ဓမ္မလမ်း
← သုတ္တနိပါတပါဠိ

သုတ္တနိပါတပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၂၃

၂၉၄။ ‘‘အညတြ တမှာ သမယာ, ဥတုဝေရမဏိံ ပတိ၊

အန္တရာ မေထုနံ ဓမ္မံ, နာဿု ဂစ္ဆန္တိ ဗြာဟ္မဏာ။

၂၉၄။ (ရှေး) ပုဏ္ဏားတို့သည် ထိုဥတု လာပြီးစ သွားလာထိုက်သောအခါမှ တစ်ပါးသောအခါ၌ ဥတုမှ ကင်းသော မယားကို ဥတုနှစ်ခုတို့၏ အကြား၌ မေထုန် အလို့ငှါ မကပ်ရောက်ကုန်။ (၈)

Brahmins never approached their wives for sex during the time outside the fertile phase of the menstrual cycle after menstruation.

၂၉၅။ ‘‘ဗြဟ္မစရိယဉ္စ သီလဉ္စ, အဇ္ဇဝံ မဒ္ဒဝံ တပံ၊

သောရစ္စံ အဝိဟိံသဉ္စ, ခန္တိဉ္စာပိ အဝဏ္ဏယုံ။

၂၉၅။ အကျင့်မြတ်ကိုုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်းကိုလည်းကောင်း၊ ဣန္ဒြေစောင့်စည်းခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ မပုတ်ခတ် မညှဥ်း ဆဲခြင်းကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်းချီးမွမ်းကုန်၏။ (၉)

They praised chastity and morality, integrity, tenderness, and fervor, gentleness and harmlessness, and also patience.

၂၉၆။ ‘‘ယော နေသံ ပရမော အာသိ, ဗြဟ္မာ ဒဠှပရက္ကမော၊

သ ဝါပိ မေထုနံ ဓမ္မံ, သုပိနန္တေပိ နာဂမာ။

၂၉၆။ ပုဏ္ဏားတို့တွင် အကြင်ပုဏ္ဏားသည် ဗြဟ္မာကဲ့သို့ မြင့်မြတ်သူ ဖြစ်၏၊ မြဲမြံသော ဝီရိယ ရှိ၏၊ ထိုပုဏ္ဏားတို့သည် မေထုန်အကျင့်ကို အိပ်မက်၌သော်မျှလည်း မရောက်စဖူး။ (၁၀)

He who was supreme among them, godlike, staunchly vigorous, did not engage in sex even in a dream.

၂၉၇။ ‘‘တဿ ဝတ္တမနုသိက္ခန္တာ, ဣဓေကေ ဝိညုဇာတိကာ၊

ဗြဟ္မစရိယဉ္စ သီလဉ္စ, ခန္တိဉ္စာပိ အဝဏ္ဏယုံ။

၂၉၇။ ဤလောက၌ လိမ္မာသော သဘောရှိကုန်သောအချို့ သူတို့သည် ထိုမြတ်သော ပုဏ္ဏား၏ကျင့်ဝတ်ကို အတုလိုက်၍ ကျင့်ကြကုန်လျက် အကျင့်မြတ်ကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်း ချီးမွမ်းကုန်၏။ (၁၁)

Training in line with their duties, many smart people here praised chastity and morality, and also patience.

၂၉၈။ ‘‘တဏ္ဍုလံ သယနံ ဝတ္ထံ, သပ္ပိတေလဉ္စ ယာစိယ၊

ဓမ္မေန သမောဓာနေတွာ, တတော ယညမကပ္ပယုံ။

၂၉၈။ ဆန်ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ထောပတ်ကိုလည်းကောင်း၊ ဆီကိုလည်းကောင်း တရားသဖြင့် တောင်းခံ၍ စုရုံးပြီးလျှင် ထိုအစုအပုံမှယဇ်ပူဇော်ခြင်းကို ပြုကြကုန်၏။ (၁၂)

They begged for rice, bedding, clothes, ghee, and oil. Having collected them legitimately, they arranged a sacrifice.

၂၉၉။ ‘‘ဥပဋ္ဌိတသ္မိံ ယညသ္မိံ, နာဿု ဂါဝေါ ဟနိံသု တေ၊

ယထာ မာတာ ပိတာ ဘာတာ, အညေ ဝါပိ စ ဉာတကာ၊

ဂါဝေါ နော ပရမာ မိတ္တာ, ယာသု ဇာယန္တိ ဩသဓာ။

၂၉၉။ ယဇ်ပူဇော်ရန် အချိန်ကျရောက်လတ်သော် ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကုန်၊ နွားမတို့၌ ဆေးဖြစ်ကုန်သော နွားနို့အရသာတို့ ဖြစ်ပေါ်လာကုန်ရကား နွားတို့သည် အမိအဖညီအစ်ကို ထိုမှတစ်ပါးသော ဆွေမျိုးတို့ကဲ့သို့ ငါတို့၏ မြတ်သော အဆွေခင်ပွန်းနှင့် တူကုန်၏။ (၁၃)

But they slew no cows while serving at the sacrifice. Like a mother, father, or brother, or some other relative, cows are our best friends, the fonts of medicine.

၃၀၀။ ‘‘အန္နဒါ ဗလဒါ စေတာ, ဝဏ္ဏဒါ သုခဒါ တထာ [သုခဒါ စ တာ (က။)]၊

ဧတမတ္ထဝသံ ဉတွာ, နာဿု ဂါဝေါ ဟနိံသု တေ။

၃၀၀။ ထိုနွားမတို့သည် ငါတို့အား ထမင်းကို ပေးကုန်၏၊ ခွန်အားကို ပေးကုန်၏၊ အဆင်းကို ပေးကုန်၏၊ ချမ်းသာကို ပေးကုန်၏၊ ဤသို့ သော အကျိုးထူးကို သိကုန်၍ ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကြကုန်။ (၁၄)

They give food and strength, and beauty and happiness. Knowing these benefits, they slew no cows.

စာ-၃၂၄

၃၀၁။ ‘‘သုခုမာလာ မဟာကာယာ, ဝဏ္ဏဝန္တော ယသဿိနော၊

ဗြာဟ္မဏာ သေဟိ ဓမ္မေဟိ, ကိစ္စာကိစ္စေသု ဥဿုကာ၊

ယာဝ လောကေ အဝတ္တိံသု, သုခမေဓိတ္ထယံ ပဇာ။

၃၀၁။ ပုဏ္ဏားတို့သည် နူးညံ့သိမ်မွေ့ကုန်၏၊ ကြီးသော ကိုယ်ရှိကုန်၏၊ ရုပ် အဆင်းလှကုန်၏၊ အခြံအရံများကုန်၏၊ မိမိဥစ္စာကိုယ်ကျင့်တရားတို့ဖြင့် ပြုထိုက်သော ကိစ္စ မပြုထိုက်သော ကိစ္စတို့၌ကြောင့်ကြစိုက်ကုန်၏၊ လောက၌ ဆိုအပ်ပြီးသောအကျင့်ကို ပုဏ္ဏားတို့ လိုက်နာကျင့်သုံးနေကြသမျှကာလပတ်လုံး ဤသတ္တဝါ အပေါင်းသည် ချမ်းသာကြီးပွါးခြင်းသို့ ရောက်နိုင်၏။ (၁၅)

The brahmins were delicate and tall, beautiful and glorious. They were keen on all the duties according to their teachings. So long as they continued in the world, people flourished happily.

၃၀၂။ ‘‘တေသံ အာသိ ဝိပလ္လာသော, ဒိသွာန အဏုတော အဏုံ၊

ရာဇိနော စ ဝိယာကာရံ, နာရိယော သမလင်္ကတာ။

၃၀၂။ ထိုပုဏ္ဏားတို့အား အနည်းငယ် (ကာမဂုဏ်) ကြောင့် ဖြစ်သော အနည်း ငယ် (ချမ်းသာ) ကို မြင်၍ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏၊ မင်း၏ စည်းစိမ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း။ (၁၆)

But perversion crept into them little by little when they saw the transformation of the king and the ladies in all their finery.

၃၀၃။ ‘‘ရထေ စာဇညသံယုတ္တေ, သုကတေ စိတ္တသိဗ္ဗနေ၊

နိဝေသနေ နိဝေသေ စ, ဝိဘတ္တေ ဘာဂသော မိတေ။

၃၀၃။ အာဇာနည်မြင်းကကုန်သော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်ကုန်သော ရထားတို့ကိုလည်းကောင်း၊ ဝေဖန်အပ်ကုန်သော အဖို့အစုအားဖြင့် နှိုင်းယှဥ်အပ်ကုန်သော အိပ်ရာနေရာတို့ကိုလည်းကောင်း၊ အိမ်တို့ကိုလည်းကောင်း မြင်ရ၍ ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏။ (၁၇)

Their chariots were harnessed with thoroughbreds, well-made with bright canopies, and their homes and houses were neatly divided section by section.

၃၀၄။ ‘‘ဂေါမဏ္ဍလပရိဗျူဠှံ, နာရီဝရဂဏာယုတံ၊

ဥဠာရံ မာနုသံ ဘောဂံ, အဘိဇ္ဈာယိံသု ဗြာဟ္မဏာ။

၃၀၄။ ပုဏ္ဏားတို့သည် နွားအပေါင်းတို့ဖြင့် ရောပြွမ်းသော မိန်းမမြတ်အပေါင်းနှင့် ပြည့်စုံသည့်ပြန့်ပြောများပြားသော လူ့စည်းစိမ်ကို တောင့်တကြံစည် ကြကုန်၏။ (၁၈)

They were lavished with herds of cattle, and furnished with bevies of lovely ladies. This extravagant human wealth was coveted by the brahmins.

၃၀၅။ ‘‘တေ တတ္ထ မန္တေ ဂန္ထေတွာ, ဩက္ကာကံ တဒုပါဂမုံ၊

ပဟူတဓနဓညောသိ, ယဇဿု ဗဟု တေ ဝိတ္တံ၊

ယဇဿု ဗဟု တေ ဓနံ။

၃၀၅။ ထိုအခါ ပုဏ္ဏားတို့သည် ထိုစည်းစိမ်ဟူသော အကြောင်းကြောင့် ဗေဒင် ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံးကြပြီးလျှင် (မင်းကြီး) သင်မင်းကြီးအား စည်းစိမ်များ၏၊ ယဇ်ပူဇော်ပါလော့၊ သင်မင်းကြီးအားဥစ္စာများ၏၊ ယဇ်ပူဇော်ပါလော့၊ ဤသို့ ယဇ်ပူဇော်သည်ရှိသော် သင်မင်းကြီးအား နောင်အခါ ဥစ္စာစပါးပေါများလတ္တံ့ဟု ပြောဆိုကာ ဩက္ကာကမင်းထံသို့ ချဥ်းကပ်ကြကုန်၏။ (၁၉)

They compiled hymns to that end, approached King Okkāka and said, ‘You have plenty of money and grain. Sacrifice! For you have much treasure. Sacrifice! For you have much money.’

၃၀၆။ ‘‘တတော စ ရာဇာ သညတ္တော, ဗြာဟ္မဏေဟိ ရထေသဘော၊

အဿမေဓံ ပုရိသမေဓံ, သမ္မာပါသံ ဝါဇပေယျံ နိရဂ္ဂဠံ၊

ဧတေ ယာဂေ ယဇိတွာန, ဗြာဟ္မဏာနမဒါ ဓနံ။

၃၀၆။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော ဩက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား မြင်းတို့ကို သတ်၍ ယဇ်ပူဇော်မှု ‘အဿမေဓယဇ်’၊ ယောကျာ်းတို့ကို သတ်၍ ယဇ်ပူဇော်မှု ‘ပုရိသမေဓယဇ်’၊ ထမ်းပိုး ကျည်းကို ပစ်၍ ထိုထမ်းပိုးကျည်းကျရာ၌ ယဇ်မြေပြုလျက် ပူဇော်မှု ‘သမ္မာပါသယဇ်’၊ ထောပတ်ဃနာ ပျားသကာတို့ကို့သောက်ရာဖြစ်သော ‘ဝါဇပေယျယဇ်’၊ တံခါးရွက်ကို ဖွင့်လှစ်၍ ပူဇော်မှု ‘နိရဂ္ဂဠယဇ်’ဟူကုန်သော ယဇ်တို့ကို ပူဇော်၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂၀)

Persuaded by the brahmins, the king, chief of charioteers, performed horse sacrifice, human sacrifice, the sacrifices of the ‘casting of the yoke-pin’, <j>the ‘royal soma drinking’, and the ‘unimpeded’. When he had carried out these sacrifices, he gave riches to the brahmins.

၃၀၇။ ‘‘ဂါဝေါ သယနဉ္စ ဝတ္ထဉ္စ, နာရိယော သမလင်္ကတာ၊

ရထေ စာဇညသံယုတ္တေ, သုကတေ စိတ္တသိဗ္ဗနေ။

၃၀၇။ နွားတို့ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း၊ အာဇာနည် မြင်းကသော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်သော ရထားတို့ကိုလည်းကောင်း ပေး၏။ (၂၁)

There were cattle, bedding, and clothes, and ladies in all their finery; chariots harnessed with thoroughbreds, well-made with bright canopies;

၃၀၈။ ‘‘နိဝေသနာနိ ရမ္မာနိ, သုဝိဘတ္တာနိ ဘာဂသော၊

နာနာဓညဿ ပူရေတွာ, ဗြာဟ္မဏာနမဒါ ဓနံ။

၃၀၈။ အဖို့အစုအားဖြင့် ကောင်းစွာ ဝေဖန်အပ်ကုန်သော မွေ့လျော်ဖွယ်ရာ အိမ်တို့ကို အထူးထူးသော ဥစ္စာစပါးဖြင့် ပြည့်စေ၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂၂)

and lovely homes, nicely divided section by section. Having furnished them with different grains, he gave riches to the brahmins.

၃၀၉။ ‘‘တေ စ တတ္ထ ဓနံ လဒ္ဓါ, သန္နိဓိံ သမရောစယုံ၊

တေသံ ဣစ္ဆာဝတိဏ္ဏာနံ, ဘိယျော တဏှာ ပဝဍ္ဎထ၊

တေ တတ္ထ မန္တေ ဂန္ထေတွာ, ဩက္ကာကံ ပုနမုပါဂမုံ။

၃၀၉။ ထိုပုဏ္ဏားတို့သည်လည်း ထို (ယဇ်ပွဲ)၌ ဥစ္စာကို ရကုန်၍ သိုမှီးမှုကို လိုလားနှစ်သက်ကြကုန်၏၊ အလိုဆိုးဖြင့် စိတ်သက်ဝင်ကုန်သော ထိုပုဏ္ဏားတို့အား အလွန့်အလွန် တဏှာပွါးများတော့၏၊ ထိုပုဏ္ဏားတို့သည် ထို (တဏှာပွါးများခြင်း) ကြောင့် ဗေဒင်ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံး၍ ဩက္ကာကမင်းထံသို့ တစ်ဖန် ချဥ်းကပ်ကုန်၏။ (၂၃)

When they got hold of that wealth, they arranged to store it up. Falling under the sway of desire, their craving grew and grew. They compiled hymns to that end, approached King Okkāka once more and said,

၃၁၀။ ‘‘ယထာ အာပေါ စ ပထဝီ စ, ဟိရညံ ဓနဓာနိယံ၊

ဧဝံ ဂါဝေါ မနုဿာနံ, ပရိက္ခာရော သော ဟိ ပါဏိနံ၊

ယဇဿု ဗဟု တေ ဝိတ္တံ, ယဇဿု ဗဟု တေ ဓနံ။

၃၁၀။ (မင်းမြတ်) ရေသည်လည်းကောင်း၊ မြေသည်လည်းကောင်း၊ ရွှေငွေသည်လည်းကောင်း၊ ဥစ္စာစည်းစိမ်သည်လည်းကောင်း၊ မုယောစသော ကောက်ပဲသည်လည်းကောင်း သတ္တဝါအားလုံးတို့၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဤအတူ နွားတို့သည် လူတို့၏ အသုံးအဆောင် ဖြစ်ကုန်၏၊ သင်မင်းကြီးအား စည်းစိမ်များ၏၊ ယဇ်ပူဇော်ပါလော့၊ သင် မင်းကြီးအား ဥစ္စာများ၏၊ ယဇ်ပူဇော်ပါလော့။ (၂၄)

‘Like water and earth, gold coin, riches, and grain, are cows for humankind, as they are essential for creatures. Sacrifice! For you have much treasure. Sacrifice! For you have much money.’

၃၁၁။ ‘‘တတော စ ရာဇာ သညတ္တော, ဗြာဟ္မဏေဟိ ရထေသဘော၊

နေကာ သတသဟဿိယော, ဂါဝေါ ယညေ အဃာတယိ။

၃၁၁။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော ဩက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား အရာအထောင်မက များကုန်သော နွားတို့ကို ယဇ်ပူဇော်ရာ၌ သတ်လေ၏။ (၂၅)

Persuaded by the brahmins, the king, chief of charioteers, had many hundred thousand cows slain at the sacrifice.

စာ-၃၂၅

၃၁၂။ ‘‘န ပါဒါ န ဝိသာဏေန, နာဿု ဟိံသန္တိ ကေနစိ၊

ဂါဝေါ ဧဠကသမာနာ, သောရတာ ကုမ္ဘဒူဟနာ၊

တာ ဝိသာဏေ ဂဟေတွာန, ရာဇာ သတ္ထေန ဃာတယိ။

၃၁၂။ နွားမတို့သည် သိုးနှင့် တူကုန်သည်ဖြစ်၍ ခြေဖြင့်လည်း မကန်ကျောက် တတ်ကုန်၊ ဦးချိုဖြင့်လည်း မဝှေ့တတ်ကုန်၊ တစ်စုံတစ်ခုမျှဖြင့်လည်း မနှိပ်စက် တတ်ကုန်၊ ငြိမ်းအေးစွာ နေမှု၌ မွေ့လျော်ကုန်သော အိုးဖြင့် နို့ညှစ်ခံကုန်သော ထိုနွားမတို့ကို ဦးချိုတို့၌ ကိုင်လျက် ဩက္ကာကမင်းသည်ဓားဖြင့် သတ်၏။ (၂၆)

Neither with feet nor with horns do cows harm anyone at all. Cows meek as lambs supply buckets of milk. But taking them by the horns, the king slew them with a sword.

၃၁၃။ ‘‘တတော ဒေဝါ ပိတရော စ [တတော စ ဒေဝါ ပိတရော (သီ။ သျာ။)], ဣန္ဒော အသုရရက္ခသာ၊

အဓမ္မော ဣတိ ပက္ကန္ဒုံ, ယံ သတ္ထံ နိပတီ ဂဝေ။

၃၁၃။ ထို့နောက် နတ်တို့သည်လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ အသုရာရက္ခိုသ်တို့သည်လည်းကောင်း နွားတို့ကို ဓားဖြင့် သတ်ခြင်းသည် မတရားဟူ၍ ပြောဆိုလျက် ဖဲခွါသွားကြကုန်၏။ (၂၇)

At that the gods and the ancestors, with Indra, the titans and monsters, roared out: ‘This is a crime against nature!’ as the sword fell on the cows.

၃၁၄။ ‘‘တယော ရောဂါ ပုရေ အာသုံ, ဣစ္ဆာ အနသနံ ဇရာ၊

ပသူနဉ္စ သမာရမ္ဘာ, အဋ္ဌာနဝုတိမာဂမုံ။

၃၁၄။ ရှေးအခါ က လိုချင်ခြင်း ဆာလောင်မွတ်သိပ်ခြင်း အိုမင်းခြင်းဟူသော အနာရောဂါသုံးမျိုးတို့သာဖြစ်ကုန်၏၊ ယခုသော်ကား နွားတို့ကို သတ်ဖြတ် နှိပ်စက်ခြင်းကြောင့် အနာမျိုးကိုးဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ (၂၈)

There used to be three kinds of illness: greed, starvation, and old age. But due to the slaughter of cows, this grew to be ninety-eight.

၃၁၅။ ‘‘ဧသော အဓမ္မော ဒဏ္ဍာနံ, ဩက္ကန္တော ပုရာဏော အဟု၊

အဒူသိကာယော ဟညန္တိ, ဓမ္မာ ဓံသန္တိ [ဓံသေန္တိ (သီ။ ပီ။)] ယာဇကာ။

၃၁၅။ ရှေးဩက္ကာကမင်း လက်ထက်ကဖြစ်သော ဤမတရားသောအကျင့်သည် ဒဏ်သုံးပါးတို့တွင်တစ်ပါးပါးသော ဒဏ်သို့ သက်ဝင်လျက် ဖြစ်၏၊ ယဇ်ပူဇော်သူတို့သည် မပြစ်မှားထိုက်သော နွားတို့ကို သတ်ကြကုန်ရကား တရားမှ ဆုတ်ယုတ် ရွေ့လျောကုန်၏။ (၂၉)

This crime of the rods is of ancient descent. Killing innocent creatures, the sacrificers forsake righteousness.

၃၁၆။ ‘‘ဧဝမေသော အဏုဓမ္မော, ပေါရာဏော ဝိညုဂရဟိတော၊

ယတ္ထ ဧဒိသကံ ပဿတိ, ယာဇကံ ဂရဟတီ [ဂရဟီ (က။)] ဇနော။

၃၁၆။ ဤသို့ ရှေး၌ ဖြစ်သော ဤအယုတ်တရားကို ပညာရှိတို့ ကဲ့ရဲ့ထိုက်၏၊ ဤသို့ သဘောရှိသော ယဇ်ပူဇော်သူကို တွေ့မြင်ရာအရပ်၌ လူအပေါင်းသည် ကဲ့ရဲ့၏။ (၃၀)

And that is how this mean old practice was criticized by sensible people. Wherever they see such a thing, folk criticize the sacrificer.

၃၁၇။ ‘‘ဧဝံ ဓမ္မေ ဝိယာပန္နေ, ဝိဘိန္နာ သုဒ္ဒဝေဿိကာ၊

ပုထူ ဝိဘိန္နာ ခတ္တိယာ, ပတိံ ဘရိယာဝမညထ။

၃၁၇။ ဤသို့ ပုဏ္ဏားတို့ တရားပျက်စီးလတ်သော် သူဆင်းရဲမျိုးတို့သည်လည်းကောင်း၊ ကုန်သည်မျိုးတို့သည်လည်းကောင်း၊ ပျက်စီးကုန်၏၊ များစွာသော မင်းမျိုးတို့သည်လည်း ပျက်စီးကုန်၏၊ မယားတို့သည် လင်ကို မထီမဲ့မြင် ပြုကုန်၏။ (၃၁)

With righteousness gone, peasants and menials were split, as were many aristocrats, and wives looked down on their husbands.

၃၁၈။ ‘‘ခတ္တိယာ ဗြဟ္မဗန္ဓူ စ, ယေ စညေ ဂေါတ္တရက္ခိတာ၊

ဇာတိဝါဒံ နိရံကတွာ [နိရာကတွာ (?) ယထာ အနိရာကတဇ္ဈာနောတိ], ကာမာနံ ဝသမနွဂု’’န္တိ။

ဧဝံ ဝုတ္တေ, တေ ဗြာဟ္မဏမဟာသာလာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ။ … ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။

ဗြာဟ္မဏဓမ္မိကသုတ္တံ သတ္တမံ နိဋ္ဌိတံ။

၃၁၈။ မင်းတို့သည်လည်းကောင်း၊ ဗြဟ္မာမျိုးအမည်ခံ ပုဏ္ဏားတို့သည်လည်းကောင်း၊ အနွယ်ကို့စောင့်ကုန်သောတစ်ပါးကုန်သောသူတို့သည်လည်းကောင်း ဇာတ်ဝါဒစွဲကင်းသည်ကို ပြု၍ကာမဂုဏ်အလိုသို့ လိုက်ကြကုန်၏။ (၃၂) ဤသို့ ဟောတော်မူအပ်သော် ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမတရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍မှတ်တော်မူပါ”ဟု လျှောက် ကြကုန်သတည်း။ ခုနစ်ခုမြောက် ဗြာဟ္မဏဓမ္မိကသုတ် ပြီး၏။

Aristocrats and brahmins only by kin, and others protected by their clan, neglecting their genealogy, fell under the sway of sensual pleasures.” When he had spoken, those well-to-do brahmins said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”

၈။ နာဝါသုတ္တံ

၃၁၉။ ယသ္မာ ဟိ ဓမ္မံ ပုရိသော ဝိဇညာ, ဣန္ဒံဝ နံ ဒေဝတာ ပူဇယေယျ၊

သော ပူဇိတော တသ္မိ ပသန္နစိတ္တော, ဗဟုဿုတော ပါတုကရောတိ ဓမ္မံ။

၈-နာဝါသုတ် ၃၁၉။ ယောကျာ်းသည် အကြင်ဆရာထံမှ တရားကို သိရာ၏၊ နတ်တို့က သိကြားမင်းကို ပူဇော်ကုန်သကဲ့သို့ ထိုဆရာကို ပူဇော်ရာ၏၊ ပူဇော်ထိုက်သော အကြားအမြင်များသော ထိုဆရာသည်ထိုပူဇော်သူတပည့်၌ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားကို ထင်ရှားစွာ ဖော်ပြပေ၏။ (၁)

Anthology of Discourses 2.8 The Boat If you would learn the teaching from someone, honor them as the gods honor Indra. Then they will have confidence in you, and being learned, they reveal the teaching.

စာ-၃၂၆

၃၂၀။ တဒဋ္ဌိကတွာန နိသမ္မ ဓီရော, ဓမ္မာနုဓမ္မံ ပဋိပဇ္ဇမာနော၊

ဝိညူ ဝိဘာဝီ နိပုဏော စ ဟောတိ, ယော တာဒိသံ ဘဇတိ အပ္ပမတ္တော။

၃၂၀။ အကြင်ပညာရှိသည် ထိုသို့ သဘောရှိသူကို မမေ့မလျော့ဘဲ ဆည်းကပ်၏၊ ထိုပညာရှိသည်ထိုတရားကို အရိုအသေပြုလျက် ကောင်းစွာ နာ၍ စူးစမ်းဆင်ခြင် ကာလောကုတ္တရာတရားနှင့်လျော်သောအကျင့်ကို ကျင့်သောကြောင့် သိကြား လိမ္မာသူ ထင်ရှားပြနိုင်သူသိမ်မွေ့သူ ဖြစ်နိုင်၏။ (၂)

Heeding well, an attentive one, practicing in line with that teaching grows intelligent, discerning, and subtle through diligently sticking close to such a person.

၃၂၁။ ခုဒ္ဒဉ္စ ဗာလံ ဥပသေဝမာနော, အနာဂတတ္ထဉ္စ ဥသူယကဉ္စ၊

ဣဓေဝ ဓမ္မံ အဝိဘာဝယိတွာ, အဝိတိဏ္ဏကင်္ခေါ မရဏံ ဥပေတိ။

၃၂၁။ ယုတ်ညံ့သော ကာယကံမှုစသည်နှင့် ပြည့်စုံသော မိုက်မဲသော ပရိယတ် ပဋိပတ်ဓမ္မကို မသိသောတပည့်ကြီးပွါးမှုကို ငြူစူသော ဆရာကိုမှီဝဲနေသူတပည့်သည် ဤသာသနာတော်၌ တရားကို ထင်ရှားမသိသောကြောင့် ယုံမှားခြင်းကို မကူးမြောက်နိုင်ဘဲ သေခြင်းသို့ ရောက်ရ၏။ (၃)

But associating with a petty fool who falls short of the goal, jealous, then unable to discern the teaching in this life, one proceeds to death still plagued by doubts.

၃၂၂။ ယထာ နရော အာပဂမောတရိတွာ, မဟောဒကံ သလိလံ သီဃသောတံ၊

သော ဝုယှမာနော အနုသောတဂါမီ, ကိံ သော ပရေ သက္ခတိ တာရယေတုံ။

၃၂၂။ ဥပမာသော်ကား များသော ရေရှိသော ကျယ်ပြန့်သော လျင်သော ရေ အလျဥ်ရှိသော မြစ်သို့ ဆင်းသက်၍ မျောလျက် ရေစုံအတိုင်း လိုက်နေရသောသူသည် သူတစ်ပါးတို့ကို ကယ်တင်ခြင်းငှါအဘယ်မှာ တတ်နိုင်အံ့နည်း။ (၄)

It’s like a man who has plunged into a river, a rushing torrent in spate. As they are swept away downstream, how could they help others across?

၃၂၃။ တထေဝ ဓမ္မံ အဝိဘာဝယိတွာ, ဗဟုဿုတာနံ အနိသာမယတ္ထံ၊

သယံ အဇာနံ အဝိတိဏ္ဏကင်္ခေါ, ကိံ သော ပရေ သက္ခတိ နိဇ္ဈပေတုံ။

၃၂၃။ ထို့အတူ ပရိယတ်ပဋိပတ်တရားကို မသိမူ၍ အကြားအမြင်များသူတို့၏ အထံ၌လည်းအနက်သဘောကို မနာခံ မမှတ်သား မိမိကိုယ်တိုင်လည်း မသိဘဲ ယုံမှားခြင်းကို မလွန်မြောက်နိုင်သူသည် သူတစ်ပါးတို့ကို သိမြင်စေခြင်းငှါ အဘယ်မှာ တတ်နိုင်အံ့နည်း။ (၅)

Just so, one unable to discern the teaching, who hasn’t studied the meaning under the learned, not knowing it oneself, still plagued by doubts, how could they help others to contemplate?

၃၂၄။ ယထာပိ နာဝံ ဒဠှမာရုဟိတွာ, ဖိယေန [ပိယေန (သီ။ သျာ။)] ရိတ္တေန သမင်္ဂိဘူတော၊

သော တာရယေ တတ္ထ ဗဟူပိ အညေ, တတြူပယညူ ကုသလော မုတီမာ [မတီမာ (သျာ။ က။)]။

၃၂၄။ လှော်တက်ထိုးဝါးနှင့်လည်း ပြည့်စုံ ထိုလှေနှင့်စပ်ဆိုင်ရာ အကြောင်းကိုလည်းကျွမ်းကျင်လိမ္မာသော ပညာရှိသူသည် မြဲမြံခိုင်ခံ့သော လှေကို တက်စီး၍ ထိုလှေ၌ (တက်စီးကြသော) အခြားသူများစွာတို့ကိုလည်း ကယ်ဆယ်နိုင်သကဲ့သို့။ (၆)

But one who has embarked on a strong boat equipped with rudder and oar, would bring many others across there with skill, care, and thoughtfulness.

၃၂၅။ ဧဝမ္ပိ ယော ဝေဒဂု ဘာဝိတတ္တော, ဗဟုဿုတော ဟောတိ အဝေဓဓမ္မော၊

သော ခေါ ပရေ နိဇ္ဈပယေ ပဇာနံ, သောတာဝဓာနူပနိသူပပန္နေ။

၃၂၅။ ဤအတူပင် အကြင်ဆရာသည် နိဗ္ဗာန်သို့ ရောက်ပြီးသူ စိတ်ကို ပွါးများ ပြီးသူအကြားအမြင်များသူ (လောကဓံကြောင့် ) မတုန်လှုပ်သော သဘောရှိသူ ဖြစ်၏၊ ထိုဆရာသည်မိမိကိုယ်တိုင် သိသည်ဖြစ်၍ နာယူမှတ်သားမှုနှင့် မဂ်ဖိုလ်၏ ဥပနိဿယပြည့်စုံကြသည့်တစ်ပါးသောသူတို့ကို သိမြင်စေနိုင်၏။ (၇)

So too one who understands—a knowledge master, evolved, learned, and unflappable— can help others to contemplate, so long as they are prepared to listen carefully.

၃၂၆။ တသ္မာ ဟဝေ သပ္ပုရိသံ ဘဇေထ, မေဓာဝိနဉ္စေဝ ဗဟုဿုတဉ္စ၊

အညာယ အတ္ထံ ပဋိပဇ္ဇမာနော, ဝိညာတဓမ္မော သ သုခံ [သော သုခံ (သီ။)] လဘေထာတိ။

နာဝါသုတ္တံ အဋ္ဌမံ နိဋ္ဌိတံ။

၃၂၆။ ထို့ကြောင့် အကြားအမြင်များ၍ ပညာရှိသောသူတော်ကောင်းကို ဆည်း ကပ်ရာ၏၊ အနက်သဘောကို သိ၍ ကျင့်သောသူသည် လောကုတ္တရာတရားကို သိပြီးဖြစ်ရကား ချမ်းသာကို ရနိုင်၏ဟု (မိန့်တော်မူ၏)။ (၈) ရှစ်ခုမြောက် နာဝါသုတ် ပြီး၏။

That’s why you should spend time with a true person, intelligent and learned. Having understood the meaning, <j>putting it into practice, one who understands the teaching <j>would find happiness.

စာ-၃၂၇

၉။ ကိံသီလသုတ္တ

၃၂၇။ ‘‘ကိံသီလော ကိံသမာစာရော, ကာနိ ကမ္မာနိ ဗြူဟယံ၊

နရော သမ္မာ နိဝိဋ္ဌဿ, ဥတ္တမတ္ထဉ္စ ပါပုဏေ’’။

၉-ကိံသီလသုတ် ၃၂၇။ အဘယ်သို့ သော ဝါရိတ္တသီလရှိသူ အဘယ်သို့ သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည်သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ (၁)

Anthology of Discourses 2.9 What Morality? “With what morality, what conduct, fostering what deeds, would a person lay the foundations right, and reach the highest goal?”

၃၂၈။ ‘‘ဝုဍ္ဎာပစာယီ အနုသူယကော သိယာ, ကာလညူ [ကာလညု (သီ။ သျာ။)] စဿ ဂရူနံ [ဂရူနံ (သီ။)] ဒဿနာယ၊

ဓမ္မိံ ကထံ ဧရယိတံ ခဏညူ, သုဏေယျ သက္ကစ္စ သုဘာသိတာနိ။

၃၂၈။ ပညာ ဂုဏ် ဇာတ် အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူတို့ကို ဖူးမြော်ရန်အခါ ကိုလည်း သိရာ၏၊ တရား နာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ဟောကြားအပ်သော သမထဝိပဿနာစကားကိုလည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော်စသောတရားတို့ကိုလည်းကောင်း ရိုသေစွာ နာယူရာ၏။ (၂)

“Honoring elders without jealousy, they’d know the time to visit their respected teachers. Treasuring the chance for a Dhamma talk, they’d listen carefully to the well-spoken words.

၃၂၉။ ‘‘ကာလေန ဂစ္ဆေ ဂရူနံ သကာသံ, ထမ္ဘံ နိရံကတွာ [နိရာကတွာ (?) နိ + အာ + ကရ + တွာ] နိဝါတဝုတ္တိ၊

အတ္ထံ ဓမ္မံ သံယမံ ဗြဟ္မစရိယံ, အနုဿရေ စေဝ သမာစရေ စ။

၃၂၉။ သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက်ကိုယ်နှင့် စိတ်ကို နှိမ့်ချကာဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ပါဠိ၏ အနက်သဘောကိုလည်းကောင်း၊ပါဠိကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ မြတ်သောအကျင့်ကိုလည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်းကျင့်ရာ၏။ (၃)

At the right time, they’d enter <j>the vicinity of their respected teachers in placid manner, leaving obstinacy behind. They’d call to mind and put into practice the meaning, the teaching, self-control, <j>and the spiritual life.

၃၃၀။ ‘‘ဓမ္မာရာမော ဓမ္မရတော, ဓမ္မေ ဌိတော ဓမ္မဝိနိစ္ဆယညူ၊

နေဝါစရေ ဓမ္မသန္ဒောသဝါဒံ, တစ္ဆေဟိ နီယေထ သုဘာသိတေဟိ။

၃၃၀။ သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူတရားအဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီး တတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သောမှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ (၄)

Delighting in the teaching, enjoying the teaching, standing on the teaching, evaluating the teaching, they’d never say anything that degraded the teaching, but would be guided by genuine words well-spoken.

၃၃၁။ ‘‘ဟဿံ ဇပ္ပံ ပရိဒေဝံ ပဒေါသံ, မာယာကတံ ကုဟနံ ဂိဒ္ဓိ မာနံ၊

သာရမ္ဘံ ကက္ကသံ ကသာဝဉ္စ မုစ္ဆံ [သာရမ္ဘ ကက္ကဿ ကသာဝ မုစ္ဆံ (သျာ။ ပီ။)], ဟိတွာ စရေ ဝီတမဒေါ ဌိတတ္တော။

၃၃၁။ ရယ်မြူးခြင်းကိုလည်းကောင်း၊ အကျိုးမဲ့စကားပြောခြင်းကိုလည်းကောင်း၊ ငိုကြွေးခြင်းကိုလည်းကောင်း၊ အရာမဟုတ်သည်၌ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ လှည့်ပတ်ခြင်း ‘မာယာ’ကိုလည်းကောင်း၊အံ့ဖွယ်ပြုခြင်းကိုလည်းကောင်း၊ တပ်မက်ခြင်းကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ခြုတ်ခြယ်ခြင်းကိုလည်းကောင်း၊ ကြမ်း ကြုတ်ခြင်းကိုလည်းကောင်း၊ ရာဂဖန်ရည်ကိုလည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကိုလည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်းကင်းကာ စိတ်တည်ကြည်သည်ဖြစ်၍ ကျင့်ရာ၏။ (၅)

Giving up mirth, muttered prayer, weeping, ill will, deceit, fawning, greed, conceit, aggression, crudeness, stains, and indulgence, they’d wander free of vanity, steadfast.

၃၃၂။ ‘‘ဝိညာတသာရာနိ သုဘာသိတာနိ, သုတဉ္စ ဝိညာတသမာဓိသာရံ၊

န တဿ ပညာ စ သုတဉ္စ ဝဍ္ဎတိ, ယော သာဟသော ဟောတိ နရော ပမတ္တော။

၃၃၂။ ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာရရှိကုန်၏၊ အကြားအမြင်သုတသည်လည်း သိအပ်ပြီးသောတရားတို့၌ ကောင်းစွာထားမှု ‘သမာဓိ’ဟူသော အနှစ်သာရရှိ၏၊ အကြင်သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည်လည်းကောင်း၊ အကြားအမြင်သည်လည်းကောင်း မတိုးပွါး။ (၆)

Understanding is the essence of well-spoken words, stillness is the essence of learning and understanding. Wisdom and learning do not flourish in a hasty and negligent person.

စာ-၃၂၈

၃၃၃။ ‘‘ဓမ္မေ စ ယေ အရိယပဝေဒိတေ ရတာ,

အနုတ္တရာ တေ ဝစသာ မနသာ ကမ္မုနာ စ၊

တေ သန္တိသောရစ္စသမာဓိသဏ္ဌိတာ,

သုတဿ ပညာယ စ သာရမဇ္ဈဂူ’’တိ။

ကိံသီလသုတ္တံ နဝမံ နိဋ္ဌိတံ။

၃၃၃။ အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သောတရား၌ မွေ့လျော်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်းအတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု (အရိယမဂ်နှင့် ယှဥ်သော) သမာဓိ၌ တည်ကုန်လျက်အကြားအမြင်၏လည်းကောင်း ပညာ၏လည်းကောင်း အနှစ် (အရဟတ္တဖိုလ်) ကို ရကုန်၏။ (၇) ကိုးခုမြောက် ကိံသီလသုတ် ပြီး၏။

Those happy with the teaching <j>proclaimed by the Noble One are supreme in speech, mind, and deed. Abiding in peace, gentleness, and stillness, they’ve realized the essence of learning and wisdom.”

၁၀။ ဥဋ္ဌာနသုတ္တ

၃၃၄။ ဥဋ္ဌဟထ နိသီဒထ, ကော အတ္ထော သုပိတေန ဝေါ၊

အာတုရာနဉှိ ကာ နိဒ္ဒါ, သလ္လဝိဒ္ဓါန ရုပ္ပတံ။

၁၀-ဥဋ္ဌာနသုတ် ၃၃၄။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ သင်တို့အား အိပ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကိလေသာ နှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ (၁)

Anthology of Discourses 2.10 Get Up! Get up and meditate! What’s the point in your sleeping? How can the afflicted slumber when inflicted by an arrow strike?

၃၃၅။ ဥဋ္ဌဟထ နိသီဒထ, ဒဠှံ သိက္ခထ သန္တိယာ၊

မာ ဝေါ ပမတ္တေ ဝိညာယ, မစ္စုရာဇာ အမောဟယိတ္ထ ဝသာနုဂေ။

၃၃၅။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ နိဗ္ဗာန်အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့လျော့နေသော သင်တို့ကို သိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေစေလင့်။ (၂)

Get up and meditate! Train hard for peace! The King of Death has caught you heedless— don’t let him fool you under his sway.

၃၃၆။ ယာယ ဒေဝါ မနုဿာ စ, သိတာ တိဋ္ဌန္တိ အတ္ထိကာ၊

တရထေတံ ဝိသတ္တိကံ, ခဏော ဝေါ [ခဏော ဝေ (ပီ။ က။)] မာ ဥပစ္စဂါ၊

ခဏာတီတာ ဟိ သောစန္တိ, နိရယမှိ သမပ္ပိတာ။

၃၃၆။ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း အကြင်တဏှာဖြင့် အလိုရှိကုန်သည်ဖြစ်၍မှီလျက် တည်ကုန်၏၊ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေ လင့် ဗုဒ္ဓုပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြရကုန်သည်ဖြစ်၍ စိုးရိမ်ရကုန်၏။ (၃)

Needy gods and humans are held back by clinging: get over it. Don’t let the moment pass you by. For if you miss your moment you’ll grieve when sent to hell.

၃၃၇။ ပမာဒေါ ရဇော ပမာဒေါ, ပမာဒါနုပတိတော ရဇော၊

အပ္ပမာဒေန ဝိဇ္ဇာယ, အဗ္ဗဟေ [အဗ္ဗူဠှေ (သျာ။ ပီ။), အဗ္ဗုဟေ (က။ အဋ္ဌ။)] သလ္လမတ္တနောတိ။

ဥဋ္ဌာနသုတ္တံ ဒသမံ နိဋ္ဌိတံ။

၃၃၇။ (ရဟန်းတို့) မေ့လျော့ခြင်းသည် မြူမှုန်အညစ်အကြေး မည်၏၊ မေ့ လျော့ခြင်းသို့ အဖန်ဖန်ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန်အညစ် အကြေးပင် ဖြစ်၏၊ မမေ့လျော့ခြင်းဖြင့်လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့်လည်းကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ (၄) ဆယ်ခုမြောက် ဥဋ္ဌာနသုတ် ပြီး၏။

Negligence is always dust; dust follows right behind negligence. Through diligence and knowledge, pluck out the dart from yourself.

၁၁။ ရာဟုလသုတ္တ

၃၃၈။ ‘‘ကစ္စိ အဘိဏှသံဝါသာ, နာဝဇာနာသိ ပဏ္ဍိတံ၊

ဥက္ကာဓာရော [ဩက္ကာဓာရော (သျာ။ က။)] မနုဿာနံ, ကစ္စိ အပစိတော တယာ’’ [တဝ (သီ။ အဋ္ဌ။)]။

၁၁-ရာဟုလသုတ် ၃၃၈။ (ရာဟုလာ) သင်သည် မပြတ်ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုဘဲရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို သင်သည်ပူဇော်ပါ၏လော။ (၁)

Anthology of Discourses 2.11 With Rāhula “Does familiarity breed contempt, even for the man of wisdom? Do you honor he who holds aloft the torch for all humanity?”

၃၃၉။ ‘‘နာဟံ အဘိဏှသံဝါသာ, အဝဇာနာမိ ပဏ္ဍိတံ၊

ဥက္ကာဓာရော မနုဿာနံ, နိစ္စံ အပစိတော မယာ’’။

၃၃၉။ (မြတ်စွာဘုရား) တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့်တော်သည် ပူဇော်ပါ၏။ (၂)

“Familiarity breeds no contempt for the man of wisdom. I always honor he who holds aloft the torch for all humanity.”

စာ-၃၂၉

၃၄၀။ ‘‘ပဉ္စ ကာမဂုဏေ ဟိတွာ, ပိယရူပေ မနောရမေ၊

သဒ္ဓါယ ဃရာ နိက္ခမ္မ, ဒုက္ခဿန္တကရော ဘဝ။

၃၄၀။ (ရာဟုလာ) သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင်ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။ (၃)

“One who’s given up the five sensual stimulations, so pleasing and delightful, and who’s left the home life out of faith— let them make an end to suffering!

၃၄၁။ ‘‘မိတ္တေ ဘဇဿု ကလျာဏေ, ပန္တဉ္စ သယနာသနံ၊

ဝိဝိတ္တံ အပ္ပနိဂ္ဃေါသံ, မတ္တညူ ဟောဟိ ဘောဇနေ။

၃၄၁။ (ရာဟုလာ) သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဥ်းကပ်လေလော့၊ စားဖွယ်ဘောဇဥ်၌ အတိုင်းအရှည်ကို သိသူဖြစ်ပါလေလော့။ (၄)

Mix with spiritual friends, stay in remote lodgings, secluded and quiet, and eat in moderation.

၃၄၂။ ‘‘စီဝရေ ပိဏ္ဍပါတေ စ, ပစ္စယေ သယနာသနေ၊

ဧတေသု တဏှံ မာကာသိ, မာ လောကံ ပုနရာဂမိ။

၃၄၂။ (ရာဟုလာ) သင်သည် သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း၊ ဆေးပစ္စည်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု ‘တဏှာ’ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။ (၅)

Robes, almsfood, requisites and lodgings: don’t crave such things; don’t come back to this world again.

၃၄၃။ ‘‘သံဝုတော ပါတိမောက္ခသ္မိံ, ဣန္ဒြိယေသု စ ပဉ္စသု၊

သတိ ကာယဂတာတျတ္ထု, နိဗ္ဗိဒါဗဟုလော ဘဝ။

၃၄၃။ (ရာဟုလာ) သင်သည်ပါတိမောက္ခသီလ၌လည်းကောင်း၊ ဣန္ဒြေငါးပါးတို့၌လည်းကောင်းစောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ဆန့်ကျင်မှုများသူ ဖြစ်ပါလေလော့။ (၆)

Be restrained in the monastic code and the five sense faculties. With mindfulness immersed in the body, be full of disillusionment.

၃၄၄။ ‘‘နိမိတ္တံ ပရိဝဇ္ဇေဟိ, သုဘံ ရာဂူပသဉှိတံ၊

အသုဘာယ စိတ္တံ ဘာဝေဟိ, ဧကဂ္ဂံ သုသမာဟိတံ။

၃၄၄။ ရာဂနှင့် စပ်ယှဥ်သော လှပတင့်တယ်၏ဟူသော အမှတ်နိမိတ်ကို ရှောင် ကြဥ်ပါလေလော့၊ အသုဘဘာဝနာအကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများပါလေလော့။ (၇)

Turn away from the sign that’s attractive, provoking lust. With mind unified and serene, meditate on the ugly aspects of the body.

၃၄၅။ ‘‘အနိမိတ္တဉ္စ ဘာဝေဟိ, မာနာနုသယမုဇ္ဇဟ၊

တတော မာနာဘိသမယာ, ဥပသန္တော စရိဿတီ’’တိ။

ဣတ္ထံ သုဒံ ဘဂဝါ အာယသ္မန္တံ ရာဟုလံ ဣမာဟိ ဂါထာဟိ အဘိဏှံ ဩဝဒတီတိ။

ရာဟုလသုတ္တံ ဧကာဒသမံ နိဋ္ဌိတံ။

၃၄၅။ (နိစ္စနိမိတ်မှ ကင်းသော) အနိမိတ္တဝိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာနုသယကိုလည်း ပယ်စွန့်ပါလေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက်နေရလတ္တံ့။ (၈) ဤသို့လျှင် မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။ တစ်ဆယ့်တစ်ခုမြောက် ရာဟုလသုတ် ပြီး၏။ ၁၂-နိဂြောဓကပ္ပသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော နိဂြောဓကပ္ပမထေရ်သည် အဂ္ဂါဠဝစေတီ၌ ပရိနိဗ္ဗာန်ပြု၍ မကြာသေး။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အသျှင်ဝင်္ဂီသအား “ငါ၏ ဥပဇ္ဈာယ်ဆရာသည် ပရိနိဗ္ဗာန်ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန်မပြုသေးသလော”ဟု ဤသို့ စိတ်အကြံဖြစ်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည်ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသောတပည့်တော်အား “ငါ၏ ဥပဇ္ဈာယ်ဆရာသည်ပရိနိဗ္ဗာန် ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန် မပြုသေးသလော”ဟု ဤသို့ စိတ်အကြံဖြစ်ပါ၏”ဟု လျှောက်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

Meditate on the signless, give up the tendency to conceit; and when you comprehend conceit, you will live at peace.” That is how the Buddha regularly advised Venerable Rāhula with these verses.

၁၂။ နိဂြောဓကပ္ပသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ။ တေန ခေါ ပန သမယေန အာယသ္မတော ဝင်္ဂီသဿ ဥပဇ္ဈာယော နိဂြောဓကပ္ပေါ နာမ ထေရော အဂ္ဂါဠဝေ စေတိယေ အစိရပရိနိဗ္ဗုတော ဟောတိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ပရိနိဗ္ဗုတော နု ခေါ မေ ဥပဇ္ဈာယော ဥဒါဟု နော ပရိနိဗ္ဗုတော’’တိ? အထ ခေါ အာယသ္မာ ဝင်္ဂီသော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ပရိနိဗ္ဗုတော နု ခေါ မေ ဥပဇ္ဈာယော, ဥဒါဟု နော ပရိနဗ္ဗုတော’’’တိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ စီဝရံ ကတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

စာ-၃၃၀

၃၄၆။ ‘‘ပုစ္ဆာမ [ပုစ္ဆာမိ (က။)] သတ္ထာရမနောမပညံ, ဒိဋ္ဌေဝ ဓမ္မေ ယော ဝိစိကိစ္ဆာနံ ဆေတ္တာ၊

အဂ္ဂါဠဝေ ကာလမကာသိ ဘိက္ခု, ဉာတော ယသဿီ အဘိနိဗ္ဗုတတ္တော။

၃၄၆။ “မယုတ်လျော့သော ပညာရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ယခုဘဝ၌ပင် တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’တို့ကို ပယ်ဖြတ်သူ ထင်ရှားသူ အခြံ အရံများသူ ငြိမ်းအေးပြီးသော စိတ်ရှိသူ အကြင်ရဟန်းသည် အဂ္ဂါဠဝစေတီ၌ စုတေ ရွေ့လျောခဲ့ပါပြီ။ (၁)

Anthology of Discourses 2.12 Vaṅgīsa and His Mentor Nigrodhakappa So I have heard. At one time the Buddha was staying near Āḷavī, at Āḷavī’s premier shrine. Now at that time it was not long after Venerable Vaṅgīsa’s mentor, the senior monk named Nigrodhakappa, had become fully quenched. Then as Vaṅgīsa was in private retreat this thought came to his mind: “Has my mentor become quenched or not?” Then in the late afternoon, Venerable Vaṅgīsa came out of retreat and went to the Buddha. He bowed, sat down to one side, and said to him: “Just now, sir, as I was in private retreat this thought came to mind. ‘Has my mentor become quenched or not?’” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and addressed him in verse: “I ask the Teacher unrivaled in wisdom, who has cut off all doubts in this very life: a monk has died at Āḷavī’s premier shrine, who was well-known, famous, and quenched.

၃၄၇။ ‘‘နိဂြောဓကပ္ပေါ ဣတိ တဿ နာမံ, တယာ ကတံ ဘဂဝါ ဗြာဟ္မဏဿ၊

သော တံ နမဿံ အစရိ မုတျပေက္ခော, အာရဒ္ဓဝီရိယော ဒဠှဓမ္မဒဿီ။

၃၄၇။ မြတ်စွာဘုရား ပုဏ္ဏာမျိုးဖြစ်သော ထိုရဟန်း၏အမည်ကို နိဂြောဓကပ္ပဟူ၍အသျှင်ဘုရားမှည့်ခေါ်ပါ၏၊ မြဲမြံသော သဘောရှိသည့် နိဗ္ဗာန်ကို မြင်တော်မူသော မြတ်စွာဘုရားနိဗ္ဗာန်ဝိမုတ္တိကို တောင့်တ၍ ထက်သန်သော လုံ့လရှိသော ထိုရဟန်းသည် အသျှင်ဘုရားကို ရှိခိုးလျက်လှည့်လည်သွားလာနေပါ၏။ (၂)

Nigrodhakappa was his name; it was given to that brahmin by you, Blessed One. He wandered in your honor, yearning for freedom, energetic, a resolute Seer of Truth.

၃၄၈။ ‘‘တံ သာဝကံ သကျ [သက္က (သီ။ သျာ။ ပီ။)] မယမ္ပိ သဗ္ဗေ, အညာတုမိစ္ဆာမ သမန္တစက္ခု၊

သမဝဋ္ဌိတာ နော သဝနာယ သောတာ, တုဝံ နော သတ္ထာ တွမနုတ္တရောသိ။

၃၄၈။ သာကီဝင်မင်းမျိုးဖြစ်သော ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတ ဉာဏ် ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့အားလုံးသည်လည်း ထိုနိဂြောဓ ကပ္ပမည်သော သာဝကကို သိလိုကြပါကုန်၏၊ အကျွန်ုပ်တို့၏ နားတို့သည် ကြား နာရန် ကောင်းစွာ တည်ပါကုန်၏၊ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာပါတည်း၊ အသျှင်ဘုရားသည် အတုမရှိ မြတ်တော်မူပါပေ၏။ (၃)

O Sakyan, All-seer, we all wish to know about that disciple. Our ears are eager to hear, for you are the most excellent teacher.

၃၄၉။ ‘‘ဆိန္ဒေဝ နော ဝိစိကိစ္ဆံ ဗြူဟိ မေတံ, ပရိနိဗ္ဗုတံ ဝေဒယ ဘူရိပည၊

မဇ္ဈေဝ [မဇ္ဈေ စ (သျာ။ က။)] နော ဘာသ သမန္တစက္ခု, သက္ကောဝ ဒေဝါန သဟဿနေတ္တော။

၃၄၉။ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့၏ယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို ဖြတ်တောက်တော်မူပါ၊ ထိုနိဂြောဓကပ္ပ ပရိနိဗ္ဗာန် ပြုသည်ကို ဟောကြားသိစေတော်မူပါလော့၊ မျက်စိတစ်ထောင်အမြင်ရှိသော သိကြားမင်းသည် နတ်တို့အလယ်၌ ပြောသကဲ့သို့ ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရားအကျွန်ုပ်တို့၏ အလယ်၌ ဟော တော်မူပါလော့။ (၄)

Cut off our doubt, declare this to us; your wisdom is vast, tell us of his quenching! All-seer, speak among us, like the thousand-eyed Sakka <j>in the midst of the gods!

၃၅၀။ ‘‘ယေ ကေစိ ဂန္ထာ ဣဓ မောဟမဂ္ဂါ, အညာဏပက္ခာ ဝိစိကိစ္ဆဌာနာ၊

တထာဂတံ ပတွာ န တေ ဘဝန္တိ, စက္ခုဉှိ ဧတံ ပရမံ နရာနံ။

၃၅၀။ ဤ (ခန္ဓာငါးပါးတည်းဟူသော) လောက၌ တွေဝေမှု ‘မောဟ’၏ လမ်း ကြောင်းမသိမှု ‘အဝိဇ္ဇာ’၏ အသင်းအပင်း တွေးတောမှု ‘ဝိစိကိစ္ဆာ’၏ တည်ရာဖြစ် ကြသည့်အထုံးအဖွဲ့ ‘ဂန္ထ’ဟူသမျှအားလုံးတို့သည် မြတ်စွာဘုရားထံမှောက် ရောက်ကြကုန်သော်မဖြစ်ပေါ်ကြကုန်၊ ဤဘုရားတည်းဟူသော စက္ခုသည် သတ္တဝါတို့၏ အမြတ်ဆုံး စက္ခုပါတည်း၊ (၅)

Whatever ties there are, or paths to delusion, or things on the side of unknowing, <j>or that are bases of doubt vanish on reaching a Realized One, for his eye is the best of all people’s.

၃၅၁။ ‘‘နော စေ ဟိ ဇာတု ပုရိသော ကိလေသေ, ဝါတော ယထာ အဗ္ဘဃနံ ဝိဟာနေ၊

တမောဝဿ နိဝုတော သဗ္ဗလောကော, န ဇောတိမန္တောပိ နရာ တပေယျုံ။

၃၅၁။ လေသည် တိမ်စိုင်တိမ်ခဲကို မဖျောက်လွှင့်နိုင်ခဲ့မူ လောကအားလုံးသည် တိမ်ဖုံးသည်ဖြစ်၍အမိုက်တိုက်သာလျှင် ဖြစ်ရာသကဲ့သို့ ဤအတူ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကိလေသာတို့ကို မဖြတ်ခဲ့မူ လောကအားလုံးသည် မောဟဖုံးလွှမ်းသည်ဖြစ်၍ စင်စစ်အမိုက်တိုက်တုံးကြီးသာလျှင် ဖြစ်ရာ၏၊ ပညာရောင်ထွန်းပကုန်သောသူတို့သော်လည်းမထွန်းပနိုင်ကုန်ရာ။ (၆)

If no man were ever to disperse corruptions, like the wind dispersing the stormclouds, darkness would shroud the whole world; not even brilliant men would shine.

စာ-၃၃၁

၃၅၂။ ‘‘ဓီရာ စ ပဇ္ဇောတကရာ ဘဝန္တိ, တံ တံ အဟံ ဝီရ [ဓီရ (သီ။ သျာ။)] တထေဝ မညေ၊

ဝိပဿိနံ ဇာနမုပါဂမုမှာ [ဇာနမုပဂမမှာ (သီ။ သျာ။)], ပရိသာသု နော အာဝိကရောဟိ ကပ္ပံ။

၃၅၂။ ပညာရှိတို့သည်သာ ပညာရောင်ကို ပြုတတ်သူတို့ ဖြစ်ပါကုန်၏၊ လုံ့လ ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကို ထိုပညာရောင်ပြု တတ်သူ ပုဂ္ဂိုလ်ဟူ၍သာလျှင် အောက်မေ့ပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အထူးမြင်တတ်သူဟူ၍ သိကြကုန်သည်ဖြစ်၍သာလျှင် ချဥ်းကပ် လာရောက်ကြပါကုန်၏၊ ထို့ကြောင့် ပရိသတ်တို့အလယ်၌ အကျွန်ုပ်တို့အားနိဂြောဓကပ္ပမထေရ်ကို ထင်ရှားပြတော်မူပါလော့။ (၇)

The attentive are bringers of light; my hero, that is what I think of you. We’ve come for your discernment and knowledge: here in this assembly, declare to us about Kappāyana.

၃၅၃။ ‘‘ခိပ္ပံ ဂိရံ ဧရယ ဝဂ္ဂု ဝဂ္ဂုံ, ဟံသောဝ ပဂ္ဂယှ သဏိကံ [သဏိံ (သျာ။ ပီ။)] နိကူဇ၊

ဗိန္ဒုဿရေန သုဝိကပ္ပိတေန, သဗ္ဗေဝ တေ ဥဇ္ဇုဂတာ သုဏောမ။

၃၅၃။ သာယာဖွယ်အသံရှိတော်မူသော မြတ်စွာဘုရား သာယာဖွယ်ရှိသော စကားကို လျင်မြန်စွာမြွက်ဆိုတော်မူပါလော့၊ ဟင်္သာသည် လည်ကို မြှောက်၍ ဖြည်းညင်းစွာ ကျူးရင့်သကဲ့သို့ ကောင်းစွာပြုပြင်အပ်သော လုံးသော အသံဖြင့် ကျုး ရင့်တော်မူပါလော့၊ အလုံးစုံသော ထိုတပည့်တော်တို့သည် မပျံ့လွင့်သော စိတ်ရှိကုန်လျက် နာပါကုန်အံ့။ (၈)

Swiftly send forth your sweet, sweet voice, like a goose stretching its neck, gently honking, lucid-flowing, with lovely tone: alert, we all listen to you.

၃၅၄။ ‘‘ပဟီနဇာတိမရဏံ အသေသံ, နိဂ္ဂယှ ဓောနံ [ဓောတံ (သီ။)] ဝဒေဿာမိ ဓမ္မံ၊

န ကာမကာရော ဟိ ပုထုဇ္ဇနာနံ, သင်္ခေယျကာရော စ [သင်္ခယျကာရောဝ (က။)] တထာဂတာနံ။

၃၅၄။ ပဋိသန္ဓေနေခြင်း သေခြင်းကို အကြွင်းမဲ့ ပယ်တော်မူပြီးသော မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်ပြီးလျှင် ကိလေသာကို ဆေးကြောတတ်သောတရားကို ဟောကြားစေအံ့၊ ပုထုဇဥ်တို့သည် အလိုရှိရာကို ပြုလုပ်ပေးစွမ်းနိုင်မှု မရှိ၊ မြတ်စွာဘုရားတို့မူကား ပညာဖြင့် နှိုင်းချိန်၍ပြုနိုင်သည်သာ ဖြစ်၏။ (၉)

You have entirely abandoned birth and death; curbed and pure, I urge you, speak the Dhamma! For ordinary people <j>have no wish-granter, but Realized Ones <j>have a comprehensibility-granter.

၃၅၅။ ‘‘သမ္ပန္နဝေယျာကရဏံ တဝေဒံ, သမုဇ္ဇုပညဿ [သမုဇ္ဇပညဿ (သျာ။ က။)] သမုဂ္ဂဟီတံ၊

အယမဉ္ဇလီ ပစ္ဆိမော သုပ္ပဏာမိတော, မာ မောဟယီ ဇာနမနောမပည။

၃၅၅။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရား ထွန်းလင်း တောက်ပသော ပညာရှိတော်မူသော အသျှင်ဘုရား၏ ကောင်းစွာ ဖြစ်စေအပ်သော ဤစကားတော်သည် အပြည့်အစုံဖြေကြားတော်မူနိုင်ပါပေ၏၊ နောက်ထပ်တစ်ဖန် ဤလက်အုပ်ကို ကောင်းစွာ ညွတ်ကာ ရှိခိုးပါ၏၊ နိဂြောဓကပ္ပ၏ လားရာဂတိကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေလင့်။ (၁၀)

Your answer is definitive, and we will adopt it, for you have perfect understanding. We raise our cupped palms one last time, one of unrivaled wisdom, <j>don’t deliberately confuse us.

၃၅၆။ ‘‘ပရောဝရံ [ဝရာဝရံ (ကတ္ထစိ)] အရိယဓမ္မံ ဝိဒိတွာ, မာ မောဟယီ ဇာနမနောမဝီရ၊

ဝါရိံ ယထာ ဃမ္မနိ ဃမ္မတတ္တော, ဝါစာဘိကင်္ခါမိ သုတံ ပဝဿ [သုတဿ ဝဿ (သျာ။)]။

၃၅၆။ မယုတ်လျော့သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အလွန်မြတ်သော အရိယသစ္စာတရားကို ထိုးထွင်း သိတော်မူပြီး၍ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အားမတွေဝေပါစေလင့်၊ နွေအခါ၌ နေပူနှိပ်စက် ခံရသော ယောကျာ်းသည် ရေကို အလိုရှိသကဲ့သို့ အသျှင်ဘုရား၏ စကားတော်ကို အလိုရှိပါ၏၊ အသံတည်းဟူသော မိုးကို ရွားသွန်းတော်မူပါလော့။ (၁၁)

Knowing the teaching of the noble ones <j>from top to bottom, one of unrivaled energy, <j>don’t deliberately confuse us. As a man baking in the summer sun <j>would long for water, I long for your voice, so let the sound rain forth.

၃၅၇။ ‘‘ယဒတ္ထိကံ [ယဒတ္ထိယံ (ပီ။), ယဒတ္ထိတံ (က။)] ဗြဟ္မစရိယံ အစရီ, ကပ္ပါယနော ကစ္စိဿ တံ အမောဃံ၊

နိဗ္ဗာယိ သော အာဒု သဥပါဒိသေသော, ယထာ ဝိမုတ္တော အဟု တံ သုဏောမ’’။

၃၅၇။ အကြင်အကျင့်မြတ်ကို နိဂြောဓကပ္ပသည် လိုလိုချင်ချင် ကျင့်ပါ၏၊ ထို နိဂြောဓကပ္ပသည်ကိလေသာအကြွင်းရှိသေးသည်ဖြစ်၍ ခန္ဓာချုပ်ငြိမ်းပါလေသလော၊သို့ မဟုတ် အချင်းခပ်သိမ်း ကိလေသာမှလွတ်မြောက်ပြီးသူ ရဟန္တာကဲ့သို့ ပရိ နိဗ္ဗာန်ပြုပါလေသလော၊ ထိုနိဂြောဓကပ္ပ၏ အကြောင်းကို နာကြားလိုပါကုန်၏။ (၁၂)

Surely Kappāyana did not <j>lead the spiritual life in vain? Did he realize quenching, or did he still have a residue? Let us hear what kind of liberation he had!”

စာ-၃၃၂

၃၅၈။ ‘‘အစ္ဆေစ္ဆိ [အဆေဇ္ဇိ (က။)] တဏှံ ဣဓ နာမရူပေ, (ဣတိ ဘဂဝါ)

ကဏှဿ [တဏှာယ (က။)] သောတံ ဒီဃရတ္တာနုသယိတံ၊

အတာရိ ဇာတိံ မရဏံ အသေသံ,’’

ဣစ္စဗြဝီ ဘဂဝါ ပဉ္စသေဋ္ဌော။

၃၅၈။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) ဤနာမ် ရုပ်နှစ်ပါး၌ ကဏှ အမည်ရသော မာရ်၏အလျဥ်ဖြစ်သော ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး အစဥ် မပြတ် ကိန်းအောင်းနေသောတဏှာကို ကပ္ပရဟန်းသည် အကြွင်းမဲ့ဖြတ်ပြီ၊ ပဋိသန္ဓေနေခြင်း အိုခြင်းမှ အကြွင်းမဲ့ ကူးမြောက်ပြီဟု ပဉ္စဝဂ္ဂီတို့ထက်မြတ်သော မြတ်စွာဘုရား ဟောတော်မူ၏။ (၁၃)

“He cut off craving for name and form right here,” said the Buddha, “the river of darkness that had long lain within him. He has entirely crossed over birth and death.” So declared the Blessed One, the leader of the five.

၃၅၉။ ‘‘ဧသ သုတွာ ပသီဒါမိ, ဝစော တေ ဣသိသတ္တမ၊

အမောဃံ ကိရ မေ ပုဋ္ဌံ, န မံ ဝဉ္စေသိ ဗြာဟ္မဏော။

၃၅၉။ ခုနစ်ဆူမြောက် ဣသိဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ဤစကားကို ကြားနာရ၍အသျှင်ဘုရားအား အကျွန်ုပ် ကြည်ညိုပါ၏၊ အကျွန်ုပ် မေးအပ်သော ပြဿနာသည် အချည်းနှီးမဖြစ်သတတ်၊ ပုဏ္ဏားမျိုးကပ္ပသည် အကျွန်ုပ်အလိုကို မချွတ်ယွင်းစေပါ။ (၁၄)

“Now that I have heard your words, seventh of seers, I am confident. My question, it seems, was not in vain, the brahmin did not deceive me.

၃၆၀။ ‘‘ယထာဝါဒီ တထာကာရီ, အဟု ဗုဒ္ဓဿ သာဝကော၊

အစ္ဆိဒါ မစ္စုနော ဇာလံ, တတံ မာယာဝိနော ဒဠှံ။

၃၆၀။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ပြောဆိုသည့်အတိုင်း ပြုလုပ်လေ့ ရှိသူ ဖြစ်ပါ၏၊ မာယာများသော သေမင်း၏ ဝဋ်ဆင်းရဲကို ချဲ့တတ်သော မြဲမြံသောတဏှာကွန်ရက်ကို ဖြတ်တောက်လေပြီ။ (၁၅)

As he said, so he did— he was a disciple of the Buddha. He cut the net of death the deceiver, so extended and strong.

၃၆၁။ ‘‘အဒ္ဒသာ ဘဂဝါ အာဒိံ, ဥပါဒါနဿ ကပ္ပိယော၊

အစ္စဂါ ဝတ ကပ္ပါယနော, မစ္စုဓေယျံ သုဒုတ္တရ’’န္တိ။

နိဂြောဓကပ္ပသုတ္တံ ဒွါဒသမံ နိဋ္ဌိတံ။

၃၆၁။ မြတ်စွာဘုရား ထိုနိဂြောဓကပ္ပသည် စွဲလမ်းအပ်သော ဝဋ်၏အစကို မြင်လေပြီ၊ ကပ္ပမထေရ်သည် အလွန်ကူးနိုင်ခဲသော သေမင်း၏တည်ရာ ဝဋ်ကို စင်စစ် လွန်မြောက်ပြီတကား”ဟု (လျှောက်၏)။ (၁၆) တစ်ဆယ့်နှစ်ခုမြောက် နိဂြောဓကပ္ပသုတ် ပြီး၏။

Blessed One, Kappāyana saw the starting point of grasping. He has indeed gone far beyond Death’s dominion so hard to pass.”

၁၃။ သမ္မာပရိဗ္ဗာဇနီယသုတ္တ

၃၆၂။ ‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ,

တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ၊

၁၃-သမ္မာပရိဗ္ဗာဇနီယသုတ် ၃၆၂။ အကျွန်ုပ်သည် ကြီးမားကျယ်ပြန့်ပြောသော ပညာရှိသော ဩဃလေးပါးကို ကူးမြောက်ပြီးသော နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်ပြီးသော ကိလေသာ ငြိမ်းအေးပြီးသော မတုန်မလှုပ်တည်တံ့သော စိတ်ရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင် အိမ်ရာတည်ထောင်လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ကပ်ရောက်သော ရဟန်းသည် အဘယ်သို့လောကနှင့်မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်ပါသနည်း။ (၁)

Anthology of Discourses 2.13 The Right Way to Wander “I ask the sage abounding in wisdom— crossed-over, gone beyond, quenched, steadfast: when a mendicant has left home, <j>casting aside sensuality, what’s the right way to wander the world?”

နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ, ကထံ ဘိက္ခု

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

၃၆၃။ ‘‘ယဿ မင်္ဂလာ သမူဟတာ, (ဣတိ ဘဂဝါ)

ဥပ္ပါတာ သုပိနာ စ လက္ခဏာ စ၊

သော မင်္ဂလဒေါသဝိပ္ပဟီနော,

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၃။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) - အကြင်ရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာတို့ကိုလည်းကောင်း၊ ဥပ္ပါတကျမ်း အိပ်မက်ကျမ်းလက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းတို့ကိုလည်းကောင်း အကြွင်းမဲ့ နုတ်အပ်ပြီ၊ ထိုရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာအပြစ်ကို ပယ်နုတ်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၂)

“When they’ve eradicated superstitions,” said the Buddha, “about celestial portents, dreams, or bodily marks; with the stain of superstitions left behind, they’d rightly wander the world.

၃၆၄။ ‘‘ရာဂံ ဝိနယေထ မာနုသေသု, ဒိဗ္ဗေသု ကာမေသု စာပိ ဘိက္ခု၊

အတိက္ကမ္မ ဘဝံ သမေစ္စ ဓမ္မံ, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၄။ အကြင်ရဟန်းသည် လူ၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း၊ နတ်၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း တပ်စွန်းမှု ‘ရာဂ’ကို ပယ်ဖျောက်ရာ၏၊ ထို ရဟန်းသည် သစ္စာတရားကို ဉာဏ်ဖြင့် သက်ဝင်လျက် ဘဝသုံးပါးကို လွန်မြောက်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၃)

A mendicant ought dispel desire for pleasures human or heavenly; with rebirth transcended and truth comprehended, they’d rightly wander the world.

စာ-၃၃၃

၃၆၅။ ‘‘ဝိပိဋ္ဌိကတွာန ပေသုဏာနိ, ကောဓံ ကဒရိယံ ဇဟေယျ ဘိက္ခု၊

အနုရောဓဝိရောဓဝိပ္ပဟီနော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၅။ အကြင်ရဟန်းသည် ကုန်းတိုက်ခြင်းတို့ကို ကျောခိုင်း၍ အမျက်ထွက်ခြင်း ဝန်တိုခြင်းကို ပယ်စွန့်ရာ၏၊ ထိုရဟန်းသည် နှစ်သက်ဖွယ်အာရုံ မနှစ်သက်ဖွယ် အာရုံတို့၌ ရာဂ ဒေါသကို ပယ်စွန့်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၄)

Putting backbiting behind them, a mendicant gives up anger and stinginess; with favoring and opposing left behind, they’d rightly wander the world.

၃၆၆။ ‘‘ဟိတွာန ပိယဉ္စ အပ္ပိယဉ္စ, အနုပါဒါယ အနိဿိတော ကုဟိဉ္စိ၊

သံယောဇနိယေဟိ ဝိပ္ပမုတ္တော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၆။ (အကြင်ရဟန်းသည် ) ချစ်အပ်သော ဝတ္ထုကိုလည်းကောင်း၊ မချစ်အပ်သော ဝတ္ထုကိုလည်းကောင်း ပယ်စွန့်၍ တစ်စုံတစ်ခုသော အာရုံ၌ မစွဲလမ်း မမှီမူ၍ သံယောဇဥ်၏အာရုံတရားတို့မှ လွတ်မြောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၅)

When the loved and the unloved are both left behind, not grasping or dependent on anything; freed from all things that fetter, they’d rightly wander the world.

၃၆၇။ ‘‘န သော ဥပဓီသု သာရမေတိ, အာဒါနေသု ဝိနေယျ ဆန္ဒရာဂံ၊

သော အနိဿိတော အနညနေယျော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၇။ ထိုရဟန်းသည် စွဲလမ်း၍ ယူအပ်သော ခန္ဓာတို့၌ ဆန္ဒရာဂကို ပယ် ဖျောက်၍ ခန္ဓာဟူသော ဥပဓိတို့၌ အနှစ်သာရဟု ယူခြင်းသို့ မရောက်၊ ထိုရဟန်းသည် (တဏှာ ဒိဋ္ဌိကို) မမှီဘဲ သူတစ်ပါးတို့မဆွဲဆောင်နိုင်သည်ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၆)

Finding no core in attachments, rid of desire for things they’ve acquired, independent, needing no one to guide them, they’d rightly wander the world.

၃၆၈။ ‘‘ဝစသာ မနသာ စ ကမ္မုနာ စ, အဝိရုဒ္ဓေါ သမ္မာ ဝိဒိတွာ ဓမ္မံ၊

နိဗ္ဗာနပဒါဘိပတ္ထယာနော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၈။ အကြင်ရဟန်းသည် နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကိုယ်ဖြင့်လည်းကောင်းသုစရိုက်တရားတို့နှင့် မဆန့်ကျင်မူ၍ သစ္စာလေးပါးတရားကို ကောင်းစွာ သိပြီးလျှင် ခန္ဓပရိနိဗ္ဗာန်ကို လိုလားတောင့်တနေသူ ဖြစ်၍ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၇)

Not hostile in speech, mind, or deed, they’ve rightly understood the teaching. Aspiring to the state of extinguishment, they’d rightly wander the world.

၃၆၉။ ‘‘ယော ဝန္ဒတိ မန္တိ နုဏ္ဏမေယျ [နုန္နမေယျ (?)], အက္ကုဋ္ဌောပိ န သန္ဓိယေထ ဘိက္ခု၊

လဒ္ဓါ ပရဘောဇနံ န မဇ္ဇေ, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၆၉။ အကြင်ရဟန်းသည် ငါ့ကို ရှိခိုး၏ဟူ၍လည်း စိတ်မတက်ကြွရာ၊ ဆဲဆိုသော်လည်းရန်ငြိုးမဖွဲ့ရာ၊ သူတစ်ပါးတို့ ပေးလှူအပ်သော ဘောဇဥ်ကို ရ၍လည်း မာန်မယစ်ရာ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၈)

Not gloating that, ‘they bow to me’; though reviled, they’d still stay in touch; not besotted when getting food from others, they’d rightly wander the world.

၃၇၀။ ‘‘လောဘဉ္စ ဘဝဉ္စ ဝိပ္ပဟာယ, ဝိရတော ဆေဒနဗန္ဓနာ စ [ဆေဒနဗန္ဓနတော (သီ။ သျာ။)] ဘိက္ခု၊

သော တိဏ္ဏကထံကထော ဝိသလ္လော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၀။ အကြင်ရဟန်းသည် ဝိသမလောဘကိုလည်းကောင်း၊ ဘဝသုံးပါးကိုလည်းကောင်း ပယ်စွန့်၍သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းမှလည်း ရှောင်ကြဥ်၏၊ ထိုရဟန်းသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသူရာဂစသော မြားငြောင့်ကင်းပြီးသူ ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၉)

When greed and craving to live again are cast off, a mendicant refrains from violence and abduction; rid of indecision, free of thorns, they’d rightly wander the world.

၃၇၁။ ‘‘သာရုပ္ပံ အတ္တနော ဝိဒိတွာ, နော စ ဘိက္ခု ဟိံသေယျ ကဉ္စိ လောကေ၊

ယထာ တထိယံ ဝိဒိတွာ ဓမ္မံ, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၁။ အကြင်ရဟန်းသည် မိမိအား လျောက်ပတ်သောအကျင့်ကို သိ၍လည်းကောင်း၊ သစ္စာလေးပါးတရားကိုဟုတ်တိုင်းမှန်စွာ သိ၍လည်းကောင်း လောက၌ တစ်စုံတစ်ယောက်ကိုမျှ မညှဥ်းဆဲ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၀)

Knowing what is suitable for themselves, a mendicant would hurt no one in the world; understanding the teaching in line with the truth, they’d rightly wander the world.

စာ-၃၃၄

၃၇၂။ ‘‘ယဿာနုသယာ န သန္တိ ကေစိ, မူလာ စ [မူလာ (သီ။ သျာ။)] အကုသလာ သမူဟတာသေ၊

သော နိရာသော [နိရာသယော (သီ။), နိရာသသော (သျာ။)] အနာသိသာနော [အနာသယာနော (သီ။ ပီ။), အနာသသာနော (သျာ။)], သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၂။ အကြင်ရဟန်းအား အနုသယတို့သည် တစ်စုံတစ်ခုမျှ မရှိကုန်၊ အကုသိုလ်အမြစ်အရင်းတို့ကိုလည်းကောင်းစွာ ပယ်နုတ်အပ်ကုန်၏၊ ထိုရဟန်းသည် တဏှာကင်းသူတောင့်တခြင်း မရှိသူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၁)

They have no underlying tendencies at all, and are rid of unskillful roots; free of hope, with no need for hope, they’d rightly wander the world.

၃၇၃။ ‘‘အာသဝခီဏော ပဟီနမာနော, သဗ္ဗံ ရာဂပထံ ဥပါတိဝတ္တော၊

ဒန္တော ပရိနိဗ္ဗုတော ဌိတတ္တော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၃။ အကြင်ရဟန်းသည် အာသဝေါကုန်ပြီးသူ မာန်ကို ပယ်ပြီးသူ ရာဂ လမ်းကြောင်းအားလုံးကို လွန်ပြီးသူ ယဥ်ကျေးပြီးသူ ကိလေသာမီး ငြိမ်းအေး ပြီးသူ မတုန်မလှုပ် တည်တံ့သော စိတ်ရှိသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၂)

Defilements ended, conceit given up, beyond all manner of desire; tamed, quenched, and steadfast, they’d rightly wander the world.

၃၇၄။ ‘‘သဒ္ဓေါ သုတဝါ နိယာမဒဿီ, ဝဂ္ဂဂတေသု န ဝဂ္ဂသာရိ ဓီရော၊

လောဘံ ဒေါသံ ဝိနေယျ ပဋိဃံ, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၄။ အကြင်ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏၊ အကြားအမြင် များ၏၊ မြဲသော အရိယမဂ်ကို မြင်ပြီးဖြစ်၏၊ (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ဖြင့်) အစုစု ကွဲသော သတ္တဝါတို့၌ (မိစ္ဆာအယူဖြင့်) အစုတစ်ခုခုသို့ လားရောက်ခြင်း မရှိ တည်ကြည်၏။ ထိုရဟန်းသည် လောဘကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ ထိပါးပုတ်ခတ်ခြင်းကိုလည်းကောင်း ပယ်ဖျောက်၍ လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၃)

Faithful, learned, seer of the sure path, an attentive one joins no faction among sects; rid of greed, hate, and aversion, they’d rightly wander the world.

၃၇၅။ ‘‘သံသုဒ္ဓဇိနော ဝိဝဋ္ဋစ္ဆဒေါ, ဓမ္မေသု ဝသီ ပါရဂူ အနေဇော၊

သင်္ခါရနိရောဓဉာဏကုသလော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၅။ အကြင်ရဟန်းသည် ကောင်းစွာ စင်ကြယ်သော အရဟတ္တမဂ်ဖြင့် ကိလေသာကို အောင်ပြီးသူကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ သစ္စာတရားကို လေ့လာပြီးသူ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ တဏှာဟူသောတုန် လှုပ်ခြင်း မရှိသူ သင်္ခါရ၏ ချုပ်ရာနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဉာဏ်၌ လိမ္မာသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၄)

A purified victor with veil cast off, among worldly things master, transcendent, stilled; expert in knowledge of conditions’ cessation, they’d rightly wander the world.

၃၇၆။ ‘‘အတီတေသု အနာဂတေသု စာပိ, ကပ္ပါတီတော အတိစ္စသုဒ္ဓိပညော၊

သဗ္ဗာယတနေဟိ ဝိပ္ပမုတ္တော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

၃၇၆။ အကြင်ရဟန်းသည် လွန်ပြီးသော ခန္ဓာတို့၌လည်းကောင်း၊ လာလတ္တံ့သော ခန္ဓာတို့၌လည်းကောင်း ငါ ငါ့ဥစ္စာဟု ကြံစည်မှု တဏှာဒိဋ္ဌိကို လွန်၏၊ အလွန်စင်ကြယ်သော ပညာရှိ၏၊ အာယတနအားလုံးတို့မှ ကင်းလွတ်၏၊ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၁၅)

They’re over speculating on the future or past, and understand what it means to be pure; freed from all the sense fields, they’d rightly wander the world.

၃၇၇။ ‘‘အညာယ ပဒံ သမေစ္စ ဓမ္မံ, ဝိဝဋံ ဒိသွာန ပဟာနမာသဝါနံ၊

သဗ္ဗုပဓီနံ ပရိက္ခယာနော [ပရိက္ခယာ (ပီ။)], သမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

၃၇၇။ အကြင်ရဟန်းသည် တစ်ခုတစ်ခုသော သစ္စာကို ဝိပဿနာပညာဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ပညာဖြင့် (တစ်ပြိုင်နက်) သက်ဝင်ပြီးလျှင် အာသဝေါ တရားတို့၏ကုန်ရာ နိဗ္ဗာန်ကို အပိတ်အပင်မရှိသိမြင်ရကား အလုံးစုံသော ဥပဓိတို့၏ကုန်ခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၆)

The state of peace is understood, <j>the truth is comprehended, they’ve openly seen defilements cast off; and with the ending of all attachments, they’d rightly wander the world.”

စာ-၃၃၅

၃၇၈။ ‘‘အဒ္ဓါ ဟိ ဘဂဝါ တထေဝ ဧတံ, ယော သော ဧဝံဝိဟာရီ ဒန္တော ဘိက္ခု၊

သဗ္ဗသံယောဇနယောဂဝီတိဝတ္တော [သဗ္ဗသံယောဇနိယေ စ ဝီတိဝတ္တော (သီ။ သျာ။ ပီ။)], သမ္မာ သော လောကေ ပရိဗ္ဗဇေယျာ’’တိ။

သမ္မာပရိဗ္ဗာဇနီယသုတ္တံ တေရသမံ နိဋ္ဌိတံ။

၃၇၈။ မြတ်စွာဘုရား ဤစကားသည် စင်စစ် ဟောတိုင်းမှန်လှပါ၏၊ အကြင် ရဟန်းသည် ဤသို့ ဟောတော်မူသည့်အတိုင်း နေလေ့ရှိ၏၊ ထိုရဟန်းသည် ယဥ်ကျေးသူ သံယောဇဥ်နှင့်ယောဂအားလုံးတို့ကို လွန်မြောက်သူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၇) တစ်ဆယ့်သုံးခုမြောက် သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။ ၁၄-ဓမ္မိကသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ဓမ္မိကဥပါသကာသည် ဥပါသကာ ငါးရာတို့နှင့်တကွ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် လျှောက်၏-

“Clearly, Blessed One, it is just as you say. One who lives like this is a tamed mendicant, passed beyond all fetters and yokes: they’d rightly wander the world.”

၁၄။ ဓမ္မိကသုတ္တံ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဓမ္မိကော ဥပါသကော ပဉ္စဟိ ဥပါသကသတေဟိ သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဓမ္မိကော ဥပါသကော ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

၃၇၉။ ‘‘ပုစ္ဆာမိ တံ ဂေါတမ ဘူရိပည, ကထံကရော သာဝကော သာဓု ဟောတိ၊

ယော ဝါ အဂါရာ အနဂါရမေတိ, အဂါရိနော ဝါ ပနုပါသကာသေ။

၃၇၉။ “မြေကြီးအထုနှင့် တူသော ပညာရှိသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို အကျွန်ုပ် မေးလျှောက်ပါ၏- အကြင်သူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အကြင်လူတို့သည် မူလည်း ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ (ထိုနှစ်မျိုးနှစ်စားသောတပည့်တို့တွင်) အဘယ်သို့ ပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်ပါသနည်း။ (၁)

Anthology of Discourses 2.14 With Dhammika So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the lay follower Dhammika, together with five hundred lay followers, went up to the Buddha, bowed, sat down to one side, and addressed him in verse: “I ask you, Gotama, whose wisdom is vast: what does one do to become a good disciple, both one who has left the home, and the lay followers staying at home?

၃၈၀။ ‘‘တုဝဉှိ လောကဿ သဒေဝကဿ, ဂတိံ ပဇာနာသိ ပရာယဏဉ္စ၊

န စတ္ထိ တုလျော နိပုဏတ္ထဒဿီ, တုဝဉှိ ဗုဒ္ဓံ ပဝရံ ဝဒန္တိ။

၃၈၀။ အသျှင်ဘုရားသည် သာ နတ်နှင့်တကွသော လောက၏ လားရာဂတိကိုလည်းကောင်း၊ ဂတိမှ့လွတ်မြောက်ရာကိုလည်းကောင်း သိတော်မူ၏၊ မြတ်စွာဘုရားနှင့်တူသောသူသည် မရှိသည်သာတည်း၊ သိမ်မွေ့သော အနက်ကို မြင်လေ့ရှိ၏၊ အသျှင်ဘုရားကိုသာ ဘုရားမြတ်ဟူ၍ ဆိုကြပါကုန်၏။ (၂)

For you understand the course and destiny of the world with all its gods. There is no equal to you who sees the subtle meaning, for you are the Buddha most excellent, they say.

၃၈၁။ ‘‘သဗ္ဗံ တုဝံ ဉာဏမဝေစ္စ ဓမ္မံ, ပကာသေသိ သတ္တေ အနုကမ္ပမာနော၊

ဝိဝဋ္ဋစ္ဆဒေါသိ သမန္တစက္ခု, ဝိရောစသိ ဝိမလော သဗ္ဗလောကေ။

၃၈၁။ အသျှင်ဘုရားသည် သတ္တဝါတို့ကို အစဥ်သနားသည်ဖြစ်၍ အလုံးစုံသောဉာဏ်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း ထိုးထွင်းသိပြီးလျှင် ထင်ရှားပြ တော်မူ၏၊ (အသျှင်ဘုရားသည် ) ကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ ထက်ဝန်းကျင် မျက်စိအမြင်ရှိသူ ဖြစ်ပါ၏၊ အညစ်အကြေးကင်းသည်ဖြစ်၍ လောကအားလုံး၌ တင့်တယ်တော်မူပါပေ၏။ (၃)

Having experienced all knowledge, you reveal the teaching out of sympathy for beings. All-seer, you have cast off the veil, and immaculate, you dazzle the whole world.

၃၈၂။ ‘‘အာဂဉ္ဆိ တေ သန္တိကေ နာဂရာဇာ, ဧရာဝဏော နာမ ဇိနောတိ သုတွာ၊

သောပိ တယာ မန္တယိတွာဇ္ဈဂမာ, သာဓူတိ သုတွာန ပတီတရူပေါ။

၃၈၂။ ဧရာဝဏ်အမည်ရှိသော ဆင်မင်းသည် ကိလေသာကို အောင်ပြီးသော မြတ်စွာဘုရားပေတည်းဟု ကြား၍ အသျှင်ဘုရားထံသို့ လာ၏၊ ထိုဧရာဝဏ် ဆင်မင်းသည်လည်း အသျှင်ဘုရားနှင့် ပြဿနာကို မေးမြန်းတိုင်ပင်ပြီးလျှင် အဖြေကို ကြားနာရသောကြောင့် ကောင်းပါပေ၏ဟု နှစ်သက်ဝမ်းမြောက်ခြင်းသဘော ရှိသည်ဖြစ်၍ သွားလေပြီ။ (၄)

The dragon king Erāvaṇa, <j>hearing you called ‘Victor’, came into your presence. He consulted with you then, <j>having heard your words, left consoled, saying ‘Excellent!’

စာ-၃၃၆

၃၈၃။ ‘‘ရာဇာပိ တံ ဝေဿဝဏော ကုဝေရော, ဥပေတိ ဓမ္မံ ပရိပုစ္ဆမာနော၊

တဿာပိ တွံ ပုစ္ဆိတော ဗြူသိ ဓီရ, သော စာပိ သုတွာန ပတီတရူပေါ။

၃၈၃။ လုံ့လရှိတော်မူသော မြတ်စွာဘုရား ကုဝေရမည်သော ဝေဿဝဏ် နတ်မင်းကြီးသည်လည်းတရားကို မေးမြန်းလိုသည်ဖြစ်၍ အသျှင်ဘုရားသို့ ဆည်း ကပ်ပြီးလျှင်ပြဿနာမေးအပ်သည် ဖြစ်သောကြောင့် အသျှင်ဘုရားသည် ထိုနတ်မင်း ကြီးအားလည်း ဟောတော်မူ၏၊ ထိုနတ်မင်းကြီးသည်လည်း (ထိုတရားကို) ကြား နာရ၍ နှစ်သက်ဝမ်းမြောက်သော သဘောရှိ၏။ (၅)

And King Kuvera Vessavaṇa also approached to ask about the teaching. You also answered him, O attentive one, and hearing you he too was consoled.

၃၈၄။ ‘‘ယေ ကေစိမေ တိတ္ထိယာ ဝါဒသီလာ, အာဇီဝကာ ဝါ ယဒိ ဝါ နိဂဏ္ဌာ၊

ပညာယ တံ နာတိတရန္တိ သဗ္ဗေ, ဌိတော ဝဇန္တံ ဝိယ သီဃဂါမိံ။

၃၈၄။ (ငါတို့ အကျင့်သာ ကောင်း၏ဟု) ပြောဆိုလေ့ရှိကုန်သော အာဇီဝကတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး နိဂဏ္ဌတို့သည်လည်းကောင်း ဤတိတ္ထိဟူသမျှအားလုံးတို့သည် ရပ်နေသောသူသည် လျင်မြန်စွာ သွားခြင်းရှိ၍ သွားနေသူကို မလွန်နိုင်သကဲ့သို့ အသျှင်ဘုရားကို ပညာဖြင့် မလွန်နိုင်ကုန်။ (၆)

Those monastics of other religions given to debate, whether Ājīvakas or Jains, all fail to overtake you in wisdom, like a standing man next to a sprinter.

၃၈၅။ ‘‘ယေ ကေစိမေ ဗြာဟ္မဏာ ဝါဒသီလာ, ဝုဒ္ဓါ စာပိ ဗြာဟ္မဏာ သန္တိ ကေစိ၊

သဗ္ဗေ တယိ အတ္ထဗဒ္ဓါ ဘဝန္တိ, ယေ စာပိ အညေ ဝါဒိနော မညမာနာ။

၃၈၅။ ဝါဒဖြင့် ပြောဆိုလေ့ရှိကြကုန်သော ပေါက္ခရသာတိစသော သက်ရွယ်ကြီး မားသည့်ပုဏ္ဏားအမ္ဗဋ္ဌစသော အသက်အရွယ်ငယ်သော ပုဏ္ဏား ထိုမှတစ်ပါး အယူ ဝါဒဖြင့် ပြောဆိုတတ်သူတို့ဟူ၍အောက်မေ့ကြသူ လူနတ်ဟူသမျှအားလုံးတို့သည် အသျှင်ဘုရားအထံ၌ ပြဿနာမေးရန် ယုံမှားဖြတ်ရန်အနက်သဘောကို ဖွဲ့ကုံး သူတို့ ဖြစ်ကြပါကုန်၏။ (၇)

Those brahmins given to debate, some of whom are quite senior, all end up beholden to you for the meaning, and others too who think themselves debaters.

၃၈၆။ ‘‘အယဉှိ ဓမ္မော နိပုဏော သုခေါ စ, ယောယံ တယာ ဘဂဝါ သုပ္ပဝုတ္တော၊

တမေဝ သဗ္ဗေပိ [သဗ္ဗေ မယံ (သျာ။)] သုဿူသမာနာ, တံ နော ဝဒ ပုစ္ဆိတော ဗုဒ္ဓသေဋ္ဌ။

၃၈၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် ကောင်းစွာ ဟောအပ်သော ဤတရား တော်သည်သာလျှင် သိမ်မွေ့သည်ဖြစ်၍ ချမ်းသာကို ဆောင်နိုင်သည်သာတည်း၊ ထိုတရားကိုသာလျှင် အလုံးစုံသောသူတို့သည် ကောင်းစွာ နာလိုပါကုန်၏၊ ချီးမွမ်းအပ်သော မြတ်စွာဘုရား မေးအပ်သော အသျှင်ဘုရားသည် အကျွန်ုပ်တို့အား ထိုတရားကို ဟောကြားတော်မူပါလော့။ (၈)

So subtle and pleasant is the teaching that is well proclaimed by you, Blessed One. It’s all we long to hear. So when asked, O Best of Buddhas, tell us!

၃၈၇။ ‘‘သဗ္ဗေပိ မေ ဘိက္ခဝေါ သန္နိသိန္နာ, ဥပါသကာ စာပိ တထေဝ သောတုံ၊

သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ, သုဘာသိတံ ဝါသဝဿေဝ ဒေဝါ’’။

၃၈၇။ ဤရဟန်းအားလုံးတို့သည် အညီအညွတ် ထိုင်နေကြပါကုန်၏၊ ဥပါသကာတို့သည်လည်းထို့အတူပင် တရားနာရန် ထိုင်နေကြပါကုန်၏၊ နတ်တို့သည် သိကြားမင်း ကောင်းစွာ ပြောဆိုအပ်သော စကားကိို နာကုန်သကဲ့သို့ ရာဂအညစ် အကြေးကင်းသော မြတ်စွာဘုရားသည် လျောက်ပတ်စွာသိထားသောတရားတော်ကို (တပည့်သာဝကတို့) နာကြားကြပါစေကုန်သတည်း။ (၉)

All these mendicants have gathered, and the layfolk too are here to listen. Let them hear the teaching <j>the immaculate one discovered, like gods listening to the fine words of Vāsava.”

၃၈၈။ ‘‘သုဏာထ မေ ဘိက္ခဝေါ သာဝယာမိ ဝေါ, ဓမ္မံ ဓုတံ တဉ္စ စရာထ သဗ္ဗေ၊

ဣရိယာပထံ ပဗ္ဗဇိတာနုလောမိကံ, သေဝေထ နံ အတ္ထဒသော မုတီမာ။

၃၈၈။ ရဟန်းတို့ ငါဘုရား၏ (တရားကို) နာကုန်လော့၊ ငါသည် သင်တို့အား ကိလေသာကို ခါတွက်တတ်သောတရားကို ဟောကြားပေအံ့၊ သင်တို့အားလုံးတို့သည် ထိုဟောကြားအပ်သောတရားကို ကျင့်ကုန်လော့၊ အကျိုးစီးပွါးကို မြင်သော ပညာရှိသည် ရဟန်းတို့အား လျောက်ပတ်သော ဣရိယာပုထ်ကိုမှီဝဲရာ၏။ (၁၀)

“Listen to me, mendicants, I will educate you in the cleansing teaching; all bear it in mind. A thoughtful person, seeing the meaning, would adopt the deportment <j>proper to a renunciate.

၃၈၉။ ‘‘နော ဝေ ဝိကာလေ ဝိစရေယျ ဘိက္ခု, ဂါမေ စ ပိဏ္ဍာယ စရေယျ ကာလေ၊

အကာလစာရိဉှိ သဇန္တိ သင်္ဂါ, တသ္မာ ဝိကာလေ န စရန္တိ ဗုဒ္ဓါ။

၃၈၉။ ရဟန်းသည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားရာ၊ နံနက်အခါ၌သာ ရွာတွင်းသို့ ဆွမ်းခံသွားရာ၏၊ အခါ မဟုတ် သွားလေ့ရှိသော ရဟန်းကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏၊ ထို့ကြောင့် သစ္စာလေးပါးကို သိပြီးသော အရိယာပုဂ္ဂိုလ်တို့သည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားကြကုန်။ (၁၁)

No way would a mendicant go out at the wrong time; at the right time, they’d walk the village for alms. For chains bind one who wanders at the wrong time, which is why the Buddhas avoid it.

စာ-၃၃၇

၃၉၀။ ‘‘ရူပါ စ သဒ္ဒါ စ ရသာ စ ဂန္ဓာ, ဖဿာ စ ယေ သမ္မဒယန္တိ သတ္တေ၊

ဧတေသု ဓမ္မေသု ဝိနေယျ ဆန္ဒံ, ကာလေန သော ပဝိသေ ပါတရာသံ။

၃၉၀။ ရဟန်းသည် သတ္တဝါတိုု့ကို လွန်စွာယစ်စေတတ်ကုန်သော ရူပါရုံ သဒ္ဒါရုံ ရသာရုံ ဂန္ဓာရုံ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ဟူကုန်သော ဤတရားတို့၌ အလိုဆန္ဒကို ပယ်ဖျောက်၍ သင့်လျော်သော ကာလ၌ နံနက်စာ ဆွမ်းရရာအရပ်သို့ ဝင်ရာ၏။ (၁၂)

Sights, sounds, tastes, smells, and touches, which drive beings mad— dispel desire for such things, and enter for the morning meal at the right time.

၃၉၁။ ‘‘ပိဏ္ဍဉ္စ ဘိက္ခု သမယေန လဒ္ဓါ, ဧကော ပဋိက္ကမ္မ ရဟော နိသီဒေ၊

အဇ္ဈတ္တစိန္တီ န မနော ဗဟိဒ္ဓါ, နိစ္ဆာရယေ သင်္ဂဟိတတ္တဘာဝေါ။

၃၉၁။ ရဟန်းသည် မွန်းမတည့်မီ အတွင်း၌ ဆွမ်းကို ရပြီး၍လည်းကောင်း တစ်ပါးတည်း (ဆွမ်းခံရွာမှ) ပြန်ကြွခဲ့၍ ဆိတ်ငြိမ်ရာ၌ ထိုင်နေရာ၏၊ အဇ္ဈတ္တခန္ဓာကို ကြံစည်လျက် အပအာရုံ၌ စိတ်ကို မထွက်စေရာ၊ ကောင်းစွာ သိမ်းဆည်းအပ်သော စိတ်ရှိသည်ဖြစ်၍ (နေရာ၏)။ (၁၃)

After receiving alms for the day, on returning a mendicant would sit in private alone. Inwardly reflective, they’d curb their mind from outside things, keeping themselves collected.

၃၉၂။ ‘‘သစေပိ သော သလ္လပေ သာဝကေန, အညေန ဝါ ကေနစိ ဘိက္ခုနာ ဝါ၊

ဓမ္မံ ပဏီတံ တမုဒါဟရေယျ, န ပေသုဏံ နောပိ ပရူပဝါဒံ။

၃၉၂။ ထိုရဟန်းသည် တပည့်သာဝကနှင့်သော်လည်းကောင်း၊ တစ်ပါးသောတစ်စုံတစ်ယောက်သောတိတ္ထိလူစသည်နှင့်သော်လည်းကောင်း၊ ရဟန်းနှင့်သော်လည်းကောင်း အကယ်၍ စကားပြောဆိုကာမူမြတ်သောတရားကို ပြောဆိုရာ၏၊ ကုန်းတိုက်သော စကားကို မပြောဆိုရာ၊ သူတစ်ပါးအားပြစ်တင်စွပ်စွဲသော စကားကိုလည်း မပြောဆိုရာ။ (၁၄)

Should they converse with a disciple, with anyone else, or with a mendicant, they’d bring up only the sublime teaching, not dividing or blaming.

၃၉၃။ ‘‘ဝါဒဉှိ ဧကေ ပဋိသေနိယန္တိ, န တေ ပသံသာမ ပရိတ္တပညေ၊

တတော တတော နေ ပသဇန္တိ သင်္ဂါ, စိတ္တဉှိ တေ တတ္ထ ဂမေန္တိ ဒူရေ။

၃၉၃။ အချို့သူတို့သည် အပြစ်တင်ခြင်းနှင့်စပ်သောစကားကို ဆန့်ကျင်ဘက် စစ်သည် ဘောင်သို့သွားသကဲ့သို့ ထင်မှတ်ကုန်၏၊ ပညာနည်းသော ထိုလူတို့ကို ငါတို့ မချီးမွမ်းကုန်၊ ထိုထိုစကားဟူသော အကြောင်းကြောင့် ထိုသူတို့ကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏၊မှန်၏ထိုသူတို့သည် သမထ ဝိပဿနာမှ ဝေးသော ထိုငြင်းခုံမှုအာရုံ၌ စိတ်ကို ရောက်စေကုန်၏။ (၁၅)

For some contend in debate, but we praise not those of little wisdom. In place after place they are bound in chains, for they send their mind over there far away.

၃၉၄။ ‘‘ပိဏ္ဍံ ဝိဟာရံ သယနာသနဉ္စ, အာပဉ္စ သံဃာဋိရဇူပဝါဟနံ၊

သုတွာန ဓမ္မံ သုဂတေန ဒေသိတံ, သင်္ခါယ သေဝေ ဝရပညသာဝကော။

၃၉၄။ မြတ်သော ပညာရှိ တပည့်သာဝကသည် မြတ်စွာဘုရား ဟောအပ်သောတရားကို ကြားနာရ၍ဆွမ်းကိုလည်းကောင်း၊ ကျောင်းကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ သောက်ရေကိုလည်းကောင်း၊ သင်္ကန်း၏ အညစ်အကြေး ဖွပ်လျှော်ခြင်းကိုလည်းကောင်း ဉာဏ်ဖြင့်ဆင်ခြင်၍မှီဝဲရာ၏။ (၁၆)

Alms, a dwelling, a bed and seat, and water for rinsing the dust from the cloak— after hearing the teaching of the Holy One, a disciple of outstanding wisdom <j>would use these after appraisal.

၃၉၅။ ‘‘တသ္မာ ဟိ ပိဏ္ဍေ သယနာသနေ စ, အာပေ စ သံဃာဋိရဇူပဝါဟနေ၊

ဧတေသု ဓမ္မေသု အနူပလိတ္တော, ဘိက္ခု ယထာ ပေါက္ခရေ ဝါရိဗိန္ဒု။

၃၉၅။ ထို့ကြောင့် ရေပေါက်သည် ကြာဖက်၌ မလိမ်းကျံ မကပ်ငြိသကဲ့သို့ ရဟန်းသည် ဆွမ်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ သောက် ရေ၌လည်းကောင်း၊ သင်္ကန်း၏အညစ်အကြေးကို ဖွပ်လျှော်ခြင်း၌လည်းကောင်း ဤပစ္စည်းတရားတို့၌ ကိလေသာမြူ မလိမ်းကျံမကပ်ငြိနိုင်ပေ။ (၁၇)

That’s why, when it comes to alms and lodgings, and water for rinsing the dust from the cloak, a mendicant is unsullied in the midst of these things, like a droplet on a lotus-leaf.

၃၉၆။ ‘‘ဂဟဋ္ဌဝတ္တံ ပန ဝေါ ဝဒါမိ, ယထာကရော သာဝကော သာဓု ဟောတိ၊

န ဟေသ [န ဟေသော (သီ။)] လဗ္ဘာ သပရိဂ္ဂဟေန, ဖဿေတုံ ယော ကေဝလော ဘိက္ခုဓမ္မော။

၃၉၆။ ထိုမှတစ်ပါး လူကျင့်ဝတ်ကို သင်တို့အား ငါဟောအံ့၊ ငါဟောတိုင်း လိုက်နာပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်၏၊ (ရှေး၌ ဟောခဲ့သော လူတို့အကျင့်နှင့်) မရောမယှက်သော ရဟန်းတို့ ကျင့်ဝတ်တရားကို လယ်ယာစသည်ကို သိမ်းဆည်းသူ လူပုဂ္ဂိုလ်သည် ရောယှက်ခြင်းငှါမရကောင်း။ (၁၈)

Now I shall tell you the householder’s duty, doing which one becomes a good disciple. For one burdened with possessions <j>does not get to realize the whole of the mendicant’s practice.

စာ-၃၃၈

၃၉၇။ ‘‘ပါဏံ န ဟနေ [န ဟာနေ (သီ။)] န စ ဃာတယေယျ, န စာနုဇညာ ဟနတံ ပရေသံ၊

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ, ယေ ထာဝရာ ယေ စ တသာ သန္တိ [တသန္တိ (သီ။ ပီ။)] လောကေ။

၃၉၇။ လောက၌ ရှိကြသည့် မတုန်လှုပ်သူ ထိတ်လန့်တတ်သူ သတ္တဝါအားလုံးတို့သည် လက်နက်ကို စွန့်ပစ်၍ သတ္တဝါကို ကိုယ်တိုင်လည်း မသတ်ရာ၊ သူတစ်ပါးတို့ကိုလည်း မသတ် စေရာ၊ သတ်ဖြတ်ကုန်သော သူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက်လျော သဘောမတူရာ။ (၁၉)

They’d not kill any creature, nor have them killed, nor grant permission for others to kill. They’ve laid aside violence toward all creatures frail or firm that there are in the world.

၃၉၈။ ‘‘တတော အဒိန္နံ ပရိဝဇ္ဇယေယျ, ကိဉ္စိ ကွစိ သာဝကော ဗုဇ္ဈမာနော၊

န ဟာရယေ ဟရတံ နာနုဇညာ, သဗ္ဗံ အဒိန္နံ ပရိဝဇ္ဇယေယျ။

၃၉၈။ တပည့်သာဝကသည် သူတစ်ပါးဥစ္စာဟု သိသည်ရှိသော် တစ်စုံတစ်ခုသောအရပ်၌ အရှင်မပေးအပ်သော ဝတ္ထုတစ်စုံတစ်ရာကို ထိုခိုးယူခြင်းမှ ကြဥ်ရှောင်ရာ၏၊ သူတစ်ပါးကိုလည်းမခိုးယူစေရာ၊ ခိုးယူသောသူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက် လျော သဘောမတူရာ၊ မပေးအပ်သော ဥစ္စာဟူသမျှကို ကြဥ်ရှောင်ရာ၏။ (၂၀)

Next, a disciple would avoid knowingly taking anything not given at all, they’d not get others to do it, <j>nor grant them permission to steal; they’d avoid <em>all</em> theft.

၃၉၉။ ‘‘အဗြဟ္မစရိယံ ပရိဝဇ္ဇယေယျ, အင်္ဂါရကာသုံ ဇလိတံဝ ဝိညူ၊

အသမ္ဘုဏန္တော ပန ဗြဟ္မစရိယံ, ပရဿ ဒါရံ န အတိက္ကမေယျ။

၃၉၉။ ပညာရှိသောသူသည် ပြောင်ပြောင်တောက်သော မီးကျီးတွင်းကဲ့သို့ မေထုန်အကျင့်ကို ကြဥ်ရှောင်ရာ၏၊ မေထုန်အကျင့်မှ ကြဥ်ရှောင်မှု ‘ဗြဟ္မစရိယ’ အကျင့်ကို ကျင့်သုံးရန် မတတ်နိုင်သူကားသူတစ်ပါး၏သားမယားကို မလွန် ကျူးရာ။ (၂၁)

A sensible person would avoid the unchaste life, like a burning pit of coals. But if unable to remain chaste, they’d not transgress with another’s partner.

၄၀၀။ ‘‘သဘဂ္ဂတော ဝါ ပရိသဂ္ဂတော ဝါ, ဧကဿ ဝေကော [စေတော (သီ။ သျာ။)] န မုသာ ဘဏေယျ၊

န ဘာဏယေ ဘဏတံ နာနုဇညာ, သဗ္ဗံ အဘူတံ ပရိဝဇ္ဇယေယျ။

၄၀၀။ စည်းဝေးရာသဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်းသူတစ်ယောက်သည် မုသားကို ကိုယ်တိုင်လည်း မပြောဆိုရာ၊ သူတစ်ပါးကိုလည်း မပြောဆိုစေရာ၊ မုသားပြောဆိုသောသူတစ်ပါးကိုုလည်း ခွင့်ပြု လိုက်လျော သဘောမတူရာ၊ မမှန်စကားဟူသမျှကို့ကြဥ်ရှောင်ရာ၏။ (၂၂)

In a council or assembly, or one on one, they would not lie. They’d not get others to lie, <j>nor grant them permission to lie; they’d avoid <em>all</em> untruths.

၄၀၁။ ‘‘မဇ္ဇဉ္စ ပါနံ န သမာစရေယျ, ဓမ္မံ ဣမံ ရောစယေ ယော ဂဟဋ္ဌော၊

န ပါယယေ ပိဝတံ နာနုဇညာ, ဥမ္မာဒနန္တံ ဣတိ နံ ဝိဒိတွာ။

၄၀၁။ အကြင်အိမ်ရာထောင်သူ လူပုဂ္ဂိုလ်သည် ထိုသေရည် သေရက်သောက် စားမှုကို ရူးသွပ်ခြင်းအကျိုးလျှင် အဆုံးရှိ၏ဟု သိ၍ ဤ (သေရည်သေရက်သောက်စားမှုမှ ရှောင်ကြဥ်မှု) တရားကို နှစ်သက်ခဲ့ပါမူ ထိုလူပုဂ္ဂိုလ်သည် သေရည် သေရက်သောက်စားမှုကို ကိုယ်တိုင်လည်း မကျင့်ရာ၊ သူတစ်ပါးကိုလည်း မသောက် စားစေရာ၊ သောက်စားမူးယစ်သူတို့အားလည်း ခွင့်ပြုလိုက်လျောသဘောမတူရာ။ (၂၃)

A householder espousing this teaching would not consume liquor or drink. They’d not get others to drink, <j>nor grant them permission to drink; knowing that ends in intoxication.

၄၀၂။ ‘‘မဒါ ဟိ ပါပါနိ ကရောန္တိ ဗာလာ, ကာရေန္တိ စညေပိ ဇနေ ပမတ္တေ၊

ဧတံ အပုညာယတနံ ဝိဝဇ္ဇယေ, ဥမ္မာဒနံ မောဟနံ ဗာလကန္တံ။

၄၀၂။ လူမိုက်တို့သည် မူးယစ်ခြင်းကြောင့် သူ့အသက်သတ်မှုစသော မကောင်းမှုကို ပြုကုန်၏၊ သူတစ်ပါးတို့ကိုလည်း ယစ်မူးမေ့လျော့သည်တို့ကို ပြုစေကုန်၏၊ နောင်ဘဝ၌လည်း ရူးသွပ်စေတတ်ယခုဘဝ၌လည်း တွေဝေစေတတ်၍ မကောင်းမှုတို့၏ တည်ရာဖြစ်သော လူမိုက်တို့ နှစ်သက်သော ဤသေရည်သေရက်သောက် စားမှုကို ရှောင်ကြဥ်ရာ၏။ (၂၄)

For drunken fools do bad things, and encourage other heedless folk. Shun this field of demerit, the maddening, deluding frolic of fools.

၄၀၃။ ‘‘ပါဏံ န ဟနေ န စာဒိန္နမာဒိယေ, မုသာ န ဘာသေ န စ မဇ္ဇပေါ သိယာ၊

အဗြဟ္မစရိယာ ဝိရမေယျ မေထုနာ, ရတ္တိံ န ဘုဉ္ဇေယျ ဝိကာလဘောဇနံ။

၄၀၃။ သူ့အသက်ကို မသတ်ရာ၊ မပေးသော ဥစ္စာကိုလည်း မခိုးယူရာ၊ မုသား စကားကိုလည်းမပြောဆိုရာ၊ သေရည်သေရက်သောက်စားသူလည်း မဖြစ်ရာ၊ မမြတ်သော မေထုန်အကျင့်မှလည်းရှောင်ကြဥ်ရာ၏၊ နေလွဲညစာကိုလည်း မစား ရာ။ (၂၅)

You shouldn’t kill living creatures, or steal, or lie, or drink liquor. Be chaste, refraining from sex, and don’t eat at night, the wrong time.

စာ-၃၃၉

၄၀၄။ ‘‘မာလံ န ဓာရေ န စ ဂန္ဓမာစရေ, မဉ္စေ ဆမာယံ ဝ သယေထ သန္ထတေ၊

ဧတဉှိ အဋ္ဌင်္ဂိကမာဟုပေါသထံ, ဗုဒ္ဓေန ဒုက္ခန္တဂုနာ ပကာသိတံ။

၄၀၄။ ပန်းကို မပန်ရာ၊ နံ့သာ (လိမ်းခြင်း) ကိုလည်း မပြုကျင့်ရာ၊ (အပ်သော) အခင်း၌လည်းကောင်း၊ (အပ်သော) ညောင်စောင်း၌လည်းကောင်း မြေ၌လည်းကောင်း အိပ်ရာ၏၊ ဝဋ်ဆင်းရဲ၏အဆုံးသို့ ရောက်သော မြတ်စွာဘုရား ဟောပြ တော်မူအပ်သော ထိုဥပုသ်ကို အင်္ဂါရှစ်ပါး ရှိ၏ဟူ၍ ဆိုကုန်၏။ (၂၆)

Not wearing garlands or applying fragrance, you should sleep on a low bed, <j>or a mat on the ground. This is the eight-factored sabbath, they say, revealed by the Buddha, <j>who has gone to suffering’s end.

၄၀၅။ ‘‘တတော စ ပက္ခဿုပဝဿုပေါသထံ, စာတုဒ္ဒသိံ ပဉ္စဒသိဉ္စ အဋ္ဌမိံ၊

ပါဋိဟာရိယပက္ခဉ္စ ပသန္နမာနသော, အဋ္ဌင်္ဂုပေတံ သုသမတ္တရူပံ။

၄၀၅။ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် ဥပုသ်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်ဥပုသ်နေ့၌လည်းကောင်း၊ ရှစ်ရက်ဥပုသ်နေ့၌လည်းကောင်း အဋ္ဌင်္ဂဥပုသ် သုံးခြင်းသို့ ကပ်၍နေလော့၊ အသီးအခြား ဆောင်အပ်သောပါဋိဟာရိယပက္ခ၌လည်း ကြည်ညိုစိတ်ရှိသူသည် နေ့အပြည့်အစုံအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးလေလော့။ (၂၇)

Then having rightly undertaken the sabbath complete in all its eight factors on the fourteenth, fifteenth, <j>and eighth of the fortnight, as well as on the fortnightly special displays,

၄၀၆။ ‘‘တတော စ ပါတော ဥပဝုတ္ထုပေါသထော, အန္နေန ပါနေန စ ဘိက္ခုသံဃံ၊

ပသန္နစိတ္တော အနုမောဒမာနော, ယထာရဟံ သံဝိဘဇေထ ဝိညူ။

၄၀၆။ ထိုဥပုသ်ဆောက်တည်သော နေ့၏အခြားမဲ့၌ သိကြားလိမ္မာသော ဥပုသ် ကျင့်သုံးပြီးသော ပညာရှိသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ နံနက်၌ပင်လျှင် ရဟန်းအပေါင်းကို စွမ်းနိုင်သည့်အလျောက် ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း ဝေဖန်လုပ်ကျွေးရာ၏။ (၂၈)

at daybreak after the sabbath a clever person, rejoicing with confident heart, would distribute food and drink to the mendicant Saṅgha as is fitting.

၄၀၇။ ‘‘ဓမ္မေန မာတာပိတရော ဘရေယျ, ပယောဇယေ ဓမ္မိကံ သော ဝဏိဇ္ဇံ၊

ဧတံ ဂိဟီ ဝတ္တယမပ္ပမတ္တော, သယမ္ပဘေ နာမ ဥပေတိ ဒေဝေ’’တိ။

ဓမ္မိကသုတ္တံ စုဒ္ဒသမံ နိဋ္ဌိတံ။

စူဠဝဂ္ဂေါ ဒုတိယော နိဋ္ဌိတော။

တဿုဒ္ဒါနံ -

ရတနာမဂန္ဓော ဟိရိ စ, မင်္ဂလံ သူစိလောမေန၊

ဓမ္မစရိယဉ္စ ဗြာဟ္မဏော [ကပိလော ဗြာဟ္မဏောပိ စ (သျာ။ က။)], နာဝါ ကိံသီလမုဋ္ဌာနံ။

ရာဟုလော ပုန ကပ္ပေါ စ, ပရိဗ္ဗာဇနိယံ တထာ၊

ဓမ္မိကဉ္စ ဝိဒုနော အာဟု, စူဠဝဂ္ဂန္တိ စုဒ္ဒသာတိ။

၄၀၇။ လူဖြစ်သောသူသည် အမိအဖတို့ကို တရားသဖြင့် လုပ်ကျွေးမွေးမြူရာ၏၊ တရားနှင့်လျော်သော ကုန်သွယ်မှုကို အားထုတ်ရာ၏၊ ထိုသူသည် ဤကျင့်ဝတ်ကို မမေ့လျော့ဘဲ ကျင့်သည်ဖြစ်၍ အလိုလိုထွန်းပသော ကိုယ်ရောင်ရှိသော နတ်ပြည်တို့သို့ ရောက်ရ၏”ဟု (မိန့်တော်မူ၏)။ (၂၉) တစ်ဆယ့်လေးခုမြောက် ဓမ္မိကသုတ် ပြီး၏။ နှစ်ခုမြောက် စူဠဝဂ် ပြီး၏။ ၁။ ဧရာဝဏ်ဆင်မင်းဟူသည် တာဝတိံသာနတ်ပြည် ရှိ ဧရာဝဏ်နတ်သား၏ ရှေးဘဝက ဆင်အဖြစ်ကို စွဲ၍ ခေါ်ဆိုခြင်းတည်း။

One should rightfully support one’s parents, and undertake a legitimate business. A diligent layperson observing these duties ascends to the gods named ‘self-radiant’.”

စာ-၃၄၀

၃။ မဟာဝဂ္ဂ

၁။ ပဗ္ဗဇ္ဇာသုတ္တ

၄၀၈။ ပဗ္ဗဇ္ဇံ ကိတ္တယိဿာမိ, ယထာ ပဗ္ဗဇိ စက္ခုမာ၊

ယထာ ဝီမံသမာနော သော, ပဗ္ဗဇ္ဇံ သမရောစယိ။

၃-မဟာဝဂ် ၁-ပဗ္ဗဇ္ဇာသုတ် ၄၀၈။ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ရဟန်းပြု၏၊ အကြင်အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ် သက်တော်မူ၏၊ ထိုအခြင်းအရာအားဖြင့် (မြတ်စွာဘုရား၏) ရဟန်းအဖြစ်ကို ပြော ကြားပေအံ့။ (၁)

Anthology of Discourses 3.1 Going Forth “I shall extol going forth with the example of the Clear-eyed One, the course of inquiry that led to his choice to go forth.

၄၀၉။ သမ္ဗာဓောယံ ဃရာဝါသော, ရဇဿာယတနံ ဣတိ၊

အဗ္ဘောကာသောဝ ပဗ္ဗဇ္ဇာ, ဣတိ ဒိသွာန ပဗ္ဗဇိ။

၄၀၉။ ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဥ်းမြောင်းလှ၏၊ ရာဂစသော မြူ၏ဖြစ်ရာအာရုံတည်းဟူ၍လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်း လင်းပြင်ကဲ့သို့ (ကျယ်ပြန့်သည်) သာတည်းဟူ၍လည်းကောင်း ဤသို့ မြင်သောကြောင့် ရဟန်းပြုတော်မူ၏။ (၂)

‘This life at home is cramped, a realm of dirt.’ ‘The life of one gone forth is like an open space.’ Seeing this, he went forth.

၄၁၀။ ပဗ္ဗဇိတွာန ကာယေန, ပါပကမ္မံ ဝိဝဇ္ဇယိ၊

ဝစီဒုစ္စရိတံ ဟိတွာ, အာဇီဝံ ပရိသောဓယိ။

၄၁၀။ ရဟန်းပြုပြီးလျှင်ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဥ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍အသက်မွေးမြူမှုကို သုတ်သင်၏။ (၃)

Having gone forth, he shunned bad deeds of body. And leaving verbal misconduct behind, he purified his livelihood.

၄၁၁။ အဂမာ ရာဇဂဟံ ဗုဒ္ဓေါ, မဂဓာနံ ဂိရိဗ္ဗဇံ၊

ပိဏ္ဍာယ အဘိဟာရေသိ, အာကိဏ္ဏဝရလက္ခဏော။

၄၁၁။ မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့ သို့ကြွတော်မူ၏၊ ကိုယ်တော်အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာရှိသည်ဖြစ်၍ (ထိုရာဇဂြိုဟ်မြို့၌) ဆွမ်းခံကြွတော်မူ၏။ (၄)

The Buddha went to Rājagaha, the Mountainfold of the Magadhans. He betook himself for alms, replete with excellent marks.

၄၁၂။ တမဒ္ဒသာ ဗိမ္ဗိသာရော, ပါသာဒသ္မိံ ပတိဋ္ဌိတော၊

ဒိသွာ လက္ခဏသမ္ပန္နံ, ဣမမတ္ထံ အဘာသထ။

၄၁၂။ ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံသော ထိုဘုရားအလောင်းတော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာကို မိန့်ကြား၏။ (၅)

Bimbisāra saw him while standing atop his longhouse. Noticing that he was endowed with marks, he said the following:

၄၁၃။ ‘‘ဣမံ ဘောန္တော နိသာမေထ, အဘိရူပေါ ဗြဟာ သုစိ၊

စရဏေန စ သမ္ပန္နော, ယုဂမတ္တဉ္စ ပေက္ခတိ။

၄၁၃။ အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်းစင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာကြည့်ရှု၏။ (၆)

‘Pay heed, sirs, to this one, handsome, majestic, radiant; accomplished in deportment, he looks just a plough’s length in front.

၄၁၄။ ‘‘ဩက္ခိတ္တစက္ခု သတိမာ, နာယံ နီစကုလာမိဝ၊

ရာဇဒူတာဘိဓာဝန္တု, ကုဟိံ ဘိက္ခု ဂမိဿတိ’’။

၄၁၄။ အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူဟုတ်ဟန်မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်း စေတမန်တို့ လျင်လျင်မြန်မြန်လိုက်ကြကုန်လော့။ (၇)

Eyes downcast, mindful, unlike one from a low family. Let the king’s messengers run out, and find where the mendicant will go.’

၄၁၅။ တေ ပေသိတာ ရာဇဒူတာ, ပိဋ္ဌိတော အနုဗန္ဓိသုံ၊

ကုဟိံ ဂမိဿတိ ဘိက္ခု, ကတ္ထ ဝါသော ဘဝိဿတိ။

၄၁၅။ စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ် အရပ်သို့ သွားလိမ့်မည်နည်းဟု နှလုံးသွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ (၈)

The messengers sent out followed right behind, thinking ‘Where will the mendicant go? Where shall he find a place to stay?’

၄၁၆။ သပဒါနံ စရမာနော, ဂုတ္တဒွါရော သုသံဝုတော၊

ခိပ္ပံ ပတ္တံ အပူရေသိ, သမ္ပဇာနော ပဋိဿတော။

၄၁၆။ အိမ်စဥ်မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိသည်ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ အောက်မေ့မှု ‘သတိ’ ရှိကာလျင်စွာ သပိတ်ကို ပြည့်စေတော်မူ၏။ (၉)

Wandering indiscriminately for alms, sense doors guarded and well restrained, aware and mindful, his bowl was quickly filled.

၄၁၇။ ပိဏ္ဍစာရံ စရိတွာန, နိက္ခမ္မ နဂရာ မုနိ၊

ပဏ္ဍဝံ အဘိဟာရေသိ, ဧတ္ထ ဝါသော ဘဝိဿတိ။

၄၁၇။ မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံလှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှု ကြွ တော်မူ၏။ (၁၀)

Having wandered for alms, the sage left the city. He betook himself to Mount Paṇḍava, thinking, ‘Here is the place I shall stay.’

၄၁၈။ ဒိသွာန ဝါသူပဂတံ, တယော [တတော (သီ။ ပီ။)] ဒူတာ ဥပါဝိသုံ၊

တေသု ဧကောဝ [ဧကော စ ဒူတော (သီ။ သျာ။ ပီ။)] အာဂန္တွာ, ရာဇိနော ပဋိဝေဒယိ။

၄၁၈။ မင်းစေတမန်သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရား လောင်းကို မြင်၍ ဘုရားလောင်းအနီးသို့ ချဥ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ်ယောက်သောသူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။ (၁၁)

Seeing that he had arrived at a place to stay, the messengers withdrew nearby, but one of them returned to inform the king.

စာ-၃၄၁

၄၁၉။ ‘‘ဧသ ဘိက္ခု မဟာရာဇ, ပဏ္ဍဝဿ ပုရတ္ထတော [ပုရက္ခတော (သျာ။ က။)]၊

နိသိန္နော ဗျဂ္ဃုသဘောဝ, သီဟောဝ ဂိရိဂဗ္ဘရေ’’။

၄၁၉။ မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေ့မျက်နှာတောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့်နွားလားဥသဘကဲ့သို့လည်းကောင်း၊ ခြင်္သေ့ကဲ့သို့လည်းကောင်း နေတော်မူ၏။ (၁၂)

‘Great king, the mendicant is on the east flank of Mount Paṇḍava. There he sits, like a tiger or a bull, like a lion in a mountain cave.’

၄၂၀။ သုတွာန ဒူတဝစနံ, ဘဒ္ဒယာနေန ခတ္တိယော၊

တရမာနရူပေါ နိယျာသိ, ယေန ပဏ္ဍဝပဗ္ဗတော။

၄၂၀။ ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဥ်ဖြင့် လျင်မြန်သော သဘောရှိသည်ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ (၁၃)

Hearing the messenger’s report, the aristocrat set out hurriedly in his fine chariot toward Mount Paṇḍava.

၄၂၁။ သ ယာနဘူမိံ ယာယိတွာ, ယာနာ ဩရုယှ ခတ္တိယော၊

ပတ္တိကော ဥပသင်္ကမ္မ, အာသဇ္ဇ နံ ဥပါဝိသိ။

၄၂၁။ ထိုဗိမ္ဗိသာရမင်းသည် ယာဥ်ဖြင့် သွားနိုင်သောအရပ်တိုင်အောင် ယာဥ်ဖြင့်သွားပြီးလျှင် ယာဥ်မှသက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်းအနီးသို့ ချဥ်းကပ်ထိုင်နေ၏။ (၁၄)

He went as far as vehicles could go, then dismounted from his chariot, approached on foot, and reaching him, drew near.

၄၂၂။ နိသဇ္ဇ ရာဇာ သမ္မောဒိ, ကထံ သာရဏီယံ တတော၊

ကထံ သော ဝီတိသာရေတွာ, ဣမမတ္ထံ အဘာသထ။

၄၂၂။ မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။ (၁၅)

Seated, the king greeted him and made polite conversation. When the courtesies were over, he said the following:

၄၂၃။ ‘‘ယုဝါ စ ဒဟရော စာသိ, ပဌမုပ္ပတ္တိကော [ပဌမုပ္ပတ္တိယာ (သီ။), ပဌမုပ္ပတ္တိတော (သျာ။)] သုသု၊

ဝဏ္ဏာရောဟေန သမ္ပန္နော, ဇာတိမာ ဝိယ ခတ္တိယော။

၄၂၃။ အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်း ပျို၏၊ ငယ်လည်း ငယ်၏၊ ပဌမအရွယ်လည်း ဖြစ်၏၊ နုလည်း နု၏၊ လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ်နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။ (၁၆)

‘You are young, just a youth, a lad in the prime of life. You are endowed with beauty and stature, like an aristocrat of good birth

၄၂၄။ ‘‘သောဘယန္တော အနီကဂ္ဂံ, နာဂသံဃပုရက္ခတော၊

ဒဒါမိ ဘောဂေ ဘုဉ္ဇဿု, ဇာတိံ အက္ခာဟိ ပုစ္ဆိတော’’။

၄၂၄။ အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံလျက်တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ (၁၇)

in glory at the army’s head, surrounded by a troop of elephants. I offer you pleasures—enjoy them! But please tell me of your birth.’

၄၂၅။ ‘‘ဥဇုံ ဇနပဒေါ ရာဇ, ဟိမဝန္တဿ ပဿတော၊

ဓနဝီရိယေန သမ္ပန္နော, ကောသလေသု [ကောသလဿ (သျာ။ က။)] နိကေတိနော။

၄၂၅။ မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါအဝင်ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောကျာ်းကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည်ငါ၏အမြဲနေရာတည်း။ (၁၈)

‘Up north, O King, on the slopes of the Himalayas, full of wealth and strength, lies the land of one whose abode is among the Kosalans.

၄၂၆။ ‘‘အာဒိစ္စာ [အာဒိစ္စော (က။)] နာမ ဂေါတ္တေန, သာကိယာ [သာကိယော (က။)] နာမ ဇာတိယာ၊

တမှာ ကုလာ ပဗ္ဗဇိတောမှိ, န ကာမေ အဘိပတ္ထယံ။

၄၂၆။ ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယ ဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့် တတော့ပေ။ (၁၉)

Their clan is named for the Sun, they are Sakyans by birth. I have gone forth from that family— I do not yearn for sensual pleasure.

၄၂၇။ ‘‘ကာမေသွာဒီနဝံ ဒိသွာ, နေက္ခမ္မံ ဒဋ္ဌု ခေမတော၊

ပဓာနာယ ဂမိဿာမိ, ဧတ္ထ မေ ရဉ္ဇတီ မနော’’တိ။

ပဗ္ဗဇ္ဇာသုတ္တံ ပဌမံ နိဋ္ဌိတံ။

၄၂၇။ ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသောအားဖြင့် ရှုပြီးလျှင် (နိဗ္ဗာန်ကို တောင့်တလျက်) တရားအားထုတ်ရန် သွားအံ့၊ ဤတရားအားထုတ်မှု၌ ငါ၏စိတ်သည် နှစ်သက်၏ဟု (မိန့်တော်မူ၏)။ (၂၀) ရှေးဦးစွာသော ပဗ္ဗဇ္ဇာသုတ် ပြီး၏။

Seeing the danger in sensual pleasures, seeing renunciation as sanctuary, I shall go on to strive; that is where my mind delights.’”

၂။ ပဓာနသုတ္တ

၄၂၈။ ‘‘တံ မံ ပဓာနပဟိတတ္တံ, နဒိံ နေရဉ္ဇရံ ပတိ၊

ဝိပရက္ကမ္မ ဈာယန္တံ, ယောဂက္ခေမဿ ပတ္တိယာ။

၂-ပဓာနသုတ် ၄၂၈-၄၂၉။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေရဉ္ဇရာ မြစ်နား၌ ယောဂကုန်ရာနိဗ္ဗာန်သို့ ရောက်ခြင်းငှါ အလွန်အားထုတ်လျက် အပ္ပနာ ဈာန်ကိုအားထုတ်နေသော ထိုငါဘုရားကို - အသျှင်ဘုရားသည် ကြုံလှီလှပါ၏၊ အဆင်းမလှတော့ပါပြီ၊ အရှင်၏ သေခြင်းသည် နီးကပ်လှပါ၏ဟု မာရ်နတ်သည် သနားခြင်းနှင့် ယှဥ်သော စကားကို ပြောလျက် ချဥ်းကပ်၏။ (၁-၂)

Anthology of Discourses 3.2 Striving “During my time of resolute striving back on the bank of the Nerañjara River, I was meditating very hard for the sake of sanctuary from the yoke.

၄၂၉။ ‘‘နမုစီ ကရုဏံ ဝါစံ, ဘာသမာနော ဥပါဂမိ၊

‘ကိသော တွမသိ ဒုဗ္ဗဏ္ဏော, သန္တိကေ မရဏံ တဝ။

Namucī approached, speaking words of kindness: ‘You’re thin, discolored, on the verge of death.

စာ-၃၄၂

၄၃၀။ ‘‘‘သဟဿဘာဂေါ မရဏဿ, ဧကံသော တဝ ဇီဝိတံ၊

ဇီဝ ဘော ဇီဝိတံ သေယျော, ဇီဝံ ပုညာနိ ကာဟသိ။

၄၃၀။ အသျှင်ဘုရား၏ အသက်ရှင်ခြင်းသည် သေခြင်း၏ တစ်ထောင်သော အဖို့အစုရှိသည့်အနက်တစ်စုတစ်စိတ်သာ ကျန်ပါတော့သည်၊ အသျှင် အသက် ရှင်နေပါလော့၊ အသက်ရှင်နေရခြင်းသည် မြတ်ပါ၏၊ အသက်ရှင်နေသည်ရှိသော် အသျှင်ဘုရားသည် ကောင်းမှုတို့ကို ပြုရပါလိမ့်မည်။ (၃)

Death has a thousand parts of you, one fraction is left to life. Live, worthy sir! Life is better! Living, you can make merits.

၄၃၁။ ‘‘‘စရတော စ တေ ဗြဟ္မစရိယံ, အဂ္ဂိဟုတ္တဉ္စ ဇူဟတော၊

ပဟူတံ စီယတေ ပုညံ, ကိံ ပဓာနေန ကာဟသိ။

၄၃၁။ မြတ်သောအကျင့်ကိုလည်း ကျင့်သော မီးပူဇော်ခြင်းကိုလည်း ပူဇော်သော သင့်အားများစွာသော ကောင်းမှုသည် ပွါး၏၊ တရားအားထုတ်မှုဖြင့် အဘယ်ပြုလိမ့်မည်နည်း။ (၄)

While leading the spiritual life and serving the sacred flame, you can pile up abundant merit— so what will striving do for you?

၄၃၂။ ‘‘‘ဒုဂ္ဂေါ မဂ္ဂေါ ပဓာနာယ, ဒုက္ကရော ဒုရဘိသမ္ဘဝေါ’’’၊

ဣမာ ဂါထာ ဘဏံ မာရော, အဋ္ဌာ ဗုဒ္ဓဿ သန္တိကေ။

၄၃၂။ တရားအားထုတ်ရန် ခရီးသည် အသွားခက်လှ၏၊ ပြုနိုင်ခဲ၏၊ ဖြစ်နိုင်ခဲ၏ဟု ဤဂါထာတို့ကို ရွတ်ဆိုလျက် မာရ်နတ်သည် မြတ်စွာဘုရားအနီး၌ ရပ် တည်၏။ (၅)

Hard to walk is the path of striving, hard to do, a hard challenge to win.’” These are the verses Māra spoke as he stood beside the Buddha.

၄၃၃။ တံ တထာဝါဒိနံ မာရံ, ဘဂဝါ ဧတဒဗြဝိ၊

‘‘ပမတ္တဗန္ဓု ပါပိမ, ယေနတ္ထေန [သေနတ္ထေန (?), အတ္တနော အတ္ထေန (အဋ္ဌ။ သံဝဏ္ဏနာ)] ဣဓာဂတော။

၄၃၃။ ထိုအခြင်းအရာအားဖြင့် ဆိုတတ်သော ထိုမာရ်နတ်အား မြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို၏- မေ့လျော့မှု၏ အဆွေဖြစ်သော မာရ်နတ်ယုတ် ဤအရပ်သို့ သင်လာခြင်းသည်ကားသင့်အကျိုးအတွက်သာ လာခြင်းဖြစ်၏။ (၆)

When Māra had spoken in this way, the Buddha said this: “O Wicked One, kinsman of the negligent, you’re here for your own purpose.

၄၃၄။ ‘‘အဏုမတ္တောပိ [အဏုမတ္တေနပိ (သီ။ သျာ။)] ပုညေန, အတ္ထော မယှံ န ဝိဇ္ဇတိ၊

ယေသဉ္စ အတ္ထော ပုညေန, တေ မာရော ဝတ္တုမရဟတိ။

၄၃၄။ (မာရ်နတ်ယုတ်) အနုမြူမျှလောက်သော်လည်းကောင်းမှုဖြင့် ငါ အလို မရှိ၊ အကြင်သူတို့အားကား ကောင်းမှုဖြင့် အလိုရှိ၏၊ ထိုသူတို့ကိုသာလျှင် မာရ် နတ်သည် ပြောဆိုရန်ထိုက်၏။ (၇)

I have no need for the slightest bit of merit. Those with need for merit are fit for Māra to address.

၄၃၅။ ‘‘အတ္ထိ သဒ္ဓါ တထာ [တတော (သီ။ ပီ။), တပေါ (သျာ။ က။)] ဝီရိယံ, ပညာ စ မမ ဝိဇ္ဇတိ၊

ဧဝံ မံ ပဟိတတ္တမ္ပိ, ကိံ ဇီဝမနုပုစ္ဆသိ။

၄၃၅။ (မာရ်နတ်ယုတ်) ငါ့အား ယုံကြည်မှု ‘သဒ္ဓါ’သည်လည်းကောင်း၊အား ထုတ်မှု ‘ဝီရိယ’သည်လည်းကောင်း၊ (ခွဲခြားသိမှု) ‘ပညာ’သည်လည်းကောင်း ရှိ၏၊ ဤသို့ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသူ ငါ့အား အဘယ့်ကြောင့် အသက်ရှင်ခြင်းကို မေးတုံဘိသနည်း။ (၈)

I have faith and energy too, and wisdom is found in me. When I am so resolute, why do you beg me to live?

၄၃၆။ ‘‘နဒီနမပိ သောတာနိ, အယံ ဝါတော ဝိသောသယေ၊

ကိဉ္စ မေ ပဟိတတ္တဿ, လောဟိတံ နုပသုဿယေ။

၄၃၆။ ငါ၏ကိုယ်၌ ဝီရိယအဟုန်ကြောင့် ဖြစ်သော ဤလေသည် မြစ်တို့၏ ရေအလျဥ်တို့ကိုသော်လည်းခန်းခြောက်စေနိုင်ရာ၏၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ် ရှိသူ ငါ၏ သွေးကိုကား အဘယ့်ကြောင့် သာလျှင့်မခန်းခြောက်စေဘဲ ရှိပါအံ့နည်း။ (၉)

The rivers and streams might be dried by the wind, so why, when I am resolute, should it not dry up my blood?

၄၃၇။ ‘‘လောဟိတေ သုဿမာနမှိ, ပိတ္တံ သေမှဉ္စ သုဿတိ၊

မံသေသု ခီယမာနေသု, ဘိယျော စိတ္တံ ပသီဒတိ၊

ဘိယျော သတိ စ ပညာ စ, သမာဓိ မမ တိဋ္ဌတိ။

၄၃၇။ သွေးသည် ခန်းခြောက်လတ်သော်သည်းခြေသည်လည်းကောင်း၊ သလိပ်သည်လည်းကောင်းခန်းခြောက်၏၊ အသားတို့သည် ကုန်ခန်းကုန်သော် စိတ်သည် ရှေးကထက် လွန်စွာကြည်လင်၏၊ သတိသည်လည်းကောင်း၊ ပညာသည်လည်းကောင်း၊ သမာဓိသည်လည်းကောင်း ငါ့အား လွန်စွာတည်၏။ (၁၀)

And while the blood is drying up, the bile and phlegm dry too. And as my muscles waste away, my mind grows more serene. And all the stronger grow mindfulness and wisdom and immersion.

၄၃၈။ ‘‘တဿ မေဝံ ဝိဟရတော, ပတ္တဿုတ္တမဝေဒနံ၊

ကာမေသု [ကာမေ (သီ။ သျာ။)] နာပေက္ခတေ စိတ္တံ, ပဿ သတ္တဿ သုဒ္ဓတံ။

၄၃၈။ ဤသို့ နေသည်ဖြစ်၍ လွန်မြတ်သော ဝေဒနာသို့ ရောက်သော ထိုငါ၏ စိတ်သည် ကာမတို့ကို အလိုမရှိ (စိတ်စင်ကြယ်မှုဖြင့်) သတ္တဝါစင်ကြယ်သည့် အဖြစ်ကို ရှုလော့။ (၁၁)

As I meditate like this, having attained the supreme feeling, my mind has no interest in sensual pleasures: behold a being’s purity!

၄၃၉။ ‘‘ကာမာ တေ ပဌမာ သေနာ, ဒုတိယာ အရတိ ဝုစ္စတိ၊

တတိယာ ခုပ္ပိပါသာ တေ, စတုတ္ထီ တဏှာ ပဝုစ္စတိ။

၄၃၉။ ကာမတို့ကို သင်၏ ပဌမ စစ်သည်ဟူ၍ ဆိုရကုန်၏၊ မမွေ့လျော်ခြင်းကို ဒုတိယ စစ်သည်ဟူ၍ဆိုရ၏၊ မွတ်သိပ်ဆာလောင်ခြင်းကို သင်၏ တတိယ စစ်သည်ဟူ၍ ဆိုရ၏၊ တပ်မက်မှု တဏှာကို စတုတ္ထ စစ်သည်ဟူ၍ ဆိုရ၏။ (၁၂)

Sensual pleasures are your first army, the second is called discontent, hunger and thirst are the third, and the fourth is said to be craving.

၄၄၀။ ‘‘ပဉ္စမံ [ပဉ္စမီ (သီ။ ပီ။)] ထိနမိဒ္ဓံ တေ, ဆဋ္ဌာ ဘီရူ ပဝုစ္စတိ၊

သတ္တမီ ဝိစိကိစ္ဆာ တေ, မက္ခော ထမ္ဘော တေ အဋ္ဌမော။

၄၄၀။ ထိနမိဒ္ဓကို သင်၏ ပဉ္စမ စစ်သည်ဟူ၍ ဆိုရ၏၊ ကြောက်လန့်မှုကို ဆဋ္ဌ စစ်သည်ဟူ၍ ဆိုရ၏၊ ယုံမှားမှုကို သင်၏ သတ္တမ စစ်သည်ဟူ၍ ဆိုရ၏၊ သူ့ ကျေးဇူးကို ချေဖျက်မှုကိုလည်းကောင်း၊ မာန်ဖြင့်ခက်ထန်ခိုင်မာမှုကိုလည်းကောင်း သင်၏ အဋ္ဌမ စစ်သည်ဟူ၍ ဆိုရ၏။ (၁၃)

Your fifth is dullness and drowsiness, the sixth is said to be cowardice, your seventh is doubt, contempt and obstinacy are your eighth.

၄၄၁။ ‘‘လာဘော သိလောကော သက္ကာရော, မိစ္ဆာလဒ္ဓေါ စ ယော ယသော၊

ယော စတ္တာနံ သမုက္ကံသေ, ပရေ စ အဝဇာနတိ။

၄၄၁။ လာဘ်ကျော်စောမှု ပူဇော်သက္ကာရ ချွတ်ယွင်းဖောက်ပြန် မမှန်မကန် ရအပ်သော အခြံအရံကို နဝမ စစ်သည်ဟူ၍ ဆိုရ၏၊ မိမိကိုယ်ကို ချီးမြှောက်မှု သူတစ်ပါးတို့အား ရှုတ်ချမှုကို ဒသမစစ်သည်ဟူ၍ ဆိုရ၏။ (၁၄)

Profit, praise, and honor, and misbegotten fame; the extolling of oneself while scorning others.

စာ-၃၄၃

၄၄၂။ ‘‘ဧသာ နမုစိ တေ သေနာ, ကဏှဿာဘိပ္ပဟာရိနီ၊

န နံ အသူရော ဇိနာတိ, ဇေတွာ စ လဘတေ သုခံ။

၄၄၂။ မာရ်နတ်ယုတ် ဤဆယ်မျိုးသည်ကား သမဏဗြာဟ္မဏတို့ကို နှောင့်ယှက် တတ်သော မည်းနက်သော အကုသိုလ်ရှိသည့် သင်မာရ်နတ်၏ စစ်သည် ဗိုလ်ပါတည်း၊ မရဲရင့်သူသည် ထိုစစ်သည်ဆယ်မျိုးကို မအောင်မြင်နိုင်၊ ထိုစစ်သည် ဆယ်မျိုးကို အောင်မြင်နိုင်ခဲ့မူကား ချမ်းသာကိုရ၏။ (၁၅)

This is your army, Namucī, the strike force of the Dark One. Only a hero can defeat it, but in victory there lies bliss.

၄၄၃။ ‘‘ဧသ မုဉ္ဇံ ပရိဟရေ, ဓိရတ္ထု မမ [ဣဒ (က။)] ဇီဝိတံ၊

သင်္ဂါမေ မေ မတံ သေယျော, ယံ စေ ဇီဝေ ပရာဇိတော။

၄၄၃။ ထို့ကြောင့် ထိုငါသည်လည်း (မဆုတ်မနစ်ခြင်း အထိမ်းအမှတ်ဖြစ်သော) ဖြူဆံမြက်ကို ဆောင်ထား၏၊ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင်နေရခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏၊ (သင်နှင့်) စစ်တိုက်ရာ၌ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင် နေရခြင်းထက် သေခြင်းက မြတ်သေး၏။ (၁၆)

Let me gird myself— curse my life! I’d rather die in battle than live on in defeat.

၄၄၄။ ‘‘ပဂါဠှေတ္ထ န ဒိဿန္တိ, ဧကေ သမဏဗြာဟ္မဏာ၊

တဉ္စ မဂ္ဂံ န ဇာနန္တိ, ယေန ဂစ္ဆန္တိ သုဗ္ဗတာ။

၄၄၄။ ဤသင်၏ စစ်သည်ဘောင်၌ နစ်မြုပ်သက်ဝင်နေကြရကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် (သီလစသော ဂုဏ်တို့ဖြင့်) မထင်ရှားနိုင်ကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် ကောင်းသောအကျင့်ရှိသူတို့သွားရာလမ်းခရီးကိုလည်း မသိကြကုန်။ (၁၇)

Here some ascetics and brahmins are swallowed up, not to be seen again. And they do not know the path traveled by those true to their vows.

၄၄၅။ ‘‘သမန္တာ ဓဇိနိံ ဒိသွာ, ယုတ္တံ မာရံ သဝါဟနံ၊

ယုဒ္ဓါယ ပစ္စုဂ္ဂစ္ဆာမိ, မာ မံ ဌာနာ အစာဝယိ။

၄၄၅။ (မာရ်နတ်) ငါသည် ထက်ဝန်းကျင်အရပ်မှ စစ်တိုက်ရန် ထွက်လာသော စစ်သည်ဗိုလ်ပါအပေါင်းကို မြင်ရသောကြောင့် ငါ့ကို တည်ရာဌာနမှ မရွေ့လျောပါစေ လင့်ဟု (နှလုံးသွင်း၍) ဂိရိမေခလာဆင်နှင့်တကွဖြစ်သော မာရ်နတ်ကို စစ်ထိုးရန် ရင်ဆိုင်ထွက်ခဲ့၏။ (၁၈)

Seeing Māra ready with his legions, surrounded by his bannered forces, I shall meet them in battle— they’ll never make me retreat!

၄၄၆။ ‘‘ယံ တေ တံ နပ္ပသဟတိ, သေနံ လောကော သဒေဝကော၊

တံ တေ ပညာယ ဘေစ္ဆာမိ [ဂစ္ဆာမိ (သီ။), ဝေစ္ဆာမိ (သျာ။), ဝဇ္ဈာမိ (က။)], အာမံ ပတ္တံဝ အသ္မနာ [ပက္ကံဝ အမုနာ (က။)]။

၄၄၆။ သင်၏ အကြင်စစ်သည် ဗိုလ်ပါအပေါင်းကို နတ်နှင့်တကွသော လောကသည် ခုခံနိုင်စွမ်းမရှိပေ၊ မီးမဖုတ်ရသေးသော မြေအိုး မြေခွက်ကို ကျောက်ဖြင့် ထုနှက်ခွဲဖျက်သကဲ့သို့ သင်၏ ထိုစစ်သည်ဗိုလ်ပါအပေါင်းကို ပညာဖြင့် ငါ ထုနှက် ဖျက်ဆီးအံ့။ (၁၉)

That army of yours has never been beaten by the world with all its gods. Yet I shall smash it with wisdom, like an unfired pot with a stone.

၄၄၇။ ‘‘ဝသီကရိတွာ [ဝသိံ ကရိတွာ (ဗဟူသု)] သင်္ကပ္ပံ, သတိဉ္စ သူပတိဋ္ဌိတံ၊

ရဋ္ဌာ ရဋ္ဌံ ဝိစရိဿံ, သာဝကေ ဝိနယံ ပုထူ။

၄၄၇။ ငါသည်မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ကို လေ့လာခြင်းရှိသည်ကို ပြုလျက်မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ကိုလည်းကောင်းစွာတည်သည်ကို ပြု၍ များစွာသောတပည့်သာဝကတို့ကို ဆုံးမလျက် တိုင်းပြည် တစ်ခုမှ တိုင်းပြည် တစ်ခုသို့ လှည့်လည်တော့အံ့။ (၂၀)

Having brought my thoughts under control, and established mindfulness well, I shall wander from nation to nation, guiding many disciples.

၄၄၈။ ‘‘တေ အပ္ပမတ္တာ ပဟိတတ္တာ, မမ သာသနကာရကာ၊

အကာမဿ [အကာမာ (က။)] တေ ဂမိဿန္တိ, ယတ္ထ ဂန္တွာ န သောစရေ’’။

၄၄၈။ ငါ၏ အဆုံးအမကို လိုက်နာကြကုန်သော ထိုတပည့်သာဝကတို့သည် မမေ့မလျော့ကုန်ဘဲနိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကုန်လျက် (ဘဝသုံးပါးကို) အလိုမရှိကြကုန်သည်ဖြစ်၍ အကြင်နိဗ္ဗာန်သို့ ရောက်ကုန်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့။ (၂၁)

Diligent and resolute, following my instructions, they will proceed despite your will, to where there is no sorrow.”

၄၄၉။ ‘‘သတ္တ ဝဿာနိ ဘဂဝန္တံ, အနုဗန္ဓိံ ပဒါပဒံ၊

ဩတာရံ နာဓိဂစ္ဆိဿံ, သမ္ဗုဒ္ဓဿ သတီမတော။

၄၄၉။ သတိရှိတော်မူသော မြတ်စွာဘုရား၏ ချွတ်ယွင်းချက် အခွင့်အရေးကို ရလိမ့်မည်ဟု နှလုံးသွင်း၍ငါသည် ခုနစ်နှစ်တို့ပတ်လုံး မြတ်စွာဘုရားသို့ ထပ် ကြပ်မကွာ အစဥ်လိုက်ခဲ့၏၊ ဤသို့ လိုက်သော်လည်း အခွင့်အရေးကို မရခဲ့ချေ။ (၂၂)

“For seven years I followed step by step behind the Blessed One. I found no vulnerability in the mindful Awakened One.

၄၅၀။ ‘‘မေဒဝဏ္ဏံဝ ပါသာဏံ, ဝါယသော အနုပရိယဂါ၊

အပေတ္ထ မုဒုံ [မုဒု (သီ။)] ဝိန္ဒေမ, အပိ အဿာဒနာ သိယာ။

၄၅၀-၄၅၁။ ဤအရာဝတ္ထု၌ နူးညံ့ပျော့ပျောင်းရာကို ရနိုင်ငြားအံ့လည်း မသိ၊ သာယာမြိန်ရှက်ဖွယ်ရှိငြားအံ့လည်း မသိဟု နှလုံးသွင်း၍ ကျီးသည် အဆီခဲနှင့် တူသော အဆင်းရှိသော ကျောက်တုံးကို ထက်ဝန်းကျင် လှည့်လည်ထိုးဆိတ်ပါသော်လည်း- ကျီးသည် ထိုကျောက်တုံး၌သာယာတပ်ငြိဖွယ်ကို မရသောကြောင့် ကျောက်တုံးကို တွယ်တာကပ်ငြိမှုမှငြီးငွေ့ လက်လျှော့လျက် ဖဲခွါပျံသွားသကဲ့သို့ ငါတို့သည်လည်း အသျှင်ဂေါတမကို ငြီးငွေ့လက်လျှော့လာဖဲခွါထွက်သွားကုန်တော့အံ့။ (၂၃-၂၄)

A crow once circled a stone that looked like a lump of fat. ‘Perhaps I’ll find something tender,’ it thought, ‘perhaps there’s something tasty.’

၄၅၁။ ‘‘အလဒ္ဓါ တတ္ထ အဿာဒံ, ဝါယသေတ္တော အပက္ကမိ၊

ကာကောဝ သေလမာသဇ္ဇ, နိဗ္ဗိဇ္ဇာပေမ ဂေါတမံ’’။

But finding nothing tasty, the crow left that place. Like the crow that pecked the stone, I leave Gotama disappointed.”

၄၅၂။ တဿ သောကပရေတဿ, ဝီဏာ ကစ္ဆာ အဘဿထ၊

တတော သော ဒုမ္မနော ယက္ခော, တတ္ထေဝန္တရဓာယထာတိ။

ပဓာနသုတ္တံ ဒုတိယံ နိဋ္ဌိတံ။

၄၅၂။ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုမာရ်နတ်၏ လက်ကတီးကြားမှ စောင်းသည် လျှောကျ၏၊ ထို့နောက် ထိုမာရ်နတ်သည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်ပျောက်လေသတည်း။ (၂၅) နှစ်ခုမြောက် ပဓာနသုတ် ပြီး၏။ ၃-သုဘာသိတသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကိုု ဟောတော်မူ၏- ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊ အဘယ်လေးပါးတို့နှင့်နည်း၊ ရဟန်းတို့ ဤသာသနတော်၌ ရဟန်းသည် ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊ တရားနှင့် စပ်ယှဥ်သော စကားကိုသာလျှင် ဆို၏၊ တရားနှင့် မစပ်ယှဥ်သော စကားကို မဆို၊ ချစ်နှစ်သက်ဖွယ် စကားကိုသာလျှင် ဆို၏၊ မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊ အမှန်ကိုသာ ဆို၏၊ မမှန်ချွတ်ယွင်းသော စကားကို မဆို၊ ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-

So stricken with sorrow that his harp dropped from his armpit, that spirit, downcast, vanished right there.

စာ-၃၄၄

၃။ သုဘာသိတသုတ္တ

ဧဝံ မေ သုတံ – ဧက သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘စတူဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတာ ဝါစာ သုဘာသိတာ ဟောတိ, န ဒုဗ္ဘာသိတာ, အနဝဇ္ဇာ စ အနနုဝဇ္ဇာ စ ဝိညူနံ။ ကတမေဟိ စတူဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သုဘာသိတံယေဝ ဘာသတိ နော ဒုဗ္ဘာသိတံ, ဓမ္မံယေဝ ဘာသတိ နော အဓမ္မံ, ပိယံယေဝ ဘာသတိ နော အပ္ပိယံ, သစ္စံယေဝ ဘာသတိ နော အလိကံ။ ဣမေဟိ ခေါ, ဘိက္ခဝေ, စတူဟိ အင်္ဂေဟိ သမန္နာဂတာ ဝါစာ သုဘာသိတာ ဟောတိ, နော ဒုဗ္ဘာသိတာ, အနဝဇ္ဇာ စ အနနုဝဇ္ဇာ စ ဝိညူန’’န္တိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

၄၅၃။ ‘‘သုဘာသိတံ ဥတ္တမမာဟု သန္တော, ဓမ္မံ ဘဏေ နာဓမ္မံ တံ ဒုတိယံ၊

ပိယံ ဘဏေ နာပ္ပိယံ တံ တတိယံ, သစ္စံ ဘဏေ နာလိကံ တံ စတုတ္ထ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ စီဝရံ ကတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ ဘဂဝါ, ပဋိဘာတိ မံ သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

၄၅၃။ “ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော် ကောင်းတို့ဆိုကြကုန်၏၊ တရားနှင့် စပ်ယှဥ်သော စကားကို ပြောဆိုရာ၏၊ တရားနှင့် မစပ်ယှဥ်သော စကားကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏၊ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏၊ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆိုရာ၊ ထိုစကားကို တတိယအင်္ဂါဟု ဆိုကြကုန်၏၊ဟုတ်မှန်သော စကားကို ပြောဆိုရာ၏၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထ အင်္ဂါဟု ဆိုကြကုန်၏”ဟု (မိန့်တော်မူ၏)။ (၁) ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက်မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ဉာဏ်၌ ထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် မြတ်စွာ့ဘုရား၏ မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

Anthology of Discourses 3.3 Well-Spoken Words So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, speech that has four factors is well spoken, not poorly spoken. It’s blameless and is not criticized by sensible people. What four? It’s when a mendicant speaks well, not poorly; their speech is principled, not unprincipled; they speak pleasantly, not unpleasantly; and they speak truthfully, not falsely. Speech with these four factors is well spoken, not poorly spoken. It’s blameless and is not criticized by sensible people.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Good people say well-spoken words are foremost; second, speech ought be principled, not unprincipled; third, speak pleasantly, not unpleasantly; and fourth, speak truthfully, not falsely.” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled the Buddha in his presence with fitting verses:

၄၅၄။ ‘‘တမေဝ ဝါစံ ဘာသေယျ, ယာယတ္တာနံ န တာပယေ၊

ပရေ စ န ဝိဟိံသေယျ, သာ ဝေ ဝါစာ သုဘာသိတာ။

၄၅၄။ အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဥ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏၊ ထိုစကားသည် အမှန်ပင်ကောင်းသော စကားမည်၏။ (၂)

“Speak only those words that do not hurt yourself nor harm others; such speech is truly well spoken.

၄၅၅။ ‘‘ပိယဝါစမေဝ ဘာသေယျ, ယာ ဝါစာ ပဋိနန္ဒိတာ၊

ယံ အနာဒါယ ပါပါနိ, ပရေသံ ဘာသတေ ပိယံ။

၄၅၅။ အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက်ဝမ်းမြောက်နိုင်၏၊ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူမူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏၊ ထိုသူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။ (၃)

Speak only pleasing words, words gladly welcomed. Pleasing words are those that bring nothing bad to others.

၄၅၆။ ‘‘သစ္စံ ဝေ အမတာ ဝါစာ, ဧသ ဓမ္မော သနန္တနော၊

သစ္စေ အတ္ထေ စ ဓမ္မေ စ, အာဟု သန္တော ပတိဋ္ဌိတာ။

၄၅၆။မှန်သော စကားသည် စင်စစ် အမြိုက်သုဓာ ဘုတ်နှင့် တူ၏၊ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော် ကောင်းတို့သည် ဟုတ်မှန်သော အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်၏။ (၄)

Truth itself is undying speech: this is an ancient teaching. Good people say the teaching and meaning are grounded in truth.

စာ-၃၄၅

၄၅၇။ ‘‘ယံ ဗုဒ္ဓေါ ဘာသတိ ဝါစံ, ခေမံ နိဗ္ဗာနပတ္တိယာ၊

ဒုက္ခဿန္တကိရိယာယ, သာ ဝေ ဝါစာနမုတ္တမာ’’တိ။

သုဘာသိတသုတ္တံ တတိယံ နိဋ္ဌိတံ။

၄၅၇။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည်သာ စကားတို့တွင်အမှန်ပင် မြတ်သော စကားတော်ပေတည်း”ဟု (မိန့်တော်မူ၏)။ (၅) သုံးခုမြောက် သုဘာသိတသုတ် ပြီး၏။ ၄-သုန္ဒရိကဘာရဒွါဇသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းသုန္ဒရိကာမြစ်ကမ်းနား၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် သုန္ဒရိကာမြစ်ကမ်းနား၌ မီးကို ပူဇော်၏၊ မီးပူဇော်ရာအရပ်ကို တံမြက်လှည်းခြင်းစသည်ဖြင့် ဆည်းကပ်၏၊ ထိုအခါ သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားသည် မီးပူဇော်ပြီး၍ မီးပူဇော်ရာအရပ်ကို ဆည်းကပ်ပြီးလျှင် နေရာမှ ထကာ“ဤမီးပူဇော်အပ်ပြီးသည်မှ ကြွင်းသော နို့ဃနာကို အဘယ်သူသည် စားထိုက်ပါမည်နည်း”ဟု ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို လှည့်၍ကြည့်၏၊ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ဦးခေါင်းနှင့်တကွ ရုံ၍ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မီးပူဇော်အပ်ပြီးသည်မှကြွင်းကျန်သော နို့ဃနာကို လက်ဝဲတစ်ဖက်ဖြင့် ယူလျက် လကျာ်လက်ဖြင့် ကရားကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏။ ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏား၏ ခြေသံကြောင့် ဦးခေါင်းကို ဖွင့်တော်မူ၏၊ ထိုအခါ၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် “ဤအသျှင်သည် ဦပြည်း (ကတုံး) ယုတ်ပါတကား၊ ဤအသျှင်သည် ဦပြည်း (ကတုံး) ယုတ်ပါတကား”ဟု (ကဲ့ရဲ့၍) ထိုအရပ်မှပင်လျှင် ပြန်ဆုတ်ခဲ့၏။ ထို့နောက်သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားအား “ဤလောက၌ အချို့သော ပုဏ္ဏားတို့သည် ဦးပြည်းထားသူတို့လည်းဖြစ်တတ်ကုန်သေး၏၊ ငါသည် ချဥ်းကပ်၍ ဇာတ်ကို မေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ထို့နောက်သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို “အသျှင်သည် အဘယ်အမျိုးဇာတ်ဖြစ်သနည်း”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏားအား ဂါထာတို့ဖြင့် ရွတ်ဆိုဟောပြောတော်မူ၏-

The words spoken by the Buddha for finding the sanctuary, extinguishment, for making an end of suffering, this really is the best kind of speech.”

၄။ သုန္ဒရိကဘာရဒွါဇသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ သုန္ဒရိကာယ နဒိယာ တီရေ။ တေန ခေါ ပန သမယေန သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော သုန္ဒရိကာယ နဒိယာ တီရေ အဂ္ဂိံ ဇုဟတိ, အဂ္ဂိဟုတ္တံ ပရိစရတိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော အဂ္ဂိံ ဇုဟိတွာ အဂ္ဂိဟုတ္တံ ပရိစရိတွာ ဥဋ္ဌာယာသနာ သမန္တာ စတုဒ္ဒိသာ အနုဝိလောကေသိ – ‘‘ကော နု ခေါ ဣမံ ဟဗျသေသံ ဘုဉ္ဇေယျာ’’တိ? အဒ္ဒသာ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ အဝိဒူရေ အညတရသ္မိံ ရုက္ခမူလေ သသီသံ ပါရုတံ နိသိန္နံ၊ ဒိသွာန ဝါမေန ဟတ္ထေန ဟဗျသေသံ ဂဟေတွာ ဒက္ခိဏေန ဟတ္ထေန ကမဏ္ဍလုံ ဂဟေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ။

အထ ခေါ ဘဂဝါ သုန္ဒရိကဘာရဒွါဇဿ ဗြာဟ္မဏဿ ပဒသဒ္ဒေန သီသံ ဝိဝရိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော – ‘‘မုဏ္ဍော အယံ ဘဝံ, မုဏ္ဍကော အယံ ဘဝ’’န္တိ တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘မုဏ္ဍာပိ ဟိ ဣဓေကစ္စေ ဗြာဟ္မဏာ ဘဝန္တိ, ယံနူနာဟံ ဥပသင်္ကမိတွာ ဇာတိံ ပုစ္ဆေယျ’’န္တိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိံဇစ္စော ဘဝ’’န္တိ?

အထ ခေါ ဘဂဝါ သုန္ဒရိကဘာရဒွါဇံ ဗြာဟ္မဏံ ဂါထာဟိ အဇ္ဈဘာသိ –

၄၅၈။ ‘‘န ဗြာဟ္မဏော နောမှိ န ရာဇပုတ္တော, န ဝေဿာယနော ဥဒ ကောစိ နောမှိ၊

ဂေါတ္တံ ပရိညာယ ပုထုဇ္ဇနာနံ, အကိဉ္စနော မန္တ စရာမိ လောကေ။

၄၅၈။ ပုဏ္ဏား ငါဘုရားသည် ပုဏ္ဏားမျိုး မဟုတ်၊ မင်းသားလည်း မဟုတ်၊ ကုန်သည်မျိုးလည်းမဟုတ်၊ မည်သည့်အမျိုးဇာတ်မျှ မဟုတ်၊ ပုထုဇဥ်တို့၏ အနွယ်ကို ပိုင်းခြားသိပြီး၍ကြောင့်ကြမှု မရှိဘဲပညာဖြင့် သိလျက် လောက၌ လှည့်လည်နေထိုင်၏။ (၁)

Anthology of Discourses 3.4 With Bhāradvāja of Sundarikā on the Sacrificial Cake So I have heard. At one time the Buddha was staying in the Kosalan lands on the bank of the Sundarikā River. Now at that time the brahmin Bhāradvāja of Sundarikā was serving the sacred flame and performing the fire sacrifice on the bank of the Sundarikā. Then he rose from his seat and surveyed the four quarters, wondering, “Now who might eat the leftovers of this oblation?” He saw the Buddha meditating at the root of a certain tree with his robe pulled over his head. Taking the leftovers of the oblation in his left hand and a pitcher in the right he approached the Buddha. When he heard Bhāradvāja of Sundarikā’s footsteps the Buddha uncovered his head. Bhāradvāja of Sundarikā thought, “This man is shaven, he is shaven!” And he wanted to turn back. But he thought, “Even some brahmins are shaven. Why don’t I go to him and ask about his birth?” Then the brahmin Bhāradvāja of Sundarikā went up to the Buddha, and said to him, “Sir, what are you by birth?” Then the Buddha addressed Bhāradvāja of Sundarikā in verse: “I am no brahmin, nor am I a ruler, nor peasant nor anything else. Fully understanding the clan of ordinary people, I wander in the world owning nothing, reflective.

စာ-၃၄၆

၄၅၉။ ‘‘သံဃာဋိဝါသီ အဂဟော စရာမိ [အဂိဟော (က။ သီ။ ပီ။) အဂေဟော (ကတ္ထစိ)], နိဝုတ္တကေသော အဘိနိဗ္ဗုတတ္တော၊

အလိပ္ပမာနော ဣဓ မာဏဝေဟိ, အကလ္လံ မံ ဗြာဟ္မဏ ပုစ္ဆသိ ဂေါတ္တပဉှံ’’။

၄၅၉။ ပုဏ္ဏား ငါသည် သင်္ကန်းကို ဝတ်လျက် တဏှာတည်းဟူသော အိမ်မရှိဘဲ ဆံပင်တို့ကို ရိတ်ပယ်ပြီးလျှင် ပူပန်မှု ငြိမ်းပြီးသော စိတ်ရှိကာ ဤလောက၌ လူတို့နှင့် မရောယှက်မူ၍ ကျင့်၏၊သို့ ဖြစ်ပါလျက် သင်သည် မလျောက်ပတ်သော အမျိုးအနွယ်နှင့် စပ်သော ပြဿနာကို ငါ့အား မေးဘိ၏။ (၂)

Clad in my cloak, I wander without home, my hair shorn, quenched. Since I’m unburdened by sons of Manu, it’s inappropriate to ask me about clan.”

၄၆၀။ ‘‘ပုစ္ဆန္တိ ဝေ ဘော ဗြာဟ္မဏာ, ဗြာဟ္မဏေဘိ သဟ ဗြာဟ္မဏော နော ဘဝ’’န္တိ။

၄၆၀။ အသျှင် ပုဏ္ဏားတို့သည် ပုဏ္ဏားအချင်းချင်းလည်း “အသျှင်သည် ပုဏ္ဏား လော”ဟု မေးတတ်ကြကုန်၏။ (၃)

“Actually sir, when brahmins meet they politely ask each other whether they are brahmins.”

၄၆၁။ ‘‘ဗြာဟ္မဏော ဟိ စေ တွံ ဗြူသိ, မဉ္စ ဗြူသိ အဗြာဟ္မဏံ၊

တံ တံ သာဝိတ္တိံ ပုစ္ဆာမိ, တိပဒံ စတုဝီသတက္ခရံ။

၄၆၁။ ငါပုဏ္ဏားဟူ၍ သင်အကယ်၍ ဖြေဆိုခဲ့မူ ငါ့ကိုလည်း ဗြာဟ္မဏမဟုတ်ဟူ၍ ဆိုသည်မည်၏၊ ထို့ကြောင့် သုံးပုဒ်ရှိ၍ အက္ခရာနှစ်ဆယ့်လေးလုံးရှိသော သာဝိတ္တိ မည်သော ဗေဒင်ကို သင့်အား မေးအံ့ (ဖြေဆိုပါလော့)။ (၄)

“Well, if you say that you’re a brahmin, and that I am not, I shall question you on that Sāvitrī Prayer, with its three lines and twenty-four syllables.”

၄၆၂။ ‘‘ကိံ နိဿိတာ ဣသယော မနုဇာ, ခတ္တိယာ ဗြာဟ္မဏာ [ပဌမပါဒန္တော] ဒေဝတာနံ၊

ယညမကပ္ပယိံသု ပုထူ ဣဓ လောကေ [ဒုတိယပါဒန္တော (သီ။)]။

၄၆၂။ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကိုမှီကုန်၍ နတ်ဗြဟ္မာတို့အား ယဇ်ပူဇော်မှုကို အများအပြားပြုကြကုန်သနည်း။ (၅)

“On what grounds have seers and men, aristocrats and brahmins here in the world performed so many different sacrifices to the gods?”

၄၆၃။ ‘‘ယဒန္တဂူ ဝေဒဂူ ယညကာလေ, ယဿာဟုတိံ လဘေ တဿိဇ္ဈေတိ ဗြူမိ’’။

၄၆၃။ ဝဋ်ဆင်းရဲ၏ အဆုံးသို့ ရောက်၍ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားသူ ရဟန္တာသည် ပူဇော်ရာကာလ၌ အကြင် ပုဂ္ဂိုလ်၏ ပူဇော်ဖွယ်ကို ရရာ၏၊ ထိုပုဂ္ဂိုလ်၏ ပူဇော်မှုသည် ပြည့်စုံ၏ဟု ငါဆို၏။ (၆)

“During a sacrifice, should a past-master, <j>a knowledge master, receive an oblation, it profits the donor, I say.”

၄၆၄။ ‘‘အဒ္ဓါ ဟိ တဿ ဟုတမိဇ္ဈေ, (ဣတိ ဗြာဟ္မဏော)

ယံ တာဒိသံ ဝေဒဂုမဒ္ဒသာမ၊

တုမှာဒိသာနဉှိ အဒဿနေန, အညော ဇနော ဘုဉ္ဇတိ ပူရဠာသံ’’။

၄၆၄။ (သုန္ဒရိကဘာရဒွါဇပုဏ္ဏားက) ထိုအသျှင်ဘုရားကဲ့သို့ သဘောရှိသော သိခြင်းသို့ ရောက်သော ရဟန္တာကို (အကျွန်ုပ်တို့) ဖူးမြင်ကြရပါကုန်၏၊ ထိုအကျွန်ုပ်၏ ပူဇော်အပ်သော အမှုသည် စင်စစ်ပြည့်စုံပေလိမ့်မည်၊ ရှေးအခါ က အသျှင်ဘုရားကဲ့သို့ သဘောရှိကုန်သော ပညာရှိတို့ကို မဖူးမတွေ့ရသောကြောင့် အခြားလူအပေါင်းသည် အကျွန်ုပ်၏ နို့ဃနာထမင်းကို စား၏ဟု (ဆို၏)။ (၇)

“Then clearly my oblation will be profitable,” said the brahmin, “since I have met such a knowledge master. It’s because I’d never met anyone like you that others ate the sacrificial cake.”

၄၆၅။ ‘‘တသ္မာတိဟ တွံ ဗြာဟ္မဏ အတ္ထေန, အတ္ထိကော ဥပသင်္ကမ္မ ပုစ္ဆ၊

သန္တံ ဝိဓူမံ အနီဃံ နိရာသံ, အပ္ပေဝိဓ အဘိဝိန္ဒေ သုမေဓံ’’။

၄၆၅။ ပုဏ္ဏား ထို့ကြောင့် သင်သည် အကျိုးစီးပွါးဖြင့် အလိုရှိပါမူ ငါ့ထံသို့ ချဥ်းကပ်၍ မေးလော့၊ ငြိမ်းအေး၍ အခိုးကင်းသူ ဆင်းရဲမရှိသူ တောင့်တခြင်းကင်း သူ ပညာရှိကို ဤအရပ်၌ပင် ရနိုင်လိမ့်မည်။ (၈)

“So then, brahmin, since you have approached me as a seeker of the good, ask. Perhaps you may find here someone intelligent, peaceful, unclouded, untroubled, <j>with no need for hope.”

၄၆၆။ ‘‘ယညေ ရတောဟံ ဘော ဂေါတမ, ယညံ ယိဋ္ဌုကာမော နာဟံ ပဇာနာမိ၊

အနုသာသတု မံ ဘဝံ, ယတ္ထ ဟုတံ ဣဇ္ဈတေ ဗြူဟိ မေ တံ’’။

‘‘တေန ဟိ တွံ, ဗြာဟ္မဏ, ဩဒဟဿု သောတံ၊ ဓမ္မံ တေ ဒေသေဿာမိ –

၄၆၆။ အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးကမ်းမှု၌ မွေ့လျော်ပါ၏၊ အကျွန်ုပ်သည် ပူဇော်ဖွယ်ကို ပူဇော်လိုပါသော်လည်း မသိနားမလည်ပါ၊ အသျှင်သည် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ အကြင်ပုဂ္ဂိုလ်၌ ပူဇော်ခြင်းသည် အကျိုးပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်အား ဟောကြားတော်မူပါ။ (၉) ပုဏ္ဏားသို့ ဖြစ်လျှင် နားထောင်လော့၊ သင့်အား တရားကို ဟောအံ့

“Worthy Gotama, I like to sacrifice and wish to perform a sacrifice. Please advise me, for I do not understand where an oblation is profitable; tell me this.” “Well then, brahmin, listen up, I will teach you the Dhamma.

စာ-၃၄၇

၄၆၇။ ‘‘မာ ဇာတိံ ပုစ္ဆီ စရဏဉ္စ ပုစ္ဆ, ကဋ္ဌာ ဟဝေ ဇာယတိ ဇာတဝေဒေါ၊

နီစာကုလီနောပိ မုနီ ဓိတီမာ, အာဇာနိယော ဟောတိ ဟိရီနိသေဓော။

၄၆၇။ (ပေးလှူခြင်း၏ အကျိုးကြီးမှုကို အလိုရှိခဲ့မူ) အမျိုးဇာတ်ကို မမေးလင့်၊ (သီလစသော) အကျင့်ကိုသာ မေးလော့၊ မီးသည် အမှန်စင်စစ် ထင်းမှ ဖြစ်၏၊ အမျိုးဇာတ်နိမ့်သော်လည်းရဟန္တာပုဂ္ဂိုလ်သည် တည်ကြည်မှု ‘သမာဓိ’ ရှိ၏၊ ရှက် ကြောက်မှု ‘ဟိရီ’တရားဖြင့် မကောင်းမှုကိုတားမြစ်၏၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို ပိုင်းခြား၍ သိ၏။ (၁၀)

Don’t ask about birth, ask about conduct; for the fire of Jātaveda is born from sticks. A steadfast sage, even though from a low class family, is a thoroughbred checked by conscience.

၄၆၈။ ‘‘သစ္စေန ဒန္တော ဒမသာ ဥပေတော, ဝေဒန္တဂူ ဝူသိတဗြဟ္မစရိယော၊

ကာလေန တမှိ ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော [ပုညပေခေါ (သီ။ ပီ။)] ယဇေထ။

၄၆၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပရမတ္ထသစ္စာဖြင့်ယဥ်ကျေးပြီးသူ ဣန္ဒြေတို့ကို ဆုံးမခြင်းနှင့် ပြည့်စုံပြီး သူ မဂ်လေးပါးတို့ဖြင့် ကိလေသာတို့၏အဆုံးသို့ ရောက်သူ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

Tamed by truth, fulfilled by taming, a complete knowledge master <j>who has completed the spiritual journey— that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၆၉။ ‘‘ယေ ကာမေ ဟိတွာ အဂဟာ စရန္တိ, သုသညတတ္တာ တသရံဝ ဥဇ္ဇုံ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၆၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကုန်လျက် ကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

Those who have left sensuality behind, <j>wandering homeless, self-controlled, straight as a shuttle— that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၇၀။ ‘‘ယေ ဝီတရာဂါ သုသမာဟိတိန္ဒြိယာ, စန္ဒောဝ ရာဟုဂ္ဂဟဏာ ပမုတ္တာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၇၀။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းကြသူကောင်းစွာတည်သူ ဣန္ဒြေရှိကြသူ ရာဟု ဖမ်းခြင်းမှ လွတ်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

Those freed of greed, with senses stilled, like the moon released from the eclipse— that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၇၁။ ‘‘အသဇ္ဇမာနာ ဝိစရန္တိ လောကေ, သဒါ သတာ ဟိတွာ မမာယိတာနိ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၇၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို စွန့်၍ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံလျက် လောက၌ မကပ်ငြိကုန်ဘဲ အထူးကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

They wander the world unobstructed, always mindful, calling nothing their own— that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၇၂။ ‘‘ယော ကာမေ ဟိတွာ အဘိဘုယျစာရီ, ယော ဝေဒိ ဇာတီမရဏဿ အန္တံ၊

ပရိနိဗ္ဗုတော ဥဒကရဟဒေါဝ သီတော, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၂။ အကြင်မြတ်စွာဘုရားသည် ကိလေသာကာမတို့ကို ပယ်စွန့်နှိမ်နင်းလျက် ကြွသွားတော်မူ၏၊ မြတ်စွာဘုရားသည် ပဋိသန္ဓေနေခြင်း သေခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို သိတော်မူ၏၊ ရေအိုင်ကြီးသည် အေးသကဲ့သို့ ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဖြစ်၍ အေးချမ်းသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူ ခံထိုက်၏။ (၁၅)

Having left sensuality behind, <j>wandering triumphant, knowing the end of rebirth and death, quenched and cool as a lake: the Realized One is worthy of the sacrificial cake.

၄၇၃။ ‘‘သမော သမေဟိ ဝိသမေဟိ ဒူရေ, တထာဂတော ဟောတိ အနန္တပညော၊

အနူပလိတ္တော ဣဓ ဝါ ဟုရံ ဝါ, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၃။ မြတ်စွာဘုရားသည် ပဋိဝေဓတူမျှကုန်သော ဝိပဿီစသော ဘုရားတို့နှင့် တူတော်မူ၏၊ မတူမျှသူပုဂ္ဂိုလ်တို့မှ ဝေးတော်မူ၏၊ အဆုံးမရှိသော ပညာရှိတော်မူ၏၊ ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ကိလေသာတို့ဖြင့် မလိမ်းကျံ မကပ်ငြိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၆)

Good among the good, far from the bad, the Realized One has infinite wisdom. Unsullied in this life and the next: the Realized One is worthy of the sacrificial cake.

စာ-၃၄၈

၄၇၄။ ‘‘ယမှိ န မာယာ ဝသတိ န မာနော, ယော ဝီတလောဘော အမမော နိရာသော၊

ပနုဏ္ဏကောဓော အဘိနိဗ္ဗုတတ္တော, ယော ဗြာဟ္မဏော သောကမလံ အဟာသိ၊

တထာဂတော အရဟတိ ပူရဠာသံ။

၄၇၄။ အကြင်မြတ်စွာဘုရား၌ လှည့်ပတ်မှု ‘မာယာ’သည်လည်းကောင်း၊ မာန်သည်လည်းကောင်းမကိန်းဝပ်နိုင်၊ အကြင်မြတ်စွာဘုရားသည် လောဘကင်းသူ တဏှာဒိဋ္ဌိနှင့် မြတ်နိုးမှုမရှိသူတပ်မက်မှု ‘အာသာ’ ကင်းသူ အမျက် ‘ဒေါသကို’ နုတ်ပယ်ပြီးသူ အလွန်ငြိမ်းအေးသော စိတ်ရှိသူဖြစ်တော်မူ၏၊ မကောင်းမှုမှ အပ ပြုပြီးသော အကြင်မြတ်စွာဘုရားသည် စိုးရိမ်မှု ‘သောက’တည်းဟူသော အညစ်အကြေးကို ပယ်စွန့်ပြီးပြီ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၇)

In whom dwells no deceit or conceit, rid of greed, unselfish, <j>with no need for hope, with anger cast aside, quenched, a brahmin rid of sorrow’s stain: the Realized One is worthy of the sacrificial cake.

၄၇၅ ။

‘‘နိဝေသနံ ယော မနသော အဟာသိ, ပရိဂ္ဂဟာ ယဿ န သန္တိ ကေစိ၊

အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၅။ အကြင်မြတ်စွာဘုရားသည် စိတ်၏ အမြဲနေရာ တဏှာဒိဋ္ဌိဟူသော အိမ်ကို ပယ်စွန့်တော်မူ၏၊ အကြင်မြတ်စွာဘုရားအား (တဏှာဒိဋ္ဌိတို့ဖြင့်) သိမ်းဆည်းအပ်သောတရားတို့သည် စိုးစဥ်းအနည်းငယ်မျှ မရှိကုန်၊ ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း စွဲလမ်းမှု မရှိသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၈)

He has given up the mind’s home, and has no possessions at all. Not grasping to this life or the next: the Realized One is worthy of the sacrificial cake.

၄၇၆။ ‘‘သမာဟိတော ယော ဥဒတာရိ ဩဃံ, ဓမ္မံ စညာသိ ပရမာယ ဒိဋ္ဌိယာ၊

ခီဏာသဝေါ အန္တိမဒေဟဓာရီ, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၆။ အကြင်မြတ်စွာဘုရားသည် မဂ်တည်းဟူသော သမာဓိဖြင့် ကောင်းစွာ တည်တော်မူသည်ဖြစ်၍ဩဃလေးပါးကို ကူးမြောက်တော်မူ၏၊ လွန်မြတ်သော သဗ္ဗညုတဉာဏ်ဖြင့် တရားကို သိတော်မူ၏၊ အာသဝေါကုန်ပြီး ဖြစ်တော်မူ၏၊ အဆုံးစွန်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၉)

Serene, he has crossed the flood, and has understood the teaching with ultimate view. With defilements ended, bearing his final body: the Realized One is worthy of the sacrificial cake.

၄၇၇။ ‘‘ဘဝါသဝါ ယဿ ဝစီ ခရာ စ, ဝိဓူပိတာ အတ္ထဂတာ န သန္တိ၊

သ ဝေဒဂူ သဗ္ဗဓိ ဝိပ္ပမုတ္တော, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၇။ အကြင်မြတ်စွာဘုရားအား ဘဝါသဝတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော စကားတို့သည်လည်းကောင်း ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်စေကုန်ပြီးဖြစ်သောကြောင့် မရှိကြတော့ကုန်၊ လေးပါးသော ဝေဒတို့ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော အလုံးစုံ ခန္ဓာစသည်တို့၌ လွတ်ပြီးသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၀)

In whom desire to be reborn, and caustic speech are cleared and ended, and are no more; that knowledge master, everywhere free: the Realized One is worthy of the sacrificial cake.

၄၇၈။ ‘‘သင်္ဂါတိဂေါ ယဿ န သန္တိ သင်္ဂါ, ယော မာနသတ္တေသု အမာနသတ္တော၊

ဒုက္ခံ ပရိညာယ သခေတ္တဝတ္ထုံ, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၈။ အကြင်မြတ်စွာဘုရားအား ကပ်ငြိမှုတို့သည် မရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ကပ်ငြိမှုကို လွန်မြောက်၍ ကံကိလေသာဟု ဆိုအပ်သော လယ်ယာနှင့်တကွဖြစ်သော ဆင်းရဲကို ပိုင်းခြားသိပြီးလျှင်မာနဖြင့် ကပ်ငြိသူတို့၌ မာနဖြင့် မကပ်ငြိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၁)

He has slipped his chains, he’s chained no more, among those caught in conceit he is free of conceit; he has fully understood suffering <j>with its field and ground: the Realized One is worthy of the sacrificial cake.

၄၇၉။ ‘‘အာသံ အနိဿာယ ဝိဝေကဒဿီ, ပရဝေဒိယံ ဒိဋ္ဌိမုပါတိဝတ္တော၊

အာရမ္မဏာ ယဿ န သန္တိ ကေစိ, တထာဂတော အရဟတိ ပူရဠာသံ။

၄၇၉။ အကြင်မြတ်စွာဘုရားသည် တောင့်တမှု တဏှာကို မမှီမူ၍ ငြိမ်းအေးမှု ‘ဝိဝေက’ကို မြင်လေ့ရှိ၏၊ သူတစ်ပါးတို့က သိစေအပ်သော မိစ္ဆာအယူကို လွန် မြောက်၏၊ အကြင်မြတ်စွာဘုရားအားအနည်းငယ်မျှဖြစ်သော (ဘဝသစ်၏) အကြောင်းတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၂)

Not relying on hope, seeing seclusion, well past the views proclaimed by others. In him there are no supporting conditions at all: the Realized One is worthy of the sacrificial cake.

၄၈၀။ ‘‘ပရောပရာ [ပရောဝရာ (သီ။ ပီ။)] ယဿ သမေစ္စ ဓမ္မာ, ဝိဓူပိတာ အတ္ထဂတာ န သန္တိ၊

သန္တော ဥပါဒါနခယေ ဝိမုတ္တော, တထာဂတော အရဟတိ ပူရဠာသံ။

၄၈၀။ အကြင်မြတ်စွာဘုရားအား ကောင်း မကောင်းကုန်သောတရားတို့သည် ဉာဏ်ဖြင့်ထိုးထွင်းသိပြီးဖြစ်သောကြောင့် ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်ကုန်ရကာ့းမရှိနိုင်ကြတော့ကုန်၊ ကိလေသာငြိမ်းအေးသော ဥပါဒါန်ကုန်ရာ နိဗ္ဗာန်၌ (အာရုံပြုသောအားဖြင့်) လွတ်မြောက်တော်မူသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၃)

He has comprehended all things, high and low, cleared them and ended them, so they are no more. Peaceful, freed in the ending of grasping: the Realized One is worthy of the sacrificial cake.

စာ-၃၄၉

၄၈၁။ ‘‘သံယောဇနံ ဇာတိခယန္တဒဿီ, ယောပါနုဒိ ရာဂပထံ အသေသံ၊

သုဒ္ဓေါ နိဒေါသော ဝိမလော အကာစော [အကာမော (သီ။ သျာ။)], တထာဂတော အရဟတိ ပူရဠာသံ။

၄၈၁။ အကြင်မြတ်စွာဘုရားသည် သံယောဇဥ်တို့၏ကုန်ခန်းရာ အရဟတ္တဖိုလ်နှင့် ပဋိသန္ဓေကုန်ရာနိဗ္ဗာန်ကို မြင်တော်မူသည်ဖြစ်၍ ရာဂတည်းဟူသော ခရီးကို အကြွင်းမဲ့ ပယ်ဖျောက်ပြီးသူစင်ကြယ်တော်မူပြီးသူ အပြစ်ကင်းပြီးသူ အညစ် အကြေးကင်းသူ ဥပက္ကိလေသမရှိသူ ဖြစ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၄)

He sees the ending of rebirth’s fetter, and has cast aside all manner of desire. Pure, stainless, immaculate, flawless: the Realized One is worthy of the sacrificial cake.

၄၈၂။ ‘‘ယော အတ္တနော အတ္တာနံ [အတ္တနာတ္တာနံ (သီ။ သျာ။)] နာနုပဿတိ, သမာဟိတော ဥဇ္ဇုဂတော ဌိတတ္တော၊

သ ဝေ အနေဇော အခိလော အကင်္ခေါ, တထာဂတော အရဟတိ ပူရဠာသံ။

၄၈၂။ အကြင်မြတ်စွာဘုရားသည် မိမိ၏ အတ္တကို မရှုမမြင် တည်ကြည်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူ၏၊ မတုန်မလှုပ် တည်တံ့သော စိတ် ရှိ တော်မူ၏၊ စင်စစ် တုန်လှုပ်ခြင်း မရှိ၊ ငြောင့်တံသင်း မရှိ ယုံမှားခြင်း မရှိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၅)

Not seeing himself in terms of a self, he is stilled, sincere, and steadfast. Imperturbable, kind, wishless: the Realized One is worthy of the sacrificial cake.

၄၈၃။ ‘‘မောဟန္တရာ ယဿ န သန္တိ ကေစိ, သဗ္ဗေသု ဓမ္မေသု စ ဉာဏဒဿီ၊

သရီရဉ္စ အန္တိမံ ဓာရေတိ, ပတ္တော စ သမ္ဗောဓိမနုတ္တရံ သိဝံ၊

ဧတ္တာဝတာ ယက္ခဿ သုဒ္ဓိ, တထာဂတော အရဟတိ ပူရဠာသံ’’။

၄၈၃။ အကြင်မြတ်စွာဘုရားအား မောဟလျှင် အကြောင်းရှိသော ကိလေသာတို့သည် အနည်းငယ်မျှမရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ခပ်သိမ်းသောတရားတို့၌လည်း သဗ္ဗညုတဉာဏ်ဖြင့်မြင်တော်မူလေ့ရှိ၏၊ အဆုံးဖြစ်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏၊ အတုမရှိမြတ်၍ ဘေးမရှိသော အရဟတ္တဖိုလ်သို့လည်း ရောက် တော်မူ၏၊ ဤမျှသော အတိုင်းအရှည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါအားစင်ကြယ်နိုင်၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၆)

He harbors no delusions within at all, he has insight into all things. He bears his final body, attained to the state of grace, the supreme awakening. That’s how the purity of a spirit is defined: the Realized One is worthy of the sacrificial cake.”

၄၈၄။ ‘‘ဟုတဉ္စ [ဟုတ္တဉ္စ (သီ။ က။)] မယှံ ဟုတမတ္ထု သစ္စံ, ယံ တာဒိသံ ဝေဒဂုနံ အလတ္ထံ၊

ဗြဟ္မာ ဟိ သက္ခိ ပဋိဂဏှာတု မေ ဘဂဝါ, ဘုဉ္ဇတု မေ ဘဂဝါ ပူရဠာသံ’’။

၄၈၄။ အကျွန်ုပ်သည် ထိုသို့ သဘောရှိသော မဂ်ဉာဏ်သို့ ရောက်ပြီးသော ရဟန္တာကို ပူဇော်ရန်ရပြီးဖြစ်ရကား အကျွန်ုပ်၏ ပူဇော်ခြင်းသည်မှန်ကန်သော ပူဇော်ခြင်း ဖြစ်ပါစေသတည်း၊ (အသျှင်သည်) မျက်မြင်ကိုယ်တွေ့ဖြစ်သော ဗြဟ္မာပါတည်း၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို အလှူခံတော်မူပါ၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို ဘုဥ်းပေးတော်မူပါ။ (၂၇)

“Let my oblation be a true offering, since I have found such a knowledge master! I see divinity in person! <j>Accept my offering, Blessed One: please eat my sacrificial cake.”

၄၈၅။ ‘‘ဂါထာဘိဂီတံ မေ အဘောဇနေယျံ, သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော၊

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ, ဓမ္မေ သတီ ဗြာဟ္မဏ ဝုတ္တိရေသာ။

၄၈၅။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဥ်ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဥ်ကို စားခြင်းသဘောသည် စင်ကြယ်မှုကို ကောင်းစွာ ရှုမြင်ကုန်သော ဘုရားသျှင်တို့၏သဘောတံထွာ ဓမ္မတာမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာတို့ကို သီဆို၍ရသော ဘောဇဥ်ကို ပယ်တော်မူ၏၊ ပုဏ္ဏား အသက် မွေးစင်ကြယ်မှု သဘောရှိလတ်သော် ဤတရားဖြင့် ရှာမှီးခြင်းသည် ဘုရားသျှင်တို့၏ အသက်မွေးခြင်းတည်း။ (၂၈)

“Food enchanted by a verse isn’t fit for me to eat. That’s not the principle of those who see, brahmin. The Buddhas cast aside things enchanted with verses. Since there is such a principle, brahmin, <j>that’s how they live.

၄၈၆။ ‘‘အညေန စ ကေဝလိနံ မဟေသိံ, ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ၊

အန္နေန ပါနေန ဥပဋ္ဌဟဿု, ခေတ္တဉှိ တံ ပုညပေက္ခဿ ဟောတိ’’။

၄၈၆။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်းအလုံးစုံဂုဏ်နှင့် ပြည့်စုံသော သီလစသော ကျေးဇူးကို ရှာမှီးလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးသော ရဟန္တာကို လုပ်ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏။ (၂၉)

Serve with other food and drink the consummate one, the great seer, with defilements ended and remorse stilled. For he is the field for the seeker of merit.”

စာ-၃၅၀

၄၈၇။ ‘‘သာဓာဟံ ဘဂဝါ တထာ ဝိဇညံ, ယော ဒက္ခိဏံ ဘုဉ္ဇေယျ မာဒိသဿ၊

ယံ ယညကာလေ ပရိယေသမာနော, ပပ္ပုယျ တဝ သာသနံ’’။

၄၈၇။ အကြင်အလှူခံပုဂ္ဂိုလ်သည် အကျွန်ုပ်ကဲ့သို့ သော သဘောရှိသူ၏ အလှူကို သုံးဆောင်ရာ၏၊ အကြင်အလှူခံပုဂ္ဂိုလ်ကိုလည်း ယဇ်ပူဇော်ရာအခါ၌ ရှာမှီးလျက် လုပ်ကျွေးရာ၏၊ မြတ်စွာဘုရား အကျွန်ုပ်တောင်းပန်ပါ၏၊ အသျှင်ဘုရား၏ အဆုံး အမသို့ ရောက်၍ အကြင်အခြင်းအရာဖြင့်မိန့်ကြားသည်ရှိသော် ထိုအလှူခံပုဂ္ဂိုလ် မျိုးကို အကျွန်ုပ် သိရာပါ၏၊ ထိုအခြင်းအရာဖြင့်မိန့်ကြားတော်မူပါလော့။ (၃၀)

“Please, Blessed One, help me understand: now that I have found your teaching, when I look for someone during a sacrifice, who should eat the <j>religious donation of one like me?”

၄၈၈။ ‘‘သာရမ္ဘာ ယဿ ဝိဂတာ, စိတ္တံ ယဿ အနာဝိလံ၊

ဝိပ္ပမုတ္တော စ ကာမေဟိ, ထိနံ ယဿ ပနူဒိတံ။

၄၈၈။ အကြင်ပုဂ္ဂိုလ်အား သူတစ်ပါးကို ခြုပ်ခြယ်ခြင်း ကင်းကုန်၏၊ အကြင် ပုဂ္ဂိုလ်၏ စိတ်သည်နောက်ကျုခြင်းမရှိ၊ အကြင်ပုဂ္ဂိုလ်သည် ကာမတို့မှလည်း လွတ်မြောက်၏၊ ထိနမိဒ္ဓကိုလည်းပယ်ဖျောက်ပြီးဖြစ်၏။ (၃)

“One who is rid of aggression, whose mind is unclouded, who is liberated from sensual pleasures, and who has cast aside dullness.

၄၈၉။ ‘‘သီမန္တာနံ ဝိနေတာရံ, ဇာတိမရဏကောဝိဒံ၊

မုနိံ မောနေယျသမ္ပန္နံ, တာဒိသံ ယညမာဂတံ။

၄၈၉-၄၉၀။ (အကျင့်တည်းဟူသော) အပိုင်းအခြား၏ အဆုံးဖြစ်သည့် ကိလေ သာတို့ကို ပယ်ဖျောက်ပြီးသော ပဋိသန္ဓေနေခြင်း သေခြင်း၌ လိမ္မာသော မောနေယျ (ပညာနှင့်) ပြည့်စုံသော လှူဒါန်းပူဇော်ရာသို့ ရောက်လာသော ထိုသို့ သဘော ရှိသော ရဟန်း (မုနိ) ကို မျက်မှောင်ကုတ်ခြင်းကို ပယ်ကာလက်အုပ် ချီကုန်လျက် ရှိခိုးကုန်လော့၊ ထမင်းအဖျော်ဖြင့် ပူဇော်ကုန်လော့၊ ဤသို့့ရှိခိုးပူဇော်ကုန်သည်ရှိသော် အလှူတို့သည် ပြည့်စုံကုန်၏။ (၃၂-၃၃)

One who has erased perimeters and limits, expert in birth and death, a sage, blessed with sagacity. When such a person comes to the sacrifice,

၄၉၀။ ‘‘ဘကုဋိံ [ဘူကုဋိံ (က။ သီ။), ဘာကုဋိံ (က။ သီ။, မ။ နိ။ ၁။၂၂၆)] ဝိနယိတွာန, ပဉ္ဇလိကာ နမဿထ၊

ပူဇေထ အန္နပါနေန, ဧဝံ ဣဇ္ဈန္တိ ဒက္ခိဏာ။

get rid of your scowl! Honor them with cupped palms, and venerate them with food and drink, and in this way your religious donation will succeed.”

၄၉၁။ ‘‘ဗုဒ္ဓေါ ဘဝံ အရဟတိ ပူရဠာသံ, ပုညခေတ္တမနုတ္တရံ၊

အာယာဂေါ သဗ္ဗလောကဿ, ဘောတော ဒိန္နံ မဟပ္ဖလ’’န္တိ။

အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ လဘေယျာဟံ ဘောတော ဂေါတမဿ သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။ အလတ္ထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော…ပေ… အရဟတံ အဟောသီတိ။

သုန္ဒရိကဘာရဒွါဇသုတ္တံ စတုတ္ထံ နိဋ္ဌိတံ။

၄၉၁။ အသျှင်သည် သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ နို့ဃနာကို ခံထိုက်ပါ၏၊ အတုမရှိမြတ်သည်ဖြစ်၍ ကုသိုလ်မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်ပါ၏၊ လောကအားလုံး၏ပူဇော်ရာလည်း ဖြစ်ပါ၏၊ အသျှင်အား လှူခြင်းသည် အကျိုးကြီး၏ဟု ရွတ်ဆို၏။ (၃၄) ထို့နောက် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြကုန်လိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ တပည့်တော်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်း အဖြစ်ကို ရလိုပါ၏”ဟု လျောက်၏၊ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည်ရဟန်းအဖြစ်ကို ရသည်သာလျှင် တည်း။ပ။ ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ လေးခုမြောက် သုန္ဒရိကဘာရဒွါဇသုတ် ပြီး၏။ ၅-မာဃသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မာဃလုလင်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောဆိုပြီးဆုံးစေပြီး၍ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးလည်း ပေးလှူတတ်ပါ၏၊ ဒါန၏ အရှင်လည်း ဖြစ်ပါ၏၊ အလှူခံတို့၏ စကားကိုလည်း သိပါ၏၊ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်ပါ၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးပါ၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားနှင့်အညီ ရအပ်ကုန်သောတရားသဖြင့် ရအပ်သည်လည်း ဖြစ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် တစ်ယောက်အားလည်း ပေးလှူပါ၏၊ နှစ်ယောက်သောသူတို့အားလည်းကောင်း သုံးယောက် လေးယောက် ငါးယောက် ခြောက်ယောက်ခုနစ်ယောက် ရှစ်ယောက်ကိုးယောက် ဆယ်ယောက်သောသူတို့အားလည်း ပေးလှူပါ၏၊ နှစ်ကျိပ်သုံးကျိပ် လေးကျိပ် ငါးကျိပ်သောသူတို့အားလည်း ပေးလှူပါ၏၊ တစ်ရာသောသူတို့အားလည်း ပေးလှူပါ၏၊ ထို့ထက်အလွန်လည်း ပေးလှူပါ၏၊ အသျှင်ဂေါတမ အသို့ နည်း၊ ဤသို့ ပေးလှူပူဇော်သော အကျွန်ုပ်သည် များစွာသော ကောင်းမှုကို ရပါ၏လော၊ ပွါးများစေပါ၏ လောဟု (လျှောက်၏)။ မာဃလုလင် ဤသို့ ပေးလှူပူဇော်သော သင်သည် များစွာသော ကောင်းမှုကို ပွါးများစေ၏၊ အကြင်သူသည် ပေးလည်း ပေးလှူတတ်၏၊ ဒါန၏ အရှင်လည်း ဖြစ်၏၊ အလှူခံတို့၏ စကားကိုလည်းသိ၏၊ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ တရားသဖြင့်စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားသဖြင့် ရအပ်ကုန်သောတရားကို အကြောင်းပြု၍ ဖြစ်ကုန်သော စည်းစိမ်တို့ဖြင့် တစ်ယောက်သောသူအားလည်း ပေးလှူ၏။ပ။ တစ်ရာသောသူအားလည်း ပေးလှူ၏၊ ထို့ထက်အလွန်လည်း ပေးလှူ၏၊ ထိုသူသည် များစွာသော ကောင်းမှုကံကို ပွါးများစေ၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မာဃလုလင်သည် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

“The Buddha is worthy of the sacrificial cake, he is the supreme field of merit, recipient of gifts from the whole world; what’s given to the worthy one is very fruitful.” Then the brahmin Bhāradvāja of Sundarikā said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. May I receive the going forth, the ordination in the worthy Gotama’s presence?” And the brahmin Bhāradvāja of Sundarikā received the going forth, the ordination in the Buddha’s presence. And soon after, he became one of the perfected.

၅။ မာဃသုတ္တ

ဧဝံ မေ သုတံ – ဧက သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ မာဃော မာဏဝေါ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ မာဃော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ –

‘‘အဟဉှိ, ဘော ဂေါတမ, ဒါယကော ဒါနပတိ ဝဒညူ ယာစယောဂေါ၊ ဓမ္မေန ဘောဂေ ပရိယေသာမိ၊ ဓမ္မေန ဘောဂေ ပရိယေသိတွာ ဓမ္မလဒ္ဓေဟိ ဘောဂေဟိ ဓမ္မာဓိဂတေဟိ ဧကဿပိ ဒဒါမိ ဒွိန္နမ္ပိ တိဏ္ဏမ္ပိ စတုန္နမ္ပိ ပဉ္စန္နမ္ပိ ဆန္နမ္ပိ သတ္တန္နမ္ပိ အဋ္ဌန္နမ္ပိ နဝန္နမ္ပိ ဒသန္နမ္ပိ ဒဒါမိ, ဝီသာယပိ တိံသာယပိ စတ္တာလီသာယပိ ပညာသာယပိ ဒဒါမိ, သတဿပိ ဒဒါမိ, ဘိယျောပိ ဒဒါမိ။ ကစ္စာဟံ, ဘော ဂေါတမ, ဧဝံ ဒဒန္တော ဧဝံ ယဇန္တော ဗဟုံ ပုညံ ပသဝါမီ’’တိ?

‘‘တဂ္ဃ တွံ, မာဏဝ, ဧဝံ ဒဒန္တော ဧဝံ ယဇန္တော ဗဟုံ ပုညံ ပသဝသိ။ ယော ခေါ, မာဏဝ, ဒါယကော ဒါနပတိ ဝဒညူ ယာစယောဂေါ၊ ဓမ္မေန ဘောဂေ ပရိယေသတိ၊ ဓမ္မေန ဘောဂေ ပရိယေသိတွာ ဓမ္မလဒ္ဓေဟိ ဘောဂေဟိ ဓမ္မာဓိဂတေဟိ ဧကဿပိ ဒဒါတိ…ပေ… သတဿပိ ဒဒါတိ, ဘိယျောပိ ဒဒါတိ, ဗဟုံ သော ပုညံ ပသဝတီ’’တိ။ အထ ခေါ မာဃော မာဏဝေါ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၄၉၂။ ‘‘ပုစ္ဆာမဟံ ဂေါတမံ ဝဒညုံ, (ဣတိ မာဃော မာဏဝေါ)

ကာသာယဝါသိံ အဂဟံ [အဂိဟံ (သီ။), အဂေဟံ (ပီ။)] စရန္တံ၊

ယော ယာစယောဂေါ ဒါနပတိ [ဒါနပတီ (သီ။ သျာ။ ပီ။)] ဂဟဋ္ဌော, ပုညတ္ထိကော [ပုညပေခေါ (သီ။ ပီ။ က။)] ယဇတိ ပုညပေက္ခော၊

ဒဒံ ပရေသံ ဣဓ အန္နပါနံ, ကထံ ဟုတံ ယဇမာနဿ သုဇ္ဈေ’’။

၄၉၂။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) - ပြောဆိုသော စကားအဓိပ္ပါယ်ကို သိတော်မူသော ဖန်ရည်စွန်းသော အဝတ်ကို ဝတ်တော်မူသော ကိလေသာအိမ်မရှိဘဲ ကြွသွားတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို အကျွန်ုပ်မေးလျှောက်ပါ၏၊ ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင် ဖြစ်သော အကြင်လူသည်သူတစ်ပါးတို့အား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏၊ ထိုပေးလှူ ပူဇော်သူ၏ အဘယ်သို့ ပေးလှူပူဇော်ခြင်းသည် စင်ကြယ်ပါသနည်း။ (၁)

Anthology of Discourses 3.5 With Māgha So I have heard. At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. Then the student Māgha approached the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and said to the Buddha: “I’m a giver, worthy Gotama, a donor; I am bountiful and committed to charity. I seek wealth in a principled manner, and with that legitimate wealth I give to one person, to two, three, four, five, six, seven, eight, nine, ten, twenty, thirty, forty, fifty, a hundred people or even more. Giving and sacrificing like this, worthy Gotama, do I brim with much merit?” “Indeed you do, student. A giver or donor who is bountiful and committed to charity, who seeks wealth in a principled manner, and with that legitimate wealth gives to one person, or up to a hundred people or even more, brims with much merit.” Then Māgha addressed the Buddha in verse: “I ask the bountiful Gotama,” said Māgha, “wearing an ochre robe, wandering homeless. Suppose a lay donor who is committed to charity makes a sacrifice seeking merit, looking for merit, giving food and drink to others here: how is their offering purified?”

၄၉၃။ ‘‘ယော ယာစယောဂေါ ဒါနပတိ ဂဟဋ္ဌော, (မာဃာတိ ဘဂဝါ)

ပုညတ္ထိကော ယဇတိ ပုညပေက္ခော၊

ဒဒံ ပရေသံ ဣဓ အန္နပါနံ, အာရာဓယေ ဒက္ခိဏေယျေဘိ တာဒိ’’။

၄၉၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မာဃလုလင် ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည်သူတစ်ပါးအား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏၊ ထိုသို့ သဘောရှိသော အလှူပေးပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့်စင်ကြယ်စေရာ၏။ (၂)

“Suppose a lay donor who is committed to charity,” replied the Buddha, “makes a sacrifice seeking merit, looking for merit, giving food and drink to others here: such a one would succeed due to those <j>who are worthy of donations.”

စာ-၃၅၂

၄၉၄။ ‘‘ယော ယာစယောဂေါ ဒါနပတိ ဂဟဋ္ဌော, (ဣတိ မာဃော မာဏဝေါ)

ပုညတ္ထိကော ယဇတိ ပုညပေက္ခော၊

ဒဒံ ပရေသံ ဣဓ အန္နပါနံ, အက္ခာဟိ မေ ဘဂဝါ ဒက္ခိဏေယျေ’’။

၄၉၄။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) - ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည် သူတစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏၊ မြတ်စွာဘုရား ကောင်းမှုရှင်ဖြစ်သော ထိုသူ၏ မြတ်သော အလှူခံပုဂ္ဂိုလ်တို့ကို အကျွန်ုပ်အား ညွှန်ကြား တော်မူပါ။ (၃)

“Suppose a lay donor who is committed to charity,” said Māgha, “makes a sacrifice seeking merit, looking for merit, giving food and drink to others here: explain to me who is worthy of donations.”

၄၉၅။ ‘‘ယေ ဝေ အသတ္တာ [အလဂ္ဂါ (သျာ။)] ဝိစရန္တိ လောကေ, အကိဉ္စနာ ကေဝလိနော ယတတ္တာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၉၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် စင်စစ် ရာဂဖြင့်ကပ်ငြိမှုမရှိကုန်ဘဲကြောင့်ကြမှုမရှိကုန်ဘဲ ပြီးပြီးသော ကိစ္စရှိကုန်သည် စောင့်စည်းသော စိတ်ရှိကုန်သည်ဖြစ်၍ လောက၌ လှည့်လည် နေထိုင်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၄)

“Those who wander the world unattached, consummate, self-controlled, owning nothing: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၉၆။ ‘‘ယေ သဗ္ဗသံယောဇနဗန္ဓနစ္ဆိဒါ, ဒန္တာ ဝိမုတ္တာ အနီဃာ နိရာသာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၉၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဥ်အနှောင်အဖွဲ့အားလုံးတို့ကို ဖြတ်တောက်ပြီးကုန် ယဥ်ကျေးကုန် ကိလေသာတို့မှလွတ်မြောက်ကုန်၍ ဆင်းရဲမရှိကုန်ဘဲ တပ်မက်မှု အာသာ ကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၅)

Those who have cut off all fetters and bonds, tamed, liberated, untroubled, with no need for hope: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၉၇။ ‘‘ယေ သဗ္ဗသံယောဇနဝိပ္ပမုတ္တာ, ဒန္တာ ဝိမုတ္တာ အနီဃာ နိရာသာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၉၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဥ်အားလုံးမှ လွတ်မြောက်ပြီးကုန် ယဥ်ကျေးပြီးကုန် ကိလေသာတို့မှ လွတ်မြောက်ပြီးကုန်ဆင်းရဲမရှိကြကုန် တပ်မက်မှု အာသာကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၆)

Those who are released from all fetters, tamed, liberated, untroubled, with no need for hope: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၉၈။ ‘‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ခီဏာသဝါ ဝူသိတဗြဟ္မစရိယာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၉၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ပယ် စွန့်၍အာသဝေါကုန်ခန်းပြီးသော ‘မဂ်’တည်းဟူသော မြတ်သောအကျင့်ကို ကျင့် သုံးပြီးကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၇)

Having given up greed, hate, and delusion, with defilements ended, <j>the spiritual journey completed: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၄၉၉။ ‘‘ယေသု န မာယာ ဝသတိ န မာနော, ခီဏာသဝါ ဝူသိတဗြဟ္မစရိယာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၄၉၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်လှည့်ပတ်မှု ‘မာယာ’ မကိန်းဝပ်နိုင်သူ မာနမကိန်းဝပ်နိုင်သူ အာသဝေါကုန်ခန်း ပြီးသူ ‘မဂ်’တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၈)

Those in whom dwells no deceit or conceit, with defilements ended, <j>the spiritual journey completed: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

စာ-၃၅၃

၅၀၀။ ‘‘ယေ ဝီတလောဘာ အမမာ နိရာသာ, ခီဏာသဝါ ဝူသိတဗြဟ္မစရိယာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၀။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လောဘကင်းသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှုမရှိသူ တပ်မက်မှု ‘အာသာ’ မရှိသူ အာသဝေါကုန်ခန်းပြီးသူ့‘မဂ်’တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံး ပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၉)

Those rid of greed, unselfish, with no need for hope, with defilements ended, <j>the spiritual journey completed: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၁။ ‘‘ယေ ဝေ န တဏှာသု ဥပါတိပန္နာ, ဝိတရေယျ ဩဃံ အမမာ စရန္တိ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် တဏှာကင်းသူကာမတဏှာစသည်တို့၌ နှလုံးမသွင်းမူ၍ လွန်မြောက် ပြီးသူ ဩဃလေးပါးကို ကူးမြောက်ပြီးသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှု မရှိဘဲ လှည့်လည်နေထိုင်သူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၀)

Those not fallen prey to cravings, who, having crossed the flood, live unselfishly: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၂။ ‘‘ယေသံ တဏှာ နတ္ထိ ကုဟိဉ္စိ လောကေ, ဘဝါဘဝါယ ဣဓ ဝါ ဟုရံ ဝါ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၂။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤလူ့လောက၌လည်းကောင်း၊ တစ်ပါးသော နတ်ပြည် စသော လောက၌လည်းကောင်း တစ်စုံတစ်ခုသော လောက၌ ဘဝကြီးငယ်အကျိုးငှါ ရူပတဏှာ စသောတဏှာခြောက်ပါးတို့ မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

Those with no craving at all in the world for any state of existence in this life or the next: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၃။ ‘‘ယေ ကာမေ ဟိတွာ အဂဟာ စရန္တိ, သုသညတတ္တာ တသရံဝ ဥဇ္ဇုံ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၃။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကြလျက် ကျင့်ကြသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

Those who have left sensuality behind, <j>wandering homeless, self-controlled, straight as a shuttle: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၄။ ‘‘ယေ ဝီတရာဂါ သုသမာဟိတိန္ဒြိယာ, စန္ဒောဝ ရာဟုဂ္ဂဟဏာ ပမုတ္တာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၄။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းသူကောင်းစွာတည်သော ဣန္ဒြေရှိသူ ရာဟု ဖမ်းခြင်းမှ လွတ်မြောက်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်မြောက်သူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

Those freed of greed, with senses stilled, like the moon released from the eclipse: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၅။ ‘‘သမိတာဝိနော ဝီတရာဂါ အကောပါ, ယေသံ ဂတီ နတ္ထိဓ ဝိပ္ပဟာယ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် သစ္စာလေးပါးကို သိပြီးဖြစ်သူ ရာဂကင်းသူ အမျက်ဒေါသမရှိသူ ဤလောက၌ ဖြစ်ဆဲ ခန္ဓာငါးပါးကို ပယ်စွန့်ပြီးနောက်ဘဝတစ်ပါးသို့ လားရောက်မှု မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

Those assuaged ones free of greed and anger, for whom there are no destinies, <j>being rid of them in this life: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၆။ ‘‘ဇဟိတွာ ဇာတိမရဏံ အသေသံ, ကထံကထိံ သဗ္ဗမုပါတိဝတ္တာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပဋိသန္ဓေနေခြင်းသေခြင်းကို အကြွင်းမဲ့ ပယ်စွန့်၍သို့လောသို့လော တွေးတောယုံမှားမှုအားလုံးကို လွန်မြောက်ပြီးသူရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၅)

They’ve given up rebirth and death completely, and have gone beyond all indecision: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

စာ-၃၅၄

၅၀၇။ ‘‘ယေ အတ္တဒီပါ ဝိစရန္တိ လောကေ, အကိဉ္စနာ သဗ္ဗဓိ ဝိပ္ပမုတ္တာ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် မိမိ၏သီလစသော ဂုဏ်၌သာ မိမိ၏မှီခိုရာကျွန်းပြု၍ လှည့်လည် သွား လာနေကြကုန်သောကြောင့်ကြမရှိကြကုန်မူ၍ အလုံးစုံသော ခန္ဓာ စသည်တို့၌ လွတ် မြောက်ပြီး ဖြစ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၆)

Those who live as their own island, everywhere free, owning nothing: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၈။ ‘‘ယေ ဟေတ္ထ ဇာနန္တိ ယထာ တထာ ဣဒံ, အယမန္တိမာ နတ္ထိ ပုနဗ္ဘဝေါတိ၊

ကာလေန တေသု ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ။

၅၀၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤခန္ဓာအာယတနစသော အစဥ်၌ ဤခန္ဓာအာယတနစသော အစဥ်ကို ဖြစ်ပေါ်နေသည့် သဘောအတိုင်းသိပြီးသူ ‘ဤပဋိသန္ဓေနေခြင်းသည် အဆုံးဖြစ်သော ပဋိသန္ဓေနေခြင်းတည်း၊ တစ်ဖန်ဘဝသစ်ဖြစ်ခြင်းမရှိ’ဟု သိပြီးသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၇)

Those here who know this to be true: ‘This is my last life, there are no future lives’: that is where a brahmin seeking merit should bestow a timely oblation as sacrifice.

၅၀၉။ ‘‘ယော ဝေဒဂူ ဈာနရတော သတီမာ, သမ္ဗောဓိပတ္တော သရဏံ ဗဟူနံ၊

ကာလေန တမှိ ဟဗျံ ပဝေစ္ဆေ, ယော ဗြာဟ္မဏော ပုညပေက္ခော ယဇေထ’’။

၅၀၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားတော်မူသော ဈာန်၌ မွေ့လျော်တော်မူလျက်သတိရှိတော်မူသော သဗ္ဗညုအဖြစ်သို့ ရောက်တော်မူပြီးသော များစွာသော နတ်လူတို့၏ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရား၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၈)

A knowledge master, loving absorption, mindful, who has reached awakening and is a refuge for many: that is where a brahmin seeking merit should bestow a timely oblation as sacrifice.”

၅၁၀။ ‘‘အဒ္ဓါ အမောဃာ မမ ပုစ္ဆနာ အဟု, အက္ခာသိ မေ ဘဂဝါ ဒက္ခိဏေယျေ၊

တွဉှေတ္ထ ဇာနာသိ ယထာ တထာ ဣဒံ, တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော။

၅၁၀။ (မာဃလုလင်သည် ဤသို့ လျှောက်၏) - မြတ်စွာဘုရား အသျှင်ဘုရားသည် သဗ္ဗညုတဉာဏ်ဟူသော ဤဓမ္မဓာတ်ကို ထိုးထွင်းသိတော်မူပြီးဖြစ်သောကြောင့် ဤလောက၌ ဤဉေယျဓံတရားအားလုံးကိုဟုတ်တိုင်းမှန်စွာသိတော်မူပါပေ၏၊ (ထို့ကြောင့် ) မြတ်စွာဘုရားသည် အကျွန်ုပ်အား အလှူခံပုဂ္ဂိုလ်တို့ကို့ဟောကြားတော်မူပါပြီ၊ အကျွန်ုပ်၏ အမေး ပြဿနာသည် အမှန်ပင် အချည်းနှီး မဖြစ်တော့ပါ။ (၁၉)

“Clearly my questions were not in vain!” said Māgha, “The Buddha has explained to me <j>who is worthy of donations. You are the one here who knows this to be true, for truly you understand this matter.

၅၁၁။ ‘‘ယော ယာစယောဂေါ ဒါနပတိ ဂဟဋ္ဌော, (ဣတိ မာဃော မာဏဝေါ)

ပုညတ္ထိကော ယဇတိ ပုညပေက္ခော၊

ဒဒံ ပရေသံ ဣဓ အန္နပါနံ,

အက္ခာဟိ မေ ဘဂဝါ ယညသမ္ပဒံ’’။

၅၁၁။ (မာဃလုလင်သည် ဤသို့ လျှောက်ပြန်၏) - ဤလောက၌ တောင်းခြင်းငှါ သင့်သော အလှူရှင်ဖြစ်သော အကြင်လူသည် သူ တစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏၊ မြတ်စွာဘုရား ကောင်းမှု ရှင်ဖြစ်သော ထိုလူ၏ လှူဖွယ်ဝတ္ထုပြည့်စုံမှုကို အကျွန်ုပ်အားဟောကြားတော်မူပါ။ (၂၀)

Suppose a lay donor who is committed to charity makes a sacrifice seeking merit, looking for merit, giving food and drink to others here: explain to me how to accomplish the sacrifice.”

၅၁၂။ ‘‘ယဇဿု ယဇမာနော မာဃာတိ ဘဂဝါ, သဗ္ဗတ္ထ စ ဝိပ္ပသာဒေဟိ စိတ္တံ၊

အာရမ္မဏံ ယဇမာနဿ ယညော, ဧတ္ထပ္ပတိဋ္ဌာယ ဇဟာတိ ဒေါသံ။

၅၁၂။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) - မာဃလုလင် သင်သည် လှူဒါန်း ပူဇော်လော့၊ လှူဒါန်း ပူဇော်သည်ရှိသော် ကာလသုံးပါး၌ စိတ်ကို အထူးသဖြင့် ကြည်လင်စေလော့၊ လှူဒါန်းပူဇော်ဖွယ် ဝတ္ထုသည် လှူဒါန်းပူဇော်သူ၏ အာရုံပင်တည်း၊ ဤပူဇော်ဖွယ်ဝတ္ထုစသည်၌ တည်၍ အလှူရှင်သည် အပြစ်သုံးမျိုးတို့ကို ပယ်စွန့်နိုင်၏။ (၂၁)

“Sacrifice, and while doing so,” replied the Buddha, “be clear and confident in every way. Sacrifice is the ground standing upon which the sacrificer sheds their flaws.

၅၁၃။ ‘‘သော ဝီတရာဂေါ ပဝိနေယျ ဒေါသံ, မေတ္တံ စိတ္တံ ဘာဝယမပ္ပမာဏံ၊

ရတ္တိန္ဒိဝံ သတတမပ္ပမတ္တော, သဗ္ဗာ ဒိသာ ဖရတိ အပ္ပမညံ’’။

၅၁၃။ ထိုအလှူရှင်ဒါယကာသည် ပူဇော်ဖွယ်ဝတ္ထုတို့၌ တပ်ခြင်းကင်း၍ အလှူခံ ပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ဒေါသကို ပယ်ဖျောက်ပြီးလျှင် အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးစေလျက် နေ့ညဥ့်ပတ်လုံးအမြဲမပြတ် မမေ့မလျော့ဘဲ မေတ္တာဟု ဆိုအပ်သော အပ္ပမညာကို အရပ်အားလုံးတို့သို့ ပျံ့နှံ့စေ၏။ (၂၂)

One free of greed, rid of anger, developing a heart of limitless love, spreads that limitlessness in every direction, ever diligent day and night.”

စာ-၃၅၅

၅၁၄။ ‘‘ကော သုဇ္ဈတိ မုစ္စတိ ဗဇ္ဈတီ စ, ကေနတ္တနာ ဂစ္ဆတိ [ကေနတ္ထေနာ ဂစ္ဆတိ (က။)] ဗြဟ္မလောကံ၊

အဇာနတော မေ မုနိ ဗြူဟိ ပုဋ္ဌော, ဘဂဝါ ဟိ မေ သက္ခိ ဗြဟ္မဇ္ဇဒိဋ္ဌော၊

တုဝဉှိ နော ဗြဟ္မသမောသိ သစ္စံ, ကထံ ဥပပဇ္ဇတိ ဗြဟ္မလောကံ ဇုတိမ’’။

၅၁၄။ အဘယ်သူသည် စင်ကြယ်ပါသနည်း၊ အဘယ်သူသည် လွတ်မြောက်ပါ သနည်း၊ အဘယ်သူသည် ကပ်ငြိပါသနည်း၊ အဘယ်အကြောင်းကြောင့် ဗြဟ္မာ့ပြည်သို့ ကိုယ်တိုင် သွားနိုင်ပါသနည်း၊ မြတ်စွာဘုရား မေးလျှောက်အပ်သော အသျှင်ဘုရားသည် မသိသော အကျွန်ုပ်အား ဟောတော်မူပါ၊ ဗြဟ္မာဖြစ်တော်မူသော မြတ်စွာဘုရားကို ယနေ့ အကျွန်ုပ်သည် မျက်မြင်ကိုယ်တွေ့ဖြစ်ပါ၏၊ အသျှင်ဘုရားသည် အမှန်လျှင် အကျွန်ုပ်တို့၏ ဗြဟ္မာနှင့် တူသည် ဖြစ်ပါ၏၊ ပညာအရောင်ထွန်းပြောင်တော်မူသော မြတ်စွာဘုရား အဘယ်သို့ သော အကြောင်းဖြင့် ဗြဟ္မာ့ ပြည်သို့ ကပ်ရောက်နိုင်ပါသနည်း။ (၂၃)

“Who is purified, freed, awake? How can one go to the realm of divinity oneself? I do not know, so please tell me when asked, for the Buddha is the divinity I see in person today! To us you are truly the equal of divinity. Brilliant One, how is one reborn <j>in the realm of divinity?”

၅၁၅။ ‘‘ယော ယဇတိ တိဝိဓံ ယညသမ္ပဒံ, (မာဃာတိ ဘဂဝါ)

အာရာဓယေ ဒက္ခိဏေယျေဘိ တာဒိ၊

ဧဝံ ယဇိတွာ သမ္မာ ယာစယောဂေါ,

ဥပပဇ္ဇတိ ဗြဟ္မလောကန္တိ ဗြူမီ’’တိ။

ဧဝံ ဝုတ္တေ, မာဃော မာဏဝေါ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

မာဃသုတ္တံ ပဉ္စမံ နိဋ္ဌိတံ။

၅၁၅။ (မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏) - မာဃလုလင် အကြင်ပုဂ္ဂိုလ်သည် သုံးပါးအပြားရှိသော ပြည့်စုံသော အလှူဒါနကို ပေးလှူ ပူဇော်၏၊ ထိုသို့ သဘောရှိသော အလှူရှင်ပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့် စင်ကြယ်စေရာ၏၊ ဤသို့ ကောင်းစွာလှူဒါန်းပူဇော်၍ တောင်းခြင်းငှါ သင့်သော အလှူရှင်သည် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်နိုင်၏။ (၂၄) ဤသို့ ဟောတော်မူသည်ရှိသော် မာဃလုလင်သည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏ “အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ‘ယနေ့မှ အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာ’ဟုမှတ်တော်မူပါ”ဟု (လျှောက်၏)။ ငါးခုမြောက် မာဃသုတ် ပြီး၏။ ၆-သဘိယသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ သဘိယပရိဗိုဇ်အား ရှေးဘဝက ဆွေမျိုးတော်စပ်ဖူးသော နတ်သည် အမေးပြဿနာတို့ကို သင်ကြားညွှန်ပြအပ်ကုန်၏ “သဘိယ ဤအမေးပြဿနာတို့ကို သင်ကမေးအပ်သည်ဖြစ်၍ ဖြေဆိုနိုင်သော သမဏဗြာဟ္မဏတို့အထံ၌ အကျင့်မြတ်ကို ကျင့်လေလော့”ဟု သင်ကြား ညွှန်ပြအပ်ကုန်၏။ ထိုအခါ သဘိယပရိဗိုဇ်သည် ထိုနတ်၏အထံ၌ ထိုအမေးပြဿနာတို့ကို သင်ယူ၍ တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပမက္ခလိဂေါသာလ အဇိတကေသ ကမ္ဗလ ပကုဓကစ္စာန သဉ္စယဗေလဋ္ဌပုတ္တ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဥ်းကပ်၍ ထိုအမေးပြဿနာတို့ကို မေး၏။ သဘိယပရိဗိုဇ်သည်အမေးပြဿနာတို့ကို မေး အပ်ကုန်သည်ရှိသော် ထိုဆရာ ခြောက်ဦးတို့သည် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏၊ ဤမျှမက သဘိယပရိဗိုဇ်ကိုပင် တစ်ဖန်ပြန်မေးကုန်သေး၏။ ထိုအခါ သဘိယပရိဗိုဇ်အား ဤအကြံဖြစ်၏ “တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်းပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့သည် ငါမေးအပ်သော အမေးပြဿနာကို မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကုန်၏၊ ဤမျှမက ငါ့ကိုပင်လျှင် တစ်ဖန် ပြန်မေးကြကုန်သေး၏၊ ငါသည် လူထွက်၍ ကာမတို့ကို သုံးဆောင်ရမူကောင်း လေစွ”ဟု ဤအကြံဖြစ်၏။ ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ “ရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချဥ်းကပ်၍ ဤအမေး ပြဿနာတို့ကို မေးရမူ ကောင်းလေစွ”ဟု ဤအကြံဖြစ်၏။ ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ “အကြင့်ကြောင့် အိုကြသူ ကြီးကြသူ ရင့်ကြသူရှေးမီကြသူ အဆုံးအရွယ်သို့ ရောက်ကြသူ မထေရ်ကြီးဖြစ်ကြသူ ရဟန်းဝါရင့်ကြသူ ရဟန်းသက်ရှည်ကြသူ ဖြစ်သည့်ပြင် တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်း ဖြစ်သူထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော အသျှင်သမဏဗြာဟ္မဏတို့သော်မှလည်း အမေးပြဿနာကို ငါမေးအပ်ကုန်သည်ရှိသော် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏၊ ဤ့မျှမက ငါ့ကိုပင်လျှင် ဤအမေးပြဿနာ၌ တစ်ဖန် ပြန်မေးကြကုန်ဘိသေး၏၊ ရဟန်းဂေါတမသည်ကားဤအမေးပြဿနာတို့ကို ငါမေးအပ်သော် အဘယ်မှာလျှင် ဖြေဆိုနိုင်လိမ့်မည်နည်း၊ အကြောင်းကားရဟန်းဂေါတမသည် အသက်အားဖြင့်လည်း ငယ်ရွယ်သူဖြစ်၏၊ ရဟန်းအဖြစ်အားဖြင့်လည်း သီတင်းငယ်ဖြစ်၏”ဟု အကြံဖြစ်၏။ ထို့နောက် သဘိယပရိဗိုဇ်အား ဤသို့ အကြံဖြစ်ပြန်၏ “ရဟန်းဂေါတမကို ငယ်၏ဟူ၍ မထီမဲ့မြင်မပြုအပ် မဖြေနိုင်ဟု မဆိုအပ်၊ ရဟန်းဂေါတမသည် ငယ်သော်လည်း တန်ခိုးအာနုဘော်ကြီး၏၊ ငါသည်ရဟန်းဂေါတမသို့ ချဥ်းကပ်၍ ဤအမေးပြဿနာတို့ကို မေးရမူကား ကောင်းလေစွ”ဟု အကြံဖြစ်ပြန်၏။ ထို့နောက် သဘိယပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ဖဲသွားလေ၏၊ အစဥ်အတိုင်း ဒေသစာရီလှည့်လည်သွားလေသော် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်းမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဂါထာဖြင့်ရွတ်ဆိုလျှောက်၏-

“One who accomplishes the sacrifice <j>with three modes,” replied the Buddha, “such a one would succeed <j>due to those who are worthy of donations. Sacrificing like this, one rightly committed to charity is reborn in the realm of divinity, I say.” When he had spoken, the student Māgha said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၆။ သဘိယသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန သဘိယဿ ပရိဗ္ဗာဇကဿ ပုရာဏသာလောဟိတာယ ဒေဝတာယ ပဉှာ ဥဒ္ဒိဋ္ဌာ ဟောန္တိ – ‘‘ယော တေ, သဘိယ, သမဏော ဝါ ဗြာဟ္မဏော ဝါ ဣမေ ပဉှေ ပုဋ္ဌော ဗျာကရောတိ တဿ သန္တိကေ ဗြဟ္မစရိယံ စရေယျာသီ’’တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော တဿာ ဒေဝတာယ သန္တိကေ တေ ပဉှေ ဥဂ္ဂဟေတွာ ယေ တေ သမဏဗြာဟ္မဏာ သံဃိနော ဂဏိနော ဂဏာစရိယာ ဉာတာ ယသဿိနော တိတ္ထကရာ သာဓုသမ္မတာ ဗဟုဇနဿ, သေယျထိဒံ – ပူရဏော ကဿပေါ မက္ခလိဂေါသာလော အဇိတော ကေသကမ္ဗလော ပကုဓော [ကကုဓော (သီ။) ပကုဒ္ဓေါ (သျာ။ ကံ။)] ကစ္စာနော သဉ္စယော [သဉ္ဇယော (သီ။ သျာ။ ကံ။ ပီ။)] ဗေလဋ္ဌပုတ္တော [ဗေလ္လဋ္ဌိပုတ္တော (သီ။ ပီ။), ဝေဠဋ္ဌပုတ္တော (သျာ။)] နိဂဏ္ဌော နာဋပုတ္တော [နာတပုတ္တော (သီ။ ပီ။)], တေ ဥပသင်္ကမိတွာ တေ ပဉှေ ပုစ္ဆတိ။ တေ သဘိယေန ပရိဗ္ဗာဇကေန ပဉှေ ပုဋ္ဌာ န သမ္ပာယန္တိ၊ အသမ္ပာယန္တာ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောန္တိ။ အပိ စ သဘိယံ ယေဝ ပရိဗ္ဗာဇကံ ပဋိပုစ္ဆန္တိ။

အထ ခေါ သဘိယဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘ယေ ခေါ တေ ဘောန္တော သမဏဗြာဟ္မဏာ သံဃိနော ဂဏိနော ဂဏာစရိယာ ဉာတာ ယသဿိနော တိတ္ထကရာ သာဓုသမ္မတာ ဗဟုဇနဿ, သေယျထိဒံ – ပူရဏော ကဿပေါ…ပေ… နိဂဏ္ဌော နာဋပုတ္တော, တေ မယာ ပဉှေ ပုဋ္ဌာ န သမ္ပာယန္တိ, အသမ္ပာယန္တာ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောန္တိ၊ အပိ စ မညေဝေတ္ထ ပဋိပုစ္ဆန္တိ။ ယန္နူန္နာဟံ ဟီနာယာဝတ္တိတွာ ကာမေ ပရိဘုဉ္ဇေယျ’’န္တိ။

အထ ခေါ သဘိယဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘အယမ္ပိ ခေါ သမဏော ဂေါတမော သံဃီ စေဝ ဂဏီ စ ဂဏာစရိယော စ ဉာတော ယသဿီ တိတ္ထကရော သာဓုသမ္မတော ဗဟုဇနဿ၊ ယံနူနာဟံ သမဏံ ဂေါတမံ ဥပသင်္ကမိတွာ ဣမေ ပဉှေ ပုစ္ဆေယျ’’န္တိ။

အထ ခေါ သဘိယဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘ယေပိ ခေါ တေ [ယေ ခေါ တေ (သျာ။), ယံ ခေါ တေ (က။)] ဘောန္တော သမဏဗြာဟ္မဏာ ဇိဏ္ဏာ ဝုဍ္ဎာ မဟလ္လကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃိနော ဂဏိနော ဂဏာစရိယာ ဉာတာ ယသဿိနော တိတ္ထကရာ သာဓုသမ္မတာ ဗဟုဇနဿ, သေယျထိဒံ – ပူရဏော ကဿပေါ…ပေ။ … နိဂဏ္ဌော နာဋပုတ္တော, တေပိ မယာ ပဉှေ ပုဋ္ဌာ န သမ္ပာယန္တိ, အသမ္ပာယန္တာ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောန္တိ, အပိ စ မညေဝေတ္ထ ပဋိပုစ္ဆန္တိ၊ ကိံ ပန မေ သမဏော ဂေါတမော ဣမေ ပဉှေ ပုဋ္ဌော ဗျာကရိဿတိ! သမဏော ဟိ ဂေါတမော ဒဟရော စေဝ ဇာတိယာ, နဝေါ စ ပဗ္ဗဇ္ဇာယာ’’တိ။

အထ ခေါ သဘိယဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘သမဏော ခေါ [သမဏော ခေါ ဂေါတမော (သျာ။ က။)] ဒဟရောတိ န ဥညာတဗ္ဗော န ပရိဘောတဗ္ဗော။ ဒဟရောပိ စေသ သမဏော ဂေါတမော မဟိဒ္ဓိကော ဟောတိ မဟာနုဘာဝေါ, ယံနူနာဟံ သမဏံ ဂေါတမံ ဥပသင်္ကမိတွာ ဣမေ ပဉှေ ပုစ္ဆေယျ’’န္တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော ယေန ရာဇဂဟံ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ရာဇဂဟံ ဝေဠုဝနံ ကလန္ဒကနိဝါပေါ, ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သဘိယော ပရိဗ္ဗာဇကော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

စာ-၃၅၇

၅၁၆။ ‘‘ကင်္ခီ ဝေစိကိစ္ဆီ အာဂမံ, (ဣတိ သဘိယော)

ပဉှေ ပုစ္ဆိတုံ အဘိကင်္ခမာနော၊

တေသန္တကရော ဘဝါဟိ [ဘဝါဟိ မေ (ပီ။ က။)] ပဉှေ မေ ပုဋ္ဌော,

အနုပုဗ္ဗံ အနုဓမ္မံ ဗျာကရောဟိ မေ’’။

၅၁၆။ (သဘိယသည် ဤသို့ လျှောက်၏) - မြတ်စွာဘုရား တွေးတောယုံမှားလျက် မဆုံးဖြတ်နိုင်သည် ဖြစ်သောကြောင့် အမေးပြဿနာကို မေးလျှောက်ရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာပါ၏၊ မြတ်စွာဘုရား ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူပါ၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် ပြဿနာစဥ် အနက်စဥ်အတိုင်းအကျွန်ုပ်အား ဖြေတော်မူပါ။ (၁)

Anthology of Discourses 3.6 With Sabhiya So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time the wanderer Sabhiya had been presented with several questions by a deity who was a former blood relation, saying: “Sabhiya, you should live the spiritual life with whatever ascetic or brahmin answers these questions.” Then Sabhiya, after learning those questions in the presence of that deity, approached those ascetics and brahmins who led an order and a community, and taught a community, who were well-known and famous religious founders, deemed holy by many people. That is, Pūraṇa Kassapa, the bamboo-staffed ascetic Gosāla, Ajita of the hair blanket, Pakudha Kaccāyana, Sañjaya Belaṭṭhiputta, and the Jain ascetic of the Ñātika clan. And he asked them those questions, but they were stumped by them. Displaying annoyance, hate, and bitterness, they questioned Sabhiya in return. Then Sabhiya thought, “Those famous ascetics and brahmins were stumped by my questions. Displaying annoyance, hate, and bitterness, they questioned me in return on that matter. Why don’t I return to a lesser life so I can enjoy sensual pleasures?” Then Sabhiya thought, “This ascetic Gotama also leads an order and a community, and tutors a community. He’s a well-known and famous religious founder, deemed holy by many people. Why don’t I ask him these questions?” Then he thought, “Even those ascetics and brahmins who are elderly and senior, who are advanced in years and have reached the final stage of life; who are senior, long standing, long gone forth; who lead an order and a community, and tutor a community; who are well-known and famous religious founders, deemed holy by many people—that is Pūraṇa Kassapa and the rest— were stumped by my questions. They displayed annoyance, hate, and bitterness, and even questioned me in return. How can the ascetic Gotama possibly answer my questions, since he is so young in age and newly gone forth?” Then he thought, “An ascetic should not be looked down upon or disparaged because they are young. Though young, the ascetic Gotama has great psychic power and might. Why don’t I ask him these questions?” Then Sabhiya set out for Rājagaha. Traveling stage by stage, he came to Rājagaha, the Bamboo Grove, the squirrels’ feeding ground. He went up to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and addressed the Buddha in verse: “I’ve come full of doubts and uncertainties,” said Sabhiya, “wishing to ask some questions. Please solve them for me. Answer my questions in turn, <j>in accordance with the truth.”

၅၁၇။ ‘‘ဒူရတော အာဂတောသိ သဘိယ, (ဣတိ ဘဂဝါ)

ပဉှေ ပုစ္ဆိတုံ အဘိကင်္ခမာနော၊

တေသန္တကရော ဘဝါမိ [တေသမန္တကရောမိ တေ (က။)] ပဉှေ တေ ပုဋ္ဌော,

အနုပုဗ္ဗံ အနုဓမ္မံ ဗျာကရောမိ တေ။

၅၁၇။ (မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏) - သဘိယ သင်သည် ပြဿနာတို့ကို မေးရန် အလွန်လိုလားတောင့်တသည်ဖြစ်၍ အဝေးမှ လာဘိ၏၊ သင်မေးအပ်သော် ငါသည် ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူအံ့၊ သင်မေးအပ်သော ပြဿနာစဥ် အနက်စဥ်အတိုင်း သင့်အား ဖြေကြားပေအံ့။ (၂)

“You have come from afar, Sabhiya,” said the Buddha, “wishing to ask some questions. I shall solve them for you, answering your questions in turn, <j>in accordance with the truth.

၅၁၈။ ‘‘ပုစ္ဆ မံ သဘိယ ပဉှံ, ယံ ကိဉ္စိ မနသိစ္ဆသိ၊

တဿ တဿေဝ ပဉှဿ, အဟံ အန္တံ ကရောမိ တေ’’တိ။

အထ ခေါ သဘိယဿ ပရိဗ္ဗာဇကဿ ဧတဒဟောသိ – ‘‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! ယံ ဝတာဟံ အညေသု သမဏဗြာဟ္မဏေသု ဩကာသကမ္မမတ္တမ္ပိ [ဩကာသမတ္တမ္ပိ (သီ။ ပီ။)] နာလတ္ထံ တံ မေ ဣဒံ သမဏေန ဂေါတမေန ဩကာသကမ္မံ ကတ’’န္တိ။ အတ္တမနော ပမုဒိတော ဥဒဂ္ဂေါ ပီတိသောမနဿဇာတော ဘဂဝန္တံ ပဉှံ အပုစ္ဆိ –

၅၁၈။ သဘိယ သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက်ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ကို အဆုံး တိုင် ပြေရှင်းအောင် ငါဖြေရှင်းအံ့ဟု (မိန့်တော်မူ၏)။ (၃) ထိုအခါ သဘိယပရိဗိုဇ်အား ဤအကြံဖြစ်၏ “အချင်းတို့အံ့ဩဖွယ်ရှိပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ငါသည် တစ်ပါးသော သမဏဗြာဟ္မဏတို့၌ အခွင့်ပေးမှုမျှကိုသော်လည်း မရခဲ့သော ဤအမေးပုစ္ဆာ ပြဿနာကို ရဟန်းဂေါတမသည် ငါ့အား မေးခွင့်ပြုပေ၏”ဟု မိမိစိတ်တိုင်းကျ ဖြစ်သဖြင့်ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား အမေးပုစ္ဆာပြဿနာကို မေးလျှောက်၏-

Ask me your question, Sabhiya, whatever you want. I’ll solve each and every question you have.” Then Sabhiya thought, “Oh lord, how incredible, how amazing! Where those other ascetics and brahmins didn’t even give me a chance, the Buddha has invited me.” Uplifted and elated, full of rapture and happiness, he asked this question.

၅၁၉။ ‘‘ကိံ ပတ္တိနမာဟု ဘိက္ခုနံ, (ဣတိ သဘိယော)

သောရတံ ကေန ကထဉ္စ ဒန္တမာဟု၊

ဗုဒ္ဓေါတိ ကထံ ပဝုစ္စတိ,

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ’’။

၅၁၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို ယဥ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ ဆိုသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် အကျွန်ုပ်အား ဖြေကြားတော်မူပါ။ (၄)

“What must one attain to be called a mendicant?” said Sabhiya, “How is one ‘gentle’, how said to be ‘tamed’? How is one declared to be ‘awakened’? May the Buddha please answer my question.”

၅၂၀။ ‘‘ပဇ္ဇေန ကတေန အတ္တနာ, (သဘိယာတိ ဘဂဝါ)

ပရိနိဗ္ဗာနဂတော ဝိတိဏ္ဏကင်္ခေါ၊

ဝိဘဝဉ္စ ဘဝဉ္စ ဝိပ္ပဟာယ,

ဝုသိတဝါ ခီဏပုနဗ္ဘဝေါ သ ဘိက္ခု။

၅၂၀။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) - သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကိုလည်းကောင်း၊ ကြီးပွါးခြင်းကိုလည်းကောင်းပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံး ပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ခန်းပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏။ (၅)

“When by the path they have walked themselves,” said the Buddha to Sabhiya, “they reach extinguishment, with doubt overcome; giving up desire for existence or nonexistence, their journey complete, their rebirths ended: <j>that is a mendicant.

စာ-၃၅၈

၅၂၁။ ‘‘သဗ္ဗတ္ထ ဥပေက္ခကော သတိမာ, န သော ဟိံသတိ ကဉ္စိ သဗ္ဗလောကေ၊

တိဏ္ဏော သမဏော အနာဝိလော, ဥဿဒါ ယဿ န သန္တိ သောရတော သော။

၅၂၁။ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဥ်းဆဲ ဩဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင်ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု ‘ဥဿဒ’တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။ (၆)

Equanimous toward everything, mindful, they don’t harm anyone in the world. An ascetic who has crossed over, unclouded, who has no pretensions, is gentle.

၅၂၂။ ‘‘ယဿိန္ဒြိယာနိ ဘာဝိတာနိ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ သဗ္ဗလောကေ၊

နိဗ္ဗိဇ္ဈ ဣမံ ပရဉ္စ လောကံ, ကာလံ ကင်္ခတိ ဘာဝိတော သ ဒန္တော။

၅၂၂။ အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းလောကအားလုံးဝယ် စက္ခုစသော ဣန္ဒြေတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ထိုးထွင်းသိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဥ် ကျေးသူ မည်၏။ (၇)

Their faculties have been developed inside and out in the whole world. Having pierced through this world and the next, tamed, they await their time.

၅၂၃။ ‘‘ကပ္ပါနိ ဝိစေယျ ကေဝလာနိ, သံသာရံ ဒုဘယံ စုတူပပါတံ၊

ဝိဂတရဇမနင်္ဂဏံ ဝိသုဒ္ဓံ, ပတ္တံ ဇာတိခယံ တမာဟု ဗုဒ္ဓ’’န္တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ အတ္တမနော ပမုဒိတော ဥဒဂ္ဂေါ ပီတိသောမနဿဇာတော ဘဂဝန္တံ ဥတ္တရိံ [ဥတ္တရိ (က။)] ပဉှံ အပုစ္ဆိ –

၅၂၃။ ကပ်ကမ္ဘာအားလုံးတို့ကိုလည်းကောင်း၊ နှစ်ပါးစုံသော စုတိ ပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကိုလည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ဆိုကြကုန်၏။ (၈) ထို့နောက် သဘိယ ပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သည်ကို စိတ်တိုင်းကျလျက် ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ်တစ်ဖန် မေးလျှောက်ပြန်၏။

They have examined the eons in their entirety, and both sides of transmigration—<j>passing away and rebirth. Rid of dust, unblemished, purified: the one they call ‘awakened’ has attained <j>the end of rebirth.” And then, having approved and agreed with what the Buddha said, uplifted and elated, full of rapture and happiness, Sabhiya asked another question:

၅၂၄။ ‘‘ကိံ ပတ္တိနမာဟု ဗြာဟ္မဏံ, (ဣတိ သဘိယော)

သမဏံ ကေန ကထဉ္စ နှာတကောတိ၊

နာဂေါတိ ကထံ ပဝုစ္စတိ,

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ’’။

၅၂၄။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ ‘ဗြာဟ္မဏ’ဟူ၍ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ငြိမ်းအေးပြီးသူ ‘သမဏ’ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ ‘နှာတက’ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ် သူ‘နာဂ’ဟူ၍ ဆိုပါသနည်း၊ အကျွန်ုပ်၏အမေးအပ်သော မြတ်စွာဘုရားသည် ဖြေကြားတော်မူပါ။ (၉)

“What must one attain to be called ‘brahmin’?” said Sabhiya. “Why is one an ‘ascetic’, and how a ‘bathed initiate’? How is one declared to be a ‘giant’? May the Buddha please answer my question.”

၅၂၅။ ‘‘ဗာဟိတွာ သဗ္ဗပါပကာနိ, (သဘိယာတိ ဘဂဝါ)

ဝိမလော သာဓုသမာဟိတော ဌိတတ္တော၊

သံသာရမတိစ္စ ကေဝလီ သော,

အသိတော တာဒိ ပဝုစ္စတေ သ ဗြဟ္မာ။

၅၂၅။ (မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူ၏) - သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှုအားလုံးတို့ကို အပပြု၍ တည်သော သဘော ရှိ၏၊ အညစ်အကြေး ကင်း၏၊ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏၊ သံသရာကို လွန်၍ပြုဖွယ်ကိစ္စပြီးဆုံးပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှအပပြုပြီးသူ ‘ဗြာဟ္မဏ’ဟူ၍ ဆိုအပ်၏။ (၁၀)

“Having banished all bad things,” said the Buddha to Sabhiya, “immaculate, well-composed, steadfast, consummate, they’ve left transmigration behind: unattached, one such is called ‘brahmin’.

၅၂၆။ ‘‘သမိတာဝိ ပဟာယ ပုညပါပံ, ဝိရဇော ဉတွာ ဣမံ ပရဉ္စ လောကံ၊

ဇာတိမရဏံ ဥပါတိဝတ္တော, သမဏော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၂၆။ အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏၊ ကောင်းမှုမကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်းသိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို ငြိမ်းအေးပြီးသူ ‘သမဏ’ဟူ၍ ဆိုအပ်၏။ (၁၁)

An assuaged one who has given up good and evil, stainless, understanding this world and the next, gone beyond rebirth and death: one such is rightly called ‘ascetic’.

စာ-၃၅၉

၅၂၇။ ‘‘နိနှာယ [နိနဟာယ (သျာ။)] သဗ္ဗပါပကာနိ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ သဗ္ဗလောကေ၊

ဒေဝမနုဿေသု ကပ္ပိယေသု, ကပ္ပံ နေတိ တမာဟု နှာတကော’’တိ။

၅၂၇။ (အကြင်ပုဂ္ဂိုလ်သည် ) အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းလောကအားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် (တဏှာဒိဋ္ဌိတို့ဖြင့်) ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ (လူဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း) ကြံစည်ခြင်းသို့ မရောက်၊ ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ‘နှာတက’ဟူ၍ ဆိုအပ်၏။ (၁၂)

Having washed off all bad things inside and out in the whole world, among gods and humans bound to creations, the one they call ‘washed’ does not return to creation.

၅၂၈။ ‘‘အာဂုံ န ကရောတိ ကိဉ္စိ လောကေ, သဗ္ဗသံယောဂေ [သဗ္ဗယောဂေ (က။)] ဝိသဇ္ဇ ဗန္ဓနာနိ၊

သဗ္ဗတ္ထ န သဇ္ဇတီ ဝိမုတ္တော, နာဂေါ တာဒိ ပဝုစ္စတေ တထတ္တာ’’တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော…ပေ… ဘဂဝန္တံ ဥတ္တရိံ ပဉှံ အပုစ္ဆိ –

၅၂၈။ အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဥ်မှုအားလုံးတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့တို့ကိုလည်းကောင်း ဖြေ ဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော ‘နာဂ’ဟူ၍ ဆိုအပ်၏။ (၁၃) ထို့နောက် သဘိယ ပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

They do nothing monstrous at all in the world, discarding all yokes and bonds, everywhere not stuck, freed: one such is rightly called ‘giant’.” And then Sabhiya asked another question:

၅၂၉။ ‘‘ကံ ခေတ္တဇိနံ ဝဒန္တိ ဗုဒ္ဓါ, (ဣတိ သဘိယော)

ကုသလံ ကေန ကထဉ္စ ပဏ္ဍိတောတိ၊

မုနိ နာမ ကထံ ပဝုစ္စတိ,

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ’’။

၅၂၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ မြတ်စွာဘုရားတို့ဟောကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက် ဆီးတတ်သူ (လူလိမ္မာ)ဟူ၍ဟောကုန်သနည်း၊ အဘယ်သို့ သောသူကို ပညာရှိဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့်မုနိမည်၏ဟူ၍ ဆိုအပ်သနည်း၊ အကျွန်ုပ် မေးလျှောက်အပ်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၁၄)

“Who is a ‘field-victor’ according to the Buddhas?” said Sabhiya, “Why is one ‘skillful’, and how ‘an astute scholar’? How is one declared to be a ‘sage’? May the Buddha please answer my question.”

၅၃၀။ ‘‘ခေတ္တာနိ ဝိစေယျ ကေဝလာနိ, (သဘိယာတိ ဘဂဝါ)

ဒိဗ္ဗံ မာနုသကဉ္စ ဗြဟ္မခေတ္တံ၊

သဗ္ဗခေတ္တမူလဗန္ဓနာ ပမုတ္တော,

ခေတ္တဇိနော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၃၀။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) - သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကိုလည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကိုလည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကိုလည်းကောင်းအာယတနအားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတနအားလုံးတို့၏ မူလအနှောင်အဖွဲ့မှလွတ်မြောက်၏၊ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။ (၁၅)

“They are victors on the fields of deeds in their entirety,” said the Buddha to Sabhiya, “the fields of gods, humans, and divinities; released from the root bondage to all fields: one such is rightly called ‘field-victor’.

၅၃၁။ ‘‘ကောသာနိ ဝိစေယျ ကေဝလာနိ, ဒိဗ္ဗံ မာနုသကဉ္စ ဗြဟ္မကောသံ၊

သဗ္ဗကောသမူလဗန္ဓနာ ပမုတ္တော, ကုသလော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၃၁။ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း လူ၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကိုလည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံကျီကြအားလုံးတို့ကို သိမြင်ပြီး၍ ကျီ ကြကံအား လုံးတို့၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်းမရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။ (၁၆)

They have examined the coffers in their entirety, the coffers of gods, humans, and divinities; released from the root bondage to all coffers: one such is rightly called ‘skillful’.

၅၃၂။ ‘‘ဒုဘယာနိ ဝိစေယျ ပဏ္ဍရာနိ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ သုဒ္ဓိပညော၊

ကဏှံ သုက္ကံ ဥပါတိဝတ္တော, ပဏ္ဍိတော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၃၂။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန်သော အာယတန နှစ်ပါးတို့ကို သိမြင်၍ စင် ကြယ်သော ပညာရှိ၏၊ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို ပညာရှိဟူ၍ ဆိုအပ်၏။ (၁၇)

They have examined whiteness both inside and out; understanding purity, they have left dark and bright behind: one such is rightly called ‘an astute scholar’.

စာ-၃၆၀

၅၃၃။ ‘‘အသတဉ္စ သတဉ္စ ဉတွာ ဓမ္မံ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ သဗ္ဗလောကေ၊

ဒေဝမနုဿေဟိ ပူဇနီယော, သင်္ဂံ ဇာလမတိစ္စ သော မုနီ’’တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော…ပေ… ဘဂဝန္တံ ဥတ္တရိံ ပဉှံ အပုစ္ဆိ –

၅၃၃။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော် ကောင်းတို့၏တရားကိုလည်းကောင်း သိမြင်၍ (ရာဂစသော) ကပ်ငြိမှုနှင့် (တဏှာ ဒိဋ္ဌိဟူသော) ကွန်ရက်ကို လွန်၍တည်၏၊ ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည်ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။ (၁၈) ထို့နောက် သဘိယ ပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

Understanding the nature of the bad and the good inside and out in the whole world; one worthy of honor by gods and humans, who has escaped from the net and the chain: <j>that is a sage.” And then Sabhiya asked another question:

၅၃၄။ ‘‘ကိံ ပတ္တိနမာဟု ဝေဒဂုံ, (ဣတိ သဘိယော)

အနုဝိဒိတံ ကေန ကထဉ္စ ဝီရိယဝါတိ၊

အာဇာနိယော ကိန္တိ နာမ ဟောတိ,

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ’’။

၅၃၄။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ ‘ဝေဒဂူ’ဟူ၍ ဆိုကုန်သနည်း၊ အဘယ်အကြောင်းဖြင့်လျော်စွာ သိသူ ‘အနုဗုဒ္ဓ’ဟူ၍ ဆိုကြကုန် သနည်း၊ အဘယ်သို့ သောသူကို ဝီရိယရှိသူဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊ အကျွန်ုပ်မေးလျှောက်အပ်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၁၉)

“What must one attain <j>to be called ‘knowledge master’?” said Sabhiya, “Why is one ‘studied’, and how is one ‘heroic’? How to gain the name ‘thoroughbred’? May the Buddha please answer my question.”

၅၃၅။ ‘‘ဝေဒါနိ ဝိစေယျ ကေဝလာနိ, (သဘိယာတိ ဘဂဝါ)

သမဏာနံ ယာနိဓတ္ထိ [ယာနိပတ္ထိ (သီ။ သျာ။ ပီ။)] ဗြာဟ္မဏာနံ၊

သဗ္ဗဝေဒနာသု ဝီတရာဂေါ,

သဗ္ဗံ ဝေဒမတိစ္စ ဝေဒဂူ သော။

၅၃၅။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) - သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ဝေဒကျမ်းအားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏၊ ထိုပုဂ္ဂိုလ်ကို့ဝေဒဂူမည်၏ဟူ၍ ဆိုအပ်၏။ (၂၀)

“They have examined knowledges in their entirety,” said the Buddha to Sabhiya, “those that are current among ascetics and brahmins; rid of greed for all feelings, having left all knowledges behind: <j>that is a knowledge master.

၅၃၆။ ‘‘အနုဝိစ္စ ပပဉ္စနာမရူပံ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ ရောဂမူလံ၊

သဗ္ဗရောဂမူလဗန္ဓနာ ပမုတ္တော, အနုဝိဒိတော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၃၆။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း ဗဟိဒ္ဓသန္တာန်၌လည်းကောင်း (တဏှာ ဒိဋ္ဌိ မာန) ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် (နာမ်ရုပ်)ဟူသော အနာရောဂါ၏ အမြစ်အဝိဇ္ဇာဘဝတဏှာကိုလျော်စွာသိမြင်၍ ရောဂါအားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။ (၂၁)

Having studied proliferation and name & form inside and out—the root of disease; released from the root bondage to all disease: one such is rightly called ‘studied’.

၅၃၇။ ‘‘ဝိရတော ဣဓ သဗ္ဗပါပကေဟိ, နိရယဒုက္ခံ အတိစ္စ ဝီရိယဝါ သော၊

သော ဝီရိယဝါ ပဓာနဝါ, ဓီရော တာဒိ ပဝုစ္စတေ တထတ္တာ။

၅၃၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှုအားလုံးတို့မှ ကြဥ်ရှောင်၏၊ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏၊ ဝီရိယဟူသောနေရာအိမ်ရှိ၏၊ အကျင့်ပဓာနရှိသည်ဖြစ်၍တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို ဝီရိယရှိသူဟူ၍ ဆိုအပ်၏။ (၂၂)

Refraining from all evil here, heroic, he escapes from the suffering of hell; he is heroic and energetic: one such is rightly called ‘hero’.

၅၃၈။ ‘‘ယဿဿု လုနာနိ ဗန္ဓနာနိ, အဇ္ဈတ္တံ ဗဟိဒ္ဓါ စ သင်္ဂမူလံ၊

သဗ္ဗသင်္ဂမူလဗန္ဓနာ ပမုတ္တော, အာဇာနိယော တာဒိ ပဝုစ္စတေ တထတ္တာ’’တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော ။ပ။ ဘဂဝန္တံ ဥတ္တရိံ ပဉှံ အပုစ္ဆိ –

၅၃၈။ အကြင်ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းအနှောင်အဖွဲ့တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏၊ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏၊ ကပ်ငြိမှုအားလုံး၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။ (၂၃) ထို့နောက် သဘိယပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

Whoever’s bonds are cut, the root of clinging inside and out; released from the root bondage to all clinging: one such is rightly called ‘thoroughbred’.” And then Sabhiya asked another question:

၅၃၉။ ‘‘ကိံ ပတ္တိနမာဟု သောတ္တိယံ, (ဣတိ သဘိယော)

အရိယံ ကေန ကထဉ္စ စရဏဝါတိ၊

ပရိဗ္ဗာဇကော ကိန္တိ နာမ ဟောတိ,

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ’’။

၅၃၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ ‘သောတ္ထိယ’ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို စရဏရှိသူဟူ၍ဆိုကြကုန်သနည်း၊ အဘယ်သို့လျှင် ပရိဗိုဇ် မည်ပါသနည်း၊ အကျွန်ုပ် မေးလျှောက်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၂၄)

“What must one attain to be called ‘scholar’?” said Sabhiya, “Why is one ‘noble’, and how is one ‘well conducted’? How to gain the name ‘wanderer’? May the Buddha please answer my question.”

၅၄၀။ ‘‘သုတွာ သဗ္ဗဓမ္မံ အဘိညာယ လောကေ, (သဘိယာတိ ဘဂဝါ)

သာဝဇ္ဇာနဝဇ္ဇံ ယဒတ္ထိ ကိဉ္စိ၊

အဘိဘုံ အကထံကထိံ ဝိမုတ္တံ,

အနိဃံ သဗ္ဗဓိမာဟု သောတ္တိယောတိ။

၅၄၀။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) - သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရားဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်းမရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသောတရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူကို အကြားအမြင်များသူ ‘သောတ္တိယ’ဟူ၍ဆိုကြကုန်၏။ (၂၅)

“One who has learned every teaching,” said the Buddha to Sabhiya, “and has known for themselves what in the world <j>is blameworthy and blameless; a vanquisher, decided, liberated, untroubled everywhere: they call them ‘scholar’.

၅၄၁။ ‘‘ဆေတွာ အာသဝါနိ အာလယာနိ, ဝိဒွါ သော န ဥပေတိ ဂဗ္ဘသေယျံ၊

သညံ တိဝိဓံ ပနုဇ္ဇ ပင်္ကံ, ကပ္ပံ နေတိ တမာဟု အရိယောတိ။

၅၄၁။ အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယနှစ်ပါးတို့ကိုလည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကိုလည်းကောင်း၊ ကာမဂုဏ်တည်းဟူသော ညွန်ကိုလည်းကောင်း ပယ်ဖျောက်၍ (တဏှာဒိဋ္ဌိ)ဟူသော ကြံစည်မှု ‘ကပ္ပ’သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။ (၂၆)

Having cut off defilements and clingings, being wise, they enter no womb. They’ve cast aside the bog of the three perceptions, the one they call ‘noble’ does not return to creation.

၅၄၂။ ‘‘ယော ဣဓ စရဏေသု ပတ္တိပတ္တော, ကုသလော သဗ္ဗဒါ အာဇာနာတိ [အာဇာနိ (သျာ။)] ဓမ္မံ၊

သဗ္ဗတ္ထ န သဇ္ဇတိ ဝိမုတ္တစိတ္တော [ဝိမုတ္တော (သီ။)], ပဋိဃာ ယဿ န သန္တိ စရဏဝါ သော။

၅၄၂။ ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက် သင့် ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်၏၊ စရဏတရားတို့၌လည်း လိမ္မာ၏၊ အခါ ခပ်သိမ်း နိဗ္ဗာန်တရားကိုလည်းသိ၏၊ အလုံးစုံသော ခန္ဓာစသောတရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု ‘ပဋိဃ’တို့သည် မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။ (၂၇)

One here who is accomplished <j>and skillful in all forms of good conduct; always understanding the teaching, everywhere not stuck, freed in mind, who has no aversion: they are ‘well-conducted’.

၅၄၃။ ‘‘ဒုက္ခဝေပက္ကံ ယဒတ္ထိ ကမ္မံ, ဥဒ္ဓမဓော တိရိယံ ဝါပိ [တိရိယဉ္စာပိ (သျာ။)] မဇ္ဈေ၊

ပရိဗ္ဗာဇယိတွာ ပရိညစာရီ, မာယံ မာနမထောပိ လောဘကောဓံ၊

ပရိယန္တမကာသိ နာမရူပံ, တံ ပရိဗ္ဗာဇကမာဟု ပတ္တိပတ္တ’’န္တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ အတ္တမနော ပမုဒိတော ဥဒဂ္ဂေါ ပီတိသောမနဿဇာတော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

၅၄၃။ အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု ‘မာယာ’ကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ လောဘ ဒေါသကိုလည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇကဟူ၍ ဆိုကြကုန်၏။ (၂၈) ထို့နောက် သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သောတရားတော်ကို မိမိစိတ်တိုင်းကျဖြစ်သဖြင့် ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ နေရာမှ ထကာ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရား မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

They wander full of wisdom, having banished any deed that results in suffering, deceit and conceit, as well as greed and anger, above, below, all round, between. They have made a limit on name and form; the one they call a ‘wanderer’ <j>has reached their destination.” And then, having approved and agreed with what the Buddha said, uplifted and elated, full of rapture and happiness, Sabhiya rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and extolled the Buddha in his presence with fitting verses:

စာ-၃၆၂

၅၄၄။ ‘‘ယာနိ စ တီဏိ ယာနိ စ သဋ္ဌိ, သမဏပ္ပဝါဒသိတာနိ [သမဏပ္ပဝါဒနိဿိတာနိ (သျာ။ က။)] ဘူရိပည၊

သညက္ခရသညနိဿိတာနိ, ဩသရဏာနိ ဝိနေယျ ဩဃတမဂါ။

၅၄၄။ မြေကြီးကဲ့သို့ ပြန့်ပြောကြီးကျယ်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် သာသနာ့ပြင်ပ သမဏတို့၏ အယူဝါဒကိုမှီကုန်သော ဣတ္ထိပုရိသဟူသော ဝေါဟာရနှင့် အမှားကြံစည်မှုတစ်ဆင့်ကြားမှုစသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ဖောက်ပြန်မှုသညာ ဤနှစ်ပါးကိုလည်းမှီကုန်သော သက်ဆင်းရာ ရေဆိပ်သဖွယ် ဖြစ်ကုန်သော (သက္ကာယဒိဋ္ဌိနှင့်တကွ) မိစ္ဆာအယူ ခြောက်ဆယ့်သုံးပါးတို့ကို ပယ်ဖျောက်တော်မူ၍ ဩဃတည်းဟူသော အမိုက်တိုက်ကို လွန်မြောက်တော်မူပါပေ၏။ (၂၉)

“O one of vast wisdom, <j>there are three and sixty opinions based on the doctrines of ascetics: they are expressions of perception, <j>based on perception. Having dispelled them all, <j>you passed over the dark flood.

၅၄၅။ ‘‘အန္တဂူသိ ပါရဂူ [ပါရဂူသိ (သျာ။ ပီ။ က။)] ဒုက္ခဿ, အရဟာသိ သမ္မာသမ္ဗုဒ္ဓေါ ခီဏာသဝံ တံ မညေ၊

ဇုတိမာ မုတိမာ ပဟူတပညော, ဒုက္ခဿန္တကရံ အတာရေသိ မံ။

၅၄၅။ မြတ်စွာဘုရား အသျှင်ဘုရားသည် ဝဋ်ဆင်းရဲ၏ အဆုံးနိဗ္ဗာန်သို့ ရောက် သူ နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်တော်မူပါပေ၏၊ အသျှင်ဘုရားသည် ပူဇော်အထူးကို ခံထိုက်သူ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်တော်မူပါပေ၏၊ ပညာအရောင်ရှိသူသိစွမ်းနိုင်သော ပညာရှိသူ အဆုံး မရှိသူ ပညာရှိသူ ဖြစ်တော်မူပါပေ၏၊ အသျှင်ဘုရားကို အာသဝေါကုန်ခန်းပြီးသူဟု အကျွန်ုပ် ထင်မှတ်ပါ၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုတတ်သော မြတ်စွာဘုရားအသျှင်ဘုရားသည် အကျွန်ုပ်ကို (ယုံမှားခြင်းမှ) ကူးမြောက်စေပါ၏။ (၃၀)

You have gone to the end, gone beyond suffering, you are perfected, a fully awakened Buddha; <j>I think you have ended defilements. Brilliant, thoughtful, abounding in wisdom, ender of suffering—you brought me across!

၅၄၆။ ‘‘ယံ မေ ကင်္ခိတမညာသိ, ဝိစိကိစ္ဆာ မံ တာရယိ နမော တေ၊

မုနိ မောနပထေသု ပတ္တိပတ္တ, အခိလ အာဒိစ္စဗန္ဓု သောရတောသိ။

၅၄၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံမှားခြင်းကို သိတော်မူပါပေ၏၊ အကျွန်ုပ်ကို ယုံမှားခြင်းမှ ကူးမြောက်စေပါ၏၊ ထို့ကြောင့် အသျှင်ဘုရားအား ရှိခိုးပါ၏၊ ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီး ထသော ယုံမှားခြင်းတည်းဟူသော ငြောင့်တံသင်းမရှိထသော နေမင်း၏ အဆွေ ဖြစ်သော မြတ်စွာဘုရား အသျှင်ဘုရားသည် လွန်စွာငြိမ်းအေးသောသူ ဖြစ်တော်မူပါပေ၏။ (၃၁)

When you understood my uncertainty, you brought me beyond doubt—homage to you! A sage, accomplished in the ways of sagacity, you are gentle, not hardhearted, <j>O Kinsman of the Sun.

၅၄၇။ ‘‘ယာ မေ ကင်္ခါ ပုရေ အာသိ, တံ မေ ဗျာကာသိ စက္ခုမာ၊

အဒ္ဓါ မုနီသိ သမ္ဗုဒ္ဓေါ, နတ္ထိ နီဝရဏာ တဝ။

၅၄၇။ ရှေးအခါ က ဖြစ်ပေါ်နေသော အကျွန်ုပ်၏ ယုံမှားခြင်းကို စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် ပြောကြားတော်မူပါ၏၊ မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးတရားကို သိတော်မူသော သမ္ဗုဒ္ဓအစစ် ဖြစ်တော်မူပါ၏၊ အသျှင်ဘုရားအား အပိတ်အပင် ‘နီဝရဏ’ တရားတို့မရှိတော့ပါကုန်။ (၃၂)

Any doubts that I once had, you have answered for me, O Clear-eyed One. Clearly you are a sage, an Awakened One, there are no hindrances in you.

၅၄၈။ ‘‘ဥပါယာသာ စ တေ သဗ္ဗေ, ဝိဒ္ဓသ္တာ ဝိနဠီကတာ၊

သီတိဘူတော ဒမပ္ပတ္တော, ဓိတိမာ သစ္စနိက္ကမော။

၅၄၈။ အသျှင်ဘုရားသည် ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’အားလုံးတို့ကို ဖျက် ဆီးအပ်ပါကုန်ပြီ၊ ကျူပင်ကို နုတ်သကဲ့သို့ နုတ်အပ်ပါကုန်ပြီ၊ (မြတ်စွာဘုရားသည် ) ငြိမ်းအေးသည်ဖြစ်၍ ဣန္ဒြေတို့ကို ဆုံးမပြီးသူ၏ အဖြစ်သို့ ရောက်ပြီးသူ သမာဓိရှိသူမှန်ကန်သော ဝီရိယရှိသူ ဖြစ်တော်မူပါပေ၏။ (၃၃)

All your distress is blown away and mown down. Cooled, tamed, steadfast: truth is your strength.

၅၄၉။ ‘‘တဿ တေ နာဂနာဂဿ, မဟာဝီရဿ ဘာသတော၊

သဗ္ဗေ ဒေဝါနုမောဒန္တိ, ဥဘော နာရဒပဗ္ဗတာ။

၅၄၉။ ရဟန္တာဖြစ်တော်မူသော မြတ်စွာဘုရား ဆင်ပြောင်ကြီးနှင့် တူသော ကြီးမြတ်သော လုံ့လရှိတော်မူသောတရားဒေသနာကို ဟောကြားတော်မူတတ်သော အသျှင်ဘုရားအား နာရဒတောင်၌ နေကြကုန်သော နှစ်မျိုးကုန်သော အာကာသဋ္ဌ ဘုမ္မဋ္ဌနတ်အားလုံးတို့သည် ဝမ်းမြောက်ဝမ်းသာအနုမောဒနာ ပြုကြကုန်၏။ (၃၄)

O giant among giants, O great hero, when you are speaking all the gods rejoice, including both Nārada and Pabbata.

၅၅၀။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

သဒေဝကသ္မိံ လောကသ္မိံ, နတ္ထိ တေ ပဋိပုဂ္ဂလော။

၅၅၀။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏၊ နတ်နှင့်တကွသော လောက၌ အသျှင်ဘုရားအား တုပြိုင်နိုင်မည့် ပုဂ္ဂိုလ် မရှိပါ။ (၃၅)

Homage to you, O thoroughbred! Homage to you, supreme among men! In the world with its gods, you have no rival.

၅၅၁။ ‘‘တုဝံ ဗုဒ္ဓေါ တုဝံ သတ္ထာ, တုဝံ မာရာဘိဘူ မုနိ၊

တုဝံ အနုသယေ ဆေတွာ, တိဏ္ဏော တာရေသိ မံ ပဇံ။

၅၅၁။ မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးကို သိတော်မူပါ၏၊ အသျှင်ဘုရားသည် ဆရာဖြစ်တော်မူပါ၏၊ အသျှင်ဘုရားသည် မာရ်ငါးပါးကို နှိမ် နင်းတော်မူပါ၏၊ အသျှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် သံသရာမှ ကူးမြောက်ပြီး ဖြစ်၍ ဤသတ္တဝါအပေါင်းကို သံသရာမှကယ်တင်တော်မူပါပေ၏။ (၃၆)

You are the Buddha, you are the Teacher, you are the sage who has overcome Māra; you have cut off the underlying tendencies, you’ve crossed over, and you bring humanity across.

၅၅၂။ ‘‘ဥပဓီ တေ သမတိက္ကန္တာ, အာသဝါ တေ ပဒါလိတာ၊

သီဟောသိ အနုပါဒါနော, ပဟီနဘယဘေရဝေါ။

၅၅၂။ အသျှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်ပါကုန်ပြီ၊ အသျှင်ဘုရားသည် အာသဝတို့ကို ခွဲဖျက်အပ်ပါကုန်ပြီ၊ အသျှင်ဘုရားသည် ခြင်္သေ့ သဖွယ် ဖြစ်တော်မူပါ၏၊ တစ်စုံတစ်ရာစွဲလမ်းမှု မရှိသူ ကြောက်ခြင်း ထိတ်လန့်ခြင်းတို့ကို ပယ်ပြီးသူ ဖြစ်တော်မူပါပေ၏။ (၃၇)

You have transcended attachments, your defilements are shattered; you are a lion free of grasping, with fear and dread given up.

စာ-၃၆၃

၅၅၃။ ‘‘ပုဏ္ဍရီကံ ယထာ ဝဂ္ဂု, တောယေ န ဥပလိမ္ပတိ [တောယေန န ဥပလိပ္ပတိ (သီ။), တောယေ န ဥပလိပ္ပတိ (ပီ။), တောယေန န ဥပလိမ္ပတိ (က။)]၊

ဧဝံ ပုညေ စ ပါပေ စ, ဥဘယေ တွံ န လိမ္ပသိ၊

ပါဒေ ဝီရ ပသာရေဟိ, သဘိယော ဝန္ဒတိ သတ္ထုနော’’တိ။

အထ ခေါ သဘိယော ပရိဗ္ဗာဇကော ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘန္တေ…ပေ… ဧသာဟံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ၊ လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။

‘‘ယော ခေါ, သဘိယ, အညတိတ္ထိယပုဗ္ဗော ဣမသ္မိံ ဓမ္မဝိနယေ အာကင်္ခတိ ပဗ္ဗဇ္ဇံ, အာကင်္ခတိ ဥပသမ္ပဒံ, သော စတ္တာရော မာသေ ပရိဝသတိ၊ စတုန္နံ မာသာနံ အစ္စယေန အာရဒ္ဓစိတ္တာ ဘိက္ခူ ပဗ္ဗာဇေန္တိ, ဥပသမ္ပာဒေန္တိ ဘိက္ခုဘာဝါယ။ အပိ စ မေတ္ထ ပုဂ္ဂလဝေမတ္တတာ ဝိဒိတာ’’တိ။

‘‘သစေ, ဘန္တေ, အညတိတ္ထိယပုဗ္ဗာ ဣမသ္မိံ ဓမ္မဝိနယေ အာကင်္ခန္တာ ပဗ္ဗဇ္ဇံ, အာကင်္ခန္တာ ဥပသမ္ပဒံ စတ္တာရော မာသေ ပရိဝသန္တိ, စတုန္နံ မာသာနံ အစ္စယေန အာရဒ္ဓစိတ္တာ ဘိက္ခူ ပဗ္ဗာဇေန္တိ, ဥပသမ္ပာဒေန္တိ ဘိက္ခုဘာဝါယ, အဟံ စတ္တာရိ ဝဿာနိ ပရိဝသိဿာမိ၊ စတုန္နံ ဝဿာနံ အစ္စယေန အာရဒ္ဓစိတ္တာ ဘိက္ခူ ပဗ္ဗာဇေန္တု ဥပသမ္ပာဒေန္တု ဘိက္ခုဘာဝါယာ’’တိ။ အလတ္ထ ခေါ သဘိယော ပရိဗ္ဗာဇကော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ အလတ္ထ ဥပသမ္ပဒံ…ပေ… အညတရော ခေါ ပနာယသ္မာ သဘိယော အရဟတံ အဟောသီတိ။

သဘိယသုတ္တံ ဆဋ္ဌံ နိဋ္ဌိတံ။

၅၅၃။ အဆင်းလှသော ကြာသည် ရေ၌ မလိမ်းကျံသကဲ့သို့ ဤအတူ အသျှင်ဘုရားသည် ကုသိုလ်ကံ၌လည်းကောင်း၊ အကုသိုလ်ကံ၌လည်းကောင်း နှစ်ပါးစုံ၌ မလိမ်းကျံ မကပ်ငြိပါ၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်ကို ဆန့်တန်း တော်မူပါ၊ သဘိယသည်ဆရာဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိိုးပါ၏။ (၃၈) ထို့နောက် သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအားအသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ သဘိယ သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူသည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုမူ၊ ရဟန်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်လတ္တံ့၊သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ ခြားနားသည့်အဖြစ်ကို သိတော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူတို့သည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုကုန်မူ ရဟန်းအဖြစ်ကို ရလိုကုန်မူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးကြရကုန်ငြားအံ့၊ လေးလလွန်သောအခါ ရဟန်းတို့ ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးကုန်ငြားအံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ့၊ အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံးအစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်း အဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု (လျှောက်၏)၊ သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏၊ ရဟန်းအဖြစ်ကို ရလေ၏၊ အသျှင်သဘိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ခြောက်ခုမြောက် သဘိယသုတ် ပြီး၏။ ၇-သေလသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂုတ္တရာပတိုင်းတို့၌ တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ဒေသစာရီကို လှည့်လည်သည်ရှိသော် အင်္ဂုတ္တရာပတိုင်း အာပဏနိဂုံးသို့ ဆိုက်ရောက်တော်မူ၏၊ ကေဏိယရသေ့သည် “အချင်းတို့သာကီဝင်မင်းသား ဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် ရဟန်းဂေါတမသည် တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ဒေသစာရီလှည့်လည်တော်မူရာ အင်္ဂုတ္တရာပတိုင်းအာပဏနိဂုံးသို့ ဆိုက်ရောက်လာသတတ်၊ ထိုအသျှင်ဂေါတမအား ဤသို့ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏-‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့်‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သောသူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ တက်၏၊ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့်သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့ လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေ၏။ ထို့နောက် ကေဏိယရသေ့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသောနေရာ၌ ထိုင်ပြီးသော ကေဏိယရသေ့အား မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်စေ ရွှင်လန်းစေတော်မူ၏၊ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေပြီးသော် မြတ်စွာဘုရားကို “အသျှင်ဂေါတမသည် ကောင်းမှုအလို့ငှါ ရဟန်းသံဃာနှင့် အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု (လျှောက်၏)၊ ဤသို့ လျှောက်ထားသော် “ကေဏိယ ရဟန်းသံဃာကား များလှ၏၊ တစ်ထောင့်နှစ်ရာငါးကျိပ် အရေအတွက် ရှိ၏၊ သင်သည်ကား ပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူတည်း”ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ တစ်ထောင့်နှစ်ရာငါးကျိပ်အရေအတွက်ရှိသော ရဟန်းသံဃာတို့သည် အကယ်၍ များသည်ဖြစ်စေကာမူ အကျွန်ုပ်သည်လည်းပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူ ဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန် ကောင်းမှုအလို့ငှါရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏၊ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာကား များလှ၏၊ တစ်ထောင့်နှစ်ရာငါးကျိပ် အရေအတွက် ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူတည်း”ဟု မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ တစ်ထောင့်နှစ်ရာငါးကျိပ်အရေအတွက်ရှိသော ရဟန်းသံဃာတို့သည် အကယ်၍ များသည်ဖြစ်စေကာမူ အကျွန်ုပ်သည်လည်းပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူ ဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန် ကောင်းမှုအလို့ငှါရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု (လျှောက်၏)၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏၊ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရာ့းလက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မိမိသင်္ခမ်းကျောင်းသို့ ချဥ်းကပ်၍ မိတ်ဆွေခင်ပွန်းနှင့်ဆွေမျိုးသားချင်းတို့ကို ပြောဆို၏ “မိတ်ဆွေခင်ပွန်းနှင့် ဆွေမျိုးသားချင်းတို့ အကျွန်ုပ်၏ (စကားကို) နားထောင်ကုန်လော့၊ ငါသည် နက်ဖြန် ကောင်းမှုအလို့ငှါ ရဟန်းသံဃာနှင့်အတူ ရဟန်းဂေါတမကို ဆွမ်းဖြင့် ပင့်ဖိတ်ခဲ့၏၊ ယင်းသို့ ဖိတ်ပြီးဖြစ်သောကြောင့် ငါ့အတွက်ကိုယ်ဖြင့် ပြုရမည့် ဝေယျာဝစ္စကို ပြုလှည့်ကြပါကုန်လော့”ဟု ပြောဆို၏။ “အသျှင် ကောင်းပါပြီ”ဟု ကေဏိယရသေ့၏ မိတ်ဆွေခင်ပွန်းနှင့် ဆွေမျိုးသားချင်းတို့သည် ကေဏိယရသေ့အား ဝန်ခံကြကုန်ပြီး၍ အချို့သူတို့သည် ခုံလောက်တို့ကို တူးကြကုန်၏၊ အချို့သူတို့သည် ထင်းတို့ကို ခွဲကြကုန်၏၊ အချို့သူတို့သည် အိုးခွက်တို့ကို ဆေးကြောကြကုန်၏၊ အချို့သူတို့သည် ရေအိုးစရည်းကြီးကို တည်ထားကြကုန်၏၊ အချို့သူတို့သည် နေရာတို့ကို ခင်းကြကုန်၏၊ ကေဏိယရသေ့သည်ကား ကိုယ်တိုင်ပင် တန်ဆောင်းဝန်းကို စီရင်၏။ ထိုအခါ သေလပုဏ္ဏားသည် အာပဏနိဂုံး၌ နေ၏၊ ထိုသေလပုဏ္ဏားသည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း အလင်္ကာ ‘ကေဋုဘ’ ကျမ်း သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ လုလင်ပျိုသုံးရာတို့ကို ဗေဒင်ကျမ်းတို့ကို သင်ကြားပို့ချပေး၏။ ထိုစဥ်အခါ၌ ကေဏိယရသေ့သည် သေလပုဏ္ဏားအပေါ်၌ အလွန်ကြည်ညို၏၊ ထိုအခါ၌ သေလပုဏ္ဏားသည် လုလင်ပျို သုံးရာခြံရံလျက် အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် စင်္ကြံသွားလာလှည့်လည်စဥ်ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဥ်းကပ်လေ၏၊ သေလပုဏ္ဏားသည် ကေဏိယရသေ့၏ သင်္ခမ်းကျောင်း၌ အချို့သူတို့က ခုံလောက်တို့ကို တူးကြသည်တို့ကိုလည်းကောင်း။ပ။ အချို့သူတို့ကနေရာခင်း ကြသည်တို့ကိုလည်းကောင်း၊ ကေဏိယရသေ့ကကိုယ်တိုင်ပင် တန်ဆောင်းဝန်းကို စီရင်နေသည်ကိုလည်းကောင်း မြင်လေလျှင် ကေဏိယရသေ့အား ဤစကားကို ဆို၏“အသျှင်ကေဏိယရသေ့အား သတို့သမီးကို ဆောင်ယူခြင်း‘အာဝါဟ’ မင်္ဂလာသော်လည်း ဖြစ်ပါသလော၊ သတို့သမီးကို ပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာသော်လည်း ဖြစ်ပါသလော၊ ယဇ်ကြီးပူဇော်ခြင်းကိုသော်လည်းစီရင်အပ်ပါသလော၊ များသော စစ်သည်ရှိသော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းကိုသော်လည်းဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန် ထမင်းစားရန် အလို့ငှါ ဖိတ်ကြားထားပါသလော”ဟု ဆို၏။ အသျှင်သေလ အကျွန်ုပ်အား သတို့သမီးကို ဆောင်ယူခြင်း ‘အာဝါဟ’ မင်္ဂလာသော်လည်း မဖြစ်ပါ၊ သတို့သမီးကို ပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာသော်လည်း မဖြစ်ပါ၊ များသော စစ်သည်ရှိသော မဂဓတိုင်းရှင်ဗိမ္ဗိသာရမင်းကိုသော်လည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန် ထမင်းစားရန် အလို့ငှါ ဖိတ်ကြားမထားပါ၊ စင်စစ်မှာမူ အကျွန်ုပ်သည် ယဇ်ကြီးပူဇော်ခြင်းကို စီရင်နေပါသည်၊ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့်ရဟန်းဂေါတမသည် အင်္ဂုတ္တရာပတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူရာ တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းနှင့်အတူ အာပဏနိဂုံးသို့ ဆိုက်ရောက်လာတော်မူ၏၊ ထိုအသျှင်ဂေါတမ၏။ပ။ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏ဟု ကျော်စောသတင်းသည်ပျံ့နှံ့၍ တက်၏၊ အကျွန်ုပ်သည် နက်ဖြန် ကောင်းမှုအလို့ငှါ ရဟန်း သံဃာနှင့်အတူထိုမြတ်စွာဘုရားကို ဆွမ်းဖြင့် ပင့်ဖိတ်ထားပါ၏ဟု ပြောဆို၏၊ အသျှင်ကေဏိယ “ဘုရား”ဟု သင်ဆိုသလော၊ အသျှင်သေလ “ဘုရား”ဟု အကျွန်ုပ်ဆိုပါ၏၊ အသျှင်ကေဏိယ “ဘုရား”ဟု သင်ဆိုသလော၊ အသျှင်သေလ “ဘုရား”ဟု အကျွန်ုပ်ဆိုပါ၏ဟု ပြောဆို၏။ ထိုအခါ သေလပုဏ္ဏားအား ဤအကြံသည် ဖြစ်၏ “ဘုရားဟူသော ဤအသံမျှသည်လည်း လောက၌ ကြားရခဲလှ၏၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့သည် ငါတို့၏ ဝေဒကျမ်းတို့၌ လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်၊ (ထိုယောကျာ်းမြတ်သည်) အကယ်၍ လူ့ဘောင်၌ နေခဲ့မူတရားစောင့်သောတရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သောတိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်နိုင်၏၊ ထို (စကြဝတေးမင်း)အား စကြာရတနာ ဆင်ရတနာ မြင်းရတနာပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာဟူကုန်သော ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ ထိုစကြဝတေးမင်းအား ရဲရင့်ကုန်သောသူရဲကောင်းအင်္ဂရုပ်ရှိကုန်သောတစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏၊ ထိုစကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးနိုင်၏၊ အကယ်၍ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုခဲ့မူ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်နိုင်၏”ဟု အကြံဖြစ်၏၊ အသျှင်ကေဏိယ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ထိုအသျှင်ဂေါတမသည် ယခု အဘယ်အရပ်၌ နေပါသနည်း။ ဤသို့ ဆိုလတ်သော် ကေဏိယရသေ့သည် လကျာ်လက်ကို မြှောက်ချီ၍ သေလပုဏ္ဏားအား “အသျှင်သေလ ဤစိမ်းညိုသော တောအရေးရှိသောအရပ်၌ နေ၏”ဟု ပြောဆို၏၊ ထိုအခါ သေလပုဏ္ဏားသည်လုလင်ပျိုသုံးရာတို့နှင့်အတူ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏၊ ထိုအခါ သေလပုဏ္ဏားသည်ထိုလုလင်တို့ကို “အမောင်တို့ တိုးတိုးတိတ်တိတ် လာကြကုန်လော့၊ ထပ်ကြပ်မကွာ ဖြည်းဖြည်းလိုက်လာကြကုန်လော့၊ ခြင်္သေ့မင်းကဲ့သို့ တစ်ပါးတည်း နေတော်မူကြကုန်သော ထိုမြတ်စွာဘုရားတို့ကို ချဥ်းကပ်ရန် ခဲယဥ်းကုန်၏၊ အမောင်တို့ ငါသည် ရဟန်းဂေါတမနှင့်အတူ တိုင်ပင်ပြောဆိုသောအခါ သင်တို့သည် ငါ၏စကားကို ကြားဖြတ်ဝင်၍ မပြောကြကုန်လင့်၊ သင်တို့သည် ငါ၏စကားပြီးဆုံးသည့်တိုင်အောင် ဆိုင်းငံ့ကြကုန်လော့”ဟု ပြောဆို၏။ ထို့နောက် သေလပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရား၏ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏၊ သေလပုဏ္ဏားသည် မြတ်စွာဘုရား၏ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ မြတ်စွာဘုရားအား ဤအကြံဖြစ်၏ “ဤသေလပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်း မြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်ကို သေလပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက်နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်းလျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ သေလပုဏ္ဏားအား ဤအကြံဖြစ်၏ “ရဟန်းဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့် ပြည့်စုံ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့်ပြည့်စုံသည် မဟုတ်ပေ၊ ငါသည် ရဟန်းဂေါတမကို ‘ဘုရားဟူ၍လည်းကောင်း ဘုရားမဟုတ်’ဟူ၍လည်းကောင်း မသိ၊ စင်စစ်မှာမူ (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာအဆက်ဆက် ပြောဆိုကြကုန်သော ပုဏ္ဏားတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည် မိမိဂုဏ်ကျေးဇူးကို ပြောဆိုအပ်သည်ရှိသော် မိမိကိုယ်ကို ထင်ရှားပြုကုန်၏ဟူသော စကားကို ငါ ကြားဖူးသည်သာတည်း၊ ငါသည် ရဟန်းဂေါတမကို မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်းရမူကား ကောင်းလေစွ”ဟု (အကြံဖြစ်၏)၊ ထို့နောက် သေလပုဏ္ဏားသည် မြတ်စွာဘုရား မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

Like a graceful lotus to which water does not stick, so both good and evil do not stick to you. Stretch out your feet, great hero: Sabhiya bows to the Teacher.” Then the wanderer Sabhiya bowed with his head to the Buddha’s feet and said, “Excellent, sir! Excellent! … I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. Sir, may I receive the going forth, the ordination in the Buddha’s presence?” “Sabhiya, if someone formerly ordained in another sect wishes to take the going forth, the ordination in this teaching and training, they must spend four months on probation. When four months have passed, if the mendicants are satisfied, they’ll give the going forth, the ordination into monkhood. However, I recognize individual differences in this matter.” “Sir, if four months probation are required in such a case, I’ll spend four years on probation. When four years have passed, if the mendicants are satisfied, let them give me the going forth, the ordination into monkhood.” And the wanderer Sabhiya received the going forth, the ordination in the Buddha’s presence. And Venerable Sabhiya became one of the perfected.

၇။ သေလသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ ယေန အာပဏံ နာမ အင်္ဂုတ္တရာပါနံ နိဂမော တဒဝသရိ။ အဿောသိ ခေါ ကေဏိယော ဇဋိလော ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ အာပဏံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ [ဘဂဝါ (သျာ။ ပီ။)]။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ, ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’တိ။

အထ ခေါ ကေဏိယော ဇဋိလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ကေဏိယံ ဇဋိလံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘မဟာ ခေါ, ကေဏိယ, ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ၊ တွဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော’’တိ။

ဒုတိယမ္ပိ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ, ဘော ဂေါတမ, မဟာ ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, အဟဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော၊ အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘မဟာ ခေါ, ကေဏိယ, ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ၊ တွဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော’’တိ။

တတိယမ္ပိ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ, ဘော ဂေါတမ, မဟာ ဘိက္ခုသံဃော အဍ္ဎတေဠသာနိ ဘိက္ခုသတာနိ, အဟဉ္စ ဗြာဟ္မဏေသု အဘိပ္ပသန္နော, အဓိဝါသေတု [အဓိဝါသေတွေဝ (သီ။)] မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ယေန သကော အဿမော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မိတ္တာမစ္စေ ဉာတိသာလောဟိတေ အာမန္တေသိ – ‘‘သုဏန္တု မေ ဘဝန္တော မိတ္တာမစ္စာ ဉာတိသာလောဟိတာ, သမဏော မေ ဂေါတမော နိမန္တိတော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေန, ယေန မေ ကာယဝေယျာဝဋိကံ ကရေယျာထာ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ကေဏိယဿ ဇဋိလဿ မိတ္တာမစ္စာ ဉာတိသာလောဟိတာ ကေဏိယဿ ဇဋိလဿ ပဋိဿုတွာ အပ္ပေကစ္စေ ဥဒ္ဓနာနိ ခဏန္တိ, အပ္ပေကစ္စေ ကဋ္ဌာနိ ဖာလေန္တိ, အပ္ပေကစ္စေ ဘာဇနာနိ ဓောဝန္တိ, အပ္ပေကစ္စေ ဥဒကမဏိကံ ပတိဋ္ဌာပေန္တိ, အပ္ပေကစ္စေ အာသနာနိ ပညာပေန္တိ။ ကေဏိယော ပန ဇဋိလော သာမံယေဝ မဏ္ဍလမာဠံ ပဋိယာဒေတိ။

တေန ခေါ ပန သမယေန သေလော ဗြာဟ္မဏော အာပဏေ ပဋိဝသတိ, တိဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဍုကေဋုဘာနံ သာက္ခရပ္ပဘေဒါနံ ဣတိဟာသပဉ္စမာနံ ပဒကော ဝေယျာကရဏော လောကာယတမဟာပုရိသလက္ခဏေသု အနဝယော, တီဏိ စ မာဏဝကသတာနိ မန္တေ ဝါစေတိ။

တေန ခေါ ပန သမယေန ကေဏိယော ဇဋိလော သေလေ ဗြာဟ္မဏေ အဘိပ္ပသန္နော ဟောတိ။ အထ ခေါ သေလော ဗြာဟ္မဏော တီဟိ မာဏဝကသတေဟိ ပရိဝုတော ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော ယေန ကေဏိယဿ ဇဋိလဿ အဿမော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သေလော ဗြာဟ္မဏော ကေဏိယဿ ဇဋိလဿ အဿမေ [ကေဏိဿမိယေ ဇဋိလေ (သီ။ ပီ။)] အပ္ပေကစ္စေ ဥဒ္ဓနာနိ ခဏန္တေ…ပေ… အပ္ပေကစ္စေ အာသနာနိ ပညပေန္တေ, ကေဏိယံ ပန ဇဋိလံ သာမံယေဝ မဏ္ဍလမာဠံ ပဋိယာဒေန္တံ။ ဒိသွာန ကေဏိယံ ဇဋိလံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ ဘောတော ကေဏိယဿ အာဝါဟော ဝါ ဘဝိဿတိ, ဝိဝါဟော ဝါ ဘဝိဿတိ, မဟာယညော ဝါ ပစ္စုပဋ္ဌိတော, ရာဇာ ဝါ မာဂဓော သေနိယော ဗိမ္ဗိသာရော နိမန္တိတော သွာတနာယ သဒ္ဓိံ ဗလကာယေနာ’’တိ?

‘‘န မေ, ဘော သေလ, အာဝါဟော ဝါ ဘဝိဿတိ ဝိဝါဟော ဝါ, နာပိ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော နိမန္တိတော သွာတနာယ သဒ္ဓိံ ဗလကာယေန၊ အပိ စ ခေါ မေ မဟာယညော ပစ္စုပဋ္ဌိတော။ အတ္ထိ သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော အင်္ဂုတ္တရာပေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ အာပဏံ အနုပ္ပတ္တော။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ…ပေ… ဗုဒ္ဓေါ ဘဂဝါတိ။ သော မေ နိမန္တိတော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ ‘‘ဗုဒ္ဓေါတိ, ဘော ကေဏိယ, ဝဒေသိ’’? ‘‘ဗုဒ္ဓေါတိ, ဘော သေလ, ဝဒါမိ’’။ ‘‘ဗုဒ္ဓေါတိ, ဘော ကေဏိယ, ဝဒေသိ’’? ‘‘ဗုဒ္ဓေါတိ, ဘော သေလ, ဝဒါမီ’’တိ။

အထ ခေါ သေလဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ ယဒိဒံ ဗုဒ္ဓေါတိ။ အာဂတာနိ ခေါ ပနမှာကံ မန္တေသု ဒွတ္တိံသမဟာပုရိသလက္ခဏာနိ, ယေဟိ သမန္နာဂတဿ မဟာပုရိသဿ ဒွေဝ ဂတိယော ဘဝန္တိ အနညာ။ သစေ အဂါရံ အဇ္ဈာဝသတိ ရာဇာ ဟောတိ စက္ကဝတ္တိ ဓမ္မိကော ဓမ္မရာဇာ စာတုရန္တော ဝိဇိတာဝီ ဇနပဒတ္ထာဝရိယပ္ပတ္တော သတ္တရတနသမန္နာဂတော။ တဿိမာနိ သတ္တ ရတနာနိ ဘဝန္တိ, သေယျထိဒံ – စက္ကရတနံ, ဟတ္ထိရတနံ, အဿရတနံ, မဏိရတနံ, ဣတ္ထိရတနံ, ဂဟပတိရတနံ, ပရိဏာယကရတနမေဝ သတ္တမံ။ ပရောသဟဿံ ခေါ ပနဿ ပုတ္တာ ဘဝန္တိ သူရာ ဝီရင်္ဂရူပါ ပရသေနပ္ပမဒ္ဒနာ။ သော ဣမံ ပထဝိံ သာဂရပရိယန္တံ အဒဏ္ဍေန အသတ္ထေန ဓမ္မေန အဘိဝိဇိယ အဇ္ဈာဝသတိ။ သစေ ခေါ ပန အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇတိ, အရဟံ ဟောတိ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဝိဝဋ္ဋစ္ဆဒေါ [ဝိဝတ္တစ္ဆဒ္ဒေါ (သီ။ ပီ။)]။ ကဟံ ပန, ဘော ကေဏိယ, ဧတရဟိ သော ဘဝံ ဂေါတမော ဝိဟရတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’တိ?

ဧဝံ ဝုတ္တေ, ကေဏိယော ဇဋိလော ဒက္ခိဏံ ဗာဟုံ ပဂ္ဂဟေတွာ သေလံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ယေနေသာ, ဘော သေလ, နီလဝနရာဇီ’’တိ။ အထ ခေါ သေလော ဗြာဟ္မဏော တီဟိ မာဏဝကသတေဟိ သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ။ အထ ခေါ သေလော ဗြာဟ္မဏော တေ မာဏဝကေ အာမန္တေသိ – ‘‘အပ္ပသဒ္ဒါ ဘောန္တော အာဂစ္ဆန္တု, ပဒေ ပဒံ နိက္ခိပန္တာ။ ဒုရာသဒါ ဟိ တေ ဘဂဝန္တော [ဘဝန္တော (သျာ။ က။)] သီဟာဝ ဧကစရာ။ ယဒါ စာဟံ, ဘော, သမဏေန ဂေါတမေန သဒ္ဓိံ မန္တေယျံ, မာ မေ ဘောန္တော အန္တရန္တရာ ကထံ ဩပါတေထ၊ ကထာပရိယောသာနံ မေ ဘဝန္တော အာဂမေန္တူ’’တိ။

အထ ခေါ သေလော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သေလော ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ သမန္နေသိ [သမ္မန္နေသိ (သီ။ သျာ။)]။ အဒ္ဒသာ ခေါ သေလော ဗြာဟ္မဏော ဘဂဝတော ကာယေ ဒွတ္တိံသမဟာပုရိသလက္ခဏာနိ ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စာတိ။

အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘ပဿတိ ခေါ မေ အယံ သေလော ဗြာဟ္မဏော ဒွတ္တိံသမဟာပုရိသလက္ခဏာနိ ယေဘုယျေန ဌပေတွာ ဒွေ။ ဒွီသု မဟာပုရိသလက္ခဏေသု ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ – ကောသောဟိတေ စ ဝတ္ထဂုယှေ, ပဟူတဇိဝှတာယ စာ’’တိ။ အထ ခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခါသိ [အဘိသင်္ခါရေသိ (သျာ။ က။)], ယထာ အဒ္ဒသ သေလော ဗြာဟ္မဏော ဘဂဝတော ကောသောဟိတံ ဝတ္ထဂုယှံ။ အထ ခေါ ဘဂဝါ ဇိဝှံ နိန္နာမေတွာ ဥဘောပိ ကဏ္ဏသောတာနိ အနုမသိ ပဋိမသိ, ဥဘောပိ နာသိကသောတာနိ အနုမသိ ပဋိမသိ, ကေဝလမ္ပိ နလာဋမဏ္ဍလံ ဇိဝှါယ ဆာဒေသိ။

အထ ခေါ သေလဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘သမန္နာဂတော ခေါ သမဏော ဂေါတမော ဒွတ္တိံသမဟာပုရိသလက္ခဏေဟိ ပရိပုဏ္ဏေဟိ, နော အပုရိပုဏ္ဏေဟိ။ နော စ ခေါ နံ ဇာနာမိ ဗုဒ္ဓေါ ဝါ နော ဝါ။ သုတံ ခေါ ပန မေတံ ဗြာဟ္မဏာနံ ဝုဍ္ဎာနံ မဟလ္လကာနံ အာစရိယပါစရိယာနံ ဘာသမာနာနံ – ‘ယေ တေ ဘဝန္တိ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ, တေ သကေ ဝဏ္ဏေ ဘညမာနေ အတ္တာနံ ပါတုကရောန္တီ’တိ။ ယံနူနာဟံ သမဏံ ဂေါတမံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။ အထ ခေါ သေလော ဗြာဟ္မဏော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

၅၅၄။ ‘‘ပရိပုဏ္ဏကာယော သုရုစိ, သုဇာတော စာရုဒဿနော၊

သုဝဏ္ဏဝဏ္ဏောသိ ဘဂဝါ, သုသုက္ကဒါဌောသိ ဝီရိယဝါ။

၅၅၄။ ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် မဟာပုရိသလက္ခဏာတို့နှင့် တင်းတင်းပြည့်ညီသော ကိုယ် ရှိတော်မူပါပေ၏၊ ကောင်းသော ကိုယ်တော်ရောင် ရှိတော်မူပါပေ၏၊ လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်တော်မူပါပေ၏၊ ကြည့်ရှုသူတို့နှစ်သက်စဖွယ် တင့်တယ်သော အဆင်း ရှိတော်မူပါပေ၏၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူပါပေ၏၊ ဖွေးဖွေးဖြူစင်သော စွယ်တော်ရှိတော်မူပါပေ၏။ (၁၀)

Anthology of Discourses 3.7 With Sela So I have heard. At one time the Buddha was wandering together with a large Saṅgha of 1,250 mendicants in the land of the Aṅguttarāpans when he arrived at a town of theirs named Āpaṇa. The matted-hair ascetic Keṇiya heard: “It seems the ascetic Gotama—a Sakyan, gone forth from a Sakyan family—has arrived at Āpaṇa, together with a large Saṅgha of 1,250 mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has realized with his own insight this world—with its gods, Māras, and divinities, this population with its ascetics and brahmins, gods and humans—and he makes it known to others. He teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure. It’s good to see such perfected ones.” So Keṇiya approached the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. The Buddha educated, encouraged, fired up, and inspired him with a Dhamma talk. Then he said to the Buddha, “Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” When he said this, the Buddha said to him, “The Saṅgha is large, Keṇiya; there are 1,250 mendicants. And you are devoted to the brahmins.” For a second time, Keṇiya asked the Buddha to accept a meal offering. “Never mind that the Saṅgha is large, with 1,250 mendicants, and that I am devoted to the brahmins. Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” And for a second time, the Buddha gave the same reply. For a third time, Keṇiya asked the Buddha to accept a meal offering. “Never mind that the Saṅgha is large, with 1,250 mendicants, and that I am devoted to the brahmins. Would Worthy Gotama together with the mendicant Saṅgha please accept tomorrow’s meal from me?” The Buddha consented with silence. Then, knowing that the Buddha had consented, Keṇiya rose from his seat and went to his own hermitage. There he addressed his friends and colleagues, relatives and kin, “My friends and colleagues, relatives and kin: please listen! The ascetic Gotama together with the mendicant Saṅgha has been invited by me for tomorrow’s meal. Please help me out with the manual preparations.” “Yes, worthy sir,” they replied. Some dug ovens, some chopped wood, some washed dishes, some set up a water jar, and some spread out seats. Meanwhile, Keṇiya set up the pavilion himself. Now at that time the brahmin Sela was residing in Āpaṇa. He had mastered the three Vedas, together with their vocabularies and ritual performance, their phonology and word classification, and the testaments as fifth. He knew them word-by-word, and their grammar. He was well versed in cosmology and the marks of a great man. And he was teaching three hundred young students to recite the hymns. And at that time Keṇiya was devoted to Sela. Then Sela, while going for a walk escorted by the three hundred young students, approached Keṇiya’s hermitage. He saw the preparations going on, and said to Keṇiya, “Worthy Keṇiya, is your son or daughter being married? Or are you setting up a grand sacrifice? Or has King Seniya Bimbisāra of Magadha been invited for tomorrow’s meal?” “There is no marriage, Worthy Sela, and the king is not coming. Rather, I am setting up a grand sacrifice. The ascetic Gotama has arrived at Āpaṇa, together with a large Saṅgha of 1,250 mendicants. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ He has been invited by me for tomorrow’s meal together with the mendicant Saṅgha.” “Did you say ‘the awakened one’?” “I said ‘the awakened one’.” “Did you say ‘the awakened one’?” “I said ‘the awakened one’.” Then Sela thought: “It’s hard to even find the word ‘awakened one’ in the world. The thirty-two marks of a great man have been handed down in our hymns. A great man who possesses these has only two possible destinies, no other. If he stays at home he becomes a king, a wheel-turning monarch, a just and principled king. His dominion extends to all four sides, he achieves stability in the country, and he possesses the seven treasures. He has the following seven treasures: the wheel, the elephant, the horse, the jewel, the woman, the householder, and the commander as the seventh treasure. He has over a thousand sons who are valiant and heroic, crushing the armies of his enemies. After conquering this land girt by sea, he reigns by principle, without rod or sword. But if he goes forth from the lay life to homelessness, he becomes a perfected one, a fully awakened Buddha, who has cast off the world’s veil.” He said, “But Keṇiya, where is the Blessed One at present, the perfected one, the fully awakened Buddha?” When he said this, Keṇiya pointed with his right arm and said, “There, worthy Sela, at that line of blue forest.” Then Sela, together with his young students, approached the Buddha. He said to his young students, “Come quietly, gentlemen, tread gently. For the Buddhas are intimidating, like a lion living alone. When I’m consulting with the ascetic Gotama, don’t interrupt. Wait until I’ve finished speaking.” Then Sela went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and scrutinized the Buddha’s body for the thirty-two marks of a great man. He saw all of them except two, which he had doubts about: whether the private parts were sheathed in a foreskin, and the largeness of the tongue. Then it occurred to the Buddha, “Sela sees all the marks except two, which he has doubts about: whether the private parts are sheathed in a foreskin, and the largeness of the tongue.” The Buddha used his psychic power to will that Sela would see his private parts sheathed in a foreskin. And he stuck out his tongue and stroked back and forth on his ear holes and nostrils, and covered his entire forehead with his tongue. Then Sela thought, “The ascetic Gotama possesses the thirty-two marks completely, lacking none. But I don’t know whether or not he is an awakened one. I have heard that brahmins of the past who were elderly and senior, the tutors of tutors, said, ‘Those who are perfected ones, fully awakened Buddhas reveal themselves when praised.’ Why don’t I extoll him in his presence with fitting verses?” Then Sela extolled the Buddha in his presence with fitting verses: “O Blessed One, your body’s perfect, you’re radiant, handsome, lovely to behold; golden colored, with teeth so white; you’re strong.

၅၅၅။ ‘‘နရဿ ဟိ သုဇာတဿ, ယေ ဘဝန္တိ ဝိယဉ္ဇနာ၊

သဗ္ဗေ တေ တဝ ကာယသ္မိံ, မဟာပုရိသလက္ခဏာ။

၅၅၅။မှန်၏-လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်သော ယောကျာ်းမြတ်၏ကိုယ်၌ မဟာပုရိသလက္ခဏာတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေကုန်သကဲ့သို့ အသျှင်ဘုရား၏ကိုယ်တော်၌လည်း မဟာပုရိသလက္ခဏာအားလုံးတို့သည် ထင်ရှား ပြလျက် ဖြစ်ပေါ်နေပါကုန်၏။ (၂)

The characteristics of a handsome man, the marks of a great man, are all found on your body.

၅၅၆။ ‘‘ပသန္နနေတ္တော သုမုခေါ, ဗြဟာ ဥဇု ပတာပဝါ၊

မဇ္ဈေ သမဏသံဃဿ, အာဒိစ္စောဝ ဝိရောစသိ။

၅၅၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် ကြည်လင်သော မျက်လုံးတော် ရှိ တော်မူသည်လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာရှိတော်မူသည် လုံးရပ် သဏ္ဌာန်ပြည့်စုံသဖြင့် ကျယ်ပြန့်တော်မူ၍ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိတော်မူသည် တောက်ပသော အရောင်ရှိတော်မူသည်ဖြစ်၍ ရဟန်း အပေါင်း၏ အလယ်၌ နေမင်းကဲ့သို့ တင့်တယ်တော်မူပါပေ၏။ (၃)

Your eyes are clear, your face is fair, you’re formidable, upright, majestic. In the midst of the Saṅgha of ascetics, you dazzle like the sun.

စာ-၃၆၈

၅၅၇။ ‘‘ကလျာဏဒဿနော ဘိက္ခု, ကဉ္စနသန္နိဘတ္တစော၊

ကိံ တေ သမဏဘာဝေန, ဧဝံ ဥတ္တမဝဏ္ဏိနော။

၅၅၇။ ရဟန်း (အသျှင်ရဟန်းသည် ) ကြည့်ရှုသူတို့၏ မျက်စိ၌ ကောင်းသော အမြင် ရှိတော်မူ၏၊ ရွှေနှင့်တူသော ကိုယ်ရေအဆင်း ရှိတော်မူ၏၊ ဤသို့လျှင် မြတ်သော အဆင်းနှင့် ပြည့်စုံသော အသျှင်ဘုရားအား ရဟန်း၏အဖြစ်ဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း။ (၄)

You’re a mendicant fine to see, with skin that shines like lustrous gold. But with such excellent appearance, what do you want with the ascetic life?

၅၅၈။ ‘‘ရာဇာ အရဟသိ ဘဝိတုံ, စက္ကဝတ္တီ ရထေသဘော၊

စာတုရန္တော ဝိဇိတာဝီ, ဇမ္ဗုသဏ္ဍဿ [ဇမ္ဗုမဏ္ဍဿ (က။)] ဣဿရော။

၅၅၈။ (အသျှင်ဘုရားသည် ) သမုဒ္ဒရာလေးစင်း အပိုင်းအခြား ရှိသည့်မြေကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော ဇမ္ဗူဒိပ်နှင့်တကွ လေးကျွန်းလုံးကို အစိုးရသော ရထားစီး မင်းတကာတို့ထက်မြတ်သော စကြဝတေးမင်းဖြစ်ရန် ထိုက်တန်ပါပေ၏။ (၅)

You’re fit to be a king, a wheel-turning monarch, chief of charioteers, victorious in the four quarters, lord of the Black Plum Tree Land.

၅၅၉။ ‘‘ခတ္တိယာ ဘောဂိရာဇာနော [ဘောဇရာဇာနော (သီ။ သျာ။)], အနုယန္တာ [အနုယုတ္တာ (သီ။)] ဘဝန္တု တေ၊

ရာဇာဘိရာဇာ မနုဇိန္ဒော, ရဇ္ဇံ ကာရေဟိ ဂေါတမ’’။

၅၅၉။ မင်းမျိုးမင်းနွယ်တို့သည်လည်းကောင်း၊ မြို့ စားရွာစား မင်းတို့သည်လည်းကောင်း၊ ဘိသိက်ခံပြီးမင်းတို့သည်လည်းကောင်း အသျှင်၏ နောက်လိုက် အရံမင်း ဖြစ်ကြပါစေ၊ ဂေါတမနွယ်ဖွားမြတ်စွာဘုရား (အသျှင်ဘုရားသည် ) လူတို့ကို အစိုးရသော မင်းတကာတို့ ပူဇော်ထိုက်သော စကြဝတေးမင်း ပြုတော်မူပါဟု (လျှောက်၏)။ (၆)

Aristocrats, nobles, and kings ought follow your rule. Gotama, may you reign as king of kings, lord of mankind!”

၅၆၀။ ‘‘ရာဇာဟမသ္မိ သေလာတိ, (ဘဂဝါ) ဓမ္မရာဇာ အနုတ္တရော၊

ဓမ္မေန စက္ကံ ဝတ္တေမိ, စက္ကံ အပ္ပဋိဝတ္တိယံ’’။

၅၆၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - သေလ ငါသည် မင်းဖြစ်၏၊ အတုမရှိ တရားမင်း ဖြစ်၏၊ (ထိုငါသည်) တရားဖြင့် အာဏာစက်ကို လည်စေတော်မူ၏၊ တစ်ဦးတစ်ယောက်မျှ မလည်စေနိုင်သော ဓမ္မစက်ကို လည်စေတော်မူ၏။ (၇)

“I am a king, Sela”, said the Buddha, “the supreme king of the teaching. By the teaching I roll forth the wheel which cannot be rolled back.”

၅၆၁။ ‘‘သမ္ဗုဒ္ဓေါ ပဋိဇာနာသိ, (ဣတိ သေလော ဗြာဟ္မဏော) ဓမ္မရာဇာ အနုတ္တရော၊

‘ဓမ္မေန စက္ကံ ဝတ္တေမိ’, ဣတိ ဘာသသိ ဂေါတမ။

၅၆၁။ (သေလပုဏ္ဏားသည် ဤသို့ လျှောက်၏) - ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားသည် ဘုရားဟူ၍ ဝန်ခံတော်မူပါ၏၊ အတုမရှိသောတရားမင်း ဖြစ်၏၊ တရားဖြင့် အာဏာစက်ကို လည်စေ၏ဟု မိန့်ဆိုတော်မူပါ၏။ (၈)

“You claim to be awakened,” said Sela the brahmin, “the supreme king of the teaching. ‘I roll forth the teaching’: so you say, Gotama.

၅၆၂။ ‘‘ကော နု သေနာပတိ ဘောတော, သာဝကော သတ္ထုရနွယော၊

ကော တေ တမနုဝတ္တေတိ, ဓမ္မစက္ကံ ပဝတ္တိတံ’’။

၅၆၂။ ဆရာ့အလိုသို့ လိုက်၍ အသျှင်၏စကားကို နာယူသော စစ်သူကြီးကား အဘယ်သူပါနည်း၊ အသျှင်သခင် လည်စေအပ်သော ဓမ္မစက်ကို အဘယ်သူသည် အတုလိုက်၍ လည်စေပါသနည်း။ (၉)

Then who is your general, the disciple who follows the Teacher’s way? Who keeps rolling the wheel of the teaching you rolled forth?”

၅၆၃။ ‘‘မယာ ပဝတ္တိတံ စက္ကံ, (သေလာတိ ဘဂဝါ) ဓမ္မစက္ကံ အနုတ္တရံ၊

သာရိပုတ္တော အနုဝတ္တေတိ, အနုဇာတော တထာဂတံ။

၅၆၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - သေလ ငါသည် ဓမ္မစက်ကို လည်စေအပ်ပြီ၊ မြတ်စွာဘုရား၏ အနုဇာတသား ဖြစ်သော သာရိပုတ္တရာသည် အတုမရှိ မြတ်သော ဓမ္မစက်ကို အတုလိုက်၍ လည် စေ၏။ (၁၀)

“By me the wheel was rolled forth,” said the Buddha, “the supreme wheel of the teaching. Sāriputta, taking after the Realized One, keeps it rolling on.

၅၆၄။ ‘‘အဘိညေယျံ အဘိညာတံ, ဘာဝေတဗ္ဗဉ္စ ဘာဝိတံ၊

ပဟာတဗ္ဗံ ပဟီနံ မေ, တသ္မာ ဗုဒ္ဓေါသ္မိ ဗြာဟ္မဏ။

၅၆၄။ ပုဏ္ဏား ငါသည် ထူးသောဉာဏ်ဖြင့် သိထိုက်သော ဝိဇ္ဇာနှင့်ဝိမုတ္တိကို ထူးသောဉာဏ်ဖြင့် သိသူပွါးများထိုက်သော မဂ္ဂသစ္စာတရားကို ပွါးများပြီးသူ ပယ်ထိုက်သော သမုဒယသစ္စာကို ပယ်ပြီးသူဖြစ်သောကြောင့် သစ္စာလေးပါးကို သိပြီးသူ ‘ဗုဒ္ဓ’ ဖြစ်၏။ (၁၁)

I have known what should be known, and developed what should be developed, and given up what should be given up: and so, brahmin, I am a Buddha.

၅၆၅။ ‘‘ဝိနယဿု မယိ ကင်္ခံ, အဓိမုစ္စဿု ဗြာဟ္မဏ၊

ဒုလ္လဘံ ဒဿနံ ဟောတိ, သမ္ဗုဒ္ဓါနံ အဘိဏှသော။

၅၆၅။ ပုဏ္ဏား ငါ့အပေါ်၌ ယုံမှားမှု ‘ကင်္ခါ’ကို ပယ်ဖျောက်လော့၊ အတိအကျ ဆုံးဖြတ်လော့၊ မြတ်စွာဘုရားတို့အား ဖူးမြော်ရခြင်းသည် အလွန်ပင် ရခဲလှ၏။ (၁၂)

Dispel your doubt in me— make up your mind, brahmin! The sight of a Buddha is hard to find again.

စာ-၃၆၉

၅၆၆။ ‘‘ယေသံ ဝေ [ယေသံ ဝေါ (ပီ။), ယဿ ဝေ (သျာ။)] ဒုလ္လဘော လောကေ, ပါတုဘာဝေါ အဘိဏှသော၊

သောဟံ ဗြာဟ္မဏ သမ္ဗုဒ္ဓေါ, သလ္လကတ္တော အနုတ္တရော။

၅၆၆။ ပုဏ္ဏား လောက၌ သမ္ဗုဒ္ဓဘုရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် အလွန်ပင် ရခဲလှ၏၊ ငါသည် (ရာဂစသော) မြားငြောင့်တို့ကို ပယ်နုတ်ပြီးသူဖြစ်၍ မိမိထက် လွန်မြတ်သူ မရှိသော သမ္ဗုဒ္ဓဘုရားပင်တည်း။ (၁၃)

I am a Buddha, brahmin, the supreme surgeon, one of those whose appearance in the world is hard to find again.

၅၆၇။ ‘‘ဗြဟ္မဘူတော အတိတုလော, မာရသေနပ္ပမဒ္ဒနော၊

သဗ္ဗာမိတ္တေ ဝသီကတွာ, မောဒါမိ အကုတောဘယော’’။

၅၆၇။ ဗြဟ္မမင်းသဖွယ်ဖြစ်သော နှိုင်းရှည့်မှုအတုကို လွန်တော်မူပြီးသော မာရ် စစ်သည်အပေါင်းကို နှိမ်နင်းပြီးသော ငါသည် ရန်သူအားလုံးကို အလိုသို့ လိုက်ပါစေ၍ တစ်စုံတစ်ခုမျှ ဘေးမခဘဲဝမ်းမြောက်ရ၏။ (၁၄)

A manifestation of divinity, unequaled, crusher of Māra’s army; having subdued all my opponents, I rejoice, fearing nothing from any quarter.”

၅၆၈။ ‘‘ဣမံ ဘဝန္တော နိသာမေထ, ယထာ ဘာသတိ စက္ခုမာ၊

သလ္လကတ္တော မဟာဝီရော, သီဟောဝ နဒတီ ဝနေ။

၅၆၈။ အမောင်လုလင်တို့ ငါးပါးသော မျက်စိအမြင်ရှိသည်ဖြစ်၍ (ရာဂစသော) မြားငြောင့်ကို ပယ်နုတ်ပြီးသော ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရားသည် တော (အတွင်း) ဝယ်ခြင်္သေ့မင်းဟောက်သကဲ့သို့ ဟောတော်မူအပ်သော စကားတော်ကို နာယူမှတ်သားကြကုန်လော့။ (၁၅)

“Pay heed, good fellows, to what is spoken by the Clear-eyed One. The surgeon, the great hero, roars like a lion in the jungle.

၅၆၉။ ‘‘ဗြဟ္မဘူတံ အတိတုလံ, မာရသေနပ္ပမဒ္ဒနံ၊

ကော ဒိသွာ နပ္ပသီဒေယျ, အပိ ကဏှာဘိဇာတိကော။

၅၆၉။ ဗြဟ္မမင်းသဖွယ်ဖြစ်သော နှိုင်းရှည့်မှုအတုကို လွန်တော်မူပြီးသော မာရ် စစ်သည်အပေါင်းကို နှိမ်နင်းတော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရမူ အမျိုး ဇာတ် ယုတ်နိမ့်သူပင် ဖြစ်ငြားသော်လည်းအဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့ နည်း။ (၁၆)

A manifestation of divinity, unequaled, crusher of Māra’s army; who would not be inspired by him, even one born in a dark class?

၅၇၀။ ‘‘ယော မံ ဣစ္ဆတိ အနွေတု, ယော ဝါ နိစ္ဆတိ ဂစ္ဆတု၊

ဣဓာဟံ ပဗ္ဗဇိဿာမိ, ဝရပညဿ သန္တိကေ’’။

၅၇၀။ ငါသည် ဤအရပ်၌ မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုတော့အံ့၊ ရဟန်းပြုလိုသူသည် ငါ့ကို အတုလိုက်၍ ရဟန်းပြုလော့၊ ရဟန်း မပြုလိုသူသည် အလိုရှိရာသွားပါလေလော့ (ဟု ဤသို့ တပည့်တို့ကို ပြောဆို၏)။ (၁၇)

Those who wish may follow me; those who don’t may go. Right here, I’ll go forth in his presence, the one of such outstanding wisdom.”

၅၇၁။ ‘‘ဧဝဉ္စေ [ဧတဉ္စေ (သီ။ ပီ။)] ရုစ္စတိ ဘောတော, သမ္မာသမ္ဗုဒ္ဓသာသနေ [သမ္မာသမ္ဗုဒ္ဓသာသနံ (သီ။ သျာ။ ကံ။ ပီ။)]၊

မယမ္ပိ ပဗ္ဗဇိဿာမ, ဝရပညဿ သန္တိကေ’’။

၅၇၁။ အသျှင်၏စိတ်သည် မြတ်စွာဘုရား သာသနာတော်၌ (ရဟန်းပြုရန်) အကယ်၍ နှစ်သက်ခဲ့ပါမူအကျွန်ုပ်တို့သည်လည်း မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုကြပါကုန်အံ့ (ဤသို့ တပည့်တို့က ဆိုကုန်၏)။ (၁၈)

“Sir, if you endorse the teaching of the Buddha, we’ll also go forth in his presence, the one of such outstanding wisdom.”

၅၇၂။ ‘‘ဗြာဟ္မဏာ တိသတာ ဣမေ, ယာစန္တိ ပဉ္ဇလီကတာ၊

ဗြဟ္မစရိယံ စရိဿာမ, ဘဂဝါ တဝ သန္တိကေ’’။

၅၇၂။ မြတ်စွာဘုရား သုံးရာသော ဤပုဏ္ဏားတို့သည် လက်အုပ်ချီကြကုန်လျက် (ရဟန်းပြုရန်) တောင်းပန်ကြပါကုန်၏၊ (အကျွန်ုပ်တို့သည်) အသျှင်ဘုရား၏ အထံတော်၌ အကျင့်မြတ်ကို ကျင့်သုံးလိုပါကုန်၏။ (၁၉)

“These three hundred brahmins with cupped palms held up, ask: ‘May we lead the spiritual life in your presence, Blessed One?’”

၅၇၃။ ‘‘သွာက္ခာတံ ဗြဟ္မစရိယံ, (သေလာတိ ဘဂဝါ) သန္ဒိဋ္ဌိကမကာလိကံ၊

ယတ္ထ အမောဃာ ပဗ္ဗဇ္ဇာ, အပ္ပမတ္တဿ သိက္ခတော’’တိ။

အလတ္ထ ခေါ သေလော ဗြာဟ္မဏော သပရိသော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။ အထ ခေါ ကေဏိယော ဇဋိလော တဿာ ရတ္တိယာ အစ္စယေန သကေ အဿမေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ကေဏိယဿ ဇဋိလဿ အဿမော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ သဒ္ဓိံ ဘိက္ခုသံဃေန။

အထ ခေါ ကေဏိယော ဇဋိလော ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ ကေဏိယော ဇဋိလော ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ အညတရံ နီစံ အာသနံ ဂဟေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ကေဏိယံ ဇဋိလံ ဘဂဝါ ဣမာဟိ ဂါထာဟိ အနုမောဒိ –

၅၇၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - သေလ အကြင်အကျင့်ကို ကျင့်သည်ရှိသော် မမေ့မလျော့မူ၍ ကျင့်သော အမျိုး ကောင်းသား၏ရဟန်းအဖြစ်သည် အချည်းနှီး မဖြစ်နိုင်၊ ကောင်းစွာ ဟောအပ်သော မျက်မှောက်ထင်ထင်ကိုယ်တိုင်သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော ထိုအကျင့်မြတ်ကို ကျင့်ကြကုန်လော့။ (၂၀) သေလပုဏ္ဏားသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏၊ ရဟန်း အဖြစ်ကို ရလေ၏၊ ထို့နောက် ကေဏိယရသေ့သည် ထိုညဥ့်ကို လွန်သောအခါ မိမိသင်္ခမ်းကျောင်း၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ကို စီရင်စေပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းစီမံပြီးပါပြီ”ဟု အချိန်တန်ကြောင်းကို လျှောက်ကြားစေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွတော်မူပြီးလျှင် ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ ကေဏိယရသေ့သည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ တစ်ခုသောနေရာ၌ ထိုင်နေသော ကေဏိယရသေ့အားမြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူ၏-

“The spiritual life is well explained,” said the Buddha, “apparent in the present life, immediately effective. Here the going forth isn’t in vain for one who trains with diligence.” And the brahmin Sela together with his assembly received the going forth, the ordination in the Buddha’s presence. And when the night had passed Keṇiya had delicious fresh and cooked foods prepared in his own hermitage. Then he had the Buddha informed of the time, saying, “It’s time, worthy Gotama, the meal is ready.” Then the Buddha robed up in the morning and, taking his bowl and robe, went to Keṇiya’s hermitage, where he sat down on the seat spread out together with the Saṅgha of mendicants. Then Keṇiya served and satisfied the mendicant Saṅgha headed by the Buddha with his own hands with delicious fresh and cooked foods. When the Buddha had eaten and washed his hand and bowl, Keṇiya took a low seat and sat to one side. The Buddha expressed his appreciation with these verses:

၅၇၄။ ‘‘အဂ္ဂိဟုတ္တမုခါ ယညာ, သာဝိတ္တီ ဆန္ဒသော မုခံ၊

ရာဇာ မုခံ မနုဿာနံ, နဒီနံ သာဂရော မုခံ။

၅၇၄။ (ကေဏိယ) ယဇ်ပူဇော်ခြင်းတို့သည် မီးပူဇော်ခြင်းလျှင် ရှေ့သွား ရှိကုန်၏၊ သာဝိတ္တိမည်သော ဂါထာသည် ဆန်းကျမ်း၏ အစအဦး ဖြစ်၏၊ မင်းသည် လူတို့၏ အကြီးအမှူး ဖြစ်၏၊ သမုဒ္ဒရာသည်မြစ်တို့၏ အကြီးအမှူး ဖြစ်၏။ (၂၁)

“The foremost of sacrifices <j>is the offering to the sacred flame; the Sāvitrī is the foremost of prayer; of humans, the king is the foremost; the ocean’s the foremost of rivers;

၅၇၅။ ‘‘နက္ခတ္တာနံ မုခံ စန္ဒော, အာဒိစ္စော တပတံ မုခံ၊

ပုညံ အာကင်္ခမာနာနံ, သံဃော ဝေ ယဇတံ မုခ’’န္တိ။

အထ ခေါ ဘဂဝါ ကေဏိယံ ဇဋိလံ ဣမာဟိ ဂါထာဟိ အနုမောဒိတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ အာယသ္မာ သေလော သပရိသော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေ …ပေ… အညတရော ခေါ ပနာယသ္မာ သေလော သပရိသော အရဟတံ အဟောသိ။

အထ ခေါ အာယသ္မာ သေလော သပရိသော ယေန ဘဂဝါ တေနုပသင်္ကမိ, ဥပသင်္ကမိတွာ ဧကံသံ စီဝရံ ကတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

၅၇၅။ လသည် နက္ခတ်တို့၏ အကြီးအမှူးဖြစ်၏၊ နေသည် ထွန်းလင်းတောက်ပသော ဆီမီးပတ္တမြားစသည်တို့၏ အကြီးအမှူးဖြစ်၏၊ သံဃာတော်သည် စင်စစ် ကောင်းမှုကို အလိုရှိ၍ပူဇော်လှှူဒါန်းသောသူတို့၏ သုံးပါးသော ချမ်းသာ၏ အကြောင်းဖြစ်၏ဟု (အနုမောဒနာ ပြုတော်မူ၏)။ (၂၂) မြတ်စွာဘုရားသည် ကေဏိယရသေ့ကို ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူပြီးလျှင် နေရာမှထ၍ဖဲကြွတော်မူ၏၊ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းထန်သော လုံ့လရှိကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍နေသည်ရှိသော် မကြာမြင့်မီပင်။ပ။ ပရိသတ်နှင့်တကွ အသျှင်သေလသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ လက်ဝဲတစ်ဖက်ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်အုပ်ချီကာ မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏-

the foremost of stars is the moon; the sun is the foremost of blazes; for those who sacrifice seeking merit, the Saṅgha is the foremost.” When the Buddha had expressed his appreciation to Keṇiya the matted-hair ascetic with these verses, he rose from his seat and left. Then Venerable Sela and his assembly, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. They lived having achieved with their own insight the goal for which gentlemen rightly go forth from the lay life to homelessness. And Venerable Sela together with his assembly became perfected. Then Sela with his assembly went to the Buddha. He arranged his robe over one shoulder, raised his joined palms toward the Buddha, and said:

၅၇၆။ ‘‘ယံ တံ သရဏမာဂမှ [မာဂမ္မ (သီ။ သျာ။ က။)], ဣတော အဋ္ဌမိ စက္ခုမ၊

သတ္တရတ္တေန ဘဂဝါ, ဒန္တမှ တဝ သာသနေ။

၅၇၆။ ငါးပါးသော မျက်စိအမြင်ရှိသော မြတ်စွာဘုရား (အကျွန်ုပ်တို့သည်) ဤနေ့မှ စ၍ ရေတွက်သော်ရှစ်ရက်မြောက်သော နေ့၌ အသျှင်ဘုရားကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ကြပါကုန်၏၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ခုနစ်ညဥ့်မျှဖြင့် အသျှင်ဘုရား၏သာသနာတော်၌ ယဥ်ကျေးသူတို့ ဖြစ်ကြရပါကုန်၏။ (၂၃)

“This is the eighth day since we went for refuge, O Clear-eyed One. In these seven days, Blessed One, we’ve become tamed in your teaching.

၅၇၇။ ‘‘တုဝံ ဗုဒ္ဓေါ တုဝံ သတ္ထာ, တုဝံ မာရာဘိဘူ မုနိ၊

တုဝံ အနုသယေ ဆေတွာ, တိဏ္ဏော တာရေသိမံ ပဇံ။

၅၇၇။ (မြတ်စွာဘုရား) အသျှင်ဘုရားသည် သစ္စာလေးပါးကို သိတော်မူပါ၏၊ အသျှင်ဘုရားသည် ဆရာဖြစ်တော်မူပါ၏၊ အသျှင်ဘုရားသည် မာရ်ငါးပါးကို နှိမ်နင်းတော်မူပါပေ၏၊ အသျှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် သံသရာမှ ကူးမြောက်ပြီးဖြစ်၍ ဤသတ္တဝါအပေါင်းကို သံသရာမှ ကယ်တင်တော်မူပါပေ၏။ (၂၄)

You are the Buddha, you are the Teacher, you are the sage who has overcome Māra; you have cut off the underlying tendencies, you’ve crossed over, and you bring humanity across.

၅၇၈။ ‘‘ဥပဓီ တေ သမတိက္ကန္တာ, အာသဝါ တေ ပဒါလိတာ၊

သီဟောသိ [သီဟောဝ (မ။ နိ။ ၂။၄၀၁)] အနုပါဒါနော, ပဟီနဘယဘေရဝေါ။

၅၇၈။ အသျှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်ပါကုန်ပြီ၊ အသျှင်ဘုရားသည် အာသဝတို့ကို ခွဲဖျက်အပ်ပါကုန်ပြီ၊ အသျှင်ဘုရားသည် ခြင်္သေ့ သဖွယ် ဖြစ်တော်မူပါပေ၏၊ တစ်စုံတစ်ရာစွဲလမ်းမှုမရှိသူ ကြောက်ခြင်း ထိတ်လန့်ခြင်းတို့ကို ပယ်ပြီးသူ ဖြစ်တော်မူပါပေ၏။ (၂၅)

You have transcended attachments, your defilements are shattered; you are a lion free of grasping, with fear and dread given up.

၅၇၉။ ‘‘ဘိက္ခဝေါ တိသတာ ဣမေ, တိဋ္ဌန္တိ ပဉ္ဇလီကတာ၊

ပါဒေ ဝီရ ပသာရေဟိ, နာဂါ ဝန္ဒန္တု သတ္ထုနော’’တိ။

သေလသုတ္တံ သတ္တမံ နိဋ္ဌိတံ။

၅၇၉။ သုံးရာသော ဤရဟန်းတို့သည် လက်အုပ်ချီလျက် တည်နေကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်တို့ကို ဆန့်တန်းတော်မူပါလော့၊ ရဟန္တာတို့သည် မြတ်စွာဘုရားအား ရှိခိုးကြပါစေကုန်သတည်းဟု (လျှောက်၏)။ (၂၆) ခုနစ်ခုမြောက် သေလသုတ် ပြီး၏။ ၁။ မဟာဘာရတစသော ရှေးဟောင်းသမိုင်းရာဇဝင်ပုံပြင်ကျမ်း။ ၂။ ဝေဒကျမ်းလာပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဥ်ပြသောကျမ်း။ ၃။ ဓာတ် ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးးပုံကို ပြသောကျမ်း။ ၄။ မျက်မြင်လောကအကြောင်းအရာကိုသာ ပြသော ရုပ်ဝါဒကျမ်း၊ စာရ်ဗာက ဆရာ၏ ရုပ်ဝါဒစသည်။

These three hundred mendicants stand with cupped palms raised. Stretch out your feet, great hero: let these giants bow to the Teacher.”

စာ-၃၇၁

၈။ သလ္လသုတ္တ

၅၈၀။ အနိမိတ္တမနညာတံ, မစ္စာနံ ဣဓ ဇီဝိတံ၊

ကသိရဉ္စ ပရိတ္တဉ္စ, တဉ္စ ဒုက္ခေန သံယုတံ။

၈-သလ္လသုတ် ၅၈၀။ ဤလောက၌ သတ္တဝါတို့၏ အသက်သည် အမှတ်နိမိတ် ကင်းသည်ဖြစ်၍ (သေရမည့်အခါ လားရာဂတိ အသက်အပိုင်းအခြားကို) မသိနိုင်၊ အကြောင်းများစွာနှင့် စပ်သဖြင့် ပင်ပန်းငြိုငြင်ရ၏၊ နည်းငယ်တိုတောင်းလှ၏၊ (သို့ ဖြစ်နေလျက်လည်း) ထိုအသက်သည် ဆင်းရဲအမျိုးမျိုးနှင့်ရောယှက်နေသေး၏။ (၁)

Anthology of Discourses 3.8 The Dart Unforeseen and unknown is the extent of this mortal life— hard and short and bound to pain.

၅၈၁။

၅၈၁။ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် အကြင် (ဆေးဝါး မန္တရားစသော) လုံ့လဖြင့် မသေကုန်ရာ၊ ထိုမသေရာသော လုံ့လမျိုးသည် မရှိနိုင်၊ အိုခြင်းသို့ ရောက်၍သော်လည်းကောင်း (အိုခြင်းသို့ မရောက်မူ၍သော်လည်းကောင်း) သေတတ်၏၊ သတ္တဝါတို့သည် ဤသို့ သေတတ်သော သဘောရှိကုန်သည်သာတည်း။ (၂)

There is no way that those born will not die. On reaching old age death follows: such is the nature of living creatures.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 3. Mahāvaggo (Suttapiṭaka, Khuddakanikāya, Suttanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#356