ဓမ္မပဒပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၃၀၉။ စတ္တာရိ ဌာနာနိ နရော ပမတ္တော, အာပဇ္ဇတိ ပရဒါရူပသေဝီ၊
အပုညလာဘံ န နိကာမသေယျံ, နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။
၄-ခေမကသေဋ္ဌိပုတ္တဝတ္ထု ၃၀၉။ (တရားလမ်းမှန်ကို) သတိမထားဘဲ သူတစ်ပါးမယားကိုမှီဝဲသူသည် အကုသိုလ်ရခြင်း, အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း, သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း, ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်းတို့သို့ ရောက်ရ၏။
Four things befall a heedless man who sleeps with another’s wife: wickedness, poor sleep, ill-repute, and rebirth in hell.
၃၁၀။ အပုညလာဘော စ ဂတီ စ ပါပိကာ, ဘီတဿ ဘီတာယ ရတီ စ ထောကိကာ၊
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ, တသ္မာ နရော ပရဒါရံ န သေဝေ။
၃၁၀။ မကောင်းမှုကိုလည်း ရ၏။ ယုတ်သော လားရာ ‘ဂတိ’ လည်း ရှိ၏။ ကြောက်ရွံ့ထိတ်လန့်သော ယောကျာ်း၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော် ပျော်ပါးရခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ် ကိုလည်း ပေး၏။ ထို့ကြောင့် ယောကျာ်းသည် သူတစ်ပါးမယားကို မမှီဝဲရာ။
He accrues wickedness and is reborn in a bad place, all so a frightened couple <j>may snatch a moment’s pleasure, for which rulers impose a heavy punishment. That’s why a man should not <j>sleep with another’s wife.
၃၁၁။ ကုသော ယထာ ဒုဂ္ဂဟိတော, ဟတ္ထမေဝါနုကန္တတိ၊
သာမညံ ဒုပ္ပရာမဋ္ဌံ, နိရယာယုပကဍ္ဎတိ။
၅-ဒုဗ္ဗစဘိက္ခုဝတ္ထု ၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် (ကိုင်သော) လက်ကိုသာလျှင် ခွဲရှသကဲ့သို့ မကောင်းသဖြင့် ကျင့်သုံးအပ်သော ရဟန်းအဖြစ်သည် (ထို ရဟန်းကိုပင်) ငရဲသို့ ဆွဲချ၏။
When kusa grass is wrongly grasped it only cuts the hand. So too, the ascetic life, when wrongly taken, drags you to hell.
၃၁၂။ ယံ ကိဉ္စိ သိထိလံ ကမ္မံ, သံကိလိဋ္ဌဉ္စ ယံ ဝတံ၊
သင်္ကဿရံ ဗြဟ္မစရိယံ, န တံ ဟောတိ မဟပ္ဖလံ။
၃၁၂။ လျော့ရဲစွာ ပြုအပ်သော အမှုကိစ္စ တစ်စုံတစ်ခုသည်လည်းကောင်း၊ ညစ်နွမ်းသော အကျင့်သည်လည်းကောင်း၊ ယုံမှားတွေးတောဖွယ်ဖြစ်သော ရဟန်းအကျင့်သည်လည်းကောင်း အကျိုးမကြီးချေ။
Any lax act, any corrupt observance, or suspicious spiritual life, is not very fruitful.
၃၁၃။ ကယိရာ စေ ကယိရာထေနံ [ကယိရာ နံ (က။)], ဒဠှမေနံ ပရက္ကမေ၊
သိထိလော ဟိ ပရိဗ္ဗာဇော, ဘိယျော အာကိရတေ ရဇံ။
၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့မူ ထိုအမှုကိစ္စကို (တိကျစွာ) ပြုလုပ်ရာ၏။ ထိုအမှု ကိစ္စကို မြဲမြံစွာအားထုတ်ရာ၏။ လျော့ရဲစွာ ပြုအပ်သော ရဟန်းအဖြစ်သည် ကိလေသာမြူကို ထပ်လောင်းကြဲဖြန့်တတ်၏။
If one is to do what should be done, one should staunchly strive. For the life gone forth when laxly led just stirs up dust all the more.
၃၁၄။ အကတံ ဒုက္ကဋံ သေယျော, ပစ္ဆာ တပ္ပတိ ဒုက္ကဋံ၊
ကတဉ္စ သုကတံ သေယျော, ယံ ကတွာ နာနုတပ္ပတိ။
၆-ဣဿာပကတဣတ္ထိဝတ္ထု ၃၁၄။ မကောင်းမှုကို မပြုခြင်းသည် မြတ်၏။ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏။ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏။ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။
A bad deed is better left undone, for it will plague you later on. A good deed is better done, one that does not plague you.
၃၁၅။ နဂရံ ယထာ ပစ္စန္တံ, ဂုတ္တံ သန္တရဗာဟိရံ၊
ဧဝံ ဂေါပေထ အတ္တာနံ, ခဏော ဝေါ [ခဏော ဝေ (သီ။ ပီ။ က။)] မာ ဥပစ္စဂါ၊
ခဏာတီတာ ဟိ သောစန္တိ, နိရယမှိ သမပ္ပိတာ။
၇-သမ္ဗဟုလဘိက္ခုဝတ္ထု ၃၁၅။ တိုင်းပြည် အစွန်ဖြစ်သော မြို့ ကို အတွင်းအပြင်နှင့်တကွ လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို (အတွင်းအပြင် လုံခြုံအောင်) စောင့်ရှောက်ကုန်လော့၊ သင်တို့ကို (ဘုရားပွင့်ခြင်း စသော) အခွင့်အခါ ကောင်းသည် မလွန်ပါစေလင့်၊ အခွင့်အခါ ကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ကြရကုန်၏။
As a frontier city is guarded inside and out, so you should ward yourselves— don’t let the moment pass you by. For if you miss your moment you’ll grieve when sent to hell.
၃၁၆။ အလဇ္ဇိတာယေ လဇ္ဇန္တိ, လဇ္ဇိတာယေ န လဇ္ဇရေ၊
မိစ္ဆာဒိဋ္ဌိသမာဒါနာ, သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၈-နိဂဏ္ဌဝတ္ထု ၃၁၆။ ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သောမှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။
Unashamed of what is shameful, ashamed of what is not shameful; beings who uphold wrong view go to a bad place.
၃၁၇။ အဘယေ ဘယဒဿိနော, ဘယေ စာဘယဒဿိနော၊
မိစ္ဆာဒိဋ္ဌိသမာဒါနာ, သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၇။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၍ ကြောက်ဖွယ် ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှုလေ့ရှိကုန်သောမှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။
Seeing danger where there is none, and blind to the actual danger, beings who uphold wrong view go to a bad place.
၃၁၈။ အဝဇ္ဇေ ဝဇ္ဇမတိနော, ဝဇ္ဇေ စာဝဇ္ဇဒဿိနော၊
မိစ္ဆာဒိဋ္ဌိသမာဒါနာ, သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၉-တိတ္ထိယသာဝကဝတ္ထု ၃၁၈။ အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။
Seeing fault where there is none, and blind to the actual fault, beings who uphold wrong view go to a bad place.
၃၁၉။ ဝဇ္ဇဉ္စ ဝဇ္ဇတော ဉတွာ, အဝဇ္ဇဉ္စ အဝဇ္ဇတော၊
သမ္မာဒိဋ္ဌိသမာဒါနာ, သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
နိရယဝဂ္ဂေါ ဒွါဝီသတိမော နိဋ္ဌိတော။
၃၁၉။ အပြစ်ကို အပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန်သောကြောင့် ကောင်းသော အယူရှိကုန်သော သတ္တဝါတို့သည် သုဂတိဘဝသို့ ရောက်ရကုန်၏။ နှစ်ဆယ့်နှစ်ခုမြောက် နိရယဝဂ် ပြီး၏။
Knowing a fault as a fault and the faultless as faultless, beings who uphold right view go to a good place.
၂၃။ နာဂဝဂ္ဂ
၃၂၀။ အဟံ နာဂေါဝ သင်္ဂါမေ, စာပတော ပတိတံ သရံ၊
အတိဝါကျံ တိတိက္ခိဿံ, ဒုဿီလော ဟိ ဗဟုဇ္ဇနော။
၂၃-နာဂဝဂ် ၁-အတ္တဒန္တဝတ္ထု ၃၂၀။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့) ကျရောက်လာသော မြားကို မတုန်မလှုပ် ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ (လောကီဘုံသား) လူအများသည် သီလမရှိသည်သာတည်း။
Minor Collection Sayings of the Dhamma 320–333 23. Elephants Like an elephant struck with arrows in battle, I shall endure abuse, for so many folk are badly behaved.
၃၂၁။ ဒန္တံ နယန္တိ သမိတိံ, ဒန္တံ ရာဇာဘိရူဟတိ၊
ဒန္တော သေဋ္ဌော မနုဿေသု, ယောတိဝါကျံ တိတိက္ခတိ။
၃၂၁။ ယဥ်ကျေးပြီးသော ဆင် မြင်း စသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ ဆောင်ကုန်၏။ ယဥ်ကျေးပြီးသော ဆင် မြင်း စသည်ကိုသာ မင်းသည် စီး၏။ လွန်ကျူး စော်ကားသော စကားကို သည်းခံနိုင်သောသူသည် ယဥ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။
The well-tamed beast is the one led to the crowd; the tamed elephant’s the one the king mounts; the tamed person who endures abuse is the best of human beings.
၃၂၂။ ဝရမဿတရာ ဒန္တာ, အာဇာနီယာ စ [အာဇာနီယာဝ (သျာ။)] သိန္ဓဝါ၊
ကုဉ္ဇရာ စ [ကုဉ္ဇရာဝ (သျာ။)] မဟာနာဂါ, အတ္တဒန္တော တတော ဝရံ။
၃၂၂။ အဿတိုရ်မြင်းတို့သည်လည်းကောင်း၊ အာဇာနည်မြင်းတို့သည်လည်းကောင်း၊ သိန္ဓောမြင်းတို့သည်လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည်လည်းကောင်း ယဥ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏။ ကိုယ်, စိတ်နှစ်ပါးကို ဆုံးမယဥ်ကျေးပြီးသူသည် ထိုမြင်းကောင်း ဆင်ကောင်းတို့ထက် လွန်မြတ်၏။
Those who have tamed themselves are better than fine tamed mules, thoroughbreds from Sindh, or giant tuskers.
၃၂၃။ န ဟိ ဧတေဟိ ယာနေဟိ, ဂစ္ဆေယျ အဂတံ ဒိသံ၊
ယထာတ္တနာ သုဒန္တေန, ဒန္တော ဒန္တေန ဂစ္ဆတိ။
၂-ဟတ္ထာစရိယပုဗ္ဗကဘိက္ခုဝတ္ထု ၃၂၃။ ဤပြကတေ့သော ဆင်ယာဥ် မြင်းယာဥ်တို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန် အရပ်သို့ မရောက်နိုင်သည်သာတည်း။ (ဝိပဿနာအခိုက်) စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမသဖြင့်လည်းကောင်း၊ (မဂ်အခိုက်) မိမိစိတ်ကို ကောင်းစွာ ဆုံးမသဖြင့်လည်းကောင်း ယဥ်ကျေးပြီးဖြစ်သူသည်သာ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်၏။
For not on those mounts would you go to the untrodden place, whereas, with the help of one <j>whose self is well tamed, you go there, tamed by the tamed.
၃၂၄။ ဓနပါလော [ဓနပါလကော (သီ။ သျာ။ ကံ။ ပီ။)] နာမ ကုဉ္ဇရော, ကဋုကဘေဒနော [ကဋုကပ္ပဘေဒနော (သီ။ သျာ။ ပီ။)] ဒုန္နိဝါရယော၊
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ, သုမရတိ [သုသရတိ (က။)] နာဂဝနဿ ကုဉ္ဇရော။
၃-ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု ၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန် ခဲယဥ်းသော ဓနပါလမည်သော ဆင်သည် အဖွဲ့အချည်ခံရသဖြင့် အစားအစာကို မစားနိုင်၊ ဆင်သည် (မိမိနေရာ) ဂန့်ဂေါ်တောကိုသာ အောက်မေ့နေ၏)။
The tusker named Dhanapāla is musky in rut, hard to control. Bound, he eats not a morsel, for he misses the elephant forest.
၃၂၅။ မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ, နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ၊
မဟာဝရာဟောဝ နိဝါပပုဋ္ဌော, ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။
၄-ပသေနဒီကောသလဝတ္ထု ၃၂၅။ ငိုက်မျဥ်းလျက် မျောက်မျဥ်းအိပ်ကာ အစားကြီးလျက် ကျွေးမွေးထားသော ဝက်ကြီးကဲ့သို့ တလူးလူး တလဲလဲ အိပ်လေ့ရှိသည့် ပညာနုံ့သူသည် (အနိစ္စ အစရှိသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့် ) အဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။
One who gets drowsy from overeating, fond of sleep, rolling round the bed like a great hog stuffed with grain: that dullard returns to the womb again and again.
၃၂၆။ ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ, ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ၊
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော, ဟတ္ထိပ္ပဘိန္နံ ဝိယ အင်္ကုသဂ္ဂဟော။
၅-သာနုသာမဏေရဝတ္ထု ၃၂၆။ ဤစိတ်သည် ရှေးအခါ က လိုရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စားခဲ့လေပြီ။ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သော ဆင်ကို နှိပ်ဘိသကဲ့သို့ ငါသည် ယခု ထိုစိတ်ကို အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် နှိပ်ပေအံ့။
In the past my mind wandered how it wished, where it liked, as it pleased. Now I’ll carefully guide it, as a trainer with a hook guides a rutting elephant.
၃၂၇။ အပ္ပမာဒရတာ ဟောထ, သစိတ္တမနုရက္ခထ၊
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ, ပင်္ကေ သန္နောဝ [သတ္တောဝ (သီ။ ပီ။)] ကုဉ္ဇရော။
၆-ပါဝေယျကဟတ္ထိဝတ္ထု ၃၂၇။ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သော ဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။
Delight in diligence! Take good care of your mind! Pull yourself out of this pit, like an elephant sunk in a bog.
၃၂၈။ သစေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ, စရေယျ တေနတ္တမနော သတီမာ။
၇-သမ္ဗဟုလဘိက္ခုဝတ္ထု ၃၂၈။ ပညာရင့်၍ ကောင်းစွာ နေထိုင်လေ့ရှိသောတည်ကြည်သော အတူကျင့်ဖော် (ပညာရှိ) အဆွေခင်ပွန်းကို အကယ်၍ ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ဝမ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။
If you find an alert companion, an attentive friend to live happily together, then, overcoming all adversities, wander with them, joyful and mindful.
၃၂၉။ နော စေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ, ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
၃၂၉။ ပညာရင့်၍ ကောင်းစွာ နေထိုင်လေ့ရှိသောတည်ကြည်သော အတူကျင့်ဖော် (ပညာရှိ) အဆွေခင်ပွန်းကို အကယ်၍ မရခဲ့မူ မင်းသည် နိုင်ပြီးသောတိုင်းပြည် ကို စွန့်၍ ထွက်သကဲ့သို့လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌ တစ်ကောင်တည်း လှည့်လည် သကဲ့သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။
If you find no alert companion, no attentive friend to live happily together, then, like a king who flees his conquered realm, wander alone like a tusker in the wilds.
၃၃၀။ ဧကဿ စရိတံ သေယျော, နတ္ထိ ဗာလေ သဟာယတာ၊
ဧကော စရေ န စ ပါပါနိ ကယိရာ, အပ္ပေါဿုက္ကော မာတင်္ဂရညေဝ နာဂေါ။
၃၃၀။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏။ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌ တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏။ မကောင်းမှုတို့ကို မပြုရာ။
It’s better to wander alone, there’s no fellowship with fools. Wander alone and do no wrong, at ease like a tusker in the wilds.
၃၃၁။ အတ္ထမှိ ဇာတမှိ သုခါ သဟာယာ, တုဋ္ဌီ သုခါ ယာ ဣတရီတရေန၊
ပုညံ သုခံ ဇီဝိတသင်္ခယမှိ, သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။
၈-မာရဝတ္ထု ၃၃၁။ အဆွေခင်ပွန်းရှိခြင်းသည် အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ချမ်းသာ၏။ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏။ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏။ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏။
A friend in need is a blessing; it’s a blessing to be content with whatever; good deeds are a blessing at the end of life, and giving up all suffering is a blessing.
၃၃၂။ သုခါ မတ္တေယျတာ လောကေ, အထော ပေတ္တေယျတာ သုခါ၊
သုခါ သာမညတာ လောကေ, အထော ဗြဟ္မညတာ သုခါ။
၃၃၂။ လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်း သည် ချမ်းသာကြောင်း ဖြစ်၏။ ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ တို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
In this world it’s a blessing to serve one’s mother and one’s father. And it’s a blessing also to serve ascetics and brahmins.
၃၃၃။ သုခံ ယာဝ ဇရာ သီလံ, သုခါ သဒ္ဓါ ပတိဋ္ဌိတာ၊
သုခေါ ပညာယ ပဋိလာဘော, ပါပါနံ အကရဏံ သုခံ။
နာဂဝဂ္ဂေါ တေဝီသတိမော နိဋ္ဌိတော။
၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏။ သဒ္ဓါတရား တည်တံ့ ခိုင်မြဲခြင်းသည် ချမ်းသာ၏။ ပညာကို ရခြင်းသည် ချမ်းသာ၏။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။ နှစ်ဆယ့်သုံးခုမြောက် နာဂဝဂ် ပြီး၏။
It’s a blessing to keep precepts until you grow old; a blessing to be grounded in faith; the getting of wisdom’s a blessing; and it’s a blessing to avoid doing wrong.
၂၄။ တဏှာဝဂ္ဂ
၃၃၄။ မနုဇဿ ပမတ္တစာရိနော, တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ၊
သော ပ္လဝတီ [ပ္လဝတိ (သီ။ ပီ။), ပလဝေတီ (က။), ဥပ္လဝတိ (?)] ဟုရာ ဟုရံ, ဖလမိစ္ဆံဝ ဝနသ္မိ ဝါနရော။
၂၄-တဏှာဝဂ် ၁-ကပိလမစ္ဆဝတ္ထု ၃၃၄။ မေ့မေ့လျော့လျော့ ကျင့်သော သတ္တဝါအား မာလော (ပေါက်) နွယ်ကဲ့သို့ တဏှာ တိုးပွါး၏။ သစ်သီးကို အလိုရှိသော မျောက်သည် တောတွင်း၌ တစ်ပင်မှ တစ်ပင် ခုန်လွှား ကူးသန်းသကဲ့သို့ ထိုတဏှာတိုးပွါးသူသည် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားရာ၏။
Minor Collection Sayings of the Dhamma 334–359 24. Craving When a man lives heedlessly, craving grows in them like a camel’s foot creeper. They jump from one thing to the next, like a langur greedy for fruit in a forest grove.
၃၃၅။ ယံ ဧသာ သဟတေ ဇမ္မီ, တဏှာ လောကေ ဝိသတ္တိကာ၊
သောကာ တဿ ပဝဍ္ဎန္တိ, အဘိဝဋ္ဌံဝ [အဘိဝဍ္ဎံဝ (သျာ။), အဘိဝဋ္ဋံဝ (ပီ။), အဘိဝုဍ္ဎံဝ (က။)] ဗီရဏံ။
၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ ကြီးပွါးသကဲ့သို့လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှဥ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွါးကုန်၏။
Whoever is beaten by this wretched craving, this attachment to the world, their sorrow grows, like grass in the rain.
၃၃၆။ ယော စေတံ သဟတေ ဇမ္မိံ, တဏှံ လောကေ ဒုရစ္စယံ၊
သောကာ တမှာ ပပတန္တိ, ဥဒဗိန္ဒုဝ ပေါက္ခရာ။
၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့လောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှင်းဆဲနိုင်ခဲ့မူ ထိုပုဂ္ဂိုလ်သဏ္ဌာန်မှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျောကျကုန်၏။
But whoever prevails over this wretched craving, so hard to get over in the world, their sorrows fall from them, like a drop from a lotus-leaf.
၃၃၇။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ, ယာဝန္တေတ္ထ သမာဂတာ၊
တဏှာယ မူလံ ခဏထ, ဥသီရတ္ထောဝ ဗီရဏံ၊
မာ ဝေါ နဠံဝ သောတောဝ, မာရော ဘဉ္ဇိ ပုနပ္ပုနံ။
၃၃၇။တို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာကြကုန်သော သင်တို့အား ငါသည် ကောင်းသောစကားကို ဟောအံ့၊ ပန်းရင်းခေါ်သော ပြိတ်မြက်၏ အမြစ်ကို အလိုရှိသူသည် ပြိတ်မြက်ပင်ကို တူးရသကဲ့သို့ (နိဗ္ဗာန်ကို အလိုရှိသူသည် ) တဏှာ၏ အမြစ်အရင်းကို တူးပစ်ကြကုန်လော့၊ ရေအလျဥ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီး စေလင့်။
I say this to you, good people, all those who have gathered here: dig up the root of craving, as you’d dig up grass in search of roots. Don’t let Māra break you again and again, like a stream breaking a reed.
၃၃၈။ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ, ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ၊
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ, နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။
၂-သူကရပေါတိကာဝတ္ထု ၃၃၈။ ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးဘဲ ‘မနုတ်ဘဲ’ ပင်စည်ကို ဖြတ်သော်လည်း သစ်ပင်သည် တစ်ဖန် ပေါက်ရောက်စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသောတဏှာကို မဖျက်ဆီးအပ်သေးသည်ရှိသော် ဤ (ပဋိသန္ဓေ နေရခြင်းစသော) ဆင်းရဲသည် အဖန်ဖန် အထပ်ထပ် ဖြစ်ရ၏။
A tree grows back even when cut down, so long as its roots are strong and undamaged; suffering springs up again and again, so long as the tendency to craving is not pulled out.
၃၃၉။ ယဿ ဆတ္တိံသတိ သောတာ, မနာပသဝနာ ဘုသာ၊
မာဟာ [ဝါဟာ (သီ။ သျာ။ ပီ။)] ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ, သင်္ကပ္ပါ ရာဂနိဿိတာ။
၃၃၉။ အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ် အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသောတဏှာရေအလျဥ်တို့သည် ရှိကုန်၏။မှားသော အယူရှိသော ထိုသူကို ရာဂနှင့်စပ်သောအားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။
A person of low views in whom the thirty-six streams that flow to pleasure are mighty, is swept away by lustful thoughts.
၃၄၀။ သဝန္တိ သဗ္ဗဓိ သောတာ, လတာ ဥပ္ပဇ္ဇ [ဥဗ္ဘိဇ္ဇ (သီ။ သျာ။ ကံ။ ပီ။)] တိဋ္ဌတိ၊
တဉ္စ ဒိသွာ လတံ ဇာတံ, မူလံ ပညာယ ဆိန္ဒထ။
၃၄၀။ တဏှာတည်းဟူသော ရေအလျဥ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီးကုန်၏။ တဏှာတည်းဟူသော နွယ်သည် (ဒွါရခြောက်ပါး၌) ဖြစ်၍ (အာရုံ ခြောက်ပါး၌) တည်၏။ ထိုပေါက်သောတဏှာတည်းဟူသော နွယ်ကို မြင်၍ ထို တဏှာနွယ်မြစ်ကို မဂ်ပညာဖြင့် ဖြတ်ကြကုန်လော့။
The streams flow everywhere; a weed springs up and remains. Seeing this weed that has been born, cut the root with wisdom.
၃၄၁။ သရိတာနိ သိနေဟိတာနိ စ, သောမနဿာနိ ဘဝန္တိ ဇန္တုနော၊
တေ သာတသိတာ သုခေသိနော, တေ ဝေ ဇာတိဇရူပဂါ နရာ။
၃၄၁။ သတ္တဝါတို့အား အောက်မေ့ခြင်း ချစ်ခြင်း ဝမ်းမြောက်ခြင်းတို့သည် ဖြစ်ကုန်၏။ ထိုသတ္တဝါတို့သည်သာယာနှစ်သက်ဖွယ်၌မှီကုန်လျက် ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မုချကပ်ရောက်ကြရကုန်၏။
A personage’s joys flow from senses and cravings. Seekers of happiness, bent on pleasure, continue to be reborn and grow old.
၃၄၂။ တသိဏာယ ပုရက္ခတာ ပဇာ, ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော [ဗာဓိတော (ဗဟူသု)]၊
သံယောဇနသင်္ဂသတ္တကာ, ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။
၃၄၂။ တဏှာဖြင့် ဝန်းဝိုင်းခြံရံအပ်ကုန်သော သတ္တဝါတို့သည် (မုဆိုး) ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေကြရကုန်၏။ (ကာမရာဂစသော) သံယောဇဥ်အစေးဖြင့် ကပ်ငြိကုန်သောသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး အဖန်တလဲလဲ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲကို ကပ်ရောက်ကြရကုန်၏။
People governed by thirst, crawl about like a trapped rabbit. Bound and fettered, for a long time they return to pain time and again.
၃၄၃။ တသိဏာယ ပုရက္ခတာ ပဇာ, ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော၊
တသ္မာ တသိဏံ ဝိနောဒယေ, အာကင်္ခန္တ [ဘိက္ခူ အာကင်္ခီ (သီ။), ဘိက္ခု အာကင်္ခံ (သျာ။)] ဝိရာဂမတ္တနော။
၃၄၃။ တဏှာဖြင့် ဝန်းဝိုင်းခြံရံအပ်ကုန်သော သတ္တဝါတို့သည် (မုဆိုး) ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေကြရကုန်၏။ ထို့ကြောင့် မိမိ၏ ရာဂကင်းခြင်းကို တောင့်တသောသူသည် တဏှာကို ပယ်ဖျောက်ရာ၏။
People governed by thirst, crawl about like a trapped rabbit. That’s why one who longs for dispassion should dispel thirst.
၃၄၄။ ယော နိဗ္ဗနထော ဝနာဓိမုတ္တော, ဝနမုတ္တော ဝနမေဝ ဓာဝတိ၊
တံ ပုဂ္ဂလမေထ ပဿထ, မုတ္တော ဗန္ဓနမေဝ ဓာဝတိ။
၃-ဝိဗ္ဘန္ထဘိက္ခုဝတ္ထု ၃၄၄။ အကြင်သူသည် လူ့အဖြစ်၌ နေခြင်းဟူသော တောကို စွန့်၍ အကျင့်တည်းဟူသော တောသို့ သက်ဝင်ခဲ့၏။ အိမ်ရာထောင်မှု တဏှာတောမှ လွတ်ပြီးလျက် အိမ်ရာထောင်မှု တဏှာတောသို့ပင် ပြေးဝင်ပြန်၏။ လာကြကုန်လော့၊ ထိုပုဂ္ဂိုလ်ကို ရှုကြကုန်လော့၊ အိမ်ရာထောင်မှု အနှောင်အဖွဲ့မှ လွတ်ပြီးလျက် အိမ်ရာထောင်မှု အနှောင်အဖွဲ့သို့သာလျှင် ပြေးဝင်၏။
Unsnarled, they set out for the jungle, then they run right back to the jungle they left behind. Just look at this individual! Freed, they run to bondage.
၃၄၅။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ [ဒါရူဇံ ဗဗ္ဗဇဉ္စ (သီ။ ပီ။)]၊
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု, ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
၄-ဗန္ဓနာဂါရဝတ္ထု ၃၄၅-၃၄၆။ သံဖြင့် ပြုလုပ်သော (သံခြေကျဥ်းစသော) အနှောင်အဖွဲ့ သစ်သားဖြင့် လုပ်သော (ထိတ်တုံးစသော) အနှောင်အဖွဲ့ မြက်လျှော်တို့ဖြင့် လုပ်သော ကြိုးစသော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန်။ ပတ္တမြား နားတောင်းစသော ရတနာတို့၌လည်းကောင်း၊ သားသမီး မယားတို့၌လည်းကောင်း အလွန်တပ်နှစ်သက်သော ငဲ့ကွက်မှုတဏှာအနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကြကုန်၏။ ပညာရှိတို့သည် (အပါယ်လေးပါးတည်းဟူသော) ယုတ်နိမ့်ရာသို့ ဆောင်တတ်သဖြင့် (ဖွဲ့မှန်းမသိ ဖွဲ့သဖြင့်) လျော့ရဲဟန်ရှိသော်လည်း လွတ်မြောက်နိုင်ရန် ခဲယဥ်းသော ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို ရုန်းဖြတ်၍ မငဲ့ကွက်ဘဲ ကာမချမ်းသာကို စွန့်လျက် တောထွက်ကြကုန်၏။
The attentive say that shackle is not strong that’s made of iron, wood, or knots. But obsession with jeweled earrings, concern for your partners and children:
၃၄၆။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ, ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ၊
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ, အနပေက္ခိနော ကာမသုခံ ပဟာယ။
this, say the attentive, is a strong shackle dragging the indulgent down, hard to escape. Having cut this one too they go forth, unconcerned, having given up sensual pleasures.
၃၄၇။ ယေ ရာဂရတ္တာနုပတန္တိ သောတံ, သယံကတံ မက္ကဋကောဝ ဇာလံ၊
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ, အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။
၅-ခေမာထေရီဝတ္ထု ၃၄၇။ ပင့်ကူသည် မိမိပြုသော ပိုက်ကွန်၌ အိပ်သကဲ့သို့ သတ္တဝါတို့သည် ပြင်းစွာ တပ်မက်ကုန်သည်ဖြစ်၍ မိမိတို့ပြုသောတဏှာအလျဥ်သို့ ကျကုန်၏။ ပညာရှိတို့သည် ဤတဏှာကို ဖြတ်၍ မငဲ့ကွက်ဘဲ ခပ်သိမ်းသော ဆင်းရဲကို စွန့်လျက် သွားကုန်၏။
Besotted by lust they fall into the stream, like a spider caught in the web she wove. The attentive proceed, having cut this one too, unconcerned, having given up all suffering.
၃၄၈။ မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော, မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ၊
သဗ္ဗတ္ထ ဝိမုတ္တမာနသော, န ပုနံ ဇာတိဇရံ ဥပေဟိသိ။
၆-ဥဂ္ဂသေနဝတ္ထု ၃၄၈။ လွန်လေပြီးသော ခန္ဓာ၌ တဏှာကို စွန့်လော့၊ နောင်ဖြစ်ပေါ်မည့် ခန္ဓာ၌ တဏှာကို စွန့်လော့၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌ တဏှာကို စွန့်လော့၊ အလုံးစုံ (ပစ္စုပ္ပန် အတိတ် အနာဂတ်) ခန္ဓာ၌ တဏှာမှ လွတ်သောစိတ်ရှိလျက် ဘဝသုံးပါး၏ အဆုံးသို့ ရောက်သည်ဖြစ်၍ တစ်ဖန် အိုခြင်းနာခြင်းသို့ မကပ်လေလင့်။
Let go of the past, let go of the future, let go of the present, having gone beyond rebirth. With your heart freed in every respect, you’ll not come again to rebirth and old age.
၃၄၉။ ဝိတက္ကမထိတဿ ဇန္တုနော, တိဗ္ဗရာဂဿ သုဘာနုပဿိနော၊
ဘိယျော တဏှာ ပဝဍ္ဎတိ, ဧသ ခေါ ဒဠှံ [ဧသ ဂါဠှံ (က။)] ကရောတိ ဗန္ဓနံ။
၇-စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု ၃၄၉။ ကာမဝိတက် နှိပ်စက်အပ်သော ထက်သော ရာဂရှိသောတင့်တယ်၏ဟု အဖန်ဖန်ရှုသော သတ္တဝါအား တဏှာသည် အလွန်တိုးပွါးလေ၏။ ဤသူသည် မာရ်၏ အနှောင်အဖွဲ့ကို ခိုင်မြဲအောင် ပြု၏။
For a personage churned by thoughts, very lustful, focusing on beauty, their craving grows and grows, tying them with a stout bond.
၃၅၀။ ဝိတက္ကူပသမေ စ [ဝိတက္ကူပသမေဝ (က။)] ယော ရတော, အသုဘံ ဘာဝယတေ သဒါ သတော၊
ဧသ [ဧသော (?)] ခေါ ဗျန္တိ ကာဟိတိ, ဧသ [ဧသော (?)] ဆေစ္ဆတိ မာရဗန္ဓနံ။
၃၅၀။ အကြင်ပုဂ္ဂိုလ်သည် မိစ္ဆာဝိတက်ငြိမ်းခြင်း၌သာ မွေ့လျော်၏။ သတိရှိသည်ဖြစ်၍ အခါ ခပ်သိမ်း အသုဘအာရုံကို ပွါး၏။ ဤပုဂ္ဂိုလ်သည် မာရ်၏ အနှောင်အဖွဲ့ကို ကင်းအောင် ပြု၏။ မာရ်၏ အနှောင်အဖွဲ့ကို ဖြတ်၏။
But one who loves to calm their thoughts, developing perception of ugliness, ever mindful, will surely eliminate that craving, cutting off the bonds of Māra.
၃၅၁။ နိဋ္ဌင်္ဂတော အသန္တာသီ, ဝီတတဏှော အနင်္ဂဏော၊
အစ္ဆိန္ဒိ ဘဝသလ္လာနိ, အန္တိမောယံ သမုဿယော။
၈-မာရဝတ္ထု ၃၅၁။ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ပြီးသူသည် ထိတ်လန့်ခြင်း မရှိ၊ တဏှာကင်း၏။ ကိလေသာကင်း၏။ ဘဝသို့ ရောက်ကြောင်း ရာဂစသော ငြောင့် တံသင်းတို့ကို ဖြတ်ပြီးဖြစ်၏။ ဤခန္ဓာကိုယ်သည် အဆုံးစွန် ဖြစ်၏။
One who is confident, unafraid, rid of craving, free of blemish, having struck down the arrows flying to future lives, this bag of bones is their last.
၃၅၂။ ဝီတတဏှော အနာဒါနော, နိရုတ္တိပဒကောဝိဒေါ၊
အက္ခရာနံ သန္နိပါတံ, ဇညာ ပုဗ္ဗာပရာနိ စ၊
သ ဝေ ‘‘အန္တိမသာရီရော, မဟာပညော မဟာပုရိသော’’တိ ဝုစ္စတိ။
၃၅၂။ တဏှာကင်းသော၊ စွဲလမ်းခြင်းမရှိသော၊ နိရုတ္တိပဋိသမ္ဘိဒါ၌ လိမ္မာသော၊ အက္ခရာတို့၏အပေါင်းကိုလည်း သိသော၊ ရှေ့နောက်အက္ခရာတို့ကိုလည်း သိသော၊ အဆုံးစွန်ဖြစ်သော ကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကြီးသောပညာရှိသူ ‘ယောကျာ်းမြတ်’ဟူ၍ ခေါ်ဆိုအပ်၏။
Rid of craving, free of grasping, expert in the definition of terms, knowing the correct structure and sequence of syllables, they are said to be one who bears their final body, one of great wisdom, a great person.
၃၅၃။ သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ, သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော၊
သဗ္ဗဉ္ဇဟော တဏှက္ခယေ ဝိမုတ္တော, သယံ အဘိညာယ ကမုဒ္ဒိသေယျံ။
၉-ဥပကာဇီဝကဝတ္ထု ၃၅၃။ ငါသည် အလုံးစုံ တရားတို့ကို နှိမ်နင်း၍ တည်၏။ အလုံးစုံသောတရားသဘောကို သိ၏။ အလုံးစုံသော သဘောတရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိ၊ အလုံးစုံသော တေဘုမ္မကတရားကို စွန့်၏။ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှ လွတ်၏။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ အဘယ်သူကို (ငါ့ဆရာဟု) ညွှန်းပြရအံ့နည်း။
I am the vanquisher of all, the knower of all, unsullied in the midst of all things. I’ve given up all, freed in the ending of craving. Since I know for myself, whose follower should I be?
၃၅၄။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ, သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ, တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
၁၀-သက္ကပဥှဝတ္ထု ၃၅၄။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။
The gift of the teaching surmounts all other gifts; the taste of the teaching surmounts all other tastes; the joy of the teaching surmounts all other joys; the ending of craving surmounts all suffering.
၃၅၅။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ, နော စ ပါရဂဝေသိနော၊
ဘောဂတဏှာယ ဒုမ္မေဓော, ဟန္တိ အညေဝ အတ္တနံ။
၁၁-အပုတ္တကသေဋ္ဌိဝတ္ထု ၃၅၅။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏။ (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။ ပညာမဲ့သူသည် စည်းစိမ်ဥစ္စာ၌ တပ်မက်ခြင်းဖြင့် သူတစ်ပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်၏။
Riches ruin a simpleton, but not a seeker of the far shore. From craving for wealth, a simpleton ruins themselves and others.
၃၅၆။ တိဏဒေါသာနိ ခေတ္တာနိ, ရာဂဒေါသာ အယံ ပဇာ၊
တသ္မာ ဟိ ဝီတရာဂေသု, ဒိန္နံ ဟောတိ မဟပ္ဖလံ။
၁၂-အင်္ကုရဝတ္ထု ၃၅၆။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို ရာဂသည်ဖျက်ဆီး၏။ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
Weeds are the bane of crops, but greed is these folk’s bane. That’s why a gift to one rid of greed is so very fruitful.
၃၅၇။ တိဏဒေါသာနိ ခေတ္တာနိ, ဒေါသဒေါသာ အယံ ပဇာ၊
တသ္မာ ဟိ ဝီတဒေါသေသု, ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၇။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို ဒေါသသည်ဖျက်ဆီး၏။ ထို့ကြောင့် ဒေါသကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
Weeds are the bane of crops, but hate is these folk’s bane. That’s why a gift to one rid of hate is so very fruitful.
၃၅၈။ တိဏဒေါသာနိ ခေတ္တာနိ, မောဟဒေါသာ အယံ ပဇာ၊
တသ္မာ ဟိ ဝီတမောဟေသု, ဒိန္နံ ဟောတိ မဟပ္ဖလံ။
၃၅၈။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို မောဟသည်ဖျက်ဆီး၏။ ထို့ကြောင့် မောဟကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
Weeds are the bane of crops, but delusion is these folk’s bane. That’s why a gift to one rid of delusion is so very fruitful.
၃၅၉။ (တိဏဒေါသာနိ ခေတ္တာနိ, ဣစ္ဆာဒေါသာ အယံ ပဇာ၊
တသ္မာ ဟိ ဝိဂတိစ္ဆေသု, ဒိန္နံ ဟောတိ မဟပ္ဖလံ။) [( ) ဝိဒေသပေါတ္ထကေသု နတ္ထိ, အဋ္ဌကထာယမ္ပိ န ဒိဿတိ]
တိဏဒေါသာနိ ခေတ္တာနိ, တဏှာဒေါသာ အယံ ပဇာ၊
တသ္မာ ဟိ ဝီတတဏှေသု, ဒိန္နံ ဟောတိ မဟပ္ဖလံ။
တဏှာဝဂ္ဂေါ စတုဝီသတိမော နိဋ္ဌိတော။
၃၅၉။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို အလိုရမက်သည်ဖျက်ဆီး၏။ ထို့ကြောင့် အလိုရမက်ကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ (လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါအပေါင်းကို တဏှာသည် ဖျက်ဆီး၏။ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။) ဤ ( ) ရှိစာသားသည် နိုင်ငံခြားစာမူတို့၌ မရှိ၊ အဋ္ဌကထာ၌လည်း မပါ။ နှစ်ဆယ့်လေးခုမြောက် တဏှာဝဂ် ပြီး၏။
Weeds are the bane of crops, but desire is these folk’s bane. That’s why a gift to one rid of desire is so very fruitful.
၂၅။ ဘိက္ခုဝဂ္ဂ
၃၆၀။ စက္ခုနာ သံဝရော သာဓု, သာဓု သောတေန သံဝရော၊
ဃာနေန သံဝရော သာဓု, သာဓု ဇိဝှါယ သံဝရော။
၂၅-ဘိက္ခုဝဂ် ၁-ပဉ္စဘိက္ခုဝတ္ထု ၃၆၀။ အကုသိုလ် မဖြစ်ရန် စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဃာနဒွါရ၌ စောင့်စည်း ပိတ်ဆို့မှုသည် ကောင်း၏။ ဇိဝှါဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။
Minor Collection Sayings of the Dhamma 360–382 25. Mendicants Restraint of the eye is good; good is restraint of the ear; restraint of the nose is good; good is restraint of the tongue.
၃၆၁။ ကာယေန သံဝရော သာဓု, သာဓု ဝါစာယ သံဝရော၊
မနသာ သံဝရော သာဓု, သာဓု သဗ္ဗတ္ထ သံဝရော၊
သဗ္ဗတ္ထ သံဝုတော ဘိက္ခု, သဗ္ဗဒုက္ခာ ပမုစ္စတိ။
၃၆၁။ ကာယဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဝစီဒွါရ၌ စောင့်စည်း ပိတ်ဆို့မှုသည်ကောင်း၏။ မနောဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့နိုင်သော ရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်၏။
Restraint of the body is good; good is restraint of speech; restraint of mind is good; everywhere, restraint is good. The mendicant restrained everywhere is released from all suffering.
၃၆၂။ ဟတ္ထသံယတော ပါဒသံယတော, ဝါစာသံယတော သံယတုတ္တမော၊
အဇ္ဈတ္တရတော သမာဟိတော, ဧကော သန္တုသိတော တမာဟု ဘိက္ခုံ။
၂-ဟံသဃာတကဘိက္ခုဝတ္ထု ၃၆၂။ အကြင်သူသည် လက်ကို စောင့်စည်း၏။ ခြေကို စောင့်စည်း၏။ နှုတ်ကို စောင့်စည်း၏။ တစ်ကိုယ်လုံးကို စောင့်စည်း၏။ ကမ္မဋ္ဌာန်းစီးဖြန်းမှု၌ မွေ့လျော်ကာ တည်ကြည်သော စိတ်ရှိ၏။ တစ်ယောက်တည်းနေ၍ (ရရသမျှဖြင့်) ရောင့်ရဲနိုင်၏။ ထိုသူကို ရဟန်းဟူ၍ ဆိုကုန်၏။
One restrained in hand and foot, and in speech, the supreme restraint; happy inside, serene, solitary, content, I call a mendicant.
၃၆၃။ ယော မုခသံယတော ဘိက္ခု, မန္တဘာဏီ အနုဒ္ဓတော၊
အတ္ထံ ဓမ္မဉ္စ ဒီပေတိ, မဓုရံ တဿ ဘာသိတံ။
၃-ကောကာလိကဝတ္ထု ၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏။ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။ မပျံ့လွင့်သော စိတ်ရှိ၏။ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ပါဠိကိုလည်းကောင်း ဟောပြတတ်၏။ ထိုရဟန်းဟောပြသော စကားသည် ချိုမြိန်သာယာ၏။
When a mendicant of restrained mouth, thoughtful in counsel, not restless, explains the text and its meaning, their words are sweet.
၃၆၄။ ဓမ္မာရာမော ဓမ္မရတော, ဓမ္မံ အနုဝိစိန္တယံ၊
ဓမ္မံ အနုဿရံ ဘိက္ခု, သဒ္ဓမ္မာ န ပရိဟာယတိ။
၄-ဓမ္မာရာမတ္ထေရဝတ္ထု ၃၆၄။ တရားလျှင် မွေ့လျော်ရာရှိသောတရား၌ မွေ့လျော်တတ်သောတရားကို အဖန်ဖန်ကြံစည်တတ်သောတရားကို အဖန်ဖန် အောက်မေ့တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်။
Delighting in the teaching, enjoying the teaching, contemplating the teaching, a mendicant who recollects the teaching doesn’t fall away from the true teaching.
၃၆၅။ သလာဘံ နာတိမညေယျ, နာညေသံ ပိဟယံ စရေ၊
အညေသံ ပိဟယံ ဘိက္ခု, သမာဓိံ နာဓိဂစ္ဆတိ။
၅-ဝိပေက္ခသေဝကဘိက္ခုဝတ္ထု ၃၆၅။ မိမိရမည့် လာဘ်လာဘကို (မတရားရှာမှီးသောအားဖြင့်) စက်ဆုပ်ဖွယ် မဖြစ်စေရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို မနှစ်သက် မတောင့်တရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို နှစ်သက်တောင့်တသော ရဟန်းသည် တည်ကြည်မှု ‘သမာဓိ’ကို မရနိုင်။
A well-off mendicant ought not look down on others, nor should they be envious. A mendicant who envies others does not achieve immersion.
၃၆၆။ အပ္ပလာဘောပိ စေ ဘိက္ခု, သလာဘံ နာတိမညတိ၊
တံ ဝေ ဒေဝါ ပသံသန္တိ, သုဒ္ဓါဇီဝိံ အတန္ဒိတံ။
၃၆၆။ ရဟန်းသည် လာဘ်လာဘနည်းသော်လည်း မိမိလာဘ်လာဘကို (မတရား ရှာမှီးသောအားဖြင့်) အကယ်၍ စက်ဆုပ်ဖွယ် မဖြစ်စေခဲ့မူ အသက်မွေး စင်ကြယ်၍ မပျင်းမရိ လုံ့လရှိသော ထိုရဟန်းကို နတ်တို့သည် ဧကန် ချီးမွမ်းကုန်၏။
If a mendicant is poor in offerings, the well-to-do ought not look down on them. For the gods indeed praise them, who are tireless and pure of livelihood.
၃၆၇။ သဗ္ဗသော နာမရူပသ္မိံ, ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ, သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။
၆-ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု ၃၆၇။ အကြင်ပုဂ္ဂိုလ်အား နာမ်တရား ရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု မရှိ၊ (ထို) နာမ်ရုပ် ပျက်စီးသော်လည်း မစိုးရိမ်၊ ထိုပုဂ္ဂိုလ်ကို “ဘိက္ခု” အစစ်ဟူ၍ ဆိုအပ်၏။
One who has no sense of ownership in the whole realm of name and form, who does not grieve for that which is not, is said to be a mendicant.
၃၆၈။ မေတ္တာဝိဟာရီ ယော ဘိက္ခု, ပသန္နော ဗုဒ္ဓသာသနေ၊
အဓိဂစ္ဆေ ပဒံ သန္တံ, သင်္ခါရူပသမံ သုခံ။
၇-သမ္ဗဟုလဘိက္ခုဝတ္ထု ၃၆၈။ မေတ္တာတရားကို ပွါးများလေ့ရှိသော၊ မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုသော ရဟန်းသည် သင်္ခါရတို့၏ ငြိမ်းရာ ငြိမ်သက်ချမ်းအေးသော နိဗ္ဗာန်ကို ရနိုင်၏။
A mendicant who meditates on love, devoted to the Buddha’s teaching, would realize the peaceful state, the blissful stilling of conditions.
၃၆၉။ သိဉ္စ ဘိက္ခု ဣမံ နာဝံ, သိတ္တာ တေ လဟုမေဿတိ၊
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ, တတော နိဗ္ဗာနမေဟိသိ။
၃၆၉။ ရဟန်း ဤ (ခန္ဓာကိုယ်တည်းဟူသော) လှေမှ (မိစ္ဆာဝိတက်ဟူသော ရေကို) ပက်ထုတ်လော့၊ ထိုသို့ ပက်ထုတ်လျှင် သင်၏ (ခန္ဓာကိုယ်တည်းဟူသော) လှေသည် လျင်စွာ သွားနိုင်လတ္တံ့။ ရာဂဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့။
Bail out this boat, mendicant! When bailed out it will float lightly. Having cut off desire and hate, you shall reach extinguishment.
၃၇၀။ ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ, ပဉ္စ စုတ္တရိ ဘာဝယေ၊
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု, ‘‘ဩဃတိဏ္ဏော’’တိ ဝုစ္စတိ။
၃၇၀။ (အောက်ပိုင်းသံယောဇဥ်) ငါးပါးကို ဖြတ်ရာ၏၊ (အထက်ပိုင်းသံယောဇဥ်) ငါးပါးကို စွန့်ရာ၏။ (သဒ္ဓါစသော) ငါးပါးသောတရားတို့ကို အလွန်ပွါးရာ၏။ (လောဘစသော) ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော ရဟန်းကို “သံသရာဝဲဩဃကို ကူးမြောက်ပြီးသူ”ဟူ၍ ဆိုအပ်၏။
Five to cut, five to drop, and five more to develop. When a mendicant slips five chains they’re said to have crossed the flood.
၃၇၁။ ဈာယ ဘိက္ခု [ဈာယ တုဝံ ဘိက္ခု (?)] မာ ပမာဒေါ [မာ စ ပမာဒေါ (သီ။ သျာ။ ပီ။)], မာ တေ ကာမဂုဏေ ရမေဿု [ဘမဿု (သီ။ ပီ။), ဘဝဿု (သျာ။), ရမဿု (က။)] စိတ္တံ၊
မာ လောဟဂုဠံ ဂိလီ ပမတ္တော, မာ ကန္ဒိ ‘‘ဒုက္ခမိဒ’’န္တိ ဍယှမာနော။
၃၇၁။ ရဟန်း (အနိစ္စ စသည်ဖြင့်) ရှုလော့၊ မမေ့လျော့လင့်၊ သင်၏ စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်၊ မေ့လျော့၍ သံတွေခဲကို မမျိုလင့်၊ လောင်သည်ရှိသော် ဤသို့ အလောင်ခံရခြင်းသည် ဆင်းရဲလေစွဟု မငိုကြွေးလင့်။
Practice absorption, don’t be negligent! Don’t let the mind delight in the senses! Don’t heedlessly swallow a hot iron ball! And when it burns, don’t cry, “Oh, the pain!”
၃၇၂။ နတ္ထိ ဈာနံ အပညဿ, ပညာ နတ္ထိ အဈာယတော [အဇ္ဈာယိနော (က။)]၊
ယမှိ ဈာနဉ္စ ပညာ စ, သ ဝေ နိဗ္ဗာနသန္တိကေ။
၃၇၂။ ပညာမရှိသူအား (သမာဓိ) ဈာန် မရှိ၊ သမာဓိဈာန် မရှိသူအား ဝိပဿနာပညာ မရှိ၊ အကြင်ပုဂ္ဂိုလ်၌ သမာဓိဈာန်သည်လည်းကောင်း၊ ဝိပဿနာပညာသည်လည်းကောင်း (ရှိ၏)၊ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့၏။
No absorption for one without wisdom, no wisdom for one without absorption. But one with absorption and wisdom— they have truly drawn near to extinguishment.
၃၇၃။ သုညာဂါရံ ပဝိဋ္ဌဿ, သန္တစိတ္တဿ ဘိက္ခုနော၊
အမာနုသီ ရတိ ဟောတိ, သမ္မာ ဓမ္မံ ဝိပဿတော။
၃၇၃။ ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်၍ ကောင်းစွာတရားကို ရှုမှတ်သော ငြိမ်သက်သော စိတ်ရှိသော ရဟန်းအား လူ (သာမန်)တို့နှင့် မထိုက်သော ဝိပဿနာ ဈာန်စသောတရား၌ မွေ့လျော်ခြင်းသည် ဖြစ်၏။
A mendicant who enters an empty hut with mind at peace finds a superhuman delight as they rightly discern the Dhamma.
၃၇၄။ ယတော ယတော သမ္မသတိ, ခန္ဓာနံ ဥဒယဗ္ဗယံ၊
လဘတီ [လဘတိ (ပီ။), လဘတေ (က။)] ပီတိပါမောဇ္ဇံ, အမတံ တံ ဝိဇာနတံ။
၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း သုံးသပ်ဆင်ခြင်တိုင်း နှစ်သက်မှု ‘ပီတိ’ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ကိုရ၏။ ထိုနှစ်သက် ဝမ်းမြောက်မှုသည်ပင် တရားမှန်ကို သိသော ပညာရှိတို့အတွက် နိဗ္ဗာန်ရောက်ကြောင်းပင်တည်း။
Whenever they are mindful of the rise and fall of the aggregates, they feel rapture and joy: that is freedom from death for one who knows.
၃၇၅။ တတြာယမာဒိ ဘဝတိ, ဣဓ ပညဿ ဘိက္ခုနော၊
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ, ပါတိမောက္ခေ စ သံဝရော။
၃၇၅။ ဤသာသနာတော်၌ ဣန္ဒြေကို စောင့်ထိန်းမှု (အာဇီဝပစ္စယနှစ်ပါး၌) ရောင့်ရဲမှုပါတိမောက္ခသီလ၌ စောင့်စည်းမှု (စတုပါရိသုဒ္ဓိသီလ) လေးပါးသည် ပညာရှိရဟန်းအတွက် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစ ဖြစ်၏။
This is the very start of the path for a wise mendicant here: guarding the senses, contentment, and restraint in the monastic code.
၃၇၆။ မိတ္တေ ဘဇဿု ကလျာဏေ, သုဒ္ဓါဇီဝေ အတန္ဒိတေ၊
ပဋိသန္ထာရဝုတျဿ [ပဋိသန္ဓာရဝုတျဿ (က။)], အာစာရကုသလော သိယာ၊
တတော ပါမောဇ္ဇဗဟုလော, ဒုက္ခဿန္တံ ကရိဿတိ။
၃၇၆။ စင်ကြယ်သော အသက်မွေးခြင်းရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသ ဓမ္မပဋိသန္ထာရနှစ်ပါးတို့နှင့် ပြည့်စုံစေရာ၏။ ကျင့်ဝတ် သီလတို့၌ လိမ္မာရာ၏။ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် ဝမ်းမြောက်မှုများသည်ဖြစ်၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့။
Mix with spiritual friends, who are tireless and pure of livelihood. Share what you have with others, being skillful in your conduct. And when you’re full of joy, you’ll make an end to suffering.
၃၇၇။ ဝဿိကာ ဝိယ ပုပ္ဖါနိ, မဒ္ဒဝါနိ [မဇ္ဇဝါနိ (က။ ဋီကာ) ပစ္စဝါနိ (က။ အဋ္ဌ။)] ပမုဉ္စတိ၊
ဧဝံ ရာဂဉ္စ ဒေါသဉ္စ, ဝိပ္ပမုဉ္စေထ ဘိက္ခဝေါ။
၈-ပဉ္စသတဘိက္ခုဝတ္ထု ၃၇၇။ ရဟန်းတို့ မုလေးပန်းပင်တို့သည် ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို စွန့်လွှတ်ဘိသကဲ့သို့ ဤအတူ သင်တို့သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း စွန့်လွှတ်ကြကုန်လော့။
As a jasmine sheds its withered flowers, O mendicants, shed greed and hate.
၃၇၈။ သန္တကာယော သန္တဝါစော, သန္တဝါ သုသမာဟိတော [သန္တမနော သုသမာဟိတော (သျာ။ ပီ။), သန္တမနော သမာဟိတော (က။)]၊
ဝန္တလောကာမိသော ဘိက္ခု, ‘‘ဥပသန္တော’’တိ ဝုစ္စတိ။
၉-သန္တကာယတ္ထေရဝတ္ထု ၃၇၈။ ကောင်းစွာ တည်ကြည်သည်ဖြစ်၍ ငြိမ်သက်သောကိုယ် ငြိမ်သက်သောနှုတ် ငြိမ်သက်သောစိတ် ရှိသော လောကီစည်းစိမ် အရှိန်အစော် စသည်ကို ထွေးအန်ပြီးသော ရဟန်းကို ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။
Calm in body, calm in speech, peaceful and serene; a mendicant who’s spat out the world’s bait is said to be one at peace.
၃၇၉။ အတ္တနာ စောဒယတ္တာနံ, ပဋိမံသေထ အတ္တနာ [ပဋိမာသေ အတ္တမတ္တနာ (သီ။ ပီ။), ပဋိမံသေ တမတ္တနာ (သျာ။)]၊
သော အတ္တဂုတ္တော သတိမာ, သုခံ ဘိက္ခု ဝိဟာဟိသိ။
၁၀-နင်္ဂလကုလတ္ထေရဝတ္ထု ၃၇၉။ ရဟန်း မိမိကိုယ်ကို မိမိကိုယ်တိုင် စောကြောစစ်ဆေးလေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဆင်ခြင်လေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသော သင်သည် ချမ်းသာစွာ နေရလတ္တံ့။
Urge yourself on, reflect on yourself. A mendicant self-controlled and mindful will always dwell in happiness.
