ဓမ္မလမ်း
← ဝိမာနဝတ္ထုပါဠိ

ဝိမာနဝတ္ထုပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၇၃

တဝ ဓမ္မံ သုဏန္တဿ, အဝဓီ ဝစ္ဆပါလကော။

၈၅၉။ ‘‘မုဟုတ္တံ စိတ္တပသာဒဿ, ဣဒ္ဓိံ ပဿ ယသဉ္စ မေ၊

အာနုဘာဝဉ္စ မေ ပဿ, ဝဏ္ဏံ ပဿ ဇုတိဉ္စ မေ။

၈၅၉။ တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကိုလည်းကောင်း, အခြံအရံများခြင်းကိုလည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကိုလည်းကောင်း, အရောင်အဝါကို့လည်းကောင်း ရှုတော်မူပါလော့။

၈၆၀။ ‘‘ယေ စ တေ ဒီဃမဒ္ဓါနံ, ဓမ္မံ အဿောသုံ ဂေါတမ၊

ပတ္တာ တေ အစလဋ္ဌာနံ, ယတ္ထ ဂန္တွာ န သောစရေ’’တိ။

မဏ္ဍူကဒေဝပုတ္တဝိမာနံ ပဌမံ။

၈၆၀။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တဝါတို့သည် ကား စိုးရိမ်ပူပန်ခြင်းမရှိရာဖြစ်သော မတုန်လှုပ်သော (နိဗ္ဗာန်) အရပ်သို့ (မချွတ်) ရောက်ကြရကုန်သည်သာတည်း (ဟု ဖြေကြား၏)။ ရှေးဦးစွာသော မဏ္ဍူကဝိမာနဝတ္ထု ပြီး၏။ ၂-ရေဝတီဝိမာနဝတ္ထု လင်နန္ဒိယ မယားရေဝတီတို့သည် လင်ကသူတော်ကောင်း မယားကသူယုတ်မာ သဘောမတူကြ၊ နန္ဒိယသည် ဝန်တိုမရှိ လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ တင့်တယ်စွာ ဖြစ်ရစဥ် မယားရေဝတီသေ၍ ငရဲသို့ ရောက်ရာမှ ငရဲထိန်းတို့က နန္ဒိယဗိမာန်ကို ပြရန် နတ်ပြည်သို့ ခေါ်လာ၍ ဗိမာန်ကို အတွေ့နောင်တကြီးစွာရ နန္ဒိယနှင့် အတူမနေနိုင် ငရဲသို့သာ ပြန်ကျရသော စိတ်ဝင်စားဖွယ်အဖြစ်အပျက်

၂။ ရေဝတီဝိမာနဝတ္ထု

၈၆၁။ [ဓ။ ပ။ ၂၁၉ ဓမ္မပဒေ] ‘‘စိရပ္ပဝါသိံ ပုရိသံ, ဒူရတော သောတ္ထိမာဂတံ၊

ဉာတိမိတ္တာ သုဟဇ္ဇာ စ, အဘိနန္ဒန္တိ အာဂတံ၊

၈၆၁။ ကြာမြင့်စွာ ကွေကွင်းသည်ဖြစ်၍ အဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသောသူကို အဆွေအမျိုးတို့သည်လည်းကောင်း, အဆွေခင်ပွန်းတို့သည်လည်းကောင်း, ချစ်ကျွမ်းဝင်သောသူတို့သည်လည်းကောင်း ပြန်ရောက်လာခြင်းကြောင့် နှစ်သက်ဝမ်းမြောက်ကြကုန်၏။

၈၆၂။ [ဓ။ ပ။ ၂၂၀ ဓမ္မပဒေ] ‘‘တထေဝ ကတပုညမ္ပိ, အသ္မာ လောကာ ပရံ ဂတံ၊

ပုညာနိ ပဋိဂဏှန္တိ, ပိယံ ဉာတီဝ အာဂတံ။

၈၆၂။ ထို့အတူသာလျှင် ဤလောကမှ တမလွန်လောကသို့ သွားသော ပြုပြီးသော ကောင်းမှုရှိသူကိုလည်း ပြန်ရောက်လာသည့် ချစ်လှစွာသော အဆွေအမျိုးကဲ့သို့ ကောင်းမှု တို့သည် ခံယူကုန်၏။

၈၆၃။ [ပေ။ ဝ။ ၇၁၄]‘‘ဥဋ္ဌေဟိ ရေဝတေ သုပါပဓမ္မေ, အပါရုတဒွါရေ [အပါရုဘံ ဒွါရံ (သီ။ သျာ။), အပါရုတဒွါရံ (ပီ။ က။)] အဒါနသီလေ၊

နေဿာမ တံ ယတ္ထ ထုနန္တိ ဒုဂ္ဂတာ, သမပ္ပိတာ နေရယိကာ ဒုက္ခေနာ’’တိ။

၈၆၃။ အလွန်ယုတ်မာသော အကျင့်ရှိသော တစ်စုံတစ်ယောက်အား တစ်စုံတစ်ခုကို မျှပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေဝတီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသတ္တဝါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညဥ်းတွားကြ ရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

စာ-၇၄

၈၆၄။ ဣစ္စေဝ [ဣစ္စေဝံ (သျာ။ က။)] ဝတွာန ယမဿ ဒူတာ, တေ ဒွေ ယက္ခာ လောဟိတက္ခာ ဗြဟန္တာ၊

ပစ္စေကဗာဟာသု ဂဟေတွာ ရေဝတံ, ပက္ကာမယုံ ဒေဝဂဏဿ သန္တိကေ။

၈၆၄။ ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေဝတီ၏ လက်မောင်းတို့ကို တစ်ယောက်တစ်ဖက်စီ ကိုင်စွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင် ယူသွားကြကုန်၏။

၈၆၅။ ‘‘အာဒိစ္စဝဏ္ဏံ ရုစိရံ ပဘဿရံ, ဗျမှံ သုဘံ ကဉ္စနဇာလဆန္နံ၊

ကဿေတမာကိဏ္ဏဇနံ ဝိမာနံ, သူရိယဿ ရံသီရိဝ ဇောတမာနံ။

၈၆၅။ နေ၏အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသော အဆင်းရှိသော နှလုံးမွေ့လျော်ဖွယ် ရှိသော ပြိုးပြိုးပြက်သော တင့်တယ်လျောက်ပတ်သော ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ကျယ်ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။

၈၆၆။ ‘‘နာရီဂဏာ စန္ဒနသာရလိတ္တာ [စန္ဒနသာရာနုလိတ္တာ (သျာ။)], ဥဘတော ဝိမာနံ ဥပသောဘယန္တိ၊

တံ ဒိဿတိ သူရိယသမာနဝဏ္ဏံ, ကော မောဒတိ သဂ္ဂပတ္တော ဝိမာနေ’’တိ။

၈၆၆။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည် ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား အဘယ်သူပါနည်း (ဟု ရေဝတီက မေး၏)။

၈၆၇။ ‘‘ဗာရာဏသိယံ နန္ဒိယော နာမာသိ, ဥပါသကော အမစ္ဆရီ ဒါနပတိ ဝဒညူ၊

တဿေတမာကိဏ္ဏဇနံ ဝိမာနံ, သူရိယဿ ရံသီရိဝ ဇောတမာနံ။

၈၆၇။ ဗာရာဏသီပြည်၌ ဝန်တိုမှုမစ္ဆရိယမရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်းအရာကို သိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သား နတ်သမီး တို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ဤဗိမာန်သည် ထိုနန္ဒိယ ဥပါသကာ၏ ဗိမာန်ပေတည်း။

၈၆၈။ ‘‘နာရီဂဏာ စန္ဒနသာရလိတ္တာ, ဥဘတော ဝိမာနံ ဥပသောဘယန္တိ၊

တံ ဒိဿတိ သူရိယသမာနဝဏ္ဏံ, သော မောဒတိ သဂ္ဂပတ္တော ဝိမာနေ’’တိ။

၈၆၈။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်း ကဲ့သို့ တပြောင်ပြောင့်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်း (ဟု ဘီလူး တို့က ဖြေ၏)။

၈၆၉။ ‘‘နန္ဒိယဿာဟံ ဘရိယာ, အဂါရိနီ သဗ္ဗကုလဿ ဣဿရာ၊

ဘတ္တု ဝိမာနေ ရမိဿာမိ ဒါနဟံ, န ပတ္ထယေ နိရယံ ဒဿနာယာ’’တိ။

၈၆၉။ အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာအားလုံးကို အစိုးရသော အိမ်ရှင်မဖြစ်ခဲ့ပါ၏၊ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲကို ကြည့်ရှုရန်ပင်အလိုမရှိတော့ပါ (ဟု ရေဝတီက ဆို၏)။

၈၇၀။ ‘‘ဧသော တေ နိရယော သုပါပဓမ္မေ, ပုညံ တယာ အကတံ ဇီဝလောကေ၊

န ဟိ မစ္ဆရီ ရောသကော ပါပဓမ္မော, သဂ္ဂူပဂါနံ လဘတိ သဟဗျတ’’န္တိ။

၈၇၀။ အလွန်ယုတ်မာသော အကျင့်ရှိသော ရေဝတီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောကလူ့ဘဝက သင်သည် ကောင်းမှုကို မပြုခဲ့၊ ဝန်တိုသော ခြုတ်ခြုယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်း အဖော်အဖြစ်ကို မရနိုင်သည်သာတည်း (ဟု ဘီလူးတို့က ဆို၏)။

စာ-၇၅

၈၇၁။ ‘‘ကိံ နု ဂူထဉ္စ မုတ္တဉ္စ, အသုစီ ပဋိဒိဿတိ၊

ဒုဂ္ဂန္ဓံ ကိမိဒံ မီဠှံ, ကိမေတံ ဥပဝါယတီ’’တိ။

၈၇၁။ အသို့နည်း၊ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း တွေ့မြင်ရ၏၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီးရှိလေသနည်း၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံစော်လေသနည်း (ဟုရေဝတီက မေး၏)။

၈၇၂။ ‘‘ဧသ သံသဝကော နာမ, ဂမ္ဘီရော သတပေါရိသော၊

ယတ္ထ ဝဿသဟဿာနိ, တုဝံ ပစ္စသိ ရေဝတေ’’တိ။

၈၇၂။ ရေဝတီ အသူတစ်ရာနက်လှစွာသော ဤငရဲသည် မစင်မကြယ်သော ကျင်ကြီး ကျင်ငယ်စသည်ကို ယိုစီးစေတတ်သောကြောင့် သံသဝက ငရဲမည်၏၊ သင်သည် ယင်းငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၃။ ‘‘ကိံ နု ကာယေန ဝါစာယ, မနသာ ဒုက္ကဋံ ကတံ၊

ကေန သံသဝကော လဒ္ဓေါ, ဂမ္ဘီရော သတပေါရိသော’’တိ။

၈၇၃။ အသို့နည်း အကျွန်ုပ်သည် ကိုယ်နှုတ်စိတ်ဖြင့် အဘယ်မကောင်းမှုကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမှုကြောင့် အကျွန်ုပ်သည် အသူတစ်ရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီးကျင်ငယ်စသည်ကို ယိုစီးစေတတ်သောကြောင့် သံသဝက ငရဲကို ရအပ်ပါသနည်း (ဟု ရေဝတီက မေး၏)။

၈၇၄။ ‘‘သမဏေ ဗြာဟ္မဏေ စာပိ, အညေ ဝါပိ ဝနိဗ္ဗကေ [ဝဏိဗ္ဗကေ (သျာ။ က။)]၊

မုသာဝါဒေန ဝဉ္စေသိ, တံ ပါပံ ပကတံ တယာ။

၈၇၄။ သင်သည် သမဏ ဗြာဟ္မဏတို့ကိုလည်းကောင်း, အခြားသော ဖုန်းတောင်းယာစကာတို့ကိုလည်းကောင်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမှုအကုသိုလ် ကံကို သင်သည် ပြုခဲ့၏။

၈၇၅။ ‘‘တေန သံသဝကော လဒ္ဓေါ, ဂမ္ဘီရော သတပေါရိသော၊

တတ္ထ ဝဿသဟဿာနိ, တုဝံ ပစ္စသိ ရေဝတေ။

၈၇၅။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် သင်သည် အသူတစ်ရာနက်လှစွာသော သံသဝကအမည်ရှိသော ငရဲကို ရအပ်၏၊ သင်သည် ယင်းသံသဝကငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့။

၈၇၆။ ‘‘ဟတ္ထေပိ ဆိန္ဒန္တိ အထောပိ ပါဒေ, ကဏ္ဏေပိ ဆိန္ဒန္တိ အထောပိ နာသံ၊

အထောပိ ကာကောဠဂဏာ သမေစ္စ, သင်္ဂမ္မ ခါဒန္တိ ဝိဖန္ဒမာန’’န္တိ။

၈၇၆။ လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်းဖြတ်ကုန်လတ္တံ့၊ နှာခေါင်းကိုလည်း ဖြတ်ကုန်လတ္တံ့၊ ထိုမှတစ်ပါးလည်း ကျီးငှက် အပေါင်းတို့သည် စုရုံးချဥ်းကပ်ကြကုန်လျက် တုန်လှုပ်နေသော သင့်ကို ခဲစားကြကုန်လတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၇။ ‘‘သာဓု ခေါ မံ ပဋိနေထ, ကာဟာမိ ကုသလံ ဗဟုံ၊

ဒါနေန သမစရိယာယ, သံယမေန ဒမေန စ၊

ယံ ကတွာ သုခိတာ ဟောန္တိ, န စ ပစ္ဆာနုတပ္ပရေ’’တိ။

၈၇၇။ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင် ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မှု (နောင်တ) လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်လည်းကောင်း, တရားမျှတစွာ ကျင့်ခြင်းဖြင့်လည်းကောင်း,စောင့်စည်းခြင်းဖြင့်လည်းကောင်း, ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်း ကောင်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ (ဟု ရေဝတီက ဆို၏)။

၈၇၈။ ‘‘ပုရေ တုဝံ ပမဇ္ဇိတွာ, ဣဒါနိ ပရိဒေဝသိ၊

သယံ ကတာနံ ကမ္မာနံ, ဝိပါကံ အနုဘောဿသီ’’တိ။

၈၇၈။ သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေး မြည်တမ်းဘိ၏၊ သင်ကိုယ်တိုင်ပြုခဲ့သော ကံတို့၏ အကျိုးကို သင်သည်ပင် ခံစားရလတတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၉။ ‘‘ကော ဒေဝလောကတော မနုဿလောကံ, ဂန္တွာန ပုဋ္ဌော မေ ဧဝံ ဝဒေယျ၊

‘နိက္ခိတ္တဒဏ္ဍေသု ဒဒါထ ဒါနံ, အစ္ဆာဒနံ သေယျ [သယန (သီ။)] မထန္နပါနံ၊

နဟိ မစ္ဆရီ ရောသကော ပါပဓမ္မော, သဂ္ဂူပဂါနံ လဘတိ သဟဗျတံ’။

၈၇၉။ (အကျွန်ုပ်) မေးအပ်သည်ရှိသော် “နတ်ပြည်မှ လူ့ပြည်သို့ လာပြီးလျှင် လက်နက် ကို ပယ်ချထားကုန်သော သမဏ ဗြာဟ္မဏတို့၌ အလှူကို ပေးလှူရာ၏၊ အဝတ်အရုံကိုလည်း ကောင်း,အိပ်ရာနေရာကိုလည်းကောင်း, ဆွမ်းအဖျော်ကိုလည်းကောင်း ပေးလှူရာ၏၊ ဝန်တိုသော ခြုတ်ခြယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားရကုန်သော နတ်တို့၏အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်း”ဟု အဘယ်မည်သော နတ် သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။

၈၈၀။ ‘‘သာဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊

ဝဒညူ သီလသမ္ပန္နာ, ကာဟာမိ ကုသလံ ဗဟုံ၊

ဒါနေန သမစရိယာယ, သံယမေန ဒမေန စ။

၈၈၀။ အကျွန်ုပ်သည် ဤငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘဝကို ရသည်ရှိသော် အလှူခံ တို့၏အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်လည်း ကောင်း,တရားမျှတစွာကျင့်ခြင်းဖြင့်လည်းကောင်း, စောင့်စည်းခြင်းဖြင့်လည်းကောင်း, ဣန္ဒြေ ကို ဆုံးမခြင်းဖြင့်လည်းကောင်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။

စာ-၇၆

၈၈၁။ ‘‘အာရာမာနိ စ ရောပိဿံ, ဒုဂ္ဂေ သင်္ကမနာနိ စ၊

ပပဉ္စ ဥဒပါနဉ္စ, ဝိပ္ပသန္နေန စေတသာ။

၈၈၁။ အထူးကြည်လင်သော စိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့ အံ့၊ ကူးသန်းသွားလာရန် ခက်သော အရပ်၌ တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းရေကန်ကိုလည်းကောင်း ပြုပါတော့အံ့။

၈၈၂။ ‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊

ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။

၈၈၂-၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း, တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း, ရှစ်ရက်မြောက်သော နေ့၌လည်းကောင်း, ဥပုသ်နေ့တို့၏ အကြိုနေ့ (အပိုနေ့) ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီ (ဟု ရေဝတီကမြည်တမ်း၏)။

၈၈၃။ ‘‘ဥပေါသထံ ဥပဝသိဿံ, သဒါ သီလေသု သံဝုတာ၊

န စ ဒါနေ ပမဇ္ဇိဿံ, သာမံ ဒိဋ္ဌမိဒံ မယာ’’တိ၊

၈၈၄။ ဣစ္စေဝံ ဝိပ္ပလပန္တိံ, ဖန္ဒမာနံ တတော တတော၊

ခိပိံသု နိရယေ ဃောရေ, ဥဒ္ဓပါဒံ အဝံသိရံ။

၈၈၄။ ဤသို့ မြည်တမ်း တုန်လှုပ်နေသော ရေဝတီကို (ငရဲထိန်းတို့သည်) ခြေကမိုးမျှော်,ဦးခေါင်းစောက်ထိုး ကြောက်လန့်ဖွယ်ရှိသော ငရဲ၌ ထိုသို့သော အရပ်မှ ပစ်ချလိုက်ကြကုန်၏။

၈၈၅။ ‘‘အဟံ ပုရေ မစ္ဆရိနီ အဟောသိံ, ပရိဘာသိကာ သမဏဗြာဟ္မဏာနံ၊

ဝိတထေန စ သာမိကံ ဝဉ္စယိတွာ, ပစ္စာမဟံ နိရယေ ဃောရရူပေ’’တိ။

ရေဝတီဝိမာနံ ဒုတိယံ။

၈၈၅။ ငါသည် ရှေးအခါက ဝန်တိုခြင်း ရှိခဲ့ပါ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်း မောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်ခြင်းကြောင့် ကြောက် လန့်ဖွယ်သဘောရှိသော ငရဲ၌ ကျက်ရပါ၏ (ဟု မြည်တမ်း၏)။ နှစ်ခုမြောက်သော ရေဝတီဝိမာနဝတ္ထု ပြီး၏။ ၃-ဆတ္တမာဏဝကဝိမာနဝတ္ထု မြတ်စွာဘုရား ကြွတော်မူဆဲ ဆတ္တလုလင်နှင့်တွေ့၍ ဆုံးမတော်မူရာ အပြည့်အစုံလိုက်နာရတနာသုံးပါးဆည်းကပ် ကိုယ်ကျင့်တရားကို သိမ်းဆည်း၍ ခရီးသွားဆဲ ခိုးသူတို့လက်ချက် ကြောင့်သေဆုံးပြီးနောက် တာဝတိံသာ နတ်ပြည်၌ အလိုရှိတိုင်းပြည့်စုံစွာ ခံစားရသော နတ်သား

၃။ ဆတ္တမာဏဝကဝိမာနဝတ္ထု

၈၈၆။ ‘‘ယော ဝဒတံ ပဝရော မနုဇေသု, သကျမုနီ ဘဂဝါ ကတကိစ္စော၊

ပါရဂတော ဗလဝီရိယသမင်္ဂီ [ဗလဝီရသမင်္ဂီ (က။)], တံ သုဂတံ သရဏတ္ထမုပေဟိ။

၈၈၆။ လူတို့တွင် ဟောကြားတတ်သူတို့ထက် မြတ်တော်မူသော သာကီဝင်မင်းသားရဟန်းဖြစ်တော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပြုပြီးသော မဂ်ကိစ္စရှိ တော်မူသော (နိဗ္ဗာန်) တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ကိုယ်အား ဉာဏ်အား လုံ့လတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို (သင်သည်) ကိုးကွယ်ရန် ချဥ်း ကပ်လေလော့။

၈၈၇။ ‘‘ရာဂဝိရာဂမနေဇမသောကံ, ဓမ္မမသင်္ခတမပ္ပဋိကူလံ၊

မဓုရမိမံ ပဂုဏံ သုဝိဘတ္တံ, ဓမ္မမိမံ သရဏတ္ထမုပေဟိ။

၈၈၇။ ရာဂမှ ကင်းသော (အရိယာမဂ်), တဏှာမှကင်းသော ပူဆွေးမှု မရှိသော (အရိယာဖိုလ်),အကြောင်းတရားတို့သည် မပြုပြင်အပ်သော စက်ဆုပ်ဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိသော (နိဗ္ဗာန်) ဤလောကုတ္တရာတရား ကိုးပါးကိုလည်းကောင်း, ကောင်းမြတ်၍ ဒေသနာ ဉာဏ်တော်သည်ဖြစ်စေအပ်သော ကောင်းစွာ ဝေဖန်အပ်သော ဤပရိယတ်တရားကိုလည်းကောင်း ကိုးကွယ်ရန်ချဥ်းကပ်လေလော့။

၈၈၈။ ‘‘ယတ္ထ စ ဒိန္န မဟပ္ဖလမာဟု, စတူသု သုစီသု ပုရိသယုဂေသု၊

အဋ္ဌ စ ပုဂ္ဂလဓမ္မဒသာ တေ, သံဃမိမံ သရဏတ္ထမုပေဟိ။

၈၈၈။ ကိလေသာတို့မှ စင်ကြယ်ကုန်သော ယောကျာ်းမြတ်လေးစုံဟူသော အကြင် အရိယာသံဃာတို့၌ ပေးလှူအပ်သော အလှူသည် ကြီးသော အကျိုးရှိ၏ဟု ဟောတော် မူကုန်၏၊ အစုံအားဖြင့်လေးစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ထိုပုဂ္ဂိုလ်တို့သည် သစ္စာ လေးပါးတို့ကို သိမြင်တတ်ကုန်၏၊ ဤသံဃာတော်ကိုလည်း ကိုးကွယ်ရန် ချဥ်းကပ်လေလော့။

စာ-၇၇

၈၈၉။ ‘‘န တထာ တပတိ နဘေ သူရိယော, စန္ဒော စ န ဘာသတိ န ဖုဿော၊

ယထာ အတုလမိဒံ မဟပ္ပဘာသံ, ကော နု တွံ တိဒိဝါ မဟိံ ဥပါဂါ။

၈၈၉။ နှိုင်းယှဥ်စရာမရှိအောင် များစွာသော အရောင်ရှိသော ဤဗိမာန်သည် ကောင်းကင်၌ထွန်းပသကဲ့သို့ ထို့အတူ ဖုဿမည်သော ကြယ်တာရာသည်လည်း မထွန်းပနိုင်၊ လသည်လည်းမထွန်းပနိုင်၊ နေသည်လည်း မထွန်းပနိုင်၊ နတ်ပြည်မှ မြေအရပ်သို့ ဆင်းသက်ရောက် လာသော သင်ကား အဘယ်သူနည်း။

၈၉၀။ ‘‘ဆိန္ဒတိ ရံသီ ပဘင်္ကရဿ, သာဓိကဝီသတိယောဇနာနိ အာဘာ၊

ရတ္တိမပိ ယထာ ဒိဝံ ကရောတိ, ပရိသုဒ္ဓံ ဝိမလံ သုဘံ ဝိမာနံ။

၈၉၀။ ထက်ဝန်းကျင် စင်ကြယ်သော အညစ်အကြေးကင်း၍ တင့်တယ်သော ဗိမာန်သည် နေ၏အရောင်တို့ကို ဖြတ်တောက်၏၊ ထိုဗိမာန်၏ အရောင်သည် နှစ်ဆယ့်ငါးယူဇနာ တိုင်တိုင် ပျံ့နှံ့၍ တည်၏၊ ညဥ့်ကို ပင်သော်လည်း နေ့ကဲ့သို့ ပြုနိုင်၏။

၈၉၁။ ‘‘ဗဟုပဒုမဝိစိတြပုဏ္ဍရီကံ, ဝေါကိဏ္ဏံ ကုသုမေဟိ နေကစိတ္တံ၊

အရဇဝိရဇဟေမဇာလဆန္နံ, အာကာသေ တပတိ ယထာပိ သူရိယော။

၈၉၁။ များသော ပဒုမ္မာကြာမျိုး, ဆန်းကြယ်သော ပုဏ္ဍရိက်ကြာဖြူမျိုးလည်းရှိသော ပန်းတို့ဖြင့်ပြွမ်းသော များစွာဆန်းကြယ်သော အညစ်အကြေး ကင်းသည်ဖြစ်၍ အညစ် အကြေးကင်းသည့်ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ဗိမာန်သည် ကောင်းကင်၌ နေကဲ့သို့ ထွန်းပ၏။

၈၉၂။ ‘‘ရတ္တမ္ဗရပီတဝသသာဟိ, အဂရုပိယင်္ဂုစန္ဒနုဿဒါဟိ၊

ကဉ္စနတနုသန္နိဘတ္တစာဟိ, ပရိပူရံ ဂဂနံဝ တာရကာဟိ။

၈၉၂။ ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ပြည့်သကဲ့သို့ နီသော အရုံ ရွှေသော အဝတ်ရှိကုန်သော အကျော်, ဥပသကာ, စန္ဒကူးနံ့သာတို့ဖြင့် မွမ်းထုံအပ်ကုန်သော ရွှေ အဆင်းနှင့်တူသော သိမ်မွေ့နူးညံ့သော အရေအဆင်းရှိကုန်သော နတ်သမီးတို့ဖြင့်လည်း ပြည့်၏။

၈၉၃။ ‘‘နရနာရိယော [နရနာရီ (က။), နာရိယော (?)] ဗဟုကေတ္ထနေကဝဏ္ဏာ, ကုသုမဝိဘူသိတာဘရဏေတ္ထ သုမနာ၊

အနိလပမုဉ္စိတာ ပဝန္တိ [ပဝါယန္တိ (က။)] သုရဘိံ, တပနိယဝိတတာ သုဝဏ္ဏဆန္နာ [သုဝဏ္ဏစ္ဆာဒနာ (သီ။)]။

၈၉၃။ အမျိုးမျိုးသော အဆင်းရှိကုန်သော နတ်ပန်းတို့ဖြင့် ဆင်ယင်အပ်သော တန်ဆာရှိ ကုန်သောဝမ်းမြောက်သော စိတ်ရှိကုန်သော ဆံထုံးစသည်တို့၌ ရွှေစည်းကြိုးအစရှိသည်တိုဖြင့် ဖွဲ့ယှက်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော နတ်သားနတ်သမီးတို့သည် ဤဗိမာန်၌ များပြားလှကုန်၏၊ လေတိုက်ခတ်သဖြင့် ကြွေကျသော ပန်းတို့သည် ဤဗိမာန် အတွင်း၌ မွှေးကြိုင်သော ရနံ့ကို ပျံ့လှိုင်စေကုန်၏။

