ဓမ္မလမ်း
← ဝိမာနဝတ္ထုပါဠိ

ဝိမာနဝတ္ထုပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၁၃

‘‘သောဝဏ္ဏမယော ပဘဿရော, ဥပ္ပန္နော ရထပဉ္ဇရော မမ၊

တဿ စက္ကယုဂံ န ဝိန္ဒာမိ, တေန ဒုက္ခေန ဇဟာမိ [ဇဟိဿံ (သီ။), ဇဟိဿာမိ (သျာ။ ပီ။)] ဇီဝိတ’’န္တိ။

၁၂၀၉။ ‘‘သောဝဏ္ဏမယံ မဏိမယံ, လောဟိတကမယံ [လောဟိတင်္ဂမယံ (သျာ။), လောဟိတင်္ကမယံ (သီ။), လောဟမယံ (ကတ္ထစိ)] အထ ရူပိယမယံ၊

အာစိက္ခ [အာစိက္ခထ (က။)] မေ ဘဒ္ဒမာဏဝ, စက္ကယုဂံ ပဋိပါဒယာမိ တေ’’တိ။

၁၂၀၉။ လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာ ဖြင့်ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့်စုံ အောင် ပြုလုပ်၍ ပေးအံ့ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၂၁၀။ သော မာဏဝေါ တဿ ပါဝဒိ, ‘‘စန္ဒိမသူရိယာ ဥဘယေတ္ထ ဒိဿရေ၊

သောဝဏ္ဏမယော ရထော မမ, တေန စက္ကယုဂေန သောဘတီ’’တိ။

၁၂၁၀။ ဤလောက၌ နေလနှစ်ပါးစုံတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထားသည်ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင် သည် ထိုပုဏ္ဏားကို ပြောဆို၏။

စာ-၁၁၄

၁၂၁၁။ ‘‘ဗာလော ခေါ တွံ အသိ မာဏဝ, ယော တွံ ပတ္ထယသေ အပတ္ထိယံ၊

မညာမိ တုဝံ မရိဿသိ, န ဟိ တွံ လစ္ဆသိ စန္ဒိမသူရိယေ’’တိ။

၁၂၁၁။ လုလင် သင်သည် တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တလေသောကြောင့် မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေမည်၊ နေလတို့ကို ရလိမ့်မည် မဟုတ်ဟုငါ အောက်မေ့၏ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၂၁၂။ ‘‘ဂမနာဂမနမ္ပိ ဒိဿတိ, ဝဏ္ဏဓာတု ဥဘယတ္ထ ဝီထိယာ၊

ပေတော [ပေတော ပန (သီ။ သျာ။)] ကာလကတော န ဒိဿတိ, ကော နိဓ ကန္ဒတံ ဗာလျတရော’’တိ။

၁၂၁၂။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သောသူကို မူကား မတွေ့ မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက် တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်းဟု (လုလင်က ဆို၏)။

၁၂၁၃။ ‘‘သစ္စံ ခေါ ဝဒေသိ မာဏဝ, အဟမေဝ ကန္ဒတံ ဗာလျတရော၊

စန္ဒံ ဝိယ ဒါရကော ရုဒံ, ပေတံ ကာလကတာဘိပတ္ထယိ’’န္တိ။

၁၂၁၃။ လုလင် သင်သည် အမှန်ကို သာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါနှစ်ယောက်တို့တွင် ငါကသာလျှင် ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေး မြည်တမ်းနေသောသူငယ်ကဲ့သို့ သေလွန်သောသူကို ငါ တောင့်တမိချေပြီဟု (ပုဏ္ဏားက ဆို၏)။

၁၂၁၄။ ‘‘အာဒိတ္တံ ဝတ မံ သန္တံ, ဃတသိတ္တံဝ ပါဝကံ၊

ဝါရိနာ ဝိယ ဩသိဉ္စံ, သဗ္ဗံ နိဗ္ဗာပယေ ဒရံ။

၁၂၁၄။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်သော ကမီး တောက်လောင် နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၁၂၁၅။ ‘‘အဗ္ဗဟီ [အဗ္ဗူဠှ (ပီ။), အဗ္ဗူဠှံ (သျာ။ က။)] ဝတ မေ သလ္လံ, သောကံ ဟဒယနိဿိတံ၊

ယော မေ သောကပရေတဿ, ပုတ္တသောကံ အပါနုဒိ။

၁၂၁၅။ အကြင် သင်သည် ပူဆွေးမှု‘သော က’နှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှု‘သော က’ကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌ မှီသော ပူဆွေးမှု‘သော က’ တည်းဟူသော ငြောင့်ကို နုတ်ပေသည်တကား။

၁၂၁၆။ ‘‘သွာဟံ အဗ္ဗူဠှသလ္လောသ္မိ, သီတိဘူတောသ္မိ နိဗ္ဗုတော၊

န သောစာမိ န ရောဒါမိ, ဝတ သုတွာန မာဏဝါတိ။

၁၂၁၆။ လုလင် ထိုငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်း ချမ်းပြီးသူငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၁၂၁၇။ ‘‘ဒေဝတာ နုသိ ဂန္ဓဗ္ဗော, အဒု [အာဒု (သီ။ သျာ။)] သက္ကော ပုရိန္ဒဒေါ၊

ကော ဝါ တွံ ကဿ ဝါ ပုတ္တော, ကထံ ဇာနေမု တံ မယ’’န္တိ။

၁၂၁၇။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေ သလော၊သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည် အဘယ်မည်သောသူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်းဟု (ပုဏ္ဏားက ဆို၏)။

၁၂၁၈။ ‘‘ယဉ္စ [ယံ (က။)] ကန္ဒသိ ယဉ္စ ရောဒသိ, ပုတ္တံ အာဠာဟနေ သယံ ဒဟိတွာ၊

သွာဟံ ကုသလံ ကရိတွာ ကမ္မံ, တိဒသာနံ သဟဗျတံ ဂတော’’တိ [ပတ္တောတိ (သီ။ သျာ။ ပီ။)]။

၁၂၁၈။ ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင်အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ရောက်ရ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ဆို၏)။

စာ-၁၁၅

၁၂၁၉။ ‘‘အပ္ပံ ဝါ ဗဟုံ ဝါ နာဒ္ဒသာမ, ဒါနံ ဒဒန္တဿ သကေ အဂါရေ၊

ဥပေါသထကမ္မံ ဝါ [ဥပေါသထကမ္မဉ္စ (က။)] တာဒိသံ, ကေန ကမ္မေန ဂတောသိ ဒေဝလောက’’န္တိ။

၁၂၁၉။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကို သော်လည်း ကောင်း,များစွာသော အလှူကို သော်လည်းကောင်း ငါတို့ မမြင်ကြရပါကုန်၊ သင်စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကို သော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံကြောင့် သင်သည်နတ်ပြည်သို့ လာရောက်ရသနည်းဟု (ပုဏ္ဏားက မေး၏)။

၁၂၂၀။ ‘‘အာဗာဓိကောဟံ ဒုက္ခိတော ဂိလာနော, အာတုရရူပေါမှိ သကေ နိဝေသနေ၊

ဗုဒ္ဓံ ဝိဂတရဇံ ဝိတိဏ္ဏကင်္ခံ, အဒ္ဒက္ခိံ သုဂတံ အနောမပညံ။

၁၂၂၀။ ပုဏ္ဏား ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ (သူနာ) ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူမှ ကင်းတော်မူပြီးသော မဝေခွဲ နိုင်မှု ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

၁၂၂၁ ။

‘‘သွာဟံ မုဒိတမနော ပသန္နစိတ္တော, အဉ္ဇလိံ အကရိံ တထာဂတဿ၊

တာဟံ ကုသလံ ကရိတွာန ကမ္မံ, တိဒသာနံ သဟဗျတံ ဂတော’’တိ။

၁၂၂၁။ ပုဏ္ဏား ထိုငါသည် ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအားလက်အုပ်ချီခဲ့ဖူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာ နတ်တို့၏အသင်းဝင်အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ဖြေ ဆို၏)။

၁၂၂၂။ ‘‘အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ, အဉ္ဇလိကမ္မဿ အယမီဒိသော ဝိပါကော၊

အဟမ္ပိ မုဒိတမနော ပသန္နစိတ္တော, အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာမီ’’တိ။

၁၂၂၂။ အံ့ဖွယ်ရှိပေစွတကား၊ မဖြစ်ဖူးမြဲဖြစ်ပေစွတကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုးဖြစ်ဘိသေး၏၊ ငါသည်လည်း ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတော့အံ့ဟု (ပုဏ္ဏားက ဆို၏)။

၁၂၂၃။ ‘‘အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာဟိ, ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော၊

တထေဝ သိက္ခာယ ပဒါနိ ပဉ္စ, အခဏ္ဍဖုလ္လာနိ သမာဒိယဿု။

၁၂၂၃။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရား ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုးမပျက်အောင်ဆောက်တည်လေလော့။

၁၂၂၄။ ‘‘ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယဿု၊

အမဇ္ဇပေါ မာ စ မုသာ ဘဏာဟိ, သကေန ဒါရေန စ ဟောဟိ တုဋ္ဌော’’တိ။

၁၂၂၄။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါလော့၊ လောက၌ မပေးသည်ကို ယူခြင်းမှရှောင်ကြဥ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကား ကိုလည်းမပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ဟု (မဋ္ဌကုဏ္ဍလီနတ်သား ကသတိပေးဆုံးမ၏)။

၁၂၂၅။ ‘‘အတ္ထကာမောသိ မေ ယက္ခ, ဟိတကာမောသိ ဒေဝတေ၊

ကရောမိ တုယှံ ဝစနံ, တွံသိ အာစရိယော မမာတိ။

၁၂၂၅။ နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူ ဖြစ်ပေ၏၊ နတ်သား ငါ၏အစီးအပွားကိုလည်း အလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါ လိုက်နာပါ၏၊ သင်သည် ငါ၏မှီရာဖြစ်ပါပေ၏။

၁၂၂၆။ ‘‘ဥပေမိ သရဏံ ဗုဒ္ဓံ, ဓမ္မဉ္စာပိ အနုတ္တရံ၊

သံဃဉ္စ နရဒေဝဿ, ဂစ္ဆာမိ သရဏံ အဟံ။

၁၂၂၆။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်းကောင်း, မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

စာ-၁၁၆

၁၂၂၇။ ‘‘ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ၊

အမဇ္ဇပေါ နော စ မုသာ ဘဏာမိ, သကေန ဒါရေန စ ဟောမိ တုဋ္ဌော’’တိ။

မဋ္ဌကုဏ္ဍလီဝိမာနံ နဝမံ။

၁၂၂၇။ အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဥ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှရှောင်ကြဥ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါ၏ဟု (ပုဏ္ဏားက ပြောဆို၏)။ ကိုးခုမြောက်သော မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။ ၁၀-သေရီသကဝိမာနဝတ္ထု နောင်ဘဝမရှိဟူသော မိစ္ဆာအယူူဖြင့် ဝန်တိုစေးနှဲဲသူူဖြစ်ခဲဲ့သော ပါယာသိရာဇညမင်းသည်ရှင်ကုမာရကဿပနှင့်တွေ့၍ တရားမှန်ကို သိသဖြင့် ဥပါသကာအဖြစ် ငါးပါးသီလလုံခြုကုသိုလ်အဟုန်ကြောင့် သဲဲကန္တာရတွင် ဘုမ္မဇိုဝ်းနတ်ဖြစ်ရ၍ လှည်းကုန်သည်များနှင့် တွေ့သောအခါအပြန်အလှန်မေးဖြေကြသော အကြောင်းအရာအစုံအလင် ပါဝင်သော နတ်သား အကြောင်း

၁၀။ သေရီသကဝိမာနဝတ္ထု

၁၂၂၈။ [ပေ။ ဝ။ ၆၀၄] သုဏောထ ယက္ခဿ စ ဝါဏိဇာန စ, သမာဂမော ယတ္ထ တဒါ အဟောသိ၊

ယထာ ကထံ ဣတရိတရေန စာပိ, သုဘာသိတံ တဉ္စ သုဏာထ သဗ္ဗေ။

၁၂၂၈။ အရှင်ဘုရားတို့ နာတော်မူကြပါကုန်၊ အကြင်သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ် နတ်သားနှင့် ကုန်သည်တို့ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့အပြန်အလှန် ကောင်းစွာ ပြောဆိုအပ်သော ထိုစကားကိုလည်း ပြောဆိုသည့် အတိုင်း အားလုံးသော အရှင်ဘုရားတို့ နာတော်မူကြပါကုန်။

၁၂၂၉။ ‘‘ယော သော အဟု ရာဇာ ပါယာသိ နာမ [နာမော (သီ။)], ဘုမ္မာနံ သဟဗျဂတော ယသဿီ၊

သော မောဒမာနောဝ သကေ ဝိမာနေ, အမာနုသော မာနုသေ အဇ္ဈဘာသီတိ။

၁၂၂၉။ အရှင်ဘုရားတို့ အကြင်ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်တို့၏ အသင်းဝင်အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်း ရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါယာသိရာဇညမင်းသည် မိမိဗိမာန်၌ ဝမ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။

၁၂၃၀။ ‘‘ဝင်္ကေ အရညေ အမနုဿဋ္ဌာနေ, ကန္တာရေ အပ္ပေါဒကေ အပ္ပဘက္ခေ၊

သုဒုဂ္ဂမေ ဝဏ္ဏုပထဿ မဇ္ဈေ, ဝင်္ကံ ဘယာ [ဓင်္ကံဘယာ (က။)] နဋ္ဌမနာ မနုဿာ။

၁၂၃၀။ (တောသို့ ဝင်ကုန်သော လူတို့ အသက်ရှင်ပါကုန်အံ့လော၊ သေရကုန်အံ့လော)ဟုတွေးတောယုံမှားရာဖြစ်၍ မြေဘုတ်ဘီလူး အစရှိသည်တို့၏ သွားလာရာဖြစ်သော၊ ရေမရှိသော၊ အစာမရှိသော၊ ကူးမြောက်ရန် အလွန်ခက်ခဲသော သဲကန္တာရအလယ်၌ တွေးတော ယုံမှားမှုတို့ကြောင့်ကြောက်လန့်၍ စိတ်နှလုံးပျက်ကုန်သော အိုလူများတို့

၁၂၃၁။ ‘‘နယိဓ ဖလာ မူလမယာ စ သန္တိ, ဥပါဒါနံ နတ္ထိ ကုတောဓ ဘက္ခော၊

အညတြ ပံသူဟိ စ ဝါလုကာဟိ စ, တတာဟိ ဥဏှာဟိ စ ဒါရုဏာဟိ စ။

၁၂၃၁။ ဤသဲကန္တာရ၌ သစ်သီးတို့သည်လည်းကောင်း, အမြစ်အဥတို့သည်လည်းကောင်း မရှိကုန်၊ ဤသဲကန္တာရ၌ မီးလောင်စာထင်းမျှသော်လည်း မရှိ၊ ကျယ်ဝန်းပူလောင် ကြမ်းတမ်း ကုန်သော မြေမှုန့်တို့နှင့် သဲတို့မှတစ်ပါး လူတို့စားရန် အစာအဘယ်မှာ ရှိမည်နည်း။

၁၂၃၂။ ‘‘ဥဇ္ဇင်္ဂလံ တတ္တမိဝံ ကပါလံ, အနာယသံ ပရလောကေန တုလျံ၊

လုဒ္ဒါနမာဝါသမိဒံ ပုရာဏံ, ဘူမိပ္ပဒေသော အဘိသတ္တရူပေါ။

၁၂၃၂။ ကျတ်တီးပြင် ကုန်းခေါင်ခေါင်ဖြစ်၍ သံအိုးကင်းပူကဲ့သို့ ခြစ်ခြစ်တောက် ပူလောင်သော၊ ချမ်းသာမှုမရှိခြင်းကြောင့် အသက်ကို ဖျက်ဆီးတတ်သော ငရဲနှင့်လည်းတူသော ဤသဲကန္တာရ အရပ်သည်ကြမ်းကြုတ်ကုန်သော မြေဘုတ်ဘီလူးအစရှိသည်တို့၏ နေရာ ဟောင်း ဖြစ်၏၊ မြေအရပ်သည် (ဤသို့ခေါင်းပါးစေ၊ ကြမ်းသော အခြင်းအရာရှိစေ)ဟု ရှေးက ရသေ့တို့ကျိန်ဆဲထားသည်နှင့် တူ၏။

စာ-၁၁၇

၁၂၃၃။ ‘‘အထ တုမှေ ကေန [ကေန နု (သျာ။ က။)] ဝဏ္ဏေန, ကိမာသမာနာ ဣမံ ပဒေသံ ဟိ၊

အနုပဝိဋ္ဌာ သဟသာ သမေစ္စ, လောဘာ ဘယာ အထ ဝါ သမ္ပမူဠှာ’’တိ။

၁၂၃၃။ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်အကြောင်းကြောင့် အဘယ်ကို တောင့်တ ကုန်၍ ဤအရပ်သို့ ဝင်လာကြကုန်သနည်း၊ အဆောတလျင် (အကျိုးအပြစ်ကို) မစူးမစမ်းဘဲဝင်လာကုန်သလော၊ လောဘကြောင့်သော်လည်း ဝင်လာကုန်သလော၊ ဘေးရန်ကြောင့်သော်လည်းဝင်လာကုန်သလော၊သို့မဟုတ် လမ်းမှား၍ သော်လည်း ဝင်လာကုန်သလောဟု (နတ်သားကကုန်သည်များကို မေး၏)။

၁၂၃၄။ ‘‘မဂဓေသု အင်္ဂေသု စ သတ္ထဝါဟာ, အာရောပယိတွာ ပဏိယံ ပုထုတ္တံ၊

တေ ယာမသေ သိန္ဓုသောဝီရဘူမိံ, ဓနတ္ထိကာ ဥဒ္ဒယံ ပတ္ထယာနာ။

၁၂၃၄။ မဂဓတိုင်း အင်္ဂတိုင်းတို့၌ နေကုန်သော လှည်းကုန်သည်ဖြစ်ကြသော ထိုအကျွန်ုပ် တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် များစွာသော ဘဏ္ဍာ တို့ကို (လှည်းထက်၌ တင်ကုန်၍) သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြရပါကုန်၏။

၁၂၃၅။ ‘‘ဒိဝါ ပိပါသံ နဓိဝါသယန္တာ, ယောဂ္ဂါနုကမ္ပဉ္စ သမေက္ခမာနာ,

ဧတေန ဝေဂေန အာယာမ သဗ္ဗေ [သဗ္ဗေ တေ (က။)], ရတ္တိံ မဂ္ဂံ ပဋိပန္နာ ဝိကာလေ။

၁၂၃၅။ နေ့အခါ၌ ရေမွတ်သိပ်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ နွားအစရှိကုန်သော သတ္တဝါတို့အားချီးမြှောက်ထောက်ပံ့မှုကိုလည်း ကောင်းစွာ ရှုဆင်ခြင်ကုန်လျက် အခါမဟုတ်သော ညဥ့်၌ခရီးသွားကုန်သော အကျွန်ုပ်တို့အားလုံးသည် ဤသို့သော အဟုန်ဖြင့် သွားကြ ပါကုန်၏။

၁၂၃၆။ ‘‘တေ ဒုပ္ပယာတာ အပရဒ္ဓမဂ္ဂါ, အန္ဓာကုလာ ဝိပ္ပနဋ္ဌာ အရညေ၊

သုဒုဂ္ဂမေ ဝဏ္ဏုပထဿ မဇ္ဈေ, ဒိသံ န ဇာနာမ ပမူဠှစိတ္တာ။

၁၂၃၆။ ခရီးလမ်းမှားသို့ သွားကုန်၍ ချွတ်လွဲသော ခရီးရှိကုန်သောကြောင့် သူကန်းကဲ့သို့နှောင့်ယှက်ကုန်သည်ဖြစ်၍ (ခရီးမှားသဖြင့်) စိတ်ပျက်ကုန်သော ထိုအကျွန်ုပ်တို့သည် တော၌ထွက်မြောက်ရန် အလွန်ခဲယဥ်းသော သဲကန္တာရခရီးအလယ်တွင် ပြင်းစွာတွေဝေသော စိတ်ရှိ ကုန်သည်ဖြစ်၍ သွားရမည့်အရပ်ကို မသိနိုင်ကြပါကုန်။

၁၂၃၇။ ‘‘ဣဒဉ္စ ဒိသွာန အဒိဋ္ဌပုဗ္ဗံ, ဝိမာနသေဋ္ဌဉ္စ တဝဉ္စ ယက္ခ၊

တတုတ္တရိံ ဇီဝိတမာသမာနာ, ဒိသွာ ပတီတာ သုမနာ ဥဒဂ္ဂါ’’တိ။

၁၂၃၇။ နတ်သား ရှေးက မမြင်ဖူးသော ဤဗိမာန်မြတ်ကိုလည်းကောင်း, သင်နတ်သားကိုလည်းကောင်းမြင်ရခြင်းကြောင့် ရှေးကထက်အလွန် အသက်ကို တောင့်တကြပါကုန်၏၊ (သင့် ကို) မြင်ရခြင်းကြောင့်ရွှင်လန်းကြပါကုန်၏၊ ဝမ်းသာကြပါကုန်၏၊ တက်ကြွကြပါကုန်၏ဟု (ကုန်သည်များက ပြောဆို၏)။

၁၂၃၈။ ‘‘ပါရံ သမုဒ္ဒဿ ဣမဉ္စ ဝဏ္ဏုံ [ဝနံ (သျာ။), ဝဏ္ဏံ (က။)], ဝေတ္တာစရံ [ဝေတ္တံ ပရံ (သျာ။), ဝေတ္တာစာရံ (က။)] သင်္ကုပထဉ္စ မဂ္ဂံ၊

နဒိယော ပန ပဗ္ဗတာနဉ္စ ဒုဂ္ဂါ, ပုထုဒ္ဒိသာ ဂစ္ဆထ ဘောဂဟေတု။

၁၂၃၈။ (ကုန်သည်တို့) သင်တို့သည် ဥစ္စာစည်းစိမ်ဟူသော အကြောင်းကြောင့် သမုဒ္ဒရာ၏ကမ်းတစ်ဖက်သို့လည်းကောင်း, ဤသဲကန္တာရခရီးခဲသို့လည်းကောင်း, ကြိမ်နွယ်တို့ဖြင့်ဖွဲ့၍ သွားအပ်သော ခရီးသို့လည်းကောင်း, သစ်ငုတ်တံသင်းတို့ကို နုတ်၍ သွားအပ်သော ခရီးသို့လည်းကောင်း, ထိုမှတစ်ပါး မြစ်တို့သို့လည်းကောင်း, တောင်တို့၏ မညီမညွတ်သော အရပ်တို့သို့လည်းကောင်း ဤများစွာသော အရပ်မျက်နှာတို့သို့ သွားကြရကုန်၏။

၁၂၃၉။ ‘‘ပက္ခန္ဒိယာန ဝိဇိတံ ပရေသံ, ဝေရဇ္ဇကေ မာနုသေ ပေက္ခမာနာ၊

ယံ ဝေါ သုတံ ဝါ အထ ဝါပိ ဒိဋ္ဌံ, အစ္ဆေရကံ တံ ဝေါ သုဏောမ တာတာ’’တိ။

၁၂၃၉။ (ကုန်သည်တို့) သင်တို့သည် တစ်ပါးသော မင်းတို့၏ နိုင်ငံသို့ ဝင်ကုန်၍ တိုင်းတစ်ပါးသားတို့ကို ကြည့်ရှုလျက် (သွားကြရကုန်၏။) ဤသို့သော နည်းဖြင့် (ရောက်ပေါက် ကုန်သော) သင်တို့ ကြားဖူးမြင်ဖူးသော အံ့ဩဖွယ်ကို သင်တို့ထံမှ ကြားနာလိုပါကုန်၏ဟု (နတ်သားက ပြောဆို၏)။

စာ-၁၁၈

၁၂၄၀။ ‘‘ဣတောပိ အစ္ဆေရတရံ ကုမာရ, န တော သုတံ ဝါ အထ ဝါပိ ဒိဋ္ဌံ၊

အတီတမာနုဿကမေဝ သဗ္ဗံ, ဒိသွာန တပ္ပါမ အနောမဝဏ္ဏံ။

၁၂၄၀။ နတ်သား ဤသင့်ဗိမာန်နှင့် သင်နတ်သားထက် အထူးသဖြင့် အံ့ဩချီးမွမ်းဖွယ်ကို အကျွန်ုပ်တို့ကြားလည်း မကြားစဘူး၊ မြင်လည်း မမြင်ဖူးပါ၊ လူတို့၏ အဆင်းသဏ္ဌာန်ကို လွန်သော ပြည့်စုံသော အဆင်းသဏ္ဌာန်ရှိသော (သင်နတ်သားနှင့်တကွ) အလုံးစုံသော (ဗိမာန် စသော စည်းစိမ်) ကို မြင်ကြရကုန်၍ မရောင့်ရဲနိုင်ကြပါကုန်။

၁၂၄၁။ ‘‘ဝေဟာယသံ ပေါက္ခရညော သဝန္တိ, ပဟူတမလျာ [ပဟူတမာလျာ (သျာ။)] ဗဟုပုဏ္ဍရီကာ၊

ဒုမာ စိမေ [ဒုမာ စ တေ (သျာ။ က။)] နိစ္စဖလူပပန္နာ, အတီဝ ဂန္ဓာ သုရဘိံ ပဝါယန္တိ။

၁၂၄၁။ များသော ပန်းရှိကုန်သော များသော ကြာပုဏ္ဍရိက်ရှိကုန်သော ရေကန်တို့သည် ကောင်းကင်ပြင်ဝယ် စီးသွားကုန်၏၊ သင်၏ ဤသစ်ပင်တို့သည် လည်း အခါခပ်သိမ်း အသီးနှင့်ပြည့်စုံကုန်သည်ဖြစ်၍ မွှေးကြိုင်သော ရနံ့တို့သည် အလွန်လျှင် ပျံ့လှိုင်ကုန်၏။

၁၂၄၂။ ‘‘ဝေဠူရိယထမ္ဘာ သတမုဿိတာသေ, သိလာပဝါဠဿ စ အာယတံသာ၊

မသာရဂလ္လာ သဟလောဟိတင်္ဂါ, ထမ္ဘာ ဣမေ ဇောတိရသာမယာသေ။

၁၂၄၂။ အတောင်တစ်ရာ မြင့်ကုန်သော ကြောင်မျက်ရွဲတိုင်တို့လည်းကောင်း, အမြှောင့်ရှည် ကုန်သော ကျောက်သန္တာတိုင်တို့လည်းကောင်း, ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်တိုင်တို့လည်းကောင်း,ဇောတိရသကျောက်မျက်ရတနာဖြင့်ပြီးသော တိုင်တို့လည်းကောင်း ဤတိုင်တို့ သည် (ရှိကြကုန်၏)။

၁၂၄၃။ ‘‘သဟဿထမ္ဘံ အတုလာနုဘာဝံ, တေသူပရိ သာဓုမိဒံ ဝိမာနံ၊

ရတနန္တရံ ကဉ္စနဝေဒိမိဿံ, တပနီယပဋ္ဋေဟိ စ သာဓုဆန္နံ။

၁၂၄၃။ ထိုတိုင်တို့၏ အထက်၌ သီတိုင်တစ်ထောင် တည်ရှိသော မနှိုင်းယှဥ်အပ်သော အာနုဘော်လည်းရှိသော ရတနာအမျိုးမျိုးတို့နှင့် ယှဥ်၍ ရွှေပွတ်တိုင်တို့ဖြင့် ဝန်းရံအပ်သော အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီးသော အမိုးတို့ဖြင့် ကောင်းစွာ မိုးအပ်သော သင်၏ ဤ ဗိမာန်သည်ကောင်းလှပါပေ၏။

၁၂၄၄။ ‘‘ဇမ္ဗောနဒုတ္တတ္တမိဒံ သုမဋ္ဌော, ပါသာဒသောပါဏဖလူပပန္နော၊

ဒဠှော စ ဝဂ္ဂု စ သုသင်္ဂတော စ [ဝဂ္ဂု သုမုခေါ သုသင်္ဂတော (သီ။)], အတီဝ နိဇ္ဈာနခမော မနုညော။

၁၂၄၄။ သင်၏ ဤဗိမာန်သည် ဦးသစ်သော ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ထွက်သော အရောင် အလျှံ ရှိ၏၊ ထိုဗိမာန်၏ ထိုထိုအစိတ်အပိုင်းသည် အလွန်ပြေပြစ် ချောမောလှ၏၊ ပြာသာဒ် ဆောင်, စောင်းတန်း,လှေကား, တံကဲ, မှီပျဥ်တို့နှင့်လည်း ပြည့်စုံပေ၏၊ မြဲမြံခိုင်ခံ့လှ၏၊ အဆင်းသဏ္ဌာန်လည်း အလွန်လှ၏၊ ကောင်းစွာ စုပေါင်းထားသော အစိတ်အပိုင်းလည်း ရှိ၏၊ အလွန်လျှင် ရှုချင်ဖွယ် ကောင်း၏၊ စိတ်နှစ်သက်ဖွယ်လည်း ရှိ၏။

၁၂၄၅။ ‘‘ရတနန္တရသ္မိံ ဗဟုအန္နပါနံ, ပရိဝါရိတော အစ္ဆရာသင်္ဂဏေန၊

မုရဇအာလမ္ဗရတူရိယဃုဋ္ဌော, အဘိဝန္ဒိတောသိ ထုတိဝန္ဒနာယ။

၁၂၄၅။ ရတနာဗိမာန်၏ အတွင်း၌ များစွာသော ထမင်းအဖျော် ရှိ၏၊ (သင်သည်) နတ် သမီးအပေါင်းခြံရံကာ မုရိုးစည်, အာလမ္ဗရစည်နှင့် အခြားတူရိယာတို့၏ အသံတို့ဖြင့် ခြိမ့်ခြိမ့် ညံလျက် ချီးမွမ်းခြင်း (ထုတိမင်္ဂလာမျိုး) ဖြင့် ချီးကျူးခံထိုက်သူ ဖြစ်ပါပေ၏။

၁၂၄၆။ ‘‘သော မောဒသိ နာရိဂဏပ္ပဗောဓနော, ဝိမာနပါသာဒဝရေ မနောရမေ၊

အစိန္တိယော သဗ္ဗဂုဏူပပန္နော, ရာဇာ ယထာ ဝေဿဝဏော နဠိနျာ [နဠိညံ (က။)]။

၁၂၄၆။ မကြံစည်နိုင်သော အာနုဘော်ရှိ၍ ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ထိုသင်သည် နဠိနီမည်သော ကစားရာဌာန၌ ဝေဿဝဏ်နတ်မင်းကြီးကဲ့သို့ နတ်သမီးအပေါင်းသည် နှိုးအပ် သည် ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ဗိမာန်ပြာသာဒ်မြတ်၌ မွေ့လျော်ရပါပေ၏။

စာ-၁၁၉

၁၂၄၇။ ‘‘ဒေဝေါ နု အာသိ ဥဒဝါသိ ယက္ခော, ဥဒါဟု ဒေဝိန္ဒော မနုဿဘူတော၊

ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, အာစိက္ခ ကော နာမ တုဝံသိ ယက္ခော’’တိ။

၁၂၄၇။ နတ်သား သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊သို့မဟုတ် ပူဇော် အပ်သော နတ်ပင် ဖြစ်လေသလော၊သို့မဟုတ် နတ်တို့၏အရှင် သိကြားမင်း ဖြစ်လေသ လော၊ လူပင်ဖြစ်လေသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ အကျွန်ုပ် တို့အား ဖြေကြားပါလော့၊ သင်အဘယ်သူ ဖြစ်ပါသနည်း၊ ပူဇော်အပ်သော နတ်ပင် ဖြစ်လေ သလောဟု (ကုန်သည်များက မေး၏)။

၁၂၄၈။ ‘‘သေရီသကော [သေရိဿကော (သီ။ သျာ။)] နာမ အဟမှိ ယက္ခော, ကန္တာရိယော ဝဏ္ဏုပထမှိ ဂုတ္တော၊

ဣမံ ပဒေသံ အဘိပါလယာမိ, ဝစနကရော ဝေဿဝဏဿ ရညော’’တိ။

၁၂၄၈။ ကုန်သည်တို့ ငါသည် သဲကန္တာရ၌ စောင့်ရှောက်သော ကန္တာရခရီးစောင့်သေရီသကအမည်ရှိသော နတ်ပါတည်း၊ ငါသည် ဝေဿဝဏ်နတ်မင်းကြီး၏ စကားကို လိုက်နာရသည်ဖြစ်၍ ဤသဲကန္တာရအရပ်ကို စောင့်ရှောက်ရပါ၏ဟု (နတ်သားက ဖြေ၏)။

၁၂၄၉။ ‘‘အဓိစ္စလဒ္ဓံ ပရိဏာမဇံ တေ, သယံ ကတံ ဥဒါဟု ဒေဝေဟိ ဒိန္နံ၊

ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, ကထံ တယာ လဒ္ဓမိဒံ မနုည’’န္တိ။

၁၂၄၉။ နတ်သား သင်သည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်လေသလော၊ သင်၏စိတ်ညွတ်မှုကြောင့် ဖြစ်လေသလော၊ မိမိကိုယ်တိုင် ပြုလုပ်ထားသလော၊သို့မဟုတ် နတ်တို့ကပေးပါသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် နှစ်သက်ဖွယ်သော ဤဗိမာန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု (ကုန်သည်များ က မေး၏)။

၁၂၅၀။ ‘‘နာဓိစ္စလဒ္ဓံ န ပရိဏာမဇံ မေ, န သယံ ကတံ န ဟိ ဒေဝေဟိ ဒိန္နံ၊

သကေဟိ ကမ္မေဟိ အပါပကေဟိ, ပုညေဟိ မေ လဒ္ဓမိဒံ မနုည’’န္တိ။

၁၂၅၀။ ကုန်သည်တို့ ငါသည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်သည်လည်း မဟုတ်၊ ငါ၏စိတ်ညွတ်မှုကြောင့် ဖြစ်သည်လည်း မဟုတ်၊ ငါသည် မိမိကိုယ်တိုင် ပြုလုပ် ထားသည်လည်း မဟုတ်၊ နတ်တို့က ပေးအပ်သည်လည်း မဟုတ်၊ မယုတ်မာသော မိမိဥစ္စာ ဖြစ်သော ကောင်းမှုကံတို့ကြောင့်နှစ်သက်ဖွယ်ရှိသော ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သားက ဖြေ၏)။

၁၂၅၁။ ‘‘ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ, ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော၊

ပုစ္ဆန္တိ တံ ဝါဏိဇာ သတ္ထဝါဟာ, ကထံ တယာ လဒ္ဓမိဒံ ဝိမာန’’န္တိ။

၁၂၅၁။ နတ်သား သင် ဆောက်တည်အပ်သော အကျင့်သည် အဘယ်ပါနည်း၊ မြတ်သော အကျင့်သည်အဘယ်ပါနည်း၊ နတ်သား ဤအကျိုးသည် အဘယ်သို့သော အလေ့အကျင့် ကောင်း၏ အကျိုးပါနည်း၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် ဤ ဗိမာန်ကို အဘယ်ကုသိုလ်ကံကြောင့်ရအပ်ပါသနည်း (ဟု ကုန်သည်များက မေးပြန်၏)။

၁၂၅၂။ ‘‘မမံ ပါယာသီတိ အဟု သမညာ, ရဇ္ဇံ ယဒါ ကာရယိံ ကောသလာနံ၊

နတ္ထိကဒိဋ္ဌိ ကဒရိယော ပါပဓမ္မော, ဥစ္ဆေဒဝါဒီ စ တဒါ အဟောသိံ။

၁၂၅၂။ ကုန်သည်တို့ ငါသည် ကောသလတိုင်းသူတို့၏ မင်းအဖြစ်ကို ပြုခဲ့စဥ်အခါကပါယာသိရာဇညဟူသော အမည်ရှိခဲ့၏၊ အလှူပေးခြင်း၏ အကျိုးသည် မရှိဟု အယူရှိခဲ့ဖူး၏၊ နှမြောစေးနှဲဝန်တိုခဲ့ဖူး၏၊ ယုတ်မာသော အကျင့်လည်း ရှိခဲ့ဖူး၏၊ (သတ္တဝါသည် သေသည် မှနောက် ပြတ်၏၊ တမလွန်လောက၌ မဖြစ်ဟူသော ဥစ္ဆေဒဒိဋ္ဌိ) အယူ ရှိခဲ့ဖူး၏။

၁၂၅၃။ ‘‘သမဏော စ ခေါ အာသိ ကုမာရကဿပေါ, ဗဟုဿုတော စိတ္တကထီ ဥဠာရော၊

သော မေ တဒါ ဓမ္မကထံ အဘာသိ [အကာသိ (သီ။)], ဒိဋ္ဌိဝိသူကာနိ ဝိနောဒယီ မေ။

၁၂၅၃။ ထိုစဥ်အခါက အကြားအမြင်များ၍ တရားစကားကို ဆန်းကြယ်စွာ ပြောဟော တတ်သော မြင့်မြတ်သော ကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း ရှိခဲ့၏၊ ထိုရဟန်း သည် ငါ့အား တရားစကားကို ပြောခဲ့၏၊ ငါ၏ မှားသောအယူတည်းဟူသော ငြောင့်တန်သင်း တို့ကို ပယ်နုတ်တော်မူခဲ့၏။

စာ-၁၂၀

၁၂၅၄။ ‘‘တာဟံ တဿ [တာဟံ (က။)] ဓမ္မကထံ သုဏိတွာ, ဥပါသကတ္တံ ပဋိဝေဒယိဿံ၊

ပါဏာတိပါတာ ဝိရတော အဟောသိံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိဿံ၊

အမဇ္ဇပေါ နော စ မုသာ အဘာဏိံ, သကေန ဒါရေန စ အဟောသိ တုဋ္ဌော။

၁၂၅၄။ ကုန်သည်တို့ ငါသည် ထိုရဟန်း၏ ထိုတရားစကားကို ကြားနာရ၍ ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားခဲ့ဖူး၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ခဲ့၏၊ လောက၌ မပေး သည်ကို ခိုးယူခြင်းမှရှောင်ကြဥ်ခဲ့၏၊ သေအရက် မသောက်မစားခဲ့ဖူးပေ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပေ၊ မိမိမယားဖြင့်သာ ရောင့်ရဲခဲ့ဖူး၏။

၁၂၅၅။ ‘‘တံ မေ ဝတံ တံ ပန ဗြဟ္မစရိယံ, တဿ သုစိဏ္ဏဿ အယံ ဝိပါကော၊

တေဟေဝ ကမ္မေဟိ အပါပကေဟိ, ပုညေဟိ မေ လဒ္ဓမိဒံ ဝိမာန’’န္တိ။

၁၂၅၅။ ကုန်သည်တို့ ငါဆောက်တည်၍ ကျင့်သော အကျင့်သည် ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပေတည်း၊ မြတ်သော အကျင့်သည်လည်း ထိုအကျင့်ပေတည်း၊ ဤအကျိုးသည် ထိုဆို အပ်ခဲ့ပြီးသော ကောင်းသော အလေ့အကျင့်၏ အကျိုးတည်း၊ ငါသည် ထိုမယုတ်မာသော ကောင်းမှုကုသိုလ်ကံတို့ကြောင့်သာလျှင်ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သားက ပြောဆို၏)။

၁၂၅၆။ ‘‘သစ္စံ ကိရာဟံသု နရာ သပညာ, အနညထာ ဝစနံ ပဏ္ဍိတာနံ၊

ယဟိံ ယဟိံ ဂစ္ဆတိ ပုညကမ္မော, တဟိံ တဟိံ မောဒတိ ကာမကာမီ။

၁၂၅၆။ ပညာရှိကုန်သော လူတို့သည် မှန်သော စကားကို ပြောဆိုကုန်သတတ်၊ ပညာရှိ ကုန်သောသူတို့၏စကားသည် ဖောက်ပြန်ခြင်း မရှိ၊ ကောင်းမှုရှိသောသူသည် အကြင်အကြင် အရပ်သို့ ရောက်အံ့၊ ထိုထိုအရပ်၌ လိုတိုင်းရလျက် မွေ့လျော်စံပျော်ရ၏။

၁၂၅၇။ ‘‘ယဟိံ ယဟိံ သောကပရိဒ္ဒဝေါ စ, ဝဓော စ ဗန္ဓော စ ပရိက္ကိလေသော၊

တဟိံ တဟိံ ဂစ္ဆတိ ပါပကမ္မော, န မုစ္စတိ ဒုဂ္ဂတိယာ ကဒါစီ’’တိ။

၁၂၅၇။ အကြင်အကြင်အရပ်၌ စိုးရိမ်ပူဆွေးမှု ငိုကြွေးမြည်တမ်းရမှုသည်လည်းကောင်း,သတ်ဖြတ်ညှဥ်းဆဲမှုသည်လည်းကောင်း, နှောင်ဖွဲ့မှုသည်လည်းကောင်း, ဆိုခဲ့ပြီးသော အကျိုးမဲ့ဘေးရန်ဖြစ်ခြင်းသည်လည်းကောင်း အကြင်အကြင်အရပ်၌ ရှိ၏၊ မကောင်းမှုကံရှိသောသူသည်ထိုထိုအရပ်သို့ ရောက်တတ်၏၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိဘဝ’မှ တစ်ခါတစ်ရံမျှ မလွန်နိုင်ဟု (ကုန်သည်များက ပြောဆို၏)။

၁၂၅၈။ ‘‘သမ္မူဠှရူပေါဝ ဇနော အဟောသိ, အသ္မိံ မုဟုတ္တေ ကလလီကတောဝ၊

ဇနဿိမဿ တုယှဉ္စ ကုမာရ, အပ္ပစ္စယော ကေန နု ခေါ အဟောသီ’’တိ။

၁၂၅၈။ နတ်သား နတ်အပေါင်းသည် အချင်းခပ်သိမ်း တွေဝေသော သဘောရှိသကဲ့သို့ ဖြစ်၏၊ ဤအခိုက်အတန့် ခဏ၌ပင် ညွန်နစ်ရေကဲ့သို့ နောက်ကျုခြင်းသဘော ရှိ၏၊ နတ်သား အဘယ်အကြောင်းကြောင့် သင်၏ ခြွေရံပရိသတ်ဖြစ်သော ဤနတ်အပေါင်းနှင့် သင်နတ်သား အားနှလုံးမသာယာမှု ဖြစ်ရလေသနည်းဟု (ကုန်သည်များက မေးမြန်း၏)။

၁၂၅၉။ ‘‘ဣမေ စ သိရီသဝနာ [ဣမေ သိရီသူပဝနာ စ (သီ။), ဣမေပိ သိရီသဝနာ စ (ပီ။ က။)] တာတာ, ဒိဗ္ဗာ [ဒိဗ္ဗာ စ (ပီ။ က။)] ဂန္ဓာ သုရဘီ [သုရဘိံ (သီ။ က။)] သမ္ပဝန္တိ [သမ္ပဝါယန္တိ (က။)]၊

တေ သမ္ပဝါယန္တိ ဣမံ ဝိမာနံ, ဒိဝါ စ ရတ္တော စ တမံ နိဟန္တွာ။

၁၂၅၉။ ကုန်သည်တို့ နတ်၌ဖြစ်ကုန်သော မွှေးကြိုင်ကုန်သော ဤရနံ့တို့သည် ကုက္ကိုတောမှထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏၊ ထိုအနံ့လှိုင်သော ကုက္ကိုပန်းတို့သည် နေ့၌လည်းကောင်း,ညဥ့်၌လည်းကောင်း အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက် ဤဗိမာန်ကို ထက်ဝန်းကျင်မှ ပျံ့လှိုင်စေကုန်၏။

စာ-၁၂၁

၁၂၆၀။ ‘‘ဣမေသဉ္စ ခေါ ဝဿသတစ္စယေန, သိပါဋိကာ ဖလတိ ဧကမေကာ၊

မာနုဿကံ ဝဿသတံ အတီတံ, ယဒဂ္ဂေ ကာယမှိ ဣဓူပပန္နော။

၁၂၆၀-၁။ ကုန်သည်တို့ ဤကုက္ကိုပင်တို့၏ အသီးသည် အနှစ်တစ်ရာမှ တစ်ခုစီ တစ်ခုစီ (ရင့်ရော်လျက်) ကြွေကျ၏၊ လူ၌ဖြစ်သော အနှစ်တစ်ရာ လွန်သွားပြီ၊ ငါသည် ဤ စာတုမဟာရာဇ်နတ်ပြည်၌အကြင်အခါမှစ၍ ဖြစ်၏၊ ထိုအခါမှစ၍ ငါသည် နတ်၌ဖြစ်သော အနှစ်ငါးရာတို့ပတ်လုံး ဤဗိမာန်၌တည်ပြီးလျှင် အသက်အပိုင်းအခြား ကုန်ခြင်းကြောင့်လည်း ကောင်း,ကုသိုလ်ကံကုန်ခြင်းကြောင့်လည်းကောင်း, သေရတော့လတ္တံ့ဟု မြင်၍ ထိုသေရမည်ကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်မှုသော ကကြောင့် မိန်းမောတွေဝေရ၏ဟု (နတ်သားက ပြောဆို၏)။

၁၂၆၁။ ‘‘ဒိသွာနဟံ ဝဿသတာနိ ပဉ္စ, အသ္မိံ ဝိမာနေ ဌတွာန တာတာ၊

အာယုက္ခယာ ပုညက္ခယာ စဝိဿံ, တေနေဝ သောကေန ပမုစ္ဆိတောသ္မီ’’တိ [သမုစ္ဆိတောသ္မီတိ (ပီ။ က။)]။

၁၂၆၂။ ‘‘ကထံ နု သောစေယျ တထာဝိဓော သော, လဒ္ဓါ ဝိမာနံ အတုလံ စိရာယ၊

ယေ စာပိ ခေါ ဣတ္တရမုပပန္နာ, တေ နူန သောစေယျုံ ပရိတ္တပုညာ’’တိ။

၁၂၆၂။ နတ်သား အကြင်သူတို့သည် ကား အနည်းငယ် တိုတောင်းစွာ ဖြစ်ရကုန်၏၊ ဘုန်းကံနည်းကုန်သော ထိုသူတို့သည် သာလျှင် စိုးရိမ်ကုန်ရာသည် မဟုတ်လော၊ မနှိုင်းယှဥ် အပ်သော ဗိမာန်ကို ရ၍ ကြာမြင့်စွာသော ကာလပတ်လုံး နတ်စည်းစိမ်ကို ခံစားလျက် တည်နေသော ထိုသို့သဘောရှိသော သင်သည် အဘယ်အကြောင်းကြောင့် စိုးရိမ်ပါသနည်းဟု (ကုန်သည်များက ဆို၏)။

၁၂၆၃။ ‘‘အနုစ္ဆဝိံ ဩဝဒိယဉ္စ မေ တံ, ယံ မံ တုမှေ ပေယျဝါစံ ဝဒေထ၊

တုမှေ စ ခေါ တာတာ မယာနုဂုတ္တာ, ယေနိစ္ဆကံ တေန ပလေထ သောတ္ထိ’’န္တိ။

၁၂၆၃။ ကုန်သည်တို့ သင်တို့သည် ငါ့ကို အကြင်ချစ်မြတ်နိုးဖွယ်စကားကို ဆိုကုန်၏၊ ထိုစကားသည်လည်း ငါ့အား လျောက်ပတ်ပါပေ၏၊ ငါသည်လည်း သင်တို့ကို စောင့်ရှောက် ခဲ့ပြီ၊ သင်တို့ အလိုရှိရာအရပ်သို့ ချမ်းသာစွာ သွားကြကုန်လောဟု (နတ်သားက ပြောဆို၏)။

၁၂၆၄။ ‘‘ဂန္တွာ မယံ သိန္ဓုသောဝီရဘူမိံ, ဓနတ္ထိကာ ဥဒ္ဒယံ ပတ္ထယာနာ၊

ယထာပယောဂါ ပရိပုဏ္ဏစာဂါ, ကာဟာမ သေရီသမဟံ ဥဠာရ’’န္တိ။

၁၂၆၄။ နတ်သား အကျွန်ုပ်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တ ကုန်လျက် သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိ ကုန်လျက် စွန့်ကြဲမှုနှင့်ပြည့်စုံကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသက နတ်ပူဇော်ပွဲ သဘင်ကို ပြုကြပါကုန်အံ့ဟု (ကုန်သည်များက ဆို၏)။

၁၂၆၅။ ‘‘မာ စေဝ သေရီသမဟံ အကတ္ထ, သဗ္ဗဉ္စ ဝေါ ဘဝိဿတိ ယံ ဝဒေထ၊

ပါပါနိ ကမ္မာနိ ဝိဝဇ္ဇယာထ, ဓမ္မာနုယောဂဉ္စ အဓိဋ္ဌဟာထ။

၁၂၆၅။ ကုန်သည်တို့ သင်တို့သည် သေရီသကနတ်သားအား ပူဇော်ခြင်းကို မပြုကြကုန် လင့်၊ သင်တို့သည် အကြင်စကားကို ဆိုကုန်၏၊ ထိုပြောဆိုသမျှ စကားအားလုံးသည် သင်တို့ဆိုတိုင်းဖြစ်လတ္တံ့၊ သင်တို့သည် ယုတ်ညံ့ကုန်သော မကောင်းမှုကံတို့ကို ကြဥ် ရှောင်ကြကုန်လော့၊ ဒါနစသော ကုသိုလ်တရား အားထုတ်ခြင်းကိုလည်း ဆောက်တည် ကျင့် သုံးကြကုန်လော့။

၁၂၆၆။ ‘‘ဥပါသကော အတ္ထိ ဣမမှိ သံဃေ, ဗဟုဿုတော သီလဝတူပပန္နော၊

သဒ္ဓေါ စ စာဂီ စ သုပေသလော စ, ဝိစက္ခဏော သန္တုသိတော မုတီမာ။

၁၂၆၆။ ကုန်သည်တို့ ဤလူအပေါင်းတွင် များသော အကြားအမြင်လည်းရှိသော သီလအကျင့်တို့နှင့်လည်းပြည့်စုံသော ယုံကြည်မှု ‘သဒ္ဓါ’လည်းရှိသော စွန့်ကြဲမှု‘စာဂ’လည်း ရှိသော သီလကို အလွန်ချစ်မြတ်နိုးသော ထိုထိုကိစ္စကို ပြုခြင်း၌ လိမ္မာသော ရောင့်ရဲလွယ်သော ပစ္စုပ္ပန်တမလွန်နှစ်တန်သော အစီးအပွားတို့ကိုလည်း သိတတ်သော ဥပါသကာသည် ရှိ၏။

စာ-၁၂၂

၁၂၆၇။ ‘‘သဉ္ဇာနမာနော န မုသာ ဘဏေယျ, ပရူပဃာတာယ န စေတယေယျ၊

ဝေဘူတိကံ ပေသုဏံ နော ကရေယျ, သဏှဉ္စ ဝါစံ သခိလံ ဘဏေယျ။

၁၂၆၇။ ကုန်သည်တို့ ဥပါသကာသည် သိလျက် မဟုတ်မမှန်သော စကားကို မပြောဆို၊ သူတစ်ပါးကို သတ်ဖြတ်ညှဥ်းဆဲခြင်းငှါ မကြံစည်၊ ကွဲပြားကြောင်းဖြစ်သော ကုန်းစကားကို မပြောဆို၊ သိမ်မွေ့၍ ပြေပြစ်သော စကားကို ပြောဆို၏။

၁၂၆၈။ ‘‘သဂါရဝေါ သပ္ပဋိဿော ဝိနီတော, အပါပကော အဓိသီလေ ဝိသုဒ္ဓေါ၊

သော မာတရံ ပိတရဉ္စာပိ ဇန္တု, ဓမ္မေန ပေါသေတိ အရိယဝုတ္တိ။

၁၂၆၈။ ကုန်သည်တို့ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့်တကွ ဖြစ်၍ ဆုံးမအပ်ပြီးသော ကိုယ် နှုတ်နှလုံးရှိသော ယုတ်မာသော အကျင့်မရှိသော အဓိသီလသိက္ခာ၌ အထူးသဖြင့် စင်ကြယ်သော ထိုဥပါသကာသည်စင်ကြယ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ အမိကိုလည်းကောင်း, အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေးမွေးမြူ၏။

၁၂၆၉။ ‘‘မညေ သော မာတာပိတူနံ ကာရဏာ, ဘောဂါနိ ပရိယေသတိ န အတ္တဟေတု၊

မာတာပိတူနဉ္စ ယော [သော (?)] အစ္စယေန, နေက္ခမ္မပေါဏော စရိဿတိ ဗြဟ္မစရိယံ။

၁၂၆၉။ ကုန်သည်တို့ ထိုဥပါသကာသည် အမိအဖတို့၏ အကြောင်းကြောင့် စည်းစိမ်ဥစ္စာ တို့ကို ရှာမှီး၏၊ မိမိဟူသော အကြောင်းကြောင့် ရှာမှီးသည် မဟုတ်၊ နိဗ္ဗာန်သို့ စိတ်ညွတ်သော ထိုဥပါသကာသည် အမိအဖတို့ သေလွန်သည်ရှိသော် မြတ်သော အကျင့်ကို ကျင့်လတ္တံ့။

၁၂၇၀။ ‘‘ဥဇူ အဝင်္ကော အသဌော အမာယော, န လေသကပ္ပေန စ ဝေါဟရေယျ၊

သော တာဒိသော သုကတကမ္မကာရီ, ဓမ္မေ ဌိတော ကိန္တိ လဘေထ ဒုက္ခံ။

၁၂၇၀။ ကုန်သည်တို့ မကောက်ကျစ် မစဥ်းလဲ မလှည့်ပတ်မူ၍ ဖြောင့်မတ်သော ထို ဥပါသကာသည်ပရိယာယ် ကြံဆသဖြင့် သော်လည်း မပြောဆို၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံကို ပြုလေ့ရှိ၍ တရား၌တည်သော ထိုသို့သဘောရှိသော ဥပါသကာသည် အသို့လျှင် ဆင်းရဲကို ရရာအံ့နည်း။

၁၂၇၁။ ‘‘တံ ကာရဏာ ပါတုကတောမှိ အတ္တနာ, တသ္မာ ဓမ္မံ ပဿထ ဝါဏိဇာသေ၊

အညတြ တေနိဟ ဘသ္မီ [ဘသ္မိ (သျာ။), ဘသ္မ (က။)] ဘဝေထ, အန္ဓာကုလာ ဝိပ္ပနဋ္ဌာ အရညေ၊

တံ ခိပ္ပမာနေန လဟုံ ပရေန, သုခေါ ဟဝေ သပ္ပုရိသေန သင်္ဂမော’’တိ။

၁၂၇၁။ ကုန်သည်တို့ ထိုဥပါသကာဟူသော အကြောင်းကြောင့် ငါသည် သင်တို့အား ကိုယ်ထင်ရှားပြ၏၊ ထို့ကြောင့် သင်တို့သည် တရားကို ရှုကြကုန်လော့၊ သင်တို့သည် ထို ဥပါသကာ မပါမူ၍ (လာကြကုန်မူ) ဤသဲကန္တာရ၌ သူကန်းကဲ့သို့ နှောင့်ယှက်သော စိတ် ရှိကုန်သည်ဖြစ်၍ ခရီးမှားသဖြင့် စိတ်ပျက်ကုန်လျက် သဲကန္တာရ၌ဖြစ်သော ဘေးရန် နှိပ် စက်ခြင်းဖြင့်လည်းကောင်း, တစ်ပါးသော ဘေးရန်နှိပ်စက်ခြင်းဖြင့်လည်းကောင်း တောအရပ် ဝယ် ပြာအဖြစ်သို့ လျင်မြန်စွာ ရောက်ကုန်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်း သည် စင်စစ် ချမ်းသာ၏ဟု (နတ်သားက ဆို၏)။

၁၂၇၂။ ‘‘ကိံ နာမ သော ကိဉ္စ ကရောတိ ကမ္မံ,

ကိံ နာမဓေယျံ ကိံ ပန တဿ ဂေါတ္တံ၊

မယမ္ပိ နံ ဒဋ္ဌုကာမမှ ယက္ခ, ယဿာနုကမ္ပာယ ဣဓာဂတောသိ၊

လာဘာ ဟိ တဿ, ယဿ တုဝံ ပိဟေသီ’’တိ။

၁၂၇၂။ နတ်သား သင်သည် အကြင်ဥပါသကာကို ချီးမြှောက်ခြင်းငှါ ဤသဲကန္တာရခရီးသို့ ရောက်လာ၏၊ ထိုဥပါသကာသည် အဘယ်သူပါနည်း၊ အဘယ်အမှုကို ပြုလုပ်ပါသနည်း၊ အဘယ်အမည်ရှိပါသနည်း၊ ထိုဥပါသကာ၏ အနွယ်သည် အဘယ်ပါနည်း၊ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို တွေ့မြင်လိုပါကုန်၏၊ နတ်သား အကြင်သူကို သင်ချစ်မြတ်နိုး၏၊ အကျွန်ုပ်တို့သည် သင် ချစ်မြတ်နိုးသော ထိုသူကို သိလိုပါကုန်၏ (ဟု ကုန်သည်များက ဆို၏)။

စာ-၁၂၃

၁၂၇၃။ ‘‘ယော ကပ္ပကော သမ္ဘဝနာမဓေယျော,

ဥပါသကော ကောစ္ဆဖလူပဇီဝီ၊

ဇာနာထ နံ တုမှာကံ ပေသိယော သော,

မာ ခေါ နံ ဟီဠိတ္ထ သုပေသလော သော’’တိ။

၁၂၇၃။ ကုန်သည်တို့ သမ္ဘဝမည်သော အကြင်ဆတ္တာသည်သည် ခေါင်းဖြီးရန် ဘီးထိုင်ခုံ ပျဥ်ချပ်တို့ကို့မှီ၍ အသက်မွေးမြူလျက် ရတနာသုံးပါးကို ဆည်းကပ်သူ ဥပါသကာ ဖြစ်၏၊ ထိုသမ္ဘဝဆတ္တာသည်ကို သိကုန်လော့၊ ထိုဆတ္တာသည်သည် သင်တို့၏ အစေခံတည်း၊ သင် တို့သည် ထိုဆတ္တာသည်ကို မရှုတ်ချကြကုန်လင့်၊ ထိုဆတ္တာသည်သည် သီလကို အလွန် ချစ် မြတ်နိုးသူ ဖြစ်၏ဟု (နတ်သားကဆို၏)။

၁၂၇၄။ ‘‘ဇာနာမသေ ယံ တွံ ပဝဒေသိ [ဝဒေသိ (သီ။)] ယက္ခ,

န ခေါ နံ ဇာနာမ သ ဧဒိသောတိ၊

မယမ္ပိ နံ ပူဇယိဿာမ ယက္ခ,

သုတွာန တုယှံ ဝစနံ ဥဠာရ’’န္တိ။

၁၂၇၄။ နတ်သား သင်ပြောဆိုသော ဥပါသကာကို အကျွန်ုပ်တို့သည် လူ့သဘောအားဖြင့် သိပါကုန်၏၊ ဂုဏ်အားဖြင့်ကား ဤသို့ သဘောရှိ၏ဟူ၍ မသိကြပါကုန်၊ နတ်သား သင်၏ ကောင်းမြတ်သော စကားကို ကြားကုန်၍ အကျွန်ုပ်တို့သည် လည်း ထိုဥပါသကာကို ပူဇော်ကြ ပါကုန်အံ့ဟု (ကုန်သည်များက ဆို၏)။

၁၂၇၅။ ‘‘ယေ ကေစိ ဣမသ္မိံ သတ္ထေ မနုဿာ,

ဒဟရာ မဟန္တာ အထဝါပိ မဇ္ဈိမာ၊

သဗ္ဗေဝ တေ အာလမ္ဗန္တု ဝိမာနံ,

ပဿန္တု ပုညာနံ ဖလံ ကဒရိယာ’’တိ။

၁၂၇၅။ ကုန်သည်တို့ ဤလှည်းကုန်သည်အပေါင်းတွင် အရွယ်ငယ်သူ အလတ်ဖြစ်သော အရွယ်ကြီးရင့်သူ အားလုံးတို့သည် ငါ၏ ဗိမာန်သို့ တက်ကြကုန်လော့၊ နှမြောစဥ်းလဲသော စိတ်ရှိသူတို့သည် ကုသိုလ်ကောင်းမှုတို့၏ အကျိုးကို ကြည့်ရှုလှည့်ကြကုန်ဟု (နတ်သားက ဆို၏)။

၁၂၇၆။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ,

တံ ကပ္ပကံ တတ္ထ ပုရက္ခတွာ [ပုရက္ခိပိတွာ (သီ။)]၊

သဗ္ဗေဝ တေ အာလမ္ဗိံသု ဝိမာနံ,

မသက္ကသာရံ ဝိယ ဝါသဝဿ။

၁၂၇၆။ ထိုအရပ်၌ ထိုကုန်သည်အားလုံးတို့သည် ဗိမာန်သို့ ငါအလျင် တက်မည်၊ ငါအလျင်တက်မည်ဟု (ဆိုကုန်လျက်) ထိုဆတ္တာသည် ဥပါသကာကို ရှေ့သွားပြုပြီးလျှင် သိကြား မင်း၏ ဗိမာန်နှင့်တူသော သေရီသကနတ်သားဗိမာန်သို့ တက်ကြကုန်၏။

၁၂၇၇။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ, ဥပါသကတ္တံ ပဋိဝေဒယိံသု၊

ပါဏာတိပါတာ ဝိရတာ အဟေသုံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိံသု၊

အမဇ္ဇပါ နော စ မုသာ ဘဏိံသု, သကေန ဒါရေန စ အဟေသုံ တုဋ္ဌာ။

၁၂၇၇။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်၏၊ အသက်ကို သတ်ခြင်းမှ ကြဥ်ရှောင်ကုန်ပြီ၊ လောက၌မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ကုန်ပြီ၊ သေအရက်ကို မသောက်စားကြကုန်၊ မမှန်သော စကားကိုလည်း မပြောဆိုကြကုန်၊ မိမိမယားဖြင့်သာ နှစ်သိမ့်ရောင့်ရဲကြကုန်ပြီ။

၁၂၇၈။ တေ တတ္ထ သဗ္ဗေဝ ‘အဟံ ပုရေ’တိ, ဥပါသကတ္တံ ပဋိဝေဒယိတွာ၊

ပက္ကာမိ သတ္ထော အနုမောဒမာနော, ယက္ခိဒ္ဓိယာ အနုမတော ပုနပ္ပုနံ။

၁၂၇၈။ ထိုဗိမာန်၌ ထိုကုန်သည်အားလုံးတို့သည် ငါအလျင် ငါအလျင်ဟူ၍ (သူ့ထက်ငါ) ဥပါသကာအဖြစ်ကို ပြောကြားကုန်ပြီးလျှင် ကုန်သည်အပေါင်းသည် သေရီသကနတ်သား ခွင့်ပြုအပ်သည်ဖြစ်၍ နတ်သား၏ တန်ခိုးအာနုဘော်ကို အဖန်တလဲလဲ ဝမ်းမြောက်ကုန်လျက် ဖဲသွား လေ၏။

စာ-၁၂၄

၁၂၇၉။ ‘‘ဂန္တွာန တေ သိန္ဓုသောဝီရဘူမိံ, ဓနတ္ထိကာ ဥဒ္ဒယံ [ဥဒယ (ပီ။ က။)] ပတ္ထယာနာ၊

ယထာပယောဂါ ပရိပုဏ္ဏလာဘာ, ပစ္စာဂမုံ ပါဋလိပုတ္တမက္ခတံ။

၁၂၇၉။ ထိုကုန်သည်တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တ ကုန်လျက် သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားရောက်ကြကုန်ပြီးလျှင် ဝန်ခံသည်အားလျော်စွာ လုံ့လရှိကုန်လျက် ပြည့်စုံသော လာဘ်ရှိကုန်၍ ပါဋလိပုတ်ပြည်သို့ ဘေးမရှိဘဲ ပြန်သွားကြ လေကုန်၏။

၁၂၈၀။ ‘‘ဂန္တွာန တေ သံဃရံ သောတ္ထိဝန္တော,

ပုတ္တေဟိ ဒါရေဟိ သမင်္ဂိဘူတာ၊

အာနန္ဒီ ဝိတ္တာ [အာနန္ဒစိတ္တာ (သျာ။), အာနန္ဒီစိတ္တာ (က။)] သုမနာ ပတီတာ,

အကံသု သေရီသမဟံ ဥဠာရံ၊

သေရီသကံ တေ ပရိဝေဏံ မာပယိံသု။

၁၂၈၀။ ထိုကုန်သည်တို့သည် ချမ်းချမ်းသာသာ မိမိအိမ်သို့ ရောက်ကြသောအခါ သားသမီးတို့နှင့်လည်းကောင်း, မယားတို့နှင့်လည်းကောင်း ပေါင်းဆုံမိကြပြီးလျှင် အားရရွှင်လန်း ဝမ်းမြောက်နှစ်သက်ကုန်သည်ဖြစ်၍ ကြီးမြတ်သော သေရီသကနတ် ပူဇော်သဘင်ကို ပြုကြ ကုန်၏၊ ထိုကုန်သည်တို့သည် သေရီသကနတ်ကွန်းကို ဆောက်လုပ်ကြကုန်၏။

၁၂၈၁။ ဧတာဒိသာ သပ္ပုရိသာန သေဝနာ,

မဟတ္ထိကာ ဓမ္မဂုဏာန သေဝနာ၊

ဧကဿ အတ္ထာယ ဥပါသကဿ,

သဗ္ဗေဝ သတ္တာ သုခိတာ [သုခိနော (ပီ။ က။)] အဟေသုန္တိ။

သေရီသကဝိမာနံ ဒသမံ။

၁၂၈၁။ သူတော်ကောင်းတို့ကို မှီဝဲပေါင်းဖော်ရခြင်းသည် ဤသို့ (အကျိုးမဲ့ကို တားမြစ် ခြင်း, အကျိုးကို ပြီးစေခြင်း) သဘော ရှိ၏၊ တရားတော်၏ ကျေးဇူးတို့ကို မှီဝဲခြင်းသည် များမြတ်သော အကျိုးအာနိသင်ရှိ၏၊ ဥပါသကာတစ်ယောက်၏ အကျိုးငှါ ချီးမြှောက်ခြင်းကို ပြုသဖြင့် သတ္တဝါအားလုံးတို့ချမ်းသာခြင်းသို့ ရောက်ကြကုန်၏။ ဆယ်ခုမြောက်သော သေရီသကဝိမာနဝတ္ထု ပြီး၏။ ၁၁-သုနိက္ခိတ္တဝိမာနဝတ္ထု ကဿပဘုရား၏ ပုထိုးစေတီ၌ မကောင်းသဖြင့်တင်ထားသော ပန်းများကို ကောင်း စွာပြုပြင်တင်ထားခဲဲ့ခြင်းကြောင့် တန်ခိုးကြီးမားစွာ ပတ္တမြားတိုင် ဗိမ္မာန်နှင့် ကြောင်မျက် ရွဲဲတိုင်ပြသာဒ်ခုနှစ်ရာတို့၌ နတ်တူူရိယာ စုံလင်စွာဖြင့် ချမ်းသာစွာခံစားရသော နတ်သား

၁၁။ သုနိက္ခိတ္တဝိမာနဝတ္ထု

၁၂၈၂။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၁၂၈၂။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၂၈၃။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၁၂၈၃။ သင်နတ်သားသည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့ ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း ကကြကုန်၏။

၁၂၈၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၁၂၈၄။ နတ်သား အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား ကောင်းကျိုး ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် လည်း ဖြစ်ပေါ်ကုန်သနည်း။

စာ-၁၂၅

၁၂၈၅။ ‘‘ပုစ္ဆာမိ ‘တံ ဒေဝ မဟာနုဘာဝ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၂၈၅။ အာနုဘော်ကြီးသော နတ်သား ငါ မေး၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ကံကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (မေး၏)။

၁၂၈၆။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၁၂၈၆။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော် စွာ) ဖြေကြား၏။

၁၂၈၇။ ‘‘ဒုန္နိက္ခိတ္တံ မာလံ သုနိက္ခိပိတွာ, ပတိဋ္ဌပေတွာ သုဂတဿ ထူပေ၊

မဟိဒ္ဓိကော စမှိ မဟာနုဘာဝေါ, ဒိဗ္ဗေဟိ ကာမေဟိ သမင်္ဂိဘူတော။

၁၂၈၇။ အာနုဘော်ကြီးသော အရှင်ရဟန်း ရှေးဘဝက ကောင်းသော စကားကို ဆိုတော်မူ တတ်သော (ကဿပ) မြတ်စွာဘုရား၏ ပုထိုးစေတီတော်၌ မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာပြုပြင်၍ တင်ထားလိုက်ခြင်းကြောင့် ကြီးမြတ်သော တန်ခိုးလည်း ရှိပါ၏၊ ကြီးမြတ်သော အာနုဘော်လည်း ရှိပါ၏၊ နတ်၌ဖြစ်သော ကာမဂုဏ်တို့နှင့်လည်း ပြည့်စုံရ ပါ၏။

၁၂၈၈။ ‘‘တေန မေတာဒိသော ဝဏ္ဏော,

တေန မေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ,

ယေ ကေစိ မနသော ပိယာ။

၁၂၈၈။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့တောက်ပသော အရောင် အဆင်းရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤအရပ်၌ ကောင်းကျိုး ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့်အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ်ဖြစ်ကုန်သော စည်းစိမ်အားလုံးတို့သည် လည်း ဖြစ်ပေါ်ပါကုန်၏။

၁၂၈၉။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ,

မနုဿဘူတော ယမဟံ အကာသိံ၊

တေနမှိ ဧဝံ ဇလိတာနုဘာဝေါ,

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

သုနိက္ခိတ္တဝိမာနံ ဧကာဒသမံ။

သုနိက္ခိတ္တဝဂ္ဂေါ သတ္တမော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ဒွေ ဒလိဒ္ဒါ ဝနဝိဟာရာ, ဘတကော ဂေါပါလကဏ္ဍကာ၊

အနေကဝဏ္ဏမဋ္ဌကုဏ္ဍလီ, သေရီသကော သုနိက္ခိတ္တံ၊

ပုရိသာနံ တတိယော ဝဂ္ဂေါ ပဝုစ္စတီတိ။

ဘာဏဝါရံ စတုတ္ထံ နိဋ္ဌိတံ။

ဝိမာနဝတ္ထုပါဠိ နိဋ္ဌိတာ။

၁၂၈၉။ အာနုဘော်ကြီးသော ရဟန်း အရှင်ဘုရားအား အကျွန်ုပ်သည် ဖြေကြားပါ၏၊ အကျွန်ုပ်သည် လူဖြစ်ခဲ့စဥ်က မကောင်းသဖြင့် တင်ထားသော ပန်းကို ကောင်းစွာ ပြုပြင် တင်ထားခြင်း ကုသိုလ်ကံပြုခဲ့ဖူးပါ၏၊ ထိုကုသိုလ်ကံကြောင့် ဤသို့ တောက်ပသော တန်ခိုး အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပပါ၏။ တစ်ဆယ့်တစ်ခုမြောက်သော သုနိက္ခိတ္တဝိမာနဝတ္ထု ပြီး၏။ ခုနစ်မြောက်သော သုနိက္ခိတ္တဝဂ် ပြီး၏။ ယောကျာ်းတို့၏ သုံးခုမြောက်သောဝဂ်ကို ဆိုအပ်၏။ လေးခုမြောက်သော ဘာဏဝါရ ပြီး၏။ ဝိမာနဝတ္ထု (ဗိမာန်အကြောင်း) မြန်မာပြန် ပြီး၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection