ဓမ္မလမ်း
← စရိယာပိဋကပါဠိ

စရိယာပိဋကပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၈၅

ခုဒ္ဒကနိကာယ

စရိယာပိဋကပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ အကိတ္တိဝဂ္ဂေါ

၁။ အကိတ္တိစရိယာ

၁။ ‘‘ကပ္ပေ စ သတသဟဿေ, စတုရော စ အသင်္ခိယေ၊

ဧတ္ထန္တရေ ယံ စရိတံ, သဗ္ဗံ တံ ဗောဓိပါစနံ။

၁။ (သာရိပုတ္တရာ) လေးအသင်္ချေတို့ပတ်လုံးလည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ပတ်လုံး လည်းကောင်းဤအတွင်း၌ အကြင် (ဒါန, သီလစသော) အကျင့်ကို ငါ ကျင့်ခဲ့ဖူး၏။ အလုံး စုံသော ထိုအကျင့်သည်သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေနိုင်ပေ၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (1st) Akitti’s Conduct Homage to him, the blessed one, the perfected one, the fully awakened Buddha! “For a hundred thousand eons and four incalculable ages, all my conduct in that period ripens in awakening.

၂။ ‘‘အတီတကပ္ပေ စရိတံ, ဌပယိတွာ ဘဝါဘဝေ၊

ဣမမှိ ကပ္ပေ စရိတံ, ပဝက္ခိဿံ သုဏောဟိ မေ။

၂။ လွန်ပြီးသော ကမ္ဘာတို့ဝယ် ဘဝကြီးငယ်၌ ကျင့်ခဲ့သော အကျင့်ကို ချန်ထား၍ ဤ ဘဒ္ဒကမ္ဘာ၌ကျင့်ခဲ့သော အကျင့်ကိုသာလျှင် မိန့်ဆိုပေအံ့၊ ငါ၏ စကားကို (သင်) နာလော့။

Setting aside my conduct in past eons through different lives, I shall speak of my conduct in this eon, hear me.

၃။ ‘‘ယဒါ အဟံ ဗြဟာရညေ, သုညေ ဝိပိနကာနနေ၊

အဇ္ဈောဂါဟေတွာ [အဇ္ဈောဂဟေတွာ (သီ။ သျာ။)] ဝိဟရာမိ, အကိတ္တိ နာမ တာပသော။

၃။ အကြင်အခါ ငါသည် အကိတ္တိမည်သော ရသေ့ဖြစ်၍ (လူသံ) တိတ်ဆိတ်သော တောအုပ်ကြီးအတွင်း၌သက်ဝင်လျက် နေ၏။

When I lived having plunged into the formidable jungle of empty thickets and glades, my name was Akitti the mortifier.

၄။ ‘‘တဒါ မံ တပတေဇေန, သန္တတ္တော တိဒိဝါဘိဘူ၊

ဓာရေန္တော ဗြာဟ္မဏဝဏ္ဏံ, ဘိက္ခာယ မံ ဥပါဂမိ။

၄။ ထိုအခါ ငါ၏ အကျင့်တန်ခိုးကြောင့် သိကြားမင်းသည် ပြင်းစွာ ပူလောင်သည်ဖြစ်၍ ပုဏ္ဏားအသွင်ကိုဆောင်လျက် ဆွမ်းအကျိုးငှါ ငါ့ထံသို့ ကပ်ရောက်လာ၏။

Then, burned by the fires of my mortification, the sovereign of the Third Heaven, came to me for alms in the form of a brahmin.

၅။ ‘‘ပဝနာ အာဘတံ ပဏ္ဏံ, အတေလဉ္စ အလောဏိကံ၊

မမ ဒွါရေ ဌိတံ ဒိသွာ, သကဋာဟေန အာကိရိံ။

၅။ ငါ၏ သင်္ခမ်းကျောင်းတံခါး၌ ရပ်နေသည်ကို မြင်၍ တောမှ ဆောင်ယူအပ်သော ဆီလည်းမပါ၊ ဆားလည်းမရှိသော ကံပြင်းရွက်ကို မိမိအိုးခွက်ဖြင့် လောင်းလှူခဲ့၏။

I had gathered leaves from the forest without oil or salt, and seeing him standing at my door, I placed them in his pot.

၆။ ‘‘တဿ ဒတွာနဟံ ပဏ္ဏံ, နိက္ကုဇ္ဇိတွာန ဘာဇနံ၊

ပုနေသနံ ဇဟိတွာန, ပါဝိသိံ ပဏ္ဏသာလကံ။

၆။ ငါသည် ပုဏ္ဏားအသွင်ကို ဆောင်သော ထိုသိကြားမင်းအား ကံပြင်းရွက်ကို လှူဒါန်း ၍ အိုးခွက်ကိုမှောက်ပြီးလျှင် နောက်တစ်ဖန် (အစာ) ရှာမှီးခြင်းကို စွန့်လျက် သစ်ရွက်မိုး ကျောင်းသို့ ဝင်ခဲ့၏။

After giving him the leaves I turned over my plate, and having given up on seeking more food, I entered my hut of leaves.

၇။ ‘‘ဒုတိယမ္ပိ တတိယမ္ပိ, ဥပဂဉ္ဆိ မမန္တိကံ၊

အကမ္ပိတော အနောလဂ္ဂေါ, ဧဝမေဝမဒါသဟံ။

၇။ (ပုဏ္ဏားသည်) နှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ သုံးရက်မြောက်သော နေ့ ၌လည်းကောင်း ငါ့အထံသို့ ကပ်ရောက်လာပြန်၏။ ငါသည် တွယ်တာကပ်ငြိခြင်း မရှိဘဲ ဤ ရှေးနည်းအတူပင်မတုန်မလှုပ် ပေးလှူခဲ့၏။

A second and a third time he came to me. Undisturbed, ungrasping, I gave in just the same way.

စာ-၃၈၆

၈။ ‘‘န မေ တပ္ပစ္စယာ အတ္ထိ, သရီရသ္မိံ ဝိဝဏ္ဏိယံ၊

ပီတိသုခေန ရတိယာ, ဝီတိနာမေမိ တံ ဒိဝံ။

၈။ ထိုသုံးရက်ပတ်လုံး မစားဘဲ လှူခြင်းဟူသော အကြောင်းကြောင့် ငါ၏ ကိုယ်ခန္ဓာ၌အဆင်းဖောက်ပြန်ပျက်စီးခြင်း မရှိပေ၊ ငါသည် နှစ်သက်မှု‘ပီတိ’, ချမ်းသာမှု ‘သုခ’ဟူသောပျော်မွေ့ခြင်းဖြင့် ထိုနေ့ကို ကုန်လွန်စေ၏။

That is the reason why my body is not discolored. In rapture and bliss free of relishing I spend the day.

၉။ ‘‘ယဒိ မာသမ္ပိ ဒွေမာသံ, ဒက္ခိဏေယျံ ဝရံ လဘေ၊

အကမ္ပိတော အနောလီနော, ဒဒေယျံ ဒါနမုတ္တမံ။

၉။ အကယ်၍ ငါသည် တစ်လပတ်လုံးသော် လည်းကောင်း၊ နှစ်လပတ်လုံးသော် လည်းကောင်းမြတ်သော အလှူခံပုဂ္ဂိုလ်ကို ရငြားအံ့။ (ငါသည်) မတုန်မလှုပ် မတွန့်ဆုတ်ဘဲ အလှူကို ပေးလှူလို၏။

If even for a month or two I were to find a worthy recipient, undisturbed, unattached, I would give the supreme gift.

၁၀။ ‘‘န တဿ ဒါနံ ဒဒမာနော, ယသံ လာဘဉ္စ ပတ္ထယိံ၊

သဗ္ဗညုတံ ပတ္ထယာနော, တာနိ ကမ္မာနိ အာစရိ’’န္တိ။

အကိတ္တိစရိယံ ပဌမံ။

၁၀။ ထိုအလှူခံပုဂ္ဂိုလ်အား အလှူကို ပေးလှူသော ငါသည် အခြံအရံအကျော်အစော ကိုလည်းကောင်း၊ လာဘ် ‘လာဘ’ကိုလည်းကောင်း မတောင့်တခဲ့ပေ။ ငါသည် သဗ္ဗညုတ ဉာဏ်ကိုသာ တောင့်တလျက်ထိုကောင်းမှုတို့ကို ပြုကျင့်ခဲ့ပေ၏။ ။ ရှေးဦးစွာသော အကိတ္တိစရိယ ‘အကိတ္တိရသေ့အကျင့်’ ပြီး၏။ ၂-သင်္ခစရိယ (သင်္ခပုဏ္ဏားအကျင့်)

While giving him that gift I did not wish for fame or profit. Wishing for omniscience I performed those deeds.”

၂။ သင်္ခစရိယ

၁၁။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဗြာဟ္မဏော သင်္ခသဝှယော၊

မဟာသမုဒ္ဒံ တရိတုကာမော, ဥပဂစ္ဆာမိ ပဋ္ဋနံ။

၁၁။ နောက်တစ်မျိုးသော် ကား ငါသည် အကြင်အခါ သင်္ခအမည်ရှိသော ပုဏ္ဏား ဖြစ်၏၊ ထိုအခါ မဟာသမုဒ္ဒရာကို ကူးလိုသည်ဖြစ်၍ သင်္ဘောဆိပ်သို့ ချဥ်းကပ်၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (2nd) Saṅkha’s Conduct “Then again when I was a brahmin named Saṅkha, wanting to cross the great ocean, I was on my way to the port.

၁၂။ ‘‘တတ္ထဒ္ဒသံ ပဋိပထေ, သယမ္ဘုံ အပရာဇိတံ၊

ကန္တာရဒ္ဓါနံ ပဋိပန္နံ [ကန္တာရဒ္ဓါနပဋိပန္နံ (သီ။ သျာ။)], တတ္တာယ ကဌိနဘူမိယာ။

၁၂။ ထိုအခါ ငါသည် ပူပြင်း၍ ကြမ်းတမ်းသော မြေအပြင်၌ ခရီးခဲသို့ ကြွတော်မူသော ရန်သူတို့သည်မအောင်နိုင်သော ပစ္စေကဗုဒ္ဓါကို ခရီးရင်ဆိုင် ဖူးမြင်ရ၏။

There I saw across the way one self-awakened, undefeated, walking a desert road whose ground was hot and rough.

၁၃။ ‘‘တမဟံ ပဋိပထေ ဒိသွာ, ဣမမတ္ထံ ဝိစိန္တယိံ၊

‘ဣဒံ ခေတ္တံ အနုပ္ပတ္တံ, ပုညကာမဿ ဇန္တုနော။

၁၃။ ငါသည် ထိုပစ္စေကဗုဒ္ဓါကို ခရီးရင်ဆိုင် ဖူးမြင်ရသည်ရှိသော် ဤအကြောင်းကို အထူးကြံစည်၏၊ ကောင်းမှုကို အလိုရှိသော သတ္တဝါအား ဤကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေသည်ဆိုက်ရောက်လာပေ၏။

Seeing him across the way, I thought this: ‘A field has appeared for a personage desiring merit.

၁၄။ ‘‘‘ယထာ ကဿကော ပုရိသော, ခေတ္တံ ဒိသွာ မဟာဂမံ၊

တတ္ထ ဗီဇံ န ရောပေတိ, န သော ဓညေန အတ္ထိကော။

၁၄။ လယ်ထွန်ယောကျာ်းသည် များစွာသော အသီးအနှံတို့ ပေါက်ရောက်နိုင်သော လယ်ယာမြေကိုတွေ့မြင်ပါလျက် ထိုလယ်ယာမြေ၌ မျိုးစေ့ကို မစိုက်ပျိုးငြားအံ့၊ ထိုသူသည် စပါးဖြင့် အလိုရှိသော သူမဟုတ်သကဲ့သို့-

Now suppose a farmer seeing a fertile field does not sow seed there, then they are not in need of grain.

၁၅။ ‘‘‘ဧဝမေဝါဟံ ပုညကာမော, ဒိသွာ ခေတ္တဝရုတ္တမံ၊

ယဒိ တတ္ထ ကာရံ န ကရောမိ, နာဟံ ပုညေန အတ္ထိကော။

၁၅။ ဤအတူပင် ကောင်းမှုကို အလိုရှိသော ငါသည် အမြတ်ဆုံး လယ်ယာမြေသဖွယ် ဖြစ်သောအရှင်ပစ္စေကဗုဒ္ဓါကို တွေ့မြင်ရပါလျက် အကယ်၍ ထိုလယ်ယာမြေသဖွယ် အရှင် ပစ္စေကဗုဒ္ဓါ၌ကောင်းမှုကို မပြုငြားအံ့၊ ငါသည် ကောင်းမှုဖြင့် အလိုရှိသူ မဟုတ်နိုင်ချေ။

So too, if I, desiring merit, seeing a supreme excellent field, do not render service there, then I am not in need of merit.

၁၆။ ‘‘‘ယထာ အမစ္စော မုဒ္ဒိကာမော, ရညော အန္တေပုရေ ဇနေ၊

န ဒေတိ တေသံ ဓနဓညံ, မုဒ္ဒိတော ပရိဟာယတိ။

၁၆။ ဘွဲ့တံဆိပ်ကို အလိုရှိသော အမတ်သည် မင်း၏ နန်းတော်တွင်း၌ နေသောလူအပေါင်း၌လည်းကောင်း၊ (ပြင်ပဗိုလ်ပါအပေါင်း၌လည်းကောင်း မင်းမိန့်အတိုင်း မကျင့်ငြား အံ့)။ ထိုသူတို့အား ဥစ္စာ, စပါးကို မပေးငြားအံ့၊ (ထိုအမတ်သည်) ဘွဲ့တံဆိပ်မှ ဆုတ်ယုတ် သကဲ့သို့-

Or suppose a minister seeking the royal seal of authority over the people of the court, does not give them money and grain, their authority dwindles.

၁၇။ ‘‘‘ဧဝမေဝါဟံ ပုညကာမော, ဝိပုလံ ဒိသွာန ဒက္ခိဏံ၊

ယဒိ တဿ ဒါနံ န ဒဒါမိ, ပရိဟာယိဿာမိ ပုညတော’။

၁၇။ ဤအတူပင် ကောင်းမှုကို အလိုရှိသော ငါသည် ပြန့်ပြောသော အလှူခံပုဂ္ဂိုလ်ကို ဖူးမြင်ရပါလျက်အကယ်၍ ထိုအလှူခံပုဂ္ဂိုလ်အား အလှူကို မပေးလှူငြားအံ့၊ ကောင်းမှုမှ ဆုတ်ယုတ်ရတော့အံ့။

So too, if I, desiring merit, seeing an abundantly worthy recipient, do not give gifts to them, I will dwindle in merit.’

၁၈။ ‘‘ဧဝါဟံ စိန္တယိတွာန, ဩရောဟိတွာ ဥပါဟနာ၊

တဿ ပါဒါနိ ဝန္ဒိတွာ, အဒါသိံ ဆတ္တုပါဟနံ။

၁၈။ ဤသို့ ငါသည် ကြံစည်ပြီးလျှင် ဖိနပ်ကို ချွတ်၍ ထိုပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့ကို ရှိခိုးလျက်ထီး, ဖိနပ်ကို ပေးလှူခဲ့၏။

Reflecting in this way, I took off my sandals and bowed to his feet, giving him an umbrella and sandals.

စာ-၃၈၇

၁၉။ ‘‘တေနေဝါဟံ သတဂုဏတော, သုခုမာလော သုခေဓိတော၊

အပိ စ ဒါနံ ပရိပူရေန္တော, ဧဝံ တဿ အဒါသဟ’’န္တိ။

သင်္ခစရိယံ ဒုတိယံ။

၁၉။ ငါသည် ထိုပစ္စေကဗုဒ္ဓါထက်ပင် အဆအရာအားဖြင့် သိမ်မွေ့သူဖြစ်လျက် ချမ်းသာ စွာကြီးပွါးခဲ့ပေ၏၊ သို့ပင်ဖြစ်သော် လည်း ငါသည် ဒါနပါရမီကို ပြည့်စေလိုသည်ဖြစ်၍ ဤသို့ထိုပစ္စေကဗုဒ္ဓါအား ပေးလှူခဲ့၏။ ။ နှစ်ခုမြောက် သင်္ခစရိယ ‘သင်္ခပုဏ္ဏားအကျင့်’ ပြီး၏။ ၃-ကုရုရာဇစရိယ (ကုရုမင်းအကျင့်)

Though I was a hundred times more delicate and pampered than him, fulfilling my giving, I gave like this to him.”

၃။ ကုရုရာဇစရိယ

၂၀။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဣန္ဒပတ္ထေ [ဣန္ဒပတ္တေ (သီ။ က။)] ပုရုတ္တမေ၊

ရာဇာ ဓနဉ္စယော နာမ, ကုသလေ ဒသဟုပါဂတော။

၂၀။ နောက်တစ်မျိုးသော် ကား ငါသည် အကြင်အခါ ဣန္ဒပတ္ထမြို့တော်မြတ်၌ ကုသိုလ် ဆယ်ပါးတို့နှင့်ပြည့်စုံသော ဓနဉ္စယမည်သော မင်း ဖြစ်၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (3rd) Kururāja’s Conduct “Then again when I reigned in Indapatta, the capital city, as the king named Dhanañjaya I was blessed with the ten skillful deeds.

၂၁။ ‘‘ကလိင်္ဂရဋ္ဌဝိသယာ, ဗြာဟ္မဏာ ဥပဂဉ္ဆု မံ၊

အာယာစုံ မံ ဟတ္ထိနာဂံ, ဓညံ မင်္ဂလသမ္မတံ။

၂၁။ ထိုဓနဉ္စယမင်းဖြစ်သော အခါ၌ ကလိင်္ဂတိုင်းနိုင်ငံမှ ပုဏ္ဏားတို့သည် ငါ့ထံသို့ ချဥ်းကပ်ရောက်လာကုန်၏၊ ဘုန်းကျက်သရေကို ဖြစ်စေတတ်သော ဘုန်းကံရှိသော မင်္ဂလာ ဆင်ဟုသမုတ်အပ်သော ဆင်တော်ကို ငါ့အား တောင်းခံကြကုန်၏။

From the realm of Kaliṅga brahmins came to me requesting the royal elephant that was lucky and deemed auspicious.

၂၂။ ‘‘‘အဝုဋ္ဌိကော ဇနပဒေါ, ဒုဗ္ဘိက္ခော ဆာတကော မဟာ၊

ဒဒါဟိ ပဝရံ နာဂံ, နီလံ အဉ္ဇနသဝှယံ။

၂၂။ အရှင်မင်းမြတ် (အကျွန်ုပ်တို့၏) တိုင်း, ခရိုင်, ဇနပုဒ်သည် မိုးရွာခြင်း မရှိပါ၊ ရခဲ သောအစားအစာရှိပါ၏၊ ကြီးစွာ ငတ်မွတ်လျက် ရှိပါ၏၊ ညိုသော အဆင်းရှိသည်ဖြစ်၍ အဉ္ဇနအမည်ရှိသောဆင်တော်ကို ပေးလှူပါလော့ (ဟု တောင်းခံကြကုန်၏)။

‘Our nation is suffering from drought, food is scarce and famine abounds, please give the noble elephant of midnight hue named Añjana.’

၂၃။ ‘‘‘န မေ ယာစကမနုပ္ပတ္တေ, ပဋိက္ခေပေါ အနုစ္ဆဝေါ၊

မာ မေ ဘိဇ္ဇိ သမာဒါနံ, ဒဿာမိ ဝိပုလံ ဂဇံ’။

၂၃။ ဆိုက်ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှားခြင်းသည် ငါ့အား မသင့်လျော် ချေ၊ (ဒါနပါရမီကို ပြည့်စေအံ့ဟူသော) ငါ၏ ဆောက်တည်ခြင်းသည် မပျက်စီးပါစေလင့်၊ ငါသည် မြတ်သောဆင်တော်ကို ပေးလှူအံ့ဟု-

‘When supplicants come to me it is unbefitting to refuse. Let not my vow be broken, I shall give the mighty elephant.’

၂၄။ ‘‘နာဂံ ဂဟေတွာ သောဏ္ဍာယ, ဘိင်္ဂါရေ [ဘိင်္ကာရေ (သီ။)] ရတနာမယေ၊

ဇလံ ဟတ္ထေ အာကိရိတွာ, ဗြာဟ္မဏာနံ အဒံ ဂဇံ။

၂၄။ (နှလုံးသွင်းပြီးလျှင် ) ဆင်တော်ကို နှာမောင်း၌ ကိုင်၍ ရတနာဖြင့် ပြီးသော ရေကရားဖြင့် ရေကို (ပုဏ္ဏားတို့) လက်၌ သွန်းလောင်းလျက် ဆင်ကို ပုဏ္ဏားတို့အား ပေးလှူခဲ့၏။

Taking the elephant by the trunk, and a bejeweled ceremonial vessel, I sprinkled water on the hand, and gave the elephant to the brahmins.

၂၅။ ‘‘တဿ နာဂေ ပဒိန္နမှိ, အမစ္စာ ဧတဒဗြဝုံ၊

‘ကိံ နု တုယှံ ဝရံ နာဂံ, ယာစကာနံ ပဒဿသိ။

၂၅-၂၆။ ထိုအလှူခံပုဂ္ဂိုလ်အား ဆင်ကို ပေးလှူသည်ရှိသော် အမတ်တို့သည် ဤစကား ကိုလျှောက်ဆိုကုန်၏၊ အရှင်မင်းမြတ် အရှင်မင်းမြတ်၏ ဘုန်းကျက်သရေကို ဖြစ်စေတတ် သော မင်္ဂလာနှင့်ပြည့်စုံသော စစ်မြေပြင် အောင်ပွဲယင်သော ဆင်တော်ကို အလှူခံပုဂ္ဂိုလ်တို့ အား အဘယ့်ကြောင့်ပေးလှူဘိသနည်း၊ ထိုဆင်ကို လှူသည်ရှိသော် အရှင်မင်းမြတ်၏ မင်းအဖြစ်သည် အဘယ်သို့ပြုလုပ်နိုင်တော့မည်နည်း (ဟု လျှောက်ကုန်၏)။

When I had given the elephant, my ministers said, ‘Why did you give the noble elephant to the supplicants?

၂၆။ ‘‘‘ဓညံ မင်္ဂလသမ္ပန္နံ, သင်္ဂါမဝိဇယုတ္တမံ၊

တသ္မိံ နာဂေ ပဒိန္နမှိ, ကိံ တေ ရဇ္ဇံ ကရိဿတိ။

He was lucky and endowed with the auspicious, supreme victor in battle. Now you have given the elephant, how shall you govern the realm?’

၂၇။ ‘‘‘ရဇ္ဇမ္ပိ မေ ဒဒေ သဗ္ဗံ, သရီရံ ဒဇ္ဇမတ္တနော၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ နာဂံ အဒါသဟ’’’န္တိ။

ကုရုရာဇစရိယံ တတိယံ။

၂၇။ အမတ်တို့ ငါ၏ အလုံးစုံသော မင်းစည်းစိမ်ကိုသော် လည်း ပေးလှူအံ့၊ မိမိ၏ ကိုယ်ကိုမူလည်းပေးလှူအံ့၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် ငါသည် ဆင်တော်ကို ပေးလှူခဲ့၏ (ဟုဆို၏)။ ။ သုံးခုမြောက် ကုရုရာဇစရိယ ‘ကုရုမင်းအကျင့်’ ပြီး၏။ ၄-မဟာသုဒဿနစရိယ (မဟာသုဒဿနစကြဝတေးမင်း အကျင့်)

‘I would give the entire realm and my physical body as well. Omniscience is precious to me, which is why I gave away the elephant.’”

၄။ မဟာသုဒဿနစရိယ

၂၈။ ‘‘ကုသာဝတိမှိ နဂရေ, ယဒါ အာသိံ မဟီပတိ၊

မဟာသုဒဿနော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။

၂၈။ (နောက်တစ်မျိုးသော် ကား) အကြင်အခါ ငါသည် ကုသဝတီမြို့၌ များမြတ်သောဗိုလ်ပါအင်အားရှိသည့် မဟာသုဒဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (4th) Mahāsudassana’s Conduct “In the city of Kusāvatī, when I was Lord of the Earth, my name was Sudassana the Great, a wheel-turning monarch of great power.

စာ-၃၈၈

၂၉။ ‘‘တတ္ထာဟံ ဒိဝသေ တိက္ခတ္တုံ, ဃောသာပေမိ တဟိံ တဟိံ၊

‘ကော ကိံ ဣစ္ဆတိ ပတ္ထေတိ, ကဿ ကိံ ဒီယတူ ဓနံ။

၂၉။ ထိုအခါ ငါသည် ထိုကုသဝတီမြို့ ထိုထိုအရပ်၌ တစ်နေ့သုံးကြိမ် ကြွေးကြော်စေ၏၊ အဘယ်သူသည်အဘယ်အရာဝတ္ထုကို အလိုရှိသနည်း၊ တောင့်တသနည်း။ အဘယ်သူအား အဘယ်ဥစ္စာကိုပေးစေချင်သနည်း။

There, thrice a day, I declared in one place or another: ‘Who needs what? Who wants what? To whom ought riches be given?

၃၀။ ‘‘‘ကော ဆာတကော ကော တသိတော, ကော မာလံ ကော ဝိလေပနံ၊

နာနာရတ္တာနိ ဝတ္ထာနိ, ကော နဂ္ဂေါ ပရိဒဟိဿတိ။

၃၀။ အဘယ်သူသည် ဆာလောင်သနည်း။ အဘယ်သူသည် မွတ်သိပ်သနည်း။ အဘယ် သူသည် ပန်းကိုအလိုရှိသနည်း။ အဘယ်သူသည် နံ့သာပျောင်းကို အလိုရှိသနည်း။ အဘယ်သူသည် အဝတ်အထည်မရှိ၍ အထူးထူး ဆိုးအပ်သော အဝတ်တို့ကို လိုသနည်း။

Who needs an umbrella? Who is thirsty? Who a garland? Who some makeup? What person, being naked, and will put on colorful clothes?

၃၁။ ‘‘‘ကော ပထေ ဆတ္တမာဒေတိ, ကောပါဟနာ မုဒူ သုဘာ’၊

ဣတိ သာယဉ္စ ပါတော စ, ဃောသာပေမိ တဟိံ တဟိံ။

၃၁။ အဘယ်သူသည် လမ်းခရီး၌ ထီးကို ယူမည်နည်း။ အဘယ်သူသည် နူးညံ့လှပ သော ဖိနပ်တို့ကိုယူမည်နည်း။ ဤသို့ ညချမ်းအခါ၌လည်းကောင်း၊ နံနက်အခါ၌လည်းကောင်း ထိုထိုအရပ်၌ကြွေးကြော်စေ၏။

Who will take an umbrella on a highway, who needs sandals, soft and pretty?’ Thus I had it proclaimed everywhere morning and night.

၃၂။ ‘‘န တံ ဒသသု ဌာနေသု, နပိ ဌာနသတေသု ဝါ၊

အနေကသတဌာနေသု, ပဋိယတ္တံ ယာစကေ ဓနံ။

၃၂။ ထိုပေးလှူဖွယ် ဥစ္စာကို ဆယ်ပါးသော အရပ်ဌာနတို့၌ လည်းကောင်း၊ အရပ်ဌာနတစ်ရာတို့၌ လည်းကောင်း စီရင်ထားအပ်သည် မဟုတ်သေး။ အရာမက များစွာသော အရပ်ဌာနတို့၌ လည်း တောင်းသူတို့ကို ရည်၍ ဥစ္စာကို စီရင်ထား၏။

It was not just in ten places, or even a hundred, but in many hundreds of places riches were prepared for supplicants.

၃၃။ ‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, ယဒိ ဧတိ ဝနိဗ္ဗကော၊

လဒ္ဓါ ယဒိစ္ဆကံ ဘောဂံ, ပူရဟတ္ထောဝ ဂစ္ဆတိ။

၃၃။ နေ့အခါ၌လည်းကောင်း၊ သို့မဟုတ် ညဥ့်အခါ၌လည်းကောင်း အလှူခံဖုန်းတောင်း ယာစကာသည်အကယ်၍ လာငြားအံ့။ အလိုရှိတိုင်းသော ဥစ္စာကို ရ၍ ပြည့်သော လက်ရှိ လျက်သာလျှင် သွားရ၏။

By day or by night if a supplicant comes, then having gotten all he wants, he leaves with full hands.

၃၄။ ‘‘ဧဝရူပံ မဟာဒါနံ, အဒါသိံ ယာဝဇီဝိကံ၊

နပါဟံ ဒေဿံ ဓနံ ဒမ္မိ, နပိ နတ္ထိ နိစယော မယိ။

၃၄။ ငါသည် ဤသို့ သဘောရှိသော အလှူကြီးကို အသက်ရှိသမျှ ကာလပတ်လုံး ပေး လှူခဲ့၏၊ ငါသည် ဥစ္စာကို မနှစ်သက်၍ ပေးလှူသည်လည်း မဟုတ်၊ ငါ့ထံ၌ ဥစ္စာကို စုဆောင်းထားခြင်းမရှိသည်လည်း မဟုတ်။

I gave great gifts like this for my whole life. I did not give because I disliked riches, or because I had a store set aside.

၃၅။ ‘‘ယထာပိ အာတုရော နာမ, ရောဂတော ပရိမုတ္တိယာ၊

ဓနေန ဝေဇ္ဇံ တပ္ပေတွာ, ရောဂတော ပရိမုစ္စတိ။

၃၅။ ဥပမာအားဖြင့် ရောဂါဖြင့် နာကျင်သူမည်သည် ရောဂါမှ လွတ်မြောက်ခြင်းငှါ ဥစ္စာ ဖြင့်ဆေးဆရာကို ရောင့်ရဲစေလျက် ရောဂါမှ လွတ်မြောက်သကဲ့သို့-

Suppose a person is sick. In order to be free of sickness having compensated the doctor with money, they become freed from sickness.

၃၆။ ‘‘တထေဝါဟံ ဇာနမာနော, ပရိပူရေတုမသေသတော၊

ဦနမနံ ပူရယိတုံ, ဒေမိ ဒါနံ ဝနိဗ္ဗကေ၊

နိရာလယော အပစ္စာသော, သမ္ဗောဓိမနုပတ္တိယာ’’တိ။

မဟာသုဒဿနစရိယံ စတုတ္ထံ။

၃၆။ ထို့အတူပင် (အလှူခံ၏ အလိုဆန္ဒကို) အကြွင်းမဲ့ ပြည့်စေရန် သိသော ငါသည် အလှူခံဖုန်းတောင်းယာစကာတို့၏ ယုတ်လျော့သော စိတ် (အလို) ကို ပြည့်စေလျက် တွယ် တာကပ်ငြိမှု မရှိ, တောင့်တမှုမရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါသာ လှူဖွယ်ကို ပေးလှူ၏။ ။ လေးခုမြောက် မဟာသုဒဿနစရိယ ‘မဟာသုဒဿနစကြဝတေးမင်းအကျင့်’ ပြီး၏။ ၅-မဟာဂေါဝိန္ဒစရိယ (မဟာဂေါဝိန္ဒပုဏ္ဏား အကျင့်)

Thus I, knowingly, in order to fulfill without remainder, to fulfill what is lacking, gave gifts to supplicants without clinging or reward, for the attainment of awakening.”

