ဓမ္မလမ်း
← စရိယာပိဋကပါဠိ

စရိယာပိဋကပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၄၁၄

သစ္စတာပသစရိယံ အဋ္ဌမံ။

၉။ ဝဋ္ဋပေါတကစရိယ

၇၂။ ‘‘ပုနာပရံ ယဒါ ဟောမိ, မဂဓေ ဝဋ္ဋပေါတကော၊

အဇာတပက္ခော တရုဏော, မံသပေသိ ကုလာဝကေ။

၇၂။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် မဂဓတိုင်း၌ အတောင် မပေါက် သေးသောနုပျိုသော ငုံးငယ် ဖြစ်ခဲ့၏၊ အသိုက်၌ သားတစ်သဖွယ် ဖြစ်နေသေး၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (3rd) The Baby Quail’s Conduct “Then again when I was a baby quail in Magadha, I was young, with wings unsprouted, just a scrap of meat in the nest.

၇၃။ ‘‘မုခတုဏ္ဍကေနာဟရိတွာ [မုခတုဏ္ဍေနာဟရိတွာ (သီ။)], မာတာ ပေါသယတီ မမံ၊

တဿာ ဖဿေန ဇီဝါမိ, နတ္ထိ မေ ကာယိကံ ဗလံ။

၇၃။ ထိုအခါ အမိသည် (အစာကို) နှုတ်သီးဖြင့် ဆောင်ယူ၍ ငါ့ကို မွေးမြူရ၏၊ ငါသည် ထိုအမိ၏အတွေ့အထိဖြင့် အသက်ရှင်နေရ၏၊ ငါ့အား ကိုယ်၌ ဖြစ်သော အားသည် မရှိပေ။

With food she brought in her beak my mother nurtured me. I survived through her touch, for I had no physical strength.

၇၄။ ‘‘သံဝစ္ဆရေ ဂိမှသမယေ, ဒဝဍာဟော [ဝနဒါဟော (က။)] ပဒိပ္ပတိ၊

ဥပဂစ္ဆတိ အမှာကံ, ပါဝကော ကဏှဝတ္တနီ။

၇၄။ နှစ်၏ နွေလအခါဝယ် အမှိုက်ကို သုတ်သင်ရှင်းလင်းတတ်သော မီးသွေးပြာကို ဖြစ်စေတတ်သောတောမီးသည် လောင်လျက် ငါတို့၏ အနီးသို့ ကပ်ရောက်၏။

One year, in the hot season, the forest caught fire. It came toward us, a conflagration with a blackened trail.

၇၅။ ‘‘ဓမဓမာ ဣတိဧဝံ, သဒ္ဒါယန္တော မဟာသိခီ၊

အနုပုဗ္ဗေန ဈာပေန္တော, အဂ္ဂိ မမမုပါဂမိ။

၇၅။ ကြီးသော မီးလျှံရှိသော ထိုတောမီးသည် ‘ဓမ်ဓမ်’ဟု အသံကို ပြုလျက် အစဥ် အတိုင်းလောင်ကျွမ်းကာ ငါ၏ အထံသို့ ကပ်ရောက်လာ၏။

The fire roared and rumbled with great crests of flame, gradually burning closer to me.

၇၆။ ‘‘အဂ္ဂိဝေဂဘယာတီတာ, တသိတာ မာတာပိတာ မမ၊

ကုလာဝကေ မံ ဆဍ္ဍေတွာ, အတ္တာနံ ပရိမောစယုံ။

၇၆။ ငါ၏ အမိအဖတို့သည် လျင်သောအဟုန်ဖြင့် လာသော မီးဘေးမှ ကြောက်ရွံ့ကုန်ထိတ်လန့်ကုန်သည်ဖြစ်၍ အသိုက်၌ ငါ့ကို စွန့်ပစ်ကုန်လျက် မိမိတို့ကို ယ်ကို လွတ်စေကြကုန်၏။

Alarmed and terrified at the fierce fire, my mother and father abandoned me in the nest, saving themselves.

စာ-၄၁၅

၇၇။ ‘‘ပါဒေ ပက္ခေ ပဇဟာမိ, နတ္ထိ မေ ကာယိကံ ဗလံ၊

သောဟံ အဂတိကော တတ္ထ, ဧဝံ စိန္တေသဟံ တဒါ။

၇၇။ ငါသည် ခြေတို့ကိုလည်းကောင်း၊ အတောင်တို့ကို လည်းကောင်း ဆန့်တန်း၏။ ငါ့အား ကိုယ်၌ဖြစ်သော အားသည် မရှိ၊ သွားခြင်းငှါ မစွမ်းနိုင်သော ငါသည် ထိုအသိုက်၌ ဤသို့ ကြံလေ၏ -

I beat my feet and wings, but I had no physical strength. When unable to leave, I thought this there:

၇၈။ ‘‘‘ယေသာဟံ ဥပဓာဝေယျံ, ဘီတော တသိတဝေဓိတော၊

တေ မံ ဩဟာယ ပက္ကန္တာ, ကထံ မေ အဇ္ဇ ကာတဝေ။

၇၈။ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သော ငါသည် အကြင်မိဘတို့၏ အတောင်ကြားသို့ ဝင်ကပ်၍လိုက်ပြေးလို၏၊ ထိုမိဘတို့သည် ငါ့ကို စွန့်ပစ်ကုန်လျက် ပျံသွားကြကုန်ပြီ၊ ယခု ငါသည် အဘယ်သို့ပြုနိုင်အံ့နည်း။

‘Those to whom I ought to run, scared and trembling with fear, have escaped, leaving me behind. How should I act today?

၇၉။ ‘‘‘အတ္ထိ လောကေ သီလဂုဏော, သစ္စံ သောစေယျနုဒ္ဒယာ၊

တေန သစ္စေန ကာဟာမိ, သစ္စကိရိယမုတ္တမံ။

၇၉။ လောက၌ သီလဂုဏ်သည်လည်းကောင်း၊ သန့်စင်သော သစ္စာဂုဏ်သည်လည်းကောင်း၊ ချစ်ခြင်း ‘မေတ္တာ’, သနားခြင်း ‘ကရုဏာ’တို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုသစ္စာစကားဖြင့်မြတ်သော သစ္စာပြုမူခြင်းကို ပြုအံ့။

There is the quality of virtue in the world, truth, purity, and mercy. By this truth I will make a supreme declaration of truth.’

၈၀။ ‘‘‘အာဝေဇ္ဇေတွာ ဓမ္မဗလံ, သရိတွာ ပုဗ္ဗကေ ဇိနေ၊

သစ္စဗလမဝဿာယ, သစ္စကိရိယမကာသဟံ။

၈၀။ ငါသည် မှန်သော တရားစွမ်းအားကို ဆင်ခြင်ပြီးသော် ရှေး၌ ဖြစ်ကုန်သော မြတ်စွာဘုရားတို့ကိုအောက်မေ့လျက် သစ္စာစွမ်းအားကို မှီ၍ သစ္စာ ပြုမူခြင်းကို ပြုခဲ့၏။

Inspired by the power of Dhamma, recollecting the former Victors, relying on the power of truth, I made a declaration of truth.

၈၁။ ‘‘‘သန္တိ ပက္ခာ အပတနာ, သန္တိ ပါဒါ အဝဉ္စနာ၊

မာတာပိတာ စ နိက္ခန္တာ, ဇာတဝေဒ ပဋိက္ကမ’။

၈၁။ ငါ့အား အတောင်တို့သည် ရှိကုန်၏၊ မပျံနိုင်ကုန်။ ခြေတို့သည် ရှိကုန်၏၊ မသွား နိုင်ကုန်။ အမိ အဖတို့သည်လည်း ထွက်သွားကြကုန်ပြီ။ အို တောမီး နောက်သို့ ပြန်ဆုတ်ပါ လော့။

‘I have wings that do not fly! I have feet that do not walk! Mother and father have fled! Jātaveda the fire: go back!’

၈၂။ ‘‘သဟသစ္စေ ကတေ မယှံ, မဟာပဇ္ဇလိတော သိခီ၊

ဝဇ္ဇေသိ သောဠသကရီသာနိ, ဥဒကံ ပတွာ ယထာ သိခီ၊

သစ္စေန မေ သမော နတ္ထိ, ဧသာ မေ သစ္စပါရမီ’’တိ။

ဝဋ္ဋပေါတကစရိယံ နဝမံ။

၈၂။ ငါသည် သစ္စာကို ပြုသည်နှင့် တစ်ပြိုင်နက် ကြီးစွာ တောက်လောင်နေသော တောမီးသည် ‘ရေသို့ရောက်သော မီးကဲ့သို့’ တစ်ဆယ့်ခြောက်ပယ်တိုင်အောင်သော အရပ် တို့ကို ကြဥ်ရှောင်၍လောင်လေ၏၊ သစ္စာအားဖြင့် ငါနှင့် တူသော သူသည် မရှိချေ။ ဤကား ငါ၏ သစ္စာပါရမီတည်း။ ကိုးခုမြောက် ဝဋ္ဋပေါတကစရိယ ‘ငုံးငယ်အကျင့်’ ပြီး၏။ ၁၀-မစ္ဆရာဇစရိယ (ငါးမင်းအကျင့်)

As I declared this truth the great crested flames withdrew sixteen leagues, as if they had come to water. There is no one to equal my truthfulness: this is my perfection of truth.”

၁၀။ မစ္ဆရာဇစရိယ

၈၃။ ‘‘ပုနာပရံ ယဒါ ဟောမိ, မစ္ဆရာဇာ မဟာသရေ၊

ဥဏှေ သူရိယသန္တာပေ, သရေ ဥဒက ခီယထ။

၈၃။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ကြီးစွာသော ရေအိုင်၌ ငါးမင်း ဖြစ်၏၊ ထိုအခါ နွေဥတု၌ နေပူကြောင့် ရေအိုင်၌ ရေသည် ကုန်ခန်းလေ၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (4th) The Fish King’s Conduct “Then again when I was a fish king in a great lake, in the heat of the sun the water in the lake evaporated.

၈၄။ ‘‘တတော ကာကာ စ ဂိဇ္ဈာ စ, ကင်္ကာ [ဗကာ (သီ။)] ကုလလသေနကာ၊

ဘက္ခယန္တိ ဒိဝါရတ္တိံ, မစ္ဆေ ဥပနိသီဒိယ။

၈၄။ ထိုသို့ ကုန်ခန်းသောကြောင့် ကျီးတို့သည်လည်းကောင်း၊ လင်းတတို့သည်လည်းကောင်း၊ ဝန်လိုငှက်တို့သည်လည်းကောင်း၊ စွန်ရဲတို့သည်လည်းကောင်း၊ သိမ်းတို့သည် လည်းကောင်း၊ ရွှံ့နွံအပြင်၌ နေကြ၍ ငါးတို့ကို ထိုးသုတ်ပြီးလျှင် နေ့ညဥ့်တို့ပတ်လုံး စားကုန်၏။

Then crows and vultures, herons, hawks, and falcons, perched near the fish and devoured them day and night.

၈၅။ ‘‘ဧဝံ စိန္တေသဟံ တတ္ထ, သဟ ဉာတီဟိ ပီဠိတော၊

‘ကေန နု ခေါ ဥပါယေန, ဉာတီ ဒုက္ခာ ပမောစယေ’။

၈၅။ ထိုအခါ ငါသည် ဆွေမျိုးတို့နှင့်တကွ အနှိပ်စက်ခံရ၍ အဘယ်မည်သော အကြောင်း ဖြင့့်ဆွေမျိုးတို့ကို ဆင်းရဲဒုက္ခမှ လွတ်စေရအံ့နည်းဟု ဤသို့ ကြံစည်၏ -

There I had the following thought, being harassed with my relatives: ‘By what means can I free my relatives from this suffering?’

၈၆။ ‘‘ဝိစိန္တယိတွာ ဓမ္မတ္ထံ, သစ္စံ အဒ္ဒသ ပဿယံ၊

သစ္စေ ဌတွာ ပမောစေသိံ, ဉာတီနံ တံ အတိက္ခယံ။

၈၆။ ကြံစည်ပြီးသော် မှန်ကန်သော တရားသဘော ဖြစ်သော သစ္စာကို ငါ၏လည်းကောင်း၊ ဆွေမျိုးတို့၏လည်းကောင်း မှီရာဟု မြင်ခဲ့၏။ ငါသည် သစ္စာ၌ တည်၍ ဆွေမျိုး တို့၏ ထိုကြီးစွာသောပျက်စီးခြင်းကို လွတ်စေခဲ့၏။

Considering the value of the Dhamma, I saw the truth as a support. Standing in the truth, I freed my relatives from that holocaust.

၈၇။ ‘‘အနုဿရိတွာ သတံ ဓမ္မံ, ပရမတ္ထံ ဝိစိန္တယံ၊

အကာသိ သစ္စကိရိယံ, ယံ လောကေ ဓုဝသဿတံ။

၈၇။ ငါသည် သူတော်ကောင်းတို့၏ မှန်ကန်သော သဘောတရားကို အောက်မေ့ကြံစည် ပြီးသော် လောက၌ အကြင်သစ္စာစကားသည် မချွတ် မြဲ၏၊ ထိုသစ္စာပြုမူခြင်းကို ပြုခဲ့၏။

Recollecting the true Dhamma, considered the ultimate goal, I made a declaration of truth that would last eternally in the world.

