အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၁၇၃။ ‘‘ဥပေတွာ တံ မဟာဝီရံ, အဿောသိံ ဓမ္မဒေသနံ၊
အမတံ ပရမဿာဒံ, ပရမတ္ထနိဝေဒကံ။
၁၇၃။ (ငါသည်) ထိုမြတ်စွာဘုရားသို့ ချဥ်းကပ်၍ လွန်စွာ သာယာအပ်သော နိဗ္ဗာန်ကို သိစေတတ်သောအမြိုက်တရားတော်ကို နာကြားခဲ့၏။
၁၇၄။ ‘‘တဒါ နိမန္တယိတွာန, သသံဃံ လောကနာယကံ၊
ဒတွာ တဿ မဟာဒါနံ, ပသန္နာ သေဟိ ပါဏိဘိ။
၁၇၄။ ထိုအခါ သံဃာနှင့်တကွ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ထိုမြတ်စွာဘုရားအားကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ ဖြင့် အလှူကြီးကို လှူခဲ့၍-
၁၇၅။ ‘‘ဈာယိနီနံ ဘိက္ခုနီနံ, အဂ္ဂဋ္ဌာနမပတ္ထယိံ၊
နိပစ္စ သိရသာ ဓီရံ, သသံဃံ လောကနာယကံ။
၁၇၅။ သံဃာနှင့် တကွဖြစ်သော လောက၏ ရှေ့သွား မြတ်စွာဘုရားကို ဦးခေါင်းဖြင့် ဦးတိုက်လျက်ဈာန်ဝင်စားလေ့ရှိကုန်သော ရဟန်းမတို့ထက် မြတ်သော အရာအထူးကို ဆုတောင်းခဲ့၏။
၁၇၆။ ‘‘တဒါ အဒန္တဒမကော, တိလောကသရဏော ပဘူ၊
ဗျာကာသိ နရသာရထိ, ‘လစ္ဆသေ တံ သုပတ္ထိတံ။
၁၇၆။ ထိုအခါ မယဥ်ကျေးသူတို့ကို ဆုံးမတော်မူတတ်သော လောကသုံးပါး၏ ကိုးကွယ် ရာဖြစ်သောလောကကို အစိုးရသော မြတ်စွာဘုရားသည် ကောင်းစွာ တောင့်တအပ်သော ထို အရာအထူးကို ရလတ္တံ့။
၁၇၇။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၇၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၇၈။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
နန္ဒာတိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝိကာ’။
၁၇၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ အမွေခံသမီးတော်ဖြစ်၍ တရားဖြင့် ဖန်ဆင်းအပ် သောအမည်အားဖြင့် ‘နန္ဒာ’ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်မ‘သာဝိကာ’ ဖြစ် လတ္တံ့ (ဟုမိန့်တော်မူ၏)။
၁၇၉။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တာ ပရိစရိံ, ပစ္စယေဟိ ဝိနာယကံ။
၁၇၉။ ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်းဖြစ်၍ အသက်ရှည်သမျှ မာရ်ငါးပါး ကိုအောင်တော်မူသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် မေတ္တာစိတ်ရှိလျက် လုပ် ကျွေးခဲ့၏။
၁၈၀။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၈၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်၏။
၁၈၁။ ‘‘တတော စုတာ ယာမမဂံ, တတောဟံ တုသိတံ ဂတာ [အဂံ (သီ။ ပီ။ က။)]၊
တတော စ နိမ္မာနရတိံ, ဝသဝတ္တိပုရံ တတော [ဂတာ (သျာ။)]။
၁၈၁။ ငါသည် ထိုဘုံမှ စုတေလတ်သော် ယာမာဘုံသို့ ရောက်၏၊ ထိုဘုံမှ တုသိတာဘုံ သို့ရောက်ခဲ့၏၊ ထိုဘုံမှ နိမ္မာနရတိဘုံသို့လည်းကောင်း၊ ထိုဘုံမှ ဝသဝတ္တိဘုံသို့လည်းကောင်း ရောက်၏။
၁၈၂။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ၊
တတ္ထ တတ္ထေဝ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၁၈၂။ အကြင်အကြင် ဘုံဘဝ၌ ဖြစ်၏၊ ထိုထိုဘဝ၌ ထိုကံ၏ အစွမ်းကြောင့် မင်းတို့၏ မိဖုရားအဖြစ်ကိုပြုခဲ့ရ၏။
၁၈၃။ ‘‘တတော စုတာ မနုဿတ္တေ, ရာဇာနံ စက္ကဝတ္တိနံ၊
မဏ္ဍလီနဉ္စ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၁၈၃။ ထို (နတ်) ဘုံမှ စုတေလတ်သော် လူအဖြစ်၌ စကြဝတေးမင်းတို့၏လည်းကောင်း၊ ပဒေသရာဇ်မင်းတို့၏လည်းကောင်း မိဖုရားအဖြစ်ကို ပြုခဲ့၏။
၁၈၄။ ‘‘သမ္ပတ္တိံ အနုဘောတွာန, ဒေဝေသု မနုဇေသု စ၊
သဗ္ဗတ္ထ သုခိတာ ဟုတွာ, နေကကပ္ပေသု သံသရိံ။
၁၈၄။ နတ်ပြည်တို့၌ လည်းကောင်း၊ လူ့ပြည်တို့၌ လည်းကောင်း စည်းစိမ်ကို ခံစားပြီး လျှင်အလုံးစုံသော ဘဝတို့၌ ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ များစွာသော ကမ္ဘာတို့ ပတ်လုံးကျင်လည်ခဲ့ရ၏။
၁၈၅။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, သုရမ္မေ [ပုရသ္မိံ (သျာ။)] ကပိလဝှယေ၊
ရညော သုဒ္ဓေါဒနဿာဟံ, ဓီတာ အာသိံ အနိန္ဒိတာ။
၁၈၅။ ငါသည် နောက်ဆုံးဘဝသို့ ရောက်သော် ကောင်းစွာမွေ့လျော်ဖွယ်ရှိသော ‘ကပိလ’မည်သော မြို့၌သုဒ္ဓေါဒနမင်း၏ ကဲ့ရဲ့ဖွယ် ကင်းသော သမီးတော် ဖြစ်ခဲ့ရ၏။
၁၈၆။ ‘‘သိရိယာ [သိရိံဝ (သီ။), ရံသိရိဝ (သျာ။)] ရူပိနိံ ဒိသွာ, နန္ဒိတံ အာသိ တံ ကုလံ၊
တေန နန္ဒာတိ မေ နာမံ, သုန္ဒရံ ပဝရံ အဟု။
၁၈၆။ အသရေဖြင့် ရုပ်အဆင်းလှသည်ကို မြင်၍ ထိုအမျိုးသည် နှစ်သက်အပ်သူ ဖြစ်၏၊ ထို့ကြောင့်‘နန္ဒာ’ဟု ကောင်းမြတ်သော ငါ၏ အမည်သည် ဖြစ်၏။
၁၈၇။ ‘‘ယုဝတီနဉ္စ သဗ္ဗာသံ, ကလျာဏီတိ စ ဝိဿုတာ၊
တသ္မိမ္ပိ နဂရေ ရမ္မေ, ဌပေတွာ တံ ယသောဓရံ။
၁၈၇။ ငါသည် ပျော်မွေ့ဖွယ်ကောင်းသော ထိုမြို့၌လည်း ‘ယသောဓရာ’ကို ထား၍ယုဝတီအားလုံးတို့ထက်ပင် ကောင်းခြင်းရှိသူဟုလည်း ကျော်စောထင်ရှား၏။
၁၈၈။ ‘‘ဇေဋ္ဌော ဘာတာ တိလောကဂ္ဂေါ, ပစ္ဆိမော [မဇ္ဈိမော (ပီ။)] အရဟာ တထာ၊
ဧကာကိနီ ဂဟဋ္ဌာဟံ, မာတရာ ပရိစောဒိတာ။
၁၈၈။ အစ်ကိုအကြီးသည် မြတ်စွာဘုရားတည်း၊ ထိုမှတစ်ပါး နောက်ဆုံးဖြစ်သော မောင်သည်ရဟန္တာတည်း၊ တစ်ယောက်တည်း အိမ်၌ တည်သော ငါ့ကို မယ်တော်သည် တိုက်တွန်းအပ်၏။
၁၈၉။ ‘‘‘သာကိယမှိ ကုလေ ဇာတာ, ပုတ္တေ ဗုဒ္ဓါနုဇာ တုဝံ၊
နန္ဒေနပိ ဝိနာ ဘူတာ, အဂါရေ ကိံ နု အစ္ဆသိ။
၁၈၉။ ချစ်သမီး သင်သည် သာကီဝင်မင်းမျိုး၌ ဖြစ်၏၊ မြတ်စွာဘုရားသို့ အစဥ်လိုက်၍ ဖြစ်၏၊ နန္ဒမင်းသားလည်း ကင်းလျက် ဖြစ်၏၊ အိမ်၌ အဘယ့်ကြောင့် နေလိုသနည်း။
၁၉၀။ ‘‘‘ဇရာဝသာနံ ယောဗ္ဗညံ, ရူပံ အသုစိသမ္မတံ၊
ရောဂန္တမပိစာရောဂျံ, ဇီဝိတံ မရဏန္တိကံ။
၁၉၀။ အရွယ်နှင့် ပြည့်စုံသည်၏ အဖြစ်သည် အိုရင့်ခြင်းလျှင် အဆုံးရှိ၏၊ ရုပ်ကို မစင်ကြယ်ဟုသမုတ်အပ်၏၊ ရောဂါမရှိသည်၏ အဖြစ်သည်လည်း ရောဂါလျှင် အဆုံးရှိ၏၊ အသက်ရှင်ခြင်းသည်သေခြင်းလျှင် အဆုံးရှိ၏။
၁၉၁။ ‘‘‘ဣဒမ္ပိ တေ သုဘံ ရူပံ, သသီကန္တံ မနောဟရံ၊
ဘူသနာနံ အလင်္ကာရံ, သိရိသံဃာဋသန္နိဘံ။
၁၉၁။ သင်၏ တင့်တယ်သော ဤရုပ်အဆင်းသည်လည်း နှစ်သက်ဖွယ် ရှိ၏၊ စိတ်ကို ဆွဲဆောင်နိုင်၏၊ လက်ဝတ်တန်ဆာရတနာတို့ကို တန်ဆာဆင်ထား၏၊ အသရေပေါင်းစုရာနှင့် တူ၏။
၁၉၂။ ‘‘‘ပုဉ္ဇိတံ လောကသာရံဝ, နယနာနံ ရသာယနံ၊
ပုညာနံ ကိတ္တိဇနနံ, ဥက္ကာကကုလနန္ဒနံ။
၁၉၂။ ‘လောက၏ အနှစ်သာရကို ပုံထားသကဲ့သို့’ မျက်စိတို့၏ အရသာကို ဖြစ်စေ၏၊ ဘုန်းကံရှိသူတို့၏ ချီးမွမ်းခြင်းကို ဖြစ်စေ၏၊ ဩက္ကာကမင်းမျိုးသည် နှစ်သက်မြတ်နိုး၏။
၁၉၃။ ‘‘‘န စိရေနေဝ ကာလေန, ဇရာ သမဓိသေဿတိ [သမဘိဘောဿတိ (သီ။ သျာ။), သမဓိဟေဿတိ (ပီ။)]၊
ဝိဟာယ ဂေဟံ ကာရုညေ [ကာရုညေ (သီ။ ပီ။), ပါရယှိံ (သျာ။)], စရ ဓမ္မမနိန္ဒိတေ’။
၁၉၃။ ဤတင့်တယ်သော ရုပ်အဆင်းကိုလည်း ကာလမကြာမြင့်မီပင် အိုခြင်းတရားသည်ဖိစီးလွှမ်းမိုးလတ္တံ့၊ ကဲ့ရဲ့ဖွယ်မရှိမူ၍ သနားစဖွယ်ဖြစ်သော ချစ်သမီး နန်းတော်ကို ပယ်စွန့် လျက်တရားတော်ကို ကျင့်လော့ (ဟု မယ်တော်သည် တိုက်တွန်းအပ်၏)။
၁၉၄။ ‘‘သုတွာဟံ မာတု ဝစနံ, ပဗ္ဗဇိံ အနဂါရိယံ၊
ဒေဟေန န တု စိတ္တေန, ရူပယောဗ္ဗနလာဠိတာ။
၁၉၄။ ငါသည် မယ်တော်၏ စကားကို နာကြားရသော် ရဟန်းဘောင်၌ ကိုယ်ဖြင့် ဝင်ရောက်ခဲ့၏၊ ရုပ်အဆင်းအရွယ်၏ တင့်တယ်စံပယ်ခြင်းကြောင့် စိတ်ဖြင့်ကား မဝင်ရောက်ခဲ့-
၁၉၅။ ‘‘မဟတာ စ ပယတ္တေန, ဈာနဇ္ဈေန ပရံ မမ၊
ကာတုဉ္စ ဝဒတေ မာတာ, န စာဟံ တတ္ထ ဥဿုကာ။
၁၉၅။ မယ်တော်သည် ငါ့အား ကြီးစွာသော အားထုတ်ခြင်းဖြင့်လည်း ဈာန်ကို ရှုခြင်း၌ လွန်စွာပြုပြင်ရန်လည်း ပြောဆို၏၊ ငါသည် ထိုပြောဆိုရာ၌လည်း အားမထုတ်။
၁၉၆။ ‘‘တတော မဟာကာရုဏိကော, ဒိသွာ မံ ကာမလာလသံ [ကမလာနနံ (သျာ။)]၊
နိဗ္ဗိန္ဒနတ္ထံ ရူပသ္မိံ, မမ စက္ခုပထေ ဇိနော။
၁၉၆။ ထိုအခါ ကြီးမြတ်သော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် ကာမဂုဏ်၌ လော်လီသောငါ့ကို မြင်တော်မူ၍ ရုပ်၌ ငြီးငွေ့ခြင်းအကျိုးငှါ ငါ၏ မျက်စိမြင်ရာ အရပ်၌-
၁၉၇။ ‘‘သကေန အာနုဘာဝေန, ဣတ္ထိံ မာပေသိ သောဘိနိံ၊
ဒဿနီယံ သုရုစိရံ, မမတောပိ သုရူပိနိံ။
၁၉၇။ မိမိအာနုဘော်ဖြင့် ရှုကြည့်စဖွယ် အလွန်တင့်တယ်သော ငါ့ထက်ပင် သာလွန် အဆင်းလှသောကောင်းမြတ်သော လက္ခဏာရှိသော မိန်းမကို ဖန်ဆင်းပြတော်မူ၏။
၁၉၈။ ‘‘တမဟံ ဝိမှိတာ ဒိသွာ, အတိဝိမှိတဒေဟိနိံ၊
စိန္တယိံ သဖလံ မေတိ, နေတ္တလာဘဉ္စ မာနုသံ။
၁၉၈။ ငါသည် အလွန်အံ့ဩဖွယ် ကိုယ်လုံးကိုယ်ပေါက်ရှိသော ထိုမိန်းမကို မြင်ရသော် အံ့ဩ၍ ငါ၏လူ၌ဖြစ်သော မျက်စိကို ရခြင်းသည်လည်း အကျိုးရှိလေစွတကားဟု ကြံစည် မိ၏။
၁၉၉။ ‘‘တမဟံ ဧဟိ သုဘဂေ, ယေနတ္ထော တံ ဝဒေဟိ မေ၊
ကုလံ တေ နာမဂေါတ္တဉ္စ, ဝဒ မေ ယဒိ တေ ပိယံ။
၁၉၉။ ငါသည် ထိုမိန်းမကို အလွန်တင့်တယ်လှပသော မိတ်ဆွေမ လာပါလော့၊ အကြင် အရာဖြင့်အလိုရှိ၏၊ ထိုအရာကို ငါ့အား ပြောဆိုပါလော့၊ အကယ်၍ ငါ့အား အသင်သည် ချစ်အံ့၊ သင်၏အမျိုးအနွယ်ကိုလည်း ပြောဆိုပါလော့။
၂၀၀။ ‘န ဝဉ္စကာလော သုဘဂေ [ပဉှကာလော သုဘဏေ (သီ။ သျာ။ ပီ။)], ဥစ္ဆင်္ဂေ မံ နိဝါသယ၊
သီဒန္တီဝ မမင်္ဂါနိ, ပသုပ္ပယ မုဟုတ္တကံ’။
၂၀၀။ အလွန်တင့်တယ်လှပသော မိတ်ဆွေမ လှည့်စားရအံ့သော အခါမဟုတ်၊ ငါ့ရင်ခွင်၌ နေပါလော့၊ ငါ၏ ကိုယ်လက်အင်္ဂါတို့၌ ‘နစ်မြုပ်သကဲ့သို့’ တစ်မုဟုတ်မျှ အိပ်စက်ပါလော့ (ဟု ခေါ်လိုက်မိ၏)။
၂၀၁။ ‘‘တတော သီသံ မမင်္ကေ သာ, ကတွာ သယိ သုလောစနာ၊
တဿာ နလာဋေ ပတိတာ, လုဒ္ဓါ [လူတာ (သျာ။)] ပရမဒါရုဏာ။
၂၀၁။ ထိုအခါ ကောင်းသော မျက်လုံးရှိသော ထိုမိန်းမသည် ငါ့ရင်ခွင်၌ ဦးခေါင်းကို ပြု၍ အိပ်စက်၏၊ ထိုမိန်းမ၏ နဖူး၌ လွန်စွာ ကြမ်းတမ်းသော အနာသည် ကျရောက်၏။
၂၀၂။ ‘‘သဟ တဿာ နိပါတေန, ပိဠကာ ဥပပဇ္ဇထ၊
ပဂ္ဃရိံသု ပဘိန္နာ စ, ကုဏပါ ပုဗ္ဗလောဟိတာ။
၂၀၂။ ထိုအနာ ကျရောက်သည်နှင့် တစ်ပြိုင်နက် အိုင်းအမာသည် ဖြစ်လေ၏၊ အကောင် ပုပ်မှပြည်သွေးတို့သည်လည်း ပေါက်ကွဲယိုစီးကုန်၏။
၂၀၃။ ‘‘ပဘိန္နံ ဝဒနဉ္စာပိ, ကုဏပံ ပူတိဂန္ဓနံ၊
ဥဒ္ဓုမာတံ ဝိနိလဉ္စ, ပုဗ္ဗဉ္စာပိ သရီရကံ။
၂၀၃။ အကောင်ပုပ်သည် အပုပ်နံ့ထွက်၍ ခံတွင်းသည်လည်း ပေါက်ပြဲ၏၊ ကိုယ်ကောင် သည်ဖူးဖူးရောင်၍ အဆင်းလည်း ညို၏၊ ပြည်လည်း ထွက်၏။
၂၀၄။ ‘‘သာ ပဝေဒိတသဗ္ဗင်္ဂီ, နိဿသန္တီ မုဟုံ မုဟုံ၊
ဝေဒယန္တီ သကံ ဒုက္ခံ, ကရုဏံ ပရိဒေဝယိ။
၂၀၄။ ထိုမိန်းမသည် ကိုယ်အင်္ဂါအားလုံး တုန်လှုပ်၍ အကြိမ်ကြိမ် ရှူရှိုက်ပြီးလျှင် မိမိဒုက္ခကို ခံစားလျက့်သနားစဖွယ် ငိုကြွေး၏-
၂၀၅။ ‘‘‘ဒုက္ခေန ဒုက္ခိတာ ဟောမိ, ဖုသယန္တိ စ ဝေဒနာ၊
မဟာဒုက္ခေ နိမုဂ္ဂမှိ, သရဏံ ဟောဟိ မေ သခီ’။
၂၀၅။ အကျွန်ုပ်သည် ဆင်းရဲဒုက္ခရောက်သူ ဖြစ်ပါ၏၊ ဝေဒနာတို့သည်လည်း တွေ့ထိနှိပ် စက်ကုန်၏၊ ကြီးစွာသော ဆင်းရဲ၌ နစ်မြုပ်သူ ဖြစ်ပါ၏၊ အဆွေမ သင်သည် အကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်ပါလော့ (ဟုငိုကြွေး၏)။ ၂၀၆၊ သင့်မျက်နှာ၏ တင့်တယ်ခြင်းသည် အဘယ်သို့ ရောက်သွားပါသနည်း၊ သင်၏ မြင့်သောနှာခေါင်းသည် အဘယ်သို့ ရောက်သွားပါသနည်း၊ ကျီးအာသီးနှင့် တူသော သင်၏ နှုတ်ခမ်းနှင့် သင်၏ခံတွင်းသည်လည်း အဘယ်သို့ ရောက်သွားပါသနည်း။
၂၀၆။ ‘‘‘ကုဟိံ ဝဒနသောဘံ တေ, ကုဟိံ တေ တုင်္ဂနာသိကာ၊
တမ္ဗဗိမ္ဗဝရောဋ္ဌံ တေ, ဝဒနံ တေ ကုဟိံ ဂတံ။
၂၀၇။ ‘‘‘ကုဟိံ သသီနိဘံ ဝဏ္ဏံ, ကမ္ဗုဂီဝါ ကုဟိံ ဂတာ၊
ဒေါဠာလောလာဝ [ဒါမာမာလဉ္စ (သျာ။), ဒေါလောလုလ္လာဝ (က။)] တေ ကဏ္ဏာ, ဝေဝဏ္ဏံ သမုပါဂတာ။
၂၀၇။ ‘လကဲ့သို့’ တင့်တယ်သော အဆင်းသည် အဘယ်သို့ ရောက်သွားပါသနည်း၊ ရွှေမုရိုးစည်ကဲ့သို့သော လည်ပင်းသည်လည်း အဘယ်သို့ ရောက်သွားပါသနည်း၊ အေးယာဥ်လွှဲသကဲ့သို့သော သင့်နားရွက်သည် အဘယ်သို့ ရောက်သွားပါသနည်း၊ အဆင်းသည် ဖောက်ပြန်ခြင်းသို့ ရောက်ခဲ့ပြီတကား။
၂၀၈။ ‘‘‘မကုဠခါရကာကာရာ [မကုလမ္ဗုရူဟာကာရာ (သီ။), မကုဠပဒုမာကာရာ (သျာ။)], ကလိကာဝ [ကလသာဝ (သီ။ သျာ။ ပီ။)] ပယောဓရာ၊
ပဘိန္နာ ပူတိကုဏပါ, ဒုဋ္ဌဂန္ဓိတ္တမာဂတာ။
၂၀၈။ ပန်းငုံရင့်, ပန်းငုံနုသဖွယ် ဖြစ်သော အသားမြတ်တို့သည် ‘ပန်းပွင့်ကဲ့သို့’ ပျက်စီးကုန်၏၊ သင်၏အပုပ်ကောင်သည် အနံ့ဆိုးရှိသည်၏အဖြစ်သို့ ရောက်လာရရှာ၏။
၂၀၉။ ‘‘‘ဝေဒိမဇ္ဈာဝ သုဿောဏီ [တနုမဇ္ဈာ ပုထုဿောဏီ (သီ။ သျာ။), ဝေဒိမဇ္ဈာ ပုထုဿောဏီ (ပီ။)], သူနာဝ နီတကိဗ္ဗိသာ၊
ဇာတာ အမေဇ္ဈဘရိတာ, အဟော ရူပမသဿတံ။
၂၀၉။ ‘ပွတ်တိုင်ကဲ့သို့’ တင့်တယ်သော ခါးသည် ‘စဥ်းတီတုံးကဲ့သို့’ ကြမ်းတမ်းခြင်း ရှိ၏၊ မစင်ဖြင့်ပြည့်၏၊ ရုပ် (အဆင်း) သည် ဪ မမြဲလေစွတကား။
၂၁၀။ ‘‘‘သဗ္ဗံ သရီရသဉ္ဇာတံ, ပူတိဂန္ဓံ ဘယာနကံ၊
သုသာနမိဝ ဗီဘစ္ဆံ, ရမန္တေ ယတ္ထ ဗာလိသာ’။
၂၁၀။ ကိုယ်၌ဖြစ်သော အရာအားလုံးသည် ပုပ်သော အနံ့ရှိ၏၊ ‘သုသာန်ကဲ့သို့’ ကြောက်မက်ဖွယ်ရွံရှာဖွယ် ဖြစ်၏၊ ယင်းရုပ် (အဆင်း) ၌ အမိုက်မတို့သည် ပျော်မွေ့ကုန်၏။
၂၁၁။ ‘‘တဒါ မဟာကာရုဏိကော, ဘာတာ မေ လောကနာယကော၊
ဒိသွာ သံဝိဂ္ဂစိတ္တံ မံ, ဣမာ ဂါထာ အဘာသထ။
၂၁၁။ ထိုအခါ ကြီးမြတ်သော သနားခြင်း‘ကရုဏာ’ရှိတော်မူသော ငါ၏ အစ်ကိုတော်ဖြစ် သောမြတ်စွာဘုရားသည် ထိတ်လန့်သော စိတ်ရှိသော ငါ့ကို မြင်တော်မူ၍ ဤဂါထာတို့ကို မိန့်တော်မူ၏-
၂၁၂။ ‘‘‘အာတုရံ ကုဏပံ ပူတိံ, ပဿ နန္ဒေ သမုဿယံ၊
အသုဘာယ စိတ္တံ ဘာဝေဟိ, ဧကဂ္ဂံ သုသမာဟိတံ။
၂၁၂။ နန္ဒာ နာကျင်တတ်သော သဘောရှိသော ရွံရှာဖွယ်ရှိသော ပုပ်သောကိုယ်ကို ရှုကြည့်လော့၊ တင့်တယ်ခြင်း မရှိသောအားဖြင့် ကောင်းစွာ တည်တံ့သော သမာဓိစိတ်ကို ပွါးလော့။
၂၁၃။ ‘‘‘ယထာ ဣဒံ တထာ ဧတံ, ယထာ ဧတံ တထာ ဣဒံ၊
ဒုဂ္ဂန္ဓံ ပူတိကံ ဝါတိ, ဗာလာနံ အဘိနန္ဒိတံ။
၂၁၃။ ဤကိုယ်ကဲ့သို့ ထို့အတူ ထိုသင်၏ ကိုယ်သည်, ထိုသင်၏ ကိုယ်ကဲ့သို့ ထို့အတူ ဤကိုယ်သည်မကောင်းသော အနံ့ပုပ်သော အနံ့ရှိသည် ဖြစ်၍ လှိုင်၏၊ သူမိုက်တို့သာ အလွန်နှစ်သက်အပ်၏။
၂၁၄။ ‘‘‘ဧဝမေတံ အဝေက္ခန္တီ, ရတ္တိန္ဒိဝမတန္ဒိတာ၊
တတော သကာယ ပညာယ, အဘိနိဗ္ဗိဇ္ဈ ဒက္ခသိ’။
၂၁၄။ ဤသို့ ဤရုပ်ကိုယ်ကို ညဥ့်နေ့ပတ်လုံး မပျင်းမရိ ရှုကြည့်သော် ထိုအခါ မိမိဥစ္စာ ပညာဖြင့်ဖောက်ထွင်း၍ မြင်လတ္တံ့ (ဟု ဤဂါထာတို့ကို မိန့်ဆိုတော်မူခဲ့၏)။
၂၁၅။ ‘‘တတောဟံ အတိသံဝိဂ္ဂါ, သုတွာ ဂါထာ သုဘာသိတာ၊
တတြဋ္ဌိတာဝဟံ သန္တီ, အရဟတ္တမပါပုဏိံ။
၂၁၅။ ထိုအခါ ငါသည် ကောင်းစွာ မိန့်ဆိုတော်မူသော ဂါထာတို့ကို ကြားနာရသော် အလွန်ထိတ်လန့်သည်ဖြစ်၍ ထိုနေရာ၌ ရပ်တည်လျက်သာလျှင် ငါသည် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၂၁၆။ ‘‘ယတ္ထ ယတ္ထ နိသိန္နာဟံ, သဒါ ဈာနပရာယနာ၊
ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ။
၂၁၆။ အကြင်အကြင်အရပ်၌ နေသော ငါသည် အခါခပ်သိမ်း ဈာန်သာလျှင် လဲလျောင်း ရာရှိ၏၊ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်တော်မူ၍ ငါ့ကို ဧတဒဂ်အရာ၌ ထားတော် မူ၏။
၂၁၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၂၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၁၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၂၁၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးအပ်ပါပြီ။
၂၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ နန္ဒာ ဘိက္ခုနီ ဇနပဒကလျာဏီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နန္ဒာထေရိယာပဒါနံ ပဉ္စမံ။
၂၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဇနပဒကလျာဏီမည်သော နန္ဒာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ငါးခုမြောက် နန္ဒာထေရီအပဒါန ပြီး၏။
၆။ သောဏာထေရီအပဒါန
၂၂၀။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၆-သောဏာထေရီအပဒါန ၂၂၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံးစုံ သော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။
၂၂၁။ ‘‘တဒါ သေဋ္ဌိကုလေ ဇာတာ, သုခိတာ ပူဇိတာ ပိယာ၊
ဥပေတွာ တံ မုနိဝရံ, အဿောသိံ မဓုရံ ဝစံ။
၂၂၁။ ထိုအခါ ငါသည် သူဌေးမျိုး၌ ဖြစ်၍ ချမ်းသာခြင်းသို့ ရောက်၏၊ ပူဇော်ခံရ၏၊ ချစ်မြတ်နိုးခြင်းခံရ၏။ ငါသည် ထိုမြတ်စွာဘုရားသို့ ချဥ်းကပ်၍ ချိုသာသော တရားစကား ကို နာကြားခဲ့၏။
၂၂၂။ ‘‘အာရဒ္ဓဝီရိယာနဂ္ဂံ, ဝဏ္ဏေသိ [ဝဏ္ဏေတိ (သျာ။)] ဘိက္ခုနိံ ဇိနော၊
တံ သုတွာ မုဒိတာ ဟုတွာ, ကာရံ ကတွာန သတ္ထုနော။
၂၂၂။ ထက်သန်သော လုံ့လဝီရိယရှိသူတို့တွင် အမြတ်ဆုံးဟု ရဟန်းမိန်းမကို ချီးကျူးတော်မူ၏၊ မြတ်စွာဘုရား၏ ချီးကျူးသော စကားကို နာကြားရသော် ဝမ်းမြောက်သည် ဖြစ်၍ မြတ်စွာဘုရားအားကောင်းမှုကို ပြုပြီးလျှင် -
၂၂၃။ ‘‘အဘိဝါဒိယ သမ္ဗုဒ္ဓံ, ဌာနံ တံ ပတ္ထယိံ တဒါ၊
အနုမောဒိ မဟာဝီရော, ‘သိဇ္ဈတံ ပဏိဓီ တဝ။
၂၂၃။ မြတ်စွာဘုရားကို ရှိခိုးလျက် ထိုအရာအထူးကို ဆုတောင်းခဲ့၏၊ ထိုအခါ မြတ်စွာ ဘုရားသည် “သင်၏ ဆုတောင်းခြင်းသည် ပြည့်စုံစေသတည်း”ဟု အနုမောဒနာပြုတော်မူ၏။
၂၂၄။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၂၄။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၂၅။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
သောဏာတိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝိကာ’။
၂၂၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သမီးတော်ဖြစ်၍အမည်အားဖြင့် ‘သောဏာ’ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။
၂၂၆။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တာ ပရိစရိံ, ပစ္စယေဟိ ဝိနာယကံ။
၂၂၆။ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်းဖြစ်၍ အသက်ထက်ဆုံး မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် မေတ္တာစိတ်ရှိလျက် လုပ်ကျွေးခဲ့၏။
၂၂၇။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၂၇။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် တာဝတိံသာဘုံသို့ ရောက်ရ၏။
၂၂၈။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ သေဋ္ဌိကုလေ အဟံ၊
သာဝတ္ထိယံ ပုရဝရေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၂၂၈။ ဤယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ငါသည် သာဝတ္ထိပြည်တော်တွင် ပြည့်စုံ ကြွယ်ဝသောများသော ဥစ္စာရှိသော သူဌေးမျိုး၌ ဖြစ်၏။
၂၂၉။ ‘‘ယဒါ စ ယောဗ္ဗနပ္ပတ္တာ, ဂန္တွာ ပတိကုလံ အဟံ၊
ဒသ ပုတ္တာနိ အဇနိံ, သုရူပါနိ ဝိသေသတော။
၂၂၉။ ငါသည် အကြင်အခါ၌ အရွယ်သို့ ရောက်၏၊ ထိုအခါ လင့်အိမ်သို့ လိုက်သွားပြီး လျှင်အထူးသဖြင့် ရုပ်အဆင်းလှကုန်သော သားသမီးဆယ်ယောက်တို့ကို မွေးဖွားခဲ့၏။
၂၃၀။ ‘‘သုခေဓိတာ စ တေ သဗ္ဗေ, ဇနနေတ္တမနောဟရာ၊
အမိတ္တာနမ္ပိ ရုစိတာ, မမ ပဂေဝ တေ ပိယာ။
၂၃၀။ ထိုသားသမီး အားလုံးတို့သည်ပင် ချမ်းသာသဖြင့် ကြီးပွါးရကုန်၏၊ လူတို့၏ မျက်စိနှင့် စိတ်ကိုဆွဲဆောင်နိုင်ကုန်၏၊ ရန်သူတို့သည်သော် လည်း ချစ်နှစ်သက်အပ်ကုန်၏၊ ထိုသားသမီးတို့ကို ငါ၏ချစ်ခြင်းသည် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
၂၃၁။ ‘‘တတော မယှံ အကာမာယ, ဒသပုတ္တပုရက္ခတော၊
ပဗ္ဗဇိတ္ထ သ မေ ဘတ္တာ, ဒေဝဒေဝဿ သာသနေ။
၂၃၁။ ထိုအခါ ငါသည် အလိုမရှိ (အခွင့်မပြု) ဘဲ ထိုငါ၏ လင်သည် သားသမီး ဆယ်ယောက်ကိုရှေ့သွားပြုလျက် မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၏။
၂၃၂။ ‘‘တဒေကိကာ ဝိစိန္တေသိံ, ဇီဝိတေနာလမတ္ထု မေ၊
စတ္တာယ ပတိပုတ္တေဟိ, ဝုဍ္ဎာယ စ ဝရာကိယာ။
၂၃၂။ ထိုအခါ ငါသည် တစ်ယောက်တည်း ကြံစည်၏၊ လင်သားတို့သည် စွန့်ပစ် အပ်သည်ဖြစ်၍အရွယ်လည်းကြီးလျက် အထီးကျန်သော ငါ့အား အသက်ရှင်ခြင်းဖြင့် အကျိုး မရှိသည် ဖြစ်၏။
၂၃၃။ ‘‘အဟမ္ပိ တတ္ထ ဂစ္ဆိဿံ, သမ္ပတ္တော ယတ္ထ မေ ပတိ၊
ဧဝါဟံ စိန္တယိတွာန, ပဗ္ဗဇိံ အနဂါရိယံ။
၂၃၃။ အကြင်သာသနာတော်သို့ ငါ၏ လင်သည် ရောက်၏၊ ထိုသာသနာတော်သို့ ငါသည်လည်းသွားအံ့ဟု ဤသို့ ငါသည် ကြံစည်ပြီးလျှင် ရဟန်းမိန်းမဘောင်သို့ ဝင်ရောက် ခဲ့၏။
၂၃၄။ ‘‘တတော စ မံ ဘိက္ခုနိယော, ဧကံ ဘိက္ခုနုပဿယေ၊
ဝိဟာယ ဂစ္ဆုမောဝါဒံ, တာပေဟိ ဥဒကံ ဣတိ။
၂၃၄။ ထိုအခါ ရဟန်းမတို့သည် ငါ့ကို တစ်ယောက်တည်း ရဟန်းမကျောင်း၌ ရေကို ပူစေလော့ (ရေနွေးကျိုလော့)ဟု ဤသို့ ချန်ထားခဲ့၍ အဆုံးအမခံယူရာသို့ သွားကုန်၏။
၂၃၅။ ‘‘တဒါ ဥဒကမာဟိတွာ, ဩကိရိတွာန ကုမ္ဘိယာ၊
စုလ္လေ ဌပေတွာ အာသီနာ, တတော စိတ္တံ သမာဒဟိံ။
၂၃၅။ ထိုအခါ ငါသည် ရေကို ဆောင်ယူ၍ အိုး၌ သွန်းလောင်းလျက် ခုံလောက်၌ တည်ထားပြီးလျှင် ထိုင်နေခဲ့၏၊ ထိုအခါ ငါသည် စိတ်ကို ကောင်းစွာ ဆောက်တည်၏။
၂၃၆။ ‘‘ခန္ဓေ အနိစ္စတော ဒိသွာ, ဒုက္ခတော စ အနတ္တတော၊
ခေပေတွာ အာသဝေ သဗ္ဗေ, အရဟတ္တမပါပုဏိံ။
၂၃၆။ ခန္ဓာ၌ မမြဲသောအားဖြင့်လည်းကောင်း၊ ဆင်းရဲသောအားဖြင့်လည်းကောင်း၊ အတ္တမဟုတ်သောအားဖြင့်လည်းကောင်း ရှုမြင်၍ အာသဝေါအားလုံးကို ကုန်ခန်းစေလျက် အရဟတ္တ ဖိုလ်သို့ရောက်၏။
၂၃၇။ ‘‘တဒါဂန္တွာ ဘိက္ခုနိယော, ဥဏှောဒကမပုစ္ဆိသုံ၊
တေဇောဓာတုမဓိဋ္ဌာယ, ခိပ္ပံ သန္တာပယိံ ဇလံ။
၂၃၇။ ထိုအခါ ရဟန်းမတို့သည် ပြန်လာ၍ ရေနွေးကို မေးကုန်၏၊ တေဇောဓာတ်ကို အဓိဋ္ဌာန်၍ ရေကိုမြန်စွာ ပူနွေးစေခဲ့၏။
၂၃၈။ ‘‘ဝိမှိတာ တာ ဇိနဝရံ, ဧတမတ္ထမသာဝယုံ၊
တံ သုတွာ မုဒိတော နာထော, ဣမံ ဂါထံ အဘာသထ။
၂၃၈။ ထိုရဟန်းမတို့သည် အံ့ဩကုန်၍ ဘုရားမြတ်အား ဤအကြောင်းကို လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ထိုစကားကို ကြားရသော် ဝမ်းမြောက်တော်မူ၍ ဤဂါထာကို မိန့်တော်မူ၏-
၂၃၉။ ‘‘‘ယော စ ဝဿသတံ ဇီဝေ, ကုသီတော ဟီနဝီရိယော၊
ဧကာဟံ ဇီဝိတံ သေယျော, ဝီရိယမာရဘတော ဒဠှံ’။
၂၃၉။ အကြင်သူသည် ပျင်းရိယုတ်လျော့သော လုံ့လရှိလျက် အနှစ်တစ်ရာပတ်လုံး အသက်ရှင်၏၊ ထိုသူထက် ဝီရိယကို မြဲမြံစွာ အားထုတ်သူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းသည် မြတ်၏ (ဟု ဤဂါထာကိုမိန့်ဆိုတော်မူ၏)။
၂၄၀။ ‘‘အာရာဓိတော မဟာဝီရော, မယာ သုပ္ပဋိပတ္တိယာ၊
အာရဒ္ဓဝီရိယာနဂ္ဂံ, မမာဟ သ မဟာမုနိ။
၂၄၀။ မြတ်စွာဘုရားသည် ငါ၏ ကောင်းသော အကျင့်၌ နှစ်သက်တော်မူ၏၊ ထိုမြတ်စွာ ဘုရားသည် ငါ့အား ထက်သန်သော လုံ့လဝီရိယရှိသူတို့ထက် မြတ်၏ဟု မိန့်ဆိုတော်မူ၏။
၂၄၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၂၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၄၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၂၄၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးအပ်ပါပြီ။
၂၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ သောဏာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သောဏာထေရိယာပဒါနံ ဆဋ္ဌံ။
၂၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သောဏာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခြောက်ခုမြောက် သောဏာထေရီအပဒါန ပြီး၏။
၇။ ဘဒ္ဒကာပိလာနီထေရီအပဒါန
၂၄၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ [သဗ္ဗဓမ္မေသု စက္ခုမာ (သီ။ ပီ။)]၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၇-ဘဒ္ဒကာပိလာနီထေရီအပဒါန ၂၄၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်းရောက်တော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။
၂၄၅။ ‘‘တဒါဟု ဟံသဝတိယံ, ဝိဒေဟော နာမ နာမတော [နာမကော (သျာ။ ပီ။)]၊
သေဋ္ဌီ ပဟူတရတနော, တဿ ဇာယာ အဟောသဟံ။
၂၄၅။ ထိုအခါ ဟံသာဝတီပြည်၌ များစွာသော ရတနာရှိသော အမည်အားဖြင့် ‘ဝိဒေဟ’ အမည်ရှိသောသူဌေးသည် ရှိ၏၊ ငါသည် ထိုသူဌေး၏ အိမ်သူမယား ဖြစ်ခဲ့၏။
၂၄၆။ ‘‘ကဒါစိ သော နရာဒိစ္စံ, ဥပေစ္စ သပရိဇ္ဇနော၊
ဓမ္မမဿောသိ ဗုဒ္ဓဿ, သဗ္ဗဒုက္ခဘယပ္ပဟံ [ဒုက္ခက္ခယာဝဟံ (သျာ။)]။
၂၄၆။ တစ်ရံရောအခါ ထိုသူဌေးသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားသို့ ချဥ်းကပ်၍ဘေးဒုက္ခအလုံးစုံကို ပယ်ဖျောက်တတ်သော ဘုရားမြတ်တရားတော်ကို နာကြား၏။
၂၄၇။ ‘‘သာဝကံ ဓုတဝါဒါနံ, အဂ္ဂံ ကိတ္တေသိ နာယကော၊
သုတွာ သတ္တာဟိကံ ဒါနံ, ဒတွာ ဗုဒ္ဓဿ တာဒိနော။
၂၄၇။ မြတ်စွာဘုရားသည် တပည့်သာဝကကို ဓူတင်၏ ဂုဏ်ကျေးဇူးတို့တွင် အမြတ်ဆုံးဟု ချီးကျူး (မိန့်ကြား)တော်မူ၏၊ သူဌေးသည် (ထိုစကားကို) ကြားနာရသော် တာဒိဂုဏ် ရှိသော မြတ်စွာဘုရားအားခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူ၍-
၂၄၈။ ‘‘နိပစ္စ သိရသာ ပါဒေ, တံ ဌာနမဘိပတ္ထယိံ၊
သ ဟာသယန္တော ပရိသံ, တဒါ ဟိ နရပုင်္ဂဝေါ။
၂၄၈။ ခြေတော်တို့ကို ဦးဖြင့် တိုက်ပြီးလျှင် ထိုအရာအထူးကို ဆုတောင်းခဲ့၏၊ ထိုအခါ လူတို့၏အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် မိမိပရိသတ်ကို ရွှင်လန်းစေ လျက်-
၂၄၉။ ‘‘သေဋ္ဌိနော အနုကမ္ပာယ, ဣမာ ဂါထာ အဘာသထ၊
‘လစ္ဆသေ ပတ္ထိတံ ဌာနံ, နိဗ္ဗုတော ဟောဟိ ပုတ္တက။
၂၄၉။ သူဌေးအား အစဥ်စောင့်ရှောက်ခြင်းဖြင့် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏၊ သူဌေးသားတောင့်တသော အရာအထူးကိို ရလတ္တံ့၊ ငြိမ်းအေးသူ ဖြစ်လော့။
၂၅၀။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၅၀။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့။
၂၅၁။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ကဿပေါ နာမ ဂေါတ္တေန, ဟေဿတိ သတ္ထု သာဝကော’။
၂၅၁။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်၍အမည်အားဖြင့် ကဿပအမည်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
၂၅၂။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တော ပရိစရိ, ပစ္စယေဟိ ဝိနာယကံ။
၂၅၂။ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်းဖြစ်၍ အသက်ထက်ဆုံး မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် မေတ္တာစိတ်ရှိသည် ဖြစ်၍ လုပ်ကျွေးခဲ့၏။
၂၅၃။ ‘‘သာသနံ ဇောတယိတွာန, သော မဒ္ဒိတွာ ကုတိတ္ထိယေ၊
ဝေနေယျံ ဝိနယိတွာ စ, နိဗ္ဗုတော သော သသာဝကော။
၂၅၃။ ထိုမြတ်စွာဘုရားသည် သာသနာတော်ကို ထွန်းလင်းစေ၍ စက်ဆုပ်ဖွယ်ဖြစ်သော တိတ္ထိတို့ကိုနှိမ်နင်းပြီးလျှင် ဝေနေယျသတ္တဝါကိုလည်း ဆုံးမလျက် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန်ပြုတော်မူ၏။
၂၅၄။ ‘‘နိဗ္ဗုတေ တမှိ လောကဂ္ဂေ, ပူဇနတ္ထာယ သတ္ထုနော၊
ဉာတိမိတ္တေ သမာနေတွာ, သဟ တေဟိ အကာရယိ။
၂၅၄။ ထိုမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူလတ်သော် မြတ်စွာဘုရားအား ပူဇော်ခြင်း အကျိုးငှါဆွေမျိုးမိတ်ဆွေတို့ကို (ခေါ်ဆောင်) စုဝေး၍ ထိုသူတို့နှင့် တကွ-
၂၅၅။ ‘‘သတ္တယောဇနိကံ ထူပံ, ဥဗ္ဗိဒ္ဓံ ရတနာမယံ၊
ဇလန္တံ သတရံသိံဝ, သာလရာဇံဝ ဖုလ္လိတံ။
၂၅၅။ ရတနာတို့ဖြင့် ပြီးသော ‘နေကဲ့သို့’ တောက်ပသော ‘ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကဲ့သို့’အမြင့်ခုနစ်ယူဇနာရှိသော ပုထိုးစေတီတော်ကို ပြုလုပ်တည်ထားခဲ့၏။
၂၅၆။ ‘‘သတ္တသတသဟဿာနိ, ပါတိယော [စာတိယော (သျာ။)] တတ္ထ ကာရယိ၊
နဠဂ္ဂီ ဝိယ ဇောတန္တီ [ဇောတန္တေ (သျာ။ ပီ။)], ရတနေဟေဝ သတ္တဟိ။
၂၅၆။ ထိုပုထိုးစေတီ၌ ‘ကျူမီးကဲ့သို့’ တောက်ပစေလျက် ရတနာခုနစ်ပါးတို့ဖြင့်သာလျှင်ခွက်ခုနစ်သိန်းတို့ကို ပြုလုပ်လှူဒါန်းခဲ့၏။
၂၅၇။ ‘‘ဂန္ဓတေလေန ပူရေတွာ, ဒီပါနုဇ္ဇလယီ တဟိံ၊
ပူဇနတ္ထာယ [ပူဇတ္ထာယ (သီ။ က။)] မဟေသိဿ, သဗ္ဗဘူတာနုကမ္ပိနော။
၂၅၇။ အလုံးစုံသော သတ္တဝါတို့အား အစဥ်စောင့်ရှောက် သနားတော်မူသော မြတ်စွာ ဘုရားအားပူဇော်ခြင်းအကျိုးငှါ ထိုခွက်ခုနစ်သိန်း၌ နံ့သာဆီဖြင့် ပြည့်စေ၍ ဆီမီးတို့ကို ထွန်းညှိခဲ့၏။
၂၅၈။ ‘‘သတ္တသတသဟဿာနိ, ပုဏ္ဏကုမ္ဘာနိ ကာရယိ၊
ရတနေဟေဝ ပုဏ္ဏာနိ, ပူဇနတ္ထာယ မဟေသိနော။
၂၅၈။ မြတ်စွာဘုရားကို ပူဇော်ခြင်းအကျိုးငှါ ရတနာတို့ဖြင့်သာလျှင် ပြည့်ကုန်သော ရေပြည့်အိုးခုနစ်သိန်းတို့ကို ပြုလုပ်လှူဒါန်းခဲ့၏။
၂၅၉။ ‘‘မဇ္ဈေ အဋ္ဌဋ္ဌကုမ္ဘီနံ, ဥဿိတာ ကဉ္စနဂ္ဃိယော၊
အတိရောစန္တိ ဝဏ္ဏေန, သရဒေဝ ဒိဝါကရော။
၂၅၉။ ရှစ်လုံးရှစ်လုံးသော အိုးတို့၏ အလယ်၌ စိုက်ထောင်အပ်ကုန်သော ရွှေတုရိုဏ်တိုင် တို့သည်‘တန်ဆောင်မုန်းလ၌ (ထွက်သော) နေကဲ့သို့’ အဆင်းအရောင်ဖြင့် အလွန် တင့် တယ်ကုန်၏။
၂၆၀။ ‘‘စတုဒွါရေသု သောဘန္တိ, တောရဏာ ရတနာမယာ၊
ဥဿိတာ ဖလကာ ရမ္မာ, သောဘန္တိ ရတနာမယာ။
၂၆၀။ တံခါးလေးခုတို့၌ ရတနာဖြင့် ပြီးကုန်သော တုရိုဏ်တိုင်တို့သည် တင့်တယ်ကုန်၏၊ စိုက်ထောင်အပ်ကုန်သော မွေ့လျော်ဖွယ် ရတနာပျဥ်ချပ်တို့သည်လည်း တင့်တယ်ကုန်၏။
၂၆၁။ ‘‘ဝိရောစန္တိ ပရိက္ခိတ္တာ [ပရိက္ခာယော (သျာ။)], အဝဋံသာ သုနိမ္မိတာ၊
ဥဿိတာနိ ပဋာကာနိ, ရတနာနိ ဝိရောစရေ။
၂၆၁။ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော ဦးဆောက်ပန်းတို့သည် ခြံရံအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ စိုက်ထူအပ်ကုန်သော ရတနာတံခွန် ကြက်လျှာတို့သည် တင့်တယ်ကုန်၏။
၂၆၂။ ‘‘သုရတ္တံ သုကတံ စိတ္တံ, စေတိယံ ရတနာမယံ၊
အတိရောစတိ ဝဏ္ဏေန, သသဉ္ဈောဝ [သသဇ္ဈာဝ (သျာ။ က။), သသဉ္ဇာဝ (ပီ။)] ဒိဝါကရော။
၂၆၂။ ကောင်းစွာ နီမြန်းသော ဆန်းကြယ်အောင် ကောင်းစွာ ပြုလုပ်အပ်သော ရတနာ ဖြင့်ပြီးသောစေတီတော်သည် ‘ဆည်းဆာရောင်နှင့်တကွသော နေမင်းကဲ့သို့’ အဆင်းအရောင် ဖြင့် အလွန်တင့်တယ်၏။
၂၆၃။ ‘‘ထူပဿ ဝေဒိယော တိဿော, ဟရိတာလေန ပူရယိ၊
ဧကံ မနောသိလာယေကံ, အဉ္ဇနေန စ ဧကိကံ။
