ဓမ္မလမ်း
← ဓမ္မပဒပါဠိ

ဓမ္မပဒပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၃

ခုဒ္ဒကနိကာယ

ဓမ္မပဒပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ယမကဝဂ္ဂ

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ, မနောသေဋ္ဌာ မနောမယာ၊

မနသာ စေ ပဒုဋ္ဌေန, ဘာသတိ ဝါ ကရောတိ ဝါ၊

တတော နံ ဒုက္ခမနွေတိ, စက္ကံဝ ဝဟတော ပဒံ။

၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဥ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဥ်လိုက်လေ၏။

Minor Collection Sayings of the Dhamma 1–20 1. Pairs Intention is the leader of things; intention is first, they’re made by intention. If with corrupt intent you speak or act, suffering follows you, like a wheel, the ox’s foot.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ, မနောသေဋ္ဌာ မနောမယာ၊

မနသာ စေ ပသန္နေန, ဘာသတိ ဝါ ကရောတိ ဝါ၊

တတော နံ သုခမနွေတိ, ဆာယာဝ အနပါယိနီ [အနုပါယိနီ (က။)]။

၂-မဋ္ဌကုဏ္ဍလီဝတ္ထု ၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဥ်လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဥ်လိုက်လေ၏။

Intention is the leader of things; intention is first, they’re made by intention. If with pure intent you speak or act, happiness follows you like a shadow that never leaves.

၃။ အက္ကောစ္ဆိ မံ အဝဓိ မံ, အဇိနိ [အဇိနီ (?)] မံ အဟာသိ မေ၊

ယေ စ တံ ဥပနယှန္တိ, ဝေရံ တေသံ န သမ္မတိ။

၃-တိဿတ္ထေရဝတ္ထု ၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဥ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။

“They abused me, they hit me! They beat me, they robbed me!” For those who bear such a grudge, hatred is never laid to rest.

၄။ အက္ကောစ္ဆိ မံ အဝဓိ မံ, အဇိနိ မံ အဟာသိ မေ၊

ယေ စ တံ နုပနယှန္တိ, ဝေရံ တေသူပသမ္မတိ။

၄။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဥ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

“They abused me, they hit me! They beat me, they robbed me!” For those who bear no such grudge, hatred is laid to rest.

စာ-၁၄

၅။ န ဟိ ဝေရေန ဝေရာနိ, သမ္မန္တီဓ ကုဒါစနံ၊

အဝေရေန စ သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။

၄-ကာဠယက္ခိနီဝတ္ထု ၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါ မျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဥ်အလာ ဓမ္မတာ သဘောပင်တည်း။

For never is hatred laid to rest by hate, it’s laid to rest by love: this is an ancient teaching.

၆။ ပရေ စ န ဝိဇာနန္တိ, မယမေတ္ထ ယမာမသေ၊

ယေ စ တတ္ထ ဝိဇာနန္တိ, တတော သမ္မန္တိ မေဓဂါ။

၅-ကောသမ္ဗကဝတ္ထု ၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

When others do not understand, let us, who do understand this, restrain ourselves in this regard; for that is how conflicts are laid to rest.

၇။ သုဘာနုပဿိံ ဝိဟရန္တံ, ဣန္ဒြိယေသု အသံဝုတံ၊

ဘောဇနမှိ စာမတ္တညုံ, ကုသီတံ ဟီနဝီရိယံ၊

တံ ဝေ ပသဟတိ မာရော, ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။

၆-မဟာကာဠတ္ထေရဝတ္ထု ၇။ တင့်တယ်၏ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ မစောင့်စည်းဘဲ ဘောဇဥ်၌ အတိုင်းအရှည်ကို မသိမူ၍ ဝီရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည်အားနည်းသော သစ်ပင်ကို နှိပ်စက်ညှဥ်းဆဲဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

Those who contemplate the beautiful, their faculties unrestrained, immoderate in eating, lazy, lacking energy: Māra strikes them down like the wind, a feeble tree.

၈။ အသုဘာနုပဿိံ ဝိဟရန္တံ, ဣန္ဒြိယေသု သုသံဝုတံ၊

ဘောဇနမှိ စ မတ္တညုံ, သဒ္ဓံ အာရဒ္ဓဝီရိယံ၊

တံ ဝေ နပ္ပသဟတိ မာရော, ဝါတော သေလံဝ ပဗ္ဗတံ။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဥ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဥ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

Those who contemplate the ugly, their faculties well-restrained, eating in moderation, faithful and energetic: Māra cannot strike them down, like the wind, a rocky mountain.

၉။ အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ၊

အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။

၇-ဒေဝဒတ္တဝတ္ထု ၉။ (ဣန္ဒြေကို) ဆုံးမခြင်းကင်း၍မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာ ဖန်ရည် မကင်းဘဲလျက် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း) ကို ဝတ်သောသူသည် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း)နှင့်မထိုက်တန်။

One who, not free of stains themselves, would wear the robe stained in ocher, bereft of self-control and truth: they are not worthy of the ocher robe.

၁၀။ ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော၊

ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။

၁၀။ ဣန္ဒြေတို့ကို ဆုံးမလျက်မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းအဝတ်နှင့် ထိုက်တန်၏။

One who’s purged all their stains, steady in ethics, possessed of self-control and of truth, they are truly worthy of the ocher robe.

၁၁။ အသာရေ သာရမတိနော, သာရေ စာသာရဒဿိနော၊

တေ သာရံ နာဓိဂစ္ဆန္တိ, မိစ္ဆာသင်္ကပ္ပဂေါစရာ။

၈-သာရိပုတ္တတ္ထေရဝတ္ထု ၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏။ အနှစ်ရှိသောတရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏။ ထိုသူတို့သည်မှားသော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကြကုန်ရကား အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။

Thinking the inessential is essential, seeing the essential as inessential; they don’t realize the essential, for wrong thoughts are their habitat.

၁၂။ သာရဉ္စ သာရတော ဉတွာ, အသာရဉ္စ အသာရတော၊

တေ သာရံ အဓိဂစ္ဆန္တိ, သမ္မာသင်္ကပ္ပဂေါစရာ။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ်မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည်မှန်ကန်သော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကုန်ရကား အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။

Having known the essential as essential, and the inessential as inessential; they realize the essential, for right thoughts are their habitat.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ, ဝုဋ္ဌီ သမတိဝိဇ္ဈတိ၊

ဧဝံ အဘာဝိတံ စိတ္တံ, ရာဂေါ သမတိဝိဇ္ဈတိ။

၉-နန္ဒတ္ထေရဝတ္ထု ၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ မပွါးထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

Just as rain seeps into a poorly roofed house, lust seeps into an undeveloped mind.

စာ-၁၅

၁၄။ ယထာ အဂါရံ သုဆန္နံ, ဝုဋ္ဌီ န သမတိဝိဇ္ဈတိ၊

ဧဝံ သုဘာဝိတံ စိတ္တံ, ရာဂေါ န သမတိဝိဇ္ဈတိ။

၁၄။ အိမ်ကို ကောင်းစွာ မိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ ပွါးထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

Just as rain doesn’t seep into a well roofed house, lust doesn’t seep into a well developed mind.

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ, ပါပကာရီ ဥဘယတ္ထ သောစတိ၊

သော သောစတိ သော ဝိဟညတိ, ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

၁၀-စုန္ဒသူကရိကဝတ္ထု ၁၅။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန်ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း စိုးရိမ်ရ၏။ ထိုမကောင်းမှု ပြုသူသည် မိမိ၏ ညစ်နွမ်းသော ကံကိုသိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

Here they grieve, hereafter they grieve, an evildoer grieves in both places. They grieve and fret, seeing their own corrupt deeds.

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ, ကတပုညော ဥဘယတ္ထ မောဒတိ၊

သော မောဒတိ သော ပမောဒတိ, ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

၁၁-ဓမ္မိကဥပါသကဝတ္ထု ၁၆။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏စင်ကြယ်သော ကံကို သိမြင်ရ၍ ဝမ်းမြောက်ရ အလွန် ဝမ်းမြောက်ရ၏။

Here they rejoice, hereafter they rejoice, one who does good rejoices in both places. They rejoice and celebrate, seeing their own pure deeds.

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ, ပါပကာရီ [ပါပကာရိ (?)] ဥဘယတ္ထ တပ္ပတိ၊

‘‘ပါပံ မေ ကတ’’န္တိ တပ္ပတိ, ဘိယျော [ဘီယော (သီ။)] တပ္ပတိ ဒုဂ္ဂတိံ ဂတော။

၁၂-ဒေဝဒတ္ထဝတ္ထု ၁၇။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း ပူပန်ရ၏။ တမလွန်ဘဝ၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း ပူပန်ရ၏။ “ငါသည် မကောင်းမှုကို ပြုမိပြီ”ဟု ပူပန်ရ၏။ ဒုဂ္ဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

Here they’re tormented, <j>hereafter they’re tormented, an evildoer is tormented in both places. They’re tormented <j>thinking of bad things they’ve done; when gone to a bad place, <j>they’re tormented all the more.

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ, ကတပုညော ဥဘယတ္ထ နန္ဒတိ၊

‘‘ပုညံ မေ ကတ’’န္တိ နန္ဒတိ, ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

၁၃-သုမနဒေဝီဝတ္ထု ၁၈။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း နှစ်သက်ရ၏။ တမလွန်ဘဝ၌လည်း နှစ်သက်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း နှစ်သက်ရ၏။ “ငါသည် ကောင်းမှုကို ပြုအပ်ပြီ”ဟု နှစ်သက်ရ၏။ သုဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

Here they delight, hereafter they delight, one who does good delights in both places. They delight thinking of good things they’ve done; when gone to a good place, they delight all the more.

၁၉။ ဗဟုမ္ပိ စေ သံဟိတ [သဟိတံ (သီ။ သျာ။ ကံ။ ပီ။)] ဘာသမာနော, န တက္ကရော ဟောတိ နရော ပမတ္တော၊

ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ, န ဘာဂဝါ သာမညဿ ဟောတိ။

၁၄-ဒွေသဟာယကဘိက္ခုဝတ္ထု ၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

Much though they may recite scripture, if a negligent person does not apply them, then, like a cowherd who counts the cattle of others, they miss out on the blessings of the ascetic life.

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော, ဓမ္မဿ ဟောတိ [ဟောတီ (သီ။ ပီ။)] အနုဓမ္မစာရီ၊

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော၊

အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ, သ ဘာဂဝါ သာမညဿ ဟောတိ။

ယမကဝဂ္ဂေါ ပဌမော နိဋ္ဌိတော။

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သောအကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍ (ကိလေသာတို့မှ) လွတ်သော စိတ်ရှိသည် ဖြစ်လျက် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း စွဲလမ်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။ ရှေးဦးစွာသော ယမကဝဂ် ပြီး၏။

Little though they may recite scripture, if they live in line with the teaching, having given up greed, hate, and delusion, with deep understanding and heart well freed, not grasping to this life or the next, they share in the blessings of the ascetic life.

၂။ အပ္ပမာဒဝဂ္ဂေါ

၂၁။ အပ္ပမာဒေါ အမတပဒံ [အမတံ ပဒံ (က။)], ပမာဒေါ မစ္စုနော ပဒံ၊

အပ္ပမတ္တာ န မီယန္တိ, ယေ ပမတ္တာ ယထာ မတာ။

၂-အပ္ပမာဒဝဂ် ၁-သာမာဝတီဝတ္ထု ၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း။ မမေ့မလျော့သောသူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

Minor Collection Sayings of the Dhamma 21–32 2. Diligence Heedfulness is the state free of death; heedlessness is the state of death. The heedful do not die, while the heedless are like the dead.

၂၂။ ဧဝံ [ဧတံ (သီ။ သျာ။ ကံ။ ပီ။)] ဝိသေသတော ဉတွာ, အပ္ပမာဒမှိ ပဏ္ဍိတာ၊

အပ္ပမာဒေ ပမောဒန္တိ, အရိယာနံ ဂေါစရေ ရတာ။

၂၂။ မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ၍ မမေ့မလျော့သော သတိတရား၌ ရွှင်လန်းဝမ်းမြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

Understanding this distinction when it comes to heedfulness, the astute rejoice in heedfulness, happy in the noble ones’ domain.

၂၃။ တေ ဈာယိနော သာတတိကာ, နိစ္စံ ဒဠှပရက္ကမာ၊

ဖုသန္တိ ဓီရာ နိဗ္ဗာနံ, ယောဂက္ခေမံ အနုတ္တရံ။

၂၃။ ထိုပညာရှိတို့သည် (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန် ပြီးလျှင် အမြဲမပြတ် လုံ့လပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြကုန်၏။

They who regularly meditate, always staunchly vigorous; the attentive realize extinguishment, the supreme sanctuary from the yoke.

၂၄။ ဥဋ္ဌာနဝတော သတီမတော [သတိမတော (သီ။ သျာ။ က။)], သုစိကမ္မဿ နိသမ္မကာရိနော၊

သညတဿ ဓမ္မဇီဝိနော, အပ္ပမတ္တဿ [အပမတ္တဿ (?)] ယသောဘိဝဍ္ဎတိ။

၂-ကုမ္ဘဃောသကဝတ္ထု ၂၄။ ထကြွလုံ့လရှိသူ, သတိရှိသူ, စင်ကြယ်သော ကံသုံးပါးရှိသူ, စူးစမ်း၍ပြုလေ့ ရှိသူ, (ဣန္ဒြေကို) စောင့်စည်းသူ, တရားသဖြင့် အသက်မွေးသူ, မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွါး၏။

For the hard-working and mindful, pure of deed and attentive, restrained, living righteously, and diligent, their reputation only grows.

စာ-၁၇

၂၅။ ဥဋ္ဌာနေနပ္ပမာဒေန, သံယမေန ဒမေန စ၊

ဒီပံ ကယိရာထ မေဓာဝီ, ယံ ဩဃော နာဘိကီရတိ။

၃-စူဠပန္ထကဝတ္ထု ၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့်လည်းကောင်း၊ (သီလ) စောင့်စည်းခြင်းနှင့်လည်းကောင်း၊ (ဣန္ဒြေကို) ဆုံးမခြင်းနှင့်လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသောမှီခိုရာ ကျွန်းကို ပြုလုပ်ရာ၏။ ယင်းသည့်ကျွန်းကို ကိလေသာရေလျဥ်သည် မဖျက်ဆီးနိုင်တော့ပြီ။

By hard work and diligence, by restraint and by self-control, a smart person would build an island that the floods cannot overflow.

၂၆။ ပမာဒမနုယုဉ္ဇန္တိ, ဗာလာ ဒုမ္မေဓိနော ဇနာ၊

အပ္ပမာဒဉ္စ မေဓာဝီ, ဓနံ သေဋ္ဌံဝ ရက္ခတိ။

၄-ဗာလနက္ခတ္တဝတ္ထု ၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကိုအားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

Fools and simpletons devote themselves to negligence. But the wise protect diligence as their best treasure.

၂၇။ မာ ပမာဒမနုယုဉ္ဇေထ, မာ ကာမရတိသန္ထဝံ [သန္ဓဝံ (က)]၊

အပ္ပမတ္တော ဟိ ဈာယန္တော, ပပ္ပေါတိ ဝိပုလံ သုခံ။

၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကိုအားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟု ဆိုအပ်သောတဏှာနှင့် အကျွမ်းဝင်မှုကိုအားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့် ဆိုသော် မမေ့မလျော့ (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သောကြောင့် တည်း။

Don’t devote yourself to negligence, or delight in erotic intimacy. For if you’re diligent and meditate, you’ll attain abundant happiness.

၂၈။ ပမာဒံ အပ္ပမာဒေန, ယဒါ နုဒတိ ပဏ္ဍိတော၊

ပညာပါသာဒမာရုယှ, အသောကော သောကိနိံ ပဇံ၊

ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ [ဘုမ္မဋ္ဌေ (သီ။ သျာ။)], ဓီရော ဗာလေ အဝေက္ခတိ။

၅-မဟာကဿပတ္ထေရဝတ္ထု ၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှု ကင်းသော ရဟန္တာသည် ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာသာဒ်ထက်သို့ တက်၍ စိုးရိမ်မှုရှိသော သတ္တဝါအပေါင်းကို ရှုကြည့်၏။ တောင်ထိပ်၌ တည်သောသူသည် မြေပြင်၌ တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိရဟန္တာသည် (ပုထုဇဥ်) သူမိုက်တို့ကို ရှုကြည့်၏။

When the astute dispel negligence by means of diligence, ascending the palace of wisdom, sorrowless, they behold this generation of sorrow, as an attentive one on a mountain top beholds the fools below.

၂၉။ အပ္ပမတ္တော ပမတ္တေသု, သုတ္တေသု ဗဟုဇာဂရော၊

အဗလဿံဝ သီဃဿော, ဟိတွာ ယာတိ သုမေဓသော။

၆-ဒွေသဟာယကဘိက္ခုဝတ္ထု ၂၉။ လျင်မြန်သော မြင်းသည် ခွန်အားနည်းသော မြင်းကို ချန်ထား၍ သွားသကဲ့သို့ မေ့လျော့သူအပေါင်းတို့တွင် မမေ့လျော့သော ပညာရှိသည် (မေ့လျော့သူကို) ချန်ထား၍ သွား၏။ သတိလွတ်ကင်းနိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွါးများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်းမရှိသူများကို) စွန့်ထား၍ သွား၏။

Heedful among the heedless, wide awake while others sleep— a true sage leaves them behind, like a swift horse passing a feeble.

၃၀။ အပ္ပမာဒေန မဃဝါ, ဒေဝါနံ သေဋ္ဌတံ ဂတော၊

အပ္ပမာဒံ ပသံသန္တိ, ပမာဒေါ ဂရဟိတော သဒါ။

၇-မဃဝတ္ထု ၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏။ (ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါ ခပ်သိမ်း ကဲ့ရဲ့အပ်၏။

Maghavā became chief of the gods by means of diligence. People praise diligence, while negligence is always deplored.

၃၁။ အပ္ပမာဒရတော ဘိက္ခု, ပမာဒေ ဘယဒဿိ ဝါ၊

သံယောဇနံ အဏုံ ထူလံ, ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

၈-အညတရဘိက္ခုဝတ္ထု ၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဥ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့) သွား၏။

A mendicant who loves diligence, seeing fear in negligence— advances like fire, burning up fetters big and small.

၃၂။ အပ္ပမာဒရတော ဘိက္ခု, ပမာဒေ ဘယဒဿိ ဝါ၊

အဘဗ္ဗော ပရိဟာနာယ, နိဗ္ဗာနဿေဝ သန္တိကေ။

အပ္ပမာဒဝဂ္ဂေါ ဒုတိယော နိဋ္ဌိတော။

၉-နိဂမဝါသီတိဿတ္ထေရဝတ္ထု ၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။ နှစ်ခုမြောက် အပ္ပမာဒဝဂ် ပြီး၏။

A mendicant who loves diligence, seeing fear in negligence— such a one can’t decline, and has drawn near to extinguishment.

စာ-၁၈

၃။ စိတ္တဝဂ္ဂ

၃၃။ ဖန္ဒနံ စပလံ စိတ္တံ, ဒူရက္ခံ [ဒုရက္ခံ (သဗ္ဗတ္ထ)] ဒုန္နိဝါရယံ၊

ဥဇုံ ကရောတိ မေဓာဝီ, ဥသုကာရောဝ တေဇနံ။

၃-စိတ္တဝဂ် ၁-မေဃိယတ္ထေရဝတ္ထု ၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌) တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။

Minor Collection Sayings of the Dhamma 33–43 3. The Mind The mind quivers and quakes, hard to guard, hard to curb. The discerning straighten it out, like a fletcher an arrow.

၃၄။ ဝါရိဇောဝ ထလေ ခိတ္တော, ဩကမောကတဥဗ္ဘတော၊

ပရိဖန္ဒတိဒံ စိတ္တံ, မာရဓေယျံ ပဟာတဝေ။

၃၄။ ရေတည်းဟူသောမှီရာ တည်ရာမှ ထုတ်ဆောင်၍ကုန်း၌ ပစ်ချထားအပ်သော ငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

Like a fish pulled from the sea and cast upon the shore, this mind flounders about, trying to throw off Māra’s dominion.

၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော, ယတ္ထကာမနိပါတိနော၊

စိတ္တဿ ဒမထော သာဓု, စိတ္တံ ဒန္တံ သုခါဝဟံ။

၂-အညတရဘိက္ခုဝတ္ထု ၃၅။ နှိပ်နင်းရန် ခဲယဥ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ (ဆုံးမပြီး၍) ယဥ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

Hard to hold back, flighty, alighting where it will; it’s good to tame the mind; a tamed mind leads to bliss.

၃၆။ သုဒုဒ္ဒသံ သုနိပုဏံ, ယတ္ထကာမနိပါတိနံ၊

စိတ္တံ ရက္ခေထ မေဓာဝီ, စိတ္တံ ဂုတ္တံ သုခါဝဟံ။

၃-ဥက္ကဏ္ဌိတဘိက္ခုဝတ္ထု ၃၆။ အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

So hard to see, so subtle, alighting where it will; the discerning protect the mind, a guarded mind leads to bliss.

၃၇။ ဒူရင်္ဂမံ ဧကစရံ [ဧကစာရံ (က။)], အသရီရံ ဂုဟာသယံ၊

ယေ စိတ္တံ သံယမေဿန္တိ, မောက္ခန္တိ မာရဗန္ဓနာ။

၄-သံဃရက္ခိတတ္ထေရဝတ္ထု ၃၇။ အဝေးသို့ သွားတတ်သောတစ်ဦးတည်း ကျက်စားသော ကိုယ်ကောင် အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌မှီသော စိတ်ကို အကြင်သူတို့သည် စောင့်စည်း (ချုပ်တည်း) ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။

The mind travels far, wandering alone; incorporeal, it lies hidden in the heart. Those who will restrain the mind are freed from Māra’s bonds.

၃၈။ အနဝဋ္ဌိတစိတ္တဿ, သဒ္ဓမ္မံ အဝိဇာနတော၊

ပရိပ္လဝပသာဒဿ, ပညာ န ပရိပူရတိ။

၅-စိတ္တဟတ္ထတ္ထေရဝတ္ထု ၃၈။ မတည်တံ့သော စိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။

Those of unsteady mind, who don’t understand the true teaching, and whose confidence wavers, do not perfect their wisdom.

၃၉။ အနဝဿုတစိတ္တဿ, အနနွာဟတစေတသော၊

ပုညပါပပဟီနဿ, နတ္ထိ ဇာဂရတော ဘယံ။

၃၉။ (ရာဂ) မစိုစွတ်သော စိတ်ရှိသော, (ဒေါသ) ထိခိုက်သော စိတ်မရှိသော ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ပုဂ္ဂိုလ်အား ဘေးသည် မရှိ။

One whose mind is not festering, whose heart is undamaged, who’s given up right and wrong, alert, has nothing to fear.

၄၀။ ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ, နဂရူပမံ စိတ္တမိဒံ ဌပေတွာ၊

ယောဓေထ မာရံ ပညာဝုဓေန, ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

၆-ပဉ္စသတဘိက္ခုဝတ္ထု ၄၀။ ဤ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု သိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌ သက်ဝင်စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏။ (တိုက်ခိုက်၍) အောင်သောတရားကိုလည်း ကပ်ငြိတွယ်တာခြင်း မရှိဘဲ စောင့်ရှောက်ထားရာ၏။

Knowing this body breaks like a pot, and fortifying the mind like a citadel, attack Māra with the sword of wisdom, guard your conquest, and never settle.

စာ-၁၉

၄၁။ အစိရံ ဝတယံ ကာယော, ပထဝိံ အဓိသေဿတိ၊

ဆုဒ္ဓေါ အပေတဝိညာဏော, နိရတ္ထံဝ ကလိင်္ဂရံ။

၇-ပူတိဂတ္တတိဿတ္ထေရဝတ္ထု ၄၁။ ဤခန္ဓာကိုယ်သည် ဝိညာဥ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။

All too soon this body will lie upon the earth, bereft of consciousness, tossed aside like a worthless log.

၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ, ဝေရီ ဝါ ပန ဝေရိနံ၊

မိစ္ဆာပဏိဟိတံ စိတ္တံ, ပါပိယော [ပါပိယံ (?)] နံ တတော ကရေ။

၈-နန္ဒဂေါပါလကဝတ္ထု ၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့်ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။

A wrongly directed mind would do you more harm than a hater to the hated, or an enemy to their foe.

၄၃။ န တံ မာတာ ပိတာ ကယိရာ, အညေ ဝါပိ စ ဉာတကာ၊

သမ္မာပဏိဟိတံ စိတ္တံ, သေယျသော နံ တတော ကရေ။

စိတ္တဝဂ္ဂေါ တတိယော နိဋ္ဌိတော။

၉-သော ရေယျဝတ္ထု ၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသောဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။ သုံးခုမြောက် စိတ္တဝဂ် ပြီး၏။

A rightly directed mind would do you more good than your mother or father or any other relative.

၄။ ပုပ္ဖဝဂ္ဂ

၄၄။ ကော ဣမံ [ကောမံ (က။)] ပထဝိံ ဝိစေဿတိ [ဝိဇေဿတိ (သီ။ သျာ။ ပီ။)], ယမလောကဉ္စ ဣမံ သဒေဝကံ၊

ကော ဓမ္မပဒံ သုဒေသိတံ, ကုသလော ပုပ္ဖမိဝ ပစေဿတိ [ပုပ္ဖမိဝပ္ပစေဿတိ (က။)]။

၄-ပုပ္ဖဝဂ် ၁-ပဉ္စသတဘိက္ခုဝတ္ထု ၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကိုလည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်အံ့နည်း? လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သောတရားအစုကို အဘယ်သူသည် ရွေးချယ် စိစစ်နိုင်အံ့နည်း။

Minor Collection Sayings of the Dhamma 44–59 4. Flowers Who bestirs this earth, and the Yama realm with its gods? Who sets out the well-taught word of truth, as an expert a flower?

၄၅။ သေခေါ ပထဝိံ ဝိစေဿတိ, ယမလောကဉ္စ ဣမံ သဒေဝကံ၊

သေခေါ ဓမ္မပဒံ သုဒေသိတံ, ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကိုလည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့။ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သောတရားအစုကို သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်လတ္တံ့။

A trainee bestirs this earth, and the Yama realm with its gods. A trainee sets out the well-taught word of truth, as an expert a flower.

စာ-၂၀

၄၆။ ဖေဏူပမံ ကာယမိမံ ဝိဒိတွာ, မရီစိဓမ္မံ အဘိသမ္ဗုဓာနော၊

ဆေတွာန မာရဿ ပပုပ္ဖကာနိ [သပုပ္ဖကာနိ (ဋီကာ)], အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

၂-မရီစိကမ္မဋ္ဌာနိကဘိက္ခုဝတ္ထု ၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။

Knowing this body’s like foam, realizing it’s all just a mirage, and cutting off Māra’s blossoming, vanish from the King of Death.

၄၇။ ပုပ္ဖါနိ ဟေဝ ပစိနန္တံ, ဗျာသတ္တမနသံ [ဗျာသတ္တမာနသံ (က။)] နရံ၊

သုတ္တံ ဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။

၃-ဝိဋဋူဘဝတ္ထု ၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဥ်သည် အိပ်ပျော်နေသော ရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍ သွား၏။

As a mighty flood sweeps off a sleeping village, death steals away a man even as he gathers flowers, his mind caught up in them.

၄၈။ ပုပ္ဖါနိ ဟေဝ ပစိနန္တံ, ဗျာသတ္တမနသံ နရံ၊

အတိတ္တညေဝ ကာမေသု, အန္တကော ကုရုတေ ဝသံ။

၄-ပတိပူဇိကကုမာရီဝတ္ထု ၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။

The terminator gains control of the man who has not had his fill of pleasures, even as he gathers flowers, his mind caught up in them.

၄၉။ ယထာပိ ဘမရော ပုပ္ဖံ, ဝဏ္ဏဂန္ဓမဟေဌယံ [ဝဏ္ဏဂန္ဓမပေါဌယံ (က။)]၊

ပလေတိ ရသမာဒါယ, ဧဝံ ဂါမေ မုနီ စရေ။

၅-မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု ၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။

A bee takes the nectar and moves on, doing no damage to the flower’s beauty and fragrance; and that’s how a sage should walk in the village.

၅၀။ န ပရေသံ ဝိလောမာနိ, န ပရေသံ ကတာကတံ၊

အတ္တနောဝ အဝေက္ခေယျ, ကတာနိ အကတာနိ စ။

၆-ပါဝေယျအာဇီဝကဝတ္ထု ၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြု မပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှု မကောင်းမှု ပြု မပြုကိုသာလျှင် ကြည့်ရှုရာ၏။

Don’t find fault with others, with what they’ve done or left undone. You should only watch yourself, what you’ve done or left undone.

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ, ဝဏ္ဏဝန္တံ အဂန္ဓကံ၊

ဧဝံ သုဘာသိတာ ဝါစာ, အဖလာ ဟောတိ အကုဗ္ဗတော။

၇-ဆတ္တပါဏိဥပါသကဝတ္ထု ၅၁။ အဆင်းသာရှိ၍ အနံ့မရှိသောတင့်တယ်လှပသော (ပေါက်ပွင့်စသော) ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။

Just like a glorious flower that’s colorful but lacks fragrance; eloquent speech is fruitless for one who does not act on it.

၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ, ဝဏ္ဏဝန္တံ သုဂန္ဓကံ [သဂန္ဓကံ (သီ။ သျာ။ ကံ။ ပီ။)]၊

ဧဝံ သုဘာသိတာ ဝါစာ, သဖလာ ဟောတိ ကုဗ္ဗတော [သကုဗ္ဗတော (သီ။ ပီ။), ပကုဗ္ဗတော (သီ။ အဋ္ဌ။), သုကုဗ္ဗတော (သျာ။ ကံ။)]။

၅၂။ အဆင်း အနံ့ ပြည့်စုံ၍ တင့်တယ်လှပသော စံပယ် စကား စသောပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

Just like a glorious flower that’s both colorful and fragrant, eloquent speech is fruitful for one who acts on it.

စာ-၂၁

၅၃။ ယထာပိ ပုပ္ဖရာသိမှာ, ကယိရာ မာလာဂုဏေ ဗဟူ၊

ဧဝံ ဇာတေန မစ္စေန, ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

၈-ဝိသာခါဝတ္ထု ၅၃။ ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်ရာသကဲ့သို့ ဖြစ်ပေါ်လာသော သတ္တဝါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

Just as one would create many garlands from a heap of flowers, when a person has come to be born, they should do many skillful things.

၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ, န စန္ဒနံ တဂရမလ္လိကာ [တဂရမလ္လိကာ (သီ။ သျာ။ ကံ။ ပီ။)]၊

သတဉ္စ ဂန္ဓော ပဋိဝါတမေတိ, သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။

၉-အာနန္ဒတ္ထေရပဥှာဝတ္ထု ၅၄။ ပန်းအနံ့သည် လေညာသို့ မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စပယ် ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့ မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့ သွား၏။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။

The fragrance of flowers doesn’t spread upwind, nor sandalwood, pinwheel, or jasmine; but the fragrance of the good spreads upwind; a true person’s virtue spreads in every direction.

၅၅။ စန္ဒနံ တဂရံ ဝါပိ, ဥပ္ပလံ အထ ဝဿိကီ၊

ဧတေသံ ဂန္ဓဇာတာနံ, သီလဂန္ဓော အနုတ္တရော။

၅၅။ စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည်လည်းကောင်း၊ မြလေးပန်းအနံ့သည်လည်းကောင်း ရှိ၏။ ထို ပန်းရနံ့ အမျိုးမျိုးတို့ထက် သီလအနံ့သည်သာ အတုမရှိ မြတ်၏။

Among all the fragrances— sandalwood or pinwheel or lotus or jasmine— the fragrance of virtue is supreme.

၅၆။ အပ္ပမတ္တော အယံ ဂန္ဓော, ယွာယံ တဂရစန္ဒနံ [ယာယံ တဂရစန္ဒနီ (သီ။ သျာ။ ကံ။ ပီ။)]၊

ယော စ သီလဝတံ ဂန္ဓော, ဝါတိ ဒေဝေသု ဥတ္တမော။

၁၀-မဟာကဿပတ္ထေရဝတ္ထု ၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် (မပြောပလောက်) အနည်းငယ်မျှသာ ဖြစ်၏။ ဤသီလရှိသောသူတို့၏ (သီလ) အနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌ လှိုင်၏။

Faint is the fragrance of sandal or pinwheel; but the fragrance of the virtuous floats to the highest gods.

၅၇။ တေသံ သမ္ပန္နသီလာနံ, အပ္ပမာဒဝိဟာရိနံ၊

သမ္မဒညာ ဝိမုတ္တာနံ, မာရော မဂ္ဂံ န ဝိန္ဒတိ။

၁၁-ဂေါဓိကတ္ထေရဝတ္ထု ၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့ နေလေ့ရှိကုန်သော ကောင်းစွာ (ဉာဏ်ဖြင့်) သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့ မမြင်နိုင်ပေ။

For those accomplished in ethics, meditating diligently, freed through the highest knowledge, Māra cannot find their path.

၅၈။ ယထာ သင်္ကာရဌာနသ္မိံ [သင်္ကာရဓာနသ္မိံ (သီ။ သျာ။ ကံ။ ပီ။)], ဥဇ္ဈိတသ္မိံ မဟာပထေ၊

ပဒုမံ တတ္ထ ဇာယေထ, သုစိဂန္ဓံ မနောရမံ။

၁၂-ဂရဟဒိန္နဝတ္ထု ၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

From a heap of trash discarded on the highway, a lotus might blossom, fragrant and delightful.

၅၉။ ဧဝံ သင်္ကာရဘူတေသု, အန္ဓဘူတေ [အန္ဓီဘူတေ (က။)] ပုထုဇ္ဇနေ၊

အတိရောစတိ ပညာယ, သမ္မာသမ္ဗုဒ္ဓသာဝကော။

ပုပ္ဖဝဂ္ဂေါ စတုတ္ထော နိဋ္ဌိတော။

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏ အလယ်၌ နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်းသဖွယ်ဖြစ်သော ပုထုဇဥ်တို့ကို ပညာဖြင့် လွန်၍ တင့်တယ်၏။ လေးခုမြောက် ပုပ္ဖဝဂ် ပြီး၏။

So too, among those thought of as trash, a disciple of the perfect Buddha outshines with their wisdom the blind ordinary folk.

စာ-၂၂

၅။ ဗာလဝဂ္ဂ

၆၀။ ဒီဃာ ဇာဂရတော ရတ္တိ, ဒီဃံ သန္တဿ ယောဇနံ၊

ဒီဃော ဗာလာနံ သံသာရော, သဒ္ဓမ္မံ အဝိဇာနတံ။

၅-ဗာလဝဂ် ၁-အညတရပုရိသဝတ္ထု ၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာ ရှည်လျား၏။ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

Minor Collection Sayings of the Dhamma 60–75 5. The Fool Long is the night for the wakeful; long is the league for the weary; long transmigrate the fools who don’t understand the true teaching.

၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ, သေယျံ သဒိသမတ္တနော၊

ဧကစရိယံ [ဧကစရိယံ (က။)] ဒဠှံ ကယိရာ, နတ္ထိ ဗာလေ သဟာယတာ။

၂-မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု ၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

If while wandering you find no partner equal or better than yourself, then firmly resolve to wander alone— there’s no fellowship with fools.

၆၂။ ပုတ္တာ မတ္ထိ ဓနမ္မတ္ထိ [ပုတ္တမတ္ထိ ဓနမတ္ထိ (က။)], ဣတိ ဗာလော ဝိဟညတိ၊

အတ္တာ ဟိ [အတ္တာပိ (?)] အတ္တနော နတ္ထိ, ကုတော ပုတ္တာ ကုတော ဓနံ။

၃-အာနန္ဒသေဋ္ဌိဝတ္ထု ၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း? အဘယ်မှာလျှင် ဥစ္စာ ရှိပါအံ့နည်း။

“Sons are mine, wealth is mine”— thus the fool frets. For even your self is not your own, let alone your sons or wealth.

၆၃။ ယော ဗာလော မညတိ ဗာလျံ, ပဏ္ဍိတော ဝါပိ တေန သော၊

ဗာလော စ ပဏ္ဍိတမာနီ, သ ဝေ ‘‘ဗာလော’’တိ ဝုစ္စတိ။

၄-ဂဏ္ဌိဘေဒကစောရဝတ္ထု ၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏။ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

The fool who thinks they’re a fool is wise at least to that extent. But the true fool is said to be one who imagines that they are wise.

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော, ပဏ္ဍိတံ ပယိရုပါသတိ၊

န သော ဓမ္မံ ဝိဇာနာတိ, ဒဗ္ဗီ သူပရသံ ယထာ။

၅-ဥဒါယိတ္ထေရဝတ္ထု ၆၄။ ယောက်မသည် ဟင်း၏ အရသာကို မသိဘိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ (သူတော်ကောင်း) တရားကို မသိနိုင်။

Though a fool attends to the wise even for the rest of their life, they still don’t understand the teaching, like a spoon the taste of the soup.

၆၅။ မုဟုတ္တမပိ စေ ဝိညူ, ပဏ္ဍိတံ ပယိရုပါသတိ၊

ခိပ္ပံ ဓမ္မံ ဝိဇာနာတိ, ဇိဝှါ သူပရသံ ယထာ။

၆-တိံသပါဝေယျကဘိက္ခုဝတ္ထု ၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြားလိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း) တရားကို လျင်မြန်စွာ သိနိုင်၏။

If a clever person attends to the wise even just for an hour or so, they swiftly understand the teaching, like a tongue the taste of the soup.

၆၆။ စရန္တိ ဗာလာ ဒုမ္မေဓာ, အမိတ္တေနေဝ အတ္တနာ၊

ကရောန္တာ ပါပကံ ကမ္မံ, ယံ ဟောတိ ကဋုကပ္ဖလံ။

၇-သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု ၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို ပြုကြကုန်သော ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ ဖြစ်၍ လှည့်လည်ကြရကုန်၏။

Fools and simpletons behave like their own worst enemies, doing wicked deeds that ripen as bitter fruit.

စာ-၂၃

၆၇။ န တံ ကမ္မံ ကတံ သာဓု, ယံ ကတွာ အနုတပ္ပတိ၊

ယဿ အဿုမုခေါ ရောဒံ, ဝိပါကံ ပဋိသေဝတိ။

၈-ကဿကဥပါသကဝတ္ထု ၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည်စက်လက် ငိုကြွေးလျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

It’s not good to do a deed that plagues you later on, for which you weep and wail, as its effect stays with you.

၆၈။ တဉ္စ ကမ္မံ ကတံ သာဓု, ယံ ကတွာ နာနုတပ္ပတိ၊

ယဿ ပတီတော သုမနော, ဝိပါကံ ပဋိသေဝတိ။

၉-သုမနမာလာကာရဝတ္ထု ၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။ နှစ်သက်ဝမ်းမြောက်လျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

It is good to do a deed that doesn’t plague you later on, that gladdens and cheers, as its effect stays with you.

၆၉။ မဓုဝါ [မဓုံ ဝါ (ဒီ။ နိ။ ဋီကာ ၁)] မညတိ ဗာလော, ယာဝ ပါပံ န ပစ္စတိ၊

ယဒါ စ ပစ္စတိ ပါပံ, ဗာလော [အထ ဗာလော (သီ။ သျာ။) အထ (?)] ဒုက္ခံ နိဂစ္ဆတိ။

၁၀-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု ၆၉။ မိုက်သောသူသည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့လောက်မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏။ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

The fool imagines that evil is sweet, so long as it has not yet ripened. But as soon as that evil ripens, they fall into suffering.

၇၀။ မာသေ မာသေ ကုသဂ္ဂေန, ဗာလော ဘုဉ္ဇေယျ ဘောဇနံ၊

န သော သင်္ခါတဓမ္မာနံ [သင်္ခတဓမ္မာနံ (သီ။ ပီ။ က။)], ကလံ အဂ္ဃတိ သောဠသိံ။

၁၁-ဇမ္ဗုကတ္ထေရဝတ္ထု ၇၀။ မိုက်သောသူသည် လစဥ်လတိုင်း သမန်းမြက်များဖြင့် (အနှစ်တစ်ရာပတ်လုံး ခြိုးခြံသောအကျင့်ကို ကျင့်အံ့ဟု) ဘောဇဥ်ကို စားစေကာမူ ထိုမိုက်သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသောအကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှအဖိုးမထိုက်။

Month after month a fool may eat food from a grass-blade’s tip; but they’ll never be worth a sixteenth part of one who has appraised the teaching.

၇၁။ န ဟိ ပါပံ ကတံ ကမ္မံ, သဇ္ဇု ခီရံဝ မုစ္စတိ၊

ဍဟန္တံ ဗာလမနွေတိ, ဘသ္မစ္ဆန္နောဝ [ဘသ္မာဆန္နောဝ (သီ။ ပီ။ က။)] ပါဝကော။

၁၂-အဟိပေတဝတ္ထု ၇၁။ ညှစ်ပြီးစ နို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဥ်လိုက်၏။

For a wicked deed that has been done does not curdle quickly like milk. Smoldering, it follows the fool, like a fire smothered over with ash.

၇၂။ ယာဝဒေဝ အနတ္ထာယ, ဉတ္တံ [ဉာတံ (?)] ဗာလဿ ဇာယတိ၊

ဟန္တိ ဗာလဿ သုက္ကံသံ, မုဒ္ဓမဿ ဝိပါတယံ။

၁၃-သဋ္ဌိကူဋပေတဝတ္ထု ၇၂။ သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန် အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏။ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

Whatever fame a fool may get, it only gives rise to harm. Whatever good features they have it ruins, and blows their head into bits.

၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ [အသန္တံ ဘာဝမိစ္ဆေယျ (သျာ။), အသန္တဘာဝနမိစ္ဆေယျ (က။)], ပုရေက္ခာရဉ္စ ဘိက္ခုသု၊

အာဝါသေသု စ ဣဿရိယံ, ပူဇာ ပရကုလေသု စ။

၁၄-စိတ္တဂဟပတိဝတ္ထု ၇၃။ မလိမ္မာသော ရဟန်းသည် ရဟန်းတို့၏ အလယ်၌ မိမိတွင် ထင်ရှားမရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ ခြံရံလျက် မိမိအား ရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကိုလည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏ (ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။

They’d seek the esteem that they lack, and status among the mendicants; authority over monasteries, and honor among other families.

စာ-၂၄

၇၄။ မမေဝ ကတ မညန္တု, ဂိဟီပဗ္ဗဇိတာ ဥဘော၊

မမေဝါတိဝသာ အဿု, ကိစ္စာကိစ္စေသု ကိသ္မိစိ၊

ဣတိ ဗာလဿ သင်္ကပ္ပေါ, ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

၇၄။ ငါ့ကြောင့် သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူ ရှင်ရဟန်း နှစ်ဦးတို့မှတ်ထင်စေကုန်သတည်း။ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်စေကြကုန်သတည်းဟု မိုက်သောရဟန်းအား အကြံအစည် အလိုရမ္မက် မာန်မာနသည် တိုးပွါးလေ၏။

“Let both layfolk and renunciants think the work was done by me alone. In anything at all that’s to be done, let them fall under my sway alone.” So thinks the fool, their greed and pride only growing.

၇၅။ အညာ ဟိ လာဘူပနိသာ, အညာ နိဗ္ဗာနဂါမိနီ၊

ဧဝမေတံ အဘိညာယ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊

သက္ကာရံ နာဘိနန္ဒေယျ, ဝိဝေကမနုဗြူဟယေ။

ဗာလဝဂ္ဂေါ ပဉ္စမော နိဋ္ဌိတော။

၁၅-ဝနဝါသီတိဿသာမဏေရဝတ္ထု ၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ ဤသို့ ဤအကျင့် နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍ မြတ်စွာဘုရား၏ တပည့်သားရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ဝိဝေကသုံးပါးကိုသာ တိုးပွါးစေရာ၏။ ငါးခုမြောက် ဗာလဝဂ် ပြီး၏။

For the means to profit and the path to quenching are two quite different things. A mendicant disciple of the Buddha, understanding what this really means, would never delight in honors, but rather would foster seclusion.

၆။ ပဏ္ဍိတဝဂ္ဂ

၇၆။ နိဓီနံဝ ပဝတ္တာရံ, ယံ ပဿေ ဝဇ္ဇဒဿိနံ၊

နိဂ္ဂယှဝါဒိံ မေဓာဝိံ, တာဒိသံ ပဏ္ဍိတံ ဘဇေ၊

တာဒိသံ ဘဇမာနဿ, သေယျော ဟောတိ န ပါပိယော။

၆-ပဏ္ဍိတဝဂ် ၁-ရာဓတ္ထေရဝတ္ထု ၇၆။ အပြစ်ဖော်ပြ နှိမ့်ချဆုံးမလေ့ရှိသော ထိုသို့ သဘောရှိသော ပညာရှိကို မြှုပ်ထားသော ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏။ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ်သောသူအား မြတ်၏၊ မယုတ်ညံ့ပေ။

Minor Collection Sayings of the Dhamma 76–89 6. The Astute Regard one who sees your faults as a guide to a hidden treasure. Stay close to one so intelligent and astute who curbs you when you need it. Sticking close to such an impartial person, things get better, not worse.

၇၇။ ဩဝဒေယျာနုသာသေယျ, အသဗ္ဘာ စ နိဝါရယေ၊

သတဉှိ သော ပိယော ဟောတိ, အသတံ ဟောတိ အပ္ပိယော။

၂-အဿဇိပုနဗ္ဗသုကဝတ္ထု ၇၇။ ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏။ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။

Advise and instruct; curb wickedness: for you shall be loved by the good, and disliked by the bad.

၇၈။ န ဘဇေ ပါပကေ မိတ္တေ, န ဘဇေ ပုရိသာဓမေ၊

ဘဇေထ မိတ္တေ ကလျာဏေ, ဘဇေထ ပုရိသုတ္တမေ။

၃-ဆန္နတ္ထေရဝတ္ထု ၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေကောင်းတို့ကို ဆည်းကပ်ရာ၏။ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။

Don’t mix with bad friends, nor with the worst of men. Mix with spiritual friends, and with the best of men.

၇၉။ ဓမ္မပီတိ သုခံ သေတိ, ဝိပ္ပသန္နေန စေတသာ၊

အရိယပ္ပဝေဒိတေ ဓမ္မေ, သဒါ ရမတိ ပဏ္ဍိတော။

၄-မဟာကပ္ပိနတ္ထေရဝတ္ထု ၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏။ ပညာရှိသည် အခါ ခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ) တရား၌ မွေ့လျော်၏။

Through joy in the teaching you sleep at ease, with clear and confident heart. An astute person always delights in the teaching proclaimed by the Noble One.

စာ-၂၅

၈၀။ ဥဒကဉှိ နယန္တိ နေတ္တိကာ, ဥသုကာရာ နမယန္တိ [ဒမယန္တိ (က။)] တေဇနံ၊

ဒါရုံ နမယန္တိ တစ္ဆကာ, အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

၅-ပဏ္ဍိတသာမဏေရဝတ္ထု ၈၀။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို (ယဥ်ကျေးအောင်) ဆုံးမကုန်၏။

While irrigators guide water, fletchers bend arrows straight, and carpenters bend timber straight, the astute tame themselves.

၈၁။ သေလော ယထာ ဧကဃနော [ဧကဂ္ဃနော (က။)], ဝါတေန န သမီရတိ၊

ဧဝံ နိန္ဒာပသံသာသု, န သမိဉ္ဇန္တိ ပဏ္ဍိတာ။

၆-လကုဏ္ဍကဘဒ္ဒိယဝတ္ထု ၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။

As the wind cannot stir a solid mass of rock, so too blame and praise do not affect the wise.

၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော, ဝိပ္ပသန္နော အနာဝိလော၊

ဧဝံ ဓမ္မာနိ သုတွာန, ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

၇-ကာဏမာတာဝတ္ထု ၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သောတရားတို့ကို ကြားနာရ၍ အထူး ကြည်လင်ကုန်၏။

Like a deep lake, clear and unclouded, so clear are the astute when they hear the teachings.

၈၃။ သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ, န ကာမကာမာ လပယန္တိ သန္တော၊

သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန, န ဥစ္စာဝစံ [နောစ္စာဝစံ (သီ။ အဋ္ဌ။)] ပဏ္ဍိတာ ဒဿယန္တိ။

၈-ပဉ္စသတဘိက္ခုဝတ္ထု ၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရားအားလုံးတို့၌ (တပ်မက်မောမှုကို) စင်စစ် စွန့်လွှတ်ကုန်၏။ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည်ဖြစ်၍ မပြောဆိုကုန်။ ပညာရှိတို့သည် ချမ်းသာ ဆင်းရဲနှင့် တွေ့စေကာမူ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြကြကုန်။

True persons give up everything, they don’t cajole for the things they desire. Though touched by sadness or happiness, the astute appear neither depressed nor elated.

၈၄။ န အတ္တဟေတု န ပရဿ ဟေတု, န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ၊

န ဣစ္ဆေယျ [နယိစ္ဆေ (ပီ။), နိစ္ဆေ (?)] အဓမ္မေန သမိဒ္ဓိမတ္တနော, သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။

၉-ဓမ္မိကတ္ထေရဝတ္ထု ၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့် ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့် ဖြစ်စေ (မကောင်းမှုကို မပြု၊) မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည် ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။

Never wish for success by unjust means, for your own sake or that of another, desiring children, wealth, or nation; rather, be virtuous, wise, and just.

၈၅။ အပ္ပကာ တေ မနုဿေသု, ယေ ဇနာ ပါရဂါမိနော၊

အထာယံ ဣတရာ ပဇာ, တီရမေဝါနုဓာဝတိ။

၁၀-ဓမ္မဿဝနတ္ထေရဝတ္ထု ၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏၊ နိဗ္ဗာန်ကူးမြောက်သူမှတစ်ပါး ကြွင်းလူများသည် (သက္ကာယဒိဋ္ဌိတည်းဟူသော) ဤမှာဖက်ကမ်း၌သာလျှင် ခေါက်တုံ့ခေါက်ပြန် ပြေးသွားနေ၏။

Few are those among humans who cross to the far shore. The rest just run around on the near shore.

၈၆။ ယေ စ ခေါ သမ္မဒက္ခာတေ, ဓမ္မေ ဓမ္မာနုဝတ္တိနော၊

တေ ဇနာ ပါရမေဿန္တိ, မစ္စုဓေယျံ သုဒုတ္တရံ။

၈၆။ ကောင်းစွာ ဟောအပ်သောတရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို (ကူးမြောက်၍) နိဗ္ဗာန်တည်း ဟူသော ကမ်းတစ်ဖက်သို့ ရောက်ကုန်လတ္တံ့။

When the teaching is well explained, the people who practice accordingly will cross over Death’s dominion so hard to pass.

စာ-၂၆

၈၇။ ကဏှံ ဓမ္မံ ဝိပ္ပဟာယ, သုက္ကံ ဘာဝေထ ပဏ္ဍိတော၊

ဩကာ အနောကမာဂမ္မ, ဝိဝေကေ ယတ္ထ ဒူရမံ။

၁၁-ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု ၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာတည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သော ကုသိုလ်ကို ပွါးများရာ၏။

Rid of dark qualities, an astute person would develop the bright. Having left home for homelessness in seclusion, where joy is hard,

၈၈။ တတြာဘိရတိမိစ္ဆေယျ, ဟိတွာ ကာမေ အကိဉ္စနော၊

ပရိယောဒပေယျ [ပရိယောဒါပေယျ (?)] အတ္တာနံ, စိတ္တက္လေသေဟိ ပဏ္ဍိတော။

၈၈။ ပညာရှိသည် ကာမတို့ကို စွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ဝိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။

they’d long for satisfaction there. Forsaking sensual pleasures, owning nothing, an astute person would cleanse themselves of mental corruptions.

၈၉။ ယေသံ သမ္ဗောဓိယင်္ဂေသု, သမ္မာ စိတ္တံ သုဘာဝိတံ၊

အာဒါနပဋိနိဿဂ္ဂေ, အနုပါဒါယ ယေ ရတာ၊

ခီဏာသဝါ ဇုတိမန္တော, တေ လောကေ ပရိနိဗ္ဗုတာ။

ပဏ္ဍိတဝဂ္ဂေါ ဆဋ္ဌော နိဋ္ဌိတော။

၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌ စိတ်ကို ကောင်းစွာ ပွါးများအပ်၏။ မစွဲလမ်းမူ၍ဥပါဒါန်ကို စွန့်လွှတ်ရာ (နိဗ္ဗာန်)၌ မွေ့လျော်ကုန်၏။ လောက၌ အာသဝေါ ကုန်ပြီးသော ကြီးသောတန်ခိုးရှိကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။ ခြောက်ခုမြောက် ပဏ္ဍိတဝဂ် ပြီး၏။

And those whose minds are rightly developed in the awakening factors; who, letting go of attachments, delight in not grasping: with defilements ended, brilliant, they are quenched in this world.

၇။ အရဟန္တဝဂ္ဂ

၉၀။ ဂတဒ္ဓိနော ဝိသောကဿ, ဝိပ္ပမုတ္တဿ သဗ္ဗဓိ၊

သဗ္ဗဂန္ထပ္ပဟီနဿ, ပရိဠာဟော န ဝိဇ္ဇတိ။

၇-အရဟန္တဝဂ် ၁-ဇီဝကပဥှာဝတ္ထု ၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်) တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာခရီး သွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။

Minor Collection Sayings of the Dhamma 90–99 7. The Perfected Ones At journey’s end, rid of sorrow; everywhere free, all ties given up, no fever is found in them.

၉၁။ ဥယျုဉ္ဇန္တိ သတီမန္တော, န နိကေတေ ရမန္တိ တေ၊

ဟံသာဝ ပလ္လလံ ဟိတွာ, ဩကမောကံ ဇဟန္တိ တေ။

၂-မဟာကဿပတ္ထေရဝတ္ထု ၉၁။ သတိရှိသော ပုဂ္ဂိုလ်တို့သည် (ဈာန် ဝိပဿနာတရားတို့၌) လုံ့လပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်။ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွါလျက် ပျံသွားသကဲ့သို့မှီရာတဏှာဟူသမျှကို စွန့်၍ သွားကုန်၏။

The mindful apply themselves; they delight in no abode. Like a swan gone from the marsh, they leave home after home behind.

၉၂။ ယေသံ သန္နိစယော နတ္ထိ, ယေ ပရိညာတဘောဇနာ၊

သုညတော အနိမိတ္တော စ, ဝိမောက္ခော ယေသံ ဂေါစရော၊

အာကာသေ ဝ သကုန္တာနံ [သကုဏာနံ (က။)], ဂတိ တေသံ ဒုရန္နယာ။

၃-ဗေလဋ္ဌသီသတ္ထေရဝတ္ထု ၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည် မရှိ၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိညာဥ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဥ်ကို သုံးဆောင်ကုန်၏။ ရာဂစသည် ကင်းဆိတ်လျက်ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်တို့၏ ကျက်စားရာအာရုံ ဖြစ်၏။ ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိခဲနိုင်၏။

Those with nothing stored up, who have understood their food, whose domain is the liberation of the signless and the empty: their path is hard to trace, like birds in the sky.

စာ-၂၇

၉၃။ ယဿာသဝါ ပရိက္ခီဏာ, အာဟာရေ စ အနိဿိတော၊

သုညတော အနိမိတ္တော စ, ဝိမောက္ခော ယဿ ဂေါစရော၊

အာကာသေ ဝ သကုန္တာနံ, ပဒံ တဿ ဒုရန္နယံ။

၄-အနုရုဒ္ဓတ္ထေရဝတ္ထု ၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏။ အစာအာဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုဥ်းသော ရာဂစသော နိမိတ် မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏။ ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသော လားကြောင်းကို မသိနိုင်။

One whose defilements have ended; who’s not attached to food; whose domain is the liberation of the signless and the empty: their track is hard to trace, like birds in the sky.

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ [သမထံ ဂတာနိ (သီ။ ပီ။)], အဿာ ယထာ သာရထိနာ သုဒန္တာ၊

ပဟီနမာနဿ အနာသဝဿ, ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

၅-မဟာကစ္စာယနတ္ထေရဝတ္ထု ၉၄။ ရထားထိန်း ကောင်းစွာ ဆုံးမပြီးသော မြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင်ရဟန္တာပုဂ္ဂိုလ်၏ ဣန္ဒြေ (ခြောက်ပါး) တို့သည် ငြိမ်သက်တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနကို ပယ်ပြီးသော အာသဝေါ မရှိသောတာဒိဂုဏ်၁နှင့် ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

Whose faculties have become serene, like horses tamed by a charioteer, who has abandoned conceit and defilements; the unaffected one is envied by even the gods.

၉၅။ ပထဝိသမော နော ဝိရုဇ္ဈတိ, ဣန္ဒခိလုပမော [ဣန္ဒခီလူပမော (သီ။ သျာ။ က။)] တာဒိ သုဗ္ဗတော၊

ရဟဒေါဝ အပေတကဒ္ဒမော, သံသာရာ န ဘဝန္တိ တာဒိနော။

၆-သာရိပုတ္တတ္ထေရဝတ္ထု ၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု၊ ရွှံ့ညွန်ကင်းသော ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။

Undisturbed like the earth, true to their vows, steady as Indra’s pillar, like a lake clear of mud; such a one does not transmigrate.

၉၆။ သန္တံ တဿ မနံ ဟောတိ, သန္တာ ဝါစာ စ ကမ္မ စ၊

သမ္မဒညာ ဝိမုတ္တဿ, ဥပသန္တဿ တာဒိနော။

၇-ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု ၉၆။ အကြောင်းအားလျော်စွာ (တရားကို) သိ၍ ကိလေသာမှ လွတ်သော ငြိမ်သက်သော ဖောက်ပြန်ခြင်းသဘော မရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်း ငြိမ်သက်၏။ နှုတ်အမူအရာသည်လည်းကောင်း၊ ကိုယ်အမူအရာသည်လည်းကောင်း ငြိမ်သက်၏။

Their mind is peaceful, peaceful are their speech and deeds. Such a one is at peace, rightly freed through enlightenment.

၉၇။ အဿဒ္ဓေါ အကတညူ စ, သန္ဓိစ္ဆေဒေါ စ ယော နရော၊

ဟတာဝကာသော ဝန္တာသော, သ ဝေ ဥတ္တမပေါရိသော။

၈-သာရိပုတ္တတ္ထေရဝတ္ထု ၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူ မဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်း ဖြစ်၏။ ဝဋ်သုံးပါး၏ အစပ်ကို ဖြတ်တောက်ပြီးသူလည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏။ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည်သာစင်စစ် ယောကျာ်းမြတ် ဖြစ်၏။

Lacking faith, a house-breaker, one who acknowledges nothing, purged of hope, they’ve wasted their chance: that is indeed the supreme person!

၉၈။ ဂါမေ ဝါ ယဒိ ဝါရညေ, နိန္နေ ဝါ ယဒိ ဝါ ထလေ၊

ယတ္ထ အရဟန္တော ဝိဟရန္တိ, တံ ဘူမိရာမဏေယျကံ။

၉-ခဒိရရေဝတတ္ထေရဝတ္ထု ၉၈။ ရွာ၌ ဖြစ်စေ၊ တော၌ ဖြစ်စေ၊ နိမ့်ရာ၌ ဖြစ်စေ၊ ကုန်းမြင့်၌ ဖြစ်စေ ရဟန္တာ ပုဂ္ဂိုလ်တို့သည် နေကုန်၏။ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။

Whether in village or wilderness, in a valley or the uplands, wherever the perfected ones live is a delightful place.

စာ-၂၈

၉၉။ ရမဏီယာနိ အရညာနိ, ယတ္ထ န ရမတီ ဇနော၊

ဝီတရာဂါ ရမိဿန္တိ, န တေ ကာမဂဝေသိနော။

အရဟန္တဝဂ္ဂေါ သတ္တမော နိဋ္ဌိတော။

၁၀-အညတရဣတ္ထိဝတ္ထု ၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏။ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။ ခုနစ်ခုမြောက် အရဟန္တဝဂ် ပြီး၏။ ၁။ ဤအရာ၌ တာဒိဂုဏ်ဟူသည် လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသောအခါ ဖောက်ပြန် တုန်လှုပ်မှု မရှိခြင်းပေတည်း။

Delightful are the wildernesses where no people delight. Those free of greed will delight there, not those who seek sensual pleasures.

၈။ သဟဿဝဂ္ဂ

၁၀၀။ သဟဿမပိ စေ ဝါစာ, အနတ္ထပဒသံဟိတာ၊

ဧကံ အတ္ထပဒံ သေယျော, ယံ သုတွာ ဥပသမ္မတိ။

၈-သဟဿဝဂ် ၁-တမ္ဗဒါဌိကစောရဃာတကဝတ္ထု ၁၀၀။ (တောဖွဲ့ တောင်ဖွဲ့) အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်း တစ်ထောင်ရှိစေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်း ဖြစ်၍ အကျိုးရှိသော ပုဒ်တစ်ပုဒ်သည်သာ ပိုလွန်၍ မြတ်၏။

Minor Collection Sayings of the Dhamma 100–115 8. The Thousands Better than a thousand meaningless sayings is a single meaningful saying, hearing which brings you peace.

၁၀၁။ သဟဿမပိ စေ ဂါထာ, အနတ္ထပဒသံဟိတာ၊

ဧကံ ဂါထာပဒံ သေယျော, ယံ သုတွာ ဥပသမ္မတိ။

၂-ဗာဟိယဒါရုစီရိယဝတ္ထု ၁၀၁။ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော ဂါထာသည် တစ်ထောင်ပင်ဖြစ်စေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍ မြတ်၏။

Better than a thousand meaningless verses is a single meaningful verse, hearing which brings you peace.

၁၀၂။ ယော စ ဂါထာ သတံ ဘာသေ, အနတ္ထပဒသံဟိတာ [အနတ္ထပဒသဉှိတံ (က။) ဝိသေသနံ ဟေတံ ဂါထာတိပဒဿ]၊

ဧကံ ဓမ္မပဒံ သေယျော, ယံ သုတွာ ဥပသမ္မတိ။

၃-ကုဏ္ဍလကေသီထေရီဝတ္ထု ၁၀၂။ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သောတရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍ မြတ်၏။

Better than reciting a hundred meaningless verses is a single saying of Dhamma, hearing which brings you peace.

၁၀၃။ ယော သဟဿံ သဟဿေန, သင်္ဂါမေ မာနုသေ ဇိနေ၊

ဧကဉ္စ ဇေယျမတ္တာနံ [အတ္တာနံ (သီ။ ပီ။)], သ ဝေ သင်္ဂါမဇုတ္တမော။

၁၀၃။ အကြင် စစ်သူရဲတစ်ယောက်သည် စစ်မြေပြင်၌ စစ်သည်ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏။ အကြင် သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင်အမြတ်ဆုံး ဖြစ်၏။

The supreme conqueror is not he who conquers a million men in battle, but he who conquers a single man: himself.

၁၀၄။ အတ္တာ ဟဝေ ဇိတံ သေယျော, ယာ စာယံ ဣတရာ ပဇာ၊

အတ္တဒန္တဿ ပေါသဿ, နိစ္စံ သညတစာရိနော။

၄-အနတ္တပုစ္ဆကဗြာဟ္မဏဝတ္ထု ၁၀၄-၁၀၅။ (ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့်) မိမိကိုယ်ကို အောင်နိုင်ခြင်းသည် မြတ်၏။ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်း စသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည် မမြတ်)၊ မိမိကိုယ်ကို ဆုံးမပြီးသော (ကိုယ် နှုတ် နှလုံး သုံးပါး လုံးကို) အမြဲစောင့်စည်းသော အကျင့်ရှိသော ထိုသို့ သဘောရှိသော သတ္တဝါတို့၏ အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဗြဟ္မာနှင့်တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင် မပြုနိုင်ရာ။

It is surely better to conquer oneself than all those other folk. When a person has tamed themselves, always living restrained,

၁၀၅။ နေဝ ဒေဝေါ န ဂန္ဓဗ္ဗော, န မာရော သဟ ဗြဟ္မုနာ၊

ဇိတံ အပဇိတံ ကယိရာ, တထာရူပဿ ဇန္တုနော။

no god nor centaur, nor Māra nor divinity, can undo the victory of such a personage.

စာ-၂၉

၁၀၆။ မာသေ မာသေ သဟဿေန, ယော ယဇေထ သတံ သမံ၊

ဧကဉ္စ ဘာဝိတတ္တာနံ, မုဟုတ္တမပိ ပူဇယေ၊

သာယေဝ ပူဇနာ သေယျော, ယဉ္စေ ဝဿသတံ ဟုတံ။

၅-သာရိပုတ္တတ္ထေရဿမာတုလဗြာဟ္မဏဝတ္ထု ၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း (တက္ကတွန်းတို့အား) ငွေ တစ်ထောင် အကုန်ခံ၍ ပူဇော်ရာ၏။ ဝိပဿနာပွါးသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏။ (ပူဇော်ခြင်းနှစ်မျိုးတို့တွင်) ထိုဝိပဿနာ ပွါးများသော ရဟန်းတို့အား ထိုတစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏။ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

Rather than a thousandfold sacrifice, every month for a full century, it’s better to honor for a single hour one who has developed themselves. That offering is better than the hundred year sacrifice.

၁၀၇။ ယော စ ဝဿသတံ ဇန္တု, အဂ္ဂိံ ပရိစရေ ဝနေ၊

ဧကဉ္စ ဘာဝိတတ္တာနံ, မုဟုတ္တမပိ ပူဇယေ၊

သာယေဝ ပူဇနာ သေယျော, ယဉ္စေ ဝဿသတံ ဟုတံ။

၆-သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု ၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌ မီးကို လုပ်ကျွေးပူဇော် ရာ၏။ အကြင်သူသည်ကား ဝိပဿနာပွါးများသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ (ထိုသူတို့၏ ပူဇော်ခြင်းနှစ်မျိုးတို့တွင်) ထိုဝိပဿနာ ပွါးများသော ရဟန်းတို့အား ထိုတစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏။ အနှစ်တစ်ရာပတ်လုံး မီးပူဇော်ခြင်းသည် မမြတ်။

Rather than serve the sacred flame in the forest for a hundred years, it’s better to honor for a single hour a personage who has developed themselves. That offering is better than the hundred year sacrifice.

၁၀၈။ ယံ ကိဉ္စိ ယိဋ္ဌံ ဝ ဟုတံ ဝ [ယိဋ္ဌဉ္စ ဟုတဉ္စ (က။)] လောကေ, သံဝစ္ဆရံ ယဇေထ ပုညပေက္ခော၊

သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ, အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

၇-သာရိပုတ္တတ္ထေရဿသဟာယကဗြာဟ္မဏဝတ္ထု ၁၀၈။ လောက၌ ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကို လည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏။ ထိုပူဇော်ခြင်းအလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို (ရှိခိုးခြင်း စေတနာ၏) လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။

Whatever sacrifice or offering in the world a seeker of merit may make for a year, none of it is worth a quarter of bowing to the sincere.

၁၀၉။ အဘိဝါဒနသီလိဿ, နိစ္စံ ဝုဍ္ဎာပစာယိနော [ဝဒ္ဓါပစာယိနော (သီ။ ပီ။)]၊

စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ, အာယု ဝဏ္ဏော သုခံ ဗလံ။

၈-အာယုဝဋ္ဌနကုမာရဝတ္ထု ၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်း ဟူသော ဤအကျိုးထူး တရားလေးပါးတို့သည် တိုးပွါးကုန်၏။

For one in the habit of bowing, always honoring the elders, four blessings grow: lifespan, beauty, happiness, and strength.

၁၁၀။ ယော စ ဝဿသတံ ဇီဝေ, ဒုဿီလော အသမာဟိတော၊

ဧကာဟံ ဇီဝိတံ သေယျော, သီလဝန္တဿ ဈာယိနော။

၉-သံကိစ္စသာမဏေရဝတ္ထု ၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ, ဝိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better to live a single day ethical and absorbed in meditation than to live a hundred years unethical and lacking immersion.

၁၁၁။ ယော စ ဝဿသတံ ဇီဝေ, ဒုပ္ပညော အသမာဟိတော၊

ဧကာဟံ ဇီဝိတံ သေယျော, ပညဝန္တဿ ဈာယိနော။

၁၀-ခါဏုကောဏ္ဍညတ္ထေရဝတ္ထု ၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ, ဝိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better to live a single day wise and absorbed in meditation than to live a hundred years witless and lacking immersion.

၁၁၂။ ယော စ ဝဿသတံ ဇီဝေ, ကုသီတော ဟီနဝီရိယော၊

ဧကာဟံ ဇီဝိတံ သေယျော, ဝီရိယမာရဘတော ဒဠှံ။

၁၁-သဗ္ဗဒါသတ္ထေရဝတ္ထု ၁၁၂။ ပျင်းရိသည်ဖြစ်၍ ဝီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ဝီရိယကို မြဲမြံစွာအားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better to live a single day energetic and strong, than to live a hundred years lazy and lacking energy.

စာ-၃၀

၁၁၃။ ယော စ ဝဿသတံ ဇီဝေ, အပဿံ ဥဒယဗ္ဗယံ၊

ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဥဒယဗ္ဗယံ။

၁၂-ပဋာစာရာထေရီဝတ္ထု ၁၁၃။ (ခန္ဓာငါးပါးတို့၏) အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better to live a single day seeing rise and fall than to live a hundred years blind to rise and fall.

၁၁၄။ ယော စ ဝဿသတံ ဇီဝေ, အပဿံ အမတံ ပဒံ၊

ဧကာဟံ ဇီဝိတံ သေယျော, ပဿတော အမတံ ပဒံ။

၁၃-ကိသာဂေါတမီဝတ္ထု ၁၁၄။ သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက် ရှည်နေရခြင်းထက် သေခြင်းကင်းသော နိဗ္ဗာန်ကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better to live a single day seeing the state free of death than to live a hundred years blind to the state free of death.

၁၁၅။ ယော စ ဝဿသတံ ဇီဝေ, အပဿံ ဓမ္မမုတ္တမံ၊

ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဓမ္မမုတ္တမံ။

သဟဿဝဂ္ဂေါ အဋ္ဌမော နိဋ္ဌိတော။

၁၄-ဗဟုပုတ္တိကတ္ထေရီဝတ္ထု ၁၁၅။ မြတ်သော လောကုတ္တရာတရားကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် မြတ်သော လောကုတ္တရာတရားကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ရှစ်ခုမြောက် သဟဿဝဂ် ပြီး၏။

Better to live a single day seeing the supreme teaching than to live a hundred years blind to the supreme teaching.

၉။ ပါပဝဂ္ဂ

၁၁၆။ အဘိတ္ထရေထ ကလျာဏေ, ပါပါ စိတ္တံ နိဝါရယေ၊

ဒန္ဓဉှိ ကရောတော ပုညံ, ပါပသ္မိံ ရမတီ မနော။

၉-ပါပဝဂ် ၁-စူဠေကသာဋကဝတ္ထု ၁၁၆။ မကောင်းမှု၌ စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကို တားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

Minor Collection Sayings of the Dhamma 116–128 9. Wickedness Rush to do good, shield your mind from evil; for when you’re slow to do good, your thoughts delight in wickedness.

၁၁၇။ ပါပဉ္စေ ပုရိသော ကယိရာ, န နံ [န တံ (သီ။ ပီ။)] ကယိရာ ပုနပ္ပုနံ၊

န တမှိ ဆန္ဒံ ကယိရာထ, ဒုက္ခော ပါပဿ ဥစ္စယော။

၂-သေယျသကတ္ထေရဝတ္ထု ၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမူ ထိုမကောင်းမှုကို ထပ်ကာ ထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကို မပြုရာ၊ မကောင်းမှုကို ပွါးစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။

If you do something bad, don’t do it again and again, don’t set your heart on it, for piling up evil is suffering.

၁၁၈။ ပုညဉ္စေ ပုရိသော ကယိရာ, ကယိရာ နံ [ကယိရာထေတံ (သီ။ သျာ။), ကယိရာထေနံ (ပီ။)] ပုနပ္ပုနံ၊

တမှိ ဆန္ဒံ ကယိရာထ, သုခေါ ပုညဿ ဥစ္စယော။

၃-လာဇဒေဝဓီတာဝတ္ထု ၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကို ပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာ ထပ်ကာ ပြုရာ၏။ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏။ ကောင်းမှုကို ပွါးစေခြင်းသည် ချမ်းသာခြင်း၏အကြောင်းတည်း။

If you do something good, do it again and again, set your heart on it, for piling up goodness is joyful.

စာ-၃၁

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ, ယာဝ ပါပံ န ပစ္စတိ၊

ယဒါ စ ပစ္စတိ ပါပံ, အထ ပါပေါ ပါပါနိ [အထ ပါပါနိ (?)] ပဿတိ။

၄-အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု ၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသောအခါ၌ မူကားမကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

Even the wicked see good things, so long as their wickedness has not ripened. But as soon as that wickedness ripens, then the wicked see wicked things.

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ, ယာဝ ဘဒြံ န ပစ္စတိ၊

ယဒါ စ ပစ္စတိ ဘဒြံ, အထ ဘဒြော ဘဒြာနိ [အထ ဘဒြာနိ (?)] ပဿတိ။

၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသရွေ့ ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုး ပေးသောအခါ၌ မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

Even the good see wicked things, so long as their goodness has not ripened. But as soon as that goodness ripens, then the good see good things.

၁၂၁။ မာဝမညေထ [မာပ္ပမညေထ (သီ။ သျာ။ ပီ။)] ပါပဿ, န မန္တံ [န မံ တံ (သီ။ ပီ။), န မတ္တံ (သျာ။)] အာဂမိဿတိ၊

ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊

ဗာလော ပူရတိ [ပူရတိ ဗာလော (သီ။ က။), အာပူရတိ ဗာလော (သျာ။)] ပါပဿ, ထောကံ ထောကမ္ပိ [ထောက ထောကမ္ပိ (သီ။ ပီ။)] အာစိနံ။

၅-အသညတပရိက္ခာရဝတ္ထု ၁၂၁။ အနည်းငယ်သော မကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့ သူမိုက်သည် အနည်းငယ်အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန် များလတ်သော် မကောင်းမှုဖြင့် ပြည့်၏။

Think not lightly of evil, that it won’t come back to you. The pot is filled with water falling drop by drop; the fool is filled with wickedness piled up bit by bit.

၁၂၂။ မာဝမညေထ ပုညဿ, န မန္တံ အာဂမိဿတိ၊

ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊

ဓီရော ပူရတိ ပုညဿ, ထောကံ ထောကမ္ပိ အာစိနံ။

၆-ဗိဠာလပါဒကသေဋ္ဌိဝတ္ထု ၁၂၂။ အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန် များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

Think not lightly of goodness, that it won’t come back to you. The pot is filled with water falling drop by drop; the attentive one is filled with goodness piled up bit by bit.

၁၂၃။ ဝါဏိဇောဝ ဘယံ မဂ္ဂံ, အပ္ပသတ္ထော မဟဒ္ဓနော၊

ဝိသံ ဇီဝိတုကာမောဝ, ပါပါနိ ပရိဝဇ္ဇယေ။

၇-မဟာဓနဝါဏိဇဝတ္ထု ၁၂၃။ အဖော်နည်းသော များသော ဥစ္စာရှိသော ကုန်သည်ကြီးသည် ဘေးအန္တရာယ် များသော ခရီးကို ရှောင်ကြဥ်သကဲ့သို့လည်းကောင်း၊ အသက်ရှင်လိုသောသူသည် (လတ်တလော သေစေတတ်သော) အဆိပ်ကို ရှောင်ကြဥ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုတို့ကို ရှောင်ကြဥ်ရာ၏။

Avoid wickedness, as a merchant with rich cargo and small escort would avoid a dangerous road, or one who loves life would avoid drinking poison.

၁၂၄။ ပါဏိမှိ စေ ဝဏော နာဿ, ဟရေယျ ပါဏိနာ ဝိသံ၊

နာဗ္ဗဏံ ဝိသမနွေတိ, နတ္ထိ ပါပံ အကုဗ္ဗတော။

၈-ကုက္ကုဋမိတ္တနေသာဒဝတ္ထု ၁၂၄။ လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသော လက်သို့ အစဥ်မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

You can carry poison in your hand if it has no wound, for poison does not infect without a wound; nothing bad happens unless you do bad.

စာ-၃၂

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ, သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ၊

တမေဝ ဗာလံ ပစ္စေတိ ပါပံ, သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

၉-ကောကသုနခလုဒ္ဒကဝတ္ထု ၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာပုဂ္ဂိုလ်အား ပြစ်မှား၏။ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူမှုန့်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျလာဘိသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။

Whoever wrongs a man who has done no wrong, a pure man who has not a blemish, the evil backfires on the fool, like fine dust thrown upwind.

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ, နိရယံ ပါပကမ္မိနော၊

သဂ္ဂံ သုဂတိနော ယန္တိ, ပရိနိဗ္ဗန္တိ အနာသဝါ။

၁၀-မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု ၁၂၆။ အချို့သောသူတို့သည် (ဤလူ့ပြည်၌) အမိဝမ်းဝယ် ပဋိသန္ဓေ နေရကုန်၏။ မကောင်းမှုပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏။ ကောင်းသော ပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ အာသဝေါကင်းသော ရဟန္တာပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

Some are born in a womb; evildoers go to hell; the virtuous go to heaven; the undefiled are fully extinguished.

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ, န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ [ပဝိသံ (သျာ။)]၊

န ဝိဇ္ဇတီ [န ဝိဇ္ဇတိ (က။ သီ။ ပီ။ က။)] သော ဇဂတိပ္ပဒေသော, ယတ္ထဋ္ဌိတော [ယတြဋ္ဌိတော (သျာ။)] မုစ္စေယျ ပါပကမ္မာ။

၁၁-တယောဇနဝတ္ထု ၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း တောင်ခေါင်းသို့ ဝင်၍ တည်နေသော်လည်းကောင်း (မကောင်းမှုမှ မလွတ်ရာ၊) အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏။ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

Not in midair, nor mid-ocean, nor hiding in a mountain cleft; you’ll find no place on the planet to escape your wicked deeds.

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ, န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊

န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော, ယတ္ထဋ္ဌိတံ [ယတြဋ္ဌိတံ (သျာ။)] နပ္ပသဟေယျ မစ္စု။

ပါပဝဂ္ဂေါ နဝမော နိဋ္ဌိတော။

၁၂-သုပ္ပဗုဒ္ဓသကျဝတ္ထု ၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း၊ တောင်ခေါင်းသို့ ဝင်၍ တည်နေသော်လည်းကောင်း (သေမင်းမှ မလွတ်ရာ၊) အကြင်အရပ်၌ တည်နေသော် သေမင်းမှ မညှဥ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။ ကိုးခုမြောက်ပါပဝဂ် ပြီး၏။

Not in midair, nor mid-ocean, nor hiding in a mountain cleft; you’ll find no place on the planet where you won’t be vanquished by death.

၁၀။ ဒဏ္ဍဝဂ္ဂ

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ, သဗ္ဗေ ဘာယန္တိ မစ္စုနော၊

အတ္တာနံ ဥပမံ ကတွာ, န ဟနေယျ န ဃာတယေ။

၁၀-ဒဏ္ဍဝဂ် ၁-ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု ၁၂၉။ အလုံးစုံသော သတ္တဝါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏။ အလုံးစုံသော သတ္တဝါတို့သည် သေခြင်းမှ ကြောက်ကုန်၏။ မိမိကိုယ်ကို ဥပမာပြု၍ (သတ္တဝါတို့ကို) မသတ်ဖြတ် မညှဥ်းဆဲရာ။

Minor Collection Sayings of the Dhamma 129–145 10. The Rod All tremble at the rod, all fear death. Treating others like oneself, neither kill nor incite to kill.

စာ-၃၃

၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ, သဗ္ဗေသံ ဇီဝိတံ ပိယံ၊

အတ္တာနံ ဥပမံ ကတွာ, န ဟနေယျ န ဃာတယေ။

၂-ဆဗ္ဗဂ္ဂိယဝတ္ထု ၁၃၀။ အလုံးစုံသော သတ္တဝါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏။ အလုံးစုံသော သတ္တဝါတို့သည် (မိမိတို့၏) အသက်ကို ချစ်၏။ မိမိကိုယ်ကို ဥပမာပြု၍ (သတ္တဝါတို့ကို) မသတ်ဖြတ် မညှဥ်းဆဲရာ။

All tremble at the rod, all love life. Treating others like oneself, neither kill nor incite to kill.

၁၃၁။ သုခကာမာနိ ဘူတာနိ, ယော ဒဏ္ဍေန ဝိဟိံသတိ၊

အတ္တနော သုခမေသာနော, ပေစ္စ သော န လဘတေ သုခံ။

၃-သမ္ဗဟုလကုမာရဝတ္ထု ၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကို ရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန်ဖြင့် ညှဥ်းဆဲ၏။ ထိုညှဥ်းဆဲသောသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။

Creatures love happiness, so if you harm them with a stick in search of your own happiness, after death you won’t find happiness.

၁၃၂။ သုခကာမာနိ ဘူတာနိ, ယော ဒဏ္ဍေန န ဟိံသတိ၊

အတ္တနော သုခမေသာနော, ပေစ္စ သော လဘတေ သုခံ။

၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကို ရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန်ဖြင့် မညှဥ်းဆဲ၊ ထိုမညှဥ်းဆဲသောသူသည် တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏။

Creatures love happiness, so if you don’t harm them with a stick in search of your own happiness, after death you will find happiness.

၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ, ဝုတ္တာ ပဋိဝဒေယျု တံ [ပဋိဝဒေယျုံ တံ (က။)]၊

ဒုက္ခာ ဟိ သာရမ္ဘကထာ, ပဋိဒဏ္ဍာ ဖုသေယျု တံ [ဖုသေယျုံ တံ (က။)]။

၄-ကောဏ္ဍဓာနတ္ထေရဝတ္ထု ၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း။ (သူတစ်ပါးကို ဒဏ်ပြုက) အတုံ့အလှည့် ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

Don’t speak harshly, they may speak harshly back. For aggressive speech is painful, and the rod may spring back on you.

၁၃၄။ သစေ နေရေသိ အတ္တာနံ, ကံသော ဥပဟတော ယထာ၊

ဧသ ပတ္တောသိ နိဗ္ဗာနံ, သာရမ္ဘော တေ န ဝိဇ္ဇတိ။

၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။ ခြုတ်ခြယ်မှု မရှိ။

If you still yourself like a broken gong, you reach extinguishment and know no conflict.

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော, ဂါဝေါ ပါဇေတိ ဂေါစရံ၊

ဧဝံ ဇရာ စ မစ္စု စ, အာယုံ ပါဇေန္တိ ပါဏိနံ။

၅-ဥပေါသထိကဣတ္ထီနံဝတ္ထု ၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည်လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တဝါတို့၏ အသက်ကို မောင်းနှင်ကုန်၏။

As a cowherd drives the cows to pasture with the rod, so too old age and death drive life from living beings.

၁၃၆။ အထ ပါပါနိ ကမ္မာနိ, ကရံ ဗာလော န ဗုဇ္ဈတိ၊

သေဟိ ကမ္မေဟိ ဒုမ္မေဓော, အဂ္ဂိဒဍ္ဎောဝ တပ္ပတိ။

၆-အဇဂရပေတဝတ္ထု ၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကို ပြုသောသူမိုက်သည် ထိုပြုသောအခါ၌ မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။

The fool does not understand the evil that they do. But because of those deeds, that simpleton is tormented as if burnt by fire.

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု, အပ္ပဒုဋ္ဌေသု ဒုဿတိ၊

ဒသန္နမညတရံ ဌာနံ, ခိပ္ပမေဝ နိဂစ္ဆတိ။

၇-မဟာမောဂ္ဂလ္လာနဝတ္ထု ၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ တုတ်လှံကန် စသည်ဖြင့် ပြစ်မှား၏။ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။

One who violently attacks the peaceful and the innocent swiftly falls to one of ten bad states:

စာ-၃၄

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ, သရီရဿ စ ဘေဒနံ [သရီရဿ ပဘေဒနံ (သျာ။)]၊

ဂရုကံ ဝါပိ အာဗာဓံ, စိတ္တက္ခေပဉ္စ [စိတ္တက္ခေပံ ဝ (သီ။ သျာ။ ပီ။)] ပါပုဏေ။

၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ (လက်ပြတ် ခြေပြတ် စသော) ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော (နူနာစသော) အနာစွဲကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွပ်စွဲခံရခြင်းသို့လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့လည်းကောင်း၊ စည်းစိမ်ဥစ္စာတို့၏ ယိုယွင်းပျက်စီးခြင်းသို့လည်းကောင်း ရောက်၏။

harsh pain; loss; the breakup of the body; serious illness; mental distress;

၁၃၉။ ရာဇတော ဝါ ဥပသဂ္ဂံ [ဥပဿဂ္ဂံ (သီ။ ပီ။)], အဗ္ဘက္ခာနဉ္စ [အဗ္ဘက္ခာနံ ဝ (သီ။ ပီ။)] ဒါရုဏံ၊

ပရိက္ခယဉ္စ [ပရိက္ခယံ ဝ (သီ။ သျာ။ ပီ။)] ဉာတီနံ, ဘောဂါနဉ္စ [ဘောဂါနံ ဝ (သီ။ သျာ။ ပီ။)] ပဘင်္ဂုရံ [ပဘင်္ဂုနံ (က။)]။

hazards from rulers; vicious slander; loss of kin; destruction of wealth;

၁၄၀။ အထ ဝါဿ အဂါရာနိ, အဂ္ဂိ ဍဟတိ [ဍယှတိ (က။)] ပါဝကော၊

ကာယဿ ဘေဒါ ဒုပ္ပညော, နိရယံ သောပပဇ္ဇတိ [သော ဥပပဇ္ဇတိ (သီ။ သျာ။)]။

၁၄၀။ ထို့ပြင် ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်း လောင်၏။ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။

or else their home is consumed by fire. When their body breaks up, that witless person is reborn in hell.

၁၄၁။ န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ, နာနာသကာ ထဏ္ဍိလသာယိကာ ဝါ၊

ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ, သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

၈-ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု ၁၄၁။ အဝတ်မဝတ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန်အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်လည်းကောင်း၊ မြေ၌ အိပ်၍နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန့်အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့် ထိုင်၍ကျင့်ခြင်း သည်လည်းကောင်း ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။

Not nudity, nor matted hair, nor mud, nor fasting, nor lying on bare ground, nor wearing dust and dirt, or squatting on the heels, will cleanse a mortal not free of doubt.

၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ, သန္တော ဒန္တော နိယတော ဗြဟ္မစာရီ၊

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ, သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

၉-သန္တတိမဟာမတ္တဝတ္ထု ၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏။ ဣန္ဒြေကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ မြတ်သောအကျင့်ရှိ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပပြုသူ ‘ဗြာဟ္မဏ’ မည်၏။ ကိလေသာငြိမ်းပြီးသူ ‘သမဏ’ မည်၏။ ကိလေသာဖျက်ဆီးပြီးသူ ‘ဘိက္ခု’ မည်၏။

Dressed up they may be, but if they live well— peaceful, tamed, committed to the spiritual path, having laid aside violence toward all creatures— they are a brahmin, an ascetic, a mendicant.

၁၄၃။ ဟိရီနိသေဓော ပုရိသော, ကောစိ လောကသ္မိ ဝိဇ္ဇတိ၊

ယော နိဒ္ဒံ [နိန္ဒံ (သီ။ ပီ။) သံ။ နိ။ ၁။၁၈] အပဗောဓေတိ [အပဗောဓတိ (သီ။ သျာ။ ပီ။)], အဿော ဘဒြော ကသာမိဝ။

၁၀-ပိလောတိကတိဿတ္ထေရဝတ္ထု ၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဥ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏ အိပ်ပျော်ခြင်းကို နိုးကြားစေ၏။ မိစ္ဆာဝိတက်ကို ရှက်ကြောက်ခြင်းဖြင့် တားမြစ်၏။ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။

Can a person constrained by conscience be found in the world? Who shies away from blame, like a fine horse from the whip?

စာ-၃၅

၁၄၄။ အဿော ယထာ ဘဒြော ကသာနိဝိဋ္ဌော, အာတာပိနော သံဝေဂိနော ဘဝါထ၊

သဒ္ဓါယ သီလေန စ ဝီရိယေန စ, သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ၊

သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ, ဇဟိဿထ [ပဟဿထ (သီ။ သျာ။ ပီ။)] ဒုက္ခမိဒံ အနပ္ပကံ။

၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးဖြင့် ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ (သင်တို့သည်လည်း) လုံ့လရှိကုန်သည် ထိတ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း ‘သဒ္ဓါ’နှင့်လည်းကောင်း၊ သီလနှင့်လည်းကောင်း၊ ဝီရိယနှင့်လည်းကောင်း၊ တည်ကြည်ခြင်း ‘သမာဓိ’နှင့်လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း (ပြည့်စုံကြလျက်) အသိ ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သော သတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။

Like a fine horse under the whip, be keen and full of urgency. With faith, ethics, and energy, immersion, and investigation of principles, accomplished in knowledge and conduct, mindful, give up this vast suffering.

၁၄၅။ ဥဒကဉှိ နယန္တိ နေတ္တိကာ, ဥသုကာရာ နမယန္တိ တေဇနံ၊

ဒါရုံ နမယန္တိ တစ္ဆကာ, အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

ဒဏ္ဍဝဂ္ဂေါ ဒသမော နိဋ္ဌိတော။

၁၁-သုခသာမဏေရဝတ္ထု ၁၄၅။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် သစ်ကို လိုတိုင်းရအောင် ရွေကုန်၏။ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဥ်ကျေးအောင် ဆုံးမကုန်၏။ ဆယ်ခုမြောက် ဒဏ္ဍဝဂ် ပြီး၏။

While irrigators guide water, fletchers bend arrows straight, and carpenters bend timber straight, those true to their vows tame themselves.

၁၁။ ဇရာဝဂ္ဂ

၁၄၆။ ကော နု ဟာသော [ကိန္နု ဟာသော (က။)] ကိမာနန္ဒော, နိစ္စံ ပဇ္ဇလိတေ သတိ၊

အန္ဓကာရေန ဩနဒ္ဓါ, ပဒီပံ န ဂဝေသထ။

၁၁-ဇရာဝဂ် ၁-ဝိသာခါယ သဟာယိကာ (ပဉ္စသတဥပါသိကာ) ဝတ္ထု ၁၄၆။ (လူအပေါင်း၌) အမြဲ (ကိလေသာမီး) တောက်လောင်နေပါလျက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း? အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း? အဝိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး (မြှေးယှက်) အပ်ကုန်သည် ဖြစ်ပါလျက် (သင်တို့သည်) အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

Minor Collection Sayings of the Dhamma 146–156 11. Old Age What is joy, what is laughter, when the flames are ever burning? Swathed in darkness, would you not seek a light?

၁၄၇။ ပဿ စိတ္တကတံ ဗိမ္ဗံ, အရုကာယံ သမုဿိတံ၊

အာတုရံ ဗဟုသင်္ကပ္ပံ, ယဿ နတ္ထိ ဓုဝံ ဌိတိ။

၂-သိရိမာဝတ္ထု ၁၄၇။ အဆန်းတကြယ် ပြုလုပ်အပ်သော အရုပ်နှင့်တူသော (အရိုးစုသုံးရာတို့ဖြင့်) ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော (ကိုးပေါက်ဒွါရ) အမာဝရှိသော ကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။

See this fancy puppet, a body built of sores, diseased, obsessed over, in which nothing lasts at all.

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ, ရောဂနီဠံ [ရောဂနိဍ္ဎံ (သီ။ ပီ။), ရောဂနိဒ္ဓံ (သျာ။)] ပဘင်္ဂုရံ၊

ဘိဇ္ဇတိ ပူတိသန္ဒေဟော, မရဏန္တဉှိ ဇီဝိတံ။

၃-ဥတ္တရာထေရီဝတ္ထု ၁၄၈။ ဤရူပကာယသည် ဆွေးမြေ့ အိုမင်းတတ်၏။ အနာရောဂါတို့၏ တည်နေရာလည်း ဖြစ်၏။ ယိုယွင်းပျက်စီးတတ်၏၊ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။

This body is decrepit and frail, a nest of disease. This foul carcass falls apart, for life ends in death.

စာ-၃၆

၁၄၉။ ယာနိမာနိ အပတ္ထာနိ [ယာနိမာနိ အပတ္ထာနိ (သီ။ သျာ။ ပီ။), ယာနိမာနိ’ပဝိဒ္ဓါနိ (?)], အလာဗူနေဝ [အလာပူနေဝ (သီ။ သျာ။ ပီ။)] သာရဒေ၊

ကာပေါတကာနိ အဋ္ဌီနိ, တာနိ ဒိသွာန ကာ ရတိ။

၄-သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု ၁၄၉။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကို မြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ် ရှိနိုင်အံ့နည်း။

These dove-grey bones are tossed away like dried gourds in the autumn— what joy is there in such a sight?

၁၅၀။ အဋ္ဌီနံ နဂရံ ကတံ, မံသလောဟိတလေပနံ၊

ယတ္ထ ဇရာ စ မစ္စု စ, မာနော မက္ခော စ ဩဟိတော။

၅- (ဇနပဒကလျာဏီ) ရူပနန္ဒာထေရီဝတ္ထု ၁၅၀။ အရိုးတို့ကို (စိုက်ထူ၍) အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်း ဟူသော မြို့ ကို (တဏှာလက်သမားသည်) ဆောက်လုပ်အပ်၏။ ယင်းမြို့၌ အိုခြင်း သေခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

In this city built of bones, plastered with flesh and blood, old age and death are stashed away, along with conceit and contempt.

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ, အထော သရီရမ္ပိ ဇရံ ဥပေတိ၊

သတဉ္စ ဓမ္မော န ဇရံ ဥပေတိ, သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

၆-မလ္လိကာဒေဝီဝတ္ထု ၁၅၁။ (ရတနာတို့ဖြင့်) ကောင်းစွာ ဆန်းကြယ်သော မင်း၏ရထားတို့သည် ဆွေးမြေ့အိုမင်းကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော်သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေး ပြောကြားကြကုန်၏။

Fancy chariots of kings wear out, and even this body gets old. But the truth of the good never gets old— so the good proclaim to the good.

၁၅၂။ အပ္ပဿုတာယံ ပုရိသော, ဗလိဗဒ္ဓေါဝ [ဗလိဝဒ္ဒေါဝ (သီ။ သျာ။ ပီ။)] ဇီရတိ၊

မံသာနိ တဿ ဝဍ္ဎန္တိ, ပညာ တဿ န ဝဍ္ဎတိ။

၇-လာလုဒါယီထေရဝတ္ထု ၁၅၂။ အကြားအမြင်နည်းသော ဤယောကျာ်းသည် နွားလားကဲ့သို့ အချည်းနှီး ကြီးထွားလာ၏။ ထိုယောကျာ်းအား အသားတို့သာ တိုးပွါးကုန်၏။ ပညာမူကား မတိုးပွါး။

A person of little learning ages like an ox— their flesh grows, but not their wisdom.

၁၅၃။ အနေကဇာတိသံသာရံ, သန္ဓာဝိဿံ အနိဗ္ဗိသံ၊

ဂဟကာရံ [ဂဟကာရကံ (သီ။ သျာ။ ပီ။)] ဂဝေသန္တော, ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

၈-ဥဒါနဝတ္ထု ၁၅၃။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ (တဏှာလက်သမား) ကို ရှာသော ငါသည် (ထိုတဏှာ လက်သမားကို မြင်နိုင်သောဉာဏ်) မရသေးသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

Transmigrating through countless rebirths, I’ve journeyed without reward, searching for the house-builder; painful is birth again and again.

၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ, ပုန ဂေဟံ န ကာဟသိ၊

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ, ဂဟကူဋံ ဝိသင်္ခတံ၊

ဝိသင်္ခါရဂတံ စိတ္တံ, တဏှာနံ ခယမဇ္ဈဂါ။

၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည် သင့်ကို (ပညာမျက်စိဖြင့်) ယခုမြင်အပ်ပြီ။ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရတော့မည် မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို (ငါ) ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။ (ငါ၏) စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။

I’ve seen you, house-builder! You won’t build a house again! Your rafters are all broken, your roof-peak demolished. The mind, set on demolition, has reached the end of cravings.

၁၅၅။ အစရိတွာ ဗြဟ္မစရိယံ, အလဒ္ဓါ ယောဗ္ဗနေ ဓနံ၊

ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ, ခီဏမစ္ဆေဝ ပလ္လလေ။

၉-မဟာဓနသေဋ္ဌိဝတ္ထု ၁၅၅။ (သူမိုက်တို့သည်) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် ငါးကုန်ခန်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ) ကြံမှိုင်၍သာ နေကြရကုန်၏။

When young they spurned the spiritual path and failed to earn any wealth. Now they brood like old cranes in a pond bereft of fish.

စာ-၃၇

၁၅၆။ အစရိတွာ ဗြဟ္မစရိယံ, အလဒ္ဓါ ယောဗ္ဗနေ ဓနံ၊

သေန္တိ စာပါတိခီဏာဝ, ပုရာဏာနိ အနုတ္ထုနံ။

ဇရာဝဂ္ဂေါ ဧကာဒသမော နိဋ္ဌိတော။

၁၅၆။ (သူမိုက်တို့သည်) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သော မြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း (သုခ) တို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။ တစ်ဆယ့်တစ်ခုမြောက် ဇရာဝဂ် ပြီး၏။

When young they spurned the spiritual path and failed to earn any wealth. Now they lie like spent arrows, bemoaning over things past.

၁၂။ အတ္တဝဂ္ဂ

၁၅၇။ အတ္တာနဉ္စေ ပိယံ ဇညာ, ရက္ခေယျ နံ သုရက္ခိတံ၊

တိဏ္ဏံ အညတရံ ယာမံ, ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

၁၂-အတ္တဝဂ် ၁-ဗောဓိရာဇကုမာရဝတ္ထု ၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသော အရွယ်၌ (လုံ့လထုတ်ကာ) သုတ်သင်ရာ၏။

Minor Collection Sayings of the Dhamma 157–166 12. The Self If you knew your self as beloved, you’d look after it so well. In one of the night’s three watches, an astute person would remain alert.

၁၅၈။ အတ္တာနမေဝ ပဌမံ, ပတိရူပေ နိဝေသယေ၊

အထညမနုသာသေယျ, န ကိလိဿေယျ ပဏ္ဍိတော။

၂-ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု ၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏။ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

The astute would avoid being corrupted by first grounding themselves in what is suitable, and then instructing others.

၁၅၉။ အတ္တာနံ စေ တထာ ကယိရာ, ယထာညမနုသာသတိ၊

သုဒန္တော ဝတ ဒမေထ, အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

၃-ပဓာနိကတိဿတ္ထေရဝတ္ထု ၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဥ်ကျေးပြီးသော်မှသာ (သူတစ်ပါးကို) ဆုံးမရာ၏။ မိမိကိုယ်ကို ယဥ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဥ်းလှစွတကား။

If one were to treat oneself as one instructs another, the well-tamed indeed would tame: for the self, it seems, is hard to tame.

၁၆၀။ အတ္တာ ဟိ အတ္တနော နာထော, ကော ဟိ နာထော ပရော သိယာ၊

အတ္တနာ ဟိ သုဒန္တေန, နာထံ လဘတိ ဒုလ္လဘံ။

၄-ကုမာရကဿပမာတုတ္ထေရီဝတ္ထု ၁၆၀။ မိမိသည်သာ မိမိ၏ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း? မိမိသည် ကောင်းစွာ ယဥ်ကျေးသဖြင့် ရရောက်နိုင်ခဲသော ကိုးစားရာ အရဟတ္တဖိုလ်ကို ရနိုင်၏။

One is indeed the lord of oneself, for who else would be one’s lord? By means of a well-tamed self, one gains a lord that’s rare indeed.

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ, အတ္တဇံ အတ္တသမ္ဘဝံ၊

အဘိမတ္ထတိ [အဘိမန္တတိ (သီ။ ပီ။)] ဒုမ္မေဓံ, ဝဇိရံ ဝသ္မမယံ [ဝဇိရံဝ’မှမယံ (သျာ။ က။)] မဏိံ။

၅-မဟာကာလဥပါသကဝတ္ထု ၁၆၁။ ကျောက်မှဖြစ်သော စိန်သည် (မိမိမှီရာ) ကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့် ဖြစ်သော မကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။

For the evil that is done by oneself, born and produced in oneself, grinds down a simpleton, as diamond grinds a lesser gem.

၁၆၂။ ယဿ အစ္စန္တဒုဿီလျံ, မာလုဝါ သာလမိဝေါတ္ထတံ၊

ကရောတိ သော တထတ္တာနံ, ယထာ နံ ဣစ္ဆတီ ဒိသော။

၆-ဒေဝဒတ္တဝတ္ထု ၁၆၂။ မာလောနွယ်သည်မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ် သီလမရှိသောသူ၏ အဖြစ်တည်းဟူသောတဏှာအလွှမ်းမိုးခံရသူသည် ရန်သူ အလိုရှိတိုင်း (မိမိအကျိုးမဲ့ကို) မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။

One choked by immorality, as a sal tree by a creeper, does to themselves what a foe only wishes.

စာ-၃၈

၁၆၃။ သုကရာနိ အသာဓူနိ, အတ္တနော အဟိတာနိ စ၊

ယံ ဝေ ဟိတဉ္စ သာဓုဉ္စ, တံ ဝေ ပရမဒုက္ကရံ။

၇-သံဃဘေဒပရိသက္ကနဝတ္ထု ၁၆၃။ အပြစ်ရှိ၍ မိမိ၏ အကျိုးစီးပွါး မရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏။ အပြစ်ကင်း၍ အကျိုးစီးပွါးရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

It’s easy to do bad things harmful to oneself, but good things that are helpful are the hardest things to do.

၁၆၄။ ယော သာသနံ အရဟတံ, အရိယာနံ ဓမ္မဇီဝိနံ၊

ပဋိက္ကောသတိ ဒုမ္မေဓော, ဒိဋ္ဌိံ နိဿာယ ပါပိကံ၊

ဖလာနိ ကဋ္ဌကဿေဝ, အတ္တဃာတာယ [အတ္တဃညာယ (သီ။ သျာ။ ပီ။)] ဖလ္လတိ။

၈-ကာလတ္ထေရဝတ္ထု ၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သောတရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏၊ ဝါးသီးတို့သည် ဝါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာဖြစ်၏။

On account of wicked views— scorning the guidance of the perfected ones, the noble ones living righteously— the idiot begets their own self’s demise, like the bamboo bearing fruit.

၁၆၅။ အတ္တနာ ဟိ [အတ္တနာဝ (သီ။ သျာ။ ပီ။)] ကတံ ပါပံ, အတ္တနာ သံကိလိဿတိ၊

အတ္တနာ အကတံ ပါပံ, အတ္တနာဝ ဝိသုဇ္ဈတိ၊

သုဒ္ဓီ အသုဒ္ဓိ ပစ္စတ္တံ, နာညော အညံ [နာညမညော(သီ။)] ဝိသောဓယေ။

၉-စူဠကာလဥပါသကဝတ္ထု ၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏။ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာ ဖြစ်၏။ သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို (ကိလေသာ အညစ် အကြေးမှ စင်ကြယ်အောင်) မသုတ်သင်နိုင်။

For it is by oneself that evil’s done, one is corrupted by oneself. It’s by oneself that evil’s not done, one is purified by oneself. Purity and impurity are personal matters, no one can purify another.

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန, ဗဟုနာပိ န ဟာပယေ၊

အတ္တဒတ္ထမဘိညာယ, သဒတ္ထပသုတော သိယာ။

အတ္တဝဂ္ဂေါ ဒွါဒသမော နိဋ္ဌိတော။

၁၀-အတ္တဒတ္တတ္ထေရဝတ္ထု ၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွါးအတွက်ကြောင့် မိမိ၏ အကျိုးစီးပွါးကို (အနည်းငယ်မျှ) မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွါးကို သိ၍ မိမိ အကျိုးစီးပွါးကို တိုးပွါးအောင် လေ့ကျက်အားထုတ်ရာ၏။ တစ်ဆယ့်နှစ်ခုမြောက် အတ္တဝဂ် ပြီး၏။

Never neglect what is good for yourself for the sake of another, however great. Knowing well what is good for yourself, be intent upon your heart’s goal.

၁၃။ လောကဝဂ္ဂ

၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ, ပမာဒေန န သံဝသေ၊

မိစ္ဆာဒိဋ္ဌိံ န သေဝေယျ, န သိယာ လောကဝဍ္ဎနော။

၁၃-လောကဝဂ် ၁-ဒဟရဘိက္ခုဝတ္ထု ၁၆၇။ (ကာမဂုဏ်) အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့လျော့လျော့ မနေရာ၊မှားသော အယူကို မယူရာ၊ လောကကြီးပွါးရေးအတွက် သက်သက်မဖြစ်ရာ။

Minor Collection Sayings of the Dhamma 167–178 13. The World Don’t resort to lowly things, don’t abide in negligence, don’t resort to wrong views, don’t perpetuate the world.

၁၆၈။ ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ, ဓမ္မံ သုစရိတံ စရေ၊

ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။

၂-သုဒ္ဓေါဒနဝတ္ထု ၁၆၈။ ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ်သော အကျင့်တရားကို ကျင့်ရာ၏၊ တရားကို ကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။

Get up, don’t be heedless, live by principle, with good conduct. For one of good conduct sleeps at ease, in this world and the next.

စာ-၃၉

၁၆၉။ ဓမ္မံ စရေ သုစရိတံ, န နံ ဒုစ္စရိတံ စရေ၊

ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။

၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏။ ဒုစရိုက်တရားကို မကျင့်ရာ၊ တရားကို ကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။

Live by principle, with good conduct, don’t conduct yourself badly. For one of good conduct sleeps at ease, in this world and the next.

၁၇၀။ ယထာ ပုဗ္ဗုဠကံ [ပုဗ္ဗုဠကံ (သီ။ ပီ။)] ပဿေ, ယထာ ပဿေ မရီစိကံ၊

ဧဝံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတိ။

၃-ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု ၁၇၀။ ရေပွက်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တံလျှပ်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း ဤအတူ (ခန္ဓာငါးပါးဟူသော) လောကကို ရှုကြည့်သူကို သေမင်းသည် မမြင်နိုင်။

Look upon the world as a bubble or a mirage, then the King of Death won’t see you.

၁၇၁။ ဧထ ပဿထိမံ လောကံ, စိတ္တံ ရာဇရထူပမံ၊

ယတ္ထ ဗာလာ ဝိသီဒန္တိ, နတ္ထိ သင်္ဂေါ ဝိဇာနတံ။

၄-အဘယရာဇကုမာရဝတ္ထု ၁၇၁။ လာကြကုန်လော့ (ရတနာခုနစ်ပါးဖြင့်) ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော (အဝတ်တန်ဆာတို့ဖြင့်) ဆန်းကြယ်သော ဤခန္ဓာငါးပါးတည်းဟူသော လောကကို ရှုကြကုန်လော့၊ ယင်းလောက၌ မိုက်သူတို့သည် နစ်မြုပ်ကြကုန်၏။ ပညာရှိတို့အား ကပ်ငြိတွယ်တာမှုသည် မရှိ။

Come, see this world decked out like a fancy royal chariot. Here fools founder, but the discerning are not chained.

၁၇၂။ ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ, ပစ္ဆာ သော နပ္ပမဇ္ဇတိ၊

သောမံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

၅-သမ္မဇ္ဇနတ္ထေရဝတ္ထု ၁၇၂။ ရှေး (ငယ်စဥ်) အခါ က (ကုသိုလ်၌) မေ့လျော့ခဲ့၍ နောင် (ကြီးပြင်းသော) အခါ၌ မမေ့မလျော့သောသူသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤလောကကို (မဂ်ဉာဏ်ရောင်ဖြင့်) ထွန်းလင်းတောက်ပစေ၏။

He who once was heedless, but turned to heedfulness, shines upon this world like the moon freed from clouds.

၁၇၃။ ယဿ ပါပံ ကတံ ကမ္မံ, ကုသလေန ပိဓီယတိ [ပိတီယတိ (သီ။ သျာ။ ပီ။)]၊

သောမံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

၆-အင်္ဂုလိမာလတ္ထေရဝတ္ထု ၁၇၃။ မိမိပြုခဲ့သော မကောင်းမှု အကုသိုလ်ကံကို (အရဟတ္တမဂ်) ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို (အရဟတ္တမဂ် ဉာဏ်ရောင်ဖြင့်) ထွန်းလင်းတောက်ပစေ၏။

Someone whose bad deed is supplanted by the good, shines upon this world, like the moon freed from clouds.

၁၇၄။ အန္ဓဘူတော [အန္ဓီဘူတော (က။)] အယံ လောကော, တနုကေတ္ထ ဝိပဿတိ၊

သကုဏော ဇာလမုတ္တောဝ, အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

၇-ပေသကာရဓီတာဝတ္ထု ၁၇၄။ ဤလူအပေါင်းသည် (ပညာမျက်စိမရှိသဖြင့်) အကန်းအတိသာ ဖြစ်၏။ ဤလောက၌ အနည်းငယ်မျှသောသူသည်သာ (အနိစ္စ စသော သဘောအားဖြင့်) ရှုမြင်နိုင်၏။ ပိုက်ကွန်မှ လွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းငယ်မျှသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်နိုင်၏။

Blind is the world, few are those who clearly see. Only a handful go to heaven, like a bird freed from a net.

၁၇၅။ ဟံသာဒိစ္စပထေ ယန္တိ, အာကာသေ ယန္တိ ဣဒ္ဓိယာ၊

နီယန္တိ ဓီရာ လောကမှာ, ဇေတွာ မာရံ သဝါဟိနိံ [သဝါဟနံ (သျာ။ က။)]။

၈-တိံသဘိက္ခုဝတ္ထု ၁၇၅။ ဟင်္သာတို့သည် နေမင်းလမ်းကြောင်း ကောင်းကင်ခရီး၌ သွားကုန်၏။ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားကုန်၏။ ပညာရှိတို့သည် စစ်သည် ဗိုလ်ပါနှင့် တကွသော မာရ်မင်းကို အောင်၍ လောကမှ ထွက်မြောက်ကုန်၏။

Swans fly by the sun’s path, psychic sages fly through space. The attentive leave the world, having vanquished Māra with his legions.

၁၇၆။ ဧကံ ဓမ္မံ အတီတဿ, မုသာဝါဒိဿ ဇန္တုနော၊

ဝိတိဏ္ဏပရလောကဿ, နတ္ထိ ပါပံ အကာရိယံ။

၉-စိဉ္စမာဏဝိကာဝတ္ထု ၁၇၆။ သစ္စာတရားတစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘဝအတွက် ဆင်ခြင်စဥ်းစားခြင်း အလျင်းမရှိသောသူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။

When a personage, spurning the hereafter, transgresses in just one thing— lying— there is no evil they would not do.

စာ-၄၀

၁၇၇။ န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ, ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ၊

ဓီရော စ ဒါနံ အနုမောဒမာနော, တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

၁၀-အသဒိသဒါနဝတ္ထု ၁၇၇။ စေးနှဲဝန်တိုသူတို့သည် နတ်ပြည်သို့ မရောက်နိုင်ကြကုန်။ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်။ ပညာရှိသည်သာ အလှူဒါနကို ဝမ်းမြောက်နိုင်၏။ ထိုဝမ်းမြောက်မှုကြောင့် သာလျှင် ထိုပညာရှိသည် တမလွန်ဘဝ၌ ချမ်းသာရ၏။

The miserly don’t ascend to heaven, it takes a fool to not praise giving. The attentive celebrate giving, and so find happiness in the hereafter.

၁၇၈။ ပထဗျာ ဧကရဇ္ဇေန, သဂ္ဂဿ ဂမနေန ဝါ၊

သဗ္ဗလောကာဓိပစ္စေန, သောတာပတ္တိဖလံ ဝရံ။

လောကဝဂ္ဂေါ တေရသမော နိဋ္ဌိတော။

၁၁-အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု ၁၇၈။ မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက်လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။ တစ်ဆယ့်သုံးခုမြောက် လောကဝဂ် ပြီး၏။

The fruit of stream-entry is better than being the one king of the earth, than going to heaven, than lordship over all the world.

၁၄။ ဗုဒ္ဓဝဂ္ဂ

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ, ဇိတံ ယဿ [ဇိတမဿ (သီ။ သျာ။ ပီ။), ဇိတံ မဿ (က။)] နော ယာတိ ကောစိ လောကေ၊

တံ ဗုဒ္ဓမနန္တဂေါစရံ, အပဒံ ကေန ပဒေန နေဿထ။

၁၄-ဗုဒ္ဓဝဂ် ၁-မာရဓီတရဝတ္ထု ၁၇၉။ အကြင် မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန် အောင်ဖွယ်မလို၊ လောက၌ အကြင်မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာ နောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဥ်မလိုက်တော့ချေ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်း မရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

Minor Collection Sayings of the Dhamma 179–196 14. The Buddhas He whose victory may not be undone, a victory unrivaled in all the world; by what track would you trace that Buddha, who leaves no track in his infinite range?

၁၈၀။ ယဿ ဇာလိနီ ဝိသတ္တိကာ, တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ၊

တံ ဗုဒ္ဓမနန္တဂေါစရံ, အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ အကြင် မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သောတဏှာသည် မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

Of craving, the weaver, the clinger, he has none: so where can he be traced? By what track would you trace that Buddha, who leaves no track in his infinite range?

၁၈၁။ ယေ ဈာနပသုတာ ဓီရာ, နေက္ခမ္မူပသမေ ရတာ၊

ဒေဝါပိ တေသံ ပိဟယန္တိ, သမ္ဗုဒ္ဓါနံ သတီမတံ။

၂-ဒေဝေါရောဟနဝတ္ထု ၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏။ ကာမမှ ထွက်မြောက်မှု ကိလေသာငြိမ်းမှု၌ မွေ့လျော်ကုန်၏။ သစ္စာလေးပါးတရားကို ကောင်းစွာ သိကုန်သော လွန်ကဲသော သတိရှိကုန်သော ထိုပညာရှိတို့အား နတ် ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကြကုန်၏။

The attentive intent on absorption, who love the peace of renunciation, the Buddhas, ever mindful, are envied by even the gods.

စာ-၄၁

၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော, ကိစ္ဆံ မစ္စာန ဇီဝိတံ၊

ကိစ္ဆံ သဒ္ဓမ္မဿဝနံ, ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

၃-ဧရကပတ္တနာဂရာဇဝတ္ထု ၁၈၂။ လူအဖြစ်ကို ရခြင်းသည် ခဲယဥ်း၏။ သတ္တဝါတို့၏ အသက်ရှင်ခြင်းသည် ခဲယဥ်း၏။ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဥ်း၏။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာရခြင်းသည် ခဲယဥ်း၏။

It’s hard to gain a human birth; the life of mortals is hard; it’s hard to hear the true teaching; the arising of Buddhas is hard.

၁၈၃။ သဗ္ဗပါပဿ အကရဏံ, ကုသလဿ ဥပသမ္ပဒါ [ကုသလဿူပသမ္ပဒါ (သျာ။)]၊

သစိတ္တပရိယောဒပနံ [သစိတ္တပရိယောဒါပနံ (?)], ဧတံ ဗုဒ္ဓါန သာသနံ။

၄-အာနန္ဒတ္ထေရပဥှာဝတ္ထု ၁၈၃။ မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံစေရာ၏။ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

Not to do any evil; to embrace the good; to purify one’s mind: this is the instruction of the Buddhas.

၁၈၄။ ခန္တီ ပရမံ တပေါ တိတိက္ခာ, နိဗ္ဗာနံ [နိဗ္ဗာဏံ (က။ သီ။ ပီ။)] ပရမံ ဝဒန္တိ ဗုဒ္ဓါ၊

န ဟိ ပဗ္ဗဇိတော ပရူပဃာတီ, န [အယံ နကာရော သီ။ သျာ။ ပီ။ ပါတ္ထကေသု န ဒိဿတိ] သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၁၈၄။ တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။ ရဟန်းဟူသည် သူတစ်ပါးကို မညှဥ်းဆဲ၊ သူတစ်ပါးကို ညှဥ်းဆဲသောသူသည် ရဟန်း မဟုတ်။

Patient acceptance is the ultimate fervor. Extinguishment is the ultimate, say the Buddhas. No true renunciate injures another, nor does an ascetic hurt another.

၁၈၅။ အနူပဝါဒေါ အနူပဃာတော [အနုပဝါဒေါ အနုပဃာတော (သျာ။ က။)], ပါတိမောက္ခေ စ သံဝရော၊

မတ္တညုတာ စ ဘတ္တသ္မိံ, ပန္တဉ္စ သယနာသနံ၊

အဓိစိတ္တေ စ အာယောဂေါ, ဧတံ ဗုဒ္ဓါန သာသနံ။

၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွွဲရာ မညှဥ်းဆဲရာ၊ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏။ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏။ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တ သိက္ခာကို ပွါးများအားထုတ်ရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

Not speaking ill nor doing harm; restraint in the monastic code; moderation in eating; staying in remote lodgings; commitment to the higher mind— this is the instruction of the Buddhas.

၁၈၆။ န ကဟာပဏဝဿေန, တိတ္တိ ကာမေသု ဝိဇ္ဇတိ၊

အပ္ပဿာဒါ ဒုခါ ကာမာ, ဣတိ ဝိညာယ ပဏ္ဍိတော။

၅-အနဘိရတိဘိက္ခုဝတ္ထု ၁၈၆-၁၈၇။ အသပြာမိုး ရွာသွန်းပေးသဖြင့်လည်း ကာမတို့၌ ရောင့်ရဲတင်းတိမ်မှု မရှိ၊ ကာမတို့သည်သာယာဖွယ်သဘောမရှိကုန်၊ ဆင်းရဲကုန်၏ဟု သိ၍ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ပညာရှိသည် နတ်၌ဖြစ်သော ကာမတို့၌သော်လည်း မမွေ့လျော်၊ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။

Even if it were raining money, you’d not be sated in sensual pleasures. An astute person understands that sensual pleasures offer little gratification and much suffering.

၁၈၇။ အပိ ဒိဗ္ဗေသု ကာမေသု, ရတိံ သော နာဓိဂစ္ဆတိ၊

တဏှက္ခယရတော ဟောတိ, သမ္မာသမ္ဗုဒ္ဓသာဝကော။

Thus they find no delight even in celestial pleasures. A disciple of the fully awakened Buddha delights in the ending of craving.

၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိ, ပဗ္ဗတာနိ ဝနာနိ စ၊

အာရာမရုက္ခစေတျာနိ, မနုဿာ ဘယတဇ္ဇိတာ။

၆-အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု ၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။

So many go for refuge to mountains and forest groves, to shrines in tended parks; those people are driven by fear.

၁၈၉။ နေတံ ခေါ သရဏံ ခေမံ, နေတံ သရဏမုတ္တမံ၊

နေတံ သရဏမာဂမ္မ, သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၈၉။ ဤ တော တောင် အရံ အထိကရသစ်ပင်စသော ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။

But such refuge is no sanctuary, it is no supreme refuge. By going to that refuge, you’re not released from all suffering.

စာ-၄၂

၁၉၀။ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ, သံဃဉ္စ သရဏံ ဂတော၊

စတ္တာရိ အရိယသစ္စာနိ, သမ္မပ္ပညာယ ပဿတိ။

၁၉၀-၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ‘ဒုက္ခသစ္စာ’, ဆင်းရဲခြင်း၏အကြောင်းရင်းအမှန် ‘သမုဒယသစ္စာ’, ဆင်းရဲလွတ် မြောက်ရာအမှန် ‘နိရောဓသစ္စာ’, ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအမှန် ‘အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ’ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။

One gone for refuge to the Buddha, to his teaching and to the Saṅgha, sees the four noble truths with right understanding:

၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ, ဒုက္ခဿ စ အတိက္ကမံ၊

အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ, ဒုက္ခူပသမဂါမိနံ။

suffering, suffering’s origin, suffering’s transcendence, and the noble eightfold path that leads to the stilling of suffering.

၁၉၂။ ဧတံ ခေါ သရဏံ ခေမံ, ဧတံ သရဏမုတ္တမံ၊

ဧတံ သရဏမာဂမ္မ, သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၉၂။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။

Such refuge is a sanctuary, it is the supreme refuge. By going to that refuge, you’re released from all suffering.

၁၉၃။ ဒုလ္လဘော ပုရိသာဇညော, န သော သဗ္ဗတ္ထ ဇာယတိ၊

ယတ္ထ သော ဇာယတိ ဓီရော, တံ ကုလံ သုခမေဓတိ။

၇-အာနန္ဒတ္ထေရပဥှာဝတ္ထု ၁၉၃။ ယောကျာ်းအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ဖြစ်ထွန်းပေါ်ပေါက်နိုင်ခဲ၏၊ ထိုယောကျာ်းအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ခပ်သိမ်းသောအရပ်ဒေသ ခပ်သိမ်းသော အမျိုးအနွယ်တို့၌ မဖြစ်ထွန်းနိုင်၊ ပညာရှိသော အာဇာနည်ယောကျာ်းပုဂ္ဂိုလ်မျိုးသည် အကြင်အမျိုးအနွယ်၌ ဖြစ်၏၊ ထိုအမျိုးအနွယ်သည် ချမ်းသာခြင်းသို့ ရောက်၏။

It’s hard to find a thoroughbred man: they’re not born just anywhere. A family where that attentive one is born prospers in happiness.

၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ, သုခါ သဒ္ဓမ္မဒေသနာ၊

သုခါ သံဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ။

၈-သမ္ဗဟုလဘိက္ခုဝတ္ထု ၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။

Happy, the arising of Buddhas! Happy, the teaching of Dhamma! Happy is the harmony of the Saṅgha, and the striving of the harmonious is happy.

၁၉၅။ ပူဇာရဟေ ပူဇယတော, ဗုဒ္ဓေ ယဒိ ဝ သာဝကေ၊

ပပဉ္စသမတိက္ကန္တေ, တိဏ္ဏသောကပရိဒ္ဒဝေ။

၉-ကဿပဒသဗလဿသုဝဏ္ဏစေတိယဝတ္ထု ၁၉၅-၁၉၆။ ပူဇော်ထိုက်ကုန်သောတဏှာ မာန ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော စိုးရိမ်ပူဆွေး ငိုကြွေးခြင်းကို လွန်မြောက်ပြီးကုန်သော ကိလေသာ ငြိမ်းအေးပြီးကုန်သော တစ်စုံတစ်ခု ဘေးရန်မရှိကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့ကိုလည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုကို ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံတစ်ယောက်သောသူသည်လည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။ တစ်ဆယ့်လေးခုမြောက် ဗုဒ္ဓဝဂ် ပြီး၏။ ပဌမဘာဏဝါရ ပြီး၏။

When a person venerates the worthy— the Buddha or his disciple, who have transcended proliferation, and have left behind grief and lamentation,

၁၉၆။ တေ တာဒိသေ ပူဇယတော, နိဗ္ဗုတေ အကုတောဘယေ၊

န သက္ကာ ပုညံ သင်္ခါတုံ, ဣမေတ္တမပိ ကေနစိ။

ဗုဒ္ဓဝဂ္ဂေါ စုဒ္ဒသမော နိဋ္ဌိတော။

quenched, fearing nothing from any quarter— the merit of one venerating such as these, cannot be calculated by anyone, saying it is just this much.

၁၅။ သုခဝဂ္ဂ

၁၉၇။ သုသုခံ ဝတ ဇီဝါမ, ဝေရိနေသု အဝေရိနော၊

ဝေရိနေသု မနုဿေသု, ဝိဟရာမ အဝေရိနော။

၁၅-သုခဝဂ် ၁-ဉာတိကလဟဝူပသမနဝတ္ထု ၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

Minor Collection Sayings of the Dhamma 197–208 15. Happiness Let us live so very happily, loving among the hostile. Among hostile humans, let us live with love.

စာ-၄၃

၁၉၈။ သုသုခံ ဝတ ဇီဝါမ, အာတုရေသု အနာတုရာ၊

အာတုရေသု မနုဿေသု, ဝိဟရာမ အနာတုရာ။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသောသူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲအလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ကိလေသာ အနှိပ်စက် ခံရသောသူတို့အလယ်၌ ကိလေသာအနှိပ်စက်မခံရကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

Let us live so very happily, healthy among the ailing. Among ailing humans let us live healthily.

၁၉၉။ သုသုခံ ဝတ ဇီဝါမ, ဥဿုကေသု အနုဿုကာ၊

ဥဿုကေသု မနဿေသု, ဝိဟရာမ အနုဿုကာ။

၁၉၉။ ကာမဂုဏ်ကိုကြောင့်ကြစိုက်ကုန်သောသူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

Let us live so very happily, content among the greedy. Among greedy humans, let us live content.

၂၀၀။ သုသုခံ ဝတ ဇီဝါမ, ယေသံ နော နတ္ထိ ကိဉ္စနံ၊

ပီတိဘက္ခာ ဘဝိဿာမ, ဒေဝါ အာဘဿရာ ယထာ။

၂-မာရဝတ္ထု ၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်း ဟူသော အစာကိုအားထား၍ နေကြကုန်အံ့။

Let us live so very happily, we who have nothing. We shall feed on rapture, like the gods of sublime luminosity.

၂၀၁။ ဇယံ ဝေရံ ပသဝတိ, ဒုက္ခံ သေတိ ပရာဇိတော၊

ဥပသန္တော သုခံ သေတိ, ဟိတွာ ဇယပရာဇယံ။

၃-ကောသလရညော ပရာဇယဝတ္ထု ၂၀၁။ အနိုင်ရသူသည် ရန်ကို ပွါးစေ၏။ ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ (ကိလေသာ) ငြိမ်းပြီးသောသူသည် အနိုင်အရှုံးကို စွန့်၍ ချမ်းသာစွာ နေရ၏။

Victory breeds enmity; the defeated sleep badly. The peaceful sleep at ease, having left victory and defeat behind.

၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ, နတ္ထိ ဒေါသသမော ကလိ၊

နတ္ထိ ခန္ဓသမာ [ခန္ဓာဒိသာ (သီ။ သျာ။ ပီ။ ရူပသိဒ္ဓိယာ သမေတိ)] ဒုက္ခာ, နတ္ထိ သန္တိပရံ သုခံ။

၄-အညတရကုလဒါရိကာဝတ္ထု ၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲ ‘ဒုက္ခ’ မရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာ မရှိ။

There is no fire like greed, no crime like hate, no suffering like the aggregates, no bliss beyond peace.

