သဂါထာဝဂ္ဂသံယုတ္တပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၉၁။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန သူရိယော ဒေဝပုတ္တော ရာဟုနာ အသုရိန္ဒေန ဂဟိတော ဟောတိ။ အထ ခေါ သူရိယော ဒေဝပုတ္တော ဘဂဝန္တံ အနုဿရမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘နမော တေ ဗုဒ္ဓ ဝီရတ္ထု, ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊
သမ္ဗာဓပဋိပန္နောသ္မိ, တဿ မေ သရဏံ ဘဝါ’’တိ။
အထ ခေါ ဘဂဝါ သူရိယံ ဒေဝပုတ္တံ အာရဗ္ဘ ရာဟုံ အသုရိန္ဒံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘တထာဂတံ အရဟန္တံ, သူရိယော သရဏံ ဂတော၊
ရာဟု သူရိယံ [သုရိယံ (သီ။ သျာ။ ကံ။ ပီ။)] ပမုဉ္စဿု, ဗုဒ္ဓါ လောကာနုကမ္ပကာ။
‘‘ယော အန္ဓကာရေ တမသိ ပဘင်္ကရော,
ဝေရောစနော မဏ္ဍလီ ဥဂ္ဂတေဇော၊
မာ ရာဟု ဂိလီ စရမန္တလိက္ခေ,
ပဇံ မမံ ရာဟု ပမုဉ္စ သူရိယ’’န္တိ။
အထ ခေါ ရာဟု အသုရိန္ဒော သူရိယံ ဒေဝပုတ္တံ မုဉ္စိတွာ တရမာနရူပေါ ယေန ဝေပစိတ္တိ အသုရိန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သံဝိဂ္ဂေါ လောမဟဋ္ဌဇာတော ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတံ ခေါ ရာဟုံ အသုရိန္ဒံ ဝေပစိတ္တိ အသုရိန္ဒော ဂါထာယ အဇ္ဈဘာသိ –
‘‘ကိံ နု သန္တရမာနောဝ, ရာဟု သူရိယံ ပမုဉ္စသိ၊
သံဝိဂ္ဂရူပေါ အာဂမ္မ, ကိံ နု ဘီတောဝ တိဋ္ဌသီ’’တိ။
‘‘သတ္တဓာ မေ ဖလေ မုဒ္ဓါ, ဇီဝန္တော န သုခံ လဘေ၊
ဗုဒ္ဓဂါထာဘိဂီတောမှိ, နော စေ မုဉ္စေယျ သူရိယ’’န္တိ။
ပဌမော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
ဒွေ ကဿပါ စ မာဃော စ, မာဂဓော ဒါမလိ ကာမဒေါ၊
ပဉ္စာလစဏ္ဍော တာယနော, စန္ဒိမသူရိယေန တေ ဒသာတိ။
၁၀-သူရိယသုတ် ၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ နေနတ်သားကို ရာဟုအသုရိန်သည် ဖမ်းယူအပ်၏၊ ထိုအခါ နေနတ် သားသည် မြတ်စွာဘုရားကို အောက်မေ့လျက် ထိုဖမ်းယူသော အချိန်၌ ဤဂါထာကို ရွတ်ဆို၏ - ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အသျှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတနစသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဥ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အသျှင် ဘုရားသည် ထိုအကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့ဟု (ရွတ်ဆို၏)။ ထိုအခါ မြတ်စွာဘုရားသည် နေနတ်သားကို အကြောင်းပြု၍ ရာဟုအသုရိန်ကို ဂါထာဖြင့် မိန့်ဆို၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို နေနတ်သားသည် ကိုး ကွယ်ခြင်းသို့ ရောက်၏၊ ရာဟုအသုရိန် နေနတ်သားကို လွှတ်လော့၊ မြတ်စွာဘုရားတို့သည် လူနတ်တို့ကို အစဥ်သနားတော်မူကုန်၏ဟု (မိန့်ဆို၏)။ ရာဟုအသုရိန် မမြင်အောင် ပြုတတ်သော အမိုက်တိုက်၌ အရောင်အလင်းကို ပြု တတ်သော ထွန်းတောက်ပသော အဝန်းသဏ္ဌာန်ရှိသော ထက်သော တန်ခိုးရှိသော အကြင်နေနတ်သားသည် ရှိ၏၊ ကောင်းကင်၌ သွားသော ထိုနေနတ်သားကို မမျို လင့်၊ ရာဟုအသုရိန် ငါဘုရား၏ သားတော်ဖြစ်သော ထိုနေနတ်သားကို လွှတ်လော့ဟု (မိန့်တော်မူ၏)။ ထိုအခါ ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်လျက် လျင်မြန်သော သဘောရှိသည် ဖြစ်၍ ဝေပစိတ္တိအသုရိန်ထံသို့ ချဥ်းကပ်ပြီးလျှင် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်နေသော ရာဟုအသုရိန်ကို ဝေပစိတ္တိအသုရိန်သည် ဂါထာဖြင့် ဆို၏ - ရာဟုအသုရိန် အဘယ် ကြောင့် အဆောတလျ င် သာလျှင် နေနတ် သား ကို လွှတ် ခဲ့ သနည်း၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍ ရောက်လာပြီးလျှင် ကြောက်ရွံ့လျက် အဘယ့်ကြောင့် ရပ်တည်နေသနည်းဟု (ဆို၏)။ (ဝေပစိတ္တိအသုရိန်) ငါသည် မြတ်စွာဘုရားဂါထာမှ အလွန်ကြောက်၏၊ နေ နတ်သားကို အကယ်၍ မလွှတ်သည် ဖြစ်အံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ အသက်ရှင်သော ငါသည် ချမ်းသာကို မရရာဟု (ဆို၏)။ ပဌမဝဂ် ပြီး၏။
Linked Discourses 2.10 Chapter One The Sun At Sāvatthī. Now at that time the Sun God had been seized by Rāhu, lord of titans. Then the Sun God, recollecting the Buddha, at that time spoke this verse: “Homage to you, Buddha, hero! You’re free in every way. I’ve wandered into confinement: be my refuge!” Then the Buddha addressed Rāhu in verse concerning the Sun God: “The Sun God has gone for refuge to the Realized One, the perfected one. The Buddhas have compassion for the world— so Rāhu, release the Sun! He is a beacon in the darkness, the dazzling sun, circle of awesome might. Rāhu, do not swallow him as he traverses the sky. Rāhu, release my offspring, the Sun!” Then Rāhu, having released the Sun, rushed to see Vepacitti, lord of titans and stood to one side, shocked and awestruck. Vepacitti addressed him in verse: “Why the rush? Rāhu, you released the Sun and came here looking like you’re in shock: why do you stand there so scared?” “My head would have exploded in seven pieces, I would have found no joy in life, if, when enchanted by the Buddha’s verse, I had not released the Sun.”
၂။ အနာထပိဏ္ဍိကဝဂ္ဂေါ
၁။ စန္ဒိမသသုတ္တံ
၉၂။ သာဝတ္ထိနိဒါနံ။ အထ ခေါ စန္ဒိမသော [စန္ဒိမာသော (က။)] ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ စန္ဒိမသော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘တေ ဟိ သောတ္ထိံ ဂမိဿန္တိ, ကစ္ဆေ ဝါမကသေ မဂါ၊
ဈာနာနိ ဥပသမ္ပဇ္ဇ, ဧကောဒိ နိပကာ သတာ’’တိ။
‘‘တေ ဟိ ပါရံ ဂမိဿန္တိ, ဆေတွာ ဇာလံဝ အမ္ဗုဇော၊
ဈာနာနိ ဥပသမ္ပဇ္ဇ, အပ္ပမတ္တာ ရဏဉ္ဇဟာ’’တိ။
၂-အနာထပိဏ္ဍိကဝဂ် ၁-စန္ဒိမသသုတ် ၉၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စန္ဒိမသနတ်သားသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ - အကြင် သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ တည်ကြည်သောစိတ် ရင့်ကျက် သော ပညာနှင့် ပြည့်စုံကုန်လျက် သတိရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုသူတို့သည် သာလျှင် ‘မှက်ခြင်မှ ကင်းသော တောင်ကြား မြစ်ကြား၌ သားသမင်တို့ကဲ့သို့’ ချမ်းသာခြင်းသို့ ရောက် ကုန်လတ္တံ့ဟု (လျှောက်၏)။ အကြင်သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ မမေ့မလျော့ကုန်ဘဲ ကိလေသာ ကို စွန့်ကုန်၏၊ ထိုသူတို့သည်သာလျှင် ‘ကွန်ရက်ကို ဖြတ်၍ ချမ်းသာရာ အရပ်သို့ သွားသော ငါးကဲ့သို့’ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ သွားကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။
Linked Discourses 2.11 2. With Anāthapiṇḍika With Candimasa At Sāvatthī. Then, late at night, the glorious godling Candimasa, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and spoke this verse in the Buddha’s presence: “Like deer in a mosquito-free marsh, they will reach a safe place having entered the absorptions, unified, alert, and mindful.” “Like fish when the net is cut, they will reach the far shore having entered the absorptions, diligent, with strife discarded.”
၂။ ဝေဏ္ဍုသုတ္တံ
၉၃။ ဧကမန္တံ ဌိတော ခေါ ဝေဏ္ဍု [ဝေဏှု (သီ။)] ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘သုခိတာဝ တေ [သုခိတာ ဝတ တေ (သီ။ သျာ။ ကံ။)] မနုဇာ, သုဂတံ ပယိရုပါသိယ၊
ယုဉ္ဇံ [ယုဇ္ဇ (သီ။), ယုဉ္ဇ (သျာ။ ကံ။ ပီ။)] ဂေါတမသာသနေ, အပ္ပမတ္တာ နု သိက္ခရေ’’တိ။
‘‘ယေ မေ ပဝုတ္တေ သိဋ္ဌိပဒေ [သတ္ထိပဒေ (သီ။ သျာ။ ကံ။ ပီ။)] (ဝေဏ္ဍူတိ ဘဂဝါ),
အနုသိက္ခန္တိ ဈာယိနော၊
ကာလေ တေ အပ္ပမဇ္ဇန္တာ,
န မစ္စုဝသဂါ သိယု’’န္တိ။
၂-ဝေဏ္ဍုသုတ် ၉၃။ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ဝေဏ္ဍုနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ - အကြင် သတ္တဝါတို့သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ လုံ့လပြုကုန် လျက် မမေ့မလျော့ကုန်သည်ဖြစ်၍ ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည် မြတ်စွာဘုရား သို့ ဆည်းကပ်ခြင်းကြောင့် ချမ်းသာကုန်သည်သာလျှင်တည်းဟု (လျှောက်၏)။ ဝေဏ္ဍုနတ်သား မကောင်းမှုကို လောင်းကျွမ်းစေတတ်ကုန်သော အကြင်သူတို့ သည် ငါ ဟောဆိုအပ်သော ဆုံးမကြောင်းတရားတို့ကို ကျင့်ကုန်၏၊ ထိုသူတို့သည် လျောက်ပတ်သော အခါ၌ မမေ့မလျော့ကုန်သည်ဖြစ်၍ သေမင်း၏ အလို နိုင်ငံသို့ မလိုက်ရကုန်ဟု မြတ်စွာဘုရားသည် (မိန့်တော်မူ၏)။
Linked Discourses 2.12 2. With Anāthapiṇḍika With Vishnu Standing to one side, the godling Vishnu spoke this verse in the Buddha’s presence: “Happy are the men who pay homage to the Holy One! They apply themselves to Gotama’s instructions, diligently training.” “Those who practice absorption <j>in accord with the training”, said the Buddha to Vishnu, “in the way of teaching I’ve proclaimed, diligent while there is still time; they won’t fall under the sway of Death.”
၃။ ဒီဃလဋ္ဌိသုတ္တံ
၉၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ ဒီဃလဋ္ဌိ ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဝေဠုဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဒီဃလဋ္ဌိ ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ဘိက္ခု သိယာ ဈာယီ ဝိမုတ္တစိတ္တော,
အာကင်္ခေ စေ ဟဒယဿာနုပတ္တိံ၊
လောကဿ ဉတွာ ဥဒယဗ္ဗယဉ္စ,
သုစေတသော အနိဿိတော တဒါနိသံသော’’တိ။
၃-ဒီဃလဋ္ဌိသုတ် ၉၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဒီဃလဋ္ဌိနတ်သားသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်း ရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- ရဟန်းသည် အရဟတ္တ ဖိုလ် ကို အကယ် ၍ အလိုရှိငြား အံ့၊ ဈာန် ဝင် စား လေ့ ရှိသည် ဖြစ် ၍ ကိလေသာမှ လွတ်သော စိတ်ရှိသူ ဖြစ်ရာ၏၊ သင်္ခါရလောက၏ ဖြစ်ခြင်း ပျက်ခြင်းကိုလည်း သိ၍ ကောင်းသော စိတ်ရှိလျက် တဏှာဒိဋ္ဌိကို မမှီသည်ရှိသော် ထိုအရဟတ္တဖိုလ်တည်းဟူသော အကျိုး ‘အာနိသင်’ရှိသည် ဖြစ်ရာ၏ဟု (လျှောက်၏)။
Linked Discourses 2.13 2. With Anāthapiṇḍika With Dīghalaṭṭhi So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then, late at night, the glorious godling Dīghalaṭṭhi, lighting up the entire Bamboo Grove, went up to the Buddha, bowed, stood to one side, and spoke this verse in the Buddha’s presence: “If a mendicant is a meditator, freed in mind, and if they desire the heart’s fulfillment— having known the arising and passing of the world, good-hearted, independent, that is their reward.”
၄။ နန္ဒနသုတ္တံ
၉၅။ ဧကမန္တံ ဌိတော ခေါ နန္ဒနော ဒေဝပုတ္တော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ပုစ္ဆာမိ တံ ဂေါတမ ဘူရိပည,
အနာဝဋံ ဘဂဝတော ဉာဏဒဿနံ၊
ကထံဝိဓံ သီလဝန္တံ ဝဒန္တိ,
ကထံဝိဓံ ပညဝန္တံ ဝဒန္တိ၊
ကထံဝိဓော ဒုက္ခမတိစ္စ ဣရိယတိ,
ကထံဝိဓံ ဒေဝတာ ပူဇယန္တီ’’တိ။
‘‘ယော သီလဝါ ပညဝါ ဘာဝိတတ္တော,
သမာဟိတော ဈာနရတော သတီမာ၊
သဗ္ဗဿ သောကာ ဝိဂတာ ပဟီနာ,
ခီဏာသဝေါ အန္တိမဒေဟဓာရီ။
‘‘တထာဝိဓံ သီလဝန္တံ ဝဒန္တိ,
တထာဝိဓံ ပညဝန္တံ ဝဒန္တိ၊
တထာဝိဓော ဒုက္ခမတိစ္စ ဣရိယတိ,
တထာဝိဓံ ဒေဝတာ ပူဇယန္တီ’’တိ။
၄-နန္ဒနသုတ် ၉၅။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏- မြေြ ကီး အထုနှင့် တူသော ပညာရှိတော်မူသော ဂေါတမမြတ် စွာဘုရား အသျှင် ဘုရား ကို မေးမြန်း ပါ၏၊ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်အမြင်သည် အပိတ်အပင် မရှိပါ၊ အဘယ်သို့ သဘောရှိသောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း၊ အဘယ်သို့ သဘောရှိသောသူကို ပညာရှိသောသူဟု ဆိုပါကုန်သနည်း၊ အဘယ်သို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်သနည်း၊ အဘယ်သို့ သဘောရှိ သော သူကို နတ်တို့သည် ပူဇော်ပါကုန်သနည်းဟု (လျှောက်၏)။ အကြင်သူသည် (လောကီလောကုတ္တရာ) သီလရှိ၏၊ (လောကီလောကုတ္တရာ) ပညာ ရှိ၏၊ ပွားများပြီးသော စိတ်ရှိ၏၊ တည်ကြည်၏၊ ဈာန်၌ မွေ့လျော်၏၊ သတိနှင့် ပြည့်စုံ၏၊ အခါခပ်သိမ်း ပူဆွေးခြင်းမှ ကင်း၏၊ ကိလေသာကို ပယ်ပြီး ဖြစ်၏၊ အာသဝကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်လေ့ရှိ၏။ ထိုသို့သဘောရှိသော သူကို သီလရှိသောသူဟု ဆိုကုန်၏၊ ထိုသို့သဘောရှိသော သူကို ပညာရှိသောသူဟု ဆိုကုန်၏၊ ထိုသို့သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်၏၊ ထိုသို့သဘောရှိသော သူကို နတ်တို့သည် ပူဇော်ကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 2.14 2. With Anāthapiṇḍika With Nandana Standing to one side, the godling Nandana addressed the Buddha in verse: “I ask you, Gotama, whose wisdom is vast, the Blessed One <j>of unhindered knowledge and vision. What sort do they call ethical? What sort do they call wise? What sort lives on after transcending suffering? What sort is worshiped by the deities?” “Someone who is ethical, wise, evolved, becomes serene, loving absorption, mindful, who’s gotten rid of and given up all sorrows, with defilements ended, they bear their final body. That sort they call ethical. That sort they call wise. That sort lives on after transcending suffering. That sort is worshiped by the deities.”
၅။ စန္ဒနသုတ္တံ
၉၆။ ဧကမန္တံ ဌိတော ခေါ စန္ဒနော ဒေဝပုတ္တော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ကထံသု [ကောသုဓ (သီ။)] တရတိ ဩဃံ, ရတ္တိန္ဒိဝမတန္ဒိတော၊
အပ္ပတိဋ္ဌေ အနာလမ္ဗေ, ကော ဂမ္ဘီရေ န သီဒတီ’’တိ။
‘‘သဗ္ဗဒါ သီလသမ္ပန္နော, ပညဝါ သုသမာဟိတော၊
အာရဒ္ဓဝီရိယော ပဟိတတ္တော, ဩဃံ တရတိ ဒုတ္တရံ။
‘‘ဝိရတော ကာမသညာယ, ရူပသံယောဇနာတိဂေါ၊
နန္ဒီရာဂပရိက္ခီဏော, သော ဂမ္ဘီရေ န သီဒတီ’’တိ။
၅-စန္ဒနသုတ် ၉၆။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် စန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ - “အဘယ်သူသည် ညဥ့်နေ့ပတ်လုံး မပျင်းရိသည်ဖြစ်၍ သံသရာတည်းဟူသော အယဥ်ကို ကူးသနည်း၊ အဘယ်သူသည် ထောက်တည်ရာလည်း မရှိသော ဆွဲကိုင်ရာလည်း မရှိသော နက်စွာသော သံသရာအယဥ်၌ မနစ်မြုပ်ပါသနည်း”ဟု (လျှောက်၏)။ အကြင်သူသည် အခါခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊ ကောင်းစွာ တည် ကြည်၏၊ ထက်သန်သော လုံ့လဝီရိယရှိ၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိ၏၊ ထိုသူသည် ကူးမြောက်နိုင်ခဲသော သံသရာအယဥ်ကို ကူးမြောက်၏။ အကြင်သူသည် ကာမသညာမှ ကင်း၏၊ ရူပသံယောဇဥ်ကို လွန်မြောက်၏၊ နှစ်သက်စွဲမက်ခြင်း ‘နန္ဒီရာဂ’ ကုန်ပြီးပြီ၊ ထိုသူသည် နက်စွာသော သံသရာတည်းဟူ သော အယဥ်၌ မနစ်မြုပ်နိုင်ဟု (မိန့်တော်မူ၏)။
Linked Discourses 2.15 2. With Anāthapiṇḍika With Candana Standing to one side, the godling Candana addressed the Buddha in verse: “Who here crosses the flood, tireless all day and night? Who, not standing and unsupported, does not sink in the deep?” “Someone who is always endowed with ethics, wise and serene, energetic and resolute, crosses the flood so hard to cross. Someone who desists from sensual perception, has moved past the fetter of form, and has finished with relishing and greed does not sink in the deep.”
၆။ ဝါသုဒတ္တသုတ္တံ
၉၇။ ဧကမန္တံ ဌိတော ခေါ ဝါသုဒတ္တော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘သတ္တိယာ ဝိယ ဩမဋ္ဌော, ဍယှမာနောဝ [ဍယှမာနေဝ (သဗ္ဗတ္ထ)] မတ္ထကေ၊
ကာမရာဂပ္ပဟာနာယ, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။
‘‘သတ္တိယာ ဝိယ ဩမဋ္ဌော, ဍယှမာနောဝ မတ္ထကေ၊
သက္ကာယဒိဋ္ဌိပ္ပဟာနာယ, သတော ဘိက္ခု ပရိဗ္ဗဇေ’’တိ။
၆-ဝါသုဒတ္တသုတ် ၉၇။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဝါသုဒတ္တနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ - “လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ကို ပယ်ရန် သတိနှင့် ပြည့်စုံ သည် ဖြစ်၍ နေရာ၏”ဟု (လျှောက်၏)။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်းခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။
Linked Discourses 2.16 2. With Anāthapiṇḍika With Vāsudatta Standing to one side, the godling Vāsudatta spoke this verse in the Buddha’s presence: “Like they’re struck by a sword, like their head was on fire, a mendicant should wander mindful, to give up sensual desire.” “Like they’re struck by a sword, like their head was on fire, a mendicant should wander mindful, to give up substantialist view.”
၇။ သုဗြဟ္မသုတ္တံ
၉၈။ ဧကမန္တံ ဌိတော ခေါ သုဗြဟ္မာ ဒေဝပုတ္တော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘နိစ္စံ ဥတြသ္တမိဒံ စိတ္တံ, နိစ္စံ ဥဗ္ဗိဂ္ဂမိဒံ [ဥဗ္ဗိဂ္ဂိဒံ (မဟာသတိပဋ္ဌာနသုတ္တဝဏ္ဏနာယံ)] မနော၊
အနုပ္ပန္နေသု ကိစ္ဆေသု [ကိစ္စေသု (ဗဟူသု)], အထော ဥပ္ပတိတေသု စ၊
သစေ အတ္ထိ အနုတြသ္တံ, တံ မေ အက္ခာဟိ ပုစ္ဆိတော’’တိ။
‘‘နာညတြ ဗောဇ္ဈာ တပသာ [ဗောဇ္ဈင်္ဂတပသာ (သီ။ သျာ။ ကံ။ ပီ။)], နာညတြိန္ဒြိယသံဝရာ၊
နာညတြ သဗ္ဗနိဿဂ္ဂါ, သောတ္ထိံ ပဿာမိ ပါဏိန’’န္တိ။
‘‘ဣဒမဝေါစ…ပေ… တတ္ထေဝန္တရဓာယီ’’တိ။
၇-သုဗြဟ္မသုတ် ၉၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သုဗြဟ္မနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ - “မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့”ဟု (လျှောက်၏)။ ဗောဇ္စျင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ်ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။ ဣန္ဒြေတို့ကို စောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်၊ အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု (မိန့်တော်မူ၏)။ ဤစကားကို မိန့်တော်မူ၏။ပ။ နတ်သားသည် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။
Linked Discourses 2.17 2. With Anāthapiṇḍika With Subrahmā Standing to one side, the godling Subrahmā addressed the Buddha in verse: “This mind is always anxious, this mind is always stressed about stresses that haven’t arisen and those that have. If there is a state free of anxiety, please answer my question.” “Not without understanding and fervor, not without restraining the sense faculties, not without letting go of everything, do I see safety for living creatures.” That is what the Buddha said. … The godling vanished right there.
၈။ ကကုဓသုတ္တံ
၉၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာကေတေ ဝိဟရတိ အဉ္ဇနဝနေ မိဂဒါယေ။ အထ ခေါ ကကုဓော ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ အဉ္ဇနဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ကကုဓော ဒေဝပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နန္ဒသိ, သမဏာ’’တိ? ‘‘ကိံ လဒ္ဓါ, အာဝုသော’’တိ? ‘‘တေန ဟိ, သမဏ, သောစသီ’’တိ? ‘‘ကိံ ဇီယိတ္ထ, အာဝုသော’’တိ? ‘‘တေန ဟိ, သမဏ, နေဝ နန္ဒသိ န စ [နေဝ (သီ။ သျာ။ ကံ။)] သောစသီ’’တိ? ‘‘ဧဝမာဝုသော’’တိ။
‘‘ကစ္စိ တွံ အနဃော [အနိဃော (သဗ္ဗတ္ထ)] ဘိက္ခု, ကစ္စိ နန္ဒီ [နန္ဒိ (သီ။ သျာ။ ကံ။)] န ဝိဇ္ဇတိ၊
ကစ္စိ တံ ဧကမာသီနံ, အရတီ နာဘိကီရတီ’’တိ။
‘‘အနဃော ဝေ အဟံ ယက္ခ, အထော နန္ဒီ န ဝိဇ္ဇတိ၊
အထော မံ ဧကမာသီနံ, အရတီ နာဘိကီရတီ’’တိ။
‘‘ကထံ တွံ အနဃော ဘိက္ခု, ကထံ နန္ဒီ န ဝိဇ္ဇတိ၊
ကထံ တံ ဧကမာသီနံ, အရတီ နာဘိကီရတီ’’တိ။
‘‘အဃဇာတဿ ဝေ နန္ဒီ, နန္ဒီဇာတဿ ဝေ အဃံ၊
အနန္ဒီ အနဃော ဘိက္ခု, ဧဝံ ဇာနာဟိ အာဝုသော’’တိ။
‘‘စိရဿံ ဝတ ပဿာမိ, ဗြာဟ္မဏံ ပရိနိဗ္ဗုတံ၊
အနန္ဒိံ အနဃံ ဘိက္ခုံ, တိဏ္ဏံ လောကေ ဝိသတ္တိက’’န္တိ။
၈-ကကုဓသုတ် ၉၉။ အကျွန်ုပ်သည် ဤသို့ ကြားနားခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတ မြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကကုဓနတ်သား သည် ညဥ့်ဦးယံလွန်ပြီးသော (သန်းကောင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အဉ္ဇနတောအလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား “ရဟန်း နှစ်သက်၏လော”ဟု ဤစကားကို လျှောက်၏၊ “အချင်းနတ်သား အဘယ်ကို ရ၍ နှစ်သက်ရမည်နည်း”ဟု မေးတော်မူ၏၊ “ရဟန်း သို့ဖြစ်လျှင် စိုးရိမ်ပါသလော”ဟု လျှောက်၏၊ အချင်းနတ်သား အဘယ်ဝတ္ထုသည် ဆွေးမြေ့သည်ဖြစ်၍ စိုးရိမ်ရမည်နည်း”ဟု မေးတော်မူ၏၊ “ရဟန်း သို့ဖြစ်လျှင် နှစ်သက်လည်း မနှစ်သက် စိုးရိမ်လည်း မစိုးရိမ်ပါသလော”ဟု လျှောက်၏၊ အချင်းနတ်သား သင် ဆိုတိုင်းဟုတ်၏ဟု (မိန့်တော်မူ၏)။ ရဟန်း အသို့နည်း သင်သည် ဆင်းရဲ မရှိသလော၊ အသို့နည်း (သင့်အား) နှစ်သက်ခြင်း မရှိသလော၊ တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို အသို့နည်း မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်၏)။ နတ်သား ငါဘုရားသည် စင်စစ် ဆင်းရဲ ကင်း၏၊ ထိုမှတစ်ပါး (ငါ့အား) နှစ်သက်ခြင်း မရှိ၊ ထိုမှတစ်ပါး တစ်ယောက်တည်း နေလေ့ရှိသော ငါဘုရားကို မမွေ့လျော်ခြင်းသည် မနှိပ်စက်ဟု (မိန့်တော်မူ၏)။ ရဟန်း သင်သည် အဘယ်သို့ ဆင်းရဲကင်းသနည်း၊ (သင့်အား) နှစ်သက်ခြင်း မရှိသနည်း၊ အဘယ်အကြောင်းကြေင့် တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်ပြန်၏)။ နတ်သား ဆင်းရဲဖြစ်သော သူအား စင်စစ် နှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း ဖြစ်သော သူအား စင်စစ် ဆင်းရဲခြင်းသည် ဖြစ်၏၊ ရဟန်းသည် နှစ်သက်ခြင်းလည်း မရှိ၊ ဆင်းရဲခြင်းလည်း မရှိ၊ ဤသို့ သိလောဟု (မိန့်တော်မူ၏)။ နှစ်သက်ခြင်း မရှိသော ဆင်းရဲခြင်း မရှိသော လောက၌ တဏှာကို ကူးမြောက် ပြီးသော၊ မကောင်းမှုကို အပပြုပြီးသော၊ ငြိမ်းအေးပြီးသော ရဟန်းကို ကြာမြင့်မှ ဖူးမြင်ရလေစွတကားဟု (လျှောက်၏)။
Linked Discourses 2.18 2. With Anāthapiṇḍika With Kakudha So I have heard. At one time the Buddha was staying near Sāketa in the deer park at the Añjana Wood. Then, late at night, the glorious godling Kakudha, lighting up the entire Añjana Wood, went up to the Buddha, bowed, stood to one side, and said to him, “Do you delight, ascetic?” “What have I gained, sir?” “Well then, ascetic, do you sorrow?” “What have I lost, sir?” “Well then, ascetic, do you neither delight nor sorrow?” “Yes, sir.” “I hope you’re not gloomy, mendicant, I hope that delight isn’t found in you. I hope that discontent doesn’t overwhelm you as you sit alone.” “I’m genuinely not gloomy, spirit, and no delight is found in me. And also discontent doesn’t overwhelm me as I sit alone.” “How are you not gloomy, mendicant? How is delight not found in you? How does discontent not overwhelm you as you sit alone?” “Delight is born from gloom, gloom is born from delight; sir, you should know me as a mendicant free of delight and gloom.” “After a long time I see a brahmin fully quenched. A mendicant free of delight and gloom, he has crossed over clinging to the world.”
၉။ ဥတ္တရသုတ္တံ
၁၀၀။ ရာဇဂဟနိဒါနံ။ ဧကမန္တံ ဌိတော ခေါ ဥတ္တရော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ဥပနီယတိ ဇီဝိတမပ္ပမာယု,
ဇရူပနီတဿ န သန္တိ တာဏာ၊
ဧတံ ဘယံ မရဏေ ပေက္ခမာနော,
ပုညာနိ ကယိရာထ သုခါဝဟာနီ’’တိ။
‘‘ဥပနီယတိ ဇီဝိတမပ္ပမာယု,
ဇရူပနီတဿ န သန္တိ တာဏာ၊
ဧတံ ဘယံ မရဏေ ပေက္ခမာနော,
လောကာမိသံ ပဇဟေ သန္တိပေက္ခော’’တိ။
၉-ဥတ္တရသုတ် ၁၀၀။ ရာဇဂြိုဟ်နိဒါန်း။ ဥတ္တရနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ - “(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် နည်း၏ (တိုတောင်းလှ၏။) အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ (ပညာရှိသည်) သေခြင်းတရား၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။ (အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် နည်း၏ (တိုတောင်းလှ၏။) အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (မိန့်တော်မူ၏)။
Linked Discourses 2.19 2. With Anāthapiṇḍika With Uttara At Rājagaha. Standing to one side, the godling Uttara spoke this verse in the Buddha’s presence: “This life, so very short, is led onward. One led on to old age has no shelter. Seeing this peril in death, do good deeds that bring you joy.” “This life, so very short, is led onward. One led on to old age has no shelter. Seeing this peril in death, a seeker of peace would drop the world’s bait.”