၂၆၃။ ပုထိုးစေတီအား သုံးမျိုးသော ပွတ်တိုင်အစဥ်တို့ ရှိကုန်၏၊ ထိုတွင် တစ်တန်း သောပွတ်တိုင်အစဥ်ကို ဆေးဒါန်းဖြင့် ပြည့်စေ၏၊ တစ်တန်းသော ပွတ်တိုင်အစဥ်ကို မြင်းသီလာဖြင့် ပြည့်စေ၏၊ တစ်တန်းသော ပွတ်တိုင်အစဥ်ကိုလည်း မျက်စဥ်းကျောက်ညိုဖြင့် ပြည့်စေ၏။
၂၆၄။ ‘‘ပူဇံ ဧတာဒိသံ ရမ္မံ, ကာရေတွာ ဝရဝါဒိနော၊
အဒါသိ ဒါနံ သံဃဿ, ယာဝဇီဝံ ယထာဗလံ။
၂၆၄။ ဤသို့သဘောရှိသော မွေ့လျော်ဖွယ် ပူဇော်ခြင်းကို ပြုလုပ်စေ၍ မြတ်သော တရားကိုဟောတော်မူသော မြတ်စွာဘုရားအားလည်းကောင်း၊ သံဃာအားလည်းကောင်း အသက်ထက်ဆုံးစွမ်းအားရှိသလောက် အလှူကို ပေးလှူခဲ့၏။
၂၆၅။ ‘‘သဟာဝ သေဋ္ဌိနာ တေန, တာနိ ပုညာနိ သဗ္ဗသော၊
ယာဝဇီဝံ ကရိတွာန, သဟာဝ သုဂတိံ ဂတာ။
၂၆၅။ ငါသည် ထိုသူဌေးနှင့် အတူတကွသာလျှင် ထိုကောင်းမှုတို့ကို အချင်းခပ်သိမ်း အသက်ရှည်သမျှပြု၍ သူဌေးနှင့် အတူတကွသာလျှင် ကောင်းမှု ပြုသူတို့ လားရာ ‘သုဂတိ’ ဘဝသို့ ရောက်ရ၏။
၂၆၆။ ‘‘သမ္ပတ္တိယောနုဘောတွာန, ဒေဝတ္တေ အထ မာနုသေ၊
ဆာယာ ဝိယ သရီရေန, သဟ တေနေဝ သံသရိံ။
၂၆၆။ နတ်ဘဝ၌လည်းကောင်း၊ လူ့ဘဝ၌လည်းကောင်း စည်းစိမ်ကို ခံစား၍ ‘အရိပ် သည်ကိုယ်နှင့်တကွ ဖြစ်သကဲ့သို့’ ထိုသူဌေးနှင့် တကွသာလျှင် ကျင်လည်ခဲ့ရ၏။
၂၆၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ နာမ နာယကော၊
ဥပ္ပဇ္ဇိ စာရုဒဿနော, သဗ္ဗဓမ္မဝိပဿကော။
၂၆၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တင့်တယ်စွာ ရှုကြည့်စဖွယ်ရှိသော တရားအလုံးစုံတို့ကို ရှုမြင်တော်မူသော ဝိပဿီအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော် မူ၏။
၂၆၈။ ‘‘တဒါယံ ဗန္ဓုမတိယံ, ဗြာဟ္မဏော သာဓုသမ္မတော၊
အဍ္ဎော သန္တော ဂုဏေနာပိ [သတ္ထာဂမေနာသိ (သီ။)], ဓနေန စ သုဒုဂ္ဂတော။
၂၆၈။ ထိုအခါ ထိုသူဌေးသည် ဗန္ဓုမတီပြည်၌ သူတော်ကောင်းဟု သမုတ်အပ်သော ပုဏ္ဏားဖြစ်၍ဂုဏ်အားဖြင့်လည်း ကြွယ်ဝသူ ဖြစ်လျက် ဥစ္စာအားဖြင့်မူကား အလွန်ဆင်းရဲသူ ဖြစ်၏။
၂၆၉။ ‘‘တဒါပိ တဿာဟံ အာသိံ, ဗြာဟ္မဏီ သမစေတသာ၊
ကဒါစိ သော ဒိဇဝရော, သင်္ဂမေသိ မဟာမုနိံ။
၂၆၉-၂၇၀။ ထိုအခါ ငါသည်လည်း ထိုပုဏ္ဏား၏ တူမျှသော စိတ်ရှိသော ပုဏ္ဏေးမ ဖြစ်ခဲ့၏၊ တစ်ရံရောအခါ ထိုပုဏ္ဏားမြတ်သည် လူအပေါင်း၏ အလယ်၌ ထိုင်လျက် အမြိုက် နိဗ္ဗာန်ကိုဟောတော်မူသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏၊ တရားကို နာကြားရသော် ဝမ်းမြောက်သူဖြစ်၍ပုဆိုးတစ်ထည်ကို လှူဒါန်း၏။
၂၇၀။ ‘‘နိသိန္နံ ဇနကာယမှိ, ဒေသေန္တံ အမတံ ပဒံ၊
သုတွာ ဓမ္မံ ပမုဒိတော, အဒါသိ ဧကသာဋကံ။
၂၇၁။ ‘‘ဃရမေကေန ဝတ္ထေန, ဂန္တွာနေတံ သ မဗြဝိ [မမဗြဝိ (သီ။ သျာ။ ပီ။)]၊
‘အနုမောဒ မဟာပုညံ [မဟာပညေ (သီ။), မဟာပုညေ (သျာ။ က။)], ဒိန္နံ ဗုဒ္ဓဿ သာဋကံ’။
၂၇၁။ ပုဆိုးတစ်ထည်ဖြင့် အိမ်သို့ ပြန်လာ၍ မြတ်စွာဘုရားအား ပုဆိုးကို လှူဒါန်းခဲ့၏၊ မြတ်သောကောင်းမှုကို ဝမ်းမြောက်ပါလော့ဟု ဤစကားကို ကောင်းစွာ ပြောဆို၏။
၂၇၂။ ‘‘တဒါဟံ အဉ္ဇလိံ ကတွာ, အနုမောဒိံ သုပီဏိတာ [သုဝိဒိတာ (သျာ။), သုပီတိယာ (က။)]၊
‘သုဒိန္နော သာဋကော သာမိ, ဗုဒ္ဓသေဋ္ဌဿ တာဒိနော’။
၂၇၂။ ထိုအခါ ငါသည် လက်အုပ်ချီ၍ အရှင် တာဒိဂုဏ်နှင့် ပြည့်စုံသော ဘုရားမြတ်အား ပုဆိုးကိုကောင်းစွာ လှူအပ်ပါပေ၏ဟု အလွန် နှစ်သက်သူဖြစ်၍ အနုမောဒနာ ပြုခဲ့၏။
၂၇၃။ ‘‘သုခိတော သဇ္ဇိတော ဟုတွာ, သံသရန္တော ဘဝါဘဝေ၊
ဗာရာဏသိပုရေ ရမ္မေ, ရာဇာ အာသိ မဟီပတိ။
၂၇၃။ ဘဝကြီးငယ်၌ ကျင်လည်ရသော် ချမ်းသာခြင်းသို့ ရောက်၏၊ တန်ဆာဆင်ယင် အပ်သည်ဖြစ်၍ပျော်မွေ့ဖွယ်ရှိသော ဗာရာဏသီပြည်၌ ရေမြေကို အစိုးရသော မင်းဖြစ်၏။
၂၇၄။ ‘‘တဒါ တဿ မဟေသီဟံ, ဣတ္ထိဂုမ္ဗဿ ဥတ္တမာ၊
တဿာတိ ဒယိတာ [တဿာဝိ ဒုတိယိကာ (သျာ။)] အာသိံ, ပုဗ္ဗသ္နေဟေန ဘတ္တုနော [စုတ္တရိ (သျာ။ ပီ။ က။)]။
၂၇၄။ ထိုအခါ ငါသည် ထိုမင်း၏ မိန်းမအပေါင်းထက် မြတ်သော မိဖုရား ဖြစ်ခဲ့၏၊ ထို အရှင်သခင်၏ရှေးဘဝ၌ ဖြစ်သော ချစ်ခြင်းဖြင့်လည်း အလွန့်အလွန် ချစ်ခင်ကြင်နာခံရသူ ဖြစ်၏။
၂၇၅။ ‘‘ပိဏ္ဍာယ ဝိစရန္တေ တေ [သော (သီ။ သျာ။ ပီ။)], အဋ္ဌ ပစ္စေကနာယကေ၊
ဒိသွာ ပမုဒိတော ဟုတွာ, ဒတွာ ပိဏ္ဍံ မဟာရဟံ။
၂၇၅။ ထိုမင်းသည် ဆွမ်းအကျိုးငှါ လှည့်လည်ကုန်သော ထိုပစ္စေကဗုဒ္ဓါရှစ်ပါးတို့ကို ဖူးမြင်ရသော် ဝမ်းမြောက်ခြင်းဖြစ်၍ သူမြတ်တို့အားသာ ထိုက်သော ဆွမ်းကို ပေးလှူပြီး လျှင်-
၂၇၆။ ‘‘ပုနော နိမန္တယိတွာန, ကတွာ ရတနမဏ္ဍပံ၊
ကမ္မာရေဟိ ကတံ ပတ္တံ [ကတံ ဆတ္တံ (သီ။), ကတမဋ္ဌံ (သျာ။)], သောဝဏ္ဏံ ဝတ တတ္တကံ။
၂၇၆။ တစ်ဖန် ပင့်ဖိတ်၍ ရတနာမဏ္ဍပ်ကို ပြုလုပ်လျက် ပန်းပဲသမားတို့သည် ပြုအပ် သောရွှေအဆင်းရှိသော ထိုပစ္စေကဗုဒ္ဓါတို့၏ အမျှဖြစ်သော ရှစ်လုံးသော သပိတ်ကို-
၂၇၇။ ‘‘သမာနေတွာန တေ သဗ္ဗေ, တေသံ ဒါနမဒါသိ သော၊
သောဏ္ဏာသနေ ပဝိဋ္ဌာနံ, ပသန္နော သေဟိ ပါဏိဘိ။
၂၇၇။ တစ်ပေါင်းတည်း ဆောင်၍ ထိုမင်းသည် ထိုသပိတ်အားလုံးတို့ကို စုပေါင်းပြီးလျှင် ရွှေဖြင့်ပြီးသောနေရာ၌ ကြွဝင်ကုန်သော ထိုပစ္စေကဗုဒ္ဓါတို့အား ကြည်ညို၍ မိမိလက်တို့ဖြင့် အလှူကို ပေးလှူ၏။
၂၇၈။ ‘‘တမ္ပိ ဒါနံ သဟာဒါသိံ, ကာသိရာဇေနဟံ တဒါ၊
ပုနာဟံ ဗာရာဏသိယံ, ဇာတာ ကာသိကဂါမကေ။
၂၇၈။ ထိုအခါ ငါသည် ထိုအလှူကိုလည်း ကာသိမင်းနှင့်တကွ လှူခဲ့၏၊ တစ်ဖန် ငါသည်ဗာရာဏသီပြည် ကာသိရွာငယ်၌ ဖြစ်၏၊
၂၇၉။ ‘‘ကုဋုမ္ဗိကကုလေ ဖီတေ, သုခိတော သော သဘာတုကော၊
ဇေဋ္ဌဿ ဘာတုနော ဇာယာ, အဟောသိံ သုပတိဗ္ဗတာ။
၂၇၉။ ထိုမင်းသည် ပြည့်စုံသော သူကြွယ်မျိုး၌ ညီရှိသူဖြစ်၍ ချမ်းသာခြင်းသို့ ရောက်၏၊ ငါသည်လင့်အလိုသို့ လိုက်တတ်သူ အစ်ကိုကြီး၏ အိမ်သူမယား ဖြစ်ခဲ့၏။
၂၈၀။ ‘‘ပစ္စေကဗုဒ္ဓံ ဒိသွာန, ကနိယဿ မမ ဘတ္တုနော [ဘတ္တုကနိယသော (သျာ။)]၊
ဘာဂန္နံ တဿ ဒတွာန, အာဂတေ တမှိ ပါဝဒိံ။
၂၈၀။ ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရသော် ငါ့လင်၏ ညီငယ်ဖြစ်သော မတ်၏ အဖို့ဖြစ်သော ထမင်းကိုထိုပစ္စေကဗုဒ္ဓါအား ပေးလှူခြင်းကြောင့် ထိုမတ်သည် လာလတ်သော် ဆဲရေးလေ၏။
၂၈၁။ ‘‘နာဘိနန္ဒိတ္ထ သော ဒါနံ, တတော တဿ အဒါသဟံ၊
ဥခါ [ဗုဒ္ဓါ (သျာ။)] အာနိယ တံ အန္နံ, ပုနော တဿေဝ သော အဒါ။
၂၈၁။ ထိုမတ်သည် ပေးလှူခြင်းကို မနှစ်သက်၊ ထို့ကြောင့် ငါသည် ထမင်းအိုးမှ ဆောင်ယူ၍ထိုထမင်းကို မတ်အား ပေး၏၊ ထိုမတ်သည် တစ်ဖန် ထိုပစ္စေကဗုဒ္ဓါအားသာလျှင် ပေးလှူ၏။
၂၈၂။ ‘‘တဒန္နံ ဆဍ္ဍယိတွာန, ဒုဋ္ဌာ ဗုဒ္ဓဿဟံ တဒါ၊
ပတ္တံ ကလလပုဏ္ဏံ တံ, အဒါသိံ တဿ တာဒိနော။
၂၈၂။ ထိုအခါ ငါသည် ပစ္စေကဗုဒ္ဓါအား ပြစ်မှား၍ ထိုထမင်းကို စွန့်ပစ်ပြီးလျှင် ထို သပိတ်ကို ညွန်ဖြင့်ပြည့်အောင်ပြု၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ပစ္စေကဗုဒ္ဓါအား ပေးလှူ၏။
၂၈၃။ ‘‘ဒါနေ စ ဂဟဏေ စေဝ, အပစေ ပဒုသေပိ စ၊
သမစိတ္တမုခံ ဒိသွာ, တဒါဟံ သံဝိဇိံ ဘုသံ။
၂၈၃။ ထိုအခါ ပေးလှူခြင်း၌လည်းကောင်း၊ ခံယူခြင်း၌လည်းကောင်း၊ ရိုသေသူ၌လည်းကောင်း၊ ပြစ်မှားသူ၌လည်းကောင်း တူညီသောစိတ် တူညီသောမျက်နှာရှိသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ ငါသည်ပြင်းစွာ ထိတ်လန့်ခဲ့၏။
၂၈၄။ ‘‘ပုနော ပတ္တံ ဂဟေတွာန, သောဓယိတွာ သုဂန္ဓိနာ၊
ပသန္နစိတ္တာ ပူရေတွာ, သဃတံ သက္ကရံ အဒံ။
၂၈၄။ တစ်ဖန် သပိတ်ကို ယူ၍ ကောင်းသော နံ့သာရေဖြင့် ဆေးကြောသုတ်သင်ပြီးလျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ထောပတ်နှင့် တကွသော သကာကို ပြည့်စေလျက် လှူဒါန်း ခဲ့၏။
၂၈၅။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, သုရူပါ ဟောမိ ဒါနတော၊
ဗုဒ္ဓဿ အပကာရေန, ဒုဂ္ဂန္ဓာ ဝဒနေန စ။
၂၈၅။ ငါသည် အကြင်အကြင်ဘဝ၌ ဖြစ်ရ၏၊ ထိုထိုဘဝ၌ အလှူကြောင့် အဆင်းလှသူ ဖြစ်ရ၏၊ ပစ္စေကဗုဒ္ဓါအား ပြစ်မှားခဲ့ခြင်းကြောင့် ခံတွင်းအားဖြင့်မူ မကောင်းသော အနံ့ရှိ၏။
၂၈၆။ ‘‘ပုန ကဿပဝီရဿ, နိဓာယန္တမှိ စေတိယေ၊
သောဝဏ္ဏံ ဣဋ္ဌကံ ဝရံ, အဒါသိံ မုဒိတာ အဟံ။
၂၈၆။ တစ်ဖန် ကဿပမြတ်စွာဘုရား၏ စေတီတည်ထားလတ်သော် ငါသည် ဝမ်း မြောက်သည်ဖြစ်၍မြတ်သော ရွှေအုတ်ချပ်ကို လှူဒါန်းခဲ့၏။
၂၈၇။ ‘‘စတုဇ္ဇာတေန ဂန္ဓေန, နိစယိတွာ တမိဋ္ဌကံ၊
မုတ္တာ ဒုဂ္ဂန္ဓဒေါသမှာ, သဗ္ဗင်္ဂသုသမာဂတာ။
၂၈၇။ ထိုအုပ်ချပ်ကို နံ့သာမျိုးလေးပါးဖြင့် ပေါင်း၍ လှူဒါန်းသောကြောင့် မကောင်း သော အနံ့ရှိသောအပြစ်မှ ကင်းလွတ်၏၊ အလုံးစုံသော ကြန်အင်လက္ခဏာတို့နှင့် ပြည့်စုံ၏။
၂၈၈။ ‘‘သတ္တပါတိသဟဿာနိ, ရတနေဟေဝ သတ္တဟိ၊
ကာရေတွာ ဃတပူရာနိ, ဝဋ္ဋီနိ [ဝဋ္ဋီယော (သီ။)] စ သဟဿသော။
၂၈၈။ ထိုငါ၏ လင်သည် ခွက်ခုနစ်ထောင်တို့ကို ရတနာခုနစ်ပါးတို့ဖြင့် ပြုစေပြီးလျှင် ထောပတ်တို့ဖြင့်ပြည့်သော တစ်ထောင်သော ဆီမီးစာတို့ကိုလည်း-
၂၈၉။ ‘‘ပက္ခိပိတွာ ပဒီပေတွာ, ဌပယိံ သတ္တပန္တိယော၊
ပူဇနတ္ထံ လောကနာထဿ, ဝိပ္ပသန္နေန စေတသာ။
၂၈၉။ ထည့်၍ မြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ အလွန်ကြည်ညိုသော စိတ်ဖြင့် ညှိထွန်း၍ မီးခုနစ်တန်း ပြုလုပ်ထား၏။
၂၉၀။ ‘‘တဒါပိ တမှိ ပုညမှိ, ဘာဂိနီယိ ဝိသေသတော၊
ပုန ကာသီသု သဉ္ဇာတော, သုမိတ္တာ ဣတိ ဝိဿုတော။
၂၉၀။ ထိုအခါ ၌လည်း ငါသည် ထိုကုသိုလ်၌ အထူးသဖြင့် အဖို့ဘာဂရှိ၏၊ ထိုငါ၏ လင်သည် တစ်ဖန်ကာသိတိုင်းတို့၌ ကောင်းစွာ ဖြစ်၍ ‘သုမိတ္တ’ဟူ၍ ထင်ရှားကျော်စော၏။
၂၉၁။ ‘‘တဿာဟံ ဘရိယာ အာသိံ, သုခိတာ သဇ္ဇိတာ ပိယာ၊
တဒါ ပစ္စေကမုနိနော, အဒါသိံ ဃနဝေဌနံ။
၂၉၁။ ငါသည် ထိုသုမိတ္တ၏ မြတ်နိုးချစ်ခင်အပ်သော ချမ်းသာသော မယားဖြစ်ခဲ့၏၊ ထို အခါလည်းသုမိတ္တသည် ပစ္စေကဗုဒ္ဓါအား တစ်ခဲနက်သော သင်းကျစ်တော်ကို လှူခဲ့၏။
၂၉၂။ ‘‘တဿာပိ ဘာဂိနီ အာသိံ, မောဒိတွာ ဒါနမုတ္တမံ၊
ပုနာပိ ကာသိရဋ္ဌမှိ, ဇာတော ကောလိယဇာတိယာ။
၂၉၂။ ငါသည် အလှူမြတ်ကို ဝမ်းမြောက်ခဲ့သောကြောင့် ထိုအလှူ၏လည်း အဖို့ဘာဂရှိ သူ ဖြစ်ခဲ့၏၊ တစ်ဖန် ထိုကာသိတိုင်း ကောလိယမျိုး၌ ဖြစ်၏။
၂၉၃။ ‘‘တဒါ ကောလိယပုတ္တာနံ, သတေဟိ သဟ ပဉ္စဟိ၊
ပဉ္စပစ္စေကဗုဒ္ဓါနံ, သတာနိ သမုပဋ္ဌဟိ။
၂၉၃။ ထိုအခါ ကောလိယအမျိုးသား ငါးရာတို့နှင့်တကွ ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကောင်းစွာလုပ်ကျွေး၏။
၂၉၄။ ‘‘တေမာသံ တပ္ပယိတွာန [ဝါသယိတွာန (သျာ။ ပီ။)], အဒါသိ စ တိစီဝရေ [တိစီဝရံ (သျာ။)]၊
ဇာယာ တဿ တဒါ အာသိံ, ပုညကမ္မပထာနုဂါ။
၂၉၄။ ဝါတွင်း သုံးလပတ်လုံး ရောင့်ရဲစေ၍ သင်္ကန်းသုံးထည်တို့ကို လည်း ပေးလှူ၏၊ ထိုအခါ ငါသည်ကုသိုလ်ကံလမ်းကြောင်းသို့ အစဥ်လိုက်သော ထိုသူ၏ အိမ်သူမယား ဖြစ်ခဲ့၏။
၂၉၅။ ‘‘တတော စုတော အဟု ရာဇာ, နန္ဒော နာမ မဟာယသော၊
တဿာပိ မဟေသီ အာသိံ, သဗ္ဗကာမသမိဒ္ဓိနီ။
၂၉၅။ ထိုဘဝမှ စုတေလတ်သော် ထိုငါ၏ လင်သည် များသော အခြံအရံအကျော်အစော ရှိသောနန္ဒမည်သော မင်းဖြစ်၏၊ ငါသည် ထိုမင်း၏လည်း အလုံးစုံသော ကာမတို့နှင့် ပြည့်စုံ သော မိဖုရားဖြစ်ခဲ့၏။
၂၉၆။ ‘‘တဒါ ရာဇာ ဘဝိတွာန, ဗြဟ္မဒတ္တော မဟီပတိ၊
ပဒုမဝတီပုတ္တာနံ, ပစ္စေကမုနိနံ တဒါ။
၂၉၆-၂၉၇။ ထိုအခါ ရေ မြေကို အစိုးရသော ဗြဟ္မဒတ်မင်း ဖြစ်၍ မယုတ်လျော့ကုန် သောပဒုမဝတီသား ပစ္စေကဗုဒ္ဓ္ဓါငါးရာတို့ကို မင်းဥယျာဥ်၌ နေစေ၍ အသက်ထက်ဆုံး လုပ် ကျွေးခဲ့၏၊ ပရိနိဗ္ဗာန်ပြုသော ပစ္စေကဗုဒ္ဓါတို့ကို လည်း ပူဇော်ခဲ့၏။
၂၉၇။ ‘‘သတာနိ ပဉ္စနူနာနိ, ယာဝဇီဝံ ဥပဋ္ဌဟိံ၊
ရာဇုယျာနေ နိဝါသေတွာ, နိဗ္ဗုတာနိ စ ပူဇယိံ။
၂၉၈။ ‘‘စေတိယာနိ စ ကာရေတွာ, ပဗ္ဗဇိတွာ ဥဘော မယံ၊
ဘာဝေတွာ အပ္ပမညာယော, ဗြဟ္မလောကံ အဂမှသေ။
၂၉၈။ စေတီတို့ကို လည်း ပြုစေပြီးလျှင် ငါတို့ နှစ်ဦးလုံး ရဟန်းပြုလျက် ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ပွါး၍ ဗြဟ္မာ့ပြည်သို့ ရောက်ရကုန်၏။
၂၉၉။ ‘‘တတော စုတော မဟာတိတ္ထေ, သုဇာတော ပိပ္ဖလာယနော၊
မာတာ သုမနဒေဝီတိ, ကောသိဂေါတ္တော ဒိဇော ပိတာ။
၂၉၉။ ထိုဗြဟ္မာ့ပြည်မှ စုတေလတ်သော် ငါ၏ လင်သည် မဟာတိတ္ထရွာ၌ (ပိပ္ဖလာယန) ပိပ္ဖလိလုလင်ဖြစ်၏၊ အမိသည် သုမနဒေဝီ မည်၏၊ အဖသည်ကား ကောသိယအနွယ် ဖြစ်သော ပုဏ္ဏားပေတည်း။
၃၀၀။ ‘‘အဟံ မဒ္ဒေ ဇနပဒေ, သာကလာယ ပုရုတ္တမေ၊
ကပ္ပိလဿ ဒိဇဿာသိံ, ဓီတာ မာတာ သုစီမတိ။
၃၀၀။ ငါသည် မဒ္ဒဇနပုဒ် သာကလမြို့တော်၌ ကပ္ပိလပုဏ္ဏား၏သမီး ဖြစ်၏၊ အမိသည် ‘သုစီမတိ’အမည်ရှိ၏။
၃၀၁။ ‘‘ဃနကဉ္စနဗိမ္ဗေန, နိမ္မိနိတွာန မံ ပိတာ၊
အဒါ ကဿပဓီရဿ, ကာမေဟိ ဝဇ္ဇိတဿမံ။
၃၀၁။ ငါ့အဖသည် ငါ့ကို ရွှေတုံးရုပ်တုဖြင့် ဖလှယ်၍ ကာမတို့မှ ကြဥ်ရှောင်သော ပညာ ရှိဖြစ်သောကဿပလုလင်အား ပေး၏။
၃၀၂။ ‘‘ကဒါစိ သော ကာရုဏိကော, ဂန္တွာ ကမ္မန္တပေက္ခကော၊
ကာကာဒိကေဟိ ခဇ္ဇန္တေ, ပါဏေ ဒိသွာန သံဝိဇိ။
၃၀၂။ တစ်ရံရောအခါ သနားခြင်း ‘ကရုဏာ’ရှိသော ထိုကဿပလုလင်သည် အလုပ် အကိုင် အမှုတို့ကို ကြည့်ရှုလတ်သော် ကျီးစသည်တို့သည် ခဲကုန်သော ပိုးသတ္တဝါတို့ကို တွေ့မြင်သောကြောင့် (သံဝေဂရလေ၏) ထိတ်လန့်၏။
၃၀၃။ ‘‘ဃရေဝါဟံ တိလေ ဇာတေ, ဒိသွာနာတပတာပနေ၊
ကိမိ ကာကေဟိ ခဇ္ဇန္တေ, သံဝေဂမလဘိံ တဒါ။
၃၀၃။ ထိုအခါ ငါသည် အိမ်၌သာလျှင် နေပူလှမ်းသော နှမ်း၌ ဖြစ်သည့် ပိုးတို့ကို ကျီးတို့ခဲသည်တို့ကိုတွေ့မြင်ရ၍ ထိတ်လန့်ခြင်းကို ရ၏။
၃၀၄။ ‘‘တဒါ သော ပဗ္ဗဇီ ဓီရော, အဟံ တမနုပဗ္ဗဇိံ၊
ပဉ္စဝဿာနိ နိဝသိံ, ပရိဗ္ဗာဇဝတေ [ပရိဗ္ဗာဇပထေ (သျာ။ ပီ။)] အဟံ။
၃၀၄။ ထိုအခါ ထိုပညာရှိ ကဿပလုလင်သည် ရဟန်းပြုလေ၏၊ ငါသည် သူ့ကို အတု လိုက်လျက်ရဟန်းပြုခဲ့၏၊ ငါသည် ငါးနှစ်တို့ပတ်လုံး ပရိဗိုဇ်အကျင့်၌ ကျင့်သုံးနေခဲ့၏။
၃၀၅။ ‘‘ယဒါ ပဗ္ဗဇိတာ အာသိ, ဂေါတမီ ဇိနပေါသိကာ၊
တဒါဟံ တမုပဂန္တွာ, ဗုဒ္ဓေန အနုသာသိတာ။
၃၀၅-၃၀၆။ အကြင်အခါ မြတ်စွာဘုရားကို မွေးမြူတတ်သော ဂေါတမီသည် ရဟန်း ပြု၏၊ ထိုအခါငါသည် ထိုဂေါတမီသို့ ချဥ်းကပ်လတ်သော် မြတ်စွာဘုရားသည် ဆုံးမတော်မူ သည်ဖြစ်၍ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏၊ အသရေရှိသော ကဿပ လုလင်၏ (ဘုရားတည်းဟူသော) မိတ်ဆွေကောင်းရှိသည်၏အဖြစ်သည် အံ့ဩဖွယ်ရှိ၏။
၃၀၆။ ‘‘န စိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ၊
အဟော ကလျာဏမိတ္တတ္တံ, ကဿပဿ သိရီမတော။
၃၀၇။ ‘‘သုတော ဗုဒ္ဓဿ ဒါယာဒေါ, ကဿပေါ သုသမာဟိတော၊
ပုဗ္ဗေနိဝါသံ ယော ဝေဒိ, သဂ္ဂါပါယဉ္စ ပဿတိ။
၃၀၇။ ကဿပလုလင်သည် မြတ်စွာဘုရား၏ အမွေခံသား ဖြစ်၍ ကောင်းစွာတည်တံ့၏၊ ရှေးရှေး ဘဝ၌နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ နတ်ဘုံ, အပါယ်ဘုံကိုလည်း မြင်၏။
၃၀၈။ ‘‘အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ၊
ဧတာဟိ တီဟိ ဝိဇ္ဇာဟိ, တေဝိဇ္ဇော ဟောတိ ဗြာဟ္မဏော။
၃၀၈။ ထိုမှတစ်ပါး ကဿပရဟန်းသည် ပြီးဆုံးပြီးသော အဘိညာဥ်ရှိသည်ဖြစ်၍ ဇာတိ ကုန်ရာသို့ရောက်၏၊ ဤဝိဇ္ဇာသုံးပါးတို့ဖြင့် ဝိဇ္ဇာသုံးပါးရှိသော ကိလေသာမှ အပပြုပြီးသူ (ရဟန္တာ) ဖြစ်၏။
၃၀၉။ ‘‘တထေဝ ဘဒ္ဒကာပိလာနီ [ဘဒ္ဒါကာပိလာနီ (သီ။ ပီ။)], တေဝိဇ္ဇာ မစ္စုဟာယိနီ၊
ဓာရေတိ အန္တိမံ ဒေဟံ, ဇိတွာ မာရံ သဝါဟနံ။
၃၀၉။ ထို့အတူပင် (ငါ) ဘဒ္ဒကာပိလာနီသည် ဝိဇ္ဇာသုံးပါးရှိ၏၊ သေခြင်းကို ပယ်စွန့်၏၊ ဗိုလ်ပါနှင့်တကွသော မာရ်ကို အောင်မြင်၍ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။
၃၁၀။ ‘‘ဒိသွာ အာဒီနဝံ လောကေ, ဥဘော ပဗ္ဗဇိတာ မယံ၊
တျမှ ခီဏာသဝါ ဒန္တာ, သီတိဘူတာမှ နိဗ္ဗုတာ။
၃၁၀။ လောက၌ အပြစ်ကို မြင်၍ ငါတို့ နှစ်ဦးလုံး ရဟန်းပြုကုန်၏၊ ထိုငါတို့သည် ကုန်ပြီးသောအာသဝေါရှိကုန်၏၊ ယဥ်ကျေးပြီး ဖြစ်ကုန်၏၊ အေးချမ်းသည်ဖြစ်၍ ငြိမ်းအေးကုန်၏။
၃၁၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၃၁၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၁၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၁၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ဘဒ္ဒကာပိလာနီ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဘဒ္ဒကာပိလာနီထေရိယာပဒါနံ သတ္တမံ။
၃၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဘဒ္ဒကာပိလာနီရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခုနစ်ခုမြောက် ဘဒ္ဒကာပိလာနီထေရီအပဒါန ပြီး၏။
၈။ ယသောဓရာထေရီအပဒါန
၃၁၄။ ဧကသ္မိံ သမယေ ရမ္မေ, ဣဒ္ဓေ ရာဇဂဟေ ပုရေ၊
ပဗ္ဘာရမှိ ဝရေကမှိ, ဝသန္တေ နရနာယကေ။
၈-ယသောဓရာထေရီအပဒါန ၃၁၄။ အခါတစ်ပါး လူတို့၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားသည် နှလုံးမွေ့လျော် ဖွယ်ရှိသောပြည့်စုံကြွယ်ဝသော ရာဇဂြိုဟ်ပြည်တွင် မြတ်သော တောင်ဝှမ်းတစ်ခု၌ (သီတင်းသုံး) နေတော်မူသည်ရှိသော် -
၃၁၅။ ဝသန္တိယာ တမှိ နဂရေ, ရမ္မေ ဘိက္ခုနုပဿယေ၊
ယသောဓရာဘိက္ခုနိယာ, ဧဝံ အာသိ ဝိတက္ကိတံ။
၃၁၅။ နှလုံးမွေ့လျော်ဖွယ်ရှိသော ထိုရာဇဂြိုဟ်ပြည် ဘိက္ခုနီမတို့၏ ကျောင်း၌ (သီတင်း သုံး) နေသောယသောဓရာရဟန်းမအား ဤသို့ အကြံအစည်သည် ဖြစ်၏။
၃၁၆။ ‘‘သုဒ္ဓေါဒနော မဟာရာဇာ, ဂေါတမီ စ ပဇာပတီ၊
အဘိညာတာ မဟာထေရာ, ထေရိယော စ မဟိဒ္ဓိကာ။
၃၁၆။ သုဒ္ဓေါဒနမင်းကြီးသည်လည်းကောင်း၊ မဟာပဇာပတိဂေါတမီသည်လည်းကောင်း၊ ကျော်စောထင်ရှားကုန်သော မဟာထေရ်တို့သည်လည်းကောင်း၊ ကြီးသော တန်ခိုးရှိကုန်သောထေရီမတို့သည်လည်းကောင်း-
၃၁၇။ ‘‘သန္တိံ ဂတာဝ အာသုံ တေ, ဒီပစ္စီဝ နိရာသဝါ၊
လောကနာထေ ဓရန္တေဝ, အဟမ္ပိ စ သိဝံ ပဒံ။
၃၁၇။ ထိုသုဒ္ဓေါဒနမင်းစသည်တို့သည် အာသဝကင်းကုန်သည် ဖြစ်၍ ‘ဆီမီးလျှံတို့ကဲ့သို့’ငြိမ်းအေးရာနိဗ္ဗာန်သို့ ကြွသွားကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ငါသည်လည်း မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဥ်သာလျှင် ငြိမ်းအေးရာ နိဗ္ဗာန်သို့-
၃၁၈။ ‘‘ဂမိဿာမီတိ စိန္တေတွာ, ပဿန္တီ အာယုမတ္တနော၊
ပဿိတွာ အာယုသင်္ခါရံ, တဒဟေဝ ခယံ ဂတံ။
၃၁၈။ သွားအံ့ဟု ကြံစည်၍ မိမိ၏ အသက်ကို ကြည့်ရှုလတ်သော် ထိုနေ့၌ပင်လျှင် ကုန် ခန်းခြင်းသို့ရောက်လတ္တံ့ဟူသော အာယုသင်္ခါရကို မြင်၍-
၃၁၉။ ‘‘ပတ္တစီဝရမာဒါယ, နိက္ခမိတွာ သကဿမာ၊
ပုရက္ခတာ ဘိက္ခုနီဘိ, သတေဟိ သဟဿေဟိ သာ [သဟ ပဉ္စဟိ (သီ။ ပီ။)]။
၃၁၉-၃၂၀။ ကြီးမားသော တန်ခိုး, ကြီးမားသော ပညာရှိသော ထိုယသောဓရာသည် မိမိ၏သင်္ခမ်းကျောင်းမှ ထွက်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရဟန်းမတစ်သိန်းတို့ဖြင့် ခြံရံလျက်မြတ်စွာဘုရားသို့ ချဥ်းကပ်၏၊ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ မြတ်စွာဘုရား၏ စက်လက္ခဏာရှိသောခြေတော်၏ အနီး သင့်လျော်ရာ အရပ်၌ ထိုင်လျက် ဤစကားကို လျှောက်ထား၏-
၃၂၀။ ‘‘မဟိဒ္ဓိကာ မဟာပညာ, သမ္ဗုဒ္ဓံ ဥပသင်္ကမိ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, သတ္ထုနော စက္ကလက္ခဏေ၊
နိသိန္နာ ဧကမန္တမှိ, ဣဒံ ဝစနမဗြဝိ။
၃၂၁။ ‘‘‘အဋ္ဌသတ္တတိဝဿာဟံ, ပစ္ဆိမော ဝတ္တတေ ဝယော [ပစ္ဆိမာ ဝတ္တယိ ဝယာ (သျာ။)]၊
ပဗ္ဘာရမှိ အနုပ္ပတ္တာ, အာရောစေမိ မဟာမုနိ။
၃၂၁။ မြတ်စွာဘုရား လျှောက်ထားပါ၏၊ အကျွန်ုပ်သည် ခုနစ်ဆယ့်ရှစ်နှစ်ရှိ၍ နောက် ဆုံးအရွယ်ဖြစ်ပါ၏၊ ကုန်းကိုင်းသော ‘ပဗ္ဘာရဒသက’ အရွယ်သို့ ဆိုက်ရောက်ပါပြီ။
၃၂၂။ ‘‘‘ပရိပက္ကော ဝယော မယှံ, ပရိတ္တံ မမ ဇီဝိတံ၊
ပဟာယ ဝေါ ဂမိဿာမိ, ကတံ မေ သရဏမတ္တနော။
၃၂၂။ အကျွန်ုပ်၏ အရွယ်သည် ကြီးရင့်လှပါပြီ၊ အကျွန်ုပ်၏ အသက်သည် နည်းလှပါပြီ၊ အရှင်တို့ကို စွန့်၍ သွားရတော့အံ့၊ အကျွန်ုပ်သည် မိမိကိုယ်၏ ကိုးကွယ်ရာကို ပြုချိန်တန် ပါပြီ။
၃၂၃။ ‘‘‘ဝယမှိ ပစ္ဆိမေ ကာလေ, မရဏံ ဥပရုဒ္ဓတိ၊
အဇ္ဇရတ္တိံ မဟာဝီရ, ပါပုဏိဿာမိ နိဗ္ဗုတိံ။
၃၂၃။ နောက်ဆုံးဖြစ်သော အချိန်အရွယ်၌ သေခြင်းတရားသည် နှိပ်စက်၏၊ မြတ်စွာ ဘုရားယနေ့ညဥ့်၌ပင် နိဗ္ဗာန်သို့ ရောက်ရတော့အံ့။
၃၂၄။ ‘‘‘နတ္ထိ ဇာတိ ဇရာ ဗျာဓိ, မရဏဉ္စ မဟာမုနေ၊
အဇရာမရဏံ ပုရံ, ဂမိဿာမိ အသင်္ခတံ။
၃၂၄။ မြတ်စွာဘုရား အကြင်နိဗ္ဗာန်၌ ပဋိသန္ဓေနေခြင်း, ရင့် (အို) ခြင်း, နာခြင်း, သေခြင်းတရားသည့်မရှိ၊ အိုခြင်း, သေခြင်း, ပြုစီရင်ခြင်း မရှိသော ထိုနိဗ္ဗာန်မြို့သို့ သွားရပါ တော့အံ့။
၃၂၅။ ‘‘‘ယာဝတာ ပရိသာ နာမ, သမုပါသန္တိ သတ္ထုနော၊
အပရာဓမဇာနန္တီ [သစေ မေတ္ထိ (သီ။), ပဇာနန္တီ (က။)], ခမန္တံ သမ္မုခါ မုနေ။
၃၂၅။ အကြင်မျှလောက်ကုန်သော ပရိသတ်တို့သည် မြတ်စွာဘုရားအား ဆည်းကပ်၍ အပြစ်ကိုသိကုန်၏၊ ထိုအပြစ်ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သည်းခံကြပါကုန်။
၃၂၆။ ‘‘‘သံသရိတွာ စ သံသာရေ, ခလိတဉ္စေ မမံ တယိ၊
အာရောစေမိ မဟာဝီရ, အပရာဓံ ခမဿု မေ’။
၃၂၆။ သံသရာ၌ ကျင်လည်၍လည်း အရှင်ဘုရား၌ အကျွန်ုပ်၏ ချွတ်ချော်မှုသည် အကယ်၍ ရှိပါအံ့၊ မြတ်စွာဘုရား လျှောက်ကြားပါ၏၊ အကျွန်ုပ်၏ အပြစ်ကို သည်းခံတော် မူပါ (ဟု ဤစကားကိုလျှောက်ဆို၏)။
၃၂၇။ ‘‘သုတွာန ဝစနံ တဿာ, မုနိန္ဒော ဣဒမဗြဝိ၊
‘ကိမုတ္တရံ တေ ဝက္ခာမိ, နိဗ္ဗာနာယ ဝဇန္တိယာ။
၃၂၇။ မြတ်စွာဘုရားသည် ထိုယသောဓရာထေရီ၏ စကားကို ကြားနာရ၍ ဤစကားကို မိန့်တော်မူ၏ -ပရိနိဗ္ဗာန်စံယူခြင်းငှါ သွားတော့မည့်ဆဲဆဲ ဖြစ်သော သင့်အား အဘယ်မှာ အတုံ့အပြန်ပြောရပါတော့အံ့နည်း။
၃၂၈။ ‘‘‘ဣဒ္ဓိဉ္စာပိ နိဒဿေဟိ, မမ သာသနကာရိကေ၊
ပရိသာနဉ္စ သဗ္ဗာသံ, ကင်္ခံ ဆိန္ဒဿု ယာဝတာ’။
၃၂၈။ ငါ၏ အဆုံးအမကို လိုက်နာသော ယသောဓရာ တန်ခိုးကိုလည်း ပြဦးလော့၊ အကြင်မျှလောက်ပရိသတ်အားလုံးတို့၏ ယုံမှားခြင်းကို လည်း ဖြတ်တောက်ခဲ့ဦးလော့ (ဟု မိန့်တော်မူ၏)။
၃၂၉။ ‘‘သုတွာ တံ မုနိနော ဝါစံ, ဘိက္ခုနီ သာ ယသောဓရာ၊
ဝန္ဒိတွာ မုနိရာဇံ တံ, ဣဒံ ဝစနမဗြဝိ။
၃၂၉။ ထိုယသောဓရာဘိက္ခုနီမသည် မြတ်စွာဘုရား၏ ထိုစကားတော်ကို ကြားနာ၍ ထိုမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏-
၃၃၀။ ‘‘‘ယသောဓရာ အဟံ ဝီရ, အဂါရေ တေ ပဇာပတိ၊
သာကိယမှိ ကုလေ ဇာတာ, ဣတ္ထိအင်္ဂေ ပတိဋ္ဌိတာ။
၃၃၀။ မြတ်စွာဘုရား အကျွန်ုပ် ယသောဓရာသည် နန်းအိမ်တော်၌ စံနေစဥ်အခါ အရှင် ဘုရား၏ ကြင်ရာတော်ပါတည်း၊ သာကီဝင်မင်းမျိုး၌ ဖြစ်၍ မိန်းမမြတ်တို့၏ ကြန်အင် လက္ခဏာ၌ တည်ပါ၏။
၃၃၁။ ‘‘‘ထီနံ သတသဟဿာနံ, နဝုတီနံ ဆဒုတ္တရိ၊
အဂါရေ တေ အဟံ ဝီရ, ပါမောက္ခာ သဗ္ဗာ ဣဿရာ။
၃၃၁။ မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်၏ နန်းအိမ်တော်၌ မိန်းမ ကိုးသန်း ခြောက်သိန်းတို့၏အကြီးအမှူးပါတည်း၊ မိန်းမအားလုံးတို့ကို အစိုးရသူပါတည်း။
၃၃၂။ ‘‘‘ရူပါစာရဂုဏူပေတာ, ယောဗ္ဗနဋ္ဌာ ပိယံဝဒါ၊
သဗ္ဗာ မံ အပစာယန္တိ, ဒေဝတာ ဝိယ မာနုသာ။
၃၃၂။ ရုပ်အဆင်းအကျင့်ဂုဏ်နှင့် ပြည့်စုံကုန်သော အရွယ်၌ တည်ကုန်သော ချစ်ဖွယ် သောစကားကိုဆိုတတ်ကုန်သော မောင်းမအားလုံးတို့သည် ‘လူတို့သည် နတ်တို့ကို ရိုသေ ကုန်သကဲ့သို့’ အကျွန်ုပ်ကို (အခါခပ်သိမ်း) ရိုသေကြပါကုန်၏။
၃၃၃။ ‘‘‘ကညာသတသဟဿပမုခါ, သကျပုတ္တနိဝေသနေ၊
သမာနသုခဒုက္ခတာ, ဒေဝတာ ဝိယ နန္ဒနေ။
၃၃၃။ သာကီဝင်မင်းသား၏ နန်းအိမ်တော်၌ သတို့သမီးတစ်သိန်းတို့၏ အကြီးအမှူး ဖြစ်၍‘နန္ဒဝန်ဥယျာဥ်၌ နတ်တို့ကဲ့သို့’ တူမျှသော ချမ်းသာ, ဆင်းရဲ ရှိလျက် (ပျော်မွေ့ခဲ့ ပါ၏)။
၃၃၄။ ‘‘‘ကာမဓာတုမတိက္ကမ္မ [ကာမဓာတုမတိက္ကန္တာ (သီ။ သျာ။ ပီ။ က။)], သဏ္ဌိတာ ရူပဓာတုယာ၊
ရူပေန သဒိသာ နတ္ထိ, ဌပေတွာ လောကနာယကံ။
၃၃၄။ (မြတ်စွာဘုရား) အကျွန်ုပ်သည် ရုပ်အဆင်းအရာ၌ ကာမဘုံကို ကျော်လွန်၍ တည်ပါ၏၊ မြတ်စွာဘုရားကို ချန်ထား၍ အကျွန်ုပ်၏ ရုပ်အဆင်းနှင့် တူသူ မရှိပါဘုရား (ဟု လျှောက်ထား၏)။
၃၃၅။ ‘‘‘သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ဣဒ္ဓိံ ဒဿေသိ သတ္ထုနော၊
နေကာ နာနာဝိဓာကာရာ, မဟာဣဒ္ဓီပိ ဒဿယီ [ဧဝမာဒီနိ ဝတွာန, ဥပတိတွာန အမ္ဗရံ၊ ဣဒ္ဓီ အနေကာ ဒဿေသိ, ဗုဒ္ဓါနုညာ ယသောဓရာ၊ (သီ။)]။
၃၃၅။ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် မြတ်စွာဘုရားအား တန်ခိုးကို ပြလေ၏၊ တစ်ပါးမကအထူးထူး အပြားပြားသော ကြီးသော တန်ခိုးတို့ကို လည်း ပြ၏။
၃၃၆။ ‘‘‘စက္ကဝါဠသမံ ကာယံ, သီသံ ဥတ္တရတော ကုရု၊
ဥဘော ပက္ခာ ဒုဝေ ဒီပါ, ဇမ္ဗုဒီပံ သရီရတော။
၃၃၆။ ကိုယ်သည် စကြဝဠာမျှလောက် ရှိ၏၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက် ရှိ၏၊ အတောင်နှစ်ဖက်တို့သည် (အရှေ့, အနောက်) နှစ်ကျွန်းမျှလောက် ရှိကုန်၏၊ ကိုယ်အား ဖြင့် ဇမ္ဗုဒီပါကျွန်းမျှလောက် ရှိ၏။
၃၃၇။ ‘‘‘ဒက္ခိဏဉ္စ သရံ ပိဉ္ဆံ, နာနာသာခါ တု ပတ္တကာ၊
စန္ဒဉ္စ သူရိယဉ္စက္ခိ, မေရုပဗ္ဗတတော သိခံ။
၃၃၇။ မြီးစည်းသည် တောင်သမုဒ္ဒရာမျှလောက် ရှိ၏၊ ထိုမှတစ်ပါး အတောင်ပံတို့သည် ကားအသီးအသီးသော အခက်နှင့် တူကုန်၏၊ မျက်စိသည် လ, နေမျှလောက် ရှိ၏၊ ဦးစွန်း သည်မြင်းမိုရ်တောင်မျှလောက်ရှိ၏။
၃၃၈။ ‘‘‘စက္ကဝါလဂိရိံ တုဏ္ဍံ, ဇမ္ဗုရုက္ခံ သမူလကံ၊
ဗီဇမာနာ ဥပါဂန္တွာ, ဝန္ဒန္တီ လောကနာယကံ။
၃၃၈ -၃၃၉။ နှုတ်သီးသည် စကြဝဠာတောင်မျှလောက် ရှိ၏၊ ဇမ္ဗုသပြေပင်ကို အမြစ် အရင်းနှင့်တကွနုတ်၍ ယပ်ခတ်ကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရှိခိုးလျက်ပင် ဆင် အသွင်ကိုလည်းကောင်း၊ ထို့အတူပင် မြင်းအသွင်, တောင်အသွင်, သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊ ထိုမှတစ်ပါး လနေအသွင်, မြင်းမိုရ်တောင်အသွင်, သိကြားမင်းအသွင်ကိုလည်းကောင်း ဖန်ဆင်းပြလေ၏။
၃၃၉။ ‘‘‘ဟတ္ထိဝဏ္ဏံ တထေဝဿံ, ပဗ္ဗတံ ဇလဓိံ တထာ၊
စန္ဒိမံ သူရိယံ မေရုံ, သက္ကဝဏ္ဏဉ္စ ဒဿယိ။
၃၄၀။ ‘‘‘ယသောဓရာ အဟံ ဝီရ, ပါဒေ ဝန္ဒာမိ စက္ခုမ၊
သဟဿလောကဓာတူနံ, ဖုလ္လပဒ္မေန ဆာဒယိ။
၃၄၀။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် ယသောဓရာပါတည်း၊ စက္ခုငါးမျိုးရှိ တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ လောကဓာတ် တစ်ထောင်တို့ကို ပဒုမ္မာကြာပွင့်ဖြင့် ဖုံးအုပ်ခဲ့ပါ၏။
၃၄၁။ ‘‘‘ဗြဟ္မဝဏ္ဏဉ္စ မာပေတွာ, ဓမ္မံ ဒေသေသိ သုညတံ၊
ယသောဓရာ အဟံ ဝီရ, ပါဒေ ဝန္ဒာမိ စက္ခုမ။
၃၄၁။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် ယသောဓရာပါတည်း၊ အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ဗြဟ္မာအသွင်ကိုလည်း ဖန်ဆင်း၍ သင်္ခါရတို့မှ ဆိတ်သုဥ်းသော‘သုညတ’နိဗ္ဗာန်တရားကို ဟောပြခဲ့ပါ၏။
၃၄၂။ ‘‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနိ။
၃၄၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်း လေ့ လာပြီး ဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယဉာဏ်၌ လည်းကောင်း လေ့လာပြီး ဖြစ်ပါ၏။
၃၄၃။ ‘‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၄၃။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင်အပ်ပြီ၊ အလုံးစုံသောအာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ ပါ။
၃၄၄။ ‘‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ဉာဏံ မယှံ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။
၃၄၄။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထ ပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌ လည်းကောင်းအသိဉာဏ်သည် အကျွန်ုပ်အား ဖြစ်ပေါ်ခဲ့ပါကုန်၏။
၃၄၅။ ‘‘‘ပုဗ္ဗာနံ လောကနာထာနံ, သင်္ဂမံ တေ နိဒဿိတံ [သုဒဿိတံ (သျာ။ ပီ။ က။)]၊
အဓိကာရံ ဗဟုံ မယှံ, တုယှတ္ထာယ မဟာမုနေ။
၃၄၅။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား လောက၏ ကိုးကွယ်ရာ ဖြစ်သောရှေးမြတ်စွာဘုရားတို့ (အထံ၌) ပေါင်းဆုံမိခြင်းကို အရှင်ဘုရားသည် ပြအပ်ပါပြီ၊ အရှင်ဘုရား၏ အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ်အား များပြားလှပါ၏။
၃၄၆။ ‘‘‘ယံ မယှံ ပူရိတံ ကမ္မံ, ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ, ပုညံ ဥပစိတံ မယာ။
၃၄၆။ မြတ်စွာဘုရား ကုသိုလ်ဖြစ်သော အကြင်ကံကို အကျွန်ုပ်သည် ဖြည့်ကျင့်ဆည်းပူး အပ်ပြီ၊ ထိုကုသိုလ်ကံကို အောက်မေ့တော်မူပါလော့၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာ ဘုရားအရှင်ဘုရား၏ အကျိုးငှါ ကောင်းမှုကို အကျွန်ုပ်သည် ဆည်းပူးအပ်ပါပြီ။
၃၄၇။ ‘‘‘အဘဗ္ဗဋ္ဌာနေ ဝဇ္ဇေတွာ, ဝါရယိတွာ အနာစရံ၊
တုယှတ္ထာယ မဟာဝီရ, သဉ္စတ္တံ ဇီဝိတံ မယာ။
၃၄၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် မလျောက်ပတ်သော အရာတို့ကို ကြဥ်၍ မကျင့်အပ်သည်ကို တားမြစ်၍ အရှင်ဘုရား၏ အကျိုးငှါ အကျွန်ုပ်သည် အသက်ကို ကောင်းစွာစွန့်လွှတ်အပ်ပါ၏။
၃၄၈။ ‘‘‘နေကကောဋိသဟဿာနိ, ဘရိယတ္ထာယဒါသိ မံ၊
န တတ္ထ ဝိမနာ ဟောမိ, တုယှတ္ထာယ မဟာမုနိ။
၃၄၈။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးသူတစ်ပါးအား မယားပြုရန် အကျိုးငှါ အကျွန်ုပ်ကို လှူခဲ့ပါ၏၊ ထိုသို့လှူရာ၌ အရှင်ဘုရား၏ အကျိုးငှါစိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။
၃၄၉။ ‘‘‘နေကကောဋိသဟဿာနိ, ဥပကာရာယဒါသိ မံ၊
န တတ္ထ ဝိမနာ ဟောမိ, တုယှတ္ထာယ မဟာမုနိ။
၃၄၉။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးသဗ္ဗညုတဉာဏ်၏ အထောက်အပံ့အကျိုးငှါ အကျွန်ုပ်ကို ပေးလှူခဲ့ပါ၏၊ ထိုသို့ ပေးလှူရာ၌အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။
၃၅၀။ ‘‘‘နေကကောဋိသဟဿာနိ, ဘောဇနတ္ထာယဒါသိ မံ၊
န တတ္ထ ဝိမနာ ဟောမိ, တုယှတ္ထာယ မဟာမုနိ။
၃၅၀။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးအကျွန်ုပ်ကို အစားအစာအကျိုးငှါ ပေးလှူခဲ့ပါ၏၊ ထိုသို့ ပေးလှူရာ၌ အရှင်ဘုရား၏ အကျိုးငှါစိတ်ဖောက်ပြန်ခြင်းသည် မဖြစ်ခဲ့ပါ။
၃၅၁။ ‘‘‘နေကကောဋိသဟဿာနိ, ဇီဝိတာနိ ပရိစ္စဇိံ၊
ဘယမောက္ခံ ကရိဿန္တိ, ဒဒါမိ မမ ဇီဝိတံ။
၃၅၁။ အကျွန်ု်ပ်သည် ကုဋေအထောင်မကသော ဘဝတို့ပတ်လုံး အသက်တို့ကို စွန့်လွှတ် ခဲ့ပါ၏၊ ဘေးမှ လွတ်မြောက်ခြင်းကို ပြုအံ့ဟု အကျွန်ုပ်၏ အသက်ကို စွန့်လွှတ်ခဲ့ပါ၏။
၃၅၂။ ‘‘‘အင်္ဂဂတေ [အင်္ဂေ ဧဝံ (က။)] အလင်္ကာရေ, ဝတ္ထေ နာနာဝိဓေ ဗဟူ၊
ဣတ္ထိမဏ္ဍေ န ဂူဟာမိ, တုယှတ္ထာယ မဟာမုနိ။
၃၅၂။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ကိုယ်အင်္ဂါတို့ကို လည်းကောင်း၊ တန်ဆာဆင်အပ်ကုန်သော အဝတ်အမျိုးမျိုးတို့ကို လည်ကောင်း၊ များစွာ သောမိန်းမတန်ဆာတို့ကို လည်းကောင်း မလျှို့ဝှက်ပါ။
၃၅၃။ ‘‘‘ဓနဓညပရိစ္စာဂံ, ဂါမာနိ နိဂမာနိ စ၊
ခေတ္တံ ပုတ္တာ စ ဓီတာ စ, ပရိစ္စတ္တာ မဟာမုနိ။
၃၅၃။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ဥစ္စာစပါး ကိုလည်းစွန့်ခဲ့ပါပြီ၊ ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကို လည်းကောင်း၊ လယ်ယာကိုလည်းကောင်း၊ သားတို့ကို လည်းကောင်း၊ သမီးတို့ကို လည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။
၃၅၄။ ‘‘‘ဟတ္ထီ အဿာ ဂဝါ စာပိ, ဒါသိယော ပရိစာရိကာ၊
တုယှတ္ထာယ မဟာဝီရ, ပရိစ္စတ္တာ အသင်္ခိယာ။
၃၅၄။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ စွန့် လွှတ်ခဲ့ရကုန်သော ဆင်, မြင်း, နွားတို့သည်လည်းကောင်း၊ အလုပ်အကျွေးကျွန်မတို့သည် လည်းကောင်းမရေတွက်နိုင်ပါကုန်။
၃၅၅။ ‘‘‘ယံ မယှံ ပဋိမန္တေသိ [ပတိမန္တေသိ (သီ။)], ဒါနံ ဒဿာမိ ယာစကေ၊
ဝိမနံ မေ န ပဿာမိ, ဒဒတော ဒါနမုတ္တမံ။
၃၅၅။ တောင်းတတ်သူတို့ကို အကြင်အလှူကို လှူအံ့ဟု အကျွန်ုပ်အား တိုင်ပင်၏၊ ထို အလှူမြတ်ကိုလှူခြင်းကြောင့် အကျွန်ုပ်၏ စိတ်ဖောက်ပြန်ခြင်းကို မမြင်ဖူးပါ။
၃၅၆။ ‘‘‘နာနာဝိဓံ ဗဟုံ ဒုက္ခံ, သံသာရေ စ ဗဟုဗ္ဗိဓေ၊
တုယှတ္ထာယ မဟာဝီရ, အနုဘုတ္တံ အသင်္ခိယံ။
၃၅၆။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ များ ပြားလှစွာသံသရာ၌လည်း အထူးထူးအပြားပြား များစွာသော ဆင်းရဲကို ခံစားခဲ့ခြင်းသည် မရေတွက်နိုင်ပါ။
၃၅၇။ ‘‘‘သုခပ္ပတ္တာနုမောဒါမိ, န စ ဒုက္ခေသု ဒုမ္မနာ၊
သဗ္ဗတ္ထ တုလိတာ ဟောမိ, တုယှတ္ထာယ မဟာမုနိ။
၃၅၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ချမ်းသာ ခြင်းသို့ရောက်လတ်သော် ဝမ်းမြောက်ပါ၏၊ ဆင်းရဲမှုတို့ကြောင့်ကား စိတ်မချမ်းသာခြင်း မဖြစ်ခဲ့ပါ၊ အလုံးစုံသောချမ်းသာ, ဆင်းရဲတို့၌ ချိန်သဖွယ် (တူမျှ) သည် ဖြစ်ပါ၏။
၃၅၈။ ‘‘‘အနုမဂ္ဂေန သမ္ဗုဒ္ဓေါ, ယံ ဓမ္မံ အဘိနီဟရိ၊
အနုဘောတွာ သုခံ ဒုက္ခံ, ပတ္တော ဗောဓိံ မဟာမုနိ။
၃၅၈။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားသည် သင့်လျော်သော အကြောင်းဖြင့်အကြင်အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တရားကို ရှေးရှုဆောင်၏၊ ချမ်းသာ, ဆင်းရဲကို ခံစား၍ထိုသမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်တော်မူ၏။
၃၅၉။ ‘‘‘ဗြဟ္မဒေဝဉ္စ သမ္ဗုဒ္ဓံ, ဂေါတမံ လောကနာယကံ၊
အညေသံ လောကနာထာနံ, သင်္ဂမံ တေ ဗဟုံ မယာ။
၃၅၉။ ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊ (ပေါရာဏ) ဂေါတမမြတ်စွာဘုရားကို လည်းကောင်း (ဖူးမြင်ဆုတောင်းခဲ့၍) တစ်ပါးကုန်သော မြတ်စွာဘုရားတို့၏ အထံတော်၌ အကျွန်ုပ်နှင့် အရှင်ဘုရား၏ ပေါင်းဆုံရခြင်းသည် များလှပါပြီ။
၃၆၀။ ‘‘‘အဓိကာရံ ဗဟုံ မယှံ, တုယှတ္ထာယ မဟာမုနိ၊
ဂဝေသတော ဗုဒ္ဓဓမ္မေ, အဟံ တေ ပရိစာရိကာ။
၃၆၀။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ဆုတောင်း ခြင်းသည်အကျွန်ု်ပ်အား များလှပါ၏၊ အကျွန်ုပ်သည် ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေ သော အရှင်ဘုရား၏ အလုပ်အကျွေးပါတည်း။
၃၆၁။ ‘‘‘ကပ္ပေ စ သတသဟဿေ, စတုရော စ အသင်္ခိယေ၊
ဒီပင်္ကရော မဟာဝီရော, ဥပ္ပဇ္ဇိ လောကနာယကော။
၃၆၁။ လေးအသင်္ချေတို့ကို လည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ကို လည်းကောင်း လွန်၍ လောက၏ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူခဲ့ ပါ၏။
၃၆၂။ ‘‘‘ပစ္စန္တဒေသဝိသယေ, နိမန္တေတွာ တထာဂတံ၊
တဿ အာဂမနံ မဂ္ဂံ, သောဓေန္တိ တုဋ္ဌမာနသာ။
၃၆၂။ မြို့စွန်မြို့ဖျားဖြစ်သော အရပ်ဒေသ၌ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ထို ဒီပင်္ကရာမြတ်စွာဘုရားကြွလာရာဖြစ်သော လမ်းကို နှစ်သက်သော စိတ်ရှိကြကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။
၃၆၃။ ‘‘‘တေန ကာလေန သော အာသိ, သုမေဓော နာမ ဗြာဟ္မဏော၊
မဂ္ဂဉ္စ ပဋိယာဒေသိ, အာယတော [အာယတံ (သီ။)] သဗ္ဗဒဿိနော။
၃၆၃။ ထိုအခါ ထိုအရှင်ဘုရားသည် “သုမေဓာ”အမည်ရှိသော ပုဏ္ဏား ဖြစ်၏၊ ကြွလာ သောဒီပင်္ကရာမြတ်စွာဘုရား၏ လမ်းခရီးကိုလည်း သုတ်သင်စီရင်၏။
၃၆၄။ ‘‘‘တေန ကာလေနဟံ အာသိံ, ကညာ ဗြာဟ္မဏသမ္ဘဝါ၊
သုမိတ္တာနာမ နာမေန, ဥပဂစ္ဆိံ သမာဂမံ။
၃၆၄။ ထိုအခါ အကျွန်ုပ်သည် ပုဏ္ဏားအမျိုး၌ ဖြစ်၍ အမည်အားဖြင့် “သုမိတ္တာ”ဟု ထင်ရှားသောအမျိုးသမီး ဖြစ်၏၊ (ရမ္မာဝတီ) ပြည်သူတို့ အစည်းအဝေးသို့ ချဥ်းကပ်ခဲ့၏။
၃၆၅။ ‘‘‘အဋ္ဌ ဥပ္ပလဟတ္ထာနိ, ပူဇနတ္ထာယ သတ္ထုနော၊
အာဒါယ ဇနသံမဇ္ဈေ, အဒ္ဒသံ ဣသိ မုဂ္ဂတံ။
၃၆၅။ ဒီပင်္ကရာမြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ ကြာရှစ်ခိုင်တို့ကို ယူခဲ့ပြီးသော် လူတို့ အလယ်၌ထင်ရှားသော သုမေဓာရသေ့ကို ဖူးမြင်ရ၏။
၃၆၆။ ‘‘‘စိရာနုဂတံ ဒယိတံ [စိရာနုပရိ အာသီနံ (သီ။)], အတိက္ကန္တံ မနောဟရံ၊
ဒိသွာ တဒါ အမညိဿံ, သဖလံ ဇီဝိတံ မမ။
၃၆၆။ ကြာမြင့်စွာသော ကာလပတ်လုံး အစဥ်လိုက်သော ချစ်ကြင်နာခဲ့သော အလွန်နှစ် သက်ဖွယ်ဖြစ်၍စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏ အသက် ရှင်ခြင်းသည်အကျိုးရှိလေစွဟု အောက်မေ့ထင်မှတ်ခဲ့၏။
၃၆၇။ ‘‘‘ပရက္ကမံ တံ သဖလံ, အဒ္ဒသံ ဣသိနော တဒါ၊
ပုဗ္ဗကမ္မေန သမ္ဗုဒ္ဓေ, စိတ္တဉ္စာပိ ပသီဒိ မေ။
၃၆၇။ ထိုအခါ ငါသည် ရသေ့၏ မိမိအကျိုးကို အားထုတ်သည်ကို မြင်၏၊ ငါ၏ စိတ် သည်ရှေးကံကြောင့် မြတ်စွာဘုရား၌လည်း ကြည်ညို၏။
၃၆၈။ ‘‘‘ဘိယျော စိတ္တံ ပသာဒေသိံ, ဣသေ ဥဂ္ဂတမာနသေ၊
ဒေယျံ အညံ န ပဿာမိ, ဒေမိ ပုပ္ဖါနိ တေ ဣသိ။
၃၆၈။ တက်ကြွသော စိတ်ရှိသော ရသေ့၌ လွန်စွာ စိတ်ကို ကြည်ညိုစေ၏၊ အရှင်ရသေ့ အရှင့်အားပေးလှူရန် အခြားတစ်ပါးသော လှူဖွယ်ကို မမြင်ပါ၊ အရှင့်အား ပန်းတို့ကို လှူပါ၏။
၃၆၉။ ‘‘‘ပဉ္စဟတ္ထာ တဝ ဟောန္တု, တယော ဟောန္တု မမံ ဣသေ၊
တေန သဒ္ဓိံ သမာ ဟောန္တု, ဗောဓတ္ထာယ တဝံ ဣသေ’။
စတုတ္ထံ ဘာဏဝါရံ။
၃၆၉။ အရှင်ရသေ့ ကြာငါးခိုင်တို့သည် အရှင်ရသေ့အား ဖြစ်ပါစေကုန်၊ ကြာသုံးခိုင်တို့ သည် အကျွန်ုပ်အား ဖြစ်ပါစေကုန်၊ အရှင်ရသေ့ အရှင်၏ သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ ထို အရှင်ရသေ့နှင့်အတူတကွ ပေါင်းဆုံမိခြင်း ဖြစ်ပါစေကုန်။ လေးခုမြောက် ဘာဏဝါရ ပြီး၏။
၃၇၀။ ‘‘ဣသိ ဂဟေတွာ ပုပ္ဖါနိ, အာဂစ္ဆန္တံ မဟာယသံ၊
ပူဇေသိ ဇနသံမဇ္ဈေ, ဗောဓတ္ထာယ မဟာဣသိ။
၃၇၀။ သုမေဓာရသေ့မြတ်သည် သမ္မာသမ္ဗောဓိဉာဏ်အကျိုးငှါ ပန်းတို့ကို ယူ၍ ကြွလာ သောအမြတ်ဆုံး ရသေ့ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို လူတို့အလယ်၌ ပူဇော် လေ၏။
၃၇၁။ ‘‘ပဿိတွာ ဇနသံမဇ္ဈေ, ဒီပင်္ကရော မဟာမုနိ၊
ဝိယာကာသိ မဟာဝီရော, ဣသိ မုဂ္ဂတမာနသံ။
၃၇၁။ ကြီးမြတ်သော လုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် တက်ကြွသော စိတ်ရှိသောရသေ့ကို မြင်၍ လူတို့အလယ်၌ ဗျာဒိတ်စကား ကြားတော်မူ၏-
၃၇၂။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, ဒီပင်္ကရော မဟာမုနိ၊
မမ ကမ္မံ ဝိယာကာသိ, ဥဇုဘာဝံ မဟာမုနိ။
၃၇၂။ ရဟန်းမြတ်ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဤကမ္ဘာမှ မရေတွက် နိုင်သောလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ အကျွန်ုပ်၏ ဖြောင့်စွာဖြစ်သော ကောင်းမှု ကံကို (ဤသို့) ဗျာဒိတ်စကား ကြားတော်မူ၏ -
၃၇၃။ ‘‘‘သမစိတ္တာ သမကမ္မာ, သမကာရီ ဘဝိဿတိ၊
ပိယာ ဟေဿတိ ကမ္မေန, တုယှတ္ထာယ မဟာဣသိ [မဟာဣသေ (သျာ။)]။
၃၇၃။ ရသေ့မြတ် ဤသတို့သမီးသည် သင့်အကျိုးငှါ တူမျှသော စိတ်ရှိသည် တူမျှသောကောင်းမှုကံရှိသည် တူမျှသော အမှုကိစ္စကို ပြုလေ့ရှိသည် ဖြစ်လတ္တံ့၊ ကာယကံ, ဝစီကံ အားဖြင့်ချစ်အပ်သူ ဖြစ်လတ္တံ။
၃၇၄။ ‘‘‘သုဒဿနာ သုပိယာ စ, မနာပါ ပိယဝါဒိနီ၊
တဿ ဓမ္မေသု ဒါယာဒါ, ဝိဟရိဿတိ ဣဒ္ဓိကာ။
၃၇၄။ ဤသတို့သမီးသည် ရှုချင်စဖွယ်ရှိသူ, ချစ်ဖွယ်ရှိသူ, စိတ်နှလုံးကို ပွါးစေတတ်သူ, ချစ်ဖွယ်ကိုပြောဆိုလေ့ရှိသူ ဖြစ်၍ ထိုမြတ်စွာဘုရား၏ တရားတို့၌ အမွေခံသူ, တန်ခိုးကြီးသူ ဖြစ်၍ နေလတ္တံ့။
၃၇၅။ ‘‘‘ယထာပိ ဘဏ္ဍသာမုဂ္ဂံ, အနုရက္ခတိ သာမိနော၊
ဧဝံ ကုသလဓမ္မာနံ, အနုရက္ခိဿတေ အယံ။
၃၇၅။ အရှင်၏ ဘဏ္ဍာကြုတ်ကို အစဥ်စောင့်ရှောက်သကဲ့သို့ ဤအတူ ဤသတို့သမီး သည်ကုသိုလ်တရားတို့ကို အစဥ်စောင့်ရှောက်လတ္တံ့။
၃၇၆။ ‘‘‘တဿ တေ [တဿ တံ (သျာ။)] အနုကမ္ပန္တီ, ပူရယိဿတိ ပါရမီ၊
သီဟောဝ ပဉ္ဇရံ ဘေတွာ [ဟိတွာ (သျာ။), ဟေတွာ (ပီ။)], ပါပုဏိဿတိ ဗောဓိယံ’။
၃၇၆။ ထိုသင့်အား အစဥ်စောင့်ရှောက်လျက် ပါရမီတို့ကို ဖြည့်လတ္တံ့၊ ‘ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကိုဖျက်ဆီး၍ သွားသကဲ့သို့’ (သာဝက) ဗောဓိဉာဏ်သို့ ရောက်လတ္တံ့ (ဟု မိန့် ကြားတော်မူပါ၏)။
၃၇၇။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, ယံ မံ ဗုဒ္ဓေါ ဝိယာကရီ၊
တံ ဝါစံ အနုမောဒေန္တီ, ဧဝံကာရီ ဘဝိံ အဟံ။
၃၇၇။ ဤဘဒ္ဒကမ္ဘာမှ မရေမတွက်နိုင်သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ဒီပင်္ကရာမြတ်စွာဘုရားသည် အကျွန်ုပ်ကို အကြင်ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ အကျွန်ုပ် သည်ထိုစကားကို ဝမ်းမြောက်လျက် ဤသို့ မိန့် ကြား ဗျာဒိတ်စကားအတိုင်း ပြုလေ့ရှိသူ ဖြစ်ခဲ့ပါ၏။
၃၇၈။ ‘‘တဿ ကမ္မဿ သုကတဿ, တတ္ထ စိတ္တံ ပသာဒယိံ၊
ဒေဝမနုဿကံ ယောနိံ, အနုဘောတွာ အသင်္ခိယံ။
၃၇၈။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခဲ့၏၊ ကောင်းစွာ ပြုအပ် သော ထိုကံ၏အစွမ်းကြောင့် မရေတွက်နိုင်သော နတ်ပြည်, လူ့ပြည်၌ ဖြစ်သော ကိုယ်ခန္ဓာကို ခံစားပြီး၍-
၃၇၉။ ‘‘သုခဒုက္ခေနုဘောတွာဟံ, ဒေဝေသု မာနုသေသု စ၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, အဇာယိံ သာကိယေ ကုလေ။
၃၇၉။ အကျွန်ုပ်သည် နတ်ပြည်တို့၌ လည်းကောင်း၊ လူ့ပြည်တို့၌ လည်းကောင်း ချမ်းသာ ဆင်းရဲတို့ကို ခံစားပြီးလျှင် နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် သာကီဝင်မင်း မျိုး၌ ဖြစ်ခဲ့ပါ၏။
၃၈၀။ ‘‘ရူပဝတီ ဘောဂဝတီ, ယသသီလဝတီ တတော၊
သဗ္ဗင်္ဂသမ္ပဒါ ဟောမိ, ကုလေသု အဘိသက္ကတာ။
၃၈၀။ အကျွန်ုပ်သည် ရုပ်အဆင်းလှသူ, စည်းစိမ်ဥစ္စာရှိသူ, အခြံအရံများသူ, သီလရှိသူ, ထိုမှတစ်ပါးအလုံးစုံ ကိုယ်အင်္ဂါနှင့် ပြည့်စုံသူ, အမျိုးတို့၌ အပူဇော်ခံရသူ ဖြစ်ပေ၏။
၃၈၁။ ‘‘လာဘံ သိလောကံ သက္ကာရံ, လောကဓမ္မသမာဂမံ၊
စိတ္တဉ္စ ဒုက္ခိတံ နတ္ထိ, ဝသာမိ အကုတောဘယာ။
၃၈၁။ လာဘ်ကိုလည်းကောင်း၊ အခြံအရံအကျော်အစောကိုလည်းကောင်း၊ ပူဇော်သက္ကာရကိုလည်းကောင်း ရ၏။ လောကဓံတရားနှင့် တွေ့ကြုံရသော် လည်း အကျွန်ုပ်အား စိတ်ဆင်းရဲ ခြင်းမရှိပေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘေးမရှိသည် ဖြစ်၍ နေရပါ၏။
၃၈၂။ ‘‘ဝုတ္တဉှေတံ ဘဂဝတာ, ရညော အန္တေပုရေ တဒါ၊
ခတ္တိယာနံ ပုရေ ဝီရ, ဥပကာရဉ္စ နိဒ္ဒိသိ။
၃၈၂။ ထိုကပိလဝတ်ပြည်သို့ ကြွတော်မူသော အခါ သုဒ္ဓေါဒနမင်း၏ နန်းတော်တွင်း၌ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူအပ်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား သာကီဝင်မင်းတို့ နေပြည်တော်၌ (အကျွန်ု်ပ်၏) ဂုဏ်ကျေးဇူးကို ညွှန်ပြတော်မူပါ၏။
၃၈၃။ ‘‘ဥပကာရာ စ ယာ နာရီ, ယာ စ နာရီ သုခေ ဒုခေ၊
အတ္ထက္ခာယီ စ ယာ နာရီ, ယာ စ နာရီနုကမ္ပိကာ။
၃၈၃။ အကြင်မိန်းမသည် ကျေးဇူးလည်း ပြုတတ်ပေ၏၊ အကြင်မိန်းမသည် ချမ်းသာ ဆင်းရဲ၌ တူမျှ၏၊ အကြင်မိန်းမသည် အကျိုးစီးပွါးကိုလည်း ပြောကြားလေ့ရှိပေ၏၊ အကြင် မိန်းမသည် အစဥ်လည်းစောင့်ရှောက်တတ်ပေ၏၊ ထိုမိန်းမ၏ ဂုဏ်ကို ညွှန်ပြတော်မူ၏။
၃၈၄။ ‘‘ပဉ္စကောဋိသတာ ဗုဒ္ဓါ, နဝကောဋိသတာနိ စ၊
ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ။
၃၈၄။ ကုဋေငါးရာသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ကုဋေကိုးရာကုန်သောမြတ်စွာဘုရားတို့သည်လည်းကောင်း ပွင့်တော်မူခဲ့ကုန်၏။ ထိုနတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။
၃၈၅။ ‘‘အဓိကာရံ မဟာ [သဒါ (ပီ။) ဧဝမုပရိပိ] မယှံ, ဓမ္မရာဇ သုဏောဟိ မေ၊
ဧကာဒသကောဋိသတာ, ဗုဒ္ဓါ ဒွါဒသ ကောဋိယော [ဟောန္တိ လောကဂ္ဂနာယကာ (သီ။ သျာ။), ပဏ္ဏာကောဋိသတာနိ စ (ပီ။)]။
၃၈၅။ ဆုတောင်းခြင်းသည် အကျွန်ုပ်အား များလှပါ၏၊ တရားမင်း မြတ်ဖြစ်တော်မူ သောမြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေတစ်ထောင့်တစ်ရာ သောမြတ်စွာဘုရားတို့လည်းကောင်း၊ တစ်ဆယ့်နှစ်ကုဋေကုန်သော မြတ်စွာဘုရားတို့ လည်းကောင်း-
၃၈၆။ ‘‘ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၈၆။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။ ဆုတောင်းခြင်းသည် အကျွန်ုပ်အား များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့။
၃၈၇။ ‘‘‘ဝီသကောဋိသတာ ဗုဒ္ဓါ, တိံသကောဋိသတာနိ စ၊
ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ။
၃၈၇။ ကုဋေနှစ်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေသုံးထောင်သောမြတ်စွာဘုရားတို့လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီး စွာသောအလှူကို ဖြစ်စေခဲ့ပါ၏။
၃၈၈။ ‘‘‘အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ၊
စတ္တာလီသကောဋိသတာ, ပညာသ ကောဋိသတာနိ စ။
၃၈၈။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရားအကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေလေးထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေငါးထောင်သော မြတ်စွာဘုရားတို့လည်းကောင်း-
၃၈၉။ ‘‘‘ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၈၉။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
၃၉၀။ ‘‘‘သဋ္ဌိကောဋိသတာ ဗုဒ္ဓါ, သတ္တတိကောဋိသတာနိ စ၊
ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ။
၃၉၀။ ကုဋေခြောက်ထောင်သော မြတ်စွာဘုရားတို့လည်းကောင်း၊ ကုဋေခုနစ်ထောင်သောမြတ်စွာဘုရားတို့လည်းကောင်း နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီး စွာသောအလှူကို ဖြစ်စေခဲ့ပါ၏။
၃၉၁။ ‘‘‘အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ၊
အသီတိကောဋိသတာ ဗုဒ္ဓါ, နဝုတိကောဋိသတာနိ စ။
၃၉၁။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားအကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေရှစ်ထောင်သော မြတ်စွာ ဘုရားတို့လည်းကောင်း၊ ကုဋေကိုးထောင်သော မြတ်စွာဘုရားတို့လည်းကောင်း-
၃၉၂။ ‘‘‘ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၉၂။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ု်ပ်၏စကားကို နာကြားတော်မူပါလော့-
၃၉၃။ ‘‘‘ကောဋိသတသဟဿာနိ, ဟောန္တိ လောကဂ္ဂနာယကာ၊
ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ။
၃၉၃။ ကုဋေတစ်သိန်းကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကုန်၏၊ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏။
၃၉၄။ ‘‘‘အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ၊
နဝကောဋိသဟဿာနိ, အပရေ လောကနာယကာ။
၃၉၄။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားအကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့။ ကုဋေကိုးထောင်ကုန်သောမြတ်စွာဘုရားတို့လည်းကောင်း၊ တစ်ပါးကုန်သော မြတ်စွာဘုရားတို့လည်းကောင်း ပွင့်တော်မူကုန်၏။
၃၉၅။ ‘‘‘ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၉၅။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူကို ဖြစ်စေခဲ့ပါ၏၊ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏စကားကို နာကြားတော်မူပါလော့-
၃၉၆။ ‘‘‘ကောဋိသတသဟဿာနိ, ပဉ္စာသီတိမဟေသိနံ၊
ပဉ္စာသီတိကောဋိသတာ, သတ္တတိံသာ စ ကောဋိယော။
၃၉၆။ မြတ်စွာဘုရားတို့၏ ကုဋေတစ်သိန်းရှစ်ဆယ်ငါးဆူတို့လည်းကောင်း၊ ရှစ်ထောင် ငါးရာသုံးဆယ့်ခုနစ်ကုဋေတို့လည်းကောင်း-
၃၉၇။ ‘‘‘ဧတေသံ ဒေဝဒေဝါနံ, မဟာဒါနံ ပဝတ္တယိံ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၉၇။ နတ်ထက်နတ်ဖြစ်တော်မူကုန်သော ထိုမြတ်စွာဘုရားတို့အား ကြီးစွာသော အလှူ ကိုဖြစ်စေခဲ့ပါပြီ။ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားအကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့-
၃၉၈။ ‘‘‘ပစ္စေကဗုဒ္ဓါ ဝီတရာဂါ [ဓုတရာဂါ (ပီ။ က။)], အဋ္ဌဋ္ဌမကကောဋိယော [အဋ္ဌမတ္တက… (သီ။), အဋ္ဌမတ္ထက… (သျာ။)]၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၉၈။ ရာဂကင်းပြီးကုန်သော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည် ပွင့်တော် မူခဲ့ကုန်၏၊ ထိုပစ္စေကဗုဒ္ဓါတို့၏ အထံ၌ အကျွန်ုပ်၏ ဆုတောင်းခြင်းသည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏ စကားကို နာကြားတော်မူပါလော့-
၃၉၉။ ‘‘‘ခီဏာသဝါ ဝီတမလာ, အသင်္ခိယာ ဗုဒ္ဓသာဝကာ၊
အဓိကာရံ မဟာ မယှံ, ဓမ္မရာဇ သုဏောဟိ မေ။
၃၉၉။ ကိလေသာအညစ်အကြေးကင်းပြီးကုန်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ရဟန္တာတို့သည်မရေတွက်နိုင်ပါကုန်၊ ထိုရဟန္တာတို့၏ အထံ၌ အကျွန်ုပ်၏ ဆုတောင်းခြင်း သည် များလှပါ၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ု်ပ်၏ စကားကို နာကြားတော်မူပါလော့-
၄၀၀။ ‘‘‘ဧဝံ ဓမ္မေ သုစိဏ္ဏာနံ, သဒါ ဓမ္မဿ စာရိနံ၊
ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။
၄၀၀။ ဤသို့ တရား၌ ကောင်းစွာ ကျင့်ပြီးသော မြတ်စွာဘုရားတို့၏လည်းကောင်း၊ တရားကိုအခါခပ်သိမ်း ကျင့်လေ့ရှိကုန်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း အထံတော်၌ တရားကို ကျင့်လေ့ရှိသူသည်ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ အိပ်ရ, နေရပါ၏။
၄၀၁။ ‘‘‘ဓမ္မံ စရေ သုစရိတံ, န နံ ဒုစ္စရိတံ စရေ၊
ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။
၄၀၁။ ကောင်းသော အကျင့် ‘သုစရိုက်’ တရားကို ကျင့်ရာ၏၊ မကောင်းသောအကျင့် ‘ဒုစရိုက်’တရားကိုမကျင့်ရာ။ တရားကို ကျင့်လေ့ရှိသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်းချမ်းသာစွာ အိပ်ရ, နေရပါ၏။
၄၀၂။ ‘‘‘နိဗ္ဗိန္ဒိတွာန သံသာရေ, ပဗ္ဗဇိံ အနဂါရိယံ၊
သဟဿပရိဝါရေန, ပဗ္ဗဇိတွာ အကိဉ္စနာ။
၄၀၂။ အကျွန်ုပ်သည် သံသရာ၌ ငြီးငွေ့၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏၊ အခြံ အရံတစ်ထောင်ဖြင့်ကြောင့်ကြမဲ့ ရဟန်းပြုပြီးလျှင် -
၄၀၃။ ‘‘‘အဂါရံ ဝိဇဟိတွာန, ပဗ္ဗဇိံ အနဂါရိယံ၊
အဍ္ဎမာသေ အသမ္ပတ္တေ, စတုသစ္စမပါပုဏိံ။
၄၀၃။ အိမ်ရာထောင်သော လူ့အဖြစ်ကို စွန့်ပယ်၍ အိမ်ရာမထောင်သော ရဟန်း ဘောင်သို့ဝင်ရောက်ခဲ့ပါ၏၊ လခွဲမရောက်မီပင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသော အရဟတ္တမဂ်ဉာဏ်သို့ရောက်ခဲ့ပါ၏။
၄၀၄။ ‘‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
ဥပနေန္တိ ဗဟူ ဇနာ, သာဂရေယေဝ ဦမိယော။
၄၀၄။ များစွာကုန်သော လူတို့သည် သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးပစ္စည်းကိုလည်းကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း ‘သမုဒ္ဒရာ၌ လှိုင်းတံပိုး တို့ကဲ့သို့’ပို့ဆောင်ပါကုန်၏။
၄၀၅။ ‘‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၄၀၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၀၆။ ‘‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၀၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၄၀၇။ ‘‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’။
၄၀၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။
၄၀၈။ ‘‘ဧဝံ ဗဟုဝိဓံ ဒုက္ခံ, သမ္ပတ္တီ စ ဗဟုဗ္ဗိဓာ၊
ဝိသုဒ္ဓိဘာဝံ သမ္ပတ္တာ, လဘာမိ သဗ္ဗသမ္ပဒါ။
၄၀၈။ ဤသို့ များပြားသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ များပြားသော စည်းစိမ် ကိုလည်းကောင်းခံစားပြီးလျှင် အထူးစင်ကြယ်သော ရဟန္တာအဖြစ်သို့ ရောက်လျက် အလုံးစုံ သော ပြည့်စုံခြင်းတို့ကို ရရှိပါ၏။
၄၀၉။ ‘‘ယာ ဒဒါတိ သကတ္တာနံ, ပုညတ္ထာယ မဟေသိနော၊
သဟာယသမ္ပဒါ ဟောန္တိ, နိဗ္ဗာနပဒမသင်္ခတံ။
၄၀၉။ အကြင်မိန်းမသည် မြတ်စွာဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှါ မိမိကိုယ်ကို ပေးလှူ၏၊ ထိုမိန်းမအား အဖော် (ခင်ပွန်း) ၏ ပြည့်စုံခြင်းတို့သည် ဖြစ်ပါကုန်၏၊ အကြောင်း လေးပါးတို့ပေါင်းစပ်ပြုစီရင်ခြင်း မရှိသော ရောက်ထိုက်သော နိဗ္ဗာန်သို့ ရောက်ပါ၏။
၄၁၀။ ‘‘ပရိက္ခီဏံ အတီတဉ္စ, ပစ္စုပ္ပန္နံ အနာဂတံ၊
သဗ္ဗကမ္မံ မမံ ခီဏံ, ပါဒေ ဝန္ဒာမိ စက္ခုမ’’။
ဣတ္ထံ သုဒံ ယသောဓရာ ဘိက္ခုနီ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယသောဓရာထေရိယာပဒါနံ အဋ္ဌမံ။
၄၁၀။ အကျွန်ုပ်အား အတိတ်ကံသည်လည်းကောင်း၊ ပစ္စုပ္ပန်ကံသည်လည်းကောင်း၊ အနာဂတ်ကံသည်လည်းကောင်း ကုန်ပါပြီ။ အလုံးစုံသော ကံသည် အကျွန်ုပ်အား ကုန်ပါပြီ၊ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။ ဤသို့လျှင် ယသောဓရာရဟန်းမသည် မြတ်စွာဘုရား၏ မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။ ရှစ်ခုမြောက် ယသောဓရာထေရီအပဒါန ပြီး၏။
၉။ ယသောဓရာပမုခဒသဘိက္ခုနီသဟဿအပဒါန
၄၁၁။ ‘‘ကပ္ပေ စ သတသဟဿေ, စတုရော စ အသင်္ခိယေ၊
ဒီပင်္ကရော နာမ ဇိနော, ဥပ္ပဇ္ဇိ လောကနာယကော။
၉-ယသောဓရာပမုခဒသဘိက္ခုနီသဟဿအပဒါန ၄၁၁။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ လောက၏ ရှေ့သွားဖြစ်တော်မူသော ဒီပင်္ကရာမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၄၁၂။ ‘‘ဒီပင်္ကရော မဟာဝီရော, ဝိယာကာသိ ဝိနာယကော၊
သုမေဓဉ္စ သုမိတ္တဉ္စ, သမာနသုခဒုက္ခတံ။
၄၁၂။ ကြီးမြတ်သော လုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရသေ့ကိုလည်းကောင်း၊ သုမိတ္တာသတို့သမီးကိုလည်းကောင်း တူမျှသော ချမ်းသာ, ဆင်းရဲရှိသည်၏ အဖြစ်ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၄၁၃။ ‘‘သဒေဝကဉ္စ ပဿန္တော, ဝိစရန္တော သဒေဝကံ၊
တေသံ ပကိတ္တနေ အမှေ, ဥပဂမ္မ သမာဂမံ။
၄၁၃။ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကကို ရှုမြင်လို၍ နတ်နှင့်တကွသော လောကသို့လှည့်လည်စဥ် ထိုသူတို့အား ဗျာဒိတ်စကား မိန့်ကြားရာ၌ အကျွန်ုပ်တို့သည် အစည်းအဝေးသို့ချဥ်းကပ်၍ (ဤသို့ လျှောက်ထားခဲ့ပါ၏)။
၄၁၄။ ‘‘အမှံ သဗ္ဗပတိ ဟောဟိ [သဗ္ဗာ ပတီ ဟောန္တိ (ပီ။)], အနာဂတသမာဂမေ၊
သဗ္ဗာဝ တုယှံ ဘရိယာ, မနာပါ ပိယဝါဒိကာ။
၄၁၄။ အရှင်ရသေ့ အရှင်သည် အနာဂတ်အစည်းအဝေး၌ အားလုံးသော အကျွန်ုပ်တို့၏ အရှင်သခင်ဖြစ်ပါလော့၊ အားလုံးသော အကျွန်ုပ်တို့ပင် အရှင်၏ စိတ်ကို ပွါးစေတတ်သော ချစ်ဖွယ်ကို ပြောဆိုသောမယားတို့ ဖြစ်ရပါလိုကုန်၏။
၄၁၅။ ‘‘ဒါနံ သီလမယံ သဗ္ဗံ, ဘာဝနာ စ သုဘာဝိတာ၊
ဒီဃရတ္တဉ္စ နော [ဒီဃရတ္တမိဒံ (သျာ။ က။)] သဗ္ဗံ, ပရိစ္စတ္တံ မဟာမုနေ။
၄၁၅။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် အလုံးစုံသော ဒါနကိုပေးလှူခဲ့ပါကုန်၏၊ သီလကို ဆောက်တည်ခဲ့ပါကုန်၏၊ ဘာဝနာကို ကောင်းစွာ ပွါးများခဲ့ပါကုန်၏၊ ဤအလုံးစုံကို ရှည်ကြာသော ညဥ့်, နေ့ပတ်လုံး စွန့်လွှတ်ခဲ့ပါပြီ။
၄၁၆။ ‘‘ဂန္ဓံ ဝိလေပနံ မာလံ, ဒီပဉ္စ ရတနာမယံ၊
ယံကိဉ္စိ ပတ္ထိတံ သဗ္ဗံ, ပရိစ္စတ္တံ မဟာမုနိ။
၄၁၆။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ ဆီမီးကိုလည်းကောင်း၊ ရတနာဖြင့် ပြီးသော အမှတ်မရှိတောင့်တအပ်သော အရာအားလုံးကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။
၄၁၇။ ‘‘အညံ ဝါပိ ကတံ ကမ္မံ, ပရိဘောဂဉ္စ မာနုသံ၊
ဒီဃရတ္တဉှိ နော သဗ္ဗံ, ပရိစ္စတ္တံ မဟာမုနိ။
၄၁၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အခြားပြုအပ်သော အမှုကိုလည်းကောင်း၊ လူ၌ဖြစ်သော အသုံးအဆောင်ကိုလည်းကောင်း ဤအားလုံးကိုပင် အကျွန်ုပ်တို့ သည် ရှည်ကြာသော ညဥ့်, နေ့ပတ်လုံး စွန့်လွှတ်ခဲ့ပါပြီ။
၄၁၈။ ‘‘အနေကဇာတိသံသာရံ, ဗဟုံ ပုညမ္ပိ နော ကတံ၊
ဣဿရမနုဘောတွာန, သံသရိတွာ ဘဝါဘဝေ။
၄၁၈-၄၁၉။ ဘဝများစွာ သံသရာပတ်လုံး အကျွန်ုပ်တို့သည် များစွာသော ကုသိုလ်ကို ပြုခဲ့ပါပြီ၊ ဘဝကြီးငယ်၌ ကျင်လည်လျက် အစိုးရခြင်းစည်းစိမ်ကို ခံစား၍ နောက်ဆုံးဘဝသို့ ရောက်လတ်သော် သာကီဝင်မင်းသား၏ နန်းတော်၌ အထူးထူး, အသီးသီးသော အမျိုး၌ ဖြစ်ကုန်လျက် ‘နတ်သမီးကဲ့သို့’နှစ်သက်ဖွယ် အဆင်း ရှိပါကုန်၏။
၄၁၉။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, သကျပုတ္တနိဝေသနေ၊
နာနာကုလူပပန္နာယော, အစ္ဆရာ ကာမဝဏ္ဏိနီ။
၄၂၀။ ‘‘လာဘဂ္ဂေန ယသံ ပတ္တာ, ပူဇိတာ သဗ္ဗသက္ကတာ၊
လာဘိယော အန္နပါနာနံ, သဒါ သမ္မာနိတာ မယံ။
၄၂၀။ အကျွန်ုပ်တို့သည် မြတ်သောလာဘ်ဖြင့် အခြံအရံအကျော်အစောသို့ ရောက်ကုန်၏၊ အပူဇော်ခံရပါကုန်၏၊ အားလုံးတို့၏ အရိုအသေကို ခံရပါကုန်၏၊ ထမင်း, အဖျော်တို့ကို ရလွယ်ပါကုန်၏၊ အခါခပ်သိမ်း လွန်စွာ မြတ်နိုးခံရပါကုန်၏။
၄၂၁။ ‘‘အဂါရံ ပဇဟိတွာန, ပဗ္ဗဇိမှနဂါရိယံ၊
အဍ္ဎမာသေ အသမ္ပတ္တေ, သဗ္ဗာ ပတ္တာမှ နိဗ္ဗုတိံ။
၄၂၁။ အိမ်ရာထောင်သော လူ့အဖြစ်ကို စွန့်ပစ်၍ အိမ်ရာ မထောင်သော ရဟန်းဘောင် သို့ဝင်ရောက်ကြကုန်၏၊ လခွဲ မရောက်မီ အားလုံးသော အကျွန်ုပ်တို့သည် ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်ကြပါကုန်၏။
၄၂၂။ ‘‘လာဘိယော အန္နပါနာနံ, ဝတ္ထသေနာသနာနိ စ၊
ဥပေန္တိ ပစ္စယာ သဗ္ဗေ, သဒါ သက္ကတပူဇိတာ။
၄၂၂။ ထမင်း, အဖျော်တို့ကို လည်းကောင်း၊ အဝတ်, အိပ်ရာနေရာတို့ကို လည်းကောင်း ရလွယ်ပါကုန်၏။ အရိုအသေပြုအပ်, ပူဇော်အပ်သော ပစ္စည်းအားလုံးတို့သည် အခါခပ်သိမ်းဆိုက်ရောက်လျက် ရှိပါကုန်၏။
၄၂၃။ ‘‘ကိလေသာ ဈာပိတာ အမှံ…ပေ… ဝိဟရာမ အနာသဝါ။
၄၂၃။ အကျွန်ုပ်တို့သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲနေရပါကုန်၏။
၄၂၄။ ‘‘သွာဂတံ ဝတ နော အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၂၄။ အကျွန်ုပ်တို့၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေကုန်၏။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါကုန်ပြီ။
၄၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ယသောဓရာပမုခါနိ ဒသဘိက္ခုနီသဟဿာနိ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယသောဓရာပမုခဒသဘိက္ခုနီသဟဿာပဒါနံ နဝမံ။
၄၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါကုန်ပြီ။ ဤသို့လျှင် ယသောဓရာအမှူးရှိသည့် ရဟန်းမတစ်သောင်းတို့သည် မြတ်စွာဘုရား၏ မျက်မှောက်၌ဤဂါထာတို့ကို လျှောက်ဆိုခဲ့ကုန်၏။ ။ ကိုးခုမြောက် ယသောဓရာပမုခဒသဘိက္ခုနီသဟဿအပဒါန ပြီး၏။
၁၀။ ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန
၄၂၆။ ‘‘အဋ္ဌာရသသဟဿာနိ, ဘိက္ခုနီ သကျသမ္ဘဝါ၊
ယသောဓရာပမုခါနိ, သမ္ဗုဒ္ဓံ ဥပသင်္ကမုံ။
၁၀-ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန ၄၂၆။ သာကီဝင်မင်းမျိုးမှ ဖြစ်ကုန်သော ယသောဓရာ အမှူးရှိကုန်သော ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည် မြတ်စွာဘုရား၏ အထံတော်သို့ ချဥ်းကပ်ကုန်၏။
၄၂၇။ ‘‘အဋ္ဌာရသသဟဿာနိ, သဗ္ဗာ ဟောန္တိ မဟိဒ္ဓိကာ၊
ဝန္ဒန္တီ မုနိနော ပါဒေ, အာရောစေန္တိ ယထာဗလံ။
၄၂၇။ တစ်သောင်းရှစ်ထောင်သော ရဟန်းမအလုံးစုံတို့သည် တန်ခိုးကြီးသူတို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ ခြေတို့ကို ရှိခိုးကုန်လျက် စွမ်းအားအလျောက် လျှောက်ကြားကုန်၏။
၄၂၈။ ‘‘‘ဇာတိ ခီဏာ ဇရာ ဗျာဓိ, မရဏဉ္စ မဟာမုနိ၊
အနာသဝံ ပဒံ သန္တံ, အမတံ ယာမ နာယက။
၄၂၈။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ပဋိသန္ဓေနေခြင်းသည်လည်းကောင်း၊ အိုခြင်းသည်လည်းကောင်း၊ နာခြင်းသည်လည်းကောင်း၊ သေခြင်းသည်လည်းကောင်း ကုန်ပါ ပြီ။ သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်တို့သည် အာသဝမရှိသောငြိမ်းအေးသော အမြိုက်နိဗ္ဗာန်သို့ သွားပါကုန်အံ့။
၄၂၉။ ‘‘‘ခလိတဉ္စေ ပုရေ အတ္ထိ, သဗ္ဗာသမ္ပိ မဟာမုနိ၊
အပရာဓမဇာနန္တီ, ခမ အမှံ ဝိနာယက။
၄၂၉။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးအခါက အပြစ်ကို မသိပါကုန်၍အားလုံးတို့အားပင် ချွတ်ယွင်းမှုသည် အကယ်၍ ရှိငြားအံ့၊ လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့အား သည်းခံတော်မူပါ။
၄၃၀။ ‘‘‘ဣဒ္ဓိဉ္စာပိ နိဒဿေထ, မမ သာသနကာရိကာ၊
ပရိသာနဉ္စ သဗ္ဗာသံ, ကင်္ခံ ဆိန္ဒထ ယာဝတာ။
၄၃၀။ ငါဘုရား၏ အဆုံးအမကို လိုက်နာတတ်သော ချစ်သမီးတို့သည် တန်ခိုးကိုလည်း ပြကုန်ဦးလော့၊ အကြင်မျှလောက် ပရိသတ်အားလုံးတို့၏ ယုံမှားခြင်းကို လည်း ဖြတ်တောက် ကြကုန်ဦးလော့။
၄၃၁။ ‘‘‘ယသောဓရာ မဟာဝီရ, မနာပါ ပိယဒဿနာ၊
သဗ္ဗာ တုယှံ မဟာဝီရ, အဂါရသ္မိံ ပဇာပတိ။
၄၃၁။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ယသောဓရာ အမှူးပြုသော အား လုံးသောမိန်းမတို့သည် စိတ်ကို ပွါးစေတတ်ကုန်၏၊ ချစ်စဖွယ်, ကြည့်ရှုစဖွယ် ဖြစ်ပါကုန်၏၊ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အားလုံးသော မိန်းမတို့သည် အရှင်၏ နန်း အိမ်တော်၌ အရှင်၏ကြင်ရာတော်တို့ပါတည်း။
၄၃၂။ ‘‘‘ထီနံ သတသဟဿာနံ, နဝုတီနံ ဆဒုတ္တရိ၊
အဂါရေ တေ မယံ ဝီရ, ပါမောက္ခာ သဗ္ဗာ ဣဿရာ။
၄၃၂။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် အရှင်၏ နန်းအိမ်တော်၌ကိုးသန်းခြောက်သိန်းသော မိန်းမတို့၏ အကြီးအမှူးတို့ပါတည်း၊ မိန်းမအားလုံးတို့ကို အစိုးရသူတို့ပါတည်း။
၄၃၃။ ‘‘‘ရူပါစာရဂုဏူပေတာ, ယောဗ္ဗနဋ္ဌာ ပိယံဝဒါ၊
သဗ္ဗာ နော အပစာယန္တိ, ဒေဝတာ ဝိယ မာနုသာ။
၄၃၃။ ရုပ်အဆင်းဂုဏ်, အကျင့်ဂုဏ်နှင့် ပြည့်စုံပါကုန်၏၊ အရွယ်၌ တည်ကုန်လျက် ချစ်စဖွယ်ပြောဆိုတတ်ပါကုန်၏၊ ‘လူတို့သည် နတ်တို့ကို ရိုသေကုန်သကဲ့သို့’ မောင်းမအား လုံးတို့သည်အကျွန်ုပ်တို့အား ရိုသေကြပါကုန်၏။
၄၃၄။ ‘‘‘အဋ္ဌာရသသဟဿာနိ, သဗ္ဗာ သာကိယသမ္ဘဝါ၊
ယသောဓရာသဟဿာနိ, ပါမောက္ခာ ဣဿရာ တဒါ။
၄၃၄။ တစ်သောင်းရှစ်ထောင်ကုန်သော အမျိုးသမီးအားလုံးတို့သည် သာကီဝင်မင်းမျိုး၌ ဖြစ်ကုန်၏၊ ထိုအခါ ယသောဓရာအမှူးရှိသော တစ်ထောင်သော အမျိုးသမီးတို့သည် အကြီး အမှူးတို့ပါတည်း၊ အစိုးရသူတို့ပါတည်း။
၄၃၅။ ‘‘‘ကာမဓာတုမတိက္ကမ္မ, သဏ္ဌိတာ ရူပဓာတုယာ၊
ရူပေန သဒိသာ နတ္ထိ, သဟဿာနံ မဟာမုနိ။
၄၃၅။ ရုပ်အဆင်းအရာ၌ ကာမဘုံကို ကျော်လွန်၍ ကောင်းစွာ တည်ပါကုန်၏၊ မြတ်စွာ ဘုရား (သာကီဝင်မင်းသမီး) တစ်ထောင်တို့၏ ရုပ်အဆင်းနှင့် တူသူ မရှိပါ (ဟုလျှောက်ကြားကုန်၏)။
၄၃၆။ ‘‘‘သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ဣဒ္ဓိံ ဒဿံသု သတ္ထုနော၊
နေကာ နာနာဝိဓာကာရာ, မဟာဣဒ္ဓီပိ ဒဿယုံ။
၄၃၆။ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် မြတ်စွာဘုရားအား တန်ခိုးကို ပြကြကုန်၏၊ တစ်ပါးမက အထူးထူးအပြားပြားသော အခြင်းအရာရှိသော များစွာသော တန်ခိုးတို့ ကိုလည်းပြကြကုန်၏။
၄၃၇။ ‘‘‘စက္ကဝါဠသမံ ကာယံ, သီသံ ဥတ္တရတော ကုရု၊
ဥဘော ပက္ခာ ဒုဝေ ဒီပါ, ဇမ္ဗုဒီပံ သရီရတော။
၄၃၇။ ကိုယ်သည် စကြဝဠာမျှလောက် ရှိ၏၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက်ရှိ၏၊ အတောင်နှစ်ဖက်တို့သည် (အရှေ့, အနောက်) နှစ်ကျွန်းမျှလောက် ရှိကုန်၏၊ ကိုယ် အားဖြင့်ဇမ္ဗုဒီပါကျွန်းမျှလောက် ရှိ၏။
၄၃၈။ ‘‘‘ဒက္ခိဏဉ္စ သရံ ပိဉ္ဆံ, နာနာသာခါ တု ပတ္တကာ၊
စန္ဒဉ္စ သူရိယဉ္စက္ခိ, မေရုပဗ္ဗတတော သိခံ။
၄၃၈။ မြီးစည်းသည် တောင်သမုဒ္ဒရာမျှလောက် ရှိ၏၊ ထိုမှတစ်ပါး အတောင်ပံတို့သည် အထူးထူးသောအခက်နှင့် တူကုန်၏၊ မျက်စိသည် လနေမျှလောက် ရှိ၏၊ ဦးစွန်းသည် မြင်းမိုရ်တောင်မျှလောက် ရှိ၏။
၄၃၉။ ‘‘‘စက္ကဝါဠဂိရိံ တုဏ္ဍံ, ဇမ္ဗုရုက္ခံ သမူလကံ၊
ဗီဇမာနာ ဥပါဂန္တွာ, ဝန္ဒန္တီ လောကနာယကံ။
၄၃၉။ နှုတ်သီးသည် စကြဝဠာတောင်မျှလောက် ရှိ၏၊ ဇမ္ဗုသပြေပင်ကို အမြစ်အရင်းနှင့် တကွ နုတ်၍ယပ်ခတ်ကာ မြတ်စွာဘုရားကို ချဥ်းကပ်ကုန်၍ ရှိခိုးလျက်ပင်-
၄၄၀။ ‘‘‘ဟတ္ထိဝဏ္ဏံ တထေဝဿံ, ပဗ္ဗတံ ဇလဓိံ တထာ၊
စန္ဒဉ္စ သူရိယံ မေရုံ, သက္ကဝဏ္ဏဉ္စ ဒဿယုံ။
၄၄၀။ ဆင်အသွင်ကိုလည်းကောင်း၊ ထိုအတူပင် မြင်းအသွင်ကိုလည်းကောင်း၊ တောင် အသွင်၊ သမုဒ္ဒရာအသွင်ကိုလည်းကောင်း၊ ထိုမှတစ်ပါး လနေအသွင်, မြင်းမိုရ်တောင်အသွင်, သိကြားမင်းအသွင်ကိုလည်းကောင်း ဖန်ဆင်းပြကြကုန်၏။
၄၄၁။ ‘‘‘ယသောဓရာ မယံ ဝီရ, ပါဒေ ဝန္ဒာမ စက္ခုမ၊
တဝ စိရပဘာဝေန, နိပ္ဖန္နာ နရနာယက။
၄၄၁။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ယသောဓရာအမှူးရှိသော သူတို့ပါတည်း၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုး ပါကုန်၏၊ လူတို့ကိုနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရား ကြာမြင့်စွွာ ပွါး များခြင်းဖြင့် ပြီးမြောက်ပါကုန်၏။
၄၄၂။ ‘‘‘ဣဒ္ဓီသု စ ဝသီ ဟောမ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ ဟောမ မဟာမုနေ။
၄၄၂။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ဣဒ္ဓိဝိဓ (အဘိညာဥ်) တို့၌ လည်းလေ့လာပြီးဖြစ်ပါကုန်၏။ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း၊ စေတောပရိယဉာဏ်၌လည်းကောင်း လေ့လာပြီး ဖြစ်ပါကုန်၏။
၄၄၃။ ‘‘‘ပုဗ္ဗေနိဝါသံ ဇာနာမ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၄၄၃။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါကုန်၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင် အပ်ပြီ။ အာသဝအာလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းမရှိတော့ ပါကုန်။
၄၄၄။ ‘‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ဉာဏံ အမှံ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။
၄၄၄။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထ ပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌ လည်းကောင်းအသိဉာဏ်သည် အကျွန်ုပ်တို့အား ဖြစ်ပေါ်ခဲ့ပါကုန်၏။
၄၄၅။ ‘‘‘ပုဗ္ဗာနံ လောကနာထာနံ, သင်္ဂမံ နော နိဒဿိတံ၊
အဓိကာရာ ဗဟူ အမှံ, တုယှတ္ထာယ မဟာမုနေ။
၄၄၅။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား လောက၏ ကိုးကွယ်ရာဖြစ်သောရှေးမြတ်စွာဘုရားတို့ (အထံ၌) ပေါင်းဆုံမိခြင်းကို အရှင်ဘုရားသည် ပြအပ်ပါပြီ၊ အရှင်ဘုရား၏ အကျိုးငှါ ဆုတောင်းခြင်းတို့သည် အကျွန်ုပ်တို့အား များပြားလှပါကုန်၏။
၄၄၆။ ‘‘‘ယံ အမှံ ပူရိတံ ကမ္မံ, ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ, ပုညာနုပစိတာနိ နော။
၄၄၆။ မြတ်စွာဘုရား ကုသိုလ်ဖြစ်သော အကြင်ကံကို အကျွန်ုပ်တို့သည် ဖြည့်ကျင့်ဆည်း ပူးအပ်ကုန်ပြီ၊ ထိုကုသိုလ်ကံကို အောက်မေ့တော်မူပါလော့၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားအရှင်ဘုရား၏ အကျိုးငှါ ကောင်းမှုကို အကျွန်ုပ်တို့သည် ဆည်းပူးအပ်ပါ ကုန်ပြီ။
၄၄၇။ ‘‘‘အဘဗ္ဗဋ္ဌာနေ ဝဇ္ဇေတွာ, ဝါရယိမှ အနာစရံ၊
တုယှတ္ထာယ မဟာဝီရ, စတ္တာနိ ဇီဝိတာနိ နော [သဉ္စတ္တံ ဇီဝိတမ္ပိ နော (သျာ။)]။
၄၄၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် မလျောက် ပတ်သောအရာတို့ကို ကြဥ်၍ မကျင့်အပ်သည်ကို တားမြစ်ပါကုန်၏၊ အရှင်ဘုရား၏ အကျိုး ငှါ အကျွန်ုပ်တို့သည်အသက်တို့ကို ကောင်းစွာ စွန့်လွှတ်အပ်ပါကုန်၏။
၄၄၈။ ‘‘‘နေကကောဋိသဟဿာနိ, ဘရိယတ္ထာယဒါသိ နော၊
န တတ္ထ ဝိမနာ ဟောမ, တုယှတ္ထာယ မဟာမုနေ။
၄၄၈။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးသူတစ်ပါးအား မယားပြုရန် အကျိုးငှါ အကျွန်ုပ်တို့ကို ပေးလှူခဲ့ပါ၏၊ ထိုသို့ လှူရာ၌ အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းတို့သည် မဖြစ်ခဲ့ပါကုန်။
၄၄၉။ ‘‘‘နေကကောဋိသဟဿာနိ, ဥပကာရာယဒါသိ နော၊
န တတ္ထ ဝိမနာ ဟောမ, တုယှတ္ထာယ မဟာမုနေ။
၄၄၉။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးသဗ္ဗညုတဉာဏ်၏ အထောက်အပံ့အကျိုးငှါ အကျွန်ုပ်တို့ကို ပေးလှူခဲ့ပါ၏၊ ထိုသို့ ပေးလှူရာ၌အရှင်ဘုရား၏ အကျိုးငှါ စိတ်ဖောက်ပြန်ခြင်းတို့သည် မဖြစ်ခဲ့ပါကုန်။
၄၅၀။ ‘‘‘နေကကောဋိသဟဿာနိ, ဘောဇနတ္ထာယဒါသိ နော၊
န တတ္ထ ဝိမနာ ဟောမ, တုယှတ္ထာယ မဟာမုနေ။
၄၅၀။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုဋေအထောင်မကသော ဘဝတို့ ပတ်လုံးအကျွန်ုပ်တို့ကို အစားအစာအကျိုးငှါ ပေးလှူခဲ့ပါ၏၊ ထိုသို့ ပေးလှူရာ၌ အရှင် ဘုရား၏ အကျိုးငှါစိတ်ဖောက်ပြန်ခြင်းတို့သည် မဖြစ်ခဲ့ပါကုန်။
၄၅၁။ ‘‘‘နေကကောဋိသဟဿာနိ, ဇီဝိတာနိ စဇိမှသေ [စဇိမှ နော (ပီ။ က။)]၊
ဘယမောက္ခံ ကရိဿာမ, ဇီဝိတာနိ စဇိမှသေ။
၄၅၁။ အကျွန်ုပ်တို့သည် ကုဋေအထောင်မကသော ဘဝတို့ပတ်လုံး အသက်တို့ကို စွန့် လွှတ်ခဲ့ပါကုန်၏၊ ဘေးမှ လွတ်မြောက်ခြင်းကို ပြုအံ့ဟု အကျွန်ုပ်တို့၏ အသက်ကို စွန့်လွှတ်ခဲ့ ပါကုန်၏။
၄၅၂။ ‘‘‘အင်္ဂဂတေ အလင်္ကာရေ, ဝတ္ထေ နာနာဝိဓေ ဗဟူ၊
ဣတ္ထိဘဏ္ဍေ န ဂူဟာမ, တုယှတ္ထာယ မဟာမုနေ။
၄၅၂။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ကိုယ်အင်္ဂါတို့ကို လည်းကောင်း၊ ဤအတူ တန်ဆာဆင်အပ်သော အဝတ်အမျိုးမျိုးတို့ကိုလည်းကောင်း၊ များစွာသောမိန်းမတန်ဆာတို့ကို လည်းကောင်း မလျှို့ဝှက်ပါကုန်။
၄၅၃။ ‘‘‘ဓနဓညပရိစ္စာဂံ, ဂါမာနိ နိဂမာနိ စ၊
ခေတ္တံ ပုတ္တာ စ ဓီတာ စ, ပရိစ္စတ္တာ မဟာမုနေ။
၄၅၃။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား (အရှင်ဘုရား၏ အကျိုးငှါ) ဥစ္စာ စပါးကိုလည်းစွန့်ခဲ့ပါပြီ။ ရွာတို့ကို လည်းကောင်း၊ နိဂုံးတို့ကို လည်းကောင်း၊ လယ်ယာတို့ကို လည်ကောင်း၊ သားတို့ကို လည်းကောင်း၊ သမီးတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါကုန်ပြီ။
၄၅၄။ ‘‘‘ဟတ္ထီ အဿာ ဂဝါ စာပိ, ဒါသိယော ပရိစာရိကာ၊
တုယှတ္ထာယ မဟာဝီရ, ပရိစ္စတ္တံ အသင်္ခိယံ။
၄၅၄။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ စွန့် လွှတ်ခဲ့ရကုန်သောဆင်, မြင်း, နွားတို့သည်လည်းကောင်း၊ ကျွန်မတို့သည်လည်းကောင်း၊ အလုပ်အကျွေးတို့သည်လည်းကောင်း မရေတွက်နိုင်ပါကုန်။
၄၅၅။ ‘‘‘ယံ အမှေ ပဋိမန္တေသိ, ဒါနံ ဒဿာမ ယာစကေ၊
ဝိမနံ နော န ပဿာမ, ဒဒတော ဒါနမုတ္တမံ။
၄၅၅။ တောင်းတတ်သူတို့ကို အကြင်အလှူကို လှူအံ့ဟု အကျွန်ုပ်တို့အား တိုင်ပင်၏၊ ထိုအလှူမြတ်ကိုလှူခြင်းကြောင့် အကျွန်ုပ်တို့၏ စိတ်ဖောက်ပြန်ခြင်းကို မမြင်ဖူးပါကုန်။
၄၅၆။ ‘‘‘နာနာဝိဓံ ဗဟုံ ဒုက္ခံ, သံသာရေ စ ဗဟုဗ္ဗိဓေ၊
တုယှတ္ထာယ မဟာဝီရ, အနုဘုတ္တံ အသင်္ခိယံ။
၄၅၆။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ များ ပြားလှစွာသံသရာ၌လည်း အထူးထူးအပြားပြား များစွာသော ဆင်းရဲကိို ခံစားခဲ့ခြင်းသည် မရေတွက်နိုင်ပါ။
၄၅၇။ ‘‘‘သုခပ္ပတ္တာနုမောဒါမ, န စ ဒုက္ခေသု ဒုမ္မနာ၊
သဗ္ဗတ္ထ တုလိတာ ဟောမ, တုယှတ္ထာယ မဟာမုနေ။
၄၅၇။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ချမ်းသာ ခြင်းသို့ရောက်လတ်သော် ဝမ်းမြောက်ပါကုန်၏၊ ဆင်းရဲမှုတို့ကြောင့်ကား စိတ်မချမ်းသာခြင်း မဖြစ်ခဲ့ပါကုန်၊ အလုံးစုံသော ချမ်းသာ, ဆင်းရဲတို့၌ ချိန်သဖွယ် (တူမျှ) ကုန်သည် ဖြစ်ပါကုန်၏။
၄၅၈။ ‘‘‘အနုမဂ္ဂေန သမ္ဗုဒ္ဓေါ, ယံ ဓမ္မံ အဘိနီဟရိ၊
အနုဘောတွာ သုခံ ဒုက္ခံ, ပတ္တော ဗောဓိံ မဟာမုနေ။
၄၅၈။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားသည် သင့်လျော်သော အကြောင်းဖြင့်အကြင်အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တရားကို ရှေးရှုဆောင်၏၊ ချမ်းသာ, ဆင်းရဲကို ခံစား၍ထိုသမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်တော်မူ၏။
၄၅၉။ ‘‘‘ဗြဟ္မဒေဝဉ္စ သမ္ဗုဒ္ဓံ, ဂေါတမံ လောကနာယကံ၊
အညေသံ လောကနာထာနံ, သင်္ဂမံ တေဟိ နော ဗဟူ။
၄၅၉။ ဗြဟ္မဒေဝမြတ်စွာဘုရားကိုလည်းကောင်း၊ (ပေါရာဏ) ဂေါတမမြတ်စွာဘုရားကို လည်းကောင်း (ဖူးမြင်ဆုတောင်းရ၍) တစ်ပါးကုန်သော မြတ်စွာဘုရားတို့၏ အထံတော်၌ အကျွန်ု်ပ်တို့၏ အရှင်ဘုရားနှင့်ပေါင်းဆုံရခြင်းသည် များလှပါပြီ။
၄၆၀။ ‘‘‘အဓိကာရံ ဗဟုံ အမှေ, တုယှတ္ထာယ မဟာမုနေ၊
ဂဝေသတော ဗုဒ္ဓဓမ္မေ, မယံ တေ ပရိစာရိကာ။
၄၆၀။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ဆုတောင်း ခြင်းသည်အကျွန်ုပ်တို့အား များလှပါ၏၊ အကျွန်ုပ်တို့သည် ဘုရားဖြစ်ကြောင်း တရားတို့ကို ရှာဖွေသောအရှင်ဘုရား၏ အလုပ်အကျွေးတို့ပါတည်း။
၄၆၁။ ‘‘‘ကပ္ပေ စ သတသဟဿေ, စတုရော စ အသင်္ခိယေ၊
ဒီပင်္ကရော မဟာဝီရော, ဥပ္ပဇ္ဇိ လောကနာယကော။
၄၆၁။ လေးအသင်္ချေတို့ကို လည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ကို လည်းကောင်း (လွန်၍) လောက၏ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူခဲ့ ပါ၏။
၄၆၂။ ‘‘‘ပစ္စန္တဒေသဝိသယေ, နိမန္တေတွာ တထာဂတံ၊
တဿ အာဂမနံ မဂ္ဂံ, သောဓေန္တိ တုဋ္ဌမာနသာ။
၄၆၂။ မြို့စွန်မြို့ဖျားအရပ်ဒေသ၌ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာ ဘုရား၏ ကြွလာရာဖြစ်သော လမ်းစကို နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။
၄၆၃။ ‘‘‘တေန ကာလေန သော အာသိ, သုမေဓော နာမ ဗြာဟ္မဏော၊
မဂ္ဂဉ္စ ပဋိယာဒေသိ, အာယတော သဗ္ဗဒဿိနော။
၄၆၃။ ထိုအခါ ထိုအရှင်ဘုရားသည် သုမေဓာအမည်ရှိသော ပုဏ္ဏားဖြစ်၏၊ ကြွလာသောဒီပင်္ကရာမြတ်စွာဘုရား၏ လမ်းခရီးကိုလည်း သုတ်သင်စီရင်၏။
၄၆၄။ ‘‘‘တေန ကာလေန အဟုမှ, သဗ္ဗာ ဗြာဟ္မဏသမ္ဘဝါ၊
ထလူဒဇာနိ ပုပ္ဖါနိ, အာဟရိမှ သမာဂမံ။
၄၆၄။ ထိုအခါ အားလုံးသော အကျွန်ုပ်တို့သည် ပုဏ္ဏားမျိုး ဖြစ်ပါကုန်၏၊ ကုန်း ပန်းပွင့်, ရေပန်းပွင့်တို့ကို ပြည်သူတို့ အစည်းအဝေးသို့ ဆောင်ယူကုန်၏။
၄၆၅။ ‘‘‘တသ္မိံ သော သမယေ ဗုဒ္ဓေါ, ဒီပင်္ကရော မဟာယသော၊
ဝိယာကာသိ မဟာဝီရော, ဣသိမုဂ္ဂတမာနသံ။
၄၆၅။ ထိုအခါ များမြတ်သော အခြံအရံ အကျော်အစောရှိသော ကြီးမြတ်သော လုံ့လ ရှိသောဒီပင်္ကရာမြတ်စွာဘုရားသည် တက်ကြွသော စိတ်ရှိသော သုမေဓာရသေ့ကို ဗျာဒိတ် စကား ကြားတော်မူ၏။
၄၆၆။ ‘‘‘စလတီ ရဝတီ ပုထဝီ, သင်္ကမ္ပတိ သဒေဝကေ၊
တဿ ကမ္မံ ပကိတ္တေန္တေ, ဣသိမုဂ္ဂတမာနသံ။
၄၆၆ -၄၆၇။ နတ်နှင့်တကွသော လောက၌ ထိုရသေ့၏ အမှုကို ဗျာဒိတ်စကား ပြော ကြားတော်မူသော် မြေကြီးသည် တုန်လှုပ်၏၊ တော်လဲ၏၊ ပြင်းစွာ တုန်လှုပ်၏၊ အကျွန်ုပ် တို့သည်လည်းကောင်း၊ နတ်သမီးတို့သည်လည်းကောင်း၊ နတ်နှင့် တကွကုန်သော လူတို့ သည်လည်းကောင်း တက်ကြွသော စိတ်ရှိသော ရသေ့အား အထူးထူးသော ပူဇော်ဖွယ် ဥစ္စာ ဘဏ္ဍာကို ပူဇော်၍ ဆုတောင်းခဲ့ကြပါကုန်၏။
၄၆၇။ ‘‘‘ဒေဝကညာ မနုဿာ စ, မယဉ္စာပိ သဒေဝကာ၊
နာနာပူဇနီယံ ဘဏ္ဍံ, ပူဇယိတွာန ပတ္ထယုံ။
၄၆၈။ ‘‘‘တေသံ ဗုဒ္ဓေါ ဝိယာကာသိ, ဇောတိဒီပ သနာမကော၊
အဇ္ဇ ယေ ပတ္ထိတာ အတ္ထိ, တေ ဘဝိဿန္တိ သမ္မုခါ။
၄၆၈။ ဒီပင်္ကရာဟူသော မိမိအမည်တော်ရှိသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား ယနေ့ဆုတောင်းကုန်သော အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့သည် ထိုမြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ကြကုန်လတ္တံ့ဟု ဗျာဒိတ်စကား ကြားတော်မူ၏။
၄၆၉။ ‘‘‘အပရိမေယျေ ဣတော ကပ္ပေ, ယံ နော ဗုဒ္ဓေါ ဝိယာကရိ၊
တံ ဝါစမနုမောဒေန္တာ, ဧဝံကာရီ အဟုမှ နော။
၄၆၉။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဒီပင်္ကရာမြတ်စွာဘုရားသည် အကျွန်ုပ်တို့အား အကြင်ဗျာဒိတ်စကားကို မိန့်ကြားတော်မူ၏၊ အကျွန်ုပ်တို့သည်ထိုဗျာဒိတ်စကားကို ဝမ်းမြောက်ကုန်လျက် ဤသို့မိန့်ကြားသော ဗျာဒိတ် စကားအတိုင်း ပြုလေ့ရှိသူတို့ဖြစ်ခဲ့ပါကုန်၏။
၄၇၀။ ‘‘‘တဿ ကမ္မဿ သုကတဿ, တဿ စိတ္တံ ပသာဒယုံ၊
ဒေဝမာနုသိကံ ယောနိံ, အနုဘောတွာ အသင်္ခိယံ။
၄၇၀။ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေကုန်၏၊ ကောင်းစွာပြု အပ်သောထိုကံ၏ အစွမ်းကြောင့် မရေတွက်နိုုင်သော နတ်ပြည်, လူ့ပြည်၌ ဖြစ်သော ခန္ဓာ ကိုယ်ကို ခံစားပြီး၍-
၄၇၁။ ‘‘‘သုခဒုက္ခေနုဘောတွာန, ဒေဝေသု မာနုသေသု စ၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဇာတာမှ သာကိယေ ကုလေ။
၄၇၁။ အကျွန်ုပ်တို့သည် နတ်ပြည်တို့၌ လည်းကောင်း၊ လူ့ပြည်တို့၌ လည်းကောင်း ချမ်းသာဆင်းရဲတို့ကို ခံစားကုန်ပြီးလျှင် နောက်ဆုံးဖြစ်သောဘဝသို့ ရောက်လတ်သော် သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ကုန်၏။
၄၇၂။ ‘‘‘ရူပဝတီ ဘောဂဝတီ, ယသသီလဝတီ တတော၊
သဗ္ဗင်္ဂသမ္ပဒါ ဟောမ, ကုလေသု အဘိသက္ကတာ။
၄၇၂။ အကျွန်ုပ်တို့သည် ရုပ်အဆင်းလှသူ, စည်းစိမ်ဥစ္စာရှိသူ, အခြံအရံများသူ, သီလ ရှိသူ, ထိုမှတစ်ပါး အလုံးစုံ ကိုယ်အင်္ဂါနှင့် ပြည့်စုံသူ, အမျိုးတို့၌ အရိုအသေခံရသူတို့ ဖြစ် ပေကုန်၏။
၄၇၃။ ‘‘‘လာဘံ သိလောကံ သက္ကာရံ, လောကဓမ္မသမာဂမံ၊
စိတ္တဉ္စ ဒုက္ခိတံ နတ္ထိ, ဝသာမ အကုတောဘယာ။
၄၇၃။ လာဘ်ကိုလည်းကောင်း၊ အခြံအရံအကျော်အစောကိုလည်းကောင်း၊ ပူဇော်သက္ကာရကိုလည်းကောင်း ရကုန်၏။ လောကဓံတရားနှင့် တွေ့ကြုံရသော် လည်း အကျွန်ုပ်တို့အား စိတ်ဆင်းရဲခြင်းမရှိချေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘေးမရှိသည်ဖြစ်၍ နေရကုန်၏။
၄၇၄။ ‘‘‘ဝုတ္တဉှေတံ ဘဂဝတာ, ရညော အန္တေပုရေ တဒါ၊
ခတ္တိယာနံ ပုရေ ဝီရ [တာသံ (သျာ။)], ဥပကာရဉ္စ နိဒ္ဒိသိ။
၄၇၄။ ထိုကပိလဝတ်ပြည်သို့ ကြွတော်မူသော အခါ သုဒ္ဓေါဒနမင်း၏ နန်းတော်တွင်း၌ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူအပ်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား သာကီဝင်မင်းတို့၏ နေပြည်တော်၌ (ယသောဓရာ၏) ဂုဏ်ကျေးဇူးကိုလည်း ညွှန်ပြတော်မူ၏။
၄၇၅။ ‘‘‘ဥပကာရာ စ ယာ နာရီ, ယာ စ နာရီ သုခေ ဒုခေ၊
အတ္ထက္ခာယီ စ ယာ နာရီ, ယာ စ နာရီနုကမ္ပိကာ။
၄၇၅။ အကြင်မိန်းမသည် ကျေးဇူးလည်း ပြုတတ်ပေ၏၊ အကြင်မိန်းမသည် ချမ်းသာ ဆင်းရဲ၌ တူမျှ၏၊ အကြင်မိန်းမသည် အကျိုးစီးပွါးကိုလည်း ပြောကြားလေ့ရှိပေ၏၊ အကြင် မိန်းမသည် အစဥ်လည်းစောင့်ရှောက်တတ်ပေ၏ဟု ထိုမိန်းမ၏ ဂုဏ်ကို ညွှန်ပြတော်မူပေ၏။
၄၇၆။ ‘‘‘ဓမ္မံ စရေ သုစရိတံ, န နံ ဒုစ္စရိတံ စရေ၊
ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။
၄၇၆။ ကောင်းသော အကျင့် ‘သုစရိုက်’တရားကို ကျင့်ရာ၏၊ မကောင်းသော အကျင့်‘ဒုစရိုက်’တရားကို မကျင့်ရာ။ တရားကို ကျင့်လေ့ရှိသော သူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ အိပ်ရနေရပါ၏။
၄၇၇။ ‘‘‘အဂါရံ ဝိဇဟိတွာန, ပဗ္ဗဇိမှနဂါရိယံ၊
အဍ္ဎမာသေ အသမ္ပတ္တေ, စတုသစ္စံ ဖုသိမှ နော။
၄၇၇။ အကျွန်ုပ်တို့သည် အိမ်ရာထောင်သော လူ့အဖြစ်ကို ပယ်စွန့်၍ အိမ်ရာ မထောင် သောရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏၊ လခွဲသို့ မရောက်မီ သစ္စာလေးပါးကို ရကြပါကုန်၏။
၄၇၈။ ‘‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
ဥပနေန္တိ ဗဟူ အမှေ, သာဂရဿေဝ ဦမိယော။
၄၇၈။ များစွာသော သူတို့သည် အကျွန်ုပ်တို့ထံသို့ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကို လည်းကောင်း၊ ဆေးပစ္စည်းကိုလည်းကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း ‘သမုဒ္ဒရာ၏ လှိုင်းတံပိုးတို့ကဲ့သို့’ပို့ဆောင်ကုန်၏။
၄၇၉။ ‘‘‘ကိလေသာ ဈာပိတာ အမှံ [မယှံ (သျာ။), အမှာကံ (က။)], ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမ အနာသဝါ။
၄၇၉။ အကျွန်ုပ်တို့သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝ အားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘အနှောင်အဖွဲ့ကို ဖြတ်၍ သွားသော ဆင်မတို့ကဲ့သို့’ အာသဝမရှိဘဲ နေရကုန်၏။
၄၈၀။ ‘‘‘သွာဂတံ ဝတ နော အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၄၈၀။ အကျွန်ုပ်တို့၏ လာခြင်းသည် ကောင်းသောလာခြင်းပင် ဖြစ်ပေ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ သုံးပါးသော ဝိဇ္ဇာတို့သို့ အစဥ်ရောက်ကုန်ပြီ၊ မြတ်စွာ ဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၄၈၁။ ‘‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’။
၄၈၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၄၈၂။ ‘‘ဧဝံ ဗဟုဝိဓံ ဒုက္ခံ, သမ္ပတ္တီ စ ဗဟုဗ္ဗိဓာ၊
ဝိသုဒ္ဓဘာဝံ သမ္ပတ္တာ, လဘာမ သဗ္ဗသမ္ပဒါ။
၄၈၂။ ဤသို့များသော အပြားရှိသော ဆင်းရဲကိုလည်းကောင်း၊ များသောအပြားရှိသော စည်းစိမ်တို့ကို လည်းကောင်း စင်ကြယ်သော အဖြစ်သို့ ရောက်ကုန်၏။ အလုံးစုံသော ပြည့်စုံခြင်းတို့ကို ရကုန်၏။
၄၈၃။ ‘‘ယာ ဒဒန္တိ သကတ္တာနံ, ပုညတ္ထာယ မဟေသိနော၊
သဟာယသမ္ပဒါ ဟောန္တိ, နိဗ္ဗာနပဒမသင်္ခတံ။
၄၈၃။ အကြင်မိန်းမတို့သည် မြတ်စွာဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှါ မိမိကိုယ်ကို ပေးလှူကုန်၏၊ ထိုမိန်းမအား အဖော် (ခင်ပွန်း) ၏ ပြည့်စုံခြင်းတို့သည် ဖြစ်ပါကုန်၏၊ အကြောင်းလေးပါးတို့ပေါင်းစပ်ပြုစီရင်ခြင်း မရှိသော ရောက်ထိုက်သော နိဗ္ဗာန်သို့ ရောက်ပါကုန်၏။
၄၈၄။ ‘‘ပရိက္ခီဏံ အတီတဉ္စ, ပစ္စုပ္ပန္နံ အနာဂတံ၊
သဗ္ဗကမ္မမ္ပိ နော ခီဏံ, ပါဒေ ဝန္ဒာမ စက္ခုမ။
၄၈၄။ အကျွန်ုပ်တို့အား အတိတ်ကံသည်လည်းကောင်း၊ ပစ္စုပ္ပန်ကံသည်လည်းကောင်း၊ အနာဂတ်ကံသည်လည်းကောင်း ကုန်ပြီ။ အလုံးစုံသော ကံသည်လည်း အကျွန်ုပ်တို့အား ကုန်ပြီ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါကုန်၏ (ဟုလျှောက်ထားကြကုန်၏)။
၄၈၅။ ‘‘နိဗ္ဗာနာယ ဝဒန္တီနံ, ကိံ ဝေါ ဝက္ခာမ ဥတ္တရိ၊
သန္တသင်္ခတဒေါသဉှိ, ပပ္ပေါထ [သန္တသင်္ခတဒေါသော ယော, ပဇ္ဇောတံ (သျာ။ ပီ။ က။)] အမတံ ပဒံ’’။
ဣတ္ထံ သုဒံ ယသောဓရာပမုခါနိ အဋ္ဌာရသဘိက္ခုနီသဟဿာနိ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿာပဒါနံ ဒသမံ။
ကုဏ္ဍလကေသီဝဂ္ဂေါ တတိယော။
တဿုဒ္ဒါနံ –
ကုဏ္ဍလာ ဂေါတမီ စေဝ, ဓမ္မဒိန္နာ စ သကုလာ၊
ဝရနန္ဒာ စ သောဏာ စ, ကာပိလာနီ ယသောဓရာ။
ဒသသဟဿဘိက္ခုနီ, အဋ္ဌာရသသဟဿကာ၊
ဂါထာသတာနိ စတ္တာရိ, ဆ စ သတ္တတိမေဝ စ [အဋ္ဌသတ္တတိမေဝ စ (သျာ။)]။
၄၈၅။ ပရိနိဗ္ဗာန်စံယူခြင်းငှါ လျှောက်ဆိုကုန်သော သင်တို့အား အလွန်ကို အဘယ်သို့မိန့်ဆိုရကုန်အံ့နည်း၊ ပြုစီရင်မှုအပြစ်မှ ငြိမ်းအေးသော အမြိုက်နိဗ္ဗာန်သို့ ရောက်ကြကုန် လော့။ ဤသို့လျှင် ယသောဓရာအမှူးရှိကုန်သော ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည် မြတ်စွာဘုရား၏ မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့ကုန်၏။ ။ ဆယ်ခုမြောက် ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန ပြီး၏။ သုံးခုမြောက် ကုဏ္ဍလကေသီဝဂ် ပြီး၏။ ၁။ မမ-ကို ဝုစ်ပြန်ပေးသည်။
၄။ ခတ္တိယာဝဂ္ဂ
၁။ ယသဝတီပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန
၁။ ‘‘ဘဝါ သဗ္ဗေ ပရိက္ခီဏာ, ဘဝါ သန္တိ ဝိမောစိတာ၊
သဗ္ဗာသဝါ စ နော နတ္ထိ, အာရောစေမ မဟာမုနေ။
၄-ခတ္တိယာဝဂ် ၁-ယသဝတီပမုခဘိက္ခုနီသဟဿအပဒါန ၁။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ဘဝအားလုံးတို့သည် ကုန်ခန်းကုန်ပါပြီ၊ ဝဋ်ဘဝတို့သည် ဒုက္ခငြိမ်းခြင်းဖြင့် လွတ်မြောက်ပြီး ဖြစ်ပါကုန်၏၊ အကျွန်ုပ်တို့အား အလုံးစုံသောအာသဝေါတို့သည်လည်း မရှိပါကုန်ဟု လျှောက်ကြားပါကုန်၏။
၂။ ‘‘ပုရိမံ ကုသလံ ကမ္မံ [ပရိကမ္မဉ္စ ကုသလံ (သျာ။)], ယံ ကိဉ္စိ သာဓုပတ္ထိတံ၊
ပရိဘောဂမယံ ဒိန္နံ, တုယှတ္ထာယ မဟာမုနေ။
၂။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အမှတ်မရှိ ရှေး၌ ဖြစ်သော ကုသိုလ်ကံ ကို ပြု၍အရှင်ဘုရား၏ အကျိုးငှါ ကောင်းစွာ ဆုတောင်းခဲ့ပါ၏၊ အသုံးအဆောင်ဖြင့်ပြီးသော ဝတ္ထုကို လှူခဲ့ပါ၏။
၃။ ‘‘ဗုဒ္ဓပစ္စေကဗုဒ္ဓါနံ, သာဝကာနဉ္စ ပတ္ထိတံ [ဗုဒ္ဓါနံ သာဝကာနဉ္စ (သီ။ က။)]၊
ပရိဘောဂမယံ ဒိန္နံ, တုယှတ္ထာယ မဟာမုနေ။
၃။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ဘုရား, ပစ္စေကဗုဒ္ဓါတို့အားလည်းကောင်း၊ တပည့်သာဝကတို့အားလည်းကောင်း အသုံးအဆောင်ဖြင့် ပြီးသောဝတ္ထုကို လှူဒါန်း၍ ဆုတောင်းခဲ့ပါ၏။
၄။ ‘‘ဥစ္စနီစမယံ ကမ္မံ, ဘိက္ခူနံ သာဓုပတ္ထိတံ၊
ဥစ္စာကုလပရိကမ္မံ, ကတမေတံ မဟာမုနေ [ကတမှေဟိ မဟာမုနေ (သျာ။ ပီ။)]။
၄။ (အကျွန်ုပ်တို့သည်) အယုတ်, အမြတ်ဖြစ်သော ကံကို ရဟန်းတို့အား (ပြု၍) ကောင်းစွာဆုတောင်းခဲ့ပါ၏၊ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ဤအယုတ်, အမြတ်ဖြစ်သော ကံကိုပြုခဲ့ပါ၏။
၅။ ‘‘တေနေဝ သုက္ကမူလေန, စောဒိတာ ကမ္မသမ္ပဒါ၊
မာနုသိကမတိက္ကန္တာ, ဇာယိံသု ခတ္တိယေ ကုလေ။
၅။ ထိုကုသိုလ်ကံ၏ အကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ ကံ၏ ပြည့်စုံခြင်း တို့သည်လူ၌ဖြစ်သော အဆင့်အတန်း အမျိုးမျိုးကို ကျော်လွန်၍ မင်းမျိုး၌ ဖြစ်ရပါကုန်၏။
၆။ ‘‘ဥပ္ပတ္တေ စ ကတေ ကမ္မေ, ဇာတိယာ ဝါပိ ဧကတော၊
ပစ္ဆိမေ ဧကတော ဇာတာ, ခတ္တိယာ ကုလသမ္ဘဝါ။
၆။ ကံကို ဖြစ်စေရာ, ပြုရာ၌လည်းကောင်း၊ ပဋိသန္ဓေနေရာ၌လည်းကောင်း တစ်ပေါင်း တည်းဖြစ်ရပါကုန်၏။ နောက်ဆုံးဖြစ်သော ဘဝ၌ တစ်ပေါင်းတည်း မင်းမျိုး၌ ဖြစ်ရပါကုန်၏။
၇။ ‘‘ရူပဝတီ ဘောဂဝတီ, လာဘသက္ကာရပူဇိတာ၊
အန္တေပုရေ မဟာဝီရ, ဒေဝါနံ ဝိယ နန္ဒနေ။
၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ရုပ်အဆင်းလှသူ, စည်းစိမ်ရှိသူ, ‘နန္ဒဝန်ဥယျာဥ်၌ နတ်တို့အား ပူဇော်ကုန်သကဲ့သို့’ နန်းတွင်း၌ လာဘ်သပ် ပကာဖြင့် ပူဇော်ခံရသူဖြစ်ပါကုန်၏။
၈။ ‘‘နိဗ္ဗိန္ဒိတွာ အဂါရမှာ, ပဗ္ဗဇိမှနဂါရိယံ၊
ကတိပါဟံ ဥပါဒါယ, သဗ္ဗာ ပတ္တာမှ နိဗ္ဗုတိံ။
၈။ အကျွန်ုပ်တို့သည် ငြီးငွေ့၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ရဟန်း ပြုကြပါကုန်၏၊ နှစ်ရက်, သုံးရက်ကို အစွဲပြု၍ အကျွန်ုပ်အားလုံးတို့သည် ငြိမ်းအေးရာ နိဗ္ဗာန်သို့ ရောက်ကြပါကုန်၏။
၉။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
ဥပနေန္တိ ဗဟူ အမှေ, သဒါ သက္ကတပူဇိတာ။
၉။ များစွာသော သူတို့သည် အကျွန်ုပ်တို့ထံသို့ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကို လည်းကောင်း၊ ဆေးပစ္စည်းကိုလည်းကောင်း၊ အိပ်ရာနေရာကျောင်းကိုလည်းကောင်း အခါခပ် သိမ်း အရိုအသေပြုအပ်ပူဇော်အပ်ကုန်၍ ပို့ဆောင်ကြပါကုန်၏။
၁၀။ ‘‘ကိလေသာ ဈာပိတာ အမှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမ အနာသဝါ။
၁၀။ အကျွန်ုပ်တို့သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအား လုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်မတို့သည် အနှောင်အဖွဲ့ကို ဖြတ်၍ နေကုန်သကဲ့သို့’ အာသဝမရှိဘဲနေရကုန်၏။
၁၁။ ‘‘သွာဂတံ ဝတ နော အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၁၁။ အကျွန်ုပ်တို့၏ လာခြင်းသည် ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ အကျွန်ုပ် တို့သည်မြတ်စွာဘုရားအထံတော်၌ သုံးပါးသော ဝိဇ္ဇာတို့သို့ ရောက်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ယသဝတီပမုခါနိ ခတ္တိယကညာဘိက္ခုနိယော အဋ္ဌာရသသဟဿာနိ ဘဂဝတော သမ္မုခါ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယသဝတီပမုခအဋ္ဌာရသဘိက္ခုနီသဟဿာပဒါနံ ပဌမံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ယသဝတီအမှူးရှိကုန်သော မင်းသမီးဖြစ်သော ရဟန်းမတစ်သောင်းရှစ်ထောင်တို့သည်မြတ်စွာဘုရား၏ မျက်မှောက်၌ ဤဂါထာတို့ကို လျှောက်ဆိုခဲ့ကုန်၏။ ။ ရှေးဦးစွာသော ယသဝတီပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပဒါန ပြီး၏။
၂။ စတုရာသီတိဘိက္ခုနီသဟဿအပဒါန
၁၃။ ‘‘စုလ္လာသီတိသဟဿာနိ, ဗြာဟ္မညကုလသမ္ဘဝါ [ဗြာဟ္မဏကုလသမ္ဘဝါ (သျာ။ က။)]၊
သုခုမာလဟတ္ထပါဒါ, ပုရေ တုယှံ မဟာမုနေ။
၂-စတုရာသီတိဘိက္ခုနီသဟဿအပဒါန ၁၃။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ပုဏ္ဏားမျိုး၌ ဖြစ်ကုန်သော နူးညံ့ သိမ်မွေ့သောလက်ခြေရှိကုန်သော ရှစ်သောင်းလေးထောင်သော အကျွန်ုပ်တို့သည် အရှင် ဘုရား၏ နေပြည်တော်၌ပျော်မွေ့ကြပါကုန်၏။
၁၄။ ‘‘ဝေဿသုဒ္ဒကုလေ ဇာတာ, ဒေဝါ နာဂါ စ ကိန္နရာ၊
စာတုဒ္ဒီပါ ဗဟူ ကညာ, ပုရေ တုယှံ မဟာမုနေ။
၁၄။ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား ကုန်သည်, သူဆင်းရဲမျိုး၌ ဖြစ်ကုန် သောသူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ ကိန္နရာတို့သည်လည်းကောင်း၊ လေးကျွန်း၌ရှိကုန်သော သတို့သမီးများစွာတို့သည်လည်းကောင်းအရှင်ဘုရား၏ နေပြည်တော်၌ ပျော်မွေ့ကြပါကုန်၏။
၁၅။ ‘‘ကာစိ ပဗ္ဗဇိတာ အတ္ထိ, သဗ္ဗဒဿာဝိနော [သစ္စဒဿာဝိနော (သီ။ ပီ။)] ဟူ၊
ဒေဝါ စ ကိန္နရာ နာဂါ, ဖုသိဿန္တိ အနာဂတေ။
၁၅။ အချို့ ရဟန်းပြုကုန်၍ တရားကို ရှုမြင်လေ့ရှိသူတို့ များစွာ ရှိပါကုန်၏၊ နတ်တို့သည်လည်းကောင်း၊ ကိန္နရာတို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း အနာဂတ် ကာလ၌ (နိဗ္ဗာန်ကို) တွေ့ထိရရှိကြပါကုန်လတ္တံ့။
၁၆။
၁၆။ (ထိုသူတို့သည်) အလုံးစုံသော အခြံအရံအကျော်အစောကို ခံစားရ၍ အလုံးစုံ ပြည့်စုံခြင်းသို့ရောက်ကုန်လျက် အရှင်ဘုရားအား ကြည်ညိုခြင်းကို ရကြကုန်၍ အနာဂတ် ကာလ၌ (သစ္စာလေးပါးကို) သိကြပါကုန်လတ္တံ့။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 4. Khattiyāvaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#548