၂၀၃။ ဇိဃစ္ဆာပရမာ ရောဂါ, သင်္ခါရပရမာ [သင်္ကာရာ ပရမာ (ဗဟူသု)] ဒုခါ၊

ဧတံ ဉတွာ ယထာဘူတံ, နိဗ္ဗာနံ ပရမံ သုခံ။

၅-ဧကဥပါသကဝတ္ထု ၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏။ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။ (ပညာရှိသည်) ဤသို့ ဟုတ်တိုင်းမှန်စွာ သိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

Hunger is the worst illness, conditions are the worst suffering. When one has known this as it is, extinguishment is the ultimate happiness.

၂၀၄။ အာရောဂျပရမာ လာဘာ, သန္တုဋ္ဌိပရမံ ဓနံ၊

ဝိဿာသပရမာ ဉာတိ [ဝိဿာသပရမော ဉာတိ (က။ သီ။), ဝိဿာသပရမာ ဉာတီ (သီ။ အဋ္ဌ။), ဝိဿာသာ ပရမာ ဉာတိ (က။)], နိဗ္ဗာနံ ပရမံ [နိဗ္ဗာဏပရမံ (က။ သီ။)] သုခံ။

၆-ပသေနဒိကောသလဝတ္ထု ၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။

Health is the ultimate blessing; contentment, the ultimate wealth; trust is the ultimate family; extinguishment, the ultimate happiness.

၂၀၅။ ပဝိဝေကရသံ ပိတွာ [ပီတွာ (သီ။ သျာ။ ကံ။ ပီ။)], ရသံ ဥပသမဿ စ၊

နိဒ္ဒရော ဟောတိ နိပ္ပါပေါ, ဓမ္မပီတိရသံ ပိဝံ။

၇-တိဿတ္ထေရဝတ္ထု ၂၀၅။ တရားတည်းဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကို လည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏။ မကောင်းမှုမှလည်း ကင်း၏။

Having drunk the nectar of seclusion and the nectar of peace— free of stress, free of evil, drink the joyous nectar of truth.

စာ-၄၄

၂၀၆။ သာဟု ဒဿနမရိယာနံ, သန္နိဝါသော သဒါ သုခေါ၊

အဒဿနေန ဗာလာနံ, နိစ္စမေဝ သုခီ သိယာ။

၈-သက္ကဝတ္ထု ၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည် ကောင်း၏။ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါ ခပ်သိမ်း ချမ်းသာ၏။ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

It’s good to see the noble ones, staying with them is always good. Were you not to see fools, you’d always be happy.

၂၀၇။ ဗာလသင်္ဂတစာရီ [ဗာလသင်္ဂတိစာရီ (က။)] ဟိ, ဒီဃမဒ္ဓါန သောစတိ၊

ဒုက္ခော ဗာလေဟိ သံဝါသော, အမိတ္တေနေဝ သဗ္ဗဒါ၊

ဓီရော စ သုခသံဝါသော, ဉာတီနံဝ သမာဂမော။

၂၀၇။ သူမိုက်နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလရှည်မြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့်အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါ ခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိနှင့့် အတူတကွ နေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

For one who consorts with fools grieves long. Painful is living with fools, like being stuck with your enemy. Happy is living with an attentive one, like meeting with your kin.

၂၀၈။ တသ္မာ ဟိ –

ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ, ဓောရယှသီလံ ဝတဝန္တမရိယံ၊

တံ တာဒိသံ သပ္ပုရိသံ သုမေဓံ, ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ [တသ္မာ ဟိ ဓီရံ ပညဉ္စ, ဗဟုဿုတဉ္စ ဓောရယှံ၊ သီလံ ဓုတဝတမရိယံ, တံ တာဒိသံ သပ္ပုရိသံ၊ သုမေဓံ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ၊ (က။)]။

သုခဝဂ္ဂေါ ပန္နရသမော နိဋ္ဌိတော။

၂၀၈။ ထို့ကြောင့် သာလျှင် တည်ကြည်လည်း တည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသော ဝန်ကိုလည်း ဆောင်လေ့ရှိသော သီလဓုတင် (ဖြူစင်သော) အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့ သွားရာလမ်းခရီးကို ချဥ်းကပ်သကဲ့သို့မှီဝဲဆည်းကပ်ရာ၏။ တစ်ဆယ့်ငါးခုမြောက် သုခဝဂ် ပြီး၏။

Therefore: An attentive one, wise and learned, a behemoth of virtue, true to their vows, noble: follow a true and intelligent person such as this, as the moon tracks the path of the stars.

၁၆။ ပိယဝဂ္ဂ

၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ, ယောဂသ္မိဉ္စ အယောဇယံ၊

အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ, ပိဟေတတ္တာနုယောဂိနံ။

၁၆-ပိယဝဂ် ၁-တယောဇနပဗ္ဗဇိတဝတ္ထု ၂၀၉။ မိမိကိုယ်ကိုအားမထုတ်သင့်ရာ၌အားထုတ်လျက်အားထုတ်သင့်ရာ၌အားမထုတ်ဘဲ အကျိုးစီးပွါးကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ်သူတို့၏ (အကျိုးစီးပွါးကို ငါရမူကား ကောင်းလေစွဟု) လိုလားတောင့်တ၏။

Minor Collection Sayings of the Dhamma 209–220 16. The Beloved Applying yourself where you ought not, neglecting what you should be doing, forgetting your goal, you cling to what you hold dear, jealous of those devoted to their heart’s goal.

၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ, အပ္ပိယေဟိ ကုဒါစနံ၊

ပိယာနံ အဒဿနံ ဒုက္ခံ, အပ္ပိယာနဉ္စ ဒဿနံ။

၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ရံတစ်ဆစ်မျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

Don’t ever get too close to those you like or dislike. For not seeing the liked is suffering, and so is seeing the disliked.

၂၁၁။ တသ္မာ ပိယံ န ကယိရာထ, ပိယာပါယော ဟိ ပါပကော၊

ဂန္ထာ တေသံ န ဝိဇ္ဇန္တိ, ယေသံ နတ္ထိ ပိယာပ္ပိယံ။

၂၁၁။ ထို့ကြောင့် (လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ) ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့ ‘ဂန္ထ’ တို့ မရှိကြကုန်။

Therefore don’t hold anything dear, for it’s bad to lose those you love. No ties are found in they who hold nothing loved or loathed.

၂၁၂။ ပိယတော ဇာယတီ သောကော, ပိယတော ဇာယတီ [ဇာယတေ (က။)] ဘယံ၊

ပိယတော ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

၂-အညတရကုဋမ္ဗိကဝတ္ထု ၂၁၂။ ချစ်ခင်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

Sorrow springs from what we hold dear, fear springs from what we hold dear; one free from holding anything dear has no sorrow, let alone fear.

စာ-၄၅

၂၁၃။ ပေမတော ဇာယတီ သောကော, ပေမတော ဇာယတီ ဘယံ၊

ပေမတော ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

၃-ဝိသာခါဝတ္ထု ၂၁၃။ မြတ်နိုးမှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ မြတ်နိုးမှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

Sorrow springs from attachment, fear springs from attachment; one free from attachment has no sorrow, let alone fear.

၂၁၄။ ရတိယာ ဇာယတီ သောကော, ရတိယာ ဇာယတီ ဘယံ၊

ရတိယာ ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

၄-လိစ္ဆဝီဝတ္ထု ၂၁၄။ မွေ့လျော်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ မွေ့လျော်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ မွေ့လျော်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

Sorrow springs from relishing, fear springs from relishing; one free from relishing has no sorrow, let alone fear.

၂၁၅။ ကာမတော ဇာယတီ သောကော, ကာမတော ဇာယတီ ဘယံ၊

ကာမတော ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

၅-အနိတ္ထိဂန္ဓကုမာရဝတ္ထု ၂၁၅။ ကာမကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ ကာမကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ ကာမမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့ နည်း။

Sorrow springs from desire, fear springs from desire; one free from desire has no sorrow, let alone fear.

၂၁၆။ တဏှာယ ဇာယတီ [ဇာယတေ (က။)] သောကော, တဏှာယ ဇာယတီ ဘယံ၊

တဏှာယ ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

၆-အညတရဗြာဟ္မဏဝတ္ထု ၂၁၆။ တဏှာကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ တဏှာကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့ နည်း။

Sorrow springs from craving, fear springs from craving; one free from craving has no sorrow, let alone fear.

၂၁၇။ သီလဒဿနသမ္ပန္နံ, ဓမ္မဋ္ဌံ သစ္စဝေဒိနံ၊

အတ္တနော ကမ္မ ကုဗ္ဗာနံ, တံ ဇနော ကုရုတေ ပိယံ။

၇-ပဉ္စသတဒါရကဝတ္ထု ၂၁၇။ သီလနှင့်လည်းပြည့်စုံ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ်အမှုကိစ္စကိုလည်း ပြုတတ်သူကို လူ အပေါင်းသည် ချစ်ခင်မြတ်နိုး၏။

One accomplished in virtue and vision, firmly principled, and truthful, doing oneself what ought be done: that’s who the people love.

၂၁၈။ ဆန္ဒဇာတော အနက္ခာတေ, မနသာ စ ဖုဋော သိယာ၊

ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော [အပ္ပဋိဗန္ဓစိတ္တော (က။)], ဥဒ္ဓံသောတောတိ ဝုစ္စတိ။

၈-ဧကအနာဂါမိတ္ထေရဝတ္ထု ၂၁၈။ နိဗ္ဗာန်ကိုအားကြီးစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့် တွေ့ထိကာ ကာမဘုံတို့၌ ကပ်ငြိစိတ်မရှိသူကို အထက်အကနိဋ္ဌဘုံသို့ အစဥ်အတိုင်း သွားမည့်သူဟု ဆိုအပ်၏။

One eager to realize the ineffable would be filled with awareness. Their mind not bound to pleasures of sense, they’re said to be heading upstream.

၂၁၉။ စိရပ္ပဝါသိံ ပုရိသံ, ဒူရတော သောတ္ထိမာဂတံ၊

ဉာတိမိတ္တာ သုဟဇ္ဇာ စ, အဘိနန္ဒန္တိ အာဂတံ။

၉-နန္ဒိယဝတ္ထု ၂၁၉။ ကြာမြင့်စွာ ကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို (မြင်၍) ဆွေမျိုး မိတ်ဆွေချစ်ကျွမ်းဝင်သူတို့သည် ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကုန်၏။

When a man returns safely after a long time spent abroad, family, friends, and loved ones celebrate his return.

၂၂၀။ တထေဝ ကတပုညမ္ပိ, အသ္မာ လောကာ ပရံ ဂတံ၊

ပုညာနိ ပဋိဂဏှန္တိ, ပိယံ ဉာတီဝ အာဂတံ။

ပိယဝဂ္ဂေါ သောဠသမော နိဋ္ဌိတော။

၂၂၀။ ထိုနည်းတူစွာလျှင် ဤပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ သွားသော ပြုပြီးသော ကောင်းမှုရှိသူကိုလည်း ဆွေမျိုးတို့သည် ပြန်ရောက်လာသော ချစ်ခင်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏။ တစ်ဆယ့်ခြောက်ခုမြောက် ပိယဝဂ် ပြီး၏။

Just so, when one who has done good goes from this world to the next, their good deeds receive them there, as family welcomes home one they love.

စာ-၄၆

၁၇။ ကောဓဝဂ္ဂ

၂၂၁။ ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ, သံယောဇနံ သဗ္ဗမတိက္ကမေယျ၊

တံ နာမရူပသ္မိမသဇ္ဇမာနံ, အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၁၇-ကောဓဝဂ် ၁-ရောဟိနီခတ္တိယကညာဝတ္ထု ၂၂၁။ အမျက် ‘ဒေါသ’ကို စွန့်ရာ၏။ မာနကို ပယ်ရာ၏။ သံယောဇဥ်မှန်သမျှကို ကျော်လွန်ရာ၏။ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

Minor Collection Sayings of the Dhamma 221–234 17. Anger Give up anger, get rid of conceit, and escape every fetter. Sufferings don’t befall one who has nothing, not clinging to name and form.

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ, ရထံ ဘန္တံဝ ဝါရယေ [ဓာရယေ (သီ။ သျာ။ ပီ။)]၊

တမဟံ သာရထိံ ဗြူမိ, ရသ္မိဂ္ဂါဟော ဣတရော ဇနော။

၂-အညတရဘိက္ခုဝတ္ထု ၂၂၂။ လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာ ပြေးသွားသော ရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက် ‘ဒေါသ’ကို စင်စစ် တားမြစ်နိုင်သူကို ‘လိမ္မာသော ရထားထိန်း’ ဟူ၍ ငါဆို၏။ ဤမှတစ်ပါး ပြကတေ့ ရထားထိန်းသည် ရထားကြိုးကိုင်သာ မည်၏။

When anger surges like a lurching chariot, keep it in check. That’s what I call a charioteer; others just hold the reins.

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ, အသာဓုံ သာဓုနာ ဇိနေ၊

ဇိနေ ကဒရိယံ ဒါနေန, သစ္စေနာလိကဝါဒိနံ။

၃-ဥတ္တရာဥပါသိကာဝတ္ထု ၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့် အောင်ရာ၏။ မကောင်းသော သဘောရှိသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန် ပြောသောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

Defeat anger with kindness, villainy with virtue, stinginess with giving, and lies with truth.

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ, ဒဇ္ဇာ အပ္ပမ္ပိ [ဒဇ္ဇာ’ပ္ပသ္မိမ္ပိ (သီ။ ပီ။), ဒဇ္ဇာ အပ္ပသ္မိ (သျာ။ က။)] ယာစိတော၊

ဧတေဟိ တီဟိ ဌာနေဟိ, ဂစ္ဆေ ဒေဝါန သန္တိကေ။

၄-မဟာမောဂ္ဂလ္လာနပဥှာဝတ္ထု ၂၂၄။မှန်သော စကားကို ပြောဆိုရာ၏။ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏။ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ ရောက်ရ၏။

Speak the truth, do not be angry, and give when asked, if only a little. By these three means, you may enter the presence of the gods.

၂၂၅။ အဟိံသကာ ယေ မုနယော [အဟိံသကာယာ မုနယော (က။)], နိစ္စံ ကာယေန သံဝုတာ၊

တေ ယန္တိ အစ္စုတံ ဌာနံ, ယတ္ထ ဂန္တွာ န သောစရေ။

၅-ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု ၂၂၅။ သူတစ်ပါးတို့ကို မညှဥ်းဆဲတတ်၊ ကာယဒွါရ စသည်တို့ဖြင့် အမြဲစောင့်စည်းတတ် ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

Those harmless sages, always restrained in body, go to the state that does not pass, where there is no sorrow.

၂၂၆။ သဒါ ဇာဂရမာနာနံ, အဟောရတ္တာနုသိက္ခိနံ၊

နိဗ္ဗာနံ အဓိမုတ္တာနံ, အတ္ထံ ဂစ္ဆန္တိ အာသဝါ။

၆-ပုဏ္ဏဒါသီဝတ္ထု ၂၂၆။ အခါ ခပ်သိမ်း နိုးကြား ထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်း ကွယ်ပျောက်ကြကုန်၏။

Always wakeful, practicing night and day, focused only on extinguishment, their defilements come to an end.

စာ-၄၇

၂၂၇။ ပေါရာဏမေတံ အတုလ, နေတံ အဇ္ဇတနာမိဝ၊

နိန္ဒန္တိ တုဏှိမာသီနံ, နိန္ဒန္တိ ဗဟုဘာဏိနံ၊

မိတဘာဏိမ္ပိ နိန္ဒန္တိ, နတ္ထိ လောကေ အနိန္ဒိတော။

၇-အတုလဥပါသကဝတ္ထု ၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဥ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာ ပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့ လွတ်သောသူမည်သည် မရှိပေ။

It’s always been this way, Atula, it’s not just today. They blame you when you’re silent, they blame you when you speak a lot, and even when you speak just right: no one in the world escapes blame.

၂၂၈။ န စာဟု န စ ဘဝိဿတိ, န စေတရဟိ ဝိဇ္ဇတိ၊

ဧကန္တံ နိန္ဒိတော ပေါသော, ဧကန္တံ ဝါ ပသံသိတော။

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူ မည်သည် ရှေးကလည်း မရှိခဲ့စဖူး၊ နောင်အခါ လည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်း မရှိ။

There never was, nor will be, nor is there today, someone who is wholly praised or wholly blamed.

၂၂၉။ ယံ စေ ဝိညူ ပသံသန္တိ, အနုဝိစ္စ သုဝေ သုဝေ၊

အစ္ဆိဒ္ဒဝုတ္တိံ [အစ္ဆိန္နဝုတ္တိံ (က။)] မေဓာဝိံ, ပညာသီလသမာဟိတံ။

၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သော ပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိဂုဏ်ရှိသောသူကို ပညာရှိတို့သည် ဟုတ်မှန်စွာ သိ၍ နေ့တိုင်း နေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့်တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း? ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

If, after watching them day in day out, discerning people praise that sage of impeccable conduct, endowed with ethics and wisdom;

၂၃၀။ နိက္ခံ [နေက္ခံ (သီ။ သျာ။ ပီ။)] ဇမ္ဗောနဒဿေဝ, ကော တံ နိန္ဒိတုမရဟတိ၊

ဒေဝါပိ နံ ပသံသန္တိ, ဗြဟ္မုနာပိ ပသံသိတော။

like a pendant of Black Plum River gold, who is worthy to criticize them? Even the gods praise them, and by the Divinity, too, they’re praised.

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ, ကာယေန သံဝုတော သိယာ၊

ကာယဒုစ္စရိတံ ဟိတွာ, ကာယေန သုစရိတံ စရေ။

၈-ဆဗ္ဗဂ္ဂိယဝတ္ထု ၂၃၁။ ကိုယ်အမူအရာပျက်စီးမှု (ကာယဒုစရိုက်သုံးပါး) ကို စောင့်ရှောက်ရာ၏။ ကာယဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ ကာဒုစရိုက်ကို ပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

Guard against ill-tempered deeds, be restrained in body. Giving up bad bodily conduct, conduct yourself well in body.

၂၃၂။ ဝစီပကောပံ ရက္ခေယျ, ဝါစာယ သံဝုတော သိယာ၊

ဝစီဒုစ္စရိတံ ဟိတွာ, ဝါစာယ သုစရိတံ စရေ။

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ဝစီဒုစရိုက်လေးပါး) ကို စောင့်ရှောက်ရာ၏။ ဝစီဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ ဝစီဒုစရိုက်ကို ပယ်စွန့်၍ ဝစီသုစရိုက်ကို ကျင့်ရာ၏။

Guard against ill-tempered words, be restrained in speech. Giving up bad verbal conduct, conduct yourself well in speech.

၂၃၃။ မနောပကောပံ ရက္ခေယျ, မနသာ သံဝုတော သိယာ၊

မနောဒုစ္စရိတံ ဟိတွာ, မနသာ သုစရိတံ စရေ။

၂၃၃။ စိတ်အမူအရာပျက်စီးမှု (မနောဒုစရိုက်သုံးပါး) ကို စောင့်ရှောက်ရာ၏။ မနောဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

Guard against ill-tempered thoughts, be restrained in mind. Giving up bad mental conduct, conduct yourself well in mind.

၂၃၄။ ကာယေန သံဝုတာ ဓီရာ, အထော ဝါစာယ သံဝုတာ၊

မနသာ သံဝုတာ ဓီရာ, တေ ဝေ သုပရိသံဝုတာ။

ကောဓဝဂ္ဂေါ သတ္တရသမော နိဋ္ဌိတော။

၂၃၄။ ပညာရှိတို့သည် ကိုယ်ဖြင့် ဝင်ရောက်လာသော ဒုစရိုက်, နှုတ်ဖြင့် ဝင်ရောက် လာသော ဒုစရိုက်, စိတ်ဖြင့် ဝင်ရောက်လာသော ဒုစရိုက်တို့ကို တားမြစ် ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။ တစ်ဆယ့်ခုနစ်ခုမြောက် ကောဓဝဂ် ပြီး၏။

An attentive one is restrained in body restrained also in speech, in thought, too, they are restrained: they are restrained in every way.

၁၈။ မလဝဂ္ဂ

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ, ယမပုရိသာပိ စ တေ [တံ (သီ။ သျာ။ ကံ။ ပီ။)] ဥပဋ္ဌိတာ၊

ဥယျောဂမုခေ စ တိဋ္ဌသိ, ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။

၁၈-မလဝဂ် ၁-ဂေါဃာတကပုတ္တဝတ္ထု ၂၃၅။ (ဥပါသကာ) သင်သည် ယခုအခါ ဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ခဲ့ပြီ။ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ။ ဆုတ်ယုတ် ပျက်စီးခြင်း၏အစ (ဘဝအဆုံး)၌လည်း တည်ခဲ့ပြီ။ သင့်အား (ဘဝတစ်ပါးသို့ သွားရန် ကောင်းမှု) ရိက္ခာလည်း မရှိ။

Minor Collection Sayings of the Dhamma 235–255 18. Stains Today you’re like a withered leaf, Yama’s men await you. You stand at the departure gates, yet you have no supplies for the road.

စာ-၄၈

၂၃၆။ သော ကရောဟိ ဒီပမတ္တနော, ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ၊

နိဒ္ဓန္တမလော အနင်္ဂဏော, ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ [ဒိဗ္ဗံ အရိယဘူမိမေဟိသိ (သီ။ သျာ။ ပီ။), ဒိဗ္ဗမရိယဘူမိံ ဥပေဟိသိ (?)]။

၂၃၆။ ထိုသင်သည် မိမိ၏မှီရာကျွန်းနှင့်တူသော ကောင်းမှုကို ပြုလော့၊ လျင်စွာအားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကို ပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

Make an island of yourself! Swiftly strive, learn to be wise! Purged of stains, flawless, you’ll go to the heavenly realm of the noble ones.

၂၃၇။ ဥပနီတဝယော စ ဒါနိသိ, သမ္ပယာတောသိ ယမဿ သန္တိကေ၊

ဝါသော [ဝါသောပိ စ (ဗဟူသု)] တေ နတ္ထိ အန္တရာ, ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။

၂၃၇။ (ဥပါသကာ) သင်သည် ယခုအခါ အရွယ်လွန်ချေပြီ။ သေမင်း၏ အထံသို့ သွားချိန် ရောက်ခဲ့ပြီ။ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား (ဘဝတစ်ပါးသို့ သွားရန်ကောင်းမှု) ရိက္ခာလည်း မရှိ။

You’ve journeyed the stages of life, and now you set out to meet Yama. Along the way there’s nowhere to stay, yet you have no supplies for the road.

၂၃၈။ သော ကရောဟိ ဒီပမတ္တနော, ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ၊

နိဒ္ဓန္တမလော အနင်္ဂဏော, န ပုနံ ဇာတိဇရံ [န ပုန ဇာတိဇရံ (သီ။ သျာ။), န ပုန ဇာတိဇ္ဇရံ (က။)] ဥပေဟိသိ။

၂၃၈။ (ဥပါသကာ) သင်သည် မိမိ၏မှီရာကျွန်းနှင့်တူသော ကောင်းမှုကို ပြုလော့၊ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေလော့၊ အညစ်အကြေးကို ပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန်ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့လတ္တံ့။

Make an island of yourself! Swiftly strive, learn to be wise! Purged of stains, flawless, you’ll not come again to rebirth and old age.

၂၃၉။ အနုပုဗ္ဗေန မေဓာဝီ, ထောကံ ထောကံ ခဏေ ခဏေ၊

ကမ္မာရော ရဇတဿေဝ, နိဒ္ဓမေ မလမတ္တနော။

၂-အညတရဗြာဟ္မဏဝတ္ထု ၂၃၉။ ပန်းထိမ်သည်သည် ရွှေ၏ အညစ်အကြေးကို တဖြည်းဖြည်း ထုတ်သကဲ့သို့ ပညာရှိသည် အစဥ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂစသော အညစ်အကြေးကို) ထုတ်ပယ်ရာ၏။

A smart person would purge their own stains gradually, bit by bit, moment by moment, like a smith smelting silver.

၂၄၀။ အယသာဝ မလံ သမုဋ္ဌိတံ [သမုဋ္ဌာယ (က။)], တတုဋ္ဌာယ [တဒုဋ္ဌာယ (သီ။ သျာ။ ပီ။)] တမေဝ ခါဒတိ၊

ဧဝံ အတိဓောနစာရိနံ, သာနိ ကမ္မာနိ [သကကမ္မာနိ (သီ။ ပီ။)] နယန္တိ ဒုဂ္ဂတိံ။

၃-တိဿတ္ထေရဝတ္ထု ၂၄၀။ သံချေးသည် သံမှပင် ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် (ပြန်၍) စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှုတို့သည် ဒုဂ္ဂတိဘဝသို့ ဆောင်ကုန်၏။

It is the rust born on the iron that eats away the place it arose. And so it is their own deeds that lead the overly-ascetic to a bad place.

၂၄၁။ အသဇ္ဈာယမလာ မန္တာ, အနုဋ္ဌာနမလာ ဃရာ၊

မလံ ဝဏ္ဏဿ ကောသဇ္ဇံ, ပမာဒေါ ရက္ခတော မလံ။

၄-လာဠုဒါယီဝတ္ထု ၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်း (လှပခြင်း) ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေး မည်၏။

Not rehearsing is the stain of hymns. The stain of houses is neglect. Laziness is the stain of beauty. A guard’s stain is negligence.

၂၄၂။ မလိတ္ထိယာ ဒုစ္စရိတံ, မစ္ဆေရံ ဒဒတော မလံ၊

မလာ ဝေ ပါပကာ ဓမ္မာ, အသ္မိံ လောကေ ပရမှိ စ။

၅-အညတရကုလပုတ္တဝတ္ထု ၂၄၂။ (လင်ကို) လွန်ကျူး၍ ကျင့်ခြင်းသည် မိန်းမ၏ (ပျက်စီးကြောင်း) အညစ် အကြေးမည်၏။ နှမြောဝန်တိုခြင်းသည် ပေးလှူသူ၏ (ပျက်စီးကြောင်း) အညစ် အကြေးမည်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ဧကန်ပျက်စီးကြောင်း အညစ်အကြေး မည်ကုန်၏။

Misconduct is a woman’s stain. A giver’s stain is stinginess. Bad qualities are a stain in this world and the next.

၂၄၃။ တတော မလာ မလတရံ, အဝိဇ္ဇာ ပရမံ မလံ၊

ဧတံ မလံ ပဟန္တွာန, နိမ္မလာ ဟောထ ဘိက္ခဝေါ။

၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးကား အမှန်ကို မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။ ရဟန်းတို့ ဤ (အလွန်ကဲဆုံး) အဝိဇ္ဇာ အညစ်အကြေးကို သတ်၍ အညစ်အကြေး ကင်းစေကုန်လော့။

But a worse stain than these is ignorance, the worst stain of all. Having given up that stain, be without stains, mendicants!

၂၄၄။ သုဇီဝံ အဟိရိကေန, ကာကသူရေန ဓံသိနာ၊

ပက္ခန္ဒိနာ ပဂဗ္ဘေန, သံကိလိဋ္ဌေန ဇီဝိတံ။

၆-စူဠသာရိဘိက္ခုဝတ္ထု ၂၄၄။ အရှက်မရှိသူသည် ရဲတင်းသော ကျီးနှင့် တူသဖြင့်လည်းကောင်း၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း၊ သူတစ်ပါးပြုသည်ကို မိမိပြုယောင် ဆောင်သဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသောအကျင့်ဖြင့်လည်းကောင်း အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။

Life is easy for the shameless. With all the rude courage of a crow, they live pushy, rude, and corrupt.

စာ-၄၉

၂၄၅။ ဟိရီမတာ စ ဒုဇ္ဇီဝံ, နိစ္စံ သုစိဂဝေသိနာ၊

အလီနေနာပ္ပဂဗ္ဘေန, သုဒ္ဓါဇီဝေန ပဿတာ။

၂၄၅။ အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တို သဖြင့်လည်းကောင်း၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက် မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့်လည်းကောင်း အသက်မွေးမှု ပြုသောကြောင့် အသက်မွေးခဲယဥ်း၏။

Life is hard for the conscientious, always seeking purity, neither clinging nor rude, pure of livelihood and discerning.

၂၄၆။ ယော ပါဏမတိပါတေတိ, မုသာဝါဒဉ္စ ဘာသတိ၊

လောကေ အဒိန္နမာဒိယတိ, ပရဒါရဉ္စ ဂစ္ဆတိ။

၇-ပဉ္စဥပါသကဝတ္ထု ၂၄၆-၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏။ မဟုတ်မမှန်သော စကားကိုလည်းပြောဆို၏။ ပိုင်ရှင်မပေးသောသူ့ဥစ္စာကို ခိုးယူ၏။ သူတစ်ပါးသားမယားကိုလည်း သွားလာ၏။ သေရည်သေရက်ကိုလည်းသောက် စား၏။ ထိုသူသည် ဤဘဝ၌ပင်လျှင် မိမိ၏ မူလရင်းအခြေ၏ အမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏။

Take anyone in this world who kills living creatures, speaks falsely, steals, commits adultery,

၂၄၇။ သုရာမေရယပါနဉ္စ, ယော နရော အနုယုဉ္ဇတိ၊

ဣဓေဝမေသော လောကသ္မိံ, မူလံ ခဏတိ အတ္တနော။

and indulges in drinking beer and wine. Right here they dig up the root of their own self.

၂၄၈။ ဧဝံ ဘော ပုရိသ ဇာနာဟိ, ပါပဓမ္မာ အသညတာ၊

မာ တံ လောဘော အဓမ္မော စ, စိရံ ဒုက္ခာယ ရန္ဓယုံ။

၂၄၈။ အိုယောကျာ်း ကိုယ်စသည်ကို စောင့်စည်းမှု ကင်းဝေးသူတို့သည် ယုတ်ညံ့သော သဘောရှိကုန်၏ဟု သိလေလော့၊ လောဘသည်လည်းကောင်း ဒေါသသည်လည်းကောင်း သင့်ကို ကြာမြင့်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေလင့်။

Know this, my man: they are unrestrained and wicked. Don’t let that greed and unrighteousness inflict pain on you for long.

၂၄၉။ ဒဒါတိ ဝေ ယထာသဒ္ဓံ, ယထာပသာဒနံ [ယတ္ထ ပသာဒနံ (ကတ္ထစိ)] ဇနော၊

တတ္ထ ယော မင်္ကု ဘဝတိ [တတ္ထ စေ မံကု ယော ဟောတိ (သီ။), တတ္ထ ယော မင်္ကုတော ဟောတိ (သျာ။)], ပရေသံ ပါနဘောဇနေ၊

န သော ဒိဝါ ဝါ ရတ္တိံ ဝါ, သမာဓိမဓိဂစ္ဆတိ။

၈-တိဿဒဟရဝတ္ထု ၂၄၉။ လူအပေါင်းသည် တစ်စုံတစ်ယောက်အား ယုံကြည်သည့်အလျောက် ကြည်ညိုသည့် အလျောက် ပေးကမ်းလှူဒါန်း၏။ စားဖွယ်သောက်ဖွယ်စသည်ကို သူတစ်ပါးတို့ ပေးလှူရာ၌ မျက်နှာမသာသူသည် နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း စိတ်၏ တည်ကြည်မှုကို မရ။

The people give according to their faith, according to their confidence. If you get upset over that, over others’ food and drink, you’ll not, by day or by night, become immersed in samādhi.

၂၅၀။ ယဿ စေတံ သမုစ္ဆိန္နံ, မူလဃစ္စံ [မူလဃစ္ဆံ (က။)] သမူဟတံ၊

သ ဝေ ဒိဝါ ဝါ ရတ္တိံ ဝါ, သမာဓိမဓိဂစ္ဆတိ။

၂၅၀။ အကြင်သူသည် ဤမျက်နှာမသာမှုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏။ ထိုသူသည် နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း စိတ်၏ တည်ကြည်မှုကို ဧကန်ရ၏။

Those who have cut that out, dug it up at the root, eradicated it, they will, by day or by night, become immersed in samādhi.

၂၅၁။ နတ္ထိ ရာဂသမော အဂ္ဂိ, နတ္ထိ ဒေါသသမော ဂဟော၊

နတ္ထိ မောဟသမံ ဇာလံ, နတ္ထိ တဏှာသမာ နဒီ။

၉-ပဉ္စဥပါသကဝတ္ထု ၂၅၁။ ရာဂနှင့်တူသော မီးသည် မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သတ္တဝါသည် မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ၊ တဏှာနှင့်တူသော မြစ်သည် မရှိ။

There is no fire like greed, no crime like hate, no net like delusion, no river like craving.

၂၅၂။ သုဒဿံ ဝဇ္ဇမညေသံ, အတ္တနော ပန ဒုဒ္ဒသံ၊

ပရေသံ ဟိ သော ဝဇ္ဇာနိ, ဩပုနာတိ [ဩဖုနာတိ (က။)] ယထာ ဘုသံ၊

အတ္တနော ပန ဆာဒေတိ, ကလိံဝ ကိတဝါ သဌော။

၁၀-မေဏ္ဍကသေဋ္ဌိဝတ္ထု ၂၅၂။ သူတစ်ပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိ၏ အပြစ်ကိုကား မြင်နိုင် ခဲ၏။ ထိုသူသည် ဖွဲကို လွှင့်သကဲ့သို့ သူတစ်ပါးတို့၏ အပြစ်ကို လွှင့်၏။ စဥ်းလဲ ကောက်ကျစ်သော ငှက်မုဆိုးသည် ကိုယ်ကို (သစ်ရွက်စသည်ဖြင့်) ဖုံးလွှမ်းသကဲ့သို့ မိမိ၏ အပြစ်ကို မူကား ဖုံးလွှမ်း၏။

It’s easy to see the faults of others, hard to see one’s own. For the faults of others are tossed high like hay, while one’s own are hidden, as a cheat hides a bad hand.

စာ-၅၀

၂၅၃။ ပရဝဇ္ဇာနုပဿိဿ, နိစ္စံ ဥဇ္ဈာနသညိနော၊

အာသဝါ တဿ ဝဍ္ဎန္တိ, အာရာ သော အာသဝက္ခယာ။

၁၁-ဥဇ္ဈာနသညိတ္ထေရဝတ္ထု ၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဥ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

When you look for the flaws of others, always finding fault, your defilements only grow, you’re far from ending defilements.

၂၅၄။ အာကာသေဝ ပဒံ နတ္ထိ, သမဏော နတ္ထိ ဗာဟိရေ၊

ပပဉ္စာဘိရတာ ပဇာ, နိပ္ပပဉ္စာ တထာဂတာ။

၁၂-သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု ၂၅၄။ ကောင်းကင်၌ ခြေရာ မရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်း မရှိ၊ သတ္တဝါတို့သည် သံသရာချဲ့ထွင်တတ်သော (တဏှာမာနဒိဋ္ဌိ) တရား၌ မွေ့လျော်ကုန်၏။ ဘုရားရှင်တို့သည် သံသရာချဲ့ထွင်တတ်သောတရားမှ ကင်းကုန်၏။

In the atmosphere there is no track, there’s no true ascetic outside here. People enjoy proliferation, the Realized Ones are free of proliferation.

၂၅၅။ အာကာသေဝ ပဒံ နတ္ထိ, သမဏော နတ္ထိ ဗာဟိရေ၊

သင်္ခါရာ သဿတာ နတ္ထိ, နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

မလဝဂ္ဂေါ အဋ္ဌာရသမော နိဋ္ဌိတော။

၂၅၅။ ကောင်းကင်၌ ခြေရာ မရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်း မရှိ၊ မြဲကုန်သော သင်္ခါရတရားတို့သည် မရှိကုန်။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်း မရှိ။ တစ်ဆယ့်ရှစ်ခုမြောက် မလဝဂ် ပြီး၏။

In the atmosphere there is no track, there’s no true ascetic outside here. No conditions last forever, the Awakened Ones are not shaken.

၁၉။ ဓမ္မဋ္ဌဝဂ္ဂ

၂၅၆။ န တေန ဟောတိ ဓမ္မဋ္ဌော, ယေနတ္ထံ သာဟသာ [သဟသာ (သီ။ သျာ။ က။)] နယေ၊

ယော စ အတ္ထံ အနတ္ထဉ္စ, ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

၁၉-ဓမ္မဋ္ဌဝဂ် ၁-ဝိနိစ္ဆယမဟာမတ္တဝတ္ထု ၂၅၆။ ဆုံးဖြတ်အပ်သော (အမှု) သဘောကိုနိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌ တည်သူတရားသူကြီး မဟုတ်၊ ပညာရှိသည်ဟုတ်မှန်သော အကြောင်းမဟုတ် မမှန်သော အကြောင်း နှစ်ပါးစုံကို (စုံစမ်းမေးမြန်း၍) ဆုံးဖြတ် ရာ၏။

Minor Collection Sayings of the Dhamma 256–272 19. The Just You don’t become just by passing hasty judgment. An astute person evaluates both what is pertinent and what is irrelevant.

၂၅၇။ အသာဟသေန ဓမ္မေန, သမေန နယတီ ပရေ၊

ဓမ္မဿ ဂုတ္တော မေဓာဝီ, ‘‘ဓမ္မဋ္ဌော’’တိ ပဝုစ္စတိ။

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါတို့ကိုနိုင်ခြင်း ရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သောတရား၌ တည်သူ တရားသူကြီးဟု ဆိုအပ်၏။

A wise one judges others without haste, justly and impartially; that guardian of the law is said to be just.

၂၅၈။ န တေန ပဏ္ဍိတော ဟောတိ, ယာဝတာ ဗဟု ဘာသတိ၊

ခေမီ အဝေရီ အဘယော, ‘‘ပဏ္ဍိတော’’တိ ပဝုစ္စတိ။

၂-ဆဗ္ဗဂ္ဂိယဝတ္ထု ၂၅၈။ စကားများစွာ ပြောကာမျှဖြင့် ပညာရှိမဖြစ်၊ ဘေးမရှိ ရန်မလာ ကြောက်ရွံ့မှု ကင်းကွာသူကို ပညာရှိဟူ၍ ဆိုအပ်၏။

You’re not an astute scholar just because you speak a lot. One who is secure, free of enmity and fear, is said to be astute.

၂၅၉။ န တာဝတာ ဓမ္မဓရော, ယာဝတာ ဗဟု ဘာသတိ၊

ယော စ အပ္ပမ္ပိ သုတွာန, ဓမ္မံ ကာယေန ပဿတိ၊

သ ဝေ ဓမ္မဓရော ဟောတိ, ယော ဓမ္မံ နပ္ပမဇ္ဇတိ။

၃-ဧကုဒါနခီဏာသ၀၀တ္ထု ၂၅၉။ စကားများစွာ ပြောကာမျှဖြင့် တရားကို ဆောင်သူ မမည်၊ အကြင်သူသည် အနည်းငယ်သောတရားစကားကို ကြားရရုံမျှဖြင့်လည်း သစ္စာလေးပါး တရားကို မဂ်ဉာဏ်ဖြင့် မြင်၏။ ထိုသစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူ မည်၏။

You’re not one who has memorized the teaching just because you recite a lot. Someone who directly sees the teaching after hearing only a little is truly one who has memorized the teaching, for they can never forget it.

စာ-၅၁

၂၆၀။ န တေန ထေရော သော ဟောတိ [ထေရော ဟောတိ (သီ။ သျာ။)], ယေနဿ ပလိတံ သိရော၊

ပရိပက္ကော ဝယော တဿ, ‘‘မောဃဇိဏ္ဏော’’တိ ဝုစ္စတိ။

၄-လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု ၂၆၀။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဦးခေါင်း ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ် မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟု ဆိုအပ်၏။

You don’t become a senior by getting some grey hairs; for one ripe only in age, is said to have aged in vain.

၂၆၁။ ယမှိ သစ္စဉ္စ ဓမ္မော စ, အဟိံသာ သံယမော ဒမော၊

သ ဝေ ဝန္တမလော ဓီရော, ‘‘ထေရော’’ ဣတိ [သော ထေရောတိ (သျာ။ က။)] ပဝုစ္စတိ။

၂၆၁။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်း ရှိ၏။ တရားလည်း ရှိ၏။ ညှဥ်းဆဲမှု မရှိ၊ သီလစောင့်ခြင်းရှိ၏ (ဣန္ဒြေကိုလည်း) ဆုံးမ၏။ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိ ပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏။

One who is truthful and principled, harmless, restrained, and self-controlled, attentive, purged of stains, is said to be a senior.

၂၆၂။ န ဝါက္ကရဏမတ္တေန, ဝဏ္ဏပေါက္ခရတာယ ဝါ၊

သာဓုရူပေါ နရော ဟောတိ, ဣဿုကီ မစ္ဆရီ သဌော။

၅-သမ္ဗဟုလဘိက္ခုဝတ္ထု ၂၆၂။ ငြူစူတတ်သော ဝန်တိုသော စဥ်းလဲတတ်သော ပုဂ္ဂိုလ်သည် ကောင်းသောစကားကို ပြောတတ်ကာမျှဖြင့်လည်းကောင်း၊ ရုပ်အဆင်းလှပကာမျှဖြင့်လည်းကောင်း ကောင်းသော သဘောရှိသည် မမည်။

Not by mere enunciation, or a beautiful complexion does a person become holy, if they’re jealous, stingy, and devious.

၂၆၃။ ယဿ စေတံ သမုစ္ဆိန္နံ, မူလဃစ္စံ သမူဟတံ၊

သ ဝန္တဒေါသော မေဓာဝီ, ‘‘သာဓုရူပေါ’’တိ ဝုစ္စတိ။

၂၆၃။ အကြင်သူသည် ငြူစူခြင်း ဝန်တိုခြင်း စဥ်းလဲခြင်းဟူသော ထိုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏။ ကိလေသာအပြစ်ကို ထွေးအန်ပြီးသော ထိုပညာရှိကို ကောင်းသော သဘောရှိသူဟု ဆိုအပ်၏။

But if they’ve cut that out, dug it up at the root, eradicated it, that intelligent one, purged of vice, is said to be holy.

၂၆၄။ န မုဏ္ဍကေန သမဏော, အဗ္ဗတော အလိကံ ဘဏံ၊

ဣစ္ဆာလောဘသမာပန္နော, သမဏော ကိံ ဘဝိဿတိ။

၆-ဟတ္ထကဝတ္ထု ၂၆၄။ ဦးပြည်း ခေါင်းတုံးကာမျှဖြင့် ရဟန်းမည်သည် မဖြစ်၊ သီလအကျင့် ဓုတင်အကျင့်လည်း မရှိသော ချွတ်ယွင်းသော စကားကိုလည်း ပြောတတ်သော လိုချင် မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာ ရဟန်းဟုတ်နိုင်ပါအံ့နည်း။

A liar and breaker of vows is no ascetic just because they shave their head. How on earth can one be an ascetic who’s full of desire and greed?

၂၆၅။ ယော စ သမေတိ ပါပါနိ, အဏုံ ထူလာနိ သဗ္ဗသော၊

သမိတတ္တာ ဟိ ပါပါနံ, ‘‘သမဏော’’တိ ပဝုစ္စတိ။

၂၆၅။ အကြင်ပုဂ္ဂိုလ်သည် အသေးအကြီးဖြစ်သော မကောင်းမှုတို့ကို အချင်းခပ်သိမ်း ငြိမ်းစေ၏။ ထိုပုဂ္ဂိုလ်ကို မကောင်းမှုအလုံးစုံကို ငြိမ်းစေတတ်သောကြောင့် ‘ရဟန်း’ဟူ၍ ဆိုအပ်၏။

One who stops all wicked deeds, great and small, because of stopping wicked deeds is said to be an ascetic.

၂၆၆။ န တေန ဘိက္ခု သော ဟောတိ, ယာဝတာ ဘိက္ခတေ ပရေ၊

ဝိဿံ ဓမ္မံ သမာဒါယ, ဘိက္ခု ဟောတိ န တာဝတာ။

၇-အညတရဗြာဟ္မဏဝတ္ထု ၂၆၆။ သူတစ်ပါးတို့ထံ တောင်းစားကာမျှဖြင့် ရဟန်းမည်သည် မဖြစ်၊ တရားနှင့် မညီညွတ်သောအကျင့်ကို ယူ၍ ကျင့်ကာမျှဖြင့် ရဟန်းမည်သည် မဖြစ်။

You don’t become a mendicant just by begging from others. One who has undertaken domestic duties has not yet become a mendicant.

၂၆၇။ ယောဓ ပုညဉ္စ ပါပဉ္စ, ဗာဟေတွာ ဗြဟ္မစရိယဝါ [ဗြဟ္မစရိယံ (က။)]၊

သင်္ခါယ လောကေ စရတိ, သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။

၂၆၇။ ဤသာသနာတော်၌ အကြင်သူသည် မြတ်သောအကျင့်ရှိသည်ဖြစ်၍ ကောင်းမှု မကောင်းမှုကို ပယ်နုတ်လျက် ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့် ဆင်ခြင်၍ ကျင့်၏။ ထိုသူကို ‘ရဟန်း’ဟု ဆိုအပ်၏။

But one living a spiritual life, who has banished both merit and evil, who wanders having appraised the world, is said to be a mendicant.

၂၆၈။ န မောနေန မုနီ ဟောတိ, မူဠှရူပေါ အဝိဒ္ဒသု၊

ယော စ တုလံဝ ပဂ္ဂယှ, ဝရမာဒါယ ပဏ္ဍိတော။

၈-တိတ္ထိယဝတ္ထု ၂၆၈-၂၆၉။ အသိပညာ မရှိပါဘဲ တွေဝေသော သဘောရှိသောသူသည် ဆိတ်ဆိတ် နေကာမျှဖြင့် မုနိမမည်၊ အကြင်ပညာရှိသည် ချိန်ခွင်ကို ကိုင်၍ ချိန်စက်သကဲ့သို့ ကောင်းမှုတည်းဟူသော အမြတ်တရားကို ယူ၍ မကောင်းမှု အကုသိုလ်တရားတို့ကို ကြဥ်ရှောင်၏။ ထို့ကြောင့် ထိုပညာရှိသည် မုနိ မည်၏။ အကြင် သူသည် အဇ္ဈတ္တဗဟိဒ္ဓ ခန္ဓာနှစ်ပါးတို့ကို သိ၏။ ထိုသူသည်လည်း မုနိ မည်၏။ ထိုအကြောင်းနှစ်ပါးကြောင့် ‘မုနိ’ဟု ဆိုအပ်၏။

You don’t become a sage by being sagelike, while still confused and ignorant. The astute one who holds the scales, taking only the best,

စာ-၅၂

၂၆၉။ ပါပါနိ ပရိဝဇ္ဇေတိ, သ မုနီ တေန သော မုနိ၊

ယော မုနာတိ ဥဘော လောကေ, ‘‘မုနိ’’ တေန ပဝုစ္စတိ။

and shunning the bad— that is a sage, <j>and that is how one becomes a sage. One who sagely weighs both in the world, is thereby said to be a sage.

၂၇၀။ န တေန အရိယော ဟောတိ, ယေန ပါဏာနိ ဟိံသတိ၊

အဟိံသာ သဗ္ဗပါဏာနံ, ‘‘အရိယော’’တိ ပဝုစ္စတိ။

၉-ဗာဠိသိကဝတ္ထု ၂၇၀။ အကြင်ကြောင့် သတ္တဝါတို့ကို ညှဥ်းဆဲ၏။ ထိုညှဥ်းဆဲခြင်းကြောင့် အရိယာမဖြစ်၊ သတ္တဝါတို့ကို မညှဥ်းဆဲခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

You don’t become a noble one by harming living beings. One harmless toward all living beings is said to be a noble one.

၂၇၁။ န သီလဗ္ဗတမတ္တေန, ဗာဟုသစ္စေန ဝါ ပန၊

အထ ဝါ သမာဓိလာဘေန, ဝိဝိတ္တသယနေန ဝါ။

၁၀-သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု ၂၇၁-၂၇၂။ သီလအကျင့် ရှိကာမျှဖြင့်လည်းကောင်း အကြားအမြင် များကာမျှဖြင့် လည်းကောင်း၊ တည်ကြည်မှု သမာဓိရကာမျှဖြင့်လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့် လည်းကောင်း ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဥ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏ဟူ၍ သက်သာရာ (ရပ်နားခြင်း)သို့ မရောက်ပါစေလင့်။ တစ်ဆယ့်ကိုးခုမြောက် ဓမ္မဋ္ဌဝဂ် ပြီး၏။

Not by precepts and observances, nor by much learning, nor by meditative immersion, nor by living in seclusion,

၂၇၂။ ဖုသာမိ နေက္ခမ္မသုခံ, အပုထုဇ္ဇနသေဝိတံ၊

ဘိက္ခု ဝိဿာသမာပါဒိ, အပ္ပတ္တော အာသဝက္ခယံ။

ဓမ္မဋ္ဌဝဂ္ဂေါ ဧကူနဝီသတိမော နိဋ္ဌိတော။

do I experience the bliss of renunciation not frequented by ordinary people. A mendicant cannot rest confident without attaining the end of defilements.

၂၀။ မဂ္ဂဝဂ္ဂ

၂၇၃။ မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော, သစ္စာနံ စတုရော ပဒါ၊

ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ, ဒွိပဒါနဉ္စ စက္ခုမာ။

၂၀-မဂ္ဂဝဂ် ၁-ပဉ္စသတဘိက္ခုဝတ္ထု ၂၇၃။ လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော လမ်းခရီး‘မဂ်’သည် အမြတ်ဆုံး ဖြစ်၏။ သစ္စာအားလုံးတို့တွင် အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏။ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏။ အခြေနှစ်ချောင်းရှိသော သတ္တဝါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။

Minor Collection Sayings of the Dhamma 273–289 20. The Path Of paths, the eightfold is the best; of truths, the four statements; dispassion is the best of things, and the Clear-eyed One is the best of humans.

၂၇၄။ ဧသေဝ [ဧသောဝ (သီ။ ပီ။)] မဂ္ဂေါ နတ္ထညော, ဒဿနဿ ဝိသုဒ္ဓိယာ၊

ဧတဉှိ တုမှေ ပဋိပဇ္ဇထ, မာရဿေတံ ပမောဟနံ။

၂၇၄။ ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီး ‘မဂ်’သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်း အတွက် ခရီးမှန် ဖြစ်၏။ ဤလမ်းခရီး ‘မဂ်’မှ တစ်ပါးသော ခရီးသည် မရှိတော့ပြီ။ ထို့ကြောင့် သင်တို့သည် ဤခရီးမှန်ကိုသာ သွားကြကုန်လော့၊ ဤခရီးမှန်သည် မာရ်မင်း မမြင်နိုင်သော လမ်းခရီးတည်း။

<em>This</em> is the path, there is no other for the purification of vision. You all must practice this, it is the way to baffle Māra.

၂၇၅။ ဧတဉှိ တုမှေ ပဋိပန္နာ, ဒုက္ခဿန္တံ ကရိဿထ၊

အက္ခာတော ဝေါ [အက္ခာတော ဝေ (သီ။ ပီ။)] မယာ မဂ္ဂေါ, အညာယ သလ္လကန္တနံ [သလ္လသန္ထနံ (သီ။ ပီ။), သလ္လသတ္ထနံ (သျာ။)]။

၂၇၅။ သင်တို့သည် ဤမဂ်ဟူသော လမ်းမှန်ကို သွားကြကုန်သည်ရှိသော် ဆင်းရဲအဆုံးကို ပြုရကုန်လတ္တံ့။ ငါသည် ရာဂစသော ဆူးငြောင့်ကင်းသော လမ်းမှန်ကို ကိုယ်တိုင်သိ၍ သင်တို့အား မဂ်ဟူသော လမ်းမှန်ကို ညွှန်ကြားအပ်ပြီ။

When you all are practicing this, you’ll make an end of suffering. I have explained the path to you for extracting the thorn with wisdom.

၂၇၆။ တုမှေဟိ ကိစ္စမာတပ္ပံ, အက္ခာတာရော တထာဂတာ၊

ပဋိပန္နာ ပမောက္ခန္တိ, ဈာယိနော မာရဗန္ဓနာ။

၂၇၆။ သင်တို့သည် (ကိုယ်တိုင်) ပြုဖွယ်ကိစ္စကိုအားထုတ်ကြကုန်လော့၊ ဘုရားရှင်တို့သည် (လမ်းမှန်ကို) ညွှန်ကြားရုံမျှ ဖြစ်ကုန်၏။ ကျင့်ကြကုန်၍ ကိလေသာကို ရှို့မြှိုက်ကြကုန်သူတို့ သည်သာ မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။

You yourselves must do the work, the Realized Ones just show the way. Meditators practicing absorption are released from Māra’s bonds.

စာ-၅၃

၂၇၇။ ‘‘သဗ္ဗေ သင်္ခါရာ အနိစ္စာ’’တိ, ယဒါ ပညာယ ပဿတိ၊

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

၂-အနိစ္စလက္ခဏဝတ္ထု ၂၇၇။ အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

All conditions are impermanent— when this is seen with wisdom, one grows disillusioned with suffering: this is the path to purity.

၂၇၈။ ‘‘သဗ္ဗေ သင်္ခါရာ ဒုက္ခာ’’တိ, ယဒါ ပညာယ ပဿတိ၊

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

၃-ဒုက္ခလက္ခဏဝတ္ထု ၂၇၈။ အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

All conditions are suffering— when this is seen with wisdom, one grows disillusioned with suffering: this is the path to purity.

၂၇၉။ ‘‘သဗ္ဗေ ဓမ္မာ အနတ္တာ’’တိ, ယဒါ ပညာယ ပဿတိ၊

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

၄-အနတ္တလက္ခဏဝတ္ထု ၂၇၉။ အကြင်အခါ “သဘာဝတရားအားလုံးတို့သည် အတ္တမဟုတ်ကုန်”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

All things are not-self— when this is seen with wisdom, one grows disillusioned with suffering: this is the path to purity.

၂၈၀။ ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော, ယုဝါ ဗလီ အာလသိယံ ဥပေတော၊

သံသန္နသင်္ကပ္ပမနော [အသမ္ပန္နသင်္ကပ္ပမနော (က။)] ကုသီတော, ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။

၅-ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု ၂၈၀။ ပျိုမျစ်နုထွား ခွန်အားနှင့် ပြည့်စုံပါသော်လည်း ထကြွသင့်သောအခါ၌ ထကြွမှု လုံ့လမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံ ‘ဝိတက်’ များ၍ အလွန် ပျင်းရိသူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယမဂ်ကို မရနိုင်။

They don’t get going when it’s time to start; they’re young and strong, but given to sloth. Their mind depressed in sunken thought, lazy and slothful, they can’t discern the path.

၂၈၁။ ဝါစာနုရက္ခီ မနသာ သုသံဝုတော, ကာယေန စ နာကုသလံ ကယိရာ [အကုသလံ န ကယိရာ (သီ။ သျာ။ ကံ။ ပီ။)]၊

ဧတေ တယော ကမ္မပထေ ဝိသောဓယေ, အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

၆-သူကရပေတဝတ္ထု ၂၈၁။ ဝစီဒုစရိုက်ကို ကောင်းစွာ ရှောင်ကြဥ်ခြင်းအားဖြင့် နှုတ်ကို အစဥ်စောင့် ရှောက်ရာ၏။ စိတ်ဖြင့် မနောဒုစရိုက်ကို စောင့်စည်းရာ၏။ ကိုယ်ဖြင့်လည်း အကုသိုလ်ကို မပြုရာ၊ ထိုကမ္မပထတရား သုံးပါးတို့ကို သုတ်သင်ပြီးလျှင် မြတ်စွာဘုရား ဟောကြားအပ်သော မဂ်ကို ပြီးစေရာ၏။

Guarded in speech, restrained in mind, doing no unskillful bodily deed. Purify these three ways of performing deeds, and win the path known to seers.

၂၈၂။ ယောဂါ ဝေ ဇာယတီ [ဇာယတေ (ကတ္ထစိ)] ဘူရိ, အယောဂါ ဘူရိသင်္ခယော၊

ဧတံ ဒွေဓာပထံ ဉတွာ, ဘဝါယ ဝိဘဝါယ စ၊

တထာတ္တာနံ နိဝေသေယျ, ယထာ ဘူရိ ပဝဍ္ဎတိ။

၇-ပေါဋ္ဌိလတ္ထေရဝတ္ထု ၂၈၂။ ကမ္မဋ္ဌာန်းအာရုံ၌အားထုတ်မှုလုံ့လကြောင့် ပညာ ဖြစ်ပွါး၏။အားထုတ်မှု လုံ့လမရှိခြင်းကြောင့် ပညာကုန်ခန်း၏။ ပညာဖြစ်ပွါးခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်း နှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာ တိုးပွါး၏။ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။

From meditation springs wisdom, without meditation, wisdom ends. Knowing these two paths— of progress and decline— you should conduct yourself so that wisdom grows.

စာ-၅၄

၂၈၃။ ဝနံ ဆိန္ဒထ မာ ရုက္ခံ, ဝနတော ဇာယတေ ဘယံ၊

ဆေတွာ ဝနဉ္စ ဝနထဉ္စ, နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။

၈-ပဉ္စမဟလ္လကဘိက္ခုဝတ္ထု ၂၈၃။ ရဟန်းတို့ တဏှာတည်းဟူသော တောကို ခုတ်ဖြတ်ကြကုန်လော့၊ (ပြကတေ့) သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊ (တဏှာဟူသော) တောကြောင့် (ဇာတိ စသော) ဘေး ဖြစ်၏။ တဏှာဟူသော တောကြီး တောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသော တောမှ ထွက်မြောက်ကြကုန်လော့။

Cut down the jungle, not just a tree; from the jungle springs fear. Having cut down jungle and snarl, be free of jungles, mendicants!

၂၈၄။ ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ, အဏုမတ္တောပိ နရဿ နာရိသု၊

ပဋိဗဒ္ဓမနောဝ [ပဋိဗန္ဓမနောဝ (က။)] တာဝ သော, ဝစ္ဆော ခီရပကောဝ [ခီရပါနောဝ (ပီ။)] မာတရိ။

၂၈၄။ နို့မခွဲသေးသော နွားငယ်သည် အမိ (နွားမ)သို့ ကပ်သကဲ့သို့ ယောကျာ်းအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောကျာ်းသည် ကပ်ငြိသောစိတ် ရှိသည်ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်၏။

So long as the vine, no matter how small, that ties a man to women is not cut, his mind remains trapped, like a calf suckling its mother.

၂၈၅။ ဥစ္ဆိန္ဒ သိနေဟမတ္တနော ကုမုဒံ သာရဒိကံဝ [ပါဏိနာ]၊

သန္တိမဂ္ဂမေဝ ဗြူဟယ, နိဗ္ဗာနံ သုဂတေန ဒေသိတံ။

၉-သုဝဏ္ဏကာရတ္ထေရဝတ္ထု ၂၈၅။ တန်ဆောင်မုန်းလရာသီ၌ (လရောင်ကြောင့် ) ပွင့်သော ကုမုဒြာကြာပန်းကို လက်ဖြင့်ဖြတ်သကဲ့သို့ မိမိ၏ ချစ်ခြင်းတဏှာကို ဖြတ်လော့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်ကိုသာ ဟောတော်မူအပ်၏။ နိဗ္ဗာန်သို့ ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်တရားကိုသာလျှင် ပွါးများလေလော့။

Cut out affection for oneself, like plucking an autumn lotus. Foster only the path to peace, the extinguishment the Holy One taught.

၂၈၆။ ဣဓ ဝဿံ ဝသိဿာမိ, ဣဓ ဟေမန္တဂိမှိသု၊

ဣတိ ဗာလော ဝိစိန္တေတိ, အန္တရာယံ န ဗုဇ္ဈတိ။

၁၀-မဟာဓနဝါဏိဇဝတ္ထု ၂၈၆။ ဤအရပ်၌ မိုးအခါ ပတ်လုံး ငါ နေမည်၊ ဤအရပ်၌ ဆောင်းအခါ နွေ အခါတို့ပတ်လုံး ငါ နေမည်ဟု လူမိုက်သည် အထူးထူး အထွေထွေ ကြံစည်၏။ (ဘယ်အခါ ဘယ်အရပ်မှာ ငါ သေမည်ဟု မိမိ၏) အသက်အန္တရာယ်ကိုမူကား မသိရှာလေ။

“Here I will stay for the rains; here for winter, here the summer”; thus the fool thinks, not realizing the danger.

၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ, ဗျာသတ္တမနသံ နရံ၊

သုတ္တံ ဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။

၁၁-ကိသာဂေါတမီဝတ္ထု ၂၈၇။ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဥ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။

As a mighty flood sweeps away a sleeping village, death steals away a man who dotes on children and cattle, his mind caught up in them.

၂၈၈။ န သန္တိ ပုတ္တာ တာဏာယ, န ပိတာ နာပိ ဗန္ဓဝါ၊

အန္တကေနာဓိပန္နဿ, နတ္ထိ ဉာတီသု တာဏတာ။

၁၂-ပဋာစာရာဝတ္ထု ၂၈၈။ သေမင်းနှိပ်စက်ခံရသူအား (သေမင်းမှ) စောင့်ရှောက်ရန်အတွက် သား သမီးတို့ မရှိကုန်။ အမိအဖတို့လည်း မရှိကုန်။ အဆွေခင်ပွန်းတို့လည်း မရှိကုန်။ ဆွေမျိုးတို့တွင် စောင့်ရှောက်နိိုင်မည့်သူလည်း မရှိ။

Children provide you no shelter, nor does father, nor relatives. When you’re seized by the terminator, there’s no shelter in family.

၂၈၉။ ဧတမတ္ထဝသံ ဉတွာ, ပဏ္ဍိတော သီလသံဝုတော၊

နိဗ္ဗာနဂမနံ မဂ္ဂံ, ခိပ္ပမေဝ ဝိသောဓယေ။

မဂ္ဂဝဂ္ဂေါ ဝီသတိမော နိဋ္ဌိတော။

၂၈၉။ ဤအကြောင်းထူးကို သိ၍ ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်စွာသာလျှင် သုတ်သင်ရာ၏။ နှစ်ဆယ်ခုမြောက် မဂ္ဂဝဂ် ပြီး၏။

Knowing the reason for this, astute, and ethically restrained, one would quickly clear the path that leads to extinguishment.

စာ-၅၅

၂၁။ ပကိဏ္ဏကဝဂ္ဂ

၂၉၀။ မတ္တာသုခပရိစ္စာဂါ, ပဿေ စေ ဝိပုလံ သုခံ၊

စဇေ မတ္တာသုခံ ဓီရော, သမ္ပဿံ ဝိပုလံ သုခံ။

၂၁-ပကိဏ္ဏကဝဂ် ၁-အတ္တနောပုဗ္ဗကမ္မဝတ္ထု ၂၉၀။ အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို ရလိမ့်မည်ဟု မြင်ခဲ့မူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ရာ၏။

Minor Collection Sayings of the Dhamma 290–305 21. Miscellaneous If by giving up material happiness one sees abundant happiness, the attentive would give up material happiness, seeing the abundant happiness.

၂၉၁။ ပရဒုက္ခူပဓာနေန, အတ္တနော [ယော အတ္တနော (သျာ။ ပီ။ က။)] သုခမိစ္ဆတိ၊

ဝေရသံသဂ္ဂသံသဋ္ဌော, ဝေရာ သော န ပရိမုစ္စတိ။

၂-ကုက္ကုဋဏ္ဍခါဒိကာဝတ္ထု ၂၉၁။ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေလျက် မိမိ၏ ချမ်းသာကို အလိုရှိသူသည် ရန်ကို ရန်ချင်း ရောနှောသောအားဖြင့် ရောနှောခြင်း ဖြစ်ရကား ရန်မှမလွတ်နိုင်။

Seeking their own happiness by imposing suffering on others, intimate with enmity, they’re not freed from enmity.

၂၉၂။ ယဉှိ ကိစ္စံ အပဝိဒ္ဓံ [တဒပဝိဒ္ဓံ (သီ။ သျာ။)], အကိစ္စံ ပန ကယိရတိ၊

ဥန္နဠာနံ ပမတ္တာနံ, တေသံ ဝဍ္ဎန္တိ အာသဝါ။

၃-ဘဒ္ဒိယာနံဘိက္ခူနံဝတ္ထု ၂၉၂။ ပြုသင့်ပြုထိုက်သော အမှုကို (မပြုလုပ်ဘဲ) စွန့်ပစ်၍ မပြုသင့် မပြု ထိုက်သော အမှုကို မူကားပြုလုပ်ကာ မာနထောင်လွှားလျက် မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွါးကုန်၏။

They dump what should be done, and do what should not be done. For the insolent and the negligent, their defilements only grow.

၂၉၃။ ယေသဉ္စ သုသမာရဒ္ဓါ, နိစ္စံ ကာယဂတာ သတိ၊

အကိစ္စံ တေ န သေဝန္တိ, ကိစ္စေ သာတစ္စကာရိနော၊

သတာနံ သမ္ပဇာနာနံ, အတ္ထံ ဂစ္ဆန္တိ အာသဝါ။

၂၉၃။ အကြင်သူတို့ကား ကာယဂတာသတိကို အမြဲကောင်းစွာအားထုတ်ကြကုန်၏။ ထိုသူတို့သည် မပြုသင့် မပြုထိုက်သော အမှုကို မပြု မမှီဝဲကုန်။ ပြုသင့် ပြုထိုက်သော အမှု၌ မပြတ်ပြုလုပ်ကြကုန်၏။ သတိရှိသူ ကောင်းစွာ အပြားအားဖြင့် သိမှု သမ္ပဇဥ်ဉာဏ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ခြင်းသို့ ရောက်ကုန်၏။

Those that have properly undertaken constant mindfulness of the body, don’t cultivate what should not be done, but always do what should be done. Mindful and aware, their defilements come to an end.

၂၉၄။ မာတရံ ပိတရံ ဟန္တွာ, ရာဇာနော ဒွေ စ ခတ္တိယေ၊

ရဋ္ဌံ သာနုစရံ ဟန္တွာ, အနီဃော ယာတိ ဗြာဟ္မဏော။

၄-လကုဏ္ဍကဘဒ္ဒိယဝတ္ထု ၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် (တဏှာတည်းဟူသော) အမိကိုလည်းကောင်း၊ (မာနတည်းဟူသော) အဖကိုလည်းကောင်း၊ သတ်ပြီးလျှင် (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်း ဟူသော) ရေမြေအရှင် ဘုရင်မင်းမြတ်နှစ်ပါးတို့ကိုလည်းကောင်း၊ နန္ဒီရာဂတည်းဟူသောအခွန်သိမ်းအမတ်နှင့်တကွ (အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော) တိုင်းပြည် ကို လည်းကောင်း သတ်ခြင်းကြောင့် ဆင်းရဲကင်းလျက် သွားရ၏။

Having slain mother and father, and two aristocratic kings, and having wiped out <j>the kingdom with its tax collector, the brahmin walks on untroubled.

၂၉၅။ မာတရံ ပိတရံ ဟန္တွာ, ရာဇာနော ဒွေ စ သောတ္ထိယေ၊

ဝေယဂ္ဃပဉ္စမံ ဟန္တွာ, အနီဃော ယာတိ ဗြာဟ္မဏော။

၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် (တဏှာတည်းဟူသော) အမိကိုလည်းကောင်း၊ (မာနတည်းဟူသော) အဖကိုလည်းကောင်း၊ သတ်ပြီးလျှင် (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်း ဟူသော) မင်းပုဏ္ဏားနှစ်ပါးတို့ကိုလည်းကောင်း သတ်သောကြောင့် ကျားရဲရှိသော ခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက် (နီဝရဏ) အတားအဆီးကို ပယ်ဖျက်ကာ ဆင်းရဲကင်းလျက် သွားရ၏။

Having slain mother and father, and two prosperous kings, and a tiger as the fifth, the brahmin walks on untroubled.

၂၉၆။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, နိစ္စံ ဗုဒ္ဓဂတာ သတိ။

၅-ဒါရုသာကဋိကပုတ္တဝတ္ထု ၂၉၆။ နေ့ရော ညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, who day and night constantly recollect the Buddha.

၂၉၇။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, နိစ္စံ ဓမ္မဂတာ သတိ။

၂၉၇။ နေ့ရော ညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, who day and night constantly recollect the teaching.

စာ-၅၆

၂၉၈။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, နိစ္စံ သံဃဂတာ သတိ။

၂၉၈။ နေ့ရော ညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, who day and night constantly recollect the Saṅgha.

၂၉၉။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, နိစ္စံ ကာယဂတာ သတိ။

၂၉၉။ နေ့ရော ညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, who day and night are constantly mindful of the body.

၃၀၀။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, အဟိံသာယ ရတော မနော။

၃၀၀။ နေ့ရောညဥ့်ပါ မညှဥ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, whose minds day and night delight in harmlessness.

၃၀၁။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ, သဒါ ဂေါတမသာဝကာ၊

ယေသံ ဒိဝါ စ ရတ္တော စ, ဘာဝနာယ ရတော မနော။

၃၀၁။ နေ့ရော ညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

The disciples of Gotama always wake up refreshed, whose minds day and night delight in meditation.

၃၀၂။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ, ဒုရာဝါသာ ဃရာ ဒုခါ၊

ဒုက္ခောသမာနသံဝါသော, ဒုက္ခာနုပတိတဒ္ဓဂူ၊

တသ္မာ န စဒ္ဓဂူ သိယာ, န စ [တသ္မာ န စဒ္ဓဂူ န စ (က။)] ဒုက္ခာနုပတိတော သိယာ [ဒုက္ခာနုပါတိတော (?)]။

၆-ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု ၃၀၂။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ ရဟန်းပြုနိုင်ခဲ၏။ သူတော်အကျင့်၌ မွေ့လျော်နိုင်ခဲ၏။ အိမ်၌ မပြည့်မစုံနေရခြင်းသည် ဆင်းရဲ၏။ သဘောမတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီးသွားရခြင်းသည် ဆင်းရဲသို့ ကျတတ်၏။ ထို့ကြောင့် သံသရာ ခရီးသွား မဖြစ်ရာ၊ ဆင်းရဲသို့ ကျရောက်သူ မဖြစ်ရာ။

Going forth is hard, it’s hard to be happy; life at home is hard too, and painful, it’s painful to stay when you’ve nothing in common. A traveler is a prey to pain, so don’t be a traveler, don’t be prey to pain.

၃၀၃။ သဒ္ဓေါ သီလေန သမ္ပန္နော, ယသောဘောဂသမပ္ပိတော၊

ယံ ယံ ပဒေသံ ဘဇတိ, တတ္ထ တတ္ထေဝ ပူဇိတော။

၇-စိတ္တဂဟပတိဝတ္ထု ၃၀၃။ သဒ္ဓါတရားလည်းရှိ သီလနှင့်လည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏။

One who is faithful, accomplished in ethics, blessed with fame and wealth, is honored in whatever place they frequent.

၃၀၄။ ဒူရေ သန္တော ပကာသေန္တိ, ဟိမဝန္တောဝ ပဗ္ဗတော၊

အသန္တေတ္ထ န ဒိဿန္တိ, ရတ္တိံ ခိတ္တာ ယထာ သရာ။

၈-စူဠသုဘဒ္ဒါဝတ္ထု ၃၀၄။ ဟိမဝန္တာတောင်သည် အဝေး၌တည်သော်လည်း ထင်ရှားသကဲ့သို့ သူတော်ကောင်း တို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏။ ညဥ့်အခါ ပစ်လိုက်သည့် မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။

The good shine from afar, like the Himalayan peaks, but the wicked are not seen, like arrows scattered in the night.

၃၀၅။ ဧကာသနံ ဧကသေယျံ, ဧကော စရမတန္ဒိတော၊

ဧကော ဒမယမတ္တာနံ, ဝနန္တေ ရမိတော သိယာ။

ပကိဏ္ဏကဝဂ္ဂေါ ဧကဝီသတိမော နိဋ္ဌိတော။

၉-ဧကဝိဟာရိတ္ထေရဝတ္ထု ၃၀၅။ မပျင်းမရိမူ၍ တစ်ယောက်တည်းနေ တစ်ယောက်တည်းအိပ် တစ်ယောက်တည်း လှည့်လည်သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တစ်ယောက်တည်း တောင်၌ မွေ့လျော်ရာ၏။ နှစ်ဆယ့်တစ်ခုမြောက် ပကိဏ္ဏကဝဂ် ပြီး၏။

Sitting alone, sleeping alone, tirelessly wandering alone; one who tames themselves alone would delight within a forest.

စာ-၅၇

၂၂။ နိရယဝဂ္ဂ

၃၀၆။ အဘူတဝါဒီ နိရယံ ဥပေတိ, ယော ဝါပိ [ယော စာပိ (သီ။ ပီ။ က။)] ကတွာ န ကရောမိ စာဟ [န ကရောမီတိ စာဟ (သျာ။)]၊

ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ, နိဟီနကမ္မာ မနုဇာ ပရတ္ထ။

၂၂-နိရယဝဂ် ၁-သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု ၃၀၆။ မဟုတ်မမှန် ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုမလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ ထိုသူ နှစ်ယောက်တို့သည်လည်း ယုတ်သောအမှု ရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ (ငရဲခံရခြင်း) တူကုန်၏။

Minor Collection Sayings of the Dhamma 306–319 22. Hell A liar goes to hell, as does one who denies what they did. Both are equal in the hereafter, those men of base deeds.

၃၀၇။ ကာသာဝကဏ္ဌာ ဗဟဝေါ, ပါပဓမ္မာ အသညတာ၊

ပါပါ ပါပေဟိ ကမ္မေဟိ, နိရယံ တေ ဥပပဇ္ဇရေ။

၂-ဒုစ္စရိတဖလပီဠိတဝတ္ထု ၃၀၇။ ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့် စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

Many who wear a scrap of ocher cloth are unrestrained and wicked. Being wicked, they are reborn in hell due to their bad deeds.

၃၀၈။ သေယျော အယောဂုဠော ဘုတ္တော, တတ္တော အဂ္ဂိသိခူပမော၊

ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော, ရဋ္ဌပိဏ္ဍမသညတော။

၃-ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု ၃၀၈။ သီလလည်း မရှိ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏။

It’d be better for the immoral and unrestrained to eat an iron ball, scorching, like a burning flame, than to eat the nation’s alms.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Yamakavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#394
  2. Vipassana Research Institute. (n.d.). 2. Appamādavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#395
  3. Vipassana Research Institute. (n.d.). 3. Cittavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#396
  4. Vipassana Research Institute. (n.d.). 4. Pupphavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#397
  5. Vipassana Research Institute. (n.d.). 5. Bālavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#398
  6. Vipassana Research Institute. (n.d.). 6. Paṇḍitavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#399
  7. Vipassana Research Institute. (n.d.). 7. Arahantavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#400
  8. Vipassana Research Institute. (n.d.). 8. Sahassavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#401
  9. Vipassana Research Institute. (n.d.). 9. Pāpavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#402
  10. Vipassana Research Institute. (n.d.). 10. Daṇḍavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#403
  11. Vipassana Research Institute. (n.d.). 11. Jarāvaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#404
  12. Vipassana Research Institute. (n.d.). 12. Attavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#405
  13. Vipassana Research Institute. (n.d.). 13. Lokavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#406
  14. Vipassana Research Institute. (n.d.). 14. Buddhavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#407
  15. Vipassana Research Institute. (n.d.). 15. Sukhavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#408
  16. Vipassana Research Institute. (n.d.). 16. Piyavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#409
  17. Vipassana Research Institute. (n.d.). 17. Kodhavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#410
  18. Vipassana Research Institute. (n.d.). 18. Malavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#411
  19. Vipassana Research Institute. (n.d.). 19. Dhammaṭṭhavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#412
  20. Vipassana Research Institute. (n.d.). 20. Maggavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#413
  21. Vipassana Research Institute. (n.d.). 21. Pakiṇṇakavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#414
  22. Vipassana Research Institute. (n.d.). 22. Nirayavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#415