စာ-၄၁၆

၈၈။ ‘‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ ဝိညုတံ၊

နာဘိဇာနာမိ သဉ္စိစ္စ, ဧကပါဏမ္ပိ ဟိံသိတံ။

၈၈။ ငါသည် အကြင်အခါမှစ၍ မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှစ၍ သိကြားလိမ္မာသူ၏အဖြစ်သို့ ရောက်၏၊ ထိုအခါ မှစ၍ စေတနာရှိလျက် တစ်ဦးသော သတ္တဝါကိုမျှလည်းညှဥ်းဆဲခဲ့ဖူးသည်ကို မသိစဖူးပေ။

‘So long as I can recall myself, since I became aware, I do not recall deliberately harming even a single living creature.

၈၉။ ‘‘‘ဧတေန သစ္စဝဇ္ဇေန, ပဇ္ဇုန္နော အဘိဝဿတု၊

အဘိတ္ထနယ ပဇ္ဇုန္န, နိဓိံ ကာကဿ နာသယ၊

ကာကံ သောကာယ ရန္ဓေဟိ, မစ္ဆေ သောကာ ပမောစယ’။

၈၉။ ဤသစ္စာစကားကြောင့် မိုးသည် ရွာသွန်းပါစေသတည်း၊ မိုးနတ်သား ထစ်ချုန်း၍ ရွာသွန်းပါလော့၊ ကျီးအပေါင်း၏ ဥစ္စာအိုးကို (မိုးရွာခြင်းဖြင့်) ဖျက်ဆီးပါလော့၊ ကျီးအပေါင်း ကို စိုးရိမ်ခြင်းဖြင့်ကိုယ်တွင်းလောင်လျက် ကျက်စေပါလော့၊ ငါးတို့ကို စိုးရိမ်ခြင်းမှ လွတ်စေ ပါလော့။

By this declaration of truth, may Pajjuna rain down! Thunder forth, Pajjuna! Disperse the trove of the crow! Subject the crow to sorrow, and free the fish from sorrow!’

၉၀။ ‘‘သဟကတေ သစ္စဝရေ, ပဇ္ဇုန္နော အဘိဂဇ္ဇိယ၊

ထလံ နိန္နဉ္စ ပူရေန္တော, ခဏေန အဘိဝဿထ။

၉၀။ သစ္စာမြတ်ကို ပြုသည်နှင့် တစ်ပြိုင်နက် မိုးနတ်သားသည် ထစ်ချုန်း၍ ခဏချင်း ဖြင့်ကုန်းကိုလည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်ကိုလည်းကောင်း ပြည့်စေလျက် ရွာသွန်း၏။

As this excellent truth was declared, Pajjuna thundered forth. In an instant the rain poured down, soaking the uplands and valleys.

၉၁။ ‘‘ဧဝရူပံ သစ္စဝရံ, ကတွာ ဝီရိယမုတ္တမံ၊

ဝဿာပေသိံ မဟာမေဃံ, သစ္စတေဇဗလဿိတော၊

သစ္စေန မေ သမော နတ္ထိ, ဧသာ မေ သစ္စပါရမီ’’တိ။

မစ္ဆရာဇစရိယံ ဒသမံ။

၉၁။ ငါသည် ဤသို့ သဘောရှိသော မြတ်သော ဝီရိယနှင့် ယှဥ်သော သစ္စာမြတ်ကို ပြု၍သစ္စာတန်ခိုးစွမ်းအားကို မှီလျက် မိုးကြီးကို ရွာစေခဲ့၏၊ သစ္စာအားဖြင့် ငါနှင့် တူသော သူသည် မရှိချေ။ ဤကား ငါ၏ သစ္စာပါရမီတည်း။ ။ ဆယ်ခုမြောက် မစ္ဆရာဇစရိယ ‘ငါးမင်းအကျင့်’ ပြီး၏။ ၁၁-ကဏှဒီပါယနစရိယ (ကဏှဒီပါယနရသေ့အကျင့်)

Having made such supreme effort for this excellent truth, I made the great cloud pour down, relying on the force of the power of truth. There is no one to equal my truthfulness: this is my perfection of truth.”

၁၁။ ကဏှဒီပါယနစရိယ

၉၂။ ‘‘ပုနာပရံ ယဒါ ဟောမိ, ကဏှဒီပါယနော ဣသိ၊

ပရောပညာသဝဿာနိ, အနဘိရတောစရိံ အဟံ။

၉၂။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် ကဏှဒီပါယနရသေ့ ဖြစ်ခဲ့၏၊ ထို အခါအနှစ်ငါးဆယ်ကျော်တို့ပတ်လုံး မပျော်မွေ့ဘဲ (ရသေ့အကျင့်၌) ကျင့်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (5th) Dark Light’s Conduct “Then again when I was the seer Dark Light, for more than fifty years I lived dissatisfied.

၉၃။ ‘‘န ကောစိ ဧတံ ဇာနာတိ, အနဘိရတိမနံ မမ၊

အဟဉှိ ကဿစိ နာစိက္ခိံ, အရတိ မေ စရတိ မာနသေ။

၉၃။ တစ်စုံတစ်ယောက်သော သူသည် ငါ၏ ဤမပျော်မွေ့သော စိတ်ကို မသိချေ၊ ငါသည်လည်းတစ်စုံတစ်ယောက်သော သူအား ငါ၏ စိတ်၌ မပျော်မွေ့ဘဲ ကျင့်နေရ၏ဟု မပြောကြားခဲ့ပေ။

No one knew of this dissatisfaction of mine, for I mentioned it to no one, it only went on in my mind.

၉၄။ ‘‘သဗြဟ္မစာရီ မဏ္ဍဗျော, သဟာယော မေ မဟာဣသိ၊

ပုဗ္ဗကမ္မသမာယုတ္တော, သူလမာရောပနံ လဘိ။

၉၄။ ငါနှင့် တရားကျင့်ဘက် အဖော်ဖြစ်သော မဏ္ဍဗျရသေ့ကြီးသည် ရှေးကံနှင့် ယှဥ် သည်ဖြစ်၍တံကျင်လျှိုခြင်းကို ခံရ၏။

Maṇḍabya, a spiritual companion and friend of mine was a great seer. Bound to a deed in a past life, he got impaled on a stake.

