ဝိမာနဝတ္ထုပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ခုဒ္ဒကနိကာယေ
ဝိမာနဝတ္ထုပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဣတ္ထိဝိမာနံ
၁။ ပီဌဝဂ္ဂေါ
၁။ ပဌမပီဌဝိမာနဝတ္ထု
၁။ ‘‘ပီဌံ တေ သောဝဏ္ဏမယံ ဥဠာရံ, မနောဇဝံ ဂစ္ဆတိ ယေနကာမံ၊
အလင်္ကတေ မလျဓရေ [မာလျဓရေ (သျာ။)] သုဝတ္ထေ, ဩဘာသသိ ဝိဇ္ဇုရိဝဗ္ဘကူဋံ။
၁။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့်တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်း တောက်ပ၏၊ ကောင်းမြတ်သော ရွှေစင်အတိဖြစ်သော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဥ်ဗိမာန်သည်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။
၂။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော (တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။
၃။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၃။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၄။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန [မောဂ္ဂလာနေန (က။) ဧဝမုပရိပိ] ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၅။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, အဗ္ဘာဂတာနာသနကံ အဒါသိံ၊
အဘိဝါဒယိံ အဉ္ဇလိကံ အကာသိံ, ယထာနုဘာဝဉ္စ အဒါသိ ဒါနံ။
၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ကြွရောက်လာကုန်သော ရဟန်းတော်တို့အား နေရာအင်းပျဥ်ငယ်ကို ပေး လှူခဲ့ဖူးပါပြီ၊ (အလှူခံပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုးခဲ့ဖူးပါပြီ၊ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ဖူးပါပြီ၊ စွမ်းနိုင်သလောက် လှူဒါန်းဖွယ်ကိုလည်း လှူဒါန်းခဲ့ဖူးပါပြီ။
၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့ (တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၇။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ပဌမပီဌဝိမာနံ ပဌမံ။
၇။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင် (နေရာအင်းပျဥ်ကို လှူခြင်း ရှိခိုးခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ ရှေးဦးစွာသော ပီဌဝိမာနဝတ္ထု ပြီး၏။ ၂-ဒုတိယပီဌဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က ရဟန်းတို့အား ရှေးနည်းတူူ လှူဒါန်းခဲဲ့သော ကံကြောင့် ကြောင်မျက်ရွဲဲရတနာဖြင့်ပြီးသော ပလ္လင် အင်းပျဥ်ဗိမာန်ပေါက်ကာ အလိုရှိတိုင်း သွားလာနိုင်သော နတ်သမီး
၂။ ဒုတိယပီဌဝိမာနဝတ္ထု
၈။ ‘‘ပီဌံ တေ ဝေဠုရိယမယံ ဥဠာရံ, မနောဇဝံ ဂစ္ဆတိ ယေနကာမံ၊
အလင်္ကတေ မလျဓရေ သုဝတ္ထေ, ဩဘာသသိ ဝိဇ္ဇုရိဝဗ္ဘကူဋံ။
၈။ နတ်၌ ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သော ဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင်သည် တိမ်ညွန့် တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်းတောက်ပ၏၊ ကောင်းမြတ်သော ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဥ် ဗိမာန်သည်ကား စိတ်၏လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။
၉။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။
၁၀။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၁။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၂။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, အဗ္ဘာဂတာနာသနကံ အဒါသိံ၊
အဘိဝါဒယိံ အဉ္ဇလိကံ အကာသိံ, ယထာနုဘာဝဉ္စ အဒါသိ ဒါနံ။
၁၂။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ် အခါကကြွရောက်လာကုန်သော ရဟန်းတော်တို့အား နေရာအင်းပျဥ်ငယ်ကို ပေး လှူခဲ့ဖူးပါပြီ၊ (အလှူခံပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုးခဲ့ဖူးပါပြီ၊ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ဖူးပါပြီ၊ စွမ်းနိုင်သလောက် လှူဒါန်းဖွယ်ကိုလည်း လှူဒါန်းခဲ့ဖူးပါပြီ။
၁၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၄။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒုတိယပီဌဝိမာနံ ဒုတိယံ။
၁၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်ကအကျွန်ုပ်သည် အကြင် (နေရာအင်းပျဥ်ကို လှူခြင်း ရှိခိုးခြင်းစသော) ကောင်းမှုကို ပြုခဲ့ပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ နှစ်ခုမြောက်သော ဒုတိယပီဌဝိမာနဝတ္ထု ပြီး၏။ ၃-တတိယပီဌဝိမာနဝတ္ထု ကိလေသာကင်းစင်သော ရဟန္တာအရှင်မြတ်အား ကြည်ညိုသော စိတ်ထားဖြင့် ကောင်းမြတ်သော အင်းပျဥ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲဲ့သော ကုသိုလ်ကံကြောင့် အရောင်အဆင်း လှပတင့်တယ်ခြင်းဖြင့် အရပ်လေးမျက်နှာ ထွန်းလင်းတောက်ပလျက် ရွှေအင်းပျဥ် ရွှေဗိမာန်ပေါက်သော နတ်သမီး
၃။ တတိယပီဌဝိမာနဝတ္ထု
၁၅။ ‘‘ပီဌံ တေ သောဝဏ္ဏမယံ ဥဠာရံ, မနောဇဝံ ဂစ္ဆတိ ယေနကာမံ၊
အလင်္ကတေ မလျဓရေ သုဝတ္ထေ, ဩဘာသသိ ဝိဇ္ဇုရိဝဗ္ဘကူဋံ။
၁၅။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့်တိမ်ထွထ်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်းတောက်ပ၏၊ ကောင်းမြတ်သော ရွှေစင်အတိဖြစ်သော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဥ်ဗိမာန်သည်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။
၁၆။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။
၁၇။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ် ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၈။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၁၉။ ‘‘အပ္ပဿ ကမ္မဿ ဖလံ မမေဒံ [မမေတံ (က။)], ယေနမှိ [တေနမှိ (က။)] ဧဝံ ဇလိတာနုဘာဝါ၊
အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ။
၁၉။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ် အခါကပြုခဲ့သော အကြင်ကုသိုလ်ကြောင့် ဤသို့ ထွန်းလင်းတောက်ပသော တန်ခိုးအာနုဘော်ရှိသူ ဖြစ်ရပါ၏၊ အကျွန်ုပ်၏ ဤအကျိုးသည် အနည်းငယ်သော ထိုကုသိုလ် ကံ၏ အကျိုးပါတည်း။
၂၀။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ပီဌံ, ပသန္နာ သေဟိ ပါဏိဘိ။
၂၀။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာအရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာအရှင်အား (ကောင်းမြတ်သော) အင်းပျဥ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။
၂၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၂၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါ၏။
၂၂။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
တတိယပီဌဝိမာနံ တတိယံ။
၂၂။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက အကြင် (နေရာအင်းပျဥ်ကို လှူ ခြင်း ရှိခိုး ခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ သုံးခုမြောက်သော တတိယပီဌဝိမာနဝတ္ထု ပြီး၏။ ၄-စတုတ္ထပီဌဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က ကိလေသာမြူကင်းသော ရဟန္တာအရှင်မြတ်အား စိတ်ထားကြည်လင်စွာ နေရာအင်းပျဥ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲဲ့သော ကုသိုလ်ကံကြောင့် အဆင်တန်ဆာ စုံလင်စွာနှင့် ကြောင်မျက်ရွဲဲရတနာဖြင့်ပြီးသော ပလ္လင်အင်းပျဥ် ဗိမာန်များကို ရရှိသော နတ်သမီး
၄။ စတုတ္ထပီဌဝိမာနဝတ္ထု
၂၃။ ‘‘ပီဌံ တေ ဝေဠုရိယမယံ ဥဠာရံ, မနောဇဝံ ဂစ္ဆတိ ယေနကာမံ၊
အလင်္ကတေ မလျဓရေ သုဝတ္ထေ, ဩဘာသသိ ဝိဇ္ဇုရိဝဗ္ဘကူဋံ။
၂၃။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သောဝတ်စားတန်ဆာတို့ကို ဝတ်ဆင်ထားသော နတ်သမီး သင် သည် တိမ်ညွန့် တိမ်ထွထ်၌ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်း တောက်ပ၏၊ ကောင်းမြတ်သော ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော သင်၏ ပလ္လင်သဏ္ဌာန် အင်းပျဥ်ဗိမာန်သည်ကား စိတ်၏လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။
၂၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၂၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၂၅။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ် ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၂၆။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၂၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၂၇။ ‘‘အပ္ပဿ ကမ္မဿ ဖလံ မမေဒံ, ယေနမှိ ဧဝံ ဇလိတာနုဘာဝါ၊
အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ။
၂၇။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ပြုစုခဲ့သော အကြင် ကုသိုလ်ကံကြောင့် ဤသို့ ထွန်းလင်းတောက်ပသော တန်ခိုးအာနုဘော်ရှိသူဖြစ်ရပါ၏၊ အကျွန်ုပ်၏ ဤအကျိုးသည် အနည်းငယ်သော ထိုကုသိုလ် ကံ၏ အကျိုးပါတည်း။
၂၈။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ပီဌံ, ပသန္နာ သေဟိ ပါဏိဘိ။
၂၈။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာအရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာ အရှင်အားအင်းပျဥ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။
၂၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၂၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၃၀။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
စတုတ္ထပီဌဝိမာနံ စတုတ္ထံ။
၃၀။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက အကျွန်ုပ်သည် အကြင် (နေရာအင်းပျဥ်ကို လှူခြင်း ရှိခိုးခြင်း စသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟုဖြေကြား၏)။ လေးခုမြောက်သော စတုတ္ထပီဌဝိမာနဝတ္ထု ပြီး၏။ ၅-ကုဉ္ဇရဝိမာနဝတ္ထု ကိလေသာကင်းစင်၍ ဈာန်ဝင်စားလျက်ရှိသော သူတော်ကောင်းတို့အား လက်တွေ့ ဖူူးမြင်ကာ အရွက်နှင့်တကွသော ပဒုမာကြာပန်းကို လှူဒါန်းခဲဲ့ရသော ကုသိုလ်ကံကြောင့် ပဒုမာကြာအသွင် ကြန်အင်ပြည့်စုံ ကြာဝတ်မှုန်ပြွန်းလျက်ရှိသော ရုပ်အသွင်ရှိသူ နတ်သမီး
၅။ ကုဉ္ဇရဝိမာနဝတ္ထု
၃၁။ ‘‘ကုဉ္ဇရော တေ ဝရာရောဟော, နာနာရတနကပ္ပနော၊
ရုစိရော ထာမဝါ ဇဝသမ္ပန္နော, အာကာသမှိ သမီဟတိ။
၃၁-၂။ ပဒုမ္မာကြာချပ်နှင့်တူသော မျက်စိရှိသော ပဒုမ္မာနတ်သမီး သင်၏ မြတ်သော စီးတော်ဆင်သည် အထူးထူးသော ရတနာအဆင်တန်ဆာ ရှိ၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ခွန်အားလည်း ရှိ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ ကောင်းကင်၌လည်း ငြိမ့်ညောင်းစွာ သွား၏၊ ပဒုမ္မာကြာ၏ အရောင်ကိုလည်း ဆောင်၏၊ ပဒုမ္မာကြာဝတ်မှုန်တို့ဖြင့် ပြွမ်းသော ကိုယ်အင်္ဂါလည်း ရှိ၏၊ ရွှေဖြင့်ပြီးသော ကြာပန်းကိုလည်း ဆောင်၏။
၃၂။ ‘‘ပဒုမိ ပဒ္မ [ပဒုမ… (သီ။ သျာ။) ဧဝမုပရိပိ] ပတ္တက္ခိ, ပဒ္မုပ္ပလဇုတိန္ဓရော၊
ပဒ္မစုဏ္ဏာဘိကိဏ္ဏင်္ဂေါ, သောဏ္ဏပေါက္ခရမာလဓာ [… မာလဝါ (သီ။ သျာ။)]။
၃၃။ ‘‘ပဒုမာနုသဋံ မဂ္ဂံ, ပဒ္မပတ္တဝိဘူသိတံ။
ဌိတံ ဝဂ္ဂုမနုဂ္ဃါတီ, မိတံ ဂစ္ဆတိ ဝါရဏော။
၃၃။ ပဒုမ္မာကြာတို့ဖြင့် ပြွမ်း၍ ပဒုမ္မာကြာချပ်တို့နှင့် တန်ဆာဆင်လျက် တည်ရှိသော ခရီး လမ်းသို့ ဆင်သည် သာယာဖြည်းညင်းစွာ သွား၏၊ မနှေးမမြန် သွား၏။
၃၄။ ‘‘တဿ ပက္ကမမာနဿ, သောဏ္ဏကံသာ ရတိဿရာ၊
တေသံ သုယျတိ နိဂ္ဃေါသော, တုရိယေ ပဉ္စင်္ဂိကေ ယထာ။
၃၄။ ထိုဆင်သွားသောအခါ ရွှေဆည်းလည်းတို့သည် နှစ်သက်ဖွယ်သော အသံ ရှိကြပေ ကုန်၏၊ ထိုဆည်းလည်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပေ၏။
၃၅။ ‘‘တဿ နာဂဿ ခန္ဓမှိ, သုစိဝတ္ထာ အလင်္ကတာ၊
မဟန္တံ အစ္ဆရာသံဃံ, ဝဏ္ဏေန အတိရောစသိ။
၃၅။ ထိုဆင်၏ ကျောက်ကုန်းထက်၌ သန့်ရှင်းသော အဝတ်စုံကို ဝတ်ဆင်ကာ တန်ဆာ ဆင်လျက် (တည်နေသော သင်) နတ်သမီးသည် နတ်သမီးအပေါင်းများစွာထက် အရောင် အဆင်းဖြင့်သာလွန်တင့်တယ်လှပေ၏။
၃၆။ ‘‘ဒါနဿ တေ ဣဒံ ဖလံ, အထော သီလဿ ဝါ ပန၊
အထော အဉ္ဇလိကမ္မဿ, တံ မေ အက္ခာဟိ ပုစ္ဆိတာ’’တိ၊
၃၆။ နတ်သမီး သင်၏ အကျိုးသည် အလှူဒါန၏ အကျိုးပင်လော၊သို့မဟုတ် အကျင့် (သီလ)၏အကျိုးပင်လော၊သို့မဟုတ် လက်အုပ်ချီမိုး ရှိခိုးခြင်းစသည်၏ အကျိုးပင်လော၊ ငါ မေးအပ်သော သင်သည် ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော။
၃၇။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၃၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၃၈။ ‘‘ဒိသွာန ဂုဏသမ္ပန္နံ, ဈာယိံ ဈာနရတံ သတံ၊
အဒါသိံ ပုပ္ဖါဘိကိဏ္ဏံ, အာသနံ ဒုဿသန္ထတံ။
၃၈။ အကျွန်ုပ်သည် (သာဝက) ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဈာန်ဝင်စားကာ ဈာန်၌မွေ့လျော်သောသူတော်ကောင်းကို ဖူးမြင်ရ၍ အဝတ်ခင်းထားလျက် ပဒုမ္မာကြာပန်းတို့ဖြင့်ကြဲဖြန့်ထားသော နေရာကို ပေးလှူခဲ့ဖူးပါပြီ။
၃၉။ ‘‘ဥပဍ္ဎံ ပဒ္မမာလာဟံ, အာသနဿ သမန္တတော၊
အဗ္ဘောကိရိဿံ ပတ္တေဟိ, ပသန္နာ သေဟိ ပါဏိဘိ။
၃၉။ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ (ပဒုမ္မာကြာစည်းမှ) ပဒုမ္မာကြာပန်း ထက်ဝက်ကို ရွက်ချပ်တို့နှင့်တကွ နေရာ၏ ပတ်ဝန်းကျင်၌ ကိုယ်ထိလက်ရောက် ကြဲဖြန့်ခဲ့ဖူးပါပြီ။
၄၀။ ‘‘တဿ ကမ္မကုသလဿ [ကမ္မဿ ကုသလဿ (သီ။ ပီ။)], ဣဒံ မေ ဤဒိသံ ဖလံ၊
သက္ကာရော ဂရုကာရော စ, ဒေဝါနံ အပစိတာ အဟံ။
၄၀။ အကျွန်ုပ်၏ ဤသို့သော အကျိုးသည် ထိုကုသိုလ်ကံ၏ အကျိုးပါတည်း၊ အကျွန်ုပ်ကို နတ်တို့ကအရိုအသေလည်း ပြုပါ၏၊ အလေးအမြတ်လည်း ပြုပါ၏၊ ပူဇော်လည်း ပူဇော် ပါ၏။
၄၁။ ‘‘ယော ဝေ သမ္မာဝိမုတ္တာနံ, သန္တာနံ ဗြဟ္မစာရိနံ၊
ပသန္နော အာသနံ ဒဇ္ဇာ, ဧဝံ နန္ဒေ ယထာ အဟံ။
၄၁။ အကြင်သူသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက် ကုန်ပြီးသော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သောသူတော်ကောင်းတို့အား နေရာကို ပေးလှူ ရာ၏၊ ထိုသူသည် ယခုအကျွန်ုပ် နှစ်သက်ဝမ်းမြောက်ရသကဲ့သို့ ဤအတူ ဝမ်းမြောက်ရ မည်သာတည်း။
၄၂။ ‘‘တသ္မာ ဟိ အတ္တကာမေန [အတ္ထကာမေန (က။)], မဟတ္တမဘိကင်္ခတာ၊
အာသနံ ဒါတဗ္ဗံ ဟောတိ, သရီရန္တိမဓာရိန’’န္တိ။
ကုဉ္ဇရဝိမာနံ ပဉ္စမံ။
၄၂။ ထို့ကြောင့်ပင်လျှင် မိမိ၏ အစီးအပွားကို အလိုရှိ၍ များမြတ်သော အကျိုးကို တောင့်တသူသည်အဆုံးစွန်သော ကိုယ်ကို ဆောင်သော ရဟန္တာပုဂ္ဂိုလ်တို့အား နေရာကို ပေးလှူသင့်၏။ ငါးခုမြောက်သော ကုဉ္ဇရဝိမာနဝတ္ထု ပြီး၏။ ၁။ ရှေးကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာသော ဆင်နှင့်တူသော ယာဥ်အထူးတည်း။ ၂။ ရှေးကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာသော ဆင်နှင့်တူသော ယာဥ်အထူးတည်း။ ၆-ပဌမနာဝါဝိမာနဝတ္ထု ရှေးလူူ့ဘဝက ရေမွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သူူတို့အား သောက်ရေကို ပေးလှူ ခဲဲ့သောကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုး ဝန်းရံလျက် နီဖလံရွှေအမိုးရှိသော လှေကို စီးရသူူ ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး
၆။ ပဌမနာဝါဝိမာနဝတ္ထု
၄၃။ ‘‘သုဝဏ္ဏစ္ဆဒနံ နာဝံ, နာရိ အာရုယှ တိဋ္ဌသိ၊
ဩဂါဟသိ ပေါက္ခရဏိံ, ပဒ္မံ [ပဒုမံ (သီ။ သျာ။)] ဆိန္ဒသိ ပါဏိနာ။
၄၃။ နတ်သမီး (သင်သည်) နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေ ဘိ၏၊ ရေကန်သို့ သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။
၄၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၄၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၄၅။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၄၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၄၆။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၄၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၄၇။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊
ဒိသွာန ဘိက္ခူ တသိတေ ကိလန္တေ, ဥဋ္ဌာယ ပါတုံ ဥဒကံ အဒါသိံ။
၄၇။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ရေမွတ်သိပ်ကြကုန်သည် ဖြစ်၍ ပင်ပန်းနွမ်းနယ်ကြသော ရဟန်းတို့ကို မြင်၍ ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ ခဲ့ဖူးပါပြီ။
၄၈။ ‘‘ယော ဝေ ကိလန္တာန ပိပါသိတာနံ, ဥဋ္ဌာယ ပါတုံ ဥဒကံ ဒဒါတိ၊
သီတောဒကာ [သီတောဒိကာ (သီ။)] တဿ ဘဝန္တိ နဇ္ဇော, ပဟူတမလျာ ဗဟုပုဏ္ဍရီကာ။
၄၈။ အကြင်သူသည် ရေမွတ်သိပ်ကြကုန်သည် ဖြစ်၍ ပင်ပန်းနွမ်းနယ်သူတို့အား ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။
၄၉။ ‘‘တံ အာပဂါ [တမာပဂါ (သီ။ က။)] အနုပရိယန္တိ သဗ္ဗဒါ, သီတောဒကာ ဝါလုကသန္ထတာ နဒီ၊
အမ္ဗာ စ သာလာ တိလကာ စ ဇမ္ဗုယော, ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
၄၉။ စီးသွားသော ရေ၊ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်,သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။
၅၀။ ‘‘တံ ဘူမိဘာဂေဟိ ဥပေတရူပံ, ဝိမာနသေဋ္ဌံ ဘုသသောဘမာနံ၊
တဿီဓ [တဿေဝ (သျာ။)] ကမ္မဿ အယံ ဝိပါကော, ဧတာဒိသံ ပုညကတာ [ကတပုညာ (သီ။)] လဘန္တိ။
၅၀။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊
၅၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၅၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၅၂။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ပဌမနာဝါဝိမာနံ ဆဋ္ဌံ။
၅၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူး ပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ပါ၏ဟု (ဖြေကြား၏)။ ခြောက်ခုမြောက်သော ပဌမနာဝါဝိမာနဝတ္ထု ပြီး၏။ ၇-ဒုတိယနာဝါဝိမာနဝတ္ထု ရှေးနည်းအတူူသောက်ရေလှူခဲဲ့သော ကုသိုလ်ကံကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုးဝန်းရံလျက် ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး
၇။ ဒုတိယနာဝါဝိမာနဝတ္ထု
၅၃။ ‘‘သုဝဏ္ဏစ္ဆဒနံ နာဝံ, နာရိ အာရုယှ တိဋ္ဌသိ၊
ဩဂါဟသိ ပေါက္ခရဏိံ, ပဒ္မံ ဆိန္ဒသိ ပါဏိနာ။
၅၃။ နတ်သမီး (သင်သည်) နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေ ဘိ၏၊ ရေကန်သို့ သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။
၅၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၅၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၅၅။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘုတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၅၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၅၆။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၅၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၅၇။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊
ဒိသွာန ဘိက္ခုံ တသိတံ ကိလန္တံ, ဥဋ္ဌာယ ပါတုံ ဥဒကံ အဒါသိံ။
၅၇။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ရေမွတ်သိပ်သည်ဖြစ်၍ ပင်ပန်း နွမ်းနယ်သော ရဟန်းကို မြင်၍ ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူခဲ့ဖူးပါ၏။
၅၈။ ‘‘ယော ဝေ ကိလန္တဿ ပိပါသိတဿ, ဥဋ္ဌာယ ပါတုံ ဥဒကံ ဒဒါတိ၊
သီတောဒကာ တဿ ဘဝန္တိ နဇ္ဇော, ပဟူတမလျာ ဗဟုပုဏ္ဍရီကာ။
၅၈။ အကြင်သူသည် ရေမွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သော ရဟန်းအား ထကြွ လုံ့လပြု လျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။
၅၉။ ‘‘တံ အာပဂါ အနုပရိယန္တိ သဗ္ဗဒါ, သီတောဒကာ ဝါလုကသန္ထတာ နဒီ၊
အမ္ဗာ စ သာလာ တိလကာ စ ဇမ္ဗုယော, ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
၅၉။ စီးသွားသော ရေ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်၊ သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။
၆၀။ ‘‘တံ ဘူမိဘာဂေဟိ ဥပေတရူပံ, ဝိမာနသေဋ္ဌံ ဘုသသောဘမာနံ၊
တဿီဓ ကမ္မဿ အယံ ဝိပါကော, ဧတာဒိသံ ပုညကတာ လဘန္တိ။
၆၀။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊
၆၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၆၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ် ရပါကုန်၏။
၆၂။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒုတိယနာဝါဝိမာနံ သတ္တမံ။
၆၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်ကအကျွန်ုပ်သည် အကြင် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ ခုနစ်ခုမြောက်သော ဒုတိယနာဝါဝိမာနဝတ္ထု ပြီး၏။ ၈-တတိယနာဝါဝိမာနဝတ္ထု ရှေးနည်းအတူူသောက်ရေလှူခဲဲ့သော ကုသိုလ်ကံကြောင့် ရှေးနည်းအတိုင်း အကျိုးထူူး ခံစားရသော နတ်သမီး
၈။ တတိယနာဝါဝိမာနဝတ္ထု
၆၃။ ‘‘သုဝဏ္ဏစ္ဆဒနံ နာဝံ, နာရိ အာရုယှ တိဋ္ဌသိ၊
ဩဂါဟသိ ပေါက္ခရဏိံ, ပဒ္မံ ဆိန္ဒသိ ပါဏိနာ။
၆၃။ နတ်သမီး သင်သည် နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့ တက်စီး၍ တည်နေဘိ၏၊ ရေကန်သို့သက်ဆင်းကာ ပဒုမ္မာကြာကို လက်ဖြင့် ဆွတ်ခူး၏။
၆၄။ ‘‘ကူဋာဂါရာ နိဝေသာ တေ, ဝိဘတ္တာ ဘာဂသော မိတာ၊
ဒဒ္ဒလ္လမာနာ [ဒဒ္ဒဠှမာနာ (က။)] အာဘန္တိ, သမန္တာ စတုရော ဒိသာ။
၆၄။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော သင်၏ အိမ်တို့သည် ထက်ဝန်းကျင်အရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းကုန်၏။
၆၅။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၆၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၆၆။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၆၆။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၆၇။ သာ ဒေဝတာ အတ္တမနာ, သမ္ဗုဒ္ဓေနေဝ ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၆၇။ ထိုနတ်သမီးသည် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာ ဖြေကြားလျှောက်ထား၏။
၆၈။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊
ဒိသွာန ဘိက္ခူ တသိတေ ကိလန္တေ, ဥဋ္ဌာယ ပါတုံ ဥဒကံ အဒါသိံ။
၆၈။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ကြသော ရဟန်းတို့ကို မြင်၍ ထကြွလုံ့လပြုလျက် သောက်ရေကို ပေးလှူခဲ့ ဖူးပါပြီ။
၆၉။ ‘‘ယော ဝေ ကိလန္တာန ပိပါသိတာနံ, ဥဋ္ဌာယ ပါတုံ ဥဒကံ ဒဒါတိ၊
သီတောဒကာ တဿ ဘဝန္တိ နဇ္ဇော, ပဟူတမလျာ ဗဟုပုဏ္ဍရီကာ။
၆၉။ အကြင်သူသည် ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်သူတို့အား ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသော ပန်း များပြားသော ကြာ ပုဏ္ဍရိက် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။
၇၀။ ‘‘တံ အာပဂါ အနုပရိယန္တိ သဗ္ဗဒါ, သီတောဒကာ ဝါလုကသန္ထတာ နဒီ၊
အမ္ဗာ စ သာလာ တိလကာ စ ဇမ္ဗုယော, ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
၇၀။ စီးသွားသော ရေ အေးမြသော ရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည် လည်း ကောင်း၊ ပင်လုံးကျွတ် ပွင့်ကုန်သော သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်, သပြေပင်, ငုပင်,သခွတ်ပင်တို့သည်လည်းကောင်း ထိုဗိမာန်ကို အခါခပ်သိမ်း ဝန်းရံကုန်၏။
၇၁။ ‘‘တံ ဘူမိဘာဂေဟိ ဥပေတရူပံ, ဝိမာနသေဋ္ဌံ ဘုသသောဘမာနံ၊
တဿီဓ ကမ္မဿ အယံ ဝိပါကော, ဧတာဒိသံ ပုညကတာ လဘန္တိ။
၇၁။ ဤနတ်ပြည်၌ ထိုသို့သော မြေအဖို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန် တင့်တယ်သော မြတ်သော ဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမှုကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏၊
၇၂။ ‘‘ကူဋာဂါရာ နိဝေသာ မေ, ဝိဘတ္တာ ဘာဂသော မိတာ၊
ဒဒ္ဒလ္လမာနာ အာဘန္တိ, သမန္တာ စတုရော ဒိသာ။
၇၂။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော အကျွန်ုပ်၏ အိမ်တို့ သည်ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းပါ ကုန်၏။
၇၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၇၄။ ‘‘အက္ခာမိ တေ ဗုဒ္ဓ မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတိ၊
ဧတဿ ကမ္မဿ ဖလံ မမေဒံ, အတ္ထာယ ဗုဒ္ဓေါ ဥဒကံ အပါယီ’’တိ [အပါသီတိ (သီ။ သျာ။ ပီ။)]။
တတိယနာဝါဝိမာနံ အဋ္ဌမံ။
၇၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် (သောက်ရေကို ပေးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းပပါ၏၊ တန်ခိုးအာနုဘော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်၏ ထိုကုသိုလ်ဖြစ်ပွားခြင်း အကျိုးငှါ မြတ်စွာဘုရားသည် (အကျွန်ုပ်လှူဒါန်းသော) သောက်ရေကိုသောက်တော်မူဖူးပါ၏။ ရှစ်ခုမြောက်သော တတိယနာဝါဝိမာနဝတ္ထု ပြီး၏။ ၉-ဒီပဝိမာနဝတ္ထု ရှေးလူူ့ဘဝက ဆီမီးတန်ဆောင်ကို လှူဒါန်းခဲဲ့သောကြောင့် သောက်ရှူးကြယ်အသွင်ဝန်းကျင်အရပ်မျက်နှာ တောက်ပလျက် ကြာပုဏ္ဍရိတ်ပန်းတို့ဖြင့် ဆန်းကြယ်သော ဗိမာန်၌ဖြစ်ရသော နတ်သမီး
၉။ ဒီပဝိမာနဝတ္ထု
၇၅။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၇၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၇၆။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၇၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၇၇။ ‘‘ကေန တွံ ဝိမလောဘာသာ, အတိရောစသိ ဒေဝတာ [ဒေဝတေ (ဗဟူသု) ၈၃ ဝိဿဇ္ဇနဂါထာယ သံသန္ဒေတဗ္ဗံ]၊
ကေန တေ သဗ္ဗဂတ္တေဟိ, သဗ္ဗာ ဩဘာသတေ ဒိသာ။
၇၇။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင်သည် အညစ်အကြေးကင်းသော အရောင့်အဆင်းရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် (တစ်ပါးသော) နတ်တို့ထက် သာလွန်၍ တင့်တယ်ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အလုံးစုံသော ကိုယ် အင်္ဂါကြီးငယ်တို့ဖြင့်အရပ်မျက်နှာ အားလုံးသည် ထွန်းလင်းတောက်ပပါသနည်း။
၇၈။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၇၈။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၇၉။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၇၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာဖြေကြားလျှောက်ထား၏။
၈၀။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊
တမန္ဓကာရမှိ တိမီသိကာယံ, ပဒီပကာလမှိ အဒါသိ ဒီပံ [အဒံ ပဒီပံ (သီ။ သျာ။ ပီ။)]။
၈၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဥ်အခါက အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန်အခါဝယ် ဆီမီးကို ပေးလှူခဲ့ဖူးပါပြီ။
၈၁။ ‘‘ယော အန္ဓကာရမှိ တိမီသိကာယံ, ပဒီပကာလမှိ ဒဒါတိ ဒီပံ၊
ဥပ္ပဇ္ဇတိ ဇောတိရသံ ဝိမာနံ, ပဟူတမလျံ ဗဟုပုဏ္ဍရီကံ။
၈၁။ အကြင်သူသည် အလွန်မှောင်သော အမိုက်တိုက်၌ ဆီမီးညှိထွန်းချိန် အခါဝယ် ဆီမီး ကို ပေးလှူ၏၊ ထိုသူသည် များပြားသော ပန်း များပြားသော ကြာပုဏ္ဍရိက်ရှိ၍ အရောင် ထွန်းပသော ဗိမာန်၌ ဖြစ်ရ၏။
၈၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၈၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၈၃။ ‘‘တေနာဟံ ဝိမလောဘာသာ, အတိရောစာမိ ဒေဝတာ၊
တေန မေ သဗ္ဗဂတ္တေဟိ, သဗ္ဗာ ဩဘာသတေ ဒိသာ။
၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် အညစ်အကြေးကင်းသော အရောင်အဆင်း ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် (တစ်ပါးသော) နတ်တို့ထက် သာလွန်၍ တင့် တယ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အလုံးစုံသော ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့် အရပ် မျက်နှာ အားလုံးသည်ထွန်းလင်းတောက်ပပါ၏။
၈၄။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒီပဝိမာနံ နဝမံ။
၈၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်ကအကျွန်ုပ်သည် အကြင် (ဆီမီးလှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ် ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ ကိုးခုမြောက်သော ဒီပဝိမာနဝတ္ထု ပြီး၏။ ၁၀-တိလဒက္ခိဏဝိမာနဝတ္ထု ရှေးလူူ့ဘဝက မြတ်စွာဘုရားအား နှမ်းလှူခဲဲ့သော ကုသိုလ်ကံကြောင့် ရပ်မျက်နှာ ဝန်းကျင်ကြည်လင်တောက်ပသော အရောင်အဆင်းဖြင့် စိတ်နှစ်သက်ဖွယ်ကောင်းကျိုးများကို ရရှိသော နတ်သမီး
၁၀။ တိလဒက္ခိဏဝိမာနဝတ္ထု
၈၅။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၈၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၈၆။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၈၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၈၇။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၈၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၈၈။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၈၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၈၉။ ‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ။
၈၉-၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဥ်အခါက ကိလေသာမြူကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ ပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်သော အလှူကို ခံထိုက်သော မြတ်စွာ ဘုရားအား ကြိုတင်ကြံစည်မှုမရှိဘဲ အကြောင်းညီညွတ်၍ နှမ်းတည်းဟူသော လှူဖွယ်ဝတ္ထုကို ကိုယ်ထိ လက်ရောက်ပေးလှူခဲ့ဖူးပါ၏။
၉၀။ ‘‘အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဝိပ္ပသန္နမနာဝိလံ၊
အာသဇ္ဇ ဒါနံ အဒါသိံ, အကာမာ တိလဒက္ခိဏံ၊
ဒက္ခိဏေယျဿ ဗုဒ္ဓဿ, ပသန္နာ သေဟိ ပါဏိဘိ။
၉၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၉၂။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
တိလဒက္ခိဏဝိမာနံ ဒသမံ။
၉၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် နှမ်းတည်းဟူသော လှူဖွယ်ဝတ္ထုကို ပေးလှူခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေ ကြား၏)။ ဆယ်ခုမြောက်သော တိလဒက္ခိဏဝိမာနဝတ္ထု ပြီး၏။ ၁၁-ပဌမပတိဗ္ဗတာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က လင့်အပေါ်၌ ဝတ်တရားမပျက် ပြုစုခဲဲ့သည့်ပြင် အလှူပေးခြင်း၌မွေ့လျော်သည့်အလျောက် ချီးမြှောက်လှူဒါန်းခဲဲ့သောကြောင့် အသံသာသော ငှက်အပေါင်းတို့တွန်ကျူးလျက် ကြည်နူူးဖွယ်ပန်းအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ကို ရရှိသော နတ်သမီး
၁၁။ ပဌမပတိဗ္ဗတာဝိမာနဝတ္ထု
၉၃။ ‘‘ကောဉ္စာ မယူရာ ဒိဝိယာ စ ဟံသာ, ဝဂ္ဂုဿရာ ကောကိလာ သမ္ပတန္တိ၊
ပုပ္ဖါဘိကိဏ္ဏံ ရမ္မမိဒံ ဝိမာနံ, အနေကစိတ္တံ နရနာရိသေဝိတံ [နရနာရီဘိ သေဝိတံ (က။)]။
၉၃။ နတ်သမီး နတ်အာနုဘော်ရှိကုန်သော ကြိုးကြာ, ဥဒေါင်း, ဟင်္သာ, အသံသာသည့်ဥဩငှက်တို့သည် (သင်နတ်သမီး မွေ့လျော်စေရန်) ထက်ဝန်းကျင်မှ ပျံသန်းလှည့်လည်ကြ ကုန်၏၊ ပန်းတို့ဖြင့် ပြွမ်း၍ မွေ့လျော်ဖွယ်ရှိသည့် အမျိုးမျိုးဆန်းကြယ်သော ဤဗိမာန်သည်နတ်သား နတ်သမီးတို့ဖြင့် တင့်တယ်လှပါပေ၏။
၉၄။ ‘‘တတ္ထစ္ဆသိ ဒေဝိ မဟာနုဘာဝေ, ဣဒ္ဓီ ဝိကုဗ္ဗန္တိ အနေကရူပါ၊
ဣမာ စ တေ အစ္ဆရာယော သမန္တတော, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ စ။
၉၄။ အာနုဘော်ကြီးသော နတ်သမီး သင်သည် အမျိုးမျိုးသော တန်ခိုးတို့ကို ဖန်ဆင်း လျက် ထိုဗိမာန်၌နေ၏၊ ဤနတ်သမီးတို့သည် လည်း သင်၏ ထက်ဝန်းကျင်မှ ကလည်း ကကြကုန်၏၊ သီီဆိုလည်းသီဆိုကြကုန်၏၊ ဝမ်းမြောက် ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြ ကုန်၏။
၉၅။ ‘‘ဒေဝိဒ္ဓိပတ္တာသိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၉၅။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဥ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ် ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၉၆။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၉၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၉၇။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပတိဗ္ဗတာနညမနာ အဟောသိံ၊
မာတာဝ ပုတ္တံ အနုရက္ခမာနာ, ကုဒ္ဓါပိဟံ [ကုဒ္ဓါပဟံ (သီ။)] နပ္ဖရုသံ အဝေါစံ။
၉၇။ အကျွန်ုပ်သည် လူဖြစ်ခဲ့စဥ်က လင့်အပေါ်၌ ကျင့်ရာသောဝတ်နှင့် ပြည့်စုံခဲ့ပါ၏၊ ယောကျာ်းတစ်ပါး၌ဖောက်ပြန်လိုစိတ် မရှိခဲ့ပါ၊ အမိသည် သားကို အစဥ်စောင့်ရှောက်သကဲ့သို့ အစဥ်စောင့်ရှောက်လေ့ရှိပါ၏၊ အကျွန်ုပ်သည် အမျက်ပင် ထွက်ငြားသော်လည်း ကြမ်းကြုတ်သော စကားကို မပြောဆိုပါ။
၉၈။ ‘‘သစ္စေ ဌိတာ မောသဝဇ္ဇံ ပဟာယ, ဒါနေ ရတာ သင်္ဂဟိတတ္တဘာဝါ၊
အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တာ, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။
၉၈။ မဟုတ်မမှန်သော စကား ပြောဆိုခြင်းကို ပယ်စွန့်၍ ဟုတ်မှန်သော စကား၌ တည်ခဲ့ ပါ၏၊ အလှူပေးခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ သူတစ်ပါးတို့အား ချီးမြှောက်သော အလေ့ရှိပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ (အခြား) များစွာသော အလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါပြီ။
၉၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၀၀။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ပဌမပတိဗ္ဗတာဝိမာနံ ဧကာဒသမံ။
၁၀၀။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင် (ဒါနသီလစသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်တစ်ခုမြောက်သော ပဌမပတိဗ္ဗတာဝိမာနဝတ္ထု ပြီး၏။ ၁၂-ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က မြတ်စွာဘုရား၏ ဥပါသိကာမဖြစ်လျက် ကျင့်ဝတ်သီလပြည့်စုံစွာ လင်ကို ပြုစုခဲဲ့သဖြင့် ၄င်းအလှူဒါနပြုခဲ့သောကြောင့် ၄င်း ကြောင်မျက်ရွဲဲတိုင်တို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ဝယ် ကခြင်း သီခြင်းအစုံအလင်တို့ဖြင့် ပျော်ရွှင်စွာ စံစားရသော နတ်သမီး
၁၂။ ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု
၁၀၁။ ‘‘ဝေဠုရိယထမ္ဘံ ရုစိရံ ပဘဿရံ, ဝိမာနမာရုယှ အနေကစိတ္တံ၊
တတ္ထစ္ဆသိ ဒေဝိ မဟာနုဘာဝေ, ဥစ္စာဝစာ ဣဒ္ဓိ ဝိကုဗ္ဗမာနာ၊
ဣမာ စ တေ အစ္ဆရာယော သမန္တတော, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ စ။
၁၀၁။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ်ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုးဆန်းကြယ်သော ဗိမာန်သို့ တက်၍ ထိုဗိမာန်ထက်၌အထူးထူးအပြားပြားသော တန်ခိုးတို့ကို ဖန်ဆင်းလျက် နေဘိ၏၊ ဤနတ်သမီးတို့သည် လည်း သင်၏ထက်ဝန်းကျင်၌ ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ ဝမ်းမြောက်ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြကုန်၏။
၁၀၂။ ‘‘ဒေဝိဒ္ဓိပတ္တာသိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၀၂။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဥ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ် ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၀၃။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၀၃။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၁၀၄။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ဥပါသိကာ စက္ခုမတော အဟောသိံ၊
ပါဏာတိပါတာ ဝိရတာ အဟောသိံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိဿံ။
၁၀၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဥ်အခါက စက္ခုငါးပါးရှိတော်မူသော မြတ်စွာ ဘုရား၏ဥပါသိကာမ ဖြစ်ခဲ့ဖူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဥ်ခဲ့ပါ၏၊ လောက၌ မပေး သည်ကို ယူခြင်းမှကြဥ်ရှောင်ခဲ့ပါ၏။
၁၀၅။ ‘‘အမဇ္ဇပါ နော စ [နာပိ (သျာ။)] မုသာ အဘာဏိံ [အဘာသိံ (က။)], သကေန သာမိနာ [သာမိနာဝ (သီ။)] အဟောသိံ တုဋ္ဌာ၊
အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တာ, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။
၁၀၅။ သေအရက်စသော ယစ်မျိုးကို မသောက်ခဲ့ပါ၊ မဟုတ်မမှန်သော စကားကို မပြော ဆိုခဲ့ပါ၊ မိမိလင်ဖြင့်သာ ရောင့်ရဲခဲ့ပါ၏၊ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အခြားများစွာသော အလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါပြီ။
၁၀၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၀၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၀၇။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒုတိယပတိဗ္ဗတာဝိမာနံ ဒွါဒသမံ။
၁၀၇။ တန်ခိုးအာနုဘော်ကြီးသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူ ဖြစ်ခဲ့စဥ်ကအကျွန်ုပ်သည် အကြင် (သရဏဂုံယူခြင်း, သီလဆောက်တည်၍ ကျင့်ခြင်းစသော) ကောင်းမှုကို ပြုခဲ့ဖူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်နှစ်ခုမြောက်သော ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု ပြီး၏။ ၁၃-ပဌမသုဏိသာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က ယောက္ခမအိမ်၌ ချွေးမဖြစ်ရစဥ် ရဟန္တာအရှင်မြတ်ကို ဖူူးမြင်ကာ မုံ့ခဲဲဖွယ်ကို လှူဒါန်းခဲဲ့သောကြောင့် နန္ဒဝန်ဥယျာဥ်၌ အရောင်အဝါတောက်ပသော အဆင်းနှင့် ပြည့်စုံသူူနတ်သမီး
၁၃။ ပဌမသုဏိသာဝိမာနဝတ္ထု
၁၀၈။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၁၀၈။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၁၀၉။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၀၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၁၁၀။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၁၁။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။
၁၁၂။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, သုဏိသာ အဟောသိံ သသုရဿ ဂေဟေ [ဃရေ (သျာ။ က။)]။
၁၁၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဥ်အခါက ယောက္ခမအိမ်၌ ချွေးမ ဖြစ်ခဲ့ဖူး ပါ၏။
၁၁၃။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ပူဝံ, ပသန္နာ သေဟိ ပါဏိဘိ၊
ဘာဂဍ္ဎဘာဂံ ဒတွာန, မောဒါမိ နန္ဒနေ ဝနေ။
၁၁၃။ (ထိုအခါ) အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိ သည်ဖြစ်၍ ရဟန္တာအားမုန့်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ။ အကျွန်ုပ်ရသော အဖို့မှ ထက်ဝက်အဖို့ကို ပေးလှူ ခြင်းကြောင့် နန္ဒဝန်ဥယျာဥ်၌ မွေ့လျော်ရပါ၏။
၁၁၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၁၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၁၅။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ပဌမသုဏိသာဝိမာနံ တေရသမံ။
၁၁၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြား ပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင် (မုန့်လှူ ခြင်း) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထို ကုသိုလ်ထူးကြောင့်အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူး ကြောင့် အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်သုံးခုမြောက်သော ပဌမသုဏိသာဝိမာနဝတ္ထု ပြီး၏။ ၁၄-ဒုတိယသုဏိသာဝိမာနဝတ္ထု ရှေးနည်းအတူူ လူူဖြစ်စဥ်က ရဟန္တာအရှင်မြတ်အား မုယောမုံ့ကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန်ဥယျာဥ်၌ မွေ့လျော် ခံစားရသော နတ်သမီး
၁၄။ ဒုတိယသုဏိသာဝိမာနဝတ္ထု
၁၁၆။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၁၁၆။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၁၁၇။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၁၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၁၁၈။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၁၈။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၁၉။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၁၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၂၀။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, သုဏိသာ အဟောသိံ သသုရဿ ဂေဟေ။
၁၂၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဥ်အခါက ယောက္ခမအိမ်၌ ချွေးမ ဖြစ်ခဲ့ဖူး ပါ၏။
၁၂၁။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ဘာဂံ, ပသန္နာ သေဟိ ပါဏိဘိ၊
ကုမ္မာသပိဏ္ဍံ ဒတွာန, မောဒါမိ နန္ဒနေ ဝနေ။
၁၂၁။ (ထိုအခါ) အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိ သည်ဖြစ်၍ အကျွန်ုပ်၏အဖို့ဖြစ်သော မုယောမုန့်ကို ထိုရဟန္တာအား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါပြီ၊ မုယောမုန့်ကို ပေးလှူခဲ့ခြင်းကြောင့် အကျွန်ုပ်သည် နန္ဒဝန်ဥယျာဥ်၌ မွေ့ လျော်ရ၏။
၁၂၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၂၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရပါ ကုန်၏။
၁၂၃။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒုတိယသုဏိသာဝိမာနံ စုဒ္ဒသမံ။
၁၂၃။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင် (မုယောမုန့်ကို ပေးလှူသော) ကောင်းမှုကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်လေးခုမြောက်သော ဒုတိယသုဏိသာဝိမာနဝတ္ထု ပြီး၏။ ၁၅-ဥတ္တရာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က သူူတပါးကို ငြူစူူခြင်း ဂုဏ်ပြိုင်ခြင်း ဝန်တိုခြင်းမရှိ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံး၍ လင့်အလိုသို့လိုက်ခြင်း လှူဒါန်းပေးကမ်းခြင်း သိက္ခာပုဒ်ငါးပါးကို လုံခြုံစေခြင်းတို့ကြောင့် အခြံအရံဂုဏ်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံသော အဖြစ်သို့ ရောက်ရသော နတ်သမီး
၁၅။ ဥတ္တရာဝိမာနဝတ္ထု
၁၂၄။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၁၂၄။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၁၂၅။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၂၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၁၂၆။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၂၆။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၂၇။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၂၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၂၈။ ‘‘ဣဿာ စ မစ္ဆေရမထော [မစ္ဆရိယမထော စ (က။)] ပဠာသော, နာဟောသိ မယှံ ဃရမာဝသန္တိယာ၊
အက္ကောဓနာ ဘတ္တုဝသာနုဝတ္တိနီ, ဥပေါသထေ နိစ္စဟမပ္ပမတ္တာ။
၁၂၈။ အကျွန်ုပ်သည် အိမ်၌နေသူ ဖြစ်ပါလျက်လည်း ငြူစူမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ ဂုဏ်ပြိုင်မှု (ပဠာသ) မဖြစ်ခဲ့ပါ၊ အကျွန်ုပ်သည် အမျက်မထွက်ခဲ့ပါ၊ လင့်အလိုသို့ လိုက်၍ ကျင့်ခဲ့ပါ၏၊ ဥပုသ်စောင့်သုံးမှု၌ အမြဲမပြတ် မမေ့မလျော့ခဲ့ပါ။
၁၂၉။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ [ယာဝ (သီ။ အဋ္ဌ။, က။ အဋ္ဌ။) ထေရီဂါထာအဋ္ဌကထာ ပဿိတဗ္ဗာ] ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၁၂၉။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ် နှင့် ပြည့်စုံခဲ့ပါ၏။
၁၃၀။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ [အာဝသာမိမံ (သီ။ အဋ္ဌ။, က။) ပရတော ပန သဗ္ဗတ္ထပိ ‘‘အာဝသာမဟံ’’ ဣစ္စေဝ ဒိဿတိ]။
၁၃၀။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။
၁၃၁။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ [အာရတာ (?)]။
၁၃၁။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း၊ မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း၊ လင်ကို ကျော်လွန်၍ ယောကျာ်း တစ်ပါးနှင့်သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း၊ သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာရှောင်ကြဥ်ခဲ့ပါ၏။
၁၃၂။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၁၃၂။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၁၃၃။ ‘‘သာဟံ သကေန သီလေန, ယသသာ စ ယသဿိနီ၊
အနုဘောမိ သကံ ပုညံ, သုခိတာ စမှိနာမယာ။
၁၃၃။ အကျွန်ုပ်သည် မိမိသီလဖြင့်လည်းကောင်း၊ အခြံအရံများခြင်းဖြင့်လည်းကောင်း ဂုဏ်သတင်းကျော်စောခြင်း ရှိခဲ့ပါ၏၊ မိမိကောင်းမှု (အကျိုး) ကိုလည်း သုံးဆောင် ခံစားရပါ၏၊ အနာရောဂါ မရှိမူ၍ ချမ်းသာခြင်းသို့ ရောက်သူလည်း ဖြစ်ပါ၏။
၁၃၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၃၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၃၅။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမဟံ အကာသိံ၊
တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီတိ။
၁၃၅။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်က အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့တောက်ပသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။
၁၃၆။ ‘‘မမ စ, ဘန္တေ, ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒေယျာသိ – ‘ဥတ္တရာ နာမ, ဘန္တေ, ဥပါသိကာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ။ အနစ္ဆရိယံ ခေါ ပနေတံ, ဘန္တေ, ယံ မံ ဘဂဝါ အညတရသ္မိံ သာမညဖလေ ဗျာကရေယျ [ဗျာကရေယျာတိ (?)], တံ ဘဂဝါ သကဒါဂါမိဖလေ ဗျာကာသီ’’တိ။
ဥတ္တရာဝိမာနံ ပန္နရသမံ။
၁၃၆။ အရှင်ဘုရား ဥတ္တရာအမည်ရှိသော ဥပါသိကာမသည် မြတ်စွာဘုရား၏ ခြေတော် တို့ကို ဦးခိုက်လိုက်ပါ၏ဟု အကျွန်ုပ်၏ စကားဖြင့်ပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက် ပါလေလော့၊ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို သာမညဖိုလ်တစ်ခု၌ တည်သူဟု မိန့်ကြားတော်မူခြင်းသည့်အံ့ဖွယ်ရာ မဟုတ်တော့ပါဟု (လျှောက်ဆို၏)။ ထိုဥတ္တရာကို မြတ်စွာဘုရားသည် သကဒါဂါမိဖိုလ်၌ မိန့်ကြားတော်မူခဲ့ဖူး၏။ တစ်ဆယ့်ငါးခုမြောက်သော ဥတ္တရာဝိမာနဝတ္ထု ပြီး၏။ ၁၆-သိရိမာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်က မြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးတရားကို ကြားနာ ရ၍ သီလကို ကောင်းစွာဆောက်တည် လောကုတ္တရာသမာဓိတည်လျက် အရိယမဂ်သို့ ဆိုက်ရောက်ခဲဲ့သောကြောင့် လူအများတို့ အပူဇော်ကို ခံကာ သောတာပန်အဖြစ်ဖြင့် ကွယ်လွန်ပြီးနောက် နိမ္မာနရတိနတ်ပြည်သို့ရောက်ရသော နတ်သမီး
၁၆။ သိရိမာဝိမာနဝတ္ထု
၁၃၇။ ‘‘ယုတ္တာ စ တေ ပရမအလင်္ကတာ ဟယာ, အဓောမုခါ အဃသိဂမာ ဗလီ ဇဝါ၊
အဘိနိမ္မိတာ ပဉ္စရထာသတာ စ တေ, အနွေန္တိ တံ သာရထိစောဒိတာ ဟယာ။
၁၃၇။ မြတ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော (နတ်ပြည်မှ သက်ဆင်း သည်၏အစွမ်းဖြင့်) အောက်သို့ မျက်နှာရှေးရှုကုန်သော ကောင်းကင်၌ သွားစွမ်းနိုင်သော ခွန်အားရှိကုန်သော အဟုန်နှင့်လည်း ပြည့်စုံကုန်သော မြင်းတို့ကို သင်၏ ရထား၌ ကအပ် ကုန်ပြီ၊ ရထားထိန်းမောင်းနှင်သကဲ့သို့သော မြင်းရှိကုန်သော သင်ဖန်ဆင်းအပ်သည့် ရထား ငါးရာတို့သည် သင်နတ်သမီးသို့ အစဥ်လိုက်ကုန်၏။
၁၃၈။ ‘‘သာ တိဋ္ဌသိ ရထဝရေ အလင်္ကတာ, ဩဘာသယံ ဇလမိဝ ဇောတိ ပါဝကော၊
ပုစ္ဆာမိ တံ ဝရတနု [ဝရစာရု (ကတ္ထစိ)] အနောမဒဿနေ, ကသ္မာ နု ကာယာ အနဓိဝရံ ဥပါဂမိ။
၁၃၈။ တန်ဆာဆင်အပ်သော ကိုယ်ရှိသော သင်နတ်သမီးသည် ထွန်းလင်းတောက်ပသော ဆီမီးရောင်ကဲ့သို့ တပြောင်ပြောင် တောက်ပလျက် မြတ်သော ရထား၌ တည်နေဘိ၏၊ မြတ်သော အဆင်းကို ဆောင်၍ ရှုချင်ဖွယ်ရှိသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ သင်သည် အဘယ်နတ်ပြည်မှမြတ်စွာဘုရားထံသို့ ဆည်းကပ်လာသနည်း။
၁၃၉။ ‘‘ကာမဂ္ဂပတ္တာနံ ယမာဟုနုတ္တရံ [… နုတ္တရာ (က။), အနုတ္တရာ (သျာ။)], နိမ္မာယ နိမ္မာယ ရမန္တိ ဒေဝတာ၊
တသ္မာ ကာယာ အစ္ဆရာ ကာမဝဏ္ဏိနီ, ဣဓာဂတာ အနဓိဝရံ နမဿိတုံ။
၁၃၉။ အရှင်ဘုရား ကာမဂုဏ်အသုံးအဆောင်တို့ဖြင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော နတ်တို့၏ အကြင်နတ်ပြည်ကို မြတ်၏ဟူ၍ ဆိုကြပါကုန်၏၊ ထိုနတ်ပြည်၌ နတ်တို့သည် ဖန်ဆင်း၍ ဖန်ဆင်း၍ မွေ့လျော်ကြပါကုန်၏၊ အလိုရှိရာအဆင်းကို ဆောင်နိုင်သော အကျွန်ုပ် နတ်သမီးသည်ထို (နိမ္မာနရတိ) နတ်ပြည်မှ မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ ဤလူ့ပြည်သို့ လာ ရောက်ခဲ့ပါ၏။
၁၄၀။ ‘‘ကိံ တွံ ပုရေ သုစရိတမာစရီဓ [သုစရိတံ အစာရိဓ (ပီ။)],
ကေနစ္ဆသိ တွံ အမိတယသာ သုခေဓိတာ၊
ဣဒ္ဓီ စ တေ အနဓိဝရာ ဝိဟင်္ဂမာ,
ဝဏ္ဏော စ တေ ဒသ ဒိသာ ဝိရောစတိ။
၁၄၀။ ရှေးဘဝ၌ သင်သည် အဘယ် (သုစရိုက်တရား) ကို ဆည်းပူးခဲ့သနည်း၊ အဘယ် ကုသိုလ်ကြောင့်သင်သည် မရေတွက်နိုင်သည့် အခြံအရံရှိသည်ဖြစ်၍ ချမ်းသာစွာဖြင့် ကြီးပွါး လျက် ဤနတ်ပြည်၌နေရသနည်း၊ သင့်အား မိမိထက် လွန်ကဲသူ မရှိမူ၍ ကောင်းကင်၌ သွားစွမ်းနိုင်သော တန်ခိုးရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၄၁။ ‘‘ဒေဝေဟိ တွံ ပရိဝုတာ သက္ကတာ စသိ,
ကုတော စုတာ သုဂတိဂတာသိ ဒေဝတေ၊
ကဿ ဝါ တွံ ဝစနကရာနုသာသနိံ,
အာစိက္ခ မေ တွံ ယဒိ ဗုဒ္ဓသာဝိကာ’’တိ။
၁၄၁။ နတ်သမီး သင်သည် နတ်တို့ခြံရံအပ်သူ, အရိုအသေပြုအပ်သူ ဖြစ်ခဲ့၏၊ သင်သည် အဘယ်ဘဝမှစုတေခဲ့၍ ကောင်းသော လားရာ နိမ္မာနရတိနတ်ပြည်သို့ ရောက်ရသနည်း၊ သင်သည်အဘယ်ဆရာ၏ အဆုံးအမစကားကို လိုက်နာသနည်း၊ သင်သည် မြတ်စွာဘုရား၏ တပည့်ဥပါသိကာမဖြစ်ခဲ့ပါမူ ငါ့အား ဖြေကြားပါလော့။
၁၄၂။ ‘‘နဂန္တရေ နဂရဝရေ သုမာပိတေ, ပရိစာရိကာ ရာဇဝရဿ သိရိမတော၊
နစ္စေ ဂီတေ ပရမသုသိက္ခိတာ အဟုံ, သိရိမာတိ မံ ရာဇဂဟေ အဝေဒိံသု [အဝေဒိသုံ (?)]။
၁၄၂။ တောင်တို့၏ အလယ် ကောင်းစွာ ဖန်ဆင်းထားသော (ရာဇဂြိုဟ်) ပြည်မြတ်၌ ကျက်သရေရှိသော (ဗိမ္ဗိသာရ) မင်းမြတ်၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးပါပြီ၊ အကျွန်ုပ်သည် ကခြင်း, သီဆိုခြင်းတို့ကို အလွန်ကောင်းမွန်စွာ သင်ယူပြီး ဖြစ်ခဲ့ပါပြီ၊ ရာဇဂြိုဟ်ပြည်၌ အကျွန်ုပ်ကို သီရိမာဟူ၍ သိကြပါကုန်၏။
၁၄၃။ ‘‘ဗုဒ္ဓေါ စ မေ ဣသိနိသဘော ဝိနာယကော, အဒေသယီ သမုဒယဒုက္ခနိစ္စတံ၊
အသင်္ခတံ ဒုက္ခနိရောဓသဿတံ, မဂ္ဂဉ္စိမံ အကုဋိလမဉ္ဇသံ သိဝံ။
၁၄၃။ ရဟန်းမြတ်ဖြစ်တော်မူသော ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်လည်း အကျွန်ုပ်အားဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့၏ မမြဲသည်၏အဖြစ်ကိုလည်းကောင်း, မပြု ပြင်အပ်သော ဆင်းရဲချုပ်ရာ နိရောဓသစ္စာ၏ မြဲသည်၏အဖြစ်ကိုလည်းကောင်း, မကွေ့ မကောက်သော ခရီးဖြစ်သော အေးချမ်းစွာသော ဤမဂ္ဂသစ္စာကိုလည်းကောင်း ဟောတော်မူခဲ့ ပါ၏။
၁၄၄။ ‘‘သုတွာနဟံ အမတပဒံ အသင်္ခတံ, တထာဂတဿနဓိဝရဿ သာသနံ၊
သီလေသွဟံ ပရမသုသံဝုတာ အဟုံ, ဓမ္မေ ဌိတာ နရဝရဗုဒ္ဓဒေသိတေ [ဘာသိတေ (သီ။)]။
၁၄၄။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏အဆုံးအမဖြစ်သော သေခြင်းကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက်ကြောင်းတရားကို ကြားနာရ၍ သီလတို့၌ ကောင်းစွာ စောင့်စည်းခဲ့ပါ၏၊ နတ်လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားဟောအပ်သော တရား၌ တည်ခဲ့ပါ၏။
၁၄၅။ ‘‘ဉတွာနဟံ ဝိရဇပဒံ အသင်္ခတံ, တထာဂတေနနဓိဝရေန ဒေသိတံ၊
တတ္ထေဝဟံ သမထသမာဓိမာဖုသိံ, သာယေဝ မေ ပရမနိယာမတာ အဟု။
၁၄၅။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား သည်ဟောတော်မူအပ်သော ကိလေသာမြူကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက် ကြောင်းတရားကို သိရပါ၍ ထိုခဏ၌ပင်လျှင် ဆန့်ကျင်ဘက် တရားတို့ကို ငြိမ်းစေတတ်သော (လောကုတ္တရာ) သမာဓိသို့ရောက်ခဲ့ပါ၏၊ ထိုသမာဓိကို ရခြင်းသည်ပင်လျှင် အကျွန်ုပ်အား မြတ်သည် မြဲသည်၏အဖြစ် (အရိယာမဂ်) သည် ဖြစ်ခဲ့ပါ၏။
၁၄၆။ ‘‘လဒ္ဓါနဟံ အမတဝရံ ဝိသေသနံ, ဧကံသိကာ အဘိသမယေ ဝိသေသိယ၊
အသံသယာ ဗဟုဇနပူဇိတာ အဟံ, ခိဍ္ဍာရတိံ [ခိဍ္ဍံ ရတိံ (သျာ။ ပီ။)] ပစ္စနုဘောမနပ္ပကံ။
၁၄၆။ အကျွန်ုပ်သည် ပုထုဇဥ်တို့ထက် ထူးအောင်ပြုတတ်သော အမြိုက်နိဗ္ဗာန်ကို ရပြီး၍ ထိုးထွင်းသိအပ်သော မဂ်ဉာဏ်၌ အထူးသို့ရောက်လျက် အမှန်ယူခြင်း ရှိပါ၏၊ ယုံမှားသံသယလည်းကင်းပါ၏၊ အကျွန်ုပ်သည် လူအများတို့ အပူဇော်ကို ခံယူလျက် များပြားလှစွာသော မြူးထူးမွေ့လျော်ခြင်းကို ခံစားရပါ၏။
၁၄၇။ ‘‘ဧဝံ အဟံ အမတဒသမှိ [အမတရသမှိ (က။)] ဒေဝတာ, တထာဂတဿနဓိဝရဿ သာဝိကာ၊
ဓမ္မဒ္ဒသာ ပဌမဖလေ ပတိဋ္ဌိတာ, သောတာပန္နာ န စ ပန မတ္ထိ ဒုဂ္ဂတိ။
၁၄၇။ ဤနည်းဖြင့် အကျွန်ုပ်သည် အမြိုက်နိဗ္ဗာန်ကို သိမြင်ရသူ နတ်သမီး ဖြစ်ပါ၏၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ တပည့်မ ဖြစ်ခဲ့ပါ၏၊ (သစ္စာလေးပါး) တရားတို့ကို မြင်ခြင်းရှိပါ၏၊ သောတာပတ္တိဖိုလ်၌ တည်သူ သောတာပန်လည်း ဖြစ်ပါ၏၊ အကျွန်ုပ်အား မကောင်းသော လားရာဂတိ မရှိတော့ပါ။
၁၄၈။ ‘‘သာ ဝန္ဒိတုံ အနဓိဝရံ ဥပါဂမိံ, ပါသာဒိကေ ကုသလရတေ စ ဘိက္ခဝေါ၊
နမဿိတုံ သမဏသမာဂမံ သိဝံ, သဂါရဝါ သိရိမတော ဓမ္မရာဇိနော။
၁၄၈။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးခြင်းငှါလည်းကောင်း၊ ကြည်ညိုဖွယ်ဆောင် ကုန်သော အပြစ်မရှိသော (နိဗ္ဗာန်) တရား၌ မွေ့လျော်ကုန်သော ရဟန်းတို့ကိုလည်း ရှိခိုးခြင်း ငှါလည်းကောင်းဘေးမရှိမူ၍ မကောင်းမှုကို ငြိမ်းစေပြီးသော မြတ်စွာဘုရားနှင့် မြတ်စွာ ဘုရားတပည့်တို့၏အစည်းအဝေးသို့ ချဥ်းကပ်ခဲ့ပါ၏၊ ဘုန်းကျက်သရေရှိတော်မူသော တရား မင်းဖြစ်တော်မူသော မြတ်စွာဘုရား၌ ရိုသေလေးမြတ်ခြင်း ရှိခဲ့ပါ၏။
၁၄၉။ ‘‘ဒိသွာ မုနိံ မုဒိတမနမှိ ပီဏိတာ, တထာဂတံ နရဝရဒမ္မသာရထိံ၊
တဏှစ္ဆိဒံ ကုသလရတံ ဝိနာယကံ, ဝန္ဒာမဟံ ပရမဟိတာနုကမ္ပက’’န္တိ။
သိရိမာဝိမာနံ သောဠသမံ။
၁၄၉။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော၊ ဆုံးမထိုက်သူ တို့ကို ဆုံးမတော်မူတတ်သည့် ယောကျာ်းမြတ်လည်း ဖြစ်တော်မူသော၊ တဏှာကို ဖြတ် တော်မူပြီးသော၊ အပြစ်မရှိသော (နိဗ္ဗာန်) တရား၌ မွေ့လျော်တော်မူတတ်သော၊ နတ်လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ဝမ်းမြောက်သော စိတ်ရှိလျက် နှစ်သက်ခဲ့ရပါ၏၊ အကျွန်ုပ်သည် မြတ်သော အစီးအပွါးဖြင့် (သတ္တဝါအားလုံးတို့ကို) သနား စောင့်ရှောက်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ တစ်ဆယ့်ခြောက်ခုမြောက်သော သီရိမာနဝတ္ထု ပြီး၏။ ၁၇-ကေသကာရီဝိမာနဝတ္ထု ဗာရာဏသီပြည်၌ ကေသကာရီအမည်ဖြင့် မိန်းမဖြစ်စဥ်က ရတနာသုံးပါး၌ ယုံကြည် သီလ၌တည်ကာသောတာပန်ဖြစ်၍ ဘဝပြောင်းသောအခါ ရွှေသစ်ပင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်တွင်နတ်သမီးအပေါင်းတို့ကို လွှမ်းမိုးနိုင်သော အရောင်အဆင်းကို ရရှိသူူနတ်သမီး
၁၇။ ကေသကာရီဝိမာနဝတ္ထု
၁၅၀။ ‘‘ဣဒံ ဝိမာနံ ရုစိရံ ပဘဿရံ, ဝေဠုရိယထမ္ဘံ သတတံ သုနိမ္မိတံ၊
သုဝဏ္ဏရုက္ခေဟိ သမန္တမောတ္ထတံ, ဌာနံ မမံ ကမ္မဝိပါကသမ္ဘဝံ။
၁၅၀။ နှစ်သက်ဖွယ်ရှိ၍ ပြိုးပြိုးပြက်ထွက်သော အရောင်အဆင်းလည်းရှိသော ကြောင် မျက်ရွဲဖြင့်ပြီးသော တိုင်လည်းရှိသော အလွန်ကျယ်ပြန့်သော ကောင်းစွာ ဖန်ဆင်းအပ်သော ရွှေသစ်ပင်တို့ဖြင့်ထက်ဝန်းကျင်မှလည်း ဖုံးလွှမ်းအပ်သော ကံ၏ အကျိုးနှင့်တကွဖြစ်သော ဤဗိမာန်သည် ငါ၏ နေရာဗိမာန်ပေတည်း။
၁၅၁။ ‘‘တတြူပပန္နာ ပုရိမစ္ဆရာ ဣမာ, သတံ သဟဿာနိ သကေန ကမ္မုနာ၊
တုဝံသိ အဇ္ဈုပဂတာ ယသဿိနီ, ဩဘာသယံ တိဋ္ဌသိ ပုဗ္ဗဒေဝတာ။
၁၅၁။ ထိုငါ၏ ဗိမာန်၌ ဖြစ်ကုန်သော ဤနတ်သမီးဟောင်းတို့သည် တစ်သိန်းမျှ ရှိကုန်၏၊ မိမိကံကြောင့် ယခုအခါ၌ ရောက်လာသော သင်သည် အခြံအရံနှင့် ပြည့်စုံသူ ဖြစ်၏၊ (ထိုမိမိကံ့အာနုဘော်ကြောင့်သာလျှင်) ရှေးနတ်သမီးတို့ထက် ထွန်းလင်းတောက်ပလျက် တည်နေဘိ၏။
၁၅၂။ ‘‘သသီ အဓိဂ္ဂယှ ယထာ ဝိရောစတိ, နက္ခတ္တရာဇာရိဝ တာရကာဂဏံ၊
တထေဝ တွံ အစ္ဆရာသင်္ဂဏံ [အစ္ဆရာသင်္ဂမံ (သီ။)] ဣမံ, ဒဒ္ဒလ္လမာနာ ယသသာ ဝိရောစသိ။
၁၅၂။ ယုန်ရေးတံဆိပ်ရှိသော နက္ခတ်တာရာ ကြယ်တကာတို့၏ မင်းဖြစ်သော လသည် ကြယ်တာရာအပေါင်းကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ ထို့အတူသာလျှင် သင်သည် ဤ နတ်သမီးအပေါင်းကို လွှမ်းမိုး၍ အခြံအရံဖြင့် အလွန်ထွန်းလင်းတောက်ပလျက် တင့်တယ်ပါ၏။
၁၅၃။ ‘‘ကုတော နု အာဂမ္မ အနောမဒဿနေ, ဥပပန္နာ တွံ ဘဝနံ မမံ ဣဒံ၊
ဗြဟ္မံဝ ဒေဝါ တိဒသာ သဟိန္ဒကာ, သဗ္ဗေ န တပ္ပါမသေ ဒဿနေန တ’’န္တိ။
၁၅၃။ အလုံးစုံသော ကိုယ်အင်္ဂါတို့ဖြင့် ရှုချင်ဖွယ်ရှိသော နတ်သမီး သင်သည် အဘယ် ဘဝမှ လာခဲ့၍ ဤငါ၏ဘုံဗိမာန်သို့ ရောက်လာဘိသနည်း၊ သိကြားမင်းနှင့်တကွ တာဝတိံသာ နတ်တို့သည် ဗြဟ္မာမင်းကို ကြည့်ရှုရသဖြင့် မရောင့်ရဲနိုင်သကဲ့သို့ အလုံးစုံသော ငါတို့သည် သင့်ကို ကြည့်ရှုရခြင်းဖြင့် မရောင့်ရဲနိုင်ကြပါကုန် (ဟု သိကြားမင်းက မေး၏)။
၁၅၄။ ‘‘ယမေတံ သက္က အနုပုစ္ဆသေ မမံ, ‘ကုတော စုတာ တွံ ဣဓ အာဂတာ’တိ [ကုတော စုတာ ဣဓ အာဂတာ တုဝံ (သျာ။), ကုတော စုတာယ အာဂတိ တဝ (ပီ။)]၊
ဗာရာဏသီ နာမ ပုရတ္ထိ ကာသိနံ, တတ္ထ အဟောသိံ ပုရေ ကေသကာရိကာ။
၁၅၄။ သိကြားမင်း “အဘယ်အရပ်မှ စုတေ၍ ဤငါ့ဗိမာန်သို့ သင် လာရောက်သနည်း”ဟူသော အမေးကို အကျွန်ုပ်အား မေးဘိ၏၊ သိကြားမင်း အကျွန်ုပ်သည် ကာသိတိုင်း ဗာရာဏသီမည်သော ပြည်ရှိ၏၊ ရှေးဘဝက ထိုဗာရာဏသီပြည်၌ ကေသကာရီမည်သော မိန်းမ ဖြစ်ခဲ့ဖူးပါ၏။
၁၅၅။ ‘‘ဗုဒ္ဓေ စ ဓမ္မေ စ ပသန္နမာနသာ, သံဃေ စ ဧကန္တဂတာ အသံသယာ၊
အခဏ္ဍသိက္ခာပဒါ အာဂတပ္ဖလာ, သမ္ဗောဓိဓမ္မေ နိယတာ အနာမယာ’’တိ။
၁၅၅။ အကျွန်ုပ်သည် ဘုရား၌လည်းကောင်း, တရား၌လည်းကောင်း, သံဃာ၌လည်း ကောင်း ကြည်ညိုစိတ် ရှိခဲ့ပါ၏၊ အမှန်ဟုယူခြင်း ရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ် တို့ကိုလည်းမကျိုးမပေါက်စေခဲ့ပါ၊ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါး တို့ကို သိတတ်သော မဂ်ဉာဏ်၌ အနှောက်အယှက်ကင်း၍ မြဲသော သဘော ရှိပါ၏။
၁၅၆။ ‘‘တန္တျာဘိနန္ဒာမသေ သွာဂတဉ္စ [သာဂတဉ္စ (သီ။)] တေ, ဓမ္မေန စ တွံ ယသသာ ဝိရောစသိ၊
ဗုဒ္ဓေ စ ဓမ္မေ စ ပသန္နမာနသေ, သံဃေ စ ဧကန္တဂတေ အသံသယေ၊
အခဏ္ဍသိက္ခာပဒေ အာဂတပ္ဖလေ, သမ္ဗောဓိဓမ္မေ နိယတေ အနာမယေ’’တိ။
ကေသကာရီဝိမာနံ သတ္တရသမံ။
ပီဌဝဂ္ဂေါ ပဌမော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ပဉ္စ ပီဌာ တယော နာဝါ, ဒီပတိလဒက္ခိဏာ ဒွေ၊
ပတိ ဒွေ သုဏိသာ ဥတ္တရာ, သိရိမာ ကေသကာရိကာ၊
ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၅၆။ “ဘုရား၌လည်းကောင်း, တရား၌လည်းကောင်း, သံဃာ၌လည်းကောင်း ကြည်ညို စိတ်ရှိခဲ့ပါ၏၊ အမှန်ဟုယူခြင်း ရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ်တို့ကိုလည်း မကျိုးမပေါက်စေခဲ့ပါ၊ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို သိတတ်သော မဂ်ဉာဏ်၌အနှောက်အယှက်ကင်း၍ မြဲသော သဘော ရှိပါ၏”ဟု ပြောဆိုသော နတ်သမီး သင်၏ထို (ကောင်းမှုပြည့်စုံခြင်း, နတ်စည်းစိမ်ပြည့်စုံခြင်းနှစ်ပါး) ကို ငါတို့ နှစ်သက် ဝမ်းမြောက်ပါကုန်၏၊ သင်၏လာခြင်းသည် ကောင်းသော လာခြင်းလည်း ဖြစ်ပါ၏၊ သင်သည် တရားဖြင့်လည်းကောင်း,အခြံအရံဖြင့်လည်းကောင်း တင့်တယ်ပါပေ၏။ တစ်ဆယ့်ခုနစ်ခုမြောက်သော ကေသကာရီဝိမာနဝတ္ထု ပြီး၏။ ဣတ္ထိဝိမာနဝဂ်၌ ရှေးဦးစွာသော ပီဌဝဂ် ပြီး၏။ ၂-စိတ္တလတာဝဂ် ၁-ဒါသိဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ်အခါ သူူတပါး၏ အစေခံကျွန်မ ဖြစ်ရသော်လည်း ဂေါတမမြတ်စွာဘုရား၏ဥပါသိကာမဖြစ်၍ ခန္ဓာကိုယ်ကို မငဲ့ကွက် အရိယမဂ်သို့ ရောက်အောင် အားထုတ်ကာ အရိယာအဖြစ်ဖြင့်ကွယ်လွန်၍ တာဝတိံသာ စိတ္တလတာဥယျာဥ်အတွင်း ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းလျက် တူူရိယာခြောက်သောင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခြင်း ခံယူူကာ ဝမ်းမြောက် ပျော်ရွင်စွာနေရသော နတ်သမီး
၂။ စိတ္တလတာဝဂ္ဂေါ
၁။ ဒါသိဝိမာနဝတ္ထု
၁၅၇။ ‘‘အပိ သက္ကောဝ ဒေဝိန္ဒော, ရမ္မေ စိတ္တလတာဝနေ၊
သမန္တာ အနုပရိယာသိ, နာရီဂဏပုရက္ခတာ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၁၅၇။ (နတ်သမီး သင်သည်) နတ်တို့အရှင် သိကြားမင်းကဲ့သို့ နတ်သမီးအပေါင်း ခြံရံ လျက် နှလုံးမွေ့လျော်ဖွယ်ကောင်းသော၊ စိတ္တလတာအမည်ရှိသော ဥယျာဥ်အတွင်းဝယ်သောက်ရှူးကြယ်ကဲ့သို့အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် ထက်ဝန်းကျင်မှ လှည့်လည်ဘိ၏။
၁၅၈။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၅၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သဘောရှိသော အရောင်အဆင်းဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား ကောင်းကျိုး ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၁၅၉။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၅၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို့ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၆၀။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၆၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၆၁။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ဒါသီ အဟောသိံ ပရပေဿိယာ [ပရပေသိယာ (က။)] ကုလေ။
၁၆၁။ အကျွန်ုပ်သည် လူဘ၀၀ယ် လူဖြစ်ခဲ့စဥ်က သူတစ်ပါးတို့အိမ်၌ အစေခံကျွန်မ ဖြစ် ခဲ့ဖူးပါပြီ။
၁၆၂။ ‘‘ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော၊
တဿာ မေ နိက္ကမော အာသိ, သာသနေ တဿ တာဒိနော။
၁၆၂။ (စက္ခု) ငါးပါးရှိတော်မူသော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ တာဒိလက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အကျွန်ုပ်အား ကိလေသာတရားတို့မှ ထွက်မြောက် ကြောင်းလုံ့လရှိခဲ့ပါ၏။
၁၆၃။ ‘‘ကာမံ ဘိဇ္ဇတုယံ ကာယော, နေဝ အတ္ထေတ္ထ သဏ္ဌနံ [သန္ထနံ (သီ။ သျာ။ ပီ။)]၊
သိက္ခာပဒါနံ ပဉ္စန္နံ, မဂ္ဂေါ သောဝတ္ထိကော သိဝေါ။
၁၆၃-၄။ ဤခန္ဓာကိုယ်သည် ပျက်လိုမူလည်း ပျက်ပါစေ၊ ဤကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ လျော့လျော့ပြုမှုမရှိသည်သာလျှင်တည်း၊ သိက္ခာပုဒ်ငါးပါးတို့ (ပြည့်စုံကြောင်းဖြစ်သော) ချမ်းသာစေတတ်သော၊ ငြိမ်းချမ်းသော၊ ရာဂစသော ဆူးငြောင့်မရှိသော၊ ကိလေသာ မိစ္ဆာ အယူ ခြုံလည်း မရှိသော ဖြောင့်မတ်သော သဘောရှိသော၊ ဘုရားအစရှိကုန်သောသူတော် မြတ်တို့ ဟောကြားအပ်သော အရိယာမဂ်သည် ရှိပါ၏၊ မိန်းမသားမျှပင် ဖြစ်ပါလျက် ဤ အရိယာမဂ်သို့ ရောက်ခဲ့ပါပြီ၊ အားထုတ်မှုလုံ့လ၏ အကျိုးကို ရှုတော်မူပါလော့။
၁၆၄။ ‘‘အကဏ္ဋကော အဂဟနော, ဥဇု သဗ္ဘိ ပဝေဒိတော၊
နိက္ကမဿ ဖလံ ပဿ, ယထိဒံ ပါပုဏိတ္ထိကာ။
၁၆၅။ ‘‘အာမန္တနိကာ ရညောမှိ, သက္ကဿ ဝသဝတ္တိနော၊
သဋ္ဌိ တုရိယ [တုရိယ (သီ။ သျာ။ ပီ။)] သဟဿာနိ, ပဋိဗောဓံ ကရောန္တိ မေ။
၁၆၅-၈။ အကျွန်ုပ်သည် မိမိအလိုသို့ လိုက်စေတတ်သော သိကြားမင်း၏ အတိုင်ပင်ခံ နတ်သမီးဖြစ်ခဲ့ပါ၏၊ အာလမ္ဗတူရိယာ, ဂဂ္ဂရတူရိယာ, ဘီမတူရိယာ, သာဓုဝါဒီတူရိယာ, သံသယတူရိယာ,ပေါက္ခရတူရိယာ, သုဖဿတူရိယာ စသော ခြောက်သောင်းကုန်သော တူရိယာ တို့သည် အကျွန်ုပ်၏နှစ်သက်ဝမ်းမြောက်မှုကို နိုးကြားစေပါကုန်၏၊ ဝီဏာမောက္ခ နတ်သမီး, နန္ဒာနတ်သမီး,သုနန္ဒာနတ်သမီး,သော ဏဒိန္နာနတ်သမီး, သုစိမှိတာနတ်သမီး, အလမ္ဗုသာ နတ်သမီး,မိဿကေသီနတ်သမီး, ပုဏ္ဍရိကာနတ်သမီး, အတိဒါရုဏီနတ်သမီး, ဧဏီဖဿာ နတ်သမီး,သုဖဿာနတ်သမီး, သုဘဒ္ဒါနတ်သမီး, မုဒုဝါဒိနီနတ်သမီး ဤဆိုခဲ့ပြီးသော နတ် သမီးတို့နှင့်နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်းအပ်ကုန်သော အခြားနတ်သမီးတို့သည် အကျွန်ုပ်၏နှစ်သက်ဝမ်းမြောက်မှုတို့ကို ကြားစေပါကုန်၏။
၁၆၆။ ‘‘အာလမ္ဗော ဂဂ္ဂရော [ဂဂ္ဂမော (သျာ။), ဘဂ္ဂရော (က။)] ဘီမော [ဘိမ္မော (က။)], သာဓုဝါဒီ စ သံသယော၊
ပေါက္ခရော စ သုဖဿော စ, ဝိဏာမောက္ခာ [ဝိလာမောက္ခာ (က။)] စ နာရိယော။
၁၆၇။ ‘‘နန္ဒာ စေဝ သုနန္ဒာ စ, သောဏဒိန္နာ သုစိမှိတာ [သုစိမ္ဘိကာ (သျာ။)]၊
အလမ္ဗုသာ မိဿကေသီ စ, ပုဏ္ဍရီကာတိ ဒါရုဏီ။
၁၆၈။ ‘‘ဧဏီဖဿာ သုဖဿာ စ, သုဘဒ္ဒါ မုဒုဝါဒိနီ၊
ဧတာ စညာ စ သေယျာသေ, အစ္ဆရာနံ ပဗောဓိကာ။
၁၆၉။ ‘‘တာ မံ ကာလေနုပါဂန္တွာ, အဘိဘာသန္တိ ဒေဝတာ၊
ဟန္ဒ နစ္စာမ ဂါယာမ, ဟန္ဒ တံ ရမယာမသေ။
၁၆၉။ ထိုနတ်သမီးတို့သည် လျောက်ပတ်သောအခါ၌ အကျွန်ုပ်ထံသို့ ချဥ်းကပ်ကုန်၍ “ယခုအခါအကျွန်ုပ်တို့သည် ကခုန်ကြပါကုန်အံ့ သီချင်းသီဆိုကြပါကုန်အံ့ သင့်ကို မွေ့လျော် စေကြပါကုန်အံ့”ဟုပြောဆိုကြပါကုန်၏။
၁၇၀။ ‘‘နယိဒံ အကတပုညာနံ, ကတပုညာနမေဝိဒံ၊
အသောကံ နန္ဒနံ ရမ္မံ, တိဒသာနံ မဟာဝနံ။
၁၇၀။ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ် ရာဖြစ်သောတာဝတိံသာနတ်တို့၏ ကြီးမြတ်သော ဥယျာဥ်ဖြစ်သော ဤအရပ်ဌာနသည် ကောင်းမှုကို မပြုကုန်သောသူတို့အတွက် မဟုတ်ပါ၊ ကောင်းမှုကို ပြုပြီးသူတို့အတွက် သာလျှင် ဖြစ်ပါ၏။
၁၇၁။ ‘‘သုခံ အကတပုညာနံ, ဣဓ နတ္ထိ ပရတ္ထ စ၊
သုခဉ္စ ကတပုညာနံ, ဣဓ စေဝ ပရတ္ထ စ။
၁၇၁။ ကောင်းမှုကို ပြုလေ့မရှိကုန်သောသူတို့အား ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာမှု မရှိပါ၊ ကောင်းမှုကို ပြုပြီးကုန်သောသူတို့အားသာလျှင်ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာမှု ရှိနိုင်ပါ၏။
၁၇၂။ ‘‘တေသံ သဟဗျကာမာနံ, ကတ္တဗ္ဗံ ကုသလံ ဗဟုံ၊
ကတပုညာ ဟိ မောဒန္တိ, သဂ္ဂေ ဘောဂသမင်္ဂိနော’’တိ။
ဒါသိဝိမာနံ ပဌမံ။
၁၇၂။ ထိုတာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်ကို အလိုရှိကုန်သောသူတို့သည် ကုသိုလ်ကို များစွာ ပြုအပ်၏၊ ထိုစကား မှန်၏၊ ကောင်းမှုကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ရကုန်၏။ ရှေးဦးစွာသော ဒါသိဝိမာနဝတ္ထု ပြီး၏။ ၂-လခုမာဝိမာနဝတ္ထု လူူ့ဘဝ၌ဖြစ်စဥ် ရဟန်းတို့အား ဆွမ်း,မုယောမုံ့ ဟင်းရွက်ဟင်း လှူဒါန်းကာ သောဝီရကအဖျော်ကို ဆက်ကပ်ခဲဲ့ခြင်း, ဥပုသ်သီလ ကျင့်သုံးခြင်းတို့ကြောင့် သကဒါဂါမ် ဖြစ်ကာ ဘဝပြောင်းသောအခါပတ်ဝန်းကျင် အရောင်အဝါ ထွန်းပသော ရုပ်အသွင်နှင့် ပြည့်စုံသူူနတ်သမီး
၂။ လခုမာဝိမာနဝတ္ထု
၁၇၃။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၁၇၃။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၁၇၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၁၇၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၁၇၅။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၁၇၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း။
၁၇၆။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၁၇၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်၌ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၁၇၇။ ‘‘ကေဝဋ္ဋဒွါရာ နိက္ခမ္မ, အဟု မယှံ နိဝေသနံ၊
တတ္ထ သဉ္စရမာနာနံ, သာဝကာနံ မဟေသိနံ။
၁၇၇-၈။ အကျွန်ုပ်၏အိမ်သည် ကေဝဋ္ဋအမည်ရှိသော တံခါးမှ ထွက်ရာအရပ်၌ ဖြစ်ပါ၏၊ ထိုကေဝဋ္ဋအမည်ရှိသော တံခါး၌ ထွက်ဝင်သွားလာကုန်သော မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကို ရှာမှီးလေ့ရှိကုန်သော ဘုရားသားတော် ရဟန်းတို့အား ဆွမ်းကိုလည်းကောင်း,မုယောမုန့်ကိုလည်းကောင်း, ဆန်ဖြင့် ရောနှောချက်သော ဟင်းရွက်ဟင်းကိုလည်းကောင်း ပေးလှူခဲ့ဖူးပါပြီ၊ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်ညိုသော စိတ်ဖြင့် လောဏသောဝီရက အဖျော်ကိုလည်း ပေးလှူခဲ့ဖူးပါ၏။
၁၇၈။ ‘‘ဩဒနံ ကုမ္မာသံ [သာကံ (သီ။)] ဍာကံ, လောဏသောဝီရကဉ္စဟံ၊
အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
၁၇၉။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၁၇၉။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ဖူးပါ၏။
၁၈၀။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။
၁၈၀။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။
၁၈၁။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။
၁၈၁။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။
၁၈၂။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၁၈၂။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၁၈၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီတိ။
‘‘မမ စ, ဘန္တေ, ဝစနေန ဘဂဝတော ပါဒေ သိရသာ ဝန္ဒေယျာသိ – ‘လခုမာ နာမ,ဘန္တေ,ဥပါသိကာ ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ’တိ။ အနစ္ဆရိယံ ခေါ ပနေတံ, ဘန္တေ, ယံ မံ ဘဂဝါ အညတရသ္မိံ သာမညဖလေ ဗျာကရေယျ [ဗျာကရေယျာတိ (?)]။ တံ ဘဂဝါ သကဒါဂါမိဖလေ ဗျာကာသီ’’တိ။
လခုမာဝိမာနံ ဒုတိယံ။
၁၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၁၈၄။ အရှင်ဘုရား “လခုမာအမည်ရှိသော ဥပါသိကာမသည် မြတ်စွာဘုရား၏ ခြေတော် တို့ကို ဦးခိုက်လိုက်ပါ၏”ဟု အကျွန်ုပ် စကားဖြင့်ပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက် ပါလေလော့၊ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို သာမညဖိုလ်တစ်ခု၌ တည်သူဟု မိန့်ကြားတော်မူခြင်းသည် အံ့ဩဖွယ်ရာ မဟုတ်တော့ပါဟု (လျှောက်ဆို၏)။ ထိုလခုမာကို မြတ်စွာဘုရားသည် သကဒါဂါမိဖိုလ်၌ မိန့်ကြားတော်မူခဲ့ဖူး၏။ နှစ်ခုမြောက်သော လခုမာဝိမာနဝတ္ထု ပြီး၏။ ၁။ ‘လောဏသောဝီရကအဖျော်’ဟူသည် စပါးတို့၏အရည် အစရှိသော များစွာသော အဆောက်အဦတို့ဖြင့် ပြီးစေအပ်သော အဖျော်တည်း။ (အဋ္ဌကထာ။) ၃-အာစာမဒါယိကာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ် ဆွေမျိုးပျက်စီး အထီးကျန်သောသူူဆင်းရဲဲမဖြစ်ကာ သူူတပါးအိမ်အဖီကို အမှီပြုနေရသူူဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီး
၃။ အာစာမဒါယိကာဝိမာနဝတ္ထု
၁၈၅။ ‘‘ပိဏ္ဍာယ တေ စရန္တဿ, တုဏှီဘူတဿ တိဋ္ဌတော၊
ဒလိဒ္ဒါ ကပဏာ နာရီ, ပရာဂါရံ အပဿိတာ [အဝဿိတာ (သီ။)]။
၁၈၅-၆။ (စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း (ဟု သိကြားမင်းကမေး၏)။
၁၈၆။ ‘‘ယာ တေ အဒါသိ အာစာမံ, ပသန္နာ သေဟိ ပါဏိဘိ၊
သာ ဟိတွာ မာနုသံ ဒေဟံ, ကံ နု သာ ဒိသတံ ဂတာ’’တိ။
၁၈၇။ ‘‘ပိဏ္ဍာယ မေ စရန္တဿ, တုဏှီဘူတဿ တိဋ္ဌတော၊
ဒလိဒ္ဒါ ကပဏာ နာရီ, ပရာဂါရံ အပဿိတာ။
၁၈၇-၉။ (စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူး၏၊ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေသောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာနိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။
၁၈၈။ ‘‘ယာ မေ အဒါသိ အာစာမံ, ပသန္နာ သေဟိ ပါဏိဘိ၊
သာ ဟိတွာ မာနုသံ ဒေဟံ, ဝိပ္ပမုတ္တာ ဣတော စုတာ။
၁၈၉။ ‘‘နိမ္မာနရတိနော နာမ, သန္တိ ဒေဝါ မဟိဒ္ဓိကာ၊
တတ္ထ သာ သုခိတာ နာရီ, မောဒတာစာမဒါယိကာ’’တိ။
၁၉၀။ ‘‘အဟော ဒါနံ ဝရာကိယာ, ကဿပေ သုပ္ပတိဋ္ဌိတံ၊
ပရာဘတေန ဒါနေန, ဣဇ္ဈိတ္ထ ဝတ ဒက္ခိဏာ။
၁၉၀။ အသျှင်မဟာကဿပ၌ ကောင်းစွာ တည်စေသော အထီးကျန်သော မိန်းမ၏ အလှူ သည်အံ့ဖွယ်ရှိပေစွ၊ သူတစ်ပါးတို့အိမ်မှ ဆောင်လာသော ထမင်းချိုးဟူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။
၁၉၁။ ‘‘ယာ မဟေသိတ္တံ ကာရေယျ, စက္ကဝတ္တိဿ ရာဇိနော၊
နာရီ သဗ္ဗင်္ဂကလျာဏီ, ဘတ္တု စာနောမဒဿိကာ၊
ဧတဿာစာမဒါနဿ, ကလံ နာဂ္ဃတိ သောဠသိံ။
၁၉၁။ အချင်းတို့ အင်္ဂါကြီးငယ် အလုံးစုံကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည်စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။
၁၉၂။ ‘‘သတံ နိက္ခာ သတံ အဿာ, သတံ အဿတရီရထာ၊
သတံ ကညာသဟဿာနိ, အာမုတ္တမဏိကုဏ္ဍလာ၊
ဧတဿာစာမဒါနဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။
၁၉၂။ ရွှေစင်နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း (ဤအလုံးစုံတို့သည် လည်း) ဤသူဆင်းရဲမပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ့တန်ဖိုးမရှိကြပေကုန်။
၁၉၃။ ‘‘သတံ ဟေမဝတာ နာဂါ, ဤသာဒန္တာ ဥရူဠှဝါ၊
သုဝဏ္ဏကစ္ဆာ မာတင်္ဂါ, ဟေမကပ္ပနဝါသသာ [ဟေမကပ္ပနိဝါသသာ (သျာ။ က။)]၊
ဧတဿာစာမဒါနဿ, ကလံ နာဂ္ဃတိ သောဠသိံ။
၁၉၃။ ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဥ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုးတပ်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤ သူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။
၁၉၄။ ‘‘စတုန္နမပိ ဒီပါနံ, ဣဿရံ ယောဓ ကာရယေ၊
ဧတဿာစာမဒါနဿ, ကလံ နာဂ္ဃတိ သောဠသိ’’န္တိ။
အာစာမဒါယိကာဝိမာနံ တတိယံ။
၁၉၄။ ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ထိုစကြာဝတေးမင်းစည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။ သုံးခုမြောက်သော အာစာမဒါယိကာဝိမာနဝတ္ထု ပြီး၏။ ၄-စဏ္ဍာလိဝိမာနဝတ္ထု လူူဖြစ်စဥ်အခါ ဒွန်းစဏ္ဍားအမျိုး၌ဖြစ်ရ၍ အောက်တန်းကျသူဖြစ်ရစေကာမူူ အသျှင် မဟာမောဂ္ဂလ္လာန်၏တိုက်တွန်းမှုကြောင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက် ရှိခိုးခဲဲ့လေရာ ကွယ်လွန်သောအခါတာဝတိံသာနတ်ပြည်၌ အလုံးစုံ ကောင်းမြတ် တင့်တယ်သော ဗိမာန်တွင် ခံစားရသော နတ်သမီး
၄။ စဏ္ဍာလိဝိမာနဝတ္ထု
၁၉၅။ ‘‘စဏ္ဍာလိ ဝန္ဒ ပါဒါနိ, ဂေါတမဿ ယသဿိနော၊
တမေဝ [တဝေဝ (သီ။)] အနုကမ္ပာယ, အဋ္ဌာသိ ဣသိသတ္တမော [ဣသိသုတ္တမော (သီ။)]။
၁၉၅။ စဏ္ဍာလီဒါယိကာမကြီး အခြံအရံ အကျော်အစောရှိတော်မူသော ဂေါတမ မြတ်စွာ ဘုရား၏ခြေတော်တို့ကို ရှိခိုးလော့၊ အမြတ်ဆုံး ဣသိဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကို သာလျှင်ချီးမြှောက်တော်မူခြင်းငှါ ရပ်တည်တော်မူ၏။
၁၉၆။ ‘‘အဘိပ္ပသာဒေဟိ မနံ, အရဟန္တမှိ တာဒိနိ [တာဒိနေ (သျာ။ က။)]၊
ခိပ္ပံ ပဉ္ဇလိကာ ဝန္ဒ, ပရိတ္တံ တဝ ဇီဝိတ’’န္တိ။
၁၉၆။ တာဒိဂုဏ်၁နှင့် ပြည့်စုံတော်မူသော, ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာ ဘုရား၌စိတ်ကို ကြည်လင်စေလော့၊ လျင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့၊ သင်၏ အသက်သည် အလွန်တိုတောင်းလှ၏ (ဟု အသျှင်မောဂ္ဂလ္လာန် မိန့်တော်မူ၏)။
၁၉၇။ စောဒိတာ ဘာဝိတတ္တေန, သရီရန္တိမဓာရိနာ၊
စဏ္ဍာလီ ဝန္ဒိ ပါဒါနိ, ဂေါတမဿ ယသဿိနော။
၁၉၇။ ပွါးအပ်ပြီးသော စိတ်ရှိသော အဆုံးဖြစ်သော ကိုယ်ခန္ဓာကို ဆောင်သော အသျှင်မောဂ္ဂလ္လာန်က တိုက်တွန်းသဖြင့် စဏ္ဍာလီဒါယိကာမကြီးသည် အခြံအရံ အကျော်အစော ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလေ၏။
၁၉၈။ တမေနံ အဝဓီ ဂါဝီ, စဏ္ဍာလိံ ပဉ္ဇလိံ ဌိတံ၊
နမဿမာနံ သမ္ဗုဒ္ဓံ, အန္ဓကာရေ ပဘင်္ကရန္တိ။
၁၉၈။ အမိုက်တိုက်လောက၌ ဉာဏ်အလင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးလျက် တည်သော ထိုစဏ္ဍာလီဒါယိကာမကြီးကို နွားမသည် ဝှေ့သတ်လေ၏။
၁၉၉။ ‘‘ခီဏာသဝံ ဝိဂတရဇံ အနေဇံ, ဧကံ အရညမှိ ရဟော နိသိန္နံ၊
ဒေဝိဒ္ဓိပတ္တာ ဥပသင်္ကမိတွာ, ဝန္ဒာမိ တံ ဝီရ မဟာနုဘာဝ’’န္တိ။
၁၉၉။ နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ရောက်သော စဏ္ဍာလီနတ်သမီးသည် အာသဝေါကုန်ပြီး၍ ကိလေသာမြူကင်းသော တဏှာမရှိသော ဆိတ်ငြိမ်ရာ တောအရပ်၌ တစ်ယောက်ထီးတည်းနေသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဥ်းကပ်၍ ကြီးသော လုံ့လရှိသော အရှင်ဘုရား အာနုဘော်ကြီးတော်မူသော အရှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏ (ဟု လျှောက်၏)။
၂၀၀။ ‘‘သုဝဏ္ဏဝဏ္ဏာ ဇလိတာ မဟာယသာ, ဝိမာနမောရုယှ အနေကစိတ္တာ၊
ပရိဝါရိတာ အစ္ဆရာသင်္ဂဏေန [အစ္ဆရာနံ ဂဏေန (သီ။)], ကာ တွံ သုဘေ ဒေဝတေ ဝန္ဒသေ မမ’’န္တိ။
၂၀၀။ တင့်တယ်ခြင်းဂုဏ်နှင့် ပြည့်စုံသော နတ်သမီး ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ထွန်းလင်းတောက်ပ၍ များသော အခြံအရံရှိသော အမျိုးမျိုးသော ဆန်းကြယ်ခြင်း ရှိသည်ဖြစ်၍ နတ်သမီးအပေါင်းခြံရံလျက် ဗိမာန်မှ သက်ဆင်းကာ ငါ့အား ရှိခိုးသော သင်သည် အဘယ်သူနည်း (ဟုအသျှင်မောဂ္ဂလ္လာန်မေး၏)။
၂၀၁။ ‘‘အဟံ ဘဒ္ဒန္တေ စဏ္ဍာလီ, တယာ ဝီရေန [ထေရေန (က။)] ပေသိတာ၊
ဝန္ဒိံ အရဟတော ပါဒေ, ဂေါတမဿ ယသဿိနော။
၂၀၁။ အရှင်ဘုရား အကျွန်ုပ်သည် စဏ္ဍာလီပါတည်း၊ ကြီးမြတ်သော လုံ့လရှိသော အရှင်သည်တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ပူဇော်အထူးကို ခံတော်မူထိုက်သော အခြံအရံအကျော်အစောရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခဲ့ပါ၏။
၂၀၂။ ‘‘သာဟံ ဝန္ဒိတွာ [ဝန္ဒိတွ (သီ။)] ပါဒါနိ, စုတာ စဏ္ဍာလယောနိယာ၊
ဝိမာနံ သဗ္ဗတော ဘဒ္ဒံ, ဥပပန္နမှိ နန္ဒနေ။
၂၀၂။ အရှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခြင်းကြောင့်ဒွန်းစဏ္ဍားအမျိုးစုမှ စုတေခဲ့သည်ရှိသော် နှစ်သက်စဖွယ်တာဝတိံသာနတ်ပြည်ဝယ် အလုံးစုံ ကောင်းမြတ်တင့်တယ်သော ဗိမာန်၌ ဖြစ်ရပါ၏။
၂၀၃။ ‘‘အစ္ဆရာနံ သတသဟဿံ, ပုရက္ခတွာန [ပုရက္ခိတွာ မံ (သျာ။ က။)] တိဋ္ဌတိ၊
တာသာဟံ ပဝရာ သေဋ္ဌာ, ဝဏ္ဏေန ယသသာယုနာ။
၂၀၃။ နတ်သမီး တစ်သိန်းတို့သည် အကျွန်ုပ်ကို ခြံရံ၍ တည်ပါကုန်၏၊ အကျွန်ုပ်သည် ထိုနတ်သမီးတစ်သိန်းတို့ထက် အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း မြတ်ပါ၏၊ အထူးသဖြင့် ချီးမွမ်းအပ်ပါ၏။
၂၀၄။ ‘‘ပဟူတကတကလျာဏာ, သမ္ပဇာနာ ပဋိဿတာ [ပတိဿတာ (သီ။ သျာ။)]၊
မုနိံ ကာရုဏိကံ လောကေ, တံ ဘန္တေ ဝန္ဒိတုမာဂတာ’’တိ။
၂၀၄။ အရှင်ဘုရား လောက၌ အကျွန်ုပ်သည် ပြုအပ်ပြီးသော ကုသိုလ်အများ ရှိပါ၏၊ ပညာအဆင်အခြင်နှင့် ပြည့်စုံပါ၏၊ အောက်မေ့မှုသတိနှင့် ပြည့့်စုံပါ၏၊ မုနိဖြစ်တော်မူသော,သနားခြင်းရှိတော်မူသော ထိုအရှင်ဘုရားကို ရှိခိုးခြင်းငှါ လာရောက်ပါ၏။
၂၀၅။ ဣဒံ ဝတွာန စဏ္ဍာလီ, ကတညူ ကတဝေဒိနီ၊
ဝန္ဒိတွာ အရဟတော ပါဒေ, တတ္ထေဝန္တရဓာယထာတိ [တတ္ထေဝန္တရဓာယတီတိ (သျာ။ က။)]။
စဏ္ဍာလိဝိမာနံ စတုတ္ထံ။
၂၀၅။ သူတစ်ပါးကျေးဇူးကို သိတတ်သောသူတစ်ပါးကျေးဇူးကို ထင်စွာပြုတတ်သော စဏ္ဍာလီနတ်သမီးသည် ဤစကားကို ဆိုပြီး၍ ကိလေသာတို့မှ ကင်းဝေးစေခြင်းစသော ဂုဏ်နှင့်ပြည့်စုံသော အသျှင်မောဂ္ဂလ္လာန်၏ခြေတို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင် လျှင်ကွယ်ပျောက်လေ၏။ လေးခုမြောက်သော စဏ္ဍာလိဝိမာနဝတ္ထု ပြီး၏။ ၁။ တာဒိဂုဏ်= လောကဓံနှင့်ကြုံသော်လည်း တုန်လှုပ်ခြင်းမရှိ၊ သည်းခံနိုင်သော ဂုဏ်။ ၅-ဘဒ္ဒိတ္ထိဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ် သဒ္ဓါသီလနှင့် ပြည့်စုံ၍ ရဟန်းမြတ်များအား ဆွမ်းသင်္ကန်း အိပ်ရာနေရာ ဆီမီးတို့ကို ပူဇော်လှူဒါန်းခြင်း အရိယာအဖြစ်သို့ ရောက်ရခြင်း အဂ္ဂသာဝက အရှင်မြတ် အားလုပ်ကျွေးခဲဲ့ခြင်းတို့ကြောင့် တာဝတိံသာနတ်ပြည်၌ မိမိအရောင်အဝါဖြင့် ထွန်းပလျက် လှည့်လည်နေထိုင်ရသော နတ်သမီး
၅။ ဘဒ္ဒိတ္ထိဝိမာနဝတ္ထု
၂၀၆။ ‘‘နီလာ ပီတာ စ ကာဠာ စ, မဉ္ဇိဋ္ဌာ [မဉ္ဇေဋ္ဌာ (သီ။), မဉ္ဇဋ္ဌာ (ပီ။)] အထ လောဟိတာ၊
ဥစ္စာဝစာနံ ဝဏ္ဏာနံ, ကိဉ္ဇက္ခပရိဝါရိတာ။
၂၀၆-၇။ ညိုသော အဆင်းတို့လည်းကောင်း, ရွှေသော အဆင်းတို့လည်းကောင်း, မည်းသော အဆင်းတို့လည်းကောင်း, မောင်းသော အဆင်းတို့လည်းကောင်း, နီသော အဆင်းတို့လည်းကောင်းထိုမှတစ်ပါး (ဖြူသော အဆင်းစသည်တို့လည်းကောင်း) ဤသို့အဆင်းအမျိုးမျိုး ရှိကုန်သောဝတ်ဆံဝတ်မှုန်တို့ဖြင့် ခြံရံအပ်ကုန်သော မန္ဒာရဝအမည်ရှိသော နတ်ပန်း တို့ဖြင့် သီကုံးအပ်သော ပန်းကုံးကို ဦးထိပ်၌ ပန်ဆင်ဘိ၏၊ ကောင်းသော ပညာရှိသော နတ်သမီးဤသို့သော အဆင်းသဏ္ဌာန်တို့နှင့် စပ်ယှဥ်ကုန်သော သစ်ပင်တို့သည် တစ်ပါးသော နတ်ပြည်တို့၌ မရှိကုန်။
၂၀၇။ ‘‘မန္ဒာရဝါနံ ပုပ္ဖါနံ, မာလံ ဓာရေသိ မုဒ္ဓနိ၊
နယိမေ အညေသု ကာယေသု, ရုက္ခာ သန္တိ သုမေဓသေ။
၂၀၈။ ‘‘ကေန ကာယံ ဥပပန္နာ, တာဝတိံသံ ယသဿိနီ၊
ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။
၂၀၈။ များသော အခြံအရံရှိသော နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် တာဝတိံသာ နတ်ပြည်၌ဖြစ်ရသနည်း၊ ဤအကျိုးထူးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ ငါ မေး အပ်သည်ဖြစ်၍ သင်သည်ဖြေကြားလော့ (ဟု မြတ်စွာဘုရားက မေးတော်မူ၏)။
၂၀၉။ ‘‘ဘဒ္ဒိတ္ထိကာတိ [ဘဒ္ဒိတ္ထီတိ (သီ။)] မံ အညံသု, ကိမိလာယံ ဥပါသိကာ၊
သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။
၂၀၉။ ကိမိလမြို့တွင် ဘဒ္ဒိတ္ထိကာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ ယုံကြည်မှု ‘သဒ္ဓါ’၊ စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေ ပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။
၂၁၀။ ‘‘အစ္ဆာဒနဉ္စ ဘတ္တဉ္စ, သေနာသနံ ပဒီပိယံ၊
အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
၂၁၀။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဆီမီးတန်ဆောင်ကိုလည်း ကောင်း ပေးလှူခဲ့ပါ၏။
၂၁၁။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၂၁၁။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း,တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း,ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။
၂၁၂။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။
၂၁၂။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။
၂၁၃။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။
၂၁၃။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။
၂၁၄။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, အပ္ပမာဒဝိဟာရိနီ။
ကတာဝါသာ ကတကုသလာ တတော စုတာ [ကတာဝကာသာ ကတကုသလာ (က။)],
သယံ ပဘာ အနုဝိစရာမိ နန္ဒနံ။
၂၁၄။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ မြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ (ကုသိုလ်တရားတို့၌) မမေ့မလျော့နေခဲ့ပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ် ရှိသည်ဖြစ်၍ ထိုဘဝမှစုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာ တာဝတိံသာနတ်ပြည်၌ လှည့်လည်နေထိုင်ရပါ၏။
၂၁၅။ ‘‘ဘိက္ခူ စာဟံ ပရမဟိတာနုကမ္ပကေ, အဘောဇယိံ တပဿိယုဂံ မဟာမုနိံ၊
ကတာဝါသာ ကတကုသလာ တတော စုတာ [ကတာဝကာသာ ကတကုသလာ (က။)], သယံ ပဘာ အနုဝိစရာမိ နန္ဒနံ။
၂၁၅။ မြတ်သော အစီးအပွါးတို့ဖြင့် သနားစောင့်ရှောက်တတ်ကုန်သော ရဟန်းတို့ကိုလည်း ကောင်း၊ ကိလေသာတို့ကို ပူပန်စေတတ်သော, အကျင့်မြတ်ရှိသော, အဂ္ဂသာဝကအစုံဖြစ်သော ရဟန်းမြတ်ကိုလည်းကောင်း လုပ်ကျွေးခဲ့ဖူးပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာတာဝတိံသာနတ်ပြည်၌ လှည့်လည် နေထိုင်ရပါ၏။
၂၁၆။ ‘‘အဋ္ဌင်္ဂိကံ အပရိမိတံ သုခါဝဟံ, ဥပေါသထံ သတတမုပါဝသိံ အဟံ၊
ကတာဝါသာ ကတကုသလာ တတော စုတာ [ကတာဝကာသာ ကတကုသလာ (က။)], သယံ ပဘာ အနုဝိစရာမိ နန္ဒန’’န္တိ။
ဘဒ္ဒိတ္ထိဝိမာနံ [ဘဒ္ဒိတ္ထိကာဝိမာနံ (သျာ။)] ပဉ္စမံ။
၂၁၆။ အကျွန်ုပ်သည် အတိုင်းအရှည်မရှိမူ၍ ချမ်းသာကို ဆောင်နိုင်သည့် အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို အမြဲမပြတ် စောင့်သုံးခဲ့ပါ၏၊ ပြုပြီးသော ချမ်းသာ၏တည်ရာ သုစရိုက်, ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် မိမိအရောင်အဝါဖြင့် ထွန်းပလျက် နှစ်သက် ဖွယ်ရာ တာဝတိံသာနတ်ပြည်၌လှည့်လည် နေထိုင်ရပါ၏။ ငါးခုမြောက်သော ဘဒ္ဒိတ္ထိဝိမာနဝတ္ထု ပြီး၏။ ၆-သော ဏဒိန္နာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ် ဒါနသီလ ကုံလုံကြွယ်ဝ၍ အရိယသစ္စာတို့၌ လိမ်မာသူဖြစ်ကာ ဂေါတမ မြတ်စွာဘုရား၏ဥပါသိကာမ ဖြစ်ပြီးနောက် တာဝတိံသာနတ်ပြည်၌ စိတ်နှစ်သက်ဖွယ် အရောင်အဆင်း တင့်တယ်ခြင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသူူနတ်သမီး
၆။ သောဏဒိန္နာဝိမာနဝတ္ထု
၂၁၇။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၂၁၇။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၂၁၈။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊
ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။
၂၁၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၂၁၉။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၁၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။
၂၂၀။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊
ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။
၂၂၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ့ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၂၂၁။ ‘‘သောဏဒိန္နာတိ မံ အညံသု, နာဠန္ဒာယံ ဥပါသိကာ၊
သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။
၂၂၁။ နာဠန္ဒာမြို့၌သော ဏဒိန္နာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။
၂၂၂။ ‘‘အစ္ဆာဒနဉ္စ ဘတ္တဉ္စ, သေနာသနံ ပဒီပိယံ၊
အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
၂၂၂။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဆီမီးတန်ဆောင်ကိုလည်း ကောင်း ပေးလှူခဲ့ ပါ၏။
၂၂၃။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၂၂၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။
၂၂၄။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။
၂၂၄။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။
၂၂၅။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။
၂၂၅။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။
၂၂၆။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၂၂၆။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၂၂၇။
၂၂၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ခဲ့ ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ခြောက်ခုမြောက်သောသော ဏဒိန္နာဝိမာနဝတ္ထု ပြီး၏။ ၇-ဥပေါသထာဝိမာနဝတ္ထု လူူဖြစ်စဥ်အခါ သဒ္ဓါသီလနှင့်ပြည့်စုံ၍ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံးခဲဲ့ခြင်းနေ့စဥ် ငါးပါးသီလမြဲဲခဲဲ့ခြင်းအရိယသစ္စာ၌ လိမ်မာခဲဲ့ခြင်းတို့ကြောင့် တသဝတိံသာနတ်ပြည် နန္ဒဝန် ဥယျာဥ်၌ စိတ်ဆန္ဒအတိုင်းဖြစ်ကာဥပေါသထာဟူသော အမည်ဖြင့် ထင်ရှားသော နတ်သမီး
‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…
ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
သောဏဒိန္နာဝိမာနံ ဆဋ္ဌံ။
၇။ ဥပေါသထာဝိမာနဝတ္ထု
၂၂၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၂၂၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။
၂၃၀။
၂၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်း။
‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…
ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၃၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။
၂၃၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။
၂၃၃။ ‘‘ဥပေါသထာတိ မံ အညံသု, သာကေတာယံ ဥပါသိကာ၊
သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။
၂၃၃။ သာကေတမြို့၌ ဥပေါသထာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။
၂၃၄။ ‘‘အစ္ဆာဒနဉ္စ ဘတ္တဉ္စ, သေနာသနံ ပဒီပိယံ၊
အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
၂၃၄။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်းအိပ်ရာနေရာကိုလည်း ကောင်း, ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ပါ၏။
၂၃၅။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၂၃၅။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ် နှင့်ပြည့်စုံခဲ့ပါ၏။
၂၃၆။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။
၂၃၆။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။
၂၃၇။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။
၂၃၇။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။
၂၃၈။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၂၃၈။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၂၃၉။
၂၃၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။
‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…
ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၄၁။ ‘‘အဘိက္ခဏံ နန္ဒနံ သုတွာ, ဆန္ဒော မေ ဥဒပဇ္ဇထ [ဥပပဇ္ဇထ (ဗဟူသု)]၊
တတ္ထ စိတ္တံ ပဏိဓာယ, ဥပပန္နမှိ နန္ဒနံ။
၂၄၁။ နန္ဒဝန်ဥယျာဥ် (သတင်း) ကို မပြတ်ကြားရခြင်းကြောင့် အကျွန်ုပ်အား ထိုနန္ဒဝန် ဥယျာဥ်၌ဖြစ်လိုမှု ဆန္ဒ ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် နန္ဒဝန်ဥယျာဥ်၌ စိတ်၏ တောင့်တခြင်း ကြောင့် ထိုနန္ဒဝန်ဥယျာဥ်ရှိသောတာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။
၂၄၂။ ‘‘နာကာသိံ သတ္ထု ဝစနံ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊
ဟီနေ စိတ္တံ ပဏိဓာယ, သာမှိ ပစ္ဆာနုတာပိနီ’’တိ။
၂၄၂။ သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (ရဟန်းတို့ငါသည် အနည်းငယ်သော ဘဝကို မျှ တပ်မက်ခြင်းကိုလည်း မချီးမွမ်းစသော) စကားတော်ကို မလိုက်နာခဲ့မိပါ၊ ထိုအကျွန်ုပ်သည် ယုတ်သော ဘဝ၌ စိတ်၏ တောင့်တခြင်း ကြောင့် နောက်မှနောင်တရသူ ဖြစ်ရပါ၏ (ဟု လျှောက်၏)။
၂၄၃။ ‘‘ကီဝ စိရံ ဝိမာနမှိ, ဣဓ ဝစ္ဆသုပေါသထေ [ဝဿသုပေါသထေ (သီ။)]၊
ဒေဝတေ ပုစ္ဆိတာစိက္ခ, ယဒိ ဇာနာသိ အာယုနော’’တိ။
၂၄၃။ ဥပေါသထာမည်သော နတ်သမီး သင်သည် ဤဗိမာန်၌ အဘယ်မျှလောက်ကြာမြင့်စွာနေရလိမ့်မည်နည်း၊ အသက်ကို အကယ်၍ သိပါမူ ငါ မေးအပ်သော သင်သည် ငါ့အား ဖြေကြားလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေးတော်မူ၏)။
၂၄၄။ ‘‘သဋ္ဌိဝဿသဟဿာနိ [သဋ္ဌိ သတသဟဿာနိ (?)], တိဿော စ ဝဿကောဋိယော၊
ဣဓ ဌတွာ မဟာမုနိ, ဣတော စုတာ ဂမိဿာမိ၊
မနုဿာနံ သဟဗျတ’’န္တိ။
၂၄၄။ ရဟန်းမြတ် အကျွန်ုပ်သည် အနှစ်သုံးကုဋေခြောက်သန်းတို့ပတ်လုံး ဤနတ်ပြည်၌ တည်၍ ဤနတ်ပြည်မှ စုတေသည်ရှိသော် လူတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရလတ္တံ့ (ဟုလျှောက်၏)။
၂၄၅။ ‘‘မာ တွံ ဥပေါသထေ ဘာယိ, သမ္ဗုဒ္ဓေနာသိ ဗျာကတာ၊
သောတာပန္နာ ဝိသေသယိ, ပဟီနာ တဝ ဒုဂ္ဂတီ’’တိ။
ဥပေါသထာဝိမာနံ သတ္တမံ။
၂၄၅။ ဥပေါသထာမည်သော နတ်သမီး သင် မကြောက်ပါလင့်၊ ထူးသော သောတာပန် အဖြစ်သို့ရောက်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏၊ သင်သည် ဒုဂ္ဂတိဘဝကို ပယ်ပြီးဖြစ်၏ဟု (မိန့်တော်မူ၏)။ ခုနစ်ခုမြောက်သော ဥပေါသထာဝိမာနဝတ္ထု ပြီး၏။ ၈-နိဒ္ဒါဝိမာနဝတ္ထု ရာဇဂြိုလ်ပြည်၌ နိဒ္ဒါဟူသော ဥပါသိကာမဖြစ်စဥ် သဒ္ဓါတရားဖြင့် အခါမပြတ် လှူဒါန်းခဲဲ့ခြင်း ဥပုသ်ပဉ္စသီကို နေ့ရက်အလိုက် စောင့်သုံးခဲဲ့ခြင်း အရိယသစ္စာ၌ လိမ္မာခဲဲ့ခြင်းတို့ကြောင့် နတ်ပြည်တွင်သောက်ရှုးကြယ်အသွင် ထင်ရှားသော နတ်သမီးဖြစ်လာရသူ
၈။ နိဒ္ဒါဝိမာနဝတ္ထု
၂၄၆။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၂၄၆။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၂၄၇။
၂၄၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။
‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…
ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၄၉။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။
၂၄၉။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက် ထား၏။
၂၅၀။ ‘‘နိဒ္ဒါတိ [သဒ္ဓါတိ (သီ။)] မမံ အညံသု, ရာဇဂဟသ္မိံ ဥပါသိကာ၊
သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။
၂၅၀။ ရာဇဂြိုဟ်ပြည်၌ နိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြ ပါကုန်၏၊ ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေ ပေးကမ်းမှု၌မွေ့လျော်ခဲ့ပါ၏။
၂၅၁။ ‘‘အစ္ဆာဒနဉ္စ ဘတ္တဉ္စ, သေနာသနံ ပဒီပိယံ၊
အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
၂၅၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်းအိပ်ရာနေရာကိုလည်း ကောင်း,ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ပါ၏။
၂၅၂။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။
၂၅၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။
၂၅၃။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊
သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။
၂၅၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။
၂၅၄။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊
ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။
၂၅၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။
၂၅၅။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၂၅၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၂၅၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
နိဒ္ဒါဝိမာနံ [သဒ္ဓါဝိမာနံ (သီ။)] အဋ္ဌမံ။
၂၃၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ရှစ်ခုမြောက်သော နိဒ္ဒါဝိမာနဝတ္ထု ပြီး၏။ ၉-သုနိဒ္ဒါဝိမာနဝတ္ထု ရှေးနိဒ္ဒါဥပါသိကာမကဲဲ့သို့ ဒါနသီလအခြေခံ၍ အရိယသစ္စာ၌ လိမ်မာသူူဖြစ်သောကြောင့် နတ်ပြည်၌သောက်ရှုးကြယ်အလား ထင်ရှားစွာ ဖြစ်လာရသော နတ်သမီး
၉။ သုနိဒ္ဒါဝိမာနဝတ္ထု
၂၅၈။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။
၂၅၈။ နတ်သမီးသောက်ရှူးကြယ်သည်။ပ။ ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည်အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့်။ပ။ တည်ဘိ၏။
၂၅၉။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၅၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်း။
၂၆၁။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။
၂၆၁။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။
၂၆၂။ ‘‘သုနိဒ္ဒါတိ [သုနန္ဒာတိ (သီ။)] မံ အညံသု, ရာဇဂဟသ္မိံ ဥပါသိကာ၊
သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။
၂၆၂။ ရာဇဂြိုဟ်ပြည်၌ သုနိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများ သိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမှု၌မွေ့လျော်ခဲ့ပါ၏။
၂၆၆။ (ယထာ နိဒ္ဒါဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ။)
၂၆၃။ (နိဒ္ဒါဝိမာနဝတ္ထုကို အကျယ်ပြသကဲ့သို့ သုနိဒ္ဒါဝိမာနဝတ္ထုကို အကျယ်ချဲ့အပ်၏။)
၂၆၇။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊
ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။
၂၆၇။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၂၆၈။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
သုနိဒ္ဒါဝိမာနံ နဝမံ။
၂၆၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ကိုးခုမြောက်သော သုနိဒ္ဒါဝိမာနဝတ္ထု ပြီး၏။ ၁၀-ပဌမဘိက္ခာဒါယိကာဝိမာနဝတ္ထု ရှေးလူူဘဝက မြတ်စွာဘုရားအား ကိုယ်ထိလက်ရောက် ဆွမ်းလှူခဲဲ့သောကြောင့် နတ်ပြည်၌အရပ်မျက်နှာဝန်းကျင် ကြည်လင်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် ဖြစ်လာ ရသော နတ်သမီး
၁၀။ ပဌမဘိက္ခာဒါယိကာဝိမာနဝတ္ထု
၂၇၀။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၂၇၀။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။
၂၇၁။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၇၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။
၂၇၃။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။
၂၇၃။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြား လျှောက်ထား၏။
၂၇၄။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ။
၂၇၄။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောကဝယ် လူဖြစ်ခဲ့စဥ်က။
၂၇၅။ ‘‘အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ဘိက္ခံ, ပသန္နာ သေဟိ ပါဏိဘိ။
၂၇၅။ ကိလေသာမြူကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိ တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအားဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။
၂၇၆။
၂၇၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ဆယ်ခုမြောက်သော ဘိက္ခာဒါယိကာဝိမာနဝတ္ထု ပြီး၏။ ၁၁-ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု ရဟန္တာအရှင်မြတ်အား ဖူူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် ဆွမ်းလှူခဲဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး
‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…
ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ပဌမဘိက္ခာဒါယိကာဝိမာနံ ဒသမံ။
၁၁။ ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု
၂၇၈။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊
ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။
၂၇၈။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။
၂၇၉။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၂၇၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။
၂၈၁။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။
၂၈၁။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို (မေးသည်အားလျော်စွာ) ဖြေကြားလျှောက် ထား၏။
၂၈၂။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ။
၂၈၂။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောကဝယ် လူဖြစ်ခဲ့စဥ်က။
၂၈၃။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊
တဿ အဒါသဟံ ဘိက္ခံ, ပသန္နာ သေဟိ ပါဏိဘိ။
၂၈၃။ ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်သော မနောက်ကျုသော စိတ်ရှိ တော်မူသော ရဟန္တာကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထို ရဟန်းအား ဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။
၂၈၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ။ … ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဒုတိယဘိက္ခာဒါယိကာဝိမာနံ ဧကာဒသမံ။
စိတ္တလတာဝဂ္ဂေါ ဒုတိယော နိဋ္ဌိတော။
တဿုဒ္ဒါနံ –
ဒါသီ စေဝ လခုမာ စ, အထ အာစာမဒါယိကာ၊
စဏ္ဍာလီ ဘဒ္ဒိတ္ထီ စေဝ [ဘဒ္ဒိတ္ထိကာ စ (သျာ။)], သောဏဒိန္နာ ဥပေါသထာ၊
နိဒ္ဒါ စေဝ သုနိဒ္ဒါ စ [နန္ဒာ စေဝ သုနန္ဒာ စ (သီ။)], ဒွေ စ ဘိက္ခာယ ဒါယိကာ၊
ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
ဘာဏဝါရံ ပဌမံ နိဋ္ဌိတံ။
၂၈၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ တစ်ဆယ့်တစ်ခုမြောက်သော ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု ပြီး၏။ ၃-ပါရိစ္ဆရဝိမာနဝတ္ထု ၁-ဥဠာရဝိမာနဝတ္ထု သီလမရှိသော အမျိုး၌ ချွေးမဖြစ်ခဲဲ့ရသော်လည်း ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည် သက်ဝင်၍ သီလဆောက်တည်ခြင်း ဆွမ်းခံရဟန်းအား အိုးကင်းမုံ့ကို လှူခဲဲ့ခြင်းတို့ကြောင့် ဤသို့ လှူရမည်လားဟုယောက္ခမကရိုက်နှက်၍ အသက်သေဆုံးကာ သာဝတိံသာ နတ်ပြည်ဝယ် တင့်တယ်တောက်ပလိုတိုင်းရသော နတ်သမီးဖြစ်လာရသူ
၃။ ပါရိစ္ဆတ္တကဝဂ္ဂေါ
၁။ ဥဠာရဝိမာနဝတ္ထု
၂၈၆။ ‘‘ဥဠာရော တေ ယသော ဝဏ္ဏော, သဗ္ဗာ ဩဘာသတေ ဒိသာ၊
နာရိယော နစ္စန္တိ ဂါယန္တိ, ဒေဝပုတ္တာ အလင်္ကတာ။
၂၈၆။ သင်၏ အခြံအရံသည် များမြတ်လှ၏၊ အရောင်အဆင်းသည်လည်း ကောင်းမြတ်လှ၏၊ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏၊ တန်ဆာဆင်ယင်အပ်သော နတ်သမီးတို့သည်လည်းကောင်း, နတ်သားတို့သည်လည်းကောင်း ကလည်း ကကြကုန်၏ သီလည်းသီဆိုကြကုန်၏။
၂၈၇။ ‘‘မောဒေန္တိ ပရိဝါရေန္တိ, တဝ ပူဇာယ ဒေဝတေ၊
သောဝဏ္ဏာနိ ဝိမာနာနိ, တဝိမာနိ သုဒဿနေ။
၂၈၇။ နတ်သမီး သင့်ကို ပူဇော်ခြင်းဖြင့် ဝမ်းမြောက်ကုန်၏၊ သင့်ကို ပူဇော်ရန် ခြံရံကုန်၏၊ ရှုချင်စဖွယ်ဖြစ်သော နတ်သမီး သင်၏ ဤဗိမာန်တို့သည် ရွှေအတိ ဖြစ်ကုန်၏။
၂၈၈။ ‘‘တုဝံသိ ဣဿရာ တေသံ, သဗ္ဗကာမသမိဒ္ဓိနီ၊
အဘိဇာတာ မဟန္တာသိ, ဒေဝကာယေ ပမောဒသိ၊
ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။
၂၈၈။ အလိုရှိအပ်သောဝတ္ထုခပ်သိမ်းတို့နှင့် ပြည့်စုံသော သင်သည် ထိုနတ်သမီးနတ်သား တို့ကို့အစိုးရသူဖြစ်၏၊ ကောင်းသော နတ်ပြည်၌ ဖြစ်လာ၍ ကြီးမြတ်သော အာနုဘော်ရှိသူလည်း ဖြစ်၏၊ နတ်ပြည်၌ မြတ်သောဝမ်းမြောက်ခြင်းဖြင့် ဝမ်းမြောက်ရသူလည်း ဖြစ်၏၊ နတ်သမီး ဤအကျိုးသည်အဘယ်ကုသိုလ်ကံ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ သင် ဖြေ ကြားပါလော့ (ဟုအသျှင်မောဂ္ဂလ္လာန်က မေးတော်မူ၏)။
၂၈၉။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊
ဒုဿီလကုလေ သုဏိသာ အဟောသိံ, အဿဒ္ဓေသု ကဒရိယေသု အဟံ။
၂၈၉-၂၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်က သီလမရှိသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရတနာသုံးပါး၏ဂုဏ်, ကံ-ကံ၏ အကျိုးကို ယုံကြည်မှု (သဒ္ဓါ) မရှိ ကုန်သော နှမြောစေးနှဲသော ယောက္ခမစသည်တို့တွင် ယုံကြည်မှု (သဒ္ဓါ), စောင့်ထိန်းမှု (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမှု၌ မွေ့လျော်ခဲ့ပါ၏၊ အကျွန်ုပ်သည် ဆွမ်းခံကြွ လာသော အရှင်မြတ်အားအိုးကင်းမုန့်ကို ပေးလှူခဲ့ပါ၏။
၂၉၀။ ‘‘သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ၊
ပိဏ္ဍာယ စရမာနဿ, အပူဝံ တေ အဒါသဟံ။
၂၉၁။ ‘‘တဒါဟံ သဿုယာစိက္ခိံ, သမဏော အာဂတော ဣဓ၊
တဿ အဒါသဟံ ပူဝံ, ပသန္နာ သေဟိ ပါဏိဘိ။
၂၉၁။ အကျွန်ုပ်သည် ထိုအခါ ယောက္ခမ (မိန်းမသူ) အား “ဤအိမ်သို့ ရဟန်းသည် ကြွ ရောက်လာပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အိုးကင်း မုန့်ကို ကိုယ်ထိ လက်ရောက်ပေးလှူလိုက်ပါပြီ”ဟု ပြောကြားပါ၏။
၂၉၂။ ‘‘ဣတိဿာ သဿု ပရိဘာသိ, အဝိနီတာသိ တွံ [အဝိနီတာ တုဝံ (သီ။)] ဝဓု၊
န မံ သမ္ပုစ္ဆိတုံ ဣစ္ဆိ, သမဏဿ ဒဒါမဟံ။
၂၉၂။ ဤသို့ ပြောကြားသောအခါ ယောက္ခမ (မိန်းမသူ) သည် “ဟယ် ချွေးမ ‘အကျွန်ုပ် သည်ရဟန်းအား ပေးလှူလို၏’ဟု ငါ့ကို ကြားလိုစိတ်မရှိခဲ့၊ သင်သည် (လူကြီးမိဘ) အဆုံး အမခံခဲ့ရသူမဟုတ်”ဟု ဆိုမြည်ကြိမ်းမောင်း၏။
၂၉၃။ ‘‘တတော မေ သဿု ကုပိတာ, ပဟာသိ မုသလေန မံ၊
ကူဋင်္ဂစ္ဆိ အဝဓိ မံ, နာသက္ခိံ ဇီဝိတုံ စိရံ။
၂၉၃။ ထိုသို့ဆိုမြည်ကြိမ်းမောင်းပြီးနောက် ယောက္ခမ (မိန်းမသူ) သည် အမျက်ထွက်၍ ကျည်ပွေ့ဖြင့်အကျွန်ုပ်ကို ရိုက်ပါ၏၊ ပခုံးရိုးကျိုးသည်တိုင်အောင် အကျွန်ုပ်ကို ရိုက်နှက် ညှဥ်းဆဲပါ၏၊ အကျွန်ုပ်သည် ကြာမြင့်စွာ အသက်ရှည်ခြင်းငှါ မတတ်နိုင်တော့ပါ။
၂၉၄။ ‘‘သာ အဟံ ကာယဿ ဘေဒါ, ဝိပ္ပမုတ္တာ တတော စုတာ၊
ဒေဝါနံ တာဝတိံသာနံ, ဥပပန္နာ သဟဗျတံ။
၂၉၄။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် ထိုသို့သော ဆင်းရဲမှ လွတ်၍ သေသည်ရှိသော်တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရပါ၏။
၂၉၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
ဥဠာရဝိမာနံ ပဌမံ။
၂၉၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ရှေးဦးစွာသော ဥဠာရဝိမာနဝတ္ထု ပြီး၏။ ၂-ဥစ္ဆုဒါယိကာဝိမာနဝတ္ထု ရာဇဂြိုလ်ပြည် ယောက္ခမဆိုးအိမ်၌ နေရစဥ် ဆွမ်းခံကြွလာသော အရှင်မြတ်အား ဝမ်းမြောက်ဝမ်းသာကြံပိုင်းကို လှူဒါန်းရာ ယောက္ခမ ဖြစ်သူူက မနှစ်သက် ရိုက်နှက်သောကြောင့် ကွယ်လွန်ပြီးလျှင်သာဝတိံသာ နတ်ပြည်၌ ရွှေအဆင်းကဲဲ့သို့ ဝါဝင်းသော အဆင်းနှင့် ပြည့်စုံစွာ မွေ့လျော်ခံစားရသော နတ်သမီး
၂။ ဥစ္ဆုဒါယိကာဝိမာနဝတ္ထု
၂၉၆။ ‘‘ဩဘာသယိတွာ ပထဝိံ [ပဌဝိံ (သီ။ သျာ။)] သဒေဝကံ, အတိရောစသိ စန္ဒိမသူရိယာ ဝိယ၊
သိရိယာ စ ဝဏ္ဏေန ယသေန တေဇသာ, ဗြဟ္မာဝ ဒေဝေ တိဒသေ သဟိန္ဒကေ [သဣန္ဒကေ (သီ။)]။
၂၉၆။ လ, နေတို့သည် ကောင်းကင်နှင့်တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန်သကဲ့သို့ သင် နတ်သမီးသည် အလွန်တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည်တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်တို့ကို သာလွန်၍ တင့်တယ်သကဲ့သို့သင်သည် အသရေဖြင့်လည်းကောင်း, အရောင်အဆင်းဖြင့်လည်းကောင်း, အခြံအရံများခြင်းဖြင့်လည်းကောင်း, တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏။
၂၉၇။ ‘‘ပုစ္ဆာမိ တံ ဥပ္ပလမာလဓာရိနီ, အာဝေဠိနီ ကဉ္စနသန္နိဘတ္တစေ၊
အလင်္ကတေ ဥတ္တမဝတ္ထဓာရိနီ, ကာ တွံ သုဘေ ဒေဝတေ ဝန္ဒသေ မမံ။
၂၉၇။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်းရှိသော, တန်ဆာတို့ဖြင့် ဆင်ယင်သော ကိုယ်ရှိသော,မြတ်သော အဝတ်အရုံတို့ကိုလည်း ဝတ်ရုံသော, တင့်တယ်သော နတ်သမီး သင့်ကို ငါ မေးပါ၏၊ ငါ့ကို့ရှိခိုးသော သင်ကား အဘယ်သူနည်း။
၂၉၈။ ‘‘ကိံ တွံ ပုရေ ကမ္မမကာသိ အတ္တနာ, မနုဿဘူတာ ပုရိမာယ ဇာတိယာ၊
ဒါနံ သုစိဏ္ဏံ အထ သီလသံယမံ [သညမံ (သီ။)], ကေနူပပန္နာ သုဂတိံ ယသဿိနီ၊
ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။
၂၉၈။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင် ပြုခဲ့သနည်း၊ သင်သည် ရှေးဘဝလူဖြစ်ခဲ့စဥ်က အလှူပေးလှူမှုကိုလည်း လေ့ကျက်ခဲ့သလော၊သို့မဟုတ် သီလ စောင့်စည်းမှုကိုလည်းပြုခဲ့ဖူးသလော၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် နတ်ရွာသုဂတိ ဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိပါသနည်း၊ ဤအကျိုးသည် အဘယ် ကုသိုလ်၏ အကျိုးပါနည်း၊ နတ်သမီးသင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့။
၂၉၉။ ‘‘ဣဒါနိ ဘန္တေ ဣမမေဝ ဂါမံ [ဂါမေ (သျာ။ က။)], ပိဏ္ဍာယ အမှာကံ ဃရံ ဥပါဂမိ၊
တတော တေ ဥစ္ဆုဿ အဒါသိ ခဏ္ဍိကံ, ပသန္နစိတ္တာ အတုလာယ ပီတိယာ။
၂၉၉။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံခြင်း ငှါအကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင် ဘုရားအား ပေးလှူခဲ့ပါ၏။
၃၀၀။ ‘‘သဿု စ ပစ္ဆာ အနုယုဉ္ဇတေ မမံ, ကဟံ [ကဟံ မေ (ပီ။)] နု ဥစ္ဆုံ ဝဓုကေ အဝါကိရိ [အဝါကရိ (သျာ။ က။)]၊
န ဆဍ္ဍိတံ နော ပန ခါဒိတံ မယာ, သန္တဿ ဘိက္ခုဿ သယံ အဒါသဟံ။
၃၀၀။ အရှင်ဘုရား နောင်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း “ချွေးမငယ် ကြံကို အဘယ်အရပ်၌စွန့်ပစ်လိုက်သနည်း”ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့မေးသော် “အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာငြိမ်းပြီးသော ရဟန်းအားအကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏” (ဟု ပြောကြား ပါ၏)။
၃၀၁။ ‘‘တုယှံနွိဒံ [တုယှံ နု ဣဒံ (သျာ။)] ဣဿရိယံ အထော မမ, ဣတိဿာ သဿု ပရိဘာသတေ မမံ၊
ပီဌံ ဂဟေတွာ ပဟာရံ အဒါသိ မေ, တတော စုတာ ကာလကတာမှိ ဒေဝတာ။
၃၀၁။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ) သည် “ဟယ် ချွေးမ ဤအိမ်ကို အစိုးရသူသည်သင်ဖြစ်သလော၊သို့မဟုတ် ငါ ဖြစ်သလော”ဟု အကျွန်ုပ်ကို ဆိုမြည်ကြိမ်းမောင်းပါ၏၊ ထိုယောက္ခမ (မိန်းမသူ) သည် အင်းပျဥ်ကို ယူ၍ အကျွန်ုပ်အား ပုတ်ခတ်ပါ၏၊ အကျွန်ုပ်သည် ထိုလူ့ဘဝမှ စုတေ၍ ကွယ်လွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။
၃၀၂။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ကမ္မံ အနုဘောမိ အတ္တနာ၊
ဒေဝေဟိ သဒ္ဓိံ ပရိစာရယာမဟံ, မောဒါမဟံ ကာမဂုဏေဟိ ပဉ္စဟိ။
၃၀၂။ အကျွန်ုပ်သည် အပြစ်မရှိသော ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထို ကြံပိုင်းလှူသော ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖာ် နတ်တို့နှင့်တကွ စံပယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ်ငါးပါးတို့ဖြင့်မွေ့လျော်စံပျော်ရပါ၏။
၃၀၃။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ကမ္မံ အနုဘောမိ အတ္တနာ၊
ဒေဝိန္ဒဂုတ္တာ တိဒသေဟိ ရက္ခိတာ, သမပ္ပိတာ ကာမဂုဏေဟိ ပဉ္စဟိ။
၃၀၃။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိ ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်းကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက် အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ ကာမဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။
၃၀၄။ ‘‘ဧတာဒိသံ ပုညဖလံ အနပ္ပကံ, မဟာဝိပါကာ မမ ဥစ္ဆုဒက္ခိဏာ၊
ဒေဝေဟိ သဒ္ဓိံ ပရိစာရယာမဟံ, မောဒါမဟံ ကာမဂုဏေဟိ ပဉ္စဟိ။
၃၀၄။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည်များမြတ်သော အကျိုးရှိပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော်တို့နှင့်တကွ စံပယ်ရပါ၏၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။
၃၀၅။ ‘‘ဧတာဒိသံ ပုညဖလံ အနပ္ပကံ, မဟာဇုတိကာ မမ ဥစ္ဆုဒက္ခိဏာ၊
ဒေဝိန္ဒဂုတ္တာ တိဒသေဟိ ရက္ခိတာ, သဟဿနေတ္တောရိဝ နန္ဒနေ ဝနေ။
၃၀၅။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည် ကြီးသော အာနုဘော်ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြား မင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒဝန်ဥယျာဥ်၌မွေ့လျော်စံပျော်သကဲ့သို့ (အကျွန်ုပ်) စံပျော်ရပါ၏။
၃၀၆။ ‘‘တုဝဉ္စ ဘန္တေ အနုကမ္ပကံ ဝိဒုံ, ဥပေစ္စ ဝန္ဒိံ ကုသလဉ္စ ပုစ္ဆိသံ၊
တတော တေ ဥစ္ဆုဿ အဒါသိ ခဏ္ဍိကံ, ပသန္နစိတာ အတုလာယ ပီတိယာ’’တိ။
ဥစ္ဆုဒါယိကာဝိမာနံ ဒုတိယံ။
၃၀၆။ အရှင်ဘုရား အကျွန်ုပ်သည် သနားခြင်းနှင့်ယှဥ်သော ပညာရှိသော အရှင်ဘုရားကိုလည်းဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရား၏ အနာရောဂါ မရှိခြင်းကို မေးခဲ့ပါ၏၊ ထိုပြင် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏။ နှစ်ခုမြောက်သော ဥစ္ဆုဒါယိကာဝိမာနဝတ္ထု ပြီး၏။ ၃-ပလ္လင်္ကဝိမာနဝတ္ထု လူူဖြစ်စဥ်အခါ သီလငါးပါးနှင့်တကွ အ၊ ကိ အပို နေ့ပါမကျန် ဥပုသ်ကို စောင့်သုံး၍ လင်ယောကျာ်းကို ကောင်းစွာလုပ်ကျွေးကာ မြတ်စွာဘုရား၏ သာဝိကာမ တပည့်ဖြစ်ခဲဲ့ရပြီး နောက် ကွယ်လွန်သောအခါကျောက်မျက်ရတနာတို့ဖြင့် ဆန်းကြယ်သော အိပ်ရာနေရာ ပလ္လင်ဘုံနန်း အခန်းခန်းကို ရရှိသော နတ်သမီး
၃။ ပလ္လင်္ကဝိမာနဝတ္ထု
၃၀၇။ ‘‘ပလ္လင်္ကသေဋ္ဌေ မဏိသောဏ္ဏစိတ္တေ, ပုပ္ဖါဘိကိဏ္ဏေ သယနေ ဥဠာရေ၊
တတ္ထစ္ဆသိ ဒေဝိ မဟာနုဘာဝေ, ဥစ္စာဝစာ ဣဒ္ဓိ ဝိကုဗ္ဗမာနာ။
၃၀၇။ အာနုဘော်ကြီးသော နတ်သမီး ကျောက်မျက်ရတနာ ရွှေစင်တို့ဖြင့် ဆန်းကြယ်၍ ပန်းတို့ဖြင့်လည်း ပြွမ်းသော အိပ်ရာနေရာဖြစ်သော ပြန့်ပြောကြီးကျယ်သော ထိုပလ္လင်မြတ်၌တန်ခိုးအမျိုးမျိုး ဖန်ဆင်းလျက် နေဘိ၏။
၃၀၈။ ‘‘ဣမာ စ တေ အစ္ဆရာယော သမန္တတော, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ၊
ဒေဝိဒ္ဓိပတ္တာသိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊
ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။
၃၀၈။ ဤနတ်သမီးတို့သည် လည်း သင်၏ ထက်ဝန်းကျင်မှ ကလည်း ကကြကုန်၏၊ သီဆိုလည်းသီဆိုကြကုန်၏၊ ဝမ်းမြောက်လည်း ဝမ်းမြောက်ကုန်၏၊ အာနုဘော်ကြီးသော နတ်သမီး (သင်သည်) နတ်တန်ခိုးတို့၏ အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ် ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကြောင့်သင်သည် ဤသို့ တောက်ပသော အာနုဘော် ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။
၃၀၉။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, အဍ္ဎေ ကုလေ သုဏိသာ အဟောသိံ၊
အက္ကောဓနာ ဘတ္တုဝသာနုဝတ္တိနီ, ဥပေါသထေ အပ္ပမတ္တာ အဟောသိံ [အပ္ပမတ္တာ ဥပေါသထေ (သျာ။ က။)]။
၃၀၉။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်က စည်းစိမ်ကြွယ်ဝသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ဖူးပါ၏၊ အမျက်မထွက်တတ်ပါ၊ လင်၏အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ်စောင့်ခြင်း၌ မမေ့မလျော့ခဲ့ပါ။
၃၁၀။ ‘‘မနုဿဘူတာ ဒဟရာ အပါပိကာ [ဒဟရာသ’ပါပိကာ (သီ။)], ပသန္နစိတ္တာ ပတိမာဘိရာဓယိံ၊
ဒိဝါ စ ရတ္တော စ မနာပစာရိနီ, အဟံ ပုရေ သီလဝတီ အဟောသိံ။
၃၁၀။ အကျွန်ုပ်သည် လူဖြစ်စဥ်အခါက ငယ်ရွယ်သူပင်ဖြစ်သော်လည်း ယုတ်မာမှုမရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လင်ကို နှစ်သက်စေခဲ့ပါ၏၊ နေ့၌ဖြစ်စေ, ညဥ့်၌ဖြစ်စေ နှစ်ခြိုက်ဖွယ်ကို သာကျင့်လေ့ရှိသူ ဖြစ်ခဲ့ပါ၏၊ သီလရှိသူ ဖြစ်ခဲ့ပါ၏။
၃၁၁။ ‘‘ပါဏာတိပါတာ ဝိရတာ အစောရိကာ, သံသုဒ္ဓကာယာ သုစိဗြဟ္မစာရိနီ၊
အမဇ္ဇပါ နော စ မုသာ အဘာဏိံ, သိက္ခာပဒေသု ပရိပူရကာရိနီ။
၃၁၁။ အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခဲ့ပါ၏၊ ခိုးယူခြင်းမှ ကင်းခဲ့ပါ၏၊ စင်ကြယ်သော ကာယကံရှိခဲ့ပါ၏၊ စင်ကြယ်သော အကျင့်မြတ် ရှိခဲ့ပါ၏၊ သေရည်သေရက်ကိုသောက်စားခြင်း မရှိခဲ့ပါ၊ မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပါ၊ သိက္ခာပုဒ်ငါးပါးတို့၌ ဖြည့်ကျင့်လေ့ ရှိခဲ့ပါ၏။
၃၁၂။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊
ပါဋိဟာရိယပက္ခဉ္စ, ပသန္နမာနသာ အဟံ [အတိပသန္နမာနသာ (က။)]။
၃၁၂-၃။ အကျွန်ုပ်သည် ရှေးဘဝက ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း တရားအားလျော်စွာ ကျင့်လေ့ရှိသည်ဖြစ်၍ နှစ်သိမ့်သော စိတ်ရှိသည်ဖြစ်လျက် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်သုံးခဲ့ပါ၏၊ အပြစ်မရှိ၍ ချမ်းသာကို ပွါးစေတတ်သော မြတ်သော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော ဤဥပုသ်ကိုလည်း ကောင်းစွာဆောက်တည်၍ လင်၌ ကောင်းစွာ ကျင့်သော ဂုဏ်၌ ပြည့်စုံခဲ့ပါ၏၊ လင်၏ အလိုသို့ လိုက်ခဲ့ပါ၏၊ မြတ်စွာဘုရား၏ တပည့်သာဝိကာမ ဖြစ်ခဲ့ပါ၏။
၃၁၃။ ‘‘အဋ္ဌင်္ဂုပေတံ အနုဓမ္မစာရိနီ, ဥပေါသထံ ပီတိမနာ ဥပါဝသိံ၊
ဣမဉ္စ အရိယံ အဋ္ဌင်္ဂဝရေဟုပေတံ, သမာဒိယိတွာ ကုသလံ သုခုဒြယံ၊
ပတိမှိ ကလျာဏီ ဝသာနုဝတ္တိနီ, အဟောသိံ ပုဗ္ဗေ သုဂတဿ သာဝိကာ။
၃၁၄။ ‘‘ဧတာဒိသံ ကုသလံ ဇီဝလောကေ, ကမ္မံ ကရိတွာန ဝိသေသဘာဂိနီ၊
ကာယဿ ဘေဒါ အဘိသမ္ပရာယံ, ဒေဝိဒ္ဓိပတ္တာ သုဂတိမှိ အာဂတာ။
၃၁၄။ သက်ရှိလောက လူ့ဘဝ၌ ဤသို့သဘောရှိသော ကုသိုလ်ကံကို ပြုခဲ့ခြင်းကြောင့် ထူးသော အဖို့ရှိခဲ့ပါ၏၊ ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်တမလွန်လောက၌ နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ရောက်၍ ကောင်းသောလားရာသုဂတိသို့ လားရောက်ခဲ့ရပါ၏။
၃၁၅။ ‘‘ဝိမာနပါသာဒဝရေ မနောရမေ, ပရိဝါရိတာ အစ္ဆရာသင်္ဂဏေန၊
သယံပဘာ ဒေဝဂဏာ ရမေန္တိ မံ, ဒီဃာယုကိံ ဒေဝဝိမာနမာဂတ’’န္တိ၊
ပလ္လင်္ကဝိမာနံ တတိယံ။
၃၁၅။ နှလုံးမွေ့လျော်ဖွယ်ရှိ၍ မြတ်သော ဗိမာန်ပြာသာဒ်၌ အကျွန်ုပ်ကို နတ်သမီးအပေါင်း ခြံရံအပ်ပါ၏၊ နတ်တို့၏ ဗိမာန်သို့ ရောက်၍ အသက်ရှည်သော အကျွန်ုပ်ကို မိမိတို့ အရောင်အဝါဖြင့် ထွန်းလင်းကုန်သော နတ်အပေါင်းတို့သည် မွေ့လျော်စေကြပါကုန်၏။ သုံးခုမြောက်သော ပလ္လင်္ကဝိမာနဝတ္ထု ပြီး၏။ ၄-လတာဝိမာနဝတ္ထု ရှေးလူူဖြစ်စဥ် စည်းစိမ်ကြွယ်ဝသော ယောက္ခမအိမ်၌နေလျက် မိဖ ယောက္ခမ ခဲအို လင်ယောကျာ်းတို့ကို ရိုသေလေးစားခဲဲ့သည့်ပြင် ကောင်းမှုအမျိုးမျိုးကို ပြုစုခဲဲ့သဖြင့် နတ်ပြည်ဝယ် ဝေဿဝဏ်နတ်မင်း၏ သမီးငါးယောက်အနက် လတာမည်သော နတ်သမီး ဖြစ်ရ၍ အခြားနတ်သမီးတို့ထက် အကြောင်းလေးပါးဖြင့် ထူူးကဲဲသာလွန်သော အကျိုးကို ရရှိသူ
၄။ လတာဝိမာနဝတ္ထု
၃၁၆။ လတာ စ သဇ္ဇာ ပဝရာ စ ဒေဝတာ, အစ္စိမတီ [အစ္စိမုခီ (သီ။), အစ္ဆိမတီ (ပီ။ က။) အစ္ဆိမုတီ (သျာ။)] ရာဇဝရဿ သိရီမတော၊
သုတာ စ ရညော ဝေဿဝဏဿ ဓီတာ, ရာဇီမတီ ဓမ္မဂုဏေဟိ သောဘထ။
၃၁၆။ တင့်တယ်ထွန်းပသည်ဖြစ်၍ ပညာရှိသော လတာနတ်သမီးသည်လည်းကောင်း, သဇ္ဇာနတ်သမီးသည်လည်းကောင်း, ပဝရာနတ်သမီးသည်လည်းကောင်း, အစ္စိမတီနတ်သမီးသည်လည်းကောင်း, သုတာနတ်သမီးသည်လည်းကောင်း ဘုန်းကျက်သရေရှိသော မင်းမြတ်ဖြစ်သော ဝေဿဝဏ်နတ်မင်း၏ သမီးတော်တို့ပါတည်း၊ဟုတ်မှန်တိုင်းသော ဂုဏ်တို့ဖြင့် တင့်တယ်ကြပါကုန်၏။
၃၁၇။ ပဉ္စေတ္ထ နာရိယော အာဂမံသု နှာယိတုံ, သီတောဒကံ ဥပ္ပလိနိံ သိဝံ နဒိံ၊
တာ တတ္ထ နှာယိတွာ ရမေတွာ ဒေဝတာ, နစ္စိတွာ ဂါယိတွာ သုတာ လတံ ဗြဝိ [ဗြုဝီ (သီ။)]။
၃၁၇။ ဤဟိမဝန္တာတော၌ အေးမြသော ရေရှိသော, ကြာတောရှိသော, ဘေးမရှိသော (အနောတတ္တအိုင်မှစီးဆင်းသော) မြစ်သို့ နတ်သမီးငါးယောက်တို့သည် ရေချိုးရန် လာရောက်ကြပါကုန်၏၊ ထိုနတ်သမီးတို့သည် ထိုမြစ်၌ ရေချိုးကြကုန်ပြီးလျှင် မွေ့လျော်ပျော်ပါးကြကာကကုန် သီချင်းဆိုကုန်ပြီးလတ်သော် သုတာနတ်သမီးသည် လတာနတ်သမီးကို မေးမြန်းပြော ဆို၏။
၃၁၈။ ‘‘ပုစ္ဆာမိ တံ ဥပ္ပလမာလဓာရိနိ, အာဝေဠိနိ ကဉ္စနသန္နိဘတ္တစေ၊
တိမိရတမ္ဗက္ခိ နဘေဝ သောဘနေ, ဒီဃာယုကီ ကေန ကတော ယသော တဝ။
၃၁၈။ ကြာပန်းတို့ကို ပန်ဆင်ထားသော ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရောင်အဆင်းလည်းရှိသော, နီနီတွေးတွေး မျက်ရေးတို့နှင့် ပြည့်စုံသည့်မျက်စိလည်းရှိသော, ထက်ကောင်းကင်ဘုံဗိမာန်ဝယ် တင့်တယ်သော, ရှည်သော အသက်ရှိသော အစ်မကြီးလတာ သင့်ကို အကျွန်ုပ် မေးပါ၏၊ အဘယ်သို့သော ကုသိုလ်ကံက သင့်အား ကျော်စောခြင်းအခြံအရံများခြင်းကို ပြုပါသနည်း။
၃၁၉။ ‘‘ကေနာသိ ဘဒ္ဒေ ပတိနော ပိယတရာ, ဝိသိဋ္ဌကလျာဏိတရဿု ရူပတော၊
ပဒက္ခိဏာ နစ္စဂီတဝါဒိတေ, အာစိက္ခ နော တွံ နရနာရိပုစ္ဆိတာ’’တိ။
၃၁၉။ ကောင်းမြတ်သော အစ်မကြီးလတာ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် လင်၏အထူးချစ်မြတ်နိုးခြင်းခံရသူ ဖြစ်ရပါသနည်း၊ အဆင်းအားဖြင့် အလွန်အကျူး အထူးကောင်း မြတ်ခြင်းရှိသူဖြစ်ပါသနည်း၊ ကခြင်း, သီခြင်း, တီးမှုတ်ခြင်း၌ လိမ္မာသူဖြစ်သနည်း၊ နတ်သား, နတ်သမီးတို့က (လတာ အဘယ်မှာနည်း စသည်ဖြင့်) အမေးအမြန်းခံနေရသော သင်သည် အကျွန်ုပ်တို့အားဖြေကြားပါလော့ (ဟု သုတာနတ်သမီးက မေး၏)။
၃၂၀။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ဥဠာရဘောဂေ ကုလေ သုဏိသာ အဟောသိံ၊
အက္ကောဓနာ ဘတ္တုဝသာနုဝတ္တိနီ, ဥပေါသထေ အပ္ပမတ္တာ အဟောသိံ။
၃၂၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက များမြတ်သော စည်းစိမ်ရှိသော အမျိုး၌ ချွေးမဖြစ်ခဲ့ဖူးပါ၏၊ အမျက် မထွက်တတ်ပါ၊ လင်၏ အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ် စောင့်သုံးခြင်း၌မမေ့မလျော့ခဲ့ပါ။
၃၂၁။ ‘‘မနုဿဘူတာ ဒဟရာ အပါပိကာ [ဒဟရာသ’ပါပိကာ (သီ။)], ပသန္နစိတ္တာ ပတိမာဘိရာဓယိံ၊
သဒေဝရံ သဿသုရံ သဒါသကံ, အဘိရာဓယိံ တမှိ ကတော ယသော မမ။
၃၂၁။ အကျွန်ုပ်သည် လူဖြစ်စဥ်အခါက ငယ်ရွယ်သူပင် ဖြစ်သော်လည်း ယုတ်မာမှု မရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ခဲအို, မတ်, ယောက္ခမ (ယောကျာ်းသူ) ကျွန်ယောကျာ်းကျွန်မိန်းမတို့နှင့် တကွသော လင်ကို နှစ်သက်စေခဲ့ပါ၏၊ ထိုချွေးမဖြစ်စဥ်အခါ၌ အကျွန်ုပ်သည်အကျော်အစော အခြံအရံပြည့်စုံကြောင်း ကောင်းမှုကို ပြုခဲ့ပါ၏။
၃၂၂။
၃၂၂။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် အကြောင်းလေးပါးတို့ဖြင့် အခြားသော နတ် သမီးတို့ထက်ထူးကဲသာလွန်သော အသက်ရှည်ခြင်းကိုလည်းကောင်း, အဆင်းလှခြင်းကိုလည်းကောင်း,ချမ်းသာကြီးခြင်းကိုလည်းကောင်း, ခွန်အားကြီးခြင်းကိုလည်းကောင်း ရပါ၏၊ အတိုင်းမသိသော ပျော်မြူးမွေ့လျော်ခြင်းကိုလည်း ခံစားရပါ၏ (ဟု လတာနတ်သမီးက ပြော၏)။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Itthivimānaṃ (Suttapiṭaka, Khuddakanikāya, Vimānavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#441