၈၉၄။ ‘‘ကိဿ သံယမဿ [သမဒမဿ (သီ။)] အယံ ဝိပါကော, ကေနာသိ ကမ္မဖလေနိဓူပပန္နော၊

ယထာ စ တေ အဓိဂတမိဒံ ဝိမာနံ, တဒနုပဒံ အဝစာသိ ဣင်္ဃ ပုဋ္ဌော’’တိ။

၈၉၄။ ဤအကျိုးသည် အဘယ်သို့ သဘောရှိသော စောင့်စည်းမှု၏ အကျိုးပေနည်း၊ အဘယ်သို့သော ကံ၏ အကျိုးကြောင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်သို့သော အကြောင်းဖြင့်ဤဗိမာန်ကို သင် ရ၏။ တိုက်တွန်းပါ၏၊ မေးအပ်သော သင်သည် လျော်သော ထိုအကြောင်းကို ဖြေကြားပါလော့ (ဟု မြတ်စွာဘုရားက မေးမြန်းတော်မူ၏)။

၈၉၅။ ‘‘သယမိဓ [ယမိဓ (သီ။ သျာ။ ပီ။)] ပထေ သမေစ္စ မာဏဝေန, သတ္ထာနုသာသိ အနုကမ္ပမာနော၊

တဝ ရတနဝရဿ ဓမ္မံ သုတွာ, ကရိဿာမီတိ စ ဗြဝိတ္ထ ဆတ္တော။

၈၉၅။ မြတ်စွာဘုရားသည် ဤခရီးလမ်းမ၌ အလိုအလျောက် (ရောက်လာသော) ဆတ္တ လုလင်နှင့်တွေ့ဆုံသောကြောင့် ချီးမြှောက်တော်မူလိုသည်ဖြစ်၍ ဆုံးမတော်မူပါ၏၊ ရတနာ မြတ်ဖြစ်တော်မူသော အရှင်ဘုရား၏ တရားတော်ကို ကြားနာရ၍ လိုက်နာကျင့်ပါအံ့ဟုလည်း ဆတ္တလုလင်သည် လျှောက်ဆိုခဲ့ပါ၏။

စာ-၇၈

၈၉၆။ ‘‘ဇိနဝရပဝရံ [ဇိနပဝရံ (သျာ။ က။)] ဥပေဟိ [ဥပေမိ (ဗဟူသု)] သရဏံ, ဓမ္မဉ္စာပိ တထေဝ ဘိက္ခုသံဃံ၊

နောတိ ပဌမံ အဝေါစဟံ [အဝေါစာဟံ (သီ။ သျာ။ က။)] ဘန္တေ, ပစ္ဆာ တေ ဝစနံ တထေဝကာသိံ။

၈၉၆။ မြတ်သောသူတို့ထက် ထူးမြတ်သော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်း ကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, ရဟန်းသံဃာကိုလည်းကောင်း ထို့အတူပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့ (ဟု အကျွန်ုပ်ကို မြတ်စွာဘုရား ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (သရဏဂုံကို သိ၏လောဟု အရှင်ဘုရား မေးတော်မူအပ်သည်ရှိသော်) အကျွန်ုပ် သည် မသိပါဟူ၍ ရှေးဦးစွာလျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌လည်း အရှင်ဘုရား၏ စကား တော်ကို ထိုအရှင်ဘုရားမိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၇။ ‘‘မာ စ ပါဏဝဓံ ဝိဝိဓံ စရဿု အသုစိံ,

န ဟိ ပါဏေသု အသညတံ အဝဏ္ဏယိံသု သပ္ပညာ၊

နောတိ ပဌမံ အဝေါစဟံ ဘန္တေ,

ပစ္ဆာ တေ ဝစနံ တထေဝကာသိံ။

၈၉၇။ လုလင် သင်သည် အထူးထူးအပြားပြားသော မစင်ကြယ်သောသူ့အသက်သတ် ခြင်းကိုလည်းမကျင့်လင့်၊ ထိုစကားသင့်စွ၊ သတ္တဝါတို့ကို သတ်ခြင်းမှ မစောင့်စည်းခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (အသက် သတ်ခြင်းမှကြဥ်ရှောင်ခြင်းကို သင် သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၈။ ‘‘မာ စ ပရဇနဿ ရက္ခိတမ္ပိ, အာဒါတဗ္ဗမမညိထော [မမညိတ္ထ (သီ။ ပီ။)] အဒိန္နံ၊

နောတိ ပဌမံ အဝေါစဟံ ဘန္တေ, ပစ္ဆာ ဝစနံ တထေဝကာသိံ။

၈၉၈။ သူတစ်ပါး စောင့်ရှောက်အပ်သည်လည်းဖြစ်သော မပေးသော ဥစ္စာကို ခိုးယူအပ်၏ဟူ၍ လည်းမမှတ်လေလင့် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မပေးသည်ကို ခိုးယူခြင်းမှကြဥ်ရှောင်ခြင်းကို သင် သိ၏လောဟု အရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရားမိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၈၉၉။ ‘‘မာ စ ပရဇနဿ ရက္ခိတာယော, ပရဘရိယာ အဂမာ အနရိယမေတံ၊

နောတိ ပဌမံ အဝေါစဟံ ဘန္တေ, ပစ္ဆာ တေ ဝစနံ တထေဝကာသိံ၊

၈၉၉။ သူတစ်ပါး စောင့်ရှောက်အပ်ကုန်သောသူတစ်ပါး၏ မယားတို့ကိုလည်း မသွားလာမလွန်ကျူးလင့်၊ ဤသွားလာ လွန်ကျုးခြင်းသည် မမြတ်သော အကျင့်တည်း (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မမြတ်သော အကျင့်မှ ကြဥ်ရှောင်ခြင်းကို သိ၏လောဟု အရှင်ဘုရားမေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၀။ ‘‘မာ စ ဝိတထံ အညထာ အဘာဏိ,

န ဟိ မုသာဝါဒံ အဝဏ္ဏယိံသု သပ္ပညာ၊

နောတိ ပဌမံ အဝေါစဟံ ဘန္တေ, ပစ္ဆာ တေ ဝစနံ တထေဝကာသိံ။

၉၀၀။ မဟုတ်မမှန်သော စကားကိုလည်း တစ်ပါးသော အခြင်းအရာဖြင့် မပြောဆိုလင့်၊ ထိုစကားမှန်၏၊ မဟုတ်မမှန် ပြောဆိုခြင်းကို ပညာရှိတို့သည် မချီးမွမ်းကုန် (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်းကို သိ၏ လောဟု ဤသို့ အရှင်ဘုရားမေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော် မူတိုင်းသာလျှင် လိုက်နာ ပြုကျင့်ခဲ့ပါ၏။

၉၀၁။ ‘‘ယေန စ ပုရိသဿ အပေတိ သညာ, တံ မဇ္ဇံ ပရိဝဇ္ဇယဿု သဗ္ဗံ၊

နောတိ ပဌမံ အဝေါစဟံ ဘန္တေ, ပစ္ဆာ တေ ဝစနံ တထေဝကာသိံ။

၉၀၁။ အကြင်သောက်အပ်သော အရက်စသော ယစ်မျိုးဖြင့် ပုဂ္ဂိုလ်၏ ဓမ္မသညာသည် ကင်း၏၊ အလုံးစုံသော ထိုယစ်မျိုးကို (သောက်ခြင်းမှ) ကြဥ်ရှောင်လေလော့ (ဟု အကျွန်ုပ်ကို ဆုံးမတော်မူခဲ့ပါ၏)၊ အရှင်ဘုရား (အရက်စသော ယစ်မျိုးကိုသောက်စားခြင်းမှ ကြဥ်ရှောင် ခြင်းကို သိ၏လောဟုအရှင်ဘုရား မေးတော်မူသည်ရှိသော်) အကျွန်ုပ်သည် မသိပါဟူ၍ ရှေးဦးစွာ လျှောက်ဆိုခဲ့ပါ၏၊ နောက်ကာလ၌ အရှင်ဘုရား၏ စကားတော်ကို ထိုအရှင်ဘုရား မိန့်တော်မူတိုင်းသာလျှင် လိုက်နာပြုကျင့်ခဲ့ပါ၏။

၉၀၂။ ‘‘သွာဟံ ဣဓ ပဉ္စ သိက္ခာ ကရိတွာ, ပဋိပဇ္ဇိတွာ တထာဂတဿ ဓမ္မေ၊

ဒွေပထမဂမာသိံ စောရမဇ္ဈေ, တေ မံ တတ္ထ ဝဓိံသု ဘောဂဟေတု။

၉၀၂။ အရှင်ဘုရား ထိုအကျွန်ုပ်သည် ဤခရီးအရပ်၌ သိက္ခာပုဒ်ငါးပါးတို့ကို ဆောက် တည်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို ကျင့်ပြီးနောက် ခိုးသူတို့၏ အလယ်၌ နယ်ကြား လမ်းခရီးသို့ရောက်သွားပါ၏၊ ထိုခိုးသူတို့သည် ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် အကျွန်ုပ်ကို ထိုလမ်းခရီး၌သတ်လိုက်ကြပါကုန်၏။

စာ-၇၉

၉၀၃။ ‘‘ဧတ္တကမိဒံ အနုဿရာမိ ကုသလံ, တတော ပရံ န မေ ဝိဇ္ဇတိ အညံ၊

တေန သုစရိတေန ကမ္မုနာဟံ [ကမ္မနာဟံ (သီ။)], ဥပ္ပန္နော [ဥပပန္နော (ဗဟူသု)] တိဒိဝေသု ကာမကာမီ။

၉၀၃။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) ဤမျှသာလျှင်ဖြစ်သော ကုသိုလ်ကံကို အကျွန်ုပ်အောက်မေ့မိပါ၏၊ အကျွန်ုပ်အား ထိုကုသိုလ်မှတစ်ပါး အခြားကုသိုလ် မရှိပါ၊ အကျွန်ုပ်သည် ထိုသုစရိုက်ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ဘုံတို့၌ အလိုရှိတိုင်း ပြည့်စုံသူ ဖြစ်ရပါ၏။

၉၀၄။ ‘‘ပဿ ခဏမုဟုတ္တသညမဿ, အနုဓမ္မပ္ပဋိပတ္တိယာ ဝိပါကံ၊

ဇလမိဝ ယသသာ သမေက္ခမာနာ, ဗဟုကာ မံ ပိဟယန္တိ ဟီနကမ္မာ။

၉၀၄။ (ဘုန်းတော်ကြီးသော မြတ်စွာဘုရား) တစ်ခဏ တစ်မုဟုတ်မျှ စောင့်စည်းအပ်သော သီလ၏လည်းကောင်း, တရားအားလျော်သော အကျင့်၏လည်းကောင်း အကျိုးကို ရှုတော် မူပါလော့၊ အကျွန်ုပ်အောက် ယုတ်နိမ့်သော ဘုန်းကံရှိကြသည့် များစွာကုန်သော နတ်တို့သည် အခြံအရံတန်ခိုးအာနုဘော်ဖြင့် ပြောင်ပြောင် တောက်ပသကဲ့သို့သော အကျွန်ုပ်ကို ကောင်းစွာ တွေ့မြင်ကြရကုန်သည်ဖြစ်၍ (ငါတို့လည်း ဤကဲ့သို့ ဖြစ်ရလိုကုန်၏ဟု) တောင့်တကြ ပါကုန်၏။

၉၀၅။ ‘‘ပဿ ကတိပယာယ ဒေသနာယ, သုဂတိဉ္စမှိ ဂတော သုခဉ္စ ပတ္တော၊

ယေ စ တေ သတတံ သုဏန္တိ ဓမ္မံ, မညေ တေ အမတံ ဖုသန္တိ ခေမံ။

၉၀၅။ အနည်းငယ်မျှ တရားဒေသနာတော်၏ အကျိုးကို ရှုတော်မူပါလော့၊ ကောင်းသော လားရာ‘သုဂတိ’၌လည်း ဖြစ်ရ၏၊ ချမ်းသာခြင်းသို့လည်း ရောက်ရ၏၊ အကြင်သတ္တဝါ တို့သည် ကား (နေ့တိုင်းနေ့တိုင်း) အမြဲမပြတ် အရှင်ဘုရား၏ တရားတော်ကို ကြားနာကြ ရကုန်၏၊ ထိုသတ္တဝါတို့သည် ကား သေခြင်းကင်းရာ ဘေးမရှိရာ နိဗ္ဗာန်အရပ်သို့ ရောက်ရ ကုန်လိမ့်တကား။

၉၀၆။ ‘‘အပ္ပမ္ပိ ကတံ မဟာဝိပါကံ, ဝိပုလံ ဟောတိ [ဝိပုလဖလံ (က။)] တထာဂတဿ ဓမ္မေ၊

ပဿ ကတပုညတာယ ဆတ္တော, ဩဘာသေတိ ပထဝိံ ယထာပိ သူရိယော။

၉၀၆။ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ အဆုံးအမတရား၌ လိုက်နာပြုကျင့် အပ်သော အနည်းငယ်မျှသော ကုသိုလ်သည်လည်း ကြီးစွာသော အကျိုး ရှိ၏၊ ပြန့်ပြော များ မြတ်လှပါ၏၊ ရှုတော်မူပါလော့၊ ဆတ္တလုလင်သည် ပြုအပ်ပြီးသော ကောင်းမှုရှိသောကြောင့် မြေအပြင်ကို နေသည်ထွန်းလင်းစေသကဲ့သို့ ထွန်းလင်းစေနိုင်၏။

၉၀၇။ ‘‘ကိမိဒံ ကုသလံ ကိမာစရေမ, ဣစ္စေကေ ဟိ သမေစ္စ မန္တယန္တိ၊

တေ မယံ ပုနရေဝ [ပုနပိ (?)] လဒ္ဓ မာနုသတ္တံ, ပဋိပန္နာ ဝိဟရေမု သီလဝန္တော။

၉၀၇။ အချို့သောသူသည် ဤကုသိုလ်ဟူသည် အဘယ်သို့ သဘောရှိသနည်း၊ ဤ ကုသိုလ်ကို အဘယ်သို့လျှင် ငါတို့ ကျင့်ရကုန်အံ့နည်း၊ ဤသို့ စည်းဝေးပေါင်းစု၍ တိုင်ပင် ပြောဆိုကုန်၏၊ ထိုအကျွန်ုပ်တို့သည် တစ်ဖန်လူ့အဖြစ်ကို ရကြကုန်သည်ရှိသော် ကုသိုလ် တရားတို့ကို ဖြည့်ကျင့်ကုန်လျက် သီလနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ နေကြပါကုန်အံ့။

၉၀၈။ ‘‘ဗဟုကာရော အနုကမ္ပကော စ သတ္ထာ, ဣတိ မေ သတိ အဂမာ ဒိဝါ ဒိဝဿ၊

သွာဟံ ဥပဂတောမှိ သစ္စနာမံ, အနုကမ္ပဿု ပုနပိ သုဏေမု [သုဏောမ (သီ။), သုဏောမိ (သျာ။)] ဓမ္မံ။

၉၀၈။ မြတ်စွာဘုရားသည် များသော ကျေးဇူးကို ပြုတော်မူပါပေ၏၊ သနားစောင့်ရှောက်တော်မူပါပေ၏၊ ထိုသနားတော်မူခြင်းကြောင့် အကျွန်ုပ်ရှိစဥ် နေမွန်းတည့်အခါ၌ ကြွလာတော် မူပါပေ၏၊ ထိုအကျွန်ုပ်သည် (အရဟံစသော အမည်တို့ဖြင့်) မှန်ကန်သော အမည်တော်ရှိသော မြတ်စွာဘုရားကို ဆည်းကပ်ခဲ့သူ ဖြစ်ပါ၏၊ ချီးမြှောက်တော်မူပါဦး၊ အရှင်ဘုရား၏ တရား တော်ကို ထပ်မံ၍ လည်းနာယူပါကုန်အံ့။

စာ-၈၀

၉၀၉။ ‘‘ယေ စိဓ [ယေဓ (သီ။ သျာ။ ပီ။), ယေ ဣဓ (က။)] ပဇဟန္တိ ကာမရာဂံ, ဘဝရာဂါနုသယဉ္စ ပဟာယ မောဟံ၊

န စ တေ ပုနမုပေန္တိ ဂဗ္ဘသေယျံ, ပရိနိဗ္ဗာနဂတာ ဟိ သီတိဘူတာ’’တိ။

ဆတ္တမာဏဝကဝိမာနံ တတိယံ။

၉၀၉။ အကြင်သူတို့သည် ဤသာသနာတော်၌ (တည်ကုန်၍) ကာမဂုဏ်၌ တပ်မက်မှု ‘ကာမရာဂ’ကို စွန့်ကုန်၏၊ ထိုသူတို့သည် တစ်ဖန် အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်ရကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည် လည်း တွေဝေမှု ‘မောဟ’ ကို ပယ်စွန့် ကုန်၍ ဘဝ၌တပ်မက်မှု‘ဘဝရာဂ’ ကိုလည်း စွန့်ကုန်၏၊ ထိုသူတို့သည် လည်း တစ်ဖန် အမိ ဝမ်း၌ ပဋိသန္ဓေနေခြင်းသို့မကပ်ရောက်ရကုန်သည်သာလျှင်တည်း၊ မှန်၏၊ (ယောကျာ်းမြတ် တို့သည်) အေးချမ်းကုန်သည်ဖြစ်၍ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကြရကုန်၏ (ဟု လျှောက်၏)။ သုံးခုမြောက်သော ဆတ္တမာဏဝကဝိမာနဝတ္ထု ပြီး၏။ ၄-ကက္ကဋက ရသ ဒါယကဝိမာနဝတ္ထု ရှေးလူဖြစ်စဥ် ပုဇွန်လုံးဟင်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် ခြေဆယ်ချောင်းရွှေပုဇွန်ရုပ်တံခါးဝ၌ရှု၍ ကြည့်၍ မညီးသော ဗိမာန်ပြာသာဒ်တို့ဖြင့် အကအခုန် ပရိသာတ် စုံလင်စွာခံစားရသော နတ်သား

၄။ ကက္ကဋကရသဒါယကဝိမာနဝတ္ထု

၉၁၀။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ [ရုစိရတ္ထတာ (သျာ။ က။) ၆၄၆ ဂါထာယံ ‘‘ရုစကုပကိဏ္ဏံ’’တိ ပဒဿ သံဝဏ္ဏနာ ပဿိတဗ္ဗာ] သုဘာ။

၉၁၀။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၁၁။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ [ဝဂ္ဂု (သီ။ က။), ဝဂ္ဂူ (သျာ။)]၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၁၁။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ် ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၁၂။ ‘‘ကေန တေတာဒိသော ဝဏ္ဏော, ကေန တေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ တေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၉၁၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသိုု့သော အရောင်အဆင်း ဖြစ်ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်သနည်း။

၉၁၃။ ‘‘ပုစ္ဆာမိ တံ ဒေဝ မဟာနုဘာဝ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၁၃။ အာနုဘော်ကြီးသော နတ်သား သင့်ကို ငါ မေး၏၊ လူဖြစ်ခဲ့စဥ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော တန်ခိုးအာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၁၄။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၉၁၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၁၅။ ‘‘သတိသမုပ္ပါဒကရော, ဒွါရေ ကက္ကဋကော ဌိတော၊

နိဋ္ဌိတော ဇာတရူပဿ, သောဘတိ ဒသပါဒကော။

၉၁၅။ အကြင်ပုဇွန်လုံးဟင်းလျာလှူသော ကုသိုလ်ကောင်းမှုကြောင့် ဤနတ်စည်းစိမ်ကို အကျွန်ုပ် ရပါ၏၊ ထိုကုသိုလ်ကောင်းမှု၌ သတိဖြစ်ခြင်းကို ပြုတတ်သော ရွှေဖြင့်ပြီးသော အခြေဆယ်ချောင်းရှိသော ပုဇွန်လုံးသည် တံခါး၌တည်လျက် တင့်တယ်လှပါ၏။

စာ-၈၁

၉၁၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော, တေန မေ ဣဓ မိဇ္ဈတိ၊

ဥပ္ပဇ္ဇန္တိ စ မေ ဘောဂါ, ယေ ကေစိ မနသော ပိယာ။

၉၁၆။ ပုဇွန်လုံးဟင်းလျာလှူရသော ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသိုု့သော အရောင်အဆင်းဖြစ်ပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤနတ်ပြည်၌ အကျွန်ုပ်အား (ကောင်းကျိုး) ပြည့်စုံပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ပါကုန်၏။

၉၁၇။ ‘‘အက္ခာမိ တေ ဘိက္ခု မဟာနုဘာဝ, မနုဿဘူတော ယမကာသိ ပုညံ၊

တေနမှိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ကက္ကဋကရသဒါယကဝိမာနံ စတုတ္ထံ။

(အနန္တရံ ပဉ္စဝိမာနံ ယထာ ကက္ကဋကရသဒါယကဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ)

၉၁၇။ တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း အရှင်ရဟန်းအား ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဥ်အခါက အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့တောက်ပသော တန်ခိုးအာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။ လေးခုမြောက်သော ကက္ကဋက ရသ ဒါယကဝိမာနဝတ္ထု ပြီး၏။ ၅-ဒွါရပါလက ဝိမာနဝတ္ထု လူဖြစ်စဥ်အခါ ရဟန်းတော်များကို စိတ်ဖြင့်ကြည်ညို၍ နှုတ်ဖြင့်လည်း “ဤနေရာ၌ နေတော်မူပါ”ဟုလျှောက်ထားခဲ့သောကြောင့် နတ်ပြည်၌ ပတ္တမြားတိုင်ဗိမာန်နှင့် ကြောင်မျက်ရွဲတိုင်ပြာသာဒ်အဆောင်အဆောင်တို့ကို ရရှိ၍ အလိုရှိတိုင်း ပျော်ရွင်ခံစားရသော နတ်သား

၅။ ဒွါရပါလဝိမာနဝတ္ထု

၉၁၈။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၉၁၈။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၁၉။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၁၉။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်း က ကြကုန်၏။

၉၂၀။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၂၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟုအသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၂၂။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၉၂၂။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၉၂၃။ ‘‘ဒိဗ္ဗံ မမံ ဝဿသဟဿမာယု, ဝါစာဘိဂီတံ မနသာ ပဝတ္တိတံ၊

ဧတ္တာဝတာ ဌဿတိ ပုညကမ္မော, ဒိဗ္ဗေဟိ ကာမေဟိ သမင်္ဂိဘူတော။

၉၂၃။ အကျွန်ုပ်၏ အသက်သည် နတ်၌ဖြစ်သော အနှစ်တစ်ထောင် ဖြစ်ပါ၏၊ အကျွန်ုပ် သည်ရှေးဘဝက (ဤနေရာ၌ နေတော်မူပါကုန်အစရှိသည်ကို) နှုတ်ဖြင့် ပြောဆိုခဲ့ပါပြီ၊ (အရှင်ကောင်းတို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ ကုသိုလ်တရားကို ဖြည့်ကျင့်လေ့ ရှိကုန်၏ဟု) စိတ်ဖြင့် (ကြည်ညိုမှုကို) ဖြစ်စေခဲ့ပါပြီ၊ ဤ (နှုတ်မြွက်ပြောဆို စိတ်ဖြင့် ကြည် ညိုကာမျှ) ဖြင့် ပြုအပ်ပြီးသော ကုသိုလ်ကံရှိသူသည်နတ်၌ဖြစ်ကုန်သော ကာမဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ နတ်ပြည်၌ တည်နေရ ပါလိမ့်မည်။

စာ-၈၂

၉၂၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒွါရပါလဝိမာနံ ပဉ္စမံ။

၉၂၄-၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြား၏)။ ငါးခုမြောက်သော ဒွါရပါလကဝိမာနဝတ္ထု ပြီး၏။ ၆-ပဌမကရဏီယဝိမာနဝတ္ထု မြတ်စွာဘုရား၏ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် တစ်ဆယ့်နှစ်ယူဇနာရှိသော ကြောင်မျက် ရွဲတိုင်ရှိသော ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား

၆။ ပဌမကရဏီယဝိမာနဝတ္ထု

၉၂၆။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၉၂၆။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှဘိ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၂၇။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၂၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း က ကြကုန်၏။

၉၂၈။

၉၂၈-၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၃၀။ သော ဒေဝပုတ္တော အတ္တမနော…ပေ…ယဿ ကမ္မဿိဒံ ဖလံ။

၉၃၀။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၉၃၁။ ‘‘ကရဏီယာနိ ပုညာနိ, ပဏ္ဍိတေန ဝိဇာနတာ၊

သမ္မဂ္ဂတေသု ဗုဒ္ဓေသု, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၉၃၁။ မိမိ၏ အစီးအပွားရှိ, မရှိကို သိတတ်သော ပညာရှိသည် ကောင်းသော အကျင့်ရှိ ကုန်သော မြတ်စွာဘုရားတို့၌ (ဒါနစသော) ကုသိုလ်ကောင်းမှုတို့ကို ပြုသင့်ပြုထိုက်ကုန်သည် သာတည်း၊ ယင်းမြတ်စွာဘုရားတို့၌ ပေးလှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုး ရှိ၏။

၉၃၂။ ‘‘အတ္ထာယ ဝတ မေ ဗုဒ္ဓေါ, အရညာ ဂါမမာဂတော၊

တတ္ထ စိတ္တံ ပသာဒေတွာ, တာဝတိံသူပဂေါ အဟံ [အဟုံ (သီ။)]။

၉၃၂။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ အကျိုးငှါ ဇေတဝန်ကျောင်းတော်မှ သာဝတ္ထိ ပြည်သို့ကြွလာတော်မူပါပေသည်တကား၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည် ညိုစေသောကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရပါ၏။

၉၃၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမကရဏီယဝိမာနံ ဆဋ္ဌံ။

၉၃၃-၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ ခြောက်ခုမြောက်သော ပဌမကရဏီယဝိမာနဝတ္ထု ပြီး၏။ ၇-ဒုတိယကရဏီယဝိမာနဝတ္ထု ရဟန်းတပါး၌ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် ယခင်နတ်သားနည်းတူ ပြာသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာ နတ်ကာမဂုဏ်တို့ဖြင့်ပျော်ရွှင်စွာခံစားရသော နတ်သား

စာ-၈၃

၇။ ဒုတိယကရဏီယဝိမာနဝတ္ထု

၉၃၅။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၉၃၅။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၉၃၆။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၃၆။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၃၇။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၃၇-၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၃၉။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၉၃၉။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၄၀။ ‘‘ကရဏီယာနိ ပုညာနိ, ပဏ္ဍိတေန ဝိဇာနတာ၊

သမ္မဂ္ဂတေသု ဘိက္ခူသု, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

၉၄၀။ မိမိ၏ အစီးအပွားရှိ မရှိကို သိတတ်သော ပညာရှိသည် ကောင်းသော အကျင့်ရှိကုန်သော ရဟန်းတော်တို့၌ (ဒါနစသော) ကုသိုလ်ကောင်းမှုတို့ကို ပြုသင့်ပြုထိုက်ကုန်သည်သာ တည်း၊ ယင်းရဟန်းသံဃာတို့၌ ပေးလှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုးရှိ၏။

၉၄၁။ ‘‘အတ္ထာယ ဝတ မေ ဘိက္ခု, အရညာ ဂါမမာဂတော၊

တတ္ထ စိတ္တံ ပသာဒေတွာ, တာဝတိံသူပဂေါ အဟံ။

၉၄၁။ ရဟန်းတော် အရှင်မြတ်သည် အကျွန်ုပ်၏ အကျိုးငှါ ဇေတဝန်ကျောင်းတော်မှသာဝတ္ထိပြည်သို့ ကြွလာတော်မူပါပေသည်တကား၊ အကျွန်ုပ်သည် ထိုရဟန်း၌ စိတ်ကို ကြည်ညိုစေသောကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရပါ၏။

၉၄၂။

၉၄၂-၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ ခုနစ်ခုမြောက်သော ဒုတိယကရဏီယဝိမာနဝတ္ထု ပြီး၏။ ၈-ပဌမသူစိဝိမာနဝတ္ထု အလှူဝတ္ထု သေးငယ်သော်လည်း အကျိုးပေးကြီးကျယ်နိုင်သည်ဟု ယုံကြည်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင်ရှိသော ပြသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာနတ်ကာမဂုဏ်တို့ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သား

‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယကရဏီယဝိမာနံ သတ္တမံ။

၈။ ပဌမသူစိဝိမာနဝတ္ထု

၉၄၄။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၉၄၄။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

စာ-၈၄

၉၄၅။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၄၅။ သင်နတ်သားသည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီး တို့သည် လည်းက ကြကုန်၏။

၉၄၆။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၄၆-၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၄၈။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၉၄၈။ ထိုနတ်သားသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၄၉။ ‘‘ယံ ဒဒါတိ န တံ ဟောတိ,

ယဉ္စေဝ ဒဇ္ဇာ တဉ္စေဝ သေယျော၊

သူစိ ဒိန္နာ သူစိမေဝ သေယျော။

၉၄၉။ အကြင်သို့ သဘောရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ ထိုလှူဖွယ်ဝတ္ထု၏ ထိုသို့ သဘောရှိသော အကျိုးမျှသာ ဖြစ်သည်မဟုတ်၊ အကြင်သို့သဘောရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူရာ၏။ထို (အပြစ်မရှိသော) လှူဖွယ်ဝတ္ထုကို ပေးလှူ ခြင်းသည်ပင်လျှင် မြတ်၏၊ အကြောင်းကား ငါသည် အပ်ကို ပေးလှူသည်ဖြစ်၍ (ငါ၏) အပ်အလှူသည်ပင်လျှင် မြတ်သောကြောင့် တည်း။

၉၅၀။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမသူစိဝိမာနံ အဋ္ဌမံ။

၉၅၀-၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။ ရှစ်ခုမြောက်သော ပဌမသူစိဝိမာနဝတ္ထု ပြီး၏။ ၉-ဒုတိယသူစိဝိမာနဝတ္ထု ကိလေသာမြူကင်း၍ ကြည်လင်လှသော ရဟန္တာအသျှင်ကို ဖူးမြင်ရ၍ ကြည်လင်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ကြောင်မျက်ရွဲဗိမာန်၌ နတ်စောင်း တူရိယာတို့ဖြင့်ချမ်းသာစွာခံစားရသော နတ်သား။

၉။ ဒုတိယသူစိဝိမာနဝတ္ထု

၉၅၂။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၉၅၂။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်သာဖြစ်၍ တင့်တယ်၏။

၉၅၃။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၉၅၃။ သင်သည် ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည် လည်း က ကြကုန်၏။

၉၅၄။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၅၄-၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ ဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၉၅၆။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၉၅၆။ ထိုနတ်သားသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၉၅၇။ ‘‘အဟံ မနုဿေသု မနုဿဘူတော,ပုရိမဇာတိယာ မနုဿလောကေ။

၉၅၇။ အကျွန်ုပ်သည် ရှေးဘဝ လူ့လောက၌ လူဖြစ်ခဲ့စဥ်က-

စာ-၈၅

၉၅၈။ ‘‘အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ၊

တဿ အဒါသဟံ သူစိံ, ပသန္နော သေဟိ ပါဏိဘိ။

၉၅၈။ အကျွန်ုပ်သည် ကိလေသာမြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ထိုရဟန္တာအား အပ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါ၏။

၉၅၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယသူစိဝိမာနံ နဝမံ။

၉၅၉-၉၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟုဖြေကြားလျှောက်ထား၏)။ ကိုးခုမြောက်သော ဒုတိယသူစိဝိမာနဝတ္ထု ပြီး၏။ ၁၀-ပဌမနာဂဝိမာနဝတ္ထု ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ ပန်းရှစ်ပွင့်တို့ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့ သောကြောင့် ခွန်အားကြီး၍ လျှင်မြန်သော စီးတော်ဆင်ကို စီးကာ ကြာပန်းရေကန် တူရိယာ အတန်တန်တို့ဖြင့်ခံစားရသော နတ်သား။

၁၀။ ပဌမနာဂဝိမာနဝတ္ထု

၉၆၁။ ‘‘သုသုက္ကခန္ဓံ အဘိရုယှ နာဂံ, အကာစိနံ ဒန္တိံ ဗလိံ မဟာဇဝံ၊

အဘိရုယှ ဂဇဝရံ [ဂဇံ ဝရံ (သျာ။)] သုကပ္ပိတံ, ဣဓာဂမာ ဝေဟာယသံ အန္တလိက္ခေ။

၉၆၁။ အလွန်ဖြူဖွေးသော ကိုယ်ရှိသော အပြစ်ကင်း၍ ကြီးသော အစွယ်ရှိသော ခွန်အား ကြီး၍ အလွန်လျင်မြန်သော အဟုန်ရှိသော ကောင်းစွာ ပြင်ဆင်ထားသော စီးတော်ဆင်ထက်သို့ တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ လာရောက်၏။

၉၆၂။ ‘‘နာဂဿ ဒန္တေသု ဒုဝေသု နိမ္မိတာ, အစ္ဆောဒကာ ပဒုမိနိယော သုဖုလ္လာ၊

ပဒုမေသု စ တုရိယဂဏာ ပဝဇ္ဇရေ, ဣမာ စ နစ္စန္တိ မနောဟရာယော။

၉၆၂။ ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့့်ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ပါကုန်၏၊ ပဒုမ္မာကြာတို့၌ လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန်သော ဤနတ်သမီး တို့သည် ကလည်း ကကြကုန်၏၊ သီချင်းလည်း သီဆိုကြကုန်၏။

၉၆၃။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၆၃။ သင်သည် ကြီးသော အာနုဘော်ရှိသည်ဖြစ်၍ နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်က မေး၏)။

၉၆၄။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၉၆၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၆၅။ ‘‘အဋ္ဌေဝ မုတ္တပုပ္ဖါနိ, ကဿပဿ မဟေသိနော [ဘဂဝတော (သျာ။ က။)]၊

ထူပသ္မိံ အဘိရောပေသိံ, ပသန္နော သေဟိ ပါဏိဘိ။

၉၆၅။ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကြွေကျသော ပန်းရှစ်ပွင့်တို့ကို ကဿပ မြတ်စွာဘုရား၏ပုထိုးတော်၌ ကိုယ်ထိလက်ရောက် တင်လှူပူဇော်ခဲ့ပါ၏။

၉၆၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမနာဂဝိမာနံ ဒသမံ။

၉၆၆-၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။ ဆယ်ခုမြောက်သော ပဌမနာဂဝိမာနဝတ္ထု ပြီး၏။ ၁၁-ဒုတိယနာဂဝိမာနဝတ္ထု သူ့သက်မသတ်, သူ့ဥစ္စာမခိုး, အရက်မသောက်, မုသားမပြော, ကာမေသုရှောင်ကြဥ်ကြည်လင်သော စိတ်ဖြင့် ဆွမ်းအဖျော်နှင့် အခြားဒါနများကို ပြုခဲ့သောကြောင့် ကိုယ်လုံး ဖြူသော ဆင်ပြောင်ကို စီးကာ နတ်ချမ်းသာကို ခံစားရသော နတ်သား။

စာ-၈၆

၁၁။ ဒုတိယနာဂဝိမာနဝတ္ထု

၉၆၈။ ‘‘မဟန္တံ နာဂံ အဘိရုယှ, သဗ္ဗသေတံ ဂဇုတ္တမံ၊

ဝနာ ဝနံ အနုပရိယာသိ, နာရီဂဏပုရက္ခတော၊

ဩဘာသေန္တော ဒိသာ သဗ္ဗာ, ဩသဓီ ဝိယ တာရကာ။

၉၆၈။ သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့ အတူ သင်သည်ကိုယ်လုံးဖြူသော ဆင်တကာတို့ထက် မြတ်သော ဆင်ပြောင်ကြီးကို တက်စီး၍ နတ်သမီးအပေါင်းခြံရံကာအရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တော တစ်ခုမှ တောတစ်ခုသို့ လှည့်လည်၏။

၉၆၉။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၉၆၉-၉၇၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်ဝင်္ဂီသက မေး၏)။

၉၇၁။ သော ဒေဝပုတ္တော အတ္တမနော, ဝင်္ဂီသေနေဝ ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၉၇၁။ ထိုနတ်သားသည် အသျှင်ဝင်္ဂီသ မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၇၂။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဥပါသကော စက္ခုမတော အဟောသိံ၊

ပါဏာတိပါတာ ဝိရတော အဟောသိံ, လောကေ အဒိန္နံ ပရိဝဇ္ဇယိဿံ။

၉၇၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက စက္ခုငါးပါးရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသကာ ဖြစ်ခဲ့ဖူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဥ်ခဲ့ပါ၏၊ လောက၌မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဥ်ခဲ့ပါ၏။

၉၇၃။ ‘‘အမဇ္ဇပေါ နော စ မုသာ အဘာဏိံ [အဘာသိံ (သီ။ က။)], သကေန ဒါရေန စ တုဋ္ဌော အဟောသိံ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၉၇၃။ သေအရက်ကို မသောက်ခဲ့ပါ၊ မမှန်စကားကိုလည်း မပြောဆိုခဲ့ပါ၊ မိမိမယားဖြင့်သာလျှင်ရောင့်ရဲခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း,များစွာသော အခြားအလှူကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ဖူးပါ၏။

၉၇၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယနာဂဝိမာနံ ဧကာဒသမံ။

၉၇၄-၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည်လည်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ တစ်ဆယ့်တစ်ခုမြောက်သော ဒုတိယနာဂဝိမာနဝတ္ထု ပြီး၏။ ၁၂-တတိယနာဂဝိမာနဝတ္ထု ကြံရွက်မိုးကျောင်း, သက်ငယ်မိုးကျောင်း, အဝတ်မိုးကျောင်းများကို တတ်အားသမျှ လှူခဲ့သောကြောင့် ကိုယ်လုံးဖြူသော ဆင်ကို စီးကာ တာဝတိံသာနတ်ပြည် သုဓမ္မာနတ်မျိုးတွင် အပါအဝင် ကောင်းကင်၌တည်နေ၍ တူရိယာအထွေထွေတို့ဖြင့် အပူဇော်ခံကာ ခံစားရသော နတ်သား။

၁၂။ တတိယနာဂဝိမာနဝတ္ထု

၉၇၆။ ‘‘ကော နု ဒိဗ္ဗေန ယာနေန, သဗ္ဗသေတေန ဟတ္ထိနာ၊

တုရိယတာဠိတနိဂ္ဃေါသော, အန္တလိက္ခေ မဟီယတိ။

၉၇၆။ နတ်၌ဖြစ်သော ကိုယ်လုံးဖြူစင်သော ဆင်ယာဥ်ဖြင့် ကောင်းကင်၌ တည်နေလျက် တီးမှုတ်အပ်သော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံသည်ဖြစ်၍ အပူဇော်ခံရသော သင်ကား အဘယ်သူနည်း။

၉၇၇။ ‘‘ဒေဝတာ နုသိ ဂန္ဓဗ္ဗော, အဒု [အာဒု (သီ။ သျာ။)] သက္ကော ပုရိန္ဒဒေါ၊

အဇာနန္တာ တံ ပုစ္ဆာမ, ကထံ ဇာနေမု တံ မယ’’န္တိ။

၉၇၇။ သင်သည်ကား စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသ လော၊သို့မဟုတ်ရှေး၌ အလှူကို ပေးတတ်သော သိကြားမင်း ဖြစ်လေသလော၊ မသိကြကုန်၍ သင့်ကို မေးကြပါကုန်၏၊ အကျွန်ုပ်တို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်းဟု (ပညာရှိတစ်ယောက်က မေး၏)။

စာ-၈၇

၉၇၈။ ‘‘နမှိ ဒေဝေါ န ဂန္ဓဗ္ဗော, နာပိ [နာမှိ (က။)] သက္ကော ပုရိန္ဒဒေါ၊

သုဓမ္မာ နာမ ယေ ဒေဝါ, တေသံ အညတရော အဟ’’န္တိ။

၉၇၈။ အကျွန်ုပ်သည် စာတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌အလှူကို ပေးတတ်သော သိကြားမင်းလည်း မဟုတ်ပါ၊ သုဓမ္မာ အမည်ရှိကုန်သောတာဝတိံသာနတ်တို့တွင် တစ်ယောက်အပါအဝင် ဖြစ်ပါ၏။

၉၇၉။ ‘‘ပုစ္ဆာမ ဒေဝံ သုဓမ္မံ [ဒေဝ သုဓမ္မ (သျာ။), ဒေဝ သုဓမ္မံ (က။)], ပုထုံ ကတွာန အဉ္ဇလိံ၊

ကိံ ကတွာ မာနုသေ ကမ္မံ, သုဓမ္မံ ဥပပဇ္ဇတီ’’တိ။

၉၇၉။ များစွာ လက်အုပ်ချီခြင်းကို ပြု၍ သုဓမ္မာမည်သော နတ်သားကို မေးပါကုန်၏၊ လူ့ ဘဝ၌အဘယ်ကံကို ပြု၍ သုဓမ္မာနတ်မျိုး၌ ဖြစ်နိုင်ပါသနည်း (ဟု မေး၏)။

၉၈၀။ ‘‘ဥစ္ဆာဂါရံ တိဏာဂါရံ, ဝတ္ထာဂါရဉ္စ ယော ဒဒေ၊

တိဏ္ဏံ အညတရံ ဒတွာ, သုဓမ္မံ ဥပပဇ္ဇတီ’’တိ။

တတိယနာဂဝိမာနံ ဒွါဒသမံ။

၉၈၀။ အကြင်သူသည် ကြံရွက်မိုးသော ကျောင်းကို ဖြစ်စေ, သက်ငယ်မိုးသော ကျောင်းကို ဖြစ်စေ,အဝတ်မိုးသော ကျောင်းကို ဖြစ်စေ ပေးလှူရာ၏၊ ထိုသူသည် ကျောင်းသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူသောကြောင့် သုဓမ္မာနတ်မျိုး၌ ဖြစ်နိုင်၏ဟု (ဖြေကြား၏)။ တစ်ဆယ့်နှစ်ခုမြောက်သော တတိယနာဂဝိမာနဝတ္ထု ပြီး၏။ ၁၃-စူဠရထဝိမာနဝတ္ထု ရှေးဘဝအခါ အဿကမင်း၏သား သုဇာတမည်သော မင်းသားဖြစ်၍ တောကစားထွက်စဥ် အသျှင်မဟာကစ္စည်းနှင့် တွေ့သောအခါ တရားတော်ကို နာယူ သရဏဂုံ၌ တည်လျက် သရီရဓါတ်တော်တို့ကို ပူဇော်ခဲ့သောကြောင့် နှလုံးမွေ့လျော်ဖွယ်ရှိသော တာဝတိံသာနတ်ပြည်တွင် လျင်မြန်လှသော အဿတိုရ်မြင်း ရွှေရထားတို့ဖြင့် ခမ်းနားစွာ ခံစားရသော နတ်သား။

၁၃။ စူဠရထဝိမာနဝတ္ထု

၉၈၁။ ‘‘ဒဠှဓမ္မာ နိသာရဿ, ဓနုံ ဩလုဗ္ဘ တိဋ္ဌသိ၊

ခတ္တိယော နုသိ ရာဇညော, အဒု လုဒ္ဒေါ ဝနေစရော’’တိ [ဝနာစရောတိ (သျာ။ က။)]။

၉၈၁။ ခိုင်ခံ့သော လေးရှိသော သင်သည် သစ်သားနှစ်လေးကို ထောက်၍ ရပ်နေဘိ၏၊ သင်သည်ပြည့်ရှင်မင်း ဖြစ်လေသလော၊ မင်းသား ဖြစ်လေသလော၊သို့မဟုတ် တော၌ ကျက်စားတတ်သော မုဆိုး ဖြစ်လေသလောဟု (အသျှင်မဟာကစ္စည်းက မေး၏)။

၉၈၂။ ‘‘အဿကာဓိပတိဿာဟံ, ဘန္တေ ပုတ္တော ဝနေစရော၊

နာမံ မေ ဘိက္ခု တေ ဗြူမိ, သုဇာတော ဣတိ မံ ဝိဒူ [ဝိဒုံ (သီ။)]။

၉၈၂။ အရှင်ဘုရား အကျွန်ုပ်သည် အဿကမင်း၏ သားပါတည်း၊ တော၌ ကျက်စားပါ၏၊ အရှင်ရဟန်းအကျွန်ုပ်၏ အမည်ကို အရှင်ဘုရားအား ပြောကြားပါ၏၊ အကျွန်ုပ်ကို သုဇာတဟူ၍ လူအများသိကြပါကုန်၏။

၉၈၃။ ‘‘မိဂေ ဂဝေသမာနောဟံ, ဩဂါဟန္တော ဗြဟာဝနံ၊

မိဂံ တဉ္စေဝ [မိဂံ ဂန္တေွဝ (သျာ။), မိဂဝဓဉ္စ (က။)] နာဒ္ဒက္ခိံ, တဉ္စ ဒိသွာ ဌိတော အဟ’’န္တိ။

၉၈၃။ အကျွန်ုပ်သည် သားသမင်တို့ကို ရှာဖွေလျက် တောအုပ်ကြီးသို့ သက်ဝင်သည်ရှိ သော်ထိုသမင်ကို မူကား မတွေ့မြင်ရပါ၊ အကျွန်ုပ်သည် အရှင်ဘုရားကို သာလျှင် မြင်ရ၍ ရပ် နေပါ၏ဟု (လျှောက်၏)။

၉၈၄။ ‘‘သွာဂတံ တေ မဟာပုည, အထော တေ အဒုရာဂတံ၊

ဧတ္တော ဥဒကမာဒါယ, ပါဒေ ပက္ခာလယဿု တေ။

၉၈၄။ ဘုန်းကြီးသော မင်းသား သင်၏ လာရောက်ခြင်းသည် ကောင်းသော လာရောက် ခြင်းပေတည်း၊ ထိုမှတစ်ပါး သင်၏ လာခြင်းသည် မကောင်းသော လာရောက်ခြင်း မဟုတ်၊ ဤရေအိုးမှ ရေကို ယူ၍ သင်၏ ခြေတို့ကို ဆေးကြောလော့။

၉၈၅။ ‘‘ဣဒမ္ပိ ပါနီယံ သီတံ, အာဘတံ ဂိရိဂဗ္ဘရာ၊

ရာဇပုတ္တ တတော ပိတွာ [ပီတွာ (သီ။ သျာ။)], သန္ထတသ္မိံ ဥပါဝိသာ’’တိ။

၉၈၅။ တောင်မြောင်ချောက်ကြားမှ ဆောင်ယူထားသော ဤသောက်ရေသည်လည်း အေးမြ၏၊ မင်းသားထိုသောက်ရေကိုသောက်၍ မြက်အခင်း၌ ထိုင်လေလော့ဟု (အသျှင် မဟာကစ္စည်းက မိန့်ဆို၏)။

၉၈၆။ ‘‘ကလျာဏီ ဝတ တေ ဝါစာ, သဝနီယာ မဟာမုနိ၊

နေလာ အတ္ထဝတီ [စတ္ထဝတီ (သီ။)] ဝဂ္ဂု, မန္တွာ [မန္တာ (သျာ။ ပီ။ က။)] အတ္ထဉ္စ ဘာသသိ [ဘာသသေ (သီ။)]။

၉၈၆။ ရဟန်းမြတ် အရှင်၏ စကားသည် ကောင်းပါပေစွာ့တကား၊ နာပျော်ဖွယ် ရှိပါပေ၏၊ အပြစ်ကင်းပါပေ၏၊ အကျိုးစီးပွားနှင့် စပ်ပါပေ၏၊ သာယာပါပေ၏၊ အကျိုးစီးပွားကို သိ၍ ပြောဆိုပါပေ၏။

၉၈၇။ ‘‘ကာ တေ ရတိ ဝနေ ဝိဟရတော, ဣသိနိသဘ ဝဒေဟိ ပုဋ္ဌော၊

တဝ ဝစနပထံ နိသာမယိတွာ, အတ္ထဓမ္မပဒံ သမာစရေမသေ’’တိ။

၉၈၇။ ရဟန်းမြတ် တော၌နေသော အရှင်ဘုရား၏ မွေ့လျော်ခြင်းသည် အဘယ်ပါနည်း၊ မေးမြန်းပါ၏၊ ဖြေကြားတော်မူပါလော့၊ အရှင်ဘုရား၏ စကားကို နာယူ၍ (ပစ္စုပ္ပန်တမလွန်) အကျိုးရှိသော တရားအစုကို ကောင်းစွာ ကျင့်လိုပါ၏ဟု (လျှောက်၏)။

စာ-၈၈

၉၈၈။ ‘‘အဟိံသာ သဗ္ဗပါဏီနံ, ကုမာရမှာက ရုစ္စတိ၊

ထေယျာ စ အတိစာရာ စ, မဇ္ဇပါနာ စ အာရတိ။

၉၈၈။ မင်းသား ခပ်သိမ်းသော သတ္တဝါတို့အား မညှင်းဆဲခြင်းကို ငါတို့ နှစ်သက်၏၊ ခိုးယူခြင်းမှလည်းကောင်း, မိမိမယားကို လွန်၍ တစ်ပါးသော မိန်းမတို့နှင့် မေထုန်အကျင့်ကို ကျင့်ခြင်းမှလည်းကောင်း, သေအရက်ကိုသောက်ခြင်းမှလည်းကောင်း ဝေးစွာ ရှောင်ကြဥ်၏။

၉၈၉။ ‘‘အာရတိ သမစရိယာ စ, ဗာဟုသစ္စံ ကတညုတာ၊

ဒိဋ္ဌေဝ ဓမ္မေ ပါသံသာ, ဓမ္မာ ဧတေ ပသံသိယာတိ။

၉၈၉။ (ဆိုအပ်ကုန်ပြီးသော အကုသိုလ်တရားတို့မှ) ဝေးစွာ ရှောင်ကြဥ်ခြင်းလည်းကောင်း၊ (ကိုယ်နှုတ်နှလုံးတို့ဖြင့်) ညီညွတ်စွာ ကျင့်ခြင်းလည်းကောင်း၊ (ပရိယတ်တရား၌) အကြားအမြင်များခြင်းလည်းကောင်း၊ သူတစ်ပါးတို့ ပြုအပ်သော ကျေးဇူးကို သိခြင်းလည်းကောင်းမျက်မှောက်ဘဝ၌ပင်လျှင် ချီးမွမ်းထိုက်ကုန်သော ထိုတရားတို့ကို ချီးမွမ်းအပ်ကုန်၏။

၉၉၀။ ‘‘သန္တိကေ မရဏံ တုယှံ, ဩရံ မာသေဟိ ပဉ္စဟိ၊

ရာဇပုတ္တ ဝိဇာနာဟိ, အတ္တာနံ ပရိမောစယာ’’တိ။

၉၉၀။ မင်းသား သေခြင်းသဘောသည် သင်၏ အနီး၌ တည်၏၊ ငါးလအတွင်းသာ အသက်ရှင်လတ္တံ့၊ မင်းသား သိလေလော့ မိမိကိုယ်ကို (အပါယ်ဆင်းရဲမှ) လွတ်စေလော့ဟု (အသျှင်မဟာကစ္စည်းကမိန့်ဆို၏)။

၉၉၁။ ‘‘ကတမံ သွာဟံ ဇနပဒံ ဂန္တွာ, ကိံ ကမ္မံ ကိဉ္စ ပေါရိသံ၊

ကာယ ဝါ ပန ဝိဇ္ဇာယ, ဘဝေယျံ အဇရာမရော’’တိ။

၉၉၁။ အကျွန်ုပ်သည် အဘယ်ဇနပုဒ်သို့ သွား၍ အဘယ်သို့သော အမှုကိုလည်းကောင်း,အဘယ်သို့သော ယောကျာ်းများ ပြုသင့်ပြုထိုက်သော ကိစ္စကိုလည်းကောင်း ပြု၍ အဘယ်မည်သော အတတ်ဖြင့်လည်း မအို မသေ ဖြစ်ရပါအံ့နည်းဟု (လျှောက်၏)။

၉၉၂။ ‘‘န ဝိဇ္ဇတေ သော ပဒေသော, ကမ္မံ ဝိဇ္ဇာ စ ပေါရိသံ၊

ယတ္ထ ဂန္တွာ ဘဝေ မစ္စော, ရာဇပုတ္တာဇရာမရော။

၉၉၂။ မင်းသား သတ္တဝါသည် အကြင်အရပ်သို့ သွားသော် မအိုရာ မသေရာ၊ ထိုမအို မသေရာသော အရပ်သည် မရှိ၊ (မအို မသေသော) အမှုကိစ္စသည်လည်းကောင်း, အတတ်သည်လည်းကောင်း,ယောကျာ်းများ ပြုသင့်ပြုထိုက်သော ကိစ္စသည်လည်းကောင်း မရှိချေ။

၉၉၃။ ‘‘မဟဒ္ဓနာ မဟာဘောဂါ, ရဋ္ဌဝန္တောပိ ခတ္တိယာ၊

ပဟူတဓနဓညာသေ, တေပိ နော [တေပိ န (ဗဟူသု)] အဇရာမရာ။

၉၉၃။ များသော ဥစ္စာရှိကုန်သော, များသော စည်းစိမ်ရှိကုန်သော, မင်းမျိုး၌ ဖြစ် ကုန်သော,များစွာသော ဥစ္စာစပါးသည်လည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့မှ သော်လည်း အိုရကုန်သေရကုန်သေး၏။

၉၉၄။ ‘‘ယဒိ တေ သုတာ အန္ဓကဝေဏ္ဍုပုတ္တာ [အန္ဓကဝေဏှုပုတ္တာ (သီ။), အဏ္ဍကဝေဏ္ဍပုတ္တာ (သျာ။ က။)], သူရာ ဝီရာ ဝိက္ကန္တပ္ပဟာရိနော၊

တေပိ အာယုက္ခယံ ပတ္တာ, ဝိဒ္ဓသ္တာ သဿတီသမာ။

၉၉၄။ အန္ဓကဝေဏ္ဍု၏ သားတို့သည် ရဲရင့်သတ္တိ ရှိကုန်၏၊ လုံ့လ ရှိကုန်၏၊ ရန်သူအား ကို နှိမ်နင်းပုတ်ခတ်နိုင်လေ့ရှိကုန်၏ဟု သင်ကြားဖူးသည် မဟုတ်လော့၊ မျိုးရိုးစဥ်ဆက် လနေ တို့နှင့်တူသော ထိုသူတို့သော်မှလည်း အသက်ကုန်ခြင်းသို့ ရောက်၍ ပျက်စီးရကုန်သေး၏။

၉၉၅။ ‘‘ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ, သုဒ္ဒါ စဏ္ဍာလပုက္ကုသာ၊

ဧတေ စညေ စ ဇာတိယာ, တေပိ နော အဇရာမရာ။

၉၉၅။ မင်းမျိုးတို့လည်းကောင်း, ပုဏ္ဏားမျိုးတို့လည်းကောင်း, ကုန်သည်မျိုးတို့လည်း ကောင်း,သူဆင်းရဲမျိုးတို့လည်းကောင်း, ဒွန်းစဏ္ဍားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့လည်းကောင်း,ဇာတ်အားဖြင့် ဤသို့ဆိုအပ်ခဲ့ပြီးသူတို့သည်လည်းကောင်း, တစ်ပါးသော အမျိုးဇာတ်ရှိသူတို့သည် လည်းကောင်း အိုရ သေရကုန်သေး၏။

၉၉၆။ ‘‘ယေ မန္တံ ပရိဝတ္တေန္တိ, ဆဠင်္ဂံ ဗြဟ္မစိန္တိတံ၊

ဧတေ စညေ စ ဝိဇ္ဇာယ, တေပိ နော အဇရာမရာ။

၉၉၆။ အဋ္ဌကစသော ရသေ့ပုဏ္ဏားတို့ ကြံစည်ထားသော အင်္ဂါခြောက်ပါးရှိသော ဗေဒင် ကျမ်းကို (ရွတ်ဖတ်သရဇ္ဈာယ်) နိုင်ကုန်သော ဤဆိုအပ်ပြီးသော အတတ်ပညာသည်တို့သည်လည်းကောင်း,တစ်ပါးသော အတတ်ပညာသည်တို့သည်လည်းကောင်း အိုရ သေရကုန်သေး၏။

၉၉၇။ ‘‘ဣသယော စာပိ ယေ သန္တာ, သညတတ္တာ တပဿိနော၊

သရီရံ တေပိ ကာလေန, ဝိဇဟန္တိ တပဿိနော။

၉၉၇။ ငြိမ်းချမ်းသော ကာယကံ ဝစီကံရှိကုန်သော, စောင့်စည်းအပ်သော စိတ်ရှိကုန်သော,ကိလေသာတို့ကို ပူပန်စေတတ်သော အကျင့်ရှိကုန်သော ပုထုဇဥ် သေက္ခ ရသေ့မြတ်တို့သော်မှလည်းသေပျောက်ချိန်ရောက်သည် ကာလ၌ ခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏။

၉၉၈။ ‘‘ဘာဝိတတ္တာပိ အရဟန္တော, ကတကိစ္စာ အနာသဝါ၊

နိက္ခိပန္တိ ဣမံ ဒေဟံ, ပုညပါပပရိက္ခယာ’’တိ။

၉၉၈။ ပွားအပ်ပြီးသော စိတ်ရှိကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိကုန်သော အာသဝေါ တရားတို့မှလွတ်ကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ်ကံအကုသိုလ်ကံ နှစ်ပါးတို့ ကုန်ခြင်းကြောင့်ဤခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏ဟု (အသျှင်မဟာကစ္စည်းက မိန့်ဆို၏)။

၉၉၉။ ‘‘သုဘာသိတာ အတ္ထဝတီ, ဂါထာယော တေ မဟာမုနိ၊

နိဇ္ဈတ္တောမှိ သုဘဋ္ဌေန, တွဉ္စ မေ သရဏံ ဘဝါ’’တိ။

၉၉၉။ ရဟန်းမြတ် အရှင်ဘုရားသည် အကျိုးစီးပွားရှိသော ဂါထာတို့ကို ကောင်းစွာ ဟော အပ်ပါပြီ၊ ကောင်းစွာ ဟောခြင်းဖြင့် ရှုစေအပ်သည် ဖြစ်ပါ၏၊ အရှင်ဘုရားသည်သာလျှင် အကျွန်ုပ်၏မှီခိုကိုးကွယ်ရာ ဖြစ်ပါလော့ဟု (လျှောက်၏)။

စာ-၈၉

၁၀၀၀။ ‘‘မာ မံ တွံ သရဏံ ဂစ္ဆ, တမေဝ သရဏံ ဝဇ [ဘဇ (က။)]၊

သကျပုတ္တံ မဟာဝီရံ, ယမဟံ သရဏံ ဂတော’’တိ။

၁၀၀၀။ သင်သည် ငါ့ကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်လင့်၊ ငါသည် အကြင်မြတ်စွာဘုရား ကို ကိုးကွယ်ဆည်းကပ်၏၊ သာကီဝင်မင်းသားဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို သာလျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့ (ဟု မိန့်ဆို၏)။

၁၀၀၁။ ‘‘ကတရသ္မိံ သော ဇနပဒေ, သတ္ထာ တုမှာက မာရိသ၊

အဟမ္ပိ ဒဋ္ဌုံ ဂစ္ဆိဿံ, ဇိနံ အပ္ပဋိပုဂ္ဂလ’’န္တိ။

၁၀၀၁။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်ဇနပုဒ်၌ရှိပါသနည်း၊ အကျွန်ုပ်သည် လည်း တုဖက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ခြင်းငှါသွားပါအံ့ဟု (လျှောက်၏)။

၁၀၀၂။ ‘‘ပုရတ္ထိမသ္မိံ ဇနပဒေ, ဩက္ကာကကုလသမ္ဘဝေါ၊

တတ္ထာသိ ပုရိသာဇညော, သော စ ခေါ ပရိနိဗ္ဗုတော’’တိ။

၁၀၀၂။ ဩက္ကာကမင်းမျိုးမှ ဆင်းသက်၍ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား သည်ထိုအရှေ့ဇနပုဒ်၌ ဖြစ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည်ကား ပရိနိဗ္ဗာန်ပြုတော်မူလေပြီဟု (မိန့်တော်မူ၏)။

၁၀၀၃။ ‘‘သစေ ဟိ ဗုဒ္ဓေါ တိဋ္ဌေယျ, သတ္ထာ တုမှာက မာရိသ၊

ယောဇနာနိ သဟဿာနိ, ဂစ္ဆေယျံ [ဂစ္ဆေ (သျာ။ ပီ။ က။)] ပယိရုပါသိတုံ။

၁၀၀၃။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အကယ်၍ တည်ရှိတော်မူသေးသည်ရှိသော် အကျွန်ုပ်သည် ယူဇနာတစ်ထောင်တိုင်တိုင် ဝေး သော်လည်းဆည်းကပ်ခြင်းငှါ သွားပါအံ့။

၁၀၀၄။ ‘‘ယတော စ ခေါ [ယတာ ခေါ (ပီ။ က။)] ပရိနိဗ္ဗုတော, သတ္ထာ တုမှာက မာရိသ၊

နိဗ္ဗုတမ္ပိ [ပရိနိဗ္ဗုတံ (သျာ။ က။)] မဟာဝီရံ, ဂစ္ဆာမိ သရဏံ အဟံ။

၁၀၀၄။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်စံတော်မူခြင်းကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်သည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၅။ ‘‘ဥပေမိ သရဏံ ဗုဒ္ဓံ, ဓမ္မဉ္စာပိ အနုတ္တရံ၊

သံဃဉ္စ နရဒေဝဿ, ဂစ္ဆာမိ သရဏံ အဟံ။

၁၀၀၅။ အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ လူသုံးပါးတို့၏ နတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ (တပည့်သား) သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၆။ ‘‘ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ, လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ၊

အမဇ္ဇပေါ နော စ မုသာ ဘဏာမိ, သကေန ဒါရေန စ ဟောမိ တုဋ္ဌော’’တိ။

၁၀၀၆။ အကျွန်ုပ်သည် (ယခုချက်ချင်း) လျင်စွာပင် သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဥ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်ပါ၏၊ သေရည်သေရက်ကို မသောက်စားပါ၊ မမှန်သော စကားကိုလည်း မပြောဆိုတော့ပါ၊ မိမိမယားဖြင့်သာလျှင် နှစ်သက် ရောင့်ရဲပါတော့အံ့ဟု (ဝန်ခံလျှောက်ထား၏)။

၁၀၀၇။ ‘‘သဟဿရံသီဝ ယထာ မဟပ္ပဘော, ဒိသံ ယထာ ဘာတိ နဘေ အနုက္ကမံ၊

တထာပကာရော [တထပ္ပကာရော (သီ။ သျာ။)] တဝါယံ [တဝယံ (သီ။ ပီ။)] မဟာရထော, သမန္တတော ယောဇနသတ္တမာယတော။

၁၀၀၇။ ကြီးမြတ်သော အရောင်ရှိ၍ ရောင်ခြည်တစ်ထောင်အလင်းဆောင်သော နေဗိမာန် သည်ကောင်းကင်၌ လှည့်လည်သွားလာလျက် အရပ်မျက်နှာတို့၌ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူထက်ဝန်းကျင် အချင်းအားဖြင့် ခုနစ်ယူဇနာရှိသော သင်၏ ဤရထားကြီးသည် ထို ဗိမာန်နှင့် တူ၏။

၁၀၀၈။ ‘‘သုဝဏ္ဏပဋ္ဋေဟိ သမန္တမောတ္ထဋော, ဥရဿ မုတ္တာဟိ မဏီဟိ စိတ္တိတော၊

လေခါ သုဝဏ္ဏဿ စ ရူပိယဿ စ, သောဘေန္တိ ဝေဠုရိယမယာ သုနိမ္မိတာ။

၁၀၀၈။ (သင်၏ ရထားကို) ရွှေပြားတို့ဖြင့် ထက်ဝန်ကျင်မှ ဖုံးလွှမ်းအပ်၏၊ လှည်း သန်ရင်းကို ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားတို့ဖြင့်လည်းကောင်း အဆန်းတကြယ် ပြု လုပ်အပ်၏၊ ကောင်းစွာဖန်ဆင်းအပ်ကုန်သော ကြောင်မျက်ရွဲဖြင့်ပြီးကုန်သော ရွှေအရေး ငွေအရေးတို့သည် (ရထားကို) တင့်တယ်စေကုန်၏။

စာ-၉၀

၁၀၀၉။ ‘‘သီသဉ္စိဒံ ဝေဠုရိယဿ နိမ္မိတံ, ယုဂဉ္စိဒံ လောဟိတကာယ စိတ္တိတံ၊

ယုတ္တာ သုဝဏ္ဏဿ စ ရူပိယဿ စ, သောဘန္တိ အဿာ စ ဣမေ မနောဇဝါ။

၁၀၀၉။ ရထား၏ ဤဝက်စွယ်ရင်းကိုလည်း ကြောင်မျက်ရွဲဖြင့် ဖန်ဆင်းအပ်၏၊ ဤထမ်းပိုး ကိုလည်းပတ္တမြားနီဖြင့် အဆန်းတကြယ် ပြုအပ်၏၊ ရွှေတန်ဆာဖြင့်လည်းကောင်း, ငွေတန့်ဆာဖြင့်လည်းကောင်း, ဆင်ယင်အပ်ကုန်သော စိတ်ကဲ့သို့ လျင်မြန်ခြင်းရှိကုန်သော ဤ (အဿတိုရ်) မြင်းတို့သည် တင့်တယ်ကုန်၏။

၁၀၁၀။ ‘‘သော တိဋ္ဌသိ ဟေမရထေ အဓိဋ္ဌိတော, ဒေဝါနမိန္ဒောဝ သဟဿဝါဟနော၊

ပုစ္ဆာမိ တာဟံ ယသဝန္တ ကောဝိဒံ [ကောဝိဒ (က။)], ကထံ တယာ လဒ္ဓေါ အယံ ဥဠာရော’’တိ။

၁၀၁၀။ အခြံအရံရှိသော နတ်သား အာဇာနည်မြင်းတစ်ထောင်ကသော ယာဥ်ရှိသော နတ်တို့၏အရှင်သိကြားမင်းသည် တည်နေသကဲ့သိုု့ ထို့အတူ (မိမိတန်ခိုးဖြင့် အလုံးစုံသော ဤအရပ်ကို) လွှမ်းမိုး၍ တည်သော သင်သည် ရွှေရထား၌ တည်နေဘိ၏၊ ပညာရှိသော သင့်ကို မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် ဤသို့ များမြတ်သော အခြံအရံကို သင် ရလေသနည်းဟု (အသျှင်ကစ္စည်းက မေး၏)။

၁၀၁၁။ ‘‘သုဇာတော နာမဟံ ဘန္တေ, ရာဇပုတ္တော ပုရေ အဟုံ၊

တွဉ္စ မံ အနုကမ္ပာယ, သညမသ္မိံ နိဝေသယိ။

၁၀၁၁။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘဝက သုဇာတအမည်ရှိသော မင်းသား ဖြစ်ခဲ့ဖူး ပါ၏၊ အရှင်ဘုရားသည်လည်း အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ စောင့်စည်းမှု သီလ၌ ညွှန်ကြား ခဲ့ဖူးပါ၏။

၁၀၁၂။ ‘‘ခီဏာယုကဉ္စ မံ ဉတွာ, သရီရံ ပါဒါသိ သတ္ထုနော၊

ဣမံ သုဇာတ ပူဇေဟိ, တံ တေ အတ္ထာယ ဟေဟိတိ။

၁၀၁၂။ အရှင်ဘုရားသည် အကျွန်ုပ်၏ အသက်ကုန်ခြင်းကိုလည်း (အနာဂတံသဉာဏ်ဖြင့်) သိတော်မူ၍ သုဇာတမင်းသား “ဤသရီရဓာတ်တော်ကို ပူဇော်လေလော့၊ ယင်းသို့ ပူဇော်ခြင်း သည်သင်၏အကျိုးငှါ ဖြစ်လတ္တံ့”ဟု ဆိုလျက် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ပေး ခဲ့ဖူးပါ၏။

၁၀၁၃။ ‘‘တာဟံ ဂန္ဓေဟိ မာလေဟိ, ပူဇယိတွာ သမုယျုတော၊

ပဟာယ မာနုသံ ဒေဟံ, ဥပပန္နောမှိ နန္ဒနံ။

၁၀၁၃။ အကျွန်ုပ်သည် ကောင်းစွာ အားထုတ်လျက် ထိုသရီရဓာတ်တော်ကို နံ့သာတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း ပူဇော်ရ၍ လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ပစ်ရသည် ရှိသော်နှစ်သက်ဖွယ်ရှိသောတာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၁၀၁၄။ ‘‘နန္ဒနေ စ ဝနေ [နန္ဒနောပဝနေ (သီ။), နန္ဒနေ ပဝနေ (သျာ။ က။)] ရမ္မေ, နာနာဒိဇဂဏာယုတေ၊

ရမာမိ နစ္စဂီတေဟိ, အစ္ဆရာဟိ ပုရက္ခတော’’တိ။

စူဠရထဝိမာနံ တေရသမံ။

၁၀၁၄။ အကျွန်ုပ်သည် နှလုံးမွေ့လျော်ဖွယ်ရှိသော အထူးထူးသော ငှက်မျိုးတို့နှင့် ပြည့်စုံသော နန္ဒဝန်ဥယျာဥ်၌ က ကုန် သီဆိုကုန်သော နတ်သမီးတို့ ခြံရံအပ်သည်ဖြစ်၍ မွေ့လျော်ရ ပါ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်သုံးခုမြောက်သော စူဠရထဝိမာနဝတ္ထု ပြီး၏။ ၁၄-မဟာရထဝိမာနဝတ္ထု ကဿပဘုရားလက်ထက်က မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ သဒ္ဓါထက်သန်စွာ အရသာရှိသော ဆွမ်းအဖျော်နှင့် သင်္ကန်းတို့ကို လှူဒါန်းခဲ့သည့်အပြင် သုံးပါးအပြားရှိသော အသဒိသအလှူကြီးကိုပေးလှူခဲ့သောကြောင့် သိကြားမင်းကဲ့သို့သော ကြီးကျယ်ခမ်းနားသော နတ်ချမ်းသာကို ခံစားရသော နတ်သား။

၁၄။ မဟာရထဝိမာနဝတ္ထု

၁၀၁၅။ ‘‘သဟဿယုတ္တံ ဟယဝါဟနံ သုဘံ, အာရုယှိမံ သန္ဒနံ နေကစိတ္တံ၊

ဥယျာနဘူမိံ အဘိတော အနုက္ကမံ, ပုရိန္ဒဒေါ ဘူတပတီဝ ဝါသဝေါ။

၁၀၁၅။ (နတ်သား) မြင်းတစ်ထောင်ကသော ယာဥ်ရှိသော တင့်တယ်သော အမျိုးမျိုး ဆန်းကြယ်သော ဤရထားသို့ တက်စီး၍ ဥယျာဥ်အနီးသို့ သွားလျက် ရှေး၌ အလှူကို ပေးတတ်သော နတ်တို့၏အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၁၆။ ‘‘သောဝဏ္ဏမယာ တေ ရထကုဗ္ဗရာ ဥဘော, ဖလေဟိ [ထလေဟိ (သီ။)] အံသေဟိ အတီဝ သင်္ဂတာ၊

သုဇာတဂုမ္ဗာ နရဝီရနိဋ္ဌိတာ, ဝိရောစတီ ပန္နရသေဝ စန္ဒော။

၁၀၁၆။ ရွှေဖြင့် ပြုအပ်ကုန်သော သင်၏ ရထားလက်တင် ပွတ်တိုင် နှစ်ဖက်တို့သည် အကာပျဥ်ချပ်တို့ဖြင့်လည်းကောင်း, အမြှောင့်တို့ဖြင့်လည်းကောင်း အလွန်လျှင် စေ့စပ်လျောက်ပတ်ကုန်၏၊ ကောင်းစွာ တည်ကုန်သော ပွတ်တိုင်၏ ပေါင်းစုရာဖြစ်ကုန်သော လက်တင် တို့သည် လက်ရာမြောက်သော လက်သမားဆရာတို့ ပြီးစေအပ်ကုန်သော လက်ရာများ ဖြစ်ကုန်၏၊ သင်၏ဤရထားသည် လဆန်းတစ်ဆယ့်ငါးရက်နေ့၌ ပေါ်ထွက်သော လပြည့်ဝန်း ကဲ့သို့ တင့်တယ်ဘိ၏။

စာ-၉၁

၁၀၁၇။ ‘‘သုဝဏ္ဏဇာလာဝတတော ရထော အယံ, ဗဟူဟိ နာနာရတနေဟိ စိတ္တိတော၊

သုနန္ဒိဃောသော စ သုဘဿရော စ, ဝိရောစတီ စာမရဟတ္ထဗာဟုဘိ။

၁၀၁၇။ ရွှေကွန်ရက်ငယ်တို့ဖြင့် ဖုံးလွှမ်းအပ်သော အထူးထူး အပြားပြား များစွာသော ရတနာတို့ဖြင့်ဆန်းကြယ်သော အလွန်နှစ်သက်ဖွယ်သော အသံလည်းရှိသော အလွန် ထွန်းပ ခြင်းသဘောလည်းရှိသော ဤရထားသည် စာမရီသားမြီးယပ် လက်စွဲကုန်သော များစွာသော နတ်တို့ဖြင့် တင့်တယ်ဘိ၏။

၁၀၁၈။ ‘‘ဣမာ စ နာဘျော မနသာဘိနိမ္မိတာ, ရထဿ ပါဒန္တရမဇ္ဈဘူသိတာ၊

ဣမာ စ နာဘျော သတရာဇိစိတ္တိတာ, သတေရတာ ဝိဇ္ဇုရိဝပ္ပဘာသရေ။

၁၀၁၈။ ရထားလှည်းဘီးတို့၏ အဆုံးဖြစ်သော အကွပ် (တံကူ) အကန့် (ဒေါက်) ဘီးတို့၏ အလယ်၌တန်ဆာဆင်ထားအပ်သော ဤပုန်တောင်းတို့သည် လည်း စိတ်ဖြင့် ဖန်ဆင်းအပ်သည် နှင့် တူကုန်၏၊ အရာမကသော အရေးတို့ဖြင့် ဆန်းကြယ်ကုန်သော ဤပုန်းတောင်းတို့သည် လည်း သက်တင်ရေး လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက် ထွန်းပကုန်၏။

၁၀၁၉။ ‘‘အနေကစိတ္တာဝတတော ရထော အယံ, ပုထူ စ နေမီ စ သဟဿရံသိကော၊

တေသံ သရော သုယျတိ [သူယတိ (သီ။)] ဝဂ္ဂုရူပေါ, ပဉ္စင်္ဂိကံ တုရိယမိဝပ္ပဝါဒိတံ။

၁၀၁၉။ သင်၏ ဤရထားသည် များသော (ခြူးပန်းခြူးနွယ်စသော) ဆန်းကြယ်ခြင်း တို့ဖြင့် ပြွမ်း၏၊ ကြီးကျယ်သော အကွပ် (တံကူ) သည်လည်း အထောင်မကသော အရောင်ရှိ၏၊ တွဲရရွဲဆွဲအပ်သော ရွှေခြူကွန်ရက်ရှိကုန်သော ထိုအကွပ် (တံကူ) တို့၏ သာယာသော သဘော ရှိသော အသံကို ကောင်းစွာတီးမှုတ်အပ်သော အင်္ဂါငါးမျိုးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၁၀၂၀။ ‘‘သိရသ္မိံ စိတ္တံ မဏိစန္ဒကပ္ပိတံ, သဒါ ဝိသုဒ္ဓံ ရုစိရံ ပဘဿရံ၊

သုဝဏ္ဏရာဇီဟိ အတီဝ သင်္ဂတံ, ဝေဠုရိယရာဇီဝ အတီဝ သောဘတိ။

၁၀၂၀။ ထိုရထား၏ ဦးပိုင်းသည် လဝန်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားသည် ဖြစ်၍ ဆန်းကြယ်၏၊ အခါခပ်သိမ်း အထူးသဖြင့် စင်ကြယ်၍ နှစ်သက်ဖွယ်လည်း ရှိ၏၊ ပြိုးပြိုးပြက်ထွက်သော အရောင်လည်း ရှိ၏၊ (အကြားအကြား၌ လုံးသော သဏ္ဍာန်ရှိသော) ရွှေအရေးတို့ဖြင့် အလွန်ကောင်းစွာစပ်ယှဥ်သည်ဖြစ်၍ ကြောင်မျက်ရွဲအရေးကဲ့သို့ အလွန် တင့်တယ်ဘိ၏။

၁၀၂၁။ ‘‘ဣမေ စ ဝါဠီ မဏိစန္ဒကပ္ပိတာ, အာရောဟကမ္ဗူ သုဇဝါ ဗြဟူပမာ။

ဗြဟာ မဟန္တာ ဗလိနော မဟာဇဝါ, မနော တဝညာယ တထေဝ သိံသရေ [သဗ္ဗရေ (က။), သပ္ပရေ (?)]။

၁၀၂၁။ နတ်သား (မြီးဆံတွဲရရွဲကျရာ အရပ်တို့၌) လဝန်းနှင့်တူသော ပတ္တမြားဖြင့် တပ်ဆင်ထားအပ်သည့် မြီးဆိုင်းကြိုးရှိကုန်သော အလုံးအရပ်နှင့် ပြည့်စုံ၍ လျောက်ပတ် တင့်တယ်သော သွားခြင်းရှိကုန်သော မိမိပမာဏထက် ကြီးဘိသကဲ့သို့ မှတ်ထင်ရကုန်သော ကြီးထွား ကုန်သော တန်ခိုးကြီးကုန်သော ကိုယ်အား လုံ့လအားရှိကုန်သော လျင်မြန်သော အဟုန်ရှိကုန်သော ဤမြင်းတို့သည် လည်း သင်၏ စိတ်ကို သိကုန်၍ သင့်စိတ် အားလျော်စွာသာလျှင် ကောင်းစွာ ဖြစ်ကုန်၏။

၁၀၂၂။ ‘‘ဣမေ စ သဗ္ဗေ သဟိတာ စတုက္ကမာ, မနော တဝညာယ တထေဝ သိံသရေ၊

သမံ ဝဟန္တာ မုဒုကာ အနုဒ္ဓတာ, အာမောဒမာနာ တုရဂါန [တုရင်္ဂါန (က။)] မုတ္တမာ။

၁၀၂၂။ အခြေလေးချောင်းတို့ဖြင့် သွားတတ်ကုန်သော အသွားညီကုန်သော ဤမြင်းအားလုံးတို့သည် လည်း သင်၏ စိတ်ကို သိကုန်၍ ထိုသင်၏ စိတ်အားလျော်စွာသာလျှင် ကောင်းစွာဖြစ်ကုန်၏၊ နူးညံ့ကုန်သော တုန်လှုပ်ခြင်းမှ ကင်းကုန်သော မြင်းတကာတို့ထက် မြတ်ကုန်သော ဤမြင်းတို့သည် လည်း ဝမ်းမြောက်ကုန်လျက် အညီအညွတ် ဆောင်ရုန်းသွား ကုန်၏။

၁၀၂၃။ ‘‘ဓုနန္တိ ဝဂ္ဂန္တိ ပတန္တိ [ပဝတ္တန္တိ (ပီ။ က။)] စမ္ဗရေ, အဗ္ဘုဒ္ဓုနန္တာ သုကတေ ပိဠန္ဓနေ၊

တေသံ သရော သုယျတိ ဝဂ္ဂုရူပေါ, ပဉ္စင်္ဂိကံ တုရိယမိဝပ္ပဝါဒိတံ။

၁၀၂၃။ (ထိုမြင်းတို့သည်) ကောင်းစွာ ဖန်ဆင်းအပ်သည့် (ခြူစသော) မြင်းတန်ဆာတို့ကို လွန်စွာခါကုန်လျက် ကောင်းကင်၌ (ဦးစွန်း, လည်ဆံ, အမြီးတို့ကို) ခါလည်း ခါကုန်၏၊ (အသွားကျ) သွားလည်း သွားကုန်၏၊ ခုန်လည်း ခုန်လွှားကုန်၏၊ ထိုမြင်းတန်ဆာတို့၏ သာယာသော အသံကိုလည်းကောင်းစွာ တီးမှုတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာသံ ကဲ့သို့ ကြားရ၏။

စာ-၉၂

၁၀၂၄။ ‘‘ရထဿ ဃောသော အပိဠန္ဓနာန စ, ခုရဿ နာဒေါ [နာဒီ (သျာ။), နာဒိ (ပီ။ က။)] အဘိဟိံသနာယ စ၊

ဃောသော သုဝဂ္ဂူ သမိတဿ သုယျတိ, ဂန္ဓဗ္ဗတူရိယာနိ ဝိစိတြသံဝနေ။

၁၀၂၄။ သင်နတ်သား၏ ရထားသံကိုလည်းကောင်း, အဆင်တန်ဆာတို့၏ အသံကိုလည်း ကောင်း,မြင်းခွါသံကိုလည်းကောင်း, မြင်းဟီသံကိုလည်းကောင်း, နတ်အပေါင်း၏ ချိုသာသော အသံကိုလည်းကောင်း, စိတ္တလတာဥယျာဥ်၌ ဂန္ဓဗ္ဗနတ်သားတို့၏ တူရိယာသံမျိုးတို့ကဲ့သို့ ကြားရ၏။

၁၀၂၅။ ‘‘ရထေ ဌိတာ တာ မိဂမန္ဒလောစနာ, အာဠာရပမှာ ဟသိတာ ပိယံဝဒါ၊

ဝေဠုရိယဇာလာဝတတာ တနုစ္ဆဝါ, သဒေဝ ဂန္ဓဗ္ဗသူရဂ္ဂပူဇိတာ။

၁၀၂၅။ သမင်မငယ်တို့၏ မျက်စိကဲ့သို့ နူးညံ့ပြေပြစ်သော မျက်စိရှိကုန်သော (နွားမျက် တောင်ကဲ့သို့) ကော့သော မျက်တောင်လည်းရှိကုန်သော ပြုံးရွှင်ခြင်းရှိကုန်သော ချစ်ဖွယ်သော စကားကို ပြောဆိုတတ်ကုန်သော ကြောင်မျက်ရွဲကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိ ကုန်သော သိမ်မွေ့သော ကိုယ်ရေအဆင်းရှိကုန်သောအခါခပ်သိမ်းသာလျှင် ဂန္ဓဗ္ဗနတ်နှင့် အခြားနတ်မြတ်တို့ပူဇော်ချီးမြှောက်အပ်ကုန်သော ထိုနတ်သမီးတို့သည် သင်၏ ရထား၌ တည်ကုန်၏။

၁၀၂၆။ ‘‘တာ ရတ္တရတ္တမ္ဗရပီတဝါသသာ, ဝိသာလနေတ္တာ အဘိရတ္တလောစနာ၊

ကုလေ သုဇာတာ သုတနူ သုစိမှိတာ, ရထေ ဌိတာ ပဉ္ဇလိကာ ဥပဋ္ဌိတာ။

၁၀၂၆။ တပ်မက်ဖွယ်အဆင်းရှိ၍ စကားရောင် အဝတ်ကို ဝတ်ကြကုန်သော ကျယ်သော မျက်စိလည်းရှိကုန်သော အလွန်နီသော အရေးတို့ဖြင့် တင့်တယ်သည့် မျက်စိရှိကုန်သော ထူးမြတ်သော နတ်မျိုးတို့၌ လည်းဖြစ်ကုန်သော ကြော့ရှင်းသော ကိုယ်ရှိကုန်သော ကြည်လင် စင်ကြယ်စွာပြုံးရယ်ကုန်သော ထိုနတ်သမီးတို့သည် သင်၏ ရထား၌ တည်ကုန်လျက် လက်အုပ် (ကိုယ်စီ) ချီကာသင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၇။ ‘‘တာ ကမ္ဗုကေယူရဓရာ သုဝါသသာ, သုမဇ္ဈိမာ ဦရုထနူပပန္နာ၊

ဝဋ္ဋင်္ဂုလိယော သုမုခါ သုဒဿနာ, ရထေ ဌိတာ ပဉ္ဇလိကာ ဥပဋ္ဌိတာ။

၁၀၂၇။ ရွှေလက်ကောက်ကို ဝတ်ကုန်သော, ကောင်းသောဝတ်ရုံခြင်းရှိကုန်သော, တင့်တယ်သော ခါးရှိကုန်သော, (ပြည့်ဖြိုးသော) ပေါင်တံ (ပြည့်ဖြိုးသော) သားမြတ်ရှိကုန်သော, လုံးသော လက်ချောင်းရှိကုန်သော, လှပသော မျက်နှာရှိကုန်သော, ရှုချင်ဖွယ်ရှိကုန်သော ထိုနတ်သမီးတို့သည့် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ်ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၈။ ‘‘အညာ သုဝေဏီ သုသု မိဿကေသိယော, သမံ ဝိဘတ္တာဟိ ပဘဿရာဟိ စ၊

အနုဗ္ဗတာ တာ တဝ မာနသေ ရတာ, ရထေ ဌိတာ ပဉ္ဇလိကာ ဥပဋ္ဌိတာ။

၁၀၂၈။ လှပသော ဆံထုံးရှိကုန်သော ပျိုငယ်ကုန်သော အညီအညွတ် ဝေဖန်ခြင်းတို့ဖြင့်လည်းကောင်း၊ ပြိုးပြိုးပြက် အရောင်ထွက်ကုန်သော ဆံထုံးတို့ဖြင့်လည်းကောင်း (နီသော ပန်းတို့ဖြင့်) ရောပြွမ်းသော ဆံပင်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင် နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော အချို့သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၂၉။ ‘‘အာဝေဠိနိယော ပဒုမုပ္ပလစ္ဆဒါ, အလင်္ကတာ စန္ဒနသာရဝါသိတာ [ဝေါသိတာ (သျာ။), ဘူသိတာ (က။)]၊

အနုဗ္ဗတာ တာ တဝ မာနသေ ရတာ, ရထေ ဌိတာ ပဉ္ဇလိကာ ဥပဋ္ဌိတာ။

၁၀၂၉။ နားဆွဲတန်ဆာကို ပန်ဆင်ကုန်သော, ပဒုမ္မာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်သော,တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိ ကုန်သော, လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ် ကုန်သော ထိုနတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

၁၀၃၀။ ‘‘တာ မာလိနိယော ပဒုမုပ္ပလစ္ဆဒါ, အလင်္ကတာ စန္ဒနသာရဝါသိတာ၊

အနုဗ္ဗတာ တာ တဝ မာနသေ ရတာ, ရထေ ဌိတာ ပဉ္ဇလိကာ ဥပဋ္ဌိတာ။

၁၀၃၀။ ပန်းအမျိုးမျိုးကို ပန်ဆင်ကုန်သော ပဒုမ္မာကြာပန်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိ ကုန်သော တန်ဆာဆင်အပ်ကုန်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိကုန်သော လျော်သော အမူအယာရှိကုန်သော သင်နတ်သား၏ စိတ်ကို မွေ့လျော်စေတတ်ကုန်သော ထို နတ်သမီးတို့သည် (သင်၏) ရထား၌ တည်ကုန်လျက် လက်အုပ် ကိုယ်စီချီကာ သင်၏ အနီး၌ တည်နေကြပါကုန်၏။

စာ-၉၃

၁၀၃၁။ ‘‘ကဏ္ဌေသု တေ ယာနိ ပိဠန္ဓနာနိ, ဟတ္ထေသု ပါဒေသု တထေဝ သီသေ၊

ဩဘာသယန္တီ ဒသ သဗ္ဗသော ဒိသာ, အဗ္ဘုဒ္ဒယံ သာရဒိကောဝ ဘာဏုမာ။

၁၀၃၁။ လည်ပင်း လက်ခြေတို့၌ လည်းကောင်း, ဦခေါင်း၌လည်းကောင်း (ဆင်မြန်းထား သည့်) အဆင်တန်ဆာတို့သည် တန်ဆောင်မုန်းလအခါ တက်သစ်သော နေလုလင်ကဲ့သို့ အချင်းခပ်သိမ်းအရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေကုန်၏။

၁၀၃၂။ ‘‘ဝါတဿ ဝေဂေန စ သမ္ပကမ္ပိတာ, ဘုဇေသု မာလာ အပိဠန္ဓနာနိ စ၊

မုဉ္စန္တိ ဃောသံ ရူစိရံ သုစိံ သုဘံ, သဗ္ဗေဟိ ဝိညူဟိ သုတဗ္ဗရူပံ။

၁၀၃၂။ လေ၏ အဟုန်ကြောင့်လည်းကောင်း, (ရထားမြင်းတို့၏ အဟုန်ကြောင့်လည်း ကောင်း) ထက်ဝန်းကျင်မှ တုန်လှုပ်ကုန်သော လက်ရုံးနှစ်ဖက်ရှိ ပန်းတို့သည်လည်းကောင်း,အဆင်တန်ဆာတို့သည်လည်းကောင်း နှစ်သက်ဖွယ်ရှိ၍ သန့်ရှင်းစင်ကြယ် ကောင်းမြတ်သော (တီးမှုတ်မှုအတတ်မျိုး၌) လိမ္မာသူအားလုံးတို့ နားထောင်နိုင်လောက်သော သဘောရှိသော အသံကို လွှတ်ကြကုန်၏။

၁၀၃၃။ ‘‘ဥယျာနဘူမျာ စ ဒုဝဒ္ဓတော ဌိတာ, ရထာ စ နာဂါ တူရိယာနိ စ သရော၊

တမေဝ ဒေဝိန္ဒ ပမောဒယန္တိ, ဝီဏာ ယထာ ပေါက္ခရပတ္တဗာဟုဘိ။

၁၀၃၃။ နတ်မင်း စောင်းသည် စောင်းခွက် စောင်းလက်တံတို့ဖြင့် (လူများအပေါင်းကို) ဝမ်းမြောက်စေဘိသကဲ့သို့ ဥယျာဥ်မြေဝယ် နံပါးနှစ်ဖက်တို့၌ တည်ကုန်သော ရထား, ဆင် တို့၏အသံသည်လည်းကောင်း၊ တူရိယာမျိုးတို့၏ အသံသည်လည်းကောင်း သင်နတ်သား ကို ပင်လျှင်ဝမ်းမြောက်စေကုန်၏။

၁၀၃၄။ ‘‘ဣမာသု ဝီဏာသု ဗဟူသု ဝဂ္ဂူသု, မနုညရူပါသု ဟဒယေရိတံ ပီတိံ [ဟဒယေရိတံ ပတိ (သီ။), ဟဒယေရိတမ္ပိ တံ (သျာ။)]၊

ပဝဇ္ဇမာနာသု အတီဝ အစ္ဆရာ, ဘမန္တိ ကညာ ပဒုမေသု သိက္ခိတာ။

၁၀၃၄။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘောရှိကုန်သော များစွာသော ဤစောင်းတို့ သည်စိတ်နှလုံးသို့ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို မြည်ကုန် သည်ရှိသော်သင်အပ်ပြီးသော အတတ်ရှိကုန်သော နတ်သမီးတို့သည် (နတ်၌ဖြစ်သော) ပဒုမ္မာ ကြာတို့၌ အလွန်လျှင်က ပြကြကုန်လျက် လှည့်လည်ကြကုန်၏။

၁၀၃၅။ ‘‘ယဒါ စ ဂီတာနိ စ ဝါဒိတာနိ စ, နစ္စာနိ စိမာနိ [စေမာနိ (သီ။)] သမေန္တိ ဧကတော၊

အထေတ္ထ နစ္စန္တိ အထေတ္ထ အစ္ဆရာ, ဩဘာသယန္တီ ဥဘတော ဝရိတ္ထိယော။

၁၀၃၅။ အကြင်အခါ၌ ဤသီချင်းဆိုခြင်းတို့သည်လည်းကောင်း, ဤတီးမှုတ်ခြင်းတို့သည်လည်းကောင်း,ဤကခြင်းတို့သည်လည်းကောင်း တစ်ပြိုင်နက် (စီးချက်ဝါးချက်) ညီညွတ် ကြကုန်၏၊ ထိုအခါ (အချို့သော) နတ်သမီးတို့သည် ဤသင်၏ ရထား၌ ကကြကုန်၏၊ အချို့သော မိန်းမမြတ်တို့သည် ဤနံပါးနှစ်ဖက်တို့၌ (အရပ်မျက်နှာတို့ကို) ထွန်းလင်း တောက်ပစေကုန်၏။

၁၀၃၆။ ‘‘သော မောဒသိ တုရိယဂဏပ္ပဗောဓနော, မဟီယမာနော ဝဇိရာဝုဓောရိဝ၊

ဣမာသု ဝီဏာသု ဗဟူသု ဝဂ္ဂူသု, မနုညရူပါသု ဟဒယေရိတံ ပီတိံ။

၁၀၃၆။ ချိုသာကုန်သော နှစ်သက်ဖွယ် သဘောရှိကုန်သော များစွာသော ဤစောင်း တို့သည် စိတ်နှလုံးသို့ ရောက်၍ နှစ်သိမ့်ခြင်း၏ အကြောင်းဖြစ်သော အသံကို (မြည်ကုန် သည်ရှိသော်) ထိုသင်သည် တူရိယာအပေါင်းက အသံဖြင့် နိုးစေလျက် ပူဇော်ခံရသည်ဖြစ်၍ သိကြားမင်းကဲ့သို့မွေ့လျော်ရ၏။

၁၀၃၇။ ‘‘ကိံ တွံ ပုရေ ကမ္မမကာသိ အတ္တနာ, မနုဿဘူတော ပုရိမာယ ဇာတိယာ၊

ဥပေါသထံ ကံ ဝါ [ဥပေါသထံ ကိံ ဝ (သျာ။)] တုဝံ ဥပါဝသိ, ကံ [ကိံ (သျာ။)] ဓမ္မစရိယံ ဝတမာဘိရောစယိ။

၁၀၃၇။ သင်သည် ရှေးဘဝက အဘယ်သို့သော ကုသိုလ်ကံကို ကိုယ်တိုင် ပြုခဲ့ဖူးသနည်း၊ ရှေးဘဝလူဖြစ်ခဲ့စဥ်က သင်သည် အဘယ်သို့သော ဥပုသ်ကို ကျင့်သုံးခဲ့ဖူးသနည်း၊ အဘယ်သို့သော အလှူပေးခြင်းအစရှိသော ကုသိုလ်အကျင့်ကိုလည်းကောင်း, ဆောက်တည်၍ ကျင့် အပ်သော အကျင့်ကိုလည်းကောင်း နှစ်သက်စွာ ကျင့်ခဲ့ဖူးသနည်း။

စာ-၉၄

၁၀၃၈။ ‘‘နယီဒမပ္ပဿ ကတဿ [နယိဒံ အပ္ပဿ ကတဿ (သီ။ သျာ။), သာသေဒံ အပ္ပကတဿ (က။)] ကမ္မုနော, ပုဗ္ဗေ သုစိဏ္ဏဿ ဥပေါသထဿ ဝါ၊

ဣဒ္ဓါနုဘာဝေါ ဝိပုလော အယံ တဝ, ယံ ဒေဝသံဃံ အဘိရောစသေ ဘုသံ။

၁၀၃၈။ သင်နတ်သား၏ ဤတန်ခိုးတော်သည် ပြန့်ပြောကြီးမား၏၊ နတ်အပေါင်းကို အလွန် လွှမ်းမိုး၍ ထွန်းလင်းတောက်ပ၏၊ ဤအကျိုးသည် သင်နတ်သား၏ အနည်းငယ်မျှ ပြုဆည်းပူးခဲ့သော ကံ၏အကျိုးမဟုတ်တန်ရာ၊ ရှေးဘဝ၌ ကောင်းစွာ လေ့ကျက်အပ်သော ဥပုသ်ကံ၏ အကျိုးလေလော့။

၁၀၃၉။ ‘‘ဒါနဿ တေ ဣဒံ ဖလံ, အထော သီလဿ ဝါ ပန၊

အထော အဉ္ဇလိကမ္မဿ, တံ မေ အက္ခာဟိ ပုစ္ဆိတော’’တိ။

၁၀၃၉။ ဤအကျိုးသည် သင်နတ်သား၏ ဒါနကုသိုလ် အကျိုးလေလော၊သို့မဟုတ် သီလကုသိုလ်အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီမှု၏ အကျိုးလေလော၊ သင့်ကို ငါ မေး၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားလော့ဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၄၀။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလန္တိ။

၁၀၄၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျောက်ထား၏။

၁၀၄၁။ ‘‘ဇိတိန္ဒြိယံ ဗုဒ္ဓမနောမနိက္ကမံ, နရုတ္တမံ ကဿပမဂ္ဂပုဂ္ဂလံ၊

အဝါပုရန္တံ အမတဿ ဒွါရံ, ဒေဝါတိဒေဝံ သတပုညလက္ခဏံ။

၁၀၄၁။ အောင်အပ်ပြီးသော ဣန္ဒြေရှိတော်မူသော၊ ပြည့်စုံသော လုံ့လရှိတော်မူသော၊ သတ္တဝါအပေါင်းတို့ထက် မြတ်တော်မူသော၊ မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နိဗ္ဗာန်တံခါးကို ဖွင့်တော်မူသော၊ နတ်ထက်နတ် ဖြစ်တော်မူသော၊ ရာပေါင်းများစွာသော ဘုန်းကံကြောင့်ဖြစ်သော ယောကျာ်း မြတ်လက္ခဏာရှိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ခဲ့ရဖူးပါ၏။

၁၀၄၂။ ‘‘တမဒ္ဒသံ ကုဉ္ဇရမောဃတိဏ္ဏံ, သုဝဏ္ဏသိင်္ဂီနဒဗိမ္ဗသာဒိသံ၊

ဒိသွာန တံ ခိပ္ပမဟုံ သုစီမနော, တမေဝ ဒိသွာန သုဘာသိတဒ္ဓဇံ။

၁၀၄၂။ အရှင်ဘုရား (ကိလေသာရန်သူကို နှိမ်နင်းတော်မူသဖြင့်) ဆင်ပြောင်နှင့် တူတော်မူသော ဩဃလေးပါးတို့ကို လွန်မြောက်တော်မူပြီးသော သိ င်္ဂီရွှေစင်, ဇမ္ဗူရာဇ်ရွှေစင် နှင့်တူသော အဆင်းရှိတော်မူသော ထိုကဿပမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် အကျွန်ုပ် အား တစ်မဟုတ်ချင်းလျင်စွာ စင်ကြယ်သော စိတ်ရှိသူ ဖြစ်ခဲ့ပါ၏၊ (ထိုသို့ဖြစ်ခြင်းသည်လည်း) တရားတည်းဟူသော တံခွန်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် သာလျှင် ဖြစ်ပါ၏။

၁၀၄၃။ ‘‘တမန္နပါနံ အထဝါပိ စီဝရံ, သုစိံ ပဏီတံ ရသသာ ဥပေတံ၊

ပုပ္ဖါဘိက္ကိဏမှိ သကေ နိဝေသနေ, ပတိဋ္ဌပေသိံ သ အသင်္ဂမာနသော။

၁၀၄၃။ တစ်စုံတစ်ခု၌ မကပ်ငြိသော စိတ်ရှိသော ထိုအကျွန်ုပ်သည် (ကုံးသီအပ် မကုံးသီ အပ်သော) ပန်းတို့ဖြင့် ဆွဲခြင်း ခင်းခြင်း၏ အစွမ်းဖြင့် ပြိုးပြွမ်းသော မိမိအိမ်၌ ထိုကဿပ မြတ်စွာဘုရားအားစင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော ဆွမ်း အဖျော်ကိုလည်း ကောင်း, ထိုမှတစ်ပါးလည်းသင်္ကန်းကိုလည်းကောင်း တည်ထား လှူဒါန်းခဲ့ဖူးပါ၏။

၁၀၄၄။ ‘‘တမန္နပါနေန စ စီဝရေန စ, ခဇ္ဇေန ဘောဇ္ဇေန စ သာယနေန စ၊

သန္တပ္ပယိတွာ ဒွိပဒါနမုတ္တမံ, သော သဂ္ဂသော ဒေဝပုရေ ရမာမဟံ။

၁၀၄၄။ (အရှင်ဘုရား) ထိုအကျွန်ုပ်သည် အခြေနှစ်ချောင်းရှိ သတ္တဝါတို့ထက် မြတ်တော်မူသော ထိုကဿပမြတ်စွာဘုရားကို ဆွမ်းဖြင့်လည်းကောင်း, အဖျော်ဖြင့်လည်းကောင်း,သင်္ကန်းဖြင့်လည်းကောင်း, ခဲဖွယ်ဖြင့်လည်းကောင်း, ဘောဇဥ်ဖြင့်လည်းကောင်း, လျက် ဖွယ်ဖြင့်လည်းကောင်း, ကောင်းစွာ ရောင့်ရဲစေခဲ့ခြင်းကြောင့် နတ်ပြည်တိုင်း နတ်ပြည်တိုင်းဝယ်နတ်မြို့တော်၌ မွေ့လျော် ရပါ၏။

၁၀၄၅။ ‘‘ဧတေနုပါယေန ဣမံ နိရဂ္ဂဠံ, ယညံ ယဇိတွာ တိဝိဓံ ဝိသုဒ္ဓံ။

ပဟာယဟံ မာနုသကံ သမုဿယံ, ဣန္ဒူပမော [ဣန္ဒဿမော (သျာ။ က။)] ဒေဝပုရေ ရမာမဟံ။

၁၀၄၅။ အရှင်ဘုရား အကျွန်ုပ်သည် ဤသို့သော အကြောင်းဖြင့် တံခါးကျင်မထိုးအပ်သော (အတိတ်,အနာဂတ်, ပစ္စုပ္ပန်အခါတို့၌ ကိုယ်နှုတ်နှလုံးတို့ဖြင့် ကိုယ်တိုင်ပြုခြင်း သူတစ်ပါးကို ပြုစေခြင်း,အောက်မေ့ခြင်းတို့နှင့် ပြည့်စုံသောကြောင့်) သုံးပါးအပြားရှိသော စင်ကြယ် သန့်ရှင်းသော ဤအသဒိသအလှူကြီးကို ပေးလှူခဲ့ခြင်းကြောင့် လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်၍ သိကြားနှင့် တူစွာနတ်မြို့တော်၌ မွေ့လျော်ရပါ၏။

စာ-၉၅

၁၀၄၆။ ‘‘အာယုဉ္စ ဝဏ္ဏဉ္စ သုခံ ဗလဉ္စ, ပဏီတရူပံ အဘိကင်္ခတာ မုနိ၊

အန္နဉ္စ ပါနဉ္စ ဗဟုံ သုသင်္ခတံ, ပတိဋ္ဌပေတဗ္ဗမသင်္ဂမာနသေ။

၁၀၄၆။ အရှင်ဘုရား ကောင်းမြတ်သော သဘောရှိသော အသက်ရှည်ခြင်းကိုလည်းကောင်း,အဆင်းလှခြင်းကိုလည်းကောင်း, ချမ်းသာများခြင်းကိုလည်းကောင်း, ခွန်အားကြီးခြင်းကိုလည်း ကောင်း,အလိုရှိသူသည် တစ်စုံတစ်ခု၌ မကပ်မငြိသော စိတ်ရှိသည်ဖြစ်၍ များစွာ အထူး ပြုပြင်စီရင်အပ်သော ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း တည်စေအပ်၏။

၁၀၄၇။ [ကထာ။ ၇၉၉]‘‘နယိမသ္မိံ လောကေ ပရသ္မိံ [နယိမသ္မိံ ဝါ လောကေ ပရသ္မိံ (ကထာဝတ္ထု ၇၉၉), နယိမသ္မိ လောကေ ဝ ပရသ္မိ (?)] ဝါ ပန, ဗုဒ္ဓေန သေဋ္ဌော ဝ သမော ဝ ဝိဇ္ဇတိ၊

အာဟုနေယျာနံ [ယမာဟုနေယျာနံ (က။)] ပရမာဟုတိံ ဂတော, ပုညတ္ထိကာနံ ဝိပုလပ္ဖလေသိန’’န္တိ။

မဟာရထဝိမာနံ စုဒ္ဒသမံ။

မဟာရထဝဂ္ဂေါ ပဉ္စမော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

မဏ္ဍူကော ရေဝတီ ဆတ္တော, ကက္ကဋော ဒွါရပါလကော၊

ဒွေ ကရဏီယာ ဒွေ သူစိ, တယော နာဂါ စ ဒွေ ရထာ၊

ပုရိသာနံ ပဌမော ဝဂ္ဂေါ ပဝုစ္စတီတိ။

ဘာဏဝါရံ တတိယံ နိဋ္ဌိတံ။

၁၀၄၇။ အရှင်ဘုရား ဤလောက၌လည်းကောင်း, အခြားလောက၌လည်းကောင်း, မြတ်စွာ ဘုရားထက်မြတ်သော ပုဂ္ဂိုလ်ဖြစ်စေ, မြတ်စွာဘုရားနှင့် တူမျှသော ပုဂ္ဂိုလ်ဖြစ်စေ မရှိနိုင်ပါ၊ မြတ်စွာဘုရားသည်ကောင်းမှုကို အလိုရှိကုန်သော ပြန့်ပြောသော အကျိုးကို ရှာမှီးကုန်သောသူတို့၏ အဝေးမှဆောင်ယူလာသော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်တို့ထက် မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူ၏ဟု (ဖြေကြား၏)။ တစ်ဆယ့်လေးခုမြောက်သော မဟာရထဝိမာနဝတ္ထု ပြီး၏။ ငါးဝဂ်မြောက်သော မဟာရထဝဂ် ပြီး၏။ ဤတွင် သုံးခုမြောက်သော ဘာဏဝါရ ပြီး၏။ ၆-ပါယာသိဝဂ် ၁-ပဌမအဂါရိယဝိမာနဝတ္ထု ရှေးလူဖြစ်စဥ် လင်မယားနှစ်ဦးလုံး ရဟန်းတော်တို့၏ ရေကန်သဖွယ် ဖြစ်ကြ၍ ဆွမ်း အဖျော်အဝတ်သင်္ကန်းတို့ကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာ စိတ္တလတာဥယျာဥ်ပမာ ဆန်းကြယ်စွာသော ဗိမာန်၌ ခံစားရသော နတ်သား။

၆။ ပါယာသိဝဂ္ဂေါ

၁။ ပဌမအဂါရိယဝိမာနဝတ္ထု

၁၀၄၈။ ‘‘ယထာ ဝနံ စိတ္တလတံ ပဘာသတိ [ပကာသတိ (က။)], ဥယျာနသေဋ္ဌံ တိဒသာနမုတ္တမံ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၀၄၈။ တာဝတိံသာနတ်တို့၏ ဥယျာဥ်မြတ်ဖြစ်သော စိတ္တလတာဥယျာဥ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၄၉။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၄၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ် ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်ကမေး၏)။

စာ-၉၆

၁၀၅၀။ သော ဒေဝပုတ္တော အတ္တမနော, မောဂ္ဂလ္လာနေန ပုစ္ဆိတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, ယဿ ကမ္မဿိဒံ ဖလံ။

၁၀၅၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၁၀၅၁။ ‘‘အဟဉ္စ ဘရိယာ စ မနုဿလောကေ, ဩပါနဘူတာ ဃရမာဝသိမှ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တာ, သက္ကစ္စ ဒါနံ ဝိပုလံ အဒမှ။

၁၀၅၁။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း (ရဟန်းယောကျာ်း, ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ များပြားသော (အဝတ် သင်္ကန်းအစရှိသော) အလှူဒါန ကိုလည်းကောင်းရိုသေစွာ ပေးလှူခဲ့ကြပါကုန်၏။

၁၀၅၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမအဂါရိယဝိမာနံ ပဌမံ။

၁၀၅၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင် အဆင်းဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။ ရှေးဦးစွာသော ပဌမအဂါရိယဝိမာနဝတ္ထု ပြီး၏။ ၂-ဒုတိယအဂါရိယဝိမာနဝတ္ထု ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့သောကြောင့် အာနုဘော်ကြီးစွာ နတ်ချမ်းသာကို ခံစား ရသော နတ်သား။

၂။ ဒုတိယအဂါရိယဝိမာနဝတ္ထု

၁၀၅၄။ ‘‘ယထာ ဝနံ စိတ္တလတံ ပဘာသတိ, ဥယျာနသေဋ္ဌံ တိဒသာနမုတ္တမံ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၀၅၄။ တာဝတိံသာနတ်တို့၏ ဥယျာဥ်မြတ်ဖြစ်သော စိတ္တလတာဥယျာဥ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၅၅။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၅၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ်ခဲ့ စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင် မောဂ္ဂလ္လာန်ကမေး၏)။

၁၀၅၆။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၅၆။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ။ပ။ ဤအကျိုး၏အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၅၇။ ‘‘အဟဉ္စ ဘရိယာ စ မနုဿလောကေ, ဩပါနဘူတာ ဃရမာဝသိမှ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တာ, သက္ကစ္စ ဒါနံ ဝိပုလံ အဒမှ။

၁၀၅၇။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း (ရဟန်းယောကျာ်း, ရဟန်းမိန်းမတို့၏) သုံးဆောင်ရာ ရေတွင်းသဖွယ် ဖြစ်ကြကုန်၍ အိမ်၌ နေခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်း ကောင်း,အဖျော်ကိုလည်းကောင်း၊ များပြားသော (သင်္ကန်းအစရှိသော) အလှူဒါနကိုလည်း ကောင်း ရိုသေစွာပေးလှူခဲ့ကြပါကုန်၏။

၁၀၅၈။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယအဂါရိယဝိမာနံ ဒုတိယံ။

၁၀၅၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု လျှောက်ထား၏)။ နှစ်ခုမြောက်သော ဒုတိယအဂါရိယဝိမာနဝတ္ထု ပြီး၏။ ၃-ဖလဒါယကဝိမာနဝတ္ထု အသျှင်မဟာမောဂ္ဂလ္လာန်အား သရက်သီးလေးလုံး လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ဗိမာန်၌များမြတ်သော စည်းစိမ်ချမ်းသာ နတ်သမီးအစုံအလင်ဖြင့် ခံစားရသော နတ်သား။

စာ-၉၇

၃။ ဖလဒါယကဝိမာနဝတ္ထု

၁၀၆၀။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော သောဠသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၁၀၆၀။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်ခြောက်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၆၁။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

အဋ္ဌဋ္ဌကာ သိက္ခိတာ သာဓုရူပါ, ဒိဗ္ဗာ စ ကညာ တိဒသစရာ ဥဠာရာ၊

နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ။

၁၀၆၁။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ တစ်ခုတစ်ခုသော စုလစ်မွန်းချွန်အထွတ်တပ်သော အဆောင်၌ ခြောက်ကျိပ်လေးယောက်ကုန်သော သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သော များမြတ်သော စည်းစိမ်ရှိသောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏။ သင့်ကို ဝမ်းမြောက်လည်းဝမ်းမြောက်စေကြကုန်၏။

၁၀၆၂။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန် က မေး၏)။

၁၀၆၃။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၆၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ့ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည်အား လျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၀၆၄။ ‘‘ဖလဒါယီ ဖလံ ဝိပုလံ လဘတိ, ဒဒမုဇုဂတေသု ပသန္နမာနသော၊

သော ဟိ ပမောဒတိ [မောဒတိ (သီ။ သျာ။ ပီ။)] သဂ္ဂဂတော တိဒိဝေ [တတ္ထ (က။)], အနုဘောတိ စ ပုညဖလံ ဝိပုလံ။

၁၀၆၄။ အသီးကို ပေးလှူသောသူသည် ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့၌ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ပေးလှူခြင်းကြောင့် ပြန့်ပြောသော ကုသိုလ်ကျိုးကို ရ၏၊ ထိုသူသည် နတ်ပြည်သို့ရောက်၍ တာဝတိံသာနတ်ပြည်၌ မွေ့လျော်စံပျော်ရ၏၊ ပြန့်ပြောသော ကောင်းမှု၏ အကျိုးကိုလည်းခံစားရ၏။

၁၀၆၅။ ‘‘တဝေဝါဟံ [တထေဝါဟံ (သီ။ သျာ။ ပီ။)] မဟာမုနိ, အဒါသိံ စတုရော ဖလေ။

၁၀၆၅။ မြတ်သော ရဟန်း အကျွန်ုပ်သည် အရှင်ဘုရားကို ပင် သရက်သီးလေးလုံးတို့ကို ပေးလှူခဲ့ပါ၏။

၁၀၆၆။ ‘‘တသ္မာ ဟိ ဖလံ အလမေဝ ဒါတုံ, နိစ္စံ မနုဿေန သုခတ္ထိကေန၊

ဒိဗ္ဗာနိ ဝါ ပတ္ထယတာ သုခါနိ, မနုဿသောဘဂ္ဂတမိစ္ဆတာ ဝါ။

၁၀၆၆။ ထိုကြောင့်သာလျှင် လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသူသည်လည်းကောင်း, နတ် ၌ဖြစ်သော ချမ်းသာကို တောင့်တသူသည်လည်းကောင်း, လူတို့တွင် လှပတင့်တယ်သည်၏ အဖြစ်ကို အလိုရှိသူသည်လည်းကောင်း အခါခပ်သိမ်း သစ်သီးကို ပေးလှူခြင်းငှါ သင့်သည်သာ လျှင်တည်း။

၁၀၆၇။

၁၀၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။ သုံးခုမြောက်သော ဖလဒါယကဝိမာနဝတ္ထု ပြီး၏။ ၄-ပဌမဥပဿယဒါယကဝိမာနဝတ္ထု ရှေးလူဖြစ်စဥ်က ရဟန်းတပါးအား တည်းခိုရန်ကျောင်းကို၄င်း, ဆွမ်းအဖျော်သင်္ကန်း ကို၄င်းလှူဒါန်းခဲ့သောကြောင့် မိုးကောင်းကင်၌ လမင်းအသွင်တောက်ပသော ဗိမာန်၌ အရောင်အဆင်းတင့်တယ်ခြင်းနှင့်တကွ ခံစားရသော နတ်သား။

‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…

ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဖလဒါယကဝိမာနံ တတိယံ။

စာ-၉၈

၄။ ပဌမဥပဿယဒါယကဝိမာနဝတ္ထု

၁၀၆၉။ ‘‘စန္ဒော ယထာ ဝိဂတဝလာဟကေ နဘေ, ဩဘာသယံ ဂစ္ဆတိ အန္တလိက္ခေ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၀၆၉။ နတ်သား လဗိမာန်သည် တိမ်တိုက်ကင်းစင်သော မိုးကောင်းကင်၌ ထွန်းလင်း တောက်ပလျက် သွားသကဲ့သို့ ထို့အတူ သင်၏ ဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပ လျက် တည်ဘိ၏။

၁၀၇၀။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၇၀။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၇၁။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၇၁။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၇၂။ ‘‘အဟဉ္စ ဘရိယာ စ မနုဿလောကေ, ဥပဿယံ အရဟတော အဒမှ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တာ, သက္ကစ္စ ဒါနံ ဝိပုလံ အဒမှ။

၁၀၇၂။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်လည်းကောင်း, အကျွန်ုပ်၏ မယားသည်လည်းကောင်း, အပူဇော်ခံထိုက်သော ရဟန်းတစ်ပါးအား တည်းခိုရန် ကျောင်းကို ပေးလှူခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း များပြားစွာသော (အဝတ်သင်္ကန်းစသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာလှူခဲ့ကြပါကုန်၏။

၁၀၇၃။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမဥပဿယဒါယကဝိမာနံ စတုတ္ထံ။

၁၀၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု ဖြေကြား (လျှောက်ထား၏)။ လေးခုမြောက်သော ပဌမဥပဿယဒါယကဝိမာနဝတ္ထု ပြီး၏။ ၅-ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့၍ နတ်ချမ်းသားကို ခံစားရသော နတ်သား။

၅။ ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု

၁၀၇၅။ သူရိယော ယထာ ဝိဂတဝလာဟကေ နဘေ…ပေ…။

(ယထာ ပုရိမဝိမာနံ တထာ ဝိတ္ထာရေတဗ္ဗံ)။

၁၀၇၅။ နတ်သား နေဗိမာန်သည် တိမ်တိုက်ကင်းသော မိုးကောင်းကင်၌။ပ။ (ရှေးဝိမာန ဝတ္ထုကဲ့သို့အကျယ်ချဲ့ရမည်)။

၁၀၇၉။ ‘‘ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယဥပဿယဒါယကဝိမာနံ ပဉ္စမံ။

၁၀၇၉။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။ ငါးခုမြောက်သော ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု ပြီး၏။ ၆-ဘိက္ခာဒါယကဝိမာနဝတ္ထု လူ့ဘဝက မွတ်သိပ်ဆာလောင်သော ရဟန်းတပါးအား တစ်ထပ်စာဆွမ်းကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင် ဗိမာန်ပြာသာဒ် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား။

စာ-၉၉

၆။ ဘိက္ခာဒါယကဝိမာနဝတ္ထု

၁၀၈၁။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၁၀၈၁။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။

၁၀၈၂။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၈၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၃။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၈၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန်မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၀၈၄။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဒိသွာန ဘိက္ခုံ တသိတံ ကိလန္တံ၊

ဧကာဟံ ဘိက္ခံ ပဋိပါဒယိဿံ, သမင်္ဂိ ဘတ္တေန တဒါ အကာသိံ။

၁၀၈၄။ အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဥ်က မွတ်သိပ်ဆာလောင်၍ ပင်ပန်းသော ရဟန်းကို မြင်ခဲ့ရသောကြောင့် တစ်ထပ်စာသာဖြစ်သော ဆွမ်းကို (ထိုရဟန်းအား) ပေးလှူ ခဲ့ဖူးပါ၏၊ ထိုအခါကဆွမ်းနှင့် ပြည့်စုံခြင်းကို ပြုခဲ့ဖူးပါ၏။

၁၀၈၅။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဘိက္ခာဒါယကဝိမာနံ ဆဋ္ဌံ။

၁၀၈၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။ ခြောက်ခုမြောက်သော ဘိက္ခာဒါယကဝိမာနဝတ္ထု ပြီး၏။ ၇-ယဝပါလကဝိမာနဝတ္ထု လူ့ဘဝတွင် မုယောခင်းစောင့်ဖြစ်စဥ် ရဟန်းမြတ်အား မုယောမုန့်ကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင်ဗိမာန်၌ ထွန်းလင်းတောက်ပစွာ ခံစားရသော နတ်သား။

၇။ ယဝပါလကဝိမာနဝတ္ထု

၁၀၈၇။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၈၇။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏။ပ။ အဘယ် ကုသိုလ်ထူးကြောင့်သင်နတ်သား၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၉။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၈၉။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား လျှောက်ထား၏။

၁၀၉၀။ ‘‘အဟံ မနုဿေသု မနုဿဘူတော, အဟောသိံ ယဝပါလကော၊

အဒ္ဒသံ ဝိရဇံ ဘိက္ခုံ, ဝိပ္ပသန္နမနာဝိလံ။

၁၀၉၀။ အရှင်ဘုရား အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက မုယောခင်း စောင့်သူဖြစ်ခဲ့ပါ၏၊ (ထိုအခါက) အကျွန်ုပ်သည် ကိလေသာမြူမှ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ်ရှိသော ရဟန်းကို ဖူးမြင်ခဲ့ရပါ၏။

၁၀၉၁။ ‘‘တဿ အဒါသဟံ ဘာဂံ, ပသန္နော သေဟိ ပါဏိဘိ၊

ကုမ္မာသပိဏ္ဍံ ဒတွာန, မောဒါမိ နန္ဒနေ ဝနေ။

၁၀၉၁။ အရှင်ဘုရား အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အကျွန်ုပ်၏ အဖို့ ဖြစ်သော မုယောမုန့်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးပါ၏၊ အကျွန်ုပ်သည် မုယောမုန့် ဆွမ်းကို ပေးလှူခြင်းကြောင့် နန္ဒဝန်ဥယျာဥ်၌ မွေ့လျော်ရပါ၏။

စာ-၁၀၀

၁၀၉၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ယဝပါလကဝိမာနံ သတ္တမံ။

၁၀၉၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား၏)။ ခုနစ်ခုမြောက်သော ယဝပါလကဝိမာနဝတ္ထု ပြီး၏။ ၈-ပဌမကုဏ္ဍလီဝိမာနဝတ္ထု သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းတို့ကို ဖူးမြင်ရ၍ ဆွမ်း အဖျော် အဝတ် သင်္ကန်းစသော အလှူများကို ပေးလှူခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ နားတောင်းပန်ဆင်ကာအာနုဘော်ကြီးစွာ ခံစားရသော နတ်သား။

၈။ ပဌမကုဏ္ဍလီဝိမာနဝတ္ထု

၁၀၉၄။ ‘‘အလင်္ကတော မလျဓရော သုဝတ္ထော, သုကုဏ္ဍလီ ကပ္ပိတကေသမဿု၊

အာမုတ္တဟတ္ထာဘရဏော ယသဿီ, ဒိဗ္ဗေ ဝိမာနမှိ ယထာပိ စန္ဒိမာ။

၁၀၉၄။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော, အမျိုးမျိုးသော ပန်း တို့ကို ပန်ဆင်လျက် ကောင်းစွာ ဝတ်ရုံထားသော, ကောင်းသော နားတောင်းလည်းရှိသော, ဆံမုတ်ဆိတ်ပြုပြင်ထားသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၀၉၅။ ‘‘ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ, အဋ္ဌဋ္ဌကာ သိက္ခိတာ သာဓုရူပါ၊

ဒိဗ္ဗာ စ ကညာ တိဒသစရာ ဥဠာရာ, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ။

၁၀၉၅။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီလည်းသီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက်စေကြကုန်၏။

၁၀၉၆။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၀၉၆။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင် နတ်သားသည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန် က မေး၏)။

၁၀၉၇။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၀၉၇။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်း သာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အား လျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၉၈။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဒိသွာန သမဏေ သီလဝန္တေ၊

သမ္ပန္နဝိဇ္ဇာစရဏေ ယသဿီ, ဗဟုဿုတေ တဏှက္ခယူပပန္နေ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၁၀၉၈။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဥ်က သီလရှိကုန်သော၊ အသိ ဉာဏ် ‘ဝိဇ္ဇာ’,အကျင့် ‘စရဏ’နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်းရှိကုန်သော၊ များသော အကြားအမြင်ရှိကုန်သော၊ တဏှာ၏ကုန်ရာ (အရဟတ္တဖိုလ်)သို့ ရောက်ကုန်သော ရဟန်းတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်းများပြားသော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၀၉၉။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ပဌမကုဏ္ဍလီဝိမာနံ အဋ္ဌမံ။

၁၀၉၉။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။ ရှစ်ခုမြောက်သော ပဌမကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။ ၉-ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု အဂ္ဂသာဝကနှစ်ပါးကို ဖူးမြင်ရ၍ သဒ္ဓါတရားဖြင့် ဆွမ်း အဖျော် အဝတ်သင်္ကန်း စသည် တို့ကိုလှူဒါန်းခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ ကောင်းမြတ်သော နားတောင်းပန်ဆင်ကာချမ်းသာခံစားရသော နတ်သား

စာ-၁၀၁

၉။ ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု

၁၁၀၁။ ‘‘အလင်္ကတော မလျဓရော သုဝတ္ထော, သုကုဏ္ဍလီ ကပ္ပိတကေသမဿု၊

အာမုတ္တဟတ္ထာဘရဏော ယသဿီ, ဒိဗ္ဗေ ဝိမာနမှိ ယထာပိ စန္ဒိမာ။

၁၁၀၁။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော အမျိုးမျိုးသော ပန်း တို့ကို ပန်ဆင်လျက် ကောင်းစွာ ဝတ်ရုံထားသော ကောင်းသော နားတောင်းလည်းရှိသော ဆံမုတ်ဆိတ်ပြုပြင်ထားသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည်ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လဝန်းကဲ့သို့ တင့်တယ်ဘိ၏။

၁၁၀၂။ ‘‘ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ, အဋ္ဌဋ္ဌကာ သိက္ခိတာ သာဓုရူပါ၊

ဒိဗ္ဗာ စ ကညာ တိဒသစရာ ဥဠာရာ, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ။

၁၁၀၂။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက်စေကြ ကုန်၏။

၁၁၀၃။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၀၃။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၀၄။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၀၄။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးအပ်သည်အားလျှော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၀၅။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဒိသွာန သမဏေ သာဓုရူပေ [သီလဝန္တေ (က။)]၊

သမ္ပန္နဝိဇ္ဇာစရဏေ ယသဿီ, ဗဟုဿုတေ သီလဝန္တေ ပသန္နေ [သီလဝတူပပန္နေ (က။ သီ။ က။)]၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၁၁၀၅။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဥ်က ကောင်းသော သဘောရှိကုန်သော၊ အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’ နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်းရှိ ကုန်သော၊ များသော အကြားအမြင်ရှိကုန်သော၊ သီလရှိကုန်သော၊ ကြည်လင်သော စိတ်ရှိ ကုန်သော (အဂ္ဂသာဝက) ရဟန်းနှစ်ပါးတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိ သည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များပြားသော (အဝတ်သင်္ကန်း အစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၀၆။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

ဒုတိယကုဏ္ဍလီဝိမာနံ နဝမံ။

၁၁၀၆။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (လျှောက်ထား၏)။ ကိုးခုမြောက်သော ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု ပြီး၏။ ၁၀-ပါယာသိဝိမာနဝတ္ထု ပါယာသိမင်း၏ ဥတ္တရလုလင်ဖြစ်စဥ်အခါ သူတော်ကောင်းရဟန်းတို့ကို မြတ်နိုးစိတ်ဖြင့် ဆွမ်း အဖျော်အဝတ်သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့သောကြောင့် သုဓမ္မာနတ်သဘင်နှင့် တူသော ဗိမာန်၌ အာနုဘော်ကြီးစွာခံစားရသော နတ်သား

စာ-၁၀၂

၁၀။ (ဥတ္တရ) ပါယာသိဝိမာနဝတ္ထု

၁၁၀၈။ ‘‘ယာ ဒေဝရာဇဿ သဘာ သုဓမ္မာ, ယတ္ထစ္ဆတိ ဒေဝသံဃော သမဂ္ဂေါ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၁၀၈။ (နတ်သား) သိကြားမင်း၏ အကြင် သုဓမ္မာမည်သော နတ်သဘင်သည် ရှိ၏၊ ယင်းသုဓမ္မာနတ်သဘင်၌ နတ်အပေါင်းသည် အညီအညွတ် နေ၏၊ ထိုနတ်သဘင်နှင့်တူစွာ သင်၏ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၁၀၉။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၀၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်ကုမာရကဿပက မေး၏)။

၁၁၁၀။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၁၀။ ထိုနတ်သားသည် (အသျှင်ကုမာရကဿပ မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၁၁။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ရညော ပါယာသိဿ အဟောသိံ မာဏဝေါ၊

လဒ္ဓါ ဓနံ သံဝိဘာဂံ အကာသိံ, ပိယာ စ မေ သီလဝန္တော အဟေသုံ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၁၁၁၁။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝလူဖြစ်ခဲ့စဥ်က ပါယာသိရာဇညမင်း၏ (အမှု ကြီးငယ်ကို ပြုလုပ်တတ်သော) (ဥတ္တရ) လုလင် ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် ရအပ်သော ဥစ္စာကို ခွဲဝေပေးကမ်းခြင်းကို ပြုခဲ့ပါ၏၊ သီလရှိကုန်သော ရဟန်းသူတော်ကောင်းတို့ကို ချစ် မြတ်နိုးခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်း ကောင်း များပြားသော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေး လှူခဲ့ပါ၏။

၁၁၁၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ။ …ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

(ဥတ္တရ) ပါယာသိဝိမာနံ [ဥတ္တရဝိမာနံ (သီ။ သျာ။ အဋ္ဌ။)] ဒသမံ။

ပါယာသိဝဂ္ဂေါ ဆဋ္ဌော နိဋ္ဌိတော။

တဿုဒ္ဒါနံ –

ဒွေ အဂါရိနော ဖလဒါယီ, ဒွေ ဥပဿယဒါယီ ဘိက္ခာယ ဒါယီ၊

ယဝပါလကော စေဝ ဒွေ, ကုဏ္ဍလိနော ပါယာသီတိ [ပါဌဘေဒေါ နတ္ထိ]၊

ပုရိသာနံ ဒုတိယော ဝဂ္ဂေါ ပဝုစ္စတီတိ။

၁၁၁၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား လျှောက်ထား၏)။ ဆယ်ခုမြောက်သော ပါယာသိဝိမာနဝတ္ထု ပြီး၏။ ခြောက်ခုမြောက်သော ပါယာသိဝဂ် ပြီး၏။ ၇-သုနိက္ခိတ္တဝဂ် ၁-စိတ္တလတာဝိမာနဝတ္ထု အားကိုးရာမရှိ အထီးကျန် လူဆင်းရဲဖြစ်စဥ် အိုမင်းသော မိဖတို့ကို လုပ်ကျွေးခဲ့ခြင်း သီလရှိသူတို့ကို မြတ်နိုးခြင်း ဆွမ်း အဖျော် သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့ခြင်းကြောင့် တာဝတိံသာရှိစိတ္တလတာဥယျာဥ်အလား ခမ်းနားသော ဗိမာန်၌ ပျော်စံရသော နတ်သား

စာ-၁၀၃

၇။ သုနိက္ခိတ္တဝဂ္ဂေါ

၁။ စိတ္တလတာဝိမာနဝတ္ထု

၁၁၁၄။ ‘‘ယထာ ဝနံ စိတ္တလတံ ပဘာသတိ, ဥယျာနသေဋ္ဌံ တိဒသာနမုတ္တမံ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၁၁၄။ (နတ်သား) တာဝတိံသာနတ်တို့၏ ဥယျာဥ်မြတ်ဖြစ်သော စိတ္တလတာဥယျာဥ်သည်မြတ်သည်ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ထွန်းလင်းတောက်ပလျက် တည်ဘိ၏။

၁၁၁၅။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၁၅။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင်နတ်သား သည်လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင် သည်ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၁၆။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၁၆။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ဝမ်းမြောက် ဝမ်း သာဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား၏။

၁၁၁၇။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဒလိဒ္ဒေါ အတာဏော ကပဏော ကမ္မကရော အဟောသိံ၊

ဇိဏ္ဏေ စ မာတာပိတရော အဘာရိံ [အဘရိံ (သီ။ သျာ။)], ပိယာ စ မေ သီလဝန္တော အဟေသုံ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိ။

၁၁၁၇။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ်လူဖြစ်ခဲ့စဥ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမှုလုပ်ယောကျာ်း ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်း ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များမြတ်သော (အဝတ်သင်္ကန်းအစရှိသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၁၈။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

စိတ္တလတာဝိမာနံ ပဌမံ။

၁၁၁၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြား လျှောက်ထား၏)။ ရှေးဦးစွာသော စိတ္တလတာဝိမာနဝတ္ထု ပြီး၏။ ၂-နန္ဒနဝိမာနဝတ္ထု ရှေးနတ်သားနှင့်အတူ လူဆင်းရဲဖြစ်စဥ် မိဖအိုတို့ကို လုပ်ကျွေးခြင်း စသည်တို့ကြောင့်နန္ဒဝန်ဥယျာဥ်ကဲ့သို့ တင့်တယ်သော ပတ္တမြားတိုင် ဗိမာန်ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာပျော်စံရသော နတ်သား

၂။ နန္ဒနဝိမာနဝတ္ထု

၁၁၂၀။ ‘‘ယထာ ဝနံ နန္ဒနံ [နန္ဒနံ စိတ္တလတံ (သီ။ သျာ။ က။), နန္ဒဝနံ (က။)] ပဘာသတိ, ဥယျာနသေဋ္ဌံ တိဒသာနမုတ္တမံ၊

တထူပမံ တုယှမိဒံ ဝိမာနံ, ဩဘာသယံ တိဋ္ဌတိ အန္တလိက္ခေ။

၁၁၂၀။ (နတ်သား) တာဝတိံသာနတ်တို့၏ ဥယျာဥ်မြတ်ဖြစ်သော နန္ဒဝန်ဥယျာဥ်သည် မြတ်သည် ဖြစ်၍ ထွန်းလင်းတောက်ပသကဲ့သို့ ထို့အတူ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

စာ-၁၀၄

၁၁၂၁။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၂၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင် နတ်သား သည်လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည်ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၂၂။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၂၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

၁၁၂၃။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဒလိဒ္ဒေါ အတာဏော ကပဏော ကမ္မကရော အဟောသိံ၊

ဇိဏ္ဏေ စ မာတာပိတရော အဘာရိံ, ပိယာ စ မေ သီလဝန္တော အဟေသုံ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၁၁၂၃။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဥ်အခါက ဆင်းရဲ၍ မှီခိုရာမရှိသော အထီးကျန် အမှုလုပ် (ယောကျာ်း) ဖြစ်ခဲ့ပါ၏၊ အိုမင်းကြီးရင့်ကုန်သော မိဘတို့ကိုလည်း လုပ်ကျွေးမွေးမြူခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကိုလည်းချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း,အဖျော်ကိုလည်းကောင်း, များမြတ်သော (သင်္ကန်းအစရှိသော) အလှူ ဒါနကိုလည်းကောင်း ရိုသေစွာပေးလှူခဲ့ဖူးပါ၏။

၁၁၂၄။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

နန္ဒနဝိမာနံ ဒုတိယံ။

၁၁၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ နှစ်ခုမြောက်သော နန္ဒနဝိမာနဝတ္ထု ပြီး၏။ ၃-မဏိထူဏဝိမာနဝတ္ထု လူူ့ဘဝက တောခရီး၌ တံတားဆောက်ခြင်း အရံသစ်ပင်စိုက်ပျိုးခဲဲ့ခြင်း သီလရှိသူူတို့ကို မြတ်နိုးခြင်းပေးကမ်းလှူဒါန်းခြင်းတို့ကြောင့် ပြာသာဒ်ဆောင် ခုနှစ်ရာတို့၌ နတ် တူူရိယာ စုံလင်စွာဖြင့် ပျော်စံရသော နတ်သား

၃။ မဏိထူဏဝိမာနဝတ္ထု

၁၁၂၆။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၁၁၂၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ် တပ်သော ပြာသာဒ်ဆောင်ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ် ကုန်၏။

၁၁၂၇။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၁၁၂၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ် သမီးတို့သည် လည်းကကြကုန်၏။

၁၁၂၈။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ…ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၂၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်းဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင် နတ်သား၏ အရောင်အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၃၀။ သော ဒေဝပုတ္တော အတ္တမနော…ပေ…ယဿ ကမ္မဿိဒံ ဖလံ။

၁၁၃၀။ ထိုနတ်သားသည် (အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို (မေးမြန်းသည်အားလျော် စွာ) ဖြေကြား၏။

စာ-၁၀၅

၁၁၃၁။ ‘‘အဟံ မနုဿေသု မနုဿဘူတော, ဝိဝနေ ပထေ သင်္ကမနံ [စင်္ကမနံ (သီ။), စင်္ကမံ (သျာ။), သမကံ (က။ သီ။)] အကာသိံ၊

အာရာမရုက္ခာနိ စ ရောပယိဿံ, ပိယာ စ မေ သီလဝန္တော အဟေသုံ၊

အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော, သက္ကစ္စ ဒါနံ ဝိပုလံ အဒါသိံ။

၁၁၃၁။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ်လူဖြစ်ခဲ့စဥ်အခါက တောခရီးလမ်း၌ တံတားကို ဆောက်လုပ်ခဲ့ပါ၏၊ အရံသစ်ပင်တို့ကိုလည်းစိုက်ပျိုးခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ် သည်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, များမြတ်သော (အဝတ်သင်္ကန်းစသော) အလှူဒါနကိုလည်းကောင်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၃၂။ ‘‘တေန မေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ မေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

မဏိထူဏဝိမာနံ တတိယံ။

၁၁၃၂။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ် အားထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။ သုံးခုမြောက်သော မဏိထူဏဝိမာနဝတ္ထု ပြီး၏။ ၄-သုဝဏ္ဏဝိမာနဝတ္ထု အန္ဓကဝိန္ဒမြို့၌ လူူဖြစ်စဥ် မြတ်စွာဘုရားအလို့ငှာ ကျောင်းတော်ကို ကိုယ်တိုင် ဆောက် လုပ်စေခဲဲ့၍ ပန်းနံ့သာ နံ့သာပျောင်းတို့ကို လှူဒါန်းခဲဲ့ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ရွှေတောင်ထိပ်ဝယ်ဆန်းကြယ်သော ဗိမ္မာန်တွင် နေလုလင်ကဲဲ့သို့ တင့်တယ်စွာ ဖြစ်ရသော နတ်သား

၄။ သုဝဏ္ဏဝိမာနဝတ္ထု

၁၁၃၄။ ‘‘သောဝဏ္ဏမယေ ပဗ္ဗတသ္မိံ, ဝိမာနံ သဗ္ဗတောပဘံ၊

ဟေမဇာလပဋိစ္ဆန္နံ [ဟေမဇာလကပစ္ဆန္နံ (သီ။)], ကိင်္ကိဏိ [ကိင်္ကဏိက (သျာ။ က။), ကိင်္ကိဏိက (ပီ။)] ဇာလကပ္ပိတံ။

၁၁၃၄။ (နတ်သား) ရွှေတောင်ထိပ်၌ (သင်၏) ဗိမာန်သည် ထက်ဝန်းကျင်မှ တောက်သော အရောင်ရှိ၏၊ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထား၏၊ ရွှေခြူကွန်ရက်ဖြင့် တပ်ဆင်ပြုပြင်ထား၏။

၁၁၃၅။ ‘‘အဋ္ဌံသာ သုကတာ ထမ္ဘာ, သဗ္ဗေ ဝေဠုရိယာမယာ၊

ဧကမေကာယ အံသိယာ, ရတနာ သတ္တ နိမ္မိတာ။

၁၁၃၅။ (ထိုဗိမာန်၌) ကောင်းစွာပြုလုပ်အပ်ကုန်သော ရှစ်မြှောင့်ရှိကုန်သော တိုင်အားလုံး တို့သည် ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏၊ (ထိုတိုင် ရှစ်မြှောင့်တို့တွင်) တစ်မြှောင့် တစ်မြှောင့်၌ ရတနာခုနစ်ပါးတို့ဖြင့်မွမ်းမံခြယ်လှယ်ထားကုန်၏။

၁၁၃၆။ ‘‘ဝေဠုရိယသုဝဏ္ဏဿ, ဖလိကာ ရူပိယဿ စ၊

မသာရဂလ္လမုတ္တာဟိ, လောဟိတင်္ဂမဏီဟိ စ။

၁၁၃၆။ ကြောင်မျက်ရွဲဖြင့်လည်းကောင်း, ရွှေစင်ဖြင့်လည်းကောင်း, ဖလ်ဖြင့်လည်းကောင်း,ငွေစင်ဖြင့်လည်းကောင်း,ပတ္တမြားပြောက်ဖြင့်လည်းကောင်း, ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားနီတို့ဖြင့်လည်းကောင်း မွမ်းမံခြယ်လှယ်ထားကုန်၏။

၁၁၃၇။ ‘‘စိတြာ မနောရမာ ဘူမိ, န တတ္ထုဒ္ဓံသတီ ရဇော၊

ဂေါပါဏသီဂဏာ ပီတာ, ကူဋံ ဓာရေန္တိ နိမ္မိတာ။

၁၁၃၇။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ (ထိုဗိမာန်၌ ပတ္တမြားမြေ ဖြစ်၍) မြူမှုန်မတက်၊ (ကုသိုလ်ကံ) ဖန်ဆင်းသည့် ရွှေသော အဆင်းရှိကုန်သော အခြင်ရနယ်အပေါင်းတို့သည် (ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော) အထွတ်ကို ဆောင်ကုန်၏။

၁၁၃၈။ ‘‘သောပါဏာနိ စ စတ္တာရိ, နိမ္မိတာ စတုရော ဒိသာ၊

နာနာရတနဂဗ္ဘေဟိ, အာဒိစ္စောဝ ဝိရောစတိ။

၁၁၃၈။ ထိုဗိမာန်၏ အရပ်လေးမျက်နှာတို့၌ စောင်းတန်းလှေကား လေးသွယ်တို့ကိုလည်း ဖန်ဆင်းအပ်ကုန်၏၊ (ထိုဗိမာန်သည်) အထူးထူးသော ရတနာတို့ဖြင့် ပြီးသော တိုက်ခန်း တို့ဖြင့်နေလုလင်ကဲ့သို့ တင့်တယ်၏။

၁၁၃၉။ ‘‘ဝေဒိယာ စတဿော တတ္ထ, ဝိဘတ္တာ ဘာဂသော မိတာ၊

ဒဒ္ဒလ္လမာနာ အာဘန္တိ, သမန္တာ စတုရော ဒိသာ။

၁၁၃၉။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပွတ်တိုင်စိုက် လက်ရန်းလေးဖက်တို့သည် ထက်ဝန်းကျင်မှအရပ်လေးမျက်နှာတို့ကို အလွန်တောက်ပစေကုန်လျက် ထွန်းလင်းကုန်၏။

၁၁၄၀။ ‘‘တသ္မိံ ဝိမာနေ ပဝရေ, ဒေဝပုတ္တော မဟပ္ပဘော၊

အတိရောစသိ ဝဏ္ဏေန, ဥဒယန္တောဝ ဘာဏုမာ။

၁၁၄၀။ (နတ်သား) ထိုဗိမာန်မြတ်၌ များမြတ်သော အရောင်ရှိသော (သင်) နတ်သား သည် တက်သစ်စနေလုလင်ကဲ့သို့ အရောင်အဆင်းအားဖြင့် အလွန်တင့်တယ်ဘိ၏။

စာ-၁၀၆

၁၁၄၁။ ‘‘ဒါနဿ တေ ဣဒံ ဖလံ, အထော သီလဿ ဝါ ပန၊

အထော အဉ္ဇလိကမ္မဿ, တံ မေ အက္ခာဟိ ပုစ္ဆိတော’’။

၁၁၄၁။ ဤအကျိုးသည် သင် နတ်သား၏ ဒါနကုသိုလ် အကျိုးလော၊သို့မဟုတ် သီလ ကုသိုလ်၏အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီ ခြင်း ကုသိုလ်၏ အကျိုးလော၊ သင့်ကို ငါ မေးပါ၏၊ ထိုအကြောင်းကို ဖြေကြားပါလော့ဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၄၂။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၄၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

၁၁၄၃။ ‘‘အဟံ အန္ဓကဝိန္ဒသ္မိံ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊

ဝိဟာရံ သတ္ထု ကာရေသိံ, ပသန္နော သေဟိ ပါဏိဘိ။

၁၁၄၃။ (အရှင်ဘုရား) အကျွန်ုပ်သည် အန္ဓကဝိန္ဒမြို့၌ (လူဖြစ်စဥ်) ကြည်ညိုခြင်း ရှိသည် ဖြစ်၍ ခပ်သိမ်းသော တရားတို့ကို သိတော်မူတတ်သော, နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (အလို့ငှါ) ကျောင်းတော်ကို မိမိလက်ဖြင့် (ထိုထိုကိစ္စကို ပြုလျက်) ဆောက် လုပ်စေခဲ့ပါ၏။

၁၁၄၄။ ‘‘တတ္ထ ဂန္ဓဉ္စ မာလဉ္စ, ပစ္စယဉ္စ [ပစ္စဂ္ဂဉ္စ (သီ။), ပစ္စဂ္ဃဉ္စ (?)] ဝိလေပနံ၊

ဝိဟာရံ သတ္ထု အဒါသိံ, ဝိပ္ပသန္နေန စေတသာ၊

တေန မယှံ ဣဒံ လဒ္ဓံ, ဝသံ ဝတ္တေမိ နန္ဒနေ။

၁၁၄၄။ ထိုအန္ဓကဝိန္ဒမြို့၌ (အကျွန်ုပ်သည် ) အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့်နံ့သာကိုလည်းကောင်း, ပန်းကိုလည်းကောင်း, အသစ်စက်စက်ဖြစ်သော နံ့သာပျောင်းကိုလည်းကောင်း,ကျောင်းကိုလည်းကောင်း မြတ်စွာဘုရားအား ပေးလှူခဲ့ပါ၏၊ (အရှင်ဘုရား) ထိုကုသိုလ်ကြောင့်အကျွန်ုပ်သည် ဤကောင်းကျိုးကို ရအပ်ပါ၏၊ (အကျွန်ုပ်သည် ) နှစ်သက် ဖွယ်ရာဤတာဝတိံသာနတ်ပြည်၌ အလိုသို့ လိုက်စေနိုင်ပါ၏။

၁၁၄၅။ ‘‘နန္ဒနေ စ ဝနေ [နန္ဒနေ ပဝနေ (သီ။ သျာ။)] ရမ္မေ, နာနာဒိဇဂဏာယုတေ၊

ရမာမိ နစ္စဂီတေဟိ, အစ္ဆရာဟိ ပုရက္ခတော’’တိ။

သုဝဏ္ဏဝိမာနံ စတုတ္ထံ။

၁၁၄၅။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဥ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒဝန် ဥယျာဥ်၌လည်းကကြကုန် သီဆိုကြကုန်သော နတ်သမီးတို့ ခြံရံလျက် မွေ့လျော်ရပါ၏ဟု (လျှောက်ထား၏)။ လေးခုမြောက်သော သုဝဏ္ဏဝိမာနဝတ္ထု ပြီး၏။ ၅-အမ္ဗဝိမာနဝတ္ထု ရှေးဘဝ သရက်ဥယျာဥ်၌ ဥယျာဥ်စောင့်ဖြစ်စဥ် အသျှင်သာရိပုတြာ ကြွလာခိုက် ပူအိုက်ခြင်းမှသက်သာစေရန် သရက်ပင်ရင်း၌ အသျှင်မြတ်အား ချိုးရေ လှူဒါန်းခဲဲ့၏။ ချိုး ရေလှူခြင်းဖြင့်သရက်ပင်ကို ရေလောင်းခြင်း အသျှင်မြတ် ရေချိုးခြင်း နှစ်ကိစ္စပြီးစီးရ၏။ ထိုကံကြောင့် ပတ္တမြားတိုင်ဗိမ္မာန်ပြသာဒ်တို့၌ နတ်တူူရိယာ နတ်ကချေသည်တို့ဖြင့် ခံစား ရသော နတ်သား

၅။ အမ္ဗဝိမာနဝတ္ထု

၁၁၄၆။ ‘‘ဥစ္စမိဒံ မဏိထူဏံ ဝိမာနံ, သမန္တတော ဒွါဒသ ယောဇနာနိ၊

ကူဋာဂါရာ သတ္တသတာ ဥဠာရာ, ဝေဠုရိယထမ္ဘာ ရုစကတ္ထတာ သုဘာ။

၁၁၄၆။ (နတ်သား) ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင်တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနစ်ရာတို့သည် ရွှေပျဥ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့် တယ်၏။

၁၁၄၇။ ‘‘တတ္ထစ္ဆသိ ပိဝသိ ခါဒသိ စ, ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ၊

ဒိဗ္ဗာ ရသာ ကာမဂုဏေတ္ထ ပဉ္စ, နာရိယော စ နစ္စန္တိ သုဝဏ္ဏဆန္နာ။

၁၁၄၇။ (သင် နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်းသောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည် လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ် သမီးတို့သည် လည်းကကြကုန်၏။

၁၁၄၈။ ‘‘ကေန တေတာဒိသော ဝဏ္ဏော…ပေ… ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၄၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ် မျက်နှာအားလုံးတို့၌ထွန်းလင်းတောက်ပပါသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၅၀။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၅၀။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြား၏။

စာ-၁၀၇

၁၁၅၁။ ‘‘ဂိမှာနံ ပစ္ဆိမေ မာသေ, ပတပန္တေ [ပတာပန္တေ (သျာ။), ပတာပေန္တေ (က။)] ဒိဝင်္ကရေ၊

ပရေသံ ဘတကော ပေါသော, အမ္ဗာရာမမသိဉ္စတိ။

၁၁၅၁။ အရှင်ဘုရား နွေလတို့၏ နောက်ဆုံးဖြစ်သောဝါဆိုလ၌ နေမင်း အလွန်ပူပြင်းသောအခါဝယ်သူတစ်ပါး အခစား ယောကျာ်းသည် သရက်ဥယျာဥ်ကို ရေသွန်းလောင်း၍ နေပါ၏။

၁၁၅၂။ ‘‘အထ တေနာဂမာ ဘိက္ခု, သာရိပုတ္တောတိ ဝိဿုတော၊

ကိလန္တရူပေါ ကာယေန, အကိလန္တောဝ စေတသာ။

၁၁၅၂။ ထိုအခါ သာရိပုတြာဟူ၍ ထင်ရှားကျော်စောသော ရဟန်းသည် စိတ်မပင်ပန်းသော်လည်းကိုယ်ပင်ပန်းသော သဘောရှိသည်ဖြစ်၍ ထိုသရက်ဥယျာဥ်အနီး ခရီးလမ်းဖြင့် ကြွသွား တော်မူပါ၏။

၁၁၅၃။ ‘‘တဉ္စ ဒိသွာန အာယန္တံ, အဝေါစံ အမ္ဗသိဉ္စကော၊

သာဓု တံ [သာဓုကံ (က။)] ဘန္တေ နှာပေယျံ, ယံ မမဿ သုခါဝဟံ။

၁၁၅၃။ သရက်ဥယျာဥ်ကို ရေသွန်းနေသော (အကျွန်ုပ်) သည် ကြွလာတော်မူသော ထိုအသျှင်သာရိပုတြာကို မြင်၍ အရှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် အရှင်ဘုရားအား ချိုးရေလှူဒါန်းလိုပါ၏၊ ယင်းသို့ အရှင်ဘုရားအား ချိုးရေ လှူဒါန်းရခြင်းသည် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်ရာပါ၏ဟု လျှောက်ခဲ့ပါ၏။

၁၁၅၄။ ‘‘တဿ မေ အနုကမ္ပာယ, နိက္ခိပိ ပတ္တစီဝရံ၊

နိသီဒိ ရုက္ခမူလသ္မိံ, ဆာယာယ ဧကစီဝရော။

၁၁၅၄။ ထိုအသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ သပိတ်သင်္ကန်းကို ချထားတော်မူပြီးလျှင် ခါးဝတ်သင်္ကန်း တစ်ထည်တည်းဖြင့်သာ သရက်ပင်ရင်းဖြစ်သော အရိပ်၌ထိုင်နေတော်မူ၏။

၁၁၅၅။ ‘‘တဉ္စ အစ္ဆေန ဝါရိနာ, ပသန္နမာနသော နရော၊

နှာပယီ ရုက္ခမူလသ္မိံ, ဆာယာယ ဧကစီဝရံ။

၁၁၅၅။ ကြည်ညိုစိတ်ရှိသော (သရက်ဥယျာဥ်စောင့်) ယောကျာ်းသည် သရက်ပင်၏ အနီး ဖြစ်သော အရိပ်၌ ခါးဝတ်သင်္ကန်း တစ်ထည်တည်းဖြင့်သာ ထိုင်နေသော ထိုအသျှင် သာရိပုတြာကို ကြည်လင်စွာသော ရေဖြင့် ရေချိုးစေ၏။

၁၁၅၆။ ‘‘အမ္ဗော စ သိတ္တော သမဏော စ နှာပိတော, မယာ စ ပုညံ ပသုတံ အနပ္ပကံ၊

ဣတိ သော ပီတိယာ ကာယံ, သဗ္ဗံ ဖရတိ အတ္တနော။

၁၁၅၆။ ထိုသရက်ဥယျာဥ်စောင့် ယောကျာ်းသည် သရက်ပင်ကိုလည်း ရေဖြင့် သွန်း လောင်းအပ်ပြီ၊ ရဟန်းကိုလည်း ရေချိုးစေအပ်ပြီ၊ ငါသည်လည်း များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊ ဤသို့နှလုံးပြု၍ မိမိ၏ တစ်ကိုယ်လုံးကို နှစ်သိမ့်မှု‘ပီတိ’ဖြင့် နှံ့စေခဲ့ပါ၏။

၁၁၅၇။ ‘‘တဒေဝ ဧတ္တကံ ကမ္မံ, အကာသိံ တာယ ဇာတိယာ၊

ပဟာယ မာနုသံ ဒေဟံ, ဥပပန္နောမှိ နန္ဒနံ။

၁၁၅၇။ (အကျွန်ုပ်သည် ) ထိုသရက်ဥယျာဥ်စောင့် ဘဝ၌ ဤမျှအတိုင်းအရှည်ရှိသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ (အကျွန်ုပ်သည် ) ထိုကုသိုလ်ကံကြောင့် လူ့ခန္ဓာကိုယ်ကို စွန့်ပစ်ရသည်ရှိသော် နှစ်သက်ဖွယ် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၁၁၅၈။ ‘‘နန္ဒနေ စ ဝနေ ရမ္မေ, နာနာဒိဇဂဏာယုတေ၊

ရမာမိ နစ္စဂီတေဟိ, အစ္ဆရာဟိ ပုရက္ခတော’’တိ။

အမ္ဗဝိမာနံ ပဉ္စမံ။

၁၁၅၈။ အထူးထူးသော ငှက်မျိုးအပေါင်းနှင့် ယှဥ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော နန္ဒဝန် ဥယျာဥ်၌လည်းကကြကုန်, သီဆိုကြကုန်သော နတ်သမီးတို့ ခြံရံလျက် မွေ့လျော်ရပါ၏ဟု (လျှောက်ထား၏)။ ငါးခုမြောက်သော အမ္ဗဝိမာနဝတ္ထု ပြီး၏။ ၆-ဂေါပါလဝိမာနဝတ္ထု ရှေးဘဝ သူူတပါးနွားမတို့ကို စောင့်ရှောက်ရသော လူူဆင်းရဲဲဖြစ်စဥ် အသျှင်မောဂ္ဂလ္လာန် ကြွလာတော်မူူ၍ ကြည်ညိုသဖြင့် ပုဝါနွမ်းဖြင့် ထုပ်ထားသော မုယောမုံ့ကို လှူဒါန်းခဲဲ့ပြီးလျှင် ပဲဲခင်းကို နွားမစားရန် လျင်မြန်စွာအပြေးတွင် မြွေခဲဲ၍ သေဆုံးရာ တာဝတိံသာ နတ်ပြည်၌ ခြောက်ဆယ့်လေးယောက်သော နတ်ကချေသည်တို့၏ အဖျော်အဖြေကို ခံလျက် လဝန်း ကဲဲ့သို့သော ဗိမ္မာန်တွင် ပျော်စံရသော နတ်သား

၆။ ဂေါပါလဝိမာနဝတ္ထု

၁၁၅၉။ ‘‘ဒိသွာန ဒေဝံ ပဋိပုစ္ဆိ ဘိက္ခု, ဥစ္စေ ဝိမာနမှိ စိရဋ္ဌိတိကေ၊

အာမုတ္တဟတ္ထာဘရဏံ ယသဿိံ [အာမုတ္တဟတ္ထာဘရဏော ယသဿီ (သျာ။ ပီ။ က။)], ဒိဗ္ဗေ ဝိမာနမှိ ယထာပိ စန္ဒိမာ။

၁၁၅၉။ လက်ကောက် လက်ကြပ်စသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်အပ်သော၊ များသော အခြံအရံရှိသော၊ ကြာမြင့်စွာတည်သော မြင့်သော ဗိမာန်၌ လမင်းကဲ့သို့ (တင့် တယ်စွာ ထိုင်နေသော) ဂေါပါလကနတ်သားကို ရဟန်းတော် (အသျှင်မဟာမောဂ္ဂလ္လာန်) သည် မြင်၍ မေး၏။

စာ-၁၀၈

၁၁၆၀။ ‘‘အလင်္ကတော မလျဓရော [မာလဘာရီ (သီ။), မာလဓရီ (က။)] သုဝတ္ထော, သုကုဏ္ဍလီ ကပ္ပိတကေသမဿု၊

အာမုတ္တဟတ္ထာဘရဏော ယသဿီ, ဒိဗ္ဗေ ဝိမာနမှိ ယထာပိ စန္ဒိမာ။

၁၁၆၀။ တန်ဆာဆင်ယင်ထားသော၊ ပန်းတို့ကို ပန်ဆင်သော၊ ကောင်းစွာ ဝတ်ရုံထားသော၊ ကောင်းသော နားတောင်းလည်းရှိသော၊ ဆံမုတ်ဆိတ်ပြုပြင်ထားသော၊ လက်ဝတ် တန်ဆာတို့ကို့ဝတ်ဆင်ထားသော သင် နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌လဝန်းကဲ့သို့ တင့်တယ်၏။

၁၁၆၁။ ‘‘ဒိဗ္ဗာ စ ဝီဏာ ပဝဒန္တိ ဝဂ္ဂုံ, အဋ္ဌဋ္ဌကာ သိက္ခိတာ သာဓုရူပါ၊

ဒိဗ္ဗာ စ ကညာ တိဒသစရာ ဥဠာရာ, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ။

၁၁၆၁။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ်ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌နေလေ့ရှိကုန်သော၊ ခြောက်ကျိပ်လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက် စေကြကုန်၏။

၁၁၆၂။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၁၆၂။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင် နတ်သား သည်လူဖြစ်ခဲ့စဥ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင် အဆင်းသည်လည်းအရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မဟာ မောဂ္ဂလ္လာန်က မေး၏)။

၁၁၆၃။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၆၃။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၁၆၄။ ‘‘အဟံ မနုဿေသု မနုဿဘူတော, သင်္ဂမ္မ ရက္ခိဿံ ပရေသံ ဓေနုယော၊

တတော စ အာဂါ သမဏော မမန္တိကေ ဂါဝေါ စ မာသေ အဂမံသု ခါဒိတုံ။

၁၁၆၄။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဥ်က သူတစ်ပါးနွားမတို့ကို ပေါင်းရုံး၍ စောင့်ရှောက်ခဲ့ရပါ၏၊ ထိုအခါ ရဟန်းမြတ် (အသျှင်မောဂ္ဂလ္လာန် အရှင်ဘုရား) သည် အကျွန်ုပ်၏ အနီးသို့ရောက်လာပါ၏၊ နွားမတို့သည် လည်း ပဲပင်တို့ကို စားခြင်းငှါ သွားကြပါ ကုန်၏။

၁၁၆၅။ ‘‘ဒွယဇ္ဇ ကိစ္စံ ဥဘယဉ္စ ကာရိယံ, ဣစ္စေဝဟံ [ဣစ္စေဝံ (က။)] ဘန္တေ တဒါ ဝိစိန္တယိံ၊

တတော စ သညံ ပဋိလဒ္ဓယောနိသော, ဒဒါမိ ဘန္တေတိ ခိပိံ အနန္တကံ။

၁၁၆၅။ အရှင်ဘုရား ထိုအခါ (အကျွန်ုပ်အား) ယခုအခါ ပြုရန်ကိစ္စနှစ်မျိုး ရှိ၏၊ နှစ်မျိုး စလုံးကို ပြုအပ်၏ဟု ကြံအောက်မေ့ပြီးမှ အကျွန်ုပ်သည် သင့်လျော်သောအားဖြင့်ဖြစ်သော အမှတ်သညာကို ရသောကြောင့် ပေးလှူအံ့ဟု နှလုံးပြုလျက် (မုယောမုန့်ထုပ်ထားသော) ပုဝါနွမ်းကို (ခံယူစေသည်၏အစွမ်းဖြင့် အရှင်ဘုရား၏ လက်၌) တင်ထား လှူဒါန်းခဲ့ပါ၏။

၁၁၆၆။ ‘‘သော မာသခေတ္တံ တုရိတော အဝါသရိံ, ပုရာ အယံ ဘဉ္ဇတိ ယဿိဒံ ဓနံ၊

တတော စ ကဏှော ဥရဂေါ မဟာဝိသော, အဍံသိ ပါဒေ တုရိတဿ မေ သတော။

၁၁၆၆။ အရှင်ဘုရား (ပဲခင်းရှင်၏ ပဲတည်းဟူသော) ဤဥစ္စာကို ဤ (နွားအပေါင်း) သည် မဖျက်ဆီးမီထိုအကျွန်ုပ်သည် ပဲခင်းဆီသို့ အဆောတလျင် ပြေးသွားခဲ့ပါ၏၊ ထိုအရပ်၌ အကျွန်ုပ် အဆောတလျင်ပြေးသွားစဥ် အကျွန်ုပ်၏ ခြေတို့ကို အဆိပ်ထန်သော မြွေဟောက် သည် ကိုက်ခဲ့ပါ၏။

စာ-၁၀၉

၁၁၆၇။ ‘‘သွာဟံ အဋ္ဋောမှိ ဒုက္ခေန ပီဠိတော, ဘိက္ခု စ တံ သာမံ မုဉ္စိတွာနန္တကံ [မုဉ္စိတွ နန္တကံ (သီ။), မုဉ္စိတွာ အနန္တကံ (သျာ။)]၊

အဟာသိ ကုမ္မာသံ မမာနုကမ္ပယာ [မမာနုကမ္ပိယာ (ပီ။ က။), မမာနုကမ္ပာယ (သျာ။)], တတော စုတော ကာလကတောမှိ ဒေဝတာ။

၁၁၆၇။ အရှင်ဘုရား ထိုအကျွန်ုပ်သည် (ထိုအခါ၌) ဆင်းရဲခြင်းသို့ ရောက်ခဲ့ပါ၏၊ သေ လောက်သော ဆင်းရဲသည် နှိပ်စက်အပ်ပါ၏၊ ရဟန်းတော်သည်လည်း အကျွန်ုပ်ကို ချီး မြှောက်ခြင်းငှါထိုမုယောမုန့်ထုပ်ကို ကိုယ်တိုင်ဖြေ၍ မုယောမုန့်ကို သုံးဆောင်တော်မူ၏၊ အကျွန်ုပ်သည် ထိုလူ၏အဖြစ်မှစုတေ၍ သေလွန်ခဲ့သော် နတ်ဖြစ်ပါ၏။

၁၁၆၈။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ကမ္မံ အနုဘောမိ အတ္တနာ၊

တယာ ဟိ ဘန္တေ အနုကမ္ပိတော ဘုသံ, ကတညုတာယ အဘိပါဒယာမိ တံ။

၁၁၆၈။ (အရှင်ဘုရား) အကျွန်ုပ်သည် ထိုမုယောမုန့်ကို ပေးလှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကံ၏ အကျိုးကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အရှင်ဘုရားအရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော် မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင် ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

၁၁၆၉။ ‘‘သဒေဝကေ လောကေ သမာရကေ စ, အညော မုနိ နတ္ထိ တယာနုကမ္ပကော၊

တယာ ဟိ ဘန္တေ အနုကမ္ပိတော ဘုသံ, ကတညုတာယ အဘိဝါဒယာမိ တံ။

၁၁၆၉။ (အရှင်ဘုရား) နတ် မာရ်နတ်နှင့် တကွသော သတ္တလောက၌ အရှင်ဘုရားထက်ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

၁၁၇၀။ ‘‘ဣမသ္မိံ လောကေ ပရသ္မိံ ဝါ ပန, အညော မုနီ နတ္ထိ တယာနုကမ္ပကော၊

တယာ ဟိ ဘန္တေ အနုကမ္ပိတော ဘုသံ, ကတညုတာယ အဘိဝါဒယာမိ တ’’န္တိ။

ဂေါပါလဝိမာနံ ဆဋ္ဌံ။

၁၁၇၀။ (အရှင်ဘုရား) ဤလောက၌လည်းကောင်း, တမလွန်လောက၌လည်းကောင်း အရှင်ဘုရားထက်ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင် ဘုရားအရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော်မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည် ) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေ စွာ ရှိခိုးပါ၏ဟု (လျှောက်ထား၏)။ ခြောက်ခုမြောက်သော ဂေါပါလဝိမာနဝတ္ထု ပြီး၏။ ၇-ကဏ္ဍကဝိမာနဝတ္ထု ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ဖွားဘက်ကဏ္ဍကမြင်းဖြစ်စဥ် တောထွက်သောအခါဘုရားအလောင်းကို တောသို့အရောက် စီးတော်ယာဥ်အဖြစ် ကူူညီခဲဲ့ခြင်း အတိုင်းမသိဝမ်းမြောက်ခြင်းဖြစ်ရ၍ ဘုရားလောင်းနှင့် ခွဲဲခွာရသောအခါ ပြင်းထန်သော လွမ်းနာ ကြောင့်သေဆုံးခဲဲ့ပြီးနောက် နေလုလင်အသွင် ရောင်ရှင်တောက်ပသော ဗိမ္မာန်၌ နှလုံး မွေ့လျော်ဖွယ်ရေကန်သစ်ပင် ပျော်ရွှင်ဖွယ်အစုံအလင်ဖြင့် ခံစံရသော နတ်သား

၇။ ကဏ္ဍကဝိမာနဝတ္ထု

၁၁၇၁။ ‘‘ပုဏ္ဏမာသေ ယထာ စန္ဒော, နက္ခတ္တပရိဝါရိတော၊

သမန္တာ အနုပရိယာတိ, တာရကာဓိပတီ သသီ။

၁၁၇၁-၂။ (နတ်သား) ကြယ်တကာတို့၏ အရှင် ယုန်ရုပ်အရေးအမှတ်ရှိသော လဗိမာန် သည်လပြည့်နေ့၌ ထက်ဝန်းကျင်မှ နက္ခတ်တာရာအပေါင်းခြံရံလျက် အစဥ်မပြတ် လှည့်လည် ကဲ့သို့ထိုလဗိမာန်နှင့် တူစွာ နတ်ပြည်၌ ထွန်းပသော (သင် နတ်သား၏) ဤဗိမာန်သည် တက်သစ်သော နေလုလင်ကဲ့သို့ အရောင်အဆင်းအားဖြင့် အလွန်တင့်တယ်၏။

၁၁၇၂။ ‘‘တထူပမံ ဣဒံ ဗျမှံ, ဒိဗ္ဗံ ဒေဝပုရမှိ စ၊

အတိရောစတိ ဝဏ္ဏေန, ဥဒယန္တောဝ ရံသိမာ။

၁၁၇၃။ ‘‘ဝေဠုရိယသုဝဏ္ဏဿ, ဖလိကာ ရူပိယဿ စ၊

မသာရဂလ္လမုတ္တာဟိ, လောဟိတင်္ဂမဏီဟိ စ။

၁၁၇၃။ သင် နတ်သား၏ ဤဗိမာန်သည် ကြောင်မျက်ရွဲဖြင့်လည်းကောင်း, ရွှေစင်ဖြင့်လည်းကောင်း,ဖလ်ဖြင့်လည်းကောင်း, ငွေစင်ဖြင့်လည်းကောင်း, ပတ္တမြားပြောက်ဖြင့်လည်း ကောင်း,ပုလဲတို့ဖြင့်လည်းကောင်း, ပတ္တမြားနီတို့ဖြင့်လည်းကောင်း မွမ်းမံခြယ်လှယ်ထား ကုန်၏။

၁၁၇၄။ ‘‘စိတြာ မနောရမာ ဘူမိ, ဝေဠူရိယဿ သန္ထတာ၊

ကူဋာဂါရာ သုဘာ ရမ္မာ, ပါသာဒေါ တေ သုမာပိတော။

၁၁၇၄။ မြေကြီးသည် ဆန်းကြယ်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ကြောင်မျက်ရွဲဖြင့် ခင်းထား၏၊ စုလစ်မွန်းချွန်တို့သည် လည်း တင့်တယ်ကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ သင် နတ်သားသည်ပြာသာဒ်ကို ကောင်းစွာ ဖန်ဆင်းထားအပ်ပေ၏။

စာ-၁၁၀

၁၁၇၅။ ‘‘ရမ္မာ စ တေ ပေါက္ခရဏီ, ပုထုလောမနိသေဝိတာ၊

အစ္ဆောဒကာ ဝိပ္ပသန္နာ, သောဝဏ္ဏဝါလုကသန္ထတာ။

၁၁၇၅။ သင်၏ ရေကန်တို့သည် လည်း နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်းတို့ မှီဝဲအပ်ကုန်၏၊ ကြည်သော ရေရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့် ကောင်းစွာခင်းထားအပ်ကုန်၏။

၁၁၇၆။ ‘‘နာနာပဒုမသဉ္ဆန္နာ, ပုဏ္ဍရီကသမောတတာ [သမောတ္ထတာ (က။), သမောဂတာ (သျာ။)]၊

သုရဘိံ သမ္ပဝါယန္တိ, မနုညာ မာလုတေရိတာ။

၁၁၇၆။ အထူးထူးသော ကြာပဒုမ္မာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြဖြူပုဏ္ဍရိက်မျိုး တို့ဖြင့်လည်းဖုံးလွှမ်းအပ်ကုန်၏၊ လေညှင်းတိုက်ခတ်သဖြင့် လှုပ်ကုန်သော နှစ်သက်မြတ်နိုး ဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏။

၁၁၇၇။ ‘‘တဿာ တေ ဥဘတော ပဿေ, ဝနဂုမ္ဗာ သုမာပိတာ၊

ဥပေတာ ပုပ္ဖရုက္ခေဟိ, ဖလရုက္ခေဟိ စူဘယံ။

၁၁၇၇။ သင် နတ်သားသည် ထိုရေကန်၏ နံပါးနှစ်ဖက်၌ ပန်းချုံတို့ကို ကောင်းစွာ ဖန်ဆင်းအပ်ကုန်၏၊ ထိုရေကန်တို့သည် အသီးသီးကုန်သော သစ်ပင်တို့နှင့်လည်းကောင်း, အပွင့် ပွင့်ကုန်သော သစ်ပင်တို့နှင့်လည်းကောင်း, အသီးအပွင့်နှစ်မျိုးလုံး သီးကြပွင့်ကြကုန်သော သစ်ပင်တို့နှင့်လည်းကောင်းပြည့်စုံကုန်၏။

၁၁၇၈။ ‘‘သောဝဏ္ဏပါဒေ ပလ္လင်္ကေ, မုဒုကေ ဂေါဏကတ္ထတေ [စောလသန္ထတေ (သီ။)]၊

နိသိန္နံ ဒေဝရာဇံဝ, ဥပတိဋ္ဌန္တိ အစ္ဆရာ။

၁၁၇၈။ နူးညံ့၍ အမွေးရှည်ရှိသော ကော်ဇောဖြင့် ခင်းအပ်သော ရွှေ ဖြင့်ပြုသော အခြေ ရှိသော ပလ္လင်၌သိကြားမင်းကဲ့သို့ နေသော သင်နတ်သားကို နတ်သမီးတို့သည် လုပ်ကျွေး ခစားကြကုန်၏။

၁၁၇၉။ ‘‘သဗ္ဗာဘရဏသဉ္ဆန္နာ, နာနာမာလာဝိဘူသိတာ၊

ရမေန္တိ တံ မဟိဒ္ဓိကံ, ဝသဝတ္တီဝ မောဒသိ။

၁၁၇၉။ အလုံးစုံသော မိန်းမအဆင်တန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော, အထူးထူးသော ပန်းတို့ကို ပန်ဆင်ကုန်သော နတ်သမီးတို့သည် တန်ခိုးကြီးသော သင့်ကို မွေ့လျော်စေကုန်၏၊ (သင် နတ်သားသည်) ဝသဝတ္တီနတ်မင်းကြီးကဲ့သို့ ဝမ်းမြောက်ရ၏။

၁၁၈၀။ ‘‘ဘေရိသင်္ခမုဒိင်္ဂါဟိ, ဝီဏာဟိ ပဏဝေဟိ စ၊

ရမသိ ရတိသမ္ပန္နော, နစ္စဂီတေ သုဝါဒိတေ။

၁၁၈၀။ ကခြင်းကြောင့်လည်းကောင်း, သီဆိုခြင်းကြောင့်လည်းကောင်း, ကောင်းစွာ တီးမှုတ်ခြင်းကြောင့်လည်းကောင်း, နှစ်သက်မွေ့လျော်ခြင်းနှင့် ပြည့်စုံသော သင်သည် စည်ကြီး,ခရုသင်း, မုရိုးစည်တို့ဖြင့်လည်းကောင်း, စောင်းတို့ဖြင့်လည်းကောင်း, ထက်စည်တို့ဖြင့်လည်းကောင်း မွေ့လျော်ရ၏။

၁၁၈၁။ ‘‘ဒိဗ္ဗာ တေ ဝိဝိဓာ ရူပါ, ဒိဗ္ဗာ သဒ္ဒါ အထော ရသာ၊

ဂန္ဓာ စ တေ အဓိပ္ပေတာ, ဖောဋ္ဌဗ္ဗာ စ မနောရမာ။

၁၁၈၁။ သင် နတ်သားအား အထူးထူး အပြားပြား များကုန်သော နတ်၌ဖြစ်သော အဆင်းတို့သည်လည်းကောင်း, နတ်၌ဖြစ်သော အသံတို့သည်လည်းကောင်း, ထိုမှတစ်ပါး နတ်၌ဖြစ်သော အရသာတို့သည်လည်းကောင်း, သင် လိုလားအပ်သော နတ်၌ဖြစ်သော အနံ့ တို့သည်လည်းကောင်း,နှလုံးမွေ့လျော်ဖွယ်သော အတွေ့တို့သည်လည်းကောင်း (ရှိကုန်၏)။

၁၁၈၂။ ‘‘တသ္မိံ ဝိမာနေ ပဝရေ, ဒေဝပုတ္တ မဟပ္ပဘော၊

အတိရောစသိ ဝဏ္ဏေန, ဥဒယန္တောဝ ဘာဏုမာ။

၁၁၈၂။ နတ်သား ထိုမြတ်သော ဗိမာန်၌ များမြတ်သော အရောင်ရှိသော သင် နတ်သား သည်တက်သစ်သော နေလုလင်ကဲ့သို့ အရောင်အဆင်းဖြင့် အလွန်တင့်တယ်၏။

၁၁၈၃။ ‘‘ဒါနဿ တေ ဣဒံ ဖလံ, အထော သီလဿ ဝါ ပန၊

အထော အဉ္ဇလိကမ္မဿ, တံ မေ အက္ခာဟိ ပုစ္ဆိတော’’။

၁၁၈၃။ ဤအကျိုးသည် သင် နတ်သား၏ ဒါနကုသိုလ်၏ အကျိုးလေလော၊သို့မဟုတ် သီလကုသိုလ်၏အကျိုးလေလော၊သို့မဟုတ် လက်အုပ်ချီခြင်း ကုသိုလ်၏ အကျိုးလေလော၊ သင့်ကို ငါ မေးပါ၏၊ ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော့ (ဟု မေး၏)။

၁၁၈၄။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၁၈၄။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်းသည် အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၁၈၅။ ‘‘အဟံ ကပိလဝတ္ထုသ္မိံ, သာကိယာနံ ပုရုတ္တမေ၊

သုဒ္ဓေါဒနဿ ပုတ္တဿ, ကဏ္ဍကော သဟဇော အဟံ။

၁၁၈၅။ (အရှင်ဘုရား) အကျွန်ုပ်သည် သာကီဝင်တို့၏ ကပိလဝတ်အမည်ရှိသော ပြည် မြတ်တွင်သုဒ္ဓေါဒနမင်း၏သား ဘုရားအလောင်း၏ ဖွားဖက်ဖြစ်သော ကဏ္ဍကအမည်ရှိသော မြင်းဖြစ်ခဲ့ဖူးပါ၏။

၁၁၈၆။ ‘‘ယဒါ သော အဍ္ဎရတ္တာယံ, ဗောဓာယ မဘိနိက္ခမိ၊

သော မံ မုဒူဟိ ပါဏီဟိ, ဇာလိ [ဇာလ (သီ။)] တမ္ဗနခေဟိ စ။

၁၁၈၆။ အရှင်ဘုရား ထိုဘုရားအလောင်းသည် အကြင် ညဥ့်သန်းခေါင်ယံအခါ၌ သစ္စာ လေးပါးကို သိသော ဉာဏ်အကျိုးငှါ တောထွက်တော်မူ၏၊ ထိုအခါဝယ် ထိုဘုရားလောင်းသည် နူးညံ့ကုန်သော လက်တို့ဖြင့်လည်းကောင်း, ကွန်ရက်ကဲ့သို့ရှိသော အလွန်နီသော လက်သည်း တို့ဖြင့်လည်းကောင်း အကျွန်ုပ်၏ ပေါင်ကို ပုတ်၍ “အချင်းကဏ္ဍက (ငါ့ကို တစ်ညဥ့်တာမျှ) ရွက်ဆောင်လော့၊ ငါသည်မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရသည်ရှိသော် နတ်နှင့် တကွသော လူကို ထုတ်ဆောင်ကယ်တင်အံ့”ဟုလည်း ပြောဆိုပါ၏။

၁၁၈၇။ ‘‘သတ္ထိံ အာကောဋယိတွာန, ဝဟ သမ္မာတိ စဗြဝိ၊

အဟံ လောကံ တာရယိဿံ, ပတ္တော သမ္ဗောဓိမုတ္တမံ။

စာ-၁၁၁

၁၁၈၈။ ‘‘တံ မေ ဂိရံ သုဏန္တဿ, ဟာသော မေ ဝိပုလော အဟု၊

ဥဒဂ္ဂစိတ္တော သုမနော, အဘိသီသိံ [အဘိသိံသိံ (သီ။), အဘိသီသိ (ပီ။)] တဒါ အဟံ။

၁၁၈၈။ အရှင်ဘုရား ထိုစကားကို ကြားနာရသော အကျွန်ုပ်အား ပြန့်ပြောများမြတ်သော နှစ်သက်ရွှင်လန်းမှု ဖြစ်ခဲ့ပါ၏၊ ထိုအခါ အကျွန်ုပ်သည် ပီတိဖြင့် တက်ကြွသော စိတ် ဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ လိုလား ဝန်ခံခဲ့ပါ၏။

၁၁၈၉။ ‘‘အဘိရူဠှဉ္စ မံ ဉတွာ, သကျပုတ္တံ မဟာယသံ၊

ဥဒဂ္ဂစိတ္တော မုဒိတော, ဝဟိဿံ ပုရိသုတ္တမံ။

၁၁၈၉။ များသော အခြံအရံရှိသော သာကီဝင်မင်းသား ဘုရားအလောင်းကို အကျွန်ုပ်သို့တက်စီးနေသည်ကို သိရသောကြောင့် ပီတိဖြင့် တက်ကြွသော စိတ်, ဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ ယောကျာ်းမြတ်ကို ဆောင်ကြဥ်းခဲ့ဖူးပါ၏။

၁၁၉၀။ ‘‘ပရေသံ ဝိဇိတံ ဂန္တွာ, ဥဂ္ဂတသ္မိံ ဒိဝါကရေ [ဒိဝင်္ကရေ (သျာ။ က။)]၊

မမံ ဆန္နဉ္စ ဩဟာယ, အနပေက္ခော သော အပက္ကမိ။

၁၁၉၀။ အရှင်ဘုရား ထိုယောကျာ်းမြတ်သည် သူတစ်ပါးတို့၏ တိုင်းနိုင်ငံသို့ ရောက်၍ နေတက်လတ်သော် အကျွန်ုပ်ကိုလည်းကောင်း, ဆန္နအမတ်ကိုလည်းကောင်း ငဲ့ကွက်မှုမရှိဘဲ စွန့်ပစ်ဖဲသွား ခဲ့ပါ၏။

၁၁၉၁။ ‘‘တဿ တမ္ဗနခေ ပါဒေ, ဇိဝှါယ ပရိလေဟိသံ၊

ဂစ္ဆန္တဉ္စ မဟာဝီရံ, ရုဒမာနော ဥဒိက္ခိသံ။

၁၁၉၁။ အကျွန်ုပ်သည် ထိုယောကျာ်းမြတ်၏ နီသော ခြေသည်းရှိသော ခြေတို့ကို လျှာဖြင့် လျက် ခဲ့ပါ၏၊ ဖဲသွားသော ကြီးသော လုံ့လရှိသော ယောကျာ်းမြတ်ကိုလည်း ငိုလျက် မျှော်ကြည့် ခဲ့ပါ၏။

၁၁၉၂။ ‘‘အဒဿနေနဟံ တဿ, သကျပုတ္တဿ သိရီမတော၊

အလတ္ထံ ဂရုကာဗာဓံ, ခိပ္ပံ မေ မရဏံ အဟု။

၁၁၉၂။ အရှင်ဘုရား အကျွန်ုပ်သည် ဘုန်းပညာရှိတော်မူသော သာကီဝင်မင်းသားဖြစ် တော်မူသော ထိုယောကျာ်းမြတ်ကို မမြင်ရသောကြောင့် ပြင်းထန်သော အနာကို ရ၍ လျင်မြန်စွာ သေဆုံးခဲ့ပါ၏။

၁၁၉၃။ ‘‘တဿေဝ အာနုဘာဝေန, ဝိမာနံ အာဝသာမိဒံ၊

သဗ္ဗကာမဂုဏောပေတံ, ဒိဗ္ဗံ ဒေဝပုရမှိ စ။

၁၁၉၃။ အရှင်ဘုရား (ကြည်ညိုခြင်းအားကြီးသော) ထိုကောင်းမှု၏ အစွမ်းအာနုဘော် ကြောင့်နတ်ပြည်၌ ထွန်းပသော ကာမဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဤဗိမာန်၌ နေရပါ၏။

၁၁၉၄။ ‘‘ယဉ္စ မေ အဟုဝါ ဟာသော, သဒ္ဒံ သုတွာန ဗောဓိယာ၊

တေနေဝ ကုသလမူလေန, ဖုသိဿံ အာသဝက္ခယံ။

၁၁၉၄။ အရှင်ဘုရား “မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ရပြီ”ဟူသော အသံကို ကြား ရခြင်း ကြောင့်အကျွန်ုပ်အား နှစ်သက်မှုဖြစ်သည်သာလျှင်တည်း၊ ထိုကုသိုလ် အရင်းခံကြောင့် သာလျှင်အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပါလတ္တံ့။

၁၁၉၅။ ‘‘သစေ ဟိ ဘန္တေ ဂစ္ဆေယျာသိ, သတ္ထု ဗုဒ္ဓဿ သန္တိကေ၊

မမာပိ နံ ဝစနေန, သိရသာ ဝဇ္ဇာသိ ဝန္ဒနံ။

၁၁၉၅။ အရှင်ဘုရား နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ အကယ်၍ သွားရောက်ခဲ့ပါမူ အကျွန်ုပ်၏ စကားဖြင့်လည်း ထိုမြတ်စွာဘုရားအား ကဏ္ဍက နတ်သားသည်ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏ဟု လျှောက်ထားပြောဆိုပါလော့။

၁၁၉၆။ ‘‘အဟမ္ပိ ဒဋ္ဌုံ ဂစ္ဆိဿံ, ဇိနံ အပ္ပဋိပုဂ္ဂလံ၊

ဒုလ္လဘံ ဒဿနံ ဟောတိ, လောကနာထာန တာဒိန’’န္တိ။

၁၁၉၆။ အရှင်ဘုရား အကျွန်ုပ်သည် လည်း တုဖက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ခြင်းငှါ သွားပါအံ့၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော လောက၏ ကိုးကွယ် ရာမြတ်စွာဘုရားတို့ကို ဖူးမြင်ရခြင်းသည် ခဲယဥ်းလှပါ၏ဟု (လျှောက်၏)။

၁၁၉၇။ သော ကတညူ ကတဝေဒီ, သတ္ထာရံ ဥပသင်္ကမိ၊

သုတွာ ဂိရံ စက္ခုမတော, ဓမ္မစက္ခုံ ဝိသောဓယိ။

၁၁၉၇။ သူ့ကျေးဇူးကို သိတတ်သောသူ့ကျေးဇူးကို ထင်စွာပြုတတ်သော ထိုကဏ္ဍက နတ်သားသည်မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏၊ (ချဥ်းကပ်ပြီးလျှင်) စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား၏တရားစကားတော်ကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရလေ၏။

၁၁၉၈။ ဝိသောဓေတွာ ဒိဋ္ဌိဂတံ, ဝိစိကိစ္ဆံ ဝတာနိ စ၊

ဝန္ဒိတွာ သတ္ထုနော ပါဒေ, တတ္ထေဝန္တရဓာယထာတိ [တတ္ထေဝန္တရဓာယတီတိ (က။)]။

ကဏ္ဍကဝိမာနံ သတ္တမံ။

၁၁၉၈။ အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်းကောင်း, မဝေခွဲနိုင်ခြင်း ဝိစိကိစ္ဆာကိုလည်း ကောင်း,မှားသောအားဖြင့် သုံးသပ်အပ်သော အကျင့်တို့ကိုလည်းကောင်း (သောတာပတ္တိ မဂ်ဉာဏ်ဖြင့်) သုတ်သင်ပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ခုနစ်ခုမြောက်သော ကဏ္ဍကဝိမာနဝတ္ထု ပြီး၏။ ၈-အနေကဝဏ္ဏဝိမာနဝတ္ထု ရှေးဘဝ သုမေဓာမြတ်စွာဘုရား၏ သာဝကဖြစ်စဥ် ခုနှစ်နှစ်ပါတ်လုံး ရဟန်းပြုခဲဲ့ဖူူး၏။ ဘုရားပရိနိဗ္ဗ္ဗာန်စံတော်မူသောအခါ စေတီတော်ကို ရှိခိုးပူဇော်ခဲဲ့ကာ စိတ်ကြင်လင်စေခဲဲ့သောကြောင့် အဆင်းအမျိုးမျိုးဖြင့် ဆန်းကြယ်သော ဗိမ္မာန်၌ သုနိမ္မိတ နတ်မင်းကြီးကဲဲ့သို့ မွေ့လျော်ရသော နတ်သား

စာ-၁၁၂

၈။ အနေကဝဏ္ဏဝိမာနဝတ္ထု

၁၁၉၉။ ‘‘အနေကဝဏ္ဏံ ဒရသောကနာသနံ, ဝိမာနမာရုယှ အနေကစိတ္တံ၊

ပရိဝါရိတော အစ္ဆရာသင်္ဂဏေန, သုနိမ္မိတော ဘူတပတီဝ မောဒသိ။

၁၁၉၉။ နတ်သား သင်သည် အမျိုးမျိုးသော အဆင်းရှိ၍ ပူပန်ခြင်း စိုးရိမ်ခြင်းကို ပယ် ဖျောက်နိုင်သော အမျိုးမျိုးဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ နတ်သမီးအပေါင်း ခြံရံလျက် နိမ္မာနရတိနတ်တို့၏အရှင်ဖြစ်သော သုနိမ္မိတနတ်မင်းကြီးကဲ့သို့ မွေ့လျော်ရ၏။

၁၂၀၀။ ‘‘သမဿမော နတ္ထိ ကုတော ပနုတ္တရော [ဥတ္တရိ (က။)], ယသေန ပုညေန စ ဣဒ္ဓိယာ စ၊

သဗ္ဗေ စ ဒေဝါ တိဒသဂဏာ သမေစ္စ, တံ တံ နမဿန္တိ သသိံဝ ဒေဝါ၊

ဣမာ စ တေ အစ္ဆရာယော သမန္တတော, နစ္စန္တိ ဂါယန္တိ ပမောဒယန္တိ။

၁၂၀၀။ နတ်သား အခြံအရံများခြင်းဖြင့်လည်းကောင်း, ဘုန်းကံကြီးခြင်းဖြင့်လည်းကောင်း,တန်ခိုးအာနုဘော်ကြီးခြင်းဖြင့်လည်းကောင်း သင်နှင့်တူသော နတ်သည် မရှိ၊ သင့်ထက် လွန်မြတ်သော နတ်သည်ကား အဘယ်မှာ ရှိနိုင်အံ့နည်း၊ နတ်သား နတ်တို့သည် လမင်းကို နှစ်သက်မြတ်နိုးရှိခိုးကုန်သကဲ့သို့ ထို့အတူ အလုံးစုံသာလျှင် ဖြစ်ကုန်သောတာဝတိံသာနတ် အပေါင်းတို့သည် ပေါင်းရုံးစုဝေးကြကုန်၍ သင့်ကို ရှိခိုးကြကုန်၏၊ သင်နတ်သား၏ ဤ နတ်သမီးတို့သည် ထက်ဝန်းကျင်ခြံရံကုန်လျက် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆို ကြကုန်၏၊ သင့်ကိုလည်းဝမ်းမြောက်စေကြကုန်၏။

၁၂၀၁။ ‘‘ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ, မနုဿဘူတော ကိမကာသိ ပုညံ၊

ကေနာသိ ဧဝံ ဇလိတာနုဘာဝေါ, ဝဏ္ဏော စ တေ သဗ္ဗဒိသာ ပဘာသတီ’’တိ။

၁၂၀၁။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင်သည် လူဖြစ်ခဲ့စဥ်ကအဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်း သည်အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါသနည်းဟု (မေး၏)။

၁၂၀၂။ သော ဒေဝပုတ္တော အတ္တမနော…ပေ… ယဿ ကမ္မဿိဒံ ဖလံ။

၁၂၀၂။ ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို (မေးမြန်း သည်အားလျော်စွာ) ဖြေကြားလျှောက်ထား၏။

၁၂၀၃။ ‘‘အဟံ ဘဒန္တေ အဟုဝါသိ ပုဗ္ဗေ, သုမေဓနာမဿ ဇိနဿ သာဝကော၊

ပုထုဇ္ဇနော အနနုဗောဓောဟမသ္မိ [အနဝဗောဓောဟမသ္မိံ (သီ။), အနနုဗောဓောဟမာသိံ (?)], သော သတ္တ ဝဿာနိ ပရိဗ္ဗဇိဿဟံ [ပဗ္ဗဇိဿဟံ (သျာ။ က။), ပဗ္ဗဇိသာဟံ (ပီ။)]။

၁၂၀၃။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘဝက သုမေဓာမြတ်စွာဘုရား၏ တပည့် သာဝက ဖြစ်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို မသိသူ ပုထုဇဥ်ဖြစ်ပါ၏၊ ခုနစ်နှစ်ပတ်လုံး ရဟန်း ပြုခဲ့ဖူးပါ၏။

၁၂၀၄။ ‘‘သောဟံ သုမေဓဿ ဇိနဿ သတ္ထုနော, ပရိနိဗ္ဗုတဿောဃတိဏ္ဏဿ တာဒိနော၊

ရတနုစ္စယံ ဟေမဇာလေန ဆန္နံ, ဝန္ဒိတွာ ထူပသ္မိံ မနံ ပသာဒယိံ။

၁၂၀၄။ အရှင်ဘုရား အကျွန်ုပ်သည် တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော သံသရာရေယဥ် ‘ဩဃ’ကို့ကူးမြောက်တော်မူပြီးသော ပရိနိဗ္ဗာန်ပြုတော်မူပြီးသော (လူနတ်ဗြဟ္မာတို့၏) ဆရာဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရား၏ ရတနာအုတ်တို့ဖြင့် စီထားအပ်သော ရွှေကွန် ရက်ဖြင့် ဖုံးလွှမ်းအပ်သောာစေတီတော်ကို ရှိခိုး၍ စေတီတော်၌ စိတ်ကို ကြည်လင်စေခဲ့ဖူး ပါ၏။

စာ-၁၁၃

၁၂၀၅။ ‘‘န မာသိ ဒါနံ န စ မတ္ထိ ဒါတုံ, ပရေ စ ခေါ တတ္ထ သမာဒပေသိံ၊

ပူဇေထ နံ ပူဇနီယဿ [ပူဇနေယျဿ (သျာ။ က။)] ဓာတုံ, ဧဝံ ကိရ သဂ္ဂမိတော ဂမိဿထ။

၁၂၀၅။ အရှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ပေးလည်း မပေးလှူခဲ့ဖူးပါ၊ ပေးလှူရန်လည်း ဒါနဝတ္ထု မရှိခဲ့ပါ၊ ပူဇော်ခြင်းငှါ ထိုက်တော်မူသော မြတ်စွာဘုရား၏ ထိုသရီရဓာတ် တော်ကို ပူဇော်ကြကုန်လော့၊ ဤသို့ ပူဇော်သည်ရှိသော် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရ ကုန်လိမ့်သတည်းဟုသူတစ်ပါးတို့ကို သာလျှင် ထိုအလှူပေးခြင်း၌ နှိုးဆော်တိုက်တွန်းခဲ့ဖူးပါ၏။

၁၂၀၆။ ‘‘တဒေဝ ကမ္မံ ကုသလံ ကတံ မယာ, သုခဉ္စ ဒိဗ္ဗံ အနုဘောမိ အတ္တနာ၊

မောဒါမဟံ တိဒသဂဏဿ မဇ္ဈေ, န တဿ ပုညဿ ခယမ္ပိ အဇ္ဈဂ’’န္တိ။

အနေကဝဏ္ဏဝိမာနံ အဋ္ဌမံ။

၁၂၀၆။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိသော ထိုကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ နတ်၌ဖြစ်သော ချမ်းသာကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာ နတ်အပေါင်းတို့၏ အထက်၌ဝမ်းမြောက်ရပါ၏၊ ထိုကုသိုလ်ကံ၏ အကျိုးသည် ကုန်ခန်းခြင်းသို့လည်း မရောက်တော့ပါဟု (ဖြေကြားလျှောက်ထား၏)။ ရှစ်ခုမြောက်သော အနေကဝဏ္ဏဝိမာနဝတ္ထု ပြီး၏။ ၉-မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု နှမြောစေးနှဲသောသူဌေးသားဖြစ်ရစဥ် ဒါနဟူူ၍ မပြုခဲဲ့ရ ရောဂါပြင်းထန်၍ သေခါနီး ကာလမှဘုရားကို ဖူူးမြင်ရ၍ ကြည်လင်မြတ်နိုး ရှိခိုးခဲဲ့ရသော ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌နတ်သားစာရင်းဝင် အပေါင်းအဖော်ဖြစ်ရသော နတ်သား

၉။ မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု

၁၂၀၇။ [ပေ။ ဝ။ ၁၈၆] ‘‘အလင်္ကတော မဋ္ဌကုဏ္ဍလီ [မဋ္ဋကုဏ္ဍလီ (သီ။)], မာလဓာရီ ဟရိစန္ဒနုဿဒေါ၊

ဗာဟာ ပဂ္ဂယှ ကန္ဒသိ, ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝ’’န္တိ။

၁၂၀၇။ တန်ဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားတောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခသို့ ရောက်သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ့်ကြောင့် ငိုမြည်တမ်း ဘိသနည်းဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

၁၂၀၈။

၁၂၀၈။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက် အရောင်ထွက်သော ရထားအိမ် ကား ရှိပါ၏၊ ထိုရထားအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသော ဆင်းရဲကြောင့်အသက်ကို စွန့်ပါတော့အံ့ဟု (ဖြေဆို၏)။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection