ဓမ္မလမ်း
← ဝိမာနဝတ္ထုပါဠိ

ဝိမာနဝတ္ထုပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၈

‘‘သာဟံ တေန ကုသလေန ကမ္မုနာ, စတုဗ္ဘိ ဌာနေဟိ ဝိသေသမဇ္ဈဂါ၊

အာယုဉ္စ ဝဏ္ဏဉ္စ သုခံ ဗလဉ္စ, ခိဍ္ဍာရတိံ ပစ္စနုဘောမနပ္ပကံ။

၃၂၃။ ‘‘သုတံ နု တံ ဘာသတိ ယံ အယံ လတာ, ယံ နော အပုစ္ဆိမှ အကိတ္တယီ နော၊

ပတိနော ကိရမှာကံ ဝိသိဋ္ဌ နာရီနံ, ဂတီ စ တာသံ ပဝရာ စ ဒေဝတာ။

၃၂၃။ ဤအစ်မကြီးလတာ ပြောဆိုသော စကားကို သင်တို့ ကြားကြပြီ မဟုတ်ပါလော၊ အကျွန်ုပ်တို့သည် အကြင်စကားကို မေးကုန်၏၊ ထိုစကားကို အကျွန်ုပ်တို့အား ဖြေကြား၏၊ လင်တို့မည်သည်ကား မိန်းမဖြစ်ကုန်သော အကျွန်ုပ်တို့၏ ထူးကဲသော ကိုးကွယ်ရာလည်းဖြစ်ကြပါကုန်၏၊ ထိုအကျွန်ုပ်တို့၏ မြတ်သော နတ်လည်း ဖြစ်ကြပါကုန်၏။

စာ-၃၉

၃၂၄။ ‘‘ပတီသု ဓမ္မံ ပစရာမ သဗ္ဗာ, ပတိဗ္ဗတာ ယတ္ထ ဘဝန္တိ ဣတ္ထိယော၊

ပတီသု ဓမ္မံ ပစရိတွ [ပစရိတွာန (က။)] သဗ္ဗာ, လစ္ဆာမသေ ဘာသတိ ယံ အယံ လတာ။

၃၂၄။ အကြင်လင်တို့၌ (ကျင့်ရာသောဝတ်နှင့် ပြည့်စုံအောင် ကျင့်သည်ရှိသော်) မိန်းမ တို့သည် လင်ကို ရိုသေသူမိန်းမ (ပတိဗ္ဗတာ) မည်ကုန်၏၊ အကျွန်ုပ်တို့အားလုံးသည် လင်တို့၌ ကျင့်အပ်သော တရားကို့ကျင့်ကြပါကုန်စို့၊ အကျွန်ုပ်တို့အားလုံးသည် လင်တို့၌ ကျင့်အပ်သော တရားကို ကျင့်ခြင်းကြောင့်ဤအစ်မကြီးလတာ ပြောဆိုသော စည်းစိမ်မျိုးကို ရကြပါကုန် လတ္တံ့။

၃၂၅။ ‘‘သီဟော ယထာ ပဗ္ဗတသာနုဂေါစရော, မဟိန္ဓရံ ပဗ္ဗတမာဝသိတွာ၊

ပသယှ ဟန္တွာ ဣတရေ စတုပ္ပဒေ, ခုဒ္ဒေ မိဂေ ခါဒတိ မံသဘောဇနော။

၃၂၅။ တောင်စဥ် တောအုပ်တို့၌ ကျက်စားလေ့ရှိသော အသားစားခြင်္သေ့သည် မဟိန္ဓရ မည်သော တောင်၌ နေလျက် အခြေလေးချောင်းရှိကုန်, ငယ်ကုန်သော သားကောင်တို့ကို နှိမ်နင်းသတ်ဖြတ်၍ စားသကဲ့သို့-

၃၂၆။ ‘‘တထေဝ သဒ္ဓါ ဣဓ အရိယသာဝိကာ, ဘတ္တာရံ နိဿာယ ပတိံ အနုဗ္ဗတာ၊

ကောဓံ ဝဓိတွာ အဘိဘုယျ မစ္ဆရံ, သဂ္ဂမှိ သာ မောဒတိ ဓမ္မစာရိနီ’’တိ။

လတာဝိမာနံ စတုတ္ထံ။

၃၂၆။ ထို့အတူသာလျှင် ဤလောက၌ ယုံကြည်မှု (သဒ္ဓါ) ရှိသော အရိယာတပည့်မသည် လင်ကို အမှီပြု၍ လင်အားလျော်သော အကျင့်ရှိသည်ဖြစ်လျက် အမျက်ဒေါသကို ပယ်စွန့်ကာ ဝန်တိုမှု (မစ္ဆရိယ) ကို နှိမ်နင်းပြီးလျှင် တရားကို ကျင့်လေ့ရှိ၏၊ ထိုမိန်းမသည် နတ်ပြည်၌ မွေ့လျော်ရ၏။ လေးခုမြောက်သော လတာဝိမာနဝတ္ထု ပြီး၏။ ၅-ဂုတ္တိလဝိမာန ၁-ဝတ္ထုတ္တမဒါယိကာဝိမာနဝတ္ထု သူူတပါးတို့ နှစ်သက်ဖွယ် အဝတ်အထည် ဝတ္ထုပစ္စည်းတို့ကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ နှစ်သက်ဖွယ် စည်းသိမ်ချမ်းသာနှင့် ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၅။ ဂုတ္တိလဝိမာနံ

၁။ ဝတ္ထုတ္တမဒါယိကာဝိမာနဝတ္ထု

၃၂၇။ ‘‘သတ္တတန္တိံ သုမဓုရံ, ရာမဏေယျံ အဝါစယိံ၊

သော မံ ရင်္ဂမှိ အဝှေတိ, ‘သရဏံ မေ ဟောဟိ ကောသိယာ’တိ။

၃၂၇။ ကောသိယအနွယ်ဖြစ်သော သိကြားမင်း ညှို့ခုနစ်ချောင်းရှိသော အလွန်သာယာသော အသံရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော စောင်းအတတ်ကို (မုသိလအား) သင်ကြားပေးခဲ့၏၊ ထိုမုသိလသည် အကျွန်ုပ်ကို မင်းရင်ပြင်၌ (လာခဲ့ အတတ်ကို ပြလှည့်ဟု) ခေါ်နေပါ၏၊ (သိကြားမင်းသည်) အကျွန်ုပ်၏ ကိုးကွယ်ရာဖြစ်ပါလော့။

၃၂၈။ ‘‘အဟံ တေ သရဏံ ဟောမိ, အဟမာစရိယပူဇကော၊

န တံ ဇယိဿတိ သိဿော, သိဿမာစရိယ ဇေဿသီ’’တိ။

၃၂၈။ ဆရာဂုတ္တိလ ငါသည် သင်၏ ကိုးကွယ်ရာ ဖြစ်အံ့၊ ငါသည် ဆရာသမားတို့အား ပူဇော်တတ်သောသူတည်း၊ သင့်ကို တပည့် (မုသိလ) သည် အနိုင်မရလတ္တံ့၊ သင်သည်သာလျှင် တပည့်ကို နိုင်ရလတ္တံ့။

၃၂၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၃၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၃၀။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၃၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရကုန်သနည်း။

စာ-၄၀

၃၃၁။ ‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၃၁။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဥ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

၃၃၂။ သာ ဒေဝတာ အတ္တမနာ, မောဂ္ဂလ္လာနေန ပုစ္ဆိတာ၊

ပဉှံ ပုဋ္ဌာ ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၃၃၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၃၃။ ‘‘ဝတ္ထုတ္တမဒါယိကာ နာရီ, ပဝရာ ဟောတိ နရေသု နာရီသု၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၃၃။ ကောင်းမြတ်သော အဝတ်ကို ပေးလှူတတ်သော မိန်းမသည် ယောကျာ်းတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၃၄။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ [အစ္ဆရာသဟဿဿာဟံ ပဝရာ, (သျာ။)] ပဿ ပုညာနံ ဝိပါကံ။

၃၃၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၃၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၃၃၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၃၃၆။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတာ ယမကာသိ ပုညံ၊

တေနမှိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

(အနန္တရံ စတုရဝိမာနံ ယထာ ဝတ္ထုဒါယိကာဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ [( ) နတ္ထိ သီ။ ပေါတ္ထကေ])

၂။ ပုပ္ဖုတ္တမဒါယိကာဝိမာနဝတ္ထု (၁)

၃၃၆။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြား ပါ၏၊ လူဖြစ်ခဲ့စဥ်က အကြင် အဝတ်ပုဆိုး ပေးလှူသော ကောင်းမှုကို ပြုခဲ့ပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်သည် ဤသို့ တောက်ပထွန်းလင်းသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ် ထူးကြောင့်အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။ (အခြားမဲ့ဖြစ်သော စတုရဝိမာနဝတ္ထုလေးခုကို ဝတ္ထုဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။ ၂-ပုပ္ဖုတ္တမဒါယိကာဝိမာနဝတ္ထု (၁) ကောင်းမြတ်သော ပန်းကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာ ဖြစ်လာရသော နတ်သမီး

၃၃၇။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၃၃၇။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၃၈။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ယေ ကေစိ မနသော ပိယာ။

၃၃၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်သနည်း။

၃၃၉။

၃၃၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၄၀။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၄၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာဖြေကြားလျှောက်ထား၏။

၃၄၁။ ‘‘ပုပ္ဖုတ္တမဒါယိကာ နာရီ, ပဝရာ ဟောတိ နရေသု နာရီသု၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၄၁။ ကောင်းမြတ်သော ပန်းကို ပေးလှူတတ်သော မိန်းမသည် ယောကျာ်းတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

စာ-၄၁

၃၄၂။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၄၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၄၃။

၃၄၃-၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၃-ဂန္ဓုတ္တမဒါယိကာဝိမာနဝတ္ထု (၂) ကောင်းမြတ်သော နံ့သာကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃။ ဂန္ဓုတ္တမဒါယိကာဝိမာနဝတ္ထု (၂)

၃၄၅။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၃၄၅။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၄၆။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ယေ ကေစိ မနသော ပိယာ။

၃၄၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၄၇။

၃၄၇။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၄၈။ ‘‘သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၄၈။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၄၉။ ‘‘ဂန္ဓုတ္တမဒါယိကာ နာရီ, ပဝရာ ဟောတိ နရေသု နာရီသု၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၄၉။ ကောင်းမြတ်သော နံ့သာကို ပေးလှူတတ်သော မိန်းမသည် ယောကျာ်းတို့တွင်လည်းကောင်း,မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၅၀။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၅၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၅၁။

၃၅၁-၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၄-ဖလုတ္တမဒါယိကာဝိမာနဝတ္ထု (၃) ကောင်းမြတ်သော သစ်သီးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၄။ ဖလုတ္တမဒါယိကာဝိမာနဝတ္ထု (၃)

၃၅၃။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၃၅၃။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၅၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ယေ ကေစိ မနသော ပိယာ။

၃၅၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၅၅။

၃၅၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၅၆။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၅၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၅၇။ ‘‘ဖလုတ္တမဒါယိကာ နာရီ, ပဝရာ ဟောတိ နရေသု နာရီသု၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၅၇။ ကောင်းမြတ်သော သစ်သီးကို ပေးလှူတတ်သော မိန်းမသည် ယောကျာ်းတို့တွင်လည်းကောင်း၊ မိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၅၈။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၅၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

စာ-၄၂

၃၅၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော ။ပ။ ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၅။ ရသုတ္တမဒါယိကာဝိမာနဝတ္ထု (၄)

၃၅၉-၃၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါ၏။ ၅-ရသုတ္တမဒါယိကာဝိမာနဝတ္ထု (၄) ကောင်းမြတ်သော အရသာကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး

၃၆၁။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၃၆၁။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၆၂။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ယေ ကေစိ မနသော ပိယာ။

၃၆၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၆၃။

၃၆၃။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏။ပ။ သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

‘‘ပုစ္ဆာမိ တံ ဒေဝိ မဟာနုဘာဝေ…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၆၄။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၆၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၆၅။ ‘‘ရသုတ္တမဒါယိကာ နာရီ, ပဝရာ ဟောတိ နရေသု နာရီသု၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၆၅။ ကောင်းမြတ်သော အရသာကို ပေးလှူတတ်သော မိန်းမသည် ယောကျာ်းတို့တွင်လည်းကောင်းမိန်းမတို့တွင်လည်းကောင်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထု ကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၆၆။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၆၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၆၇။

၃၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၆-ဂန္ဓပဥ္စင်္ဂုလိကဒါယိကာဝိမာနဝတ္ထု ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို လှူဒါန်း ခဲဲ့သောကြောင့် ချစ်မြတ်နိုးဖွယ်အစုံအလင်နှင့် တကွ နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၆။ ဂန္ဓပဉ္စင်္ဂုလိကဒါယိကာဝိမာနဝတ္ထု

၃၆၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၃၆၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့။ပ။ သင်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၃၇၀။

၃၇၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါသနည်း။

‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၇၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၇၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၃၇၃။ ‘‘ဂန္ဓပဉ္စင်္ဂုလိကံ အဟမဒါသိံ, ကဿပဿ ဘဂဝတော ထူပမှိ၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၇၃။ အကျွန်ုပ်သည် ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာ ပေးခြင်းကို ပေးလှူခဲ့ဖူးပါ၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၇၄။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၇၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၇၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

(အနန္တရံ စတုရဝိမာနံ ယထာ ဂန္ဓပဉ္စင်္ဂုလိကဒါယိကာဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ [( ) နတ္ထိ သီ။ ပေါတ္ထကေ] )

၇။ ဧကူပေါသထဝိမာနဝတ္ထု (၁)

၃၇၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ (အခြားမဲ့ဖြစ်သော စတုရဝိမာနဝတ္ထုလေးခုကို ဂန္ဓပဉ္စင်္ဂုလိက ဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။ ၇-ဧကူပေါသထဝိမာနဝတ္ထု (၁) ခရီးသွား ရဟန်းယောကျာ်း ရဟန်းမိန်းမတို့ကို ဖူူးမြင်၍ ထိုရဟန်းတို့၏ တရားကို ကြားနာကာတစ်နေ့မျှ ဥပုသ်စောင့် ကျင့်သုံးခဲဲ့သောကြောင့် နှစ်သက်ဖွယ် အရုပ်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၃၇၇။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၇၇။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၃၈၀။ သာ ဒေဝတာ အတ္တမနာ…ပေ…ယဿ ကမ္မဿိဒံ ဖလံ။

၃၈၀။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၈၁။ ‘‘ဘိက္ခူ စ အဟံ ဘိက္ခုနိယော စ, အဒ္ဒသာသိံ ပန္ထပဋိပန္နေ၊

တေသာဟံ ဓမ္မံ သုတွာန, ဧကူပေါသထံ ဥပဝသိဿံ။

၃၈၁။ အကျွန်ုပ်သည် ခရီးသွားကုန်သော ရဟန်းယောကျာ်းတို့ကိုလည်းကောင်း, ရဟန်းမိန်းမတို့ကိုလည်းကောင်း ဖူးမြင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းတို့၏ တရားကို ကြားနာရ၍ တစ်နေ့မျှဥပုသ်သုံးခြင်းကို ကျင့်သုံးခဲ့ပါ၏။

၃၈၂။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၈၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၈၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၈။ ဥဒကဒါယိကာဝိမာနဝတ္ထု (၂)

၃၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၈-ဥဒကဒါယိကာဝိမာနဝတ္ထု (၂) ရဟန်းတစ်ပါးအား ကြည်လင်သော စိတ်ဖြင့်သောက်ရေသုံးဆောင်ရေ လှူဒါန်းခဲဲ့သောကြောင့် နတ်သမီးတစ်ထောင်ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့် ပြည့်စုံစွာ ဖြစ်လာ ရသော နတ်သမီး

၃၈၅။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၈၅။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၃၈၈။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၈၈။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၈၉။ ‘‘ဥဒကေ ဌိတာ ဥဒကမဒါသိံ, ဘိက္ခုနော စိတ္တေန ဝိပ္ပသန္နေန၊

ဧဝံ ပိယရူပဒါယိကာ မနာပံ, ဒိဗ္ဗံ သာ လဘတေ ဥပေစ္စ ဌာနံ။

၃၈၉။ ရေဆိပ်၌ တည်သော အကျွန်ုပ်သည် အထူးကြည်လင်သော စိတ်ဖြင့် ရဟန်းအားသောက်ရေသုံးဆောင်ရေကို ပေးလှူခဲ့ပါ၏၊ ဤသို့ ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၉၀။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၉၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၉၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉။ ဥပဋ္ဌာနဝိမာနဝတ္ထု (၃)

၃၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၉-ဥပဋ္ဌာနဝိမာနဝတ္ထု (၃) ကြမ်း၊ ကတ်သော ယောက္ခမ မိန်းမသူူ, ယောကျာ်းသူူတို့အား ငြူစူူခြင်းမရှိ လုပ်ကျွေး၍ သီလကို ကျင့်သုံးခဲဲ့ခြင်းကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသော နတ်သမီး

၃၉၃။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၃၉၃။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

စာ-၄၄

၃၉၆။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၃၉၆။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၃၉၇။ ‘‘သဿုဉ္စာဟံ သသုရဉ္စ, စဏ္ဍိကေ ကောဓနေ စ ဖရုသေ စ၊

အနုသူယိကာ ဥပဋ္ဌာသိံ [သူပဋ္ဌာသိံ (သီ။)], အပ္ပမတ္တာ သကေန သီလေန။

၃၉၇။ အကျွန်ုပ်သည် ကြမ်းကြုတ်ကုန်သော အမျက်လည်း ထွက်တတ်ကုန်သော ရုန့်ရင်းသော စကားလည်း ရှိကုန်သော ယောက္ခမမိန်းမသူကိုလည်းကောင်း, ယောက္ခမယောကျာ်းသူ ကိုလည်းကောင်းငြူစူခြင်းကင်းကာ လုပ်ကျွေးခဲ့ပါ၏၊ မိမိဥစ္စာဖြစ်သော သီလအားဖြင့် မမေ့ မလျော့ ဖြစ်ခဲ့ပါ၏။

၃၉၈။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၃၉၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၃၉၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀။ အပရကမ္မကာရိနီဝိမာနဝတ္ထု (၄)

၃၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၁၀-အပရကမ္မကာရိနီဝိမာနဝတ္ထု (၄) သူူတပါးတို့၏ အမှုကြီးငယ်ကို မပျင်းမရိ လုပ်ဆောင်ခဲဲ့ရသော ကျွန်မပင်ဖြစ်စေကာမူူ အမျက်မထွက်,မထောင်မလွှား သူူတပါးအား ခွဲဝေပေးကမ်းတတ်သော အလေ့ရှိသောကြောင့် နတ်ပြည်၌နတ်သမီးတစ်ထောင် ခြံရံကာ တင့်တယ်လှပစွာ ဖြစ်လာရသော နတ်သမီး

၄၀၁။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၄၀၁။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၀၄။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၄၀၄။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၄၀၅။ ‘‘ပရကမ္မကရီ [ပရကမ္မကာရိနီ (သျာ။) ပရကမ္မကာရီ (ပီ။) အပရကမ္မကာရိနီ (က။)] အာသိံ, အတ္ထေနာတန္ဒိတာ ဒါသီ၊

အက္ကောဓနာနတိမာနိနီ [အနတိမာနီ (သီ။ သျာ။)], သံဝိဘာဂိနီ သကဿ ဘာဂဿ။

၄၀၅။ အကျွန်ုပ်သည် သူတစ်ပါးတို့၏ အမှုကြီးငယ်ကို လုပ်ဆောင်ရသော အမှုကိစ္စ၌ မပျင်းမရိသော ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ အမျက် မထွက်တတ်ပါ၊ အလွန်ထောင်လွှားတတ်သော မာန်မာနလည်း မရှိခဲ့ပါ၊ မိမိအဖို့ဘာဂကို (အလိုရှိကုန်သူတို့အား) ခွဲဝေပေးကမ်းတတ်သော အလေ့ ရှိခဲ့ဖူးပါ၏။

၄၀၆။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၄၀၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၄၀၇။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၄၀၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ ၁၁-ခီရောဒနာဒါယိကာဝိမာနဝတ္ထု ဆွမ်းခံရဟန်းအား နို့ဆွမ်းကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၁၁။ ခီရောဒနဒါယိကာဝိမာနဝတ္ထု

၄၀၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၄၀၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၁၀။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၄၁၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေဘိသနည်း။

၄၁၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၄၁၂။ ထိုနတ်သမီးသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၄၁၃။ ‘‘ခီရောဒနံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ၊

ဧဝံ ကရိတွာ ကမ္မံ, သုဂတိံ ဥပပဇ္ဇ မောဒါမိ။

၄၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နို့ဆွမ်းကို ပေးလှူခဲ့ဖူးပါ၏၊ ဤသို့နို့ဆွမ်းပေးလှူသော ကံကို ပြုခဲ့သောကြောင့် နတ်ရွာသုဂတိသို့ ကပ်ရောက်၍ ဝမ်းမြောက်ရပါ၏။

စာ-၄၅

၄၁၄။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၄၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်း နှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံနတ်သမီးတစ်ထောင်ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၄၁၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

(အနန္တရံ ပဉ္စဝီသတိဝိမာနံ ယထာ ခီရောဒနဒါယိကာဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ) [( ) နတ္ထိ သီ။ ပေါတ္ထကေ]

၁၂။ ဖာဏိတဒါယိကာဝိမာနဝတ္ထု (၁)

၄၁၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ (အခြားမဲ့ဖြစ်သော နှစ်ဆယ့်ငါးပါးသောဝိမာနဝတ္ထုကို ခီရောဒနဒါယိကာဝိမာနဝတ္ထုကို အကျယ်ပြသကဲ့သို့ အကျယ်ပြအပ်၏)။ ၁၂-ဖာဏိတဒါယိကာဝိမာနဝတ္ထု (၁) ဆွမ်းခံရဟန်းအား တင်လဲဲကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၄၁၇။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… သဗ္ဗဒိသာ ပဘာသတီ’’တိ။

၄၁၇။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ အရပ်မျက်နှာအားလုံးတို့ကို ထွန်း လင်းတောက်ပစေဘိသနည်း။

၄၂၀။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၄၂၀။ ထိုနတ်သမီးသည်။ပ။ အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာဖြေကြား၏။

၄၂၁။ ‘‘ဖာဏိတံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…’’။

၁၃။ ဥစ္ဆုခဏ္ဍိကဒါယိကာဝတ္ထု (၂)

၄၂၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား တင်လဲကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၁၃-ဥစ္ဆုခဏ္ဍိကဒါယိကာဝတ္ထု (၂) ဆွမ်းခံရဟန်းအား ကြံပိုင်းကို လှူဒါန်းခဲဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး

၄၂၉။ ဥစ္ဆုခဏ္ဍိကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၄။ တိမ္ဗရုသကဒါယိကာဝိမာနဝတ္ထု (၃)

၄၂၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကြံပိုင်းကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၁၄-တိမ္ဗရုသကဒါယိကာဝိမာနဝတ္ထု (၃) ဆွမ်းခံရဟန်းအား တည်သီးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၃၇။ တိမ္ဗရုသကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၅။ ကက္ကာရိကဒါယိကာဝိမာနဝတ္ထု (၄)

၄၃၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား တည်သီးကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၁၅-ကက္ကာရိကဒါယိကာဝိမာနဝတ္ထု (၄) ဆွမ်းခံရဟန်းအား သခွါးငဆစ်သီံးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၄၅။ ကက္ကာရိကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၆။ ဧဠာလုကဒါယိကာဝိမာနဝတ္ထု (၅)

၄၄၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငဆစ်သီးကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၁၆-ဧဠာလုကဒါယိကာဝိမာနဝတ္ထု (၅) ဆွမ်းခံရဟန်းအား သခွါးငကြောင်သီံးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၅၃။ ဧဠာလုကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၇။ ဝလ္လိဖလဒါယိကာဝိမာနဝတ္ထု(၆)

၄၅၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငကြောင်သီးကို ပေးလှူခဲ့ ဖူးပါ၏။ပ။ ၁၇-ဝလ္လိဖလဒါယိကာဝိမာနဝတ္ထု (၆) ဆွမ်းခံရဟန်းအား ဖရုံသီးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၆၁။ ဝလ္လိဖလံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၈။ ဖာရုသကဒါယိကာဝိမာနဝတ္ထု (၇)

၄၆၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖရုံသီးကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၁၈-ဖာရုသကဒါယိကာဝိမာနဝတ္ထု (၇) ဆွမ်းခံရဟန်းအား ဖက်သတ်တရော်သီံးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၆၉။ ဖာရုသကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၁၉။ ဟတ္ထပ္ပတာပကဒါယိကာဝိမာနဝတ္ထု (၈)

၄၆၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖက်သက်တရော်သီးကို ပေးလှူ ခဲ့ဖူးပါ၏။ပ။ ၁၉-ဟတ္ထပ္ပတာပကဒါယိကာဝိမာနဝတ္ထု (၈) ဆွမ်းခံရဟန်းအား မီးအိုးကင်းကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၇၇။ ဟတ္ထပ္ပတာပကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၀။ သာကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၉)

၄၇၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မီးအိုးကင်းကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၀-သာကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၉) ဆွမ်းခံရဟန်းအား ဟင်းရွက်တဆုပ်ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၈၅။ သာကမုဋ္ဌိံ အဟမဒါသိံ, ဘိက္ခုနော ပန္ထပဋိပန္နဿ…ပေ…။

၂၁။ ပုပ္ဖကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၀)

၄၈၅။ အကျွန်ုပ်သည် ခရီးသွားသော ရဟန်းအား လက်တစ်ဆုပ်မျှသော ဟင်းရွက်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၂၁-ပုပ္ပကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၀) ဆွမ်းခံရဟန်းအား ပန်းလက်တစ်ဆုပ်ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၄၉၃။ ပုပ္ဖကမုဋ္ဌိံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၂။ မူလကဒါယိကာဝိမာနဝတ္ထု (၁၁)

၄၉၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တစ်ဆုပ်မျှသော ပန်းကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၂၂-မူလကဒါယိကာဝိမာနဝတ္ထု (၁၁) ဆွမ်းခံရဟန်းအား အမြစ်ခဲဲဖွယ်ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၀၁။ မူလကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၃။ နိမ္ဗမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၂)

၅၀၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အမြစ် (ခဲဖွယ်) ကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၃-နိမ္ဗမုဋ္ဌိဒါယိကာဝိမာနဝတ္ထု (၁၂) ဆွမ်းခံရဟန်းအား တမာရွက်တစ်ဆုပ်ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၀၉။ နိမ္ဗမုဋ္ဌိံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၄။ အမ္ဗကဉ္ဇိကဒါယိကာဝိမာနဝတ္ထု (၁၃)

၅၀၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တစ်ဆုပ်မျှသော တမာ ရွက်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၂၄-အမ္ဗကဥ္စိကဒါယိကာဝိမာနဝတ္ထု (၁၃) ဆွမ်းခံရဟန်းအား ပုန်းရည်ချဥ်ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၁၇။ အမ္ဗကဉ္ဇိကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၅။ ဒေါဏိနိမ္မဇ္ဇနိဒါယိကာဝိမာနဝတ္ထု (၁၄)

၅၁၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပုန်းရည်ချဥ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၅-မူလကဒါယိကာဝိမာနဝတ္ထု (၁၄) ဆွမ်းခံရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၂၅။ ဒေါဏိနိမ္မဇ္ဇနိံ [ဒေါဏိနိမ္မုဇ္ဇနံ (သျာ။)] အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၆။ ကာယဗန္ဓနဒါယိကာဝိမာနဝတ္ထု (၁၅)

၅၂၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၆-ကာယဗန္ဓနဒါယိကာဝိမာနဝတ္ထု (၁၅) ဆွမ်းခံရဟန်းအား ခါးပန်း၊ ကိးကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၃၃။ ကာယဗန္ဓနံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၇။ အံသဗဒ္ဓကဒါယိကာဝိမာနဝတ္ထု (၁၆)

၅၃၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ခါးပန်းကြိုးကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၇-အံသဗဒ္ဓကဒါယိကာဝိမာနဝတ္ထု (၁၆) ဆွမ်းခံရဟန်းအား ပခုံးဖွဲဲ့ကို ပေးလှူခဲဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၄၁။ အံသဗဒ္ဓကံ [အံသဝဋ္ဋကံ (သီ။), အံသဗန္ဓနံ (က။)] အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၈။ အာယောဂပဋ္ဋဒါယိကာဝိမာနဝတ္ထု (၁၇)

၅၄၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပခုံးဖွဲ့ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၂၈-အာယောဂပဋ္ဋဒါယိကာဝိမာနဝတ္ထု (၁၇) ဆွမ်းခံရဟန်းအား အယောဂပတ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး

၅၄၉။ အာယောဂပဋ္ဋံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၂၉။ ဝိဓူပနဒါယိကာဝိမာနဝတ္ထု (၁၈)

၅၄၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အာယောဂပတ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၂၉-ဝိဓူပနဒါယိကာဝိမာနဝတ္ထု (၁၈) ဆွမ်းခံရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၅၇။ ဝိဓူပနံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၀။ တာလဝဏ္ဋဒါယိကာဝိမာနဝတ္ထု (၁၉)

၅၅၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့ ဖူးပါ၏။ပ။ ၃၀-တာလဝဏ္ဋဒါယိကာဝိမာနဝတ္ထု (၁၉) ဆွမ်းခံရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၆၅။ တာလဝဏ္ဋံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၁။ မောရဟတ္ထဒါယိကာဝိမာနဝတ္ထု (၂၀)

၅၆၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၃၁-မောရဟတ္ထဒါယိကာဝိမာနဝတ္ထု (၂၀) ဆွမ်းခံရဟန်းအား ဥဒေါင်းတောင်ခြင်နှင်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၇၃။ မောရဟတ္ထံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၂။ ဆတ္တဒါယိကာဝိမာနဝတ္ထု (၂၁)

၅၇၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဥဒေါင်းတောင်တို့ဖြင့် ပြုအပ်သော ခြင်နှင်ယပ်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၃၂-ဆတ္တဒါယိကာဝိမာနဝတ္ထု (၂၁) ဆွမ်းခံရဟန်းအား ထီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၈၁။ ဆတ္တံ [ဆတ္တဉ္စ (က။)] အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၃။ ဥပါဟနဒါယိကာဝိမာနဝတ္ထု (၂၂)

၅၈၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထီးကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၃၃-ဥပါဟနဒါယိကာဝိမာနဝတ္ထု (၂၂) ဆွမ်းခံရဟန်းအား ဖိနပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၈၉။ ဥပါဟနံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၄။ ပူဝဒါယိကာဝိမာနဝတ္ထု (၂၃)

၅၈၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖိနပ်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၃၄-ပူဝဒါယိကာဝိမာနဝတ္ထု (၂၃) ဆွမ်းခံရဟန်းအား မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၅၉၇။ ပူဝံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၅။ မောဒကဒါယိကာဝိမာနဝတ္ထု (၂၄)

၅၉၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မုန့်ကို ပေးလှူခဲ့ဖူးပါ၏။ပ။ ၃၅-မောဒကဒါယိကာဝိမာနဝတ္ထု (၂၄) ဆွမ်းခံရဟန်းအား ကတွတ်မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး

၆၀၅။ မောဒကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၃၆။ သက္ခလိကဒါယိကာဝိမာနဝတ္ထု (၂၅)

၆၀၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကတွတ်မုန့်ကို ပေးလှူခဲ့ဖူး ပါ၏။ပ။ ၃၆-သက္ခလိကာဒါယိကာဝိမာနဝတ္ထု (၂၅) ဆွမ်းခံရဟန်းအား သကာခဲကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ အခြံအရံ နတ်သမီး တစ်ထောင်ထက်သာလွန်သော နတ်သမီးဖြစ်ရသူ

၆၁၃။ ‘‘သက္ခလိကံ [သက္ခလိံ (သီ။ သျာ။)] အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ…ပေ…။

၆၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သကာခဲကို ပေးလှူခဲ့ဖူး ပါ၏။ပ။

၆၁၄။ ‘‘တဿာ မေ ပဿ ဝိမာနံ, အစ္ဆရာ ကာမဝဏ္ဏိနီဟမသ္မိ၊

အစ္ဆရာသဟဿဿာဟံ, ပဝရာ ပဿ ပုညာနံ ဝိပါကံ။

၆၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရှုတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတစ်ထောင် ထက် မြတ်ပါ၏၊ ကောင်းမှုတို့၏ အကျိုးကို ရှုတော်မူပါလော့။

၆၁၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၆၁၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံး တို့ကို ထွန်းပပါ၏။

၆၁၇။ ‘‘သွာဂတံ ဝတ မေ အဇ္ဇ, သုပ္ပဘာတံ သုဟုဋ္ဌိတံ [သုဝုဋ္ဌိတံ (သီ။)]၊

ယံ အဒ္ဒသာမိ [အဒ္ဒသံ (သီ။ သျာ။), အဒ္ဒသာသိံ (ပီ။)] ဒေဝတာယော, အစ္ဆရာ ကာမဝဏ္ဏိနိယော [ကာမဝဏ္ဏိယော (သီ။)]။

၆၁၇။ အလိုရှိအပ်သော အဆင်းရှိကုန်သော နတ်သမီးတို့ကို မြင်ရပြီ၊ ထို့ကြောင့် ဤတာဝတိံသာနတ်ပြည်သို့ အကျွန်ုပ်၏ လာရောက်ခြင်းသည် ကောင်းသော လာရောက်ခြင်းပေ တည်း၊ ယနေ့ အကျွန်ုပ်၏ မိုးသောက်ခြင်းသည် ကောင်းသော မိုးသောက်ခြင်းပေတကား၊ ယနေ့ အကျွန်ုပ်၏အိပ်ရာမှ ထခြင်းသည် ကောင်းသော ထခြင်းပေတကား။

စာ-၄၈

၆၁၈။ ‘‘ဣမာသာဟံ [တာသာဟံ (သျာ။ က။)] ဓမ္မံ သုတွာ [သုတွာန (သျာ။ က။)], ကာဟာမိ ကုသလံ ဗဟုံ။

ဒါနေန သမစရိယာယ, သညမေန ဒမေန စ၊

သွာဟံ တတ္ထ ဂမိဿာမိ [တတ္ထေဝ ဂစ္ဆာမိ (က။)], ယတ္ထ ဂန္တွာ န သောစရေ’’တိ။

ဂုတ္တိလဝိမာနံ ပဉ္စမံ။

၆၁၈။ ထိုနတ်သမီးတို့၏ ကုသိုလ်တရားကို ကြားနာရ၍ အလှူပေးခြင်းဖြင့်လည်းကောင်း,ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့၊ အကြင် နိဗ္ဗာန်သို့ရောက်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုအကျွန်ုပ်သည် များစွာသော ကုသိုလ်ကို ပြု၍ ထိုမစိုးရိမ်ရရာနိဗ္ဗာန်အရပ်သို့ သွားပါတော့အံ့ (ဟု ဂုတ္တိလဆရာက ဆို၏)။ ငါးခုမြောက်သော ဂုတ္တိလဝိမာနဝတ္ထု ပြီး၏။ ၆-ဒဒ္ဒလ္လဝိမာနဝတ္ထု ရှေးဘဝက သံဃာတော်အား ရှစ်ပါးစာဆွမ်းကို လှူဒါန်းခဲ့ခြင်း အရေအတွက် များလှစွာသော ရဟန်းတို့အား ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေခဲ့ခြင်း သံဃိကဒါနကို ပြုခဲ့ခြင်းတို့ကြောင့် တာဝတိံသာ၌သိကြားမင်းကပင် ငေးယူရလောက်အောင် ထွန်းတောက် ရောင်ဝါ ကြီးကျယ်စွာနှင့် သုဘဒ္ဒါအမည်ရသော နတ်သမီး

၆။ ဒဒ္ဒလ္လဝိမာနဝတ္ထု

၆၁၉။ ‘‘ဒဒ္ဒလ္လမာနာ [ဒဒ္ဒဠှမာနာ (က။)] ဝဏ္ဏေန, ယသသာ စ ယသဿိနီ၊

သဗ္ဗေ ဒေဝေ တာဝတိံသေ, ဝဏ္ဏေန အတိရောစသိ။

၆၁၉။ များသော အခြံအရံရှိသော (ဘဒ္ဒါနတ်သမီး) သင်သည် အဆင်းအားဖြင့်လည်း ကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ထွန်းလင်းတောက်ပလျက် တာဝတိံသာနတ်အားလုံး တို့ကို အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်ဘိ၏ (ဟု သုဘဒ္ဒါနတ်သမီးက ဆို၏)။

၆၂၀။ ‘‘ဒဿနံ နာဘိဇာနာမိ, ဣဒံ ပဌမဒဿနံ၊

ကသ္မာ ကာယာ နု အာဂမ္မ, နာမေန ဘာသသေ မမ’’န္တိ။

၆၂၀။ အကျွန်ုပ်သည် သင့်ကို မမြင်ဖူးပါ၊ ဤယခု မြင်ရခြင်းသည် ရှေးဦးစွာ မြင်ရခြင်းပါ တည်း၊ အဘယ်နတ်ပြည်မှလာ၍ အကျွန်ုပ်ကို (ဘဒ္ဒါဟု) အမည်ဖြင့် ခေါ်ဆိုဘိသနည်း (ဟု သုဘဒ္ဒါနတ်သမီးကမေး၏)။

၆၂၁။ ‘‘အဟံ ဘဒ္ဒေ သုဘဒ္ဒါသိံ, ပုဗ္ဗေ မာနုသကေ ဘဝေ၊

သဟဘရိယာ စ တေ အာသိံ, ဘဂိနီ စ ကနိဋ္ဌိကာ။

၆၂၁။ အရှင်မ ဘဒ္ဒါ အကျွန်ုပ်သည် ရှေးလူ့ဘဝက သုဘဒ္ဒါအမည်ဖြင့် ဖြစ်ခဲ့ပါ၏၊ သင်နှင့်လင်တူမယားလည်း ဖြစ်ခဲ့ပါ၏၊ သင်၏ ညီမငယ်လည်း ဖြစ်ခဲ့ပါ၏။

၆၂၂။ ‘‘သာ အဟံ ကာယဿ ဘေဒါ, ဝိပ္ပမုတ္တာ တတော စုတာ၊

နိမ္မာနရတီနံ ဒေဝါနံ, ဥပပန္နာ သဟဗျတ’’န္တိ။

၆၂၂။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် ထိုလူ့အဖြစ်မှ လွတ်ကင်း၍ သေလွန်သည်ရှိသော်နိမ္မာနရတိပြည်၌ ဖြစ်ရပါ၏ (ဟု သုဘဒ္ဒါနတ်သမီးက ဖြေကြား၏)။

၆၂၃။ ‘‘ပဟူတကတကလျာဏာ, တေ ဒေဝေ ယန္တိ ပါဏိနော၊

ယေသံ တွံ ကိတ္တယိဿသိ, သုဘဒ္ဒေ ဇာတိမတ္တနော။

၆၂၃။ သုဘဒ္ဒါ သင်သည် မိမိဖြစ်ရာဘဝကို အကြင် နိမ္မာနရတိနတ်တို့၏ အတွင်းဝယ် ဖြစ်ရပါ၏ဟုပြောကြားဘိ၏၊ ထိုနိမ္မာနရတိနတ်ဘုံတို့သို့ ကုသိုလ်များစွာပြုသော သတ္တဝါ တို့သည် သာရောက်နိုင်ကြကုန်၏။

၆၂၄။ ‘‘အထ [ကထံ (သီ။ သျာ။)] တွံ ကေန ဝဏ္ဏေန, ကေန ဝါ အနုသာသိတာ၊

ကီဒိသေနေဝ ဒါနေန, သုဗ္ဗတေန ယသဿိနီ။

၆၂၄။ ထိုသို့ဖြစ်လျက် သင်သည် အဘယ်အကြောင်းကြောင့် အဘယ်သူကမူလည်း ဆုံးမ သည် ဖြစ်၍ အဘယ်သို့သော သဘောရှိသော အလှူပေးခြင်းဖြင့်လည်းကောင်း, အဘယ်သို့ သဘောရှိသော အကျင့်သီလဖြင့်လည်းကောင်း အခြံအရံအကျော်အစော ရှိပါသနည်း။

၆၂၅။ ‘‘ယသံ ဧတာဒိသံ ပတ္တာ, ဝိသေသံ ဝိပုလမဇ္ဈဂါ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၂၅။ သုဘဒ္ဒါနတ်သမီး သင်သည် ဤသို့ သဘောရှိသော အခြံအရံ အကျော်အစောသို့ ရောက်၍ ပြန့်ပြော များမြတ်သော အကျိုးထူးကို ရဘိသနည်း၊ ဤအကျိုးထူးသည် အဘယ် ကုသိုလ်ကံ၏အကျိုးထူးပါနည်း၊ သင့်ကို ငါ မေး၏၊ သင် ဖြေကြားပါလော့ (ဟု မေး၏)။

၆၂၆။ ‘‘အဋ္ဌေဝ ပိဏ္ဍပါတာနိ, ယံ ဒါနံ အဒဒံ ပုရေ၊

ဒက္ခိဏေယျဿ သံဃဿ, ပသန္နာ သေဟိ ပါဏိဘိ။

၆၂၆။ ရှေးဘဝက မြတ်သော အလှူကို ခံထိုက်သော သံဃာတော်အား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရှစ်ပါးစာသော ဆွမ်းတို့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၆၂၇။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၆၂၇။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

စာ-၄၉

၆၂၉။ ‘‘အဟံ တယာ ဗဟုတရေ ဘိက္ခူ, သညတေ ဗြဟ္မစာရယော [ဗြဟ္မစရိနော (သျာ။), ဗြဟ္မစာရိယေ (ပီ။ က။)]၊

တပ္ပေသိံ အန္နပါနေန, ပသန္နာ သေဟိ ပါဏိဘိ။

၆၂၉။ ငါသည် ကိုယ်နှုတ်နှလုံး စောင့်စည်းကုန်သော မြတ်သော မဂ်အကျင့်ကို ကျင့်ကုန်သော သင့်ထက် (အရေအတွက်) များစွာကုန်သော ရဟန်းတို့ကို ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ကိုယ်ထိလက်ရောက် ဆွမ်းအဖျော်တို့ကို ရောင့်ရဲစေခဲ့ဖူးပါ၏။

၆၃၀။ ‘‘တယာ ဗဟုတရံ ဒတွာ, ဟီနကာယူပဂါ အဟံ [အဟုံ (က။ သီ။)]၊

ကထံ တွံ အပ္ပတရံ ဒတွာ, ဝိသေသံ ဝိပုလမဇ္ဈဂါ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၃၀။ ငါသည် သင့်ထက် များစွာ ပေးလှူခဲ့ပါလျက် ယုတ်နိမ့်သော (တာဝတိံသာနတ် ဘုံ) ၌ဖြစ်လာရ၏၊ သင်သည်ကား အနည်းငယ်မျှသာ ပေးလှူခဲ့ပါလျက် အဘယ်ကြောင့် ပြန့်ပြောများမြတ်သော အကျိုးထူးကို ရဘိသနည်း၊ သုဘဒ္ဒါနတ်သမီး ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏အကျိုးထူးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု မေး၏)။

၆၃၁။ ‘‘မနောဘာဝနီယော ဘိက္ခု, သန္ဒိဋ္ဌော မေ ပုရေ အဟု၊

တာဟံ ဘတ္တေန [ဘဒ္ဒေ (က။)] နိမန္တေသိံ, ရေဝတံ အတ္တနဋ္ဌမံ။

၆၃၁။ ရှေးဘဝ၌ နှလုံးကို ပွားစေတတ်သော ရေဝတအမည်ရှိသော ရဟန်းသည် အကျွန်ုပ်ဖူးမြင်ဖူးသော ရဟန်း ဖြစ်ပါ၏၊ မိမိလျှင် ရှစ်ယောက်မြောက်သော ထိုရေဝတမည်သော ရဟန်းကို ဆွမ်းဖြင့် အကျွန်ုပ် ပင့်ဖိတ်ခဲ့ပါ၏။

၆၃၂။ ‘‘သော မေ အတ္ထပုရေက္ခာရော, အနုကမ္ပာယ ရေဝတော၊

သံဃေ ဒေဟီတိ မံဝေါစ, တဿာဟံ ဝစနံ ကရိံ။

၆၃၂။ အကျွန်ုပ်၏ အကျိုးကို ရှေးရှုလိုလားသော ထိုအသျှင်ရေဝတသည် အကျွန်ုပ်ကို သနားသဖြင့် သံဃာတော်အား ပေးလှူလော့ဟု ဆို၏၊ အကျွန်ုပ်သည် ထိုအသျှင်ရေဝတ၏ စကားကို လိုက်နာခဲ့ပါ၏။

၆၃၃။ ‘‘သာ ဒက္ခိဏာ သံဃဂတာ, အပ္ပမေယျေ ပတိဋ္ဌိတာ၊

ပုဂ္ဂလေသု တယာ ဒိန္နံ, န တံ တဝ မဟပ္ဖလ’’န္တိ။

၆၃၃။ သံဃာသို့ ရောက်သော ထိုအလှူသည် မနှိုင်းယှဥ်အပ်သော အကျိုး၌ တည်၏၊ သင်သည်ပုဂ္ဂိုလ်တို့အား ပေးလှူခဲ့၏၊ သင်၏ ထိုပုဂ္ဂလိကအလှူသည် အကျိုးမကြီး (ဟု ဖြေကြား၏)။

၆၃၄။ ‘‘ဣဒါနေဝါဟံ ဇာနာမိ, သံဃေ ဒိန္နံ မဟပ္ဖလံ၊

သာဟံ ဂန္တွာ မနုဿတ္တံ, ဝဒညူ ဝီတမစ္ဆရာ၊

သံဃေ ဒါနာနိ ဒဿာမိ [သံဃေ ဒါနံ ဒဿာမိဟံ (သျာ။)], အပ္ပမတ္တာ ပုနပ္ပုန’’န္တိ။

၆၃၄။ သံဃာတော်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ဟု ယခုမှသာလျှင် အကျွန်ုပ့်သိရပါ၏၊ ထိုအကျွန်ုပ်သည် လူအဖြစ်သို့ ရောက်သည်ရှိသော် အလှူခံပုဂ္ဂိုလ်တို့၏ အခြင်းအရာကို သိ၍ ဝန်တိုမှုကင်းလျက် မမေ့မလျော့ဘဲ သံဃာအား လှူဖွယ်ဝတ္ထုတို့ကို အခါခါ ပေးလှူပါတော့အံ့ (ဟုပြောဆိုဝန်ခံ၏)။

၆၃၅။ ‘‘ကာ ဧသာ ဒေဝတာ ဘဒ္ဒေ, တယာ မန္တယတေ သဟ၊

သဗ္ဗေ ဒေဝေ တာဝတိံသေ, ဝဏ္ဏေန အတိရောစတီ’’တိ။

၆၃၅။ ဘဒ္ဒါ အကြင်နတ်သမီးသည် သင်နှင့်အတူ စကားပြောဆို၏၊ တာဝတိံသာနတ် အားလုံးတို့ထက်အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်၏၊ ထိုနတ်သမီးသည် အဘယ်မည်သော နတ်သမီးနည်း (ဟုသိကြားမင်းက မေး၏)။

၆၃၆။ ‘‘မနုဿဘူတာ ဒေဝိန္ဒ, ပုဗ္ဗေ မာနုသကေ ဘဝေ၊

သဟဘရိယာ စ မေ အာသိ, ဘဂိနီ စ ကနိဋ္ဌိကာ၊

သံဃေ ဒါနာနိ ဒတွာန, ကတပုညာ ဝိရောစတီ’’တိ။

၆၃၆။ နတ်တို့အရှင် သိကြားမင်း (ထိုနတ်သမီးသည်) လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက အကျွန်ုပ်၏လင်တူမယားလည်း ဖြစ်ခဲ့ဖူးပါ၏၊ ညီမငယ်လည်း ဖြစ်ခဲ့ဖူးပါ၏၊ သံဃာအား အလှူဒါနတို့ကို ပေးလှူခြင်းကြောင့် ပြုအပ်ပြီးသော ကောင်းမှုရှိသည်ဖြစ်၍ အထူးတင့်တယ် ပါ၏ (ဟု ဖြေကြား၏)။

၆၃၇။ ‘‘ဓမ္မေန ပုဗ္ဗေ ဘဂိနီ, တယာ ဘဒ္ဒေ ဝိရောစတိ၊

ယံ သံဃမှိ အပ္ပမေယျေ, ပတိဋ္ဌာပေသိ ဒက္ခိဏံ။

၆၃၇။ ဘဒ္ဒါ ရှေးဘဝ၌ သင့်ညီမသည် မနှိုင်းယှဥ်အပ်သော ဂုဏ်ရှိသော သံဃာ၌ အလှူကို တည်စေသောကြောင့် လျောက်ပတ်သော အကြောင်းဖြင့် သင့်ထက် တင့်တယ်၏၊

၆၃၈။ ‘‘ပုစ္ဆိတော ဟိ မယာ ဗုဒ္ဓေါ, ဂိဇ္ဈကူဋမှိ ပဗ္ဗတေ၊

ဝိပါကံ သံဝိဘာဂဿ, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၆၃၈။ ထိုစကားမှန်၏၊ အကြင်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီး မြတ်၏၊ ထိုအလှူခံပုဂ္ဂိုလ်အား ပေးကမ်းခြင်း၏ အကျိုးကို ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံးနေ တော်မူသော) မြတ်စွာဘုရားအား ငါ မေးခဲ့ဖူး၏။

၆၃၉။ ‘‘ယဇမာနာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ၊

ကရောတံ ဩပဓိကံ ပုညံ, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၆၃၉။ ပေးလှူကုန်သော လူတို့၏လည်းကောင်း၊ ကုသိုလ်ကောင်းမှုကို လိုလားကုန်သည် ဖြစ်၍ ပြည့်စုံမှုတည်ရာ ‘ဥပဓိ’ လျှင် အကျိုးရှိသည့်ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်းကောင်း အဘယ်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော အလှူသည် အကျိုးကြီးမြတ်ပါသနည်း (ဟု ငါ မေးခဲ့ဖူး၏)။

စာ-၅၀

၆၄၀။ ‘‘တံ မေ ဗုဒ္ဓေါ ဝိယာကာသိ, ဇာနံ ကမ္မဖလံ သကံ၊

ဝိပါကံ သံဝိဘာဂဿ, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၆၄၀။ အကြင်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏၊ ထို အလှူခံပုဂ္ဂိုလ်အားခွဲဝေပေးကမ်းခြင်း၏ အကျိုးကိုလည်းကောင်း, သတ္တဝါတို့၏ဥစ္စာဖြစ်သော ကံ၏အကျိုးနှစ်ပါးကိုလည်းကောင်း သိတော်မူသော မြတ်စွာဘုရားသည် ထိုအမေးကို ငါ့အားဖြေကြားတော်မူ၏။

၆၄၁။ [ဝိ။ ဝ။ ၇၅၀၊ ကထာ။ ၇၉၈] ‘‘စတ္တာရော စ ပဋိပန္နာ, စတ္တာရော စ ဖလေ ဌိတာ၊

ဧသ သံဃော ဥဇုဘူတော, ပညာသီလသမာဟိတော။

၆၄၁။ ကျင့်ဆဲမဂ်ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌ တည်ကုန်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤပုဂ္ဂိုလ်ရှစ်ယောက် အပေါင်းသံဃာသည် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ပညာ သီလနှင့် ပြည့်စုံ၏။

၆၄၂။ [ဝိ။ ဝ။ ၇၅၁၊ ကထာ။ ၇၉၈] ‘‘ယဇမာနာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ၊

ကရောတံ ဩပဓိကံ ပုညံ, သံဃေ ဒိန္နံ မဟပ္ဖလံ။

၆၄၂။ ပေးလှူကုန်သော လူတို့၏လည်းကောင်း, ကုသိုလ်ကောင်းမှုကို လိုလားကုန်သည် ဖြစ်၍ ပြည့်စုံမှု၏တည်ရာ ‘ဥပဓိ’လျှင် အကျိုးရှိသည့်ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်းကောင်းသံဃာအား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ (ဟု ဖြေကြား တော်မူ၏)။

၆၄၃။ [ဝိ။ ဝ။ ၇၅၂၊ ကထာ။ ၇၉၈] ‘‘ဧသော ဟိ သံဃော ဝိပုလော မဟဂ္ဂတော, ဧသပ္ပမေယျော ဥဒဓီဝ သာဂရော၊

ဧတေ ဟိ သေဋ္ဌာ နရဝီရသာဝကာ, ပဘင်္ကရာ ဓမ္မမုဒီရယန္တိ [ဓမ္မကထံ ဥဒီရယန္တိ (သျာ။)]။

၆၄၃။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့်အဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည် (ရေအားဖြင့်) မရေတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် မိမိ၏ဂုဏ်အားဖြင့် မရေတွက်နိုင်၊ တရားတော်ကို ညွှန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏တပည့်သားဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာ တို့သည် သာလျှင် မြတ်ကုန်၏။

၆၄၄။ [ဝိ။ ဝ။ ၇၅၃၊ ကထာ။ ၇၉၈] ‘‘တေသံ သုဒိန္နံ သုဟုတံ သုယိဋ္ဌံ, ယေ သံဃမုဒ္ဒိဿ ဒဒန္တိ ဒါနံ၊

သာ ဒက္ခိဏာ သံဃဂတာ ပတိဋ္ဌိတာ, မဟပ္ဖလာ လောကဝိဒူန [လောကဝိဒူဟိ (သျာ။ က။)] ဝဏ္ဏိတာ။

၆၄၄။ အကြင်သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထိုသူတို့၏ပေးလှူ ခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌ တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ (ဟု) လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာဘုရား တို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

၆၄၅။ [ဝိ။ ဝ။ ၇၅၄၊ ကထာ။ ၇၉၈] ‘‘ဧတာဒိသံ ယညမနုဿရန္တာ [ပုညမနုဿရန္တာ (သျာ။ က။)], ယေ ဝေဒဇာတာ ဝိစရန္တိ လောကေ၊

ဝိနေယျ မစ္ဆေရမလံ သမူလံ, အနိန္ဒိတာ သဂ္ဂမုပေန္တိ ဌာန’’န္တိ။

ဒဒ္ဒလ္လဝိမာနံ [ဒဒ္ဒဠှဝိမာနံ (က။)] ဆဋ္ဌံ။

၆၄၅။ လောက၌ အကြင်သူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့သဘော ရှိသော (သံဃာကို ရည်မှတ်၍ ပြုသည့်) ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်သည် ဖြစ်၍ သွားလာလှည့်လည် နေကုန်၏၊ ထိုသူတို့သည် ဝန်တိုမှု အညစ်အကြေးကို အကြောင်း အရင်းနှင့်တကွ့ပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ဘဲ နတ်ပြည်သို့ ကပ် ရောက်ကြရကုန်၏၊ ခြောက်ခုမြောက်သော ဒဒ္ဒလ္လဝိမာနဝတ္ထု ပြီး၏။ ၇-ပေသဝတီဝိမာနဝတ္ထု မာဂဓတိုင်း နာဠကရွာ၌ သူကြွယ်အမျိုး၌ ချွေးမဖြစ်ရစဥ် အသျှင်သရိပုတြာမထေရ် မြတ်၏ဥတုဇရုပ်အလောင်အားပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ခြင်းကြောင့် ကြာမျိုးငါးအင် ပန်းသစ်ပင်အစုံအလင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်၌ ချမ်းသာစွာ ခံစားရသော နတ်သမီး

၇။ ပေသဝတီဝိမာနဝတ္ထု

၆၄၆။ ‘‘ဖလိကရဇတဟေမဇာလဆန္နံ, ဝိဝိဓစိတြတလမဒ္ဒသံ သုရမ္မံ၊

ဗျမှံ သုနိမ္မိတံ တောရဏူပပန္နံ, ရုစကုပကိဏ္ဏမိဒံ သုဘံ ဝိမာနံ။

၆၄၆။ ဖလ်ကျောက်တို့ဖြင့်ပြီးသော နံရံ ရွှေငွေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားအပ်သော အထူးထူးသော အဆင်းရှိသည်ဖြစ်၍ အထွေထွေဆန်းကြယ်သော နေရာအပြင်ရှိသော, အလွန် မွေ့လျော်ဖွယ်ရှိသည့်နေရာဖြစ်သော ကုသိုလ်ကံက ဖန်ဆင်းအပ်သော (ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော ဆန်းကြယ်သော) တုရိုဏ်းတိုင်နှင့် ပြည့်စုံသော ရွှေသဲတို့ဖြင့် ပြွမ်းသော တင့်တယ် ကျယ်ပြန့်သော ဤဗိမာန်ကို ငါ မြင်ရ၏။

စာ-၅၁

၆၄၇။ ‘‘ဘာတိ စ ဒသ ဒိသာ နဘေဝ သုရိယော, သရဒေ တမောနုဒေါ သဟဿရံသီ၊

တထာ တပတိမိဒံ တဝ ဝိမာနံ, ဇလမိဝ ဓူမသိခေါ နိသေ နဘဂ္ဂေ။

၆၄၇။ ကောင်းကင်ပြင်ဝယ် တန်ဆောင်မုန်းလအခါ အမိုက်မှောင်ကို ပယ်ဖျောက်တတ်သော ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်းတောက်ပသကဲ့သို့လည်းကောင်း, ညအခါ ကောင်းကင်ထက်၌ တောက်ပသော မီးကဲ့သို့လည်းကောင်း ထို့အတူသင်၏ ဤဗိမာန်သည် ထွန်းလင်းတောက်ပ၏။

၆၄၈။ ‘‘မုသတီဝ နယနံ သတေရတာဝ [သတေရိတာဝ (သျာ။ က။)], အာကာသေ ဌပိတမိဒံ မနုညံ၊

ဝီဏာမုရဇသမ္မတာဠဃုဋ္ဌံ, ဣဒ္ဓံ ဣန္ဒပုရံ ယထာ တဝေဒံ။

၆၄၈။ လျှပ်စစ်နွယ်ကဲ့သို့လည်းကောင်း, (အရောင်တောက်ပသည်ဖြစ်၍) မျက်စိကို ကျိန်းစပ်စေသကဲ့သို့လည်းကောင်း ကောင်းကင်ပြင်၌ တည်သော ဤဗိမာန်သည် စိတ်နှလုံးကို နှစ်သက်စေဘိ၏၊ စောင်း, မုရိုးစည်, ကြေးနင်း, ခွက်ခွင်း, လက်ခုပ်သံတို့ဖြင့် ပဲ့တင်ထပ်သော သင်၏ဤဗိမာန်သည် သိကြားမြို့ကဲ့သို့ နတ်သမီး နတ်သားစည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံ၏၊

၆၄၉။ ‘‘ပဒုမကုမုဒုပ္ပလကုဝလယံ, ယောဓိက [ယူဓိက (သီ။)] ဗန္ဓုကနောဇကာ [ယောထိကာ ဘဏ္ဍိကာ နောဇကာ (သျာ။)] စ သန္တိ၊

သာလကုသုမိတပုပ္ဖိတာ အသောကာ, ဝိဝိဓဒုမဂ္ဂသုဂန္ဓသေဝိတမိဒံ။

၆၄၉။ ဤဗိမာန်၌ ကြာပဒုမ္မာ ကုမုဒြာ ကြာဖြူ ကြာနီ ကြာညိုသည်လည်းကောင်း, ဇွန်ပန်းခေါင်ရမ်းပန်း လိပ်ဆူးရွှေပန်းတို့သည်လည်းကောင်း, (ပင်လုံးကျွတ်) ပွင့်ကုန်သော အင်ကြင်းပင်တို့သည်လည်းကောင်း, ပွင့်ကုန်သော သော်ကပင်တို့သည်လည်းကောင်း ရှိကုန်၏၊ ဤဗိမာန်သည် အထူးထူးသော မြတ်သော သစ်ပင်တို့၏ မွှေးကြိုင်သော အနံ့တို့ဖြင့် သင်းထုံကြိုင်လှိုင်၏၊

၆၅၀။ ‘‘သဠလလဗုဇဘုဇက [သုဇက (သီ။ သျာ။)] သံယုတ္တာ [သညတာ (သီ။)], ကုသကသုဖုလ္လိတလတာဝလမ္ဗိနီဟိ၊

မဏိဇာလသဒိသာ ယသဿိနီ, ရမ္မာ ပေါက္ခရဏီ ဥပဋ္ဌိတာ တေ။

၆၅၀။ အခြံအရံရှိသော နတ်သမီး သင်၏ ဗိမာန်အနီး၌ တည်သော နှလုံးမွေ့လျော်ဖွယ် ကောင်းသော ရေကန်သည် ထင်းရူးပင်, တောင်ပိန္နဲပင်, မွှေးကြိုင်သော ဘုဇကပင်တို့နှင့်လည်း ယှဥ်၏၊ ထန်း အုန်းအစရှိသော မြက်မျိုး, ကောင်းစွာ ပွင့်၍ တွဲရရွဲကျသော နွယ်မျိုး တို့နှင့်လည်း ယှဥ်၏၊ မြကွန်ရက်နှင့်တူသော ရေလည်း ရှိ၏။

၆၅၁။ ‘‘ဥဒကရုဟာ စ ယေတ္ထိ ပုပ္ဖဇာတာ, ထလဇာ ယေ စ သန္တိ ရုက္ခဇာတာ၊

မာနုသကာမာနုဿကာ စ ဒိဗ္ဗာ, သဗ္ဗေ တုယှံ နိဝေသနမှိ ဇာတာ။

၆၅၁။ ရေ၌ပေါက်ကုန်သော အပွင့်မျိုးဖြစ်ကုန်သော ပန်းပင်တို့သည်လည်းကောင်း၊ ကြည်း ကုန်း၌ပေါက်ကုန်သော အပင်မျိုးဖြစ်ကုန်သော သစ်ပင်တို့သည်လည်းကောင်း၊ လူ့ပြည်၌ ရှိကုန်, မရှိကုန်သော သစ်ပင်၊ နတ်ပြည်၌ဖြစ်ကုန်သော သစ်ပင်အားလုံးတို့သည်လည်းကောင်း သင်၏ နေရာဗိမာန် အနီး၌ပေါက်ရောက်ကုန်၏။

၆၅၂။ ‘‘ကိဿ သံယမဒမဿယံ ဝိပါကော, ကေနာသိ ကမ္မဖလေနိဓူပပန္နာ၊

ယထာ စ တေ အဓိဂတမိဒံ ဝိမာနံ, တဒနုပဒံ အဝစာသိဠာရပမှေ’’တိ [ပခုမေတိ (သီ။)]။

၆၅၂။ ကော့သော မျက်တောင်ရှိသော နတ်သမီး ဤအကျိုးသည် အဘယ်သို့သော ကိုယ် နှုတ် နှလုံးစောင့်စည်းခြင်း, ဣန္ဒြေကို ဆုံးမခြင်း၏ အကျိုး ဖြစ်ပါသနည်း၊ အကျိုးပေးရန် အားထုတ်အပ်သော အဘယ်ကံ၏ အစွမ်းဖြင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်ကံကြောင့် သင်သည်ဤဗိမာန်ကို ရ၏၊ ငါ မေးမြန်းသည်အားလျော်စွာ ထိုကံကို ဖြေကြားပါလော့ (ဟု အသျှင်ဝင်္ဂီသကမေး၏)။

စာ-၅၂

၆၅၃။ ‘‘ယထာ စ မေ အဓိဂတမိဒံ ဝိမာနံ, ကောဉ္စမယူရစကောရ [စင်္ကောရ (က။)] သံဃစရိတံ၊

ဒိဗျ [ဒိဗ္ဗ (သီ။ ပီ။)] ပိလဝဟံသရာဇစိဏ္ဏံ, ဒိဇကာရဏ္ဍဝကောကိလာဘိနဒိတံ။

၆၅၃။ အကြင်ကုသိုလ်ကံကြောင့်လည်း ကြိုးကြာ, ဥဒေါင်း, စင်ရော်ငှက်အပေါင်းတို့၏ သွားလာရာဖြစ်၍ ရေပေါ်ငှက်, ဟင်္သာငှက်မင်းတို့၏ ကျက်စားရာဖြစ်သော စစ္စလီငှက်, ဥဩငှက်တို့၏မြည်တွန်ရာဖြစ်သော ဤဗိမာန်ကို အကျွန်ုပ် ရအပ်ပါ၏။

၆၅၄။ ‘‘နာနာသန္တာနကပုပ္ဖရုက္ခဝိဝိဓာ, ပါဋလိဇမ္ဗုအသောကရုက္ခဝန္တံ၊

ယထာ စ မေ အဓိဂတမိဒံ ဝိမာနံ, တံ တေ ပဝေဒယာမိ [ပဝဒိဿာမိ (သီ။), ပဝေဒိဿာမိ (ပီ။)] သုဏောဟိ ဘန္တေ။

၆၅၄။ အကြင်ကုသိုလ်ကံကြောင့်လည်း အထူးထူးသော အကိုင်းအခက်တို့ဖြင့် ဆန်းကြယ်သော သခွတ်ပင်, သပြေပင်, သော်ကပင်လည်းရှိသော ဤဗိမာန်ကို အကျွန်ုပ် ရအပ်ပါ၏၊ အရှင်ဘုရား (ဗိမာန်ရကြောင်းဖြစ်သော) ထိုကံကို အရှင်ဘုရားအား လျှောက်ကြားပါအံ့၊ နား ထောင်တော်မူပါ။

၆၅၅။ ‘‘မဂဓဝရပုရတ္ထိမေန, နာဠကဂါမော နာမ အတ္ထိ ဘန္တေ၊

တတ္ထ အဟောသိံ ပုရေ သုဏိသာ, ပေသဝတီတိ [သေသဝတီတိ (သီ။ သျာ။)] တတ္ထ ဇာနိံသု မမံ။

၆၅၅။ အရှင်ဘုရား မဂဓတိုင်းမြတ်၏ အရှေ့အရပ်မျက်နှာ၌ နာဠကမည်သော ရွာ ရှိပါ၏၊ ထိုရွာ၌အကျွန်ုပ်သည် ရှေးဘဝက (သူကြွယ်မျိုးဝယ်) ချွေးမ ဖြစ်ခဲ့ဖူးပါ၏၊ ထိုရွာ၌ အကျွန်ုပ်ကို ပေသဝတီဟူ၍ လူအများ သိကြပါကုန်၏၊

၆၅၆။ ‘‘သာဟမပစိတတ္ထဓမ္မကုသလံ, ဒေဝမနုဿပူဇိတံ မဟန္တံ၊

ဥပတိဿံ နိဗ္ဗုတမပ္ပမေယျံ, မုဒိတမနာ ကုသုမေဟိ အဗ္ဘုကိရိံ [အဗ္ဘောကိရိံ (သီ။ သျာ။ ပီ။ က။)]။

၆၅၆။ အရှင်ဘုရား ထိုအကျွန်ုပ်သည် အကျိုးအကြောင်း၌ လိမ္မာတော်မူသည့် မြတ်စွာ ဘုရားကို ရိုသေလေးစားတတ်သော နတ်လူအပေါင်းတို့ ပူဇော်အပ်သော များမြတ်သော ဂုဏ်ကျေးဇူးရှိတော်မူသော မနှိုင်းယှဥ်အပ်သော ဂုဏ်ရှိသော ပရိနိဗ္ဗာန်စံလွန်တော်မူသော ဥပတိဿအမည်ရသော အသျှင်သာရိပုတ္တရာမထေရ်မြတ်ကို ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပန်းတို့ဖြင့်ကြဲဖြန့်ပူဇော်ခဲ့ပါ၏။

၆၅၇။ ‘‘ပရမဂတိဂတဉ္စ ပူဇယိတွာ, အန္တိမဒေဟဓရံ ဣသိံ ဥဠာရံ၊

ပဟာယ မာနုသကံ သမုဿယံ, တိဒသဂတာ ဣဓ မာဝသာမိ ဌာန’’န္တိ။

ပေသဝတီဝိမာနံ သတ္တမံ။

၆၅၇။ အရှင်ဘုရား အလွန်မြတ်သော အနုပါဒိသေသနိဗ္ဗာန်သို့ ကြွသွားတော်မူသော အဆုံးစွန်သော ကိုယ်ခန္ဓာကို ဆောင်သော ပြန့်ပြောကောင်းမြတ်သော ရဟန်းကို ပူဇော်ခြင်း ကြောင့် အကျွန်ုပ်သည် လူ၌ဖြစ်သော ခန္ဒာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် အဖြစ်သို့ ရောက်၍ ဤနတ်ပြည်ဝယ်ဤဗိမာန်ကို အုပ်စိုးနေရပါ၏ (ဟု ဖြေကြား၏)။ ခုနစ်ခုမြောက်သော ပေသဝတီဝိမာနဝတ္ထု ပြီး၏။ ၈-မလ္လိကာဝိမာနဝတ္ထု ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရားအား ရွှေ ငွေ ပတ္တမြား ပုလဲတို့ဖြင့် စီခြယ်သော ရွှေကွန်ယက်ဖြင့် ဖုံးအပ်သဖြင့် သောဝဏ္ဏဇာလ အမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်းပူဇော်ခဲ့ခြင်းကြောင့် ရွှေဝါရောင် အဆင်တန်ဆာ ရတနာအမျိုးမျိုးဝတ်ဆင်ကာ တူရိယာအသံထွက်သော ပန်းကုံးတို့ဖြင့် ရှုမဆုံးအောင် ဖြစ်လာရသော နတ်သမီး

၈။ မလ္လိကာဝိမာနဝတ္ထု

၆၅၈။ ‘‘ပီတဝတ္ထေ ပီတဓဇေ, ပီတာလင်္ကာရဘူသိတေ၊

ပီတန္တရာဟိ ဝဂ္ဂူဟိ, အပိဠန္ဓာဝ သောဘသိ။

၆၅၈။ ရွှေဝါရောင်အဝတ်ကို ဝတ်သော ရွှေဝါရောင် (တံခွန်) ရှိသော ရွှေဝါရောင်တန်ဆာ တို့ဖြင့်တန်ဆာဆင်အပ်သော နတ်သမီး သင်သည် ချောမွေ့ပြေပြစ်ကုန်သော ရွှေဝါရောင်ကိုယ် ဝတ်တို့ဖြင့်တန်ဆာမဆင်သော်လည်း (မိမိ ပင်ကိုယ်အဆင်းဖြင့်ပင်) တင့်တယ်လှဘိ၏။

စာ-၅၃

၆၅၉။ ‘‘ကာ ကမ္ဗုကာယူရဓရေ [ကကမ္ဗုကာယုရဓရေ (သျာ။)], ကဉ္စနာဝေဠဘူသိတေ၊

ဟေမဇာလကသဉ္ဆန္နေ [ပစ္ဆန္နေ (သီ။)], နာနာရတနမာလိနီ။

၆၅၉။ ရွှေလက်ကောက်ဝတ်သော ရွှေဦးဆောက်ပန်းကို ပန်ဆင်သော (ရတနာချည်ဖြင့် ချုပ်သည့်) ရွှေကွန်ရက်ငယ်ဖြင့် ဖုံးလွှမ်းသော ကိုယ်လည်းရှိသော အထူးထူးသော ရတနာ ပန်းကုံးလည်းရှိသော နတ်သမီး (သင်သည်) အဘယ်မည်သော နတ်သမီးနည်း။

၆၆၀။ ‘‘သောဝဏ္ဏမယာ လောဟိတင်္ဂမယာ [လောဟိတင်္ကမယာ (သီ။ သျာ။)] စ, မုတ္တာမယာ ဝေဠုရိယမယာ စ၊

မသာရဂလ္လာ သဟလောဟိတင်္ဂါ [သဟလောဟိတင်္ကာ (သီ။), သဟလောဟိတကာ (သျာ။)], ပါရေဝတက္ခီဟိ မဏီဟိ စိတ္တတာ။

၆၆၀။ (နတ်သမီး သင်၏ကိုယ်၌ ဆင်မြန်းသော ရတနာပန်းကုံးသည်) သိင်္ဂနိက်ရွှေစင်ဖြင့်လည်း ပြီး၏။ ပတ္တမြားနီဖြင့်လည်း ပြီး၏။ ပုလဲဖြင့်လည်း ပြီး၏။ ကြောင်မျက်ရွဲဖြင့်လည်း ပြီး၏။ ပတ္တမြားနီနှင့်တကွပတ္တမြားပြောက်ဖြင့်လည်း ပြီး၏။ ခိုမျက်စိနှင့် တူကုန်သော ပတ္တမြားတို့ဖြင့် ဆန်းကြယ်၏။

၆၆၁။ ‘‘ကောစိ ကောစိ ဧတ္ထ မယူရသုဿရော, ဟံသဿ ရညော ကရဝီကသုဿရော၊

တေသံ သရော သုယျတိ ဝဂ္ဂုရူပေါ, ပဉ္စင်္ဂိကံ တူရိယမိဝပ္ပဝါဒိတံ။

၆၆၁။ ဤပန်းကုံးတို့တွင် အချို့အချို့သော ပန်းကုံးသည် ဥဒေါင်းသံကဲ့သို့ ကောင်းသော အသံရှိ၏၊ ဟင်္သာမင်း၏ အသံကဲ့သို့ သာယာသော အသံရှိ၏၊ ကရဝိတ်ငှက်သံကဲ့သို့ သာယာ ချိုမြိန်သော အသံရှိ၏၊ အင်္ဂါငါးပါးရှိသော တူရိယာစည်မျိုး၌ ကောင်းစွာ တီးမှုတ်သော အသံ ကို ကြားရသကဲ့သို့ထိုပန်းကုံးတို့၏ သာယာသော အသံကို ကြားရ၏။

၆၆၂။ ‘‘ရထော စ တေ သုဘော ဝဂ္ဂု [ဝဂ္ဂူ (သျာ။)], နာနာရတနစိတ္တိတော [နာနာရတနစိတ္တင်္ဂေါ (သျာ။)]၊

နာနာဝဏ္ဏာဟိ ဓာတူဟိ, သုဝိဘတ္တောဝ သောဘတိ။

၆၆၂။ သင်၏ ရထားသည်လည်း တင့်တယ်၏၊ နှစ်သက်ဖွယ် ရှိ၏၊ အထူးထူးသော ရတနာတို့ဖြင့်ဆန်းကြယ်၏၊ အထူးထူးသော အဆင်းသဏ္ဌာန်ရှိကုန်သော (လှည်းဘီး, လှည်းသန်အစရှိသော)ဓာတ်တို့ဖြင့် ကောင်းစွာ ဝေဖန်အပ်သည်ဖြစ်၍သာလျှင် တင့်တယ်၏။

၆၆၃။ ‘‘တသ္မိံ ရထေ ကဉ္စနဗိမ္ဗဝဏ္ဏေ, ယာ တွံ [ယတ္ထ (က။ သီ။ သျာ။ က။)] ဌိတာ ဘာသသိ မံ ပဒေသံ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၆၃။ နတ်သမီး ရွှေစင်နှင့်တူသော အရောင်အဆင်းရှိသော ထိုရထား၌တည်သော သင် သည်ဤအလုံးစုံသော မြေအရပ်ကို ထွန်းပစေ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်နာရဒက မေး၏)။

၆၆၄။ ‘‘သောဝဏ္ဏဇာလံ မဏိသောဏ္ဏစိတ္တိတံ [ဝိစိတ္တံ (က။), စိတ္တံ (သီ။ သျာ။)], မုတ္တာစိတံ ဟေမဇာလေန ဆန္နံ [သဉ္ဆန္နံ (က။)]၊

ပရိနိဗ္ဗုတေ ဂေါတမေ အပ္ပမေယျေ, ပသန္နစိတ္တာ အဟမာဘိရောပယိံ။

၆၆၄။ မနှိုင်းယှဥ်နိုင်သော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ပရိနိဗ္ဗာန်စံတော်မူသော ဂေါတမမြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အထူးထူးသော ပတ္တမြားရွှေစင်တို့ဖြင့်ဆန်းကြယ်သော ပုလဲတို့ဖြင့်လည်း စီခြယ်အပ်သော ရွှေကွန်ရက်ဖြင့် ကောင်းစွာ ဖုံးလွှမ်း အပ်သည်ဖြစ်သောကြောင့် သောဝဏ္ဏဇာလအမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်း ပူဇော်ခဲ့ပါ၏။

၆၆၅။ ‘‘တာဟံ ကမ္မံ ကရိတွာန, ကုသလံ ဗုဒ္ဓဝဏ္ဏိတံ၊

အပေတသောကာ သုခိတာ, သမ္ပမောဒါမနာမယာ’’တိ။

မလ္လိကာဝိမာနံ အဋ္ဌမံ။

၆၆၅။ အရှင်ဘုရား အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်ခြင်းကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟုဖြေကြား၏)။ ရှစ်ခုမြောက်သော မလ္လိကာဝိမာနဝတ္ထု ပြီး၏။ ၉-ဝိသာလက္ခိဝိမာနဝတ္ထု ရာဇဂြိုဟ်ပြည်တွင် သုနန္ဒဥပါသိကာမဖြစ်စဥ် သဒ္ဓါသီလပြည့်စုံစွာနှင့် ရဟန်းသံဃာတို့ အား အဝတ်အရုံဆွမ်းကျောင်းဆီမီးတန်ဆောင်တို့ကို လှူဒါန်းခဲ့ခြင်း ဥပုသ်စောင့်သုံးခဲ့ခြင်း တို့ကြောင့်တာဝတိံသာနတ်ပြည်၌ ရှုမဆုံးဖွယ် တင့်တယ်သော မျက်လုံးရှင် ယာဥ်ရထား အစုံရသော ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံသူ နတ်သမီး

စာ-၅၄

၉။ ဝိသာလက္ခိဝိမာနဝတ္ထု

၆၆၆။ ‘‘ကာ နာမ တွံ ဝိသာလက္ခိ [ဝိသာလက္ခီ (သျာ။)], ရမ္မေ စိတ္တလတာဝနေ၊

သမန္တာ အနုပရိယာသိ, နာရီဂဏပုရက္ခတာ [ပုရက္ခိတာ (သျာ။ က။)]။

၆၆၆။ တင့်တယ်ကျယ်ပြန့်မျက်လုံးခန့်သော နတ်သမီး နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော စိတ္တလတာဥယျာဥ်၌ နတ်သမီးအပေါင်းခြံရံလျက် ထက်ဝန်းကျင်မှ လှည့်လည်သွားလာနေသော သင်သည်အဘယ်အမည် ရှိပါသနည်း။

၆၆၇။ ‘‘ယဒါ ဒေဝါ တာဝတိံသာ, ပဝိသန္တိ ဣမံ ဝနံ၊

သယောဂ္ဂါ သရထာ သဗ္ဗေ, စိတြာ ဟောန္တိ ဣဓာဂတာ။

၆၆၇။ အကြင်အခါ တာဝတိံသာနတ်တို့သည် ဤဥယျာဥ်သို့ ဝင်ကုန်၏၊ ထိုအခါ ဤစိတ္တလတာဥယျာဥ်သို့ လာရောက်ခြင်းဟူသော အကြောင်းကြောင့် ဆင်ယာဥ်, မြင်းယာဥ်စသော ယာဥ်တို့နှင့် တကွသော, ယာဥ်ရထားတို့နှင့် တကွသောတာဝတိံသာနတ်အားလုံးတို့သည် ဆန်းကြယ်သော အခြင်းအရာရှိကုန်၏။

၆၆၈။ ‘‘တုယှဉ္စ ဣဓ ပတ္တာယ, ဥယျာနေ ဝိစရန္တိယာ၊

ကာယေ န ဒိဿတီ စိတ္တံ, ကေန ရူပံ တဝေဒိသံ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၆၈။ ဤအရပ်သို့ ရောက်လာ၍ ဥယျာဥ်၌ သွားလာလှည့်ပတ်သော သင်၏ ကိုယ်၌မူကားဆန်းကြယ်သော အခြင်းအရာ မထင်ခဲ့၊ နတ်သမီး အဘယ်ကုသိုလ်ကြောင့် သင်၏ ကိုယ် အဆင်းသည်ဤသို့သဘောရှိသော စိတ္တလတာဥယျာဥ်၏ အရောင်ကို လွှမ်းမိုး၍ တည်ဘိသနည်း၊ ဤအကျိုးသည်အဘယ်ကုသိုလ်၏ အကျိုးနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါ လော့ (ဟု သိကြားမင်းက မေး၏)။

၆၆၉။ ‘‘ယေန ကမ္မေန ဒေဝိန္ဒ, ရူပံ မယှံ ဂတီ စ မေ၊

ဣဒ္ဓိ စ အာနုဘာဝေါ စ, တံ သုဏောဟိ ပုရိန္ဒဒ။

၆၆၉။ နတ်တို့အရှင် သိကြားမင်း အကြင်ကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်းကောင်း, လားရာဂတိသည်လည်းကောင်း, နတ်တန်ခိုးသည်လည်းကောင်း, အာနုဘော်သည်လည်းကောင်း (ဤသို့ သဘောရှိ၏)။ ထိုကုသိုလ်ကံကို နားဆင်တော်မူပါလော့။

၆၇၀။ ‘‘အဟံ ရာဇဂဟေ ရမ္မေ, သုနန္ဒာ နာမုပါသိကာ၊

သဒ္ဓါ သီလေန သမ္ပန္နာ, သံဝိဘာဂရတာ သဒါ။

၆၇၀။ အကျွန်ုပ်သည် ရှေးဘဝ၌ နှလုံးမွေ့လျော်ဖွယ်ရှိသော ရာဇဂြိုဟ်ပြည်တွင် သုနန္ဒာ အမည်ရှိသော ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ ယုံကြည်မှု ‘သဒ္ဓါ’, စောင့်ထိန်းမှု ‘သီလ’နှင့် ပြည့်စုံ ခဲ့ပါ၏၊ အခါခပ်သိမ်းခွဲဝေပေးကမ်းမှု၌ မွေ့လျော်ခဲ့ပါ၏။

၆၇၁။ ‘‘အစ္ဆာဒနဉ္စ ဘတ္တဉ္စ, သေနာသနံ ပဒီပိယံ၊

အဒါသိံ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။

၆၇၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်လင်သော စိတ်ဖြင့်အဝတ်အရုံကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ကျောင်း အိပ်ရာ နေရာကိုလည်းကောင်း,ဆီမီးတန်ဆောင်ကိုလည်းကောင်း ပေးလှူခဲ့ဖူးပါ၏။

၆၇၂။ ‘‘စာတုဒ္ဒသိံ [စတုဒ္ဒသိံ (ပီ။ က။)] ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊

ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။

၆၇၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့်ပြည့်စုံခဲ့ပါ၏။

၆၇၃။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊

သညမာ သံဝိဘာဂါ စ, ဝိမာနံ အာဝသာမဟံ။

၆၇၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ် နှုတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရ ပါ၏။

၆၇၄။ ‘‘ပါဏာတိပါတာ ဝိရတာ, မုသာဝါဒါ စ သညတာ၊

ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရကာ။

၆၇၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဥ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှလည်းကောင်း, မပေးသည်ကို ခိုးယူခြင်းမှလည်းကောင်း, လင်ကို ကျော်လွန်၍ ယောကျာ်းတစ်ပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှလည်းကောင်း, သေရည်သေအရက်သောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်ခဲ့ပါ၏။

၆၇၅။ ‘‘ပဉ္စသိက္ခာပဒေ ရတာ, အရိယသစ္စာန ကောဝိဒါ၊

ဥပါသိကာ စက္ခုမတော, ဂေါတမဿ ယသဿိနော။

၆၇၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၆၇၆။ ‘‘တဿာ မေ ဉာတိကုလာ ဒါသီ [ဉာတိကုလံ အာသီ (သျာ။ က။)], သဒါ မာလာဘိဟာရတိ၊

တာဟံ ဘဂဝတော ထူပေ, သဗ္ဗမေဝါဘိရောပယိံ။

၆၇၆။ မိဖတို့အိမ်မှ ကျွန်မသည် အကျွန်ုပ်အတွက် အခါခပ်သိမ်း ပန်းကို ရှေးရှု ဆောင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုပန်းအားလုံးကို ပင်လျှင် မြတ်စွာဘုရား၏ စေတီတော်၌ ပူဇော် တင်လှူခဲ့ပါ၏။

၆၇၇။ ‘‘ဥပေါသထေ စဟံ ဂန္တွာ, မာလာဂန္ဓဝိလေပနံ၊

ထူပသ္မိံ အဘိရောပေသိံ, ပသန္နာ သေဟိ ပါဏိဘိ။

၆၇၇။ ဥပုသ်နေ့၌မူကား အကျွန်ုပ်သည် စေတီတော်သို့ သွား၍ ကြည်ညိုသော စိတ်ရှိ သည် ဖြစ်၍ ပန်းနံ့သာပျောင်းကို ကိုယ်ထိလက်ရောက် စေတီတော်၌ တင်လှူပူဇော်ခဲ့ပါ၏။

စာ-၅၅

၆၇၈။ ‘‘တေန ကမ္မေန ဒေဝိန္ဒ, ရူပံ မယှံ ဂတီ စ မေ၊

ဣဒ္ဓီ စ အာနုဘာဝေါ စ, ယံ မာလံ အဘိရောပယိံ။

၆၇၈။ သိကြားမင်း အကျွန်ုပ်သည် စေတီတော်၌ ပန်းကို တင်လှူပူဇော်ခဲ့သော ထိုကုသိုလ် ကံကြောင့်အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်းကောင်း, လားရာဂတိသည်လည်းကောင်း,နတ်တန်ခိုးသည်လည်းကောင်း, အာနုဘော်သည်လည်းကောင်း (ဤသို့ သဘောရှိပါ၏)။

၆၇၉။ ‘‘ယဉ္စ သီလဝတီ အာသိံ, န တံ တာဝ ဝိပစ္စတိ၊

အာသာ စ ပန မေ ဒေဝိန္ဒ, သကဒါဂါမိနီ သိယ’’န္တိ။

ဝိသာလက္ခိဝိမာနံ နဝမံ။

၆၇၉။ သိကြားမင်း အကျွန်ုပ်သည် သီလရှိသူ ဖြစ်ခဲ့ပါ၏၊ ထိုသီလသည် အကျိုးမပေး သေးပါ၊ ငါသည်ကား အဘယ်သို့သော အကြောင်းဖြင့် သကဒါဂါမ်မိန်းမ ဖြစ်ရပါအံ့နည်းဟု အကျွန်ုပ်တောင့်တပါ၏ (ဟု ဖြေကြား၏)။ ကိုးခုမြောက်သောဝိသာလက္ခိဝိမာနဝတ္ထု ပြီး၏။ ၁၀-ပါရိစ္ဆတ္တကဝိမာနဝတ္ထု ရှေးဘဝက မြတ်စွာဘုရားအား သော်ကပန်းကုံးကို ဆပ်ကပ်ခဲ့သောကြောင့် ပင်လယ် ကသစ်ပင်၌ပန်းကို သီကုံးကာ သာယာသော သီချင်းကို သီဆိုလျက် တူရိယာသံ ထွက်ပေါ် အောင်ပျော်ရွှင်ကခုန်နေရသော နတ်သမီး

၁၀။ ပါရိစ္ဆတ္တကဝိမာနဝတ္ထု

၆၈၀။ ‘‘ပါရိစ္ဆတ္တကေ ကောဝိဠာရေ, ရမဏီယေ မနောရမေ၊

ဒိဗ္ဗမာလံ ဂန္ထမာနာ, ဂါယန္တီ သမ္ပမောဒသိ။

၆၈၀။ နတ်သမီး သင်သည် နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ကို ဖြစ်စေတတ်သော ‘ပါရိ စ္ဆတ္တက’အမည်ရှိသော ပင်လယ်ကသစ်ပင်၌ နတ်ပန်းကို သီကုံး၍ သီချင်းကို သီဆိုလျက် ကောင်းစွာစံပျော် နေဘိ၏။

၆၈၁။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ သဒ္ဒါ နိစ္ဆရန္တိ, သဝနီယာ မနောရမာ။

၆၈၁။ သင် ကနေစဥ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာ ပျော်ဖွယ်,နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြ ကုန်၏။

၆၈၂။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ ဂန္ဓာ ပဝါယန္တိ, သုစိဂန္ဓာ မနောရမာ။

၆၈၂။ သင် ကနေစဥ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လှိုင်ကုန်၏။

၆၈၃။ ‘‘ဝိဝတ္တမာနာ ကာယေန, ယာ ဝေဏီသု ပိဠန္ဓနာ။

တေသံ သုယျတိ နိဂ္ဃေါသော, တူရိယေ ပဉ္စင်္ဂိကေ ယထာ။

၆၈၃။ နတ်သမီး ကိုယ်ကို လှည့်လည်ယိမ်းနွဲ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ် ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၄။ ‘‘ဝဋံသကာ ဝါတဓုတာ [ဝါတဓူတာ (သီ။ သျာ။)], ဝါတေန သမ္ပကမ္ပိတာ၊

တေသံ သုယျတိ နိဂ္ဃေါသော, တူရိယေ ပဉ္စင်္ဂိကေ ယထာ။

၆၈၄။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၅။ ‘‘ယာပိ တေ သိရသ္မိံ မာလာ, သုစိဂန္ဓာ မနောရမာ၊

ဝါတိ ဂန္ဓော ဒိသာ သဗ္ဗာ, ရုက္ခော မဉ္ဇူသကော ယထာ။

၆၈၅။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လှိုင်၏။

၆၈၆။ ‘‘ဃာယသေ တံ သုစိဂန္ဓံ [သုစိံ ဂန္ဓံ (သီ။)], ရူပံ ပဿသိ အမာနုသံ [မာနုသံ (ပီ။)]၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၈၆။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၈၇။ ‘‘ပဘဿရံ အစ္စိမန္တံ, ဝဏ္ဏဂန္ဓေန သံယုတံ၊

အသောကပုပ္ဖမာလာဟံ, ဗုဒ္ဓဿ ဥပနာမယိံ။

၆၈၇။ အကျွန်ုပ်သည် ပြိုးပြိုးပြက်ထွက်သော အရောင်အလျှံရှိသော အဆင်း အနံ့နှင့်ပြည့်စုံသော သော်ကပန်းကုံးကို မြတ်စွာဘုရားအား ဆက်ကပ်ခဲ့ပါ၏။

၆၈၈။ ‘‘တာဟံ ကမ္မံ ကရိတွာန, ကုသလံ ဗုဒ္ဓဝဏ္ဏိတံ၊

အပေတသောကာ သုခိတာ, သမ္ပမောဒါမနာမယာ’’တိ။

ပါရိစ္ဆတ္တကဝိမာနံ ဒသမံ။

ပါရိစ္ဆတ္တကဝဂ္ဂေါ တတိယော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ဥဠာရော ဥစ္ဆု ပလ္လင်္ကော, လတာ စ ဂုတ္တိလေန စ၊

ဒဒ္ဒလ္လပေသမလ္လိကာ, ဝိသာလက္ခိ ပါရိစ္ဆတ္တကော၊

ဝဂ္ဂေါ တေန ပဝုစ္စတီတိ။

ပါရိစ္ဆတ္တကဝဂ္ဂေါ တတိယော။

၆၈၈။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မှုကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ဟု (ဖြေကြား၏)။ ဆယ်ခုမြောက်သော ပါရိစ္ဆတ္တကဝိမာနဝတ္ထု ပြီး၏။ သုံးခုမြောက်သော ပါရိစ္ဆတ္တကဝဂ် ပြီး၏။ ၄-မဥ္ဇိဋ္ဌကဝဂ် ၁-မဥ္ဇိဋ္ဌကဝိမာနဝတ္ထု ရှေးလူ့ဘဝက မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ သောကြောင့် ရွှေသဲခင်းသော မြေအဖို့၌ မောင်းသော အဆင်းရှိသော ဗိမာန်၌ အင်ကြင်းတော ပန်းရနံ့တို့ဖြင့်၊ ကိင်လှိုင်သင်းပျံ့ကာ ချမ်းသာစွာခံစားနေရသော နတ်သမီး

၁။ ဣတ္ထိဝိမာန ၄။ မဉ္ဇိဋ္ဌကဝဂ္ဂေါ

၁။ မဉ္ဇိဋ္ဌကဝိမာနဝတ္ထု

၆၈၉။ ‘‘မဉ္ဇိဋ္ဌကေ [မဉ္ဇေဋ္ဌကေ (သီ။)] ဝိမာနသ္မိံ, သောဏ္ဏဝါလုကသန္ထတေ [သောဝဏ္ဏဝါလုကသန္ထတေ (သျာ။ ပီ။), သောဝဏ္ဏဝါလိကသန္ထတေ (က။)]၊

ပဉ္စင်္ဂိကေ တုရိယေန [တုရိယေန (သီ။ သျာ။ ပီ။)], ရမသိ သုပ္ပဝါဒိတေ။

၆၈၉။ နတ်သမီး သင်သည် ရွှေသဲခင်းထားသော မြေအဖို့ရှိသော မောင်းသော အရောင်ရှိသော ဗိမာန်၌ကောင်းစွာ တီးမှုတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာဖြင့် မွေ့လျော်နေ ဘိ၏။

၆၉၀။ ‘‘တမှာ ဝိမာနာ ဩရုယှ, နိမ္မိတာ ရတနာမယာ၊

ဩဂါဟသိ သာလဝနံ, ပုပ္ဖိတံ သဗ္ဗကာလိကံ။

၆၉၀။ (သင်၏ သုစရိုက်ကုသိုလ်တရားက) ဖန်ဆင်းထားသော ရတနာဖြင့်ပြီးသော ထို ဗိမာန်မှဆင်းသက်ပြီးလျှင် အခါခပ်သိမ်း ပွင့်သော အင်ကြင်းတောသို့ သက်ဝင်ဘိ၏။

၆၉၁။ ‘‘ယဿ ယဿေဝ သာလဿ, မူလေ တိဋ္ဌသိ ဒေဝတေ၊

သော သော မုဉ္စတိ ပုပ္ဖါနိ, ဩနမိတွာ ဒုမုတ္တမော။

၆၉၁။ နတ်သမီး သင်သည် အကြင်အကြင် အင်ကြင်းပင်ရင်း၌ ရပ်တည်နေ၏၊ သစ်ပင် တကာတို့ထက်မြတ်သော ထိုထိုအင်ကြင်းပင်သည် အောက်သို့ ကိုင်းညွတ်လျက် ပန်းတို့ကို ချွေချ၏။

၆၉၂။ ‘‘ဝါတေရိတံ သာလဝနံ, အာဓုတံ [အာဓူတံ (သီ။)] ဒိဇသေဝိတံ၊

ဝါတိ ဂန္ဓော ဒိသာ သဗ္ဗာ, ရုက္ခော မဉ္ဇူသကော ယထာ။

၆၉၂။ သင်၏ အင်ကြင်းတောသည် လေကြောင့် လှုပ်၏၊ လေညင်း တိုက်ခတ်၏၊ ငှက် အပေါင်းသည်မှီဝဲအပ်၏၊ ထိုအင်ကြင်းတော၏ ရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ် မျက်နှာအားလုံးတို့၌ ပျံ့လှိုင်၏။

၆၉၃။ ‘‘ဃာယသေ တံ သုစိဂန္ဓံ, ရူပံ ပဿသိ အမာနုသံ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၉၃။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၉၄။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ဒါသီ အယိရကုလေ [အယျိရကုလေ (သျာ။ က။)] အဟုံ၊

ဗုဒ္ဓံ နိသိန္နံ ဒိသွာန, သာလပုပ္ဖေဟိ ဩကိရိံ။

၆၉၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက အရှင်သခင် အိမ်၌ ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပါ၏။

၆၉၅။ ‘‘ဝဋံသကဉ္စ သုကတံ, သာလပုပ္ဖမယံ အဟံ၊

ဗုဒ္ဓဿ ဥပနာမေသိံ, ပသန္နာ သေဟိ ပါဏိဘိ။

၆၉၅။ အကျွန်ုပ်သည် အင်ကြင်းပန်းတို့ဖြင့်ပြီးသော ကောင်းစွာ ပြုအပ်သော ဦးဆောက် ပန်းကိုလည်းမြတ်စွာဘုရားအား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကိုယ်ထိလက်ရောက် ကပ်လှူခဲ့ပါ၏။

စာ-၅၇

၆၉၆။ ‘‘တာဟံ ကမ္မံ ကရိတွာန, ကုသလံ ဗုဒ္ဓဝဏ္ဏိတံ၊

အပေတသောကာ သုခိတာ, သမ္ပမောဒါမနာမယာ’’တိ။

မဉ္ဇိဋ္ဌကဝိမာနံ ပဌမံ။

၆၉၆။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မှုကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။ ရှေးဦးစွာသော မဥ္ဇိဋ္ဌကဝိမာနဝတ္ထု ပြီး၏။ ၂-ပဘဿရဝိမာနဝတ္ထု ရှေးလူ့ဘဝက ဆွမ်းခံရဟန်းအား ပန်းနှင့်တင်လဲကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန် ဥယျာဥ်၌သိကြားမင်းကဲ့သို့ တင့်တယ်လျှက် ပြိုးပြိုးပြက်တောက်ပသော အဝတ်တံဆာ စန္ဒကူးနံ့သာလိမ်းကျံသကဲ့သို့နှစ်သက်ဖွယ်သော အကျိုးများကို ရရှိသော နတ်သမီး

၂။ ပဘဿရဝိမာနဝတ္ထု

၆၉၇။ ‘‘ပဘဿရဝရဝဏ္ဏနိဘေ, သုရတ္တဝတ္ထဝသနေ [ဝတ္ထနိဝါသနေ (သီ။ သျာ။)]၊

မဟိဒ္ဓိကေ စန္ဒနရုစိရဂတ္တေ, ကာ တွံ သုဘေ ဒေဝတေ ဝန္ဒသေ မမံ။

၆၉၇။ ပြိုးပြိုးပြက် မြတ်သော အရောင်အဆင်းရှိသော ကောင်းစွာ နီသော အဝတ်ကို ဝတ်သော စန္ဒကူးဖြင့် လိမ်းကျံထားသကဲ့သို့ နှစ်သက်ဖွယ် ကိုယ်ရှိသော တင့်တယ်ခြင်းရှိသော တန်ခိုးအာနုဘော်ကြီးသော နတ်သမီး ငါ့ကို ရှိခိုးလာသော သင်ကား အဘယ်သူနည်း။

၆၉၈။ ‘‘ပလ္လင်္ကော စ တေ မဟဂ္ဃေါ, နာနာရတနစိတ္တိတော ရုစိရော၊

ယတ္ထ တွံ နိသိန္နာ ဝိရောစသိ, ဒေဝရာဇာရိဝ နန္ဒနေ ဝနေ။

၆၉၈။ သင်၏ ပလ္လင်သည် အဖိုးများစွာ ထိုက်တန်၏၊ အထူးထူးသော ရတနာတို့ဖြင့်လည်းဆန်းကြယ်၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ယင်းပလ္လင်၌ ထိုင်နေသော သင်သည် နန္ဒဝန် ဥယျာဥ်၌သိကြားမင်းကဲ့သို့ တင့်တယ်လှဘိ၏။

၆၉၉။ ‘‘ကိံ တွံ ပုရေ သုစရိတမာစရီ ဘဒ္ဒေ, ကိဿ ကမ္မဿ ဝိပါကံ၊

အနုဘောသိ ဒေဝလောကသ္မိံ, ဒေဝတေ ပုစ္ဆိတာစိက္ခ၊

ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၆၉၉။ ကောင်းသော နတ်သမီး သင်သည် ရှေးဘဝ၌ အဘယ်သို့သော (သုစရိုက်) ကို ပြုကျင့်ခဲ့ဖူးသနည်း၊ နတ်သမီး သင်သည် နတ်ပြည်လောက၌ အဘယ်ကုသိုလ်၏ အကျိုးကို ခံစားနေဘိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၀၀။ ‘‘ပိဏ္ဍာယ တေ စရန္တဿ, မာလံ ဖာဏိတဉ္စ အဒဒံ ဘန္တေ၊

တဿ ကမ္မဿိဒံ ဝိပါကံ, အနုဘောမိ ဒေဝလောကသ္မိံ။

၇၀၀။ အရှင်ဘုရား ဆွမ်းခံလှည့်လည်သော အရှင်ဘုရားအား ပန်းကိုလည်းကောင်း,တင်လဲကိုလည်းကောင်း ပေးလှူခဲ့ပါ၏၊ နတ်ပြည်လောကဝယ် ထိုကုသိုလ်ကံ၏ အကျိုးကို ခံစားရပါ၏။

၇၀၁။ ‘‘ဟောတိ စ မေ အနုတာပေါ, အပရဒ္ဓံ [အပရာဓံ (သျာ။)] ဒုက္ခိတဉ္စ [ဒုက္ကဋဉ္စ (သီ။)] မေ ဘန္တေ၊

သာဟံ ဓမ္မံ နာဿောသိံ, သုဒေသိတံ ဓမ္မရာဇေန။

၇၀၁။ အရှင်ဘုရား အကျွန်ုပ်အား နောင်တတစ်ဖန် ပူပန်မှုလည်း ဖြစ်နေပါ၏၊ ချွတ်ယွင်း မှုကြောင့်ဆင်းရဲခြင်းလည်း ဖြစ်ပါ၏၊ အရှင်ဘုရား ဘုရားဟောတရားတော်တို့ကို အကျွန်ုပ် သည် မနာခဲ့ရပါ။

၇၀၂။ ‘‘တံ တံ ဝဒါမိ ဘဒ္ဒန္တေ, ‘ယဿ မေ အနုကမ္ပိယော ကောစိ၊

ဓမ္မေသု တံ သမာဒပေထ’, သုဒေသိတံ ဓမ္မရာဇေန။

၇၀၂။ အရှင်ဘုရား ထိုသို့သော အကြောင်းကြောင့် အရှင်ဘုရားအား အကျွန်ုပ် လျှောက် ထားတောင်းပန်ပါ၏၊ အကြင်ပုဂ္ဂိုလ်သည် သနားစောင့်ရှောက်ထိုက်သူ ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ် အားမြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူအပ်သော တရားတော်ကို ဆောက်တည် စေပါလော့။

၇၀၃။ ‘‘ယေသံ အတ္ထိ သဒ္ဓါ ဗုဒ္ဓေ, ဓမ္မေ စ သံဃရတနေ၊

တေ မံ အတိဝိရောစန္တိ, အာယုနာ ယသသာ သိရိယာ။

၇၀၃။ အရှင်ဘုရား အကြင်နတ်တို့အား ဘုရားရတနာ၌လည်းကောင်း, တရားရတနာ၌လည်းကောင်း,သံဃာရတနာ၌လည်းကောင်း ယုံကြည်မှု ‘သဒ္ဓါတရား’ရှိ၏၊ ထိုနတ်တို့သည် အသက်အားဖြင့်လည်းကောင်း, အကျော်အစော အခြံအရံအားဖြင့်လည်းကောင်း, အသရေအားဖြင့်လည်းကောင်း အကျွန်ုပ်ထက် သာလွန်၍ တင့်တယ်ကြပါကုန်၏။

၇၀၄။ ‘‘ပတာပေန ဝဏ္ဏေန ဥတ္တရိတရာ,

အညေ မဟိဒ္ဓိကတရာ မယာ ဒေဝါ’’တိ၊

ပဘဿရဝိမာနံ ဒုတိယံ။

၇၀၄။ အခြားသော နတ်တို့သည် အကျွန်ုပ်ထက် တန်ခိုးအာနုဘော်အားဖြင့်လည်းကောင်း,အဆင်းအားဖြင့်လည်းကောင်း သာလွန်ပါကုန်၏၊ အထူးသဖြင့် တန်ခိုးကြီးကြပါကုန်၏ (ဟု ဖြေကြား၏)။ နှစ်ခုမြောက်သော ပဘဿရဝိမာနဝတ္ထု ပြီး၏။ ၃-နာဂဝိမာနဝတ္ထု ဗာရာဏသီပြည်၌ မြတ်စွာဘုရားအားချဥ်းကပ်၍ အဝတ်အစုံကို လှူဒါန်းကာ ခြေတော်အစုံကို လက်အုပ်မိုး ရှိခိုးခဲ့သောကြောင့် ပတ္တမြားရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်း၍ ပြင်ဆင်ထားသော ဆင်ထက်သို့တက်စီးလျက် ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း၊ ပဒုမ္မာကြာရေကန်တို့ဖြင့် တူရိယာသံစုံလင်စွာခံစားရခြင်းတို့နှင့် ပြည့်စုံသော နတ်သမီး

စာ-၅၈

၃။ နာဂဝိမာနဝတ္ထု

၇၀၅။ ‘‘အလင်္ကတာ မဏိကဉ္စနာစိတံ, သောဝဏ္ဏဇာလစိတံ မဟန္တံ၊

အဘိရုယှ ဂဇဝရံ သုကပ္ပိတံ, ဣဓာဂမာ ဝေဟာယသံ [ဝေဟာသယံ (သီ။)] အန္တလိက္ခေ။

၇၀၅။ တန်ဆာဆင်ထားသော နတ်သမီး သင်သည် ပတ္တမြားရွှေစင်တို့ဖြင့် စီခြယ်ထားသော ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားသော ကောင်းစွာ ပြင်ဆင်ထားသော ကြီးစွာသော ဆင်မြတ်သို့တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ ရောက်လာဘိ၏။

၇၀၆။ ‘‘နာဂဿ ဒန္တေသု ဒုဝေသု နိမ္မိတာ, အစ္ဆောဒကာ [အစ္ဆောဒိကာ (သီ။ က။)] ပဒုမိနိယော သုဖုလ္လာ၊

ပဒုမေသု စ တုရိယဂဏာ ပဘိဇ္ဇရေ, ဣမာ စ နစ္စန္တိ မနောဟရာယော။

၇၀၆။ ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့့်ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ကုန်၏၊ ပဒုမ္မာကြာတို့၌ လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန်သော ဤနတ်သမီး တို့သည် ကလည်း ကကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏။

၇၀၇။ ‘‘ဒေဝိဒ္ဓိပတ္တာသိ မဟာနုဘာဝေ, မနုဿဘူတာ ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၀၇။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူး ကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်ဝင်္ဂီသက မေး၏)။

၇၀၈။ ‘‘ဗာရာဏသိယံ ဥပသင်္ကမိတွာ, ဗုဒ္ဓဿဟံ ဝတ္ထယုဂံ အဒါသိံ၊

ပါဒါနိ ဝန္ဒိတွာ [ဝန္ဒိတွ (သီ။)] ဆမာ နိသီဒိံ, ဝိတ္တာ စဟံ အဉ္ဇလိကံ အကာသိံ။

၇၀၈။ အကျွန်ုပ်သည် ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား ချဥ်းကပ်၍ အဝတ်အစုံကို ပေးလှူခဲ့ဖူးပါ၏၊ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြေ၌ ထိုင်ကာ နှစ်သက်သည် ဖြစ်၍ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ပါ၏။

၇၀၉။ ‘‘ဗုဒ္ဓေါ စ မေ ကဉ္စနသန္နိဘတ္တစော, အဒေသယိ သမုဒယဒုက္ခနိစ္စတံ၊

အသင်္ခတံ ဒုက္ခနိရောဓသဿတံ, မဂ္ဂံ အဒေသယိ [အဒေသေသိ (သီ။)] ယတော ဝိဇာနိသံ၊

၇၀၉။ ရွှေစင်နှင့်တူသော အရောင်အဆင်းရှိတော်မူသော မြတ်စွာဘုရားသည်လည်းအကျွန်ုပ်အား (သမုဒယသစ္စာ, ဒုက္ခသစ္စာတို့၏) မမြဲသည်၏အဖြစ်ကိုလည်းကောင်း, အကြောင်း တရားတို့မပြုပြင်အပ်သော ဒုက္ခချုပ်ငြိမ်းရာ (နိရောဓသစ္စာ)၏ မြဲသည်၏အဖြစ်ကိုလည်း ကောင်း,ဟောတော်မူပါ၏၊ (မဂ္ဂသစ္စာ) ကိုလည်း ဟောတော်မူပါ၏၊ ယင်းသို့ ဟောတော် မူခြင်းကြောင့်သစ္စာလေးပါးကို အကျွန်ုပ် သိရပါ၏။

၇၁၀။ ‘‘အပ္ပါယုကီ ကာလကတာ တတော စုတာ, ဥပပန္နာ တိဒသဂဏံ ယသဿိနီ၊

သက္ကဿဟံ အညတရာ ပဇာပတိ, ယသုတ္တရာ နာမ ဒိသာသု ဝိဿုတာ’’တိ။

နာဂဝိမာနံ တတိယံ။

၇၁၀။ အရှင်ဘုရား အကျွန်ုပ်သည် နည်းသော အသက်အပိုင်းအခြားရှိသည်ဖြစ်၍ သေလွန် ခြင်းကြောင့်ထိုလူဘဝမှ စုတေခဲ့သည်ရှိသော် တာဝတိံသာနတ်ပြည်၌ဖြစ်၍ အခြံအရံနှင့် ပြည့်စုံရပါ၏၊ အကျွန်ုပ်သည် သိကြားမင်း၏ နတ်ပြည်နှစ်ထပ် အရပ်မျက်နှာတို့၌ ထင်ရှား ကျော်စော၍ ယသုတ္တရာအမည်ရှိသော မယားတစ်ယောက် ဖြစ်ခဲ့ပါ၏ (ဟု လျှောက်၏)။ သုံးခုမြောက်သော နာဂဝိမာနဝတ္ထု ပြီး၏။ ၄-အလောမဝိမာနဝတ္ထု ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား မုယောမုန့်ခြောက်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် အလောမဟူသော အမည်ဖြင့် အရပ်ဝန်းကျင် ရောင်ရှင် တောက်ပ ချမ်းသာခံစားရသော နတ်သမီး

စာ-၅၉

၄။ အလောမဝိမာနဝတ္ထု

၇၁၁။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၇၁၁။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၁၂။

၇၁၂။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၁၄။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၁၄။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်း ကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၇၁၅။ ‘‘အဟဉ္စ ဗာရာဏသိယံ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊

အဒါသိံ သုက္ခကုမ္မာသံ, ပသန္နာ သေဟိ ပါဏိဘိ။

၇၁၅။ အကျွန်ုပ်သည် ကား ဗာရာဏသီပြည်၌ နေမင်း၏အဆွေဖြစ်တော်မူသော မြတ်စွာ ဘုရားအားကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မုယောမုန့်ခြောက်ကို ကိုယ်ထိလက်ရောက် ပေး လှူခဲ့ဖူးပါ၏။

၇၁၆။ ‘‘သုက္ခာယ အလောဏိကာယ စ, ပဿ ဖလံ ကုမ္မာသပိဏ္ဍိယာ၊

အလောမံ သုခိတံ ဒိသွာ, ကော ပုညံ န ကရိဿတိ။

၇၁၆။ ခြောက်လည်းခြောက်၍ ဆားလည်းမပါသော မုယောမုန့်အလှူ၏ အကျိုးကို ရှုတော် မူပါလော့၊ နတ်ချမ်းသာသို့ ရောက်သော အလောမအမည်ရှိသော အကျွန်ုပ်ကို မြင်ရသည်ရှိ သော် အဘယ်သူသည်ကောင်းမှုကို မပြုဘဲ နေတော့အံ့နည်း။

၇၁၇။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

အလောမဝိမာနံ စတုတ္ထံ။

၇၁၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။ လေးခုမြောက်သော အလောမဝိမာနဝတ္ထု ပြီး၏။ ၅-ကဥ္ဇိကဒါယိကာဝိမာနဝတ္ထု အန္ဓကဝိန္ဒမြို့၌ မြတ်စွာဘုရားအား ဆီးသီးရည်ဖြင့်ချက်၍ ဆီမွှေးသတ်ထားသော ပုံးရည်ကို လှူဒါန်းခဲ့သောကြောင့် ၄င်း ပိတ်ချင်းသီး ကြက်သွန်ပန်းနှင့် ရောသော ပုန်းရည်ကို အသျှင်အာနန္ဒာမှတဆင့်လှူဒါန်းခဲ့သောကြောင့် ၄င်းသောက်ရှူးကြယ်အသွင် တောက်ပ နတ်ချမ်းသာ ခံစားရသော နတ်သမီး

၅။ ကဉ္ဇိကဒါယိကာဝိမာနဝတ္ထု

၇၁၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၇၁၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၂၀။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၂၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၂၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၂၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၂၃။ ‘‘အဟံ အန္ဓကဝိန္ဒမှိ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊

အဒါသိံ ကောလသမ္ပာကံ, ကဉ္ဇိကံ တေလဓူပိတံ။

၇၂၃။ အကျွန်ုပ်သည် အန္ဓကဝိန္ဓမြို့၌ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား အားဆီးသီးရည်ဖြင့် ကောင်းစွာ ချက်၍ ဆီမွှေးသတ်ထားသော ပုန်းရည်ကို ပေးလှူခဲ့ဖူး ပါ၏။

၇၂၄။ ‘‘ပိပ္ဖလျာ လသုဏေန စ, မိဿံ လာမဉ္ဇကေန စ၊

အဒါသိံ ဥဇုဘူတသ္မိံ [ဥဇုဘူတေသု (က။)], ဝိပ္ပသန္နေန စေတသာ။

၇၂၄။ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၌ အထူးကြည်လင်သော စိတ်ဖြင့်ပိတ်ချင်းသီး ကြက်သွန် ပန်းရင်းနှင့် ရောယှက်သော ပုန်းရည်ကို (အသျှင်အာနန္ဒာမှ တစ်ဆင့်) ပေးလှူခဲ့ပါ၏။

စာ-၆၀

၇၂၅။ ‘‘ယာ မဟေသိတ္တံ ကာရေယျ, စက္ကဝတ္တိဿ ရာဇိနော၊

နာရီ သဗ္ဗင်္ဂကလျာဏီ, ဘတ္တု စာနောမဒဿိကာ၊

ဧကဿ ကဉ္ဇိကဒါနဿ, ကလံ နာဂ္ဃတိ သောဠသိံ။

၇၂၅။ အရှင်ဘုရား အင်္ဂါကြီးငယ်အလုံးစုံ ကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမသည်စကြဝတေးမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

၇၂၆။ ‘‘သတံ နိက္ခာ သတံ အဿာ, သတံ အဿတရီရထာ၊

သတံ ကညာသဟဿာနိ, အာမုတ္တမဏိကုဏ္ဍလာ၊

ဧကဿ ကဉ္ဇိကဒါနဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။

၇၂၆။ ရွှေစင် နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿတိုရ်မြင်းကသော ရထားတစ်သိန်း,ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း (ဤအလုံးစုံတို့သည် လည်း) ဤပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ် စိတ်လောက်မျှ တန်ဖိုးမရှိကြပေကုန်။

၇၂၇။ ‘‘သတံ ဟေမဝတာ နာဂါ, ဤသာဒန္တာ ဥရူဠှဝါ၊

သုဝဏ္ဏကစ္ဆာ မာတင်္ဂါ, ဟေမကပ္ပနဝါသသာ၊

ဧကဿ ကဉ္ဇိကဒါနဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။

၇၂၇။ ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဥ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုးတင်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုးဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤ ပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ် လောက်မျှ တန်ဖိုး မရှိကြပေကုန်။

၇၂၈။ ‘‘စတုန္နမပိ ဒီပါနံ, ဣဿရံ ယောဓ ကာရယေ၊

ဧကဿ ကဉ္ဇိကဒါနဿ, ကလံ နာဂ္ဃတိ သောဠသိ’’န္တိ။

ကဉ္ဇိကဒါယိကာဝိမာနံ ပဉ္စမံ။

၇၂၈။ ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ထိုစကြဝတေးမင်း စည်းစိမ်သည် ဤပုန်းရည်ကို ပေးလှူသော တစ်ခုသော ကံ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ (ဟု ဖြေကြား၏)။ ငါးခုမြောက်သော ကဉ္ဇိကဒါယိကာဝိမာနဝတ္ထု ပြီး၏။ ၆-ဝိဟာရဝိမာနဝတ္ထု ဝိသာခါကျောင်းအမ ပုဗ္ဗာရုံကျောင်း ပူဇော်ပွဲကျင်းပရာတွင် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ (သာဓု) ခေါ်ခဲ့သောကြောင့် နတ်ပြည်တွင် လှမျိုးစုံကျက်သရေ တူရိယာသံ အထွေထွေတို့ဖြင့် ဆဲ့ခြောက်ယူဇနာရှိသော ဗိမာန်၌ ပျော်စံရသော နတ်သမီး

၆။ ဝိဟာရဝိမာနဝတ္ထု

၇၂၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ… ဩသဓီ ဝိယ တာရကာ။

၇၂၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၃၀။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ သဒ္ဒါ နိစ္ဆရန္တိ, သဝနီယာ မနောရမာ။

၇၃၀။ သင် ကနေစဥ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာ ပျော်ဖွယ်,နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြ ကုန်၏။

၇၃၁။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ ဂန္ဓာ ပဝါယန္တိ, သုစိဂန္ဓာ မနောရမာ။

၇၃၁။ သင် ကနေစဥ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လှိုင်ကုန်၏။

၇၃၂။ ‘‘ဝိဝတ္တမာနာ ကာယေန, ယာ ဝေဏီသု ပိဠန္ဓနာ၊

တေသံ သုယျတိ နိဂ္ဃေါသော, တုရိယေ ပဉ္စင်္ဂိကေ ယထာ။

၇၃၂။ နတ်သမီး ကိုယ်ကို လှည့်လည်ယိမ်းနွဲ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ် ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၃။ ‘‘ဝဋံသကာ ဝါတဓုတာ, ဝါတေန သမ္ပကမ္ပိတာ၊

တေသံ သုယျတိ နိဂ္ဃေါသော, တုရိယေ ပဉ္စင်္ဂိကေ ယထာ။

၇၃၃။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၄။ ‘‘ယာပိ တေ သိရသ္မိံ မာလာ, သုစိဂန္ဓာ မနောရမာ၊

ဝါတိ ဂန္ဓော ဒိသာ သဗ္ဗာ, ရုက္ခော မဉ္ဇူသကော ယထာ။

၇၃၄။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လှိုင်ပါ၏။

၇၃၅။ ‘‘ဃာယသေ တံ သုစိဂန္ဓံ, ရူပံ ပဿသိ အမာနုသံ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၇၃၅။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကို သာတွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

စာ-၆၁

၇၃၆။ ‘‘သာဝတ္ထိယံ မယှံ သခီ ဘဒန္တေ, သံဃဿ ကာရေသိ မဟာဝိဟာရံ၊

တတ္ထပ္ပသန္နာ အဟမာနုမောဒိံ, ဒိသွာ အဂါရဉ္စ ပိယဉ္စ မေတံ။

၇၃၆။ အရှင်ဘုရား အကျွန်ုပ်၏ အဆွေခင်ပွန်းမ (ဝိသာခါ) သည် သာဝတ္ထိပြည်၌ သံဃာ တော်၏ (အကျိုးငှါ) ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်၏၊ ထို (ကျောင်းတော်ကြီး ပူဇော် ပွဲကျင်းပသော) အခါဝယ် ထိုကျောင်းတော်ကြီးကိုလည်းကောင်း, နှစ်သက်ကြည်နူးဖွယ် ပူဇော် ပွဲကြီးကိုလည်းကောင်းမြင်ရ၍ ကြည်ညိုသောကြောင့် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုခဲ့ ပါ၏။

၇၃၇။ ‘‘တာယေဝ မေ သုဒ္ဓနုမောဒနာယ, လဒ္ဓံ ဝိမာနဗ္ဘုတဒဿနေယျံ၊

သမန္တတော သောဠသယောဇနာနိ, ဝေဟာယသံ ဂစ္ဆတိ ဣဒ္ဓိယာ မမ။

၇၃၇။ အကျွန်ုပ်၏ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာသက်သက်ကြောင့်ပင်လျှင် မဖြစ် ဖူးမြဲ ဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင် တစ်ဆယ့်ခြောက်ယူဇနာရှိသော ဗိမာန်ကို ရခဲ့ပါ၏၊ ထိုဗိမာန်သည်အကျွန်ုပ်ကောင်းမှု၏ အာနုဘော်ကြောင့် ကောင်းကင်၌ သွားနိုင်ပါ၏။

၇၃၈။ ‘‘ကူဋာဂါရာ နိဝေသာ မေ, ဝိဘတ္တာ ဘာဂသော မိတာ၊

ဒဒ္ဒလ္လမာနာ အာဘန္တိ, သမန္တာ သတယောဇနံ။

၇၃၈။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော အကျွန်ုပ်၏ ဗိမာန် တို့သည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အလွန်တောက်ပစေကုန်လျက် ထွန်းလင်းပါ ကုန်၏။

၇၃၉။ ‘‘ပေါက္ခရညော စ မေ ဧတ္ထ, ပုထုလောမနိသေဝိတာ၊

အစ္ဆောဒကာ [အစ္ဆောဒိကာ (သီ။)] ဝိပ္ပသန္နာ, သောဏ္ဏဝါလုကသန္ထတာ။

၇၃၉။ အကျွန်ုပ်၏ ဤဗိမာန်၌ ရေကန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်း တို့မှီဝဲအပ်ကုန်၏၊ ကြည်သော ရေရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့်ခင်းထားအပ်ပါကုန်၏။

၇၄၀။ ‘‘နာနာပဒုမသဉ္ဆန္နာ, ပုဏ္ဍရီကသမောတတာ [ပဏ္ဍရီကသမောနတာ (သီ။)]၊

သုရဘီ သမ္ပဝါယန္တိ, မနုညာ မာလုတေရိတာ။

၇၄၀။ အထူးထူးသော ကြာပဒုမ္မာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြာဖြူ ပုဏ္ဍရိက်မျိုး တို့ဖြင့်လည်းဖုံးလွှမ်းအပ်ကုန်၏၊ လေညင်းတိုက်ခတ်သဖြင့် လှုပ်ကုန်သော နှစ်သက်မြတ်နိုး ဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏။

၇၄၁။ ‘‘ဇမ္ဗုယော ပနသာ တာလာ, နာဠိကေရဝနာနိ စ၊

အန္တောနိဝေသနေ ဇာတာ, နာနာရုက္ခာ အရောပိမာ။

၇၄၁။ ဗိမာန်အနီး၌ သပြေပင်တို့သည်လည်းကောင်း, ပိန္နဲပင်တို့သည်လည်းကောင်း,ထန်းပင်တို့သည်လည်းကောင်း, အုန်းတောတို့သည်လည်းကောင်း, အထူးထူးသော သစ်ပင်တို့သည်လည်းကောင်း မစိုက်ပျိုးရကုန်ဘဲ ပေါက်ကုန်၏။

၇၄၂။ ‘‘နာနာတူရိယသံဃုဋ္ဌံ, အစ္ဆရာဂဏဃောသိတံ၊

ယောပိ မံ သုပိနေ ပဿေ, သောပိ ဝိတ္တော သိယာ နရော။

၇၄၂။ အကြင်သူသည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံ၍ နတ်သမီးအပေါင်း တို့ကြွေးကြော်သံရှိသော ဤဗိမာန်ကို အိပ်မက်၌မူလည်း မြင်မက်ရာ၏၊ ထိုအိပ်မက်၌ မြင်မက်သူသော်မှလည်း နှစ်သက်ရာ၏။

၇၄၃။ ‘‘ဧတာဒိသံ အဗ္ဘုတဒဿနေယျံ, ဝိမာနံ သဗ္ဗသောပဘံ၊

မမ ကမ္မေဟိ နိဗ္ဗတ္တံ, အလံ ပုညာနိ ကာတဝေ’’တိ။

၇၄၃။ ဤသို့သဘောရှိသော မဖြစ်ဖူးမြဲ ဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင်မှ ထွန်းပသော အရောင်ရှိသော ဗိမာန်သည် အကျွန်ုပ်၏ ကံကြောင့် ဖြစ်ပါ၏၊ (ထို့ကြောင့်) ကောင်းမှုတို့ကို ပြုခြင်းငှါသင့်လှပါ၏ (ဟု လျှောက်၏)။

၇၄၄။ ‘‘တာယေဝ တေ သုဒ္ဓနုမောဒနာယ, လဒ္ဓံ ဝိမာနဗ္ဘုတဒဿနေယျံ၊

ယာ စေဝ သာ ဒါနမဒါသိ နာရီ, တဿာ ဂတိံ ဗြူဟိ ကုဟိံ ဥပ္ပန္နာ [ဥပပန္နာ (က။)] သာ’’တိ။

၇၄၄။ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာသက်သက်ကြောင့်ပင်လျှင် သင် နတ်သမီးသည်မဖြစ်ဖူးမြဲဖြစ်၍ ရှုချင်စဖွယ်ဖြစ်သော ဗိမာန်ကို ရပေသေး၏၊ အကြင်ဝိသာခါအမျိုးသမီးသည် (ပုဗ္ဗာရုံ) ကျောင်းအလှူကို ပေးလှူ၏၊ ထိုဝိသာခါအမျိုးသမီး၏ လားရာဂတိကို သင်ပြောဆို ပါလော့၊ ထို (ဝိသာခါ) အမျိုးသမီးသည် အဘယ်ဘုံ၌ ဖြစ်လေသနည်း (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

၇၄၅။ ‘‘ယာ သာ အဟု မယှံ သခီ ဘဒန္တေ, သံဃဿ ကာရေသိ မဟာဝိဟာရံ၊

ဝိညာတဓမ္မာ သာ အဒါသိ ဒါနံ, ဥပ္ပန္နာ နိမ္မာနရတီသု ဒေဝေသု။

၇၄၅။ အသျှင်ဘုရား ထိုအကြင်အမျိုးသမီးဝိသာခါသည် အကျွန်ုပ်၏ အဆွေခင်ပွန်းမ ဖြစ်ခဲ့ ဖူးပါ၏၊ သစ္စာလေးပါးတရားကို သိပြီးသော ထိုအမျိုးသမီးဝိသာခါသည် သံဃာတော်၏ အကျိုးငှါ (ပုဗ္ဗာရုံ) ကျောင်းတော်ကြီးကို ဆောက်လုပ်စေ၏၊ (ဆွမ်းသင်္ကန်းစသော များမြတ်သော) အလှူကို ပေးလှူ၏၊ ထိုအမျိုးသမီးဝိသာခါသည် နိမ္မာနရတိနတ်ဘုံ၌ ဖြစ်ပါ၏။

စာ-၆၂

၇၄၆။ ‘‘ပဇာပတီ တဿ သုနိမ္မိတဿ, အစိန္တိယာ ကမ္မဝိပါကာ တဿ၊

ယမေတံ ပုစ္ဆသိ ကုဟိံ ဥပ္ပန္နာ [ဥပပန္နာ (က။)] သာတိ, တံ တေ ဝိယာကာသိံ အနညထာ အဟံ။

၇၄၆။ (ထိုနတ်ဘုံ၌) သုနိမ္မိတအမည်ရှိသော နိမ္မာနရတိနတ်မင်းကြီး၏ မိဖုရား ဖြစ်ပါ၏၊ ထိုဝိသာခါနတ်သမီး၏ ကံအကျိုးကို ကြံစည်ခြင်းငှါ မတတ်နိုင်ပါ၊ ထိုဝိသာခါသည် အဘယ်ဘုံ၌ဖြစ်လေသနည်းဟူသော အမေးပြဿနာကို (အရှင်ဘုရားသည်) မေးတော်မူပါ၏၊ ထိုအမေး ပြဿနာကိုအရှင်ဘုရားအားဟုတ်မှန်သော အတိုင်း အကျွန်ုပ် ဖြေကြားပါ၏။

၇၄၇။ ‘‘တေနဟညေပိ သမာဒပေထ, သံဃဿ ဒါနာနိ ဒဒါထ ဝိတ္တာ၊

ဓမ္မဉ္စ သုဏာထ ပသန္နမာနသာ, သုဒုလ္လဘော လဒ္ဓေါ မနုဿလာဘော။

၇၄၇။ ထို့ကြောင့် နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သံဃာတော်အား လှူဖွယ်တို့ကို ပေးလှူကြကုန်လော့၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ တရားတော်ကိုလည်း နာကြကုန် လော့၊ သင်တို့သည် အလွန်ရခဲသော လူအဖြစ်ရခြင်းကို ရအပ်၏ဟု အခြားသူတို့ကိုလည်း ဆောက်တည်ပါစေကုန်လော့။

၇၄၈။ ‘‘ယံ မဂ္ဂံ မဂ္ဂါဓိပတီ အဒေသယိ [မဂ္ဂါဓိပတျဒေသယိ (သီ။)], ဗြဟ္မဿရော ကဉ္စနသန္နိဘတ္တစော၊

သံဃဿ ဒါနာနိ ဒဒါထ ဝိတ္တာ, မဟပ္ဖလာ ယတ္ထ ဘဝန္တိ ဒက္ခိဏာ။

၇၄၈။ ဗြဟ္မာမင်းအသံနှင့်တူသော အသံရှိတော်မူသော, ရွှေစင်နှင့်တူသော အရေအဆင်းရှိ တော်မူသော,အရိယာမဂ်ဖြင့် နတ်နှင့်တကွသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် သုဂတိသို့ရောက်ကြောင်းခရီးကို ဟောတော်မူ၏၊ နှစ်သက်သော စိတ်ရှိ ကုန်သည် ဖြစ်၍ သံဃာတော်အားအလှူတို့ကို ပေးလှူကြကုန်လော့၊ ယင်းသံဃာတော်၌ ပေးလှူအပ်သော အလှူတို့သည် အကျိုးကြီးမြတ်ကုန်၏။

၇၄၉။ [ခု။ ပါ။ ၆။၆၊ သု။ နိ။ ၂၂၉] ‘‘ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ၊

တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ, ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။

၇၄၉။ အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ကုန်သောသူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် လေးယောက်အစုံတို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် လှူဖွယ်တို့ကို ခံယူခြင်းငှါ ထိုက် ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ပေးလှူကုန်သော လှူဖွယ်ဝတ္ထုတို့သည် များမြတ်သော အကျိုးရှိ ကုန်၏။

၇၅၀။ [ဝိ။ ဝ။ ၆၄၁] ‘‘စတ္တာရော စ ပဋိပန္နာ, စတ္တာရော စ ဖလေ ဌိတာ၊

ဧသ သံဃော ဥဇုဘူတော, ပညာသီလသမာဟိတော။

၇၅၀။ ကျင့်ဆဲ မဂ်ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း, ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤပုဂ္ဂိုလ်ရှစ်ယောက်အပေါင်း သံဃာသည် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ပညာ သီလနှင့် ပြည့်စုံ၏။

၇၅၁။ [ဝိ။ ဝ။ ၆၄၂] ‘‘ယဇမာနာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ၊

ကရောတံ ဩပဓိကံ ပုညံ, သံဃေ ဒိန္နံ မဟပ္ဖလံ။

၇၅၁။ ပေးလှူကုန်သော လူတို့၏လည်းကောင်း, ကောင်းမှုကို လိုလားကုန်သည်ဖြစ်၍ ပြည့်စုံမှု၏တည်ရာ ‘ဥပဓိ’ လျှင် အကျိုးရှိသည့် ကောင်းမှုကို ပြုကုန်သော သတ္တဝါတို့၏လည်း ကောင်း သံဃာအားပေးလှူသော အလှူသည် များမြတ်သော အကျိုးရှိ၏။

၇၅၂။ [ဝိ။ ဝ။ ၆၄၃] ‘‘ဧသော ဟိ သံဃော ဝိပုလော မဟဂ္ဂတော, ဧသပ္ပမေယျော ဥဒဓီဝ သာဂရော၊

ဧတေဟိ သေဋ္ဌာ နရဝီရသာဝကာ, ပဘင်္ကရာ ဓမ္မမုဒီရယန္တိ [နတ္ထေတ္ထ ပါဌဘေဒေါ]။

၇၅၂။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့် အဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည့် (ရေအားဖြင့်) မရေတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် (မိမိ၏ဂုဏ်အားဖြင့်) မရေတွက်နိုင်၊ တရားတော်ကို ညွှန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏တပည့်သားဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာ တို့သည် သာလျှင် မြတ်ကုန်၏။

၇၅၃။ [ဝိ။ ဝ။ ၆၄၄] ‘‘တေသံ သုဒိန္နံ သုဟုတံ သုယိဋ္ဌံ, ယေ သံဃမုဒ္ဒိဿ ဒဒန္တိ ဒါနံ၊

သာ ဒက္ခိဏာ သံဃဂတာ ပတိဋ္ဌိတာ, မဟပ္ဖလာ လောကဝိဒူန [လောကဝိဒူဟိ (က။)] ဝဏ္ဏိတာ။

၇၅၃။ အကြင်သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထို သူတို့၏ပေးလှူ ခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌ တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ဟု လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာ ဘုရားတို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

စာ-၆၃

၇၅၄။ ‘‘ဧတာဒိသံ ယညမနုဿရန္တာ, ယေ ဝေဒဇာတာ ဝိစရန္တိ လောကေ၊

ဝိနေယျ မစ္ဆေရမလံ သမူလံ, အနိန္ဒိတာ သဂ္ဂမုပေန္တိ ဌာန’’န္တိ။

ဝိဟာရဝိမာနံ ဆဋ္ဌံ။

ဘာဏဝါရံ ဒုတိယံ နိဋ္ဌိတံ။

၇၅၄။ လောက၌ အကြင်သူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့သဘော ရှိသော (သံဃာကို ရည်မှတ်၍ ပြုသည့်) ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်သည် ဖြစ်၍ သွားလာလှည့်လည်နေကုန်၏၊ ထိုသူတို့သည် ဝန်တိုမှု အညစ်အကြေးကို အကြောင်း အရင်းနှင့်တကွပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ဘဲ နတ်ပြည်သို့ ကပ်ရောက် ကြရကုန်၏၊ ခြောက်ခုမြောက်သောဝိဟာရဝိမာနဝတ္ထု ပြီး၏။ ၇-စတုရိတ္ထိဝိမာနဝတ္ထု ဧသိကတိုင်း ကုန်းမြင့်အရပ် ပဏ္ဏကတမြို့တော် ဆွမ်းခံရဟန်းအား ငုရွှေပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၄င်း ကြာညိုပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၄င်း ပဒုမ္မာကြာစည်းကို လှူခဲ့သောကြောင့် ၄င်း အရောင်အဆင်းတင့်တယ်ခြင်း အစုံအလင်ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သမီးလေးဦး

၇။ စတုရိတ္ထိဝိမာနဝတ္ထု

၇၅၅။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၅၅။ အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့်။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၅၈။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၅၈။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၅၉။ ‘‘ဣန္ဒီဝရာနံ ဟတ္ထကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ၊

ဧသိကာနံ ဥဏ္ဏတသ္မိံ, နဂရဝရေ ပဏ္ဏကတေ ရမ္မေ။

၇၅၉။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ဆွမ်းခံလှည့်လည်သော ရဟန်းအား ငုရွှေပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၀။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိဿာ ပဘာသတီ’’တိ။

၇၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၇၆၂။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၆၂။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၆၅။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၆၅။ နတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၆၆။ ‘‘နီလုပ္ပလဟတ္ထကံ အဟမဒါသိံ, ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ၊

ဧသိကာနံ ဥဏ္ဏတသ္မိံ, နဂရဝရေ ပဏ္ဏကတေ ရမ္မေ။

၇၆၆။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ရဟန်းအား ကြာညိုပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၇။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

စာ-၆၄

၇၆၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၆၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၇၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၇၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၇၃။ ‘‘ဩဒါတမူလကံ ဟရိတပတ္တံ, ဥဒကသ္မိံ သရေ ဇာတံ အဟမဒါသိံ၊

ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ, ဧသိကာနံ ဥဏ္ဏတသ္မိံ၊

နဂရဝရေ ပဏ္ဏကတေ ရမ္မေ။

၇၇၃။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ရဟန်းအား ရေအိုင်၌ပေါက်၍ ဖြူသော ကြာစွယ် စိမ်းသော အရွက်ရှိသော ပဒုမ္မာကြာစည်းကို ပေးလှူခဲ့ပါ၏။

၇၇၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၇၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ပါ၏။

၇၇၆။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၇၇၆။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ သင်၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၇၇၉။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၇၉။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၈၀။ ‘‘အဟံ သုမနာ သုမနဿ သုမနမကုဠာနိ, ဒန္တဝဏ္ဏာနိ အဟမဒါသိံ၊

ဘိက္ခုနော ပိဏ္ဍာယ စရန္တဿ, ဧသိကာနံ ဥဏ္ဏတသ္မိံ၊

နဂရဝရေ ပဏ္ဏကတေ ရမ္မေ။

၇၈၀။ သုမနာအမည်ရှိသော အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံးမွေ့ လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ကောင်းသော စိတ်ရှိသော ရဟန်းအား ဆင်စွယ်အသွေးမြတ်လေးပန်းငုံတို့ကို ပေးလှူခဲ့ပါ၏။

၇၈၁။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

စတုရိတ္ထိဝိမာနံ သတ္တမံ။

၇၈၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ် ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။ ခုနစ်ခုမြောက်သော စတုရိတ္ထိဝိမာနဝတ္ထု ပြီး၏။ ၈-အမ္ဗဝိမာနဝတ္ထု လူဘဝက သရက်ပင်တို့ဖြင့် ခြံရံအပ်သော ကျောင်းကို သံဃာတော်၏ အကျိုးငှာ လှူဒါန်းသည့်ပြင်ကျောင်းပူဇော်ပွဲတွင် အဝတ်ပဒေသာ သရက်ပင်မှာပြုပြီးလျှင် ဆီမီး တန်ဆောင်ထွန်းကာ သံဃာတော်အားလှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် သရက်ဥယျာဥ် ကြီးအတွင်း ခမ်းနားသော ဗိမာန်၌တူရိယာသံအစုံ နတ်သမီးအကအခုန်တို့ဖြင့် ပျော်စံရသော နတ်သမီး

၈။ အမ္ဗဝိမာနဝတ္ထု

၇၈၃။ ‘‘ဒိဗ္ဗံ တေ အမ္ဗဝနံ ရမ္မံ, ပါသာဒေတ္ထ မဟလ္လကော၊

နာနာတုရိယသံဃုဋ္ဌော, အစ္ဆရာဂဏဃောသိတော။

၇၈၃။ သင်နတ်သမီး၏ နတ်၌ဖြစ်သော သရက်ဥယျာဥ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဥ်၌ ပြန့်ပြောကြီးကျယ်သော ပြာသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့်ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံ ရှိ၏။

၇၈၄။ ‘‘ပဒီပေါ စေတ္ထ ဇလတိ, နိစ္စံ သောဝဏ္ဏယော မဟာ၊

ဒုဿဖလေဟိ ရုက္ခေဟိ, သမန္တာ ပရိဝါရိတော။

၇၈၄။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲ တောက်ပနေ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင် ခြံရံအပ်၏။

စာ-၆၅

၇၈၅။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ၊

၇၈၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၈၇။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၇၈၇။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၈၈။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ပုရိမာယ ဇာတိယာ မနုဿလောကေ၊

ဝိဟာရံ သံဃဿ ကာရေသိံ, အမ္ဗေဟိ ပရိဝါရိတံ။

၇၈၈။ အကျွန်ုပ်သည် ရှေးဘဝ လူတို့လောကဝယ် လူဖြစ်ခဲ့စဥ်အခါက သရက်ပင်တို့ဖြင့် ခြံရံအပ်သော ကျောင်းကို သံဃာတော်၏ (အကျိုးငှါ) ဆောက်လုပ်စေခဲ့ပါ၏။

၇၈၉။ ‘‘ပရိယောသိတေ ဝိဟာရေ, ကာရေန္တေ နိဋ္ဌိတေ မဟေ၊

အမ္ဗေဟိ ဆာဒယိတွာန [အမ္ဗေ အစ္ဆာဒယိတွာန (သီ။ သျာ။), အမ္ဗေဟစ္ဆာဒယိတွာန (ပီ။ က။)], ကတွာ ဒုဿမယေ ဖလေ။

၇၈၉-၇၉၀။ ဆောက်လုပ်အပ်သော ကျောင်းပြီးမြောက်၍ ကျောင်းပူဇော်ပွဲ ကျင်းပလတ် သော်အဝတ်ဖြင့်ပြီးသော အသီးတို့ကို ပြုပြီးလျှင် သရက်ပင်တို့ကို ဖုံးလွှမ်းလျက် ထိုသရက် ပင်တို့၌ ဆီမီးကိုလည်း ညှိထွန်း၍ နတ်လူအပေါင်းတို့ထက် မြတ်သော သံဃာတော်ကို ဆွမ်း လုပ်ကျွေးလျက့်ကြည်လင်သော စိတ်ဖြင့် ထိုကျောင်းကို သံဃာတော်အား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၇၉၀။ ‘‘ပဒီပံ တတ္ထ ဇာလေတွာ, ဘောဇယိတွာ ဂဏုတ္တမံ၊

နိယျာဒေသိံ တံ သံဃဿ, ပသန္နာ သေဟိ ပါဏိဘိ။

၇၉၁။ ‘‘တေန မေ အမ္ဗဝနံ ရမ္မံ, ပါသာဒေတ္ထ မဟလ္လကော၊

နာနာတုရိယသံဃုဋ္ဌော, အစ္ဆရာဂဏဃောသိတော။

၇၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ သရက်ဥယျာဥ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဥ်၌ ပြန့်ပြောကျယ်ဝန်းသော ပြာသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့်ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံရှိပါ၏။

၇၉၂။ ‘‘ပဒီပေါ စေတ္ထ ဇလတိ, နိစ္စံ သောဝဏ္ဏယော မဟာ၊

ဒုဿဖလေဟိ ရုက္ခေဟိ, သမန္တာ ပရိဝါရိတော။

၇၉၂။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲ တောက်ပနေ ပါ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင်မှ ခြံရံအပ် ပါ၏။

၇၉၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

အမ္ဗဝိမာနံ အဋ္ဌမံ။

၇၉၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။ ရှစ်ခုမြောက်သော အမ္ဗဝိမာနဝတ္ထု ပြီး၏။ ၉-ပီတဝိမာနဝတ္ထု ရှေးဘဝ လူ့ပြည်၌ မြတ်စွာဘုရား၏စေတီ (သရီရဓာတ်) တော်ကို ရည်မှတ်၍ သပွတ်ခါးနွယ်ပန်းလေးပွင့်တို့ကို ပူဇော်ရန်အသွား လမ်းခရီးအကြားတွင် သေဆုံး၍ နတ်ပြည်၌ရွှေဝါရောင်ပြာသာဒ်တွင်ခံစားရသော နတ်သမီး

၉။ ပီတဝိမာနဝတ္ထု

၇၉၅။ ‘‘ပီတဝတ္ထေ ပီတဓဇေ, ပီတာလင်္ကာရဘူသိတေ၊

ပီတစန္ဒနလိတ္တင်္ဂေ, ပီတဥပ္ပလမာလိနီ [ပီတုပ္ပလမဓာရိနီ (သျာ။ က။), ပီတုပ္ပလမာလိနီ (ပီ။)]။

၇၉၅-၆။ ရွှေဝါရောင်အဝတ်ကို ဝတ်သော ရွှေဝါရောင်တံခွန်ရှိသော, ရွေဝါရောင်တန်ဆာ တို့ဖြင့်တန်ဆာဆင်အပ်သော, ရွှေဝါရောင်စန္ဒကူးဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသော, ရွှေဝါ ရောင်ကြာပန်းကို ဆင်မြန်းသော, ရွှေဝါရောင်ပြာသာဒ်, ရွှေဝါရောင်အိပ်ရာ, ရွှေဝါရောင်နေရာ, ရွှေဝါရောင်ခွက်,ရွှေဝါရောင်ထီး, ရွှေဝါရောင်ရထား, ရွှေဝါရောင်မြင်း, ရွှေဝါရောင်သားမြီးယပ် ရှိသော နတ်သမီး-

၇၉၆။ ‘‘ပီတပါသာဒသယနေ, ပီတာသနေ ပီတဘာဇနေ၊

ပီတဆတ္တေ ပီတရထေ, ပီတဿေ ပီတဗီဇနေ။

စာ-၆၆

၇၉၇။ ‘‘ကိံ ကမ္မမကရီ ဘဒ္ဒေ, ပုဗ္ဗေ မာနုသကေ ဘဝေ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၇၉၇။ သင်သည် ရှေးဘဝက လူ့ပြည်၌ အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ နတ် သမီးဤအကျိုးသည် အဘယ်ကုသိုလ်ထူး၏ အကျိုးပါနည်း၊ သင့်ကို ငါ မေးပါ၏၊ ဖြေကြား ပါလော့ (ဟုသိကြားမင်းက မေး၏)။

၇၉၈။ ‘‘ကောသာတကီ နာမ လတတ္ထိ ဘန္တေ, တိတ္တိကာ အနဘိစ္ဆိတာ၊

တဿာ စတ္တာရိ ပုပ္ဖါနိ, ထူပံ အဘိဟရိံ အဟံ။

၇၉၈-၉။ အရှင်သိကြားမင်း ခါးသည်ဖြစ်၍ လူတို့ အလိုမရှိသော သပွတ်ခါးမည်သော နွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ရည်မှတ်၍ အထူး ကြည်လင်သော စိတ်ဖြင့်ထိုသပွတ်ခါးနွယ် ပန်းလေးပွင့်တို့ကို စေတီတော်ဆီသို့ ရှေးရှု ဆောင်ယူခဲ့ပါ၏၊ အကျွန်ုပ်သည် ထို (ရန်သူ) နွားမ၌ သတိမထားမိသည်ဖြစ်၍ ထိုနွားအုပ် လာရာလမ်းကို မျှော်မကြည့်မိပါ။

၇၉၉။ ‘‘သတ္ထု သရီရမုဒ္ဒိဿ, ဝိပ္ပသန္နေန စေတသာ၊

နာဿ မဂ္ဂံ အဝေက္ခိဿံ, န တဂ္ဂမနသာ [တဒဂ္ဂမနသာ (သီ။), တဒင်္ဂမနသာ (သျာ။)] သတီ။

၈၀၀။ ‘‘တတော မံ အဝဓီ ဂါဝီ, ထူပံ အပတ္တမာနသံ၊

တဉ္စာဟံ အဘိသဉ္စေယျံ, ဘိယျော [ဘီယော (သီ။ အဋ္ဌ။)] နူန ဣတော သိယာ။

၈၀၀။ ထိုနွားအုပ်မှ နွားသားငယ်ရှိသော နွားမသည် အကျွန်ုပ်ကို စေတီတော်သို့ မရောက်သေးမီဝှေ့သတ်ပါ၏၊ အကျွန်ုပ်သည် (စေတီတော်သို့ ကိုယ်တိုင်ရောက်၍ အလိုဆန္ဒ အတိုင်း ပန်းကို ပူဇော်သဖြင့်) ထိုကောင်းမှုကို သာ ကောင်းစွာ ဆည်းပူးခဲ့ရပါမူ အကျွန်ုပ်အား ဤစည်းစိမ်ထက်သာလွန်၍ ဖြစ်ရာပါ၏။

၈၀၁။ ‘‘တေန ကမ္မေန ဒေဝိန္ဒ, မဃဝါ ဒေဝကုဉ္ဇရော၊

ပဟာယ မာနုသံ ဒေဟံ, တဝ သဟဗျ [သဟဗျတ (သီ။ သျာ။)] မာဂတာ’’တိ။

၈၀၁။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသော နတ်တို့အရှင် သိကြားမင်း ထို (စေတီတော်ကို ပန်းတို့ဖြင့် ပူဇော်လို၍ သွားခြင်းတည်းဟူသော) ကောင်းမှုကြောင့် လူ့ ခန္ဓာကိုယ်ကို စွန့်၍ အရှင်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်၏ အဖြစ်သို့ ရောက် လာရပါ၏ (ဟု ဖြေကြား၏)။

၈၀၂။ ဣဒံ သုတွာ တိဒသာဓိပတိ, မဃဝါ ဒေဝကုဉ္ဇရော၊

တာဝတိံသေ ပသာဒေန္တော, မာတလိံ ဧတဒဗြဝိ [ဧတဒဗြူဝီတိ (သီ။)]။

၈၀၂။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသောတာဝတိံသာနတ်တို့အရှင် သိကြားမင်းသည်ဤစကားကို ကြားရသည်ရှိသော် တာဝတိံသာနတ်တို့ကို ရတနာသုံးပါးတို့၌ ကြည်ညိုစေလိုသောကြောင့် မာတလိနတ်သားအား ဤစကားကို ပြောဆို၏။

၈၀၃။ ‘‘ပဿ မာတလိ အစ္ဆေရံ, စိတ္တံ ကမ္မဖလံ ဣဒံ၊

အပ္ပကမ္ပိ ကတံ ဒေယျံ, ပုညံ ဟောတိ မဟပ္ဖလံ။

၈၀၃။ မာတလိနတ်သား အံ့ဖွယ်ကောင်းသော ဆန်းကြယ်သော ဤကုသိုလ်ကံ၏ အကျိုးကို ရှာစမ်းပါလော့၊ လှူဖွယ်ဝတ္ထု အနည်းငယ်မျှပင် ဖြစ်သော်လည်း ပြုအပ်သော ကောင်းမှုသည် ကား များမြတ်သော အကျိုးရှိ၏။

၈၀၄။ ‘‘နတ္ထိ စိတ္တေ ပသန္နမှိ, အပ္ပကာ နာမ ဒက္ခိဏာ၊

တထာဂတေ ဝါ သမ္ဗုဒ္ဓေ, အထ ဝါ တဿ သာဝကေ။

၈၀၄။ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊ ထို မြတ်စွာဘုရား၏တပည့်သားသံဃာတော်၌ဖြစ်စေ စိတ်ကြည်လင်သည်ရှိသော် ပေးလှူအပ်သော ဒါနမည်သည်နည်းသည်ဟူ၍ မရှိချေ။

၈၀၅။ ‘‘ဧဟိ မာတလိ အမှေပိ, ဘိယျော ဘိယျော မဟေမသေ၊

တထာဂတဿ ဓာတုယော, သုခေါ ပုညာန မုစ္စယော။

၈၀၅။ မာတလိနတ်သား လာလှည့်၊ ငါတို့သည် လည်း မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို အတိုင်းထက်အလွန် ပူဇော်ကြပါကုန်စို့၊ ကောင်းမှုတို့ကို ဆည်းပူးခြင်းသည် ချမ်းသာ၏။

၈၀၆။ ‘‘တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ, သမေ စိတ္တေ သမံ ဖလံ၊

စေတောပဏိဓိဟေတု ဟိ, သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

၈၀၆။ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန် စံတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသော အကျိုးကို ပေးနိုင်၏၊ စိတ်ကို ကောင်းစွာထားခြင်းတည်းဟူသော အကြောင်း ကြောင့် သတ္တဝါတို့သည် ကောင်းသော လားရာ သုဂတိသို့သွားကြရကုန်၏။

၈၀၇။ ‘‘ဗဟူနံ [ဗဟုန္နံ (သီ။ သျာ။)] ဝတ အတ္ထာယ, ဥပ္ပဇ္ဇန္တိ တထာဂတာ၊

ယတ္ထ ကာရံ ကရိတွာန, သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ’’တိ။

ပီတဝိမာနံ နဝမံ။

၈၀၇။ မြတ်စွာဘုရားတို့သည် များစွာကုန်သောသူတို့၏အကျိုးငှါ စင်စစ် ပွင့်တော်မူကြ ကုန်၏၊ ယင်းမြတ်စွာဘုရား၌ ဒါယကာတို့သည် ပူဇော်သကာရကို ပြုသောကြောင့် နတ်ပြည်သို့ သွားကြရကုန်၏ (ဟု သိကြားမင်းက ပြောဆို၏)။ ကိုးခုမြောက်သော ပီတဝိမာနဝတ္ထု ပြီး၏။ ၁၀-ဥ စ္ဆုဝိမာနဝတ္ထု ရာဇဂြိုဟ်ပြည်၌ အသျှင်မဟာမောဂ္ဂလ္လာန်အား ကြံပိုင်းကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်းကဲ့သို့လုံခြုံ၍ နတ်သမီးများစွာခြံရံကာ ချမ်းသာစွာ ခံစားရသော နတ်သမီး

စာ-၆၇

၁၀။ ဥစ္ဆုဝိမာနဝတ္ထု

၈၀၈။ ‘‘ဩဘာသယိတွာ ပထဝိံ သဒေဝကံ, အတိရောစသိ စန္ဒိမသူရိယာ ဝိယ၊

သိရိယာ စ ဝဏ္ဏေန ယသေန တေဇသာ, ဗြဟ္မာဝ ဒေဝေ တိဒသေ သဟိန္ဒကေ။

၈၀၈။ လ, နေတို့သည် ကောင်းကင်နှင့်တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန်သကဲ့သို့ သင် နတ်သမီးသည် အလွန်တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည်တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်အပေါင်းတို့ကို သာလွန်၍ တင့်တယ်သကဲ့သို့ သင်သည် အသရေဖြင့်လည်းကောင်း, အရောင်အဆင်းဖြင့်လည်းကောင်း,အခြံအရံများခြင်းဖြင့်လည်းကောင်း, တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏။

၈၀၉။ ‘‘ပုစ္ဆာမိ တံ ဥပ္ပလမာလဓာရိနီ, အာဝေဠိနီ ကဉ္စနသန္နိဘတ္တစေ၊

အလင်္ကတေ ဥတ္တမဝတ္ထဓာရိနီ, ကာ တွံ သုဘေ ဒေဝတေ ဝန္ဒသေ မမံ။

၈၀၉။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးဆောက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်းရှိသော (လက်ကောက် ခြေချင်းစသော) တန်ဆာတို့ဖြင့်ဆင်ယင်သော ကိုယ်ရှိသော မြတ်သော အဝတ်အရုံကိုလည်း ဝတ်ရုံထားသော တင့်တယ်သော နတ်သမီးသင့်ကို ငါ မေး၏၊ ငါ့ကို ရှိခိုးလာသော သင်ကား အဘယ်သူနည်း။

၈၁၀။ ‘‘ကိံ တွံ ပုရေ ကမ္မမကာသိ အတ္တနာ, မနုဿဘူတာ ပုရိမာယ ဇာတိယာ၊

ဒါနံ သုစိဏ္ဏံ အထ သီလသညမံ, ကေနုပပန္နာ သုဂတိံ ယသဿိနီ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၈၁၀။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင်ပြုခဲ့သနည်း၊ သင်သည် ရှေးဘဝလူဖြစ်ခဲ့စဥ်က အလှူပေးလှူမှုကို မူလည်း လေ့ကျက်ခဲ့သလော၊သို့မဟုတ် သီလ စောင့်စည်းမှုကို မူလည်းပြုခဲ့ဖူးသလော၊ အဘယ်ကုသိုလ်ကြောင့် သင်သည် နတ်ရွာသုဂတိဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိပါသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးပါနည်း၊ နတ်သမီး သင့်ကို ငါ မေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၈၁၁။ ‘‘ဣဒါနိ ဘန္တေ ဣမမေဝ ဂါမံ, ပိဏ္ဍာယ အမှာက ဃရံ ဥပါဂမိ၊

တတော တေ ဥစ္ဆုဿ အဒါသိ ခဏ္ဍိကံ, ပသန္နစိတ္တာ အတုလာယ ပီတိယာ၊

၈၁၁။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံ ခြင်းငှါအကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ် သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင်ဘုရားအား ပေးလှူခဲ့ဖူးပါ၏။

၈၁၂။ ‘‘သဿု စ ပစ္ဆာ အနုယုဉ္ဇတေ မမံ, ကဟံ နု ဥစ္ဆုံ ဝဓုကေ အဝါကိရီ၊

န ဆဍ္ဍိတံ နော ပန ခါဒိတံ မယာ, သန္တဿ ဘိက္ခုဿ သယံ အဒါသဟံ။

၈၁၂။ အရှင်ဘုရား နောက်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း “ချွေးမငယ် ကြံကို အဘယ်၌စွန့်ပစ်လိုက်သနည်း”ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့မေးသော် “အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာငြိမ်း ပြီးသော ရဟန်းအား အကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏” (ဟု ပြောကြားပါ၏)။

၈၁၃။ ‘‘တုယှံနွိဒံ ဣဿရိယံ အထော မမ, ဣတိဿာ သဿု ပရိဘာသတေ မမံ၊

လေဍ္ဍုံ ဂဟေတွာ ပဟာရံ အဒါသိ မေ, တတော စုတာ ကာလကတာမှိ ဒေဝတာ။

၈၁၃။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ) သည် “ဟယ်ချွေးမ ဤအိမ်ကို အစိုးရသူသည်သင်ဖြစ်သလော၊သို့မဟုတ် ငါ ဖြစ်သလော”ဟူ၍ အကျွန်ုပ်ကို ဆိုမြည် ကြိမ်းမောင်းပါ၏၊ ထိုယောက္ခမမိန်းမသူသည် ခဲကို ကောက်ယူ၍ အကျွန်ုပ်အား ပေါက်ပါ၏၊ အကျွန်ုပ်သည် ထိုလူ့ဘဝမှစုတေ၍ သေလွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။

၈၁၄။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ကမ္မံ အနုဘောမိ အတ္တနာ၊

ဒေဝေဟိ သဒ္ဓိံ ပရိစာရယာမဟံ, မောဒါမဟံ ကာမဂုဏေဟိ ပဉ္စဟိ။

၈၁၄။ အကျွန်ုပ်သည် အပြစ်မရှိခြင်း ကောင်းကျိုးကိုပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော် နတ်တို့နှင့်တကွ စံပယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

စာ-၆၈

၈၁၅။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ကမ္မံ အနုဘောမိ အတ္တနာ၊

ဒေဝိန္ဒဂုတ္တာ တိဒသေဟိ ရက္ခိတာ, သမပ္ပိတာ ကာမဂုဏေဟိ ပဉ္စဟိ။

၈၁၅။ အရှင်ဘုရား အပြစ်မရှိခြင်း ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်း လှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင်ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံ ပါ၏၊ ကာမဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။

၈၁၆။ ‘‘ဧတာဒိသံ ပုညဖလံ အနပ္ပကံ, မဟာဝိပါကာ မမ ဥစ္ဆုဒက္ခိဏာ၊

ဒေဝေဟိ သဒ္ဓိံ ပရိစာရယာမဟံ, မောဒါမဟံ ကာမဂုဏေဟိ ပဉ္စဟိ။

၈၁၆။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည်များမြတ်သော အကျိုးရှိပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော်နတ်တို့နှင့်တကွ စံပယ် ရပါ၏၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

၈၁၇။ ‘‘ဧတာဒိသံ ပုညဖလံ အနပ္ပကံ, မဟာဇုတိကာ မမ ဥစ္ဆုဒက္ခိဏာ၊

ဒေဝိန္ဒဂုတ္တာ တိဒသေဟိ ရက္ခိတာ, သဟဿနေတ္တောရိဝ နန္ဒနေ ဝနေ။

၈၁၇။ ဤသို့သော ကောင်းမှု၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူ သည် ကြီးသော အာနုဘော်ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြား မင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒဝန်ဥယျာဥ်၌မွေ့လျော်စံပျော်သကဲ့သို့ (အကျွန်ုပ်) စံပျော်ရပါ၏။

၈၁၈။ ‘‘တုဝဉ္စ ဘန္တေ အနုကမ္ပကံ ဝိဒုံ, ဥပေစ္စ ဝန္ဒိံ ကုသလဉ္စ ပုစ္ဆိသံ၊

တတော တေ ဥစ္ဆုဿ အဒါသိံ ခဏ္ဍိကံ, ပသန္နစိတ္တာ အတုလာယ ပီတိယာ’’တိ။

ဥစ္ဆုဝိမာနံ ဒသမံ။

၈၁၈။ အရှင်ဘုရား အကျွန်ုပ်သည် သနားခြင်းနှင့် ယှဥ်သော ပညာရှိသော အရှင်ဘုရား ကိုလည်းဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရားအား အနာမရှိခြင်းကိုလည်း မေးခဲ့ပါ၏၊ ထို့ပြင် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏ (ဟု လျှောက်၏)။ ဆယ်ခုမြောက်သော ဥစ္ဆုဝိမာနဝတ္ထု ပြီး၏။ ၁၁-ဝန္ဒနဝိမာနဝတ္ထု ရှေးလူ့ဘဝက သီလစင်ကြယ်သော ရဟန်းမြတ်ကို ဖူးမြင်၍ ကြည်လင်သော စေတနာဖြင့်ရှိခိုးဦးချခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ချမ်းသာကို ခံစားရသူ နတ်သမီး

၁၁။ ဝန္ဒနဝိမာနဝတ္ထု

၈၁၉။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဩဘာသေန္တီ ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၈၁၉။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တည်နေဘိ၏။

၈၂၀။

၈၂၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်း။

‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ။ …

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၈၂၂။ သာ ဒေဝတာ အတ္တမနာ…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၈၂၂။ ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို ဖြေကြားလျှောက်ထား၏။

၈၂၃။ ‘‘အဟံ မနုဿေသု မနုဿဘူတာ, ဒိသွာန သမဏေ သီလဝန္တေ၊

ပါဒါနိ ဝန္ဒိတွာ မနံ ပသာဒယိံ, ဝိတ္တာ စဟံ အဉ္ဇလိကံ အကာသိံ။

၈၂၃။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက သီလနှင့်ပြည့်စုံကုန်သော ရဟန်း တို့ကို့ဖူးမြင်၍ ထိုရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် စိတ်ကို ကြည်လင်စေလျက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီခြင်းကို ပြုခဲ့ဖူးပါ၏။

စာ-၆၉

၈၂၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဝန္ဒနဝိမာနံ ဧကာဒသမံ။

၈၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပပါ၏။ တစ်ဆယ့်တစ်ခုမြောက်သောဝန္ဒနဝိမာနဝတ္ထု ပြီး၏။ ၁၂-ရဇ္ဇုမာလာဝိမာနဝတ္ထု ရှေးဘဝ ဂယာရွာ၌ ပုဏ္ဏား၏ကျွန်မဖြစ်စဥ် အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့် အိမ်မှထွက်လာကာဆွဲ၊ ကိးချသေရန်ကြံစည်ဆဲ မြတ်စွာဘုရားနှင့် တွေ့၍ ဘုရားကို ဆည်းကပ်လော့ဟူသော မိန့်တော်သံကို နာယူလျက် အဆင့်ဆင့် အားထုတ် မဆုတ် မနစ်သော သဒ္ဓါတရား သစ္စာလေးပါးကို သိ စုတိသောအခါတာဝတိံသာနတ်ပြည်တွင် ထင်ရှားသော နတ်သမီးတို့၏ ချီးမွမ်းခြင်းကို ခံရသူ ဖြစ်လာရသော နတ်သမီး

၁၂။ ရဇ္ဇုမာလာဝိမာနဝတ္ထု

၈၂၆။ ‘‘အဘိက္ကန္တေန ဝဏ္ဏေန, ယာ တွံ တိဋ္ဌသိ ဒေဝတေ၊

ဟတ္ထပါဒေ စ ဝိဂ္ဂယှ, နစ္စသိ သုပ္ပဝါဒိတေ။

၈၂၆။ နတ်သမီး သင်သည် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် တည်၏၊ ကောင်းစွာတီးမှုတ်သည်ရှိသော် လက်ခြေတို့ကို အထူးထူး အထွေထွေ မြှောက်ချီ၍ က၏။

၈၂၇။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ သဒ္ဒါ နိစ္ဆရန္တိ, သဝနီယာ မနောရမာ။

၈၂၇။ သင် ကနေစဥ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အချင်းခပ်သိမ်း သာယာနာ ပျော်ဖွယ်နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်လာကုန်၏။

၈၂၈။ ‘‘တဿာ တေ နစ္စမာနာယ, အင်္ဂမင်္ဂေဟိ သဗ္ဗသော၊

ဒိဗ္ဗာ ဂန္ဓာ ပဝါယန္တိ, သုစိဂန္ဓာ မနောရမာ။

၈၂၈။ သင် ကနေစဥ် အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အချင်းခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လှိုင်ကုန်၏။

၈၂၉။ ‘‘ဝိဝတ္တမာနာ ကာယေန, ယာ ဝေဏီသု ပိဠန္ဓနာ၊

တေသံ သုယျတိ နိဂ္ဃေါသော, တုရိယေ ပဉ္စင်္ဂိကေ ယထာ။

၈၂၉။ ကိုယ်ကို လှည့်လည် ပြောင်းရွှေ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပါ၏။

၈၃၀။ ‘‘ဝဋံသကာ ဝါတဓုတာ, ဝါတေန သမ္ပကမ္ပိတာ၊

တေသံ သုယျတိ နိဂ္ဃေါသော, တုရိယေ ပဉ္စင်္ဂိကေ ယထာ။

၈၃၀။ လေညင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လှုပ်ကုန်သော ဦးဆောက် ပန်းတို့၏အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပါ၏။

၈၃၁။ ‘‘ယာပိ တေ သိရသ္မိံ မာလာ, သုစိဂန္ဓာ မနောရမာ၊

ဝါတိ ဂန္ဓော ဒိသာ သဗ္ဗာ, ရုက္ခော မဉ္ဇူသကော ယထာ။

၈၃၁။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည်လည်း မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်၏။

၈၃၂။ ‘‘ဃာယသေ တံ သုစိဂန္ဓံ, ရူပံ ပဿသိ အမာနုသံ၊

ဒေဝတေ ပုစ္ဆိတာစိက္ခ, ကိဿ ကမ္မဿိဒံ ဖလ’’န္တိ။

၈၃၂။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကို သာ နမ်းရှူနေရဘိ၏၊ နတ်၌ ဖြစ်သော အဆင်းကို သာ တွေ့မြင်နေရဘိ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးပါ နည်း၊ သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၈၃၃။ ‘‘ဒါသီ အဟံ ပုရေ အာသိံ, ဂယာယံ ဗြာဟ္မဏဿဟံ၊

အပ္ပပုညာ အလက္ခိကာ, ရဇ္ဇုမာလာတိ မံ ဝိဒုံ [ဝိဒူ (သျာ။ ပီ။ က။)]။

၈၃၃။ အကျွန်ုပ်သည် ရှေးဘဝက ဂယာရွာ၌ ပုဏ္ဏား၏ ကျွန်မ ဖြစ်ခဲ့ဖူးပါ၏၊ အကျွန်ုပ် သည်ဘုန်းကံနည်းလှပါ၏၊ ကျက်သရေ မရှိပါ၊ အကျွန်ုပ်ကို ရဇ္ဇုမာလာဟူ၍ လူတို့ သိကြပါ ကုန်၏။

၈၃၄။ ‘‘အက္ကောသာနံ ဝဓာနဉ္စ, တဇ္ဇနာယ စ ဥဂ္ဂတာ [ဥက္ကတာ (သီ။ သျာ။)]၊

ကုဋံ ဂဟေတွာ နိက္ခမ္မ, အဂဉ္ဆိံ [အာဂစ္ဆိံ (သျာ။ က။), အဂစ္ဆိံ (ပီ။), ဂစ္ဆိံ (သီ။)] ဥဒဟာရိယာ [ဥဒကဟာရိယာ (သီ။)]။

၈၃၄။ အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့်လည်းကောင်း, ရိုက်ပုတ်ခြင်းတို့ကြောင့်လည်း ကောင်း,ခြိမ်းခြောက်ခြင်းတို့ကြောင့်လည်းကောင်း စိတ်မချမ်းသာသောကြောင့် ရေအိုးကို ယူကာ အိမ်မှ ထွက်ခဲ့၍ ရေခပ်ရန်ကဲ့သို့ ပြုကာ သွားခဲ့ပါ၏။

စာ-၇၀

၈၃၅။ ‘‘ဝိပထေ ကုဋံ နိက္ခိပိတွာ, ဝနသဏ္ဍံ ဥပါဂမိံ၊

ဣဓေဝါဟံ မရိဿာမိ, ကော အတ္ထော [ကွတ္ထောသိ (က။), ကီဝတ္ထောပိ (သျာ။)] ဇီဝိတေန မေ။

၈၃၅။ ခရီးလမ်းနံဘေး၌ ရေအိုးကို ချထားပြီးလျှင် ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ဤတောအုပ်၌ပင်လျှင် ငါ သေတော့အံ့ (ဟု နှလုံးသွင်း၍) တောအုပ်သို့ ချဥ်းကပ်ခဲ့ပါ၏။

၈၃၆။ ‘‘ဒဠှံ ပါသံ ကရိတွာန, အာသုမ္ဘိတွာန ပါဒပေ၊

တတော ဒိသာ ဝိလောကေသိံ,ကော နု ခေါ ဝနမဿိတော။

၈၃၆။ ကြိုးကွင်းကို မြဲမြံခိုင်ခံ့စွာပြု၍ သစ်ပင်၌ ဆွဲပြီးနောက်မှ တောတွင်းသို့ ဝင်နေသောသူအဘယ်သူရှိလေသနည်းဟု အရပ်မျက်နှာတို့ကို လှည့်လည်ကြည့်၏။

၈၃၇။ ‘‘တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, သဗ္ဗလောကဟိတံ မုနိံ၊

နိသိန္နံ ရုက္ခမူလသ္မိံ, ဈာယန္တံ အကုတောဘယံ။

၈၃၇။ ထိုတောအုပ်တွင် သစ်ပင်၏ အနီး၌ ထိုင်နေတော်မူသော ခပ်သိမ်းသော သတ္တဝါ၏ အစီးအပွါးကို ဆောင်တော်မူသော ဈာန်ဝင်စားလျက် နေတော်မူသော ဘေးမရှိသော မြတ်စွာ ဘုရားကို မြင်ရပါ၏။

၈၃၈။ ‘‘တဿာ မေ အဟု သံဝေဂေါ, အဗ္ဘုတော လောမဟံသနော၊

ကော နု ခေါ ဝနမဿိတော, မနုဿော ဥဒါဟု ဒေဝတာ။

၈၃၈။ တောတွင်းသို့ ဝင်နေသောသူ အဘယ်သူနည်း၊ လူသားလေလော့ နတ်လေလောဟုထိုအကျွန်ုပ်အား ထိတ်လန့်ခြင်းနှင့်တကွ အသိဉာဏ် ဖြစ်ပေါ်လာပါ၏၊ မဖြစ်ဖူးမြဲ ဖြစ်သော ကြက်သီးမွေးညင်း ထပါ၏။

၈၃၉။ ‘‘ပါသာဒိကံ ပသာဒနီယံ, ဝနာ နိဗ္ဗနမာဂတံ၊

ဒိသွာ မနော မေ ပသီဒိ, နာယံ ယာဒိသကီဒိသော။

၈၃၉။ ကြည်ညိုဖွယ်ကို ဆောင်တော်မူသော လူအပေါင်းတို့၏ အကြည်ညိုကို ခံတော်မူထိုက်သော ကိလေသာတောမှ ဖဲကြဥ်၍ နိဗ္ဗာန်သို့ ရောက်တော်မူသော မြတ်စွာဘုရားကို မြင်ရခြင်း ကြောင့်အကျွန်ုပ်၏ စိတ်သည် ကြည်လင်ပါ၏၊ ဤပုဂ္ဂိုလ်၏ဟုတ်ဟုတ်ညားညား (သာမန် လူစား) မဟုတ်။

၈၄၀။ ‘‘ဂုတ္တိန္ဒြိယော ဈာနရတော, အဗဟိဂ္ဂတမာနသော၊

ဟိတော သဗ္ဗဿ လောကဿ, ဗုဒ္ဓေါ အယံ [သောယံ (သီ။)] ဘဝိဿတိ။

၈၄၀။ ဤပုဂ္ဂိုလ်သည် စောင့်ရှောက်အပ်သော ဣန္ဒြေရှိတော်မူသော (အရဟတ္တဖိုလ်) ဈာန်၌မွေ့လျော်တော်မူသော အပအာရုံတို့သို့ စိတ်မရောက်သော သတ္တဝါအားလုံး၏ အစီးအပွါးကို ရွက်ဆောင်တော်မူသော မြတ်စွာဘုရား ဖြစ်ပေလိမ့်မည်။

၈၄၁။ ‘‘ဘယဘေရဝေါ ဒုရာသဒေါ, သီဟောဝ ဂုဟမဿိတော၊

ဒုလ္လဘာယံ ဒဿနာယ, ပုပ္ဖံ ဩဒုမ္ဗရံ ယထာ။

၈၄၁။ ဂူလိုဏ်၌ နေသော ခြင်္သေ့မင်းကဲ့သို့ (မိစ္ဆာအယူရှိသူတို့) ကြောက်အပ်၍ (ထိုမိစ္ဆာအယူရှိသူတို့၏) ကြောက်ခြင်းကို ဖြစ်စေတတ်သော (ဖောက်ပြန်စိတ်ရှိသူတို့ ချဥ်းကပ်ရန် ခဲယဥ်းသော) မြတ်စွာဘုရားအား ရေသဖန်းပွင့်ကို တွေ့မြင်နိုင်ရန် ခဲယဥ်းလှသကဲ့သို့ ဖူးမြင် ရန် ခဲယဥ်းလှပေ၏။

၈၄၂။ ‘‘သော မံ မုဒူဟိ ဝါစာဟိ, အာလပိတွာ တထာဂတော၊

ရဇ္ဇုမာလေတိ မံဝေါစ, သရဏံ ဂစ္ဆ တထာဂတံ။

၈၄၂။ ထိုမြတ်စွာဘုရားသည် နူးညံ့သော စကားတို့ဖြင့် ရဇ္ဇုမာလာဟု ခေါ်တော်မူပြီးလျှင်‘မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့’ဟု အကျွန်ုပ်ကို မိန့်တော်မူ၏။

၈၄၃။ ‘‘တာဟံ ဂိရံ သုဏိတွာန, နေလံ အတ္ထဝတိံ သုစိံ၊

သဏှံ မုဒုဉ္စ ဝဂ္ဂုဉ္စ, သဗ္ဗသောကာပနူဒနံ။

၈၄၃။ အကျွန်ုပ်သည် အပြစ်ကင်း၍ အနက်နှင့်ယှဥ်သော သန့်ရှင်းသိမ်မွေ့ သာယာဖွယ်သော ခပ်သိမ်းသော ပူဆွေးခြင်းတို့ကို ပယ်ဖျောက်တတ်သော ထိုစကားတော်ကို ကြားနာ ရခြင်းကြောင့် (ကြည်ညိုစိတ် ဖြစ်ခဲ့ပါ၏)။

၈၄၄။ ‘‘ကလ္လစိတ္တဉ္စ မံ ဉတွာ, ပသန္နံ သုဒ္ဓမာနသံ၊

ဟိတော သဗ္ဗဿ လောကဿ, အနုသာသိ တထာဂတော။

၈၄၄။ ကြည်လင်၍ စင်ကြယ်သော စိတ်ရှိသော ဘာဝနာကံအားလျော်သော စိတ်ရှိသည်ကို သိတော်မူ၍ သတ္တဝါအားလုံး၏ အစီးအပွါးကို လိုလားတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အားသွန်သင်ဆုံးမတော်မူပါ၏။

၈၄၅။ ‘‘ဣဒံ ဒုက္ခန္တိ မံဝေါစ, အယံ ဒုက္ခဿ သမ္ဘဝေါ၊

ဒုက္ခ [အယံ (သီ။ သျာ။ ပီ။)] နိရောဓော မဂ္ဂေါ စ [ဒုက္ခနိရောဓော စ (သျာ။)], အဉ္ဇသော အမတောဂဓော။

၈၄၅။ ဤတရားသည် ဒုက္ခသစ္စာတည်း၊ ဤတရားသည် ဆင်းရဲဖြစ်ပေါ်ကြောင်း သမုဒယ သစ္စာတည်း၊ ဤတရားသည် ဒုက္ခချုပ်ရာ နိရောဓသစ္စာတည်း၊ ဤမဂ္ဂင်ရှစ်ပါးတရားသည် နိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂသစ္စာတည်းဟု ဤသို့ အကျွန်ုပ်ကို ဟောကြားတော်မူပါ၏။

စာ-၇၁

၈၄၆။ ‘‘အနုကမ္ပကဿ ကုသလဿ, ဩဝါဒမှိ အဟံ ဌိတာ၊

အဇ္ဈဂါ အမတံ သန္တိံ, နိဗ္ဗာနံ ပဒမစ္စုတံ။

၈၄၆။ အကျွန်ုပ်သည် အစဥ်သနားခြင်းရှိတော်မူ၍ ဩဝါဒပေးခြင်း၌ လိမ္မာတော်မူသော မြတ်စွာဘုရား၏အဆုံးအမတော်၌ တည်၍ သေခြင်းကင်းသော ငြိမ်သက်သော မဂ်ဉာဏ် ဖိုလ် ဉာဏ်၏အကြောင်းဖြစ်သော ရွေ့လျောစုတေခြင်းမရှိသော နိဗ္ဗာန်ကို ရခဲ့ပါပြီ။

၈၄၇။ ‘‘သာဟံ အဝဋ္ဌိတာပေမာ, ဒဿနေ အဝိကမ္ပိနီ၊

မူလဇာတာယ သဒ္ဓါယ, ဓီတာ ဗုဒ္ဓဿ ဩရသာ။

၈၄၇။ အကျွန်ုပ်သည် (ရတနာသုံးပါး၌) မဆုတ်မနစ်တည်သော ချစ်ခြင်း ရှိပါ၏၊ သစ္စာ လေးပါးကို သိခြင်းဟုဆိုအပ်သော အကြောင်းမူလကြောင့်ဖြစ်သော သဒ္ဓါတရားဖြင့် (ဘုရား သည် သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့်ပြည့်စုံတော်မူ၏၊ တရားတော်သည် သွက္ခာတအစရှိသော ဂုဏ်နှင့် ပြည့်စုံ၏၊ သံဃာတော်သည်သုပ္ပဋိပန္နစသော ဂုဏ်နှင့် ပြည့်စုံ၏ဟု) သိမြင်မှု၌ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်စွာဘုရား၏ ရင်နှစ်သမီးစစ်ဖြစ်ပါ၏။

၈၄၈။ ‘‘သာဟံ ရမာမိ ကီဠာမိ, မောဒါမိ အကုတောဘယာ၊

ဒိဗ္ဗမာလံ ဓာရယာမိ, ပိဝါမိ မဓုမဒ္ဒဝံ။

၈၄၈။ ထိုအကျွန်ုပ်သည် တစ်စုံတစ်ရာမျှ ဘေးမရှိဘဲ မွေ့လျော်ရပါ၏၊ ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ နတ်၌ဖြစ်သော ပန်းကို ပန်ဆင်ရပါ၏၊ (ကိိုယ်နှင့်အသံနှစ်ပါးကို) နူးညံ့ အောင် ပြုတတ်သော ချိုမြိန်သော အဖျော်ကိုသောက်ရပါ၏။

၈၄၉။ ‘‘သဋ္ဌိတုရိယသဟဿာနိ, ပဋိဗောဓံ ကရောန္တိ မေ၊

အာဠမ္ဗော ဂဂ္ဂရော ဘီမော, သာဓုဝါဒီ စ သံသယော။

၈၄၉-၈၅၀။ အာဠမ္ဗတူရိယာ, ဂဂ္ဂရတူရိယာ, ဘီမတူရိယာ, သာဓုဝါဒီတူရိယာ, သံသယ တူရိယာ,ပေါက္ခရတူရိယာ, သုဖဿတူရိယာဟူသော ခြောက်သောင်းကုန်သော တူရိယာတို့ သည် အကျွန်ုပ်၏နှစ်သက်မှု ဝမ်းမြောက်မှုကို နိုးကြားစေပါကုန်၏၊ ဝီဏာမောက္ခနတ်သမီး, နန္ဒာနတ်သမီး,သုနန္ဒာနတ်သမီး,သော ဏဒိန္နာနတ်သမီး, သုစိမှိတာနတ်သမီး-

၈၅၀။ ‘‘ပေါက္ခရော စ သုဖဿော စ, ဝီဏာမောက္ခာ စ နာရိယော၊

နန္ဒာ စေဝ သုနန္ဒာ စ, သောဏဒိန္နာ သုစိမှိတာ။

၈၅၁။ ‘‘အလမ္ဗုသာ မိဿကေသီ စ, ပုဏ္ဍရီကာတိဒါရုဏီ [… တိစာရုဏီ (သီ။)]၊

ဧဏီဖဿာ သုဖဿာ [သုပဿာ (သျာ။ ပီ။ က။)] စ, သုဘဒ္ဒါ [သံဘဒ္ဒါ (က။)] မုဒုဝါဒိနီ။

၈၅၂။ ‘‘ဧတာ စညာ စ သေယျာသေ, အစ္ဆရာနံ ပဗောဓိကာ၊

တာ မံ ကာလေနုပါဂန္တွာ, အဘိဘာသန္တိ ဒေဝတာ။

၈၅၃။ ‘‘ဟန္ဒ နစ္စာမ ဂါယာမ, ဟန္ဒ တံ ရမယာမသေ၊

နယိဒံ အကတပုညာနံ, ကတပုညာနမေဝိဒံ။

၈၅၄။ ‘‘အသောကံ နန္ဒနံ ရမ္မံ, တိဒသာနံ မဟာဝနံ၊

သုခံ အကတပုညာနံ, ဣဓ နတ္ထိ ပရတ္ထ စ။

၈၅၅။ ‘‘သုခဉ္စ ကတပုညာနံ, ဣဓ စေဝ ပရတ္ထ စ၊

တေသံ သဟဗျကာမာနံ, ကတ္တဗ္ဗံ ကုသလံ ဗဟုံ၊

ကတပုညာ ဟိ မောဒန္တိ, သဂ္ဂေ ဘောဂသမင်္ဂိနော။

၈၅၁-၂-၃-၄။ အလမ္ဗုသာနတ်သမီး, မိဿကေသီနတ်သမီး, ပုဏ္ဍရိကာနတ်သမီး,အတိဒါရုဏီနတ်သမီး, ဧဏီဖဿာနတ်သမီး, သုဖဿာနတ်သမီး, သုဘဒ္ဒါနတ်သမီး, မုဒုဝါဒိနီနတ်သမီးဤဆိုခဲ့ပြီးသော နတ်သမီးတို့နှင့် နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်း အပ်ကုန်သော အခြားနတ်သမီးတို့သည် လည်း အကျွန်ုပ်၏ နှစ်သက်ဝမ်းမြောက်မှုကို နိုးကြား စေပါကုန်၏။ ထိုနတ်သမီးတို့သည် လျောက်ပတ်သောအခါ၌ အကျွန်ုပ်ထံသို့ ချဥ်းကပ်ကုန်၍ ယခု အကျွန်ုပ်တို့သည် ကခုန်ပါကုန်အံ့ သီချင်းသီဆိုပါကုန်အံ့ ယခု သင့်ကို မွေ့လျော်စေ ကုန်ပါအံ့ဟု ပြောဆိုကြပါကုန်၏၊ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သောတာဝတိံသာနတ်တို့၏ ဥယျာဥ်ကြီးဖြစ်သော ဤအရပ် ဌာနသည် ကောင်းမှုမပြုသောသူတို့အတွက်မဟုတ်၊ ကောင်းမှုပြုပြီးသူတို့အတွက်သာလျှင် ဖြစ်၏၊ ကောင်းမှုကို ပြုခြင်းမရှိသူတို့အားဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်း ကောင်း ချမ်းသာမှုမရှိနိုင်ပါ။ ၈၅၅။ ကောင်းမှုကို ပြုလေ့ရှိကုန်သောသူတို့အားသာလျှင် ဤဘဝ၌လည်းကောင်း, တမလွန်ဘဝ၌လည်းကောင်း ချမ်းသာခြင်း ရှိပါ၏။ ထိုထိုတာဝတိံသာနတ်တို့၏ အပေါင်း အသင်းအဖြစ်ကို အလိုရှိကုန်သောသူတို့သည် ကုသိုလ်ကို များစွာ ပြုအပ်၏၊ ထိုစကားမှန်၏၊ ကောင်းမှုကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော် ရကုန်၏။

၈၅၆။ ‘‘ဗဟူနံ ဝတ အတ္ထာယ, ဥပ္ပဇ္ဇန္တိ တထာဂတာ၊

ဒက္ခိဏေယျာ မနုဿာနံ, ပုညခေတ္တာနမာကရာ၊

ယတ္ထ ကာရံ ကရိတွာန, သဂ္ဂေ မောဒန္တိ ဒါယကာ’’တိ။

ရဇ္ဇုမာလာဝိမာနံ ဒွါဒသမံ။

မဉ္ဇိဋ္ဌကဝဂ္ဂေါ စတုတ္ထော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

မဉ္ဇိဋ္ဌာ ပဘဿရာ နာဂါ, အလောမာကဉ္ဇိကဒါယိကာ၊

ဝိဟာရစတုရိတ္ထမ္ဗာ, ပီတာ ဥစ္ဆုဝန္ဒနရဇ္ဇုမာလာ စ၊

ဝဂ္ဂေါ တေန ပဝုစ္စတီတိ။

မဉ္ဇိဋ္ဌကဝဂ္ဂေါ စတုတ္ထော။

ဣတ္ထိဝိမာနံ သမတ္တံ။

၈၅၆။ မြတ်စွာဘုရားတို့သည် များစွာကုန်သော သတ္တဝါတို့၏ အကျိုးငှါ ပွင့်တော်မူကြကုန်သည်တကား၊ မြတ်စွာဘုရားတို့သည် လူတို့၏ မြတ်သော အလှူကို ခံခြင်းငှါ ထိုက်တော်မူကြကုန်၏၊ ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အရိယာသံဃာ၏ ဖြစ်ရာလည်း ဖြစ်ပေကုန်၏၊ ယင်းပုဂ္ဂိုလ်၌ ပြုထိုက်သည်ကို ပြုကုန် သောကြောင့် ပေးလှူပူဇော်ကုန်သောသူတို့သည် နတ်ပြည်၌ မွေ့လျော်ရကုန်၏ (ဟု လျှောက်၏)။ တစ်ဆယ့်နှစ်ခုမြောက်သော ရဇ္ဇုမာလာဝိမာနဝတ္ထု ပြီး၏။ လေးခုမြောက်သော မဉ္ဇိဋ္ဌကဝဂ် ပြီး၏။ ဣတ္ထိဝိမာနပါဠိတော်မြန်မာပြန် ပြီး၏။ ၂-ပုရိသဝိမာန ၅-မဟာရထဝဂ် ၁-မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု ရေကန်၌ ဖါးသတ္တဝါဖြစ်စဥ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်း သား၏လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါပြည့်စုံစွာဖြစ်လာရသော နတ်သား

စာ-၇၃

၂။ ပုရိသဝိမာနံ

၅။ မဟာရထဝဂ္ဂေါ

၁။ မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု

၈၅၇။ ‘‘ကော မေ ဝန္ဒတိ ပါဒါနိ, ဣဒ္ဓိယာ ယသသာ ဇလံ၊

အဘိက္ကန္တေန ဝဏ္ဏေန, သဗ္ဗာ ဩဘာသယံ ဒိသာ’’တိ။

၈၅၇။ တန်ခိုးအားဖြင့်လည်းကောင်း, အခြံအရံ အကျော်အစောအားဖြင့်လည်းကောင်း ထွန်းလင်းတောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ် သူပါနည်း (ဟုမြတ်စွာဘုရားက မေးတော်မူ၏)။

၈၅၈။ ‘‘မဏ္ဍူကောဟံ ပုရေ အာသိံ, ဥဒကေ ဝါရိဂေါစရော၊

၈၅၈။ အကျွန်ုပ်သည် ရှေးဘဝက ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တဝါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဥ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 2. Purisavimānaṃ (Suttapiṭaka, Khuddakanikāya, Vimānavatthupāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#442