သုတ္တနိပါတပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
‘‘ဖဿော နု လောကသ္မိ ကုတောနိဒါနော, ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ၊
ကိသ္မိံ အသန္တေ န မမတ္တမတ္ထိ, ကိသ္မိံ ဝိဘူတေ န ဖုသန္တိ ဖဿာ’’။
၈၇၉။ ‘‘နာမဉ္စ ရူပဉ္စ ပဋိစ္စ ဖဿော, ဣစ္ဆာနိဒါနာနိ ပရိဂ္ဂဟာနိ၊
ဣစ္ဆာယသန္တျာ န မမတ္တမတ္ထိ, ရူပေ ဝိဘူတေ န ဖုသန္တိ ဖဿာ’’။
၈၇၉။ နာမ်ကိုလည်းကောင်း ရုပ်ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု ‘ဖဿ’သည် ဖြစ်၏၊ သိမ်းဆည်းမှုတို့သည် တဏှာဟု ဆိုအပ်သော အလို ‘ဣစ္ဆာ’လျှင် အကြောင်းရှိကုန်၏၊ တဏှာဟု ဆိုအပ်သော အလို ‘ဣစ္ဆာ’မရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိ၊ ရုပ်တရားကို လွန်မြောက်သည်ရှိသော်တွေ့ထိမှု ‘ဖဿ’တို့သည် မတွေ့ထိကုန်။ (၁၁)
“Name and form cause contact; possessions spring from wishing; when wishing is absent there is no possessiveness; when form vanishes, contacts don’t strike.”
၈၈၀။ ‘‘ကထံသမေတဿ ဝိဘောတိ ရူပံ, သုခံ ဒုခဉ္စာပိ [ဒုခံ ဝါပိ (သီ။ သျာ။)] ကထံ ဝိဘောတိ၊
ဧတံ မေ ပဗြူဟိ ယထာ ဝိဘောတိ, တံ ဇာနိယာမာတိ [ဇာနိဿာမာတိ (သီ။ က။)] မေ မနော အဟု’’။
၈၈၀။ အဘယ်သို့ ကျင့်သောသူသည် ရုပ်ကို လွန်မြောက်နိုင်ပါသနည်း၊ အဘယ်သို့ သော အကြောင်းဖြင့် ချမ်းသာဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ အကြင် အခြင်းအရာအားဖြင့်လွန်မြောက်နိုင်၏၊ ထိုအခြင်းအရာကို အကျွန်ုပ်အား ဟော ကြားတော်မူပါလော့၊ ထိုအကြောင်းကို သိကုန်အံ့ဟု အကျွန်ုပ်၏ စိတ်ဖြစ်ပါ၏။ (၁၂)
“Form vanishes for one proceeding how? And how do happiness and suffering vanish? Tell me how they vanish; I think we ought to know these things.”
၈၈၁။ ‘‘န သညသညီ န ဝိသညသညီ, နောပိ အသညီ န ဝိဘူတသညီ၊
ဧဝံသမေတဿ ဝိဘောတိ ရူပံ, သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ’’။
၈၈၁။ ပကတိသညာ ရှိသူလည်းမဟုတ်သော ဖောက်ပြန်သော သညာရှိသည့် ရူးသွပ်သူလည်းမဟုတ်သော သညာမရှိသည့် အသညသတ်ဗြဟ္မာနှင့် နိရောဓ သမာပတ် ဝင်စားသူလည်း မဟုတ်သော ရူပသညာကို လွန်မြောက်ပြီးသည့် အရူပ ဈာန်သမာပတ်ကို ရသူလည်း မဟုတ်သော ဤသို့ သဘောရှိသည့် အာကာသာနဉ္စာ ယတနဈာန်ကို ရရန်ကျင့်သူ ရူပစတုတ္ထဈာနလာဘီ ပုဂ္ဂိုလ်သည် ရုပ်ကို လွန် မြောက်နိုင်၏၊ သံသရာချဲ့တတ်သောတဏှာမာန ဒိဋ္ဌိတရားတို့သည် သညာလျှင်အကြောင်းရှိကုန်သည်သာတည်း၊ (၁၃)
“Without normal perception <j>or distorted perception; not lacking perception, <j>nor perceiving what has vanished. Form vanishes for one proceeding thus; for judgments due to proliferation <j>spring from perception.”
၈၈၂။ ‘‘ယံ တံ အပုစ္ဆိမှ အကိတ္တယီ နော,
အညံ တံ ပုစ္ဆာမ တဒိင်္ဃ ဗြူဟိ၊
ဧတ္တာဝတဂ္ဂံ နု [နော (သီ။ သျာ။)] ဝဒန္တိ ဟေကေ,
ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ၊
ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တော။
၈၈၂။ အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏၊ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ်တို့အားဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါကုန်အံ့၊ တောင်းပန်ပါ၏၊ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ဤလောက၌ ပညာရှိကုန်သောအချို့သောသူတို့သည် ဤမျှ (အရူပသမာပတ်ဟူသော) အတိုင်း အရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုပါကုန်သလော၊ ထိုသို့ မဟုတ် ဤအရူပသမာပတ်ထက် လွန်သော အခြားသော စင်ကြယ်မှုကို မူလည်း ဆိုပါကုန်သေးသလော။ (၁၄)
“Whatever I asked you have explained to me. I ask you once more, please tell me this: Do some astute folk here say that this <j>is the highest extent of purity of the spirit? Or do they say it is something else?”
၈၈၃။ ‘‘ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ, ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ၊
တေသံ ပနေကေ သမယံ ဝဒန္တိ, အနုပါဒိသေသေ ကုသလာ ဝဒါနာ။
၈၈၃။ ဤလောက၌ ပညာရှိကုန်သောအချို့သောသူတို့သည် ဤမျှ (အရူပသမာပတ်ဟူသော) အတိုင်းအရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုကုန်၏၊ ထိုသူတို့တွင် အနုပါဒိသေသ၁၌ လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသောအချို့သူတို့သည် ဥစ္ဆေဒအယူကို ပြောဆိုကြကုန်၏။ (၁၅)
“Some astute folk do say that this <j>is the highest extent of purity of the spirit. But some of them, claiming to be experts, speak of an occasion when there is no residue.
၈၈၄။ ‘‘ဧတေ စ ဉတွာ ဥပနိဿိတာတိ, ဉတွာ မုနီ နိဿယေ သော ဝိမံသီ၊
ဉတွာ ဝိမုတ္တော န ဝိဝါဒမေတိ, ဘဝါဘဝါယ န သမေတိ ဓီရော’’တိ။
ကလဟဝိဝါဒသုတ္တံ ဧကာဒသမံ နိဋ္ဌိတံ။
၈၈၄။ ပညာရှိသော ထိုမြတ်စွာဘုရားသည် ထိုမိစ္ဆာအယူရှိသူတို့ကို (သဿတ ဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိကို)မှီကုန်၏ဟု သိ၍လည်းကောင်း၊ (ထိုသူတို့၏)မှီရာ သဿတဒိဋ္ဌိတို့ကို သိ၍လည်းကောင်း၊ (တရားတို့ကို အနိစ္စစသည်ဖြင့်) သိ၍လည်းကောင်း လွတ်မြောက်တော်မူပြီးသည်ဖြစ်၍ ငြင်းခုံခြင်းသို့ ရောက်တော်မမူ၊ ထိုပညာရှိသော မြတ်စွာဘုရားသည် အဖန်တလဲလဲ ဖြစ်ခြင်းသို့ ရောက်တော်မမူ။ (၁၆) တစ်ဆယ့်တစ်ခုမြောက် ကလဟဝိဝါဒသုတ် ပြီး၏။ ၁။ သတ္တဝါသည် ကိုယ်ခန္ဓာပျက်စီး သေဆုံးသည့်နောက် လုံးဝပြတ်စဲခြင်း တစ်ဖန်မဖြစ်ခြင်း အကြွင်းမရှိခြင်းကို အနုပါဒိသေသဟု ဥစ္ဆေဒအယူရှိသူတို့ ဆိုကြသည်။
Knowing that these states are dependent, and knowing what they depend on, <j>the inquiring sage, having understood, is freed, and enters no dispute. The attentive do not proceed to life after life.”
၁၂။ စူဠဗျူဟသုတ္တ [စူဠဝိယူဟသုတ္တံ (သီ။ သျာ။ နိဒ္ဒေသ)]
၈၈၅။ သကံသကံဒိဋ္ဌိပရိဗ္ဗသာနာ, ဝိဂ္ဂယှ နာနာ ကုသလာ ဝဒန္တိ၊
ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ, ဣဒံ ပဋိက္ကောသမကေဝလီ သော။
၁၂-စူဠဗျူဟသုတ် ၈၈၅-၈၈၆။ [အမေး] လိမ္မာကျွမ်းကျင်၏ဟု ပြောဆိုသူတို့သည် မိမိ မိမိတို့၏ မိစ္ဆာအယူ၌ တည်နေကုန်လျက် (မိမိ မိမိတို့၏ အယူကို) မြဲမြံစွာ စွဲယူကုန်၍ အသီး အသီး ပြောဆိုကြပါကုန်၏၊ အကြင်သူသည် ဤအယူအကျင့်ကို သိ၏၊ ထိုသူသည် တရားကို သိသူ မည်၏၊ အကြင်သူသည့်ဤတရားကို တားမြစ်၏၊ ထိုသူသည် မလိမ္မာသူ ဖြစ်ပါ၏၊ ဤသို့လည်း မြဲမြံစွာ ငြင်းခုံကြပါကုန်၏၊ ငါမှတစ်ပါး အခြား သူတို့သည် မိုက်၏၊ မလိမ္မာဟု လည်း ဆိုပါကုန်၏၊ ဤသူတို့၏ ဝါဒတို့တွင်အဘယ်အယူဝါဒသည်မှန်ကန်ပါသနည်း၊ ဤသူအားလုံးတို့သည် ပင် လိမ္မာကျွမ်း ကျင်သူဟု ပြောဆိုကြကုန်၏။ (၁-၂)
Anthology of Discourses 4.12 The Shorter Discourse on Arrayed For Battle “Each maintaining their own view, those who are skilled disagree, arguing: ‘Whoever sees it this way <j>understands the teaching; those who reject this are inadequate.’
၈၈၆။ ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ, ဗာလော ပရော အက္ကုသလောတိ [အကုသလောတိ (သီ။ သျာ။ ပီ။)] စာဟု၊
သစ္စော နု ဝါဒေါ ကတမော ဣမေသံ, သဗ္ဗေဝ ဟီမေ ကုသလာ ဝဒါနာ။
So arguing, they dispute, saying, ‘The other is a fool, an amateur!’ Which of these is a true statement, for all of them profess to be experts?”
၈၈၇။ ပရဿ စေ ဓမ္မမနာနုဇာနံ, ဗာလောမကော [ဗာလော မဂေါ (သီ။ သျာ။ က။)] ဟောတိ နိဟီနပညော၊
သဗ္ဗေဝ ဗာလာ သုနိဟီနပညာ, သဗ္ဗေဝိမေ ဒိဋ္ဌိပရိဗ္ဗသာနာ။
၈၈၇။ [အဖြေ] သူတစ်ပါး၏ အယူကို မသိသူသည် အကယ်၍ မိုက်သူ ယုတ် ညံ့သူ ပညာမဲ့သူဖြစ်ပါမူဤသူအားလုံးတို့သည် ပင် မိုက်ကြကုန်၏၊ အလွန့်အလွန် ပညာမဲ့သူ ဖြစ်ကြကုန်၏၊ ဤသူအားလုံးတို့သည် ပင် မိစ္ဆာအယူ၌ တည်နေကြကုန်၏။ (၃)
“If not accepting another’s teaching makes you a useless fool lacking wisdom, then they’re all fools lacking wisdom, for they all maintain their own view.
၈၈၈။ သန္ဒိဋ္ဌိယာ စေဝ န ဝီဝဒါတာ, သံသုဒ္ဓပညာ ကုသလာ မုတီမာ၊
န တေသံ ကောစိ ပရိဟီနပညော [ကောစိပိ နိဟီနပညော (သီ။ သျာ။ က။)], ဒိဋ္ဌီ ဟိ တေသမ္ပိ တထာ သမတ္တာ။
၈၈၈။ (ထိုသူတို့သည်) မိမိ၏ မိစ္ဆာအယူဖြင့် မဖြူစင်သူ ဖြစ်ကြကုန်လျက် အကယ်၍ စင်ကြယ်သော ပညာရှိကြသူ လိမ္မာကြသူ ဉာဏ်ပညာရှိကြသူ ဖြစ်ကြကုန်မူ ထိုသူတို့တွင် တစ်ယောက်မျှ ပညာမဲ့သူမဖြစ်နိုင်တော့ပေ၊ အကြောင်းသော်ကား ထိုသူတို့၏ အယူသည်လည်း အခြားသူတို့ အယူကဲ့သို့ ပင်စွဲမြဲယူဆထားသောကြောင့် တည်း။ (၄)
But if having your own view makes you pristine— pure in wisdom, expert and thoughtful— then none of them lack wisdom, for such is the view they have all embraced.
၈၈၉။ န ဝါဟမေတံ တထိယန္တိ [တထိဝန္တိ (သျာ။ က။)] ဗြူမိ, ယမာဟု ဗာလာ မိထု အညမညံ၊
သကံသကံဒိဋ္ဌိမကံသု သစ္စံ, တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။
၈၈၉။ သူနှစ်ယောက်တို့သည် အချင်းချင်း လူ့ဗာလဟု အကြင်စကားကို ပြော ဆိုကုန်၏၊ ထိုစကားကိုမှန်၏ဟူ၍ ငါ မဟော၊ (ထိုသူတို့သည်) မိမိ မိမိ၏ အယူကို အမှန်ပြုလုပ်ကြကုန်၏၊ ထို့ကြောင့် အခြားသူကို မိုက်၏ဟူ၍ ရှုကြည့်ကြကုန်၏။ (၅)
I do not say that it is correct when they call each other fools. Each has built up their own view to be the truth, which is why they take the other as a fool.”
၈၉၀။ ယမာဟု သစ္စံ တထိယန္တိ ဧကေ, တမာဟု အညေ [အညေပိ (သျာ။), အညေ စ (?)] တုစ္ဆံ မုသာတိ၊
ဧဝမ္ပိ ဝိဂယှ ဝိဝါဒယန္တိ, ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။
၈၉၀။ [အမေး] အကြင်အယူကိုမှန်ကန်၏ ချွတ်ယွင်းမှု မရှိဟု အချို့သူတို့က ပြောဆိုကြကုန်၏၊ ထိုအယူကိုပင် အခြားသူတို့က အချည်းနှီးဟူ၍လည်းကောင်း၊ မဟုတ်မမှန်ဟူလည်းကောင်းပြောဆိုကြပြန်၏၊ ဤသို့လည်း မြဲမြံစွာ စွဲယူကြကုန်လျက် ငြင်းခုံကြကုန်၏၊ အဘယ်ကြောင့် သမဏတို့သည် တစ်မျိုးတည်းသော စကားကို မပြောဆိုကြကုန်သနည်း။ (၆)
“What some say is true and correct, others say is hollow and false. So arguing, they dispute; why don’t ascetics say the same thing?”
၈၉၁။ ဧကဉှိ သစ္စံ န ဒုတီယမတ္ထိ, ယသ္မိံ ပဇာ နော ဝိဝဒေ ပဇာနံ၊
နာနာ တေ [နာနာတော (က။)] သစ္စာနိ သယံ ထုနန္တိ, တသ္မာ န ဧကံ သမဏာ ဝဒန္တိ။
၈၉၁။ [အဖြေ] အကြင်သစ္စာ၌ သိသော ပုဂ္ဂိုလ်သည် မငြင်းခုံရာ၊ ထိုသစ္စာသည်တစ်မျိုးတည်းသာတည်း၊ နှစ်ခုမြောက်သော သစ္စာမည်သည် မရှိ၊ ထိုသူတို့မူကား အမျိုးမျိုးသော သစ္စာတို့ကိုကိုယ်တိုင် ပြောဆိုကြကုန်၏၊ ထို့ကြောင့် သမဏတို့သည် တစ်မျိုးတည်းသော စကားကို မပြောဆိုကြကုန်။ (၇)
“The truth is one, there is no second, understanding which folk would not dispute. But those ascetics each boast of different truths; that’s why they don’t say the same thing.”
၈၉၂။ ကသ္မာ နု သစ္စာနိ ဝဒန္တိ နာနာ, ပဝါဒိယာသေ ကုသလာ ဝဒါနာ၊
သစ္စာနိ သုတာနိ ဗဟူနိ နာနာ, ဥဒါဟု တေ တက္ကမနုဿရန္တိ။
၈၉၂။ [အမေး] အမျိုးမျိုး ပြောဆိုတတ်ကုန်သော လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသူတို့သည် အဘယ်ကြောင့် သစ္စာတို့ကို အမျိုးမျိုး ပြောဆိုကြကုန် သနည်း၊ ကြားအပ်သော သစ္စာတို့သည် များကုန်သလော၊ အမျိုးမျိုးရှိကုန် သလော၊သို့ မဟုတ် ထိုသူတို့သည် ကြံစည်မှုမျှသို့ အစဥ်လိုက်ကုန်သလော။ (၈)
“But why do they speak of different truths, these proponents who profess to be experts? Are there really so many different truths, or do they just follow their own lines of reasoning?”
၈၉၃။ န ဟေဝ သစ္စာနိ ဗဟူနိ နာနာ, အညတြ သညာယ နိစ္စာနိ လောကေ၊
တက္ကဉ္စ ဒိဋ္ဌီသု ပကပ္ပယိတွာ, သစ္စံ မုသာတိ ဒွယဓမ္မမာဟု။
၈၉၃။ [အဖြေ] လောက၌မှတ်သားမှု ‘သညာ’မျှဖြင့် မြဲ၏ဟူသော အယူတို့ကို ဖယ်ထား၍သစ္စာတို့သည် မများကုန်၊ အမျိုးမျိုး မရှိကုန်သည်သာတည်း၊ မိမိ ကြံစည်မှုကို မိစ္ဆာအယူတို့၌ ဖြစ်စေ၍ (ငါ့အယူသာ)မှန်၏၊ (သင့်အယူကား)မှား၏ဟု (အမှန်အမှား) တရားနှစ်ပါးကို ပြောဆိုကြကုန်၏။ (၉)
“No, there are not many different truths that, apart from perception, <j>are lasting in the world. Having formed their reasoning <j>regarding different views, they say there are two things: true and false.
၈၉၄။ ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ, ဧတေ စ နိဿာယ ဝိမာနဒဿီ၊
ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော, ဗာလော ပရော အက္ကုသလောတိ စာဟ။
၈၉၄။ မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ မလွန်ကျူးမှု ‘သီလ’ နွား ခွေးစသည်တို့၏ အကျင့် ‘ဝတ’ဟူသော ဤသဘောတရားတို့ကိုမှီ၍မြတ်နိုးဖွယ်မဟုတ်သည့် စင်ကြယ်မှုကို မြင်သူသည် ဒိဋ္ဌိအဆုံးအဖြတ်၌ တည်လျက် ရယ်သွမ်းသွေးကာအခြားသူသည် မိုက်မဲ၏၊ မလိမ္မာဟူ၍လည်း ပြောဆိုတတ်၏။ (၁၀)
The seen, heard, or thought, <j>or precepts or vows— based on these they show disdain. Standing in judgment, they scoff, saying, ‘The other is a fool, an amateur!’
၈၉၅။ ယေနေဝ ဗာလောတိ ပရံ ဒဟာတိ, တေနာတုမာနံ ကုသလောတိ စာဟ၊
သယမတ္တနာ သော ကုသလော ဝဒါနော, အညံ ဝိမာနေတိ တဒေဝ ပါဝ။
၈၉၅။ အကြင်အကြောင်းဖြင့် အခြားသူကို မိုက်သူဟူ၍ ရှုမြင်၏၊ ထိုအကြောင်းဖြင့်ပင် မိမိကိုယ်ကို လိမ္မာသူဟူ၍လည်း ပြောဆို၏၊ မိမိကိုယ်ကို မိမိ လိမ္မာသူဟု အယူရှိသော ထိုသူသည် အခြားသူကို မမြတ်နိုးနိုင်၊ ထိုအယူကိုပင် ပြောဆို၏။ (၁၁)
They take the other as a fool on the same grounds that they speak of themselves as an expert. Professing to be expert on their own authority, they disdain the other while saying the same thing.
၈၉၆။ အတိသာရဒိဋ္ဌိယာဝ သော သမတ္တော, မာနေန မတ္တော ပရိပုဏ္ဏမာနီ၊
သယမေဝ သာမံ မနသာဘိသိတ္တော, ဒိဋ္ဌီ ဟိ သာ တဿ တထာ သမတ္တာ။
၈၉၆။ ထိုသူသည် အတိသာရဒိဋ္ဌိ၁ဟု ဆိုအပ်သော ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူနှင့်ပြည့်စုံသည်ဖြစ်၍ ထောင်လွှားမှု ‘မာန’ဖြင့် မာန်ယစ်ရကား ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသူဟုမှတ်ထင်၏၊ မိမိကိုယ်ကို မိမိ (ငါ ပညာရှိဟု) စိတ်ဖြင့် အဘိသိက်သွန်း၏၊ အကြောင်းသော်ကားထိုသူသည် ထိုအတိသာရ ဒိဋ္ဌိအယူသည် ထိုအခြင်းအရာအားဖြင့် စွဲမြဲယူဆသောကြောင့် တည်း။ (၁၂)
They are perfect, <j>according to their own extreme view; drunk on conceit, imagining themselves proficient. They have anointed themselves in their own mind, for such is the view they have embraced.
၈၉၇။ ပရဿ စေ ဟိ ဝစသာ နိဟီနော, တုမော သဟာ ဟောတိ နိဟီနပညော၊
အထ စေ သယံ ဝေဒဂူ ဟောတိ ဓီရော, န ကောစိ ဗာလော သမဏေသု အတ္ထိ။
၈၉၇။ သူတစ်ပါး ပြောဆိုသော စကားကြောင့် အကယ်၍ ပညာမဲ့သူ ဖြစ်ခဲ့ပါမူ ထိုပြောဆိုသောသူသည်လည်း အပြောခံရသူနှင့် အတူပင် ပညာမဲ့သူ ဖြစ်တော့၏၊ ယင်းသို့ မဟုတ် မိမိကိုယ်ကို မိမိအသိဉာဏ်ရှိသူ ပညာရှိသူ အကယ်၍ ဖြစ်နိုင်ခဲ့မူ သမဏတို့တွင် တစ်စုံတစ်ယောက်မျှ မိုက်မဲသူမရှိနိုင်တော့ပေ။ (၁၃)
If the word of your opponent makes you deficient, then they too are lacking wisdom. But if on your own authority <j>you’re a knowledge master, an attentive one, then there are no fools among the ascetics.
၈၉၈။ အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ, အပရဒ္ဓါ သုဒ္ဓိမကေဝလီ တေ [သုဒ္ဓိမကေဝလီနော (သီ။)]၊
ဧဝမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ, သန္ဒိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ [တျာဘိရတ္တာ (သျာ။ က။)]။
၈၉၈။ အကြင်သူတို့သည် ဤမိမိအယူမှတစ်ပါး အခြားသော အယူဝါဒတရားကို စွဲမြဲယူဆပြောဆိုကြကုန်၏၊ စင်ကြယ်မှု လမ်းစဥ်ကို ချွတ်ယွင်းစေကြကုန်၏၊ မပြည့်စုံစေကြကုန်၊သို့ ပင်ဖြစ်သော်လည်း မိမိအယူ၌ စွဲလမ်းမှု ‘ရာဂ’ဖြင့် အလွန်စွဲ လမ်းကုန်သော ထိုသူတို့သည် များစွာသော မိစ္ဆာအယူကို စွဲမြဲယူဆပြောဆိုကြကုန်၏။ (၁၄)
‘Those who proclaim a teaching other than this have fallen short of purity, and are inadequate’: so say each one of the sectarians, for they are deeply attached to their own view.
၈၉၉။ ဣဓေဝ သုဒ္ဓိ ဣတိ ဝါဒယန္တိ, နာညေသု ဓမ္မေသု ဝိသုဒ္ဓိမာဟု၊
ဧဝမ္ပိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ, သကာယနေ တတ္ထ ဒဠှံ ဝဒါနာ။
၈၉၉။ ထိုတိတ္ထိတို့သည် ဤ (ငါ၏) အယူ၌သာလျှင် စင်ကြယ်မှုရှိ၏ဟု ပြော ဆိုကြကုန်၏၊ အခြားသော အယူဝါဒတို့၌ ကား စင်ကြယ်မှုရှိ၏ဟု မပြောဆိုကြကုန်၊ မိမိတို့၏ လမ်းစဥ်ဖြစ်သော ထိုအယူ၌ စွဲစွဲမြဲမြဲ ပြောဆိုကြကုန်၏၊ ဤသို့လည်း တိတ္ထိတို့သည် များစွာသော အယူဝါဒတို့၌ သက်ဝင်၍ တည်ကြကုန်၏။ (၁၅)
‘Here alone is purity,’ they say, denying that there is purification in other teachings. Thus each one of the sectarians, being dogmatic, speaks forcefully within the context <j>of their own journey.
၉၀၀။ သကာယနေ ဝါပိ ဒဠှံ ဝဒါနော, ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ၊
သယမေဝ သော မေဓဂမာဝဟေယျ [မေဓကံ အာဝဟေယျ (သီ။ ပီ။)], ပရံ ဝဒံ ဗာလမသုဒ္ဓိဓမ္မံ။
၉၀၀။ မိမိတို့၏ လမ်းစဥ်ဖြစ်သော အယူဝါဒ၌လည်း (ဤအယူသည်သာလျှင် သင့်၏ဟု) စွဲစွဲမြဲမြဲပြောဆိုသူတို့သည် ဤအယူ၌ အဘယ်မည်သောသူတစ်ပါးကို မိုက်မဲသူဟူ၍ ရှုမြင်နိုင်အံ့နည်း၊ အခြားသူကို မိုက်မဲသူ စင်ကြယ်သော သဘော မရှိဟု ပြောဆိုသော ထိုသူသည် မိမိကိုယ်တိုင်ပင်ငြင်းခုံမှုကို ဆောက်ရွက်သည် မည်ရာ၏။ (၁၆)
But in that case, so long as they are speaking forcefully <j>of their own journey, how can they take the other as a fool? They are the ones who provoke conflict when they call the other a fool <j>with an impure teaching.
၉၀၁။ ဝိနိစ္ဆယေ ဌတွာ သယံ ပမာယ, ဥဒ္ဓံ သ [ဥဒ္ဒံ သော (သီ။ သျာ။ ပီ။)] လောကသ္မိံ ဝိဝါဒမေတိ၊
ဟိတွာန သဗ္ဗာနိ ဝိနိစ္ဆယာနိ, န မေဓဂံ ကုဗ္ဗတိ ဇန္တု လောကေတိ။
စူဠဗျူဟသုတ္တံ ဒွါဒသမံ နိဋ္ဌိတံ။
၉၀၁။ လောက၌ ထိုသူသည် ဒိဋ္ဌိအယူဝါဒ၌ တည်၍ မိမိကိုယ်တိုင် နှိုင်းချိန်လျက် (မိမိ၏အယူကို) အထက်၌ ထား၍ ငြင်းခုံခြင်းသို့ ရောက်၏၊ လောက၌ (သူတော်ကောင်း) ဖြစ်သော ပုဂ္ဂိုလ်သည်ကား အလုံးစုံသော ဒိဋ္ဌိအယူ ဝါဒတို့ကို စွန့်ပယ်ပြီးဖြစ်၍ ငြင်းခုံခြင်းကို မပြု။ (၁၇) တစ်ဆယ့်နှစ်ခုမြောက် စူဠဗျူဟသုတ် ပြီး၏။ ၁။ အကြောင်းကို လွန်၍ ဖြစ်သောကြောင့် (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ကို) အတိသာရဒိဋ္ဌိဟု ဆိုသည်၊ (လွန်၍ဖြစ်၏)ဟူသည် အကြောင်းမဲ့ ကြံစည် ယူဆမှုပင်တည်း။
Standing in judgment, <j>measuring by their own standard, they dispute with the world more and more. But a personage who has given up all judgments creates no conflict in the world.”
၁၃။ မဟာဗျူဟသုတ္တ
၉၀၂။ ယေ ကေစိမေ ဒိဋ္ဌိပရိဗ္ဗသာနာ, ဣဒမေဝ သစ္စန္တိ ဝိဝါဒယန္တိ [ဝိဝါဒိယန္တိ (သီ။ ပီ။)]၊
သဗ္ဗေဝ တေ နိန္ဒမနွာနယန္တိ, အထော ပသံသမ္ပိ လဘန္တိ တတ္ထ။
၁၃-မဟာဗျုဟသုတ် ၉၀၂။ [အမေး] မိစ္ဆာအယူ၌ စွဲမြဲတည်နေကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ဤငါ့အယူသာလျှင် မှန်၏ဟူ၍ ပြောဆိုကြကုန်၏၊ ထိုသူအားလုံးတို့သည် ထိုအယူ၌ အကဲ့ရဲ့ကိုသာခံကြရပါသလော၊သို့ မဟုတ် ချီးမွမ်းခြင်းကိုလည်း ရပါကုန်သေးသလော။ (၁)
Anthology of Discourses 4.13 The Longer Discourse on Arrayed for Battle “Regarding those who maintain their own view, disputing that, ‘This is the only truth’: are all of them subject only to criticism, or do some also win praise for that?”
၉၀၃။ အပ္ပဉှိ ဧတံ န အလံ သမာယ, ဒုဝေ ဝိဝါဒဿ ဖလာနိ ဗြူမိ၊
ဧတမ္ပိ ဒိသွာ န ဝိဝါဒယေထ, ခေမာဘိပဿံ အဝိဝါဒဘူမိံ။
၉၀၃။ [အဖြေ] ဤချီးမွမ်းခံရခြင်းသည် အနည်းငယ်မျှသာတည်း၊ (ရာဂစသည်တို့) ငြိမ်းအေးရန် မစွမ်းနိုင်၊ ငြင်းခုံခြင်း၏ အကျိုးတို့ကိုနိုင်ခြင်း ရှုံးခြင်းစသော ကောင်း မကောင်းအားဖြင့် နှစ်ပါးတို့ဟူ၍ငါ ဆို၏၊ ဤသို့ ငြင်းခုံခြင်း၏ အပြစ်ကိုလည်း မြင်၍ ငြင်းခုံမှုမရှိရာ နိဗ္ဗာန်ကို ဘေးမရှိဟု ရှုလျက်ငြင်းခုံမှုကို မပြုရာ။ (၂)
“That is a small thing, insufficient for peace, these two fruits of dispute, I say. Seeing this, one ought not dispute, looking for sanctuary in the land of no dispute.
၉၀၄။ ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ, သဗ္ဗာဝ ဧတာ န ဥပေတိ ဝိဒွါ၊
အနူပယော သော ဥပယံ ကိမေယျ, ဒိဋ္ဌေ သုတေ ခန္တိမကုဗ္ဗမာနော။
၉၀၄။ မိစ္ဆာအယူအားလုံးတို့ကို ပုထုဇဥ်တို့ ဖြစ်စေအပ်ကုန်၏၊ ပညာရှိသည်ဤမိစ္ဆာအယူအားလုံးတို့သို့ မကပ်ရောက်၊ မြင်ရသော အရာ ကြားရသော အရာ၌ နှစ်သက်လိုလားမှုကို မပြုသော ကပ်ရောက်တတ်သည့် တဏှာဒိဋ္ဌိမရှိသော ထိုပညာ ရှိသည် အဘယ်မည်သော ကပ်ရောက်ဖွယ့်ရုပ်ဝေဒနာစသည်သို့ ကပ်ရောက်တော့ မည်နည်း။ (၃)
One who knows does not get involved with any of the many different conventions. Why would the uninvolved get involved, since they do not believe <j>based on the seen or the heard?
၉၀၅။ သီလုတ္တမာ သညမေနာဟု သုဒ္ဓိံ, ဝတံ သမာဒါယ ဥပဋ္ဌိတာသေ၊
ဣဓေဝ သိက္ခေမ အထဿ သုဒ္ဓိံ, ဘဝူပနီတာ ကုသလာ ဝဒါနာ။
၉၀၅။ စောင့်ထိန်းမှု ‘သီလ’သာ မြတ်၏ဟု အယူရှိသူတို့့သည် သီလ စောင့်စည်းရုံမျှဖြင့်စင်ကြယ်၏ဟူ၍ ဆိုကုန်၏၊ နွား ခွေးစသည်တို့၏ အကျင့် ‘ဝတ’ကို ကောင်းစွာ ယူ၍ တည်ကုန်၏၊ ဤမိမိအယူ၌သာလျှင် ကျွမ်းကျင်လိမ္မာ၏ဟု ပြောဆိုသူတို့သည် ဘဝ၌ မက်မောနစ်မြုပ်ကုန်လျက်ထိုဆရာ၏ စင်ကြယ်သောအကျင့်ကို ကျင့်ကုန်အံ့ဟု ပြောဆိုကြကုန်၏။ (၄)
Those for whom ethics are the highest speak of purity through self-control; having undertaken a vow, they stick to it: ‘Let us train right here, then we will be pure.’ Professing to be experts, they are led on to future lives.
၉၀၆။ သစေ စုတော သီလဝတတော ဟောတိ, ပဝေဓတီ [သ ဝေဓတိ (သီ။ ပီ။)] ကမ္မ ဝိရာဓယိတွာ၊
ပဇပ္ပတီ ပတ္ထယတီ စ သုဒ္ဓိံ, သတ္ထာဝ ဟီနော ပဝသံ ဃရမှာ။
၉၀၆။ ထိုသူသည် စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’မှ ရွေ့လျောခဲ့မူ သီလနှင့်ဝတချွတ်ယွင်းပျက်စီးသောကြောင့် တုန်လှုပ်၏၊ နေအိမ်မှ (ထွက်ခဲ့၍) အရပ်တစ်ပါးသို့ သွားသူသည် လှည်းအုပ်မှ ကျန်ရစ်ခဲ့သော် ထိုနေအိမ်နှင့် လှည်း အုပ်တစ်ခုခုကို တောင့်တဘိသကဲ့သို့ ထို့အတူစင်ကြယ်မှုကို တမ်းတမူလည်း တမ်းတ၏၊ တောင့်တမူလည်း တောင့်တ၏။ (၅)
If they fall away from their precepts and vows, they tremble, having failed in their task. They pray and long for purity, like one who has lost their caravan <j>while journeying far from home.
၉၀၇။ သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ, ကမ္မဉ္စ သာဝဇ္ဇနဝဇ္ဇမေတံ၊
သုဒ္ဓိံ အသုဒ္ဓိန္တိ အပတ္ထယာနော, ဝိရတော စရေ သန္တိမနုဂ္ဂဟာယ။
၉၀၇။ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’အားလုံးကိုလည်းကောင်း၊ အပြစ်ရှိ အပြစ်မရှိသော ထိုအကုသိုလ် ကုသိုလ်ကံကိုလည်းကောင်း ပယ်စွန့်၍ စင်ကြယ်မှု မစင်ကြယ်မှုကို မတောင့်တသော ရဟန်းပုဂ္ဂိုလ်သည် မိစ္ဆာအယူကို မယူမူ၍ (စင်ကြယ်မှု မစင်ကြယ်မှုမှ) ကြဥ်ရှောင်လျက်သွားလာနေထိုင်နိုင်ရာ၏။ (၆)
But having given up all precepts and vows, and these deeds blameworthy or blameless; not longing for ‘purity’ or ‘impurity’, live detached, fostering peace.
၉၀၈။ တမူပနိဿာယ ဇိဂုစ္ဆိတံ ဝါ, အထဝါပိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ၊
ဥဒ္ဓံသရာ သုဒ္ဓိမနုတ္ထုနန္တိ, အဝီတတဏှာသေ ဘဝါဘဝေသု။
၉၀၈။ သံသရာမှ စင်ကြယ်၏ဟု (ဥဒ္ဓံသရအကိရိယသဿတ) အယူရှိသူတို့သည် စက်ဆုပ်အပ်သော ‘တပေါဇိဂုစ္ဆာ’ အကျင့်ကိုလည်းကောင်း ထို့ပြင် မြင်ရသော ‘ရူပါရုံ’ ကြားရသော ‘သဒ္ဒါရုံ’ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း အမှီပြု၍ ဘဝကြီးငယ်တို့၌ တပ်မက်မှု ‘တဏှာ’ မကင်းကြကုန်ရကား စင်ကြယ်မှုကို ပြောဆိုကုန်၏။ (၇)
Relying on mortification in disgust of sin, or else on what is seen, heard, or thought, they moan that purification <j>comes through heading upstream, not rid of craving for life after life.
၉၀၉။ ပတ္ထယမာနဿ ဟိ ဇပ္ပိတာနိ, ပဝေဓိတံ ဝါပိ ပကပ္ပိတေသု၊
စုတူပပါတော ဣဓ ယဿ နတ္ထိ, သ ကေန ဝေဓေယျ ကုဟိံဝ ဇပ္ပေ [ကုဟိဉ္စိ ဇပ္ပေ (သီ။ သျာ။ က။), ကုဟိံ ပဇပ္ပေ (ပီ။) နိဒ္ဒေသော ပဿိတဗ္ဗော]။
၉၀၉။ တောင့်တသူအား တမ်းတမှု ‘တဏှာ’တို့ ဖြစ်ကုန်သည်သာတည်း၊ (တဏှာဒိဋ္ဌိဖြင့်) ကြံစည်အပ်သော ဝတ္ထုတို့၌ တုန်လှုပ်မှုသည်မူလည်း ဖြစ်၏၊ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အားစုတိပဋိသန္ဓေ မရှိ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် အဘယ်ရာဂစသည်ဖြင့်မူလည်း တုန်လှုပ်ရာအံ့နည်၊ အဘယ်အရာမျိုး၌မူလည်း တမ်းတရာအံ့နည်း။ (၈)
For one who longs there are muttered prayers, and trembling too over ideas they have formed. But one here for whom there is no passing away <j>or reappearing: why would they tremble? For what would they pray?”
၉၁၀။ ယမာဟု ဓမ္မံ ပရမန္တိ ဧကေ, တမေဝ ဟီနန္တိ ပနာဟု အညေ၊
သစ္စော နု ဝါဒေါ ကတမော ဣမေသံ, သဗ္ဗေဝ ဟီမေ ကုသလာ ဝဒါနာ။
၉၁၀။ [အမေး] အချို့သောသူတို့သည် အကြင်အယူဝါဒတရားကို မြတ်၏ဟူ၍ ဆိုကုန်၏၊ အခြားသူတို့ကမူ ထိုအယူဝါဒတရားကိုပင်လျှင် ယုတ်၏ဟု ဆိုကြကုန်၏၊ ဤသူအားလုံးတို့သည် ပင်လျှင်လိမ္မာကျွမ်းကျင်၏ဟူ၍ အယူရှိကြကုန်၏၊ ဤသူတို့၏ အယူဝါဒတို့တွင် အဘယ်သူ၏ အယူဝါဒသည်မှန်ပါသနည်း။ (၉)
“The very same teaching that some say is ‘ultimate’, others say is inferior. Which of these statements is true, for all of them profess to be experts?”
၉၁၁။ သကဉှိ ဓမ္မံ ပရိပုဏ္ဏမာဟု, အညဿ ဓမ္မံ ပန ဟီနမာဟု၊
ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ, သကံ သကံ သမ္မုတိမာဟု သစ္စံ။
၉၁၁။ [အဖြေ] အချို့သူတို့သည် မိမိအယူဝါဒတရားကိုသာ ပြည့်စုံ၏ဟူ၍ ပြော ဆိုကုန်၏၊ အခြားသောသူ၏ အယူဝါတရားကိုမူကား ယုတ်၏ဟူ၍ ပြောဆိုကုန်၏၊ ဤသို့လည်း စွဲမြဲယူဆ၍ငြင်းခုံခြင်းကို ပြုကြကုန်၏၊ မိမိ မိမိတို့၏ ပညတ်ချက် အယူဝါဒကိုသာမှန်၏ဟူ၍ ပြောဆိုကြကုန်၏။ (၁၀) ၉၁၂။ သူတစ်ပါးကဲ့ရဲ့ရှုတ်ချမှုကြောင့် ယုတ်ညံ့သူဖြစ်ခဲ့မူ အယူဝါဒတရားတို့၌ တစ်စုံတစ်ရာထူးခြားချက် မဖြစ်ရာ၊ အကြောင်းသော်ကား များစွာသောသူတို့သည် အခြားသောသူ၏ အယူဝါဒတရားကို ယုတ်ညံ့၏ဟု ပြောဆိုကြကာ မိမိ အယူဝါဒ၌မူကား မြဲမြံစွာ ပြောဆိုတတ်သောကြောင့် တည်း။ (၁၁) ၉၁၃။ (ထိုတိတ္ထိတို့သည်) မိမိတို့၏ အယူဝါဒ လမ်းစဥ်တို့ကို ချီးမွမ်းကုန်သကဲ့သို့ ဤအတူထိုသူတို့၏ မိမိတို့ဆရာနှင့် ဆရာ့တရားကို ပူဇော်မှုသည်လည်း မချွတ်မယွင်းမှန်ကန်၏ဟု သာချီးမွမ်းကြကုန်၏၊ ဤသို့ ဖြစ်လတ်သော် အယူဝါဒအားလုံးတို့သည် မချွတ်မယွင်း အမှန်ချည်းသာဖြစ်ကုန်ရာ၏၊သို့ ပင်ဖြစ်သော်လည်း ထိုဆရာတို့၏ အယူဝါဒ စင်ကြယ်မှုသည် အသီးအခြား (တစ်မျိုးစီသာ) ဖြစ်၏။ (၁၂) ၉၁၄။ ရဟန္တာပုဂ္ဂိုလ်အား သူတစ်ပါးတို့ သိစေအပ်သော အရာမျိုးမရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) အယူဝါဒတရားတို့၌ ဆုံးဖြတ်၍ စွဲလမ်းမှုလည်းမရှိ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် သတိပဋ္ဌာန်စသည်မှ တစ်ပါးသော မိစ္ဆာဝါဒတရားကို အမြတ်ထား၍မရှုသောကြောင့် ငြင်းခုံမှုတို့ကို လွန်မြောက်တော့၏။ (၁၃) ၉၁၅။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ငါ သိ၏၊ ငါ မြင်၏၊ ထိုငါ သိမြင်သောတရားသည်မချွတ်မယွင်းမှန်သည်သာလျှင် တည်း (ဟု) အချို့သော သမဏ ဗြာဟ္မဏတို့သည် မိစ္ဆာအယူဖြင့်စင်ကြယ်မှုကို ယုံကြည်ကြကုန်၏၊ (ထိုသူတို့တွင် တစ်ယောက်ယောက်သည် ပရစိတ္တဝိဇာနနဉာဏ်စသည်ဖြင့်) အကယ်၍ သိမြင်စေ ကာမူ (သစ္စာလေးပါးတို့ သိမှု ကိစ္စမပြီးသောကြောင့် ) ထိုသူ၏ထိုမြင်ခြင်းဖြင့် အဘယ်သို့ ပြုအံ့နည်း၊ (ထိုတိတ္ထိတို့သည်) သတိပဋ္ဌာန်စသည်တို့ကို ကျော်လွန်၍အခြားသော မိစ္ဆာတရားဖြင့် စင်ကြယ်၏ဟူ၍ ပြောဆိုကြကုန်၏။ (၁၄) ၉၁၆။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ရှုမြင်သော နာမ်ရုပ်ကို (နိစ္စသုခ အတ္တအားဖြင့်) ရှုမြင်၏၊ ရှုမြင်ပြီး၍မူလည်း ထိုနာမ်ရုပ်တို့ကိုသာလျှင် (နိစ္စသုခ အတ္တအားဖြင့်) သိလတ္တံ့၊ များစွာရှုမြင်သည်မူလည်း ဖြစ်စေ၊ အနည်းငယ် ရှုမြင်သည်မူလည်းဖြစ်စေ ထိုရှုမြင်ခြင်းမျိုးဖြင့် စင်ကြယ်၏ဟု ခန္ဓာစသည်၌ လိမ္မာကုန်သောသူတို့က မပြောဆိုကြကုန်။ (၁၅) ၉၁၇။ မြဲမြံစွာ စွဲယူ၍ ဆိုလေ့ရှိသော (သဿတစသည့်) အယူရှိသူသည် ဆုံးမလွယ်သူ မဖြစ်နိုင်၊ ကြံစည်အပ်သည့်အယူကို ရှေ့သွားပြုသော်လည်း ဆုံးမ လွယ်သူ မဖြစ်နိုင်၊ ထိုသူသည် အကြင်အယူဝါဒကိုမှီ၏၊ ထိုမိမိမှီရာ အယူဝါဒ၌ တင့်တယ်ကောင်းမြတ်၏ဟု ပြောဆို၏၊ စင်ကြယ်၏ဟု ပြောဆိုသော ထိုသူသည် ထိုမိမိအယူဝါဒ၌ မချွတ်မယွင်းမှန်ကန်၏ဟု ရှုမြင်၏။ (၁၆) ၉၁၈။ ရဟန္တာပုဂ္ဂိုလ်သည် ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိဟူသော) ကြံစည်ခြင်းသို့ မကပ်ရောက်၊ မိစ္ဆာအယူတို့ကို အနှစ်သာရအားဖြင့် မယုံကြည်၊ အဘိညာဥ်ဉာဏ် သမာပတ္ထိဉာဏ်ဖြင့် (တဏှာဒိဋ္ဌိ) အနှောင်အဖွဲ့ကိုလည်း မဖြစ်စေ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ပုထုဇဥ်တို့ ဖြစ်စေအပ်ကုန်သော မိစ္ဆာအယူဝါဒတို့ကို သိပြီး၍သာလျှင် လျစ် လျူရှု၏၊ တစ်ပါးသော ပုထုဇဥ်တို့သည်ကားထိုမိစ္ဆာဒိဋ္ဌိအယူဝါဒတို့ကို တဏှာဒိဋ္ဌိအားဖြင့် စွဲယူကုန်၏။ (၁၇) ၉၁၉။ ဤလောက၌ ရဟန္တာပုဂ္ဂိုလ်သည် အထုံးအဖွဲ့ ‘ဂန္ထ’တရားလေးပါးတို့ကို ဖြေချပြီး၍ဖြစ်ပေါ်လာသော ငြင်းခုံမှုတို့၌ ဆန္ဒစသည်တို့၏ အစွမ်းဖြင့် အဂတိ အုပ်စုသို့ မလိုက်၊ မငြိမ်းအေးမှုတရားတို့၌ လျစ်လျူရှုသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရာဂစသည် ငြိမ်းအေးပြီးဖြစ်ရကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) မစွဲယူ၊ အခြားသော ပုထုဇဥ်တို့သည်ကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) စွဲယူကုန်၏။ (၁၈) ၉၂၀။ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရှေးအတိတ်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာတို့ကို ပယ်စွန့်၍ အသစ်ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ ဖြစ်သော လိုလားမှုစသည်ကို) မပြုမူ၍ ဆန္ဒာဂတိစသည်သို့ မလိုက်၊ မြဲမြံစွာ စွဲယူ၍လည်း ဆိုလေ့မရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) မိစ္ဆာအယူတို့မှ လွတ်မြောက်၏၊ လောက၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံမကပ်ငြိ၊ (ဒုစရိုက်ကို ပြုမိလေခြင်း သုစရိုက်ကို မပြုမိလေခြင်းဟု) မိမိကိုယ်ကို မကဲ့ရဲ့တတ်။ (၁၉) ၉၂၁။ ထိုရဟန္တာပုဂ္ဂိုလ်သည် မြင်သမျှသော ရူပါရုံကိုလည်းကောင်း၊ ကြားသမျှသော သဒ္ဒါရုံကိုလည်းကောင်း၊ ရောက်သမျှသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း ထိုတရားအားလုံးတို့၌ ကိလေသာစသော မာရ်စစ်သည်ကို လွှမ်းမိုး ဖျက်ဆီးနိုင်၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ကိလေသာတို့မှလွတ်မြောက်ပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိဟူသော ကြံစည်မှုတို့ကို မပြု၊ ပုထုဇဥ်သေက္ခတို့ကဲ့သို့ ရှောင်ကြဥ်ဆဲမဟုတ်တော့ပေ၊ တောင့်တမှု တဏှာလည်း မရှိတော့ပေ။ (၂၀) တစ်ဆယ့်သုံးခုမြောက် မဟာဗျူဟာသုတ် ပြီး၏။ ၁၄-တုဝဋကသုတ် ၉၂၂။ [အမေး] နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအားမေးလျှောက်ပါ၏၊ မြတ်သော သီလက္ခန္ဓစသောတရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား လောက၌ ရဟန်းသည် ကာယဝိဝေကစသော ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုလည်းကောင်း (ရာဂစသည်တို့) ငြိမ်းအေးရာနိဗ္ဗာန်ကိုလည်းကောင်း အဘယ်သို့ ရှုမြင်သည်ရှိသော် (ရုပ်စသော) တစ်စုံတစ်ခုကို စွဲလမ်းမယူမူ၍မိမိသန္တာန်၌ ရာဂ စသည်ကို ငြိမ်းအေးစေနိုင်ပါသနည်း။ (၁) ၉၂၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - (ရဟန်းသည် ) သံသရာကို ချဲ့ထွင်တတ်သောတဏှာဒိဋ္ဌိဟူသော ပပဉ္စတရား၏ အရင်းမူလ‘အဝိဇ္ဇာ’စသည်ကိုလည်းကောင်း (ရုပ်စသော ခန္ဓာငါးပါး၌) ငါဟူသော ထောင်လွှားမှု ‘အသ္မိမာန’ကိုလည်းကောင်း ဤအလုံးစုံကို ပညာဖြင့် အကြွင်းမဲ့ ချုပ်စေရာ၏၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောတဏှာအားလုံးတို့ကို ပယ်ဖျောက်ခြင်းငှါ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်ရာ၏။ (၂) ၉၂၄။ အကြင်ပုဂ္ဂိုလ်သည် မိမိကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးကိုလည်းကောင်း ထိုမှတစ်ပါးသော ဆရာဥပဇ္ဈာယ်တို့ကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးတို့ကိုလည်းကောင်း သိရာ၏၊ ထိုပုဂ္ဂိုလ်သည် ထိုသိသမျှသော မိမိဂုဏ် ဆရာသမားဂုဏ်ဖြင့် ခက်ထန်မှု ‘မာန’ကို မပြုရာ၊ ထိုခက်ထန်မှု ‘မာန’ကို ငြိမ်းအေးကြောင်းဟူ၍ သူတော်ကောင်းတို့ မဆိုကြကုန်။ (၃) ၉၂၅။ ထိုမာနဖြင့် ငါသည် မြင့်မြတ်သူဟူ၍လည်းကောင်း၊ ယုတ်နိမ့်သူဟူ၍လည်းကောင်း၊ ထို့ပြင်တူညီသူဟူ၍လည်းကောင်း မမှတ်ထင်ရာ၊ များစွာသော အခြင်းအရာတို့ဖြင့် ပြည့်စုံသူဟူ၍ မိမိကိုယ်ကိုအထူးကြံစည်လျက် မတည်ရာ။ (၄) ၉၂၆။ ရဟန်းသည် မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကိုသာလျှင် ငြိမ်းစေရာ၏၊ (သတိပဋ္ဌာန်စသည်တို့မှ) တစ်ပါးသော မိစ္ဆာအကျင့်ဖြင့် ငြိမ်းအေးမှုကို မရှာမှီးရာ၊ မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကို ငြိမ်းစေပြီး သူအား မိမိကိုယ်ဟူသော (အတ္တဒိဋ္ဌိ) အယူ မရှိ၊ အတ္တမှ ကင်းသော (ဥစ္ဆေဒဒိဋ္ဌိ) အယူသည်ကား အဘယ်မှာ ရှိတော့အံ့နည်း။ (၅) ၉၂၇။ သမုဒ္ဒရာ၏ (အောက်အထက်တို့) အလယ်၌ လှိုင်းတံပိုးတို့ မဖြစ်မူ၍ (မတုန်မလှုပ်) တည်သကဲ့သို့ ဤအတူ တဏှာကင်းသူသည် (လောကဓံတရား ရှစ်ပါးကြောင့် မတုန်မလှုပ်) တည်၏၊ ရဟန်းသည် တစ်စုံတစ်ခုသော အာရုံကြောင့် (ရာဂစသည်) ထူပြောများပြားခြင်းကို မပြုရာ။ (၆) ၉၂၈။ [အမေး] အပိတ်အပင်မရှိ ပွင့်ပွင့်လင်းလင်း မြင်စွမ်းနိုင်သော မြတ်စွာဘုရား (မြတ်စွာဘုရားသည် ထင်ရှား မထင်ရှားသော) ဘေးရန်ကို ဖျက်ဆီးတတ်သော ကိုယ်တိုင်မျက်မှောက်ပြု၍ သိပြီးသောတရားကို ဟောကြားခဲ့ပါပြီ၊ အသျှင်ဘုရား မဂ်ဖိုလ်နိဗ္ဗာန်နှင့်လျော်သော ကျင့်စဥ်ကိုလည်းကောင်း၊ပါတိမောက္ခသံဝရ သီလကို လည်းကောင်း၊ တည်ကြည်မှု ‘သမာဓိ’ ကိုလည်းကောင်း ဟောကြားတော်မူပါလော့။ (၇) ၉၂၉။ [အဖြေ] မျက်စိတို့ဖြင့် လျှပ်ပေါ်သည် မဖြစ်ရာ၊ တိရစ္ဆာနကထာဟူသော ရွာသူတို့၏ စကားမှနားကို ပိတ်ပင်တားဆီးရာ၏၊ ရသာရုံ၌လည်း မမက်မော ရာ၊ လောက၌ တစ်စုံတစ်ခုကိုမျှလည်း (တဏှာဒိဋ္ဌိတို့ဖြင့်) မမြတ်နိုးရာ။ (၈) ၉၃၀။ ရဟန်းသည် အနာရောဂါဟူသော အတွေ့ဖြင့် တွေ့ကြုံသောအခါတစ်စုံ တစ်ခုသော အကြောင်းကြောင့် ငိုကြွေးခြင်းကို မပြုရာ၊ (ကာမစသော) ဘဝကိုလည်း မတောင့်တရာ၊ ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့်လည်း မတုန်လှုပ်ရာ။ (၉) ၉၃၁။ ထမင်း (မုံ့ ငါးစသည်)တို့ကိုလည်းကောင်း၊ (ရှစ်ပါးသော) အဖျော်တို့ကိုလည်း ကောင်း၊ (မုံံ့ သစ်သီးစသော) ခဲဖွယ်တို့ကိုလည်းကောင်း၊ အဝတ်တို့ကိုလည်းကောင်း ရသည် ရှိသော် သိုမှီးမှုကို မပြုရာ၊ ထိုထမင်းစသည်တို့ကို မရသော်လည်း မစိုးရိမ် မထိတ်လန့်ရာ။ (၁၀) ၉၃၂။ ဈာန်၌ မွေ့လျော်သော ရဟန်းသည် လှည့်လည်သွားလာခြင်းဖြင့် ခြေလျှပ် ပေါ်သူ မဖြစ်ရာ၊ (လက် ခြေဆော့ခြင်းစသော လှုပ်ရှားမှု) ကုက္ကုစ္စမှ ရှောင်ကြဥ် ရာ၏၊ (ကုသိုလ်တရားတို့၌) မမေ့မလျော့ရာ၊ အသံတိတ်ဆိတ်ကုန်သောနေရာ အိပ်ရာတို့၌ နေရာ၏။ (၁၁) ၉၃၃။ (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသူသည် အိပ်ခြင်းကို များစွာ မပြုရာ၊ နိုးကြားမှု ‘ဝီရိယ’ကိုမှီဝဲရာ၏၊ ပျင်းရိမှုကိုလည်းကောင်း၊ လှည့်ပတ်မှု ‘မာယာ’ကိုလည်းကောင်း၊ ရယ်ရွှင်မှုကိုလည်းကောင်း၊ မြူးထူးကစားမှုကိုလည်းကောင်း၊ မေထုန်အကျင့်ကိုလည်းကောင်း၊ အသုံးအဆောင်နှင့်တကွ ခန္ဓာကိုယ်ကို တန်ဆာဆင်မှုကိုလည်းကောင်း ပယ်စွန့်ရာ၏။ (၁၂) ၉၃၄။ (ရတနာသုံးပါးကို) မြတ်နိုးသူသည် သူတစ်ပါးကို နှိပ်စက်ကြောင်း (အာထဗ္ဗဏ) အတတ်ကိုလည်းကောင်း၊ အိပ်မက်ကျမ်းကိုလည်းကောင်း၊ လက္ခဏာ ကျမ်းကိုလည်းကောင်း၊ ထို့ပြင်နက္ခတ်ကျမ်းကိုလည်းကောင်း၊ သားငှက်စသည်တို့၏ မြည်သံတွန်သံကို သိသော အတတ်ကိုလည်းကောင်း၊ ကိုယ်ဝန်တည်ရေး ဆေး ပေးခြင်းကိုလည်းကောင်း မစီရင်ရာ၊ ဆေးကုခြင်းကိုလည်း မမှီဝဲမလိုက်စားရာ။ (၁၃) ၉၃၅။ ရဟန်းသည် ကဲ့ရဲ့ခြင်းကြောင့် မတုန်လှုပ်ရာ၊ အချီးမွမ်းခံရသော်လည်း မတက်ကြွရာ၊ ဝန်တိုခြင်းနှင့်တကွ လိုချင်မှု ‘လောဘ’ကိုလည်းကောင်း၊ အမျက် ထွက်မှု ‘ကောဓ’ကိုလည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုကိုလည်းကောင်း ပယ် ဖျောက်ရာ၏။ (၁၄) ၉၃၆။ ရဟန်းသည် ဝယ်ခြင်း ရောင်းခြင်း၌၂ မတည်ရာ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် မျှစွပ်စွဲကြောင်း ကိလေသာကို မဖြစ်စေရာ၊ ရွာ၌လည်း (လူတို့နှင့်) မရောယှက် မကပ်ငြိရာ၊ လာဘ်လိုချင်မှုဟူသော အကြောင်းကြောင့် လူ အပေါင်းကို မြှောက်ပင့်နှိမ့်ချ၍ မပြောဆိုရာ။ (၁၅) ၉၃၇။ ရဟန်းသည် ဝါကြွားတတ်သူ မဖြစ်ရာ၊ (သင်္ကန်းစသော ပစ္စည်းရရေးနှင့်) စပ်သောစကားကို မပြောဆိုရာ၊ (ကိုယ်နှုတ်စိတ်) ကြမ်းတမ်းရိုင်းစိုင်းမှုကို မပြုကျင့်ရာ၊ ငြင်းခုံသော စကားကို မပြောဆိုရာ။ (၁၆) ၉၃၈။ ဆင်ခြင်ဉာဏ် သမ္ပဇဥ်ရှိသူသည် မုသားစကား မပြောဆိုရာ၊ စဥ်းလဲခြင်းတို့ကိုလည်း မပြုရာ၊ ခေါင်းပါးသော အသက်မွေးခြင်းဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ စောင့်ထိန်းမှု ‘သီလ’ဓူတင်ဆောက်တည်မှု ‘ဝတ’ဖြင့်လည်းကောင်း အခြားသူတို့ကို မထီမဲ့မြင်မအောက်မေ့ရာ။ (၁၇) ၉၃၉။ သူတစ်ပါးတို့ ဖျက်ဆီးကဲ့ရဲ့ခံရသော ရဟန်းသည် ပရိဗိုဇ်ရဟန်းတို့၏လည်းကောင်း၊ များစွာသောသူတို့၏လည်းကောင်း၊ များစွာသော စကားကို ကြားရသည်ရှိသော်လည်းကောင်း ထိုသူတို့ကိုကြမ်း၊ ကတ်သော စကားဖြင့် တုံ့ပြန်မပြော ဆိုရာ၊မှန်၏- သူတော်ကောင်းတို့သည် ရန်တုံ့မူခြင်းကို မပြုကြကုန်။ (၁၈) ၉၄၀။ စုံစမ်းဆင်ခြင်သော ရဟန်းသည် ထိုဟောပြခဲ့ပြီးသောတရားကိုလည်း သိ၍ အခါ ခပ်သိမ်းသတိနှင့် ပြည့်စုံသည် ဖြစ်လျက် ကျင့်ရာ၏။ (ရာဂစသည်တို့) ငြိမ်းအေးရာ သဘောတရားကို‘သန္တိသုခနိဗ္ဗာန’ဓာတ်ဟု သိ၍ ဂေါတမနွယ် ဖွား မြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ရာ။ (၁၉) ၉၄၁။ အာရုံခြောက်ပါးတို့ကို လွှမ်းမိုးနိုင်သည်ဖြစ်၍ ကိလေသာတို့က မနှိပ် စက်နိုင်သော ထိုမြတ်စွာဘုရားသည် (တစ်ဆင့်ကြားမဟုတ်)၊ မိမိ (ကိုယ်တော်တိုင်) မျက်မှောက်ပြုသောတရားကို့မြင်တော်မူ၏၊ ထို့ကြောင့် ပင်လျှင် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ အခါ ခပ်သိမ်းရိုသေကိုင်းညွတ်သည်ဖြစ်၍ ကျင့်ရာ၏။ (၂၀) တစ်ဆယ့်လေးခုမြောက် တုဝဋကသုတ် ပြီး၏။ ၁။ ညဥ့်နေ့ကို ခြောက်ပုံပုံ၍ တစ်ပုံ (လေးနာရီ) မျှသာ အိပ်ရာ၏။ (မဟာနိဒ္ဒေသပါဠိတော်) ၂။ သီတင်းသုံးဖော်အချင်းချင်း လှည့်ပတ်၍ဖြစ်စေ အမြတ်ယူ၍ဖြစ်စေ ဖလှယ်မှုကိုဆိုသည်။ (အဋ္ဌကထာ) ၁၅-အတ္တဒဏ္ဍသုတ် ၉၄၂။ (ပစ္စုပ္ပန် သံသရာနှစ်ဖြာသော) ဘေးသည် မိမိ၏ ဒုစရိုက် အပြစ်ဒဏ်ကြောင့် သာဖြစ်ပေါ်လာရာ၏၊ (သို့ ပင်ဖြစ်သော်လည်း) အချင်းချင်း ခိုက်ရန် ငြင်းခုံ နေသော လူအပေါင်းကိုရှုကြကုန်လော့၊ ငါဘုရားကိုယ်တိုင် ထိတ်လန့်မှု သံဝေဂ ရခဲ့ဖူးသည့်အတိုင်း ထိတ်လန့်ဖွယ်သံဝေဂတရားကို ဟောကြားပေအံ့။ (၁) ၉၄၃။ ရေနည်းငါးတို့ကဲ့သို့ (ကိလေသာတို့ကြောင့်) တုန်လှုပ်နေသော သတ္တဝါ အပေါင်းကိုမြင်ရ၍လည်းကောင်း၊ အချင်းချင်း ခိုက်ရန် ငြင်းခုံနေကြသော လူတို့ကို မြင်ရ၍လည်းကောင်းကြောက်မက်ဖွယ် ဘေးဘျမ်းသည် ငါ့ထံသို့ ဝင်ရောက် လာ၏။ (၂) ၉၄၄။ ထက်ဝန်းကျင် (အားလုံး) သော လောကသည် အနှစ်သာရ မရှိ၊ အရပ် မျက်နှာအားလုံးရှိသင်္ခါရတရားတို့သည် (မမြဲခြင်းစသည်ဖြင့်) တုန်လှုပ်ကုန်၏၊ မိမိ၏မှီခိုအားထားရာကို အလိုရှိသူသည် (ဇရာစသည်တို့ဖြင့်) မလွှမ်းမိုးနိုင်သည့် တစ်စုံတစ်ခုသောအရပ်ကို မမြင်။ (၃) ၉၄၅။ ပျိုသော အရွယ်စသည်တို့၏ ပြီးဆုံးပြီးနောက် ဖြစ်ကုန်သော (ဇရာ စသည်တို့) နှိပ်စက်ညှဥ်းဆဲအပ်ကုန်သော သတ္တဝါတို့ကို မြင်ရ၍ ငါ့အား မမွေ့လျော်မှု ဖြစ်ခဲ့ပြီ၊ ထို့ပြင်ဤသတ္တဝါတို့၌ စိတ်နှလုံးကိုမှီနေသည်ဖြစ်၍ မြင်နိုင် ခဲသော (ရာဂစသော) မြားငြောင့်ကို ငါ မြင်ပြီ။ (၄) ၉၄၆။ အကြင် (ရာဂစသော) မြားငြောင့် စူးဝင်နေသူသည် အရပ်မျက်နှာအား လုံးတို့သို့ ပြေးသွားရ၏၊ ထို (ရာဂစသော) မြားငြောင့်ကိုပင်လျှင် နုတ်ပယ်လိုက်သည်ရှိသော် မပြေးသွားရတော့ပေ၊ (ဩဃလေးပါး၌) မနစ်မြုပ်ရတော့ပေ။ (၅) ၉၄၇။ လူ့ပြည် လောက၌ အကြင်တပ်မက်မောဖွယ် (ကာမဂုဏ်)တို့သည် ရှိကုန်၏၊ ထိုတပ်မက်မောဖွယ် ကာမဂုဏ်တို့ကြောင့် (ဆင်အတတ်စသော) အတတ် ပညာတို့ကို အဆင့်ဆင့်သင်ယူကြကုန်၏၊ ထိုကာမဂုဏ်တို့နှင့် အတတ်ပညာတို့၌ လိုက်စားလေ့လာသူ မဖြစ်ရာ၊ ကာမတို့ကို (အနိစ္စစသောအားဖြင့်) အချင်းခပ်သိမ်း ထိုးထွင်းသိ၍ မိမိ၏ (ရာဂစသည်ကို) ငြိမ်းစိမ့်သောငှါ ကျင့်ရာ၏။ (၆) ၉၄၈။ ရဟန်းသည် ဝစီသစ္စာစသည်နှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ (ကိုယ်နှုတ်စိတ်) မကြမ်းတမ်းသူလှည့်ပတ်မှု ‘မာယာ’ မရှိသူကုန်းတိုက်မှု ကင်းသူ အမျက်ထွက်မှု မရှိသူ ဖြစ်ရာ၏၊ ယုတ်မာသော လော ဘကိုလည်းကောင်း၊ ဝန်တိုမှု ‘မစ္ဆရိယ’ကိုလည်းကောင်း လွန်မြောက်ရာ၏။ (၇) ၉၄၉။ နိဗ္ဗာန်သို့ ညွတ်သော စိတ်ရှိသူသည် ငိုက်မျဥ်းခြင်းကိုလည်းကောင်း ပျင်းရိခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းခြင်းကိုလည်းကောင်း ဖျောက်ဖျက်ရာ၏၊ (ကုသိုလ်ကောင်းမှုတို့၌) မေ့လျော့သဖြင့် မနေရာ၊ အလွန်ထောင်လွှားမှု ‘မာန’၌ မတည်ရာ။ (၈) ၉၅၀။ မုသားစကား မပြောဆိုရာ၊ ရုပ်တရား၌ ချစ်ခင်မှုကို မပြုရာ၊ ထောင် လွှားမှု ‘မာန’ကိုလည်းပိုင်းခြား၍ သိရာ၏၊ အဆောတလျင် ပြုလုပ်ခြင်းမှ ရှောင် ကြဥ်သည်ဖြစ်၍ ကျင့်ရာ၏။ (၉) ၉၅၁။ အတိတ်ခန္ဓာငါးပါးကို မနှစ်သက် မမက်မောရာ၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၌ နှစ်သက်မက်မောမှုကိုလည်းမပြုရာ၊ ခန္ဓာစသည် ပျက်စီးသည်ရှိသော် မပူဆွေး ရာ၊ ဆွဲငင်တတ်သောတဏှာကို စွဲမှီသူ မဖြစ်ရာ။ (၁၀) ၉၅၂။ မက်မောမှု ‘တဏှာ’ကို ကြီးစွာသော ရေအလျဥ်ဟူ၍ ငါ ဆို၏၊ လျင်စွာ ဖြစ်တတ်သောတဏှာကို တောင့်တမှု ‘ဇပ္ပန’ဟူ၍လည်းကောင်း၊ မလွှတ်မူ၍ ဆွဲကိုင်မှု ‘အာရမ္မဏ’ဟူ၍လည်းကောင်း၊ တုန်လှုပ်မှု ‘ပကပ္ပန’ဟူ၍လည်းကောင်း ငါ ဆို၏၊ ကာမဟူသော ညွန်ကို လွန်မြောက်နိုင်ခဲသော အရာဟု ငါ ဆို၏။ (၁၁) ၉၅၃။ မကောင်းမှုမှ အပပြုပြီးသော ထိုရဟန်းသည် (အဋ္ဌင်္ဂီကမဂ်) သစ္စာမှ မလွှဲမရှောင်မူ၍ (အာယတန)အားလုံးကို စွန့်လွှတ်ပြီးလျှင် (နိဗ္ဗာန်ဟူသော) ကြည်းကုန်းထက်၌ တည်၏၊ ထိုပုဂ္ဂိုလ်ကို စင်စစ် ငြိမ်းအေးပြီးသူဟူ၍ ဆိုအပ်၏။ (၁၂) ၉၅၄။ ဤလောက၌ (ဆန္ဒရာဂစသည်ကို ပယ်ပြီးဖြစ်၍) ကောင်းစွာ နေထိုင် သွားလာသော ထိုပုဂ္ဂိုလ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) မမှီဘဲလျက် သင်္ခတတရား အပေါင်းကို (အနိစ္စ စသောအားဖြင့်) သိပြီးဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မချစ်ခင် တော့ပေ၊ ထိုပုဂ္ဂိုလ်သည်သာ ပညာရှိမည်၏၊ ထိုပုဂ္ဂိုလ်သည်သာ မဂ်ဉာဏ်သို့ ရောက်ပြီးသူ မည်၏။ (၁၃) ၉၅၅။ ဤလောက၌ အကြင်သူသည် ကာမတို့ကို လွန်မြောက်ခဲ့ပြီ၊ လောက၌ လွန်နိုင်ခဲသော ကပ်ငြိမှု ‘တဏှာ’ကိုလည်း လွန်မြောက်ခဲ့ပြီ၊ (တဏှာ) အလျဥ်ကို ဖြတ်ပြီးသော ကိလေသာအနှောင်အဖွဲ့မရှိသော ထိုသူသည် မပူဆွေးတော့ပေ၊ မကြံမှိုင်တော့ပေ။ (၁၄) ၉၅၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာမျိုးကို ခြောက်ခန်း စေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ (ကိလေသာ ငြိမ်းအေးသည်ဖြစ်၍) နေရလတ္တံ့။ (၁၅) ၉၅၇။ အကြင်ရဟန္တာအား နာမ်ရုပ်တရားအပေါင်း၌ (ငါ ငါ၏ဥစ္စာဟု) အချင်း ခပ်သိမ်းမြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီးသော်လည်း မစိုးရိမ်၊ ထို ရဟန္တာပုဂ္ဂိုလ်သည် လောက၌ ဆုတ်ယုတ်ဆုံးရှုံးသူ မဟုတ်။ (၁၆) ၉၅၈။ အကြင်ရဟန္တာပုဂ္ဂိုလ်အား ငါ၏ ဥစ္စာဟူ၍လည်းကောင်း၊ သူတစ်ပါးတို့၏ ဥစ္စာဟူ၍လည်းကောင်း (ရုပ်ဝေဒနာစသည်ကို) စွဲယူကြောင့်ကြမှု မရှိ၊ ထိုရဟန္တာ ပုဂ္ဂိုလ်သည် မြတ်နိုးစွဲလမ်းဖွယ်ဝတ္ထုကို မရသော်လည်း ငါ့အား မရမရှိဟူ၍ မစိုး ရိမ်တော့ချေ။ (၁၇) ၉၅၉။ တုန်လှုပ်ခြင်း မရှိသူပုဂ္ဂိုလ်ကို ငါ့အား မေးသည်ရှိသော် (အကြင်ပုဂ္ဂိုလ်သည် ) ငြူစူခြင်း မရှိ၊ မက်မောတွယ်တာမှု မရှိ၊ တုန်လှုပ်ကြောင်း တဏှာ မရှိ၊ အာယတနအားလုံးတို့၌ အညီအမျှလျစ်လျူရှုနိုင်၏၊ (ထိုပုဂ္ဂိုလ်၌) ထိုအကျိုး အာနိသင် (လေးပါး) ကို ငါ ဆို၏။ (၁၈) ၉၆၀။ တုန်လှုပ်မှုတဏှာကင်းသော (သင်္ခါရတရားတို့၏ အနိစ္စစသော အခြင်း အရာကို) သိသောသူအားတစ်စုံတစ်ခုပြုပြင်တတ်သော သင်္ခါရ မရှိ၊ ထိုပုဂ္ဂိုလ်သည် အထူးထူးသောအားထုတ်မှု (ကုသိုလ်အကုသိုလ် သင်္ခါရ)မှ ကင်းသည်ဖြစ်၍ အလုံးစုံသော အရာဌာနတို့၌ ဘေးမရှိသည်ကို မြင်နိုင်၏။ (၁၉) ၉၆၁။ အကြင်ရဟန်းသည် တူညီသူတို့၌ (မာနအစွမ်းဖြင့်) တူညီသူဟု မပြော ဆို၊ ယုတ်နိမ့်သူတို့၌ ယုတ်နိမ့်သူဟု မပြောဆို၊ မြင့်မြတ်သူတို့၌ မြင့်မြတ်သူဟု မပြောဆို၊ ကိလေသာငြိမ်းအေးပြီးဖြစ်သော ထိုရဟန်းသည် ဝန်တိုမှု ‘မစ္ဆေရ’ ကင်းသည်ဖြစ်၍ (ခန္ဓာငါးပါးစသည်ကို) စွဲလည်း မစွဲယူ စွန့်လည်းမစွန့်လွှတ်။ (၂၀) တစ်ဆယ့်ငါးခုမြောက် အတ္တဒဏ္ဍသုတ် ပြီး၏။ ၁၆-သာရိပုတ္တသုတ် ၉၆၂။ (အသျှင်သာရိပုတ္တရာသည် ဤသို့ လျှောက်ဆို၏) - နှစ်သက်မွေ့လျော်ဖွယ်ရာ နတ်ပြည် လောကမှ ကြွလာတော်မူခဲ့သော ဂိုဏ်းဆရာ ဖြစ်တော်မူသော ဤသို့ အင်္ဂါရှစ်ပါးရှိသော အသံတော်ဖြင့် ချိုမြိန်သာယာစွာ ဟော ကြားမြွက်ဆိုတော်မူတတ်သော ဆရာဘုရားကို (သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်း တော်မူရာ) ဤအခါမှ ရှေး၌ အကျွန်ုပ်သည်ကိုယ်တိုင်လည်းမမြင်ဖူးပါ၊ တစ်စုံ တစ်ယောက်သောသူ၏ ပြောဆိုသံကိုလည်း မကြားဖူးပါ။ (၁) ၉၆၃။ မြတ်သော စက္ခုရှိတော်မူသော ပြိုင်ဘက်မပြူ တစ်ဆူတည်းသာ ဖြစ် တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လူအပေါင်းသည် (အချင်း ချင်း) ထင်ရှားတွေ့မြင်နိုင်လောက်အောင် အမိုက်မှောင်အားလုံးကို ပယ်ဖျောက် တော်မူပြီး၍ မွေ့လျော်မှုကို ရတော်မူပြီ။ (၂) ၉၆၄။ မင်းပုဏ္ဏားစသော များစွာသောသူတို့ အကျိုးငှါလည်းကောင်း၊ အလုပ် အကျွေးတပည့်ရဟန်းတို့ အကျိုးငှှါလည်းကောင်း တဏှာဒိဋ္ဌိကို မမှီသောသည်းခံခြင်းဂုဏ်နှင့် ပြည့်စုံသောအံ့ဩဖွယ် ‘ကုဟန’ အမှုကို မပြုတတ်သော ဂိုဏ်းဆရာ အဖြစ်သို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားကို ပြဿနာမေးရန်အလို့ငှါ ဤအရပ်သို့ အကျွန်ုပ် ရောက်လာခဲ့ပါ၏။ (၃) ၉၆၅။ (ဇာတိစသည်မှ) ငြီးငွေ့စက်ဆုပ်သည်ဖြစ်၍ မလျောက်ပတ်သော ရူပါရုံစသည်မှဆိတ်သုဥ်းသည့်နေရာဖြစ်သော သစ်ပင်ရင်း သုသာန် တောင် လိုဏ်ဂူတို့၌မှီဝဲဆည်း ကပ်သော ရဟန်းအား (ကြောက်မက်ဖွယ်ဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း)။ (၄) ၉၆၆။ အယုတ်အမြတ်ဖြစ်သည့် အိပ်ရာနေရာတို့တွင် အသံကင်းဆိတ်သော အကြင်အိပ်ရာနေရာ၌ ရဟန်းသည် အကြင်ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့် မတုန်လှုပ်ရာ၊ ထိုအိပ်ရာနေရာ၌မှီဝဲသော ရဟန်းအား ထိိုကြောက်မက်ဖွယ် ဘေး ရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း။ (၅) ၉၆၇။ အစွန်အဖျားကျသော အိပ်ရာနေရာကျောင်း၌ (နေသော) ရဟန်းသည် အကြင် ဘေးရန်တို့ကို နှိမ်နင်းနိုင်ရာ၏၊ လောက၌ မရောက်ဖူးသေးသည့် နိဗ္ဗာန် အရပ်သို့ သွားသော ရဟန်းအားထိုဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန် သနည်း။ (၆) ၉၆၈။ ဤသာသနာတော်၌ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသော ထိုရဟန်းအား အဘယ်သို့ သော စကားတို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့သော ကျက်စားရာ ‘ဂေါစရ’တို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့ သော စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’တို့သည် ဖြစ်ပါကုန်သနည်း။ (၇) ၉၆၉။ တည်ကြည်သော စိတ်ရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ထိုရဟန်းသည် အဘယ်မည်သောအကျင့်သိက္ခာကို ဆောက်တည်၍ ရွှေပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို ထုတ်သကဲ့သို့ ဤအတူ မိမိ၏ (ကိလေသာ) အညစ်အကြေးကို ထုတ်ရာပါသနည်းဟု (အသျှင်သာရိပုတ္တရာက လျှောက်၏)။ (၈) ၉၇၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - သာရိပုတ္တရာ (သံသရာဘေးကို) စက်ဆုပ်တတ်သော ဆိတ်ငြိမ်သည့် အိပ်ရာ နေရာ ကျောင်းကိုမှီဝဲသော စင်စစ် (မဂ်ဉာဏ်ကို) အလိုရှိသူ၏ ချမ်းသာစွာ နေကြောင်းဖြစ်သော လောကုတ္တရာတရားအားလျော်သောအကျင့်တရားကို ငါ သိသည့်အတိုင်း သင့်အား ဟောကြားပေအံ့။ (၉) ၉၇၁။ အပိုင်းအခြားရှိသည့် သီလစသည်တို့၌ ကျင့်လေ့ရှိသော သတိရှိသော ပညာရှိသော ရဟန်းသည်မှက်နှင့် ခြင် ယင်တို့လည်းကောင်း မြွေ ကင်းသန်းတို့လည်းကောင်း လူတို့ညှဥ်းဆဲထိပါးမှုတို့လည်းကောင်း ခြေလေးချောင်းရှိသော သတ္တဝါတို့လည်းကောင့်းဤဘေးရန်လေးမျိုးတို့ကို မကြောက်ရာ။ (၁၀) ၉၇၂။ ကုသိုလ်ကို အစဥ်မပြတ် ရှာမှီးလေ့ရှိသူသည် (သီတင်းသုံးဖော် ခုနစ်ယောက်မှ)၁ တစ်ပါးအခြားသော သာသနာပြင်ပဖြစ်သော ထိုသူတို့၏ များစွာသော ကြောက်မက်ဖွယ်တို့ကို မြင်သော်လည်း မထိတ်လန့်ရာ၊ ထို့ပြင် အခြားဘေးရန်တို့ကိုလည်း နှိမ်နင်းတိုက် ဖျက်ရာ၏။ (၁၁) ၉၇၃။ အနာရောဂါ ညှဥ်းဆဲထိပါးမှုဖြင့်လည်းကောင်း၊ ဆာလောင်မွတ်သိပ်မှုဖြင့်လည်းကောင်းတွေ့ထိခံရသူသည် သည်းခံရာ၏၊ ထို့ပြင် အချမ်းအပူကိုလည်းသည်းခံရာ၏၊ ထိုအနာရောဂါစသည်တို့ဖြင့် များစွာ တွေ့ထိခံရသူသည် ဘဝသစ်ကို ဖြစ်စေတတ်သော ကုသိုလ်အကုသိုလ်ကံတို့၏ ဖြစ်ခွင့်ကို မပေးမူ၍ လုံ့လ ကြိုးကုတ်အားထုတ်မှုကို မြဲမြံစွာ ပြုရာ၏။ (၁၂) ၉၇၄။ ခိုးယူမှုကို မပြုရာ၊ မုသားစကားကို မဆိုရာ၊ ပုထုဇဥ်သေက္ခနှင့် ရဟန္တာပုဂ္ဂိုလ်တို့ကို မေတ္တာဖြင့် တွေ့ထိပျံ့နှံ့စေရာ၏၊ (မိမိ) စိတ်နောက်ကျုမှုကို သိသောအခါ၌ မာရ်နတ်၏ အသင်းအပင်းဟု (နှလုံးပိုက်၍) ပယ်ဖျောက်ရာ၏။ (၁၃) ၉၇၅။ အမျက်ထွက်မှု ‘ကောဓ’ အလွန်ထောင်လွှားမှု ‘မာန’၏ အလိုနိုင်ငံသို့ မလိုက်ရာ၊ ကောဓမာနတို့၏ အမြစ်အရင်းကိုလည်း တူးဖြိုပယ်နုတ်၍ တည် ရာ၏၊ ထို့ပြင် ချစ်နှစ်သက်ဖွယ် ဣဋ္ဌာရုံနှင့်မချစ်မနှစ်သက်ဖွယ် အနိဋ္ဌာရုံကို လွှမ်း မိုးနှိပ်စက်နိုင်သူသည် ဧကန်မုချ လွှမ်းမိုးနှိပ်စက်ရာ၏။ (၁၄) ၉၇၆။ ဗုဒ္ဓါနုဿတိစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကောင်းမြတ်သော ပီတိနှင့် ပြည့်စုံသူသည် ပညာကို ရှေ့သွားပြု၍ ထိုဘေးရန်တို့ကို ပယ်ခွါရာ၏၊ အစွန် အဖျားကျသော အိပ်ရာနေရာ၌ မမွေ့လျော်မှုကိုသည်းခံရာ၏၊ (ဆိုလတ္တံ့သော) မြည်တမ်းငိုကြွေး ကြောင်းတရားလေးပါးတို့ကိုသည်းခံရာ၏။ (၁၅) ၉၇၇။ တဏှာအိမ်၌ ကျက်စားလေ့မရှိသော သေက္ခပုဂ္ဂိုလ်သည် အဘယ်ကို စားရအံ့နည်း၊ အဘယ်အမျိုး၌မူလည်း စားရအံ့နည်း၊ ဤညဥ့်၌ ဆင်းရဲစွာ အိပ်ခဲ့ ရပြီတကား၊ ယနေ့ညဥ့်၌မူအဘယ်အရပ်မှာ အိပ်ရပါအံ့နည်း၊ ဤသို့ မြည်တမ်း ငိုကြွေးကြောင်းဖြစ်သော ထိုအကြံအစည်တို့ကို ပယ်ဖျောက်ရာ၏။ (၁၆) ၉၇၈။ ဤသာသနာတော်၌ ရဟန်းသည် လျောက်ပတ်သော ကာလ၌ ဆွမ်းကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း ရခဲ့သော် ရောင့်ရဲလွယ်ခြင်းအကျိုးငှါ အတိုင်း အရှည်ကို သိရာ၏၊ ရွာ၌ စောင့်စည်းအပ်သည့်အကျင့်ရှိသော ထိုရဟန်းသည် ထိုပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှုဖြင့်စောင့်စည်းလျက် (သူတစ်ပါးတို့က) ခြုပ်ခြယ်ထိပါးသော်လည်း ကြမ်းတမ်းသော စကားကို မပြောဆိုရာ။ (၁၇) ၉၇၉။ မျက်လွှာချထားသူ ဖြစ်ရာ၏၊ မရပ်မတည် လှည့်လည်ခြင်းဖြင့် ခြေမငြိမ် သူ မဖြစ်ရာ၊ ဈာန်ရမှုကိုအားထုတ်သူ များစွာ နိုးကြားမှု ရှိသူ ဖြစ်ရာ၏၊ စတုတ္ထဈာန်နှင့် ယှဥ်သော ဥပေက္ခာကို အကြောင်းပြု၍ တည်ကြည်သော စိတ် ရှိသည် ဖြစ်လျက် ကာမဝိတက်စသော ကြံစည်မှုကာမသညာစသောတည်ရာကိုလည်းကောင်း၊ လက်ဆော့ ခြေဆော့ ‘ကုက္ကုစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကိုလည်းကောင်း ဖြတ်တောက်ရာ၏။ (၁၈) ၉၈၀။ ဝိနည်းကံအရ အပ် မအပ်စကားတို့ဖြင့် အပြစ်တင် (စောဒနာ) ခဲ့သော် သတိကို ဖြစ်စေလျက်နှစ်သက်ဝမ်းမြောက်ရာ၏၊ သီတင်းသုံးဖော်တို့ အပေါ်၌ ပြစ်မှားမှု ငြောင့်တံသင်းကို ဖျက်ဆီးရာ၏၊ ကုသိုလ်နှင့် စပ်ယှဥ်သော စကားကို မြွက်ဆိုရာ၏၊ ကာလအပိုင်းအခြား သီလအပိုင်းအခြားကို လွန်၍လည်း မမြွက်ဆို ရာ၊ လူအများ စွပ်စွဲခြင်းခံရမည့် (သီလပျက်စီးမှုစသော) သဘောကိုအားမထုတ်ရာ။ (၁၉) ၉၈၁။ ထို့ပြင် လောက၌ (ရူပရာဂစသော) မြူငါးမျိုးတို့ ရှိကုန်၏၊ သတိရှိသူတို့သည့်ယင်းမြူငါးမျိုးတို့ကို ပယ်ဖျောက်နိုင်ရန် ကျင့်ရာ၏၊ ဤသို့ ကျင့်သူသည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌ တပ်စွန်းမှု ‘ရာဂ’ကိုသည်းခံနိုင် ရာ၏။ (၂၀) ၉၈၂။ သင့်လျော်သောအခါ၌ သင်္ခတတရားကို အမှန်အတိုင်း စူးစမ်းဆင်ခြင်သူ နီဝရဏစသည်မှလွတ်မြောက်ပြီးသော စိတ်ရှိသူ သတိရှိသူ ထိုရဟန်းသည် ထို (ရူပါရုံစသော) တရားတို့၌ အလို ‘ဆန္ဒ’ကို ပယ်ဖျောက်ရာ၏၊ တည်ကြည်သော စိတ်ရှိသော ထိုရဟန်းသည် အဝိဇ္ဇာစသော အမိုက်တိုက်ကို ပယ်ဖျောက်ရာ၏။ (၂၁) တစ်ဆယ့်ခြောက်ခုမြောက် သာရိပုတ္တသုတ် ပြီး၏။ လေးခုမြောက် အဋ္ဌကဝဂ် ပြီး၏။ ၁။ သတ္တသဟဓမ္မိကေ ဌပေတွာဟူသော မဟာနိဒ္ဒေသပါဠိတော်လာ သတ္တသဟဓမ္မိကအရဘိက္ခု ဘိက္ခုနီ သာမဏေရ သာမဏေရီ သိက္ခမာန် ဥပါသကာ ဥပါသိကာတို့ကို ယူလေ။ ၅-ပါရာယနဝဂ် ၁-ဝတ္ထုဂါထာ ၉၈၃။ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ပြီးသော (ဗာဝရီ) ပုဏ္ဏားသည် ကြောင့်ကြမရှိမှုကို လိုလားတောင့်တလျက် ကောသလတိုင်းသူတို့၏ မွေ့လျော်ဖွယ်ရာဖြစ်သော သာဝတ္ထိပြည်မှ ဒက္ခိဏာပထတိုင်းသို့ သွားလေ၏။ (၁) ၉၈၄။ ထို (ဗာဝရီ) ပုဏ္ဏားသည် အဿကတိုင်း အဠကတိုင်း၏ အလယ်ဗဟို အရပ် ဂေါဓာဝရီမြစ်အလယ်ကျွန်း၌ ဆွမ်းခံခြင်းဖြင့်လည်းကောင်း၊ သစ်သီး သစ်မြစ်ဖြင့်လည်းကောင်း မျှတနေ၏။ (၂) ၉၈၅။ ထိုကျွန်းကိုပင် အမှီပြု၍ ပြန့်ပြောကြီးကျယ်သော ရွာသည် ဖြစ်လေ၏၊ ထိုရွာကြီးမှ ထွက်သော အခွန်အတုတ်ဖြင့် အလှူပွဲကြီးကို လှူဒါန်းပြုလုပ်၏။ (၃) ၉၈၆။ ဗာဝရီပုဏ္ဏားသည် အလှူကြီး လှူပြီး၍ ကျောင်းသင်္ခမ်းသို့ ပြန်ဝင်သွားပြီးနောက် အခြားသော ပုဏ္ဏားတစ်ယောက် ရောက်လာ၏။ (၄) ၉၈၇။ ထိိုရောက်လာသော ပုဏ္ဏားသည်ကား ခြေထောက်ချင်း တိုက်ခတ်၍ သွား တတ်သူ ဖြစ်၏၊ ငတ်မွတ်သူ ဖြစ်၏၊ သွားချေးထူသူ ဖြစ်၏၊ ဦးခေါင်း၌ မြူမှုန် အလိမ်းလိမ်း ကပ်ငြိသူ ဖြစ်၏၊ (၄င်းပုဏ္ဏားသည်) ဗာဝရီပုဏ္ဏားသို့ ချဥ်းကပ်၍ အသပြာငါးရာတို့ကို တောင်း၏။ (၅) ၉၈၈။ ထိုပုဏ္ဏားကို ဗာဝရီပုဏ္ဏား မြင်သည်ရှိသော် နေရာဖြင့် ဖိတ်မန်၏၊ ချမ်းသာမှု ကျန်းမာမှုကို မေးပြီးလျှင် ဤစကားကို ပြောဆို၏။ (၆) ၉၈၉။ ပုဏ္ဏား အကျွန်ုပ်၏ ပေးလှူဖွယ်ရာအားလုံးကို အကျွန်ုပ် စွန့်လှူလိုက်ပြီ၊ ပုဏ္ဏား အကျွန်ုပ်အားခွင့်ပြုပါလော့၊ အကျွန်ုပ်အား အသပြာငါးရာ မရှိတော့ပါဟု ပြောဆို၏။ (၇) ၉၉၀။ အကျွန်ုပ် တောင်းခံနေပါလျက် အရှင်သည် အကယ်၍ မပေးငြားအံ့၊ ခုနစ်ရက်မြောက်သော နေ့၌ အရှင့်ဦးခေါင်းသည် ခုနစ်စိတ်ကွဲပါစေဟု ကျိန်ဆဲ၏။ (၈) ၉၉၁။အံ့ဖွယ်သရဲပြုလုပ်တတ်သော ထိုပုဏ္ဏားသည် ဟန်ဆောင်ပြုပြင်၍ ကြောက်မက်ဖွယ်ရာကို ကျိန်ဆိုရေရွတ်၏၊ ဗာဝရီပုဏ္ဏားသည် ထိုပုဏ္ဏား၏ စကားကို ကြားရသဖြင့် စိတ်ဆင်းရဲမှု ဖြစ်လေ၏။ (၉) ၉၉၂။ ထိုဗာဝရီပုဏ္ဏားသည် သောကမြား စူးဝင်နေသဖြင့် အစာအာဟာရကို မသုံးဆောင်နိုင်ရကား အသားအရေ ခြောက်ခန်း၏၊ ထို့ပြင်လည်း ဤသို့ စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏား၏ စိတ်သည် ဈာန်သမာပတ်၌ မမွေ့လျော်နိုင်တော့ပေ။ (၁၀) ၉၉၃။ အကျိုးကို လိုလားသော နတ်သည် ထိတ်လန့်မှုဖြင့် စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏားကို မြင်သည်ရှိသော် ချဥ်းကပ်လျက် ဤစကားကို ပြောဆို၏။ (၁၁) ၉၉၄။ ထိုပုဏ္ဏားသည် ဦးခေါင်းကို သိသူ မဟုတ်၊ ဥစ္စာကို အလိုရှိသဖြင့် အံ့ဖွယ် သရဲပြုတတ်သူသာ ဖြစ်၏၊ ဦးခေါင်း၌လည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှု၌လည်းကောင်း သိနိုင်သောဉာဏ်ရှိသူ မဟုတ်။ (၁၂) ၉၉၅။ အရှင်နတ်မင်း ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အကယ်၍ သိခဲ့မူ မေးအပ်သော သင်နတ်သည် ထိုအကြောင်းကို အကျွန်ုပ်အား ပြောကြားလော့၊ သင်၏ ထိုစကားကို နားထောင်ပါကုန်အံ့။ (၁၃) ၉၉၆။ ဤအရာကို ငါလည်း မသိပါ၊ ဤအရာ၌ ငါ့အား အသိဉာဏ် မရှိပါ၊ ဤအရာ၌ ဦးခေါင်းကိုလည်းကောင်း ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မြတ်စွာဘုရားတို့သာ သိမြင်နိုင်ပါ၏။ (၁၄) ၉၉၇။ အရှင်နတ်မင်း ယင်းသို့ ဖြစ်မူ ဤမြေပြင်၌ ထိုဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အဘယ်သူ သိပါသနည်း၊ ထိုသိနိုင်သူကို အကျွန်ုပ်အား ပြောကြားပါလော့။ (၁၅) ၉၉၈။ ဩက္ကာကရာဇ်မင်း၏ အဆက်အနွယ် သာကီဝင်မင်းသား သိဒ္ဓတ္ထသည် ကပိလဝတ်နေပြည်တော်မှ ထွက်ခွါပြီးလျှင် လောက၏ အကြီးအကဲဖြစ်တော်မူ၍ ပညာအရောင်ကို ပြုတော်မူ၏။ (၁၆) ၉၉၉။ ဗာဝရီပုဏ္ဏား ထိုမြတ်စွာဘုရားသည် အလုံးစုံသောတရားတို့၏ အပြီးအဆုံးသို့ ရောက်တော်မူ၏၊ အလုံးစုံသော အဘိညာဥ်အစွမ်းအားသို့ ရောက်တော်မူ၏၊ အလုံးစုံသောတရားတို့၌ မြင်သောဉာဏ်မျက်စိ ရှိတော်မူ၏၊ ကံအားလုံးတို့၏ ကုန်ခြင်းသို့ ရောက်တော်မူ၏။ ဥပဓိကုန်ရာ နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် လွတ်မြောက်သောစိတ် ရှိတော်မူ၏။ (၁၇) ၁၀၀၀။ ထိုမြတ်စွာဘုရားသည် ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူ၏၊ လောက၌ တရားကို ဟောတော်မူ၏၊ ပညာစက္ခုနှင့် ပြည့်စုံတော်မူ၏၊ သင် သွား၍ ထို မြတ်စွာဘုရားကို မေးလျှောက်ချေလော့၊ ထိုမြတ်စွာဘုရားသည် သင့်အား ထိုအရာကို ဖြေကြားလတ္တံ့။ (၁၈) ၁၀၀၁။ ဗာဝရီပုဏ္ဏားသည် ဘုရားဟူသော စကားကို ကြားရလျှင် ဝမ်းမြောက် တက်ကြွသော စိတ်ရှိသည် ဖြစ်၏၊ ထိုဗာဝရီပုဏ္ဏား၏ ပူဆွေးမှု ‘သောက’သည် နည်းပါးသွားလေ၏၊ များစွာသော နှစ်သက်မှု ‘ပီတိ’ကိုလည်း ရလေ၏။ (၁၉) ၁၀၀၂။ နှစ်သက်တက်ကြွသော စိတ်ရှိသော ထိုဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍အဘယ်ရွာ အဘယ်နိဂုံး အဘယ်ဇနပုဒ်၌ မြတ်စွာဘုရား နေတော်မူပါသနည်းဟု ထိုနတ်ကို မေး၏၊ ယင်းဘုရားရှိရာအရပ်သို့ သွား၍ အခြေ နှစ်ချောင်းရှိသောသူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်တို့ ဖူးမြင်ကြပါကုန်အံ့။ (၂၀) ၁၀၀၃။ မာရ်ကို အောင်တော်မူပြီးသော ကျယ်ပြန့်သော ပညာရှိတော်မူသော မြေကြီးအထုကဲ့သို့ မြတ်သော ပညာရှိတော်မူသော ပြိုင်ဘက်ကင်းတော်မူသော အာသဝေါတရား ကင်းတော်မူသော ထိုသာကီဝင်မင်းသား မြတ်စွာဘုရားသည် ကောသလမင်း၏မြို့တော် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ လူတို့ ထက်မြတ်သော ထိုမြတ်စွာဘုရားသည် ဦးခေါင်းပြုတ်ကျမှုကို သိတော်မူ၏။ (၂၁) ၁၀၀၄။ ထို့နောက် (ဗာဝရီပုဏ္ဏားသည်) ဝေဒကျမ်းတို့၌ ကမ်းတစ်ဖက်ရောက် တတ်မြောက်သောတပည့်ပုဏ္ဏားတို့ကို ခေါ်ပြီးလျှင် “လုလင်ပုဏ္ဏားတို့ လာကြကုန်လော့၊ သင်တို့အား ပြောကြားအံ့၊ ငါ၏ စကားကို နားထောင်ကုန်လော့။ (၂၂) ၁၀၀၅။ လောက၌ မြတ်စွာဘုရား၏ ထင်ရှားပွင့်ခြင်းသည် အလွန်ရခဲလှ၏၊ ဘုရားဟူ၍ ကျော်စောသော ထိုမြတ်စွာဘုရားသည် လောက၌ ယခုပွင့်တော်မူပြီ၊ သာဝတ္ထိပြည်သို့ လျင်စွာ သွား၍ အခြေနှစ်ချောင်းရှိသတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားကို ဖူးမြင်ကြချေကုန်လော့” (ဟု မိန့်ဆို၏)။ (၂၃) ၁၀၀၆။ ဆရာပုဏ္ဏား အကျွန်ုပ်တို့ မြင်သည်ရှိသော် ဘုရားဟု အဘယ်သို့ သိနိုင်ကုန်အံ့နည်း၊ ဘုရားဟု မသိသေးကုန်သော အကျွန်ုပ်တို့အား အကျွန်ုပ်တို့ သိနိုင်လောက်သည့် အကြောင်းကို ပြောကြားပါလော့။ (၂၄) ၁၀၀၇။ ငါပြောပြပေအံ့၊ မဟာပုရိသလက္ခဏာတို့သည် ဝေဒကျမ်းတို့၌ လာကုန်၏၊ သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့ကိုလည်း အစဥ်အတိုင်း ပြည့်ပြည့်စုံစုံ ငါ ပို့ချခဲ့ပြီ။ (၂၅) ၁၀၀၈။ အကြင်သူ၏ကိုယ်တို့၌ ထိုမဟာပုရိသလက္ခဏာတို့ ရှိကုန်၏၊ ထို သူအား နှစ်မျိုးသော အဖြစ်တို့သာ ရှိကုန်၏၊ သုံးခုမြောက် အဖြစ်ကား မရှိနိုင်။ (၂၆) ၁၀၀၉။ ထိုသူသည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ ဒဏ်မထား လက်နက် မကိုင်မူ၍ တရားသဖြင့်ဆုံးမလျက် ဤမြေအပြင်ကို အောင်မြင်နိုင်ရာ၏။ (၂၇) ၁၀၁၀။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိတော်မူသော ကိလေသာအပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော အတုမရှိသော ဘုရား ဖြစ်နိုင်၏။ (၂၈) ၁၀၁၁။ ငါ၏ အသက်အရွယ် အမျိုးအနွယ်ကိုလည်းကောင်း၊ လက္ခဏာနှင့် ဝေဒကျမ်းကိုလည်းကောင်း၊ သင်ကြားထားအပ်သော ငါ့တပည့်တို့ကိုလည်းကောင်း၊ ထို့ပြင် ဦးခေါင်းနှင့်ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း (ဤအမေး ခုနစ်ခုတို့ကို) စိတ်ဖြင့်သာလျှင် မေးကြကုန်လော့။ (၂၉) ၁၀၁၂။ အကယ်၍ အပိတ်အပင်မရှိ မြင်စွမ်းတော်မူနိုင်သော မြတ်စွာဘုရား ဖြစ်ခဲ့မူ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို နှုတ်ဖြင့် ဖြေကြားတော်မူလိမ့်မည်။ (၃၀) ၁၀၁၃-၁၀၁၅။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမကတောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလ ပုဏ္ဏား မောဃရာဇပညာရှိပိင်္ဂီယရသေ့ကြီးဟူသောတပည့်ပုဏ္ဏား တစ်ဆယ့် ခြောက်ယောက်တို့သည် ဗာဝရီပုဏ္ဏား၏ စကားကို ကြားရ၍ (၃၁-၃၃) ၁၀၁၆-၁၀၁၇။ ဂိုဏ်းအသီးသီးရှိကုန်သော၊ လောကအားလုံး၌ ထင်ရှား ကျော်စောကုန်သော၊ ဈာန်ရကြသဖြင့် ဈာန်ဝင်စားမှု၌ မွေ့လျော်ကုန်သော၊ ပညာရှိကုန်သော၊ ရှေးဝါသနာ (သမ္မာဆန္ဒ)ဖြင့်ထုံအပ်ကုန်သော၊ ဆံကျစ်ထုံး၍ သစ်နက် ရေကို ဆောင်ကုန်သော ထိုတပည့်ပုဏ္ဏားအားလုံးတို့သည် ဗာဝရီရသေ့ကို ရှိခိုးကြ ပြီးလျှင် အရိုအသေပြုလျက် မြောက်အရပ်သို့ ရှေးရှုကာ ဖဲသွားကြကုန်၏။ (၃၄-၃၅) ၁၀၁၈။ ထိုသို့ သွားသောအခါ၌ အဋ္ဌကမင်း၏ တည်နေရာ အာဟိဿတိမြို့တော်သို့ ဝင်ရောက်ကုန်၏၊ ဥဇ္ဇေနီပြည် ဂေါနဒ္ဓမြို့ ဝေဒိဿမြို့ ဝနသမည်သော မြို့သို့လည်းကောင်း။ (၃၆) ၁၀၁၉။ ကောသမ္ဗီပြည် သာကေတမြို့သို့လည်းကောင်း၊ မြို့ တကာတို့ထက်မြတ်သော သာဝတ္ထိပြည်သို့လည်းကောင်း၊ သေတဗျမြို့သို့လည်းကောင်း၊ ကပိလဝတ် ပြည်သို့လည်းကောင်း၊ ကုသိနာရုံပြည်သို့လည်းကောင်း။ (၃၇) ၁၀၂၀-၁၀၂၁။ ပါဝါမြို့သို့လည်းကောင်း၊ ဘောဂနဂရမြို့သို့လည်းကောင်း၊ ဝေသာလီပြည်သို့လည်းကောင်း၊ ရာဇဂြိုဟ်ပြည်သို့လည်းကောင်း၊ ဝင်ရောက်ခဲ့ကြပြီးလျှင် ရေငတ်သောသူသည် အေးမြသော ရေကို ရသကဲ့သို့လည်းကောင်း၊ ကုန်သွယ်သူသည် များစွာသော လာဘ်ကို ရသကဲ့သို့လည်းကောင်း၊ နွေရာသီအပူနှိပ်စက်ခံရ သူသည် အရိပ်ကို ရသကဲ့သို့လည်းကောင်း နှစ်သက်မွေ့လျော်ဖွယ်ရှိသောပါသာ ဏကနတ်ကွန်းရှိရာ တောင်သို့ အဆောတလျင် တက်ကြကုန်၏။ (၃၈-၃၉) ၁၀၂၂။ မြတ်စွာဘုရားသည်ကား ထိုအချိန်၌ ရဟန်းသံဃာခြံရံလျက် တောအတွင်း၌ ခြင်္သေ့မင်းဟောက်သကဲ့သို့ ရဟန်းတို့အား တရားဟောတော်မူ၏။ (၄၀) ၁၀၂၃။ အဇိတသည် နေမင်းကို မြင်ရဘိသကဲ့သို့လည်းကောင်း၊ တစ်ဆယ့်ငါးရက်နေ့၌ ထွက်လာသော လပြည့်ဝန်းကို မြင်ရဘိသကဲ့သို့လည်းကောင်း အရာမကသော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏။ (၄၁) ၁၀၂၄။ ထို့နောင် မြတ်စွာဘုရား၏ကိုယ်တော်၌ ပြည့်စုံသော လက္ခဏာတော်ကို မြင်ရ၍ တစ်ခုသောနေရာ၌ ရပ်တည်လျက် ရွှင်လန်းနှစ်သက်သည်ဖြစ်၍ စိတ်ဖြင့် အမေးပြဿနာတို့ကို မေးလျှောက်လေ၏။ (၄၂) ၁၀၂၅။ ရည်ညွှန်း၍ (ဗာဝရီပုဏ္ဏား၏) အရွယ်ကို ဟောတော်မူပါလော့၊ လက္ခဏာ အင်္ဂါနှင့်တကွ အနွယ်ကို ဟောတော်မူပါလော့၊ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက်သည်ကို ဟောတော်မူပါလော့၊ ဗာဝရီပုဏ္ဏားသည် အဘယ်မျှလောက်သော တပည့်အပေါင်းကို ပို့ချသနည်းဟု စိတ်ဖြင့်သာ အမေးပြဿနာတို့ကို (မေးလျှောက်၏)။ (၄၃) ၁၀၂၆။ (အဇိတ) ပုဏ္ဏား၏အသက် တစ်ရာ့နှစ်ဆယ် ရှိ၏၊ ထိုပုဏ္ဏားသည် အနွယ်အားဖြင့် ဗာဝရီဖြစ်၏၊ ထိုဗာဝရီပုဏ္ဏား၏ ကိုယ်၌ လက္ခဏာအင်္ဂါတို့ကား သုံးပါးတို့တည်း၊ ဝေဒကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ (၄၄) ၁၀၂၇။ အဘိဓာန် ‘နိဃဏ္ဍု’ကျမ်း အလင်္ကာ ‘ကေဋုဘ’ ကျမ်းနှင့် တကွသော လက္ခဏာကျမ်း ဣတိဟာသကျမ်းတို့ကို တပည့်ငါးရာတို့အား သင်ကြားပို့ချ၏၊ မိမိဥစ္စာဖြစ်သော ဝေဒကျမ်း၌ တစ်ဖက်ကမ်းသို့ ရောက်၏ (ဟု ဟောတော်မူ၏)။ (၄၅) ၁၀၂၈။ ယုံမှားမှုကို ဖြတ်တောက်တော်မူနိုင်သော လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ဗာဝရီပုဏ္ဏား၏ လက္ခဏာတို့ကို အကျယ် စိစစ်တော်မူလျက် ထင်စွာ ပြတော်မူပါ၊ အကျွန်ုပ်တို့အား ယုံမှားမဖြစ်ပါစေလင့်။ (၄၆) ၁၀၂၉။ လုလင် ဗာဝရီပုဏ္ဏားသည် လျှာဖြင့် မျက်နှာကို ဖုံးအုပ်နိုင်၏၊ ထို ဗာဝရီ၏ မျက်မှောင်အကြား၌ ဥဏ္ဏလုံမွေးရှင် ပေါက်၏၊ ထိုဗာဝရီပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသအင်္ဂါရှိ၏ဟု သိလော့။ (၄၇) ၁၀၃၀။ တစ်စုံတစ်ရာ အမေးပုစ္ဆာကို တစ်စုံတစ်ရာ မကြားရဘဲ မြတ်စွာဘုရား ဖြေတော်မူသော ပြဿနာတို့ကို ကြားနာရ၍ ရသေ့အားလုံးသည် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ လက်အုပ်ချီကာ အထူးထူး ကြံဆ၏။ (၄၈) ၁၀၃၁။ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို အဘယ်သူ မေးပါသနည်း၊ နတ်သည်ပင်လျှင် မေးသလော၊ ဗြဟ္မာသည်ပင် မေးသလော၊ သုဇာသခင် သိကြားမင်းသည်ပင် မေးသလော၊ မြတ်စွာဘုရားသည် ဤအဖြေကို အဘယ်သူအား ဖြေကြား တော်မူပါသနည်း။ (၄၉) ၁၀၃၂။ ဗာဝရီပုဏ္ဏားသည် ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မေးလိုက်ပါ၏၊ မြတ်စွာဘုရား ဘုန်းတော်ကြီးသော အသျှင်ဘုရားသည် ထိုအမေးကို ဖြေကြားတော်မူပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကို ဖျောက်တော်မူပါလော့။ (၅) ၁၀၃၃။ အဇိတ အမှန်မသိမှု ‘အဝိဇ္ဇာ’သည် ဦးခေါင်းမည်၏၊ ယုံကြည်မှု ‘သဒ္ဓါ’အောက်မေ့မှု ‘သတိ’တည်ကြည်မှု ‘သမာဓိ’တို့နှင့်လည်းကောင်း၊ ကုသိုလ်ကို အလိုရှိမှု ‘ဆန္ဒ’ အားထုတ်မှု ‘ဝီရိယ’နှင့်လည်းကောင်း ယှဥ်သော (အရဟတ္တမဂ်) ဝိဇ္ဇာသည် ဦးခေါင်းကို ဖြုတ်ချသော တရားမည်၏ဟူ၍ သင်မှတ်လေလော့။ (၅၁) ၁၀၃၄။ ထိုသို့ ဖြေကြားတော်မူသောအခါမှ အဇိတလုလင်သည်အားကြီးသော နှစ်သက်ဝမ်းမြောက်မှုဖြင့် တက်ကြွသော ကိုယ်စိတ်ရှိသည်ဖြစ်၍ ပခုံးတစ်ဖက်၌ သစ်နက်ရေကို တင်ကာ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်လေ၏။ (၅၂) ၁၀၃၅။ ပညာစက္ခုရှိတော်မူသော အသျှင်ဘုရား တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ တက်ကြွသော စိတ်ရှိသည်ဖြစ်၍ အသျှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးလိုက်ပါ၏။ (၅၃) ၁၀၃၆။ တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ချမ်းသာစေသတည်း၊ အဇိတလုလင် သင်သည်လည်း ချမ်းသာစေသတည်း၊ အသက်ရှည်စေသတည်း။ (၅၄) ၁၀၃၇။ ဗာဝရီပုဏ္ဏား၏လည်းကောင်း၊ သင်အဇိတ၏လည်းကောင်း၊ တပည့်အားလုံးတို့၏ လည်းကောင်း ယုံမှားအားလုံးကို သင်တို့အား ငါဘုရား မေးခွင့် ပြုပြီ၊ သင်တို့၏ စိတ်၌ မေးလိုသော ပုစ္ဆာဟူသမျှကို မေးကြကုန်လော့။ (၅၅) ၁၀၃၈။ မြတ်စွာဘုရားက မေးခွင့်ပြုတော်မူသဖြင့် အဇိတလုလင်သည် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ပဌမအမေးပြဿနာကို ထိုပါသဏကနတ်ကွန်း၌ မြတ်စွာဘုရားအား မေးလျှောက်လေ၏။ (၅၆) ဝတ္ထုဂါထာ ပြီး၏။ ၁-အဇိတမာဏဝပုစ္ဆာ ၁၀၃၉။ (အဇိတသည် ဤသို့ မေးလျှောက်၏) - လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း၊ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း၊ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သောတရားဟု ဟောတော်မူပါ သနည်း၊ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း။ (၁) ၁၀၄၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - အဇိတ လောကကို မသိမှု ‘အဝိဇ္ဇာ’ က ဖုံးလွှမ်းထား၏၊ မိမိအားသာ ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု ‘မစ္ဆရိယ’နှင့် မေ့လျော့မှု ‘ပမာဒ’ တရားကြောင့် လောကသည် မထင်ရှား၊ မြည်တမ်းကြောင်း (တဏှာ) ကို (လောကကို) လိမ်းကျံ ကပ်ငြိတတ်သောတရားဟု ငါ ဆို၏၊ သံသရာဝဋ် (ဒုက္ခ)သည် ထိုလောက၏ ဘေးကြီး ဖြစ်၏။ (၂၀) ၁၀၄၁။ (အဇိတသည် ဤသို့ မေးလျှောက်၏) - အာယတနအားလုံးတို့၌ တဏှာအလျဥ်တို့သည် စီးကုန်၏၊ တဏှာအလျဥ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင်နိုင်ပါသနည်း၊ တဏှာအလျဥ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သောတရားကို ဟောတော်မူပါလော့၊ အဘယ်တရားက တဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်ပါသနည်း။ (၃) ၁၀၄၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - အဇိတ လောက၌ စီးသွားကုန်သောတဏှာအလျဥ်တို့ကို အောက်မေ့မှု ‘သတိ’သည် တားမြစ်ပိတ်ပင်နိုင်၏၊ တဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်သောတရားကို ငါဆိုအံ့၊ ပညာက ထိုတဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်၏။ (၄) ၁၀၄၃။ (အဇိတသည် ဤသို့ မေးလျှောက်၏) - အသျှင်ဘုရား ပညာသည်လည်းကောင်း၊ သတိသည်လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏၊ ဤပညာ သတိ နာမ်ရုပ်တရားသည် အဘယ်၌ ချုပ်ပါသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် ဤအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၅) ၁၀၄၄။ အဇိတ သင်မေးအပ်သော အမေးပြဿနာကို ငါ ဖြေအံ့၊ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရဝိညာဏ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏။ (၆) ၁၀၄၅။ မြတ်စွာဘုရား ဤလောက၌ အကြင်ပုဂ္ဂိုလ်တို့သည်ကား တရားကိုသိပြီးသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောတော်မူပါလော့ (ဟု လျှောက်၏)။ (၇) ၁၀၄၆။ ရဟန်းသည် ကာမတို့၌ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျုသူ မဖြစ်ရာ၊ တရားအားလုံးတို့၌ လိမ္မာသည် သတိရှိသည်ဖြစ်၍ နေထိုင်ရာ၏ဟု (ဟောတော်မူ၏)။ (၈) ရှေးဦးစွာသော အဇိတမာဏဝပုစ္ဆာ ပြီး၏။ ၂-တိဿမေတ္တေယျမာဏဝပုစ္ဆာ ၁၀၄၇။ (တိဿမေတ္တေယျသည် ဤသို့ မေးလျှောက်၏) - ဤလောက၌ အဘယ်သူသည် ရောင့်ရဲလွယ်သူ ဖြစ်ပါသနည်း၊ အဘယ်သူအား တုန်လှုပ်မှုတို့ မရှိပါကုန်သနည်း၊ အဘယ်သူသည် အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း ပညာဖြင့်သိ၍ မလိမ်းကျံ မကပ်ငြိပါသနည်း၊ အဘယ် သူကို မဟာပုရိသဟူ၍ ဟောတော်မူပါသနည်း၊ ဤလောက၌ အဘယ်သူသည် ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်ပါသနည်း။ (၁) ၁၀၄၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တေယျ အကြင်ရဟန်းသည် ကာမတို့၌ အပြစ်ကို မြင်၍ မဂ်အကျင့်မြတ်ကို ကျင့်သုံးသူတပ်မက်မှု ‘တဏှာ’ ကင်းသူ အခါ ခပ်သိမ်း အောက်မေ့မှု ‘သတိ’ ရှိသူ ပညာဖြင့် ဆင်ခြင်၍ ငြိမ်းအေးသူဖြစ်၏၊ ထိုရဟန်းအား တုန်လှုပ်တတ်သောတဏှာဒိဋ္ဌိတို့ မရှိကုန်။ (၂) ၁၀၄၉။ ထိုရဟန်းသည် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ နိရောဓသစ္စာဟူသော အလယ်ကိုလည်းကောင်း မဂ်ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံ မကပ်ငြိတော့ပေ၊ ထိုရဟန်းကို မဟာပုရိသဟူ၍ ငါ ဆို၏၊ ထိုရဟန်းသည် ဤလောက၌ ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်လေပြီ။ (၃) နှစ်ခုမြောက် တိဿမေတ္တေယျမာဏဝပုစ္ဆာ ပြီး၏။ ၃-ပုဏ္ဏကမာဏဝပုစ္ဆာ ၁၀၅၀။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) - တုန်လှုပ်မှု ‘တဏှာ’ ကင်းတော်မူပြီးသော အကုသိုလ်အမြစ်အရင်းကို မြင်တော်မူသော အသျှင်ဘုရားကို ပြဿနာမေးရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာခဲ့ပါ၏၊ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကို မှီကုန်၍ နတ်တို့အား ယဇ်ပူဇော်မှုကို အများအပြား ပြုကြပါကုန်သနည်း မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၁) ၁၀၅၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် လူ နတ် ဗြဟ္မာ အဖြစ်ကို တောင့်တကြကုန်လျက် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြကုန်၏၊ ထိုသူအားလုံးတို့သည် ဇရာစသော ဝဋ်ဆင်းရဲကိုမှီကုန်လျက် ပူဇော်မှုကို ပြုကုန်၏။ (၂) ၁၀၅၂။ (ပုဏ္ဏကသည် ဤသို့ လျှောက်၏) - မြတ်စွာဘုရား ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြပါကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှုကိုလည်းကောင်း အိုမှုကိုလည်းကောင်း လွန်မြောက်နိုင်ပါကုန် သလော၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၃) ၁၀၅၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက အကြင်သူတို့သည် လူ နတ် ဗြဟ္မာအဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ် ဝတ္ထု အလှူခံပုဂ္ဂိုလ်အလှူ၏ အကျိုးအာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်း တကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူ နတ် ဗြဟ္မာအဖြစ်ကို ရမှုကို စွဲ၍ ကာမတို့ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြကုန်သော်လည်း ဘဝကို တပ်စွန်းမှု ‘တဏှာ’ဖြင့် တပ်မက်ကုန်သောကြောင့် ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ် ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါ ဆို၏။ (၄) ၁၀၅၄။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြပါကုန်သော်လည်း ပူဇော်မှုတို့ဖြင့်ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို အကယ်၍ မလွန်မြောက်နိုင်ကုန်ပါမူ အဘယ်သူသည် နတ်လောက လူ့လောက၌ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေး လျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၅) ၁၀၅၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက လောက၌ အကြင်သူအား မိမိအတွင်းအပ သဘောတရားတို့ကို ပညာဖြင့် ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်တတ်သော တဏှာမရှိ၊ ထိုသူသည် ကိလေသာ ငြိမ်းအေးသူ ဒုစရိုက်အခိုးကင်းသူ ဆင်းရဲကြောင်း ကိလေသာ ကင်းပြီးသူ တဏှာကင်းပြီးသူ ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၆) သုံးခုမြောက် ပုဏ္ဏကမာဏဝပုစ္ဆာ ပြီး၏။ ၄-မေတ္တဂူမာဏဝပုစ္ဆာ ၁၀၅၆။ (မေတ္တဂူသည် ဤသို့ မေးလျှာက်၏) - မြတ်စွာဘုရား အသျှင်ဘုရားကို မဂ်ဉာဏ်လေးပါးတို့ဖြင့် အဆုံးသို့ ရောက်ပြီး သူ ပွါးများပြီးသော စိတ်ရှိသူဟူ၍ အကျွန်ုပ် အောက်မေ့မှတ်ထင်ပါ၏၊ လောက၌ ဆင်းရဲဟူသမျှတို့သည် အများအပြားရှိပါကုန်၏၊ ဤဆင်းရဲတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာပါကုန်သနည်း၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အသျှင်ဘုရားသည် ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၁) ၁၀၅၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ဆင်းရဲ၏ ဖြစ်ကြောင်းအစကို ငါ့အား သင် မေး၏၊ ထိုဆင်းရဲဖြစ် ကြောင်းအစကိုငါသိသည့်အတိုင်း သင့်အား ဟောကြားအံ့၊ လောက၌ အများ အပြားအားဖြင့် ဖြစ်ကုန်သော ဆင်းရဲအားလုံးတို့သည် ကံကိလေသာစသော ဥပဓိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်၏။ (၂) ၁၀၅၈။ အကြင်သူသည် ပညာမဲ့သည်ဖြစ်၍ ကံကိလေသာစသော ဥပဓိကို ပြု လုပ်၏၊ ပညာမဲ့သော ထိုသူသည် အဖန်တလဲလဲ ပဋိသန္ဓေနေခြင်းစသော ဆင်းရဲသို့ ရောက်ရ၏၊ ထို့ကြောင့် ဇာတိ (စသော) ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းကို အဖန် ဖန် ရှုဆင်ခြင်လျက် (အနိစ္စ စသည်ကို) ပိုင်းခြားသိသည်ဖြစ်၍ကံကိလေသာ စသော ဥပဓိကို မပြုလုပ်ရာ။ (၃) ၁၀၅၉။ အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏၊ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ်အားဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါကုန်အံ့၊ တိုက်တွန်းပါ၏၊ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ပညာရှိတို့သည် သံသရာ အလျဥ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေမှုကိုလည်းကောင်း၊ အိုမှုကိုလည်းကောင်း၊ ပူဆွေးမှု ငိုကြွေးမှုကိုလည်းကောင်း အဘယ်သို့ လွန်မြောက်ပါကုန် သနည်း၊ တောင်းပန်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် ထိုအမေးကို အကျွန်ုပ်အား ဖြေကြားတော်မူပါ။ (၄) ၁၀၆၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ယခုဘဝ၌ပင် ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော နိဗ္ဗာန်ရောက်ကြောင်း တရားကို သင့်အား ငါဟောကြားပေအံ့။ ယင်းသို့ သောတရားကို သိ၍ အောက် မေ့မှု သတိရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏။ (၅) ၁၀၆၁။ မြတ်စွာဘုရားသည် အကြင်တရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက်ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန် မြောက်နိုင်ရာ၏၊ မြတ်သော ထိုတရားကို အကျွန်ုပ် အလွန်နှစ်သက်လှပါ၏။ (၆) ၁၀၆၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို (အနိစ္စစသော အပြားအားဖြင့်) သင်သိ၏၊ ထိုတရားအားလုံးတို့၌ နှစ်သက်မှုကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသောတည်ရာအိမ်ကိုလည်းကောင်း၊ အဘိသင်္ခါရဝိညာဏ်ကိုလည်းကောင်း နုတ်ပယ်လေလော့၊ ဤသို့ နုတ်ပယ်နိုင်သည်ရှိသော် ဘဝ၌ မတည်ရာ။ (၇) ၁၀၆၃။ ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း နေလေ့ရှိသော ပညာရှိရဟန်းသည် အောက်မေ့မှု ‘သတိ’ ရှိလျက်မမေ့မလျော့ကျင့်ကာ တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို ပယ်စွန့်သည်ရှိသော် ဤဘဝ၌ပင်လျှင်ပဋိသန္ဓေနေမှု အိုမှု စိုးရိမ်မှု ငိုကြွေးမှုဟူသော ဆင်းရဲကို ပယ်စွန့်နိုင်ရာ၏။ (၈) ၁၀၆၄။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် မြတ်စွာဘုရားသည် မချွတ်ဧကန်ပင် ဆင်းရဲကို ပယ်တော်မူနိုင်ပါ၏။ (၉) ၁၀၆၅။ မြတ်စွာဘုရား အကျွန်ုပ် ကြံစည်မိသည်ကား အသျှင်ဘုရားသည် အကြင်သူတို့ကို မပြတ်ခါခါဆုံးမတော်မူရာ၏၊ ထိုသူတို့သည်လည်း ဆင်းရဲကို ပယ်နိုင်ကုန်ရာ၏၊ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ထို့ကြောင့် အသျှင်ဘုရားသို့ ချဥ်းကပ်၍ အကျွန်ုပ် ရှိခိုးပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို မပြတ်ခါခါ ဆုံးမတော်မူတန်ရာပါ၏။ (၁၀) ၁၀၆၆။ မေတ္တဂူ အကြင်သူကို သင်သည် မကောင်းမှုမှ အပပြုပြီးသူ မဂ် ဉာဏ်လေးပါးတို့ဖြင့်အဆုံးသို့ ရောက်ပြီးသူကြောင့်ကြမှုမရှိသူ ကာမဘဝ၌ ကပ် ငြိခြင်း မရှိသူဟူ၍ သိရာ၏၊ ထိုသူသည် မချွတ်လျှင် ဤသံသရာအလျဥ် ‘ဩဃ’ကို လွန်မြောက်ပြီးသူ တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ကူးမြောက်ပြီးသူကိလေသာ ဆူး ငြောင့်မရှိသူ ယုံမှားကင်းသူ ဖြစ်နိုင်တော့၏။ (၁၁) ၁၀၆၇။ ဤလောက၌ အကြင်သူသည် ပညာ ရှိ၏၊ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် အဆုံးသို့့ရောက်၏၊ ထိုသူသည် ဘဝငယ် ဘဝကြီး၌ ဤရာဂစသော ကပ်ငြိတွယ်တာမှုကို ပယ်စွန့်သောကြောင့် တဏှာကင်းပြီးသူ ဆင်းရဲကြောင်း ကိလေသာကင်းပြီးသူ တွယ်တာမှု ကင်းပြီးသူဖြစ်၍ ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၁၂) လေးခုမြောက် မေတ္တဂူမာဏဝပုစ္ဆာ ပြီး၏။ ၅-ဓောတကမာဏဝပုစ္ဆာ ၁၀၆၈။ (ဓောတကသည် ဤသို့ မေးလျှောက်၏) - အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို မေး လျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့၊ အသျှင်ဘုရား၏ စကားတော်ကိုအလွန်ကြားနာလိုပါ၏၊ အသျှင်ဘုရား မြွက်ဆိုသံကို ကြားနာ ရ၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါကျင့်နိုင်ရာပါ၏။ (၁) ၁၀၆၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ထိုသို့ ဖြစ်လျှင် ပြင်းစွာအားထုတ်မှုကို ပြုလော့၊ ဤငါဘုရား အထံမှ တရားသံကိုကြားနာရ၍ ဤငါဘုရား သာသနာတော်၌သာလျှင် ရင့်ကျက်သော ပညာရှိသည်အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါ ကျင့်ရာ၏။ (၂) ၁၀၇၀။ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား နတ်လောကလူ့လောက၌ ရာဂစသောကြောင့်ကြမှု မရှိသော မကောင်းမှုကို အပပြုပြီး၍လှည့်လည်ကြွသွားတော်မူသော အသျှင်ဘုရားကို အကျွန်ုပ် ဖူးမြင်ရပါ၏၊ ထိုအသျှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏၊ သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်ကို ယုံမှားမှုတို့မှ လွတ်မြောက်စေတော်မူပါလော့။ (၃) ၁၀၇၁။ ဓောတက လောက၌ ယုံမှားမှုရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လွတ် မြောက်စေခြင်းငှါငါဘုရားတတ်နိုင်မည် မဟုတ်၊ သင်သည် မြတ်သော နိဗ္ဗာန် တရားကို သိလတ်သော် ဤနည်းဖြင့်ဤသံသရာအလျဥ် ‘ဩဃ’ကို လွန်မြောက်နိုင်ရာ၏။ (၄) ၁၀၇၂။ ဗြဟ္မာမင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရား အကြင်သင်္ခါရတို့မှ ကင်းဆိတ်သော နိဗ္ဗာန်တရားကို အကျွန်ုပ် သိရာပါ၏၊ အကျွန်ုပ်အား သနားသည်ဖြစ်၍ ထိုတရားဖြင့်ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် ကောင်းကင်ကဲ့သို့ အထူးထူး အထွေထွေရှိသည်အဖြစ်သို့ မရောက်မူ၍ ဤသာသနာတော်၌သာလျှင် ကိလေသာတို့မှ ငြိမ်းအေးသည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ကို မမှီဘဲကျင့်ကြံအားထုတ် လိုပါ၏။ (၅) ၁၀၇၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ယခုဘဝ၌ပင် တစ်ဆင့်ကြားမဟုတ်ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော ကိလေသာငြိမ်းအေးမှု နိဗ္ဗာန်တရားကို သင့်အား ငါ ဟောကြားပေအံ့၊ ယင်းတရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏။ (၆) ၁၀၇၄။ အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အကြင်ကိလေသာမှ ငြိမ်းအေးမှုနိဗ္ဗာန်တရားမြတ်ကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်ကြံအား ထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏၊ ထို ကိလေသာမှ ငြိမ်းအေးမှု နိဗ္ဗာန်တရားမြတ်ကိုအကျွန်ုပ် နှစ်သက်လှပါ၏။ (၇) ၁၀၇၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို အနိစ္စစသော အပြားအားဖြင့် သင်သိ၏၊ လောက၌ ထိုတရားအားလုံးကို ကပ်ငြိတတ်သောတရားဟု သိ၍ ဘဝကြီးငယ်၌ ဖြစ်ခြင်းငှါ့တပ်မက်တွယ်တာမှု ‘တဏှာ’ကို မပြု လေလင့်။ (၈) ငါးခုမြောက် ဓောတကမာဏဝပုစ္ဆာ ပြီး၏။ ၆-ဥပသီဝမာဏဝပုစ္ဆာ ၁၀၇၆။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်သည် တစ်ယောက်တည်း အမှီမရှိဘဲ ကြီးကျယ်သော ‘ဩဃ’ သံသရာအလျဥ်ကို ကူးမြောက်ခြင်းငှါ မတတ်နိုင်ပါ၊ ထက် ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိသော မြတ်စွာဘုရား အကြင်တရားကိုမှီ၍ ဤသံသရာ အလျဥ် ‘ဩဃ’ကို ကူးမြောက်နိုင်ရာ၏၊ ထိုမှီရာ တရားကို ဟော တော်မူပါလော့။ (၁) ၁၀၇၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ အောက်မေ့မှု ‘သတိ’ ရှိလျက် အာကိဉ္စညာယတနသမာပတ်ကို အနိစ္စ စသောအားဖြင့် ရှုသည်ဖြစ်၍ (တစ်စုံတစ်ခုမျှ) မရှိဟူသော (အာကိဉ္စညာယတန သမာပတ်ကို)မှီ၍သံသရာအလျဥ် ‘ဩဃ’ကို ကူးမြောက်လေလော့၊ ကာမတို့ကို ပယ်လျက် ယုံမှားခြင်းတို့မှ ကင်းပျောက်သည်ဖြစ်၍ တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို နေ့ရောညဥ့်ပါ ထင်စွာ ရှုလေလော့။ (၂) ၁၀၇၈။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အကြင်သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏၊ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ၌ နှလုံးသွင်း၏၊ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာသလော။ (၃) ၁၀၇၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ အကြင် သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏၊ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ္ခ၌ နှလုံးသွင်း၏၊ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာ၏။ (၄) ၁၀၈၀။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား ထိုသူသည် ထိုအာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ခဲ့မူ ထိုဘုံ၌ပင်လျှင် နှစ်ပေါင်းများစွာငြိမ်းအေးသည်ဖြစ်၍ (ဆင်းရဲတို့မှ) လွတ်မြောက်သည် ဖြစ်ရာ သလော၊သို့ မဟုတ်မူထိုသို့ သဘောရှိသောသူ၏ ဝိညာဥ်သည် ရွေ့လျောရာသေး သလော။ (၅) ၁၀၈၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ လေဟုန်ဖြင့် လွင့်သော မီးလျှံသည် ချုပ်ပျောက်ခြင်းသို့ ရောက်သကဲ့့သို့ တစ်စုံတစ်ခုခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်သကဲ့သို့ ဤအတူ ရဟန်းသည် နာမကာယမှ လွတ်သည်ဖြစ်၍ချုပ်ပျောက်ခြင်းသို့ ရောက်၏၊ တစ်စုံတစ်ခု ခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်။ (၆) ၁၀၈၂။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - ထိုသူသည် ချုပ်ပျောက်ခြင်းသို့ ရောက်သွားသလော၊သို့ မဟုတ် မရှိတော့ပြီ လော၊သို့ မဟုတ်မူစင်စစ် မြဲသော သဘောဖြင့် မဖောက်ပြန်တော့ပြီလော၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိပြီးဖြစ်သောကြောင့် ထိုအကြောင်းကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၇) ၁၀၈၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရောက်သူအား ရုပ်စသော အတိုင်းအရှည်ပမာဏ မရှိ၊ အကြင်ရာဂစသော အကြောင်းဖြင့် ထိုသူကို (တပ်မက်သူစသည်ဖြင့်) ဆိုကုန် ရာ၏၊ ထိုသူအား ထိုအကြောင်းမျိုးမရှိတော့ပြီ၊ (ခန္ဓာစသောတရား)အားလုံးတို့ကို ပယ်နုတ်ပြီးကုန်သည်ရှိသော် အလုံးစုံသော ခေါ်ဆိုရာအကြောင်းမျိုးကိုလည်း ပယ်နုတ်ပြီး ဖြစ်ကုန်၏။ (၈) ခြောက်ခုမြောက် ဥပသီဝမာဏဝပုစ္ဆာ ပြီး၏။ ၇-နန္ဒမာဏဝပုစ္ဆာ ၁၀၈၄။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ပြောဆိုကုန်၏၊ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့် စုံသောသူကို မုနိဟု ဆိုကုန်ပါသလော၊သို့ မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသောသူကို မုနိဟု ဆိုကုန်ပါသလော။ (၁) ၁၀၈၅။ နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍မဆိုကုန်၊ အကြားစင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသောဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု ‘အာသာ’ မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏၊ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ (၂) ၁၀၈၆။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်းစင်ကြယ်၏ဟု ဆိုကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ဆိုကုန်၏၊ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်းနေထိုင်ကြကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရားထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ (၃) ၁၀၈၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - နန္ဒ ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့် စည်းနေထိုင်ကြစေကာမူ ထိုသမဏဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူး မြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ (၄) ၁၀၈၈။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဥ် ‘ဩဃ’မှ မကူးမြောက်နိုင်ကြသူတို့ဟု အကယ်၍ဟောတော်မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေနေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အားထိုအကြောင်းကို ဟောတော်မူပါလော့။ (၅) ၁၀၈၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံးအပ်ကုန်၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့် ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်း ပယ် စွန့်နိုင်၍ တပ်မက်မှု ‘တဏှာ’ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဥ် ‘ဩဃ’မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ (၆) ၁၀၉၀။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့်စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့် စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်းပယ်စွန့်နိုင်၍ တပ်မက်မှု ‘တဏှာ’ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဥ် ‘ဩဃ’မှ လွန်မြောက်ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇) ခုနစ်ခုမြောက် နန္ဒမာဏဝပုစ္ဆာ ပြီး၏။ ၈-ဟေမကမာဏဝပုစ္ဆာ ၁၀၉၁။ (ဟေမကသည် ဤသို့ မေးလျှောက်၏) - ဂေါတမဘုရား၏ သာသနာတော် မပေါ်သေးမီ ရှေးအခါ က အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု အကျွန်ုပ်အား (မိမိတို့အယူအဆကို) ပြောကြားကြပါကုန်၏၊ (ထိုသူတို့၏) ထိုအလုံးစုံသော စကားသည် တစ်ဆင့် ကြားကာမျှသာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက်စသည်ကိုသာပွါးစေနိုင်၏၊ အကျွန်ုပ်သည် ထိုအယူတို့၌ မနှစ်သက်နိုင်ပါ။ (၁) ၁၀၉၂။ မြတ်စွာဘုရား အကြင်တရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်သူသည် လောက၌ ကပ်ငြိမှု ‘တဏှာ’ကို လွန်မြောက်ရာ၏၊ တပ်မက်မှု ‘တဏှာ’ကို ဖျက်ဆီးတတ်သော ထိုတရားကို အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောကြား တော်မူပါလော့။ (၂) ၁၀၉၃။ ဟေမက ဤလောက၌ ချစ်ဖွယ်သဘောရှိကုန်သော မြင်ရ ကြားရ ရောက်ရသိရသော အာရုံခြောက်ပါး တရားတို့၌ အလွန်တပ်စွန်းမှု ‘ဆန္ဒရာဂ’ကို ပယ်ဖျောက်နိုင်သော ငြိမ်းအေးရာ နိဗ္ဗာန်သည် ရွေ့လျောခြင်း မရှိ။ (၃) ၁၀၉၄။ အောက်မေ့မှု ‘သတိ’ ရှိကြသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကို သိသောကြောင့် တရားကို မြင်ပြီးသူ (ကိလေသာမီး) ငြိမ်းအေးပြီးသူတို့ ဖြစ်ကုန်၏၊ ထိုသူတို့သည် အခါ ခပ်သိမ်း (ကိလေသာမှ) ငြိမ်းကုန်သည်ဖြစ်၍ လောက၌ ကပ်ငြိမှု ‘တဏှာ’ကို လွန်မြောက်ကုန်၏။ (၄) ရှစ်ခုမြောက် ဟေမကမာဏဝပုစ္ဆာ ပြီး၏။ ၉-တောဒေယျမာဏဝပုစ္ဆာ ၁၀၉၅။ (တောဒေယျသည် ဤသို့ မေးလျှောက်၏) - အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ်မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိကိစ္ဆာ’ကို လွန် မြောက်၏၊ ထိုပုဂ္ဂိုလ်အား အဘယ်သို့ သော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုရှိ အပ်ပါသေးသနည်း။ (၁) ၁၀၉၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - တောဒေယျ အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ် မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိ ကိစ္ဆာ’ကို လွန်မြောက်၏၊ ထိုပုဂ္ဂိုလ်အားအခြားတစ်ပါးသော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုမရှိအပ်တော့ပြီ။ (၂) ၁၀၉၇။ သာကီနွယ်ဖွား မြတ်စွာဘုရား ထိုသူသည် တွယ်တာမှု ‘အာသာ’ ကင်းပြီ လော၊သို့ မဟုတ်တွယ်တာမှု ‘အာသာ’ ရှိသေးသလော၊ ထိုသူသည် ပညာရှိသူ ဖြစ်သလော၊သို့ မဟုတ် သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ် စေသူပါလော၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် သိနိုင်လောက်အောင် ထိုမုနိကို အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၃) ၁၀၉၈။ တောဒေယျ ထိုသူသည် တွယ်တာမှု အာသာကင်းပြီ၊ တွယ်တာမှု အာသာ မရှိတော့ပြီ၊ ထိုသူသည် ပညာရှိသူ ဖြစ်၏၊ သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ်စေသူမဟုတ်တော့ပြီ၊ ဤသို့လျှင်ကြောင့်ကြ မရှိသူ ကာမ၌လည်းကောင်း၊ ဘဝ၌လည်းကောင်းကပ်ငြိမှု ‘တဏှာ’ မရှိသူကို ‘မုနိ’ဟူ၍ သိလော့။ (၄) ကိုးခုမြောက် တောဒေယျမာဏဝပုစ္ဆာ ပြီး၏။ ၁၀-ကပ္ပမာဏဝပုစ္ဆာ ၁၀၉၉။ (ကပ္ပသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော ဩဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အားမိန့်ကြားတော်မူပါလော့။ (၁) ၁၁၀၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော ဩဃလေးဖြာ သံသရာအလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ (၂) ၁၁၀၁။ (မှီခိုရာ) ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြားကျွန်း မရှိ၊ အိုခြင်း သေခြင်း၏ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ (၃) ၁၁၀၂။ အောက်မေ့မှု ‘သတိ’ ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို သိခြင်းကြောင့် တရားကို မြင်ပြီးသူ ကိလေသာမီးငြိမ်းသူ ဖြစ်ကုန်၏၊ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ မာရ်၏ အလုပ်အကျွေး မဟုတ် တော့ကုန်။ (၄) ဆယ်ခုမြောက် ကပ္ပမာဏဝပုစ္ဆာ ပြီး၏။ ၁၁-ဇတုကဏ္ဏိမာဏဝပုစ္ဆာ ၁၁၀၃။ (ဇတုကဏ္ဏိသည် ဤသို့ မေးလျှောက်၏) - လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ကာမကို လိုလားခြင်း ကင်းတော်မူသော အသျှင်ဘုရားကို (အရဟံစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) ကြားသိ ရ၍ ဩဃလေးဖြာ သံသရာမှလွတ်မြောက်ပြီးသော လိုလားမှု ကာမကင်းတော်မူသော အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါလာရောက်ခဲ့ပါ၏၊ ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်ကို ရတော်မူသော မြတ်စွာဘုရားငြိမ်းအေးမှု နိဗ္ဗာန်ကို ဟောတော်မူပါလော့၊ဟုတ်မှန်တိုင်းသော ထိုနိဗ္ဗာန်ကို မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁) ၁၁၀၄။ တန်ခိုးရှိသော နေမင်းသည် တန်ခိုးဖြင့် မြေကို လွှမ်းမိုး၍ ဖြစ်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် ကာမတို့ကို လွှမ်းမိုး၍ ဖြစ်တော်မူ၏၊ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ဤသာသနာတော်၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိရာ၏၊ ထိုတရားကို ပညာနည်းသော အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၂) ၁၁၀၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဇတုကဏ္ဏိ ကာမမှ ထွက်မြောက်ရာ (နိဗ္ဗာန်) ကို ဘေးကင်းရာဟု ရှုမြင်၍ ကာမတို့၌ တပ်မက်မောမှုကို ပယ်ဖျောက်လော့၊ (တဏှာဒိဋ္ဌိဖြင့်) စွဲယူအပ်သော ပယ် စွန့်သင့် ပယ်စွန့်ထိုက်သော ရာဂစသောကြောင့်ကြမှုသည် သင့်အား မဖြစ်စေ လင့်။ (၃) ၁၁၀၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော) ကိလေသာမျိုးကို ခြောက် ခန်းစေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ နေရလတ္တံ့။ (၄) ၁၁၀၇။ ဇတုကဏ္ဏိ အကြင်အာသဝတို့ဖြင့် သေမင်း၏အလိုသို့ လိုက်ရ၏၊ နာမ် တရားရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု ကင်းပြီးသော ထိုရဟန္တာပုဂ္ဂိုလ်အားထိုအာသဝတို့ မရှိတော့ကုန်။ (၅) တစ်ဆယ့်တစ်ခုမြောက် ဇတုကဏ္ဏိမာဏဝပုစ္ဆာ ပြီး၏။ ၁၂-ဘဒြာဝုဓမာဏဝပုစ္ဆာ ၁၁၀၈။ (ဘဒြာဝုဓသည် ဤသို့ မေးလျှောက်၏) - ခန္ဓာအိမ်၌ တပ်စွန်းမှု ‘ရာဂ’ကို စွန့်တော်မူပြီးသောတပ်မက်မှု ‘တဏှာ’ကို ဖြတ်တောက်တော်မူပြီးသောတုန်လှုပ်မှု ‘တဏှာ’ ကင်းတော်မူပြီးသော နှစ်သက်မှု ‘တဏှာ’ကို စွန့်တော်မူပြီးသော ‘ဩဃ’ လေးဖြာသံသရာကို လွန်မြောက် တော်မူပြီးသော (ကိလေသာတို့မှ) လွတ်မြောက်တော်မူပြီးသောတဏှာကပ္ပ ဒိဋ္ဌိကပ္ပကို စွန့်တော်မူပြီးသော ကောင်းသော ပညာရှိတော်မူသော မြတ်စွာဘုရားကို ရိုသေစွာတောင်းပန်ပါ၏၊ မကောင်းမှုရှိတော်မမူသော အသျှင်ဘုရား၏ (စကား တော်ကို) ကြားနာရပြီးသော်ဤ (ပါသာဏကနတ်ကွန်း)မှ ဖဲသွားကြရပါကုန်လတ္တံ့။ (၁) ၁၁၀၉။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ စကားတော်ကို အလွန် လိုလားကုန်သော လူအမျိုးမျိုးတို့သည် အင်္ဂ မဂဓစသော ဇနပုဒ်တို့မှ အညီအညွတ် ရောက်လာကြကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်ဘုရားသည် ဤတရားကိုဟုတ်မှန်သည့်အတိုင်း သိတော်မူပြီးဖြစ်ပါသောကြောင့် ထိုသူတို့အား အသျှင်ဘုရား ဟောကြားတော်မူပါလော့။ (၂) ၁၁၁၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဘဒြာဝုဓ အနာဂတ်၌လည်းကောင်း၊ အတိတ်၌လည်းကောင်း၊ ပစ္စုပ္ပန်၌လည်းကောင်း စွဲယူမှုတဏှာအားလုံးကို ပယ်ဖျောက်ရာ၏၊မှန်၏- လောက၌ အကြင် အကြင် ရုပ်ဝေဒနာစသောတရားကို စွဲယူကုန်၏၊ ထိုထိုတရားဖြင့်သာလျှင် မာရ်သည် သတ္တဝါသို့ အစဥ်လိုက်၏။ (၃) ၁၁၁၁။ ထို့ကြောင့် သင်္ခါရတို့၏ အနိစ္စစသော အခြင်းအရာကို သိသော အောက် မေ့မှု ‘သတိ’ ရှိသူရဟန်းသည် သေခြင်းတရား၏ တည်ရာ ကိလေသာခန္ဓာ စသည်၌ ကပ်ငြိတတ်သော ဤသတ္တဝါအပေါင်းကို စွဲယူတတ်သော သတ္တဝါတို့ဟု ရှုလျက် လောကအားလုံး၌ ရုပ်ဝေဒနာစသည့်တစ်စုံတစ်ခုကိုမျှ မစွဲယူရာ။ (၄) တစ်ဆယ့်နှစ်ခုမြောက် ဘဒြာဝုဓမာဏဝပုစ္ဆာ ပြီး၏။ ၁၃-ဥဒယမာဏဝပုစ္ဆာ ၁၁၁၂။ (ဥဒယသည် ဤသို့ မေးလျှောက်၏) - ဈာန်ဝင်စားလေ့ရှိတော်မူသော ကိလေသာမြူကင်းလျက် နေတော်မူသော မဂ်ကိစ္စကို ပြုတော်မူပြီးသော အာသဝကင်းတော်မူသောတရားအားလုံးတို့၏ ကမ်း တစ်ဖက်သို့ ရောက်တော်မူပြီးသော အသျှင်ဘုရားကို ပြဿနာမေးလိုသဖြင့် ရောက် လာပါ၏၊ (အဝိဇ္ဇာကို) ဖျက်ဆီးတတ်သော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တ ဖိုလ် ဝိမောက္ခကို ဟောတော်မူပါလော့။ (၁) ၁၁၁၃-၁၁၁၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥဒယ ကာမဂုဏ်ကို လိုလားသော ‘ကာမစ္ဆန္ဒ’ နှလုံးမသာမှု ‘ဒေါမနဿ’ နှစ်ပါး စုံကို ပယ်ခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းမှု ‘ထိန’ကို ပယ်ဖျောက်ခြင်းကိုလည်းကောင်း၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကို တားမြစ်ခြင်းကိုလည်းကောင်း လျစ် လျူရှုမှု (စတုတ္ထဈာန် ဥပေက္ခာ) ကြောင့် ဖြစ်သော အောက်မေ့မှု ‘သတိ’၏ စင်ကြယ်ခြင်းရှိသောတရားကို ကြံစည်မှု ‘ဓမ္မဝိတက်’လျှင်ရှေ့သွားရှိသော အဝိဇ္ဇာကို ဖျက်ဆီးတတ်သောတရားကို ထွက်မြောက်မှု အရဟတ္တဖိုလ် ဝိမောက္ခဟူ၍ဆို၏။ (၂-၃) ၁၁၁၅။ လောကသည် အဘယ်နှောင်ကြိုး ‘သံယောဇဥ်’ ရှိပါသနည်း၊ ထိုလောကကို သုံးသပ်ခြင်းကားအဘယ်ပါနည်း၊ အဘယ်တရားကို အထူးစွန့်ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်ပါသနည်း။ (၄) ၁၁၁၆။ လောကသည် နှစ်သက်မှု ‘တဏှာ’လျှင် နှောင်ကြိုး ‘သံယောဇဥ်’ ရှိ၏၊ ထိုလောကကို သုံးသပ်ခြင်းကား ကြံစည်မှု ‘ဝိတက်’တည်း၊ တပ်မက်မှု ‘တဏှာ’ ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏။ (၅) ၁၁၁၇။ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ အဘယ်သို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်ပါသနည်း၊ မြတ်စွာဘုရားကို မေးရန် အကျွန်ုပ်တို့လာရောက်ပါကုန်၏၊ အသျှင်ဘုရား၏ ထိုစကားတော်ကို ကြားနာလိုပါကုန်၏။ (၆) ၁၁၁၈။ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်၌လည်းကောင်း ခံစားမှု ‘ဝေဒနာ’ကို မနှစ်သက်မူ၍ ဤသို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်၏။ (၇) တစ်ဆယ့်သုံးခုမြောက် ဥဒယမာဏဝပုစ္ဆာ ပြီး၏။ ၁၄-ပေါသာလမာဏဝပုစ္ဆာ ၁၁၁၉။ (ပေါသာလသည် ဤသို့ မေးလျှောက်၏) - အကြင်မြတ်စွာဘုရားသည် လွန်ပြီးအတိတ်ဘဝကို ညွှန်ပြတော်မူ၏၊ တုန်လှုပ်မှု ‘တဏှာ’ကင်းတော်မူ၏၊ ယုံမှားမှုကို ပယ်ဖြတ်ပြီး ဖြစ်၏၊ တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို ပြဿနာ မေးလို သဖြင့် ရောက်လာပါ၏။ (၁) ၁၁၂၀။ သာကီနွယ်ဖွား မြတ်စွာဘုရား ရုပ်အမှတ်သညာရှိသော ရူပါဝစရ သမာပတ်ကို လွန်မြောက်ပြီးသော ရုပ်ပဋိသန္ဓေအားလုံးကို တဒင်္ဂဝိက္ခမ္ဘနအားဖြင့် ပယ်ပြီးသော အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်၌လည်းကောင်း တစ်စုံတစ်ခုမျှ မရှိဟု ရှုသော အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်၏ ဉာဏ်ကို မေးလျှောက်ပါ၏၊ ထိုသို့ သဘောရှိသောသူကို အဘယ်သို့ သိအပ်ပါသနည်း။ (၂) ၁၁၂၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပေါသာလ အလုံးစုံသော ဝိညာဏ်၏တည်ရာ ‘ဝိညာဏဋ္ဌိတိ’တို့ကို အမှန်သိသော ငါဘုရားသည် (ကံ၏အစွမ်းအားဖြင့်) တည်သော (အာကိဉ္စညာယတန စသည်တို့၌) ညွတ်သော ထိုအာကိဉ္စညာယတနလျှင် လဲလျောင်းရာရှိသော ထိုသတ္တဝါကို သိ၏။ (၃) ၁၁၂၂။ (အကြင်အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်သည် ) အာကိဉ္စညာယတနဘုံ၌ ဖြစ်စေတတ်သော အာကိဉ္စညာယတန ကုသိုလ်ကံကို (ပလိဗောဓဟု) သိ၍ အရူပရာဂဟု ဆိုအပ်သော နှစ်သက်မှု ‘နန္ဒီ’ကိုလည်း (ဘဝရာဂ) သံယောဇဥ်ဟု သိ၍ ဤသို့ ထိုအာကိဉ္စညာ ယတနသမာပတ်ကို ထူးသောဉာဏ်ဖြင့် သိပြီးလျှင် ထိုအာကိဉ္စညာယတနသမာပတ်မှ (ထလျက်) ထိုသမာပတ်ကို အနိစ္စစသောအားဖြင့် ရှု၏၊ မဂ်အကျင့်ကို ကျင့်သုံးပြီးသော ထို (အာကိဉ္စညာယတနဈာန်ရ) ရဟန္တာပုဂ္ဂိုလ်၏ ဤအရဟတ္တဖိုလ်ဉာဏ်သည် မဖောက်မပြန်မှန်ကန်သောဉာဏ်ပေတည်း။ (၄) တစ်ဆယ့်လေးခုမြောက် ပေါသာလမာဏဝပုစ္ဆာ ပြီး၏။ ၁၅-မောဃရာဇမာဏဝပုစ္ဆာ ၁၁၂၃။ (မောဃရာဇသည် ဤသို့ မေးလျှောက်၏) - အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြား တော်မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ်ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ်တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ (၁) ၁၁၂၄။ ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွသော ဗြဟ္မာလောကသည်လည်းကောင်း၊ ဂေါတမအနွယ်ဖြစ်တော်မူသော အခြံအရံ အကျော်အစောရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ (၂) ၁၁၂၅။ ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရား ထံသို့ ပြဿနာမေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည်မမြင်နိုင်ပါသနည်း။ (၃) ၁၁၂၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု ‘သတိ’ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု ‘အတ္တာနုဒိဋ္ဌိ’ကို နုတ်ပယ်၍ လောကကို ဆိတ်သုဥ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက်နိုင်ရာ၏၊ ဤသို့လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ (၄) တစ်ဆယ့်ငါးခုမြောက် မောဃရာဇမာဏဝပုစ္ဆာ ပြီး၏။ ၁၆-ပိင်္ဂိယမာဏဝပုစ္ဆာ ၁၁၂၇။ (ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏) - အကျွန်ုပ်သည် အိုမင်းပါပြီ၊အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင်ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက်စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိလိုပါ၏၊ ထိုတရားကို ဟောကြားတော်မူပါလော့။ (၁) ၁၁၂၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့် ပင့်ဖောက်ပြန် ပျက်စီးရကုန်၏၊ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါရုပ်ကို စွန့်ပယ်လေလော့ (၂) ၁၁၂၉။ လောကဝယ် တူရူအရပ်လေးမျက်နှာ အထောင့်အရပ်လေးမျက်နှာ အထက်အရပ်အောက်အရပ်မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင်ဘုရားသည် မမြင်ရ မကြားရမရောက်ရ မသိရသောတရား တစ်စုံတစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏၊ ထိုတရားကို ဟောကြားတော်မူပါလော့။ (၃) ၁၁၃၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်းရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏၊ ပိင်္ဂိယ ထို့ကြောင့် သင်သည်မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ (၄) တစ်ဆယ့်ခြောက်ခုမြောက် ပိင်္ဂိယမာဏဝပုစ္ဆာ ပြီး၏။ ပါရာယနတ္ထုတိဂါထာ ဤပါရာယနသုတ်ကို မြတ်စွာဘုရားသည် မဂဓတိုင်းပါသာဏကနတ်ကွန်း၌ နေတော်မူစဥ် တစ်ကျိပ်ခြောက်ယောက်သော (ဗာဝရီ၏) အလုပ်အကျွေး ပုဏ္ဏားတို့သည် တောင်းပန်အပ်သည်ဖြစ်၍ မေးတိုင်းမေးတိုင်းပင် ပြဿနာကို ဖြေကြားတော်မူ၏၊ တစ်ခုတစ်ခုသော ပြဿနာ၏ အနက်တိုင်းကို သိ၍လည်းကောင်း၊ ပါဠိကို သိ၍လည်းကောင်း လောကုတ္တရာတရားနှင့် လျော်သောအကျင့်ကို အကယ်၍ ကျင့်ကြံအားထုတ်ခဲ့မူ အိုခြင်း သေခြင်း၏ ကမ်းတစ်ဖက်ဖြစ်သော (နိဗ္ဗာန်)သို့ ရောက်နိုင်ရာသည်သာတည်း၊ ဤတရားတို့သည် (နိဗ္ဗာန်တည်းဟူသော) ကမ်းတစ်ဖက်သို့ ရောက်စေတတ်ကုန်၏၊ ထို့ကြောင့် ဤတရားဒေသနာ၏ အမည်သည် ပါရာယန မည်သည်သာတည်း။ ၁၁၃၁-၁၁၃၃။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမက တောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလပုဏ္ဏား မောဃရာဇ ပိင်္ဂိယရသေ့ကြီး ဟူကုန်သော ဗာဝရီ၏ တပည့်ပုဏ္ဏား တစ်ဆယ့်ခြောက်ယောက်တို့သည် အကျင့် ‘စရဏ’နှင့်ပြည့်စုံသော ဣသိတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ကုန်၏၊ သိမ်မွေ့သော ပြဿနာရပ်တို့ကို မေးလိုကုန်၍ ဘုရားမြတ်သို့ ဆည်းကပ်ကုန်၏။ (၁-၃) ၁၁၃၄။ ထိုပုဏ္ဏားတို့ မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ပြဿနာကို ဟုတ်မှန်သော အတိုင်း ဖြေကြားတော်မူ၏၊ မုနိဖြစ်တော်မူသော မြတ်စွာဘုရားသည် ပြဿနာတို့ကို ဖြေကြားခြင်းဖြင့် ပုဏ္ဏားတို့ကို နှစ်သက်စေ၏။ (၄) ၁၁၃၅။ (ပညာမျက်စိ) ရှိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားက နှစ်သက်စေအပ်ကုန်သော ထိုပုဏ္ဏားတို့သည် မြတ်သောပညာ ရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ မြတ်သော မဂ်အကျင့်ကို ကျင့်သုံးကြကုန်၏။ (၅) ၁၁၃၆။ အကြင်သူသည် တစ်ခုတစ်ခုသော အမေးပြဿနာကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကျင့်ရာ၏၊ ထိုသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏။ (၆) ၁၁၃၇။ မြတ်သော မဂ်ကို ပွါးများသောသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏၊ ထိုမဂ်သည် နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်းသို့ သွားခြင်းငှါ ခရီးလမ်း ဖြစ်၏၊ ထို့ကြောင့်ပါရာယနဟု မည်သတည်း။ (၇) ပါရာယနာနုဂီတိဂါထာ ၁၁၃၈။ (ပိင်္ဂိယသည် ဤသို့ ပြောဆို၏) - မြတ်စွာဘုရား ဟောတော်မူသော ပါရာယနသုတ်ကို အတုယူ၍ ဟောပြပါအံ့၊ အညစ်အကြေး ကင်းတော်မူသော မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော ကာမမှ ထွက်မြောက်ပြီးသော (ကိလေသာ) တော ကင်းတော်မူပြီးသော ရဟန္တာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်ဉာဏ်တော်ဖြင့် မြင်တော်မူ၏၊ ထိုဉာဏ်ဖြင့် ဟောကြားတော်မူ၏၊ အဘယ့်ကြောင့် ချွတ်ယွင်းသောစကားကို မြတ်စွာဘုရား ဟောကြားလိမ့်မည်နည်း။ (၁) ၁၁၃၉။ တွေဝေမှု ‘မောဟ’ အညစ်အကြေးကို ပယ်ပြီးသော ထောင်လွှားမှု ‘မာန’ ကျေးဇူးချေဖျက်မှု ‘မက္ခ’ကို ပယ်ပြီးသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့် စပ်ယှဥ်သော တရားစကားကို ယခုအခါ အကျွန်ုပ် ပြောကြားပါအံ့။ (၂) ၁၁၄၀။ ဗာဝရီမည်သော ဆရာပုဏ္ဏား မြတ်စွာဘုရားသည် အမိုက်တိုက်ကို ပယ်ဖျက်ပြီး ဖြစ်၏၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ဉာဏ်မျက်စိ ရှိတော်မူ၏၊ လောကအဆုံးသို့ ရောက်တော်မူ၏၊ ဘဝအားလုံးကို လွန်မြောက်တော်မူ၏၊ အာသဝေါ ကင်းတော်မူ၏၊ ဆင်းရဲအားလုံးကို ပယ်ပြီးသူ ဖြစ်၏၊ (ဗုဒ္ဓဟူသော) အမည်မှန် ရှိတော်မူ၏၊ (ထိုမြတ်စွာဘုရားကို) အကျွန်ုပ်သည် ဆည်းကပ်ခဲ့ပြီ။ (၃) ၁၁၄၁။ ငှက်သည် အသီးနည်းပါးသော စက်ဆုပ်ဖွယ်သော တောကို ပယ်စွန့်ကာ အသီးများ စွာရှိသော တောကိုမှီလျက် နေသကဲ့သို့ ဤအတူ အကျွန်ုပ်သည် ဉာဏ်အမြင် နည်းသူတို့ကို ပယ်စွန့်၍ ဟင်္သာသည် ရေများသော အိုင်သို့ သက်ဆင်းသကဲ့သို့ သက်ဆင်းခဲ့ပြီ။ (၄) ၁၁၄၂။ ဂေါတမမြတ်စွာဘုရား၏ သာသနာတော် မပေါ်ပေါက်သေးမီ ရှေးအခါက အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု မိမိတို့ အယူအဆကို အကျွန်ုပ်အား ပြောကြားကြပါကုန်၏၊ ထိုဆရာတို့၏ ထိုအလုံးစုံသော စကားသည် ပြောဆိုသံ ကြားကာမျှ သာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက် စသည်ကိုသာ ပွါးစေ၏။ (၅) ၁၁၄၃။ ဂေါတမအနွယ်ဖြစ်သော ထိုမြတ်စွာဘုရားသည် ပြိုင်ဖက်မပြူ တစ်ဆူတည်း ဖြစ်တော်မူ၏၊ အမိုက်တိုက်ကို ဖျက်ဆီး၍ နေတော်မူတတ်၏၊ တန်ခိုး ရှိတော်မူ၏၊ ပညာအရောင်ကို ပြုတော်မူတတ်၏၊ ဂေါတမနွယ် ဖြစ်တော်မူ၏၊ ပညာတံခွန် ရှိတော်မူ၏၊ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ (၆) ၁၁၄၄။ အကြင်မြတ်စွာဘုရားသည် ကိုယ်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသောတရားကို အကျွန်ုပ်အား ဟောတော်မူ၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည်စရာ ဥပမာ မရှိ။ (၇) ၁၁၄၅-၁၁၄၆။ ပိင်္ဂိယ အကြင်ဘုရားသည် ကိုယ်တိုင်သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို သင့်အား ဟောကြား၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ်ဖြစ်တော်မူသော ပညာတံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမမြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အဘယ့်ကြောင့် နေဘိသနည်း။ (၈-၉) ၁၁၄၇-၁၁၄၈။ ဆရာပုဏ္ဏား အကြင်ဂေါတမ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို အကျွန်ုပ်အား ဟောတော်မူ၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ် ဖြစ်တော်မူသော ပညာ တံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမ မြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အကျွန်ုပ် မနေနိုင်ပါ။ (၁၀-၁၁) ၁၁၄၉။ ဆရာပုဏ္ဏား ထိုမြတ်စွာဘုရားကို ပြကတေ့မျက်စိဖြင့် မြင်ရသကဲ့သို့ မမေ့မလျော့မူ၍ နေ့ရောညဥ့်ပါ အကျွန်ုပ်စိတ်ဖြင့် မြင်နေပါ၏၊ ညဥ့်အခါ၌ ရှိခိုးလျက် နေပါ၏၊ ထို့ကြောင့်သာလျှင် ကင်း၍ မနေဟု အကျွန်ုပ် ထင်ပါ၏။ (၁၂) ၁၁၅၀။ အကျွန်ုပ်၏ ယုံကြည်မှု ‘သဒ္ဓါ’သည်လည်းကောင်း၊ နှစ်သိမ့်မှု ‘ပီတိ’သည် လည်းကောင်း၊ သိမှု ‘မန’သည်လည်းကောင်း၊ အောက်မေ့မှု ‘သတိ’သည်လည်းကောင်း ဂေါတမသာသနာမှ မဖဲမရှောင်ကြပါကုန်၊ မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိသော မြတ်စွာဘုရားသည် အကြင်အကြင်အရပ်သို့ ကြွတော်မူ၏၊ ထိုအကျွန်ုပ်သည် ထိုထို (မြတ်စွာဘုရားရှိရာ) အရပ်သို့သာလျှင် ညွတ်ကိုင်းသူ ဖြစ်ပါ၏။ (၁၃) ၁၁၅၁။ ဗာဝရီမည်သော ဆရာပုဏ္ဏား အိုမင်း၍ ခွန်အားနည်းသော အကျွန်ုပ်၏ကိုယ်သည် ထိုသို့ ခွန်အားနည်းသောကြောင့်သာလျှင် ထိုမြတ်စွာဘုရားရှိရာသို့ မသွားရောက်နိုင်ပါ၊ စိတ်အကြံဟူသော သွားခြင်းဖြင့်သာလျှင် အကျွန်ုပ်သည် အမြဲ သွားရောက်ပါ၏၊ အကျွန်ုပ်၏ စိတ်သည် ထိုမြတ်စွာဘုရားနှင့် ယှဥ်စပ်နေပါ၏။ (၁၄) ၁၁၅၂။ အကျွန်ုပ်သည် ကာမဂုဏ်ညွန်ထဲ၌ အိပ်လျက် ထက်ဝန်းကျင် တုန်တုန်လှုပ်လှုပ် မှီခိုရာကျွန်းတစ်ခုမှ မှီခိုရာကျွန်းတစ်ခုသို့ မျောပါနေပါ၏၊ ထိုအခါ သံသရာအယဥ် ‘ဩဃ’ကို လွန်မြောက်တော်မူပြီးသော အာသဝေါကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏။ (၁၅) ၁၁၅၃။ ပိင်္ဂိယ ဝက္ကလိသည်လည်းကောင်း၊ ဘဒြာဝုဓသည်လည်းကောင်း၊ အာဠဝီပြည်သား ဂေါတမသည်လည်းကောင်း ယုံကြည်မှု ‘သဒ္ဓါ’ တရားကို (နိဗ္ဗာန်သို့) စေလွှတ်လော့၊ ဤသို့ စေလွှတ်သည်ရှိသော် သင်သည် သေမင်းတည်ရာ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ရလတ္တံ့ဟု မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ကြွလာ၍ ဟောတော်မူ၏။ (၁၆) ၁၁၅၄-၁၁၅၅။ ထိုအကျွန်ုပ်သည် မုနိဖြစ်တော်မူသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရ၍ အလွန်ကြည်လင်ပါ၏၊ ဝဋ်ဟူသော အမိုးကို ဖွင့်ပြီးသော ငြောင့်ကင်းတော်မူပြီးသော ဆင်ခြင်ဉာဏ် (ပဋိဘာန်) ရှိတော်မူသောာ အမေးပြဿနာ၏ အဆုံးကို ပြုတော်မူသော ယုံမှားခြင်းရှိသည် ဖြစ်ကုန်လျက် ယုံမှားကင်း၏ဟု ဝန်ခံသူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် လွန်ကဲထူးမြတ်သော ဝိသုဒ္ဓိနတ်တို့ကို ထူးသောဉာဏ်ဖြင့် သိတော်မူ၍ မိမိသူတစ်ပါး နှစ်ပါးစုံ၏ ဝိသုဒ္ဓိနတ်အဖြစ်ကို ပြုတတ်သော တရားအားလုံးကိုလည်း သိတော်မူပြီ။ (၁၇-၁၈) ၁၁၅၆။ အကြင်နိဗ္ဗာန်တရားအား တစ်စုံတစ်ခု နှိုင်းယှဥ်စရာ ဥပမာမရှိ၊ မရွေ့ရှား မပျက်စီးနိုင်သော ထိုနိဗ္ဗာန်သို့ မချွတ်သွားရတော့အံ့၊ ဤနိဗ္ဗာန်သို့ သွားရာ၌ အကျွန်ုပ်အား ယုံမှားမှု မရှိတော့ပါ၊ အကျွန်ုပ်ကို ကိလေသာမှ လွတ်မြောက်သော စိတ်ရှိသူဟူ၍ မှတ်တော်မူပါလော့။ (၁၉) ငါးခုမြောက်ပါရာယနဝဂ် ပြီး၏။
“They say their own teaching is perfect, while the teaching of others is inferior. So arguing, they dispute, each saying their own conventions are the truth.
၉၁၂။ ပရဿ စေ ဝမ္ဘယိတေန ဟီနော, န ကောစိ ဓမ္မေသု ဝိသေသိ အဿ၊
ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ, နိဟီနတော သမှိ ဒဠှံ ဝဒါနာ။
၉၁၂။ သူတစ်ပါးကဲ့ရဲ့ရှုတ်ချမှုကြောင့် ယုတ်ညံ့သူဖြစ်ခဲ့မူ အယူဝါဒတရားတို့၌ တစ်စုံတစ်ရာထူးခြားချက် မဖြစ်ရာ၊ အကြောင်းသော်ကား များစွာသောသူတို့သည် အခြားသောသူ၏ အယူဝါဒတရားကို ယုတ်ညံ့၏ဟု ပြောဆိုကြကာ မိမိ အယူဝါဒ၌မူကား မြဲမြံစွာ ပြောဆိုတတ်သောကြောင့် တည်း။ (၁၁)
If someone else’s disparagement makes you inferior, no one in any teaching would be distinguished. For each of them says the other’s teaching is lacking, while forcefully advocating their own.
၉၁၃။ သဒ္ဓမ္မပူဇာပိ နေသံ တထေဝ, ယထာ ပသံသန္တိ သကာယနာနိ၊
သဗ္ဗေဝ ဝါဒါ [သဗ္ဗေ ပဝါဒါ (သျာ။)] တထိယာ [တထိဝါ (သဗ္ဗတ္ထ)] ဘဝေယျုံ, သုဒ္ဓီ ဟိ နေသံ ပစ္စတ္တမေဝ။
၉၁၃။ (ထိုတိတ္ထိတို့သည်) မိမိတို့၏ အယူဝါဒ လမ်းစဥ်တို့ကို ချီးမွမ်းကုန်သကဲ့သို့ ဤအတူထိုသူတို့၏ မိမိတို့ဆရာနှင့် ဆရာ့တရားကို ပူဇော်မှုသည်လည်း မချွတ်မယွင်းမှန်ကန်၏ဟု သာချီးမွမ်းကြကုန်၏၊ ဤသို့ ဖြစ်လတ်သော် အယူဝါဒအားလုံးတို့သည် မချွတ်မယွင်း အမှန်ချည်းသာဖြစ်ကုန်ရာ၏၊သို့ ပင်ဖြစ်သော်လည်း ထိုဆရာတို့၏ အယူဝါဒ စင်ကြယ်မှုသည် အသီးအခြား (တစ်မျိုးစီသာ) ဖြစ်၏။ (၁၂)
But if they honor their own teachings just as they praise their own journeys, then all doctrines would be equally valid, and purity would be specific to them.
၉၁၄။ န ဗြာဟ္မဏဿ ပရနေယျမတ္ထိ, ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ၊
တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္တော, န ဟိ သေဋ္ဌတော ပဿတိ ဓမ္မမညံ။
၉၁၄။ ရဟန္တာပုဂ္ဂိုလ်အား သူတစ်ပါးတို့ သိစေအပ်သော အရာမျိုးမရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) အယူဝါဒတရားတို့၌ ဆုံးဖြတ်၍ စွဲလမ်းမှုလည်းမရှိ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် သတိပဋ္ဌာန်စသည်မှ တစ်ပါးသော မိစ္ဆာဝါဒတရားကို အမြတ်ထား၍မရှုသောကြောင့် ငြင်းခုံမှုတို့ကို လွန်မြောက်တော့၏။ (၁၃)
After judging among the teachings, <j>a brahmin has adopted nothing that requires interpretation by another. That’s why they’ve gotten over disputes, for they see no other doctrine as best.
၉၁၅။ ဇာနာမိ ပဿာမိ တထေဝ ဧတံ, ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ၊
အဒ္ဒက္ခိ စေ ကိဉှိ တုမဿ တေန, အတိသိတွာ အညေန ဝဒန္တိ သုဒ္ဓိံ။
၉၁၅။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ငါ သိ၏၊ ငါ မြင်၏၊ ထိုငါ သိမြင်သောတရားသည်မချွတ်မယွင်းမှန်သည်သာလျှင် တည်း (ဟု) အချို့သော သမဏ ဗြာဟ္မဏတို့သည် မိစ္ဆာအယူဖြင့်စင်ကြယ်မှုကို ယုံကြည်ကြကုန်၏၊ (ထိုသူတို့တွင် တစ်ယောက်ယောက်သည် ပရစိတ္တဝိဇာနနဉာဏ်စသည်ဖြင့်) အကယ်၍ သိမြင်စေ ကာမူ (သစ္စာလေးပါးတို့ သိမှု ကိစ္စမပြီးသောကြောင့် ) ထိုသူ၏ထိုမြင်ခြင်းဖြင့် အဘယ်သို့ ပြုအံ့နည်း၊ (ထိုတိတ္ထိတို့သည်) သတိပဋ္ဌာန်စသည်တို့ကို ကျော်လွန်၍အခြားသော မိစ္ဆာတရားဖြင့် စင်ကြယ်၏ဟူ၍ ပြောဆိုကြကုန်၏။ (၁၄)
Saying, ‘I know, I see, that’s how it is’, some believe that purity stems from view. But if they’ve really seen, <j>what use is that view to them? Overlooking what matters, <j>they say purity comes from another.
၉၁၆။ ပဿံ နရော ဒက္ခတိ [ဒက္ခိတိ (သီ။)] နာမရူပံ, ဒိသွာန ဝါ ဉဿတိ တာနိမေဝ၊
ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ, န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။
၉၁၆။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ရှုမြင်သော နာမ်ရုပ်ကို (နိစ္စသုခ အတ္တအားဖြင့်) ရှုမြင်၏၊ ရှုမြင်ပြီး၍မူလည်း ထိုနာမ်ရုပ်တို့ကိုသာလျှင် (နိစ္စသုခ အတ္တအားဖြင့်) သိလတ္တံ့၊ များစွာရှုမြင်သည်မူလည်း ဖြစ်စေ၊ အနည်းငယ် ရှုမြင်သည်မူလည်းဖြစ်စေ ထိုရှုမြင်ခြင်းမျိုးဖြင့် စင်ကြယ်၏ဟု ခန္ဓာစသည်၌ လိမ္မာကုန်သောသူတို့က မပြောဆိုကြကုန်။ (၁၅)
When a person sees, they see name and form, and having seen, they will know just these things. Gladly let them see much or little, for those who are skilled say this is no way to purity.
၉၁၇။ နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော, ပကပ္ပိတံ ဒိဋ္ဌိ ပုရေက္ခရာနော၊
ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော, သုဒ္ဓိံဝဒေါ တတ္ထ တထဒ္ဒသာ သော။
၉၁၇။ မြဲမြံစွာ စွဲယူ၍ ဆိုလေ့ရှိသော (သဿတစသည့်) အယူရှိသူသည် ဆုံးမလွယ်သူ မဖြစ်နိုင်၊ ကြံစည်အပ်သည့်အယူကို ရှေ့သွားပြုသော်လည်း ဆုံးမ လွယ်သူ မဖြစ်နိုင်၊ ထိုသူသည် အကြင်အယူဝါဒကိုမှီ၏၊ ထိုမိမိမှီရာ အယူဝါဒ၌ တင့်တယ်ကောင်းမြတ်၏ဟု ပြောဆို၏၊ စင်ကြယ်၏ဟု ပြောဆိုသော ထိုသူသည် ထိုမိမိအယူဝါဒ၌ မချွတ်မယွင်းမှန်ကန်၏ဟု ရှုမြင်၏။ (၁၆)
It’s not easy to educate someone who is dogmatic, promoting a view they have formulated. Speaking of the beauty <j>in that on which they depend, they talk of purity in accord with what they saw there.
၉၁၈။ န ဗြာဟ္မဏော ကပ္ပမုပေတိ သင်္ခါ [သင်္ခံ (သီ။ သျာ။ ပီ။)], န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု၊
ဉတွာ စ သော သမ္မုတိယော [သမ္မတိယော (သျာ။)] ပုထုဇ္ဇာ, ဥပေက္ခတီ ဥဂ္ဂဟဏန္တိ မညေ။
၉၁၈။ ရဟန္တာပုဂ္ဂိုလ်သည် ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိဟူသော) ကြံစည်ခြင်းသို့ မကပ်ရောက်၊ မိစ္ဆာအယူတို့ကို အနှစ်သာရအားဖြင့် မယုံကြည်၊ အဘိညာဥ်ဉာဏ် သမာပတ္ထိဉာဏ်ဖြင့် (တဏှာဒိဋ္ဌိ) အနှောင်အဖွဲ့ကိုလည်း မဖြစ်စေ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ပုထုဇဥ်တို့ ဖြစ်စေအပ်ကုန်သော မိစ္ဆာအယူဝါဒတို့ကို သိပြီး၍သာလျှင် လျစ် လျူရှု၏၊ တစ်ပါးသော ပုထုဇဥ်တို့သည်ကားထိုမိစ္ဆာဒိဋ္ဌိအယူဝါဒတို့ကို တဏှာဒိဋ္ဌိအားဖြင့် စွဲယူကုန်၏။ (၁၇)
The brahmin does not get involved <j>with formulating and calculating; they’re not followers of views, <j>nor kinsmen of notions. Having understood the many different conventions, they look on when others grasp.
၉၁၉။ ဝိဿဇ္ဇ ဂန္ထာနိ မုနီဓ လောကေ, ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ၊
သန္တော အသန္တေသု ဥပေက္ခကော သော, အနုဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။
၉၁၉။ ဤလောက၌ ရဟန္တာပုဂ္ဂိုလ်သည် အထုံးအဖွဲ့ ‘ဂန္ထ’တရားလေးပါးတို့ကို ဖြေချပြီး၍ဖြစ်ပေါ်လာသော ငြင်းခုံမှုတို့၌ ဆန္ဒစသည်တို့၏ အစွမ်းဖြင့် အဂတိ အုပ်စုသို့ မလိုက်၊ မငြိမ်းအေးမှုတရားတို့၌ လျစ်လျူရှုသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရာဂစသည် ငြိမ်းအေးပြီးဖြစ်ရကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) မစွဲယူ၊ အခြားသော ပုထုဇဥ်တို့သည်ကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) စွဲယူကုန်၏။ (၁၈)
Having untied the knots here in the world, the sage takes no side among disputes. Peaceful among the peaceless, equanimous, they don’t grasp when others grasp.
၉၂၀။ ပုဗ္ဗာသဝေ ဟိတွာ နဝေ အကုဗ္ဗံ, န ဆန္ဒဂူ နောပိ နိဝိဿဝါဒီ၊
သ ဝိပ္ပမုတ္တော ဒိဋ္ဌိဂတေဟိ ဓီရော, န လိမ္ပတိ [န လိပ္ပတိ (သီ။ ပီ။)] လောကေ အနတ္တဂရဟီ။
၉၂၀။ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရှေးအတိတ်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာတို့ကို ပယ်စွန့်၍ အသစ်ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ ဖြစ်သော လိုလားမှုစသည်ကို) မပြုမူ၍ ဆန္ဒာဂတိစသည်သို့ မလိုက်၊ မြဲမြံစွာ စွဲယူ၍လည်း ဆိုလေ့မရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) မိစ္ဆာအယူတို့မှ လွတ်မြောက်၏၊ လောက၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံမကပ်ငြိ၊ (ဒုစရိုက်ကို ပြုမိလေခြင်း သုစရိုက်ကို မပြုမိလေခြင်းဟု) မိမိကိုယ်ကို မကဲ့ရဲ့တတ်။ (၁၉)
Having given up former defilements <j>and not making new ones, not swayed by preference, <j>nor a proponent of dogma, that attentive one is released from views, not clinging to the world, <j>nor reproaching themselves.
၉၂၁။ သ သဗ္ဗဓမ္မေသု ဝိသေနိဘူတော, ယံ ကိဉ္စိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ၊
သ ပန္နဘာရော မုနိ ဝိပ္ပမုတ္တော, န ကပ္ပိယော နူပရတော န ပတ္ထိယောတိ။
မဟာဗျူဟသုတ္တံ တေရသမံ နိဋ္ဌိတံ။
၉၂၁။ ထိုရဟန္တာပုဂ္ဂိုလ်သည် မြင်သမျှသော ရူပါရုံကိုလည်းကောင်း၊ ကြားသမျှသော သဒ္ဒါရုံကိုလည်းကောင်း၊ ရောက်သမျှသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း ထိုတရားအားလုံးတို့၌ ကိလေသာစသော မာရ်စစ်သည်ကို လွှမ်းမိုး ဖျက်ဆီးနိုင်၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ကိလေသာတို့မှလွတ်မြောက်ပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိဟူသော ကြံစည်မှုတို့ကို မပြု၊ ပုထုဇဥ်သေက္ခတို့ကဲ့သို့ ရှောင်ကြဥ်ဆဲမဟုတ်တော့ပေ၊ တောင့်တမှု တဏှာလည်း မရှိတော့ပေ။ (၂၀) တစ်ဆယ့်သုံးခုမြောက် မဟာဗျူဟာသုတ် ပြီး၏။
They are remote from all things seen, heard, or thought. With burden put down, the sage is released: not formulating, not abstaining, not longing.”
၁၄။ တုဝဋကသုတ္တ
၉၂၂။ ‘‘ပုစ္ဆာမိ တံ အာဒိစ္စဗန္ဓု [အာဒိစ္စဗန္ဓုံ (သီ။ သျာ။)], ဝိဝေကံ သန္တိပဒဉ္စ မဟေသိ၊
ကထံ ဒိသွာ နိဗ္ဗာတိ ဘိက္ခု, အနုပါဒိယာနော လောကသ္မိံ ကိဉ္စိ’’။
၁၄-တုဝဋကသုတ် ၉၂၂။ [အမေး] နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအားမေးလျှောက်ပါ၏၊ မြတ်သော သီလက္ခန္ဓစသောတရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား လောက၌ ရဟန်းသည် ကာယဝိဝေကစသော ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုလည်းကောင်း (ရာဂစသည်တို့) ငြိမ်းအေးရာနိဗ္ဗာန်ကိုလည်းကောင်း အဘယ်သို့ ရှုမြင်သည်ရှိသော် (ရုပ်စသော) တစ်စုံတစ်ခုကို စွဲလမ်းမယူမူ၍မိမိသန္တာန်၌ ရာဂ စသည်ကို ငြိမ်းအေးစေနိုင်ပါသနည်း။ (၁)
Anthology of Discourses 4.14 Speedy “Great seer, I ask you, the Kinsman of the Sun, about seclusion and the state of peace. How, having seen, is a mendicant extinguished, not grasping anything in this world?”
၉၂၃။ ‘‘မူလံ ပပဉ္စသင်္ခါယ, (ဣတိ ဘဂဝါ)
မန္တာ အသ္မီတိ သဗ္ဗမုပရုန္ဓေ [သဗ္ဗမုပရုဒ္ဓေ (သျာ။ ပီ။ က။)]၊
ယာ ကာစိ တဏှာ အဇ္ဈတ္တံ,
တာသံ ဝိနယာ [ဝိနယာယ (?)] သဒါ သတော သိက္ခေ။
၉၂၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - (ရဟန်းသည် ) သံသရာကို ချဲ့ထွင်တတ်သောတဏှာဒိဋ္ဌိဟူသော ပပဉ္စတရား၏ အရင်းမူလ‘အဝိဇ္ဇာ’စသည်ကိုလည်းကောင်း (ရုပ်စသော ခန္ဓာငါးပါး၌) ငါဟူသော ထောင်လွှားမှု ‘အသ္မိမာန’ကိုလည်းကောင်း ဤအလုံးစုံကို ပညာဖြင့် အကြွင်းမဲ့ ချုပ်စေရာ၏၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောတဏှာအားလုံးတို့ကို ပယ်ဖျောက်ခြင်းငှါ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်ရာ၏။ (၂)
“They would cut off the idea, ‘I am the thinker’,” said the Buddha, “which is the root of all judgments <j>that emerge from proliferation. Ever mindful, they would train to remove any internal cravings.
၉၂၄။ ‘‘ယံ ကိဉ္စိ ဓမ္မမဘိဇညာ, အဇ္ဈတ္တံ အထဝါပိ ဗဟိဒ္ဓါ၊
န တေန ထာမံ [မာနံ (သီ။ က။)] ကုဗ္ဗေထ, န ဟိ သာ နိဗ္ဗုတိ သတံ ဝုတ္တာ။
၉၂၄။ အကြင်ပုဂ္ဂိုလ်သည် မိမိကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးကိုလည်းကောင်း ထိုမှတစ်ပါးသော ဆရာဥပဇ္ဈာယ်တို့ကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးတို့ကိုလည်းကောင်း သိရာ၏၊ ထိုပုဂ္ဂိုလ်သည် ထိုသိသမျှသော မိမိဂုဏ် ဆရာသမားဂုဏ်ဖြင့် ခက်ထန်မှု ‘မာန’ကို မပြုရာ၊ ထိုခက်ထန်မှု ‘မာန’ကို ငြိမ်းအေးကြောင်းဟူ၍ သူတော်ကောင်းတို့ မဆိုကြကုန်။ (၃)
Regardless of what things they know, whether internal or external, they wouldn’t be proud because of that, for that is not quenching, say the good.
၉၂၅။ ‘‘သေယျော န တေန မညေယျ, နီစေယျော အထဝါပိ သရိက္ခော၊
ဖုဋ္ဌော [ပုဋ္ဌော (သီ။ သျာ။ က။)] အနေကရူပေဟိ, နာတုမာနံ ဝိကပ္ပယံ တိဋ္ဌေ။
၉၂၅။ ထိုမာနဖြင့် ငါသည် မြင့်မြတ်သူဟူ၍လည်းကောင်း၊ ယုတ်နိမ့်သူဟူ၍လည်းကောင်း၊ ထို့ပြင်တူညီသူဟူ၍လည်းကောင်း မမှတ်ထင်ရာ၊ များစွာသော အခြင်းအရာတို့ဖြင့် ပြည့်စုံသူဟူ၍ မိမိကိုယ်ကိုအထူးကြံစည်လျက် မတည်ရာ။ (၄)
They wouldn’t let that make them conceited, thinking themselves better or worse or alike. When questioned in many ways, they wouldn’t keep justifying themselves.
၉၂၆။ ‘‘အဇ္ဈတ္တမေဝုပသမေ, န အညတော ဘိက္ခု သန္တိမေသေယျ၊
အဇ္ဈတ္တံ ဥပသန္တဿ, နတ္ထိ အတ္တာ ကုတော နိရတ္တာ ဝါ။
၉၂၆။ ရဟန်းသည် မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကိုသာလျှင် ငြိမ်းစေရာ၏၊ (သတိပဋ္ဌာန်စသည်တို့မှ) တစ်ပါးသော မိစ္ဆာအကျင့်ဖြင့် ငြိမ်းအေးမှုကို မရှာမှီးရာ၊ မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကို ငြိမ်းစေပြီး သူအား မိမိကိုယ်ဟူသော (အတ္တဒိဋ္ဌိ) အယူ မရှိ၊ အတ္တမှ ကင်းသော (ဥစ္ဆေဒဒိဋ္ဌိ) အယူသည်ကား အဘယ်မှာ ရှိတော့အံ့နည်း။ (၅)
A mendicant would be settled internally, and not seek peace from another. For one at peace inside themselves, there’s no picking up, whence putting down?
၉၂၇။ ‘‘မဇ္ဈေ ယထာ သမုဒ္ဒဿ, ဦမိ နော ဇာယတီ ဌိတော ဟောတိ၊
ဧဝံ ဌိတော အနေဇဿ, ဥဿဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ’’။
၉၂၇။ သမုဒ္ဒရာ၏ (အောက်အထက်တို့) အလယ်၌ လှိုင်းတံပိုးတို့ မဖြစ်မူ၍ (မတုန်မလှုပ်) တည်သကဲ့သို့ ဤအတူ တဏှာကင်းသူသည် (လောကဓံတရား ရှစ်ပါးကြောင့် မတုန်မလှုပ်) တည်၏၊ ရဟန်းသည် တစ်စုံတစ်ခုသော အာရုံကြောင့် (ရာဂစသည်) ထူပြောများပြားခြင်းကို မပြုရာ။ (၆)
Just as, in the middle of the ocean, no waves arise, it stays still; so too one unstirred is still— a mendicant would make <j>no pretension regarding anything.”
၉၂၈။ ‘‘အကိတ္တယီ ဝိဝဋစက္ခု, သက္ခိဓမ္မံ ပရိဿယဝိနယံ၊
ပဋိပဒံ ဝဒေဟိ ဘဒ္ဒန္တေ, ပါတိမောက္ခံ အထဝါပိ သမာဓိံ’’။
၉၂၈။ [အမေး] အပိတ်အပင်မရှိ ပွင့်ပွင့်လင်းလင်း မြင်စွမ်းနိုင်သော မြတ်စွာဘုရား (မြတ်စွာဘုရားသည် ထင်ရှား မထင်ရှားသော) ဘေးရန်ကို ဖျက်ဆီးတတ်သော ကိုယ်တိုင်မျက်မှောက်ပြု၍ သိပြီးသောတရားကို ဟောကြားခဲ့ပါပြီ၊ အသျှင်ဘုရား မဂ်ဖိုလ်နိဗ္ဗာန်နှင့်လျော်သော ကျင့်စဥ်ကိုလည်းကောင်း၊ပါတိမောက္ခသံဝရ သီလကို လည်းကောင်း၊ တည်ကြည်မှု ‘သမာဓိ’ ကိုလည်းကောင်း ဟောကြားတော်မူပါလော့။ (၇)
“He whose eyes are open has explained the truth he witnessed, <j>where adversities are removed. Please now speak of the practice, sir, the monastic code and immersion in samādhi.”
၉၂၉။ ‘‘စက္ခူဟိ နေဝ လောလဿ, ဂါမကထာယ အာဝရယေ သောတံ၊
ရသေ စ နာနုဂိဇ္ဈေယျ, န စ မမာယေထ ကိဉ္စိ လောကသ္မိံ။
၉၂၉။ [အဖြေ] မျက်စိတို့ဖြင့် လျှပ်ပေါ်သည် မဖြစ်ရာ၊ တိရစ္ဆာနကထာဟူသော ရွာသူတို့၏ စကားမှနားကို ပိတ်ပင်တားဆီးရာ၏၊ ရသာရုံ၌လည်း မမက်မော ရာ၊ လောက၌ တစ်စုံတစ်ခုကိုမျှလည်း (တဏှာဒိဋ္ဌိတို့ဖြင့်) မမြတ်နိုးရာ။ (၈)
“With eyes not wanton, they’d turn their ears from village gossip. They wouldn’t be greedy for flavors, nor possessive about anything in the world.
၉၃၀။ ‘‘ဖဿေန ယဒါ ဖုဋ္ဌဿ, ပရိဒေဝံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ၊
ဘဝဉ္စ နာဘိဇပ္ပေယျ, ဘေရဝေသု စ န သမ္ပဝေဓေယျ။
၉၃၀။ ရဟန်းသည် အနာရောဂါဟူသော အတွေ့ဖြင့် တွေ့ကြုံသောအခါတစ်စုံ တစ်ခုသော အကြောင်းကြောင့် ငိုကြွေးခြင်းကို မပြုရာ၊ (ကာမစသော) ဘဝကိုလည်း မတောင့်တရာ၊ ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့်လည်း မတုန်လှုပ်ရာ။ (၉)
Though struck by contacts, a mendicant would not lament at all. They wouldn’t pray for another life, nor tremble in the face of dangers.
၉၃၁။ ‘‘အန္နာနမထော ပါနာနံ, ခါဒနီယာနံ အထောပိ ဝတ္ထာနံ၊
လဒ္ဓါ န သန္နိဓိံ ကယိရာ, န စ ပရိတ္တသေ တာနိ အလဘမာနော။
၉၃၁။ ထမင်း (မုံ့ ငါးစသည်)တို့ကိုလည်းကောင်း၊ (ရှစ်ပါးသော) အဖျော်တို့ကိုလည်း ကောင်း၊ (မုံံ့ သစ်သီးစသော) ခဲဖွယ်တို့ကိုလည်းကောင်း၊ အဝတ်တို့ကိုလည်းကောင်း ရသည် ရှိသော် သိုမှီးမှုကို မပြုရာ၊ ထိုထမင်းစသည်တို့ကို မရသော်လည်း မစိုးရိမ် မထိတ်လန့်ရာ။ (၁၀)
When they receive food and drink, edibles and clothes, they wouldn’t store them up, nor worry about not getting them.
၉၃၂။ ‘‘ဈာယီ န ပါဒလောလဿ, ဝိရမေ ကုက္ကုစ္စာ နပ္ပမဇ္ဇေယျ၊
အထာသနေသု သယနေသု, အပ္ပသဒ္ဒေသု ဘိက္ခု ဝိဟရေယျ။
၉၃၂။ ဈာန်၌ မွေ့လျော်သော ရဟန်းသည် လှည့်လည်သွားလာခြင်းဖြင့် ခြေလျှပ် ပေါ်သူ မဖြစ်ရာ၊ (လက် ခြေဆော့ခြင်းစသော လှုပ်ရှားမှု) ကုက္ကုစ္စမှ ရှောင်ကြဥ် ရာ၏၊ (ကုသိုလ်တရားတို့၌) မမေ့မလျော့ရာ၊ အသံတိတ်ဆိတ်ကုန်သောနေရာ အိပ်ရာတို့၌ နေရာ၏။ (၁၁)
Meditative, not footloose, they’d avoid remorse and not be negligent. Then a mendicant would stay in quiet places to sit and rest.
၉၃၃။ ‘‘နိဒ္ဒံ န ဗဟုလီကရေယျ, ဇာဂရိယံ ဘဇေယျ အာတာပီ၊
တန္ဒိံ မာယံ ဟဿံ ခိဍ္ဍံ, မေထုနံ ဝိပ္ပဇဟေ သဝိဘူသံ။
၉၃၃။ (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသူသည် အိပ်ခြင်းကို များစွာ မပြုရာ၊ နိုးကြားမှု ‘ဝီရိယ’ကိုမှီဝဲရာ၏၊ ပျင်းရိမှုကိုလည်းကောင်း၊ လှည့်ပတ်မှု ‘မာယာ’ကိုလည်းကောင်း၊ ရယ်ရွှင်မှုကိုလည်းကောင်း၊ မြူးထူးကစားမှုကိုလည်းကောင်း၊ မေထုန်အကျင့်ကိုလည်းကောင်း၊ အသုံးအဆောင်နှင့်တကွ ခန္ဓာကိုယ်ကို တန်ဆာဆင်မှုကိုလည်းကောင်း ပယ်စွန့်ရာ၏။ (၁၂)
They wouldn’t take much sleep, but, being keen, <j>would apply themselves to wakefulness. They’d give up sloth, illusion, mirth, and play, and sex and ornamentation.
၉၃၄။ ‘‘အာထဗ္ဗဏံ သုပိနံ လက္ခဏံ, နော ဝိဒဟေ အထောပိ နက္ခတ္တံ၊
ဝိရုတဉ္စ ဂဗ္ဘကရဏံ, တိကိစ္ဆံ မာမကော န သေဝေယျ။
၉၃၄။ (ရတနာသုံးပါးကို) မြတ်နိုးသူသည် သူတစ်ပါးကို နှိပ်စက်ကြောင်း (အာထဗ္ဗဏ) အတတ်ကိုလည်းကောင်း၊ အိပ်မက်ကျမ်းကိုလည်းကောင်း၊ လက္ခဏာ ကျမ်းကိုလည်းကောင်း၊ ထို့ပြင်နက္ခတ်ကျမ်းကိုလည်းကောင်း၊ သားငှက်စသည်တို့၏ မြည်သံတွန်သံကို သိသော အတတ်ကိုလည်းကောင်း၊ ကိုယ်ဝန်တည်ရေး ဆေး ပေးခြင်းကိုလည်းကောင်း မစီရင်ရာ၊ ဆေးကုခြင်းကိုလည်း မမှီဝဲမလိုက်စားရာ။ (၁၃)
They wouldn’t cast Artharvaṇa spells, <j>interpret dreams or omens, or practice astrology. My followers would not study ominous animal cries, work as a doctor, or treat an impacted fetus.
၉၃၅။ ‘‘နိန္ဒာယ နပ္ပဝေဓေယျ, န ဥဏ္ဏမေယျ ပသံသိတော ဘိက္ခု၊
လောဘံ သဟ မစ္ဆရိယေန, ကောဓံ ပေသုဏိယဉ္စ ပနုဒေယျ။
၉၃၅။ ရဟန်းသည် ကဲ့ရဲ့ခြင်းကြောင့် မတုန်လှုပ်ရာ၊ အချီးမွမ်းခံရသော်လည်း မတက်ကြွရာ၊ ဝန်တိုခြင်းနှင့်တကွ လိုချင်မှု ‘လောဘ’ကိုလည်းကောင်း၊ အမျက် ထွက်မှု ‘ကောဓ’ကိုလည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုကိုလည်းကောင်း ပယ် ဖျောက်ရာ၏။ (၁၄)
Not shaken by criticism, a mendicant would not gloat when praised. They’d cast aside greed and stinginess, anger, and slander.
၉၃၆။ ‘‘ကယဝိက္ကယေ န တိဋ္ဌေယျ, ဥပဝါဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ၊
ဂါမေ စ နာဘိသဇ္ဇေယျ, လာဘကမျာ ဇနံ န လပယေယျ။
၉၃၆။ ရဟန်းသည် ဝယ်ခြင်း ရောင်းခြင်း၌၂ မတည်ရာ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် မျှစွပ်စွဲကြောင်း ကိလေသာကို မဖြစ်စေရာ၊ ရွာ၌လည်း (လူတို့နှင့်) မရောယှက် မကပ်ငြိရာ၊ လာဘ်လိုချင်မှုဟူသော အကြောင်းကြောင့် လူ အပေါင်းကို မြှောက်ပင့်နှိမ့်ချ၍ မပြောဆိုရာ။ (၁၅)
They’d not stand for buying and selling; a mendicant would not speak ill at all. They wouldn’t linger in the village, nor cajole people from desire for profit.
၉၃၇။ ‘‘န စ ကတ္ထိတာ သိယာ ဘိက္ခု, န စ ဝါစံ ပယုတ္တံ ဘာသေယျ၊
ပါဂဗ္ဘိယံ န သိက္ခေယျ, ကထံ ဝိဂ္ဂါဟိကံ န ကထယေယျ။
၉၃၇။ ရဟန်းသည် ဝါကြွားတတ်သူ မဖြစ်ရာ၊ (သင်္ကန်းစသော ပစ္စည်းရရေးနှင့်) စပ်သောစကားကို မပြောဆိုရာ၊ (ကိုယ်နှုတ်စိတ်) ကြမ်းတမ်းရိုင်းစိုင်းမှုကို မပြုကျင့်ရာ၊ ငြင်းခုံသော စကားကို မပြောဆိုရာ။ (၁၆)
A mendicant would be no boaster, nor would they speak suggestively. They wouldn’t train in impudence, nor speak argumentatively.
၉၃၈။ ‘‘မောသဝဇ္ဇေ န နီယေထ, သမ္ပဇာနော သဌာနိ န ကယိရာ၊
အထ ဇီဝိတေန ပညာယ, သီလဗ္ဗတေန နာညမတိမညေ။
၉၃၈။ ဆင်ခြင်ဉာဏ် သမ္ပဇဥ်ရှိသူသည် မုသားစကား မပြောဆိုရာ၊ စဥ်းလဲခြင်းတို့ကိုလည်း မပြုရာ၊ ခေါင်းပါးသော အသက်မွေးခြင်းဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ စောင့်ထိန်းမှု ‘သီလ’ဓူတင်ဆောက်တည်မှု ‘ဝတ’ဖြင့်လည်းကောင်း အခြားသူတို့ကို မထီမဲ့မြင်မအောက်မေ့ရာ။ (၁၇)
They wouldn’t be led into lying, nor be deliberately devious. And they’d never look down on another because of livelihood, wisdom, or precepts and vows.
၉၃၉။ ‘‘သုတွာ ရုသိတော ဗဟုံ ဝါစံ, သမဏာနံ ဝါ ပုထုဇနာနံ [ပုထုဝစနာနံ (သီ။ သျာ။ ပီ။)]၊
ဖရုသေန နေ န ပဋိဝဇ္ဇာ, န ဟိ သန္တော ပဋိသေနိကရောန္တိ။
၉၃၉။ သူတစ်ပါးတို့ ဖျက်ဆီးကဲ့ရဲ့ခံရသော ရဟန်းသည် ပရိဗိုဇ်ရဟန်းတို့၏လည်းကောင်း၊ များစွာသောသူတို့၏လည်းကောင်း၊ များစွာသော စကားကို ကြားရသည်ရှိသော်လည်းကောင်း ထိုသူတို့ကိုကြမ်း၊ ကတ်သော စကားဖြင့် တုံ့ပြန်မပြော ဆိုရာ၊မှန်၏- သူတော်ကောင်းတို့သည် ရန်တုံ့မူခြင်းကို မပြုကြကုန်။ (၁၈)
Though provoked from hearing much talk from ascetics saying all different things, they wouldn’t react harshly, for the virtuous do not retaliate.
၉၄၀။ ‘‘ဧတဉ္စ ဓမ္မမညာယ, ဝိစိနံ ဘိက္ခု သဒါ သတော သိက္ခေ၊
သန္တီတိ နိဗ္ဗုတိံ ဉတွာ, သာသနေ ဂေါတမဿ န ပမဇ္ဇေယျ။
၉၄၀။ စုံစမ်းဆင်ခြင်သော ရဟန်းသည် ထိုဟောပြခဲ့ပြီးသောတရားကိုလည်း သိ၍ အခါ ခပ်သိမ်းသတိနှင့် ပြည့်စုံသည် ဖြစ်လျက် ကျင့်ရာ၏။ (ရာဂစသည်တို့) ငြိမ်းအေးရာ သဘောတရားကို‘သန္တိသုခနိဗ္ဗာန’ဓာတ်ဟု သိ၍ ဂေါတမနွယ် ဖွား မြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ရာ။ (၁၉)
Having understood this teaching, inquiring, a mendicant would always train mindfully. Knowing quenching as peace, they’d not be negligent in Gotama’s bidding.
၉၄၁။ ‘‘အဘိဘူ ဟိ သော အနဘိဘူတော, သက္ခိဓမ္မမနီတိဟမဒဿီ၊
တသ္မာ ဟိ တဿ ဘဂဝတော သာသနေ, အပ္ပမတ္တော သဒါ နမဿမနုသိက္ခေ’’တိ။
တုဝဋကသုတ္တံ စုဒ္ဒသမံ နိဋ္ဌိတံ။
၉၄၁။ အာရုံခြောက်ပါးတို့ကို လွှမ်းမိုးနိုင်သည်ဖြစ်၍ ကိလေသာတို့က မနှိပ် စက်နိုင်သော ထိုမြတ်စွာဘုရားသည် (တစ်ဆင့်ကြားမဟုတ်)၊ မိမိ (ကိုယ်တော်တိုင်) မျက်မှောက်ပြုသောတရားကို့မြင်တော်မူ၏၊ ထို့ကြောင့် ပင်လျှင် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ အခါ ခပ်သိမ်းရိုသေကိုင်းညွတ်သည်ဖြစ်၍ ကျင့်ရာ၏။ (၂၀) တစ်ဆယ့်လေးခုမြောက် တုဝဋကသုတ် ပြီး၏။ ၁။ ညဥ့်နေ့ကို ခြောက်ပုံပုံ၍ တစ်ပုံ (လေးနာရီ) မျှသာ အိပ်ရာ၏။ (မဟာနိဒ္ဒေသပါဠိတော်) ၂။ သီတင်းသုံးဖော်အချင်းချင်း လှည့်ပတ်၍ဖြစ်စေ အမြတ်ယူ၍ဖြစ်စေ ဖလှယ်မှုကိုဆိုသည်။ (အဋ္ဌကထာ)
For he is the vanquisher, the unvanquished, seer of the truth as witness, not by legends— that’s why, being diligent, they would always train respectfully in the Buddha’s teaching.”
၁၅။ အတ္တဒဏ္ဍသုတ္တ
၉၄၂။ ‘‘အတ္တဒဏ္ဍာ ဘယံ ဇာတံ, ဇနံ ပဿထ မေဓဂံ၊
သံဝေဂံ ကိတ္တယိဿာမိ, ယထာ သံဝိဇိတံ မယာ။
၁၅-အတ္တဒဏ္ဍသုတ် ၉၄၂။ (ပစ္စုပ္ပန် သံသရာနှစ်ဖြာသော) ဘေးသည် မိမိ၏ ဒုစရိုက် အပြစ်ဒဏ်ကြောင့် သာဖြစ်ပေါ်လာရာ၏၊ (သို့ ပင်ဖြစ်သော်လည်း) အချင်းချင်း ခိုက်ရန် ငြင်းခုံ နေသော လူအပေါင်းကိုရှုကြကုန်လော့၊ ငါဘုရားကိုယ်တိုင် ထိတ်လန့်မှု သံဝေဂ ရခဲ့ဖူးသည့်အတိုင်း ထိတ်လန့်ဖွယ်သံဝေဂတရားကို ဟောကြားပေအံ့။ (၁)
Anthology of Discourses 4.15 Taking Up Arms Peril stems from those who take up arms— just look how people conflict! I shall extol how I came to be stirred with a sense of urgency.
၉၄၃။ ‘‘ဖန္ဒမာနံ ပဇံ ဒိသွာ, မစ္ဆေ အပ္ပေါဒကေ ယထာ၊
အညမညေဟိ ဗျာရုဒ္ဓေ, ဒိသွာ မံ ဘယမာဝိသိ။
၉၄၃။ ရေနည်းငါးတို့ကဲ့သို့ (ကိလေသာတို့ကြောင့်) တုန်လှုပ်နေသော သတ္တဝါ အပေါင်းကိုမြင်ရ၍လည်းကောင်း၊ အချင်းချင်း ခိုက်ရန် ငြင်းခုံနေကြသော လူတို့ကို မြင်ရ၍လည်းကောင်းကြောက်မက်ဖွယ် ဘေးဘျမ်းသည် ငါ့ထံသို့ ဝင်ရောက် လာ၏။ (၂)
I saw this population flounder, like a fish in a little puddle. Seeing them at odds with each other, fear came upon me.
၉၄၄။ ‘‘သမန္တမသာရော လောကော, ဒိသာ သဗ္ဗာ သမေရိတာ၊
ဣစ္ဆံ ဘဝနမတ္တနော, နာဒ္ဒသာသိံ အနောသိတံ။
၉၄၄။ ထက်ဝန်းကျင် (အားလုံး) သော လောကသည် အနှစ်သာရ မရှိ၊ အရပ် မျက်နှာအားလုံးရှိသင်္ခါရတရားတို့သည် (မမြဲခြင်းစသည်ဖြင့်) တုန်လှုပ်ကုန်၏၊ မိမိ၏မှီခိုအားထားရာကို အလိုရှိသူသည် (ဇရာစသည်တို့ဖြင့်) မလွှမ်းမိုးနိုင်သည့် တစ်စုံတစ်ခုသောအရပ်ကို မမြင်။ (၃)
The world around was volatile, all directions were in turmoil. Wanting a home for myself, I saw nowhere unsettled.
၉၄၅။ ‘‘ဩသာနေတွေဝ ဗျာရုဒ္ဓေ, ဒိသွာ မေ အရတီ အဟု၊
အထေတ္ထ သလ္လမဒ္ဒက္ခိံ, ဒုဒ္ဒသံ ဟဒယနိဿိတံ။
၉၄၅။ ပျိုသော အရွယ်စသည်တို့၏ ပြီးဆုံးပြီးနောက် ဖြစ်ကုန်သော (ဇရာ စသည်တို့) နှိပ်စက်ညှဥ်းဆဲအပ်ကုန်သော သတ္တဝါတို့ကို မြင်ရ၍ ငါ့အား မမွေ့လျော်မှု ဖြစ်ခဲ့ပြီ၊ ထို့ပြင်ဤသတ္တဝါတို့၌ စိတ်နှလုံးကိုမှီနေသည်ဖြစ်၍ မြင်နိုင် ခဲသော (ရာဂစသော) မြားငြောင့်ကို ငါ မြင်ပြီ။ (၄)
Yet even in their settlement they were at odds— seeing that, I grew uneasy. Then I saw a dart there, so hard to see, stuck in the heart.
၉၄၆။ ‘‘ယေန သလ္လေန ဩတိဏ္ဏော, ဒိသာ သဗ္ဗာ ဝိဓာဝတိ၊
တမေဝ သလ္လမဗ္ဗုယှ, န ဓာဝတိ န သီဒတိ။
၉၄၆။ အကြင် (ရာဂစသော) မြားငြောင့် စူးဝင်နေသူသည် အရပ်မျက်နှာအား လုံးတို့သို့ ပြေးသွားရ၏၊ ထို (ရာဂစသော) မြားငြောင့်ကိုပင်လျှင် နုတ်ပယ်လိုက်သည်ရှိသော် မပြေးသွားရတော့ပေ၊ (ဩဃလေးပါး၌) မနစ်မြုပ်ရတော့ပေ။ (၅)
When struck by that dart, you run around in all directions. But when that same dart has been plucked out, you neither run around nor sink down.
၉၄၇။ ‘‘တတ္ထ သိက္ခာနုဂီယန္တိ [သိက္ခာနုကိရိယန္တိ (က။)], ယာနိ လောကေ ဂဓိတာနိ၊
န တေသု ပသုတော သိယာ, နိဗ္ဗိဇ္ဈ သဗ္ဗသော ကာမေ၊
သိက္ခေ နိဗ္ဗာနမတ္တနော။
၉၄၇။ လူ့ပြည် လောက၌ အကြင်တပ်မက်မောဖွယ် (ကာမဂုဏ်)တို့သည် ရှိကုန်၏၊ ထိုတပ်မက်မောဖွယ် ကာမဂုဏ်တို့ကြောင့် (ဆင်အတတ်စသော) အတတ် ပညာတို့ကို အဆင့်ဆင့်သင်ယူကြကုန်၏၊ ထိုကာမဂုဏ်တို့နှင့် အတတ်ပညာတို့၌ လိုက်စားလေ့လာသူ မဖြစ်ရာ၊ ကာမတို့ကို (အနိစ္စစသောအားဖြင့်) အချင်းခပ်သိမ်း ထိုးထွင်းသိ၍ မိမိ၏ (ရာဂစသည်ကို) ငြိမ်းစိမ့်သောငှါ ကျင့်ရာ၏။ (၆)
(On that topic, the trainings are recited.) Whatever attachments there are in the world, don’t pursue them. Having pierced through sensual pleasures <j>in every way, train yourself for extinguishment.
၉၄၈။ ‘‘သစ္စော သိယာ အပ္ပဂဗ္ဘော, အမာယော ရိတ္တပေသုဏော၊
အက္ကောဓနော လောဘပါပံ, ဝေဝိစ္ဆံ ဝိတရေ မုနိ။
၉၄၈။ ရဟန်းသည် ဝစီသစ္စာစသည်နှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ (ကိုယ်နှုတ်စိတ်) မကြမ်းတမ်းသူလှည့်ပတ်မှု ‘မာယာ’ မရှိသူကုန်းတိုက်မှု ကင်းသူ အမျက်ထွက်မှု မရှိသူ ဖြစ်ရာ၏၊ ယုတ်မာသော လော ဘကိုလည်းကောင်း၊ ဝန်တိုမှု ‘မစ္ဆရိယ’ကိုလည်းကောင်း လွန်မြောက်ရာ၏။ (၇)
Be truthful, not rude, free of deceit, and rid of slander; without anger, a sage would cross over the evils of greed and avarice.
၉၄၉။ ‘‘နိဒ္ဒံ တန္ဒိံ သဟေ ထီနံ, ပမာဒေန န သံဝသေ၊
အတိမာနေ န တိဋ္ဌေယျ, နိဗ္ဗာနမနသော နရော။
၉၄၉။ နိဗ္ဗာန်သို့ ညွတ်သော စိတ်ရှိသူသည် ငိုက်မျဥ်းခြင်းကိုလည်းကောင်း ပျင်းရိခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းခြင်းကိုလည်းကောင်း ဖျောက်ဖျက်ရာ၏၊ (ကုသိုလ်ကောင်းမှုတို့၌) မေ့လျော့သဖြင့် မနေရာ၊ အလွန်ထောင်လွှားမှု ‘မာန’၌ မတည်ရာ။ (၈)
Prevail over sleepiness, sloth, and drowsiness, don’t abide in negligence, A person intent on quenching would not stand for arrogance.
၉၅၀။ ‘‘မောသဝဇ္ဇေ န နီယေထ, ရူပေ သ္နေဟံ န ကုဗ္ဗယေ၊
မာနဉ္စ ပရိဇာနေယျ, သာဟသာ ဝိရတော စရေ။
၉၅၀။ မုသားစကား မပြောဆိုရာ၊ ရုပ်တရား၌ ချစ်ခင်မှုကို မပြုရာ၊ ထောင် လွှားမှု ‘မာန’ကိုလည်းပိုင်းခြား၍ သိရာ၏၊ အဆောတလျင် ပြုလုပ်ခြင်းမှ ရှောင် ကြဥ်သည်ဖြစ်၍ ကျင့်ရာ၏။ (၉)
Don’t be led into lying, or get caught up in affection for form. Completely understand conceit, and desist from hasty conduct.
၉၅၁။ ‘‘ပုရာဏံ နာဘိနန္ဒေယျ, နဝေ ခန္တိံ န ကုဗ္ဗယေ၊
ဟိယျမာနေ န သောစေယျ, အာကာသံ န သိတော သိယာ။
၉၅၁။ အတိတ်ခန္ဓာငါးပါးကို မနှစ်သက် မမက်မောရာ၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၌ နှစ်သက်မက်မောမှုကိုလည်းမပြုရာ၊ ခန္ဓာစသည် ပျက်စီးသည်ရှိသော် မပူဆွေး ရာ၊ ဆွဲငင်တတ်သောတဏှာကို စွဲမှီသူ မဖြစ်ရာ။ (၁၀)
Don’t relish the old, or welcome the new. Don’t grieve for what is running out, or get attached to things that pull you in.
၉၅၂။ ‘‘ဂေဓံ ဗြူမိ မဟောဃောတိ, အာဇဝံ ဗြူမိ ဇပ္ပနံ၊
အာရမ္မဏံ ပကပ္ပနံ, ကာမပင်္ကော ဒုရစ္စယော။
၉၅၂။ မက်မောမှု ‘တဏှာ’ကို ကြီးစွာသော ရေအလျဥ်ဟူ၍ ငါ ဆို၏၊ လျင်စွာ ဖြစ်တတ်သောတဏှာကို တောင့်တမှု ‘ဇပ္ပန’ဟူ၍လည်းကောင်း၊ မလွှတ်မူ၍ ဆွဲကိုင်မှု ‘အာရမ္မဏ’ဟူ၍လည်းကောင်း၊ တုန်လှုပ်မှု ‘ပကပ္ပန’ဟူ၍လည်းကောင်း ငါ ဆို၏၊ ကာမဟူသော ညွန်ကို လွန်မြောက်နိုင်ခဲသော အရာဟု ငါ ဆို၏။ (၁၁)
Greed, I say, is the great flood, and longing is the current— the basis, the compulsion, the swamp of sensuality so hard to get past.
၉၅၃။ ‘‘သစ္စာ အဝေါက္ကမ္မ [အဝေါက္ကမံ (နိဒ္ဒေသ)] မုနိ, ထလေ တိဋ္ဌတိ ဗြာဟ္မဏော၊
သဗ္ဗံ သော [သဗ္ဗသော (သျာ။ က။)] ပဋိနိဿဇ္ဇ, သ ဝေ သန္တောတိ ဝုစ္စတိ။
၉၅၃။ မကောင်းမှုမှ အပပြုပြီးသော ထိုရဟန်းသည် (အဋ္ဌင်္ဂီကမဂ်) သစ္စာမှ မလွှဲမရှောင်မူ၍ (အာယတန)အားလုံးကို စွန့်လွှတ်ပြီးလျှင် (နိဗ္ဗာန်ဟူသော) ကြည်းကုန်းထက်၌ တည်၏၊ ထိုပုဂ္ဂိုလ်ကို စင်စစ် ငြိမ်းအေးပြီးသူဟူ၍ ဆိုအပ်၏။ (၁၂)
The sage never strays from the truth; the brahmin stands on solid ground. Having given up everything, they are said to be at peace.
၉၅၄။ ‘‘သ ဝေ ဝိဒွါ သ ဝေဒဂူ, ဉတွာ ဓမ္မံ အနိဿိတော၊
သမ္မာ သော လောကေ ဣရိယာနော, န ပိဟေတီဓ ကဿစိ။
၉၅၄။ ဤလောက၌ (ဆန္ဒရာဂစသည်ကို ပယ်ပြီးဖြစ်၍) ကောင်းစွာ နေထိုင် သွားလာသော ထိုပုဂ္ဂိုလ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) မမှီဘဲလျက် သင်္ခတတရား အပေါင်းကို (အနိစ္စ စသောအားဖြင့်) သိပြီးဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မချစ်ခင် တော့ပေ၊ ထိုပုဂ္ဂိုလ်သည်သာ ပညာရှိမည်၏၊ ထိုပုဂ္ဂိုလ်သည်သာ မဂ်ဉာဏ်သို့ ရောက်ပြီးသူ မည်၏။ (၁၃)
They have truly known, they’re a knowledge master, understanding the teaching, they are independent. They rightly proceed in the world, not coveting anything here.
၉၅၅။ ‘‘ယောဓ ကာမေ အစ္စတရိ, သင်္ဂံ လောကေ ဒုရစ္စယံ၊
န သော သောစတိ နာဇ္ဈေတိ, ဆိန္နသောတော အဗန္ဓနော။
၉၅၅။ ဤလောက၌ အကြင်သူသည် ကာမတို့ကို လွန်မြောက်ခဲ့ပြီ၊ လောက၌ လွန်နိုင်ခဲသော ကပ်ငြိမှု ‘တဏှာ’ကိုလည်း လွန်မြောက်ခဲ့ပြီ၊ (တဏှာ) အလျဥ်ကို ဖြတ်ပြီးသော ကိလေသာအနှောင်အဖွဲ့မရှိသော ထိုသူသည် မပူဆွေးတော့ပေ၊ မကြံမှိုင်တော့ပေ။ (၁၄)
One who has crossed over sensuality here, the chain in the world so hard to get past, grieves not, nor hopes; they’ve cut the strings, they’re no longer bound.
၉၅၆။ ‘‘ယံ ပုဗ္ဗေ တံ ဝိသောသေဟိ, ပစ္ဆာ တေ မာဟု ကိဉ္စနံ၊
မဇ္ဈေ စေ နော ဂဟေဿသိ, ဥပသန္တော စရိဿသိ။
၉၅၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာမျိုးကို ခြောက်ခန်း စေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ (ကိလေသာ ငြိမ်းအေးသည်ဖြစ်၍) နေရလတ္တံ့။ (၁၅)
What came before, let wither away, and after, let there be nothing. If you don’t grasp at the middle, you will live at peace.
၉၅၇။ ‘‘သဗ္ဗသော နာမရူပသ္မိံ, ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ, သ ဝေ လောကေ န ဇီယတိ။
၉၅၇။ အကြင်ရဟန္တာအား နာမ်ရုပ်တရားအပေါင်း၌ (ငါ ငါ၏ဥစ္စာဟု) အချင်း ခပ်သိမ်းမြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီးသော်လည်း မစိုးရိမ်၊ ထို ရဟန္တာပုဂ္ဂိုလ်သည် လောက၌ ဆုတ်ယုတ်ဆုံးရှုံးသူ မဟုတ်။ (၁၆)
One who has no sense of ownership in the whole realm of name and form, does not grieve for that which is not, they suffer no loss in the world.
၉၅၈။ ‘‘ယဿ နတ္ထိ ဣဒံ မေတိ, ပရေသံ ဝါပိ ကိဉ္စနံ၊
မမတ္တံ သော အသံဝိန္ဒံ, နတ္ထိ မေတိ န သောစတိ။
၉၅၈။ အကြင်ရဟန္တာပုဂ္ဂိုလ်အား ငါ၏ ဥစ္စာဟူ၍လည်းကောင်း၊ သူတစ်ပါးတို့၏ ဥစ္စာဟူ၍လည်းကောင်း (ရုပ်ဝေဒနာစသည်ကို) စွဲယူကြောင့်ကြမှု မရှိ၊ ထိုရဟန္တာ ပုဂ္ဂိုလ်သည် မြတ်နိုးစွဲလမ်းဖွယ်ဝတ္ထုကို မရသော်လည်း ငါ့အား မရမရှိဟူ၍ မစိုး ရိမ်တော့ချေ။ (၁၇)
If you don’t think of anything as belonging to yourself or others, not finding any possessiveness, you won’t grieve, thinking “I don’t have it”.
၉၅၉။ ‘‘အနိဋ္ဌုရီ အနနုဂိဒ္ဓေါ, အနေဇော သဗ္ဗဓီ သမော၊
တမာနိသံသံ ပဗြူမိ, ပုစ္ဆိတော အဝိကမ္ပိနံ။
၉၅၉။ တုန်လှုပ်ခြင်း မရှိသူပုဂ္ဂိုလ်ကို ငါ့အား မေးသည်ရှိသော် (အကြင်ပုဂ္ဂိုလ်သည် ) ငြူစူခြင်း မရှိ၊ မက်မောတွယ်တာမှု မရှိ၊ တုန်လှုပ်ကြောင်း တဏှာ မရှိ၊ အာယတနအားလုံးတို့၌ အညီအမျှလျစ်လျူရှုနိုင်၏၊ (ထိုပုဂ္ဂိုလ်၌) ထိုအကျိုး အာနိသင် (လေးပါး) ကို ငါ ဆို၏။ (၁၈)
Not bitter, not fawning, unstirred, everywhere even; when asked about one who is unwavering, I declare that that is the benefit.
၉၆၀။ ‘‘အနေဇဿ ဝိဇာနတော, နတ္ထိ ကာစိ နိသင်္ခတိ [နိသင်္ခိတိ (သီ။ ပီ။)]။
ဝိရတော သော ဝိယာရဗ္ဘာ, ခေမံ ပဿတိ သဗ္ဗဓိ။
၉၆၀။ တုန်လှုပ်မှုတဏှာကင်းသော (သင်္ခါရတရားတို့၏ အနိစ္စစသော အခြင်း အရာကို) သိသောသူအားတစ်စုံတစ်ခုပြုပြင်တတ်သော သင်္ခါရ မရှိ၊ ထိုပုဂ္ဂိုလ်သည် အထူးထူးသောအားထုတ်မှု (ကုသိုလ်အကုသိုလ် သင်္ခါရ)မှ ကင်းသည်ဖြစ်၍ အလုံးစုံသော အရာဌာနတို့၌ ဘေးမရှိသည်ကို မြင်နိုင်၏။ (၁၉)
For the unstirred who understand, there’s no performance of deeds. Desisting from instigation, they see sanctuary everywhere.
၉၆၁။ ‘‘န သမေသု န ဩမေသု, န ဥဿေသု ဝဒတေ မုနိ၊
သန္တော သော ဝီတမစ္ဆရော, နာဒေတိ န နိရဿတီ’’တိ။
အတ္တဒဏ္ဍသုတ္တံ ပန္နရသမံ နိဋ္ဌိတံ။
၉၆၁။ အကြင်ရဟန်းသည် တူညီသူတို့၌ (မာနအစွမ်းဖြင့်) တူညီသူဟု မပြော ဆို၊ ယုတ်နိမ့်သူတို့၌ ယုတ်နိမ့်သူဟု မပြောဆို၊ မြင့်မြတ်သူတို့၌ မြင့်မြတ်သူဟု မပြောဆို၊ ကိလေသာငြိမ်းအေးပြီးဖြစ်သော ထိုရဟန်းသည် ဝန်တိုမှု ‘မစ္ဆေရ’ ကင်းသည်ဖြစ်၍ (ခန္ဓာငါးပါးစသည်ကို) စွဲလည်း မစွဲယူ စွန့်လည်းမစွန့်လွှတ်။ (၂၀) တစ်ဆယ့်ငါးခုမြောက် အတ္တဒဏ္ဍသုတ် ပြီး၏။
A sage doesn’t speak of themselves as being among superiors, inferiors, or equals. Peaceful, rid of stinginess, they are neither ditching nor taking up.
၁၆။ သာရိပုတ္တသုတ္တ
၉၆၂။ ‘‘န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ, (ဣစ္စာယသ္မာ သာရိပုတ္တော)
န သုတော ဥဒ ကဿစိ၊
ဧဝံ ဝဂ္ဂုဝဒေါ သတ္ထာ,
တုသိတာ ဂဏိမာဂတော။
၁၆-သာရိပုတ္တသုတ် ၉၆၂။ (အသျှင်သာရိပုတ္တရာသည် ဤသို့ လျှောက်ဆို၏) - နှစ်သက်မွေ့လျော်ဖွယ်ရာ နတ်ပြည် လောကမှ ကြွလာတော်မူခဲ့သော ဂိုဏ်းဆရာ ဖြစ်တော်မူသော ဤသို့ အင်္ဂါရှစ်ပါးရှိသော အသံတော်ဖြင့် ချိုမြိန်သာယာစွာ ဟော ကြားမြွက်ဆိုတော်မူတတ်သော ဆရာဘုရားကို (သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်း တော်မူရာ) ဤအခါမှ ရှေး၌ အကျွန်ုပ်သည်ကိုယ်တိုင်လည်းမမြင်ဖူးပါ၊ တစ်စုံ တစ်ယောက်သောသူ၏ ပြောဆိုသံကိုလည်း မကြားဖူးပါ။ (၁)
Anthology of Discourses 4.16 With Sāriputta “Never before have I seen,” said Venerable Sāriputta, “or heard from anyone about a teacher of such graceful speech, come from Tusita heaven to lead a community.
၉၆၃။ ‘‘သဒေဝကဿ လောကဿ, ယထာ ဒိဿတိ စက္ခုမာ၊
သဗ္ဗံ တမံ ဝိနောဒေတွာ, ဧကောဝ ရတိမဇ္ဈဂါ။
၉၆၃။ မြတ်သော စက္ခုရှိတော်မူသော ပြိုင်ဘက်မပြူ တစ်ဆူတည်းသာ ဖြစ် တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လူအပေါင်းသည် (အချင်း ချင်း) ထင်ရှားတွေ့မြင်နိုင်လောက်အောင် အမိုက်မှောင်အားလုံးကို ပယ်ဖျောက် တော်မူပြီး၍ မွေ့လျော်မှုကို ရတော်မူပြီ။ (၂)
To all the world with its gods he appears as a Clear-eyed One who has dispelled all darkness, and alone attained to bliss.
၉၆၄။ ‘‘တံ ဗုဒ္ဓံ အသိတံ တာဒိံ, အကုဟံ ဂဏိမာဂတံ၊
ဗဟူနမိဓ ဗဒ္ဓါနံ, အတ္ထိ ပဉှေန အာဂမံ။
၉၆၄။ မင်းပုဏ္ဏားစသော များစွာသောသူတို့ အကျိုးငှါလည်းကောင်း၊ အလုပ် အကျွေးတပည့်ရဟန်းတို့ အကျိုးငှှါလည်းကောင်း တဏှာဒိဋ္ဌိကို မမှီသောသည်းခံခြင်းဂုဏ်နှင့် ပြည့်စုံသောအံ့ဩဖွယ် ‘ကုဟန’ အမှုကို မပြုတတ်သော ဂိုဏ်းဆရာ အဖြစ်သို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားကို ပြဿနာမေးရန်အလို့ငှါ ဤအရပ်သို့ အကျွန်ုပ် ရောက်လာခဲ့ပါ၏။ (၃)
On behalf of the many here still bound, I have come seeking with a question to that Buddha, unattached and impartial, free of deceit, come to lead a community.
၉၆၅။ ‘‘ဘိက္ခုနော ဝိဇိဂုစ္ဆတော, ဘဇတော ရိတ္တမာသနံ၊
ရုက္ခမူလံ သုသာနံ ဝါ, ပဗ္ဗတာနံ ဂုဟာသု ဝါ။
၉၆၅။ (ဇာတိစသည်မှ) ငြီးငွေ့စက်ဆုပ်သည်ဖြစ်၍ မလျောက်ပတ်သော ရူပါရုံစသည်မှဆိတ်သုဥ်းသည့်နေရာဖြစ်သော သစ်ပင်ရင်း သုသာန် တောင် လိုဏ်ဂူတို့၌မှီဝဲဆည်း ကပ်သော ရဟန်းအား (ကြောက်မက်ဖွယ်ဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း)။ (၄)
Suppose a mendicant who loathes attachment frequents a lonely lodging— the root of a tree, a charnel ground, on mountains, or in caves.
၉၆၆။ ‘‘ဥစ္စာဝစေသု သယနေသု, ကီဝန္တော တတ္ထ ဘေရဝါ၊
ယေဟိ ဘိက္ခု န ဝေဓေယျ, နိဂ္ဃေါသေ သယနာသနေ။
၉၆၆။ အယုတ်အမြတ်ဖြစ်သည့် အိပ်ရာနေရာတို့တွင် အသံကင်းဆိတ်သော အကြင်အိပ်ရာနေရာ၌ ရဟန်းသည် အကြင်ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့် မတုန်လှုပ်ရာ၊ ထိုအိပ်ရာနေရာ၌မှီဝဲသော ရဟန်းအား ထိိုကြောက်မက်ဖွယ် ဘေး ရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း။ (၅)
In these many different lodgings, how many dangers are there at which a mendicant in their silent lodging ought not tremble?
၉၆၇။ ‘‘ကတီ ပရိဿယာ လောကေ, ဂစ္ဆတော အဂတံ ဒိသံ၊
ယေ ဘိက္ခု အဘိသမ္ဘဝေ, ပန္တမှိ သယနာသနေ။
၉၆၇။ အစွန်အဖျားကျသော အိပ်ရာနေရာကျောင်း၌ (နေသော) ရဟန်းသည် အကြင် ဘေးရန်တို့ကို နှိမ်နင်းနိုင်ရာ၏၊ လောက၌ မရောက်ဖူးသေးသည့် နိဗ္ဗာန် အရပ်သို့ သွားသော ရဟန်းအားထိုဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန် သနည်း။ (၆)
On their journey to the untrodden place, how many adversities are there in the world that must they overcome in their remote lodging?
၉၆၈။ ‘‘ကျာဿ ဗျပ္ပထယော အဿု, ကျာဿဿု ဣဓ ဂေါစရာ၊
ကာနိ သီလဗ္ဗတာနာဿု, ပဟိတတ္တဿ ဘိက္ခုနော။
၉၆၈။ ဤသာသနာတော်၌ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသော ထိုရဟန်းအား အဘယ်သို့ သော စကားတို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့သော ကျက်စားရာ ‘ဂေါစရ’တို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့ သော စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’တို့သည် ဖြစ်ပါကုန်သနည်း။ (၇)
What ways of speech should they have? Of what kind is their alms resort? What precepts and vows should a resolute mendicant uphold?
၉၆၉။ ‘‘ကံ သော သိက္ခံ သမာဒါယ, ဧကောဒိ နိပကော သတော၊
ကမ္မာရော ရဇတဿေဝ, နိဒ္ဓမေ မလမတ္တနော’’။
၉၆၉။ တည်ကြည်သော စိတ်ရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ထိုရဟန်းသည် အဘယ်မည်သောအကျင့်သိက္ခာကို ဆောက်တည်၍ ရွှေပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို ထုတ်သကဲ့သို့ ဤအတူ မိမိ၏ (ကိလေသာ) အညစ်အကြေးကို ထုတ်ရာပါသနည်းဟု (အသျှင်သာရိပုတ္တရာက လျှောက်၏)။ (၈)
Having undertaken what training, unified, alert, and mindful, would they purge their own stains, like a smith smelting silver?”
၉၇၀။ ‘‘ဝိဇိဂုစ္ဆမာနဿ ယဒိဒံ ဖာသု, (သာရိပုတ္တာတိ ဘဂဝါ)
ရိတ္တာသနံ သယနံ သေဝတော စေ၊
သမ္ဗောဓိကာမဿ ယထာနုဓမ္မံ,
တံ တေ ပဝက္ခာမိ ယထာ ပဇာနံ။
၉၇၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - သာရိပုတ္တရာ (သံသရာဘေးကို) စက်ဆုပ်တတ်သော ဆိတ်ငြိမ်သည့် အိပ်ရာ နေရာ ကျောင်းကိုမှီဝဲသော စင်စစ် (မဂ်ဉာဏ်ကို) အလိုရှိသူ၏ ချမ်းသာစွာ နေကြောင်းဖြစ်သော လောကုတ္တရာတရားအားလျော်သောအကျင့်တရားကို ငါ သိသည့်အတိုင်း သင့်အား ဟောကြားပေအံ့။ (၉)
“If one who loathes attachment <j>frequents a lonely lodging,” said the Buddha to Sāriputta, “in their search for awakening—<j>as accords with the teaching— I shall tell you, as I understand it, what is comfortable for them.
၉၇၁။ ‘‘ပဉ္စန္နံ ဓီရော ဘယာနံ န ဘာယေ, ဘိက္ခု သတော သပရိယန္တစာရီ၊
ဍံသာဓိပါတာနံ သရီသပါနံ, မနုဿဖဿာနံ စတုပ္ပဒါနံ။
၉၇၁။ အပိုင်းအခြားရှိသည့် သီလစသည်တို့၌ ကျင့်လေ့ရှိသော သတိရှိသော ပညာရှိသော ရဟန်းသည်မှက်နှင့် ခြင် ယင်တို့လည်းကောင်း မြွေ ကင်းသန်းတို့လည်းကောင်း လူတို့ညှဥ်းဆဲထိပါးမှုတို့လည်းကောင်း ခြေလေးချောင်းရှိသော သတ္တဝါတို့လည်းကောင့်းဤဘေးရန်လေးမျိုးတို့ကို မကြောက်ရာ။ (၁၀)
An attentive one, a mindful mendicant <j>living on the periphery should not be afraid of five perils: flies, mosquitoes, reptiles, human contact, or four-legged creatures.
၉၇၂။ ‘‘ပရဓမ္မိကာနမ္ပိ န သန္တသေယျ, ဒိသွာပိ တေသံ ဗဟုဘေရဝါနိ၊
အထာပရာနိ အဘိသမ္ဘဝေယျ, ပရိဿယာနိ ကုသလာနုဧသီ။
၉၇၂။ ကုသိုလ်ကို အစဥ်မပြတ် ရှာမှီးလေ့ရှိသူသည် (သီတင်းသုံးဖော် ခုနစ်ယောက်မှ)၁ တစ်ပါးအခြားသော သာသနာပြင်ပဖြစ်သော ထိုသူတို့၏ များစွာသော ကြောက်မက်ဖွယ်တို့ကို မြင်သော်လည်း မထိတ်လန့်ရာ၊ ထို့ပြင် အခြားဘေးရန်တို့ကိုလည်း နှိမ်နင်းတိုက် ဖျက်ရာ၏။ (၁၁)
Nor should they fear followers of other teachings, even having seen the many threats they pose. And then one seeking the good should overcome any other adversities.
၉၇၃။ ‘‘အာတင်္ကဖဿေန ခုဒါယ ဖုဋ္ဌော, သီတံ အတုဏှံ [အစ္စုဏှံ (သီ။ သျာ။)] အဓိဝါသယေယျ၊
သော တေဟိ ဖုဋ္ဌော ဗဟုဓာ အနောကော, ဝီရိယံ ပရက္ကမ္မဒဠှံ ကရေယျ။
၉၇၃။ အနာရောဂါ ညှဥ်းဆဲထိပါးမှုဖြင့်လည်းကောင်း၊ ဆာလောင်မွတ်သိပ်မှုဖြင့်လည်းကောင်းတွေ့ထိခံရသူသည် သည်းခံရာ၏၊ ထို့ပြင် အချမ်းအပူကိုလည်းသည်းခံရာ၏၊ ထိုအနာရောဂါစသည်တို့ဖြင့် များစွာ တွေ့ထိခံရသူသည် ဘဝသစ်ကို ဖြစ်စေတတ်သော ကုသိုလ်အကုသိုလ်ကံတို့၏ ဖြစ်ခွင့်ကို မပေးမူ၍ လုံ့လ ကြိုးကုတ်အားထုတ်မှုကို မြဲမြံစွာ ပြုရာ၏။ (၁၂)
Afflicted by illness and hunger, they should endure cold and excessive heat. Though afflicted by many such things, <j>the homeless one should exert energy, firmly striving.
၉၇၄။ ‘‘ထေယျံ န ကာရေ [န ကရေယျ (သီ။ သျာ။ က။)] န မုသာ ဘဏေယျ, မေတ္တာယ ဖဿေ တသထာဝရာနိ၊
ယဒါဝိလတ္တံ မနသော ဝိဇညာ, ကဏှဿ ပက္ခောတိ ဝိနောဒယေယျ။
၉၇၄။ ခိုးယူမှုကို မပြုရာ၊ မုသားစကားကို မဆိုရာ၊ ပုထုဇဥ်သေက္ခနှင့် ရဟန္တာပုဂ္ဂိုလ်တို့ကို မေတ္တာဖြင့် တွေ့ထိပျံ့နှံ့စေရာ၏၊ (မိမိ) စိတ်နောက်ကျုမှုကို သိသောအခါ၌ မာရ်နတ်၏ အသင်းအပင်းဟု (နှလုံးပိုက်၍) ပယ်ဖျောက်ရာ၏။ (၁၃)
They must not steal or lie; and should touch creatures firm or frail with love. If they notice any clouding of the mind, they should dispel it as Māra’s ally.
၉၇၅။ ‘‘ကောဓာတိမာနဿ ဝသံ န ဂစ္ဆေ, မူလမ္ပိ တေသံ ပလိခည တိဋ္ဌေ၊
အထပ္ပိယံ ဝါ ပန အပ္ပိယံ ဝါ, အဒ္ဓါ ဘဝန္တော အဘိသမ္ဘဝေယျ။
၉၇၅။ အမျက်ထွက်မှု ‘ကောဓ’ အလွန်ထောင်လွှားမှု ‘မာန’၏ အလိုနိုင်ငံသို့ မလိုက်ရာ၊ ကောဓမာနတို့၏ အမြစ်အရင်းကိုလည်း တူးဖြိုပယ်နုတ်၍ တည် ရာ၏၊ ထို့ပြင် ချစ်နှစ်သက်ဖွယ် ဣဋ္ဌာရုံနှင့်မချစ်မနှစ်သက်ဖွယ် အနိဋ္ဌာရုံကို လွှမ်း မိုးနှိပ်စက်နိုင်သူသည် ဧကန်မုချ လွှမ်းမိုးနှိပ်စက်ရာ၏။ (၁၄)
They must not fall under the sway <j>of anger or arrogance; having dug them out by the root, <j>they would stand firm. Then, faced with likes and dislikes, they would surely overcome.
၉၇၆။ ‘‘ပညံ ပုရက္ခတွာ ကလျာဏပီတိ, ဝိက္ခမ္ဘယေ တာနိ ပရိဿယာနိ၊
အရတိံ သဟေထ သယနမှိ ပန္တေ, စတုရော သဟေထ ပရိဒေဝဓမ္မေ။
၉၇၆။ ဗုဒ္ဓါနုဿတိစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကောင်းမြတ်သော ပီတိနှင့် ပြည့်စုံသူသည် ပညာကို ရှေ့သွားပြု၍ ထိုဘေးရန်တို့ကို ပယ်ခွါရာ၏၊ အစွန် အဖျားကျသော အိပ်ရာနေရာ၌ မမွေ့လျော်မှုကိုသည်းခံရာ၏၊ (ဆိုလတ္တံ့သော) မြည်တမ်းငိုကြွေး ကြောင်းတရားလေးပါးတို့ကိုသည်းခံရာ၏။ (၁၅)
Putting wisdom in the foremost place, <j>rejoicing in goodness, they would put an end to those adversities. They’d vanquish discontent in their remote lodging. And they’d vanquish the four lamentations:
၉၇၇။ ‘‘ကိံသူ အသိဿာမိ ကုဝံ ဝါ [ကုဓ ဝါ (က။), ကုထ ဝါ (နိဒ္ဒေသ)] အသိဿံ, ဒုက္ခံ ဝတ သေတ္ထ ကွဇ္ဇ သေဿံ၊
ဧတေ ဝိတက္ကေ ပရိဒေဝနေယျေ, ဝိနယေထ သေခေါ အနိကေတစာရီ။
၉၇၇။ တဏှာအိမ်၌ ကျက်စားလေ့မရှိသော သေက္ခပုဂ္ဂိုလ်သည် အဘယ်ကို စားရအံ့နည်း၊ အဘယ်အမျိုး၌မူလည်း စားရအံ့နည်း၊ ဤညဥ့်၌ ဆင်းရဲစွာ အိပ်ခဲ့ ရပြီတကား၊ ယနေ့ညဥ့်၌မူအဘယ်အရပ်မှာ အိပ်ရပါအံ့နည်း၊ ဤသို့ မြည်တမ်း ငိုကြွေးကြောင်းဖြစ်သော ထိုအကြံအစည်တို့ကို ပယ်ဖျောက်ရာ၏။ (၁၆)
‘What will I eat? Where will I eat? Oh, I slept badly! Where will I sleep?’ The trainee, the migrant without abode, would dispel these lamentable thoughts.
၉၇၈။ ‘‘အန္နဉ္စ လဒ္ဓါ ဝသနဉ္စ ကာလေ, မတ္တံ သော ဇညာ ဣဓ တောသနတ္ထံ၊
သော တေသု ဂုတ္တော ယတစာရိ ဂါမေ, ရုသိတောပိ ဝါစံ ဖရုသံ န ဝဇ္ဇာ။
၉၇၈။ ဤသာသနာတော်၌ ရဟန်းသည် လျောက်ပတ်သော ကာလ၌ ဆွမ်းကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း ရခဲ့သော် ရောင့်ရဲလွယ်ခြင်းအကျိုးငှါ အတိုင်း အရှည်ကို သိရာ၏၊ ရွာ၌ စောင့်စည်းအပ်သည့်အကျင့်ရှိသော ထိုရဟန်းသည် ထိုပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှုဖြင့်စောင့်စည်းလျက် (သူတစ်ပါးတို့က) ခြုပ်ခြယ်ထိပါးသော်လည်း ကြမ်းတမ်းသော စကားကို မပြောဆိုရာ။ (၁၇)
Receiving food and clothes in due season, they would know moderation <j>for the sake of contentment. Guarded in these things, <j>walking restrained in the village, they wouldn’t speak harshly even when provoked.
၉၇၉။ ‘‘ဩက္ခိတ္တစက္ခု န စ ပါဒလောလော, ဈာနာနုယုတ္တော ဗဟုဇာဂရဿ၊
ဥပေက္ခမာရဗ္ဘ သမာဟိတတ္တော, တက္ကာသယံ ကုက္ကုစ္စိယူပဆိန္ဒေ။
၉၇၉။ မျက်လွှာချထားသူ ဖြစ်ရာ၏၊ မရပ်မတည် လှည့်လည်ခြင်းဖြင့် ခြေမငြိမ် သူ မဖြစ်ရာ၊ ဈာန်ရမှုကိုအားထုတ်သူ များစွာ နိုးကြားမှု ရှိသူ ဖြစ်ရာ၏၊ စတုတ္ထဈာန်နှင့် ယှဥ်သော ဥပေက္ခာကို အကြောင်းပြု၍ တည်ကြည်သော စိတ် ရှိသည် ဖြစ်လျက် ကာမဝိတက်စသော ကြံစည်မှုကာမသညာစသောတည်ရာကိုလည်းကောင်း၊ လက်ဆော့ ခြေဆော့ ‘ကုက္ကုစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကိုလည်းကောင်း ဖြတ်တောက်ရာ၏။ (၁၈)
Eyes downcast, not footloose, devoted to absorption, they’d be very wakeful. Grounded in equanimity, serene, they should cut off worrisome habits of thought.
၉၈၀။ ‘‘စုဒိတော ဝစီဘိ သတိမာဘိနန္ဒေ, သဗြဟ္မစာရီသု ခိလံ ပဘိန္ဒေ၊
ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ, ဇနဝါဒဓမ္မာယ န စေတယေယျ။
၉၈၀။ ဝိနည်းကံအရ အပ် မအပ်စကားတို့ဖြင့် အပြစ်တင် (စောဒနာ) ခဲ့သော် သတိကို ဖြစ်စေလျက်နှစ်သက်ဝမ်းမြောက်ရာ၏၊ သီတင်းသုံးဖော်တို့ အပေါ်၌ ပြစ်မှားမှု ငြောင့်တံသင်းကို ဖျက်ဆီးရာ၏၊ ကုသိုလ်နှင့် စပ်ယှဥ်သော စကားကို မြွက်ဆိုရာ၏၊ ကာလအပိုင်းအခြား သီလအပိုင်းအခြားကို လွန်၍လည်း မမြွက်ဆို ရာ၊ လူအများ စွပ်စွဲခြင်းခံရမည့် (သီလပျက်စီးမှုစသော) သဘောကိုအားမထုတ်ရာ။ (၁၉)
A mindful one would welcome reproach, and would dissolve hard-heartedness <j>toward their spiritual companions. They may utter skillful speech, but not for too long, and they shouldn’t provoke people to blame.
၉၈၁။ ‘‘အထာပရံ ပဉ္စ ရဇာနိ လောကေ, ယေသံ သတီမာ ဝိနယာယ သိက္ခေ၊
ရူပေသု သဒ္ဒေသု အထော ရသေသု, ဂန္ဓေသု ဖဿေသု သဟေထ ရာဂံ။
၉၈၁။ ထို့ပြင် လောက၌ (ရူပရာဂစသော) မြူငါးမျိုးတို့ ရှိကုန်၏၊ သတိရှိသူတို့သည့်ယင်းမြူငါးမျိုးတို့ကို ပယ်ဖျောက်နိုင်ရန် ကျင့်ရာ၏၊ ဤသို့ ကျင့်သူသည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌ တပ်စွန်းမှု ‘ရာဂ’ကိုသည်းခံနိုင် ရာ၏။ (၂၀)
And there are five more taints in the world, for the removal of which <j>the mindful one should train, vanquishing desire for sights, sounds, flavors, smells, and touches.
၉၈၂။ ‘‘ဧတေသု ဓမ္မေသု ဝိနေယျ ဆန္ဒံ, ဘိက္ခု သတိမာ သုဝိမုတ္တစိတ္တော၊
ကာလေန သော သမ္မာ ဓမ္မံ ပရိဝီမံသမာနော,
ဧကောဒိဘူတော ဝိဟနေ တမံ သော’’တိ။
သာရိပုတ္တသုတ္တံ သောဠသမံ နိဋ္ဌိတံ။
အဋ္ဌကဝဂ္ဂေါ စတုတ္ထော နိဋ္ဌိတော။
တဿုဒ္ဒါနံ-
ကာမံ ဂုဟဉ္စ ဒုဋ္ဌာ စ, သုဒ္ဓဉ္စ ပရမာ ဇရာ၊
မေတ္တေယျော စ ပသူရော စ, မာဂဏ္ဍိ ပုရာဘေဒနံ။
ကလဟံ ဒွေ စ ဗျူဟာနိ [ဗျူဟာနိ (သီ။)], ပုနဒေဝ တုဝဋ္ဋကံ၊
အတ္တဒဏ္ဍဝရံ သုတ္တံ, ထေရပုဋ္ဌေန [ထေရပဉှေန (သီ။), သာရိပုတ္တေန (သျာ။)] သောဠသ၊
ဣတိ ဧတာနိ သုတ္တာနိ, သဗ္ဗာနဋ္ဌကဝဂ္ဂိကာတိ။
၉၈၂။ သင့်လျော်သောအခါ၌ သင်္ခတတရားကို အမှန်အတိုင်း စူးစမ်းဆင်ခြင်သူ နီဝရဏစသည်မှလွတ်မြောက်ပြီးသော စိတ်ရှိသူ သတိရှိသူ ထိုရဟန်းသည် ထို (ရူပါရုံစသော) တရားတို့၌ အလို ‘ဆန္ဒ’ကို ပယ်ဖျောက်ရာ၏၊ တည်ကြည်သော စိတ်ရှိသော ထိုရဟန်းသည် အဝိဇ္ဇာစသော အမိုက်တိုက်ကို ပယ်ဖျောက်ရာ၏။ (၂၁) တစ်ဆယ့်ခြောက်ခုမြောက် သာရိပုတ္တသုတ် ပြီး၏။ လေးခုမြောက် အဋ္ဌကဝဂ် ပြီး၏။ ၁။ သတ္တသဟဓမ္မိကေ ဌပေတွာဟူသော မဟာနိဒ္ဒေသပါဠိတော်လာ သတ္တသဟဓမ္မိကအရဘိက္ခု ဘိက္ခုနီ သာမဏေရ သာမဏေရီ သိက္ခမာန် ဥပါသကာ ဥပါသိကာတို့ကို ယူလေ။
Having removed desire for these things, a mindful mendicant, their heart well freed, rightly investigating the Dhamma in good time, at one, would banish the darkness.”
၅။ ပါရာယနဝဂ္ဂ
ဝတ္ထုဂါထာ
၉၈၃။ ကောသလာနံ ပုရာ ရမ္မာ, အဂမာ ဒက္ခိဏာပထံ၊
အာကိဉ္စညံ ပတ္ထယာနော, ဗြာဟ္မဏော မန္တပါရဂူ။
၅-ပါရာယနဝဂ် ၁-ဝတ္ထုဂါထာ ၉၈၃။ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ပြီးသော (ဗာဝရီ) ပုဏ္ဏားသည် ကြောင့်ကြမရှိမှုကို လိုလားတောင့်တလျက် ကောသလတိုင်းသူတို့၏ မွေ့လျော်ဖွယ်ရာဖြစ်သော သာဝတ္ထိပြည်မှ ဒက္ခိဏာပထတိုင်းသို့ သွားလေ၏။ (၁)
Anthology of Discourses 5.1 Introductory Verses From the fair city of the Kosalans to the southern region came a brahmin expert in hymns, aspiring to nothingness.
၉၈၄။ သော အဿကဿ ဝိသယေ, အဠကဿ [မုဠကဿ (သျာ။), မူဠှကဿ (က။), မဠကဿ (နိဒ္ဒေသ)] သမာသနေ၊
ဝသိ ဂေါဓာဝရီကူလေ, ဥဉ္ဆေန စ ဖလေန စ။
၉၈၄။ ထို (ဗာဝရီ) ပုဏ္ဏားသည် အဿကတိုင်း အဠကတိုင်း၏ အလယ်ဗဟို အရပ် ဂေါဓာဝရီမြစ်အလယ်ကျွန်း၌ ဆွမ်းခံခြင်းဖြင့်လည်းကောင်း၊ သစ်သီး သစ်မြစ်ဖြင့်လည်းကောင်း မျှတနေ၏။ (၂)
He settled in a region under the shared dominion of Assaka and Muḷaka, where he lived on the bank of the Godāvarī River, getting by on gleanings and fruit.
၉၈၅။ တဿေဝ ဥပနိဿာယ, ဂါမော စ ဝိပုလော အဟု၊
တတော ဇာတေန အာယေန, မဟာယညမကပ္ပယိ။
၉၈၅။ ထိုကျွန်းကိုပင် အမှီပြု၍ ပြန့်ပြောကြီးကျယ်သော ရွာသည် ဖြစ်လေ၏၊ ထိုရွာကြီးမှ ထွက်သော အခွန်အတုတ်ဖြင့် အလှူပွဲကြီးကို လှူဒါန်းပြုလုပ်၏။ (၃)
He was supported by a prosperous village nearby. With the revenue earned from there he performed a great sacrifice.
၉၈၆။ မဟာယညံ ယဇိတွာန, ပုန ပါဝိသိ အဿမံ၊
တသ္မိံ ပဋိပဝိဋ္ဌမှိ, အညော အာဂဉ္ဆိ ဗြာဟ္မဏော။
၉၈၆။ ဗာဝရီပုဏ္ဏားသည် အလှူကြီး လှူပြီး၍ ကျောင်းသင်္ခမ်းသို့ ပြန်ဝင်သွားပြီးနောက် အခြားသော ပုဏ္ဏားတစ်ယောက် ရောက်လာ၏။ (၄)
When he had completed the great sacrifice, he returned to his hermitage once more. Upon his return, another brahmin arrived.
၉၈၇။ ဥဂ္ဃဋ္ဋပါဒေါ တသိတော [တဿိတော (က။)], ပင်္ကဒန္တော ရဇဿိရော၊
သော စ နံ ဥပသင်္ကမ္မ, သတာနိ ပဉ္စ ယာစတိ။
၉၈၇။ ထိိုရောက်လာသော ပုဏ္ဏားသည်ကား ခြေထောက်ချင်း တိုက်ခတ်၍ သွား တတ်သူ ဖြစ်၏၊ ငတ်မွတ်သူ ဖြစ်၏၊ သွားချေးထူသူ ဖြစ်၏၊ ဦးခေါင်း၌ မြူမှုန် အလိမ်းလိမ်း ကပ်ငြိသူ ဖြစ်၏၊ (၄င်းပုဏ္ဏားသည်) ဗာဝရီပုဏ္ဏားသို့ ချဥ်းကပ်၍ အသပြာငါးရာတို့ကို တောင်း၏။ (၅)
Foot-sore and thirsty, with grotty teeth and dusty head, he approached the other and asked for five hundred coins.
၉၈၈။ တမေနံ ဗာဝရီ ဒိသွာ, အာသနေန နိမန္တယိ၊
သုခဉ္စ ကုသလံ ပုစ္ဆိ, ဣဒံ ဝစနမဗြဝိ။
၉၈၈။ ထိုပုဏ္ဏားကို ဗာဝရီပုဏ္ဏား မြင်သည်ရှိသော် နေရာဖြင့် ဖိတ်မန်၏၊ ချမ်းသာမှု ကျန်းမာမှုကို မေးပြီးလျှင် ဤစကားကို ပြောဆို၏။ (၆)
When Bāvari saw him, he invited him to sit down, asked of his happiness and well-being, and said the following.
၉၈၉။ ‘‘ယံ ခေါ မမ ဒေယျဓမ္မံ, သဗ္ဗံ ဝိသဇ္ဇိတံ မယာ၊
အနုဇာနာဟိ မေ ဗြဟ္မေ, နတ္ထိ ပဉ္စသတာနိ မေ’’။
၉၈၉။ ပုဏ္ဏား အကျွန်ုပ်၏ ပေးလှူဖွယ်ရာအားလုံးကို အကျွန်ုပ် စွန့်လှူလိုက်ပြီ၊ ပုဏ္ဏား အကျွန်ုပ်အားခွင့်ပြုပါလော့၊ အကျွန်ုပ်အား အသပြာငါးရာ မရှိတော့ပါဟု ပြောဆို၏။ (၇)
“Whatever I had available to give, I have already distributed. Believe me, brahmin, I don’t have five hundred coins.”
၉၉၀။ ‘‘သစေ မေ ယာစမာနဿ, ဘဝံ နာနုပဒဿတိ၊
သတ္တမေ ဒိဝသေ တုယှံ, မုဒ္ဓါ ဖလတု သတ္တဓာ’’။
၉၉၀။ အကျွန်ုပ် တောင်းခံနေပါလျက် အရှင်သည် အကယ်၍ မပေးငြားအံ့၊ ခုနစ်ရက်မြောက်သော နေ့၌ အရှင့်ဦးခေါင်းသည် ခုနစ်စိတ်ကွဲပါစေဟု ကျိန်ဆဲ၏။ (၈)
“If, good fellow, you do not give me what I ask, then on the seventh day, let your head explode in seven!”
၉၉၁။ အဘိသင်္ခရိတွာ ကုဟကော, ဘေရဝံ သော အကိတ္တယိ၊
တဿ တံ ဝစနံ သုတွာ, ဗာဝရီ ဒုက္ခိတော အဟု။
၉၉၁။အံ့ဖွယ်သရဲပြုလုပ်တတ်သော ထိုပုဏ္ဏားသည် ဟန်ဆောင်ပြုပြင်၍ ကြောက်မက်ဖွယ်ရာကို ကျိန်ဆိုရေရွတ်၏၊ ဗာဝရီပုဏ္ဏားသည် ထိုပုဏ္ဏား၏ စကားကို ကြားရသဖြင့် စိတ်ဆင်းရဲမှု ဖြစ်လေ၏။ (၉)
After performing a ritual, that charlatan uttered his dreadful curse. When he heard these words, Bāvari became distressed.
၉၉၂။ ဥဿုဿတိ အနာဟာရော, သောကသလ္လသမပ္ပိတော၊
အထောပိ ဧဝံ စိတ္တဿ, ဈာနေ န ရမတီ မနော။
၉၉၂။ ထိုဗာဝရီပုဏ္ဏားသည် သောကမြား စူးဝင်နေသဖြင့် အစာအာဟာရကို မသုံးဆောင်နိုင်ရကား အသားအရေ ခြောက်ခန်း၏၊ ထို့ပြင်လည်း ဤသို့ စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏား၏ စိတ်သည် ဈာန်သမာပတ်၌ မမွေ့လျော်နိုင်တော့ပေ။ (၁၀)
Not eating, he grew emaciated, stricken by the dart of sorrow. And in such a state of mind, he could not enjoy absorption.
၉၉၃။ ဥတြသ္တံ ဒုက္ခိတံ ဒိသွာ, ဒေဝတာ အတ္ထကာမိနီ၊
ဗာဝရိံ ဥပသင်္ကမ္မ, ဣဒံ ဝစနမဗြဝိ။
၉၉၃။ အကျိုးကို လိုလားသော နတ်သည် ထိတ်လန့်မှုဖြင့် စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏားကို မြင်သည်ရှိသော် ချဥ်းကပ်လျက် ဤစကားကို ပြောဆို၏။ (၁၁)
Seeing him anxious and distraught, a goddess wishing to help, approached Bāvari and said the following.
၉၉၄။ ‘‘န သော မုဒ္ဓံ ပဇာနာတိ, ကုဟကော သော ဓနတ္ထိကော၊
မုဒ္ဓနိ မုဒ္ဓပါတေ ဝါ, ဉာဏံ တဿ န ဝိဇ္ဇတိ’’။
၉၉၄။ ထိုပုဏ္ဏားသည် ဦးခေါင်းကို သိသူ မဟုတ်၊ ဥစ္စာကို အလိုရှိသဖြင့် အံ့ဖွယ် သရဲပြုတတ်သူသာ ဖြစ်၏၊ ဦးခေါင်း၌လည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှု၌လည်းကောင်း သိနိုင်သောဉာဏ်ရှိသူ မဟုတ်။ (၁၂)
“That charlatan understands nothing about the head, he only wants money. When it comes to heads or head-splitting, he has no knowledge at all.”
၉၉၅။ ‘‘ဘောတီ စရဟိ ဇာနာသိ, တံ မေ အက္ခာဟိ ပုစ္ဆိတာ၊
မုဒ္ဓံ မုဒ္ဓါဓိပါတဉ္စ, တံ သုဏောမ ဝစော တဝ’’။
၉၉၅။ အရှင်နတ်မင်း ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အကယ်၍ သိခဲ့မူ မေးအပ်သော သင်နတ်သည် ထိုအကြောင်းကို အကျွန်ုပ်အား ပြောကြားလော့၊ သင်၏ ထိုစကားကို နားထောင်ပါကုန်အံ့။ (၁၃)
“Then you, Madam, must know— please answer my question. Let me hear what you say about heads and head-splitting.”
၉၉၆။ ‘‘အဟမ္ပေတံ န ဇာနာမိ, ဉာဏမေတ္ထ န ဝိဇ္ဇတိ၊
မုဒ္ဓနိ မုဒ္ဓါဓိပါတေ စ, ဇိနာနံ ဟေတ္ထ [မုဒ္ဓံ မုဒ္ဓါဓိပါတော စ, ဇိနာနံ ဟေတ (သီ။ သျာ။ ပီ။)] ဒဿနံ’’။
၉၉၆။ ဤအရာကို ငါလည်း မသိပါ၊ ဤအရာ၌ ငါ့အား အသိဉာဏ် မရှိပါ၊ ဤအရာ၌ ဦးခေါင်းကိုလည်းကောင်း ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မြတ်စွာဘုရားတို့သာ သိမြင်နိုင်ပါ၏။ (၁၄)
“I too do not know that, I have no knowledge in that matter. When it comes to heads or head-splitting, it is the Victors who have vision.”
၉၉၇။ ‘‘အထ ကော စရဟိ ဇာနာတိ, အသ္မိံ ပထဝိမဏ္ဍလေ [ပုထဝိမဏ္ဍလေ (သီ။ ပီ။)]၊
မုဒ္ဓံ မုဒ္ဓါဓိပါတဉ္စ, တံ မေ အက္ခာဟိ ဒေဝတေ’’။
၉၉၇။ အရှင်နတ်မင်း ယင်းသို့ ဖြစ်မူ ဤမြေပြင်၌ ထိုဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အဘယ်သူ သိပါသနည်း၊ ထိုသိနိုင်သူကို အကျွန်ုပ်အား ပြောကြားပါလော့။ (၁၅)
“So who then, in all this vast territory, does know about heads and head-splitting? Please tell me, goddess.”
၉၉၈။ ‘‘ပုရာ ကပိလဝတ္ထုမှာ, နိက္ခန္တော လောကနာယကော၊
အပစ္စော ဩက္ကာကရာဇဿ, သကျပုတ္တော ပဘင်္ကရော။
၉၉၈။ ဩက္ကာကရာဇ်မင်း၏ အဆက်အနွယ် သာကီဝင်မင်းသား သိဒ္ဓတ္ထသည် ကပိလဝတ်နေပြည်တော်မှ ထွက်ခွါပြီးလျှင် လောက၏ အကြီးအကဲဖြစ်တော်မူ၍ ပညာအရောင်ကို ပြုတော်မူ၏။ (၁၆)
“From the city of Kapilavatthu the World Leader has gone forth. He is a scion of King Okkāka, a Sakyan, and a beacon.
၉၉၉။ ‘‘သော ဟိ ဗြာဟ္မဏ သမ္ဗုဒ္ဓေါ, သဗ္ဗဓမ္မာန ပါရဂူ၊
သဗ္ဗာဘိညာဗလပ္ပတ္တော, သဗ္ဗဓမ္မေသု စက္ခုမာ၊
သဗ္ဗကမ္မက္ခယံ ပတ္တော, ဝိမုတ္တော ဥပဓိက္ခယေ။
၉၉၉။ ဗာဝရီပုဏ္ဏား ထိုမြတ်စွာဘုရားသည် အလုံးစုံသောတရားတို့၏ အပြီးအဆုံးသို့ ရောက်တော်မူ၏၊ အလုံးစုံသော အဘိညာဥ်အစွမ်းအားသို့ ရောက်တော်မူ၏၊ အလုံးစုံသောတရားတို့၌ မြင်သောဉာဏ်မျက်စိ ရှိတော်မူ၏၊ ကံအားလုံးတို့၏ ကုန်ခြင်းသို့ ရောက်တော်မူ၏။ ဥပဓိကုန်ရာ နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် လွတ်မြောက်သောစိတ် ရှိတော်မူ၏။ (၁၇)
For he, brahmin, is the Awakened One! He has gone beyond all things; he has attained to all knowledge and power; his eye sees clearly in all things, he has attained the end of all deeds; he is freed with the ending of attachments.
၁၀၀၀။ ‘‘ဗုဒ္ဓေါ သော ဘဂဝါ လောကေ, ဓမ္မံ ဒေသေတိ စက္ခုမာ၊
တံ တွံ ဂန္တွာန ပုစ္ဆဿု, သော တေ တံ ဗျာကရိဿတိ’’။
၁၀၀၀။ ထိုမြတ်စွာဘုရားသည် ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူ၏၊ လောက၌ တရားကို ဟောတော်မူ၏၊ ပညာစက္ခုနှင့် ပြည့်စုံတော်မူ၏၊ သင် သွား၍ ထို မြတ်စွာဘုရားကို မေးလျှောက်ချေလော့၊ ထိုမြတ်စွာဘုရားသည် သင့်အား ထိုအရာကို ဖြေကြားလတ္တံ့။ (၁၈)
That Buddha, the Blessed One in the world, the Clear-eyed One, teaches Dhamma. Go to him and ask— he will answer you.”
၁၀၀၁။ သမ္ဗုဒ္ဓေါတိ ဝစော သုတွာ, ဥဒဂ္ဂေါ ဗာဝရီ အဟု၊
သောကဿ တနုကော အာသိ, ပီတိဉ္စ ဝိပုလံ လဘိ။
၁၀၀၁။ ဗာဝရီပုဏ္ဏားသည် ဘုရားဟူသော စကားကို ကြားရလျှင် ဝမ်းမြောက် တက်ကြွသော စိတ်ရှိသည် ဖြစ်၏၊ ထိုဗာဝရီပုဏ္ဏား၏ ပူဆွေးမှု ‘သောက’သည် နည်းပါးသွားလေ၏၊ များစွာသော နှစ်သက်မှု ‘ပီတိ’ကိုလည်း ရလေ၏။ (၁၉)
When he heard the word “Buddha”, Bāvari was elated. His sorrow faded, and he was filled to brimming with joy.
၁၀၀၂။ သော ဗာဝရီ အတ္တမနော ဥဒဂ္ဂေါ, တံ ဒေဝတံ ပုစ္ဆတိ ဝေဒဇာတော၊
‘‘ကတမမှိ ဂါမေ နိဂမမှိ ဝါ ပန, ကတမမှိ ဝါ ဇနပဒေ လောကနာထော၊
ယတ္ထ ဂန္တွာန ပဿေမု [ဂန္တွာ နမဿေမု (သီ။ သျာ။ ပီ။)], သမ္ဗုဒ္ဓံ ဒွိပဒုတ္တမံ’’ [ဒွိပဒုတ္တမံ (သီ။ သျာ။ ပီ။)],။
၁၀၀၂။ နှစ်သက်တက်ကြွသော စိတ်ရှိသော ထိုဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍အဘယ်ရွာ အဘယ်နိဂုံး အဘယ်ဇနပုဒ်၌ မြတ်စွာဘုရား နေတော်မူပါသနည်းဟု ထိုနတ်ကို မေး၏၊ ယင်းဘုရားရှိရာအရပ်သို့ သွား၍ အခြေ နှစ်ချောင်းရှိသောသူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်တို့ ဖူးမြင်ကြပါကုန်အံ့။ (၂၀)
Uplifted, elated, and inspired, Bāvari questioned that goddess: “But in what village or town, or in what land is the protector of the world, where we may go and pay respects to the Awakened One, best of men?”
၁၀၀၃။ ‘‘သာဝတ္ထိယံ ကောသလမန္ဒိရေ ဇိနော, ပဟူတပညော ဝရဘူရိမေဓသော၊
သော သကျပုတ္တော ဝိဓုရော အနာသဝေါ, မုဒ္ဓါဓိပါတဿ ဝိဒူ နရာသဘော’’။
၁၀၀၃။ မာရ်ကို အောင်တော်မူပြီးသော ကျယ်ပြန့်သော ပညာရှိတော်မူသော မြေကြီးအထုကဲ့သို့ မြတ်သော ပညာရှိတော်မူသော ပြိုင်ဘက်ကင်းတော်မူသော အာသဝေါတရား ကင်းတော်မူသော ထိုသာကီဝင်မင်းသား မြတ်စွာဘုရားသည် ကောသလမင်း၏မြို့တော် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ လူတို့ ထက်မြတ်သော ထိုမြတ်စွာဘုရားသည် ဦးခေါင်းပြုတ်ကျမှုကို သိတော်မူ၏။ (၂၁)
“Near Sāvatthī, home of the Kosalans, <j>is the Victor abounding in wisdom, vast in intelligence. That Sakyan is indefatigable, free of defilements, that captain of men understands head-splitting.”
၁၀၀၄။ တတော အာမန္တယီ သိဿေ, ဗြာဟ္မဏေ မန္တပါရဂေ၊
‘‘ဧထ မာဏဝါ အက္ခိဿံ, သုဏာထ ဝစနံ မမ။
၁၀၀၄။ ထို့နောက် (ဗာဝရီပုဏ္ဏားသည်) ဝေဒကျမ်းတို့၌ ကမ်းတစ်ဖက်ရောက် တတ်မြောက်သောတပည့်ပုဏ္ဏားတို့ကို ခေါ်ပြီးလျှင် “လုလင်ပုဏ္ဏားတို့ လာကြကုန်လော့၊ သင်တို့အား ပြောကြားအံ့၊ ငါ၏ စကားကို နားထောင်ကုန်လော့။ (၂၂)
Therefore he addressed his acolytes, brahmins who had mastered the hymns: “Come, students, I shall speak. Listen to what I say.
၁၀၀၅။ ‘‘ယဿေသော ဒုလ္လဘော လောကေ, ပါတုဘာဝေါ အဘိဏှသော၊
သွာဇ္ဇ လောကမှိ ဥပ္ပန္နော, သမ္ဗုဒ္ဓေါ ဣတိ ဝိဿုတော၊
ခိပ္ပံ ဂန္တွာန သာဝတ္ထိံ, ပဿဝှေါ ဒွိပဒုတ္တမံ’’။
၁၀၀၅။ လောက၌ မြတ်စွာဘုရား၏ ထင်ရှားပွင့်ခြင်းသည် အလွန်ရခဲလှ၏၊ ဘုရားဟူ၍ ကျော်စောသော ထိုမြတ်စွာဘုရားသည် လောက၌ ယခုပွင့်တော်မူပြီ၊ သာဝတ္ထိပြည်သို့ လျင်စွာ သွား၍ အခြေနှစ်ချောင်းရှိသတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားကို ဖူးမြင်ကြချေကုန်လော့” (ဟု မိန့်ဆို၏)။ (၂၃)
Today has arisen in the world one whose appearance in the world is hard to find again— he is renowned as the Awakened One. Quickly go to Sāvatthī and see the best of men.”
၁၀၀၆။ ‘‘ကထံ စရဟိ ဇာနေမု, ဒိသွာ ဗုဒ္ဓေါတိ ဗြာဟ္မဏ၊
အဇာနတံ နော ပဗြူဟိ, ယထာ ဇာနေမု တံ မယံ’’။
၁၀၀၆။ ဆရာပုဏ္ဏား အကျွန်ုပ်တို့ မြင်သည်ရှိသော် ဘုရားဟု အဘယ်သို့ သိနိုင်ကုန်အံ့နည်း၊ ဘုရားဟု မသိသေးကုန်သော အကျွန်ုပ်တို့အား အကျွန်ုပ်တို့ သိနိုင်လောက်သည့် အကြောင်းကို ပြောကြားပါလော့။ (၂၄)
“Brahmin, how then are we to know the Buddha when we see him? We don’t know, please tell us, so we can recognize him.”
၁၀၀၇။ ‘‘အာဂတာနိ ဟိ မန္တေသု, မဟာပုရိသလက္ခဏာ၊
ဒွတ္တိံသာနိ စ [ဒွိတ္တိံသာ စ (သီ။ သျာ။ ပီ။), ဒွိတ္တိံသ တာနိ (?)] ဗျာက္ခာတာ, သမတ္တာ အနုပုဗ္ဗသော။
၁၀၀၇။ ငါပြောပြပေအံ့၊ မဟာပုရိသလက္ခဏာတို့သည် ဝေဒကျမ်းတို့၌ လာကုန်၏၊ သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့ကိုလည်း အစဥ်အတိုင်း ပြည့်ပြည့်စုံစုံ ငါ ပို့ချခဲ့ပြီ။ (၂၅)
“The marks of a great man have been handed down in our hymns. Thirty-two have been described, complete and in order.
၁၀၀၈။ ‘‘ယဿေတေ ဟောန္တိ ဂတ္တေသု, မဟာပုရိသလက္ခဏာ၊
ဒွေယေဝ တဿ ဂတိယော, တတိယာ ဟိ န ဝိဇ္ဇတိ။
၁၀၀၈။ အကြင်သူ၏ကိုယ်တို့၌ ထိုမဟာပုရိသလက္ခဏာတို့ ရှိကုန်၏၊ ထို သူအား နှစ်မျိုးသော အဖြစ်တို့သာ ရှိကုန်၏၊ သုံးခုမြောက် အဖြစ်ကား မရှိနိုင်။ (၂၆)
One upon whose body is found these marks of a great man has two possible destinies, there is no third.
၁၀၀၉။ ‘‘သစေ အဂါရံ အာဝသတိ [အဇ္ဈာဝသတိ (က။)], ဝိဇေယျ ပထဝိံ ဣမံ၊
အဒဏ္ဍေန အသတ္ထေန, ဓမ္မေနမနုသာသတိ။
၁၀၀၉။ ထိုသူသည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ ဒဏ်မထား လက်နက် မကိုင်မူ၍ တရားသဖြင့်ဆုံးမလျက် ဤမြေအပြင်ကို အောင်မြင်နိုင်ရာ၏။ (၂၇)
If he stays at home, having conquered this land without rod or sword, he shall govern by principle.
၁၀၁၀။ ‘‘သစေ စ သော ပဗ္ဗဇတိ, အဂါရာ အနဂါရိယံ၊
ဝိဝဋ္ဋစ္ဆဒေါ [ဝိဝတ္တဆဒ္ဒေါ (သီ။)] သမ္ဗုဒ္ဓေါ, အရဟာ ဘဝတိ အနုတ္တရော။
၁၀၁၀။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိတော်မူသော ကိလေသာအပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော အတုမရှိသော ဘုရား ဖြစ်နိုင်၏။ (၂၈)
But if he goes forth from the lay life to homelessness, he becomes an Awakened One, a perfected one, with veil cast off, supreme.
၁၀၁၁။ ‘‘ဇာတိံ ဂေါတ္တဉ္စ လက္ခဏံ, မန္တေ သိဿေ ပုနာပရေ၊
မုဒ္ဓံ မုဒ္ဓါဓိပါတဉ္စ, မနသာယေဝ ပုစ္ဆထ။
၁၀၁၁။ ငါ၏ အသက်အရွယ် အမျိုးအနွယ်ကိုလည်းကောင်း၊ လက္ခဏာနှင့် ဝေဒကျမ်းကိုလည်းကောင်း၊ သင်ကြားထားအပ်သော ငါ့တပည့်တို့ကိုလည်းကောင်း၊ ထို့ပြင် ဦးခေါင်းနှင့်ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း (ဤအမေး ခုနစ်ခုတို့ကို) စိတ်ဖြင့်သာလျှင် မေးကြကုန်လော့။ (၂၉)
Ask him about my birth, clan, and marks, my hymns and acolytes; and further, about heads and head-splitting— but do so only in your mind!
၁၀၁၂။ ‘‘အနာဝရဏဒဿာဝီ, ယဒိ ဗုဒ္ဓေါ ဘဝိဿတိ၊
မနသာ ပုစ္ဆိတေ ပဉှေ, ဝါစာယ ဝိဿဇေဿတိ’’။
၁၀၁၂။ အကယ်၍ အပိတ်အပင်မရှိ မြင်စွမ်းတော်မူနိုင်သော မြတ်စွာဘုရား ဖြစ်ခဲ့မူ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို နှုတ်ဖြင့် ဖြေကြားတော်မူလိမ့်မည်။ (၃၀)
If he is the Buddha of unhindered vision, he will answer with his voice the questions in your mind.”
၁၀၁၃။ ဗာဝရိဿ ဝစော သုတွာ, သိဿာ သောဠသ ဗြာဟ္မဏာ၊
အဇိတော တိဿမေတ္တေယျော, ပုဏ္ဏကော အထ မေတ္တဂူ။
၁၀၁၃-၁၀၁၅။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမကတောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလ ပုဏ္ဏား မောဃရာဇပညာရှိပိင်္ဂီယရသေ့ကြီးဟူသောတပည့်ပုဏ္ဏား တစ်ဆယ့် ခြောက်ယောက်တို့သည် ဗာဝရီပုဏ္ဏား၏ စကားကို ကြားရ၍ (၃၁-၃၃)
Sixteen brahmin acolytes heard what Bāvari said: Ajita, Tissametteyya, Puṇṇaka and Mettagū,
၁၀၁၄။ ဓောတကော ဥပသီဝေါ စ, နန္ဒော စ အထ ဟေမကော၊
တောဒေယျကပ္ပါ ဒုဘယော, ဇတုကဏ္ဏီ စ ပဏ္ဍိတော။
Dhotaka and Upasīva, Nanda and then Hemaka, both Todeyya and Kappa, and Jatukaṇṇī the astute,
၁၀၁၅။ ဘဒြာဝုဓော ဥဒယော စ, ပေါသာလော စာပိ ဗြာဟ္မဏော၊
မောဃရာဇာ စ မေဓာဝီ, ပိင်္ဂိယော စ မဟာဣသိ။
Bhadrāvudha and Udaya, and the brahmin Posāla, Mogharāja the intelligent, and Piṅgiya the great seer.
၁၀၁၆။ ပစ္စေကဂဏိနော သဗ္ဗေ, သဗ္ဗလောကဿ ဝိဿုတာ၊
ဈာယီ ဈာနရတာ ဓီရာ, ပုဗ္ဗဝါသနဝါသိတာ။
၁၀၁၆-၁၀၁၇။ ဂိုဏ်းအသီးသီးရှိကုန်သော၊ လောကအားလုံး၌ ထင်ရှား ကျော်စောကုန်သော၊ ဈာန်ရကြသဖြင့် ဈာန်ဝင်စားမှု၌ မွေ့လျော်ကုန်သော၊ ပညာရှိကုန်သော၊ ရှေးဝါသနာ (သမ္မာဆန္ဒ)ဖြင့်ထုံအပ်ကုန်သော၊ ဆံကျစ်ထုံး၍ သစ်နက် ရေကို ဆောင်ကုန်သော ထိုတပည့်ပုဏ္ဏားအားလုံးတို့သည် ဗာဝရီရသေ့ကို ရှိခိုးကြ ပြီးလျှင် အရိုအသေပြုလျက် မြောက်အရပ်သို့ ရှေးရှုကာ ဖဲသွားကြကုန်၏။ (၃၄-၃၅)
Each of them had their own following, they were renowned the whole world over. Those attentive ones, <j>meditators who love absorption, were redolent with the potential <j>of their past deeds.
၁၀၁၇။ ဗာဝရိံ အဘိဝါဒေတွာ, ကတွာ စ နံ ပဒက္ခိဏံ၊
ဇဋာဇိနဓရာ သဗ္ဗေ, ပက္ကာမုံ ဥတ္တရာမုခါ။
Having bowed to Bāvari, and circled him to his right, they set out for the north, with their dreadlocks and hides.
၁၀၁၈။ အဠကဿ ပတိဋ္ဌာနံ, ပုရိမာဟိဿတိံ [ပုရိမံ မာဟိဿတိံ (သီ။ ပီ။), ပုရံ မာဟိဿတိံ (သျာ။)] တဒါ၊
ဥဇ္ဇေနိဉ္စာပိ ဂေါနဒ္ဓံ, ဝေဒိသံ ဝနသဝှယံ။
၁၀၁၈။ ထိုသို့ သွားသောအခါ၌ အဋ္ဌကမင်း၏ တည်နေရာ အာဟိဿတိမြို့တော်သို့ ဝင်ရောက်ကုန်၏၊ ဥဇ္ဇေနီပြည် ဂေါနဒ္ဓမြို့ ဝေဒိဿမြို့ ဝနသမည်သော မြို့သို့လည်းကောင်း။ (၃၆)
First to Patiṭṭhāna of Muḷaka, then on to the citadel of Māhissatī; to Ujjenī and Gonaddhā, and Vedisa, and Vanasa.
၁၀၁၉။ ကောသမ္ဗိဉ္စာပိ သာကေတံ, သာဝတ္ထိဉ္စ ပုရုတ္တမံ၊
သေတဗျံ ကပိလဝတ္ထုံ, ကုသိနာရဉ္စ မန္ဒိရံ။
၁၀၁၉။ ကောသမ္ဗီပြည် သာကေတမြို့သို့လည်းကောင်း၊ မြို့ တကာတို့ထက်မြတ်သော သာဝတ္ထိပြည်သို့လည်းကောင်း၊ သေတဗျမြို့သို့လည်းကောင်း၊ ကပိလဝတ် ပြည်သို့လည်းကောင်း၊ ကုသိနာရုံပြည်သို့လည်းကောင်း။ (၃၇)
Then to Kosambī and Sāketa, and the capital city of Sāvatthī; on they went to Setavyā and Kapilavatthu, and the homestead at Kusinārā.
၁၀၂၀။ ပါဝဉ္စ ဘောဂနဂရံ, ဝေသာလိံ မာဂဓံ ပုရံ၊
ပါသာဏကံ စေတိယဉ္စ, ရမဏီယံ မနောရမံ။
၁၀၂၀-၁၀၂၁။ ပါဝါမြို့သို့လည်းကောင်း၊ ဘောဂနဂရမြို့သို့လည်းကောင်း၊ ဝေသာလီပြည်သို့လည်းကောင်း၊ ရာဇဂြိုဟ်ပြည်သို့လည်းကောင်း၊ ဝင်ရောက်ခဲ့ကြပြီးလျှင် ရေငတ်သောသူသည် အေးမြသော ရေကို ရသကဲ့သို့လည်းကောင်း၊ ကုန်သွယ်သူသည် များစွာသော လာဘ်ကို ရသကဲ့သို့လည်းကောင်း၊ နွေရာသီအပူနှိပ်စက်ခံရ သူသည် အရိပ်ကို ရသကဲ့သို့လည်းကောင်း နှစ်သက်မွေ့လျော်ဖွယ်ရှိသောပါသာ ဏကနတ်ကွန်းရှိရာ တောင်သို့ အဆောတလျင် တက်ကြကုန်၏။ (၃၈-၃၉)
To Pāvā they went, and Bhoga City, and on to Vesālī and the Magadhan city. Finally they reached the Pāsāṇaka Shrine, fair and delightful.
၁၀၂၁။ တသိတောဝုဒကံ သီတံ, မဟာလာဘံဝ ဝါဏိဇော၊
ဆာယံ ဓမ္မာဘိတတ္တောဝ, တုရိတာ ပဗ္ဗတမာရုဟုံ။
Like a thirsty person to cool water, like a merchant to great profit, like a heat-struck person to shade, they quickly climbed the mountain.
၁၀၂၂။ ဘဂဝါ တမှိ သမယေ, ဘိက္ခုသံဃပုရက္ခတော၊
ဘိက္ခူနံ ဓမ္မံ ဒေသေတိ, သီဟောဝ နဒတီ ဝနေ။
၁၀၂၂။ မြတ်စွာဘုရားသည်ကား ထိုအချိန်၌ ရဟန်းသံဃာခြံရံလျက် တောအတွင်း၌ ခြင်္သေ့မင်းဟောက်သကဲ့သို့ ရဟန်းတို့အား တရားဟောတော်မူ၏။ (၄၀)
At that time the Buddha, at the fore of the mendicant Saṅgha, was teaching the mendicants the Dhamma, like a lion roaring in the jungle.
၁၀၂၃။ အဇိတော အဒ္ဒသ ဗုဒ္ဓံ, သတရံသိံ [ဝီတရံသိံဝ (သျာ။), သတရံသီဝ (က။), ပီတရံသီဝ (နိဒ္ဒေသ)] ဝ ဘာဏုမံ၊
စန္ဒံ ယထာ ပန္နရသေ, ပါရိပူရိံ ဥပါဂတံ။
၁၀၂၃။ အဇိတသည် နေမင်းကို မြင်ရဘိသကဲ့သို့လည်းကောင်း၊ တစ်ဆယ့်ငါးရက်နေ့၌ ထွက်လာသော လပြည့်ဝန်းကို မြင်ရဘိသကဲ့သို့လည်းကောင်း အရာမကသော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏။ (၄၁)
Ajita saw the Buddha, like the sun shining with a hundred rays, like the moon on the fifteenth day when it has come into its fullness.
၁၀၂၄။ အထဿ ဂတ္တေ ဒိသွာန, ပရိပူရဉ္စ ဗျဉ္ဇနံ၊
ဧကမန္တံ ဌိတော ဟဋ္ဌော, မနောပဉှေ အပုစ္ဆထ။
၁၀၂၄။ ထို့နောင် မြတ်စွာဘုရား၏ကိုယ်တော်၌ ပြည့်စုံသော လက္ခဏာတော်ကို မြင်ရ၍ တစ်ခုသောနေရာ၌ ရပ်တည်လျက် ရွှင်လန်းနှစ်သက်သည်ဖြစ်၍ စိတ်ဖြင့် အမေးပြဿနာတို့ကို မေးလျှောက်လေ၏။ (၄၂)
Then he saw his body, complete in all features. Thrilled, he stood to one side and asked this question in his mind.
၁၀၂၅။ ‘‘အာဒိဿ ဇမ္မနံ [ဇပ္ပနံ (က။)] ဗြူဟိ, ဂေါတ္တံ ဗြူဟိ သလက္ခဏံ [ဗြူဟိဿ လက္ခဏံ (နိဒ္ဒေသ)]၊
မန္တေသု ပါရမိံ ဗြူဟိ, ကတိ ဝါစေတိ ဗြာဟ္မဏော’’။
၁၀၂၅။ ရည်ညွှန်း၍ (ဗာဝရီပုဏ္ဏား၏) အရွယ်ကို ဟောတော်မူပါလော့၊ လက္ခဏာ အင်္ဂါနှင့်တကွ အနွယ်ကို ဟောတော်မူပါလော့၊ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက်သည်ကို ဟောတော်မူပါလော့၊ ဗာဝရီပုဏ္ဏားသည် အဘယ်မျှလောက်သော တပည့်အပေါင်းကို ပို့ချသနည်းဟု စိတ်ဖြင့်သာ အမေးပြဿနာတို့ကို (မေးလျှောက်၏)။ (၄၃)
“Speak about the brahmin’s birth; of his clan; and his own marks; what hymns is he proficient in; and how many he teaches.”
၁၀၂၆။ ‘‘ဝီသံ ဝဿသတံ အာယု, သော စ ဂေါတ္တေန ဗာဝရီ၊
တီဏိဿ လက္ခဏာ ဂတ္တေ, တိဏ္ဏံ ဝေဒါန ပါရဂူ။
၁၀၂၆။ (အဇိတ) ပုဏ္ဏား၏အသက် တစ်ရာ့နှစ်ဆယ် ရှိ၏၊ ထိုပုဏ္ဏားသည် အနွယ်အားဖြင့် ဗာဝရီဖြစ်၏၊ ထိုဗာဝရီပုဏ္ဏား၏ ကိုယ်၌ လက္ခဏာအင်္ဂါတို့ကား သုံးပါးတို့တည်း၊ ဝေဒကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ (၄၄)
“His age is a hundred and twenty. By clan he is a Bāvari. There are three marks on his body. He is a master of the three Vedas,
၁၀၂၇။ ‘‘လက္ခဏေ ဣတိဟာသေ စ, သနိဃဏ္ဍုသကေဋုဘေ၊
ပဉ္စသတာနိ ဝါစေတိ, သဓမ္မေ ပါရမိံ ဂတော’’။
၁၀၂၇။ အဘိဓာန် ‘နိဃဏ္ဍု’ကျမ်း အလင်္ကာ ‘ကေဋုဘ’ ကျမ်းနှင့် တကွသော လက္ခဏာကျမ်း ဣတိဟာသကျမ်းတို့ကို တပည့်ငါးရာတို့အား သင်ကြားပို့ချ၏၊ မိမိဥစ္စာဖြစ်သော ဝေဒကျမ်း၌ တစ်ဖက်ကမ်းသို့ ရောက်၏ (ဟု ဟောတော်မူ၏)။ (၄၅)
the teachings on the marks, the testaments, the vocabularies, and the rituals. He teaches recitation to five hundred, and has reached proficiency in his own teaching.”
၁၀၂၈။ ‘‘လက္ခဏာနံ ပဝိစယံ, ဗာဝရိဿ နရုတ္တမ၊
ကင်္ခစ္ဆိဒ [တဏှစ္ဆိဒ (ဗဟူသု)] ပကာသေဟိ, မာ နော ကင်္ခါယိတံ အဟု’’။
၁၀၂၈။ ယုံမှားမှုကို ဖြတ်တောက်တော်မူနိုင်သော လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ဗာဝရီပုဏ္ဏား၏ လက္ခဏာတို့ကို အကျယ် စိစစ်တော်မူလျက် ထင်စွာ ပြတော်မူပါ၊ အကျွန်ုပ်တို့အား ယုံမှားမဖြစ်ပါစေလင့်။ (၄၆)
“O supreme man, cutter of craving, please reveal in detail Bāvari’s marks— let us doubt no longer!”
၁၀၂၉။ ‘‘မုခံ ဇိဝှါယ ဆာဒေတိ, ဥဏ္ဏဿ ဘမုကန္တရေ၊
ကောသောဟိတံ ဝတ္ထဂုယှံ, ဧဝံ ဇာနာဟိ မာဏဝ’’။
၁၀၂၉။ လုလင် ဗာဝရီပုဏ္ဏားသည် လျှာဖြင့် မျက်နှာကို ဖုံးအုပ်နိုင်၏၊ ထို ဗာဝရီ၏ မျက်မှောင်အကြား၌ ဥဏ္ဏလုံမွေးရှင် ပေါက်၏၊ ထိုဗာဝရီပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသအင်္ဂါရှိ၏ဟု သိလော့။ (၄၇)
“He can cover his face with his tongue; there is a tuft of hair between his eyebrows; his private parts are sheathed in a foreskin: know them as this, student.”
၁၀၃၀။ ပုစ္ဆဉှိ ကိဉ္စိ အသုဏန္တော, သုတွာ ပဉှေ ဝိယာကတေ၊
ဝိစိန္တေတိ ဇနော သဗ္ဗော, ဝေဒဇာတော ကတဉ္ဇလီ။
၁၀၃၀။ တစ်စုံတစ်ရာ အမေးပုစ္ဆာကို တစ်စုံတစ်ရာ မကြားရဘဲ မြတ်စွာဘုရား ဖြေတော်မူသော ပြဿနာတို့ကို ကြားနာရ၍ ရသေ့အားလုံးသည် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ လက်အုပ်ချီကာ အထူးထူး ကြံဆ၏။ (၄၈)
Hearing the answers without having heard any questions, all the people, inspired, with cupped palms, wondered:
၁၀၃၁။ ‘‘ကော နု ဒေဝေါ ဝါ ဗြဟ္မာ ဝါ, ဣန္ဒော ဝါပိ သုဇမ္ပတိ၊
မနသာ ပုစ္ဆိတေ ပဉှေ, ကမေတံ ပဋိဘာသတိ။
၁၀၃၁။ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို အဘယ်သူ မေးပါသနည်း၊ နတ်သည်ပင်လျှင် မေးသလော၊ ဗြဟ္မာသည်ပင် မေးသလော၊ သုဇာသခင် သိကြားမင်းသည်ပင် မေးသလော၊ မြတ်စွာဘုရားသည် ဤအဖြေကို အဘယ်သူအား ဖြေကြား တော်မူပါသနည်း။ (၄၉)
“Who is it that asked a question with their mind? Was it a god or divinity? Or Indra, Sujā’s husband? To whom does the Buddha reply?”
၁၀၃၂။ ‘‘မုဒ္ဓံ မုဒ္ဓါဓိပါတဉ္စ, ဗာဝရီ ပရိပုစ္ဆတိ၊
တံ ဗျာကရောဟိ ဘဂဝါ, ကင်္ခံ ဝိနယ နော ဣသေ’’။
၁၀၃၂။ ဗာဝရီပုဏ္ဏားသည် ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မေးလိုက်ပါ၏၊ မြတ်စွာဘုရား ဘုန်းတော်ကြီးသော အသျှင်ဘုရားသည် ထိုအမေးကို ဖြေကြားတော်မူပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကို ဖျောက်တော်မူပါလော့။ (၅)
“Bāvari asks about heads and head-splitting. May the Buddha please answer, and so, O seer, dispel our doubt.”
၁၀၃၃။ ‘‘အဝိဇ္ဇာ မုဒ္ဓါတိ ဇာနာဟိ, ဝိဇ္ဇာ မုဒ္ဓါဓိပါတိနီ၊
သဒ္ဓါသတိသမာဓီဟိ, ဆန္ဒဝီရိယေန သံယုတာ’’။
၁၀၃၃။ အဇိတ အမှန်မသိမှု ‘အဝိဇ္ဇာ’သည် ဦးခေါင်းမည်၏၊ ယုံကြည်မှု ‘သဒ္ဓါ’အောက်မေ့မှု ‘သတိ’တည်ကြည်မှု ‘သမာဓိ’တို့နှင့်လည်းကောင်း၊ ကုသိုလ်ကို အလိုရှိမှု ‘ဆန္ဒ’ အားထုတ်မှု ‘ဝီရိယ’နှင့်လည်းကောင်း ယှဥ်သော (အရဟတ္တမဂ်) ဝိဇ္ဇာသည် ဦးခေါင်းကို ဖြုတ်ချသော တရားမည်၏ဟူ၍ သင်မှတ်လေလော့။ (၅၁)
“Know ignorance as the head, and knowledge as the head-splitter, when joined with faith, mindfulness, and immersion, and enthusiasm and energy.”
၁၀၃၄။ တတော ဝေဒေန မဟတာ, သန္ထမ္ဘိတွာန မာဏဝေါ၊
ဧကံသံ အဇိနံ ကတွာ, ပါဒေသု သိရသာ ပတိ။
၁၀၃၄။ ထိုသို့ ဖြေကြားတော်မူသောအခါမှ အဇိတလုလင်သည်အားကြီးသော နှစ်သက်ဝမ်းမြောက်မှုဖြင့် တက်ကြွသော ကိုယ်စိတ်ရှိသည်ဖြစ်၍ ပခုံးတစ်ဖက်၌ သစ်နက်ရေကို တင်ကာ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်လေ၏။ (၅၂)
At that, the student, full of inspiration, arranged his antelope-skin cloak over one shoulder, and fell with his head to the Buddha’s feet.
၁၀၃၅။ ‘‘ဗာဝရီ ဗြာဟ္မဏော ဘောတော, သဟ သိဿေဟိ မာရိသ၊
ဥဒဂ္ဂစိတ္တော သုမနော, ပါဒေ ဝန္ဒတိ စက္ခုမ’’။
၁၀၃၅။ ပညာစက္ခုရှိတော်မူသော အသျှင်ဘုရား တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ တက်ကြွသော စိတ်ရှိသည်ဖြစ်၍ အသျှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးလိုက်ပါ၏။ (၅၃)
“Good fellow, the brahmin Bāvari together with his acolytes, elated and happy, bows to your feet, O Clear-eyed One!”
၁၀၃၆။ ‘‘သုခိတော ဗာဝရီ ဟောတု, သဟ သိဿေဟိ ဗြာဟ္မဏော၊
တွဉ္စာပိ သုခိတော ဟောဟိ, စိရံ ဇီဝါဟိ မာဏဝ။
၁၀၃၆။ တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ချမ်းသာစေသတည်း၊ အဇိတလုလင် သင်သည်လည်း ချမ်းသာစေသတည်း၊ အသက်ရှည်စေသတည်း။ (၅၄)
“May the brahmin Bāvari be happy, together with his acolytes. And may you, too, be happy! May you live long, student.
၁၀၃၇။ ‘‘ဗာဝရိဿ စ တုယှံ ဝါ, သဗ္ဗေသံ သဗ္ဗသံသယံ၊
ကတာဝကာသာ ပုစ္ဆဝှေါ, ယံ ကိဉ္စိ မနသိစ္ဆထ’’။
၁၀၃၇။ ဗာဝရီပုဏ္ဏား၏လည်းကောင်း၊ သင်အဇိတ၏လည်းကောင်း၊ တပည့်အားလုံးတို့၏ လည်းကောင်း ယုံမှားအားလုံးကို သင်တို့အား ငါဘုရား မေးခွင့် ပြုပြီ၊ သင်တို့၏ စိတ်၌ မေးလိုသော ပုစ္ဆာဟူသမျှကို မေးကြကုန်လော့။ (၅၅)
To Bāvari and you all I grant the opportunity to clear up all doubt. Please ask whatever you want.”
၁၀၃၈။ သမ္ဗုဒ္ဓေန ကတောကာသော, နိသီဒိတွာန ပဉ္ဇလီ၊
အဇိတော ပဌမံ ပဉှံ, တတ္ထ ပုစ္ဆိ တထာဂတံ။
ဝတ္ထုဂါထာ နိဋ္ဌိတာ။
၁၀၃၈။ မြတ်စွာဘုရားက မေးခွင့်ပြုတော်မူသဖြင့် အဇိတလုလင်သည် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ပဌမအမေးပြဿနာကို ထိုပါသဏကနတ်ကွန်း၌ မြတ်စွာဘုရားအား မေးလျှောက်လေ၏။ (၅၆) ဝတ္ထုဂါထာ ပြီး၏။
Granted the opportunity by the Buddha, they sat down with cupped palms. Ajita asked the Realized One the first question right there. The introductory verses are finished.
၁။ အဇိတမာဏဝပုစ္ဆာ
၁၀၃၉။ ‘‘ကေနဿု နိဝုတော လောကော, (ဣစ္စာယသ္မာ အဇိတော)
ကေနဿု နပ္ပကာသတိ၊
ကိဿာဘိလေပနံ ဗြူသိ, ကိံသု တဿ မဟဗ္ဘယံ’’။
၁-အဇိတမာဏဝပုစ္ဆာ ၁၀၃၉။ (အဇိတသည် ဤသို့ မေးလျှောက်၏) - လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း၊ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း၊ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သောတရားဟု ဟောတော်မူပါ သနည်း၊ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း။ (၁)
Anthology of Discourses 5.2 The Questions of Ajita “By what is the world shrouded?” said Venerable Ajita. “Why does it not shine? Tell me, what is its sullying? What is its greatest fear?”
၁၀၄၀။ ‘‘အဝိဇ္ဇာယ နိဝုတော လောကော, (အဇိတာတိ ဘဂဝါ)
ဝေဝိစ္ဆာ ပမာဒါ နပ္ပကာသတိ၊
ဇပ္ပါဘိလေပနံ ဗြူမိ, ဒုက္ခမဿ မဟဗ္ဘယံ’’။
၁၀၄၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - အဇိတ လောကကို မသိမှု ‘အဝိဇ္ဇာ’ က ဖုံးလွှမ်းထား၏၊ မိမိအားသာ ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု ‘မစ္ဆရိယ’နှင့် မေ့လျော့မှု ‘ပမာဒ’ တရားကြောင့် လောကသည် မထင်ရှား၊ မြည်တမ်းကြောင်း (တဏှာ) ကို (လောကကို) လိမ်းကျံ ကပ်ငြိတတ်သောတရားဟု ငါ ဆို၏၊ သံသရာဝဋ် (ဒုက္ခ)သည် ထိုလောက၏ ဘေးကြီး ဖြစ်၏။ (၂၀)
“The world is shrouded in ignorance.” replied the Buddha. “Avarice and negligence make it not shine. Muttered prayer is its sullying, I say. Suffering is its greatest fear.”
၁၀၄၁။ ‘‘သဝန္တိ သဗ္ဗဓိ သောတာ, (ဣစ္စာယသ္မာ အဇိတော)
သောတာနံ ကိံ နိဝါရဏံ၊
သောတာနံ သံဝရံ ဗြူဟိ, ကေန သောတာ ပိဓိယျရေ’’ [ပိထိယျရေ (သီ။ သျာ။ ပီ။), ပိထီယရေ (သီ။ အဋ္ဌ။), ပိဓီယရေ (?)]။
၁၀၄၁။ (အဇိတသည် ဤသို့ မေးလျှောက်၏) - အာယတနအားလုံးတို့၌ တဏှာအလျဥ်တို့သည် စီးကုန်၏၊ တဏှာအလျဥ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင်နိုင်ပါသနည်း၊ တဏှာအလျဥ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သောတရားကို ဟောတော်မူပါလော့၊ အဘယ်တရားက တဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်ပါသနည်း။ (၃)
“The streams flow everywhere,” said Venerable Ajita. “What is there to block them? And tell me the restraint of streams— by what are they locked out?”
၁၀၄၂။ ‘‘ယာနိ သောတာနိ လောကသ္မိံ, (အဇိတာတိ ဘဂဝါ)
သတိ တေသံ နိဝါရဏံ၊
သောတာနံ သံဝရံ ဗြူမိ, ပညာယေတေ ပိဓိယျရေ’’။
၁၀၄၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - အဇိတ လောက၌ စီးသွားကုန်သောတဏှာအလျဥ်တို့ကို အောက်မေ့မှု ‘သတိ’သည် တားမြစ်ပိတ်ပင်နိုင်၏၊ တဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်သောတရားကို ငါဆိုအံ့၊ ပညာက ထိုတဏှာအလျဥ်တို့ကို စောင့်စည်းပိတ်ဆို့နိုင်၏။ (၄)
“The streams in the world,” replied the Buddha, “are blocked by mindfulness. I tell you the restraint of streams— they are locked out by wisdom.”
၁၀၄၃။ ‘‘ပညာ စေဝ သတိ ယဉ္စ [သတီ စေဝ (သီ။), သတီ စ (သျာ။), သတီ စာပိ (ပီ။ နိဒ္ဒေသ), သတိ စာပိ (နိဒ္ဒေသ)], (ဣစ္စာယသ္မာ အဇိတော)
နာမရူပဉ္စ မာရိသ၊
ဧတံ မေ ပုဋ္ဌော ပဗြူဟိ, ကတ္ထေတံ ဥပရုဇ္ဈတိ’’။
၁၀၄၃။ (အဇိတသည် ဤသို့ မေးလျှောက်၏) - အသျှင်ဘုရား ပညာသည်လည်းကောင်း၊ သတိသည်လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏၊ ဤပညာ သတိ နာမ်ရုပ်တရားသည် အဘယ်၌ ချုပ်ပါသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် ဤအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၅)
“That wisdom and mindfulness,” said Venerable Ajita, “and that which is name and form, good fellow; when questioned, please tell me of this: where does this all cease?”
၁၀၄၄။ ‘‘ယမေတံ ပဉှံ အပုစ္ဆိ, အဇိတ တံ ဝဒါမိ တေ၊
ယတ္ထ နာမဉ္စ ရူပဉ္စ, အသေသံ ဥပရုဇ္ဈတိ၊
ဝိညာဏဿ နိရောဓေန, ဧတ္ထေတံ ဥပရုဇ္ဈတိ’’။
၁၀၄၄။ အဇိတ သင်မေးအပ်သော အမေးပြဿနာကို ငါ ဖြေအံ့၊ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရဝိညာဏ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏။ (၆)
“This question which you have asked, I shall answer you, Ajita. Where name and form cease with no residue left behind— with the cessation of consciousness, here they cease.”
၁၀၄၅။ ‘‘ယေ စ သင်္ခါတဓမ္မာသေ, ယေ စ သေခါ ပုထူ ဣဓ၊
တေသံ မေ နိပကော ဣရိယံ, ပုဋ္ဌော ပဗြူဟိ မာရိသ’’။
၁၀၄၅။ မြတ်စွာဘုရား ဤလောက၌ အကြင်ပုဂ္ဂိုလ်တို့သည်ကား တရားကိုသိပြီးသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောတော်မူပါလော့ (ဟု လျှောက်၏)။ (၇)
“There are those who have appraised the teaching, and many kinds of trainees here. Now you, being alert, are asked to tell me their behavior, good fellow.”
၁၀၄၆။ ‘‘ကာမေသု နာဘိဂိဇ္ဈေယျ, မနသာနာဝိလော သိယာ၊
ကုသလော သဗ္ဗဓမ္မာနံ, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။
အဇိတမာဏဝပုစ္ဆာ ပဌမာ နိဋ္ဌိတာ။
၁၀၄၆။ ရဟန်းသည် ကာမတို့၌ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျုသူ မဖြစ်ရာ၊ တရားအားလုံးတို့၌ လိမ္မာသည် သတိရှိသည်ဖြစ်၍ နေထိုင်ရာ၏ဟု (ဟောတော်မူ၏)။ (၈) ရှေးဦးစွာသော အဇိတမာဏဝပုစ္ဆာ ပြီး၏။
“Not greedy for sensual pleasures, their mind would be unclouded. Skilled in all things, a mendicant would wander mindful.”
၂။ တိဿမေတ္တေယျမာဏဝပုစ္ဆာ
၁၀၄၇။ ‘‘ကောဓ သန္တုသိတော လောကေ, (ဣစ္စာယသ္မာ တိဿမေတ္တေယျော)
ကဿ နော သန္တိ ဣဉ္ဇိတာ၊
ကော ဥဘန္တမဘိညာယ, မဇ္ဈေ မန္တာ န လိပ္ပတိ [လိမ္ပတိ (က။)]၊
ကံ ဗြူသိ မဟာပုရိသောတိ, ကော ဣဓ သိဗ္ဗိနိမစ္စဂါ’’။
၂-တိဿမေတ္တေယျမာဏဝပုစ္ဆာ ၁၀၄၇။ (တိဿမေတ္တေယျသည် ဤသို့ မေးလျှောက်၏) - ဤလောက၌ အဘယ်သူသည် ရောင့်ရဲလွယ်သူ ဖြစ်ပါသနည်း၊ အဘယ်သူအား တုန်လှုပ်မှုတို့ မရှိပါကုန်သနည်း၊ အဘယ်သူသည် အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း ပညာဖြင့်သိ၍ မလိမ်းကျံ မကပ်ငြိပါသနည်း၊ အဘယ် သူကို မဟာပုရိသဟူ၍ ဟောတော်မူပါသနည်း၊ ဤလောက၌ အဘယ်သူသည် ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်ပါသနည်း။ (၁)
Anthology of Discourses 5.3 The Questions of Tissametteyya “Who here in the world is content?” said Venerable Tissametteyya. “Who has no perturbations? What thoughtful one, knowing both ends, is not stuck in the middle? Who do they say is a great man? Who here has escaped the seamstress?”
၁၀၄၈။ ‘‘ကာမေသု ဗြဟ္မစရိယဝါ, (မေတ္တေယျာတိ ဘဂဝါ)
ဝီတတဏှော သဒါ သတော၊
သင်္ခါယ နိဗ္ဗုတော ဘိက္ခု, တဿ နော သန္တိ ဣဉ္ဇိတာ။
၁၀၄၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တေယျ အကြင်ရဟန်းသည် ကာမတို့၌ အပြစ်ကို မြင်၍ မဂ်အကျင့်မြတ်ကို ကျင့်သုံးသူတပ်မက်မှု ‘တဏှာ’ ကင်းသူ အခါ ခပ်သိမ်း အောက်မေ့မှု ‘သတိ’ ရှိသူ ပညာဖြင့် ဆင်ခြင်၍ ငြိမ်းအေးသူဖြစ်၏၊ ထိုရဟန်းအား တုန်လှုပ်တတ်သောတဏှာဒိဋ္ဌိတို့ မရှိကုန်။ (၂)
“Leading the spiritual life among sensual pleasures,” replied the Buddha, “rid of craving, ever mindful; a mendicant who, after appraisal, is quenched: that’s who has no perturbations.
၁၀၄၉။ ‘‘သော ဥဘန္တမဘိညာယ, မဇ္ဈေ မန္တာ န လိပ္ပတိ၊
တံ ဗြူမိ မဟာပုရိသောတိ, သော ဣဓ သိဗ္ဗိနိမစ္စဂါ’’တိ။
တိဿမေတ္တေယျမာဏဝပုစ္ဆာ ဒုတိယာ နိဋ္ဌိတာ။
၁၀၄၉။ ထိုရဟန်းသည် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ နိရောဓသစ္စာဟူသော အလယ်ကိုလည်းကောင်း မဂ်ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံ မကပ်ငြိတော့ပေ၊ ထိုရဟန်းကို မဟာပုရိသဟူ၍ ငါ ဆို၏၊ ထိုရဟန်းသည် ဤလောက၌ ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်လေပြီ။ (၃) နှစ်ခုမြောက် တိဿမေတ္တေယျမာဏဝပုစ္ဆာ ပြီး၏။
That thoughtful one, knowing both ends, is not stuck in the middle. He is a great man, I declare; he has escaped the seamstress here.”
၃။ ပုဏ္ဏကမာဏဝပုစ္ဆာ
၁၀၅၀။ ‘‘အနေဇံ မူလဒဿာဝိံ, (ဣစ္စာယသ္မာ ပုဏ္ဏကော)
အတ္ထိ [အတ္ထီ (သျာ။)] ပဉှေန အာဂမံ၊
ကိံ နိဿိတာ ဣသယော မနုဇာ, ခတ္တိယာ ဗြာဟ္မဏာ ဒေဝတာနံ၊
ယညမကပ္ပယိံသု ပုထူဓ လောကေ, ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ’’။
၃-ပုဏ္ဏကမာဏဝပုစ္ဆာ ၁၀၅၀။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) - တုန်လှုပ်မှု ‘တဏှာ’ ကင်းတော်မူပြီးသော အကုသိုလ်အမြစ်အရင်းကို မြင်တော်မူသော အသျှင်ဘုရားကို ပြဿနာမေးရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာခဲ့ပါ၏၊ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကို မှီကုန်၍ နတ်တို့အား ယဇ်ပူဇော်မှုကို အများအပြား ပြုကြပါကုန်သနည်း မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၁)
Anthology of Discourses 5.4 The Questions of Puṇṇaka “To the imperturbable, the seer of the root,” said Venerable Puṇṇaka, “I have come seeking with a question. On what grounds have seers and men, aristocrats and brahmins here in the world performed so many different <j>sacrifices to the gods? I ask you, Blessed One; please tell me this.”
၁၀၅၁။ ‘‘ယေ ကေစိမေ ဣသယော မနုဇာ, (ပုဏ္ဏကာတိ ဘဂဝါ)
ခတ္တိယာ ဗြာဟ္မဏာ ဒေဝတာနံ၊
ယညမကပ္ပယိံသု ပုထူဓ လောကေ, အာသီသမာနာ ပုဏ္ဏက ဣတ္ထတ္တံ [ဣတ္ထဘာဝံ (သီ။ သျာ။)]၊
ဇရံ သိတာ ယညမကပ္ပယိံသု’’။
၁၀၅၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် လူ နတ် ဗြဟ္မာ အဖြစ်ကို တောင့်တကြကုန်လျက် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြကုန်၏၊ ထိုသူအားလုံးတို့သည် ဇရာစသော ဝဋ်ဆင်းရဲကိုမှီကုန်လျက် ပူဇော်မှုကို ပြုကုန်၏။ (၂)
“Whatever seers and men,” replied the Buddha, “aristocrats and brahmins here in the world have performed so many different <j>sacrifices to the gods: all performed sacrifices bound to old age, longing for this place.”
၁၀၅၂။ ‘‘ယေ ကေစိမေ ဣသယော မနုဇာ, (ဣစ္စာယသ္မာ ပုဏ္ဏကော)
ခတ္တိယာ ဗြာဟ္မဏာ ဒေဝတာနံ၊
ယညမကပ္ပယိံသု ပုထူဓ လောကေ, ကစ္စိဿု တေ ဘဂဝါ ယညပထေ အပ္ပမတ္တာ၊
အတာရုံ ဇာတိဉ္စ ဇရဉ္စ မာရိသ, ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ’’။
၁၀၅၂။ (ပုဏ္ဏကသည် ဤသို့ လျှောက်၏) - မြတ်စွာဘုရား ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြပါကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှုကိုလည်းကောင်း အိုမှုကိုလည်းကောင်း လွန်မြောက်နိုင်ပါကုန် သလော၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၃)
“As to those seers and men,” said Venerable Puṇṇaka, “and aristocrats and brahmins here in the world who have performed so many different <j>sacrifices to the gods: being diligent in the technique of sacrifice, have they crossed over rebirth and old age, good fellow? I ask you, Blessed One; please tell me this.”
၁၀၅၃။ ‘‘အာသီသန္တိ ထောမယန္တိ, အဘိဇပ္ပန္တိ ဇုဟန္တိ၊ (ပုဏ္ဏကာတိ ဘဂဝါ)
ကာမာဘိဇပ္ပန္တိ ပဋိစ္စ လာဘံ, တေ ယာဇယောဂါ ဘဝရာဂရတ္တာ၊
နာတရိံသု ဇာတိဇရန္တိ ဗြူမိ’’။
၁၀၅၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက အကြင်သူတို့သည် လူ နတ် ဗြဟ္မာအဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ် ဝတ္ထု အလှူခံပုဂ္ဂိုလ်အလှူ၏ အကျိုးအာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်း တကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူ နတ် ဗြဟ္မာအဖြစ်ကို ရမှုကို စွဲ၍ ကာမတို့ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြကုန်သော်လည်း ဘဝကို တပ်စွန်းမှု ‘တဏှာ’ဖြင့် တပ်မက်ကုန်သောကြောင့် ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ် ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါ ဆို၏။ (၄)
“Hoping, invoking, praying, and worshiping,” replied the Buddha, “they pray for pleasure derived from profit. Devoted to sacrifice, besotted by rebirth, they’ve not crossed over rebirth and old age, <j>I declare.”
၁၀၅၄။ ‘‘တေ စေ နာတရိံသု ယာဇယောဂါ, (ဣစ္စာယသ္မာ ပုဏ္ဏကော)
ယညေဟိ ဇာတိဉ္စ ဇရဉ္စ မာရိသ၊
အထ ကော စရဟိ ဒေဝမနုဿလောကေ, အတာရိ ဇာတိဉ္စ ဇရဉ္စ မာရိသ၊
ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ’’။
၁၀၅၄။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြပါကုန်သော်လည်း ပူဇော်မှုတို့ဖြင့်ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို အကယ်၍ မလွန်မြောက်နိုင်ကုန်ပါမူ အဘယ်သူသည် နတ်လောက လူ့လောက၌ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေး လျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၅)
“If those devoted to sacrifice,” said Venerable Puṇṇaka, “have not, by sacrificing, <j>crossed over rebirth and old age, who then in the world of gods and humans has crossed over rebirth and old age, good fellow? I ask you, Blessed One; please tell me this.”
၁၀၅၅။ ‘‘သင်္ခါယ လောကသ္မိ ပရောပရာနိ [ပရောဝရာနိ (သီ။ သျာ။)], (ပုဏ္ဏကာတိ ဘဂဝါ)
ယဿိဉ္ဇိတံ နတ္ထိ ကုဟိဉ္စိ လောကေ၊
သန္တော ဝိဓူမော အနီဃော နိရာသော, အတာရိ သော ဇာတိဇရန္တိ ဗြူမီ’’တိ။
ပုဏ္ဏကမာဏဝပုစ္ဆာ တတိယာ နိဋ္ဌိတာ။
၁၀၅၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပုဏ္ဏက လောက၌ အကြင်သူအား မိမိအတွင်းအပ သဘောတရားတို့ကို ပညာဖြင့် ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်တတ်သော တဏှာမရှိ၊ ထိုသူသည် ကိလေသာ ငြိမ်းအေးသူ ဒုစရိုက်အခိုးကင်းသူ ဆင်းရဲကြောင်း ကိလေသာ ကင်းပြီးသူ တဏှာကင်းပြီးသူ ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၆) သုံးခုမြောက် ပုဏ္ဏကမာဏဝပုစ္ဆာ ပြီး၏။
“Having appraised the world high and low,” replied the Buddha, “there is nothing in the world that disturbs them. Peaceful, unclouded, untroubled, <j>with no need for hope— they’ve crossed over rebirth and old age, I declare.”
၄။ မေတ္တဂူမာဏဝပုစ္ဆာ
၁၀၅၆။ ‘‘ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ, (ဣစ္စာယသ္မာ မေတ္တဂူ)
မညာမိ တံ ဝေဒဂုံ ဘာဝိတတ္တံ၊
ကုတော နု ဒုက္ခာ သမုဒါဂတာ ဣမေ, ယေ ကေစိ လောကသ္မိမနေကရူပါ’’။
၄-မေတ္တဂူမာဏဝပုစ္ဆာ ၁၀၅၆။ (မေတ္တဂူသည် ဤသို့ မေးလျှာက်၏) - မြတ်စွာဘုရား အသျှင်ဘုရားကို မဂ်ဉာဏ်လေးပါးတို့ဖြင့် အဆုံးသို့ ရောက်ပြီး သူ ပွါးများပြီးသော စိတ်ရှိသူဟူ၍ အကျွန်ုပ် အောက်မေ့မှတ်ထင်ပါ၏၊ လောက၌ ဆင်းရဲဟူသမျှတို့သည် အများအပြားရှိပါကုန်၏၊ ဤဆင်းရဲတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာပါကုန်သနည်း၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အသျှင်ဘုရားသည် ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၁)
Anthology of Discourses 5.5 The Questions of Mettagū “I ask you, Blessed One; please tell me this,” said Venerable Mettagū, “for I think you are a knowledge master, evolved. Where do all these sufferings come from, in all their countless forms in the world?”
၁၀၅၇။ ‘‘ဒုက္ခဿ ဝေ မံ ပဘဝံ အပုစ္ဆသိ, (မေတ္တဂူတိ ဘဂဝါ)
တံ တေ ပဝက္ခာမိ ယထာ ပဇာနံ၊
ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ, ယေ ကေစိ လောကသ္မိမနေကရူပါ။
၁၀၅၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ဆင်းရဲ၏ ဖြစ်ကြောင်းအစကို ငါ့အား သင် မေး၏၊ ထိုဆင်းရဲဖြစ် ကြောင်းအစကိုငါသိသည့်အတိုင်း သင့်အား ဟောကြားအံ့၊ လောက၌ အများ အပြားအားဖြင့် ဖြစ်ကုန်သော ဆင်းရဲအားလုံးတို့သည် ကံကိလေသာစသော ဥပဓိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်၏။ (၂)
“You have rightly asked me of the origin of suffering,” replied the Buddha, “I shall tell you as I understand it. Attachment is the source of suffering in all its countless forms in the world.
၁၀၅၈။ ‘‘ယော ဝေ အဝိဒွါ ဥပဓိံ ကရောတိ, ပုနပ္ပုနံ ဒုက္ခမုပေတိ မန္ဒော၊
တသ္မာ ပဇာနံ ဥပဓိံ န ကယိရာ, ဒုက္ခဿ ဇာတိပ္ပဘဝါနုပဿီ’’။
၁၀၅၈။ အကြင်သူသည် ပညာမဲ့သည်ဖြစ်၍ ကံကိလေသာစသော ဥပဓိကို ပြု လုပ်၏၊ ပညာမဲ့သော ထိုသူသည် အဖန်တလဲလဲ ပဋိသန္ဓေနေခြင်းစသော ဆင်းရဲသို့ ရောက်ရ၏၊ ထို့ကြောင့် ဇာတိ (စသော) ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းကို အဖန် ဖန် ရှုဆင်ခြင်လျက် (အနိစ္စ စသည်ကို) ပိုင်းခြားသိသည်ဖြစ်၍ကံကိလေသာ စသော ဥပဓိကို မပြုလုပ်ရာ။ (၃)
When an ignorant person builds up attachments, that dullard returns to suffering again and again. So let one who understands <j>not build up attachments, contemplating the inception of suffering and rebirth.”
၁၀၅၉။ ‘‘ယံ တံ အပုစ္ဆိမှ အကိတ္တယီ နော, အညံ တံ ပုစ္ဆာမ [ပုစ္ဆာမိ (သီ။ ပီ။)] တဒိင်္ဃ ဗြူဟိ၊
ကထံ နု ဓီရာ ဝိတရန္တိ ဩဃံ, ဇာတိံ ဇရံ သောကပရိဒ္ဒဝဉ္စ၊
တံ မေ မုနိ သာဓု ဝိယာကရောဟိ, တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော’’။
၁၀၅၉။ အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏၊ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ်အားဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါကုန်အံ့၊ တိုက်တွန်းပါ၏၊ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ပညာရှိတို့သည် သံသရာ အလျဥ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေမှုကိုလည်းကောင်း၊ အိုမှုကိုလည်းကောင်း၊ ပူဆွေးမှု ငိုကြွေးမှုကိုလည်းကောင်း အဘယ်သို့ လွန်မြောက်ပါကုန် သနည်း၊ တောင်းပန်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် ထိုအမေးကို အကျွန်ုပ်အား ဖြေကြားတော်မူပါ။ (၄)
“Whatever I asked you have explained to me. I ask you once more, please tell me this: How do the attentive cross the flood of rebirth, old age, sorrow, and lamenting? Please, sage, answer me clearly, for truly you understand this matter.”
၁၀၆၀။ ‘‘ကိတ္တယိဿာမိ တေ ဓမ္မံ, (မေတ္တဂူတိ ဘဂဝါ)
ဒိဋ္ဌေ ဓမ္မေ အနီတိဟံ၊
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ’’။
၁၀၆၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ယခုဘဝ၌ပင် ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော နိဗ္ဗာန်ရောက်ကြောင်း တရားကို သင့်အား ငါဟောကြားပေအံ့။ ယင်းသို့ သောတရားကို သိ၍ အောက် မေ့မှု သတိရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏။ (၅)
“I shall extol a teaching to you,” replied the Buddha, “that is apparent in the present, not relying on legends. Having understood it, one who lives mindfully may cross over clinging in the world.”
၁၀၆၁။ ‘‘တဉ္စာဟံ အဘိနန္ဒာမိ, မဟေသိ ဓမ္မမုတ္တမံ၊
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ’’။
၁၀၆၁။ မြတ်စွာဘုရားသည် အကြင်တရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက်ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန် မြောက်နိုင်ရာ၏၊ မြတ်သော ထိုတရားကို အကျွန်ုပ် အလွန်နှစ်သက်လှပါ၏။ (၆)
“And I rejoice, great seer, in that supreme teaching, having understood which, one who lives mindfully may cross over clinging in the world.”
၁၀၆၂။ ‘‘ယံ ကိဉ္စိ သမ္ပဇာနာသိ, (မေတ္တဂူတိ ဘဂဝါ)
ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊
ဧတေသု နန္ဒိဉ္စ နိဝေသနဉ္စ, ပနုဇ္ဇ ဝိညာဏံ ဘဝေ န တိဋ္ဌေ။
၁၀၆၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တဂူ ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို (အနိစ္စစသော အပြားအားဖြင့်) သင်သိ၏၊ ထိုတရားအားလုံးတို့၌ နှစ်သက်မှုကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသောတည်ရာအိမ်ကိုလည်းကောင်း၊ အဘိသင်္ခါရဝိညာဏ်ကိုလည်းကောင်း နုတ်ပယ်လေလော့၊ ဤသို့ နုတ်ပယ်နိုင်သည်ရှိသော် ဘဝ၌ မတည်ရာ။ (၇)
“Once you’ve expelled relishing and dogmatism,” replied the Buddha, “regarding everything you are aware of— above, below, all round, between— having cast aside consciousness, <j>don’t continue in existence.
၁၀၆၃။ ‘‘ဧဝံဝိဟာရီ သတော အပ္ပမတ္တော, ဘိက္ခု စရံ ဟိတွာ မမာယိတာနိ၊
ဇာတိံ ဇရံ သောကပရိဒ္ဒဝဉ္စ, ဣဓေဝ ဝိဒွါ ပဇဟေယျ ဒုက္ခံ’’။
၁၀၆၃။ ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း နေလေ့ရှိသော ပညာရှိရဟန်းသည် အောက်မေ့မှု ‘သတိ’ ရှိလျက်မမေ့မလျော့ကျင့်ကာ တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို ပယ်စွန့်သည်ရှိသော် ဤဘဝ၌ပင်လျှင်ပဋိသန္ဓေနေမှု အိုမှု စိုးရိမ်မှု ငိုကြွေးမှုဟူသော ဆင်းရဲကို ပယ်စွန့်နိုင်ရာ၏။ (၈)
A mendicant who wanders meditating like this, diligent and mindful, calling nothing their own, would, being wise, give up the suffering of rebirth, old age, sorrow and lamenting right here.”
၁၀၆၄။ ‘‘ဧတာဘိနန္ဒာမိ ဝစော မဟေသိနော, သုကိတ္တိတံ ဂေါတမနူပဓီကံ၊
အဒ္ဓါ ဟိ ဘဂဝါ ပဟာသိ ဒုက္ခံ, တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော။
၁၀၆၄။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် မြတ်စွာဘုရားသည် မချွတ်ဧကန်ပင် ဆင်းရဲကို ပယ်တော်မူနိုင်ပါ၏။ (၉)
“I rejoice in the words of the great seer! You have expounded non-attachment well, Gotama. Clearly the Buddha has given up suffering, for truly you understand this matter.
၁၀၆၅။ ‘‘တေ စာပိ နူနပ္ပဇဟေယျု ဒုက္ခံ, ယေ တွံ မုနိ အဋ္ဌိတံ ဩဝဒေယျ၊
တံ တံ နမဿာမိ သမေစ္စ နာဂ, အပ္ပေဝ မံ ဘဂဝါ အဋ္ဌိတံ ဩဝဒေယျ’’။
၁၀၆၅။ မြတ်စွာဘုရား အကျွန်ုပ် ကြံစည်မိသည်ကား အသျှင်ဘုရားသည် အကြင်သူတို့ကို မပြတ်ခါခါဆုံးမတော်မူရာ၏၊ ထိုသူတို့သည်လည်း ဆင်းရဲကို ပယ်နိုင်ကုန်ရာ၏၊ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ထို့ကြောင့် အသျှင်ဘုရားသို့ ချဥ်းကပ်၍ အကျွန်ုပ် ရှိခိုးပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို မပြတ်ခါခါ ဆုံးမတော်မူတန်ရာပါ၏။ (၁၀)
Surely, sage, those you’d regularly instruct would also give up suffering. Having met, I bow especially to you, <j>O spiritual giant; hopefully the Buddha may regularly instruct me.”
၁၀၆၆။ ‘‘ယံ ဗြာဟ္မဏံ ဝေဒဂုမာဘိဇညာ, အကိဉ္စနံ ကာမဘဝေ အသတ္တံ၊
အဒ္ဓါ ဟိ သော ဩဃမိမံ အတာရိ, တိဏ္ဏော စ ပါရံ အခိလော အကင်္ခေါ။
၁၀၆၆။ မေတ္တဂူ အကြင်သူကို သင်သည် မကောင်းမှုမှ အပပြုပြီးသူ မဂ် ဉာဏ်လေးပါးတို့ဖြင့်အဆုံးသို့ ရောက်ပြီးသူကြောင့်ကြမှုမရှိသူ ကာမဘဝ၌ ကပ် ငြိခြင်း မရှိသူဟူ၍ သိရာ၏၊ ထိုသူသည် မချွတ်လျှင် ဤသံသရာအလျဥ် ‘ဩဃ’ကို လွန်မြောက်ပြီးသူ တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ကူးမြောက်ပြီးသူကိလေသာ ဆူး ငြောင့်မရှိသူ ယုံမှားကင်းသူ ဖြစ်နိုင်တော့၏။ (၁၁)
“Any brahmin recognized as a knowledge master, who has nothing, unattached to sensual life, clearly has crossed this flood, crossed to the far shore, kind, wishless.
၁၀၆၇။ ‘‘ဝိဒွါ စ ယော [သော (သီ။ သျာ။ ပီ။)] ဝေဒဂူ နရော ဣဓ, ဘဝါဘဝေ သင်္ဂမိမံ ဝိသဇ္ဇ၊
သော ဝီတတဏှော အနီဃော နိရာသော, အတာရိ သော ဇာတိဇရန္တိ ဗြူမီ’’တိ။
မေတ္တဂူမာဏဝပုစ္ဆာ စတုတ္ထီ နိဋ္ဌိတာ။
၁၀၆၇။ ဤလောက၌ အကြင်သူသည် ပညာ ရှိ၏၊ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် အဆုံးသို့့ရောက်၏၊ ထိုသူသည် ဘဝငယ် ဘဝကြီး၌ ဤရာဂစသော ကပ်ငြိတွယ်တာမှုကို ပယ်စွန့်သောကြောင့် တဏှာကင်းပြီးသူ ဆင်းရဲကြောင်း ကိလေသာကင်းပြီးသူ တွယ်တာမှု ကင်းပြီးသူဖြစ်၍ ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၁၂) လေးခုမြောက် မေတ္တဂူမာဏဝပုစ္ဆာ ပြီး၏။
And a wise person here, a knowledge master, having untied the bond to life after life, free of craving, untroubled, with no need for hope, has crossed over rebirth and old age, I declare.”
၅။ ဓောတကမာဏဝပုစ္ဆာ
၁၀၆၈။ ‘‘ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ, (ဣစ္စာယသ္မာ ဓောတကော)
ဝါစာဘိကင်္ခါမိ မဟေသိ တုယှံ၊
တဝ သုတွာန နိဂ္ဃေါသံ, သိက္ခေ နိဗ္ဗာနမတ္တနော’’။
၅-ဓောတကမာဏဝပုစ္ဆာ ၁၀၆၈။ (ဓောတကသည် ဤသို့ မေးလျှောက်၏) - အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို မေး လျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့၊ အသျှင်ဘုရား၏ စကားတော်ကိုအလွန်ကြားနာလိုပါ၏၊ အသျှင်ဘုရား မြွက်ဆိုသံကို ကြားနာ ရ၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါကျင့်နိုင်ရာပါ၏။ (၁)
Anthology of Discourses 5.6 The Questions of Dhotaka “I ask you, Blessed One; please tell me this,” said Venerable Dhotaka, “I long for your voice, great seer. After hearing your message, I shall train myself for extinguishment.”
၁၀၆၉။ ‘‘တေနဟာတပ္ပံ ကရောဟိ, (ဓောတကာတိ ဘဂဝါ) ဣဓေဝ နိပကော သတော၊
ဣတော သုတွာန နိဂ္ဃေါသံ, သိက္ခေ နိဗ္ဗာနမတ္တနော’’။
၁၀၆၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ထိုသို့ ဖြစ်လျှင် ပြင်းစွာအားထုတ်မှုကို ပြုလော့၊ ဤငါဘုရား အထံမှ တရားသံကိုကြားနာရ၍ ဤငါဘုရား သာသနာတော်၌သာလျှင် ရင့်ကျက်သော ပညာရှိသည်အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါ ကျင့်ရာ၏။ (၂)
“Well then, be keen, alert,” replied the Buddha, “and mindful right here. After hearing this message, go on and train yourself for extinguishment.”
၁၀၇၀။ ‘‘ပဿာမဟံ ဒေဝမနုဿလောကေ, အကိဉ္စနံ ဗြာဟ္မဏမိရိယမာနံ၊
တံ တံ နမဿာမိ သမန္တစက္ခု, ပမုဉ္စ မံ သက္က ကထံကထာဟိ’’။
၁၀၇၀။ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား နတ်လောကလူ့လောက၌ ရာဂစသောကြောင့်ကြမှု မရှိသော မကောင်းမှုကို အပပြုပြီး၍လှည့်လည်ကြွသွားတော်မူသော အသျှင်ဘုရားကို အကျွန်ုပ် ဖူးမြင်ရပါ၏၊ ထိုအသျှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏၊ သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်ကို ယုံမှားမှုတို့မှ လွတ်မြောက်စေတော်မူပါလော့။ (၃)
“I see in the world of gods and humans a brahmin traveling with nothing. I bow especially to you, All-seer: release me, Sakyan, from my indecisions.”
၁၀၇၁။ ‘‘နာဟံ သဟိဿာမိ [သမိဿာမိ (သျာ။), ဂမိဿာမိ (သီ။), သမီဟာမိ (ပီ။)] ပမောစနာယ, ကထံကထိံ ဓောတက ကဉ္စိ လောကေ၊
ဓမ္မဉ္စ သေဋ္ဌံ အဘိဇာနမာနော [အာဇာနမာနော (သီ။ သျာ။ ပီ။)], ဧဝံ တုဝံ ဩဃမိမံ တရေသိ’’။
၁၀၇၁။ ဓောတက လောက၌ ယုံမှားမှုရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လွတ် မြောက်စေခြင်းငှါငါဘုရားတတ်နိုင်မည် မဟုတ်၊ သင်သည် မြတ်သော နိဗ္ဗာန် တရားကို သိလတ်သော် ဤနည်းဖြင့်ဤသံသရာအလျဥ် ‘ဩဃ’ကို လွန်မြောက်နိုင်ရာ၏။ (၄)
“I am not able to release anyone in the world who is indecisive, Dhotaka. But when you understand the best of teachings, you shall cross this flood.”
၁၀၇၂။ ‘‘အနုသာသ ဗြဟ္မေ ကရုဏာယမာနော, ဝိဝေကဓမ္မံ ယမဟံ ဝိဇညံ၊
ယထာဟံ အာကာသောဝ အဗျာပဇ္ဇမာနော, ဣဓေဝ သန္တော အသိတော စရေယျံ’’။
၁၀၇၂။ ဗြဟ္မာမင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရား အကြင်သင်္ခါရတို့မှ ကင်းဆိတ်သော နိဗ္ဗာန်တရားကို အကျွန်ုပ် သိရာပါ၏၊ အကျွန်ုပ်အား သနားသည်ဖြစ်၍ ထိုတရားဖြင့်ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် ကောင်းကင်ကဲ့သို့ အထူးထူး အထွေထွေရှိသည်အဖြစ်သို့ မရောက်မူ၍ ဤသာသနာတော်၌သာလျှင် ကိလေသာတို့မှ ငြိမ်းအေးသည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ကို မမှီဘဲကျင့်ကြံအားထုတ် လိုပါ၏။ (၅)
“Teach me, brahmin, out of compassion, the principle of seclusion so that I may understand. I wish to practice right here, peaceful, independent, unobstructed as space itself.”
၁၀၇၃။ ‘‘ကိတ္တယိဿာမိ တေ သန္တိံ, (ဓောတကာတိ ဘဂဝါ) ဒိဋ္ဌေ ဓမ္မေ အနီတိဟံ၊
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ’’။
၁၀၇၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ယခုဘဝ၌ပင် တစ်ဆင့်ကြားမဟုတ်ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော ကိလေသာငြိမ်းအေးမှု နိဗ္ဗာန်တရားကို သင့်အား ငါ ဟောကြားပေအံ့၊ ယင်းတရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏။ (၆)
“I shall extol that peace for you,” replied the Buddha, “that is apparent in the present, not relying on legends. Having understood it, one who lives mindfully may cross over clinging in the world.”
၁၀၇၄။ ‘‘တဉ္စာဟံ အဘိနန္ဒာမိ, မဟေသိ သန္တိမုတ္တမံ၊
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ’’။
၁၀၇၄။ အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အကြင်ကိလေသာမှ ငြိမ်းအေးမှုနိဗ္ဗာန်တရားမြတ်ကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်ကြံအား ထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု ‘တဏှာ’ကို လွန်မြောက်နိုင်ရာ၏၊ ထို ကိလေသာမှ ငြိမ်းအေးမှု နိဗ္ဗာန်တရားမြတ်ကိုအကျွန်ုပ် နှစ်သက်လှပါ၏။ (၇)
“And I rejoice, great seer, in that supreme peace, having understood which, one who lives mindfully may cross over clinging in the world.”
၁၀၇၅။ ‘‘ယံ ကိဉ္စိ သမ္ပဇာနာသိ, (ဓောတကာတိ ဘဂဝါ)
ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊
ဧတံ ဝိဒိတွာ သင်္ဂေါတိ လောကေ, ဘဝါဘဝါယ မာကာသိ တဏှ’’န္တိ။
ဓောတကမာဏဝပုစ္ဆာ ပဉ္စမီ နိဋ္ဌိတာ။
၁၀၇၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဓောတက ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို အနိစ္စစသော အပြားအားဖြင့် သင်သိ၏၊ လောက၌ ထိုတရားအားလုံးကို ကပ်ငြိတတ်သောတရားဟု သိ၍ ဘဝကြီးငယ်၌ ဖြစ်ခြင်းငှါ့တပ်မက်တွယ်တာမှု ‘တဏှာ’ကို မပြု လေလင့်။ (၈) ငါးခုမြောက် ဓောတကမာဏဝပုစ္ဆာ ပြီး၏။
“Once you have understood that everything,” replied the Buddha, “you are aware of in the world— above, below, all round, between— is a chain, don’t crave for life after life.”
၆။ ဥပသီဝမာဏဝပုစ္ဆာ
၁၀၇၆။ ‘‘ဧကော အဟံ သက္က မဟန္တမောဃံ, (ဣစ္စာယသ္မာ ဥပသီဝေါ)
အနိဿိတော နော ဝိသဟာမိ တာရိတုံ၊
အာရမ္မဏံ ဗြူဟိ သမန္တစက္ခု, ယံ နိဿိတော ဩဃမိမံ တရေယျံ’’။
၆-ဥပသီဝမာဏဝပုစ္ဆာ ၁၀၇၆။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်သည် တစ်ယောက်တည်း အမှီမရှိဘဲ ကြီးကျယ်သော ‘ဩဃ’ သံသရာအလျဥ်ကို ကူးမြောက်ခြင်းငှါ မတတ်နိုင်ပါ၊ ထက် ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိသော မြတ်စွာဘုရား အကြင်တရားကိုမှီ၍ ဤသံသရာ အလျဥ် ‘ဩဃ’ကို ကူးမြောက်နိုင်ရာ၏၊ ထိုမှီရာ တရားကို ဟော တော်မူပါလော့။ (၁)
Anthology of Discourses 5.7 The Questions of Upasīva “Alone and independent, O Sakyan,” said Venerable Upasīva, “I am not able to cross the great flood. Tell me a support, All-seer, depending on which I may cross this flood.”
၁၀၇၇။ ‘‘အာကိဉ္စညံ ပေက္ခမာနော သတိမာ, (ဥပသီဝါတိ ဘဂဝါ)
နတ္ထီတိ နိဿာယ တရဿု ဩဃံ၊
ကာမေ ပဟာယ ဝိရတော ကထာဟိ, တဏှက္ခယံ နတ္တမဟာဘိပဿ’’ [ရတ္တမဟာဘိပဿ (သျာ။), ရတ္တမဟံ ဝိပဿ (က။)]။
၁၀၇၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ အောက်မေ့မှု ‘သတိ’ ရှိလျက် အာကိဉ္စညာယတနသမာပတ်ကို အနိစ္စ စသောအားဖြင့် ရှုသည်ဖြစ်၍ (တစ်စုံတစ်ခုမျှ) မရှိဟူသော (အာကိဉ္စညာယတန သမာပတ်ကို)မှီ၍သံသရာအလျဥ် ‘ဩဃ’ကို ကူးမြောက်လေလော့၊ ကာမတို့ကို ပယ်လျက် ယုံမှားခြင်းတို့မှ ကင်းပျောက်သည်ဖြစ်၍ တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို နေ့ရောညဥ့်ပါ ထင်စွာ ရှုလေလော့။ (၂)
“Mindfully contemplating nothingness,” replied the Buddha, “depending on the perception ‘there is nothing’, <j>cross the flood. Giving up sensual pleasures, <j>refraining from chatter, watch day and night for the ending of craving.”
၁၀၇၈။ ‘‘သဗ္ဗေသု ကာမေသု ယော ဝီတရာဂေါ, (ဣစ္စာယသ္မာ ဥပသီဝေါ)
အာကိဉ္စညံ နိဿိတော ဟိတွာ မညံ၊
သညာဝိမောက္ခေ ပရမေ ဝိမုတ္တော [ဓိမုတ္တော (က။)], တိဋ္ဌေ နု သော တတ္ထ အနာနုယာယီ’’ [အနာနုဝါယီ (သျာ။ က။)]။
၁၀၇၈။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အကြင်သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏၊ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ၌ နှလုံးသွင်း၏၊ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာသလော။ (၃)
“One who is free of desire for sensual pleasures,” said Venerable Upasīva, “depending on nothingness, all else left behind, freed in the ultimate liberation of perception: might they remain there without traveling on?”
၁၀၇၉။ ‘‘သဗ္ဗေသု ကာမေသု ယော ဝီတရာဂေါ, (ဥပသီဝါတိ ဘဂဝါ)
အာကိဉ္စညံ နိဿိတော ဟိတွာ မညံ၊
သညာဝိမောက္ခေ ပရမေ ဝိမုတ္တော, တိဋ္ဌေယျ သော တတ္ထ အနာနုယာယီ’’။
၁၀၇၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ အကြင် သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏၊ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ္ခ၌ နှလုံးသွင်း၏၊ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာ၏။ (၄)
“One free of desire for sensual pleasures,” replied the Buddha, “depending on nothingness, all else left behind, freed in the ultimate liberation of perception: they might remain there without traveling on.”
၁၀၈၀။ ‘‘တိဋ္ဌေ စေ သော တတ္ထ အနာနုယာယီ, ပူဂမ္ပိ ဝဿာနံ သမန္တစက္ခု၊
တတ္ထေဝ သော သီတိသိယာ ဝိမုတ္တော, စဝေထ ဝိညာဏံ တထာဝိဓဿ’’။
၁၀၈၀။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား ထိုသူသည် ထိုအာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ခဲ့မူ ထိုဘုံ၌ပင်လျှင် နှစ်ပေါင်းများစွာငြိမ်းအေးသည်ဖြစ်၍ (ဆင်းရဲတို့မှ) လွတ်မြောက်သည် ဖြစ်ရာ သလော၊သို့ မဟုတ်မူထိုသို့ သဘောရှိသောသူ၏ ဝိညာဥ်သည် ရွေ့လျောရာသေး သလော။ (၅)
“If they were to remain there without traveling on, even for myriad years, All-seer, and, being freed, were to grow cool right there, would the consciousness of that sort pass away?”
၁၀၈၁။ ‘‘အစ္စီ ယထာ ဝါတဝေဂေန ခိတ္တာ [ခိတ္တံ (သျာ။), ခိတ္တော (ပီ။)], (ဥပသီဝါတိ ဘဂဝါ)
အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ၊
ဧဝံ မုနီ နာမကာယာ ဝိမုတ္တော, အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ’’။
၁၀၈၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ လေဟုန်ဖြင့် လွင့်သော မီးလျှံသည် ချုပ်ပျောက်ခြင်းသို့ ရောက်သကဲ့့သို့ တစ်စုံတစ်ခုခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်သကဲ့သို့ ဤအတူ ရဟန်းသည် နာမကာယမှ လွတ်သည်ဖြစ်၍ချုပ်ပျောက်ခြင်းသို့ ရောက်၏၊ တစ်စုံတစ်ခု ခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်။ (၆)
“As a flame tossed by a gust of wind,” replied the Buddha, “comes to an end and cannot be reckoned; so too, a sage freed <j>from the set of mental phenomena comes to an end and cannot be reckoned.”
၁၀၈၂။ ‘‘အတ္ထင်္ဂတော သော ဥဒ ဝါ သော နတ္ထိ, ဥဒါဟု ဝေ သဿတိယာ အရောဂေါ၊
တံ မေ မုနီ သာဓု ဝိယာကရောဟိ, တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော’’။
၁၀၈၂။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) - ထိုသူသည် ချုပ်ပျောက်ခြင်းသို့ ရောက်သွားသလော၊သို့ မဟုတ် မရှိတော့ပြီ လော၊သို့ မဟုတ်မူစင်စစ် မြဲသော သဘောဖြင့် မဖောက်ပြန်တော့ပြီလော၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ထိုတရားကို အသျှင်ဘုရား သိပြီးဖြစ်သောကြောင့် ထိုအကြောင်းကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၇)
“One who has disappeared—do they not exist? Or are they free from disease for eternity? Please, sage, answer me clearly, for truly you understand this matter.”
၁၀၈၃။ ‘‘အတ္ထင်္ဂတဿ န ပမာဏမတ္ထိ, (ဥပသီဝါတိ ဘဂဝါ)
ယေန နံ ဝဇ္ဇုံ တံ တဿ နတ္ထိ၊
သဗ္ဗေသု ဓမ္မေသု သမောဟတေသု, သမူဟတာ ဝါဒပထာပိ သဗ္ဗေ’’တိ။
ဥပသီဝမာဏဝပုစ္ဆာ ဆဋ္ဌီ နိဋ္ဌိတာ။
၁၀၈၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရောက်သူအား ရုပ်စသော အတိုင်းအရှည်ပမာဏ မရှိ၊ အကြင်ရာဂစသော အကြောင်းဖြင့် ထိုသူကို (တပ်မက်သူစသည်ဖြင့်) ဆိုကုန် ရာ၏၊ ထိုသူအား ထိုအကြောင်းမျိုးမရှိတော့ပြီ၊ (ခန္ဓာစသောတရား)အားလုံးတို့ကို ပယ်နုတ်ပြီးကုန်သည်ရှိသော် အလုံးစုံသော ခေါ်ဆိုရာအကြောင်းမျိုးကိုလည်း ပယ်နုတ်ပြီး ဖြစ်ကုန်၏။ (၈) ခြောက်ခုမြောက် ဥပသီဝမာဏဝပုစ္ဆာ ပြီး၏။
“One who has disappeared cannot be defined,” replied the Buddha. “They have nothing <j>by which others might describe them. When all things have been eradicated, eradicated, too, are all ways of speech.”
၇။ နန္ဒမာဏဝပုစ္ဆာ
၁၀၈၄။ ‘‘သန္တိ လောကေ မုနယော, (ဣစ္စာယသ္မာ နန္ဒော)
ဇနာ ဝဒန္တိ တယိဒံ ကထံသု၊
ဉာဏူပပန္နံ နော မုနိံ [မုနိ နော (သျာ။ က။)] ဝဒန္တိ, ဥဒါဟု ဝေ ဇီဝိတေနူပပန္နံ’’။
၇-နန္ဒမာဏဝပုစ္ဆာ ၁၀၈၄။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ပြောဆိုကုန်၏၊ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့် စုံသောသူကို မုနိဟု ဆိုကုန်ပါသလော၊သို့ မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသောသူကို မုနိဟု ဆိုကုန်ပါသလော။ (၁)
Anthology of Discourses 5.8 The Questions of Nanda “People say there are sages in the world,” said Venerable Nanda, “but how is this the case? Is someone called a sage because of their knowledge, or because of their way of life?”
၁၀၈၅။
၁၀၈၅။ နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍မဆိုကုန်၊ အကြားစင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသောဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု ‘အာသာ’ မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏၊ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ (၂)
“Experts do not speak of a sage in terms of view, learning, or knowledge. Those who are sages live far from the crowd, I say, untroubled, with no need for hope.”
‘‘န ဒိဋ္ဌိယာ န သုတိယာ န ဉာဏေန, (န သီလဗ္ဗတေန) [( ) နတ္ထိ သီ။-ပီ ပေါတ္ထကေသု]
မုနီဓ နန္ဒ ကုသလာ ဝဒန္တိ၊
ဝိသေနိကတွာ အနီဃာ နိရာသာ, စရန္တိ ယေ တေ မုနယောတိ ဗြူမိ’’။
၁၀၈၆။ ‘‘ယေ ကေစိမေ သမဏဗြာဟ္မဏာသေ, (ဣစ္စာယသ္မာ နန္ဒော)
ဒိဋ္ဌဿုတေနာပိ [ဒိဋ္ဌေန သုတေနာပိ (သီ။), ဒိဋ္ဌေ သုတေနာပိ (သျာ။ ပီ။ က။)] ဝဒန္တိ သုဒ္ဓိံ၊
သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံ, အနေကရူပေန ဝဒန္တိ သုဒ္ဓိံ၊
ကစ္စိဿု တေ ဘဂဝါ တတ္ထ ယတာ စရန္တာ, အတာရု ဇာတိဉ္စ ဇရဉ္စ မာရိသ၊
ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ’’။
၁၀၈၆။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်းစင်ကြယ်၏ဟု ဆိုကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ဆိုကုန်၏၊ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်းနေထိုင်ကြကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရားထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ (၃)
“As to those ascetics and brahmins,” said Venerable Nanda, “who speak of purity in terms of what is seen or heard, or in terms of precepts and vows, or in terms of countless different things. Living self-controlled in that matter, have they crossed over rebirth and old age, <j>good fellow? I ask you, Blessed One; please tell me this.”
၁၀၈၇။ ‘‘ယေ ကေစိမေ သမဏဗြာဟ္မဏာသေ, (နန္ဒာတိ ဘဂဝါ)
ဒိဋ္ဌဿုတေနာပိ ဝဒန္တိ သုဒ္ဓိံ၊
သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံ, အနေကရူပေန ဝဒန္တိ သုဒ္ဓိံ၊
ကိဉ္စာပိ တေ တတ္ထ ယတာ စရန္တိ, နာရိံသု ဇာတိဇရန္တိ ဗြူမိ’’။
၁၀၈၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - နန္ဒ ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့် စည်းနေထိုင်ကြစေကာမူ ထိုသမဏဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူး မြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ (၄)
“As to those ascetics and brahmins,” replied the Buddha, “who speak of purity in terms of what is seen or heard, or in terms of precepts and vows, or in terms of countless different things. Even though they live self-controlled in that matter, they’ve not crossed over rebirth and old age, <j>I declare.”
၁၀၈၈။ ‘‘ယေ ကေစိမေ သမဏဗြာဟ္မဏာသေ, (ဣစ္စာယသ္မာ နန္ဒော)
ဒိဋ္ဌဿုတေနာပိ ဝဒန္တိ သုဒ္ဓိံ၊
သီလဗ္ဗတေနာပိ ဝဒန္တိ သုဒ္ဓိံ, အနေကရူပေန ဝဒန္တိ သုဒ္ဓိံ၊
တေ စေ မုနိ [သစေ မုနိ (သီ။)] ဗြူသိ အနောဃတိဏ္ဏေ, အထ ကော စရဟိ ဒေဝမနုဿလောကေ၊
အတာရိ ဇာတိဉ္စ ဇရဉ္စ မာရိသ, ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ’’။
၁၀၈၈။ (နန္ဒသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဥ် ‘ဩဃ’မှ မကူးမြောက်နိုင်ကြသူတို့ဟု အကယ်၍ဟောတော်မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေနေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အားထိုအကြောင်းကို ဟောတော်မူပါလော့။ (၅)
“As to those ascetics and brahmins,” said Venerable Nanda, “who speak of purity in terms of what is seen or heard, or in terms of precepts and vows, or in terms of countless different things. You say they have not crossed the flood, sage. So who then in the world of gods and humans has crossed over rebirth and old age, good fellow? I ask you, Blessed One; please tell me this.”
၁၀၈၉။ ‘‘နာဟံ သဗ္ဗေ သမဏဗြာဟ္မဏာသေ, (နန္ဒာတိ ဘဂဝါ)
ဇာတိဇရာယ နိဝုတာတိ ဗြူမိ၊
ယေ သီဓ ဒိဋ္ဌံဝ သုတံ မုတံ ဝါ, သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊
အနေကရူပမ္ပိ ပဟာယ သဗ္ဗံ, တဏှံ ပရိညာယ အနာသဝါသေ၊
တေ ဝေ နရာ ဩဃတိဏ္ဏာတိ ဗြူမိ’’။
၁၀၈၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံးအပ်ကုန်၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့် ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့်စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်း ပယ် စွန့်နိုင်၍ တပ်မက်မှု ‘တဏှာ’ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဥ် ‘ဩဃ’မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ (၆)
“I don’t say that all ascetics and brahmins,” replied the Buddha, “are shrouded by rebirth and old age. There are those here who have given up all that is seen, heard, and thought, <j>and precepts and vows, who have given up all the countless different things. Fully understanding craving, <j>they are free of defilements, those people, I say, have crossed the flood.”
၁၀၉၀။ ‘‘ဧတာဘိနန္ဒာမိ ဝစော မဟေသိနော, သုကိတ္တိတံ ဂေါတမနူပဓီကံ၊
ယေ သီဓ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ, သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊
အနေကရူပမ္ပိ ပဟာယ သဗ္ဗံ, တဏှံ ပရိညာယ အနာသဝါသေ၊
အဟမ္ပိ တေ ဩဃတိဏ္ဏာတိ ဗြူမီ’’တိ။
နန္ဒမာဏဝပုစ္ဆာ သတ္တမာ နိဋ္ဌိတာ။
၁၀၉၀။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့်စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု ‘သီလ’ ဆောက်တည်မှု ‘ဝတ’ဖြင့် စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်းပယ်စွန့်နိုင်၍ တပ်မက်မှု ‘တဏှာ’ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဥ် ‘ဩဃ’မှ လွန်မြောက်ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇) ခုနစ်ခုမြောက် နန္ဒမာဏဝပုစ္ဆာ ပြီး၏။
“I rejoice in the words of the great seer! You have expounded non-attachment well, Gotama. There are those here who have given up all that is seen, heard, and thought, <j>and precepts and vows, who have given up all the countless different things. Fully understanding craving, <j>they are free of defilements, those people, I agree, have crossed the flood.”
၈။ ဟေမကမာဏဝပုစ္ဆာ
၁၀၉၁။ ‘‘ယေ မေ ပုဗ္ဗေ ဝိယာကံသု, (ဣစ္စာယသ္မာ ဟေမကော)
ဟုရံ ဂေါတမသာသနာ၊
ဣစ္စာသိ ဣတိ ဘဝိဿတိ, သဗ္ဗံ တံ ဣတိဟီတိဟံ၊
သဗ္ဗံ တံ တက္ကဝဍ္ဎနံ, နာဟံ တတ္ထ အဘိရမိံ။
၈-ဟေမကမာဏဝပုစ္ဆာ ၁၀၉၁။ (ဟေမကသည် ဤသို့ မေးလျှောက်၏) - ဂေါတမဘုရား၏ သာသနာတော် မပေါ်သေးမီ ရှေးအခါ က အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု အကျွန်ုပ်အား (မိမိတို့အယူအဆကို) ပြောကြားကြပါကုန်၏၊ (ထိုသူတို့၏) ထိုအလုံးစုံသော စကားသည် တစ်ဆင့် ကြားကာမျှသာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက်စသည်ကိုသာပွါးစေနိုင်၏၊ အကျွန်ုပ်သည် ထိုအယူတို့၌ မနှစ်သက်နိုင်ပါ။ (၁)
Anthology of Discourses 5.9 The Questions of Hemaka “Those who have previously answered me,” said Venerable Hemaka, “before Gotama’s teaching, said ‘thus it was’ or ‘so it shall be’. All that was just the testament of hearsay; all that just fostered speculation: I found no delight in that.
၁၀၉၂။ ‘‘တွဉ္စ မေ ဓမ္မမက္ခာဟိ, တဏှာနိဂ္ဃါတနံ မုနိ၊
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ’’။
၁၀၉၂။ မြတ်စွာဘုရား အကြင်တရားကို သိ၍ အောက်မေ့မှု ‘သတိ’ ရှိလျက် ကျင့်သူသည် လောက၌ ကပ်ငြိမှု ‘တဏှာ’ကို လွန်မြောက်ရာ၏၊ တပ်မက်မှု ‘တဏှာ’ကို ဖျက်ဆီးတတ်သော ထိုတရားကို အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောကြား တော်မူပါလော့။ (၂)
But you, sage, explain to me the teaching that destroys craving. Having understood it, one who lives mindfully may cross over clinging in the world.”
၁၀၉၃။ ‘‘ဣဓ ဒိဋ္ဌသုတမုတဝိညာတေသု, ပိယရူပေသု ဟေမက၊
ဆန္ဒရာဂဝိနောဒနံ, နိဗ္ဗာနပဒမစ္စုတံ။
၁၀၉၃။ ဟေမက ဤလောက၌ ချစ်ဖွယ်သဘောရှိကုန်သော မြင်ရ ကြားရ ရောက်ရသိရသော အာရုံခြောက်ပါး တရားတို့၌ အလွန်တပ်စွန်းမှု ‘ဆန္ဒရာဂ’ကို ပယ်ဖျောက်နိုင်သော ငြိမ်းအေးရာ နိဗ္ဗာန်သည် ရွေ့လျောခြင်း မရှိ။ (၃)
“The removal of desire and lust, Hemaka, for pleasant things seen, heard, thought, or cognized here is extinguishment, the state that does not pass.
၁၀၉၄။ ‘‘ဧတဒညာယ ယေ သတာ, ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊
ဥပသန္တာ စ တေ သဒါ, တိဏ္ဏာ လောကေ ဝိသတ္တိက’’န္တိ။
ဟေမကမာဏဝပုစ္ဆာ အဋ္ဌမာ နိဋ္ဌိတာ။
၁၀၉၄။ အောက်မေ့မှု ‘သတိ’ ရှိကြသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကို သိသောကြောင့် တရားကို မြင်ပြီးသူ (ကိလေသာမီး) ငြိမ်းအေးပြီးသူတို့ ဖြစ်ကုန်၏၊ ထိုသူတို့သည် အခါ ခပ်သိမ်း (ကိလေသာမှ) ငြိမ်းကုန်သည်ဖြစ်၍ လောက၌ ကပ်ငြိမှု ‘တဏှာ’ကို လွန်မြောက်ကုန်၏။ (၄) ရှစ်ခုမြောက် ဟေမကမာဏဝပုစ္ဆာ ပြီး၏။
Those who have fully understood this, mindful, are quenched in this very life. Always at peace, they’ve crossed over clinging to the world.”
၉။ တောဒေယျမာဏဝပုစ္ဆာ
၁၀၉၅။ ‘‘ယသ္မိံ ကာမာ န ဝသန္တိ, (ဣစ္စာယသ္မာ တောဒေယျော)
တဏှာ ယဿ န ဝိဇ္ဇတိ၊
ကထံကထာ စ ယော တိဏ္ဏော, ဝိမောက္ခော တဿ ကီဒိသော’’။
၉-တောဒေယျမာဏဝပုစ္ဆာ ၁၀၉၅။ (တောဒေယျသည် ဤသို့ မေးလျှောက်၏) - အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ်မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိကိစ္ဆာ’ကို လွန် မြောက်၏၊ ထိုပုဂ္ဂိုလ်အား အဘယ်သို့ သော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုရှိ အပ်ပါသေးသနည်း။ (၁)
Anthology of Discourses 5.10 The Questions of Todeyya “In whom sensual pleasures do not dwell,” said Venerable Todeyya, “and for whom there is no craving, and who has crossed over indecision— of what kind is their liberation?”
၁၀၉၆။ ‘‘ယသ္မိံ ကာမာ န ဝသန္တိ, (တောဒေယျာတိ ဘဂဝါ)
တဏှာ ယဿ န ဝိဇ္ဇတိ၊
ကထံကထာ စ ယော တိဏ္ဏော, ဝိမောက္ခော တဿ နာပရော’’။
၁၀၉၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - တောဒေယျ အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ် မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိ ကိစ္ဆာ’ကို လွန်မြောက်၏၊ ထိုပုဂ္ဂိုလ်အားအခြားတစ်ပါးသော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုမရှိအပ်တော့ပြီ။ (၂)
“In whom sensual pleasures do not dwell,” replied the Buddha, “and for whom there is no craving, and who has crossed over indecision— there is no liberation that is further.”
၁၀၉၇။ ‘‘နိရာသသော သော ဥဒ အာသသာနော, ပညာဏဝါ သော ဥဒ ပညကပ္ပီ၊
မုနိံ အဟံ သက္က ယထာ ဝိဇညံ, တံ မေ ဝိယာစိက္ခ သမန္တစက္ခု’’။
၁၀၉၇။ သာကီနွယ်ဖွား မြတ်စွာဘုရား ထိုသူသည် တွယ်တာမှု ‘အာသာ’ ကင်းပြီ လော၊သို့ မဟုတ်တွယ်တာမှု ‘အာသာ’ ရှိသေးသလော၊ ထိုသူသည် ပညာရှိသူ ဖြစ်သလော၊သို့ မဟုတ် သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ် စေသူပါလော၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် သိနိုင်လောက်အောင် ထိုမုနိကို အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၃)
“Are they free of hope, <j>or are they still in need of hope? Do they possess wisdom, <j>or are they still forming wisdom? O Sakyan, elucidate the sage to me, so that I may understand, All-seer.”
၁၀၉၈။ ‘‘နိရာသသော သော န စ အာသသာနော, ပညာဏဝါ သော န စ ပညကပ္ပီ၊
ဧဝမ္ပိ တောဒေယျ မုနိံ ဝိဇာန, အကိဉ္စနံ ကာမဘဝေ အသတ္တ’’န္တိ။
တောဒေယျမာဏဝပုစ္ဆာ နဝမာ နိဋ္ဌိတာ။
၁၀၉၈။ တောဒေယျ ထိုသူသည် တွယ်တာမှု အာသာကင်းပြီ၊ တွယ်တာမှု အာသာ မရှိတော့ပြီ၊ ထိုသူသည် ပညာရှိသူ ဖြစ်၏၊ သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ်စေသူမဟုတ်တော့ပြီ၊ ဤသို့လျှင်ကြောင့်ကြ မရှိသူ ကာမ၌လည်းကောင်း၊ ဘဝ၌လည်းကောင်းကပ်ငြိမှု ‘တဏှာ’ မရှိသူကို ‘မုနိ’ဟူ၍ သိလော့။ (၄) ကိုးခုမြောက် တောဒေယျမာဏဝပုစ္ဆာ ပြီး၏။
“They are free of hope, <j>they are not in need of hope. They possess wisdom, <j>they are not still forming wisdom. That, Todeyya, is how to understand a sage, one who has nothing, unattached to sensual life.”
၁၀။ ကပ္ပမာဏဝပုစ္ဆာ
၁၀၉၉။ ‘‘မဇ္ဈေ သရသ္မိံ တိဋ္ဌတံ, (ဣစ္စာယသ္မာ ကပ္ပေါ)
ဩဃေ ဇာတေ မဟဗ္ဘယေ၊
ဇရာမစ္စုပရေတာနံ, ဒီပံ ပဗြူဟိ မာရိသ၊
တွဉ္စ မေ ဒီပမက္ခာဟိ, ယထာယိဒံ နာပရံ သိယာ’’။
၁၀-ကပ္ပမာဏဝပုစ္ဆာ ၁၀၉၉။ (ကပ္ပသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော ဩဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အားမိန့်ကြားတော်မူပါလော့။ (၁)
Anthology of Discourses 5.11 The Questions of Kappa “For those overwhelmed by old age and death,” said Venerable Kappa, “stuck mid-stream as the terrifying flood arises, tell me an island, good fellow. Explain to me an island so this may occur no further.”
၁၁၀၀။ ‘‘မဇ္ဈေ သရသ္မိံ တိဋ္ဌတံ, (ကပ္ပါတိ ဘဂဝါ)
ဩဃေ ဇာတေ မဟဗ္ဘယေ၊
ဇရာမစ္စုပရေတာနံ, ဒီပံ ပဗြူမိ ကပ္ပ တေ။
၁၁၀၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော ဩဃလေးဖြာ သံသရာအလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ (၂)
“For those overwhelmed by old age and death,” replied the Buddha, “stuck mid-stream as the terrifying flood arises, I shall tell you an island, Kappa.
၁၁၀၁။ ‘‘အကိဉ္စနံ အနာဒါနံ, ဧတံ ဒီပံ အနာပရံ၊
နိဗ္ဗာနံ ဣတိ [နိဗ္ဗာနမီတိ (သီ။)] နံ ဗြူမိ, ဇရာမစ္စုပရိက္ခယံ။
၁၁၀၁။ (မှီခိုရာ) ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြားကျွန်း မရှိ၊ အိုခြင်း သေခြင်း၏ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ (၃)
Having nothing, taking nothing: this is the island with nothing further. I call it extinguishment, the ending of old age and death.
၁၁၀၂။ ‘‘ဧတဒညာယ ယေ သတာ, ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊
န တေ မာရဝသာနုဂါ, န တေ မာရဿ ပဒ္ဓဂူ’’တိ [ပဋ္ဌဂူတိ (သျာ။ က။)]။
ကပ္ပမာဏဝပုစ္ဆာ ဒသမာ နိဋ္ဌိတာ။
၁၁၀၂။ အောက်မေ့မှု ‘သတိ’ ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို သိခြင်းကြောင့် တရားကို မြင်ပြီးသူ ကိလေသာမီးငြိမ်းသူ ဖြစ်ကုန်၏၊ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ မာရ်၏ အလုပ်အကျွေး မဟုတ် တော့ကုန်။ (၄) ဆယ်ခုမြောက် ကပ္ပမာဏဝပုစ္ဆာ ပြီး၏။
Those who have fully understood this, mindful, are quenched in this very life. They don’t fall under Māra’s sway, nor are they his footmen.”
၁၁။ ဇတုကဏ္ဏိမာဏဝပုစ္ဆာ
၁၁၀၃။ ‘‘သုတွာနဟံ ဝီရမကာမကာမိံ, (ဣစ္စာယသ္မာ ဇတုကဏ္ဏိ)
ဩဃာတိဂံ ပုဋ္ဌုမကာမမာဂမံ၊
သန္တိပဒံ ဗြူဟိ သဟဇနေတ္တ, ယထာတစ္ဆံ ဘဂဝါ ဗြူဟိ မေ တံ။
၁၁-ဇတုကဏ္ဏိမာဏဝပုစ္ဆာ ၁၁၀၃။ (ဇတုကဏ္ဏိသည် ဤသို့ မေးလျှောက်၏) - လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ကာမကို လိုလားခြင်း ကင်းတော်မူသော အသျှင်ဘုရားကို (အရဟံစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) ကြားသိ ရ၍ ဩဃလေးဖြာ သံသရာမှလွတ်မြောက်ပြီးသော လိုလားမှု ကာမကင်းတော်မူသော အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါလာရောက်ခဲ့ပါ၏၊ ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်ကို ရတော်မူသော မြတ်စွာဘုရားငြိမ်းအေးမှု နိဗ္ဗာန်ကို ဟောတော်မူပါလော့၊ဟုတ်မှန်တိုင်းသော ထိုနိဗ္ဗာန်ကို မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁)
Anthology of Discourses 5.12 The Questions of Jatukaṇṇī “Hearing of the hero <j>with no desire for sensual pleasures,” said Venerable Jatukaṇṇī, “who has passed over the flood, I’ve come <j>with a question for that desireless one. Tell me the state of peace, O natural visionary. Tell me this, Blessed One, as it really is.
၁၁၀၄။ ‘‘ဘဂဝါ ဟိ ကာမေ အဘိဘုယျ ဣရိယတိ, အာဒိစ္စောဝ ပထဝိံ တေဇီ တေဇသာ၊
ပရိတ္တပညဿ မေ ဘူရိပည, အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ၊
ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ’’။
၁၁၀၄။ တန်ခိုးရှိသော နေမင်းသည် တန်ခိုးဖြင့် မြေကို လွှမ်းမိုး၍ ဖြစ်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် ကာမတို့ကို လွှမ်းမိုး၍ ဖြစ်တော်မူ၏၊ မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ဤသာသနာတော်၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိရာ၏၊ ထိုတရားကို ပညာနည်းသော အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၂)
For, having mastered sensual desires, <j>the Blessed One proceeds, as the blazing sun shines on the earth. May you of vast wisdom explain the teaching to me of little wisdom so that I may understand the giving up of rebirth and old age here.”
၁၁၀၅။ ‘‘ကာမေသု ဝိနယ ဂေဓံ, (ဇတုကဏ္ဏီတိ ဘဂဝါ) နေက္ခမ္မံ ဒဋ္ဌု ခေမတော၊
ဥဂ္ဂဟီတံ နိရတ္တံ ဝါ, မာ တေ ဝိဇ္ဇိတ္ထ ကိဉ္စနံ။
၁၁၀၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဇတုကဏ္ဏိ ကာမမှ ထွက်မြောက်ရာ (နိဗ္ဗာန်) ကို ဘေးကင်းရာဟု ရှုမြင်၍ ကာမတို့၌ တပ်မက်မောမှုကို ပယ်ဖျောက်လော့၊ (တဏှာဒိဋ္ဌိဖြင့်) စွဲယူအပ်သော ပယ် စွန့်သင့် ပယ်စွန့်ထိုက်သော ရာဂစသောကြောင့်ကြမှုသည် သင့်အား မဖြစ်စေ လင့်။ (၃)
“With desire for sensual pleasures dispelled,” replied the Buddha, “seeing renunciation as sanctuary, don’t be taking up or putting down anything at all.
၁၁၀၆။ ‘‘ယံ ပုဗ္ဗေ တံ ဝိသောသေဟိ, ပစ္ဆာ တေ မာဟု ကိဉ္စနံ၊
မဇ္ဈေ စေ နော ဂဟေဿသိ, ဥပသန္တော စရိဿသိ။
၁၁၀၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော) ကိလေသာမျိုးကို ခြောက် ခန်းစေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ နေရလတ္တံ့။ (၄)
What came before, let wither away, and after, let there be nothing. If you don’t grasp at the middle, you will live at peace.
၁၁၀၇။ ‘‘သဗ္ဗသော နာမရူပသ္မိံ, ဝီတဂေဓဿ ဗြာဟ္မဏ၊
အာသဝါဿ န ဝိဇ္ဇန္တိ, ယေဟိ မစ္စုဝသံ ဝဇေ’’တိ။
ဇတုကဏ္ဏိမာဏဝပုစ္ဆာ ဧကာဒသမာ နိဋ္ဌိတာ။
၁၁၀၇။ ဇတုကဏ္ဏိ အကြင်အာသဝတို့ဖြင့် သေမင်း၏အလိုသို့ လိုက်ရ၏၊ နာမ် တရားရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု ကင်းပြီးသော ထိုရဟန္တာပုဂ္ဂိုလ်အားထိုအာသဝတို့ မရှိတော့ကုန်။ (၅) တစ်ဆယ့်တစ်ခုမြောက် ဇတုကဏ္ဏိမာဏဝပုစ္ဆာ ပြီး၏။
One rid of greed, brahmin, for the whole realm of name and form, has no defilements by which they might fall under the sway of Death.”
၁၂။ ဘဒြာဝုဓမာဏဝပုစ္ဆာ
၁၁၀၈။ ‘‘ဩကဉ္ဇဟံ တဏှစ္ဆိဒံ အနေဇံ, (ဣစ္စာယသ္မာ ဘဒြာဝုဓော)
နန္ဒိဉ္ဇဟံ ဩဃတိဏ္ဏံ ဝိမုတ္တံ၊
ကပ္ပဉ္ဇဟံ အဘိယာစေ သုမေဓံ, သုတွာန နာဂဿ အပနမိဿန္တိ ဣတော။
၁၂-ဘဒြာဝုဓမာဏဝပုစ္ဆာ ၁၁၀၈။ (ဘဒြာဝုဓသည် ဤသို့ မေးလျှောက်၏) - ခန္ဓာအိမ်၌ တပ်စွန်းမှု ‘ရာဂ’ကို စွန့်တော်မူပြီးသောတပ်မက်မှု ‘တဏှာ’ကို ဖြတ်တောက်တော်မူပြီးသောတုန်လှုပ်မှု ‘တဏှာ’ ကင်းတော်မူပြီးသော နှစ်သက်မှု ‘တဏှာ’ကို စွန့်တော်မူပြီးသော ‘ဩဃ’ လေးဖြာသံသရာကို လွန်မြောက် တော်မူပြီးသော (ကိလေသာတို့မှ) လွတ်မြောက်တော်မူပြီးသောတဏှာကပ္ပ ဒိဋ္ဌိကပ္ပကို စွန့်တော်မူပြီးသော ကောင်းသော ပညာရှိတော်မူသော မြတ်စွာဘုရားကို ရိုသေစွာတောင်းပန်ပါ၏၊ မကောင်းမှုရှိတော်မမူသော အသျှင်ဘုရား၏ (စကား တော်ကို) ကြားနာရပြီးသော်ဤ (ပါသာဏကနတ်ကွန်း)မှ ဖဲသွားကြရပါကုန်လတ္တံ့။ (၁)
Anthology of Discourses 5.13 The Questions of Bhadrāvudha “I beseech you, the bastion-leaver, the craving-cutter, the imperturbable,” said Venerable Bhadrāvudha, “the delight-leaver, the flood-crosser, the freed, the formulation-leaver, the intelligent. Different people have gathered <j>from across the nations
၁၁၀၉။ ‘‘နာနာဇနာ ဇနပဒေဟိ သင်္ဂတာ, တဝ ဝီရ ဝါကျံ အဘိကင်္ခမာနာ၊
တေသံ တုဝံ သာဓု ဝိယာကရောဟိ, တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော’’။
၁၁၀၉။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ စကားတော်ကို အလွန် လိုလားကုန်သော လူအမျိုးမျိုးတို့သည် အင်္ဂ မဂဓစသော ဇနပုဒ်တို့မှ အညီအညွတ် ရောက်လာကြကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်ဘုရားသည် ဤတရားကိုဟုတ်မှန်သည့်အတိုင်း သိတော်မူပြီးဖြစ်ပါသောကြောင့် ထိုသူတို့အား အသျှင်ဘုရား ဟောကြားတော်မူပါလော့။ (၂)
wishing to hear your word, O hero. After hearing the spiritual giant <j>they will depart from here. Please, sage, answer them clearly, for truly you understand this matter.”
၁၁၁၀။ ‘‘အာဒါနတဏှံ ဝိနယေထ သဗ္ဗံ, (ဘဒြာဝုဓာတိ ဘဂဝါ)
ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊
ယံ ယဉှိ လောကသ္မိမုပါဒိယန္တိ, တေနေဝ မာရော အနွေတိ ဇန္တုံ။
၁၁၁၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဘဒြာဝုဓ အနာဂတ်၌လည်းကောင်း၊ အတိတ်၌လည်းကောင်း၊ ပစ္စုပ္ပန်၌လည်းကောင်း စွဲယူမှုတဏှာအားလုံးကို ပယ်ဖျောက်ရာ၏၊မှန်၏- လောက၌ အကြင် အကြင် ရုပ်ဝေဒနာစသောတရားကို စွဲယူကုန်၏၊ ထိုထိုတရားဖြင့်သာလျှင် မာရ်သည် သတ္တဝါသို့ အစဥ်လိုက်၏။ (၃)
“Dispel all craving for attachments,” replied the Buddha, “above, below, all round, between. For whatever a personage grasps in the world, Māra pursues them right there.
၁၁၁၁။ ‘‘တသ္မာ ပဇာနံ န ဥပါဒိယေထ, ဘိက္ခု သတော ကိဉ္စနံ သဗ္ဗလောကေ၊
အာဒါနသတ္တေ ဣတိ ပေက္ခမာနော, ပဇံ ဣမံ မစ္စုဓေယျေ ဝိသတ္တ’’န္တိ။
ဘဒြာဝုဓမာဏဝပုစ္ဆာ ဒွါဒသမာ နိဋ္ဌိတာ။
၁၁၁၁။ ထို့ကြောင့် သင်္ခါရတို့၏ အနိစ္စစသော အခြင်းအရာကို သိသော အောက် မေ့မှု ‘သတိ’ ရှိသူရဟန်းသည် သေခြင်းတရား၏ တည်ရာ ကိလေသာခန္ဓာ စသည်၌ ကပ်ငြိတတ်သော ဤသတ္တဝါအပေါင်းကို စွဲယူတတ်သော သတ္တဝါတို့ဟု ရှုလျက် လောကအားလုံး၌ ရုပ်ဝေဒနာစသည့်တစ်စုံတစ်ခုကိုမျှ မစွဲယူရာ။ (၄) တစ်ဆယ့်နှစ်ခုမြောက် ဘဒြာဝုဓမာဏဝပုစ္ဆာ ပြီး၏။
So let a mindful mendicant who understands not grasp anything in all the world, observing that, in clinging to attachments, these people cling to the domain of death.”
၁၃။ ဥဒယမာဏဝပုစ္ဆာ
၁၁၁၂။ ‘‘ဈာယိံ ဝိရဇမာသီနံ, (ဣစ္စာယသ္မာ ဥဒယော) ကတကိစ္စံ အနာသဝံ၊
ပါရဂုံ သဗ္ဗဓမ္မာနံ, အတ္ထိ ပဉှေန အာဂမံ၊
အညာဝိမောက္ခံ ပဗြူဟိ, အဝိဇ္ဇာယ ပဘေဒနံ’’။
၁၃-ဥဒယမာဏဝပုစ္ဆာ ၁၁၁၂။ (ဥဒယသည် ဤသို့ မေးလျှောက်၏) - ဈာန်ဝင်စားလေ့ရှိတော်မူသော ကိလေသာမြူကင်းလျက် နေတော်မူသော မဂ်ကိစ္စကို ပြုတော်မူပြီးသော အာသဝကင်းတော်မူသောတရားအားလုံးတို့၏ ကမ်း တစ်ဖက်သို့ ရောက်တော်မူပြီးသော အသျှင်ဘုရားကို ပြဿနာမေးလိုသဖြင့် ရောက် လာပါ၏၊ (အဝိဇ္ဇာကို) ဖျက်ဆီးတတ်သော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တ ဖိုလ် ဝိမောက္ခကို ဟောတော်မူပါလော့။ (၁)
Anthology of Discourses 5.14 The Questions of Udaya “To the meditator, rid of hopes,” said Venerable Udaya, “who has completed the task, is free of defilements, and has gone beyond all things, I have come seeking with a question. Tell me the liberation by enlightenment, the smashing of ignorance.”
၁၁၁၃။ ‘‘ပဟာနံ ကာမစ္ဆန္ဒာနံ, (ဥဒယာတိ ဘဂဝါ) ဒေါမနဿာန စူဘယံ၊
ထိနဿ စ ပနူဒနံ, ကုက္ကုစ္စာနံ နိဝါရဏံ။
၁၁၁၃-၁၁၁၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥဒယ ကာမဂုဏ်ကို လိုလားသော ‘ကာမစ္ဆန္ဒ’ နှလုံးမသာမှု ‘ဒေါမနဿ’ နှစ်ပါး စုံကို ပယ်ခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းမှု ‘ထိန’ကို ပယ်ဖျောက်ခြင်းကိုလည်းကောင်း၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကို တားမြစ်ခြင်းကိုလည်းကောင်း လျစ် လျူရှုမှု (စတုတ္ထဈာန် ဥပေက္ခာ) ကြောင့် ဖြစ်သော အောက်မေ့မှု ‘သတိ’၏ စင်ကြယ်ခြင်းရှိသောတရားကို ကြံစည်မှု ‘ဓမ္မဝိတက်’လျှင်ရှေ့သွားရှိသော အဝိဇ္ဇာကို ဖျက်ဆီးတတ်သောတရားကို ထွက်မြောက်မှု အရဟတ္တဖိုလ် ဝိမောက္ခဟူ၍ဆို၏။ (၂-၃)
“The giving up of both” replied the Buddha, “sensual desires and displeasures; the casting aside of dullness, and the prevention of remorse;
၁၁၁၄။ ‘‘ဥပေက္ခာသတိသံသုဒ္ဓံ, ဓမ္မတက္ကပုရေဇဝံ၊
အညာဝိမောက္ခံ ပဗြူမိ, အဝိဇ္ဇာယ ပဘေဒနံ’’။
pure equanimity and mindfulness, preceded by investigation of principles— this, I declare, is liberation by enlightenment, the smashing of ignorance.”
၁၁၁၅။ ‘‘ကိံသု သံယောဇနော လောကော, ကိံသု တဿ ဝိစာရဏံ၊
ကိဿဿ ဝိပ္ပဟာနေန, နိဗ္ဗာနံ ဣတိ ဝုစ္စတိ’’။
၁၁၁၅။ လောကသည် အဘယ်နှောင်ကြိုး ‘သံယောဇဥ်’ ရှိပါသနည်း၊ ထိုလောကကို သုံးသပ်ခြင်းကားအဘယ်ပါနည်း၊ အဘယ်တရားကို အထူးစွန့်ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်ပါသနည်း။ (၄)
“What fetters the world? How does it travel about? With the giving up of what is extinguishment spoken of?”
၁၁၁၆။ ‘‘နန္ဒိသံယောဇနော လောကော, ဝိတက္ကဿ ဝိစာရဏံ၊
တဏှာယ ဝိပ္ပဟာနေန, နိဗ္ဗာနံ ဣတိ ဝုစ္စတိ’’။
၁၁၁၆။ လောကသည် နှစ်သက်မှု ‘တဏှာ’လျှင် နှောင်ကြိုး ‘သံယောဇဥ်’ ရှိ၏၊ ထိုလောကကို သုံးသပ်ခြင်းကား ကြံစည်မှု ‘ဝိတက်’တည်း၊ တပ်မက်မှု ‘တဏှာ’ ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏။ (၅)
“Delight fetters the world. It travels about by means of thought. With the giving up of craving extinguishment is spoken of.”
၁၁၁၇။ ‘‘ကထံ သတဿ စရတော, ဝိညာဏံ ဥပရုဇ္ဈတိ၊
ဘဂဝန္တံ ပုဋ္ဌုမာဂမ္မ, တံ သုဏောမ ဝစော တဝ’’။
၁၁၁၇။ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ အဘယ်သို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်ပါသနည်း၊ မြတ်စွာဘုရားကို မေးရန် အကျွန်ုပ်တို့လာရောက်ပါကုန်၏၊ အသျှင်ဘုရား၏ ထိုစကားတော်ကို ကြားနာလိုပါကုန်၏။ (၆)
“For one living mindfully, how does consciousness cease? We’ve come to ask the worthy sir: let us hear what you say.”
၁၁၁၈။ ‘‘အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, ဝေဒနံ နာဘိနန္ဒတော၊
ဧဝံ သတဿ စရတော, ဝိညာဏံ ဥပရုဇ္ဈတီ’’တိ။
ဥဒယမာဏဝပုစ္ဆာ တေရသမာ နိဋ္ဌိတာ။
၁၁၁၈။ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်၌လည်းကောင်း ခံစားမှု ‘ဝေဒနာ’ကို မနှစ်သက်မူ၍ ဤသို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်၏။ (၇) တစ်ဆယ့်သုံးခုမြောက် ဥဒယမာဏဝပုစ္ဆာ ပြီး၏။
“Not taking pleasure in feeling internally and externally— for one living mindfully, that’s how consciousness ceases.”
၁၄။ ပေါသာလမာဏဝပုစ္ဆာ
၁၁၁၉။ ‘‘ယော အတီတံ အာဒိသတိ, (ဣစ္စာယသ္မာ ပေါသာလော) အနေဇော ဆိန္နသံသယော၊
ပါရဂုံ သဗ္ဗဓမ္မာနံ, အတ္ထိ ပဉှေန အာဂမံ။
၁၄-ပေါသာလမာဏဝပုစ္ဆာ ၁၁၁၉။ (ပေါသာလသည် ဤသို့ မေးလျှောက်၏) - အကြင်မြတ်စွာဘုရားသည် လွန်ပြီးအတိတ်ဘဝကို ညွှန်ပြတော်မူ၏၊ တုန်လှုပ်မှု ‘တဏှာ’ကင်းတော်မူ၏၊ ယုံမှားမှုကို ပယ်ဖြတ်ပြီး ဖြစ်၏၊ တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို ပြဿနာ မေးလို သဖြင့် ရောက်လာပါ၏။ (၁)
Anthology of Discourses 5.15 The Question of Posāla “To the one who reveals the past,” said Venerable Posāla, “who is imperturbable, with doubts cut off, and who has gone beyond all things, I have come seeking with a question.
၁၁၂၁။ ‘‘ဝိဘူတရူပသညိဿ, သဗ္ဗကာယပ္ပဟာယိနော၊
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, နတ္ထိ ကိဉ္စီတိ ပဿတော၊
ဉာဏံ သက္ကာနုပုစ္ဆာမိ, ကထံ နေယျော တထာဝိဓော’’။
၁၁၂၀။ သာကီနွယ်ဖွား မြတ်စွာဘုရား ရုပ်အမှတ်သညာရှိသော ရူပါဝစရ သမာပတ်ကို လွန်မြောက်ပြီးသော ရုပ်ပဋိသန္ဓေအားလုံးကို တဒင်္ဂဝိက္ခမ္ဘနအားဖြင့် ပယ်ပြီးသော အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌လည်းကောင်း၊ အပ ‘ဗဟိဒ္ဓ’ သန္တာန်၌လည်းကောင်း တစ်စုံတစ်ခုမျှ မရှိဟု ရှုသော အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်၏ ဉာဏ်ကို မေးလျှောက်ပါ၏၊ ထိုသို့ သဘောရှိသောသူကို အဘယ်သို့ သိအပ်ပါသနည်း။ (၂)
Consider one who perceives that form has vanished, who has entirely given up the body, and who sees nothing at all internally and externally. I ask the Sakyan about knowledge for them; how should that sort be guided?”
၁၁၂၁။ ‘‘ဝိညာဏဋ္ဌိတိယော သဗ္ဗာ, (ပေါသာလာတိ ဘဂဝါ) အဘိဇာနံ တထာဂတော၊
တိဋ္ဌန္တမေနံ ဇာနာတိ, ဝိမုတ္တံ တပ္ပရာယဏံ။
၁၁၂၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပေါသာလ အလုံးစုံသော ဝိညာဏ်၏တည်ရာ ‘ဝိညာဏဋ္ဌိတိ’တို့ကို အမှန်သိသော ငါဘုရားသည် (ကံ၏အစွမ်းအားဖြင့်) တည်သော (အာကိဉ္စညာယတန စသည်တို့၌) ညွတ်သော ထိုအာကိဉ္စညာယတနလျှင် လဲလျောင်းရာရှိသော ထိုသတ္တဝါကို သိ၏။ (၃)
“The Realized One directly knows,” said the Buddha, “all planes of consciousness. And he knows this one who remains, committed to that as their final goal.
၁၁၂၂။ ‘‘အာကိဉ္စညသမ္ဘဝံ ဉတွာ, နန္ဒီ သံယောဇနံ ဣတိ၊
ဧဝမေတံ အဘိညာယ, တတော တတ္ထ ဝိပဿတိ၊
ဧတံ [ဧဝံ (သျာ။ က။)] ဉာဏံ တထံ တဿ, ဗြာဟ္မဏဿ ဝုသီမတော’’တိ။
ပေါသာလမာဏဝပုစ္ဆာ စုဒ္ဒသမာ နိဋ္ဌိတာ။
၁၁၂၂။ (အကြင်အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်သည် ) အာကိဉ္စညာယတနဘုံ၌ ဖြစ်စေတတ်သော အာကိဉ္စညာယတန ကုသိုလ်ကံကို (ပလိဗောဓဟု) သိ၍ အရူပရာဂဟု ဆိုအပ်သော နှစ်သက်မှု ‘နန္ဒီ’ကိုလည်း (ဘဝရာဂ) သံယောဇဥ်ဟု သိ၍ ဤသို့ ထိုအာကိဉ္စညာ ယတနသမာပတ်ကို ထူးသောဉာဏ်ဖြင့် သိပြီးလျှင် ထိုအာကိဉ္စညာယတနသမာပတ်မှ (ထလျက်) ထိုသမာပတ်ကို အနိစ္စစသောအားဖြင့် ရှု၏၊ မဂ်အကျင့်ကို ကျင့်သုံးပြီးသော ထို (အာကိဉ္စညာယတနဈာန်ရ) ရဟန္တာပုဂ္ဂိုလ်၏ ဤအရဟတ္တဖိုလ်ဉာဏ်သည် မဖောက်မပြန်မှန်ကန်သောဉာဏ်ပေတည်း။ (၄) တစ်ဆယ့်လေးခုမြောက် ပေါသာလမာဏဝပုစ္ဆာ ပြီး၏။
Understanding that desire for rebirth in the dimension of nothingness is a fetter, and directly knowing what this really means, one then discerns that matter clearly. That is their knowledge of truth, the brahmin who has lived the life.”
၁၅။ မောဃရာဇမာဏဝပုစ္ဆာ
၁၁၂၃။ ‘‘ဒွါဟံ သက္ကံ အပုစ္ဆိဿံ, (ဣစ္စာယသ္မာ မောဃရာဇာ)
န မေ ဗျာကာသိ စက္ခုမာ၊
ယာဝတတိယဉ္စ ဒေဝီသိ, ဗျာကရောတီတိ မေ သုတံ။
၁၅-မောဃရာဇမာဏဝပုစ္ဆာ ၁၁၂၃။ (မောဃရာဇသည် ဤသို့ မေးလျှောက်၏) - အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြား တော်မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ်ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ်တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ (၁)
Anthology of Discourses 5.16 The Questions of Mogharāja “Twice I have asked the Sakyan,” said Venerable Mogharāja, “but you haven’t answered me, O Clear-eyed One. I have heard that the divine seer answers when questioned a third time.
၁၁၂၄။ ‘‘အယံ လောကော ပရော လောကော, ဗြဟ္မလောကော သဒေဝကော၊
ဒိဋ္ဌိံ တေ နာဘိဇာနာတိ, ဂေါတမဿ ယသဿိနော။
၁၁၂၄။ ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွသော ဗြဟ္မာလောကသည်လည်းကောင်း၊ ဂေါတမအနွယ်ဖြစ်တော်မူသော အခြံအရံ အကျော်အစောရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ (၂)
Regarding this world, the other world, and the realm of divinity with its gods, I’m not familiar with the view of the renowned Gotama.
၁၁၂၅။ ‘‘ဧဝံ အဘိက္ကန္တဒဿာဝိံ, အတ္ထိ ပဉှေန အာဂမံ၊
ကထံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတိ’’။
၁၁၂၅။ ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရား ထံသို့ ပြဿနာမေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည်မမြင်နိုင်ပါသနည်း။ (၃)
So I have come seeking with a question for the one of excellent vision. How to look upon the world so the King of Death won’t see you?”
၁၁၂၆။ ‘‘သုညတော လောကံ အဝေက္ခဿု, မောဃရာဇ သဒါ သတော၊
အတ္တာနုဒိဋ္ဌိံ ဦဟစ္စ, ဧဝံ မစ္စုတရော သိယာ၊
ဧဝံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတီ’’တိ။
မောဃရာဇမာဏဝပုစ္ဆာ ပန္နရသမာ နိဋ္ဌိတာ။
၁၁၂၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု ‘သတိ’ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု ‘အတ္တာနုဒိဋ္ဌိ’ကို နုတ်ပယ်၍ လောကကို ဆိတ်သုဥ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက်နိုင်ရာ၏၊ ဤသို့လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ (၄) တစ်ဆယ့်ငါးခုမြောက် မောဃရာဇမာဏဝပုစ္ဆာ ပြီး၏။
“Look upon the world as empty, Mogharāja, ever mindful. Having uprooted the theory of self, you may thus cross over death. That’s how to look upon the world so the King of Death won’t see you.”
၁၆။ ပိင်္ဂိယမာဏဝပုစ္ဆာ
၁၁၂၇။ ‘‘ဇိဏ္ဏောဟမသ္မိ အဗလော ဝီတဝဏ္ဏော, (ဣစ္စာယသ္မာ ပိင်္ဂိယော)
နေတ္တာ န သုဒ္ဓါ သဝနံ န ဖာသု၊
၁၆-ပိင်္ဂိယမာဏဝပုစ္ဆာ ၁၁၂၇။ (ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏) - အကျွန်ုပ်သည် အိုမင်းပါပြီ၊အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင်ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက်စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိလိုပါ၏၊ ထိုတရားကို ဟောကြားတော်မူပါလော့။ (၁)
Anthology of Discourses 5.17 The Questions of Piṅgiya “I am old, feeble, and pallid,” said Venerable Piṅgiya, “my eyes unclear, my hearing faint— don’t let me perish while still confused. Explain the teaching so that I may understand the giving up of rebirth and old age here.”
မာဟံ နဿံ မောမုဟော အန္တရာဝ
အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ၊
ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ’’။
၁၁၂၈။ ‘‘ဒိသွာန ရူပေသု ဝိဟညမာနေ, (ပိင်္ဂိယာတိ ဘဂဝါ)
ရုပ္ပန္တိ ရူပေသု ဇနာ ပမတ္တာ၊
တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော,
ဇဟဿု ရူပံ အပုနဗ္ဘဝါယ’’။
၁၁၂၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့် ပင့်ဖောက်ပြန် ပျက်စီးရကုန်၏၊ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါရုပ်ကို စွန့်ပယ်လေလော့ (၂)
“Seeing them being harmed <j>on account of forms,” replied the Buddha, “those negligent folk are inflicted <j>on account of forms— therefore, Piṅgiya, being diligent, give up form so as not to be reborn.”
၁၁၂၉။ ‘‘ဒိသာ စတဿော ဝိဒိသာ စတဿော, ဥဒ္ဓံ အဓော ဒသ ဒိသာ ဣမာယော၊
န တုယှံ အဒိဋ္ဌံ အသုတံ အမုတံ [အသုတံ အမုတံ ဝါ (သီ။), အသုတာမုတံ ဝါ (သျာ။), အသုတံ’မုတံ ဝါ (ပီ။)], အထော အဝိညာတံ ကိဉ္စနမတ္ထိ [ကိဉ္စိ မတ္ထိ (သျာ။), ကိဉ္စိ နတ္ထိ (ပီ။), ကိဉ္စိနမတ္ထိ (က။)] လောကေ၊
အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ, ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ’’။
၁၁၂၉။ လောကဝယ် တူရူအရပ်လေးမျက်နှာ အထောင့်အရပ်လေးမျက်နှာ အထက်အရပ်အောက်အရပ်မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင်ဘုရားသည် မမြင်ရ မကြားရမရောက်ရ မသိရသောတရား တစ်စုံတစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏၊ ထိုတရားကို ဟောကြားတော်မူပါလော့။ (၃)
“The four quarters, the intermediate directions, below, and above: in these ten directions there’s nothing at all in the world that you’ve not seen, heard, thought, or cognized. Explain the teaching so that I may understand the giving up of rebirth and old age here.”
၁၁၃၀။ ‘‘တဏှာဓိပန္နေ မနုဇေ ပေက္ခမာနော, (ပိင်္ဂိယာတိ ဘဂဝါ)
သန္တာပဇာတေ ဇရသာ ပရေတေ၊
တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော, ဇဟဿု တဏှံ အပုနဗ္ဘဝါယာ’’တိ။
ပိင်္ဂိယမာဏဝပုစ္ဆာ သောဠသမာ နိဋ္ဌိတာ။
၁၁၃၀။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်းရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏၊ ပိင်္ဂိယ ထို့ကြောင့် သင်သည်မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ (၄) တစ်ဆယ့်ခြောက်ခုမြောက် ပိင်္ဂိယမာဏဝပုစ္ဆာ ပြီး၏။ ပါရာယနတ္ထုတိဂါထာ ဤပါရာယနသုတ်ကို မြတ်စွာဘုရားသည် မဂဓတိုင်းပါသာဏကနတ်ကွန်း၌ နေတော်မူစဥ် တစ်ကျိပ်ခြောက်ယောက်သော (ဗာဝရီ၏) အလုပ်အကျွေး ပုဏ္ဏားတို့သည် တောင်းပန်အပ်သည်ဖြစ်၍ မေးတိုင်းမေးတိုင်းပင် ပြဿနာကို ဖြေကြားတော်မူ၏၊ တစ်ခုတစ်ခုသော ပြဿနာ၏ အနက်တိုင်းကို သိ၍လည်းကောင်း၊ ပါဠိကို သိ၍လည်းကောင်း လောကုတ္တရာတရားနှင့် လျော်သောအကျင့်ကို အကယ်၍ ကျင့်ကြံအားထုတ်ခဲ့မူ အိုခြင်း သေခြင်း၏ ကမ်းတစ်ဖက်ဖြစ်သော (နိဗ္ဗာန်)သို့ ရောက်နိုင်ရာသည်သာတည်း၊ ဤတရားတို့သည် (နိဗ္ဗာန်တည်းဟူသော) ကမ်းတစ်ဖက်သို့ ရောက်စေတတ်ကုန်၏၊ ထို့ကြောင့် ဤတရားဒေသနာ၏ အမည်သည် ပါရာယန မည်သည်သာတည်း။
“Observing mankind sunk in craving,” replied the Buddha, “tormented, mired in old age; therefore, Piṅgiya, being diligent, give up craving so as not to be reborn.”
ပါရာယနတ္ထုတိဂါထာ
ဣဒမဝေါစ ဘဂဝါ မဂဓေသု ဝိဟရန္တော ပါသာဏကေ စေတိယေ, ပရိစာရကသောဠသာနံ [ပရိစာရကသောဠသန္နံ (သျာ။ က။)] ဗြာဟ္မဏာနံ အဇ္ဈိဋ္ဌော ပုဋ္ဌော ပုဋ္ဌော ပဉှံ [ပဉှေ (သီ။ ပီ။)] ဗျာကာသိ။ ဧကမေကဿ စေပိ ပဉှဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မံ ပဋိပဇ္ဇေယျ, ဂစ္ဆေယျေဝ ဇရာမရဏဿ ပါရံ။ ပါရင်္ဂမနီယာ ဣမေ ဓမ္မာတိ, တသ္မာ ဣမဿ ဓမ္မပရိယာယဿ ပါရာယနန္တေဝ [ပါရာယဏံတွေဝ (သီ။ အဋ္ဌ။)] အဓိဝစနံ။
၁၁၃၁။ အဇိတော တိဿမေတ္တေယျော, ပုဏ္ဏကော အထ မေတ္တဂူ၊
ဓောတကော ဥပသီဝေါ စ, နန္ဒော စ အထ ဟေမကော။
၁၁၃၁-၁၁၃၃။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမက တောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလပုဏ္ဏား မောဃရာဇ ပိင်္ဂိယရသေ့ကြီး ဟူကုန်သော ဗာဝရီ၏ တပည့်ပုဏ္ဏား တစ်ဆယ့်ခြောက်ယောက်တို့သည် အကျင့် ‘စရဏ’နှင့်ပြည့်စုံသော ဣသိတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ကုန်၏၊ သိမ်မွေ့သော ပြဿနာရပ်တို့ကို မေးလိုကုန်၍ ဘုရားမြတ်သို့ ဆည်းကပ်ကုန်၏။ (၁-၃)
Anthology of Discourses 5.18 Homage to the Way to the Far Shore This was said by the Buddha while staying in the land of the Magadhans at the Pāsāṇaka Shrine. When requested by the sixteen brahmin devotees, he answered their questions one by one. If you understand the meaning and the teaching of each of these questions, and practice in line with the teaching, you may go right to the far shore of old age and death. These teachings are said to lead to the far shore, which is why the name of this exposition of the teaching is “The Way to the Far Shore”. Ajita, Tissametteyya, Puṇṇaka and Mettagū, Dhotaka and Upasiva, Nanda and then Hemaka,
၁၁၃၂။ တောဒေယျ-ကပ္ပါ ဒုဘယော, ဇတုကဏ္ဏီ စ ပဏ္ဍိတော၊
ဘဒြာဝုဓော ဥဒယော စ, ပေါသာလော စာပိ ဗြာဟ္မဏော၊
မောဃရာဇာ စ မေဓာဝီ, ပိင်္ဂိယော စ မဟာဣသိ။
both Todeyya and Kappa, and Jatukaṇṇī the astute, Bhadrāvudha and Udaya, and the brahmin Posāla, Mogharāja the intelligent, and Piṅgiya the great seer:
၁၁၃၃။ ဧတေ ဗုဒ္ဓံ ဥပါဂစ္ဆုံ, သမ္ပန္နစရဏံ ဣသိံ၊
ပုစ္ဆန္တာ နိပုဏေ ပဉှေ, ဗုဒ္ဓသေဋ္ဌံ ဥပါဂမုံ။
they approached the Buddha, the seer of consummate conduct. Asking their subtle questions, they came to the most excellent Buddha.
၁၁၃၄။ တေသံ ဗုဒ္ဓေါ ပဗျာကာသိ, ပဉှေ ပုဋ္ဌော ယထာတထံ၊
ပဉှာနံ ဝေယျာကရဏေန, တောသေသိ ဗြာဟ္မဏေ မုနိ။
၁၁၃၄။ ထိုပုဏ္ဏားတို့ မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ပြဿနာကို ဟုတ်မှန်သော အတိုင်း ဖြေကြားတော်မူ၏၊ မုနိဖြစ်တော်မူသော မြတ်စွာဘုရားသည် ပြဿနာတို့ကို ဖြေကြားခြင်းဖြင့် ပုဏ္ဏားတို့ကို နှစ်သက်စေ၏။ (၄)
The Buddha answered their questions in accordance with truth. The sage satisfied the brahmins with his answers to their questions.
၁၁၃၅။ တေ တောသိတာ စက္ခုမတာ, ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ၊
ဗြဟ္မစရိယမစရိံသု, ဝရပညဿ သန္တိကေ။
၁၁၃၅။ (ပညာမျက်စိ) ရှိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားက နှစ်သက်စေအပ်ကုန်သော ထိုပုဏ္ဏားတို့သည် မြတ်သောပညာ ရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ မြတ်သော မဂ်အကျင့်ကို ကျင့်သုံးကြကုန်၏။ (၅)
Those who were satisfied by the Clear-eyed One, the Buddha, Kinsman of the Sun, led the spiritual life in his presence, the one of such outstanding wisdom.
၁၁၃၆။ ဧကမေကဿ ပဉှဿ, ယထာ ဗုဒ္ဓေန ဒေသိတံ၊
တထာ ယော ပဋိပဇ္ဇေယျ, ဂစ္ဆေ ပါရံ အပါရတော။
၁၁၃၆။ အကြင်သူသည် တစ်ခုတစ်ခုသော အမေးပြဿနာကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကျင့်ရာ၏၊ ထိုသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏။ (၆)
If you practice in accordance with each of these questions as taught by the Buddha, you’ll go from the near shore to the far.
၁၁၃၇။ အပါရာ ပါရံ ဂစ္ဆေယျ, ဘာဝေန္တော မဂ္ဂမုတ္တမံ၊
မဂ္ဂေါ သော ပါရံ ဂမနာယ, တသ္မာ ပါရာယနံ ဣတိ။
၁၁၃၇။ မြတ်သော မဂ်ကို ပွါးများသောသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏၊ ထိုမဂ်သည် နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်းသို့ သွားခြင်းငှါ ခရီးလမ်း ဖြစ်၏၊ ထို့ကြောင့်ပါရာယနဟု မည်သတည်း။ (၇) ပါရာယနာနုဂီတိဂါထာ
Developing the supreme path, you’ll go from the near shore to the far. This path is for going to the far shore; that’s why it’s called “The Way to the Far Shore”.
ပါရာယနာနုဂီတိဂါထာ
၁၁၃၈။ ‘‘ပါရာယနမနုဂါယိဿံ, (ဣစ္စာယသ္မာ ပိင်္ဂိယော)
ယထာဒ္ဒက္ခိ တထာက္ခာသိ, ဝိမလော ဘူရိမေဓသော၊
နိက္ကာမော နိဗ္ဗနော [နိဗ္ဗုတော (သျာ။)] နာဂေါ, ကိဿ ဟေတု မုသာ ဘဏေ။
၁၁၃၈။ (ပိင်္ဂိယသည် ဤသို့ ပြောဆို၏) - မြတ်စွာဘုရား ဟောတော်မူသော ပါရာယနသုတ်ကို အတုယူ၍ ဟောပြပါအံ့၊ အညစ်အကြေး ကင်းတော်မူသော မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော ကာမမှ ထွက်မြောက်ပြီးသော (ကိလေသာ) တော ကင်းတော်မူပြီးသော ရဟန္တာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်ဉာဏ်တော်ဖြင့် မြင်တော်မူ၏၊ ထိုဉာဏ်ဖြင့် ဟောကြားတော်မူ၏၊ အဘယ့်ကြောင့် ချွတ်ယွင်းသောစကားကို မြတ်စွာဘုရား ဟောကြားလိမ့်မည်နည်း။ (၁)
Anthology of Discourses 5.19 Preserving the Way to the Far Shore “I shall keep reciting the Way to the Far Shore,” said Venerable Piṅgiya, “which was taught as it was seen by the immaculate one of vast intelligence. He is desireless, unentangled, a spiritual giant: why would he speak falsely?
၁၁၃၉။ ‘‘ပဟီနမလမောဟဿ, မာနမက္ခပ္ပဟာယိနော၊
ဟန္ဒာဟံ ကိတ္တယိဿာမိ, ဂိရံ ဝဏ္ဏူပသဉှိတံ။
၁၁၃၉။ တွေဝေမှု ‘မောဟ’ အညစ်အကြေးကို ပယ်ပြီးသော ထောင်လွှားမှု ‘မာန’ ကျေးဇူးချေဖျက်မှု ‘မက္ခ’ကို ပယ်ပြီးသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့် စပ်ယှဥ်သော တရားစကားကို ယခုအခါ အကျွန်ုပ် ပြောကြားပါအံ့။ (၂)
Come, let me extol in sweet words of praise the one who’s given up stains and delusions, conceit and contempt.
၁၁၄၀။ ‘‘တမောနုဒေါ ဗုဒ္ဓေါ သမန္တစက္ခု, လောကန္တဂူ သဗ္ဗဘဝါတိဝတ္တော၊
အနာသဝေါ သဗ္ဗဒုက္ခပဟီနော, သစ္စဝှယော ဗြဟ္မေ ဥပါသိတော မေ။
၁၁၄၀။ ဗာဝရီမည်သော ဆရာပုဏ္ဏား မြတ်စွာဘုရားသည် အမိုက်တိုက်ကို ပယ်ဖျက်ပြီး ဖြစ်၏၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ဉာဏ်မျက်စိ ရှိတော်မူ၏၊ လောကအဆုံးသို့ ရောက်တော်မူ၏၊ ဘဝအားလုံးကို လွန်မြောက်တော်မူ၏၊ အာသဝေါ ကင်းတော်မူ၏၊ ဆင်းရဲအားလုံးကို ပယ်ပြီးသူ ဖြစ်၏၊ (ဗုဒ္ဓဟူသော) အမည်မှန် ရှိတော်မူ၏၊ (ထိုမြတ်စွာဘုရားကို) အကျွန်ုပ်သည် ဆည်းကပ်ခဲ့ပြီ။ (၃)
The Buddha, All-seer, dispeller of darkness, has gone to world’s end, beyond all rebirths; he is free of defilements, <j>and has given up all suffering, the rightly-named one, brahmin, is revered by me.
၁၁၄၁။ ‘‘ဒိဇော ယထာ ကုဗ္ဗနကံ ပဟာယ, ဗဟုပ္ဖလံ ကာနနမာဝသေယျ၊
ဧဝံ ပဟံ အပ္ပဒဿေ ပဟာယ, မဟောဒဓိံ ဟံသောရိဝ အဇ္ဈပတ္တော။
၁၁၄၁။ ငှက်သည် အသီးနည်းပါးသော စက်ဆုပ်ဖွယ်သော တောကို ပယ်စွန့်ကာ အသီးများ စွာရှိသော တောကိုမှီလျက် နေသကဲ့သို့ ဤအတူ အကျွန်ုပ်သည် ဉာဏ်အမြင် နည်းသူတို့ကို ပယ်စွန့်၍ ဟင်္သာသည် ရေများသော အိုင်သို့ သက်ဆင်းသကဲ့သို့ သက်ဆင်းခဲ့ပြီ။ (၄)
Like a bird that flees a little copse, to roost in a forest abounding in fruit, I’ve left the near-sighted behind, like a swan come to a great river.
၁၁၄၂။ ‘‘ယေမေ ပုဗ္ဗေ ဝိယာကံသု, ဟုရံ ဂေါတမသာသနာ၊
ဣစ္စာသိ ဣတိ ဘဝိဿတိ၊
သဗ္ဗံ တံ ဣတိဟိတိဟံ, သဗ္ဗံ တံ တက္ကဝဍ္ဎနံ။
၁၁၄၂။ ဂေါတမမြတ်စွာဘုရား၏ သာသနာတော် မပေါ်ပေါက်သေးမီ ရှေးအခါက အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု မိမိတို့ အယူအဆကို အကျွန်ုပ်အား ပြောကြားကြပါကုန်၏၊ ထိုဆရာတို့၏ ထိုအလုံးစုံသော စကားသည် ပြောဆိုသံ ကြားကာမျှ သာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက် စသည်ကိုသာ ပွါးစေ၏။ (၅)
Those who explained to me previously, before Gotama’s teaching, said ‘thus it was’ or ‘so it shall be’. All that was just the testament of hearsay; all that just fostered speculation.
၁၁၄၃။ ‘‘ဧကော တမနုဒါသိနော, ဇုတိမာ သော ပဘင်္ကရော၊
ဂေါတမော ဘူရိပညာဏော, ဂေါတမော ဘူရိမေဓသော။
၁၁၄၃။ ဂေါတမအနွယ်ဖြစ်သော ထိုမြတ်စွာဘုရားသည် ပြိုင်ဖက်မပြူ တစ်ဆူတည်း ဖြစ်တော်မူ၏၊ အမိုက်တိုက်ကို ဖျက်ဆီး၍ နေတော်မူတတ်၏၊ တန်ခိုး ရှိတော်မူ၏၊ ပညာအရောင်ကို ပြုတော်မူတတ်၏၊ ဂေါတမနွယ် ဖြစ်တော်မူ၏၊ ပညာတံခွန် ရှိတော်မူ၏၊ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ (၆)
Alone, the dispeller of darkness is brilliant, a beacon: Gotama, vast in wisdom, Gotama, vast in intelligence.
၁၁၄၄။ ‘‘ယော မေ ဓမ္မမဒေသေသိ, သန္ဒိဋ္ဌိကမကာလိကံ၊
တဏှက္ခယမနီတိကံ, ယဿ နတ္ထိ ဥပမာ ကွစိ’’။
၁၁၄၄။ အကြင်မြတ်စွာဘုရားသည် ကိုယ်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသောတရားကို အကျွန်ုပ်အား ဟောတော်မူ၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည်စရာ ဥပမာ မရှိ။ (၇)
He is the one who taught me Dhamma, apparent in the present life, immediately effective, the untroubled, the end of craving, to which there is no compare.”
၁၁၄၅။ ‘‘ကိံနု တမှာ ဝိပ္ပဝသသိ, မုဟုတ္တမပိ ပိင်္ဂိယ၊
ဂေါတမာ ဘူရိပညာဏာ, ဂေါတမာ ဘူရိမေဓသာ။
၁၁၄၅-၁၁၄၆။ ပိင်္ဂိယ အကြင်ဘုရားသည် ကိုယ်တိုင်သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို သင့်အား ဟောကြား၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ်ဖြစ်တော်မူသော ပညာတံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမမြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အဘယ့်ကြောင့် နေဘိသနည်း။ (၈-၉)
“Why would you dwell apart from him even for an hour, Piṅgiya? From Gotama, vast in wisdom, from Gotama, vast in intelligence?
၁၁၄၆။ ‘‘ယော တေ ဓမ္မမဒေသေသိ, သန္ဒိဋ္ဌိကမကာလိကံ၊
တဏှက္ခယမနီတိကံ, ယဿ နတ္ထိ ဥပမာ ကွစိ’’။
He is the one who taught you Dhamma, apparent in the present life, immediately effective, the untroubled, the end of craving, to which there is no compare.”
၁၁၄၇။ ‘‘နာဟံ တမှာ ဝိပ္ပဝသာမိ, မုဟုတ္တမပိ ဗြာဟ္မဏ၊
ဂေါတမာ ဘူရိပညာဏာ, ဂေါတမာ ဘူရိမေဓသာ။
၁၁၄၇-၁၁၄၈။ ဆရာပုဏ္ဏား အကြင်ဂေါတမ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု ‘တဏှာ’၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို အကျွန်ုပ်အား ဟောတော်မူ၏၊ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ် ဖြစ်တော်မူသော ပညာ တံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမ မြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အကျွန်ုပ် မနေနိုင်ပါ။ (၁၀-၁၁)
“I never dwell apart from him, not even for an hour, brahmin. From Gotama, vast in wisdom, from Gotama, vast in intelligence.
၁၁၄၈။ ‘‘ယော မေ ဓမ္မမဒေသေသိ, သန္ဒိဋ္ဌိကမကာလိကံ၊
တဏှက္ခယမနီတိကံ, ယဿ နတ္ထိ ဥပမာ ကွစိ။
He is the one who taught me Dhamma, apparent in the present life, immediately effective, the untroubled, the end of craving, to which there is no compare.
၁၁၄၉။ ‘‘ပဿာမိ နံ မနသာ စက္ခုနာဝ, ရတ္တိန္ဒိဝံ ဗြာဟ္မဏ အပ္ပမတ္တော၊
နမဿမာနော ဝိဝသေမိ ရတ္တိံ, တေနေဝ မညာမိ အဝိပ္ပဝါသံ။
၁၁၄၉။ ဆရာပုဏ္ဏား ထိုမြတ်စွာဘုရားကို ပြကတေ့မျက်စိဖြင့် မြင်ရသကဲ့သို့ မမေ့မလျော့မူ၍ နေ့ရောညဥ့်ပါ အကျွန်ုပ်စိတ်ဖြင့် မြင်နေပါ၏၊ ညဥ့်အခါ၌ ရှိခိုးလျက် နေပါ၏၊ ထို့ကြောင့်သာလျှင် ကင်း၍ မနေဟု အကျွန်ုပ် ထင်ပါ၏။ (၁၂)
Being diligent, I see him in my mind’s eye day and night. I spend the night in homage to him, hence I think I dwell with him.
၁၁၅၀။ ‘‘သဒ္ဓါ စ ပီတိ စ မနော သတိ စ, နာပေန္တိ မေ ဂေါတမသာသနမှာ၊
ယံ ယံ ဒိသံ ဝဇတိ ဘူရိပညော, သ တေန တေနေဝ နတောဟမသ္မိ။
၁၁၅၀။ အကျွန်ုပ်၏ ယုံကြည်မှု ‘သဒ္ဓါ’သည်လည်းကောင်း၊ နှစ်သိမ့်မှု ‘ပီတိ’သည် လည်းကောင်း၊ သိမှု ‘မန’သည်လည်းကောင်း၊ အောက်မေ့မှု ‘သတိ’သည်လည်းကောင်း ဂေါတမသာသနာမှ မဖဲမရှောင်ကြပါကုန်၊ မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိသော မြတ်စွာဘုရားသည် အကြင်အကြင်အရပ်သို့ ကြွတော်မူ၏၊ ထိုအကျွန်ုပ်သည် ထိုထို (မြတ်စွာဘုရားရှိရာ) အရပ်သို့သာလျှင် ညွတ်ကိုင်းသူ ဖြစ်ပါ၏။ (၁၃)
My faith and joy and intent and mindfulness never stray from Gotama’s teaching. I bow to whatever direction the one of vast wisdom heads.
၁၁၅၁။ ‘‘ဇိဏ္ဏဿ မေ ဒုဗ္ဗလထာမကဿ, တေနေဝ ကာယော န ပလေတိ တတ္ထ၊
သံကပ္ပယန္တာယ [သံကပ္ပယတ္တာယ (သီ။)] ဝဇာမိ နိစ္စံ, မနော ဟိ မေ ဗြာဟ္မဏ တေန ယုတ္တော။
၁၁၅၁။ ဗာဝရီမည်သော ဆရာပုဏ္ဏား အိုမင်း၍ ခွန်အားနည်းသော အကျွန်ုပ်၏ကိုယ်သည် ထိုသို့ ခွန်အားနည်းသောကြောင့်သာလျှင် ထိုမြတ်စွာဘုရားရှိရာသို့ မသွားရောက်နိုင်ပါ၊ စိတ်အကြံဟူသော သွားခြင်းဖြင့်သာလျှင် အကျွန်ုပ်သည် အမြဲ သွားရောက်ပါ၏၊ အကျွန်ုပ်၏ စိတ်သည် ထိုမြတ်စွာဘုရားနှင့် ယှဥ်စပ်နေပါ၏။ (၁၄)
I’m old and feeble, so my body cannot go there, but I always travel in my thoughts, for my mind, brahmin, is bound to him.
၁၁၅၂။ ‘‘ပင်္ကေ သယာနော ပရိဖန္ဒမာနော, ဒီပါ ဒီပံ ဥပပ္လဝိံ [ဥပလ္လဝိံ (သျာ။ နိဒ္ဒေသ)]၊
အထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ’’။
၁၁၅၂။ အကျွန်ုပ်သည် ကာမဂုဏ်ညွန်ထဲ၌ အိပ်လျက် ထက်ဝန်းကျင် တုန်တုန်လှုပ်လှုပ် မှီခိုရာကျွန်းတစ်ခုမှ မှီခိုရာကျွန်းတစ်ခုသို့ မျောပါနေပါ၏၊ ထိုအခါ သံသရာအယဥ် ‘ဩဃ’ကို လွန်မြောက်တော်မူပြီးသော အာသဝေါကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏။ (၁၅)
Lying floundering in the mud, I drifted from island to island. Then I saw the Buddha, the undefiled one who has crossed the flood.”
၁၁၅၃။ ‘‘ယထာ အဟူ ဝက္ကလိ မုတ္တသဒ္ဓေါ, ဘဒြာဝုဓော အာဠဝိ ဂေါတမော စ၊
ဧဝမေဝ တွမ္ပိ ပမုဉ္စဿု သဒ္ဓံ,
ဂမိဿသိ တွံ ပိင်္ဂိယ မစ္စုဓေယျဿ ပါရံ’’ [မစ္စုဓေယျပါရံ (သီ။)]။
၁၁၅၃။ ပိင်္ဂိယ ဝက္ကလိသည်လည်းကောင်း၊ ဘဒြာဝုဓသည်လည်းကောင်း၊ အာဠဝီပြည်သား ဂေါတမသည်လည်းကောင်း ယုံကြည်မှု ‘သဒ္ဓါ’ တရားကို (နိဗ္ဗာန်သို့) စေလွှတ်လော့၊ ဤသို့ စေလွှတ်သည်ရှိသော် သင်သည် သေမင်းတည်ရာ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ရလတ္တံ့ဟု မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ကြွလာ၍ ဟောတော်မူ၏။ (၁၆)
“Just as Vakkali was committed to faith— Bhadrāvudha and Gotama of Āḷavī too— so too you should commit to faith. You will go, Piṅgiya, beyond the domain of death.”
၁၁၅၄။ ‘‘ဧသ ဘိယျော ပသီဒါမိ, သုတွာန မုနိနော ဝစော၊
ဝိဝဋ္ဋစ္ဆဒေါ သမ္ဗုဒ္ဓေါ, အခိလော ပဋိဘာနဝါ။
၁၁၅၄-၁၁၅၅။ ထိုအကျွန်ုပ်သည် မုနိဖြစ်တော်မူသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရ၍ အလွန်ကြည်လင်ပါ၏၊ ဝဋ်ဟူသော အမိုးကို ဖွင့်ပြီးသော ငြောင့်ကင်းတော်မူပြီးသော ဆင်ခြင်ဉာဏ် (ပဋိဘာန်) ရှိတော်မူသောာ အမေးပြဿနာ၏ အဆုံးကို ပြုတော်မူသော ယုံမှားခြင်းရှိသည် ဖြစ်ကုန်လျက် ယုံမှားကင်း၏ဟု ဝန်ခံသူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် လွန်ကဲထူးမြတ်သော ဝိသုဒ္ဓိနတ်တို့ကို ထူးသောဉာဏ်ဖြင့် သိတော်မူ၍ မိမိသူတစ်ပါး နှစ်ပါးစုံ၏ ဝိသုဒ္ဓိနတ်အဖြစ်ကို ပြုတတ်သော တရားအားလုံးကိုလည်း သိတော်မူပြီ။ (၁၇-၁၈)
“My confidence grows as I hear the word of the sage, the Buddha with veil cast off, so kind and eloquent.
၁၁၅၅။ ‘‘အဓိဒေဝေ အဘိညာယ, သဗ္ဗံ ဝေဒိ ဝရောဝရံ [ပရော ဝရံ (သီ။ သျာ။), ပရော ပရံ (နိဒ္ဒေသ)]၊
ပဉှာနန္တကရော သတ္ထာ, ကင်္ခီနံ ပဋိဇာနတံ။
Having directly known all about the gods, he understands all top to bottom, the Teacher who settles all questions for those who admit their doubts.
၁၁၅၆။ ‘‘အသံဟီရံ အသင်္ကုပ္ပံ, ယဿ နတ္ထိ ဥပမာ ကွစိ၊
အဒ္ဓါ ဂမိဿာမိ န မေတ္ထ ကင်္ခါ, ဧဝံ မံ ဓာရေဟိ အဓိမုတ္တစိတ္တ’’န္တိ။
ပါရာယနဝဂ္ဂေါ ပဉ္စမော နိဋ္ဌိတော။
၁၁၅၆။ အကြင်နိဗ္ဗာန်တရားအား တစ်စုံတစ်ခု နှိုင်းယှဥ်စရာ ဥပမာမရှိ၊ မရွေ့ရှား မပျက်စီးနိုင်သော ထိုနိဗ္ဗာန်သို့ မချွတ်သွားရတော့အံ့၊ ဤနိဗ္ဗာန်သို့ သွားရာ၌ အကျွန်ုပ်အား ယုံမှားမှု မရှိတော့ပါ၊ အကျွန်ုပ်ကို ကိလေသာမှ လွတ်မြောက်သော စိတ်ရှိသူဟူ၍ မှတ်တော်မူပါလော့။ (၁၉) ငါးခုမြောက်ပါရာယနဝဂ် ပြီး၏။ သုတ်၏ ဥဒ္ဒါန်း ၁။ ဥရဂသုတ် ဓနိယသုတ် ခဂ္ဂဝိသာဏသုတ် ကသိဘာရဒွါဇသုတ် စုန္ဒသုတ် တစ်ဖန်လျှင် ပရာဘဝသုတ် ဝသလသုတ် ကရဏီယ (မေတ္တ) သုတ် ဟေမဝတသုတ် ထိုမှတစ်ပါး ယက္ခ (အာဠဝက) သုတ် ဝိဇယသုတ် မြတ်သောမုနိသုတ်။ ၂။ ဤသို့ တစ်ဆယ့်နှစ်သုတ်ကိုဆောင်သော အလုံးစုံသောဝဂ်၏ ရှေးဦးစွာ တည်သည်ဖြစ်၍ မြတ်သော ပညာမျက်စိ ရှိတော်မူသော အညစ်အကြေးကင်းသော မြတ်စွာဘုရားသည် ကောင်းစွာဝေဖန်အပ်ပြီးသော ဟောအပ်သော မြတ်သောဝဂ်ကို မြတ်သော ဥရဂဝဂ်ဟူ၍ ကြားအပ်၏။ ၃။ ရတနသုတ် အာမဂန္ဓသုတ် ဟိရိသုတ် မင်္ဂလသုတ် သူစိလောမသုတ် ဓမ္မာစရိယသုတ် ဗြာဟ္မဏဓမ္မိကသုတ် နာဝါသုတ် ကိံသီလသုတ် ဥဋ္ဌာနသုတ် ရာဟုလသုတ် တစ်ဖန်လည်း ဝင်္ဂီသ (နိဂြောဓကပ္ပသုတ်)။ ၄။ ဤ၌ သမ္မာပရိဗ္ဗာဇနီယသုတ် မြတ်သော ဓမ္မိကသုတ် ဤသို့ နှစ်ကြိမ်မြောက်၌ ကောင်းစွာဝေဖန်အပ်သော တစ်ဆယ့်လေးသုတ်၏ အပေါင်းကို ဆောင်သောဝဂ် ထိုဝဂ်ကို မြတ်သော စူဠကဝဂ်ဟူ၍ ဆိုကုန်၏။ ၅။ ပဗ္ဗဇ္ဇာသုတ် ပဓာနသုတ် သုဘာသိတမည်သောသုတ် သုန္ဒရိကဘာရဒွါဇ (ပူရဠာသ) သုတ် မာဃသုတ် သဘိယသုတ် ကေဏိယသုတ် (သေလသုတ်) သလ္လ မည်သောသုတ် မြတ်သော ဝါသေဋ္ဌသုတ် ကောကာလိကသုတ်။ ၆။ ကောင်းစွာဝေဖန်အပ်သော မြတ်သော နာလကသုတ် ထို့ပြင် ဒွယတာနုပဿနာ မည်သောသုတ် သုံးကြိမ်မြောက်၌ တစ်ဆယ့်နှစ်သုတ်ကို ဆောင်သော မြတ်သောဝဂ်ကို မဟာဝဂ်မည်၏ဟူ၍ ကြားအပ်၏။ ၇။ ကာမသုတ် ဂုဟဋ္ဌကသုတ် ဒုဋ္ဌဋ္ဌကသုတ် သုဒ္ဓဋ္ဌကသုတ် ပရမဋ္ဌကသုတ် ဇရာသုတ် ကောင်းစွာဝေဖန်အပ်သော မြတ်သော မေတ္တေယျသုတ် တိဿမေတ္တယျသုတ် ပသူရသုတ် မာဂဏ္ဍိယသုတ် ပုရာဘေဒသုတ်။ ၈။ ကလဟဝိဝါဒသုတ် နှစ်ပါးသော စူဠဗျူဟသုတ် မဟာဗျူဟသုတ် တုဝဋကသုတ် အတ္တဒဏ္ဍသုတ် သာရိပုတ္တသုတ် လေးကြိမ်မြောက်၌ တစ်ဆယ့်ခြောက်သုတ်ကို ဆောင်သော ဝဂ်သည် အဋ္ဌကဝဂ်မည်၏ဟု ထိုဝဂ်ကို ဆိုကုန်၏။ ၉။ မွေ့လျော်ဖွယ်ရှိသော မြတ်သောဒေသဖြစ်သော ပြုအပ်သော ကောင်းမှုရှိသူတို့၏ နေရာဖြစ်သော မဂဓဇနပုဒ်၌ ကောင်းစွာ ဝေဖန်အပ်သော မြတ်သော ပါသာဏက စေတီအရပ်၌ ဂိုဏ်းတို့၏ အမြတ်ဖြစ်သော မြတ်စွာဘုရားသည် နေတော်မူ၏။ ၁၀။ (ထိုအရပ်၌) လာသော မုဠကမင်း အသကမင်းနှစ်ပါးတို့၏ နိုင်ငံစပ်ဖြစ်သော ထိုပုဏ္ဏားတို့၏နေရာ ဂေါဓာဝရီမြစ်နားမှ တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်၌ တစ်ဆယ့်ခြောက်ယောက်သော ပုဏ္ဏားတို့၏ အဇိတစသော တစ်ဆယ့်ခြောက်ပါးသော ပုစ္ဆာနှင့် ယှဥ်ထသော အမေးဖြင့် မေးအပ်သော မြတ်စွာဘုရားသည် (ထိုပုစ္ဆာ၏ အနက်ကို) အကြွင်းမဲ့ ပြုပြီးသတတ်၊ ထိုပုဏ္ဏားတို့အား တရားကို မေးပြီးသတတ်။ ၁၁။ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် မြတ်သော မြတ်စွာဘုရားသည် လောကစီးပွါးအလို့ငှါ အနက်ကို ပြတတ်သော သဒ္ဒါနှင့်ပြည့်စုံသော (သူတစ်ပါးတို့) နှစ်သက်အပ်သော မြတ်သောတရားကို ဟောတော်မူ၏၊ မြတ်သောသုတ်ဖြစ်သော များစွာသော ဓမ္မဖြင့် ဆန်းကြယ်သော လွတ်ကြောင်းဖြစ်သော သုတ်ကို ဟောတော်မူ၏၊ ခပ်သိမ်းသော ကိလေသာမှ လွတ်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၁၂။ ဗျဉ္ဇနပဒ အတ္ထပဒနှင့် အညီအညွတ်ယှဥ်သော၊ အက္ခရာဖြင့်မှတ်အပ်သော၊ ဥပမာဖြင့် မြဲစွာထသော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။ ၁၃။ ရာဂဟူသော အညစ်အကြေးဖြင့် အညစ်အကြေးကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ဒေါသဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော မောဟဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။ ၁၄။ ကိလေသာဟူသော အညစ်အကြေးဖြင့် အညစ်အကြေးကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ဒုစရိုက်ဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။ ၁၅။ အာသဝတည်းဟူသော အနှောင်အဖွဲ့နှင့် ယှဥ်သည်ဖြစ်၍ လိမ်းကျံအပ်သော နီဝရဏတို့သည်လည်းကောင်း၊ အညစ်အကြေး သုံးပါးတို့သည်လည်းကောင်း အကြင်သတ္တဝါအား ရှိကုန်၏၊ ထိုသတ္တဝါ၏ ကိလေသာမှ လွတ်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၁၆။ အညစ်အကြေး ကင်းထသော၊ ခပ်သိမ်းသော ကိလေသာကို ပယ်ဖျောက်တတ်သော၊ ရာဂကင်းပြီးသော တဏှာမရှိသော၊ စိုးရိမ်ခြင်းကင်းထသော၊ ငြိမ်သက်သော တောင့်တအပ်သော၊ အလွန်မြင်နိုင်ခဲသော လောကုတ္တရာတရားကို ထင်ရှားပြ၍ မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၁၇။ ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ တောင့်တခြင်းကိုလည်းကောင်း အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဖျက်ဆီး၏၊ လေးပါးသော ယောနိ ငါးပါးသော ဂတိ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ တဏှာဂုဠှ တဏှာရတိ တဏှာဆဒန တဏှာလတာမှ လွတ်မြောက်စေတတ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၁၈။ နက်နဲသည်ဖြစ်၍ မြင်နိုင်ခဲသော၊ နူးညံ့သိမ်မွေ့သော ပညာရှိတို့သာ သိအပ်သော၊ သိမ်မွေ့သော အနက်ရှိသော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၁၉။ အင်္ဂါကိုးပါးတည်းဟူသော ပန်းဖြင့် ကောင်းစွာ ဆင်ယင်အပ်သော လည်ရွဲတန်ဆာရှိသော ဣန္ဒြေ ဈာန် ဝိမောက္ခတို့ဖြင့် ဝေဖန်အပ်ထသော၊ အဋ္ဌင်္ဂိက မဂ်တရားတည်းဟူသော မြတ်သောယာဥ် ရှိထသော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၂၀။ လလျှင် ဥပမာရှိသော အညစ်အကြေးကင်း၍ စင်ကြယ်သော၊ မဟာသမုဒ္ဒရာနှင့်အတူ ရတနာတို့ဖြင့် ဆန်းကြယ်သော၊ ပန်းနှင့်အတူ ဆန်းကြယ်စွာ နေနှင့်အတူ ထွန်းတောက်ပသော တန်ခိုးရှိသော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ၂၁။ မြတ်သော (ဖိုလ်နိဗ္ဗာန်) အကျိုးရှိသော အရိယာ၏ ရွေ့ခြင်းမရှိ နိဗ္ဗာန်သို့ ရောက်သော ကာလတိုင်အောင် အလွန်ချမ်းမြေ့စွာ ငြိမ်းအေးသော ဘေးကင်းရာ နိဗ္ဗာန်သည် ရှိ၏၊ အလွန်ငြိမ်းအေးသော ထိုနိဗ္ဗာန်ကို မြင်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ဤကား သုတ်၏ဥဒါနတည်း။ သုတ္တနိပါတ်ပါဠိတော် မြန်မာပြန် ပြီးပြီ။
The unfaltering, the unshakable: that to which there is no compare. For sure I will go there, I have no doubt of that. Remember me as one whose mind is made up.” The Anthology of Discourses is completed.
သုတ္တုဒ္ဒါနံ
၁။ ဥရဂေါ [ဣမာ ဥဒ္ဒါနဂါထာယော သီ။ ပီ။ ပေါတ္ထကေသု န သန္တိ] ဓနိယောပိ စ, ခဂ္ဂဝိသာဏော ကသိ စ၊
စုန္ဒော ဘဝေါ ပုနဒေဝ, ဝသလော စ ကရဏီယဉ္စ၊
ဟေမဝတော အထ ယက္ခော, ဝိဇယသုတ္တံ မုနိသုတ္တဝရန္တိ။
၂။
ပဌမကဋ္ဌဝရော ဝရဝဂ္ဂေါ, ဒွါဒသသုတ္တဓရော သုဝိဘတ္တော၊
ဒေသိတော စက္ခုမတာ ဝိမလေန, သုယျတိ ဝဂ္ဂဝရော ဥရဂေါတိ။
၃။
ရတနာမဂန္ဓော ဟိရိမင်္ဂလနာမော, သုစိလောမကပိလော စ ဗြာဟ္မဏဓမ္မော၊
နာဝါ [နာထ (က။)] ကိံသီလဥဋ္ဌဟနော စ, ရာဟုလော စ ပုနပိ ဝင်္ဂီသော။
၄။
သမ္မာပရိဗ္ဗာဇနီယောပိ စေတ္ထ, ဓမ္မိကသုတ္တဝရော သုဝိဘတ္တော၊
စုဒ္ဒသသုတ္တဓရော ဒုတိယမှိ, စူဠကဝဂ္ဂဝရောတိ တမာဟု။
၅။
ပဗ္ဗဇ္ဇပဓာနသုဘာသိတနာမော, ပူရဠာသော ပုနဒေဝ မာဃော စ၊
သဘိယံ ကေဏိယမေဝ သလ္လနာမော, ဝါသေဋ္ဌဝရော ကာလိကောပိ စ။
၆။
နာလကသုတ္တဝရော သုဝိဘတ္တော, တံ အနုပဿီ တထာ ပုနဒေဝ၊
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 5. Pārāyanavaggo (Suttapiṭaka, Khuddakanikāya, Suttanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#439