ဓမ္မလမ်း
← သုတ္တနိပါတပါဠိ

သုတ္တနိပါတပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၇၁

န ဟိ သော ဥပက္ကမော အတ္ထိ, ယေန ဇာတာ န မိယျရေ၊

ဇရမ္ပိ ပတွာ မရဏံ, ဧဝံဓမ္မာ ဟိ ပါဏိနော။

၅၈၂။ ဖလာနမိဝ ပက္ကာနံ, ပါတော ပတနတော [ပပတတော (သီ။ ပီ။ အဋ္ဌ။)] ဘယံ၊

ဧဝံ ဇာတာန မစ္စာနံ, နိစ္စံ မရဏတော ဘယံ။

၅၈၂။ သစ်သီးမှည့်တို့အား နံနက်တိုင်း ကြွေကျရခြင်းကြောင့် ဘေးဖြစ်သကဲ့သို့ ဤအတူပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့အား သေရခြင်းကြောင့် အမြဲ ဘေးဖြစ်နေ၏။ (၃)

As ripe fruit are always in danger of falling, so mortals once born are always in danger of death.

၅၈၃။ ယထာပိ ကုမ္ဘကာရဿ, ကတာ မတ္တိကဘာဇနာ၊

သဗ္ဗေ ဘေဒနပရိယန္တာ [ဘေဒပရိယန္တာ (သျာ။)], ဧဝံ မစ္စာန ဇီဝိတံ။

၅၈၃။ အိုးထိန်းသည် ပြုလုပ်အပ်သော မြေအိုးမြေခွက်အားလုံးတို့သည် ကွဲခြင်းလျှင်အဆုံးရှိကြကုန်သကဲ့သို့ ဤအတူ သတ္တဝါတို့၏ အသက်သည် သေခြင်းလျှင် အဆုံးရှိ၏။ (၄)

As clay pots made by a potter all end up being broken, so is the life of mortals.

၅၈၄။ ဒဟရာ စ မဟန္တာ စ, ယေ ဗာလာ ယေ စ ပဏ္ဍိတာ၊

သဗ္ဗေ မစ္စုဝသံ ယန္တိ, သဗ္ဗေ မစ္စုပရာယဏာ။

၅၈၄။ ငယ်သူတို့သည်လည်းကောင်း၊ ကြီးသူတို့သည်လည်းကောင်း၊ မိုက်သူတို့သည်လည်းကောင်း၊ ပညာရှိသူတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည် သေမင်းနိုင်ငံသို့ လိုက်ပါကြရကုန်၏၊ အလုံးစုံသောသူတို့သည် သေမင်း၏ အထံသို့ ဆိုက်ရောက်ကြရကုန်၏။ (၅)

Young and old, foolish and wise— all go under the sway of death; all are destined to die.

၅၈၅။ တေသံ မစ္စုပရေတာနံ, ဂစ္ဆတံ ပရလောကတော၊

န ပိတာ တာယတေ ပုတ္တံ, ဉာတီ ဝါ ပန ဉာတကေ။

၅၈၅။ သေမင်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ တမလွန်လောကသို့ သွားကုန်သော ထိုသတ္တဝါတို့တွင်အမိအဖသည်သားသမီးကို (သေဘေးမှ) မစောင့်ရှောက်နိုင်၊ ဆွေမျိုးတို့သည်လည်း ဆွေမျိုးတို့ကို (သေဘေးမှ) မစောင့်ရှောက်နိုင်ကုန်။ (၆)

When those overcome by death leave this world for the next, a father cannot protect his son, nor relatives their kin.

၅၈၆။ ပေက္ခတံ ယေဝ ဉာတီနံ, ပဿ လာလပတံ ပုထု၊

ဧကမေကောဝ မစ္စာနံ, ဂေါဝဇ္ဈော ဝိယ နီယတိ [နိယျတိ (ဗဟူသု)]။

၅၈၆။ ကြည့်ရှုစမ်းပါလော့ သတ်မည့်နွားကို ဆောင်ယူသွားသကဲ့သို့ ဆွေမျိုးတို့ကြည့်ရှုနေကြကုန်စဥ်ပင် အထူးထူး အထွေထွေ ငိုကြွေး မြည်တမ်းနေကြကုန်စဥ်မှာပင် သတ္တဝါတို့တွင်တစ်ယောက်စီ တစ်ယောက်စီ သေမင်းသည် ဆောင်ယူသွားလေ၏။ (၇)

See how, while relatives look on, wailing profusely, mortals are led away one by one, like a cow to the slaughter.

၅၈၇။ ဧဝမဗ္ဘာဟတော လောကော, မစ္စုနာ စ ဇရာယ စ၊

တသ္မာ ဓီရာ န သောစန္တိ, ဝိဒိတွာ လောကပရိယာယံ။

၅၈၇။ ဤသို့ သတ္တဝါအပေါင်းကို သေခြင်းတရားသည်လည်းကောင်း၊ အိုခြင်း တရားသည်လည်းကောင်းအလွန်ညှဥ်းဆဲ နှိပ်စက်နေ၏၊ ထို့ကြောင့် ပညာရှိတို့သည် လောကအကြောင်းကို သိ၍မစိုးရိမ်ကြကုန်။ (၈)

And so the world is stricken by old age and by death. That is why the attentive do not grieve, for they understand the way of the world.

၅၈၈။ ယဿ မဂ္ဂံ န ဇာနာသိ, အာဂတဿ ဂတဿ ဝါ၊

ဥဘော အန္တေ အသမ္ပဿံ, နိရတ္ထံ ပရိဒေဝသိ။

၅၈၈။ (ဤဘဝသို့) လာသည်လည်းဖြစ်သော (ဘဝတစ်ပါးသို့) သွားသည်လည်းဖြစ်သော အကြင်သူ၏လမ်းခရီးကို မသိ၊ ထိုသူ၏ သွားရာ လာရာ ခရီး နှစ်မျိုးတို့ကို ကောင်းစွာ မမြင်ရ၊ အကျိုးမဲ့ငိုကြွေး၏။ (၉)

For one whose path you do not know— not whence they came nor where they went— you lament in vain, seeing neither end.

၅၈၉။ ပရိဒေဝယမာနော စေ, ကိဉ္စိဒတ္ထံ ဥဒဗ္ဗဟေ၊

သမ္မူဠှော ဟိံသမတ္တာနံ, ကယိရာ စေ နံ ဝိစက္ခဏော။

၅၈၉။ ငိုကြွေးသည်ဖြစ်၍ အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ တွေဝေသည်ဖြစ်၍ မိမိကိုယ်ကို ညှဥ်းဆဲလျက် အကျိုးတစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ ပညာရှိသည် ထိုငိုကြွေးမှုစသည်ကို ပြုရာ၏။ (၁၀)

If a bewildered person, lamenting and self-harming, could extract any good from that, then those who see clearly would do the same.

၅၉၀။ န ဟိ ရုဏ္ဏေန သောကေန, သန္တိံ ပပ္ပေါတိ စေတသော၊

ဘိယျဿုပ္ပဇ္ဇတေ ဒုက္ခံ, သရီရံ စုပဟညတိ။

၅၉၀။ (တစ်စုံတစ်ယောက်သောသူသည် ) ငိုကြွေးခြင်းဖြင့်လည်းကောင်း စိုးရိမ်ပူ ဆွေးခြင်းဖြင့်လည်းကောင်း စိတ်၏ ငြိမ်းအေးခြင်းသို့ မရောက်နိုင်၊ ထိုငိုကြွေး သူအား ဆင်းရဲသာလျှင် လွန်စွာဖြစ်ရ၏၊ ခန္ဓာကိုယ်သည်လည်း ပင်ပန်းရာ၏။ (၁၁)

For not by weeping and wailing will you find peace of heart. It just gives rise to more suffering, and distresses your body.

၅၉၁။ ကိသော ဝိဝဏ္ဏော ဘဝတိ, ဟိံသမတ္တာနမတ္တနာ၊

န တေန ပေတာ ပါလေန္တိ, နိရတ္ထာ ပရိဒေဝနာ။

၅၉၁။ မိမိကိုယ်ကို မိမိကိုယ်တိုင် နှိပ်စက်ညှဥ်းဆဲသူသည် ကြုံလှီသော ကိုယ်ရှိသူ အဆင်းမလှသူဖြစ်ရ၏၊ ထိုသို့ ငိုကြွေးသဖြင့် သေသောသူတို့သည် မမျှ တနိုင်ကုန်၊ ထို့ကြောင့် ငိုကြွေးခြင်းသည် အကျိုးမရှိ။ (၁၂)

Growing thin and pale, you hurt yourself. It does nothing to help the dead: your lamentation is in vain.

စာ-၃၇၂

၅၉၂။ သောကမပ္ပဇဟံ ဇန္တု, ဘိယျော ဒုက္ခံ နိဂစ္ဆတိ၊

အနုတ္ထုနန္တော ကာလင်္ကတံ [ကာလကတံ (သီ။ သျာ။)], သောကဿ ဝသမနွဂူ။

၅၉၂။ စိုးရိမ်မှု ‘သောက’ကို မပယ်စွန့်နိုင်သော သတ္တဝါသည် လွန်စွာ (ကိုယ် စိတ်) ဆင်းရဲခြင်းသို့ ရောက်၏၊ သေသူကို အကြောင်းပြု၍ အဖန်တလဲလဲ စိုးရိမ် ညည်းတွားသူသည် စိုးရိမ်ခြင်းသို့ အလိုသို့ အစဥ်လိုက်ရ၏။ (၁၃)

Unless a personage gives up grief, they fall into suffering all the more. Bewailing those whose time has come, you fall under the sway of grief.

၅၉၃။ အညေပိ ပဿ ဂမိနေ, ယထာကမ္မူပဂေ နရေ၊

မစ္စုနော ဝသမာဂမ္မ, ဖန္ဒန္တေဝိဓ ပါဏိနော။

၅၉၃။ ဤလောက၌ တမလွန်သို့ သွားသော ကံအားလျော်စွာ ဘဝသို့ ကပ် ရောက်ရကုန်သောတစ်ပါးသောသူတို့ကိုလည်းကောင်း၊ သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကုန်၍ (သေဘေးဖြင့်) တုန်လှုပ်ကုန်သော သတ္တဝါတို့ကိုလည်းကောင်း ကြည့်ရှုလော့။ (၁၄)

See, too, other folk departing, passing on according to their deeds; fallen under the sway of death, beings flounder while still here.

၅၉၄။ ယေန ယေန ဟိ မညန္တိ, တတော တံ ဟောတိ အညထာ၊

ဧတာဒိသော ဝိနာဘာဝေါ, ပဿ လောကဿ ပရိယာယံ။

၅၉၄။မှန်၏ (သတ္တဝါတို့သည်) အကြင်သို့ သော အသက်ရှည်လိမ့်မည် အနာ ကင်း လိမ့်မည်စသော အခြင်းအရာဖြင့် ထင်မှတ်အောက်မေ့ကုန်၏၊ ထိုထင်မှတ် အောက်မေ့သည်မှတစ်ပါး သေခြင်းအနာရောဂါများခြင်းစသော အခြင်းအရာဖြင့် ဖြစ်၏၊ ဤသို့ သဘောရှိသော ဆန့်ကျင်ဘက်သဘောသည် ဖြစ်၏၊ ဤသို့လောက၏ အကြောင်းကို ရှုပါလော့။ (၁၅)

For however they imagine it, it turns out to be something else. Such is separation: see the way of the world!

၅၉၅။ အပိ ဝဿသတံ ဇီဝေ, ဘိယျော ဝါ ပန မာဏဝေါ၊

ဉာတိသံဃာ ဝိနာ ဟောတိ, ဇဟာတိ ဣဓ ဇီဝိတံ။

၅၉၅။ ဤလောက၌ သတ္တဝါသည် အနှစ်တစ်ရာသော်လည်း အသက်ရှည်ရ၏၊ အနှစ်တစ်ရာထက်အလွန်သော်လည်း အသက်ရှည်ရ၏၊သို့ပင် အသက်ရှည်ရသော်လည်း ဆွေမျိုးအပေါင်းတို့မှ ကင်း၍ဖြစ်ရတတ်၏၊ (နောက်ဆုံး၌မူ) အသက်ကို စွန့်ရသည်သာတည်း။ (၁၆)

Even if a human lives a hundred years or more, they are parted from their family circle, they leave this life behind.

၅၉၆။ တသ္မာ အရဟတော သုတွာ, ဝိနေယျ ပရိဒေဝိတံ၊

ပေတံ ကာလင်္ကတံ ဒိသွာ, နေသော လဗ္ဘာ မယာ ဣတိ။

၅၉၆။ ထို့ကြောင့် မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ သေသောသူကို တွေ့မြင်ရသည်ရှိသော် ဤသေသောသူသည် တစ်ဖန် အသက်ရှင်ပါစေ သတည်းဟု ငါ တောင့်တ၍မရနိုင်တော့ပေဟု ပိုင်းခြားသိလျက် ငိုကြွေးခြင်းကို ပယ်ဖျောက်ရာ၏။ (၁၇)

Therefore, having learned from the Perfected One, dispel lamentation. Seeing the dead and departed, think: “I cannot escape this.”

၅၉၇။ ယထာ သရဏမာဒိတ္တံ, ဝါရိနာ ပရိနိဗ္ဗယေ [ပရိနိဗ္ဗုတော (သီ။ က။)]၊

ဧဝမ္ပိ ဓီရော သပညော, ပဏ္ဍိတော ကုသလော နရော၊

ခိပ္ပမုပ္ပတိတံ သောကံ, ဝါတော တူလံဝ ဓံသယေ။

၅၉၇။ မီးလောင်နေသော အိမ်ကို ရေဖြင့် ငြိမ်းသတ်ရာသကဲ့သို့ ဤအတူ တည် ကြည်သည်ဖြစ်၍ပဋိသန္ဓေပညာရှိသော အကြားအမြင် ပညာရှိ၍ လိမ္မာသော ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) ကျရောက်နေသော စိုးရိမ်မှု ‘သောက’ကို လျင်စွာငြိမ်းစေရာ၏၊ လေသည် လဲ ဝါဂွမ်းကို တိုက်ခတ်ဖျက်ဆီးလိုက်သကဲ့သို့ စိုးရိမ်မှု ‘သောက’ကို ဖျက်ဆီးရာ၏။ (၁၈)

As one would extinguish a blazing refuge with water, so too an attentive one—a wise, astute, and skilled person— would swiftly blow away grief that comes up, like the wind a tuft of cotton.

၅၉၈။ ပရိဒေဝံ ပဇပ္ပဉ္စ, ဒေါမနဿဉ္စ အတ္တနော၊

အတ္တနော သုခမေသာနော, အဗ္ဗဟေ သလ္လမတ္တနော။

၅၉၈။ မိမိ၏ ချမ်းသာကို ရှာသောသူသည် ငိုကြွေးမှု တောင့်တမှု နှလုံး မသာယာမှုဟူသော မိမိ၌ စူးဝင်နေသော မြားငြောင့်ကို မိမိကိုယ်တိုင်ပင် နုတ်ရာ၏။ (၁၉)

One who seeks their own happiness would pluck out the dart from themselves— the wailing and praying, and sadness inside.

၅၉၉။ အဗ္ဗုဠှသလ္လော အသိတော, သန္တိံ ပပ္ပုယျ စေတသော၊

သဗ္ဗသောကံ အတိက္ကန္တော, အသောကော ဟောတိ နိဗ္ဗုတောတိ။

သလ္လသုတ္တံ အဋ္ဌမံ နိဋ္ဌိတံ။

၅၉၉။ မြားငြောင့်ကို နုတ်ပြီးသူသည် (တဏှာ ဒိဋ္ဌိကို) မမှီမူ၍ စိတ်၏ ငြိမ်း အေးခြင်းသို့ ရောက်လျက်စိုးရိမ်မှုအားလုံးကို လွန်မြောက်ကာ စိုးရိမ်မှုမရှိ ငြိမ်းအေးသူ ဖြစ်၏။ (၂၀) ရှစ်ခုမြောက် သလ္လသုတ် ပြီး၏။ ၉-ဝါသေဋ္ဌသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလနိဂုံးဣစ္ဆာနင်္ဂလ တောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိိုစဥ်အခါ၌ စင်္ကီပုဏ္ဏား တာရုက္ခပုဏ္ဏားပေါက္ခရသာတိပုဏ္ဏား ဇာဏုဿောဏိပုဏ္ဏား တောဒေယျပုဏ္ဏားဟူသော အလွန်ထင်ရှားကျော်စောကုန်သော ပုဏ္ဏားသူဌေး များစွာတို့သည်လည်းကောင်း၊ ထိုမှတစ်ပါ့းအလွန်ထင်ရှားကျော်စောသော ပုဏ္ဏားသူဌေးတို့သည်လည်းကောင်း ဣစ္ဆာနင်္ဂလ နိဂုံး၌တည်းခိုနေထိိုင်ကြကုန်၏၊ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် အညောင်းပြေလမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာ စင်္ကြံသွားလာ လှည့်လည်လျက်နေကြကုန်စဥ် “အဘယ်သို့ သော အကြောင်းဖြင့် ဗြာဟ္မဏဖြစ်နိုင်သနည်း”ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။ ဘာရဒွါဇလုလင်က ဤသို့ ဆို၏ “အချင်းဝါသေဋ္ဌ အမိဖက် အဖဖက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်း ရှိ၏၊ ဇာတ်နှင့် စပ်သောစကားဖြင့် အပယ် မခံရ၊ အကဲ့ရဲ့ မခံရ၊ အချင်းဝါသေဋ္ဌ ဤမျှဖြင့်ပင် ဗြာဟ္မဏ ဖြစ်နိုင်၏”ဟု ဆို၏။ ဝါသေဋ္ဌလုလင်က ဤသို့ ဆို၏ “အချင်းဘာရဒွါဇ သီလရှိ၏၊ ကျင့်ဝတ်နှင့်ပြည့်စုံ၏၊ အချင်းဘာရဒွါဇဤမျှဖြင့်ပင် ဗြာဟ္မဏဖြစ်နိုင်၏”ဟု ဆို၏၊ ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်ကို နားလည်စေခြင်းငှါမစွမ်းနိုင်သည်သာတည်း၊ ဝါသေဋ္ဌလုလင်သည်လည်း ဘာရဒွါဇလုလင်ကို နားလည်စေခြင်းငှါ မစွမ်းနိုင်။ ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်ကို ဤသို့ ပြော၏ “အချင်းဘာရဒွါဇ သာကီဝင်မင်း မျိုးမှရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣစ္ဆာနင်္ဂလနိဂုံး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအသျှင်ဂေါတမအား ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍တက်၏-‘ထိုမြတ်စွာဘုရားသည် ။ပ။ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်းဗုဒ္ဓမည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏’ဟု ပျံ့နှံ့၍ တက်၏၊ အချင်းဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဥ်းကပ်၍ ရဟန်းဂေါတမအား ဤအကြောင်းကို မေးကုန်အံ့၊ ရဟန်းဂေါတမ ဖြေကြားသော အတိုင်း ထိုအကြောင်းကို ငါတို့မှတ်သားကုန်အံ့”ဟု ပြော၏၊ “အချင်းဝါသေဋ္ဌ ကောင်းပါပြီ”ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ဝန်ခံ၏။ ထိုအခါ ဘာရဒွါဇနှင့် ဝါသေဋ္ဌလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ထား၏-

With dart plucked out, unattached, having found peace of mind, overcoming all sorrow, one is sorrowless and quenched.

၉။ ဝါသေဋ္ဌသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဣစ္ဆာနင်္ဂလေ ဝိဟရတိ ဣစ္ဆာနင်္ဂလဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ အဘိညာတာ အဘိညာတာ ဗြာဟ္မဏမဟာသာလာ ဣစ္ဆာနင်္ဂလေ ပဋိဝသန္တိ, သေယျထိဒံ – စင်္ကီ ဗြာဟ္မဏော, တာရုက္ခော ဗြာဟ္မဏော, ပေါက္ခရသာတိ ဗြာဟ္မဏော, ဇာဏုဿောဏိ [ဇာဏုသောဏိ (က။)] ဗြာဟ္မဏော, တောဒေယျော ဗြာဟ္မဏော, အညေ စ အဘိညာတာ အဘိညာတာ ဗြာဟ္မဏမဟာသာလာ။ အထ ခေါ ဝါသေဋ္ဌဘာရဒွါဇာနံ မာဏဝါနံ ဇင်္ဃာဝိဟာရံ အနုစင်္ကမန္တာနံ အနုဝိစရန္တာနံ [အနုစင်္ကမမာနာနံ အနုဝိစရမာနာနံ (သီ။ ပီ။)] အယမန္တရာကထာ ဥဒပါဒိ – ‘‘ကထံ, ဘော, ဗြာဟ္မဏော ဟောတီ’’တိ?

ဘာရဒွါဇော မာဏဝေါ ဧဝမာဟ – ‘‘ယတော ခေါ, ဘော, ဥဘတော သုဇာတော ဟောတိ မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေန, ဧတ္တာဝတာ ခေါ ဘော ဗြာဟ္မဏော ဟောတီ’’တိ။

ဝါသေဋ္ဌော မာဏဝေါ ဧဝမာဟ – ‘‘ယတော ခေါ, ဘော, သီလဝါ စ ဟောတိ ဝတသမ္ပန္နော [ဝတ္တသမ္ပန္နော (သီ။ သျာ။ မ။ နိ။ ၂။၄၅၄)] စ, ဧတ္တာဝတာ ခေါ, ဘော, ဗြာဟ္မဏော ဟောတီ’’တိ။ နေဝ ခေါ အသက္ခိ ဘာရဒွါဇော မာဏဝေါ ဝါသေဋ္ဌံ မာဏဝံ သညာပေတုံ, န ပန အသက္ခိ ဝါသေဋ္ဌော မာဏဝေါ ဘာရဒွါဇံ မာဏဝံ သညာပေတုံ။

အထ ခေါ ဝါသေဋ္ဌော မာဏဝေါ ဘာရဒွါဇံ မာဏဝံ အာမန္တေသိ – ‘‘အယံ ခေါ, ဘော [အယံ ဘော (သီ။ သျာ။ က။), အယံ ခေါ (ပီ။)] ဘာရဒွါဇ, သမဏော ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဣစ္ဆာနင်္ဂလေ ဝိဟရတိ ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ…ပေ… ဗုဒ္ဓေါ ဘဂဝါ’တိ။ အာယာမ, ဘော ဘာရဒွါဇ, ယေန သမဏော ဂေါတမော တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ သမဏံ ဂေါတမံ ဧတမတ္ထံ ပုစ္ဆိဿာမ။ ယထာ နော သမဏော ဂေါတမော ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ။ ‘‘ဧဝံ, ဘော’’တိ ခေါ ဘာရဒွါဇော မာဏဝေါ ဝါသေဋ္ဌဿ မာဏဝဿ ပစ္စဿောသိ။

အထ ခေါ ဝါသေဋ္ဌဘာရဒွါဇာ မာဏဝါ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ ဝါသေဋ္ဌော မာဏဝေါ ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –

၆၀၀။ ‘‘အနုညာတပဋိညာတာ, တေဝိဇ္ဇာ မယမသ္မုဘော၊

အဟံ ပေါက္ခရသာတိဿ, တာရုက္ခဿာယံ မာဏဝေါ။

၆၀၀။ အသျှင်ဂေါတမ အကျွန်ုပ်တို့ နှစ်ယောက်သည် ဗေဒင်သုံးပုံကို တတ် မြောက်ကုန်၏ဟု ဆရာကခွင့်ပြုပြီးသူ မိမိကလည်း ဝန်ခံပြီးသူ ဖြစ်ကြပါကုန်၏၊ အကျွန်ုပ်သည် ပေါက္ခရသာတိပုဏ္ဏား၏ (တပည့်ကြီးပါတည်း)၊ ဤလုလင်ကား တာရုက္ခပုဏ္ဏား၏ (တပည့်ကြီးပါတည်း)။ (၁)

Anthology of Discourses 3.9 With Vāseṭṭha So I have heard. At one time the Buddha was staying in a forest near Icchānaṅgala. Now at that time several very well-known well-to-do brahmins were residing in Icchānaṅgala. They included the brahmins Caṅkī, Tārukkha, Pokkharasāti, Jānussoṇi, Todeyya, and others. Then as the students Vāseṭṭha and Bhāradvāja were going for a walk they began to discuss the question: “How do you become a brahmin?” Bhāradvāja said this: “When you’re well born on both your mother’s and father’s side, stemming from a clean vessel, with irrefutable and impeccable genealogy back to the seventh paternal generation— then you’re a brahmin.” Vāseṭṭha said this: “When you’re ethical and accomplished in doing your duties— then you’re a brahmin.” But neither was able to persuade the other. So Vāseṭṭha said to Bhāradvāja, “Worthy Bhāradvāja, the ascetic Gotama—a Sakyan, gone forth from a Sakyan family—is staying in a forest near Icchānaṅgala. He has this good reputation: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ Come, let’s go to see him and ask him about this matter. As he answers, so we’ll remember it.” “Yes, worthy sir,” replied Bhāradvāja. So they went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side, and Vāseṭṭha addressed the Buddha in verse: “We’re both authorized masters of the three Vedas. I’m a student of Pokkharasāti, and he of Tārukkha.

၆၀၁။ ‘‘တေဝိဇ္ဇာနံ ယဒက္ခာတံ, တတြ ကေဝလိနောသ္မသေ၊

ပဒကသ္မ ဝေယျာကရဏာ, ဇပ္ပေ အာစရိယသာဒိသာ။

၆၀၁။ အကျွန်ုပ်တို့သည် (ရှေးဆရာတို့) ဟောကြားအပ်သော ဗေဒင်သုံးပုံအပါ အဝင် ပဒကျမ်းဗျာကရုဏ်းကျမ်းစသည်တို့၌ အကြွင်းမဲ့ တတ်မြောက်သူတို့ ဖြစ် ကြပါကုန်၏၊ ပဒကျမ်းဗျာကရုဏ်းကျမ်းကို ဆောင်သူတို့ ဖြစ်ကြပါကုန်၏၊ ဗေဒင်အရာ၌ အကျွန်ုပ်တို့သည် ဆရာနှင့်တူပါကုန်၏။ (၂)

We’re fully qualified in all the Vedic experts teach. As philologists and grammarians, we match our tutors in recitation.

စာ-၃၇၄

၆၀၂။ ‘‘တေသံ နော ဇာတိဝါဒသ္မိံ, ဝိဝါဒေါ အတ္ထိ ဂေါတမ၊

ဇာတိယာ ဗြာဟ္မဏော ဟောတိ, ဘာရဒွါဇော ဣတိ ဘာသတိ၊

အဟဉ္စ ကမ္မုနာ [ကမ္မနာ (သီ။ ပီ။) ဧဝမုပရိပိ] ဗြူမိ, ဧဝံ ဇာနာဟိ စက္ခုမ။

၆၀၂။ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့အား အမျိုးဇာတ်ကို စွဲ၍ ဖြစ်သော အယူဝါဒ၌ ငြင်းခုံမှု ရှိပါ၏၊ အမျိုးဇာတ်အားဖြင့် ဗြာဟ္မဏဖြစ်၏ဟု ဘာရဒွါဇ ပုဏ္ဏားက ဆိုပါ၏၊ အကျွန်ုပ်က (ပြုလုပ်မှုကုသိုလ်) ကံအားဖြင့် ဗြာဟ္မဏဖြစ်၏ဟု ဆိုပါ၏၊ စက္ခုငါးပါးရှိ တော်မူသော မြတ်စွာဘုရား ဤသို့ သိတော်မူပါ။ (၃)

We have a dispute regarding genealogy. For Bhāradvāja says that one is a brahmin due to birth, but I declare it’s because of one’s deeds. Oh Clear-eyed One, know this as our debate.

၆၀၃။ ‘‘တေ န သက္ကောမ သညာပေတုံ, အညမညံ မယံ ဥဘော၊

ဘဝန္တံ [ဘဂဝန္တံ (က။)] ပုဋ္ဌုမာဂမှာ, သမ္ဗုဒ္ဓံ ဣတိ ဝိဿုတံ။

၆၀၃။ ထိုအကျွန်ုပ်တို့သည် အချင်းချင်း သိနားလည်စေခြင်းငှါ မစွမ်းနိုင်ကြပါကုန်၊ အကျွန်ုပ်တို့နှစ်ယောက်သည် တရားအားလုံးကိုမှန်စွာ သိသူ (ဘုရား)ဟု ကျော်စောထင်ရှားသော အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏။ (၄)

Since neither of us was able to convince the other, we’ve come to ask you, sir, renowned as the awakened one.

၆၀၄။ ‘‘စန္ဒံ ယထာ ခယာတီတံ, ပေစ္စ ပဉ္ဇလိကာ ဇနာ၊

ဝန္ဒမာနာ နမဿန္တိ, ဧဝံ လောကသ္မိ ဂေါတမံ။

၆၀၄။ လောက၌ ရှိခိုးလိုသူတို့သည် ဆုတ်ယုတ်ခြင်းကို လွန်သော လပြည့်ဝန်းကို စိတ်ဖြင့့်ကပ်ရောက်၍ လက်အုပ်ချီလျက် ရှိခိုးကြကုန်သကဲ့သို့ ဤအတူ ဂေါတမမြတ်စွာဘုရားကိုလည်းရှိခိုးကြပါကုန်၏။ (၅)

As people honor with cupped palms the moon on the cusp of waxing, bowing, they revere Gotama in the world.

၆၀၅။ ‘‘စက္ခုံ လောကေ သမုပ္ပန္နံ, မယံ ပုစ္ဆာမ ဂေါတမံ၊

ဇာတိယာ ဗြာဟ္မဏော ဟောတိ, ဥဒါဟု ဘဝတိ ကမ္မုနာ၊

အဇာနတံ နော ပဗြူဟိ, ယထာ ဇာနေမု ဗြာဟ္မဏံ’’။

၆၀၅။ လောက၌ မျက်စိသဖွယ်ဖြစ်သော အသျှင်ဂေါတမကို အကျွန်ုပ်တို့ မေး လျှောက်ပါကုန်၏၊ အမျိုးဇာတ်အားဖြင့် ‘ဗြာဟ္မဏ’ ဖြစ်ပါသလော၊သို့ မဟုတ် (ပြုလုပ်မှုကုသိုလ်) ကံအားဖြင့် ‘ဗြာဟ္မဏ’ဖြစ်ပါသလော၊ ‘ဗြာဟ္မဏ’ဟု မသိကုန်သော အကျွန်ုပ်တို့အား ‘ဗြာဟ္မဏ’ဟု သိနိုင်လောက်သော အခြင်းအရာအားဖြင့် ဟောတော်မူပါလော့။ (၆)

We ask this of Gotama, the Eye arisen in the world: is one a brahmin due to birth, or else because of deeds? We don’t know, please tell us, so we can recognize a brahmin.”

၆၀၆။ ‘‘တေသံ ဝေါ အဟံ ဗျက္ခိဿံ, (ဝါသေဋ္ဌာတိ ဘဂဝါ) အနုပုဗ္ဗံ ယထာတထံ၊

ဇာတိဝိဘင်္ဂံ ပါဏာနံ, အညမညာ ဟိ ဇာတိယော။

၆၀၆။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) - ဝါသေဋ္ဌ ထိုသတ္တဝါတို့၏ အမျိုးဇာတ်အကျယ်ကိုဟုတ်တိုင်းမှန်စွာ အစဥ် အတိုင်း သင်တို့အား ငါဟောကြားပေအံ့၊မှန်၏- အမျိုးဇာတ်တို့သည် တစ်မျိုး စီတစ်မျိုးစီ များပြားလှကုန်၏။ (၇)

“I shall explain to you,” said the Buddha, “accurately and in sequence, the taxonomy of living creatures, for species are indeed diverse.

၆၀၇။ ‘‘တိဏရုက္ခေပိ ဇာနာထ, န စာပိ ပဋိဇာနရေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၀၇။ မြက်သစ်ပင်တို့ကိုလည်း သင်တို့ သိကြကုန်၏၊ ထိုမြက်သစ်ပင်တို့သည် မြက်သစ်ပင်မျိုးဟု ဝန်မခံကြကုန်၊ (ဝန်မခံကြကုန်သော်လည်း) ထိုမြက်သစ်ပင်တို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့်ဖြစ်၏၊ (ထိုမြက်သစ်ပင်တို့၏) အမျိုး ဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၈)

Know the grass and trees, though they lack self-awareness. They’re defined by birth, for species are indeed diverse.

၆၀၈။ ‘‘တတော ကီဋေ ပဋင်္ဂေ စ, ယာဝ ကုန္ထကိပိလ္လိကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၀၈။ ထိုမှ (တစ်ပါးသော) ပေါက်ဖတ်တို့သည်လည်းကောင်း၊ နှံကောင်တို့သည်လည်းကောင်း၊ ပရွက်ပိုးရွတို့တို့ကိုလည်းကောင်း သင်တို့ သိကြကုန်၏၊ ထိုပေါက်ဖတ်စသည်တို့၏ အသွင်အပြင်သည်အမျိုးဇာတ်အားဖြင့် ဖြစ်၏၊မှန်၏ - အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၉)

Next there are bugs that crawl or fly, and so on, to ants and termites. They’re defined by birth, for species are indeed diverse.

၆၀၉။ ‘‘စတုပ္ပဒေပိ ဇာနာထ, ခုဒ္ဒကေ စ မဟလ္လကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၀၉။ ငယ်သည်လည်းဖြစ်ကုန်သော ကြီးသည်လည်းဖြစ်ကုန်သော အခြေလေး ချောင်းရှိသော သတ္တဝါတို့ကိုလည်း သင်တို့ သိကြကုန်၏၊ ထိုသတ္တဝါတို့၏ အသွင် အပြင်သည် အမျိုးဇာတ်အားဖြင့်ဖြစ်၏၊မှန်၏- အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁၀)

Know the quadrupeds, too, both small and large. They’re defined by birth, for species are indeed diverse.

၆၁၀။ ‘‘ပါဒူဒရေပိ ဇာနာထ, ဥရဂေ ဒီဃပိဋ္ဌိကေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၁၀။ ဝမ်းပိုက်ရေလျှင် အခြေရှိကုန်သော ရှည်သော ကျောက်ကုန်းရှိကုန်သော မြွေတို့ကိုလည်း သင်တို့သိကြကုန်၏၊ ထိုသတ္တဝါတို့၏ အသွင်အပြင်သည် အမျိုး ဇာတ်အားဖြင့် ဖြစ်၏၊မှန်၏-အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များ ပြားလှကုန်၏။ (၁၁)

Know, too, the long-backed snakes, crawling on their bellies. They’re defined by birth, for species are indeed diverse.

၆၁၁။ ‘‘တတော မစ္ဆေပိ ဇာနာထ, ဩဒကေ ဝါရိဂေါစရေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၁၁။ ထိုမှတစ်ပါး ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားတတ်ကုန်သော ငါးတို့ကိုလည်း သင်တို့သိကြကုန်၏၊ ထိုရေသတ္တဝါတို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့် ဖြစ်၏၊မှန်၏-အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁၂)

Next know the fish, whose habitat is the water. They’re defined by birth, for species are indeed diverse.

၆၁၂။ ‘‘တတော ပက္ခီပိ ဇာနာထ, ပတ္တယာနေ ဝိဟင်္ဂမေ၊

လိင်္ဂံ ဇာတိမယံ တေသံ, အညမညာ ဟိ ဇာတိယော။

၆၁၂။ ထိုမှတစ်ပါး အတောင်ဖြင့် သွားကုန်သော ကောင်းကင်၌ ပျံကုန်သော ငှက်တို့ကိုလည်း သင်တို့သိကြကုန်၏၊ ထိုငှက်သတ္တဝါတို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့် ဖြစ်၏၊မှန်၏ -အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁၃)

Next know the birds, winged chariots in flight. They’re defined by birth, for species are indeed diverse.

စာ-၃၇၅

၆၁၃။ ‘‘ယထာ ဧတာသု ဇာတီသု, လိင်္ဂံ ဇာတိမယံ ပုထု၊

ဧဝံ နတ္ထိ မနုဿေသု, လိင်္ဂံ ဇာတိမယံ ပုထု။

၆၁၃။ ဤဆိုခဲ့ပြီးသော အမျိုးဇာတ်တို့၌ ဇာတ်ဖြင့်ပြီးသော အသီးသီးသော အသွင်အပြင်ရှိသကဲ့သို့ ဤအတူ လူတို့၌ အမျိုးဇာတ်ဖြင့် ပြီးသော အသီးသီးသော အသွင်အပြင် မရှိ။ (၁၄)

While the differences between these species are defined by birth, the differences between humans are not defined by birth.

၆၁၄။ ‘‘န ကေသေဟိ န သီသေန, န ကဏ္ဏေဟိ န အက္ခိဘိ၊

န မုခေန န နာသာယ, န ဩဋ္ဌေဟိ ဘမူဟိ ဝါ။

၆၁၄။ လူတို့၌ ဆံပင်တို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူး မရှိ၊ ဦးခေါင်းနားရွက် မျက်စိ နှာခေါင်း နှုတ်ခမ်း မျက်ခုံးတို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင်အထူးမရှိ။ (၁၅)

Not by hair nor by head, not by ear nor by eye, not by mouth nor by nose, not by lips nor by eyebrow,

၆၁၅။ ‘‘န ဂီဝါယ န အံသေဟိ, န ဥဒရေန န ပိဋ္ဌိယာ၊

န သောဏိယာ န ဥရသာ, န သမ္ဗာဓေ န မေထုနေ [န သမ္ဗာဓာ န မေထုနာ (သျာ။ က။)]။

၆၁၅။ လည်ပင်း ပခုံး ဝမ်းဗိုက် ကျောက်ကုန်း ခါး ရင် ကျဥ်းမြောင်းရာအင်္ဂါ မေထုန်အားဖြင့်မူလည်းအမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူးမရှိ။ (၁၆)

not by shoulder nor by neck, not by belly nor by back, not by buttocks nor by breast, not by groin nor by genitals,

၆၁၆။ ‘‘န ဟတ္ထေဟိ န ပါဒေဟိ, နာင်္ဂုလီဟိ နခေဟိ ဝါ၊

န ဇင်္ဃာဟိ န ဦရူဟိ, န ဝဏ္ဏေန သရေန ဝါ၊

လိင်္ဂံ ဇာတိမယံ နေဝ, ယထာ အညာသု ဇာတိသု။

၆၁၆။ လက်သည်း ခြေသည်း ခြေသလုံး ပေါင် အဆင်းအသံတို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူးမရှိ၊ လူမှတစ်ပါးသော သစ်ပင်စသော ဇာတ်တို့၌ ဇာတ်ဖြင့်ဖြစ်သော အသွင်အပြင်ရှိသကဲ့သို့ ဤအတူ လူတို့၌ ဇာတ်ဖြင့်ဖြစ်သော အသွင်အပြင် အထူးမရှိ။ (၁၇)

not by hands nor by feet, not by fingers nor by nails, not by knees nor by thighs, not by color nor by voice: none of these are defined by birth as it is for other species.

၆၁၇။ ‘‘ပစ္စတ္တဉ္စ သရီရေသု [ပစ္စတ္တံ သသရီရေသု (သီ။ ပီ။)], မနုဿေသွေတံ န ဝိဇ္ဇတိ၊

ဝေါကာရဉ္စ မနုဿေသု, သမညာယ ပဝုစ္စတိ။

၆၁၇။ လူတို့တွင် (ပုဏ္ဏားအစရှိသူတို့၏) ကိုယ်တို့၌ အသီးသီးဖြစ်သော ဤဆံပင်အစရှိသော ပုံသဏ္ဌာန်ထူးခြားမှု မရှိ၊ (သို့ ပင်မရှိပါသော်လည်း) လူတို့ဝယ် ဗြာဟ္မဏ ခတ္တိယဟု ခေါ်ဝေါ်ကြောင်းခန္ဓာကိုယ်တို့၌ အမည်ပညတ်အားဖြင့်သာ ခေါ်ဆိုရ၏။ (၁၈)

In specific human bodies you can’t find such distinctions. The distinctions among humans are spoken of by convention.

၆၁၈။ ‘‘ယော ဟိ ကောစိ မနုဿေသု, ဂေါရက္ခံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ကဿကော သော န ဗြာဟ္မဏော။

၆၁၈။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို လယ်ထွန်မှုကိုမှီ၍ အသက်မွေး၏၊ ထိုသူသည် လယ်သမား ‘ကဿက’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၁၉)

Anyone among humans who lives off keeping cattle: know them, Vāseṭṭha, as a farmer, not a brahmin.

၆၁၉။ ‘‘ယော ဟိ ကောစိ မနုဿေသု, ပုထုသိပ္ပေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, သိပ္ပိကော သော န ဗြာဟ္မဏော။

၆၁၉။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို အထူးထူးသော လက်မှုပညာဖြင့် အသက်မွေး၏၊ ထိုသူသည် လက်မှုပညာသည် ‘သိပ္ပိက’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၀)

Anyone among humans who lives off various professions: know them, Vāseṭṭha, as a professional, not a brahmin.

၆၂၀။ ‘‘ယော ဟိ ကောစိ မနုဿေသု, ဝေါဟာရံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ဝါဏိဇော သော န ဗြာဟ္မဏော။

၆၂၀။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို အရောင်းအဝယ်ကိုမှီ၍ အသက်မွေး၏၊ ထိုသူသည် ကုန်သည် ‘ဝါဏိဇ’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၁)

Anyone among humans who lives off trade: know them, Vāseṭṭha, as a trader, not a brahmin.

၆၂၁။ ‘‘ယော ဟိ ကောစိ မနုဿေသု, ပရပေဿေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ပေဿိကော [ပေဿကော (က။)] သော န ဗြာဟ္မဏော။

၆၂၁။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို သူတစ်ပါးတို့၏ အစေအပါးအဖြစ်ဖြင့် အသက်မွေး၏၊ ထိုသူသည် အစေခံ ‘ပေဿိက’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၂)

Anyone among humans who lives off serving others: know them, Vāseṭṭha, as a servant, not a brahmin.

၆၂၂။ ‘‘ယော ဟိ ကောစိ မနုဿေသု, အဒိန္နံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, စောရော ဧသော န ဗြာဟ္မဏော။

၆၂၂။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မပေးသော ဥစ္စာကို ခိုးယူမှုဖြင့် အသက်မွေး၏၊ ထိုသူသည် သူခိုး ‘စောရ’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၃)

Anyone among humans who lives off stealing: know them, Vāseṭṭha, as a bandit, not a brahmin.

၆၂၃။ ‘‘ယော ဟိ ကောစိ မနုဿေသု, ဣဿတ္ထံ ဥပဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ယောဓာဇီဝေါ န ဗြာဟ္မဏော။

၆၂၃။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မြားလှံစသော လက်နက်ဖြင့် အသက် မွေး၏၊ ထိုသူသည် စစ်မှုထမ်း ‘ယောဓာဇီဝ’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၄)

Anyone among humans who lives off archery: know them, Vāseṭṭha, as a warrior, not a brahmin.

၆၂၄။ ‘‘ယော ဟိ ကောစိ မနုဿေသု, ပေါရောဟိစ္စေန ဇီဝတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ယာဇကော ဧသော န ဗြာဟ္မဏော။

၆၂၄။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို ပုရောဟိတ်အမှုဖြင့် အသက်မွေး၏၊ ထိုသူသည် ယဇ်ပူဇော်တတ်သူ ‘ယာဇက’ မည်၏၊ ‘ဗြာဟ္မဏ’မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၅)

Anyone among humans who lives off priesthood: know them, Vāseṭṭha, as a sacrificer, not a brahmin.

စာ-၃၇၆

၆၂၅။ ‘‘ယော ဟိ ကောစိ မနုဿေသု, ဂါမံ ရဋ္ဌဉ္စ ဘုဉ္ဇတိ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ရာဇာ ဧသော န ဗြာဟ္မဏော။

၆၂၅။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မြို့ ရွာကိုလည်းကောင်း၊ တိုင်းနိုင်ငံကိုလည်းကောင်းသုံးဆောင်ခံစား၏၊ ဤသူသည် မင်း ‘ရာဇာ’ မည်၏၊ ‘ဗြာဟ္မဏ’ မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၆)

Anyone among humans who taxes village and nation, know them, Vāseṭṭha, as a ruler, not a brahmin.

၆၂၆။ ‘‘န စာဟံ ဗြာဟ္မဏံ ဗြူမိ, ယောနိဇံ မတ္တိသမ္ဘဝံ၊

ဘောဝါဒိ နာမ သော ဟောတိ, သစေ [သ ဝေ (သီ။ သျာ။)] ဟောတိ သကိဉ္စနော၊

အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၂၆။ (ဝါသေဋ္ဌ) ပုဏ္ဏားမျိုး၌ ဖြစ်သော ပုဏ္ဏေးမမှဖြစ်သောသူကို ‘ဗြာဟ္မဏ’ဟု ငါ မဆို၊ ထိုပုဏ္ဏားသည် ရာဂစသောကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည် ရှိ၏၊ကြောင့်ကြမှုကိလေသာလည်း မရှိ၊ စွဲလမ်းမှုလည်း မရှိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၂၇)

I don’t call someone a brahmin after the mother’s womb they’re born from. If they still have attachments, they’re just someone who says ‘worthy’. Having nothing, taking nothing: that’s who I declare a brahmin.

၆၂၇။ ‘‘သဗ္ဗသံယောဇနံ ဆေတွာ, သော ဝေ န ပရိတဿတိ၊

သင်္ဂါတိဂံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၂၇။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အနှောင်အဖွဲ့ သံယောဇဥ်အားလုံးကို ဖြတ်၍ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသကို လွန်သော ကိလေသာနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါဆို၏။ (၂၈)

Having cut off all fetters they have no anxiety; they’ve slipped their chains and are detached: that’s who I declare a brahmin.

၆၂၈။ ‘‘ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ, သန္ဒာနံ သဟနုက္ကမံ၊

ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၂၈။ (ဝါသေဋ္ဌ ဒေါသတည်းဟူသော) နှောင်ကြိုးကိုလည်းကောင်း၊ (တဏှာတည်းဟူသော) လွန်ကြိုးကိုလည်းကောင်း ကိန်းအောင်းနေသော ကိလေသာနှင့် တကွသော မိစ္ဆာဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုးကိုလည်းကောင်း ဖြတ်၍ အဝိဇ္ဇာတံခါးကျင် မင်းတုပ်ကို ပယ်နုတ်ပြီးလျှင် သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၂၉)

They’ve cut the strap and harness, the halter and bridle too; with cross-bar lifted, they’re awakened: that’s who I declare a brahmin.

၆၂၉။ ‘‘အက္ကောသံ ဝဓဗန္ဓဉ္စ, အဒုဋ္ဌော ယော တိတိက္ခတိ၊

ခန္တီဗလံ ဗလာနီကံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၂၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဥ်းဆဲခြင်း နှောင် ဖွဲ့ခြင်းကို အမျက်မထွက်ဘဲသည်းခံ၏၊သည်းခံခြင်းအားတည်းဟူသော စစ်သည် ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၀)

Abuse, killing, caging: they endure these without anger. Patience is their powerful army: that’s who I declare a brahmin.

၆၃၀။ ‘‘အက္ကောဓနံ ဝတဝန္တံ, သီလဝန္တံ အနုဿဒံ၊

ဒန္တံ အန္တိမသာရီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၀။ (ဝါသေဋ္ဌ) အမျက်လည်းမထွက်၊ ဓုတင်အကျင့်လည်းရှိသော သီလနှင့်လည်း ပြည့်စုံတဏှာပြန့်ပြောခြင်းလည်း မရှိ၊ ယဥ်ကျေး၍ အဆုံးစွန်သော ကိုယ် ရှိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၁)

Not irritable or pretentious, dutiful in precepts and observances, tamed, bearing their final body: that’s who I declare a brahmin.

၆၃၁။ ‘‘ဝါရိ ပေါက္ခရပတ္တေဝ, အာရဂ္ဂေရိဝ သာသပေါ၊

ယော န လိမ္ပတိ ကာမေသု, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၁။ (ဝါသေဋ္ဌ) ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ (ပွတ်ဆောက်) စူးဖျား၌ မုန်ညင်းစေ့မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မကပ်ငြိ မလိမ်းကျံသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါဆို၏။ (၃၂)

Like water from a lotus leaf, like a mustard seed off the point of a pin, sensual pleasures slip off them: that’s who I declare a brahmin.

၆၃၂။ ‘‘ယော ဒုက္ခဿ ပဇာနာတိ, ဣဓေဝ ခယမတ္တနော၊

ပန္နဘာရံ ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၂။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် မိမိ၏ ဆင်းရဲကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိ၏၊ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာတို့နှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၃)

They understand for themselves the end of suffering in this life; with burden put down, detached: that’s who I declare a brahmin.

၆၃၃။ ‘‘ဂမ္ဘီရပညံ မေဓာဝိံ, မဂ္ဂါမဂ္ဂဿ ကောဝိဒံ၊

ဥတ္တမတ္ထမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၃။ (ဝါသေဋ္ဌ) နက်နဲသော ပညာရှိသော ထက်မြက်သော ပညာရှိသော လမ်းမှန်ကိုဟုတ်သည်မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၄)

Deep in wisdom, intelligent, expert in the path and what is not the path; arrived at the highest goal: that’s who I declare a brahmin.

၆၃၄။ ‘‘အသံသဋ္ဌံ ဂဟဋ္ဌေဟိ, အနာဂါရေဟိ စူဘယံ၊

အနောကသာရိမပ္ပိစ္ဆံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၄။ (ဝါသေဋ္ဌ) လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့်မရောယှက်သောတဏှာကင်းကြောင်း အကျင့်ရှိသည်ဖြစ်၍ အလို နည်းသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၅)

Mixing with neither householders nor the homeless; a migrant with no bastion, few in wishes: that’s who I declare a brahmin.

၆၃၅။ ‘‘နိဓာယ ဒဏ္ဍံ ဘူတေသု, တသေသု ထာဝရေသု စ၊

ယော န ဟန္တိ န ဃာတေတိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၅။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ထိတ်လန့်တတ်သော ပုထုဇဥ် သေက္ခ ပုဂ္ဂိုလ်တို့၌လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ် လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်း မသတ် သူတစ်ပါးကိုလည်း မသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါဆို၏။ (၃၆)

They’ve laid aside violence against creatures firm and frail; not killing or making others kill: that’s who I declare a brahmin.

၆၃၆။ ‘‘အဝိရုဒ္ဓံ ဝိရုဒ္ဓေသု, အတ္တဒဏ္ဍေသု နိဗ္ဗုတံ၊

သာဒါနေသု အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၆။ (ဝါသေဋ္ဌ) ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသူတို့၌ ဓားတုတ်ချပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောတရားတို့၌ စွဲလမ်းခြင်း မရှိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၇)

Not fighting among those who fight, quenched among those who have taken up arms, not grasping among those who grasp: that’s who I declare a brahmin.

စာ-၃၇၇

၆၃၇။ ‘‘ယဿ ရာဂေါ စ ဒေါသော စ, မာနော မက္ခော စ ပါတိတော၊

သာသပေါရိဝ အာရဂ္ဂါ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၇။ (ဝါသေဋ္ဌ) မုန်ညင်းစေ့သည် (ပွတ်ဆောက်) စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု ‘ရာဂ’အမျက်ထွက်မှု ‘ဒေါသ’ ထောင်လွှားမှု ‘မာန’ သူတစ်ပါး၏ဂုဏ်ကို ဖျက်ဆီးမှု ‘မက္ခ’တို့ကင်းပလျောကျပြီးသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၈)

They’ve discarded greed and hate, along with conceit and contempt, like a mustard seed off the point of a pin: that’s who I declare a brahmin.

၆၃၈။ ‘‘အကက္ကသံ ဝိညာပနိံ, ဂိရံ သစ္စမုဒီရယေ၊

ယာယ နာဘိသဇေ ကဉ္စိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၈။ (ဝါသေဋ္ဌ အကြင်ပုဂ္ဂိုလ်သည် ) မည်သည့် တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက်မငြိစွန်းစေမူ၍ နူးညံ့ပြေပြစ်လျက် သဘောအဓိပ္ပါယ် ပေါ်လွင်စေသောမှန်သော စကားကို ပြောဆိုရာ၏၊ ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၃၉)

The words they utter are polished, informative, and true, and don’t offend anyone: that’s who I declare a brahmin.

၆၃၉။ ‘‘ယောဓ ဒီဃံ ဝ ရဿံ ဝါ, အဏုံ ထူလံ သုဘာသုဘံ၊

လောကေ အဒိန္နံ နာဒိယတိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၃၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် လောက၌ ပိုင်ရှင်မပေးသော ဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူ၊ ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၀)

They don’t steal anything in the world, long or short, tiny or huge, beautiful or ugly: that’s who I declare a brahmin.

၆၄၀။ ‘‘အာသာ ယဿ န ဝိဇ္ဇန္တိ, အသ္မိံ လောကေ ပရမှိ စ၊

နိရာသာသံ [နိရာသယံ (သီ။ သျာ။ ပီ။), နိရာသကံ (?)] ဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်းမက်မောမှု ‘တဏှာ’တို့ မရှိကုန်၊ မက်မောမှု ‘အာသာ’ ကင်း၍ ကိလေသာနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၁)

They have no hope for this world or the next; with no need for hope, detached: that’s who I declare a brahmin.

၆၄၁။ ‘‘ယဿာလယာ န ဝိဇ္ဇန္တိ, အညာယ အကထံကထီ၊

အမတောဂဓမနုပ္ပတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်၊ တရားမှန်ကို သိ၍သို့လောသို့လောတွေးတောခြင်း မရှိ၊ အမြိုက်နိဗ္ဗာန်သို့ ဝင်ရောက်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၂)

They have no clinging, knowledge has freed them of indecision, they’ve arrived at the objective, freedom from death: that’s who I declare a brahmin.

၆၄၂။ ‘‘ယောဓ ပုညဉ္စ ပါပဉ္စ, ဥဘော သင်္ဂမုပစ္စဂါ၊

အသောကံ ဝိရဇံ သုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၂။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကိုလည်းကောင်း၊ ကပ်ငြိတတ်သောတဏှာကိုလည်းကောင်း လွန် မြောက်၏၊ စိုရိမ်ခြင်းမရှိသော ကိလေသာမြူကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၃)

They’ve escaped clinging to both good and bad deeds; sorrowless, stainless, pure: that’s who I declare a brahmin.

၆၄၃။ ‘‘စန္ဒံဝ ဝိမလံ သုဒ္ဓံ, ဝိပ္ပသန္နမနာဝိလံ၊

နန္ဒီဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၃။ (ဝါသေဋ္ဌ) အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့်ကြည်လင်သော စိတ်ရှိသော နောက်ကျုခြင်းမှ ကင်းလျက် ဘဝတို့၌ နှစ်သက်တတ်သည့်တဏှာကုန်ပြီးသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၄)

Pure as the spotless moon, clear and unclouded, they’ve ended relish for rebirth: that’s who I declare a brahmin.

၆၄၄။ ‘‘ယောမံ ပလိပထံ ဒုဂ္ဂံ, သံသာရံ မောဟမစ္စဂါ၊

တိဏ္ဏော ပါရင်္ဂတော ဈာယီ, အနေဇော အကထံကထီ၊

အနုပါဒါယ နိဗ္ဗုတော, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၄။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း၊ ကိလေသာတည်းဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာတည်းဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက် မှောင်ကိုလည်းကောင်းလွန်မြောက်ပြီး ဩဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏၊ ကိလေသာတို့ကို ရှို့မြှိုက်လေ့ ရှိ၏၊ တဏှာကင်း၏၊သို့လောသို့လော တွေးတောမှု မရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏၊ ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၅)

They’ve got past this grueling swamp of delusion, transmigration. Meditating in stillness, free of indecision, they have crossed over to the far shore. They’re quenched by not grasping: that’s who I declare a brahmin.

၆၄၅။ ‘‘ယောဓ ကာမေ ပဟန္တွာန, အနာဂါရော ပရိဗ္ဗဇေ၊

ကာမဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၅။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကို ပယ်၍ အိမ်ရာ မထောင်ဘဲရဟန်းပြု၏၊ ကုန်ပြီးသော ကာမကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၆)

They’ve given up sensual pleasures, and have gone forth from lay life; they’ve ended rebirth in the sensual realm: that’s who I declare a brahmin.

၆၄၆။ ‘‘ယောဓ တဏှံ ပဟန္တွာန, အနာဂါရော ပရိဗ္ဗဇေ၊

တဏှာဘဝပရိက္ခီဏံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၆။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာကို ပယ်၍ အိမ်ရာ မထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဆို၏။ (၄၇)

They’ve given up craving, and have gone forth from lay life; they’ve ended craving to be reborn: that’s who I declare a brahmin.

၆၄၇။ ‘‘ဟိတွာ မာနုသကံ ယောဂံ, ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ၊

သဗ္ဗယောဂဝိသံယုတ္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၇။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် လူ၌ ဖြစ်သော အစီးအပွါးကို ပယ်စွန့်၍ နတ်၌ ဖြစ်သော အစီးအပွါးကို လွန်မြောက်၏၊ အလုံးစုံသော အစီးအပွါးနှင့် မယှဥ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါဆို၏။ (၄၈)

They’ve thrown off the human yoke, and slipped out of the heavenly yoke; unyoked from all yokes: that’s who I declare a brahmin.

၆၄၈။ ‘‘ဟိတွာ ရတိဉ္စ အရတိံ, သီတိဘူတံ နိရူပဓိံ၊

သဗ္ဗလောကာဘိဘုံ ဝီရံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၈။ (ဝါသေဋ္ဌ ကာမဂုဏ်၌) မွေ့လျော်ခြင်း (ဆိတ်ငြိမ်ရာ၌) မမွေ့လျော်ခြင်းကို ပယ်စွန့်၍ငြိမ်းအေးပြီးသော ဥပဓိမရှိသော အလုံးစုံသော လောကကို လွှမ်းမိုး၍ တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၄၉)

Giving up desire and discontent, they’re cooled and free of attachments; a hero, master of the whole world: that’s who I declare a brahmin.

စာ-၃၇၈

၆၄၉။ ‘‘စုတိံ ယော ဝေဒိ [ယော’ဝေတိ (?) ဣတိဝုတ္တကေ ၉၉ အဋ္ဌကထာသံဝဏနာ ပဿိတဗ္ဗာ] တ္တာနံ, ဥပပတ္တိဉ္စ သဗ္ဗသော၊

အသတ္တံ သုဂတံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၄၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် သတ္တဝါတို့၏သေခြင်းကိုလည်းကောင်း၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း အလုံးစုံအားဖြင့် သိ၏၊ ကပ်ငြိတွယ်တာခြင်း မရှိသောသူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်၍ သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါဆို၏။ (၅၀)

They know the passing away and rebirth of all beings; unattached, holy, awakened: that’s who I declare a brahmin.

၆၅၀။ ‘‘ယဿ ဂတိံ န ဇာနန္တိ, ဒေဝါ ဂန္ဓဗ္ဗမာနုသာ၊

ခီဏာသဝံ အရဟန္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၅၀။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်၏ လားရာဂတိကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိနိုင်ကုန်၊ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၅၁)

Gods, centaurs, and humans don’t know their destiny; the perfected ones with defilements ended: that’s who I declare a brahmin.

၆၅၁။ ‘‘ယဿ ပုရေ စ ပစ္ဆာ စ, မဇ္ဈေ စ နတ္ထိ ကိဉ္စနံ၊

အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၅၁။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်အား (အတိတ်) ခန္ဓာ၌လည်းကောင်း၊ (အနာဂတ်) ခန္ဓာ၌လည်းကောင်း၊ (ပစ္စုပ္ပန်) ခန္ဓာ၌လည်းကောင်းကြောင့်ကြမှု မရှိ၊ကြောင့်ကြမှုမရှိသော စွဲလမ်းမှုကင်းသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၅၂)

They have nothing before or after, or even in between. Having nothing, taking nothing: that’s who I declare a brahmin.

၆၅၂။ ‘‘ဥသဘံ ပဝရံ ဝီရံ, မဟေသိံ ဝိဇိတာဝိနံ၊

အနေဇံ နှာတကံ ဗုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၅၂။ (ဝါသေဋ္ဌ) ရှေ့ဆောင် နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကို အောင်ပြီးသောတဏှာကင်းသော ကိလေသာအညစ်အကြေးဆေးလျှော်ပြီးသော သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၅၃)

Captain of the herd, excellent hero, great seer and victor; unstirred, washed, awakened: that’s who I declare a brahmin.

၆၅၃။ ‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒိ [ယော’ဝေတိ (?) ဣတိဝုတ္တကေ ၉၉ အဋ္ဌကထာသံဝဏနာ ပဿိတဗ္ဗာ], သဂ္ဂါပါယဉ္စ ပဿတိ၊

အထော ဇာတိက္ခယံ ပတ္တော, တမဟံ ဗြူမိ ဗြာဟ္မဏံ။

၆၅၃။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဥ်ကို သိ၏၊ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့လည်း ရောက်၏၊ ထိုပုဂ္ဂိုလ်ကို ‘ဗြာဟ္မဏ’ဟု ငါ ဆို၏။ (၅၄)

They who know their past lives, see heaven and places of loss, and have attained the ending of rebirth, that’s who I declare a brahmin.

၆၅၄။ ‘‘သမညာ ဟေသာ လောကသ္မိံ, နာမဂေါတ္တံ ပကပ္ပိတံ၊

သမ္မုစ္စာ သမုဒါဂတံ, တတ္ထ တတ္ထ ပကပ္ပိတံ။

၆၅၄။ လောက၌ အမည်အနွယ်ကို အထူးထူးအထွေထွေ ကြံဆအပ်၏၊ ဤသို့ ကြံဆခြင်းသည် အမည်ပညတ်မျှသာတည်း၊ အမည်ပညတ်သည် ခေါ်ဝေါ်သမုတ် သဖြင့် ဖြစ်ပေါ်လာ၏၊ ထိုထိုမွေးဖွားရာအချိန်ကာလကပင် ဆွေမျိုးသားချင်းတို့သည် အထူးထူးအထွေထွေမှည့်ခေါ်ကြံဆအပ်၏။ (၅၅)

For name and clan are formulated as mere convention in the world. Produced by mutual agreement, they’re formulated in each case.

၆၅၅။ ‘‘ဒီဃရတ္တမနုသယိတံ, ဒိဋ္ဌိဂတမဇာနတံ၊

အဇာနန္တာ နော [အဇာနန္တာ တေ (အဋ္ဌ။) မ။ နိ။ ၂။၄၆၀] ပဗြုဝန္တိ, ဇာတိယာ ဟောတိ ဗြာဟ္မဏော။

၆၅၅။ မသိကြကုန်သော သတ္တဝါတို့၏ စိတ်နှလုံး၌ မိစ္ဆာအယူသည် ရှည်စွာသော ကာလပတ်လုံးကိန်းဝပ်၏၊ မသိကြကုန်သည်ဖြစ်၍သာလျှင် အမျိုးဇာတ်အားဖြင့် ‘ဗြာဟ္မဏဖြစ်၏’ဟု ဆိုကြကုန်၏။ (၅၆)

For a long time this misconception has prejudiced those who don’t understand. Ignorant, they declare that one is a brahmin by birth.

၆၅၆။ ‘‘န ဇစ္စာ ဗြာဟ္မဏော ဟောတိ, န ဇစ္စာ ဟောတိ အဗြာဟ္မဏော၊

ကမ္မုနာ ဗြာဟ္မဏော ဟောတိ, ကမ္မုနာ ဟောတိ အဗြာဟ္မဏော။

၆၅၆။ အမျိုးဇာတ်ကြောင့် ‘ဗြာဟ္မဏ’မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ‘ဗြာဟ္မဏ’ မဟုတ်သူလည်းမဖြစ်နိုင်၊ ပြုလုပ်သော အမှုကြောင့် သာ ‘ဗြာဟ္မဏ’ဖြစ်၏၊ ပြု လုပ်သော အမှုကြောင့် သာ‘ဗြာဟ္မဏ’မဟုတ်သူ ဖြစ်၏။ (၅၇)

You’re not a brahmin by birth, nor by birth a non-brahmin. You’re a brahmin by your deeds, and by deeds a non-brahmin.

၆၅၇။ ‘‘ကဿကော ကမ္မုနာ ဟောတိ, သိပ္ပိကော ဟောတိ ကမ္မုနာ၊

ဝါဏိဇော ကမ္မုနာ ဟောတိ, ပေဿိကော ဟောတိ ကမ္မုနာ။

၆၅၇။ အလုပ်ဖြင့် လယ်သမားဖြစ်၏၊ အလုပ်ဖြင့် လက်မှုပညာသည် ဖြစ်၏၊ အလုပ်ဖြင့်ကုန်သည် ဖြစ်၏၊ အလုပ်ဖြင့် အစေခံ ဖြစ်၏။ (၅၈)

You’re a farmer by your deeds, by deeds you’re a professional; you’re a trader by your deeds, by deeds are you a servant;

၆၅၈။ ‘‘စောရောပိ ကမ္မုနာ ဟောတိ, ယောဓာဇီဝေါပိ ကမ္မုနာ၊

ယာဇကော ကမ္မုနာ ဟောတိ, ရာဇာပိ ဟောတိ ကမ္မုနာ။

၆၅၈။ အလုပ်ဖြင့် ခိုးသူ ဖြစ်၏၊ အလုပ်ဖြင့် စစ်မှုထမ်းသူလည်း ဖြစ်၏၊ အလုပ်ဖြင့် ယဇ်ပူဇော်တတ်သူဖြစ်၏၊ အလုပ်ဖြင့် မင်း ဖြစ်၏။ (၅၉)

you’re a bandit by your deeds, by deeds you’re a warrior; you’re a sacrificer by your deeds, by deeds you’re a ruler.

စာ-၃၇၉

၆၅၉။ ‘‘ဧဝမေတံ ယထာဘူတံ, ကမ္မံ ပဿန္တိ ပဏ္ဍိတာ၊

ပဋိစ္စသမုပ္ပါဒဒဿာ, ကမ္မဝိပါကကောဝိဒါ။

၆၅၉။ ပဋိစ္စသမုပ္ပါဒ်ကို ရှုမြင်ကုန်သော ကံ ကံ၏အကျိုး၌ လိမ္မာကုန်သော ပညာရှိတို့သည် ဤသို့ ဟုတ်တိုင်းမှန်စွာ ဤအကြောင်းကံကို မြင်ကုန်၏။ (၆၀)

In this way the astute regard deeds in accord with truth. Seeing dependent origination, they’re expert in deeds and their results.

၆၆၀။ ‘‘ကမ္မုနာ ဝတ္တတိ လောကော, ကမ္မုနာ ဝတ္တတိ ပဇာ၊

ကမ္မနိဗန္ဓနာ သတ္တာ, ရထဿာဏီဝ ယာယတော။

၆၆၀။ လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါသည် ကံကြောင့် ဖြစ်၏၊ သွားနေသော ရထား၏နားပန်းစောင့်သည် (ရထားဘီးကို) ထိန်းဖွဲ့ထားသကဲ့သို့ သတ္တဝါတို့ကို ကံသည် ထိန်းဖွဲ့ထား၏။ (၆၁)

Deeds make the world go on, deeds make people go on; sentient beings are bound by deeds, like a moving chariot’s linchpin.

၆၆၁။ ‘‘တပေန ဗြဟ္မစရိယေန, သံယမေန ဒမေန စ၊

ဧတေန ဗြာဟ္မဏော ဟောတိ, ဧတံ ဗြာဟ္မဏမုတ္တမံ။

၆၆၁။ ဣန္ဒြေကို စောင့်စည်းမှုဖြင့်လည်းကောင်း၊ အကျင့်မြတ်ဖြင့်လည်းကောင်း၊ စောင့်စည်းမှု ‘သီလ’ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း ဤမြတ်သော ကံကြောင့် သာ ‘ဗြာဟ္မဏ’ဖြစ်၏၊ ထိုဗြာဟ္မဏအဖြစ်သည် မြတ်၏။ (၆၂)

By fervor and spiritual practice, by restraint and by self-control: that’s how to become a brahmin, this is the supreme brahmin.

၆၆၂။ ‘‘တီဟိ ဝိဇ္ဇာဟိ သမ္ပန္နော, သန္တော ခီဏပုနဗ္ဘဝေါ၊

ဧဝံ ဝါသေဋ္ဌ ဇာနာဟိ, ဗြဟ္မာ သက္ကော ဝိဇာနတ’’န္တိ။

ဧဝံ ဝုတ္တေ, ဝါသေဋ္ဌဘာရဒွါဇာ မာဏဝါ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ [ပါဏုပေတံ (က။)] သရဏံ ဂတေ’’တိ။

ဝါသေဋ္ဌသုတ္တံ နဝမံ နိဋ္ဌိတံ။

၆၆၂။ ဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသော ကိလေသာငြိမ်းအေးပြီးသောတစ်ဖန်ဘဝ သစ်၌ ဖြစ်မှုကုန်ပြီးသော ပုဂ္ဂိုလ်သည် ပညာရှိတို့၏ ဗြဟ္မာလည်း မည်၏၊ သိကြားလည်း မည်၏၊ ဝါသေဋ္ဌဤသို့ သိလော့ဟု (မိန့်တော်မူ၏)။ (၆၃) ဤသို့ ဟောတော်မူသော် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမတရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍မှတ်တော်မူပါ”ဟု (လျှောက်ကုန်၏)။ ကိုးခုမြောက် ဝါသေဋ္ဌသုတ် ပြီး၏။ ၁၀-ကောကာလိကသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် ယုတ်ညံ့သော အလိုရှိကုန်၏၊ ယုတ်ညံ့သော အလိုတို့၏နိုင်ငံသို့ လိုက်ကြကုန်၏”ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား “ကောကာလိက ဤသို့ မဆို လင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကြကုန်၏”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံကြည်ထိုက်သူ စိတ်ချထိုက်သူ ဖြစ်ပါ၏။ သို့သော်လည်း သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် ယုတ်ညံ့သော အလိုရှိကုန်၏၊ ယုတ်ညံ့သော အလိုတို့၏နိုင်ငံသို့ လိုက်ကြကုန်၏”ဟု လျှောက်၏၊ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား “ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကြကုန်၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကောကာလိကရဟန်းသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ဖဲသွား၏၊ ဖဲသွား၍ မကြာသေးသော ကောကာလိကရဟန်းအား မုန်ညင်းစေ့ခန့်ရှိကုန်သော အဖုအပိန့်တို့ဖြင့် တစ်ကိုယ်လုံး ပျံ့နှံ့၍ ဖြစ်၏၊ မုန်ညင်းစေ့ခန့်လောက်မှ ပဲနောက်စေ့ခန့်လောက် ပဲနောက်စေ့ခန့်လောက်မှ စားတော်ပဲခန့်လောက် ဖြစ်ကုန်၏၊ စားတော်ပဲခန့်လောက်မှ ဆီးစေ့ခန့်လောက် ဆီးစေ့ခန့်လောက်မှ ဆီးသီးခန့်လောက် ဆီးသီးခန့်လောက်မှ သျှိသျှားသီးလုံးခန့်လောက် သျှိသျှားသီးလုံးခန့်လောက်မှ ဥသျှစ်သီးနုခန့်လောက် ဥသျှစ်သီးနုခန့်လောက်မှ ဥသျှစ်သီးမှည့်ခန့်လောက် ဥသျှစ်သီးမှည့်ခန့့်လောက် ဖြစ်ပြီး၍ ပေါက်ကွဲကုန်၏၊ ပြည် သည်လည်းကောင်း၊ သွေးသည်လည်းကောင်း ယိုစီးကုန်၏၊ ထို့နောက် ကောကာလိကရဟန်းသည် ထိုအနာဖြင့်သာလျှင် သေလေ၏၊ သေသော ကောကာလိကရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသောနေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ကောကာလိကရဟန်းသည် ကွယ်လွန်ပါပြီ၊ အသျှင်ဘုရား ကွယ်လွန်သော ကောကာလိက ရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏”ဟု လျှောက်၏၊ သဟမ္ပတိ ဗြဟ္မာသည် ဤစကားကို လျှောက်ပြီး၍ မြတ်စွာဘုရားကို အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ကွယ်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုညဥ့်လွန်သောအခါ ရဟန်းတို့အား “ရဟန်းတို့ ဤညဥ့်၌ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအချိန်၌။ပ။ ရဟန်းတို့ သဟမ္ပတိဗြဟ္မာသည်ဤစကားကို လျှောက်ပြီး၍ ငါဘုရားကို အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ကွယ်လေ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ပဒုမငရဲ၌ အသက်ပမာဏသည် အဘယ်မျှ ရှည်ပါသနည်း”ဟု (လျှောက်၏)၊ ရဟန်း ပဒုမငရဲ၌ အသက်ပမာဏကား ရှည်သည်သာတည်း၊ ထိုပဒုမငရဲ၏ အသက်ပမာဏကို “ဤမျှလောက်သော နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက်သော နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက်သော နှစ်အထောင်တို့”ဟူ၍လည်းကောင်း “ဤမျှလောက်သော နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကူဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား ဥပမာပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်၏၊ “ရဟန်း တတ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏- ရဟန်း ကောသလတိုင်း၌ ဖြစ်သောတို့နှစ်ဆယ်ဝင် နှမ်းလှည်းသည် ဖြစ်၏၊ ထိုနှမ်းလှည်းမှယောကျာ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာထက်လွန်သဖြင့် တစ်စေ့တစ်စေ့သော နှမ်းကို ထုတ်ပစ်ရာ၏၊ ရဟန်း ကောသလတိုင်း၌ ဖြစ်သောတို့နှစ်ဆယ်ဝင် ထိုနှမ်းလှည်းသည် လုံ့လဖြင့် လျင်မြန်စွာသာလျှင် ကုန်ခန်းခြင်းသို့ ရောက်ရာ၏၊ တစ်ခုသော အဗ္ဗုဒငရဲသည်ကုန်ခြင်းသို့ မရောက်ရာ၊ ရဟန်း အဗ္ဗုဒငရဲနှစ်ဆယ်သည် နိရဗ္ဗုဒငရဲတစ်ခု ဖြစ်၏၊ ရဟန်း နိရဗ္ဗုဒငရဲနှစ်ဆယ်သည် အဗဗငရဲတစ်ခု ဖြစ်၏၊ ရဟန်း အဗဗငရဲနှစ်ဆယ်သည် အဟဟငရဲတစ်ခု ဖြစ်၏၊ ရဟန်း အဟဟငရဲနှစ်ဆယ်သည်အဋဋငရဲတစ်ခု ဖြစ်၏၊ ရဟန်း အဋဋငရဲနှစ်ဆယ်သည် ကုမုဒငရဲတစ်ခု ဖြစ်၏၊ ရဟန်းကုမုဒငရဲနှစ်ဆယ်သည်သော ဂန္ဓိကငရဲတစ်ခု ဖြစ်၏၊ ရဟန်းသော ဂန္ဓိက ငရဲနှစ်ဆယ်သည်ဥပ္ပလငရဲတစ်ခု ဖြစ်၏၊ ရဟန်း ဥပ္ပလငရဲဲနှစ်ဆယ်သည် ပုဏ္ဍရိကငရဲတစ်ခု ဖြစ်၏၊ ရဟန်းပုဏ္ဍရိကငရဲနှစ်ဆယ်သည် ပဒုမငရဲတစ်ခု ဖြစ်၏၊ ရဟန်း ကောကာလိကရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ထို့နောက် ဤဂါထာကို ဟောတော်မူ၏-

Accomplished in the three knowledges, peaceful, with rebirth ended, know them, Vāseṭṭha, as the Divinity and Sakka to the wise.” When he had spoken, Vāseṭṭha and Bhāradvāja said to him, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.”

၁၀။ ကောကာလိကသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ကောကာလိကော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ကောကာလိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပါပိစ္ဆာ, ဘန္တေ, သာရိပုတ္တမောဂ္ဂလ္လာနာ, ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ’’တိ။

ဧဝံ ဝုတ္တေ, ဘဂဝါ ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘မာ ဟေဝံ, ကောကာလိက, မာ ဟေဝံ, ကောကာလိက! ပသာဒေဟိ, ကောကာလိက, သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ။ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။

ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ ကောကာလိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ မေ, ဘန္တေ, ဘဂဝါ သဒ္ဓါယိကော ပစ္စယိကော, အထ ခေါ ပါပိစ္ဆာဝ သာရိပုတ္တမောဂ္ဂလ္လာနာ, ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ’’တိ။ တတိယမ္ပိ ခေါ ဘဂဝါ ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘မာ ဟေဝံ, ကောကာလိက, မာ ဟေဝံ, ကောကာလိက! ပသာဒေဟိ, ကောကာလိက, သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ။ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။

အထ ခေါ ကောကာလိကော ဘိက္ခု ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အစိရပ္ပက္ကန္တဿ စ ကောကာလိကဿ ဘိက္ခုနော သာသပမတ္တီဟိ ပိဠကာဟိ သဗ္ဗော ကာယော ဖုဋော [ဖုဋ္ဌော (သျာ။)] အဟောသိ၊ သာသပမတ္တိယော ဟုတွာ မုဂ္ဂမတ္တိယော အဟေသုံ၊ မုဂ္ဂမတ္တိယော ဟုတွာ ကဠာယမတ္တိယော အဟေသုံ၊ ကဠာယမတ္တိယော ဟုတွာ ကောလဋ္ဌိမတ္တိယော အဟေသုံ၊ ကောလဋ္ဌိမတ္တိယော ဟုတွာ ကောလမတ္တိယော အဟေသုံ၊ ကောလမတ္တိယော ဟုတွာ အာမလကမတ္တိယော အဟေသုံ၊ အာမလကမတ္တိယော ဟုတွာ ဗေဠုဝသလာဋုကမတ္တိယော အဟေသုံ၊ ဗေဠုဝသလာဋုကမတ္တိယော ဟုတွာ ဗိလ္လမတ္တိယော အဟေသုံ၊ ဗိလ္လမတ္တိယော ဟုတွာ ပဘိဇ္ဇိံသု၊ ပုဗ္ဗဉ္စ လောဟိတဉ္စ ပဂ္ဃရိံသု။ အထ ခေါ ကောကာလိကော ဘိက္ခု တေနေဝါဗာဓေန ကာလမကာသိ။ ကာလင်္ကတော စ ကောကာလိကော ဘိက္ခု ပဒုမံ နိရယံ ဥပပဇ္ဇိ သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ။

အထ ခေါ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ, ဌိတော ခေါ ဗြဟ္မာ သဟမ္ပတိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကောကာလိကော, ဘန္တေ, ဘိက္ခု ကာလင်္ကတော၊ ကာလင်္ကတော စ, ဘန္တေ, ကောကာလိကော ဘိက္ခု ပဒုမံ နိရယံ ဥပပန္နော သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ’’တိ။ ဣဒမဝေါစ ဗြဟ္မာ သဟမ္ပတိ၊ ဣဒံ ဝတွာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယိ။

အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ အစ္စယေန ဘိက္ခူ အာမန္တေသိ – ‘‘ဣမံ, ဘိက္ခဝေ, ရတ္တိံ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ…ပေ… ဣဒမဝေါစ, ဘိက္ခဝေ, ဗြဟ္မာ သဟမ္ပတိ, ဣဒံ ဝတွာ မံ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီ’’တိ။

ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကီဝဒီဃံ နု ခေါ, ဘန္တေ, ပဒုမေ နိရယေ အာယုပ္ပမာဏ’’န္တိ? ‘‘ဒီဃံ ခေါ, ဘိက္ခု, ပဒုမေ နိရယေ အာယုပ္ပမာဏံ၊ တံ န သုကရံ သင်္ခါတုံ ဧတ္တကာနိ ဝဿာနိ ဣတိ ဝါ ဧတ္တကာနိ ဝဿသတာနိ ဣတိ ဝါ ဧတ္တကာနိ ဝဿသဟဿာနိ ဣတိ ဝါ ဧတ္တကာနိ ဝဿသတသဟဿာနိ ဣတိ ဝါ’’တိ။ ‘‘သက္ကာ ပန, ဘန္တေ, ဥပမာ [ဥပမံ (သီ။ သျာ။ က။)] ကာတု’’န္တိ? ‘‘သက္ကာ, ဘိက္ခူ’’တိ ဘဂဝါ အဝေါစ –

‘‘သေယျထာပိ, ဘိက္ခု, ဝီသတိခါရိကော ကောသလကော တိလဝါဟော၊ တတော ပုရိသော ဝဿသတဿ ဝဿသတဿ အစ္စယေန ဧကမေကံ တိလံ ဥဒ္ဓရေယျ။ ခိပ္ပတရံ ခေါ သော ဘိက္ခု ဝီသတိခါရိကော ကောသလကော တိလဝါဟော ဣမိနာ ဥပက္ကမေန ပရိက္ခယံ ပရိယာဒါနံ ဂစ္ဆေယျ, နတွေဝ ဧကော အဗ္ဗုဒေါ နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဗ္ဗုဒါ နိရယာ ဧဝမေကော နိရဗ္ဗုဒေါ နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ နိရဗ္ဗုဒါ နိရယာ ဧဝမေကော အဗဗော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဗဗာ နိရယာ ဧဝမေကော အဟဟော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဟဟာ နိရယာ ဧဝမေကော အဋဋော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဋဋာ နိရယာ ဧဝမေကော ကုမုဒေါ နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ကုမုဒါ နိရယာ ဧဝမေကော သောဂန္ဓိကော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ သောဂန္ဓိကာ နိရယာ ဧဝမေကော ဥပ္ပလကော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ဥပ္ပလကာ နိရယာ ဧဝမေကော ပုဏ္ဍရီကော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ပုဏ္ဍရီကာ နိရယာ ဧဝမေကော ပဒုမော နိရယော။ ပဒုမံ ခေါ ပန ဘိက္ခု နိရယံ ကောကာလိကော ဘိက္ခု ဥပပန္နော သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ’’တိ။ ဣဒမဝေါစ ဘဂဝါ, ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

၆၆၃။ ‘‘ပုရိသဿ ဟိ ဇာတဿ, ကုဌာရီ [ကုဓာရီ (က။)] ဇာယတေ မုခေ၊

ယာယ ဆိန္ဒတိ အတ္တာနံ, ဗာလော ဒုဗ္ဘာသိတံ ဘဏံ။

၆၆၃။ မွေးဖွားလာသော ယောကျာ်း၏ ခံတွင်း၌ ဓားမနှင့်တူသော စကားသည် ဖြစ်၏၊ မကောင်းသဖြင့်ဆိုအပ်သော စကားကို ပြောဆိုသောသူမိုက်သည် ယင်း စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ (၁)

Anthology of Discourses 3.10 With Kokālika So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the mendicant Kokālika went up to the Buddha, bowed, sat down to one side, and said to him, “Sir, Sāriputta and Moggallāna have corrupt wishes. They’ve fallen under the sway of corrupt wishes.” When this was said, the Buddha said to Kokālika, “Don’t say that, Kokālika! Don’t say that, Kokālika! Have confidence in Sāriputta and Moggallāna, they’re good monks.” For a second time … For a third time Kokālika said to the Buddha, “Despite my faith and trust in the Buddha, Sāriputta and Moggallāna have corrupt wishes. They’ve fallen under the sway of corrupt wishes.” For a third time, the Buddha said to Kokālika, “Don’t say that, Kokālika! Don’t say that, Kokālika! Have confidence in Sāriputta and Moggallāna, they’re good monks.” Then Kokālika rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. Not long after he left his body erupted with boils the size of mustard seeds. The boils grew to the size of mung beans, then chickpeas, then jujube seeds, then jujubes, then myrobalans, then unripe wood-apples, then ripe wood-apples. Finally they burst open, and pus and blood oozed out. Then the mendicant Kokālika died of that illness. He was reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna. Then, late at night, the glorious divinity Sahampati, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and said to him, “Sir, the mendicant Kokālika has passed away. He was reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna.” That is what the divinity Sahampati said. Then he bowed and respectfully circled the Buddha, keeping him on his right, before vanishing right there. Then, when the night had passed, the Buddha told the mendicants all that had happened. When he said this, one of the mendicants said to the Buddha, “Sir, how long is the lifespan in the Pink Lotus hell?” “It’s long, mendicant. It’s not easy to calculate how many years, how many hundreds or thousands or hundreds of thousands of years it lasts.” “But sir, is it possible to give a simile?” “It’s possible,” said the Buddha. “Suppose there was a Kosalan load of twenty packs of sesame seed. And at the end of every hundred years someone would remove a single seed from it. By this means the Kosalan load of twenty packs of sesame seed would run out faster than a single lifetime in the Abbuda hell. Now, twenty lifetimes in the Abbuda hell equal one lifetime in the Nirabbuda hell. Twenty lifetimes in the Nirabbuda hell equal one lifetime in the Ababa hell. Twenty lifetimes in the Ababa hell equal one lifetime in the Aṭaṭa hell. Twenty lifetimes in the Aṭaṭa hell equal one lifetime in the Ahaha hell. Twenty lifetimes in the Ahaha hell equal one lifetime in the Yellow Lotus hell. Twenty lifetimes in the Yellow Lotus hell equal one lifetime in the Fragrant Water Lily hell. Twenty lifetimes in the Fragrant Water Lily hell equal one lifetime in the Blue Water Lily hell. Twenty lifetimes in the Blue Water Lily hell equal one lifetime in the White Lotus hell. Twenty lifetimes in the White Lotus hell equal one lifetime in the Pink Lotus hell. The mendicant Kokālika has been reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “A person is born with an axe in their mouth. A fool cuts themselves with it when they say bad words.

၆၆၄။ ‘‘ယော နိန္ဒိယံ ပသံသတိ, တံ ဝါ နိန္ဒတိ ယော ပသံသိယော၊

ဝိစိနာတိ မုခေန သော ကလိံ, ကလိနာ တေန သုခံ န ဝိန္ဒတိ။

၆၆၄။ အကြင်သူမိုက်သည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ ချီးမွမ်းထိုက်သူကို မူကား ကဲ့ရဲ့၏၊ ထိုသူမိုက်သည် ခံတွင်းဖြင့် အပြစ်ကို ဆည်းပူး၏၊ ထိုသူမိုက်သည် ထိုအပြစ်ကြောင့် ချမ်းသာကို မရ။ (၂)

When you praise someone worthy of criticism, or criticize someone worthy of praise, you choose a losing hand with your own mouth: you’ll never find happiness that way.

စာ-၃၈၂

၆၆၅။ ‘‘အပ္ပမတ္တော အယံ ကလိ, ယော အက္ခေသု ဓနပရာဇယော၊

သဗ္ဗဿာပိ သဟာပိ အတ္တနာ, အယမေဝ မဟတ္တရော [မဟန္တကရော (သီ။)] ကလိ၊

ယော သုဂတေသု မနံ ပဒေါသယေ။

၆၆၅။ လောင်းတန်းကစားရာတို့၌အားလုံးသော စည်းစိမ် မိမိကိုယ်နှင့်တကွ ဥစ္စာဆုံးရှုံးခြင်းဟူသော အပြစ်သည် အနည်းငယ်သော အပြစ်မျှသာတည်း၊ အကြင်သူသည် ကောင်းသော နိဗ္ဗာန်သို့ ကြွသွားကုန်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၌ စိတ်ပြစ်မှား၏၊ ထိုသူ၏ ဤပြစ်မှားသော အပြစ်သည်သာလျှင် (ဆိုခဲ့ပြီးသော အပြစ်ထက်) ကြီးလှစွာသော အပြစ်မည်၏။ (၃)

A losing hand at dice is a trivial thing, if all you lose is your money and all you own, even yourself. What’s a really terrible hand is to hate the holy ones.

၆၆၆။ ‘‘သတံ သဟဿာနံ နိရဗ္ဗုဒါနံ, ဆတ္တိံသတိ ပဉ္စ စ အဗ္ဗုဒါနိ [အဗ္ဗုဒါနံ (က။)]၊

ယမရိယဂရဟီ နိရယံ ဥပေတိ, ဝါစံ မနဉ္စ ပဏိဓာယ ပါပကံ။

၆၆၆။ ယုတ်ညံ့သော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက် တည်၍ အရိယာကို ကဲ့ရဲ့သောသူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်ခုသော နိရဗ္ဗုဒတို့နှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲ၌ ဖြစ်ရ၏။ (၄)

For a hundred thousand times a hundred million, times five hundred and thirty-six times <j>a thousand times ten million years a slanderer of noble ones goes to hell, having aimed bad words and thoughts at them.

၆၆၇။ ‘‘အဘူတဝါဒီ နိရယံ ဥပေတိ, ယော ဝါပိ ကတွာ န ကရောမိစာဟ၊

ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ, နိဟီနကမ္မာ မနုဇာ ပရတ္ထ။

၆၆၇။ မဟုတ်မမှန် ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏၊ (မိမိ) ပြုလုပ်လျက် မပြုလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏၊ ထိုသူ နှစ်ယောက်တို့သည်လည်း ယုတ်သော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ (ငရဲခံခြင်း) တူကုန်၏။ (၅)

A liar goes to hell, as does one who denies what they did. Both are equal in the hereafter, those men of base deeds.

၆၆၈။ ‘‘ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ, သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ၊

တမေဝ ဗာလံ ပစ္စေတိ ပါပံ, သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

၆၆၈။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာပုဂ္ဂိုလ်အားပြစ်မှား၏၊ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူမှုန်သည် ထိုပစ်လွှင့်သူသို့သာပြန်ကျလာဘိသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှု ပြန်ကျလာ၏။ (၆)

Whoever wrongs a man who has done no wrong, a pure man who has not a blemish, the evil backfires on the fool, like fine dust thrown upwind.

၆၆၉။ ‘‘ယော လောဘဂုဏေ အနုယုတ္တော, သော ဝစသာ ပရိဘာသတိ အညေ၊

အသဒ္ဓေါ ကဒရိယော အဝဒညူ, မစ္ဆရိ ပေသုဏိယံ [ပေသုဏိယသ္မိံ (ဗဟူသု)] အနုယုတ္တော။

၆၆၉။ အကြင်သူသည် အဖန်ဖန် အထပ်ထပ် မပြတ်ဖြစ်သော လောဘ၌ အမြဲအားထုတ်သူ (ဘုရားစသည်တို့၌) မယုံကြည်သူ စဥ်းလဲ ကောက်ကျစ်တတ်သူ (ဘုရားစသည်တို့၏) အဆုံးအမကို မနာယူသူ ဝန်တိုတတ်သူ ချောပစ်ကုန်းတိုက်မှု၌အားထုတ်သူဖြစ်၏၊ ထိုသူသည် သူတစ်ပါးတို့ကို နှုတ်ဖြင့် ဆဲရေး၏။ (၇)

One addicted to the way of greed, abuses others with their speech, faithless, miserly, uncharitable, stingy, addicted to backbiting.

၆၇၀။ ‘‘မုခဒုဂ္ဂ ဝိဘူတ အနရိယ, ဘူနဟု [ဘုနဟတ (သျာ။ က။)] ပါပက ဒုက္ကဋကာရိ၊

ပုရိသန္တ ကလီ အဝဇာတ, မာ ဗဟုဘာဏိဓ နေရယိကောသိ။

၆၇၀။ နှုတ်မငြိမ်သူ အမှန်ကင်းသူ သူတော်မဟုတ်သူ ကြီးပွါးမှုကို ဖျက်ဆီး တတ်သူ ယုတ်မာသူမကောင်းပြုလေ့ရှိသူ ကျက်သရေမဲ့သူ မြတ်စွာဘုရား၏ အဝဇာတသားဖြစ်သူ (ဟယ်) ယောကျာ်းယုတ်သင်သည် စကားများစွာ မပြောဆို လင့်၊ သင်သည် ငရဲသို့ ကျမည့်သူဖြစ်၏။ (၈)

Foul-mouthed, divisive, ignoble, a baby-killer, wicked, wrongdoer, worst of men, cursed, base-born— quiet now, for you are bound for hell.

စာ-၃၈၃

၆၇၁။ ‘‘ရဇမာကိရသီ အဟိတာယ, သန္တေ ဂရဟသိ ကိဗ္ဗိသကာရီ၊

ဗဟူနိ ဒုစ္စရိတာနိ စရိတွာ, ဂစ္ဆသိ ခေါ ပပတံ စိရရတ္တံ။

၆၇၁။ ကောကာလိက သင်သည် အစီးအပွါးမဲ့ရန်အတွက် ကိလေသာမြူကို (မိမိ အပေါ်၌) ဖြန့်ကြဲဘိ၏၊ ကြမ်းတမ်းသော အမှုကို ပြုလျက် သူတော်ကောင်းတို့ကို ကဲ့ရဲ့ဘိ၏၊ များစွာသော မကောင်းမှု ဒုစရိုက်တို့ကို ပြုကျင့်၍ ကာလရှည်စွာ ငရဲတည်းဟူသော ချောက်သို့ ရောက်ရမည်သာတည်း။ (၉)

You stir up dust, causing harm, when you, sinner, malign the good. Having done many bad deeds, you’ll go to the pit for a long time.

၆၇၂။ ‘‘န ဟိ နဿတိ ကဿစိ ကမ္မံ, ဧတိ ဟတံ လဘတေဝ သုဝါမိ၊

ဒုက္ခံ မန္ဒော ပရလောကေ, အတ္တနိ ပဿတိ ကိဗ္ဗိသကာရီ။

၆၇၂။ တစ်စုံတစ်ယောက်သောသူ၏ ပြုလုပ်ပြီးကံသည် မပျောက်ပျက်နိုင်သည်သာတည်း၊ ဆည်းပူးအပ်သော ကံသည် ဆည်းပူးသူတံသို့ ရောက်လာ၏၊ ဆည်းပူးသူ ကံရှင်သည် ဆည်းပူးအပ်သော ကံကို ရသည်သာတည်း၊ ကြမ်းတမ်းသော အမှုကို ပြုလေ့ရှိသော ပညာနုံ့သူသည် တမလွန်လောကဝယ် မိမိကိုယ်၌ပင် ဆင်းရဲတွေ့မြင်ရ၏။ (၁၀)

For no one’s deeds are ever lost, they return to their owner. In the next life that stupid sinner sees suffering in themselves.

၆၇၃။ ‘‘အယောသင်္ကုသမာဟတဋ္ဌာနံ, တိဏှဓာရမယသူလမုပေတိ၊

အထ တတ္တအယောဂုဠသန္နိဘံ, ဘောဇနမတ္ထိ တထာ ပတိရူပံ။

၆၇၃။ ထိုသူသည် သံစူး သံငြောင့် အပြည့်နှက်ထားရာ အရပ်သို့လည်းကောင်း၊ အသွားထက်သော သံတံကျင်သို့လည်းကောင်း မိမိပြုသော ကံအားလျော်စွာ ဖြစ်သည့် ခြစ်ခြစ်ပူသော သံတွေခဲလျှင်အစာရှိသော ငရဲသို့လည်းကောင်း ကပ်ရောက်ရ၏။ (၁၁)

They approach the place of impalement, with its iron spikes, sharp blades, and iron stakes. Then there is the food, which appropriately, is like a red-hot iron ball.

၆၇၄။ ‘‘န ဟိ ဝဂ္ဂု ဝဒန္တိ ဝဒန္တာ, နာဘိဇဝန္တိ န တာဏမုပေန္တိ၊

အင်္ဂါရေ သန္ထတေ သယန္တိ [သေန္တိ (သီ။ သျာ။ ပီ။)], ဂိနိသမ္ပဇ္ဇလိတံ ပဝိသန္တိ။

၆၇၄။ ဖမ်းကြကုန် ပုတ်ခတ်ကြကုန်ဟု ဆိုသော ငရဲထိန်းတို့သည်သာယာသော စကားကို မပြောဆိုကြကုန်၊ မျက်နှာချိုသာ ကပ်ရောက်လာကြသည် မဟုတ်ကုန်၊ စောင့်ရှောက်လို၍ကပ်ရောက်လာကြသည် မဟုတ်ကုန်၊ ငရဲသူသတ္တဝါတို့သည် မီးကျီးအခင်း၌ အိပ်ကြရကုန်၏၊ ထက်ဝန်းကျင် ပြောင်ပြောင်တောက်လောင်သော မီးထဲသို့ ဝင်ကြရကုန်၏။ (၁၂)

For the speakers speak not sweetly, they don’t hurry there, or find shelter. They lie upon a spread of coals, they enter a blazing mass of fire.

၆၇၅။ ‘‘ဇာလေန စ ဩနဟိယာန, တတ္ထ ဟနန္တိ အယောမယကုဋေဘိ [အယောမယကူဋေဟိ (သီ။ သျာ။ ပီ။)]၊

အန္ဓံဝ တိမိသမာယန္တိ, တံ ဝိတတဉှိ ယထာ မဟိကာယော။

၆၇၅။ သံကွန်ရက်ဖြင့်လည်း ရစ်ဖွဲ့ကုန်သည်ဖြစ်၍ ထိုသံကွန်ရက်အတွင်း၌ သံတူတို့ဖြင့်နှိပ်စက်သတ်ဖြတ်ကုန်၏၊ ကန်းသည်ကို ပြုတတ်သည့် အမိုက်မှောင် ထူထပ်သော ဓူမရောရုဝငရဲသို့့ရောက်ကြကုန်၏၊ ထိုအမိုက်မှောင်သည် မြေကြီးကဲ့သို့ ပြန့်ကျယ်၏။ (၁၃)

Wrapping them in a net, they strike them there with iron hammers. They come to blinding darkness, which spreads about them like a fog.

၆၇၆။ ‘‘အထ လောဟမယံ ပန ကုမ္ဘိံ, ဂိနိသမ္ပဇ္ဇလိတံ ပဝိသန္တိ၊

ပစ္စန္တိ ဟိ တာသု စိရရတ္တံ, အဂ္ဂိနိသမာသု [ဂိနိဿမာသု (က။)] သမုပ္ပိလဝါတေ။

၆၇၆။ ထိုမှတစ်ပါး ငရဲသူတို့သည် မီးလျှံတို့ဖြင့် ထက်ဝန်းကျင် ပြောင်ပြောင် တောက်သော လောဟကုမ္ဘီငရဲအိုးသို့ ဝင်ကြရကုန်၏၊ မီးနှင့် အညီအမျှ ဖြစ်ကုန်သော ထိုသံအိုးတို့၌ ကာလရှည်ကြာစွာ အဖန်ဖန် ပေါ်ကုန်သည်ဖြစ်၍ ကျက်ကြရကုန်သည်သာတည်း။ (၁၄)

Next they enter a copper pot, a blazing mass of fire. There they roast for a long time, writhing in the masses of fire.

၆၇၇။ ‘‘အထ ပုဗ္ဗလောဟိတမိဿေ, တတ္ထ ကိံ ပစ္စတိ ကိဗ္ဗိသကာရီ၊

ယံ ယံ ဒိသကံ [ဒိသတံ (သီ။ သျာ။ ပီ။)] အဓိသေတိ, တတ္ထ ကိလိဿတိ သမ္ဖုသမာနော။

၆၇၇။ ထို့ပြင်လည်း မကောင်းမှုပြုသူသည် ပြည် သွေးတို့နှင့်ရောသော သံအိုး၌ ကျက်ရ၏၊ ထိုသံအိုး၌ အဘယ်သို့ ကျက်ရသနည်း၊ အကြင် အကြင်အရပ်သို့ သွားရောက်ရ၏၊ ထိုထိုသွားရောက်ရာအရပ်၌လည်း ပြည် သွေးတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ညစ်ညူးပင်ပန်းဆင်းရဲရ၏။ (ဤသို့ ကျက်ရ၏)။ (၁၅)

Then the sinner roasts there in a mixture of pus and blood. No matter where they settle, everything they touch there hurts them.

စာ-၃၈၄

၆၇၈။ ‘‘ပုဠဝါဝသထေ သလိလသ္မိံ, တတ္ထ ကိံ ပစ္စတိ ကိဗ္ဗိသကာရီ၊

ဂန္တုံ န ဟိ တီရမပတ္ထိ, သဗ္ဗသမာ ဟိ သမန္တကပလ္လာ။

၆၇၈။ မကောင်းမှုပြုသူသည် ပိုးလောက်တို့၏ နေရာဖြစ်သော ဘင်ပုပ်ရေငရဲ၌ ကျက်ရ၏၊ ထိုဘင်ပုပ်ရေငရဲ၌ အဘယ်သို့ ကျက်ရသနည်း၊ အိုးကင်း ထက် အောက်ဝန်းကျင်သည်အရပ်ခပ်သိမ်းတို့၌ အညီအမျှဖြစ်သောကြောင့် ထိုဘင်ပုပ်ရေ ငရဲ၌ ဖဲသွားရန် လမ်းမရှိ၊ (ဤသို့ ကျက်ရ၏)။ (၁၆)

The sinner roasts in worm-infested water. There’s not even a shore to go to, for all around are the same kind of pots.

၆၇၉။ ‘‘အသိပတ္တဝနံ ပန တိဏှံ, တံ ပဝိသန္တိ သမုစ္ဆိဒဂတ္တာ၊

ဇိဝှံ ဗလိသေန ဂဟေတွာ, အာရဇယာရဇယာ ဝိဟနန္တိ။

၆၇၉။ ထို့ပြင်လည်း ထက်မြက်သာ သန်လျက်ရွက်တောငရဲသို့ ကိုယ်အပိုင်း အပိုင်း ပြတ်ကုန်သည်ဖြစ်၍ဝင်ကြရကုန်၏၊ ငရဲထိန်းတို့သည် လျှာကို သံမျှား ချိတ်ဖြင့် ဖောက်ကုန် ဖောက်ကုန်၍ဆွဲထုတ်‘ကြပြီးလျှင် အမျိုးမျိုးအဖုံဖုံ နှိပ်စက် ကြကုန်၏။ (၁၇)

They enter the Sword-Leaf Forest, so sharp they cut their body to pieces. Having grabbed the tongue with a hook, they stab it, slashing back and forth.

၆၈၀။ ‘‘အထ ဝေတရဏိံ ပန ဒုဂ္ဂံ, တိဏှဓာရခုရဓာရမုပေန္တိ၊

တတ္ထ မန္ဒာ ပပတန္တိ, ပါပကရာ ပါပါနိ ကရိတွာ။

၆၈၀။ ထို့ပြင်လည်း သွားလာရန် ခဲယဥ်းလှသော သင်တုန်းဓားသွားကဲ့သို့ ထက်သော အသွားရှိသော ဝေတ္တရဏီမည်သော ကြိမ်ပိုက်ချောင်းငရဲသို့ ရောက်ကြ ရပြန်၏၊ မကောင်းမှုကို ပြုကြကုန်သော လူမိုက်တို့သည် မကောင်းမှုတို့ကို ပြုကြကုန်၍ ကြိမ်ပိုက် ချောင်းငရဲ၌ ကျရောက်ကြရကုန်၏။ (၁၈)

Then they approach the impassable Vetaraṇī River, with its sharp blades, its razor blades. Dullards fall into it, the wicked who have done wicked deeds.

၆၈၁။ ‘‘ခါဒန္တိ ဟိ တတ္ထ ရုဒန္တေ, သာမာ သဗလာ ကာကောလဂဏာ စ၊

သောဏာ သိင်္ဂါလာ [သိဂါလာ (သီ။ ပီ။)] ပဋိဂိဒ္ဓါ [ပဋိဂိဇ္ဈာ (သျာ။ ပီ။)], ကုလလာ ဝါယသာ စ [ကုလလာ စ ဝါယသာ (?)] ဝိတုဒန္တိ။

၆၈၁။ ထိုကြိမ်ပိုက်ချောင်းငရဲ၌ ငိုကြွေးမြည်တမ်းကြသော ငရဲသူတို့ကို ရွှေသော အဆင်းပြောက်ကျားသော အဆင်းရှိသော အိမ်ခွေး မြေခွေးတို့သည် အလွန်မက် မောကုန်သည်ဖြစ်၍စားကြကုန်၏၊ တောကျီးအ အပေါင်းတို့သည်လည်းကောင်း၊ စွန်ရဲတို့သည်လည်းကောင်း၊ အိမ်ကျီးတို့သည်လည်းကောင်း ထိုးဆိတ်ကြကုန်၏။ (၁၉)

There dogs all brown and spotted, and raven flocks, and greedy jackals devour them as they wail, while hawks and crows attack them.

၆၈၂။ ‘‘ကိစ္ဆာ ဝတယံ ဣဓ ဝုတ္တိ, ယံ ဇနော ဖုသတိ [ပဿတိ (သီ။ သျာ။ ပီ။)] ကိဗ္ဗိသကာရီ၊

တသ္မာ ဣဓ ဇီဝိတသေသေ, ကိစ္စကရော သိယာ နရော န စပ္ပမဇ္ဇေ။

၆၈၂။ ဤငရဲ၌ မကောင်းမှုပြုပြီးသော သတ္တဝါသည် အကြင်ကမ္မကရဏ အမျိုး မျိုးကို တွေ့ထိရ၏၊ ဤသို့ ကမ္မကရဏအမျိုးမျိုး ဖြစ်ရခြင်းသည် အလွန်ဆင်းရဲ ပင်ပန်းလေစွတကား၊ ထို့ကြောင့် ဤလောက၌ သတ္တဝါသည် အသက်အကြွင်း ရှိနေသေးပါမူ ပြုသင့်ပြုထိုက်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၏၊ မမေ့ မလျော့ရာ။ (၂၀)

Hard, alas, is the life here that sinners endure. That’s why for the rest of this life a person ought do their duty without fail.

၆၈၃။ ‘‘တေ ဂဏိတာ ဝိဒူဟိ တိလဝါဟာ, ယေ ပဒုမေ နိရယေ ဥပနီတာ၊

နဟုတာနိ ဟိ ကောဋိယော ပဉ္စ ဘဝန္တိ, ဒွါဒသ ကောဋိသတာနိ ပုနညာ [ပနယျေ (က။)]။

၆၈၃။ အကြင်တို့နှစ်ဆယ်ဝင် နှမ်းလှည်းတို့ကို ပညာရှိတို့သည် ရေတွက်အပ်ကုန်၏၊ ထိုနှမ်းလှည်းတို့ကို ပဒုမငရဲ၌ အရေအတွက်အားဖြင့် ဆောင်ပြအပ်ကုန်၏၊မှန်၏-ကုဋေငါးသော င်းတစ်ထောင့်နှစ်ရာတို့သည် ပဒုမငရဲသက် ဖြစ်ကုန်၏။ (၂၁)

Experts have counted the loads of sesame as compared to the Pink Lotus hell. For there are five times ten thousand times ten million, plus another twelve hundred times ten million years—

စာ-၃၈၅

၆၈၄။ ‘‘ယာဝ ဒုခါ [ဒုက္ခာ (သီ။ သျာ။), ဒုက္ခ (ပီ။ က။)] နိရယာ ဣဓ ဝုတ္တာ, တတ္ထပိ တာဝ စိရံ ဝသိတဗ္ဗံ၊

တသ္မာ သုစိပေသလသာဓုဂုဏေသု, ဝါစံ မနံ သတတံ [ပကတံ (သျာ။)] ပရိရက္ခေ’’တိ။

ကောကာလိကသုတ္တံ ဒသမံ နိဋ္ဌိတံ။

၆၈၄။ ဤလောက၌ ငရဲတို့ကို အကြင်မျှလောက် ဆင်းရဲလှကုန်၏ဟူ၍ ဆို အပ်ကုန်၏၊ ထိုမျှလောက်ဆင်းရဲလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး ထိုငရဲ၌ နေရ၏၊ ထို့ကြောင့် စင်ကြယ်သော သီလကို ချစ်၍ ကောင်းမြတ်သော ဂုဏ်ရှိသူ အရိယာတို့၌ နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်းအမြဲမပြတ် စောင့်ရှောက်ရာ၏။ (၂၂) ဆယ်ခုမြောက် ကောကာလိကသုတ် ပြီး၏။

as painful as life is said to be in hell, that’s how long one must dwell there. That’s why, for those who are pure, well-behaved, <j>full of good qualities, one should always guard one’s speech and mind.”

၁၁။ နာလကသုတ္တ

၆၈၅။ အာနန္ဒဇာတေ တိဒသဂဏေ ပတီတေ, သက္ကဉ္စ ဣန္ဒံ သုစိဝသနေ စ ဒေဝေ၊

ဒုဿံ ဂဟေတွာ အတိရိဝ ထောမယန္တေ, အသိတော ဣသိ အဒ္ဒသ ဒိဝါဝိဟာရေ။

၁၁-နာလကသုတ် ၆၈၅။ အသိတမည်သော (ကဏှဒေဝီလ) ရှင်ရသေ့သည် နှစ်သက်ဝမ်းမြောက်ကုန် စင်ကြယ်သည့်အဝတ်ကို ဝတ်ကုန်သော နတ်ပုဆိုးကို မြှောက်လွှင့်ကုန်လျက် အတိုင်းထက် အလွန် ကခုန်မြူးထူးကုန်သောတာဝတိံသာနတ်အပေါင်းတို့ကိုလည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းကိုလည်းကောင်း နေ့သန့်စင်ရာတာဝတိံသာ နတ်ပြည်၌ မြင်လေ၏။ (၁)

Anthology of Discourses 3.11 About Nālaka The seer Asita in his daily meditation saw the bright-clad gods of the host of Thirty and their lord Sakka joyfully celebrating, waving streamers in exuberant exaltation.

၆၈၆။ ဒိသွာန ဒေဝေ မုဒိတမနေ ဥဒဂ္ဂေ, စိတ္တိံ ကရိတွာန ဣဒမဝေါစ [ကရိတွာ ဣဒမဝေါစာသိ (သီ။)] တတ္ထ၊

‘‘ကိံ ဒေဝသံဃော အတိရိဝ ကလျရူပေါ, ဒုဿံ ဂဟေတွာ ရမယထ [ဘမယထ (သီ။)] ကိံ ပဋိစ္စ။

၆၈၆။ တက်ကြွဝမ်းမြောက်သည့် စိတ်ရှိကုန်သော နတ်တို့ကို မြင်၍ လေးလေး စားစား ပြုလျက်ထိုနတ်အပေါင်းတို့ထံ၌ ဤစကားကို ဆို၏- နတ်အပေါင်းသည် အဘယ့်ကြောင့် အလွန်လျှင်ကောင်းသော အမူအရာ ရှိသနည်း၊ အဘယ်ကို စွဲ၍ နတ်ပုဆိုးကို မြှောက်လွှင့်လျက် သင်တို့မြူးထူး ပျော်ပါးကြပါကုန်သနည်း။ (၂)

Seeing the gods rejoicing, elated, he paid respects and said this there: “Why is the community of gods <j>in such excellent spirits? Why take up streamers and whirl them about?

၆၈၇။ ‘‘ယဒါပိ အာသီ အသုရေဟိ သင်္ဂမော, ဇယော သုရာနံ အသုရာ ပရာဇိတာ။

တဒါပိ နေတာဒိသော လောမဟံသနော, ကိမဗ္ဘုတံ ဒဋ္ဌု မရူ ပမောဒိတာ။

၆၈၇။ အသုရာတို့နှင့် စစ်ထိုးကြကုန်သည်ရှိသော် နတ်တို့အောင်နိုင်၍ အသုရာတို့ရှုံးသောအခါ၌သော်မှလည်း ဤကဲ့သို့ သဘောရှိသော ကြက်သီးမွေးညင်း ထအောင် ဝမ်းမြောက်မှုမဖြစ်စဖူး၊ အဘယ်သို့ သော မဖြစ်စဖူး ထူးကဲသော အာရုံကို မြင်၍ နတ်တို့ဝမ်းမြောက်ကြပါကုန်သနည်း။ (၃)

Even in the war with the titans, when gods were victorious and titans defeated, there was no such excitement. What marvel have the celestials seen <j>that they so rejoice?

၆၈၈။ ‘‘သေဠေန္တိ ဂါယန္တိ စ ဝါဒယန္တိ စ, ဘုဇာနိ ဖောဋေန္တိ [ပေါဌေန္တိ (သီ။ ပီ။), ပေါထေန္တိ (က။)] စ နစ္စယန္တိ စ၊

ပုစ္ဆာမိ ဝေါဟံ မေရုမုဒ္ဓဝါသိနေ, ဓုနာထ မေ သံသယံ ခိပ္ပ မာရိသာ’’။

၆၈၈။ နတ်တို့သည် လေလည်း ချွန်ကြကုန်၏၊ သီချင်းလည်း ဆိုကြကုန်၏၊ တီးမှုတ်လည်းတီးမှုတ်ကြကုန်၏၊ လက်ပမ်းပေါက်လည်း ခတ်ကြကုန်၏၊ ကလည်း ကကြကုန်၏၊ မြင်းမိုရ်တောင်ထိပ်၌ နေသော နတ်တို့ သင်တို့ကို ငါ မေးပါ၏၊ အိုနတ်တို့ သင်တို့သည် ငါ၏ ယုံမှားခြင်းကို လျင်မြန်စွာဖျောက်ကြကုန်လော့။ (၄)

Shouting and singing and playing music, they clap their hands and dance. I ask you, dwellers on Mount Meru’s peak, quickly dispel my doubt, good fellows!”

စာ-၃၈၆

၆၈၉။ ‘‘သော ဗောဓိသတ္တော ရတနဝရော အတုလျော, မနုဿလောကေ ဟိတသုခတ္ထာယ [ဟိတသုခတာယ (သီ။ သျာ။ ပီ။)] ဇာတော၊

သကျာန ဂါမေ ဇနပဒေ လုမ္ဗိနေယျေ, တေနမှ တုဋ္ဌာ အတိရိဝ ကလျရူပါ။

၆၈၉။ ရတနာမြတ်ဖြစ်သော အတုမရှိသော ဘုရားလောင်းသည် လူ့ပြည် သာကီဝင်မင်းသားတို့၏ဂါမခေတ်နယ်မြေ လုမ္ဗိနီဥယျာဥ်ဝယ် (သတ္တဝါတို့၏) စီးပွါးချမ်းသာအလို့ငှါ မီးရှုးသန့်စင်ဖွားမြင်တော်မူပါ၏၊ ထို့ကြောင့် အကျွန်ုပ်တို့သည် နှစ်သက်ကုန်သည်ဖြစ်၍ အလွန်လျှင်ကောင်းသော အမူအရာ ရှိကြပါကုန်၏။ (၅)

“The being intent on awakening, a peerless gem, has been born in the human realm <j>for the sake of welfare and happiness, in Lumbinī, a village in the Sakyan land. That’s why we’re so happy, in such excellent spirits.

၆၉၀။ ‘‘သော သဗ္ဗသတ္တုတ္တမော အဂ္ဂပုဂ္ဂလော, နရာသဘော သဗ္ဗပဇာနမုတ္တမော၊

ဝတ္တေဿတိ စက္ကမိသိဝှယေ ဝနေ, နဒံဝ သီဟော ဗလဝါ မိဂါဘိဘူ’’။

၆၉၀။ သတ္တဝါအားလုံးတို့ထက် မြတ်၍ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော သတ္တဝါအားလုံးတို့ထက်ထူးချွန်၍ လူတို့၌ ဥသဘသဖွယ်ဖြစ်သော ထိုဘုရား လောင်းသည် ဣသိပတနတောအုပ်ဝယ်ခွန်အားရှိသည့် သားတို့သနင်း ခြင်္သေ့မင်း ကဲ့သို့ ရဲတင်းသော စကားကို မြွက်ဆိုလျက်ဓမ္မစကြာတရားတော်ကို ဟောတော်မူလိမ့်မည်။ (၆)

He is supreme among all beings, the peak individual, captain of men, supreme among all creatures. He will roll forth the wheel in the grove of the seers, roaring like a mighty lion, lord of beasts.”

၆၉၁။ တံ သဒ္ဒံ သုတွာ တုရိတမဝသရီ သော, သုဒ္ဓေါဒနဿ တဒ ဘဝနံ ဥပါဝိသိ [ဥပါဂမိ (သီ။ ပီ။)]၊

နိသဇ္ဇ တတ္ထ ဣဒမဝေါစာသိ သကျေ, ‘‘ကုဟိံ ကုမာရော အဟမပိ ဒဋ္ဌုကာမော’’။

၆၉၁။ ထိုအသိတရှင်ရသေ့သည် ထိုနတ်တို့ ပြောဆိုသံကို ကြား၍ အဆော တလျင် နတ်ပြည်မှဆင်းသက်ပြီးနောက် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ဝင်ကာ ထိုင်နေပြီးလျှင် မင်းသားသည်အဘယ်အရပ်၌ ရှိနေသနည်း၊ ငါ ကြည့် ရှု လိုပါ၏ဟု သာကီဝင်မင်းသားတို့ကို ပြောဆို၏။ (၇)

Hearing this, he swiftly descended and right away approached Suddhodana’s home. Seated there he said this to the Sakyans, “Where is the boy? I too wish to see him!”

၆၉၂။ တတော ကုမာရံ ဇလိတမိဝ သုဝဏ္ဏံ, ဥက္ကာမုခေဝ သုကုသလသမ္ပဟဋ္ဌံ [သုကုသလေန သမ္ပဟဋ္ဌံ (က။)]၊

ဒဒ္ဒလ္လမာနံ [ဒဒ္ဒဠှမာနံ (က။)] သိရိယာ အနောမဝဏ္ဏံ, ဒဿေသု ပုတ္တံ အသိတဝှယဿ သကျာ။

၆၉၂။ ထို့နောက် အလွန်လိမ္မာသော ရွှေပန်းထိမ်သည်သည် ဖိုဝ၌ အကြိမ်ကြိမ် လှော်၍အဖန်ဖန်ခတ်အပ်သော တောက်ပသော ရွှေကဲ့သို့ အသရေဖြင့် တောက်ပသော မြတ်သော အဆင်းရှိသော မင်းသားငယ်ကိုသာကီဝင်မင်းသားတို့က အသိတမည်သော ကဏှဒေဝီလရသေ့အား ပြကြကုန်၏။ (၈)

Then the Sakyans showed their son <j>to the one named Asita— the boy shone like burning gold well-wrought in the forge; dazzling with glory, of peerless beauty.

၆၉၃။ ဒိသွာ ကုမာရံ သိခိမိဝ ပဇ္ဇလန္တံ, တာရာသဘံဝ နဘသိဂမံ ဝိသုဒ္ဓံ၊

သူရိယံ တပန္တံ သရဒရိဝဗ္ဘမုတ္တံ, အာနန္ဒဇာတော ဝိပုလမလတ္ထ ပီတိံ။

၆၉၃။ အသိတရသေ့သည် အလျှံတပြောင်ပြောင် တောက်ပသော မီးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သွားသော အထူးစင်ကြယ်သော ကြယ်တို့၏ အကြီးအမှူး လကဲ့သို့လည်းကောင်း၊ သရဒအခါ၌ မိုးတိမ်မှလွတ်၍ ထွန်းလင်းတောက်ပသော နေကဲ့သို့လည်းကောင်း ထွန်းတောက်ပသော သတို့သားကို မြင်ရသော်ဝမ်း မြောက်ခြင်းရှိသည်ဖြစ်၍ ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု ‘ပီတိ’ကို ရလေ၏။ (၉)

The boy beamed like crested flame, pure as the moon, lord of stars traversing the sky, blazing like the sun free of stormclouds <j>after the rains; seeing him, he was joyful, brimming with happiness.

၆၉၄။ အနေကသာခဉ္စ သဟဿမဏ္ဍလံ, ဆတ္တံ မရူ ဓာရယုမန္တလိက္ခေ၊

သုဝဏ္ဏဒဏ္ဍာ ဝီတိပတန္တိ စာမရာ, န ဒိဿရေ စာမရဆတ္တဂါဟကာ။

၆၉၄။ နတ်တို့သည် များသောအခက်အလက်ရှိသောတစ်ထောင်သောအချက် ဝန်းရှိသော ထီးကို ကောင်းကင်၌ ဆောင်းမိုးပေးကြကုန်၏၊ ရွှေအရိုးတပ်သော စာမရီသားမြီး ယပ်တို့သည် တငြိမ့်ငြိမ့်လွှဲခပ်နေကြကုန်၏၊ သားမြီးကိုင်သူ ထီးကိုင်သူကို မူကား မမြင်ကြရကုန်။ (၁၀)

The celestials held up a parasol in the sky, many-ribbed and thousand-circled; and golden-handled chowries waved— but none could see who held <j>the chowries or the parasols.

စာ-၃၈၇

၆၉၅။ ဒိသွာ ဇဋီ ကဏှသိရိဝှယော ဣသိ, သုဝဏ္ဏနိက္ခံ ဝိယ ပဏ္ဍုကမ္ဗလေ၊

သေတဉ္စ ဆတ္တံ ဓရိယန္တ [ဓာရိယန္တ (သျာ။), ဓာရယန္တံ (သီ။ က။)] မုဒ္ဓနိ, ဥဒဂ္ဂစိတ္တော သုမနော ပဋိဂ္ဂဟေ။

၆၉၅။ ကဏှသိရီဟူ၍ ခေါ်ဝေါ်အပ်သော ဆံကျစ်ထုံးဒေဝီလရသေ့သည် တစ်နိက္ခ အချိန်စီးသော ရွှေတုံးကဲ့သို့ ကမ္ဗလာနီ၌ ထားအပ်သော သတို့သားကိုလည်းကောင်း၊ ဦးထိပ်၌ ဆောင်းမိုးထားအပ်သော ထီးဖြူကိုလည်းကောင်း တွေ့မြင်ရသော် တက်ကြွသော စိတ်ရှိသည်ဖြစ်၍ဝမ်းမြောက်ဝမ်းသာ ခံယူလှမ်းလင့်၏။ (၁၁)

When the matted hair seer named “Dark Splendor” had seen the boy like a gold ingot on a cream rug with a white parasol held over his head, he received him, elated and happy.

၆၉၆။ ပဋိဂ္ဂဟေတွာ ပန သကျပုင်္ဂဝံ, ဇိဂီသတော [ဇိဂိံသကော (သီ။ သျာ။ ပီ။)] လက္ခဏမန္တပါရဂူ၊

ပသန္နစိတ္တော ဂိရမဗ္ဘုဒီရယိ, ‘‘အနုတ္တရာယံ ဒွိပဒါနမုတ္တမော’’ [ဒိပဒါနမုတ္တမော (သီ။ သျာ။ ပီ။)]။

၆၉၆။ လှမ်းယူပြီးလျှင် လက္ခဏာကျမ်း ဗေဒင်ကျမ်းတို့၏ ကမ်းတစ်ဖက်သို့ ရောက်ပြီးသော ထိုဒေဝီလရသေ့သည်သာကီဝင်မင်းတို့၏ အကြီးအမြတ်ဖြစ်သော သတို့သားကို ဉာဏ်ဖြင့်စုံစမ်းဆင်ခြင်သည်ရှိသော် ကြည်လင်သော စိတ်ရှိသည် ဖြစ်ရကား “ဤသတို့သားသည် အခြေနှစ်ချောင်းရှိနတ်လူတို့တွင် အထွတ်အမြတ်ဖြစ်၍ အတုမရှိ မြတ်သောသူတည်း”ဟု မြွက်ဆို ပြောကြားလေ၏။ (၁၂)

Having received the Sakyan bull, the seeker, master of marks and hymns, lifted up his voice with confident heart: “He is supreme, the best of men!”

၆၉၇။ အထတ္တနော ဂမနမနုဿရန္တော, အကလျရူပေါ ဂဠယတိ အဿုကာနိ၊

ဒိသွာန သကျာ ဣသိမဝေါစုံ ရုဒန္တံ,

‘‘နော စေ ကုမာရေ ဘဝိဿတိ အန္တရာယော’’။

၆၉၇။ ထို့နောက်မှ မိမိလားရမည့် ဂတိကို အောက်မေ့ဆင်ခြင်သည်ရှိသော် စိတ် မချမ်းမြေ့သော သဘောရှိရကား မျက်ရည်ကျလေ၏၊ သာကီဝင်မင်းတို့သည် ရှင် ရသေ့ ငိုသည်ကို မြင်ကြကုန်၍“သတို့သားငယ်၌ အန္တရာယ်ဖြစ်လတ္တံ့လော”ဟု ပြောဆိုမေးမြန်းကြကုန်၏။ (၁၃)

But then, remembering he would depart this world, his spirits fell and his tears flowed. Seeing the weeping seer, the Sakyans said, “Surely there will be no threat to the boy?”

၆၉၈။ ဒိသွာန သကျေ ဣသိမဝေါစ အကလျေ, ‘‘နာဟံ ကုမာရေ အဟိတမနုဿရာမိ၊

န စာပိမဿ ဘဝိဿတိ အန္တရာယော, န ဩရကာယံ အဓိမာနသာ [အဓိမနသာ (သီ။ သျာ။)] ဘဝါထ။

၆၉၈။ ရသေ့သည် စိတ်မချမ်းမြေ့သော သာကီဝင်မင်းတို့ကို မြင်၍ ငါသည် သတို့သားငယ်၌ အစီးအပွါးမဲ့ ဖြစ်မည်ကို မတွေ့မမြင်ရပေ၊ ထိုမင်းသားအား အန္တရာယ်ဖြစ်လိမ့်မည်လည်း မဟုတ်၊ ဤမင်းသားသည် သေးသိမ်ယုတ်ညံ့သူ မဟုတ်၊ သင်တို့သည် ဝမ်းမြောက်သော စိတ် ရှိကြပါကုန်လော့။ (၁၄)

Seeing the crestfallen Sakyans, the seer said, “I do not forsee harm befall the boy, and there will be no threat to him, not in the least; set your minds at ease.

၆၉၉။ ‘‘သမ္ဗောဓိယဂ္ဂံ ဖုသိဿတာယံ ကုမာရော, သော ဓမ္မစက္ကံ ပရမဝိသုဒ္ဓဒဿီ၊

ဝတ္တေဿတာယံ ဗဟုဇနဟိတာနုကမ္ပီ, ဝိတ္ထာရိကဿ ဘဝိဿတိ ဗြဟ္မစရိယံ။

၆၉၉။ ဤမင်းသားသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်လတ္တံ့၊ ထိုမင်းသားသည်မြင့်မြတ်စင်ကြယ်သော နိဗ္ဗာန်ကို သိမြင်ပြီးလျှင် များစွာသော သတ္တဝါတို့၏ အစီးအပွါးကို စောင့်ရှောက်လျက် ဓမ္မစကြာတရားတော်ကို ဟော တော်မူလတ္တံ့၊ ထိုမြတ်စွာဘုရား၏သာသနာတော်သည် ကျယ်ပြန့်သည် ဖြစ်လတ္တံ့။ (၁၅)

This boy shall reach the highest awakening. As one of perfectly purified vision, <j>compassionate for the welfare of the many, he shall roll forth the wheel of the teaching; his spiritual path will become widespread.

၇၀၀။ ‘‘မမဉ္စ အာယု န စိရမိဓာဝသေသော, အထန္တရာ မေ ဘဝိဿတိ ကာလကိရိယာ၊

သောဟံ န သောဿံ [သုဿံ (သီ။ သျာ။)] အသမဓုရဿ ဓမ္မံ, တေနမှိ အဋ္ဋော ဗျသနံဂတော အဃာဝီ’’။

၇၀၀။ ဤလူ့ပြည်၌ ငါ၏အသက်ကြွင်းသည် ကြာမြင့်တော့မည် မဟုတ်၊ ဤမင်းသားဘုရားမဖြစ်မီ အတွင်း၌ပင် ငါသည် သေရလတ္တံ့၊ ထိုငါသည် သူတစ်ပါးတို့နှင့်မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရားကို နာကြားရတော့မည် မဟုတ်၊ ထို့ကြောင့် ငါသည် စိတ်ထိခိုက်သူပျက်စီးခြင်းသို့ ရောက်သူ စိတ်ဆင်းရဲသူ ဖြစ်ရပါ၏။ (၁၆)

But I have not long left in this life, I shall die before then. I will never hear the teaching of the one <j>who bore the unequaled burden. That’s why I’m so upset and distraught—<j>it’s a disaster for me!”

စာ-၃၈၈

၇၀၁။ သော သာကိယာနံ ဝိပုလံ ဇနေတွာ ပီတိံ, အန္တေပုရမှာ နိဂ္ဂမာ [နိရဂမာ (သီ။ သျာ။), နိဂမာ (က။ သီ။), နိရဂမ (ပီ။)] ဗြဟ္မစာရီ၊

သော ဘာဂိနေယျံ သယံ အနုကမ္ပမာနော, သမာဒပေသိ အသမဓုရဿ ဓမ္မေ။

၇၀၁။ ထိုရသေ့သည်သာကီဝင်မင်းတို့အား ပြန့်ပြောများမြတ်သော နှစ်သက်မှု ‘ပီတိ’ကို ဖြစ်စေပြီးလျှင် နန်းတွင်းမှ ထွက်ခဲ့၏၊ အကျင့်မြတ်ရှိသူ ထိုရသေ့သည် မိမိတူကို သနားသည်ဖြစ်၍သူတစ်ပါးတို့နှင့် မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရား၌ ကျင့်သုံးဆောက်တည်စေ၏။ (၁၇)

Having brought abundant happiness to the Sakyans, the spiritual seeker left the royal compound. He had a nephew; and out of sympathy he encouraged him in the teaching <j>of the one who bore the unequaled burden.

၇၀၂။ ‘‘ဗုဒ္ဓေါတိ ဃောသံ ယဒ [ယဒိ (သျာ။ က။)] ပရတော သုဏာသိ, သမ္ဗောဓိပတ္တော ဝိဝရတိ ဓမ္မမဂ္ဂံ၊

ဂန္တွာန တတ္ထ သမယံ ပရိပုစ္ဆမာနော [သယံ ပရိပုစ္ဆိယာနော (သီ။ သျာ။)], စရဿု တသ္မိံ ဘဂဝတိ ဗြဟ္မစရိယံ’’။

၇၀၂။ နောင်အခါ၌ သင်သည် ဘုရားဟူသော အသံကို ကြားခဲ့မူ သဗ္ဗညုတ ဉာဏ်သို့ ရောက်လတ်တော်မူပြီးသော ဘုရားရှင်သည် နိဗ္ဗာန်လမ်းခရီးကို ဖွင့်လှစ်ခဲ့ မူ ထိုအခါ ထိုဘုရားထံသို့ ကိုယ်တိုင်သွား၍ အယူဝါဒကို မေးလျက် မြတ်စွာဘုရား ထံ၌ မြတ်သောအကျင့်ကို ကျင့်လေလော့။ (၁၈)

“When you hear the voice of another saying <j>‘Buddha’— one who has attained awakening <j>and who reveals the foremost teaching— go there and ask about his breakthrough; lead the spiritual life under that Blessed One.”

၇၀၃။ တေနာနုသိဋ္ဌော ဟိတမနေန တာဒိနာ, အနာဂတေ ပရမဝိသုဒ္ဓဒဿိနာ၊

သော နာလကော ဥပစိတပုညသဉ္စယော, ဇိနံ ပတိက္ခံ [ပတိ + ဣက္ခံ = ပတိက္ခံ] ပရိဝသိ ရက္ခိတိန္ဒြိယော။

၇၀၃။ အစီးအပွါးကို လိုသော စိတ်ရှိသောတာဒိဂုဏ်ရှိသော နောင်အခါ၌ အလွန်မြတ်သော နိဗ္ဗာန်ကို မြင်သော ထိုအသိတရသေ့ဆုံးမသော နာလကသည် ဆည်းပူးအပ်ပြီးသော ကောင်းမှုအစုရှိသည်ဖြစ်၍မြတ်စွာဘုရားကို မျှော်လင့်လျက် ဣန္ဒြေတို့ကို စောင့်စည်းကာ ရသေ့အသွင်ဖြင့် နေလင့်၏။ (၁၉)

Now, that Nālaka had a store of accumulated merit; so when instructed by one of such kindly intent, with perfectly purified vision of the future, he waited anticipating the Victor, <j>guarding his senses.

၇၀၄။ သုတွာန ဃောသံ ဇိနဝရစက္ကဝတ္တနေ, ဂန္တွာန ဒိသွာ ဣသိနိသဘံ ပသန္နော၊

မောနေယျသေဋ္ဌံ မုနိပဝရံ အပုစ္ဆိ, သမာဂတေ အသိတာဝှယဿ သာသနေတိ။

ဝတ္ထုဂါထာ နိဋ္ဌိတာ။

၇၀၄။ အသိတရသေ့၏ ဆုံးမသောအချိန်အခါ ရောက်လတ်သော် ထိုနာလကသည် မြတ်စွာဘုရား၏မြတ်သော ဓမ္မစကြာတရားဟောခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွေးကြော်သော အသံကို ကြား၍ဣသိပတနမိဂဒါဝုန်တောသို့ သွားလျက် မြတ်သော ဣသိဖြစ်တော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့်ကြည်ညို၍ မုနိတို့၏ အမြတ်ဖြစ်သော မြတ်စွာဘုရားအား မောနေယျအကျင့်မြတ်ကို မေး လျှောက်လေ၏။ (၂၀) ဝတ္ထုဂါထာ ပြီး၏။

When he heard of the Victor rolling forth <j>the excellent wheel he went to him, and seeing the boss seer, he became confident. The time of Asita’s instruction had arrived; so he asked the excellent sage <j>about the highest sagacity. The introductory verses are finished.

၇၀၅။ ‘‘အညာတမေတံ ဝစနံ, အသိတဿ ယထာတထံ၊

တံ တံ ဂေါတမ ပုစ္ဆာမိ, သဗ္ဗဓမ္မာန ပါရဂုံ။

၇၀၅။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသိတရသေ့ ပြောဆိုခဲ့သော စကားသည် မချွတ်မယွင့်းအမှန်ပင် ဖြစ်တော့သည်ဟု အကျွန်ုပ်သိအပ်ပါ၏၊ ထို့ကြောင့် တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားအား အကျွန်ုပ် မေးလျှောက်ပါ၏- (၂၁)

“I now know that Asita’s words have turned out to be true. I ask you this, Gotama, who has gone beyond all things:

၇၀၆။ ‘‘အနဂါရိယုပေတဿ, ဘိက္ခာစရိယံ ဇိဂီသတော၊

မုနိ ပဗြူဟိ မေ ပုဋ္ဌော, မောနေယျံ ဥတ္တမံ ပဒံ’’။

၇၀၆။ မြတ်စွာဘုရား အိမ်ရာမထောင်သော ရဟန်းအဖြစ်နှင့် ပြည့်စုံသော ဆွမ်းခံလှည့်လည်ခြင်းဖြင့်ရှာမှီးသော အကျွန်ုပ်သည် မေးလျှောက်သည်ဖြစ်၍ အသျှင်ဘုရားသည် မောနေယျအကျင့်မြတ်ကို ဟောတော်မူပါလော့။ (၂၂)

For one who has entered the homeless life, seeking food on alms round, when questioned, O sage, please tell me of sagacity, the ultimate state.”

၇၀၇။ ‘‘မောနေယျံ တေ ဥပညိဿံ, (ဣတိ ဘဂဝါ) ဒုက္ကရံ ဒုရဘိသမ္ဘဝံ၊

ဟန္ဒ တေ နံ ပဝက္ခာမိ, သန္ထမ္ဘဿု ဒဠှော ဘဝ။

၇၀၇။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) - မောနေယျကျင့်ဝတ်ကို သင့်အား ငါဘုရား သိစေအံ့၊ ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲသော ထိုမောနေယျအကျင့်ကို ယခု ဟောကြားအံ့၊ သင်သည် မိမိကိုယ်ကို (ဝီရိယဖြင့်)အားပြုထောက်ပံ့ထားလော့၊ (ဝီရိယဖြင့်) ခိုင်မြဲသူ ဖြစ်လော့။ (၂၃)

“I shall school you in sagacity,” said the Buddha, “so difficult and challenging. Come, I shall tell you all about it. Brace yourself; stay strong!

စာ-၃၈၉

၇၀၈။ ‘‘သမာနဘာဂံ ကုဗ္ဗေထ, ဂါမေ အက္ကုဋ္ဌဝန္ဒိတံ၊

မနောပဒေါသံ ရက္ခေယျ, သန္တော အနုဏ္ဏတော စရေ။

၇၀၈။ ရွာ၌ ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူထပ်မျှပြုရာ၏၊ (ဆဲရေးခံရသော်) စိတ်ပြစ်မှားမှု ‘ဒေါသ’ကို စောင့်ရှောက်ရာ၏၊ (ရှိခိုးခံရသော်) မတက်ကြွဘဲ ကျင့်ရာ၏။ (၂၄)

In the village, keep the same attitude no matter if reviled or praised. Guard against ill-tempered thoughts; wander peaceful and humble.

၇၀၉။ ‘‘ဥစ္စာဝစာ နိစ္ဆရန္တိ, ဒါယေ အဂ္ဂိသိခူပမာ၊

နာရိယော မုနိံ ပလောဘေန္တိ, တာသု တံ မာ ပလောဘယုံ။

၇၀၉။ တော၌ မီးလျှံနှင့်တူကုန်သော ဣဋ္ဌအနိဋ္ဌအားဖြင့် အမြတ်အယုတ်ဖြစ်သည့် အာရုံတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏၊ ထိုတော၌ မိန်းမတို့သည် ရဟန်းကို ဖြား ယောင်းတတ်ကုန်သေး၏၊ ထိုမိန်းမတို့သည် သင့်ကို မဖြားယောင်းစေကုန်လင့်။ (၂၅)

Many different things come up, like tongues of fire in a forest. Women try to seduce a sage— let them not seduce you!

၇၁၀။ ‘‘ဝိရတော မေထုနာ ဓမ္မာ, ဟိတွာ ကာမေ ပရောပရေ [ပရောဝရေ (သီ။ ပီ။), ဝရာဝရေ (သျာ။)]၊

အဝိရုဒ္ဓေါ အသာရတ္တော, ပါဏေသု တသထာဝရေ။

၇၁၀။ ကောင်း မကောင်းကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန် အကျင့်မှ ရှောင်ကြဥ်သူသတ္တဝါတို့၌ မဆန့်ကျင်သူ တပ်မက်မှုမရှိသူ ဖြစ်ရာ၏။ (၂၆)

Refraining from sex, having left behind sensual pleasures high and low, don’t be hostile or attached to living creatures firm or frail.

၇၁၁။ ‘‘ယထာ အဟံ တထာ ဧတေ, ယထာ ဧတေ တထာ အဟံ၊

အတ္တာနံ ဥပမံ ကတွာ, န ဟနေယျ န ဃာတယေ။

၇၁၁။ တဏှာရှိသော သတ္တဝါ တဏှာမရှိသော သတ္တဝါတို့ကိုလည်း ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ ဤသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကုန်၏၊ ထိုသတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်သကဲ့သို့ ငါသည်လည်း ချမ်းသာကို အလိုရှိ၏ဟု မိမိကိုယ်ကို ဥပမာပြု၍ မိမိလည်း မသတ်ရာ၊ သူတစ်ပါးကိုလည်းမသတ်စေရာ။ (၂၇)

‘As am I, so are they; as are they, so am I’— Treating others like oneself, neither kill nor incite to kill.

၇၁၂။ ‘‘ဟိတွာ ဣစ္ဆဉ္စ လောဘဉ္စ, ယတ္ထ သတ္တော ပုထုဇ္ဇနော၊

စက္ခုမာ ပဋိပဇ္ဇေယျ, တရေယျ နရကံ ဣမံ။

၇၁၂။ အကြင် (ပစ္စည်းလေးပါး)၌ ပုထုဇဥ်သည် ကပ်ငြိ၏၊ ထိုပစ္စည်းလေးပါး၌ အလို ‘ဣစ္ဆာ’ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း ပယ်စွန့်၍ ပညာမျက်စိ ရှိလျက် ကျင့်ရာ၏၊ ပြည့်နိုင်ခဲသော ဤတဏှာ (ချောက်နရက်) ကို ကူးခပ်ရာ၏။ (၂၈)

Leaving behind desire and greed for what ordinary people are attached to, one whose eye is clear would set out to practice, they’d cross over this abyss.

၇၁၃။ ‘‘ဦနူဒရော မိတာဟာရော, အပ္ပိစ္ဆဿ အလောလုပေါ၊

သဒါ [သ ဝေ (ပီ။)] ဣစ္ဆာယ နိစ္ဆာတော, အနိစ္ဆော ဟောတိ နိဗ္ဗုတော။

၇၁၃။ ယုတ်လျော့ပါးလျှပ်သော ဝမ်းရှိသူ နှိုင်းရှည့်ပိုင်းခြားအပ်သော အာဟာရ ရှိသူ ဖြစ်ရာ၏၊ အလိုနည်းသူ မလျှပ်ပေါ်သူ ဖြစ်ရာ၏၊ အခါ ခပ်သိမ်း လောလုပ္ပ တဏှာဖြင့် အလိုမရှိသူ ဖြစ်ရာ၏၊ အလိုမရှိခြင်းကြောင့် (တဏှာဟူသော) မွတ်သိပ်မှု မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။ (၂၉)

With empty stomach, taking limited food, few in wishes, not greedy; truly hungerless regarding all desires, desireless, one is quenched.

၇၁၄။ ‘‘သ ပိဏ္ဍစာရံ စရိတွာ, ဝနန္တမဘိဟာရယေ၊

ဥပဋ္ဌိတော ရုက္ခမူလသ္မိံ, အာသနူပဂတော မုနိ။

၇၁၄။ မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံသွားပြီးလျှင် တောသို့သာလျှင် ပြန်သွားရာ၏၊ သစ်ပင်ရင်း၌ ရပ်တည်၍သော်လည်းကောင်း၊ ထိုင်သည်ဖြစ်၍သော်လည်းကောင်းနေရာ၏။ (၃၀)

Having wandered for alms, they’d take themselves into the forest; and nearing the foot of a tree, the sage would take their seat.

၇၁၅။ ‘‘သ ဈာနပသုတော ဓီရော, ဝနန္တေ ရမိတော သိယာ၊

ဈာယေထ ရုက္ခမူလသ္မိံ, အတ္တာနမဘိတောသယံ။

၇၁၅။ ထိုရဟန်းသည် ဈာန်ဝင်စားလေ့ရှိသူ တည်တံ့သူ တော၌ မွေ့လျော်သူ ဖြစ်ရာ၏၊ မိမိကိုယ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ သစ်ပင်ရင်း၌ ဈာန်ဝင်စား ရာ၏။ (၃၁)

That attentive one intent on absorption, would delight within the forest. They’d practice absorption at the foot of a tree, filling themselves with bliss.

၇၁၆။ ‘‘တတော ရတျာ ဝိဝသာနေ [ဝိဝသနေ (သီ။ သျာ။ ပီ။)], ဂါမန္တမဘိဟာရယေ၊

အဝှါနံ နာဘိနန္ဒေယျ, အဘိဟာရဉ္စ ဂါမတော။

၇၁၆။ ထိုညဥ့်လွန်မြောက်သည်ရှိသော် ရွာသို့ ဆွမ်းခံသွားရာ၏၊ ပင့်ဖိတ်၍ လှူသော ဆွမ်းကိုလည်းမနှစ်သက်ရာ၊ ရွာမှ ဆောင်ယူ၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ။ (၃၂)

Then, at the end of the night, they’d take themselves into a village. They’d not welcome being called, nor offerings brought from the village.

၇၁၇။ ‘‘န မုနီ ဂါမမာဂမ္မ, ကုလေသု သဟသာ စရေ၊

ဃာသေသနံ ဆိန္နကထော, န ဝါစံ ပယုတံ ဘဏေ။

၇၁၇။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ ရောက်သည်ရှိသော် ဒါယကာတို့၌ ရောရောနှောနှော မနေရာ၊ ပြတ်သော စကားရှိသည်ဖြစ်၍ နိမိတ် ဝိညတ်နှင့် ယှဥ်၍ အစားရှာမှီးကြောင်းစကားကို မပြောဆိုရာ။ (၃၃)

A sage who has come to a village would not walk hastily among the families. They’d not discuss their search for food, nor would they speak suggestively.

၇၁၈။ ‘‘အလတ္ထံ ယဒိဒံ သာဓု, နာလတ္ထံ ကုသလံ ဣတိ၊

ဥဘယေနေဝ သော တာဒီ, ရုက္ခံဝုပနိဝတ္တတိ [ရုက္ခံဝု’ပတိဝတ္တတိ (က။), ရုက္ခံဝ ဥပါတိဝတ္တတိ (သျာ။)]။

၇၁၈။ ထိုရဟန်းသည် တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ရလျှင်လည်းကောင်း၏၊ မရလျှင်လည်းကောင်း၏ဟု ရ မရ နှစ်ပါးဖြင့်ပင်လျှင် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ သစ်ပင်ကို လျစ်လျူရှုသကဲ့သို့့လျစ်လျူရှုကာ ပြန်လှည့်ရာ၏။ (၃၄)

‘I got something, that’s good. I got nothing, that’s fine.’ Unaffected in both cases, they return right to the tree.

၇၁၉။ ‘‘သ ပတ္တပါဏိ ဝိစရန္တော, အမူဂေါ မူဂသမ္မတော၊

အပ္ပံ ဒါနံ န ဟီဠေယျ, ဒါတာရံ နာဝဇာနိယာ။

၇၁၉။ ထိုရဟန်းသည် မအပါဘဲလျက် အသူဟု သမုတ်ခံလျက် သပိတ်ပိုက်ကာဆွမ်းခံလှည့်လည်သည်ရှိသော် အနည်းငယ်မျှ ပေးလှူခြင်းကိုလည်း မရှုတ်ချရာ၊ ပေးလှူ သူကိုလည်းမထီမဲ့မြင် မပြုရာ။ (၃၅)

Wandering with bowl in hand, not dumb, but thought to be dumb, they wouldn’t scorn a tiny gift, nor look down upon the giver.

စာ-၃၉၀

၇၂၀။ ‘‘ဥစ္စာဝစာ ဟိ ပဋိပဒါ, သမဏေန ပကာသိတာ၊

န ပါရံ ဒိဂုဏံ ယန္တိ, နယိဒံ ဧကဂုဏံ မုတံ။

၇၂၀။ မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အမြတ်အယုတ်ရှိ၏ဟူ၍ ဘုရားတည်းဟူသော သမဏသည် ပြတော်မူ၏၊သို့ ပင် အမြတ်အယုတ်ရှိသော်လည်း တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့်နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်ကုန်၊ ကိလေသာတို့ တစ်ပြိင်နက် မကုန်ရကား နိဗ္ဗာန်ဟူသော ကမ်းသို့ တစ်ကြိမ်သာရောက်သည်လည်း မဟုတ်ပေ။ (၃၆)

For the practice has many aspects, as revealed by the Ascetic. They do not go to the far shore twice, nor having gone once do they fall away.

၇၂၁။ ‘‘ယဿ စ ဝိသတာ နတ္ထိ, ဆိန္နသောတဿ ဘိက္ခုနော၊

ကိစ္စာကိစ္စပ္ပဟီနဿ, ပရိဠာဟော န ဝိဇ္ဇတိ။

၇၂၁။ အကြင်ရဟန်းအား ပျံ့နှံ့သောတဏှာ (ဝိစရိတ) မရှိ၊ တဏှာအလျဥ် ပြတ်စဲပြီးသော ပြုသင့်သော ကိစ္စ မပြုသင့်သော ကိစ္စကို ပယ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မှု မရှိ။ (၃၇)

When a mendicant has no creeping, and has cut the stream of craving, and given up all the various duties, no fever is found in them.

၇၂၂။ ‘‘မောနေယျံ တေ ဥပညိဿံ, ခုရဓာရူပမော ဘဝေ၊

ဇိဝှါယ တာလုမာဟစ္စ, ဥဒရေ သညတော သိယာ။

၇၂၂။ (နာလက) သင့်အား မောနေယျအကျင့်ကို ငါ ဟောအံ့၊ (ထိုမောနေယျ ရဟန်းသည် ) သင်တုန်းသွား ဥပမာရှိသူ ဖြစ်ရာ၏၊ အာစောက်ကို လျှာဖြင့် ထိကပ်ပြီးလျှင် ဝမ်း၌ စောင့်စည်းသူဖြစ်ရာ၏။ (၃၈)

I shall school you in sagacity. Practice as if you were licking a razor’s edge. With tongue pressed against the roof of your mouth, be restrained regarding your stomach.

၇၂၃။ ‘‘အလီနစိတ္တော စ သိယာ, န စာပိ ဗဟု စိန္တယေ၊

နိရာမဂန္ဓော အသိတော, ဗြဟ္မစရိယပရာယဏော။

၇၂၃။ မတွန့်ဆုတ်သော စိတ်ရှိသူလည်း ဖြစ်ရာ၏၊ များစွာလည်း မကြံစည် ရာ၊ (ကိလေသာ) အညှီအဟောက်ကင်းသူ တဏှာဒိဋ္ဌိတို့ဖြင့့် တစ်စုံတစ်ခုသော ဘဝ၌ မမှီသူ အကျင့်မြတ်လျှင်လဲလျောင်းရာရှိသူ ဖြစ်ရာ၏။ (၃၉)

Don’t be sluggish in mind, nor think overly much. Be free of putrefaction and unattached, committed to the spiritual life.

၇၂၄။ ‘‘ဧကာသနဿ သိက္ခေထ, သမဏူပါသနဿ စ၊

ဧကတ္တံ မောနမက္ခာတံ, ဧကော စေ အဘိရမိဿသိ၊

အထ ဘာဟိသိ [ဘာသိဟိ (သီ။ သျာ။ ပီ။)] ဒသဒိသာ။

၇၂၄။ အဖော်မမှီး တစ်ယောက်တည်းနေနိုင်ရန် ကျင့်ရာ၏၊ ရဟန်းတို့သည် ကပ်၍ ရှုသင့်ရှုထိုက်သော ကမ္မဋ္ဌာန်းအာရုံ၌အားထုတ်နိုင်ရန်လည်း ကျင့်ရာ၏၊ တစ်ယောက်တည်းနေခြင်းကို မောနဟူ၍ ငါဘုရားဟောကြား၏၊ သင်သည် တစ်ယောက်ထီးတည်း မွေ့လျော်နိုင်ခဲ့မူ အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်ရှားလတ္တံ့။ (၄၀)

Train in a lonely seat, attending closely to ascetics; solitude is sagacity, they say. If you welcome solitude, you’ll light up the ten directions.

၇၂၅။ ‘‘သုတွာ ဓီရာနံ နိဂ္ဃေါသံ, ဈာယီနံ ကာမစာဂိနံ၊

တတော ဟိရိဉ္စ သဒ္ဓဉ္စ, ဘိယျော ကုဗ္ဗေထ မာမကော။

၇၂၅။ ငါဘုရားကို မြတ်နိုးသောသူသည် ဈာန်ဝင်စားကုန်၏၊ ကာမကို စွန့်လွှတ်ကုန်ပြီးသော ပညာရှိတို့၏ ကြွေးကြော်သံကို ကြားရသောကြောင့် ရှက်မှု ‘ဟိရီ’ကိုလည်းကောင်း၊ ယုံကြည်မှု ‘သဒ္ဓါ’ကိုလည်းကောင်း အတိုင်းထက်အလွန် ပြုရာ၏။ (၄၁)

Having heard the words of the attentive, the meditators who’ve given up sensual desires, a follower of mine would develop conscience and faith all the more.

၇၂၆။ ‘‘တံ နဒီဟိ ဝိဇာနာထ, သောဗ္ဘေသု ပဒရေသု စ၊

သဏန္တာ ယန္တိ ကုသောဗ္ဘာ [ကုဿုဗ္ဘာ (သီ။)], တုဏှီယန္တိ မဟောဒဓီ။

၇၂၆။ ထိုစကားကို မြစ်ဥပမာတို့ဖြင့် သိကုန်လော့၊ မြစ်ငယ်တို့သည် မြောင်း ငယ် ချောက်ကြားတို့၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည်ကား တိတ်တိတ် ဆိတ်ဆိတ် စီးသွားကုန်၏။ (၄၂)

Understand this by the way streams move in clefts and crevices: the little creeks flow on resounding, while silent flow the great rivers.

၇၂၇။ ‘‘ယဒူနကံ တံ သဏတိ, ယံ ပူရံ သန္တမေဝ တံ၊

အဍ္ဎကုမ္ဘူပမော ဗာလော, ရဟဒေါ ပူရောဝ ပဏ္ဍိတော။

၇၂၇။ ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊ ရေပြည့်သော အိုးသည်ငြိမ်သက်သည်သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။ (၄၃)

What is lacking, resounds; what is full is at peace. The fool is like a half-full pot; the wise like a brimfull lake.

၇၂၈။ ‘‘ယံ သမဏော ဗဟုံ ဘာသတိ, ဥပေတံ အတ္ထသဉှိတံ၊

ဇာနံ သော ဓမ္မံ ဒေသေတိ, ဇာနံ သော ဗဟု ဘာသတိ။

၇၂၈။ မြတ်စွာဘုရားတည်းဟူသော သမဏသည် အကျိုးအကြောင်းနှင့် ပြည့်စုံသော အစီးအပွါးနှင့် စပ်ယှဥ်သော စကားကို များစွာ မြွက်ဆိုတော်မူ၏၊ ထိုမြတ်စွာဘုရားသည် တရားကို သိတော်မူသည်ဖြစ်၍သာ ဟောတော်မူ၏၊ သိတော်မူသည်ဖြစ်၍ များစွာ မြွက်ဆိုတော်မူ၏။ (၄၄)

When the Ascetic speaks much it is relevant and meaningful: knowing, he teaches the Dhamma; knowing, he speaks much.

၇၂၉။ ‘‘ယော စ ဇာနံ သံယတတ္တော, ဇာနံ န ဗဟု ဘာသတိ၊

သ မုနီ မောနမရဟတိ, သ မုနီ မောနမဇ္ဈဂါ’’တိ။

နာလကသုတ္တံ ဧကာဒသမံ နိဋ္ဌိတံ။

၇၂၉။ တရားကို သိသောသူသည် စောင့်စည်းသော စိတ် ရှိ၏၊ တရားကို သိသောသူသည် စကားကို များစွာ မပြောဆို၊ ထိုရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏၊ ရလည်းရ၏ဟု (မြတ်စွာဘုရားဟောတော်မူ၏)။ (၄၅) တစ်ဆယ့်တစ်ခုမြောက် နာလကသုတ် ပြီး၏။ ၁၂-ဒွယတာနုပဿနာသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ညဥ့်၏ ဂုဏ်အင်္ဂါနှင့် ပြည့်စုံ၍ လပြည့်နေ့ဖြစ်သော တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ညဥ့်၌ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးခေါင်ဝယ် ထိုင်နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်တိတ်ဆိတ် ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ကြည့်ရှုတော်မူကာရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏- ရဟန်းတို့ အကြင်တရားတို့သည် ကုသိုလ်မည်ကုန်၏။ ဖြူစင်ကုန်၏။ လောကမှ ထွက်မြောက်စေတတ်ကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်၏။ ရဟန်းတို့ ကုသိုလ်ဖြစ်ကုန်သော ဖြူစင်ကုန်သော လောကမှ ထွက်မြောက်စေတတ်ကုန်သော အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်သော ထိုတရားတို့ကို သင်တို့ ကြားနာရန် အကြောင်းသည် အဘယ်နည်းဟု မေးကြကုန်မူ ထိုမေးသူတို့ကို နှစ်မျိုးသော အစိတ်အပိုင်းရှိကုန်သောတရားတို့ကိုဟုတ်တိုင်းမှန်စွာ သိဖို့ရန်သာတည်းဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ဆိုကြကုန်သနည်း။ (၁) ဤတရားသည် ဆင်းရဲခြင်း ‘ဒုက္ခ’တည်း၊ ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်း ‘သမုဒယ’တည်း၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း။ ဤတရားသည် ဆင်းရဲ၏ချုပ်ရာ ‘နိရောဓ’တည်း၊ ဤတရားသည် ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်‘မဂ္ဂ’တည်း၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း။ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာ ရှုသည်ဖြစ်၍မမေ့မလျော့ အပြင်းအထန်အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိလျက် နေထိုင်သော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ကိုသော် လည်းကောင်း၊ ဥပါဒါနက္ခန္ဓာ အကြွင်းရှိသေးမူ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း ထိုနှစ်မျိုးသော ဖိုလ်တို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးလျှင် ထိုမှနောက်၌ ဤဂါထာတို့ကို မိန့်တော်မူ၏ -

But one who, knowing, is self-controlled, knowing, does not speak much; that sage is worthy of sagacity, that sage has achieved sagacity.”

၁၂။ ဒွယတာနုပဿနာသုတ္တ

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဘဂဝါ တဒဟုပေါသထေ ပန္နရသေ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ ဘိက္ခုသံဃပရိဝုတော အဗ္ဘောကာသေ နိသိန္နော ဟောတိ။ အထ ခေါ ဘဂဝါ တုဏှီဘူတံ တုဏှီဘူတံ ဘိက္ခုသံဃံ အနုဝိလောကေတွာ ဘိက္ခူ အာမန္တေသိ –

‘‘‘ယေ တေ, ဘိက္ခဝေ, ကုသလာ ဓမ္မာ အရိယာ နိယျာနိကာ သမ္ဗောဓဂါမိနော, တေသံ ဝေါ, ဘိက္ခဝေ, ကုသလာနံ ဓမ္မာနံ အရိယာနံ နိယျာနိကာနံ သမ္ဗောဓဂါမီနံ ကာ ဥပနိသာ သဝနာယာ’တိ ဣတိ စေ, ဘိက္ခဝေ, ပုစ္ဆိတာရော အဿု, တေ ဧဝမဿု ဝစနီယာ – ‘ယာဝဒေဝ ဒွယတာနံ ဓမ္မာနံ ယထာဘူတံ ဉာဏာယာ’တိ။ ကိဉ္စ ဒွယတံ ဝဒေထ?

(၁) ‘‘ဣဒံ ဒုက္ခံ, အယံ ဒုက္ခသမုဒယောတိ အယမေကာနုပဿနာ။ အယံ ဒုက္ခနိရောဓော, အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ဒွယတာနုပဿိနော ခေါ, ဘိက္ခဝေ, ဘိက္ခုနော အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ – ဒိဋ္ဌေဝ ဓမ္မေ အညာ, သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ’’တိ။

ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၃၀။ ‘‘ယေ ဒုက္ခံ နပ္ပဇာနန္တိ, အထော ဒုက္ခဿ သမ္ဘဝံ၊

ယတ္ထ စ သဗ္ဗသော ဒုက္ခံ, အသေသံ ဥပရုဇ္ဈတိ၊

တဉ္စ မဂ္ဂံ န ဇာနန္တိ, ဒုက္ခူပသမဂါမိနံ။

၇၃၀။ “အကြင်သူတို့သည် ဆင်းရဲကို မသိကြကုန်၊ ထို့ပြင် ဆင်းရဲ၏ ဖြစ်ကြောင်းကို မသိကြကုန်၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း၊ လမ်းစဥ်ကိုလည်းကောင်း မသိကြကုန်။ (၁)

Anthology of Discourses 3.12 Contemplating Pairs So I have heard. At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Now, at that time it was the sabbath—the full moon on the fifteenth day—and the Buddha was sitting in the open surrounded by the Saṅgha of monks. Then the Buddha looked around the Saṅgha of monks, who were so very silent. He addressed them: “Suppose, monks, they questioned you thus: ‘There are skillful teachings that are noble, emancipating, and lead to awakening. What is the real reason for listening to such teachings?’ You should answer: ‘Only so as to truly know the pairs of teachings.’ And what pairs do they speak of? ‘This is suffering; this is the origin of suffering’: this is the first contemplation. ‘This is the cessation of suffering; this is the practice that leads to the cessation of suffering’: this is the second contemplation. When a mendicant meditates rightly contemplating a pair of teachings in this way—diligent, keen, and resolute—they can expect one of two results: enlightenment in this very life, or if there’s residue left behind, non-return.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “There are those who don’t understand suffering and suffering’s cause, and where all suffering ceases no residue left behind. And they do not know the path that leads to the stilling of suffering.

၇၃၁။ ‘‘စေတောဝိမုတ္တိဟီနာ တေ, အထော ပညာဝိမုတ္တိယာ၊

အဘဗ္ဗာ တေ အန္တကိရိယာယ, တေ ဝေ ဇာတိဇရူပဂါ။

၇၃၁။ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှလွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာမှ ယုတ်ကုန်၏၊ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မထိုက်ကုန်၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ဧကန် ရောက်ကြရကုန်၏။ (၂)

They lack the heart’s release, as well as the release by wisdom. Unable to make an end, they continue to be reborn and grow old.

၇၃၂။ ‘‘ယေ စ ဒုက္ခံ ပဇာနန္တိ, အထော ဒုက္ခဿ သမ္ဘဝံ၊

ယတ္ထ စ သဗ္ဗသော ဒုက္ခံ, အသေသံ ဥပရုဇ္ဈတိ၊

တဉ္စ မဂ္ဂံ ပဇာနန္တိ, ဒုက္ခူပသမဂါမိနံ။

၇၃၂။ အကြင်သူတို့သည်ကား ဆင်းရဲကို သိကြကုန်၏၊ ထို့ပြင် ဆင်းရဲ၏ ဖြစ်ကြောင်းကိုလည်း သိကြကုန်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကြွင်းမဲ့ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း လမ်းစဥ်ကိုလည်းကောင်း သိကြကုန်၏။ (၃)

But there are those who understand suffering and suffering’s cause, and where all suffering ceases with no residue left behind. And they understand the path that leads to the stilling of suffering.

၇၃၃။ ‘‘စေတောဝိမုတ္တိသမ္ပန္နာ, အထော ပညာဝိမုတ္တိယာ၊

ဘဗ္ဗာ တေ အန္တကိရိယာယ, န တေ ဇာတိဇရူပဂါ’’တိ။

(၂) ‘‘‘သိယာ အညေနပိ ပရိယာယေန သမ္မာ ဒွယတာနုပဿနာ’တိ, ဣတိ စေ, ဘိက္ခဝေ, ပုစ္ဆိတာရော အဿု၊ ‘သိယာ’တိဿု ဝစနီယာ။ ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဥပဓိပစ္စယာတိ, အယမေကာနုပဿနာ။ ဥပဓီနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၃၃။ ထိုသူတို့သည် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ ထိုက်ကုန်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မကပ်ရောက်ကြရကုန်”ဟု (ဟောတော်မူ၏)။ (၄) (၂) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ရှိကြကုန်မူ (ထိုမေးသူူတို့ကို) “ရှိသည် ဖြစ်ရာ၏”ဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် လောကီကုသိုလ် အကုသိုလ်ကံဟူသော (ဥပဓိ) အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ လောကီကုသိုလ် အကုသိုလ်ကံတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

They’re endowed with the heart’s release, as well as the release by wisdom. Able to make an end, they don’t continue to be reborn and grow old.” “Suppose, monks, they questioned you thus: ‘Could there be another way to contemplate the pairs?’ You should say, ‘There could.’ And how could there be? ‘All the suffering that originates is caused by attachment’: this is one contemplation. ‘When attachment has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

စာ-၃၉၂

၇၃၄။ ‘‘ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ, ယေ ကေစိ လောကသ္မိမနေကရူပါ၊

ယော ဝေ အဝိဒွါ ဥပဓိံ ကရောတိ, ပုနပ္ပုနံ ဒုက္ခမုပေတိ မန္ဒော၊

တသ္မာ ပဇာနံ ဥပဓိံ န ကယိရာ, ဒုက္ခဿ ဇာတိပ္ပဘဝါနုပဿီ’’တိ။

(၃) ‘‘‘သိယာ အညေနပိ ပရိယာယေန သမ္မာ ဒွယတာနုပဿနာ’တိ, ဣတိ စေ, ဘိက္ခဝေ, ပုစ္ဆိတာရော အဿု၊ ‘သိယာ’တိဿု ဝစနီယာ။ ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ အဝိဇ္ဇာပစ္စယာတိ, အယမေကာနုပဿနာ။ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၃၄။ “လောက၌ များသော သဘောရှိကုန်သော ဆင်းရဲဒုက္ခဟူသမျှတို့သည် ကုသိုလ်ကံ အကုသိုလ်ကံဟူသော အကြောင်းကြောင့် ဖြစ်ပေါ်ကုန်၏။ မသိသည်ဖြစ်၍ လောကီကုသိုလ် အကုသိုလ်ကံကို ပြုသော ပညာနုံ့သူ (ပုထုဇဥ်)သည် အဖန်တလဲလဲ ဆင်းရဲသို့ ကပ်ရောက်ရ၏။ ထို့ကြောင့် ပိုင်းခြား၍ သိတတ်သူသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းကို ရှုမှတ်ဆင်ခြင်လျက် လောကီကုသိုလ် အကုသိုလ်ကံကို မပြုလုပ်ရာ”ဟု (ဟောတော်မူ၏)။ (၅) (၃) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ ရှိကြကုန်မူ (ထိုမေးသူူတို့ကို) “ရှိသည် ဖြစ်ရာ၏”ဟု ဖြေဆိုအပ်ကုန်၏။ အဘယ်သို့လျှင် ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်၏။ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ အဝိဇ္ဇာသာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

“Attachment is the source of suffering in all its countless forms in the world. When an ignorant person builds up attachments, that dullard returns to suffering again and again. So let one who understands <j>not build up attachments, contemplating the inception of suffering and rebirth.” “Suppose, monks, they questioned you thus: ‘Could there be another way to contemplate the pairs?’ You should say, ‘There could.’ And how could there be? ‘All the suffering that originates is caused by ignorance’: this is one contemplation. ‘When ignorance has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၃၅။ ‘‘ဇာတိမရဏသံသာရံ, ယေ ဝဇန္တိ ပုနပ္ပုနံ၊

ဣတ္ထဘာဝညထာဘာဝံ, အဝိဇ္ဇာယေဝ သာ ဂတိ။

၇၃၅။ “အကြင်သတ္တဝါတို့သည် ပဋိသန္ဓေနေရမူ သေရမှုဟူသော ခန္ဓာအစဥ်သို့ အဖန်တလဲလဲ ရောက်ကြရကုန်၏၊ ဤလူ့ဘဝ အခြားသောဘဝသို့ (ရောက်ကြရကုန်၏)၊ ထိုသတ္တဝါတို့၏ ထိုသို့ လားရောက်ရခြင်းသည် အဝိဇ္ဇာကြောင့်သာ ဖြစ်၏။ (၆)

“Those who journey again and again, transmigrating through birth and death; they go from this state to another, that destination due only to ignorance.

၇၃၆။ ‘‘အဝိဇ္ဇာ ဟာယံ မဟာမောဟော, ယေနိဒံ သံသိတံ စိရံ၊

ဝိဇ္ဇာဂတာ စ ယေ သတ္တာ, န တေ ဂစ္ဆန္တိ [နာဂစ္ဆန္တိ (သီ။ ပီ။)] ပုနဗ္ဘဝ’’န္တိ။

(၄) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ သင်္ခါရပစ္စယာတိ, အယမေကာနုပဿနာ။ သင်္ခါရာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၃၆။ ထိုစကား မှန်၏၊ သတ္တဝါအပေါင်းသည် အကြင်အဝိဇ္ဇာကြောင့် ဤသံသရာ၌ ကြာမြင့်စွာ နစ်မြုပ်ရ၏၊ ဤအဝိဇ္ဇာသည် ကြီးစွာသော မောဟပင်တည်း။ အရဟတ္တမဂ် ဝိဇ္ဇာနှင့် ပြည့်စုံသော သတ္တဝါတို့သည် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်”ဟု (ဟောတော်မူ၏)။ (၇) (၄) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ သင်္ခါရတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက်မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

For ignorance is the great delusion because of which we have long transmigrated. Those beings who have knowledge do not proceed to a future life.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by choices’: this is one contemplation. ‘When choices has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၃၇။ ‘‘ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ, သဗ္ဗံ သင်္ခါရပစ္စယာ၊

သင်္ခါရာနံ နိရောဓေန, နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

၇၃၇။ “ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာ၏၊ သင်္ခါရတို့၏သာ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ (၈)

“All the suffering that originates is caused by choices. With the cessation of choices, there is no origination of suffering.

၇၃၈။ ‘‘ဧတမာဒီနဝံ ဉတွာ, ဒုက္ခံ သင်္ခါရပစ္စယာ၊

သဗ္ဗသင်္ခါရသမထာ, သညာနံ ဥပရောဓနာ၊

ဧဝံ ဒုက္ခက္ခယော ဟောတိ, ဧတံ ဉတွာ ယထာတထံ။

၇၃၈-၇၃၉။ သင်္ခါရဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိ၍သင်္ခါရအားလုံးတို့၏ ငြိမ်းခြင်းကြောင့်လည်းကောင်း၊ (ကာမစသော) သညာတို့၏ချုပ်ခြင်းကြောင့်လည်းကောင်း ဤသို့ ဆင်းရဲကုန်ခြင်း ဖြစ်၏၊ ဤနှစ်မျိုးကို ဟုတ်မှန်သည့်အတိုင်းသိ၍ ကောင်းစွာမြင်ကုန်သော နိဗ္ဗာန်သို့ရောက်သော ပညာရှိတို့သည် (သင်္ခတ စသည်တို့၏ သဘောကို) ကောင်းစွာသိကုန်၍ မာရ်၏အရာဖြစ်သော တေဘူမကဝဋ်ကို နှိမ်နင်းလျက် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်”ဟု (ဟောတော်မူ၏)။ (၉-၁၀) (၅) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝိညာဏ်တည်းဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဝိညာဏ်၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, that suffering is caused by choices; through the stilling of all choices, and the stopping of perceptions, this is the way suffering ends when one has known this as it is.

၇၃၉။ ‘‘သမ္မဒ္ဒသာ ဝေဒဂုနော, သမ္မဒညာယ ပဏ္ဍိတာ၊

အဘိဘုယျ မာရသံယောဂံ, န ဂစ္ဆန္တိ [နာဂစ္ဆန္တိ (သီ။ ပီ။)] ပုနဗ္ဘဝ’’န္တိ။

(၅) ‘‘သိယာ အညေနပိ ။ပ။ ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဝိညာဏပစ္စယာတိ, အယမေကာနုပဿနာ။ ဝိညာဏဿ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

Rightly seeing, knowledge masters, the astute, understanding rightly, having thrown off Māra’s yoke, do not proceed to a future life.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by consciousness’: this is one contemplation. ‘When consciousness has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၄၀။ ‘‘ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ, သဗ္ဗံ ဝိညာဏပစ္စယာ၊

ဝိညာဏဿ နိရောဓေန, နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

၇၄၀။ “ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝိညာဏ်၏သာ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ။ (၁၁)

“All the suffering that originates is caused by consciousness. With the cessation of consciousness, there is no origination of suffering.

၇၄၁။ ‘‘ဧတမာဒီနဝံ ဉတွာ, ဒုက္ခံ ဝိညာဏပစ္စယာ၊

ဝိညာဏူပသမာ ဘိက္ခု, နိစ္ဆာတော ပရိနိဗ္ဗုတော’’တိ။

(၆) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဖဿပစ္စယာတိ, အယမေကာနုပဿနာ။ ဖဿဿ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၄၁။ ရဟန်းသည် ဝိညာဏ်ဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိ၍ဝိညာဏ်ငြိမ်းခြင်းကြောင့် တဏှာကင်းသဖြင့် ကိလေသ ပရိနိဗ္ဗာန်စံရ၏”ဟု (ဟောတော်မူ၏)။ (၁၂) (၆) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဖဿ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, that suffering is caused by consciousness, with the stilling of consciousness a mendicant is hungerless, quenched.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by contact’: this is one contemplation. ‘When contact has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၄၂။ ‘‘တေသံ ဖဿပရေတာနံ, ဘဝသောတာနုသာရိနံ၊

ကုမ္မဂ္ဂပဋိပန္နာနံ, အာရာ သံယောဇနက္ခယော။

၇၄၂။ “ဝိညာဏ်နှင့်ယှဥ်သည့် ဖဿသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ဘဝ တဏှာတည်းဟူသော အလျဥ်သို့ အစဥ်လျှောက်ကာ လမ်းမှားသို့ သွားကုန်သော ထိုသတ္တဝါတို့အား သံယောဇဥ်ကုန်ရာနိဗ္ဗာန်သည် ဝေးကွာလှ၏၊ (၁၃)

“Those mired in contact, swept down the stream of lives, practicing the wrong way, are far from the ending of fetters.

၇၄၃။ ‘‘ယေ စ ဖဿံ ပရိညာယ, အညာယုပသမေ [ပညာယ ဥပသမေ (သျာ။)] ရတာ၊

တေ ဝေ ဖဿာဘိသမယာ, နိစ္ဆာတာ ပရိနိဗ္ဗုတာ’’တိ။

(၇) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဝေဒနာပစ္စယာတိ, အယမေကာနုပဿနာ။ ဝေဒနာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၄၃။ အကြင်ပုဂ္ဂိုလ်တို့သည်ကား ဖဿကို ပရိညာသုံးပါးဖြင့် သိပြီးလျှင် အရဟတ္တမဂ်ဉာဏ်ဖြင့်သိလျက်နိဗ္ဗာန်၌ မွေ့လျော်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဖဿ ချုပ်ခြင်းကြောင့် တဏှာကင်းသဖြင့်ကိလေသပရိနိဗ္ဗာန်စံရ၏”ဟု (ဟောတော်မူ၏)။ (၁၄) (၇) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဝေဒနာ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

But those who completely understand contact, who, understanding, delight in peace; by comprehending contact they are hungerless, quenched.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by feeling’: this is one contemplation. ‘When feeling has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၄၄။ ‘‘သုခံ ဝါ ယဒိ ဝါ ဒုက္ခံ, အဒုက္ခမသုခံ သဟ၊

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, ယံ ကိဉ္စိ အတ္ထိ ဝေဒိတံ။

၇၄၄။ “အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း ဥပေက္ခာ ဝေဒနာလည်းဖြစ်သော ဒုက္ခဝေဒနာလည်းဖြစ်သော ခံစားမှုဟူသမျှသည် ရှိ၏။ (၁၅)

“Whether it’s pleasant or painful, as well as what’s neutral, whatever there is that is felt internally and externally:

၇၄၅။ ‘‘ဧတံ ဒုက္ခန္တိ ဉတွာန, မောသဓမ္မံ ပလောကိနံ [ပလောကိတံ (သီ။)]၊

ဖုဿ ဖုဿ ဝယံ ပဿံ, ဧဝံ တတ္ထ ဝိဇာနတိ [ဝိရဇ္ဇတိ (က။ သီ။)]၊

ဝေဒနာနံ ခယာ ဘိက္ခု, နိစ္ဆာတော ပရိနိဗ္ဗုတော’’တိ။

(၈) ‘‘သိယာ အညေနပိ ။ပ။ ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ တဏှာပစ္စယာတိ, အယမေကာနုပဿနာ။ တဏှာယ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၄၅။ အကြင်ရဟန်းသည် ဤဝေဒနာကို ဆင်းရဲကြောင်းဟု သိ၍ ပျက်တတ်သော သဘောဖောက်ပြန်တတ်သော သဘောကို ဉာဏ်ဖြင့်တွေ့ထိ၍ တွေ့ထိ၍ အပျက်ကို ရှုကာ ထိုဝေဒနာတို့၌ ဤသို့ ဆင်းရဲသော အဖြစ်ကို သိ၏၊ ထိုရဟန်းသည် ဝေဒနာတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ကိလေသပရိနိဗ္ဗာန် စံရ၏”ဟု (ဟောတော်မူ၏)။ (၁၆) (၈) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် တဏှာဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ တဏှာ၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

having known, ‘this is suffering, deceptive, breaking apart’, seeing feelings vanish with every contact, that’s how they understand them. With the ending of feelings, a mendicant is hungerless, quenched.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by craving’: this is one contemplation. ‘When craving has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၄၆။ ‘‘တဏှာဒုတိယော ပုရိသော, ဒီဃမဒ္ဓါန သံသရံ၊

ဣတ္ထဘာဝညထာဘာဝံ, သံသာရံ နာတိဝတ္တတိ။

၇၄၆။ “တဏှာလျှင် အဖော်ရှိသော ယောကျာ်းသည် ရှည်ကြာစွာသော ကာလ ပတ်လုံးကျင်လည်ရသည်ဖြစ်၍ ဤလူ့ဘဝ တစ်ပါးသော ဘဝဟူသော သံသရာကို မလွန်မြောက်နိုင်။ (၁၇)

“Craving is a person’s partner as they transmigrate on this long journey. They go from this state to another, but don’t escape transmigration.

၇၄၇။ ‘‘ဧတမာဒီနဝံ ဉတွာ, တဏှံ [တဏှာ (ဗဟူသု) ဣတိဝုတ္တကေ ၁၅ ပဿိတဗ္ဗံ] ဒုက္ခဿ သမ္ဘဝံ၊

ဝီတတဏှော အနာဒါနော, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။

(၉) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဥပါဒါနပစ္စယာတိ, အယမေကာနုပဿနာ။ ဥပါဒါနာနံ [ဥပါဒါနဿ (သျာ။ က။)] တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၄၇။ သတိရှိသော ရဟန်းသည် ဆင်းရဲ၏ အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူ တော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏”ဟု (ဟောတော်မူ၏)။ (၁၈) (၉) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့့ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ဥပါဒါန်၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, that craving is the cause of suffering— rid of craving, free of grasping, a mendicant would wander mindful.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by grasping’: this is one contemplation. ‘When grasping has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၄၈။ ‘‘ဥပါဒါနပစ္စယာ ဘဝေါ, ဘူတော ဒုက္ခံ နိဂစ္ဆတိ၊

ဇာတဿ မရဏံ ဟောတိ, ဧသော ဒုက္ခဿ သမ္ဘဝေါ။

၇၄၈။ “ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဖြစ်ပေါ်လာသော သတ္တဝါသည် ဆင်းရဲသို့ ရောက်ရ၏၊ ပဋိသန္ဓေနေရသူအား သေခြင်းသည် ဖြစ်ရ၏၊ ဤပဋိသန္ဓေနေရခြင်းသေရခြင်းသဘောသည် ဆင်းရဲဖြစ်ရခြင်းပင်တည်း။ (၁၉)

“Grasping is the cause of continued existence; one who exists falls into suffering. Death comes to those who are born— this is the origination of suffering.

၇၄၉။ ‘‘တသ္မာ ဥပါဒါနက္ခယာ, သမ္မဒညာယ ပဏ္ဍိတာ၊

ဇာတိက္ခယံ အဘိညာယ, န ဂစ္ဆန္တိ ပုနဗ္ဘဝ’’န္တိ။

(၁၀) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ အာရမ္ဘပစ္စယာတိ, အယမေကာနုပဿနာ။ အာရမ္ဘာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၄၉။ ထို့ကြောင့် ပညာရှိတို့သည် အောက်မဂ်သုံးပါးဖြင့် ကောင်းစွာ သိကြ ပြီးလျှင်ဥပါဒါန်ကုန်ခြင်းကြောင့် ဇာတိကုန်ရာ နိဗ္ဗာန်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် သိကြကုန်၍ တစ်ဖန် ဘဝသစ်သို့ မရောက်ကြရတော့ကုန်”ဟု (ဟောတော်မူ၏)။ (၂၀) (၁၀) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည်အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊အားထုတ်အပ်သော ကံတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

That’s why with the end of grasping, the astute, understanding rightly, having directly known the end of rebirth, do not proceed to a future life.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by instigating activity’: this is one contemplation. ‘When instigation has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၅၀။ ‘‘ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ, သဗ္ဗံ အာရမ္ဘပစ္စယာ၊

အာရမ္ဘာနံ နိရောဓေန, နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

၇၅၀။ “ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည်အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်၏၊အားထုတ်အပ်သော ကံတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိတော့ပေ။ (၂၁)

“All the suffering that originates is caused by instigating activity. With the cessation of instigation, there is no origination of suffering.

၇၅၁။ ‘‘ဧတမာဒီနဝံ ဉတွာ, ဒုက္ခံ အာရမ္ဘပစ္စယာ၊

သဗ္ဗာရမ္ဘံ ပဋိနိဿဇ္ဇ, အနာရမ္ဘေ ဝိမုတ္တိနော။

၇၅၁-၇၅၂။ ဆင်းရဲသည်အားထုတ်အပ်သော ကံကြောင့် ဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့်အားထုတ်အပ်သော ကံအားလုံးကို စွန့်ပြီး၍အားထုတ်မှုကံ ကင်းသော နိဗ္ဗာန်သို့ လွတ်မြောက်သော စိတ်ရှိသော ဘဝတဏှာပြတ်ပြီးသော ငြိမ်းအေးသော စိတ် ရှိသော ရဟန်းအားဇာတိဟူသော သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ် မရှိတော့ပြီ”ဟု (ဟောတော်မူ၏)။ (၂၂-၂၃) (၁၁) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အာဟာရဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ အာဟာရတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, that suffering is caused by instigating activity, having given up all instigation, one is freed with respects to instigation.

၇၅၂။ ‘‘ဥစ္ဆိန္နဘဝတဏှဿ, သန္တစိတ္တဿ ဘိက္ခုနော၊

ဝိက္ခီဏော [ဝိတိဏ္ဏော (သီ။)] ဇာတိသံသာရော, နတ္ထိ တဿ ပုနဗ္ဘဝေါ’’တိ။

(၁၁) ‘‘သိယာ အညေနပိ ။ပ။ ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ အာဟာရပစ္စယာတိ, အယမေကာနုပဿနာ။ အာဟာရာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

For the mendicant with peaceful mind, who has cut off craving for continued existence, transmigration through births is finished; there’ll be no more future lives for them.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by sustenance’: this is one contemplation. ‘When sustenance has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၅၃။ ‘‘ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ, သဗ္ဗံ အာဟာရပစ္စယာ၊

အာဟာရာနံ နိရောဓေန, နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

၇၅၃။ “ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် အာဟာရဟူသော အ ကြောင်းကြောင့် ဖြစ်၏၊ အာဟာရတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိတော့ ပေ။ (၂၄)

“All the suffering that originates is caused by sustenance. With the cessation of sustenance, there is no origination of suffering.

၇၅၄။ ‘‘ဧတမာဒီနဝံ ဉတွာ, ဒုက္ခံ အာဟာရပစ္စယာ၊

သဗ္ဗာဟာရံ ပရိညာယ, သဗ္ဗာဟာရမနိဿိတော။

၇၅၄။ အာဟာရဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် အာဟာရအားလုံးကို ပိုင်းခြား သိ၍ အာဟာရအားလုံးကို မမှီ တော့ပေ။ (၂၅)

Knowing this danger, that suffering is caused by sustenance, completely understanding all sustenance, one is independent of all sustenance.

၇၅၅။ ‘‘အာရောဂျံ သမ္မဒညာယ, အာသဝါနံ ပရိက္ခယာ၊

သင်္ခါယ သေဝီ ဓမ္မဋ္ဌော, သင်္ချံ [သင်္ခံ (သီ။ ပီ။)] နောပေတိ ဝေဒဂူ’’တိ။

(၁၂) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဣဉ္ဇိတပစ္စယာတိ, အယမေကာနုပဿနာ။ ဣဉ္ဇိတာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၅၅။ ကိလေသာ အနာရောဂါကင်းသော နိဗ္ဗာန်ကို ကောင်းစွာသိ၍ အာသဝေါကုန်ခြင်းကြောင့် ပညာဖြင့် ဆင်ခြင်၍မှီဝဲသော သစ္စာတရား၌ တည်သော ရဟန္တာသည် သတ္တဝါဟူသော ရေတွက်ခြင်းသို့ မရောက်နိုင်တော့ပေ”ဟု (ဟောတော်မူ၏)။ (၂၆) (၁၂) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် ကံ၏အဆောက်အဦးဟူသောတုန်လှုပ်ခြင်းအကြောင်းကြောင့် ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ကံ၏အဆောက်အဦးဟူသောတုန်လှုပ်ခြင်းတို့၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ၊ ဤ့သည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Having rightly understood the state of health, through the ending of defilements, one who makes use after appraisal, firm in principle, a knowledge master cannot be reckoned.” “‘Could there be another way?’ … And how could there be? ‘All the suffering that originates is caused by perturbation’: this is one contemplation. ‘When perturbation has faded away and ceased with no residue left behind, there is no origination of suffering’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၅၆။ ‘‘ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ, သဗ္ဗံ ဣဉ္ဇိတပစ္စယာ၊

ဣဉ္ဇိတာနံ နိရောဓေန, နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။

၇၅၆။ “ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှအားလုံးသည် တုန်လှုပ်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်၏၊ တုန်လှုပ်ခြင်းတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်း မရှိ။ (၂၇)

“All the suffering that originates is caused by perturbation. With the cessation of perturbation, there is no origination of suffering.

၇၅၇။ ‘‘ဧတမာဒီနဝံ ဉတွာ, ဒုက္ခံ ဣဉ္ဇိတပစ္စယာ၊

တသ္မာ ဟိ ဧဇံ ဝေါဿဇ္ဇ, သင်္ခါရေ ဥပရုန္ဓိယ၊

အနေဇော အနုပါဒါနော, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။

(၁၃) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? နိဿိတဿ စလိတံ ဟောတီတိ, အယမေကာနုပဿနာ။ အနိဿိတော န စလတီတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ…ပေ… အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၅၇။ သတိရှိသော ရဟန်းသည် တုန်လှုပ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် တဏှာစွန့်လွှတ်လျက် ကမ္မသင်္ခါရတို့ကို ချုပ်စေပြီးလျှင် တဏှာမရှိသည်ဥပါဒါန်မရှိသည်ဖြစ်၍ ဤသံသရာမှ ထွက်မြောက်ရာ၏”ဟု (ဟောတော်မူ၏)။ (၂၈) (၁၃) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ (တဏှာ မာန ဒိဋ္ဌိတို့)မှီသူအား ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ (တဏှာ မာန ဒိဋ္ဌိတို့) မမှီသောသူသည် မတုန်လှုပ်၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, that suffering is caused by perturbation, that’s why, having relinquished perturbation, and stopped making karmic choices, imperturbable, free of grasping, a mendicant would wander mindful.” “‘Could there be another way?’ … And how could there be? ‘For the dependent there is quivering’: this is the first contemplation. ‘For the independent there’s no agitation’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၅၈။ ‘‘အနိဿိတော န စလတိ, နိဿိတော စ ဥပါဒိယံ၊

ဣတ္ထဘာဝညထာဘာဝံ, သံသာရံ နာတိဝတ္တတိ။

၇၅၈။ “တဏှာ မာန ဒိဋ္ဌိတို့ မမှီသူသည် မတုန်လှုပ်၊မှီသောသူကား ဤလူ့ ဘဝ တစ်ပါးသော ဘဝကို ပြင်းစွာ စွဲလမ်းသည်ဖြစ်၍ သံသရာကို မလွန်မြောက်နိုင်။ (၂၉)

“For the independent there’s no agitation. The dependent, grasping, goes from this state to another, without escaping transmigration.

၇၅၉။ ‘‘ဧတမာဒီနဝံ ဉတွာ, နိဿယေသု မဟဗ္ဘယံ၊

အနိဿိတော အနုပါဒါနော, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။

(၁၄) ‘‘သိယာ အညေနပိ ။ပ။ ကထဉ္စ သိယာ? ရူပေဟိ, ဘိက္ခဝေ, အရူပါ [အာရုပ္ပါ (သီ။ ပီ။)] သန္တတရာတိ, အယမေကာနုပဿနာ။ အရူပေဟိ နိရောဓော သန္တတရောတိ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၅၉။ သတိရှိသော ရဟန်းသည် တဏှာမာနဒိဋ္ဌိဟူသောမှီရာတို့ကြောင့် ကြီး စွာသော ဘေးဖြစ်၏ဟု ဤသို့ သော အပြစ်ကို သိသောကြောင့် တဏှာ မာန ဒိဋ္ဌိတို့ကို မမှီမူ၍ မစွဲလမ်းဘဲ သံသရာမှထွက်မြောက်ရာ၏”ဟု (ဟောတော်မူ၏)။ (၃၀) (၁၄) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ရဟန်းတို့ ရူပဘဝတို့ထက် အရူပဘဝတို့သည်သာလွန်ငြိမ်သက်ကုန်၏၊ ဤသည်ကားတစ်မျိုးသော ရှုမှတ်မှုတည်း၊ အရူပဘဝတို့ထက် ကိလေသာချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာလွန်ငြိမ်သက်၏၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

Knowing this danger, the great fear in dependencies, independent, free of grasping, a mendicant would wander mindful.” “‘Could there be another way?’ … And how could there be? ‘Formless states are more peaceful than states of form’: this is the first contemplation. ‘Cessation is more peaceful than formless states’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၆၀။ ‘‘ယေ စ ရူပူပဂါ သတ္တာ, ယေ စ အရူပဋ္ဌာယိနော [အာရုပ္ပဝါသိနော (သီ။ ပီ။)]၊

နိရောဓံ အပ္ပဇာနန္တာ, အာဂန္တာရော ပုနဗ္ဘဝံ။

၇၆၀။ “ရူပဘဝသို့ ကပ်ရောက်ကုန်သော သတ္တဝါ အရူပဘဝ၌ တည်ကုန်သော သတ္တဝါတို့သည် ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မသိကြကုန်သောကြောင့် တစ်ဖန် ဘဝ သစ်သို့ ရောက်လာကြကုန်၏။ (၃၁)

“There are beings in the realm of luminous form, and others stuck in the formless. Not understanding cessation, they return in future lives.

၇၆၁။ ‘‘ယေ စ ရူပေ ပရိညာယ, အရူပေသု အသဏ္ဌိတာ [သုသဏ္ဌိတာ (သီ။ သျာ။ ပီ။)]၊

နိရောဓေ ယေ ဝိမုစ္စန္တိ, တေ ဇနာ မစ္စုဟာယိနော’’တိ။

(၁၅) ‘‘သိယာ အညေနပိ…ပေ… ကထဉ္စ သိယာ? ယံ, ဘိက္ခဝေ, သဒေဝကဿ လောကဿ သမာရကဿ သဗြဟ္မကဿ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဣဒံ သစ္စန္တိ ဥပနိဇ္ဈာယိတံ တဒမရိယာနံ ဧတံ မုသာတိ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ, အယမေကာနုပဿနာ။ ယံ, ဘိက္ခဝေ, သဒေဝကဿ ။ပ။ သဒေဝမနုဿာယ ဣဒံ မုသာတိ ဥပနိဇ္ဈာယိတံ, တဒမရိယာနံ ဧတံ သစ္စန္တိ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ။ပ။ အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၆၁။ အကြင်ပုဂ္ဂိုလ်တို့သည်ကား ရူပဘဝတို့ကို ပိုင်းခြားသိကုန်၍ အရူပဘဝတို့၌လည်း မတည်ကုန်၊ နိဗ္ဗာန်၌သာလျှင် နှလုံးသွင်းကုန်၏၊ ထိုပုဂ္ဂိုလ်သည် သေခြင်းသဘောကို စွန့်လွှတ်နိုင်ကုန်၏”ဟု (ဟောတော်မူ၏)။ (၃၂) (၁၅) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း ဖြစ်ရာအံ့လော။ပ။ အဘယ်သို့ ဖြစ်ရာသနည်း၊ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောကသည် နိစ္စ သုဘ သုခ အတ္တသဘောမှန်၏ဟု ယူဆထားသော နာမ်ရုပ်ကို အရိယာပုဂ္ဂိုလ်တို့က ဤအယူအဆသည်မှားယွင်း၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ရဟန်းတို့ နတ် မာရ်နတ်ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကသည်ရုပ်ဝေဒနာသည် မရှိခြင်းကြောင့်မှား၏ဟု ယူဆထားသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က ဤနိဗ္ဗာန်သည်ပရမတ္ထအားဖြင့်မှန်၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏၊ ဤသည်ကားဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ဤသို့ ကောင်းစွာ။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏-

But the people who completely understand form, not stuck in the formless, released in cessation— they are conquerors of death.” “‘Could there be another way?’ … And how could there be? ‘What this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—focuses on as true, the noble ones have clearly seen with right wisdom to be actually false’: this is the first contemplation. ‘What this world focuses on as false, the noble ones have clearly seen with right wisdom to be actually true’: this is the second contemplation. When a mendicant meditates in this way they can expect enlightenment or non-return.” Then the Teacher went on to say:

၇၆၂။ ‘‘အနတ္တနိ အတ္တမာနိံ [အတ္တမာနီ (သျာ။), အတ္တမာနံ (ပီ။ က။)], ပဿ လောကံ သဒေဝကံ၊

နိဝိဋ္ဌံ နာမရူပသ္မိံ, ဣဒံ သစ္စန္တိ မညတိ။

၇၆၂။ “အတ္တမဟုတ်သော နာမ်ရုပ်၌ စွဲမှီလျက် အတ္တဟု ထင်မှတ်ယူဆသော နတ်နှင့်တကွသော လောကကို ကြည့်ရှုပါလော့၊ ဤနာမ်ရုပ်သည် နိစ္စစသည်တို့ အဖြစ်ဖြင့်မှန်၏ဟု နတ်နှင့်တကွသော လောကက ထင်မှတ်ယူဆနေ၏။ (၃၃)

“See how the world with its gods imagines not-self to be self; habituated to name and form, imagining this is truth.

၇၆၃။ ‘‘ယေန ယေန ဟိ မညန္တိ, တတော တံ ဟောတိ အညထာ၊

တဉှိ တဿ မုသာ ဟောတိ, မောသဓမ္မဉှိ ဣတ္တရံ။

၇၆၃။ နာမ်ရုပ်သည် အတ္တဟု ထင်မှတ်ယူဆထားသည်မှ တစ်ပါးသော အနတ္တ အခြင်းအရာအားဖြင့်ဖြစ်၏၊မှန်၏-ထိုနာမ်ရုပ်ကို ငါ၏အတ္တဟု ထင်မှတ်ယူဆခြင်းသည် ထိုလောက၏မှားယွင်းချက်တည်း၊ အကြောင်းကား ထိုနာမ်ရုပ်သည် အခိုက် အတံ့ဖြစ်ပေါ်၍ ပျက်စီးခြင်းသဘောရှိသောကြောင့် ပင်တည်း။ (၃၄)

For however they imagine it, it turns out to be something else. And that is what is false in it, for the ephemeral is deceptive by nature.

၇၆၄။ ‘‘အမောသဓမ္မံ နိဗ္ဗာနံ, တဒရိယာ သစ္စတော ဝိဒူ၊

တေ ဝေ သစ္စာဘိသမယာ, နိစ္ဆာတာ ပရိနိဗ္ဗုတာ’’တိ။

(၁၆) ‘‘‘သိယာ အညေနပိ ပရိယာယေန သမ္မာ ဒွယတာနုပဿနာ’တိ, ဣတိ စေ, ဘိက္ခဝေ, ပုစ္ဆိတာရော အဿု၊ ‘သိယာ’တိဿု ဝစနီယာ။ ကထဉ္စ သိယာ? ယံ, ဘိက္ခဝေ, သဒေဝကဿ လောကဿ သမာရကဿ သဗြဟ္မကဿ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဣဒံ သုခန္တိ ဥပနိဇ္ဈာယိတံ, တဒမရိယာနံ ဧတံ ဒုက္ခန္တိ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ, အယမေကာနုပဿနာ။ ယံ, ဘိက္ခဝေ, သဒေဝကဿ ။ပ။ သဒေဝမနုဿာယ ဣဒံ ဒုက္ခန္တိ ဥပနိဇ္ဈာယိတံ တဒမရိယာနံ ဧတံ သုခန္တိ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ, အယံ ဒုတိယာနုပဿနာ။ ဧဝံ သမ္မာ ဒွယတာနုပဿိနော ခေါ, ဘိက္ခဝေ, ဘိက္ခုနော အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ – ဒိဋ္ဌေဝ ဓမ္မေ အညာ, သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာတိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

၇၆၄။ အရိယာပုဂ္ဂိုလ်တို့သည် ပျက်စီးခြင်းသဘော မရှိသော နိဗ္ဗာန်ကို အမှန် အတိုင်းသိကြကုန်၏၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် သစ္စာလေးပါးတရားတို့ကို သိခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ကိလေသပရိနိဗ္ဗာန်စံရကုန်၏”ဟု (ဟောတော်မူ၏)။ (၃၅) (၁၆) ရဟန်းတို့ အခြားတစ်ပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာ ရှုခြင်းသည် ဖြစ်ရာအံ့လောဟု ဤသို့ မေးသူတို့ ရှိကြကုန်မူ (ထိုမေးသူတို့ကို) “ရှိသည် ဖြစ်ရာ၏”ဟု ဖြေဆိုအပ်ကုန်၏၊ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့်သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောကသည် ချမ်းသာဟု ယူဆထားသော ဣဋ္ဌအာရုံခြောက်မျိုးကို အရိယာပုဂ္ဂိုလ်တို့က ဤအာရုံသည် ဆင်းရဲဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏၊ ဤသည်ကား တစ်မျိုးသော ရှုမှတ်မှုတည်း၊ ရဟန်းတို့ ထိုနတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် ကာမဂုဏ်မရှိသောကြောင့် ဒုက္ခဟု ယူဆထားသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က ဤနိဗ္ဗာန်သည်ချမ်းသာလှ၏ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသော မဂ်ပညာဖြင့် မြင်ကြ၏၊ ဤသည်ကား ဒုတိယဖြစ်သော ရှုမှတ်မှုတည်း၊ ရဟန်းတို့ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသောတရားကို ကောင်းစွာရှုသည်ဖြစ်၍ မမေ့မလျော့ အပြင်းအထန်အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိလျက်နေသော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊ ဥပါဒါနက္ခန္ဓာ အကြွင်းရှိသေးမူ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း ထိုနှစ်မျိုးသော ဖိုလ်တို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟော တော်မူ၏-

Extinguishment has an undeceptive nature, the noble ones know it as truth. Having comprehended the truth, they are hungerless, quenched.” “Suppose, monks, they questioned you thus: ‘Could there be another way to contemplate the pairs?’ You should say, ‘There could.’ And how could there be? ‘What this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—focuses on as happiness, the noble ones have clearly seen with right wisdom to be actually suffering’: this is the first contemplation. ‘What this world focuses on as suffering, the noble ones have clearly seen with right wisdom to be actually happiness’: this is the second contemplation. When a mendicant meditates rightly contemplating a pair of teachings in this way—diligent, keen, and resolute—they can expect one of two results: enlightenment in this very life, or if there’s residue left behind, non-return.” That is what the Buddha said. Then the Holy One, the Teacher, went on to say:

စာ-၃၉၇

၇၆၅။ ‘‘ရူပါ သဒ္ဒါ ရသာ ဂန္ဓာ, ဖဿာ ဓမ္မာ စ ကေဝလာ၊

ဣဋ္ဌာ ကန္တာ မနာပါ စ, ယာဝတတ္ထီတိ ဝုစ္စတိ။

၇၆၅။ “အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုးအပ်ကုန်သောအားလုံးကုန်သော ရူပါရုံ သဒ္ဒါရုံဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံခြောက်မျိုးတို့သည် ရှိကုန်၏ဟူ၍ ဆိုရ၏။ (၃၆)

“Sights, sounds, tastes, smells, touches, and ideas, the lot of them— they’re likable, desirable, and pleasurable as long as you can say that they exist.

၇၆၆။ ‘‘သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊

ယတ္ထ စေတေ နိရုဇ္ဈန္တိ, တံ နေသံ ဒုက္ခသမ္မတံ။

၇၆၆။ နတ်နှင့်တကွ လောကသည် ဤအာရုံတို့ကို ချမ်းသာဟု ခေါ်ဆိုသမုတ် အပ်ကုန်၏၊ ဤအာရုံတို့ချုပ်ရာ နိဗ္ဗာန်ကို မူကား ဆင်းရဲဟု ခေါ်ဆိုသမုတ်အပ်၏။ (၃၇)

For all the world with its gods, this is what they deem happiness. And where they cease is deemed as suffering for them.

၇၆၇။ ‘‘သုခန္တိ ဒိဋ္ဌမရိယေဟိ, သက္ကာယဿုပရောဓနံ၊

ပစ္စနီကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။

၇၆၇။ ခန္ဓာဟူသော သက္ကာယ၏ ချုပ်ရာ နိဗ္ဗာန်ကို သုခဟူ၍ အရိယာပုဂ္ဂိုလ်တို့ မြင်ကြကုန်၏၊ နိဗ္ဗာန်ကို သုခဟု မြင်သော အရိယာပုဂ္ဂိုလ်တို့၏ ဤအမြင်သည် လောကအားလုံးနှင့် ဆန့်ကျင်သော အမြင်ဖြစ်၏။ (၃၈)

The noble ones have seen as happiness the ceasing of substantial reality. This insight by those who see contradicts the whole world.

၇၆၈။ ‘‘ယံ ပရေ သုခတော အာဟု, တဒရိယာ အာဟု ဒုက္ခတော၊

ယံ ပရေ ဒုက္ခတော အာဟု, တဒရိယာ သုခတော ဝိဒူ။

၇၆၈။ တစ်ပါးသောသူတို့သည် သုခဟု ပြောဆိုကြသော ဝတ္ထုကာမကို အရိယာပုဂ္ဂိုလ်တို့က ဒုက္ခဟု ဆိုကြကုန်၏၊ တစ်ပါးသောသူတို့က ဒုက္ခဟု ပြောဆို ကြသော နိဗ္ဗာန်ကို အရိယာပုဂ္ဂိုလ်တို့က သုခဟု သိကြကုန်၏။ (၃၉)

What others say is happiness the noble ones say is suffering. What others say is suffering the noble ones know as happiness.

၇၆၉။ ‘‘ပဿ ဓမ္မံ ဒုရာဇာနံ, သမ္ပမူဠှေတ္ထဝိဒ္ဒသု [သမ္ပမူဠှေတ္ထ အဝိဒ္ဒသု (သီ။ ပီ။), သမ္မူဠှေတ္ထ အဝိဒ္ဒသု (?)]၊

နိဝုတာနံ တမော ဟောတိ, အန္ဓကာရော အပဿတံ။

၇၆၉။ သိရန်ခဲယဥ်းလှသော နိဗ္ဗာန်ကို ရှုပါလော့၊ ဤနိဗ္ဗာန်၌ သူမိုက်တို့သည် ပြင်းစွာ တွေဝေကုန်၏၊ (အဝိဇ္ဇာ) ဖုံးပိတ်အပ်ကုန်သည်ဖြစ်၍ (နိဗ္ဗာန်ကို) မမြင်သောသူမိုက်တို့အား ဉာဏ်မျက်စိကန်းအောင်ပြုတတ်သော အမိုက်မှောင်သည် ဖြစ်၏။ (၄၀)

See, this teaching is hard to understand, it confuses the ignorant. There is darkness for the shrouded; blackness for those who don’t see.

၇၇၀။ ‘‘သတဉ္စ ဝိဝဋံ ဟောတိ, အာလောကော ပဿတာမိဝ၊

သန္တိကေ န ဝိဇာနန္တိ, မဂါ ဓမ္မဿကောဝိဒါ။

၇၇၀။ အလင်းရောင်သည် အပိတ်အဆီးမရှိ ဟင်းလင်းပွင့်သကဲ့သို့ ပညာဖြင့် ရှုကြည့်သောသူတော်ကောင်းတို့အား နိဗ္ဗာန်သည် ဟင်းလင်းပွင့်၏၊ သစ္စာတရားကို မလိမ္မာကုန်သောသူမိုက်တို့သည် အနီး၌ တည်ရှိနေသော နိဗ္ဗာန်ကို မသိနိုင်ကြကုန်။ (၄၁)

But the good are open; like light for those who see. Though close, they do not understand, those fools inexpert in the teaching.

၇၇၁။ ‘‘ဘဝရာဂပရေတေဟိ, ဘဝသောတာနုသာရိဘိ၊

မာရဓေယျာနုပန္နေဟိ, နာယံ ဓမ္မော သုသမ္ဗုဓော။

၇၇၁။ ဘဝရာဂ အနှိပ်စက်ခံကြရကုန်သည်ဖြစ်၍ ဘဝတည်းဟူသောတဏှာ ရေအလျဥ်၌ မျောကုန်သော မာရ်မင်း၏ နယ်ပယ် တေဘူမကဝဋ်၌ လှည့်လည်နေကုန်သော ပုထုဇဥ်တို့သည် ဤနိဗ္ဗာန်တရားကို အလွယ်တကူ မသိနိုင်ကြကုန်။ (၄၂)

They’re mired in desire for continued existence, flowing along the stream of lives, mired in Māra’s dominion: this teaching isn’t easy for them to understand.

၇၇၂။ ‘‘ကော နု အညတြမရိယေဟိ, ပဒံ သမ္ဗုဒ္ဓုမရဟတိ၊

ယံ ပဒံ သမ္မဒညာယ, ပရိနိဗ္ဗန္တိ အနာသဝါ’’တိ။

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ [ဣမသ္မိံ ခေါ (သီ။)] ပန ဝေယျာကရဏသ္မိံ ဘညမာနေ သဋ္ဌိမတ္တာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

ဒွယတာနုပဿနာသုတ္တံ ဒွါဒသမံ နိဋ္ဌိတံ။

တဿုဒ္ဒါနံ -

သစ္စံ ဥပဓိ အဝိဇ္ဇာ စ, သင်္ခါရေ ဝိညာဏပဉ္စမံ၊

ဖဿဝေဒနိယာ တဏှာ, ဥပါဒါနာရမ္ဘအာဟာရာ၊

ဣဉ္ဇိတံ စလိတံ ရူပံ, သစ္စံ ဒုက္ခေန သောဠသာတိ။

မဟာဝဂ္ဂေါ တတိယော နိဋ္ဌိတော။

တဿုဒ္ဒါနံ -

ပဗ္ဗဇ္ဇာ စ ပဓာနဉ္စ, သုဘာသိတဉ္စ သုန္ဒရိ၊

မာဃသုတ္တံ သဘိယော စ, သေလော သလ္လဉ္စ ဝုစ္စတိ။

ဝါသေဋ္ဌော စာပိ ကောကာလိ, နာလကော ဒွယတာနုပဿနာ၊

ဒွါဒသေတာနိ သုတ္တာနိ, မဟာဝဂ္ဂေါတိ ဝုစ္စတီတိ။

၇၇၂။ အာသဝေါမရှိသော ရဟန္တာတို့သည် အကြင်နိဗ္ဗာန်ကို ကောင်းစွာသိ၍ ပရိနိဗ္ဗာန်ပြုကုန်၏၊ အရိယာတို့မှ တစ်ပါးသော အဘယ်သူသည် ထိုနိဗ္ဗာန်ကို သိခြင်းငှါ ထိုက်တန်ပါမည်နည်း”ဟု (မိန့်တော်မူ၏)။ (၄၃) မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသောတရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ လက်ခံကြလေကုန်၏၊ ဤတစ်ဆယ့်ခြောက်ချက်သော အကြောင်းတရားတော်ကို ဟောတော်မူအပ်သည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိသော ရဟန်းတို့၏စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ တစ်ဆယ့်နှစ်ခုမြောက် ဒွယတာနုပဿနာသုတ် ပြီး၏။ သုံးခုမြောက် မဟာဝဂ် ပြီး၏။

Who, apart from the noble ones, is qualified to understand this state? Having rightly understood this state, the undefiled are fully extinguished.” That is what the Buddha said. Satisfied, the monks approved what the Buddha said. And while this discourse was being spoken, the minds of sixty monks were freed from defilements by not grasping.

စာ-၃၉၉

၄။ အဋ္ဌကဝဂ္ဂ

၁။ ကာမသုတ္တ

၇၇၃။ ကာမံ ကာမယမာနဿ, တဿ စေ တံ သမိဇ္ဈတိ၊

အဒ္ဓါ ပီတိမနော ဟောတိ, လဒ္ဓါ မစ္စော ယဒိစ္ဆတိ။

၄-အဋ္ဌကဝဂ် ၁-ကာမသုတ် ၇၇၃။ ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏။ (၁)

Anthology of Discourses 4.1 Sensual Pleasures If a mortal desires sensual pleasure and their desire succeeds, they definitely become elated, having got what they want.

၇၇၄။ တဿ စေ ကာမယာနဿ [ကာမယမာနဿ (က။)], ဆန္ဒဇာတဿ ဇန္တုနော၊

တေ ကာမာ ပရိဟာယန္တိ, သလ္လဝိဒ္ဓေါဝ ရုပ္ပတိ။

၇၇၄။ ကာမကို အလိုရှိသည်ဖြစ်၍ လိုလားတောင့်တမှု ဖြစ်ပေါ်နေသော ထို သတ္တဝါအား ထိုကာမတို့ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။ (၂)

But for that personage in the throes of pleasure, aroused by desire, when those pleasures fade, it inflicts them like an arrow strike.

၇၇၅။ ယော ကာမေ ပရိဝဇ္ဇေတိ, သပ္ပဿေဝ ပဒါ သိရော၊

သောမံ [သော ဣမံ (သီ။ ပီ။)] ဝိသတ္တိကံ လောကေ, သတော သမတိဝတ္တတိ။

၇၇၅။ မြွေ၏ ဦးခေါင်းကို (မိမိ၏) ခြေဖြင့် ရှောင်ဖယ်သွားသကဲ့သို့ အကြင်သူသည် ကာမတို့ကို ရှောင်ဖယ်၏၊ သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု ‘တဏှာ’ကို ကောင်းစွာလွန်မြောက်နိုင်၏။ (၃)

One who, being mindful, avoids sensual pleasures like side-stepping a snake’s head, transcends attachment to the world.

၇၇၆။ ခေတ္တံ ဝတ္ထုံ ဟိရညံ ဝါ, ဂဝဿံ [ဂဝါဿံ (သီ။ သျာ။ ပီ။)] ဒါသပေါရိသံ၊

ထိယော ဗန္ဓူ ပုထု ကာမေ, ယော နရော အနုဂိဇ္ဈတိ။

၇၇၆-၇၇၇။ အကြင်သူသည် လယ်ယာ မြေ အိမ်ရာ ရွှေ ငွေ နွား မြင်း ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြားကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏၊ ထိုထိုဘေးရန်တို့ နှိပ်စက်ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိသကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ်လိုက်နေတော့၏။ (၄-၅)

There are many objects of sensual desire: fields, lands, and gold; cattle and horses; slaves and servants; women and relatives. When a man lusts over these,

၇၇၇။ အဗလာ နံ ဗလီယန္တိ, မဒ္ဒန္တေနံ ပရိဿယာ၊

တတော နံ ဒုက္ခမနွေတိ, နာဝံ ဘိန္နမိဝေါဒကံ။

the weak overpower him and adversities crush him. Suffering follows him like water in a leaky boat.

၇၇၈။ တသ္မာ ဇန္တု သဒါ သတော, ကာမာနိ ပရိဝဇ္ဇယေ၊

တေ ပဟာယ တရေ ဩဃံ, နာဝံ သိတွာဝ [သိဉ္စိတွာ (သီ။)] ပါရဂူတိ။

ကာမသုတ္တံ ပဌမံ နိဋ္ဌိတံ။

၇၇၈။ ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါ ခပ်သိမ်း ရှောင်ကြဥ်ရာ၏၊ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွားသကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ ဩဃလေးဖြာသံသရာကို ကူးမြောက်ရာ၏။ (၆) ရှေးဦးစွာသော ကာမသုတ် ပြီး၏။

That’s why a personage, ever mindful, should avoid sensual pleasures. Give them up and cross the flood, as a bailed-out boat reaches the far shore.

၂။ ဂုဟဋ္ဌကသုတ္တ

၇၇၉။ သတ္တော ဂုဟာယံ ဗဟုနာဘိဆန္နော, တိဋ္ဌံ နရော မောဟနသ္မိံ ပဂါဠှော၊

ဒူရေ ဝိဝေကာ ဟိ တထာဝိဓော သော, ကာမာ ဟိ လောကေ န ဟိ သုပ္ပဟာယာ။

၂-ဂုဟဋ္ဌကသုတ် ၇၇၉။ (ခန္ဓာတည်းဟူသော) လိုဏ်ဂူ၌ ငြိကပ်တတ်သော များစွာသော ကိလေသာ အပေါင်းဖြင့် ဖုံးလွှမ်းခံရသော တွေဝေစေတတ်သည့် ကာမဂုဏ်ငါးပါး၌ နစ်မြုပ်လျက် တည်သူသည် လောက၌ ကာမတို့ကို ပယ်ရန် မလွယ်ကုန်သောကြောင့် အမှန်အားဖြင့် ဆိတ်ငြိမ်မှု ‘ဝိဝေက’မှ ဝေးကွာလှ၏။ (၁)

Anthology of Discourses 4.2 Eight on the Cave Trapped in a cave, thickly overspread, sunk in delusion they stay. That sort is far from seclusion, for sensual pleasures in the world <j>are not easy to give up.

စာ-၄၀၀

၇၈၀။ ဣစ္ဆာနိဒါနာ ဘဝသာတဗဒ္ဓါ, တေ ဒုပ္ပမုဉ္စာ န ဟိ အညမောက္ခာ၊

ပစ္ဆာ ပုရေ ဝါပိ အပေက္ခမာနာ, ဣမေဝ ကာမေ ပုရိမေဝ ဇပ္ပံ။

၇၈၀။ တဏှာလျှင် အကြောင်းရင်းရှိကုန်သော ဘဝ၌သာယာမှုတဏှာ၏ အချည်အ နှောင်ခံရကုန်သော ထိုသတ္တဝါတို့သည် နောက်အနာဂတ်ကာမတို့ကိုလည်းကောင်း၊ ရှေးအတိတ်ကာမတို့ကိုလည်းကောင့်းငဲ့ကွက်ကုန်သည်ဖြစ်၍ ဤပစ္စုပ္ပန်ကာမ ရှေးဆိုပြီးအတိတ် အနာဂတ်ကာမတို့ကို လိုလားတောင့်တကုန်သည် ဖြစ်ရကား မိမိကိုယ်တိုင်လည်း လွတ်မြောက်ရန် ခဲယဥ်းကုန်၏၊ အခြားသူတို့ကိုလည်း မလွတ်မြောက်စေနိုင်ကုန်။ (၂)

The chains of desire, the bonds of life’s pleasures are hard to escape, for one cannot free another. Looking to the past or the future, they pray for these pleasures or former ones.

၇၈၁။ ကာမေသု ဂိဒ္ဓါ ပသုတာ ပမူဠှာ, အဝဒါနိယာ တေ ဝိသမေ နိဝိဋ္ဌာ၊

ဒုက္ခူပနီတာ ပရိဒေဝယန္တိ, ကိံသူ ဘဝိဿာမ ဣတော စုတာသေ။

၇၈၁။ ကာမတို့၌ မက်မော လိုက်စား မိုက်မှားကုန်သောတရားကို မနာယူကြကုန်သော မညီညွတ်မှုဒုစရိုက်၌ သက်ဝင်ကုန်သော ထိုသတ္တဝါတို့သည် မရဏ ဒုက္ခနီးကပ်လာခဲ့ကုန်သော် ငါတို့သည် ဤဘဝမှစုတေကုန်မူကား အဘယ်သို့ ဖြစ်ကုန်မည်နည်းဟု ငိုကြွေးကြကုန်၏။ (၃)

Greedy, fixated, infatuated by sensual pleasures, they are incorrigible, habitually immoral. When led to suffering they lament, “What will become of us <j>when we pass away from here?”

၇၈၂။ တသ္မာ ဟိ သိက္ခေထ ဣဓေဝ ဇန္တု, ယံ ကိဉ္စိ ဇညာ ဝိသမန္တိ လောကေ၊

န တဿ ဟေတူ ဝိသမံ စရေယျ, အပ္ပဉှိဒံ ဇီဝိတမာဟု ဓီရာ။

၇၈၂။ ထို့ကြောင့် သာလျှင် သတ္တဝါသည် ဤသာသနာတော်၌ပင် သိက္ခာသုံးပါးကို ကျင့်ရာ၏၊ လောက၌ မည်သည့်တရားကို မဆို မညီညွတ်မှု ဒုစရိုက်တရားဟူ၍ သိခဲ့မူ ထိုမညီညွတ်မှု၏အကြောင်းကြောင့် မညီမညွတ် မကျင့်ရာ၊ အကြောင်းသော်ကား ဤအသက်သည် တိုတောင်းလှ၏ဟု ပညာရှိတို့ ဆိုကြသောကြောင့် တည်း။ (၄)

That’s why a personage should train in this life: should you know that anything in the world is wrong, don’t act wrongly on account of that; for the attentive say this life is short.

၇၈၃။ ပဿာမိ လောကေ ပရိဖန္ဒမာနံ, ပဇံ ဣမံ တဏှဂတံ ဘဝေသု၊

ဟီနာ နရာ မစ္စုမုခေ လပန္တိ, အဝီတတဏှာသေ ဘဝါဘဝေသု။

၇၈၃။ လောကဝယ် ဘဝသုံးပါးတို့၌ တဏှာနှိပ်စက်ခံရသည်ဖြစ်၍ အမျိုးမျိုး တုန်လှုပ်နေသော ဤသတ္တဝါအပေါင်းကို ငါ မြင်ရ၏၊ ဘဝကြီးငယ်တို့၌ တပ်မက်မှု ‘တဏှာ’ မကင်းကြကုန်သော ယုတ်ညံ့သူတို့သည် သေခါနီးအခါ သေမင်း၏ ခံတွင်း၌ ငိုကြွေး မြည်တမ်းကြရကုန်၏။ (၅)

I see the world’s population floundering, given to craving for future lives. Base men wail in the jaws of death, not rid of craving for life after life.

၇၈၄။ မမာယိတေ ပဿထ ဖန္ဒမာနေ, မစ္ဆေဝ အပ္ပေါဒကေ ခီဏသောတေ၊

ဧတမ္ပိ ဒိသွာ အမမော စရေယျ, ဘဝေသု အာသတ္တိမကုဗ္ဗမာနော။

၇၈၄။ ရေစီးပြတ်စဲ၍ ရေနည်းသော ချောင်းမြောင်း၌ လှုပ်ရှားနေသော ငါးတို့ကို တွေ့မြင်ကြရသကဲ့သို့ မြတ်နိုးဖွယ် ဝတ္ထုအာရုံ၌ လှုပ်ရှားနေသူတို့ကို ရှုကြကုန်လော့၊ ဤသို့ သော အပြစ်ကိုလည်း တွေ့မြင်ကြရသဖြင့် မြတ်နိုးခြင်းမရှိဘဲ ဘဝတို့၌ ကပ်ငြိတွယ်တာခြင်းမပြုမူ၍ ကျင့်ရာ၏။ (၆)

See them flounder over belongings, like fish in puddles of a dried-up stream. Seeing this, live unselfishly, forming no attachment to future lives.

၇၈၅။ ဥဘောသု အန္တေသု ဝိနေယျ ဆန္ဒံ, ဖဿံ ပရိညာယ အနာနုဂိဒ္ဓေါ၊

ယဒတ္တဂရဟီ တဒကုဗ္ဗမာနော, န လိပ္ပတီ [န လိမ္ပတီ (သျာ။ က။)] ဒိဋ္ဌသုတေသု ဓီရော။

၇၈၅။ ပညာရှိသည် ဖဿနှင့် ဖဿဖြစ်ကြောင်း နှစ်ပါးသောတရားအစုတို့၌ ဆန္ဒရာဂကို ပယ်ဖျောက်၍ တွေ့ထိမှု ‘ဖဿ’ကို ပိုင်းခြားသိပြီးလျှင် တပ်မက်မောမှု မရှိဘဲ မိမိကိုယ်ကို မိမိကဲ့ရဲ့အပ်သော အမှုကို မပြုလုပ်သောကြောင့် မြင်ရ ကြား ရသောတရားတို့၌ တဏှာဒိဋ္ဌိတို့ဖြင့်မလိမ်းကျံ မကပ်ငြိတော့ပေ။ (၇)

Rid of desire for both ends, having completely understood contact, free of greed, doing nothing for which they’d blame themselves, the attentive don’t cling to the seen and the heard.

၇၈၆။ သညံ ပရိညာ ဝိတရေယျ ဩဃံ, ပရိဂ္ဂဟေသု မုနိ နောပလိတ္တော၊

အဗ္ဗူဠှသလ္လော စရမပ္ပမတ္တော, နာသီသတီ [နာသိံသတီ (သီ။ သျာ။ ပီ။)] လောကမိမံ ပရဉ္စာတိ။

ဂုဟဋ္ဌကသုတ္တံ ဒုတိယံ နိဋ္ဌိတံ။

၇၈၆။ (ထိုပညာရှိသည်) ကာမ ရူပ အရူပသညာကို ပိုင်းခြားသိပြီး၍ ဩဃ လေးဖြာ သံသရာကို ကူမြောက်ရာ၏၊ သိမ်းဆည်းမှု တဏှာဒိဋ္ဌိတို့၌ မလိမ်းကျံသော ထိုရဟန္တာပုဂ္ဂိုလ်သည် ကိလေသာမြားငြောင့်ကို နုတ်ပြီးလျှင် မမေ့မလျော့ ကျင့်ပြီးသည်ဖြစ်၍ ဤပစ္စုပ္ပန်လောကနှင့်တမလွန်လောကကို မတောင့်တတော့ပေ။ (၈) နှစ်ခုမြောက် ဂုဟဋ္ဌကသုတ် ပြီး၏။

Having completely understood perception <j>and having crossed the flood, the sage, not clinging to possessions, with dart plucked out, living diligently, does not hope for this world or the next.

စာ-၄၀၁

၃။ ဒုဋ္ဌဋ္ဌကသုတ္တ

၇၈၇။ ဝဒန္တိ ဝေ ဒုဋ္ဌမနာပိ ဧကေ, အထောပိ ဝေ သစ္စမနာ ဝဒန္တိ၊

ဝါဒဉ္စ ဇာတံ မုနိ နော ဥပေတိ, တသ္မာ မုနီ နတ္ထိ ခိလော ကုဟိဉ္စိ။

၃-ဒုဋ္ဌဋ္ဌကသုတ် ၇၈၇။ အချို့သောသူတို့သည် (မြတ်စွာဘုရားနှင့် တပည့်သာဝကကို) ပြစ်မှား လိုစိတ် ရှိကုန်သည်ဖြစ်၍စွပ်စွဲကြကုန်၏၊ အချို့သူတို့ကားမှန်ကန်သည်ဟုမှတ် ထင်ကြကုန်သည်ဖြစ်၍ စွပ်စွဲကြကုန်၏၊ (သို့ ဖြစ်သော်လည်း) မြတ်စွာဘုရားအား တစ်စုံတစ်ခုမျှ ရာဂ ဒေါသ မောဟငြောင့်တံသင်းမရှိသောကြောင့် မြတ်စွာဘုရားသည် ဖြစ်ပေါ်လာသမျှသော စွပ်စွဲမှုသို့ မရောက်နိုင်သည်သာတည်း။ (၁)

Anthology of Discourses 4.3 Eight on Malice Some speak with malicious intent, while others speak set on truth. When disputes come up <j>a sage does not get involved, which is why they’ve no barrenness at all.

၇၈၈။ သကဉှိ ဒိဋ္ဌိံ ကထမစ္စယေယျ, ဆန္ဒာနုနီတော ရုစိယာ နိဝိဋ္ဌော၊

သယံ သမတ္တာနိ ပကုဗ္ဗမာနော, ယထာ ဟိ ဇာနေယျ တထာ ဝဒေယျ။

၇၈၈။ ဒိဋ္ဌိအယူသည် ဆွဲဆောင်အပ်သည်ဖြစ်၍ ဒိဋ္ဌိအယူ၌ သက်ဝင်ကာကိုယ်တိုင် ဒိဋ္ဌိအယူတို့ကို အပြည့်အစုံ ယူဆပြုလုပ်လျက် သိမြင်သမျှ ပြောဆိုသူသည် မိမိမိစ္ဆာ အယူကို အဘယ်မှာလျှင်ကျော်လွန်နိုင်ရာအံ့နည်း။ (၂)

How can you transcend your own view when you’re led by preference, dogmatic in belief? Inventing your own undertakings, you’d speak according to your notion.

၇၈၉။ ယော အတ္တနော သီလဝတာနိ ဇန္တု, အနာနုပုဋ္ဌောဝ ပရေသ [ပရဿ (က။)] ပါဝ [ပါဝါ (သီ။ သျာ။ ပီ။)]၊

အနရိယဓမ္မံ ကုသလာ တမာဟု, ယော အာတုမာနံ သယမေဝ ပါဝ။

၇၈၉။ အကြင်သူသည် မိမိ၏ သီလနှင့်အကျင့်တို့ကို မမေးပါဘဲလျက် သူတစ်ပါးတို့အား ပြောဆို၏၊ အကြင်သူသည်ကား မိမိ (အကြောင်းအရာ) ကို ကိုယ်တိုင်ပင် ပြောဆို၏၊ ထိုပြောဆိုခြင်းဟူသမျှကို့သူယုတ်မာတို့သဘောဟူ၍ ပညာရှိတို့ ဆိုကြကုန်၏။ (၃)

Some personages, unasked, tell others of their own precepts and vows. They have an ignoble nature, <j>say those who are skilled, since they speak on themselves of their own accord.

၇၉၀။ သန္တော စ ဘိက္ခု အဘိနိဗ္ဗုတတ္တော, ဣတိဟန္တိ သီလေသု အကတ္ထမာနော၊

တမရိယဓမ္မံ ကုသလာ ဝဒန္တိ, ယဿုဿဒါ နတ္ထိ ကုဟိဉ္စိ လောကေ။

၇၉၀။ လောက၌ အကြင်ရဟန်းသည် ကိလေသာငြိမ်းအေးသူ ကိလေသာ ငြိမ်းအေးသော စိတ်ရှိသူဖြစ်လျက် ငါသည် သီလတို့၌ တည်သူဟု မကြုံးဝါး မပြောဆို၊ အကြင်ရဟန်းအားသံသရာပွါးစီးကြောင်း ကိလေသာတို့ အနည်းငယ်မျှ မရှိကုန်၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးကို သူတော်ကောင်းသဘောဟူ၍ ပညာ ရှိတို့ ဆိုကြကုန်၏။ (၄)

A mendicant, peaceful, quenched, never boasts “thus am I” of their precepts. They have a noble nature, say those who are skilled, who have no pretensions <j>about anything in the world.

၇၉၁။ ပကပ္ပိတာ သင်္ခတာ ယဿ ဓမ္မာ, ပုရက္ခတာ [ပုရေက္ခတာ (သီ။)] သန္တိ အဝီဝဒါတာ၊

ယဒတ္တနိ ပဿတိ အာနိသံသံ, တံ နိဿိတော ကုပ္ပပဋိစ္စ သန္တိံ။

၇၉၁။ အကြင်ပုဂ္ဂိုလ်အား အမျိုးမျိုးကြံစည်လျက် ပြုစီရင်အပ်ကုန်သော (မိစ္ဆာ ဒိဋ္ဌိလျှင်) ရှေးသွားရှိသဖြင့် မဖြူစင်ကုန်သော (မိစ္ဆာ) တရားတို့သည် ရှိကုန်၏၊ ထိုသူသည် မိမိ၌ တွေ့မြင်ရသော အကျိုးအာနိသင်နှင့် အယူပျက်စီးမှု ‘ကုပ္ပ’ အကြောင်းကို စွဲ၍ ဖြစ်သော ‘ပဋိစ္စ’ သမုတ်အပ်သော ‘သန္တိ’ဟု ခေါ်ဆိုရသော မိစ္ဆာအယူကိုမှီ၏။ (၅)

For one who formulates and creates teachings, and promotes them despite their defects, if they see an advantage for themselves, they become dependent on that, <j>relying on unstable peace.

၇၉၂။ ဒိဋ္ဌီနိဝေသာ န ဟိ သွာတိဝတ္တာ, ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ၊

တသ္မာ နရော တေသု နိဝေသနေသု, နိရဿတီ အာဒိယတီ စ ဓမ္မံ။

၇၉၂။ ဒိဋ္ဌိအယူရှိသူတို့သည် ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့၌ စွဲမြဲယူဆအပ်သော ဒိဋ္ဌိအယူကို ဆုံးဖြတ်ပြီးသောကြောင့်မှားသော နှလုံးသွင်းယူဆမှုတို့ကို မလွန်မြောက်နိုင်ကုန်၊ ထို့ကြောင့် သတ္တဝါသည် ထိုဒိဋ္ဌိအယူကို နှလုံးသွင်း ယူဆခြင်းတို့၌ ဒိဋ္ဌိတရားကို စွန့်လည်းစွန့်၏ ယူလည်းယူ၏။ (၆)

It’s not easy to get over dogmatic views adopted after judging among the teachings. That’s why, among all these dogmas, a person ditches one teaching and takes up another.

စာ-၄၀၂

၇၉၃။ ဓောနဿ ဟိ နတ္ထိ ကုဟိဉ္စိ လောကေ, ပကပ္ပိတာ ဒိဋ္ဌိ ဘဝါဘဝေသု၊

မာယဉ္စ မာနဉ္စ ပဟာယ ဓောနော, သ ကေန ဂစ္ဆေယျ အနူပယော သော။

၇၉၃။ တစ်စုံတစ်ခုသော လောက၌ မိစ္ဆာဒိဋ္ဌိအယူအားလုံးကို ခါတွက် ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်အားဘဝကြီးငယ်တို့၌ အမျိုးမျိုး ကြံစည်အပ်သော မိစ္ဆာ အယူသည် မရှိ၊ တဏှာဒိဋ္ဌိကို မမှီသော ထိုမိစ္ဆာအယူအားလုံးကို ခါတွက်ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်သည် လှည့်ပတ်မှု ‘မာယာ’ကိုလည်းကောင်း၊ ထောင်လွှားမှု ‘မာန’ကိုလည်းကောင်း ပယ်စွန့်ပြီး၍ အဘယ်လားရာ ‘ဂတိ’ဖြင့် သွားရာအံ့နည်း။ (၇)

The cleansed one has no formulated view at all in the world about the different realms. Having given up illusion and conceit, by what path would they go? They are not involved.

၇၉၄။ ဥပယော ဟိ ဓမ္မေသု ဥပေတိ ဝါဒံ, အနူပယံ ကေန ကထံ ဝဒေယျ၊

အတ္တာ နိရတ္တာ [အတ္တံ နိရတ္တံ (ဗဟူသု)] န ဟိ တဿ အတ္ထိ, အဓောသိ သော ဒိဋ္ဌိမိဓေဝ သဗ္ဗန္တိ။

ဒုဋ္ဌဋ္ဌကသုတ္တံ တတိယံ နိဋ္ဌိတံ။

၇၉၄။ အကြောင်းသော်ကား တဏှာဒိဋ္ဌိကိုမှီသူသည် ရာဂကြီးသူ ဒေါသကြီးသူဟူသော သဘောတရားတို့၌ ပြောဆိုစွပ်စွဲခံရ၏၊ တဏှာဒိဋ္ဌိကို မမှီသော ရဟန္တာ ပုဂ္ဂိုလ်ကို အဘယ်မည်သော ရာဂဒေါသတရားဖြင့် အဘယ်သို့ ဆိုနိုင်ရာအံ့နည်း၊မှန်၏- ထိုရဟန္တာပုဂ္ဂိုလ်အား အတ္တဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိမရှိ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ဤအတ္တဘော၌ပင် ဒိဋ္ဌိအယူအားလုံးကို ခါတွက်ပစ်လွှင့်ပြီးပြီ။ (၈) သုံးခုမြောက် ဒုဋ္ဌဋ္ဌကသုတ် ပြီး၏။

For one who gets involved <j>is embroiled in disputes about teachings— but how to dispute with the uninvolved? <j>About what? For picking up and putting down <j>is not what they do; they have shaken off all views in this very life.

၄။ သုဒ္ဓဋ္ဌကသုတ္တ

၇၉၅။ ပဿာမိ သုဒ္ဓံ ပရမံ အရောဂံ, ဒိဋ္ဌေန သံသုဒ္ဓိ နရဿ ဟောတိ၊

ဧဝါဘိဇာနံ [ဧတာဘိဇာနံ (သီ။ ပီ။)] ပရမန္တိ ဉတွာ, သုဒ္ဓါနုပဿီတိ ပစ္စေတိ ဉာဏံ။

၄-သုဒ္ဓဋ္ဌကသုတ် ၇၉၅။ မြတ်သော အနာရောဂါမရှိသော စင်ကြယ်သော အဆင်းကို ငါ မြင်ရ၏၊ အဆင်းကို မြင်ရုံမျှဖြင့်သတ္တဝါအား ကောင်းစွာ စင်ကြယ်၏ဟု သိမြင်သူသည် (ထိုအမြင်ကို) မွန်မြတ်၏ဟု သိ၍ စင်ကြယ်မှုကို အဖန်တလဲလဲ ရှုလျက် (ထိုအမြင်ကို) မဂ်ဉာဏ်ဟူ၍ ယုံကြည်နေ၏။ (၁)

Anthology of Discourses 4.4 Eight on the Pure “I see someone pure, perfectly healthy; it is vision that grants a person purity.” Recalling this notion of the ultimate, they believe in the notion <j>that there is one who observes purity.

၇၉၆။ ဒိဋ္ဌေန စေ သုဒ္ဓိ နရဿ ဟောတိ, ဉာဏေန ဝါ သော ပဇဟာတိ ဒုက္ခံ၊

အညေန သော သုဇ္ဈတိ သောပဓီကော, ဒိဋ္ဌီ ဟိ နံ ပါဝ တထာ ဝဒါနံ။

၇၉၆။ မြင်ရုံမျှဖြင့် သတ္တဝါအား စင်ကြယ်နိုင်ခဲ့မူ အဆင်းကို သိရုံမျှဖြင့် ဆင်းရဲကို စွန့်လွှတ်နိုင်ခဲ့မူကိလေသာဥပဓိနှင့် တကွသာဖြစ်သော ထိုသူသည် အရိယမဂ်မှ တစ်ပါးသော လမ်းစဥ်ဖြင့်စင်ကြယ်နိုင်၏ဟု ဆိုရာသို့ ရောက်၏၊ ထိုသို့ ပြောဆိုသူကို မိစ္ဆာဒိဋ္ဌိဟု ပြောဆိုရ၏။ (၂)

If a person were granted purity through what is seen, or if by a notion they could give up suffering, then one with attachments is purified by another: their view betrays them as one who asserts thus.

၇၉၇။ န ဗြာဟ္မဏော အညတော သုဒ္ဓိမာဟ, ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊

ပုညေ စ ပါပေ စ အနူပလိတ္တော, အတ္တဉ္ဇဟော နယိဓ ပကုဗ္ဗမာနော။

၇၉၇။ ဤလောက၌ ရဟန္တာဗြာဟ္မဏသည် (အရိယမဂ်မှ) တစ်ပါးသော မိစ္ဆာ ဉာဏ်ဖြင့် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း မလွန်ကျူးမှု ‘သီလ’ နွားခွေးစသည်တို့၏ အကျင့်‘ဝတ’၌လည်းကောင်း စင်ကြယ်၏ဟူ၍ မဆို၊ ကုသိုလ်အကုသိုလ်၌လည်း မကပ်ငြိ မလိမ်းကျံ၊ အတ္တဒိဋ္ဌိကိုလည်း စွန့်ပြီးဖြစ်၏၊ (ကုသိုလ် အကုသိုလ်ကိုလည်း) မပြု လုပ်တော့ပေ။ (၃)

The brahmin speaks not of purity from another in terms of what has been seen, heard, or thought; <j>or by precepts or vows. They are unsullied in the midst of good and evil, letting go what was picked up, <j>without creating anything new here.

၇၉၈။ ပုရိမံ ပဟာယ အပရံ သိတာသေ, ဧဇာနုဂါ တေ န တရန္တိ သင်္ဂံ၊

တေ ဥဂ္ဂဟာယန္တိ နိရဿဇန္တိ, ကပီဝ သာခံ ပမုဉ္စံ ဂဟာယံ [ပမုခံ ဂဟာယ (သျာ။), ပမုဉ္စ ဂဟာယ (က။)]။

၇၉၈။ မျောက်သည် သစ်ခက်တစ်ခက်ကို လွှတ်၍ သစ်ခက်တစ်ခက်ကို ဆွဲကိုင် ဘိသကဲ့သို့ ဤအတူတဏှာနောက်သို့ အစဥ်တစိုက် လိုက်ကြသူတို့သည် ငြိကပ် တွယ်တာမှု ‘တဏှာ’ကို မလွန်မြောက်နိုင်ကုန်ရကား လက်ဦးဆရာကို စွန့်လွှတ်ပြီးလျှင် နောက်ဆရာကိုမှီကြကုန်လျက့် (ထိုထိုဆရာ့ အယူဝါဒကို) သင်ယူလည်း သင်ယူကြကုန်၏။ စွန့်လွှတ်လည်း စွန့်လွှတ်ကြကုန်၏။ (၄)

Having let go the last they lay hold of the next; following impulse, they don’t pass the chain. They grab on and let loose like a monkey grabbing and releasing a branch.

စာ-၄၀၃

၇၉၉။ သယံ သမာဒါယ ဝတာနိ ဇန္တု, ဥစ္စာဝစံ ဂစ္ဆတိ သညသတ္တော၊

ဝိဒွါ စ ဝေဒေဟိ သမေစ္စ ဓမ္မံ, န ဥစ္စာဝစံ ဂစ္ဆတိ ဘူရိပညော။

၇၉၉။ (ကာမ) သညာစသည်၌ ကပ်ငြိတွယ်တာသော သတ္တဝါသည် (နွားခွေး စသည်တို့၏) အကျင့်တို့ကို ကိုယ်တိုင်ယူ၍ အယုတ်အမြတ်ဖြစ်သော ဆရာတစ်ဦးမှ ဆရာတစ်ဦးထံသို့ ဆည်းကပ်၏၊ မြတ်သော ပညာရှိဖြစ်၍ နိဗ္ဗာန်ကို သိမြင်သူသည် မဂ်ဉာဏ်လေးပါးတို့ဖြင့် သစ္စာလေးပါးတရားကို သိပြီးသောကြောင့် အယုတ် အမြတ်ဖြစ်သော ဆရာတစ်ဦးမှ ဆရာတစ်ဦးသို့ မဆည်းကပ်တော့ပေ။ (၅)

Having undertaken their own vows, a personage visits various teachers, <j>being attached to perception. One who knows, having comprehended the truth <j>through the knowledges, does not visit various teachers, being of vast wisdom.

၈၀၀။ သ သဗ္ဗဓမ္မေသု ဝိသေနိဘူတော, ယံ ကိဉ္စိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ၊

တမေဝ ဒဿိံ ဝိဝဋံ စရန္တံ, ကေနီဓ လောကသ္မိ ဝိကပ္ပယေယျ။

၈၀၀။ ထိုရဟန္တာပုဂ္ဂိုလ်သည် မြင်သမျှသော ရူပါရုံ ကြားသမျှသော သဒ္ဒါရုံ ရောက်သမျှသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သောတရားအားလုံးတို့၌ ကိလေသာစသော မာရ်စစ်သည်ကို လွှမ်းမိုးဖျက်ဆီးနိုင်၏၊ ဤသို့ စင်ကြယ်သော နိဗ္ဗာန်ကို မြင်ပြီးသည်ဖြစ်၍ တဏှာအမိုးကို ဖွင့်လျက် နေထိုင်လှည့်လည်သော ထိုရဟန္တာပုဂ္ဂိုလ်ကို ဤလောက၌ အဘယ်မည်သောတဏှာဒိဋ္ဌိတို့ဖြင့် အထူးထူး အထွေထွေကြံစည်တော့အံ့နည်း။ (၆)

They are remote from all things seen, heard, or thought. Seeing them living openly, how could anyone in this world judge them?

၈၀၁။ န ကပ္ပယန္တိ န ပုရေက္ခရောန္တိ, အစ္စန္တသုဒ္ဓီတိ န တေ ဝဒန္တိ၊

အာဒါနဂန္ထံ ဂထိတံ ဝိသဇ္ဇ, အာသံ န ကုဗ္ဗန္တိ ကုဟိဉ္စိ လောကေ။

၈၀၁။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် (တဏှာဒိဋ္ဌိအားဖြင့်) မကြံစည်ကြကုန်၊ တဏှာဒိဋ္ဌိကရှေးသွားမပြုကုန်၊ (သဿတစသော မိစ္ဆာအယူကို စင်စစ် စင်ကြယ်၏ဟူ၍ မဆိုကြကုန်၊ (ရူပါရုံစသည်တို့ကို) စွဲလမ်း ချည်နှောင်တတ်သော အထုံး အဖွဲ့ကို (မဂ်ဉာဏ်ဖြင့်) ဖြေချွတ်ပြီး၍တစ်စုံတစ်ခုသော လောက၌ တောင့်တမှုကို မပြုတော့ကုန်။ (၇)

They don’t make things up or promote them, or speak of the uttermost purity. After untying the tight knot of grasping they long for nothing in the world.

၈၀၂။ သီမာတိဂေါ ဗြာဟ္မဏော တဿ နတ္ထိ, ဉတွာ ဝ ဒိသွာ ဝ [ဉတွာ စ ဒိသွာ စ (က။ သီ။ က။)] သမုဂ္ဂဟီတံ၊

န ရာဂရာဂီ န ဝိရာဂရတ္တော, တဿီဓ နတ္ထီ ပရမုဂ္ဂဟီတန္တိ။

သုဒ္ဓဋ္ဌကသုတ္တံ စတုတ္ထံ နိဋ္ဌိတံ။

၈၀၂။ ကိလေသာအပိုင်းအခြားတို့ကို လွန်မြောက်ပြီးသော ရဟန္တာဗြာဟ္မဏအား (အမှန်အတိုင်း) သိပြီးမြင်ပြီး ဖြစ်သောကြောင့် (တစ်စုံတစ်ရာကိုမျှ) စွဲလမ်းမှုမရှိ၊ ကာမရာဂဖြင့်လည်း တပ်မက်မှု မရှိ၊ ရူပရာဂ အရူပရာဂဖြင့်လည်း တပ်မက်မှု မရှိ၊ ဤလောက၌ ဤအရာဝတ္ထုသည် မွန်မြတ်၏ဟု လည်းစွဲလမ်းမှုမရှိ။ (၈) လေးခုမြောက် သုဒ္ဓဋ္ဌကသုတ် ပြီး၏။

The brahmin has stepped over the perimeter; knowing and seeing, they adopt nothing. Neither in love with passion <j>nor besotted by dispassion, there is nothing here they adopt as the ultimate.

၅။ ပရမဋ္ဌကသုတ္တ

၈၀၃။ ပရမန္တိ ဒိဋ္ဌီသု ပရိဗ္ဗသာနော, ယဒုတ္တရိ ကုရုတေ ဇန္တု လောကေ၊

ဟီနာတိ အညေ တတော သဗ္ဗမာဟ, တသ္မာ ဝိဝါဒါနိ အဝီတိဝတ္တော။

၅-ပရမဋ္ဌကသုတ် ၈၀၃။ လောကသည် (ဤအယူသည်သာ) မြတ်၏ဟု (မိမိ) မိစ္ဆာအယူတို့၌ စွဲယူ နေသော သတ္တဝါအပေါင်းသည် မိမိအမွန်အမြတ်ပြုလုပ်ထားသည့် ဆရာမှ တစ်ပါးသော ဆရာအားလုံးတို့ကို ယုတ်ညံ့သူတို့ဟု ပြောဆို၏၊ ထို့ကြောင့် ထိုပြောဆိုသူသည် ငြင်းခုံခြင်းတို့ကို မလွန်မြောက်နိုင်။ (၁)

Anthology of Discourses 4.5 Eight on the Ultimate If, maintaining that theirs is the “ultimate” view, a personage makes it out to be highest in the world; then they declare all others are “lesser”; that’s why they’re not beyond disputes.

၈၀၄။ ယဒတ္တနီ ပဿတိ အာနိသံသံ, ဒိဋ္ဌေ သုတေ သီလဝတေ [သီလဗ္ဗတေ (သျာ။)] မုတေ ဝါ၊

တဒေဝ သော တတ္ထ သမုဂ္ဂဟာယ, နိဟီနတော ပဿတိ သဗ္ဗမညံ။

၈၀၄။ အကြင်သူသည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ မလွန်ကျူးမှု ‘သီလ’ နွား ခွေးစသည်တို့၏ အကျင့် ‘ဝတ’၌လည်းကောင်းမိမိ၌ အကျိုးအာနိသင်ကို မြင်၏၊ ထိုသူသည် ထို အယူ၌ ထိုအကျိုးအာနိသင်ကိုသာလျှင် စွဲယူပြီး၍အခြားဆရာအားလုံကို ယုတ်ညံ့သောအားဖြင့် မြင်၏။ (၂)

If they see an advantage for themselves in what’s seen, heard, or thought; <j>or in precepts or vows, in that case, having adopted that one alone, they see all others as inferior.

စာ-၄၀၄

၈၀၅။ တံ ဝါပိ ဂန္ထံ ကုသလာ ဝဒန္တိ, ယံ နိဿိတော ပဿတိ ဟီနမညံ၊

တသ္မာ ဟိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ, သီလဗ္ဗတံ ဘိက္ခု န နိဿယေယျ။

၈၀၅။ မိမိဆရာစသည်ကို အမှီပြုလျက် အခြားသော ဆရာစသည်ကို ယုတ်ညံ့ သူဟု ရှုမြင်ခြင်းကိုလည်း ချည်နှောင်တတ်သော ‘ဂန္ထ’တရားဟူ၍ ပညာရှိတို့ ဆို ကြကုန်၏၊ ထို့ကြောင့် ပင်ရဟန်းသည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ မလွန်ကျူးမှု ‘သီလ’ နွား ခွေးစသည်တို့၏ အကျင့် ‘ဝတ’၌လည်းကောင်း မမှီခိုရာ။ (၃)

Those who are skilled say that, too, is a knot, relying on which people see others as lesser. That’s why a mendicant ought not rely on what’s seen, heard, or thought, <j>or on precepts and vows.

၈၀၆။ ဒိဋ္ဌိမ္ပိ လောကသ္မိံ န ကပ္ပယေယျ, ဉာဏေန ဝါ သီလဝတေန ဝါပိ၊

သမောတိ အတ္တာနမနူပနေယျ, ဟီနော န မညေထ ဝိသေသိ ဝါပိ။

၈၀၆။ လောက၌ ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု ‘သီလ’ နွား ခွေးစသည်တို့၏ အကျင့်‘ဝတ’ဖြင့်လည်းကောင်း မိစ္ဆာအယူကိုလည်း မဖြစ်စေရာ၊ မိမိကိုယ်ကို သူတစ်ပါးနှင့် တူသူဟူ၍လည်းမနှိုင်းယှဥ်ရာ၊ ယုတ်ညံ့သူဟူ၍လည်းကောင်း၊ ထူးမြတ်လွန်ကဲသူဟူ၍လည်းကောင်း မအောက်မေ့ရာ။ (၄)

Nor would they form a view about the world through a notion or through precepts and vows. They would never represent themselves as “equal”, nor conceive themselves “worse” or “better”.

၈၀၇။ အတ္တံ ပဟာယ အနုပါဒိယာနော, ဉာဏေပိ သော နိဿယံ နော ကရောတိ၊

သ ဝေ ဝိယတ္တေသု [ဝိယုတ္တေသု (သီ။ အဋ္ဌ။), ဒွိယတ္တေသု (က။)] န ဝဂ္ဂသာရီ, ဒိဋ္ဌိမ္ပိ [ဒိဋ္ဌိမပိ (က။)] သော န ပစ္စေတိ ကိဉ္စိ။

၈၀၇။ ထိုသူသည် အတ္တဒိဋ္ဌိကို ပယ်စွန့်၍ မစွဲလမ်းတော့ဘဲ ဆိုအပ်ခဲ့ပြီးသောဉာဏ်၌သော်လည်းတဏှာဒိဋ္ဌိဟူသောမှီရာကို မပြု၊ အယူဝါဒကွဲပြားသူတို့၌ ကွဲပြားသော အစုအဖွဲ့နောက်သို့ မလိုက်မူ၍ မိစ္ဆာအယူ တစ်စုံတစ်ရာကိုမျှလည်း မယုံကြည်တော့ပေ။ (၅)

What was picked up has been set down <j>and is not grasped again; they form no dependency even on notions. They follow no side among the factions, and believe in no view at all.

၈၀၈။ ယဿူဘယန္တေ ပဏိဓီဓ နတ္ထိ, ဘဝါဘဝါယ ဣဓ ဝါ ဟုရံ ဝါ၊

နိဝေသနာ တဿ န သန္တိ ကေစိ, ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။

၈၀၈။ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အား ဤဘဝ မိမိအတ္တဘော၌လည်းကောင်း၊ တမလွန်ဘဝအခြားသော အတ္တဘော၌လည်းကောင်း နှစ်ပါးသော အဖို့ အစု၌ အဖန်တစ်လဲလဲဖြစ်ရန်တောင့်တမှုတဏှာ မရှိ၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့၌ စွဲမြဲယူဆအပ်သော ဒိဋ္ဌိအယူကို ဖြတ်တောက်ပြီးဖြစ်သောကြောင့် ထိုရဟန္တာပုဂ္ဂိုလ်အား (အမှား) နှလုံးသွင်းမှု တစ်စုံတစ်ရာမျှမရှိတော့ကုန်။ (၆)

One here who has no wish for either end— for any state of existence in this life or the next— has adopted no dogma at all after judging among the teachings.

၈၀၉။ တဿီဓ ဒိဋ္ဌေ ဝ သုတေ မုတေ ဝါ, ပကပ္ပိတာ နတ္ထိ အဏူပိ သညာ၊

တံ ဗြာဟ္မဏံ ဒိဋ္ဌိမနာဒိယာနံ, ကေနီဓ လောကသ္မိံ ဝိကပ္ပယေယျ။

၈၀၉။ ဤလောက၌ ထိုရဟန္တာပုဂ္ဂိုလ်အား မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း ကြံဆအပ်သော သညာကြောင့် ဖြစ်သော မိစ္ဆာအယူ အနုမြူမျှ မရှိ၊ မိစ္ဆာအယူကို မယူသော ထိုရဟန္တာ ပုဂ္ဂိုလ်ကို ဤလောက၌ အဘယ်မျှသောတဏှာဒိဋ္ဌိဖြင့်တစ်စုံတစ်ယောက်သောသူသည် ဖျက်ဆီးနိုင်ရာအံ့နည်း။ (၇)

For them not even the tiniest idea is formulated here regarding what is seen, heard, or thought. That brahmin does not grasp any view— how could anyone in this world judge them?

၈၁၀။ န ကပ္ပယန္တိ န ပုရေက္ခရောန္တိ, ဓမ္မာပိ တေသံ န ပဋိစ္ဆိတာသေ၊

န ဗြာဟ္မဏော သီလဝတေန နေယျော, ပါရင်္ဂတော န ပစ္စေတိ တာဒီတိ။

ပရမဋ္ဌကသုတ္တံ ပဉ္စမံ နိဋ္ဌိတံ။

၈၁၀။ ထိုရဟန္တာတို့သည် တဏှာဒိဋ္ဌိဖြင့် မကြံစည်ကြကုန်၊ တဏှာဒိဋ္ဌိတို့ ရှေးသွား မပြုကြကုန်၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့ကို လက်မခံကြကုန်၊ ရဟန္တာ ပုဂ္ဂိုလ်ကို မလွန်ကျူးမှု ‘သီလ’ နွားခွေးစသည်တို့၏ အကျင့် ‘ဝတ’သည် မဆွဲဆောင်နိုင်၊ တာဒိဂုဏ်နှင့်ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသည်ဖြစ်၍ သံသရာတည်းဟူသော ဤမှာ ဘက်ကမ်းသို့ ပြန်မလာတော့ပြီ။ (၈) ငါးခုမြောက် ပရမဋ္ဌကသုတ် ပြီး၏။

They don’t make things up or promote them, and don’t subscribe to any of the doctrines. The brahmin has no need to be led by precept or vow; gone to the far shore, one such does not return.

စာ-၄၀၅

၆။ ဇရာသုတ္တ

၈၁၁။ အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ဝဿသတာပိ မိယျတိ [မီယတိ (သီ။ အဋ္ဌ။)]၊

ယော စေပိ အတိစ္စ ဇီဝတိ, အထ ခေါ သော ဇရသာပိ မိယျတိ။

၆-ဇရာသုတ် ၈၁၁။ (လူတို့၏) ဤအသက်သည် နည်းငယ်တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌သော်လည်းသေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ရော်၍သော်လည်း သေတတ်၏။ (၁)

Anthology of Discourses 4.6 Old Age Short, alas, is this life; you die before a hundred years. Even if you live a little longer, you still die of old age.

၈၁၂။ သောစန္တိ ဇနာ မမာယိတေ, န ဟိ သန္တိ [န ဟိ သန္တာ (သီ။), န ဟီ သန္တိ (ကတ္ထစိ)] နိစ္စာ ပရိဂ္ဂဟာ၊

ဝိနာဘာဝသန္တမေဝိဒံ, ဣတိ ဒိသွာ နာဂါရမာဝသေ။

၈၁၂။ လူတို့သည် မြတ်နိုးဖွယ်ဝတ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊မှန်၏-အမြဲထာဝရသိမ်းဆည်းထားနိုင်သော ပစ္စည်းဝတ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်းပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)

People grieve over belongings, yet there is no such thing as permanent possessions. Separation is a fact of life; when you see this, you wouldn’t stay living at home.

၈၁၃။ မရဏေနပိ တံ ပဟီယတိ [ပဟိယျတိ (သီ။ သျာ။ က။)], ယံ ပုရိသော မမိဒန္တိ [မမယိဒန္တိ (သီ။ သျာ။ က။), မမာယန္တိ (က။)] မညတိ၊

ဧတမ္ပိ ဝိဒိတွာ [ဧတံ ဒိသွာန (နိဒ္ဒေသေ), ဧတမ္ပိ ဝိဒိတွ (?)] ပဏ္ဍိတော, န မမတ္တာယ နမေထ မာမကော။

၈၁၃။ ယောကျာ်းသည် အကြင်မြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟုမှတ်ထင်၏၊ ထိုဥစ္စာရှင်ယောကျာ်း သေသောအခါ ထိုမြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏၊ (ရတနာသုံးပါးကို) မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကိုလည်း သိ၍ ငါ့ဟာဟု စွဲလမ်းအပ်သော ဝတ္ထု၌ မညွတ်ကိုင်းရာ။ (၃)

Whatever a person thinks of as belonging to them, that too is given up when they die. Knowing this, an astute follower of mine would not be bent on ownership.

၈၁၄။ သုပိနေန ယထာပိ သင်္ဂတံ, ပဋိဗုဒ္ဓေါ ပုရိသော န ပဿတိ၊

ဧဝမ္ပိ ပိယာယိတံ ဇနံ, ပေတံ ကာလကတံ န ပဿတိ။

၈၁၄။ ယောကျာ်းသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သောသူကို နိုးသောအခါ မတွေ့မြင်ရတော့သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သောတမလွန်ဘဝသို့ ပြောင်းသွားကွယ်လွန်လေပြီးသောသူကို မတွေ့မြင်ရတော့ပေ။ (၄)

Just as, upon awakening, a person does not see what they encountered in a dream; so too you do not see your loved ones when they are dead and gone.

၈၁၅။ ဒိဋ္ဌာပိ သုတာပိ တေ ဇနာ, ယေသံ နာမမိဒံ ပဝုစ္စတိ [နာမမေဝါ ဝသိဿတိ (သီ။ သျာ။ ပီ။)]၊

နာမံယေဝါဝသိဿတိ, အက္ခေယျံ ပေတဿ ဇန္တုနော။

၈၁၅။ အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏၊ ထိုသူတို့ကို မြင်လည်း မြင်ရ ကြားလည်း ကြားရကုန်၏၊ ထိုသတ္တဝါကွယ်လွန်သည်ရှိသော်မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ (၅)

You used to see and hear those folk, and call them by their name. Yet the name is all that’s left to tell of a personage when they’re gone.

၈၁၆။ သောကပ္ပရိဒေဝမစ္ဆရံ [သောကပရိဒေဝမစ္ဆရံ (သီ။ သျာ။ ပီ။), သောကံ ပရိဒေဝမစ္ဆရံ (?)], န ဇဟန္တိ ဂိဒ္ဓါ မမာယိတေ၊

တသ္မာ မုနယော ပရိဂ္ဂဟံ, ဟိတွာ အစရိံသု ခေမဒဿိနော။

၈၁၆။ မြတ်နိုးဖွယ်ဝတ္ထု၌ မက်မောတွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ဝန်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) ကိို မြင်ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။ (၆)

Those who are greedy for belongings don’t give up sorrow, lamentation, and stinginess. That’s why the sages, seers of sanctuary, left possessions behind and wandered.

စာ-၄၀၆

၈၁၇။ ပတိလီနစရဿ ဘိက္ခုနော, ဘဇမာနဿ ဝိဝိတ္တမာသနံ၊

သာမဂ္ဂိယမာဟု တဿ တံ, ယော အတ္တာနံ ဘဝနေ န ဒဿယေ။

၈၁၇။ ဆိတ်ငြိမ်သောနေရာသို့ ချဥ်းကပ်လျက် (မြတ်နိုးဖွယ်အာရုံမှ) တွန့် ဆုတ်သော စိတ်ရှိသည်ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်း မြတ်သောအကျင့်ဟူ၍ဆိုကြကုန်၏၊ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ (၇)

For a mendicant who lives withdrawn, frequenting a secluded seat, they say it’s fitting to not show themselves in a home.

၈၁၈။ သဗ္ဗတ္ထ မုနီ အနိဿိတော, န ပိယံ ကုဗ္ဗတိ နောပိ အပ္ပိယံ၊

တသ္မိံ ပရိဒေဝမစ္ဆရံ, ပဏ္ဏေ ဝါရိ ယထာ န လိမ္ပတိ [လိပ္ပတိ (သီ။ ပီ။)]။

၈၁၈။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်း မပြု၊ မုန်းခြင်းကိုလည်း မပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ဝန်တိုမှုသည် မကပ်ငြိနိုင်။ (၈)

The sage is independent everywhere, they don’t form likes or dislikes. Lamentation and stinginess slip off them like water from a leaf.

၈၁၉။ ဥဒဗိန္ဒု ယထာပိ ပေါက္ခရေ, ပဒုမေ ဝါရိ ယထာ န လိမ္ပတိ၊

ဧဝံ မုနိ နောပလိမ္ပတိ, ယဒိဒံ ဒိဋ္ဌသုတံ မုတေသု ဝါ။

၈၁၉။ ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့လည်းကောင်း၊ ပဒုမ္မာကြာ၌ ရေသည်မကပ်ငြိသကဲ့သို့လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ ပေ။ (၉)

Like a droplet slips from a lotus-leaf, like water from a lotus flower; the sage doesn’t cling to that which is seen or heard or thought.

၈၂၀။ ဓောနော န ဟိ တေန မညတိ, ယဒိဒံ ဒိဋ္ဌသုတံ မုတေသု ဝါ၊

နာညေန ဝိသုဒ္ဓိမိစ္ဆတိ, န ဟိ သော ရဇ္ဇတိ နော ဝိရဇ္ဇတီတိ။

ဇရာသုတ္တံ ဆဋ္ဌံ နိဋ္ဌိတံ။

၈၂၀။ ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသောအကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထို ရဟန္တာသည် (ဗာလပုထုဇဥ်ကဲ့သို့) တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ (ကလျာဏ ပုထုဇဥ် သေက္ခတို့ကဲ့သို့) တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ (တပ်နှစ် သက်ခြင်းကင်းပြီးသူ ဖြစ်၏)။ (၁၀) ခြောက်ခုမြောက် ဇရာသုတ် ပြီး၏။

For the one who is cleansed does not conceive in terms of things seen, heard, or thought. They do not wish to be purified by another; they are neither passionate <j>nor growing dispassioned.

၇။ တိဿမေတ္တေယျသုတ္တ

၈၂၁။ ‘‘မေထုနမနုယုတ္တဿ, (ဣစ္စာယသ္မာ တိဿော မေတ္တေယျော) ဝိဃာတံ ဗြူဟိ မာရိသ၊

သုတွာန တဝ သာသနံ, ဝိဝေကေ သိက္ခိဿာမသေ။

၇-တိဿမေတ္တေယျသုတ် ၈၂၁။ (မေတ္တေယျအနွယ်ဖြစ်သော အသျှင်တိဿသည် ဤသို့ လျှောက်၏) - မြတ်စွာဘုရား မေထုန်အမှုကို ပြုကျင့်အားထုတ်သူ၏ ဆင်းရဲပင်ပန်းရပုံကို ဟောကြားတော်မူပါ၊ အသျှင်ဘုရား အဆုံးအမတော်ကို ကြားနာရ၍ ကိလေသာ ကင်းဆိတ်မှု ‘ဝိဝေက’တရားတို့ကို (တပည့်တော်တို့) ကျင့်ကြရပါကုန်အံ့။ (၁)

Anthology of Discourses 4.7 With Tissametteyya “When someone indulges in sex,” said Venerable Tissametteyya, “tell us, good fellow: what trouble befalls them? After hearing your instruction, we shall train in seclusion.”

၈၂၂။ ‘‘မေထုနမနုယုတ္တဿ, (မေတ္တေယျာတိ ဘဂဝါ) မုဿတေ ဝါပိ သာသနံ၊

မိစ္ဆာ စ ပဋိပဇ္ဇတိ, ဧတံ တသ္မိံ အနာရိယံ။

၈၂၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မေတ္တေယျ မေထုန်အမှုကို ပြုကျင့်အားထုတ်သူအား ပရိယတ်, ပဋိပတ် သာသနာ တော်လည်းပျောက်ပျက်ကွယ်ပ၏၊မှားယွင်းသောအကျင့်ကိုလည်း ကျင့်မိတတ်၏၊ ထိုပုဂ္ဂိုလ်၌ (ဖြစ်သော) ဤအကျင့်သည် အရိယာတို့၏ အကျင့်မဟုတ်။ (၂)

“When someone indulges in sex,” replied the Buddha, “they forget their instructions and go the wrong way— that is something ignoble in them.

စာ-၄၀၇

၈၂၃။ ‘‘ဧကော ပုဗ္ဗေ စရိတွာန, မေထုနံ ယော နိသေဝတိ၊

ယာနံ ဘန္တံ ဝ တံ လောကေ, ဟီနမာဟု ပုထုဇ္ဇနံ။

၈၂၃။ အကြင်သူသည် ရှေးအခါ က တစ်ယောက်တည်း နေထိုင်ပြီးလျှင် မေထုန် အကျင့်ကိုမှီဝဲပြန်၏၊ လောက၌ ထိုသူကို တုန်လှုပ်သော ယာဥ် (စီးသူ) ကဲ့သို့ ပုထုဇဥ် ယုတ်ဟူ၍ ဆိုကြကုန်၏။ (၃)

Someone who formerly lived alone and then resorts to sex is like a chariot careening off-track; in the world they call them a low, ordinary person.

၈၂၄။ ‘‘ယသော ကိတ္တိ စ ယာ ပုဗ္ဗေ, ဟာယတေ ဝါပိ တဿ သာ၊

ဧတမ္ပိ ဒိသွာ သိက္ခေထ, မေထုနံ ဝိပ္ပဟာတဝေ။

၈၂၄။ အကြင်လူထွက်သူအား ရှေးရဟန်းဖြစ်သောအခါ က အခြံအရံ အကျော် အစော ရှိခဲ့ဖူး၏၊ ထိုအခြံအရံ အကျော်အစောသည် ထိုလူထွက်သူအား ဆုတ်ယုတ်သည်သာတည်း၊ ဤအဖြစ်ကိုလည်းမြင်၍ မေထုန်အကျင့်ကို ပယ်စွန့်နိုင်ရန် (သိက္ခာသုံးပါးကို) ကျင့်ရ၏။ (၄)

Their former fame and reputation also fall away. Seeing this, they’d train to give up sex.

၈၂၅။ ‘‘သင်္ကပ္ပေဟိ ပရေတော သော, ကပဏော ဝိယ ဈာယတိ၊

သုတွာ ပရေသံ နိဂ္ဃေါသံ, မင်္ကု ဟောတိ တထာဝိဓော။

၈၂၅။ (ကာမဂုဏ်စသည်ကို) ကြံစည်မှုသဘောတရားတို့ အနှိပ်စက်ခံရသော ထိုလူထွက်သည်ခိုကိုးရာမဲ့သူကဲ့သို့ ကြံမှိုင်ပူပန်ရ၏၊ ထိုသို့ သဘောရှိသောသူသည် အခြားသူတို့၏ ကဲ့ရဲ့ရှုတ်ချသံကို ကြားရသည်ရှိသော် မျက်နှာမသာမယာ ဖြစ်ရ၏။ (၅)

Oppressed by thoughts, they brood like a wretch. When they hear what others are saying, that sort is embarrassed.

၈၂၆။ ‘‘အထ သတ္ထာနိ ကုရုတေ, ပရဝါဒေဟိ စောဒိတော၊

ဧသ ခွဿ မဟာဂေဓော, မောသဝဇ္ဇံ ပဂါဟတိ။

၈၂၆။ တစ်ပါးသော ဝါဒရှိသူတို့ တိုက်တွန်းအပ်သည်ဖြစ်၍ ဒုစရိုက်တို့ကိုလည်း ပြုလုပ်ခဲ့၏၊ မုသားပြောဆိုမှုသို့လည်း သက်ဝင်ခဲ့၏၊ ဤသဘောနှစ်မျိုးသည် ထိုသူ၏ အနှောင်အဖွဲ့ကြီးပေတည်း။ (၆)

Then they lash out with verbal daggers when reproached by others. This is their great blind spot; they sink to lies.

၈၂၇။ ‘‘ပဏ္ဍိတောတိ သမညာတော, ဧကစရိယံ အဓိဋ္ဌိတော၊

အထာပိ [သ စာပိ (နိဒ္ဒေသေ)] မေထုနေ ယုတ္တော, မန္ဒောဝ ပရိကိဿတိ [ပရိကိလိဿတိ (သီ။)]။

၈၂၇။ တစ်ယောက်တည်းကျင့်ရသော ရဟန်းအကျင့်ကို ဆောက်တည်ကျင့်သုံးသည်ဖြစ်၍ ပညာရှိဟု ထင်ရှားကျော်စောခဲ့သူ ဖြစ်ပါလျက် တစ်ဖန် မေထုန်အမှုကို ပြုကျင့်အားထုတ်သောသူသည် တွေဝေနုံ့နှေးသူကဲ့သို့ ပင်ပန်းညစ်နွမ်းရ၏။ (၇)

They once were considered astute, committed to the solitary life. But then they indulged in sex, dragged along by desire like a dullard.

၈၂၈။ ‘‘ဧတမာဒီနဝံ ဉတွာ, မုနိ ပုဗ္ဗာပရေ ဣဓ၊

ဧကစရိယံ ဒဠှံ ကယိရာ, န နိသေဝေထ မေထုနံ။

၈၂၈။ ဤသာသနာတော်၌ ပညာရှိရဟန်းသည် ရှေး (ရဟန်းဖြစ်သောအခါ )မှ နောက် (လူထွက်သောအခါ )၌ ဤဆိုခဲ့ပြီးသော အပြစ်ကို သိမြင်၍ တစ်ယောက်တည်း ကျင့်ရသော ရဟန်းအကျင့်ကို မြဲမြံစွာ ပြုကျင့်ရာ၏၊ မေထုန်အကျင့်ကို မမှီဝဲရာ။ (၈)

Knowing this danger in falling from a former state here, a sage would firmly resolve to wander alone, and would not resort to sex.

၈၂၉။ ‘‘ဝိဝေကညေဝ သိက္ခေထ, ဧတဒရိယာနမုတ္တမံ၊

န တေန သေဋ္ဌော မညေထ, သ ဝေ နိဗ္ဗာနသန္တိကေ။

၈၂၉။ ကိလေသာကင်းဆိတ်မှု ‘ဝိဝေက’ တရားကိုသာလျှင် ကျင့်ရာ၏၊ ဤအကျင့်သည် (ဘုရားအစရှိသော) အရိယာတို့၏ မြတ်သောအကျင့်ပင်တည်း၊ ထို အကျင့်ဖြင့် ငါမြတ်၏ဟူ၍မထင်မှတ်ရာ၊ ထိုသူသည်သာလျှင် နိဗ္ဗာန်နှင့် နီး၏၊ (၉)

They’d train themselves only in seclusion; this, for the noble ones, is highest. One who’d not think themselves ‘best’ due to that has truly drawn near to extinguishment.

၈၃၀။ ‘‘ရိတ္တဿ မုနိနော စရတော, ကာမေသု အနပေက္ခိနော၊

ဩဃတိဏ္ဏဿ ပိဟယန္တိ, ကာမေသု ဂဓိတာ [ဂထိတာ (သီ။)] ပဇာ’’တိ။

တိဿမေတ္တေယျသုတ္တံ သတ္တမံ နိဋ္ဌိတံ။

၈၃၀။ ဒုစရိုက်ကင်းသည်ဖြစ်၍ ကာမတို့၌ မငဲ့ကွက်ဘဲ ကျင့်သော ဩဃ လေးဖြာ သံသရာကို ကူးမြောက်ပြီးသော ရဟန္တာအား ကာမတို့၌ တပ်မက် မောသူတို့သည် ကြည်ညိုမြတ်နိုးကြကုန်၏။ (၁၀) ခုနစ်ခုမြောက် တိဿမေတ္တေယျသုတ် ပြီး၏။

People tied to sensual pleasures envy them: the isolated, wandering sage who has crossed the flood, unconcerned for sensual pleasures.”

၈။ ပသူရသုတ္တ

၈၃၁။ ဣဓေဝ သုဒ္ဓိ ဣတိ ဝါဒယန္တိ [ဝိဒိယန္တိ (သီ။ ပီ။)], နာညေသု ဓမ္မေသု ဝိသုဒ္ဓိမာဟု၊

ယံ နိဿိတာ တတ္ထ သုဘံ ဝဒါနာ, ပစ္စေကသစ္စေသု ပုထူ နိဝိဋ္ဌာ။

၈-ပသူရသုတ် ၈၃၁။ (မိမိ)မှီခိုအားထားရာအယူကိုသာ အကောင်းပြောဆိုတတ်ကြသည့် များစွာသောသူတို့သည် အသီးအခြားမှန်ကန်သည်ဟု ယူဆသော သဿတဒိဋ္ဌိစသည်တို့၌ သက်ဝင်ကုန်သည်ဖြစ်၍ဤငါ့အယူ၌သာလျှင် စင်ကြယ်မှုရှိ၏ဟု ပြော ဆိုကြကုန်၏၊ အခြားသော အယူဝါဒတို့၌ ကားစင်ကြယ်မှုရှိ၏ဟု မပြောဆိုကြကုန်။ (၁)

Anthology of Discourses 4.8 With Pasūra “Here alone is purity,” they say, denying that there is purification in other teachings. Speaking of the beauty <j>in that which they depend on, each one is dogmatic about <j>their own idiosyncratic interpretation.

စာ-၄၀၈

၈၃၂။ တေ ဝါဒကာမာ ပရိသံ ဝိဂယှ, ဗာလံ ဒဟန္တီ မိထု အညမညံ၊

ဝဒန္တိ တေ အညသိတာ ကထောဇ္ဇံ, ပသံသကာမာ ကုသလာ ဝဒါနာ။

၈၃၂။ ဝါဒပြိုင်လိုကုန်သော ထိုသူတို့သည် ပရိသတ်ဘောင်သို့ သက်ဝင်ကြ၍ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် လူ့ဗာလဟု ရှုကြည့်ကြကုန်၏၊ အခြား အယူဝါဒကိုမှီကုန်သော ချီးမွမ်းခံလိုသော ထိုသူတို့သည် (မိမိကိုယ်ကို မိမိ) ပညာ ရှိဟု ယူဆကုန်သည်ဖြစ်၍စကားနိုင်ပြောဆိုကြကုန်၏။ (၂)

Desiring debate, they plunge into an assembly, where each takes the other as a fool. Relying on others they state their contention, desiring praise while claiming to be skilled.

၈၃၃။ ယုတ္တော ကထာယံ ပရိသာယ မဇ္ဈေ, ပသံသမိစ္ဆံ ဝိနိဃာတိ ဟောတိ၊

အပါဟတသ္မိံ ပန မင်္ကု ဟောတိ, နိန္ဒာယ သော ကုပ္ပတိ ရန္ဓမေသီ။

၈၃၃။ ဝါဒပြိုင်ဆိုင်ဆိုရန်အားထုတ်သူသည် ပရိသတ်အလယ်၌ ချီးမွမ်းခံလိုသည်ဖြစ်၍ (သူတစ်ပါးတို့ဝါဒကို) ဖြိုဖျက်လေ့ရှိ၏၊သို့ ပင်ဖြစ်သော်လည်း (သင့် စကားသည် အနက်အဓိပ္ပါယ်မရှိဟု) အပယ်အဖျက်ခံရသည်ရှိသော် ထိုသူသည် မျက်နှာမသာမယာ ဖြစ်တတ်၏၊ အပြစ်ရှာလျက်ကဲ့ရဲ့သည်ရှိသော် အမျက်ထွက် တတ်၏။ (၃)

Addicted to debating in the midst of the assembly, their need for praise makes them nervous. But when they’re repudiated they get embarrassed; upset at criticism, they find fault in others.

၈၃၄။ ယမဿ ဝါဒံ ပရိဟီနမာဟု, အပါဟတံ ပဉှဝိမံသကာသေ၊

ပရိဒေဝတိ သောစတိ ဟီနဝါဒေါ, ဥပစ္စဂါ မန္တိ အနုတ္ထုနာတိ။

၈၃၄။ ထိုသူ၏ အပယ်ဖျက်ခံရသော ဝါဒကို ရှုံးသော ဝါဒဟူ၍ ပြဿနာကို ဆင်ခြင် ဆုံးဖြတ်သူပညာရှိတို့က ပြောဆိုကြသောအခါ ဝါဒပြိုင်ပွဲ၌ ရှုံးသူသည် ငိုကြွေးမြည် တမ်းရ၏၊ စိုးရိမ်ပူဆွေးရ၏၊ ငါ့ထက် သာလွန်သွားပြီဟု အဖန်ဖန် ညည်းတွားရလေ၏။ (၄)

If their doctrine is said to be weak, and judges declare it repudiated, the loser weeps and wails, moaning, “They beat me.”

၈၃၅။ ဧတေ ဝိဝါဒါ သမဏေသု ဇာတာ, ဧတေသု ဥဂ္ဃါတိ နိဃာတိ ဟောတိ၊

ဧတမ္ပိ ဒိသွာ ဝိရမေ ကထောဇ္ဇံ, န ဟညဒတ္ထတ္ထိပသံသလာဘာ။

၈၃၅။ ဤဝါဒပြိုင်ဆိုင်ငြင်းခုံမှုတို့သည် ပရိဗိုဇ်ရဟန်းတို့၌ ဖြစ်ကုန်၏၊ ဤဝါဒပြိုင်ပွဲတို့၌ (နိုင်ခဲ့သော်) စိတ်ရွှင်လန်း ပွင့်လန်း၍ (ရှုံးခဲ့သော်) စိတ်ညှိုးနွမ်း ပင်ပန်းမှု ဖြစ်၏၊ ဤအကျိုးအပြစ်ကို မြင်၍ ဝါဒပြိုင်ဆိုင်စကားနိုင် ပြောဆိုမှုကို ရှောင်ကြဥ်ရာ၏၊ (ဤဝါဒပြိုင်ဆိုင်ရာ၌) ချီးကျူးခံရမှုကို ရသည်မှတစ်ပါး အခြားသော အကျိုးအာနိသင်မရှိသည်သာတည်း။ (၅)

When these disputes come up among ascetics, they get excited or dejected. Seeing this, refrain from contention, for the only purpose is praise and profit.

၈၃၆။ ပသံသိတော ဝါ ပန တတ္ထ ဟောတိ, အက္ခာယ ဝါဒံ ပရိသာယ မဇ္ဈေ၊

သော ဟဿတီ ဥဏ္ဏမတီ [ဥန္နမတီ (?)] စ တေန, ပပ္ပုယျ တမတ္ထံ ယထာ မနော အဟု။

၈၃၆။ ယင်းသို့ အကျိုးအာနိသင်မရှိသော်လည်း ပရိသတ်အလယ်၌ ဝါဒကို ပြောပြလျက် ထိုအယူ၌ အချီးမွမ်းခံရ၏၊ ထိုသို့ အချီးမွမ်းခံရခြင်းကြောင့် ထိုသူသည် ရွှင်လန်းလည်း ရွှင်လန်း၏၊ တက်ကြွလည်း တက်ကြွ၏၊ ထိုအချီးမွမ်းခံရမှု အကျိုးကို ရ၍ စိတ်တိုင်းကျ ဖြစ်ရလေ၏။ (၆)

But if, having declared their doctrine, they are praised there in the midst of the assembly, they laugh and gloat because of it, having got what they wanted.

၈၃၇။ ယာ ဥဏ္ဏတီ [ဥန္နတီ (?)] သာဿ ဝိဃာတဘူမိ, မာနာတိမာနံ ဝဒတေ ပနေသော၊

ဧတမ္ပိ ဒိသွာ န ဝိဝါဒယေထ, န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။

၈၃၇။ ယင်းတက်ကြွမှုသည် ထိုသူအား ဆင်းရဲပင်ပန်းကြောင်း ဖြစ်၏၊ ထိုသူသည် လွန်လွန်ကဲကဲတက်ကြွသော မာနစကားကို ပြောဆိုတတ်၏၊ ဤအပြစ်ကိုလည်း မြင်၍ မငြင်းခုံရာ၊ အကြောင်းသော်ကား ထိုငြင်းခုံခြင်းဖြင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆိုကြသောကြောင့် တည်း၊ (၇)

Their pride is their downfall, yet they speak from conceit and arrogance. Seeing this, one ought not dispute, for those who are skilled say this is no way to purity.

၈၃၈။ သူရော ယထာ ရာဇခါဒါယ ပုဋ္ဌော, အဘိဂဇ္ဇမေတိ ပဋိသူရမိစ္ဆံ၊

ယေနေဝ သော တေန ပလေဟိ သူရ, ပုဗ္ဗေဝ နတ္ထိ ယဒိဒံ ယုဓာယ။

၈၃၈။ မင်း၏ ရိက္ခာဖြင့် အသက်မွေးသူ သူရဲကောင်းသည် ပြိုင်ဘက်သူရဲ ကောင်းကို့အလိုရှိသည်ဖြစ်၍ ကြုံးဝါးလျက် သွားသကဲ့သို့၊ သူရဲကောင်း ‘ပသူရ’ ထိုသင်သည်ဝါဒပြိုင်ဘက်ရှိရာအရပ်သို့သာ သွားလေလော့၊ (ငါ့မှာကား) သင်နှင့် ပြိုင်ဆိုင် စစ်ထိုးရန် ကိလေသာဟူသမျှသည် ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကို ရရာ ရှေးအခါ ကပင် မရှိခဲ့ပေ။ (၈)

As a warrior, after feasting on royal food, goes roaring, looking for someone to fight— go off and find an opponent, Sūra, for here, as before, there is no one to combat.

စာ-၄၀၉

၈၃၉။ ယေ ဒိဋ္ဌိမုဂ္ဂယှ ဝိဝါဒယန္တိ [ဝိဝါဒိယန္တိ (သီ။ ပီ။)], ဣဒမေဝ သစ္စန္တိ စ ဝါဒယန္တိ၊

တေ တွံ ဝဒဿူ န ဟိ တေဓ အတ္ထိ, ဝါဒမှိ ဇာတေ ပဋိသေနိကတ္တာ။

၈၃၉။ အကြင်သူတို့သည် မိစ္ဆာဒိဋ္ဌိအယူကို ယူကြကုန်လျက် ငြင်းခုံကြကုန်၏၊ ဤငါ၏အယူသည်သာလျှင် မှန်၏ဟူ၍လည်း ပြောဆိုကြကုန်၏၊ (ပသူရ) ထိုမိစ္ဆာ အယူရှိသူတို့ကို သင်ပြောဆိုချေ၊ ဤနေရာ၌ ဝါဒပြိုင်ပွဲ ဖြစ်ခဲ့သော် သင်နှင့် ပြိုင် ဆိုင်စစ်ထိုးမှု ပြုမည့်သူတို့မရှိကုန်သည်သာတည်း။ (၉)

When someone disputes about a view they’ve adopted, saying, “This is the only truth,” say to them, “Here you’ll have no adversary when a dispute has come up.”

၈၄၀။ ဝိသေနိကတွာ ပန ယေ စရန္တိ, ဒိဋ္ဌီဟိ ဒိဋ္ဌိံ အဝိရုဇ္ဈမာနာ၊

တေသု တွံ ကိံ လဘေထော ပသူရ, ယေသီဓ နတ္ထီ ပရမုဂ္ဂဟီတံ။

၈၄၀။ ပသူရ အကြင်ရဟန္တာတို့သည်ကား (ကိလေသာ) စစ်သည်အပေါင်း ဖျက် ဆီးကြပြီးလျှင်အယူဝါဒတစ်ခုနှင့်အယူဝါဒတစ်ခုကို မဆန့်ကျင်စေကုန်မူ၍ သွားလာ နေထိုင်ကြကုန်၏၊ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား (မဂ်ဖိုလ်နိဗ္ဗာန်မှ) တစ်ပါး စွဲလမ်းယူဆမှု မရှိ၊ ထိုရဟန္တာတို့၌ သင်သည်အဘယ်မည်သော ဝါဒ စစ်ထိုးမှုကို ရနိုင်ပါမည်နည်း။ (၁၀)

There are those who live far from the crowd, not countering views with view. Who is there to argue with you, Pasūra, among those who grasp nothing here as the highest?

၈၄၁။ အထ တွံ ပဝိတက္ကမာဂမာ, မနသာ ဒိဋ္ဌိဂတာနိ စိန္တယန္တော၊

ဓောနေန ယုဂံ သမာဂမာ, န ဟိ တွံ သက္ခသိ သမ္ပယာတဝေတိ။

ပသူရသုတ္တံ အဋ္ဌမံ နိဋ္ဌိတံ။

၈၄၁။ သို့ ဖြစ်ပါလျက် သင်သည် (နိုင်ကောင်းနိုင်လိမ့်မည်လောဟု) ကြံစည် တွေးတောကာ လာခဲ့၏၊ သင်သည် စိတ်ဖြင့် ဒိဋ္ဌိအယူတို့ကို ကြံစည်ယူဆလျက် ကိလေသာကို ခါတွက်ပြီးသော ဘုရားရှင်နှင့်ဝါဒယှဥ်ပြိုင်ရန် ရောက်လာဘိ၏၊ ယင်းသို့ ယှဥ်ပြိုင်ရန် ရောက်လာသော်လည်း သင်သည် ယှဥ်ပြိုင်ရန်စွမ်းနိုင် လိမ့်မည် မဟုတ်။ (၁၁) ရှစ်ခုမြောက် ပသူရသုတ် ပြီး၏။

And so you come along speculating, thinking up theories in your mind. Now that you’ve challenged <j>someone who is cleansed, you’ll not be able to respond.

၉။ မာဂဏ္ဍိယသုတ္တ

၈၄၂။ ‘‘ဒိသွာန တဏှံ အရတိံ ရဂဉ္စ [အရတိဉ္စ ရာဂံ (သျာ။ က။)], နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ၊

ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ, ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ’’။

၉-မာဂဏ္ဍိယသုတ် ၈၄၂။ တဏှာ အရတိ ရဂါဟူသော (မာရ်မင်းသမီးသုံးယောက်ကို) မြင်ရ၍သော်လည်း မေထုန်အမှု၌ လိုလားတပ်မက်မှု ‘ဆန္ဒ’ မဖြစ်ခဲ့ပေ၊ ကျင်ငယ်, ကျင်ကြီးတို့ဖြင့် ပြည့်သော ဤ (သူငယ်မ) ရုပ်အဆင်းကို (မြင်ရ၍) အဘယ်မှာ လိုလား တပ်မက်မှု ဖြစ်မည်နည်း၊ ထိုသင့်သမီးမာဂဏ္ဍီကို ခြေဖြင့် ထိရုံမျှပင် ငါ အလို မရှိ။ (၁)

Anthology of Discourses 4.9 With Māgaṇḍiya “Even when I saw the sirens <j>Craving, Malignancy, and Lust, I had no desire for sex. What is this body full of piss and shit? I wouldn’t even want to touch it with my foot.”

၈၄၃။ ‘‘ဧတာဒိသံ စေ ရတနံ န ဣစ္ဆသိ, နာရိံ နရိန္ဒေဟိ ဗဟူဟိ ပတ္ထိတံ၊

ဒိဋ္ဌိဂတံ သီလဝတံ နု ဇီဝိတံ [သီလဝတာနုဇီဝိတံ (သီ။ ပီ။ က။)], ဘဝူပပတ္တိဉ္စ ဝဒေသိ ကီဒိသံ’’။

၈၄၃။ မင်းပေါင်းများစွာတို့ လိုလားတောင့်တအပ်သော ဤမျှလှပတင့်တယ်သည့် သတို့သမီးရတနာကိုအကယ်၍ အလိုမရှိခဲ့ပါမူ အသျှင်၏ အယူဝါဒ သီလ အကျင့် အသက်မွေးမှုနှင့် ဘဝဖြစ်စဥ်ကို အဘယ်သို့ သဘောရှိသည်ကို ပြောပြပါလော့။ (၂)

“If you do not want a gem such as this, a lady desired by many lords of men, then what manner of theory, <j>precepts and vows, livelihood, and rebirth in a new life do you assert?”

၈၄၄။ ‘‘ဣဒံ ဝဒါမီတိ န တဿ ဟောတိ, (မာဂဏ္ဍိယာတိ [မာဂန္ဒိယာတိ (သီ။ သျာ။ ပီ။)] ဘဂဝါ)

ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ၊

ပဿဉ္စ ဒိဋ္ဌီသု အနုဂ္ဂဟာယ,

အဇ္ဈတ္တသန္တိံ ပစိနံ အဒဿံ’’။

၈၄၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မာဂဏ္ဍိယ ထိုငါဘုရားအား (ခြောက်ဆယ့်နှစ်ပါး) ဒိဋ္ဌိတရားတို့၌ ဆုံးဖြတ်၍ (ဤငါ၏ အယူသာမှန်၏၊ အခြားသူတို့အယူကား အချည်းနှီးသာတည်းဟု) ဤစကားကို ဆိုမည်ဟု စွဲမြဲယူဆမှု မရှိပေ၊ (ခြောက်ဆယ့်နှစ်ပါးသော) ဒိဋ္ဌိအယူတို့၌ အပြစ်ကို မြင်သည်ဖြစ်၍ (တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကိုမျှ) မယူဘဲ (သစ္စာ လေးပါးတို့ကို) ရွေးချယ် စိစစ်လျက် အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ။ (၃)

“After judging among the teachings,” said the Buddha to Māgaṇḍiya, “none have been adopted thinking, ‘I assert this.’ Seeing views without adopting any, searching, I saw inner peace.”

စာ-၄၁၀

၈၄၅။ ‘‘ဝိနိစ္ဆယာ ယာနိ ပကပ္ပိတာနိ, (ဣတိ မာဂဏ္ဍိယော [မာဂန္ဒိယော (သီ။ သျာ။ ပီ။)] )

တေ ဝေ မုနီ ဗြူသိ အနုဂ္ဂဟာယ၊

အဇ္ဈတ္တသန္တီတိ ယမေတမတ္ထံ,

ကထံ နု ဓီရေဟိ ပဝေဒိတံ တံ’’။

၈၄၅။ (မာဂဏ္ဍိယပုဏ္ဏားက ဤသို့ လျှောက်၏) - ရဟန်းမြတ် ဆုံးဖြတ် ယူဆမှုဒိဋ္ဌိ ကြံစည် ယူဆမှု မိစ္ဆာအယူတို့ကို မယူဘဲ အဇ္ဈတ္တသန္တာန်၌ (ကိလေသာ) ငြိမ်းရာ နိဗ္ဗာန်ဟူသော အနက်အဓိပ္ပါယ်ကို အသျှင် ပြောပြခဲ့ပါ၏၊ ထိုနိဗ္ဗာန်ကိုအဘယ်သို့လျှင် ပညာရှိတို့ ပြောဆိုကြပါသနည်း။ (၄)

“O sage, you speak of judgments you have formed,” said Māgaṇḍiya, “without having adopted any of those views. As to that matter of ‘inner peace’— how is that described by the attentive?”

၈၄၆။ ‘‘န ဒိဋ္ဌိယာ န သုတိယာ န ဉာဏေန, (မာဂဏ္ဍိယာတိ ဘဂဝါ)

သီလဗ္ဗတေနာပိ န သုဒ္ဓိမာဟ၊

အဒိဋ္ဌိယာ အဿုတိယာ အဉာဏာ,

အသီလတာ အဗ္ဗတာ နောပိ တေန၊

ဧတေ စ နိဿဇ္ဇ အနုဂ္ဂဟာယ,

သန္တော အနိဿာယ ဘဝံ န ဇပ္ပေ’’။

၈၄၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မာဂဏ္ဍိယ မိစ္ဆာဒိဋ္ဌိအယူဖြင့်လည်းကောင်း၊ ကြားရသော ဗေဒင်ယတြာအားဖြင့်လည်းကောင်း၊ လောကီသမာပတ်ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု ‘သီလ’ နွား ခွေး စသည်တို့၏ အကျင့် ‘ဝတ’ဖြင့်လည်းကောင်း၊ စင်ကြယ်၏ဟူ၍ ငါမဆို၊ သမ္မာဒိဋ္ဌိအယူမှ ကင်းသဖြင့်လည်ကောင်းမဂ်ဖိုလ်ရကြောင်းတရားကို နာကြားရခြင်းမှ ကင်းသဖြင့်လည်းကောင်း၊ ကမ္မဿကတာဉာဏ်သစ္စာနုလောမိကဉာဏ်မှ ကင်း သဖြင့်လည်းကောင်း၊ပါတိမောက္ခ သံဝရသီလမှ ကင်းသဖြင့်လည်းကောင်း၊ ဓူတင် အကျင့်မှ ကင်းသဖြင့်လည်းကောင်း ထိုတစ်မျိုးမျိုးမျှဖြင့်လည်းစင်ကြယ်၏ဟု ငါ မဆို၊ သူတော်ကောင်းသည် ဤ (မိစ္ဆာဒိဋ္ဌိစသော ကဏှပက္ခတရားငါးမျိုး)တို့ကို စွန့်လွှတ်၍လည်းကောင်း၊ ဤ (သမ္မာဒိဋ္ဌိစသော သုက္ကပက္ခတရားငါးမျိုး)တို့ကို (ပြောဆိုတိုင်းကျင့်ကြံခြင်းဖြင့်) ယူ၍လည်းကောင်း၊ (တဏှာဒိဋ္ဌိတို့ကို) မမှီမူ၍လည်းကောင်း ဘဝကို မတောင့်တတော့ပေ။ (၅)

“Purity is spoken of not as due to view,” said the Buddha to Māgaṇḍiya, “learning, knowledge, or precepts and vows; nor without view, learning, knowledge, or precepts and vows. Having relinquished these, not adopting them, peaceful, independent, one would not pray <j>for another life.”

၈၄၇။ ‘‘နော စေ ကိရ ဒိဋ္ဌိယာ န သုတိယာ န ဉာဏေန, (ဣတိ မာဂဏ္ဍိယော)

သီလဗ္ဗတေနာပိ န သုဒ္ဓိမာဟ၊

အဒိဋ္ဌိယာ အဿုတိယာ အဉာဏာ,

အသီလတာ အဗ္ဗတာ နောပိ တေန၊

မညာမဟံ မောမုဟမေဝ ဓမ္မံ,

ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ’’။

၈၄၇။ (မာဂဏ္ဍိယသည် ဤသို့ လျှောက်၏) - ရဟန်းမြတ် မိစ္ဆာဒိဋ္ဌိအယူဖြင့်လည်းကောင်း၊ ကြားရသော ဗေဒင်ယတြာအားဖြင့်လည်းကောင်း၊ လောကီသမာပတ်ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု ‘သီလ’ နွား ခွေး စသည်တို့၏အကျင့် ‘ဝတ’ဖြင့်လည်းကောင်း စင်ကြယ်၏ဟူ၍လည်း အကယ်၍ မဆိုသည် ဖြစ်အံ့၊ သမ္မာဒိဋ္ဌိအယူမှ ကင်းသဖြင့်လည်ကောင်း၊ မဂ်ဖိုလ်ရ ကြောင်းတရားကို နာကြားရခြင်းမှ ကင်းသဖြင့်လည်းကောင်း၊ ကမ္မဿကတာဉာဏ် သစ္စာနုလောမိကဉာဏ်မှ ကင်းသဖြင့်လည်းကောင်း၊ပါတိမောက္ခသံဝရသီလမှ ကင်းသဖြင့်လည်းကောင်း ဓူတင်အကျင့်မှ ကင်းသဖြင့်လည်းကောင်း ထိုတစ်မျိုးမျိုးမျှဖြင့်လည်းစင်ကြယ်၏ဟူ၍လည်း အကယ်၍ မဆိုသည် ဖြစ်အံ့၊ ဤသို့ မဆိုခဲ့ပါလျှင် ဤတရားကို မဝေခွဲနိုင်အောင်အလွန်တွေဝေဖွယ် တရားဟု အကျွန်ုပ်မှတ်ထင်ပါ၏၊ အချို့သော (သမဏဗြာဟ္မဏ)တို့သည်ကားမိစ္ဆာဒိဋ္ဌိ အယူဖြင့် စင်ကြယ်၏ဟူ၍ ယုံကြည်နေကြပါကုန်၏။ (၆)

“It seems purity is spoken of not as due to view,” said Māgaṇḍiya, “learning, knowledge, or precepts and vows; nor without view, learning, knowledge, or precepts and vows. If so, I think this teaching is sheer folly; some believe that purity comes from view.”

၈၄၈။ ‘‘ဒိဋ္ဌဉ္စ နိဿာယ အနုပုစ္ဆမာနော, (မာဂဏ္ဍိယာတိ ဘဂဝါ)

သမုဂ္ဂဟီတေသု ပမောဟမာဂါ [သမောဟမာဂါ (သျာ။ က။)]၊

ဣတော စ နာဒ္ဒက္ခိ အဏုမ္ပိ သညံ,

တသ္မာ တုဝံ မောမုဟတော ဒဟာသိ။

၈၄၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - မာဂဏ္ဍိယ သင်သည် မိစ္ဆာဒိဋ္ဌိအယူကိုမှီလျက်သာလျှင် အဖန်ဖန် တလဲလဲ မေးသည်ဖြစ်၍စွဲစွဲမြဲမြဲယူထားသော အယူတို့ကြောင့် မဝေခွဲနိုင်အောင် အလွန်တွေဝေခြင်းသို့ ရောက်၏၊ ဤငါဟောအပ်သောတရားဒေသနာမှု နှလုံးသွင်းမှုအမှတ် သညာကို အနည်းငယ်မျှသော်လည်း မမြင်၊ ထို့ကြောင့် သင်သည် မဝေခွဲနိုင်အောင် အလွန်တွေဝေသောအားဖြင့် ဤတရားကို ရှုကြည့်ဘိ၏။ (၇)

“Continuing to question while relying on a view,” said the Buddha to Māgaṇḍiya, “you’ve become confused by all you’ve adopted. From this you’ve not glimpsed the slightest idea, which is why you consider the teaching folly.

၈၄၉။ ‘‘သမော ဝိသေသီ ဥဒ ဝါ နိဟီနော, ယော မညတီ သော ဝိဝဒေထ တေန၊

တီသု ဝိဓာသု အဝိကမ္ပမာနော, သမော ဝိသေသီတိ န တဿ ဟောတိ။

၈၄၉။ မာဂဏ္ဍိယ တူမျှသူဟူ၍လည်းကောင်း၊ ထူးချွန် လွန်ကဲသူဟူ၍လည်းကောင်း၊ ယုတ်ညံ့သူဟူ၍လည်းကောင်းမှတ်ထင်သူသည် ထိုသို့မှတ်ထင်ခြင်းကြောင့် ငြင်းခုံရာ၏၊ မာနသုံးမျိုးတို့ကြောင့် မတုန်လှုပ်သောသူအား တူမျှသူဟူ၍လည်းကောင်း၊ ထူးချွန်လွန်ကဲသူဟူ၍လည်းကောင်း၊ ယုတ်ညံ့သူဟူ၍လည်းကောင်းမှတ် ထင်မှု မဖြစ်နိုင်။ (၈)

If you think that ‘I’m equal, special, or worse’, you’ll dispute about that. Not wavering due to the three discriminations, they have no thought, ‘I’m equal or special’.

၈၅၀။ ‘‘သစ္စန္တိ သော ဗြာဟ္မဏော ကိံ ဝဒေယျ, မုသာတိ ဝါ သော ဝိဝဒေထ ကေန၊

ယသ္မိံ သမံ ဝိသမံ ဝါပိ နတ္ထိ, သ ကေန ဝါဒံ ပဋိသံယုဇေယျ။

၈၅၀။ ထိုရဟန္တာသည် (ငါ့အယူသာ)မှန်၏ဟူ၍ အဘယ်မှာလျှင် ပြောဆိုရာအံ့ နည်း၊ (အခြားသူတို့အယူသည်)မှားယွင်း၏ဟူ၍ အဘယ်မည်သောသူနှင့် ငြင်းခုံ ရာအံ့နည်း၊ အကြင်ရဟန္တာ၌ တူ၏ဟူသော ‘သဒိသမာန’သည်လည်းကောင်း၊ မတူဟူသော ‘သေဋ္ဌမာန ဟီနမာန’သည်လည်းကောင်း မရှိတော့ပေ၊ ထိုရဟန္တာသည် အဘယ်မည်သောသူနှင့် ဝါဒယှဥ်ပြိုင်ပါတော့မည်နည်း။ (၉)

Why would that brahmin say, ‘It’s true’, or with whom would they dispute, ‘It’s false’? There is no equal or unequal in them, so who would they take on in debate?

စာ-၄၁၁

၈၅၁။ ‘‘ဩကံ ပဟာယ အနိကေတသာရီ, ဂါမေ အကုဗ္ဗံ မုနိ သန္ထဝါနိ [သန္ဓဝါနိ (က။)]၊

ကာမေဟိ ရိတ္တော အပုရေက္ခရာနော, ကထံ န ဝိဂ္ဂယှ ဇနေန ကယိရာ။

၈၅၁။ မြင်ခိုက်စသည်၌ ဝိညာဏ်၏ တည်ရာကို ပယ်စွန့်၍ မြင်ပြီး ရူပါရုံစသောတည်ရာ အိမ်တို့ကို မအောက်မေ့သူ ရွာ၌ လူတို့နှင့် ပေါင်းသင်းဆက်ဆံမှု မပြုသူ ကာမဂုဏ်တို့မှ ကင်းဆိတ်သူနောင်အတ္တဘောကို မဖြစ်စေသူ ရဟန္တာသည် လူအများနှင့် ဆန့်ကျင်ဘက် စကားကို မပြောဆိုတော့ပေ။ (၁၀)

After leaving their bastion to migrate without abode, a sage doesn’t get close to anyone in town. Rid of sensual pleasures, not expecting, they wouldn’t get in arguments with people.

၈၅၂။ ‘‘ယေဟိ ဝိဝိတ္တော ဝိစရေယျ လောကေ, န တာနိ ဥဂ္ဂယှ ဝဒေယျ နာဂေါ၊

ဇလမ္ဗုဇံ [ဧလမ္ဗုဇံ (သီ။ သျာ။)] ကဏ္ဍကံ ဝါရိဇံ ယထာ, ဇလေန ပင်္ကေန စနူပလိတ္တံ၊

ဧဝံ မုနီ သန္တိဝါဒေါ အဂိဒ္ဓေါ, ကာမေ စ လောကေ စ အနူပလိတ္တော။

၈၅၂။ လောက၌ ရဟန္တာပုဂ္ဂိုလ်သည် အကြင်မိစ္ဆာဒိဋ္ဌိစသော အယူတို့မှ ကင်း ဆိတ်သည်ဖြစ်၍ကျင့်၏၊ ထိုအယူတို့ကိုလည်း ယူ၍ မပြောဆို၊ ရေ၌ ပေါက်သော အဆူးရှိသော ပဒုမ္မာကြာသည်ရေဖြင့်လည်းကောင်း၊ ညွန်ဖြင့်လည်းကောင်း မလိမ်းကျံ မကပ်ငြိဘိသကဲ့သို့ ဤအတူ အဇ္ဈတ္တသန္တာန်၌ (ကိလေသာ) ငြိမ်းအေး ရာနိဗ္ဗာန်ကို ပြောဆိုသော ရဟန္တာသည် ကာမ၌လည်းကောင်း၊ လောက၌လည်းကောင်း မတပ်မက် မလိမ်းကျံ မကပ်ငြိတော့ပေ။ (၁၁)

A spiritual giant would not take up for debate the things in the world from which they live secluded. As a prickly lotus born in the water is unsullied by water and mud, so the greedless sage, proponent of peace, is unsmeared by sensuality and the world.

၈၅၃။ ‘‘န ဝေဒဂူ ဒိဋ္ဌိယာယကော [န ဝေဒဂူ ဒိဋ္ဌိယာ (က။ သီ။ သျာ။ ပီ။)] န မုတိယာ, သ မာနမေတိ န ဟိ တမ္မယော သော၊

န ကမ္မုနာ နောပိ သုတေန နေယျော, အနူပနီတော သ နိဝေသနေသု။

၈၅၃။ ရဟန္တာသည် မိစ္ဆာဒိဋ္ဌိအယူသို့ ရောက်သူ မဟုတ်၊ အတွေ့အကြုံဉာဏ် ပညာကြောင့် ထောင်လွှားမှု ‘မာန’သို့ ရောက်သူ မဟုတ်၊ တဏှာဒိဋ္ဌိဖြင့် ပြုမူသူ မဟုတ်၊ ကံဖြင့် ဆောင်အပ်သူလည်းမဟုတ်၊ အကြားအမြင်ဖြင့် ဆောင်အပ်သူလည်း မဟုတ်၊ တဏှာဒိဋ္ဌိဟူသောတည်ရာအိမ်တို့သို့ ဆွဲဆောင်အပ်သူလည်း မဟုတ်။ (၁၂)

A knowledge master does not become conceited due to view or thought, <j>for they are not determined by that. They’ve no need for deeds or learning, they’re not indoctrinated in dogmas.

၈၅၄။ ‘‘သညာဝိရတ္တဿ န သန္တိ ဂန္ထာ, ပညာဝိမုတ္တဿ န သန္တိ မောဟာ၊

သညဉ္စ ဒိဋ္ဌိဉ္စ ယေ အဂ္ဂဟေသုံ, တေ ဃဋ္ဋယန္တာ [ဃဋ္ဋမာနာ (သျာ။ က။)] ဝိစရန္တိ လောကေ’’တိ။

မာဂဏ္ဍိယသုတ္တံ နဝမံ နိဋ္ဌိတံ။

၈၅၄။ ကာမသညာစသည်၌ တပ်ခြင်းကင်းသောသူအား ထုံးဖွဲ့မှု ‘ဂန္ထ’တို့ မရှိကုန်၊ ပညာဖြင့် (ကိလေသာတို့မှ) လွတ်မြောက်ပြီးသောသူအား တွေဝေမှု ‘မောဟ’တို့ မရှိကုန်၊ အကြင်သူတို့သည် ကာမစသော သညာကိုလည်းကောင်း၊ မိစ္ဆာအယူ ‘ဒိဋ္ဌိ’ကိုလည်းကောင်း စွဲယူကုန်၏၊ ထိုသူတို့သည် လောက၌ အချင်းချင်း ထိပါးပုတ်ခတ်ကြကုန်လျက် သွားလာနေကုန်၏။ (၁၃) ကိုးခုမြောက် မာဂဏ္ဍိယသုတ် ပြီး၏။

There are no ties for one detached from ideas; there are no delusions for one freed by wisdom. But those who have adopted ideas and views wander the world causing conflict.”

၁၀။ ပုရာဘေဒသုတ္တ

၈၅၅။ ‘‘ကထံဒဿီ ကထံသီလော, ဥပသန္တောတိ ဝုစ္စတိ၊

တံ မေ ဂေါတမ ပဗြူဟိ, ပုစ္ဆိတော ဥတ္တမံ နရံ’’။

၁၀-ပုရာဘေဒသုတ် ၈၅၅။ အဘယ်သို့ သောဉာဏ်အမြင်ရှိသူနှင့် အဘယ်သို့ သော သီလရှိသူကို (ကိလေသာတို့မှ) ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်ပါသနည်း၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မေးအပ်သော အသျှင်ဘုရားသည် ထိုသို့ သဘောရှိသော မြတ်သောသူကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁)

Anthology of Discourses 4.10 Before the Breakup “Seeing how, behaving how, is one said to be at peace? When asked, Gotama, please tell me about the ultimate person.”

၈၅၆။ ‘‘ဝီတတဏှော ပုရာ ဘေဒါ, (ဣတိ ဘဂဝါ) ပုဗ္ဗမန္တမနိဿိတော၊

ဝေမဇ္ဈေ နုပသင်္ခေယျော, တဿ နတ္ထိ ပုရက္ခတံ။

၈၅၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - အကြင်ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာမပျက်စီးမီ တပ်မက်မှု ‘တဏှာ’ ကင်းပြီးသူဖြစ်၏၊ (တဏှာဒိဋ္ဌိဟူသော) ရှေးအတိတ်အဖို့အစုကို မမှီသူ ဖြစ်၏၊ အလယ် (ပစ္စုပ္ပန်) ကာလ၌ တပ်မက်သူစသည်ဖြင့် ရေတွက်အပ်သူ မဟုတ်၊ ထိုရဟန္တာပုဂ္ဂိုလ်အား အနာဂတ်ကာလ၌ (တဏှာဒိဋ္ဌိဟူသော) ရှေ့သွား မရှိ၊ (ထိုပုဂ္ဂိုလ်ကို ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၂)

“Rid of craving before the breakup,” said the Buddha, “not dependent on the first beginning, unfathomable in the middle, they are not governed by anything.

စာ-၄၁၂

၈၅၇။ ‘‘အက္ကောဓနော အသန္တာသီ, အဝိကတ္ထီ အကုက္ကုစော၊

မန္တဘာဏီ [မန္တာဘာဏီ (သျာ။ ပီ။)] အနုဒ္ဓတော, သ ဝေ ဝါစာယတော မုနိ။

၈၅၇။ (အကြင်ပုဂ္ဂိုလ်သည် ) အမျက်ဒေါသမရှိသူ ထိတ်လန့်ခြင်းမရှိသူ သီလစသည်ဖြင့် မကြုံးဝါးသူကုက္ကုစ္စမရှိသူ အမြော်အမြင်ပညာဖြင့် ပြောဆိုတတ်သူ ပျံ့လွင့်ခြင်းမရှိသူ နှုတ်စောင့်စည်းသူသိတတ်သောဉာဏ်ရှိသူ ဖြစ်၏၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၃)

Unangry, unafraid, not boastful or regretful, thoughtful in counsel, not restless— truly that sage is controlled in speech.

၈၅၈။ ‘‘နိရာသတ္တိ အနာဂတေ, အတီတံ နာနုသောစတိ၊

ဝိဝေကဒဿီ ဖဿေသု, ဒိဋ္ဌီသု စ န နီယတိ [နိယျတိ (ဗဟူသု)]။

၈၅၈။ (အကြင်ပုဂ္ဂိုလ်သည် ) အနာဂတ်ကာလ၌ ကပ်ငြိမှု ‘တဏှာ’ကင်း၏၊ အတိတ်ကို ပြန်၍ မစိုးရိမ်၊ ပစ္စုပ္ပန် စက္ခုသပ္ဖဿစသည်တို့၌ အတ္တစသည်မှ ကင်းဆိတ်သည်ကို ရှုမြင်၏၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့၏ အဆောင်ယူ မခံရ၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၄)

Rid of attachment to the future, they don’t grieve for the past. A seer of seclusion in the midst of contacts is not led astray among views.

၈၅၉။ ‘‘ပတိလီနော အကုဟကော, အပိဟာလု အမစ္ဆရီ၊

အပ္ပဂဗ္ဘော အဇေဂုစ္ဆော, ပေသုဏေယျေ စ နော ယုတော။

၈၅၉။ (အကြင်ပုဂ္ဂိုလ်သည် ) ရာဂစသည်တို့မှ ကင်း၏၊အံ့ဩဖွယ်ကို မပြု တတ်၊ တပ်မက်မှု ‘တဏှာ’ မရှိ၊ ဝန်တိုမှု ကင်း၏၊ ကိုယ်အမူအရာစသည် ကြမ်းတမ်းမှု ကင်း၏၊ စက်ဆုပ်ဖွယ်ပုဂ္ဂိုလ်မဟုတ်၊ ချောပစ်ကုန်းတိုက်မှု၌လည်း မယှဥ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါဆို၏)။ (၅)

Withdrawn, free of deceit, they’re not envious or stingy, nor rude or disgusting, or given to slander.

၈၆၀။ ‘‘သာတိယေသု အနဿာဝီ, အတိမာနေ စ နော ယုတော၊

သဏှော စ ပဋိဘာနဝါ [ပဋိဘာဏဝါ (သျာ။ ပီ။)], န သဒ္ဓေါ န ဝိရဇ္ဇတိ။

၈၆၀။ (အကြင်ပုဂ္ဂိုလ်သည် ) သာယာဖွယ် ကာမဂုဏ်တို့၌သာယာမှု မရှိ၊ အလွန်ထောင်လွှားမှု ‘မာန’၌လည်း မယှဥ်၊ ကာယကံစသည်တို့ဖြင့် နူးညံ့သိမ်မွေ့၏၊ ပဋိဘာန် (ပညာဉာဏ်) လည်းရှိ၏၊ သာသနာတော်မှတစ်ပါး အခြားအယူကို မယုံကြည်၊ တပ်ခြင်း ကင်းပြီးဖြစ်၏၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၆)

Not swept up in pleasures, or given to arrogance, they’re gentle and articulate, neither hungering nor growing dispassionate.

၈၆၁။ ‘‘လာဘကမျာ န သိက္ခတိ, အလာဘေ စ န ကုပ္ပတိ၊

အဝိရုဒ္ဓေါ စ တဏှာယ, ရသေသု နာနုဂိဇ္ဈတိ။

၈၆၁။ (အကြင်ပုဂ္ဂိုလ်သည် ) လာဘ်ကို လိုသဖြင့် ပရိယတ်ကို မသင်ယူ၊ လာဘ် မရခြင်းကြောင့်လည်းအမျက်မထွက်၊ ဆန့်ကျင်မှုမရှိသည်ဖြစ်၍ ‘တဏှာ’ဖြင့် ရသာရုံကိုလည်း မမက်မော၊ (ထိုပုဂ္ဂိုလ်ကိုကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၇)

Not training for desire for profit, nor getting annoyed at lack of profit; they are not hostile due to craving, for they are not greedy for flavors.

၈၆၂။ ‘‘ဥပေက္ခကော သဒါ သတော, န လောကေ မညတေ သမံ၊

န ဝိသေသီ န နီစေယျော, တဿ နော သန္တိ ဥဿဒါ။

၈၆၂။ လောက၌ အကြင်ပုဂ္ဂိုလ်သည် လျစ်လျူရှုမှု ‘ဥပေက္ခာ’နှင့် ပြည့်စုံ၏၊ အခါ ခပ်သိမ်း အမှတ်ရမှု ‘သတိ’ရှိ၏၊ သူနှင့်တူသူဟု (သဒိသမာန်ဖြင့်) မမှတ်ထင်၊ သူ့ထက် ထူးမြတ်သူဟု (ပဏီတမာန်ဖြင့်) မမှတ်ထင်၊ သူ့အောက်ယုတ်သူဟု (ဟီနမာန်ဖြင့်) မမှတ်ထင်၊ ထိုရဟန္တာပုဂ္ဂိုလ်အားရာဂစသော ပွါးစီးခြင်းတို့သည် မရှိကုန်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၈)

Equanimous, ever mindful, they never conceive themselves in the world as equal, special, or less than; they have no pretensions.

၈၆၃။ ‘‘ယဿ နိဿယနာ [နိဿယတာ (သီ။ သျာ။ ပီ။)] နတ္ထိ, ဉတွာ ဓမ္မံ အနိဿိတော၊

ဘဝါယ ဝိဘဝါယ ဝါ, တဏှာ ယဿ န ဝိဇ္ဇတိ။

၈၆၃။ အကြင်ရဟန္တာပုဂ္ဂိုလ်အား (တဏှာဒိဋ္ဌိဟူသော)မှီရာတို့သည် မရှိကုန်၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တရားကို သိ၍ (တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ၊ အကြင် ရဟန္တာပုဂ္ဂိုလ်အားသဿတဒိဋ္ဌိဖြစ်ခြင်းငှါလည်းကောင်း၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်ခြင်းငှါလည်းကောင်း တပ်မက်မှု ‘တဏှာ’သည် မရှိ၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၉)

They have no dependencies, understanding the teaching, they are independent. No craving is found in them to continue existence or to end it.

၈၆၄။ ‘‘တံ ဗြူမိ ဥပသန္တောတိ, ကာမေသု အနပေက္ခိနံ၊

ဂန္ထာ တဿ န ဝိဇ္ဇန္တိ, အတရီ သော ဝိသတ္တိကံ။

၈၆၄။ ထိုရဟန္တာပုဂ္ဂိုလ်အား အထုံးအဖွဲ့ ‘ဂန္ထ’လေးပါးတရားတို့ မရှိကုန်၊ ထို ရဟန္တာပုဂ္ဂိုလ်သည် ကပ်ငြိတတ်သောတဏှာကို လွန်မြောက်၏၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ ငဲ့ကွက်ခြင်းမရှိသော (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၁၀)

I declare them to be at peace, unconcerned for sensual pleasures. No ties are found in them, they have crossed over clinging.

၈၆၅။ ‘‘န တဿ ပုတ္တာ ပသဝေါ, ခေတ္တံ ဝတ္ထုဉ္စ ဝိဇ္ဇတိ၊

အတ္တာ ဝါပိ နိရတ္တာ ဝါ [အတ္တံ ဝါပိ နိရတ္တံ ဝါ (ဗဟူသု)], န တသ္မိံ ဥပလဗ္ဘတိ။

၈၆၅။ ထိုရဟန္တာပုဂ္ဂိုလ်အား သားသမီးတို့သည်လည်းကောင်း၊ (ကျွဲ နွားစသော) သတ္တဝါတို့သည်လည်းကောင်း၊ သလေးစပါးခင်းစသော လယ်သည်လည်းကောင်း၊ အိမ်နေရာစသော မြေယာသည်လည်းကောင်း၊ မရှိကုန်၊ ထိုပုဂ္ဂိုလ်၌ အတ္တရှိ၏ဟု ယူသော ‘သဿတဒိဋ္ဌိ’တို့ကိုလည်းကောင်း၊ အတ္တပြတ်၏ဟု ယူသော အယူ ‘ဥစ္ဆေဒဒိဋ္ဌိ’တို့ကိုလည်းကောင်း မရအပ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၁)

They have no children or livestock, nor possess fields or lands. No picking up or putting down is found in them.

၈၆၆။ ‘‘ယေန နံ ဝဇ္ဇုံ ပုထုဇ္ဇနာ, အထော သမဏဗြာဟ္မဏာ၊

တံ တဿ အပုရက္ခတံ, တသ္မာ ဝါဒေသု နေဇတိ။

၈၆၆။ အကြင် (ရာဂစသော) အပြစ်ဖြင့် ထိုပုဂ္ဂိုလ်ကို ပုထုဇဥ်တို့သည်လည်းကောင်း၊ သမဏဗြာဟ္မဏတို့သည်လည်းကောင်း (တပ်မက်သူ ပြစ်မှားတတ်သူဟူ၍) ဆိုကုန်ရာ၏၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ထို (ရာဂစသော) အပြစ်ကို (တဏှာ ဒိဋ္ဌိဖြင့်) ရှေ့သွား မပြုအပ်၊ ထိုသို့ ရှေ့သွားမပြုသည့်အတွက် စွပ်စွဲကဲ့ရဲ့သော စကားတို့ကြောင့် မတုန်လှုပ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၂)

That by which one might describe an ordinary person or ascetics and brahmins has no importance to them, which is why they’re unperturbed by words.

၈၆၇။ ‘‘ဝီတဂေဓော အမစ္ဆရီ, န ဥဿေသု ဝဒတေ မုနိ၊

န သမေသု န ဩမေသု, ကပ္ပံ နေတိ အကပ္ပိယော။

၈၆၇။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တပ်မက်မှု ‘တဏှာ’ကင်း၏၊ ဝန်တိုမှု ‘မစ္ဆရိယ’ကင်း၏၊ ထူးမြတ်သူတို့အတွင်း၌ (ငါ ထူးမြတ်သူဟု) မဆို၊ တူညီသူတို့ အတွင်း၌ (ငါ တူညီသူဟု) မဆို၊ ယုတ်ညံ့သူတို့အတွင်း၌ (ငါ ယုတ်ညံ့သူဟု) မဆို၊ ကြံစည်မှု ကင်းသည်ဖြစ်၍ တဏှာဒိဋ္ဌိအားဖြင့်နှစ်ပါးသော ကြံစည်ခြင်းသို့ မရောက်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၃)

Freed of greed, not stingy, a sage doesn’t speak of themselves as being among superiors, inferiors, or equals. One not prone to creation <j>does not return to creation.

၈၆၈။ ‘‘ယဿ လောကေ သကံ နတ္ထိ, အသတာ စ န သောစတိ၊

ဓမ္မေသု စ န ဂစ္ဆတိ, သ ဝေ သန္တောတိ ဝုစ္စတီ’’တိ။

ပုရာဘေဒသုတ္တံ ဒသမံ နိဋ္ဌိတံ။

၈၆၈။ လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အား မိမိ၏ ဥစ္စာဟု (သိမ်းဆည်းမှု) မရှိ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည် ဖောက်ပြန်ပျက်စီးသွားသော ဝတ္ထုကြောင့်လည်း မစိုးရိမ်၊ တရားအားလုံးတို့၌လည်း (ဆန္ဒာဂတိစသည်သို့) မလိုက်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၄) ဆယ်ခုမြောက် ပုရာဘေဒသုတ် ပြီး၏။

They who have nothing in the world of their own do not grieve for that which is not, or drift among the teachings; that’s who is said to be at peace.”

စာ-၄၁၃

၁၁။ ကလဟဝိဝါဒသုတ္တ

၈၆၉။ ‘‘ကုတောပဟူတာ ကလဟာ ဝိဝါဒါ, ပရိဒေဝသောကာ သဟမစ္ဆရာ စ၊

မာနာတိမာနာ သဟပေသုဏာ စ, ကုတောပဟူတာ တေ တဒိင်္ဃ ဗြူဟိ’’။

၁၁-ကလဟဝိဝါဒသုတ် ၈၆၉။ ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန် သနည်း၊ ဝန်တိုမှုနှင့်တကွဖြစ်ကုန်သော ငိုကြွေးမှု စိုးရိမ်မှုတို့သည်လည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့်တကွ ဖြစ်ကုန်သော ထောင်လွှားမှု အလွန်ထောင်လွှားမှုတို့သည်လည်းကောင်း ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန်သနည်း၊ တောင်းပန်ပါ၏ ထိုအကြောင်းကို ဟောတော်မူပါလော့။ (၁)

Anthology of Discourses 4.11 Quarrels and Disputes “Where do quarrels and disputes come from? And lamentation and sorrow, and stinginess? What of conceit and arrogance, and slander too— tell me please, where do they come from?”

၈၇၀။ ‘‘ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ,

ပရိဒေဝသောကာ သဟမစ္ဆရာ စ၊

မာနာတိမာနာ သဟပေသုဏာ စ,

မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊

ဝိဝါဒဇာတေသု စ ပေသုဏာနိ’’။

၈၇၀။ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှုတို့သည် ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ်လာကုန်၏၊ ဝန်တိုမှုနှင့်တကွ ဖြစ်ကုန်သော ငိုကြွေးမှု စိုးရိမ်မှုတို့သည်လည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့်တကွဖြစ်ကုန်သော ထောင်လွှားမှု အလွန် ထောင်လွှားမှုတို့သည်လည်းကောင်း ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ် လာကုန်၏၊ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှုတို့သည် ဝန်တိုမှုနှင့် စပ်ယှဥ်ကုန်၏၊ ငြင်းခုံမှုတို့ ဖြစ်ကုန်သည်ရှိသော် ချောပစ်ကုန်းတိုက်မှုတို့ ဖြစ်တတ်ကုန်၏။ (၂)

“Quarrels and disputes come from what we hold dear, as do lamentation and sorrow, stinginess, conceit and arrogance. Quarrels and disputes are linked to stinginess, and when disputes have arisen there is slander.”

၈၇၁။ ‘‘ပိယာ သု [ပိယာနု (သျာ။), ပိယဿု (က။)] လောကသ္မိံ ကုတောနိဒါနာ, ယေ စာပိ [ယေ ဝါပိ (သီ။ သျာ။ ပီ။)] လောဘာ ဝိစရန္တိ လောကေ၊

အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ, ယေ သမ္ပရာယာယ နရဿ ဟောန္တိ’’။

၈၇၁။ လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း၊ အကြင်သူတို့သည်လည်း လိုချင်မှု ‘လောဘ’ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာနေထိုင်ကုန်၏၊ (ထိုသူတို့၏) လိုချင်မှု ‘လောဘ’သည်လည်း အဘယ်လျှင် အကြောင်းရှိပါသနည်း။ အကြင်တောင့်တမှုပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အားအားထားမှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း။ (၃)

“So where do things held dear <j>in the world spring from? And the lusts that are loose in the world? Where spring the hopes and aims a man has for lives to come?”

၈၇၂။ ‘‘ဆန္ဒာနိဒါနာနိ ပိယာနိ လောကေ, ယေ စာပိ လောဘာ ဝိစရန္တိ လောကေ၊

အာသာ စ နိဋ္ဌာ စ ဣတောနိဒါနာ, ယေ သမ္ပရာယာယ နရဿ ဟောန္တိ’’။

၈၇၂။ လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် ကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏၊ အကြင်သူတို့သည် လိုချင်မှု ‘လောဘ’ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာ နေထိုင်ကြကုန်၏၊ ထိုသူတို့၏ထိုလောဘသည်လည်း ကာမစ္ဆန္ဒလျှင် အကြောင်း ရှိ၏၊ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အားအားထားမှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည်လည်းဤ (ကာမစ္ဆန္ဒ)သာလျှင် အကြောင်း ရှိကုန်၏။ (၄)

“What we hold dear in the world spring from desire, as do the lusts that are loose in the world. From there spring the hopes and aims a man has for lives to come.”

၈၇၃။ ‘‘ဆန္ဒော နု လောကသ္မိံ ကုတောနိဒါနော, ဝိနိစ္ဆယာ စာပိ [ဝါပိ (သီ။ သျာ။ ပီ။)] ကုတောပဟူတာ၊

ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ, ယေ ဝါပိ ဓမ္မာ သမဏေန ဝုတ္တာ’’။

၈၇၃။ လောက၌ ကာမစ္ဆန္ဒသည် အဘယ်လျှင် အကြောင်း ရှိသနည်း၊ (တဏှာဒိဋ္ဌိဖြင့်) ဆုံးဖြတ်ခြင်းတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အမျက် ထွက်မှုမုသားစကားပြောဆိုမှုသို့လောသို့လောဟု တွေးတောယုံမှားမှုဟူသော အကြင်တရားတို့ကိုလည်းမြတ်စွာဘုရား ဟောအပ်ပါကုန်၏၊ ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ကုန်သနည်း။ (၅)

“So where does desire in the world spring from? And evaluations, too, where do they come from? And anger, lies, and indecision, and other things spoken of by the Ascetic?”

၈၇၄။ ‘‘သာတံ အသာတန္တိ ယမာဟု လောကေ, တမူပနိဿာယ ပဟောတိ ဆန္ဒော၊

ရူပေသု ဒိသွာ ဝိဘဝံ ဘဝဉ္စ, ဝိနိစ္ဆယံ ကုဗ္ဗတိ [ကုရုတေ (ဗဟူသု)] ဇန္တု လောကေ။

၈၇၄။ လောက၌ အကြင်သဘောတရားကို သာယာဖွယ် သဘောတရား မသာ ယာဖွယ်သဘောတရားဟူ၍ ဆိုကုန်၏၊ ထိုသာယာဖွယ် မသာယာဖွယ် သဘော တရားကို အမှီပြု၍ကာမစ္ဆန္ဒ ဖြစ်၏၊ လောက၌ သတ္တဝါသည် ရုပ်တရားတို့၌ ပျက်ခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းကိုလည်းကောင်း မြင်၍ (တဏှာဒိဋ္ဌိဖြင့်) ဆုံး ဖြတ်ခြင်းကို ပြု၏။ (၆)

“What they call pleasure and pain in the world— based on that, desire comes about. Seeing the manifestation and vanishing of forms, a personage makes evaluations in the world.

စာ-၄၁၄

၈၇၅။ ‘‘ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ, ဧတေပိ ဓမ္မာ ဒွယမေဝ သန္တေ၊

ကထံကထီ ဉာဏပထာယ သိက္ခေ, ဉတွာ ပဝုတ္တာ သမဏေန ဓမ္မာ’’။

၈၇၅။ အမျက်ထွက်မှု မုသားစကားပြောဆိုမှုသို့လောသို့လော တွေးတော ယုံမှားမှုဟူသော ဤသဘောတရားတို့သည်လည်း သာယာဖွယ် မသာယာဖွယ် တရားနှစ်ပါးရှိသော်သာလျှင် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် သိတော်မူ၍ တရားတို့ကို ဟောတော်မူရကားသို့လောသို့လောတွေးတောယုံမှားမှုရှိသူသည် ဉာဏ်အမြင်ကို ရစိမ့်သောငှါ သိက္ခာသုံးပါးတို့ကို ကျင့်ရာ၏။ (၇)

Anger, lies, and indecision— these things are, too, when that pair is present. One who is indecisive should train <j>in the path of knowledge; it is from knowledge <j>that the Ascetic speaks of these things.”

၈၇၆။ ‘‘သာတံ အသာတဉ္စ ကုတောနိဒါနာ, ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတေ၊

ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ, ဧတံ မေ ပဗြူဟိ ယတောနိဒါနံ’’။

၈၇၆။ သာယာမှုနှင့် မသာယာမှုသည် အဘယ်လျှင် အကြောင်းရှိပါကုန် သနည်း၊ အဘယ်တရားမရှိလတ်သော် ဤသာယာမှု မသာယာမှုတို့သည် မဖြစ်ပါကုန်သနည်း၊ အကြင်အကြောင်းကြောင့် ပျက်ခြင်း ဖြစ်ခြင်းဟူသော အကြင်သဘော တရားသည် ဖြစ်၏၊ ထိုအကြောင်းကြောင့် ဖြစ်သော ထိုသဘောတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၈)

“Where do pleasure and pain spring from? When what is absent do these things not occur? And also, on the topic of <j>manifesting and vanishing— tell me where they spring from.”

၈၇၇။ ‘‘ဖဿနိဒါနံ သာတံ အသာတံ, ဖဿေ အသန္တေ န ဘဝန္တိ ဟေတေ၊

ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ, ဧတံ တေ ပဗြူမိ ဣတောနိဒါနံ’’။

၈၇၇။ သာယာမှုနှင့် မသာယာမှုသည် တွေ့ထိမှု ‘ဖဿ’လျှင် အကြောင်းရှိ၏၊ တွေ့ထိမှု ‘ဖဿ’မရှိလတ်သော် ဤတရားတို့ မဖြစ်ကုန်၊ ပျက်ခြင်း ဖြစ်ခြင်းဟူသော အကြင်သဘောတရားသည်ရှိ၏၊ ထိုသဘောတရားတို့ကို တွေ့ထိမှု ‘ဖဿ’လျှင် အကြောင်းရှိ၏ဟူ၍ သင့်အား ငါ ဟော၏။ (၉)

“Pleasure and pain spring from contact; when contact is absent they do not occur. And on the topic of <j>manifesting and vanishing— I tell you they spring from there.”

၈၇၈။

၈၇၈။ လောက၌ တွေ့ထိမှု ‘ဖဿ’သည် အဘယ်လျှင်အကြောင်း ရှိသနည်း၊ သိမ်းဆည်းမှုတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်တရားမရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိပါသနည်း၊ အဘယ်တရားကို လွန်မြောက်သည်ရှိသော် တွေ့ထိမှု ‘ဖဿ’တို့သည် မတွေ့ထိနိုင်ပါကုန်သနည်း။ (၁၀)

“So where does contact in the world spring from? And possessions, too, where do they come from? When what is absent is there no possessiveness? When what vanishes do contacts not strike?”

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 4. Aṭṭhakavaggo (Suttapiṭaka, Khuddakanikāya, Suttanipātapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#438