၉၅။ ‘‘တမဟံ ဥပဋ္ဌဟိတွာန, အာရောဂျမနုပါပယိံ၊

အာပုစ္ဆိတွာန အာဂဉ္ဆိံ, ယံ မယှံ သကမဿမံ။

၉၅။ ငါသည် ထိုရသေ့ကို လုပ်ကျွေး၍ ရောဂါမရှိသည်၏ အဖြစ်သို့ ရောက်စေခဲ့၏၊ ထို ရသေ့ကိုပန်ကြားပြီးလျှင် ငါသည် မိမိနေရာဖြစ်သော သင်္ခမ်းကျောင်းသို့ လာခဲ့၏။

I nursed him and brought him back to health. Asking leave, I returned to my own hermitage.

၉၆။ ‘‘သဟာယော ဗြာဟ္မဏော မယှံ, ဘရိယံ အာဒါယ ပုတ္တကံ၊

တယော ဇနာ သမာဂန္တွာ, အာဂဉ္ဆုံ ပါဟုနာဂတံ။

၉၆။ ငါ၏ အဆွေပုဏ္ဏားသည် ဇနီးနှင့် (ယညဒတ်မည်သော ) သားငယ်ကို ခေါ်လျက်သုံးယောက်သားတို့သည် အညီအညွတ် တိုင်ပင်ကုန်၍ ခရီးသွားဧည့်သည် အဖြစ်ဖြင့် လာကြကုန်၏။

A brahmin friend of mine, bringing wife and child, came to me, all three of them, as my guests.

၉၇။ ‘‘သမ္မောဒမာနော တေဟိ သဟ, နိသိန္နော သကမဿမေ၊

ဒါရကော ဝဋ္ဋမနုက္ခိပံ, အာသီဝိသမကောပယိ။

၉၇။ ငါသည် ထိုသူတို့နှင့် အတူ မိမိသင်္ခမ်းကျောင်း၌ ဝမ်းမြောက်ဝမ်းသာ နေစဥ် သူငယ်သည်ကျင်လုံးကို မြှောက်ကစား၍ လျင်သော အဆိပ်ရှိသော မြွေကို ထိခိုက်မိစေ၏။

As I exchanged greetings with them, seated in my own hermitage, the boy threw a ball and angered a viper.

၉၈။ ‘‘တတော သော ဝဋ္ဋဂတံ မဂ္ဂံ, အနွေသန္တော ကုမာရကော၊

အာသီဝိသဿ ဟတ္ထေန, ဥတ္တမင်္ဂံ ပရာမသိ။

၉၈။ ထိုအခါ ထိုသူငယ်သည် ကျင်လုံးသွားသော လမ်းကို ရှာဖွေသော် လျင်သော အဆိပ်ရှိသော မြွေ၏ဦးခေါင်းကို လက်ဖြင့် သုံးသပ်မိ၏။

Then the boy, looking which way the ball had gone, touched the viper’s head with his hand.

စာ-၄၁၇

၉၉။ ‘‘တဿ အာမသနေ ကုဒ္ဓေါ, သပ္ပေါ ဝိသဗလဿိတော၊

ကုပိတော ပရမကောပေန, အဍံသိ ဒါရကံ ခဏေ။

၉၉။ ထိုမြွေကို သုံးသပ်မိသောကြောင့် အဆိပ်စွမ်းအားကို မှီ၍ အမျက်ထွက်တတ်သော မြွေသည်လွန်ကဲစွာ အမျက်ထွက်ခြင်းဖြင့် အမျက်ထွက်သည် ဖြစ်၍ ချက်ချင်း သူငယ်ကို ကိုက်လေ၏။

Angered at his touch, the cobra, relying on its potent poison, completely enraged, bit the boy right away.

၁၀၀။ ‘‘သဟဒဋ္ဌော အာသီဝိသေန [အတိဝိသေန (ပီ။ က။)], ဒါရကော ပပတိ [ပတတိ (က။)] ဘူမိယံ၊

တေနာဟံ ဒုက္ခိတော အာသိံ, မမ ဝါဟသိ တံ ဒုက္ခံ။

၁၀၀။ လျင်သော အဆိပ်ရှိသောမြွေ ကိုက်သည်နှင့် တစ်ပြိုင်နက် သူငယ်သည် မြေ၌ လဲကျခဲ့၏၊ ထို့ကြောင့် ငါသည် စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရ၏၊ ထို (မိဘနှစ်ဦးနှင့် သူငယ် သုံးယောက်သားတို့၏) ဆင်းရဲကို ‘ငါ့ကိုယ်၌ ဖြစ်သကဲ့သို့’ ရွက်ဆောင်၏။

When bitten by the viper, the boy fainted on the ground. It made me distraught, the pain became as if mine.

၁၀၁။ ‘‘တျာဟံ အဿာသယိတွာန, ဒုက္ခိတေ သောကသလ္လိတေ၊

ပဌမံ အကာသိံ ကိရိယံ, အဂ္ဂံ သစ္စံ ဝရုတ္တမံ။

၁၀၁။ ငါသည် သောကငြောင့် စူးဝင်ကုန်လျက် စိတ်ဆင်းရဲကုန်သော ထိုသူတို့ကို သက် သာစေလို၍အလွန်မြင့်မြတ်သော သစ္စာပြုမူခြင်းကို ရှေးဦးစွာ ပြုခဲ့၏။

Comforting the parents, in their suffering and sorrow, I made the first act, the original, supreme declaration of truth:

၁၀၂။ ‘‘‘သတ္တာဟမေဝါဟံ ပသန္နစိတ္တော, ပုညတ္ထိကော အစရိံ ဗြဟ္မစရိယံ၊

အထာပရံ ယံ စရိတံ မမေဒံ, ဝဿာနိ ပညာသသမာဓိကာနိ။

၁၀၂-၁၀၃။ ငါသည် ခုနစ်ရက်မျှသာလျှင် ကုသိုလ်ကို အလိုရှိသည်, ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍မြတ်သော အကျင့်ကို ကျင့်ခဲ့၏၊ ထိုမှနောက်၌ အနှစ်ငါးဆယ်ကျော် တို့ပတ်လုံး အကြင်အကျင့်ကိုကျင့်ခဲ့၏၊ ဤအကျင့်ကို ငါသည် အလိုမရှိဘဲသာလျှင် ကျင့်ခဲ့၏၊ ထိုသစ္စာကြောင့် ယညဒတ်သည်ချမ်းသာခြင်း ဖြစ်ပါစေသတည်း၊ အဆိပ်သည် ပျောက်ပါစေ သတည်း၊ အသက်ရှည်ပါစေသတည်းဟု (သစ္စာပြုခဲ့၏)။

‘For just seven days with a mind of faith I led the spiritual life seeking merit. My life since then, for fifty years or more,

၁၀၃။ ‘‘‘အကာမကော ဝါဟိ အဟံ စရာမိ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု၊

ဟတံ ဝိသံ ဇီဝတု ယညဒတ္တော’။

I have lived unwillingly. By this truth, may he be well! May the poison die! May Yaññadatta live!’