၃၈၀။
၃၈၀။ မိမိသည်သာလျှင် မိမိကိိုးကွယ်ရာ ဖြစ်၏။ တစ်ပါးသောသူသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း? မိမိသည်သာလျှင် မိမိ၏ လဲလျောင်းရာ ဖြစ်၏။ ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းမြင်းကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။
Self is indeed the lord of self, for who else would be one’s lord? Self is indeed the home of self, so restrain yourself, as a merchant his thoroughbred steed.
အတ္တာ ဟိ အတ္တနော နာထော, (ကော ဟိ နာထော ပရော သိယာ) [( ) ဝိဒေသပေါတ္ထကေသု နတ္ထိ]
အတ္တာ ဟိ အတ္တနော ဂတိ၊
တသ္မာ သံယမမတ္တာနံ [သံယမယ’တ္တာနံ (သီ။ ပီ။)], အဿံ ဘဒြံဝ ဝါဏိဇော။
၃၈၁။ ပါမောဇ္ဇဗဟုလော ဘိက္ခု, ပသန္နော ဗုဒ္ဓသာသနေ၊
အဓိဂစ္ဆေ ပဒံ သန္တံ, သင်္ခါရူပသမံ သုခံ။
၁၁-ဝက္ကလိတ္ထေရဝတ္ထု ၃၈၁။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး၍ ဝမ်းမြောက်ခြင်းများသော သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။
A monk full of joy trusting in the Buddha’s teaching, would realize the peaceful state, the blissful stilling of conditions.
၃၈၂။ ယော ဟဝေ ဒဟရော ဘိက္ခု, ယုဉ္ဇတိ ဗုဒ္ဓသာသနေ၊
သောမံ [သော ဣမံ (သီ။ သျာ။ ကံ။ ပီ။)] လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
ဘိက္ခုဝဂ္ဂေါ ပဉ္စဝီသတိမော နိဋ္ဌိတော။
၁၂-သုမနသာမဏေရဝတ္ထု ၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း မြတ်စွာဘုရားသာသနာတော်၌ စင်စစ် လုံ့လကြိုးကုတ်အားထုတ်၏။ ထိုရဟန်းသည် တိမ်တိုက်မှ လွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းတောက်ပစေ၏။ နှစ်ဆယ့်ငါးခုမြောက် ဘိက္ခုဝဂ် ပြီး၏။
A young mendicant devoted to the Buddha’s teaching, shines upon this world, like the moon freed from clouds.
၂၆။ ဗြာဟ္မဏဝဂ္ဂ
၃၈၃။ ဆိန္ဒ သောတံ ပရက္ကမ္မ, ကာမေ ပနုဒ ဗြာဟ္မဏ၊
သင်္ခါရာနံ ခယံ ဉတွာ, အကတညူသိ ဗြာဟ္မဏ။
၂၆-ဗြာဟ္မဏဝဂ် ၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထု ၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဥ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ကုန်ရာကို သိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကို သိလော့၊ ရဟန္တာ ဖြစ်လေလော့။
Minor Collection Sayings of the Dhamma 383–423 26. Brahmins Cut the stream, striving! Cast aside sensual pleasures, brahmin. Knowing the ending of conditions, know the uncreated, brahmin.
၃၈၄။ ယဒါ ဒွယေသု ဓမ္မေသု, ပါရဂူ ဟောတိ ဗြာဟ္မဏော၊
အထဿ သဗ္ဗေ သံယောဂါ, အတ္ထံ ဂစ္ဆန္တိ ဇာနတော။
၂-သမ္ဗဟုလဘိက္ခုဝတ္ထု ၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ ဝိပဿနာတရားတို့၌ ကမ်းတစ်ဖက်သို့ ရောက်၏။ ထိုအခါတရားမှန်ကို သိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂ သံယောဇဥ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။
When a brahmin has gone beyond dualistic phenomena, then they consciously make an end of all fetters.
၃၈၅။ ယဿ ပါရံ အပါရံ ဝါ, ပါရာပါရံ န ဝိဇ္ဇတိ၊
ဝီတဒ္ဒရံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃-မာရဝတ္ထု ၃၈၅။ အကြင်ပုဂ္ဂိုလ်အား (စက္ခုစသော အတွင်းအာယတနခြောက်ပါးတည်းဟူသော) ဤမှာဘက်ကမ်းသည်လည်းကောင်း၊ (ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော) ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဥ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
One for whom there is no crossing over or crossing back, or crossing over and back; stress-free, detached, that’s who I declare a brahmin.
၃၈၆။ ဈာယိံ ဝိရဇမာသီနံ, ကတကိစ္စမနာသဝံ၊
ဥတ္တမတ္ထမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄-အညတရဗြာဟ္မဏဝတ္ထု ၃၈၆။ အနိစ္စစသော လက္ခဏာကို ရှု၍ ကိလေသာမြူကင်းလျက် (တစ်ကိုယ်တည်း) နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
Absorbed, rid of hopes, their task completed, without defilements, arrived at the highest goal: that’s who I declare a brahmin.
၃၈၇။ ဒိဝါ တပတိ အာဒိစ္စော, ရတ္တိမာဘာတိ စန္ဒိမာ၊
သန္နဒ္ဓေါ ခတ္တိယော တပတိ, ဈာယီ တပတိ ဗြာဟ္မဏော၊
အထ သဗ္ဗမဟောရတ္တိံ [သဗ္ဗမဟောရတ္တံ (?)], ဗုဒ္ဓေါ တပတိ တေဇသာ။
၅-အာနန္ဒတ္ထေရဝတ္ထု ၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏။ လမင်းသည် ညဥ့်အခါ၌သာ တင့်တယ်၏။ မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏။ ရဟန္တာသည် ဈာန်ဝင်စားမှ သာလျှင် တင့်တယ်၏။ အမှန်သော်ကား မြတ်စွာဘုရားသည် သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဥ့်ပတ်လုံး တင့်တယ်၏။
The sun blazes by day, the moon radiates at night, the aristocrat shines in armor, and the brahmin shines in absorption. But all day and all night, the Buddha blazes with glory.
၃၈၈။ ဗာဟိတပါပေါတိ ဗြာဟ္မဏော, သမစရိယာ သမဏောတိ ဝုစ္စတိ၊
ပဗ္ဗာဇယမတ္တနော မလံ, တသ္မာ ‘‘ပဗ္ဗဇိတော’’တိ ဝုစ္စတိ။
၆-အညတရဗြာဟ္မဏပဗ္ဗဇိတဝတ္ထု ၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏။ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟု ခေါ်ဆိုအပ်၏။ မိမိ၏ ကိလေသာ အညစ်အကြေးကို ထုတ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။
A brahmin’s so-called <j>since they’ve banished evil, an ascetic’s so-called <j>since they live a serene life. One who has renounced all stains is said to be a “renunciant”.
၃၈၉။ န ဗြာဟ္မဏဿ ပဟရေယျ, နာဿ မုဉ္စေထ ဗြာဟ္မဏော၊
ဓီ [ဓိ (သျာ။ ဗျာကရဏေသု)] ဗြာဟ္မဏဿ ဟန္တာရံ, တတော ဓီ ယဿ [ယော + အဿ = ယဿ] မုဉ္စတိ။
၇-သာရိပုတ္တတ္ထေရဝတ္ထု ၃၈၉။ သူတော်ကောင်း (ဗြာဟ္မဏ) ကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ် ဖြစ်၏၊ ပုတ်ခတ်သူအား အမျက်ထွက်သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ် ဖြစ်၏။
One should never strike a brahmin, nor should a brahmin retaliate. Woe to the one who hurts a brahmin, and woe for the one who retaliates.
၃၉၀။ န ဗြာဟ္မဏဿေတဒကိဉ္စိ သေယျော, ယဒါ နိသေဓော မနသော ပိယေဟိ၊
ယတော ယတော ဟိံသမနော နိဝတ္တတိ, တတော တတော သမ္မတိမေဝ ဒုက္ခံ။
၃၉၀။ ချစ်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင် မမြတ်၊ အကြင် အကြင် ဝတ္ထုမှ ညှဥ်းဆဲလိုသော စိတ်သည် ဆုတ်နစ်၏။ ထိိုထိုဝတ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။
Nothing is better for a brahmin than to hold their mind back from attachment. From wherever a cruel wish recoils, right there suffering subsides.
၃၉၁။ ယဿ ကာယေန ဝါစာယ, မနသာ နတ္ထိ ဒုက္ကဋံ၊
သံဝုတံ တီဟိ ဌာနေဟိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၈-မဟာပဇာပတိဂေါတမီဝတ္ထု ၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ် နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သောတိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
Who does nothing wrong by body, speech or mind, restrained in these three respects, that’s who I declare a brahmin.
၃၉၂။ ယမှာ ဓမ္မံ ဝိဇာနေယျ, သမ္မာသမ္ဗုဒ္ဓဒေသိတံ၊
သက္ကစ္စံ တံ နမဿေယျ, အဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။
၉-သာရိပုတ္တတ္ထေရဝတ္ထု ၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သောတရားကို သိရာ၏။ ပုဏ္ဏားသည် မီးကို ပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။
You should graciously honor the one from whom you learn the Dhamma taught by the awakened Buddha, as a brahmin honors the sacred flame.
၃၉၃။ န ဇဋာဟိ န ဂေါတ္တေန, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊
ယမှိ သစ္စဉ္စ ဓမ္မော စ, သော သုစီ သော စ ဗြာဟ္မဏော။
၁၀-ဇဋိလဗြာဟ္မဏဝတ္ထု ၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့် လည်းကောင်း ဗြာဟ္မဏ မဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရား ရှိသူသည်သာ စင်ကြယ်သူလည်း ဖြစ်၏။ ဗြာဟ္မဏလည်း ဖြစ်၏။
Not by matted hair or family, or birth is one a brahmin. Those who are truthful and principled: they are pure, they are brahmins.
၃၉၄။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ, ကိံ တေ အဇိနသာဋိယာ၊
အဗ္ဘန္တရံ တေ ဂဟနံ, ဗာဟိရံ ပရိမဇ္ဇသိ။
၁၁-ကုဟကဗြာဟ္မဏဝတ္ထု ၃၉၄။ ပညာမရှိသော ရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း? သစ်နက်ရေဝတ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း? သင်၏ကိုယ်တွင်း၌ ကိလေသာတော ရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။
Why the matted hair, you simpleton, and why the skin of deer? The tangle is inside you, yet you polish up your outsides.
၃၉၅။ ပံသုကူလဓရံ ဇန္တုံ, ကိသံ ဓမနိသန္ထတံ၊
ဧကံ ဝနသ္မိံ ဈာယန္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၂-ကိသာဂေါတမီဝတ္ထု ၃၉၅။ ပံ့သကူသင်္ကန်းကို ဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသောတစ်ယောက်တည်း တောထဲ၌ ဈာန်ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
A personage who wears robes of rags, lean, their limbs showing veins, meditating alone in the forest, that’s who I declare a brahmin.
၃၉၆။ န စာဟံ ဗြာဟ္မဏံ ဗြူမိ, ယောနိဇံ မတ္တိသမ္ဘဝံ၊
ဘောဝါဒိ နာမ သော ဟောတိ, သစေ ဟောတိ သကိဉ္စနော၊
အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၃-ဧကဗြာဟ္မဏဝတ္ထု ၃၉၆။ ပုဏ္ဏားမျိုး၌ ဖြစ်သော ပုဏ္ဏေးမမှ ဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရား မဟော၊ ထိုပုဏ္ဏားသည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏။ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်း မရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
I don’t call someone a brahmin after the mother’s womb they’re born from. If they still have attachments, they’re just someone who says “worthy”. Having nothing, taking nothing: that’s who I declare a brahmin.
၃၉၇။ သဗ္ဗသံယောဇနံ ဆေတွာ, ယော ဝေ န ပရိတဿတိ၊
သင်္ဂါတိဂံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၄-ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု ၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ ‘သံယောဇဥ်’အားလုံးကို ဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကို လွန်သော ကိလေသာနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Having cut off all fetters they have no anxiety. They’ve slipped their chains and are detached: that’s who I declare a brahmin.
၃၉၈။ ဆေတွာ နဒ္ဓိံ [နန္ဓိံ (က။ သီ။), နန္ဒိံ (ပီ။)] ဝရတ္တဉ္စ, သန္ဒာနံ [သန္ဒာမံ (သီ။)] သဟနုက္ကမံ၊
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၅-ဒွေဗြာဟ္မဏဝတ္ထု ၃၉၈။ (ဒေါသတည်းဟူသော) နှောင်ကြိုးကိုလည်းကောင်း၊ (တဏှာတည်းဟူသော) လွန်ကြိုးကိုလည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုးကိုလည်းကောင်း ဖြတ်၍ အဝိဇ္ဇာ တံခါးကျည် မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve cut the strap and harness, the halter and bridle too, with cross-bar lifted, they’re awakened: that’s who I declare a brahmin.
၃၉၉။ အက္ကောသံ ဝဓဗန္ဓဉ္စ, အဒုဋ္ဌော ယော တိတိက္ခတိ၊
ခန္တီဗလံ ဗလာနီကံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၆-အက္ကောသကဘာရဒွါဇဝတ္ထု ၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဥ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက် မထွက်ဘဲသည်းခံ၏။သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
Abuse, killing, caging: they endure these without anger. Patience is their powerful army: that’s who I declare a brahmin.
၄၀၀။ အက္ကောဓနံ ဝတဝန္တံ, သီလဝန္တံ အနုဿဒံ၊
ဒန္တံ အန္တိမသာရီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၇-သာရိပုတ္တတ္ထေရဝတ္ထု ၄၀၀။ အမျက်လည်းမထွက် (ဓုတင်) အကျင့်လည်းရှိ သီလနှင့်လည်း ပြည့်စုံသောတဏှာပြန့်ပြောခြင်းလည်း မရှိ ယဥ်ကျေး၍ အဆုံးစွန်သော ကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Not irritable or pretentious, dutiful in precepts and observances, tamed, bearing their final body: that’s who I declare a brahmin.
၄၀၁။ ဝါရိ ပေါက္ခရပတ္တေဝ, အာရဂ္ဂေရိဝ သာသပေါ၊
ယော န လိမ္ပတိ [လိပ္ပတိ (သီ။ ပီ။)] ကာမေသု, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၈-ဥပ္ပလဝဏ္ဏာတ္ထေရီဝတ္ထု ၄၀၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ (ပွတ်ဆောက်) စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံ မကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Like water from a lotus leaf, like a mustard seed off the point of a pin, sensual pleasures slip off them: that’s who I declare a brahmin.
၄၀၂။ ယော ဒုက္ခဿ ပဇာနာတိ, ဣဓေဝ ခယမတ္တနော၊
ပန္နဘာရံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၁၉-အညတရဗြာဟ္မဏဝတ္ထု ၄၀၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိ၏။ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They understand for themselves the end of suffering in this life; with burden put down, detached: that’s who I declare a brahmin.
၄၀၃။ ဂမ္ဘီရပညံ မေဓာဝိံ, မဂ္ဂါမဂ္ဂဿ ကောဝိဒံ၊
ဥတ္တမတ္ထမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၀-ခေမာဘိက္ခုနီဝတ္ထု ၄၀၃။ နက်နဲသော ပညာရှိသော ထက်မြက်သော ပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Deep in wisdom, intelligent, expert in the path and what is not the path; arrived at the highest goal: that’s who I declare a brahmin.
၄၀၄။ အသံသဋ္ဌံ ဂဟဋ္ဌေဟိ, အနာဂါရေဟိ စူဘယံ၊
အနောကသာရိမပ္ပိစ္ဆံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၁-ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု ၄၀၄။ လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သောတဏှာကင်းကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Mixing with neither householders nor the homeless; a migrant with no bastion, few in wishes: that’s who I declare a brahmin.
၄၀၅။ နိဓာယ ဒဏ္ဍံ ဘူတေသု, တသေသု ထာဝရေသု စ၊
ယော န ဟန္တိ န ဃာတေတိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၂-အညတရဘိက္ခုဝတ္ထု ၄၀၅။ အကြင်ပုဂ္ဂိုလ်သည် ထိတ်လန့်တတ်သော (ပုထုဇဥ်သေက္ခ) ပုဂ္ဂိုလ်တို့၌လည်းကောင်း၊ မကြောက်မလန့်တည်တံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်း မသတ် သူတစ်ပါးကိုလည်း မသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve laid aside violence against creatures firm and frail; not killing or making others kill: that’s who I declare a brahmin.
၄၀၆။ အဝိရုဒ္ဓံ ဝိရုဒ္ဓေသု, အတ္တဒဏ္ဍေသု နိဗ္ဗုတံ၊
သာဒါနေသု အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၃-သာမဏေရာနံဝတ္ထု ၄၀၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Not fighting among those who fight, quenched among those who have taken up arms, not grasping among those who grasp: that’s who I declare a brahmin.
၄၀၇။ ယဿ ရာဂေါ စ ဒေါသော စ, မာနော မက္ခော စ ပါတိတော၊
သာသပေါရိဝ အာရဂ္ဂါ [အာရဂ္ဂေ (က။)], တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၄-မဟာပန္တကတ္ထေဝတ္ထု ၄၀၇။ မုန်ညင်းစေ့သည် (ပွတ်ဆောက်) စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု ‘ရာဂ’ အမျက်ထွက်မှု ‘ဒေါသ’ ထောင်လွှားမှု ‘မာန’ သူတစ်ပါး၏ဂုဏ်ကို ဖျက်ဆီးမှု ‘မက္ခ’တို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve discarded greed and hate, along with conceit and contempt, like a mustard seed off the point of a pin: that’s who I declare a brahmin.
၄၀၈။ အကက္ကသံ ဝိညာပနိံ, ဂိရံ သစ္စမုဒီရယေ၊
ယာယ နာဘိသဇေ ကဉ္စိ [ကိဉ္စိ (က။)], တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၅-ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု ၄၀၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသောမှန်သော စကားကို ပြောဆိုရာ၏။ မည်သည့်တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
The words they utter are polished, informative, and true, and don’t offend anyone: that’s who I declare a brahmin.
၄၀၉။ ယောဓ ဒီဃံ ဝ ရဿံ ဝါ, အဏုံ ထူလံ သုဘာသုဘံ၊
လောကေ အဒိန္နံ နာဒိယတိ [နာဒေတိ (မ။ နိ။ ၂။၄၅၉)], တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၆-အညတရတ္ထေရဝတ္ထု ၄၀၉။ လောက၌ ပိုင်ရှင်မပေးသော ဥစ္စ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They don’t steal anything in the world, long or short, tiny or huge, beautiful or ugly: that’s who I declare a brahmin.
၄၁၀။ အာသာ ယဿ န ဝိဇ္ဇန္တိ, အသ္မိံ လောကေ ပရမှိ စ၊
နိရာသာသံ [နိရာသယံ (သီ။ သျာ။ ပီ။), နိရာသကံ (?)] ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၇-သာရိပုတ္တတ္ထေရဝတ္ထု ၄၁၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှုတဏှာတို့ မရှိကုန်။ မက်မောမှု အာသာကင်း၍ ကိလေသာနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They have no hope in this world or the next; with no need for hope, detached: that’s who I declare a brahmin.
၄၁၁။ ယဿာလယာ န ဝိဇ္ဇန္တိ, အညာယ အကထံကထီ၊
အမတောဂဓမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၈-မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု ၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်။ တရားမှန်ကို သိ၍သို့လောသို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They have no clinging, knowledge has freed them of indecision, they’ve arrived at the objective, freedom from death: that’s who I declare a brahmin.
၄၁၂။ ယောဓ ပုညဉ္စ ပါပဉ္စ, ဥဘော သင်္ဂမုပစ္စဂါ၊
အသောကံ ဝိရဇံ သုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၂၉-ရေဝတတ္ထေရဝတ္ထု ၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သောတဏှာကိုလည်းကောင်း လွန်မြောက်၏။ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve escaped the chain of both good and bad deeds; sorrowless, stainless, pure: that’s who I declare a brahmin.
၄၁၃။ စန္ဒံဝ ဝိမလံ သုဒ္ဓံ, ဝိပ္ပသန္နမနာဝိလံ၊
နန္ဒီဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၀-စန္ဒာဘတ္ထေရဝတ္ထု ၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှ ကင်းလျက် ဘဝတို့၌ နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Pure as the spotless moon, clear and unclouded, they’ve ended relish for rebirth: that’s who I declare a brahmin.
၄၁၄။ ယောမံ [ယော ဣမံ (သီ။ သျာ။ ကံ။ ပီ။)] ပလိပထံ ဒုဂ္ဂံ, သံသာရံ မောဟမစ္စဂါ၊
တိဏ္ဏော ပါရဂတော [ပါရဂတော (သီ။ သျာ။ ကံ။ ပီ။)] ဈာယီ, အနေဇော အကထံကထီ၊
အနုပါဒါယ နိဗ္ဗုတော, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၁-သီဝလိတ္ထေရဝတ္ထု ၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း၊ ကိလေသာတည်း ဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီ။ ဩဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏။ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏။ တဏှာကင်း၍သို့လောသို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏။ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve got past this grueling swamp of delusion, transmigration. Meditating in stillness, free of indecision, they have crossed over to the far shore. They’re quenched by not grasping: that’s who I declare a brahmin.
၄၁၅။ ယောဓ ကာမေ ပဟန္တွာန [ပဟတွာန (သီ။ ပီ။)], အနာဂါရော ပရိဗ္ဗဇေ၊
ကာမဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ [ဣဒံ ဂါထာဒွယံ ဝိဒေသပေါတ္ထကေသု သကိဒေဝ ဒဿိတံ]။
၃၂-သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု ၄၁၅။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသော ကာမ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve given up sensual pleasures, and have gone forth from lay life; they’ve ended rebirth in the sensual realm: that’s who I declare a brahmin.
၄၁၆။ ယောဓ တဏှံ ပဟန္တွာန, အနာဂါရော ပရိဗ္ဗဇေ၊
တဏှာဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၃-ဇဋိလတ္ထေရဝတ္ထု ၄၁၆။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve given up craving, and have gone forth from lay life; they’ve ended craving to be reborn: that’s who I declare a brahmin. They’ve given up craving, and have gone forth from lay life; they’ve ended craving to be reborn: that’s who I declare a brahmin.
၄၁၇။ ဟိတွာ မာနုသကံ ယောဂံ, ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ၊
သဗ္ဗယောဂဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၄-ဇောတိကတ္ထေရဝတ္ထု ၄၁၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They’ve thrown off the human yoke, and slipped out of the heavenly yoke; unyoked from all yokes: that’s who I declare a brahmin.
၄၁၈။ ဟိတွာ ရတိဉ္စ အရတိဉ္စ, သီတိဘူတံ နိရူပဓိံ၊
သဗ္ဗလောကာဘိဘုံ ဝီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၅-နဋပုတ္တကတ္ထေရဝတ္ထု ၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ ဖြစ်သော အစီးအပွါးကို ပယ်စွန့်၍ နတ်၌ ဖြစ်သော အစီးအပွါးကို လွန်မြောက်၏။ အလုံးစုံ အစီးအပွါးနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Giving up desire and discontent, they’re cooled and free of attachments; a hero, master of the whole world: that’s who I declare a brahmin.
၄၁၉။ စုတိံ ယော ဝေဒိ သတ္တာနံ, ဥပပတ္တိဉ္စ သဗ္ဗသော၊
အသတ္တံ သုဂတံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၆-နဋပုတ္တကတ္ထေရဝတ္ထု ၄၁၉။ (ကာမဂုဏ်၌) မွေ့လျော်ခြင်း (ဆိတ်ငြိမ်ရာ၌) မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိ မရှိသော အလုံးစုံသော လောကကို လွှမ်းမိုး၍ တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They know the passing away and rebirth of all beings; unattached, holy, awakened: that’s who I declare a brahmin.
၄၂၀။ ယဿ ဂတိံ န ဇာနန္တိ, ဒေဝါ ဂန္ဓဗ္ဗမာနုသာ၊
ခီဏာသဝံ အရဟန္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၇-ဝင်္ဂီသတ္ထေရဝတ္ထု ၄၂၀။ အကြင်ပုဂ္ဂိုလ်သည် သတ္တဝါတို့၏ သေခြင်းကိုလည်းကောင်း၊ ပဋိသန္ဓေ နေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့် သိ၏။ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်း အကျင့်ကို ကောင်းစွာ ကျင့်၍ (သစ္စာလေးပါးကို) သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Gods, centaurs, and humans don’t know their destiny; the perfected ones with defilements ended: that’s who I declare a brahmin.
၄၂၁။ ယဿ ပုရေ စ ပစ္ဆာ စ, မဇ္ဈေ စ နတ္ထိ ကိဉ္စနံ၊
အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာ ‘ဂတိ’ကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိကုန်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
They have nothing before or after, or even in between. Having nothing, taking nothing: that’s who I declare a brahmin.
၄၂၂။ ဥသဘံ ပဝရံ ဝီရံ, မဟေသိံ ဝိဇိတာဝိနံ၊
အနေဇံ နှာတကံ [နဟာတကံ (သီ။ သျာ။ ကံ ပီ။)] ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၈-ဓမ္မဒိန္နာတ္ထေရီဝတ္ထု ၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌လည်းကောင်း၊ အနာဂတ်ခန္ဓာ၌လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း ကြောင့်ကြမှု မရှိ၊ ကြောင့်ကြမှု မရှိသော စွဲလမ်းမှု ကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
Captain of the herd, excellent hero, great seer and victor; unstirred, washed, awakened: that’s who I declare a brahmin.
၄၂၃။ ပုဗ္ဗေနိဝါသံ ယော ဝေဒိ, သဂ္ဂါပါယဉ္စ ပဿတိ,
အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ၊
သဗ္ဗဝေါသိတဝေါသာနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဗြာဟ္မဏဝဂ္ဂေါ ဆဗ္ဗီသတိမော နိဋ္ဌိတော။
(ဧတ္တာဝတာ သဗ္ဗပဌမေ ယမကဝဂ္ဂေ စုဒ္ဒသ ဝတ္ထူနိ, အပ္ပမာဒဝဂ္ဂေ နဝ, စိတ္တဝဂ္ဂေ နဝ, ပုပ္ဖဝဂ္ဂေ ဒွါဒသ, ဗာလဝဂ္ဂေ ပန္နရသ, ပဏ္ဍိတဝဂ္ဂေ ဧကာဒသ, အရဟန္တဝဂ္ဂေ ဒသ, သဟဿဝဂ္ဂေ စုဒ္ဒသ, ပါပဝဂ္ဂေ ဒွါဒသ, ဒဏ္ဍဝဂ္ဂေ ဧကာဒသ, ဇရာဝဂ္ဂေ နဝ, အတ္တဝဂ္ဂေ ဒသ, လောကဝဂ္ဂေ ဧကာဒသ, ဗုဒ္ဓဝဂ္ဂေ နဝ [အဋ္ဌ (က။)], သုခဝဂ္ဂေ အဋ္ဌ, ပိယဝဂ္ဂေ နဝ, ကောဓဝဂ္ဂေ အဋ္ဌ, မလဝဂ္ဂေ ဒွါဒသ, ဓမ္မဋ္ဌဝဂ္ဂေ ဒသ, မဂ္ဂဝဂ္ဂေ ဒွါဒသ, ပကိဏ္ဏကဝဂ္ဂေ နဝ, နိရယဝဂ္ဂေ နဝ, နာဂဝဂ္ဂေ အဋ္ဌ, တဏှာဝဂ္ဂေ ဒွါဒသ, ဘိက္ခုဝဂ္ဂေ ဒွါဒသ, ဗြာဟ္မဏဝဂ္ဂေ စတ္တာလီသာတိ ပဉ္စာဓိကာနိ တီဏိ ဝတ္ထုသတာနိ။
သတေဝီသစတုဿတာ, စတုသစ္စဝိဘာဝိနာ၊
သတတ္တယဉ္စ ဝတ္ထူနံ, ပဉ္စာဓိကံ သမုဋ္ဌိတာတိ) [( ) ဧတ္ထန္တရေ ပါဌော ဝိဒေသပေါတ္ထကေသု နတ္ထိ, အဋ္ဌကထာသုယေဝ ဒိဿတိ]။
[ဓမ္မပဒဿ ဝဂ္ဂဿုဒ္ဒါနံ§ယမကံ ပမာဒံ စိတ္တံ, ပုပ္ဖံ ဗာလဉ္စ ပဏ္ဍိတံ။§ရဟန္တံ သဟဿံ ပါပံ, ဒဏ္ဍံ ဇရာ အတ္တလောကံ။§ဗုဒ္ဓံ သုခံ ပိယံ ကောဓံ, မလံ ဓမ္မဋ္ဌမဂ္ဂဉ္စ။§ပကိဏ္ဏကံ နိရယံ နာဂံ, တဏှာ ဘိက္ခူ စ ဗြာဟ္မဏော။§ဂါထာယုဒ္ဒါနံ§ယမကေ ဝီသဂါထာယော, အပ္ပမာဒလောကမှိ စ။§ပိယေ ဒွါဒသဂါထာယော, စိတ္တေ ဇရတ္တေကာဒသ။§ပုပ္ဖဗာလသဟဿမှိ, ဗုဒ္ဓ မဂ္ဂ ပကိဏ္ဏကေ။§သောဠသ ပဏ္ဍိတေ ကောဓေ, နိရယေ နာဂေ စတုဒ္ဒသ။§အရဟန္တေ ဒသဂ္ဂါထာ, ပါပသုခမှိ တေရသ။§သတ္တရသ ဒဏ္ဍဓမ္မဋ္ဌေ, မလမှိ ဧကဝီသတိ။§တဏှာဝဂ္ဂေ သတ္တဗ္ဗီသ, တေဝီသ ဘိက္ခုဝဂ္ဂမှိ။§ဗြာဟ္မဏေ ဧကတာလီသ, စတုဿတာ သတေဝီသ။ (က။)]
ဓမ္မပဒေ ဝဂ္ဂါနမုဒ္ဒါနံ-
ယမကပ္ပမာဒေါ စိတ္တံ, ပုပ္ဖံ ဗာလေန ပဏ္ဍိတော၊
အရဟန္တော သဟဿဉ္စ, ပါပံ ဒဏ္ဍေန တေ ဒသ။
ဇရာ အတ္တာ စ လောကော စ, ဗုဒ္ဓေါ သုခံ ပိယေန စ၊
ကောဓော မလဉ္စ ဓမ္မဋ္ဌော, မဂ္ဂဝဂ္ဂေန ဝီသတိ။
ပကိဏ္ဏံ နိရယော နာဂေါ, တဏှာ ဘိက္ခု စ ဗြာဟ္မဏော၊
ဧတေ ဆဗ္ဗီသတိ ဝဂ္ဂါ, ဒေသိတာဒိစ္စဗန္ဓုနာ။
၃၉-အင်္ဂုလိမာလတ္ထေရဝတ္ထု ၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓ စသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကို အောင်သောတဏှာကင်းသော ကိလေသာ အညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၀-ဒေဝဟိတဗြာဟ္မဏဝတ္ထု ၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို သိ၏။ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ ထူးသောဉာဏ်ဖြင့် သိ၍ နိဗ္ဗာန်သို့ ရောက်ပြီးသော ရဟန်းဖြစ်၏၊ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ နှစ်ဆယ့်ခြောက်ခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။ ဓမ္မပဒပါဠိတော် မြန်မာပြန် ပြီး၏။
One who knows their past lives, sees heaven and places of loss, and has attained the end of rebirth; a sage of perfect insight at the summit of spiritual perfection: that’s who I declare a brahmin. The Sayings of the Dhamma are complete.
ဂါထာနမုဒ္ဒါနံ
ယမကေ ဝီသတိ ဂါထာ, အပ္ပမာဒမှိ ဒွါဒသ၊
ဧကာဒသ စိတ္တဝဂ္ဂေ, ပုပ္ဖဝဂ္ဂမှိ သောဠသ။
ဗာလေ စ သောဠသ ဂါထာ, ပဏ္ဍိတမှိ စတုဒ္ဒသ၊
အရဟန္တေ ဒသ ဂါထာ, သဟဿေ ဟောန္တိ သောဠသ။
တေရသ ပါပဝဂ္ဂမှိ, ဒဏ္ဍမှိ ဒသ သတ္တ စ၊
ဧကာဒသ ဇရာ ဝဂ္ဂေ, အတ္တဝဂ္ဂမှိ တာ ဒသ။
ဒွါဒသ လောကဝဂ္ဂမှိ, ဗုဒ္ဓဝဂ္ဂမှိ ဌာရသ [သောဠသ (သဗ္ဗတ္ထ)]၊
သုခေ စ ပိယဝဂ္ဂေ စ, ဂါထာယော ဟောန္တိ ဒွါဒသ။
စုဒ္ဒသ ကောဓဝဂ္ဂမှိ, မလဝဂ္ဂေကဝီသတိ၊
သတ္တရသ စ ဓမ္မဋ္ဌေ, မဂ္ဂဝဂ္ဂေ သတ္တရသ။
ပကိဏ္ဏေ သောဠသ ဂါထာ, နိရယေ နာဂေ စ စုဒ္ဒသ၊
ဆဗ္ဗီသ တဏှာဝဂ္ဂမှိ, တေဝီသ ဘိက္ခုဝဂ္ဂိကာ။
ဧကတာလီသဂါထာယော, ဗြာဟ္မဏေ ဝဂ္ဂမုတ္တမေ၊
ဂါထာသတာနိ စတ္တာရိ, တေဝီသ စ ပုနာပရေ၊
ဓမ္မပဒေ နိပါတမှိ, ဒေသိတာဒိစ္စဗန္ဓုနာတိ။
ဓမ္မပဒပါဠိ နိဋ္ဌိတာ။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 22. Nirayavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#415
- Vipassana Research Institute. (n.d.). 23. Nāgavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#416
- Vipassana Research Institute. (n.d.). 24. Taṇhāvaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#417
- Vipassana Research Institute. (n.d.). 25. Bhikkhuvaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#418
- Vipassana Research Institute. (n.d.). 26. Brāhmaṇavaggo (Suttapiṭaka, Khuddakanikāya, Dhammapadapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#419