၅။ မဟာဂေါဝိန္ဒစရိယ

၃၇။ ‘‘ပုနာပရံ ယဒါ ဟောမိ, သတ္တရာဇပုရောဟိတော၊

ပူဇိတော နရဒေဝေဟိ, မဟာဂေါဝိန္ဒဗြာဟ္မဏော။

၃၇။ နောက်တစ်မျိုးသော် ကား အကြင်အခါ၌ ငါသည် ခုနစ်ပြည်ထောင်သော မင်းတို့၏ ပုရောဟိတ်ဖြစ်၍ဇမ္ဗူဒိပ်မင်းအားလုံးတို့သည် ပူဇော်အပ်သော မဟာဂေါဝိန္ဒပုဏ္ဏား ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (5th) Mahāgovinda’s Conduct “Then again when I was high priest for seven kings, I was venerated by the gods among men as the brahmin Mahāgovinda.

၃၈။ ‘‘တဒါဟံ သတ္တရဇ္ဇေသု, ယံ မေ အာသိ ဥပါယနံ၊

တေန ဒေမိ မဟာဒါနံ, အက္ခောဗ္ဘံ [အက္ခောဘံ (သျာ။ ကံ။)] သာဂရူပမံ။

၃၈။ ထိုအခါ ခုနစ်ပြည်ထောင်တို့ ၌ ငါ၏ အလို့ငှါ အကြင်လက်ဆောင်သည် ဖြစ်၏၊ ထိုလက်ဆောင်ဥစ္စာဖြင့် ငါသည် (တစ်စုံတစ်ဦးကမျှ) မလှုပ်ချောက်ချားနိုင်သည့် သမုဒ္ဒရာနှင့် တူသောအလှူကြီးကို ပေးလှူ၏။

Then in all seven kingdoms what I received as tribute I used to give a great gift unwavering as the ocean.

စာ-၃၈၉

၃၉။ ‘‘န မေ ဒေဿံ ဓနံ ဓညံ, နပိ နတ္ထိ နိစယော မယိ၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ဒေမိ ဝရံ ဓန’’န္တိ။

မဟာဂေါဝိန္ဒစရိယံ ပဉ္စမံ။

၃၉။ ငါသည် ဥစ္စာစပါးကို မနှစ်သက်သည်လည်း မဟုတ်၊ ငါ့ထံ၌လည်း ဥစ္စာကိုစုဆောင်းခြင်းမရှိသည်လည်း မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် မြတ်သောဥစ္စာကို ငါ ပေးလှူ၏။ ။ ငါးခုမြောက် မဟာဂေါဝိန္ဒစရိယ ‘မဟာဂေါဝိန္ဒပုဏ္ဏားအကျင့်’ ပြီး၏။ ၆-နိမိရာဇစရိယ (နိမိမင်း အကျင့်)

It was not because I disliked riches or grain, or because I had a store set aside, but because omniscience is precious to me, that is why I gave such fine riches.”

၆။ နိမိရာဇစရိယ

၄၀။ ‘‘ပုနာပရံ ယဒါ ဟောမိ, မိထိလာယံ ပုရုတ္တမေ၊

နိမိ နာမ မဟာရာဇာ, ပဏ္ဍိတော ကုသလတ္ထိကော။

၄၀။ နောက်တစ်မျိုးသော် ကား အကြင်အခါ၌ ငါသည် မိထိလာမြို့တော်မြတ်၌ ပညာရှိသူ ဖြစ်၍ (မိမိသူတစ်ပါး နှစ်ဦးသားတို့၏) ကောင်းမှုကို အလိုရှိသော နိမိမည်သော မင်းကြီး ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (6th) King Nimi’s Conduct “Then again when I was in the capital city of Mithilā I was the great king named Nimi, astute and seeking the good.

၄၁။ ‘‘တဒါဟံ မာပယိတွာန, စတုဿာလံ စတုမ္မုခံ၊

တတ္ထ ဒါနံ ပဝတ္တေသိံ, မိဂပက္ခိနရာဒိနံ။

၄၁။ ထိုအခါ ငါသည် မုခ်လေးခုရှိသော လေးဆောင်တွဲဇရပ်ကို ဖန်ဆင်းပြုလုပ်စေပြီးလျှင် ထိုဇရပ်၌သား, ငှက်, လူစသည်တို့အား အလှူကို ဖြစ်စေခဲ့၏။

Then having had constructed four halls with four openings, I provided gifts there for beasts, birds, men, and so forth.

၄၂။ ‘‘အစ္ဆာဒနဉ္စ သယနံ, အန္နံ ပါနဉ္စ ဘောဇနံ၊

အဗ္ဗောစ္ဆိန္နံ ကရိတွာန, မဟာဒါနံ ပဝတ္တယိံ။

၄၂။ အဝတ်ကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ဘောဇဥ် (ငါးပါး) ကိုလည်းကောင်း (အသက်ထက်ဆုံး) မပြတ်ပြုလုပ်၍ အလှူကြီးကိုဖြစ်စေခဲ့၏။

Clothing and beds, food and drink to enjoy: I provided them without let, performing a great offering.

၄၃။ ‘‘ယထာပိ သေဝကော သာမိံ, ဓနဟေတုမုပါဂတော၊

ကာယေန ဝါစာ မနသာ, အာရာဓနီယမေသတိ။

၄၃။ ဥပမာသော် ကား ဥစ္စာဟူသော အကြောင်းကြောင့် အရှင်ကို ဆည်းကပ်သော သူခစားသည် ကိုယ်, နှုတ်, စိတ်ဖြင့် နှစ်သက်ဖွယ်ကိုသာလျှင် ရှာဖွေသကဲ့သို့-၄၄။ ထို့အတူပင် ငါသည် အလုံးစုံသော ဘဝ၌ အရဟတ္တမဂ်ဉာဏ်ကြောင့် ဖြစ်သော သဗ္ဗညုတဉာဏ်ကိုရှာဖွေအံ့၊ ငါသည် သတ္တဝါတို့ကို ပေးလှူခြင်းဖြင့် ရောင့်ရဲစေ၍ မြတ်သော ဗောဓိဉာဏ်ကိုလိုလားတောင့်တခဲ့၏။ ။ ခြောက်ခုမြောက် နိမိရာဇစရိယ ‘နိမိမင်းအကျင့်’ ပြီး၏။ ၇-စန္ဒကုမာရစရိယ (စန္ဒကုမာရမင်းသား အကျင့်)

Suppose a servant is looking to get a raise from their boss, they’d seek to fulfill their needs by body, speech, and mind.

၄၄။ ‘‘တထေဝါဟံ သဗ္ဗဘဝေ, ပရိယေသိဿာမိ ဗောဓိဇံ၊

ဒါနေန သတ္တေ တပ္ပေတွာ, ဣစ္ဆာမိ ဗောဓိမုတ္တမ’’န္တိ။

နိမိရာဇစရိယံ ဆဋ္ဌံ။

In that way in every life I shall seek the wisdom born of awakening. Having pleased beings with gifts, I wish for the supreme awakening.”

၇။ စန္ဒကုမာရစရိယ

၄၅။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဧကရာဇဿ အတြဇော၊

နဂရေ ပုပ္ဖဝတိယာ, ကုမာရော စန္ဒသဝှယော။

၄၅။ နောက်တစ်မျိုးသော် ကား အကြင်အခါ၌ ငါသည် ပုပ္ဖဝတီမြို့၌ ဧကရာဇ်မင်း၏သား စန္ဒ (ကုမာရ)အမည်ရှိသော မင်းသား ဖြစ်၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (7th) Prince Candana’s Conduct “Then again when I was the true-born son of the One King in the city of flowers, Pupphavatī, I was called Prince Canda, the Moon.

၄၆။ ‘‘တဒါဟံ ယဇနာ မုတ္တော, နိက္ခန္တော ယညဝါဋတော၊

သံဝေဂံ ဇနယိတွာန, မဟာဒါနံ ပဝတ္တယိံ။

၄၆။ ထိုအခါ ယဇ်ပူဇော်ခြင်းမှ လွတ်မြောက်သော ငါသည် ယဇ်တွင်းမှ ထွက်မြောက် လတ်သော် ထိတ်လန့်ခြင်းကို ဖြစ်စေ၍ အလှူ ကြီးကိို ဖြစ်စေခဲ့၏။

Then, released from being sacrificed, I fled the sacrificial enclosure. Giving rise to a sense of urgency, I performed a great offering.

၄၇။ ‘‘နာဟံ ပိဝါမိ ခါဒါမိ, နပိ ဘုဉ္ဇာမိ ဘောဇနံ၊

ဒက္ခိဏေယျေ အဒတွာန, အပိ ဆပ္ပဉ္စရတ္တိယော။

၄၇။ ငါသည် အလှူခံတို့ကို မလှူရဘဲ ငါးညဥ့်, ခြောက်ညဥ့်တို့ပတ်လုံးသော် လည်း သောက်ဖွယ်ကိုလည်းမသောက်၊ ခဲဖွယ်ကိုလည်း မခဲ၊ စားဖွယ်ကိုလည်း မစား။

I did not drink, I did not eat, I did not enjoy any food for five or six days without offering to a worthy recipient.

စာ-၃၉၀

၄၈။ ‘‘ယထာပိ ဝါဏိဇော နာမ, ကတွာန ဘဏ္ဍသဉ္စယံ၊

ယတ္ထ လာဘော မဟာ ဟောတိ, တတ္ထ တံ [တတ္ထ နံ (သီ။), တတ္ထ (က။)] ဟရတိ ဘဏ္ဍကံ။

၄၈။ ဥပမာသော် ကား ကုန်သည်မည်သည် ရောင်းအပ်သော ဘဏ္ဍာစုဆောင်းခြင်းကို ပြု၍အကြင်အရပ်၌ အမြတ်ရခြင်း များ၏၊ ထိုအရပ်သို့ ရောင်းအပ်သော ဘဏ္ဍာကို ဆောင် သကဲ့သို့-

Suppose there was a merchant who had made a store of goods. They would take those goods to where they could make a large profit.

၄၉။ ‘‘တထေဝ သကဘုတ္တာပိ, ပရေ ဒိန္နံ မဟပ္ဖလံ၊

တသ္မာ ပရဿ ဒါတဗ္ဗံ, သတဘာဂေါ ဘဝိဿတိ။

၄၉။ ထို့အတူပင် မိမိစားအပ်သော ထမင်းမှလည်း သူတစ်ပါးတို့အား လှူခြင်းသည် များသောအကျိုးရှိ၏၊ ထို့ကြောင့် သူတစ်ပါးအား ပေးလှူခြင်းသည် အရာမကသော အဖို့ အစု (အကျိုးအာနိသင်) ရှိသည်ဖြစ်လတ္တံ့။

So too, even giving what one has used oneself to others is very fruitful. That is why what is to be given to others multiplies a hundredfold.

၅၀။ ‘‘ဧတမတ္ထဝသံ ဉတွာ, ဒေမိ ဒါနံ ဘဝါဘဝေ၊

န ပဋိက္ကမာမိ ဒါနတော, သမ္ဗောဓိမနုပတ္တိယာ’’တိ။

စန္ဒကုမာရစရိယံ သတ္တမံ။

၅၀။ ငါသည် ဤအကျိုးထူးကို သိ၍ ဘဝကြီးငယ်၌ အလှူကို ပေးလှူ၏၊ သမ္မာ သမ္ဗောဓိဉာဏ်သို့ဆိုက်ရောက်ခြင်းငှါ ငါသည် အလှူပေးခြင်းမှ နောက်မဆုတ်။ ။ ခုနစ်ခုမြောက် စန္ဒကုမာရစရိယ ‘စန္ဒကုမာရမင်းသားအကျင့်’ ပြီး၏။ ၈-သိဝိရာဇစရိယ (သိဝိမင်းအကျင့်)

Knowing the reason for this, I gave gifts in life after life. Aiming for awakening, I never backtracked from giving.”

၈။ သိဝိရာဇစရိယ

၅၁။ ‘‘အရိဋ္ဌသဝှယေ နဂရေ, သိဝိနာမာသိ ခတ္တိယော၊

နိသဇ္ဇ ပါသာဒဝရေ, ဧဝံ စိန္တေသဟံ တဒါ။

၅၁။ ငါသည် အရိဋ္ဌအမည်ရှိသော မြို့၌ သိဝိမည်သော မင်း ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် မြတ်သောပြာသာဒ်၌ ထိုင်နေ၍ ဤသို့ ကြံစည်ခဲ့၏-

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (8th) King Sivi’s Conduct “In the city called Ariṭṭha I was the aristocrat named Sivi. Seated in my finest longhouse, I then had the following thought:

၅၂။ ‘‘‘ယံ ကိဉ္စိ မာနုသံ ဒါနံ, အဒိန္နံ မေ န ဝိဇ္ဇတိ၊

ယောပိ ယာစေယျ မံ စက္ခုံ, ဒဒေယျံ အဝိကမ္ပိတော’။

၅၂။ ငါ မပေးလှူဖူးသေးသော လူ၌ဖြစ်သော တစ်စုံတစ်ခုသော အလှူသည် မရှိ၊ အကြင်သူသည် ငါ၏မျက်စိကိုမူလည်း တောင်းလာငြားအံ့၊ ငါသည် ထိုသူအား (မျက်စိကို ထုတ်၍) တုန်လှုပ်ခြင်းမရှိဘဲပေးလှူအံ့၊ (ဤသို့ ကြံစည်၏)။

‘Whatever human gifts there are, none may be found that I have not given. Even if someone were to ask for my eye, I would give it without wavering.’

၅၃။ ‘‘မမ သင်္ကပ္ပမညာယ, သက္ကော ဒေဝါနမိဿရော၊

နိသိန္နော ဒေဝပရိသာယ, ဣဒံ ဝစနမဗြဝိ။

၅၃။ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ၏ အကြံအစည်ကို သိ၍ နတ် ပရိသတ်၌ထိုင်နေလျက် ဤစကားကို မိန့်ဆို၏-

Knowing my thoughts, Sakka the lord of gods, sitting in the assembly of gods said the following.

၅၄။ ‘‘‘နိသဇ္ဇ ပါသာဒဝရေ, သိဝိရာဇာ မဟိဒ္ဓိကော၊

စိန္တေန္တော ဝိဝိဓံ ဒါနံ, အဒေယျံ သော န ပဿတိ။

၅၄။ တန်ခိုးကြီးသော သိဝိမင်းသည် မြတ်သော ပြာသာဒ်၌ ထိုင်နေလျက် အမျိုးမျိုး သော အလှူကိုကြံစည်လတ်သော် ထိုသိဝိမင်းသည် မလှူဖူးသော အလှူကို မမြင်ချေ။

‘Seated in his finest longhouse, the mighty King Sivi is thinking of manifold gifts and cannot see any he would not give.

၅၅။ ‘‘‘တထံ နု ဝိတထံ နေတံ, ဟန္ဒ ဝီမံသယာမိ တံ၊

မုဟုတ္တံ အာဂမေယျာထ, ယာဝ ဇာနာမိ တံ မနံ’။

၅၅။ ဤအကြံအစည်သည် မှန်သလော၊ မမှန်သလော။ ယခု ထိုအကြံအစည်ကို စူးစမ်း အံ့၊ ထိုသိဝိမင်း၏ စိတ်ကို သိရရုံတစ်မုဟုတ်မျှ ဆိုင်းငံ့ကုန်လော့ (ဟု မိန့်ဆို၏)။

Is this true or not? Come, let us test him. Wait a while until I know his mind.’

၅၆။ ‘‘ပဝေဓမာနော ပလိတသိရော, ဝလိဂတ္တော [ဝလိတဂတ္တော (သီ။)] ဇရာတုရော၊

အန္ဓဝဏ္ဏောဝ ဟုတွာန, ရာဇာနံ ဥပသင်္ကမိ။

၅၆။ သိကြားမင်းသည် ဆံပင်ဖြူသော ဦးခေါင်းရှိသည် အရေတွန့်သော ကိုယ်ရှိသည် ဖြစ်လျက်တုန်တုန်ရီရီ အိုနာဖြင့် နှိပ်စက်သော သူကန်းအသွင် ရှိသည်ဖြစ်၍သာလျှင် မင်းကြီးသို့ ချဥ်းကပ်လေ၏။

Appearing as a frail old man, with grey hair and wrinkled skin, feeble and blind, he approached the king.

၅၇။ ‘‘သော တဒါ ပဂ္ဂဟေတွာန, ဝါမံ ဒက္ခိဏဗာဟု စ၊

သိရသ္မိံ အဉ္ဇလိံ ကတွာ, ဣဒံ ဝစနမဗြဝိ။

၅၇။ ထိုအခါ သိကြားမင်းသည် လက်ဝဲ, လက်ယာ လက်မောင်းနှစ်ဖက်ကို မြှောက်၍ ဦးခေါင်း၌လက်အုပ်ချီပြီးလျှင် ဤစကားကို လျှောက်ဆို၏-

Then, stretching out his left and right arms, he raised his cupped palms to his head and said the following.

၅၈။ ‘‘‘ယာစာမိ တံ မဟာရာဇ, ဓမ္မိက ရဋ္ဌဝဍ္ဎန၊

တဝ ဒါနရတာ ကိတ္တိ, ဥဂ္ဂတာ ဒေဝမာနုသေ။

၅၈။ တိုင်းနိုင်ငံကို တိုးပွါးစေတတ်သော တရားစောင့်သော မင်းကြီး အရှင်မင်းကြီးကို တောင်းပန်ပါ၏၊ အရှင်မင်းကြီး၏ “အလှူ၌ မွေ့လျော်၏’ဟူသော ကျော်စောသံသည် နတ် လူတို့၌ ပျံ့နှံ့လျက် ရှိပါ၏။

‘Great king, I have a request for you. Under your just rule the kingdom has flourished, and the renown of your love of giving has risen among gods and humans.

စာ-၃၉၁

၅၉။ ‘‘‘ဥဘောပိ နေတ္တာ နယနာ, အန္ဓာ ဥပဟတာ မမ၊

ဧကံ မေ နယနံ ဒေဟိ, တွမ္ပိ ဧကေန ယာပယ’။

၅၉။ မင်းကြီး အကျွန်ုပ်အား ဆောင်ကြောင်းဖြစ်သော မျက်စိနှစ်လုံးတို့သည် ကန်းပါကုန်၏၊ ကွယ်ပါကုန်၏၊ အကျွန်ုပ်အား မျက်စိတစ်လုံးကို လှူပါလော့၊ အရှင်မင်းကြီးလည်း (မျက်စိ) တစ်လုံးဖြင့်မျှတတော်မူပါလော့ (ဟု လျှောက်ဆို၏)။

Both my eyes, by which I find my way, are ruined and become blind. Give me just one eye, while you too get by with one.’

၆၀။ ‘‘တဿာဟံ ဝစနံ သုတွာ, ဟဋ္ဌော သံဝိဂ္ဂမာနသော၊

ကတဉ္ဇလီ ဝေဒဇာတော, ဣဒံ ဝစနမဗြဝိံ။

၆၀။ ငါသည် ထိုသိကြားမင်း၏ စကားကို ကြားရသော် ရွှင်လန်းတက်ကြွ ဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီပြီးလျှင် ဤစကားကို ဆို၏-

After hearing his words I was thrilled, my mind elated, so with cupped palms, inspired, I said the following.

၆၁။ ‘‘‘ဣဒါနာဟံ စိန္တယိတွာန, ပါသာဒတော ဣဓာဂတော၊

တွံ မမ စိတ္တမညာယ, နေတ္တံ ယာစိတုမာဂတော။

၆၁။ ငါသည် ယခုပင် ကြံစည်၍ ပြာသာဒ်မှ ဤနေရာသို့ လာခဲ့၏၊ သင်သည် ငါ၏ စိတ်ကို သိ၍မျက်စိကို တောင်းရန် လာသော သူ ဖြစ်ပေ၏။

‘Just now I was reflecting on this when I came here from the longhouse. Understanding my mind, you have come to ask for an eye.

၆၂။ ‘‘‘အဟော မေ မာနသံ သိဒ္ဓံ, သင်္ကပ္ပေါ ပရိပူရိတော၊

အဒိန္နပုဗ္ဗံ ဒါနဝရံ, အဇ္ဇ ဒဿာမိ ယာစကေ။

၆၂။ ငါ၏ စိတ်အလိုသည် ဪ ပြည့်စုံလေပြီ၊ ငါ၏ အကြံအစည်သည် ဪ ပြည့် လေပြီ၊ ယနေ့ငါသည် ရှေး၌ မလှူခဲ့ဖူးသေးသော မြတ်သော အလှူကို အလှူခံတို့အား ပေးလှူပေအံ့ (ဟု ပြောဆို၏)။

Oh! My wish has come true! My intention is fulfilled! Today I shall give to a supplicant a fine gift never before given.’

၆၃။ ‘‘‘ဧဟိ သိဝက ဥဋ္ဌေဟိ, မာ ဒန္ဓယိ မာ ပဝေဓယိ၊

ဥဘောပိ နယနံ ဒေဟိ, ဥပ္ပါဋေတွာ ဝဏိဗ္ဗကေ’။

၆၃။ သိဝကမည်သော ဆေးသမား လာလော့၊ ထလော့၊ မနှေးကွေးလင့်၊ မတုန်လှုပ် လင့်။ ငါ၏မျက်စိနှစ်လုံးကို ခွါထုတ်၍ အလှူခံအား လှူလော့ (ဟု ဆို၏)။

‘Come Sivaka, stand up, do not hesitate or waver. Pluck out even both eyes and give them to the supplicant.’

၆၄။ ‘‘တတော သော စောဒိတော မယှံ, သိဝကော ဝစနံ ကရော၊

ဥဒ္ဓရိတွာန ပါဒါသိ, တာလမိဉ္ဇံဝ ယာစကေ။

၆၄။ ထိုအခါ ငါ၏ စကားကို လိုက်နာတတ်သော ထိုသိဝက ဆေးသမားသည် ငါတိုက်တွန်းအပ်သည်ဖြစ်၍ ‘ထန်းသီးဆံနှစ်ကို နုတ်သကဲ့သို့’ ငါ၏ မျက်စိနှစ်လုံးတို့ကို ထုတ် နုတ်၍အလှူခံအား ပေးလှူလေ၏။

And then, urged on by me, Sivaka did as I said. Extracting both eyes, he presented them to the trembling supplicant.

၆၅။ ‘‘ဒဒမာနဿ ဒေန္တဿ, ဒိန္နဒါနဿ မေ သတော၊

စိတ္တဿ အညထာ နတ္ထိ, ဗောဓိယာယေဝ ကာရဏာ။

၆၅။ ငါသည် မျက်စိတို့ကို ပေးလှူရန် ထုတ်ဆဲအခါ၌လည်းကောင်း၊ လှူဆဲအခါ၌လည်းကောင်း၊ လှူပြီးသော အခါ၌လည်းကောင်း သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် စိတ်၏ဖောက်ပြန်ပြောင်းလွှဲခြင်းသည် မရှိ။

‘While planning to give, while giving, and after I had given, my mind did not falter, because it was solely for awakening.

၆၆။ ‘‘န မေ ဒေဿာ ဥဘော စက္ခူ, အတ္တာ န မေ န ဒေဿိယော၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ စက္ခုံ အဒါသဟ’’န္တိ။

သိဝိရာဇစရိယံ အဋ္ဌမံ။

၆၆။ ငါသည် မျက်စိနှစ်လုံးတို့ကို မချစ်မနှစ်သက်သည် မဟုတ်ပေ၊ ငါသည် မိမိကိုယ်ကိုမချစ်မနှစ်သက်သည် မဟုတ်ပေ၊ ထို့ထက် ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့်ငါသည် မျက်စိကို ပေးလှူခဲ့၏။ ။ ရှစ်ခုမြောက် သိဝိရာဇစရိယ ‘သိဝိမင်းအကျင့်’ ပြီး၏။ ၉-ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)

It was not because I disliked my eyes, or that I disliked myself, but because omniscience is precious to me, that is why I gave away my eyes.’”

၉။ ဝေဿန္တရစရိယ

၆၇။ ‘‘ယာ မေ အဟောသိ ဇနိကာ, ဖုဿတီ [ဖုသတီ (သီ။)] နာမ ခတ္တိယာ၊

သာ အတီတာသု ဇာတီသု, သက္ကဿ မဟေသီ ပိယာ။

၆၇။ အကြင်ဖုဿတီမည်သော မင်းသမီးသည် ငါ၏ မယ်တော် ဖြစ်လေ၏၊ ထိုမင်းသမီး သည်အတိတ်ဘဝတို့ ၌ သိကြားမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရား ဖြစ်လေ၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (9th) Vessantara’s Conduct “She who was my mother, the aristocrat lady named Phussatī, was Sakka’s beloved queen in past lives.

၆၈။ ‘‘တဿာ အာယုက္ခယံ ဉတွာ, ဒေဝိန္ဒော ဧတဒဗြဝိ၊

‘ဒဒါမိ တေ ဒသ ဝရေ, ဝရဘဒ္ဒေ ယဒိစ္ဆသိ’။

၆၈။ ထိုမိဖုရား၏ အသက်ကုန်ခါနီးသည်ကို သိ၍ သိကြားမင်းသည် “မိဖုရားမြတ် သင်သည် အကယ်၍အလိုရှိမူ သင့်အား ဆုဆယ်ပါးတို့ကို ငါ ပေးအံ့”ဟု ဤစကားကို ဆို၏။

Knowing that she was at the end of life, the lord of gods said this: ‘I grant you ten favors, my dear, whatever favor you wish.’

၆၉။ ‘‘ဧဝံ ဝုတ္တာ စ သာ ဒေဝီ, သက္ကံ ပုနိဒမဗြဝိ၊

‘ကိံ နု မေ အပရာဓတ္ထိ, ကိံ နု ဒေဿာ အဟံ တဝ၊

ရမ္မာ စာဝေသိ မံ ဌာနာ, ဝါတောဝ ဓရဏီရုဟံ’။

၆၉။ ဤသို့ ဆိုလတ်သော် ထိုမိဖုရားသည်လည်း သိကြားမင်းအား တစ်ဖန် ဤစကား ကို ဆို၏-အကျွန်ုပ်အား အဘယ်အပြစ်ရှိပါသနည်း၊ အကျွန်ုပ်သည် အရှင်၏ မချစ်မနှစ် သက်အပ်သူ ဖြစ်ပါသလော၊ ‘လေသည် သစ်ပင်ကို ရွေ့ရှားစေသကဲ့သို့’ အကျွန်ုပ်ကို ပျော်မွေ့ဖွယ်ဌာနမှ ရွေ့စေလိုပါသလော။

When he said this the queen replied to Sakka: ‘In what way am I deficient? How am I displeasing to you? You send me from this lovely place, like the wind a feeble tree.’

စာ-၃၉၂

၇၀။ ‘‘ဧဝံ ဝုတ္တော စ သော သက္ကော, ပုန တဿိဒမဗြဝိ၊

‘န စေဝ တေ ကတံ ပါပံ, န စ မေ တွံသိ အပ္ပိယာ။

၇၀။ ဤသို့ ဆိုလတ်သော် ထိုသိကြားမင်းသည်လည်း တစ်ဖန် ထိိုမိဖုရားအား ဤ စကားကို ဆို၏-သင်သည် မကောင်းမှုကို ပြုအပ်သည်လည်း မဟုတ်၊ သင်သည် ငါ၏ မချစ်မနှစ်သက်အပ်သူလည်းမဟုတ်။

When she said this Sakka replied to her: ‘You have done nothing wrong, nor are you not beloved to me.

၇၁။ ‘‘‘ဧတ္တကံယေဝ တေ အာယု, စဝနကာလော ဘဝိဿတိ၊

ပဋိဂ္ဂဏှ မယာ ဒိန္နေ, ဝရေ ဒသ ဝရုတ္တမေ’။

၇၁။ သင်၏ အသက်သည် ဤမျှလောက်သာ ရှိ၍ စုတေအံ့သော အခါသည် ဖြစ်တော့ အံ့၊ ငါသည်ပေးအပ်သော ဆုမြတ်ဆယ်ပါးတို့ကို ခံယူပါလော့။

But your life lasts only so long, your time of death will come. Accept the ten supreme favors I offer to you.’

၇၂။ ‘‘သက္ကေန သာ ဒိန္နဝရာ, တုဋ္ဌဟဋ္ဌာ ပမောဒိတာ၊

မမံ အဗ္ဘန္တရံ ကတွာ, ဖုဿတီ ဒသ ဝရေ ဝရီ။

၇၂။ သိကြားမင်း ပေးအပ်ပြီးသော ဆုရှိသော ထိုမိဖုရားသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ငါ့ကို အတွင်းပြုလျက် ဆုဆယ်ပါးတို့ကို ခံယူ၏။

She accepted the offerings of Sakka, full of joy and happiness. Having conceived me, Phussatī was blessed with the ten favors.

၇၃။ ‘‘တတော စုတာ သာ ဖုဿတီ, ခတ္တိယေ ဥပပဇ္ဇထ၊

ဇေတုတ္တရမှိ နဂရေ, သဉ္ဇယေန သမာဂမိ။

၇၃။ ထိ်ုဖုဿတီမိဖုရားသည် ထိုတာဝတိံ သာဘုံမှ စုတေလတ်သော် မင်းမျိုး၌ ဖြစ် လေ၏၊ ဇေတုတ္တရာမြို့၌ သဉ္ဇယ (သိဉ္ဇည်း) မင်းနှင့် ပေါင်းဖက်လေ၏။

Then Phussatī, having passed from there, was reborn as an aristocrat in the city of Jetuttara, where she married Sañjaya.

၇၄။ ‘‘ယဒါဟံ ဖုဿတိယာ ကုစ္ဆိံ, ဩက္ကန္တော ပိယမာတုယာ၊

မမ တေဇေန မေ မာတာ, သဒါ ဒါနရတာ အဟု။

၇၄။ အကြင်အခါ၌ ငါသည် ချစ်လှစွာသော မယ်တော် ဖုဿတီမိဖုရား၏ ဝမ်းသို့ သက် ဝင်၏၊ ထိုအခါ ငါ၏ မယ်တော်သည် ငါ၏ တန်ခိုးကြောင့် အခါခပ်သိမ်း အလှူ၌ မွေ့လျော်သူ ဖြစ်၏။

Once I was conceived in the womb of my dear mother Phussatī, because of my power, my mother always delighted in giving.

၇၅။ ‘‘အဓနေ အာတုရေ ဇိဏ္ဏေ, ယာစကေ အဒ္ဓိကေ [ပထိကေ (က။)] ဇနေ၊

သမဏေ ဗြာဟ္မဏေ ခီဏေ, ဒေတိ ဒါနံ အကိဉ္စနေ။

၇၅။ ဥစ္စာမရှိသူ၊ အနာရောဂါ နှိပ်စက်သူ၊ အိုမင်းသူ၊ သူတောင်းစား၊ ခရီးသွား၊ ရဟန်း၊ ပုဏ္ဏား၊ စည်းစိမ်ဥစ္စာ ပျက်စီးကုန်ခန်းသူ၊ ဥစ္စာ မသိမ်းဆည်းသူတို့၌ အလှူကို ပေးလှူလေ၏။

She gave to the destitute, the ailing and aging, to beggars, travelers, and folk, to ascetics and brahmins, and the dispossessed, and to those who had nothing.

၇၆။ ‘‘ဒသ မာသေ ဓာရယိတွာန, ကရောန္တေ ပုရံ ပဒက္ခိဏံ၊

ဝေဿာနံ ဝီထိယာ မဇ္ဈေ, ဇနေသိ ဖုဿတီ မမံ။

၇၆။ ဖုဿတီမိဖုရားသည် ငါ့ကို ဆယ်လတို့ပတ်လုံး လွယ်ခဲ့ရ၍ မြို့ကို လက်ယာရစ် လှည့်လည်ခြင်းကိုပြုလတ်သော် ကုန်သည်တို့၏ ခရီးအလယ်၌ ငါ့ကို မွေးဖွားလေ၏။

Having carried me for ten months, she was proceeding around the city when Phussatī gave birth to me in the middle of the peasant’s street.

၇၇။ ‘‘န မယှံ မတ္တိကံ နာမံ, နပိ ပေတ္တိကသမ္ဘဝံ၊

ဇာတေတ္ထ ဝေဿဝီထိယာ, တသ္မာ ဝေဿန္တရော အဟု။

၇၇။ ငါ၏ အမည်သည် မယ်တော်ဘက်မှ လာသော အမည်လည်း မဟုတ်၊ ခမည်း တော်ဘက်မှလာသော အမည်လည်း မဟုတ်၊ ကုန်သည်တို့၏ သွားရာ လမ်းခရီး၌ မွေးဖွား သူ ဖြစ်၏၊ ထို့ကြောင့်“ဝေဿန္တရ”ဟူသော အမည် ဖြစ်လေ၏။

My name was not from my mother’s side, nor from my father’s. I was born there in the peasant’s street, and that’s why I’m called Vessantara.

၇၈။ ‘‘ယဒါဟံ ဒါရကော ဟောမိ, ဇာတိယာ အဋ္ဌဝဿိကော၊

တဒါ နိသဇ္ဇ ပါသာဒေ, ဒါနံ ဒါတုံ ဝိစိန္တယိံ။

၇၈။ အကြင်အခါ ငါသည် မွေးဖွားသည်မှ ရှစ်နှစ်အရွယ် သူငယ်ဖြစ်၏၊ ထိုအခါ ပြာသာဒ်ထက်၌ထိုင်လျက် အလှူကို ပေးလှူရန် ကြံစည်ခဲ့၏။

When I was a boy of only eight years old, sitting in the stilt longhouse, I thought of giving gifts.

၇၉။ ‘‘‘ဟဒယံ ဒဒေယျံ စက္ခုံ, မံသမ္ပိ ရုဓိရမ္ပိ စ၊

ဒဒေယျံ ကာယံ သာဝေတွာ, ယဒိ ကောစိ ယာစယေ မမံ’။

၇၉။ တစ်စုံတစ်ယောက်သော သူသည် ငါ့ကို အကယ်၍ တောင်းလာငြားအံ့၊ ငါသည် ငါ၏နှလုံးကိုလည်းကောင်း၊ မျက်စိကိုလည်းကောင်း၊ အသားကိုလည်းကောင်း၊ အသွေးကို လည်းကောင်း (ထုတ်၍) လှူလို၏။ (ငါ၏) ကိုယ်ကိုလည်း ကျွန်အဖြစ်ဖြင့် ပြောကြား၍ လှူ လို၏။

‘I would give my heart and my eyes, my flesh and blood too.’ I announced that I would give my body, if anyone asked me.

၈၀။ ‘‘သဘာဝံ စိန္တယန္တဿ, အကမ္ပိတမသဏ္ဌိတံ၊

အကမ္ပိ တတ္ထ ပထဝီ, သိနေရုဝနဝဋံသကာ။

၈၀။ ငါသည် မတုန်မလှုပ် မတွန့်မတိုသော သဘောမှန်ကို ကြံစည်စဥ် ထိုအခါ မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

Reflecting on my state of mind, so undisturbed and steadfast, the earth quaked there, and Mount Sineru, wreathed in forests.

၈၁။ ‘‘အနွဒ္ဓမာသေ ပန္နရသေ, ပုဏ္ဏမာသေ ဥပေါသထေ၊

ပစ္စယံ နာဂမာရုယှ, ဒါနံ ဒါတုံ ဥပါဂမိံ။

၈၁။ ငါသည် လခွဲတိုင်းလခွဲတိုင်း တစ်ဆယ့်ငါးရက် လပြည့်ဥပုသ်နေ့ဝယ် ပစ္စယ ဆင်တော်ကို တက်စီး၍အလှူကို လှူရန် (အလှူဇရပ်သို့) ချဥ်းကပ်ခဲ့၏။

Every fortnight, the fifteenth, and the sabbath when the moon was full, I mounted the tusker Paccaya and went to give gifts.

၈၂။ ‘‘ကလိင်္ဂရဋ္ဌဝိသယာ, ဗြာဟ္မဏာ ဥပဂဉ္ဆု မံ၊

အယာစုံ မံ ဟတ္ထိနာဂံ, ဓညံ မင်္ဂလသမ္မတံ။

၈၂။ ကလိင်္ဂတိုင်းနိုင်ငံမှ ပုဏ္ဏားတို့သည် ငါ့ထံသို့ လာရောက်ကုန်၏၊ ဘုန်းကျက်သရေ နှင့် ပြည့်စုံသောမင်္ဂလာဆင်တော်ဟု သမုတ်အပ်သော ဆင်တော်ကို ငါ့အား တောင်းကုန်၏။

From the country of Kaliṅga, the brahmins came to me, requesting the royal elephant, that was lucky and deemed as auspicious.

စာ-၃၉၃

၈၃။ ‘‘အဝုဋ္ဌိကော ဇနပဒေါ, ဒုဗ္ဘိက္ခော ဆာတကော မဟာ၊

ဒဒါဟိ ပဝရံ နာဂံ, သဗ္ဗသေတံ ဂဇုတ္တမံ။

၈၃။ မင်းကြီး အကျွန်ုပ်တို့၏ ဇနပုဒ်သည် မိုးရွာခြင်းမရှိသည်ဖြစ်၍ ကြီးစွာ ငတ်မွတ် ခြင်းတည်းဟူသောဒု ဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်နေပါ၏၊ အလုံးစုံ ဖြူ၍ ဆင်တို့တွင် အမြတ် ဆုံး ဖြစ်သောဆင်တော်မြတ်ကို လှူပါလော့ဟု တောင်းကုန်၏။

‘Our nation is suffering from drought, food is scarce and famine abounds, please give the noble elephant the all-white supreme elephant.’

၈၄။ ‘‘ဒဒါမိ န ဝိကမ္ပာမိ, ယံ မံ ယာစန္တိ ဗြာဟ္မဏာ၊

သန္တံ နပ္ပတိဂူဟာမိ [နပ္ပတိဂုယှာမိ (သီ။ က။)], ဒါနေ မေ ရမတေ မနော။

၈၄။ ပုဏ္ဏားတို့သည် ငါ့အား အကြင်ဝတ္ထုကို တောင်းကုန်၏၊ ထိုဝတ္ထုကို ငါသည် ပေး လှူအံ့၊ တုန်လှုပ်လိမ့်မည် မဟုတ်၊ ငါသည် ထင်ရှားရှိသော ဝတ္ထုကို မလျှို့ဝှက်၊ ငါ၏ စိတ်သည် ပေးလှူခြင်း၌မွေ့လျော်၏။

‘I give without hesitation what you ask of me, brahmins. I do not hide what I have, for my heart is happy to give.

၈၅။ ‘‘န မေ ယာစကမနုပ္ပတ္တေ, ပဋိက္ခေပေါ အနုစ္ဆဝေါ၊

‘မာ မေ ဘိဇ္ဇိ သမာဒါနံ, ဒဿာမိ ဝိပုလံ ဂဇံ’။

၈၅။ ထိုရောက်လာသော အလှူခံတို့ကို ပယ်ခြင်းသည် ငါ့အား မသင့်လျော်ချေ၊ ဒါန ပါရမီကိုဆောက်တည်ခြင်းသည် ငါ့အား မပျက်စီးပါစေလင့်၊ ငါသည် မြတ်သော ဆင်ကို ပေးလှူအံ့ (ဟုကြံစည်၍) -

When supplicants come to me it is unbefitting to refuse. Let not my vow be broken, I shall give the mighty elephant.’

၈၆။ ‘‘နာဂံ ဂဟေတွာ သောဏ္ဍာယ, ဘိင်္ဂါရေ ရတနာမယေ၊

ဇလံ ဟတ္ထေ အာကိရိတွာ, ဗြာဟ္မဏာနံ အဒံ ဂဇံ။

၈၆။ ဆင်ကို နှာမောင်း၌ ကိုင်လျက် ရတနာဖြင့် ပြီးသော ကရားဖြင့် ရေကို (ပုဏ္ဏား တို့၏) လက်၌သွန်းလောင်း၍ ဆင်ကို ပုဏ္ဏားတို့အား ပေးလှူ၏။

Taking the elephant by the trunk, and a bejeweled ceremonial vessel, I sprinkled water on the hand, and gave the elephant to the brahmins.

၈၇။ ‘‘ပုနာပရံ ဒဒန္တဿ, သဗ္ဗသေတံ ဂဇုတ္တမံ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၈၇။ အလုံးစုံ ဖြူသော ဆင်တော်မြတ်ကို ပေးလှူလတ်သော် ထိုအခါ ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် နောက်တစ်ဖန် တုန်လှုပ်လေ၏။

Then again when I was giving the all-white supreme elephant, the earth quaked again, and Mount Sineru, wreathed in forests.

၈၈။ ‘‘တဿ နာဂဿ ဒါနေန, သိဝယော ကုဒ္ဓါ သမာဂတာ၊

ပဗ္ဗာဇေသုံ သကာ ရဋ္ဌာ, ‘ဝင်္ကံ ဂစ္ဆတု ပဗ္ဗတံ’။

၈၈။ ထိုဆင်တော်ကို လှူခြင်းကြောင့် သိဝိပြည်သူတို့သည် အမျက်ထွက်ကုန်၍ စည်းဝေး ကြပြီးလျှင် ဝင်္ကတောင်သို့ သွားလော့ဟု မိမိတို့နိုင်ငံမှ နှင်ထုတ်ကြကုန်၏။

At the gift of the tusker, angry Sivian folk gathered and banished me from my kingdom, saying: ‘Go to Crooked Mountain.’

၈၉။ ‘‘တေသံ နိစ္ဆုဘမာနာနံ, အကမ္ပိတ္ထမသဏ္ဌိတံ၊

မဟာဒါနံ ပဝတ္တေတုံ, ဧကံ ဝရမယာစိသံ။

၈၉။ ထိုသိဝိပြည်သူတို့ နှင်ထုတ်ကုန်သည်ရှိသော် (ငါသည်) မတုန်မလှုပ် မတွန့် မတို သောအလှူကြီးကို ပေးလှူရန် တစ်ခုသော ဆုကို တောင်းပန်၏။

While they were ejecting me, I was undisturbed and steadfast, I asked one favor: to perform a great offering.

၉၀။ ‘‘ယာစိတာ သိဝယော သဗ္ဗေ, ဧကံ ဝရမဒံသု မေ၊

သာဝယိတွာ ကဏ္ဏဘေရိံ, မဟာဒါနံ ဒဒါမဟံ။

၉၀။ သိဝိပြည်သူအားလုံးတို့သည် ငါ တောင်းပန်အပ်သည်ဖြစ်၍ ငါ့အား ဆုတစ်ပါးကို ပေးကုန်၏၊ ထိုအခါ ငါသည် အစုံသော အလှူစည်ကို ကြွေးကြော်တီးခတ်စေ၍ အလှူကြီးကို ပေးလှူ၏။

When I asked, all the Sivian folk granted me that one favor. Sounding the drums, I gave a great offering.

၉၁။ ‘‘အထေတ္ထ ဝတ္တတီ သဒ္ဒေါ, တုမုလော ဘေရဝေါ မဟာ၊

ဒါနေနိမံ နီဟရန္တိ, ပုန ဒါနံ ဒဒါတယံ။

၉၁။ ထိုသို့ ပေးလှူလတ်သော် အလှူကြောင့် ဤမင်းကို နှင်ထုတ်ကုန်၏၊ ဤမင်းသည် ယခုတစ်ဖန်အလှူကို လှူပြန်၏ဟု အလှူပေးရာ အရပ်၌ အုတ်အုတ်ကျက်ကျက် ကြောက် မက်ဖွယ် ကြီးစွာသော အသံသည် ဖြစ်လေ၏။

And as the sound went forth, there was a great tumult and upset. They drove me out because of giving, but I just gave again.

၉၂။ ‘‘ဟတ္ထိံ အဿေ ရထေ ဒတွာ, ဒါသိံ ဒါသံ ဂဝံ ဓနံ၊

မဟာဒါနံ ဒဒိတွာန, နဂရာ နိက္ခမိံ တဒါ။

၉၂။ ထိုအခါ ငါသည် ဆင်ကိုလည်းကောင်း၊ မြင်းတို့ကိုလည်းကောင်း၊ ရထားတို့ကို လည်းကောင်းပေးလှူ၍ ကျွန်မိန်းမ, ကျွန်ယောကျာ်း, နွား, ဥစ္စာဟူသော ကြီးစွာသော အလှူ ကို ပေးလှူပြီးလျှင် မြို့မှထွက်ခဲ့၏။

Elephants, horses, chariots, male and female slaves, cattle, and riches: after giving this great gift I then left the city.

၉၃။ ‘‘နိက္ခမိတွာန နဂရာ, နိဝတ္တိတွာ ဝိလောကိတေ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၉၃။ ငါသည် မြို့မှ ထွက်၍ ပြန်လှည့်ကြည့်ရှုသော အခါ၌လည်း မြင်းမိုရ်တောင်တည်းဟူသောဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

After leaving the city, I turned back to look, at which the earth quaked, and Mount Sineru, wreathed in forests.

၉၄။ ‘‘စတုဝါဟိံ ရထံ ဒတွာ, ဌတွာ စာတုမ္မဟာပထေ၊

ဧကာကိယော အဒုတိယော, မဒ္ဒိဒေဝိံ ဣဒမဗြဝိံ။

၉၄။ (ရထားတပ်သော) မြင်းလေးစီးကိုလည်းကောင်း၊ ရထားကိုလည်းကောင်း (ပုဏ္ဏား တို့အား) ပေးလှူပြီးလျှင် နောက်လိုက်မပါ တစ်ကိုယ်တည်းသာဖြစ်သော ငါသည် လမ်းလေးခွ ဆုံ၌ ရပ်လျက်မဒ္ဒီမိဖုရားအား ဤစကားကို ပြောဆို၏-

Having given away my four-horse chariot, I was standing at the crossroads alone with no partner, and I said to Queen Maddī:

၉၅။ ‘‘‘တွံ မဒ္ဒိ ကဏှံ ဂဏှာဟိ, လဟုကာ ဧသာ ကနိဋ္ဌိကာ၊

အဟံ ဇာလိံ ဂဟေဿာမိ, ဂရုကော ဘာတိကော ဟိ သော’။

၉၅။ မဒ္ဒီ ဤကဏှာဇိန်သည် ညီမငယ်ဖြစ်၍ ပေါ့၏၊ သင်သည် ကဏှာဇိန်ကို ချီလော့၊ ဇာလီကားအစ်ကိုဖြစ်၍ လေး၏၊ ငါသည် ဇာလီကို ချီမည်။

‘Maddī, you take Kaṇhā, for she, as the younger sister, is the lighter. I shall take Jāli, for he, as the brother, is heavier.’

စာ-၃၉၄

၉၆။ ‘‘ပဒုမံ ပုဏ္ဍရီကံဝ, မဒ္ဒီ ကဏှာဇိနဂ္ဂဟီ၊

အဟံ သုဝဏ္ဏဗိမ္ဗံဝ, ဇာလိံ ခတ္တိယမဂ္ဂဟိံ။

၉၆။ မဒ္ဒီသည် ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာနှင့် တူသော ကဏှာဇိန်ကို ချီ၏၊ ငါသည် ရွှေရုပ်နှင့် တူသောဇာလီမင်းသားကို ချီ၏။

Like a pink or white lotus, Maddī picked up Kaṇhājinā. Like a golden statue, I picked up Jāli, the aristocrat.

၉၇။ ‘‘အဘိဇာတာ သုခုမာလာ, ခတ္တိယာ စတုရော ဇနာ၊

ဝိသမံ သမံ အက္ကမန္တာ, ဝင်္ကံ ဂစ္ဆာမ ပဗ္ဗတံ။

၉၇။ ပူဇော်အပ်သော အမျိုးဖြစ်၍ နူးညံ့သိမ်မွေ့သည့် မင်းမျိုး ဖြစ်ကုန်သော ငါတို့ လေးဦးသားတို့သည်မညီညွတ်သောမြေ, ညီညွတ်သော မြေကို နင်းကုန်လျက် ဝင်္ကတောင် သို့ သွားကြကုန်၏။

High-born and delicate, four aristocrat folk traveled ground even and uneven, going to Crooked Mountain.

၉၈။ ‘‘ယေ ကေစိ မနုဇာ ဧန္တိ, အနုမဂ္ဂေ ပဋိပ္ပထေ၊

မဂ္ဂန္တေ ပဋိပုစ္ဆာမ, ‘ကုဟိံ ဝင်္ကန္တ [ဝင်္ကတ (သီ။)] ပဗ္ဗတော’။

၉၈။ အကြင်သူတို့သည် လမ်းအနီး၌လည်းကောင်း၊ ခရီးရင်ဆိုင်၌လည်းကောင်း လာကြကုန်၏။ ထိုသူတို့အား “ဝင်္ကန္တတောင်သည် အဘယ်မှာနည်း”ဟု ငါတို့သည် လမ်းခရီးကို မေးမြန်းရကုန်၏။

Whenever men would come along, coming the other way along the road, we asked them in the middle of the street, ‘Where is Crooked Mountain?’

၉၉။ ‘‘တေ တတ္ထ အမှေ ပဿိတွာ, ကရုဏံ ဂိရမုဒီရယုံ၊

ဒုက္ခံ တေ ပဋိဝေဒေန္တိ, ဒူရေ ဝင်္ကန္တပဗ္ဗတော။

၉၉။ ထိုသူတို့သည် ထိုလမ်းခရီး၌ ငါတို့ကို တွေ့မြင်ကုန်သော် “ဝင်္ကန္တတောင်သည် ဝေးလှ၏’ဟုသနားသော အသံကို မြွက်ဆိုကြကုန်၏၊ ထိုသူတို့သည် (သနားခြင်းကြောင့် ဖြစ်သော) ဆင်းရဲဝေဒနာကိုခံစားကြရကုန်၏။

Seeing us there, they spoke to us kindly, ‘It will be hard for you,’ they explained, ‘for Crooked Mountain is far.’

၁၀၀။ ‘‘ယဒိ ပဿန္တိ ပဝနေ, ဒါရကာ ဖလိနေ ဒုမေ၊

တေသံ ဖလာနံ ဟေတုမှိ, ဥပရောဒန္တိ ဒါရကာ။

၁၀၀။ သူငယ်ဖြစ်သော သားသမီးတို့သည် တောအုပ်ကြီး၌ အသီးရှိသော သစ်ပင်တို့ကို အကယ်၍တွေ့မြင်ကုန်အံ့၊ သူငယ်တို့သည် ထိုသစ်သီးတို့၏ အကြောင်းကြောင့် ငိုယိုကြကုန်၏။

If the children saw fruit on a tree in the forest, then for the sake of that fruit, the children cried.

၁၀၁။ ‘‘ရောဒန္တေ ဒါရကေ ဒိသွာ, ဥဗ္ဗိဒ္ဓါ [ဥဗ္ဗိဂ္ဂါ (သျာ။ ကံ။)] ဝိပုလာ ဒုမာ၊

သယမေဝေါဏမိတွာန, ဥပဂစ္ဆန္တိ ဒါရကေ။

၁၀၁။ မြင့်တက်သော ကြီးကျယ်သော သစ်ပင်တို့သည် ငိုယိုနေသော သူငယ်တို့ကို မြင်သော် အလိုလိုပင် ညွတ်ကိုင်း၍ သူငယ်တို့သို့ ချဥ်းကပ်ကုန်၏။

Seeing the children cry, the tall, massive trees bent down of their own accord, within reach of the children.

၁၀၂။ ‘‘ဣဒံ အစ္ဆရိယံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊

သာဟုကာရံ [သာဓုကာရံ (သဗ္ဗတ္ထ)] ပဝတ္တေသိ, မဒ္ဒီ သဗ္ဗင်္ဂသောဘနာ။

၁၀၂။ အလုံးစုံသော အင်္ဂါတို့ဖြင့် တင့်တယ်သော မဒ္ဒီမိဖုရားသည် မဖြစ်စဖူး ဖြစ်သောကြက်သီးမွေးညင်း ထစေနိုင်သော ဤအံ့ဩဖွယ်ကို တွေ့မြင်ရသည်ရှိသော် ကောင်းချီးကို ဖြစ်စေ၏။

Seeing this marvel, so astonishing and hair-raising, Maddī, beautiful in every limb, exclaimed in celebration:

၁၀၃။ ‘‘အစ္ဆေရံ ဝတ လောကသ္မိံ, အဗ္ဘုတံ လောမဟံသနံ၊

ဝေဿန္တရဿ တေဇေန, သယမေဝေါဏတာ ဒုမာ။

၁၀၃။ ဝေဿန္တရာမင်း၏ တန်ခိုးကြောင့် သစ်ပင်တို့သည် အလိုလိုပင် ညွတ်ကိုင်းကုန်၏၊ ဤသို့ဖြစ်ခြင်းသည် လောက၌ အံ့ဩဖွယ် ရှိပေစွ၊ မဖြစ်စဖူး ဖြစ်ပေစွ၊ ကြက်သီးမွေးညင်း ထဖွယ်ကောင်းလေစွ (ဟု ကောင်းချီးကို ဖြစ်စေ၏)။

‘Such a marvel in the world, so astonishing and hair-raising, due to the power of Vessantara, the trees bent down of their own accord.’

၁၀၄။ ‘‘သင်္ခိပိံသု ပထံ ယက္ခာ, အနုကမ္ပာယ ဒါရကေ၊

နိက္ခန္တဒိဝသေနေဝ [နိက္ခန္တဒိဝသေယေဝ (သီ။)], စေတရဋ္ဌမုပါဂမုံ။

၁၀၄။ နတ်တို့သည် သူငယ်တို့ကို သနားကြသဖြင့် (ယူဇနာသုံးဆယ်) လမ်းခရီးကို ချုံး၍ ပေးကြကုန်၏၊ (ဇေတုတ္တရာပြည်မှ) ထွက်သော နေ့၌သာလျှင် စေတနိုင်ငံသို့ ဆိုက် ရောက်ကုန်၏။

Native spirits, out of compassion, shortened the path, so that on the very day they set out, they arrived at the kingdom of Ceta.

၁၀၅။ ‘‘သဋ္ဌိရာဇသဟဿာနိ, တဒါ ဝသန္တိ မာတုလေ၊

သဗ္ဗေ ပဉ္ဇလိကာ ဟုတွာ, ရောဒမာနာ ဥပါဂမုံ။

၁၀၅။ ထိုအခါ ဦးရီးတော်ဖြစ်ကြကုန်သော မင်းခြောက်သောင်းတို့သည် (စေတနိုင်ငံ၌) နေကုန်၏၊ အလုံးစုံသော မင်းတို့သည် လက်အုပ်ချီကုန်၍ ငိုယိုလျက် ချဥ်းကပ်လာကြကုန်၏။

Sixty thousand kings were living at Mātula then. All raised their cupped palms, and approached, weeping.

၁၀၆။ ‘‘တတ္ထ ဝတ္တေတွာ သလ္လာပံ, စေတေဟိ စေတပုတ္တေဟိ၊

တေ တတော နိက္ခမိတွာန, ဝင်္ကံ အဂမု ပဗ္ဗတံ။

၁၀၆။ ထိုစေတနိုင်ငံ၌ စေတမင်းတို့နှင့်လည်းကောင်း၊ စေတမင်းသားတို့နှင့်လည်းကောင်းနှုတ်ဆက်စကား ပြောကြားပြီးသော် ထိုငါတို့သည် ထိုမြို့မှ ထွက်ခွါကုန်၍ ဝင်္က တောင်သို့သွားကြကုန်၏။

There they held conversation with the folks of Ceta and their children. Then, leaving that place, they arrived at Crooked Mountain.

၁၀၇။ ‘‘အာမန္တယိတွာ ဒေဝိန္ဒော, ဝိဿကမ္မံ [ဝိသုကမ္မံ (က။)] မဟိဒ္ဓိကံ၊

အဿမံ သုကတံ ရမ္မံ, ပဏ္ဏသာလံ သုမာပယ။

၁၀၇။ သိကြားမင်းသည် တန်ခိုးကြီးသော ဝိသကြုံနတ်သားကို ခေါ်၍ သင်္ခမ်းကျောင်းကို ကောင်းစွာဆောက်လုပ်၍ ပျော်မွေ့ဖွယ်သော သစ်ရွက်မိုးကျောင်းကို ဖန်ဆင်းချေလော့ဟု စေလိုက်၏။

The lord of gods addressed Vissakamma of great psychic power: ‘Build a hermitage, well-made and delightful, with a hall of leaves.’

၁၀၈။ ‘‘သက္ကဿ ဝစနံ သုတွာ, ဝိဿကမ္မော မဟိဒ္ဓိကော၊

အဿမံ သုကတံ ရမ္မံ, ပဏ္ဏသာလံ သုမာပယိ။

၁၀၈။ သိကြားမင်း၏ စကားကို ကြားနာလျက် တန်ခိုးကြီးသော ဝိသကြုံနတ်သားသည်သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်၍ ပျော်မွေ့ဖွယ်သော သစ်ရွက်မိုးကျောင်းကို ဖန် ဆင်းလေ၏။

After hearing Sakka’s words, Vissakamma of great psychic power built a hermitage, well-made and delightful, with a hall of leaves.

စာ-၃၉၅

၁၀၉။ ‘‘အဇ္ဈောဂါဟေတွာ ပဝနံ, အပ္ပသဒ္ဒံ နိရာကုလံ၊

စတုရော ဇနာ မယံ တတ္ထ, ဝသာမ ပဗ္ဗတန္တရေ။

၁၀၉။ လေးယောက်သား ငါတို့သည် ဝင်္ကတောင်ကြား၌ လူသူ ရောယှက်မရှိ တိတ် ဆိတ်သောတောအုပ်ကြီးသို့ သက်ဝင်၍ ထိုတောအုပ်ကြီးတွင် နေကြကုန်၏။

Having plunged into the forest, quiet and undisturbed, we four persons lived there in the mountains.

၁၁၀။ ‘‘အဟဉ္စ မဒ္ဒိဒေဝီ စ, ဇာလီ ကဏှာဇိနာ စုဘော၊

အညမညံ သောကနုဒါ, ဝသာမ အဿမေ တဒါ။

၁၁၀။ ထိုအခါ ငါသည်လည်းကောင်း၊ မဒ္ဒီမိဖုရားသည်လည်းကောင်း၊ ဇာလီ, ကဏှာဇိန်နှစ်ဦးတို့သည်လည်းကောင်း အချင်းချင်း (တစ်ဦးကို တစ်ဦး) စိုးရိမ်ခြင်း (ဝမ်းနည်းပူး ဆွေးမှု) ကိုပယ်ဖျောက်ကုန်လျက် သင်္ခမ်းကျောင်း၌ နေကြကုန်၏။

Myself and Queen Maddī, with both Jāli and Kaṇhājinā, dispelling each other’s sorrow lived then in that hermitage.

၁၁၁။ ‘‘ဒါရကေ အနုရက္ခန္တော, အသုညော ဟောမိ အဿမေ၊

မဒ္ဒီ ဖလံ အာဟရိတွာ, ပေါသေတိ သာ တယော ဇနေ။

၁၁၁။ ငါသည် သင်္ခမ်းကျောင်း၌ မဆိတ်သုဥ်းသည်ကို ပြု၍ သားသမီးငယ်တို့ကို စောင့် ရှောက်လျက်တည်နေရ၏၊ ထိုမဒ္ဒီမိဖုရားသည် သစ်သီးကို ဆောင်၍ သုံးယောက်သား ငါတို့ကို ကျွေးမွေး၏။

While caring for the children, I was not idle in the hermitage. Maddī gathered fruit, and provided for three people.

၁၁၂။ ‘‘ပဝနေ ဝသမာနဿ, အဒ္ဓိကော မံ ဥပါဂမိ၊

အာယာစိ ပုတ္တကေ မယှံ, ဇာလိံ ကဏှာဇိနံ စုဘော။

၁၁၂။ ငါသည် တောအုပ်ကြီး၌ နေစဥ် ခရီးသွားသူ ဇူဇကာပုဏ္ဏားသည် ငါ့ထံသို့ ချဥ်းကပ်လာ၏၊ ငါ၏ဇာလီ, ကဏှာဇိန် သားသမီးနှစ်ယောက်လုံးကို တောင်းလေ၏။

While I was living in the forest, a traveler came to me and asked for my children, both Jāli and Kaṇhājinā.

၁၁၃။ ‘‘ယာစကံ ဥပဂတံ ဒိသွာ, ဟာသော မေ ဥပပဇ္ဇထ၊

ဥဘော ပုတ္တေ ဂဟေတွာန, အဒါသိံ ဗြာဟ္မဏေ တဒါ။

၁၁၃။ တောင်းတတ်သော ဇူဇကာပုဏ္ဏား ချဥ်းကပ်လာသည်ကို မြင်ရသော် ငါ့အား ရွှင်လန်းခြင်းဖြစ်လေ၏၊ ထိုအခါ ငါသည် သားသမီးနှစ်ယောက်တို့ကို ကိုင်ငင်၍ ပုဏ္ဏား အား ပေးလှူခဲ့၏။

When I saw the supplicant approaching, I felt so full of joy. Taking both my children, I gave them to the brahmin then.

၁၁၄။ ‘‘သကေ ပုတ္တေ စဇန္တဿ, ဇူဇကေ ဗြာဟ္မဏေ ယဒါ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၁၁၄။ အကြင်အခါ ဇူဇကာပုဏ္ဏားအား မိမိသားသမီးတို့ကို စွန့်လှူလတ်သော် ထိုအခါ ၌လည်းမြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

When I gave away my own children, to the brahmin Jūjaka, the earth quaked again, and Mount Sineru, wreathed in forests.

၁၁၅။ ‘‘ပုနဒေဝ သက္ကော ဩရုယှ, ဟုတွာ ဗြာဟ္မဏသန္နိဘော၊

အာယာစိ မံ မဒ္ဒိဒေဝိံ, သီလဝန္တိံ ပတိဗ္ဗတံ။

၁၁၅။ တစ်ဖန်လည်း သိကြားမင်းသည် နတ်ပြည်မှ သက်ဆင်း၍ ပုဏ္ဏားအသွင် ဖန်ဆင်းလျက် ငါ့ထံသို့ လာပြီးလျှင် သီလရှိ၍ အရှင်သခင်၌ ရိုသေသော အကျင့်ရှိသော မဒ္ဒီမိဖုရားကို တောင်းလေ၏။

And then Sakka descended in the guise of a brahmin. He asked me for Queen Maddī, virtuous, and devoted.

၁၁၆။ ‘‘မဒ္ဒိံ ဟတ္ထေ ဂဟေတွာန, ဥဒကဉ္ဇလိ ပူရိယ၊

ပသန္နမနသင်္ကပ္ပေါ, တဿ မဒ္ဒိံ အဒါသဟံ။

၁၁၆။ ငါသည် ကြည်လင်သော စိတ်အကြံံ ရှိသည်ဖြစ်၍ မဒ္ဒီကို လက်၌ ကိုင်လျက် ရေဖြင့် (ပုဏ္ဏား၏) လက်ခုပ်ကို ပြည့်စေပြီးလျှင် ထိုပုဏ္ဏားအား မဒ္ဒီကို ပေးလှူခဲ့၏။

Taking Maddī by the hand, filling clasped hands with water, with a confident heart, I gave Maddī to him.

၁၁၇။ ‘‘မဒ္ဒိယာ ဒီယမာနာယ, ဂဂနေ ဒေဝါ ပမောဒိတာ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၁၁၇။ မဒ္ဒီမိဖုရားကို ပေးလှူလတ်သော် ကောင်းကင်၌ နတ် ဗြဟ္မာတို့သည် ဝမ်းမြောက် ကြကုန်၏၊ ထိုအခါ ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

As Maddī was being given, gods applauded in the welkin, and the earth quaked again, and Mount Sineru, wreathed in forests.

၁၁၈။ ‘‘ဇာလိံ ကဏှာဇိနံ ဓီတံ, မဒ္ဒိဒေဝိံ ပတိဗ္ဗတံ၊

စဇမာနော န စိန္တေသိံ, ဗောဓိယာယေဝ ကာရဏာ။

၁၁၈။ ဇာလီမင်းသားနှင့် သမီးကဏှာဇိန်ကိုလည်းကောင်း၊ အရှင်သခင်၌ ရိုသေသော အကျင့်ရှိသောမဒ္ဒီမိဖုရားကိုလည်းကောင်း စွန့်လွှတ်လှူဒါန်းသော ငါသည် သမ္မာသမ္ဗောဓိ ဉာဏ်၏အကြောင်းကြောင့်သာလျှင် တွန့်တိုဆုတ်နစ်သော စိတ်အကြံအစည် မဖြစ်ခဲ့ပေ။

Jāli and Kaṇhājinā my daughter, and Queen Maddī my devoted wife: I gave them up without a second thought, because it was solely for awakening.

၁၁၉။ ‘‘န မေ ဒေဿာ ဥဘော ပုတ္တာ, မဒ္ဒိဒေဝီ န ဒေဿိယာ၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ပိယေ အဒါသဟံ။

၁၁၉။ ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်၊ မဒ္ဒီမိဖုရားကို မချစ် သည်လည်းမဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် ငါသည် ချစ်သော သားမယားတို့ကို ပေးလှူခဲ့၏။

I had no dislike of my children, nor for Queen Maddī. But because omniscience is precious to me, I gave my loved ones away.

၁၂၀။ ‘‘ပုနာပရံ ဗြဟာရညေ, မာတာပိတုသမာဂမေ၊

ကရုဏံ ပရိဒေဝန္တေ, သလ္လပန္တေ သုခံ ဒုခံ။

၁၂၀။ ထို့နောက် တစ်ဖန် တောအုပ်ကြီး၌ မယ်တော်ခမည်းတော်တို့နှင့် ပေါင်းဆုံရသော် သနားဖွယ်ငိုကြွေးကာ ချမ်းသာဆင်းရဲကို မေးမြန်းပြောဆိုလျက်-

Later on in the mighty forest, we were reunited by my mother and father. Crying pitifully, they spoke of my happiness and sadness.

၁၂၁။ ‘‘ဟိရောတ္တပ္ပေန ဂရုနာ [ဂရုနံ (သျာ။ က။)], ဥဘိန္နံ ဥပသင်္ကမိ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၁၂၁။ နှစ်ယောက်သော မယ်တော်ခမည်းတော်တို့၏ အထံသို့ အရှက်အကြောက်ဖြင့် လည်းကောင်း၊ လေးစားခြင်းဖြင့်လည်းကောင်း ချဥ်းကပ်၏။ ထိုအခါ ၌လည်း မြင်းမိုရ်တောင် တည်းဟူသောဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

With deep conscience and prudence, I approached them, at which the earth quaked, and Mount Sineru, wreathed in forests.

စာ-၃၉၆

၁၂၂။ ‘‘ပုနာပရံ ဗြဟာရညာ, နိက္ခမိတွာ သဉာတိဘိ၊

ပဝိသာမိ ပုရံ ရမ္မံ, ဇေတုတ္တရံ ပုရုတ္တမံ။

၁၂၂။ ထို့နောက် တစ်ဖန် ဆွေတော်မျိုးတော်တို့နှင့်တကွ တောအုပ်ကြီးမှ ထွက်ခဲ့ကြ၍ပျော်မွေ့ဖွယ်ကောင်းသော ပြည်မြတ်ဖြစ်သော ဇေတုတ္တရာမြို့တော်သို့ ဝင်လေ၏။

Later on in the mighty forest, having left the forest with my family, I entered the delightful city Jetuttara, the capital city.

၁၂၃။ ‘‘ရတနာနိ သတ္တ ဝဿိံသု, မဟာမေဃော ပဝဿထ၊

တဒါပိ ပထဝီ ကမ္ပိ, သိနေရုဝနဝဋံသကာ။

၁၂၃။ ထိုနေ့၌ ရတနာခုနစ်ပါးမိုးတို့သည် ရွာသွန်းကုန်၏၊ သည်းစွာသော မိုးသည် ရွာချလေ၏၊ ထိုအခါ ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီး သည် တုန်လှုပ်လေ၏။

The seven gems rained down, raining forth from a mighty cloud, and the earth quaked again, and Mount Sineru, wreathed in forests.

၁၂၄။ ‘‘အစေတနာယံ ပထဝီ, အဝိညာယ သုခံ ဒုခံ၊

သာပိ ဒါနဗလာ မယှံ, သတ္တက္ခတ္တုံ ပကမ္ပထာ’’တိ။

ဝေဿန္တရစရိယံ နဝမံ။

၁၂၄။ စိတ်စေတနာမရှိသော ဤမြေကြီးသည်လည်း ချမ်းသာဆင်းရဲကို မသိဘဲလျက် ငါ၏အလှူစွမ်းအားကြောင့် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်လေ၏။ ။ ကိုးခုမြောက် ဝေဿန္တရစရိယ ‘ဝေဿန္တရာမင်းအကျင့်’ ပြီး၏။ ၁၀-သသပဏ္ဍိတစရိယ (ယုန်ပညာရှိအကျင့်)

Even this insentient earth, with no knowledge of happiness or sadness, quaked seven times at the power of my giving.”

၁၀။ သသပဏ္ဍိတစရိယ

၁၂၅။ ‘‘ပုနာပရံ ယဒါ ဟောမိ, သသကော ပဝနစာရကော၊

တိဏပဏ္ဏသာကဖလဘက္ခော, ပရဟေဌနဝိဝဇ္ဇိတော။

၁၂၅။ နောက်တစ်မျိုးသော် ကား ငါသည် အကြင်အခါ၌ မြက်, သစ်ရွက်, ဟင်းရွက်, ဟင်းသီးကိုစားတတ်သော သူတစ်ပါးကို ညှဥ်းဆဲခြင်းမှ ကြဥ်ရှောင်သော တော၌ လှည့်လည် ကျက်စားသောယုန်ငယ်ဖြစ်၏။

The Conduct Leading to Buddhahood The Chapter With Akitti The Perfection of Giving (10th) The Wise Hare’s Conduct “Then again when I was a hare who roamed the forest, eating grass, leaves, vegetables, and fruit, refraining from harming others,

၁၂၆။ ‘‘မက္ကဋော စ သိင်္ဂါလော စ, သုတ္တပေါတော စဟံ တဒါ၊

ဝသာမ ဧကသာမန္တာ, သာယံ ပါတော စ ဒိဿရေ [သာယံ ပါတော ပဒိဿရေ (က။)]။

၁၂၆။ ထိုအခါ မျောက်သည်လည်းကောင်း၊ မြေခွေးသည်လည်းကောင်း၊ ဖျံသည်လည်းကောင်း၊ ငါသည်လည်းကောင်း အနီးအပါး၌ တစ်ပေါင်းတည်း နေကြကုန်၏။ ညဥ့်, နံနက် တိုင်းဆည်းကပ်လာကြကုန်၏။

a monkey, a jackal, a young otter and I lived in the same neighborhood and were seen together morning and evening.

၁၂၇။ ‘‘အဟံ တေ အနုသာသာမိ, ကိရိယေ ကလျာဏပါပကေ၊

‘ပါပါနိ ပရိဝဇ္ဇေထ, ကလျာဏေ အဘိနိဝိဿထ’။

၁၂၇။ ငါသည် ထိုသူတို့ကို “အကုသိုလ်တို့ကို ကြဥ်ရှောင်ကုန်လော့၊ ကုသိုလ်တို့ကိုနှလုံးသွင်းကုန်လော့”ဟု ကုသိုလ်, အကုသိုလ်အမှု၌ ဆုံးမ၏။

I advised them regarding good and bad deeds: ‘Shun bad deeds, and cling to the good.’

၁၂၈။ ‘‘ဥပေါသထမှိ ဒိဝသေ, စန္ဒံ ဒိသွာန ပူရိတံ၊

ဧတေသံ တတ္ထ အာစိက္ခိံ, ဒိဝသော အဇ္ဇုပေါသထော။

၁၂၈။ ဥပုသ်နေ့၌ လပြည့်သည်ကို မြင်၍ ယနေ့ကား ဥပုသ်နေ့တည်းဟု ထိုသုံးယောက် သောသူတို့အားထိုနေ့၌ (ကျင့်ဝတ်အစဥ်ကို) ပြောကြား၏။

Seeing the full moon on the sabbath day, I pointed it out to them, saying, ‘Today is the sabbath.

၁၂၉။ ‘‘ဒါနာနိ ပဋိယာဒေထ, ဒက္ခိဏေယျဿ ဒါတဝေ၊

ဒတွာ ဒါနံ ဒက္ခိဏေယျေ, ဥပဝဿထုပေါသထံ။

၁၂၉။ အလှူခံပုဂ္ဂိုလ်အား လှူရန် အလှူဝတ္ထုတို့ကို စီရင်ကြကုန်လော့၊ အလှူခံပုဂ္ဂိုလ်၌ အလှူဝတ္ထုကိုလှူ၍ ဥပုသ်ကို ကျင့်သုံးကုန်လော့ဟု ဆုံးမလေ၏။

Prepare gifts for one worthy of offerings. Having given to one worthy of offerings, observe the sabbath day.’

၁၃၀။ ‘‘တေ မေ သာဓူတိ ဝတွာန, ယထာသတ္တိ ယထာဗလံ၊

ဒါနာနိ ပဋိယာဒေတွာ, ဒက္ခိဏေယျံ ဂဝေသိသုံ [ဂဝေသယျုံ (က။)]။

၁၃၀။ ထိုသူသုံးဦးတို့သည် ငါ၏ စကားကို ကောင်းပြီဟု ဆိုကုန်၍ စွမ်းအားရှိ သလောက်လှူဒါန်းဖွယ်ဝတ္ထုတို့ကို စီရင်ပြီးလျှင် အလှူခံပုဂ္ဂိုလ်ကို ရှာဖွေကြကုန်၏။

Saying ‘good!’ to me, they prepared gifts according to their capacity and means, and sought out one worthy of offerings.

၁၃၁။ ‘‘အဟံ နိသဇ္ဇ စိန္တေသိံ, ဒါနံ ဒက္ခိဏနုစ္ဆဝံ၊

‘ယဒိဟံ လဘေ ဒက္ခိဏေယျံ, ကိံ မေ ဒါနံ ဘဝိဿတိ။

၁၃၁။ ငါသည် ထိုင်နေ၍ အလှူခံပုဂ္ဂိုလ်အား လျောက်ပတ်သော လှူဒါန်းဖွယ်ဝတ္ထုကို ကြံစည်၏၊ အကယ်၍ ငါသည် အလှူခံပုဂ္ဂိုလ်ကို ရငြားအံ့၊ ငါ့အား အဘယ်မည်သော လှူဒါန်းဖွယ်ဝတ္ထုဖြစ်လတ္တံ့နည်း။

As I was sitting I thought about what sort of gift would suit one worthy of offerings: ‘If I were to find a worthy recipient, what gift would i give?

၁၃၂။ ‘‘‘န မေ အတ္ထိ တိလာ မုဂ္ဂါ, မာသာ ဝါ တဏ္ဍုလာ ဃတံ၊

အဟံ တိဏေန ယာပေမိ, န သက္ကာ တိဏ ဒါတဝေ။

၁၃၂။ ငါ့အား နှမ်းတို့သည်လည်းကောင်း၊ ပဲနောက်တို့သည်လည်းကောင်း၊ ပဲလွန်းတို့သည်လည်းကောင်း၊ ဆန်တို့သည်လည်းကောင်း၊ ထောပတ်သည်လည်းကောင်း မရှိကုန်။ ငါသည်မြက်ဖြင့် မျှတ၏၊ မြက်ကို လှူဒါန်းရန်လည်း မတတ်ကောင်း။

I have no sesame or mung beans, no beans or rice or ghee. I feed only on grass, but that’s not something I can give.

စာ-၃၉၇

၁၃၃။ ‘‘‘ယဒိ ကောစိ ဧတိ ဒက္ခိဏေယျော, ဘိက္ခာယ မမ သန္တိကေ၊

ဒဇ္ဇာဟံ သကမတ္တာနံ, န သော တုစ္ဆော ဂမိဿတိ’။

၁၃၃။ အကယ်၍ တစ်စုံတစ်ဦးသော အလှူခံပုဂ္ဂိုလ်သည် ငါ၏ အထံသို့ ထမင်းအကျိုးငှါ လာအံ့၊ ငါသည် မိမိကိုယ်ကို လှူအံ့၊ ထိုအလှူခံပုဂ္ဂိုလ်သည် အချည်းနှီး မသွားရလတ္တံ့ (ဟု ကြံစည်၏)။

If someone worthy of gifts comes, seeking alms near me, I shall give my own self: they shall not leave empty-handed.’

၁၃၄။ ‘‘မမ သင်္ကပ္ပမညာယ, သက္ကော ဗြာဟ္မဏဝဏ္ဏိနာ၊

အာသယံ မေ ဥပါဂစ္ဆိ, ဒါနဝီမံသနာယ မေ။

၁၃၄။ သိကြားမင်းသည် ငါ၏ အကြံအစည်ကို သိ၍ ပုဏ္ဏားအသွင်ဖြင့် ငါ၏ အလှူကို စုံစမ်းခြင်းငှါ ငါ၏နေရာ (ချုံ) သို့ ချဥ်းကပ်လာ၏။

Knowing my thoughts, Sakka in the guise of a brahmin approached my lair in order to test my giving.

၁၃၅။ ‘‘တမဟံ ဒိသွာန သန္တုဋ္ဌော, ဣဒံ ဝစနမဗြဝိံ၊

‘သာဓု ခေါသိ အနုပ္ပတ္တော, ဃာသဟေတု မမန္တိကေ။

၁၃၅။ ငါသည် ထိုပုဏ္ဏားအသွင် ဆောင်သော သိကြားမင်းကို မြင်ရသော် ကောင်းစွာနှစ်သက်သည်ဖြစ်၍ ဤစကားကို ဆို၏- (အသင်ပုဏ္ဏားသည်) အစာဟူသော အကြောင်း ကြောင့်ငါ့ထံသို့ ဆိုက်ရောက်ခြင်းသည် ကောင်းသည်သာ ဖြစ်၏။

Seeing him I was elated, and said the following. ‘It is so good that you have come to me looking for food.

၁၃၆။ ‘‘‘အဒိန္နပုဗ္ဗံ ဒါနဝရံ, အဇ္ဇ ဒဿာမိ တေ အဟံ၊

တုဝံ သီလဂုဏူပေတော, အယုတ္တံ တေ ပရဟေဌနံ။

၁၃၆။ ယနေ့ သင့်အား ငါသည် ရှေး၌ မလှူခဲ့ဖူးသေးသော အလှူမြတ်ကို ပေးလှူအံ့၊ သင်သည်သီလဂုဏ်နှင့် ပြည့်စုံ၏၊ သူတစ်ပါးတို့ကို ညှဥ်းဆဲမှုသည် သင့်အား မသင့်လျော်။

Today I shall give to you a fine gift never before given. You are furnished with virtue, unattached to harming others.

၁၃၇။ ‘‘‘ဧဟိ အဂ္ဂိံ ပဒီပေဟိ, နာနာကဋ္ဌေ သမာနယ၊

အဟံ ပစိဿမတ္တာနံ, ပက္ကံ တွံ ဘက္ခယိဿသိ’။

၁၃၇။ (ပုဏ္ဏား) လာလော့၊ အထူးထူးသော ထင်းတို့ကို စုရုံး၍ မီးကို ညှိမွှေးလော့၊ ငါသည်မိမိကိုယ်ကို ကျက်စေအံ့၊ သင်သည် ကျက်သော အသားကို စားရလတ္တံ့ (ဟု ဆို၏)။

Come, light a fire, having gathered different sticks. I shall cook myself, you shall eat me roasted.’

၁၃၈။ ‘‘‘သာဓူ’တိ သော ဟဋ္ဌမနော, နာနာကဋ္ဌေ သမာနယိ၊

မဟန္တံ အကာသိ စိတကံ, ကတွာ အင်္ဂါရဂဗ္ဘကံ။

၁၃၈။ ထိုပုဏ္ဏားအသွင်ဆောင်သော သိကြားမင်းသည် ကောင်းပြီဟု ရွှင်သော စိတ်ရှိ သည်ဖြစ်၍အထူးထူးသော ထင်းတို့ကို စုရုံးလေ၏၊ အတွင်း၌ မီးကျီးစု ရှိသည်ကို ပြု၍ ကြီးစွာသော ထင်းပုံကိုပြုလေ၏။

‘Good!’ he said happily, and gathered different sticks. Building a great pyre, he placed an ember in the recess.

၁၃၉။ ‘‘အဂ္ဂိံ တတ္ထ ပဒီပေသိ, ယထာ သော ခိပ္ပံ မဟာ ဘဝေ၊

ဖောဋေတွာ ရဇဂတေ ဂတ္တေ, ဧကမန္တံ ဥပါဝိသိံ။

၁၃၉။ ထိုထင်းပုံ၌ လျင်မြန်စွာ ထိုမီးတောက် ကြီးမားလာအောင် မီးကို ညှိမွှေးလေ၏၊ ငါသည့်မြူမှုန့်ကပ်ရောက်သော ကိုယ်ကို ခါ၍ သင့်လျော်ရာ၌ ဝင်၏။

He lit such a fire there that would quickly grow big. Shaking my dusty limbs, I withdrew to one side.

၁၄၀။ ‘‘ယဒါ မဟာကဋ္ဌပုဉ္ဇော, အာဒိတ္တော ဓမဓမာယတိ [ဓုမဓုမာယတိ (သီ။), ဓမမာယတိ (က။)]၊

တဒုပ္ပတိတွာ ပပတိံ, မဇ္ဈေ ဇာလသိခန္တရေ။

၁၄၀။ အကြင်အခါ ထင်းပုံကြီးသည် တောက်လောင်လျက်ဟူးဟူးအသံ ဖြစ်၏၊ ထိုအခါ ငါသည်မီးလျှံတွင်းအလယ်သို့ ခုန်၍ ဆင်း၏။

When the great pile of sticks was burning and blazing, I leapt up and fell on it, in the midst of the fiery flames.

၁၄၁။ ‘‘ယထာ သီတောဒကံ နာမ, ပဝိဋ္ဌံ ယဿ ကဿစိ၊

သမေတိ ဒရထပရိဠာဟံ, အဿာဒံ ဒေတိ ပီတိ စ။

၁၄၁။ အေးသော ရေမည်သည် သက်ဝင်သူ တစ်စုံတစ်ယောက်အား ပူပန်ခြင်း, ပူလောင်ခြင်းကိုငြိမ်းစေသကဲ့သို့လည်းကောင်း၊ သာယာဖွယ် နှစ်သက်ဖွယ်ကို ပေးသကဲ့သို့ လည်းကောင်း-

Like diving into cool water, allaying distress and fever, bringing satisfaction and joy.

၁၄၂။ ‘‘တထေဝ ဇလိတံ အဂ္ဂိံ, ပဝိဋ္ဌဿ မမံ တဒါ၊

သဗ္ဗံ သမေတိ ဒရထံ, ယထာ သီတောဒကံ ဝိယ။

၁၄၂။ ထို့အတူပင် ထိုအခါ တောက်လောင်နေသော မီးသို့ ဝင်သော ငါ့အား အေးသော ရေကဲ့သို့အလုံးစုံသော ပူပန်ခြင်းကို ငြိမ်းစေ၏။

That’s how it was when I entered the burning flame. It allayed distress and fever, just like cool water.

၁၄၃။ ‘‘ဆဝိံ စမ္မံ မံသံ နှာရုံ, အဋ္ဌိံ ဟဒယဗန္ဓနံ၊

ကေဝလံ သကလံ ကာယံ, ဗြာဟ္မဏဿ အဒါသဟ’’န္တိ။

သသပဏ္ဍိတစရိယံ ဒသမံ။

အကိတ္တိဝဂ္ဂေါ ပဌမော။

တဿုဒ္ဒါနံ –

အကိတ္တိဗြာဟ္မဏော သင်္ခေါ, ကုရုရာဇာ ဓနဉ္စယော၊

မဟာသုဒဿနော ရာဇာ, မဟာဂေါဝိန္ဒဗြာဟ္မဏော။

နိမိ စန္ဒကုမာရော စ, သိဝိ ဝေဿန္တရော သသော၊

အဟမေဝ တဒါ အာသိံ, ယော တေ ဒါနဝရေ အဒါ။

ဧတေ ဒါနပရိက္ခာရာ, ဧတေ ဒါနဿ ပါရမီ၊

ဇီဝိတံ ယာစကေ ဒတွာ, ဣမံ ပါရမိ ပူရယိံ။

ဘိက္ခာယ ဥပဂတံ ဒိသွာ, သကတ္တာနံ ပရိစ္စဇိံ၊

ဒါနေန မေ သမော နတ္ထိ, ဧသာ မေ ဒါနပါရမီတိ။

ဒါနပါရမိနိဒ္ဒေသော နိဋ္ဌိတော။

၁၄၃။ ငါသည် အရေပါးကိုလည်းကောင်း၊ အရေထူကိုလည်းကောင်း၊ အသားကိုလည်းကောင်း၊ အကြောကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း၊ ဟဒယဝတ္ထုကို ဖွဲ့သော နှလုံးသားကိုလည်းကောင်း၊ အလုံးစုံသော ကိုယ်ကိုလည်းကောင်း ပုဏ္ဏားအား အကြွင်းမဲ့ပေးလှူခဲ့၏။ ။ ဆယ်ခုမြောက် သသပဏ္ဍိတစရိယ ‘ယုန်ပညာရှိအကျင့်’ ပြီး၏။ ရှေးဦးစွာသော အကိတ္တိဝဂ် ပြီး၏။ ဒါနပါရမီ အကျယ်ညွှန်းပြခြင်း ပြီး၏။ ၂-ဟတ္ထိနာဂဝဂ် ၁-မာတုပေါသကစရိယ (အမိကို လုပ်ကျွေးသော သီလဝဆင်အကျင့်)

Outer skin and inner, flesh and sinews, bones, and heart with cords: my whole entire body I gave to the brahmin.”

စာ-၃၉၉

၂။ ဟတ္ထိနာဂဝဂ္ဂ

၁။ မာတုပေါသကစရိယ

၁။ ‘‘ယဒါ အဟောသိံ ပဝနေ, ကုဉ္ဇရော မာတုပေါသကော၊

န တဒါ အတ္ထိ မဟိယာ, ဂုဏေန မမ သာဒိသော။

၁။ ငါသည် အကြင်အခါ တောအုပ်ကြီး၌ အမိကို လုပ်ကျွေးမွေးမြူသော ဆင် ဖြစ်၏၊ ထိုအခါ မြေပြင်၌ (သီလ) ဂုဏ်အားဖြင့် ငါနှင့် တူသော သူသည် မရှိ။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (1st) The Conduct of One Who Provided for His Mother “Once I lived in the forest as an elephant who provided for his mother. At that time no one on earth could equal my virtues.

၂။ ‘‘ပဝနေ ဒိသွာ ဝနစရော, ရညော မံ ပဋိဝေဒယိ၊

‘တဝါနုစ္ဆဝေါ မဟာရာဇ, ဂဇော ဝသတိ ကာနနေ။

၂။ တောမုဆိုးသည် တောအုပ်၌ ငါ့ကို တွေ့မြင်လတ်သော် မင်းအား လျှောက်ကြား လေ၏၊ မင်းကြီးသင်မင်းကြီးနှင့် ထိုက်တန်သော ဆင်သည် တောအုပ်၌ နေ၏။

Seeing me in the forest, a forester informed the king about me. ‘Great King, an elephant that befits you is dwelling in the forest grove.

၃။ ‘‘‘န တဿ ပရိက္ခာယတ္ထော, နပိ အာဠကကာသုယာ၊

သဟ ဂဟိတေ [သမံ ဂဟိတေ (သီ။)] သောဏ္ဍာယ, သယမေဝ ဣဓေဟိ’တိ။

၃။ ထိုဆင်အား ကျုံးသွင်းခြင်းဖြင့် ဖမ်းယူရန် မလို။ ဆင်မဖြင့် အောင်းခြင်း၊ တွင်းချ ခြင်းဖြင့်လည်းဖမ်းယူရန် မလို။ နှာမောင်းကို ကိုင်သည်နှင့် တစ်ပြိုင်နက် အလိုလိုသာလျှင် ဤမြို့အရပ်သို့ လာလတ္တံ့ (ဟု ကြားလျှောက်၏)။

No need to dig a moat around him, nor tether him to a post in a pit. Taken by the trunk, he will come here by himself.’

၄။ ‘‘တဿ တံ ဝစနံ သုတွာ, ရာဇာပိ တုဋ္ဌမာနသော၊

ပေသေသိ ဟတ္ထိဒမကံ, ဆေကာစရိယံ သုသိက္ခိတံ။

၄။ မင်းသည်လည်း ထိုမုဆိုး၏ ထိုစကားကို ကြားရသော် နှစ်သက်သော စိတ်ရှိသည် ဖြစ်၍ ဆင်ကိုဆုံးမတတ်သော ကောင်းစွာ သင်ကြားပြီးသော လိမ္မာသော ဆင်ဆရာကို စေလွှတ်လေ၏။

When he heard these words, the king, elated, sent an elephant-tamer, a well-trained and expert tutor.

၅။ ‘‘ဂန္တွာ သော ဟတ္ထိဒမကော, အဒ္ဒသ ပဒုမဿရေ၊

ဘိသမုဠာလံ [ဘိသမူလံ (က။)] ဥဒ္ဓရန္တံ, ယာပနတ္ထာယ မာတုယာ။

၅။ ဆင်ကို ဆုံးမတတ်သော ထိုဆင်ဆရာသည် တောအုပ်သို့ သွားသည်ရှိသော် ငါ့ကို အမိ၏အစားအစာ မျှတခြင်းအကျိုးငှါ ပဒုမ္မာကြာအိုင်၌ ကြာစွယ်နုတ်နေသည်ကို တွေ့မြင်၏။

When the elephant-tamer reached there, he saw me in a lotus pond, pulling out lotus roots to feed my mother.

၆။ ‘‘ဝိညာယ မေ သီလဂုဏံ, လက္ခဏံ ဥပဓာရယိ၊

‘ဧဟိ ပုတ္တာ’တိ ပတွာန, မမ သောဏ္ဍာယ အဂ္ဂဟိ။

၆။ (ထိုဆင်ဆရာသည်) ငါ၏ သီလဂုဏ်ကို သိသဖြင့် လက္ခဏာကို စူစမ်းဆင်ခြင်၏၊ ချစ်သားလာလော့ဟု ဆို၍ ငါ၏ နှာမေောင်းကို ကိုင်လေ၏။

Discerning my moral virtue, he checked me for marks. Saying, ‘Come, child’, he took me by the trunk.

၇။ ‘‘ယံ မေ တဒါ ပါကတိကံ, သရီရာနုဂတံ ဗလံ၊

အဇ္ဇ နာဂသဟဿာနံ, ဗလေန သမသာဒိသံ။

၇။ ထိုအခါ ကိုယ်၌ အစဥ်တည်သော ငါ၏ ပြကတေ့အားသည် ယခုအခါ ဆင် တစ်ထောင်တို့၏အားနှင့် အညီအမျှတူ၏။

What was at that time the natural strength of my body, would equal a thousand of the elephants of today.

၈။ ‘‘ယဒိဟံ တေသံ ပကုပ္ပေယျံ, ဥပေတာနံ ဂဟဏာယ မံ၊

ပဋိဗလော ဘဝေ တေသံ, ယာဝ ရဇ္ဇမ္ပိ မာနုသံ။

၈။ အကယ်၍ ငါသည် ငါ့ကို ဖမ်းယူခြင်းငှါ ကပ်လာကုန်သော ထိုသူတို့အား အမျက် ထွက်ငြားအံ့၊ ထိုလူတို့၏ တစ်တိုင်းပြည်လုံးကိုလည်း ကြေမှုန့်စေရန် စွမ်းနိုင်သူ ဖြစ်၏။

If I had been upset with those who came to capture me, I would have had the power to defeat even a kingdom of men.

၉။ ‘‘အပိ စာဟံ သီလရက္ခာယ, သီလပါရမိပူရိယာ၊

န ကရောမိ စိတ္တေ အညထတ္တံ, ပက္ခိပန္တံ မမာဠကေ။

၉။ ထိုသို့ စွမ်းနိုင်သော် လည်း ငါသည် သီလပါရမီဖြည့်ခြင်းငှါ သီလကို စောင့်ရှောက် ထားသဖြင့် ငါ့ကိုဆင်ချည်တိုင်၌ ထည့်သွင်းသော် လည်း စိတ်၌ ဖောက်ပြန်ပြောင်းလွှဲခြင်းကို မပြုချေ။

Nevertheless, for the sake of guarding my ethics, and fulfilling my perfection of ethics, I did not let my mind change, even as they caged me.

၁၀။ ‘‘ယဒိ တေ မံ တတ္ထ ကောဋ္ဋေယျုံ, ဖရသူဟိ တောမရေဟိ စ၊

နေဝ တေသံ ပကုပ္ပေယျံ, သီလခဏ္ဍဘယာ မမာ’’တိ။

မာတုပေါသကစရိယံ ပဌမံ။

၁၀။ အကယ်၍ ထိုသူတို့သည် ငါ့ကို ထိုနေရာ၌ ပုဆိန်တို့ဖြင့်သော် လည်းကောင်း၊ လှံမ, မှိန်းတို့ဖြင့်သော် လည်းကောင်း ထိုးခုတ်နှိပ်စက်ကုန်ငြားအံ့။ ငါသည် ငါ၏ သီလကျိုးပျက်ခြင်း မှ့ကြောက်ခြင်းကြောင့် ထိုသူတို့အား အမျက်မထွက်လို။ ။ ရှေးဦးစွာသော မာတုပေါသကစရိယ ‘အမိကို လုပ်ကျွေးသော သီလဝဆင်အကျင့်’ ပြီး၏။ ၂-ဘူရိဒတ္တစရိယ (ဘူရိဒတ္တနဂါးမင်းအကျင့်)

And even were they to beat me with hatchets and lances, I would never become upset, for fear of violating my ethics.”

စာ-၄၀၀

၂။ ဘူရိဒတ္တစရိယ

၁၁။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဘူရိဒတ္တော မဟိဒ္ဓိကော၊

ဝိရူပက္ခေန မဟာရညာ, ဒေဝလောကမဂဉ္ဆဟံ။

၁၁။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် တန်ခိုးကြီးသော ဘူရိဒတ္တနဂါး ဖြစ်၏၊ ထိုအခါဝိရူပက္ခနဂါးမင်းကြီးနှင့် နတ်ပြည်သို့ သွားခဲ့၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (2nd) The Dragon Bhūridatta’s Conduct “Then again when I was Bhūridatta, a dragon of great psychic power, together with Virūpakkha the Great King I went to a heavenly realm.

၁၂။ ‘‘တတ္ထ ပဿိတွာဟံ ဒေဝေ, ဧကန္တံ သုခသမပ္ပိတေ၊

တံ သဂ္ဂဂမနတ္ထာယ, သီလဗ္ဗတံ သမာဒိယိံ။

၁၂။ ငါသည် ထိုနတ်ပြည်၌ စင်စစ် ချမ်းသာနှင့် ပြည့်စုံကုန်သော နတ်တို့ကို တွေ့မြင်ရ သော် ထိုနတ်ပြည်သို့ ရောက်ရန် အကျိုးငှါ သီလအကျင့်ကို ဆောက်တည်၏။

There I saw gods wholly given over to pleasure. For the sake of going to that heaven, I undertook the observance of ethics.

၁၃။ ‘‘သရီရကိစ္စံ ကတွာန, ဘုတွာ ယာပနမတ္တကံ၊

စတုရော အင်္ဂေ အဓိဋ္ဌာယ, သေမိ ဝမ္မိကမုဒ္ဓနိ။

၁၃။ ထိုအခါ ငါသည် ကိုယ်လက် သုတ်သင်ခြင်းကိစ္စကို ပြုပြီးလျှင် မျှတရုံမျှ အစာကို စား၍အင်္ဂါလေးပါးတို့ကို အဓိဋ္ဌာန်လျက် တောင်ပို့ထိပ်၌ အိပ်၏။

After tending to my physical needs, and eating enough to get by, I resolved on the four factors, and lay down atop a termite mound, thinking:

၁၄။ ‘‘ဆဝိယာ စမ္မေန မံသေန, နဟာရုအဋ္ဌိကေဟိ ဝါ၊

ယဿ ဧတေန ကရဏီယံ, ဒိန္နံယေဝ ဟရာတု သော။

၁၄။ အကြင်သူသည် အရေပါး, အရေထူဖြင့်လည်းကောင်း၊ အသားဖြင့်လည်းကောင်း၊ အကြောဖြင့်လည်းကောင်း၊ အရိုးတို့ဖြင့်လည်းကောင်း ဤအင်္ဂါတို့ဖြင့် ပြုဖွယ်ကိစ္စ ရှိ၏။ ထိုသူသည်ယူဆောင်ပါလော့၊ ပေးလှူသည်သာတည်း (ဟု ဆောက်တည်၍ အိပ်၏)။

‘My outer skin and inner, flesh, sinews and bones: whoever has use for these, they are already given, please take them.’

၁၅။ ‘‘သံသိတော အကတညုနာ, အာလမ္ပာယနော [အာလမ္ဗဏော (သီ။)] မမဂ္ဂဟိ၊

ပေဠာယ ပက္ခိပိတွာန, ကီဠေတိ မံ တဟိံ တဟိံ။

၁၅။ ပြုဖူးသော ကျေးဇူးကို မသိသော နေသာဒပုဏ္ဏားက ညွှန်ပြပြောဆိုအပ်သော အလမ္ပာယ်သည် ငါ့ကိုဖမ်းယူ၏၊ ပခြုပ်၌ ထည့်၍ ထိုထိုအရပ်၌ ကစားစေ၏။

While lying there the ingrate Ālampāyana grabbed me. He threw me in a basket and made me perform in places all over.

၁၆။ ‘‘ပေဠာယ ပက္ခိပန္တေပိ, သမ္မဒ္ဒန္တေပိ ပါဏိနာ၊

အာလမ္ပာယနေ [အာလမ္ဗဏေ (သီ။)] န ကုပ္ပါမိ, သီလခဏ္ဍဘယာ မမ။

၁၆။ ပခြုပ်၌ ထည့်သော် လည်းကောင်း၊ လက်ဖြင့် ပြင်းစွာ ပုတ်ခတ်သော် လည်းကောင်း ငါ၏သီလကျိုးပျက်ခြင်းမှ ကြောက်ခြင်းကြောင့် ငါသည် အလမ္ပာယ်မြွေသမား၌ အမျက် မထွက်။

Though thrown in a basket and crushed by his hands, I did not get upset with Ālampāyana, for fear of breaking my ethics.

၁၇။ ‘‘သကဇီဝိတပရိစ္စာဂေါ, တိဏတော လဟုကော မမ၊

သီလဝီတိက္ကမော မယှံ, ပထဝီဥပ္ပတနံ ဝိယ။

၁၇။ မိမိ အသက်ကို စွန့်ခြင်းသည် ငါ့အား မြက်ပင်ထက် ပေါ့ပါးသေး၏၊ သီလကို လွန်ကျူးခြင်းသည်ငါ့အား ‘မြေကြီးကို ခွါလှန်ရသကဲ့သို့’ (ဝန်လေး၏)။

To give up my own life was as light as a blade of grass. To transgress my ethical principles was like overturning the earth.

၁၈။ ‘‘နိရန္တရံ ဇာတိသတံ, စဇေယျံ မမ ဇီဝိတံ၊

နေဝ သီလံ ပဘိန္ဒေယျံ, စတုဒ္ဒီပါန ဟေတုပိ။

၁၈။ ငါသည် အကြားမရှိ ဘဝတစ်ရာပတ်လုံး ငါ၏ အသက်ကို စွန့်လို၏၊ ငါသည် လေးကျွန်းလုံးတို့၏အကြောင်းကြောင့်လည်း သီလကို မပျက်စီးစေလို။

In a hundred successive lives I would give up my own life. I would not even violate my ethics for the sake of the four continents.

၁၉။ ‘‘အပိ စာဟံ သီလရက္ခာယ, သီလပါရမိပူရိယာ၊

န ကရောမိ စိတ္တေ အညထတ္တံ, ပက္ခိပန္တမ္ပိ ပေဠကေ’’တိ။

ဘူရိဒတ္တစရိယံ ဒုတိယံ။

၁၉။ စင်စစ်မူ ငါသည် သီလပါရမီဖြည့်ခြင်းငှါ သီလကို စောင့်ထားသဖြင့် ငါ့ကို ပခြုပ်၌ထည့်သွင်းသော် လည်း စိတ်၌ ဖောက်ပြန်ပြောင်းလွှဲခြင်းကို မပြုချေ။ နှစ်ခုမြောက် ဘူရိဒတ္တစရိယ ‘ဘူရိဒတ္တနဂါးအကျင့်’ ပြီး၏။ ၃-စမ္ပေယျနာဂစရိယ (စမ္ပေယျနဂါးမင်းအကျင့်)

For the sake of protecting ethics, and fulfilling my perfection of ethics, I did not let my mind change, even when thrown in a basket.”

၃။ စမ္ပေယျနာဂစရိယ

၂၀။ ‘‘ပုနာပရံ ယဒါ ဟောမိ, စမ္ပေယျကော မဟိဒ္ဓိကော၊

တဒါပိ ဓမ္မိကော အာသိံ, သီလဗ္ဗတသမပ္ပိတော။

၂၀။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊ ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (3rd) The Dragon Campeyyaka’s Conduct “Then again when I was Campeyyaka, a dragon of great psychic power, I was just, furnished with precepts and vows.

၂၁။ ‘‘တဒါပိ မံ ဓမ္မစာရိံ, ဥပဝုတ္ထံ ဥပေါသထံ၊

အဟိတုဏ္ဍိကော ဂဟေတွာန, ရာဇဒွါရမှိ ကီဠတိ။

၂၁။ ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည်ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

Then the snake-charmer who caught me lived righteously, observing the Sabbath, and he made me perform at the royal gate.

စာ-၄၀၁

၂၂။ ‘‘ယံ ယံ သော ဝဏ္ဏံ စိန္တယိ, နီလံဝ ပီတလောဟိတံ၊

တဿ စိတ္တာနုဝတ္တန္တော, ဟောမိ စိန္တိတသန္နိဘော။

၂၂။ ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင်အကြင်အဆင်းကို ကြံစည်၏၊ ငါသည်ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဥ်လိုက်လျက် ကြံစည်သော အဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၏။

Whatever color he thought of— blue, yellow, or red— I conformed to his wish, taking the appearance of his thought.

၂၃။ ‘‘ထလံ ကရေယျမုဒကံ, ဥဒကမ္ပိ ထလံ ကရေ၊

ယဒိဟံ တဿ ပကုပ္ပေယျံ, ခဏေန ဆာရိကံ ကရေ။

၂၃။ ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

I could turn dry land to water, and water to dry land. If I were upset with him I could reduce him to ash in an instant.

၂၄။ ‘‘ယဒိ စိတ္တဝသီ ဟေဿံ, ပရိဟာယိဿာမိ သီလတော၊

သီလေန ပရိဟီနဿ, ဥတ္တမတ္ထော န သိဇ္ဈတိ။

၂၄။ ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

If I was under the sway of my thoughts, I would have fallen from my ethics. But one who has fallen from their ethics does not succeed at the highest goal.

၂၅။ ‘‘ကာမံ ဘိဇ္ဇတုယံ ကာယော, ဣဓေဝ ဝိကိရီယတု၊

နေဝ သီလံ ပဘိန္ဒေယျံ, ဝိကိရန္တေ ဘုသံ ဝိယာ’’တိ။

စမ္ပေယျနာဂစရိယံ တတိယံ။

၂၅။ အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ ‘ဖွဲပြာကဲ့သို့’ ဖရိုဖရဲ ကြဲသော် လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။ သုံးခုမြောက် စမ္ပေယျနာဂစရိယ ‘စမ္ပေယျနဂါးမင်းအကျင့်’ ပြီး၏။ ၄-စူဠဗောဓိစရိယ (စူဠဗောဓိပုဏ္ဏားအကျင့်)

Gladly, let this body be broken! Let it be scattered in this very place! Not even for that would I break my ethics, if it were being scattered like hay.”

၄။ စူဠဗောဓိစရိယ

၂၆။ ‘‘ပုနာပရံ ယဒါ ဟောမိ, စူဠဗောဓိ သုသီလဝါ၊

ဘဝံ ဒိသွာန ဘယတော, နေက္ခမ္မံ အဘိနိက္ခမိံ။

၂၆။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ကောင်းသော သီလရှိသော စူဠ ဗောဓိပုဏ္ဏားဖြစ်၏၊ ထိုအခါ ဘဝကို ကြောက်ဖွယ် ဘေးအားဖြင့် ရှုမြင်၍ (ဘဝမှ) ထွက် မြောက်ရာ နိဗ္ဗာန်ကို (ဘေးမရှိသောအားဖြင့် မြင်လျက်) တောထွက်ခဲ့၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (4th) Cūḷabodhi’s Conduct “Then again when I was the very virtuous Cūḷabodhi, seeing rebirth as fearful, I renounced worldly life.

၂၇။ ‘‘ယာ မေ ဒုတိယိကာ အာသိ, ဗြာဟ္မဏီ ကနကသန္နိဘာ၊

သာပိ ဝဋ္ဋေ အနပေက္ခာ, နေက္ခမ္မံ အဘိနိက္ခမိ။

၂၇။ အကြင်ငါ၏ ဇနီးဟောင်း ပုဏ္ဏေးမသည် ရွှေနှင့် တူသော အဆင်းရှိသူ ဖြစ်၏၊ ထိုပုဏ္ဏေးမသည်လည်း ဝဋ်၌ မငဲ့ကွက်ဘဲ (ဝဋ်မှ) ထွက်မြောက်ခြင်းငှါ တောထွက်ခဲ့၏။

She who had been my partner, a brahmin lady with golden skin, unconcerned with the cycle of rebirths, also renounced worldly life.

၂၈။ ‘‘နိရာလယာ ဆိန္နဗန္ဓူ, အနပေက္ခာ ကုလေ ဂဏေ၊

စရန္တာ ဂါမနိဂမံ, ဗာရာဏသိမုပါဂမုံ။

၂၈။ တွယ်တာခြင်း မရှိကုန်သော အနှောင်အဖွဲ့ကို ဖြတ်ပြီးကုန်သော ဆွေမျိုးဥာတိ အပေါင်း၌ငဲ့ကွက်ခြင်း မရှိကုန်သော ငါတို့သည် ရွာနိဂုံးသို့ လှည့်လည်ကုန်လတ်သော် ဗာရာဏသီမြို့သို့ရောက်ကြကုန်၏။

Without clinging, cutting off family, unconcerned with family or group, we walked from village to town until we reached Varanasi.

၂၉။ ‘‘တတ္ထ ဝသာမ နိပကာ, အသံသဋ္ဌာ ကုလေ ဂဏေ၊

နိရာကုလေ အပ္ပသဒ္ဒေ, ရာဇုယျာနေ ဝသာမုဘော။

၂၉။ ထိုမြို့၌ ရင့်ကျက်သော ပညာရှိကုန်သော ငါတို့သည် အမျိုးအပေါင်းနှင့် ရော နှောခြင်း မရှိကုန်ဘဲနေကြကုန်၏၊ ငါတို့နှစ်ယောက်တို့သည် (လူတို့နှင့်) ရောယှက်ခြင်း ကင်း၍ အသံတိတ်ဆိတ်သောမင်းဥယျာဥ်၌ နေကြကုန်၏။

There we lived alert, mixing not with a family or group. Quiet and undisturbed, we both stayed in the royal park.

၃၀။ ‘‘ဥယျာနဒဿနံ ဂန္တွာ, ရာဇာ အဒ္ဒသ ဗြာဟ္မဏိံ၊

ဥပဂမ္မ မမံ ပုစ္ဆိ, ‘တုယှေသာ ကာ ကဿ ဘရိယာ’။

၃၀။ ထိုအခါ မင်းသည် ဥယျာဥ်ကြည့်ရှုခြင်းငှါ ထွက်လတ်သော် ပုဏ္ဏေးမကို တွေ့မြင်၏၊ ငါ၏ အထံသို့ ချဥ်းကပ်ပြီးလျှင် ဤမိန်းမသည် သင်နှင့် အသို့တော်စပ်သနည်း၊ အဘယ်သူ၏ ဇနီး ဖြစ်လေသနည်းဟုငါ့ကို မေးလေ၏။

Visiting the park, the king saw the brahmin lady. He approached me and asked, ‘Is she your wife? Or whose is she?’

၃၁။ ‘‘ဧဝံ ဝုတ္တေ အဟံ တဿ, ဣဒံ ဝစနမဗြဝိံ၊

‘န မယှံ ဘရိယာ ဧသာ, သဟဓမ္မာ ဧကသာသနီ’။

၃၁။ ဤသို့ မေးလတ်သော် ငါသည် ထိုမင်းအား ဤမိန်းမသည် ငါ၏ ဇနီး မဟုတ်၊ တရားကျင့်ဘက်အပေါင်းအဖော်မျှသာ ဖြစ်၏၊ ရသေ့သာသနာ၌ သီတင်းသုံးဖော်တည်းဟု ဤစကားကို ပြောဆို၏။

When he said this, to him I said the following. ‘She is not my wife. We share the same teaching and belief.’

၃၂။ ‘‘တိဿာ [တဿာ (သီ။)] သာရတ္တဂဓိတော, ဂါဟာပေတွာန စေဋကေ၊

နိပ္ပီဠယန္တော ဗလသာ, အန္တေပုရံ ပဝေသယိ။

၃၂။ (မင်းသည်) ထိုပုဏ္ဏေးမ၌ တပ်စွန်းမက်မောသည် ဖြစ်၍ မင်းချင်းယောကျာ်းတို့ကို ဆွဲယူစေပြီးလျှင် အနိုင်အထက် နှိပ်စက်လျက် နန်းတွင်းသို့ သွင်း၏။

Infatuated with her, he had his men seize her. Compelling her by force he brought her to the royal compound.

စာ-၄၀၂

၃၃။ ‘‘ဩဒပတ္တကိယာ မယှံ, သဟဇာ ဧကသာသနီ၊

အာကဍ္ဎိတွာ နယန္တိယာ, ကောပေါ မေ ဥပပဇ္ဇထ။

၃၃။ ငါ၏ ဩဒပတ္တကီ ထိမ်းမြားမယားဖြစ်သော ရသေ့သာသနာ၌ အတူတကွ တရား ကျင့်ဘက်ဖြစ်သူကို ဆွဲငင်၍ ဆောင်လတ်သော် ငါ့အား အမျက်ထွက်ခြင်းသည် ဖြစ်ခဲ့၏။

She who became mine by touching a water-jar, born together, one in beliefs, when he dragged her away, I felt so angry.

၃၄။ ‘‘သဟ ကောပေ သမုပ္ပန္နေ, သီလဗ္ဗတမနုဿရိံ၊

တတ္ထေဝ ကောပံ နိဂ္ဂဏှိံ, နာဒါသိံ ဝဍ္ဎိတူပရိ။

၃၄။ ငါသည် အမျက်ထွက်သည်နှင့် တစ်ပြိုင်နက် သီလအကျင့်ကို အောက်မေ့၏၊ ထို အမျက်ထွက်ရာအရပ်၌ပင်လျှင် အမျက်ထွက်ခြင်းကို နှိမ်နင်း၏၊ အထက်၌ တိုးပွါးရန် မပေး ခဲ့ချေ။

Together with the arising of anger, I remembered my precepts and vows, and right there controlled my anger, I did not allow it to grow.

၃၅။ ‘‘ယဒိ နံ ဗြာဟ္မဏိံ ကောစိ, ကောဋ္ဋေယျ တိဏှသတ္တိယာ၊

နေဝ သီလံ ပဘိန္ဒေယျံ, ဗောဓိယာယေဝ ကာရဏာ။

၃၅။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် ဤပုဏ္ဏေးမကို ထက်သော လှံဖြင့် ထိုးငြားအံ့၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် သီလကို မဖျက် ဆီးလို။

If anyone were to attack that brahmin lady with a sharp knife, not even for that would I violate my ethics, because it was solely for awakening.

၃၆။ ‘‘န မေသာ ဗြာဟ္မဏီ ဒေဿာ, နပိ မေ ဗလံ န ဝိဇ္ဇတိ၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ သီလာနုရက္ခိသ’’န္တိ။

စူဠဗောဓိစရိယံ စတုတ္ထံ။

၃၆။ ငါသည် ဤပုဏ္ဏေးမကို မချစ်သည် မဟုတ်။ ငါ့အား အင်အားမရှိသည်လည်း မဟုတ်။ ငါသည်သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏။ ထို့ကြောင့် သီလကို စောင့်ရှောက်အံ့။ ။ လေးခုမြောက် စူဠဗောဓိစရိယ ‘စူဠဗောဓိပုဏ္ဏားအကျင့်’ ပြီး၏။ ၅-မဟိံသရာဇစရိယ (ကျွဲမင်းအကျင့်)

I did not dislike the brahmin lady, nor did I lack the strength. But because omniscience is precious to me, that’s why I guarded my ethics.”

၅။ မဟိံသရာဇစရိယ

၃၇။ ‘‘ပုနာပရံ ယဒါ ဟောမိ, မဟိံသော ပဝနစာရကော၊

ပဝဍ္ဎကာယော ဗလဝါ, မဟန္တော ဘီမဒဿနော။

၃၇။ နောက်တစ်မျိုးသော် ကား ငါသည် တော၌ ကျက်စားသော ကြီးထွားသော ကိုယ်ခန္ဓာရှိသောကြီးသော အားရှိသော ကြောက်ဖွယ် အမြင်ရှိသော တောကျွဲ ဖြစ်၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (5th) The Buffalo King’s Conduct “Then again when I was a buffalo who roamed the forest, large in body and strong, big and scary to see.

၃၈။ ‘‘ပဗ္ဘာရေ ဂိရိဒုဂ္ဂေ [ဝနဒုဂ္ဂေ (သီ။)] စ, ရုက္ခမူလေ ဒကာသယေ၊

ဟောတေတ္ထ ဌာနံ မဟိံသာနံ, ကောစိ ကောစိ တဟိံ တဟိံ။

၃၈။ ထိုတောအုပ်ကြီးတွင် ချိုင့်ဝှမ်းရာ၌လည်းကောင်း၊ တောင်ချောက်ကြား၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ရေကန် (အနီး) ၌လည်းကောင်း တစ်စုံတစ်ခုသော အရပ်ဒေသသည် ကျွဲတို့၏နေရာဌာန ဖြစ်၏။ ထိုထိုအရပ်၌-

In a cave, a craggy hillside, at a tree root or a waterhole, there’d be somewhere for buffalos, in one place or another.

၃၉။ ‘‘ဝိစရန္တော ဗြဟာရညေ, ဌာနံ အဒ္ဒသ ဘဒ္ဒကံ၊

တံ ဌာနံ ဥပဂန္တွာန, တိဋ္ဌာမိ စ သယာမိ စ။

၃၉။ ချမ်းသာစွာ နေရအံ့သော အရပ်ကို စုံစမ်းရန် လှည့်လည်လတ်သော် တောအုပ် ကြီး၌ကောင်းသော ဌာနကို တွေ့မြင်ရ၏၊ ငါသည် ထိုဌာနသို့ ကပ်၍ ရပ်လည်း ရပ်၏၊ အိပ်လည်း အိပ်၏။

Wandering the mighty forest, I saw a fine spot. Having gone there, I stood and lay to rest.

၄၀။ ‘‘အထေတ္ထ ကပိမာဂန္တွာ, ပါပေါ အနရိယော လဟု၊

ခန္ဓေ နလာဋေ ဘမုကေ, မုတ္တေတိ ဩဟနေတိတံ။

၄၀။ ထိုသို့ နေလတ်သော် ဤဌာနသို့ ယုတ်မာသော ယုတ်ညံ့သော အကျင့်ရှိသောလျှပ်ပေါ်လော်လည်သော မျောက်သည် လာလတ်၍ ငါ၏ ပခုံး, နဖူး, မျက်ခုံး၌ ကျင်ငယ်ကို လည်းစွန့်၏၊ ကျင်ကြီးကိုလည်း စွန့်၏။

Then a monkey came along, wicked, ignoble, and nimble. On my shoulder, forehead, and eyebrows, he peed and pooed.

၄၁။ ‘‘သကိမ္ပိ ဒိဝသံ ဒုတိယံ, တတိယံ စတုတ္ထမ္ပိ စ၊

ဒူသေတိ မံ သဗ္ဗကာလံ, တေန ဟောမိ ဥပဒ္ဒုတော။

၄၁။ ထိုမျောက်သည် တစ်နေ့တစ်ကြိမ်လည်းကောင်း၊ နှစ်ကြိမ်လည်းကောင်း၊ သုံးကြိမ် လည်းကောင်း၊ လေးကြိမ်လည်းကောင်း၊ အခါခပ်သိမ်းလည်းကောင်း ငါ့ကို ဖျက်ဆီးခဲ့၏။ ငါသည် ထိုမျောက်၏နှိပ်စက်ခြင်းကို ခံနေရသည် ဖြစ်၏။

Not just that day, but a second, a third, and a fourth; he soiled me all the time, he was harrying me.

၄၂။ ‘‘မမံ ဥပဒ္ဒုတံ ဒိသွာ, ယက္ခော မံ ဣဒမဗြဝိ၊

‘နာသေဟေတံ ဆဝံ ပါပံ, သိင်္ဂေဟိ စ ခုရေဟိ စ’။

၄၂။ သစ်ပင်စောင့်နတ်သည် နှိပ်စက်ခံနေရသော ငါ့ကို မြင်ရသော် “ဤအလွန်ယုတ်မာ သော မျောက်ကို ဦးချိုတို့ဖြင့်လည်းကောင်း၊ ခွါတို့ဖြင့်လည်းကောင်း ဖျက်ဆီးလော့”ဟု ငါ့အား ဤစကားကို ဆို၏။

Seeing me being harried, a spirit said to me: ‘Kill that vile, wicked thing with your horns and hooves.’

၄၃။ ‘‘ဧဝံ ဝုတ္တေ တဒါ ယက္ခေ, အဟံ တံ ဣဒမဗြဝိံ၊

‘ကိံ တွံ မက္ခေသိ ကုဏပေန, ပါပေန အနရိယေန မံ။

၄၃။ ထိုအခါ ဤသို့ သစ်ပင်စောင့်နတ် ဆိုလတ်သော် ငါသည် ထိုသစ်ပင်စောင့်နတ်အား “သင်သည်အကောင်ပုပ်နှင့် တူသော ယုတ်ညံ့သူတို့၏ အကျင့်ဖြစ်သော မကောင်းမှုဖြင့် အဘယ့်ကြောင့် ငါ့ကိုလိမ်းကျံဘိသနည်း”ဟု ဤစကားကို ပြောဆို၏။

When he spoke, I said this to that spirit: ‘Why would you smear me with a wicked, ignoble carcass?

စာ-၄၀၃

၄၄။ ‘‘‘ယဒိဟံ တဿ ပကုပ္ပေယျံ, တတော ဟီနတရော ဘဝေ၊

သီလဉ္စ မေ ပဘိဇ္ဇေယျ, ဝိညူ စ ဂရဟေယျု မံ။

၄၄။ ငါသည် ထိုမျောက်အား အကယ်၍ အမျက်ထွက်ငြားအံ့၊ ထိုမျောက်အောက် အထူး ယုတ်ညံ့သူဖြစ်ရာ၏၊ ငါ၏ သီလသည်လည်း ပျက်စီးရာ၏၊ ပညာရှိတို့သည်လည်း ငါ့ကို ကဲ့ရဲ့ကုန်ရာ၏။

If I were upset with him I would degrade myself, violating my ethics, and being criticized by sensible people.

၄၅။ ‘‘‘ဟီဠိတာ ဇီဝိတာ ဝါပိ, ပရိသုဒ္ဓေန မတံ ဝရံ၊

ကျာဟံ ဇီဝိတဟေတူပိ, ကာဟာမိံ ပရဟေဌနံ’။

၄၅။ ပညာရှိတို့ ကဲ့ရဲ့အပ်သော အသက်ရှင်ခြင်းထက်လည်း စင်ကြယ်သော သီလဖြင့် သေရခြင်းသည်ငါ့အား မြတ်၏၊ ငါသည် အသက်ဟူသော အကြောင်းကြောင့်လည်း သူတစ်ပါ အား ညှဥ်းဆဲခြင်းကို အဘယ့်ကြောင့် ပြုရမည်နည်း။

Better to die from purity than live in shame. How could I, for the sake of life, harm another?’

၄၆။ ‘‘မမေဝါယံ မညမာနော, အညေပေဝံ ကရိဿတိ၊

တေဝ တဿ ဝဓိဿန္တိ, သာ မေ မုတ္တိ ဘဝိဿတိ။

၄၆။ ဤမျောက်သည် ငါကဲ့သို့ မှတ်ထင်၍ အခြားသော သူတို့ကို ဤသို့ ပြုမူလတ္တံ့၊ ထိုသူတို့သည်သာလျှင် ထိုမျောက်အား သတ်ကုန်လတ္တံ့၊ (သူတစ်ပါးကို) သတ်ခြင်းမှ ငါ့အားထိုလွတ်မြောက်ခြင်းသည် ဖြစ်လတ္တံ့။

Thinking of me, this one will do the same to others, and for that they will kill him. Then I shall be free.

၄၇။ ‘‘ဟီနမဇ္ဈိမဥက္ကဋ္ဌေ, သဟန္တော အဝမာနိတံ၊

ဧဝံ လဘတိ သပ္ပညော, မနသာ ယထာ ပတ္ထိတ’’န္တိ။

မဟိံသရာဇစရိယံ ပဉ္စမံ။

၄၇။ ပညာရှိသော သူသည် အယုတ်, အလတ်, အမြတ်ဖြစ်သော သူတို့ကို မထီမဲ့မြင် ပြုခြင်းကို သည်းခံသည်ရှိသော် စိတ်ဖြင့် တောင့်တတိုင်းသော ဆုကို ဤသို့ တောင့်တ သည့်အတိုင်း ရနိုင်၏။ ငါးခုမြောက် မဟိံသရာဇစရိယ ‘ကျွဲမင်းအကျင့်’ ပြီး၏။ ၆-ရုရုမိဂရာဇစရိယ (ဆတ်မင်းအကျင့်)

Forgiving disrespect from the low, middle and high, the wise one gains their heart’s desire.”

၆။ ရုရုရာဇစရိယ

၄၈။ ‘‘ပုနာပရံ ယဒါ ဟောမိ, သုတတ္တကနကသန္နိဘော၊

မိဂရာဇာ ရုရုနာမ, ပရမသီလသမာဟိတော။

၄၈။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် လှော်ပြီး ဦးပြီးသော ရွှေအဆင်းနှင့် တူသောအဆင်းရှိသော မြတ်သော သီလကောင်းစွာ ထားအပ်သော စိတ်ရှိသော “ရုရု” မည်သော ဆတ်မင်းဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (6th) Ruru the Deer King’s Conduct “Then again when I was the king of deer named Ruru, in appearance I was like burnished gold, focused on the highest ethics.

၄၉။ ‘‘ရမ္မေ ပဒေသေ ရမဏီယေ, ဝိဝိတ္တေ အမနုဿကေ၊

တတ္ထ ဝါသံ ဥပဂဉ္ဆိံ, ဂင်္ဂါကူလေ မနောရမေ။

၄၉။ ငါသည် မွေ့လျော်ဖွယ်, ကြည်နူးဖွယ် ကောင်းသော လူသူမရှိ တိတ်ဆိတ်သော သာယာသောဂင်္ဂါမြစ်ကမ်းအရပ်၌ နေခြင်းသို့ ကပ်ရောက်ခဲ့၏။

There was a pleasant, delightful region, free of humans, so I went there and stayed on a lovely bank of the Ganges.

၅၀။ ‘‘အထ ဥပရိ ဂင်္ဂါယ, ဓနိကေဟိ ပရိပီဠိတော၊

ပုရိသော ဂင်္ဂါယ ပပတိ, ‘ဇီဝါမိ ဝါ မရာမိ ဝါ’။

၅၀။ ထိုအခါ ဂင်္ဂါမြစ်၏ အထက်၌ (နေသော) ယောကျာ်းသည် ကြွေးမြီရှင်တို့ နှိပ်စက် အပ်သည်ဖြစ်၍ရှင်လိုလည်း ရှင်စေ, သေလိုလည်း သေစေဟု ဂင်္ဂါရေအလျဥ်၌ ခုန်ချ၏။

Then a man upstream, harassed by creditors, fell into the Ganges, thinking, ‘I live or I die!’

၅၁။ ‘‘ရတ္တိန္ဒိဝံ သော ဂင်္ဂါယ, ဝုယှမာနော မဟောဒကေ၊

ရဝန္တော ကရုဏံ ရဝံ, မဇ္ဈေ ဂင်္ဂါယ ဂစ္ဆတိ။

၅၁။ ထိုယောကျာ်းသည် ဂင်္ဂါမြစ်၏ ပြင်းစွာသော ရေအလျဥ်၌ ညဥ့်နေ့ပတ်လုံး မျော ကာ သနားစဖွယ့်အသံကို မြည်တမ်းလျက် ဂင်္ဂါမြစ်၏ အလယ်မှ မျောသွားလေ၏။

Day and night in the Ganges he was swept along the stream, crying out pitifully, along the middle of the Ganges.

၅၂။ ‘‘တဿာဟံ သဒ္ဒံ သုတွာန, ကရုဏံ ပရိဒေဝတော၊

ဂင်္ဂါယ တီရေ ဌတွာန, အပုစ္ဆိံ ‘ကောသိ တွံ နရော’။

၅၂။ ငါသည် သနားစဖွယ် ငိုကြွေးသော ထိုယောကျာ်း၏ အသံကို ကြားရသော် ဂင်္ဂါမြစ် ကမ်း၌ရပ်လျက် “သင်သည် အဘယ်သူ ဖြစ်သနည်း’ဟု မေး၏။

When I heard the sound of his pitiful crying, I stood on the Ganges bank and asked, ‘What man are you?’

၅၃။ ‘‘သော မေ ပုဋ္ဌော စ ဗျာကာသိ, အတ္တနော ကရဏံ တဒါ၊

‘ဓနိကေဟိ ဘီတော တသိတော, ပက္ခန္ဒောဟံ မဟာနဒိံ’။

၅၃။ ထိုအခါ ငါ မေးအပ်သော ထိုယောကျာ်းသည် “ကြွေးမြီရှင်တို့မှ ကြောက်ရွံ့ ထိတ်လန့်၍ ငါသည်မြစ်ကြီးသို့ ပြေးဝင်၏’ဟု မိမိအကြောင်းကို ဖြေကြားလေ၏။

When asked he explained to me his own deed: ‘I was so scared of my creditors, I jumped in the great river!’

၅၄။ ‘‘တဿ ကတွာန ကာရုညံ, စဇိတွာ မမ ဇီဝိတံ၊

ပဝိသိတွာ နီဟရိံ တဿ, အန္ဓကာရမှိ ရတ္တိယာ။

၅၄။ ငါသည် ထိုသူအား သနားခြင်းကြောင့် ငါ့အသက်ကို စွန့်၍ ညဥ့်အမိုက်မှောင်၌ မြစ်သို့သက်ဆင်းလျက် ထိုယောကျာ်းကို ထုတ်ဆောင်၏။

Taking pity on him, surrendering my own life, I entered and dragged him out in the darkness of the night.

၅၅။ ‘‘အဿတ္ထကာလမညာယ, တဿာဟံ ဣဒမဗြဝိံ၊

‘ဧကံ တံ ဝရံ ယာစာမိ, မာ မံ ကဿစိ ပါဝဒ’။

၅၅။ ငါသည် ထိုယောကျာ်း၏ သက်သာရာ ရသော အခါကို သိ၍ သင့်ကို ဆုတစ်ခု တောင်းပါ၏၊ ငါ့ကို (ဤအရပ်၌ ငါ နေ၏ဟု) တစ်စုံတစ်ယောက်သော သူအား မပြောကြားပါ လင့်ဟု ဤစကားကို ဆို၏။

When I knew he had recovered, I said to him, ‘I ask of you one favor: tell no one about me.’

စာ-၄၀၄

၅၆။ ‘‘နဂရံ ဂန္တွာန အာစိက္ခိ, ပုစ္ဆိတော ဓနဟေတုကော၊

ရာဇာနံ သော ဂဟေတွာန, ဥပဂဉ္ဆိ မမန္တိကံ။

၅၆။ ထိုယောကျာ်းသည် မြို့သို့ ရောက်၍ မင်းက မေးမြန်းလတ်သော် ဥစ္စာဟူသော အကြောင်းကြောင့်ပြောကြား၏၊ ထိုယောကျာ်းသည် မင်းကို ခေါ်ဆောင်၍ ငါ၏ အထံသို့ လာ၏။

But once he had returned to the city, for the sake of money he told when asked. Taking the king, he drew close to me.

၅၇။ ‘‘ယာဝတာ ကရဏံ သဗ္ဗံ, ရညော အာရောစိတံ မယာ၊

ရာဇာ သုတွာန ဝစနံ, ဥသုံ တဿ ပကပ္ပယိ၊

‘ဣဓေဝ ဃာတယိဿာမိ, မိတ္တဒုဗ္ဘိံ [မိတ္တဒူဘိံ (သီ။)] အနာရိယံ’။

၅၇။ ငါသည် အကြင်မျှလောက်သော အကြောင်း အလုံးစုံကို မင်းအား လျှောက်ကြား အပ်၏၊ မင်းသည် ထိုမျှလောက်သော စကားအစုံကို ကြားရသော် “ဤနေရာ၌ပင် မိတ်ဆွေကို ပြစ်မှားသောသူယုတ်မာကို သတ်အံ့’ဟု ထိုယောကျာ်းအား ပစ်ရန်မြားကို တင်၏။

All that I had done was related to the king. When the king heard this, he fitted his arrow, thinking, ‘Right here I shall kill this ignoble betrayer of a friend.’

၅၈။ ‘‘တမဟံ အနုရက္ခန္တော, နိမ္မိနိံ မမ အတ္တနာ၊

‘တိဋ္ဌတေသော မဟာရာဇ, ကာမကာရော ဘဝါမိ တေ’။

၅၈။ ငါသည် ထိုယောကျာ်းကို စောင့်ရှောက်လို၍ “မင်းကြီး ဤယောကျာ်းသည် တည် ရှိပါစေ၊ အကျွန်ုပ်သည် အသင်မင်းကြီး အလိုရှိတိုင်း အပြုခံပါအံ့’ဟု မိမိ၏ ကိုယ်ဖြင့် ဖလှယ်လေ၏။

I protected him, substituting myself: ‘Let him be, Great King. I shall carry out your pleasure.’

၅၉။ ‘‘အနုရက္ခိံ မမ သီလံ, နာရက္ခိံ မမ ဇီဝိတံ၊

သီလဝါ ဟိ တဒါ အာသိံ, ဗောဓိယာယေဝ ကာရဏာ’’တိ။

ရုရုရာဇစရိယံ ဆဋ္ဌံ။

၅၉။ ထိုအခါ ငါသည် ငါ၏ သီလကို စောင့်ရှောက်ခဲ့၏၊ ငါ၏ အသက်ကို မစောင့် ရှောက်ခဲ့ချေ၊ ထိုအခါ ငါသည် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် သီလရှိသူ ဖြစ်ခဲ့၏။ ။ ခြောက်ခုမြောက် ရုရုမိဂရာဇစရိယ ‘ဆတ်မင်းအကျင့်’ ပြီး၏။ ၇-မာတင်္ဂစရိယ (မာတင်္ဂရသေ့အကျင့်)

I guarded my ethics, not my life. For then I was ethical, because it was solely for awakening.”

၇။ မာတင်္ဂစရိယ

၆၀။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဇဋိလော ဥဂ္ဂတာပနော၊

မာတင်္ဂေါ နာမ နာမေန, သီလဝါ သုသမာဟိတော။

၆၀။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ထက်သော အကျင့်သီလရှိသော ကောင်းစွာတည်ကြည်သော အမည်အားဖြင့် ‘မာတင်္ဂ’ဟု ထင်ရှားသော ရသေ့ ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (7th) Mātaṅga’s Conduct “Then again when I was a matted-hair ascetic of severe penance, Mātaṅga was my name, I was virtuous and serene.

၆၁။ ‘‘အဟဉ္စ ဗြာဟ္မဏော ဧကော, ဂင်္ဂါကူလေ ဝသာမုဘော၊

အဟံ ဝသာမိ ဥပရိ, ဟေဋ္ဌာ ဝသတိ ဗြာဟ္မဏော။

၆၁။ ထိုအခါ ငါသည်လည်းကောင်း၊ (ဇာတိမန္တ) ပုဏ္ဏားတစ်ဦးသည်လည်းကောင်း ငါတို့ နှစ်ဦးတို့သည်ဂင်္ဂါမြစ်ကမ်း၌ နေကြကုန်၏။ ငါသည် ဂင်္ဂါမြစ်၏ အထက်၌ နေ၏၊ (ဇာတိမန္တ) ပုဏ္ဏားသည် ဂင်္ဂါမြစ်၏အောက်၌ နေ၏။

A brahmin and I both lived on a bank of the Ganges. I stayed upstream, the brahmin downstream.

၆၂။ ‘‘ဝိစရန္တော အနုကူလမှိ, ဥဒ္ဓံ မေ အဿမဒ္ဒသ၊

တတ္ထ မံ ပရိဘာသေတွာ, အဘိသပိ မုဒ္ဓဖာလနံ။

၆၂။ ဇာတိမန္တပုဏ္ဏားသည် ကမ်းရိုးတစ်လျှောက်၌ လှည့်လည်သောအခါ ဂင်္ဂါအထက်၌ ငါ၏သင်္ခမ်းကျောင်းကို တွေ့မြင်၏၊ ထိုအခါ ငါ့ကို ရေရွတ်၍ ဦးထိပ်ကွဲအောင် ကျိန်ဆဲ၏။

Wandering along the riverbank, he saw my hermitage upstream. Then he abused and cursed me, that my head would split in seven.

၆၃။ ‘‘ယဒိဟံ တဿ ပကုပ္ပေယျံ, ယဒိ သီလံ န ဂေါပယေ၊

ဩလောကေတွာနဟံ တဿ, ကရေယျံ ဆာရိကံ ဝိယ။

၆၃။ ငါသည် ထိုပုဏ္ဏားအား အကယ်၍ အမျက်ထွက်ငြားအံ့၊ သီလကို အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ငါသည် ထိုပုဏ္ဏားအား ကြည့်ရှုရုံမျှဖြင့် ‘ဖွဲပြာကဲ့သို့’ ပြုနိုင်ရာ၏။

If I were upset with him and if I were not taking care of my ethics, then just with a glance I could have reduced him to ashes.

၆၄။ ‘‘ယံ သော တဒါ မံ အဘိသပိ, ကုပိတော ဒုဋ္ဌမာနသော၊

တဿေဝ မတ္ထကေ နိပတိ, ယောဂေန တံ ပမောစယိံ။

၆၄။ ထိုအခါ ထိုဇာတိမန္တပုဏ္ဏားသည် အမျက်ထွက်သည်, စိတ်ဆိုးသည် ဖြစ်၍ ငါ့ကို ယင်းသို့ကျိန်ဆဲ၏၊ ထိုကျိန်ဆဲခြင်းသည် ထိုဇာတိမန္တပုဏ္ဏား၏ ဦးထိပ်၌သာလျှင် ကျလတ္တံ့၊ ငါသည်ထိုကျရောက်မည့်ဘေးကို လုံ့လပယောဂဖြင့် လွတ်စေခဲ့၏။

But when he cursed me then, so angry and bitter-hearted, it fell right back on his own head: I freed him from that yoke.

၆၅။ ‘‘အနုရက္ခိံ မမ သီလံ, နာရက္ခိံ မမ ဇီဝိတံ၊

သီလဝါ ဟိ တဒါ အာသိံ, ဗောဓိယာယေဝ ကာရဏာ’’တိ။

မာတင်္ဂစရိယံ သတ္တမံ။

၆၅။ ထိုအခါ ငါသည် ငါ၏ သီလကို စောင့်ရှောက်ခဲ့၏၊ ငါ၏ အသက်ကို မစောင့်ရှောက် ခဲ့ချေ၊ ထိုအခါ ငါသည် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် သီလရှိသူ ဖြစ်ခဲ့၏။ ။ ခုနစ်ခုမြောက် မာတင်္ဂစရိယ ‘မာတင်္ဂရသေ့အကျင့်’ ပြီး၏။ ၈-ဓမ္မဒေဝပုတ္တစရိယ (ဓမ္မနတ်သားအကျင့်)

I guarded my ethics, not my life. For then I was ethical, because it was solely for awakening.”

စာ-၄၀၅

၈။ ဓမ္မဒေဝပုတ္တစရိယ

၆၆။ ‘‘ပုနာပရံ ယဒါ ဟောမိ, မဟာပက္ခော မဟိဒ္ဓိကော၊

ဓမ္မော နာမ မဟာယက္ခော, သဗ္ဗလောကာနုကမ္ပကော။

၆၆။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် များစွာသော အသင်းအပင်းရှိသော တန်ခိုးကြီးသောအလုံးစုံသော လောကကို စောင့်ရှောက်တတ်သော “ဓမ္မ”မည်သော မြတ်သော နတ်ဖြစ်၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (8th) The Deity Dhamma’s Conduct “Then again when I was of great retinue and psychic power, a great spirit named Dhamma, I had sympathy for the whole world.

၆၇။ ‘‘ဒသကုသလကမ္မပထေ, သမာဒပေန္တော မဟာဇနံ၊

စရာမိ ဂါမနိဂမံ, သမိတ္တော သပရိဇ္ဇနော။

၆၇။ ထိုအခါ ငါသည် များစွာသော လူအပေါင်းကို ကုသိုလ်ကမ္မပထတရားဆယ်ပါးတို့ကို ဆောက်တည်စေလျက် အဆွေခင်ပွန်းနှင့်တကွ အခြံအရံပရိသတ်နှင့်တကွ ရွာနိဂုံးသို့ လှည့် လည်၏။

Establishing the populace in the ten ways of skillful deeds, I wandered from village to town, with friends and associates.

၆၈။ ‘‘ပါပေါ ကဒရိယော ယက္ခော, ဒီပေန္တော ဒသ ပါပကေ၊

သောပေတ္ထ မဟိယာ စရတိ, သမိတ္တော သပရိဇ္ဇနော။

၆၈။ ထိုအခါ ယုတ်မာစဥ်းလဲသော (အဓမ္မ) နတ်သည် ရှိ၏၊ ထိုနတ်သည်လည်း ဤ ဇမ္ဗူဒိပ်ကျွန်းမြေအပြင်၌ အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့ကို ပြလျက် အဆွေခင်ပွန်း, အခြံအရံပရိသတ်နှင့်တကွလှည့်လည်၏။

A wicked, miserly spirit promoting the ten wicked ways was also wandering the earth with friends and associates.

၆၉။ ‘‘ဓမ္မဝါဒီ အဓမ္မော စ, ဥဘော ပစ္စနိကာ မယံ၊

ဓုရေ ဓုရံ ဃဋ္ဋယန္တာ, သမိမှာ ပဋိပထေ ဥဘော။

၆၉။ ဓမ္မဝါဒီနတ်သည်လည်းကောင်း၊ အဓမ္မနတ်သည်လည်းကောင်း ငါတို့နှစ်ဦးတို့သည်ဆန့်ကျင်ကုန်၏။ ရထားဦးဖြင့် ရထားဦးကို ထိခိုက်ကုန်လျက် ငါတို့နှစ်ဦးတို့သည် ခရီးရင် ဆိုင်တွေ့ဆုံမိကုန်၏။

The righteous and unrighteous, we were each other’s foe. Slamming chariot poles, we collided together.

၇၀။ ‘‘ကလဟော ဝတ္တတီ ဘေသ္မာ, ကလျာဏပါပကဿ စ၊

မဂ္ဂါ ဩက္ကမနတ္ထာယ, မဟာယုဒ္ဓေါ ဥပဋ္ဌိတော။

၇၀။ ထိုအခါ ကောင်းသော ဓမ္မနတ်နှင့် ယုတ်မာသော အဓမ္မနတ်အား ကြောက်မက်ဖွယ် ခိုက်ရန်ဖြစ်လေ၏၊ လမ်းခရီးမှ လွှဲဖယ်ခြင်းအကျိုးငှါ ကြီးစွာသော စစ်ထိုးခြင်းသည် ရှေးရှု ထင်လေ၏။

A dreadful quarrel ensued between the good and the ill, a great war loomed aiming to push the other off the road.

၇၁။ ‘‘ယဒိဟံ တဿ ကုပ္ပေယျံ, ယဒိ ဘိန္ဒေ တပေါဂုဏံ၊

သဟပရိဇနံ တဿ, ရဇဘူတံ ကရေယျဟံ။

၇၁။ ငါသည် ထိုအဓမ္မနတ်အား အကယ်၍ အမျက်ထွက်ငြားအံ့၊ ခြိုးခြံသော အကျင့်ဂုဏ် ကို အကယ်၍ဖျက်ဆီးငြားအံ့၊ ငါသည် ထိုအဓမ္မနတ်အား အခြံအရံပရိသတ်နှင့်တကွ မြူမှုန့် ဖြစ်အောင် ပြုနိုင်ရာ၏။

If I had been upset with him, if I had broken my asceticism, I could have reduced him to dust, together with his companions.

၇၂။ ‘‘အပိစာဟံ သီလရက္ခာယ, နိဗ္ဗာပေတွာန မာနသံ၊

သဟ ဇနေနောက္ကမိတွာ, ပထံ ပါပဿ ဒါသဟံ။

၇၂။ သို့သော် လည်း ငါသည် သီလစောင့်ရှောက်ခြင်းဖြင့် စိတ်ကို ငြိမ်းအေးစေ၍ မိမိ ပရိသတ်နှင့်တကွလမ်းမှ သက်ဆင်းလွှဲဖယ်လျက် အဓမ္မနတ်အား လမ်းခရီးကို ပေးခဲ့၏။

Nevertheless, for the sake of guarding my ethics, I quelled my heart. I left the road with my folk, giving it to the wicked one.

၇၃။ ‘‘သဟ ပထတော ဩက္ကန္တေ, ကတွာ စိတ္တဿ နိဗ္ဗုတိံ၊

ဝိဝရံ အဒါသိ ပထဝီ, ပါပယက္ခဿ တာဝဒေ’’တိ။

ဓမ္မဒေဝပုတ္တစရိယံ အဋ္ဌမံ။

၇၃။ ငါသည် စိတ်၏ ငြိမ်းအေးခြင်းကို ပြု၍ လမ်းခရီးမှ သက်ဆင်းသည်နှင့် တစ်ပြိုင် နက် ထိုခဏဝယ်မြေကြီးသည် အဓမ္မနတ်အား ဟင်းလင်းပေါက်ကို ပေးလေ၏။ ။ ရှစ်ခုမြောက် ဓမ္မဒေဝပုတ္တစရိယ ‘ဓမ္မနတ်သားအကျင့်’ ပြီး၏။ ၉-အလီနသတ္တုစရိယ (အလီနသတ္တုမင်းသားအကျင့်)

As soon as I stepped down off the path, and I had quelled my mind, the earth opened up for that wicked spirit.”

၉။ အလီနသတ္တုစရိယ

၇၄။ ‘‘ပဉ္စာလရဋ္ဌေ နဂရဝရေ, ကပိလာယံ [ကမ္ပိလာယံ (သီ။), ကပ္ပိလာယံ (သျာ။)] ပုရုတ္တမေ၊

ရာဇာ ဇယဒ္ဒိသော နာမ, သီလဂုဏမုပါဂတော။

၇၄။ (နောက်တစ်မျိုးသော် ကား) ပဉ္စာလတိုင်းပြည်မြတ် ဖြစ်သော ကပိလမြို့တော်၌ သီလဂုဏ်နှင့်ပြည့်စုံသော ‘ဇယဒ္ဒိသ’မည်သော မင်းသည် ရှိ၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (9th) Alīnasattu’s Conduct “In the kingdom of Pañcāla, in the eminent city, the capital named Kapilā, the king named Jayaddisa was furnished with virtuous qualities.

၇၅။ ‘‘တဿ ရညော အဟံ ပုတ္တော, သုတဓမ္မော သုသီလဝါ၊

အလီနသတ္တော ဂုဏဝါ, အနုရက္ခပရိဇနော သဒါ။

၇၅။ ငါသည် ထိုမင်း၏ ‘အလီနသတ္တု’အမည်ရှိသော သားတော်ဖြစ်၍ အကြားအမြင် ‘ဗဟုသုတ’ ရှိ၏၊ ကောင်းသော သီလရှိ၏၊ ဂုဏ်နှင့် ပြည့်စုံ၏၊ အခါခပ်သိမ်း ပရိသတ်ကို စောင့်ရှောက်တတ်၏။

I was that king’s son, well educated and virtuous; Alīnasattu of fine qualities, I always cared for the attendants.

၇၆။ ‘‘ပိတာ မေ မိဂဝံ ဂန္တွာ, ပေါရိသာဒံ ဥပါဂမိ၊

သော မေ ပိတုမဂ္ဂဟေသိ, ‘ဘက္ခောသိ မမ မာ စလိ’။

၇၆။ ငါ၏ ခမည်းတော် ဇယဒ္ဒိသမင်းသည် သမင်တောသို့ သွား၍ လူသားစား စူဠပေါရိ သာဒထံသို့ ချဥ်းကပ်လေ၏၊ ထိုစူဠပေါရိသာဒသည် ငါ၏ ခမည်းတော်ကို “သင်သည် ငါ၏ အစာဖြစ်၏၊ မလှုပ်လေလင့်”ဟု ဖမ်းယူလေ၏။

My father had gone deer hunting when he came across a cannibal, who seized my father, saying, ‘You are my prey, don’t move!’

စာ-၄၀၆

၇၇။ ‘‘တဿ တံ ဝစနံ သုတွာ, ဘီတော တသိတဝေဓိတော၊

ဦရုက္ခမ္ဘော အဟု တဿ, ဒိသွာန ပေါရိသာဒကံ။

၇၇။ ထိုပေါရိသာဒ၏ ထိုစကားကို ကြား၍ ကြောက်ရွံ့လျက် ထိတ်လန့် တုန်လှုပ်သည် ဖြစ်၍ပေါရိသာဒကို တွေ့မြင်ခြင်းကြောင့် ထိုခမည်းတော်အား ပေါင်နှစ်ဖက်တို့၏ တင်းမာ ခြင်းသည် ဖြစ်လေ၏။

When he heard these words, he was scared and trembled with fear, his thighs became stiff when he saw the cannibal.

၇၈။ ‘‘မိဂဝံ ဂဟေတွာ မုဉ္စဿု, ကတွာ အာဂမနံ ပုန၊

ဗြာဟ္မဏဿ ဓနံ ဒတွာ, ပိတာ အာမန္တယီ မမံ။

၇၈။ သမင်သားကို ယူ၍ ငါ့ကို လွှတ်ပါလော့၊ တစ်ဖန် ပြန်လာအံ့ဟု (ပေါရိသာဒကို) ဝန်ခံချက်ပြုကာ (နန်းတော်၌ တရားဟောသော နန္ဒမည်သော ) ပုဏ္ဏားအား ဥစ္စာကို ပေးပြီး သော် ခမည်းတော်သည်ငါ့ကို ခေါ်၍ မိန့်ဆို၏ -

‘Let me go, take the deer meat!’ he said, ‘I promise to return.’ Having paid the brahmin, my father said to me:

၇၉။ ‘‘‘ရဇ္ဇံ ပုတ္တ ပဋိပဇ္ဇ, မာ ပမဇ္ဇိ ပုရံ ဣဒံ၊

ကတံ မေ ပေါရိသာဒေန, မမ အာဂမနံ ပုန’။

၇၉။ ချစ်သား သင်သည် မင်းအဖြစ်ကို ပြုကျင့်လော့၊ ဤပြည်သူအပေါင်းကို မမေ့ လျော့လင့်၊ ငါသည်ပေါရိသာဒနှင့် ငါ၏ တစ်ဖန် ပြန်လာခြင်းကို (ဝန်ခံချက်) ပြုခဲ့၏ဟု မိန့်ကြားလေ၏။

‘Son, rule the realm. Do not neglect this city. I promised the cannibal that I will return.’

၈၀။ ‘‘မာတာပိတူ စ ဝန္ဒိတွာ, နိမ္မိနိတွာန အတ္တနာ၊

နိက္ခိပိတွာ ဓနုံ ခဂ္ဂံ, ပေါရိသာဒံ ဥပါဂမိံ။

၈၀။ ထိုအခါ ငါသည် မယ်တော်ခမည်းတော်တို့ကို ရှိခိုး၍ မိမိကိုယ်ကို (ကိုယ်စား) ဖလှယ်ပြီးလျှင် (ပေါရိသာဒထံသို့ လာပြီးသော်) လေး, သန်လျက်တို့ကို ချထားလျက် ပေါရိသာဒထံသို့ ချဥ်းကပ်၏။

I bowed to my mother and father, and substituted myself. Tossing my bow and sword, I approached the cannibal.

၈၁။ ‘‘သသတ္ထဟတ္ထူပဂတံ, ကဒါစိ သော တသိဿတိ၊

တေန ဘိဇ္ဇိဿတိ သီလံ, ပရိတ္တာသံ [ပရိတာသံ (သီ။)] ကတေ မယိ။

၈၁။ ထိုပေါရိသာဒသည် လက်၌ လက်နက်နှင့် တကွ ချဥ်းကပ်သော ငါ့ကို မြင်ရသော် အနည်းငယ်ထိတ်လန့်လတ္တံ့၊ ငါသည် သူတစ်ပါးတို့အား ထိတ်လန့်စေခြင်းကို ပြုခဲ့သော် ထိုပြုခြင်းကြောင့်သီလသည် ပျက်စီးလတ္တံ့။

Perhaps if I have weapons in hand that might make him afraid. And that would violate my ethics, were I to frighten him.

၈၂။ ‘‘သီလခဏ္ဍဘယာ မယှံ, တဿ ဒေဿံ န ဗျာဟရိံ၊

မေတ္တစိတ္တော ဟိတဝါဒီ, ဣဒံ ဝစနမဗြဝိံ။

၈၂။ ငါ၏ သီလကျိုးပျက်ခြင်းမှ ကြောက်ခြင်းကြောင့် ထိုပေါရိသာဒအား မချစ်မနှစ်သက် သောစကားကို မပြောဆိုခဲ့၊ မေတ္တာစိတ်ရှိသည်ဖြစ်၍ အစီးအပွါးကို ဆိုလေ့ရှိသော ငါသည် ဤစကားကိုပြောဆိုခဲ့၏။

For fear of violating my ethics, I said nothing hateful to him. Lovingly and beneficially, I said the following.

၈၃။ ‘‘‘ဥဇ္ဇာလေဟိ မဟာအဂ္ဂိံ, ပပတိဿာမိ ရုက္ခတော၊

တွံ ပက္ကကာလမညာယ [သုပက္ကကာလမညာယ (ပီ။)], ဘက္ခယ မံ ပိတာမဟ’။

၈၃။ ဘကြီးတော် ကြီးစွာသော မီးကို တောက်လောင်စေလော့၊ (အကျွန်ုပ်သည်) သစ်ပင်မှ ခုန်ချပါအံ့၊ ဘကြီးတော် ကောင်းစွာ ကျက်သော အခါကို သိ၍ အကျွန်ုပ်ကို စားပါ လော့။

‘Kindle a great fire. I will drop into it from a tree. When you know I am cooked, eat me, Grandfather.’

၈၄။ ‘‘ဣတိ သီလဝတံ ဟေတု, နာရက္ခိံ မမ ဇီဝိတံ၊

ပဗ္ဗာဇေသိံ စဟံ တဿ, သဒါ ပါဏာတိပါတိက’’န္တိ။

အလီနသတ္တုစရိယံ နဝမံ။

၈၄။ ဤသို့ သီလအကျင့်ဟူသော အကြောင်းကြောင့် ငါ၏ အသက်ကို မစောင့်ရှောက်ခဲ့၊ ငါသည်ထိုပေါရိသာဒအား အခါခပ်သိမ်း ပါဏာတိပါတကံကို စွန့်စေလျက် ရဟန်းပြုစေခဲ့၏။ ။ ကိုးခုမြောက် အလီနသတ္တုစရိယ ‘အလီနသတ္တုမင်းသားအကျင့်’ ပြီး၏။ ၁၀-သင်္ခပါလစရိယ (သင်္ခပါလနဂါးမင်းအကျင့်)

And so for the sake of my ethical vows I did not protect my life. And I drove out forever his attacks on living creatures.”

၁၀။ သင်္ခပါလစရိယ

၈၅။ ‘‘ပုနာပရံ ယဒါ ဟောမိ, သင်္ခပါလော မဟိဒ္ဓိကော၊

ဒါဌာဝုဓော ဃောရဝိသော, ဒွိဇိဝှေါ ဥရဂါဓိဘူ။

၈၅။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် အစွယ်ဟူသော လက်နက်ရှိသော ပြင်းထန်သောအဆိပ်ရှိသော လျှာနှစ်ခုရှိသော နတ်နဂါးတို့ကို အစိုးရသော တန်ခိုးကြီးသော သင်္ခပါလနဂါးမင်း ဖြစ်၏။

The Conduct Leading to Buddhahood The Chapter on an Elephant The Perfection of Ethics (10th) Saṅkhapāla’s Conduct “Then again when I was Saṅkhapāla, a dragon of great psychic power, deadly-fanged, lethally venomous, two-tongued, lord of serpents.

၈၆။ ‘‘စတုပ္ပထေ မဟာမဂ္ဂေ, နာနာဇနသမာကုလေ၊

စတုရော အင်္ဂေ အဓိဋ္ဌာယ, တတ္ထ ဝါသမကပ္ပယိံ။

၈၆။ ထိုအခါ ငါသည် အမျိုးမျိုးသော လူတို့ဖြင့် ပြွမ်းသော လမ်းလေးခွဆုံ လမ်းမကြီး ၌အင်္ဂါလေးပါးတို့ကို အဓိဋ္ဌာန်လျက် ဥပုသ်သုံး၍ နေခြင်းကို ပြု၏။

At a crossroad on a highway crowded with many people, I resolved on the four factors, and made my home there.

၈၇။ ‘‘ဆဝိယာ စမ္မေန မံသေန, နဟာရုအဋ္ဌိကေဟိ ဝါ၊

ယဿ ဧတေန ကရဏီယံ, ဒိန္နံယေဝ ဟရာတု သော။

၈၇။ အကြင်သူသည် အရေပါး, အရေထူဖြင့်လည်းကောင်း၊ အသားဖြင့်လည်းကောင်း၊ အကြောဖြင့်လည်းကောင်း၊ အရိုးတို့ဖြင့်လည်းကောင်း ဤအင်္ဂါတို့ဖြင့် ပြုဖွယ်ကိစ္စ ရှိ၏။ ထိုသူသည်ယူဆောင်ပါစေ၊ ပေးလှူသည်သာတည်း (ဟု ဆောက်တည်၍ နေခြင်းကို ပြု၏)။

‘My outer skin and inner, flesh, sinews and bones: whoever has use for these, they are already given, please take them.’

စာ-၄၀၇

၈၈။ ‘‘အဒ္ဒသံသု ဘောဇပုတ္တာ, ခရာ လုဒ္ဒါ အကာရုဏာ၊

ဥပဂဉ္ဆုံ မမံ တတ္ထ, ဒဏ္ဍမုဂ္ဂရပါဏိနော။

၈၈။ ထိုအခါ ကြမ်းတမ်းသော ကိုယ်နှုတ်ရှိကုန်သော ကြမ်းတမ်းသော စိတ်ရှိကုန်သော သနားခြင်း‘ကရုဏာ’ကင်းမဲ့ကုန်သော (တစ်ကျိပ်ခြောက်ယောက်သော) မုဆိုးသားတို့သည် ငါ့ကို တွေ့မြင်ကုန်၏၊ ထိုတွေ့မြင်ရာ အရပ်၌ တုတ်, လှံတံ, ဆောက်ပုတ် လက်စွဲကုန်လျက် ငါ့ထံသို့ ချဥ်းကပ်လာကုန်၏။

Seeing me, the Bhojans, those violent and pitiless hunters, came to me there with sticks and hammers in their hands.

၈၉။ ‘‘နာသာယ ဝိနိဝိဇ္ဈိတွာ, နင်္ဂုဋ္ဌေ ပိဋ္ဌိကဏ္ဋကေ၊

ကာဇေ အာရောပယိတွာန, ဘောဇပုတ္တာ ဟရိံသု မံ။

၈၉။ မုဆိုးသားတို့သည် ငါ၏ နှာခေါင်း, အမြီး, ကျောဆစ်ရိုး၌ ထိုးဖောက်၍ ဆိုင်းထမ်းပိုး၌ လျှိုပြီးလျှင် ငါ့ကို ဆောင်ကြလေကုန်၏။

Having pierced my nose, tail, and spine, and fastened me to a pole, the Bhojans carried me away.

၉၀။ ‘‘သသာဂရန္တံ ပထဝိံ, သကာနနံ သပဗ္ဗတံ၊

ဣစ္ဆမာနော စဟံ တတ္ထ, နာသာဝါတေန ဈာပယေ။

၉၀။ ထိုစဥ်အခါ၌ ငါသည် အလိုရှိခဲ့သော် သမုဒ္ဒရာအဆုံးနှင့်တကွ တောနှင့်တကွ တောင် နှင့်တကွသော မြေကြီးကို နှာခေါင်းလေဖြင့် လောင်ကျွမ်းစေနိုင်၏။

The earth from sea to sea, with its forests and mountains— had I wished, right there I could have burnt it up with a blast from my nose.

၉၁။ ‘‘သူလေဟိ ဝိနိဝိဇ္ဈန္တေ, ကောဋ္ဋယန္တေပိ သတ္တိဘိ၊

ဘောဇပုတ္တေ န ကုပ္ပါမိ, ဧသာ မေ သီလပါရမီ’’တိ။

သင်္ခပါလစရိယံ ဒသမံ။

ဟတ္ထိနာဂဝဂ္ဂေါ ဒုတိယော။

တဿုဒ္ဒါနံ –

ဟတ္ထိနာဂေါ ဘူရိဒတ္တော, စမ္ပေယျော ဗောဓိ မဟိံသော၊

ရုရု မာတင်္ဂေါ ဓမ္မော စ, အတြဇော စ ဇယဒ္ဒိသော။

ဧတေ နဝ သီလဗလာ, ပရိက္ခာရာ ပဒေသိကာ၊

ဇီဝိတံ ပရိရက္ခိတွာ, သီလာနိ အနုရက္ခိသံ။

သင်္ခပါလဿ မေ သတော, သဗ္ဗကာလမ္ပိ ဇီဝိတံ၊

ယဿ ကဿစိ နိယျတ္တံ, တသ္မာ သာ သီလပါရမီတိ။

သီလပါရမိနိဒ္ဒေသော နိဋ္ဌိတော။

၉၁။ သို့သော်လည်း ငါသည် တံကျင်တို့ဖြင့် ထိုးဖောက်ကုန်သော လှံတို့ဖြင့်လည်း ထိုးဆွကုန်သော မုဆိုးသားတို့ကို အမျက်မထွက်၊ ဤသို့ အမျက်မထွက်ခြင်းသည် ငါ၏ သီလပရမတ္ထပါရမီတည်း။ ။ ဆယ်ခုမြောက် သင်္ခပါလစရိယ ‘သင်္ခပါလနဂါးမင်းအကျင့်’ ပြီး၏။ နှစ်ခုမြောက် ဟတ္ထိနာဂဝဂ် ပြီး၏။ သီလပါရမီ အကျယ်ညွှန်ပြခြင်း ပြီး၏။

Though pierced with stakes, and stabbed with knives, I did not get upset with the Bhojans: this is my perfection of ethics.”

စာ-၄၀၈

၃။ ယုဓဉ္ဇယဝဂ္ဂ

၁။ ယုဓဉ္ဇယစရိယ

၁။ ‘‘ယဒါဟံ အမိတယသော, ရာဇပုတ္တော ယုဓဉ္ဇယော၊

ဥဿာဝဗိန္ဒုံ သူရိယာတပေ, ပတိတံ ဒိသွာန သံဝိဇိံ။

၃-ယုဓဉ္ဇယဝဂ် ၁-ယုဓဉ္ဇယစရိယ (ယုဓဉ္ဇယမင်းသားအကျင့်) ၁။ အကြင်အခါ ငါသည် မနှိုင်းယှဥ်နိုင်သော အခြံအရံ အကျော်အစောရှိသော ယုဓဉ္ဇယ မင်းသားဖြစ်၏၊ ထိုအခါ နေပူရှိန်ကြောင့် ပျက်ကျသော ဆီးနှင်းပေါက်ကို မြင်၍ ထိတ်လန့် ‘သံဝေဂ’ ရခဲ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Renunciation (1st) Yudhañjaya’s Conduct “When I was Prince Yudhañjaya of infinite fame, I was stirred with urgency on seeing a fallen dewdrop in the heat of the sun.

၂။ ‘‘တညေဝါဓိပတိံ ကတွာ, သံဝေဂမနုဗြူဟယိံ၊

မာတာပိတူ စ ဝန္ဒိတွာ, ပဗ္ဗဇ္ဇမနုယာစဟံ။

၂။ ငါသည် ထိုဆီးနှင်းပေါက် ပျက်ခြင်းကိုပင်လျှင် အဓိပတိပစ္စည်း တပ်၍ ထိတ်လန့် ခြင်းသံဝေဂကိုအကြိမ်ကြိမ် ပွါးများခဲ့၏၊ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍လည်း ရဟန်း အဖြစ်ကို တောင်းပန်ခဲ့၏။

Taking that to be of prime importance, I fostered that urgency. I bowed to my mother and father, and begged permission to go forth.

၃။ ‘‘ယာစန္တိ မံ ပဉ္ဇလိကာ, သနေဂမာ သရဋ္ဌကာ၊

‘အဇ္ဇေဝ ပုတ္တ ပဋိပဇ္ဇ, ဣဒ္ဓံ ဖီတံ မဟာမဟိံ’။

၃။ ထိုအခါ နိဂုံးသူနှင့် တကွ နိုင်ငံသူနှင့် တကွသော လူတို့သည် လက်အုပ်ချီကုန်လျက် ငါ့ကိုတောင်းပန်ကြကုန်၏၊ ခမည်းတော်သည်လည်း “ချစ်သား ယနေ့ပင် ကြွယ်ဝစည်ကား သော မြေအပြင်၌မင်းအဖြစ်ကို ပြုကျင့်လော့’ဟု တောင်းပန်၏။

With cupped palms, along with the citizens of town and country, they asked, ‘This very day, rule this great land, so successful and prosperous.’

၄။ ‘‘သရာဇကေ သဟောရောဓေ, သနေဂမေ သရဋ္ဌကေ၊

ကရုဏံ ပရိဒေဝန္တေ, အနပေက္ခောဝ ပရိစ္စဇိံ။

၄။ ငါသည် မင်းနှင့်တကွ မိဖုရားမောင်းမနှင့်တကွ နိဂုံးသူနှင့်တကွ နိုင်ငံသူနှင့်တကွသောလူများအပေါင်းသည် သနားဖွယ် ငိုကြွေးကုန်စဥ် ငဲ့ကွက်ခြင်း မရှိဘဲသာလျှင် စွန့်လွှတ်ခဲ့၏။

The King and the Queens, with the citizens of town and country, cried pitifully, as I forsook unconcerned.

၅။ ‘‘ကေဝလံ ပထဝိံ ရဇ္ဇံ, ဉာတိပရိဇနံ ယသံ၊

စဇမာနော န စိန္တေသိံ, ဗောဓိယာယေဝ ကာရဏာ။

၅။ ငါသည် အလုံးစုံသော မြေအပြင်ကိုလည်းကောင်း၊ မင်းအဖြစ်ကိုလည်းကောင်း၊ ဆွေမျိုး, အလုပ်အကျွေး, အခြံအရံကိုလည်းကောင်း စွန့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်၏အကြောင်းကြောင့်သာလျှင် တစ်စုံတစ်ခုကိုမျှ မကြံစည် မစိုးရိမ်ခဲ့ပေ။

Kingship over the entire earth, family, retinue, and fame— I gave them up without a second thought, because it was solely for awakening.

၆။ ‘‘မာတာပိတာ န မေ ဒေဿာ, နပိ မေ ဒေဿံ မဟာယသံ၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ရဇ္ဇံ ပရိစ္စဇိ’’န္တိ။

ယုဓဉ္ဇယစရိယံ ပဌမံ။

၆။ ငါသည် မယ်တော် ခမည်းတော်တို့ကို မချစ်မနှစ်သက်သည် မဟုတ်၊ များစွာသော အခြံအရံကိုလည်းမချစ်မနှစ်သက်သည် မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် မင်းအဖြစ်ကိုစွန့်လွှတ်ခဲ့၏။ ။ ရှေးဦးစွာသော ယုဓဉ္ဇယစရိယ ‘ယုဓဉ္ဇယမင်းသားအကျင့်’ ပြီး၏။ ၂-သောမနဿစရိယ (သောမနဿမင်းသားအကျင့်)

I had no dislike of my parents, nor did I dislike the great fame. But because omniscience is precious to me, that is why I forsook kingship.”

၂။ သောမနဿစရိယ

၇။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဣန္ဒပတ္ထေ ပုရုတ္တမေ၊

ကာမိတော ဒယိတော ပုတ္တော, သောမနဿောတိ ဝိဿုတော။

၇။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ဣန္ဒပတ္ထမြို့တော်၌ မြတ်နိုးအပ် ကြင်နာအပ်သော‘သောမနဿ’ဟု ကျော်စောထင်ရှားသော မင်းသား ဖြစ်၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Renunciation (2nd) Somanassa’s Conduct “Then again when I was in Indapatta, the capital city, I was a loved and cherished child renowned as Somanassa.

၈။ ‘‘သီလဝါ ဂုဏသမ္ပန္နော, ကလျာဏပဋိဘာနဝါ၊

ဝုဍ္ဎာပစာယီ ဟိရီမာ, သင်္ဂဟေသု စ ကောဝိဒေါ။

၈။ သီလရှိ၏၊ ဂုဏ်နှင့် ပြည့်စုံ၏၊ ကောင်းသော ပဋိဘာန်ဉာဏ်ရှိ၏၊ ကြီးသော သူတို့ အားရိုသေလေးမြတ်လေ့ရှိ၏၊ အရှက် ‘ဟိရီ’ ရှိ၏၊ သင်္ဂဟတရားတို့၌ လည်း လိမ္မာ၏။

I was ethical, full of good qualities, of fine and eloquent speech, honoring elders, conscientious, and expert in the methods of inclusiveness.

၉။ ‘‘တဿ ရညော ပတိကရော, အဟောသိ ကုဟကတာပသော၊

အာရာမံ မာလာဝစ္ဆဉ္စ, ရောပယိတွာန ဇီဝတိ။

၉။ ထိုမင်းအား အကျွမ်းဝင်သော ပလွှားဝါကြွားတတ်သော ရသေ့တုသည် ရှိလေ၏၊ ထို ရသေ့သည်ပန်းသစ်သီးအရံကိုလည်းကောင်း၊ ပန်းပင်ငယ်ကိုလည်းကောင်း စိုက်ပျိုး၍ အသက်မွေး၏။

Now there was this charlatan renunciant who was favored by the king. He made a living by cultivating an orchard and flowering shrubs.

၁၀။ ‘‘တမဟံ ဒိသွာန ကုဟကံ, ထုသရာသိံဝ အတဏ္ဍုလံ၊

ဒုမံဝ အန္တော သုသိရံ, ကဒလိံဝ အသာရကံ။

၁၀။ ငါသည် ဆန်မရှိသော ဖွဲအစုနှင့်သာ တူသော အတွင်း၌ အခေါင်းရှိသည့် သစ်ပင်နှင့် တူသောအနှစ်မရှိသော ငှက်ပျောပင်နှင့် တူသော ထိုပလွှားဝါကြွားတတ်သော ရသေ့ကို တွေ့မြင်ရသော် -

Seeing he was a charlatan, like a pile of chaff without grain, like a hollow tree, like a plantain tree with no core, I thought:

စာ-၄၀၉

၁၁။ ‘‘နတ္ထိမဿ သတံ ဓမ္မော, သာမညာပဂတော အယံ၊

ဟိရီသုက္ကဓမ္မဇဟိတော, ဇီဝိတဝုတ္တိကာရဏာ။

၁၁။ ဤရသေ့အား သူတော်ကောင်းတရားသည် မရှိ၊ ဤရသေ့သည် ရဟန်းဂုဏ်မှ ကင်း၏၊ အသက်မွေးမှုဟူသော အကြောင်းကြောင့် အရှက်တည်းဟူသော ဖြူစင်သော တရား ကို စွန့်ပစ်၏ဟုကြံစည်၏။

‘There is no good in him, he has strayed from asceticism. He has left the bright qualities of conscience for the sake of making a living.’

၁၂။ ‘‘ကုပိတော အဟု [အဟောသိ (သီ။), အာသိ (သျာ။)] ပစ္စန္တော, အဋဝီဟိ ပရန္တိဟိ၊

တံ နိသေဓေတုံ ဂစ္ဆန္တော, အနုသာသိ ပိတာ မမံ။

၁၂။ ထိုအခါ တောအုပ်၌ ခိုးသူ, တိုင်းကြပ်သား, နယ်ခြားစောင့်တို့သည် ပြည်စွန်ရွာနား ကိုလုယူဖျက်ဆီးလေ၏၊ ခမည်းတော်သည် ထိုအရေးကို တားမြစ်ရန် သွားသည်ရှိသော် ငါ့ကိုသွန်သင်မှာထားခဲ့၏။

Then the borders were in turmoil by wild frontier savages. Before going to put an end to it, my father instructed me:

၁၃။ ‘‘‘မာ ပမဇ္ဇိ တုဝံ တာတ, ဇဋိလံ ဥဂ္ဂတာပနံ၊

ယဒိစ္ဆကံ ပဝတ္တေဟိ, သဗ္ဗကာမဒဒေါ ဟိ သော’။

၁၃။ ချစ်သား သင်သည် ထက်မြက်သော အကျင့်ရှိသော ရသေ့ကို မမေ့မလျော့လင့်၊ အလိုရှိရာကိုဖြစ်စေလော့၊ ထိုရသေ့သည် အလုံးစုံသော အလိုကို ပေးတတ်၏ဟု (သွန်သင် မှာထားခဲ့၏)။

‘My dear, do not neglect the matted-hair ascetic of severe penance. He is the granter of our wishes, give him all he desires.’

၁၄။ ‘‘တမဟံ ဂန္တွာနုပဋ္ဌာနံ, ဣဒံ ဝစနမဗြဝိံ၊

‘ကစ္စိ တေ ဂဟပတိ ကုသလံ, ကိံ ဝါ တေ အာဟရီယတု’။

၁၄။ ငါသည် ထိုရသေ့ထံသို့ ခစားခြင်းငှါ သွား၍ သူကြွယ် အသို့နည်း၊ သင့်အား အနာမရှိသည်ဖြစ်ပါ၏လော၊ သင့်အား အဘယ်ဝတ္ထုကို ဆောင်စေလိုသနည်းဟု ဤစကားကို ဆို၏။

I went then to serve him, and said the following. ‘I hope you are well, householder. Is there anything I can bring for you?’

၁၅။ ‘‘တေန သော ကုပိတော အာသိ, ကုဟကော မာနနိဿိတော၊

‘ဃာတာပေမိ တုဝံ အဇ္ဇ, ရဋ္ဌာ ပဗ္ဗာဇယာမိ ဝါ’။

၁၅။ မာနကို မှီသော ပလွှားတတ်သော ထိုရသေ့သည် ထိုအကြောင်းကြောင့် ငါ့အားအမျက်ထွက်လေ၏၊ အမျက်ထွက်၍ ယနေ့ သင့်ကို သတ်စေအံ့၊ သို့မဟုတ် နိုင်ငံမှမူလည်းနှင်ထုတ်စေအံ့ဟု ပြောဆိုလေ၏။

At that he was upset with me, that prideful charlatan. ‘I’ll have you killed right now! Or banished from the realm!’

၁၆။ ‘‘နိသေဓယိတွာ ပစ္စန္တံ, ရာဇာ ကုဟကမဗြဝိ၊

‘ကစ္စိ တေ ဘန္တေ ခမနီယံ, သမ္မာနော တေ ပဝတ္တိတော’။

၁၆။ ခမည်းတော်မင်းကြီးသည် တိုင်းစွန်ပြည်နားကို တားမြစ်အောင်မြင်ပြီးသော် ပလွှားဝါကြွားတတ်သော ရသေ့ကို အရှင် အသို့ပါနည်း၊ အရှင့်အား ခံ့ကျန်းပါ၏လော၊ အရှင့်အားမြတ်နိုးခြင်းကို ဖြစ်စေပါသလောဟု ဆို၏။

After putting an end to the border conflict, the king said to the charlatan, ‘I hope you’re keeping well, sir, and honors were served you?’

၁၇။ ‘‘တဿ အာစိက္ခတီ ပါပေါ, ကုမာရော ယထာ နာသိယော၊

တဿ တံ ဝစနံ သုတွာ, အာဏာပေသိ မဟီပတိ။

၁၇။ ယုတ်မာသော ရသေ့သည် မင်းသားကို သတ်စေနိုင်လောက်သည့် စကားတို့ဖြင့် ထိုမင်းကြီးအားပြောကြားလေ၏၊ ထိုရသေ့၏ ထိုစကားကို ကြား၍ မြေအပြင်ကို အစိုးရ သော မင်းကြီးသည် စေခိုင်း၏။

That wicked one told him how the prince deserved execution. When he heard these words, the Lord of the Earth commanded:

၁၈။ ‘‘‘သီသံ တတ္ထေဝ ဆိန္ဒိတွာ, ကတွာန စတုခဏ္ဍိကံ၊

ရထိယာ ရထိယံ ဒဿေထ, သာ ဂတိ ဇဋိလဟီဠိတာ’။

၁၈။ ထိုနေရာ၌ပင်လျှင် ထိုမင်းသား၏ ဦးခေါင်းကို ဖြတ်၍ ကိုယ်ကို လေးပိုင်းပြုလျက် လမ်းခရီးတစ်ခုမှလမ်းခရီးတစ်ခုသို့ ဆောင်ယူပြကြကုန်၊ ထိုသို့ ဖြစ်ခြင်းသည် ရသေ့ကို ရှုတ်ချခြင်းကြောင့်တည်း (ဟုစေခိုင်းလေ၏)။

‘Cut off his head right there! Saw his corpse into four pieces! And then show them from street to street: this is the fate of one who shames the ascetic.’

၁၉။ ‘‘တတ္ထ ကာရဏိကာ ဂန္တွာ, စဏ္ဍာ လုဒ္ဒါ အကာရုဏာ၊

မာတုအင်္ကေ နိသိန္နဿ, အာကဍ္ဎိတွာ နယန္တိ မံ။

၁၉။ ထိုအခါ သနားခြင်း‘ကရုဏာ’ကင်းမဲ့ကုန်သော၊ ကြမ်းတမ်းခက်ထန်ကုန်သော သူသတ်သမားတို့သည်လာကြကုန်၍ ငါသည် အမိရင်ခွင်၌ ထိုင်နေစဥ် ငါ့ကို ဆွဲငင်၍ ဆောင် ကြကုန်၏။

Right away left the punishers— fierce, violent and pitiless. They dragged me from my mother’s lap and led me away.

၂၀။ ‘‘တေသာဟံ ဧဝမဝစံ, ဗန္ဓတံ ဂါဠှဗန္ဓနံ၊

‘ရညော ဒဿေထ မံ ခိပ္ပံ, ရာဇကိရိယာနိ အတ္ထိ မေ’။

၂၀။ ငါသည် မြဲမြံစွာ နှောင်ကြိုးဖွဲ့ချည်အပ်ကုန်သော ထိုသူသတ်သမားတို့အား ငါ့ကို လျင်မြန်စွာမင်းအား ပြကြကုန်ဦးလော့၊ ငါ့အား မင်းမှုကိစ္စတို့သည် ရှိကုန်၏ဟု ဤသို့ ပြောဆို၏။

I said to them as they bound me with tight bonds: ‘Present me to the king right now, I have an issue for the king!’

၂၁။ ‘‘တေ မံ ရညော ဒဿယိံသု, ပါပဿ ပါပသေဝိနော၊

ဒိသွာန တံ သညာပေသိံ, မမဉ္စ ဝသမာနယိံ။

၂၁။ ထိုသူသတ်သမားတို့သည် ယုတ်မာသော ရသေ့ကို မှီဝဲသော ယုတ်မာသော မင်းအား ပြကြကုန်၏၊ ငါသည် ထိုမင်းကို မြင်သော် အကြောင်းစုံကို သိစေ၏၊ ငါ၏ အလို သို့ လိုက်စေရန်လည်းဆောင်နိုင်ခဲ့၏။

They presented me to the king, follower of the wicked one and his wicked ways. On seeing me, I persuaded him and brought him under my influence.

၂၂။ ‘‘သော မံ တတ္ထ ခမာပေသိ, မဟာရဇ္ဇမဒါသိ မေ၊

သောဟံ တမံ ဒါလယိတွာ, ပဗ္ဗဇိံ အနဂါရိယံ။

၂၂။ ထိုအခါ ထိုမင်းသည် ငါ့ကို သည်းခံစေ၏၊ ငါ့အား မြတ်သော မင်းအဖြစ်ကို ပေး၏၊ ထိုငါသည်မောဟအမိုက်တိုက်ကို ဖျက်ဆီး၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

He asked for my forgiveness then, and offered me the kingdom. But having burst the darkness asunder, I went forth to homelessness.

၂၃။ ‘‘န မေ ဒေဿံ မဟာရဇ္ဇံ, ကာမဘောဂေါ န ဒေဿိယော၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ရဇ္ဇံ ပရိစ္စဇိ’’န္တိ။

သောမနဿစရိယံ ဒုတိယံ။

၂၃။ ငါသည် မြတ်သော မင်းအဖြစ်ကို မနှစ်သက်သည် မဟုတ်၊ ကာမစည်းစိမ်ကို မနှစ်သက်သည်မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် မင်းအဖြစ်ကို စွန့်လွှတ်ခဲ့၏။ ။ နှစ်ခုမြောက် သောမနဿစရိယ ‘သောမနဿမင်းသားအကျင့်’ ပြီး၏။ ၃-အယောဃရစရိယ (အယောဃရမင်းသားအကျင့်)

I did not dislike great kingship, nor did I dislike sensual enjoyment. But because omniscience is precious to me, that is why I forsook kingship.”

စာ-၄၁၀

၃။ အယောဃရစရိယ

၂၄။ ‘‘ပုနာပရံ ယဒါ ဟောမိ, ကာသိရာဇဿ အတြဇော၊

အယောဃရမှိ သံဝဍ္ဎော, နာမေနာသိ အယောဃရော။

၂၄။ နောက်တစ်မျိုးသော် ကား ငါသည် ကာသိမင်း၏ သားဖြစ်၍ သံအိမ်၌ ကြီးပွါး သောကြောင့်အမည်အားဖြင့် “အယောဃရ”အမည်ရှိ၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Renunciation (3rd) Ayoghara’s Conduct “Then again when I was the true-born son of the king of Kāsi, I grew up in an iron house, so I was named Ayoghara.

၂၅။ ‘‘ဒုက္ခေန ဇီဝိတော လဒ္ဓေါ, သံပီဠေ ပတိပေါသိတော၊

အဇ္ဇေဝ ပုတ္တ ပဋိပဇ္ဇ, ကေဝလံ ဝသုဓံ ဣမံ။

၂၅။ ငါသည် ဆင်းရဲသဖြင့် အသက်ရှင်ခြင်းကို ရအပ်၏၊ သံအိမ်ကျဥ်း၌ မွေးမြူရ၏၊ (တစ်ဆယ့်ခြောက်နှစ်မြောက်သော အခါ) ချစ်သား ယနေ့ပင်လျှင် တိုင်းနိုင်ငံ, နိဂုံးနှင့်တကွ လူနှင့်တကွအလုံးစုံသော ဤမြေပြင်ကို မင်းပြု၍ ကျင့်လေလော့။

‘Your life has been a painful one, as you’ve been raised in confinement. Today, my son, rule the entirety of this land.’

၂၆။ ‘‘သရဋ္ဌကံ သနိဂမံ, သဇနံ ဝန္ဒိတွ ခတ္တိယံ၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, ဣဒံ ဝစနမဗြဝိံ။

၂၆-၂၇။ ထိုသို့ ဆိုသောအခါ ငါသည် မင်းကို ရှိခိုး၍ လက်အုပ်ချီပြီးလျှင် မြေအပြင်၌ အယုတ်, အမြတ်, အလတ်ဖြစ်ကုန်သော သတ္တဝါအားလုံးတို့သည် အစောင့်အရှောက် မရှိ ကုန်ဘဲ မိမိတို့အိမ်၌ဆွေမျိုးတို့နှင့်တကွ ကြီးပွါးကြကုန်၏။

Having bowed to the citizens of country and town, the king and his people, I raised my cupped palms and said the following.

၂၇။ ‘‘‘ယေ ကေစိ မဟိယာ သတ္တာ, ဟီနမုက္ကဋ္ဌမဇ္ဈိမာ၊

နိရာရက္ခာ သကေ ဂေဟေ, ဝဍ္ဎန္တိ သကဉာတိဘိ။

‘All the creatures of this earth— low, middle, or high— are unprotected in their own home, in which they grew up with their families.

၂၈။ ‘‘‘ဣဒံ လောကေ ဥတ္တရိယံ, သံပီဠေ မမ ပေါသနံ၊

အယောဃရမှိ သံဝဍ္ဎော, အပ္ပဘေ စန္ဒသူရိယေ။

၂၈။ အကျွန်ုပ်သည် လနေအလင်းရောင် မရှိသော သံအိမ်၌ ကြီးပွါးရ၏၊ သံအိမ်ကျဥ်း၌ အကျွန်ုပ်အားဤသို့ မွေးမြူရခြင်းသည် လောက၌ တစ်ဦးတစ်ယောက်နှင့်မျှ မတူချေ။

It was unique in the world to be raised in confinement. I grew up in an iron house, scarcely lit by sun or moon.

၂၉။ ‘‘‘ပူတိကုဏပသမ္ပုဏ္ဏာ, မုစ္စိတွာ မာတု ကုစ္ဆိတော၊

တတော ဃောရတရေ ဒုက္ခေ, ပုန ပက္ခိတ္တယောဃရေ။

၂၉။ အကျွန်ုပ်သည် အကောင်ပုပ်တို့ဖြင့် ပြည့်သော မယ်တော်ဝမ်းမှ လွတ်သော် ထို့ ထက်အလွန်ပြင်းထန်သော ဆင်းရဲလှသော သံအိမ်၌ တစ်ဖန် အထည့်ခံရ၏။

Filled with rotting carcass, I escaped my mother’s womb. Then to a viler suffering I was tossed in an iron house.

၃၀။ ‘‘‘ယဒိဟံ တာဒိသံ ပတွာ, ဒုက္ခံ ပရမဒါရုဏံ၊

ရဇ္ဇေသု ယဒိ ရဇ္ဇာမိ [ရဉ္ဇာမိ (သီ။)], ပါပါနံ ဥတ္တမော သိယံ။

၃၀။ အကျွန်ုပ်သည် ထိုသို့သဘောရှိသော အလွန်ကြမ်းတမ်းသော ဆင်းရဲခြင်းသို့ ရောက်ပြီးလျက်မင်းအဖြစ်တို့၌ အကယ်၍ မွေ့လျော်ငြားအံ့၊ ယုတ်မာသူတို့ထက် အလွန် ယုတ်မာသူ ဖြစ်ရာ၏။

Having fallen into such appallingly dreadful suffering, if I desired kingships, I’d be the worst of the worst.

၃၁။ ‘‘‘ဥက္ကဏ္ဌိတောမှိ ကာယေန, ရဇ္ဇေနမှိ အနတ္ထိကော၊

နိဗ္ဗုတိံ ပရိယေသိဿံ, ယတ္ထ မံ မစ္စု န မဒ္ဒိယေ’။

၃၁။ အကျွန်ုပ်သည် ကိုယ်၌ ငြီးငွေ့သူ ဖြစ်၏၊ မင်းအဖြစ်ဖြင့်လည်း အလိုမရှိသူ ဖြစ်၏၊ အကြင်နိဗ္ဗာန်အရပ်၌ သေမင်းသည် အကျွန်ုပ်ကို မနှိပ်စက်နိုင်ရာ၊ အကျွန်ုပ်သည် ထိုနိဗ္ဗာန်ကိုရှာဖွေပါအံ့ဟု ဤစကားကို လျှောက်ဆို၏။

I’m fed up with the body, I have no need for kingship. I shall seek quenching where Death will not crush me.’

၃၂။ ‘‘ဧဝါဟံ စိန္တယိတွာန, ဝိရဝန္တေ မဟာဇနေ၊

နာဂေါဝ ဗန္ဓနံ ဆေတွာ, ပါဝိသိံ ကာနနံ ဝနံ။

၃၂။ ငါသည် ဤသို့ ကြံစည်ပြီးသော် လူအပေါင်းတို့ ငိုကြွေးမြည်တမ်းစဥ် ‘ဆင်ပြောင် ကြီးကဲ့သို့’အနှောင်အဖွဲ့ကို ဖြတ်၍ တောအုပ်သို့ ဝင်ခဲ့၏။

Reflecting in this way, as the great crowd wailed, like a bull elephant bursting his ropes, I entered the forest grove.

၃၃။ ‘‘မာတာပိတာ န မေ ဒေဿာ, နပိ မေ ဒေဿံ မဟာယသံ၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ရဇ္ဇံ ပရိစ္စဇိ’’န္တိ။

အယောဃရစရိယံ တတိယံ။

၃၃။ ငါသည် မယ်တော် ခမည်းတော်တို့ကို မချစ်သည် မဟုတ်၊ ငါသည် များစွာသော အခြံအရံကိုလည်းမချစ်သည်မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် မင်းအဖြစ်ကို စွန့်လွှတ်ခဲ့၏။ ။ သုံးခုမြောက် အယောဃရစရိယ ‘အယောဃရမင်းသားအကျင့်’ ပြီး၏။ ၄-ဘိသစရိယ (မဟာကဥ္စနသတို့သားအကျင့်)

I had no dislike of my parents, nor did I dislike the great fame. But because omniscience is precious to me, that is why I forsook kingship.”

၄။ ဘိသစရိယ

၃၄။ ‘‘ပုနာပရံ ယဒါ ဟောမိ, ကာသီနံ ပုရဝရုတ္တမေ၊

ဘဂိနီ စ ဘာတရော သတ္တ, နိဗ္ဗတ္တာ သောတ္ထိယေ ကုလေ။

၃၄။ နောက်တစ်မျိုးသော် ကား ငါသည် ကာသိတိုင်း ဗာရာဏသီမြို့တော်၌ ဖြစ်၏၊ ထိုအခါ နှမ (တစ်ယောက်) သည်လည်းကောင်း၊ ညီနောင်ခုနစ်ယောက်တို့သည်လည်းကောင်း ပုဏ္ဏားမျိုး၌ဖြစ်ကုန်၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Renunciation (4th) The Conduct of the Lotus-eaters “Then again when I was in the capital citadel of Kāsi, a sister and seven brothers were born in a learned family.

စာ-၄၁၁

၃၅။ ‘‘ဧတေသံ ပုဗ္ဗဇော အာသိံ, ဟိရီသုက္ကမုပါဂတော၊

ဘဝံ ဒိသွာန ဘယတော, နေက္ခမ္မာဘိရတော အဟံ။

၃၅။ ဤညီအစ်ကိုမောင်နှမတို့တွင် ငါသည် အစ်ကိုကြီး ဖြစ်၏၊ ဖြူစင်သော အရှက် တရားနှင့်ပြည့်စုံ၏၊ ငါသည် ဘဝကို ကြောက်မက်ဖွယ်ဘေးအားဖြင့် ရှုမြင်၍ (ဘဝမှ) ထွက်မြောက်ရာ၌အလွန်မွေ့လျော်၏။

I was the first-born of them all, furnishing with pure conscience. Seeing rebirth as fearful, I longed for renunciation.

၃၆။ ‘‘မာတာပိတူဟိ ပဟိတာ, သဟာယာ ဧကမာနသာ၊

ကာမေဟိ မံ နိမန္တေန္တိ, ‘ကုလဝံသံ ဓရေဟိ’တိ။

၃၆။ အမိအဖတို့သည် စေခိုင်းအပ်ကုန်သော စိတ်သဘော တူမျှကုန်သော မိတ်ဆွေတို့ သည်အမျိုးဆက်ကို ဆောင်ပါလော့ဟု ငါ့ကို ကာမတို့ဖြင့် ဖိတ်ကုန်၏။

Sent for by my mother and father, my friends with one mind invited me to enjoy sensual pleasures, saying: ‘Maintain the family lineage.’

၃၇။ ‘‘ယံ တေသံ ဝစနံ ဝုတ္တံ, ဂိဟီဓမ္မေ သုခါဝဟံ၊

တံ မေ အဟောသိ ကဌိနံ, တတ္တ [သန္တတ္တ (က။)] ဖာလသမံ ဝိယ။

၃၇။ ထိုမိတ်ဆွေတို့သည် လူ့အဖြစ်၌ ချမ်းသာကို ရွက်ဆောင်တတ်သော အကြင်စကား ကို ဆို၏၊ ထိုစကားသည် ငါ့အား ‘ရဲရဲပူလောင်သော သံထယ်သွားကဲ့သို့’ ကြမ်းတမ်းသော စကား ဖြစ်ခဲ့၏။

The words they said about the ways a householder can find happiness, were hard for me to hear, like a heated ploughshare.

၃၈။ ‘‘တေ မံ တဒါ ဥက္ခိပန္တံ, ပုစ္ဆိံသု ပတ္ထိတံ မမ၊

‘ကိံ တွံ ပတ္ထယသေ သမ္မ, ယဒိ ကာမေ န ဘုဉ္ဇသိ’။

၃၈။ ထိုအခါ ထိုသူတို့သည် ပစ်ပယ်သော ငါ့ကို အဆွေ အကယ်၍ ကာမတို့ကို မသုံး ဆောင်အံ့၊ အဘယ်အရာကို အဆွေသည် တောင့်တပါသနည်းဟု မေးကုန်၏။

When I turned down their proposal, they asked me what I wished for: ‘My dear, what is it that you wish, since you do not long for sensual pleasures?’

၃၉။ ‘‘တေသာဟံ ဧဝမဝစံ, အတ္ထကာမော ဟိတေသိနံ၊

‘နာဟံ ပတ္ထေမိ ဂိဟီဘာဝံ, နေက္ခမ္မာဘိရတော အဟံ’။

၃၉။ အကျိုးကို အလိုရှိသော ငါသည် အစီးအပွါးကို ရှာဖွေကုန်သော ထိုမိတ်ဆွေတို့အား ငါသည်လူအဖြစ်ကို မတောင့်တ၊ ငါသည် ထွက်မြောက်ရာ၌ အလွန်ပျော်မွေ့၏ဟု ဤသို့ ဆို၏။

I spoke to my beneficiaries, wanting what is best. ‘I wish not for the householder’s state, I long for renunciation.’

၄၀။ ‘‘တေ မယှံ ဝစနံ သုတွာ, ပိတုမာတု စ သာဝယုံ၊

မာတာပိတာ ဧဝမာဟု, ‘သဗ္ဗေဝ ပဗ္ဗဇာမ ဘော’။

၄၀။ ထိုသူတို့သည် ငါ့စကားကို ကြား၍ အမိအဖတို့အား ပြောကြားကုန်၏၊ ထိုအခါ အမိအဖတို့သည်အချင်းတို့ ငါတို့အားလုံးလည်း ရဟန်းပြုကုန်အံ့ဟု ဤသို့ ဆိုကုန်၏။

Hearing my words, they told my mother and father. My parents said this: ‘Sirs, let all of us go forth!’

၄၁။ ‘‘ဥဘော မာတာပိတာ မယှံ, ဘဂိနီ စ သတ္တ ဘာတရော၊

အမိတဓနံ ဆဍ္ဍယိတွာ, ပါဝိသိမှာ မဟာဝန’’န္တိ။

ဘိသစရိယံ စတုတ္ထံ။

၄၁။ ငါ၏ အမိအဖနှစ်ဦးလုံးတို့သည်လည်းကောင်း၊ နှမတော်သည်လည်းကောင်း၊ ညီနောင်ခုနစ်ယောက်တို့သည်လည်းကောင်း မရေတွက်နိုင်သော ဥစ္စာကို စွန့်ကုန်၍ တောအုပ် ကြီးသို့ဝင်ကုန်၏။ လေးခုမြောက် ဘိသစရိယ ‘မဟာကဉ္စနသတို့သားအကျင့်’ ပြီး၏။ ၅-သောဏပဏ္ဍိတစရိယ (သောဏပညာရှိအကျင့်)

So both my mother and father, sister and seven brothers, discarding countless riches, entered the great forest.”

၅။ သောဏပဏ္ဍိတစရိယ

၄၂။ ‘‘ပုနာပရံ ယဒါ ဟောမိ, နဂရေ ဗြဟ္မဝဍ္ဎနေ၊

တတ္ထ ကုလဝရေ သေဋ္ဌေ, မဟာသာလေ အဇာယဟံ။

၄၂။ နောက်တစ်မျိုးသော် ကား ငါသည် အကြင်အခါ၌ ဗြဟ္မဝဋ္ဌနမြို့၌ ဖြစ်၏၊ ထိုမြို့ဝယ် ငါသည် (မဟာသာလ) များသော ဥစ္စာနှစ်ရှိသော မြတ်သော သူဌေးမျိုး၌ ဖြစ်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Renunciation (5th) Soṇa the Astute’s Conduct “Then again when I was in the city of Brahmavaḍḍhana, I was reborn there in a fine, wealthy, and eminent family.

၄၃။ ‘‘တဒါပိ လောကံ ဒိသွာန, အန္ဓီဘူတံ တမောတ္ထဋံ၊

စိတ္တံ ဘဝတော ပတိကုဋတိ, တုတ္တဝေဂဟတံ ဝိယ။

၄၃။ ထိုအခါ၌လည်း ငါသည် အမိုက်မှောင်ဖြင့် လွှမ်းမိုးသော အမိုက်တိုက်လောကကို ရှုမြင်ရသော် ငါ၏စိတ်သည် ‘သံအသွားတပ် လှံတံဖြင့် နှိပ်စက်သကဲ့သို့’ ဘဝမှ တွန့် ဆုတ်၏။

Even so, I saw that the world had become blind, smothered in darkness. My mind recoiled from rebirth, as if harshly pricked by a goad.

၄၄။ ‘‘ဒိသွာန ဝိဝိဓံ ပါပံ, ဧဝံ စိန္တေသဟံ တဒါ၊

‘ကဒါဟံ ဂေဟာ နိက္ခမ္မ, ပဝိသိဿာမိ ကာနနံ’။

၄၄။ ထိုအခါ ငါသည် (အိမ်၌ နေသူတို့၏) အမျိုးမျိုးသော ယုတ်မာမှုကို မြင်ရသော် ဘယ်အခါ ငါသည်အိမ်မှ ထွက်၍ တောသို့ ဝင်ရအံ့နည်းဟု ဤသို့ ကြံစည်ခဲ့၏။

Seeing the many forms of wickedness, I thought to myself: ‘When shall I leave the house and enter the forest?’

၄၅။ ‘‘တဒါပိ မံ နိမန္တေသုံ, ကာမဘောဂေဟိ ဉာတယော၊

တေသမ္ပိ ဆန္ဒမာစိက္ခိံ, ‘မာ နိမန္တေထ တေဟိ မံ’။

၄၅။ ထိုအခါ ၌လည်း ဆွေမျိုးတို့သည် ငါ့ကို ကာမစည်းစိမ်တို့ဖြင့် ဖိတ်ကုန်၏၊ ထိုဆွေမျိုးတို့အားလည်း “ငါ့ကို ထိုကာမစည်းစိမ်တို့ဖြင့် မဖိတ်ကုန်လင့်’ဟု ငါ၏ ဆန္ဒကို ပြော ကြားခဲ့၏။

Then too my relatives invited me to enjoy the pleasures of the senses. I told them of my desire, saying, ‘Do not invite me to such things!’

စာ-၄၁၂

၄၆။ ‘‘ယော မေ ကနိဋ္ဌကော ဘာတာ, နန္ဒော နာမာသိ ပဏ္ဍိတော၊

သောပိ မံ အနုသိက္ခန္တော, ပဗ္ဗဇ္ဇံ သမရောစယိ။

၄၆။ ငါ၏ နန္ဒမည်သော အကြင်ညီငယ်သည် ပညာရှိသည် ဖြစ်၏၊ ထိုညီငယ်သည်လည်း ငါ့ကိုအတုလိုက်ကာ ကျင့်သည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ်သက်ခဲ့၏။

My younger brother, who was named Nanda the astute, followed my ethical practices, and chose to go forth.

၄၇။ ‘‘အဟံ သောဏော စ နန္ဒော စ, ဥဘော မာတာပိတာ မမ၊

တဒါပိ ဘောဂေ ဆဍ္ဍေတွာ, ပါဝိသိမှာ မဟာဝန’’န္တိ။

သောဏပဏ္ဍိတစရိယံ ပဉ္စမံ။

၄၇။ ထိုအခါ ၌လည်း သောဏမည်သော ငါသည်လည်းကောင်း၊ နန္ဒမည်သော ညီသည် လည်းကောင်း၊ ငါ၏ အမိအဖနှစ်ဦးလုံးတို့သည်လည်းကောင်း စည်းစိမ်တို့ကို စွန့်၍ တော အုပ်ကြီးသို့ ဝင်ခဲ့ကုန်၏။ ။ ငါးခုမြောက် သောဏပဏ္ဍိတစရိယ ‘သောဏပညာရှိအကျင့်’ ပြီး၏။ ၆-တေမိယစရိယ (တေမိမင်းသားအကျင့်)

I, Soṇa, and Nanda, and both my mother and father, then discarded our riches and entered the great forest.”

၆။ တေမိယစရိယ

၄၈။ ‘‘ပုနာပရံ ယဒါ ဟောမိ, ကာသိရာဇဿ အတြဇော၊

မူဂပက္ခောတိ နာမေန, တေမိယောတိ ဝဒန္တိ မံ။

၄၈။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ကာသိမင်း၏ သားဖြစ်၏၊ အမည် အားဖြင့် ငါ့ကို‘မူဂပက္ခ’ဟူ၍လည်းကောင်း၊ ‘တေမိယ’ဟူ၍လည်းကောင်း ခေါ်ဆိုကြကုန်၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Resolve Temiya’s Conduct “Then again when I was the true-born son of the king of Kāsi, Mūgapakkha was my name, they called me Temiya.

၄၉။ ‘‘သောဠသိတ္ထိသဟဿာနံ, န ဝိဇ္ဇတိ ပုမော တဒါ [သဒါ (သီ။)]၊

အဟောရတ္တာနံ အစ္စယေန, နိဗ္ဗတ္တော အဟမေကကော။

၄၉။ ထိုအခါ ကာသိမင်း၏ တစ်သောင်းခြောက်ထောင်သော မောင်းမမိဿံတို့အား သားယောကျာ်းသည် မရှိ၊ နေ့ညဥ့်တို့ ကုန်လွန်သော အခါ၌ ငါတစ်ယောက်တည်းသာ ဖြစ်ပေါ် လာ၏။

None of the sixteen thousand court women had given birth to a male. After many days and nights I was born, the only one.

၅၀။ ‘‘ကိစ္ဆာ လဒ္ဓံ ပိယံ ပုတ္တံ, အဘိဇာတံ ဇုတိန္ဓရံ၊

သေတစ္ဆတ္တံ ဓာရယိတွာန, သယနေ ပေါသေတိ မံ ပိတာ။

၅၀။ ခမည်းတော်သည် ငြိုငြင်စွာ ရအပ်သော မြတ်သော ဇာတ်ရှိသော အရောင်အဆင်း ကိုဆောင်သော သားချစ်ဖြစ်သော ငါ့ကို မြတ်သော အိပ်ရာ၌ ထီးဖြူကို ဆောင်းမိုး၍ မွေး မြူလေ၏။

To my father I was a dear son born with difficulty, a light-bringer of impeccable lineage. Holding a white parasol over my bed, my father provided for me.

၅၁။ ‘‘နိဒ္ဒါယမာနော သယနဝရေ, ပဗုဇ္ဈိတွာနဟံ တဒါ၊

အဒ္ဒသံ ပဏ္ဍရံ ဆတ္တံ, ယေနာဟံ နိရယံ ဂတော။

၅၁။ ထိုအခါ မြတ်သော အိပ်ရာ၌ အိပ်သော ငါသည် (အိပ်ရာမှ) နိုးသည်ရှိသော် ထီးဖြူကို မြင်၏၊ ယင်းထီးဖြူကို ဆောင်းရခြင်းတည်းဟူသော အကြောင်းကြောင့် ငါသည် ငရဲ သို့ လားခဲ့ရဖူး၏။

Sleeping on the fine bed, then having awoken, I saw the pale umbrella, by which I had gone to hell.

၅၂။ ‘‘သဟ ဒိဋ္ဌဿ မေ ဆတ္တံ, တာသော ဥပ္ပဇ္ဇိ ဘေရဝေါ၊

ဝိနိစ္ဆယံ သမာပန္နော, ‘ကထာဟံ ဣမံ မုဉ္စိဿံ’။

၅၂။ ငါသည် ထီးဖြူကို မြင်သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်ခြင်း, ကြောက်ရွံ့ခြင်းသည် ဖြစ်လေ၏။ ငါသည် အဘယ်သို့လျှင် ဤမင်းအိမ်မှ လွတ်မြောက်ရပါအံ့နည်းဟု စူးစမ်းဆင် ခြင်ခြင်းသို့ ရောက်၏။

At the sight of the umbrella a terrible dread arose in me. I reached the decision, ‘How can I be free of this?’

၅၃။ ‘‘ပုဗ္ဗသာလောဟိတာ မယှံ, ဒေဝတာ အတ္ထကာမိနီ၊

သာ မံ ဒိသွာန ဒုက္ခိတံ, တီသု ဌာနေသု ယောဇယိ။

၅၃။ ငါ၏ အကျိုးကို အလိုရှိသော ရှေးဘဝက အမိတော်ဖူးသော နတ်သမီးသည် ဆင်းရဲသို့ရောက်နေသော ငါ့ကို မြင်ရသော် (အသူ, ဆွံ့သူ, နားပင်းသူဟု ဆိုအပ်သော) သုံးဌာနတို့၌ တိုက်တွန်းလေ၏။

A former blood-relation of mine, a goddess wishing to help, saw my suffering and enjoined me to three states.

၅၄။ ‘‘‘မာ ပဏ္ဍိစ္စယံ ဝိဘာဝယ, ဗာလမတော ဘဝ သဗ္ဗပါဏိနံ၊

သဗ္ဗော တံ ဇနော ဩစိနာယတု, ဧဝံ တဝ အတ္ထော ဘဝိဿတိ’။

၅၄။ သင်သည် လူအားလုံးတို့အား ပညာရှိသည်၏အဖြစ်ကို ထင်ရှားမပြပါလင့်၊ သူမိုက်ဟုသိစေပါလော့၊ အလုံးစုံသော လူအပေါင်းက သင့်ကို မထီမဲ့မြင် အောက်မေ့စေလော့၊ ဤသို့ပြုသော် သင့်အား အကျိုးဖြစ်လတ္တံ့။

‘Don’t show intelligence, be as a fool to all creatures, let all folk scorn you, thus you will achieve your goal.’

၅၅။ ‘‘ဧဝံ ဝုတ္တာယဟံ တဿာ, ဣဒံ ဝစနမဗြဝိံ၊

‘ကရောမိ တေ တံ ဝစနံ, ယံ တွံ ဘဏသိ ဒေဝတေ၊

အတ္ထကာမာသိ မေ အမ္မ, ဟိတကာမာသိ ဒေဝတေ’။

၅၅။ ဤသို့ဆိုသော် ငါသည် ထိုနတ်သမီးအား ဤသို့ ပြောဆိုလေ၏၊ မိခင်နတ်သမီး သင်ဆိုသောစကားအတိုင်း ငါသည် လိုက်နာပြုကျင့်ပေအံ့၊ မိခင်နတ်သမီး သင်သည် ငါ၏ အကျိုးကို အလိုရှိသူဖြစ်ပါပေ၏၊ မိခင်နတ်သမီး အသင်သည် အစီးအပွါးကို အလိုရှိသူ ဖြစ်၏။

When she had spoken, I said the following. ‘I shall do your bidding, just as you say, goddess. You want what’s best for me, mom, you desire my welfare, goddess.’

၅၆။ ‘‘တဿာဟံ ဝစနံ သုတွာ, သာဂရေဝ ထလံ လဘိံ၊

ဟဋ္ဌော သံဝိဂ္ဂမာနသော, တယော အင်္ဂေ အဓိဋ္ဌဟိံ။

၅၆။ ငါသည် ထိုနတ်သမီး၏ စကားကို ကြားရသော် ‘သမုဒ္ဒရာ၌ ကြည်းကုန်းကို ရသကဲ့သို့’တက်ကြွရွှင်လန်းသော စိတ်ရှိသည် ဖြစ်၍ အင်္ဂါသုံးပါးတို့ကို ဆောက်တည်ခဲ့၏။

After hearing her words, I was like one lost at sea reaching the shore. I was thrilled, my mind elated, and I resolved on three factors.

စာ-၄၁၃

၅၇။ ‘‘မူဂေါ အဟောသိံ ဗဓိရော, ပက္ခော ဂတိဝိဝဇ္ဇိတော၊

ဧတေ အင်္ဂေ အဓိဋ္ဌာယ, ဝဿာနိ သောဠသံ ဝသိံ။

၅၇။ ငါသည် အသူ, နားပင်းသူ, သွားလာခြင်းမှ ကင်းသည့် ဆွံ့သူ (မသွားနိုင်သူ) ဖြစ်ခဲ့၏၊ ဤအင်္ဂါတို့ကို ဆောက်တည်၍ တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး နေခဲ့၏။

I became deaf, and dumb, and crippled, unable to walk. Resolving on these factors, I lived for sixteen years.

၅၈။ ‘‘တတော မေ ဟတ္ထပါဒေ စ, ဇိဝှံ သောတဉ္စ မဒ္ဒိယ၊

အနူနတံ မေ ပဿိတွာ, ‘ကာဠကဏ္ဏီ’တိ နိန္ဒိသုံ။

၅၈။ ထိုအခါ ငါ၏ လက်ခြေတို့ကိုလည်းကောင်း၊ လျှာကိုလည်းကောင်း၊ နားကိုလည်းကောင်း ဆုပ်နယ်ကုန်လျက် ငါ၏ အင်္ဂါမချို့တဲ့သည်၏ အဖြစ်ကို မြင်ကြရသော် လူယုတ်ဟု ကဲ့ရဲ့ကြကုန်၏။

Then they rubbed my hands and feet, my tongue and ears as well, and seeing no defect in me, denounced me as ‘black-ear’.

၅၉။ ‘‘တတော ဇာနပဒါ သဗ္ဗေ, သေနာပတိပုရောဟိတာ၊

သဗ္ဗေ ဧကမနာ ဟုတွာ, ဆဍ္ဍနံ အနုမောဒိသုံ။

၅၉။ ထိုအခါ အလုံးစုံကုန်သော တိုင်းသားပြည်သူ အားလုံးတို့သည်လည်းကောင်း၊ စစ်သူကြီး, ပုရောဟိတ်တို့သည်လည်းကောင်း အားလုံးတစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကုန်လျက် (ငါ့ကို) စွန့်ပစ်ရန်သဘောတူကြကုန်၏။

Due to that, the entire country, including the generals and priests, with one mind cheered as I was discarded.

၆၀။ ‘‘သောဟံ တေသံ မတိံ သုတွာ, ဟဋ္ဌော သံဝိဂ္ဂမာနသော၊

ယဿတ္ထာယ တပေါစိဏ္ဏော, သော မေ အတ္ထော သမိဇ္ဈထ။

၆၀။ ငါသည် ထိုသူတို့၏ အလိုကို ကြားရသော် အကြင်အကျိုးငှါ ငါသည် အကျင့်ကို ကျင့်ခဲ့၏၊ ငါ့အားထိုအကျိုးသည် ပြည့်စုံလေပြီဟု တက်ကြွရွှင်လန်းသော စိတ် ဖြစ်၏။

When I heard of their decision I was thrilled, my mind elated, ‘The goal for which I lived fervently I have achieved.’

၆၁။ ‘‘နှာပေတွာ အနုလိမ္ပိတွာ, ဝေဌေတွာ ရာဇဝေဌနံ၊

ဆတ္တေန အဘိသိဉ္စိတွာ, ကာရေသုံ ပုရံ ပဒက္ခိဏံ။

၆၁။ ထိုအခါ ငါ့ကို ရေချိုးစေ၍ နံ့သာပျောင်း လိမ်းကျံပြီးလျှင် မကိုဋ်ကို ဆောင်းစေ လျက် ထီးဖြူဖြင့်ဘိသိက်သွန်းပြီးသော် မြို့ကို လက်ယာရစ် လှည့်သည်ကို ပြုစေကြကုန်၏။

Bathed and oiled, with my turban wrapped, anointed, they held the umbrella as they paraded me around the city.

၆၂။ ‘‘သတ္တာဟံ ဓာရယိတွာန, ဥဂ္ဂတေ ရဝိမဏ္ဍလေ၊

ရထေန မံ နီဟရိတွာ, သာရထီ ဝနမုပါဂမိ။

၆၂။ ခုနစ်ရက်ပတ်လုံး ထီးဖြူဆောင်း၍ နေဝန်း တက်လတ်သော် ရထားထိန်းသည် ငါ့ကို ရထားဖြင့်ထုတ်ဆောင်လျက် တောသို့ ချဥ်းကပ်လေ၏။

After the seventh day holding the umbrella, when the sun’s orb had risen, I was taken out by chariot, until the charioteer came to a wood.

၆၃။ ‘‘ဧကောကာသေ ရထံ ကတွာ, သဇ္ဇဿံ ဟတ္ထမုစ္စိတော [ဟတ္ထမုဉ္စိတော (သီ။ သျာ။)]၊

သာရထီ ခဏတီ ကာသုံ, နိခါတုံ ပထဝိယာ မမံ။

၆၃။ ရထားထိန်းသည် ကြိုးလှံတံတို့ဖြင့် ဆင်ယင်အပ်သော သိန္ဓောမြင်း ကသော ရထားကို လက်မှလွှတ်လျက် တစ်နေရာ၌ ထားပြီးလျှင် (ငါ့ကို) မြေ၌ မြှုပ်ရန် တွင်းကို တူးလေ၏။

Leaving the chariot in the open, the bridled horse released from his hand, the charioteer dug a pit to bury me in the ground.

၆၄။ ‘‘အဓိဋ္ဌိတမဓိဋ္ဌာနံ, တဇ္ဇေန္တော ဝိဝိဓကာရဏာ၊

န ဘိန္ဒိံ တမဓိဋ္ဌာနံ, ဗောဓိယာယေဝ ကာရဏာ။

၆၄။ အဓိဋ္ဌာန်ဆောက်တည်ထားသော ငါ့ကို ညှဥ်းပန်းမှု အမျိုးမျိုးတို့ဖြင့် ခြိမ်းခြောက် သော် လည်းငါသည် သဗ္ဗညုတဉာဏ်တည်းဟူသော အကြောင်းကြောင့်သာလျှင် ထိုအဓိဋ္ဌာန်ကို မဖျက်ခဲ့ပေ။

I was afraid for the many different resolves that I had undertaken, so I did not break that resolve, because it was solely for awakening.

၆၅။ ‘‘မာတာပိတာ န မေ ဒေဿာ, အတ္တာ မေ န စ ဒေဿိယော၊

သဗ္ဗညုတံ ပိယံ မယှံ, တသ္မာ ဝတမဓိဋ္ဌဟိံ။

၆၅။ ငါသည် အမိအဖတို့ကို မချစ်သည် မဟုတ်၊ ငါ၏ ကိုယ်ကိုလည်း မချစ်သည် မဟုတ်၊ ငါသည်သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် အ ယောင်, ဆွံ့ယောင်, နားပင်း ယောင်အကျင့်ကိုဆောက်တည်ခဲ့၏။

I had no dislike of my parents, nor did I dislike myself. But because omniscience is precious to me, that is why I resolved on my vow.

၆၆။ ‘‘ဧတေ အင်္ဂေ အဓိဋ္ဌာယ, ဝဿာနိ သောဠသံ ဝသိံ၊

အဓိဋ္ဌာနေန မေ သမော နတ္ထိ, ဧသာ မေ အဓိဋ္ဌာနပါရမီ’’တိ။

တေမိယစရိယံ ဆဋ္ဌံ။

၆၆။ ဤအင်္ဂါသုံးချက်တို့ကို ဆောက်တည်၍ တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး နေခဲ့၏၊ အဓိဋ္ဌာန်အားဖြင့်ငါနှင့် တူသော သူသည် မရှိချေ။ ဤကား ငါ၏ အဓိဋ္ဌာန်ပါရမီတည်း။ ။ ခြောက်ခုမြောက် တေမိယစရိယ ‘တေမိမင်းသားအကျင့်’ ပြီး၏။ ၇-ကပိရာဇစရိယ (မျောက်မင်းအကျင့်)

Having resolved the three factors, I lived for sixteen years. There is no one to equal my resolve: this is my perfection of resolve.”

၇။ ကပိရာဇစရိယ

၆၇။ ‘‘ယဒါ အဟံ ကပိ အာသိံ, နဒီကူလေ ဒရီသယေ၊

ပီဠိတော သုသုမာရေန, ဂမနံ န လဘာမဟံ။

၆၇။ အကြင်အခါ ငါသည် မြစ်ကမ်းအနီး တစ်ခုသော ချောက်၌ မျောက် ဖြစ်ခဲ့၏၊ ထိုအခါမိကျောင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ (တစ်ဖက်ကမ်းသို့) သွားခြင်းကို မရပေ။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (1st) The Monkey King’s Conduct “When I was a monkey in a cleft on the riverbank, harassed by a crocodile I could not get across.

စာ-၄၁၄

၆၈။ ‘‘ယမှောကာသေ အဟံ ဌတွာ, ဩရာ ပါရံ ပတာမဟံ၊

တတ္ထစ္ဆိ သတ္တု ဝဓကော, ကုမ္ဘီလော လုဒ္ဒဒဿနော။

၆၈။ ငါသည် အကြင်နေရာ၌ ရပ်တည်၍ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ခုန်၏၊ ထိုနေရာ၌ညှဥ်းဆဲတတ်သော ကြမ်းတမ်းသည့် အမြင်ရှိသော ရန်သူ မိကျောင်းသည် နေ၏။

Where I used to land when jumping from the near shore to the far, there crouched my deadly foe, the baleful gharial.

၆၉။ ‘‘သော မံ အသံသိ ‘ဧဟီ’တိ, ‘အဟံပေမီ’တိ တံ ဝဒိံ၊

တဿ မတ္ထကမက္ကမ္မ, ပရကူလေ ပတိဋ္ဌဟိံ။

၆၉။ ထိုမိကျောင်းသည် ငါ့ကို လာလော့ဟု ဆို၏၊ ငါသည်လည်း လာမည်ဟု ထို မိကျောင်းကိုဆိုပြီးလျှင် ထိုမိကျောင်း၏ ဦးထိပ်ကို နင်း၍ ထိုမှာဘက်ကမ်း၌ တည်ခဲ့၏။

Reassuring me, he said ‘Come!’ ‘I am coming,’ I said to him. Stepping on his head I made it to the far bank.

၇၀။ ‘‘န တဿ အလိကံ ဘဏိတံ, ယထာ ဝါစံ အကာသဟံ၊

သစ္စေန မေ သမော နတ္ထိ, ဧသာ မေ သစ္စပါရမီ’’တိ။

ကပိရာဇစရိယံ သတ္တမံ။

၇၀။ ငါသည် ထိုမိကျောင်းအား မမှန်စကားကို မဆို၊ ဆိုသော စကားအတိုင်းသာ ပြုခဲ့၏၊ သစ္စာအားဖြင့် ငါနှင့် တူသော သူသည် မရှိ။ ဤကား ငါ၏ သစ္စာပါရမီတည်း။ ။ ခုနစ်ခုမြောက် ကပိရာဇစရိယ ‘မျောက်မင်းအကျင့်’ ပြီး၏။ ၈-သစ္စတာပသစရိယ (သစ္စရသေ့အကျင့်)

I spoke no lie to him, but acted according to my word. There is no one to equal my truthfulness: this is my perfection of truth.”

၈။ သစ္စတာပသစရိယ

၇၁။ ‘‘ပုနာပရံ ယဒါ ဟောမိ, တာပသော သစ္စသဝှယော၊

သစ္စေန လောကံ ပါလေသိံ, သမဂ္ဂံ ဇနမကာသဟ’’န္တိ။

၇၁။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ‘သစ္စ’အမည်ရှိသောရသေ့ ဖြစ်ခဲ့၏၊ ထိုအခါ သစ္စာစကားဖြင့် လောကကို စောင့်ရှောက်ခဲ့၏၊ လူအပေါင်းကို ညီညွတ်အောင် ပြု ခဲ့၏။ ။ ရှစ်ခုမြောက် သစ္စတာပသစရိယ ‘သစ္စရသေ့အကျင့်’ ပြီး၏။ ၉-ဝဋ္ဋပေါတကစရိယ (ငုံးငယ်အကျင့်)

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (2nd) The Ascetic Truthful’s Conduct “Then again when I was an ascetic known as Truthful, I protected the world with my truth, uniting the people.”

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Akittivaggo (Suttapiṭaka, Khuddakanikāya, Cariyāpiṭakapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#580
  2. Vipassana Research Institute. (n.d.). 2. Hatthināgavaggo (Suttapiṭaka, Khuddakanikāya, Cariyāpiṭakapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#581
  3. Vipassana Research Institute. (n.d.). 3. Yudhañjayavaggo (Suttapiṭaka, Khuddakanikāya, Cariyāpiṭakapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#582