၁၀၄။ ‘‘သဟ သစ္စေ ကတေ မယှံ, ဝိသဝေဂေန ဝေဓိတော၊

အဗုဇ္ဈိတွာန ဝုဋ္ဌာသိ, အရောဂေါ စာသိ မာဏဝေါ၊

သစ္စေန မေ သမော နတ္ထိ, ဧသာ မေ သစ္စပါရမီ’’တိ။

ကဏှဒီပါယနစရိယံ ဧကာဒသမံ။

၁၀၄။ ငါသည် သစ္စာကို ပြုသည်နှင့်တစ်ပြိုင်နက် အဆိပ်အဟုန်ဖြင့် (မိန်းမောတွေဝေ၍) တုန်လှုပ်နေသော သူငယ်သည် တွေဝေခြင်း ကင်း၍ ထလေ၏၊ ရောဂါ မရှိသည်လည်း ဖြစ်လေ၏၊ သစ္စာအားဖြင့် ငါနှင့် တူသော သူသည် မရှိချေ။ ဤကား ငါ၏ သစ္စာပါရမီ တည်း။ ။ တစ်ဆယ့်တစ်ခုမြောက် ကဏှဒီပါယနစရိယ ‘ကဏှဒီပါယနရသေ့အကျင့်’ ပြီး၏။ ၁၂-သုတသောမစရိယ (သုတသောမမင်းအကျင့်)

As I declared this truth, the boy trembling with poison, awoke and got up, the brahmin youth was well. There is no one to equal my truthfulness: this is my perfection of truth.”

၁၂။ သုတသောမစရိယ

၁၀၅။ ‘‘ပုနာပရံ ယဒါ ဟောမိ, သုတသောမော မဟီပတိ၊

ဂဟိတော ပေါရိသာဒေန, ဗြာဟ္မဏေ သင်္ဂရံ သရိံ။

၁၀၅။ နောက်တစ်မျိုးသော် ကား အကြင်အခါ၌ ငါသည် “သုသသောမ” မည်သော မြေကြီးကိုအစိုးရသော မင်းဖြစ်ခဲ့၏၊ ထိုအခါ ပေါရိသာဒ၏ ဖမ်းယူခြင်းကို ခံရသည်ဖြစ်၍ နန္ဒပုဏ္ဏားအထံ၌ မိမိ၏ချိန်းချက်ခြင်းကို အောက်မေ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Truth (6th) Sutasoma’s Conduct “Then again when I was Sutasoma, Lord of the Earth, captured by a cannibal I remembered my promise to a brahmin.

၁၀၆။ ‘‘ခတ္တိယာနံ ဧကသတံ, အာဝုဏိတွာ ကရတ္တလေ၊

ဧတေသံ ပမိလာပေတွာ, ယညတ္ထေ ဥပနယီ မမံ။

၁၀၆။ ပေါရိသာဒသည် တစ်ရာ့တစ်ပါးသော မင်းတို့၏ လက်ဝါးပြင်၌ ကြိုးဖြင့် သီကုံး၍ ထိုမင်းတို့အားနွမ်းနယ်စေပြီးသော် ငါ့ကိုလည်း ယဇ်ပူဇော်ရာသို့ ဆောင်လေ၏။

A hundred aristocrat warriors he strung up by their hands. Having drained their blood, he brought me for sacrifice.

၁၀၇။ ‘‘အပုစ္ဆိ မံ ပေါရိသာဒေါ, ‘ကိံ တွံ ဣစ္ဆသိ နိဿဇံ၊

ယထာမတိ တေ ကာဟာမိ, ယဒိ မေ တွံ ပုနေဟိသိ’။

၁၀၇။ ပေါရိသာဒသည် ငါ့ကို ‘အသို့နည်း၊ သင်သည် လွတ်ခြင်းကို အလိုရှိသလော၊ အကယ်၍သင်သည် ငါ့အထံသို့ တစ်ဖန်လာအံ့၊ သင့်အလိုအတိုင်း ပြုအံ့’ဟု မေး၏။

The cannibal asked me, ‘What do you wish for—release? I shall act as you think, so long as you will return.’

စာ-၄၁၈

၁၀၈။ ‘‘တဿ ပဋိဿုဏိတွာန, ပဏှေ အာဂမနံ မမ၊

ဥပဂန္တွာ ပုရံ ရမ္မံ, ရဇ္ဇံ နိယျာဒယိံ တဒါ။

၁၀၈။ ထိုအခါ ငါသည် ထိုပေါရိသာဒအား ငါ၏ တစ်ဖန် ပြန်လာခြင်းကို ဝန်ခံခဲ့၍ မွေ့လျော်ဖွယ် (ဣန္ဒပတ္ထ) မြို့သို့ သွားရောက်ပြီးလျှင် (မယ်တော် ခမည်းတော်တို့အား) မင်း အဖြစ်ကို အပ်နှင်းခဲ့၏။

I promised him that I would return at dawn. I went to the delightful city and then renounced kingship.

၁၀၉။ ‘‘အနုဿရိတွာ သတံ ဓမ္မံ, ပုဗ္ဗကံ ဇိနသေဝိတံ၊

ဗြာဟ္မဏဿ ဓနံ ဒတွာ, ပေါရိသာဒံ ဥပါဂမိံ။

၁၀၉။ ငါသည် ပုဏ္ဏားအား ဥစ္စာကို ပေးပြီးသော် ရှေး၌ ဖြစ်သော မြတ်စွာဘုရား တို့သည်မှီဝဲအပ်သော သူတော်ကောင်းတို့၏ သဘောတရားကို အောက်မေ့၍ ပေါရိသာဒထံ သို့ ပြန်ခဲ့၏။

Recollecting the true Dhamma, fostered by former Victors, I gave money to the brahmin, and returned to the cannibal.

