ပေတဝတ္ထုပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
သဋ္ဌိ ပုရိသသဟဿာနိ, အာမုတ္တမဏိကုဏ္ဍလာ၊
အင်္ကုရဿ မဟာဒါနေ, ကဋ္ဌံ ဖာလေန္တိ မာဏဝါ။
၃၀၉။ သောဠသိတ္ထိသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊
အင်္ကုရဿ မဟာဒါနေ, ဝိဓာ ပိဏ္ဍေန္တိ နာရိယော။
၃၀၉။ အလုံးစုံ တန်ဆာဆင်ပြီးဖြစ်ကုန်သော နုပျိုသော မိန်းမတစ်သောင်းခြောက်ထောင် တို့သည် အင်္ကုရ၏ အလှူ ကြီး၌ ဟင်းချက်ဖွယ်ရာ (ငရုတ်စသည်) တို့ကို ပေါင်းစပ်ပြုပြင်ကြ ကုန်၏။
၃၁၀။ သောဠသိတ္ထိသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊
အင်္ကုရဿ မဟာဒါနေ, ဒဗ္ဗိဂါဟာ ဥပဋ္ဌိတာ။
၃၁၀။ အလုံးစုံတန်ဆာဆင်ပြီးဖြစ်ကုန်သော တစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် အင်္ကုရ၏အလှူ ကြီး၌ ယောက်မကို ကိုင်လျက် ကျွေးမွေးရာဌာနသို့ ကပ်၍ တည်ကုန်၏။
၃၁၁။ ဗဟုံ ဗဟူနံ ပါဒါသိ, စိရံ ပါဒါသိ ခတ္တိယော၊
သက္ကစ္စဉ္စ သဟတ္ထာ စ, စိတ္တီကတွာ ပုနပ္ပုနံ။
၃၁၁။ မင်းမျိုးဖြစ်သော အင်္ကုရသည် ကြာမြင့်စွာသော ကာလပတ်လုံး ရိုသေစွာ ကိုယ်တိုင် အဖန်ဖန်အရိုအသေပြု၍ များစွာသောသူတို့အား များစွာ လှူဒါန်း၏။
၃၁၂။ ဗဟူ မာသေ စ ပက္ခေ စ, ဥတုသံဝစ္ဆရာနိ စ၊
မဟာဒါနံ ပဝတ္တေသိ, အင်္ကုရော ဒီဃမန္တရံ။
၃၁၂။ အင်္ကုရသည် များစွာသော လတို့ပတ်လုံးလည်းကောင်း၊ များစွာသော ပက္ခတို့ပတ်လုံးလည်းကောင်း၊ များစွာသော ဥတုနှစ်တို့ပတ်လုံးလည်းကောင်း ကြာမြင့်စွာသော ကာလပတ်လုံးပင် အလှူကြီးကို ဖြစ်စေ၏။
၃၁၃။ ဧဝံ ဒတွာ ယဇိတွာ စ, အင်္ကုရော ဒီဃမန္တရံ၊
သော ဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂေါ အဟု။
၃၁၃။ ထိုအင်္ကုရသည် ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ကြာမြင့်စွာသော ကာလ ပတ်လုံး (အချို့သူတို့အား) ပေးလှူ ပြီး၍ လည်းကောင်း၊ များစွာသောသူတို့အား လှူဒါန်းပူဇော်ပြီး၍ လည်းကောင်း လူ့ခန္ဓာအတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် ဘုံသို့ကပ်ရောက်ရ၏။
၃၁၄။ ကဋစ္ဆုဘိက္ခံ ဒတွာန, အနုရုဒ္ဓဿ ဣန္ဒကော၊
သော ဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂေါ အဟု။
၃၁၄။ ဣန္ဒကမည်သော လုလင်သည် အနုရုဒ္ဓါမထေရ်အား တစ်ဇွန်းတစ်ယောက်မမျှလောက်သော ဆွမ်းကို ပေးလှူရသောကြောင့် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာ နတ်ဘုံသို့ကပ်ရောက်ရ၏။
၃၁၅။ ဒသဟိ ဌာနေဟိ အင်္ကုရံ, ဣန္ဒကော အတိရောစတိ၊
ရူပေ သဒ္ဒေ ရသေ ဂန္ဓေ, ဖောဋ္ဌဗ္ဗေ စ မနောရမေ။
၃၁၅-၆။ ဣန္ဒကနတ်သားသည် နှလုံးမွေ့လျော်ဖွယ်သော အဆင်း, အသံ, အရသာ, အနံ့, အတွေ့အထိ, အသက်, အခြံအရံ, အသွင်သဏ္ဌာန်, ချမ်းသာခြင်း, အစိုးရခြင်းဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် အင်္ကုရနတ်သားထက် ပိုလွန်၍ တင့်တယ်၏။
၃၁၆။ အာယုနာ ယသသာ စေဝ, ဝဏ္ဏေန စ သုခေန စ၊
အာဓိပစ္စေန အင်္ကုရံ, ဣန္ဒကော အတိရောစတိ။
၃၁၇။ တာဝတိံသေ ယဒါ ဗုဒ္ဓေါ, သိလာယံ ပဏ္ဍုကမ္ဗလေ၊
ပါရိစ္ဆတ္တကမူလမှိ, ဝိဟာသိ ပုရိသုတ္တမော။
၃၁၇။ အကြင်အခါ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်ပင်လယ်ကသစ်ပင်၏အနီး ပဏ္ဍုကမ္ဗလာကျောက်ဖြာ၌ သီတင်းသုံးနေတော်မူ၏။
၃၁၈။ ဒသသု လောကဓာတူသု, သန္နိပတိတွာန ဒေဝတာ၊
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ, ဝသန္တံ နဂမုဒ္ဓနိ။
၃၁၈။ ထိုအခါ ဇာတိခေတ်ဟု မှတ်အပ်သော တစ်သောင်းသော လောကဓာတ် (စကြဝဠာ)တို့၌ နတ်ဗြဟ္မာတို့သည် စုဝေးကြကုန်လျက် မြင့်မိုရ်တောင်ထိပ်၌ သီတင်းသုံးနေ တော်မူသော မြတ်စွာဘုရားထံသို့ ဆည်းကပ်ကြကုန်၏။
၃၁၉။ န ကောစိ ဒေဝေါ ဝဏ္ဏေန, သမ္ဗုဒ္ဓံ အတိရောစတိ၊
သဗ္ဗေ ဒေဝေ အတိက္ကမ္မ [အဓိဂယှ (သီ။), အတိဂ္ဂယှ (က)], သမ္ဗုဒ္ဓေါဝ ဝိရောစတိ။
၃၁၉။ မည်သည့် တစ်စုံတစ်ယောက်သော နတ်မျှ အဆင်းဖြင့် မြတ်စွာဘုရားကို လွန်၍ မတင့်တယ်နိုင်၊ မြတ်စွာဘုရားကသာ နတ်အားလုံးတို့ကို လွှမ်းမိုးလွန်မြောက်၍ တင့်တယ် တော်မူ၏။
၃၂၀။ ယောဇနာနိ ဒသ ဒွေ စ, အင်္ကုရောယံ တဒါ အဟု၊
အဝိဒူရေဝ ဗုဒ္ဓဿ [အဝိဒူရေ သမ္ဗုဒ္ဓဿ (က။)], ဣန္ဒကော အတိရောစတိ။
၃၂၀။ ထိုအခါဝယ် ဤအင်္ကုရနတ်သားသည် တစ်ဆယ့်နှစ်ယူဇနာခြားသော အရပ်၌ နေရ၏၊ ဣန္ဒကနတ်သားသည် မြတ်စွာဘုရား၏ အနီး၌ နေလျက် အလွန်တင့်တယ်၏။
၃၂၁။ ဩလောကေတွာန သမ္ဗုဒ္ဓေါ, အင်္ကုရဉ္စာပိ ဣန္ဒကံ၊
ဒက္ခိဏေယျံ သမ္ဘာဝေန္တော [ပဘာဝေန္တော (သီ။)], ဣဒံ ဝစနမဗြဝိ။
၃၂၁။ မြတ်စွာဘုရားသည် အင်္ကုရနတ်သားကိုလည်းကောင်း၊ ဣန္ဒကနတ်သားကိုလည်း ကောင်းကြည့်ရှုတော်မူပြီးလျှင် အလှူခံပုဂ္ဂိုလ်မြတ်ကို ချီးမွမ်းလိုသည်ဖြစ်၍ ဤစကားကို မိန့်ဆိုတော်မူ၏။
၃၂၂။ ‘‘မဟာဒါနံ တယာ ဒိန္နံ, အင်္ကုရ ဒီဃမန္တရံ၊
အတိဒူရေ [သုဝိဒူရေ (က။)] နိသိန္နောသိ, အာဂစ္ဆ မမ သန္တိကေ’’တိ။
၃၂၂။ အင်္ကုရ သင်သည် ကြာမြင့်စွာသော ကာလပတ်လုံး အလှူ ကြီးကို ပေးလှူခဲ့သည် မဟုတ်ပါလော၊သို့ပါလျက် အလွန်ဝေးသော အရပ်၌ နေရဘိ၏၊ ငါ၏ အထံသို့ လာလော့ဟု (မိန့်ဆိုတော်မူ၏)။
၃၂၃။ စောဒိတော ဘာဝိတတ္တေန, အင်္ကုရော ဣဒမဗြဝိ၊
‘‘ကိံ မယှံ တေန ဒါနေန, ဒက္ခိဏေယျေန သုညတံ။
၃၂၃။ (အရိယမဂ္ဂဘာဝနာဖြင့်) ပွားများအပ်ပြီးသော စိတ်ရှိတော်မူသော မြတ်စွာဘုရား သည်တိုက်တွန်းအပ်သည်ဖြစ်၍ အင်္ကုရနတ်သားသည် ဤစကားကို လျှောက်၏၊ အရှင်ဘုရား တပည့်တော်၏အလှူသည် မြတ်သော အလှူခံထိုက်သော အလှူခံပုဂ္ဂိုလ်တို့မှ ဆိတ်သုဥ်း ခဲ့ပါ၏၊ ထိုအလှူ ဖြင့်တပည့်တော်အား အဘယ်အကျိုး ရှိပါအံ့နည်း။
၃၂၄။ ‘‘အယံ သော ဣန္ဒကော ယက္ခော, ဒဇ္ဇာ ဒါနံ ပရိတ္တကံ၊
အတိရောစတိ အမှေဟိ, စန္ဒော တာရဂဏေ ယထာ’’တိ။
၃၂၄။ ဤဣန္ဒကနတ်သားသည် အနည်းငယ်သော အလှူကို ပေးလှူခဲ့၏၊ လဗိမာန်သည်ကြယ်အပေါင်းတို့ကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ အကျွန်ုပ်တို့ကို လွှမ်းမိုး၍ တင့်တယ်ပါ၏ဟု (လျှောက်၏)။
၃၂၅။ ‘‘ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ, ဗီဇံ ဗဟုမ္ပိ ရောပိတံ၊
န ဝိပုလဖလံ ဟောတိ, နပိ တောသေတိ ကဿကံ။
၃၂၅။ ကျတ်တီးပြင်ဖြစ်သော လယ်မြေ၌ များစွာ စိုက်ပျိုးအပ်ပါသော်လည်း မျိုးစေ့သည်ပြန့်ပြောများပြားသော အသီးကို မဖြစ်စေနိုင်သကဲ့သို့လည်းကောင်း၊ လယ်သမားကို နှစ်သက်လည်းမနှစ်သက်စေနိုင်သကဲ့သို့လည်းကောင်း-
၃၂၆။ ‘‘တထေဝ ဒါနံ ဗဟုကံ, ဒုဿီလေသု ပတိဋ္ဌိတံ၊
န ဝိပုလဖလံ ဟောတိ, နပိ တောသေတိ ဒါယကံ။
၃၂၆။ ထို့အတူပင် သီလမရှိသူတို့၌ တည်သော အလှူသည် များပြားပါသော်လည်း ပြန့်ပြောများပြားသော အကျိုးကို မဖြစ်စေနိုင်၊ ပေးလှူတတ်သူ ဒါယကာကိုလည်း မနှစ် သက်စေနိုင်ပါ။
၃၂၇။ ‘‘ယထာပိ ဘဒ္ဒကေ ခေတ္တေ, ဗီဇံ အပ္ပမ္ပိ ရောပိတံ၊
သမ္မာ ဓာရံ ပဝေစ္ဆန္တေ, ဖလံ တောသေတိ ကဿကံ။
၃၂၇။ ကောင်းသော လယ်မြေ၌ အနည်းငယ် စိုက်ပျိုးအပ်သော မျိုးစေ့သည် နည်းပင် နည်းသော်လည်းမိုးရေအလျဥ်သည် ကောင်းစွာ ရွာသွန်းသည်ရှိသော် များစွာသော အသီး အနှံကို ဖြစ်စေ၍ လယ်သမားကို နှစ်သက်စေနိုင်သကဲ့သို့-
၃၂၈။ ‘‘တထေဝ သီလဝန္တေသု, ဂုဏဝန္တေသု တာဒိသု၊
အပ္ပကမ္ပိ ကတံ ကာရံ, ပုညံ ဟောတိ မဟပ္ဖလ’’န္တိ။
၃၂၈။ ထို့အတူပင် သီလရှိ၍ ဂုဏ်ရှိကုန်သောတာဒိဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့၌ ပြု အပ်သော ကောင်းမှုသည် နည်းပင်နည်းသော်လည်း အကျိုးကြီး၏ဟု (အင်္ကုရနတ်သားက လျှောက်၏)။
၃၂၉။ ဝိစေယျ ဒါနံ ဒါတဗ္ဗံ, ယတ္ထ ဒိန္နံ မဟပ္ဖလံ၊
ဝိစေယျ ဒါနံ ဒတွာန, သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။
၃၂၉။ အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ထိုပုဂ္ဂိုလ်၌သာ စိစစ် ရွေးချယ်၍ အလှူကို ပေးလှူအပ်၏၊ စိစစ်ရွေးချယ်၍ အလှူကို ပေးလှူသောကြောင့် ပေးလှူ တတ်သူဒါယကာတို့သည် နတ်ပြည်သို့ လားရောက်ရကုန်၏။
၃၃၀။ ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ, ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ, ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေတိ။
အင်္ကုရပေတဝတ္ထု နဝမံ။
၃၃၀။ စိစစ်ရွေးချယ်၍ ပေးလှူ ခြင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်၏၊ အကြင် ပုဂ္ဂိုလ်တို့သည် ဤသက်ရှိလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်ကုန်သော မျိုးစေ့တို့ကဲ့သို့ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ ပေးလှူ အပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။ ကိုးခုမြောက်သော အင်္ကုရပေတဝတ္ထု ပြီး၏။ ၁၀-ဥတ္တရမာတုပေတိဝတ္ထု သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့်ရေကို မသုံးစားရဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာခံစားရသော ပြိတ္တာမ
၁၀။ ဥတ္တရမာတုပေတိဝတ္ထု
၃၃၁။ ဒိဝါဝိဟာရဂတံ ဘိက္ခုံ, ဂင်္ဂါတီရေ နိသိန္နကံ၊
တံ ပေတီ ဥပသင်္ကမ္မ, ဒုဗ္ဗဏ္ဏာ ဘီရုဒဿနာ။
၃၃၁-၂။ ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထို ပြိတ္တာမသည် ဆံပင်တို့ဖြင့်ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ချဥ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊
၃၃၂။ ကေသာ စဿာ အတိဒီဃာ [အဟူ ဒီဃာ (က။)], ယာဝဘူမာဝလမ္ဗရေ [ယာဝ ဘူမျာ’ဝလမ္ဗရေ (?)]၊
ကေသေဟိ သာ ပဋိစ္ဆန္နာ, သမဏံ ဧတဒဗြဝိ။
၃၃၃။ ‘‘ပဉ္စပဏ္ဏာသဝဿာနိ, ယတော ကာလင်္ကတာ အဟံ၊
နာဘိဇာနာမိ ဘုတ္တံ ဝါ, ပီတံ ဝါ ပန ပါနိယံ၊
ဒေဟိ တွံ ပါနိယံ ဘန္တေ, တသိတာ ပါနိယာယ မေ’’တိ။
၃၃၃။ အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံးထမင်းစားရသည်ကိုလည်းကောင်း,သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။
၃၃၄။ ‘‘အယံ သီတောဒိကာ ဂင်္ဂါ, ဟိမဝန္တတော [ဟိမဝန္တာဝ (က။)] သန္ဒတိ၊
ပိဝ ဧတ္တော ဂဟေတွာန, ကိံ မံ ယာစသိ ပါနိယ’’န္တိ။
၃၃၄။ ဤဂင်္ဂါမြစ်သည် အေးသော ရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက် သောက်ပါလော့၊ အဘယ့်ကြောင့် ငါအားသောက်ရေကို တောင်းဘိသနည်းဟု (မထေရ်က ပြော၏)။
၃၃၅။ ‘‘သစာဟံ ဘန္တေ ဂင်္ဂါယ, သယံ ဂဏှာမိ ပါနိယံ၊
လောဟိတံ မေ ပရိဝတ္တတိ, တသ္မာ ယာစာမိ ပါနိယ’’န္တိ။
၃၃၅။ အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ်ကိုယ်တိုင် ယူခဲ့ပါမူ ရေသည့်အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့်သောက်ရေကို တောင်းပါ၏ဟု (လျှောက်၏)။
၃၃၆။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဂင်္ဂါ တေ ဟောတိ လောဟိတ’’န္တိ။
၃၃၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု (မထေရ်က မေး၏)။
၃၃၇။ ‘‘ပုတ္တော မေ ဥတ္တရော နာမ [ပုတ္တော မေ ဘန္တေ ဥတ္တရော (က။)], သဒ္ဓေါ အာသိ ဥပါသကော၊
သော စ မယှံ အကာမာယ, သမဏာနံ ပဝေစ္ဆတိ။
၃၃၇။ အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိသော ဥပါသကာဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား-
၃၃၈။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
တမဟံ ပရိဘာသာမိ, မစ္ဆေရေန ဥပဒ္ဒုတာ။
၃၃၈။ သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ် သည်ဝန်တိုမှု ‘မစ္ဆရိယ’ နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။
၃၃၉။ ‘‘ယံ တွံ မယှံ အကာမာယ, သမဏာနံ ပဝေစ္ဆသိ၊
စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ။
၃၃၉။ ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်း ကောင်း,သူနာ၏ အထောက်အပံ့ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ရဟန်းတို့အားပေးလှူဘိ၏။
၃၄၀။ ‘‘ဧတံ တေ ပရလောကသ္မိံ, လောဟိတံ ဟောတု ဥတ္တရ၊
တဿ ကမ္မဿ ဝိပါကေန, ဂင်္ဂါ မေ ဟောတိ လောဟိတ’’န္တိ။
ဥတ္တရမာတုပေတိဝတ္ထု ဒသမံ။
၃၄၀။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေး ဖြစ်စေသတည်း (ဟု ဆဲရေး ရေရွတ်ကြိမ်းမောင်းမိပါ၏)၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက်သွေးဖြစ်နေပါတော့၏ (ဟု လျှောက်၏)။ ဆယ်ခုမြောက်သော ဥတ္တရမာတုပေတိဝတ္ထု ပြီး၏။ ၁၁-သုတ္တပေတဝတ္ထု ပစ္စေကဗုဒ္ဓါအား ချည်ကို လှူခဲဲ့သောကြောင့် ဆန်းကြယ်သော ဗိမ္မာန်တွင် နတ်ပြိတ္တာနှင့် အတူူအနှစ်ခုနှစ်ရာမွေ့လျော်၍ အကုဋေမျှသော အဝတ်တို့ဖြင့် ခံစားရသော လူူမိန်းမက နတ်ပြိတ္တာအားလူူ့ပြည်သို့ ပြန်ပို့ရန် ပြောပုံနှင့် လူူ့ပြည်သို့ရောက်သော် အမယ်အိုကြီး ဖြစ်သွားပုံတို့ဖြင့် ထူူးဆန်းသောဝတ္ထု
၁၁။ သုတ္တပေတဝတ္ထု
၃၄၁။ ‘‘အဟံ ပုရေ ပဗ္ဗဇိတဿ ဘိက္ခုနော, သုတ္တံ အဒါသိံ ဥပသင်္ကမ္မ ယာစိတာ၊
တဿ ဝိပါကော ဝိပုလဖလူပလဗ္ဘတိ, ဗဟုကာ စ မေ ဥပ္ပဇ္ဇရေ [ဗဟူ စ မေ ဥပပဇ္ဇရေ (သီ။)] ဝတ္ထကောဋိယော။
၃၄၁။ ရှေးအခါက အိမ်သို့ကပ်လျက် ကာယဝိညတ်ဖြင့် ရပ်တည်၍ အတောင်းခံရသော အကျွန်ုပ်သည် ကိလေသာကို နှင်ထုတ်ပြီးသော (ပစ္စေကဗုဒ္ဓါ) ရဟန်းအား ချည်ကို ပေးလှူ ခဲ့ရပါ၏၊ ထိုအလှူ၏ပြန့်ပြောများမြတ်သော ပွားစီးမှုရှိသော အကျိုးကို ယခု ရပါ၏၊ အကျွန်ုပ်အား များစွာသော အကုဋေမျှလောက်သော အဝတ်တို့သည် ဖြစ်ပါကုန်၏။
၃၄၂။ ‘‘ပုပ္ဖါဘိကိဏ္ဏံ ရမိတံ [ရမ္မမိဒံ (က။)] ဝိမာနံ, အနေကစိတ္တံ နရနာရိသေဝိတံ၊
သာဟံ ဘုဉ္ဇာမိ စ ပါရုပါမိ စ, ပဟူတဝိတ္တာ န စ တာဝ ခီယတိ။
၃၄၂။ များစွာ ဆန်းကြယ်လျက် ယောကျာ်းမိန်းတို့ မှီဝဲအပ်သော ဗိမာန်သည် ပန်းတို့ဖြင့်ပြွမ်းသည်ဖြစ်၍ မွေ့လျော်ဖွယ် ရှိပါ၏၊ အကျွန်ုပ်သည် ထိုဗိမာန်ကို သုံးဆောင်လည်း သုံးဆောင်ရပါ၏၊ ထိုအကုဋေမျှလောက်သော အဝတ်တို့တွင် အလိုရှိရာအဝတ်ကို ဝတ်ရုံလည်း ဝတ်ရုံရပါ၏၊ များစွာသော စည်းစိမ်ဥစ္စာလည်း ရှိပါ၏၊ ထိုစည်းစိမ်ဥစ္စာသည် ကုန်ခန်းလည်း မကုန်ခန်းနိုင်ပါ။
၃၄၃။ ‘‘တဿေဝ ကမ္မဿ ဝိပါကမနွယာ, သုခဉ္စ သာတဉ္စ ဣဓူပလဗ္ဘတိ၊
သာဟံ ဂန္တွာ ပုနဒေဝ မာနုသံ, ကာဟာမိ ပုညာနိ နယယျပုတ္တ မ’’န္တိ။
၃၄၃။ ထိုချည်လှူဒါန်းခဲ့သော ကံကို အစွဲပြု၍ ဤဗိမာန်၌ အကျိုးဖြစ်သော ချမ်းသာကိုလည်းကောင်း၊ သာယာခြင်းကိုလည်းကောင်း ရအပ်ပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ ပြည်သို့ သွား၍ ကောင်းမှုကုသိုလ်ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင် ပါလော့ (ဟု မိန်းမကပြော၏)။
၃၄၄။ ‘‘သတ္တ တုဝံ ဝဿသတာ ဣဓာဂတာ,
ဇိဏ္ဏာ စ ဝုဍ္ဎာ စ တဟိံ ဘဝိဿသိ၊
သဗ္ဗေဝ တေ ကာလကတာ စ ဉာတကာ,
ကိံ တတ္ထ ဂန္တွာန ဣတော ကရိဿသီ’’တိ။
၃၄၄။ သင်သည် အနှစ်ခုနစ်ရာ အထက်ကပင် ဤဗိမာန်သို့ ရောက်လာ၏၊ ထိုလူ့ပြည်၌အိုခြင်းသည်လည်းကောင်း အသက်ကြီးခြင်းသည်လည်းကောင်း ဖြစ်ရလိမ့်မည်၊ သင်၏ ဆွေမျိုးအားလုံးတို့သည် သေကုန်ကြပြီဖြစ်ရကား ဤဗိမာန်မှ ထိုလူ့ပြည်သို့ သွား၍ အဘယ်ပြု လတ္တံ့နည်း (ဟု ပြိတ္တာက ပြော၏)။
၃၄၅။ ‘‘သတ္တေဝ ဝဿာနိ ဣဓာဂတာယ မေ, ဒိဗ္ဗဉ္စ သုခဉ္စ သမပ္ပိတာယ၊
သာဟံ ဂန္တွာန ပုနဒေဝ မာနုသံ, ကာဟာမိ ပုညာနိ နယယျပုတ္တ မ’’န္တိ။
၃၄၅။ အရှင် ဤနတ်ပြည်သို့ ရောက်လာ၍ နတ်ချမ်းသာနှင့် ပြည့်စုံသော အကျွန်ုပ်အားခုနစ်နှစ်မျှလောက်သာ ရှိပါသေး၏ဟု ထင်မိပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ပြည်သို့ သွား၍ ကောင်းမှုတို့ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင်ပါလော့ဟု (မိန်းမက ပြော၏)။
၃၄၆။ သော တံ ဂဟေတွာန ပသယှ ဗာဟာယံ, ပစ္စာနယိတွာန ထေရိံ သုဒုဗ္ဗလံ၊
‘‘ဝဇ္ဇေသိ အညမ္ပိ ဇနံ ဣဓာဂတံ, ‘ကရောထ ပုညာနိ သုခူပလဗ္ဘတိ’’။
၃၄၆။ ထိုဝိမာနပြိတ္တာသည် ထိုမိန်းမ၏ လက်မောင်းကို ဖိနှိပ်ဘိသကဲ့သို့ ကိုင်ပြီးလျှင်အလွန်အားနည်းသော မိန်းမအိုကြီးကို (မွေးဖွားရာအရပ်သို့) ပြန်လည်ပို့ဆောင်ပြီးလျှင် ဤ အရပ်သို့ရောက်လာသော လူအပေါင်းကိုလည်း သင်တို့သည် ကုသိုလ်ကောင်းမှုကို ပြုကြကုန် လော့၊ ဤသို့ပြုသည်ရှိသော် ချမ်းသာသုခကို ရနိုင်၏ဟု ပြောကြားပါလေလော့ (ဟု ပြိတ္တာက မှာထား ပြောဆို၏)။
၃၄၇။ ‘‘ဒိဋ္ဌာ မယာ အကတေန သာဓုနာ, ပေတာ ဝိဟညန္တိ တထေဝ မနုဿာ၊
ကမ္မဉ္စ ကတွာ သုခဝေဒနီယံ, ဒေဝါ မနုဿာ စ သုခေ ဌိတာ ပဇာ’’တိ။
သုတ္တပေတဝတ္ထု ဧကာဒသမံ။
၃၄၇။ ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော ပြိတ္တာတို့ကိုလည်းကောင်း၊ ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော လူတို့ကိုလည်းကောင်း ငါ မြင်ရ၏၊ ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော ကုသိုလ် ကံကို ပြု၍ ချမ်းသာသုခ၌ တည်သော နတ်လူသတ္တဝါတို့ကိုလည်း ငါ မြင်ရ၏ဟု (မိန်းမက ဆုံးမစကားပြောကြား၏)။ တစ်ဆယ့်တစ်ခုမြောက်သော သုတ္တပေတဝတ္ထု ပြီး၏။ ၁၂-ကဏ္ဏမုဏ္ဍပေတိဝတ္ထု သီလရှိသော လင်ကို ကျော်လွန်၍ ယောကျာ်းတပါးတို့နှင့် ဖောက်ပြားမိပါလျက် လက်ဆုပ်လက်ကိုင်မိသောအခါ ခွေးစားခံရပါစေဟု ကျိန်စာဆိုခဲဲ့မိ၍ သေသောအခါ ကြည်နူူးဖွယ် ကောင်းသော ရေကန်အနီး ပြသာဒ်၌ နေ့အချိန်ခံစား၍ ညအချိန်တွင် ခွေးစားခံနေရသော ပြိတ္တာမက ဗာရာဏသီမင်းအား ပြောကြားပုံပါသောဝတ္ထု
၁၂။ ကဏ္ဏမုဏ္ဍပေတိဝတ္ထု
၃၄၈။ ‘‘သောဏ္ဏသောပါနဖလကာ, သောဏ္ဏဝါလုကသန္ထတာ၊
တတ္ထ သောဂန္ဓိယာ ဝဂ္ဂူ, သုစိဂန္ဓာ မနောရမာ။
၃၄၈။ ချစ်နှမ သင်၏ ဤရေကန်သည် ရွှေဖြင့် ပြီးသော စောင်းတန်းလှေကား ရှိပေ၏၊ ရွှေဖြင့်ပြီးသော သဲတို့ဖြင့် ခင်းထားပေ၏၊ ထိုရေကန်၌ တင့်တယ်ကုန်လျက် စင်ကြယ်ကောင်း မြတ်သော ရနံ့ရှိကုန်သော ကြာသိန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိလှပေကုန်၏။
၃၄၉။ ‘‘နာနာရုက္ခေဟိ သဉ္ဆန္နာ, နာနာဂန္ဓသမေရိတာ၊
နာနာပဒုမသဉ္ဆန္နာ, ပုဏ္ဍရီကသမောတတာ [သမောဟတာ (က။)]။
၃၄၉။ သင်၏ ဤရေကန်သည် အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အထူးထူးသော ရနံ့လေတို့ဖြင့် ထက်ဝန်းကျင် ထုံလှိုင်လှုပ်ရှားလျက် နေ၏၊ အထူးထူးသော ပဒုမ္မာကြာတို့ဖြင့်ဖုံးလွှမ်းကာ ကြာဖြူတို့ဖြင့် ရောပြွမ်းစုပေါင်းနေ၏။
၃၅၀။ ‘‘သုရဘိံ သမ္ပဝါယန္တိ, မနုညာ မာလုတေရိတာ၊
ဟံသကောဉ္စာဘိရုဒါ စ, စက္ကဝက္ကာဘိကူဇိတာ။
၃၅၀။ သင်၏ ဤရေကန်သည် စိတ်ကို နှစ်သက်စေလျက် လေတို့ဖြင့် တိုက်ခတ်သည် ဖြစ်ရကားကောင်းသော ရနံ့ကို ကြိုင်လှိုင်စေ၏၊ ထိုရေကန်၌ ဟင်္သာ, ကြိုးကြာတို့သည် အလွန်ရွှင်မြူးတွန်ကျူးကြကုန်၏၊ စက္ကဝက်တို့သည် အလွန်ရွှင်မြူး တွန်ကျူးကြကုန်၏။
၃၅၁။ ‘‘နာနာဒိဇဂဏာကိဏ္ဏာ, နာနာသရဂဏာယုတာ၊
နာနာဖလဓရာ ရုက္ခာ, နာနာပုပ္ဖဓရာ ဝနာ။
၃၅၁။ သင်၏ ဤရေကန်သည် အထူးထူးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်း၏၊ အထူးထူးသော ငှက်တို့၏တွန်ကျူးသံအပေါင်းနှင့် ယှဥ်၏၊ ထိုရေကန်၌ သစ်ပင်တို့သည် အထူးထူးသော အသီးတို့ကို ဆောင်ကုန်၏၊ တောဥယျာဥ်တို့သည် အထူးထူးသော ပန်းတို့ကို ဆောင် ကုန်၏။
၃၅၂။ ‘‘န မနုဿေသု ဤဒိသံ, နဂရံ ယာဒိသံ ဣဒံ၊
ပါသာဒါ ဗဟုကာ တုယှံ, သောဝဏ္ဏရူပိယာမယာ၊
ဒဒ္ဒလ္လမာနာ အာဘေန္တိ [အာဘန္တိ (က။)], သမန္တာ စတုရော ဒိသာ။
၃၅၂။ ဤသို့ သင်၏ ရွှေငွေဖြင့် ပြီးသော များစွာသော ပြာသာဒ်တို့သည် အလွန် တင့်တယ်ကုန်လျက် ထက်ဝန်းကျင် အရပ်လေးမျက်နှာကို တောက်ပစေကုန်၏၊ ဤသို့သဘော ရှိသော မြို့သည်လူ့ပြည်တို့၌ ပင် မရှိပေ။
၃၅၃။ ‘‘ပဉ္စ ဒါသိသတာ တုယှံ, ယာ တေမာ ပရိစာရိကာ၊
တာ [ကာ (က။)] ကမ္ဗုကာယူရဓရာ [ကမ္ဗုကေယူရဓရာ (သီ။)], ကဉ္စနာဝေဠဘူသိတာ။
၃၅၃။ အကြင်ကျွန်မငါးရာတို့သည် သင်၏အလုပ်အကျွေး ဖြစ်ကြကုန်၏၊ ထိုကျွန်မငါးရာ တို့သည် ခရုသင်းလက်ကောက် လက်ကြပ်တန်ဆာကို ဝတ်ဆင်ကုန်၏၊ ရွှေနားသွယ်ပန်းတို့ကိုလည်း ထူးဆန်းစွာ ပန်ဆင်ကြကုန်၏။
၃၅၄။ ‘‘ပလ္လင်္ကာ ဗဟုကာ တုယှံ, သောဝဏ္ဏရူပိယာမယာ၊
ကဒလိမိဂသဉ္ဆန္နာ [ကာဒလိမိဂသဉ္ဆန္နာ (သီ။)], သဇ္ဇာ ဂေါနကသန္ထတာ။
၃၅၄။ ရွှေငွေတို့ဖြင့်ပြီးသော သင်၏ များစွာသော ပလ္လင်တို့ကို ဝံပိုင့်ရေတို့ဖြင့် ဖုံးလွှမ်း အပ်ကုန်၏၊ ကောင်းစွာ စီရင်အပ်ကုန်သည်ဖြစ်၍ ရှည်လျားသော မွေးရှည် ကော်ဇောကြီးတို့ ဖြင့် ခင်းထားအပ်ကုန်၏။
၃၅၅။ ‘‘ယတ္ထ တွံ ဝါသူပဂတာ, သဗ္ဗကာမသမိဒ္ဓိနီ၊
သမ္ပတ္တာယဍ္ဎရတ္တာယ [… ရတ္တိယာ (က။)], တတော ဥဋ္ဌာယ ဂစ္ဆသိ။
၃၅၅။ ယင်းပလ္လင်၌ နေခြင်းသို့ ကပ်ရောက်သော သင်သည် အလုံးစုံလိုသမျှ ပြည့်စုံသည် ဖြစ်ပါလျက် ညဥ့်သန်းခေါင်အချိန်သို့ ရောက်လတ်သော် ထိုပလ္လင်မှ ထ၍ သွားဘိ၏။
၃၅၆။ ‘‘ဥယျာနဘူမိံ ဂန္တွာန, ပေါက္ခရညာ သမန္တတော၊
တဿာ တီရေ တုဝံ ဌာသိ, ဟရိတေ သဒ္ဒလေ သုဘေ။
၃၅၆။ ချစ်နှမ သင်သည် ဥယျာဥ်မြေသို့ သွား၍ ရေကန်၏ ထက်ဝန်းကျင်မှ စိမ်းညို၍ နုပျိုသော မြက်တို့ဖြင့် ဖုံးလွှမ်းအပ်သော ထိုရေကန်၏ ကမ်းနား၌ ရပ်တည်နေဘိ၏။
၃၅၇။ ‘‘တတော တေ ကဏ္ဏမုဏ္ဍော သုနခေါ, အင်္ဂမင်္ဂါနိ ခါဒတိ၊
ယဒါ စ ခါယိတာ အာသိ, အဋ္ဌိသင်္ခလိကာ ကတာ၊
ဩဂါဟသိ ပေါက္ခရဏိံ, ဟောတိ ကာယော ယထာ ပုရေ။
၃၅၇။ ထိုနောက်မှ နားရွက်ပြတ်သော ခွေးသည် သင်၏ အင်္ဂါကြီးငယ်တို့ကို ခဲစား၏၊ ခွေးစားအပ်သည်ဖြစ်၍ အရိုးစုမျှကို ပြုအပ်ပြီးသောအခါ သင်သည် ရေကန်သို့ သက်ဆင်း လိုက်၏၊ (ထိုအခါ) ခွေးမစားမီ ရှေးအဖို့ကဲ့သို့ သင်၏ ခန္ဓာကိုယ် ဖြစ်ပေါ်ပြန်၏။
၃၅၈။ ‘‘တတော တွံ အင်္ဂပစ္စင်္ဂီ [အင်္ဂပစ္စင်္ဂါ (က။)], သုစာရု ပိယဒဿနာ၊
ဝတ္ထေန ပါရုပိတွာန, အာယာသိ မမ သန္တိကံ။
၃၅၈။ ထိုရေကန်သို့ သက်ဆင်းပြီးနောက် သင်သည် အင်္ဂါကြီးငယ်တို့ဖြင့် ပြည့်စုံသည် ဖြစ်၍ ကောင်းစွာနှစ်လိုဖွယ်ရှိကာ ချစ်ခင်ဖွယ်ရာ အမြင်ရှိပြီးလျှင် အဝတ်တန်ဆာ ဝတ်ဆင် လျက် ငါ၏ အထံသို့ လာ၏။
၃၅၉။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ကဏ္ဏမုဏ္ဍော သုနခေါ တဝအင်္ဂမင်္ဂါနိ ခါဒတီ’’တိ။
၃၅၉။ သင်၏ ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် နားရွက်ပြတ်သော ခွေး သည် သင်၏အင်္ဂါကြီးငယ်တို့ကို ခဲစားသနည်းဟု (ဗာရာဏသီမင်းက မေး၏)။
၃၆၀။ ‘‘ကိမိလာယံ [ကိမ္ဗိလာယံ (သီ။ သျာ။)] ဂဟပတိ, သဒ္ဓေါ အာသိ ဥပါသကော၊
တဿာဟံ ဘရိယာ အာသိံ, ဒုဿီလာ အတိစာရိနီ။
၃၆၀။ ကိမိလမြို့၌ ယုံကြည်မှု ‘သဒ္ဓါ’ တရားရှိသော ရတနာသုံးပါးကို ဆည်းကပ်တတ်သောသူကြွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုသူကြွယ်၏ မယား ဖြစ်ပါ၏၊ သီလ မရှိပါ၊ လင်ကို ကျော်လွန်၍ ယောကျာ်း တစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်ခဲ့ပါ၏။
၃၆၁။ ‘‘သော မံ အတိစရမာနာယ [ဧဝမာတိစရမာနာယ (သျာ။ ပီ။)], သာမိကော ဧတဒဗြဝိ၊
‘နေတံ ဆန္နံ [နေတံ ဆန္နံ န (သီ။), နေတံ ဆန္နံ နေတံ (က။)] ပတိရူပံ, ယံ တွံ အတိစရာသိ မံ’။
၃၆၁။ လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးတို့နှင့် သွားလာလွန်ကျူးလျက် ကျင့်မိသော အကျွန်ုပ်အားလင်သည် ဤစကားကို ဆို၏၊ သင်သည် ငါ့ကို ကျော်လွန်၍ ယောကျာ်းတစ်ပါး တို့နှင့်သွားလာလွန်ကျူး၍ ကျင့်ဘိ၏၊ ဤအမှုသည် မလျောက်ပတ်ဟု ဆိုပါ၏။
၃၆၂။ ‘‘သာဟံ ဃောရဉ္စ သပထံ, မုသာဝါဒဉ္စ ဘာသိသံ၊
‘နာဟံ တံ အတိစရာမိ, ကာယေန ဥဒ စေတသာ။
၃၆၂-၃။ “အကျွန်ုပ်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်း ကောင်းသင့်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ မကျင့်ပါ၊ အကျွန်ုပ်သည် သင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျော်လွန်၍ ယောကျာ်းတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်မိခဲ့ပါမူ နားရွက်ပြတ်သော ဤခွေးသည် အင်္ဂါကြီးငယ်တို့ကို ခဲစားပါစေ”ဟုထိုအကျွန်ုပ်သည် ကြမ်းတမ်းသော ကျိန်စာဆိုခြင်း ကိုလည်းကောင်း၊ မမှန်ပြောဆိုခြင်းကိုလည်းကောင်းပြောဆိုမိပါ၏။
၃၆၃။ ‘‘‘သစာဟံ တံ အတိစရာမိ, ကာယေန ဥဒ စေတသာ၊
ကဏ္ဏမုဏ္ဍော ယံ သုနခေါ, အင်္ဂမင်္ဂါနိ ခါဒတု’။
၃၆၄။ ‘‘တဿ ကမ္မဿ ဝိပါကံ, မုသာဝါဒဿ စူဘယံ၊
သတ္တေဝ ဝဿသတာနိ, အနုဘူတံ ယတော ဟိ မေ၊
ကဏ္ဏမုဏ္ဍော စ သုနခေါ, အင်္ဂမင်္ဂါနိ ခါဒတိ။
၃၆၄။ အကြင်မကောင်းမှုကံကြောင့် နားရွက်ပြတ်သော ခွေးသည် အကျွန်ုပ်၏ အင်္ဂါကြီး ငယ်တို့ကို ခဲစားပါ၏၊ လင်ကို ကျော်လွန်လျက် ယောကျာ်းတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်သော ကံ၏လည်းကောင်း၊ မဟုတ်မမှန်ပြောဆိုသော ကံ၏လည်းကောင်း နှစ်ပါးစုံသော ထိုကံ၏အကျိုးကို အနှစ်ခုနစ်ရာတို့ပတ်လုံး အကျွန်ုပ် ခံစားရပါ၏။
၃၆၅။ ‘‘တွဉ္စ ဒေဝ ဗဟုကာရော, အတ္ထာယ မေ ဣဓာဂတော၊
သုမုတ္တာဟံ ကဏ္ဏမုဏ္ဍဿ, အသောကာ အကုတောဘယာ။
၃၆၅။ အရှင်မင်းကြီး သင်သည်ကား အကျွန်ုပ်အား များစွာသော ကျေးဇူးရှိပါ၏၊ အကျွန်ုပ်၏အကျိုးငှါ ဤအရပ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်သည် ပူဆွေးမှု မရှိတော့ဘဲ တစ်စုံတစ်ခုမျှ ဘေးမရှိတော့ဘဲနားရွက်ပြတ်သော ခွေးမှ လွတ်ရပါ၏။
၃၆၆။ ‘‘တာဟံ ဒေဝ နမဿာမိ, ယာစာမိ ပဉ္ဇလီကတာ၊
ဘုဉ္ဇ အမာနုသေ ကာမေ, ရမ ဒေဝ မယာ သဟာ’’တိ။
၃၆၆။ အရှင်မင်းကြီး သင့်ကို အကျွန်ုပ် ရှိခိုးပါ၏၊ လက်အုပ်ချီခြင်းကို ပြုလျက် တောင်း ပန်ပါ၏၊ အရှင်မင်းကြီး အကျွန်ုပ်နှင့်အတူ နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို သုံးဆောင်ပါ လော့၊ မွေ့လျော်ပါလော့ဟု (ပြိတ္တာမက တောင်းပန်၏)။
၃၆၇။ ‘‘ဘုတ္တာ အမာနုသာ ကာမာ, ရမိတောမှိ တယာ သဟ၊
တာဟံ သုဘဂေ ယာစာမိ, ခိပ္ပံ ပဋိနယာဟိ မ’’န္တိ။
ကဏ္ဏမုဏ္ဍပေတိဝတ္ထု ဒွါဒသမံ။
၃၆၇။ တင့်တယ်ခြင်းနှင့် ယှဥ်သော ရှင်မ ငါသည် နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို သုံးဆောင်ခံစားရပြီ၊ သင်နှင့်အတူ မွေ့လျော်ရပြီ၊ သင့်ကို ငါ တောင်းပန်၏၊ ငါ့ကို လျင်စွာ (ငါ၏မြို့သို့သာ) တစ်ဖန်ပြန်လည် ပို့ဆောင်ပါလော့ဟု (ဗာရာဏသီမင်းက ပြော၏)။ တစ်ဆယ့်နှစ်ခုမြောက်သော ကဏ္ဏမုဏ္ဍပေတိဝတ္ထု ပြီး၏။ ၁၃-ဥဗ္ဗရိပေတဝတ္ထု လင်ဖြစ်သူူ ရှင်ဘုရင်သေဆုံး၍ ယူူ၊ ကံးမရ ငိုကြွေးနေသော မိဖုရားကို ပညာရှိရသေ့က ဗြဟ္မဒတ်မင်းပေါင်း ရှစ်သောင်းလေးထောင်ရှိကြောင်း ဘဝဟောင်းဖြစ်ထွေကို အခြေကျကျရှင်းလင်းပြသဖြင့် သော ကကင်းစင်လျက် လူူ့အသွင်ကို ပယ်ရှား ရသေ့အဝတ်အစားဖြင့် မေတ္တာပွားသော ဥဗ္ဗ္ဗ္ဗရီမိဖုရားဝတ္ထု
၁၃။ ဥဗ္ဗရိပေတဝတ္ထု
၃၆၈။ အဟု ရာဇာ ဗြဟ္မဒတ္တော, ပဉ္စာလာနံ ရထေသဘော၊
အဟောရတ္တာနမစ္စယာ, ရာဇာ ကာလမကြုဗ္ဗထ [ရာဇာ ကာလင်္ကရီ တဒါ (သီ။)]။
၃၆၈။ ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော ဗြဟ္မဒတ်မည်သော မင်း သည်ဖြစ်ခဲ့ဖူး၏၊ ထိုဗြဟ္မဒတ်မင်းသည် နေ့ညဥ့်ကာလ ရှည်လျားကုန်လွန်လတ်သော် နတ်ရွာ စံခဲ့လေ၏။
၃၆၉။ တဿ အာဠာဟနံ ဂန္တွာ, ဘရိယာ ကန္ဒတိ ဥဗ္ဗရီ [ဥပ္ပရိ (က။)]၊
ဗြဟ္မဒတ္တံ အပဿန္တီ, ဗြဟ္မဒတ္တာတိ ကန္ဒတိ။
၃၆၉။ ထိုမင်း၏ ဥဗ္ဗရီမည်သော မိဖုရားသည် သုသာန်သို့ သွား၍ ဗြဟ္မဒတ်မင်းကို မမြင် ရသည်ဖြစ်ပါလျက် “ဗြဟ္မဒတ်မင်းမြတ်”ဟု ငိုကြွေးမြည်တမ်း၏။
၃၇၀။ ဣသိ စ တတ္ထ အာဂစ္ဆိ, သမ္ပန္နစရဏော မုနိ၊
သော စ တတ္ထ အပုစ္ဆိတ္ထ, ယေ တတ္ထ သုသမာဂတာ။
၃၇၀။ အကျင့်နှင့် ပြည့်စုံ၍ ပညာရှိသော ရသေ့သည် ထိုသုသာန်သို့ ရောက်လာခဲ့ပြီ၊ ထိုရသေ့သည်ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သောသူတို့ကို မေး၏။
၃၇၁။ ‘‘ကဿ ဣဒံ အာဠာဟနံ, နာနာဂန္ဓသမေရိတံ၊
ကဿာယံ ကန္ဒတိ ဘရိယာ, ဣတော ဒူရဂတံ ပတိံ၊
ဗြဟ္မဒတ္တံ အပဿန္တီ, ‘ဗြဟ္မဒတ္တာ’တိ ကန္ဒတိ’’။
၃၇၁။ အထူးထူးသော အနံ့တို့ဖြင့် ထုံအပ်သော ဤသင်္ချိုင်းသည် အဘယ်သူ၏ သင်္ချိုင်း နည်း၊ အကြင်မိန်းမသည် ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ်မည်သော လင်ကို မတွေ့မမြင်ရဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းနေဘိ၏၊ ယင်းသို့ ငိုယိုမြည်တမ်း နေသော ဤမိန်းမသည် အဘယ်သူ၏ မယားနည်း (ဟု မေး၏)။
၃၇၂။ တေ စ တတ္ထ ဝိယာကံသု, ယေ တတ္ထ သုသမာဂတာ၊
‘‘ဗြဟ္မဒတ္တဿ ဘဒန္တေ [ဘဒ္ဒန္တေ (က။)], ဗြဟ္မဒတ္တဿ မာရိသ။
၃၇၂။ (ထိုသို့မေးသည်ရှိသော်) ထိုသုသာန်၌ အညီအညွတ်စုဝေးရောက်လာကြကုန်သောသူတို့က (ဤသို့) ဖြေကြားကြကုန်၏၊ “အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း။
၃၇၃။ ‘‘တဿ ဣဒံ အာဠာဟနံ, နာနာဂန္ဓသမေရိတံ၊
တဿာယံ ကန္ဒတိ ဘရိယာ, ဣတော ဒူရဂတံ ပတိံ၊
ဗြဟ္မဒတ္တံ အပဿန္တီ, ‘ဗြဟ္မဒတ္တာ’တိ ကန္ဒတိ’’။
၃၇၃။ အထူးထူးသော အနံ့တို့ဖြင့်ထုံအပ်သော ဤသင်္ချိုင်းသည် ထိုဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ် မည်သော လင်ကို မတွေ့မမြင်ရပါဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းသော ဤ မိန်းမသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားပါတည်း”ဟု (ဖြေကြားကုန်၏)။
၃၇၄။ ‘‘ဆဠာသီတိသဟဿာနိ, ဗြဟ္မဒတ္တဿနာမကာ၊
ဣမသ္မိံ အာဠာဟနေ ဒဍ္ဎာ, တေသံ ကမနုသောစသီ’’တိ။
၃၇၄။ ဤသင်္ချိုင်း၌ မီးရှို့အပ်ကုန်သော ဗြဟ္မဒတ်ဟုအမည်ရသူတို့သည် ရှစ်သောင်း ခြောက်ထောင်မျှရှိကုန်၏၊ ထိုရှစ်သောင်းခြောက်ထောင်သော ဗြဟ္မဒတ်မင်းတို့တွင် အဘယ် ဗြဟ္မဒတ်မင်းကို (စွဲမှီ၍) ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။
၃၇၅။ ‘‘ယော ရာဇာ စူဠနီပုတ္တော, ပဉ္စာလာနံ ရထေသဘော၊
တံ ဘန္တေ အနုသောစာမိ, ဘတ္တာရံ သဗ္ဗကာမဒ’’န္တိ။
၃၇၅။ အရှင်ဘုရား ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော အကြင်ဗြဟ္မဒတ်မင်းသည် စူဠနီမင်း၏ သားပါတည်း၊ အလုံးစုံသော အလိုကို ပေးတတ်သော ဗြဟ္မဒတ် မည်သော ထိုလင်ကို (စွဲမှီ၍) ပူဆွေးပါ၏ဟု (ဥဗ္ဗရီက ဖြေ၏)။
၃၇၆။ ‘‘သဗ္ဗေ ဝါဟေသုံ ရာဇာနော, ဗြဟ္မဒတ္တဿနာမကာ၊
သဗ္ဗေဝစူဠနီပုတ္တာ, ပဉ္စာလာနံ ရထေသဘာ။
၃၇၆။ အလုံးစုံ ရှစ်သောင်းခြောက်ထောင်ကုန်သော မင်းတို့သည် ဗြဟ္မဒတ်မင်းဟူသော အမည်ရှိကုန်သည်ချည်းသာတည်း၊ အလုံးစုံရှစ်သောင်းခြောက်ထောင်ကုန်သော ဗြဟ္မဒတ်မင်း တို့သည် ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော စူဠနီမင်း၏ သားတော် တို့ချည်းသာတည်း။
၃၇၇။ ‘‘သဗ္ဗေသံ အနုပုဗ္ဗေန, မဟေသိတ္တမကာရယိ၊
ကသ္မာ ပုရိမကေ ဟိတွာ, ပစ္ဆိမံ အနုသောစသီ’’တိ။
၃၇၇။ သင်သည် အလုံးစုံသော ဗြဟ္မဒတ်မင်းတို့၏ အစဥ်အဆက် မြတ်သော မိဖုရားကြီး အဖြစ်ကို ပြုစေခဲ့၏၊သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ရှေးလင်ဟောင်းဖြစ်သော ဗြဟ္မဒတ်မင်း တို့ကို စွန့်လျက် နောက်ဖြစ်သော ဗြဟ္မဒတ်မင်းကို စွဲ၍ ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။
၃၇၈။ ‘‘အာတုမေ ဣတ္ထိဘူတာယ, ဒီဃရတ္တာယ မာရိသ၊
ယဿာ မေ ဣတ္ထိဘူတာယ, သံသာရေ ဗဟုဘာသသီ’’တိ။
၃၇၈။ အရှင်ရသေ့ များစွာသော သံသရာ၌ မိန်းမအဖြစ်သို့ ရောက်သော အကျွန်ုပ်၏မိဖုရားကြီးအဖြစ်ကို သင်ရသေ့သည် ပြောဟောဘိ၏၊ မိန်းမဖြစ်သော အကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘော၌ ရှည်မြင့်စွာသော ကာလပတ်လုံး မိန်းမသာ ဖြစ်ပါသလောဟု (ဥဗ္ဗရီက မေး၏)။
၃၇၉။ ‘‘အဟု ဣတ္ထီ အဟု ပုရိသော, ပသုယောနိမ္ပိ အာဂမာ၊
ဧဝမေတံ အတီတာနံ, ပရိယန္တော န ဒိဿတီ’’တိ။
၃၇၉။ သင်သည် တစ်ရံတစ်ခါ မိန်းမ ဖြစ်ခဲ့ဖူး၏၊ တစ်ရံတစ်ခါ ယောကျာ်း ဖြစ်ခဲ့ဖူး၏၊ တိရစ္ဆာန်အဖြစ်သို့လည်း ရောက်ခဲ့ဖူး၏၊ ဤသို့လျှင် မိန်းမအဖြစ် ယောကျာ်းအဖြစ် တိရစ္ဆာန်စသော အဖြစ်သို့ ရောက်ခဲ့ရသော သင်၏ လွန်ပြီးသော ဘဝတို့ အပိုင်းအခြားသည် ပညာစက္ခု ဖြင့်ကြည့်ရှုသော်လည်း မတွေ့မမြင် မထင်နိုင်တော့ပေဟု (ရသေ့က ဖြေ၏)။
၃၈၀။ ‘‘အာဒိတ္တံ ဝတ မံ သန္တံ, ဃတသိတ္တံဝ ပါဝကံ၊
ဝါရိနာ ဝိယ ဩသိဉ္စံ, သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၃၈၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်လောင်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်သော ကမီးတောက်လောင်နေသော အကျွန်ုပ်၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။
၃၈၁။ ‘‘အဗ္ဗဟီ ဝတ မေ သလ္လံ, သောကံ ဟဒယနိဿိတံ၊
ယော မေ သောကပရေတာယ, ပတိသောကံ အပါနုဒိ။
၃၈၁။ အရှင်ရသေ့သည် ပူဆွေးမှု ‘သော က’ နှိပ်စက်နေသော အကျွန်ုပ်အား လင်ကြောင့် ဖြစ်သော ပူဆွေးမှု ‘သော က’ကို ပယ်ဖျောက်ပါပေ၏၊ အရှင်ရသေ့သည် အကျွန်ုပ်၏ နှလုံး၌ မှီသော ပူဆွေးမှု‘သော က’တည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။
၃၈၂။ ‘‘သာဟံ အဗ္ဗူဠှသလ္လာသ္မိ, သီတိဘူတာသ္မိ နိဗ္ဗုတာ၊
န သောစာမိ န ရောဒါမိ, တဝ သုတွာ မဟာမုနီ’’တိ။
၃၈၂။ အရှင်ရသေ့ ထိုအကျွန်ုပ်သည် ပူဆွေးမှု ‘သော က’ဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူငြိမ်းအေးပြီးသူ ငြိမ်းချမ်းပြီးသူ ဖြစ်ပေတော့၏၊ အရှင်ရသေ့ အရှင်၏ တရားစကားကို ကြားနာရသောကြောင့် အကျွန်ုပ်သည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဥဗ္ဗရီက ပြော၏)။
၃၈၃။ တဿ တံ ဝစနံ သုတွာ, သမဏဿ သုဘာသိတံ၊
ပတ္တစီဝရမာဒါယ, ပဗ္ဗဇိ အနဂါရိယံ။
၃၈၃။ ဥဗ္ဗရီမိဖုရားကြီးသည် ထိုရသေ့၏ ကောင်းစွာ ဟောအပ်သော ထိုတရားစကားကို ကြားနာရသောကြောင့် သပိတ်သင်္ကန်းကို ယူလျက် ရသေ့ရဟန်းဘောင်သို့ ဝင်ခဲ့၏။
၃၈၄။ သာ စ ပဗ္ဗဇိတာ သန္တာ, အဂါရသ္မာ အနဂါရိယံ၊
မေတ္တာစိတ္တံ အဘာဝေသိ, ဗြဟ္မလောကူပပတ္တိယာ။
၃၈၄။ ထိိုဥဗ္ဗရီမိဖုရားသည် အိမ်ရာတည်ထောင် လူတို့ဘောင်မှ အိမ်ရာမထောင် ရသေ့ ရဟန်းဘောင်သို့ဝင်ရောက်ပြီးသော် ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများ၏။
၃၈၅။ ဂါမာ ဂါမံ ဝိစရန္တီ, နိဂမေ ရာဇဓာနိယော၊
ဥရုဝေလာ နာမ သော ဂါမော, ယတ္ထ ကာလမကြုဗ္ဗထ။
၃၈၅။ တစ်ရွာမှ တစ်ရွာသို့လည်းကောင်း၊ နိဂုံးတို့သို့လည်းကောင်း၊ မင်းနေပြည်တို့သို့လည်းကောင်းလှည့်လည်လတ်သော် အကြင်ရွာ၌ သေ၏၊ ထိုရွာသည် ဥရုဝေဠမည်သော ရွာပင်တည်း။
၃၈၆။ မေတ္တာစိတ္တံ အာဘာဝေတွာ, ဗြဟ္မလောကူပပတ္တိယာ၊
ဣတ္ထိစိတ္တံ ဝိရာဇေတွာ, ဗြဟ္မလောကူပဂါ အဟူတိ။
ဥဗ္ဗရိပေတဝတ္ထု တေရသမံ။
ဥဗ္ဗရိဝဂ္ဂေါ ဒုတိယော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
မောစကံ [ပဏ္ဍု (သဗ္ဗတ္ထ)] မာတာ မတ္တာ [ပိတာ (သီ။ က။), ပတိယာ (သျာ။)] စ, နန္ဒာ ကုဏ္ဍလီနာ ဃဋော၊
ဒွေ သေဋ္ဌီ တုန္နဝါယော စ, ဥတ္တရ [ဝိဟာရ (သဗ္ဗတ္ထ)] သုတ္တကဏ္ဏ [သောပါန (သဗ္ဗတ္ထ)] ဥဗ္ဗရီတိ။
၃၈၆။ ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများခြင်းကြောင့် မိန်းမ အဖြစ်၌တပ်စွဲသာယာသော စိတ်ကို ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်လေ၏။ တစ်ဆယ့်သုံးခုမြောက်သော ဥဗ္ဗရိပေတဝတ္ထု ပြီး၏။ နှစ်ခုမြောက်သော ဥဗ္ဗရိဝဂ် ပြီး၏။ ၃-စူဠဝဂ် ၁-အဘိဇ္ဇမာနပေတဝတ္ထု ရှေးဘဝလူူဖြစ်စဥ် အလှူဝတ္တုရှိကုန်လျက် ကောင်းမှုမပြုခဲဲ့ကြ၊ လှူမည့်အစား စွန့်ပစ် လိုက်ကြသေး၏။ ဝန်တိုခြင်းများ၍ အလှူခံတို့ကို ဆဲရေးခဲဲ့သော ကြောင့် သေလွန်သောအခါ ပြိတ္တာတပိုင်း လူူတပိုင်းဖြင့် အဝတ်မပါ ဗလာကျင်းနေရသည့် အဖြစ်ဆိုး၌ ဖြစ်ကြရသော ပြိတ္တာများဝတ္ထု
၃။ စူဠဝဂ္ဂေါ
၁။ အဘိဇ္ဇမာနပေတဝတ္ထု
၃၈၇။ ‘‘အဘိဇ္ဇမာနေ ဝါရိမှိ, ဂင်္ဂါယ ဣဓ ဂစ္ဆသိ၊
နဂ္ဂေါ ပုဗ္ဗဒ္ဓပေတောဝ မာလဓာရီ အလင်္ကတော၊
ကုဟိံ ဂမိဿသိ ပေတ, ကတ္ထ ဝါသော ဘဝိဿတီ’’တိ။
၃၈၇။ ပြိတ္တာကြီး (ခြေချလိုက်ခြင်းကြောင့်) မပျက်စီး မပြိုကွဲသော ဤဂင်္ဂါမြစ်ရေ၌ အဝတ် မပါဘဲကိုယ်ချည်းသာလျှင် ရှေ့ထက်ဝက်က ပြိတ္တာမဟုတ်သကဲ့သို့ ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာတို့ကို ဆင်မြန်းလျက် သွားဘိ၏၊ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊ သင်သည် အဘယ်အရပ်၌နေရမည်နည်းဟု (ကောလိယအမတ်က မေး၏)။
၃၈၈။ ‘‘စုန္ဒဋ္ဌိလံ [စုန္ဒဋ္ဌိကံ (သီ။)] ဂမိဿာမိ, ပေတော သော ဣတိ ဘာသတိ၊
အန္တရေ ဝါသဘဂါမံ, ဗာရာဏသိံ စ [ဗာရာဏသိယာ စ (သီ။ သျာ။)] သန္တိကေ’’။
၃၈၈။ ငါသည်ကား ဝါသဘရွာနှင့် ဗာရာဏသီပြည်၏အကြား ဗာရာဏသီ၏ အနီး၌ တည်သော စုန္ဒဋ္ဌိလရွာသို့ သွားပါအံ့ဟု ထိုပြိတ္တာက ပြောဆို၏။
၃၈၉။ တဉ္စ ဒိသွာ မဟာမတ္တော, ကောလိယော ဣတိ ဝိဿုတော၊
သတ္တုံ ဘတ္တဉ္စ ပေတဿ, ပီတကဉ္စ ယုဂံ အဒါ။
၃၈၉။ ကောလိယဟု ကျော်ကြားသော အမတ်ကြီးသည် ထိုပြိတ္တာကို မြင်၍ ပြိတ္တာအား မုန့်ကိုလည်းကောင်း ထမင်းကိုလည်းကောင်း ရွှေသော အဆင်းရှိသော အဝတ်ပုဆိုး အစုံကိုလည်းကောင်း ပေး၏။
၃၉၀။ နာဝါယ တိဋ္ဌမာနာယ, ကပ္ပကဿ အဒါပယိ၊
ကပ္ပကဿ ပဒိန္နမှိ, ဌာနေ ပေတဿ ဒိဿထ [ပေတဿု’ဒိဿထ (သီ။), ပေတဿု’ဒိစ္ဆထ (?)]။
၃၉၀။ လှေကို ရပ်တည်စေပြီးလျှင် ထိုလှေရှိ တစ်ယောက်သော ဆတ္တာသည်အား အဝတ် ပုဆိုးအစုံကို ပေးလှူစေ၏၊ ဆတ္တာသည်အား ပေးလှူလိုက်သည်ရှိသော် တစ်ခဏချင်း ပြိတ္တာ၏ ကိုယ်၌ ပုဆိုးအစုံကို တွေ့မြင်ရလေတော့၏။
၃၉၁။ တတော သုဝတ္ထဝသနော, မာလဓာရီ အလင်္ကတော၊
ဌာနေ ဌိတဿ ပေတဿ, ဒက္ခိဏာ ဥပကပ္ပထ၊
တသ္မာ ဒဇ္ဇေထ ပေတာနံ, အနုကမ္ပာယ ပုနပ္ပုနံ။
၃၉၁။ ထို့နောက် ထိုပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်ရုံပြီးလျှင် ပန်းတို့ကို ပန်ဆင်ကာအဆင်တန်ဆာကို ဆင်မြန်းလျက် တည်နေ၏၊ (ဝမ်းမြောက်နိုင်လောက်အောင် နီးကပ်ရာအရပ်၌) တည်နေသော ပြိတ္တာအား မြတ်သော အလှူ၏အကျိုးသည် ကပ်ရောက် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့်ပြိတ္တာတို့အား အစဥ်သနားသဖြင့် (ပြိတ္တာတို့ကို ရည်ညွှန်း၍) အဖန်ဖန် အထပ်ထပ် မြတ်သော အလှူကို ပေးလှူရာ၏။
၃၉၂။ သာတုန္နဝသနာ [သာဟုန္နဝါသိနော (သျာ။ ပီ။), သာဟုန္ဒဝါသိနော (က။)] ဧကေ, အညေ ကေသနိဝါသနာ [ကေသနိဝါသိနော (သျာ။ က။)]၊
ပေတာ ဘတ္တာယ ဂစ္ဆန္တိ, ပက္ကမန္တိ ဒိသောဒိသံ။
၃၉၂။ ပြိတ္တာအချို့တို့သည် စုတ်ပြတ်သော အဝတ်ကို ဝတ်ကြရကုန်၏၊ အချို့ပြိတ္တာတို့သည် ကားဆံပင်ဖြင့် ကိုယ်ကို ဖုံးလွှမ်းကုန်လျက် အစားအစာအလို့ငှါ သွားကြရကုန်၏၊ တစ် ရပ်မှ တစ်ရပ်သို့ရွှေ့ပြောင်းသွားလာ ကြရကုန်၏။
၃၉၃။ ဒူရေ ဧကေ [ဒူရေ ပေတာ (က။)] ပဓာဝိတွာ, အလဒ္ဓါဝ နိဝတ္တရေ၊
ဆာတာ ပမုစ္ဆိတာ ဘန္တာ, ဘူမိယံ ပဋိသုမ္ဘိတာ။
၃၉၃။ အချို့ပြိတ္တာတို့သည် ဝေးသော အရပ်သို့ ပြေးသွားကြကုန်သော်လည်း (တစ်စုံ တစ်ခုကို မျှ) မရကြကုန်သောကြောင့် ပြန်လာကြရကုန်၏၊ ဆာလောင်ခြင်းဖြင့် တွေဝေကုန်သည် ဖြစ်၍ တုန်လှုပ်ကုန်လျက် မြေ၌ လဲကျကြရကုန်၏။
၃၉၄။ တေ စ [ကေစိ (သီ။ သျာ။)] တတ္ထ ပပတိတာ [ပပတိတွာ (သီ။), စ ပတိတာ (သျာ။)], ဘူမိယံ ပဋိသုမ္ဘိတာ၊
ပုဗ္ဗေ အကတကလျာဏာ, အဂ္ဂိဒဍ္ဎာဝ အာတပေ။
၃၉၄။ ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကံကို မပြုခဲ့ကြရကုန်သော ထိုပြိတ္တာတို့သည် နွေအခါ နေပူရာအရပ်၌မီးလောင်ခံကြရသကဲ့သို့ ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျကြရကုန်၏။
၃၉၅။ ‘‘မယံ ပုဗ္ဗေ ပါပဓမ္မာ, ဃရဏီ ကုလမာတရော၊
သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကမှ အတ္တနော။
၃၉၅။ ရှေးဘဝက ယုတ်မာသော သဘောရှိကုန်သော ငါတို့သည် အမျိုးသူငယ်တို့၏ အမိအိမ်ရှင်မတို့ပါတည်း၊ လှူဖွယ်ဝတ္ထုတို့ ရှိကုန်လျက် မိမိ၏ မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့မိကြကုန်။
၃၉၆။ ‘‘ပဟူတံ အန္နပါနမ္ပိ, အပိဿု အဝကိရီယတိ၊
သမ္မဂ္ဂတေ ပဗ္ဗဇိတေ, န စ ကိဉ္စိ အဒမှသေ။
၃၉၆။ ထမင်းအဖျော်သည် များပင်များသော်လည်း စင်စစ် စွန့်ပစ်လိုက်ပါ၏၊ ကောင်းစွာ ကျင့်သော အရှင်ရဟန်းတို့ ထင်စွာရှိကြပါကုန်လျက် ထိုရဟန်းတို့အား တစ်စုံတစ်ခုကို မျှ မပေးလှူခဲ့ ကြပါကုန်။
၃၉၇။ ‘‘အကမ္မကာမာ အလသာ, သာဒုကာမာ မဟဂ္ဃသာ၊
အာလောပပိဏ္ဍဒါတာရော, ပဋိဂ္ဂဟေ ပရိဘာသိမှသေ [ပရိဘာသိတာ (သျာ။ က။)]။
၃၉၇။ ငါတို့သည် သူတော်ကောင်းတို့ မပြုသင့်မပြုထိုက်သော အကုသိုလ်ကို သာ ပြုလိုကြ ကုန်၏၊ ကုသိုလ်ပြုမှု၌ နှောင့်နှေး ပျင်းရိကြကုန်၏၊ ချိုမြိန် ကောင်းမြတ်သောဝတ္ထုကို သာ မြတ်နိုးကြကုန်၏၊ အစားကြီးကြပါကုန်၏၊ တစ်လုတ်စာမျှသော ဘောဇဥ်ကို ပေးလှူသူတို့ကိုလည်းကောင်း၊ အလှူခံတို့ကိုလည်းကောင်း ဆဲရေးကြိမ်းမောင်းတတ်ကြကုန်၏။
၃၉၈။ ‘‘တေ ဃရာ တာ စ ဒါသိယော, တာနေဝါဘရဏာနိ နော၊
တေ အညေ ပရိစာရေန္တိ, မယံ ဒုက္ခဿ ဘာဂိနော။
၃၉၈။ (ငါတို့၏) ထိုအိမ်တို့သည်လည်းကောင်း၊ ထိုကျွန်မတို့သည်လည်းကောင်း၊ ထိုတန်ဆာတို့သည်လည်းကောင်း ငါတို့အား မကပ်ရောက်တော့ကုန်၊ အခြားသူတို့သည် သာထိုအိမ်စသည်တို့ကို သုံးဆောင်ကုန်၏၊ ငါတို့သည် ကား (ကုသိုလ်ပြုရမည်ကို မသိမူ၍ ယခု အခါ) ဆင်းရဲခြင်း၏အဖို့ ရှိကုန်၏။
၃၉၉။ ‘‘ဝေဏီ ဝါ အဝညာ ဟောန္တိ, ရထကာရီ စ ဒုဗ္ဘိကာ၊
စဏ္ဍာလီ ကပဏာ ဟောန္တိ, ကပ္ပကာ [နှာပိကာ (သီ။)] စ ပုနပ္ပုနံ။
၃၉၉။ (ထိုပြိတ္တာတို့သည် လူဖြစ်လာကြကုန်သော်) အယုတ်အားဖြင့် သိမှတ်အပ်ကုန်သော နှီးရွေထရံရက်သမားတို့သည်လည်းကောင်း၊ သားရေနယ်သမားတို့သည်လည်းကောင်း၊ အဆွေပြစ်မှား မိတ်ဖျက်သမားတို့သည်လည်းကောင်း၊ စဏ္ဍာလတို့သည်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသူတောင်းစားတို့သည်လည်းကောင်း၊ ဆတ္တာသည်တို့သည်လည်းကောင်း အဖန်တလဲလဲ ဖြစ် ကြရကုန်၏။
၄၀၀။ ‘‘ယာနိ ယာနိ နိဟီနာနိ, ကုလာနိ ကပဏာနိ စ၊
တေသု တေသွေဝ ဇာယန္တိ, ဧသာ မစ္ဆရိနော ဂတိ။
၄၀၀။ အကြင်အကြင် အမျိုးတို့သည် ယုတ်ညံ့ကုန်၏၊ ဆင်းရဲနွမ်းပါးကုန်၏၊ ထိုထိုအမျိုးတို့၌ သာလျှင်ဖြစ်ရကုန်၏၊ ဤသည်ကား ဝန်တိုမှု ‘မစ္ဆရိယ’ ရှိသူ၏ လားရာ‘ဂတိ’ ပင်တည်း။
၄၀၁။ ‘‘ပုဗ္ဗေ စ ကတကလျာဏာ, ဒါယကာ ဝီတမစ္ဆရာ၊
သဂ္ဂံ တေ ပရိပူရေန္တိ, ဩဘာသေန္တိ စ နန္ဒနံ။
၄၀၁။ အကြင်သူတို့သည် ကား ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကို ပြုကြဖူးကုန်၏၊ ပေးလှူ တတ်ကုန်၏၊ ဝန်တိုမှု ‘မစ္ဆရိယ’ ကင်းကုန်၏၊ ထိုသူတို့သည် နတ်ပြည်လောကကို ပြည့်စေ ကုန်၏၊ နန္ဒဝန်ဥယျာဥ်ကိုလည်း ထွန်းလင်းတောက်ပစေကုန်၏။
၄၀၂။ ‘‘ဝေဇယန္တေ စ ပါသာဒေ, ရမိတွာ ကာမကာမိနော၊
ဥစ္စာကုလေသု ဇာယန္တိ, သဘောဂေသု တတော စုတာ။
၄၀၂။ အလိုရှိအပ်သော ကာမဂုဏ်တို့၌ အလိုရှိတိုင်း သုံးဆောင်ခံစားကြကုန်သော ထိုသူ တို့သည် ဝေဇယန္တာပြာသာဒ်၌ ပျော်ပါးကြပြီး၍ ထိုနတ်ပြည်မှ စုတေသော် စည်းစိမ်ဥစ္စာ ရှိသော မြင့်မြတ်သော အမျိုးတို့၌ ဖြစ်ကြရကုန်၏။
၄၀၃။ ‘‘ကူဋာဂါရေ စ ပါသာဒေ, ပလ္လင်္ကေ ဂေါနကတ္ထတေ၊
ဗီဇိတင်္ဂါ [ဝီဇိတင်္ဂါ (သီ။ သျာ။)] မောရဟတ္ထေဟိ, ကုလေ ဇာတာ ယသဿိနော။
၄၀၃။ စုလစ်မွန်းချွန်း အထွတ်တပ်သော ပြာသာဒ်ဆောင်၌လည်းကောင်း၊ မွေးရှည်ကော် ဇောခင်းထားအပ်သော ပလ္လင်၌လည်းကောင်း လက်၌ စွဲကိုင်သော ဥဒေါင်းမြီးစည်းယပ်တို့ဖြင့် ယပ်လေခတ်ကုန်လျက် အခြံအရံ များသည်ဖြစ်၍ မြတ်သော အမျိုး၌ ဖြစ်ကြရကုန်၏။
၄၀၄။ ‘‘အင်္ကတော အင်္ကံ ဂစ္ဆန္တိ, မာလဓာရီ အလင်္ကတာ၊
ဓာတိယော ဥပတိဋ္ဌန္တိ, သာယံ ပါတံ သုခေသိနော။
၄၀၄။ သူငယ်ဘဝ၌လည်း ရင်ခွင်တစ်ခုမှ ရင်ခွင်တစ်ခုသို့ ရောက်ကုန်၏၊ ပန်းပန်လျက် အဆင်တန်ဆာဆင်မြန်းကုန်သော အထိန်းအယတို့သည် ညနံနက်တိုင်း ချမ်းသာကို ရှာမှီးကြ ကုန်လျက် ပြုစုလုပ်ကျွေးကြကုန်၏။
၄၀၅။ ‘‘နယိဒံ အကတပုညာနံ, ကတပုညာနမေဝိဒံ၊
အသောကံ နန္ဒနံ ရမ္မံ, တိဒသာနံ မဟာဝနံ။
၄၀၅။ ပူဆွေးမှု‘သော က’မရှိသော နှစ်သက်ဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသောတာဝတိံသာနတ်တို့၏ဤဥယျာဥ်ကြီးသည် မကောင်းမှုပြုသူတို့အတွက် ဖြစ်သည်မဟုတ်၊ ကောင်းမှုပြုပြီးသူတို့အတွက်သာလျှင်ဖြစ်၏။
၄၀၆။ ‘‘သုခံ အကတပုညာနံ, ဣဓ နတ္ထိ ပရတ္ထ စ၊
သုခဉ္စ ကတပုညာနံ, ဣဓ စေဝ ပရတ္ထ စ။
၄၀၆။ မကောင်းမှုကို ပြုပြီးသူတိုု့အား ချမ်းသာသုခသည် ဤလောက၌လည်းမရှိ၊ တမလွန်လောက၌လည်း မရှိ၊ ကောင်းမှုပြုပြီးသူတို့အားသာလျှင် ချမ်းသာသုခသည် ဤ လောက၌လည်းဖြစ်၏၊ တမလွန်လောက၌လည်း ဖြစ်၏။
၄၀၇။ ‘‘တေသံ သဟဗျကာမာနံ, ကတ္တဗ္ဗံ ကုသလံ ဗဟုံ၊
ကတပုညာ ဟိ မောဒန္တိ, သဂ္ဂေ ဘောဂသမင်္ဂိနော’’တိ။
အဘိဇ္ဇမာနပေတဝတ္ထု ပဌမံ။
၄၀၇။ ထိုနတ်တို့၏ အပေါင်းအဖော် အသင်းဝင်ဖြစ်လိုသူတို့သည် ကုသိုလ်ကောင်းမှုကို များစွာပြုအပ်၏၊ ကောင်းမှုပြုပြီးသူတို့သည် သာ နတ်ပြည်၌ စည်းစိမ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။ ရှေးဦးစွာသော အဘိဇ္ဇမာနပေတဝတ္ထု ပြီး၏။ ၂-သာဏဝါသီထေရပေတဝတ္ထု သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲဲ့ကြသော ကြောင့် သေလွန် ကြသောအခါပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူအတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခရရှိကြသော ပြိတ္တာများ
၂။ သာဏဝါသီထေရပေတဝတ္ထု
၄၀၈။ ကုဏ္ဍိနာဂရိယော ထေရော, သာဏဝါသိ [သာနုဝါသိ (သီ။), သာနဝါသိ (သျာ။)] နိဝါသိကော၊
ပေါဋ္ဌပါဒေါတိ နာမေန, သမဏော ဘာဝိတိန္ဒြိယော။
၄၀၈။ မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣန္ဒြေရှိသော ကုဏ္ဍိမြို့သားပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။
၄၀၉။ တဿ မာတာ ပိတာ ဘာတာ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။
၄၀၉။ ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကို တို့သည် မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။
၄၁၀။ တေ ဒုဂ္ဂတာ သူစိကဋ္ဋာ, ကိလန္တာ နဂ္ဂိနော ကိသာ၊
ဥတ္တသန္တာ [ဩတ္တပ္ပန္တာ (သျာ။ က။)] မဟတ္တာသာ [မဟာတာသာ (သီ။)], န ဒဿေန္တိ ကုရူရိနော [ကုရုဒ္ဒိနော (က။)]။
၄၁၀။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့်အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။
၄၁၁။ တဿ ဘာတာ ဝိတရိတွာ, နဂ္ဂေါ ဧကပထေကကော၊
စတုကုဏ္ဍိကော ဘဝိတွာန, ထေရဿ ဒဿယီတုမံ။
၄၁၁။ ထိုသာဏဝါသီမထေရ်၏ အစ်ကို သည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိသော လမ်းကျဥ်း၌အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက်သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။
၄၁၂။ ထေရော စာမနသိကတွာ, တုဏှီဘူတော အတိက္ကမိ၊
သော စ ဝိညာပယီ ထေရံ, ‘ဘာတာ ပေတဂတော အဟံ’။
၄၁၂။ မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာ သည်လည်း (ဤသို့) မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာ ဘုံသို့ ရောက်နေရပါ၏။
၄၁၃။ ‘‘မာတာ ပိတာ စ တေ ဘန္တေ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ။
၄၁၃။ အရှင်ဘုရား သင်၏ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း မကောင်းမှု ကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လား ရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။
၄၁၄။ ‘‘တေ ဒုဂ္ဂတာ သူစိကဋ္ဋာ, ကိလန္တာ နဂ္ဂိနော ကိသာ၊
ဥတ္တသန္တာ မဟတ္တာသာ, န ဒဿေန္တိ ကုရူရိနော။
၄၁၄။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိအဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်း တမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။
၄၁၅။ ‘‘အနုကမ္ပဿု ကာရုဏိကော, ဒတွာ အနွာဒိသာဟိ နော၊
တဝ ဒိန္နေန ဒါနေန, ယာပေဿန္တိ ကုရူရိနော’’တိ။
၄၁၅။ အရှင်ဘုရား သနားခြင်းရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်းပေးဝေပါ လော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖ တို့သည် မျှတကြပါကုန်လတ္တံ့ဟု (အစ်ကို ပြိတ္တာက ပြော၏)။
၄၁၆။ ထေရော စရိတွာ ပိဏ္ဍာယ, ဘိက္ခူ အညေ စ ဒွါဒသ၊
ဧကဇ္ဈံ သန္နိပတိံသု, ဘတ္တဝိဿဂ္ဂကာရဏာ။
၄၁၆။ သာဏဝါသီမထေရ်သည်လည်းကောင်း၊ အခြားရဟန်းတစ်ဆယ့်နှစ်ပါးတို့သည် လည်း ကောင်းဆွမ်းခံလှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။
၄၁၇။ ထေရော သဗ္ဗေဝ တေ အာဟ, ‘‘ယထာလဒ္ဓံ ဒဒါထ မေ၊
သံဃဘတ္တံ ကရိဿာမိ, အနုကမ္ပာယ ဉာတိနံ’’။
၄၁၇။ သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား “အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာ အားဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏”ဟု ပြောဆို၏။
၄၁၈။ နိယျာဒယိံသု ထေရဿ, ထေရော သံဃံ နိမန္တယိ၊
ဒတွာ အနွာဒိသိ ထေရော, မာတု ပိတု စ ဘာတုနော၊
‘‘ဣဒံ မေ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’’။
၄၁၈။ တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီ မထေရ်သည်ပေးလှူပြီးလတ်သော် “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်းအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။
၄၁၉။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဘောဇနံ ဥဒပဇ္ဇထ၊
သုစိံ ပဏီတံ သမ္ပန္နံ, အနေကရသဗျဉ္ဇနံ။
၄၁၉။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ် မွန်မြတ်၍ အရသာ နှင့်ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့်ယှဥ်သော ဘောဇဥ်သည် ဖြစ် ပေါ်လာတော့၏။
၄၂၀။ တတော ဥဒ္ဒဿယီ [ဥဒ္ဒိသယီ (သီ။ က။), ဥဒ္ဒိဿတိ (သျာ။ က။)] ဘာတာ, ဝဏ္ဏဝါ ဗလဝါ သုခီ၊
‘‘ပဟူတံ ဘောဇနံ ဘန္တေ, ပဿ နဂ္ဂါမှသေ မယံ၊
တထာ ဘန္တေ ပရက္ကမ, ယထာ ဝတ္ထံ လဘာမသေ’’တိ။
၄၂၀။ ထိုနောက် အစ်ကို သည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဥ်သည် များပြားလှပါ၏၊ (သို့သော်) ကြည့်တော်မူပါဦး လော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့အဝတ်ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦးလော့ (ဟု အစ်ကို ပြိတ္တာကသာဏဝါသီမထေရ်ကို လျှောက်ပြန်၏)။
၄၂၁။ ထေရော သင်္ကာရကူဋမှာ, ဥစ္စိနိတွာန နန္တကေ၊
ပိလောတိကံ ပဋံ ကတွာ, သံဃေ စာတုဒ္ဒိသေ အဒါ။
၄၂၁။ သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုးအပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်းသင်္ကန်းပြုလျက် စာတုဒ္ဒိသာသံဃာအား ပေးလှူ၏။
၄၂၂။ ဒတွာ အနွာဒိသီ ထေရော, မာတု ပိတု စ ဘာတုနော၊
‘‘ဣဒံ မေ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’’။
၄၂၂။ သာဏဝါသီမထေရ်သည် သင်္ကန်းပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။
၄၂၃။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဝတ္ထာနိ ဥဒပဇ္ဇိသုံ၊
တတော သုဝတ္ထဝသနော, ထေရဿ ဒဿယီတုမံ။
၄၂၃။ ရည်ညွှန်းပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက်အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။
၄၂၄။ ‘‘ယာဝတာ နန္ဒရာဇဿ, ဝိဇိတသ္မိံ ပဋိစ္ဆဒါ၊
တတော ဗဟုတရာ ဘန္တေ, ဝတ္ထာနစ္ဆာဒနာနိ နော။
၄၂၄။ နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့၏ အဝတ်ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါကုန်၏။
၄၂၅။ ‘‘ကောသေယျကမ္ဗလီယာနိ, ခေါမ ကပ္ပါသိကာနိ စ၊
ဝိပုလာ စ မဟဂ္ဃါ စ, တေပါကာသေဝလမ္ဗရေ။
၄၂၅။ ပိုးကမ္ဗလာထည်တို့သည်လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည်လည်းကောင်း အလျား အနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာ တွဲရရွဲကျကုန်၏။
၄၂၆။ ‘‘တေ မယံ ပရိဒဟာမ, ယံ ယံ ဟိ မနသော ပိယံ၊
တထာ ဘန္တေ ပရက္ကမ, ယထာ ဂေဟံ လဘာမသေ’’တိ။
၄၂၆။ ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ပြန်၏)။
၄၂၇။ ထေရော ပဏ္ဏကုဋိံ ကတွာ, သံဃေ စာတုဒ္ဒိသေ အဒါ၊
ဒတွာ အနွာဒိသီ ထေရော, မာတု ပိတု စ ဘာတုနော၊
‘‘ဣဒံ မေ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’’။
၄၂၇။ သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာသံဃာ အားပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။
၄၂၈။ သမနန္တရာနုဒ္ဒိဋ္ဌေ, ဃရာနိ ဥဒပဇ္ဇိသုံ၊
ကူဋာဂါရနိဝေသနာ, ဝိဘတ္တာ ဘာဂသော မိတာ။
၄၂၈။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ် မွန်းချွန်အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။
၄၂၉။ ‘‘န မနုဿေသု ဤဒိသာ, ယာဒိသာ နော ဃရာ ဣဓ၊
အပိ ဒိဗ္ဗေသု ယာဒိသာ, တာဒိသာ နော ဃရာ ဣဓ။
၄၂၉။ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘော ရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါ ကုန်၏။
၄၃၀။ ‘‘ဒဒ္ဒလ္လမာနာ အာဘေန္တိ [အာဘန္တိ (က။)], သမန္တာ စတုရော ဒိသာ၊
‘တထာ ဘန္တေ ပရက္ကမ, ယထာ ပါနီယံ လဘာမသေ’’တိ။
၄၃၀။ အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင် အရပ် လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင် လောက်သော အခြင်းအရာအားဖြင့် လုံ့လပြုတော်မူပါဦးလော့ဟု (လျှောက်၏)။
၄၃၁။ ထေရော ကရဏံ [ကရကံ (သီ။ သျာ။ ပီ။)] ပူရေတွာ, သံဃေ စာတုဒ္ဒိသေ အဒါ၊
ဒတွာ အနွာဒိသီ ထေရော, မာတု ပိတု စ ဘာတုနော၊
‘‘ဣဒံ မေ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’။
၄၃၁။ သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။
၄၃၂။ သမနန္တရာနုဒ္ဒိဋ္ဌေ, ပါနီယံ ဥဒပဇ္ဇထ၊
ဂမ္ဘီရာ စတုရဿာ စ, ပေါက္ခရညော သုနိမ္မိတာ။
၄၃၂-၃။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အားသောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်းရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ ကြိုင်လှိုင်သော ရနံ့ရှိကုန်သော၊ ကောင်းစွာဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့် ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာ ဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။
၄၃၃။ သီတောဒိကာ သုပ္ပတိတ္ထာ, သီတာ အပ္ပဋိဂန္ဓိယာ၊
ပဒုမုပ္ပလသဉ္ဆန္နာ, ဝါရိကိဉ္ဇက္ခပူရိတာ။
၄၃၄။ တတ္ထ နှတွာ ပိဝိတွာ စ, ထေရဿ ပဋိဒဿယုံ၊
‘‘ပဟူတံ ပါနီယံ ဘန္တေ, ပါဒါ ဒုက္ခာ ဖလန္တိ နော’’။
၄၃၄-၅။ ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရားသောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့ သည်နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် ယာဥ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ကြကုန်၏)။
၄၃၅။ ‘‘အာဟိဏ္ဍမာနာ ခဉ္ဇာမ, သက္ခရေ ကုသကဏ္ဋကေ၊
‘တထာ ဘန္တေ ပရက္ကမ, ယထာ ယာနံ လဘာမသေ’’’တိ။
၄၃၆။ ထေရော သိပါဋိကံ လဒ္ဓါ, သံဃေ စာတုဒ္ဒိသေ အဒါ၊
ဒတွာ အနွာဒိသီ ထေရော, မာတု ပိတု စ ဘာတုနော၊
‘‘ဣဒံ မေ ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော’’။
၄၃၆။ သာဏဝါသီမထေရ်သည် တစ်လွှာတစ်ထပ်သာရှိသော ဖိနပ်ကို ရ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။
၄၃၇။ သမနန္တရာနုဒ္ဒိဋ္ဌေ, ပေတာ ရထေန မာဂမုံ၊
‘‘အနုကမ္ပိတမှ ဘဒန္တေ, ဘတ္တေနစ္ဆာဒနေန စ။
၄၃၇။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုးပြိတ္တာတို့သည် ရထားဖြင့်မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့်လည်းကောင်း၊ အဝတ်ပုဆိုးကို့လှူခြင်းဖြင့်လည်းကောင်း -
၄၃၈။ ‘‘ဃရေန ပါနီယဒါနေန, ယာနဒါနေန စူဘယံ၊
မုနိံ ကာရုဏိကံ လောကေ, ဘန္တေ ဝန္ဒိတုမာဂတာ’’တိ။
သာဏဝါသီထေရပေတဝတ္ထု ဒုတိယံ။
၄၃၈။ အိမ်ကို လှူခြင်းဖြင့်လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့်လည်းကောင်း၊ ယာဥ် (ဖိနပ်) ကို လှူခြင်းဖြင့်လည်းကောင်း (ယာဥ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနားချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌သနားခြင်းကရုဏာရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက် ကြပါကုန်၏ဟု (လျှောက်ကုန်၏)။ နှစ်ခုမြောက်သော သာဏဝါသီထေရပေတဝတ္ထု ပြီး၏။ ၃-ရထကာရပေတိဝတ္ထု ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲဲ့သောကြောင့် ကွယ်လွန်သောအခါ ဗိမ္မာန်ဘုံ နန်းကို ရသော်လည်း လင်မရှိ တစ်ကိုယ်တည်း ပျင်းရိဖွယ်ဖြစ်နေရသော ပြိတ္တာမ
၃။ ရထကာရပေတိဝတ္ထု
၄၃၉။ ‘‘ဝေဠုရိယထမ္ဘံ ရုစိရံ ပဘဿရံ, ဝိမာနမာရုယှ အနေကစိတ္တံ၊
တတ္ထစ္ဆသိ ဒေဝိ မဟာနုဘာဝေ, ပထဒ္ဓနိ [သမန္တတော (က။)] ပန္နရသေဝ စန္ဒော။
၄၃၉။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ် ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ ကောင်းကင်ခရီးဝယ် တစ်ဆယ့်ငါးရက် လပြည့်နေ့၌ ထွက်သော လမင်းကဲ့သို့ ထို ဗိမာန်ထက်၌ နေဘိ၏။
၄၄၀။ ‘‘ဝဏ္ဏော စ တေ ကနကဿ သန္နိဘော, ဥတ္တတ္တရူပေါ ဘုသ ဒဿနေယျော၊
ပလ္လင်္ကသေဋ္ဌေ အတုလေ နိသိန္နာ, ဧကာ တုဝံ နတ္ထိ စ တုယှ သာမိကော။
၄၄၀။ သင်၏ အဆင်းသည် ရွှေအဆင်းနှင့် တူသည်ဖြစ်၍ ဦးသစ်သော သိင်္ဂီရွှေကဲ့သို့ တင့်တယ်လျက် အလွန်လျှင် ရှုချင်ဖွယ် ရှိလှပါပေ၏၊ သင်သည် အတုမရှိ မြတ်သောသူတို့အားသာ ထိုက်တန်သော ပလ္လင်မြတ်၌ တစ်ယောက်တည်းဖြစ်လျက် နေဘိ၏၊ သင့်အား လင်ယောကျာ်း မရှိခဲ့လေယောင်တကား။
၄၄၁။ ‘‘ဣမာ စ တေ ပေါက္ခရဏီ သမန္တာ, ပဟူတမလျာ [ပဟူတမာလာ (သီ။ သျာ။)] ဗဟုပုဏ္ဍရီကာ၊
သုဝဏ္ဏစုဏ္ဏေဟိ သမန္တမောတ္ထတာ, န တတ္ထ ပင်္ကော ပဏကော စ ဝိဇ္ဇတိ။
၄၄၁။ နတ်သမီး သင်၏ ဤရေကန်တို့သည် ထက်ဝန်းကျင် များသော ပန်း ရှိကုန်၏၊ များသော ပဒုမ္မာကြာ ရှိကုန်၏၊ ရွှေသဲမှုန်တို့ဖြင့် ထက်ဝန်းကျင် ရောပြွမ်းကုန်၏၊ ထိုရေကန်တို့၌ ညွန်သည်လည်းကောင်း၊ မှော်သည်လည်းကောင်း မရှိပေ။
၄၄၂။ ‘‘ဟံသာ စိမေ ဒဿနီယာ မနောရမာ, ဥဒကသ္မိမနုပရိယန္တိ သဗ္ဗဒါ၊
သမယျ ဝဂ္ဂူပနဒန္တိ သဗ္ဗေ, ဗိန္ဒုဿရာ ဒုန္ဒုဘီနံဝ ဃောသော။
၄၄၂။ ရှုချင်ဖွယ်ရှိ၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်ကုန်သော ဤဟင်္သာတို့သည် လည်း ဥတု အားလုံးတို့၌ ရေအပြင်ဝယ် လှည့်လည်ကုန်၏၊ အလုံးစုံသော ဟင်္သာတို့သည် ပေါင်းစပ်စုဝေး ကြကုန်၍ နတ်စည်သံကဲ့သို့ သာယာလုံးစည်းသော အသံကို တွန်ကျူးကြကုန်၏။
၄၄၃။ ‘‘ဒဒ္ဒလ္လမာနာ ယသသာ ယသဿိနီ, နာဝါယ စ တွံ အဝလမ္ဗ တိဋ္ဌသိ၊
အာဠာရပမှေ ဟသိတေ ပိယံဝဒေ, သဗ္ဗင်္ဂကလျာဏိ ဘုသံ ဝိရောစသိ။
၄၄၃။ ကျော်စောသတင်း ပျံ့နှံ့ခြင်းရှိသော နတ်သမီး သင်သည် နတ်တန်ခိုးဖြင့် ထွန်းလင်း တောက်ပလျက် ရေ၏အလယ် တင့်တယ်သော လှေ၌ မှီ၍ တည်နေဘိ၏၊ ကော့၍ ရှည်လျားသော မျက်တောင်ရှိလျက် ပြုံးရွှင်၍ ချစ်ဖွယ်သော စကားကို ပြောဆိုတတ်သော အလုံးစုံအင်္ဂါကြီးငယ်တို့ဖြင့် ကောင်းမြတ်သော သင် နတ်သမီးသည် အလွန်နှစ်သက်စဖွယ် တင့်တယ်လှပါပေ၏။
၄၄၄။ ‘‘ဣဒံ ဝိမာနံ ဝိရဇံ သမေ ဌိတံ, ဥယျာနဝန္တံ [ဥယျာနဝနံ (က။)] ရတိနန္ဒိဝဍ္ဎနံ၊
ဣစ္ဆာမဟံ နာရိ အနောမဒဿနေ, တယာ သဟ နန္ဒနေ ဣဓ မောဒိတု’’န္တိ။
၄၄၄။ ဤဗိမာန်သည် အပြစ်ကင်းလျက် ညီမျှသော မြေအဖို့၌ တည်၏၊ နန္ဒဝန်ဥယျာဥ်နှင့် တူသော ဤဥယျာဥ်သည် မွေ့လျော်ခြင်း နှစ်သက်ခြင်းကို တိုးပွါးစေပါ၏၊ အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၍ ရှုမငြီးသော မိန်းမပျို ငါသည် သင်နှင့် အတူတကွ ဤနန္ဒဝန်ဥယျာဥ်၌ မွေ့လျော် လိုပါ၏ဟု (လုလင်က ဆို၏)။
၄၄၅။ ‘‘ကရောဟိ ကမ္မံ ဣဓ ဝေဒနီယံ, စိတ္တဉ္စ တေ ဣဓ နိဟိတံ ဘဝတု [နတဉ္စ ဟောတု (က။), နိတဉ္စ ဟောတု (သျာ။)]၊
ကတွာန ကမ္မံ ဣဓ ဝေဒနီယံ, ဧဝံ မမံ လစ္ဆသိ ကာမကာမိနိ’’န္တိ။
၄၄၅။ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုပါလော့၊ ဤနတ်ဗိမာန်၌ သင်၏ စိတ်ကိုလည်း ညွတ်ပါလော့၊ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုသည်ရှိသော် ဤသို့ ပြုခြင်းအားဖြင့် အလိုရှိတိုင်း ခံစားရသော ငါ့ကို သင်သည် ရလတ္တံ့ဟု (ပြိတ္တာမက ပြော၏)။
၄၄၆။ ‘‘သာဓူ’’တိ သော တဿာ ပဋိဿုဏိတွာ, အကာသိ ကမ္မံ တဟိံ ဝေဒနီယံ၊
ကတွာန ကမ္မံ တဟိံ ဝေဒနီယံ, ဥပပဇ္ဇိ သော မာဏဝေါ တဿာ သဟဗျတန္တိ။
ရထကာရပေတိဝတ္ထု တတိယံ။
ဘာဏဝါရံ ဒုတိယံ နိဋ္ဌိတံ။
၄၄၆။ ထိုလုလင်သည် ထိုဝိမာနပြိတ္တာမ၏ စကားကို ကောင်းပြီဟု ဝန်ခံ၍ ထိုဗိမာန်၌ ခံစားရခြင်း၏အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြု၏၊ ထိုဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုခြင်းကြောင့် ထိုလုလင်သည် ထိုပြိတ္တာမ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ သုံးခုမြောက်သော ရထကာရပေတိဝတ္ထု ပြီး၏။ ဒုတိယဘာဏဝါရ ပြီး၏။ ၁။ ကုသိုလ်ကောင်းမှုကြောင့် နတ်သမီးကဲ့သို့ဖြစ်သော်လည်း အကုသိုလ်ကံကြောင့် တစ်ယောက်တည်း နှစ်ပေါင်းများစွာ နေရသည် ဟူ၏။ ၄-ဘုသပေတဝတ္ထု ရှေးဘဝလူအဖြစ်၌ အိမ်ရှင်မဖြစ်စဥ် အမိကို ညှင်းဆဲဲလင်ကို ဂရုမထား မုသားဆိုကာ တစ်စုံတစ်ခုကို မျှမလှူခဲဲ့သောကြောင့် ကွယ်လွန်သောအခါ သလေးစပါးကို ခေါင်းပေါ်၌ ကြဲဲဖြန့် သူူသံတင်းပုတ်ဖြင့်ရိုက်နှက်ခံရသူူ မစင်ကို စားရသူူ အသီးသီးဖြစ်နေကြရသော ပြိတ္တာများ
၄။ ဘုသပေတဝတ္ထု
၄၄၇။ ‘‘ဘုသာနိ ဧကော သာလိံ ပုနာပရော, အယဉ္စ နာရီ သကမံသလောဟိတံ၊
တုဝဉ္စ ဂူထံ အသုစိံ အကန္တံ [အကန္တိကံ (သီ။ ပီ။)], ပရိဘုဉ္ဇသိ ကိဿ အယံ ဝိပါကော’’တိ။
၄၄၇။ ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင် တစ်ယောက်သည် သလေးစပါး၏ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေဘိ၏၊ တစ်ယောက်သောသူသည် (သံတင်း ပုတ်တို့ဖြင့်မိမိဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏)၊ ဤမိန်းမသည်ကား မိမိအသားအသွေးကို စားဘိ၏၊ သင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊ ဤအကျိုး သည် အဘယ်ကံ၏အကျိုးနည်းဟု (အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၄၄၈။ ‘‘အယံ ပုရေ မာတရံ ဟိံသတိ, အယံ ပန ကူဋဝါဏိဇော၊
အယံ မံသာနိ ခါဒိတွာ, မုသာဝါဒေန ဝဉ္စေတိ။
၄၄၈။ (သားဖြစ်သော) ဤသူသည် ရှေးဘဝက အမိကို ညှဥ်းဆဲခဲ့ပါ၏၊ (လင်ဖြစ်သော) ဤသူသည်ကားကောက်ကျစ်စဥ်းလဲသော ကုန်သည်ပါတည်း၊ (ချွေးမဖြစ်သော) ဤသူသည် ကား အသားတို့ကို ခဲစားမိပါလျက် (မစားရပါဟု) မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။
၄၄၉။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, အဂါရိနီ သဗ္ဗကုလဿ ဣဿရာ၊
သန္တေသု ပရိဂုဟာမိ, မာ စ ကိဉ္စိ ဣတော အဒံ။
၄၄၉။ အကျွန်ုပ်သည် လူ့ဘဝ၌ လူဖြစ်ခဲ့စဥ်က တစ်အိမ်လုံးကို အစိုးရသူ အိမ်ရှင်မဖြစ်၍ စည်းစိမ်ဥစ္စာတို့ရှိလျက် သာလျှင် လျှိုဝှက်ခဲ့ပါ၏၊ အကျွန်ုပ်၏ ပစ္စည်းဥစ္စာမှ တစ်စုံတစ်ခုကို မျှလည်း (သူတစ်ပါးအား) မပေးလှူခဲ့ပါ။
၄၅၀။ ‘‘မုသာဝါဒေန ဆာဒေမိ, ‘နတ္ထိ ဧတံ မမ ဂေဟေ၊
သစေ သန္တံ နိဂုဟာမိ, ဂူထော မေ ဟောတု ဘောဇနံ’။
၄၅၀။ ဤဥစ္စာသည် ငါ၏ အိမ်၌ မရှိ၊ ရှိလျက် လျို့ဝှက်မိခဲ့ပါမူ ငါ၏ စားဖွယ်သည် မစင်ဖြစ်ပါစေသတည်းဟု မုသားစကားဖြင့် ဖုံးလွှမ်းပြောဆိုခဲ့ပါ၏။
၄၅၁။ ‘‘တဿ ကမ္မဿ ဝိပါကေန, မုသာဝါဒဿ စူဘယံ၊
သုဂန္ဓံ သာလိနော ဘတ္တံ, ဂူထံ မေ ပရိဝတ္တတိ။
၄၅၁။ ထိုမကောင်းမှုကံ၏လည်းကောင်း၊ မုသားဆိုခြင်း၏လည်းကောင်း နှစ်ပါးစုံသော ကံ အကျိုးကြောင့်ကောင်းသော အနံ့ရှိသော သလေးထမင်းသည် အကျွန်ုပ်အတွက် မစင်အဖြစ် ဖြင့် ပြောင်းလဲ နေပါ၏။
၄၅၂။ ‘‘အဝဉ္ဈာနိ စ ကမ္မာနိ, န ဟိ ကမ္မံ ဝိနဿတိ၊
ဒုဂ္ဂန္ဓံ ကိမိနံ [ကိမိဇံ (သီ။)] မီဠံ, ဘုဉ္ဇာမိ စ ပိဝါမိ စာ’’တိ။
ဘုသပေတဝတ္ထု စတုတ္ထံ။
၄၅၂။ ကုသိုလ်အကုသိုလ်ကံတို့သည် အကျိုးမပြီး အချည်းနှီး မဖြစ်ကုန်၊ ဆည်းပူးထားသော ကံသည် (အကျိုးမပေးဘဲ) မပျက်စီးသည်သာတည်း၊ မကောင်းသော အနံ့ရှိသော ပိုးလောက်ရှိသော မစင်ကို စားလည်း စားရပါ၏၊ သောက်လည်းသောက်ရပါ၏ဟု (ကောက် ကျစ်သော ကုန်သည်မယား ပြိတ္တာမကလျှောက်၏)။ လေးခုမြောက်သော ဘုသပေတဝတ္ထု ပြီး၏။ ၅-ကုမာရပေတဝတ္ထု ရှေးအကုသိုလ်ကံကြောင့် ပြည့်တန်ဆာမဝမ်း၌ ဖြစ်၍ ဖွားသောအခါ သင်းချိုင်း၌ စွန့်ပစ်ခံရသော်လည်းကုသိုလ်ကံကြောင့် နတ်နှင့် ဘီလူူးတို့က နို့တိုက်စောင့်ရှောက် မပျောက်မပျက် အသက်ရှည်ကာသူဋ္ဌေးကြီးဖြစ်လတ္တံ့ဟု မြတ်စွာဘုရား၏ ဗျာဒိတ်ကြားခြင်း ခံရသူူသူူငယ်
၅။ ကုမာရပေတဝတ္ထု
၄၅၃။ အစ္ဆေရရူပံ သုဂတဿ ဉာဏံ, သတ္ထာ ယထာ ပုဂ္ဂလံ ဗျာကာသိ၊
ဥဿန္နပုညာပိ ဘဝန္တိ ဟေကေ, ပရိတ္တပုညာပိ ဘဝန္တိ ဟေကေ။
၄၅၃။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အံ့ဖွယ်သဘော ရှိ၏၊ မြတ်စွာဘုရား သည်ပုဂ္ဂိုလ်အားလျော်စွာ ဗျာဒိတ်စကား ဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်အချို့တို့သည် ပြန့် ပြောသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (ယုတ်ညံ့နိမ့်ကျသူများ ဖြစ်ကြကုန်၏)။ ပုဂ္ဂိုလ်အချို့တို့သည် နည်းသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (မြင့်မြတ်သူများ ဖြစ် ကြကုန်၏)။
၄၅၄။ အယံ ကုမာရော သီဝထိကာယ ဆဍ္ဍိတော, အင်္ဂုဋ္ဌသ္နေဟေန ယာပေတိ ရတ္တိံ၊
န ယက္ခဘူတာ န သရီသပါ [သိရိံသပါ (သီ။ သျာ။ ပီ။)] ဝါ, ဝိဟေဌယေယျုံ ကတပုညံ ကုမာရံ။
၄၅၄။ ဤသတို့သားသည်ကား သင်္ချိုင်း၌ စွန့်ပစ်ခံရလျက် ညဥ့်အခါဝယ် (နတ်၏) လက်မမှ ယိုကျသော နို့ရည်ဖြင့် မျှတရ၏၊ ဘီလူးတို့သည်လည်းကောင်း၊ ဖုတ်ပြိတ္တာတို့သည်လည်း ကောင်း၊ ကင်းသန်းတို့သည်လည်းကောင်း ပြုအပ်သော ကောင်းမှုရှိသော သတို့သားကို မညှဥ်းဆဲကြကုန်။
၄၅၅။ သုနခါပိမဿ ပလိဟိံသု ပါဒေ, ဓင်္ကာ သိင်္ဂါလာ [သိဂါလာ (သီ။ သျာ။ ပီ။)] ပရိဝတ္တယန္တိ၊
ဂဗ္ဘာသယံ ပက္ခိဂဏာ ဟရန္တိ, ကာကာ ပန အက္ခိမလံ ဟရန္တိ။
၄၅၅။ ခွေးတို့သည် ဤသူ၏ ခြေတို့ကို လျှာဖြင့် လျက် ကြကုန်၏၊ ကျီးတို့သည် လည်း ကောင်းမြေခွေးတို့သည်လည်းကောင်း လူးလာတုံ့ခေါက် စောင့်ရှောက်ကြကုန်၏၊ ငှက်အပေါင်း တို့သည် ကိုယ်ဝန်အညစ်အကြေးကို သယ်ဆောင်ပစ်ကြကုန်၏၊ ကျီးတို့သည် ကား မျက်ဝတ် အညစ်အကြေးကို ဆောင်ယူပစ်ကြကုန်၏။
၄၅၆။ နယိမဿ [န ဣမဿ (သျာ။), နိမဿ (က။)] ရက္ခံ ဝိဒဟိံသု ကေစိ, န ဩသဓံ သာသပဓူပနံ ဝါ၊
နက္ခတ္တယောဂမ္ပိ န အဂ္ဂဟေသုံ [န ဥဂ္ဂဟေသုံ (က။)], န သဗ္ဗဓညာနိပိ အာကိရိံသု။
၄၅၆။ တစ်စုံတစ်ယောက်သော လူတို့ကမျှ ဤ (ဖွားသော) ကလေးအား အစောင့်အရှောက် ကို မစီရင်ကြကုန်၊ ဆေးကိုလည်း မစီရင်ကြကုန်၊ မုန်ညင်းစေ့ဖြင့် အခိုးထုံခြင်းကိုလည်း မစီ ရင်ကြကုန်၊ နက္ခတ်နှင့်ယှဥ်ခြင်း (ဇာတာဖွဲ့ခြင်း) ကိုလည်း မပြုကြကုန်၊ အလုံးစုံသော စပါး တို့ကိုလည်း မကြဲဖြန့်ကြကုန်။
၄၅၇။ ဧတာဒိသံ ဥတ္တမကိစ္ဆပတ္တံ, ရတ္တာဘတံ သီဝထိကာယ ဆဍ္ဍိတံ၊
နောနီတပိဏ္ဍံဝ ပဝေဓမာနံ, သသံသယံ ဇီဝိတသာဝသေသံ။
၄၅၇-၈။ ဤသိုု့ သဘောရှိသော အလွန်ပင်ပန်းဆင်းရဲခြင်းသို့ ရောက်သူ ညအခါ၌ ဆောင်ယူ၍ သင်္ချိုင်း၌ စွန့်ပစ်ထားသူ ဆီဦးထောပတ်စိုင်ကဲ့သို့ တုန်လှုပ်လျက် (အသက်ရှင်ပါ မည်လားမရှင်မည်လားဟု) ယုံမှားရသူ အသက်ငွေ့ငွေ့သာ ကြွင်းကျန်နေသူဖြစ်သော ထို သတို့သားကို နတ်လူတို့ပူဇော်အပ်သော ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား သည် မြင်တော်မူ၍ ဤသတို့သားသည် ဤမြို့၏ စည်းစိမ်ဥစ္စာအားဖြင့် ကြီးမြတ်သူ သူဌေး ကြီးဖြစ်လတ္တံ့ဟုမိန့်ကြားတော်မူ၏။
၄၅၈။ တမဒ္ဒသာ ဒေဝမနုဿပူဇိတော, ဒိသွာ စ တံ ဗျာကရိ ဘူရိပညော၊
‘‘အယံ ကုမာရော နဂရဿိမဿ, အဂ္ဂကုလိကော ဘဝိဿတိ ဘောဂတော စ’’ [ဘောဂဝါ စ (သျာ။ က။)]။
၄၅၉။ ‘‘ကိဿ [ကိံ’သ (?)] ဝတံ ကိံ ပန ဗြဟ္မစရိယံ, ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော၊
ဧတာဒိသံ ဗျသနံ ပါပုဏိတွာ, တံ တာဒိသံ ပစ္စနုဘောဿတိဒ္ဓိ’’န္တိ။
၄၅၉။ အရှင်ဘုရား အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော ထိုနတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုသူ၏ ဆောက်တည်မှု အကျင့်ကားအဘယ်ပါနည်း၊ ထိုသူ၏ ထိုဗြဟ္မစရိယကား အဘယ်ပါနည်း၊ ဤအကျိုးသည် အဘယ်အလေ့အကျင့်၏အကျိုးပါနည်းဟု (မေးလျှောက်ကြကုန်၏)။
၄၆၀။ ဗုဒ္ဓပမုခဿ ဘိက္ခုသံဃဿ, ပူဇံ အကာသိ ဇနတာ ဥဠာရံ၊
တတြဿ စိတ္တဿဟု အညထတ္တံ, ဝါစံ အဘာသိ ဖရုသံ အသဗ္ဘံ။
၄၆၀။ လူအပေါင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော ပူဇော်ခြင်းကို ပြုပြီ၊ ထိုပူဇော်ပွဲ၌ ထိုသူငယ်၏ စိတ်သည် ဖောက်ပြန်သော အခြင်းအရာအားဖြင့်ဖြစ်၍ သူတော်ကောင်းတို့၏နား၌ မကြားဝံ့ မနာသာအောင် ကြမ်းတမ်းသော စကားကို ပြောဆိုခဲ့၏။
၄၆၁။ သော တံ ဝိတက္ကံ ပဝိနောဒယိတွာ, ပီတိံ ပသာဒံ ပဋိလဒ္ဓါ ပစ္ဆာ၊
တထာဂတံ ဇေတဝနေ ဝသန္တံ, ယာဂုယာ ဥပဋ္ဌာသိ သတ္တရတ္တံ။
၄၆၁။ ထိုသူငယ်သည် ထိုယုတ်မာသော အကြံအစည်ကို ပယ်ဖျောက်၍ နောက်ကာလ၌ နှစ်သက်မှု‘ပီတိ’၊ ကြည်ညိုမှု‘ပသာဒ’ကို ရပြီးလျှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော် မူသော မြတ်စွာဘုရားကို ယာဂုဖြင့် ခုနစ်ရက်ပတ်လုံး လုပ်ကျွေးခဲ့၏။
၄၆၂။ တဿ [တံ’သ (?)] ဝတံ တံ ပန ဗြဟ္မစရိယံ, တဿ သုစိဏ္ဏဿ အယံ ဝိပါကော၊
ဧတာဒိသံ ဗျသနံ ပါပုဏိတွာ, တံ တာဒိသံ ပစ္စနုဘောဿတိဒ္ဓိံ။
၄၆၂။ ဒါယကာတို့ အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော နတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုဆိုခဲ့သမျှသည် ထို သူငယ်၏ဆောက်တည်မှုအကျင့်ပင်တည်း၊ ထိုသူငယ်၏ ထိုဗြဟ္မစရိယပင်တည်း၊ ဤအကျိုး သည်ထိုအလေ့အကျင့်၏ အကျိုးပေတည်း။
၄၆၃။ ဌတွာန သော ဝဿသတံ ဣဓေဝ, သဗ္ဗေဟိ ကာမေဟိ သမင်္ဂိဘူတော၊
ကာယဿ ဘေဒါ အဘိသမ္ပရာယံ, သဟဗျတံ ဂစ္ဆတိ ဝါသဝဿာတိ။
ကုမာရပေတဝတ္ထု ပဉ္စမံ။
၄၆၃။ ထိုသူငယ်သည် ဤလူ့ပြည်၌ပင် အနှစ်တစ်ရာပတ်လုံး တည်၍ အလုံးစုံသော ကာမဂုဏ်တို့ဖြင့်ပြည့်စုံပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ တစ်ဖန်ဖြစ်ရာ တမလွန်ဘဝ၌ သိကြား မင်း၏အသင်းအပင်းဝင်အဖြစ်သို့ ရောက်ရလတ္တံ့ဟု (ဟောတော်မူ၏)။ ငါးခုမြောက်သော ကုမာရပေတဝတ္ထု ပြီး၏။ ၆-သေရိဏီပေတိဝတ္ထု ရှေးလူူဘဝ၌ ပဲဲဝက်မျှသော ဥစ္စာကို ရေချိုးဆိပ်၌ ရှာမှီးခဲဲ့ရ၍ အလှူဝတ္ထုရှိလျက် မပေးလှူခဲဲ့သေလွန်သောအခါ နံရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် မြစ်ကို တွေ့သော်လည်းရေမရှိ၊ လေတိုက်သော်လည်း မီးသို့ပူူ ဤဒုက္ခမှ လွတ်စေရန် အမိထံသွား၍ မြှုပ်ထားခဲဲ့သော ဥစ္စာဖြင့်သုံးစား လှူဒါန်း အမျှအတန်းဝေပါဟု ဥပါသကာတဦးကို မှာထားသည့်အတိုင်း ပြောကြား၍ အမိကကုသိုလ်ပြု အမျှအတန်းဝေသောကြောင့် ချမ်းသာခွင့်ရသော ပြိတ္တာမ
၆။ သေရိဏီပေတဝတ္ထု
၄၆၄။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါသိ, ကိသာ ဓမနိသန္ထတာ၊
ဥပ္ဖါသုလိကေ ကိသိကေ, ကာ နု တွံ ဣဓ တိဋ္ဌသီ’’တိ။
၄၆၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌တည်နေရသော သင်သည်ကား အဘယ်သူနည်းဟု (ဥပါသကာက မေး၏)။
၄၆၅။ ‘‘အဟံ ဘဒန္တေ ပေတီမှိ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။
၄၆၅။ အရှင် အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရပါ၏ဟု (ပြိတ္တာမ က ဖြေ၏)။
၄၆၆။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။
၄၆၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ရောက်ရသနည်းဟု (ဥပါသကာက မေး၏)။
၄၆၇။ ‘‘အနာဝဋေသု တိတ္ထေသု, ဝိစိနိံ အဍ္ဎမာသကံ၊
သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကာသိမတ္တနော။
၄၆၇။ မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ (လူတို့ မေ့လျော့ကျန်ရစ်ခဲ့သော) ပဲဝက်မျှဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါ၏၊ အကျွန်ုပ်သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါ။
၄၆၈။ ‘‘နဒိံ ဥပေမိ တသိတာ, ရိတ္တကာ ပရိဝတ္တတိ၊
ဆာယံ ဥပေမိ ဥဏှေသု, အာတပေါ ပရိဝတ္တတိ။
၄၆၈။ အကျွန်ုပ်သည် ရေမွတ်သိပ်လှသည်ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ၏၊ ယင်းသို့ ကပ်ရောက်မိသော်စီးနေသော မြစ်သည် ရေမရှိဘဲ အချည်းနှီး ဖြစ်သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာအရပ်သို့ ချဥ်းကပ်ပါ၏၊ ယင်းသို့ချဥ်းကပ်မိသော် အရိပ်တည်ရာ အရပ်သည် နေပူ ဖြစ်သွားပါ၏။
၄၆၉။ ‘‘အဂ္ဂိဝဏ္ဏော စ မေ ဝါတော, ဍဟန္တော ဥပဝါယတိ၊
ဧတဉ္စ ဘန္တေ အရဟာမိ, အညဉ္စ ပါပကံ တတော။
၄၆၉။ အကျွန်ုပ်အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည်ဖြစ်၍ တိုက် ခတ်ပါ၏၊ အရှင်ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း၊ ထိုဆင်းရဲထက် ရုန့်ရင်း ကြမ်း တမ်းသော အခြားဆင်းရဲကိုလည်းကောင်း (မကောင်းမှုပြုခဲ့သော အကျွန်ုပ်သည် ) ခံစားထိုက် ပါ၏။
၄၇၀။ ‘‘ဂန္တွာန ဟတ္ထိနိံ ပုရံ, ဝဇ္ဇေသိ မယှ မာတရံ၊
‘ဓီတာ စ တေ မယာ ဒိဋ္ဌာ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’။
၄၇၀။ အရှင် ဟတ္ထိနိမြို့သို့ သွား၍ အကျွန်ုပ်၏ အမိအား “ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ ကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်း ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည်မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏”ဟု ပြောဆိုပါလော့။
၄၇၁။ ‘‘အတ္ထိ မေ ဧတ္ထ နိက္ခိတ္တံ, အနက္ခာတဉ္စ တံ မယာ၊
စတ္တာရိသတသဟဿာနိ, ပလ္လင်္ကဿ စ ဟေဋ္ဌတော။
၄၇၁။ အရှင် ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ်သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာ ပလ္လင်အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။
၄၇၂။ ‘‘တတော မေ ဒါနံ ဒဒတု, တဿာ စ ဟောတု ဇီဝိကာ၊
ဒါနံ ဒတွာ စ မေ မာတာ, ဒက္ခိဏံ အနုဒိစ္ဆတု [အနုဒိဿတု (သီ။ ပီ။), အနွာဒိဿတု (သျာ။)]၊
တဒါဟံ သုခိတာ ဟေဿံ, သဗ္ဗကာမသမိဒ္ဓိနီ’’တိ။
၄၇၂။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်း အသက်မွေးမှုဖြစ်ပါစေ၊ အကျွန်ုပ်၏ အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် အလုံးစုံ အလိုရှိတိုင်း ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ (ပြိတ္တာမက မှာကြား၏)။
၄၇၃။ ‘‘သာဓူ’’တိ သော ပဋိဿုတွာ, ဂန္တွာန ဟတ္ထိနိံ ပုရံ၊
အဝေါစ တဿာ မာတရံ –
‘ဓီတာ စ တေ မယာ ဒိဋ္ဌာ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’။
၄၇၃။ ထိုဥပါသကာသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ဟတ္ထိနိမြို့သို့ သွား၍ ထိုပြိတ္တာမ၏အမိအားယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်းငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ သင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှပြိတ္တာဘုံသို့ ရောက်နေ၏။
၄၇၄။ ‘‘သာ မံ တတ္ထ သမာဒပေသိ, ( ) [(ဂန္တွာန ဟတ္ထိနိံ ပုရံ) (သျာ။ က။)] ဝဇ္ဇေသိ မယှ မာတရံ၊
‘ဓီတာ စ တေ မယာ ဒိဋ္ဌာ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’။
၄၇၄။ ထိုသင်၏ သမီးသည် ထိုတွေ့မြင်ရာအရပ်၌ အကျွန်ုပ်အား သတင်းစကားကို ယူစေ ပါ၏၊ (ဟတ္ထိနိမြို့သို့ သွား၍) အကျွန်ုပ်အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ရောက်နေသော သင်၏ သမီးကို ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏။
၄၇၅။ ‘‘အတ္ထိ စ မေ ဧတ္ထ နိက္ခိတ္တံ, အနက္ခာတဉ္စ တံ မယာ၊
စတ္တာရိသတသဟဿာနိ, ပလ္လင်္ကဿ စ ဟေဋ္ဌတော။
၄၇၅။ ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ် သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာပလ္လင် အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။
၄၇၆။ ‘‘တတော မေ ဒါနံ ဒဒတု, တဿာ စ ဟောတု ဇီဝိကာ၊
ဒါနံ ဒတွာ စ မေ မာတာ, ဒက္ခိဏံ အနုဒိစ္ဆတု ( ) [(တတော တုဝံ ဒါနံ ဒေဟိ, တဿာ ဒက္ခိဏမာဒိသီ) (က။)]၊
‘တဒါ သာ သုခိတာ ဟေဿံ, သဗ္ဗကာမသမိဒ္ဓိနီ’’’တိ။
၄၇၆။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်းအသက်မွေးမှုဖြစ်ပါစေ၊ ထိုအကျွန်ုပ်၏အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် (သင်၏ သမီးသည်) အလုံးစုံအလိုရှိတိုင်းပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ မှာကြားလိုက်ပါ၏ (ဤသို့ ပြောကြား၏)။
၄၇၇။ တတော ဟိ သာ ဒါနမဒါ, တဿာ ဒက္ခိဏမာဒိသီ၊
ပေတီ စ သုခိတာ အာသိ, တဿာ စာသိ သုဇီဝိကာတိ။
သေရိဏီပေတဝတ္ထု ဆဋ္ဌံ။
၄၇၇။ ထိုဥပါသကာ ပြောကြားပြီးနောက် ထိုပြိတ္တာမ၏ အမိသည် အလှူကို ပေးလှူ၏၊ ထိုပြိတ္တာမအားအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏၊ ပြိတ္တာမသည်လည်း ချမ်းသာခြင်းသို့ ရောက်၏၊ ထိုအမိသည်လည်းကောင်းစွာ အသက်မွေးရ၏။ ခြောက်ခုမြောက်သော သေရိဏီပေတိဝတ္ထု ပြီး၏။ ၇-မိဂလုဒ္ဒကပေတဝတ္ထု သူတော်ကောင်း မိတ်ဆွေ၏စကားအရ သတ္တဝါတို့အသက်ကို လုံးဝမရှောင်ကြဥ်ဘဲဲ ညအခါ၌သာရှောင်ကြဥ်ခဲဲ့၍ သေလွန်သောအခါ ညအခါ၌ ချမ်းသာခံစားလျက် နေ့အခါတွင် ခွေးစားခံနေသော မုဆိုးပြိတ္တာ
၇။ မိဂလုဒ္ဒကပေတဝတ္ထု
၄၇၈။ ‘‘နရနာရိပုရက္ခတော ယုဝါ, ရဇနီယေဟိ ကာမဂုဏေဟိ [ကာမေဟိ (က။)] သောဘသိ၊
ဒိဝသံ အနုဘောသိ ကာရဏံ, ကိမကာသိ ပုရိမာယ ဇာတိယာ’’တိ။
၄၇၈။ (သင်သည် ညဥ့်အခါဝယ်) ပျိုမျစ်နုနယ်၍ နတ်သားနတ်သမီးတို့ ခြံရံခစားလျက် တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် တင့်တယ်ဘိ၏၊ နေ့အခါ၌မူကား သတ်ဖြတ်ညှဥ်းဆဲခြင်းကို ခံရ၏၊ (သင်သည်) ရှေးဘဝက အဘယ်ကံကို ပြုခဲ့သနည်းဟု (အသျှင် နာရဒကမေး၏)။
၄၇၉။ ‘‘အဟံ ရာဇဂဟေ ရမ္မေ, ရမဏီယေ ဂိရိဗ္ဗဇေ၊
မိဂလုဒ္ဒေါ ပုရေ အာသိံ, လောဟိတပါဏိ ဒါရုဏော။
၄၇၉။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံသော ရာဇဂြိုဟ်မြို့၌ သွေးစွန်းသော လက်ရှိသူ, ကြမ်း၊ ကတ်သူ, သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။
၄၈၀။ ‘‘အဝိရောဓကရေသု ပါဏိသု, ပုထုသတ္တေသု ပဒုဋ္ဌမာနသော၊
ဝိစရိံ အတိဒါရုဏော သဒါ [တဒါ (သီ။)], ပရဟိံသာယ ရတော အသညတော။
၄၈၀။ ဆန့်ကျင်ဘက် မပြုလုပ်တတ်ကုန်သော အသက်ရှိကုန်သော များစွာသော သားငှက် စသည်တို့၌ ညှဥ်းပန်းနှိပ်စက်လိုသော စိတ်ရှိလျက် အခါခပ်သိမ်း အလွန်ကြမ်း၊ ကတ်သည် ဖြစ်၍ လှည့်လည်ခဲ့ပါ၏၊ သူတစ်ပါးကို ညှဥ်းဆဲခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ ကိုယ်နှုတ်ကို မစောင့် စည်းခဲ့ပါ။
၄၈၁။ ‘‘တဿ မေ သဟာယော သုဟဒယော [သုဟဒေါ (သီ။)], သဒ္ဓေါ အာသိ ဥပါသကော၊
သောပိ [သော ဟိ (သျာ။)] မံ အနုကမ္ပန္တော, နိဝါရေသိ ပုနပ္ပုနံ။
၄၈၁။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံး ရှိပါ၏၊ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသူဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်းသည်လည်း အကျွန်ုပ်ကို သနားစောင့်ရှောက်သည်ဖြစ်၍ (မကောင်းမှုမှ) အဖန်ဖန် တားမြစ်ခဲ့ပါ၏။
၄၈၂။ ‘‘‘မာကာသိ ပါပကံ ကမ္မံ, မာ တာတ ဒုဂ္ဂတိံ အဂါ၊
သစေ ဣစ္ဆသိ ပေစ္စ သုခံ, ဝိရမ ပါဏဝဓာ အသံယမာ’။
၄၈၂။ အဆွေ မကောင်းသော ကံကို မပြုပါလင့်၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ မသွားပါလင့်၊ တမလွန်ဘဝ၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမှုဖြစ်သော အသက် သတ် ခြင်းမှရှောင်ကြဥ်ပါလော့ဟု (တားမြစ်၏)။
၄၈၃။ ‘‘တဿာဟံ ဝစနံ သုတွာ, သုခကာမဿ ဟိတာနုကမ္ပိနော၊
နာကာသိံ သကလာနုသာသနိံ, စိရပါပါဘိရတော အဗုဒ္ဓိမာ။
၄၈၃။ အကျွန်ုပ်ည် ချမ်းသာကို လိုလားသော အစီးအပွါးဖြင့် အစဥ်စောင့်ရှောက်သော ထို သူငယ်ချင်း၏စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်း မှု၌ အလွန်မွေ့လျော်ကာ့အသိဉာဏ် ပညာမရှိသည်ဖြစ်၍ ထိုသူငယ်ချင်း၏ အဆုံးအမ အားလုံးကို မလိုက်နာ မပြုကျင့်ခဲ့မိပါ။
၄၈၄။ ‘‘သော မံ ပုန ဘူရိသုမေဓသော, အနုကမ္ပာယ သံယမေ နိဝေသယိ၊
‘သစေ ဒိဝါ ဟနသိ ပါဏိနော, အထ တေ ရတ္တိံ ဘဝတု သံယမော’။
၄၈၄။ မြေကြီးအထုနှင့်တူသော ကောင်းသော ပညာရှိသော ထိုသူငယ်ချင်းသည် အကယ်၍ သင်သည်နေ့အခါ၌ သတ္တဝါတို့ကို သတ်မူ ညအခါ၌ သင့်အား စောင့်စည်းမှု ဖြစ်ပါစေ လော့ဟု အကျွန်ုပ်ကို အစဥ်သနားသဖြင့် စောင့်စည်းမှု၌ နောက်ထပ် တစ်ဖန် သက်ဝင်စေ၏။
၄၈၅။ ‘‘သွာဟံ ဒိဝါ ဟနိတွာ ပါဏိနော, ဝိရတော ရတ္တိမဟောသိ သညတော၊
ရတ္တာဟံ ပရိစာရေမိ, ဒိဝါ ခဇ္ဇာမိ ဒုဂ္ဂတော။
၄၈၅။ ထိုအကျွန်ုပ်သည် သတ္တဝါတို့ကို နေ့အခါ၌ သတ်၍ ညအခါ၌ (သတ်ခြင်းမှ) ရှောင် ကြဥ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဥ့်အခါ၌ မွေ့လျော် စံစားရပါ၏၊ နေ့အခါ၌မူဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။
၄၈၆။ ‘‘တဿ ကမ္မဿ ကုသလဿ, အနုဘောမိ ရတ္တိံ အမာနုသိံ၊
ဒိဝါ ပဋိဟတာဝ [ပဋိဟတာ စ (က။)] ကုက္ကုရာ, ဥပဓာဝန္တိ သမန္တာ ခါဒိတုံ။
၄၈၆။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဥ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက် ဝန်းကျင်မှ ပြေးလာကြပါကုန်၏။
၄၈၇။ ‘‘ယေ စ တေ သတတာနုယောဂိနော, ဓုဝံ ပယုတ္တာ သုဂတဿ သာသနေ၊
မညာမိ တေ အမတမေဝ ကေဝလံ, အဓိဂစ္ဆန္တိ ပဒံ အသင်္ခတ’’န္တိ။
မိဂလုဒ္ဒကပေတဝတ္ထု သတ္တမံ။
၄၈၇။ အကြင်သူတို့သည် ကား မြတ်စွာဘုရားသာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲ ယှဥ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်း ရှိကုန်၏။ ထိုသူတို့သည် လောကီချမ်းသာမဖက် သက်သက်သော၊ အကြောင်းတရားတို့ မပြုပြင်အပ်သော၊ သေခြင်းကင်းသော နိဗ္ဗာန်ကို သာလျှင် ရကုန်၏ဟုထင်မှတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ ခုနစ်ခုမြောက်သော မိဂလုဒ္ဒကပေတဝတ္ထု ပြီး၏။ ၈-ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု သူူငယ်ချင်းကောင်း ရဟန်းကောင်းများက ဆုံးမပါလျက် အကုန်မလိုက်နာ၊ ညအခါ ရှောင်ကြဥ် နေ့အခါသတ်ဖြတ်ခဲဲ့သောကြောင့် သေသောအခါ ညအခါ ပြုဒေ်ပလ္လင်၌ ခံစား၍ နေ့အခါ သုသာန်သို့ သွား၍ ဆင်းရဲဲခံစားနေရသော ပြိတ္တာ
၈။ ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု
၄၈၈။ ‘‘ကူဋာဂါရေ စ ပါသာဒေ, ပလ္လင်္ကေ ဂေါနကတ္ထတေ၊
ပဉ္စင်္ဂိကေန တုရိယေန, ရမသိ သုပ္ပဝါဒိတေ။
၄၈၈။ (သင်သည် ညဥ့်အခါဝယ်) စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်၌လည်း ကောင်း၊ မွေးရှည်ကော်ဇောခင်းအပ်သော အိပ်ရာပလ္လင်၌လည်းကောင်း၊ အင်္ဂါငါးပါးရှိသော တူရိ ယာဖြင့်ကောင်းစွာ တီးမှုတ်အပ်သော သဘင်၌လည်းကောင်း မွေ့လျော်စံပျော် နေရဘိ၏။
၄၈၉။ ‘‘တတော ရတျာ ဝိဝသာနေ [ဗျဝသာနေ (သီ။)], သူရိယုဂ္ဂမနံ ပတိ၊
အပဝိဒ္ဓေါ သုသာနသ္မိံ, ဗဟုဒုက္ခံ နိဂစ္ဆသိ။
၄၈၉။ ထိုညဥ့်အခါ ကုန်ဆုံး၍ နေထွက်သောအခါ၌ သုသာန်သို့ ဝင်လျက် များစွာသော ဆင်းရဲကို ခံရ၏။
၄၉၀။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆသိ’’။
၄၉၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်းဟု (အသျှင်နာရဒက မေး၏)။
၄၉၁။ ‘‘အဟံ ရာဇဂဟေ ရမ္မေ, ရမဏီယေ ဂိရိဗ္ဗဇေ၊
မိဂလုဒ္ဒေါ ပုရေ အာသိံ, လုဒ္ဒေါ စာသိမသညတော။
၄၉၁။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံသော ရာဇဂြိုဟ်မြို့၌ ကြမ်းကြုတ်သူ, ကိုယ်နှုတ်ကို မစောင့်စည်းသူ သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။
၄၉၂။ ‘‘တဿ မေ သဟာယော သုဟဒယော, သဒ္ဓေါ အာသိ ဥပါသကော၊
တဿ ကုလုပကော ဘိက္ခု, အာသိ ဂေါတမသာဝကော၊
သောပိ မံ အနုကမ္ပန္တော, နိဝါရေသိ ပုနပ္ပုနံ။
၄၉၂။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံး ရှိပါ၏၊ ယုံကြည်မှု ‘သဒ္ဓါ’ရှိသူ ဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်း၏ အိမ်သို့ ကပ်ရောက်သော ရဟန်းသည်ဂေါတမမြတ်စွာဘုရား၏ တပည့် ဖြစ်ပါ၏၊ ထိုရဟန်းသည်လည်း အကျွန်ုပ်ကို အစဥ်သနားသည်ဖြစ်၍ မကောင်းမှုမှ အဖန်ဖန် တားမြစ်ပါ၏။
၄၉၃။ ‘‘‘မာကာသိ ပါပကံ ကမ္မံ, မာ တာတ ဒုဂ္ဂတိံ အဂါ၊
သစေ ဣစ္ဆသိ ပေစ္စ သုခံ, ဝိရမ ပါဏဝဓာ အသံယမာ’။
၄၉၃။ ဒါယကာ မကောင်းသော ကံကို မပြုလင့်၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ မသွားလင့်၊ တမလွန်ဘဝ၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမှုဖြစ်သော အသက်သတ် ခြင်းမှ ရှောင်ကြဥ်ပါလော့ဟု (တားမြစ်၏)။
၄၉၄။ ‘‘တဿာဟံ ဝစနံ သုတွာ, သုခကာမဿ ဟိတာနုကမ္ပိနော၊
နာကာသိံ သကလာနုသာသနိံ, စိရပါပါဘိရတော အဗုဒ္ဓိမာ။
၄၉၄။ အကျွန်ုပ်သည် ချမ်းသာကို လိုလားသော အစီးအပွားဖြင့် အစဥ်စောင့်ရှောက်သော ထိုရဟန်း၏စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်းမှု၌ အလွန်မွေ့လျော်ကာအသိဉာဏ် မရှိသည်ဖြစ်၍ အဆုံးအမအားလုံးကို မလိုက်နာ မပြုကျင့်ခဲ့ မိပါ။
၄၉၅။ ‘‘သော မံ ပုန ဘူရိသုမေဓသော, အနုကမ္ပာယ သံယမေ နိဝေသယိ၊
‘သစေ ဒိဝါ ဟနသိ ပါဏိနော, အထ တေ ရတ္တိံ ဘဝတု သံယမော’။
၄၉၅။ မြေကြီးအထုနှင့် တူသော ကောင်းသော ပညာရှိသော ထိုရဟန်းသည် အကယ်၍ သင်သည်နေ့အခါ၌ သတ္တဝါတို့ကို သတ်ခဲ့မူ ညဥ့်အခါ၌ သင့်အား စောင့်စည်းမှု ဖြစ်ပါ စေလော့ဟု အကျွန်ုပ်ကို အစဥ်သနားသဖြင့် စောင့်စည်းမှု၌ နောက်ထပ် တစ်ဖန် သက်ဝင် စေ၏။
၄၉၆။ ‘‘သွာဟံ ဒိဝါ ဟနိတွာ ပါဏိနော, ဝိရတော ရတ္တိမဟောသိ သညတော၊
ရတ္တာဟံ ပရိစာရေမိ, ဒိဝါ ခဇ္ဇာမိ ဒုဂ္ဂတော။
၄၉၆။ ထိုအကျွန်ုပ်သည် သတ္တဝါတို့ကို နေ့အခါ၌ သတ်၍ ညဥ့်အခါ၌ (သတ်ခြင်းမှ) ရှောင်ကြဥ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဥ့်အခါ၌ မွေ့လျော်ခံစားရပါ၏၊ နေ့အခါ၌မူဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။
၄၉၇။ ‘‘တဿ ကမ္မဿ ကုသလဿ, အနုဘောမိ ရတ္တိံ အမာနုသိံ၊
ဒိဝါ ပဋိဟတာဝ ကုက္ကုရာ, ဥပဓာဝန္တိ သမန္တာ ခါဒိတုံ။
၄၉၇။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဥ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက် ဝန်းကျင်မှ ပြေးလာကြပါကုန်၏။
၄၉၈။ ‘‘ယေ စ တေ သတတာနုယောဂိနော, ဓုဝံ ပယုတ္တာ [ဓုဝယုတ္တာ (သီ။)] သုဂတဿ သာသနေ၊
မညာမိ တေ အမတမေဝ ကေဝလံ, အဓိဂစ္ဆန္တိ ပဒံ အသင်္ခတ’’န္တိ။
ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု အဋ္ဌမံ။
၄၉၈။ အကြင်သူတို့သည် ကား မြတ်စွာဘုရား သာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲ ယှဥ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်း ရှိကုန်၏၊ ထိုသူတို့သည် လောကီချမ်းသာမဖက် သက်သက်သော၊ အကြောင်းတရားတို့ မပြုပြင်အပ်သော၊ သေခြင်းကင်းသော နိဗ္ဗာန်ကို သာလျှင် ရကုန်၏ဟုထင်မှတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ ရှစ်ခုမြောက်သော ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု ပြီး၏။ ၉-ကူဋဝိနိစ္ဆယိကပေတဝတ္ထု တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကားဆိုခဲဲ့သောကြောင့် သေလွန်သောအခါ နတ်ဝတ်တန်ဆာနတ်သမီးအခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရသော်လည်း ကြောက်ခမန်းလိလိမိမိကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ
၉။ ကူဋဝိနိစ္ဆယိကပေတဝတ္ထု
၄၉၉။ ‘‘မာလီ ကိရိဋီ ကာယူရီ [ကေယူရီ (သီ။)], ဂတ္တာ တေ စန္ဒနုဿဒါ၊
ပသန္နမုခဝဏ္ဏောသိ, သူရိယဝဏ္ဏောဝ သောဘသိ။
၄၉၉။ (ယောကျာ်း) သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက် စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာအဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။
၅၀၀။ ‘‘အမာနုသာ ပါရိသဇ္ဇာ, ယေ တေမေ ပရိစာရကာ၊
ဒသ ကညာသဟဿာနိ, ယာ တေမာ ပရိစာရိကာ၊
တာ [ကာ (က။)] ကမ္ဗုကာယူရဓရာ, ကဉ္စနာဝေဠဘူသိတာ။
၅၀၀။ (ယောကျာ်း) သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံ နတ်တို့သည်လည်းကောင်း၊ သင်၏ တစ်သောင်းသော အခြွေအရံနတ်သမီးတို့သည်လည်းကောင်း ခရုသင်း,လက်ကောက်, လက်ကြပ်တန်ဆာကို ဝတ်ဆင်ကြကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာပန်ဆင်ကြကုန်၏။
၅၀၁။ ‘‘မဟာနုဘာဝေါသိ တုဝံ, လောမဟံသနရူပဝါ၊
ပိဋ္ဌိမံသာနိ အတ္တနော, သာမံ ဥက္ကစ္စ [ဥက္ကဍ္ဎ (သီ။)] ခါဒသိ။
၅၀၁။ သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်း ထလောက်အောင် အဆင်းသဏ္ဌာန်ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင် ဖြတ်၍ ခဲစားနေရဘိ၏။
၅၀၂။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကုဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ပိဋ္ဌိမံသာနိ အတ္တနော၊
သာမံ ဥက္ကစ္စ ခါဒသီ’’တိ။
၅၀၂။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသား တို့ကို ကိုယ်တိုင် ဖြတ်၍ ခဲစားဘိသနည်းဟု (အသျှင်နာရဒက မေး၏)။
၅၀၃။ ‘‘အတ္တနောဟံ အနတ္ထာယ, ဇီဝလောကေ အစာရိသံ၊
ပေသုညမုသာဝါဒေန, နိကတိဝဉ္စနာယ စ။
၅၀၃။ အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ဖြစ်ရန် ကုန်းတိုက် စကားမုသားစကားဖြင့်လည်းကောင်း၊ ကောက်ကျစ်စဥ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့်လည်း ကောင်း ပြုကျင့်ခဲ့မိပါ၏။
၅၀၄။ ‘‘တတ္ထာဟံ ပရိသံ ဂန္တွာ, သစ္စကာလေ ဥပဋ္ဌိတေ၊
အတ္ထံ ဓမ္မံ နိရာကတွာ [နိရံကတွာ (က။) နိ + အာ + ကရ + တွာ = နိရာကတွာ], အဓမ္မမနုဝတ္တိသံ။
၅၀၄။ ထိုတရားစီရင်ရာအရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန်ဆိုရမည့် အခါကြုံကြိုက်ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဥ် လိုက်ခဲ့မိပါ၏။
၅၀၅။ ‘‘ဧဝံ သော ခါဒတတ္တာနံ, ယော ဟောတိ ပိဋ္ဌိမံသိကော၊
ယထာဟံ အဇ္ဇ ခါဒါမိ, ပိဋ္ဌိမံသာနိ အတ္တနော။
၅၀၅။ အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစား ရ၏။
၅၀၆။ ‘‘တယိဒံ တယာ နာရဒ သာမံ ဒိဋ္ဌံ, အနုကမ္ပကာ ယေ ကုသလာ ဝဒေယျုံ၊
မာ ပေသုဏံ မာ စ မုသာ အဘာဏိ, မာ ခေါသိ ပိဋ္ဌိမံသိကော တုဝ’’န္တိ။
ကူဋဝိနိစ္ဆယိကပေတဝတ္ထု နဝမံ။
၅၀၆။ အသျှင်နာရဒ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရား စသောသူတော်ကောင်းတို့ ဆိုဆုံးမသော “သင်သည် ကုန်းတိုက်သော စကားကို မပြော ဆိုလင့်၊ မုသားမပြောဆိုလင့်၊ (အကျွန်ုပ်ကဲ့သို့) မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်”ဟူသော စကားမျိုးကို သာ (အကျွန်ုပ်) ပြောဟောလိုပါ၏ဟု (ပြိတ္တာက လျှောက်၏)။ ကိုးခုမြောက်သော ကူဋဝိနိစ္ဆယိကပေတဝတ္ထု ပြီး၏။ ၁၀-ဓာတုဝိဝဏ္ဏပေတဝတ္ထု ဓာတ်တော်ထားရာစေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သောကြောင့် သေလွန်သောအခါ ရှစ်သောင်းခြောက်ထောင်မျှသော ဆွေမျိုးတို့နှင့်တကွ အပုပ်နံ့ လှိုင်သော ခံတွင်းပိုးလောက်တို့စားခြင်းကို ခံနေကြရသော ပြိတ္တာများ
၁၀။ ဓာတုဝိဝဏ္ဏပေတဝတ္ထု
၅၀၇။ ‘‘အန္တလိက္ခသ္မိံ တိဋ္ဌန္တော, ဒုဂ္ဂန္ဓော ပူတိ ဝါယသိ၊
မုခဉ္စ တေ ကိမယော ပူတိဂန္ဓံ, ခါဒန္တိ ကိံ ကမ္မမကာသိ ပုဗ္ဗေ။
၅၀၇။ ကောင်းကင်၌ တည်နေသော သင်၏ (ကိုယ်၌) မကောင်းသော အပုပ်နံ့သည် လှိုင်၏၊ အပုပ်နံ့လှိုင်သော သင်၏ ခံတွင်းကိုလည်း ပိုးလောက်တို့သည် ခဲစားကုန်၏၊ သင်သည် ရှေးဘဝကအဘယ်ကံကို ပြုခဲ့သနည်း။
၅၀၈။ ‘‘တတော သတ္ထံ ဂဟေတွာန, ဩက္ကန္တန္တိ ပုနပ္ပုနံ၊
ခါရေန ပရိပ္ဖေါသိတွာ, ဩက္ကန္တန္တိ ပုနပ္ပုနံ။
၅၀၈။ ထို့ထက်အလွန်မူကား (ကံနှိုးဆော်အပ်သောသူတို့က) လက်နက်ယူလျက် သင့်ကို အဖန်ဖန်လှီးဖြတ်ကုန်၏၊ ဆားငန်ရေဖြင့် လောင်းဆွတ်၍ အဖန်ဖန် လှီးဖြတ်ကုန်၏။
၅၀၉။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆသီ’’တိ။
၅၀၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သပါနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာကဿပက မေး၏)။
၅၁၀။ ‘‘အဟံ ရာဇဂဟေ ရမ္မေ, ရမဏီယေ ဂိရိဗ္ဗဇေ၊
ဣဿရော ဓနဓညဿ, သုပဟူတဿ မာရိသ။
၅၁၀။ အရှင်ဘုရား အကျွန်ုပ်သည် ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံအပ်သော ရာဇဂြိုဟ်မြို့၌ အလွန်များသော ဥစ္စာစပါးကို အစိုးရသူ ဖြစ်ခဲ့ပါ၏။
၅၁၁။ ‘‘တဿာယံ မေ ဘရိယာ စ, ဓီတာ စ သုဏိသာ စ မေ၊
တာ မာလံ ဥပ္ပလဉ္စာပိ, ပစ္စဂ္ဃဉ္စ ဝိလေပနံ၊
ထူပံ ဟရန္တိယော ဝါရေသိံ, တံ ပါပံ ပကတံ မယာ။
၅၁၁။ ထိုအကျွန်ုပ်၏ (ရှေးဘဝက) ဤမယားသည်လည်းကောင်း၊ ဤသမီးသည်လည်း ကောင်း၊ ဤချွေးမသည်လည်းကောင်း ထိုအိမ်သူအိမ်သားတို့သည် ပန်းကိုလည်းကောင်း၊ ကြာ ကိုလည်းကောင်း၊ အသစ်ဖြစ်သော နံ့သာပျောင်းကိုလည်းကောင်း ပုထိုးသို့ (ပူဇော်ရန်) ဆောင်ယူသည်တို့ကို တားမြစ်မိခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုမကောင်းမှုကံကို ပြုခဲ့ပါ၏။
၅၁၂။ ‘‘ဆဠာသီတိသဟဿာနိ, မယံ ပစ္စတ္တဝေဒနာ၊
ထူပပူဇံ ဝိဝဏ္ဏေတွာ, ပစ္စာမ နိရယေ ဘုသံ။
၅၁၂။ (အရှင်ဘုရား) အသီးအသီး ခံစားအပ်သော ဆင်းရဲသော ဝေဒနာရှိကုန်သော ရှစ်သောင်းခြောက်ထောင် အတိုင်းအရှည်ရှိကုန်သော အကျွန်ုပ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်းကို ကဲ့ရဲ့မိကြကုန်၍ ပြင်းစွာ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငရဲနှင့်တူသော ပြိတ္တာဘုံ၌ပြင်းထန်စွာ ခံနေရပါကုန်၏။
၅၁၃။ ‘‘ယေ စ ခေါ ထူပပူဇာယ, ဝတ္တန္တေ အရဟတော မဟေ၊
အာဒီနဝံ ပကာသေန္တိ, ဝိဝေစယေထ [ဝိဝေစယထ (သီ။)] နေ တတော။
၅၁၃။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို (ရည်မှတ်၍) ပူဇော်ခြင်းငှါ ပွဲလမ်းသဘင် ဖြစ်သည်ရှိသော် (အကျွန်ုပ်ကဲ့သို့သော) အကြင် ပုဂ္ဂိုလ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်း၌ အပြစ်ဒေါသကို ပြကုန်၏၊ ထို ပုဂ္ဂိုလ်တို့ကို ထိုမကောင်းမှုမှရှောင်ကြဥ်ကြပါစေကုန်လော့။
၅၁၄။ ‘‘ဣမာ စ ပဿ အာယန္တိယော, မာလဓာရီ အလင်္ကတာ၊
မာလာဝိပါကံနုဘောန္တိယော [အနုဘဝန္တိ (သီ။ ပီ။)], သမိဒ္ဓါ စ တာ [သမိဒ္ဓါ တာ (သီ။ သျာ။)] ယသဿိနိယော။
၅၁၄။ နတ်ပန်းတို့ကို ပန်ဆင်ကုန်၍ နတ်ဝတ်တန်ဆာဝတ်ဆင်ကြကာ ပုထိုး၌ ပန်း ပူဇော်သော ကံ၏အကျိုးကို ခံစားကြကုန်လျက် လာကြကုန်သော ဤနတ်သမီးတို့ကို ကြည့်ရှု တော်မူပါလော့၊ ထိုနတ်သမီးတို့သည် များသော အခြံအရံ အကျော်အစောရှိကုန်လျက် နတ် စည်းစိမ်နှင့် ပြည့်စုံကြပါကုန်၏။
၅၁၅။ ‘‘တဉ္စ ဒိသွာန အစ္ဆေရံ, အဗ္ဘုတံ လောမဟံသနံ၊
နမော ကရောန္တိ သပ္ပညာ, ဝန္ဒန္တိ တံ မဟာမုနိံ။
၅၁၅။ ပညာရှိကုန်သော အကျွန်ုပ်၏ မယား, သမီး, ချွေးမတို့သည် အံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ကြက်သီးမွေးညှင်းထဖွယ် ဖြစ်သော ထိုအကျိုးထူးကို မြင်ကြကုန်သောကြောင့် ရှိခိုးခြင်းကို ပြုခဲ့ပါကုန်၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို ရှိခိုးခဲ့ကြ ပါကုန်၏။
၅၁၆။ ‘‘သောဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊
ထူပပူဇံ ကရိဿာမိ, အပ္ပမတ္တော ပုနပ္ပုန’’န္တိ။
ဓာတုဝိဝဏ္ဏပေတဝတ္ထု ဒသမံ။
စူဠဝဂ္ဂေါ တတိယော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
အဘိဇ္ဇမာနော ကုဏ္ဍိယော [ကောဏ္ဍညော (သဗ္ဗတ္ထ)], ရထကာရီ ဘုသေန စ၊
ကုမာရော ဂဏိကာ စေဝ, ဒွေ လုဒ္ဒါ ပိဋ္ဌိပူဇနာ၊
ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၅၁၆။ ထိုအကျွန်ုပ်သည် စင်စစ် ဤပြိတ္တာဘုံမှ လွတ်သွား၍ လူအမျိုးဇာတ်ကို ရသည်ရှိ သော် ပုထိုးအားပူဇော်ခြင်းကို မမေ့မလျော့မူ၍ အဖန်ဖန် ပြုပါတော့အံ့ဟု ကြံစည်အောက် မေ့မိပါ၏ဟု (လျှောက်၏)။ ဆယ်ခုမြောက်သော ဓာတုဝိဝဏ္ဏပေတဝတ္ထု ပြီး၏။ သုံးခုမြောက်သော စူဠဝဂ် ပြီး၏။ ၄-မဟာဝဂ် ၁-အမ္ဗသက္ကရပေတဝတ္ထု ဝေသာလီပြည် အမ္ဗ္ဗသက္ကရမည်သော လိစ္ဆဝီမင်း, တံကျင်လျှိုခံရသော ယောင်္ကျား, ထိုယောင်္ကျားအားလာရောက်၍ အားပေးစကားပြောဆိုသော နတ်ပြိတ္တာ, ကပ္ပိတကရဟန်း၊ ဤပုဂ္ဂိုလ်တို့အချင်းချင်းပြောဟောကြပုံ ကုသိုလ်, အကုသိုလ်ကံဆန်းကြယ်ပုံ အလုံးစုံပါဝင် သောဝတ္ထု
၄။ မဟာဝဂ္ဂေါ
၁။ အမ္ဗသက္ကရပေတဝတ္ထု
၅၁၇။ ဝေသာလီ နာမ နဂရတ္ထိ ဝဇ္ဇီနံ, တတ္ထ အဟု လိစ္ဆဝိ အမ္ဗသက္ကရော [အမ္ဗသက္ခရော (သီ။ သျာ။), အပ္ပသက္ကရော (က။)]၊
ဒိသွာန ပေတံ နဂရဿ ဗာဟိရံ, တတ္ထေဝ ပုစ္ဆိတ္ထ တံ ကာရဏတ္ထိကော။
၅၁၇။ ဝဇ္ဇီတိုင်းသားတို့၏ ဝေသာလီမြို့၌ အမ္ဗသက္ကရမည်သော လိစ္ဆဝီမင်းသည် မြို့ပြင်ပ၌ နေသော ပြိတ္တာကို မြင်သောကြောင့် ထိုမြင်ရာအရပ်၌ပင် (အချင်း အသက်ရှင်ပါလော့၊ အသက် ရှင်ခြင်းသည်သာမြတ်၏ဟု) ပြောဆိုသော စကား၏ အဓိပ္ပာယ်ကို သိလိုသည်ဖြစ်၍ ထိုပြိတ္တာ အား (ဤသို့) မေးမြန်းလေပြီ။
၅၁၈။ ‘‘သေယျာ နိသဇ္ဇာ နယိမဿ အတ္ထိ, အဘိက္ကမော နတ္ထိ ပဋိက္ကမော စ၊
အသိတပီတခါယိတဝတ္ထဘောဂါ, ပရိစာရိကာ [ပရိစာရဏာ (သီ။ ပီ။)] သာပိ ဣမဿ နတ္ထိ။
၅၁၈။ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်အား အိပ်ရခြင်း ထိုင်ရခြင်းသည်လည်း မရှိခဲ့၊ ရှေ့သို့တက်ခြင်းနောက်သို့ဆုတ်ခြင်းသည်လည်း မရှိခဲ့၊ ဤပုဂ္ဂိုလ်အား စားဖွယ်,သောက်ဖွယ်, ခဲဖွယ်, အဝတ်အရုံတို့ကို သုံးဆောင်ခြင်းဟု ဆိုအပ်သော ခံစားခြင်းသည်လည်း မရှိခဲ့။
၅၁၉။ ‘‘ယေ ဉာတကာ ဒိဋ္ဌသုတာ သုဟဇ္ဇာ, အနုကမ္ပကာ ယဿ အဟေသုံ ပုဗ္ဗေ၊
ဒဋ္ဌုမ္ပိ တေ ဒါနိ န တံ လဘန္တိ, ဝိရာဇိတတ္တော [ဝိရာဓိတတ္တော (သီ။ ပီ။)] ဟိ ဇနေန တေန။
၅၁၉။ ရှေးက ရှိကြသည့် သနားစောင့်ရှောက်တတ်သော အဆွေအမျိုးတို့သည် လည်း ကောင်း၊ မြင်ဖူး, ကြားဖူးသော အဆွေခင်ပွန်း သူငယ်ချင်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်လည်းကောင်း ထိုတံကျင်လျှိုသော ပုဂ္ဂိုလ်ကို ယခုအခါ တွေ့မြင် ခြင်းငှါလည်းမရကြကုန်၊ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်သည် ထိုဆွေမျိုးစသော လူအပေါင်း က စွန့်ပစ်ထားသော သဘောရှိတော့သည်သာတည်း။
၅၂၀။ ‘‘န ဩဂ္ဂတတ္တဿ ဘဝန္တိ မိတ္တာ, ဇဟန္တိ မိတ္တာ ဝိကလံ ဝိဒိတွာ၊
အတ္ထဉ္စ ဒိသွာ ပရိဝါရယန္တိ, ဗဟူ မိတ္တာ ဥဂ္ဂတတ္တဿ ဟောန္တိ။
၅၂၀။ အသက်ဝိညာဥ်ကင်းပြီးသောသူအား အဆွေခင်ပွန်းတို့ မရှိကုန်၊ (သေသူကို ထား လိုက်ပါဦး) အဆွေခင်ပွန်းတို့သည် ပစ္စည်းဥစ္စာချို့တဲ့သူကို (ဤသူထံမှ ဘာတစ်ခုမျှ ရတော့ မည် မဟုတ်ဟု) သိရသည်ရှိသော် (အသက်ရှင်သော်လည်း) စွန့်ပစ်တတ်ကြကုန်သေး၏၊ မိမိ အကျိုးစီးပွားကို မြင်ရသော်သာ ခြံရံကြကုန်၏၊ စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောသူအားသာလျှင် အဆွေခင်ပွန်း များကုန်၏။
၅၂၁။ ‘‘နိဟီနတ္တော သဗ္ဗဘောဂေဟိ ကိစ္ဆော, သမ္မက္ခိတော သမ္ပရိဘိန္နဂတ္တော၊
ဥဿာဝဗိန္ဒူဝ ပလိမ္ပမာနော, အဇ္ဇ သုဝေ ဇီဝိတဿူပရောဓော။
၅၂၁။ (ဤတံကျင်လျှိုထားသော ယောကျာ်းသည်) စည်းစိမ်ချမ်းသာ အားလုံးတို့မှ ယုတ်သော သဘောရှိသည်ဖြစ်၍ သွေးတို့ဖြင့် လိမ်းကျံသော ကိုယ် တံကျင်ထိုးလျှိုသဖြင့် ပေါက်ကွဲသော ကိုယ်ရှိလျက် ဆင်းရဲငြိုငြင် ပင်ပန်းလှ၏၊ ဤယောကျာ်းအား မြက်ဖျား၌ လိမ်း ကျံသော ဆီးနှင်းပေါက်အတူယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း အသက် ချုပ်ပျောက်ခြင်း ဖြစ်တော့လတ္တံ့။
၅၂၂။ ‘‘ဧတာဒိသံ ဥတ္တမကိစ္ဆပ္ပတ္တံ, ဥတ္တာသိတံ ပုစိမန္ဒဿ သူလေ၊
‘အထ တွံ ကေန ဝဏ္ဏေန ဝဒေသိ ယက္ခ, ဇီဝ ဘော ဇီဝိတမေဝ သေယျော’’’တိ။
၅၂၂။ နတ်သား ထိုသို့ဖြစ်လျက် တမာသားတံကျင်၌ ထိုးတင်အပ်သည်ဖြစ်၍ အလွန် ပင်ပန်းခြင်းသို့ရောက်သော ဤသို့သောသူကို ‘အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်း သည်သာလျှင် မြတ်၏’ဟုအဘယ့်ကြောင့် သင် ဆိုဘိသနည်း (ဟု လိစ္ဆဝီမင်းက မေး၏)။
၅၂၃။ ‘‘သာလောဟိတော ဧသ အဟောသိ မယှံ, အဟံ သရာမိ ပုရိမာယ ဇာတိယာ၊
ဒိသွာ စ မေ ကာရုညမဟောသိ ရာဇ, မာ ပါပဓမ္မော နိရယံ ပတာယံ [ပတိ + အယံ = ပတာယံ]။
၅၂၃။ လိစ္ဆဝီမင်း ဤသူသည် ရှေးဘဝက အကျွန်ုပ်၏ သွေးသားတော်စပ်သောသူ ဖြစ်၏ဟု အကျွန်ုပ်အမှတ်ရပါသည်၊ ဤသူကို မြင်ရ၍ အကျွန်ုပ် သနားခြင်း ဖြစ်မိပါ၏၊ ယုတ်မာသော သဘောရှိသော ဤသူသည် ငရဲသို့ မကျပါစေလင့်။
၅၂၄။ ‘‘ဣတော စုတော လိစ္ဆဝိ ဧသ ပေါသော, သတ္တုဿဒံ နိရယံ ဃောရရူပံ၊
ဥပပဇ္ဇတိ ဒုက္ကဋကမ္မကာရီ, မဟာဘိတာပံ ကဋုကံ ဘယာနကံ။
၅၂၄။ လိစ္ဆဝီမင်း ဤယောကျာ်းသည် မကောင်းမှုကို ပြုလေ့ရှိသည်ဖြစ်၍ ဤဘဝမှ စုတေ သော်မကောင်းမှုပြုသူ သတ္တဝါတို့ဖြင့် ရောပြွမ်း၍ ကြမ်းတမ်းသော သဘောရှိသော အလွန့် အလွန်ပူလောင်ခါးစပ်သော ကြောက်ဖွယ်ကို ဖြစ်စေတတ်သော ငရဲသို့ ကပ်ရောက်ရလတ္တံ့။
၅၂၅။ ‘‘အနေကဘာဂေန ဂုဏေန သေယျော, အယမေဝ သူလော နိရယေန တေန၊
ဧကန္တဒုက္ခံ ကဋုကံ ဘယာနကံ, ဧကန္တတိဗ္ဗံ နိရယံ ပတာယံ [ပတေ + အယံ = ပတာယံ]။
၅၂၅။ ဤသူသည် စင်စစ် ဆင်းရဲသော ခါးစပ်၍ ကြောက်ဖွယ်ကို ဖြစ်စေတတ်သော စင်စစ်ထက်မြက်သော အကြင်ငရဲသို့ ကျရာ၏၊ ထိုထိုကျရမည့် ငရဲထက် ဤတံကျင်သည် သာလျှင်များစွာသော ဂုဏ်အဖို့အစုအားဖြင့် မြတ်သေး၏။
၅၂၆။ ‘‘ဣဒဉ္စ သုတွာ ဝစနံ မမေသော, ဒုက္ခူပနီတော ဝိဇဟေယျ ပါဏံ၊
တသ္မာ အဟံ သန္တိကေ န ဘဏာမိ, မာ မေ ကတော ဇီဝိတဿူပရောဓော’’။
၅၂၆။ ဤသတ္တဝါသည် အကျွန်ုပ်၏ ဤစကားကို ကြားရသော် ဆင်းရဲသို့ ကပ်ရောက် ရသကဲ့သို့ ဖြစ်၍ မိမိအသက်ကို စွန့်ရာ၏၊ ထို့ကြောင့် အကျွန်ုပ်သည် တစ်ပြိုင်နက် အသက် ချုပ်ပျောက်ခြင်းမဖြစ်ပါစေလင့်ဟု နှလုံးပိုက်၍ ဤသတ္တဝါ၏ အနီး၌ ဤစကားကို ဆိုသည် မဟုတ်ပါဟု (ပြိတ္တာကပြောဆို၏)။
၅၂၇။ ‘‘အညာတော ဧသော [အဇ္ဈိတော ဧသ (က။)] ပုရိသဿ အတ္ထော, အညမ္ပိ ဣစ္ဆာမသေ ပုစ္ဆိတုံ တုဝံ၊
ဩကာသကမ္မံ သစေ နော ကရောသိ, ပုစ္ဆာမ တံ နော န စ ကုဇ္ဈိတဗ္ဗ’’န္တိ။
၅၂၇။ တံကျင်လျှိုထားသော ယောကျာ်း၏ ဤအကြောင်းအရာကို ငါတို့ သိရပါပြီ၊ တစ်ပါးသော အကြောင်းအရာကိုလည်း သင့်အား မေးလိုကုန်၏၊ ငါတို့အား အကယ်၍ အခွင့်ပြုပါမူ သင့်ကို မေးပါကုန်အံ့၊ ငါတို့အားမူ အမျက်မထွက်သင့်ပါဟု (လိစ္ဆဝီမင်းက ဆို၏)။
၅၂၈။ ‘‘အဒ္ဓါ ပဋိညာ မေ တဒါ အဟု [ပဋိညာတမေတံ တဒါဟု (က။), ပဋိညာ န မေတေ တဒါ အဟု (?)], နာစိက္ခနာ အပ္ပသန္နဿ ဟောတိ၊
အကာမာ သဒ္ဓေယျဝစောတိ ကတွာ, ပုစ္ဆဿု မံ ကာမံ ယထာ ဝိသယှ’’န္တိ [ဝိသယံ (က။)]။
၅၂၈။ လိစ္ဆဝီမင်း (ရှေးဦးစွာ မြင်သော) ထိုအခါကပင် အကျွန်ုပ်အား စင်စစ် မေးလော့ဟု ဝန်ခံခြင်းဖြစ်ပါ၏၊ မကြည်ညိုသူအား မဖြေကြားလိုခြင်း ဖြစ်ပါ၏၊ ယခုအခါ အလိုမရှိစေကာမူ သင်သည်ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်သောကြောင့် ငါ့အား အလိုရှိရာ မေးလော့၊ စွမ်းအားရှိသလောက်ဖြေပါအံ့ဟု (ပြိတ္တာက ဖြေ၏)။
၅၂၉။ ‘‘ယံ ကိဉ္စဟံ စက္ခုနာ ပဿိဿာမိ [ပဿာမိ (က။)], သဗ္ဗမ္ပိ တာဟံ အဘိသဒ္ဒဟေယျံ၊
ဒိသွာဝ တံ နောပိ စေ သဒ္ဒဟေယျံ, ကရေယျာသိ [ကရောဟိ (ကတ္ထစိ)] မေ ယက္ခ နိယဿကမ္မ’’န္တိ။
၅၂၉။ နတ်မင်း ငါသည် မျက်စိဖြင့် မြင်ရသည့် အရာဟူသမျှ အားလုံးကိုလည်း ထို မြင်သည့်အတိုင်းပင်လျှင် ယုံကြည်ရာပါ၏၊ ထိုအလုံးစုံကို မြင်ရ၍ လည်း အကယ်၍ မယုံကြည် ခဲ့ပါမူ သင်သည်ငါ့အား နှိပ်နင်းမှုကို ပြုမည်လောဟု (လိစ္ဆဝီမင်းက ပြော၏)။
၅၃၀။ ‘‘သစ္စပ္ပဋိညာ တဝ မေသာ ဟောတု, သုတွာန ဓမ္မံ လဘ သုပ္ပသာဒံ၊
အညတ္ထိကော နော စ ပဒုဋ္ဌစိတ္တော, ယံ တေ သုတံ အသုတဉ္စာပိ ဓမ္မံ၊
သဗ္ဗမ္ပိ အက္ခိဿံ [သဗ္ဗံ အာစိက္ခိဿံ (သီ။)] ယထာ ပဇာနန္တိ။
၅၃၀။ လိစ္ဆဝီမင်း သင်၏ ဤဝန်ခံခြင်းသည် အကျွန်ုပ်အား မှန်ကန်သောဝန်ခံခြင်း ဖြစ် ပါစေ၊ အကျွန်ုပ်သည် သင်ကြားဖူးသည်လည်းဖြစ်သော မကြားဖူးသည်လည်းဖြစ်သော တရား အားလုံးကို သင့်အား သိသမျှ ဟောကြားပါအံ့၊ သင်သည် သိခြင်းငှါ အလိုရှိသည်ဖြစ်၍ လည်းကောင်း,ပြစ်မှားလိုသော စိတ် မရှိသည်ဖြစ်၍ လည်းကောင်း အကျွန်ုပ်ဟောမည့် တရား ကို ကြားနာရ၍ ကောင်းသော ကြည်ညိုမှုကို ရပါစေသတည်းဟု (ပြိတ္တာက ပြော၏)။
၅၃၁။ ‘‘သေတေန အဿေန အလင်္ကတေန, ဥပယာသိ သူလာဝုတကဿ သန္တိကေ၊
ယာနံ ဣဒံ အဗ္ဘုတံ ဒဿနေယျံ, ကိဿေတံ ကမ္မဿ အယံ ဝိပါကော’’တိ။
၅၃၁။ သင်သည် တန်ဆာဆင်အပ်သော မြင်းဖြူ ဖြင့် တံကျင်လျှိုထားသူ၏ အထံသို့ သွား ဘိ၏၊ ဤမြင်းယာဥ်သည် မဖြစ်စဖူး ဖြစ်၍ ရှုချင်ဖွယ် ရှိလှပါပေ၏၊ ဤမြင်းယာဥ်ကို ရခြင်း သည် အဘယ်ကံ၏အကျိုးနည်းဟု (လိစ္ဆဝီမင်းက မေး၏)။
၅၃၂။ ‘‘ဝေသာလိယာ နဂရဿ [တဿ နဂရဿ (သီ။ သျာ။ ပီ။)] မဇ္ဈေ, စိက္ခလ္လမဂ္ဂေ နရကံ အဟောသိ၊
ဂေါသီသမေကာဟံ ပသန္နစိတ္တော, သေတံ [သေတုံ (သျာ။ က။)] ဂဟေတွာ နရကသ္မိံ နိက္ခိပိံ။
၅၃၂။ လိစ္ဆဝီမင်း ဝေသာလီမြို့၏ အလယ် ရွှံ့ညွန်ရှိသော ခရီးလမ်း၌ (ရွှံ့ညွန်) တွင်း ရှိခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဖြူသော နွားဦးခေါင်းရိုးတစ်ခုကို ယူ၍ ရွှံ့ညွန်တွင်း၌ချထားခဲ့ပါ၏။
၅၃၃။ ‘‘ဧတသ္မိံ ပါဒါနိ ပတိဋ္ဌပေတွာ, မယဉ္စ အညေ စ အတိက္ကမိမှာ၊
ယာနံ ဣဒံ အဗ္ဘုတံ ဒဿနေယျံ, တဿေဝ ကမ္မဿ အယံ ဝိပါကော’’တိ။
၅၃၃။ အကျွန်ုပ်သည်လည်းကောင်း, တစ်ပါးသောသူတို့သည်လည်းကောင်း ဤနွားဦး ခေါင်းရိုးတံတား၌ခြေတို့ကို ချနင်း၍ ရွှံ့ညွန်ကို လွန်မြောက်ကြရပါကုန်၏၊ ထိုကံကြောင့် မဖြစ်ဖူးမြဲဖြစ်၍ ရှုချင်ဖွယ်ရှိသော ဤမြင်းယာဥ်ကို ရအပ်ပါ၏၊ ဤမြင်းယာဥ်ကို ရခြင်းသည် ထိုကံ၏ အကျိုးပါတည်းဟု (ပြိတ္တာက ဖြေ၏)။
၅၃၄။ ‘‘ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတိ, ဂန္ဓော စ တေ သဗ္ဗဒိသာ ပဝါယတိ၊
ယက္ခိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, နဂ္ဂေါ စာသိ ကိဿ အယံ ဝိပါကော’’တိ။
၅၃၄။ သင်၏ အဆင်းသည်လည်း အလုံးစုံ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ၏၊ သင်၏ကိုယ်ရနံ့သည်လည်း အလုံးစုံသော အရပ်မျက်နှာတို့၌ ကြိုင်လှိုင်ဘိ၏၊ သင်သည်ကြီးသော အာနုဘော်ရှိ၍ နတ်တန်ခိုးသို့ ရောက်သူ ဖြစ်ခဲ့၏၊သို့သော်လည်း အဝတ် မဆီးအချည်းနှီးနေရသူ ဖြစ်ခဲ့၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်းဟု (လိစ္ဆဝီ မင်းက မေး၏)။
၅၃၅။ ‘‘အက္ကောဓနော နိစ္စပသန္နစိတ္တော, သဏှာဟိ ဝါစာဟိ ဇနံ ဥပေမိ၊
တဿေဝ ကမ္မဿ အယံ ဝိပါကော, ဒိဗ္ဗော မေ ဝဏ္ဏော သတတံ ပဘာသတိ။
၅၃၅။ လိစ္ဆဝီမင်း အကျွန်ုပ်သည် အမျက်မထွက်မူ၍ အမြဲကြည်လင်သော စိတ် ရှိပါ၏၊ သိမ် မွေ့သော စကားတို့ဖြင့် လူအပေါင်းသို့ ချဥ်းကပ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမြဲတောက်ပသော နတ်၌ဖြစ်သော ဤအဆင်းသည် ထိုကံ၏ အကျိုးပါတည်း။
၅၃၆။ ‘‘ယသဉ္စ ကိတ္တိဉ္စ ဓမ္မေ ဌိတာနံ, ဒိသွာန မန္တေမိ [ဒိသွာ သမန္တေမိ (က။)] ပသန္နစိတ္တော၊
တဿေဝ ကမ္မဿ အယံ ဝိပါကော, ဒိဗ္ဗော မေ ဂန္ဓော သတတံ ပဝါယတိ။
၅၃၆။ လိစ္ဆဝီမင်း အကျွန်ုပ်သည် တရား၌တည်သူတို့၏ ကျော်စောခြင်းကိုလည်းကောင်း ချီးမွမ်းသံကိုလည်းကောင်း သိမြင်၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် ပြောကြားတတ် ပါ၏၊ အကျွန်ုပ်၏အမြဲလှိုင်သော နတ်၌ဖြစ်သော ဤရနံ့သည် ထိုကံ၏ အကျိုးပါတည်း။
၅၃၇။ ‘‘သဟာယာနံ တိတ္ထသ္မိံ နှာယန္တာနံ, ထလေ ဂဟေတွာ နိဒဟိဿ ဒုဿံ၊
ခိဍ္ဍတ္ထိကော နော စ ပဒုဋ္ဌစိတ္တော, တေနမှိ နဂ္ဂေါ ကသိရာ စ ဝုတ္တီ’’တိ။
၅၃၇။ သူငယ်ချင်းတို့ ရေချိုးဆိပ်၌ ရေချိုးနေကြကုန်စဥ် ကုန်း၌ ထားသောသူငယ်ချင်း တစ်ယောက်၏ပုဆိုးကို ရယ်မြူးလိုသည်ဖြစ်၍ ပြစ်မှားလိုစိတ်မရှိဘဲ ဆောင်ယူ ဝှက်ထား မိခဲ့ပါ၏၊ ထို့ကြောင့်အဝတ်မဝတ်ရသူလည်း ဖြစ်ရပါ၏၊ ပင်ပန်းသော အသက်မွေးခြင်းရှိသူလည်း ဖြစ်ရပါ၏ဟု (ပြိတ္တာကဖြေ၏)။
၅၃၈။ ‘‘ယော ကီဠမာနော ပကရောတိ ပါပံ, တဿေဒိသံ ကမ္မဝိပါကမာဟု၊
အကီဠမာနော ပန ယော ကရောတိ, ကိံ တဿ ကမ္မဿ ဝိပါကမာဟူ’’တိ။
၅၃၈။ အကြင်သူသည် ကစားရယ်မြူးလို၍ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံ အကျိုးသည်ပင်ဤသို့သဘော ရှိသေး၏၊ အကြင်သူသည်ကား ကစားရယ်မြူးလိုစိတ်မရှိဘဲ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံအကျိုးကို (ပညာရှိတို့) အဘယ်သို့ ဆိုကုန်အံ့ နည်းဟု (လိစ္ဆဝီမင်းက မေး၏)။
၅၃၉။ ‘‘ယေ ဒုဋ္ဌသင်္ကပ္ပမနာ မနုဿာ, ကာယေန ဝါစာယ စ သင်္ကိလိဋ္ဌာ၊
ကာယဿ ဘေဒါ အဘိသမ္ပရာယံ, အသံသယံ တေ နိရယံ ဥပေန္တိ။
၅၃၉။ အကြင်သူတို့သည် ကာမဂုဏ်ကို ကြံခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ဖျက်ဆီးအပ်သော စိတ်ရှိကုန်၏၊ ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း ညစ်ညူးကြကုန်၏၊ ထို သူတို့သည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘဝ၌ ယုံမှားမရှိ ငရဲသို့ ကပ်ရောက်ရ ကုန်၏။
၅၄၀။ ‘‘အပရေ ပန သုဂတိမာသမာနာ, ဒါနေ ရတာ သင်္ဂဟိတတ္တဘာဝါ၊
ကာယဿ ဘေဒါ အဘိသမ္ပရာယံ, အသံသယံ တေ သုဂတိံ ဥပေန္တီ’’တိ။
၅၄၀။ တစ်ပါးသော လူတို့သည် ကား သုဂတိဘုံသို့ တောင့်တကုန်လျက် အလှူပေးခြင်း၌မွေ့လျော်ကုန်၏၊ ချီးမြှောက်လိုသော သဘော ရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာ ပျက်စီး သည့်နောက်တမလွန်ဘဝ၌ ယုံမှားမရှိ, ကောင်းသော လားရာ ‘သုဂတိ’သို့ ကပ်ရောက်ရ ကုန်၏ဟု (ပြိတ္တာကဖြေ၏)။
၅၄၁။ ‘‘တံ ကိန္တိ ဇာနေယျမဟံ အဝေစ္စ, ကလျာဏပါပဿ အယံ ဝိပါကော၊
ကိံ ဝါဟံ ဒိသွာ အဘိသဒ္ဒဟေယျံ, ကော ဝါပိ မံ သဒ္ဒဟာပေယျ ဧတ’’န္တိ။
၅၄၁။ သင်သည် ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို ခွဲဝေ၍ ဆိုအပ်ပြီ၊ ထိုကောင်းကျိုး မကောင်းကျိုးကို အဘယ်သို့ သက်ဝင်၍ ငါ သိရပါအံ့နည်း၊ အဘယ်သို့သော သက်သေအထောက်အထားကို မူလည်း တွေ့မြင်၍ ငါ ယုံကြည်ရပါအံ့နည်း၊ အဘယ် ပညာရှိသည်မူလည်းထိုကောင်းကျိုး မကောင်းကျိုးကို ယုံကြည်စေနိုင်ပါအံ့နည်းဟု (လိစ္ဆဝီမင်း က မေး၏)။
၅၄၂။ ‘‘ဒိသွာ စ သုတွာ အဘိသဒ္ဒဟဿု, ကလျာဏပါပဿ အယံ ဝိပါကော၊
ကလျာဏပါပေ ဥဘယေ အသန္တေ, သိယာ နု သတ္တာ သုဂတာ ဒုဂ္ဂတာ ဝါ။
၅၄၂။ လိစ္ဆဝီမင်း ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို (ခွဲဝေ၍ ငါ ဆိုအပ်ခဲ့ပြီ) ထိုကောင်းကျိုး မကောင်းကျိုးကို မြင်၍ လည်းကောင်း၊ ကြား၍ လည်းကောင်း ယုံကြည်ပါလေလော့၊ ကောင်းမှု မကောင်းမှု နှစ်ပါးစုံ မရှိမူ သတ္တဝါတို့သည် ကောင်းသော လားရာ ‘သုဂတိ’သို့လားရောက်ရကုန်၏၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ လားရောက် ရကုန်၏ဟု အဘယ်သို့လျှင်ဖြစ်နိုင်ပါအံ့နည်း။
၅၄၃။ ‘‘နော စေတ္ထ ကမ္မာနိ ကရေယျုံ မစ္စာ, ကလျာဏပါပါနိ မနုဿလောကေ၊
နာဟေသုံ သတ္တာ သုဂတာ ဒုဂ္ဂတာ ဝါ, ဟီနာ ပဏီတာ စ မနုဿလောကေ။
၅၄၃။ လိစ္ဆဝီမင်း ဤလူ့ပြည်လောက၌ သတ္တဝါတို့သည် ကောင်းမှု မကောင်းမှုတို့ကို အကယ်၍ မပြုကြကုန်မူ လူ့ပြည်၌ ကောင်းသော လားရာ ‘သုဂတိ’, မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ အယုတ်အမြတ်ဖြစ်သော သတ္တဝါ တို့သည်လည်းကောင်းရှိသည် မဖြစ်ကုန်ရာ။
၅၄၄။ ‘‘ယသ္မာ စ ကမ္မာနိ ကရောန္တိ မစ္စာ, ကလျာဏပါပါနိ မနုဿလောကေ၊
တသ္မာ ဟိ သတ္တာ သုဂတာ ဒုဂ္ဂတာ ဝါ, ဟီနာ ပဏီတာ စ မနုဿလောကေ။
၅၄၄။ သတ္တဝါတို့သည် လူ့ပြည်လောက၌ ကောင်းမှု မကောင်းမှုတို့ကို အကြင့်ကြောင့် ပြုကုန်၏၊ ထို့ကြောင့် လူ့ပြည်လောက၌ ကောင်းသော လားရာ ‘သုဂတိ’, မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း အယုတ်အမြတ်ဖြစ်သော သတ္တဝါတို့သည်လည်းကောင်းရှိကုန်၏။
၅၄၅။ ‘‘ဒွယဇ္ဇ ကမ္မာနံ ဝိပါကမာဟု, သုခဿ ဒုက္ခဿ စ ဝေဒနီယံ၊
တာ ဒေဝတာယော ပရိစာရယန္တိ, ပစ္စန္တိ ဗာလာ ဒွယတံ အပဿိနော။
၅၄၅။ ယခုအခါ ကောင်းမှု မကောင်းမှုတို့၏ ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်း ကောင်းခံစားခြင်းငှါ လျောက်ပတ်သော နှစ်ပါးသော ကောင်းကျိုး မကောင်းကျိုးကို (ပညာရှိ တို့) ဆိုကုန်၏၊ အကြင်သူတို့သည် အလွန်အကဲအားဖြင့် ချမ်းသာသုခကို ခံစားခြင်းငှါ လျောက် ပတ်သော အကျိုးကို ရကုန်၏၊ ထိုသူတို့သည် နတ်ပြည်၌ နတ်ဖြစ်ကြ၍ ချမ်းသာသုခကို ခံစားကြရကုန်၏၊ လူမိုက်တို့သည် ကံ ကံ၏ အကျိုးနှစ်ပါးကို မမြင်ကုန်သည်ဖြစ်၍ ငရဲစသည်တို့၌ ကျက်ကြရကုန်၏။
၅၄၆။ ‘‘န မတ္ထိ ကမ္မာနိ သယံကတာနိ, ဒတွာပိ မေ နတ္ထိ ယော [သော (သဗ္ဗတ္ထ)] အာဒိသေယျ၊
အစ္ဆာဒနံ သယနမထန္နပါနံ, တေနမှိ နဂ္ဂေါ ကသိရာ စ ဝုတ္တီ’’တိ။
၅၄၆။ လိစ္ဆဝီမင်း အကြင်ကံတို့ကြောင့် ယခုအခါ အဝတ်ပုဆိုးကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကိုလည်းကောင်း၊ ထမင်းအဖျော်ကိုလည်းကောင်း ရရာ၏၊ ရှေးက ကိုယ်တိုင်ပြုခဲ့သော ထိုကံတို့သည် အကျွန်ုပ်အား မရှိပါကုန်၊ (သမဏဗြာဟ္မဏတို့အား အလှူကို) ပေးလှူ ၍ အကျွန်ုပ်အားရည်ညွှန်း အမျှဝေသောသူလည်း မရှိပါ၊ ထို့ကြောင့် ယခုအဝတ်မဝတ်ရသူ ပင်ပန်းသော အသက်မွေးခြင်းရှိသူ ဖြစ်နေရပါ၏ဟု (ပြိတ္တာက ဖြေ၏)။
၅၄၇။ ‘‘သိယာ နု ခေါ ကာရဏံ ကိဉ္စိ ယက္ခ, အစ္ဆာဒနံ ယေန တုဝံ လဘေထ၊
အာစိက္ခ မေ တွံ ယဒတ္ထိ ဟေတု, သဒ္ဓါယိကံ [သဒ္ဓါယိတံ (သီ။ ပီ။)] ဟေတုဝစော သုဏောမာ’’တိ။
၅၄၇။ နတ်သား အကြင်အကြောင်းကြောင့် သင်သည် အဝတ်ပုဆိုးကို ရရာ၏၊ တစ်စုံ တစ်ခုသော ထိုအကြောင်းသည် ရှိရာအံ့လော၊ အကယ်၍ အကြောင်းရှိမူ ထိုအကြောင်းကို ပြောကြားပါလော့၊ ယုံကြည်ထိုက်၍ အကြောင်းနှင့်တကွသော စကားကို နားထောင်ပါကုန်အံ့ (ဟု လိစ္ဆဝီမင်းက မေး၏)။
၅၄၈။ ‘‘ကပ္ပိတကော [ကပ္ပိနကော (သီ။)] နာမ ဣဓတ္ထိ ဘိက္ခု, ဈာယီ သုသီလော အရဟာ ဝိမုတ္တော၊
ဂုတ္တိန္ဒြိယော သံဝုတပါတိမောက္ခော, သီတိဘူတော ဥတ္တမဒိဋ္ဌိပတ္တော။
၅၄၈။ ဤဝေသာလီပြည်အနီး၌ ကပ္ပိတကမည်သော ရဟန်းသည် ရှိ၏၊ ထိုရဟန်းသည်အရဟတ္တဖိုလ်ဈာန် ရှိ၏၊ ကောင်းသော သီလ ရှိ၏၊ ပူဇော်အထူးကို ခံထိုက်၏၊ ကိလေသာမှလွတ်မြောက်၏၊ လုံခြုံသော ဣန္ဒြေရှိ၏၊ စောင့်စည်းပြီးသော ပါတိမောက္ခသီလ ရှိ၏၊ ငြိမ်း အေးသည်အဖြစ်သို့ ရောက်၏၊ မြတ်သော အရဟတ္တဖိုလ် သမ္မာဒိဋ္ဌိသို့ ရောက်၏။
၅၄၉။ ‘‘သခိလော ဝဒညူ သုဝစော သုမုခေါ, သွာဂမော သုပ္ပဋိမုတ္တကော စ၊
ပုညဿ ခေတ္တံ အရဏဝိဟာရီ, ဒေဝမနုဿာနဉ္စ ဒက္ခိဏေယျော။
၅၄၉။ နူးညံ့၏၊ တရားအားလုံးကို သိ၏၊ ကောင်းသော စကား ရှိ၏၊ ကောင်းသော မျက်နှာရှိ၏၊ ကောင်းစွာ နှုတ်တက် အာဂုံဆောင်ထားသော ပါဠိပိဋက ရှိ၏၊ လွတ်လွတ် ဆိုတတ်သော စကား ရှိ၏၊ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏၊ မေတ္တာဖြင့် နေတော်မူလေ့ရှိ၏၊ နတ်လူတို့၏ မြတ်သော အလှူကိုလည်း ခံတော်မူထိုက်၏။
၅၅၀။ ‘‘သန္တော ဝိဓူမော အနီဃော နိရာသော, မုတ္တော ဝိသလ္လော အမမော အဝင်္ကော၊
နိရူပဓီ သဗ္ဗပပဉ္စခီဏော, တိဿော ဝိဇ္ဇာ အနုပ္ပတ္တော ဇုတိမာ။
၅၅၀။ ကိလေသာငြိမ်းပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တည်းဟူသော အခိုးကင်းတော်မူ၏၊ ဆင်းရဲခြင်း မရှိ၊ တဏှာ မရှိ၊ ဘဝခပ်သိမ်းတို့မှ လွတ်၏၊ ရာဂစသော ငြောင့်တံသင်းတို့မှ ကင်း၏၊ ငါဟူသော မာန်မာန မရှိ၊ (ကိုယ်နှုတ်နှလုံးတို့ဖြင့်) ကောက်ကျစ်ခြင်းမှ ကင်း၏၊ ကိလေသာသင်္ခါရစသော ဥပဓိတို့ကို ပယ်ပြီးဖြစ်၏၊ ပပဉ္စတရားအားလုံး ကုန်ပြီးဖြစ်၏၊ ဝိဇ္ဇာ သုံးပါးသို့ ရောက်ပြီ၊ လောကုတ္တရာဉာဏ်ရောင်ဖြင့် ထွန်းပသော အရောင် ရှိ၏။
၅၅၁။ ‘‘အပ္ပညာတော ဒိသွာပိ န စ သုဇာနော, မုနီတိ နံ ဝဇ္ဇိသု ဝေါဟရန္တိ၊
ဇာနန္တိ တံ ယက္ခဘူတာ အနေဇံ, ကလျာဏဓမ္မံ ဝိစရန္တံ လောကေ။
၅၅၁။ အလွန် အလိုနည်းသည်၏ အဖြစ်ကြောင့် မိမိ၏ သီလစသော ဂုဏ်ကို မထင်ရှားစေ၊ မြင်၍ လည်း (ဤသို့ သီလ သမာဓိ ပညာ ရှိ၏ဟု) သိခြင်းငှါ မလွယ်ကူပါ၊ ဝဇ္ဇီတိုင်းတို့၌ လူတို့သည် ထိုအသျှင်ကို ရဟန်းဟူ၍ ခေါ်ဝေါ်ကြကုန်၏၊ သတ္တလောက၌ ကျင်လည်သော ကောင်းမြတ်သော သီလစသော ကျေးဇူးရှိသော ထိုကပ္ပိတကရဟန်းကို တဏှာမြူကင်းသော ရဟန်းဟူ၍ နတ်တို့ သိကြပါကုန်၏။
၅၅၂။ ‘‘တဿ တုဝံ ဧကယုဂံ ဒုဝေ ဝါ, မမုဒ္ဒိသိတွာန သစေ ဒဒေထ၊
ပဋိဂ္ဂဟီတာနိ စ တာနိ အဿု, မမဉ္စ ပဿေထ သန္နဒ္ဓဒုဿ’’န္တိ။
၅၅၂။ သင်သည် ထိုကပ္ပိတကမထေရ်အား ပုဆိုးတစ်စုံဖြစ်စေ, နှစ်စုံဖြစ်စေ အကျွန်ုပ်ကို ရည်ညွှန်း၍ လှူခဲ့ပါမူ ထိုပုဆိုးအစုံတို့ကို မထေရ်ကလည်း ခံယူအပ်ကုန်မူ ပုဆိုးအဝတ် ဝတ်ရသော အကျွန်ုပ်ကို သင် တွေ့မြင်နိုင်ရာပါ၏ဟု (ပြိတ္တာက ဖြေ၏)။
၅၅၃။ ‘‘ကသ္မိံ ပဒေသေ သမဏံ ဝသန္တံ, ဂန္တွာန ပဿေမု မယံ ဣဒါနိ၊
ယော မဇ္ဇ [သ မဇ္ဇ (သီ။)] ကင်္ခံ ဝိစိကိစ္ဆိတဉ္စ, ဒိဋ္ဌီဝိသူကာနိ ဝိနောဒယေယျာ’’တိ။
၅၅၃။ အကြင် ကပ္ပိတကရဟန်းမြတ်သည် ငါတို့၏သို့လောသို့လော တွေးတောမှုဝိစိကိစ္ဆာကိုလည်းကောင်း၊ မှားသော မိစ္ဆာအမြင်တည်းဟူသော ငြောင့်တံသင်းတို့ကိုလည်း ကောင်းပယ်ဖျောက် နိုင်ရာ၏၊ ယခု အဘယ်အရပ်၌ သီတင်းသုံးနေသော ထိုကပ္ပိတကရဟန်း မြတ်ကို ငါတို့့သွား၍ ဖူးမြင်ရကုန်အံ့နည်းဟု (လိစ္ဆဝီမင်းက မေး၏)။
၅၅၄။ ‘‘ဧသော နိသိန္နော ကပိနစ္စနာယံ, ပရိဝါရိတော ဒေဝတာဟိ ဗဟူဟိ၊
ဓမ္မိံ ကထံ ဘာသတိ သစ္စနာမော, သကသ္မိမာစေရကေ အပ္ပမတ္တော’’တိ။
၅၅၄။ ကပိနစ္စနခေါ်သော အရပ်၌ များစွာသော နတ်တို့ခြံရံလျက် သီတင်းသုံးနေတော် မူသော ဂုဏ်ကြောင့်ဖြစ်သော အမည်တို့ဖြင့် မှန်သော အမည်ရှိတော်မူသော ထိုကပ္ပိတက ရဟန်းမြတ်သည်မိမိဆရာ မြတ်စွာဘုရား၏ ဥစ္စာဖြစ်သော တရား၌ မမေ့မလျော့သည်ဖြစ်၍ တရားစကားကို ပြောဟော၏ဟု (ပြိတ္တာက ဖြေ၏)။
၅၅၅။ ‘‘တထာဟံ [ယထာဟံ (က။)] ကဿာမိ ဂန္တွာ ဣဒါနိ, အစ္ဆာဒယိဿံ သမဏံ ယုဂေန၊
ပဋိဂ္ဂဟိတာနိ စ တာနိ အဿု, တုဝဉ္စ ပဿေမု သန္နဒ္ဓဒုဿ’’န္တိ။
၅၅၅။ ယခုအခါ သင်ပြောဆိုသည့် အတိုင်း သွား၍ ငါ ပြုလုပ်ပါအံ့၊ ကပ္ပိတကရဟန်းကို အဝတ်အစုံဖြင့်လှူဒါန်းပါအံ့၊ ထိုအဝတ်အစုံတို့ကိုလည်း ထိုရဟန်းမြတ်က ခံယူအပ်သည် ဖြစ်ကုန်ရာ၏၊ ပုဆိုးအဝတ်ဝတ်ရသော သင့်ကိုလည်း ငါတို့ တွေ့မြင်လိုပါကုန်၏ဟု (လိစ္ဆဝီ မင်းက ဆို၏)။
၅၅၆။ ‘‘မာ အက္ခဏေ ပဗ္ဗဇိတံ ဥပါဂမိ, သာဓု ဝေါ လိစ္ဆဝိ နေသ ဓမ္မော၊
တတော စ ကာလေ ဥပသင်္ကမိတွာ, တတ္ထေဝ ပဿာဟိ ရဟော နိသိန္န’’န္တိ။
၅၅၆။ လိစ္ဆဝီမင်း တောင်းပန်ပါ၏၊ အခါမဟုတ်သည်၌ ကပ္ပိတကရဟန်းမြတ်သို့ မချဥ်း ကပ်ပါလေနှင့်၊ ဤအခါမဟုတ်သည်၌ ချဥ်းကပ်ခြင်းသည် သင်ကဲ့သို့သော မင်းတို့၏ သဘော မဟုတ်၊ ထို့ကြောင့်နံနက်အခါ၌သာ ချဥ်းကပ်၍ ထိုကပိနစ္စနခေါ်သော အရပ်၌သာလျှင် ဆိတ်ငြိမ်ရာ အရပ်ဝယ် ထိုင်နေသော ရဟန်းမြတ်ကို ဖူးမြင်ပါလော့ဟု (ပြိတ္တာက ဆို၏)။
၅၅၇။ တထာတိ ဝတွာ အဂမာသိ တတ္ထ, ပရိဝါရိတော ဒါသဂဏေန လိစ္ဆဝိ၊
သော တံ နဂရံ ဥပသင်္ကမိတွာ, ဝါသူပဂစ္ဆိတ္ထ သကေ နိဝေသနေ။
၅၅၇။ လိစ္ဆဝီမင်းသည် ကောင်းပြီဟု ဆို၍ ကျွန်အပေါင်းခြံရံလျက် ထိုမိမိအရပ်သို့ သွား လေ၏၊ ထိုလိစ္ဆဝီမင်းသည် ထိုဝေသာလီမြို့သို့ ချဥ်းကပ်ပြီးလျှင် မိမိနန်းတော်၌ နေလေ၏။
၅၅၈။ တတော စ ကာလေ ဂိဟိကိစ္စာနိ ကတွာ, နှတွာ ပိဝိတွာ စ ခဏံ လဘိတွာ၊
ဝိစေယျ ပေဠာတော စ ယုဂါနိ အဋ္ဌ, ဂါဟာပယီ ဒါသဂဏေန လိစ္ဆဝိ။
၅၅၈။ ထိုလိစ္ဆဝီမင်းသည် ထိုနေ့ကုန်ဆုံးပြီးသည့်နောက် နံနက်မိုးသောက် ရောက်သောအခါလူမှုကိစ္စတို့ကို ပြုလုပ်ပြီးသော် ရေချိုး ရေသောက်ပြီးလျှင် သွားခွင့်ခဏကို ရသဖြင့် ကျွန် အပေါင်းတို့ကို သေတ္တာမှ ပုဆိုးရှစ်စုံ ရွေးချယ်ယူစေပြီ။
၅၅၉။ သော တံ ပဒေသံ ဥပသင်္ကမိတွာ, တံ အဒ္ဒသ သမဏံ သန္တစိတ္တံ၊
ပဋိက္ကန္တံ ဂေါစရတော နိဝတ္တံ, သီတိဘူတံ ရုက္ခမူလေ နိသိန္နံ။
၅၅၉။ ထိုလိစ္ဆဝီမင်းသည် ထိုရဟန်းမြတ် ရှိရာအရပ်သို့ ချဥ်းကပ်သည်ရှိသော် ဆွမ်းခံရွာမှဖဲကြွပြန်နစ်သော ကိလေသာငြိမ်းချမ်းခြင်းသို့ ရောက်ပြီးဖြစ်၍ သစ်ပင်ရင်း၌ ထိုင်နေသော ငြိမ်သက်သော စိတ်ရှိတော်မူသော ထိုရဟန်းမြတ်ကို မြင်လေ၏။
၅၆၀။ တမေနမဝေါစ ဥပသင်္ကမိတွာ, အပ္ပါဗာဓံ ဖာသုဝိဟာရဉ္စ ပုစ္ဆိ၊
‘‘ဝေသာလိယံ လိစ္ဆဝိဟံ ဘဒန္တေ, ဇာနန္တိ မံ လိစ္ဆဝိ အမ္ဗသက္ကရော။
၅၆၀။ (ထို့နောက်) ထိုရဟန်းမြတ်သို့ ချဥ်းကပ်၍ လျှောက်ထား၏၊ အနာကင်းသည့်အဖြစ်ကိုလည်းကောင်း, ချမ်းသာစွာနေရသည်အဖြစ်ကိုလည်းကောင်း မေး၏၊ အရှင်ဘုရား အကျွန်ုပ်သည် ဝေသာလီပြည်က လိစ္ဆဝီမင်းပါတည်း၊ အကျွန်ုပ်ကို အမ္ဗသက္ကရလိစ္ဆဝီမင်းဟု လူအပေါင်းတို့ သိကြပါကုန်၏။
၅၆၁။ ‘‘ဣမာနိ မေ အဋ္ဌ ယုဂါ သုဘာနိ [ယုဂါနိ ဘန္တေ (သျာ။ က။)], ပဋိဂဏှ ဘန္တေ ပဒဒါမိ တုယှံ၊
တေနေဝ အတ္ထေန ဣဓာဂတောသ္မိ, ယထာ အဟံ အတ္တမနော ဘဝေယျ’’န္တိ။
၅၆၁။ အရှင်ဘုရား အရှင်ဘုရားသည် အကျွန်ုပ်၏ ဤပုဆိုးရှစ်စုံတို့ကို အလှူခံတော်မူပါ၊ အရှင်ဘုရားအား လှူဒါန်းပါ၏၊ ထိုသို့ပေးလှူလိုသောကြောင့် ဤအရပ်သို့ အကျွန်ုပ်လာ ရောက်ပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်ကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်လောက်အောင် ပြု တော်မူပါဟု (လျှောက်၏)။
၅၆၂။ ‘‘ဒူရတောဝ သမဏဗြာဟ္မဏာ စ, နိဝေသနံ တေ ပရိဝဇ္ဇယန္တိ၊
ပတ္တာနိ ဘိဇ္ဇန္တိ စ တေ [ဘိဇ္ဇန္တိ တဝ (သျာ။ က။)] နိဝေသနေ, သံဃာဋိယော စာပိ ဝိဒါလယန္တိ [ဝိပါဋယန္တိ (သီ။), ဝိပါတယန္တိ (က။)]။
၅၆၂။ သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း သင်၏ နန်းတော်ကို အဝေးမှပင်ကြဥ်ရှောင်ကြကုန်၏၊ သင်၏ အိမ်၌ သပိတ်တို့သည် လည်း ကွဲကုန်၏၊ ဒုကုဋ် သင်္ကန်းတို့သည် ကွဲပြတ်စုတ်ပြဲကြကုန်၏။
၅၆၃။ ‘‘အထာပရေ ပါဒကုဌာရိကာဟိ, အဝံသိရာ သမဏာ ပါတယန္တိ၊
ဧတာဒိသံ ပဗ္ဗဇိတာ ဝိဟေသံ, တယာ ကတံ သမဏာ ပါပုဏန္တိ။
၅၆၃။ ထိုမှတစ်ပါး သင်၏ခြေဟူသော ရဲတင်းပုဆိန်တို့ကြောင့် တစ်ပါးကုန်သော ရဟန်း တို့သည် ဦးခေါင်းငိုက်စိုက် လဲကျကြကုန်၏၊ ပဗ္ဗဇိတအမည်ရသော သမဏတို့သည် သင်ပြု အပ်သော ဤသို့သဘောရှိသော အညှဥ်းဆဲခံရခြင်းသို့ ရောက်ကြရကုန်၏။
၅၆၄။ ‘‘တိဏေန တေလမ္ပိ န တွံ အဒါသိ, မူဠှဿ မဂ္ဂမ္ပိ န ပါဝဒါသိ၊
အန္ဓဿ ဒဏ္ဍံ သယမာဒိယာသိ, ဧတာဒိသော ကဒရိယော အသံဝုတော တုဝံ၊
အထ တွံ ကေန ဝဏ္ဏေန ကိမေဝ ဒိသွာ,
အမှေဟိ သဟ သံဝိဘာဂံ ကရောသီ’’တိ။
၅၆၄။ သင်သည် မြက်ဖျားဖြင့် ဆီကို သော်လည်း မပေးလှူစဖူး၊ ခရီးမှားသူအား လမ်း ခရီးကို မျှလည်းမညွှန်းပြ မပြောဆိုစဖူး၊ သူကန်း၏ (လက်မှ) တောင်ဝှေးကို ကိုယ်တိုင်ပင် လုယူ၏၊ သင်ကားဤသို့သဘောရှိသော စဥ်းလဲသူ မစောင့်စည်းသူ ဖြစ်ခဲ့၏၊သို့ပါလျက် သင်သည်အဘယ်အကြောင်းကြောင့် အဘယ်အကျိုးကို မြင်၍သာလျှင် ငါတို့နှင့်တကွ ခွဲခြမ်း ဝေဖန်မှုကို ပြုဘိသနည်းဟု (ရဟန်းမြတ်က မေး၏)။
၅၆၅။ ‘‘ပစ္စေမိ ဘန္တေ ယံ တွံ ဝဒေသိ, ဝိဟေသယိံ သမဏေ ဗြာဟ္မဏေ စ၊
ခိဍ္ဍတ္ထိကော နော စ ပဒုဋ္ဌစိတ္တော, ဧတမ္ပိ မေ ဒုက္ကဋမေဝ ဘန္တေ။
၅၆၅။ အရှင်ဘုရား အရှင်ဘုရားဆိုသော စကားကို အကျွန်ုပ် ဝန်ခံပါ၏၊ အကျွန်ုပ်သည် သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း ရယ်မြူးလိုသည်ဖြစ်၍သာ ညှဥ်းဆဲ မိခဲ့ပါ၏၊ ပြစ်မှားလိုသော စိတ်ရှိ၍ ကား မဟုတ်ပါ၊ အရှင်ဘုရား ထိုရယ်မြူးလိုသည့်အဖြစ် သည်လည်း အကျွန်ုပ်၏မကောင်းမှုပင် ဖြစ်ပါ၏။
၅၆၆။ ‘‘ခိဍ္ဍာယ ယက္ခော ပသဝိတွာ ပါပံ, ဝေဒေတိ ဒုက္ခံ အသမတ္တဘောဂီ၊
ဒဟရော ယုဝါ နဂ္ဂနိယဿ ဘာဂီ, ကိံ သု တတော ဒုက္ခတရဿ ဟောတိ။
၅၆၆။ အရှင်ဘုရား နတ်သားသည် ရယ်မြူးလိုသည်ဖြစ်၍ မကောင်းမှု ဆည်းပူးမိသောကြောင့် မပြည့်စုံသော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍ ဆင်းရဲကို ခံစားရပါ၏၊ ပျိုမျစ်နုနယ် အရွယ်အဆင်းနှင့်ပြည့်စုံသော နတ်သားသည် အဝတ်မရှိခြင်းအဖို့ ရှိ၏၊ ထိုနတ်သားအား ထို အဝတ်မရှိခြင်းထက် ပိုလွန်၍ ဆင်းရဲခြင်းသည် အဘယ်မှာ ရှိပါတော့အံ့နည်း။
၅၆၇။ ‘‘တံ ဒိသွာ သံဝေဂမလတ္ထံ ဘန္တေ, တပ္ပစ္စယာ ဝါပိ [တပ္ပစ္စယာ တာဟံ (သီ။), တပ္ပစ္စယာ စာဟံ (ပီ။)] ဒဒါမိ ဒါနံ၊
ပဋိဂဏှ ဘန္တေ ဝတ္ထယုဂါနိ အဋ္ဌ, ယက္ခဿိမာ ဂစ္ဆန္တု ဒက္ခိဏာယော’’တိ။
၅၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ထိုနတ်သား (ပြိတ္တာ) ကို မြင်ရ၍ ထိတ်လန့်ခြင်း သံဝေဂ ရခဲ့ပါ၏၊ ထိုသို့သံဝေဂရသောကြောင့် လည်း အလှူဒါနကို ပေးလှူပါ၏၊ အရှင်ဘုရား အဝတ်ပုဆိုး ရှစ်စုံတို့ကို အလှူခံတော်မူပါ၊ ဤအဝတ်အလှူတို့သည် နတ်ပြိတ္တာအား ရောက်ပါ စေကုန်သတည်းဟု (လိစ္ဆဝီမင်းကလျှောက်၏)။
၅၆၈။ ‘‘အဒ္ဓါ ဟိ ဒါနံ ဗဟုဓာ ပသတ္ထံ, ဒဒတော စ တေ အက္ခယဓမ္မမတ္ထု၊
ပဋိဂဏှာမိ တေ ဝတ္ထယုဂါနိ အဋ္ဌ, ယက္ခဿိမာ ဂစ္ဆန္တု ဒက္ခိဏာယော’’တိ။
၅၆၈။ လိစ္ဆဝီမင်း မချွတ်ဧကန်သာလျှင် ဒါနကို ဘုရားအစရှိသည်တို့သည် များစွာသော အပြားတို့ဖြင့်ချီးမွမ်းအပ်၏၊ ပေးလှူသော သင့်အားလည်း မကုန်ခန်းနိုင်သော သဘောရှိ သည် ဖြစ်ပါစေ၊ သင်၏အဝတ်ပုဆိုးရှစ်စုံတို့ကို အလှူခံပါ၏၊ ဤအဝတ်အလှူတို့သည် နတ် (ပြိတ္တာ)သို့ရောက်ပါစေကုန်သတည်းဟု (ရဟန်းမြတ်က မိန့်၏)။
၅၆၉။ တတော ဟိ သော အာစမယိတွာ လိစ္ဆဝိ, ထေရဿ ဒတွာန ယုဂါနိ အဋ္ဌ၊
‘ပဋိဂ္ဂဟိတာနိ စ တာနိ အဿု, ယက္ခဉ္စ ပဿေထ သန္နဒ္ဓဒုဿံ’။
၅၆၉။ ထို့နောက် ထိုလိစ္ဆဝီမင်းသည် လက် ခြေ ခံတွင်းကို ဆေးကြောပြီး၍ မထေရ်အား အဝတ်ရှစ်စုံတို့ကို ပေးလှူသောကြောင့် ထိုအဝတ်ရှစ်စုံတို့ကိုလည်း မထေရ်မြတ်သည် ခံယူအပ် ကုန်၏၊ အဝတ်ပုဆိုးဝတ်ရုံလျက် နေသော နတ်သား (ပြိတ္တာ) ကိုလည်း တွေ့မြင်ရ၏။
၅၇၀။ တမဒ္ဒသာ စန္ဒနသာရလိတ္တံ, အာဇညမာရူဠှမုဠာရဝဏ္ဏံ၊
အလင်္ကတံ သာဓုနိဝတ္ထဒုဿံ, ပရိဝါရိတံ ယက္ခမဟိဒ္ဓိပတ္တံ။
၅၇၀။ စန္ဒကူးနှစ်ဖြင့် လိမ်းကျံလျက် အာဇာနည်မြင်းကို တက်စီးကာ နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တန်ဆာဆင်ပြီးလျှင် ကောင်းသော အဝတ်ပုဆိုးကို ဝတ်ရုံလျက် လျောက် ပတ်သော အခြံအရံဖြင့် ခြံရံအပ်သော ကြီးသော နတ်တန်ခိုးသို့ ရောက်၍ တည်သော ထိုနတ် (ပြိတ္တာ) ကို မြင်ရပြီ။
၅၇၁။ သော တံ ဒိသွာ အတ္တမနာ ဥဒဂ္ဂေါ, ပဟဋ္ဌစိတ္တော စ သုဘဂ္ဂရူပေါ၊
ကမ္မဉ္စ ဒိသွာန မဟာဝိပါကံ, သန္ဒိဋ္ဌိကံ စက္ခုနာ သစ္ဆိကတွာ။
၅၇၁။ ထိုလိစ္ဆဝီမင်းသည် ထိုနတ် (ပြိတ္တာ) ကို မြင်၍ နှစ်သက်သော စိတ် တက်ကြွသော စိတ်ရွှင်လန်းသော စိတ်ရှိသည့်အပြင် တင့်တယ်သော ရုပ်အသွင်လည်း ရှိ၏၊ ကံကိုလည်း ဉာဏ် မျက်စိဖြင့်မြင်၍ မျက်မှောက်ဖြစ်သော ကြီးမြတ်သော အကျိုးကိုလည်း မျက်စိဖြင့် မျက်မှောက် ပြု၍ -
၅၇၂။ တမေနမဝေါစ ဥပသင်္ကမိတွာ, ‘‘ဒဿာမိ ဒါနံ သမဏဗြာဟ္မဏာနံ၊
န စာပိ မေ ကိဉ္စိ အဒေယျမတ္ထိ, တုဝဉ္စ မေ ယက္ခ ဗဟူပကာရော’’တိ။
၅၇၂။ ထိုနတ် (ပြိတ္တာ) ထံသို့ ချဥ်းကပ်ပြောဆို၏၊ နတ်သား ငါသည် သမဏဗြာဟ္မဏ တို့အား အလှူကို ပေးလှူပါတော့အံ့၊ ငါ့အား မပေးလှူအပ်သော တစ်စုံတစ်ခုသော အရာ မည်သည်လည်း မရှိတော့ပါ၊ နတ်သား သင်သည် ငါ့အား များသော ကျေဇူးရှိလှပါပေ၏ဟု (လိစ္ဆဝီမင်းက ပြောဆို၏)။
၅၇၃။ ‘‘တုဝဉ္စ မေ လိစ္ဆဝိ ဧကဒေသံ, အဒါသိ ဒါနာနိ အမောဃမေတံ၊
သွာဟံ ကရိဿာမိ တယာဝ သက္ခိံ, အမာနုသော မာနုသကေန သဒ္ဓိ’’န္တိ။
၅၇၃။ လိစ္ဆဝီမင်း သင်သည်လည်း အကျွန်ုပ်အား ရည်စူး၍ အဝတ်အလှူတို့ကို တစ်စိတ် တစ်ဒေသပေးလှူခဲ့၏။ ဤအဝတ်အလှူသည် အချည်းနှီးမဟုတ်၊ နတ်ဖြစ်သော ထိုအကျွန်ုပ် သည် လူဖြစ်သော သင်နှင့်အတူတကွ သက်သေအဖြစ်ကို ပြုပါအံ့ဟု (နတ်ပြိတ္တာက ပြော၏)။
၅၇၄။ ‘‘ဂတီ စ ဗန္ဓူ စ ပရာယဏဉ္စ [ပရာယနဉ္စ (သျာ။ က။)], မိတ္တော မမာသိ အထ ဒေဝတာ မေ [ဒေဝတာသိ (သီ။ သျာ။)]၊
ယာစာမိ တံ [ယာစာမဟံ (သီ။)] ပဉ္ဇလိကော ဘဝိတွာ, ဣစ္ဆာမိ တံ ယက္ခ ပုနာပိ ဒဋ္ဌု’’န္တိ။
၅၇၄။ (နတ်သား သင်သည်) ငါ၏ လားရာသည်လည်းကောင်း၊ ဆွေမျိုးသည်လည်း ကောင်း၊ လဲလျောင်းရာသည်လည်းကောင်း၊ အဆွေခင်ပွန်းသည်လည်းကောင်း၊ ထို့ပြင် ငါ၏ ကိုးကွယ်ရာနတ်သည်လည်းကောင်း ဖြစ်ပေ၏၊ သင့်ကို လက်အုပ်ချီသည်ဖြစ်၍ တောင်းပန် ပါ၏၊ နတ်သား သင့်ကို နောက်ထပ် တစ်ဖန် တွေ့မြင်နိုင်ရန် အလိုရှိပါ၏ဟု (လိစ္ဆဝီမင်းက ပြော၏)။
၅၇၅။ ‘‘သစေ တုဝံ အဿဒ္ဓေါ ဘဝိဿသိ, ကဒရိယရူပေါ ဝိပ္ပဋိပန္နစိတ္တော၊
တွံ နေဝ မံ လစ္ဆသိ [တေနေဝ မံ န လစ္ဆသီ (သီ။), တေနေဝ မံ လိစ္ဆဝိ (သျာ။), တေနေဝ မံ လစ္ဆသိ (က။)] ဒဿနာယ, ဒိသွာ စ တံ နောပိ စ အာလပိဿံ။
၅၇၅။ လိစ္ဆဝီမင်း သင်သည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိသူ, ဝန်တိုမှု ‘မစ္ဆရိယ’ သဘောရှိသူ မှားသောအားဖြင့် ကျင့်လိုသော သဘောရှိသူ အကယ်၍ ဖြစ်ပြန်အံ့၊ အကျွန်ုပ်ကို သင်တွေ့ မြင်နိုင်ရန် ရရှိလိမ့်မည်မဟုတ်၊ တွေ့မြင်ရသော်လည်း သင့်ကို ငါ စကားပြောတော့မည် မဟုတ်။
၅၇၆။ ‘‘သစေ ပန တွံ ဘဝိဿသိ ဓမ္မဂါရဝေါ, ဒါနေ ရတော သင်္ဂဟိတတ္တဘာဝေါ၊
ဩပါနဘူတော သမဏဗြာဟ္မဏာနံ, ဧဝံ မမံ လစ္ဆသိ ဒဿနာယ။
၅၇၆။ သင်သည် တရား၌ ရိုသေခြင်းရှိသူ အလှူပေးခြင်း၌ မွေ့လျော်သော စိတ်နှလုံးရှိသူ ချီးမြှောက်ခြင်းသဘောရှိသူ သမဏဗြာဟ္မဏတို့၏ ရေတွင်းရေကန်သဖွယ်ဖြစ်သူ အကယ်၍ ဖြစ်ခဲ့မူ ငါ့ကို တွေ့မြင်ရလိမ့်မည်။
၅၇၇။ ‘‘ဒိသွာ စ တံ အာလပိဿံ ဘဒန္တေ, ဣမဉ္စ သူလတော လဟုံ ပမုဉ္စ၊
ယတော နိဒါနံ အကရိမှ သက္ခိံ, မညာမိ သူလာဝုတကဿ ကာရဏာ။
၅၇၇။ အရှင်လိစ္ဆဝီမင်း တွေ့မြင်ရသော် သင့်ကို စကားပြောပါအံ့၊ တံကျင်လျှိုအပ်သော ယောကျာ်းဟူသော အကြင်သူ၏ ထံသို့ လာခြင်းဟူသော အကြောင်းကြောင့် အကျွန်ုပ်တို့သည် သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤတံကျင်လျှိုထားသူကိုလည်း တံကျင်မှ လျင်စွာ လွှတ် သင့်၏ဟုအကျွန်ုပ် မှတ်ထင်မိပါ၏။
၅၇၈။ ‘‘တေ အညမညံ အကရိမှ သက္ခိံ, အယဉ္စ သူလတော [သူလာဝုတော (သီ။ သျာ။)] လဟုံ ပမုတ္တော၊
သက္ကစ္စ ဓမ္မာနိ သမာစရန္တော, မုစ္စေယျ သော နိရယာ စ တမှာ၊
ကမ္မံ သိယာ အညတြ ဝေဒနီယံ။
၅၇၈။ ထိုငါတို့သည် အချင်းချင်း သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤသူသည်လည်း တံကျင်မှ လျင်စွာလွတ်သည်ဖြစ်အံ့၊ ထိုသူသည် တရားတို့ကို ကောင်းစွာ ကျင့်သည်ဖြစ်၍ ထိုငရဲမှ လွတ်ရာ၏၊ ထိုသူ၏အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယကံသည် အဟောသိကံ ဖြစ်ရာ၏။
၅၇၉။ ‘‘ကပ္ပိတကဉ္စ ဥပသင်္ကမိတွာ, တေနေဝ [တေန (သျာ။ က။)] သဟ သံဝိဘဇိတွာ ကာလေ၊
သယံ မုခေနူပနိသဇ္ဇ ပုစ္ဆ, သော တေ အက္ခိဿတိ ဧတမတ္ထံ။
၅၇၉။ လိစ္ဆဝီမင်းမြတ် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဥ်းကပ်၍ ထိုကပ္ပိတကရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြုပြီးလျှင် အနီးသို့ ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်လော့၊ ထိုရဟန်းမြတ်သည် ဤအကြောင်းကို သင့်အား ဖြေကြား လတ္တံ့။
၅၈၀။ ‘‘တမေဝ ဘိက္ခုံ ဥပသင်္ကမိတွာ, ပုစ္ဆဿု အညတ္ထိကော နော စ ပဒုဋ္ဌစိတ္တော၊
သော တေ သုတံ အသုတဉ္စာပိ ဓမ္မံ,
သဗ္ဗမ္ပိ အက္ခိဿတိ ယထာ ပဇာန’’န္တိ။
၅၈၀။ ထိုရဟန်းမြတ်သို့လျှင် ချဥ်းကပ်၍ သိလိုသည်ဖြစ်၍သာလျှင် မေးလျှောက်ပါလော့၊ ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ မမေးလျှောက်ပါလင့်၊ ထိုရဟန်းမြတ်သည် သင့်အား ကြားဖူးသော တရား,မကြားဖူးသော တရား အားလုံးကိုလည်း သိသည့်အတိုင်း ဟောကြား လတ္တံ့ဟု (ပြိတ္တာက ပြော၏)။
၅၈၁။ သော တတ္ထ ရဟဿံ သမုလ္လပိတွာ, သက္ခိံ ကရိတွာန အမာနုသေန၊
ပက္ကာမိ သော လိစ္ဆဝီနံ သကာသံ, အထ ဗြဝိ ပရိသံ သန္နိသိန္နံ။
၅၈၁။ ထိုလိစ္ဆဝီမင်းသည် ထိုအရပ်၌ နတ် (ပြိတ္တာ) နှင့် လျှို့ဝှက်စွာ စကားပြောဆို၍ သက်သေအဖြစ်ကိုလည်း ပြုပြီးနောက် လိစ္ဆဝီမင်းတို့၏ အစည်းအဝေးပြောဆိုရာ နေရာသို့ ဖဲသွား ပြီးနောက်စုဝေးနေထိုင်သော ပရိသတ်ကို ပြောဆို၏။
၅၈၂။ ‘‘သုဏန္တု ဘောန္တော မမ ဧကဝါကျံ, ဝရံ ဝရိဿံ လဘိဿာမိ အတ္ထံ၊
သူလာဝုတော ပုရိသော လုဒ္ဒကမ္မော, ပဏီဟိတဒဏ္ဍော [ပဏီတနဏ္ဍော (က။)] အနုသတ္တရူပေါ [အနုပက္ကရူပေါ (က။)]။
၅၈၂-၃။ ပရိသတ်တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို နားထောင်ကြကုန်လော့၊ အကျွန်ုပ်သည် ဆုတစ်ခုကို ယူလိုပါ၏၊ အကျိုးရပါလိမ့်မည်၊ ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ်ဆုံးမအပ်သော သဘောရှိသော တံကျင် လျှိုခံနေရသော ယောကျာ်းသည်ဤမျှဖြင့် ညဥ့်ပေါင်းနှစ်ဆယ် ရှိပြီ၊ ပရိသတ်တို့ အကြင့် ကြောင့် တံကျင်လျှိုခံရသူသည်အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်၊ ထို့ ကြောင့် ယခုအခါ၌ ထိုသူကို ငါလွှတ်လိုက်တော့အံ့၊ ငါ့အလိုအတိုင်း မင်းအပေါင်းသည် ခွင့်ပြု ပါလော့ဟု (ပြောဆို၏)။
၅၈၃။ ‘‘ဧတ္တာဝတာ ဝီသတိရတ္တိမတ္တာ, ယတော အာဝုတော နေဝ ဇီဝတိ န မတော၊
တာဟံ မောစယိဿာမိ ဒါနိ, ယထာမတိံ အနုဇာနာတု သံဃော’’တိ။
၅၈၄။ ‘‘ဧတဉ္စ အညဉ္စ လဟုံ ပမုဉ္စ, ကော တံ ဝဒေထ [ဝဒေထာတိ (က။), ဝဒေထ စ (သျာ။)] တထာ ကရောန္တံ၊
ယထာ ပဇာနာသိ တထာ ကရောဟိ, ယထာမတိံ အနုဇာနာတိ သံဃော’’တိ။
၅၈၄။ အမ္ဗသက္ကရလိစ္ဆဝီမင်းမြတ် ဤသူကိုလည်းကောင်း၊ တစ်ပါးသူကိုလည်းကောင်း လျင်စွာ လွှတ်လော့၊ ထိုတရားနှင့် လျော်သော အမှုကို ပြုသော သင့်ကို အဘယ်သူသည် ပြောဆိုရာပါအံ့နည်း၊ အကြင်အခြင်းအရာဖြင့် သင် သိ၏၊ ထိုအခြင်းအရာဖြင့် ပြုလော့ဟု မင်း အပေါင်းသည်အမ္ဗသက္ကရလိစ္ဆဝီမင်း အလိုအတိုင်း ခွင့်ပြု၏။
၅၈၅။ သော တံ ပဒေသံ ဥပသင်္ကမိတွာ, သူလာဝုတံ မောစယိ ခိပ္ပမေဝ၊
‘မာ ဘာယိ သမ္မာ’တိ စ တံ အဝေါစ, တိကိစ္ဆကာနဉ္စ ဥပဋ္ဌပေသိ။
၅၈၅။ ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် ထိုအရပ်သို့ ချဥ်းကပ်၍ တံကျင်လျှိုခံရသူကို လျင်စွာ သာလျှင်လွှတ်၏၊ အချင်းယောကျာ်း မကြောက်လင့်ဟုလည်း ထိုသူကို ပြောဆို၏၊ ဆေး သမားတို့ကိုလည်းလုပ်ကျွေးပြုစုစေ၏။
၅၈၆။ ‘‘ကပ္ပိတကဉ္စ ဥပသင်္ကမိတွာ, တေနေဝ သဟ [တေန သမံ (သီ။), တေန သဟ (သျာ။ က။)] သံဝိဘဇိတွာ ကာလေ၊
သယံ မုခေနူပနိသဇ္ဇ လိစ္ဆဝိ, တထေဝ ပုစ္ဆိတ္ထ နံ ကာရဏတ္ထိကော။
၅၈၆။ ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဥ်းကပ်၍ ထိုရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြု၍ သုံးဆောင်၏၊ ထိုရဟန်းမြတ်၏အကျိုးကို အလိုရှိသော လိစ္ဆဝီမင်းသည် အနီးသို့ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်၏။
၅၈၇။ ‘‘သူလာဝုတော ပုရိသော လုဒ္ဒကမ္မော, ပဏီတဒဏ္ဍော အနုသတ္တရူပေါ၊
ဧတ္တာဝတာ ဝီသတိရတ္တိမတ္တာ, ယတော အာဝုတော နေဝ ဇီဝတိ န မတော။
၅၈၇။ ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ် ဆုံးမအပ်သော သဘောရှိသော တံကျင်လျှိုခံနေရသော ယောကျာ်းသည် ဤမျှဖြင့် ညဥ့်ပေါင်း နှစ်ဆယ် ရှိပါပြီ၊ အရှင်ဘုရား တံကျင်လျှိုခံရသူသည် အကြင့်ကြောင့် အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်ပါ။
၅၈၈။ ‘‘သော မောစိတော ဂန္တွာ မယာ ဣဒါနိ, ဧတဿ ယက္ခဿ ဝစော ဟိ ဘန္တေ၊
သိယာ နု ခေါ ကာရဏံ ကိဉ္စိဒေဝ, ယေန သော နိရယံ နော ဝဇေယျ။
၅၈၈။ ယခုအခါ၌ အကျွန်ုပ်သည် သွား၍ ထိုယောကျာ်းကို လွှတ်အပ်ပါပြီ၊ အရှင်ဘုရား ထိုနတ် (ပြိတ္တာ)၏စကားကို သာလျှင် (လိုက်နာ၍ ဤသို့ ပြုလုပ်ပါ၏)၊ ထိုတံကျင်လျှိုခံရသော ယောကျာ်းသည်အကြင်အကြောင်းကြောင့် ငရဲသို့ မရောက်ရာ၊ ငရဲသို့ မရောက်ရာသော အကြောင်း တစ်စုံတစ်ရာရှိရာပါအံ့လော။
၅၈၉။ ‘‘အာစိက္ခ ဘန္တေ ယဒိ အတ္ထိ ဟေတု, သဒ္ဓါယိကံ ဟေတုဝစော သုဏောမ၊
န တေသံ ကမ္မာနံ ဝိနာသမတ္ထိ, အဝေဒယိတွာ ဣဓ ဗျန္တိဘာဝေါ’’တိ။
၅၈၉။ အရှင်ဘုရား အကယ်၍ အကြောင်းရှိမူ ပြောကြားပါလော့၊ ယုံကြည်ထိုက်သော အကြောင်းနှင့်တကွသော စကားကို လိုက်နာပါကုန်အံ့၊ ဤလောက၌ အကျိုးကို မခံစားရမူ၍ ထိုကံတို့၏ပျက်စီးခြင်းသည် မရှိပါသလော၊သို့မဟုတ် ကံတို့၏ ကင်းပြတ်ပျက်စီးသော အဖြစ်သည် ရှိပါသလောဟု (လိစ္ဆဝီမင်းက လျှောက်၏)။
၅၉၀။ ‘‘သစေ သ ဓမ္မာနိ သမာစရေယျ, သက္ကစ္စ ရတ္တိန္ဒိဝမပ္ပမတ္တော၊
မုစ္စေယျ သော နိရယာ စ တမှာ, ကမ္မံ သိယာ အညတြ ဝေဒနီယ’’န္တိ။
၅၉၀။ ထိုသူသည် နေ့ညဥ့်ပတ်လုံး မမေ့လျော့ဘဲ တရားတို့ကို ရိုရိုသေသေ ကောင်းမွန်စွာ ကျင့်ငြားအံ့၊ ထိုသူသည် ထိုငရဲမှ လွတ်ရာ၏၊ အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယ ကံသည် အဟောသိကံဖြစ်ရာ၏ဟု (ရဟန်းမြတ်က ဆို၏)။
၅၉၁။ ‘‘အညာတော [ဉာတောမှိ (က။)] ဧသော ပုရိသဿ အတ္ထော, မမမ္ပိ ဒါနိ အနုကမ္ပ ဘန္တေ၊
အနုသာသ မံ ဩဝဒ ဘူရိပည, ယထာ အဟံ နော နိရယံ ဝဇေယျ’’န္တိ။
၅၉၁။ အရှင်ဘုရား ယောကျာ်း၏ ဤအကျိုးတရားကို သိရပါပြီ၊ ယခုအခါ အကျွန်ုပ်ကိုလည်းအစဥ်စောင့်ရှောက်တော်မူပါ၊ မြေကြီးအထုနှင့်တူသော ပညာရှိသော အရှင်ဘုရား အကြင်အခြင်းအရာဖြင့်ဆုံးမသည်ရှိသော် အကျွန်ုပ်သည် ငရဲသို့ မရောက်ရာ၊ ထိုအခြင်းအရာ ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ သွန်သင်တော်မူပါဟု (လိစ္ဆဝီမင်းက လျှောက်၏)။
၅၉၂။ ‘‘အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဥပေဟိ, ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော၊
တထေဝ သိက္ခာယ ပဒါနိ ပဉ္စ, အခဏ္ဍဖုလ္လာနိ သမာဒိယဿု။
၅၉၂။ လိစ္ဆဝီမင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားကိုလည်းကောင်း၊ တရားကိုလည်း ကောင်း၊ သံဃာကိုလည်းကောင်း ယနေ့ပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့အတူပင် ငါးပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပျက်သည်တို့ကို ပြု၍ ဆောက်တည်လော့။
၅၉၃။ ‘‘ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယဿု၊
အမဇ္ဇပေါ မာ စ မုသာ အဘာဏီ, သကေန ဒါရေန စ ဟောဟိ တုဋ္ဌော၊
ဣမဉ္စ အရိယံ [ဣမဉ္စ (သျာ။)] အဋ္ဌင်္ဂဝရေနုပေတံ, သမာဒိယာဟိ ကုသလံ သုခုဒြယံ။
၅၉၃။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်လော့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဥ်လော့၊ သေရည်သေရက် မသောက်လေနှင့်၊ မမှန်သော စကားကို မပြော ဆိုနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲလော့၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကိုလည်း ဆောက်တည်လော့။
၅၉၄။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ၊
ဒဒါဟိ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ [သဒါ ပုညံ ပဝဍ္ဎတိ (သျာ။ က။)]။
၅၉၄။ လိစ္ဆဝီမင်း သင်သည် ဖြောင့်မတ်သော အဖြစ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏ တို့အားသင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့် ကျောင်းတို့ကိုလည်းကောင်းအထူးကြည်လင်သော စိတ်ဖြင့် ပေးလှူလော့။
၅၉၅။ ‘‘ဘိက္ခူပိ သီလသမ္ပန္နေ, ဝီတရာဂေ ဗဟုဿုတေ၊
တပ္ပေဟိ အန္နပါနေန, သဒါ ပုညံ ပဝဍ္ဎတိ။
၅၉၅။ သီလနှင့်ပြည့်စုံကုန်သော ရာဂကင်းကုန်သော အကြားအမြင်များကုန်သော ရဟန်း တို့ကိုလည်းထမင်းအဖျော်ဖြင့် ရောင့်ရဲစေလော့၊ ဤသို့ ပြုသည်ရှိသော် သင့်အား အခါခပ် သိမ်းကုသိုလ်ကောင်းမှုသည် ပွားများ၏။
၅၉၆။ ‘‘ဧဝဉ္စ ဓမ္မာနိ [ကမ္မာနိ (သီ။ သျာ။)] သမာစရန္တော, သက္ကစ္စ ရတ္တိန္ဒိဝမပ္ပမတ္တော၊
မုဉ္စ တုဝံ [မုစ္စေယျ သော တွံ (က။)] နိရယာ စ တမှာ, ကမ္မံ သိယာ အညတြ ဝေဒနီယ’’န္တိ။
၅၉၆။ ဤသို့လျှင် ရိုသေစွာ နေ့ညဥ့်ပတ်လုံး မမေ့လျော့ဘဲ ရိုသေစွာ တရားတို့ကို ကျင့်သော သင်သည် ထိုငရဲမှ လွတ်ရာ၏၊ ခံစားအပ်သော အကျိုးရှိသော အပရာပရိယကံကို ကြဥ်ထား၍ ဥပပဇ္ဇဝေဒနီယကံသည် အကျိုးမပေးသည့် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်း မြတ်က ဖြေ၏)။
၅၉၇။ ‘‘အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဥပေမိ, ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော၊
တထေဝ သိက္ခာယ ပဒါနိ ပဉ္စ, အခဏ္ဍဖုလ္လာနိ သမာဒိယာမိ။
၅၉၇။ အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်း ကောင်း၊ သံဃာတော်ကိုလည်းကောင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယခုပင်လျှင် ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ ထို့ပြင်လည်း သိက္ခာပုဒ်ငါးပါးတို့ကို မကျိုးမပျက်သည်ကို ပြု၍ ဆောက်တည်ပါ၏။
၅၉၈။ ‘‘ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ၊
အမဇ္ဇပေါ နော စ မုသာ ဘဏာမိ, သကေန ဒါရေန စ ဟောမိ တုဋ္ဌော၊
ဣမဉ္စ အရိယံ အဋ္ဌင်္ဂဝရေနုပေတံ, သမာဒိယာမိ ကုသလံ သုခုဒြယံ။
၅၉၈။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါအံ့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဥ်ပါအံ့့၊ သေရည်သေရက် မသောက်ပါအံ့့၊ မမှန်စကားကို မဆိုပါအံ့၊ မိမိ မယားဖြင့်သာ့ရောင့်ရဲပါအံ့၊ ဖြူစင်သော မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကို ဆောက်တည်ပါအံ့။
၅၉၉။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ။
၅၉၉-၆၀၀။ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့်ကျောင်းတို့ကိုလည်းကောင်း သီလနှင့်ပြည့်စုံကုန်သော (ရာဂ) ကင်းကုန်သော အကြားအမြင် များကုန်သော ရဟန်းတို့အား ပေးလှူပါအံ့၊ မတုန်လှုပ်တော့ပါ၊ မြတ်စွာဘုရားတို့၏သာသနာတော်၌ မွေ့လျော်ပါအံ့ဟု (လိစ္ဆဝီမင်းက လျှောက်၏)။
၆၀၀။ ‘‘ဘိက္ခူ စ သီလသမ္ပန္နေ, ဝီတရာဂေ ဗဟုဿုတေ၊
ဒဒါမိ န ဝိကမ္ပာမိ [ဝိကပ္ပါမိ (သီ။ သျာ။)], ဗုဒ္ဓါနံ သာသနေ ရတော’’တိ။
၆၀၁။ ဧတာဒိသာ လိစ္ဆဝိ အမ္ဗသက္ကရော, ဝေသာလိယံ အညတရော ဥပါသကော၊
သဒ္ဓေါ မုဒူ ကာရကရော စ ဘိက္ခု, သံဃဉ္စ သက္ကစ္စ တဒါ ဥပဋ္ဌဟိ။
၆၀၁။ ဤသို့ ဆိုအပ်ပြီးသော သဘောရှိသော အမ္ဗသက္ကရလိစ္ဆဝီမင်းသည် ဝေသာလီပြည်၌ရတနာသုံးပါးကို ဆည်းကပ်သူတို့တွင် တစ်ယောက်အပါအဝင်ဖြစ်သော ဥပါသကာ ဖြစ်၏၊ ထိုအခါဝယ်အမ္ဗသက္ကရလိစ္ဆဝီမင်းသည် သဒ္ဓါတရားရှိသူ, နူးညံ့သိမ်မွေ့သူ, ကျေးဇူးဥပကာရ ကို ပြတတ်သူဖြစ်၍ ရဟန်းသံဃာကိုလည်း ရိုသေစွာ ဆည်းကပ်လုပ်ကျွေးပြီ။
၆၀၂။ သူလာဝုတော စ အရောဂေါ ဟုတွာ, သေရီ သုခီ ပဗ္ဗဇ္ဇံ ဥပါဂမိ [ပဗ္ဗဇ္ဇမုပဂစ္ဆိ (က။)]၊
ဘိက္ခုဉ္စ အာဂမ္မ ကပ္ပိတကုတ္တမံ, ဥဘောပိ သာမညဖလာနိ အဇ္ဈဂုံ။
၆၀၂။ တံကျင်လျှိုခံရသော ယောကျာ်းသည်လည်း အနာရောဂါကင်းသူ, မိမိ အလိုအတိုင်း နေရသူ,ချမ်းသာရှိသူ ဖြစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်၏။ ကပ္ပိတကရဟန်းမြတ်ကို စွဲ၍ နှစ်ယောက်သော လိစ္ဆဝီမင်းနှင့် တံကျင်လျှိုခံရသူတို့သည် လည်း သောတာပတ္တိဖိုလ်ဟူသော အကျိုးတို့ကို ရကြကုန်၏။
၆၀၃။ ဧတာဒိသာ သပ္ပုရိသာန သေဝနာ, မဟပ္ဖလာ ဟောတိ သတံ ဝိဇာနတံ၊
သူလာဝုတော အဂ္ဂဖလံ အဖဿယိ [ဖုဿယိ (သျာ။ က။)], ဖလံ ကနိဋ္ဌံ ပန အမ္ဗသက္ကရော’’တိ။
အမ္ဗသက္ကရပေတဝတ္ထု ပဌမံ။
၆၀၃။ ကိလေသာငြိမ်းအေးပြီးကုန်သော လောကီ လောကုတ္တရာ အသိဉာဏ် ပညာ ရှိကုန်သောသူတော်ကောင်းတို့ကို မှီဝဲခြင်းသည် ဤသို့သော အကျိုးရှိ၏၊ တံကျင်လျှိုခံရသော ယောကျာ်းသည်အရဟတ္တဖိုလ်သို့ ရောက်၏၊ အမ္ဗသက္ကရလိစ္ဆဝီမင်းသည်ကား သောတာပတ္တိ ဖိုလ်သို့ ရောက်၏။ ရှေးဦးစွာသော အမ္ဗသက္ကရပေတဝတ္ထု ပြီး၏။ ၂-သေရီသကပေတဝတ္ထု ပါယာသိရာဇညမင်းဖြစ်စဥ် မိစ္ဆာအယူ ရှိသော်လည်း ရှင်ကုမာရကဿပနှင့် တွေ့သောအခါတရားအမှန်ကို သိ ကုသိုလ်ပြုမိ၍ သေသောအခါ ကုက္ကိုနန်း၌ ခံစားရပုံနှင့် အလှူဒါနပြုရာ၌ရိုရိုသေသေမပြုခဲ့သဖြင့် ငြီး၏ ငွေ့ဖွယ် ဗိမာန်၌ တဦးတည်းငြီးငွေ့စွာ စံစားနေရပုံ အလုံးစုံကို သဲကန္တာရသွား ကုန်သည်များဝမ်းမြောက်ကာ နေရပ်သို့ ရောက်လျှင် သေရီသကနတ်ကွန်းဆောက်လုပ်ပူဇော်ခြင်း အကြောင်းအရာပါသောဝတ္ထု
၂။ သေရီသကပေတဝတ္ထု
၆၀၄။ [ဝိ။ ဝ။ ၁၂၂၈] သုဏောထ ယက္ခဿ ဝါဏိဇာန စ, သမာဂမော ယတ္ထ တဒါ အဟောသိ၊
ယထာ ကထံ ဣတရိတရေန စာပိ, သုဘာသိတံ တဉ္စ သုဏာထ သဗ္ဗေ။
၆၀၄။ အရှင်ဘုရားတို့ နာတော်မူပါကုန်၊ အကြင်သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ်နတ်သားနှင့် ကုန်သည်တို့၏ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့ အပြန်အလှန်ကောင်းစွာ ပြောဆိုအပ်သော စကားကိုလည်း ပြောဆိုသည့် အတိုင်း အားလုံးသော အရှင်ဘုရားတို့နာတော်မူကြပါကုန်။
၆၀၅။ ယော သော အဟု ရာဇာ ပါယာသိ နာမ [နာမော (သီ။)], ဘုမ္မာနံ သဟဗျဂတော ယသဿီ၊
သော မောဒမာနောဝ သကေ ဝိမာနေ, အမာနုသော မာနုသေ အဇ္ဈဘာသီတိ။
၆၀၅။ အရှင်ဘုရားတို့ အကြင်ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်း ရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါယာသိ ရာဇညသည် မိမိဗိမာန်၌ ဝမ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။
၆၀၆။ ‘‘ဝင်္ကေ အရညေ အမနုဿဋ္ဌာနေ, ကန္တာရေ အပ္ပေါဒကေ အပ္ပဘက္ခေ၊
သုဒုဂ္ဂမေ ဝဏ္ဏုပထဿ မဇ္ဈေ, ဝင်္ကံဘယာ နဋ္ဌမနာ မနုဿာ။
၆၀၆။ (တောသို့ ဝင်ကုန်သော လူတို့ အသက်ရှင်ပါကုန်အံ့လော၊ သေရကုန်အံ့လော)ဟု တွေးတောယုံမှားရာဖြစ်၍ မြေဖုတ်ဘီလူးအစရှိသည်တို့၏ သွားလာရာဖြစ်သော ရေမရှိသော အစာမရှိသော ကူးမြောက်ရန် အလွန်ခက်ခဲသော သဲကန္တာရအလယ်၌ တွေးတော ယုံမှားမှု တို့ကြောင့် ကြောက်လန့်၍ စိတ်နှလုံးပျက်ကုန်သော အိုလူများတို့-
၆၀၇။ ‘‘နယိဓ ဖလာ မူလမယာ စ သန္တိ, ဥပါဒါနံ နတ္ထိ ကုတောဓ ဘက္ခော [ဘိက္ခော (က။)]၊
အညတြ ပံသူဟိ စ ဝါလုကာဟိ စ, တတာဟိ ဥဏှာဟိ စ ဒါရုဏာဟိ စ။
၆၀၇။ ဤသဲကန္တာရ၌ သစ်သီးတို့သည်လည်းကောင်း အမြစ်အဥတို့သည်လည်းကောင်း မရှိကုန်၊ ဤသဲကန္တာရ၌ မီးလောင်စာထင်းမျှသော်လည်း မရှိ၊ ကျယ်ဝန်း ပူလောင် ကြမ်း တမ်းကုန်သော မြေမှုန့်တို့နှင့် သဲတို့မှတစ်ပါး လူတို့၏ စားရန် အစာ အဘယ်မှာ ရှိမည် နည်း။
၆၀၈။ ‘‘ဥဇ္ဇင်္ဂလံ တတ္တမိဝံ ကပါလံ, အနာယသံ ပရလောကေန တုလျံ၊
လုဒ္ဒါနမာဝါသမိဒံ ပုရာဏံ, ဘူမိပ္ပဒေသော အဘိသတ္တရူပေါ။
၆၀၈။ ကျတ်တီးပြင် ကုန်းခေါင်ခေါင်ဖြစ်၍ သံအိုးကင်းပူကဲ့သို့ ခြစ်ခြစ်တောက် ပူလောင်သော ချမ်းသာမှုမရှိခြင်းကြောင့် အသက်ကို ဖျက်ဆီးတတ်သော ငရဲနှင့်လည်းတူသော ဤ သဲကန္တာရအရပ်သည်ကြမ်းကြုတ်ကုန်သော မြေဖုတ်ဘီလူးအစရှိသည်တို့၏ နေရာဟောင်း ဖြစ်၏၊ မြေအရပ်သည် (ဤသို့ခေါင်းပါးစေ, ကြမ်းသော အခြင်းအရာရှိစေဟု) ရှေးက ရသေ့ တို့ ကျိန်ဆဲထားသည်နှင့် တူ၏။
၆၀၉။ ‘‘‘အထ တုမှေ ကေန ဝဏ္ဏေန, ကိမာသမာနာ ဣမံ ပဒေသံ ဟိ၊
အနုပဝိဋ္ဌာ သဟသာ သမစ္စ, လောဘာ ဘယာ အထ ဝါ သမ္ပမူဠှာ’’’တိ။
၆၀၉။ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်အကြောင်းကြောင့် အဘယ်ကို တောင့်တ ကုန်၍ ဤအရပ်သို့ ဝင်ကြကုန်သနည်း၊ အဆောတလျင် (အကျိုးအပြစ်ကို) မစူးမစမ်းဘဲ ဝင်လာကုန်သလော၊ လောဘကြောင့်သော်လည်း ဝင်လာကုန်သလော၊ ဘေးရန်ကြောင့်သော်လည်း ဝင်လာကုန်သလော၊သို့မဟုတ် လမ်းမှား၍ သော်လည်း ဝင်လာကုန်သလောဟု (နတ် သားက ကုန်သည်များကို မေး၏)။
၆၁၀။ ‘‘မဂဓေသု အင်္ဂေသု စ သတ္ထဝါဟာ, အာရောပယိတွာ ပဏိယံ ပုထုတ္တံ၊
တေ ယာမသေ သိန္ဓုသောဝီရဘူမိံ, ဓနတ္ထိကာ ဥဒ္ဒယံ ပတ္ထယာနာ။
၆၁၀။ မဂဓတိုင်း အင်္ဂတိုင်းတို့၌ နေကုန်သော လှည်းကုန်သည်ဖြစ်ကြသော ထိုအကျွန်ုပ် တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် များစွာသော ဘဏ္ဍာ ကို (လှည်းထက်၌) တင်ကုန်၍ သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြရပါကုန်၏။
၆၁၁။ ‘‘ဒိဝါ ပိပါသံ နဓိဝါသယန္တာ, ယောဂ္ဂါနုကမ္ပဉ္စ သမေက္ခမာနာ၊
ဧတေန ဝေဂေန အာယာမ သဗ္ဗေ, ရတ္တိံ မဂ္ဂံ ပဋိပန္နာ ဝိကာလေ။
၆၁၁။ နေ့အခါ၌ ရေမွတ်သိပ်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ နွားအစရှိကုန်သော သတ္တဝါတို့အားချီးမြှောက်ထောက်ပံ့မှုကိုလည်း ကောင်းစွာ ရှုဆင်ခြင်ကုန်လျက် အခါမဟုတ်သော ညဥ့်၌ခရီးသွားကုန်သော အကျွန်ုပ်တို့အားလုံးသည် ဤသို့သော အဟုန်ဖြင့် သွားကြ ပါကုန်၏။
၆၁၂။ ‘‘တေ ဒုပ္ပယာတာ အပရဒ္ဓမဂ္ဂါ, အန္ဓာကုလာ ဝိပ္ပနဋ္ဌာ အရညေ၊
သုဒုဂ္ဂမေ ဝဏ္ဏုပထဿ မဇ္ဈေ, ဒိသံ န ဇာနာမ ပမူဠှစိတ္တာ။
၆၁၂။ ခရီးလမ်းမှားကို သွားကုန်၍ ချွတ်လွဲသော ခရီးရှိကုန်သောကြောင့် သူကန်းကဲ့သို့နှောင့်ယှက်ကုန်သည်ဖြစ်၍ (ခရီးမှားသဖြင့်) စိတ်ပျက်ကုန်သော ထိုအကျွန်ုပ်တို့သည် တော၌ကူးမြောက်ရန် အလွန်ခဲယဥ်းသော သဲကန္တာရခရီးအလယ်တွင် ပြင်းစွာ တွေဝေသော စိတ်ရှိကုန်သည်ဖြစ်၍ သွားရမည့်အရပ်ကို မသိနိုင်ပါကုန်။
၆၁၃။ ‘‘ဣဒဉ္စ ဒိသွာန အဒိဋ္ဌပုဗ္ဗံ, ဝိမာနသေဋ္ဌဉ္စ တဝဉ္စ ယက္ခ၊
တတုတ္တရိံ ဇီဝိတမာသမာနာ, ဒိသွာ ပတီတာ သုမနာ ဥဒဂ္ဂါ’’တိ။
၆၁၃။ နတ်သား ရှေးက မမြင်ဖူးသော ဤဗိမာန်မြတ်ကိုလည်းကောင်း, သင်နတ်သားကိုလည်းကောင်းမြင်ရခြင်းကြောင့် ရှေးကထက်အလွန် အသက်ကို တောင့်တကြပါကုန်၏၊ (သင့် ကို) မြင်ရခြင်းကြောင့်ရွှင်လန်းကြပါကုန်၏၊ ဝမ်းသာကြပါကုန်၏၊ တက်ကြွကြပါကုန်၏ဟု (ကုန်သည်များက ပြောဆို၏)။
၆၁၄။ ‘‘ပါရံ သမုဒ္ဒဿ ဣမဉ္စ ဝဏ္ဏုံ, ဝေတ္တာစရံ [ဝေတ္တံ ပရံ (သျာ။), ဝေတ္တာစာရံ (က။)] သင်္ကုပထဉ္စ မဂ္ဂံ၊
နဒိယော ပန ပဗ္ဗတာနဉ္စ ဒုဂ္ဂါ, ပုထုဒ္ဒိသာ ဂစ္ဆထ ဘောဂဟေတု။
၆၁၄။ (ကုန်သည်တို့) သင်တို့သည် ဥစ္စာစည်းစိမ်ဟူသော အကြောင်းကြောင့် သမုဒ္ဒရာ၏ကမ်းတစ်ဖက်သို့လည်းကောင်း, ဤသဲကန္တာရခရီးခဲသို့လည်းကောင်း, ကြိမ်နွယ်တို့ဖြင့် ဖွဲ့၍ သွားအပ်သော ခရီးသို့လည်းကောင်း, သစ်ငုတ်, တံသင်းတို့ကို နုတ်၍ သွားအပ်သော ခရီးသို့လည်းကောင်း, ထိုမှတစ်ပါး မြစ်တို့သို့လည်းကောင်း, တောင်တို့၏ မညီမညွတ်သော အရပ်တို့သို့လည်းကောင်း ဤများစွာသော အရပ်မျက်နှာတို့သို့ သွားကြရပါကုန်၏။
၆၁၅။ ‘‘ပက္ခန္ဒိယာန ဝိဇိတံ ပရေသံ, ဝေရဇ္ဇကေ မာနုသေ ပေက္ခမာနာ၊
ယံ ဝေါ သုတံ ဝါ အထ ဝါပိ ဒိဋ္ဌံ, အစ္ဆေရကံ တံ ဝေါ သုဏောမ တာတာ’’တိ။
၆၁၅။ (ကုန်သည်တို့) သင်တို့သည် တစ်ပါးသော မင်းတို့၏ နိုင်ငံသို့ ဝင်ကုန်၍ တိုင်း တစ်ပါးသားတို့ကို ကြည့်ရှုကြလျက် (သွားကြရကုန်၏။) ဤသို့သော နည်းဖြင့် (ရောက်ပေါက် ကုန်သော) သင်တို့ကြားဖူးမြင်ဖူးသော အံ့ဩဖွယ်ကို သင်တို့ထံမှ ကြားနာလိုပါကုန်၏ဟု (နတ်သားက ပြောဆို၏)။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 3. Cūḷavaggo (Suttapiṭaka, Khuddakanikāya, Petavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#446
- Vipassana Research Institute. (n.d.). 4. Mahāvaggo (Suttapiṭaka, Khuddakanikāya, Petavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#346