်းကောင်း ပြကြကုန်၏။

၂၃။ ‘‘ဒဿေန္တိ စန္ဒသူရိယေ, သာဂရဉ္စ သမစ္ဆကံ၊

သိနေရုံ ပရိဘဏ္ဍဉ္စ, ဒဿေန္တိ ပါရိဆတ္တကံ။

၂၃။ အချို့သော ရဟန်းမတို့သည် လ, နေတို့ကိုလည်းကောင်း၊ ငါးနှင့်တကွသောသမုဒ္ဒရာကိုလည်းကောင်း ပြကြကုန်၏။ အချို့သော ရဟန်းမတို့သည် မြင်းမိုရ်တောင်ကို လည်းကောင်း၊ တောင်ရံခုနစ်ထပ်ကိုလည်းကောင်း၊ ပင်လယ်ကသစ်ပင်ကိုလည်းကောင်း ပြကြကုန်၏။

၂၄။ ‘‘တာဝတိံသဉ္စ ဘဝနံ, ယာမံ ဒဿေန္တိ ဣဒ္ဓိယာ၊

တုသိတံ နိမ္မိတေ ဒေဝေ, ဝသဝတ္တီ မဟိဿရေ။

၂၄။ အချို့သော ရဟန်းမတို့သည် တာဝတိံသာဘုံကိုလည်းကောင်း၊ ယာမာဘုံကိုလည်းကောင်း၊ တုသိတာဘုံကိုလည်းကောင်း၊ နိမ္မာနရတိနတ်ဘုံကိုလည်းကောင်း၊ တန်ခိုးကြီးသောဝသဝတ္တီဘုံကိုလည်းကောင်း တန်ခိုးဖြင့် ပြကြကုန်၏။

၂၅။ ‘‘ဗြဟ္မာနော ကာစိ ဒဿေန္တိ, စင်္ကမဉ္စ မဟာရဟံ၊

ဗြဟ္မဝဏ္ဏဉ္စ မာပေတွာ, ဓမ္မံ ဒေသေန္တိ သုညတံ။

၂၅။ အချို့သော ရဟန်းမတို့သည် ဗြဟ္မာတို့ကိုလည်းကောင်း၊ မြတ်သူတို့အားသာ ထိုက်သောစင်္ကြံကိုလည်းကောင်း ပြကြကုန်၏။ ဗြဟ္မာ့အသွင်ကိုဖန်ဆင်း၍ သုညတနိဗ္ဗာန် တရားကိုလည်းဟောကြကုန်၏။

၂၆။ ‘‘နာနာဝိကုဗ္ဗနံ ကတွာ, ဣဒ္ဓိံ ဒဿိယ သတ္ထုနော၊

ဒဿယိံသု ဗလံ သဗ္ဗာ, ပါဒေ ဝန္ဒိံသု သတ္ထုနော။

၂၆။ အားလုံးသော ရဟန်းမတို့သည် အထူးထူး တန်ခိုးဖန်ဆင်းခြင်းကိုပြု၍ မြတ်စွာ ဘုရားအားတန်ခိုးကို ပြလျက် စွမ်းအားကို ပြကြကုန်၏၊ မြတ်စွာဘုရား၏ ခြေတို့ကို ရှိခိုး ကြကုန်၏။

၂၇။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမ မဟာမုနေ။

၂၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်း လေ့ လာပြီးဖြစ်ပါကုန်၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌ လည်းကောင်းလေ့လာပြီးသူတို့ ဖြစ်ပါကုန်၏။

၂၈။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၂၈။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါကုန်၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင် အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း မရှိတော့ပါ။

၂၉။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ အမှံ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၂၉။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထ ပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌ လည်းကောင်းအသိဉာဏ်သည် အကျွန်ုပ်တို့အား ဖြစ်ပေါ်ခဲ့ပါ၏။

၃၀။ ‘‘ပုဗ္ဗာနံ လောကနာထာနံ, သင်္ဂမံ နော နိဒဿိတံ၊

အဓိကာရံ ဗဟုံ အမှံ, တုယှတ္ထာယ မဟာမုနေ။

၃၀။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား လောက၏ ကိုးကွယ်ရာ ဖြစ်သောရှေးမြတ်စွာဘုရားတို့ (အထံ၌) ပေါင်းဆုံမိခြင်းကို အရှင်ဘုရားသည် ပြအပ်ပါပြီ၊ အရှင် ဘုရား၏ အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ်တို့အား များပြားလှပါကုန်၏။

၃၁။ ‘‘ယံ အမှေဟိ ကတံ ကမ္မံ, ကုသလံ သရ တံ မုနေ၊

တုယှတ္ထာယ မဟာဝီရ, ပုညာနုပစိတာနိ နော။

၃၁။ မြတ်စွာဘုရား ကုသိုလ်ဖြစ်သော အကြင်ကံကို အကျွန်ုပ်တို့သည် ဖြည့်ကျင့်အပ်ပြီ၊ ထို့ကုသိုလ်ကံကို အောက်မေ့တော်မူပါလော့။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအကျိုးငှါ ကောင်းမှုတို့ကို အကျွန်ုပ်တို့သည် ဆည်းပူးအပ်ပါကုန်ပြီ။

၃၂။ ‘‘သတသဟဿိတော ကပ္ပေ, ပဒုမုတ္တရော မဟာမုနိ၊

ပုရံ ဟံသဝတီ နာမ, သမ္ဗုဒ္ဓဿ ကုလာသယံ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်တို့ နေပြည်တော်သည် ဟံသာဝတီ မည်၏။

၃၃။ ‘‘ဒွါရေန ဟံသဝတိယာ, ဂင်္ဂါ သန္ဒတိ သဗ္ဗဒါ၊

ဥဗ္ဗဠှာ နဒိယာ ဘိက္ခူ, ဂမနံ န လဘန္တိ တေ။

၃၃။ ဂင်္ဂါမြစ်သည် ဟံသာဝတီမြို့၏ တံခါးမှ အခါခပ်သိမ်း စီးလျက်ရှိ၏၊ မြစ်သည် နှိပ်စက်အပ်ကုန်သောထိုရဟန်းတို့သည် သွားခြင်းကို မရကုန်။

၃၄။ ‘‘ဒိဝသံ ဒွေ တယော စေဝ, သတ္တာဟံ မာသိကံ တတော၊

စတုမာသမ္ပိ သမ္ပုဏ္ဏံ, ဂမနံ န လဘန္တိ တေ။

၃၄။ နှစ်ရက်, သုံးရက်တို့ပတ်လုံးလည်းကောင်း၊ ခုနစ်ရက်ပတ်လုံးလည်းကောင်း၊ တစ်လပတ်လုံးလည်းကောင်း၊ ထို့ထက်အလွန် လေးလပတ်လုံးလည်းကောင်း (မြစ်ရေ) ပြည့် သည်ရှိသော် ထိုရဟန်းတို့သည် သွားခြင်းကို မရကုန်။

၃၅။ ‘‘တဒါ အဟု သတ္တသာရော, ဇဋိလော နာမ ရဋ္ဌိကော၊

ဩရုဒ္ဓေ [ဩရတီရေ (သျာ။)] ဘိက္ခဝေါ ဒိသွာ, သေတုံ ဂင်္ဂါယ ကာရယိ။

၃၅။ ထိုအခါ ဘုရားလောင်းသည် ဇဋိလမည်သော တိုင်းပြည်ကို အစိုးရသောမင်း ဖြစ် လေ၏၊ ထိုမင်းသည် ရေဖြင့် ပိတ်ဆို့တားမြစ်အပ်သော ထိုရဟန်းတို့ကို မြင်၍ ဂင်္ဂါမြစ်၌ တံတားကိုပြုလုပ်လေ၏။

စာ-၂၈၂

၃၆။ ‘‘တဒါ သတသဟဿေဟိ, သေတုံ ဂင်္ဂါယ ကာရယိ၊

သံဃဿ ဩရိမေ တီရေ, ဝိဟာရဉ္စ အကာရယိ။

၃၆။ ထိုအခါ (အသပြာ) တစ်သိန်းတို့ဖြင့် ဂင်္ဂါမြစ်၌ တံတားကို ပြုလုပ်လေ၏၊ ဤမှာ ဘက်ကမ်း၌သံဃာ၏ အကျိုးငှါ ကျောင်းကိုလည်း ဆောက်လုပ်လေ၏။

၃၇။ ‘‘ဣတ္ထိယော ပုရိသာ စေဝ, ဥစ္စနီစကုလာနိ စ၊

တဿ သေတုံ ဝိဟာရဉ္စ [တေသု သေတုဝိဟာရေသု (သီ။), တဿ သေတူ ဝိဟာရေ စ (ပီ။)], သမဘာဂံ အကံသု တေ။

၃၇။ မြင့်မြတ်သောအမျိုး, ယုတ်နိမ့်သောအမျိုး၌ ဖြစ်သော ထိုမိန်းမ, ယောကျာ်းတို့သည် ထိုမင်း၏တံတားကိုလည်းကောင်း၊ ကျောင်းကိုလည်းကောင်း ညီမျှသော အဖိုးကို ပြုကြ လေကုန်၏။

၃၈။ ‘‘အမှေ အညေ စ မာနုဇာ, ဝိပ္ပသန္နေန စေတသာ၊

တဿ ဓမ္မေသု ဒါယာဒါ, နဂရေ ဇနပဒေသု စ။

၃၈။ ငါတို့သည်လည်းကောင်း၊ အခြားသူတို့သည်လည်းကောင်း အလွန်ကြည်ညိုသော စိတ်ဖြင့်ထိုမြတ်စွာဘုရား၏ တရားတို့၌ အမွေခံတို့ ဖြစ်ကြလေကုန်၏။ မြို့၌လည်းကောင်း၊ ခရိုင်နယ် (ဇနပုဒ်) တို့၌ လည်းကောင်း-

၃၉။ ‘‘ဣတ္ထီ ပုမာ ကုမာရာ စ, ဗဟူ စေဝ ကုမာရိကာ၊

သေတုနော စ ဝိဟာရဿ, ဝါလုကာ အာကိရိံသု တေ။

၃၉။ ထိုများစွာသော မိန်းမယောကျာ်း, သတို့သားသတို့သမီးတို့သည် တံတားအား လည်းကောင်း၊ ကျောင်းအားလည်းကောင်း သဲတို့ကို ကြဲဖြန့်လေကုန်၏။

၄၀။ ‘‘ဝီထိံ သမ္မဇ္ဇနံ ကတွာ, ကဒလီပုဏ္ဏဃဋေ ဓဇေ၊

ဓူပံ စုဏ္ဏဉ္စ မာလဉ္စ, ကာရံ ကတွာန သတ္ထုနော။

၄၀။ လမ်းမကို တံမြက်လှည်းခြင်းကို ပြု၍ ငှက်ပျောပင် ရေပြည့်အိုးတို့ကိုလည်းကောင်း၊ တံခွန်တို့ကိုလည်းကောင်း၊ အခိုးအထုံကိုလည်းကောင်း၊ နံ့သာမှုန့်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုလျက်-

၄၁။ ‘‘သေတုဝိဟာရေ ကာရေတွာ, နိမန္တေတွာ ဝိနာယကံ၊

မဟာဒါနံ ဒဒိတွာန, သမ္ဗောဓိံ အဘိပတ္ထယိံ။

၄၁။ တံတားကျောင်းတို့ကို ပြုစေပြီးလျှင် မြတ်စွာဘုရားကို ပင့်ဖိတ်၍ အလှူကြီးကို ပေးလှူလျက်သမ္မာသမ္ဗောဓိဉာဏ်ကို ဆုတောင်းခဲ့၏။

၄၂။ ‘‘ပဒုမုတ္တရော မဟာဝီရော, တာရကော သဗ္ဗပါဏိနံ၊

အနုမောဒနီယံကာသိ, ဇဋိလဿ မဟာမုနိ [ကတွာ, ဝိယာကာသိ မဟာမုနိ (သျာ။)]။

၄၂။ ကြီးမြတ်သော လုံ့လရှိတော်မူသော အလုံးစုံသော သတ္တဝါတို့ကို ကယ်တင်တော်မူ တတ်သောပဒုမုတ္တရမြတ်စွာဘုရားသည် ဇဋိလမင်းအား အနုမောဒနာ ပြုတော်မူ၏။

၄၃။ ‘‘‘သတသဟဿာတိက္ကန္တေ, ကပ္ပေါ ဟေဿတိ ဘဒ္ဒကော၊

ဘဝါဘဝေနုဘောတွာန, ပါပုဏိဿတိ ဗောဓိယံ။

၄၃။ ကမ္ဘာတစ်သိန်း လွန်သည်ရှိသော် ဘဒ္ဒကမ္ဘာသည် ဖြစ်လတ္တံ့၊ (ဤမင်းသည်) ဘဝ ကြီးငယ်၌ခံစားပြီးလျှင် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၄၄။ ‘‘‘ကာစိ ဟတ္ထပရိကမ္မံ, ကတာဝီ နရနာရိယော၊

အနာဂတမှိ အဒ္ဓါနေ, သဗ္ဗာ ဟေဿန္တိ သမ္မုခါ’။

၄၄။ အချို့သော ယောကျာ်း, မိန်းမတို့သည် လက်အမှုကို ပြုကုန်၏၊ အလုံးစုံသော သူတို့သည်အနာဂတ်ကာလ၌ (ထိုဂေါတမမြတ်စွာဘုရား၏ ) မျက်မှောက်၌ ဖြစ်ကုန်လတ္တံ့ (ဟုအနုမောဒနာပြုတော်မူ၏)။