၁၁၀။ ‘‘နတ္ထိ မေ သံသယော တတ္ထ, ဃာတယိဿတိ ဝါ န ဝါ၊

သစ္စဝါစာနုရက္ခန္တော, ဇီဝိတံ စဇိတုမုပါဂမိံ၊

သစ္စေန မေ သမော နတ္ထိ, ဧသာ မေ သစ္စပါရမီ’’တိ။

သုတသောမစရိယံ ဒွါဒသမံ။

၁၁၀။ ထိုအခါ သတ်လတ္တံ့ဟုလည်းကောင်း၊ မသတ်လတ္တံ့ဟုလည်းကောင်း ငါ့အား ယုံမှားသံသယသည်မရှိ။ ငါသည် သစ္စာစကားကို စောင့်စည်းလျက် အသက်ကို စွန့်ရန် ပြန် ခဲ့၏၊ သစ္စာအားဖြင့် ငါနှင့်တူသော သူသည် မရှိချေ။ ဤကား ငါ၏ သစ္စာပါရမီတည်း။ ။ တစ်ဆယ့်နှစ်ခုမြောက် သုတသောမစရိယ ‘သုတသောမမင်းအကျင့်’ ပြီး၏။ ၁၃-သုဝဏ္ဏသာမစရိယ (သုဝဏ္ဏသာမသတို့သားအကျင့်)

I had no doubt that he was going to kill me. Protecting my truthful speech, I went to give up my life. There is no one to equal my truthfulness: this is my perfection of truth.”

၁၃။ သုဝဏ္ဏသာမစရိယ

၁၁၁။ ‘‘သာမော ယဒါ ဝနေ အာသိံ, သက္ကေန အဘိနိမ္မိတော၊

ပဝနေ သီဟဗျဂ္ဃေ စ, မေတ္တာယမုပနာမယိံ။

၁၁၁။ အကြင်အခါ ငါသည် တော၌ သိကြားမင်း ဖန်ဆင်းအပ်သော “သာမ”မည်သော ရသေ့ပျိုဖြစ်ခဲ့၏၊ ထိုအခါ တောအုပ်၌ ခြင်္သေ့, ကျားတို့ကိုသော် လည်း မေတ္တာဖြင့် ကပ်ညွှတ် စေနိုင်ခဲ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Love (1st) Goldblack’s Conduct “When in a wood I was Sāma the black, created by Sakka. I led the lions and tigers in the forest by love.

၁၁၂။ ‘‘သီဟဗျဂ္ဃေဟိ ဒီပီဟိ, အစ္ဆေဟိ မဟိသေဟိ စ၊

ပသဒမိဂဝရာဟေဟိ, ပရိဝါရေတွာ ဝနေ ဝသိံ။

၁၁၂။ ငါသည် တော၌ ခြင်္သေ့ ကျားတို့ဖြင့်လည်းကောင်း၊ သစ်တို့ဖြင့်လည်းကောင်း၊ ဝံတို့ဖြင့်လည်းကောင်း၊ ကျွဲတို့ဖြင့်လည်းကောင်း၊ ချေ စိုင် ဆတ် သမင် တောဝက်တို့ဖြင့့်လည်းကောင်း ခြံရံလျက် နေ၏။

Surrounded by lions and tigers, leopards, bears, buffaloes, spotted deer, and wild boar, I stayed in the forest.

၁၁၃။ ‘‘န မံ ကောစိ ဥတ္တသတိ, နပိ ဘာယာမိ ကဿစိ၊

မေတ္တာဗလေနုပတ္ထဒ္ဓေါ, ရမာမိ ပဝနေ တဒါ’’တိ။

သုဝဏ္ဏသာမစရိယံ တေရသမံ။

၁၁၃။ ထိုအခါ တစ်စုံတစ်ဦးသော သတ္တဝါသည် ငါ့ကို မလန့်၊ ငါသည်လည်း တစ်စုံ တစ်ဦးသောသတ္တဝါအား မကြောက်၊ ငါသည် မေတ္တာစွမ်းအား အထောက်အပံ့ ရလျက် တောအုပ်၌ ပျော်မွေ့၏။ တစ်ဆယ့်သုံးခုမြောက် သုဝဏ္ဏသာမစရိယ ‘သုဝဏ္ဏသာမသတို့သားအကျင့်’ ပြီး၏။ ၁၄-ဧကရာဇစရိယ (ဧကရာဇမင်းအကျင့်)

None were scared of me, nor I of them. Sustained by the power of love I delighted in the forest then.”

၁၄။ ဧကရာဇစရိယ

၁၁၄။ ‘‘ပုနာပရံ ယဒါ ဟောမိ, ဧကရာဇာတိ ဝိဿုတော၊

ပရမံ သီလံ အဓိဋ္ဌာယ, ပသာသာမိ မဟာမဟိံ။

၁၁၄။ နောက်တစ်မျိုးသော် ကား အကြင်အခါ ငါသည် “ဧကရာဇာ”ဟု ထင်ရှား ကျော်စောသောမင်းဖြစ်ခဲ့၏၊ ထိုအခါ မြတ်သော သီလကို ဆောက်တည်၍ ကာသိတိုင်းသူ အပေါင်းကို ဆုံးမခဲ့၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Love (2nd) The One King’s Conduct “Then again when I was the renowned One King, resolved on highest ethics, I ruled the great earth.

၁၁၅။ ‘‘ဒသ ကုသလကမ္မပထေ, ဝတ္တာမိ အနဝသေသတော၊

စတူဟိ သင်္ဂဟဝတ္ထူဟိ, သင်္ဂဏှာမိ [သင်္ဂဟာမိ (က။)] မဟာဇနံ။

၁၁၅။ ငါသည် ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ကို အကြွင်းမဲ့ ကျင့်သုံးခဲ့၏၊ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် လူများအပေါင်းကို ချီးမြှောက်ခဲ့၏။

Without exception I followed the ten ways of skillful deeds. With the four ways of being inclusive, I brought together the population.

၁၁၆။ ‘‘ဧဝံ မေ အပ္ပမတ္တဿ, ဣဓ လောကေ ပရတ္ထ စ၊

ဒဗ္ဗသေနော ဥပဂန္တွာ, အစ္ဆိန္ဒန္တော ပုရံ မမ။

၁၁၆။ ဒဗ္ဗသေနမင်းသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ဤသို့မမေ့မလျော့ ကျင့်သော ငါ့ထံသို့ ချဥ်းကပ်လာ၍ ငါ၏ မြို့ကို လုယက်လျက်-

As I was being diligent, for the sake of this world and the next, Dabbasena attacked and sacked my city.

