ပေတဝတ္ထုပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၆၁၆။ ‘‘ဣတောပိ အစ္ဆေရတရံ ကုမာရ, န နော သုတံ ဝါ အထ ဝါပိ ဒိဋ္ဌံ၊
အတီတမာနုဿကမေဝ သဗ္ဗံ, ဒိသွာ န တပ္ပါမ အနောမဝဏ္ဏံ။
၆၁၆။ နတ်သား ဤသင့်ဗိမာန်နှင့် သင်နတ်သားထက် အထူးသဖြင့် အံ့ဩချီးမွမ်းဖွယ်ကို အကျွန်ုပ်တို့ကြားလည်း မကြားစဖူး၊ မြင်လည်း မမြင်စဖူးပါ၊ လူတို့၏ အဆင်းသဏ္ဌာန်ကို လွန်သော ပြည့်စုံသော အဆင်းသဏ္ဌာန်ရှိသော သင်နတ်သားနှင့်တကွ အလုံးစုံသော (ဗိမာန် စသော စည်းစိမ်) ကို မြင်ကြရကုန်၍ မရောင့်ရဲနိုင်ကြပါကုန်။
၆၁၇။ ‘‘ဝေဟာယသံ ပေါက္ခရညော သဝန္တိ, ပဟူတမလျာ [ပဟူတမာလျာ (သျာ။)] ဗဟုပုဏ္ဍရီကာ၊
ဒုမာ စိမေ နိစ္စဖလူပပန္နာ, အတီဝ ဂန္ဓာ သုရဘိံ ပဝါယန္တိ။
၆၁၇။ များသော ပန်းရှိကုန်သော များသော ကြာပုဏ္ဍရိက်ရှိကုန်သော ရေကန်တို့သည် ကောင်းကင်ပြင်ဝယ် စီးသွားကုန်၏၊ သင်၏ ဤသစ်ပင်တို့သည် လည်း အခါခပ်သိမ်း အသီးနှင့်ပြည့်စုံကုန်သည်ဖြစ်၍ မွှေးကြိုင်သော ရနံ့တို့သည် အလွန်လျှင် ပျံ့လှိုင်ကုန်၏။
၆၁၈။ ‘‘ဝေဠူရိယထမ္ဘာ သတမုဿိတာသေ, သိလာပဝါဠဿ စ အာယတံသာ၊
မသာရဂလ္လာ သဟလောဟိတင်္ဂါ, ထမ္ဘာ ဣမေ ဇောတိရသာမယာသေ။
၆၁၈။ အတောင်တစ်ရာမြင့်ကုန်သော ကြောင်မျက်ရွဲတိုင်တို့လည်းကောင်း, အမြှောင့်ရှည် ကုန်သော ကျောက်တိုင် သန္တာတိုင်တို့လည်းကောင်း, ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်တိုင် တို့လည်းကောင်း,ဇောတိရသကျောက်မျက်ရတနာဖြင့်ပြီးသော တိုင်တို့လည်းကောင်း ဤတိုင် တို့သည် (ရှိကြကုန်၏)။
၆၁၉။ ‘‘သဟဿထမ္ဘံ အတုလာနုဘာဝံ, တေသူပရိ သာဓုမိဒံ ဝိမာနံ၊
ရတနန္တရံ ကဉ္စနဝေဒိမိဿံ, တပနီယပဋ္ဋေဟိ စ သာဓုဆန္နံ။
၆၁၉။ ထိုတိုင်တို့၏ အထက်၌ သီတိုင်တစ်ထောင် တည်ရှိသော မနှိုင်းယှဥ်အပ်သော အာနုဘော်လည်းရှိသော ရတနာအမျိုးမျိုးတို့နှင့် ယှဥ်၍ ရွှေပွတ်တိုင်တို့ဖြင့် ဝန်းရံအပ်သော အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီးသော အမိုးတို့ဖြင့် ကောင်းစွာ မိုးအပ်သော သင်၏ ဤ ဗိမာန်သည် ကောင်းလှပါပေ၏။
၆၂၀။ ‘‘ဇမ္ဗောနဒုတ္တတ္တမိဒံ သုမဋ္ဌော, ပါသာဒသောပါဏဖလူပပန္နော၊
ဒဠှော စ ဝဂ္ဂု စ သုသင်္ဂတော စ [ဝဂ္ဂု သုမုခေါ သုသင်္ဂတော (သီ။)], အတီဝ နိဇ္ဈာနခမော မနုညော။
၆၂၀။ သင်၏ ဤဗိမာန်သည် ဦးသစ်သော ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ ထွက်သော အရောင် အလျှံ ရှိ၏၊ ထိုဗိမာန်၏ ထိုထိုအစိတ်အပိုင်းသည် အလွန်ပြေပြစ်ချောမောလှ၏၊ ပြာသာဒ် ဆောင်, စောင်းတန်း,လှေကား, တံကဲမှီပျဥ်တို့နှင့်လည်း ပြည့်စုံပေ၏၊ မြဲမြံခိုင်ခံ့လှ၏၊ အဆင်းသဏ္ဌာန်လည်း အလွန်လှ၏၊ ကောင်းစွာ စုပေါင်းထားသော အစိတ်အပိုင်းလည်း ရှိ၏၊ အလွန်လျှင် ရှုချင်ဖွယ်ကောင်း၏၊ စိတ်နှစ်သက်ဖွယ်လည်း ရှိ၏။
၆၂၁။ ‘‘ရတနန္တရသ္မိံ ဗဟုအန္နပါနံ, ပရိဝါရိတော အစ္ဆရာသင်္ဂဏေန၊
မုရဇအာလမ္ဗရတူရိယဃုဋ္ဌော, အဘိဝန္ဒိတောသိ ထုတိဝန္ဒနာယ။
၆၂၁။ ရတနာဗိမာန်၏ အတွင်း၌ များစွာသော ထမင်းအဖျော် ရှိ၏၊ (သင်သည်) နတ်သမီးအပေါင်းခြံရံကာ မုရိုးစည်, အာလမ္ဗရစည်နှင့် အခြားတူရိယာမျိုးတို့၏ အသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် ချီးမွမ်းခြင်းထုတိမင်္ဂလာ မျိုးဖြင့် ချီးကျူးခံထိုက်သူ ဖြစ်ပါပေ၏။
၆၂၂။ ‘‘သော မောဒသိ နာရိဂဏပ္ပဗောဓနော, ဝိမာနပါသာဒဝရေ မနောရမေ၊
အစိန္တိယော သဗ္ဗဂုဏူပပန္နော, ရာဇာ ယထာ ဝေဿဝဏော နဠိနျာ [နဠိညံ (က။)]။
၆၂၂။ မကြံစည်နိုင်သော အာနုဘော်ရှိ၍ ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ထိုသင်သည် နဠိနီမည်သော ကစားရာဌာန၌ ဝေဿဝဏ်နတ်မင်းကြီးကဲ့သို့ နတ်သမီးအပေါင်းသည် နှိုးအပ်သည် ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ဗိမာန်ပြာသာဒ်မြတ်၌ မွေ့လျော်ရပါပေ၏။
၆၂၃။ ‘‘ဒေဝေါ နု အာသိ ဥဒဝါသိ ယက္ခော, ဥဒါဟု ဒေဝိန္ဒော မနုဿဘူတော၊
ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, အာစိက္ခ ကော နာမ တုဝံသိ ယက္ခော’’တိ။
၆၂၃။ နတ်သား သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊သို့မဟုတ် ပူဇော် အပ်သော နတ်ပင်ဖြစ်လေသလော၊သို့မဟုတ် နတ်တို့အရှင် သိကြားမင်း ဖြစ်လေသလော၊ လူပင် ဖြစ်လေသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ အကျွန်ုပ်တို့အား ဖြေကြားပါလော့၊ သင် အဘယ်သူဖြစ်ပါသနည်း၊ ပူဇော်အပ်သော နတ်ပင် ဖြစ်လေသလောဟု (ကုန်သည်များက မေး၏)။
၆၂၄။ ‘‘သေရီသကော နာမ အဟမှိ ယက္ခော, ကန္တာရိယော ဝဏ္ဏုပထမှိ ဂုတ္တော၊
ဣမံ ပဒေသံ အဘိပါလယာမိ, ဝစနကရော ဝေဿဝဏဿ ရညော’’တိ။
၆၂၄။ ကုန်သည်တို့ ငါသည် သဲကန္တာရ၌ စောင့်ရှောက်သော ကန္တာရခရီးစောင့် သေရီသကအမည်ရှိသော နတ်ပါတည်း၊ ငါသည် ဝေဿဝဏ်နတ်မင်းကြီး၏ စကားကို လိုက် နာရသည်ဖြစ်၍ ဤသဲကန္တာရအရပ်ကို စောင့်ရှောက်ရပါ၏ဟု (နတ်သားက ဖြေ၏)။
၆၂၅။ ‘‘အဓိစ္စလဒ္ဓံ ပရိဏာမဇံ တေ, သယံ ကတံ ဥဒါဟု ဒေဝေဟိ ဒိန္နံ၊
ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, ကထံ တယာ လဒ္ဓမိဒံ မနုည’’န္တိ။
၆၂၅။ နတ်သား သင်သည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်လေသလော၊ သင်၏စိတ်ညွတ်မှုကြောင့် ဖြစ်လေသလော၊ မိမိကိုယ်တိုင် ပြုလုပ်ထားသလော၊သို့မဟုတ် နတ်တို့ကပေးပါသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် နှစ်သက်ဖွယ်သော ဤဗိမာန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု (ကုန်သည်များက မေး၏)။
၆၂၆။ ‘‘နာဓိစ္စလဒ္ဓံ န ပရိဏာမဇံ မေ, န သယံ ကတံ န ဟိ ဒေဝေဟိ ဒိန္နံ၊
သကေဟိ ကမ္မေဟိ အပါပကေဟိ, ပုညေဟိ မေ လဒ္ဓမိဒံ မနုည’’န္တိ။
၆၂၆။ ကုန်သည်တို့ ငါသည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်သည်လည်း မဟုတ်၊ ငါ၏စိတ်ညွတ်မှုကြောင့် ဖြစ်သည်လည်း မဟုတ်၊ ငါသည် မိမိကိုယ်တိုင် ပြုလုပ် ထားသည်လည်း မဟုတ်၊ နတ်တို့က ပေးအပ်သည်လည်း မဟုတ်၊ မယုတ်မာသော မိမိ ဥစ္စာဖြစ်သော ကောင်းမှုကံတို့ကြောင့်နှစ်သက်ဖွယ်ရှိသော ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သား က ဖြေ၏)။
၆၂၇။ ‘‘ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ, ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော၊
ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, ကထံ တယာ လဒ္ဓမိဒံ ဝိမာန’’န္တိ။
၆၂၇။ နတ်သား သင်၏ ဆောက်တည်သော အကျင့်သည် အဘယ်ပါနည်း၊ မြတ်သော အကျင့်သည်အဘယ်ပါနည်း၊ နတ်သား ဤအကျိုးသည် အဘယ်သို့သော အလေ့အကျင့် ကောင်း၏ အကျိုးပါနည်း၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် ဤ ဗိမာန်ကို အဘယ်ကုသိုလ်ကံကြောင့်ရအပ်ပါသနည်းဟု (ကုန်သည်များက မေးပြန်၏)။
၆၂၈။ ‘‘မမံ ပါယာသီတိ အဟု သမညာ, ရဇ္ဇံ ယဒါ ကာရယိံ ကောသလာနံ၊
နတ္ထိကဒိဋ္ဌိ ကဒရိယော ပါပဓမ္မော, ဥစ္ဆေဒဝါဒီ စ တဒါ အဟောသိံ။
၆၂၈။ ကုန်သည်တို့ ငါသည် ကောသလတိုင်းသူတို့၏ မင်းအဖြစ်ကို ပြုခဲ့စဥ်အခါကပါယာသိရာဇညဟူသော အမည် ရှိခဲ့၏၊ အလှူပေးခြင်း၏ အကျိုးသည် မရှိဟု အယူ ရှိခဲ့ဖူး၏၊ နှမြောစေးနှဲ ဝန်တိုခဲ့ဖူး၏၊ ယုတ်မာသော အကျင့်လည်း ရှိခဲ့ဖူး၏၊ (သတ္တဝါသည် သေသည် မှနောက့်ပြတ်၏၊ တမလွန်လောက၌ မဖြစ်ဟူသော) ဥစ္ဆေဒဒိဋ္ဌိအယူ ရှိခဲ့ဖူး၏။
၆၂၉။ ‘‘သမဏော စ ခေါ အာသိ ကုမာရကဿပေါ, ဗဟုဿုတော စိတ္တကထီ ဥဠာရော၊
သော မေ တဒါ ဓမ္မကထံ အဘာသိ, ဒိဋ္ဌိဝိသူကာနိ ဝိနောဒယီ မေ။
၆၂၉။ ထိုစဥ်အခါက အကြားအမြင်များ၍ တရားစကားကို ဆန်းကြယ်စွာ ပြောဟောတတ်သော မြင့်မြတ်သော ကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း ရှိခဲ့၏၊ ထိုရဟန်းသည် ငါ့အားတရားစကားကို ပြောဟောခဲ့၏၊ ငါ၏ မှားသောအယူတည်းဟူသော ငြောင့်တံသင်း တို့ကို ပယ်နုတ်တော်မူခဲ့၏။
၆၃၀။ ‘‘တာဟံ တဿ ဓမ္မကထံ သုဏိတွာ, ဥပါသကတ္တံ ပဋိဒေဝယိဿံ၊
ပါဏာတိပါတာ ဝိရတော အဟောသိံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိဿံ၊
အမဇ္ဇပေါ နော စ မုသာ အဘာဏိံ, သကေန ဒါရေန စ အဟောသိ တုဋ္ဌော။
၆၃၀။ ကုန်သည်တို့ ငါသည် ထိုရဟန်း၏ ထိုတရားစကားကို ကြားနာရ၍ ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားခဲ့ဖူး၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခဲ့၏၊ လောက၌ မပေး သည်ကို ခိုးယူခြင်းမှရှောင်ကြဥ်ခဲ့၏၊ သေရည်အရက် မသောက်မစားခဲ့ပေ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပေ၊ မိမိမယားဖြင့်သာ ရောင့်ရဲခဲ့၏။
၆၃၁။ ‘‘တံ မေ ဝတံ တံ ပန ဗြဟ္မစရိယံ, တဿ သုစိဏ္ဏဿ အယံ ဝိပါကော၊
တေဟေဝ ကမ္မေဟိ အပါပကေဟိ, ပုညေဟိ မေ လဒ္ဓမိဒံ ဝိမာန’’န္တိ။
၆၃၁။ ကုန်သည်တို့ ငါဆောက်တည်၍ ကျင့်သော အကျင့်သည် ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း၊ မြတ်သော အကျင့်သည်လည်း ထိုအကျင့်ပင်တည်း၊ ဤအကျိုးသည် ထို ဆိုအပ်ခဲ့ပြီးသော ကောင်းသော အလေ့အကျင့်၏ အကျိုးတည်း၊ ထိုမယုတ်မာသော ကောင်းမှု ကုသိုလ်ကံတို့ကြောင့်သာလျှင် ငါသည်ဤဗိမာန်ကို ရ၏ဟု (နတ်သားက ပြောဆို၏)။
၆၃၂။ ‘‘သစ္စံ ကိရာဟံသု နရာ သပညာ, အနညထာ ဝစနံ ပဏ္ဍိတာနံ၊
ယဟိံ ယဟိံ ဂစ္ဆတိ ပုညကမ္မော, တဟိံ တဟိံ မောဒတိ ကာမကာမီ။
၆၃၂။ ပညာရှိကုန်သော လူတို့သည် မှန်သော စကားကို ပြောဆိုကုန်သတတ်၊ ပညာရှိ ကုန်သောသူတို့၏စကားသည် ဖောက်ပြန်ခြင်း မရှိ၊ ကောင်းမှုရှိသောသူသည် အကြင် အကြင်အရပ်သို့ ရောက်အံ့၊ ထိုထိုအရပ်၌ လိုတိုင်းရလျက် မွေ့လျော်စံပျော်ရ၏။
၆၃၃။ ‘‘ယဟိံ ယဟိံ သောကပရိဒ္ဒဝေါ စ, ဝဓော စ ဗန္ဓော စ ပရိက္ကိလေသော၊
တဟိံ တဟိံ ဂစ္ဆတိ ပါပကမ္မော, န မုစ္စတိ ဒုဂ္ဂတိယာ ကဒါစီ’’တိ။
၆၃၃။ အကြင်အကြင်အရပ်၌ စိုးရိမ်ပူဆွေးမှု ငိုကြွေးမြည်တမ်းရမှုသည်လည်းကောင်း, သတ်ဖြတ်ညှဥ်းဆဲမှုသည်လည်းကောင်း, နှောင်ဖွဲ့မှုသည်လည်းကောင်း, ဆိုခဲ့ပြီးသော အကျိုး မဲ့ဘေးရန်ဖြစ်ခြင်းသည်လည်းကောင်း အကြင်အကြင်အရပ်၌ ရှိ၏၊ မကောင်းမှုကံရှိသောသူသည်ထိုထိုအရပ်သို့ ရောက်တတ်၏၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိဘဝ’မှ တစ်ခါ တစ်ရံမျှ မလွတ်နိုင်ဟု (ကုန်သည်များက ပြောဆိုကုန်၏)။
၆၃၄။ ‘‘သမ္မူဠှရူပေါဝ ဇနော အဟောသိ, အသ္မိံ မုဟုတ္တေ ကလလီကတောဝ၊
ဇနဿိမဿ တုယှဉ္စ ကုမာရ, အပ္ပစ္စယော ကေန နု ခေါ အဟောသီ’’တိ။
၆၃၄။ နတ်သား နတ်အပေါင်းသည် အချင်းခပ်သိမ်း တွေဝေသော သဘောရှိသကဲ့သို့ ဖြစ်၏၊ အခိုက်အတန့်ခဏ၌ပင် ညွန်နှစ်ရေကဲ့သို့ နောက်ကျုခြင်းသဘော ရှိ၏၊ နတ်သား အဘယ့် ကြောင့်သင်၏ခြွေရံပရိသတ်ဖြစ်သော ဤနတ်အပေါင်းနှင့် သင်နတ်သားအား နှလုံးမသာယာမှုဖြစ်ရလေသနည်းဟု (ကုန်သည်များက မေးမြန်းကုန်၏)။
၆၃၅။ ‘‘ဣမေ စ သိရီသဝနာ [ဣမေ သိရီသူပဝနာ စ (သီ။), ဣမေပိ သိရီသဝနာ စ (ပီ။ က။)] တာတာ, ဒိဗ္ဗာ ဂန္ဓာ သုရဘီ သမ္ပဝန္တိ၊
တေ သမ္ပဝါယန္တိ ဣမံ ဝိမာနံ, ဒိဝါ စ ရတ္တော စ တမံ နိဟန္တွာ။
၆၃၅။ ကုန်သည်တို့ နတ်၌ဖြစ်ကုန်သော မွှေးကြိုင်ကုန်သော ဤအနံ့တို့သည် ကုက္ကိုတော မှထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏၊ ထိုအနံ့လှိုင်သော ကုက္ကိုပန်းတို့သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက် ဤဗိမာန်ကို ထက်ဝန်းကျင်မှပျံ့လှိုင်စေကုန်၏။
၆၃၆။ ‘‘ဣမေသဉ္စ ခေါ ဝဿသတစ္စယေန, သိပါဋိကာ ဖလတိ ဧကမေကာ၊
မာနုဿကံ ဝဿသတံ အတီတံ, ယဒဂ္ဂေ ကာယမှိ ဣဓူပပန္နော။
၆၃၆-၇။ ကုန်သည်တို့ ဤကုက္ကိုပင်တို့၏ အသီးသည် အနှစ်တစ်ရာလွန်မှ တစ်ခုစီ တစ်ခုစီ (ရင့်ရော်လျက်) ကြွေကျ၏၊ လူ၌ဖြစ်သော အနှစ်တစ်ရာ လွန်သွားပြီ၊ ဤ စာတု မဟာရာဇ်နတ်ပြည်၌အကြင်အခါမှစ၍ ဖြစ်၏၊ ထိုအခါမှစ၍ ငါသည် နတ်၌ဖြစ်သော နောက် အနှစ် ငါးရာတို့ပတ်လုံးဤဗိမာန်၌ တည်ပြီးလျှင် အသက်အပိုင်းအခြား ကုန်ခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကုန်ခြင်းကြောင့်လည်းကောင်း သေရလတ္တံ့ဟု မြင်၍ ထိုသေရမည် ကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်မှု‘သော က’ကြောင့် မိန်းမောတွေဝေရ၏ဟု (နတ်သားက ပြောဆို၏)။
၆၃၇။ ‘‘ဒိသွာနဟံ ဝဿသတာနိ ပဉ္စ, အသ္မိံ ဝိမာနေ ဌတွာန တာတာ၊
အာယုက္ခယာ ပုညက္ခယာ စဝိဿံ, တေနေဝ သောကေန ပမုစ္ဆိတောသ္မီ’’တိ။
၆၃၈။ ‘‘ကထံ နု သောစေယျ တထာဝိဓော သော, လဒ္ဓါ ဝိမာနံ အတုလံ စိရာယ၊
ယေ စာပိ ခေါ ဣတ္တရမုပပန္နာ, တေ နူန သောစေယျုံ ပရိတ္တပုညာ’’တိ။
၆၃၈။ နတ်သား အကြင်သူတို့သည် ကား နည်းငယ် တိုတောင်းစွာ ဖြစ်ရကုန်၏၊ ဘုန်းကံ နည်းကုန်သော ထိုသူတို့သည် သာလျှင် စိုးရိမ်ကုန်ရာသည် မဟုတ်လော၊ မနှိုင်းယှဥ်အပ်သော ဗိမာန်ကို ရ၍ ကြာမြင့်စွာသော ကာလပတ်လုံး နတ်စည်းစိမ်ကို ခံစားလျက် တည်နေသော ထိုသို့သဘောရှိသော သင်သည် အဘယ်အကြောင်းကြောင့် စိုးရိမ်ရပါသနည်းဟု (ကုန်သည် များက ဆို၏)။
၆၃၉။ ‘‘အနုစ္ဆဝိံ ဩဝဒိယဉ္စ မေ တံ, ယံ မံ တုမှေ ပေယျဝါစံ ဝဒေထ၊
တုမှေ စ ခေါ တာတာ မယာနုဂုတ္တာ, ယေနိစ္ဆကံ တေန ပလေထ သောတ္ထိ’’န္တိ။
၆၃၉။ ကုန်သည်တို့ သင်တို့သည် ငါ့ကို အကြင်ချစ်မြတ်နိုးဖွယ်စကားကို ဆိုကုန်၏၊ ထိုစကားသည်လည်း ငါ့အား လျောက်ပတ်ပါပေ၏၊ ငါသည်လည်း သင်တို့ကို စောင့်ရှောက်ခဲ့ပြီ၊ သင်တို့အလိုရှိရာအရပ်သို့ ချမ်းသာစွာ သွားကြကုန်လော့ဟု (နတ်သားက ပြောဆို၏)။
၆၄၀။ ‘‘ဂန္တွာ မယံ သိန္ဓုသောဝီရဘူမိံ, ဓန္နတ္ထိကာ ဥဒ္ဒယံ ပတ္ထယာနာ၊
ယထာပယောဂါ ပရိပုဏ္ဏစာဂါ, ကာဟာမ သေရီသမဟံ ဥဠာရ’’န္တိ။
၆၄၀။ နတ်သား အကျွန်ုပ်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တ ကုန်လျက် သိန္ဓုအရပ် သောဝီရအရပ်သို့ သွားကြပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိ ကုန်လျက် စွန့်ကြဲမှုနှင့်ပြည့်စုံကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသကနတ်ပူဇော်ပွဲ သဘင် ကို ပြုကြပါကုန်အံ့ဟု (ကုန်သည်များက ဆို၏)။
၆၄၁။ ‘‘မာ စေဝ သေရီသမဟံ အကတ္ထ, သဗ္ဗဉ္စ ဝေါ ဘဝိဿတိ ယံ ဝဒေထ၊
ပါပါနိ ကမ္မာနိ ဝိဝဇ္ဇယာထ, ဓမ္မာနုယောဂဉ္စ အဓိဋ္ဌဟာထ။
၆၄၁။ ကုန်သည်တို့ သင်တို့သည် သေရီသကနတ်သားအား ပူဇော်ခြင်းကို မပြုကြကုန် လင့်၊ သင်တို့သည် အကြင်စကားကို ဆိုကုန်၏၊ ထိုပြောဆိုသမျှ စကားအားလုံးသည် သင်တို့ဆိုတိုင်းဖြစ်လတ္တံ့၊ သင်တို့သည် ယုတ်ညံ့သော မကောင်းမှုကံတို့ကို ကြဥ်ရှောင်ကြ ကုန်လော၊ ဒါနစသော ကုသိုလ်တရား အားထုတ်ခြင်းကိုလည်း ဆောက်တည်ကျင့်သုံးကြကုန် လော။
၆၄၂။ ‘‘ဥပါသကော အတ္ထိ ဣမမှိ သံဃေ, ဗဟုဿုတော သီလဝတူပပန္နော၊
သဒ္ဓေါ စ စာဂီ စ သုပေသလော စ, ဝိစက္ခဏော သန္တုသိတော မုတီမာ။
၆၄၂။ ကုန်သည်တို့ ဤလူအပေါင်းတို့တွင် များသော အကြားအမြင်လည်းရှိသော သီလအကျင့်တို့နှင့်လည်း ပြည့်စုံသော ယုံကြည်မှု ‘သဒ္ဓါ’လည်း ရှိသော စွန့်ကြဲမှု ‘စာဂ’လည်း ရှိသော သီလကို အလွန်ချစ်မြတ်နိုးသော ထိုထိုကိစ္စကို ပြုခြင်း၌ လိမ္မာသော ရောင့်ရဲလွယ်သော ပစ္စုပ္ပန်တမလွန်နှစ်တန်သော အစီးအပွါးတို့ကိုလည်း သိတတ်သော ဥပါသကာသည် ရှိ၏။
၆၄၃။ ‘‘သဉ္ဇာနမာနော န မုသာ ဘဏေယျ, ပရူပဃာတာယ စ စေတယေယျ၊
ဝေဘူတိကံ ပေသုဏံ နော ကရေယျ, သဏှဉ္စ ဝါစံ သခိလံ ဘဏေယျ။
၆၄၃။ ကုန်သည်တို့ ထိုဥပါသကာသည် သိလျက် မဟုတ်မမှန်သော စကားကို မပြောဆို၊ သူတစ်ပါးကို သတ်ဖြတ်ညှဥ်းဆဲခြင်းငှါ မကြံစည်၊ ကွဲပြားကြောင်းဖြစ်သော ကုန်းစကားကို မပြောဆို၊ သိမ်မွေ့၍ ပြေပြစ်သော စကားကို ပြောဆို၏။
၆၄၄။ ‘‘သဂါရဝေါ သပ္ပဋိဿော ဝိနီတော, အပါပကော အဓိသီလေ ဝိသုဒ္ဓေါ၊
သော မာတရံ ပိတရဉ္စာပိ ဇန္တု, ဓမ္မေန ပေါသေတိ အရိယဝုတ္တိ။
၆၄၄။ ကုန်သည်တို့ ရိုသေခြင်း, တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ ဆုံးမအပ်ပြီးသော ကိုယ်နှုတ် နှလုံးရှိသော,ယုတ်မာသော အကျင့်မရှိသော, အဓိသီလသိက္ခာ၌ အထူးသဖြင့် စင်ကြယ်သော ဥပါသကာသည်စင်ကြယ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေးမွေးမြူ၏။
၆၄၅။ ‘‘မညေ သော မာတာပိတူနံ ကာရဏာ, ဘောဂါနိ ပရိယေသတိ န အတ္တဟေတု၊
မာတာပိတူနဉ္စ ယော အစ္စယေန, နေက္ခမ္မပေါဏော စရိဿတိ ဗြဟ္မစရိယံ။
၆၄၅။ ကုန်သည်တို့ ထိုဥပါသကာသည် အမိအဖတို့၏ အကြောင်းကြောင့် စည်းစိမ်ဥစ္စာ တို့ကို ရှာမှီး၏၊ မိမိဟူသော အကြောင်းကြောင့် ရှာမှီးသည် မဟုတ်၊ နိဗ္ဗာန်သို့ စိတ်ညွတ်သော ထိုဥပါသကာသည်အမိအဖတို့ သေလွန်သည်ရှိသော် မြတ်သော အကျင့်ကို ကျင့်လတ္တံ့။
၆၄၆။ ‘‘ဥဇူ အဝင်္ကော အသဌော အမာယော, န လေသကပ္ပေန စ ဝေါဟရေယျ၊
သော တာဒိသော သုကတကမ္မကာရီ, ဓမ္မေ ဌိတော ကိန္တိ လဘေထ ဒုက္ခံ။
၆၄၆။ ကုန်သည်တို့ မကောက်ကျစ် မစဥ်းလဲ မလှည့်ပတ်မူ၍ ဖြောင့်မတ်သော ထို ဥပါသကာသည်ပရိယာယ်ကြံဆသဖြင့် သော်လည်း မပြောဆို၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံကို ပြုလေ့ရှိ၍ တရား၌တည်သော ထိုသို့သဘောရှိသော ဥပါသကာသည် အသို့လျှင် ဆင်းရဲကို ရရာအံ့နည်း။
၆၄၇။ ‘‘တံ ကာရဏာ ပါတုကတောမှိ အတ္တနာ, တသ္မာ ဓမ္မံ ပဿထ ဝါဏိဇာသေ၊
အညတြ တေနိဟ ဘသ္မီ [ဘသ္မိ (သျာ။), ဘသ္မ (က။)] ဘဝေထ, အန္ဓာကုလာ ဝိပ္ပနဋ္ဌာ အရညေ၊
တံ ခိပ္ပမာနေန လဟုံ ပရေန, သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော’’တိ။
၆၄၇။ ကုန်သည်တို့ ထိုဥပါသကာဟူသော အကြောင်းကြောင့် ငါသည် သင်တို့အား ကိုယ် ထင်ရှားပြု၏၊ ထို့ကြောင့် သင်တို့သည် တရားကို ရှုကြကုန်လော့၊ သင်တို့သည် ထို ဥပါသကာ မပါမူ၍ (လာကြကုန်မူ) ဤသဲကန္တာရ၌ သူကန်းကဲ့သို့ နှောင့်ယှက်သော စိတ်ရှိ ကုန်သည်ဖြစ်၍ ခရီးမှားသဖြင့် စိတ်ပျက်ကုန်လျက် သဲကန္တာရ၌ဖြစ်သော ဘေးရန် နှိပ်စက် ခြင်းဖြင့်လည်းကောင်း၊ တစ်ပါးသော ဘေးရန်နှိပ်စက်ခြင်းဖြင့်လည်းကောင်း တောအရပ်ဝယ် ပြာအဖြစ်သို့ လျင်မြန်စွာ ရောက်ကုန်ရာ၏၊ သူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်းသည် စင်စစ် ချမ်းသာ၏ဟု (နတ်သားက ပြောဆို၏)။
၆၄၈။ ‘‘ကိံ နာမ သော ကိဉ္စ ကရောတိ ကမ္မံ, ကိံ နာမဓေယျံ ကိံ ပန တဿ ဂေါတ္တံ၊
မယမ္ပိ နံ ဒဋ္ဌုကာမမှ ယက္ခ, ယဿာနုကမ္ပာယ ဣဓာဂတောသိ၊
လာဘာ ဟိ တဿ ယဿ တုဝံ ပိဟေသီ’’တိ။
၆၄၈။ နတ်သား သင်သည် အကြင်ဥပါသကာကို ချီးမြှောက်ခြင်းငှါ ဤသဲကန္တာရခရီးသို့ ရောက်လာ၏၊ ထိုဥပါသကာသည် အဘယ်သူပါနည်း၊ အဘယ်အမူအရာကို ပြုလုပ်ပါသနည်း၊ အဘယ်အမည်ရှိပါသနည်း၊ ထိုဥပါသကာ၏ အနွယ်သည် အဘယ်ပါနည်း၊ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို့တွေ့မြင်လိုပါကုန်၏၊ နတ်သား အကြင်သူကိို သင် ချစ်မြတ်နိုး၏၊ အကျွန်ုပ်တို့သည် သင်ချစ်မြတ်နိုးသော ထိုသူကို သိလိုပါကုန်၏ဟု (ကုန်သည်များက ဆို၏)။
၆၄၉။ ‘‘ယော ကပ္ပကော သမ္ဘဝနာမဓေယျော, ဥပါသကော ကောစ္ဆဖလူပဇီဝီ၊
ဇာနာထ နံ တုမှာကံ ပေသိယော သော, မာ ခေါ နံ ဟီဠိတ္ထ သုပေသလော သော’’တိ။
၆၄၉။ ကုန်သည်တို့ သမ္ဘဝမည်သော အကြင်ဆတ္တာသည်သည် (ခေါင်းဖြီးရန်) ဘီးထိုင်ခုံ ပျဥ်ချပ်တို့ကို မှီ၍ အသက်မွေးမြူလျက် ရတနာသုံးပါးကို ဆည်းကပ်သူ ဥပါသကာ ဖြစ်၏၊ ထိုသမ္ဘဝဆတ္တာသည်ကို သိကုန်လော့၊ ထိုဆတ္တာသည်သည် သင်တို့၏ အစေခံတည်း၊ သင် တို့သည် ထိုဆတ္တာသည်ကို မရှုတ်ချကုန်လင့်၊ ထိုဆတ္တာသည်သည် သီလကို အလွန် ချစ်မြတ် နိုးသူ ဖြစ်၏ဟု (နတ်သားက ဆို၏)။
၆၅၀။ ‘‘ဇာနာမသေ ယံ တွံ ပဝဒေသိ ယက္ခ, န ခေါ နံ ဇာနာမ သ ဧဒိသောတိ၊
မယမ္ပိ နံ ပူဇယိဿာမ ယက္ခ, သုတွာန တုယှံ ဝစနံ ဥဠာရ’’န္တိ။
၆၅၀။ နတ်သား သင်ပြောဆိုသော ဥပါသကာကို အကျွန်ုပ်တို့သည် လူ့သဘောအားဖြင့် သိပါကုန်၏၊ ဂုဏ်အားဖြင့်ကား ဤသို့သဘောရှိ၏ဟူ၍ မသိကြပါကုန်၊ နတ်သား သင်၏ ကောင်း မြတ်သော စကားကို ကြားကုန်၍ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို ပူဇော် ကြပါကုန်အံ့ဟု (ကုန်သည်များကဆို၏)။
၆၅၁။ ‘‘ယေ ကေစိ ဣမသ္မိံ သတ္ထေ မနုဿာ, ဒဟရာ မဟန္တာ အထဝါပိ မဇ္ဈိမာ၊
သဗ္ဗေဝ တေ အာလမ္ဗန္တု ဝိမာနံ, ပဿန္တု ပုညာနံ ဖလံ ကဒရိယာ’’တိ။
၆၅၁။ ကုန်သည်တို့ ဤလှည်းကုန်သည်အပေါင်းတွင် အရွယ်ငယ်သူ အလတ်ဖြစ်သူ အရွယ် ကြီးရင့်သူလူအားလုံးတို့သည် ငါ၏ ဗိမာန်သို့ တက်ကြကုန်လော့၊ နှမြောစဥ်းလဲသော စိတ်ရှိ သူတို့သည် ကုသိုလ်ကောင်းမှုတို့၏ အကျိုးကို ကြည့်ရှုလှည့်ကြကုန်ဟု (နတ်သားက ဆို၏)။
၆၅၂။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ, တံ ကပ္ပကံ တတ္ထ ပုရက္ခတွာ [ပုရက္ခိပိတွာ (သီ။)]၊
သဗ္ဗေဝ တေ အာလမ္ဗိံသု ဝိမာနံ, မသက္ကသာရံ ဝိယ ဝါသဝဿ။
၆၅၂။ ထိုအရပ်၌ ထိုကုန်သည်အားလုံးတို့သည် ဗိမာန်သို့ ငါအလျင်တက်မည်၊ ငါအလျင် တက်မည်ဟု (ဆိုကုန်လျက်) ထိုဆတ္တာသည် ဥပါသကာကို ရှေ့သွားပြုပြီးလျှင် သိကြားမင်း၏ ဗိမာန်နှင့် တူသော သေရီသက နတ်သားဗိမာန်သို့ တက်ကြကုန်၏။
၆၅၃။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ, ဥပါသကတ္တံ ပဋိဝေဒယိံသု၊
ပါဏာတိပါတာ ပဋိဝိရတာ အဟေသုံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိံသု၊
အမဇ္ဇပါ နော စ မုသာ ဘဏိံသု, သကေန ဒါရေန စ အဟေသုံ တုဋ္ဌာ။
၆၅၃။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟု (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်၏၊ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ကုန်ပြီ၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဥ်ကုန်ပြီ၊ သေရည်အရက်ကို မသောက်စားကြကုန်၊ မမှန်သော စကားကိုလည်းမပြောဆိုကြကုန်၊ မိမိမယားဖြင့်သာ နှစ်သိမ့်ရောင့်ရဲကြကုန်ပြီ။
၆၅၄။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ, ဥပါသကတ္တံ ပဋိဝေဒယိတွာ၊
ပက္ကာမိ သတ္ထော အနုမောဒမာနော, ယက္ခိဒ္ဓိယာ အနုမတော ပုနပ္ပုနံ။
၆၅၄။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟု (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်ပြီးလျှင် ကုန်သည်အပေါင်းသည် သေရီသကနတ်သား ခွင့်ပြု အပ်သည်ဖြစ်၍ နတ်သား၏တန်ခိုးအာနုဘော်ကို အဖန်တလဲလဲ ဝမ်းမြောက်ကုန်လျက် ဖဲသွား လေ၏။
၆၅၅။ ဂန္တွာန တေ သိန္ဓုသောဝီရဘူမိံ, ဓနတ္ထိကာ ဥဒ္ဒယံ [ဥဒယ (ပီ။ က။)] ပတ္ထယာနာ၊
ယထာပယောဂါ ပရိပုဏ္ဏလာဘာ, ပစ္စာဂမုံ ပါဋလိပုတ္တမက္ခတံ။
၆၅၅။ ထိုကုန်သည်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် သိန္ဓုအရပ်သောဝီရအရပ်သို့ သွားရောက်ကြကုန်ပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိကုန် လျက် ပြည့်စုံသော လာဘ်ရှိကုန်၍ ပါဋလိပုတ်ပြည်သို့ ဘေးမရှိဘဲ ပြန်သွားကြလေကုန်၏။
၆၅၆။ ဂန္တွာန တေ သံဃရံ သောတ္ထိဝန္တော, ပုတ္တေဟိ ဒါရေဟိ သမင်္ဂိဘူတာ၊
အာနန္ဒီ ဝိတ္တာ သုမနာ ပတီတာ, အကံသု သေရီသမဟံ ဥဠာရံ၊
သေရီသကံ တေ ပရိဝေဏံ မာပယိံသု။
၆၅၆။ ထိုကုန်သည်တို့သည် ချမ်းချမ်းသာသာ မိမိအိမ်သို့ ရောက်ကြသောအခါ သားသမီးတို့နှင့်လည်းကောင်း၊ မယားတို့နှင့်လည်းကောင်း ပေါင်းဆုံမိကြပြီးလျှင် အားရရွှင်လန်းဝမ်းမြောက်နှစ်သက်ကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသကနတ်ပူဇော်ပွဲသဘင်ကို ပြုကြ ကုန်၏၊ ထိုကုန်သည်တို့သည် သေရီသကနတ်ကွန်းကို ဆောက်လုပ်ကြကုန်၏။
၆၅၇။ ဧတာဒိသာ သပ္ပုရိသာန သေဝနာ, မဟတ္ထိကာ ဓမ္မဂုဏာန သေဝနာ၊
ဧကဿ အတ္ထာယ ဥပါသကဿ, သဗ္ဗေဝ သတ္တာ သုခိတာ [သုခိနော (ပီ။ က။)] အဟေသုန္တိ။
သေရီသကပေတဝတ္ထု ဒုတိယံ။
ဘာဏဝါရံ တတိယံ နိဋ္ဌိတံ။
၆၅၇။ သူတော်ကောင်းတို့ကို မှီဝဲပေါင်းဖော်ရခြင်းသည် ဤသို့ (အကျိုးမဲ့ကို တားမြစ်ခြင်း အကျိုးကို ပြီးစေခြင်း) သဘော ရှိ၏၊ တရားတော်၏ ကျေးဇူးတို့ကို မှီဝဲဲခြင်းသည် များမြတ်သော အကျိုးအာနိသင် ရှိ၏၊ ဥပါသကာတစ်ယောက်၏ အကျိုးငှါ ချီးမြှောက်ခြင်းကို ပြုသဖြင့် သတ္တဝါအားလုံးတို့ ချမ်းသာခြင်းသို့ ရောက်ကြကုန်၏။ နှစ်ခုမြောက်သော သေရီသကပေတဝတ္ထု ပြီး၏။ တတိယဘာဏဝါရ ပြီး၏။ ၃-နန္ဒကပေတဝတ္ထု ရှေးဘဝက မိစ္ဆာဝါဒကို ယူမိသဖြင့် တောနက်အတွင်း ပညောင်ပင်၌ ပြိတ္တာဖြစ်နေရာပိင်္ဂလမင်းနှင့်အတွေ့တွင် အဖြစ်အပျက်အလုံးစုံကို ပြန်ကြား မကြာမီငရဲသို့ လားရဦးမည့် အရေးတွေးတောစိုးရိမ်နေဆဲ သမီးဖြစ်သူက လှူဒါန်းအမျှဝေသဖြင့် ဝေဿဝဏ်နတ်မင်း ကြီးအလားချမ်းသာခံစားရသော ရုက္ခဇိ်ုဝ်းပြိတ္တာ
၃။ နန္ဒကပေတဝတ္ထု
၆၅၈။ ရာဇာ ပိင်္ဂလကော နာမ, သုရဋ္ဌာနံ အဓိပတိ အဟု၊
မောရိယာနံ ဥပဋ္ဌာနံ ဂန္တွာ, သုရဋ္ဌံ ပုနရာဂမာ။
၆၅၈။ သုရဋ္ဌတိုင်း၏ အရှင်ဖြစ်သော ပိင်္ဂလကမည်သော မင်းသည် မောရိယမင်းတို့အား ခစားရန်သွားပြီးလျှင် သုရဋ္ဌတိုင်းသို့ တစ်ဖန် ပြန်လာခဲ့ပြီ။
၆၅၉။ ဥဏှေ မဇ္ဈနှိကေ [မဇ္ဈန္တိကေ (သဗ္ဗတ္ထ)] ကာလေ, ရာဇာ ပင်္ကံ [ဝင်္ကံ (က။)] ဥပါဂမိ၊
အဒ္ဒသ မဂ္ဂံ ရမဏီယံ, ပေတာနံ တံ ဝဏ္ဏုပထံ [ဝဏ္ဏနာပထံ (သီ။ သျာ။)]။
၆၅၉။ ပိင်္ဂလကမင်းသည် မွန်းတည့်ချိန် နေပူပြင်းသောအခါဝယ် နူးညံ့သော မြေအပြင်သို့ချဥ်းကပ်မိလေသော် ပြိတ္တာတို့ ဖန်ဆင်းအပ်သော မွေ့လျော်ဖွယ်ရာ သဲမြေလမ်းခရီးကို မြင်လေပြီ။
၆၆၀။ သာရထိံ အာမန္တယီ ရာဇာ –
‘‘အယံ မဂ္ဂေါ ရမဏီယော, ခေမော သောဝတ္ထိကော သိဝေါ၊
ဣမိနာ သာရထိ ယာမ, သုရဋ္ဌာနံ သန္တိကေ ဣတော’’။
၆၆၀။ ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို “ဤလမ်းခရီးသည် မွေ့လျော်ဖွယ် ရှိ၏၊ ဘေးမရှိမူ၍ ချမ်းသာသည်၏အဖြစ်ကို ရွက်ဆောင်တတ်၏၊ ဥပဒ္ဒဝေါ မရှိ၊ ရထားထိန်း ဤလမ်းခရီးဖြင့် ဤအရပ်မှသုရဋ္ဌတိုင်းသို့ သွားကြကုန်အံ့”ဟု မိန့်ဆို၏။
၆၆၁။ တေန ပါယာသိ သောရဋ္ဌော, သေနာယ စတုရင်္ဂိနိယာ၊
ဥဗ္ဗိဂ္ဂရူပေါ ပုရိသော, သောရဋ္ဌံ ဧတဒဗြဝိ။
၆၆၁။ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်နှင့်တကွ (ပြိတ္တာ ဖန်ဆင်းသော) ခရီးဖြင့် သွားလေ၏၊ (ထိုအခါ) နောက်ပါ ယောကျာ်းတစ်ယောက်သည် ထိတ် လန့်သော သဘောရှိသည်ဖြစ်၍ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းအား ဤစကားကို လျှောက်၏။
၆၆၂။ ‘‘ကုမ္မဂ္ဂံ ပဋိပန္နမှာ, ဘိံသနံ လောမဟံသနံ၊
ပုရတော ဒိဿတိ မဂ္ဂေါ, ပစ္ဆတော စ န ဒိဿတိ။
၆၆၂။ “အရှင်မင်းမြတ် အကျွန်ုပ်တို့သည် ကြောက်မက်ဖွယ် ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်း ထစေနိုင်လောက်သော ခရီးမှားကို သွားနေကြပါကုန်၏၊ ရှေ့ (သွားရမည့်) ခရီးကို သာတွေ့မြင်ရပါ၏၊ နောက် (သွားပြီး) ခရီးကို မူကား မတွေ့မြင်ရပါ။
၆၆၃။ ‘‘ကုမ္မဂ္ဂံ ပဋိပန္နမှာ, ယမပုရိသာန သန္တိကေ၊
အမာနုသော ဝါယတိ ဂန္ဓော, ဃောသော သုယျတိ [သူယတိ (သီ။ သျာ။)] ဒါရုဏော’’။
၆၆၃။ အကျွန်ုပ်တို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြပါကုန်၏၊ ပြိတ္တာတို့၏ကိုယ်နံ့သည် လှိုင်ပါ၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရပါကုန်၏”ဟု (လျှောက်၏)။
၆၆၄။ သံဝိဂ္ဂေါ ရာဇာ သောရဋ္ဌော, သာရထိံ ဧတဒဗြဝိ၊
‘‘ကုမ္မဂ္ဂံ ပဋိပန္နမှာ, ဘိံသနံ လောမဟံသနံ၊
ပုရတော ဒိဿတိ မဂ္ဂေါ, ပစ္ဆတော စ န ဒိဿတိ။
၆၆၄။ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ထိတ်လန့်ရကား ရထားထိန်းအား ဤစကားကို ဆို၏၊ “ရထားထိန်း ငါတို့သည် ကြောက်မက်ဖွယ် ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်းထစေနိုင်လောက်သော ခရီးမှားကို သွားနေကြကုန်၏၊ ရှေ့ (သွားရမည့်) ခရီးကို သာ တွေ့မြင်ရ၏၊ နောက် (သွားပြီး) ခရီးကို မူကား မတွေ့မြင်ရပေ။
၆၆၅။ ‘‘ကုမ္မဂ္ဂံ ပဋိပန္နမှာ, ယမပုရိသာန သန္တိကေ၊
အမာနုသော ဝါယတိ ဂန္ဓော, ဃောသော သုယျတိ ဒါရုဏော’’။
၆၆၅။ ငါတို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြကုန်၏၊ ပြိတ္တာတို့၏ ကိုယ်နံ့သည်လှိုင်၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရကုန်၏”ဟု (ဆို၏)။
၆၆၆။ ဟတ္ထိက္ခန္ဓံ သမာရုယှ, ဩလောကေန္တော စတုဒ္ဒိသံ [စတုဒ္ဒိဿာ (က။)]၊
အဒ္ဒသ နိဂြောဓံ ရမဏီယံ [ရုက္ခံ နိဂြောဓံ (သျာ။ က။)], ပါဒပံ ဆာယာသမ္ပန္နံ၊
နီလဗ္ဘဝဏ္ဏသဒိသံ, မေဃဝဏ္ဏသိရီနိဘံ။
၆၆၆။ ထိုပိင်္ဂလကမင်းသည် ဆင်၏ ကျောက်ကုန်းသို့ တက်၍ အရပ်လေးမျက်နှာကို ကြည့်သော်မွေ့လျော်ဖွယ်ရှိ၍ အရိပ်နှင့် ပြည့်စုံသော တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန်ထင်ရသော ပညောင်ပင်ကို မြင်ရလေပြီ။
၆၆၇။ သာရထိံ အာမန္တယီ ရာဇာ, ‘‘ကိံ ဧသော ဒိဿတိ ဗြဟာ၊
နီလဗ္ဘဝဏ္ဏသဒိသော, မေဃဝဏ္ဏသိရီနိဘော’’။
၆၆၇။ ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို “တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန်ထင်ရသော ကျယ်ပြန့်သော ဤသစ်ပင်သည် အဘယ်သစ်ပင်နည်း”ဟု မိန့် ဆို၏။
၆၆၈။ ‘‘နိဂြောဓော သော မဟာရာဇ, ပါဒပေါ ဆာယာသမ္ပန္နော၊
နီလဗ္ဘဝဏ္ဏသဒိသော, မေဃဝဏ္ဏသိရီနိဘော’’။
၆၆၈။ မြတ်သော မင်းကြီး အရိပ်နှင့်ပြည့်စုံ၍ တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ်အဆင်း သဏ္ဌာန်ထင်ရသော ထိုသစ်ပင်သည် ပညောင်ပင်ပါတည်း (ဟု ရထားထိန်းက လျှောက်၏)။
၆၆၉။ တေန ပါယာသိ သောရဋ္ဌော, ယေန သော ဒိဿတေ ဗြဟာ၊
နီလဗ္ဘဝဏ္ဏသဒိသော, မေဃဝဏ္ဏသိရီနိဘော။
၆၆၉။ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ်အဆင်း သဏ္ဌာန်ထင်ရသော ကျယ်ပြန့်သော ထိုပညောင်ပင်ရှိရာ အရပ်သို့ သွားလေပြီ။
၆၇၀။ ဟတ္ထိက္ခန္ဓတော ဩရုယှ, ရာဇာ ရုက္ခံ ဥပါဂမိ၊
နိသီဒိ ရုက္ခမူလသ္မိံ, သာမစ္စော သပရိဇ္ဇနော၊
ပူရံ ပါနီယသရကံ, ပူဝေ ဝိတ္တေ စ အဒ္ဒသ။
၆၇၀။ ပိင်္ဂလကမင်းသည် ဆင်ကျောက်ကုန်းမှ ဆင်းသက်၍ ပညောင်ပင်အနီးသို့ ချဥ်းကပ် ပြီးလျှင် မှူးမတ်ခြွေရံပရိသတ်နှင့်တကွ ပညောင်ပင်အနီး၌ ထိုင်သည်ရှိသော် ရေဖြင့်ပြည့်သော သောက်ရေခွက်ကိုလည်းကောင်း, နှစ်သက်ဖွယ်သော မုန့်တို့ကိုလည်းကောင်း တွေ့မြင်ရလေပြီ။
၆၇၁။ ပုရိသော စ ဒေဝဝဏ္ဏီ, သဗ္ဗာဘရဏဘူသိတော၊
ဥပသင်္ကမိတွာ ရာဇာနံ, သောရဋ္ဌံ ဧတဒဗြဝိ။
၆၇၁။ နတ်၏ အဆင်းသဏ္ဌာန်နှင့်တူသော သဏ္ဌာန်ရှိသော ခပ်သိမ်းသော အဆင်တန်ဆာ တို့ဖြင့့်တန်ဆာဆင်အပ်သော ယောကျာ်းသည်လည်း သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသို့ ချဥ်းကပ်၍ -
၆၇၂။ ‘‘သွာဂတံ တေ မဟာရာဇ, အထော တေ အဒုရာဂတံ၊
ပိဝတု ဒေဝေါ ပါနီယံ, ပူဝေ ခါဒ အရိန္ဒမ’’။
၆၇၂။ “မြတ်သော မင်းကြီး သင်၏လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါ၏၊ သင်၏လာခြင်းသည် မကောင်းသဖြင့် လာခြင်း မဟုတ်ပါ၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် မင်းမြတ်သည် သောက်ရေကို သောက်တော်မူပါ၊ မုန့်ကိုလည်း ခဲစားတော်မူပါ”ဟူသော ဤ စကားကို လျှောက်၏။
၆၇၃။ ပိဝိတွာ ရာဇာ ပါနီယံ, သာမစ္စော သပရိဇ္ဇနော၊
ပူဝေ ခါဒိတွာ ပိတွာ စ, သောရဋ္ဌော ဧတဒဗြဝိ။
၆၇၃။ သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလကမင်းသည် မှူးမတ်ခြွေရံပရိသတ်နှင့်တကွ သောက်ရေကိုသောက်၍ လည်းကောင်း, မုန့်တို့ကို စား၍ လည်းကောင်း ပြီးဆုံးပြီးနောက်-
၆၇၄။ ‘‘ဒေဝတာ နုသိ ဂန္ဓဗ္ဗော, အဒု သက္ကော ပုရိန္ဒဒေါ၊
အဇာနန္တာ တံ ပုစ္ဆာမ, ကထံ ဇာနေမု တံ မယ’’န္တိ။
၆၇၄။ “သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသလော၊ သို့မဟုတ်ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ မသိကုန်သည်ဖြစ်၍ သင့်ကို မေးကြကုန်၏၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရကုန်အံ့နည်း”ဟူသော ဤ စကားကို ဆို၏။
၆၇၅။ ‘‘နာမှိ ဒေဝေါ န ဂန္ဓဗ္ဗော, နာပိ [နမှိ (က။)] သက္ကော ပုရိန္ဒဒေါ၊
ပေတော အဟံ မဟာရာဇ, သုရဋ္ဌာ ဣဓ မာဂတော’’တိ။
၆၇၅။ မင်းမြတ် အကျွန်ုပ်သည် စာတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌ အလှူကို ပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ မင်းမြတ် အကျွန်ုပ် သည် သုရဋ္ဌတိုင်းမှ ဤပညောင်ပင်သို့ ပဋိသန္ဓေအားဖြင့် ရောက်လာသော ပြိတ္တာ ဖြစ်ပါ၏ဟု (ပြိတ္တာက ပြော၏)။
၆၇၆။ ‘‘ကိံသီလော ကိံသမာစာရော, သုရဋ္ဌသ္မိံ ပုရေ တုဝံ၊
ကေန တေ ဗြဟ္မစရိယေန, အာနုဘာဝေါ အယံ တဝါ’’တိ။
၆၇၆။ နတ်သား ရှေးဘဝက သုရဋ္ဌတိုင်း၌ နေသော သင်သည် အဘယ်သို့သော သီလရှိပါသနည်း၊ အဘယ်သို့သော ကောင်းသောအကျင့် ရှိသနည်း၊ သင်၏ အဘယ်သို့သော မြတ်သော အကျင့်ကြောင့် ဤအာနုဘော်သည် သင့်အား ဖြစ်သနည်းဟု (ပိင်္ဂလကမင်းက မေး၏)။
၆၇၇။ ‘‘တံ သုဏောဟိ မဟာရာဇ, အရိန္ဒမ ရဋ္ဌဝဍ္ဎန၊
အမစ္စာ ပါရိသဇ္ဇာ စ, ဗြာဟ္မဏော စ ပုရောဟိတော။
၆၇၇။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ အမတ်တို့သည်လည်းကောင်း, အလုပ်အကျွေးတို့သည် လည်းကောင်း, ပုရောဟိတ်ပုဏ္ဏားသည်လည်းကောင်း နာတော်မူကြပါကုန်။
၆၇၈။ ‘‘သုရဋ္ဌသ္မိံ အဟံ ဒေဝ, ပုရိသော ပါပစေတသော၊
မိစ္ဆာဒိဋ္ဌိ စ ဒုဿီလော, ကဒရိယော ပရိဘာသကော။
၆၇၈။ မင်းမြတ် အကျွန်ုပ်သည် သုရဋ္ဌတိုင်း၌ ယုတ်ညံ့သော စိတ်ရှိသူယောကျာ်း ဖြစ် ခဲ့ပါ၏၊ မိစ္ဆာအယူရှိခဲ့ပါ၏၊ သီလ မရှိခဲ့ပါ၊ နှမြောဝန်တိုသောသူ ဖြစ်ခဲ့ပါ၏၊ (ရဟန်း သူတော်ကောင်းတို့ကို) ဆဲရေးတတ်သူ ဖြစ်ခဲ့ပါ၏။
၆၇၉။ ‘‘‘ဒဒန္တာနံ ကရောန္တာနံ, ဝါရယိဿံ ဗဟုဇ္ဇနံ၊
အညေသံ ဒဒမာနာနံ, အန္တရာယကရော အဟံ။
၆၇၉။ အကျွန်ုပ်သည် အလှူဒါန ပေးလှူသောသူတို့ကိုလည်းကောင်း၊ ကုသိုလ်ကောင်းမှုပြုသောသူတို့ကိုလည်းကောင်း တားမြစ်ဖူးပါ၏၊ အလှူကို ပေးလှူကြမည့် တစ်ပါးသောသူတို့၏ အန္တရာယ်ကို ပြုသည်ဖြစ်၍ လူအများကို တားမြစ်ခဲ့ပါ၏။
၆၈၀။ ‘‘‘ဝိပါကော နတ္ထိ ဒါနဿ, သံယမဿ ကုတော ဖလံ၊
နတ္ထိ အာစရိယော နာမ, အဒန္တံ ကော ဒမေဿတိ။
၆၈၀။ အလှူဒါန၏ အကျိုးသည် မရှိ၊ စောင့်စည်းမှု ‘သီလ’၏အကျိုးသည် အဘယ်မှာ ရှိအံ့နည်း၊ ဆရာမည်သည် မရှိ၊ မယဥ်ကျေးသူကို အဘယ်သူသည် ဆုံးမလတ္တံ့နည်း။
၆၈၁။ ‘‘‘သမတုလျာနိ ဘူတာနိ, ကုတော [ကုလေ (သျာ။ က။)] ဇေဋ္ဌာပစာယိကော၊
နတ္ထိ ဗလံ ဝီရိယံ ဝါ, ကုတော ဥဋ္ဌာနပေါရိသံ။
၆၈၁။ သတ္တဝါတို့သည် အညီအညွတ် တူမျှကုန်၏၊ အမျိုး၌ ကြီးသူတို့အား လုပ်ကျွေးခြင်း ကုသိုလ်ကံသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ အရဟတ္တဖိုလ်တိုင်အောင် ရောက်ကြောင်း ရကြောင်းဖြစ်သော ခွန်အားသည်လည်းကောင်း၊ လုံ့လသည်လည်းကောင်း မရှိ၊ ယောကျာ်းတို့၏ ထကြွလုံ့လဖြင့် ရောက်အပ်သော အကျိုးကား အဘယ်မှာ ရှိအံ့နည်း။
၆၈၂။ ‘‘‘နတ္ထိ ဒါနဖလံ နာမ, န ဝိသောဓေတိ ဝေရိနံ၊
လဒ္ဓေယျံ လဘတေ မစ္စော, နိယတိပရိဏာမဇံ [ပရိဏာမဇာ (သီ။ က။)]။
၆၈၂။ အလှူ၏ အကျိုးမည်သည် မရှိ၊ ပါဏာတိပါတစသော မကောင်းမှုရှိသော ပုဂ္ဂိုလ်ကို ဒါနသီလစသော အကျင့်က မစင်ကြယ်စေနိုင်၊ သတ္တဝါသည် (ရအပ်သော ချမ်းသာဆင်းရဲကို ရသည်ရှိသော်) ဖြစ်မြဲတိုင်း ဓမ္မတာ၏ အထူးထူး အပြားပြားအားဖြင့်ဖြစ်သော ရသင့်ရထိုက်သော ချမ်းသာဆင်းရဲကို ရ၏၊ (ကုသိုလ် အကုသိုလ်ကံကို ပြုခြင်းကြောင့် ရသည် မဟုတ်)။
၆၈၃။ ‘‘‘နတ္ထိ မာတာ ပိတာ ဘာတာ, လောကော နတ္ထိ ဣတော ပရံ၊
နတ္ထိ ဒိန္နံ နတ္ထိ ဟုတံ, သုနိဟိတံ န ဝိဇ္ဇတိ။
၆၈၃။ အမိ, အဖ, အစ်ကိုတို့၌ ကောင်းစွာ လုပ်ကျွေးမှုနှင့် ကောင်းစွာ မလုပ်ကျွေးမှုတို့၏ အကျိုးအပြစ် မရှိ၊ ဤပစ္စုပ္ပန်လောကမှ တစ်ပါးသော တမလွန်လောက မရှိ၊ အလှူကြီး၏ အကျိုးသည်မရှိ၊ ပူဇော်သက္ကာရ၏ အကျိုးသည် မရှိ၊ သူတော်ကောင်းတို့အား ပေးလှူသည်၏ အစွမ်းဖြင့် သိုမှီးမြှုပ်နှံထားအပ်သော ကောင်းမှုသည် မရှိ။
၆၈၄။ ‘‘‘ယောပိ ဟနေယျ ပုရိသံ, ပရဿ ဆိန္ဒတေ [ပုရိသဿ ဆိန္ဒေ (သျာ။ က။)] သိရံ၊
န ကောစိ ကဉ္စိ ဟနတိ, သတ္တန္နံ ဝိဝရမန္တရေ။
၆၈၄။ အကြင်သူသည် သတ္တဝါကို သတ်စေကာမူ, တစ်ပါးသော သတ္တဝါ၏ ဦးခေါင်းကို ဖြတ်စေကာမူ (ပရမတ္ထအားဖြင့်) တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ယောက်သောသူကို သတ်သည် မမည်၊ ပထဝီကာယစသော ခုနစ်ပါးသော ကာယတို့၏ အပေါက်အကြား၌ (ဓားလက်နက်သည် ဝင်၏)။
၆၈၅။ ‘‘‘အစ္ဆေဇ္ဇာဘေဇ္ဇော ဟိ [ဘေဇ္ဇော (သီ။), အဘေဇ္ဇော (သျာ။), ဘေဇ္ဇာသိ (က။)] ဇီဝေါ, အဋ္ဌံသော ဂုဠပရိမဏ္ဍလော၊
ယောဇနာနံ သတံ ပဉ္စ, ကော ဇီဝံ ဆေတ္တုမရဟတိ။
၆၈၅။ အသက် ‘ဇီဝအတ္တ’ကို မဖြတ် မခွဲနိုင်သည်သာတည်း၊ အသက်ဇီဝသည် ရံခါရှစ်မြှောင့် ရှိ၏၊ ရံခါ အလုံးအခဲ အဝန်းအဝိုင်း ဖြစ်၏၊ ယူဇနာငါးရာ မြင့်၏၊ အဘယ်သူသည် အသက် ဇီဝကို ဖြတ်ခြင်းငှါ စွမ်းနိုင်ပါအံ့နည်း။
၆၈၆။ ‘‘‘ယထာ သုတ္တဂုဠေ ခိတ္တေ, နိဗ္ဗေဌေန္တံ ပလာယတိ၊
ဧဝမေဝ စ သော ဇီဝေါ, နိဗ္ဗေဌေန္တော ပလာယတိ။
၆၈၆။ ချည်လုံးကို ပစ်အပ်သည်ရှိသော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားသကဲ့သို့ ဤအတူ ထိုအသက်ဇီဝသည် (အတ္တဘောတည်းဟူသော ချည်လုံးကို မဟာကပ်) ရှစ်သန်း လေးသိန်းပတ်လုံး ပြေစေလျက် ပြေးသွား၏။
၆၈၇။ ‘‘‘ယထာ ဂါမတော နိက္ခမ္မ, အညံ ဂါမံ ပဝိသတိ၊
ဧဝမေဝ စ သော ဇီဝေါ, အညံ ဗောန္ဒိံ ပဝိသတိ။
၆၈၇။ တစ်စုံတစ်ယောက်သောသူသည် မိမိရွာမှ ထွက်၍ အခြားသော ရွာသို့ ဝင်သကဲ့သို့ ဤအတူပင်ထိုအသက်ဇီဝသည် အခြားသော ကိုယ်‘အတ္တဘော’သို့ ဝင်၏။
၆၈၈။ ‘‘‘ယထာ ဂေဟတော နိက္ခမ္မ, အညံ ဂေဟံ ပဝိသတိ၊
ဧဝမေဝ စ သော ဇီဝေါ, အညံ ဗောန္ဒိံ ပဝိသတိ။
၆၈၈။ တစ်စုံတစ်ယောက်သောသူသည် မိမိအိမ်မှ ထွက်၍ အခြားအိမ်သို့ ဝင်သကဲ့သို့ ဤအတူထိုအသက်ဇီဝသည် အခြားသော ကိုယ်‘အတ္တဘော’သို့ ဝင်၏။
၆၈၉။ ‘‘‘စုလ္လာသီတိ [စုဠာသီတိ (သီ။ သျာ။ က။)] မဟာကပ္ပိနော [မဟာကပ္ပုနော (သီ။)], သတသဟဿာနိ ဟိ၊
ယေ ဗာလာ ယေ စ ပဏ္ဍိတာ, သံသာရံ ခေပယိတွာန၊
ဒုက္ခဿန္တံ ကရိဿရေ။
၆၈၉။ မဟာကပ်ရှစ်သန်းလေးသိန်းတို့သည် (သံသရာ၏ အတိုင်းအရှည်တည်း)၊ လူမိုက်တို့သည်လည်းကောင်း၊ ပညာရှိတို့သည်လည်းကောင်း ဆိုခဲ့ပြီးအပိုင်းအခြားရှိသော သံသရာကို ကုန်စေ၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လတ္တံ့။
