ဓမ္မလမ်း
← ပေတဝတ္ထုပါဠိ

ပေတဝတ္ထုပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၂၇

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ခုဒ္ဒကနိကာယေ

ပေတဝတ္ထုပါဠိ

၁။ ဥရဂဝဂ္ဂေါ

၁။ ခေတ္တူပမပေတဝတ္ထု

၁။ ‘‘ခေတ္တူပမာ အရဟန္တော, ဒါယကာ ကဿကူပမာ၊

ဗီဇူပမံ ဒေယျဓမ္မံ, ဧတ္တော နိဗ္ဗတ္တတေ ဖလံ။

၁။ ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊ ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့်တူကုန်၏၊ လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊ ဤ (ပေးတတ်သူ, အလှူခံ ပုဂ္ဂိုလ်, လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းခြင်း)ဟူသော အကြောင်းသုံးပါးမှ အကျိုးတရား ဖြစ်ပေါ်လာ၏။

၂။ ‘‘ဧတံ ဗီဇံ ကသိ ခေတ္တံ, ပေတာနံ ဒါယကဿ စ၊

တံ ပေတာ ပရိဘုဉ္ဇန္တိ, ဒါတာ ပုညေန ဝဍ္ဎတိ။

၂။ (လှူဖွယ်ဝတ္ထုဟူသော) မျိုးစေ့၊ (စွန့်ကြဲပေးကမ်းခြင်းဟူသော) လယ်ထွန်ခြင်း၊ (ရဟန္တာအရှင်ဟူသော) လယ်မြေ၊ ဤသုံးမျိုးသည် ပြိတ္တာတို့အားလည်းကောင်း, ပေးလှူတတ်သူဒါယကာအားလည်းကောင်း (ကျေးဇူးများ၏။) ထိုဒါနအကျိုးကို ပြိတ္တာတို့ သုံးဆောင်ခံစားရကုန်၏၊ ပေးလှူတတ်သူ ဒါယကာသည် ကောင်းမှု (အကျိုး) ဖြင့် တိုးပွား၏။

၃။ ‘‘ဣဓေဝ ကုသလံ ကတွာ, ပေတေ စ ပဋိပူဇိယ၊

သဂ္ဂဉ္စ ကမတိ [ဂမတိ (က။)] ဋ္ဌာနံ, ကမ္မံ ကတွာန ဘဒ္ဒက’’န္တိ။

ခေတ္တူပမပေတဝတ္ထု ပဌမံ။

၃။ ဤလူ့ပြည်၌ပင်လျှင် ကုသိုလ်ကို ပြုခြင်းကြောင့် ပြိတ္တာတို့ကိုလည်း ပူဇော်ရ၍ ကောင်း မြတ်သော (ဒါနကုသိုလ်) ကံကို ပြုခြင်းကြောင့် နတ်ပြည်လောကသို့လည်း ရောက်ရ၏ဟု (ဤ ဂါထာတို့ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူ၏)။ ရှေးဦးစွာသော ခေတ္တူပမပေတဝတ္ထု ပြီး၏။ ၂-သူကရမုခပေတဝတ္ထု ကိုယ်ဖြင့် စောင့်စည်း၍ နှုတ်ဖြင့် မစောင့်စည်းခဲဲ့သောကြောင့် ကွယ်လွန်သောအခါရွှေအဆင်းနှင့်တူသော ကိုယ် ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူူ

၂။ သူကရမုခပေတဝတ္ထု

၄။ ‘‘ကာယော တေ သဗ္ဗသောဝဏ္ဏော, သဗ္ဗာ ဩဘာသတေ ဒိသာ၊

မုခံ တေ သူကရဿေဝ, ကိံ ကမ္မမကရီ ပုရေ’’ [မကရာ ပုရေ (က။)]။

၄။ သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု (အသျှင်နာရဒက မေး၏)။

၅။ ‘‘ကာယေန သညတော အာသိံ, ဝါစာယာသိမသညတော၊

တေန မေတာဒိသော ဝဏ္ဏော, ယထာ ပဿသိ နာရဒ။

၅။ အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့် မူကားမစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့် အတိုင်း ကိုယ်မှာရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

စာ-၁၂၈

၆။ ‘‘တံ တျာဟံ [တာဟံ (က။)] နာရဒ ဗြူမိ, သာမံ ဒိဋ္ဌမိဒံ တယာ၊

မာကာသိ မုခသာ ပါပံ, မာ ခေါ သူကရမုခေါ အဟူ’’တိ။

သူကရမုခပေတဝတ္ထု ဒုတိယံ။

၆။ အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု (ပြိတ္တာက ဖြေဆို၏)။ နှစ်ခုမြောက်သောသူကရပေတဝတ္ထု ပြီး၏။ ၃-ပူတိမုခပေတဝတ္ထု အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့် ခြိုးခြံသော အကျင့်ကို ကား ကျင့်ခဲဲ့သောကြောင့် ပြိတ္တာဘဝ၌တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက်ထိုးခြင်းကို ခံနေရသော ပြိတ္တာ

၃။ ပူတိမုခပေတဝတ္ထု

၇။ ‘‘ဒိဗ္ဗံ သုဘံ ဓာရေသိ ဝဏ္ဏဓာတုံ, ဝေဟာယသံ တိဋ္ဌသိ အန္တလိက္ခေ၊

မုခဉ္စ တေ ကိမယော ပူတိဂန္ဓံ, ခါဒန္တိ ကိံ ကမ္မမကာသိ ပုဗ္ဗေ’’။

၇။ သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင်ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လှိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ပါသနည်းဟု (အသျှင်နာရဒက မေး၏)။

၈။ ‘‘သမဏော အဟံ ပါပေါတိဒုဋ္ဌဝါစော [ပါပေါ ဒုဋ္ဌဝါစော (သီ။), ပါပေါ ဒုက္ခဝါစော (သျာ။ ပီ။)], တပဿိရူပေါ မုခသာ အသညတော၊

လဒ္ဓါ စ မေ တပသာ ဝဏ္ဏဓာတု, မုခဉ္စ မေ ပေသုဏိယေန ပူတိ။

၈။ အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းတမ်းသော စကားရှိသူ ရဟန်း ဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာ ကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နှုတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့်နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကို မူ ရခဲ့ပါ၏၊ ကုန်းတိုက်ခြင်း ကြောင့် အကျွန်ုပ် ခံတွင်းသည်ပုပ်ရပါ၏။

၉။ ‘‘တယိဒံ တယာ နာရဒ သာမံ ဒိဋ္ဌံ,

အနုကမ္ပကာ ယေ ကုသလာ ဝဒေယျုံ၊

‘မာ ပေသုဏံ မာ စ မုသာ အဘာဏိ,

ယက္ခော တုဝံ ဟောဟိသိ ကာမကာမီ’’’တိ။

ပူတိမုခပေတဝတ္ထု တတိယံ။

၉။ အသျှင်နာရဒ အကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရား စသောသူတော်ကောင်းတို့သည် “ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့စောင့်စည်းသည်ရှိသော်) သင်သည် လိုလားတောင့်တအပ်သော နတ် စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့”ဟူသော စကားကို ပြောဆိုကုန်၏၊ (ထိုစကား မျိုးကို သာ အကျွန်ုပ်ပြောဆိုလိုပါသည်ဟု လျှောက်၏)။ သုံးခုမြောက်သော ပူတိမုခပေတဝတ္ထု ပြီး၏။ ၄-ပိဋ္ဌဓီတလိကပေတဝတ္ထု သေပြီးသူူကို ဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်းကြီး လေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲဲ့လျှင် သေသူူကို ပူဇော်သည်မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း

၄။ ပိဋ္ဌဓီတလိကပေတဝတ္ထု

၁၀။ ‘‘ယံ ကိဉ္စာရမ္မဏံ ကတွာ, ဒဇ္ဇာ ဒါနံ အမစ္ဆရီ၊

ပုဗ္ဗပေတေ စ အာရဗ္ဘ, အထ ဝါ ဝတ္ထုဒေဝတာ။

၁၀-၁။ နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့တွင် တစ်စုံတစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတစ်ပါး အိမ်စောင့်နတ်စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေကုဝေရနတ်, ဓတရဋ္ဌနတ်, ဝိရူပက္ခနတ်, ဝိရူဠှကနတ်ဟူသော လောက ကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီးလေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ်စသည်နှင့်သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည် လည်းအကျိုးကြီးကုန်၏။

၁၁။ ‘‘စတ္တာရော စ မဟာရာဇေ, လောကပါလေ ယသဿိနေ [ယသဿိနော (သီ။ သျာ။)]၊

ကုဝေရံ ဓတရဋ္ဌဉ္စ, ဝိရူပက္ခံ ဝိရူဠှကံ၊

တေ စေဝ ပူဇိတာ ဟောန္တိ, ဒါယကာ စ အနိပ္ဖလာ။

စာ-၁၂၉

၁၂။ ‘‘န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊

န တံ ပေတဿ အတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။

၁၂။ ငိုကြွေးခြင်းသည်လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း, ထိုမှတစ်ပါးသော အကြင် ပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

၁၃။ ‘‘အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊

ဒီဃရတ္တံ ဟိတာယဿ, ဌာနသော ဥပကပ္ပတီ’’တိ။

ပိဋ္ဌဓီတလိကပေတဝတ္ထု စတုတ္ထံ။

၁၃။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်းအကျိုးငှါ ထို ပြိတ္တာထံသို့တစ်ခဏချင်း ကပ်ရောက်၏ဟု (မြတ်စွာဘုရား ဟောတော်မူ၏)။ လေးခုမြောက်သော ပိဋ္ဌဓီတလိကပေတဝတ္ထု ပြီး၏။ ၅-တိရောကုဋ္ဋပေတဝတ္ထု ဤလူူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုးပြိတ္တာတို့ကောင်းကျိုးဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာ ပြသောဝတ္တု

၅။ တိရောကုဋ္ဋပေတဝတ္ထု

၁၄။ [ခု။ ပါ။ ၇။၁ ခုဒ္ဒကပါဌေ] ‘‘တိရောကုဋ္ဋေသု [တိရောကုဍ္ဍေသု (သီ။ သျာ။ ပီ။)] တိဋ္ဌန္တိ, သန္ဓိသိင်္ဃာဋကေသု စ၊

ဒွါရဗာဟာသု တိဋ္ဌန္တိ, အာဂန္တွာန သကံ ဃရံ။

၁၄။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌ လည်းကောင်း၊ လမ်းဆုံ လမ်းခွအိမ်ခြံစပ်တို့၌ လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌ လည်းကောင်း ရပ်တည်နေကြ ကုန်၏။

၁၅။ ‘‘ပဟူတေ အန္နပါနမှိ, ခဇ္ဇဘောဇ္ဇေ ဥပဋ္ဌိတေ၊

န တေသံ ကောစိ သရတိ, သတ္တာနံ ကမ္မပစ္စယာ။

၁၅။ များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဥ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်းထို (ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာသတ္တဝါတို့ကို) တစ်စုံတစ်ယောက်သောသူကမျှအမှတ်မရချေ။

၁၆။ ‘‘ဧဝံ ဒဒန္တိ ဉာတီနံ, ယေ ဟောန္တိ အနုကမ္ပကာ၊

သုစိံ ပဏီတံ ကာလေန, ကပ္ပိယံ ပါနဘောဇနံ၊

‘ဣဒံ ဝေါ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’။

၁၆-၁၇။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ့စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဥ်ကို “ဤအလှူဝတ္ထုသည် ဆွေမျိုး ဖြစ်သော သင်ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ချမ်းသာကြ စေကုန်သတည်း”ဟုဆွေမျိုးဖြစ်သော ပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊ ထို ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်း အဖျော်ကို (မိမိတို့အားရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်း မြောက်ဝမ်းသာ အနုမောဒနာ ပြုကုန်၏။

၁၇။ ‘‘တေ စ တတ္ထ သမာဂန္တွာ, ဉာတိပေတာ သမာဂတာ၊

ပဟူတေ အန္နပါနမှိ, သက္ကစ္စံ အနုမောဒရေ။

၁၈။ ‘‘‘စိရံ ဇီဝန္တု နော ဉာတီ, ယေသံ ဟေတု လဘာမသေ၊

အမှာကဉ္စ ကတာ ပူဇာ, ဒါယကာ စ အနိပ္ဖလာ’။

၁၈။ အကြင်ဆွေမျိုးတို့၏ (ပေးလှူ ခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုး တို့သည် လည်းအကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက်ရှည်ကြပါစေကုန်သ တည်း။

၁၉။ ‘‘‘န ဟိ တတ္ထ ကသိ အတ္ထိ, ဂေါရက္ခေတ္ထ န ဝိဇ္ဇတိ၊

ဝဏိဇ္ဇာ တာဒိသီ နတ္ထိ, ဟိရညေန ကယာကယံ [ကယောက္ကယံ (သီ။ က။) ကယောကယံ (ခု။ ပါ။ ၇။၆)]၊

ဣတော ဒိန္နေန ယာပေန္တိ, ပေတာ ကာလဂတာ [ကာလကတာ (သီ။ သျာ။ ပီ။)] တဟိံ’။

၁၉။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ တမလွန် ဘဝသို့ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးကမ်း အပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။

၂၀။ ‘‘‘ဥန္နမေ ဥဒကံ ဝုဋ္ဌံ, ယထာ နိန္နံ ပဝတ္တတိ၊

ဧဝမေဝ ဣတော ဒိန္နံ, ပေတာနံ ဥပကပ္ပတိ’။

၂၀။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤ အတူသာလျှင်ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

၂၁။ ‘‘‘ယထာ ဝါရိဝဟာ ပူရာ, ပရိပူရေန္တိ သာဂရံ၊

ဧဝမေဝ ဣတော ဒိန္နံ, ပေတာနံ ဥပကပ္ပတိ’။

၂၁။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

စာ-၁၃၀

၂၂။ ‘‘‘အဒါသိ မေ အကာသိ မေ, ဉာတိ မိတ္တာ [ဉာတိ မိတ္တော (?)] သခါ စ မေ၊

ပေတာနံ ဒက္ခိဏံ ဒဇ္ဇာ, ပုဗ္ဗေ ကတမနုဿရံ’။

၂၂။ ဤသူကား ငါ့အား ဥစ္စာကို ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီဟူ၍ လည်းကောင်း, ဤသူကား ငါ၏ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍ လည်းကောင်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး ရှေးက ပြုဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့ အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။

၂၃။ ‘‘‘န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊

န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော’။

၂၃။ ငိုကြွေးခြင်းသည်လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း, ထိုမှတစ်ပါးပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

၂၄။ ‘‘‘အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊

ဒီဃရတ္တံ ဟိတာယဿ, ဌာနသော ဥပကပ္ပတိ’။

၂၄။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ ပေးလှူအပ်သော ဤအလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှါတစ်ခဏချင်း ကပ်ရောက်နိုင်၏။

၂၅။ ‘‘သော ဉာတိဓမ္မော စ အယံ နိဒဿိတော, ပေတာန ပူဇာ စ ကတာ ဥဠာရာ၊

ဗလဉ္စ ဘိက္ခူနမနုပ္ပဒိန္နံ, တုမှေဟိ ပုညံ ပသုတံ အနပ္ပက’’န္တိ။

တိရောကုဋ္ဋပေတဝတ္ထု ပဉ္စမံ။

၂၅။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူ ခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသောဝတ္တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်းမည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင် တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွားများဆည်းပူးအပ်သည်လည်း မည်၏ဟု ဟောတော် မူ၏)။ ငါးခုမြောက်သော တိရောကုဋ္ဋပေတဝတ္ထု ပြီး၏။ ၆-ပဥ္စပုတ္တခါဒပေတိဝတ္ထု လင်တူူမိန်းမက မယားကြီးကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲဲ့ရာဟုတ်မှန်ပါလျက် “သား၏ အသားကို စားရစေသား”ဟု လိမ်လည်ကျိန်ဆိုခဲဲ့သော ကြောင့် သေသောအခါ နံနက်သားငါးယောက် ညနေချမ်းသားငါးယောက်တို့ကို စားသောက်ကာ အစဥ်ဆာလောင် နေသော ပြိတ္တာဖြစ်ရသူူ

၆။ ပဉ္စပုတ္တခါဒပေတိဝတ္ထု

၂၆။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ဒုဂ္ဂန္ဓာ ပူတိ ဝါယသိ၊

မက္ခိကာဟိ ပရိကိဏ္ဏာ [မက္ခိကာပရိကိဏ္ဏာ စ (သီ။)], ကာ နု တွံ ဣဓ တိဋ္ဌသီ’’တိ။

၂၆။ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံလျက် ဤ အရပ်၌ ရပ်တည်နေသော သင်သည် အဘယ်သူနည်းဟု (သံဃာ့မဟာထေရ်က မေး၏)။

၂၇။ ‘‘အဟံ ဘဒန္တေ [ဘဒ္ဒန္တေ (က။)] ပေတီမှိ, ဒုဂ္ဂတာ ယမလောကိကာ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။

၂၇။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤ လူ့လောကမှပြိတ္တာလောကသို့ လားရောက်ရပါ၏။

၂၈။ ‘‘ကာလေန ပဉ္စ ပုတ္တာနိ, သာယံ ပဉ္စ ပုနာပရေ၊

ဝိဇာယိတွာန ခါဒါမိ, တေပိ နာ ဟောန္တိ မေ အလံ။

၂၈။ အကျွန်ုပ်သည် နံနက်ကာလ၌ သားငါးယောက်တို့ကိုလည်းကောင်း, တစ်ဖန် ညနေ ချမ်းအခါ၌အခြားသားငါးယောက်တို့ကိုလည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစား ရပါ၏၊ ထိုသားဆယ်ယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ် ဖျောက်ရန်) မစွမ်းနိုင်ပါ။

၂၉။ ‘‘ပရိဍယှတိ ဓူမာယတိ, ခုဒါယ [ခုဒ္ဒါယ (က။)] ဟဒယံ မမ၊

ပါနီယံ န လဘေ ပါတုံ, ပဿ မံ ဗျသနံ ဂတ’’န္တိ။

၂၉။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်လှပါ၏၊ အခိုးတထောင်း ထောင်းထသကဲ့သို့ ဖြစ်ပါ၏၊ ရေကို မျိုသောက်ရန် မရပါ၊ ဆင်းရဲပျက်စီးခြင်းသို့ ရောက်နေ ရသော အကျွန်ုပ်ကို ကြည့်ရှုတော်မူပါလော့ဟု (လျှောက်၏)။

၃၀။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပုတ္တမံသာနိ ခါဒသီ’’တိ။

၃၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် (မွေးဖွားသော) သားတို့၏အသားတို့ကို စားရဘိသနည်းဟု (မေး၏)။

၃၁။ ‘‘သပတီ [သပတ္တီ (သီ။)] မေ ဂဗ္ဘိနီ အာသိ, တဿာ ပါပံ အစေတယိံ၊

သာဟံ ပဒုဋ္ဌမနသာ, အကရိံ ဂဗ္ဘပါတနံ။

၃၁။ (အရှင်ဘုရား) အကျွန်ုပ်၏ လင်တူမိန်းမသည် ကိုယ်ဝန် ရှိခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ အပေါ်၌ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ပြစ်မှားလိုသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။

စာ-၁၃၁

၃၂။ ‘‘တဿာ ဒွေမာသိကော ဂဗ္ဘော, လောဟိတညေဝ ပဂ္ဃရိ၊

တဒဿာ မာတာ ကုပိတာ, မယှံ ဉာတီ သမာနယိ၊

သပထဉ္စ မံ ကာရေသိ, ပရိဘာသာပယီ စ မံ။

၃၂။ ထိုလင်တူမိန်းမ၏ နှစ်လရှိသော ကိုယ်ဝန်သည် သွေးဖြစ်ပြီးလျှင် ယိုစီးကျပါ၏၊ ထိုအခါဝယ်ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်သည်ဖြစ်၍ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်အား ကျိန်စာဆိုခြင်းကိုလည်း ပြုစေပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာကျိန်ဆိုစေပါ၏။

၃၃။ ‘‘သာဟံ ဃောရဉ္စ သပထံ, မုသာဝါဒံ အဘာသိသံ၊

ပုတ္တမံသာနိ ခါဒါမိ, သစေ တံ ပကတံ မယာ။

၃၃။ ထိုအကျွန်ုပ်သည် “အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား”ဟု ကြမ်းတမ်းသော ကျိန်စာကိုလည်းကောင်း, မုသား စကားကိုလည်းကောင်းပြောဆိုခဲ့ပါ၏။

၃၄။ ‘‘တဿ ကမ္မဿ ဝိပါကေန [ဝိပါကံ (သျာ။ က။)], မုသာဝါဒဿ စူဘယံ၊

ပုတ္တမံသာနိ ခါဒါမိ, ပုဗ္ဗလောဟိတမက္ခိတာ’’တိ။

ပဉ္စပုတ္တခါဒပေတိဝတ္ထု [ပဉ္စပုတ္တခါဒပေတဝတ္ထု (သီ။ သျာ။ ပီ။) ဧဝမုပရိပိ] ဆဋ္ဌံ။

၃၄။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏လည်းကောင်း, မုသားစကား ပြောဆိုခြင်း၏လည်းကောင်းနှစ်ပါးစုံသော ကံအကျိုးကြောင့် ပြည် သွေးတို့ဖြင့် လိမ်းကျံသော (မွေးဖွားသော) သား၏အသားတို့ကို ခဲစားရပါ၏ဟု (ဖြေကြား လျှောက်ထား၏)။ ခြောက်ခုမြောက်သော ပဉ္စပုတ္တခါဒပေတိဝတ္ထု ပြီး၏။ ၇-သတ္တပုတ္တခါဒပေတိဝတ္ထု လင်တူူမိန်းမက မယားငယ်ကိုယ်ဝန်ရှိခိုက်ကိုယ်ဝန်ကို ချခဲဲ့ရာ သွေးပြည်ဖြစ်၍ ကျခဲဲ့၏။ အမှုပေါ်သောအခါ“သား၏ အသားကို စားရစေသား”ဟု ကျိန်ဆိုခဲဲ့သော မုသားကြောင့် သေသောအခါနံနက်သားခုနှစ်ယောက် ညနေချမ်းသားခုနှစ်ယောက်တို့ကို စားသောက်ကာ အစဥ်ဆာလောင်နေသော ပြိတ္တာဖြစ်ရသူူ

၇။ သတ္တပုတ္တခါဒပေတိဝတ္ထု

၃၅။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ဒုဂ္ဂန္ဓာ ပူတိ ဝါယသိ၊

မက္ခိကာဟိ ပရိကိဏ္ဏာ, ကာ နု တွံ ဣဓ တိဋ္ဌသီ’’တိ။

၃၅။ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံလျက် ဤအရပ် ၌ ရပ်သော သင်သည်အဘယ်သူပါနည်းဟု (သံဃာ့မဟာထေရ်က မေး၏)။

၃၆။ ‘‘အဟံ ဘဒန္တေ ပေတီမှိ, ဒုဂ္ဂတာ ယမလောကိကာ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။

၃၆။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤ လူ့လောကမှပြိတ္တာလောကသို့ ရောက်ရပါ၏။

၃၇။ ‘‘ကာလေန သတ္တ ပုတ္တာနိ, သာယံ သတ္တ ပုနာပရေ၊

ဝိဇာယိတွာန ခါဒါမိ, တေပိ နာ ဟောန္တိ မေ အလံ။

၃၇။ အကျွန်ုပ်သည် နံနက်ကာလ၌ သားခုနစ်ယောက်ကိုလည်းကောင်း, ညနေချမ်းအခါ၌အခြားသားခုနစ်ယောက်တို့ကိုလည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစားရပါ၏၊ ထိုသားတစ်ဆယ့်လေးယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။

၃၈။ ‘‘ပရိဍယှတိ ဓူမာယတိ, ခုဒါယ ဟဒယံ မမ၊

နိဗ္ဗုတိံ နာဓိဂစ္ဆာမိ, အဂ္ဂိဒဍ္ဎာဝ အာတပေ’’တိ။

၃၈။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်ပါ၏၊ အခိုးတထောင်း ထောင်းထသကဲ့သို့ ဖြစ်ပါ၏၊ နေပူ၍ မီးလောင်သကဲ့သို့ ငြိမ်းအေးခြင်းကို မရခဲ့ပါဟု (လျှောက်၏)။

၃၉။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပုတ္တမံသာနိ ခါဒသီ’’တိ။

၃၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မွေးဖွားသော သားတို့၏အသားတို့ကို စားရဘိသနည်းဟု (မေး၏)။

၄၀။ ‘‘အဟူ မယှံ ဒုဝေ ပုတ္တာ, ဥဘော သမ္ပတ္တယောဗ္ဗနာ၊

သာဟံ ပုတ္တဗလူပေတာ, သာမိကံ အတိမညိသံ။

၄၀။ အရှင်ဘုရား အကျွန်ုပ်အား သားနှစ်ယောက် ရှိပါ၏၊ သားနှစ်ယောက်တို့သည် အရွယ်သို့ရောက်ပါကုန်၏၊ ထိုတပည့်တော်မသည် သားတည်းဟူသော အားနှင့် ပြည့်စုံ၍ လင်ကို မထီမဲ့မြင်ပြုခဲ့ပါ၏။

၄၁။ ‘‘တတော မေ သာမိကော ကုဒ္ဓေါ, သပတ္တိံ မယှမာနယိ၊

သာ စ ဂဗ္ဘံ အလဘိတ္ထ, တဿာ ပါပံ အစေတယိံ။

၄၁။ ထို့ကြောင့် အကျွန်ုပ်၏ လင်သည် စိတ်ဆိုး၍ မယားအငယ်ကို ဆောင်ယူခဲ့ပါ၏၊ ထိုလင်တူမိန်းမမယားငယ်သည်လည်း ကိုယ်ဝန်ကို ရခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ မယားငယ် အပေါ်၌ ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏။

စာ-၁၃၂

၄၂။ ‘‘သာဟံ ပဒုဋ္ဌမနသာ, အကရိံ ဂဗ္ဘပါတနံ၊

တဿာ တေမာသိကော ဂဗ္ဘော, ပုဗ္ဗလောဟိတကော [ပုဗ္ဗလောဟိတကော (က။)] ပတိ။

၄၂။ ထိုအကျွန်ုပ်သည် ပြစ်မှားသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။ ထိုလင်တူ မိန်းမမယားငယ်၏ သုံးလရှိသော ကိုယ်ဝန်သည် သွေးပြည်ဖြစ်၍ ကျ၏။

၄၃။ ‘‘တဒဿာ မာတာ ကုပိတာ, မယှံ ဉာတီ သမာနယိ၊

သပထဉ္စ မံ ကာရေသိ, ပရိဘာသာပယီ စ မံ။

၄၃။ ထိုအခါဝယ် ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်၍ အကျွန်ုပ်၏ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်၏ ကျိန်စာဆိုခြင်းကိုလည်း ပြုစေခဲ့ပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်းကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။

၄၄။ ‘‘သာဟံ ဃောရဉ္စ သပထံ, မုသာဝါဒံ အဘာသိသံ၊

‘ပုတ္တမံသာနိ ခါဒါမိ, သစေ တံ ပကတံ မယာ’။

၄၄။ ထိုအကျွန်ုပ်သည် “အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား”ဟု ကြမ်းတမ်းသော ကျိန်စာကိုလည်းကောင်း, မုသားစကား ကိုလည်းကောင်းဆိုခဲ့ပါ၏။

၄၅။ ‘‘တဿ ကမ္မဿ ဝိပါကေန, မုသာဝါဒဿ စူဘယံ၊

ပုတ္တမံသာနိ ခါဒါမိ, ပုဗ္ဗလောဟိတမက္ခိတာ’’တိ။

သတ္တပုတ္တခါဒပေတိဝတ္ထု သတ္တမံ။

၄၅။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏လည်းကောင်း, မုသားစကား ပြောဆိုခြင်း၏လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် သွေးပြည်တို့ဖြင့် လိမ်းကျံသော မွေးဖွားသော သား၏အသားတို့ကို ခဲစားရပါ၏ (ဟု ဖြေကြားလျှောက်ထား၏)။ ခုနစ်ခုမြောက်သော သတ္တပုတ္တခါဒပေတိဝတ္ထု ပြီး၏။ ၈-ဂေါဏပေတဝတ္ထု အဘိုးသေ၍ အဖငိုကြွေးနေသည်ကို သားဖြစ်သူူက နွားသေကို ကြည့်ကာ ငိုကြွေး ခြင်းဖြင့်သက်သေပြကာသော ကငြိမ်းကြောင်း နည်းလမ်းကောင်းပြသောဝတ္တု

၈။ ဂေါဏပေတဝတ္ထု

၄၆။ ‘‘ကိံ နု ဥမ္မတ္တရူပေါဝ, လာယိတွာ ဟရိတံ တိဏံ၊

ခါဒ ခါဒါတိ လပသိ, ဂတသတ္တံ ဇရဂ္ဂဝံ။

၄၆။ “ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသော မြက်ကို ရိတ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့, စားလော့”ဟု အဘယ့်ကြောင့် ပြောဆိုမြည်တမ်း နေဘိသနည်း။

၄၇။ ‘‘န ဟိ အန္နေန ပါနေန, မတော ဂေါဏော သမုဋ္ဌဟေ၊

တွံသိ ဗာလော စ [ဗာလောဝ (က။)] ဒုမ္မေဓော, ယထာ တညောဝ ဒုမ္မတီ’’တိ။

၄၇။ သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော်လည်းကောင်း, ရေကြောင့်သော်လည်း ကောင်းသေသော နွားသည် (အသက်ရှင်၍) ထမလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ဟု (ဖခင်သူကြွယ်က မေး၏)။

၄၈။ ‘‘ဣမေ ပါဒါ ဣဒံ သီသံ, အယံ ကာယော သဝါလဓိ၊

နေတ္တာ တထေဝ တိဋ္ဌန္တိ, အယံ ဂေါဏော သမုဋ္ဌဟေ။

၄၈။ (ဖခင်) ဤနွား၏ ဤခြေတို့သည်လည်းကောင်း, ဤဦးခေါင်းသည်လည်းကောင်း, အမြီးနှင့်တကွသော ဤကိုယ်သည်လည်းကောင်း, မျက်စိတို့သည်လည်းကောင်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထရာပါသေး၏။

၄၉။ ‘‘နာယျကဿ ဟတ္ထပါဒါ, ကာယော သီသဉ္စ ဒိဿတိ၊

ရုဒံ မတ္တိကထူပသ္မိံ, နနု တွညေဝ ဒုမ္မတီ’’တိ။

၄၉။ (ဖခင်) အဘိုး၏ လက်ခြေတို့ကိုလည်းကောင်း, ကိုယ်ကိုလည်းကောင်း, ဦးခေါင်းကိုလည်းကောင်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင် (ဖခင်) သည်သာလျှင် ပညာမဲ့ သည်မဟုတ်ပါလောဟု (သားက ပြန်၍ ဆို၏)။

၅၀။ ‘‘အာဒိတ္တံ ဝတ မံ သန္တံ, ဃတသိတ္တံဝ ပါဝကံ၊

ဝါရိနာ ဝိယ ဩသိဉ္စံ, သဗ္ဗံ နိဗ္ဗာပယေ ဒရံ။

၅၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ ငါ၏ သားသည်သော ကမီးတောက်လောင်နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေပြီတကား။

၅၁။ ‘‘အဗ္ဗဟီ [အဗ္ဗူဠှံ (ဗဟူသု)] ဝတ မေ သလ္လံ, သောကံ ဟဒယနိဿိတံ၊

ယော မေ သောကပရေတဿ, ပိတုသောကံ အပါနုဒိ။

၅၁။ သင်သည် ပူဆွေးမှုသော က နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော က တည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၅၂။ ‘‘သွာဟံ အဗ္ဗူဠှသလ္လောသ္မိ, သီတိဘူတောသ္မိ နိဗ္ဗုတော၊

န သောစာမိ န ရောဒါမိ, တဝ သုတွာန မာဏဝ’။

၅၂။ ငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေး ပြီးသူဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဆို၏)။

စာ-၁၃၃

၅၃။ ဧဝံ ကရောန္တိ သပ္ပညာ, ယေ ဟောန္တိ အနုကမ္ပကာ၊

ဝိနိဝတ္တယန္တိ သောကမှာ, သုဇာတော ပိတရံ ယထာတိ။

ဂေါဏပေတဝတ္ထု အဋ္ဌမံ။

၅၃။ သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနား စောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏လည်းကောင်း, တစ်ပါးသောသူတို့၏လည်း ကောင်း ပူဆွေးမှုသော ကမှဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန်၏ဟု (မြတ်စွာဘုရား ဟော တော်မူ၏)။ ရှစ်ခုမြောက်သော ဂေါဏပေတဝတ္ထု ပြီး၏။ ၉-မဟာပေသကာရပေတိဝတ္ထု လင်အလှူပေးသည်ကို မယားဖြစ်သူူက အမျိုးမျိုးကျိန်ဆဲရာတွင် “သင်၏ အဝတ် တို့သည် သံပြားနှင့်အတူူဖြစ်ပါစေ”ဟု ဆဲရေးခဲဲ့သောကြောင့် သေသောအခါ သွေးပြည် အညစ်အကြေးကို စားသံပြားအဝတ်ကို ဝတ်နေရသူူ ပြိတ္တာမ

၉။ မဟာပေသကာရပေတိဝတ္ထု

၅၄။ ‘‘ဂူထဉ္စ မုတ္တံ ရုဟိရဉ္စ ပုဗ္ဗံ, ပရိဘုဉ္ဇတိ ကိဿ အယံ ဝိပါကော၊

အယံ နု ကိံ ကမ္မမကာသိ နာရီ, ယာ သဗ္ဗဒါ လောဟိတပုဗ္ဗဘက္ခာ။

၅၄။ ဤမိန်းမသည် ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း, သွေးကိုလည်း ကောင်း,ပြည်ကိုလည်းကောင်း စားနေရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊ အခါခပ်သိမ်းသွေးပြည်ကို စားနေသော ဤမိန်းမသည် ရှေးဘဝက အဘယ်အမှုကို ပြုခဲ့ဖူးသနည်း။

၅၅။ ‘‘နဝါနိ ဝတ္ထာနိ သုဘာနိ စေဝ, မုဒူနိ သုဒ္ဓါနိ စ လောမသာနိ၊

ဒိန္နာနိ မိဿာ ကိတကာ [ကိဋကာ (က။)] ဘဝန္တိ, အယံ နု ကိံ ကမ္မမကာသိ နာရီ’’တိ။

၅၅။ အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန် စင်ကြယ်သော အဆင်း နူးညံ့သည့်အမွေးရှိ ကုန်သော အဝတ်တို့ကို ဤမိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအဝတ်တို့သည် သံပြားကဲ့သို့ ဖြစ်ကုန်၏၊ ဤမိန်းမသည် အဘယ်အမှုကို ပြုခဲ့သနည်းဟု (ရဟန်းက မေး၏)။

၅၆။ ‘‘ဘရိယာ မမေသာ အဟူ ဘဒန္တေ, အဒါယိကာ မစ္ဆရိနီ ကဒရိယာ၊

သာ မံ ဒဒန္တံ သမဏဗြာဟ္မဏာနံ, အက္ကောသတိ စ ပရိဘာသတိ စ။

၅၆-၇။ အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယား ဖြစ်ခဲ့ဖူးပါ၏၊ ပေးလှူလေ့ မရှိပါ၊ ဝန်တိုလေ့ရှိပါ၏၊ စဥ်းလဲကောက်ကျစ်တတ်ပါ၏၊ ထိုမိန်းမသည် သမဏဗြာဟ္မဏတို့အား ပေးလှူသော အကျွန်ုပ်ကို “သင်သည် အခါခပ်သိမ်း မစင်ကြယ်သော ကျင်ကြီးကိုလည်း ကောင်း, ကျင်ငယ်ကိုလည်းကောင်း,သွေးကိုလည်းကောင်း, ပြည်ကိုလည်းကောင်း စားလော့၊ ဤကျင်ကြီး, ကျင်ငယ်, သွေးပြည်သည်သင့်အား တမလွန်ဘဝ၌ ဖြစ်စေသတည်း၊ သင်၏ အဝတ်တို့သည် လည်း သံပြားနှင့်အတူဖြစ်စေကုန်သတည်း”ဟု ဆဲရေးလည်း ဆဲရေးပါ၏၊ ခြိမ်းခြောက်လည်း ခြိမ်းခြောက်ပါ၏၊ ထိုမိန်းမသည်ဤသို့သဘောရှိသော မကောင်းမှု (ဒုစရိုက်) ကို ပြုကျင့်ခဲ့သောကြောင့် ဤပြိတ္တာဘုံသို့ ရောက်လာ၍ ကြာမြင့်စွာ (ဤကျင်ကြီး စသည်ကို) စားရ၏ဟု (လျှောက်၏)။ ကိုးခုမြောက်သော မဟာပေသကာရပေတိဝတ္တု ပြီး၏။ ၁၀-ခလ္လာဋိယပေတိဝတ္ထု ဗိမ္မာန်တွင်း၌ အဝတ်မရှိ၊ အပြင်သို့ မထွက်ဝံ့သည်ကို သနားသဖြင့် ကုန်သည်များက အလှူပေး အမျှဝေသာဓုခေါ်သဖြင့် ချက်ခြင်း ကောင်းကျိုးချမ်းသာ အစုံအလင်ကို ရရှိသော ပြိတ္တာမ

၅၇။ ‘‘‘ဂူထဉ္စ မုတ္တံ ရုဟိရဉ္စ ပုဗ္ဗံ, ပရိဘုဉ္ဇ တွံ အသုစိံ သဗ္ဗကာလံ၊

ဧတံ တေ ပရလောကသ္မိံ ဟောတု, ဝတ္ထာ စ တေ ကိဋကသမာ ဘဝန္တု’၊

ဧတာဒိသံ ဒုစ္စရိတံ စရိတွာ, ဣဓာဂတာ စိရရတ္တာယ ခါဒတီ’’တိ။

မဟာပေသကာရပေတိဝတ္ထု နဝမံ။

၁၀။ ခလ္လာဋိယပေတိဝတ္ထု

၅၈။ ‘‘ကာ နု အန္တောဝိမာနသ္မိံ, တိဋ္ဌန္တီ နူပနိက္ခမိ၊

ဥပနိက္ခမဿု ဘဒ္ဒေ, ပဿာမ တံ ဗဟိဋ္ဌိတ’’န္တိ။

၅၈။ အပြင်သို့ မထွက်မူ၍ ဗိမာန်အတွင်း၌ တည်နေသူကား အဘယ်သူနည်း၊ အရှင်မ အပြင်သို့ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုပါကုန်၏ဟု (ကုန်သည် ကြီးက ပြောဆို၏)။

စာ-၁၃၄

၅၉။ ‘‘အဋ္ဋီယာမိ ဟရာယာမိ, နဂ္ဂါ နိက္ခမိတုံ ဗဟိ၊

ကေသေဟမှိ ပဋိစ္ဆန္နာ, ပုညံ မေ အပ္ပကံ ကတ’’န္တိ။

၅၉။ အဝတ်မပါ ကိုယ်ချည်းသာဖြစ်၍ အပြင်သို့ ထွက်ရန် မရဲဝံ့ပါ၊ ရှက်လှပါ၏၊ ဆံတို့ဖြင့်ဖုံးလွှမ်းနေရသူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ကုသိုလ်ကောင်းမှုကို အနည်းငယ်မျှသာ ပြုခဲ့ရပါ၏ဟု (ပြိတ္တာမက ပြော၏)။

၆၀။ ‘‘ဟန္ဒုတ္တရီယံ ဒဒါမိ တေ, ဣဒံ ဒုဿံ နိဝါသယ၊

ဣဒံ ဒုဿံ နိဝါသေတွာ, ဧဟိ နိက္ခမ သောဘနေ၊

ဥပနိက္ခမဿု ဘဒ္ဒေ, ပဿာမ တံ ဗဟိဋ္ဌိတ’’န္တိ။

၆၀။ တင့်တယ်သော အဆင်းရှိသော နှမ အပေါ်ရုံပုဆိုးကို သင့်အား ပေးပါ၏၊ ယူပါလော့၊ ဤပုဆိုးကို ဝတ်ပါလော့၊ ဤပုဆိုးကို ဝတ်၍ လာပါလော့၊ ထွက်ခဲ့ပါလော့၊ နှမ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုကြပါကုန်၏။

၆၁။ ‘‘ဟတ္ထေန ဟတ္ထေ တေ ဒိန္နံ, န မယှံ ဥပကပ္ပတိ၊

ဧသေတ္ထုပါသကော သဒ္ဓေါ, သမ္မာသမ္ဗုဒ္ဓသာဝကော။

၆၁။ သင်၏လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးအပ်သော ပစ္စည်းသည် အကျွန်ုပ်အား မရ၊ မရောက်နိုင်ပါ၊ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထို ဥပါသကာသည်ဤလူအပေါင်း၌ ရှိပါ၏။

၆၂။ ‘‘ဧတံ အစ္ဆာဒယိတွာန, မမ ဒက္ခိဏမာဒိသ၊

တထာဟံ [အထာဟံ (သီ။)] သုခိတာ ဟေဿံ, သဗ္ဗကာမသမိဒ္ဓိနီ’’တိ။

၆၂။ ထိုဥပါသကာကို အကျွန်ုပ်အား ပေးအပ်သော အဝတ်ကို ဝတ်ရုံစေလျက် ထိုအလှူကို အကျွန်ုပ်အားရည်ညွှန်း၍ ထိုအလှူ၏ အဖို့ကို ပေးဝေပါလော့၊ ထိုသို့လှူသည်ရှိသော် အကျွန်ုပ်သည် အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာသူ ဖြစ်ရပါလိမ့်မည်ဟု (ဆို၏)။

၆၃။ တဉ္စ တေ နှာပယိတွာန, ဝိလိမ္ပေတွာန ဝါဏိဇာ၊

ဝတ္ထေဟစ္ဆာဒယိတွာန, တဿာ ဒက္ခိဏမာဒိသုံ။

၆၃။ ထိုကုန်သည်တို့သည် ထိုဥပါသကာကိုလည်း ရေချိုးစေ၍ (မြတ်သော နံ့သာတို့ဖြင့်) လိမ်းကျံစေလျက် အဝတ်တို့ကို ဝတ်ရုံစေပြီးလျှင် ထိုပြိတ္တာမအား အလှူ၏ အဖို့ဘာဂကို ရည်ညွှန်း၍ (အမျှဝေစေကုန်၏)။

၆၄။ သမနန္တရာနုဒ္ဒိဋ္ဌေ [သမနန္တရာ အနုဒ္ဒိဋ္ဌေ (သျာ။ က။)], ဝိပါကော ဥဒပဇ္ဇထ [ဥပပဇ္ဇထ (သီ။ သျာ။)]၊

ဘောဇနစ္ဆာဒနပါနီယံ [ဘောဇနစ္ဆာဒနံ ပါနီယံ (သျာ။ က။)], ဒက္ခိဏာယ ဣဒံ ဖလံ။

၆၄။ (ထိုအလှူ၏ အဖို့ဘာဂကို) ရည်ညွှန်း ပေးဝေပြီးသည့် အခြားမဲ့၌ပင် (အလှူ၏) အကျိုးသည်ဖြစ်၏၊ စားဖွယ် အဝတ် အဖျော်ဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပေ တည်း။

၆၅။ တတော သုဒ္ဓါ သုစိဝသနာ, ကာသိကုတ္တမဓာရိနီ၊

ဟသန္တီ ဝိမာနာ နိက္ခမိ, ‘ဒက္ခိဏာယ ဣဒံ ဖလ’’’န္တိ။

၆၅။ ထိုစားဖွယ် စသည်ကို ရသည်မှ နောက်၌ ထိုမိန်းမသည် ဤအကျိုးကား အလှူ၏ အကျိုးတည်းဟုပြောသကဲ့သို့ စင်ကြယ်သော အဝတ်ကို ဝတ်လျက် ကာသိတိုင်းဖြစ် အဝတ် ထက် မြတ်သော အဝတ်ကို ဝတ်ပြီးလျှင် ပြုံးရွှင်ကာ ဗိမာန်မှ ထွက်လာ၏။

၆၆။ ‘‘သုစိတ္တရူပံ ရုစိရံ, ဝိမာနံ တေ ပဘာသတိ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၆။ အလွန်ဆန်းကြယ်သော အဆင်းသဏ္ဌာန်ရှိ၍ နှစ်သက်ဖွယ်ရှိသော သင်၏ ဗိမာန် သည်ထွန်းလင်းတောက်ပ၏၊ နတ်သမီး သင့်ကို မေးပါ၏၊ သင် ဖြေကြားပါလော့၊ ဤ အကျိုးသည်အဘယ်ကံ၏ အကျိုးပါနည်း။

၆၇။ ‘‘ဘိက္ခုနော စရမာနဿ, ဒေါဏိနိမ္မဇ္ဇနိံ အဟံ၊

အဒါသိံ ဥဇုဘူတဿ, ဝိပ္ပသန္နေန စေတသာ။

၆၇။ အကျွန်ုပ်သည် ဖြောင့်မတ်သော အကျင့်ရှိသော ဆွမ်းခံကြွလာသော ရဟန်းအားအထူးကြည်လင်သော စိတ်ဖြင့် နှမ်းဆီထွေးကို ပေးလှူခဲ့၏။

၆၈။ ‘‘တဿ ကမ္မဿ ကုသလဿ, ဝိပါကံ ဒီဃမန္တရံ၊

အနုဘောမိ ဝိမာနသ္မိံ, တဉ္စ ဒါနိ ပရိတ္တကံ။

၆၈။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ဗိမာန်၌ ခံစားရ၏၊ ထိုကုသိုလ်၏အကျိုးသည်လည်း ယခုအခါ၌ ကုန်ခန်းခဲ့ပါ၏။

၆၉။ ‘‘ဥဒ္ဓံ စတူဟိ မာသေဟိ, ကာလံကိရိယာ [ကာလံကိရိယာ (က။)] ဘဝိဿတိ၊

ဧကန္တကဋုကံ ဃောရံ, နိရယံ ပပတိဿဟံ။

၆၉-၇၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံ တူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့် မည်။

၇၀။ [မ။ နိ။ ၃။၂၅၀, ၂၆၇၊ အ။ နိ။ ၃။၃၆၊ ပေ။ ဝ။ ၂၄၀, ၆၉၃] ‘‘စတုက္ကဏ္ဏံ စတုဒွါရံ, ဝိဘတ္တံ ဘာဂသော မိတံ၊

အယောပါကာရပရိယန္တံ, အယသာ ပဋိကုဇ္ဇိတံ။

စာ-၁၃၅

၇၁။ ‘‘တဿ အယောမယာ ဘူမိ, ဇလိတာ တေဇသာ ယုတာ၊

သမန္တာ ယောဇနသတံ, ဖရိတွာ တိဋ္ဌတိ သဗ္ဗဒါ။

၇၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံရှိ၏၊ ထက်ဝန်းကျင့်ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍ တည်၏။

၇၂။ ‘‘တတ္ထာဟံ ဒီဃမဒ္ဓါနံ, ဒုက္ခံ ဝေဒိဿ ဝေဒနံ၊

ဖလဉ္စ ပါပကမ္မဿ, တသ္မာ သောစာမဟံ ဘုသ’’န္တိ။

ခလ္လာဋိယပေတိဝတ္ထု ဒသမံ။

၇၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာ ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရပါအံ့၊ ပြင်းစွာ စိုးရိမ်မိ၏ဟု (ပြောဆို၏)။ ဆယ်ခုမြောက်သော ခလ္လာဋိယပေတိဝတ္ထု ပြီး၏။ ၁၁-နာဂပေတဝတ္ထု သားသမီးသုံးယောက်တို့ အလှူပေးသည်ကို ဝန်တိုစိတ်ဖြင့် ပိတ်ပင် ဆဲရေးမိကြသောကြောင့် သေလွန်သောအခါ သားသမီးများမှာ ချမ်းသာ၍ မိဖတို့မှာ တင်းပုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံကာသွေးပြည်ကို စားသောက်နေရသူူ ပြိတ္တာများ

၁၁။ နာဂပေတဝတ္ထု

၇၃။ ‘‘ပုရတောဝ [ပုရတော စ (သျာ။)] သေတေန ပလေတိ ဟတ္ထိနာ, မဇ္ဈေ ပန အဿတရီရထေန၊

ပစ္ဆာ စ ကညာ သိဝိကာယ နီယတိ, ဩဘာသယန္တီ ဒသ သဗ္ဗတော [သဗ္ဗတော (က။)] ဒိသာ။

၇၃။ တစ်ယောက်သည် ဆင်ဖြူဖြင့် ရှေ့က သွား၏၊ တစ်ယောက်ကား အဿထိုရ်မြင်း ကသော ရထားဖြင့် အလယ်က သွား၏၊ နောက်၌ အရပ်ဆယ်မျက်နှာလုံးကို ထွန်းလင်း တောက်ပစေသော သတို့သမီးကို မူကား ထမ်းစင်ဖြင့် ထမ်းဆောင်၏။

၇၄။ ‘‘တုမှေ ပန မုဂ္ဂရဟတ္ထပါဏိနော, ရုဒံမုခါ ဆိန္နပဘိန္နဂတ္တာ၊

မနုဿဘူတာ ကိမကတ္ထ ပါပံ, ယေနညမညဿ ပိဝါထ လောဟိတ’’န္တိ။

၇၄။ သင်တို့သည် ကား တင်းပုတ်လက်စွဲကြကုန်သည်ဖြစ်၍ ငိုကြွေးသော မျက်နှာရှိလျက် တင်းပုတ်ဖြင့်ရိုက်ပုတ်ခြင်းကြောင့် ကွဲပြတ်ပျက်စီးသော ကိုယ် ရှိကြကုန်၏၊ လူဖြစ်ကြစဥ်က အဘယ်မကောင်းမှုကို ပြုခဲ့ကြသနည်း၊ အဘယ့်ကြောင့် အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ သွေးကိုသောက်ကြရကုန်ဘိသနည်းဟု (သာမဏေက မေး၏)။

၇၅။ ‘‘ပုရတောဝ ယော ဂစ္ဆတိ ကုဉ္ဇရေန, သေတေန နာဂေန စတုက္ကမေန၊

အမှာက ပုတ္တော အဟု ဇေဋ္ဌကော သော [သောဝ ဇေဋ္ဌော (က။)], ဒါနာနိ ဒတွာန သုခီ ပမောဒတိ။

၇၅။ အခြေလေးချောင်းရှိသော ကုဉ္ဇရအမည်ရသော ဆင်ဖြူဖြင့် ရှေ့က သွားသောသူသည် အကျွန်ုပ်၏သားကြီးပင်တည်း၊ ထိုသားကြီးသည် အလှူဒါနတို့ကို ပေးလှူ၍ ချမ်းသာခြင်း ရှိလျက် ဝမ်းမြောက်ရ၏။

၇၆။ ‘‘ယော သော မဇ္ဈေ အဿတရီရထေန, စတုဗ္ဘိ ယုတ္တေန သုဝဂ္ဂိတေန၊

အမှာက ပုတ္တော အဟု မဇ္ဈိမော သော, အမစ္ဆရီ ဒါနဝတီ ဝိရောစတိ။

၇၆။ ကောင်းသော သွားခြင်းရှိသော အဿထိုရ်မြင်းလေးကောင်ကသော ရထားဖြင့် အလယ်ကသွားသောသူသည် အကျွန်ုပ်၏ သားလတ်ပင်တည်း၊ ထိုသားလတ်သည် ဝန်မတို မူ၍ ပေးလှူလေ့ရှိသောကြောင့် တင့်တယ်၏။

၇၇။ ‘‘ယာ သာ စ ပစ္ဆာ သိဝိကာယ နီယတိ, နာရီ သပညာ မိဂမန္ဒလောစနာ၊

အမှာက ဓီတာ အဟု သာ ကနိဋ္ဌိကာ, ဘာဂဍ္ဎဘာဂေန သုခီ ပမောဒတိ။

၇၇။ သမင်မငယ်မျက်စိကဲ့သို့ နူးညံ့သော မျက်စိရှိသော နောက်ဆုံးက ထမ်းစင်ဖြင့် ထမ်းဆောင်အပ်သော ပညာရှိသော မိန်းမပျိုသည်ကား အကျွန်ုပ်တို့၏ အငယ်ဆုံး သမီးတည်း၊ (ထိုသမီးငယ်သည်) မိမိရရှိသော အဖို့မှ ထက်ဝက်အဖို့ကို လှူခြင်းကြောင့် ချမ်းသာလျက် ဝမ်းမြောက်ရ၏။

စာ-၁၃၆

၇၈။ ‘‘ဧတေ စ ဒါနာနိ အဒံသု ပုဗ္ဗေ, ပသန္နစိတ္တာ သမဏဗြာဟ္မဏာနံ၊

မယံ ပန မစ္ဆရိနော အဟုမှ, ပရိဘာသကာ သမဏဗြာဟ္မဏာနံ၊

ဧတေ စ ဒတွာ ပရိစာရယန္တိ, မယဉ္စ သုဿာမ နဠောဝ ဆိန္နော’’တိ [ခိတ္တောတိ (သီ။)]။

၇၈။ ထိုသားသမီးသုံးယောက်တို့သည် ရှေးဘဝက သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိကုန်၍ အလှူတို့ကို ပေးလှူကုန်၏၊ အကျွန်ုပ်တို့သည် မူကား ဝန်တိုမှု မစ္ဆရိယ ရှိသူများဖြစ်ကြပါကုန်၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်ကုန်၏၊ ဤသားသမီး သုံးယောက်တို့သည် ကားပေးလှူကြကုန်၍ စံပယ်ပျော်ပါးကြရကုန်၏၊ အကျွန်ုပ်တို့သည် ကား ပြတ်သော ကျူပင်ကဲ့သို့ခြောက်သွေ့ကြကုန်၏ဟု (ပြိတ္တာလင်မယားက ဖြေ၏)။

၇၉။ ‘‘ကိံ တုမှာကံ ဘောဇနံ ကိံ သယာနံ, ကထဉ္စ ယာပေထ သုပါပဓမ္မိနော၊

ပဟူတဘောဂေသု အနပ္ပကေသု, သုခံ ဝိရာဓာယ [ဝိရာဂါယ (သျာ။ က။)] ဒုက္ခဇ္ဇ ပတ္တာ’’တိ။

၇၉။ သင်တို့၏ စားဖွယ်ကား အဘယ်သဘော ရှိသနည်း၊ အိပ်ရာနေရာကား အဘယ်သဘောရှိပါသနည်း၊ သင်တို့သည် အဘယ်သို့လျှင် မျှတကြကုန်သနည်း၊ အလွန်ယုတ်မာသော သဘောရှိကုန်သော သင်တို့သည် အပိုင်းအခြားမရှိ များမြတ်သော စည်းစိမ်ရှိသူတို့ ဖြစ်ကြပါ ကုန်လျက် ချမ်းသာကြောင်းဖြစ်သော ကုသိုလ်ကို မပြုခြင်းဖြင့် ချမ်းသာကို ချွတ်ယွင်းစေကုန် သောကြောင့် ယခုဆင်းရဲသို့ ရောက်ကြရကုန်၏ဟု (သာမဏေက မေး၏)။

၈၀။ ‘‘အညမညံ ဝဓိတွာန, ပိဝါမ ပုဗ္ဗလောဟိတံ၊

ဗဟုံ ပိတွာ န ဓာတာ ဟောမ, နစ္ဆာဒိမှသေ [နရုစ္စာဒိမှသေ (က။)] မယံ။

၈၀။ အကျွန်ုပ်တို့သည် အချင်းချင်း သတ်ပုတ်၍ ပြည်သွေးကိုသောက်ရပါကုန်၏၊ များစွာသောက်၍ လည်း တင်းတိမ်ရောင့်ရဲမှု မရှိကြပါကုန်၊ မနှစ်သက် မလိုလားကြပါကုန်။

၈၁။ ‘‘ဣစ္စေဝ မစ္စာ ပရိဒေဝယန္တိ, အဒါယကာ ပေစ္စ [မစ္ဆရိနော (က။)] ယမဿ ဌာယိနော၊

ယေ တေ ဝိဒိစ္စ [ဝိဒိတွာ (သီ။)] အဓိဂမ္မ ဘောဂေ, န ဘုဉ္ဇရေ နာပိ ကရောန္တိ ပုညံ။

၈၁။ အကြင်သူတို့သည် ပစ္စုပ္ပန်, တမလွန်ဝယ် ချမ်းသာထူးကို ပြုလုပ်စီရင်တတ် ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကြကုန်၍ မိမိတို့လည်း မသုံးဆောင်ကြကုန်၊ ကုသိုလ် ကောင်းမှုကိုလည်း မပြုကြကုန်၊ မပေးလှူတတ်ကုန်သော ထိုသူတို့သည် တမလွန်ဘဝ၌ ယမမင်း၏ ပြိတ္တာဘုံ၌တည်နေရကုန်သည်ဖြစ်၍ အကျွန်ုပ်တို့ကဲ့သို့ပင် ငိုကြွေးကြရကုန်၏။

၈၂။ ‘‘တေ ခုပ္ပိပါသူပဂတာ ပရတ္ထ, ပစ္ဆာ [ပေတာ (သီ။)] စိရံ ဈာယရေ ဍယှမာနာ၊

ကမ္မာနိ ကတွာန ဒုခုဒြာနိ, အနုဘောန္တိ ဒုက္ခံ ကဋုကပ္ဖလာနိ။

၈၂။ ထိုသူတို့သည် တမလွန်ဘဝ၌ ဆာလောင်မွတ်သိပ်သော ‘ခုပ္ပိပါသ’ပြိတ္တာဘုံသို့ ကပ် ရောက်ကုန်၏၊ နောက်အခါ၌ ကြာမြင့်စွာ (နှလုံးမသာယာခြင်းဖြင့်) ပူဆွေးကုန်လျက် (ဒုက္ခမီး ဖြင့်) လောင်ကျွမ်းကြရကုန်၏၊ ဆင်းရဲပွါးကြောင်းဖြစ်ကုန်သော စပ်ရှားခံခက်သော အကျိုးရှိသော ကံတို့ကို ပြုသောကြောင့် အပါယ်ဆင်းရဲကို ခံစားကြရကုန်၏။

၈၃။ ‘‘ဣတ္တရံ ဟိ ဓနံ ဓညံ, ဣတ္တရံ ဣဓ ဇီဝိတံ၊

ဣတ္တရံ ဣတ္တရတော ဉတွာ, ဒီပံ ကယိရာထ ပဏ္ဍိတော။

၈၃။ ဤလောက၌ ဥစ္စာစပါးသည် ခဏတာမျှ ဖြစ်၏၊ အသက်သည် ခဏတာမျှ ဖြစ်၏၊ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ခဏတာမျှ ဖြစ်၏ဟု သိ၍ ပညာရှိသည် မိမိမှီရာကုသိုလ်တည်းဟူသော ကျွန်းကို ပြုရာ၏။

၈၄။ ‘‘ယေ တေ ဧဝံ ပဇာနန္တိ, နရာ ဓမ္မဿ ကောဝိဒါ၊

တေ ဒါနေ နပ္ပမဇ္ဇန္တိ, သုတွာ အရဟတံ ဝစော’’တိ။

နာဂပေတဝတ္ထု ဧကာဒသမံ။

၈၄။ တရား၌ လိမ္မာကုန်သော အကြင်သူတို့သည် ဤသို့ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကိုဟုတ်မှန်တိုင်း သိရှိကုန်၏၊ ထိုသူတို့သည် ပူဇော်ခံထိုက်သူ ဘုရားစသော အရိယာတို့၏ စကားကို ကြားနာရ၍ အလှူဒါန၌ မမေ့မလျော့ကြကုန်ဟု (လျှောက်၏)။ တစ်ဆယ့်တစ်ခုမြောက် နာဂပေတဝတ္ထု ပြီး၏။ ၁၂-ဥရဂပေတဝတ္ထု သားသေဆုံးလျက် မငိုကြွေးသော အဖ အမိ နှစ်မ မယားလေးဦးတို့ ပြောပုံနှင့် သေသူူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ ဥပမာအစုံအလင်ပါသောဝတ္တု

စာ-၁၃၇

၁၂။ ဥရဂပေတဝတ္ထု

၈၅။ ‘‘ဥရဂေါဝ တစံ ဇိဏ္ဏံ, ဟိတွာ ဂစ္ဆတိ သန္တနုံ၊

ဧဝံ သရီရေ နိဗ္ဘောဂေ, ပေတေ ကာလင်္ကတေ သတိ။

၈၅။ မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တဝါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ဘဲ အသက်ကင်း၍ သေသည်ရှိသော် မိမိ၏ ဆွေးမြေ့သော ကိုယ်ကို စွန့်၍ သွားရ၏။

၈၆။ ‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊

တသ္မာ ဧတံ န ရောဒါမိ, ဂတော သော တဿ ယာ ဂတိ’’။

၈၆။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို (အကြောင်း ပြု၍) မငိုဟု (သေသူ၏အဖဖြစ်သော ပုဏ္ဏားက ဆို၏)။

၈၇။ ‘‘အနဗ္ဘိတော [အနဝှိတော (သီ။)] တတော အာဂါ, နာနုညာတော ဣတော ဂတော၊

ယထာဂတော တထာ ဂတော, တတ္ထ ကာ [ကာ တတ္ထ (သီ။)] ပရိဒေဝနာ။

၈၇။ ငါ့သား လာလှည့်ဟု မခေါ်ဘဲ ထိုတမလွန်လောကမှ လာ၏၊ ငါ့သား သွားတော့ဟု ခွင့်မပြုဘဲဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် (မခေါ်ဘဲ) လာ၍ ထိုသို့သော အခြင်းအရာအားဖြင့် (ခွင့်မပြုဘဲ) သွား၏၊ ထိုအလိုသို့ မလိုက်ဘဲ ကျင် လည်၍ ဖြစ်ရာ၌ငိုကြွေးမြည်တမ်းခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။

၈၈။ ‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊

တသ္မာ ဧတံ န ရောဒါမိ, ဂတော သော တဿ ယာ ဂတိ’’။

၈၈။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို အကြောင်း ပြု၍ မငိုဟု (အမိပုဏ္ဏားမကဆို၏)။

၈၉။ ‘‘သစေ ရောဒေ ကိသာ အဿံ, တတ္ထ မေ ကိံ ဖလံ သိယာ၊

ဉာတိမိတ္တသုဟဇ္ဇာနံ, ဘိယျော နော အရတီ သိယာ။

၈၉။ အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌ ငါ့အား အဘယ်အကျိုးရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား လွန်စွာ စိတ်မ ချမ်းသာမှုမျှသာဖြစ်ရာ၏။

၉၀။ ‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊

တသ္မာ ဧတံ န ရောဒါမိ, ဂတော သော တဿ ယာ ဂတိ’’။

၉၀။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့မောင်ကို အကြောင်း ပြု၍ မငိုဟု (နှမငယ်ကဆို၏)။

၉၁။ ‘‘ယထာပိ ဒါရကော စန္ဒံ, ဂစ္ဆန္တမနုရောဒတိ၊

ဧဝံ သမ္ပဒမေဝေတံ, ယော ပေတမနုသောစတိ။

၉၁။ သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို ပေးဟု ဆို၍ ငိုသကဲ့သို့ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ဤ သူငယ်၏အဖြစ်နှင့့်တူသည်သာတည်း။

၉၂။ ‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊

တသ္မာ ဧတံ န ရောဒါမိ, ဂတော သော တဿ ယာ ဂတိ’’။

၉၂။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့လင်ကို အကြောင်းပြု၍ မငိုဟု (မယားက ဆို၏)။

၉၃။ ‘‘ယထာပိ ဗြဟ္မေ ဥဒကုမ္ဘော, ဘိန္နော အပ္ပဋိသန္ဓိယော၊

ဧဝံ သမ္ပဒမေဝေတံ, ယော ပေတမနုသောစတိ။

၉၃။ ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တစ်ဖန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင် သူသည်သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ကွဲလေပြီးသော အိုးကို စပ်၍ မရသည်နှင့်တူသည်သာတည်း၏။

၉၄။ ‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊

တသ္မာ ဧတံ န ရောဒါမိ, ဂတော သော တဿ ယာ ဂတီ’’တိ။

ဥရဂပေတဝတ္ထု ဒွါဒသမံ။

ဥရဂဝဂ္ဂေါ ပဌမော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ခေတ္တဉ္စ သူကရံ ပူတိ, ပိဋ္ဌံ စာပိ တိရောကုဋ္ဋံ၊

ပဉ္စာပိ သတ္တပုတ္တဉ္စ, ဂေါဏံ ပေသကာရကဉ္စ၊

တထာ ခလ္လာဋိယံ နာဂံ, ဒွါဒသံ ဥရဂဉ္စေဝါတိ။

၉၄။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤအရှင့်သား ကို အကြောင်းပြု၍ မငိုဟု (ကျွန်မက ဆို၏)။ တစ်ဆယ့်နှစ်ခုမြောက်သော ဥရဂပေတဝတ္ထု ပြီး၏။ ရှေးဦးစွာသော ဥရဂဝဂ် ပြီး၏။ ၂-ဥဗ္ဗရိဝဂ် ၁-သံသာရမောစကပေတိဝတ္ထု ရှေးဘဝ၌ အလှူဒါနပြုရန် တိုက်တွန်းမည့်သူူမရှိ၍ ဒါနမပြုခဲဲ့ရ သေလွန်သောအခါ၊ ကံလှီငတ်မွတ်အဝတ်မပါသော ပြိတ္တာမအား အသျှင်သာရိပုတြာက သနားလှသဖြင့် ဆွမ်း တလုတ်စာလက်တဝါးမျှရေသော အဝတ်သောက်ရေကို လှူကာ အမျှဝေတော်မူူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ

စာ-၁၃၈

၂။ ဥဗ္ဗရိဝဂ္ဂေါ

၁။ သံသာရမောစကပေတိဝတ္ထု

၉၅။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ကိသာ ဓမနိသန္ထတာ၊

ဥပ္ဖါသုလိကေ [ဥပ္ပါသုဠိကေ (က။)] ကိသိကေ, ကာ နု တွံ ဣဓ တိဋ္ဌသီ’’တိ။

၉၅။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

၉၆။ ‘‘အဟံ ဘဒန္တေ ပေတီမှိ, ဒုဂ္ဂတာ ယမလောကိကာ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။

၉၆။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤ လူ့ဘုံမှပြိတ္တာဘုံသို့ လားရောက်ရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။

၉၇။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။

၉၇။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (အသျှင်သာရိပုတြာက မေးပြန်၏)။

၉၈။ ‘‘အနုကမ္ပကာ မယှံ နာဟေသုံ ဘန္တေ, ပိတာ စ မာတာ အထဝါပိ ဉာတကာ၊

ယေ မံ နိယောဇေယျုံ ဒဒါဟိ ဒါနံ, ပသန္နစိတ္တာ သမဏဗြာဟ္မဏာနံ။

၉၈။ အရှင်ဘုရား အမိကသော်လည်းကောင်း, အဖကသော်လည်းကောင်း, ထို့ပြင်ဆွေမျိုးတို့ကသော်လည်းကောင်း အကျွန်ုပ်ကို သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူဒါနကို ပေးလှူလော့ဟု တိုက်တွန်းကြမည့် (ထိုသို့သဘောရှိသော) သနားစောင့်ရှောက်သူတို့သည် အကျွန်ုပ်အား မရှိပါကုန်။

၉၉။ ‘‘ဣတော အဟံ ဝဿသတာနိ ပဉ္စ, ယံ ဧဝရူပါ ဝိစရာမိ နဂ္ဂါ၊

ခုဒါယ တဏှာယ စ ခဇ္ဇမာနာ, ပါပဿ ကမ္မဿ ဖလံ မမေဒံ။

၉၉။ ဤဘဝမှ ဤသုံးခုမြောက်သော ဘဝ၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော အဝတ်မပါကိုယ်ချည်းသာလျှင် ဆာလောင်ခြင်း မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရလျက် အနှစ် ငါးရာတို့ပတ်လုံးလှည့်လည်ခဲ့ရပါ၏၊ ဤအကျိုးသည် မကောင်းမှုကံ၏ အကျိုးပါတည်း။

၁၀၀။ ‘‘ဝန္ဒာမိ တံ အယျ ပသန္နစိတ္တာ, အနုကမ္ပ မံ ဝီရ မဟာနုဘာဝ၊

ဒတွာ စ မေ အာဒိသ ယံ ဟိ ကိဉ္စိ, မောစေဟိ မံ ဒုဂ္ဂတိယာ ဘဒန္တေ’’တိ။

၁၀၀။ အရှင်ဘုရား အရှင်ဘုရားကို ကြည်လင်စိတ်ရှိသည်ဖြစ်၍ ရှိခိုးပါ၏၊ လုံ့လဝီရိယရှိ၍ အာနုဘော်ကြီးတော်မူသော အရှင်ဘုရား အကျွန်ုပ်ကို စောင့်ရှောက်တော်မူပါ၊ တစ်စုံတစ်ရာလှူဒါန်းဖွယ်ကို အကျွန်ုပ်အား ရည်ညွှန်း၍ ပေးလှူတော်မူပြီးလျှင် အကျွန်ုပ်ကို ဒုဂ္ဂတိဘုံမှလွတ်စေတော်မူပါဟု (ပြိတ္တာမက လျှောက်ပြန်၏)။

၁၀၁။ သာဓူတိ သော ပဋိဿုတွာ, သာရိပုတ္တောနုကမ္ပကော၊

ဘိက္ခူနံ အာလောပံ ဒတွာ, ပါဏိမတ္တဉ္စ စောဠကံ၊

ထာလကဿ စ ပါနီယံ, တဿာ ဒက္ခိဏမာဒိသိ။

၁၀၁။ သနားစောင့်ရှောက်တတ်သော ထိုအသျှင်သာရိပုတြာသည် ကောင်းပြီဟု ဝန်ခံပြီး လျှင်ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

၁၀၂။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဝိပါကော ဥဒပဇ္ဇထ၊

ဘောဇနစ္ဆာဒနပါနီယံ, ဒက္ခိဏာယ ဣဒံ ဖလံ။

၁၀၂။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေကို ရခြင်းဟူသော အကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

စာ-၁၃၉

၁၀၃။ တတော သုဒ္ဓါ သုစိဝသနာ, ကာသိကုတ္တမဓာရိနီ၊

ဝိစိတ္တဝတ္ထာဘရဏာ, သာရိပုတ္တံ ဥပသင်္ကမိ။

၁၀၃။ ထိုပြိတ္တာမသည် ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်လျက် အသျှင်သာရိပုတြာထံသို့ ချဥ်းကပ်၏။

၁၀၄။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၁၀၄။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းပစေလျက် တည်ဘိ၏။

၁၀၅။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၁၀၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၀၆။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၆။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ တောက်ပသနည်းဟု အသျှင်သာရိပုတြာက မေး၏)။

၁၀၇။ ‘‘ဥပ္ပဏ္ဍုကိံ ကိသံ ဆာတံ, နဂ္ဂံ သမ္ပတိတစ္ဆဝိံ [အာပတိတစ္ဆဝိံ (သီ။)]၊

မုနိ ကာရုဏိကော လောကေ, တံ မံ အဒ္ဒက္ခိ ဒုဂ္ဂတံ။

၁၀၇။ ကြုံလှီ၍ ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ကာ ဆာလောင်လျက် အဝတ်မပါ ကိုယ်ချည်းသာကိုယ်ရေအဆင်း ပျက်စီးပြီးလျှင် ဒုဂ္ဂတိဘုံသို့ ရောက်နေရသော ထိုအကျွန်ုပ်ကို လောက၌သနားကရုဏာရှိသော ရဟန်းသည် မြင်ပါပြီ။

၁၀၈။ ‘‘ဘိက္ခူနံ အာလောပံ ဒတွာ, ပါဏိမတ္တဉ္စ စောဠကံ၊

ထာလကဿ စ ပါနီယံ, မမ ဒက္ခိဏမာဒိသိ။

၁၀၈။ ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ ၍ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူပါ၏။

၁၀၉။ ‘‘အာလောပဿ ဖလံ ပဿ, ဘတ္တံ ဝဿသတံ ဒသ၊

ဘုဉ္ဇာမိ ကာမကာမိနီ, အနေကရသဗျဉ္ဇနံ။

၁၀၉။ ဆွမ်းတစ်လုတ်၏ အကျိုးကို ရှုပါလော့၊ အနှစ်တစ်သောင်းပတ်လုံး နတ်ထမင်းကိုလည်းကောင်း,များသော အရသာရှိသော ဟင်းကိုလည်းကောင်း အလိုရှိတိုင်း စားသောက် သုံးဆောင်ရပါ၏။

၁၁၀။ ‘‘ပါဏိမတ္တဿ စောဠဿ, ဝိပါကံ ပဿ ယာဒိသံ၊

ယာဝတာ နန္ဒရာဇဿ, ဝိဇိတသ္မိံ ပဋိစ္ဆဒါ။

၁၁၀။ တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်း၏ အကြင်သို့သဘောရှိသော အကျိုးသည် ရှိပါ၏၊ ထိုသို့သဘောရှိသော အကျိုးကို ရှုပါလော့၊ အကြင်မျှလောက် နန္ဒမင်း၏ တိုင်းပြည်၌ အဝတ်တို့သည် ရှိပါကုန်၏။

၁၁၁။ ‘‘တတော ဗဟုတရာ ဘန္တေ, ဝတ္ထာနစ္ဆာဒနာနိ မေ၊

ကောသေယျကမ္ဗလီယာနိ, ခေါမကပ္ပါသိကာနိ စ။

၁၁၁-၂။ အရှင်ဘုရား ထိုအဝတ်တို့ထက် တပည့်တော်မ၏ အဝတ်တို့သည် များပါကုန်၏၊ ပိုးထည်, ကမ္ဗလာထည်တို့သည်လည်းကောင်း, ခေါမထည်, ဝါချည်ထည်တို့သည်လည်းကောင်းအလျားအနံအားဖြင့်လည်း ပြန့်ကျယ်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာလျှင် တွဲရရွဲကျကုန်၏၊ ထိုအကျွန်ုပ်သည် စိတ် နှစ်သက်ရာရာအဝတ်ကို ဝတ်ဆင်ရပါ၏။

၁၁၂။ ‘‘ဝိပုလာ စ မဟဂ္ဃါ စ, တေပါကာသေဝလမ္ဗရေ၊

သာဟံ တံ ပရိဒဟာမိ, ယံ ယံ ဟိ မနသော ပိယံ။

၁၁၃။ ‘‘ထာလကဿ စ ပါနီယံ, ဝိပါကံ ပဿ ယာဒိသံ၊

ဂမ္ဘီရာ စတုရဿာ စ, ပေါက္ခရညော သုနိမ္မိတာ။

၁၁၃-၄။ သောက်ရေတစ်ခွက်၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရှုပါလော့၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်းရှိ ကုန်သော အေးမြ၍ မွှေးပျံ့သင်းကြိုင် လှိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ် ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ် ကုန်သည်ဖြစ်၍ ရေ၏အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

၁၁၄။ ‘‘သေတောဒကာ သုပ္ပတိတ္ထာ, သီတာ အပ္ပဋိဂန္ဓိယာ၊

ပဒုမုပ္ပလသဉ္ဆန္နာ, ဝါရိကိဉ္ဇက္ခပူရိတာ။

စာ-၁၄၀

၁၁၅။ ‘‘သာဟံ ရမာမိ ကီဠာမိ, မောဒါမိ အကုတောဘယာ၊

မုနိံ ကာရုဏိကံ လောကေ, ဘန္တေ ဝန္ဒိတုမာဂတာ’’တိ။

သံသာရမောစကပေတိဝတ္ထု ပဌမံ။

၁၁၅။ အရှင်ဘုရား ထိုအကျွန်ုပ်သည် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ မြူးထူး ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော အရှင် ဘုရားကို ရှိခိုးရန်ရောက်လာပါ၏ဟု (လျှောက်၏)။ ရှေးဦးစွာသော သံသာရမောစကပေတိဝတ္ထု ပြီး၏။ ၂-သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု ရှေးဘဝ၌ အသျှင်သာရိပုတြာ၏ မိခင်ဖြစ်ဖူူး၍ ကုသိုလ်အားနည်းခိုက် ပြိတ္တာဘဝတွင် ဖြစ်ရ၍သားကောင်လူူတို့၏ပြည်သွေးကို စားသောက် သုသာန်ကို အိမ်ပြုနေရသူအား အသျှင်သာရိပုတြာသနားတော်မူသဖြင့်စတုဒ္ဒိသာသံဃိကအလှူပေးကာ အမျှဝေတော်မူူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ

၂။ သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု

၁၁၆။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ကိသာ ဓမနိသန္ထတာ၊

ဥပ္ဖါသုလိကေ ကိသိကေ, ကာ နု တွံ ဣဓ တိဋ္ဌသိ’’။

၁၁၆။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

၁၁၇။ ‘‘အဟံ တေ သကိယာ မာတာ, ပုဗ္ဗေ အညာသု ဇာတီသု၊

ဥပပန္နာ ပေတ္တိဝိသယံ, ခုပ္ပိပါသသမပ္ပိတာ။

၁၁၇။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အရှင်ဘုရား၏ အမိရင်းဖြစ်ခဲ့ဖူးပါ၏၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်နေရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ် စက်ခံနေရပါ၏။

၁၁၈။ ‘‘ဆဍ္ဍိတံ ခိပိတံ ခေဠံ, သိင်္ဃာဏိကံ သိလေသုမံ၊

ဝသဉ္စ ဍယှမာနာနံ, ဝိဇာတာနဉ္စ လောဟိတံ။

၁၁၈။ စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သားဖွား သူတို့၏သွေးကိုလည်းကောင်း,

၁၁၉။ ‘‘ဝဏိကာနဉ္စ ယံ ဃာန-သီသစ္ဆိန္နာန လောဟိတံ၊

ခုဒါပရေတာ ဘုဉ္ဇာမိ, ဣတ္ထိပုရိသနိဿိတံ။

၁၁၉။ အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်းပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောကျာ်းတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်း ကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

၁၂၀။ ‘‘ပုဗ္ဗလောဟိတံ ဘက္ခာမိ [ပုဗ္ဗလောဟိတဘက္ခာသ္မိ (သီ။)], ပသူနံ မာနုသာန စ၊

အလေဏာ အနဂါရာ စ, နီလမဉ္စပရာယဏာ။

၁၂၀။ သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

၁၂၁။ ‘‘ဒေဟိ ပုတ္တက မေ ဒါနံ, ဒတွာ အနွာဒိသာဟိ မေ၊

အပ္ပေဝ နာမ မုစ္စေယျံ, ပုဗ္ဗလောဟိတဘောဇနာ’’တိ။

၁၂၁။ သားတော်ဘုရား အကျွန်ုပ်အတွက် အလှူကို ပေးလှူပါလော့၊ အလှူပေး၍ အကျွန်ုပ်အားရည်ညွှန်းလျက် အလှူဒါန၏ အဖို့ကို ပေးဝေပါလော့၊ ပြည်သွေးကို စားရခြင်း မှ လွတ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

၁၂၂။ မာတုယာ ဝစနံ သုတွာ, ဥပတိဿောနုကမ္ပကော၊

အာမန္တယိ မောဂ္ဂလ္လာနံ, အနုရုဒ္ဓဉ္စ ကပ္ပိနံ။

၁၂၂။ အမိဖြစ်ဖူးသော ပြိတ္တာမ၏ စကားကို ကြား၍ သနားစောင့်ရှောက်တတ်သော ဥပတိဿအမည်ရသော အသျှင်သာရိပုတြာသည် အသျှင်မောဂ္ဂလ္လာန်ကိုလည်းကောင်း, အသျှင်အနုရုဒ္ဓါကိုလည်းကောင်း, အသျှင်ကပ္ပိနကိုလည်းကောင်း ပြောကြားတော်မူ၏။

၁၂၃။ စတဿော ကုဋိယော ကတွာ, သံဃေ စာတုဒ္ဒိသေ အဒါ၊

ကုဋိယော အန္နပါနဉ္စ, မာတု ဒက္ခိဏမာဒိသီ။

၁၂၃။ ကျောင်းငယ်လေးလုံးတို့ကို ဆောက်လုပ်လျက် ကျောင်းတို့ကိုလည်းကောင်း,ထမင်း အဖျော်ကိုလည်းကောင်း စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ အမိအား အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

၁၂၄။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဝိပါကော ဥဒပဇ္ဇထ၊

ဘောဇနံ ပါနီယံ ဝတ္ထံ, ဒက္ခိဏာယ ဣဒံ ဖလံ။

၁၂၄။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေကို ရခြင်းဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၂၅။ တတော သုဒ္ဓါ သုစိဝသနာ, ကာသိကုတ္တမဓာရိနီ၊

ဝိစိတ္တဝတ္ထာဘရဏာ, ကောလိတံ ဥပသင်္ကမိ။

၁၂၅။ (ထိုပြိတ္တာမသည်) ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည် ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်း ကြယ်သော အဝတ်တန်ဆာကို ဝတ်လျက် ကောလိတဟုအမည်ရှိသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဥ်းကပ်၏။

စာ-၁၄၁

၁၂၆။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၁၂၆။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းဘိသကဲ့သို့ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အရပ် မျက်နှာအားလုံးတို့ကို ထွန်းပစေလျက် တည်ဘိသနည်း။

၁၂၇။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၁၂၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤဘဝ၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

၁၂၈။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၂၈။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၂၉။ ‘‘သာရိပုတ္တဿာဟံ မာတာ, ပုဗ္ဗေ အညာသု ဇာတီသု၊

ဥပပန္နာ ပေတ္တိဝိသယံ, ခုပ္ပိပါသသမပ္ပိတာ။

၁၂၉။ အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အသျှင်သာရိပုတြာ၏ အမိ ရင်းပါတည်း၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်ရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

၁၃၀။ ‘‘ဆဍ္ဍိတံ ခိပိတံ ခေဠံ, သိင်္ဃာဏိကံ သိလေသုမံ၊

ဝသဉ္စ ဍယှမာနာနံ, ဝိဇာတာနဉ္စ လောဟိတံ။

၁၃၀-၁။ စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သား ဖွားသူတို့၏သွေးကိုလည်းကောင်း, အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်း ပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောကျာ်းတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်းကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

၁၃၁။ ‘‘ဝဏိကာနဉ္စ ယံ ဃာန-သီသစ္ဆိန္နာန လောဟိတံ၊

ခုဒါပရေတာ ဘုဉ္ဇာမိ, ဣတ္ထိပုရိသနိဿိတံ။

၁၃၂။ ‘‘ပုဗ္ဗလောဟိတံ ဘက္ခိဿံ, ပသူနံ မာနုသာန စ၊

အလေဏာ အနဂါရာ စ, နီလမဉ္စပရာယဏာ။

၁၃၂။ သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

၁၃၃။ ‘‘သာရိပုတ္တဿ ဒါနေန, မောဒါမိ အကုတောဘယာ၊

မုနိံ ကာရုဏိကံ လောကေ, ဘန္တေ ဝန္ဒိတုမာဂတာ’’တိ။

သာရိပုတ္တတ္ထေရဿ မာတုပေတိဝတ္ထု ဒုတိယံ။

၁၃၃။ သားဖြစ်သော သာရိပုတြာ၏ အလှူဒါန ပေးလှူခြင်းဖြင့် မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော ရဟန်းကို ရှိခိုးရန် ရောက်လာပါ၏ဟု (လျှောက်၏)။ နှစ်ခုမြောက်သော သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု ပြီး၏။ ၃-မတ္တာပေတိဝတ္ထု လင်တူူမိန်းမ တိဿာအပေါ်၌ ဝန်တိုမိစ္ဆာစိတ်ဖြင့် မကောင်းပြု မကောင်းပြော မကောင်းကြံများကို အဆန်းတကြယ်ပြုခဲဲ့၍ အဝတ်မပါ ပိန်ချိသော ခန္ဓာဖြင့် ပြိတ္တာဖြစ်နေ ရသူူ မတ္တာအား တိဿာကသနားလှ၍ သံဃာရှစ်ပါးအား ကုသိုလ်ပြုအမျှဝေသဖြင့် နတ်သမီး အလား ချမ်းသာခံစားရသော ပြိတ္တာမ

၃။ မတ္တာပေတိဝတ္ထု

၁၃၄။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ကိသာ ဓမနိသန္ထတာ၊

ဥပ္ဖါသုလိကေ ကိသိကေ, ကာ နု တွံ ဣဓ တိဋ္ဌသီ’’တိ။

၁၃၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်နေသောသူကား အဘယ်သူနည်းဟု (လင်တူမိန်းမ တိဿာက မေး၏)။

၁၃၅။ ‘‘အဟံ မတ္တာ တုဝံ တိဿာ, သပတ္တီ တေ ပုရေ အဟုံ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၃၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ခဲ့ရ ပါ၏ဟု (မတ္တာကဖြေ၏)။

၁၃၆။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၃၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (တိဿာက မေးမြန်း၏)။

စာ-၁၄၂

၁၃၇။ ‘‘စဏ္ဍီ စ ဖရုသာ စာသိံ, ဣဿုကီ မစ္ဆရီ သဌာ [သဌီ (သီ။)]၊

တာဟံ ဒုရုတ္တံ ဝတွာန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၃၇။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ, ကြမ်းတမ်းသော စကားရှိသူ, ငြူစူတတ်သူ, ဝန်တိုသူ,စဥ်းလဲသူ ဖြစ်ခဲ့ဖူးပါ၏၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိသောကြောင့် ဤလူ့ဘုံမှ့ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (မတ္တာက ဖြေ၏)။

၁၃၈။ သဗ္ဗံ [သစ္စံ (က။)] အဟမ္ပိ ဇာနာမိ, ယထာ တွံ စဏ္ဍိကာ အဟု၊

အညဉ္စ ခေါ တံ ပုစ္ဆာမိ, ကေနာသိ ပံသုကုန္ထိတာ’’တိ။

၁၃၈။ မှန်၏၊ သင်သည် ကြမ်းတမ်းသူဖြစ်သော အခြင်းအရာကို ငါ သိ၏၊ အသင့်အား တစ်ပါးသော အကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မြေမှုန့်တို့ဖြင့်ပြွမ်းသော ကိုယ်ရှိသနည်းဟု (တိဿာကမေးပြန်၏)။

၁၃၉။ ‘‘သီသံနှာတာ တုဝံ အာသိ, သုစိဝတ္ထာ အလင်္ကတာ၊

အဟဉ္စ ခေါ [ခေါ တံ (သီ။ က။)] အဓိမတ္တံ, သမလင်္ကတတရာ တယာ။

၁၃၉။ သင် (တိဿာ) သည် ဦးခေါင်းနှင့်တကွ ရေချိုး၏၊ စင်ကြယ်သန့်ရှင်းသော အဝတ် ကို ဝတ်၏၊ တန်ဆာဆင်၏၊ ငါသည်ကား သင့်ထက် အလွန်အကဲ ပိုမို၍ တန်ဆာဆင်၏။

၁၄၀။ ‘‘တဿာ မေ ပေက္ခမာနာယ, သာမိကေန သမန္တယိ၊

တတော မေ ဣဿာ ဝိပုလာ, ကောဓော မေ သမဇာယထ။

၁၄၀။ ထိုငါသည် ကြည့်ရှုနေစဥ် လင်နှင့် သင် စကားပြောနေ၏၊ ထို့ကြောင့် ငါ့အား ငြူစူခြင်းဣဿာသည် ပွါးများလာ၏၊ ငါ့အား အမျက်ဒေါသသည် လွန်စွာ ဖြစ်၏။

၁၄၁။ ‘‘တတော ပံသုံ ဂဟေတွာန, ပံသုနာ တံ ဟိ ဩကိရိံ [တံ ဝိကီရိဟံ (သျာ။ က။)]၊

တဿ ကမ္မဝိပါကေန, တေနမှိ ပံသုကုန္ထိတာ’’တိ။

၁၄၁။ ထို့ကြောင့် မြေမှုန့်ကို ယူ၍ သင့်ကို မြေမှုန့်ဖြင့် ငါ ကြဲချမိခဲ့၏၊ ထိုမကောင်းမှုကံအကျိုးကြောင့် မြေမှုန့်တို့ဖြင့် ပြွမ်းသော ကိုယ်ရှိပါ၏ဟု (မတ္တာက ဖြေ၏)။

၁၄၂။ ‘‘သစ္စံ အဟမ္ပိ ဇာနာမိ, ပံသုနာ မံ တွမောကိရိ၊

အညဉ္စ ခေါ တံ ပုစ္ဆာမိ, ကေန ခဇ္ဇသိ ကစ္ဆုယာ’’တိ။

၁၄၂။ မှန်၏၊ သင် (မတ္တာ) သည် ငါ့ကို မြေမှုန့်ဖြင့် ကြဲချသည်ကို ငါသိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် ဝဲရောဂါ နှိပ်စက်ခံရသနည်းဟု (တိဿာက မေးပြန်၏)။

၁၄၃။ ‘‘ဘေသဇ္ဇဟာရီ ဥဘယော, ဝနန္တံ အဂမိမှသေ၊

တွဉ္စ ဘေသဇ္ဇမာဟရိ, အဟဉ္စ ကပိကစ္ဆုနော။

၁၄၃။ သင်နှင့်ငါ နှစ်ယောက်တို့သည် ဆေးကို ဆောင်ယူရန် တောသို့ သွားရောက်ကြ ကုန်၏၊ သင်သည်ကား ဆေးကို ဆောင်ယူ၏၊ ငါသည်ကား ခွေးလှေးသီးအရိုင်းကို ဆောင် ယူ၏။

၁၄၄။ ‘‘တဿာ တျာဇာနမာနာယ, သေယျံ တျာဟံ သမောကိရိံ၊

တဿ ကမ္မဝိပါကေန, တေန ခဇ္ဇာမိ ကစ္ဆုယာ’’တိ။

၁၄၄။ သင် မသိမီ ငါသည် သင့်အိပ်ရာပေါ်သို့ ခွေးလှေးသီးကို ကြဲချခဲ့၏၊ ထိုမကောင်းမှု ကံကြောင့်ဝဲနာရောဂါ နှိပ်စက်ခံရ၏ဟု (မတ္တာက ဖြေ၏)။

၁၄၅။ ‘‘သစ္စံ အဟမ္ပိ ဇာနာမိ, သေယျံ မေ တွံ သမောကိရိ၊

အညဉ္စ ခေါ တံ ပုစ္ဆာမိ, ကေနာသိ နဂ္ဂိယာ တုဝ’’န္တိ။

၁၄၅။ မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အိပ်ရာနေရာကို (ခွေးလှေးသီး) ကြဲချသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် သင်သည် အဝတ်မရှိသနည်းဟု (တိဿာက မေး၏)။

၁၄၆။ ‘‘သဟာယာနံ သမယော အာသိ, ဉာတီနံ သမိတီ အဟု၊

တွဉ္စ အာမန္တိတာ အာသိ, သသာမိနီ နော စ ခေါ အဟံ။

၁၄၆။ သူငယ်ချင်းတို့၏လည်းကောင်း, ဆွေမျိုးတို့၏လည်းကောင်း ပေါင်းဆုံစည်းဝေးခြင်း သည်ဖြစ်ခဲ့၏၊ လင်နှင့်တကွ သင့်ကို မူ ဖိတ်ခေါ်၏၊ ငါ့ကို ကား မဖိတ်ခေါ်။

၁၄၇။ ‘‘တဿာ တျာဇာနမာနာယ, ဒုဿံ တျာဟံ အပါနုဒိံ၊

တဿ ကမ္မဝိပါကေန, တေနမှိ နဂ္ဂိယာ အဟ’’န္တိ။

၁၄၇။ သင် မသိစဥ် ငါသည် သင်၏ အဝတ်ကို ခိုးယူခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါသည် အဝတ်မရှိဖြစ်ရ၏ဟု (မတ္တာက ဖြေ၏)။

၁၄၈။ ‘‘သစ္စံ အဟမ္ပိ ဇာနာမိ, ဒုဿံ မေ တွံ အပါနုဒိ၊

အညဉ္စ ခေါ တံ ပုစ္ဆာမိ, ကေနာသိ ဂူထဂန္ဓိနီ’’တိ။

၁၄၈။ မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အဝတ်ကို ခိုးယူသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မစင်အနံ့ ရှိသနည်းဟု တိဿာက မေး၏)။

စာ-၁၄၃

၁၄၉။ ‘‘တဝ ဂန္ဓဉ္စ မာလဉ္စ, ပစ္စဂ္ဃဉ္စ ဝိလေပနံ၊

ဂူထကူပေ အဓာရေသိံ [အဓာရေသိံ (က။)], တံ ပါပံ ပကတံ မယာ၊

တဿ ကမ္မဝိပါကေန, တေနမှိ ဂူထဂန္ဓိနီ’’တိ။

၁၄၉။ သင်၏ နံ့သာကိုလည်းကောင်း, ပန်းကိုလည်းကောင်း, အဖိုးများစွာ ထိုက်သော နံ့သာပျောင်းကိုလည်းကောင်း မစင်တွင်း၌ ပစ်ချခဲ့၏၊ ထိုမကောင်းမှုကို ငါသည် ပြုခဲ့၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် မစင်အနံ့ ရှိ၏ဟု (မတ္တာက ဖြေ၏)။

၁၅၀။ ‘‘သစ္စံ အဟမ္ပိ ဇာနာမိ, တံ ပါပံ ပကတံ တယာ၊

အညဉ္စ ခေါ တံ ပုစ္ဆာမိ, ကေနာသိ ဒုဂ္ဂတာ တုဝ’’န္တိ။

၁၅၀။ မှန်၏၊ သင် (မတ္တာ) သည် ထိုမကောင်းမှုကံ ပြုခဲ့သည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးအံ့၊ အဘယ့်ကြောင့် သင်သည် ‘ဒုဂ္ဂတိ’ဘုံသို့ လားရောက် ရသနည်းဟု (တိဿာက မေး၏)။

၁၅၁။ ‘‘ဥဘိန္နံ သမကံ အာသိ, ယံ ဂေဟေ ဝိဇ္ဇတေ ဓနံ၊

သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကာသိမတ္တနော၊

တဿ ကမ္မဝိပါကေန, တေနမှိ ဒုဂ္ဂတာ အဟံ။

၁၅၁။ အိမ်၌ရှိသော ပစ္စည်းဥစ္စာသည် သင်နှင့်ငါ နှစ်ယောက်တို့အား သာတူညီမျှ ဖြစ်၏၊ လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကောင်းမှုကုသိုလ်ကို မပြု၊ ထိုကံ၏ အကျိုးကြောင့်ငါသည် ဒုဂ္ဂတိဘုံသို့ လားရောက်ရပါ၏။

၁၅၂။ ‘‘တဒေဝ မံ တွံ အဝစ, ‘ပါပကမ္မံ နိသေဝသိ၊

န ဟိ ပါပေဟိ ကမ္မေဟိ, သုလဘာ ဟောတိ သုဂ္ဂတီ’’’တိ။

၁၅၂။ သင်သည် မကောင်းမှုကံကို မှီဝဲဘိ၏၊ မကောင်းမှုကံတို့ဖြင့် သုဂတိဘုံကို ရဖို့ မလွယ်ဟုထိုလူဖြစ်စဥ်အခါကပင် ငါ့ကို သင် ပြောခဲ့ဖူး၏ဟု (မတ္တာက ဖြေ၏)။

၁၅၃။ ‘‘ဝါမတော မံ တွံ ပစ္စေသိ, အထောပိ မံ ဥသူယသိ၊

ပဿ ပါပါနံ ကမ္မာနံ, ဝိပါကော ဟောတိ ယာဒိသော။

၁၅၃။ သင်သည် ငါ့ကို ဆန့်ကျင်ဘက်အားဖြင့် ယုံကြည်စွဲလမ်းနေ၏၊ ထို့ပြင်လည်း ငါ့ကို ငြူစူ၏၊ မကောင်းမှုကံတို့၏ အကျိုးသည် ကြမ်းတမ်းသော သဘောရှိသည်ကို ရှုပါလော့။

၁၅၄။ ‘‘တေ ဃရာ တာ စ ဒါသိယော [တေ ဃရဒါသိယော အာသုံ (သီ။ သျာ။), တေ ဃရေ ဒါသိယော စေဝ (က။)], တာနေဝါဘရဏာနိမေ၊

တေ အညေ ပရိစာရေန္တိ, န ဘောဂါ ဟောန္တိ သဿတာ။

၁၅၄။ (ရှေးက သင် သိမ်းဆည်းထားအပ်ကုန်သော) သင်၏ ထိုအိမ်တို့သည် လည်း ကောင်း, ထိုကျွန်မတို့သည်လည်းကောင်း, သင်၏ ထိုအဝတ်တန်ဆာသည်လည်းကောင်း ရှိ ကုန်၏၊ ဤအရာဝတ္ထုတို့ကို သူတစ်ပါးတို့ သုံးဆောင်ကုန်၏၊ စည်းစိမ်တို့သည် မမြဲကုန်။

၁၅၅။ ‘‘ဣဒါနိ ဘူတဿ ပိတာ, အာပဏာ ဂေဟမေဟိတိ၊

အပ္ပေဝ တေ ဒဒေ ကိဉ္စိ, မာ သု တာဝ ဣတော အဂါ’’တိ။

၁၅၅။ ယခုအခါ၌ ကလေးအဖေသည် ဈေးမှ အိမ်သို့ ရောက်လာလတ္တံ့၊ သင့်အား တစ်စုံ တစ်ရာကို ပေးကောင်း ပေးလိမ့်မည်၊ ဤအရပ်မှ မသွားပါနှင့်ဦးဟု (တိဿာက ပြော၏)။

၁၅၆။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါမှိ, ကိသာ ဓမနိသန္ထတာ၊

ကောပီနမေတံ ဣတ္ထီနံ, မာ မံ ဘူတပိတာဒ္ဒသာ’’တိ။

၁၅၆။ ငါသည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိပါ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ် ရှိပါ၏၊ ဤအဝတ်မပါခြင်းစသည်သည် မိန်းမတို့ အတွက် ရှက်စဖွယ်ဖြစ်ပါ၏၊ ငါ့ကို ကလေးအဖေ မမြင်ပါစေလင့်ဟု (မတ္တာက ဆို၏)။

၁၅၇။ ‘‘ဟန္ဒ ကိံ ဝါ တျာဟံ [ကိံ တျာဟံ (သီ။ သျာ။), ကိံ ဝတာဟံ (က။)] ဒမ္မိ, ကိံ ဝါ တေဓ [ကိံ ဝါ စ တေ (သီ။ သျာ။), ကိံ ဝိဓ တေ (က။)] ကရောမဟံ၊

ယေန တွံ သုခိတာ အဿ, သဗ္ဗကာမသမိဒ္ဓိနီ’’တိ။

၁၅၇။ ယခု ငါသည် သင့်အား အဘယ်ကို ပေးရပါမည်နည်း၊ ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံ သင်အလိုရှိသမျှ ပြီးစီးရသော အဘယ်ကျေးဇူးဥပကာရကို မူလည်း ဤအချိန် ဤ အခါဝယ် ငါပြုလုပ်ရပါမည်နည်းဟု (တိဿာက ပြော၏)။

၁၅၈။ ‘‘စတ္တာရော ဘိက္ခူ သံဃတော, စတ္တာရော ပန ပုဂ္ဂလာ၊

အဋ္ဌ ဘိက္ခူ ဘောဇယိတွာ, မမ ဒက္ခိဏမာဒိသ၊

တဒါဟံ သုခိတာ ဟေဿံ, သဗ္ဗကာမသမိဒ္ဓိနီ’’တိ။

၁၅၈။ သံဃာမှ ရဟန်းလေးပါး, ပုဂ္ဂိုလ်မှ လေးပါး (ပေါင်း) ရှစ်ပါးသော ရဟန်းတို့ကို ဆွမ်းကျွေး၍ ငါ့အား အလှူ၏ အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါ ငါသည် ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံအလိုရှိသမျှ ပြီးစီးသည် ဖြစ်ရပါလိမ့်မည်ဟု (မတ္တာက ဖြေ၏)။

၁၅၉။ သာဓူတိ သာ ပဋိဿုတွာ, ဘောဇယိတွာဋ္ဌ ဘိက္ခဝေါ၊

ဝတ္ထေဟစ္ဆာဒယိတွာန, တဿာ ဒက္ခိဏမာဒိသီ။

၁၅၉။ တိဿာသည် ကောင်းပြီဟု ဝန်ခံ၍ ရဟန်းရှစ်ပါးတို့ကို ဆွမ်းကျွေးပြီးလျှင် အဝတ် တို့ကို လှူဒါန်းလျက် ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။

စာ-၁၄၄

၁၆၀။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဝိပါကော ဥဒပဇ္ဇထ၊

ဘောဇနစ္ဆာဒနပါနီယံ, ဒက္ခိဏာယ ဣဒံ ဖလံ။

၁၆၀။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၆၁။ တတော သုဒ္ဓါ သုစိဝသနာ, ကာသိကုတ္တမဓာရိနီ၊

ဝိစိတ္တဝတ္ထာဘရဏာ, သပတ္တိံ ဥပသင်္ကမိ။

၁၆၁။ ထို့နောက် (မတ္တာပြိတ္တာမသည်) စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင်တူ တိဿာအထံသို့ ချဥ်းကပ်၏။

၁၆၂။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၁၆၂။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပ သကဲ့သို့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၆၃။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၁၆၃။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၆၄။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၆၄။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပလျက် တည်ဘိသနည်းဟု (တိဿာက မေး၏)။

၁၆၅။ ‘‘အဟံ မတ္တာ တုဝံ တိဿာ, သပတ္တီ တေ ပုရေ အဟုံ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။

၁၆၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ ပါ၏။

၁၆၆။ ‘‘တဝ ဒိန္နေန ဒါနေန, မောဒါမိ အကုတောဘယာ၊

စီရံ ဇီဝါဟိ ဘဂိနိ, သဟ သဗ္ဗေဟိ ဉာတိဘိ၊

အသောကံ ဝိရဇံ ဌာနံ, အာဝါသံ ဝသဝတ္တိနံ။

၁၆၆။ သင် ပေးလှူအပ်သော အလှူဖြင့် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ ညီမဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော နတ်ဘုံဌာနသို့ (ရောက်ပါစေလော့) ဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ (ရောက်ပါစေ လော့)။

၁၆၇။ ‘‘ဣဓ ဓမ္မံ စရိတွာန, ဒါနံ ဒတွာန သောဘနေ၊

ဝိနေယျ မစ္ဆေရမလံ သမူလံ, အနိန္ဒိတာ သဂ္ဂမုပေဟိ ဌာန’’န္တိ။

မတ္တာပေတိဝတ္ထု တတိယံ။

၁၆၇။ တင့်တယ်သော ညီမတိဿာ ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာဝန်တိုခြင်း ‘မစ္ဆေရ’ အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့့ကပ်ရောက်ပါစေလော့ဟု (မတ္တာက ဆုံးမစကား ပြောကြား၏)။ သုံးခုမြောက်သော မတ္တာပေတိဝတ္ထု ပြီး၏။ ၄-နန္ဒာပေတိဝတ္ထု လင့်အပေါ်၌ မရိုသေ မလေးစား စကားကြမ်းစွာ ပြောဆိုခဲဲ့သော ကြာင့် ပြိတ္တာဘဝတွင် ရုပ်သွင်မည်းနက်ကြောက်မက်ဖွယ် ရုပ်အဆင်းရှိနေရာ လင်ဖြစ်သူူမြင်တွေ့က သနားလှ သဖြင့် ရဟန်းတို့အားကျောင်းအိပ်ရာစသည်လှူဒါန်း၍ အမျှအတန်းဝေမှ ချမ်းသာရာရသော ပြိတ္တာမ

၄။ နန္ဒာပေတိဝတ္ထု

၁၆၈။ ‘‘ကာဠီ ဒုဗ္ဗဏ္ဏရူပါသိ, ဖရုသာ ဘီရုဒဿနာ၊

ပိင်္ဂလာသိ ကဠာရာသိ, န တံ မညာမိ မာနုသိ’’န္တိ။

၁၆၈။ သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံ့ရှာဖွယ် ပုံပန်းသဏ္ဌာန်ရှိသူ, ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသူ, ကြောက်မက်ဖွယ် အမြင်ရှိသူ, ကြောင်သော မျက်စိ ကျဲသော သွားရှိသူ ဖြစ်၏၊ သင့်ကို လူမိန်းမဟု ငါ မထင်ဟု (လင်ဟောင်း နန္ဒိသေနက ပြော၏)။

၁၆၉။ ‘‘အဟံ နန္ဒာ နန္ဒိသေန, ဘရိယာ တေ ပုရေ အဟုံ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၆၉။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (နန္ဒာကပြော၏)။

စာ-၁၄၅

၁၇၀။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၇၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (နန္ဒိသေနက မေးပြန်၏)။

၁၇၁။ ‘‘စဏ္ဍီ စ ဖရုသာ စာသိံ [စဏ္ဍီ ဖရုသဝါစာ စ (သီ။)], တယိ စာပိ အဂါရဝါ၊

တာဟံ ဒုရုတ္တံ ဝတွာန, ပေတလောကံ ဣတော ဂတာ’’တိ။

၁၇၁။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊ သင့် အပေါ်၌လည်းမရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရ၏ဟု (နန္ဒာက ပြော၏)။

၁၇၂။ ‘‘ဟန္ဒုတ္တရီယံ ဒဒါမိ တေ, ဣမံ [ဣဒံ (သီ။ အဋ္ဌ။)] ဒုဿံ နိဝါသယ၊

ဣမံ ဒုဿံ နိဝါသေတွာ, ဧဟိ နေဿာမိ တံ ဃရံ။

၁၇၂။ ယခု သင့်အား ငါ၏ အပေါ်ရုံအဝတ်ကို ပေးအံ့၊ ဤပုဆိုးကို ဝတ်လော့၊ ဤပုဆိုး ကို ဝတ်၍ လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။

၁၇၃။ ‘‘ဝတ္ထဉ္စ အန္နပါနဉ္စ, လစ္ဆသိ တွံ ဃရံ ဂတာ၊

ပုတ္တေ စ တေ ပဿိဿသိ, သုဏိသာယော စ ဒက္ခသီ’’တိ။

၁၇၃။ သင်သည် အိမ်သို့ ရောက်သည်ရှိသော် အဝတ်ကိုလည်းကောင်း, ထမင်း အဖျော်ကိုလည်းကောင်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ဟု (နန္ဒိသေနက ပြော၏)။

၁၇၄။ ‘‘ဟတ္ထေန ဟတ္ထေ တေ ဒိန္နံ, န မယှံ ဥပကပ္ပတိ၊

ဘိက္ခူ စ သီလသမ္ပန္နေ, ဝီတရာဂေ ဗဟုဿုတေ။

၁၇၄-၅။ သင်၏ လက်ဖြင့် အကျွန်ုပ်အား ပေးသော ပစ္စည်းသည် အကျွန်ုပ်လက်သို့ မရ မရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့်ပြည့်စုံကုန်သော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့်နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါအကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံ နှင့် ပြည့်စုံသူဖြစ်ပါလိမ့်မည်ဟု (နန္ဒာကပြောပြန်၏)။

၁၇၅။ ‘‘တပ္ပေဟိ အန္နပါနေန, မမ ဒက္ခိဏမာဒိသ၊

တဒါဟံ သုခိတာ ဟေဿံ, သဗ္ဗကာမသမိဒ္ဓိနီ’’တိ။

၁၇၆။ သာဓူတိ သော ပဋိဿုတွာ, ဒါနံ ဝိပုလမာကိရိ၊

အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ၊

ဆတ္တံ ဂန္ဓဉ္စ မာလဉ္စ, ဝိဝိဓာ စ ဥပါဟနာ။

၁၇၆။ ထိုနန္ဒိသေနသည် ကောင်းပြီဟု ဝန်ခံ၍ ထမင်း, အဖျော်, ခဲဖွယ်, အဝတ်, ကျောင်း,အိပ်ရာ နေရာ, ထီး, နံ့သာပန်း အထူးထူး အပြားပြားသော ဖိနပ်ဟူသော ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချလှူဒါန်း၏။

၁၇၇။ ဘိက္ခူ စ သီလသမ္ပန္နေ, ဝီတရာဂေ ဗဟုဿုတေ၊

တပ္ပေတွာ အန္နပါနေန, တဿာ ဒက္ခိဏမာဒိသီ။

၁၇၇။ ရာဂကင်းကုန်သော၊ အကြားအမြင်များကုန်သော၊ သီလနှင့်ပြည့်စုံကုန်သော ရဟန်း တို့ကို ထမင်း အဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏အဖို့ကို ရည် ညွှန်းပေးဝေ၏။

၁၇၈။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဝိပါကော ဥဒပဇ္ဇထ၊

ဘောဇနစ္ဆာဒနပါနီယံ, ဒက္ခိဏာယ ဣဒံ ဖလံ။

၁၇၈။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေ ရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၇၉။ တတော သုဒ္ဓါ သုစိဝသနာ, ကာသိကုတ္တမဓာရိနီ၊

ဝိစိတ္တဝတ္ထာဘရဏာ, သာမိကံ ဥပသင်္ကမိ။

၁၇၉။ ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ် ကာသိတိုင်း ဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင် နန္ဒိသေန ထံသို့ချဥ်းကပ်၏။

၁၈၀။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၁၈၀။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၈၁။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၁၈၁။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ် ပေါ်ကုန်သနည်း။

စာ-၁၄၆

၁၈၂။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၈၂။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို (ငါ) မေး၏၊ လူဖြစ်စဥ်က အဘယ် ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်းဟု (နန္ဒိသေနက မေး၏)။

၁၈၃။ ‘‘အဟံ နန္ဒာ နန္ဒိသေန, ဘရိယာ တေ ပုရေ အဟုံ၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။

၁၈၃။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၁၈၄။ ‘‘တဝ ဒိန္နေန ဒါနေန, မောဒါမိ အကုတောဘယာ၊

စိရံ ဇီဝ ဂဟပတိ, သဟ သဗ္ဗေဟိ ဉာတိဘိ၊

အသောကံ ဝိရဇံ ခေမံ, အာဝါသံ ဝသဝတ္တိနံ။

၁၈၄။ သင် ပေးလှူအပ်သော အလှူဖြင့် တစ်စုံတစ်ရာ မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော် ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော ဘေးမရှိသောဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ ရောက်ပါစေ လော့။

၁၈၅။ ‘‘ဣဓ ဓမ္မံ စရိတွာန, ဒါနံ ဒတွာ ဂဟပတိ၊

ဝိနေယျ မစ္ဆေရမလံ သမူလံ, အနိန္ဒိတော သဂ္ဂမုပေဟိ ဌာန’’န္တိ။

နန္ဒာပေတိဝတ္ထု စတုတ္ထံ။

၁၈၅။ သူကြွယ် ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာ ဝန်တိုခြင်း ‘မစ္ဆေရ’အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေလော့ဟု (နန္ဒာက ဆုံးမစကား ပြောကြား၏)။ လေးခုမြောက်သော နန္ဒာပေတိဝတ္ထု ပြီး၏ ၅-မဋ္ဌကုဏ္ဍလီပေတဝတ္ထု သူဌေးသားဖြစ်လျက် ဒါန သီလမပြု စုတိကျခါနီးမှ ဘုရားကို ဖူူးမြင်ရ၍ ကြင်လင်သဒ္ဓါ ရှိခိုးရသော စေတနာကြောင့် တာဝတိံသာ နတ်သားစာရင်းဝင် ဖြစ်ရကြောင်းဖြင့် စေးနှဲသော ဖခင်ကို ရှင်းပြပြောကြား သတိတရားရဖွယ်ကောင်းသောဝတ္တု

၅။ မဋ္ဌကုဏ္ဍလီပေတဝတ္ထု

၁၈၆။ [ဝိ။ ဝ။ ၁၂၀၇] ‘‘အလင်္ကတော မဋ္ဌကုဏ္ဍလီ, မာလဓာရီ ဟရိစန္ဒနုဿဒေါ၊

ဗာဟာ ပဂ္ဂယှ ကန္ဒသိ, ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝ’’န္တိ။

၁၈၆။ တန်ဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားတောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခရောက် သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်တမ်းဘိသနည်းဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

၁၈၇။ ‘‘သောဝဏ္ဏမယော ပဘဿရော, ဥပ္ပန္နော ရထပဉ္ဇရော မမ၊

တဿ စက္ကယုဂံ န ဝိန္ဒာမိ, တေန ဒုက္ခေန ဇဟာမိ ဇီဝိတ’’န္တိ။

၁၈၇။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရထားအိမ် ကား ရှိပါ၏၊ ထိုရထားလှည်းအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသော ဆင်းရဲကြောင့်အသက်ကို စွန့်ရပါတော့အံ့ဟု (မဋ္ဌကုဏ္ဍလီက ပြောဆို၏)။

၁၈၈။ ‘‘သောဝဏ္ဏမယံ မဏိမယံ, လောဟိတကမယံ [လောဟိတင်္ဂမယံ (သျာ။), လောဟိတင်္ကမယံ (သီ။), လောဟမယံ (ကတ္ထစိ)] အထ ရူပိယမယံ၊

အာစိက္ခ မေ ဘဒ္ဒမာဏဝ, စက္ကယုဂံ ပဋိပါဒယာမိ တေ’’တိ။

၁၈၈။ လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့် ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့် စုံအောင် ငါ လုပ်၍ ပေးအံ့ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

စာ-၁၄၇

၁၈၉။ သော မာဏဝေါ တဿ ပါဝဒိ, ‘‘စန္ဒသူရိယာ ဥဘယေတ္ထ ဒိဿရေ၊

သောဝဏ္ဏမယော ရထော မမ, တေန စက္ကယုဂေန သောဘတီ’’တိ။

၁၈၉။ ဤလောက၌ နေလနှစ်ပါးတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထား သည်ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။

၁၉၀။ ‘‘ဗာလော ခေါ တွံ အသိ မာဏဝ, ယော တွံ ပတ္ထယသေ အပတ္ထိယံ၊

မညာမိ တုဝံ မရိဿသိ, န ဟိ တွံ လစ္ဆသိ စန္ဒသူရိယေ’’တိ။

၁၉၀။ လုလင် သင်သည် တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တလေသောကြောင့့်မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေရမည်၊ နေလတို့ကို ရလိမ့်မည် မဟုတ်ဟုငါ အောက်မေ့၏ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၉၁။ ‘‘ဂမနာဂမနမ္ပိ ဒိဿတိ, ဝဏ္ဏဓာတု ဥဘယတ္ထ ဝီထိယာ၊

ပေတော ကာလကတော န ဒိဿတိ, ကော နိဓ ကန္ဒတံ ဗာလျတရော’’တိ။

၁၉၁။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သောသူကို မူကား မတွေ့ မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက် တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်းဟု (လုလင်က ဆို၏)။

၁၉၂။ ‘‘သစ္စံ ခေါ ဝဒေသိ မာဏဝ, အဟမေဝ ကန္ဒတံ ဗာလျတရော၊

စန္ဒံ ဝိယ ဒါရကော ရုဒံ, ပေတံ ကာလကတာဘိပတ္ထယိ’’န္တိ။

၁၉၂။ လုလင် သင်သည် အမှန်ကို သာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့် ငါနှစ်ယောက်တို့တွင် ငါကသာ ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေး မြည်တမ်းနေသောသူငယ်ကဲ့သို့ သေလွန်သောသူကို ငါတောင့်တမိလေပြီဟု (အဒိန္နပုဗ္ဗက က ဆို၏)။

၁၉၃။ ‘‘အာဒိတ္တံ ဝတ မံ သန္တံ, ဃတသိတ္တံဝ ပါဝကံ၊

ဝါရိနာ ဝိယ ဩသိဉ္စံ, သဗ္ဗံ နိဗ္ဗာပယေ ဒရံ။

၁၉၃။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည်သော ကမီး တောက်လောင် နေသော ငါ၏ပူပန်မှုအားလုံးကို အေးစေလေပြီတကား။

၁၉၄။ ‘‘အဗ္ဗဟီ [အဗ္ဗူဠှံ (သျာ။ က။)] ဝတ မေ သလ္လံ, သောကံ ဟဒယနိဿိတံ၊

ယော မေ သောကပရေတဿ, ပုတ္တသောကံ အပါနုဒိ။

၁၉၄။ အကြင်သင်သည် ပူဆွေးမှုသော ကနှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၁၉၅။ ‘‘သွာဟံ အဗ္ဗူဠှသလ္လောသ္မိ, သီတိဘူတောသ္မိ နိဗ္ဗုတော၊

န သောစာမိ န ရောဒါမိ, တဝ သုတွာန မာဏဝါ’’တိ။

၁၉၅။ လုလင် ထိုငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ, ငြိမ်းချမ်းပြီး သူ,ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၁၉၆။ ‘‘ဒေဝတာ နုသိ ဂန္ဓဗ္ဗော, အဒု သက္ကော ပုရိန္ဒဒေါ၊

ကော ဝါ တွံ ကဿ ဝါ ပုတ္တော, ကထံ ဇာနေမု တံ မယ’’န္တိ။

၁၉၆။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသ လော၊သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည်အဘယ်မည်သောသူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့သိကြရကုန်အံ့နည်းဟု (အဒိန္နပုဗ္ဗက က ထပ်၍ မေးပြန်၏)။

၁၉၇။ ‘‘ယဉ္စ ကန္ဒသိ ယဉ္စ ရောဒသိ, ပုတ္တံ အာဠာဟနေ သယံ ဒဟိတွာ၊

သွာဟံ ကုသလံ ကရိတွာ ကမ္မံ, တိဒသာနံ သဟဗျတံ ဂတော’’တိ။

၁၉၇။ ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင်အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင်အပေါင်း အဖော်အဖြစ်သို့ရောက်၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြော၏)။

စာ-၁၄၈

၁၉၈။ ‘‘အပ္ပံ ဝါ ဗဟုံ ဝါ နာဒ္ဒသာမ, ဒါနံ ဒဒန္တဿ သကေ အဂါရေ၊

ဥပေါသထကမ္မံ ဝါ တာဒိသံ, ကေန ကမ္မေန ဂတောသိ ဒေဝလောက’’န္တိ။

၁၉၈။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကို သော်လည်း ကောင်း,များစွာသော အလှူကို သော်လည်းကောင်း, ငါတို့ မမြင်ကြရပါကုန်၊ သင် စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကို သော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံ ကြောင့် သင်သည်နတ်ပြည်သို့ လားရောက်ရသနည်းဟု (အဒိန္နပုဗ္ဗက က မေးပြန်၏)။

၁၉၉။ ‘‘အာဗာဓိကောဟံ ဒုက္ခိတော ဂိလာနော, အာတုရရူပေါမှိ သကေ နိဝေသနေ၊

ဗုဒ္ဓံ ဝိဂတရဇံ ဝိတိဏ္ဏကင်္ခံ, အဒ္ဒက္ခိံ သုဂတံ အနောမပညံ။

၁၉၉။ (ပုဏ္ဏား) ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ သူနာ ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူကင်းတော်မူပြီးသော မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

၂၀၀။ ‘‘သွာဟံ မုဒိတမနော ပသန္နစိတ္တော, အဉ္ဇလိံ အကရိံ တထာဂတဿ၊

တာဟံ ကုသလံ ကရိတွာန ကမ္မံ, တိဒသာနံ သဟဗျတံ ဂတော’’တိ။

၂၀၀။ ပုဏ္ဏား ထိုငါသည် ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအားလက်အုပ်ချီခဲ့ဖူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာ နတ်တို့၏အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြောဆို၏)။

၂၀၁။ ‘‘အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ, အဉ္ဇလိကမ္မဿ အယမီဒိသော ဝိပါကော၊

အဟမ္ပိ မုဒိတမနော ပသန္နစိတ္တော, အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာမီ’’တိ။

၂၀၁။ အံ့ဖွယ်ရှိပါပေစွာ့တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွာ့တကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုး ဖြစ်ဘိသေး၏၊ ငါသည်လည်း ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိ သည် ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်တော့အံ့ဟု (အဒိန္နပုဗ္ဗက က ပြော၏)။

၂၀၂။ ‘‘အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာဟိ, ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော၊

တထေဝ သိက္ခာယ ပဒါနိ ပဉ္စ, အခဏ္ဍဖုလ္လာနိ သမာဒိယဿု။

၂၀၂။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်း ကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုး မပျက်အောင်ဆောက်တည်လေလော့။

၂၀၃။ ‘‘ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယဿု၊

အမဇ္ဇပေါ မာ စ မုသာ ဘဏာဟိ, သကေန ဒါရေန စ ဟောဟိ တုဋ္ဌော’’တိ။

၂၀၃။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါလော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဥ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကားကိုလည်းမပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ဟု မဋ္ဌကုဏ္ဍလီ နတ်သားက ပြောကြား၏)။

၂၀၄။ ‘‘အတ္ထကာမောသိ မေ ယက္ခ, ဟိတကာမောသိ ဒေဝတေ၊

ကရောမိ တုယှံ ဝစနံ, တွံသိ အာစရိယော မမာတိ။

၂၀၄။ နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူ ဖြစ်ပေ၏၊ နတ်သား ငါ၏ အစီး အပွားကိုလည်းအလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါ လိုက်နာပါ၏၊ သင်သည် ငါ၏ ဆရာ ဖြစ်ပါပေ၏။

၂၀၅။ ‘‘ဥပေမိ သရဏံ ဗုဒ္ဓံ, ဓမ္မဉ္စာပိ အနုတ္တရံ၊

သံဃဉ္စ နရဒေဝဿ, ဂစ္ဆာမိ သရဏံ အဟံ။

၂၀၅။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်းကောင်း, မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

စာ-၁၄၉

၂၀၆။ ‘‘ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ၊

အမဇ္ဇပေါ နော စ မုသာ ဘဏာမိ၊ သကေန ဒါရေန စ ဟောမိ တုဋ္ဌော’’တိ။

မဋ္ဌကုဏ္ဍလီပေတဝတ္ထု ပဉ္စမံ။

၂၀၆။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဥ်ပါ၏၊ လောက၌ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဥ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော ‘မုသား’စကား ကိုလည်းမပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ရပါ၏ဟု (အဒိန္နပုဗ္ဗက က ဆို၏)။ ငါးခုမြောက်သော မဋ္ဌကုဏ္ဍလီပေဝတ္ထု ပြီး၏။ ၆-ကဏှပေတဝတ္ထု သားသေ၍ ပူူဆွေးနေသောဝါသုဒေဝမင်းကို ညီဃဋပဏ္ဍိတက သေခြင်းတရားပြ၍ ဆုံးမပုံနှင့် တရားရ၍ သော ကကင်းပုံ အစုံပါသောဝတ္တု

၆။ ကဏှပေတဝတ္ထု

၂၀၇။ ‘‘ဥဋ္ဌေဟိ ကဏှ ကိံ သေသိ, ကော အတ္ထော သုပနေန တေ၊

ယော စ တုယှံ သကော ဘာတာ, ဟဒယံ စက္ခု စ [စက္ခုံဝ (အဋ္ဌ။)] ဒက္ခိဏံ၊

တဿ ဝါတာ ဗလီယန္တိ, သသံ ဇပ္ပတိ [ဃဋော ဇပ္ပတိ (က။)] ကေသဝါ’’တိ။

၂၀၇။ ကဏှအနွယ်ဖြစ်သောဝါသုဒေဝမင်းမြတ် ထပါလော့၊ အဘယ်ကြောင့် လျောင်းလဲခွေအိပ်စက်နေရပါသနည်း၊ သင် မင်းမြတ်အား လျောင်းလဲခွေ အိပ်စက်နေခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ သင်၏ နှလုံးသား သင်၏ လကျာ်မျက်စိနှင့်တူသော ညီအရင်း ဃဋပညာ ရှိအားလေတို့သည် လွှမ်းမိုးနှိပ်စက်နေပါကုန်၏၊ ကေသဝမင်းမြတ် ဃဋပညာရှိသည် ‘ယုန် ပေးကြပါ’ဟုမြည်တမ်းနေပါ၏ (ဟု ရောဟိဏေယျအမတ်က ပြော၏)။

၂၀၈။ ‘‘တဿ တံ ဝစနံ သုတွာ, ရောဟိဏေယျဿ ကေသဝေါ၊

တရမာနရူပေါ ဝုဋ္ဌာသိ, ဘာတုသောကေန အဋ္ဋိတော။

၂၀၈။ ရောဟိဏေယျမည်သော ထိုအမတ်၏ စကားကို ကြား၍ ကေသဝမင်းမြတ်သည်ညီကြောင့်ဖြစ်သော ပူဆွေးမှုသော က နှိပ်စက်သည်ဖြစ်ရကား လျောင်းစက်ရာမှ ဆောလျင်စွာ ထ၏၊

၂၀၉။ ‘‘ကိံ နု ဥမ္မတ္တရူပေါဝ, ကေဝလံ ဒွါရကံ ဣမံ၊

သသော သသောတိ လပသိ, ကီဒိသံ သသမိစ္ဆသိ။

၂၀၉။ အဘယ့်ကြောင့် သူရူးကဲ့သို့ ဤဒွါရဝတီတစ်မြို့လုံး အနှံ့လှည့်လည်လျက် ‘ယုန် ယုန်’ဟုမြည်တမ်းနေဘိသနည်း၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်း။

၂၁၀။ ‘‘သောဝဏ္ဏမယံ မဏိမယံ, လောဟမယံ အထ ရူပိယမယံ၊

သင်္ခသိလာပဝါဠမယံ, ကာရယိဿာမိ တေ သသံ။

၂၁၀။ ရွှေဖြင့်ပြီးသော ယုန်လော၊ မြကျောက်ရတနာဖြင့် ပြီးသော ယုန်လော၊ ကြေးနီဖြင့် ပြီးသော ယုန်လော၊ ငွေစင်ဖြင့် ပြီးသော ယုန်လော၊ ခရုသင်း ကျောက်သလင်းသန္တာဖြင့် ပြီးသော ယုန်လော၊ သင့်အတွက် ယုန်ကို ပြုလုပ်စေပါအံ့။

၂၁၁။ ‘‘သန္တိ အညေပိ သသကာ, အရညဝနဂေါစရာ၊

တေပိ တေ အာနယိဿာမိ, ကီဒိသံ သသမိစ္ဆသီ’’တိ။

၂၁၁။ တောကြီးမြိုင်လယ်၌ ကျက်စားကြသော အခြားယုန်တို့သည် လည်း ရှိကြကုန်၏၊ ထိုယုန်တို့ကိုလည်း သင့်အား ဆောင်ယူပေးအံ့၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်းဟု (ကေသဝမင်းက ပြောဆိုမေးမြန်း၏)။

၂၁၂။ ‘‘နာဟမေတေ သသေ ဣစ္ဆေ, ယေ သသာ ပထဝိဿိတာ၊

စန္ဒတော သသမိစ္ဆာမိ, တံ မေ ဩဟရ ကေသဝါ’’တိ။

၂၁၂။ မြေ၌မှီကုန်သော ယုန်တို့ကို အကျွန်ုပ် အလိုမရှိ၊ လဗိမာန်မှ ယုန်ကို သာ အလိုရှိ ပါ၏၊ ကေသဝမင်းမြတ် အကျွန်ုပ်အား ထိုယုန်ကို ဆောင်ယူပေးလော့ (ဟု ဃဋပဏ္ဍိတ က ဖြေကြား၏)။

၂၁၃။ ‘‘သော နူန မဓုရံ ဉာတိ, ဇီဝိတံ ဝိဇဟိဿသိ၊

အပတ္ထိယံ ပတ္ထယသိ, စန္ဒတော သသမိစ္ဆသီ’’တိ။

၂၁၃။ ညီတော် သင်သည် လဗိမာန်မှ ယုန်ကို တောင့်တဘိ၏၊ တောင့်တမရကောင်းသည်ကို သင်တောင့်တဘိ၏၊ ထိုသင်သည် ကောင်းမြတ်သော အသက်ကို မုချ စွန့်ရလိမ့်မည်ဟု ငါထင်၏ဟု (ကေသဝမင်းက ပြောဆို၏)။

၂၁၄။ ‘‘ဧဝံ စေ ကဏှ ဇာနာသိ, ယထညမနုသာသသိ၊

ကသ္မာ ပုရေ မတံ ပုတ္တံ, အဇ္ဇာပိ မနုသောစသိ။

၂၁၄။ ကဏှအနွယ်ဖြစ်သောဝါသုဒေဝမင်းမြတ် သူတစ်ပါးကို ဆုံးမသကဲ့သို့ ဤအတူ သင်သည်သိတော်မူခဲ့ပါမူ ရှေး (လေးလလောက်) က သေသော သားကို (အကြောင်းပြု၍) ယနေ့တိုင်အောင်အဘယ့်ကြောင့် ပူဆွေးနေရဘိသနည်း။

၂၁၅။ ‘‘န ယံ လဗ္ဘာ မနုဿေန, အမနုဿေန ဝါ ပန၊

ဇာတော မေ မာ မရိ ပုတ္တော, ကုတော လဗ္ဘာ အလဗ္ဘိယံ။

၂၁၅။ မွေးဖွားလာသော ငါ၏ သားသည် မသေပါစေလင့်ဟု လူသည်လည်းကောင်း,နတ်သည်လည်းကောင်း (တောင့်တ၍) မရနိုင်၊ ယင်းသို့ တောင့်တ၍ မရကောင်းသောဝတ္ထုကို အဘယ်မှာ ရနိုင်ပါမည်နည်း။

စာ-၁၅၀

၂၁၆။ ‘‘န မန္တာ မူလဘေသဇ္ဇာ, ဩသဓေဟိ ဓနေန ဝါ၊

သက္ကာ အာနယိတုံ ကဏှ, ယံ ပေတမနုသောစသိ။

၂၁၆။ ကဏှအနွယ်ဖြစ်သော နောင်တော်မင်းမြတ် သင်သည် သေသူကို အကြောင်းပြု၍ အဖန်တလဲလဲပူဆွေး၏၊ ထိုသေသူကို မန္တန်မန်းမှုတ်ခြင်းဖြင့်သော်လည်းကောင်း, ဆေးမြစ် ဖြင့်သော်လည်းကောင်း,အထူးစီရင်ဖော်စပ်သော ဆေးတို့ဖြင့်သော်လည်းကောင်း ဆောင်ယူ ခြင်းငှါ မတတ်ကောင်း။

၂၁၇။ ‘‘မဟဒ္ဓနာ မဟာဘောဂါ, ရဋ္ဌဝန္တောပိ ခတ္တိယာ၊

ပဟူတဓနဓညာသေ, တေပိ နော [နတ္ထေတ္ထပါဌဘေဒေါ] အဇရာမရာ။

၂၁၇။ များသော ဥစ္စာရှိကုန်သော များသော စည်းစိမ်ရှိကုန်သော မင်းမျိုး၌ဖြစ်၍ များသော ဥစ္စာစပါးလည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၁၈။ ‘‘ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ, သုဒ္ဒါ စဏ္ဍာလပုက္ကုသာ၊

ဧတေ စညေ စ ဇာတိယာ, တေပိ နော အဇရာမရာ။

၂၁၈။ မင်းမျိုးတို့သည်လည်းကောင်း ပုဏ္ဏားမျိုးတို့သည်လည်းကောင်း, ကုန်သည်မျိုးတို့သည်လည်းကောင်း, သူဆင်းရဲမျိုးတို့သည်လည်းကောင်း, ဒွန်းစဏ္ဍားမျိုး ပန်းမှိုက်သွန်မျိုးတို့သည်လည်းကောင်း, ထိုဆိုအပ်ခဲ့ပြီးသူတို့မှ တစ်ပါးသော အမျိုးဇာတ်ရှိသူတို့သည်လည်းကောင်းရှိကုန်၏၊ ထိုသူတို့သည် လည်း အိုရကုန်, သေရကုန်သေး၏။

၂၁၉။ ‘‘ယေ မန္တံ ပရိဝတ္တေန္တိ, ဆဠင်္ဂံ ဗြဟ္မစိန္တိတံ၊

ဧတေ စညေ စ ဝိဇ္ဇာယ, တေပိ နော အဇရာမရာ။

၂၁၉။ (ပုဏ္ဏားတို့အကျိုးငှါ) ဗြဟ္မာသည် ကြံစည် ဟောပြောအပ်သော အင်္ဂါခြောက်ပါး တို့နှင့် ယှဥ်သော ဗေဒင်ကို သရဇ္ဈာယ်ပို့ချကုန်သောသူတို့သည်လည်းကောင်း, တစ်ပါးသော အတတ်ပညာနှင့်ပြည့်စုံသူတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသူတို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၂၀။ ‘‘ဣသယော ဝါပိ [ဣသယော စာပိ (ဝိမာနဝတ္ထု ၉၉)] ယေ သန္တာ, သညတတ္တာ တပဿိနော၊

သရီရံ တေပိ ကာလေန, ဝိဇဟန္တိ တပဿိနော။

၂၂၀။ ကိုယ်စိတ်တို့ဖြင့် ငြိမ်းသော သဘောရှိကုန်သော စောင့်စည်းအပ်သော စိတ်ရှိ၍ ကိလေသာကို ပူပန်စေတတ်သော အကျင့်လည်းရှိကုန်သော ရသေ့ရဟန်းတို့သော်မှလည်း သေ ချိန်ရောက်သောအခါကိုယ်ကို စွန့်လွှတ်ကြရကုန်သေး၏။

၂၂၁။ ‘‘ဘာဝိတတ္တာ အရဟန္တော, ကတကိစ္စာ အနာသဝါ၊

နိက္ခိပန္တိ ဣမံ ဒေဟံ, ပုညပါပပရိက္ခယာ’’တိ။

၂၂၁။ (စတုသစ္စကမ္မဋ္ဌာန်းဘာဝနာ၌) ပွားများပြီးသော စိတ်ရှိကုန်သော, မဂ်ကိစ္စကို ပြုပြီးကုန်သော,အာသဝေါကင်းကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ် အကုသိုလ်ကံ ကုန်ခြင်းကြောင့်ဤခန္ဓာကိုယ်ကို စွန့်ပစ်ကြရကုန်သေး၏ဟု (ဃဋပဏ္ဍိတက ပြော၏)။

၂၂၂။ ‘‘အာဒိတ္တံ ဝတ မံ သန္တံ, ဃတသိတ္တံဝ ပါဝကံ၊

ဝါရိနာ ဝိယ ဩသိဉ္စံ, သဗ္ဗံ နိဗ္ဗာပယေ ဒရံ။

၂၂၂။ ညီတော် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည် (သော က) မီးတောက် လောင်နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၂၂၃။ ‘‘အဗ္ဗဟီ ဝတ မေ သလ္လံ, သောကံ ဟဒယနိဿိတံ၊

ယော မေ သောကပရေတဿ, ပုတ္တသောကံ အပါနုဒိ။

၂၂၃။ အကြင်သင်သည် ပူဆွေးမှုသော ကနှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်ပါပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၂၂၄။ ‘‘သွာဟံ အဗ္ဗူဠှသလ္လောသ္မိ, သီတိဘူတောသ္မိ နိဗ္ဗုတော၊

န သောစာမိ န ရောဒါမိ, တဝ သုတွာန ဘာတိက’’ [ဘာသိတံ (သျာ။)]။

၂၂၄။ ညီတော် ငါသည် ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ, ငြိမ်း ချမ်းပြီးသူ,ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ ညီတော် သင်၏ တရားစကားကို ကြားနာရ သောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၂၂၅။ ဧဝံ ကရောန္တိ သပ္ပညာ, ယေ ဟောန္တိ အနုကမ္ပကာ၊

နိဝတ္တယန္တိ သောကမှာ, ဃဋော ဇေဋ္ဌံဝ ဘာတရံ။

၂၂၅။ အကြင်ပညာရှိတို့သည် သနားစောင့်ရှောက်တတ်ကုန်၏၊ ထိုပညာရှိတို့သည် ဤသို့ပင့်ပြုလုပ်ကြကုန်၏၊ ဃဋ (ပဏ္ဍိတ) သည် နောင်တော်ကို ပူဆွေးမှုသော ကမှ ငြိမ်းစေသကဲ့သို့တစ်ပါးသော ပညာရှိတို့သည် လည်း ပူဆွေးမှုသော ကမှ ငြိမ်းအေးစေကုန်၏။

၂၂၆။ ယဿ ဧတာဒိသာ ဟောန္တိ, အမစ္စာ ပရိစာရကာ၊

သုဘာသိတေန အနွေန္တိ, ဃဋော ဇေဋ္ဌံဝ ဘာတရန္တိ။

ကဏှပေတဝတ္ထု ဆဋ္ဌံ။

၂၂၆။ ဃဋ (ပဏ္ဍိတ) သည် နောင်တော်ကို ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေသကဲ့သို့အကြင်သူအား ဤသို့သဘောရှိကုန်သော အမတ်တို့သည်လည်းကောင်း, အလုပ်အကျွေးတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသူအား ထိုအမတ်အလုပ်အကျွေးတို့သည် ကောင်းစွာပြောဆိုခြင်းဖြင့် အတုလိုက်စေကုန်၏ဟု (ဝါသုဒေဝမင်းကြီးက ပြောဆို၏)။ ခြောက်ခုမြောက်သော ကဏှပေတဝတ္ထု ပြီး၏။ ၇-ဓနပါလသေဋ္ဌိပေတဝတ္ထု ရှေးဘဝ သူဌေးဖြစ်စဥ် အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်စဥ်းလဲ ကောက်ကျစ် သောကြောင့် သေသောအခါ ပြိတ္တာဖြစ်ကာ ငါးဆယ့်ငါးနှစ်ပတ်လုံး အစာမရ ရေမတွေ့ရဘဲဲ ဒုက္ခကြီးစွာ ခံစားပြီးနောက်သံတံတိုင်း ကာရံထားသော ငရဲဲသို့ ကျရဦးမည့် ပြိတ္တာ

စာ-၁၅၁

၇။ ဓနပါလသေဋ္ဌိပေတဝတ္ထု

၂၂၇။ ‘‘နဂ္ဂေါ ဒုဗ္ဗဏ္ဏရူပေါသိ, ကိသော ဓမနိသန္ထတော၊

ဥပ္ဖါသုလိကော ကိသိကော, ကော နု တွမသိ မာရိသ’’။

၂၂၇။ သင်သည် အဝတ်မပါ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန် ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ နံရိုးပြိုင်းပြိုင်းထွက်၍ ကြုံလှီလှ၏၊ အချင်း သင်သည် အဘယ်သူနည်းဟု (ကုန်သည်များက မေး၏)။

၂၂၈။ ‘‘အဟံ ဘဒန္တေ ပေတောမှိ, ဒုဂ္ဂတော ယမလောကိကော၊

ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတော’’။

၂၂၈။ အရှင်တို့ အကျွန်ုပ်သည် မကောင်းသော လားရာရှိသော ယမမင်း၏ နိုင်ငံ၌ ဖြစ်သော ပြိတ္တာ ဖြစ်ပါ၏၊ မကောင်းမှုကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လား ရောက်ရပါ၏ဟု (ပြိတ္တာက ဖြေ၏)။

၂၂၉။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတော’’။

၂၂၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရဲ့ပါသနည်း (ဟု ကုန်သည်များက ထပ်မေး၏)။

၂၃၀။ ‘‘နဂရံ အတ္ထိ ပဏ္ဏာနံ [ဒသန္နာနံ (သီ။ သျာ။ ပီ။)], ဧရကစ္ဆန္တိ ဝိဿုတံ၊

တတ္ထ သေဋ္ဌိ ပုရေ အာသိံ, ဓနပါလောတိ မံ ဝိဒူ။

၂၃၀။ ပဏ္ဏမင်းတို့၏ ဧရကစ္ဆာဟု ကျော်ကြားသော မြို့သည် ရှိ၏၊ ထိုမြို့၌ ရှေးဘဝက သူဌေးဖြစ်ခဲ့ဖူး၏၊ အကျွန်ုပ်ကို ဓနပါလဟု သိကြပါကုန်၏။

၂၃၁။ ‘‘အသီတိ သကဋဝါဟာနံ, ဟိရညဿ အဟောသိ မေ၊

ပဟူတံ မေ ဇာတရူပံ, မုတ္တာ ဝေဠုရိယာ ဗဟူ။

၂၃၁။ အကျွန်ုပ်အား ရွှေငွေလှည်းအစီး ရှစ်ဆယ်တိုက် ရှိပါ၏၊ အကျွန်ုပ်အား ရွှေသည် များလှပါ၏၊ ပုလဲ, ကြောင်မျက်ရွဲတို့သည် များပြားပါကုန်၏။

၂၃၂။ ‘‘တာဝ မဟဒ္ဓနဿာပိ, န မေ ဒါတုံ ပိယံ အဟု၊

ပိဒဟိတွာ ဒွါရံ ဘုဉ္ဇိံ [ဘုဉ္ဇာမိ (သီ။ သျာ။)], မာ မံ ယာစနကာဒ္ဒသုံ။

၂၃၂။ ထိုမျှလောက် များသော ဥစ္စာရှိသော်လည်း အကျွန်ုပ်သည် ပေးလှူရန် မနှစ်သက်ပါ၊ အကျွန်ုပ်ကို ဖုန်းတောင်းယာစကာတို့သည် မမြင်စေကုန်လင့်ဟု နှလုံးပြု၍ တံခါးကို ပိတ် လျက် သုံးဆောင်စားသောက်ပါ၏။

၂၃၃။ ‘‘အဿဒ္ဓေါ မစ္ဆရီ စာသိံ, ကဒရိယော ပရိဘာသကော၊

ဒဒန္တာနံ ကရောန္တာနံ, ဝါရယိဿံ ဗဟု ဇနေ [ဗဟုဇ္ဇနံ (သီ။ သျာ။)]။

၂၃၃။ အကျွန်ုပ်သည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိသူ, ဝန်တိုသူ, စဥ်းလဲသူ ဖြစ်ခဲ့ပါ၏၊ အလှူ ဒါနကို ပေးလှူကုန်သော ကုသိုလ်ကောင်းမှုကို ပြုသောသူတို့ကို ခြိမ်းချောက်တတ်၏၊ များ စွာသော လူတို့ကို ကုသိုလ်ကောင်းမှုမှ တားမြစ်မိခဲ့ပါ၏။

၂၃၄။ ‘‘ဝိပါကော နတ္ထိ ဒါနဿ, သံယမဿ ကုတော ဖလံ၊

ပေါက္ခရညောဒပါနာနိ, အာရာမာနိ စ ရောပိတေ၊

ပပါယော စ ဝိနာသေသိံ, ဒုဂ္ဂေ သင်္ကမနာနိ စ။

၂၃၄။ ပေးလှူ ခြင်း၏ အကျိုးသည် မရှိ၊ စောင့်စည်းခြင်း၏ အကျိုးကား အဘယ်မှာ ရှိအံ့ နည်း၊ လေးထောင့်ကန်တို့ကိုလည်းကောင်း, ရေတွင်းတို့ကိုလည်းကောင်း, စိုက်ပျိုးအပ်သော အရံဥယျာဥ်တို့ကိုလည်းကောင်း, ရေအိုးစင်တို့ကိုလည်းကောင်း (ရွှံ့ညွန်ရေတို့ကြောင့်) အသွား ခက်သော ခရီး၌ တံတားတို့ကို ဖျက်ဆီးခဲ့ပါပြီ။

၂၃၅။ ‘‘သွာဟံ အကတကလျာဏော, ကတပါပေါ တတော စုတော၊

ဥပပန္နော ပေတ္တိဝိသယံ, ခုပ္ပိပါသသမပ္ပိတော။

၂၃၅။ ကောင်းမှုကို မပြုမူ၍ မကောင်းမှုကို သာ ပြုသော ထိုအကျွန်ုပ်သည် ထိုလူ့ပြည်မှစုတေခဲ့သည်ရှိသော် ပြိတ္တာဘုံ၌ ဖြစ်၍ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

၂၃၆။ ‘‘ပဉ္စပဏ္ဏာသဝဿာနိ, ယတော ကာလင်္ကတော အဟံ၊

နာဘိဇာနာမိ ဘုတ္တံ ဝါ, ပီတံ ဝါ ပန ပါနိယံ။

၂၃၆။ အကျွန်ုပ်သည် သေသောအခါမှစ၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး စားရသည်ကိုလည်း ကောင်း,သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိရစဖူးပါ။

၂၃၇။ ‘‘ယော သံယမော သော ဝိနာသော,ယော ဝိနာသော သော သံယမော၊

ပေတာ ဟိ ကိရ ဇာနန္တိ, ယော သံယမော သော ဝိနာသော။

၂၃၇။ ပေးလှူမှုမှ ရှောင်ကြဥ်ခြင်းဟူသော မပေးလှူ ခြင်းသည် ရှိ၏၊ ထိုမပေးလှူ ခြင်း သည်သတ္တဝါတို့ပျက်စီးကြောင်း မည်၏၊ အကြင် ပျက်စီးကြောင်းသည် ရှိ၏၊ ထိုပျက်စီး ကြောင်းသည်လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဥ်ခြင်းဟူသော မပေးလှူ ခြင်းပင်တည်း၊ ထိုစကားမှန်၏၊ ပေးလှူမှုမှ ရှောင်ကြဥ်ခြင်းဟူသော မပေးလှူခြင်းသည် ပျက် စီးကြောင်းတည်းဟုပြိတ္တာတို့ သိကြကုန်သည်သာတည်း။

စာ-၁၅၂

၂၃၈။ ‘‘အဟံ ပုရေ သံယမိဿံ, နာဒါသိံ ဗဟုကေ ဓနေ၊

သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကာသိမတ္တနော၊

သွာဟံ ပစ္ဆာနုတပ္ပါမိ, အတ္တကမ္မဖလူပဂေါ။

၂၃၈။ အကျွန်ုပ်သည် ရှေးဘဝက လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဥ် ခဲ့ပါပြီ၊ ဥစ္စာများစွာရှိနေပါလျက် မပေးလှူခဲ့ပေ၊ လှူဖွယ်ဝတ္ထုတို့ရှိပါကုန်လျက် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့ပေ၊ ထိုအကျွန်ုပ်သည် မိမိကံအကျိုးသို့ကပ်ရောက်ရသည်ဖြစ်၍ နောက်မှ နောင်တရပါ၏။

၂၃၉။ [ပေ။ ဝ။ ၆၉] ‘‘ဥဒ္ဓံ စတူဟိ မာသေဟိ, ကာလံကိရိယာ ဘဝိဿတိ၊

ဧကန္တကဋုကံ ဃောရံ, နိရယံ ပပတိဿဟံ။

၂၃၉-၂၄၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံ တူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့် မည်။

၂၄၀။ [ပေ။ ဝ။ ၇၀] ‘‘စတုက္ကဏ္ဏံ စတုဒွါရံ, ဝိဘတ္တံ ဘာဂသော မိတံ၊

အယောပါကာရပရိယန္တံ, အယသာ ပဋိကုဇ္ဇိတံ။

၂၄၁။ [ပေ။ ဝ။ ၇၁] ‘‘တဿ အယောမယာ ဘူမိ, ဇလိတာ တေဇသာ ယုတာ၊

သမန္တာ ယောဇနသတံ, ဖရိတွာ တိဋ္ဌတိ သဗ္ဗဒါ။

၂၄၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ထက်ဝန်းကျင်ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။

၂၄၂။ [ပေ။ ဝ။ ၇၂] ‘‘တတ္ထာဟံ ဒီဃမဒ္ဓါနံ, ဒုက္ခံ ဝေဒိဿ ဝေဒနံ၊

ဖလံ ပါပဿ ကမ္မဿ, တသ္မာ သောစာမဟံ ဘုသံ။

၂၄၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုး ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

၂၄၃။ ‘‘တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ, ယာဝန္တေတ္ထ သမာဂတာ၊

မာကတ္ထ ပါပကံ ကမ္မံ, အာဝိ ဝါ ယဒိ ဝါ ရဟော။

၂၄၃။ ထို့ကြောင့် အရှင်တို့အား လျှောက်ပါ၏၊ အရှင်တို့အား ကောင်းခြင်းမင်္ဂလာ ဖြစ် ပါစေ၊ ဤအရပ်၌ စုဝေးရောက်လာသမျှသော အရှင်ကောင်းတို့သည် မျက်မှောက်၌သော်လည်းကောင်း,မျက်ကွယ်၌သော်လည်းကောင်း မကောင်းမှုကံကို မပြုကြပါကုန်လင့်။

၂၄၄။ ‘‘သစေ တံ ပါပကံ ကမ္မံ, ကရိဿထ ကရောထ ဝါ၊

န ဝေါ ဒုက္ခာ ပမုတျတ္ထိ [ပမုတ္တတ္ထိ (သဗ္ဗတ္ထ) ဥဒါ။ ၄၄ ပဿိတဗ္ဗံ], ဥပ္ပစ္စာပိ [ဥပေစ္စာပိ (သျာ။ က။)] ပလာယတံ။

၂၄၄။ ထိုမကောင်းမှု (ကံ) ကို အကယ်၍ နောင်အခါ ပြုလိမ့်မည်ဖြစ်ပါမူ ယခုလည်း ပြုနေ ပါမူပျံတက်၍ ထွက်ပြေးကြကုန်သော်လည်း အရှင်တို့အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်။

၂၄၅။ ‘‘မတ္တေယျာ ဟောထ ပေတ္တေယျာ, ကုလေ ဇေဋ္ဌာပစာယိကာ၊

သာမညာ ဟောထ ဗြဟ္မညာ, ဧဝံ သဂ္ဂံ ဂမိဿထာ’’တိ။

ဓနပါလသေဋ္ဌိပေတဝတ္ထု သတ္တမံ။

၂၄၅။ အမိ၏ အကျိုးစီးပွား, အဖ၏ အကျိုးစီးပွား (အလို့ငှါ) လုပ်ကျွေးကြကုန်လော့၊ အမျိုး၌ကြီးသူတို့အား အရိုအသေ ပြုကြကုန်လော့၊ ရဟန်းကို ပူဇော်ကြကုန်လော့၊ မကောင်းမှုကို အပပြုပြီးသောသူကို ပူဇော်ကြကုန်လော့၊ ဤသို့ ပြုကျင့်ကြပါမူ နတ်ပြည်သို့ သွားရလတ္တံ့ဟု (ပြိတ္တာကဆုံးမစကား ပြောကြား၏)။ ခုနစ်ခုမြောက်သော ဓနပါလသေဋ္ဌိပေတဝတ္ထု ပြီး၏။ ၈-စူဠသေဋ္ဌိပေတဝတ္ထု ပစ္စည်းကြွယ်ဝလျက် ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိလျက် စုတိသောအခါ ပြိတ္တာဖြစ်ကာအဇာတသတ်မင်းနှင့် တွေ့ရာတွင် အကြောင်းရင်းကို ဖြေရှင်း၍ သမီးရင်းက ကုသိုလ်ပြု သော်လည်းအလှူခံမစင်ကြယ်၍ အကျိုးမရ အဇာတသတ်မင်း ကိုယ်တိုင် သံဃာအား ပေးလှူ၍ အမျှအတန်းဝေမှချမ်းသာခွင့်ရသော ပြိတ္တာ

၈။ စူဠသေဋ္ဌိပေတဝတ္ထု

၂၄၆။ ‘‘နဂ္ဂေါ ကိသော ပဗ္ဗဇိတောသိ ဘန္တေ, ရတ္တိံ ကုဟိံ ဂစ္ဆသိ ကိဿ ဟေတု၊

အာစိက္ခ မေ တံ အပိ သက္ကုဏေမု, သဗ္ဗေန ဝိတ္တံ ပဋိပါဒယေ တုဝ’’န္တိ။

၂၄၆။ အရှင် (အရှင်သည်) အဝတ်မဆီး အချည်းနှီးဖြစ်လျက် ကြုံလှီသော ရဟန်း ဖြစ်ပေ၏၊ အဘယ်ကြောင့် ညဥ့်အခါ၌ အဘယ်အရပ်သို့ သွားမည်နည်း၊ အရှင်သည် အကျွန်ုပ်အား (လာခြင်း၏အကြောင်းကို) အကယ်၍ ပြောစွမ်းနိုင်မူ ပြောကြားပါလော့၊ အရှင်ဘုရားကို အလုံးစုံသော စည်းစိမ်ဖြင့်ပြီးစေနိုင်ငြားအံ့လည်း မသိဟု (အဇာတသတ်က မေး၏)။

စာ-၁၅၃

၂၄၇။ ‘‘ဗာရာဏသီ နဂရံ ဒူရဃုဋ္ဌံ, တတ္ထာဟံ ဂဟပတိ အဍ္ဎကော အဟု ဒီနော၊

အဒါတာ ဂေဓိတမနော အာမိသသ္မိံ, ဒုဿီလျေန ယမဝိသယမှိ ပတ္တော။

၂၄၇။ အဝေးတိုင်အောင် ကျော်ကြားသော ဗာရာဏသီမြို့သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုမြို့၌ပစ္စည်းဥစ္စာကြွယ်ဝသော မပေးလှူလိုသောသူကြွယ် ဖြစ်ခဲ့ပါ၏၊ အာမိသ၌ ကပ်ငြိသော စိတ်ရှိ၍ မပေးလှူတတ်၊ မကောင်းသော အကျင့်ကြောင့် ယမမင်းနိုင်ငံ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၂၄၈။ ‘‘သော သူစိကာယ ကိလမိတော တေဟိ,

တေနေဝ ဉာတီသု ယာမိ အာမိသကိဉ္စိက္ခဟေတု၊

အဒါနသီလာ န စ သဒ္ဒဟန္တိ,

ဒါနဖလံ ဟောတိ ပရမှိ လောကေ။

၂၄၈။ ထိုအကြောင်းတို့ကြောင့် ထိုအကျွန်ုပ်သည် ထိုးဆွတတ်သော အပ်နှင့်တူသောကြောင့် သူစိကာဟုရအပ်သော အမည်ရှိသော မွတ်သိပ်ခြင်းဖြင့် ပင်ပန်းရပါ၏၊ ထို့ကြောင့်ပင်လျှင် ဆွေမျိုးတို့ထံအနည်းငယ်သော အာမိသဟူသော အကြောင်းကြောင့် သွားပါ၏၊ ပေးလှူလေ့ မရှိသူတို့သည် တမလွန်လောက၌ အလှူ၏ အကျိုးသည် ဖြစ်၏ဟု မယုံကြည်ကြပါကုန်။

၂၄၉။ ‘‘ဓီတာ စ မယှံ လပတေ အဘိက္ခဏံ, ‘ဒဿာမိ ဒါနံ ပိတူနံ ပိတာမဟာနံ’၊

တမုပက္ခဋံ ပရိဝိသယန္တိ ဗြာဟ္မဏာ [ဗြာဟ္မဏေ (သီ။)], ‘ယာမိ အဟံ အန္ဓကဝိန္ဒံ ဘောတ္တု’’’န္တိ။

၂၄၉။ အကျွန်ုပ်၏ သမီးသည်လည်း အမိအဖတို့အတွက်လည်းကောင်း, အဘိုးအဘွားတို့အတွက်လည်းကောင်း အလှူကို ပေးလှူအံ့ဟု မပြတ်ပြောကြားပါ၏၊ စီရင်အပ်သော ထို အလှူကို ပုဏ္ဏားတို့အား ကျွေးမွေးပါကုန်၏၊ အကျွန်ုပ်သည် စားသောက်ရန် အန္ဓကဝိန္ဒမြို့သို့ သွားပါအံ့ဟု (ပြိတ္တာက ဖြေ၏)။

၂၅၀။ တမဝေါစ ရာဇာ ‘‘အနုဘဝိယာန တမ္ပိ,

ဧယျာသိ ခိပ္ပံ အဟမပိ ကဿံ ပူဇံ၊

အာစိက္ခ မေ တံ ယဒိ အတ္ထိ ဟေတု,

သဒ္ဓါယိတံ ဟေတုဝစော သုဏောမာ’’တိ။

၂၅၀။ ထိုသမီးလှူသော အလှူကိုလည်း ခံစားပြီး၍ လျင်စွာ လာခဲ့ပါဦး၊ ငါသည်လည်း ပူဇော်ခြင်းကို ပြုလုပ်အံ့ အကယ်၍ အကြောင်းရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြား ပါလော့၊ ယုံကြည်ထိုက်သော အကြောင်းစကားကို နားထောင်လိုပါကုန်၏ဟု အဇာတသတ် မင်းသည် ထိုပြိတ္တာကို ပြောဆို၏။

၂၅၁။ ‘တထာ’တိ ဝတွာ အဂမာသိ တတ္ထ, ဘုဉ္ဇိံသု ဘတ္တံ န စ ဒက္ခိဏာရဟာ၊

ပစ္စာဂမိ ရာဇဂဟံ ပုနာပရံ, ပါတုရဟောသိ ပုရတော ဇနာဓိပဿ။

၂၅၁။ ပြိတ္တာသည် ကောင်းပြီဟု ဆို၍ သွားပြီးလျှင် ထိုအန္ဓကဝိန္ဒမြို့ဝယ် ထမင်းကို ဒုဿီလပုဏ္ဏားတို့သည် စားကုန်၍ မြတ်သော အလှူကိုု ခံထိုက်သော သီလရှိသော ပုဂ္ဂိုလ်တို့မစားကုန်ရကား တစ်ဖန် ရာဇဂြိုဟ်မြို့သို့ ပြန်လာ၍ လူတို့ကို အစိုးရသော (အဇာတသတ်) မင်း၏ရှေ့၌ ထင်ရှားဖြစ်၏။

၂၅၂။ ဒိသွာန ပေတံ ပုနဒေဝ အာဂတံ, ရာဇာ အဝေါစ ‘‘အဟမပိ ကိံ ဒဒါမိ၊

အာစိက္ခ မေ တံ ယဒိ အတ္ထိ ဟေတု, ယေန တုဝံ စိရတရံ ပီဏိတော သိယာ’’တိ။

၂၅၂။ အဇာတသတ်မင်းသည် တစ်ဖန် ပြန်လာသော ပြိတ္တာကို မြင်၍ ငါသည်လည်း အဘယ်ကို ပေးလှူရအံ့နည်း၊ သင်သည် ကြာမြင့်စွာ နှစ်သက်မှုဖြစ်ရာသော အကြောင်း အကယ်၍ ရှိခဲ့ပါမူထိုအကြောင်းကို ငါ့အား ပြောကြားပါလော့ (ဟု ပြောဆို၏။)

၂၅၃။ ‘‘ဗုဒ္ဓဉ္စ သံဃံ ပရိဝိသိယာန ရာဇ, အန္နေန ပါနေန စ စီဝရေန၊

တံ ဒက္ခိဏံ အာဒိသ မေ ဟိတာယ, ဧဝံ အဟံ စိရတရံ ပီဏိတော သိယာ’’တိ။

၂၅၃။ အဇာတသတ်မင်း ထမင်း, အဖျော်, သင်္ကန်းဖြင့် မြတ်စွာဘုရားကိုလည်းကောင်း,သံဃာတော်ကိုလည်းကောင်း လုပ်ကျွေးပါလော့၊ ထိုအလှူ၏အဖို့ကို အကျွန်ုပ်၏ အကျိုးစီးပွား အလို့ငှါရည်ညွှန်းပေးဝေပါလော့၊ ဤသို့ရည်ညွှန်းပေးဝေသည်ရှိသော် အကျွန်ုပ်သည် ကြာမြင့် စွာ နှစ်သက်မှုဖြစ်ရာပါ၏ဟု (လျှောက်ထား၏)။

စာ-၁၅၄

၂၅၄။ တတော စ ရာဇာ နိပတိတွာ တာဝဒေ [တာဝဒေဝ (သျာ။), တဒေဝ (က။)], ဒါနံ သဟတ္ထာ အတုလံ ဒဒိတွာ [အတုလဉ္စ ဒတွာ (သျာ။ က။)] သံဃေ၊

အာရောစေသိ ပကတံ [အာရောစယီ ပကတိံ (သီ။ သျာ။)] တထာဂတဿ, တဿ စ ပေတဿ ဒက္ခိဏံ အာဒိသိတ္ထ။

၂၅၄။ ထိုစကားကြောင့် အဇာတသတ်မင်းသည် ထွက်၍ ထိုခဏ၌ပင် အတုမရှိသော အလှူ ကို ကိုယ်တိုင် သံဃာအား ပေးလှူ ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ပြီးလျှင်ပြိတ္တာအားလည်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။

၂၅၅။ သော ပူဇိတော အတိဝိယ သောဘမာနော, ပါတုရဟောသိ ပုရတော ဇနာဓိပဿ၊

‘‘ယက္ခောဟမသ္မိ ပရမိဒ္ဓိပတ္တော, န မယှမတ္ထိ သမာ သဒိသာ [မယှမိဒ္ဓိသမသဒိသာ (သီ။ သျာ။)] မာနုသာ။

၂၅၅။ အလှူကို ရည်ညွှန်းပေးဝေသည်ရှိသော် ထိုပြိတ္တာသည် အလွန်တင့်တယ်လျက် လူ တို့ကို အစိုးရသော မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏၊ အကျွန်ုပ်သည် လွန်စွာ ပြည့်စုံခြင်းသို့ ရောက်သော နတ်ဖြစ်ရပါ၏၊ အကျွန်ုပ်နှင့် တူမျှသော လူတို့သည် မရှိကုန်။

၂၅၆။ ‘‘ပဿာနုဘာဝံ အပရိမိတံ မမယိဒံ, တယာနုဒိဋ္ဌံ အတုလံ ဒတွာ သံဃေ၊

သန္တပ္ပိတော သတတံ သဒါ ဗဟူဟိ, ယာမိ အဟံ သုခိတော မနုဿဒေဝါ’’တိ။

စူဠသေဋ္ဌိပေတဝတ္ထု အဋ္ဌမံ နိဋ္ဌိတံ။

ဘာဏဝါရံ ပဌမံ နိဋ္ဌိတံ။

၂၅၆။ သင် မင်းမြတ်သည် သံဃာတော်အား အတုမရှိသော အလှူကို လှူ ၍ အကျွန်ုပ်အား ရည်ညွှန်းပေးဝေပါ၏၊ မနှိုင်းယှဥ်အပ်သော အကျွန်ုပ်၏ အာနုဘော်ကို ရှုပါလော့၊ အမြဲ မပြတ် အခါခပ်သိမ်းများစွာသော ထမင်းအဖျော်စသည်တို့ဖြင့် တင်းတိမ်ရောင့်ရဲရပါ၏၊ လူမင်း အကျွန်ုပ်သည်ချမ်းသာသည်ဖြစ်၍ သွားပါတော့အံ့ (ဟု အဇာတသတ်မင်းအား ပြန် ကြား၏)။ ရှစ်ခုမြောက်သော စူဠသေဋ္ဌိပေတဝတ္ထု ပြီး၏။ ပဌမဘာဏဝါရ ပြီး၏။ ၉-အင်္ကုရပေတဝတ္ထု အသယှသူဌေးအလှူတွင် အလှူခံတို့အား လမ်းညွှန်ဘူူး၍ တန်ခိုးကြီးသော နတ်သား ဖြစ်ရသူူနှင့်ထိုအလှူတွင် ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်ခဲဲ့သော်လည်း အလှူခံတို့အား မဲဲ့ရွဲဲ့ခဲဲ့ဖူူး၍ အရုပ်ဆိုးလျက် ငတ်မွတ်နေသည့် ပြိတ္တာဖြစ်ရသူူတို့ အကြောင်းအရာ အစုံအလင်နှင့် သာသနာတွင်းကုသိုလ် သာသနာပကုသိုလ်တို့၏ အကျိုးပေးခြားနားပုံ အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ စည်းစိမ်အခွင့်အရေး ကွာခြားပုံ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ဘုရားကိုယ်တော်တိုင် ဟောကြား တော်မူူပုံ အစုံပါသောဝတ္ထု

၉။ အင်္ကုရပေတဝတ္ထု

၂၅၇။ ‘‘ယဿ အတ္ထာယ ဂစ္ဆာမ, ကမ္ဗောဇံ ဓနဟာရကာ၊

အယံ ကာမဒဒေါ ယက္ခော, ဣမံ ယက္ခံ နယာမသေ။

၂၅၇။ အကြင်အကြောင်းကြောင့် (ဘဏ္ဍာကို ရောင်းသဖြင့် ရသော) ဥစ္စာကို ဆောင်ကုန်သော ငါတို့သည် ကမ္ဗောဇတိုင်းသို့ သွားကြရကုန်၏၊ ဤနတ်သားသည် အလိုရှိသည်ကို ပေး တတ်၏၊ ထိုအကြောင်းကြောင့် ဤနတ်သားကို ဆောင်ကုန်အံ့။

၂၅၈။ ‘‘ဣမံ ယက္ခံ ဂဟေတွာန, သာဓုကေန ပသယှ ဝါ၊

ယာနံ အာရောပယိတွာန, ခိပ္ပံ ဂစ္ဆာမ ဒွါရက’’န္တိ။

၂၅၈။ ဤနတ်သားကို တောင်းပန်၍ သော်လည်းကောင်း, အနိုင်အထက်ဆောင်၍ သော်လည်းကောင်းခေါ်ယူလျက် ယာဥ်ထက်သို့ တင်ပြီးလျှင် ဒွါရဝတီမြို့သို့ လျင်စွာ သွားကုန်အံ့ဟု (ပုဏ္ဏားကုန်သည် ကပြော၏)။

၂၅၉။ [ဇာ။ ၁။၁၀။၁၅၁၊ ၁။၁၄။၁၉၆၊ ၂။၁၈။၁၅၃၊ ၂။၂၂။၁၀] ‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊

န တဿ သာခံ ဘဉ္ဇေယျ, မိတ္တဒုဗ္ဘော ဟိ ပါပကော’’တိ။

၂၅၉။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အကိုင်းအခက်မျှကို သော်လည်း မချိုးမဖဲ့ရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြောပြ၏)။

၂၆၀။ ‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊

ခန္ဓမ္ပိ တဿ ဆိန္ဒေယျ, အတ္ထော စေ တာဒိသော သိယာ’’တိ။

၂၆၀။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏ပင်စည်ကို သော်လည်း ဖြတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

စာ-၁၅၅

၂၆၁။ ‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊

န တဿ ပတ္တံ ဘိန္ဒေယျ [ဟိံသေယျ (က။)], မိတ္တဒုဗ္ဘော ဟိ ပါပကော’’တိ။

၂၆၁။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အရွက်ကို မျှသော်လည်း မဖျက်ဆီးရာ၊ မှန်၏၊ အဆွေခင် ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြန်ပြော၏)။

၂၆၂။ ‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊

သမူလမ္ပိ တံ အဗ္ဗုဟေ [ဥဗ္ဗဟေ (?)], အတ္ထော စေ တာဒိသော သိယာ’’တိ။

၂၆၂။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏အမြစ်နှင့်တကွသော်လည်း နုတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

၂၆၃။ ‘‘ယဿေကရတ္တိမ္ပိ ဃရေ ဝသေယျ, ယတ္ထန္နပါနံ ပုရိသော လဘေထ၊

န တဿ ပါပံ မနသာပိ စိန္တယေ, ကတညုတာ သပ္ပုရိသေဟိ ဝဏ္ဏိတာ။

၂၆၃။ အကြင်ယောကျာ်းသည် အကြင်ပုဂ္ဂိုလ်၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင် သူထံ၌ထမင်းအဖျော်ကို ရရာ၏၊ ထိုယောကျာ်းသည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်းမကြံစည်ရာ၊ သူ့ကျေးဇူးကို သိသောသူ၏ အဖြစ်ကို သူတော်ကောင်း တို့ ချီးမွမ်းအပ်၏။

၂၆၄။ ‘‘ယဿေကရတ္တိမ္ပိ ဃရေ ဝသေယျ, အန္နေန ပါနေန ဥပဋ္ဌိတော သိယာ၊

န တဿ ပါပံ မနသာပိ စိန္တယေ, အဒုဗ္ဘပါဏီ ဒဟတေ မိတ္တဒုဗ္ဘိံ။

၂၆၄။ အကြင်ပုဂ္ဂိုလ်သည် အကြင်သူ၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင်သူသည်ထမင်းအဖျော်ဖြင့် ရှေးရှုတည်သည် ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်း မကြံစည်ရာ၊ မညှဥ်းဆဲသော လက်ရှိသူသည် အဆွေခင်ပွန်း ဖျက်သောသူကို ပျက်စီးစေတတ်၏။

၂၆၅။ ‘‘ယော ပုဗ္ဗေ ကတကလျာဏော, ပစ္ဆာ ပါပေန ဟိံသတိ၊

အလ္လပါဏိဟတော [အဒုဗ္ဘိပါဏီဟတော (က)] ပေါသော, န သော ဘဒြာနိ ပဿတီ’’တိ။

၂၆၅။ အကြင်သူသည် ရှေး၌ (တစ်စုံတစ်ယောက်က) ပြုအပ်သော ကျေးဇူးဥပကာရ ရှိသူဖြစ်လျက် နောက်၌ ယင်းကျေးဇူးပြုသူကို အကျိုးမဲ့ပြုခြင်းဖြင့် ညှဥ်းဆဲ၏၊ စိုသော လက် ရှိသူဟုဆိုအပ်သော ကျေးဇူးရှင်ကြောင့် ပျက်စီးရသော ထိုသူသည် ကောင်းသော အရာတို့ကို မမြင်ရတော့ပေဟု (အင်္ကုရကဆို၏)။

၂၆၆။ ‘‘နာဟံ ဒေဝေန ဝါ မနုဿေန ဝါ, ဣဿရိယေန ဝါဟံ သုပ္ပသယှော၊

ယက္ခောဟမသ္မိ ပရမိဒ္ဓိပတ္တော, ဒူရင်္ဂမော ဝဏ္ဏဗလူပပန္နော’’တိ။

၂၆၆။ ငါ့ကို နတ်ကသော်လည်းကောင်း, လူကသော်လည်းကောင်း မဖျက်ဆီးနိုင်၊ ငါ့ကို အစိုးရသောသူကသော်လည်း မဖျက်ဆီးနိုင်၊ ငါသည် မြတ်သော တန်ခိုးသို့ ရောက်သော နတ် ဖြစ်၏၊ ဝေးသော အရပ်သို့ ခဏချင်း သွားနိုင်၏၊ အဆင်းခွန်အားနှင့် ပြည့်စုံ၏ဟု (နတ်သား က ပြောဆို၏)။

၂၆၇။ ‘‘ပါဏိ တေ သဗ္ဗသော ဝဏ္ဏော, ပဉ္စဓာရော မဓုဿဝေါ၊

နာနာရသာ ပဂ္ဃရန္တိ, မညေဟံ တံ ပုရိန္ဒဒ’’န္တိ။

၂၆၇။ သင်၏ (လကျာ်) လက်သည် အလုံးစုံအားဖြင့် ရွှေအဆင်း ရှိ၏၊ လက်ငါးချောင်း တို့ဖြင့်သူတစ်ပါးလိုသောဝတ္ထုကို သင် ဆောင်စွမ်းနိုင်၏၊ ကောင်းမြတ်သော အရသာကို ယိုစီးစေနိုင်၏၊ (သင်၏ လက်မှ) အထူးထူးသော အရသာတို့ ယိုစီးကုန်၏၊ သင့်ကို သိကြား မင်းဟု ငါ ထင်မှတ်၏ဟု (အင်္ကုရက ပြော၏)။

၂၆၈။ ‘‘နာမှိ ဒေဝေါ န ဂန္ဓဗ္ဗော, နာပိ သက္ကော ပုရိန္ဒဒေါ၊

ပေတံ မံ အင်္ကုရ ဇာနာဟိ, ရောရုဝမှာ [ဟေရုဝမှာ (သီ။)] ဣဓာဂတ’’န္တိ။

၂၆၈။ အင်္ကုရ ငါသည် စာတုမဟာရာဇ်နတ်မျိုး မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေးဘဝကအလှူပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ ရောရုဝမြို့မှ စုတေ၍ ဤ ညောင်ပင်၌ကပ်ရောက်လာသော ပြိတ္တာဟု ငါ့ကို သိပါလော့ဟု (ပြိတ္တာက ပြော၏)။

၂၆၉။ ‘‘ကိံသီလော ကိံသမာစာရော, ရောရုဝသ္မိံ ပုရေ တုဝံ၊

ကေန တေ ဗြဟ္မစရိယေန, ပုညံ ပါဏိမှိ ဣဇ္ဈတီ’’တိ။

၂၆၉။ သင်သည် ရှေးဘဝက ရောရုဝမြို့၌ နေစဥ် အဘယ်သို့သော သဘောရှိသော သီလ ရှိသူ,အဘယ်သို့ သဘောရှိသော အကျင့်ရှိသူ ဖြစ်ခဲ့ပါသနည်း၊ အဘယ်မြတ်သော အကျင့် ကြောင့် သင်၏လက်၌ ကောင်းမှုအကျိုးသည် ပြည့်စုံရပါသနည်း (ဟု အင်္ကုရက မေး၏)။

၂၇၀။ ‘‘တုန္နဝါယော ပုရေ အာသိံ, ရောရုဝသ္မိံ တဒါ အဟံ၊

သုကိစ္ဆဝုတ္တိ ကပဏော, န မေ ဝိဇ္ဇတိ ဒါတဝေ။

၂၇၀။ ငါသည် ရှေးဘဝက ရောရုဝမြို့၌ အပ်ချုပ်သမား ဖြစ်ခဲ့ပါ၏၊ ထိုအခါက ငါသည် အလွန်ဆင်းရဲစွာ အသက်မွေးရ၍ ဆင်းရဲနွမ်းပါးသူ ဖြစ်ပါ၏၊ ငါ့အား ပေးလှူရန် တစ်စုံ တစ်ခုမျှ မရှိပါ။

စာ-၁၅၆

၂၇၁။ ‘‘နိဝေသနဉ္စ [အာဝေသနဉ္စ (သီ။)] မေ အာသိ, အသယှဿ ဥပန္တိကေ၊

သဒ္ဓဿ ဒါနပတိနော, ကတပုညဿ လဇ္ဇိနော။

၂၇၁။ ယုံကြည်မှု ‘သဒ္ဓါ’နှင့် ပြည့်စုံ၍ ဒါနရှင်ဖြစ်သော ကောင်းမှုကို သာ ပြု၍ (မကောင်းမှု ကို) စက်ဆုပ်တတ်သော သဘောရှိသော အသယှသူဌေး၏ အိမ်အနီး၌ ငါ၏ အိမ်သည် ရှိပါ၏။

၂၇၂။ ‘‘တတ္ထ ယာစနကာ ယန္တိ, နာနာဂေါတ္တာ ဝနိဗ္ဗကာ၊

တေ စ မံ တတ္ထ ပုစ္ဆန္တိ, အသယှဿ နိဝေသနံ။

၂၇၃။ ‘‘ကတ္ထ ဂစ္ဆာမ ဘဒ္ဒံ ဝေါ, ကတ္ထ ဒါနံ ပဒီယတိ၊

တေသာဟံ ပုဋ္ဌော အက္ခာမိ, အသယှဿ နိဝေသနံ။

၂၇၄။ ‘‘ပဂ္ဂယှ ဒက္ခိဏံ ဗာဟုံ, ဧတ္ထ ဂစ္ဆထ ဘဒ္ဒံ ဝေါ၊

ဧတ္ထ ဒါနံ ပဒီယတိ, အသယှဿ နိဝေသနေ။

၂၇၅။ ‘‘တေန ပါဏိ ကာမဒဒေါ, တေန ပါဏိ မဓုဿဝေါ၊

တေန မေ ဗြဟ္မစရိယေန, ပုညံ ပါဏိမှိ ဣဇ္ဈတီ’’တိ။

၂၇၂-၃-၄။ ထိုငါ၏ အိမ်သို့ အထူးထူးသော အနွယ်ရှိကုန်သော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုတတ်ကုန်သောသူတောင်းစားတို့သည် လာကြကုန်၏၊ ထိုသူတောင်းစားတို့သည် “အရှင်တို့အားကောင်းခြင်း ဖြစ်ပါစေ၊ (ငါတို့သည်) အဘယ်အရပ်သို့ သွားရကုန်အံ့နည်း၊ အဘယ်အရပ်၌ အလှူကို ပေးလှူအပ်သနည်း”ဟု အသယှသူဌေး၏ အိမ်ကို ငါ့အား မေး ကြကုန်၏၊ အမေးခံရသော ငါသည်ထိုသူတို့အား လကျာ်လက်မောင်းကို မြှောက်ချီလျက် “သင်တို့အား ကောင်းခြင်း ဖြစ်ပါစေ၊ ဤအိမ်၌အလှူကို ပေးလှူ၏”ဟု အသယှသူဌေး၏ အိမ်ကို ပြောကြားလိုက်ပါ၏။ ၂၇၅။ ထို့ကြောင့် ငါ၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ ထို့ကြောင့် ငါ၏ လက်သည်ချိုမြိန်သော အရသာကို ယိုစီးနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုး သည် ငါ၏ လက်၌ပြည့်စုံ၏ဟု (နတ်သားက ဖြေ၏)။

၂၇၆။ ‘‘န ကိရ တွံ အဒါ ဒါနံ, သကပါဏီဟိ ကဿစိ၊

ပရဿ ဒါနံ အနုမောဒမာနော, ပါဏိံ ပဂ္ဂယှ ပါဝဒိ။

၂၇၆။ သင်ကား မိမိလက်တို့ဖြင့် တစ်စုံတစ်ယောက်အား အလှူကို မပေးလှူဖူးသတတ်၊ သူတစ်ပါး၏အလှူကို ဝမ်းမြောက်လျက် လက်ကို မြှောက်၍ ပြောဆိုဖူးသတတ်။

၂၇၇။ ‘‘တေန ပါဏိ ကာမဒဒေါ, တေန ပါဏိ မဓုဿဝေါ၊

တေန တေ ဗြဟ္မစရိယေန, ပုညံ ပါဏိမှိ ဣဇ္ဈတိ။

၂၇၇။ ထို့ကြောင့် သင်၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ သင်၏ လက်သည် ချိုမြိန်သော အရသာကို ယိုစီးစေနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုးသည် သင်၏ လက်၌ ပြည့်စုံ၏။

၂၇၈။ ‘‘ယော သော ဒါနမဒါ ဘန္တေ, ပသန္နော သကပါဏိဘိ၊

သော ဟိတွာ မာနုသံ ဒေဟံ, ကိံ နု သော ဒိသတံ ဂတော’’တိ။

၂၇၈။ အရှင်နတ်သား အကြင်အသယှသူဌေးသည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူ ကို ပေးလှူ၏၊ ထိုအသယှသူဌေးသည် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်သည်ရှိသော် အဘယ် အရပ်ဌာနသို့လားရောက်သနည်းဟု (အင်္ကုရက ထပ်မေး၏)။

၂၇၉။ ‘‘နာဟံ ပဇာနာမိ အသယှသာဟိနော, အင်္ဂီရသဿ ဂတိံ အာဂတိံ ဝါ၊

သုတဉ္စ မေ ဝေဿဝဏဿ သန္တိကေ, သက္ကဿ သဟဗျတံ ဂတော အသယှော’’တိ။

၂၇၉။ ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော သည်းခံနိုင်သော အသယှသူဌေး၏ သွားရာ‘ဂတိ’ ကိုလည်းကောင်း, လားရာ ‘ဂတိ’ ကိုလည်းကောင်း အကျွန်ုပ် မသိပါ၊ အသယှ သူဌေးသည်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏ဟု ဝေဿဝဏ် နတ်မင်း၏ အထံမှအကျွန်ုပ် ကြားရဖူး၏ဟု (နတ်သားက ပြန်၍ ဖြေကြား၏)။

၂၈၀။ ‘‘အလမေဝ ကာတုံ ကလျာဏံ, ဒါနံ ဒါတုံ ယထာရဟံ၊

ပါဏိံ ကာမဒဒံ ဒိသွာ, ကော ပုညံ န ကရိဿတိ။

၂၈၀။ ထိုက်သည်အားလျော်စွာ ကောင်းမှုကို ပြုခြင်းငှါလည်းကောင်း, အလှူကို ပေးလှူခြင်းငှါလည်းကောင်း သင့်လျော်သည်သာတည်း၊ အဘယ်သူသည် အလိုရှိသည်ကို ပေးတတ်သော လက်ကို မြင်ရ၍ ကောင်းမှုကို မပြုရှိတော့မည်နည်း။

၂၈၁။ ‘‘သော ဟိ နူန ဣတော ဂန္တွာ, အနုပ္ပတွာန ဒွါရကံ၊

ဒါနံ ပဋ္ဌပယိဿာမိ, ယံ မမဿ သုခါဝဟံ။

၂၈၁။ ထိုအကျွန်ုပ်သည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်လျှင် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်နိုင်သော အလှူကို ဖြစ်စေအံ့ဟု ကြံစည်အောက်မေ့မိပါ၏။

၂၈၂။ ‘‘ဒဿာမန္နဉ္စ ပါနဉ္စ, ဝတ္ထသေနာသနာနိ စ၊

ပပဉ္စ ဥဒပါနဉ္စ, ဒုဂ္ဂေ သင်္ကမနာနိ စာ’’တိ။

၂၈၂။ ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်း ကောင်းရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားတို့ကိုလည်းကောင်း ပြုလုပ်ပေး လှူပါတော့အံ့ဟု (အင်္ကုရက ပြောဆို၏)။

စာ-၁၅၇

၂၈၃။ ‘‘ကေန တေ အင်္ဂုလီ ကုဏာ [ကုဏ္ဌာ (သီ။ သျာ။)], မုခဉ္စ ကုဏလီကတံ [ကုဏ္ဍလီကတံ (သီ။ သျာ။ က။)]၊

အက္ခီနိ စ ပဂ္ဃရန္တိ, ကိံ ပါပံ ပကတံ တယာ’’တိ။

၂၈၃။ အဘယ့်ကြောင့် သင်၏ လက်ချောင်းသည် ကောက်ကွေးနေသနည်း၊ အဘယ့်ကြောင့် သင်၏ပါးစပ်သည်လည်း စောင်းရွဲ့နေသနည်း၊ သင်၏ မျက်စိတို့သည် လည်း အဘယ့်ကြောင့် (အညစ်အကြေး) ယိုစီးကုန်သနည်း၊ သင်သည် အဘယ်မကောင်းမှုကို ပြုခဲ့သနည်းဟု (မေး၏)။

၂၈၄။ ‘‘အင်္ဂီရသဿ ဂဟပတိနော, သဒ္ဓဿ ဃရမေသိနော၊

တဿာဟံ ဒါနဝိဿဂ္ဂေ, ဒါနေ အဓိကတော အဟုံ။

၂၈၄။ အကျွန်ုပ်သည် ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ အိမ်ကို အုပ်စိုးနေသော အသယှသူကြွယ်၏ အလှူတင်းကုပ်ဝယ် ထိုသူကြွယ်၏ အလှူ ပေးခြင်း၌ဝန်ဆောင်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါ၏။

၂၈၅။ ‘‘တတ္ထ ယာစနကေ ဒိသွာ, အာဂတေ ဘောဇနတ္ထိကေ၊

ဧကမန္တံ အပက္ကမ္မ, အကာသိံ ကုဏလိံ မုခံ။

၂၈၅။ အကျွန်ုပ်သည် ထိုအလှူတင်းကုပ်၌ ဘောဇဥ်ကို အလိုရှိ၍ လာကုန်သောသူတောင်း စားတို့ကို မြင်လျှင် တစ်ခုသော အရပ်သို့ ဖဲသွား၍ နှုတ်ခမ်းမဲ့ရွဲ့ခြင်းကို ပြုခဲ့မိပါ၏၊

၂၈၆။ ‘‘တေန မေ အင်္ဂုလီ ကုဏာ, မုခဉ္စ ကုဏလီကတံ၊

အက္ခီနိ မေ ပဂ္ဃရန္တိ, တံ ပါပံ ပကတံ မယာ’’တိ။

၂၈၆။ ထို့ကြောင့် အကျွန်ုပ်၏ လက်ချောင်းတို့သည် ကောက်ကွေးနေပါကုန်၏၊ အကျွန်ုပ်၏ပါးစပ်သည်လည်း ရွဲ့နေပါကုန်၏၊ အကျွန်ုပ်၏ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီး ပါကုန်၏၊ ထိုမကောင်းမှုကို အကျွန်ုပ် ပြုခဲ့၏ဟု (ပြိတ္တာက ဖြေ၏)။

၂၈၇။ ‘‘ဓမ္မေန တေ ကာပုရိသ, မုခဉ္စ ကုဏလီကတံ၊

အက္ခီနိ စ ပဂ္ဃရန္တိ, ယံ တံ ပရဿ ဒါနဿ၊

အကာသိ ကုဏလိံ မုခံ။

၂၈၇။ ယုတ်မာသော ယောကျာ်း အကြင်အကြောင်းကြောင့် သင်သည် သူတစ်ပါးအလှူ ၌တွန့်ရှုံ့မဲ့ရွဲ့သော မျက်နှာကို ပြုခဲ့၏၊ သင့်တော်သော ထိုအကြောင်းကြောင့်ပင် သင်၏ ခံတွင်းသည်လည်း ရွဲ့နေ၏၊ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီးနေကုန်၏။

၂၈၈။ ‘‘ကထံ ဟိ ဒါနံ ဒဒမာနော, ကရေယျ ပရပတ္တိယံ၊

အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ။

၂၈၈။ ထမင်း, အဖျော်, ခဲဖွယ်, ကျောင်း, အိပ်ရာ နေရာဟူသော အလှူကို ပေးလှူသောသူသည်အဘယ့်ကြောင့် သူတစ်ပါးကို ပေးလှူခိုင်းရသနည်း။

၂၈၉။ ‘‘သော ဟိ နူန ဣတော ဂန္တွာ, အနုပ္ပတွာန ဒွါရကံ၊

ဒါနံ ပဋ္ဌပယိဿာမိ, ယံ မမဿ သုခါဝဟံ။

၂၈၉။ မှန်၏၊ ထိုငါသည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ငါ၏ ချမ်းသာကို ရွက်ဆောင်ရာ၏၊ ထိုအလှူကို ဖြစ်စေရတော့အံ့။

၂၉၀။ ‘‘ဒဿာမန္နဉ္စ ပါနဉ္စ, ဝတ္ထသေနာသနာနိ စ၊

ပပဉ္စ ဥဒပါနဉ္စ, ဒုဂ္ဂေ သင်္ကမနာနိ စာ’’တိ။

၂၉၀။ ငါသည် ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပေတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်း, ရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားကိုလည်းကောင်း ပြုလုပ်ပေးလှူပေတော့အံ့ဟု (အင်္ကုရက ဆို၏)။

၂၉၁။ တတော ဟိ သော နိဝတ္တိတွာ, အနုပ္ပတွာန ဒွါရကံ၊

ဒါနံ ပဋ္ဌပယိ အင်္ကုရော, ယံတုမဿ [ယံ တံ အဿ (သျာ။), ယန္တမဿ (က။)] သုခါဝဟံ။

၂၉၁။ ထိုအင်္ကုရသည် ထိုအရပ်မှ ပြန်လာ၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ချမ်းသာကို ရွက်ဆောင်၏၊ ထိုအလှူကို ဖြစ်စေတော့သည်သာတည်း။

၂၉၂။ အဒါ အန္နဉ္စ ပါနဉ္စ, ဝတ္ထသေနာသနာနိ စ၊

ပပဉ္စ ဥဒပါနဉ္စ, ဝိပ္ပသန္နေန စေတသာ။

၂၉၂။ ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူ၏၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်းအထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် ပေးလှူလေ၏။

၂၉၃။ ‘‘ကော ဆာတော ကော စ တသိတော, ကော ဝတ္ထံ ပရိဒဟိဿတိ၊

ကဿ သန္တာနိ ယောဂ္ဂါနိ, ဣတော ယောဇေန္တု ဝါဟနံ။

၂၉၃။ အဘယ်သူသည် ဆာလောင်သနည်း၊ (ဆာလောင်သူသည် လာ၍ စားသုံးလော့)၊ အဘယ်သူသည်မွတ်သိပ်သနည်း၊ (မွတ်သိပ်သူသည် လာ၍ သောက်သုံးလော့)၊ အဘယ် သူသည် အဝတ်ကို ဝတ်ရုံလိုသနည်း၊ (လာ၍ ဝတ်ရုံလော့)၊ အဘယ်သူ၏ ရထားလှည်း တို့သည် ဆွေးမြေ့ဟောင်းနွမ်းကုန်သနည်း၊ ဤယာဥ်အပေါင်းမှ အလိုရှိရာယူ၍ ရထားလှည်း၌ ယှဥ်စေကုန်သတည်း။

၂၉၄။ ‘‘ကော ဆတ္တိစ္ဆတိ ဂန္ဓဉ္စ, ကော မာလံ ကော ဥပါဟနံ၊

ဣတိဿု တတ္ထ ဃောသေန္တိ, ကပ္ပကာ သူဒမာဂဓာ [ပါဋဝါ (က။)]၊

သဒါ သာယဉ္စ ပါတော စ, အင်္ကုရဿ နိဝေသနေ။

၂၉၄။ အဘယ်သူသည် ထီးကို အလိုရှိသနည်း၊ (လိုရာကို ယူလော့)၊ အဘယ်သူသည် နံ့သာကို့အလိုရှိသနည်း၊ အဘယ်သူသည် ပန်းကို အလိုရှိသနည်း၊ အဘယ်သူသည် ဖိနပ်ကို အလိုရှိသနည်း၊ ဤသို့ ထိုအင်္ကုရအိမ်၌ ကြွေးကြော်ကုန်၏၊ ဆတ္တာသည်တို့သည်လည်းကောင်း၊ စဖိုသည်တို့သည်လည်းကောင်း၊ နံ့သာသည်တို့သည်လည်းကောင်း၊ အခါခပ်သိမ်း ညဥ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း အင်္ကုရ၏ အိမ်၌ ကြွေးကြော်ကုန်၏။

စာ-၁၅၈

၂၉၅။ ‘‘‘သုခံ သုပတိ အင်္ကုရော’, ဣတိ ဇာနာတိ မံ ဇနော၊

ဒုက္ခံ သုပါမိ သိန္ဓက [သန္ဒုက, သိန္ဓုက (က။)], ယံ န ပဿာမိ ယာစကေ။

၂၉၅။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစား များစွာတို့ကို မမြင်ရသောကြောင့် ဆင်းရဲစွာ အိပ်ရ၏။

၂၉၆။ ‘‘‘သုခံ သုပတိ အင်္ကုရော’, ဣတိ ဇာနာတိ မံ ဇနော၊

ဒုက္ခံ သိန္ဓက သုပါမိ, အပ္ပကေ သု ဝနိဗ္ဗကေ’’တိ။

၂၉၆။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစားတို့ နည်းသောကြောင့် ဆင်းရဲစွာ အိပ်ရ၏ဟု (အင်္ကုရက ပြောဆို၏)။

၂၉၇။ ‘‘သက္ကော စေ တေ ဝရံ ဒဇ္ဇာ, တာဝတိံသာနမိဿရော၊

ကိဿ သဗ္ဗဿ လောကဿ, ဝရမာနော ဝရံ ဝရေ’’တိ။

၂၉၇။ တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် သင့်အား လိုရာဆုကို ပေးခဲ့မူ တောင့်တသည်ရှိသော် အဘယ် သဘောရှိသော ဆုကို တောင့်တပါမည်နည်း (ဟု သိန္ဓက က မေး၏)။

၂၉၈။ ‘‘သက္ကော စေ မေ ဝရံ ဒဇ္ဇာ, တာဝတိံသာနမိဿရော၊

ကာလုဋ္ဌိတဿ မေ သတော, သုရိယုဂ္ဂမနံ ပတိ၊

ဒိဗ္ဗာ ဘက္ခာ ပါတုဘဝေယျုံ, သီလဝန္တော စ ယာစကာ။

၂၉၈။ တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် ငါ့အား လိုရာဆုကို ပေးခဲ့မူ ငါသည် နံနက်စောစော အိပ်ရာမှ ထစဥ်နေအရုဏ်တက်အခါဝယ် နတ်၌ဖြစ်သော အစာတို့သည် ထင်ရှားဖြစ်ကုန်ရာ၏၊ သီလရှိသူတို့သည်လည်းကောင်း၊ သူတောင်းစားတို့သည်လည်းကောင်း ထင်ရှားဖြစ်ကုန်ရာ၏။

၂၉၉။ ‘‘ဒဒတော မေ န ခီယေထ, ဒတွာ နာနုတပေယျဟံ၊

ဒဒံ စိတ္တံ ပသာဒေယျံ, ဧတံ သက္ကံ ဝရံ ဝရေ’’တိ။

၂၉၉။ ငါ ပေးလှူနေစဥ် မကုန်ခန်းရာ၊ ငါသည် ပေးလှူ ပြီး၍ နောင်တ မပူပန်ရာ၊ ပေးလှူပြီးသော်စိတ်ကို ကြည်လင်စေရာ၏၊ သိကြားမင်းအား ဤသို့သော ဆုကို တောင်းအံ့ဟု (အင်္ကုရက ဖြေ၏)။

၃၀၀။ ‘‘န သဗ္ဗဝိတ္တာနိ ပရေ ပဝေစ္ဆေ, ဒဒေယျ ဒါနဉ္စ ဓနဉ္စ ရက္ခေ၊

တသ္မာ ဟိ ဒါနာ ဓနမေဝ သေယျော, အတိပ္ပဒါနေန ကုလာ န ဟောန္တိ။

၃၀၀။ ဥစ္စာအားလုံးတို့ကို သူတစ်ပါးအား မပေးလှူရာ၊ အလှူကိုလည်း ပေးလှူရာ၏၊ ဥစ္စာကိုလည်းစောင့်ရာ၏၊ ထို့ကြောင့်သာလျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလွန်ပေးလှူသဖြင့် အမျိုးအနွယ်တို့သည် မဖြစ်ကုန် (ပြတ်ကုန်၏)။

၃၀၁။ ‘‘အဒါနမတိဒါနဉ္စ, နပ္ပသံသန္တိ ပဏ္ဍိတာ၊

တသ္မာ ဟိ ဒါနာ ဓနမေဝ သေယျော, သမေန ဝတ္တေယျ သ ဓီရဓမ္မော’’တိ။

၃၀၁။ (အချင်းခပ်သိမ်း) မပေးလှူခြင်းကိုလည်းကောင်း၊ အလွန်အကဲ ပေးလှူ ခြင်းကိုလည်းကောင်းပညာရှိတို့သည် မချီးမွမ်းကြကုန်၊ ထို့ကြောင့်လျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလယ်အလတ် အသင့်အားဖြင့်သာ ဖြစ်စေရာ၏၊ ထို သဘောတရားသည် နီတိကျမ်း၌ လိမ္မာသူတို့၏သဘောတရားတည်းဟု (ယောကျာ်းတစ်ဦးက ပြောဆို၏)။

၃၀၂။ ‘‘အဟော ဝတ ရေ အဟမေဝ ဒဇ္ဇံ, သန္တော စ မံ သပ္ပုရိသာ ဘဇေယျုံ၊

မေဃောဝ နိန္နာနိ ပရိပူရယန္တော [ဘိပူရယန္တော (သီ။), ဟိ ပူရယန္တော (သျာ။)], သန္တပ္ပယေ သဗ္ဗဝနိဗ္ဗကာနံ။

၃၀၂။ အချင်းတို့ ငါသည် ပေးလှူမည်သာတည်း၊ ငြိမ်သက်သော ကိုယ်နှုတ်စိတ် အကျင့်ရှိသောသူတော်ကောင်းတို့သည် ငါ့ထံသို့ ချဥ်းကပ်ကုန်ရာ၏၊ မိုးသည် ချိုင့်ဝှမ်းရာ အရပ်ကို ပြည့်စေသကဲ့သို့အလုံးစုံသောသူတောင်းစားတို့အား အလိုပြည့်စေလျက် တင်းတိမ် ရောင့်ရဲစေရပါမူ ကောင်းလေစွ။

၃၀၃။ ‘‘ယဿ ယာစနကေ ဒိသွာ, မုခဝဏ္ဏော ပသီဒတိ၊

ဒတွာ အတ္တမနော ဟောတိ, တံ ဃရံ ဝသတော သုခံ။

၃၀၃။ သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည်လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ အိမ်၌နေသော ထိုသူ၏ ထို မျက်နှာကြည်လင်မှုနှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် ချမ်းသာကြောင်းတည်း။

၃၀၄။ ‘‘ယဿ ယာစနကေ ဒိသွာ, မုခဝဏ္ဏော ပသီဒတိ၊

ဒတွာ အတ္တမနော ဟောတိ, ဧသာ ယညဿ [ပုညဿ (သီ။)] သမ္ပဒါ။

၃၀၄။ သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည် လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ထိုသူ၏ ဤမျက်နှာ ကြည်လင်မှု,နှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် အလှူဒါန၏ ပြည့်စုံခြင်းတည်း။

စာ-၁၅၉

၃၀၅။ [အ။ နိ။ ၆။၃၇]‘‘ပုဗ္ဗေဝ ဒါနာ သုမနော, ဒဒံ စိတ္တံ ပသာဒယေ၊

ဒတွာ အတ္တမနော ဟောတိ, ဧသာ ယညဿ [ပုညဿ (သီ။)] သမ္ပဒါ’’တိ။

၃၀၅။ ပေးလှူသည်မှ ရှေးအဖို့၌ ဝမ်းမြောက်၏၊ ပေးလှူစဥ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူပြီးနောက်နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ဤသည်ကား အလှူဒါန၏ ပြည့် စုံခြင်းတည်းဟု (အင်္ကုရကပြော၏)။

၃၀၆။ သဋ္ဌိ ဝါဟသဟဿာနိ, အင်္ကုရဿ နိဝေသနေ၊

ဘောဇနံ ဒီယတေ နိစ္စံ, ပုညပေက္ခဿ ဇန္တုနော။

၃၀၆။ ကောင်းမှုကို ငဲ့သော အင်္ကုရ၏ နေအိမ်၌ လှည်းအစီးခြောက်သောင်း တိုက်မျှ လောက်သော ဘောဇဥ်ကို သတ္တဝါအပေါင်းအား အမြဲမပြတ် ပေးလှူအပ်၏။

၃၀၇။ တိသဟဿာနိ သူဒါနိ ဟိ [သူဒါနိ (သျာ။ က။)], အာမုတ္တမဏိကုဏ္ဍလာ၊

အင်္ကုရံ ဥပဇီဝန္တိ, ဒါနေ ယညဿ ဝါဝဋာ [ဗျာဝဋာ (သီ။), ပါဝဋာ (သျာ။)]။

၃၀၇။ ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော အလှူ ကြီးကို ပေးလှူ ခြင်း၌ အားထုတ်ကြ ကုန်သော သုံးထောင်ကုန်သော စဖိုသည်တို့သည် အင်္ကုရကို မှီ၍ အသက်မွေးကြကုန်၏။

၃၀၈။

၃၀၈။ ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော နုပျိုသော ယောကျာ်းခြောက်သောင်း တို့သည် အင်္ကုရ၏အလှူ ကြီး၌ ထင်းခွဲကြကုန်၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Uragavaggo (Suttapiṭaka, Khuddakanikāya, Petavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#435
  2. Vipassana Research Institute. (n.d.). 2. Ubbarivaggo (Suttapiṭaka, Khuddakanikāya, Petavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#445