စာ-၄၁၉

၁၁၇။ ‘‘ရာဇူပဇီဝေ နိဂမေ, သဗလဋ္ဌေ သရဋ္ဌကေ၊

သဗ္ဗံ ဟတ္ထဂတံ ကတွာ, ကာသုယာ နိခဏီ မမံ။

၁၁၇။ ဗိုလ်ပါတိုင်းသားတို့နှင့် တကွကုန်သော မင်းကို မှီ၍ အသက်မွေးကုန်သော အမတ်စသောသူတို့ကိုလည်းကောင်း၊ နိဂုံးသားတို့ကိုလည်းကောင်း အားလုံးကို လက်သို့ ရောက်အောင် ပြုပြီးလျှင် ငါ့ကို တွင်း၌ မြှုပ်လေ၏။

The royal dependents in the city, with the military and the citizens— he captured them all, and buried me in a pit.

၁၁၈။ ‘‘အမစ္စမဏ္ဍလံ ရဇ္ဇံ, ဖီတံ အန္တေပုရံ မမ၊

အစ္ဆိန္ဒိတွာန ဂဟိတံ, ပိယံ ပုတ္တံဝ ပဿဟံ၊

မေတ္တာယ မေ သမော နတ္ထိ, ဧသာ မေ မေတ္တာပါရမီ’’တိ။

ဧကရာဇစရိယံ စုဒ္ဒသမံ။

၁၁၈။ အမတ်အပေါင်းတို့ဖြင့် ပြည့်သော ငါ၏ စည်ကားသော နန်းတော်တည်းဟူသော မင်းစည်းစိမ်ကိုလုယက်၍ ယူသော မင်းအား ‘ငါသည် ချစ်လှစွာသော သားကဲ့သို့’ ရှုကြည့်၏၊ မေတ္တာအားဖြင့် ငါနှင့်တူသော သူသည် မရှိချေ။ ဤကား ငါ၏ မေတ္တာပါရမီတည်း။ ။ တစ်ဆယ့်လေးခုမြောက် ဧကရာဇစရိယ ‘ဧကရာဇမင်းအကျင့်’ ပြီး၏။ ၁၅-မဟာလောမဟံသစရိယ (မဟာလောမဟံသရသေ့အကျင့်)

The court ministers, the flourishing kingdom, and my royal court— were captured and held, I even saw my beloved son. There is no one to equal my love: this is my perfection of love.”

၁၅။ မဟာလောမဟံသစရိယာ

၁၁၉။ ‘‘သုသာနေ သေယျံ ကပ္ပေမိ, ဆဝဋ္ဌိကံ ဥပနိဓာယဟံ၊

ဂါမဏ္ဍလာ [ဂေါမဏ္ဍလာ (သီ။), ဂါမမဏ္ဍလာ (သျာ။)] ဥပါဂန္တွာ, ရူပံ ဒဿေန္တိနပ္ပကံ။

၁၁၉။ ငါသည် သုသာန်၌ သူသေကောင်အရိုးကို ခေါင်းအုံး၍ အိပ်ခြင်းကို ပြု၏၊ ထိုအခါ ရွာသူသားငယ်တို့သည် ငါ့ထံသို့ ကပ်ရောက်၍ အမျိုးမျိုးသော များစွာသော ရုပ်ပုံကို လုပ်၍ ပြကြကုန်၏။

The Conduct Leading to Buddhahood The Chapter With Yudhañjaya The Perfection of Equanimity The Great Hair-raising Conduct “I made my bed in a charnel ground, resting on a skeleton. Village louts came up and mocked me in all sorts of ways.

၁၂၀။ ‘‘အပရေ ဂန္ဓမာလဉ္စ, ဘောဇနံ ဝိဝိဓံ ဗဟုံ၊

ဥပါယနာနူပနေန္တိ, ဟဋ္ဌာ သံဝိဂ္ဂမာနသာ။

၁၂၀။ တစ်ပါးသော သူငယ်တို့သည် ရွှင်လန်းတက်ကြွသော စိတ်ရှိကုန်၍ နံ့သာပန်းကို လည်းကောင်း၊ အမျိုးမျိုးများပြားသော ဘောဇဥ်လက်ဆောင်တို့ကို လည်းကောင်း ပို့ဆောင် ကြကုန်၏။

Others brought me incense and flowers, and many kinds of cooked food, all thrilled, their minds elated.

၁၂၁။ ‘‘ယေ မေ ဒုက္ခံ ဥပဟရန္တိ, ယေ စ ဒေန္တိ သုခံ မမ၊

သဗ္ဗေသံ သမကော ဟောမိ, ဒယာ ကောပေါ န ဝိဇ္ဇတိ။

၁၂၁။ အကြင်သူငယ်တို့သည် ငါ့အား ဆင်းရဲဒုက္ခကို ဖြစ်စေကုန်၏၊ အကြင်သူငယ်တို့ သည်ကားငါ့အား ချမ်းသာသုခကို ပေးကုန်၏၊ ငါသည် သူငယ်အားလုံးတို့အား တူမျှသော စိတ်ရှိသည် ဖြစ်၏၊ ငါ့အား ချစ်ခြင်း, မုန်းခြင်းသည် မရှိချေ။

Those who brought me pain, and those who gave me happiness, were all the same to me. I felt no favor or anger.

၁၂၂။ ‘‘သုခဒုက္ခေ တုလာဘူတော, ယသေသု အယသေသု စ၊

သဗ္ဗတ္ထ သမကော ဟောမိ, ဧသာ မေ ဥပေက္ခာပါရမီ’’တိ။

မဟာလောမဟံသစရိယံ ပန္နရသမံ။

ယုဓဉ္ဇယဝဂ္ဂေါ တတိယော။

တဿုဒ္ဒါနံ –

ယုဓဉ္ဇယော သောမနဿော, အယောဃရဘိသေန စ၊

သောဏနန္ဒော မူဂပက္ခော, ကပိရာဇာ သစ္စသဝှယော။

ဝဋ္ဋကော မစ္ဆရာဇာ စ, ကဏှဒီပါယနော ဣသိ၊

သုတသောမော ပုန အာသိံ [အာသိ (သျာ။)], သာမော စ ဧကရာဇဟု၊

ဥပေက္ခာပါရမီ အာသိ, ဣတိ ဝုတ္ထံ [ဝုတ္တံ (သဗ္ဗတ္ထ) အဋ္ဌကထာ ဩလောကေတဗ္ဗာ] မဟေသိနာ။

ဧဝံ ဗဟုဗ္ဗိဓံ ဒုက္ခံ, သမ္ပတ္တီ စ ဗဟုဗ္ဗိဓာ [သမ္ပတ္တိ စ ဗဟုဝိဓာ (သီ။), သမ္ပတ္တိံ စ ဗဟုဝိဓံ (က။)]၊