၄၅။ ‘‘တေန ကမ္မဝိပါကေန, စေတနာပဏိဓီဟိ စ၊

ဥပ္ပန္နာ ဒေဝဘဝနံ, တုယှံ တာ ပရိစာရိကာ။

၄၅။ ထိုကံ၏ အကျိုးကြောင့်လည်းကောင်း၊ စေတနာတောင့်တမှုတို့ကြောင့်လည်းကောင်း နတ်ဘုံသို့ဖြစ်ကြရကုန်၏။ ထိုအကျွန်ုပ်တို့သည် အရှင်ဘုရား၏ အလုပ်အကျွေးတို့ပါတည်း။

၄၆။ ‘‘ဒိဗ္ဗသုခံ အသင်္ခိယံ, မာနုသဉ္စ အသင်္ခိယံ၊

တုယှံ တေ ပရိစာရေမ, သံသရိမှ ဘဝါဘဝေ။

၄၆။ မရေတွက်နိုင်သော နတ်ချမ်းသာကိုလည်းကောင်း၊ မရေတွက်နိုင်သော လူ့ချမ်းသာ ကိုလည်းကောင်း (ခံစား၍) ထိုအကျွန်ုပ်တို့သည် အရှင်ဘုရားအား လုပ်ကျွေးပါကုန်၏။ ဘဝ ကြီးငယ်၌ကျင်လည်ခဲ့ပါကုန်၏။

၄၇။ ‘‘သတသဟဿိတော ကပ္ပေ, သုကတံ ကမ္မသမ္ပဒံ၊

သုခုမာလီ မနုဿာနံ, အထော ဒေဝပုရေ ဝရေ။

၄၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောင်းစွာ ပြုအပ်သော ကံ၏ ပြည့်စုံခြင်းကြောင့် လူတို့၏ပြည်၌လည်းကောင်း၊ ထိုမှတစ်ပါး မြတ်သော နတ်တို့၏ ပြည်၌လည်းကောင်း နူးညံ့သိမ်မွေ့ခြင်းရှိသူတို့ဖြစ်ပါကုန်၏။

၄၈။ ‘‘ရူပဘောဂယသေ စေဝ, အထော ကိတ္တိဉ္စ သက္ကတံ [ကိတ္တိသုခံ ပိယံ (သျာ။)]၊

လဘာမ သတတံ သဗ္ဗံ, သုကတံ ကမ္မသမ္ပဒံ။

၄၈။ ကောင်းစွာ ပြုအပ်သော ကံ၏ ပြည့်စုံခြင်းကြောင့် အကျွန်ုပ်တို့သည် အရိုအသေပြုခံရကုန်သည်ဖြစ်၍ ရုပ်အဆင်း, စည်းစိမ်အခြံအရံကိုလည်းကောင်း၊ ထိုမှတစ်ပါး ကျော်စောခြင်းကိုလည်းကောင်း အားလုံးကို မပြတ်ရရှိပါကုန်၏။

စာ-၂၈၃

၄၉။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဇာတာမှ ဗြာဟ္မဏေ ကုလေ၊

သုခုမာလဟတ္ထပါဒါ, သကျပုတ္တနိဝေသနေ။

၄၉။ နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် ပုဏ္ဏားမျိုး၌ မွေးဖွားလျက် သာကီဝင်မင်းသားအိမ်တော်၌ နူးညံ့သိမ်မွေ့သော လက်ခြေရှိသူ့တို့ ဖြစ်ပါကုန်၏။

၅၀။ ‘‘သဗ္ဗကာလမ္ပိ ပထဝိံ, န ပဿာမ န လင်္ကတံ၊

စိက္ခလ္လဘူမိမသုစိံ [စိက္ခလ္လံ ဘူမိံ ဂမနံ (သျာ။)], န ပဿာမ မဟာမုနေ။

၅၀။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် အခါခပ်သိမ်းပင်တန်ဆာမဆင်အပ်သော မြေကို မမြင်ရပါကုန်၊ မစင်ကြယ်သော ရွှံ့ညွန်မြေကို မမြင်ရပါကုန်။

၅၁။ ‘‘အဂါရံ ဝသန္တေ အမှေ, သက္ကာရံ သဗ္ဗကာလိကံ၊

ဥပနေန္တိ သဒါ သဗ္ဗံ, ပုဗ္ဗကမ္မဖလေန နော [ပုဗ္ဗကမ္မဖလံ တတော (သီ။ ပီ။)]။

၅၁။ အကျွန်ုပ်တို့၏ ရှေးကံအကျိုးကြောင့် အိမ်၌ နေသော အကျွန်ုပ်တို့၏ အထံသို့ အခါခပ်သိမ်းဖြစ်သော ပူဇော်သက္ကာရအားလုံးကို အခါခပ်သိမ်း ပို့ဆောင်ကြပါကုန်၏။

၅၂။ ‘‘အဂါရံ ပဇဟိတွာန, ပဗ္ဗဇိတွာနဂါရိယံ၊

သံသာရပထနိတ္ထိဏ္ဏာ, ဝီတရာဂါ ဘဝါမသေ [နတ္ထိ ဒါနိ ပုနဗ္ဘဝေါ (သီ။ သျာ။ ပီ။)]။

၅၂။ အကျွန်ုပ်တို့သည် အိမ်ကို စွန့်ပစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ကုန်သည်ရှိသော် သံသရာခရီးမှထွက်မြောက်ကုန်လျက် ရာဂကင်းသူတို့ ဖြစ်ရပါကုန်၏။

၅၃။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊

ဥပနေန္တိ သဒါ အမှေ, သဟဿာနိ တတော တတော။

၅၃။ အကျွန်ုပ်တို့ထံသို့ ထိုထိုအရပ်မှ တစ်ထောင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း, အိပ်ရာနေရာကျောင်းတို့ကို အခါခပ်သိမ်း ပို့ဆောင်ကြပါကုန်၏။

၅၄။ ‘‘ကိလေသာ ဈာပိတာ အမှံ…ပေ… ဝိဟရာမ အနာသဝါ။

၅၄။ အကျွန်ုပ်တို့သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝ မရှိဘဲနေရပါကုန်၏။

၅၅။ ‘‘သွာဂတံ ဝတ နော အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၅၅။ အကျွန်ုပ်၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ မြတ်စွာ ဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ စတုရာသီတိဗြာဟ္မဏကညာဘိက္ခုနီသဟဿာနိ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စတုရာသီတိဘိက္ခုနီသဟဿာပဒါနံ ဒုတိယံ။

၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ရှစ်သောင်းလေးထောင်သော ပုဏ္ဏားသတို့သမီးရဟန်းမတို့သည် မြတ်စွာဘုရား၏ မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့ကုန်၏။ ။ နှစ်ခုမြောက် စတုရာသီတိဘိက္ခုနီသဟဿအပဒါန ပြီး၏။

၃။ ဥပ္ပလဒါယိကာထေရီအပဒါန

၅၇။ ‘‘နဂရေ အရုဏဝတိယာ, အရုဏော နာမ ခတ္တိယော၊

တဿ ရညော အဟုံ ဘရိယာ, ဧကဇ္ဈံ စာရယာမဟံ။

၃-ဥပ္ပလဒါယိကာထေရီအပဒါန ၅၇။ အရုဏဝတီမြို့၌ အရုဏမည်သော မင်းသည် ရှိ၏၊ ငါသည် ထိုမင်း၏ မိဖုရား ဖြစ်၍ ငါသည်အတူတကွ လှည့်လည်သွားလာရ၏။

၅၈။ ‘‘ရဟောဂတာ နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊

‘ကုသလံ မေ ကတံ နတ္ထိ, အာဒါယ ဂမိယံ မမ။

၅၈။ ထိုအခါ ငါသည် ဆိတ်ငြိမ်ရာသို့ ချဥ်းကပ်လျက် ထိုင်ပြီးလျှင် ဤသို့ ကြံစည်၏- ငါ့အားဆောင်ယူ၍ သွားနိုင်သော ငါ ပြုအပ်သော ကုသိုလ်သည် မရှိသေးချေ။

၅၉။ ‘‘‘မဟာဘိတာပံ ကဋုကံ, ဃောရရူပံ သုဒါရုဏံ၊

နိရယံ နူန ဂစ္ဆာမိ, ဧတ္ထ မေ နတ္ထိ သံသယော’။

၅၉။ ငါသည် အလွန်ပြင်းစွာ ပူလောင်သော ခါးစပ်သော ကြမ်းတမ်းသော သဘောရှိ သောအလွန်ကြမ်းကြုတ်သော ငရဲသို့ သွားရလိမ့်မည်တကား၊ ဤအရာ၌ ငါ့အား ယုံမှား ဖွယ်သည် မရှိချေ။

စာ-၂၈၄

၆၀။ ‘‘ဧဝါဟံ စိန္တယိတွာန, ပဟံသေတွာန မာနသံ၊

ရာဇာနံ ဥပဂန္တွာန, ဣဒံ ဝစနမဗြဝိံ။

၆၀။ ငါသည် ဤသို့ ကြံစည်၍ စိတ်ကို ရွှင်လန်းစေပြီးလျှင် မင်းသို့ ချဥ်းကပ်လျက် ဤ စကားကိုလျှောက်ထား၏ -

၆၁။ ‘‘‘ဣတ္ထီ နာမ မယံ ဒေဝ, ပုရိသာနိတ္တရာ အဟု [ပုရိသာနုဂတာ သဒါ (သီ။), ပုရိသာ န ဘဝါမ နော (သျာ။), ပုရိသာနံ ဘရာ မယံ (ပီ။)]၊

ဧကံ မေ သမဏံ ဒေဟိ, ဘောဇယိဿာမိ ခတ္တိယ’။

၆၁။ အရှင်မင်းမြတ် အကျွန်ုပ်တို့ မိန်းမတို့မည်သည် ယောကျာ်းတို့အောက် ယုတ်ညံ့သူ တို့ဖြစ်ပါကုန်၏၊ အရှင်မင်းမြတ် အကျွန်ုပ်အား ရဟန်းတစ်ပါးကို ပေးပါလော့၊ ဆွမ်းကျွေး လိုပါ၏ဟု (ဤစကားကို လျှောက်ထား၏)။

၆၂။ ‘‘အဒါသိ မေ တဒါ ရာဇာ, သမဏံ ဘာဝိတိန္ဒြိယံ၊

တဿ ပတ္တံ ဂဟေတွာန, ပရမန္နေန ပူရယိံ။

၆၂။ ထိုအခါ မင်းသည် ပွါးများပြီးသော ဣန္ဒြေရှိသော ရဟန်းကို ငါ့အားပေးလေ၏၊ (ငါသည်) ထိုရဟန်း၏ သပိတ်ကို ယူ၍ မွန်မြတ်သော ဆွမ်းဖြင့် ပြည့်စေခဲ့၏။

၆၃။ ‘‘ပူရေတွာ ပရမံ အန္နံ, သဟ သုဂန္ဓလေပနံ၊

မဟာစေလေန ဆာဒိတွာ, အဒါသိံ တုဋ္ဌမာနသာ။

၆၃။ ငါသည် မွန်မြတ်သော ဆွမ်းကို ပြည့်စေ၍ ကောင်းသော နံ့သာဖြင့် လိမ်းကျံလျက် မြတ်သောအဝတ်နှင့်တကွ ဖုံးလွှမ်းပြီးလျှင် နှစ်သက်သော စိတ်ဖြင့် ပေးလှူခဲ့၏။

၆၄။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၆၄။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။

၆၅။ ‘‘သဟဿဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

သဟဿစက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။

၆၅။ တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ တစ်ထောင်သော စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကို ပြုခဲ့ရ၏။

၆၆။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊

နာနာဝိဓံ ဗဟုံ အညံ, တဿ ကမ္မဖလံ တတော။

၆၆။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်ကိုကား ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်၊ ထိုအခါထိုဆွမ်းအလှူ၏ အခြားတစ်ပါးသော ကံ၏ အကျိုးသည် အထူးထူးအပြားပြား များ လှပေ၏။

၆၇။ ‘‘ဥပ္ပလဿေဝ မေ ဝဏ္ဏော, အဘိရူပါ သုဒဿနာ၊

ဣတ္ထိသဗ္ဗင်္ဂသမ္ပန္နာ, အဘိဇာတာ ဇုတိန္ဓရာ။

၆၇။ ငါ၏ အဆင်းသည် ကြာညိုပန်းအဆင်းနှင့် တူ၏၊ (ငါသည်) အဆင်းလှ၏၊ လွန်စွာ ရှုချင်ဖွယ်ရှိ၏၊ မိန်းမတို့၏ ကိုယ်အင်္ဂါအားလုံးနှင့် ပြည့်စုံ၏၊ အမျိုးမြတ်၌ ဖြစ်၏၊ အလင်း ရောင်ကို ဆောင်နိုင်၏။

၆၈။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, အဇာယိံ သာကိယေ ကုလေ၊

နာရီသဟဿပါမောက္ခာ, သုဒ္ဓေါဒနသုတဿဟံ။

၆၈။ နောက်ဆုံးဘဝသို့ ရောက်လတ်သော် သာကီဝင်မင်းမျိုး၌ ဖြစ်၏၊ ငါသည် သုဒ္ဓေါဒနမင်း၏သားတော် သိဒ္ဓတ္ထမင်းသား၏ မောင်းမတစ်ထောင်တို့၏ အကြီးအမှူး ဖြစ်၏။

၆၉။ ‘‘နိဗ္ဗိန္ဒိတွာ အဂါရေဟံ, ပဗ္ဗဇိံ အနဂါရိယံ၊

သတ္တမီရတ္တိသမ္ပတ္တာ [သတ္တမိံရတ္တိမပတ္တာ (သီ။ သျာ။ ပီ။)], စတုသစ္စမပါပုဏိံ။

၆၉။ ငါသည် အိမ်၌ ငြီးငွေ့၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ခုနစ်ညမြောက် ရောက် လတ်သော် သစ္စာလေးပါးကို သိသော ဉာဏ်သို့ ရောက်၏။

၇၀။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊

ပရိမေတုံ န သက္ကောမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၇၀။ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးပစ္စည်းကိုလည်းကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း နှိုင်းယှဥ်ခြင်းငှါ မစွမ်းနိုင်ကုန်။ ဤသို့ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏အကျိုးပေတည်း။

၇၁။ ‘‘ယံ မယှံ ပူရိတံ ကမ္မံ, ကုသလံ သရသေ မုနိ၊

တုယှတ္ထာယ မဟာဝီရ, ပရိစတ္တံ ဗဟုံ မယာ။

၇၁။ မြတ်စွာဘုရား ကုသိုလ်ဖြစ်သော အကြင်ကံကို ကျွန်ုပ်သည် ဖြည့်ကျင့်အပ်ပြီ၊ ထို ကုသိုလ်ကံကိုအောက်မေ့တော်မူပါလော့။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ အကျိုးငှါအကျွန်ုပ်သည် များစွာသော ပစ္စည်းဝတ္ထုကို စွန့်လွှတ်အပ်ပါပြီ။

၇၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၇၂။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ မကောင်းသော သူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆွမ်းလှူရ ခြင်း၏ အကျိုးပေတည်း။

စာ-၂၈၅

၇၃။ ‘‘ဒွေ ဂတိယော ပဇာနာမိ, ဒေဝတ္တံ အထ မာနုသံ၊

အညံ ဂတိံ န ဇာနာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၇၃။ ငါသည် နတ်ဘဝ သို့မဟုတ် လူ့ဘဝဟူသော ဂတိနှစ်ပါးတို့ကိုသာ သိ၏၊ အခြား တစ်ပါးသောဂတိကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေ တည်း။

၇၄။ ‘‘ဥစ္စေ ကုလေ ပဇာယာမိ, မဟာသာလေ [တယော သာလ (က။)] မဟဒ္ဓနေ၊

အညေ ကုလေ န ဇာယာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၇၄။ များသော စည်းစိမ် များသော ဥစ္စာရှိသော မြင့်မြတ်သော အမျိုးတို့ကိုသာ သိပေ၏၊ အခြားတစ်ပါးသော အမျိုးတို့ကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၇၅။ ‘‘ဘဝါဘဝေ သံသရိတွာ, သုက္ကမူလေန စောဒိတာ၊

အမနာပံ န ပဿာမိ, သောမနဿကတံ ဖလံ။

၇၅။ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍ စိတ်မနှစ်မြို့ဖွယ်ကို မတွေ့မြင်ရပေ။ (ဤသို့ ဖြစ်ရခြင်းသည်) ဝမ်းမြောက်စွာပြုခဲ့ခြင်း၏ အကျိုးပေတည်း။

၇၆။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၇၆။ မြတ်စွာဘုရား ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်း လေ့လာပြီး ဖြစ်ပါ၏။ ဒိဗ္ဗသောတ ဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယဉာဏ်၌လည်းကောင်း လေ့လာပြီး ဖြစ်ပါ၏။

၇၇။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၇၇။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပါပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၇၈။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မမ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၇၈။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထ ပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌ လည်းကောင်းအသိဉာဏ်သည် အကျွန်ုပ်တို့အား ဖြစ်ပေါ်ခဲ့ပါ၏။

၇၉။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၇၉။ အကျွန်ုပ်သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝ မရှိဘဲ နေရ၏။

၈၀။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၈၀။ အကျွန်ုပ်၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၈၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ဥပ္ပလဒါယိကာ ဘိက္ခုနီ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပ္ပလဒါယိကာထေရိယာပဒါနံ တတိယံ။

၈၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဥပ္ပလဒါယိကာရဟန်းမသည် မြတ်စွာဘုရား၏ မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ သုံးခုမြောက် ဥပ္ပလဒါယိကာထေရီအပဒါန ပြီး၏။

၄။ သိင်္ဂါလမာတုထေရီအပဒါန

၈၂။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။

၄-သိင်္ဂါလမာတုထေရီအပဒါန ၈၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်း ရောက်တော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။

၈၃။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာမစ္စကုလေ အဟုံ၊

နာနာရတနပဇ္ဇောတေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။

၈၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့ဝယ် အထူးထူးသော ရတနာတို့ဖြင့် တောက်ပသော ပြည့်စုံကြွယ်ဝ၍များသော ဥစ္စာရှိသော အမတ်မျိုး၌ မွေးဖွားသူ ဖြစ်ခဲ့၏။

၈၄။ ‘‘ပိတုနာ သဟ ဂန္တွာန, မဟာဇနပုရက္ခတာ၊

ဓမ္မံ ဗုဒ္ဓဿ သုတွာန, ပဗ္ဗဇိံ အနဂါရိယံ။

၈၄။ ငါသည် လူအပေါင်းခြံရံလျက် အဖနှင့်တကွ သွား၍ မြတ်စွာဘုရား၏ တရားတော်ကိုနာကြားပြီးလျှင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

စာ-၂၈၆

၈၅။ ‘‘ပဗ္ဗဇိတွာန ကာယေန, ပါပကမ္မံ ဝိဝဇ္ဇယိံ၊

ဝစီဒုစ္စရိတံ ဟိတွာ, အာဇီဝံ ပရိသောဓယိံ။

၈၅။ (ငါသည်) ရဟန်းပြုပြီးသော် ကိုယ်ဖြင့် (ပြုအပ်သော) မကောင်းမှုကို ကြဥ်ရှောင်ခဲ့၏၊ ဝစီဒုစရိုက်ကို စွန့်၍ အသက်မွေးမှုကို သုတ်သင်ခဲ့၏။

၈၆။ ‘‘ဗုဒ္ဓေ ပသန္နာ ဓမ္မေ စ, သံဃေ စ တိဗ္ဗဂါရဝါ၊

သဒ္ဓမ္မဿဝနေ ယုတ္တာ, ဗုဒ္ဓဒဿနလာလသာ [ဗုဒ္ဓဒဿနသာလယာ (သျာ။)]။

၈၆။ (ငါသည်) မြတ်စွာဘုရား၌ ကြည်ညို၏။ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်းထက်သန်သော ရိုသေခြင်း ရှိ၏။ သူတော်ကောင်းတရားကို နာကြားခြင်း၌ ယှဥ်၏၊ မြတ်စွာဘုရားကို ဖူးမြင်ခြင်း၌ လိုလား၏။

၈၇။ ‘‘အဂ္ဂံ သဒ္ဓါဓိမုတ္တာနံ, အဿောသိံ ဘိက္ခုနိံ တဒါ၊

တံ ဌာနံ ပတ္ထယိတွာန, တိဿော သိက္ခာ အပူရယိံ။

၈၇။ ထိုအခါ ငါသည် ရဟန်းမ (တစ်ဦး) ကို သဒ္ဓါတရားဖြင့် နှလုံးသွင်းရှိသူတို့တွင် အမြတ်ဆုံးဟုမြတ်စွာဘုရားချီးကျူးသည်ကို ကြားနာခဲ့ရ၏၊ ငါသည် ထိုအရာအထူးကို တောင့်တ၍ သိက္ခာသုံးပါးတို့ကိုဖြည့်ကျင့်ခဲ့၏။

၈၈။ ‘‘တတော မံ သုဂတော အာဟ, ကရုဏာနုဂတာသယော၊

‘ယဿ သဒ္ဓါ တထာဂတေ, အစလာ သုပ္ပတိဋ္ဌိတာ၊

သီလဉ္စ ယဿ ကလျာဏံ, အရိယကန္တံ ပသံသိတံ။

၈၈။ ထိုအခါ သနားခြင်းကရုဏာသို့ အစဥ်လိုက်ခြင်းကို အလိုရှိတော်မူသော မြတ်စွာ ဘုရားသည် ငါ့ကိုမိန့်တော်မူ၏၊ အကြင်သူအား မြတ်စွာဘုရား၌ မတုန်လှုပ်သော သဒ္ဓါ တရားသည် ကောင်းစွာ တည်၏၊ အကြင်သူအား ကောင်းသော အရိယာတို့သည် နှစ်သက် အပ် ချီးကျူးအပ်သော သီလသည် ကောင်းစွာတည်၏။

၈၉။ ‘‘‘သံဃေ ပသာဒေါ ယဿတ္ထိ, ဥဇုဘူတဉ္စ ဒဿနံ၊

အဒလိဒ္ဒေါတိ တံ အာဟု, အမောဃံ တဿ ဇီဝိတံ။

၈၉။ အကြင်သူအား သံဃာ၌ ကြည်ညိုခြင်းသည်လည်းကောင်း၊ ဖြောင့်စွာဖြစ်သော ဉာဏ်အမြင်‘သမ္မာဒိဋ္ဌိ’ သည်လည်းကောင်း ရှိ၏။ ထိုသူကို “ဆင်းရဲသောသူ မဟုတ်”ဟုဆိုကုန်၏၊ ထိုသူ၏အသက်ရှည်ခြင်းသည် အချည်းနှီးမဟုတ်။

၉၀။ ‘‘‘တသ္မာ သဒ္ဓဉ္စ သီလဉ္စ, ပသာဒံ ဓမ္မဒဿနံ၊

အနုယုဉ္ဇေထ မေဓာဝီ, သရံ ဗုဒ္ဓါန [ဗုဒ္ဓါနုသာသနံ (သီ။), ဗုဒ္ဓါနံ သာသနံ (သျာ။)] သာသနံ’။

၉၀။ ထို့ကြောင့် ပညာရှိသည် မြတ်စွာဘုရားတို့၏ အဆုံးအမတော်ကို အောက်မေ့လျက်သဒ္ဓါတရားကိုလည်းကောင်း၊ သီလစောင့်ထိန်းခြင်းကိုလည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း၊ ဉာဏ်အမြင်တရားကိုလည်းကောင်း အားထုတ်ရာ၏ (ဟု မိန့်တော်မူ၏)။

၉၁။ ‘‘တံ သုတွာဟံ ပမုဒိတာ, အပုစ္ဆိံ ပဏိဓိံ မမ၊

တဒါ အနောမော အမိတော, ဗျာကရိတ္ထ ဝိနာယကော၊

‘ဗုဒ္ဓေ ပသန္နာ ကလျာဏီ, လစ္ဆသေ တံ သုပတ္ထိတံ။

၉၁။ ငါသည် ထိုတရားစကားကို ကြားနာရသော် ဝမ်းမြောက်၍ ငါ၏ ဆုတောင်းခြင်းကို မေးလျှောက်၏၊ ထိုအခါ မယုတ်လျော့သော လုံ့လရှိတော်မူသော မနှိုင်းယှဥ်နိုင်သော မြတ်စွာ ဘုရားသည် ဖြေကြားတော်မူခဲ့၏၊ ကောင်းသော လက္ခဏာနှင့် ပြည့်စုံပေသော ချစ်သမီး မြတ်စွာဘုရား၌ကြည်ညိုသော သင်သည် ကောင်းစွာ တောင့်တသော ထိုအရာအထူးကို ရလတ္တံ့။

၉၂။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၉၂။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၉၃။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊

သိင်္ဂါလကဿ [သိဂါလကဿ (သီ။ ပီ။)] မာတာတိ, ဟေဿတိ သတ္ထု သာဝိကာ’။

၉၃။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသမီးတော် ဖြစ်၍သိင်္ဂါလလုလင်၏ အမိဟူသော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့။

၉၄။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊

မေတ္တစိတ္တာ ပရိစရိံ, ပဋိပတ္တီဟိ နာယကံ။

၉၄။ ထိုအခါ ထိုဗျာဒိတ်စကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ အသက် ထက်ဆုံးမာရ်ငါးပါးကို အောင်တော်မူပြီးသော မြတ်စွာဘုရားကို မေတ္တာစိတ်ရှိလျက် အကျင့် ပဋိပတ်တို့ဖြင့်လုပ်ကျွေးခဲ့၏။

၉၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၉၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။

၉၆။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဂိရိဗ္ဗဇပုရုတ္တမေ၊

ဇာတာ သေဋ္ဌိကုလေ ဖီတေ, မဟာရတနသဉ္စယေ။

၉၆။ ယခု နောက်ဆုံး ဖြစ်သော ဘဝ၌ကား ရာဇဂြိုဟ်မြို့တော်တွင် များမြတ်သော ရတနာတို့ပေါင်းစုရာ ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်ရ၏။

စာ-၂၈၇

၉၇။ ‘‘ပုတ္တော သိင်္ဂါလကော နာမ, မမာသိ ဝိပထေ ရတော၊

ဒိဋ္ဌိဂဟနပက္ခန္ဒော, ဒိသာပူဇနတပ္ပရော။

၉၇။ သိင်္ဂါလမည်သော ငါ၏ သားသည် မှားသော လမ်းခရီး၌ မွေ့လျော်၏၊ မိစ္ဆာဒိဋ္ဌိ အယူတည်းဟူသောတောအုပ်သို့ ပြေးဝင်၏၊ အရပ်မျက်နှာတို့ကို ပူဇော်ခြင်းလျှင် လဲလျောင်း ရာ ရှိ၏။

၉၈။ ‘‘နာနာဒိသာ နမဿန္တံ [နမဿတိ (သျာ။)], ပိဏ္ဍာယ နဂရံ ဝဇံ၊

တံ ဒိသွာ ဩဝဒီ ဗုဒ္ဓေါ, မဂ္ဂေ ဌတွာ ဝိနာယကော။

၉၈။ နတ်လူတို့၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆွမ်းအကျိုးငှါ ရာဇဂြိုဟ်မြို့သို့ကြွသွားလတ်သော် အထူးထူးသော အရပ်မျက်နှာတို့ကို ရှိခိုးသော ထို သိင်္ဂါလလုလင်ကို မြင်၍လမ်းခရီး၌ ရပ်လျက် ဆုံးမတော်မူ၏။

၉၉။ ‘‘တဿ ဒေသယတော ဓမ္မံ, ပနာဒေါ ဝိမှယော အဟု၊

ဒွေကောဋိနရနာရီနံ, ဓမ္မာဘိသမယော အဟု။

၉၉။ ထိုသိင်္ဂါလလုလင်အား တရားဟောတော်မူသော မြတ်စွာဘုရား၏ အသံသည် အံ့ဩဖွယ် ဖြစ်၏၊ နှစ်ကုဋေသော ယောကျာ်းမိန်းမတို့၏ (သစ္စာလေးပါး) တရားကို ထိုးထွင်း သိခြင်းသည် ဖြစ်၏။

၁၀၀။ ‘‘တဒါဟံ ပရိသံ ဂန္တွာ, သုတွာ သုဂတဘာသိတံ၊

သောတာပတ္တိဖလံ ပတ္တာ, ပဗ္ဗဇိံ အနဂါရိယံ။

၁၀၀။ ထိုအခါ ငါသည် ပရိသတ်သို့ သွားလျက် မြတ်စွာဘုရား ဟောကြားအပ်သော တရားစကားကိုကြားနာရသော် သောတာပတ္တိဖိုလ်သို့ ရောက်သည်ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၁၀၁။ ‘‘န စိရေနေဝ ကာလေန, ဗုဒ္ဓဒဿနလာလသာ၊

အနုဿတိံ တံ ဘာဝေတွာ, အရဟတ္တမပါပုဏိံ။

၁၀၁။ မြတ်စွာဘုရားကို ဖူးမြင်ရခြင်း၌ လိုလားသော ငါသည် ထိုဗုဒ္ဓါနုဿတိကို ပွါး များ၍ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏။

၁၀၂။ ‘‘ဒဿနတ္ထာယ ဗုဒ္ဓဿ, သဗ္ဗဒါ စ ဝဇာမဟံ၊

အတိတ္တာယေဝ ပဿာမိ, ရူပံ နယနနန္ဒနံ။

၁၀၂။ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းအကျိုးငှါ အခါခပ်သိမ်းပင် သွား၏၊ မျက်စိ ကိုနှစ်သက်စေတတ်သော ရုပ်အဆင်းတော်ကို မရောင့်ရဲသည် ဖြစ်၍သာလျှင် ဖူးမြင်၏။

၁၀၃။ ‘‘သဗ္ဗပါရမိသမ္ဘူတံ, လက္ခီနိလယနံ ဝရံ၊

ရူပံ သဗ္ဗသုဘာကိဏ္ဏံ, အတိတ္တာ ဝိဟရာမဟံ။

၁၀၃။ ငါသည် အလုံးစုံသော ပါရမီတော်ကြောင့်ဖြစ်သော အသရေ၏ တည်ရာဖြစ်သော မြတ်သောအလုံးစုံသော ရောင်ခြည်တော်တို့ဖြင့် ပြွမ်းသော ရုပ်အဆင်းတော်ကို (ဖူးမြင်ရခြင်း ၌) မရောင့်ရဲသည်ဖြစ်၍ နေ၏။

၁၀၄။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊

သိင်္ဂါလကဿ ယာ မာတာ, အဂ္ဂါ သဒ္ဓါဓိမုတ္တိကာ [သံဃဝိမုတ္တိကာ (ပီ။), မမာဓိမုတ္တိကာ (က။)]။

၁၀၄။ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်တော်မူ၍ သိင်္ဂါလသတို့သား၏ အမိသည် သဒ္ဓါတရားဖြင့်နှလုံးသွင်းရှိသူတို့တွင် အမြတ်ဆုံးဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၁၀၅။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနိ။

၁၀၅။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓအဘိညာဥ် တို့၌ လည်းလေ့လာပြီးဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယ ဉာဏ်၌လည်းကောင်းလေ့လာပြီးဖြစ်ပါ၏။

၁၀၆။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၀၆။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၁၀၇။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မမ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၁၀၇။ မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။

၁၀၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၀၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၀၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကို့လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ သိင်္ဂါလမာတာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သိင်္ဂါလမာတုထေရိယာပဒါနံ စတုတ္ထံ။

၁၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သိင်္ဂါလမာတာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ လေးခုမြောက် သိင်္ဂါလမာတုထေရီအပဒါန ပြီး၏။

စာ-၂၈၈

၅။ သုက္ကာထေရီအပဒါန

၁၁၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ နာမ နာယကော၊

ဥပ္ပဇ္ဇိ စာရုဒဿနော, သဗ္ဗဓမ္မဝိပဿကော။

၅-သုက္ကာထေရီအပဒါန ၁၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖူးမြော်ချင်စဖွယ် တင့်တယ်တော်မူသော အလုံးစုံသောတရားတို့ကို ရှုမြင်တတ်သော ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော် မူ၏။

၁၁၂။ ‘‘တဒါဟံ ဗန္ဓုမတိယံ, ဇာတာ အညတရေ ကုလေ၊

ဓမ္မံ သုတွာန မုနိနော, ပဗ္ဗဇိံ အနဂါရိယံ။

၁၁၂။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့တွင် အမှတ်မရှိ တစ်ခုသောအမျိုး၌ ဖြစ်၏၊ မြတ်စွာဘုရား၏ တရားကို နာကြားရ၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၁၁၃။ ‘‘ဗဟုဿုတာ ဓမ္မဓရာ, ပဋိဘာနဝတီ တထာ၊

ဝိစိတ္တကထိကာ စာပိ, ဇိနသာသနကာရိကာ။

၁၁၃။ ငါသည် များသော အကြားအမြင် ရှိ၏၊ တရားကိုကျင့်ဆောင်၏၊ ပဋိဘာန်ဉာဏ် ရှိ၏၊ ထိုမှတစ်ပါး ဆန်းကြယ်သော တရားကိုလည်း ဟောပြောတတ်၏၊ မြတ်စွာဘုရား အဆုံးအမကိုလိုက်နာပြုကျင့်လေ့ရှိ၏။

၁၁၄။ ‘‘တဒါ ဓမ္မကထံ ကတွာ, ဟိတာယ ဇနတံ ဗဟုံ [ဇနတာယ ဟိတံ ဗဟုံ (သီ။) … သဒါ (သျာ။), ဟိတာယ ဇနသံသရိံ (ပီ။)]၊

တတော စုတာဟံ တုသိတံ, ဥပပန္နာ ယသဿိနီ။

၁၁၄။ ထိုအခါ ငါသည် များစွာသော လူအပေါင်း၏ အကျိုးစီးပွါးအလို့ငှါ တရားဟောမှု ကို ပြုခဲ့၍ထိုဘဝမှ စုတေသည်ရှိသော် တုသိတာဘုံသို့ ရောက်လျက် အခြံအရံ အကျော် အစောများသူ ဖြစ်ခဲ့၏။

၁၁၅။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, သိခီ ဝိယ သိခီ ဇိနော၊

တပန္တော ယသသာ လောကေ [လောကံ (သျာ။ ပီ။)], ဥပ္ပဇ္ဇိ ဝဒတံ ဝရော။

၁၁၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ‘မီးလျှံကဲ့သို့’ အခြံအရံအားဖြင့် တောက်ပတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူသော သိခီမြတ်စွာ ဘုရားသည် လောက၌ ပွင့်တော်မူ၏။

၁၁၆။ ‘‘တဒါပိ ပဗ္ဗဇိတွာန, ဗုဒ္ဓသာသနကောဝိဒါ၊

ဇောတေတွာ ဇိနဝါကျာနိ, တတောပိ တိဒိဝံ ဂတာ။

၁၁၆။ ထိုအခါ၌လည်း ငါသည် ရဟန်းပြု၍ မြတ်စွာဘုရားအဆုံးအမ၌ လိမ္မာသူဖြစ်လျက် မြတ်စွာဘုရား၏ တရားစကားတို့ကို ထွန်းကားစေခြင်းကြောင့် ထိုဘဝမှလည်း တာဝတိံသာ နတ်ဘုံသို့ ရောက်ခဲ့ရ၏။

၁၁၇။ ‘‘ဧကတိံသေဝ ကပ္ပမှိ, ဝေဿဘူ နာမ နာယကော၊

ဥပ္ပဇ္ဇိတ္ထ မဟာဉာဏီ, တဒါပိ စ တထေဝဟံ။

၁၁၇။ သုံးဆယ့်တစ်ကမ္ဘာထက်၌ပင်လျှင် ကြီးမြတ်သော ဉာဏ်ရှိတော်မူသော ဝေဿဘူ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုအခါ၌လည်း ထို့အတူပင် ငါသည်-

၁၁၈။ ‘‘ပဗ္ဗဇိတွာ ဓမ္မဓရာ, ဇောတယိံ ဇိနသာသနံ၊

ဂန္တွာ မရုပုရံ ရမ္မံ, အနုဘောသိံ မဟာသုခံ။

၁၁၈။ ရဟန်းပြု၍ တရားကို ကျင့်ဆောင်လျက် မြတ်စွာဘုရားသာသနာတော်ကို ထွန်း လင်းစေခဲ့၏၊ (ထို့ကြောင့်) ပျော်မွေ့ဖွယ် နတ်ပြည်သို့ သွား၍ ကြီးစွာသော ချမ်းသာကို ခံစားရပေ၏။

၁၁၉။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ကကုသန္ဓော ဇိနုတ္တမော၊

ဥပ္ပဇ္ဇိ နရသရဏော [နရသဒ္ဒူလော (သီ။ သျာ။ ပီ။)], တဒါပိ စ တထေဝဟံ။

၁၁၉။ ဤဘဒ္ဒကမ္ဘာ၌ လူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ကကုသန်ဘုရားမြတ်သည် ပွင့်တော်မူ၏၊ ထိုအခါ၌လည်း ထို့အတူပင် ငါသည်-

၁၂၀။ ‘‘ပဗ္ဗဇိတွာ မုနိမတံ, ဇောတယိတွာ ယထာယုကံ၊

တတော စုတာဟံ တိဒိဝံ, အဂံ သဘဝနံ ယထာ။

၁၂၀။ ရဟန်းပြု၍ မြတ်စွာဘုရားသာသနာတော်ကို အသက်ရှိသမျှ ထွန်းလင်းစေပြီးလျှင် တိုဘဝမှစုတေလတ်သော် ငါသည် ‘မိမိဘုံကဲ့သို့’ တာဝတိံသာနတ်ဘုံသို့ ရောက်ခဲ့ရ၏။

၁၂၁။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ကောဏာဂမနနာယကော၊

ဥပ္ပဇ္ဇိ လောကသရဏော, အရဏော အမတင်္ဂတော [ဝဒတံ ဝရော, သဗ္ဗသတ္တာနမုတ္တမော (သျာ။)]။

၁၂၁။ ဤဘဒ္ဒကမ္ဘာ၌ပင် လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော ကိလေသာမြူ ကင်း တော်မူသော အမြိုက်နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော ကောဏာဂုံမြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၂၂။ ‘‘တဒါပိ ပဗ္ဗဇိတွာန, သာသနေ တဿ တာဒိနော၊

ဗဟုဿုတာ ဓမ္မဓရာ, ဇောတယိံ ဇိနသာသနံ။

၁၂၂။ ထိုအခါ၌လည်း ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုခဲ့၍ များ သောအကြားအမြင်ရှိသူ, တရားကို ကျင့်ဆောင်သူ ဖြစ်လျက် မြတ်စွာဘုရား၏ သာသနာ တော်ကိုထွန်းလင်းစေခဲ့၏။

စာ-၂၈၉

၁၂၃။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ကဿပေါ မုနိမုတ္တမော၊

ဥပ္ပဇ္ဇိ လောကသရဏော, အရဏော မရဏန္တဂူ။

၁၂၃။ ဤဘဒ္ဒကမ္ဘာ၌ပင် လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော ကိလေသာမြူ ကင်း တော်မူသော သေခြင်းအဆုံးသို့ ရောက်တော်မူသော ကဿပမြတ်စွာဘုရားသည် ပွင့်တော် မူ၏။

၁၂၄။ ‘‘တဿာပိ နရဝီရဿ, ပဗ္ဗဇိတွာန သာသနေ၊

ပရိယာပုဋသဒ္ဓမ္မာ, ပရိပုစ္ဆာဝိသာရဒါ။

၁၂၄။ ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌လည်း ရဟန်းပြုခဲ့၍ သူတော်ကောင်း တရားကိုသင်ပြီး၍ အဋ္ဌကထာ၌ ရဲရင့်သူ ဖြစ်၏။

၁၂၅။ ‘‘သုသီလာ လဇ္ဇိနီ စေဝ, တီသု သိက္ခာသု ကောဝိဒါ၊

ဗဟုံ ဓမ္မကထံ ကတွာ, ယာဝဇီဝံ မဟာမုနေ။

၁၂၅။ ကောင်းသော အကျင့်သီလရှိ၏၊ မကောင်းမှုကို ရှက်လေ့ရှိ၏၊ သိက္ခာသုံးပါးတို့၌ လိမ္မာသူဖြစ်ခဲ့၏၊ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား (တပည့်တော်သည်) အသက် ထက်ဆုံး များစွာသော တရားဟောမှုကို ပြုပြီးလျှင် -

၁၂၆။ ‘‘တေန ကမ္မဝိပါကေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၁၂၆။ ထိုကံ၏ အကျိုးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်းလူ့ခန္ဓာကိုယ်ကို စွန့်ရသော် တာဝတိံသာဘုံသို့ ရောက်ရ၏။

၁၂၇။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဂိရိဗ္ဗဇပုရုတ္တမေ၊

ဇာတာ သေဋ္ဌိကုလေ ဖီတေ, မဟာရတနသဉ္စယေ။

၁၂၇။ ယခု နောက်ဆုံး ဖြစ်သော ဘဝ၌လည်း ရာဇဂြိုဟ်မြို့တော်၌ များစွာသော ရတနာတို့၏ စုဝေးရာဖြစ်သော သူဌေးမျိုး၌ ဖြစ်ရ၏။

၁၂၈။ ‘‘ယဒါ ဘိက္ခုသဟဿေန, ပရိဝုတော လောကနာယကော၊

ဥပါဂမိ ရာဇဂဟံ, သဟဿက္ခေန ဝဏ္ဏိတော။

၁၂၈။ မြတ်စွာဘုရားသည် ရဟန်းတစ်ထောင် ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ကြွတော် မူသော အခါသိကြားမင်းသည် (ဤသို့) ချီးကျူးလေ၏-

၁၂၉။ ‘‘‘ဒန္တော ဒန္တေဟိ သဟ ပုရာဏဇဋိလေဟိ, ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ၊

သိင်္ဂီနိက္ခသဝဏ္ဏော, ရာဇဂဟံ ပါဝိသိ ဘဂဝါ’။

၁၂၉။ ယဥ်ကျေးပြီးကုန်သော ကိလေသာမှ လွတ်မြောက်ပြီးကုန်သော ရသေ့ဟောင်းရဟန္တာတစ်ထောင်တို့နှင့်တကွ ယဥ်ကျေးပြီး၍ ကိလေသာမှ လွတ်မြောက်ပြီးတော်မူသော သိင်္ဂနိက်ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့သို့ဝင်တော်မူ၏ (ဟု ချီးကျူး၏)။

၁၃၀။ ‘‘ဒိသွာ ဗုဒ္ဓါနုဘာဝံ တံ, သုတွာဝ ဂုဏသဉ္စယံ၊

ဗုဒ္ဓေ စိတ္တံ ပသာဒေတွာ, ပူဇယိံ တံ ယထာဗလံ။

၁၃၀။ ထိုမြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို မြင်၍ ဂုဏ်တော်အပေါင်းကိုလည်း ကြား နာ၍မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေပြီး၍ ထိုမြတ်စွာဘုရားကို စွမ်းအားရှိသမျှ ပူဇော် ခဲ့၏။

၁၃၁။ ‘‘အပရေန စ ကာလေန, ဓမ္မဒိန္နာယ သန္တိကေ၊

အဂါရာ နိက္ခမိတွာန, ပဗ္ဗဇိံ အနဂါရိယံ။

၁၃၁။ နောက်အခါ၌လည်း အိမ်မှ ထွက်၍ ဓမ္မဒိန္နာရဟန်းမ၏ အထံ၌ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြု၏။

၁၃၂။ ‘‘ကေသေသု ဆိဇ္ဇမာနေသု, ကိလေသေ ဈာပယိံ အဟံ၊

ဥဂ္ဂဟိံ သာသနံ သဗ္ဗံ, ပဗ္ဗဇိတွာစိရေနဟံ။

၁၃၂။ ငါသည် ဆံပင်တို့ကို ရိတ်ဖြတ်ကုန်စဥ် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ အပ်ကုန်ပြီ၊ ငါသည် ရဟန်းပြု၍ မကြာမြင့်မီ အဆုံးအမအားလုံးကို သင်ယူခဲ့၏။

၁၃၃။ ‘‘တတော ဓမ္မမဒေသေသိံ, မဟာဇနသမာဂမေ၊

ဓမ္မေ ဒေသိယမာနမှိ, ဓမ္မာဘိသမယော အဟု။

၁၃၃။ ထို့နောက် များစွာသော လူတို့၏ အစည်းအဝေး၌ တရားကို ဟော၏၊ တရားဟောအပ်သည်ရှိသော် အထောင်မကသော သတ္တဝါတို့၏ (သစ္စာလေးပါး) တရားကို ထိုးထွင်း သိခြင်းသည်ဖြစ်လေ၏။

၁၃၄။ ‘‘နေကပါဏသဟဿာနံ, တံ ဝိဒိတွာတိဝိမှိတော၊

အဘိပ္ပသန္နော မေ ယက္ခော, ဘမိတွာန ဂိရိဗ္ဗဇံ။

၁၃၄။ ငါ့အား အလွန်ကြည်ညိုသော နတ်သည် ထိုအကြောင်းကို သိ၍ အလွန်အံ့ဩလျက်ရာဇဂြိုဟ်မြို့ကို လှည့်လည်ပြီးလျှင် (ဤသို့ ကြွေးကြော်လေ၏)။

၁၃၅။ ‘‘ကိံ မေ ကတာ ရာဇဂဟေ မနုဿာ, မဓုံ ပီတာဝ အစ္ဆရေ၊

ယေ သုက္ကံ န ဥပါသန္တိ, ဒေသေန္တိံ အမတံ ပဒံ။

၁၃၅။ အကြင်လူတို့သည် အမြိုက်နိဗ္ဗာန်ကို ဟောပြောလျက်ရှိသော သုက္ကာရဟန်းမ (ထံ) သို့မဆည်းကပ်ကုန်၊ ရာဇဂြိုဟ်မြို့၌ ဤလူတို့သည် အဘယ်ကို ပြုလုပ်နေကုန်သနည်း၊ ပျားရည်ကိုသောက်၍သာလျှင် နေကြကုန်သလော။

စာ-၂၉၀

၁၃၆။ ‘‘တဉ္စ အပ္ပဋိဝါနီယံ, အသေစနကမောဇဝံ၊

ပိဝန္တိ မညေ သပ္ပညာ, ဝလာဟကမိဝဒ္ဓဂူ။

၁၃၆။ ခရီးသွားတို့သည် မိုးရေကို သောက်ကြရကုန်သကဲ့သို့ ထို့အတူ ပညာရှိတို့သည် ကားမဆုတ်မပြန် နိဗ္ဗာန်သို့ ဆောင်တတ်သော (အရသာတစ်ပါး) မသွန်းလောင်းဘဲ ဩဇာ ရှိသောထိုအမြိုက်တရားရေကိုသာလျှင် သောက်ကုန်ယောင်တကား (ဟု ကြွေးကြော်လေ၏)။

၁၃၇။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၁၃၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီး ဖြစ်ပါ၏။ ဒိဗ္ဗသောတအဘိညာဥ်၌လည်းကောင်း၊ စေတာပရိယဉာဏ် ၌လည်းကောင်းလေ့လာပြီး ဖြစ်ပါ၏။

၁၃၈။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၃၈။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၁၃၉။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မမ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၁၃၉။ မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။

၁၄၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၄၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကို့လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ သုက္ကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုက္ကာထေရိယာပဒါနံ ပဉ္စမံ။

ပဉ္စမံ ဘာဏဝါရံ။

၁၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သုက္ကာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ငါးခုမြောက် သုက္ကာထေရီအပဒါန ပြီး၏။ ငါးခုမြောက် ဘာဏဝါရ ပြီး၏။

၆။ အဘိရူပနန္ဒာထေရီအပဒါန

၁၄၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ နာမ နာယကော၊

ဥပ္ပဇ္ဇိ စာရုဒဿနော, သဗ္ဗဓမ္မေသု စက္ခုမာ။

၆-အဘိရူပနန္ဒာထေရီအပဒါန ၁၄၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖူးမြော်ချင်စဖွယ် တင့်တယ်တော်မူသော အလုံးစုံသောတရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော ဝိပဿီမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူလေ၏။

၁၄၄။ ‘‘တဒါဟံ ဗန္ဓုမတိယံ, ဣဒ္ဓေ ဖီတေ မဟာကုလေ၊

ဇာတာ သုရူပါ ဒယိတာ, ပူဇနီယာ ဇနဿ စ။

၁၄၄။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့တွင် ပည့်စုံကြွယ်ဝသော အမျိုးမြတ်၌ ဖြစ်၍ အလွန် အဆင်းလှသူကြင်နာသနားတတ်သူ လူအပေါင်း၏ ပူဇော်ခံရသူလည်း ဖြစ်ပေ၏။

၁၄၅။ ‘‘ဥပဂန္တွာ မဟာဝီရံ, ဝိပဿိံ လောကနာယကံ၊

ဓမ္မံ သုဏိတွာ သရဏံ, ဥပေသိံ နရနာယကံ။

၁၄၅။ ငါသည် ကြီးမြတ်သော လုံ့လရှိတော်မူသော ဝိပဿီမြတ်စွာဘုရားထံသို့ ချဥ်းကပ် ၍ တရားကိုနာကြားရခြင်းကြောင့် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏။

၁၄၆။ ‘‘သီလေသု သံဝုတာ ဟုတွာ, နိဗ္ဗုတေ စ နရုတ္တမေ၊

ဓာတုထူပဿ ဥပရိ, သောဏ္ဏစ္ဆတ္တမပူဇယိံ။

၁၄၆။ ငါသည် သီလတို့၌ စောင့်ရှောက်သူဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ လတ်သော် ဓာတ်တော်စေတီတော်၏ အထက်၌ ရွှေထီးကို ပူဇော်ခဲ့၏။

၁၄၇။ ‘‘မုတ္တစာဂါ သီလဝတီ, ယာဝဇီဝံ တတော စုတာ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂါ အဟံ။

၁၄၇။ ငါသည် အသက်ထက်ဆုံး သီလရှိသူ လွတ်လွတ် စွန့်ကြဲခြင်းရှိသူ ဖြစ်လျက် ထို ဘဝမှ စုတေ၍လူ့ကိုယ်ခန္ဓာကို စွန့်ပယ်ရသည်ရှိသော် တာဝတိံသာဘုံသို့ ကပ်ရောက်ရ၏။

စာ-၂၉၁

၁၄၈။ ‘‘တဒါ ဒသဟိ ဌာနေဟိ, အဓိဘောတွာန သေသကေ [အဓိဘောတွာ အသေသတော (သျာ။)]၊

ရူပသဒ္ဒေဟိ ဂန္ဓေဟိ, ရသေဟိ ဖုသနေဟိ စ။

၁၄၈-၁၄၉။ ထိုအခါ ငါသည် ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း၊ အဆင်း ချမ်းသာ, အခြံအရံအားဖြင့်လည်းကောင်း၊ ထို့အတူပင်အစိုးရခြင်းအားဖြင့်လည်းကောင်း ဆယ်ပါးသော အကြောင်းအရာတို့ဖြင့် ကြွင်း သော နတ်တို့ကိုကျော်လွန် လွှမ်းမိုး၍ တင့်တယ်၏။

၁၄၉။ ‘‘အာယုနာပိ စ ဝဏ္ဏေန, သုခေန ယသသာပိ စ၊

တထေဝါဓိပတေယျေန, အဓိဂယှ ဝိရောစဟံ။

၁၅၀။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာဟံ ကပိလဝှယေ၊

ဓီတာ ခေမကသက္ကဿ, နန္ဒာ နာမာတိ ဝိဿုတာ။

၁၅၀။ ငါသည် ယခု နောက်ဆုံးဘဝ၌လည်း ကပိလမည်သော မြို့တော်၌ဖြစ်၍ ခေမကသာကီဝင်မင်း၏နန္ဒာအမည်ရှိသော သမီးတော်ဟု ကျော်စောထင်ရှား၏။

၁၅၁။ ‘‘အဘိရူပသမ္ပဒမ္ပိ [အဘိရုပံ ဥပပဒံ (သီ။), အဘိရုပံ ဥပ္ပါဒံ (ပီ။)], အဟု မေ ကန္တိသူစကံ၊

ယဒါဟံ ယောဗ္ဗနပ္ပတ္တာ, ရူပလာဝညဘူသိတာ။

၁၅၁။ ငါ့အား နှစ်သက်ခြင်းကို ပြတတ်သော အလွန်အဆင်းလှသော ပြည့်စုံခြင်းသည် ဖြစ်လေ၏၊ အကြင်အခါ ငါသည် အရွယ်သို့ ရောက်သည်ဖြစ်၍ ရုပ်အဆင်း၏ တင့်တယ် ခြင်းဖြင့် တန်ဆာဆင်အပ်၏။

၁၅၂။ ‘‘တဒါ [တဒါ မမတ္ထံ (သီ။), ဣဓ မမတ္တေ (သျာ။ က။)] မတ္ထေ သကျာနံ, ဝိဝါဒေါ သုမဟာ အဟု၊

ပဗ္ဗာဇေသိ တတော တာတော, မာ သကျာ ဝိနဿိံသုတိ။

၁၅၂။ ထိုအခါ ဤကပိလမြို့၌ ငါ့ကို အလိုရှိခြင်းကြောင့် သာကီဝင်မင်းတို့အား အလွန် ကြီးစွာသောငြင်းခုံခြင်းသည် ဖြစ်လေ၏၊ ထို့ကြောင့် ခမည်းတော်သည် သာကီဝင်မင်းတို့ သည် မပျက်စီးပါစေလင့်ဟု ကြံစည်၍ ငါ့ကို ရဟန်းပြုစေ၏။

၁၅၃။ ‘‘ပဗ္ဗဇိတွာ တထာဂတံ, ရူပဒေဿိံ နရုတ္တမံ၊

သုတွာန နောပဂစ္ဆာမိ, မမ ရူပေန ဂဗ္ဗိတာ။

၁၅၃။ ငါသည် ရဟန်းပြုပြီးသော် လည်း မြတ်စွာဘုရားကို ရုပ်အဆင်း၌ ရှုတ်ချမုန်းတီး တတ်ကြောင်းကိုကြားရသဖြင့် ငါ၏ ရုပ်အဆင်းဖြင့် မာန်တက်လျက် လူတို့ထက် မြတ်သော မြတ်စွာဘုရားထံသို့ မချဥ်းကပ်ခဲ့ချေ။

၁၅၄။ ‘‘ဩဝါဒမ္ပိ န ဂစ္ဆာမိ, ဗုဒ္ဓဒဿနဘီရုတာ၊

တဒါ ဇိနော ဥပါယေန, ဥပနေတွာ သသန္တိကံ။

၁၅၄။ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရခြင်းမှ ကြောက်သည်ဖြစ်၍ ဆုံးမခံရာသို့လည်း မသွားခဲ့၊ ထိုအခါ မြတ်စွာဘုရားသည် အကြောင်းဥပါယ်တံမျဥ်ဖြင့် မိမိအထံသို့ ခေါ်ဆောင် ၍-

၁၅၅။ ‘‘တိဿိတ္ထိယော [တိဿော ထီယော (သီ။ ပီ။)] နိဒဿေသိ, ဣဒ္ဓိယာ မဂ္ဂကောဝိဒေါ၊

အစ္ဆရာရူပသဒိသံ, တရုဏိံ ဇရိတံ [ဇရိကံ (သျာ။ က။)] မတံ။

၁၅၅။ အကြောင်းဥပါယ်၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် နတ်သမီးရုပ်အဆင်း နှင့်တူသောမိန်းမပျိုကိုလည်းကောင်း၊ မိန်းမအိုကိုလည်းကောင်း၊ သေနေသော မိန်းမကို လည်းကောင်းမိန်းမသုံးမျိုးတို့ကို တန်ခိုးဖြင့် ပြတော်မူ၏။

၁၅၆။ ‘‘တာယော ဒိသွာ သုသံဝိဂ္ဂါ, ဝိရတ္တာသေ ကဠေဝရေ၊

အဋ္ဌာသိံ ဘဝနိဗ္ဗိန္ဒာ, တဒါ မံ အာဟ နာယကော။

၁၅၆။ ငါသည် ထိုမိန်းမတို့ကို မြင်ရသည်ရှိသော် အလွန်ထိတ်လန့်သည်ဖြစ်၍ မိမိကိုယ် ကောင်၌တပ်ခြင်းကင်းလျက် ဘဝ၌ ငြီးငွေ့လျက် တည်၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မိန့်တော်မူ၏-

၁၅၇။ ‘‘‘အာတုရံ အသုစိံ ပူတိံ, ပဿ နန္ဒေ သမုဿယံ၊

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ, ဗာလာနံ အဘိနန္ဒိတံ။

၁၅၇။ ချစ်သမီးနန္ဒာ နာကျင်ခြင်း, မစင်ကြယ်ခြင်းသဘောရှိသော အထက်သို့ လျှံတက်၍ အောက်သို့ယိုစီးခြင်းသဘောရှိသော သူမိုက်တို့သာ တွယ်တာနှစ်သက်အပ်သော ဤခန္ဓာကိုယ် အကောင်ပုပ်ကိုရှုစမ်းပါလော့။

၁၅၈။ ‘‘‘အသုဘာယ စိတ္တံ ဘာဝေဟိ, ဧကဂ္ဂံ သုသမာဟိတံ၊

ယထာ ဣဒံ တထာ ဧတံ, ယထာ ဧတံ တထာ ဣဒံ။

၁၅၈။ မတင့်တယ်သော (အသုဘ) အားဖြင့် စိတ်ကို အာရုံတစ်ခုတည်းရှိလျက် ကောင်းစွာ တည်တံ့အောင်ပွားများစေပါလော့၊ ဤသင်မြင်သော ကိုယ်ကဲ့သို့ ထိုသင်၏ ကိုယ်သည် ထို့ အတူပင်တည်း၊ ထိုသင်၏ကိုယ်ကဲ့သို့ ဤသင်မြင်သော ကိုယ်သည်လည်း ထို့အတူပင်တည်း။

၁၅၉။ ‘‘‘ဧဝမေတံ အဝေက္ခန္တီ, ရတ္တိန္ဒိဝမတန္ဒိတာ၊

တတော သကာယ ပညာယ, အဘိနိဗ္ဗိဇ္ဈ ဝစ္ဆသိ’။

၁၅၉။ ဤသို့ ထိုကိုယ်ကို ညဥ့်နေ့ပတ်လုံး မပျင်းမရိဘဲ ရှုသည်ရှိသော် ထိုရှုခြင်းကြောင့်မိမိဥစ္စာဖြစ်သော ပညာဖြင့် ဖောက်ထွင်း၍ နေရလတ္တံ့ (ဟု မိန့်တော်မူ၏)။

စာ-၂၉၂

၁၆၀။ ‘‘တဿာ မေ အပ္ပမတ္တာယ, ဝိစရန္တိယာ [ဝိစရန္တွာဓ (သီ။), ဝိစိနန္တီဓ (သျာ။ ပီ။)] ယောနိသော၊

ယထာဘူတံ အယံ ကာယော, ဒိဋ္ဌော သန္တရဗာဟိရော။

၁၆၀။ ထိုငါသည် မမေ့မလျော့ဘဲ အသင့်အားဖြင့် ဆင်ခြင်လတ်သော် အတွင်း, အပြင်နှင့် တကွဤကိုယ်ကို အမှန်အတိုင်း မြင်၏။

၁၆၁။ ‘‘အထ နိဗ္ဗိန္ဒဟံ ကာယေ, အဇ္ဈတ္တဉ္စ ဝိရဇ္ဇဟံ၊

အပ္ပမတ္တာ ဝိသံယုတ္တာ, ဥပသန္တာမှိ နိဗ္ဗုတာ။

၁၆၁။ ထိုအခါ ငါသည် ကိုယ်၌ ငြီးငွေ့ခဲ့၏၊ အဇ္ဈ တ္တသန္တာန်၌လည်း တပ်ခြင်းကင်းခဲ့၏၊ ငါသည်မေ့လျော့ခြင်းမရှိဘဲ သံယောဇဥ် ကင်းလျက် ငြိမ်သက်အေးမြသူ ဖြစ်၏။

၁၆၂။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၁၆၂။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓအဘိညာဥ် တို့၌ လည်းလေ့လာပြီးဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌လည်းကောင်း လေ့လာပြီးဖြစ်ပါ၏။

၁၆၃။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၆၃။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၁၆၄။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မမ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၁၆၄။ မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။

၁၆၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၆၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၆၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၁၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အဘိရူပနန္ဒာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဘိရူပနန္ဒာထေရိယာပဒါနံ ဆဋ္ဌံ။

၁၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အဘိရူပနန္ဒာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ခြောက်ခုမြောက် အဘိရူပနန္ဒာထေရီအပဒါန ပြီး၏။

၇။ အဍ္ဎကာသိထေရီအပဒါန

၁၆၈။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊

ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။

၇-အဋ္ဌကာသိထေရီအပဒါန ၁၆၈။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်တော်မူသော များမြတ်သော အခြံအရံအကျော်အစောရှိတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူသော အနွယ်အားဖြင့်ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၆၉။ ‘‘တဒါဟံ ပဗ္ဗဇိတွာန, တဿ ဗုဒ္ဓဿ သာသနေ၊

သံဝုတာ ပါတိမောက္ခမှိ, ဣန္ဒြိယေသု စ ပဉ္စသု။

၁၆၉။ ထိုအခါ ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ပါတိမောက်သီလ၌လည်းကောင်း၊ ဣန္ဒြေငါးပါးတို့၌ လည်းကောင်း စောင့်စည်းခဲ့ပေ၏။

၁၇၀။ ‘‘မတ္တညုနီ စ အသနေ, ယုတ္တာ ဇာဂရိယေပိ စ၊

ဝသန္တီ ယုတ္တယောဂါဟံ, ဘိက္ခုနိံ ဝိဂတာသဝံ။

၁၇၀။ အစားအစာ၌လည်း အတိုင်းအရှည်ကို သိလေ့ရှိ၏၊ နိုးကြားခြင်း၌လည်း ယှဥ်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌လည်း ယှဥ်လျက် နေလေ့ရှိသော ငါသည် အာသဝေါကင်းပြီးသောရဟန်းမ (တစ်ဦး) ကို-

၁၇၁။ ‘‘အက္ကောသိံ ဒုဋ္ဌစိတ္တာဟံ, ဂဏိကေတိ ဘဏိံ တဒါ၊

တေန ပါပေန ကမ္မေန, နိရယမှိ အပစ္စိသံ။

၁၇၁။ ငါသည် ပြစ်မှားသော စိတ်ရှိသည်ဖြစ်၍ ပြည့်တန်ဆာမဟု ဆဲဆိုခဲ့မိ၏၊ ထို မကောင်းမှုကံကြောင့့်ငရဲ၌ ကျခဲ့ရ၏။

စာ-၂၉၃

၁၇၂။ ‘‘တေန ကမ္မာဝသေသေန, အဇာယိံ ဂဏိကာကုလေ၊

ဗဟုသောဝ ပရာဓီနာ, ပစ္ဆိမာယ စ ဇာတိယံ။

၁၇၂။ ထိုကံအကြွင်းကြောင့် များစွာပင် သူတစ်ပါးတို့နှင့် စပ်သွယ်သော ပြည့်တန်ဆာမ မျိုး၌ ဖြစ်ခဲ့ရ၏၊ နောက်ဆုံးဘဝ၌ကား-

၁၇၃။ ‘‘ကာသီသု သေဋ္ဌိကုလဇာ, ဗြဟ္မစာရီဗလေနဟံ၊

အစ္ဆရာ ဝိယ ဒေဝေသု, အဟောသိံ ရူပသမ္ပဒါ။

၁၇၃။ ငါသည် မြတ်သော အကျင့်၏ အစွမ်းကြောင့် ကာသိတိုင်းတို့ဝယ် သူဌေးမျိုး၌ မွေးဖွားလျက်‘နတ်ဘုံတို့၌ နတ်သမီးကဲ့သို့’ ရုပ်အဆင်းနှင့် ပြည့်စုံသူ ဖြစ်ခဲ့ပေ၏။

၁၇၄။ ‘‘ဒိသွာန ဒဿနီယံ မံ, ဂိရိဗ္ဗဇပုရုတ္တမေ၊

ဂဏိကတ္တေ နိဝေသေသုံ, အက္ကောသနဗလေန မေ။

၁၇၄။ ရှုချင်စဖွယ်ရှိသော ငါ့ကို တွေ့မြင်ကုန်သည် ရှိသော် ငါ၏ ဆဲရေးခြင်း၏ အစွမ်း ကြောင့်ရာဇဂြိုဟ်မြို့တော်တွင် ပြည့်တန်ဆာမအဖြစ်၌ သွင်းထားကုန်၏။

၁၇၅။ ‘‘သာဟံ သုတွာန သဒ္ဓမ္မံ, ဗုဒ္ဓသေဋ္ဌေန ဒေသိတံ၊

ပုဗ္ဗဝါသနသမ္ပန္နာ, ပဗ္ဗဇိံ အနဂါရိယံ။

၁၇၅။ ထိုငါသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သူတော်ကောင်းတရားကိုကြားနာရသည်ရှိသော် ရှေးဝါသနာ (အထုံ) နှင့် ပြည့်စုံသည်ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြု၏။

၁၇၆။ ‘‘တဒူပသမ္ပဒတ္ထာယ, ဂစ္ဆန္တီ ဇိနသန္တိကံ၊

မဂ္ဂေ ဓုတ္တေ ဌိတေ သုတွာ, လဘိံ ဒူတောပသမ္ပဒံ။

၁၇၆။ ထိုအခါ ပဉ္စင်းခံခြင်းအကျိုးငှါ မြတ်စွာဘုရားအထံသို့ သွားလတ်သော် လမ်းခရီး၌ အပျော်ကြူးသူလူဆိုးတို့ တည်ရှိသည်တို့ကို ကြားသိရ၍ တမန်ဖြင့် ပဉ္စင်းခံခြင်းကို ရခဲ့ ပေ၏။

၁၇၇။ ‘‘သဗ္ဗကမ္မံ ပရိက္ခီဏံ, ပုညံ ပါပံ တထေဝ စ၊

သဗ္ဗသံသာရမုတ္တိဏ္ဏာ, ဂဏိကတ္တဉ္စ ခေပိတံ။

၁၇၇။ ကုသိုလ်သည်လည်းကောင်း၊ အကုသိုလ်သည်လည်းကောင်း အလုံးစုံသော ကံ သည် ကုန်ခန်းပြီ၊ ထို့အတူ အလုံးစုံသော သံသရာကိုလည်း လွန်မြောက်ပြီ၊ ပြည့်တန်ဆာမ အဖြစ်ကိုလည်း ကုန်စေအပ်ပြီ။

၁၇၈။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၁၇၈။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား (အကျွန်ုပ်သည်) ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီး ဖြစ်ပါ၏၊ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌လည်းကောင်း လေ့လာပြီး ဖြစ်ပါ၏။

၁၇၉။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၇၉။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၁၈၀။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မမ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။

၁၈၀။ မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။

၁၈၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၈၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၈၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စစ်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၁၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အဍ္ဎကာသိ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဍ္ဎကာသိထေရိယာပဒါနံ သတ္တမံ။

၁၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အဋ္ဌကာသိရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ခုနစ်ခုမြောက် အဋ္ဌကာသိထေရီအပဒါန ပြီး၏။

၈။ ပုဏ္ဏိကာထေရီအပဒါန

၁၈၄။ ‘‘ဝိပဿိနော ဘဂဝတော, သိခိနော ဝေဿဘုဿ စ၊

ကကုသန္ဓဿ မုနိနော, ကောဏာဂမနတာဒိနော။

၈-ပုဏ္ဏိကာထေရီအပဒါန ၁၈၄။ ဝိပဿီမြတ်စွာဘုရား၏ လည်းကောင်း၊ သိခီမြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏ လည်းကောင်း၊ ကကုသန်မြတ်စွာဘုရား၏ လည်းကောင်း၊ တာဒိဂုဏ်နှင့်ပြည့်စုံသော ကောဏာဂုံမြတ်စွာဘုရား၏ လည်းကောင်း -

စာ-၂၉၄

၁၈၅။ ‘‘ကဿပဿ စ ဗုဒ္ဓဿ, ပဗ္ဗဇိတွာန သာသနေ၊

ဘိက္ခုနီ သီလသမ္ပန္နာ, နိပကာ သံဝုတိန္ဒြိယာ။

၁၈၅။ ကဿပမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်၌ ရဟန်းပြု၍သီလနှင့် ပြည့်စုံသောရင့်ကျက်သော ပညာရှိသော ဣန္ဒြေကို စောင့်စည်းသော ရဟန်းမ ဖြစ်ခဲ့၏။

၁၈၆။ ‘‘ဗဟုဿုတာ ဓမ္မဓရာ, ဓမ္မတ္ထပဋိပုစ္ဆိကာ၊

ဥဂ္ဂဟေတာ စ ဓမ္မာနံ, သောတာ ပယိရုပါသိတာ။

၁၈၆။ ငါသည် အကြားအမြင်များ၏၊ တရားကို ကျင့်ဆောင်၏၊ အကြောင်းအကျိုး (အဋ္ဌကထာအနက်) ကို မေးမြန်းတတ်၏၊ တရားတို့ကို လည်း သင်ယူ၍ နာကြားတတ်၏၊ ဆည်းကပ်တတ်၏။

၁၈၇။ ‘‘ဒေသေန္တီ ဇနမဇ္ဈေဟံ, အဟောသိံ ဇိနသာသနေ၊

ဗာဟုသစ္စေန တေနာဟံ, ပေသလာ အတိမညိသံ။

၁၈၇။ ငါသည် မြတ်စွာဘုရားသာသနာတော်တွင် လူတို့၏အလယ်၌ တရားဟောတတ်သူ ဖြစ်ခဲ့၏၊ ငါသည် ထိုအကြားအမြင် များခြင်းကြောင့် ချစ်အပ်သော သီလရှိသော ရဟန်းမိန်းမတို့ကို မထီမဲ့မြင်ပြုခဲ့၏။

၁၈၈။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, သာဝတ္ထိယံ ပုရုတ္တမေ၊

အနာထပိဏ္ဍိနော ဂေဟေ, ဇာတာဟံ ကုမ္ဘဒါသိယာ။

၁၈၈။ ယခု နောက်ဆုံး ဖြစ်သော ဘဝ၌လည်း ငါသည် သာဝတ္ထိမြို့တော်တွင် အနာထပိဏ်သူဌေး၏အိမ်၌ ရေခပ်ကျွန်မ၏ (သမီး) ဖြစ်ခဲ့၏။

၁၈၉။ ‘‘ဂတာ ဥဒကဟာရိယံ, သောတ္ထိယံ ဒိဇမဒ္ဒသံ၊

သီတဋ္ဋံ တောယမဇ္ဈမှိ, တံ ဒိသွာ ဣဒမဗြဝိံ။

၁၈၉။ ငါသည် ရေခပ်သွားလတ်သော် ရေ၏ အလယ်၌ အအေးဖြင့် နှိပ်စက်လျက်ရှိသောဗေဒင်သရဇ္ဈာယ်တတ်သော ပုဏ္ဏားကို တွေ့မြင်၏၊ ထိုုပုဏ္ဏားကို တွေ့မြင်၍ ဤစကားကို ပြောဆို၏-

၁၉၀။ ‘‘‘ဥဒဟာရီ အဟံ သီတေ, သဒါ ဥဒကမောတရိံ၊

အယျာနံ ဒဏ္ဍဘယဘီတာ, ဝါစာဒေါသဘယဋ္ဋိတာ [ဝါစာရောသဘယဋ္ဋိတာ (သျာ။)]။

၁၉၀။ ရေခပ်လေ့ရှိသော ငါသည် စကားအပြစ်ဘေးဖြင့် နှိပ်စက်ခံရလျက် အရှင်သခင် တို့၏ ဒဏ်ဘေးမှကြောက်သည်ဖြစ်၍ ချမ်းအေးသော အခါ၌ အခါခပ်သိမ်း ရေသို့ ဆင်း သက်ရပေ၏။

၁၉၁။ ‘‘‘ကဿ ဗြာဟ္မဏ တွံ ဘီတော, သဒါ ဥဒကမောတရိ၊

ဝေဓမာနေဟိ ဂတ္တေဟိ, သီတံ ဝေဒယသေ ဘုသံ’။

၁၉၁။ ပုဏ္ဏား သင်သည် အဘယ်သူအား ကြောက်၍ အခါခပ်သိမ်း ရေသို့ ဆင်းသက် ဘိသနည်း၊ ခိုက်ခိုက်တုန်သော ကိုယ်တို့ဖြင့် ပြင်းထန်သော အအေးကို ခံစားနေဘိသနည်း (ဟု ပြောဆိုခဲ့၏)။

၁၉၂။ ‘‘‘ဇာနန္တီ ဝတ မံ ဘောတိ, ပုဏ္ဏိကေ ပရိပုစ္ဆသိ၊

ကရောန္တံ ကုသလံ ကမ္မံ, ရုန္ဓန္တံ [နိဒ္ဓန္တံ (သီ။ ပီ။), နုဒန္တံ (သျာ။)] ကတပါပကံ။

၁၉၂။ ချစ်သမီးပုဏ္ဏိကာ ပြုပြီးသော အကုသိုလ်ကို ပိတ်ပင်ရန် ကုသိုလ်ကောင်းမှုကို ပြုနေသည်ကိုစင်စစ် သင် သိပါလျက် ငါ့ကို မေးမြန်းဘိ၏။

၁၉၃။ ‘‘‘ယော စေ ဝုဍ္ဎော ဒဟရော ဝါ, ပါပကမ္မံ ပကုဗ္ဗတိ၊

ဒကာဘိသိဉ္စနာ သောပိ [ဘောတိ (သီ။ က။) ထေရီဂါ။ ၂၃၉], ပါပကမ္မာ ပမုစ္စတိ’။

၁၉၃။ ပုဏ္ဏိကာ ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ အကြင်သူသည် အကယ်၍ အကုသိုလ်ကံ ကို ပြုအံ့။ ထိုသူသည်လည်း ရေသွန်းလောင်းခြင်းကြောင့် အကုသိုလ်ကံမှ လွတ်မြောက်၏ (ဟု ပုဏ္ဏားသည်ဆို၏)။

၁၉၄။ ‘‘ဥတ္တရန္တဿ အက္ခာသိံ, ဓမ္မတ္ထသံဟိတံ ပဒံ၊

တဉ္စ သုတွာ သ သံဝိဂ္ဂေါ [သုသံဝိဂ္ဂေါ (သျာ။)], ပဗ္ဗဇိတွာရဟာ အဟု။

၁၉၄။ ငါသည် ရေမှ တက်သော ပုဏ္ဏားအား တရားသဘောနှင့် စပ်ယှဥ်သော စကားကို ပြောကြားခဲ့၏၊ ထိုပုဏ္ဏားသည် ထိုစကားကို ကြားလတ်သော် ထိတ်လန့်တုန်လှုပ်သည် ဖြစ်၍ ရဟန်းပြုကာ ရဟန္တာဖြစ်လေ၏။

၁၉၅။ ‘‘ပူရေန္တီ ဦနကသတံ, ဇာတာ ဒါသိကုလေ ယတော၊

တတော ပုဏ္ဏာတိ နာမံ မေ, ဘုဇိဿံ မံ အကံသု တေ။

၁၉၅။ အကြင်အခါ ကျွန်အမျိုး၌ တစ်ရာအောက် ယုတ်လျော့သည်ကို ပြည့်စေလျက် မွေးဖွားခဲ့၏၊ ထို့ကြောင့် ငါ့အား “ပုဏ္ဏာ”ဟူသော အမည်သည် ဖြစ်၏၊ ထိုအရှင်သခင် တို့သည် ငါ့ကိုတော်လှန်ပြီးသည် (ကျွန်မဟုတ်သည်) ၏ အဖြစ်ကို ပြုကုန်၏။

၁၉၆။ ‘‘သေဋ္ဌိံ တတောနုဇာနေတွာ [တတော အနုမောဒေတွာ (သီ။ သျာ။), တတော အနုမာနေတွာ (ပီ။)], ပဗ္ဗဇိံ အနဂါရိယံ၊

န စိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ။

၁၉၆။ ထို့နောက် ငါသည် သူဌေးကို ခွင့်ပြုစေ၍ ရဟန်းဘောင်သို့ဝင်ရောက် ရဟန်း ပြု၏၊ ကာလမကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပေ၏။

စာ-၂၉၅

၁၉၇။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၁၉၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီး ဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌လည်းကောင်း လေ့လာပြီး ဖြစ်ပါ၏။

၁၉၈။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၉၈။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၁၉၉။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မေ ဝိမလံ သုဒ္ဓံ, ဗုဒ္ဓသေဋ္ဌဿ ဝါဟသာ။

၁၉၉။ မြတ်စွာဘုရား၏ အစွမ်းကြောင့် အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိ ပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အကျွန်ုပ်၏ အသိဉာဏ်သည်အညစ်အကြေး ကင်း၍ စင်ကြယ်ပါ၏။

၂၀၀။ ‘‘ဘာဝနာယ မဟာပညာ, သုတေနေဝ သုတာဝိနီ၊

မာနေန နီစကုလဇာ, န ဟိ ကမ္မံ ဝိနဿတိ [ပနဿတိ (သျာ။)]။

၂၀၀။ ကမ္မဋ္ဌာန်းဘာဝနာကြောင့် ကြီးသော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်ကြောင့်သာ လျှင်အကြားအမြင် များသူ ဖြစ်၏၊ မာနကြောင့် ယုတ်နိမ့်သော အမျိုး၌ဖြစ်ရ၏၊ မှန်၏ ကံသည်မပျောက်ပျက်သည်သာတည်း။

၂၀၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၂၀၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၀၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၂၀၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ပုဏ္ဏိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပုဏ္ဏိကာထေရိယာပဒါနံ အဋ္ဌမံ။

၂၀၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ပုဏ္ဏိကာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ရှစ်ခုမြောက် ပုဏ္ဏိကာထေရီအပဒါန ပြီး၏။

၉။ အမ္ဗပါလိထေရီအပဒါန

၂၀၄။ ‘‘ယော ရံသိဖုသိတာဝေဠော, ဖုဿော နာမ မဟာမုနိ၊

တဿာဟံ ဘဂိနီ အာသိံ, အဇာယိံ ခတ္တိယေ ကုလေ။

၉-အမ္ဗပါလိထေရီအပဒါန ၂၀၄။ ရောင်ခြည်တော်အစဥ်ဖြင့် တွေ့ထိအပ်သော ကိုယ်တော်ရှိတော်မူသော ဖုဿမည် သောအကြင်မြတ်စွာဘုရားသည် ရှိ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ နှမတော် ဖြစ်ခဲ့၏၊ မင်းမျိုး၌ မွေးဖွားခဲ့၏။

၂၀၅။ ‘‘တဿ ဓမ္မံ သုဏိတွာဟံ, ဝိပ္ပသန္နေန စေတသာ၊

မဟာဒါနံ ဒဒိတွာန, ပတ္ထယိံ ရူပသမ္ပဒံ။

၂၀၅။ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ အလွန်ကြည်ညိုသော စိတ်ဖြင့် အလှူကြီးကိုပေးလှူပြီးလျှင် ရုပ်အဆင်း၏ ပြည့်စုံခြင်းကို ဆုတောင်းခဲ့၏။

၂၀၆။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, သိခီ လောကဂ္ဂနာယကော၊

ဥပ္ပန္နော လောကပဇ္ဇောတော, တိလောကသရဏော ဇိနော။

၂၀၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ လောက၏အမြတ်ဆုံး ရှေ့သွားဖြစ် တော်မူသော လောက၏ ဆီမီးတန်ဆောင်သဖွယ် ဖြစ်တော်မူသော လောကသုံးပါး၏ ကိုးကွယ် ရာ ဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ပွင့်တော်မူ၏-

၂၀၇။ ‘‘တဒါရုဏပုရေ ရမ္မေ, ဗြာဟ္မညကုလသမ္ဘဝါ၊

ဝိမုတ္တစိတ္တံ ကုပိတာ, ဘိက္ခုနိံ အဘိသာပယိံ။

၂၀၇။ ထိုအခါ ငါသည် ပျော်မွေ့ဖွယ်ကောင်းသော အရုဏမြို့တွင် ပုဏ္ဏားမျိုး၌ ဖြစ်၏၊ ကိလေသာမှလွတ်မြောက်သော စိတ်ရှိသော ရဟန်းမကို အမျက်ထွက်သည်ဖြစ်၍ ကျိန်ဆဲ ခဲ့၏။

၂၀၈။ ‘‘ဝေသိကာဝ အနာစာရာ, ဇိနသာသနဒူသိကာ၊

ဧဝံ အက္ကောသယိတွာန, တေန ပါပေန ကမ္မုနာ။

၂၀၈။ ‘ပြည့်တန်ဆာမကဲ့သို့’ အကျင့်မရှိ၊ မြတ်စွာဘုရားသာသနာတော်ကို ဖျက်ဆီးတတ်၏ဟု ဤသို့ဆဲရေးခဲ့၍ ထိုယုတ်မာသော အကုသိုလ်ကံကြောင့်-

စာ-၂၉၆

၂၀၉။ ‘‘ဒါရုဏံ နိရယံ ဂန္တွာ, မဟာဒုက္ခသမပ္ပိတာ၊

တတော စုတာ မနုဿေသု, ဥပပန္နာ တပဿိနီ။

၂၀၉။ ကြမ်း၊ ကတ်သော ငရဲသို့ ရောက်လျက် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် ပြည့်စုံ၏၊ ထိုငရဲမှစုတေလတ်သော် လူတို့၌ အထီးကျန်သူ (သူဆင်းရဲမ) ဖြစ်ရ၏။

၂၁၀။ ‘‘ဒသဇာတိသဟဿာနိ, ဂဏိကတ္တမကာရယိံ၊

တမှာ ပါပါ န မုစ္စိဿံ, ဘုတွာ ဒုဋ္ဌဝိသံ ယထာ။

၂၁၀။ ဘဝတစ်သောင်းတို့ပတ်လုံး ပြည့်တန်ဆာမအဖြစ်ကို ပြုခဲ့ရ၏၊ ‘ပျက်စီးစေတတ် သော အဆိပ်ကိုစားပြီး (ဤသေဘေးမှ မလွတ်မြောက်) သကဲ့သို့’ ထိုအကုသိုလ်မှ မလွတ် မြောက်ခဲ့ချေ။

၂၁၁။ ‘‘ဗြဟ္မစရိယမသေဝိဿံ [ဗြဟ္မဝေသမသေဝိဿံ (သျာ။), ဗြဟ္မစေရမသေဝိဿံ (ပီ။)], ကဿပေ ဇိနသာသနေ၊

တေန ကမ္မဝိပါကေန, အဇာယိံ တိဒသေ ပုရေ။

၂၁၁။ ငါသည် ကဿပမြတ်စွာဘုရားသာသနာတော်၌ မြတ်သောအကျင့်ကို မှီဝဲ (ကျင့်သုံး) ခဲ့၏၊ ထိုကံ၏အကျိုးကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ရ၏။

၂၁၂။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, အဟောသိံ ဩပပါတိကာ၊

အမ္ဗသာခန္တရေ ဇာတာ, အမ္ဗပါလီတိ တေနဟံ။

၂၁၂။ နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် သရက်ပင်အခက်ကြား၌ မွေးဖွား ၍ ဥပပါတ်ပဋိသန္ဓေနေသူ ဖြစ်ခဲ့၏၊ ထို့ကြောင့် ငါသည် “အမ္ဗပါလီ”ဟု ထင်ရှားခဲ့၏။

၂၁၃။ ‘‘ပရိဝုတာ ပါဏကောဋီဟိ, ပဗ္ဗဇိံ ဇိနသာသနေ၊

ပတ္တာဟံ အစလံ ဌာနံ, ဓီတာ ဗုဒ္ဓဿ ဩရသာ။

၂၁၃။ သတ္တဝါအကုဋေတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုခဲ့၏၊ ငါသည်မြတ်စွာဘုရား၏ ရင်၌ ဖြစ်သော သမီးတော်ဖြစ်၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန် အရပ်သို့ရောက်ခဲ့ရပေ၏။

၂၁၄။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, သောတဓာတုဝိသုဒ္ဓိယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၂၁၄။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီး ဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၏ စင်ကြယ်ခြင်း၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌လည်းကောင်း လေ့လာပြီး ဖြစ်ပါ၏။

၂၁၅။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၂၁၅။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၂၁၆။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မေ ဝိမလံ သုဒ္ဓံ, ဗုဒ္ဓသေဋ္ဌဿ ဝါဟသာ။

၂၁၆။ မြတ်စွာဘုရား၏ အစွမ်းကြောင့် အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အကျွန်ုပ်၏ အသိဉာဏ်သည်အညစ်အကြေးကင်း၍ စင်ကြယ်ပါ၏။

၂၁၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၂၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၁၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၁၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၂၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

၂၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အမ္ဗပါလီရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ကိုးခုမြောက် အမ္ဗပါလိထေရီအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အမ္ဗပါလိ ဘိက္ခုနီ ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

အမ္ဗပါလိထေရိယာပဒါနံ နဝမံ။

၁၀။ ပေသလာထေရီအပဒါန

၂၂၀။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊

ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။

၁၀-ပေသလာထေရီအပဒါန ၂၂၀။ ဤဘဒ္ဒကမ္ဘာ၌ ပုဏ္ဏားမျိုးဖြစ်တော်မူသော မြတ်သော အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော အနွယ်အားဖြင့် ကဿပ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

စာ-၂၉၇

၂၂၁။ ‘‘သာဝတ္ထိယံ ပုရေ ဝရေ, ဥပါသကကုလေ အဟံ၊

ပသူတာ တံ [နံ (သျာ။)] ဇိနဝရံ, ဒိသွာ သုတွာ စ ဒေသနံ။

၂၂၁။ ငါသည် သာဝတ္ထိမြို့တော်တွင် ဥပါသကာအမျိုး၌ မွေးဖွားပြီးလျှင် ထိုမြတ်စွာ ဘုရားကို ဖူးမြင်၍တရားကိုလည်း နာကြားရခြင်းကြောင့်-

၂၂၂။ ‘‘တံ ဝီရံ သရဏံ ဂန္တွာ, သီလာနိ စ သမာဒိယိံ၊

ကဒါစိ သော မဟာဝီရော, မဟာဇနသမာဂမေ။

၂၂၂။ ထိုမြတ်စွာဘုရားကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်လျက် သီလတို့ကို လည်း ဆောက်တည်ခဲ့၏၊ တစ်ရံရောအခါ ကြီးမြတ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားသည် များစွာသော လူတို့၏အစည်းအဝေး၌-

၂၂၃။ ‘‘အတ္တနော အဘိသမ္ဗောဓိံ, ပကာသေသိ နရာသဘော၊

အနနုဿုတဓမ္မေသု, ပုဗ္ဗေ ဒုက္ခာဒိကေသု စ။

၂၂၃-၂၂၄။ ရှေး၌ မကြားဖူးသေးသော ဒုက္ခသစ္စာစသော သစ္စာလေးပါးတရားတို့၌ ပညာမျက်စိသည်လည်းကောင်း၊ ဉာဏ်သည်လည်းကောင်း၊ ပညာသည်လည်းကောင်း၊ ဝိဇ္ဇာအလင်းရောင်သည်လည်းကောင်း ငါ့အား ဖြစ်ပေါ်ခဲ့၏ဟု မိမိ၏ သစ္စာလေးပါး ထိုးထွင်း သိခြင်းကို ပြတော်မူလေ၏။ ထိုတရားစကားကို ကြားနာရ၍ သင်ယူပြီးလျှင် ရဟန်းတို့ကို လည်း မေးမြန်းခဲ့၏။

၂၂၄။ ‘‘စက္ခု ဉာဏဉ္စ ပညာ စ, ဝိဇ္ဇာလောကော စ အာသိ မေ၊

တံ သုတွာ ဥဂ္ဂဟေတွာန, ပရိပုစ္ဆိဉ္စ ဘိက္ခဝေါ။

၂၂၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၂၂၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၂၆။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ သေဋ္ဌိမဟာကုလေ၊

ဥပေစ္စ ဗုဒ္ဓံ သဒ္ဓမ္မံ, သုတွာ သစ္စူပသံဟိတံ။

၂၂၆။ ယခု နောက်ဆုံးဖြစ်သော ဘဝ၌လည်း ကြီးကျယ်သော သူဌေးမျိုး၌ ဖြစ်ခဲ့၏၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားရခြင်းကြောင့်-

၂၂၇။ ‘‘ပဗ္ဗဇိတွာစိရေနေဝ, သစ္စတ္ထာနိ [သဗ္ဗတ္ထာနိ (သျာ။ က။)] ဝိစိန္တယံ၊

ခေပေတွာ အာသဝေ သဗ္ဗေ, အရဟတ္တမပါပုဏိံ။

၂၂၇။ ရဟန်းပြု၍ မကြာမြင့်မီပင် သစ္စာလေးပါးတို့၏ အနက်သဘောတို့ကို ဆင်ခြင် လတ်သော် အာသဝေါအားလုံးတို့ကို ကုန်ခန်းစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။

၂၂၈။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊

စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။

၂၂၈။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီးသူ ဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယအဘိညာဥ်၌လည်းကောင်း လေ့လာပြီးသူ ဖြစ်ပါ၏။

၂၂၉။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၂၂၉။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

၂၃၀။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊

ဉာဏံ မေ ဝိမလံ သုဒ္ဓံ, ဗုဒ္ဓသေဋ္ဌဿ ဝါဟသာ။

၂၃၀။ ဘုရားမြတ်၏ အစွမ်းကြောင့် အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူပင် ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အကျွန်ုပ်၏ ဉာဏ်သည် အညစ်အကြေးကင်း၍စင်ကြယ်ပါ၏။

၂၃၁။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝါ။

၂၃၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်မသည် အနှောင်အဖွဲ့ကို ဖြတ်၍နေသကဲ့သို့’ ငါသည် အာသဝ မရှိဘဲ နေရ၏။

၂၃၂။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၂၃၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

စာ-၂၉၈

၂၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ပေသလာ [သေလာ (သျာ။ ပီ။)] ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပေသလာထေရိယာပဒါနံ ဒသမံ။

ခတ္တိယာဝဂ္ဂေါ စတုတ္ထော။

တဿုဒ္ဒါနံ –

ခတ္တိယာ ဗြာဟ္မဏီ စေဝ, တထာ ဥပ္ပလဒါယိကာ၊

သိင်္ဂါလမာတာ သုက္ကာ စ, အဘိရူပါ အဍ္ဎကာသိကာ။

ပုဏ္ဏာ စ အမ္ဗပါလီ စ, ပေသလာတိ စ တာ ဒသ၊

ဂါထာယော ဒွိသတာနေတ္ထ, ဒွိစတ္တာလီသ စုတ္တရိ။

အထ ဝဂ္ဂုဒ္ဒါနံ –

သုမေဓာ ဧကူပေါသထာ, ကုဏ္ဍလကေသီ ခတ္တိယာ၊

သဟဿံ တိသတာ ဂါထာ, သတ္တတာလီသ ပိဏ္ဍိတာ။

သဟ ဥဒ္ဒါနဂါထာဟိ, ဂဏိတာယော ဝိဘာဝိဘိ၊

သဟဿံ တိသတံ ဂါထာ, သတ္တပညာသမေဝ စာတိ။

ထေရိကာပဒါနံ သမတ္တံ။

အပဒါနပါဠိ သမတ္တာ။

၂၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ပေသလာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ဆယ်ခုမြောက် ပေသလာထေရီအပဒါန ပြီး၏။ လေးခုမြောက် ခတ္တိယာဝဂ် ပြီး၏။ ထေရီအပဒါနပါဠိတော် မြန်မာပြန် ပြီးပြီ။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection