ဓမ္မလမ်း
← သုတ္တနိပါတပါဠိ

သုတ္တနိပါတပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၇၉

ခုဒ္ဒကနိကာယေ

သုတ္တနိပါတပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဥရဂဝဂ္ဂ

၁။ ဥရဂသုတ္တ

၁။ ယော [ယော ဝေ (သျာ။)] ဥပ္ပတိတံ ဝိနေတိ ကောဓံ, ဝိသဋံ သပ္ပဝိသံဝ ဩသဓေဟိ [ဩသဓေဘိ (က။)]၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ [ဇိဏ္ဏမိဝ တစံ (သီ။ သျာ။ ကံ။ ပီ။), ဇိဏ္ဏမိဝါ တစံ (?)] ပုရာဏံ။

၁။ (တစ်ကိုယ်လုံး) ပျံ့နှံ့၍ တည်သော မြွေဆိပ်ကို ဆေးတို့ဖြင့် ပယ်ဖျောက်သကဲ့သို့ အကြင်ရဟန်းသည် ဖြစ်ပေါ်လာသော အမျက်ဒေါသကို ပယ်ဖျောက်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

Anthology of Discourses 1.1 The Serpent When anger surges, they drive it out, as with medicine a cobra’s spreading venom. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၂။ ယော ရာဂမုဒစ္ဆိဒါ အသေသံ, ဘိသပုပ္ဖံဝ သရောရုဟံ [သရေရုဟံ (က။)] ဝိဂယှ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ, ပုရာဏံ။

၂။ (သူငယ်တို့သည်) ရေအိုင်သို့ ဆင်း၍ ရေအိုင်၌ ပေါက်သော ပဒုမ္မာကြာပန်းကို ချိုးဖြတ်ဖျက်ဆီးကုန်သကဲ့သို့ အကြင်ရဟန်းသည် ရာဂကို အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They’ve cut off greed entirely, like a lotus plucked flower and stalk. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၃။ ယော တဏှမုဒစ္ဆိဒါ အသေသံ, သရိတံ သီဃသရံ ဝိသောသယိတွာ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၃။ အကြင်ရဟန်းသည် ကျင်လည်စေတတ်သော လျင်စွာပြေးသွားတတ်သောတဏှာကို့ခန်းခြောက်စေလျက် အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They’ve cut off craving entirely, drying up that swift-flowing stream. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

စာ-၂၈၀

၄။ ယော မာနမုဒဗ္ဗဓီ အသေသံ, နဠသေတုံဝ သုဒုဗ္ဗလံ မဟောဃော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၄။ ကြီးစွာသော ရေအလျဥ်သည် အလွန်အားနည်းသော ကျူရိုးတံတားကို တိုက်ဖျက်သွားသကဲ့သို့ အကြင်ရဟန်းသည် မာနကို အကြွင်းမဲ့ သတ်ဖြတ်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They’ve swept away conceit entirely, as a fragile bridge of reeds by a great flood. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၅။ ယော နာဇ္ဈဂမာ ဘဝေသု သာရံ, ဝိစိနံ ပုပ္ဖမိဝ [ပုပ္ဖမိဝ (ဗဟူသု)] ဥဒုမ္ဗရေသု၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၅။ ရေသဖန်းပင်တို့၌ အပွင့်ကို စူးစမ်းရှာဖွေသည်ရှိသော် မရနိုင်သကဲ့သို့ အကြင်ရဟန်းသည် ဘဝတို့၌ ပညာဖြင့် စူးစမ်းရှာဖွေသည်ရှိသော် အနှစ် ‘သာရ’ကို မရနိုင်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

In future lives they find no worth, as an inspector of fig trees finds no flower. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၆။ ယဿန္တရတော န သန္တိ ကောပါ, ဣတိဘဝါဘဝတဉ္စ [ဣတိဗ္ဘဝါဘဝတဉ္စ (က။)] ဝီတိဝတ္တော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၆။ အကြင်ရဟန်း၏ စိတ်၌ အမျက်ဒေါသတို့ မရှိကုန်၊ ပြည့်စုံမှု ပျက်စီးမှု တိုးပွါးမှု ဆုတ်ယုတ်မှုခိုင်မြဲမှု ပြတ်စဲမှု ကောင်းမှု မကောင်းမှုကိုလည်း မဂ် လေးပါးတို့ဖြင့် လွန်မြောက်ခဲ့၏၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့် လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They hide no anger within, passed beyond any kind of existence. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၇။ ယဿ ဝိတက္ကာ ဝိဓူပိတာ, အဇ္ဈတ္တံ သုဝိကပ္ပိတာ အသေသာ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၇။ အကြင်ရဟန်းသည် မိမိခန္ဓာအစဥ်၌ ကာမဝိတက်စသည်တို့ကို (အောက် မဂ်သုံးပါးတို့ဖြင့်) ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ကောင်းစွာ ဖြတ်အပ်ကုန်ပြီ၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

Their mental vibrations are cleared away, internally clipped off entirely. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၈။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ အစ္စဂမာ ဣမံ ပပဉ္စံ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၈။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ဤ (တဏှာမာနဒိဋ္ဌိ) ပပဉ္စတရားအားလုံးကို လွန်မြောက်ခဲ့၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, but have gone beyond all this proliferation. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၉။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ ဝိတထမိဒန္တိ ဉတွာ [ဥတွာ (သျာ။ ပီ။ က။)] လောကေ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၉။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် လောက၌ ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလ ပုထုဇဥ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, for they know that nothing in the world <j>is what it seems. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၀။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ ဝိတထမိဒန္တိ ဝီတလောဘော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၀။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဥ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် လောဘကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, knowing nothing is what it seems, free of greed. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

စာ-၂၈၁

၁၁။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ ဝိတထမိဒန္တိ ဝီတရာဂေါ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၁။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဥ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ရာဂကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, knowing nothing is what it seems, free of lust. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၂။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ ဝိတထမိဒန္တိ ဝီတဒေါသော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၂။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် သင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဥ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ဒေါသကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, knowing nothing is what it seems, free of hate. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၃။ ယော နာစ္စသာရီ န ပစ္စသာရီ, သဗ္ဗံ ဝိတထမိဒန္တိ ဝီတမောဟော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၃။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဥ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မောဟကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့့သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have not run too far nor run back, knowing nothing is what it seems, free of delusion. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၄။ ယဿာနုသယာ န သန္တိ ကေစိ, မူလာ စ အကုသလာ သမူဟတာသေ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၄။ အကြင်ရဟန်းအား တစ်စုံတစ်ခုသော အနုသယတို့ မရှိကုန်၊ အကုသိုလ် မူလတို့ကိုလည်းအကြွင်းမဲ့ ပယ်နုတ်အပ်ကုန်၏၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have no underlying tendencies at all, and are rid of unskillful roots, Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၅။ ယဿ ဒရထဇာ န သန္တိ ကေစိ, ဩရံ အာဂမနာယ ပစ္စယာသေ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၅။ အကြင်ရဟန်းအား ခန္ဓာကိုယ် (သက္ကာယ) ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံတစ်ခုသော ပူပန်စေတတ်သော ကိလေသာတို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

They have nothing born of distress at all to make them to return to the near shore. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၆။ ယဿ ဝနထဇာ န သန္တိ ကေစိ, ဝိနိဗန္ဓာယ ဘဝါယ ဟေတုကပ္ပါ၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

၁၆။ အကြင်ရဟန်းအား ဘဝ၌ မြဲစွာ ဖွဲ့ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံ တစ်ခုသော ကိလေသာ (တဏှာ)တို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

No snarl grows in them at all, that would shackle them to a new life. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

၁၇။ ယော နီဝရဏေ ပဟာယ ပဉ္စ, အနိဃော တိဏ္ဏကထံကထော ဝိသလ္လော၊

သော ဘိက္ခု ဇဟာတိ ဩရပါရံ, ဥရဂေါ ဇိဏ္ဏမိဝတ္တစံ ပုရာဏံ။

ဥရဂသုတ္တံ ပဌမံ နိဋ္ဌိတံ။

၁၇။ အကြင်ရဟန်းသည် နီဝရဏငါးပါးတို့ကို ပယ်စွန့်နိုင်သောကြောင့် ဆင်းရဲ မရှိ၊သို့လောသို့လောတွေးတောယုံမှားမှုကို လွန်မြောက်၏၊ ရာဂစသော ငြောင့် တံသင်းမှ ကင်း၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။ ရှေးဦးစွာသော ဥရဂသုတ် ပြီး၏။

They’ve given up the five hindrances, untroubled, rid of indecision, free of thorns. Such a mendicant sheds the near shore and the far, as a serpent its old worn-out skin.

စာ-၂၈၂

၂။ ဓနိယသုတ္တံ

၁၈။ ‘‘ပက္ကောဒနော ဒုဒ္ဓခီရောဟမသ္မိ, (ဣတိ ဓနိယော ဂေါပေါ)

အနုတီရေ မဟိယာ သမာနဝါသော၊

ဆန္နာ ကုဋိ အာဟိတော ဂိနိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂-ဓနိယသုတ် ၁၈။ (ကိုယ်ပိုင်နွားတို့ကို ထိန်းကျောင်းသူ နွားကျောင်းသား ဓနိယသည် ဤသို့ ဆို၏) - ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွနေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည်ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။ (၁)

Anthology of Discourses 1.2 The Wealthy Rancher “I’ve boiled my rice and drawn my milk,” said Dhaniya the rancher, “I stay with my family along the bank of the Mahī. My hut is roofed, my sacred fire kindled: so rain forth, heavens, if you wish.”

၁၉။ ‘‘အက္ကောဓနော ဝိဂတခိလောဟမသ္မိ [ဝိဂတခီလောဟမသ္မိ (သီ။ ပီ။)], (ဣတိ ဘဂဝါ)

အနုတီရေ မဟိယေကရတ္တိဝါသော၊

ဝိဝဋာ ကုဋိ နိဗ္ဗုတော ဂိနိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၁၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ကမ်းနား၌ တစ်ညဥ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေးလေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၂)

“I boil not with anger <j>and have drawn out hard-heartedness,” said the Buddha, “I stay for one night along the bank of the Mahī. My hut is wide open, my fire is quenched: so rain forth, heavens, if you wish.”

၂၀။ ‘‘အန္ဓကမကသာ န ဝိဇ္ဇရေ, (ဣတိ ဓနိယော ဂေါပေါ)

ကစ္ဆေ ရူဠှတိဏေ စရန္တိ ဂါဝေါ၊

ဝုဋ္ဌိမ္ပိ သဟေယျုမာဂတံ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၀။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) - (ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည်ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၃)

“No gadflies or mosquitoes are found,” said Dhaniya, “cows graze on the lush meadow grass. They get by even when the rain comes: so rain forth, heavens, if you wish.”

၂၁။ ‘‘ဗဒ္ဓါသိ ဘိသီ သုသင်္ခတာ, (ဣတိ ဘဂဝါ)

တိဏ္ဏော ပါရဂတော ဝိနေယျ ဩဃံ၊

အတ္ထော ဘိသိယာ န ဝိဇ္ဇတိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၁။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်စွာ စီရင်ထားပြီးဖြစ်ခဲ့၏၊ (ငါသည်) ဩဃလေးပါးဟူသော ရေအလျဥ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီးဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၄)

“I bound a raft and prepared it well,” said the Buddha, “and with it I crossed over, went to the far shore, <j>and dispelled the flood. Now I have no need for a raft: so rain forth, heavens, if you wish.”

၂၂။ ‘‘ဂေါပီ မမ အဿဝါ အလောလာ, (ဣတိ ဓနိယော ဂေါပေါ)

ဒီဃရတ္တံ [ဒီဃရတ္တ (က။)] သံဝါသိယာ မနာပါ၊

တဿာ န သုဏာမိ ကိဉ္စိ ပါပံ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၂။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) - (ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာကပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ်တစ်စုံတစ်ရာကိုမျှ့ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၅)

“My wife is obedient, not wanton,” said Dhaniya, “long have we lived together happily. I hear nothing bad about her: so rain forth, heavens, if you wish.”

၂၃။ ‘‘စိတ္တံ မမ အဿဝံ ဝိမုတ္တံ, (ဣတိ ဘဂဝါ)

ဒီဃရတ္တံ ပရိဘာဝိတံ သုဒန္တံ၊

ပါပံ ပန မေ န ဝိဇ္ဇတိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၃။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဥ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှုမရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၆)

“My mind is obedient and freed,” said the Buddha, “long nurtured and well-tamed. Nothing bad is found in me: so rain forth, heavens, if you wish.”

စာ-၂၈၃

၂၄။ ‘‘အတ္တဝေတနဘတောဟမသ္မိ, (ဣတိ ဓနိယော ဂေါပေါ)

ပုတ္တာ စ မေ သမာနိယာ အရောဂါ၊

တေသံ န သုဏာမိ ကိဉ္စိ ပါပံ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၄။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) - ငါသည်ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏သားသမီးတို့သည်လည်း ငါနှင့်အတူတကွနေထိုင်ကြကုန်၏၊ အနာရောဂါမရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ်တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။ (၇)

“I am self-employed,” said Dhaniya, “and my healthy children likewise. I hear nothing bad about them: so rain forth, heavens, if you wish.”

၂၅။ ‘‘နာဟံ ဘတကောသ္မိ ကဿစိ, (ဣတိ ဘဂဝါ)

နိဗ္ဗိဋ္ဌေန စရာမိ သဗ္ဗလောကေ၊

အတ္ထော ဘတိယာ န ဝိဇ္ဇတိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၅။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - ငါသည် တစ်စုံတစ်ယောက်သောသူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ်လောကုတ္တရာ သမာဓိချမ်းသာဖြင့် လှည့်လည်နိုင်သူဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာ သွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၈)

“I am no one’s lackey,” said the Buddha, “with what I have earned I wander the world. I have no need for wages: so rain forth, heavens, if you wish.”

၂၆။ ‘‘အတ္ထိ ဝသာ အတ္ထိ ဓေနုပါ, (ဣတိ ဓနိယော ဂေါပေါ)

ဂေါဓရဏိယော ပဝေဏိယောပိ အတ္ထိ၊

ဥသဘောပိ ဂဝမ္ပတီဓ အတ္ထိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၆။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) - ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့နွားငယ်တို့လည်းရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ်ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၉)

“I have heifers and sucklings,” said Dhaniya, “cows in calf and breeding cows. I’ve also got a bull, captain of the herd here: so rain forth, heavens, if you wish.”

၂၇။ ‘‘နတ္ထိ ဝသာ နတ္ထိ ဓေနုပါ, (ဣတိ ဘဂဝါ)

ဂေါဓရဏိယော ပဝေဏိယောပိ နတ္ထိ၊

ဥသဘောပိ ဂဝမ္ပတီဓ နတ္ထိ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၇။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယုဋ္ဌာနကိလေသာ)တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ)တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင်နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည်လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ)တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဥ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၀)

“I have no heifers or sucklings,” said the Buddha, “no cows in calf or breeding cows. I haven’t got a bull, captain of the herd here: so rain forth, heavens, if you wish.”

၂၈။ ‘‘ခိလာ နိခါတာ အသမ္ပဝေဓီ, (ဣတိ ဓနိယော ဂေါပေါ)

ဒါမာ မုဉ္ဇမယာ နဝါ သုသဏ္ဌာနာ၊

န ဟိ သက္ခိန္တိ ဓေနုပါပိ ဆေတ္တုံ [ဆေတုံ (က။)], အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၈။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) - နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာစိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက်ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုးတို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါမတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၁)

“The stakes are driven in, unshakable,” said Dhaniya, “The grass halters are new and well-woven, not even the sucklings can break them: so rain forth, heavens, if you wish.”

၂၉။ ‘‘ဥသဘောရိဝ ဆေတွ [ဆေတွာ (သျာ။ က။)] ဗန္ဓနာနိ, (ဣတိ ဘဂဝါ)

နာဂေါ ပူတိလတံဝ ဒါလယိတွာ [ပူတိလတံ ပဒါလယိတွာ (သျာ။ က။)]၊

နာဟံ ပုနုပေဿံ [ပုန ဥပေဿံ (သီ။ သျာ။ ကံ။ ပီ။), ပုနုပေယျ (က။)] ဂဗ္ဘသေယျံ, အထ စေ ပတ္ထယသီ ပဝဿ ဒေဝ’’။

၂၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်းသံယောဇဥ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း၊ ဆင် ပြောင်ကြီးသည်ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက် ပိုင်းသံယောဇဥ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန်ကပ်ရောက်တော့မည်မဟုတ်၊ (ကိလေသာဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၂)

“Like a bull I broke the bonds,” said the Buddha, “like an elephant I snapped the vine. I will never lie in a womb again: so rain forth, heavens, if you wish.”

၃၀။ ‘‘နိန္နဉ္စ ထလဉ္စ ပူရယန္တော, မဟာမေဃော ပဝဿိ တာဝဒေဝ၊

သုတွာ ဒေဝဿ ဝဿတော, ဣမမတ္ထံ ဓနိယော အဘာသထ။

၃၀။ ထိုခဏ၌ပင် မိုးကြီးသည် ချိုင့်ဝှမ်းရာအရပ်ကိုလည်းကောင်း၊ ကုန်းအရပ်ကိုလည်းကောင်းပြည့်စေလျက် ရွာသွန်း၏၊ ဓနိယသည် ရွာသွန်းသော မိုးသံကို ကြား၍ ဤအနက်သဘောကို ဆိုလေ၏။ (၁၃)

Right then a vast cloud rained forth, soaking the uplands and valleys. Hearing the heavens rain down, Dhaniya said this:

စာ-၂၈၄

၃၁။ ‘‘လာဘာ ဝတ နော အနပ္ပကာ, ယေ မယံ ဘဂဝန္တံ အဒ္ဒသာမ၊

သရဏံ တံ ဥပေမ စက္ခုမ, သတ္ထာ နော ဟောဟိ တုဝံ မဟာမုနိ။

၃၁။ မြတ်စွာဘုရားကို ဖူးမြော်ကြရသော ငါတို့အား များစွာသော ကျေးဇူးတို့ကို ရကြပေကုန်စွ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ မုနိတို့၏ အကြီးဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာဖြစ်တော်မူပါလော့။ (၁၄)

“It is no small gain for us that we have seen the Buddha. We come to you for refuge, Clear-eyed One. O great sage, please be our Teacher.

၃၂။ ‘‘ဂေါပီ စ အဟဉ္စ အဿဝါ, ဗြဟ္မစရိယံ [ဗြဟ္မစရိယ (က။)] သုဂတေ စရာမသေ၊

ဇာတိမရဏဿ ပါရဂူ [ပါရဂါ (သီ။ သျာ။ ကံ။ ပီ။)], ဒုက္ခဿန္တကရာ ဘဝါမသေ’’။

၃၂။ တပည့်တော်သည်လည်းကောင်း၊ အလိုသို့ လိုက်တတ်သော အိမ်ရှင်မ ဂေါပီသည်လည်းကောင်းမြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်လိုပါကုန်၏၊ ပဋိသန္ဓေ နေခြင်း သေခြင်း၏တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ရောက်ကြသူ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုကြသူတို့ ဖြစ်လိုပါကုန်၏၊ (ဤအနက်သဘောကို လျှောက်ဆို၏)။ (၁၅)

My wife and I, obedient, shall lead the spiritual life under the Holy One. Gone beyond birth and death, we shall make an end of suffering.”

၃၃။ ‘‘နန္ဒတိ ပုတ္တေဟိ ပုတ္တိမာ, (ဣတိ မာရော ပါပိမာ)

ဂေါမာ [ဂေါမိကော (သီ။ ပီ။), ဂေါပိကော (သျာ။ ကံ။), ဂေါပိယော (က။)] ဂေါဟိ တထေဝ နန္ဒတိ၊

ဥပဓီ ဟိ နရဿ နန္ဒနာ, န ဟိ သော နန္ဒတိ ယော နိရူပဓိ’’။

၃၃။ (ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဤသို့ ဆို၏) - သားသမီးရှိသူသည်သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊မှန်၏-ဥပဓိတို့သည် လူကို နှစ်သက်စေကုန်၏၊ ဥပဓိမရှိသူသည် မနှစ်သက်ရပေ။ (၁၆)

“Children bring you delight!” said Māra the Wicked, “Cattle also bring you delight! For attachments are a man’s delight; without attachments there’s no delight.”

၃၄။ ‘‘သောစတိ ပုတ္တေဟိ ပုတ္တိမာ, (ဣတိ ဘဂဝါ)

ဂေါပိယော ဂေါဟိ တထေဝ သောစတိ၊

ဥပဓီ ဟိ နရဿ သောစနာ, န ဟိ သော သောစတိ ယော နိရူပဓီ’’တိ။

ဓနိယသုတ္တံ ဒုတိယံ နိဋ္ဌိတံ။

၃၄။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) - သားသမီးရှိသူသည်သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊မှန်၏-ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။ (၁၇) နှစ်ခုမြောက် ဓနိယသုတ် ပြီး၏။

“Your children bring you sorrow,” said the Buddha, “Your cattle also bring you sorrow. For attachments are a man’s sorrow; without attachments there are no sorrows.”

၃။ ခဂ္ဂဝိသာဏသုတ္တ

၃၅။ သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ, အဝိဟေဌယံ အညတရမ္ပိ တေသံ၊

န ပုတ္တမိစ္ဆေယျ ကုတော သဟာယံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၃-ခဂ္ဂဝိသာဏသုတ် ၃၅။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင်တစ်ယောက်ယောက်ကိုမျှလည်း မညှဥ်းဆဲဘဲ ပစ္စေကဗောဓိဉာဏ်ကိုရ၏၊ ထိုပစ္စေကဗုဒ္ဓါအသျှင်သည်သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်းအဖော်ကို မူကား အဘယ်မှာ အလိုရှိပါတော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁)

Anthology of Discourses 1.3 The Horned Rhino When you’ve laid down violence toward all creatures, not harming even a single one, don’t wish for a child, let alone a companion: live alone like a horned rhino.

စာ-၂၈၅

၃၆။ သံသဂ္ဂဇာတဿ ဘဝန္တိ သ္နေဟာ, သ္နေဟနွယံ ဒုက္ခမိဒံ ပဟောတိ၊

အာဒီနဝံ သ္နေဟဇံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၃၆။ ရောနှောစပ်ယှက်မှု ‘သံသဂ္ဂ’ ဖြစ်နေသူအား ချစ်ခင်မှု ‘သ္နေဟ’ ဖြစ်ရသည့် အပြင်ချစ်ခင်မှု ‘သ္နေဟ’သို့ အစဥ်လိုက်သော ဤဆင်းရဲအမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု ‘သ္နေဟ’ ကြောင့် ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၂)

Those with close relationships have affection, following which this pain arises. Seeing this danger born of affection, live alone like a horned rhino.

၃၇။ မိတ္တေ သုဟဇ္ဇေ အနုကမ္ပမာနော, ဟာပေတိ အတ္ထံ ပဋိဗဒ္ဓစိတ္တော၊

ဧတံ ဘယံ သန္ထဝေ [သန္ဓဝေ (က။)] ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၃၇။ အဆွေခင်ပွန်းတို့ကိုလည်းကောင်း ချစ်ကျွမ်းဝင်သူတို့ကိုလည်းကောင်း အစဥ်သနားသည်ဖြစ်၍ထိုသူတို့၌ နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုး စီးပွါးအားလုံးကို ဆုတ်ယုတ်စေ၏၊ ထို့ကြောင့် ပေါင်းသင်းဆက်ဆံမှု၌ ဤအကျိုး ဆုတ်ယုတ်မှုဟူသော ဘေးကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃)

When feelings for friends and loved ones are tied up in selfish love, you miss out on the goal. Seeing this peril in intimacy, live alone like a horned rhino.

၃၈။ ဝံသော ဝိသာလောဝ ယထာ ဝိသတ္တော, ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ၊

ဝံသက္ကဠီရောဝ [ဝံသကဠီရောဝ (သီ။), ဝံသာကဠီရောဝ (သျာ။ ကံ။ ပီ။), ဝံသေကဠီရောဝ (နိဒ္ဒေသ)] အသဇ္ဇမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၃၈။ ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့သား သမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း ငဲ့ကွက်မှု ချစ်ခြင်း တဏှာသည် ထိုသားသမီးစသည်တို့၌ ငြိကပ်တွယ်တာ၏၊ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက် သစ်စဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ်တည်သကဲ့သို့ ထို့အတူမငြိကပ်မတွယ် တာဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄)

As a spreading bamboo gets entangled, so does concern for partners and children. Like a bamboo shoot unobstructed, live alone like a horned rhino.

၃၉။ မိဂေါ အရညမှိ ယထာ အဗဒ္ဓေါ [အဗန္ဓော (သျာ။ ကံ။)], ယေနိစ္ဆကံ ဂစ္ဆတိ ဂေါစရာယ၊

ဝိညူ နရော သေရိတံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၃၉။ သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန်သွားနိုင်သကဲ့သို့ ပညာရှိသော ယောကျာ်းသည် (သူတစ်ပါးနှင့်မစပ်ဘဲ) မိမိအလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၅)

As a wild deer loose in the forest grazes wherever it wants, a smart person looking for freedom would live alone like a horned rhino.

၄၀။ အာမန္တနာ ဟောတိ သဟာယမဇ္ဈေ, ဝါသေ ဌာနေ ဂမနေ စာရိကာယ၊

အနဘိဇ္ဈိတံ သေရိတံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၀။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော်လည်းကောင်း၊ ရပ်တည်ရာ၌သော်လည်းကောင်း၊ သွားရာ၌သော်လည်းကောင်း၊ လှည့် လည်ရာ၌သော်လည်းကောင့်း (သူတစ်ပါးတို့) အတောင်းခံရ၏၊ (ထို့ကြောင့် ) သူတစ်ပါးတို့ မမက်မောအပ်သော မိမိအလိုဆန္ဒအတိုင်းဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၆)

When among friends, whether staying in place or going on a journey, you’re always on call. Looking for the uncoveted freedom, live alone like a horned rhino.

၄၁။ ခိဍ္ဍာ ရတီ ဟောတိ သဟာယမဇ္ဈေ, ပုတ္တေသု စ ဝိပုလံ ဟောတိ ပေမံ၊

ပိယဝိပ္ပယောဂံ ဝိဇိဂုစ္ဆမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၁။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်) မွေ့လျော်ခြင်းသည် ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့်များပြားသော ချစ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၇)

Among friends you have fun and games, and for children you are full of fondness. Though loathe to depart from those you hold dear, live alone like a horned rhino.

စာ-၂၈၆

၄၂။ စာတုဒ္ဒိသော အပ္ပဋိဃော စ ဟောတိ, သန္တုဿမာနော ဣတရီတရေန၊

ပရိဿယာနံ သဟိတာ အဆမ္ဘီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၂။ ဆိုးကောင်း ယုတ်မြတ် ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ်လေးမျက်နှာတို့၌ မေတ္တာဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာနေရသူ သတ္တဝါတို့၌ ထိပါးမှုမရှိသူဖြစ်သည့်အပြင်အတွင်းအပဘေးရန်တို့ကိုသည်းခံနိုင် သူ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၈)

At ease in any quarter, unresisting, content with whatever comes your way; prevailing over adversities, dauntless, live alone like a horned rhino.

၄၃။ ဒုဿင်္ဂဟာ ပဗ္ဗဇိတာပိ ဧကေ, အထော ဂဟဋ္ဌာ ဃရမာဝသန္တာ၊

အပ္ပေါဿုက္ကော ပရပုတ္တေသု ဟုတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၃။ အချို့သော ရဟန်းတို့ကိုလည်းကောင်း၊ အချို့သော အိမ်နေသူလူတို့ကိုလည်းကောင်းချီးမြှောက်ရန် ခဲယဥ်းလှကုန်၏၊ ဤသို့ သိသောကြောင့် သူတစ်ပါး သားသမီးတို့၌ကြောင့်ကြမဲ့ဖြစ်၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၉)

Even some renunciates are hard to please, as are some layfolk dwelling at home. Don’t worry about others’ children, live alone like a horned rhino.

၄၄။ ဩရောပယိတွာ ဂိဟိဗျဉ္ဇနာနိ [ဂိဟိဗျဉ္ဇနာနိ (သျာ။ ကံ။ ပီ။)], သဉ္ဆိန္နပတ္တော [သံသီနပတ္တော (သီ။)] ယထာ ကောဝိဠာရော၊

ဆေတွာန ဝီရော ဂိဟိဗန္ဓနာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၄။ လုံ့လ ဝီရိယရှိသူသည် လူ၏အသွင်အပြင်တို့ကို ပယ်ချ၍ အရွက်ကြွေ ကျပြီးသော ပင်လယ်ကသစ်ပင်ကဲ့သို့ လူ၌ ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ် တောက်လျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၁၀)

Having shed the marks of the home life, like the fallen leaves of the Shady Orchid Tree; having cut the bonds of the home life, a hero would live alone like a horned rhino.

၄၅။ သစေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊

အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ, စရေယျ တေနတ္တမနော သတီမာ။

၄၅။ ရင့်ကျက်သည့် ပညာရှိသော ကောင်းစွာနေလေ့ရှိသော ဝီရိယမလျော့သော အတူတကွကျင့်ဘက်မိတ်ဆွေကောင်းကို ရနိုင်ခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ဝမ်း မြောက်ဝမ်းသာ သတိရှိသည်ဖြစ်၍အတွင်းအပဘေးရန်အားလုံးတို့ကို လွှမ်းမိုးလျက် ကျင့်ရာ၏။ (၁၁)

If you find an alert companion, an attentive friend to live happily together, then, overcoming all adversities, wander with them, joyful and mindful.

၄၆။ နော စေ လဘေထ နိပကံ သဟာယံ, သဒ္ဓိံ စရံ သာဓုဝိဟာရိဓီရံ၊

ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ, ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။

၄၆။ ရင့်ကျက်သော ပညာရှိသော ကောင်းစွာ နေလေ့ရှိသော ဝီရိယမလျော့သော အတူတကွကျင့်ဘက်မိတ်ဆွေကောင်းကို မရခဲ့မူ မင်းသည် မိမိအောင်နိုင်ပြီးသောတိုင်းနိုင်ငံကို ပယ်စွန့်ကာတစ်ယောက်တည်း ကျင့်သကဲ့သို့လည်းကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည်တစ်ကောင်တည်း လှည့်လည်သကဲ့သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။ (၁၂)

If you find no alert companion, an attentive friend to live happily together, then, like a king who flees his conquered realm, wander alone like a tusker in the wilds.