ဘဝါဘဝေ အနုဘဝိတွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။

ဒတွာ ဒါတဗ္ဗကံ ဒါနံ, သီလံ ပူရေတွာ အသေသတော၊

နေက္ခမ္မေ ပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။

ပဏ္ဍိတေ ပရိပုစ္ဆိတွာ, ဝီရိယံ ကတွာန မုတ္တမံ၊

ခန္တိယာ ပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။

ကတွာ ဒဠှမဓိဋ္ဌာနံ, သစ္စဝါစာနုရက္ခိယ၊

မေတ္တာယ ပါရမိံ ဂန္တွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။

လာဘာလာဘေ ယသာယသေ, သမ္မာနနာဝမာနနေ၊

သဗ္ဗတ္ထ သမကော ဟုတွာ, ပတ္တော သမ္ဗောဓိမုတ္တမံ။

ကောသဇ္ဇံ ဘယတော ဒိသွာ, ဝီရိယာရမ္ဘဉ္စ ခေမတော၊

အာရဒ္ဓဝီရိယာ ဟောထ, ဧသာ ဗုဒ္ဓါနုသာသနီ။

ဝိဝါဒံ ဘယတော ဒိသွာ, အဝိဝါဒဉ္စ ခေမတော၊

သမဂ္ဂါ သခိလာ ဟောထ, ဧသာ ဗုဒ္ဓါနုသာသနီ။

ပမာဒံ ဘယတော ဒိသွာ, အပ္ပမာဒဉ္စ ခေမတော၊

ဘာဝေထဋ္ဌင်္ဂိကံ မဂ္ဂံ, ဧသာ ဗုဒ္ဓါနုသာသနီ။

ဣတ္ထံ သုဒံ ဘဂဝါ အတ္တနော ပုဗ္ဗစရိယံ သမ္ဘာဝယမာနော ဗုဒ္ဓါပဒါနိယံ နာမ ဓမ္မပရိယာယံ အဘာသိတ္ထာတိ။

စရိယာပိဋကံ နိဋ္ဌိတံ။

၁၂၂။ ငါသည် ချမ်းသာဆင်းရဲ၌လည်းကောင်း၊ အခြံအရံရှိခြင်း အခြံအရံမရှိခြင်းတို့၌ လည်းကောင်း ချိန်သဖွယ် ဖြစ်၍ လောကဓံတရားအားလုံးတို့၌ တူမျှသော စိတ်ရှိသည် ဖြစ်၏။ ဤကား ငါ၏ဥပေက္ခာပါရမီတည်း။ ။ တစ်ဆယ့်ငါးခုမြောက် မဟာလောမဟံသစရိယ ‘မဟာလောမဟံသရသေ့အကျင့်’ ပြီး၏။ သုံးခုမြောက် ယုဓဉ္ဇယဝဂ် ပြီး၏။ (နိဂုံးနှင့် ဥယျောဇဥ်) (ငါသည်) ဤသို့လျှင် ဘဝကြီးငယ်၌ အထူးထူးအပြားပြားသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အထူးထူးအပြားပြားသော စည်းစိမ်ချမ်းသာကိုလည်းကောင်း ခံစားစံစား၍ မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူခဲ့၏။ ငါသည် ပေးလှူအပ်သော အလှူဝတ္ထုကို ပေးလှူ၍ (ဒါနပါရမီကို ဖြည့်ကျင့်၍) သီလပါရမီကို အကြွင်းမဲ့ဖြည့်ကျင့်ပြီးလျှင် နေက္ခမ္မပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူခဲ့၏။ ငါသည် ပညာရှိတို့ကို အဖန်ဖန် မေးမြန်း၍ (ပညာပါရမီကို ပြည့်စေ၍) မြတ်သော ဝီရိယပါရမီကိုပြုပြီးလျှင် ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူခဲ့၏။ ငါသည် အဓိဋ္ဌာန်ပါရမီကို မြဲမြံစွာ ဆောက်တည်ခြင်းကို ပြု၍ သစ္စာပါရမီကို ဖြည့်ကျင့်ပြီးလျှင် မေတ္တာပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူခဲ့၏။ ငါသည် လာဘ်ရခြင်း လာဘ်မရခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၌လည်းကောင်း၊ မြတ်နိုးခြင်း မမြတ်နိုးခြင်း၌လည်းကောင်း အလုံးစုံတို့၌ အတူအမျှ ဖြစ်၍ (ဥပေက္ခာပါရမီကို ဖြည့်ကျင့်၍) မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူခဲ့၏။ ပျင်းရိခြင်းကို ဘေးအားဖြင့် ရှု၍ အားထုတ်ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ထက်သန်သော ဝီရိယရှိသူတို့ ဖြစ်ကြကုန်လော့။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ ငြင်းခုံခြင်းကို ဘေးအားဖြင့် ရှု၍ မငြင်းခုံခြင်းကို လည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ညီညွတ်သူ၊ ပြေပြစ်သူတို့ ဖြစ်ကြကုန်လော့။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ မေ့လျော့ခြင်းကို ဘေးအားဖြင့် ရှု၍ မမေ့လျော့ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကြကုန်လော့။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ ။ နိဂုံးနှင့် ဥယျောဇဥ် ပြီး၏။ မြတ်စွာဘုရားသည် ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် မိမိ၏ ရှေးရှေးဘဝ အကျင့်ကို ထင်ရှားပြလျက် ဗုဒ္ဓအပဒါနမည်သော တရားဒေသနာတော်ကို ဟောတော်မူခဲ့ပေသတည်း။ ။ စရိယာပိဋကပါဠိတော် မြန်မာပြန် ပြီးပြီ။

I became balanced toward pleasure and pain, fame and disgrace. I was equal in every case: this is my perfection of equanimity.” Having thus experienced many kinds of suffering and many kinds of success, in various past lives, I realized supreme awakening. I gave what could be given, and fulfilled ethics without reserve. Having won the perfection of renunciation, I realized supreme awakening. I inquired of the astute, and put forth highest effort, having won the perfection of acceptance, I realized supreme awakening. Having made a firm resolve, and guarded truthful speech, having won the perfection of love, I realized supreme awakening. In gain and loss, fame and disgrace, respect and contempt, having become equal in every case, I realized supreme awakening. Seeing laziness as fearful, and energy as a sanctuary, rouse up energy: this is the Buddhas’ instruction! Seeing dispute as fearful, and harmony as a sanctuary, be harmonious and courteous: this is the Buddhas’ instruction! Seeing negligence as fearful, and diligence as a sanctuary, develop the eightfold path: this is the Buddhas’ instruction! That is how the Buddha, illustrating his own conduct in past lives, spoke the exposition of the teaching named the “Legends of the Buddha”.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)