၆၉၀။ ‘‘‘မိတာနိ သုခဒုက္ခာနိ, ဒေါဏေဟိ ပိဋကေဟိ စ၊
ဇိနော သဗ္ဗံ ပဇာနာတိ’, သမ္မူဠှာ ဣတရာ ပဇာ။
၆၉၀။ (နှမ်းဆန်စသည်တို့ကို) စရွတ်တို့ဖြင့်လည်းကောင်း၊ တောင်းတို့ဖြင့်လည်းကောင်း (နှိုင်းယှဥ်အပ်ကုန်သကဲ့သို့) သတ္တဝါတို့၏ သုခဒုက္ခတို့ကို (ဆိုအပ်ပြီးသော ရှစ်သန်းလေးသိန်းအတိုင်းအရှည် ရှိသော ကာလဖြင့်) နှိုင်းယှဥ်အပ်ကုန်၏၊ ဇိနဘုံ၌တည်သော ပညာရှိသည် အလုံးစုံကို အပြားအားဖြင့် သိ၏၊ တစ်ပါးသော သတ္တဝါအပေါင်းသည် ပြင်းစွာ တွေဝေ၏။
၆၉၁။ ‘‘ဧဝံဒိဋ္ဌိ ပုရေ အာသိံ, သမ္မူဠှော မောဟပါရုတော၊
မိစ္ဆာဒိဋ္ဌိ စ ဒုဿီလော, ကဒရိယော ပရိဘာသကော။
၆၉၁။ မင်းမြတ် အကျွန်ုပ်သည် ရှေးက ဤသို့ မှားသောအယူ ရှိခဲ့ပါ၏၊ မောဟဖုံးလွှမ်းအပ်သည်ဖြစ်၍ ပြင်းစွာ တွေဝေခဲ့ပါ၏၊ မှားသောအယူလည်း ရှိခဲ့ပါ၏၊ သီလလည်း မရှိခဲ့ပါ၊ နှမြောဝန်တိုခဲ့ပါ၏၊ (ရဟန်း သူတော်ကောင်းတို့ကို) ဆဲရေးခဲ့ပါ၏။
၆၉၂။ ‘‘ဩရံ မေ ဆဟိ မာသေဟိ, ကာလင်္ကိရိယာ ဘဝိဿတိ၊
ဧကန္တကဋုကံ ဃောရံ, နိရယံ ပပတိဿဟံ။
၆၉၂-၃။ မင်းမြတ် ခြောက်လမလွန်မီ အကျွန်ုပ်အား သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ပုံစံတူဖြစ်သော သံတံတိုင်း ကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါ လိမ့်မည်။
၆၉၃။ [ပေ။ ဝ။ ၇၀] ‘‘စတုက္ကဏ္ဏံ စတုဒွါရံ, ဝိဘတ္တံ ဘာဂသော မိတံ၊
အယောပါကာရပရိယန္တံ, အယသာ ပဋိကုဇ္ဇိတံ။
၆၉၄။ [ပေ။ ဝ။ ၇၁] ‘‘တဿ အယောမယာ ဘူမိ, ဇလိတာ တေဇသာ ယုတာ၊
သမန္တာ ယောဇနသတံ, ဖရိတွာ တိဋ္ဌတိ သဗ္ဗဒါ။
၆၉၄။ ထိုငရဲ၏ မြေကြီးသည်ကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ပတ်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍ တည်၏။
၆၉၅။ ‘‘ဝဿာနိ သတသဟဿာနိ, ဃောသော သုယျတိ တာဝဒေ၊
လက္ခော ဧသော မဟာရာဇ, သတဘာဂဝဿကောဋိယော။
၆၉၅။ မင်းမြတ် (ထိုအဝီစိငရဲကြီး၏ မီးလျှံသည် ထက်ဝန်းကျင်မှ ထွက်၍) အနှစ် တစ်သိန်းမျှလွန်သည်ရှိသော် ထိုခဏ၌ (အဝီစိ၌ ခံရသော သင်တို့အား အနှစ်တစ်သိန်း လွန်ပြီဟူသော) ကြွေးကြော်သံကို ကြားရ၏၊ အကြင်နှစ်တို့၏ ကုဋေတစ်သိန်း အတိုင်း အရှည်ရှိသော အဖို့တို့သည် ရှိကုန်၏၊ ဤအဖို့တို့သည် (ငရဲသူတို့၏) အသက်အပိုင်းအခြား တည်း။
၆၉၆။ ‘‘ကောဋိသတသဟဿာနိ, နိရယေ ပစ္စရေ ဇနာ၊
မိစ္ဆာဒိဋ္ဌီ စ ဒုဿီလာ, ယေ စ အရိယူပဝါဒိနော။
၆၉၆။ မင်းမြတ် အကြင်သတ္တဝါတို့သည် မိစ္ဆာအယူ ရှိကုန်၏၊ သီလ မရှိကုန်၊ ဘုရား စသော အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ ထိုသတ္တဝါတို့သည် အနှစ်ကုဋေတစ်သိန်းတို့ပတ်လုံး အဝီစိငရဲ၌ ကျက်ရကုန်၏။
၆၉၇။ ‘‘တတ္ထာဟံ ဒီဃမဒ္ဓါနံ, ဒုက္ခံ ဝေဒိဿ ဝေဒနံ၊
ဖလံ ပါပဿ ကမ္မဿ, တသ္မာ သောစာမဟံ ဘုသံ။
၆၉၇။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုး ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရလတ္တံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။
၆၉၈။ ‘‘တံ သုဏောဟိ မဟာရာဇ, အရိန္ဒမ ရဋ္ဌဝဍ္ဎန၊
ဓီတာ မယှံ မဟာရာဇ, ဥတ္တရာ ဘဒ္ဒမတ္ထု တေ။
၆၉၈။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ သင်မင်းမြတ်အား ကောင်းသော အကျိုးစီးပွါး ဖြစ်ပါစေ၊ မင်းမြတ်အကျွန်ုပ်၏သမီး ဥတ္တရာသည်-
၆၉၉။ ‘‘ကရောတိ ဘဒ္ဒကံ ကမ္မံ, သီလေသုပေါသထေ ရတာ၊
သညတာ သံဝိဘာဂီ စ, ဝဒညူ ဝီတမစ္ဆရာ။
၆၉၉။ ကောင်းမြတ်သော ကုသိုလ်ကံကို ပြုပါ၏၊ နိစ္စသီလ၌လည်းကောင်း, ဥပုသ်သီလ၌လည်းကောင်းမွေ့လျော်ပါ၏၊ မကောင်းမှုမှ စောင့်စည်းပါ၏၊ ပေးကမ်းလှူဒါန်းခြင်းလည်း ရှိပါ၏၊ တောင်းရမ်းပြောဆိုသော စကားကို သိတတ်ပါ၏၊ ဝန်တိုမှု ‘မစ္ဆရိယ’ ကင်းပါ၏။
၇၀၀။ ‘‘အခဏ္ဍကာရီ သိက္ခာယ, သုဏှာ ပရကုလေသု စ၊
ဥပါသိကာ သကျမုနိနော, သမ္ဗုဒ္ဓဿ သိရီမတော။
၇၀၀။ သီလသိက္ခာ၌ မကျိုးမပေါက်အောင် ပြုလေ့ရှိပါ၏၊ သူတစ်ပါးအိမ်တို့၌ ချွေးမလည်း ဖြစ်ပါ၏၊ တရားအားလုံးကို အလိုလိုသိတော်မူသော ဘုန်းကျက်သရေရှိတော်မူသော မြတ်စွာ ဘုရား၏ ဥပါသိကာမလည်း ဖြစ်ပါ၏။
၇၀၁။ ‘‘ဘိက္ခု စ သီလသမ္ပန္နော, ဂါမံ ပိဏ္ဍာယ ပါဝိသိ၊
ဩက္ခိတ္တစက္ခု သတိမာ, ဂုတ္တဒွါရော သုသံဝုတော။
၇၀၁။ မင်းမြတ် ချထားသော မျက်လွှာရှိသည်ဖြစ်၍ (ရှေ့သို့တက်ခြင်းစသည်တို့၌) သတိနှင့် ပြည့်စုံလျက် ဣန္ဒြေတို့၌ စောင့်အပ်သော တံခါးရှိသည်ဖြစ်၍ စောင့်သုံးအပ်သော ကိုယ် နှုတ် နှလုံးရှိသော သီလနှင့်ပြည့်စုံသည့် ရဟန်းသည်လည်း ရွာတွင်းသို့ ဆွမ်းခံဝင်တော်မူပါ၏။
၇၀၂။ ‘‘သပဒါနံ စရမာနော, အဂမာ တံ နိဝေသနံ၊
‘တမဒ္ဒသ မဟာရာဇ, ဥတ္တရာ ဘဒ္ဒမတ္ထု တေ’။
၇၀၂။ မင်းမြတ် အိမ်စဥ်အတိုင်း ဆွမ်းခံလှည့်လည်သော ထိုရဟန်းသည် အကျွန်ုပ်၏ သမီးဖြစ်သော ဥတ္တရာ၏ အိမ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်၏သမီး ဥတ္တရာသည် ထိုရဟန်းကို မြင်လေ၏၊ အရှင်ဘုရား အရှင်ဘုရားအား ကောင်းခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်းဟု (ဆို၍) -
၇၀၃။ ‘‘ပူရံ ပါနီယသရကံ, ပူဝေ ဝိတ္တေ စ သာ အဒါ၊
‘ပိတာ မေ ကာလင်္ကတော, ဘန္တေ တဿေတံ ဥပကပ္ပတု’။
၇၀၃။ ထိုဥတ္တရာသည် ရေပြည့်သောသောက်ရေခွက်ကိုလည်းကောင်း, နှစ်သက်ဖွယ်သော မုန့်တို့ကိုလည်းကောင်း (ထိုရဟန်းအား) ပေးလှူ၏၊ အရှင်ဘုရား အကျွန်ုပ်၏ အဖသည် သေလွန်သည်ဖြစ်၍ ဤအလှူသည် ထိုသေလွန်သော အဖအား ကပ်ရောက်ပါစေသတည်းဟု အမျှဝေပါ၏)။
၇၀၄။ ‘‘သမနန္တရာနုဒ္ဒိဋ္ဌေ, ဝိပါကော ဥဒပဇ္ဇထ၊
ဘုဉ္ဇာမိ ကာမကာမီဟံ, ရာဇာ ဝေဿဝဏော ယထာ။
၇၀၄။ မင်းမြတ် အမျှဝေသည်၏ အခြားမဲ့၌ အကျိုးဖြစ်ပေါ်လာတော့၏၊ ဝေဿဝဏ်နတ် မင်းကြီးကဲ့သို့ အလိုရှိအပ်သော စည်းစိမ်တို့ကို အလိုရှိတိုင်း သုံးဆောင်ရ၏။
၇၀၅။ ‘‘တံ သုဏောဟိ မဟာရာဇ, အရိန္ဒမ ရဋ္ဌဝဍ္ဎန၊
သဒေဝကဿ လောကဿ, ဗုဒ္ဓေါ အဂ္ဂေါ ပဝုစ္စတိ၊
တံ ဗုဒ္ဓံ သရဏံ ဂစ္ဆ, သပုတ္တဒါရော အရိန္ဒမ။
၇၀၅။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေနိုင်သော မင်းမြတ် အကျွန်ုပ် ဆို လတ္တံ့သော စကားကို နာတော်မူပါ၊ နတ်နှင့်တကွသော လောကထက် မြတ်စွာဘုရားကို အမြတ်ဆုံးဟူ၍ ဆိုအပ်ပါ၏၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထို မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။
၇၀၆။ ‘‘အဋ္ဌင်္ဂိကေန မဂ္ဂေန, ဖုသန္တိ အမတံ ပဒံ၊
တံ ဓမ္မံ သရဏံ ဂစ္ဆ, သပုတ္တဒါရော အရိန္ဒမ။
၇၀၆။ ဘုရားရှင်၏ တပည့်သားသာဝကတို့သည် အကြင်အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် သေခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။
၇၀၇။ ‘‘စတ္တာရော စ ပဋိပန္နာ [မဂ္ဂပဋိပန္နာ (သီ။ သျာ။)], စတ္တာရော စ ဖလေ ဌိတာ၊
ဧသ သံဃော ဥဇုဘူတော, ပညာသီလသမာဟိတော၊
တံ သံဃံ သရဏံ ဂစ္ဆ, သပုတ္တဒါရော အရိန္ဒမ။
၇၀၇။ ကျင့်ဆဲဖြစ်သော ပုဂ္ဂိုလ် လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ရှိကုန်၏၊ ဖြောင့်မတ်သော အဖြစ်သို့ရောက်သော ဤရှစ်ယောက်သော အရိယာသံဃာသည် သီလ သမာဓိ ပညာနှင့် ပြည့်စုံ၏၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုရှစ်ယောက်သော အရိယာသံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။
၇၀၈။ ‘‘ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယဿု၊
အမဇ္ဇပေါ မာ စ မုသာ အဘာဏီ, သကေန ဒါရေန စ ဟောဟိ တုဋ္ဌော’’တိ။
၇၀၈။ မင်းမြတ် သင်မင်းမြတ်သည် သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါလေ လော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ပါလေလော့၊ သေရည်သေရက်ကို မသောက်ပါနှင့်၊ မမှန်သော စကား မဆိုပါနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲပါလော့ဟု (နတ် ပြိတ္တာက ပြော၏)။
၇၀၉။ ‘‘အတ္ထကာမောသိ မေ ယက္ခ, ဟိတကာမောသိ ဒေဝတေ၊
ကရောမိ တုယှံ ဝစနံ, တွံသိ အာစရိယော မမ။
၇၀၉။ နတ်သား (သင်သည်) ငါ၏ အကျိုးကို လိုလားပေ၏၊ နတ်သား (သင်သည်) အစီး အပွါးကို လိုလားပေ၏၊ သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် ငါ၏ ဆရာ ဖြစ်ပေ၏။
၇၁၀။ ‘‘ဥပေမိ သရဏံ ဗုဒ္ဓံ, ဓမ္မဉ္စာပိ အနုတ္တရံ၊
သံဃဉ္စ နရဒေဝဿ, ဂစ္ဆာမိ သရဏံ အဟံ။
၇၁၀။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ လူတို့၏နတ် ဘုရားမြတ်၏ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့။
၇၁၁။ ‘‘ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ၊
အမဇ္ဇပေါ နော စ မုသာ ဘဏာမိ, သကေန ဒါရေန စ ဟောမိ တုဋ္ဌော။
၇၁၁။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါအံ့၊ လောက၌ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဥ်ပါအံ့၊ သေရည်သေရက်ကို မသောက်တော့ပါ၊ မမှန်စကားကို မပြောဆို တော့ပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲပါအံ့။
၇၁၂။ ‘‘ဩဖုဏာမိ [ဩပုဏာမိ (သီ။), ဩဖုနာမိ (သျာ။ က။), ဩပုနာမိ (?)] မဟာဝါတေ, နဒိယာ သီဃဂါမိယာ၊
ဝမာမိ ပါပိကံ ဒိဋ္ဌိံ, ဗုဒ္ဓါနံ သာသနေ ရတော’’။
၇၁၂။ ပြင်းစွာသော လေ၌ (ဖွဲပြာကို) လွှင့်လိုက်သကဲ့သို့ ငါသည် ယုတ်မာသော မိစ္ဆာ အယူကို လွှင့်လိုက်ပါတော့အံ့၊ လျင်မြန်စွာ စီးသွားသော မြစ်၌ (မြက်သစ်ရွက်ကို) မျှောလိုက် သကဲ့သို့ ယုတ်မာသော မိစ္ဆာအယူကို မျှောလိုက်ပါတော့အံ့၊ ငါသည် မြတ်စွာဘုရား သာသနာ တော်၌ မွေ့လျော်သည် ဖြစ်၍ ယုတ်မာသော မိစ္ဆာအယူကို ထွေးအံပစ်လိုက်ပါတော့အံ့ဟု (ပိင်္ဂလကမင်းက ဆို၏)။
၇၁၃။ ဣဒံ ဝတွာန သောရဋ္ဌော, ဝိရမိတွာ ပါပဒဿနာ [ပါပဒဿနံ (သျာ။ က။)]၊
နမော ဘဂဝတော ကတွာ, ပါမောက္ခော ရထမာရုဟီတိ။
နန္ဒကပေတဝတ္ထု တတိယံ။
၇၁၃။ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ဤစကားကို ဆို၍ မကောင်းသော မိစ္ဆာအမြင်မှ ရှောင်ကြဥ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးခြင်းကို ပြုလျက် အရှေ့အရပ်မျက်နှာသို့ ရှေးရှု ရထားကို တက်စီး (ထွက်ခွါသွား) လေ၏။ သုံးခုမြောက်သော နန္ဒကပေတဝတ္ထု ပြီး၏။ ၄-ရေဝတီပေတဝတ္ထု လင်ဖြစ်သူ နန္ဒိယက သဒ္ဓါတရားနှင့်ပြည့်စုံသော ကျောင်းဒကာ၊ မယားရေဝတီက ဝန်တိုမစ္ဆရိယဖြင့် အလှူခံတို့ကို လှည့်ပတ်ခဲ့၏၊ ဤအကုသိုလ်ကြောင့် သေသောအခါ လင်နှင့် အတူမစံရပဲ အညစ်အကြေး ထူပြောသော သံသဝကငရဲ၌ ဒုက္ခခံရသော ရေဝတီဝတ္ထု
၄။ ရေဝတီပေတဝတ္ထု
၇၁၄။ [ဝိ။ ဝ။ ၈၆၃] ‘‘ဥဋ္ဌေဟိ ရေဝတေ သုပါပဓမ္မေ, အပါရုတဒွါရေ အဒါနသီလေ၊
နေဿာမ တံ ယတ္ထ ထုနန္တိ ဒုဂ္ဂတာ, သမပ္ပိတာ [သမဇ္ဇတာ (သီ။)] နေရယိကာ ဒုခေနာ’’တိ။
၇၁၄။ အလွန်ယုတ်မာသော အကျင့်ရှိသော, တစ်စုံတစ်ယောက်အား တစ်စုံတစ်ခုကို မျှ ပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေဝတီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသတ္တဝါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညည်းတွား ကြရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။
၇၁၅။ ဣစ္စေဝ [ဣစ္စေဝံ (သျာ။ က။)] ဝတွာန ယမဿ ဒူတာ, တေ ဒွေ ယက္ခာ လောဟိတက္ခာ ဗြဟန္တာ၊
ပစ္စေကဗာဟာသု ဂဟေတွာ ရေဝတံ, ပက္ကာမယုံ ဒေဝဂဏဿ သန္တိကေ။
၇၁၅။ ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေဝတီ၏ လက်မောင်းတို့ကို တစ်ယောက် တစ်ဖက်စီ ကိုင်ဆွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင်ယူသွားကြကုန်၏။
၇၁၆။ ‘‘အာဒိစ္စဝဏ္ဏံ ရုစိရံ ပဘဿရံ, ဗျမှံ သုဘံ ကဉ္စနဇာလဆန္နံ၊
ကဿေတမာကိဏ္ဏဇနံ ဝိမာနံ, သုရိယဿ ရံသီရိဝ ဇောတမာနံ။
၇၁၆။ နေ၏ အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသော အဆင်းရှိသော, နှလုံးမွေ့လျော်ဖွယ် ရှိသော, ပြိုးပြိုးပြက်သော, တင့်တယ်လျောက်ပတ်သော, ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော, နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော, ကျယ် ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။
၇၁၇။ ‘‘နာရီဂဏာ စန္ဒနသာရလိတ္တာ [စန္ဒနသာရာနုလိတ္တာ (သျာ။)], ဥဘတော ဝိမာနံ ဥပသောဘယန္တိ၊
တံ ဒိဿတိ သုရိယသမာနဝဏ္ဏံ, ကော မောဒတိ သဂ္ဂပတ္တော ဝိမာနေ’’တိ။
၇၁၇။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည် ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား အဘယ်သူပါနည်းဟု (ရေဝတီက မေး၏)။
၇၁၈။ ‘‘ဗာရာဏသိယံ နန္ဒိယော နာမာသိ, ဥပါသကော အမစ္ဆရီ ဒါနပတိ ဝဒညူ၊
တဿေတမာကိဏ္ဏဇနံ ဝိမာနံ, သုရိယဿ ရံသီရိဝ ဇောတမာနံ။
၇၁၈။ ဗာရာဏသီပြည်၌ ဝန်တိုမှု ‘မစ္ဆရိယ’ မရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်း အရာကို သိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သားနတ်သမီး တို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ကျယ်ပြန့်သော ဤဗိမာန်သည် ထိုနန္ဒိယဥပါသကာ၏ ဗိမာန်ပေတည်း။
၇၁၉။ ‘‘နာရီဂဏာ စန္ဒနသာရလိတ္တာ, ဥဘတော ဝိမာနံ ဥပသောဘယန္တိ၊
တံ ဒိဿတိ သုရိယသမာနဝဏ္ဏံ, သော မောဒတိ သဂ္ဂပတ္တော ဝိမာနေ’’တိ။
၇၁၉။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်းအပြင်) နှစ်ဖက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်းဟု (ဘီလူးတို့က ဆို၏)။
၇၂၀။ ‘‘နန္ဒိယဿာဟံ ဘရိယာ, အဂါရိနီ သဗ္ဗကုလဿ ဣဿရာ၊
ဘတ္တု ဝိမာနေ ရမိဿာမိ ဒါနဟံ, န ပတ္ထယေ နိရယဒဿနာယာ’’တိ။
၇၂၀။ အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာအားလုံးကို အစိုးရသော အိမ်ရှင်မ ဖြစ်ခဲ့ပါ၏၊ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲသို့ ကြည့်ရှုရန်ပင် အလိုမရှိတော့ပါဟု (ရေဝတီက ဆို၏)။
၇၂၁။ ‘‘ဧသော တေ နိရယော သုပါပဓမ္မေ, ပုညံ တယာ အကတံ ဇီဝလောကေ၊
န ဟိ မစ္ဆရီ ရောသကော ပါပဓမ္မော, သဂ္ဂူပဂါနံ လဘတိ သဟဗျတ’’န္တိ။
၇၂၁။ အလွန်ယုတ်မာသော အကျင့်ရှိသော ရေဝတီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောက လူ့ဘဝက သင်သည် ကောင်းမှုကို မပြုခဲ့၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်း အဖော်အဖြစ်ကို မရနိုင်သည်သာတည်းဟု (ဘီလူးတို့က ဆို၏)။
၇၂၂။ ‘‘ကိံ နု ဂူထဉ္စ မုတ္တဉ္စ, အသုစီ ပဋိဒိဿတိ၊
ဒုဂ္ဂန္ဓံ ကိမိဒံ မီဠှံ, ကိမေတံ ဥပဝါယတီ’’တိ။
၇၂၂။ အသို့နည်း၊ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း တွေ့မြင်ရ၏၊ အဘယ့်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီးရှိလေသနည်း၊ အဘယ့်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံ့စော် လေသနည်းဟု (ရေဝတီက မေး၏)။
၇၂၃။ ‘‘ဧသ သံသဝကော နာမ, ဂမ္ဘီရော သတပေါရိသော၊
ယတ္ထ ဝဿသဟဿာနိ, တုဝံ ပစ္စသိ ရေဝတေ’’တိ။
၇၂၃။ ရေဝတီ အသူတစ်ရာနက်လှစွာသော ဤငရဲသည် မစင်ကြယ်သော ကျင်ကြီးကျင်ငယ် စသည်ကို ယိုစီးတတ်သောကြောင့် သံသဝက ငရဲမည်၏၊ သင်သည် ယင်းငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့ဟု (ဘီလူးတို့က ဆို၏)။
၇၂၄။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကေန သံသဝကော လဒ္ဓေါ, ဂမ္ဘီရော သတပေါရိသော’’တိ။
၇၂၄။ အသို့နည်း၊ အကျွန်ုပ်သည် ကိုယ်နှုတ်စိတ်ဖြင့် အဘယ်မကောင်းမှုကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမှုကြောင့် အကျွန်ုပ်သည် အသူတစ်ရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီး ကျင်ငယ် စသည်ကို ယိုစီးစေတတ်သော သံသဝကမည်သော ငရဲကို ရအပ်ပါသနည်းဟု (ရေဝတီမေး၏)။
၇၂၅။ ‘‘သမဏေ ဗြာဟ္မဏေ စာပိ, အညေ ဝါပိ ဝနိဗ္ဗကေ၊
မုသာဝါဒေန ဝဉ္စေသိ, တံ ပါပံ ပကတံ တယာ။
၇၂၅။ သင်သည် သမဏဗြာဟ္မဏတို့ကိုလည်းကောင်း, အခြားသော ဖုန်းတောင်းယာစကာ တို့ကိုလည်းကောင်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမှု အကုသိုလ်ကံကို သင်သည် ပြုခဲ့၏။
၇၂၆။ ‘‘တေန သံသဝကော လဒ္ဓေါ, ဂမ္ဘီရော သတပေါရိသော၊
တတ္ထ ဝဿသဟဿာနိ, တုဝံ ပစ္စသိ ရေဝတေ။
၇၂၆။ ရေဝတီ ထိုမကောင်းမှု အကုသိုလ်ကြောင့် သင်သည် အသူတစ်ရာနက်လှစွာသော သံသဝကမည်သော ငရဲကို ရအပ်၏၊ ယင်းငရဲ၌ သင်သည် အနှစ်အထောင်မက ကျက်ရလတ္တံ့။
၇၂၇။ ‘‘ဟတ္ထေပိ ဆိန္ဒန္တိ အထောပိ ပါဒေ, ကဏ္ဏေပိ ဆိန္ဒန္တိ အထောပိ နာသံ၊
အထောပိ ကာကောဠဂဏာ သမေစ္စ, သင်္ဂမ္မ ခါဒန္တိ ဝိဖန္ဒမာန’’န္တိ။
၇၂၇။ လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နှာခေါင်းတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ထိုမှတစ်ပါးလည်း ကျီးငှက် အပေါင်းတို့သည် စုရုံးချဥ်းကပ်ကြကုန်လျက် တုန်လှုပ်နေသော သင့်ကို ခဲစားကြကုန်လတ္တံ့ဟု (ဘီလူးတို့က ဆို၏)။
၇၂၈။ ‘‘သာဓု ခေါ မံ ပဋိနေထ, ကာဟာမိ ကုသလံ ဗဟုံ၊
ဒါနေန သမစရိယာယ, သံယမေန ဒမေန စ၊
ယံ ကတွာ သုခိတာ ဟောန္တိ, န စ ပစ္ဆာနုတပ္ပရေ’’တိ။
၇၂၈။ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင် ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မှု (နောင်တ) လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်လည်းကောင်း၊ ကောင်စွာ ကျင့်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ဟု (ရေဝတီက ဆို၏)။
၇၂၉။ ‘‘ပုရေ တုဝံ ပမဇ္ဇိတွာ, ဣဒါနိ ပရိဒေဝသိ၊
သယံ ကတာနံ ကမ္မာနံ, ဝိပါကံ အနုဘောဿသီ’’တိ။
၇၂၉။ သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေးမြည်တမ်းဘိ၏ သင်ကိုယ်တိုင်ပြုခဲ့သော ကံတို့၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့ဟု (ဘီလူးတို့က ဆို၏)။
၇၃၀။ ‘‘ကော ဒေဝလောကတော မနုဿလောကံ, ဂန္တွာန ပုဋ္ဌော မေ ဧဝံ ဝဒေယျ၊
‘နိက္ခိတ္တဒဏ္ဍေသု ဒဒါထ ဒါနံ, အစ္ဆာဒနံ သေယျ [သယန (သီ။)] မထန္နပါနံ၊
န ဟိ မစ္ဆရီ ရောသကော ပါပဓမ္မော, သဂ္ဂူပဂါနံ လဘတိ သဟဗျတံ’။
၇၃၀။ (အကျွန်ုပ်) မေးအပ်သည်ရှိသော် နတ်ပြည်မှ လူ့ပြည်သို့ လာပြီးလျှင် လက်နက်ကို ပယ်ချထားပြီးဖြစ်ကုန်သော သမဏဗြာဟ္မဏတို့အား အလှူကို ပေးလှူရာ၏၊ အဝတ်အရုံကို လည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆွမ်းအဖျော်ကိုလည်းကောင်း ပေးလှူရာ၏၊ မှန်၏၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသူသည် နတ်ပြည်သို့ လား ရကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်းဟု အဘယ်မည်သော နတ်သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။
၇၃၁။ ‘‘သာဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊
ဝဒညူ သီလသမ္ပန္နာ, ကာဟာမိ ကုသလံ ဗဟုံ၊
ဒါနေန သမစရိယာယ, သံယမေန ဒမေန စ။
၇၃၁။ အကျွန်ုပ်သည် ဤငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘဝကို ရသည်ရှိသော် အလှူခံတို့၏ အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်လည်းကောင်း၊ တရားမျှတစွာ ကျင့်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။
၇၃၂။ ‘‘အာရာမာနိ စ ရောပိဿံ, ဒုဂ္ဂေ သင်္ကမနာနိ စ၊
ပပဉ္စ ဥဒပါနဉ္စ, ဝိပ္ပသန္နေန စေတသာ။
၇၃၂။ အထူးကြည်လင်သော စိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့အံ့၊ ကူးသန်းသွားလာရန် ခက်သော အရပ်၌ တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်း ရေကန်ကိုလည်းကောင်း ပြုပါတော့အံ့။
၇၃၃။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၇၃၃-၄။ အကျွန်ုပ်သည် လဆန်းပက္ခ, လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌ မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီဟု (ရေဝတီကမြည်တမ်း၏)။
၇၃၄။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
န စ ဒါနေ ပမဇ္ဇိဿံ, သာမံ ဒိဋ္ဌမိဒံ မယာ’’တိ။
၇၃၅။ ဣစ္စေဝံ ဝိပ္ပလပန္တိံ, ဖန္ဒမာနံ တတော တတော၊
ခိပိံသု နိရယေ ဃောရေ, ဥဒ္ဓံပါဒံ အဝံသိရံ။
၇၃၅။ ဤသို့ မြည်တမ်း၍ တုန်လှုပ်နေသော ရေဝတီကို (ငရဲထိန်းတို့သည်) ကြောက် လန့်ဖွယ်ရှိသော ငရဲ၌ ထိုထိုအရပ်မှ ခြေထောက်မိုးမျှော် ဦးခေါင်းစောက်ထိုး ပစ်ချလိုက်ကြ ကုန်၏။
၇၃၆။ ‘‘အဟံ ပုရေ မစ္ဆရိနီ အဟောသိံ, ပရိဘာသိကာ သမဏဗြာဟ္မဏာနံ၊
ဝိတထေန စ သာမိကံ ဝဉ္စယိတွာ, ပစ္စာမဟံ နိရယေ ဃောရရူပေ’’တိ။
ရေဝတီပေတဝတ္ထု စတုတ္ထံ။
၇၃၆။ ငါသည် ရှေးအခါက ဝန်တိုခြင်း ရှိခဲ့ပါ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်း မောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်ခြင်းကြောင့် ကြောက်လန့် ဖွယ် သဘောရှိသော ငရဲ၌ ကျက်ရပါ၏ဟု (မြည်တမ်း၏)။ လေးခုမြောက်သော ရေဝတီပေတဝတ္ထု ပြီး၏။ ၅-ဥစ္ဆုပေတဝတ္ထု ဤရှေးဘဝလူဖြစ်စဥ် ကြံခင်းရှင်ဖြစ်သောအခါ ကြံကို သုံးဆောင်နေဆဲ အခြားတဦးက ကြံကိုတောင်းသည်တွင် မကြည်မသာ မျက်နှာမလှည့် ကြံကို နောက်ပြန်ပစ်ပေးခဲ့သောကြောင့် သေသောအခါ ကြံတောကို တွေ့ပါလျှက် မျက်နှာမူမရ ဒုက္ခကြီးစွာ ဖြစ်နေရသော ကြံနောက်ပြန်စား ပြိတ္တာ။
၅။ ဥစ္ဆုပေတဝတ္ထု
၇၃၇။ ‘‘ဣဒံ မမ ဥစ္ဆုဝနံ မဟန္တံ, နိဗ္ဗတ္တတိ ပုညဖလံ အနပ္ပကံ၊
တံ ဒါနိ မေ န [န ဒါနိ မေ တံ (သီ။ က။)] ပရိဘောဂမေတိ, အာစိက္ခ ဘန္တေ ကိဿ အယံ ဝိပါကော။
၇၃၇။ အရှင်ဘုရား အကျွန်ုပ်၏ များပြားကြီးကျယ်သော ဤကြံတောသည် များပြား ကြီးကျယ်လှစွာသော ကောင်းမှုအကျိုး ဖြစ်ပါ၏၊ ထိုကြံတောသည် ယခုအခါ အကျွန်ုပ် သုံးဆောင်ရခြင်းသို့မရောက်နိုင်သေးပါ၊ အရှင်ဘုရား ဖြေကြားတော်မူပါလော့၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။
၇၃၈။ ‘‘ဟညာမိ [ဝိဟညာမိ (က။)] ခဇ္ဇာမိ စ ဝါယမာမိ, ပရိသက္ကာမိ ပရိဘုဉ္ဇိတုံ ကိဉ္စိ၊
သွာဟံ ဆိန္နထာမော ကပဏော လာလပါမိ, ကိဿ [ကိဿဿ (သီ။), ကိဿဿု (?)] ကမ္မဿ အယံ ဝိပါကော။
၇၃၈။ အရှင်ဘုရား အကြင်အခါ ထိုအကျွန်ုပ်သည် တစ်စုံတစ်ခုသော ကြံကို သုံးဆောင် ခြင်းငှါ လုံ့လကိုလည်း ပြုပါ၏၊ အားထုတ်ခြင်းကိုလည်း ပြုပါ၏၊ ထိုအခါ ထိုကြံတောသည် အကျွန်ုပ်ကို နှိပ်စက်လည်း နှိပ်စက်အပ်ပါ၏၊ (သံလျက်သွားနှင့်တူသော ကြံရွက်တို့သည်) အကျွန်ုပ်ကို ဖြတ်လည်းဖြတ်အပ်ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် အင်အားပြတ်သည် ဖြစ်၍ ပြင်းစွာ ဆင်းရဲခြင်းသို့ရောက်လျက် မြည်တမ်းနေရပါ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။
၇၃၉။ ‘‘ဝိဃာတော စာဟံ ပရိပတာမိ ဆမာယံ, ပရိဝတ္တာမိ ဝါရိစရောဝ ဃမ္မေ၊
ရုဒတော စ မေ [ဒူရတော စ မေ (သျာ။ က။)] အဿုကာ နိဂ္ဂလန္တိ, အာစိက္ခ ဘန္တေ ကိဿ အယံ ဝိပါကော။
၇၃၉။ အရှင်ဘုရား အကျွန်ုပ်သည် ပင်ပန်းသည်ဖြစ်၍သာလျှင် မြေ၌ လဲကျပါ၏၊ ပူပြင်းသော ကြည်းကုန်းထက်ဝယ် ရေ၌ ကျက်စားသော ငါးကဲ့သို့ ချာချာလည်နေပါ၏၊ ငိုကြွေး ရသော အကျွန်ုပ်၏မျက်ရည်တို့သည် ယိုစီးထွက်ကျပါကုန်၏၊ အရှင်ဘုရား ဖြေကြားတော်မူပါ၊ အဘယ်ကံ၏အကျိုးပါနည်း။
၇၄၀။ ‘‘ဆာတော ကိလန္တော စ ပိပါသိတော စ, သန္တဿိတော သာတသုခံ န ဝိန္ဒေ၊
ပုစ္ဆာမိ တံ ဧတမတ္ထံ ဘဒန္တေ, ကထံ နု ဥစ္ဆုပရိဘောဂံ လဘေယျ’’န္တိ။
၇၄၀။ အရှင်ဘုရား အကျွန်ုပ်သည် ဆာလောင်သည်ဖြစ်၍ ပင်ပန်းလည်း ပင်ပန်းလှပါ၏၊ ရေလည်း မွတ်သိပ်လှပါ၏၊ လွန်စွာ မွတ်သိပ်လှသောကြောင့် သာယာဖွယ် ချမ်းသာကို မရပါ၊ အရှင်ဘုရား ဤအကြောင်းကို အရှင်ဘုရားအား မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် အကျွန်ုပ်သည် ကြံသုံးဆောင်ခြင်းကို ရပါအံ့နည်းဟု (ပြိတ္တာက လျှောက်၏)။
၇၄၁။ ‘‘ပုရေ တုဝံ ကမ္မမကာသိ အတ္တနာ, မနုဿဘူတော ပုရိမာယ ဇာတိယာ၊
အဟဉ္စ တံ ဧတမတ္ထံ ဝဒါမိ, သုတွာန တွံ ဧတမတ္ထံ ဝိဇာန။
၇၄၁။ ရှေးဘဝက လူသားဖြစ်သော သင်သည် ကိုယ်တိုင် အကုသိုလ်ကံကို ပြုခဲ့ပြီ၊ ငါသည် သင့်အား ဤအကြောင်းကို ဟောကြားအံ့၊ သင်သည် ကြားနာရ၍ ဤအကြောင်းကို သိလော့။
၇၄၂။ ‘‘ဥစ္ဆုံ တုဝံ ခါဒမာနော ပယာတော, ပုရိသော စ တေ ပိဋ္ဌိတော အနွဂစ္ဆိ၊
သော စ တံ ပစ္စာသန္တော ကထေသိ, တဿ တုဝံ န ကိဉ္စိ အာလပိတ္ထ။
၇၄၂။ (ရှေးဘဝက) သင်သည် ကြံကို ခဲစားလျက် သွား၏၊ ယောကျာ်းတစ်ယောက် သည်လည်း သင်၏နောက်က အစဥ်လိုက်၏၊ ထိုယောကျာ်းသည်လည်း ကြံအနည်းငယ်ကို တောင့်တလျက် သင့်အားပြောဆို၏၊ သင်သည် ထိုယောကျာ်းအား စကားတစ်စုံတစ်ရာကို မျှ မပြောဆို။
၇၄၃။ ‘‘သော စ တံ အဘဏန္တံ အယာစိ, ‘ဒေဟယျ ဥစ္ဆု’န္တိ စ တံ အဝေါစ၊
တဿ တုဝံ ပိဋ္ဌိတော ဥစ္ဆုံ အဒါသိ, တဿေတံ ကမ္မဿ အယံ ဝိပါကော။
၇၄၃။ ထိုယောကျာ်းသည်လည်း စကားမပြောသော သင့်ကို တောင်း၏၊ အရှင် ကြံအနည်း ငယ်မျှပေးပါဟုလည်း သင့်ကို ပြော၏၊ သင်သည် ထိုသူအား ကြံကို နောက်ပြန်ပေး၏၊ ဤအကျိုးသည် ထိုကြံကို နောက်ပြန်ပေးသော ကံ၏ အကျိုးတည်း။
၇၄၄။ ‘‘ဣင်္ဃ တွံ ဂန္တွာန ပိဋ္ဌိတော ဂဏှေယျာသိ [ဣင်္ဃ တွံ ပိဋ္ဌိတော ဂဏှ ဥစ္ဆုံ (သီ။)], ဂဟေတွာန တံ ခါဒဿု ယာဝဒတ္ထံ၊
တေနေဝ တွံ အတ္တမနော ဘဝိဿသိ, ဟဋ္ဌော စုဒဂ္ဂေါ စ ပမောဒိတော စာ’’တိ။
၇၄၄။ သင့်ကို တိုက်တွန်းပါ၏၊ သင်သည် သွား၍ ကြံကို နောက်ပြန်ယူလာလေလော့၊ ယူပြီး၍ အလိုရှိတိုင်း ထိုကြံကို ခဲစားလေလော့၊ ယင်းသို့ ခဲစားသဖြင့်သာလျှင် သင်သည် နှစ်လိုရွှင်လန်းတက်ကြွသော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ရလတ္တံ့ဟု (မထေရ်က မိန့်ဆို၏)။
၇၄၅။ ဂန္တွာန သော ပိဋ္ဌိတော အဂ္ဂဟေသိ, ဂဟေတွာန တံ ခါဒိ ယာဝဒတ္ထံ၊
တေနေဝ သော အတ္တမနော အဟောသိ, ဟဋ္ဌော စုဒဂ္ဂေါ စ ပမောဒိတော စာတိ။
ဥစ္ဆုပေတဝတ္ထု ပဉ္စမံ။
၇၄၅။ ထိုပြိတ္တာသည် ကြံတောသို့ သွား၍ ကြံကို နောက်ပြန်ယူပြီးလျှင် ထိုကြံကို အလိုရှိတိုင်း ခဲစား၏၊ ယင်းသို့ ခဲစားရသဖြင့်သာလျှင် ထိုပြိတ္တာသည် နှစ်လိုရွှန်လန်း တက် ကြွသော စိတ်ရှိသည် ဖြစ်၍ ဝမ်းမြောက်ရလေ၏။ ငါးခုမြောက်သော ဥစ္ဆုပေတဝတ္ထု ပြီး၏။ ၆-ကုမာရပေတဝတ္ထု ရှေးဘဝလူဖြစ်စဥ် ဘုရင့်သားတော်ဖြစ်ရပါလျက် အနာဂတ်ချမ်းသာကို မမြော် ပစ္စုပ္ပန် ပျော်ပါးအကုသိုလ်များသဖြင့် ဘဝတပါးသို့ရောက်သောအခါ ပြိတ္တာဘဝတွင် အောက်တန်း ကျကာ ဒုက္ခကြီးစွာခံနေရသော မင်းသား ပြိတ္တာ
၆။ ကုမာရပေတဝတ္ထု
၇၄၆။ ‘‘သာဝတ္ထိ နာမ နဂရံ, ဟိမဝန္တဿ ပဿတော၊
တတ္ထ အာသုံ ဒွေ ကုမာရာ, ရာဇပုတ္တာတိ မေ သုတံ။
၇၄၆။ ဟိမဝန္တာ၏ နံဘေး၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ မင်းသားဖြစ် ကုန်သော သူငယ်နှစ်ယောက်တို့ ရှိကုန်၏ဟူ၍ ငါ ကြားဖူး၏။
၇၄၇။ ‘‘သမ္မတ္တာ [ပမတ္တာ (က။)] ရဇနီယေသု, ကာမဿာဒါဘိနန္ဒိနော၊
ပစ္စုပ္ပန္နသုခေ ဂိဒ္ဓါ, န တေ ပဿိံသုနာဂတံ။
၇၄၇။ ထိုမင်းသားနှစ်ယောက်တို့သည် တပ်မက်ဖွယ် ကာမဂုဏ်တို့၌ အလွန်ယစ်မူး မေ့လျော့ကြလျက် ကာမတို့၌ သာယာသည်၏ အစွမ်းဖြင့် အလွန်နှစ်သက်သော အလေ့ ရှိကုန်ရကား ပစ္စုပ္ပန်ချမ်းသာ၌ မက်မောကုန်သည်ဖြစ်၍ နောင်အခါ ရအပ်သော အနာဂတ် ချမ်းသာကို မမြင်နိုင်ကြကုန်။
၇၄၈။ ‘‘တေ စုတာ စ မနုဿတ္တာ, ပရလောကံ ဣတော ဂတာ၊
တေဓ ဃောသေန္တျဒိဿန္တာ, ပုဗ္ဗေ ဒုက္ကဋမတ္တနော။
၇၄၈။ ထိုမင်းသားတို့သည် ဤလူ့အဖြစ်မှ စုတေကုန်၍သာလျှင် လူ့ပြည်မှ တစ်ပါးသော ပြိတ္တာဘုံသို့ရောက်ကြရကုန်၏၊ ထိုမင်းသားပြိတ္တာတို့သည် ဤသာဝတ္ထိပြည်၏ အနီးအရပ်၌ ရုပ်အသွင်ကို မပြကြကုန်ဘဲ ရှေးဘဝက မိမိ၏ မကောင်းမှုအကျိုးကို (ယခုအခါ ငါတို့သာ ခံစားကြရကုန်၏ဟု) မြည်တမ်းကြကုန်၏။
၇၄၉။ ‘‘‘ဗဟူသု ဝတ [ဗဟုဿုတေသု (သီ။ က။)] သန္တေသု, ဒေယျဓမ္မေ ဥပဋ္ဌိတေ၊
နာသက္ခိမှာ စ အတ္တာနံ, ပရိတ္တံ ကာတုံ သုခါဝဟံ။
၇၄၉။ ငါတို့သည် (ရှေးဘဝက) များစွာသော အလှူခံပုဂ္ဂိုလ်တို့ ရှိပါကုန်လျက် လှူဖွယ် ဝတ္ထုတို့ကို ရအပ်ပါကုန်လျက် နောင်အခါ ချမ်းသာကို ရွက်ဆောင်တတ်သော အနည်းငယ်သော ကုသိုလ်ကံကိုမျှလည်း မိမိကိုယ်ကို ပြုလုပ်စေရန် မတတ်နိုင်ခဲ့ကြကုန်။
၇၅၀။ ‘‘‘ကိံ တတော ပါပကံ အဿ, ယံ နော ရာဇကုလာ စုတာ၊
ဥပပန္နာ ပေတ္တိဝိသယံ, ခုပ္ပိပါသသမပ္ပိတာ [ခုပ္ပိပါသာသမပ္ပိတာ (သီ။ ပီ။)]။
၇၅၀။ အကြင် မကောင်းမှုကြောင့် ငါတို့သည် မင်းမျိုးမှ စုတေ၍ ပြိတ္တာဘုံ၌ ဖြစ်ကြ ရကုန်၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရကုန်လျက် လှည့်လည်သွားလာကြရကုန်၏၊ ထိုမကောင်းမှုထက် ယုတ်ညံ့သော မကောင်းမှုမျိုးသည် အဘယ်မှာ ရှိနိုင်တော့အံ့နည်း။
၇၅၁။ ‘‘သာမိနော ဣဓ ဟုတွာန, ဟောန္တိ အသာမိနော တဟိံ၊
ဘမန္တိ [စရန္တိ (သီ။ ပီ။), မရန္တိ (သျာ။)] ခုပ္ပိပါသာယ, မနုဿာ ဥန္နတောနတာ။
၇၅၁။ ဤလောကဝယ် အကြင်အရပ်၌ အရှင်သခင်ဖြစ်ကြကုန်၍ လှည့်လည်သွားလာရဖူး ကုန်၏၊ ထိုအရပ်၌ပင် တမလွန်ဘ၀၀ယ် အရှင်သခင်တို့မဟုတ်ကြတော့ကုန်၊ လူဖြစ်စဥ်က အထက်တန်းကျ၍ တမလွန်ဘ၀၀ယ် အောက်တန်းကျလျက် ဆာလောင်မွတ်သိပ်ခြင်းဖြင့် တုန် လှုပ်ကြရကုန်၏။
၇၅၂။ ‘‘ဧတမာဒီနဝံ ဉတွာ, ဣဿရမဒသမ္ဘဝံ၊
ပဟာယ ဣဿရမဒံ, ဘဝေ သဂ္ဂဂတော နရော၊
ကာယဿ ဘေဒါ သပ္ပညော, သဂ္ဂံ သော ဥပပဇ္ဇတီ’’တိ။
ကုမာရပေတဝတ္ထု ဆဋ္ဌံ။
၇၅၂။ အကြင်သတ္တဝါသည် အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကြောင့် ဖြစ်သော ပြိတ္တာဖြစ်ရ ခြင်းဟူသော ဤအဖြစ်ကို သိသည်ရှိသော် အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကို ပယ်စွန့်ပြီးလျှင် (ကုသိုလ်ကောင်းမှု၌လေ့လာအားထုတ်၍) နတ်ပြည်သို့ လားရာ၏၊ ပညာရှိသော ထိုသတ္တဝါသည် ကိုယ်ခန္ဓာပျက်သည်မှနောက်၌ နတ်ပြည်၌ ဖြစ်ရ၏။ ခြောက်ခုမြောက်သော ကုမာရပေတဝတ္ထု ပြီး၏။ ၇-ရာဇပုတ္တပေတဝတ္ထု မင်းသားဖြစ်ရစဥ် စည်းစိမ်ယစ်လျက် သုနေတ္တပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွအလာ သပိတ်ကို အတင်းယူ ပစ်ခွဲဖျက်ဆီးခဲ့သော အကုသိုလ်ကံကြောင့် အဝီစိငရဲတိုင်အောင် ကျရောက်ခံစား ရသော ပြိတ္တာ
၇။ ရာဇပုတ္တပေတဝတ္ထု
၇၅၃။ ပုဗ္ဗေ ကတာနံ ကမ္မာနံ, ဝိပါကော မထယေ မနံ၊
ရူပေ သဒ္ဒေ ရသေ ဂန္ဓေ, ဖောဋ္ဌဗ္ဗေ စ မနောရမေ။
၇၅၃။ ရှေးဘဝကပြုခဲ့သော ကံတို့၏ အကျိုးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အကြောင်းကြောင့် (ပစ္စုပ္ပန်) ကောင်းကျိုးကို မမြင်နိုင်သော လူမိုက်တို့၏ စိတ်ကို နှိပ်စက်ရာ၏။
၇၅၄။ နစ္စံ ဂီတံ ရတိံ ခိဍ္ဍံ, အနုဘုတွာ အနပ္ပကံ၊
ဥယျာနေ ပရိစရိတွာ, ပဝိသန္တော ဂိရိဗ္ဗဇံ။
၇၅၄။ (ကိတဝမင်း၏သားသည်) ကခြင်းကိုလည်းကောင်း၊ သီဆိုခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ဖြင့်မွေ့လျော်ခြင်းကိုလည်းကောင်း၊ အပေါင်းအဖော် စသည်တို့နှင့် ရွှင်မြူးခြင်းကို လည်းကောင်း ဤသို့များစွာသော စည်းစိမ်ချမ်းသာကို ခံစား၍ ဥယျာဥ်၌ စံပယ်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဝင်လာသည်ရှိသော်-
၇၅၅။ ဣသိံ သုနေတ္တ [သုနိတ (က။)] မဒ္ဒက္ခိ, အတ္တဒန္တံ သမာဟိတံ၊
အပ္ပိစ္ဆံ ဟိရိသမ္ပန္နံ, ဥဉ္ဆေ ပတ္တဂတေ ရတံ။
၇၅၅။ မိမိစိတ်ကို ဆုံးမပြီးသော အရဟတ္တဖိုလ်သမာဓိဖြင့် တည်ကြည်သော အလိုနည်း၍ ရှက်ခြင်းနှင့် ပြည့်စုံသော ဆွမ်းခံသဖြင့် ရအပ်သော သပိတ်အတွင်းသို့ ရောက်သော ဆွမ်း၌သာ နှစ်သိမ့်ရောင့်ရဲသော သုနေတ္တပစ္စေကဗုဒ္ဓါကို မြင်လေပြီ။
၇၅၆။ ဟတ္ထိက္ခန္ဓတော ဩရုယှ, လဒ္ဓါ ဘန္တေတိ စာဗြဝိ၊
တဿ ပတ္တံ ဂဟေတွာန, ဥစ္စံ ပဂ္ဂယှ ခတ္တိယော။
၇၅၆။ (ထိုအခါ) ထိုမင်းသားသည် ဆင်၏ ကျောက်ကုန်းမှ သက်ဆင်း၍ အရှင်ဘုရား ဆွမ်းရခဲ့ပါပြီလောဟု ပြောဆိုမေးမြန်းပြီးလျှင် ထိုပစ္စေကဗုဒ္ဓါ၏ သပိတ်ကို ယူလျက် အလွန် မြင့်စွာ မြှောက်၍
၇၅၇။ ထဏ္ဍိလေ ပတ္တံ ဘိန္ဒိတွာ, ဟသမာနော အပက္ကမိ၊
‘‘ရညော ကိတဝဿာဟံ ပုတ္တော, ကိံ မံ ဘိက္ခု ကရိဿသိ’’။
၇၅၇။ မာကျော ကြမ်းတမ်းသော အရပ်၌ သပိတ်ကို ပစ်ခွဲ၍ ရယ်မောကာ ဖဲသွားပြီးလျှင် ငါသည် ကိတဝမင်း၏သားတည်း၊ သင်သည် ငါ့ကို ကြည့်သော်လည်း အဘယ်သို့ ပြုနိုင်လတ္တံ့နည်းဟု ဆို၏။
၇၅၈။ တဿ ကမ္မဿ ဖရုသဿ, ဝိပါကော ကဋုကော အဟု၊
ယံ ရာဇပုတ္တော ဝေဒေသိ, နိရယမှိ သမပ္ပိတော။
၇၅၈။ ကြမ်းကြုတ်သော ထိုအကုသိုလ်ကံ၏ အကြင်အကျိုးကို မင်းသားသည် အဝီစိငရဲ၌ ကျရောက်သက်ဝင်လျက် ခံစားရ၏၊ ထိုအကျိုးသည် အလွန် စပ်ရှား ဆင်းရဲလှ၏။
၇၅၉။ ဆဠေဝ စတုရာသီတိ, ဝဿာနိ နဝုတာနိ စ၊
ဘုသံ ဒုက္ခံ နိဂစ္ဆိတ္ထော, နိရယေ ကတကိဗ္ဗိသော။
၇၅၉။ ပြုအပ်ပြီးသော မကောင်းမှုရှိသော ထိုမင်းသားသည် အနှစ်ရှစ်သောင်းလေးထောင် တို့ပတ်လုံး ခြောက်ကြိမ်တို့တိုင်တိုင်ဖြစ်၍ နှစ်ပေါင်းများစွာတို့ပတ်လုံးပင် အဝီစိငရဲ၌ ပြင်းထန်သော ဆင်းရဲသို့ရောက်ရလေပြီ။
၇၆၀။ ဥတ္တာနောပိ စ ပစ္စိတ္ထ, နိကုဇ္ဇော ဝါမဒက္ခိဏော၊
ဥဒ္ဓံပါဒေါ ဌိတော စေဝ, စိရံ ဗာလော အပစ္စထ။
၇၆၀။ ပက်လက်လည်း ကျက်ခဲ့ရ၏၊ မှောက်ခုံလည်း ကျက်ခဲ့ရ၏၊ လက်ဝဲ လကျာ် ပြန်လျက်လည်းကျက်ခဲ့ရ၏၊ ခြေမိုးမျှော် (ဦးခေါင်းစောက်ထိုး) လည်း ကျက်ခဲ့ရ၏၊ မတ်တပ်ရပ် လျက်လည်း ကျက်ခဲ့ရ၏၊ ဤသို့ မိုက်လှစွာသော ထိုမင်းသားသည် ကြာမြင့်စွာ ကျက်ခဲ့ရ၏။
၇၆၁။ ဗဟူနိ ဝဿသဟဿာနိ, ပူဂါနိ နဟုတာနိ စ၊
ဘုသံ ဒုက္ခံ နိဂစ္ဆိတ္ထော, နိရယေ ကတကိဗ္ဗိသော။
၇၆၁။ ပြုအပ်ပြီးသော မကောင်းမှုရှိသော ထိုမင်းသားသည် များစွာသော နှစ်အထောင်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်တို့၏ အပေါင်းဖြစ်သော နှစ်အသောင်းတို့ပတ်လုံးလည်းကောင်း အဝီစိငရဲ၌ ပြင်းထန်သော ဆင်းရဲဒုက္ခသို့ ရောက်ရလေပြီ။
၇၆၂။ ဧတာဒိသံ ခေါ ကဋုကံ, အပ္ပဒုဋ္ဌပ္ပဒေါသိနံ၊
ပစ္စန္တိ ပါပကမ္မန္တာ, ဣသိမာသဇ္ဇ သုဗ္ဗတံ။
၇၆၂။ မပြစ်မှားထိုက်သော အပြစ်မရှိသည်ဖြစ်၍ ကောင်းသော အကျင့်ရှိသော ပစ္စေကဗုဒ္ဓါကို ထိခိုက်ပြစ်မှား၍ မကောင်းမှုပြုသူတို့သည် ဤသို့ သဘောရှိသော လွန်ကဲသော ဆင်းရဲကို ခံစားရကုန်၏။
၇၆၃။ သော တတ္ထ ဗဟုဝဿာနိ, ဝေဒယိတွာ ဗဟုံ ဒုခံ၊
ခုပ္ပိပါသဟတော နာမ [ခုပ္ပိပါသာဟတော နာမ (သီ။ ပီ)], ပေတော အာသိ တတော စုတော။
၇၆၃။ ထိုမင်းသားသည် ထိုအဝီစိငရဲ၌ များစွာသော နှစ်လတို့ပတ်လုံး များစွာသော ဆင်းရဲကို ခံစားပြီး၍ ထိုအဝီစိငရဲမှ စုတေခဲ့သော် ဆာလောင်မွတ်သိပ်ခြင်း ပြင်းစွာ နှိပ်စက် အပ်သောကြောင့် ခုပ္ပိပါသဟတအမည်ရသော ပြိတ္တာ ဖြစ်ရပါ၏။
၇၆၄။ ဧတမာဒီနဝံ ဉတွာ [ဒိသွာ (သီ။)], ဣဿရမဒသမ္ဘဝံ၊
ပဟာယ ဣဿရမဒံ, နိဝါတမနုဝတ္တယေ။
၇၆၄။ (ပညာရှိသည်) အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကြောင့်ဖြစ်သော ဤအပြစ်ကို သိ၍ အစိုးရခြင်းကို မှီ၍ မာန်ယစ်ခြင်းကို ပယ်စွန့်ပြီးလျှင် နှိမ်ချခြင်းပြုကာ လျောက်ပတ်စွာ ကျင့်ရာ၏။
၇၆၅။ ဒိဋ္ဌေဝ ဓမ္မေ ပါသံသော, ယော ဗုဒ္ဓေသု သဂါရဝေါ၊
ကာယဿ ဘေဒါ သပ္ပညော, သဂ္ဂံ သော ဥပပဇ္ဇတီတိ။
ရာဇပုတ္တပေတဝတ္ထု သတ္တမံ။
၇၆၅။ မြတ်စွာဘုရားတို့၌ ရိုသေသော ပညာရှိသောသူသည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ချီးမွမ်းထိုက်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည့်နောက်၌ နတ်ပြည်၌ ဖြစ်ရ၏။ ခုနစ်ခုမြောက်သော ရာဇပုတ္တပေတဝတ္ထု ပြီး၏။ ၈-ဂူထခါဒကပေတဝတ္ထု ရှေးဘဝလူဖြစ်စဥ် ကျောင်းဒကာဘဝ၌ မစ္ဆရိယအားကြီးသော ကျောင်းထိုင်ရဟန်း၏ စကားကို နားယောင်၍ ရဟန်းကောင်းတို့ကို ဆဲရေးမိသောကြောင့် သေသောအခါ ဆရာ ရဟန်းကအောက် ကျောင်းဒကာကအထက် မစင်တွင်း၌ ပြိတ္တာဖြစ်ရ၍ အထက်အောက် မစင် အဆင့်ဆင့် စားနေရသော ပြိတ္တာစုံတွဲ
၈။ ဂူထခါဒကပေတဝတ္ထု
၇၆၆။ ‘‘ဂူထကူပတော ဥဂ္ဂန္တွာ, ကော နု ဒီနော ပတိဋ္ဌသိ [ဒီနော ဟိ တိဋ္ဌသိ (သီ။)]၊
နိဿံသယံ ပါပကမ္မန္တော, ကိံ နု သဒ္ဒဟသေ တုဝ’’န္တိ။
၇၆၆။ (ယောကျာ်း) ကျင်ကြီးတွင်းမှ တက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူ ဖြစ်သနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှုရှိလျက် အဘယ်ကြောင့် မြည်တမ်းဘိသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၆၇။ ‘‘အဟံ ဘဒန္တေ ပေတောမှိ, ဒုဂ္ဂတော ယမလောကိကော၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတော’’။
၇၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ ‘ဒုဂ္ဂတိဘုံ’သို့ ရောက်နေရသော ပြိတ္တာ ဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမှုကို ပြုမိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာက လျှောက်၏)။
၇၆၈။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆသီ’’တိ။
၇၆၈။ (ယောကျာ်း) သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့ပါသနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့် ဤဆင်းရဲသို့ရောက်ရပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၆၉။ ‘‘အဟု အာဝါသိကော မယှံ, ဣဿုကီ ကုလမစ္ဆရီ၊
အဇ္ဈောသိတော မယှံ ဃရေ, ကဒရိယော ပရိဘာသကော။
၇၆၉။ အရှင်ဘုရား အကျွန်ုပ်၏ ကျောင်း၌ နေသော (ကျောင်းထိုင်) ရဟန်းသည် ငြူစူ တတ်သူ, ဒါယကာ၌ ဝန်တိုတတ်သူ, သူတစ်ပါးပေးလှူသည်ကို တားမြစ်သောအားဖြင့် ကြမ်း တမ်းသော မစ္ဆရိယရှိသူ, သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်သူ ဖြစ်၍ အကျွန်ုပ်အိမ်၌ ပစ္စည်းတပ်မက်မောသောစိတ်ဖြင့် မပြတ်ဝင်ထွက်နေပါ၏။
၇၇၀။ ‘‘တဿာဟံ ဝစနံ သုတွာ, ဘိက္ခဝေါ ပရိဘာသိသံ၊
တဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတော’’တိ။
၇၇၀။ အကျွန်ုပ်သည် ထိုရဟန်း၏ စကားကို ကြားရသောကြောင့် ရဟန်းတို့ကို ဆဲရေးခဲ့ဖူးပါ၏၊ ထိုကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာက လျှောက်၏)။
၇၇၁။ ‘‘အမိတ္တော မိတ္တဝဏ္ဏေန, ယော တေ အာသိ ကုလူပကော၊
ကာယဿ ဘေဒါ ဒုပ္ပညော, ကိံ နု ပေစ္စ ဂတိံ ဂတော’’တိ။
၇၇၁။ (ယောကျာ်း) သင်သည် အဆွေခင်ပွန်းမဟုတ်ဘဲ အဆွေခင်ပွန်းအသွင်ဖြင့် ဖြစ်၍ သင်၏ အိမ်သို့ မပြတ်ကပ်ရောက်တတ်သော ပညာမဲ့သော ရဟန်းသည် ကိုယ်ခန္ဓာပျက်စီး သည့်နောက် တမလွန်ဘဝ၌ အဘယ်ဂတိသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၂။ ‘‘တဿေဝါဟံ ပါပကမ္မဿ, သီသေ တိဋ္ဌာမိ မတ္ထကေ၊
သော စ ပရဝိသယံ ပတ္တော, မမေဝ ပရိစာရကော။
၇၇၂။ အရှင်ဘုရား အကျွန်ုပ်သည် ယုတ်မာသော မကောင်းမှုရှိသော ထိုရဟန်း၏ ဦးခေါင်းထက်၌သာလျှင် တည်နေပါ၏၊ ပြိတ္တာဘုံသို့ ရောက်သော ထိုရဟန်းပြိတ္တာသည် အကျွန်ုပ်၏ အလုပ်အကျွေးသာလျှင် ဖြစ်ပါ၏။
၇၇၃။ ‘‘ယံ ဘဒန္တေ ဟဒန္တညေ, ဧတံ မေ ဟောတိ ဘောဇနံ၊
အဟဉ္စ ခေါ ယံ ဟဒါမိ, ဧတံ သော ဥပဇီဝတီ’’တိ။
ဂူထခါဒကပေတဝတ္ထု အဋ္ဌမံ။
၇၇၃။ အရှင်ဘုရား သူတစ်ပါးတို့ စွန့်အပ်သော ကျင်ကြီးသည် အကျွန်ုပ်၏ အစာဘောဇဥ် ဖြစ်ပါ၏၊ ထိုရဟန်းပြိတ္တာသည်ကား အကျွန်ုပ်စွန့်အပ်သော ကျင်ကြီးကို စားသောက်မှီခိုလျက် အသက်မွေးရပါ၏ဟု (ပြိတ္တာက လျှောက်၏)။ ရှစ်ခုမြောက်သော ဂူထခါဒကပေတဝတ္ထု ပြီး၏။ ၉-ဂူထခါဒကပေတိဝတ္ထု ရှေးဘဝလူဖြစ်စဥ် ကျောင်းအမနှင့် ရဟန်းဆိုးတွေ့ကြရာ ယခင်နည်းအတိုင်း ရဟန်း ကောင်းတို့ကို ဆဲရေးမိသောကြောင့် သေသောအခါ ပြိတ္တာမနှင့် ရဟန်းပြိတ္တာ အထက် အောက်ဖြစ်ကြကာ အဆင့်ဆင့် မစင်စားနေရသော ပြိတ္တာစုံတွဲတမျိုး
၉။ ဂူထခါဒကပေတိဝတ္ထု
၇၇၄။ ‘‘ဂူထကူပတော ဥဂ္ဂန္တွာ, ကာ နု ဒီနာ ပတိဋ္ဌသိ၊
နိဿံသယံ ပါပကမ္မန္တာ, ကိံ နု သဒ္ဒဟသေ တုဝ’’န္တိ။
၇၇၄။ မာတုဂါမ ကျင်ကြီးတွင်းမှ တက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူ ဖြစ်လေသနည်း၊ မာတုဂါမ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှုရှိလျက် အဘယ့်ကြောင့် မြည်တမ်းနေဘိသနည်းဟု (အသျှင် မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၅။ ‘‘အဟံ ဘဒန္တေ ပေတီမှိ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။
၇၇၅။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ ‘ဒုဂ္ဂတိဘုံ’သို့ ရောက်နေရသော ပြိတ္တာ ဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမှုကို ပြုမိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာက လျှောက်၏)။
၇၇၆။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆသီ’’တိ။
၇၇၆။ မာတုဂါမ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့် ဤဆင်းရဲသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၇။ ‘‘အဟု အာဝါသိကော မယှံ, ဣဿုကီ ကုလမစ္ဆရီ၊
အဇ္ဈောသိတော မယှံ ဃရေ, ကဒရိယော ပရိဘာသကော။
၇၇၇။ အရှင်ဘုရား အကျွန်ုပ်၏ ကျောင်း၌ နေသော (ကျောင်းထိုင်) ရဟန်းသည် ငြူစူ တတ်သူ, ဒါယကာ၌ ဝန်တိုတတ်သူ, သူတစ်ပါးပေးလှူသည်ကို တားမြစ်သောအားဖြင့် ကြမ်း တမ်းသော မစ္ဆရိယရှိသူ, သမဏ ဗြာဟ္မဏတို့ကို ဆဲရေးတတ်သူဖြစ်၍ အကျွန်ုပ်အိမ်၌ ပစ္စည်း တပ်မက်မောသော စိတ်ဖြင့် မပြတ်ဝင်ထွက်နေပါ၏။
၇၇၈။ ‘‘တဿာဟံ ဝစနံ သုတွာ, ဘိက္ခဝေါ ပရိဘာသိသံ၊
တဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။
၇၇၈။ အကျွန်ုပ်သည် ထိုရဟန်း၏ စကားကို ကြားရသောကြောင့် ရဟန်းတို့ကို ဆဲရေး ခဲ့ဖူးပါ၏၊ ထိုကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။
၇၇၉။ ‘‘အမိတ္တော မိတ္တဝဏ္ဏေန, ယော တေ အာသိ ကုလူပကော၊
ကာယဿ ဘေဒါ ဒုပ္ပညော, ကိံ နု ပေစ္စ ဂတိံ ဂတော’’တိ။
၇၇၉။ မာတုဂါမ အဆွေခင်ပွန်းမဟုတ်ဘဲ အဆွေခင်ပွန်းအသွင်ဖြင့်ဖြစ်၍ သင်၏အိမ်သို့ မပြတ်ကပ်ရောက်တတ်သော ပညာမဲ့သော ရဟန်းသည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘဝ၌ အဘယ်ဂတိသို့ လားရောက်ပါသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၈၀။ ‘‘တဿေဝါဟံ ပါပကမ္မဿ, သီသေ တိဋ္ဌာမိ မတ္ထကေ၊
သော စ ပရဝိသယံ ပတ္တော, မမေဝ ပရိစာရကော။
၇၈၀။ အရှင်ဘုရား အကျွန်ုပ်သည် ယုတ်မာသော မကောင်းမှုရှိသော ထိုရဟန်း၏ ဦးခေါင်းထက်၌သာလျှင် တည်နေပါ၏၊ ပြိတ္တာဘုံသို့ရောက်သော ထိုရဟန်းပြိတ္တာသည် အကျွန်ုပ်၏ အလုပ်အကျွေးသာလျှင် ဖြစ်ပါ၏။
၇၈၁။ ‘‘ယံ ဘဒန္တေ ဟဒန္တညေ, ဧတံ မေ ဟောတိ ဘောဇနံ၊
အဟဉ္စ ခေါ ယံ ဟဒါမိ, ဧတံ သော ဥပဇီဝတီ’’တိ။
ဂူထခါဒကပေတိဝတ္ထု နဝမံ။
၇၈၁။ အရှင်ဘုရား သူတစ်ပါးတို့ စွန့်ပစ်အပ်သော ကျင်ကြီးသည် အကျွန်ုပ်၏ အစာ ဘောဇဥ်ဖြစ်ပါ၏၊ ရဟန်းပြိတ္တာသည်ကား အကျွန်ုပ်စွန့်ပစ်အပ်သော ကျင်ကြီးကို စားသောက်မှီခိုလျက် အသက်မွေးရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။ ကိုးခုမြောက်သော ဂူထခါဒကပေတိဝတ္ထု ပြီး၏။ ၁၀-ဂဏပေတဝတ္ထု ရှေးလူဖြစ်စဥ် လိုချင်မျက်စိဖြင့် ရေချိုးဆိပ်တို့တွင် သူတပါးမေ့ကျန်ရစ်သော ဥစ္စာတို့ကို ရှာမှီးလျက် ပစ္စည်းရှိစေကာမူ မလှူဒါန်းခဲ့ကြ၊ သေသောအခါ ပြိတ္တာများဖြစ်ကာ ရေဆာ၍ ရေရှိသော မြစ်သို့သွားသော်လည်း ရေမတွေ့၊ ယူဇနာများစွာ သွား၍ ရှာသော်လည်း အစာ မရ, သစ်ပင်အောက်သို့ ချဥ်းကပ်သော်လည်း အရိပ်မရှိ, လေအေးမတိုက် မြေ၌လဲကျ ဒုက္ခအမျိုးမျိုး ခံနေကြရသော ပြိတ္တာများ
၁၀။ ဂဏပေတဝတ္ထု
၇၈၂။ ‘‘နဂ္ဂါ ဒုဗ္ဗဏ္ဏရူပါတ္ထ, ကိသာ ဓမနိသန္ထတာ၊
ဥပ္ဖါသုလိကာ [ဥပ္ပါသုဠိကာ (က။)] ကိသိကာ, ကေ နု တုမှေတ္ထ မာရိသာ’’တိ။
၇၈၂။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော အချင်းပြိတ္တာတို့ သင်တို့သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိကုန်၏၊ ကြုံလှီ၍ အကြော ပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်လျက် ဤအရပ်၌ တည်နေရသော သင်တို့ကား အဘယ်သူတို့ ဖြစ်ကုန်သနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၈၃။ ‘‘မယံ ဘဒန္တေ ပေတာမှာ, ဒုဂ္ဂတာ ယမလောကိကာ၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတာ’’တိ။
၇၈၃။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာတို့ ဖြစ်ပါကုန်၏၊ အကျွန်ုပ်တို့သည် မကောင်းမှုကံကို ပြုခဲ့မိကုန်သောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရပါကုန်၏ဟု (ပြိတ္တာများက ဖြေ၏)။
၇၈၄။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ပေတလောကံ ဣတော ဂတာ’’တိ။
၇၈၄။ အချင်းတို့ သင်တို့သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ကြကုန်သနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုးအားဖြင့် ဤလူ့ပြည်မှပြိတ္တာဘုံသို့ ရောက်ကြရကုန်သနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန် က မေး၏)။
၇၈၅။ ‘‘အနာဝဋေသု တိတ္ထေသု, ဝိစိနိမှဒ္ဓမာသကံ၊
သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကမှ အတ္တနော။
၇၈၅။ (အရှင်ဘုရား) အကျွန်ုပ်တို့သည် မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ လူတို့ မေ့လျော့ကျန်ရစ်ခဲ့သော ပဲဝက်မျှ ဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါကုန်၏၊ အကျွန်ုပ်တို့သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါကုန်။
၇၈၆။ ‘‘နဒိံ ဥပေမ တသိတာ, ရိတ္တကာ ပရိဝတ္တတိ၊
ဆာယံ ဥပေမ ဥဏှေသု, အာတပေါ ပရိဝတ္တတိ။
၇၈၆။ အရှင်ဘုရား အကျွန်ုပ်တို့သည် ရေမွတ်သိပ်လှကုန်သည်ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ ကုန်၏၊ ယင်းသို့ ကပ်ရောက်မိကြကုန်သော် စီးနေသော မြစ်သည် ရေမရှိဘဲ အချည်းနှီး ဖြစ် သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာသို့ ချဥ်းကပ်ကြပါကုန်၏၊ ယင်းသို့ ချဥ်းကပ် မိကြကုန်သည်ရှိသော် အရိပ်တည်ရာအရပ်သည် နေပူ ဖြစ်သွားပါ၏။
၇၈၇။ ‘‘အဂ္ဂိဝဏ္ဏော စ နော ဝါတော, ဍဟန္တော ဥပဝါယတိ၊
ဧတဉ္စ ဘန္တေ အရဟာမ, အညဉ္စ ပါပကံ တတော။
၇၈၇။ အကျွန်ုပ်တို့အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည်ဖြစ်၍ တိုက် ခတ်ပါ၏၊ အရှင်ဘုရား ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း၊ ထိုဆင်းရဲထက် ရုန့်ရင်း ကြမ်းတမ်းသော အခြားဆင်းရဲကိုလည်းကောင်း (မကောင်းမှုပြုခဲ့သော အကျွန်ုပ်တို့သည်) ခံစားထိုက်ပါကုန်၏။
၇၈၈။ ‘‘အပိ ယောဇနာနိ [အဓိယောဇနာနိ (သီ။ က။)] ဂစ္ဆာမ, ဆာတာ အာဟာရဂေဓိနော၊
အလဒ္ဓါဝ နိဝတ္တာမ, အဟော နော အပ္ပပုညတာ။
၇၈၈။ အကျွန်ုပ်တို့သည် ဆာလောင်ကုန်သည်ဖြစ်၍ စားသောက်ဖွယ်အာဟာရ၌ မက်မော ကုန်လျက် ယူဇနာများစွာတိုင်အောင်လည်း သွားရောက်ကြပါကုန်၏၊ ဤသို့ သွားရောက်ကြ ပါကုန်သော်လည်း အာဟာရတစ်စုံတစ်ရာကို မရကြကုန်ဘဲသာလျှင် ပြန်ခဲ့ကြရပါကုန်၏၊ အကျွန်ုပ်တို့၏ဘုန်းကံနည်းသော အဖြစ်သည် အံ့ဩဖွယ်ရှိလှပါ၏။
၇၈၉။ ‘‘ဆာတာ ပမုစ္ဆိတာ ဘန္တာ, ဘူမိယံ ပဋိသုမ္ဘိတာ၊
ဥတ္တာနာ ပဋိကိရာမ, အဝကုဇ္ဇာ ပတာမသေ။
၇၈၉။ အရှင်ဘုရား အကျွန်ုပ်တို့သည် ဆာလောင်ကုန်သည်ဖြစ်၍ ဆာလောင်ခြင်းဖြင့် မူးမှိုင်တွေဝေကုန်သည် ဖြစ်ရကား တုန်လှုပ်ကုန်လျက် မြေ၌ လဲကျကြရပါကုန်၏၊ တစ်ရံတစ်ခါ ပက်လက်လဲကျကုန်၍ တစ်ရံတစ်ခါ မှောက်ခုံ လဲကျရပါကုန်၏။
၇၉၀။ ‘‘တေ စ တတ္ထေဝ ပတိတာ [တတ္ထ ပပဟိတာ (က။)], ဘူမိယံ ပဋိသုမ္ဘိတာ၊
ဥရံ သီသဉ္စ ဃဋ္ဋေမ, အဟော နော အပ္ပပုညတာ။
၇၉၀။ ထိုအကျွန်ုပ်တို့သည် ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျ ကြရပါ၏၊ ရင်ဝကိုလည်းကောင်း ဦးခေါင်း (နဖူး) ကိုလည်းကောင်း ထိခိုက်ကြပါကုန်၏၊ အကျွန်ုပ်တို့၏ ဘုန်းကံနည်းသော အဖြစ်သည် အံ့ဩဖွယ်ရှိလှပါ၏။
၇၉၁။ ‘‘ဧတဉ္စ ဘန္တေ အရဟာမ, အညဉ္စ ပါပကံ တတော၊
သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကမှ အတ္တနော။
၇၉၁။ အရှင်ဘုရား အကျွန်ုပ်တို့သည် ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း, ထို ဆင်းရဲထက် ရုန့်ရင်းကြမ်းတမ်းသော အခြားဆင်းရဲကိုလည်းကောင်း ခံစားထိုက်ကြပါကုန်၏၊ အကျွန်ုပ်တို့သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကောင်းမှုကို မပြုခဲ့မိကြပါကုန်။
၇၉၂။ ‘‘တေ ဟိ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊
ဝဒညူ သီလသမ္ပန္နာ, ကာဟာမ ကုသလံ ဗဟု’’န္တိ။
ဂဏပေတဝတ္ထု ဒသမံ။
၇၉၂။ ထိုအကျွန်ုပ်တို့သည် ဤပြိတ္တာဘဝမှ သွားရောက်၍ လူ့ဘဝကို ရကြပါကုန်သော် အလှူခံတို့စကားကို သိကုန်သည်ဖြစ်၍ သီလနှင့်ပြည့်စုံကာ များစွာသော ကုသိုလ်ကံကို ပြုကြပါကုန်အံ့ဟု (ပြိတ္တာများက လျှောက်၏)။ ဆယ်ခုမြောက်သော ဂဏပေတဝတ္ထု ပြီး၏။ ၁၁-ပါဋလိပုတ္တပေတဝတ္ထု ပြိတ္တာသိမ်းပိုက်ထားခြင်းခံရသော ပါဋလိပုတ်သူ အမျိုးသမီးက ပြိတ္တာ၏ ဗိမာန်၌ နေထိုင်ရသည်ကို ငြီးငွေ့၍ ပြန်ခွင့်တောင်းရာ ပြိတ္တာက လူ့ပြည်သို့ ပြန်၍ ကုသိုလ်ပြုရန် တိုက်တွန်းပုံနှင့် အမျိုးသမီးက လူ့ပြည်သို့ပြန်၍ ကုသိုလ်ပြုပါမည်ဟု ဝန်ခံပုံ။
၁၁။ ပါဋလိပုတ္တပေတဝတ္ထု
၇၉၃။ ‘‘ဒိဋ္ဌာ တယာ နိရယာ တိရစ္ဆာနယောနိ,
ပေတာ အသုရာ အထဝါပိ မာနုသာ ဒေဝါ၊ သယမဒ္ဒသ ကမ္မဝိပါကမတ္တနော,
နေဿာမိ တံ ပါဋလိပုတ္တမက္ခတံ၊ တတ္ထ ဂန္တွာ ကုသလံ ကရောဟိ ကမ္မံ’’။
၇၉၃။ ရှင်မ သင်သည် ငရဲတို့ကိုလည်းကောင်း နဂါး ဂဠုန်စသော တိရစ္ဆာန်တို့ကိုလည်း ကောင်း၊ ပြိတ္တာတို့ကိုလည်းကောင်း၊ အသုရာတို့ကိုလည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ ထိုမှတစ်ပါး လူတို့ကိုလည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့ကိုလည်းကောင်း မြင်အပ်ဖူးကုန်ပြီ၊ သင်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင်ပင် မြင်ရပြီ၊ ငါသည် ယခုအခါ တစ်စုံတစ်ရာမျှ ဆုတ်ယုတ်ပျက်စီးခြင်းမရှိသော သင့်ကို ပါဋလိပုတ်ပြည်သို့ ပို့ဆောင်အံ့၊ ထို ပါဋလိပုတ်ပြည်သို့ သွား၍ ကုသိုလ်ကောင်းမှုကို ပြုလေလော့ဟု (ပြိတ္တာက ပြန်ရန် တောင်း ပန်သော မိန်းမကို ပြော၏)။
၇၉၄။ ‘‘အတ္ထကာမောသိ မေ ယက္ခ, ဟိတကာမောသိ ဒေဝတေ၊
ကရောမိ တုယှံ ဝစနံ, တွံသိ အာစရိယော မမ။
၇၉၄။ နတ်သား သင်သည် အကျွန်ုပ်၏ အကျိုးကို အလိုရှိပါ၏၊ နတ်သား သင်သည် အကျွန်ုပ်၏ အစီးအပွါးကို အလိုရှိပါ၏၊ အကျွန်ုပ်သည် သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏။
၇၉၅။ ‘‘ဒိဋ္ဌာ မယာ နိရယာ တိရစ္ဆာနယောနိ, ပေတာ အသုရာ အထဝါပိ မာနုသာ ဒေဝါ၊
သယမဒ္ဒသံ ကမ္မဝိပါကမတ္တနော, ကာဟာမိ ပုညာနိ အနပ္ပကာနီ’’တိ။
ပါဋလိပုတ္တပေတဝတ္ထု ဧကာဒသမံ။
၇၉၅။ နတ်သား အကျွန်ုပ်သည် ငရဲတို့ကိုလည်းကောင်း၊ နဂါး ဂဠုန် စသော တိရစ္ဆာန်တို့ကိုလည်းကောင်း၊ ပြိတ္တာတို့ကိုလည်းကောင်း၊ အသုရာတို့ကိုလည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ ထိုမှတစ်ပါး လူတို့ကိုလည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့ကို လည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ အကျွန်ုပ်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင်ပင် မြင်ရပါပြီ (ပါဋလိပုတ်ပြည်သို့ သွားရောက်၍) များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါအံ့ဟု (မိန်းမက ပြန်ပြော၏)။ တစ်ဆယ့်တစ်ခုမြောက်သော ပါဋလိပုတ္တပေတဝတ္ထု ပြီး၏။ ၁၂-အမ္ဗဝနပေတဝတ္ထု လူ့ဘဝ၌ ကျန်ရစ်သူသမီးက သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေ သောကြောင့် ရေကန် သရက်ဥယျာဥ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။
၁၂။ အမ္ဗဝနပေတဝတ္ထု
၇၉၆။ ‘‘အယဉ္စ တေ ပေါက္ခရဏီ သုရမ္မာ, သမာ သုတိတ္ထာ စ မဟောဒကာ စ၊
သုပုပ္ဖိတာ ဘမရဂဏာနုကိဏ္ဏာ, ကထံ တယာ လဒ္ဓါ အယံ မနုညာ။
၇၉၆။ သင်၏ ဤရေကန်သည် အလွန်နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏၊ များသော ရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်း။
၇၉၇။ ‘‘ဣဒဉ္စ တေ အမ္ဗဝနံ သုရမ္မံ, သဗ္ဗောတုကံ ဓာရယတေ [ဓာရယတိ (သျာ။ က။)] ဖလာနိ၊
သုပုပ္ဖိတံ ဘမရဂဏာနုကိဏ္ဏံ, ကထံ တယာ လဒ္ဓမိဒံ ဝိမာနံ’’။
၇၉၇။ နတ်သား သင်၏ ဤသရက်ဥယျာဥ်သည် အလွန်နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတု သုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျား ပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်း (ဟု ကုန်သည်များကမေး၏)။
၇၉၈။ ‘‘အမ္ဗပက္ကံ ဒကံ [အမ္ဗပက္ကောဒကံ (သီ။ သျာ။ ပီ။), အမ္ဗပက္ကူဒကံ (က။)] ယာဂု, သီတစ္ဆာယာ မနောရမာ၊
ဓီတာယ ဒိန္နဒါနေန, တေန မေ ဣဓ လဗ္ဘတိ’’။
၇၉၈။ ကုန်သည်တို့ အကျွန်ုပ်၏ သမီးသည် အကျွန်ုပ်ကို ရည်၍ သရက်သီးမှည့်ကို လည်းကောင်း၊ ရေကိုလည်းကောင်း၊ ယာဂုကိုလည်းကောင်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြောင့် ဤသရက်ဥယျာဥ်၌ သရက်သီးမှည့်ကိုလည်းကောင်း၊ ဤရေကန်၌ ရေကိုလည်းကောင်း ဤဗိမာန် ပဒေသာပင် စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ် ရပါ၏ဟု (ပြိတ္တာက ပြောဆို၏)။
၇၉၉။ ‘‘သန္ဒိဋ္ဌိကံ ကမ္မံ ဧဝံ [သန္ဒိဋ္ဌိကံ ဧဝ (သျာ။)] ပဿထ, ဒါနဿ ဒမဿ သံယမဿ ဝိပါကံ၊
ဒါသီ အဟံ အယျကုလေသု ဟုတွာ, သုဏိသာ ဟောမိ အဂါရဿ ဣဿရာ’’တိ။
အမ္ဗဝနပေတဝတ္ထု ဒွါဒသမံ။
၇၉၉။ အလှူပေးခြင်း၏လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်း၏လည်းကောင်း၊ သီလစောင့်ထိန်းခြင်း၏လည်းကောင်း အကျိုးကို (ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏ဟု) ကြည့်ရှုကြကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်တို့ အိမ်၌ ကျွန်မဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမ ဖြစ်ပါ၏ဟု (ပြိတ္တာ၏ သမီးက ရွတ်ဆို၏)*။ တစ်ဆယ့်နှစ်ခုမြောက်သော အမ္ဗဝနပေတဝတ္ထု ပြီး၏။ * ဤဂါထာသည် ပြိတ္တာ၏ သမီးက ရွတ်ဆိုသော ဂါထာတည်း။ ၁၃-အက္ခရုက္ခပေတဝတ္ထု အလှူဒါန၏ အကျိုးသည် ပစ္စုပ္ပန် သံသရာ ဖြစ်ဆဲဖြစ်လတ္တံ့သော ဆင်းရဲအပေါင်းကို လွန်မြောက်နိုင်ကြောင်း ဘုမ္မဇိုဝ်းနတ်က လှည်းသမားထံလာ၍ ပြောပုံ။
၁၃။ အက္ခရုက္ခပေတဝတ္ထု
၈၀၀။ ‘‘ယံ ဒဒါတိ န တံ ဟောတိ, ဒေထေဝ ဒါနံ ဒတွာ ဥဘယံ တရတိ၊
ဥဘယံ တေန ဒါနေန [တေန (က။)] ဂစ္ဆတိ, ဇာဂရထ မာပမဇ္ဇထာ’’တိ။
အက္ခရုက္ခပေတဝတ္ထု တေရသမံ။
၈၀၀။ အချင်းဥပါသကာ ဒါယကာသည် အကြင်လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ ထိုလှူဖွယ် ဝတ္ထုသည် (တမလွန်လောက၌သာ ထိုအလှူ၏ အကျိုးဖြစ်သည် မဟုတ်) စင်စစ်သော်ကား အခြားတစ်ပါးများစွာသော ကောင်းကျိုးသည် ဖြစ်သေး၏၊ ထိုကြောင့် သင်တို့သည် အလှူကို ပေးလှူသင့်ကုန်သည်သာတည်း၊ ပညာရှိသည် ပေးလှူခြင်းကြောင့် ပစ္စုပ္ပန်သံသရာ၌ ဖြစ်ဆဲ ဖြစ်လတ္တံ့သော ဆင်းရဲနှစ်ပါးကို လွန်မြောက်နိုင်၏၊ ထိုအလှူပေးခြင်းကြောင့် ပစ္စုပ္ပန်သံသရာ၌ ဖြစ်ဆဲဖြစ်လတ္တံ့သော ချမ်းသာနှစ်မျိုးသို့ ရောက်နိုင်၏၊ သင်တို့သည် နိုးကြားကြကုန်လော့၊ မမေ့လျော့ကြကုန်လင့်ဟု (ဘုမ္မစိုးနတ်က ဆို၏)။ တစ်ဆယ့်သုံးခုမြောက်သော အက္ခရုက္ခပေတဝတ္ထု ပြီး၏။ ၁၄-ဘောဂသံဟရပေတဝတ္ထု ပစ္စည်းဥစ္စာကို အကြောင်းအမျိုးမျိုးတို့ဖြင့် စုဆောင်းသူတို့သည် သေသောအခါ ပြိတ္တာ ဖြစ်ရ၍ ပစ္စည်းဥစ္စာတို့ကိုမူကား သူတပါးတို့သာ ဝိုင်းဝန်း စားသောက်ကြကြောင်း ဈေးသည် ပြိတ္တာမလေးဦးပြောပုံ။
၁၄။ ဘောဂသံဟရပေတဝတ္ထု
၈၀၁။ ‘‘မယံ ဘောဂေ သံဟရိမှ, သမေန ဝိသမေန စ၊
တေ အညေ ပရိဘုဉ္ဇန္တိ, မယံ ဒုက္ခဿ ဘာဂိနီ’’တိ။
ဘောဂသံဟရပေတဝတ္ထု စုဒ္ဒသမံ။
၈၀၁။ ငါတို့သည် ရှေးဘဝက စည်းစိမ်ချမ်းသာတို့ကို အသင့်အားဖြင့်လည်းကောင်း၊ မသင့်သောအားဖြင့်လည်းကောင်း ဆောင်ယူစုဆောင်းခဲ့ပါကုန်၏၊ ထိုငါတို့စုဆောင်းခဲ့သော စည်းစိမ်ဥစ္စာတို့ကို သူတစ်ပါးတို့ သုံးဆောင်ခံစားနေကြကုန်၏၊ ငါတို့မူကား ပြိတ္တာဘုံ၌ ဖြစ်သော ဆင်းရဲအဖို့မျှသာ ရှိကုန်၏ဟု (ဈေးသည်ဖြစ်ကြကုန်၍ စဥ်းလဲ ရောင်းချဖူးကုန်သော ပြိတ္တာမတို့က အော်ဟစ်ကုန်၏)။ တစ်ဆယ့်လေးခုမြောက်သော ဘောဂသံဟရပေတဝတ္ထု ပြီး၏။ ၁၅-သေဋ္ဌိပုတ္တပေတဝတ္ထု ဒု, သ, န,သော အမည်ရ သူဌေးသားလေးဦးတို့ လောဟကုမ္ဘီငရဲမှ ညည်းညူရွတ်ဆို ကြသော ဂါထာလေးပုဒ်။
၁၅။ သေဋ္ဌိပုတ္တပေတဝတ္ထု
၈၀၂။ [ဇာ။ ၁။၄။၅၄ ဇာတကေပိ] ‘‘သဋ္ဌိဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ’’။
၈၀၂။ အချင်းတို့ အချင်းခပ်သိမ်း လောဟကုမ္ဘီငရဲ၌ ကျက်ကြကုန်သော ငါတို့အား အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ကုန်ပြီ၊ ငါတို့အား ဘယ်အခါ ဤဆင်းရဲ၏အဆုံးသည် ဖြစ်ပါလတ္တံ့ နည်း။
၈၀၃။ [ဇာ။ ၁။၄။၅၅ ဇာတကေပိ] ‘‘နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ၊
တထာ ဟိ ပကတံ ပါပံ, တုယှံ မယှဉ္စ မာရိသာ [မမ တုယှဉ္စ မာရိသ (သီ။ သျာ။ ပီ။)]။
၈၀၃။ အချင်းတို့ အကြင်သို့သော အပြားအားဖြင့် သင့်အားလည်းကောင်း၊ ငါ့အားလည်း ကောင်းဤဆင်းရဲ၏ အဆုံး မရှှိ၊ ဤဆင်းရဲ၏ အဆုံးသည် အဘယ်မှာ ရှိနိုင်ပါတော့အံ့နည်း၊ ဤဆင်းရဲ၏အဆုံးကို မတွေ့မမြင်နိုင်၊ ထိုသို့သော အပြားအားဖြင့် သင်သည်လည်းကောင်း, ငါသည်လည်းကောင်းမကောင်းမှုကို ပြုအပ်ခဲ့ပြီ။
၈၀၄။ [ဇာ။ ၁။၄။၅၃ ဇာတကေပိ] ‘‘ဒုဇ္ဇီဝိတမဇီဝမှ, ယေ သန္တေ န ဒဒမှသေ၊
သန္တေသု ဒေယျဓမ္မေသု, ဒီပံ နာကမှ အတ္တနော။
၈၀၄။ အကြင်ငါတို့သည် လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မပေးမလှူခဲ့မိကြပါကုန်၊ မိမိ၏ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုမိကြပါကုန်၊ ထိုငါတို့သည် ပညာရှိတို့ ကဲ့ရဲ့ထိုက်သော အသက်ရှည်ခြင်းဖြင့် အသက်ရှည်ခဲ့ကြရပါကုန်၏။ ၊
၈၀၅။ [ဇာ။ ၁။၄။၅၆ ဇာတကေပိ] ‘‘သောဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊
ဝဒညူ သီလသမ္ပန္နော, ကာဟာမိ ကုသလံ ဗဟု’’န္တိ။
သေဋ္ဌိပုတ္တပေတဝတ္ထု ပန္နရသမံ။
၈၀၅။ ထိုငါသည် ဤငရဲမှ သွား၍ လူ့ဘဝကို ရပါမူ အလှူခံပုဂ္ဂိုလ်တို့ ပြောဆိုသော စကားကို သိတတ်သူ, သီလနှင့် ပြည့်စုံသူဖြစ်၍ များစွာသော ကောင်းမှုကုသိုလ်ကို ပြုပါတော့အံ့၊ (ဤသို့သူဌေးသားလေးယောက်တို့ ရွတ်ဆိုကြကုန်၏*)။ တစ်ဆယ့်ငါးခုမြောက်သော သေဋ္ဌိပုတ္တပေတဝတ္ထု ပြီး၏။ * ယခုလူတို့ ဒု သ န သောဟု သိနေကြသောသူဌေးသား ငရဲသတ္တဝါလေးဦးတို့ လောဟကုမ္ဘီငရဲမှ တစ်လုံးစီသာ ရွတ်ဆိုနိုင်သော ဂါထာလေးပုဒ်ဖြစ်သည်။ ၁၆-သဋ္ဌိကူဋပေတဝတ္ထု လူဖြစ်စဥ်အခါက သုနေတ္တပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်ဖြင့် ပစ်ခတ်ပေါက်ခွဲ ခဲ့ဖူးသောကြောင့် သေသောအခါ ကြောက်လန့်ပြေးသွား သံတူခြောက်သောင်းတို့သည် ဦးခေါင်းကို အစဥ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ရပုံဝတ္တု။
၁၆။ သဋ္ဌိကူဋပေတဝတ္ထု
၈၀၆။ ‘‘ကိံ နု ဥမ္မတ္တရူပေါဝ, မိဂေါ ဘန္တောဝ ဓာဝသိ၊
နိဿံသယံ ပါပကမ္မန္တော [ပါပကမ္မံ (သျာ။ ပီ။)], ကိံ နု သဒ္ဒါယသေ တုဝ’’န္တိ။
၈၀၆။ ယောကျာ်း အဘယ်အကြောင်းကြောင့် သင်သည် ရူးသောသူကဲ့သို့လည်းကောင်း၊ ကြောက်လန့်သဖြင့် တုန်လှုပ်သော သားသမင်ကဲ့သို့လည်းကောင်း ထိုမှဤမှ ပြေးသွားသနည်း၊ ယောကျာ်း သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှု ရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်းဟု (အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၈၀၇။ ‘‘အဟံ ဘဒန္တေ ပေတောမှိ, ဒုဂ္ဂတော ယမလောကိကော၊
ပါပကမ္မံ ကရိတွာန, ပေတလောကံ ဣတော ဂတော။
၈၀၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာ ‘ဒုဂ္ဂတိ’ဘုံသို့ လားရောက်ရသော ပြိတ္တာ ဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမှုကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။
၈၀၈။ ‘‘သဋ္ဌိ ကူဋသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
သီသေ မယှံ နိပတန္တိ, တေ ဘိန္ဒန္တိ စ မတ္ထက’’န္တိ။
၈၀၈။ အရှင်ဘုရား အယုတ်အလွန်မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းကုန်သော သံတူ တို့သည် အကျွန်ုပ်၏ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု (ပြိတ္တာက လျှောက်၏)။
၈၀၉။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊
ကိဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆသိ။
၈၀၉။ ယောကျာ်း သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်မကောင်းမှုကံ၏ အကျိုး ကြောင့် ဤဆင်းရဲကို ခံရဘိသနည်း။
၈၁၀။ ‘‘သဋ္ဌိ ကူဋသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
သီသေ တုယှံ နိပတန္တိ, တေ ဘိန္ဒန္တိ စ မတ္ထက’’န္တိ။
၈၁၀။ အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင်၏ ဦးခေါင်း၌အချင်းခပ်သိမ်း အဘယ်ကြောင့် ကျကုန်သနည်း၊ ထိုခြောက်သောင်းသော သံတူ တို့သည် သင့်ဦးခေါင်းကို အဘယ့်ကြောင့် ခွဲလည်း ခွဲကြကုန်သနည်းဟု (အသျှင်မဟာ မောဂ္ဂလ္လာန် က ထပ်မေး၏)။
၈၁၁။ ‘‘အထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, သုနေတ္တံ ဘာဝိတိန္ဒြိယံ၊
နိသိန္နံ ရုက္ခမူလသ္မိံ, ဈာယန္တံ အကုတောဘယံ။
၈၁၁။ အရှင်ဘုရား အကျွန်ုပ်သည် သစ်ပင်ရင်း၌ ထိုင်နေတော်မူသော အရိယာမဂ်ဖြင့် ပွါးစေအပ်ပြီးသည့်ဣန္ဒြေရှိသော အရဟတ္တဖိုလ်ဈာန်လည်းရှိသော ကိလေသာကြောင့်ဖြစ်သည့် ဘေးလည်း မရှိသော သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါကို မြင်ခဲ့ပါ၏။
၈၁၂။ ‘‘သာလိတ္တကပ္ပဟာရေန, ဘိန္ဒိဿံ တဿ မတ္ထကံ၊
တဿ ကမ္မဝိပါကေန, ဣဒံ ဒုက္ခံ နိဂစ္ဆိသံ။
၈၁၂။ (ထိုအခါ) ထိုပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်တို့ဖြင့် ပစ်ခတ်သောအားဖြင့် ခွဲခဲ့ဖူးပါ၏၊ အရှင်ဘုရား ထိုကံ၏ အကျိုးကြောင့် ဤသို့သော ဆင်းရဲကို ခံရပါ၏။
၈၁၃။ ‘‘သဋ္ဌိ ကူဋသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
သီသေ မယှံ နိပတန္တိ, တေ ဘိန္ဒန္တိ စ [နိပတန္တိ, ဝေါ ဘိန္ဒန္တေဝ (သီ။ ဓမ္မပဒဋ္ဌကထာ)] မတ္ထက’’န္တိ။
၈၁၃။ အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်းခွဲကြပါကုန်၏ဟု (ပြိတ္တာက ထပ်လျှောက်၏)။
၈၁၄။ ‘‘ဓမ္မေန တေ ကာပုရိသ, သဋ္ဌိကူဋသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
သီသေ တုယှံ နိပတန္တိ, တေ ဘိန္ဒန္တိ စ မတ္ထက’’န္တိ။
သဋ္ဌိကူဋပေတဝတ္ထု သောဠသမံ။
မဟာဝဂ္ဂေါ စတုတ္ထော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
အမ္ဗသက္ကရော သေရီသကော, ပိင်္ဂလော ရေဝတိ ဥစ္ဆု၊
ဒွေ ကုမာရာ ဒုဝေ ဂူထာ, ဂဏပါဋလိအမ္ဗဝနံ။
အက္ခရုက္ခဘောဂသံဟရာ, သေဋ္ဌိပုတ္တသဋ္ဌိကူဋာ၊
ဣတိ သောဠသဝတ္ထူနိ, ဝဂ္ဂေါ တေန ပဝုစ္စတိ။
အထ ဝဂ္ဂုဒ္ဒါနံ –
ဥရဂေါ ဥပရိဝဂ္ဂေါ, စူဠမဟာတိ စတုဓာ၊
ဝတ္ထူနိ ဧကပညာသံ, စတုဓာ ဘာဏဝါရတော။
ပေတဝတ္ထုပါဠိ နိဋ္ဌိတာ။
၈၁၄။ ယုတ်မာသော ယောကျာ်း သင်ပြုသော အကြောင်းအားလျော်စွာ အယုတ်အလွန် မရှိမူ၍ ထိုခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင့်ဦးခေါင်း၌ အချင်းခပ်သိမ်း ကျ ကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် သင့်ဦးခေါင်းကို ခွဲလည်း ခွဲကြကုန်၏။ တစ်ဆယ့်ခြောက်ခုမြောက်သော သဋ္ဌိကူဋပေတဝတ္ထု ပြီး၏။ လေးခုမြောက်သော မဟာဝဂ် ပြီး၏။ ပေတဝတ္ထုပါဠိတော် မြန်မာပြန် ပြီး၏။