၄၇။ အဒ္ဓါ ပသံသာမ သဟာယသမ္ပဒံ, သေဋ္ဌာ သမာ သေဝိတဗ္ဗာ သဟာယာ၊

ဧတေ အလဒ္ဓါ အနဝဇ္ဇဘောဇီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၇။ အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါကုန်၏၊ သီလစသည်တို့ဖြင့်မိမိထက်မြတ်သော အပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိနှင့် တူသော အပေါင်းအဖော်တို့ကိုလည်းကောင်းမှီဝဲပေါင်းသင်းထိုက်ကုန်၏၊ ဤသို့ သော အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဥ်ကို သုံးဆောင်မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၁၃)

Clearly we praise the blessing of a friend, it’s good to be with friends your equal or better. But failing to find them, eating blamelessly, live alone like a horned rhino.

၄၈။ ဒိသွာ သုဝဏ္ဏဿ ပဘဿရာနိ, ကမ္မာရပုတ္တေန သုနိဋ္ဌိတာနိ၊

သံဃဋ္ဋမာနာနိ ဒုဝေ ဘုဇသ္မိံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၈။ ရွှေပန်းထိမ်သည်သားသည် ကောင်းစွာပြုလုပ်ပြီးကုန်သော လက်၌ နှစ်ဆင့် ဝတ်ထားသော ရွှေရောင်တလက်လက် ထွက်သော ရွှေလက်ကောက်တို့ အချင်းချင်း ထိခိုက်ကြသည်တို့ကို မြင်ရ၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၄)

Though made of shining gold, <j>well-finished by a smith, when two bracelets share the same arm they clash up against each other. Seeing this, live alone like a horned rhino.

စာ-၂၈၇

၄၉။ ဧဝံ ဒုတီယေန [ဒုတိယေန (သဗ္ဗတ္ထ)] သဟာ မမဿ, ဝါစာဘိလာပေါ အဘိသဇ္ဇနာ ဝါ၊

ဧတံ ဘယံ အာယတိံ ပေက္ခမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၄၉။ အဖော်နှင့်တကွ ဤသို့ စကားပြောရခြင်းသည်လည်းကောင်း၊ အလွန်ကပ်ငြိစွဲလမ်းခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ခဲ့ရာ၏၊ နောင်အခါ ဖြစ်မည့် ဤသို့ သော ဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၅)

Thinking, “So too, if I had a partner, there’d be flattery or curses.” Seeing this peril in the future, live alone like a horned rhino.

၅၀။ ကာမာ ဟိ စိတြာ မဓုရာ မနောရမာ, ဝိရူပရူပေန မထေန္တိ စိတ္တံ၊

အာဒီနဝံ ကာမဂုဏေသု ဒိသွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၀။ ဆန်းကြယ်ကုန် သာယာဖွယ်ဖြစ်ကုန်သော စိတ်ပျော်မွေ့ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့သည် ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကို မွှေနှောက်ချောက် ချား တတ်ကုန်၏ဟု ကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၆)

Sensual pleasures are diverse, sweet, delightful; appearing in disguise they disturb the mind. Seeing danger in sensual stimulations, live alone like a horned rhino.

၅၁။ ဤတီ စ ဂဏ္ဍော စ ဥပဒ္ဒဝေါ စ, ရောဂေါ စ သလ္လဉ္စ ဘယဉ္စ မေတံ၊

ဧတံ ဘယံ ကာမဂုဏေသု ဒိသွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၁။ ဤကာမဂုဏ်သည် ဘေးရန်လည်း မည်၏၊ အိုင်းအမာလည်း မည်၏၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါလည်း မည်၏၊ အနာရောဂါလည်း မည်၏၊ ငြောင့်တံသင်းလည်း မည်၏၊ ဘေးလည်း မည်၏ဟု ကာမဂုဏ်တို့၌ ဤသို့ သော ဘေးကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၇)

This is a calamity, a boil, a disaster, an illness, a dart, and a danger for me. Seeing this peril in sensuality, live alone like a horned rhino.

၅၂။ သီတဉ္စ ဥဏှဉ္စ ခုဒံ ပိပါသံ, ဝါတာတပေ ဍံသသရီသပေ [ဍံသသိရိံသပေ (သီ။ သျာ။ ကံ။ ပီ။)] စ၊

သဗ္ဗာနိပေတာနိ အဘိသမ္ဘဝိတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၂။ အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ ဆာလောင်ခြင်းကိုလည်းကောင်း၊ မွတ်သိပ်ခြင်းကိုလည်းကောင်း၊ လေ နေပူကိုလည်းကောင်း၊ ခြင်မှက် မြွေ ကင်းသန်းတို့ကိုလည်းကောင်း ဤအလုံးစုံတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၈)

Heat and cold, hunger and thirst, wind and sun, flies and reptiles: having put up with all these things, live alone like a horned rhino.

၅၃။ နာဂေါဝ ယူထာနိ ဝိဝဇ္ဇယိတွာ, သဉ္ဇာတခန္ဓော ပဒုမီ ဥဠာရော၊

ယထာဘိရန္တံ ဝိဟရံ [ဝိဟရေ (သီ။ ပီ။ နိဒ္ဒေသ)] အရညေ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၃။ ကောင်းသော လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာရှိသော ပဒုမ္မာကြာ အဆင်းရှိ၍ မြင့်မြတ်သော ဆင်ပြောင်ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ်စွန့်ခွါလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့် ရာ၏။ (၁၉)

As a full-grown elephant, lotus-fond, magnificent, forsaking the herd, stays as it pleases in the forest, live alone like a horned rhino.

၅၄။ အဋ္ဌာနတံ သင်္ဂဏိကာရတဿ, ယံ ဖဿယေ [ဖုဿယေ (သျာ။)] သာမယိကံ ဝိမုတ္တိံ၊

အာဒိစ္စဗန္ဓုဿ ဝစော နိသမ္မ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၄။ အပေါင်းအဖော်၌ မွေ့လျော်သူအား (ဝင်စားဆဲ၌) ကိလေသာမှ လွတ် မြောက်မှုလောကီသမာပတ်ကို ရနိုင်ရာ၏ဟူသော အကြောင်းမျိုးသည် အကြောင်းမှန်မဟုတ်နိုင်၊ ဤသို့လျှင်နေမင်း၏အဆွေဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါ၏ စကား တော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၀)

It’s impossible for one who delights in company to experience even temporary freedom. Heeding the speech of the Kinsman of the Sun, live alone like a horned rhino.

၅၅။ ဒိဋ္ဌီဝိသူကာနိ ဥပါတိဝတ္တော, ပတ္တော နိယာမံ ပဋိလဒ္ဓမဂ္ဂေါ၊

ဥပ္ပန္နဉာဏောမှိ အနညနေယျော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၅။ (ငါသည်) မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင်သောတာပတ္တိမဂ်သို့ ရောက်ပြီးသူ အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ်သည်မဟုတ်ဘဲဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ်ရှိသူဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို) အလိုရှိသူသည် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၂၁)

Thinking, “I have left twisted views behind, reached the sure way, and gained the path; I’ve given rise to knowledge, <j>and need no one to guide me”, live alone like a horned rhino.

စာ-၂၈၈

၅၆။ နိလ္လောလုပေါ နိက္ကုဟော နိပ္ပိပါသော, နိမ္မက္ခော နိဒ္ဓန္တကသာဝမောဟော၊

နိရာသယော [နိရာသာသော (က။)] သဗ္ဗလောကေ ဘဝိတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၆။ အာဟာရ၌ လော်လည်ခြင်းကင်းသူအံ့ဩဖွယ်ပြုခြင်းမှ ကင်းသူ မွတ်သိပ်ခြင်းမှ ကင်းသူသူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ တွေဝေမှု ဖန်ရည်ကို ထုတ်နုတ်အပ်ပြီးသူ လောကအားလုံး၌ တွယ်တာမှု ‘တဏှာ’ ကင်းသူဖြစ်၍ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၂)

No greed, no guile, no thirst, no slur, dross and delusion is smelted off; free of hoping for anything in the world, live alone like a horned rhino.

၅၇။ ပါပံ သဟာယံ ပရိဝဇ္ဇယေထ, အနတ္ထဒဿိံ ဝိသမေ နိဝိဋ္ဌံ၊

သယံ န သေဝေ ပသုတံ ပမတ္တံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၇။ အကျိုးမဲ့ကို ပြတတ်သော ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင် တတ်သော ကာမ၌ လိုက်စားသော ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော ယုတ်ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၃)

Avoid a wicked companion, blind to the good, habitually immoral. Don’t befriend the heedless and the hankering, but live alone like a horned rhino.

၅၈။ ဗဟုဿုတံ ဓမ္မဓရံ ဘဇေထ, မိတ္တံ ဥဠာရံ ပဋိဘာနဝန္တံ၊

အညာယ အတ္ထာနိ ဝိနေယျ ကင်္ခံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၈။ အကြားအမြင်များ၍ တရားကို ဆောင်သူ မြင့်မြတ်ပြန့်ပြော၍ ပဋိဘာန် ဉာဏ်အမြင်ရှိသူမိတ်ဆွေကိုမှီဝဲဆည်းကပ်ရာ၏၊ အကျိုးစီးပွါးတို့ကို သိ၍ ယုံမှားခြင်းကို ပယ်ဖျောက်ပြီးလျှင်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၄)

Spend time with the learned <j>who have memorized the teachings, an eloquent and uplifting friend. When you understand the meanings <j>and have dispelled doubt, live alone like a horned rhino.

၅၉။ ခိဍ္ဍံ ရတိံ ကာမသုခဉ္စ လောကေ, အနလင်္ကရိတွာ အနပေက္ခမာနော၊

ဝိဘူသနဋ္ဌာနာ ဝိရတော သစ္စဝါဒီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၅၉။ လောက၌ မြူးထူးခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမချမ်းသာကိုလည်းကောင်း တင့်တယ်လျောက်ပတ်၏ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲအတင့်အတယ်ပြုခြင်းမှ ရှောင်ကြဥ်ကာ အမှန်စကားကို ပြောဆိုလျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၂၅)

When you realize that worldly fun and games and pleasure are inadequate, <j>unconcerned with them, as one unadorned, a speaker of truth, live alone like a horned rhino.

၆၀။ ပုတ္တဉ္စ ဒါရံ ပိတရဉ္စ မာတရံ, ဓနာနိ ဓညာနိ စ ဗန္ဓဝါနိ [ဗန္ဓဝါနိ စ (ပီ။)]၊

ဟိတွာန ကာမာနိ ယထောဓိကာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၀။ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အမိကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း၊ ကောက်ပဲသီးနှံတို့ကိုလည်းကောင်း၊ မိတ်ဆွေအပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိ မိမိတို့၏ အပိုင်းအခြားအလိုက် တည်ကုန်သော ကာမဂုဏ်တို့ကိုလည်းကောင်း စွန့်ပစ်လျက်ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။ (၂၆)

Children, partner, father, mother, wealth and grain and relatives: having given up sensual pleasures to this extent, live alone like a horned rhino.

၆၁။ သင်္ဂေါ ဧသော ပရိတ္တမေတ္ထ သောချံ, အပ္ပဿာဒေါ ဒုက္ခမေတ္ထ ဘိယျော၊

ဂဠော ဧသော ဣတိ ဉတွာ မုတီမာ [မတီမာ (သျာ။ က။)], ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၁။ ဤကာမဂုဏ်သည် သတ္တဝါတို့ ငြိတွယ်ရာဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်းသည် နည်းပါး၏၊ ဤကာမဂုဏ်၌သာယာဖွယ် မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ်သည် ငါးမျှားချိတ်နှင့် တူ၏ဟု သိ၍ပညာရှိသောသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၇)

“This is a chain. Here there’s hardly any happiness, little gratification, and it’s full of drawbacks. It’s a hook.” Knowing this, a thoughtful person would live alone like a horned rhino.

၆၂။ သန္ဒာလယိတွာန [ပဒါလယိတွာန (က။)] သံယောဇနာနိ, ဇာလံဝ ဘေတွာ သလိလမ္ဗုစာရီ၊

အဂ္ဂီဝ ဒဍ္ဎံ အနိဝတ္တမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၂။ ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိသွားသကဲ့သို့ သံယောဇဥ့်အနှောင်အဖွဲ့တို့ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် မီးသည် လောင်ကျွမ်းပြီးရာအရပ်သို့ ပြန်လှည့်မလာသကဲ့သို့ (ကာမဂုဏ်တောသို့ ပြန် မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၈)

Having burst apart the fetters, like a fish that tears the net and swims free, or a fire not returning to ground it has burned, live alone like a horned rhino.

စာ-၂၈၉

၆၃။ ဩက္ခိတ္တစက္ခူ န စ ပါဒလောလော, ဂုတ္တိန္ဒြိယော ရက္ခိတမာနသာနော၊

အနဝဿုတော အပရိဍယှမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၃။ အောက်သို့ မျက်လွှာချသည်ဖြစ်၍ ခြေထောက်မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣနြေ, စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ် ကိလေသာမီးလည်း မလောင်မြိုက်မူ၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၉)

Eyes downcast, not footloose, senses guarded, mind protected, not festering or burning with desire, live alone like a horned rhino.

၆၄။ ဩဟာရယိတွာ ဂိဟိဗျဉ္ဇနာနိ, သဉ္ဆန္နပတ္တော [သဉ္ဆိန္နပတ္တော (သျာ။ ပီ။), ပစ္ဆိန္နပတ္တော (က။)] ယထာ ပါရိဆတ္တော၊

ကာသာယဝတ္ထော အဘိနိက္ခမိတွာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၄။ လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် ကောင်းစွာ ဖုံးလွှမ်းထားသော အရွက်ရှိသော ပင်လယ်ကသစ်ပင်ကဲ့သို့ ဖန်ရည်ဆိုး အဝတ် သင်္ကန်းတို့ကို ဝတ်ရုံဖုံးလွှမ်းလျက်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၀)

Having shed the marks of the home life, like the fallen leaves of the Orchid Tree, and gone forth in the ocher robe, live alone like a horned rhino.

၆၅။ ရသေသု ဂေဓံ အကရံ အလောလော, အနညပေါသီ သပဒါနစာရီ၊

ကုလေ ကုလေ အပ္ပဋိဗဒ္ဓစိတ္တော [အပ္ပဋိဗန္ဓစိတ္တော (က။)], ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၅။ ရသာရုံတို့၌လည်း တပ်မက်မောခြင်းကို မပြု လျှပ်ပေါ်သောတဏှာလည်း မရှိ သူတစ်ပါးတို့မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဥ်အတိုင်း ဆွမ်းခံလှည့် လည်လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သော စိတ်မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၁)

Not wanton, nor rousing greed for tastes, providing for no other, <j>wandering indiscriminately for alms, not attached to this family or that, live alone like a horned rhino.

၆၆။ ပဟာယ ပဉ္စာဝရဏာနိ စေတသော, ဥပက္ကိလေသေ ဗျပနုဇ္ဇ သဗ္ဗေ၊

အနိဿိတော ဆေတွ [ဆေတွာ (သျာ။ ပီ။ က။)] သိနေဟဒေါသံ [သ္နေဟဒေါသံ (က။)], ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၆။ စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူး ကြောင်းတို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်းတဏှာဟူသော သိနေဟနှင့် အမျက်ဒေါသကို ဖြတ်တောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၂)

When you’ve given up five mental obstacles, and cast aside all corruptions, and cut off affection and hate, being independent, live alone like a horned rhino.

၆၇။ ဝိပိဋ္ဌိကတွာန သုခံ ဒုခဉ္စ, ပုဗ္ဗေဝ စ သောမနဿဒေါမနဿံ၊

လဒ္ဓါနုပေက္ခံ သမထံ ဝိသုဒ္ဓံ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၇။ ချမ်းသာ ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲ ‘ဒုက္ခ’ကိုလည်းကောင်း၊ ဝမ်း မြောက်ခြင်း‘သောမနဿ’ကိုလည်းကောင်း၊ နှလုံးမသာခြင်း ‘ဒေါမနဿ’ကိုလည်းကောင်း ရှေးအဖို့ (ဥပစာရ)၌ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်းထားလျက် အထူးသဖြင့် စင်ကြယ်၍ငြိမ်သက်တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၃၃)

When you’ve put pleasure and pain behind you, and former happiness and sadness, and gained equanimity serene and pure, live alone like a horned rhino.

၆၈။ အာရဒ္ဓဝီရိယော ပရမတ္ထပတ္တိယာ, အလီနစိတ္တော အကုသီတဝုတ္တိ၊

ဒဠှနိက္ကမော ထာမဗလူပပန္နော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၈။ နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ မဆုတ်နစ်သော စိတ်မပျင်းရိသော ဖြစ်ခြင်း မြဲမြံသော ဝီရိယရှိသည်ဖြစ်၍ကိုယ်အားဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃၄)

With energy roused to reach the ultimate goal, not sluggish in mind or lazy, vigorous, strong and powerful, live alone like a horned rhino.

၆၉။ ပဋိသလ္လာနံ ဈာနမရိဉ္စမာနော, ဓမ္မေသု နိစ္စံ အနုဓမ္မစာရီ၊

အာဒီနဝံ သမ္မသိတာ ဘဝေသု, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၆၉။ တစ်ယောက်တည်း ကိန်းအောင်းခြင်းကိုလည်းကောင်း၊ ဈာန်ကိုလည်းကောင်း မကင်းဆိတ်စေမူ၍ခန္ဓာငါးပါးတရားတို့၌ အစဥ်တစိုက်လိုက်သော ဝိပဿနာအကျင့်ကို အမြဲကျင့်သည်ဖြစ်၍ ဘဝတို့၌ အပြစ်ကို ဆင်ခြင်သုံးသပ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၅)

Not neglecting retreat and absorption, always living in line with the teaching, comprehending the danger in rebirths, live alone like a horned rhino.

စာ-၂၉၀

၇၀။ တဏှက္ခယံ ပတ္ထယမပ္ပမတ္တော, အနေဠမူဂေါ [အနေလမူဂေါ (သျာ။ ပီ။ က။)] သုတဝါ သတီမာ၊

သင်္ခါတဓမ္မော နိယတော ပဓာနဝါ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၇၀။ တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့မလျော့ မထိုင်းမအဘဲ အကြားအမြင် ‘သုတ’အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ ပိုင်းခြားသိအပ်ပြီးသောတရားရှိသူ အရိယာမဂ်ဖြင့် မြဲခြင်းသို့ ရောက်ပြီးသူ သမ္မပ္ပဓာန်လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၆)

One whose aim is the ending of craving— diligent, clever, learned, mindful, resolute— who has appraised the teaching and is assured, destined for awakening, should live alone like a horned rhino.

၇၁။ သီဟောဝ သဒ္ဒေသု အသန္တသန္တော, ဝါတောဝ ဇာလမှိ အသဇ္ဇမာနော၊

ပဒုမံဝ တောယေန အလိပ္ပမာနော [အလိမ္ပမာနော (သီ။ သျာ။ က။)], ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၇၁။ ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်ဘဲလေသည်ပိုက်ကွန်၌ မကပ်ငြိသကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိဘဲ ပဒုမ္မာကြာသည် ရေဖြင့်မလိမ်းကျံသကဲ့သို့ ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၇)

Like a lion not startled by sounds, like wind not caught in a net, like water not sticking to a lotus, live alone like a horned rhino.

၇၂။ သီဟော ယထာ ဒါဌဗလီ ပသယှ, ရာဇာ မိဂါနံ အဘိဘုယျ စာရီ၊

သေဝေထ ပန္တာနိ သေနာသနာနိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၇၂။ အစွယ်ဟူသောအားရှိသော ခြင်္သေ့မင်းသည်သားကောင်တို့ကို နှိပ်စက် လွှမ်းမိုး၍လှည့်လည်သွားလာသကဲ့သို့ ဝေးသော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲလျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃၈)

Like the fierce-fanged lion, king of beasts, who wanders as conqueror and victor, you should frequent remote lodgings, and live alone like a horned rhino.

၇၃။ မေတ္တံ ဥပေက္ခံ ကရုဏံ ဝိမုတ္တိံ, အာသေဝမာနော မုဒိတဉ္စ ကာလေ၊

သဗ္ဗေန လောကေန အဝိရုဇ္ဈမာနော, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၇၃။ တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း ‘မေတ္တာ’ကိုလည်းကောင်း၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ကိုလည်းကောင်း၊ သနားမှု ‘ကရုဏာ’ကိုလည်းကောင်း၊ ဝမ်းမြောက်မှု ‘မုဒိတာ’ကိုလည်းကောင်းမှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချိုပမာ့တစ်ယောက်တည်း ကျင့်ရာ၏။ (၃၉)

In time, cultivate freedom through love, compassion, rejoicing, and equanimity. Not upset by anything in the world, live alone like a horned rhino.

၇၄။ ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, သန္ဒာလယိတွာန သံယောဇနာနိ၊

အသန္တသံ ဇီဝိတသင်္ခယမှိ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

၇၄။ တပ်စွန်းမှု ‘ရာဂ’ကိုလည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’ကိုလည်းကောင်း၊ တွေဝေမှု ‘မောဟ’ကိုလည်းကောင်း ပယ်စွန့်လျက် သံယောဇဥ်အနှောင်အဖွဲ့တို့ကို ဖြတ်တောက်ကာအသက်ကုန်ဆုံးခြင်း၌ ထိတ်လန့်မှုမရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄၀)

Having given up greed, hate, and delusion, having burst apart the fetters, unafraid at the end of life, live alone like a horned rhino.

၇၅။ ဘဇန္တိ သေဝန္တိ စ ကာရဏတ္ထာ, နိက္ကာရဏာ ဒုလ္လဘာ အဇ္ဇ မိတ္တာ၊

အတ္တဋ္ဌပညာ အသုစီ မနုဿာ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ။

ခဂ္ဂဝိသာဏသုတ္တံ တတိယံ နိဋ္ဌိတံ။

၇၅။ ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြကုန်၏၊မှီဝဲကြကုန်၏၊ ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းမရှိကုန်ဘဲဆည်းကပ်မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန်၏၊ မစင်ကြယ်သော လူတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးကိုသာ မြင်နိုင်စွမ်းသည့် ပညာရှိကုန်၏၊ (ထိုသို့ သဘောရှိသောသူတို့မှငြီးငွေ့သည်ဖြစ်၍) ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။ (၄၁) သုံးခုမြောက် ခဂ္ဂဝိသာဏသုတ် ပြီး၏။ ၄-ကသိဘာရဒွါဇသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇမည်သော ပုဏ္ဏားသည် စိုက်ပျိုးချိန် အခါ ဝယ် ငါးရာမျှသော ထွန်တုံးတို့ကို (နွားတို့၌) တပ်ထားအပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကသိဘာရဒွါဇပုဏ္ဏား၏ အမှုလုပ်ရာ အရပ်သို့ ချဥ်းကပ်တော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏား၏ ထမင်းကျွေးမွေးနေသောအခါ ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် ထမင်းကျွေးမွေးရာ အရပ်သို့ ချဥ်းကပ်တော်မူ၍ တစ်ခုသောအရပ်၌ ရပ်တော်မူ၏။ ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ဆွမ်းအလို့ငှါ ရပ်သည်ကို မြင်၍ မြတ်စွာဘုရားအား “ရဟန်းငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏၊ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စားပါလော့”ဟု လျှောက်၏။ ပုဏ္ဏား ငါဘုရားသည် လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏ဟု (မိန့်တော်မူ၏)၊ “ငါတို့သည် အသျှင်ဂေါတမ၏ ထမ်းပိုးကိုလည်းကောင်း၊ ထွန်တုံးကိုလည်းကောင်း၊ ထွန်သွားကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း၊ ခိုင်းနွားတို့ကိုလည်းကောင်း မမြင်ကြ ရပါကုန်၊ ထိုသို့ မမြင်ပါဘဲလျက် အသျှင်ဂေါတမသည် ‘ပုဏ္ဏား ငါသည်လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏’ဟု ဆိုဘိ၏”ဟု ဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့်လျှောက်၏-

They befriend you and serve you for their own sake; these days it’s hard to find friends <j>lacking ulterior motive. Impure folk cleverly profit themselves— live alone like a horned rhino.

စာ-၂၉၁

၄။ ကသိဘာရဒွါဇသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မဂဓေသု ဝိဟရတိ ဒက္ခိဏာဂိရိသ္မိံ [ဒက္ခိဏဂိရိသ္မိံ (က။)] ဧကနာဠာယံ ဗြာဟ္မဏဂါမေ။ တေန ခေါ ပန သမယေန ကသိဘာရဒွါဇဿ ဗြာဟ္မဏဿ ပဉ္စမတ္တာနိ နင်္ဂလသတာနိ ပယုတ္တာနိ ဟောန္တိ ဝပ္ပကာလေ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ကသိဘာရဒွါဇဿ ဗြာဟ္မဏဿ ကမ္မန္တော တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန ကသိဘာရဒွါဇဿ ဗြာဟ္မဏဿ ပရိဝေသနာ ဝတ္တတိ။ အထ ခေါ ဘဂဝါ ယေန ပရိဝေသနာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌာသိ။

အဒ္ဒသာ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ပိဏ္ဍာယ ဌိတံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဟံ ခေါ, သမဏ, ကသာမိ စ ဝပါမိ စ၊ ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမိ။ တွမ္ပိ, သမဏ, ကသဿု စ ဝပဿု စ၊ ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇဿူ’’တိ။

‘‘အဟမ္ပိ ခေါ, ဗြာဟ္မဏ, ကသာမိ စ ဝပါမိ စ၊ ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမီ’’တိ။ ‘‘န ခေါ ပန မယံ [န ခေါ ပန သမဏ (သျာ။)] ပဿာမ ဘောတော ဂေါတမဿ ယုဂံ ဝါ နင်္ဂလံ ဝါ ဖာလံ ဝါ ပါစနံ ဝါ ဗလိဗဒ္ဒေ [ဗလိဝဒ္ဒေ (သီ။ ပီ။), ဗလီဗဒ္ဒေ (?)] ဝါ။ အထ စ ပန ဘဝံ ဂေါတမော ဧဝမာဟ – ‘အဟမ္ပိ ခေါ, ဗြာဟ္မဏ, ကသာမိ စ ဝပါမိ စ၊ ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမီ’’’တိ။

အထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၇၆။ ‘‘ကဿကော ပဋိဇာနာသိ, န စ ပဿာမ တေ ကသိံ၊

ကသိံ နော ပုစ္ဆိတော ဗြူဟိ, ယထာ ဇာနေမု တေ ကသိံ’’။

၇၆။ သင်သည် လယ်ထွန်ယောကျာ်း (လယ်သမား)ဟူ၍ ဝန်ခံဘိ၏၊ သင်၏ လယ်ထွန်မှုကို ငါတို့မမြင်ရ၊ သင်၏ လယ်ထွန်မှုကို ငါတို့ သိနိုင်လောက်သော နည်းဖြင့် သင်ဖြေဆိုပါလော့ (ဟု မေးလျှောက်၏)။ (၁)

Anthology of Discourses 1.4 With Bhāradvāja the Farmer So I have heard. At one time the Buddha was staying in the land of the Magadhans in the Southern Hills near the brahmin village of Ekanāḷa. Now at that time the brahmin Bhāradvāja the Farmer had harnessed around five hundred plows, it being the season for sowing. Then the Buddha robed up in the morning and, taking his bowl and robe, went to where Bhāradvāja the Farmer was working. Now at that time Bhāradvāja the Farmer was distributing food. Then the Buddha went to where the distribution was taking place and stood to one side. Bhāradvāja the Farmer saw him standing for alms and said to him, “I plough and sow, ascetic, and then I eat. You too should plough and sow, then you may eat.” “I too plough and sow, brahmin, and then I eat.” “I don’t see the worthy Gotama with a yoke or plow or plowshare or goad or oxen, yet he says: ‘I too plough and sow, brahmin, and then I eat.’” Then Bhāradvāja the Farmer addressed the Buddha in verse: “You claim to be a farmer, but I don’t see you farming. Tell me your farming when asked, so I can recognize your farming.”

၇၇။ ‘‘သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ, ပညာ မေ ယုဂနင်္ဂလံ၊

ဟိရီ ဤသာ မနော ယောတ္တံ, သတိ မေ ဖာလပါစနံ။

၇၇။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏၊ ငါ၏ ဣန္ဒြေကို စောင့်စည်းမှုသည် မိုးရွာခြင်း မည်၏၊ ငါ၏ ပညာသည် ထမ်းပိုးနှင့်ထွန်တုံး မည်၏၊ ငါ၏ (မကောင်းမှုမှ) ရှက်ကြောက်မှုသည် ထွန်သန်မည်၏၊ (ငါ၏) စိတ်သည် ကြိုးလွန်း မည်၏၊ ငါ၏ အောက်မေ့မှု ‘သတိ’သည် ထွန်သွားနှင့် နှင်တံမည်၏။ (၂)

“Faith is my seed, fervor my rain, and wisdom is my yoke and plough. Conscience is my draft-pole, mind my strap, mindfulness my plowshare and goad.

၇၈။ ‘‘ကာယဂုတ္တော ဝစီဂုတ္တော, အာဟာရေ ဥဒရေ ယတော၊

သစ္စံ ကရောမိ နိဒ္ဒါနံ, သောရစ္စံ မေ ပမောစနံ။

၇၈။ သင်သည် လယ်ကို စောင့်ရှောက်သကဲ့သို့ ငါသည်လည်းကိုယ်ကို စောင့် ရှောက်၏၊ နှုတ်ကို့စောင့်ရှောက်၏၊ အာဟာရ၌ အသက်မွေးမှု စင်ကြယ်စေရန် စောင့်ရှောက်၏၊ ဝမ်း၌ အတိုင်းအရှည်ကို သိရန် စောင့်ရှောက်၏၊မှန်သော စကားဖြင့် (ချွတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြက်ကို) ဖြတ်တောက်ပယ်နုတ်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှုဟူသော ငါ၏ အရဟတ္တဖိုလ်သည် ပြုလုပ်ဖွယ်အားလုံးမှလွတ် မြောက်တော့၏။ (၃)

Guarded in body and speech, I restrict my intake of food. I use truth as my scythe, and gentleness is my release.

၇၉။ ‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊

ဂစ္ဆတိ အနိဝတ္တန္တံ, ယတ္ထ ဂန္တွာ န သောစတိ။

၇၉။ ငါ၏ ဝီရိယသည် ဝန်ကို ဆောင်သော နွားမည်၏၊ အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော်မစိုးရိမ်ရ၊ ယောဂလေးပါးကုန်ရာဖြစ်သော ထိုနိဗ္ဗာန်သို့ ရှေးရှု ဆောင်လျက် မဆုတ်မနစ် သွား၏။ (၄)

Energy is my harnessed beast, transporting me to sanctuary from the yoke. Without turning back, it goes to where there is no sorrow.

စာ-၂၉၂

၈၀။ ‘‘ဧဝမေသာ ကသီ ကဋ္ဌာ, သာ ဟောတိ အမတပ္ဖလာ၊

ဧတံ ကသိံ ကသိတွာန, သဗ္ဗဒုက္ခာ ပမုစ္စတီ’’တိ။

အထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော မဟတိယာ ကံသပါတိယာ ပါယသံ [ပါယာသံ (သဗ္ဗတ္ထ)] ဝဍ္ဎေတွာ ဘဂဝတော ဥပနာမေသိ – ‘‘ဘုဉ္ဇတု ဘဝံ ဂေါတမော ပါယသံ။ ကဿကော ဘဝံ၊ ယံ ဟိ ဘဝံ ဂေါတမော အမတပ္ဖလံ [အမတပ္ဖလမ္ပိ (သံ။ နိ။ ၁။၁၉၇)] ကသိံ ကသတီ’’တိ။

၈၀။ (ပုဏ္ဏား) ဤသို့ သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို (ငါသည်) ထွန်အပ်ပြီ၊ (ငါ၏) ထိုလယ်ထွန်ခြင်းသည် နိဗ္ဗာန်ဟူသော အသီးအနှံရှိ၏၊ ထိုလယ် ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်၏ဟု (မိန့်တော်မူ၏)။ (၅) ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် အဖိုးများစွာ ထိုက်သော ရွှေခွက်၌ နို့ဃနာကို ခူးထည့်စေ၍မြတ်စွာဘုရားအား “အသျှင်ဂေါတမသည် နို့ဃနာကို စားတော်မူပါလော့၊ အသျှင်သည် လယ်ထွန်ယောကျာ်းပါတည်း။မှန်၏-အသျှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော အသီးအနှံအကျိုးရှိသော လယ်ထွန်ခြင်းကို ထွန်တော်မူ၏”ဟု ဆို၍ ဆက်ကပ်၏။

That’s how to do the farming that has freedom from death as its fruit. When you finish this farming you’re released from all suffering.” Then Bhāradvāja the Farmer poured milk-rice in a large bronze cup and presented it to the Buddha: “May the worthy Gotama eat the milk-rice! The worthy one is a farmer. For the worthy Gotama does the farming that has freedom from death as its fruit.”

၈၁။ ‘‘ဂါထာဘိဂီတံ မေ အဘောဇနေယျံ, သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော၊

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ, ဓမ္မေ သတီ ဗြာဟ္မဏ ဝုတ္တိရေသာ။

၈၁။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဥ်တို့ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဥ်ကို စားခြင်းသဘောသည် စင်ကြယ်ခြင်းကို ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာသီဆို၍ ရအပ်သော ဘောဇဥ်ကို ပယ်တော်မူကုန်၏၊ ပုဏ္ဏားအသက်မွေးခြင်း စင်ကြယ်မှုသဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏အသက်မွေးခြင်းတည်း။ (၆)

“Food enchanted by a verse isn’t fit for me to eat. That’s not the principle of those who see, brahmin. The Buddhas cast aside things enchanted with verses. Since there is such a principle, brahmin, <j>that’s how they live.

၈၂။ ‘‘အညေန စ ကေဝလိနံ မဟေသိံ, ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ၊

အန္နေန ပါနေန ဥပဋ္ဌဟဿု, ခေတ္တံ ဟိ တံ ပုညပေက္ခဿ ဟောတီ’’တိ။

‘‘အထ ကဿ စာဟံ, ဘော ဂေါတမ, ဣမံ ပါယသံ ဒမ္မီ’’တိ? ‘‘န ခွါဟံ တံ, ဗြာဟ္မဏ, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ, ယဿ သော ပါယသော ဘုတ္တော သမ္မာ ပရိဏာမံ ဂစ္ဆေယျ, အညတြ တထာဂတဿ ဝါ တထာဂတသာဝကဿ ဝါ။ တေန ဟိ တွံ, ဗြာဟ္မဏ, တံ ပါယသံ အပ္ပဟရိတေ ဝါ ဆဍ္ဍေဟိ အပ္ပါဏကေ ဝါ ဥဒကေ ဩပိလာပေဟီ’’တိ။

အထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော တံ ပါယသံ အပ္ပါဏကေ ဥဒကေ ဩပိလာပေသိ။ အထ ခေါ သော ပါယသော ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ [သန္ဓူမာယတိ သမ္ပဓူမာယတိ (သျာ။)]။ သေယျထာပိ နာမ ဖာလော ဒိဝသံ သန္တတ္တော [ဒိဝသသန္တတ္တော (သီ။ သျာ။ ကံ။ ပီ။)] ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ၊ ဧဝမေဝ သော ပါယသော ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ။

အထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော သံဝိဂ္ဂေါ လောမဟဋ္ဌဇာတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ [ဒက္ခိန္တီတိ (သီ။ သျာ။ ကံ။ ပီ။)]၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ, လဘေယျာဟံ ဘောတော ဂေါတမဿ သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။

အလတ္ထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။ အစိရူပသမ္ပန္နော ခေါ ပနာယသ္မာ ဘာရဒွါဇော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ, တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ [အညတရော စ ခေါ (သီ။ ပီ။), အညတရော ခေါ (သျာ။ ကံ။ က။)] ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီတိ။

ကသိဘာရဒွါဇသုတ္တံ စတုတ္ထံ နိဋ္ဌိတံ။

၈၂။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ မြတ်သော သီလစသော ကျေးဇူး အပေါင်းကို ရှာလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကို လုပ် ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏ဟု (ဟောတော်မူ၏)။ (၇) အသျှင်ဂေါတမသို့ ဖြစ်လျှင် တပည့်တော်သည် ဤနို့ဃနာကို အဘယ်သူအား လှူရအံ့နည်းဟု (လျှောက်၏)။ ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားတပည့်သားကိုလည်းကောင်း ထား၍ စားအပ်ပြီးသော ထိုနို့ဃနာကို ကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်စေနိုင်မည့်သူကို ငါဘုရား မြင်တော်မမူ၊ ပုဏ္ဏား ထို့ကြောင့် သင်သည် ထိုနို့ဃနာကို စိမ်းသော မြက်မရှိရာ၌သော်လည်းစွန့်လော့၊ ပိုးမရှိသော ရေ၌သော်လည်း မျှောလော့ဟု (မိန့်တော်မူ၏)။ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသော ရေ၌ မျှော၏၊ ထိုအခါ ရေ၌ ပစ်ချအပ်သော နို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲအသံပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏၊ ထက်ဝန်းကျင်မှများစွာ အခိုး ထွက်၏၊ တစ်နေ့ပတ်လုံး မီးဖုတ်အပ်သော ထယ်သွားကို ရေ၌ ပစ်ချအပ်သည်ရှိသော်တရှဲရှဲမည်သကဲ့သို့ တရှဲရှဲအသံကို ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက်သကဲ့သို့ ထက်ဝန်းကျင်မှများစွာ အခိုးထွက်သကဲ့သို့ ဤအတူပင် ရေ၌ ထည့်အပ်သော ထိုနို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲမည်သော အသံကို ပြု၏၊ ထက်ဝန်းကျင်မှ အခိုး ထွက်၏၊ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏။ ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထာ့းသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည်များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု (လျှောက်၏)။ ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏အထံ၌ ရှင်အဖြစ်ကိုရ၏၊ ရဟန်းအဖြစ်ကိုရ၏၊ ရဟန်းဖြစ်၍ မကြာမီ အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်း စွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်လျက် နေသည်ရှိသော် လူ့ဘောင်မှရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။ လေးခုမြောက် ကသိဘာရဒွါဇသုတ် ပြီး၏။

Serve with other food and drink the consummate one, the great seer, with defilements ended and remorse stilled. For he is the field for the seeker of merit.” “Then, worthy Gotama, to whom should I give the milk-rice?” “Brahmin, I don’t see anyone in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who can properly digest this milk-rice, except the Realized One or one of his disciples. Well then, brahmin, throw out the milk-rice where there is little that grows, or drop it into water that has no living creatures.” So Bhāradvāja the Farmer dropped the milk-rice in water that had no living creatures. And when the milk-rice was placed in the water, it sizzled and hissed, steaming and fuming. Suppose there was an iron cauldron that had been heated all day. If you placed it in the water, it would sizzle and hiss, steaming and fuming. In the same way, when the milk-rice was placed in the water, it sizzled and hissed, steaming and fuming. Then Bhāradvāja the Farmer, shocked and awestruck, went up to the Buddha, bowed down with his head to the Buddha’s feet, and said, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. May I receive the going forth, the ordination in the worthy Gotama’s presence?” And Bhāradvāja the Farmer received the going forth, the ordination in the Buddha’s presence. Not long after his ordination, Venerable Bhāradvāja, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Bhāradvāja became one of the perfected.

၅။ စုန္ဒသုတ္တ

၈၃။ ‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ, (ဣတိ စုန္ဒော ကမ္မာရပုတ္တော)

ဗုဒ္ဓံ ဓမ္မဿာမိံ ဝီတတဏှံ၊

ဒွိပဒုတ္တမံ [ဒိပဒုတ္တမံ (သီ။ သျာ။ ကံ။ ပီ။)] သာရထီနံ ပဝရံ, ကတိ လောကေ သမဏာ တဒိင်္ဃ ဗြူဟိ’’။

၅-စုန္ဒသုတ် ၈၃။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏) - အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင်ဖြစ်တော်မူသောတဏှာကင်းတော်မူသော အခြေနှစ်ချောင်းရှိပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသော ဆုံးမတတ်သူတို့တွင်မြတ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏-လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း၊ တောင်းပန်ပါ၏၊ ထိုအကြောင်းကို အသျှင်ဘုရားဟောတော်မူပါ။ (၁)

Anthology of Discourses 1.5 With Cunda “I ask the sage abounding in wisdom,” said Cunda the smith, “the Buddha, master of the teaching, free of craving, best of men, excellent charioteer, please tell me this: how many ascetics are there in the world?”

၈၄။ ‘‘စတုရော သမဏာ န ပဉ္စမတ္ထိ, (စုန္ဒာတိ ဘဂဝါ)

တေ တေ အာဝိကရောမိ သက္ခိပုဋ္ဌော၊

မဂ္ဂဇိနော မဂ္ဂဒေသကော စ, မဂ္ဂေ ဇီဝတိ ယော စ မဂ္ဂဒူသီ’’။

၈၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏၊ ငါး ယောက်မြောက်အမျိုးအစား မရှိ၊ မျက်မှောက်မေးအပ်သည်ဖြစ်၍ ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းလည်းကောင်း မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်းလည်းကောင်း၊ မဂ်ခရီး၌ အသက်ရှင် နေသော ရဟန်းလည်းကောင်း၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းလည်းကောင်း (ဤလေးမျိုးတို့တည်း)။ (၂)

“There are four ascetics, not a fifth.” said the Buddha to Cunda, “Being asked to bear witness, <j>I will explain them to you: the path-victor, the path-teacher, the path-liver, and the path-wrecker.”

စာ-၂၉၄

၈၅။ ‘‘ကံ မဂ္ဂဇိနံ ဝဒန္တိ ဗုဒ္ဓါ, (ဣတိ စုန္ဒော ကမ္မာရပုတ္တော)

မဂ္ဂက္ခာယီ ကထံ အတုလျော ဟောတိ၊

မဂ္ဂေ ဇီဝတိ မေ ဗြူဟိ ပုဋ္ဌော, အထ မေ အာဝိကရောဟိ မဂ္ဂဒူသိံ’’ [မဂ္ဂဒူသီ (က။)]။

၈၅။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏) - အဘယ်သူကို မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုပါကုန် သနည်း၊ အတုမရှိသော ရဟန်းသည် အဘယ်သို့ သော အပြားအားဖြင့် မဂ်ခရီးကို ညွှန်ပြတတ်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်းကို ဟောတော်မူပါ၊ ထို့ပြင် မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းကို အကျွန်ုပ်အား ထင်ရှားပြတော်မူပါ။ (၃)

“Who is a path-victor according to the Buddhas?” said Cunda the smith, “and how is one an unequaled explainer of the path? Tell me when asked about one who lives the path, then declare the path-wrecker.”

၈၆။ ‘‘ယော တိဏ္ဏကထံကထော ဝိသလ္လော, နိဗ္ဗာနာဘိရတော အနာနုဂိဒ္ဓေါ၊

လောကဿ သဒေဝကဿ နေတာ, တာဒိံ မဂ္ဂဇိနံ ဝဒန္တိ ဗုဒ္ဓါ။

၈၆။ အကြင်သူသည်သို့လောသို့လော တွေးတောယုံမှားခြင်းကို ကူးမြောက်ပြီး ဖြစ်၏၊ ရာဂစသော ငြောင့်တံသင်းမှ ကင်းပြီးသူ ဖြစ်၏၊ နိဗ္ဗာန်၌ အလွန်မွေ့လျော်၏၊ တစ်စုံတစ်ခုကိုမျှ တဏှာအားဖြင့်မမက်မော၊ နတ်နှင့်တကွသော လောကကို ဆောင်တတ်၏၊ ထိုသို့ သော ရဟန်းကို မဂ်ခရီးဖြင့့်အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုကုန်၏။ (၄)

“Rid of indecision, free of thorns, delighting in extinguishment, not fawning, a guide for the world with its gods. The Buddhas say one such is victor of the path.

၈၇။ ‘‘ပရမံ ပရမန္တိ ယောဓ ဉတွာ, အက္ခာတိ ဝိဘဇတေ ဣဓေဝ ဓမ္မံ၊

တံ ကင်္ခဆိဒံ မုနိံ အနေဇံ, ဒုတိယံ ဘိက္ခုနမာဟု မဂ္ဂဒေသိံ။

၈၇။ ဤသာသနာတော်၌ အကြင်သူသည် နိဗ္ဗာန်ကို မြတ်၏ဟု ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် သိပြီး၍မိမိသိပြီးသော နိဗ္ဗာန်တရားကို သူတစ်ပါးတို့အား ဟောကြား တတ်၏၊ ဝေဖန်တတ်၏၊ ယုံမှားခြင်းကို ဖြတ်တတ်သောတဏှာကင်းသော ထို ရဟန်းကို ရဟန်းတို့တွင် မဂ်ခရီးကို ညွှန်ပြတတ်သော ဒုတိယအမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၅)

Knowing the ultimate as ultimate, they explain and analyze the teaching right here. That sage unstirred, with doubt cut off, is the second mendicant, I say, the teacher of the path.

၈၈။ ‘‘ယော ဓမ္မပဒေ သုဒေသိတေ, မဂ္ဂေ ဇီဝတိ သညတော သတီမာ၊

အနဝဇ္ဇပဒါနိ သေဝမာနော, တတိယံ ဘိက္ခုနမာဟု မဂ္ဂဇီဝိံ။

၈၈။ အကြင်သူသည် သီလစောင့်စည်းမှုဖြင့် ကောင်းစွာ စောင့်စည်းလျက် သတိ ရှိကာ အပြစ်မရှိသော ဗောဓိပက္ခိယတရားစုတို့ကို ဘာဝနာသေဝနအားဖြင့်မှီဝဲသည်ဖြစ်၍ နိဗ္ဗာန်တရား၏အကြောင်းကောင်းစွာ ဟောထားသော မဂ်ခရီး၌ အသက်ရှင်နေ၏၊ ထိုသူကို ရဟန်းတို့တွင် မဂ်ခရီး၌ အသက်ရှင်နေသောတတိယ အမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၆)

Living restrained and mindful on the path of the well-taught passage of teaching, cultivating blameless states, is the third mendicant, I say, the path-liver.

၈၉။ ‘‘ဆဒနံ ကတွာန သုဗ္ဗတာနံ, ပက္ခန္ဒီ ကုလဒူသကော ပဂဗ္ဘော၊

မာယာဝီ အသညတော ပလာပေါ, ပတိရူပေန စရံ သ မဂ္ဂဒူသီ။

၈၉။ အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အဝတ်ကို ဝတ်၍ (ရဟန်းတို့၏ အတွင်းသို့) ဝင်၏၊ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏၊ ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏၊ လှည့်ပတ်တတ်၏၊ ကိုယ် နှုတ် နှလုံးကို မစောင့် စည်း၊ ဖွဲအဖျင်းနှင့် တူ၏၊ ရဟန်းအတုအယောင်အသွင်အပြင်ဖြင့် လှည့်လည် သွားလာ၏၊ ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းဟူ၍သိအပ်၏။ (၇)

Dressed like one true to their vows, pushy, rude, a corrupter of families, devious, unrestrained, chaff, the path-wrecker’s life is a sham.

၉၀။ ‘‘ဧတေ စ ပဋိဝိဇ္ဈိ ယော ဂဟဋ္ဌော, သုတဝါ အရိယသာဝကော သပညော၊

သဗ္ဗေ နေတာဒိသာတိ [သဗ္ဗေ နေ တာဒိသာတိ (သီ။ သျာ။ ပီ။)] ဉတွာ, ဣတိ ဒိသွာ န ဟာပေတိ တဿ သဒ္ဓါ၊

ကထံ ဟိ ဒုဋ္ဌေန အသမ္ပဒုဋ္ဌံ, သုဒ္ဓံ အသုဒ္ဓေန သမံ ကရေယျာ’’တိ။

စုန္ဒသုတ္တံ ပဉ္စမံ နိဋ္ဌိတံ။

၉၀။ အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော ပညာရှိသော အကြင်အရိယာတပည့်သည်ဤရဟန်းလေးမျိုးတို့ကိုလည်း ထိုးထွင်း၍ သိ၏၊ ရဟန်းအားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်) တူသော သဘော မရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု ‘သဒ္ဓါ’သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ်လျော့ပေ၊မှန်၏၊ အကြားအမြင်ရှိသော အရိယာသာဝကသည် မဂ်ခရီးကို မဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို ဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်းကို မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်းဟု (မိန့်တော်မူ၏)။ (၈) ငါးခုမြောက် စုန္ဒသုတ် ပြီး၏။ ၆-ပရာဘဝသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤဂါထာဖြင့်လျှောက်၏-

A layperson who gets this, a learned, wise noble disciple, knows that ‘They are not all like that one’. So when they see them they don’t lose their faith. For how could one equate them— the corrupt with the uncorrupt, <j>the pure with the impure?”

စာ-၂၉၅

၆။ ပရာဘဝသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၉၁။ ‘‘ပရာဘဝန္တံ ပုရိသံ, မယံ ပုစ္ဆာမ ဂေါတမ [ဂေါတမံ (သီ။ သျာ။)]၊

ဘဂဝန္တံ [ဘဝန္တံ (သျာ။ က။)] ပုဋ္ဌုမာဂမ္မ, ကိံ ပရာဘဝတော မုခံ’’။

၉၁။ “အသျှင်ဂေါတမ ပျက်စီးဆုတ်ယုတ်နေသော ယောကျာ်းအကြောင်းကို အကျွန်ုပ်တို့မေးလျှောက်ပါကုန်၏၊ အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏၊ ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁)

Anthology of Discourses 1.6 Downfalls So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then, late at night, a glorious deity, lighting up the entire Jeta’s Grove, went up to the Buddha, bowed, and stood to one side. Standing to one side, that deity addressed the Buddha in verse: “We ask Gotama about a man’s downfall. We have come to ask you, sir: what leads to downfall?”

၉၂။ ‘‘သုဝိဇာနော ဘဝံ ဟောတိ, သုဝိဇာနော [ဒုဝိဇာနော (သျာ။ က။)] ပရာဘဝေါ၊

ဓမ္မကာမော ဘဝံ ဟောတိ, ဓမ္မဒေဿီ ပရာဘဝေါ’’။

၉၂။ ကြီးပွါးသူကိုလည်း သိရန် လွယ်ကူလှပေ၏၊ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန်လွယ်ကူလှပေ၏၊ တရားကို လိုလားတောင့်တသူသည် ကြီးပွါးရ၏၊ တရားကို မလိုလား မတောင့်တမုန်းထားသူသည် ပျက်စီးရ၏။ (၂)

“It’s easy to understand success, understanding downfall is just as easy. One who loves the teaching succeeds, but a hater of the teaching meets their downfall.”

၉၃။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ပဌမော သော ပရာဘဝေါ၊

ဒုတိယံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၉၃။ ထိုအကြောင်းသည် ပဌမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို့ဟောတော်မူပါ၊ ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၃)

“We understand what you’re saying, this is the first downfall. Tell us the second, Blessed One: what leads to downfall?”

၉၄။ ‘‘အသန္တဿ ပိယာ ဟောန္တိ, သန္တေ န ကုရုတေ ပိယံ၊

အသတံ ဓမ္မံ ရောစေတိ, တံ ပရာဘဝတော မုခံ’’။

၉၄။ ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏၊ သူတော် ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏၊ ထိုသုံးမျိုးသည်ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။ (၄)

“The bad are dear to him, he has no love for the good. He believes the teaching of the bad; and that leads to his downfall.”

၉၅။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ဒုတိယော သော ပရာဘဝေါ၊

တတိယံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၉၅။ ထိုအကြောင်းသည် ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား တတိယ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၅)

“We understand what you’re saying, this is the second downfall. Tell us the third, Blessed One: what leads to downfall?”

၉၆။ ‘‘နိဒ္ဒါသီလီ သဘာသီလီ, အနုဋ္ဌာတာ စ ယော နရော၊

အလသော ကောဓပညာဏော, တံ ပရာဘဝတော မုခံ’’။

၉၆။ အကြင်သူသည် အိပ်စက်ငိုက်မျဥ်းလေ့ရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော် လေ့ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏၊ နိုးကြားထကြွမှုမရှိ ပျင်းရိ၏၊ လျင်စွာ အမျက်ထွက်လေ့ရှိ၏၊ ထိုသူ၏ထိုအကြောင်းငါးမျိုးသည် ပျက်စီးဆုတ်ယုတ် ကြောင်းပေတည်း။ (၆)

“Fond of sleep, fond of company, a man who does no work; he’s lazy, marked by anger, and that leads to his downfall.”

၉၇။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, တတိယော သော ပရာဘဝေါ၊

စတုတ္ထံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၉၇။ ထိုအကြောင်းသည် တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၇)

“We understand what you’re saying, this is the third downfall. Tell us the fourth, Blessed One: what leads to downfall?”

၉၈။ ‘‘ယော မာတရံ [ယော မာတရံ ဝါ (သီ။ သျာ။ ကံ။ ပီ။)] ပိတရံ ဝါ, ဇိဏ္ဏကံ ဂတယောဗ္ဗနံ၊

ပဟု သန္တော န ဘရတိ, တံ ပရာဘဝတော မုခံ’’။

၉၈။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုပေ၊ ထိုသူ၏ မကျွေးမွေးမပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၈)

“Though able, he does not look after his mother and father when elderly, past their prime, and that leads to his downfall.”

၉၉။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, စတုတ္ထော သော ပရာဘဝေါ၊

ပဉ္စမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၉၉။ ထိုအကြောင်းသည် စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၉)

“We understand what you’re saying, this is the fourth downfall. Tell us the fifth, Blessed One: what leads to downfall?”

၁၀၀။ ‘‘ယော ဗြာဟ္မဏံ [ယော ဗြာဟ္မဏံ ဝါ (သီ။ သျာ။ ကံ။ ပီ။)] သမဏံ ဝါ, အညံ ဝါပိ ဝနိဗ္ဗကံ၊

မုသာဝါဒေန ဝဉ္စေတိ, တံ ပရာဘဝတော မုခံ’’။

၁၀၀။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက် မုသားပြောဆိုခြင်းဖြင့်လှည့်ပတ်၏၊ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၀)

“He deceives with lies ascetics and brahmins and other supplicants, and that leads to his downfall.”

စာ-၂၉၆

၁၀၁။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ပဉ္စမော သော ပရာဘဝေါ၊

ဆဋ္ဌမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၀၁။ ထိုအကြောင်းသည် ပဉ္စမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဆဋ္ဌဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၁)

“We understand what you’re saying, this is the fifth downfall. Tell us the sixth, Blessed One: what leads to downfall?”

၁၀၂။ ‘‘ပဟူတဝိတ္တော ပုရိသော, သဟိရညော သဘောဇနော၊

ဧကော ဘုဉ္ဇတိ သာဒူနိ, တံ ပရာဘဝတော မုခံ’’။

၁၀၂။ အကြင်သူသည် များသော စည်းစိမ်ရှိသူ အသပြာရှိသူ စားဖွယ်နှင့် ပြည့်စုံသူ ဖြစ်ပါလျက်ကောင်းမြတ်သော ဘောဇဥ်တို့ကို တစ်ယောက်တည်း စားသုံး၏၊ ထိုသူ၏ ထိုစားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၂)

“A man with plenty of wealth, including gold coin and food, eats delicacies alone, and that leads to his downfall.”

၁၀၃။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ဆဋ္ဌမော သော ပရာဘဝေါ၊

သတ္တမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၀၃။ ထိုအကြောင်းသည် ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၃)

“We understand what you’re saying, this is the sixth downfall. Tell us the seventh, Blessed One: what leads to downfall?”

၁၀၄။ ‘‘ဇာတိတ္ထဒ္ဓေါ ဓနတ္ထဒ္ဓေါ, ဂေါတ္တတ္ထဒ္ဓေါ စ ယော နရော၊

သညာတိံ အတိမညေတိ, တံ ပရာဘဝတော မုခံ’’။

၁၀၄။ အကြင်သူသည် အမျိုး ‘ဇာတိ’ မာန် ခက်ထန်၏၊ ဥစ္စာ ‘ဓန’ မာန်ခက် ထန်၏၊ အနွယ် ‘ဂေါတ္တ’ မာန်ခက်ထန်၏၊ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏၊ ထိုသူ၏ထိုအကြောင်းလေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၄)

“Vain of birth, wealth, and clan, a man looks down on his own family, and that leads to his downfall.”

၁၀၅။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, သတ္တမော သော ပရာဘဝေါ၊

အဋ္ဌမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၀၅။ ထိုအကြောင်းသည် သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၅)

“We understand what you’re saying, this is the seventh downfall. Tell us the eighth, Blessed One: what leads to downfall?”

၁၀၆။ ‘‘ဣတ္ထိဓုတ္တော သုရာဓုတ္တော, အက္ခဓုတ္တော စ ယော နရော၊

လဒ္ဓံ လဒ္ဓံ ဝိနာသေတိ, တံ ပရာဘဝတော မုခံ’’။

၁၀၆။ အကြင်သူသည် မိန်းမကြူး သေသောက်ကြူး လောင်းကစားကြူးသည်ဖြစ်၍ ရတိုင့်းရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏၊ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၆)

“In womanizing, drinking, and gambling, a man wastes all that he has earned, and that leads to his downfall.”

၁၀၇။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, အဋ္ဌမော သော ပရာဘဝေါ၊

နဝမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၀၇။ ထိုအကြောင်းသည် အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား နဝမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၇)

“We understand what you’re saying, this is the eighth downfall. Tell us the ninth, Blessed One: what leads to downfall?”

၁၀၈။ ‘‘သေဟိ ဒါရေဟိ အသန္တုဋ္ဌော [ဒါရေဟျသန္တုဋ္ဌော (က။)], ဝေသိယာသု ပဒုဿတိ [ပဒိဿတိ (သီ။)]၊

ဒုဿတိ [ဒိဿတိ (သီ။ ပီ။)] ပရဒါရေသု, တံ ပရာဘဝတော မုခံ’’။

၁၀၈။ အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏၊ သူတစ်ပါးမယားတို့၌ ပြစ်မှား၏၊ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၈)

“Not content with his own partners, he debauches himself with prostitutes, and with others’ partners, and that leads to his downfall.”

၁၀၉။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, နဝမော သော ပရာဘဝေါ၊

ဒသမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၀၉။ ထိုအကြောင်းသည် နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၉)

“We understand what you’re saying, this is the ninth downfall. Tell us the tenth, Blessed One: what leads to downfall?”

၁၁၀။ ‘‘အတီတယောဗ္ဗနော ပေါသော, အာနေတိ တိမ္ဗရုတ္ထနိံ၊

တဿာ ဣဿာ န သုပတိ, တံ ပရာဘဝတော မုခံ’’။

၁၁၀။ အရွယ်လွန်ပြီးသော ယောကျာ်းသည် တည်သီးသဖွယ် ငယ်သော သား မြတ်ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူ ပြုလုပ်၏၊ ထိုမိန်းမငယ်အား (ယောကျာ်းတစ်ပါးအတွက်) စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။ (၂၀)

“A man well past his prime marries a girl with budding breasts; he cannot sleep for jealousy, and that leads to his downfall.”

၁၁၁။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ဒသမော သော ပရာဘဝေါ၊

ဧကာဒသမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၁၁။ ထိုအကြောင်းသည် ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၁)

“We understand what you’re saying, this is the tenth downfall. Tell us the eleventh, Blessed One: what leads to downfall?”

၁၁၂။ ‘‘ဣတ္ထိံ သောဏ္ဍိံ ဝိကိရဏိံ, ပုရိသံ ဝါပိ တာဒိသံ၊

ဣဿရိယသ္မိံ ဌပေတိ [ဌာပေတိ (သီ။ ပီ။), ထပေတိ (က။)], တံ ပရာဘဝတော မုခံ’’။

၁၁၂။ အကြင်သူသည် ငါး အမဲစသော အစားအစာတို့၌ မက်မောသော သဘောရှိသော (ဥစ္စာကို) စည်းကမ်းမဲ့ ဖရိုဖရဲပြုတတ်သော မိန်းမကိုသော်လည်းကောင်း ထိုသို့ သဘောရှိသော ယောကျာ်းကိုသော်လည်းကောင်း အိမ်ထောင်ထိန်း အရာ၌ ထား၏၊ ထိုသူ၏ ထိုအကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၂)

“He places in authority a woman or a man who’s a drunkard and a wastrel, and that leads to his downfall.”

စာ-၂၉၇

၁၁၃။ ‘‘ဣတိ ဟေတံ ဝိဇာနာမ, ဧကာဒသမော သော ပရာဘဝေါ၊

ဒွါဒသမံ ဘဂဝါ ဗြူဟိ, ကိံ ပရာဘဝတော မုခံ’’။

၁၁၃။ ထိုအကြောင်းသည် ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့သိရပါကုန်၏၊ မြတ်စွာဘုရား ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၃)

“We understand what you’re saying, this is the eleventh downfall. Tell us the twelfth, Blessed One: what leads to downfall?”

၁၁၄။ ‘‘အပ္ပဘောဂေါ မဟာတဏှော, ခတ္တိယေ ဇာယတေ ကုလေ၊

သော စ ရဇ္ဇံ ပတ္ထယတိ, တံ ပရာဘဝတော မုခံ’’။

၁၁၄။ အကြင်သူသည် ဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှု ကြီးမား၏၊ မင်းမျိုး၌လည်း ဖြစ်၏၊ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏၊ ထိုသူ၏ ထို အကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၄)

“A man of little wealth and strong craving, born into an aristocratic family, sets his sights on kingship, and that leads to his downfall.

၁၁၅။ ‘‘ဧတေ ပရာဘဝေ လောကေ, ပဏ္ဍိတော သမဝေက္ခိယ၊

အရိယော ဒဿနသမ္ပန္နော, သ လောကံ ဘဇတေ သိဝ’’န္တိ။

ပရာဘဝသုတ္တံ ဆဋ္ဌံ နိဋ္ဌိတံ။

၁၁၅။ လောက၌ ဖြူစင် ကောင်းမြတ်၍ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပညာရှိသည်ဤပျက်စီးဆုတ်ယုတ်ကြောင်းတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည် လောကသို့ ချဥ်းကပ်ရ၏”ဟု (မိန့်တော်မူ၏)။ (၂၅) ခြောက်ခုမြောက် ပရာဘဝသုတ် ပြီး၏။ ၇-ဝသလသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ (ပူဇော်ထားသော) မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာထောပတ်စသည်ကို စီရင်ထား၏၊ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဥ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဥ်းကပ်တော်မူ၏။ အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို “ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့”ဟု ဆို၏။ ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် “အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း သိ၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း၊ မသိပါ၊ အကျွန်ုပ်တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း အကျွန်ုပ်သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရားဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဂေါတမ ကောင်းပါပြီ”ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

Seeing these downfalls in the world, an astute and noble person, accomplished in vision, will enjoy a world of grace.”

၇။ ဝသလသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ တေန ခေါ ပန သမယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ နိဝေသနေ အဂ္ဂိ ပဇ္ဇလိတော ဟောတိ အာဟုတိ ပဂ္ဂဟိတာ။ အထ ခေါ ဘဂဝါ သာဝတ္ထိယံ သပဒါနံ ပိဏ္ဍာယ စရမာနော ယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ။

အဒ္ဒသာ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘တတြေဝ [အတြေဝ (သျာ။ က။)], မုဏ္ဍက၊ တတြေဝ, သမဏက၊ တတြေဝ, ဝသလက တိဋ္ဌာဟီ’’တိ။

ဧဝံ ဝုတ္တေ, ဘဂဝါ အဂ္ဂိကဘာရဒွါဇံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ဇာနာသိ ပန တွံ, ဗြာဟ္မဏ, ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ’’တိ? ‘‘န ခွါဟံ, ဘော ဂေါတမ, ဇာနာမိ ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ၊ သာဓု မေ ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု, ယထာဟံ ဇာနေယျံ ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ’’တိ။ ‘‘တေန ဟိ, ဗြာဟ္မဏ, သုဏာဟိ, သာဓုကံ မနသိ ကရောဟိ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

စာ-၂၉၈

၁၁၆။ ‘‘ကောဓနော ဥပနာဟီ စ, ပါပမက္ခီ စ ယော နရော၊

ဝိပန္နဒိဋ္ဌိ မာယာဝီ, တံ ဇညာ ဝသလော ဣတိ။

၁၁၆။ “အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁)

Anthology of Discourses 1.7 The Lowlife So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the Buddha robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. Now at that time in the brahmin Bhāradvāja the Fire-Worshiper’s home the sacred flame had been kindled and the oblation prepared. Wandering indiscriminately for almsfood in Sāvatthī, the Buddha approached Bhāradvāja the Fire-Worshiper’s house. Bhāradvāja the Fire-Worshiper saw the Buddha coming off in the distance and said to him, “Stop right there, shaveling! Right there, fake ascetic! Right there, lowlife!” When he said this, the Buddha said to him, “But brahmin, do you know what is a lowlife or what are the qualities that make you a lowlife?” “No I do not, worthy Gotama. Please, worthy Gotama, teach me this matter so I can understand what is a lowlife or what are the qualities that make you a lowlife.” “Well then, brahmin, listen and apply your mind well, I will speak.” “Yes, worthy sir,” Bhāradvāja the Fire-Worshiper replied. The Buddha said this: “Irritable and acrimonious, wicked and offensive, a man deficient in view, deceitful: know him as a lowlife.

၁၁၇။ ‘‘ဧကဇံ ဝါ ဒွိဇံ [ဒိဇံ (ပီ။)] ဝါပိ, ယောဓ ပါဏံ ဝိဟိံသတိ၊

ယဿ ပါဏေ ဒယာ နတ္ထိ, တံ ဇညာ ဝသလော ဣတိ။

၁၁၇။ ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကိုလည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော ငှက်စသော သတ္တဝါကိုလည်းကောင်း ညှဥ်းဆဲသတ်ဖြတ်၏၊ အကြင်သူအားသတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၂)

He harms living creatures born of womb or of egg, and has no kindness for creatures: know him as a lowlife.

၁၁၈။ ‘‘ယော ဟန္တိ ပရိရုန္ဓတိ [ဥပရုန္ဓေတိ (သျာ။), ဥပရုန္ဓတိ (က။)], ဂါမာနိ နိဂမာနိ စ၊

နိဂ္ဂါဟကော [နိဂ္ဃါတကော (?)] သမညာတော, တံ ဇညာ ဝသလော ဣတိ။

၁၁၈။ အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၃)

He destroys and devastates villages and towns, a notorious oppressor: know him as a lowlife.

၁၁၉။ ‘‘ဂါမေ ဝါ ယဒိ ဝါ ရညေ, ယံ ပရေသံ မမာယိတံ၊

ထေယျာ အဒိန္နမာဒေတိ [အဒိန္နံ အာဒိယတိ (သီ။ ပီ။)], တံ ဇညာ ဝသလော ဣတိ။

၁၁၉။ အကြင်သူသည် ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း သူတစ်ပါးတို့မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၄)

Whether in village or wilderness, he steals what belongs to others, taking what has not been given: know him as a lowlife.

၁၂၀။ ‘‘ယော ဟဝေ ဣဏမာဒါယ, စုဇ္ဇမာနော [ဘုဉ္ဇမာနော (?)] ပလာယတိ၊

န ဟိ တေ ဣဏမတ္ထီတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၀။ အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော်ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၅)

Having fallen into debt, when pressed to pay up he flees, saying ‘I don’t owe you anything!’: know him as a lowlife.

၁၂၁။ ‘‘ယော ဝေ ကိဉ္စိက္ခကမျတာ, ပန္ထသ္မိံ ဝဇန္တံ ဇနံ၊

ဟန္တွာ ကိဉ္စိက္ခမာဒေတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၁။ အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိ သဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၆)

Wanting some item or other, he attacks a person in the street and takes it: know him as a lowlife.

၁၂၂။ ‘‘အတ္တဟေတု ပရဟေတု, ဓနဟေတု စ [ဓနဟေတု ဝ (က။)] ယော နရော၊

သက္ခိပုဋ္ဌော မုသာ ဗြူတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၂။ အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ (မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ) ဥစ္စာဟူသော အကြောင်းကြောင့် သော်လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၇)

For his own sake or the sake of another, or for the sake of wealth, a man tells a lie when asked to bear witness: know him as a lowlife.

၁၂၃။ ‘‘ယော ဉာတီနံ သခီနံ ဝါ, ဒါရေသု ပဋိဒိဿတိ၊

သာဟသာ [သဟသာ (သီ။ သျာ။)] သမ္ပိယေန ဝါ, တံ ဇညာ ဝသလော ဣတိ။

၁၂၃။ အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော်လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏မယားတို့၌သော်လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေလွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၈)

He is spied among the partners of relatives and friends, by force or seduction: know him as a lowlife.

၁၂၄။ ‘‘ယော မာတရံ ပိတရံ ဝါ, ဇိဏ္ဏကံ ဂတယောဗ္ဗနံ၊

ပဟု သန္တော န ဘရတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၄။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၉)

Though able, he does not look after his mother and father when elderly, past their prime: know him as a lowlife.

၁၂၅။ ‘‘ယော မာတရံ ပိတရံ ဝါ, ဘာတရံ ဘဂိနိံ သသုံ၊

ဟန္တိ ရောသေတိ ဝါစာယ, တံ ဇညာ ဝသလော ဣတိ။

၁၂၅။ အကြင်သူသည် အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော်လည်းကောင်း၊ အစ်မနှမကိုသော်လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမယောကျာ်းသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဥ်းဆဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၀)

He hits or verbally abuses his mother or father, brother, sister, or mother-in-law: know him as a lowlife.

၁၂၆။ ‘‘ယော အတ္ထံ ပုစ္ဆိတော သန္တော, အနတ္ထမနုသာသတိ၊

ပဋိစ္ဆန္နေန မန္တေတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၆။ အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြားသွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆိုညွှန်ကြား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၁)

When asked about the good, he teaches what is bad, giving secretive advice: know him as a lowlife.

၁၂၇။ ‘‘ယော ကတွာ ပါပကံ ကမ္မံ, မာ မံ ဇညာတိ ဣစ္ဆတိ [ဝိဘ။ ၈၉၄ ပဿိတဗ္ဗံ]၊

ယော ပဋိစ္ဆန္နကမ္မန္တော, တံ ဇညာ ဝသလော ဣတိ။

၁၂၇။ အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူသည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာဟူ၍ သိရာ၏။ (၁၂)

Having done a bad deed, he wishes, ‘May no one find me out!’ His deeds are underhand: know him as a lowlife.

စာ-၂၉၉

၁၂၈။ ‘‘ယော ဝေ ပရကုလံ ဂန္တွာ, ဘုတွာန [သုတွာ စ (သျာ။ က။)] သုစိဘောဇနံ၊

အာဂတံ နပ္ပဋိပူဇေတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၈။ အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဥ်ကို စားပြီး၍လည်းမိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို (အတုံ့အပြန်) မကျွေးမွေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၃)

When visiting another family he eats their delicious food, but does not return the honor: know him as a lowlife.

၁၂၉။ ‘‘ယော ဗြာဟ္မဏံ သမဏံ ဝါ, အညံ ဝါပိ ဝနိဗ္ဗကံ၊

မုသာဝါဒေန ဝဉ္စေတိ, တံ ဇညာ ဝသလော ဣတိ။

၁၂၉။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက်မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၄)

He deceives with lies ascetics and brahmins and other supplicants: know him as a lowlife.

၁၃၀။ ‘‘ယော ဗြာဟ္မဏံ သမဏံ ဝါ, ဘတ္တကာလေ ဥပဋ္ဌိတေ၊

ရောသေတိ ဝါစာ န စ ဒေတိ, တံ ဇညာ ဝသလော ဣတိ။

၁၃၀။ အကြင်သူသည် ထမင်းစားချိန်ရောက်လတ်သော် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကား မပေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၅)

When time comes to offer a meal to brahmins or ascetics, he abuses them and does not give: know him as a lowlife.

၁၃၁။ ‘‘အသတံ ယောဓ ပဗြူတိ, မောဟေန ပလိဂုဏ္ဌိတော၊

ကိဉ္စိက္ခံ နိဇိဂီသာနော [နိဇိဂိံသာနော (သီ။ သျာ။ ကံ။ ပီ။)], တံ ဇညာ ဝသလော ဣတိ။

၁၃၁။ ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံ တစ်ခုသော ဝတ္ထုကို ရှာမှီးလာသည်ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၆)

He talks about what never happened, being wrapped up in delusion, chasing after some item or other: know him as a lowlife.

၁၃၂။ ‘‘ယော စတ္တာနံ သမုက္ကံသေ, ပရေ စ မဝဇာနာတိ [မဝဇာနတိ (သီ။ သျာ။ ပီ။)]၊

နိဟီနော သေန မာနေန, တံ ဇညာ ဝသလော ဣတိ။

၁၃၂။ အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၇)

He extols himself and disparages others, brought down by his pride: know him as a lowlife.

၁၃၃။ ‘‘ရောသကော ကဒရိယော စ, ပါပိစ္ဆော မစ္ဆရီ သဌော၊

အဟိရိကော အနောတ္တပ္ပီ, တံ ဇညာ ဝသလော ဣတိ။

၁၃၃။ အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါးပေးလှူသည်ကို မူလည်း ဝန်တိုမှု ရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဥ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၈)

He’s a bully and a miser, of corrupt wishes, stingy, and devious, shameless, imprudent: know him as a lowlife.

၁၃၄။ ‘‘ယော ဗုဒ္ဓံ ပရိဘာသတိ, အထ ဝါ တဿ သာဝကံ၊

ပရိဗ္ဗာဇံ [ပရိဗ္ဗဇံ (က။), ပရိဗ္ဗာဇကံ (သျာ။ ကံ။)] ဂဟဋ္ဌံ ဝါ, တံ ဇညာ ဝသလော ဣတိ။

၁၃၄။ အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညု မဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါးထိုဘုရား၏ တပည့်ရဟန်းကိုသော်လည်းကောင်း၊ ပရိဗိုဇ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၉)

He insults the Buddha or his disciple, whether lay or renunciate: know him as a lowlife.

၁၃၅။ ‘‘ယော ဝေ အနရဟံ [အနရဟာ (သီ။ ပီ။)] သန္တော, အရဟံ ပဋိဇာနာတိ [ပဋိဇာနတိ (သီ။ သျာ။ ပီ။)]၊

စောရော သဗြဟ္မကေ လောကေ, ဧသော ခေါ ဝသလာဓမော။

၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီး ပေတည်း၊ ပုဏ္ဏား ငါဘုရားသည် (ရှေး၌ အကျဥ်းအားဖြင့်) ဆိုခဲ့သောသူယုတ်တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ (၂၀)

He claims to be a perfected one, when he really is no such thing. In the world with its divinities, that crook is truly the lowest lowlife. These who are called lowlifes I have revealed to you.

၁၃၆။ ‘‘ဧတေ ခေါ ဝသလာ ဝုတ္တာ, မယာ ယေတေ ပကာသိတာ၊

န ဇစ္စာ ဝသလော ဟောတိ, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊

ကမ္မုနာ [ကမ္မနာ (သီ။ ပီ။)] ဝသလော ဟောတိ, ကမ္မုနာ ဟောတိ ဗြာဟ္မဏော။

၁၃၆။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၁)

You’re not a lowlife by birth, nor by birth are you a brahmin. You’re a lowlife by your deeds, by deeds you’re a brahmin.

၁၃၇။ ‘‘တဒမိနာပိ ဇာနာထ, ယထာမေဒံ [ယထာပေဒံ (က။)] နိဒဿနံ၊

စဏ္ဍာလပုတ္တော သောပါကော [သပါကော (?)], မာတင်္ဂေါ ဣတိ ဝိဿုတော။

၁၃၇။ (ပုဏ္ဏား) ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊ ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည်မာတင်္ဂဟူ၍ ထင်ရှားကျော်စော၏။ (၂၂)

And also you should know according to this example. A corpse-worker’s son of the dog-eating caste became renowned as Mātaṅga.

စာ-၃၀၀

၁၃၈။ ‘‘သော ယသံ ပရမံ ပတ္တော [သော ယသပ္ပရမပ္ပတ္တော (သျာ။ က။)], မာတင်္ဂေါ ယံ သုဒုလ္လဘံ၊

အာဂစ္ဆုံ တဿုပဋ္ဌာနံ, ခတ္တိယာ ဗြာဟ္မဏာ ဗဟူ။

၁၃၈။ ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား (လုပ်ကျွေးခစားရန်) မင်းမျိုးတို့သည်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည်လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ (၂၃)

Mātaṅga achieved the highest fame so very hard to find. Lots of aristocrats and brahmins came to serve him.

၁၃၉။ ‘‘ဒေဝယာနံ အဘိရုယှ, ဝိရဇံ သော မဟာပထံ၊

ကာမရာဂံ ဝိရာဇေတွာ, ဗြဟ္မလောကူပဂေါ အဟု၊

န နံ ဇာတိ နိဝါရေသိ, ဗြဟ္မလောကူပပတ္တိယာ။

၁၃၉။ ထိုမာတင်္ဂသည် ကိလေသာကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ ပြည်သို့ ရောက်ကြောင်း (သမာပတ်ရှစ်ပါး) နတ်ယာဥ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု ‘ကာမရာဂ’ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၄)

He ascended the stainless highway that leads to the heavens; having discarded sensual desire, he was reborn in a realm of divinity. His birth did not prevent him from rebirth in the realm of divinity.

၁၄၀။ ‘‘အဇ္ဈာယကကုလေ ဇာတာ, ဗြာဟ္မဏာ မန္တဗန္ဓဝါ၊

တေ စ ပါပေသု ကမ္မေသု, အဘိဏှမုပဒိဿရေ။

၁၄၀-၁၄၁။ ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ်ထင်ကုန်မူယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ်ဖြစ်ကုန်၏၊ တမလွန် ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှလည်းကောင်း၊ ကဲ့ရဲ့ခံရခြင်းမှလည်းကောင်းအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၅-၂၆)

Those born in a brahmin family who recite as kinsmen of the hymns, are often discovered in the midst of wicked deeds.

၁၄၁။ ‘‘ဒိဋ္ဌေဝ ဓမ္မေ ဂါရယှာ, သမ္ပရာယေ စ ဒုဂ္ဂတိ၊

န နေ ဇာတိ နိဝါရေတိ, ဒုဂ္ဂတျာ [ဒုဂ္ဂစ္စာ (သီ။ သျာ။ ကံ။ ပီ။)] ဂရဟာယ ဝါ။

Blameworthy in this very life, and in lives to come, a bad destination. Their birth does not prevent them from blame or bad destiny.

၁၄၂။ ‘‘န ဇစ္စာ ဝသလော ဟောတိ, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊

ကမ္မုနာ ဝသလော ဟောတိ, ကမ္မုနာ ဟောတိ ဗြာဟ္မဏော’’တိ။

ဧဝံ ဝုတ္တေ, အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

ဝသလသုတ္တံ သတ္တမံ နိဋ္ဌိတံ။

၁၄၂။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၇) ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍မှတ်တော်မူပါလော့”ဟု (လျှောက်၏)။ ခုနစ်ခုမြောက် ဝသလသုတ် ပြီး၏။ ၁။ အမိဝမ်းမှ ဥအဖြစ် တစ်ကြိမ် ဖွား၍ ဥမှ တစ်ကြိမ် ပေါက်ဖွားရသော ငှက်စသော သတ္တဝါများကို ဒွိဇ နှစ်ကြိမ် ဖွားဟု ခေါ်၏၊ ကြွင်းသော အမိဝမ်းမှ တစ်ကြိမ် ပေါက်ဖွားရသော လူစသော သတ္တဝါများကို ဧကဇ တစ်ကြိမ်ဖွားဟု ခေါ်သည်။

You’re not a lowlife by birth, nor by birth are you a brahmin. You’re a lowlife by your deeds, by deeds you’re a brahmin.” When he had spoken, the brahmin Bhāradvāja the Fire-Worshiper said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၈။ မေတ္တသုတ္တ

၁၄၃။ ကရဏီယမတ္ထကုသလေန, ယန္တ သန္တံ ပဒံ အဘိသမေစ္စ၊

သက္ကော ဥဇူ စ သုဟုဇူ [သူဇူ (သီ။)] စ, သူဝစော စဿ မုဒု အနတိမာနီ။

၈-မေတ္တသုတ် ၁၄၃။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုး စီးပွါး၌ လိမ္မာသောသူသည် (ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့် အပ်၏၊ ကျင့်စွမ်းနိုင်ရမည်၊ ကိုယ် နှုတ်ဖြောင့်မတ်ရမည်၊ စိတ်နေ စိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။ (၁)

Anthology of Discourses 1.8 The Discourse on Love Those who are skilled in the meaning of scripture should practice as follows <j>to realize the state of peace. Let them be capable and upright, very upright, easy to speak to, gentle and humble;

၁၄၄။ သန္တုဿကော စ သုဘရော စ, အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊

သန္တိန္ဒြိယော စ နိပကော စ, အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။

၁၄၄။ ပစ္စည်းလေးပါး၌ ရောင့်ရဲ လွယ်ရမည်၊ မွေးမြူ လွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဥ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ် နှုတ် နှလုံးကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။ (၂)

content and unburdensome, unbusied, living lightly, alert, with senses calmed, courteous, not fawning on families.

စာ-၃၀၁

၁၄၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ, ယေန ဝိညူ ပရေ ဥပဝဒေယျုံ၊

သုခိနော ဝ ခေမိနော ဟောန္တု, သဗ္ဗသတ္တာ [သဗ္ဗေ သတ္တာ (သီ။ သျာ။)] ဘဝန္တု သုခိတတ္တာ။

၁၄၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဥ်း အနည်းငယ်မျှလည်း မပြုကျင့်ရာ၊ (ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)၊ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့်ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၃)

Let them not do the slightest thing that others who are wise would blame. May they be happy and safe! May all beings be happy!

၁၄၆။ ယေ ကေစိ ပါဏဘူတတ္ထိ, တသာ ဝါ ထာဝရာ ဝနဝသေသာ၊

ဒီဃာ ဝါ ယေ ဝ မဟန္တာ [မဟန္တ (?)], မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၁၄၆။ ကြွင်းမဲ့ဥဿုံ အလုံးစုံသော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ (ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း၊ ထိတ်လန့်သော (ပုထုဇဥ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ်ခိုင်ခန့်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ကြီးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ အလတ်စာ့းကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ သေးဖွဲသိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။ (၄)

Whatever living creatures there are with not a one left out— frail or firm, long or large, medium, small, tiny or round,

၁၄၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ [အဒိဋ္ဌ (?)], ယေ ဝ [ယေ စ (သီ။ သျာ။ ကံ။ ပီ။)] ဒူရေ ဝသန္တိ အဝိဒူရေ၊

ဘူတာ ဝ သမ္ဘဝေသီ ဝ [ဘူတာ ဝါ သမ္ဘဝေသီ ဝါ (သျာ။ ကံ။ ပီ။ က။)], သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၁၄၇။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ (ပုထုဇဥ်သေက္ခ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၅)

seen or unseen, living far or near, those who have been born <j>and those about to be born— may all beings be happy!

၁၄၈။ န ပရော ပရံ နိကုဗ္ဗေထ, နာတိမညေထ ကတ္ထစိ န ကဉ္စိ [နံ ကဉ္စိ (သီ။ ပီ။), နံ ကိဉ္စိ (သျာ။), န ကိဉ္စိ (က။)]၊

ဗျာရောသနာ ပဋိဃသညာ, နာညမညဿ ဒုက္ခမိစ္ဆေယျ။

၁၄၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုပ်ခြယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း၊ မထီမဲ့မြင်မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလို မရှိပါစေလင့်။ (၆)

Let none deceive another, nor look down on anyone anywhere. Though provoked or aggrieved, let them not wish pain on each other.

၁၄၉။ မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ၊

ဧဝမ္ပိ သဗ္ဗဘူတေသု, မာနသံ ဘာဝယေ အပရိမာဏံ။

၁၄၉။ မိခင်သည် ရင်၌ ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဥ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။ (၇)

Even as a mother would protect with her life her child, her only child, so too for all creatures unfold a boundless heart.

၁၅၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ, မာနသံ ဘာဝယေ အပရိမာဏံ၊

ဥဒ္ဓံ အဓော စ တိရိယဉ္စ, အသမ္ဗာဓံ အဝေရမသပတ္တံ။

၁၅၀။ အထက် အောက်ဖီလာ အလုံးစုံသော လောက၌ ကျဥ်းမြောင်းခြင်း မရှိသော အတွင်းရန်အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါး များရာ၏။ (၈)

With love for the whole world, unfold a boundless heart: above, below, all round, unconstricted, without enmity or foe.

စာ-၃၀၂

၁၅၁။ တိဋ္ဌံ စရံ နိသိန္နော ဝ [ဝါ (သီ။ သျာ။ ကံ။ ပီ။)], သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ [ဝိဂတမိဒ္ဒေါ (ဗဟူသု)]၊

ဧတံ သတိံ အဓိဋ္ဌေယျ, ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

၁၅၁။ ငိုက်မျဥ်းခြင်း ကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်း နေသမျှကာလပတ်လုံးဤ (မေတ္တာနှင့်ယှဥ်သော) သတိကို ပွါးများအံ့ဟု ဆောက် တည်ရာ၏၊ ဤသာသနာတော်၌ မေတ္တာနှင့်ယှဥ်သော သတိဖြင့် နေခြင်းကို မြတ်သော နေခြင်း ‘ဗြဟ္မဝိဟာရ’ဟူ၍ မြတ်စွာဘုရားတို့ဟောတော်မူကုန်၏။ (၉)

When standing, walking, sitting, or lying down while yet unweary, keep this ever in mind; for this, they say, is a divine meditation <j>in this life.

၁၅၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ, သီလဝါ ဒဿနေန သမ္ပန္နော၊

ကာမေသု ဝိနယ [ဝိနေယျ (သီ။ သျာ။ ပီ။)] ဂေဓံ, န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုနရေတီတိ။

မေတ္တသုတ္တံ အဋ္ဌမံ နိဋ္ဌိတံ။

၁၅၂။ (ထိုမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည် ဖြစ်လျက်သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။ ရှစ်ခုမြောက် မေတ္တသုတ် ပြီး၏။

Avoiding harmful views, virtuous, accomplished in insight, with desire for sensual pleasures dispelled, they never return to a womb again.

၉။ ဟေမဝတသုတ္တ

၁၅၃။ ‘‘အဇ္ဇ ပန္နရသော ဥပေါသထော, (ဣတိ သာတာဂိရော ယက္ခော)

ဒိဗ္ဗာ [ဒိဗျာ (သီ။ သျာ။ ကံ။ ပီ။)] ရတ္တိ ဥပဋ္ဌိတာ၊

အနောမနာမံ သတ္ထာရံ, ဟန္ဒ ပဿာမ ဂေါတမံ’’။

၉-ဟေမဝတသုတ် ၁၅၃။ (သာတာဂိရဘီလူးက ဤသို့ ပြောဆို) - အချင်းဟေမဝတ ယနေ့ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့တည်း၊ ညဥ့်သည် တောက်ပထင်ရှား၏၊ မြတ်သော ဂုဏ်တော်တို့ဖြင့် ရအပ်သော အမည်တော် ရှိတော်မူသော ဂေါတမနွယ်ဖွား ငါတို့ဆရာမြတ်စွာဘုရားကို ယခု ဖူးမြင်ကြကုန်အံ့။ (၁)

Anthology of Discourses 1.9 With Hemavata “Today is the fifteenth day sabbath,” said Sātāgira, the native spirit of mount Sātā, “a holy night is at hand. Come now, let us see Gotama, the Teacher of peerless name.”

၁၅၄။ ‘‘ကစ္စိ မနော သုပဏိဟိတော, (ဣတိ ဟေမဝတော ယက္ခော)

သဗ္ဗဘူတေသု တာဒိနော၊

ကစ္စိ ဣဋ္ဌေ အနိဋ္ဌေ စ, သင်္ကပ္ပဿ ဝသီကတာ’’။

၁၅၄။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) - အချင်းသာတာဂိရ သင်၏ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့်ပြည့်စုံသည်ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏ လော၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော်လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌သော်လည်းကောင်းကြံစည်မှု ‘ဝိတက်’တို့သည် ထိုမြတ်စွာဘုရား၏ အလိိုသို့ လိုက်၍ ဖြစ်ကုန်၏လော။ (၂)

“Isn’t his mind well-disposed,” said Hemavata, the native spirit of the Himalayas, “impartial toward all creatures? And aren’t his thoughts under control when it comes to likes and dislikes?”

၁၅၅။ ‘‘မနော စဿ သုပဏိဟိတော, (ဣတိ သာတာဂိရော ယက္ခော)

သဗ္ဗဘူတေသု တာဒိနော၊

အထော ဣဋ္ဌေ အနိဋ္ဌေ စ, သင်္ကပ္ပဿ ဝသီကတာ’’။

၁၅၅။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) - အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့်ပြည့်စုံသည်ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော်လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌သော်လည်းကောင်း ကြံစည်မှု့‘ဝိတက်’တို့သည် ထိုမြတ်စွာဘုရား၏ အလိိုသို့ လိုက်၍ ဖြစ်ကုန်၏။ (၃)

“His mind is well-disposed,” said Sātāgira, “impartial toward all creatures. His thoughts are under control when it comes to his likes and dislikes.”

၁၅၆။ ‘‘ကစ္စိ အဒိန္နံ နာဒိယတိ, (ဣတိ ဟေမဝတော ယက္ခော)

ကစ္စိ ပါဏေသု သညတော၊

ကစ္စိ အာရာ ပမာဒမှာ, ကစ္စိ ဈာနံ န ရိဉ္စတိ’’။

၁၅၆။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) - အချင်းသာတာဂိရ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုးယူဘဲ ရှိပါ၏လော၊ သတ္တဝါတို့၌ ညှဥ်းဆဲသတ်ဖြတ်မှုမှ စောင့်စည်းပါ၏လော၊ မေ့လျော့ ကြောင်း ကာမဂုဏ် ငါးပါးတို့၌ စိတ်သက်ဝင်မှုမှဝေးပါ၏လော၊ ဈာန်ကိို မဆိတ် သုဥ်းစေဘဲ ရှိပါ၏လော။ (၄)

“Doesn’t he not steal?” said Hemavata, “And doesn’t he harm not a creature? Isn’t he far from negligence? And doesn’t he not neglect absorption?”

စာ-၃၀၃

၁၅၇။ ‘‘န သော အဒိန္နံ အာဒိယတိ, (ဣတိ သာတာဂိရော ယက္ခော)

အထော ပါဏေသု သညတော၊

အထော အာရာ ပမာဒမှာ, ဗုဒ္ဓေါ ဈာနံ န ရိဉ္စတိ’’။

၁၅၇။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) - အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုး ယူတတ်ပါ၊ သတ္တဝါတို့၌ ညှဥ်းဆဲသတ်ဖြတ်မှုမှ ရှောင်ကြဥ်ပါ၏၊ မေ့လျော့ကြောင်း ဖြစ်သော ကာမဂုဏ်ငါးပါးတို့၌ စိတ်သက်ဝင်မှုမှဝေးပါ၏၊ မြတ်စွာဘုရားသည် ဈာန်ကို မဆိတ်သုဥ်းစေပါ။ (၅)

“He does not take what is not given,” said Sātāgira, “and he harms not a creature. He is far from negligence— the Buddha does not neglect absorption.”

၁၅၈။ ‘‘ကစ္စိ မုသာ န ဘဏတိ, (ဣတိ ဟေမဝတော ယက္ခော)

ကစ္စိ န ခီဏဗျပ္ပထော၊

ကစ္စိ ဝေဘူတိယံ နာဟ, ကစ္စိ သမ္ဖံ န ဘာသတိ’’။

၁၅၈။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) - အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုဘဲ ရှိပါ၏လော၊ ကြမ်းကြုတ်သော စကားမရှိသူ ဖြစ်ပါ၏လော၊ ပျက်စီးကြောင်း စကားကို မဆိုသူ ဖြစ်ပါ၏လော၊ ပြိန်ဖျင်းသော စကားကို မပြောဆိုသူ ဖြစ်ပါ၏လော။ (၆)

“Doesn’t he avoid lying?” said Hemavata, “And doesn’t he not speak sharply? Doesn’t he avoid backbiting, as well as speaking nonsense?”

၁၅၉။ ‘‘မုသာ စ သော န ဘဏတိ, (ဣတိ သာတာဂိရော ယက္ခော)

အထော န ခီဏဗျပ္ပထော၊

အထော ဝေဘူတိယံ နာဟ, မန္တာ အတ္ထံ စ [အတ္ထံ သော (သီ။ ပီ။ က။)] ဘာသတိ’’။

၁၅၉။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) - အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုပါ၊ ကြမ်းကြုတ်သော စကားမရှိသူ ဖြစ်ပါ၏၊ ပျက်စီးကြောင်း စကားကို မပြောဆိုသူ ဖြစ်ပါ၏၊ ပညာဖြင့် နှိုင်းချိန်ပိုင်းခြား၍ အကျိုးရှိသော စကားကိုသာ ပြောဆိုသူ ဖြစ်ပါ၏။ (၇)

“He does not lie,” said Sātāgira, “nor does he speak sharply. He avoids backbiting, and thoughtfully speaks wise counsel.”

၁၆၀။ ‘‘ကစ္စိ န ရဇ္ဇတိ ကာမေသု, (ဣတိ ဟေမဝတော ယက္ခော)

ကစ္စိ စိတ္တံ အနာဝိလံ၊

ကစ္စိ မောဟံ အတိက္ကန္တော, ကစ္စိ ဓမ္မေသု စက္ခုမာ’’။

၁၆၀။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) - အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏လော၊ စိတ်သည် မနောက်ကျုဘဲ ရှိပါ၏လော၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏လော၊ တရားတို့၌ ပညာမျက်စိရှိသူ ဖြစ်ပါ၏လော။ (၈)

“Doesn’t he find sensual pleasures unattractive?” said Hemavata, “And isn’t his mind unclouded? Hasn’t he escaped delusion? Does his eye see clearly in all things?”

၁၆၁။ ‘‘န သော ရဇ္ဇတိ ကာမေသု, (ဣတိ သာတာဂိရော ယက္ခော)

အထော စိတ္တံ အနာဝိလံ၊

သဗ္ဗမောဟံ အတိက္ကန္တော, ဗုဒ္ဓေါ ဓမ္မေသု စက္ခုမာ’’။

၁၆၁။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) - အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏၊ စိတ်သည်မနောက်ကျုဘဲ ရှိပါ၏၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏၊ တရားတို့၌ ပညာမျက်စိရှိသူဖြစ်ပါ၏။ (၉)

“He does not find sensual pleasures attractive,” said Sātāgira, “and his mind is unclouded. He has escaped all delusion— the Buddha, whose eye sees clearly in all things.”

၁၆၂။ ‘‘ကစ္စိ ဝိဇ္ဇာယ သမ္ပန္နော, (ဣတိ ဟေမဝတော ယက္ခော )

ကစ္စိ သံသုဒ္ဓစာရဏော၊

ကစ္စိဿ အာသဝါ ခီဏာ, ကစ္စိ နတ္ထိ ပုနဗ္ဘဝေါ’’။

၁၆၂။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) - အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ ဖြစ်ပါ၏လော၊ စင်ကြယ်သောအကျင့် ‘စရဏ’ ရှိသူ ဖြစ်ပါ၏လော၊ ထိုမြတ်စွာဘုရားအား အာသဝေါတို့ကုန်ခန်းပါပြီလော၊ တစ်ဖန် ပဋိသန္ဓေနေခြင်း မရှိသူ ဖြစ်ပါ၏လော။ (၁၀)

“Isn’t he accomplished in knowledge?” said Hemavata, “And doesn’t he live a pure life? Aren’t his defilements all ended? Doesn’t he have no future lives?”

၁၆၃။ ‘‘ဝိဇ္ဇာယ စေဝ သမ္ပန္နော, (ဣတိ သာတာဂိရော ယက္ခော)

အထော သံသုဒ္ဓစာရဏော၊

သဗ္ဗဿ အာသဝါ ခီဏာ, နတ္ထိ တဿ ပုနဗ္ဘဝေါ’’။

၁၆၃။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) - အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ စင်ကြယ်သောအကျင့် ‘စရဏ’ ရှိသူ ဖြစ်ပါ၏၊ ထိုမြတ်စွာဘုရားအား အာသဝေါအားလုံးတို့ကုန်ခန်းပါပြီ၊ ထိုမြတ်စွာဘုရားအား တစ်ဖန် ပဋိသန္ဓေ နေခြင်း မရှိတော့ပါ။ (၁၁)

“He is accomplished in knowledge,” said Sātāgira, “and he does live a pure life. His defilements are all ended, there’ll be no more future lives for him.”

စာ-၃၀၄

၁၆၄။ ‘‘သမ္ပန္နံ မုနိနော စိတ္တံ, ကမ္မုနာ ဗျပ္ပထေန စ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဓမ္မတော နံ ပသံသတိ’’။

၁၆၄။ အချင်းသာတာဂိရ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိ စသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်းပြည့်စုံတော်မူ၏၊ ဤသို့ သော စိတ် တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကိုဟုတ်မှန်သော သဘောအားဖြင့် သင် သာတာဂိရသည် ချီးမွမ်းပါပေ၏။ (၁၂)

“Accomplished is the sage’s mind in action and in speech, and he’s accomplished in knowledge and conduct as per the teaching you praise.”

၁၆၅။ ‘‘သမ္ပန္နံ မုနိနော စိတ္တံ, ကမ္မုနာ ဗျပ္ပထေန စ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဓမ္မတော အနုမောဒသိ’’။

၁၆၅။ အချင်းဟေမဝတ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိ စသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်းပြည့်စုံတော်မူ၏၊ ဤသို့ သော စိတ် တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကိုဟုတ်မှန်သော သဘောအားဖြင့် ဟေမဝတသည် ဝမ်းမြောက်ပါပေ၏။ (၁၃)

“Accomplished is the sage’s mind in action and in speech, and he’s accomplished in knowledge and conduct as per the teaching you rejoice in.

၁၆၆။ ‘‘သမ္ပန္နံ မုနိနော စိတ္တံ, ကမ္မုနာ ဗျပ္ပထေန စ၊

ဝိဇ္ဇာစရဏသမ္ပန္နံ, ဟန္ဒ ပဿာမ ဂေါတမံ။

၁၆၆။ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိစသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူပါပေ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံတော်မူပါ ပေ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်း ပြည့်စုံတော်မူပါပေ၏၊ ဤသို့ စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါးစရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ယခု ဖူးမြော်ကြကုန်စို့။ (၁၄)

Accomplished is the sage’s mind in action and in speech, and he’s accomplished in knowledge and conduct: come now, let us see Gotama.”

၁၆၇။ ‘‘ဧဏိဇင်္ဃံ ကိသံ ဝီရံ [ဓီရံ (သျာ။)], အပ္ပါဟာရံ အလောလုပံ၊

မုနိံ ဝနသ္မိံ ဈာယန္တံ, ဧဟိ ပဿာမ ဂေါတမံ။

၁၆၇။ အချင်းသာတာဂိရ လာလော့၊ ဧဏီမည်သော သား၏ မြင်းခေါင်းကဲ့သို့ မြင်းခေါင်းရှိတော်မူသော အင်္ဂါကြီးငယ်ပြည့်စုံခြင်းဖြင့်ပါးလျသော ကိုယ်အင်္ဂါရှိတော်မူသော အတွင်းအပ ဘေးရန်ကို ဖျက်ဆီးတော်မူသောတစ်ထပ်တည်းသာ စား သဖြင့် နည်းသော အာဟာရရှိတော်မူသော အာဟာရ၌ လျှပ်ပေါ်မှု ရှိတော်မမူသော အနာဂါရမုနိဖြစ်၍ တော၌ ဈာန်ဝင်စားလေ့ရှိတော်မူသော ဂေါတမနွယ်ဖွားမြတ်စွာဘုရားကို ဖူးမြော်ကြကုန်စို့။ (၁၅)

“The hero so lean, with antelope calves, not greedy, eating little, the sage meditating alone in the forest, come now, let us see Gotama.

၁၆၈။ ‘‘သီဟံဝေကစရံ နာဂံ, ကာမေသု အနပေက္ခိနံ၊

ဥပသင်္ကမ္မ ပုစ္ဆာမ, မစ္စုပါသပ္ပမောစနံ။

၁၆၈။ ခြင်္သေ့မင်းနှင့် တူတော်မူသော ကိလေသာအဖော်မမှီး တစ်ယောက်တည်း ဖြစ်တော်မူသောတစ်ဖန် ဘဝသစ်သို့ မသွားသော ကာမတို့၌ ငဲ့ကွက်မှုမရှိသော ဤသို့ သဘောရှိသော ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ သေမင်း၏ ကျော့ကွင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မေးလျှောက်ကြကုန်စို့။ (၁၆)

A giant, wandering alone like a lion, unconcerned for sensual pleasures, let’s approach him and ask about release from the snare of death.”

၁၆၉။ ‘‘အက္ခာတာရံ ပဝတ္တာရံ, သဗ္ဗဓမ္မာန ပါရဂုံ၊

ဗုဒ္ဓံ ဝေရဘယာတီတံ, မယံ ပုစ္ဆာမ ဂေါတမံ’’။

၁၆၉။ သစ္စာဉာဏ်ကို ဟောကြားတော်မူတတ်သော (ကိစ္စဉာဏ် ကတဉာဏ်ကို) ဖြစ်စေတော်မူတတ်သော စတုမဟာဘူမက တရားအားလုံးတို့၏ (အပြီးအဆုံး) ကမ်းတစ်ဖက်သို့ ရောက်တော်မူတတ်သော ရန်တည်းဟူသော ဘေးကို လွန်မြောက် တော်မူပြီးသော ဂေါတမနွယ်ဖွားမြတ်စွာဘုရားကို အကျွန်ုပ်တို့ မေးလျှောက်လိုပါကုန်၏။ (၁၇)

“The communicator, the instructor, who has gone beyond all things, Awakened, beyond enmities and fears, let us ask Gotama.”

၁၇၀။ ‘‘ကိသ္မိံ လောကော သမုပ္ပန္နော, (ဣတိ ဟေမဝတော ယက္ခော)

ကိသ္မိံ ကုဗ္ဗတိ သန္ထဝံ [သန္ဓဝံ (က။)]၊

ကိဿ လောကော ဥပါဒါယ, ကိသ္မိံ လောကော ဝိဟညတိ’’။

၁၇၀။ (ဟေမဝတဘီလူးသည် ဤသို့ မေးလျှောက်၏) - အဘယ်တရားဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောကသည် အဘယ်တရား၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြုပါသနည်း၊ အဘယ်တရားကို စွဲ၍ လောကဟု ခေါ်ပါသနည်း၊ အဘယ်တရားကြောင့် လောကသည် ပင်ပန်းပါသနည်း။ (၁၈)

“What has the world arisen in?” said Hemavata, “What does it get close to? By grasping what is the world troubled in what?”

၁၇၁။ ‘‘ဆသု [ဆဿု (သီ။ ပီ။)] လောကော သမုပ္ပန္နော, (ဟေမဝတာတိ ဘဂဝါ)

ဆသု ကုဗ္ဗတိ သန္ထဝံ၊

ဆန္နမေဝ ဥပါဒါယ, ဆသု လောကော ဝိဟညတိ’’။

၁၇၁။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) - ဟေမဝတ (အာယတန) ခြောက်ပါးတို့ ဖြစ်ကုန်လတ်သော် လောကသည် ဖြစ်၏၊ လောကသည် (အာယတန) ခြောက်ပါးတို့၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြု၏၊ (အာယတန) ခြောက်ပါးကိုပင်စွဲ၍ လောကဟု ခေါ်၏၊ (အာယတန) ခြောက်ပါးတို့ကြောင့် လောကသည် ပင်ပန်းရာ၏။ (၁၉)

“The world’s arisen in six,” said the Buddha to Hemavata. “It gets close to six. Derived from the six, the world’s troubled in six.”

၁၇၂။ ‘‘ကတမံ တံ ဥပါဒါနံ, ယတ္ထ လောကော ဝိဟညတိ၊

နိယျာနံ ပုစ္ဆိတော ဗြူဟိ, ကထံ ဒုက္ခာ ပမုစ္စတိ’’ [ပမုဉ္စတိ (သျာ။)]။

၁၇၂။ အကြင်စွွဲလမ်းရာ၌ လောကသည် ပင်ပန်း၏၊ ထိုစွဲလမ်းရာ ဥပါဒါန်ကား အဘယ်ပါနည်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို မေးအပ်သော အသျှင်ဘုရားသည် ဟောတော်မူပါလော့၊ အဘယ်သို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက် ရပါသနည်း။ (၂၀)

“What is that grasping by which the world is troubled? Tell us the exit when asked: how is one released from all suffering?”

၁၇၃။ ‘‘ပဉ္စ ကာမဂုဏာ လောကေ, မနောဆဋ္ဌာ ပဝေဒိတာ၊

ဧတ္ထ ဆန္ဒံ ဝိရာဇေတွာ, ဧဝံ ဒုက္ခာ ပမုစ္စတိ။

၁၇၃။ လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ပြအပ်ကုန်ပြီ၊ စိတ်နှင့်တကွ ကာမဂုဏ်ငါးပါး ဤဒုက္ခသစ္စာတရား၌ တဏှာဆန္ဒကို ဖျက်ဆီး၍ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက်ရ၏။ (၂၁)

“The world has five kinds of sensual stimulation, and the mind is said to be the sixth. When you’ve discarded desire for these, you’re released from all suffering.

၁၇၄။ ‘‘ဧတံ လောကဿ နိယျာနံ, အက္ခာတံ ဝေါ ယထာတထံ၊

ဧတံ ဝေါ အဟမက္ခာမိ, ဧဝံ ဒုက္ခာ ပမုစ္စတိ’’။

၁၇၄။ ဤ (မဂ္ဂသစ္စာ) ကို လောက၏ ထွက်မြောက်ကြောင်းဟူ၍ဟုတ်တိုင်းမှန်စွာ သင်တို့အာ့းငါဟောကြား၏၊ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ် မြောက်ရ၏ဟု သင်တို့အားဤထွက်မြောက်ကြောင်းကို ငါဟော၏။ (၂၂)

This is the exit from the world, explained in accord with the truth. The way I’ve explained it is how you’re released from all suffering.”

စာ-၃၀၅

၁၇၅။ ကော သူဓ တရတိ ဩဃံ, ကောဓ တရတိ အဏ္ဏဝံ၊

အပ္ပတိဋ္ဌေ အနာလမ္ဗေ, ကော ဂမ္ဘီရေ န သီဒတိ။

၁၇၅။ ဤလောက၌ အဘယ်သူသည် ဩဃ (လေးဖြာ သံသရာ) ကို ကူး မြောက်နိုင်ပါသနည်း၊ ဤလောက၌ အဘယ်သူသည် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်ပါသနည်း၊ ထောက်၍လည်း မမှီ ဆွဲကိုင်စရာလည်း မရှိသော နက်စွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ အဘယ်သူသည် မနစ်မြုပ်နိုင်ပါ သနည်း။ (၂၃)

“Who here crosses the flood, Who crosses the deluge? Who, not standing and unsupported, does not sink in the deep?”

၁၇၆။ သဗ္ဗဒါ သီလသမ္ပန္နော, ပညဝါ သုသမာဟိတော၊

အဇ္ဈတ္တစိန္တီ [အဇ္ဈတ္တသညီ (သျာ။ ကံ။ က။)] သတိမာ, ဩဃံ တရတိ ဒုတ္တရံ။

၁၇၆။ အကြင်သူသည် အခါ ခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊ ကောင်း စွာ တည်ကြည်၏၊ ကိုယ်တွင်း သန္တာန်၌ ဝိပဿနာဖြင့် ကြံစည်သုံးသပ်လေ့ရှိ၏၊ သတိရှိ၏၊ ထိုသူသည် ကူးမြောက်နိုင်ခဲသော ဩဃ (လေးဖြာ သံသရာ) ကို ကူး မြောက်နိုင်၏။ (၂၄)

“Someone who is always endowed with ethics, wise and serene, inwardly reflective, mindful, crosses the flood so hard to cross.

၁၇၇။ ဝိရတော ကာမသညာယ, သဗ္ဗသံယောဇနာတိဂေါ၊

နန္ဒီဘဝပရိက္ခီဏော, သော ဂမ္ဘီရေ န သီဒတိ။

၁၇၇။ အကြင်သူသည် ကာမသညာမှ ကြဥ်ရှောင်၏၊ သံယောဇဥ်အားလုံးကို လွန်မြောက်၏၊ နှစ်သက်မှုတဏှာနှင့် ဘဝသုံးပါးကုန်ဆုံးပြီး ဖြစ်၏၊ ထိုသူသည် နက်လှစွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ မနစ်မြုပ်နိုင်။ (၂၅)

Someone who desists from sensual perception, who has escaped all fetters, and has ended relish for rebirth, does not sink in the deep.”

၁၇၈။ ဂဗ္ဘီရပညံ နိပုဏတ္ထဒဿိံ, အကိဉ္စနံ ကာမဘဝေ အသတ္တံ၊

တံ ပဿထ သဗ္ဗဓိ ဝိပ္ပမုတ္တံ, ဒိဗ္ဗေ ပထေ ကမမာနံ မဟေသိံ။

၁၇၈။ နက်နဲသော ပညာရှိတော်မူသော သိမ်မွေ့သော ပြဿနာတို့၏ အနက်ကို မြင်တော်မူသော (ရာဂစသော) ကြောင့်ကြမှု မရှိသော နှစ်ပါးသော ကာမ သုံးပါးသော ဘဝ၌ မကပ်ငြိသော အလုံးစုံသော အာရုံ၌ (အနှောင်အဖွဲ့မှ) လွတ်သော ဝိသုဒ္ဓိနတ် အရှင်မြတ်တို့၏ လမ်းခရီး (သမာပတ်ရှစ်ပါး)၌ ကြွသွားတော်မူသော ကျေးဇူးကို ရှာတော်မူသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။ (၂၆)

“Behold him of wisdom deep <j>who sees the subtle meaning, who has nothing, unattached to sensual life, everywhere free, the great seer treading the holy road.

၁၇၉။ အနောမနာမံ နိပုဏတ္ထဒဿိံ, ပညာဒဒံ ကာမာလယေ အသတ္တံ၊

တံ ပဿထ သဗ္ဗဝိဒုံ သုမေဓံ, အရိယေ ပထေ ကမမာနံ မဟေသိံ။

၁၇၉။ မြတ်လှစွာသော ဂုဏ်တို့ကြောင့် ရအပ်သော အမည်ရှိတော်မူသော သိမ်မွေ့သော ပြဿနာတို့၏အနက်ကို မြင်တော်မူသော ပညာကို ပေးတော်မူတတ်သော ကာမတွယ်တာမှု၌ ကပ်ငြိခြင်းကင်းတော်မူသောတရားအားလုံးကို သိတော်မူပြီးသော ကောင်းသော ပညာရှိတော်မူသော အရိယာတို့လမ်းခရီး (မဂ္ဂင်ရှစ်ပါး)၌ ကြွသွားတော်မူသော မြတ်သော ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။ (၂၇)

Behold him of peerless name <j>who sees the subtle meaning, giver of wisdom, <j>unattached to the realm of sensuality: the all-knower, so very intelligent, the great seer treading the noble road.

၁၈၀။ သုဒိဋ္ဌံ ဝတ နော အဇ္ဇ, သုပ္ပဘာတံ သုဟုဋ္ဌိတံ၊

ယံ အဒ္ဒသာမ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။

၁၈၀။ ဩဃလေးဖြာ သံသရာမှ လွန်မြောက်တော်မူပြီးသော အာသဝေါကင်း တော်မူပြီးသော မြတ်စွာဘုရားကို ယနေ့ ငါတို့ ဖူးမြော်ကြရကုန်သည် ဖြစ်ရကား ကောင်းသော အမြင်ကို မြင်ရလေစွတကား၊ ကောင်းစွာ မိုးသောက်ရလေစွတကား၊ ကောင်းစွာ အိပ်ရာမှ ထရလေစွတကား။ (၂၈)

It was a fine sight for us today, a good sunup, a good rising, to see the Awakened One, the undefiled one who has crossed the flood.

၁၈၁။ ဣမေ ဒသသတာ ယက္ခာ, ဣဒ္ဓိမန္တော ယသဿိနော၊

သဗ္ဗေ တံ သရဏံ ယန္တိ, တွံ နော သတ္ထာ အနုတ္တရော။

၁၈၁။ တန်ခိုးကြီးကုန်သော အခြွေအရံများကုန်သော အလုံးစုံသော ဤဘီလူး တစ်ထောင်တို့သည် အသျှင်ဘုရားကို ကိုးကွယ်ခြင်းသို့ ရောက်ကြပါကုန်၏၊ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ အတုမဲ့ဆရာဖြစ်တော်မူပါ၏။ (၂၉)

These thousand native spirits powerful and glorious, all go to you for refuge, you are our supreme Teacher.

၁၈၂။ တေ မယံ ဝိစရိဿာမ, ဂါမာ ဂါမံ နဂါ နဂံ၊

နမဿမာနာ သမ္ဗုဒ္ဓံ, ဓမ္မဿ စ သုဓမ္မတန္တိ။

ဟေမဝတသုတ္တံ နဝမံ နိဋ္ဌိတံ။

၁၈၂။ ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း ရှိခိုးကုန်လျက် တစ်ရွာမှ တစ်ရွာ တစ်တောင်မှ တစ်တောင်သို့ လှည့်လည်ကြပါကုန်အံ့။ (၃၀) ကိုးခုမြောက် ဟေမဝတသုတ် ပြီး၏။ ၁၀-အာဠဝကသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠဝကဘီလူး၏ ဗိမာန်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို “ရဟန်း ထွက်သွားလိုက်ပါလော့”ဟု ဆို၏၊ “ဒကာဘီလူး ကောင်းပြီ”ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ “ရဟန်း ဝင်ပါဦးလော့”ဟု ဆို၏၊ “ဒကာဘီလူး ကောင့်းပြီ”ဟု ဆိုကာ မြတ်စွာဘုရားသည် ဝင်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အာဠဝကဘီလူးသည် မြတ်စွာဘုရားကို “ရဟန်းထွက်သွားလိုက်ပါလော့”ဟု ဆို၏၊ “ဒကာဘီလူး ကောင်းပြီ”ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ “ရဟန်း ဝင်ပါဦးလော့”ဟု ဆို၏၊ “ဒကာဘီလူး ကောင်းပြီ”ဟု ဆိုကာမြတ်စွာဘုရားသည် ဝင် တော်မူ၏။ လေးကြိမ်မြောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို “ရဟန်း ထွက်သွားလိုက်ပါလော့”ဟု ဆို၏၊ ဒကာဘီလူး ပြုဖွယ်ကိစ္စရှိသမျှကို ပြုလော့၊ ငါ မထွက်တော့အံ့ဟု (မိန့်တော်မူ၏)။ ရဟန်း သင့်ကို ပြဿနာမေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။ ဒကာအာဠဝက နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ ငါ၏စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော်မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာအာဠဝက အလိုရှိသော ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။ ထို့နောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

We shall journey village to village, peak to peak, paying homage to the Buddha, and the clear rightness of the teaching!”

၁၀။ အာဠဝကသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ အာဠဝကဿ ယက္ခဿ ဘဝနေ။ အထ ခေါ အာဠဝကော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – “နိက္ခမ, သမဏာ”တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ နိက္ခမိ။ ‘‘ပဝိသ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ ပါဝိသိ။

ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ နိက္ခမိ။ ‘‘ပဝိသ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ ပါဝိသိ။

စတုတ္ထမ္ပိ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘န ခွါဟံ တံ, အာဝုသော, နိက္ခမိဿာမိ။ ယံ တေ ကရဏီယံ, တံ ကရောဟီ’’တိ။

‘‘ပဉှံ တံ, သမဏ, ပုစ္ဆိဿာမိ။ သစေ မေ န ဗျာကရိဿသိ, စိတ္တံ ဝါ တေ ခိပိဿာမိ, ဟဒယံ ဝါ တေ ဖာလေဿာမိ, ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပိဿာမီ’’တိ။

‘‘န ခွါဟံ တံ, အာဝုသော, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ယော မေ စိတ္တံ ဝါ ခိပေယျ ဟဒယံ ဝါ ဖာလေယျ ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပေယျ။ အပိ စ တွံ, အာဝုသော, ပုစ္ဆ ယဒါကင်္ခသီ’’တိ။ အထ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၁၈၃။ ‘‘ကိံ သူဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ, ကိံ သု သုစိဏ္ဏံ သုခမာဝဟာတိ၊

ကိံ သု [ကိံ သူ (သီ။)] ဟဝေ သာဒုတရံ ရသာနံ, ကထံ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ’’။

၁၈၃။ “ဤလောက၌ ယောကျာ်း၏ မြတ်သော ဥစ္စာဟူသည် အဘယ်နည်း၊ ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း၊ အဘယ်သို့ အသက်ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်သနည်း။ (၁)

Anthology of Discourses 1.10 With Āḷavaka So I have heard. At one time the Buddha was staying near Āḷavī in the haunt of the native spirit Āḷavaka. Then the native spirit Āḷavaka went up to the Buddha, and said to him: “Get out, ascetic!” Saying, “All right, respectable sir,” the Buddha went out. “Get in, ascetic!” Saying, “All right, respectable sir,” the Buddha went in. For a second time … And for a third time the native spirit Āḷavaka said to the Buddha, “Get out, ascetic!” Saying, “All right, respectable sir,” the Buddha went out. “Get in, ascetic!” Saying, “All right, respectable sir,” the Buddha went in. And for a fourth time the native spirit Āḷavaka said to the Buddha, “Get out, ascetic!” “No, respectable sir, I won’t get out. Do what you must.” “I will ask you a question, ascetic. If you don’t answer me, I’ll drive you insane, or explode your heart, or grab you by the feet and throw you to the far shore of the Ganges!” “I don’t see anyone in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans who could do that to me. But anyway, ask what you wish.” Then the native spirit Āḷavaka addressed the Buddha in verse: “What’s a person’s best wealth? What brings happiness when practiced well? What’s the sweetest taste of all? The one they say has the best life: how do they live?”

၁၈၄။ ‘‘သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ, ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ၊

သစ္စံ ဟဝေ သာဒုတရံ ရသာနံ, ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ’’။

၁၈၄။ (အာဠဝက) ဤလောက၌ ယောကျာ်း၏ မြတ်သော ဥစ္စာဟူသည် ယုံကြည်မှု ‘သဒ္ဓါ’တရားပင်တည်း၊ ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထ တရား ဆယ်ပါးသည်ချမ်းသာကို ဆောင်နိုင်၏၊ အရသာတို့တွင်မှန်ကန်သော ဝစီသစ္စာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်၏၊ ပညာဖြင့် အသက် ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်၏။ (၂)

“Faith here is a person’s best wealth. The teaching brings happiness when practiced well. Truth is the sweetest taste of all. The one they say has the best life lives by wisdom.”

၁၈၅။ ‘‘ကထံ သု တရတိ ဩဃံ, ကထံ သု တရတိ အဏ္ဏဝံ၊

ကထံ သု ဒုက္ခမစ္စေတိ, ကထံ သု ပရိသုဇ္ဈတိ’’။

၁၈၅။ အဘယ်ဖြင့် ဩဃ (လေးဖြာသံသရာ) ကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်သနည်း၊ အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင် သနည်း။ (၃)

“How do you cross the flood? How do you cross the deluge? How do you get over suffering? How do you get purified?”

၁၈၆။ ‘‘သဒ္ဓါယ တရတိ ဩဃံ, အပ္ပမာဒေန အဏ္ဏဝံ၊

ဝီရိယေန [ဝိရိယေန (သီ။ သျာ။ ကံ။ ပီ။)] ဒုက္ခမစ္စေတိ, ပညာယ ပရိသုဇ္ဈတိ’’။

၁၈၆။ (အာဠဝက) ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် ဩဃ (လေးဖြာ သံသရာ) ကို ကူးမြောက်နိုင်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်၏၊ ထကြွလုံ့လ ‘ဝီရိယ’ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်၏၊ ပညာဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်၏။ (၄)

“By faith you cross the flood, and by diligence the deluge. By energy you get past suffering, and you’re purified by wisdom.”

စာ-၃၀၇

၁၈၇။ ‘‘ကထံ သု လဘတေ ပညံ, ကထံ သု ဝိန္ဒတေ ဓနံ၊

ကထံ သု ကိတ္တိံ ပပ္ပေါတိ, ကထံ မိတ္တာနိ ဂန္ထတိ၊

အသ္မာ လောကာ ပရံ လောကံ, ကထံ ပေစ္စ န သောစတိ’’။

၁၈၇။ အဘယ်အကြောင်းကြောင့် ပညာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ဥစ္စာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ကျော်စောခြင်းသို့ ရောက်ရ သနည်း၊ အဘယ်ဖြင့် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်သနည်း၊ အဘယ်ဖြင့် ဤလောကမှ တမလွန် လောကသို့ ရောက်သော် မစိုးရိမ်ရသနည်း။ (၅)

“How do you get wisdom? How do you earn wealth? How do you get a good reputation? How do you hold on to friends? How do the departed not grieve when passing from this world to the next?”

၁၈၈။ ‘‘သဒ္ဒဟာနော အရဟတံ, ဓမ္မံ နိဗ္ဗာနပတ္တိယာ၊

သုဿူသံ [သုဿူသာ (သီ။ ပီ။)] လဘတေ ပညံ, အပ္ပမတ္တော ဝိစက္ခဏော။

၁၈၈။ ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ခြင်း၏ (အကြောင်း) တရားကို ယုံကြည်သော မမေ့မလျော့သော ဆင်ခြင်တတ်သော ပညာရှိသူသည် ကောင်းစွာ နာကြားရသောကြောင့် ပညာကို ရနိုင်၏။ (၆)

“One who is diligent and discerning gains wisdom by wanting to learn, having faith in the perfected ones, and the teaching for becoming extinguished.

၁၈၉။ ‘‘ပတိရူပကာရီ ဓုရဝါ, ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ၊

သစ္စေန ကိတ္တိံ ပပ္ပေါတိ, ဒဒံ မိတ္တာနိ ဂန္ထတိ။

၁၈၉။ လျောက်ပတ်သော အကြောင်းကို ပြုလုပ်သည်ဖြစ်၍ တာဝန်ကို ပစ်ချ မထားသော ယောကျာ်းသည် ထကြွလုံ့လ ဝီရိယကြောင့် ဥစ္စာကို ရနိုင်၏၊မှန်သော (ဝစီသစ္စာ) စကားကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်၏၊ ပေးကမ်းတတ်သောသူသည် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်၏။ (၇)

Being responsible, acting appropriately, and working hard you earn wealth. Truthfulness wins you a good reputation. You hold on to friends by giving.

၁၉၀။ ‘‘ယဿေတေ စတုရော ဓမ္မာ, သဒ္ဓဿ ဃရမေသိနော၊

သစ္စံ ဓမ္မော [ဒမော (?)] ဓိတိ စာဂေါ, သ ဝေ ပေစ္စ န သောစတိ။

၁၉၀။ ယုံကြည်မှုရှိသော အိမ်၏ အစီးအပွါးကို ရှာတတ်သော အကြင်သူအားမှန်ကန်စွာပြောဆိုမှု ‘သစ္စာ’ ပညာဟူသော ‘ဒမ’ ဝီရိယဟူသော ‘ဓိတိ’ စွန့်လွှတ်မှုဟူသော ‘စာဂ’ဤတရားလေးပါးတို့ ရှိကုန်၏၊ ထိုသူသည် တမလွန်ဘဝသို့ ရောက်သော် ဧကန် မစိုးရိမ်ရတော့ပြီ။ (၈)

A faithful householder of discernment who possesses these four qualities does not grieve after passing away: truth, principle, steadfastness, and generosity.

၁၉၁။ ‘‘ဣင်္ဃ အညေပိ ပုစ္ဆဿု, ပုထူ သမဏဗြာဟ္မဏေ၊

ယဒိ သစ္စာ ဒမာ စာဂါ, ခန္တျာ ဘိယျောဓ ဝိဇ္ဇတိ’’။

၁၉၁။ အာဠဝက ငါတိုက်တွန်း၏၊ သစ္စာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ ပညာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ စွန့်ကြဲခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း၊သည်းခံခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း ဤလောက၌ ရှိမူ တစ်ပါးသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးချေဦးလော့။

Go ahead, ask others as well, there are many ascetics and brahmins. See whether anything better is found than truth, principle, generosity, and patience.”

၁၉၂။ ‘‘ကထံ နု ဒါနိ ပုစ္ဆေယျံ, ပုထူ သမဏဗြာဟ္မဏေ၊

ယောဟံ [သောဟံ (သီ။ ပီ။)] အဇ္ဇ ပဇာနာမိ, ယော အတ္ထော သမ္ပရာယိကော။

၁၉၂။ အကျွန်ုပ်သည် ယနေ့ တမလွန် ဘဝ၌ ဖြစ်သော အကျိုးစီးပွါးကို သိပြီး သူ ဖြစ်ရကား ယခုအခါ အဘယ်မှာလျှင် များစွာသော သမဏဗြာဟ္မဏတို့ကို မေးမြန်းပါတော့အံ့နည်း။ (၁၀)

“Why now would I question the many ascetics and brahmins? Today I understand what’s good for lives to come.

၁၉၃။ ‘‘အတ္ထာယ ဝတ မေ ဗုဒ္ဓေါ, ဝါသာယာဠဝိမာဂမာ၊

ယောဟံ [အဋ္ဌိနှာရူဟိ သံယုတ္တော (သျာ။ က။)] အဇ္ဇ ပဇာနာမိ, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၁၉၃။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ အကျိုးငှါ အာဠဝီပြည်သို့ နေရန် ကြွလာ တော်မူပေစွတကား၊ အကြင်ဘုရား၌ လှူခြင်းသည် အကျိုးကြီး၏၊ ထိုဘုရားကို ယခု ငါ သိရပေပြီ။ (၁၁)

It was truly for my benefit that the Buddha came to stay at Āḷavī. Today I understand where a gift is very fruitful.

၁၉၄။ ‘‘သော အဟံ ဝိစရိဿာမိ, ဂါမာ ဂါမံ ပုရာ ပုရံ၊

နမဿမာနော သမ္ဗုဒ္ဓံ, ဓမ္မဿ စ သုဓမ္မတ’’န္တိ။

အာဠဝကသုတ္တံ ဒသမံ နိဋ္ဌိတံ။

၁၉၄။ ထိုငါသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ တစ်မြို့မှတစ်မြို့သို့ လှည့်လည်ပါတော့အံ့။ (၁၂) ဆယ်ခုမြောက် အာဠဝကသုတ် ပြီး၏။

I myself will journey village to village, town to town, paying homage to the Buddha, and the clear rightness of the teaching!”

၁၁။ ဝိဇယသုတ္တ

၁၉၅။ စရံ ဝါ ယဒိ ဝါ တိဋ္ဌံ, နိသိန္နော ဥဒ ဝါ သယံ၊

သမိဉ္ဇေတိ ပသာရေတိ, ဧသာ ကာယဿ ဣဉ္ဇနာ။

၁၁-ဝိဇယသုတ် ၁၉၅။ သွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ အိပ်သော်လည်းကောင်း (ထိုထိုအဆစ်တို့ကို) ကွေး၏၊ ဆန့်၏၊ ဤသို့ (အဆစ်တို့ကို) ကွေးခြင်းဆန့်ခြင်းသည် ခန္ဓာကိုယ်၏ လှုပ်ရှားမှုသာတည်း။ (၁)

Anthology of Discourses 1.11 Victory Over Desire for the Body Walking and standing, sitting and lying down, extending and contracting the limbs: these are the movements of the body.

၁၉၆။ အဋ္ဌိနဟာရုသံယုတ္တော, တစမံသာဝလေပနော၊

ဆဝိယာ ကာယော ပဋိစ္ဆန္နော, ယထာဘူတံ န ဒိဿတိ။

၁၉၆။ ကိုယ်ကောင်ကို အရိုးအကြောတို့ဖြင့် ဖွဲ့စပ်အပ်သည် အရေအသားတို့ဖြင့် လိမ်းကျံအပ်သည်အရေဖြင့် ဖုံးလွှမ်းအပ်သည် ဖြစ်ရကားဟုတ်တိုင်းမှန်စွာ မမြင်နိုင်ပေ။ (၂)

Linked together by bones and sinews, plastered over with flesh and hide, and covered by the skin, the body is not seen as it is.

စာ-၃၀၈

၁၉၇။ အန္တပူရော ဥဒရပူရော, ယကနပေဠဿ [ယကပေဠဿ (သီ။ သျာ။)] ဝတ္ထိနော၊

ဟဒယဿ ပပ္ဖါသဿ, ဝက္ကဿ ပိဟကဿ စ။

၁၉၇။ ဤကိုယ်ကောင်သည် အူဖြင့် ပြည့်၏၊ အစာသစ်ဖြင့် ပြည့်၏၊ အသည်း ဆိုင်ဖြင့်လည်းကောင်း၊ စည်ပေါင်းအိမ်ဖြင့်လည်းကောင်း၊ နှလုံးဖြင့်လည်းကောင်း၊ အဆုတ်ဖြင့်လည်းကောင်း၊ အညှို့ဖြင့်လည်းကောင်း၊ အဖျဥ်းဖြင့်လည်းကောင်း ပြည့်နှက်လျက် ရှိ၏။ (၃)

It’s full of guts and belly, liver and bladder, heart and lungs, kidney and spleen,

၁၉၈။ သိင်္ဃာဏိကာယ ခေဠဿ, သေဒဿ စ မေဒဿ စ၊

လောဟိတဿ လသိကာယ, ပိတ္တဿ စ ဝသာယ စ။

၁၉၈။ နှပ်ဖြင့်လည်းကောင်း၊ တံထွေးဖြင့်လည်းကောင်း၊ ချွေးဖြင့်လည်းကောင်း၊ အဆီခဲဖြင့်လည်းကောင်း၊ သွေးဖြင့်လည်းကောင်း၊ အစေးဖြင့်လည်းကောင်း၊သည်း ခြေဖြင့်လည်းကောင်း၊ ဆီကြည်ဖြင့်လည်းကောင်း ပြည့်နှက်လျက် ရှိ၏။ (၄)

spit and snot, sweat and fat, blood and synovial fluid, bile and grease.

၁၉၉။ အထဿ နဝဟိ သောတေဟိ, အသုစီ သဝတိ သဗ္ဗဒါ၊

အက္ခိမှာ အက္ခိဂူထကော, ကဏ္ဏမှာ ကဏ္ဏဂူထကော။

၁၉၉။ ထိုမှတစ်ပါး ထိုကိုယ်၏ကိုးပါးသော ယိုစီးရာ အဝတို့မှ အညစ်အကြေးသည် အခါ ခပ်သိမ်းယိုစီး၏၊ မျက်စိမှ မျက်ချေးသည် ယိုစီး၏၊ (နားနှစ်ပေါက်)မှ နားဖာချေးသည် ယိုစီး၏။ (၅)

Then in nine streams the filth is always flowing. There is muck from the eyes, wax from the ears,

၂၀၀။ သိင်္ဃာဏိကာ စ နာသတော, မုခေန ဝမတေကဒါ၊

ပိတ္တံ သေမှဉ္စ ဝမတိ, ကာယမှာ သေဒဇလ္လိကာ။

၂၀၀။ နှာခေါင်းပေါက်မှ နှပ်သည်လည်း ယိုစီး၏၊ တစ်ရံတစ်ခါ ခံတွင်းပေါက်မှသည်းခြေသည်လည်းပျို့အန်၏၊ သလိပ်သည်လည်း ပျို့အန်၏၊ ကိုယ်မှ ချွေး အညစ်အကြေးတို့သည် ယိုစီးကုန်၏။ (၆)

and snot from the nostrils. The mouth sometimes vomits bile and sometimes phlegm. And from the body, sweat and waste.

၂၀၁။ အထဿ သုသိရံ သီသံ, မတ္ထလုင်္ဂဿ ပူရိတံ၊

သုဘတော နံ မညတိ, ဗာလော အဝိဇ္ဇာယ ပုရက္ခတော။

၂၀၁။ ထိုမှတစ်ပါး ထိုကိုယ်၏ ဦးခေါင်းသည် အပေါက်အခေါင်းရှိ၏၊ ဦးနှောက်ဖြင့် ပြည့်၏၊ ထိုကိုယ်ကို သူမိုက်သည် အဝိဇ္ဇာဖုံးလွှမ်းသည် ဖြစ်ရကား တင့်တယ်၏ဟူ၍ အောက်မေ့မှတ်ထင်၏။ (၇)

Then there is the hollow head all filled with brains. Governed by ignorance, the fool thinks it’s lovely.

၂၀၂။ ယဒါ စ သော မတော သေတိ, ဥဒ္ဓုမာတော ဝိနီလကော၊

အပဝိဒ္ဓေါ သုသာနသ္မိံ, အနပေက္ခာ ဟောန္တိ ဉာတယော။

၂၀၂။ အကြင်အခါ ထိုကိုယ်သည် အသက်ဝိညာဥ် ကင်းသဖြင့် သေခြင်းသို့ ရောက်သည်ဖြစ်၍ဖူးဖူးရောင်၏၊ ညိုသော အဆင်းရှိ၏၊ သုသာန်၌ စွန့်ပစ်အပ်သည်ဖြစ်၍ အိပ်ရ၏၊ (ထိုအခါ၌ ထိုကိုယ်ကို) ဆွေမျိုးတို့သည် ငဲ့ကွက်ခြင်း ကင်း ကြကုန်၏။ (၈)

And when it lies dead, bloated and livid, dumped in a charnel ground, the relatives forget it.

၂၀၃။ ခါဒန္တိ နံ သုဝါနာ [သုပါဏာ (ပီ။)] စ, သိင်္ဂါလာ [သိဂါလာ (သီ။ သျာ။ ကံ။ ပီ။)]စ ဝကာ ကိမီ၊

ကာကာ ဂိဇ္ဈာ စ ခါဒန္တိ, ယေ စညေ သန္တိ ပါဏိနော။

၂၀၃။ ထိုကိုယ်ကို အိမ်ခွေးတို့သည်လည်းကောင်း၊ တောခွေးတို့သည်လည်းကောင်း၊ သစ်ကျုတ်တို့သည်လည်းကောင်း၊ ပိုးတို့သည်လည်းကောင်း၊ ကျီးတို့သည်လည်းကောင်း၊ လင်းတတို့သည်လည်းကောင်း ခဲစားကုန်၏၊ တစ်ပါးကုန်သော အပုပ်အသိုးစား သတ္တဝါတို့သည်လည်းခဲစားကုန်၏။ (၉)

It’s devoured by dogs, by jackals, wolves, and worms. It’s devoured by crows and vultures, and any other creatures there.

၂၀၄။ သုတွာန ဗုဒ္ဓဝစနံ, ဘိက္ခု ပညာဏဝါ ဣဓ၊

သော ခေါ နံ ပရိဇာနာတိ, ယထာဘူတဉှိ ပဿတိ။

၂၀၄။ ဤသာသနာတော်၌ ပညာရှိသော ရဟန်းသည် မြတ်စွာဘုရား စကား တော်ကို ကြားနာရ၍ထိုကိုယ်ကိုဟုတ်တိုင်းမှန်စွာ ပိုင်းခြား၍ သိနိုင်၏၊ ရှုမြင်နိုင်၏။ (၁၀)

A wise mendicant here, having heard the Buddha’s words, fully understands it, for they see it as it is.

၂၀၅။ ယထာ ဣဒံ တထာ ဧတံ, ယထာ ဧတံ တထာ ဣဒံ၊

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, ကာယေ ဆန္ဒံ ဝိရာဇယေ။

၂၀၅။ ဤသဝိညာဏက အသုဘသည် မသေမီ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းဖြစ်သကဲ့သို့ ထိုအဝိညာဏက အသုဘသည်လည်း ယခုအခါ သေပြီး ဖြစ်၍ သွားခြင်း ရပ်ခြင်း ထိုင်ခြင်းလျောင်းခြင်းမဖြစ်တော့သကဲ့သို့ ထို့အတူ ဤသဝိညာဏက အသုဘသည်လည်း နောင်သေသောအခါ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း မဖြစ်တော့လတ္တံ့၊ ဤသို့ အဇ္ဈတ္တခန္ဓာကိုယ်၌လည်းကောင်း၊ ဗဟိဒ္ဓခန္ဓာကိုယ်၌လည်းကောင်း ဆန္ဒရာဂကို ကင်းကွာစေရာ၏။ (၁၁)

“As this is, so is that, as that is, so is this.” They’d blanch desire for the body inside and out.

၂၀၆။ ဆန္ဒရာဂဝိရတ္တော သော, ဘိက္ခု ပညာဏဝါ ဣဓ၊

အဇ္ဈဂါ အမတံ သန္တိံ, နိဗ္ဗာနံ ပဒမစ္စုတံ။

၂၀၆။ ဤသာသနာတော်၌ ပညာရှိသော ရဟန်းသည် ဆန္ဒရာဂဖြင့် တပ်ခြင်း ကင်းသည်ဖြစ်၍သေခြင်းကင်းရာ ငြိမ်းအေးရာ တဏှာမှ ထွက်မြောက်ရာ ရွေ့ လျောခြင်း မရှိရာ နိဗ္ဗာန်ကို ရနိုင်၏။ (၁၂)

That wise mendicant here rid of desire and lust, has found the peace free of death, extinguishment, the state that does not pass.

၂၀၇။ ဒွိပါဒကောယံ [ဒိပါဒကောယံ (သီ။ သျာ။ ကံ။ ပီ။)] အသုစိ, ဒုဂ္ဂန္ဓော ပရိဟာရတိ [ပရိဟီရတိ (သီ။ သျာ။ ကံ။ ပီ။)]၊

နာနာကုဏပပရိပူရော, ဝိဿဝန္တော တတော တတော။

၂၀၇။ အခြေနှစ်ချောင်းရှိသော ဤကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိသောကြောင့် ပန်းနံ့သာစသည်တို့ဖြင့် ပြုပြင်စီရင်၍ ဆောင်ရွက်နေရ၏၊သို့ ပင်ဖြစ်ပါလျက် အထူးထူးသော အပုပ်တို့ဖြင့် ပြည့်သည်ဖြစ်၍ ထိုထိုအပေါက် ကြီးငယ်တို့မှ ယိုစီး၏။ (၁၃)

This two-legged body is dirty and stinking, full of different carcasses, and oozing all over the place— but still it is cherished!

၂၀၈။ ဧတာဒိသေန ကာယေန, ယော မညေ ဥဏ္ဏမေတဝေ [ဥန္နမေတဝေ (?)]၊

ပရံ ဝါ အဝဇာနေယျ, ကိမညတြ အဒဿနာတိ။

ဝိဇယသုတ္တံ ဧကာဒသမံ နိဋ္ဌိတံ။

၂၀၈။ အကြင်သူသည် ဤသို့ သဘောရှိသော ကိုယ်ဖြင့် မာနထောင်လွှားခြင်းငှါ အောက်မေ့ရာ၏၊ သူတစ်ပါးကိုလည်း မထီမဲ့မြင် ပြုရာ၏၊ ထိုသူ၏ မာနထောင် လွှားမှု မထီမဲ့မြင် ပြုမှုသည်အရိယသစ္စာကို မမြင်ခြင်းမှတစ်ပါး အဘယ်မှာ အကြောင်းရှိနိုင်ပါအံ့နည်းဟု (မိန့်တော်မူ၏)။ တစ်ဆယ့်တစ်ခုမြောက် ဝိဇယသုတ် ပြီး၏။

And if, on account of such a body, someone prides themselves or looks down on others— what is that but a failure to see?

စာ-၃၀၉

၁၂။ မုနိသုတ္တ

၂၀၉။ သန္ထဝါတော [သန္ဓဝတော (က။)] ဘယံ ဇာတံ, နိကေတာ ဇာယတေ ရဇော၊

အနိကေတမသန္ထဝံ, ဧတံ ဝေ မုနိဒဿနံ။

၁၂-မုနိသုတ် ၂၀၉။ တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏၊ အာရုံခြောက်ပါးတည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏၊ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှုမရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်းဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ (၁)

Anthology of Discourses 1.12 The Sage Peril stems from intimacy, dust comes from an abode. Freedom from abode and intimacy: that is the sage’s vision.

၂၁၀။ ယော ဇာတမုစ္ဆိဇ္ဇ န ရောပယေယျ, ဇာယန္တမဿ နာနုပ္ပဝေစ္ဆေ၊

တမာဟု ဧကံ မုနိနံ စရန္တံ, အဒ္ဒက္ခိ သော သန္တိပဒံ မဟေသိ။

၂၁၀။ အကြင်မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့်အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာဘုရားကို မုနိတို့တွင် ကိလေသာအဖော်မမှီးတစ်ပါးတည်း လှည့်လည်ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏၊ သီလဂုဏ်ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ (၂)

Having cut down what’s grown, <j>they wouldn’t replant, nor would they nurture what’s growing. That’s who they call a sage wandering alone, the great seer has seen the state of peace.

၂၁၁။ သင်္ခါယ ဝတ္ထူနိ ပမာယ [ပဟာယ (က။ သီ။ က။), သမာယ (က။) ပ + မီ + တွာ = ပမာယ, ယထာ နိဿာယာတိပဒံ] ဗီဇံ, သိနေဟမဿ နာနုပ္ပဝေစ္ဆေ၊

သ ဝေ မုနီ ဇာတိခယန္တဒဿီ, တက္ကံ ပဟာယ န ဥပေတိ သင်္ခံ။

၂၁၁။ အကြင်မြတ်စွာဘုရားသည် ကိလေသာ၏တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့်ဆင်ခြင်ပိုင်းခြား၍ အဘိသင်္ခါရဝိညာဥ်ဟူသော မျိုးစေ့ကို ဖျက်ဆီး ပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည်အကုသလဝိတက်ကို ပယ်ပြီး၍ (သတ္တဝါဟူသော) ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ (၃)

Having appraised the fields and measured the seeds, they wouldn’t nurture them with moisture. Truly that sage who sees the ending of rebirth has left speculation behind and is beyond reckoning.

၂၁၂။ အညာယ သဗ္ဗာနိ နိဝေသနာနိ, အနိကာမယံ အညတရမ္ပိ တေသံ၊

သ ဝေ မုနီ ဝီတဂေဓော အဂိဒ္ဓေါ, နာယူဟတီ ပါရဂတော ဟိ ဟောတိ။

၂၁၂။ အကြင်မြတ်စွာဘုရားသည် ကာမဘဝစသောနေရာအိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရား တည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးဖြစ်ရကား ကုသိုလ်အကုသိုလ်ကံကို အားမထုတ်တော့ပေ။ (၄)

Understanding all the planes of rebirth, not wanting a single one of them; truly that sage freed of greed need not swim, <j>for they have reached the far shore.

၂၁၃။ သဗ္ဗာဘိဘုံ သဗ္ဗဝိဒုံ သုမေဓံ, သဗ္ဗေသု ဓမ္မေသု အနူပလိတ္တံ၊

သဗ္ဗဉ္ဇဟံ တဏှက္ခယေ ဝိမုတ္တံ, တံ ဝါပိ ဓီရာ မုနိ [မုနိံ (သီ။ ပီ။)] ဝေဒယန္တိ။

၂၁၃။ ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသောတရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသောတရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသောတရားအားလုံးကို စွန့်ပယ်ပြီးသောတဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၅)

The vanquisher of all, knower of all, so very intelligent, unsullied in the midst of all things, has given up all, freed in the ending of craving: that’s who the attentive know as a sage.

၂၁၄။ ပညာဗလံ သီလဝတူပပန္နံ, သမာဟိတံ ဈာနရတံ သတီမံ၊

သင်္ဂါ ပမုတ္တံ အခိလံ အနာသဝံ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၄။ ပညာတည်းဟူသောအားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်း စွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု ‘ရာဂ’မှ လွတ်သော ငါးပါးသော ငြောင့်တံသင်းမရှိသော အာသဝေါမရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၆)

Strong in wisdom, <j>with precepts and observances intact, serene, loving absorption, mindful, released from chains, kind, undefiled: that’s who the attentive know as a sage.

စာ-၃၁၀

၂၁၅။ ဧကံ စရန္တံ မုနိမပ္ပမတ္တံ, နိန္ဒာပသံသာသု အဝေဓမာနံ၊

သီဟံဝ သဒ္ဒေသု အသန္တသန္တံ, ဝါတံဝ ဇာလမှိ အသဇ္ဇမာနံ၊

ပဒ္မံဝ [ပဒုမံဝ (သီ။ သျာ။ ပီ။)] တောယေန အလိပ္ပမာနံ [အလိမ္ပမာနံ (သျာ။ က။)], နေတာရမညေသမနညနေယျံ၊

တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၅။ တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှုမရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြင်္သေ့မင်းကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ် လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံမကပ်ငြိသော ကြာကဲ့သို့လောကဖြင့် မလိမ်းကျံ မကပ်ငြိသောသူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကို မူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၇)

The diligent sage wandering alone, is unshaken by blame and praise— like a lion not startled by sounds, like wind not caught in a net, like water not sticking to a lotus. Leader of others, not by others led: that’s who the attentive know as a sage.

၂၁၆။ ယော ဩဂဟဏေ ထမ္ဘောရိဝါဘိဇာယတိ, ယသ္မိံ ပရေ ဝါစာပရိယန္တံ [ဝါစံ ပရိယန္တံ (က။)] ဝဒန္တိ၊

တံ ဝီတရာဂံ သုသမာဟိတိန္ဒြိယံ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၆။ အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း စသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏၊ ထိုသို့ သဘောရှိသောတပ်စွန်းမှု ‘ရာဂ’ ကင်းသော ကောင်းစွာ ထားအပ်သော ဣန္ဒြေရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၈)

Steady as a post in a bathing-place when others speak endlessly against them, freed of greed, with senses stilled: that’s who the attentive know as a sage.

၂၁၇။ ယော ဝေ ဌိတတ္တော တသရံဝ ဥဇ္ဇု, ဇိဂုစ္ဆတိ ကမ္မေဟိ ပါပကေဟိ၊

ဝီမံသမာနော ဝိသမံ သမဉ္စ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၇။ အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏၊ ယက်ဖောက်ကဲ့သို့ ဖြောင့်၏၊ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏၊ မညီညွတ်မှု (ကာယဝိသမ စသည်) ကိုလည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကိုလည်းကောင်း စုံစမ်းဆင်ခြင် တတ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၉)

Steadfast, straight as a spindle, horrified by wicked deeds, discerning the just and the unjust: that’s who the attentive know as a sage.

၂၁၈။ ယော သညတတ္တော န ကရောတိ ပါပံ, ဒဟရော မဇ္ဈိမော စ မုနိ [ဒဟရော စ မဇ္ဈော စ မုနီ (သီ။ သျာ။ ကံ။ ပီ။)] ယတတ္တော၊

အရောသနေယျော န သော ရောသေတိ ကဉ္စိ [န ရောသေတိ (သျာ။)], တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၈။ အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏၊ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း မကောင်းမှုကို မပြု၊ ထိုု ရဟန္တာမုနိကို ကိုယ်နှုတ်တို့ဖြင့်ထိပါးခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါးမခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၀)

Restrained, they do no evil, young or middle-aged, the sage is self-controlled. Irreproachable, he does not insult anyone: that’s who the attentive know as a sage.

၂၁၉။ ယဒဂ္ဂတော မဇ္ဈတော သေသတော ဝါ, ပိဏ္ဍံ လဘေထ ပရဒတ္တူပဇီဝီ၊

နာလံ ထုတုံ နောပိ နိပစ္စဝါဒီ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၁၉။ စားဦးစားဖျားမှသော်လည်းကောင်း၊ (စားနေဆဲတစ်ဝက်တစ်ပျက်) အလယ်မှသော်လည်းကောင်း၊ (စားပြီး) အကြွင်းအကျန်မှသော်လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန်ရသဖြင့်လည်း ဆန့်ကျင် ဘက်စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၁)

When one who lives on charity receives alms, from the top, the middle, or the leftovers, they think it unworthy to praise or put down: that’s who the attentive know as a sage.

၂၂၀။ မုနိံ စရန္တံ ဝိရတံ မေထုနသ္မာ, ယော ယောဗ္ဗနေ နောပနိဗဇ္ဈတေ ကွစိ၊

မဒပ္ပမာဒါ ဝိရတံ ဝိပ္ပမုတ္တံ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၂၀။ အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဥ် အချို့သော မိန်းမအဆင်း၌ မေထုန ရာဂဖြင့် မကပ်ငြိမဖွဲ့ယှက်၊ မောနေယျအကျင့်နှင့် ပြည့်စုံလျက် လှည့် လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍မာန်ယစ်ခြင်း မေ့လျော့ခြင်းမှလည်း ကင်းလွတ်သော ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၂)

The sage lives refraining from sex, even when young is not tied down, refraining from indulgence and negligence, freed: that’s who the attentive know as a sage.

စာ-၃၁၁

၂၂၁။ အညာယ လောကံ ပရမတ္ထဒဿိံ, ဩဃံ သမုဒ္ဒံ အတိတရိယ တာဒိံ၊

တံ ဆိန္နဂန္ထံ အသိတံ အနာသဝံ, တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

၂၂၁။ ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော ဩဃလေးပါးနှင့် ခန္ဓာအာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု ‘ဂန္တ’ကို ဖြတ် ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာ ရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၃)

Understanding the world, <j>the seer of the ultimate goal, the unaffected one, <j>having crossed the flood and the ocean, has cut the ties, unattached and undefiled: that’s who the attentive know as a sage.

၂၂၂။ အသမာ ဥဘော ဒူရဝိဟာရဝုတ္တိနော, ဂိဟီ [ဂိဟိ (က။)] ဒါရပေါသီ အမမော စ သုဗ္ဗတော၊

ပရပါဏရောဓာယ ဂိဟီ အသညတော, နိစ္စံ မုနီ ရက္ခတိ ပါဏိနေ [ပါဏိနော (သီ။)] ယတော။

၂၂၂။ ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏၊ လူသည်သားမယားကို လုပ်ကျွေး၏၊ (ရဟန်းသည် ) မက်မောခြင်းလည်းကင်း၍ အကျင့်လည်းကောင်း၏၊ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ (၁၄)

The two are not the same, <j>far apart in lifestyle and conduct— the householder providing for a wife, <j>and the selfless one true to their vows. The unrestrained householder kills other creatures, while the restrained sage <j>always protects living creatures.

၂၂၃။ သိခီ ယထာ နီလဂီဝေါ [နီလဂိဝေါ (သျာ။)] ဝိဟင်္ဂမော, ဟံသဿ နောပေတိ ဇဝံ ကုဒါစနံ၊

ဧဝံ ဂိဟီ နာနုကရောတိ ဘိက္ခုနော, မုနိနော ဝိဝိတ္တဿ ဝနမှိ ဈာယတောတိ။

မုနိသုတ္တံ ဒွါဒသမံ နိဋ္ဌိတံ။

ဥရဂဝဂ္ဂေါ ပဌမော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ဥရဂေါ ဓနိယော စေဝ, ဝိသာဏဉ္စ တထာ ကသိ၊

စုန္ဒော ပရာဘဝေါ စေဝ, ဝသလော မေတ္တဘာဝနာ။

သာတာဂိရော အာဠဝကော, ဝိဇယော စ တထာ မုနိ၊

ဒွါဒသေတာနိ သုတ္တာနိ, ဥရဂဝဂ္ဂေါတိ ဝုစ္စတီတိ။

၂၂၃။ ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင်သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင် မြန်ခြင်းကို အတုလိုက်၍ မပြုနိုင်ဟု (မိန့်တော်မူ၏)။ (၁၅) တစ်ဆယ့်နှစ်ခုမြောက် မုနိသုတ် ပြီး၏။ ရှေးဦးစွာသော ဥရဂဝဂ် ပြီး၏။

As the crested blue-necked peacock <j>flying through the sky never approaches the speed of the swan, so the householder cannot compete <j>with the mendicant, the sage meditating secluded in the woods.

စာ-၃၁၂

၂။ စူဠဝဂ္ဂ

၁။ ရတနသုတ္တ

၂၂၄။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ [ဘူမာနိ (က။)] ဝါ ယာနိ ဝ အန္တလိက္ခေ၊

သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု, အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၂-စူဠဝဂ် ၁-ရတနသုတ် ၂၂၄။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော နတ်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်ကြစေကုန်သတည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား) ဟောအပ်သော ပရိတ်တရားတော်ကို ရိုသေစွာ နာကြစေကုန်သတည်း။ (၁)

Anthology of Discourses 2.1 Gems Whatever beings have gathered here, on the ground or in the sky: may beings all be of happy heart, and listen carefully to what is said.

၂၂၅။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ, မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊

ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ, တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၂၂၅။ နတ်များတို့ ထို့ကြောင့် သာလျှင် အသင်နတ်အားလုံးတို့သည် ဟောတော်မူအပ်သော ပရိတ်တရားတော်ကို စိတ်၌ သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါ အပေါင်း၌ မေတ္တာကို ပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း သင်တို့အားပူဇော်ပသခြင်းကို ပြုကြကုန်၏၊ ထို့ကြောင့် သာလျှင် ထိုလူတို့ကို မမေ့မလျော့စောင့်ရှောက်ကြကုန်လော့။ (၂)

So pay heed, all you beings, have love for humankind, who day and night bring offerings; please protect them diligently.

၂၂၆။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ, သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊

န နော သမံ အတ္ထိ တထာဂတေန, ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၂၆။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးဂဠုန်ပြည်တို့၌လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော အကြင်ရတနာမျိုးသည် ရှိ၏၊ မြတ်စွာဘုရားနှင့်တူသော ထိုရတနာမျိုးသည် မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်း သာကြပါစေသတည်း။ (၃)

There’s no wealth in this life or the next, no sublime gem in the heavens, that equals the Realized One. This sublime gem is in the Buddha: by this truth, may you be well!

၂၂၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ, ယဒဇ္ဈဂါ သကျမုနီ သမာဟိတော၊

န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၂၇။ ကိလေသာကုန်ရာဖြစ်သော ရာဂကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သော အကြင်နိဗ္ဗာန်ကို တည်ကြည်သော စိတ်ရှိသော သာကီနွယ်ဖွား မြတ် ဘုရားသည် ရတော်မူ၏၊ ထို (နိဗ္ဗာန်) တရားနှင့်တူသောတစ်စုံတစ်ခုသော ရတနာမျိုးသည် မရှိ၊ နိဗ္ဗာန် တရားဟူသော ဤရတနာသည်လည်းအမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၄)

Ending, dispassion, the undying, the sublime, attained by the Sakyan Sage immersed in samādhi; there is nothing equal to that Dhamma. This sublime gem is in the Dhamma: by this truth, may you be well!

၂၂၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ, သမာဓိမာနန္တရိကညမာဟု၊

သမာဓိနာ တေန သမော န ဝိဇ္ဇတိ, ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၂၈။ ဘုရားမြတ်သည် အကြင် (အရဟတ္တမဂ်နှင့်ယှဥ်သော) သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏၊ အကြင် (အရဟတ္တမဂ်နှင့်ယှဥ်သော) သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားသျှင်တို့) ဟောဆိုကုန်၏၊ ထိုအရဟတ္တမဂ်နှင့်ယှဥ်သော သမာဓိနှင့် တူသောတရားမျိုးသည်မရှိ၊ တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၅)

The purity praised by the highest Buddha is said to be the “immersion with immediate fruit”; no equal to that immersion is found. This sublime gem is in the Dhamma: by this truth, may you be well!

စာ-၃၁၃

၂၂၉။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ၊

တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ, ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၂၉။ လေးယောက်အစုံဖြစ်ကုန်သော အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို သူတော် ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ် ဆုံး ဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေသတည်း။ (၆)

The eight individual persons praised by the good are the four pairs of the Holy One’s disciples; they are worthy of religious donations, what’s given to them is very fruitful. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန, နိက္ကာမိနော ဂေါတမသာသနမှိ၊

တေ ပတ္တိပတ္တာ အမတံ ဝိဂယှ, လဒ္ဓါ မုဓာ နိဗ္ဗုတိံ [နိဗ္ဗုတိ (က။)] ဘုဉ္ဇမာနာ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၀။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင် (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ခိုင်မြဲစွာသော စိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏၊ (ကိလေသာတို့မှ) ထွက်မြောက်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ရရောက်ထိုက်သော အရဟတ္တဖိုလ်ကို ရရောက်ကုန်သည်ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တဖလသမာပတ်ကို ခံစားကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၇)

Dedicated to Gotama’s dispensation, strong-minded, free of sense desire, they’ve attained the goal, <j>plunged into freedom from death, and enjoy the quenching they’ve freely gained. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၁။ ယထိန္ဒခီလော ပထဝိဿိတော [ပဒဝိဿိတော (က။ သီ။), ပဌဝိံ သိတော (က။ သီ။ သျာ။ ကံ။ ပီ။)] သိယာ, စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော၊

တထူပမံ သပ္ပုရိသံ ဝဒါမိ, ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၁။ မြေ၌ စိုက်ထူအပ်သောတံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယသစ္စာတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟူ၍ ငါဆို၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၈)

As Indra’s pillar rooted in earth is not shaken by the four winds, I say a true person is like this, who sees the noble truths in experience. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ, ဂမ္ဘီရပညေန သုဒေသိတာနိ၊

ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ, န တေ ဘဝံ အဋ္ဌမမာဒိယန္တိ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသောဉာဏ်ပညာရှိသော မြတ်စွာဘုရားကောင်းစွာ ဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက် ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၉)

Those who fathom the noble truths taught by the one of deep wisdom, do not take an eighth life, even if they are hugely negligent. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၃။ သဟာဝဿ ဒဿနသမ္ပဒါယ [သဟာဝသဒ္ဒဿနသမ္ပဒါယ (က။)], တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ၊

သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ, သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

၂၃၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့် အပ်ကုန်၏၊ ကိလေသာ စိုးစဥ်းမျှရှိစေကာမူ- (၁၀)

When they attain to vision they give up three things: substantialist view, doubt, and any attachment to precepts and observances.

စာ-၃၁၄

၂၃၄။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော, ဆစ္စာဘိဌာနာနိ [ဆ စာဘိဌာနာနိ (သီ။ သျာ။)] အဘဗ္ဗ ကာတုံ [အဘဗ္ဗော ကာတုံ (သီ။)]၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၄။ အပါယ်လေးပါးတို့မှ လွတ်၏၊ (အနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေ သတည်း။ (၁၁)

They’re freed from the four places of loss, and cannot do six things. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၅။ ကိဉ္စာပိ သော ကမ္မ [ကမ္မံ (သီ။ သျာ။ ကံ။ ပီ။)] ကရောတိ ပါပကံ, ကာယေန ဝါစာ ဥဒ စေတသာ ဝါ၊

အဘဗ္ဗ [အဘဗ္ဗော (ဗဟူသု)] သော တဿ ပဋိစ္ဆဒါယ [ပဋိစ္ဆာဒါယ (သီ။)], အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသော မကောင်းမှုကို မဖုံးလွှမ်းတော့ပြီ၊ နိဗ္ဗာန်ကို မြင်ပြီးဖြစ်သော (သောတာပန်) ပုဂ္ဂိုလ်၏ (ဖုံးလွှမ်းခြင်း) မပြုတော့သည့် အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၂)

Even if they do a bad deed by body, speech, or mind, they are unable to conceal it; this, it’s said, is the inability <j>of one who has seen the truth. This sublime gem is in the Saṅgha: by this truth, may you be well!

၂၃၆။ ဝနပ္ပဂုမ္ဗေ ယထ [ယထာ (သီ။ သျာ။)] ဖုဿိတဂ္ဂေ, ဂိမှာနမာသေ ပဌမသ္မိံ [ပဌမသ္မိ (?)] ဂိမှေ၊

တထူပမံ ဓမ္မဝရံ အဒေသယိ [အဒေသယီ (သီ။)], နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ၊

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၆။ နွေဥတု၏ အစဖြစ်သောတန်ခူးလ၌ပင် လုံးကျွတ်ပွင့်သော အဖျားရှိသော တောအုပ်သည်ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာ ရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို မြတ်သော (နိဗ္ဗာန်) အကျိုးငှါ ဟောတော်မူ၏၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၃)

Like a tall forest tree crowned with flowers in the first month of summer; that’s how he taught the superb Dhamma, leading to extinguishment, the ultimate benefit. This sublime gem is in the Buddha: by this truth, may you be well!

၂၃၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော, အနုတ္တရော ဓမ္မဝရံ အဒေသယိ၊

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သော မဂ်ကို ဆောင်တတ်သော မိမိ ထက်သာသူ မရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားကို ဟောကြား တော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၄)

The superb, knower of the superb, <j>giver of the superb, bringer of the superb; taught the superb Dhamma supreme. This sublime gem is in the Buddha: by this truth, may you be well!

၂၃၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ, ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ၊

တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ, နိဗ္ဗန္တိ ဓီရာ ယထာယံ [ယထယံ (က။)] ပဒီပေါ၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၂၃၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ၊ ကံသစ် မရှိတော့ပြီ၊ လာလတ္တံ့သော ဘဝ၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသဧန္ဓမျိုးစေ့ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွါးသော ဆန္ဒမရှိကုန်၊ ဆီမီးသည် ငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာတို့သည် ငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၅)

The old is ended, nothing new is produced; their minds have no desire for future rebirth. Withered are the seeds, there’s no desire for growth, those attentive ones are extinguished like this lamp. This sublime gem is in the Saṅgha: by this truth, may you be well!

စာ-၃၁၅

၂၃၉။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊

တထာဂတံ ဒေဝမနုဿပူဇိတံ, ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၂၃၉။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏၊ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၆)

Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Buddha! May you be safe!

၂၄၀။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊

တထာဂတံ ဒေဝမနုဿပူဇိတံ, ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

၂၄၀။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏၊ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့် ဖြစ်သော, နတ်လူတို့သည် ပူဇော်အပ်သောတရားတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၇)

Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Dhamma! May you be safe!

၂၄၁။ ယာနီဓ ဘူတာနိ သမာဂတာနိ, ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊

တထာဂတံ ဒေဝမနုဿပူဇိတံ, သံဃံ နမဿာမ သုဝတ္ထိ ဟောတူတိ။

ရတနသုတ္တံ ပဌမံ နိဋ္ဌိတံ။

၂၄၁။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော သံဃာတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်းဟု (မိန့်တော်မူ၏)။ ရှေးဦးစွာသော ရတနသုတ် ပြီး၏။

Whatever beings have gathered here, on the ground or in the sky: the Realized One is honored by gods and humans! We bow to the Saṅgha! May you be safe!

၂။ အာမဂန္ဓသုတ္တ

၂၄၂။ ‘‘သာမာကစိင်္ဂူလကစီနကာနိ စ, ပတ္တပ္ဖလံ မူလဖလံ ဂဝိပ္ဖလံ၊

ဓမ္မေန လဒ္ဓံ သတမသ္နမာနာ [သတမသမာနာ (သီ။ ပီ။), သတမဿမာနာ (သျာ။ ကံ။)], န ကာမကာမာ အလိကံ ဘဏန္တိ။

၂-အာမဂန္ဓသုတ် ၂၄၂။ တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။ (၁)

Anthology of Discourses 2.2 Putrefaction “The good eat properly obtained millet, wild grains, broomcorn, greens, tubers, and grapes. They don’t lie to get what they want.

၂၄၃။ ‘‘ယဒသ္နမာနော သုကတံ သုနိဋ္ဌိတံ, ပရေဟိ ဒိန္နံ ပယတံ ပဏီတံ၊

သာလီနမန္နံ ပရိဘုဉ္ဇမာနော, သော ဘုဉ္ဇသီ ကဿပ အာမဂန္ဓံ။

၂၄၃။ ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။ (၂)

But when you eat delicious food, nicely cooked and prepared, and offered by others, enjoying a dish of fine rice, Kassapa, you eat putrefaction.

စာ-၃၁၆

၂၄၄။ ‘‘န အာမဂန္ဓော မမ ကပ္ပတီတိ, ဣစ္စေဝ တွံ ဘာသသိ ဗြဟ္မဗန္ဓု၊

သာလီနမန္နံ ပရိဘုဉ္ဇမာနော, သကုန္တမံသေဟိ သုသင်္ခတေဟိ၊

ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ, ကထံ ပကာရော တဝ အာမဂန္ဓော’’။

၂၄၄။ ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက်သည် ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏၊ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏၊ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။ (၃)

‘Putrefaction is not appropriate for me’— so you said, O brahmin only by kin. Yet here you are enjoying a dish of fine rice, well prepared with the flesh of fowl. I’m asking you this, Kassapa: what do you take to be putrefaction?”

၂၄၅။ ‘‘ပါဏာတိပါတော ဝဓဆေဒဗန္ဓနံ, ထေယျံ မုသာဝါဒေါ နိကတိဝဉ္စနာနိ စ၊

အဇ္ဈေနကုတ္တံ [အဇ္ဈေန ကုဇ္ဇံ (သီ။ ပီ။)] ပရဒါရသေဝနာ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၄၅။ တိဿရသေ့ သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဥ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဥ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည် အညှီအဟောက် မဟုတ်။ (၄)

“Killing creatures, mutilation, murder, abduction; stealing, lying, cheating and fraud, learning crooked spells, adultery: this is putrefaction, not eating meat.

၂၄၆။ ‘‘ယေ ဣဓ ကာမေသု အသညတာ ဇနာ, ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ [အသုစီကမိဿိတာ (သီ။ သျာ။ ကံ။ ပီ။)]၊

နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၄၆။ ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏၊ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကိုမှီကုန်၏၊ နတ္ထိကဝါဒ အယူရှိကုန်၏၊ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏၊ သိစေနိုင်ခဲကုန်၏၊ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင့်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည် အညှီအဟောက် မဟုတ်။ (၅)

People here with unbridled sensuality, greedy for tastes, mixed up in impurity, nihilists, immoral, intractable: this is putrefaction, not eating meat.

၂၄၇။ ‘‘ယေ လူခသာ ဒါရုဏာ ပိဋ္ဌိမံသိကာ [ယေ လူခရသာ ဒါရုဏာ ပရပိဋ္ဌိမံသိကာ (က။)], မိတ္တဒ္ဒုနော နိက္ကရုဏာတိမာနိနော၊

အဒါနသီလာ န စ ဒေန္တိ ကဿစိ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၄၇။ အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏၊ ကြမ်းတမ်းကုန်၏၊ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏၊ သနားခြင်း ကင်းကုန်၏၊ အလွန်မာန်လမူကုန်၏၊ မပေးတတ်သော အလေ့ရှိကုန်၏၊ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည်အညှီအဟောက် မဟုတ်။ (၆)

Tough, callous calumniators, pitiless and arrogant betrayers of friends, misers who never give anything: this is putrefaction, not eating meat.

၂၄၈။ ‘‘ကောဓော မဒေါ ထမ္ဘော ပစ္စုပဋ္ဌာပနာ [ပစ္စုဋ္ဌာပနာ စ (သီ။ သျာ။), ပစ္စုဋ္ဌာပနာ (ပီ။)], မာယာ ဥသူယာ ဘဿသမုဿယော စ၊

မာနာတိမာနော စ အသဗ္ဘိ သန္ထဝေါ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၄၈။ အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်းငြူစူခြင်း ဝါကြွားပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည် အညှီအဟောက် မဟုတ်။ (၇)

Anger, vanity, obstinacy, contrariness, deceit, jealousy, boastfulness, haughtiness, intimacy with the wicked: this is putrefaction, not eating meat.

၂၄၉။ ‘‘ယေ ပါပသီလာ ဣဏဃာတသူစကာ, ဝေါဟာရကူဋာ ဣဓ ပါဋိရူပိကာ [ပါတိရူပိကာ (?)]၊

နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသံ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၄၉။ ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏၊ ကြွေးမြီကို ယူ၍မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင်ကုန်းချောတတ်ကုန်၏၊ ဤလောက၌ တံစိုးစားကာကောက်ကျစ်စဥ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏၊ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏၊ အမိအဖစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏၊ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည် အညှီအဟောက် မဟုတ်။ (၈)

The ill-behaved, debt-evaders, informants, business cheats and con-artists, vile men committing sin: this is putrefaction, not eating meat.

စာ-၃၁၇

၂၅၀။ ‘‘ယေ ဣဓ ပါဏေသု အသညတာ ဇနာ, ပရေသမာဒါယ ဝိဟေသမုယျုတာ၊

ဒုဿီလလုဒ္ဒါ ဖရုသာ အနာဒရာ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၅၀။ ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဥ်းဆဲရန် လုံ့လပြုကုန်၏၊ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏၊ ကြမ်းသော စကားရှိကုန်၏၊ ရိုသေခြင်း ကင်းကုန်၏၊ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည် အညှီအဟောက် မဟုတ်။ (၉)

People here who can’t stop harming living creatures, taking from others, intent on hurting, immoral, cruel, harsh, lacking regard for others: this is putrefaction, not eating meat.

၂၅၁။ ‘‘ဧတေသု ဂိဒ္ဓါ ဝိရုဒ္ဓါတိပါတိနော, နိစ္စုယျုတာ ပေစ္စ တမံ ဝဇန္တိ ယေ၊

ပတန္တိ သတ္တာ နိရယံ အဝံသိရာ, ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။

၂၅၁။ အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏၊ မုန်းတီးဆန့်ကျင်ကုန်၏၊ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏၊ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏၊ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏၊ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဥ်သည်အညှီအဟောက် မဟုတ်။ (၁၀)

Greedy, hostile, aggressive to others, and addicted to evil—<j>those beings pass into darkness, falling headlong into hell: this is putrefaction, not eating meat.

၂၅၂။ ‘‘န မစ္ဆမံသာနမနာသကတ္တံ [န မစ္ဆမံသံ န အနာသကတ္တံ (သီ။ အဋ္ဌ မူလပါဌော), န မံစ္ဆမံသာနာနာသကတ္တံ (သျာ။ က။)], န နဂ္ဂိယံ န မုဏ္ဍိယံ ဇဋာဇလ္လံ၊

ခရာဇိနာနိ နာဂ္ဂိဟုတ္တဿုပသေဝနာ, ယေ ဝါပိ လောကေ အမရာ ဗဟူ တပါ၊

မန္တာဟုတီ ယညမုတူပသေဝနာ, သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

၂၅၂။ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ (၁၁)

Not fish or flesh or fasting, nudity or baldness, or dreadlocks or dirt, not rough hides or serving the sacred flame, or the many endless mortifications in the world, not hymns or oblations, <j>sacrifices or seasonal observances, will cleanse a mortal not free of doubt.

၂၅၃။ ‘‘ယော တေသု [သောတေသု (သီ။ ပီ။)] ဂုတ္တော ဝိဒိတိန္ဒြိယော စရေ, ဓမ္မေ ဌိတော အဇ္ဇဝမဒ္ဒဝေ ရတော၊

သင်္ဂါတိဂေါ သဗ္ဗဒုက္ခပ္ပဟီနော, န လိပ္ပတိ [န လိမ္ပတိ (သျာ။ ကံ က။)] ဒိဋ္ဌသုတေသု ဓီရော’’။

၂၅၃။ (အကြင်သူသည် ) ထိုဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣန္ဒြေတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ (၁၂)

Guarding the streams of sense impressions, <j>wander with faculties understood, standing on the teaching, delighting in integrity and tenderness. The attentive have slipped their chains <j>and given up all suffering; they don’t cling to the seen and the heard.”

၂၅၄။ ဣစ္စေတမတ္ထံ ဘဂဝါ ပုနပ္ပုနံ, အက္ခာသိ နံ [တံ (သီ။ ပီ။)] ဝေဒယိ မန္တပါရဂူ၊

စိတြာဟိ ဂါထာဟိ မုနီ ပကာသယိ, နိရာမဂန္ဓော အသိတော ဒုရန္နယော။

၂၅၄။ ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏၊ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကို သိ၏၊ ကိလေသာအညှီအဟောက် ကင်းတော်မူသောတဏှာဒိဋ္ဌိကိုမှီတော်မမူသောသူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ (၃၁)

The Buddha explained this matter to him <j>again and again, until the master of hymns understood it. It was illustrated with colorful verses by the sage free of putrefaction, <j>unattached, hard to trace.

၂၅၅။ သုတွာန ဗုဒ္ဓဿ သုဘာသိတံ ပဒံ, နိရာမဂန္ဓံ သဗ္ဗဒုက္ခပ္ပနူဒနံ၊

နီစမနော ဝန္ဒိ တထာဂတဿ, တတ္ထေဝ ပဗ္ဗဇ္ဇမရောစယိတ္ထာတိ။

အာမဂန္ဓသုတ္တံ ဒုတိယံ နိဋ္ဌိတံ။

၂၅၅။ ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။ (၁၄) နှစ်ခုမြောက် အာမဂန္ဓသုတ် ပြီး၏။

Having heard the fine words of the Buddha, that are free of putrefaction, <j>casting aside all suffering; humbled, he bowed to the Realized One, and right away begged to go forth.

စာ-၃၁၈

၃။ ဟိရိသုတ္တ

၂၅၆။ ဟိရိံ တရန္တံ ဝိဇိဂုစ္ဆမာနံ, တဝါဟမသ္မိ [သခါဟမသ္မိ (သီ။ သျာ။ ကံ။ ပီ။)] ဣတိ ဘာသမာနံ၊

သယှာနိ ကမ္မာနိ အနာဒိယန္တံ, နေသော မမန္တိ ဣတိ နံ ဝိဇညာ။

၃-ဟိရိသုတ် ၂၅၆။ မကောင်းမှုမှ ရှက်မှု ‘ဟိရီ’ကို လွန်ကာ ယင်းမကောင်းမှုမှ ရှက်မှုကို စက်ဆုပ်လျက် ငါကားသင်၏ မိတ်ဆွေဖြစ်ပါ၏ဟု နှုတ်ဖြင့် ပြောဆိုသော်လည်း မိမိပြုလုပ်ရန် စွမ်းနိုင်သော အမှုကိစ္စတို့ကို မူမယူတတ်သော အဆွေခင်ပွန်းတုကို ဤသူကား ငါ၏ အဆွေခင်ပွန်းမဟုတ်ဟု သိရာ၏။ (၁)

Anthology of Discourses 2.3 Conscientious Companionship Flouting conscience, loathing it, saying “I’m on your side”, but not following up in deeds— know they’re not on your side.

၂၅၇။ အနနွယံ [အတ္ထနွယံ (က။)] ပိယံ ဝါစံ, ယော မိတ္တေသု ပကုဗ္ဗတိ၊

အကရောန္တံ ဘာသမာနံ, ပရိဇာနန္တိ ပဏ္ဍိတာ။

၂၅၇။ အကြင်သူသည် အဆွေခင်ပွန်းတို့၌ ပြုလုပ်မည်ဟု ပြောဆိုသော စကား၏ အနက်သို့ အစဥ်လိုက်သော ချစ်ဖွယ်သော စကားကို ပြောဆို၏၊ (ပြုလုပ်မည်ဟု) စကားကိုသာ ပြောဆိုဝန်ခံ၍ ပြောဆိုတိုင်း မပြုလုပ်သော ထိုသူကို ဤသူကား အဆွေခင်ပွန်းတုတည်းဟူ၍ ပညာရှိတို့ပိုင်းခြားသိကုန်၏။ (၂)

Some say nice things to their friends without following it up. The wise will recognize one who talks without doing.

၂၅၈။ န သော မိတ္တော ယော သဒါ အပ္ပမတ္တော, ဘေဒါသင်္ကီ ရန္ဓမေဝါနုပဿီ၊

ယသ္မိဉ္စ သေတိ ဥရသီဝ ပုတ္တော, သ ဝေ မိတ္တော ယော ပရေဟိ အဘေဇ္ဇော။

၂၅၈။ အကြင်သူသည် ကွဲပြားရမည်ကိုသာ တွေးတောယုံမှားလျက် အခါ ခပ် သိမ်း မမေ့မလျော့ဘဲမိမိကို အပြစ်တင်သောအခါ ပြန်၍ အပြစ်တင်ရန် အကြောင်း အခွင့်ကိုသာလျှင် ရှုလျက်နေ၏၊ ထိုသူသည် အကြင်သူသည် အဆွေခင်ပွန်းစစ် မဟုတ်၊ အကြင်သူကား သားငယ်သည် အဖ၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်သကဲ့သို့ အကြင်အဆွေခင်ပွန်း၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်၏၊ အကြင်အဆွေခင်ပွန်းကိုလည်း သူတစ်ပါးတို့က အကြောင်းရာထောင်ပြော၍သော်လည်းမဖျက်ဆီးနိုင်၊ ထိုသူ၏ ထိုသို့ သဘောရှိသော အဆွေခင်ပွန်းသည် အဆွေခင်ပွန်းစစ်မည်၏။ (၃)

No true friend relentlessly suspects betrayal, looking for fault. One on whom you rest, like a child on the breast, is a true friend, not split from you by others.

၂၅၉။ ပါမုဇ္ဇကရဏံ ဌာနံ, ပသံသာဝဟနံ သုခံ၊

ဖလာနိသံသော ဘာဝေတိ, ဝဟန္တော ပေါရိသံ ဓုရံ။

၂၅၉။ ဝမ်းမြောက်ခြင်းကို ပြုတတ်သော ဝီရိယသည် ချမ်းသာခြင်း၏ အကြောင်းတည်း၊ ချီးမွမ်းခြင်းကို ဆောင်တတ်သော ဝီရိယသည် ချမ်းသာ၏၊ အကျိုးကို အလိုရှိသူသည် ယောကျာ်းအား လျောက်ပတ်သော ဝန်ကို ဆောင်လျက် သမ္မပ္ပဓာန် လုံ့လကို ပွါးများ၏။ (၄)

One whose reward is the fruit of bearing the burden of service develops a happy state, producing joy and attracting praise.

၂၆၀။ ပဝိဝေကရသံ ပိတွာ, ရသံ ဥပသမဿ စ၊

နိဒ္ဒရော ဟောတိ နိပ္ပါပေါ, ဓမ္မပီတိရသံ ပိဝန္တိ။

ဟိရိသုတ္တံ တတိယံ နိဋ္ဌိတံ။

၂၆၀။ တရားတည်းဟူသော နှစ်သက်မှုပီတိအရသာကို သောက်ရသူသည် ဆိတ် ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်းသောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်း ကင်း၏ဟု (မိန့်တော်မူ၏)။ (၅) သုံးခုမြောက် ဟိရိသုတ် ပြီး၏။ ၄-မင်္ဂလသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဥ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ် ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့့်လျှောက်၏-

One who has drunk the nectar of seclusion and the nectar of peace, free of stress, free of evil, drinks the joyous nectar of Dhamma.

၄။ မင်္ဂလသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၂၆၁။ ‘‘ဗဟူ ဒေဝါ မနုဿာ စ, မင်္ဂလာနိ အစိန္တယုံ၊

အာကင်္ခမာနာ သောတ္ထာနံ, ဗြူဟိ မင်္ဂလမုတ္တမံ’’။

၂၆၁။ (မြတ်စွာဘုရား) များစွာကုန်သော နတ်လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ (မင်္ဂလာ) တရားတို့ကို ကြံကြကုန်၏၊ (အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။ (၁)

Anthology of Discourses 2.4 Blessings So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then, late at night, a glorious deity, lighting up the entire Jeta’s Grove, went up to the Buddha, bowed, and stood to one side. That deity addressed the Buddha in verse: “Many gods and humans have thought about blessings desiring well-being: declare the highest blessing.”

စာ-၃၁၉

၂၆၂။ ‘‘အသေဝနာ စ ဗာလာနံ, ပဏ္ဍိတာနဉ္စ သေဝနာ၊

ပူဇာ စ ပူဇနေယျာနံ [ပူဇနီယာနံ (သီ။ သျာ။ ကံ။ ပီ။)], ဧတံ မင်္ဂလမုတ္တမံ။

၂၆၂။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၂)

“Not to fraternize with fools, but to fraternize with the wise, and honoring those worthy of honor: this is the highest blessing.

၂၆၃။ ‘‘ပတိရူပဒေသဝါသော စ, ပုဗ္ဗေ စ ကတပုညတာ၊

အတ္တသမ္မာပဏိဓိ [အတ္တသမ္မာပဏီဓီ (ကတ္ထစိ)] စ, ဧတံ မင်္ဂလမုတ္တမံ။

၂၆၃။ (နတ်သား) သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊ ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊ မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။ (၃)

Living in a suitable region, having made merit in the past, being rightly resolved in oneself, this is the highest blessing.

၂၆၄။ ‘‘ဗာဟုသစ္စဉ္စ သိပ္ပဉ္စ, ဝိနယော စ သုသိက္ခိတော၊

သုဘာသိတာ စ ယာ ဝါစာ, ဧတံ မင်္ဂလမုတ္တမံ။

၂၆၄။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၄)

Education and a craft, discipline and training, and well-spoken speech: this is the highest blessing.

၂၆၅။ ‘‘မာတာပိတု ဥပဋ္ဌာနံ, ပုတ္တဒါရဿ သင်္ဂဟော၊

အနာကုလာ စ ကမ္မန္တာ, ဧတံ မင်္ဂလမုတ္တမံ။

၂၆၅။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း, သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း, ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၅)

Caring for mother and father, kindness to children and partners, and unstressful work: this is the highest blessing.

၂၆၆။ ‘‘ဒါနဉ္စ ဓမ္မစရိယာ စ, ဉာတကာနဉ္စ သင်္ဂဟော၊

အနဝဇ္ဇာနိ ကမ္မာနိ, ဧတံ မင်္ဂလမုတ္တမံ။

၂၆၆။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း, ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း, အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၆)

Giving and righteous conduct, kindness to relatives, blameless deeds: this is the highest blessing.

၂၆၇။ ‘‘အာရတီ ဝိရတီ ပါပါ, မဇ္ဇပါနာ စ သံယမော၊

အပ္ပမာဒေါ စ ဓမ္မေသု, ဧတံ မင်္ဂလမုတ္တမံ။

၂၆၇။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဥ်ခြင်းလည်းကောင်း, မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဥ်ခြင်းလည်းကောင်း, သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း, ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၇)

Desisting and abstaining from evil, avoiding drinking liquor, diligence in good qualities: this is the highest blessing.

၂၆၈။ ‘‘ဂါရဝေါ စ နိဝါတော စ, သန္တုဋ္ဌိ စ ကတညုတာ၊

ကာလေန ဓမ္မဿဝနံ [ဓမ္မသဝဏံ (ကတ္ထစိ), ဓမ္မသဝနံ (သီ။ က။)], ဧတံ မင်္ဂလမုတ္တမံ။

၂၆၈။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း, (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း, ရောင့်ရဲလွယ်ခြင်းလည်းကောင်း, သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း ဤတရားလေးပါးသည်မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၈)

Respect and placidity, contentment and gratitude, and timely listening to the teaching: this is the highest blessing.

၂၆၉။ ‘‘ခန္တီ စ သောဝစဿတာ, သမဏာနဉ္စ ဒဿနံ၊

ကာလေန ဓမ္မသာကစ္ဆာ, ဧတံ မင်္ဂလမုတ္တမံ။

၂၆၉။ (နတ်သား)သည်းခံခြင်းလည်းကောင်း, သူတော်ကောင်းတို့၏ ဆုံးမ စကားကို နာလွယ်ခြင်းလည်းကောင်း, ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊ ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၉)

Patience, being easy to admonish, the sight of ascetics, and timely discussion of the teaching: this is the highest blessing.

၂၇၀။ ‘‘တပေါ စ ဗြဟ္မစရိယဉ္စ, အရိယသစ္စာန ဒဿနံ၊

နိဗ္ဗာနသစ္ဆိကိရိယာ စ, ဧတံ မင်္ဂလမုတ္တမံ။

၂၇၀။ (နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၁၀)

Fervor and chastity seeing the noble truths, and realization of extinguishment: this is the highest blessing.

၂၇၁။ ‘‘ဖုဋ္ဌဿ လောကဓမ္မေဟိ, စိတ္တံ ယဿ န ကမ္ပတိ၊

အသောကံ ဝိရဇံ ခေမံ, ဧတံ မင်္ဂလမုတ္တမံ။

၂၇၁။ (နတ်သား) လောကဓံတို့နှင့် တွေ့သော အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်, စိုးရိမ်ခြင်းမရှိ, ကိလေသာမြူ ကင်း၏, ဘေးရန် မရှိ၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၁၁)

Though touched by worldly conditions, their mind does not tremble; sorrowless, stainless, secure: this is the highest blessing.

၂၇၂။ ‘‘ဧတာဒိသာနိ ကတွာန, သဗ္ဗတ္ထမပရာဇိတာ၊

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ, တံ တေသံ မင်္ဂလမုတ္တမ’’န္တိ။

မင်္ဂလသုတ္တံ စတုတ္ထံ နိဋ္ဌိတံ။

၂၇၂။ (နတ်သား) မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်၏၊ ထို့ကြောင့် ထိုတရားသုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။ (၁၂) လေးခုမြောက် မင်္ဂလသုတ် ပြီး၏။ ၅-သူစိလောမသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ သူစိလောမဘီလူး၏ဗိမာန် ကျောက်ဖျာညောင်စောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ခရလောမဘီလူးသည်လည်းကောင်း၊ သူစိလောမဘီလူးသည်လည်းကောင်း မြတ်စွာဘုရား၏ မနီးမဝေး၌ လွန်၍သွားကုန်၏၊ ထို့နောက် ခရလောမ ဘီလူးသည် သူစိလောမဘီလူးကို “ဤသူကား ရဟန်းတည်း”ဟု ပြောဆို၏၊ ဤသူကား ရဟန်းမဟုတ်၊ ဤသူကား ရဟန်းတုတည်း၊ ထိုသူသည် “ရဟန်းစစ်သော်လည်းဖြစ်စေ၊ ရဟန်းတုသော်လည်းဖြစ်စေ ငါ သိအောင်ပြုအံ့”ဟု (ဆို၏)။ ထို့နောက် သူစိလောမဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ကိုယ်ကို တိုးဝှေ့၏၊ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်ကို တိမ်းဖယ်တော်မူ၏၊ ထို့နောက် သူစိလောမဘီလူးသည်မြတ်စွာဘုရားအား “ရဟန်း သင်သည် ငါ့ကို ကြောက်သလော”ဟု ဆို၏။ ဒကာဘီလူး ငါသည် သင့်ကို မကြောက်၊ စင်စစ်မှာမူ သင်၏ အတွေ့သည် ယုတ်ညံ့၏ဟု (မိန့်ဆိုတော်မူ၏)။ ရဟန်း သင့်ကို ပြဿနာ မေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။ ဒကာဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့််တကွသော လူ့လောက၌ ငါ၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော် မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာဘီလူး အလိုရှိသော် ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။ ထို့နောက်သူစိလောမ ဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

Having completed these things, undefeated everywhere; everywhere they go in safety: this is their highest blessing.”

စာ-၃၂၀

၅။ သူစိလောမသုတ္တံ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဂယာယံ ဝိဟရတိ ဋင်္ကိတမဉ္စေ သူစိလောမဿ ယက္ခဿ ဘဝနေ။ တေန ခေါ ပန သမယေန ခရော စ ယက္ခော သူစိလောမော စ ယက္ခော ဘဂဝတော အဝိဒူရေ အတိက္ကမန္တိ။ အထ ခေါ ခရော ယက္ခော သူစိလောမံ ယက္ခံ ဧတဒဝေါစ – ‘‘ဧသော သမဏော’’တိ။ ‘‘နေသော သမဏော, သမဏကော ဧသော။ ယာဝါဟံ ဇာနာမိ [ယာဝ ဇာနာမိ (သီ။ ပီ။)] ယဒိ ဝါ သော သမဏော [ယဒိ ဝါ သမဏော (သျာ။)], ယဒိ ဝါ သော သမဏကော’’တိ [ယဒိ ဝါ သမဏကောတိ (သီ။ သျာ။ ပီ။)]။

အထ ခေါ သူစိလောမော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ကာယံ ဥပနာမေသိ။ အထ ခေါ ဘဂဝါ ကာယံ အပနာမေသိ။ အထ ခေါ သူစိလောမော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘာယသိ မံ, သမဏာ’’တိ? ‘‘န ခွါဟံ တံ, အာဝုသော, ဘာယာမိ၊ အပိ စ တေ သပ္ဖဿော ပါပကော’’တိ။

‘‘ပဉှံ တံ, သမဏ, ပုစ္ဆိဿာမိ။ သစေ မေ န ဗျာကရိဿသိ, စိတ္တံ ဝါ တေ ခိပိဿာမိ, ဟဒယံ ဝါ တေ ဖာလေဿာမိ, ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပိဿာမီ’’တိ။

‘‘န ခွါဟံ တံ, အာဝုသော, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ယော မေ စိတ္တံ ဝါ ခိပေယျ ဟဒယံ ဝါ ဖာလေယျ ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပေယျ။ အပိ စ တွံ, အာဝုသော, ပုစ္ဆ ယဒါကင်္ခသီ’’တိ။ အထ ခေါ သူစိလောမော ယက္ခော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၂၇၃။ ‘‘ရာဂေါ စ ဒေါသော စ ကုတောနိဒါနာ, အရတီ ရတီ လောမဟံသော ကုတောဇာ၊

ကုတော သမုဋ္ဌာယ မနောဝိတက္ကာ, ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ’’။

၂၇၃။ (ရဟန်း) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ အဘယ်လျှင်အကြောင်းရှိကုန်သနည်း၊ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီး မွေးညင်းထမှုသည်လည်းကောင်းအဘယ်မှဖြစ်သနည်း၊ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူကာမဝိတက်စသည်တို့သည် အဘယ်မှဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်သနည်း။ (၁)

Anthology of Discourses 2.5 With Spiky So I have heard. At one time the Buddha was staying near Gayā on the cut-stone ledge in the haunt of Spiky the native spirit. Now at that time the native spirits Shaggy and Spiky were passing by not far from the Buddha. So Shaggy said to Spiky, “That’s an ascetic.” “That’s no ascetic, he’s a faker! I’ll soon find out whether he’s an ascetic or a faker.” Then Spiky went up to the Buddha and leaned up against his body, but the Buddha pulled away. Then Spiky said to the Buddha, “Are you afraid, ascetic?” “No, respectable sir, I’m not afraid. But your touch is nasty.” “I will ask you a question, ascetic. If you don’t answer me, I’ll drive you insane, or explode your heart, or grab you by the feet and throw you to the far shore of the Ganges!” “I don’t see anyone in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans who could do that to me. But anyway, ask what you wish.” Then Spiky addressed the Buddha in verse: “Where do greed and hate come from? From where spring discontent, desire, and terror? Where do the mind’s thoughts originate, like a crow let loose by boys.”

၂၇၄။ ‘‘ရာဂေါ စ ဒေါသော စ ဣတောနိဒါနာ, အရတီ ရတီ လောမဟံသော ဣတောဇာ၊

ဣတော သမုဋ္ဌာယ မနောဝိတက္ကာ, ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။

၂၇၄။ (ဘီလူး) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ ဤ (အတ္တ ဘော)လျှင်အကြောင်းရှိကုန်၏၊ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေး ညင်း ထမှုသည်လည်းကောင်းဤအတ္တဘောမှ ဖြစ်ကုန်၏၊ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူ ကာမဝိတက် စသည်တို့သည် ဤအတ္တဘောမှ ဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်၏။ (၂)

“Greed and hate come from here; from here spring discontent, desire, and terror; here’s where the mind’s thoughts originate, like a crow let loose by boys.

စာ-၃၂၁

၂၇၅။ ‘‘သ္နေဟဇာ အတ္တသမ္ဘူတာ, နိဂြောဓဿေဝ ခန္ဓဇာ၊

ပုထူ ဝိသတ္တာ ကာမေသု, မာလုဝါဝ ဝိတတာဝနေ။

၂၇၅။ ပညောင်ပင်၏ မြစ်ပျဥ်းတို့သည် ပင်စည်တို့၌ ဖြစ်ကုန်သကဲ့သို့ တဏှာ အစေးကြောင့် ဖြစ်ကုန်သော ရာဂစသောတရားတို့သည် အတ္တဘော၌ ဖြစ်ကုန်၏၊ တော၌ ဖြစ်သော မာလောနွယ်သည်မိမိနွယ်သော သစ်ပင်ကို ထက်ဝန်းကျင် ရစ်ပတ်ပိတ်ဆို့သကဲ့သို့ များစွာသော ကိလေသာတို့သည် ကာမဂုဏ်တို့၌ ငြိတွယ်လျက် တည်ကုန်၏။ (၃)

Born of affection, originating in oneself, like prop roots sprouting from a banyan; the many kinds of attachment to sensual pleasures are like camel’s foot creeper <j>creeping through the woods.

၂၇၆။ ‘‘ယေ နံ ပဇာနန္တိ ယတောနိဒါနံ, တေ နံ ဝိနောဒေန္တိ သုဏောဟိ ယက္ခ၊

တေ ဒုတ္တရံ ဩဃမိမံ တရန္တိ, အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယာ’’တိ။

သူစိလောမသုတ္တံ ပဉ္စမံ နိဋ္ဌိတံ။

၂၇၆။ ဘီလူး နားထောင်လော့၊ အကြင်သူတို့သည် ထိုအတ္တဘောကို သိကုန်၏၊ ယင်းအတ္တဘောလျှင်အကြောင်းရှိသောတဏှာကိုလည်း သိကုန်၏၊ ထိုသူတို့သည် ထိုအတ္တဘော၏ အကြောင်းဖြစ်သောတဏှာအစေးကို ပယ်ဖျောက်ကုန်၏၊ တစ်ဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ မကူးမြောက်ဖူးသေးသော ကူးခပ်နိုင်ခဲသော ဤသံသရာ ဩဃကို ကူးမြောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄) ငါးးခုမြောက် သူစိလောမသုတ် ပြီး၏။

Those who understand where they come from dispel them—listen up, spirit! They cross this flood so hard to cross, not crossed before, so as to not be reborn.”

၆။ ဓမ္မစရိယသုတ္တ

၂၇၇။ ဓမ္မစရိယံ ဗြဟ္မစရိယံ, ဧတဒါဟု ဝသုတ္တမံ၊

ပဗ္ဗဇိတောပိ စေ ဟောတိ, အဂါရာ အနဂါရိယံ။

၆-ဓမ္မစရိယသုတ် ၂၇၇-၂၇၈။ တရားကျင့်ခြင်းကိုလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်းကိုလည်းကောင်းဤနှစ်ပါးစုံကို မြတ်သော ဥစ္စာရတနာဟူ၍ ဆိုကုန်၏၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ရဟန်းပြုသူ အကယ်၍ ဖြစ်သော်လည်း ဖြစ်စေ ကာမူ ထိုရဟန်းသည် နှုတ်ကြမ်းသော သဘောရှိသူသူတစ်ပါးတို့ကို ညှဥ်းဆဲခြင်း၌ အလွန်မွေ့လျော်သူ သားသမင်နှင့် တူသူဖြစ်ခဲ့ပါမူ ထိုရဟန်း၏ အသက်ရှင်နေခြင်းသည် ယုတ်ညံ့၏၊ မိမိ၏ ကိလေသာမြူကို ပွါးစေ၏။ (၁-၂)

Anthology of Discourses 2.6 A Righteous Life A righteous life, a spiritual life, they call this the supreme treasure. But if someone goes forth from the lay life to homelessness

၂၇၈။ သော စေ မုခရဇာတိကော, ဝိဟေသာဘိရတော မဂေါ၊

ဇီဝိတံ တဿ ပါပိယော, ရဇံ ဝဍ္ဎေတိ အတ္တနော။

who is of scurrilous character, a beast and a bully, their life gets worse, as poison grows inside them.

၂၇၉။ ကလဟာဘိရတော ဘိက္ခု, မောဟဓမ္မေန အာဝုတော၊

အက္ခာတမ္ပိ န ဇာနာတိ, ဓမ္မံ ဗုဒ္ဓေန ဒေသိတံ။

၂၇၉။ ခိုက်ရန်ဖြစ်ခြင်း၌ မွေ့လျော်သော ရဟန်းသည် မောဟတရားဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ (သူတော်ကောင်းတို့) ပြောကြားသည်ကိုလည်း မသိနိုင်၊ မြတ်စွာဘုရား ဟောကြားအပ်သောတရားကိုလည်း မသိနိုင်။ (၃)

A mendicant who loves to quarrel, wrapped in delusion, doesn’t even know what’s been explained in the Dhamma taught by the Buddha.

၂၈၀။ ဝိဟေသံ ဘာဝိတတ္တာနံ, အဝိဇ္ဇာယ ပုရက္ခတော၊

သံကိလေသံ န ဇာနာတိ, မဂ္ဂံ နိရယဂါမိနံ။

၂၈၀။ စိတ်ကို ပွါးများပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ကို ညှဥ်းဆဲသောသူသည် အဝိဇ္ဇာခြံရံအပ်သည်ဖြစ်၍ (ယခုဘဝ၌) စိတ်ညစ်ညူးကြောင်း (နောင်အခါ ) ငရဲသို့ ကျရောက်ကြောင်းဖြစ်သော အကုသိုလ်လမ်းခရီးကို မသိနိုင်။ (၄)

Harassing those who are evolved, governed by ignorance, they don’t know that corruption is the path that leads to hell.

၂၈၁။ ဝိနိပါတံ သမာပန္နော, ဂဗ္ဘာ ဂဗ္ဘံ တမာ တမံ၊

သ ဝေ တာဒိသကော ဘိက္ခု, ပေစ္စ ဒုက္ခံ နိဂစ္ဆတိ။

၂၈၁။ (ဤသို့ မသိသူသည် ဤခရီးဖြင့်ပင်) ပျက်စီး၍ကျရာ အပါယ်သို့ ရောက်ရ၏၊ အမိဝမ်းတိုက်တစ်ခုမှ အမိဝမ်းတိုက်တစ်ခုသို့ အမိုက်တိုက်တစ်ခုမှ အမိုက် တိုက်တစ်ခုသို့ ရောက်ရ၏၊ ထိုသို့ သဘောရှိသော ထိုရဟန်းသည် တမလွန်ဘဝ၌ ဆင်းရဲသို့ ရောက်ရ၏။ (၅)

Entering the underworld, passing from womb to womb, <j>from darkness to darkness, such a mendicant falls into suffering after death.

၂၈၂။ ဂူထကူပေါ ယထာ အဿ, သမ္ပုဏ္ဏော ဂဏဝဿိကော၊

ယော စ ဧဝရူပေါ အဿ, ဒုဗ္ဗိသောဓော ဟိ သာင်္ဂဏော။

၂၈၂။ နှစ်-လ-များစွာ ကြာရှိပြီးသော မစင်တွင်းသည် မစင်ဖြင့် ပြည့်သည်ဖြစ်၍ (ဆေးကြောနိုင်ခဲသည်) ဖြစ်ရာသကဲ့သို့ အကြင်ရဟန်းသည် လည်း ဤဥပမာ သဘောရှိသူ ဖြစ်ငြားအံ့၊ ကိလေသာ အညစ်အကြေးရှိသော ထိုရဟန်းသည် အကုသိုလ်မစင်ဖြင့် ပြည့်သဖြင့် ဆေးကြော၍စင်ကြယ်စေနိုင်ခဲ၏။ (၆)

One such as that is like a sewer brimful with years of filth for it’s hard to clean one full of grime.

၂၈၃။ ယံ ဧဝရူပံ ဇာနာထ, ဘိက္ခဝေါ ဂေဟနိဿိတံ၊

ပါပိစ္ဆံ ပါပသင်္ကပ္ပံ, ပါပအာစာရဂေါစရံ။

၂၈၃။ ရဟန်းတို့ ကာမဂုဏ်ငါးပါးကိုမှီသော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ ရှိသော ဤသို့ သဘော ရှိသည့် အကြင်ရဟန်းကို သင်တို့ သိကြကုန်မူ- (၇)

Mendicants, knowing that someone is like this, attached to the domestic life, of corrupt wishes and wicked intent, of bad behavior and alms-resort,

စာ-၃၂၂

၂၈၄။ သဗ္ဗေ သမဂ္ဂါ ဟုတွာန, အဘိနိဗ္ဗဇ္ဇိယာထ [အဘိနိဗ္ဗဇ္ဇယာထ (သီ။ ပီ။ အ။ နိ။ ၈။၁၀)] နံ၊

ကာရဏ္ဍဝံ [ကာရဏ္ဍံ ဝ (သျာ။ က။) အ။ နိ။ ၈။၁၀] နိဒ္ဓမထ, ကသမ္ဗုံ အပကဿထ [အဝကဿထ (သီ။ သျာ။ က။)]။

၂၈၄။ အလုံးစုံသော သင်တို့သည် ညီညွတ်ကြကုန်လျက် ထိုရဟန်းကို ရှောင် ကြဥ်ကြကုန်လော့၊ အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ကြကုန်လော့၊ ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ကြကုန်လော့။ (၈)

then having gathered in harmony, you should expel them. Throw out the trash! Get rid of the rubbish!

၂၈၅။ တတော ပလာပေ [ပလာသေ (က။)] ဝါဟေထ, အဿမဏေ သမဏမာနိနေ၊

နိဒ္ဓမိတွာန ပါပိစ္ဆေ, ပါပအာစာရဂေါစရေ။

၂၈၅။ စပါးဖျင်းကဲ့သို့ ရဟန်းတို့ကို ထိုသံဃာ့ဘောင်မှ မျှောလွှင့်ကြကုန်လော့၊ ရဟန်းမဟုတ်ဘဲငါရဟန်းဟုမှတ်ထင်သော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’ကျက်စားရာ ‘ဂေါစာရ’ ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်ကြကုန်၍- (၉)

And sweep away the scraps— they’re not ascetics, they just think they are. When you’ve thrown out those of corrupt wishes, of bad behavior and alms-resort,

၂၈၆။ သုဒ္ဓါ သုဒ္ဓေဟိ သံဝါသံ, ကပ္ပယဝှေါ ပတိဿတာ၊

တတော သမဂ္ဂါ နိပကာ, ဒုက္ခဿန္တံ ကရိဿထာတိ။

ဓမ္မစရိယသုတ္တံ [ကပိလသုတ္တံ (အဋ္ဌ။)] ဆဋ္ဌံ နိဋ္ဌိတံ။

၂၈၆။ စင်ကြယ်သော ရဟန်းတို့သည် စင်ကြယ်သော ရဟန်းတို့နှင့် ရိုသေကျိုး နွံကြကုန်လျက်ပေါင်းသင်းမှုကို ပြုကြကုန်လော့၊ ထို့နောက် ညီညွတ်ကြကုန် ပညာဉာဏ် ရင့်ကျက်ကြကုန်သည်ဖြစ်၍ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လော့ဟု (မိန့်တော်မူ၏)။ (၁၀) ခြောက်ခုမြောက် ဓမ္မစရိယသုတ် ပြီး၏။ ၇-ဗြာဟ္မဏဓမ္မိကသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော များစွာသော ကောသလတိုင်းသား ပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်ကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော်မြတ်စွာဘုရားအား “အသျှင်ဂေါတမ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဥ်တရား၌ တွေ့မြင်ကြရကုန်၏လော”ဟု လျှောက်ကုန်၏။ ပုဏ္ဏားတို့ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဥ်တရား၌ မတွေ့မြင်ရတော့ကုန်ဟု (မိန့်တော်မူ၏)၊ တောင်းပန်ပါ၏- အသျှင်ဂေါတမအား ဝန်မလေးပါမူ အသျှင်ဂေါတမသည်ရှေးခေတ် ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဥ်တရားကို အကျွန်ုပ်တို့အား ဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏားတို့သို့ ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအားပြန်လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

dwell in communion, ever mindful, the pure with the pure. Then in harmony, alert, you’ll make an end of suffering.

၇။ ဗြာဟ္မဏဓမ္မိကသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ သမ္ဗဟုလာ ကောသလကာ ဗြာဟ္မဏမဟာသာလာ ဇိဏ္ဏာ ဝုဍ္ဎာ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဗြာဟ္မဏမဟာသာလာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘သန္ဒိဿန္တိ နု ခေါ, ဘော ဂေါတမ, ဧတရဟိ ဗြာဟ္မဏာ ပေါရာဏာနံ ဗြာဟ္မဏာနံ ဗြာဟ္မဏဓမ္မေ’’တိ? ‘‘န ခေါ, ဗြာဟ္မဏာ, သန္ဒိဿန္တိ ဧတရဟိ ဗြာဟ္မဏာ ပေါရာဏာနံ ဗြာဟ္မဏာနံ ဗြာဟ္မဏဓမ္မေ’’တိ။ ‘‘သာဓု နော ဘဝံ ဂေါတမော ပေါရာဏာနံ ဗြာဟ္မဏာနံ ဗြာဟ္မဏဓမ္မံ ဘာသတု, သစေ ဘောတော ဂေါတမဿ အဂရူ’’တိ။ ‘‘တေန ဟိ, ဗြာဟ္မဏာ, သုဏာထ, သာဓုကံ မနသိ ကရောထ, ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ တေ ဗြာဟ္မဏမဟာသာလာ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

၂၈၇။ ‘‘ဣသယော ပုဗ္ဗကာ အာသုံ, သညတတ္တာ တပဿိနော၊

ပဉ္စ ကာမဂုဏေ ဟိတွာ, အတ္တဒတ္ထမစာရိသုံ။

၂၈၇။ (ပုဏ္ဏားတို့) ရှေး၌ ဖြစ်သော ရသေ့တို့သည် ကောင်းစွာ စောင့်စည်းသော စိတ် ရှိကုန်၏၊ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံကုန်၏၊ ကာမဂုဏ်ငါးပါးတို့ကို စွန့်ကြ၍ မိမိအကျိုးကို ကျင့်ကုန်၏။ (၁)

Anthology of Discourses 2.7 Brahmanical Principles So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then several old and well-to-do brahmins of Kosala—elderly and senior, who were advanced in years and had reached the final stage of life—went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side and said to the Buddha: “Worthy Gotama, are the ancient principles of the brahmins exhibited these days among brahmins?” “No, brahmins, they are not.” “If you wouldn’t mind, Worthy Gotama, please teach us the ancient principles of the brahmins.” “Well then, brahmins, listen and apply your mind well, I will speak.” “Yes, worthy sir,” they replied. The Buddha said this: “The ancient seers used to be restrained and austere. Having given up the five sensual stimuli, they lived for their own true good.

၂၈၈။ ‘‘န ပသူ ဗြာဟ္မဏာနာသုံ, န ဟိရညံ န ဓာနိယံ၊

သဇ္ဈာယဓနဓညာသုံ, ဗြဟ္မံ နိဓိမပါလယုံ။

၂၈၈။ (ရှေးခေတ်) ပုဏ္ဏားတို့အား နွားမြင်းစသည် မရှိကုန်၊ ရွှေငွေမရှိ၊ ဥစ္စာ စပါး မရှိ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းတည်းဟူသော ဥစ္စာစပါးသာ ရှိကုန်၏၊ မေတ္တာစသော မြတ်သော ရွှေအိုးကို စောင့်ရှောက်ကုန်၏။ (၂)

Brahmins used to own no cattle, nor gold coin or grain. Chanting was their money and grain, which they guarded as a gift from god.

စာ-၃၂၃

၂၈၉။ ‘‘ယံ နေသံ ပကတံ အာသိ, ဒွါရဘတ္တံ ဥပဋ္ဌိတံ၊

သဒ္ဓါပကတမေသာနံ, ဒါတဝေ တဒမညိသုံ။

၂၈၉။ ပုဏ္ဏားတို့အား ရည်ညွှန်း၍ စီရင်အပ်သော ဒွါရဘတ်ကို ထိုပုဏ္ဏားတို့ အတွက် တည်ထားအပ်ပြီ၊ သဒ္ဓါ၍ စီရင်အပ်သော ထိုဒွါရဘတ်ကို ရှာမှီးသော ပုဂ္ဂိုလ်တို့အား ပေးလှူရမည်ဟူ၍ အလှူဒါယကာတို့သိမှတ်ထားကြကုန်၏။ (၃)

Food was prepared for them and left beside their doors. People believed that food prepared in faith should be given to them.

၂၉၀။ ‘‘နာနာရတ္တေဟိ ဝတ္ထေဟိ, သယနေဟာဝသထေဟိ စ၊

ဖီတာ ဇနပဒါ ရဋ္ဌာ, တေ နမဿိံသု ဗြာဟ္မဏေ။

၂၉၀။ ဆိုးရေအမျိုးမျိုးတို့ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုး အိပ်ရာ နေရာ နေအိမ်တို့ဖြင့်စည်ပင်ဝပြောကုန်သော ဇနပုဒ်သူ ဇနပုဒ်သားတို့သည်လည်းကောင်း၊နိုင်ငံသူနိုင်ငံသားတို့သည်လည်းကောင်း ထိုပုဏ္ဏားတို့ကို ရှိခိုးကုန်၏။ (၄)

With colorful clothes, lodgings and houses, prosperous nations and countries honored those brahmins.

၂၉၁။ ‘‘အဝဇ္ဈာ ဗြာဟ္မဏာ အာသုံ, အဇေယျာ ဓမ္မရက္ခိတာ၊

န နေ ကောစိ နိဝါရေသိ, ကုလဒွါရေသု သဗ္ဗသော။

၂၉၁။ ထိုရှိခိုးထိုက်သော ပုဏ္ဏားတို့သည် တရားစောင့်သူတို့ ဖြစ်ကုန်ရကား လူတို့ကမသတ်ထိုက်သူတို့လည်း ဖြစ်ကုန်၏၊ နှိပ်စက်၍ အနိုင်မယူထိုက်သူတို့လည်း ဖြစ်ကုန်၏၊ အိမ်တံခါးတို့၌ အချင်းခပ်သိမ်း တစ်စုံတစ်ယောက်သောသူကမျှ ထိုပုဏ္ဏားတို့ကို မတားမြစ်ပေ။ (၅)

Brahmins used to be inviolable and invincible, protected by principle. No one ever turned them away from the doors of families.

၂၉၂။ ‘‘အဋ္ဌစတ္တာလီသံ ဝဿာနိ, (ကောမာရ) ဗြဟ္မစရိယံ စရိံသု တေ၊

ဝိဇ္ဇာစရဏပရိယေဋ္ဌိံ, အစရုံ ဗြာဟ္မဏာ ပုရေ။

၂၉၂။ ထိုပုဏ္ဏားတို့သည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး မေထုန်ရှောင်ကြဥ်မှု ကောမာရဗြဟ္မစရိယအကျင့်ကို ကျင့်ကုန်၏၊ ရှေးခေတ်ပုဏ္ဏားတို့သည် ဗေဒင် သရဇ္ဈာယ် ‘ဝိဇ္ဇာ’နှင့်သီလစောင့်ထိန်းမှု ‘စရဏ’ ရှာမှီးသောအကျင့်ကို ကျင့်ကြကုန်၏။ (၆)

For forty-eight years they led the spiritual life. The brahmins of old pursued their quest for knowledge and conduct.

၂၉၃။ ‘‘န ဗြာဟ္မဏာ အညမဂမုံ, နပိ ဘရိယံ ကိဏိံသု တေ၊

သမ္ပိယေနေဝ သံဝါသံ, သင်္ဂန္တွာ သမရောစယုံ။

၂၉၃။ ထိုပုဏ္ဏားတို့သည် မင်းစသောတစ်စုံတစ်ယောက်ထံသို့မျှ မကပ်ကုန်၊ မယားကိုလည်းမဝယ်ယူကုန်၊ အချင်းချင်း မြတ်နိုးသဖြင့်သာလျှင် ပေါင်းဖော်နှီး နှောကြကုန်လျက် အညီအမျှနှစ်သက်ကြကုန်၏။ (၇)

Brahmins never transgressed with another, nor did they purchase a wife. They lived together in love, joining together by mutual consent.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Uragavaggo (Suttapiṭaka, Khuddakanikāya, Suttanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#435
  2. Vipassana Research Institute. (n.d.). 2. Cūḷavaggo (Suttapiṭaka, Khuddakanikāya, Suttanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#436