၁၀။ အနာထပိဏ္ဍိကသုတ္တံ
၁၀၁။ ဧကမန္တံ ဌိတော ခေါ အနာထပိဏ္ဍိကော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –
‘‘ဣဒဉှိ တံ ဇေတဝနံ, ဣသိသံဃနိသေဝိတံ၊
အာဝုတ္ထံ ဓမ္မရာဇေန, ပီတိသဉ္ဇနနံ မမ။
‘‘ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ, သီလံ ဇီဝိတမုတ္တမံ၊
ဧတေန မစ္စာ သုဇ္ဈန္တိ, န ဂေါတ္တေန ဓနေန ဝါ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ယောနိသော ဝိစိနေ ဓမ္မံ, ဧဝံ တတ္ထ ဝိသုဇ္ဈတိ။
‘‘သာရိပုတ္တောဝ ပညာယ, သီလေန ဥပသမေန စ၊
ယောပိ ပါရင်္ဂတော ဘိက္ခု, ဧတာဝပရမော သိယာ’’တိ။
ဣဒမဝေါစ အနာထပိဏ္ဍိကော ဒေဝပုတ္တော။ ဣဒံ ဝတွာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီတိ။
အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ အစ္စယေန ဘိက္ခူ အာမန္တေသိ – ‘‘ဣမံ, ဘိက္ခဝေ, ရတ္တိံ အညတရော ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ, ဘိက္ခဝေ, သော ဒေဝပုတ္တော မမ သန္တိကေ ဣမာ ဂါထာယော အဘာသိ –
‘‘ဣဒဉှိ တံ ဇေတဝနံ, ဣသိသံဃနိသေဝိတံ၊
အာဝုတ္ထံ ဓမ္မရာဇေန, ပီတိသဉ္ဇနနံ မမ။
‘‘ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ, သီလံ ဇီဝိတမုတ္တမံ၊
ဧတေန မစ္စာ သုဇ္ဈန္တိ, န ဂေါတ္တေန ဓနေန ဝါ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ယောနိသော ဝိစိနေ ဓမ္မံ, ဧဝံ တတ္ထ ဝိသုဇ္ဈတိ။
‘‘သာရိပုတ္တောဝ ပညာယ, သီလေန ဥပသမေန စ၊
ယောပိ ပါရင်္ဂတော ဘိက္ခု, ဧတာဝပရမော သိယာ’’တိ။
‘‘ဣဒမဝေါစ, ဘိက္ခဝေ, သော ဒေဝပုတ္တော။ ဣဒံ ဝတွာ မံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သော ဟိ နူန, ဘန္တေ, အနာထပိဏ္ဍိကော ဒေဝပုတ္တော ဘဝိဿတိ။ အနာထပိဏ္ဍိကော ဂဟပတိ အာယသ္မန္တေ သာရိပုတ္တေ အဘိပ္ပသန္နော အဟောသီ’’တိ။ သာဓု သာဓု, အာနန္ဒ, ယာဝတကံ ခေါ, အာနန္ဒ, တက္ကာယ ပတ္တဗ္ဗံ အနုပ္ပတ္တံ တံ တယာ။ အနာထပိဏ္ဍိကော ဟိ သော, အာနန္ဒ, ဒေဝပုတ္တော’’တိ။
အနာထပိဏ္ဍိကဝဂ္ဂေါ ဒုတိယော။
တဿုဒ္ဒါနံ –
စန္ဒိမသော [စန္ဒိမာသော (ပီ။ က။)] စ ဝေဏ္ဍု [ဝေဏှု (သီ။ က။)] စ, ဒီဃလဋ္ဌိ စ နန္ဒနော၊
စန္ဒနော ဝါသုဒတ္တော စ, သုဗြဟ္မာ ကကုဓေန စ၊
ဥတ္တရော နဝမော ဝုတ္တော, ဒသမော အနာထပိဏ္ဍိကောတိ။
၁၀-အနာထပိဏ္ဍိကသုတ် ၁၀၁။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရား ထံတော် ပါး၌ ဤဂါထာကို လျှောက်၏ - “ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်မူရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။ အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။ ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။ အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်း နိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏”ဟု (လျှောက်၏)။ အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဥ့် လွန်သော် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ ဤညဥ့်၌ တစ်ယောက်သော နတ်သားသည် ညဥ့်ဦးယမ် ကုန်ပြီးသော (သန်းခေါင်ယမ်) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါဘုရားထံသို့ ချဥ်းကပ်၍ ငါဘုရား ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ငါဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ ‘ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်ရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။ အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။ ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။ အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်းနိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏’ဟု (လျှောက်၏)။ ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို ဆိုပြီး၍ ငါဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထို နေရာ၌ပင်လျှင် ကွယ်ပျောက်လေ၏”ဟု မိန့်တော်မူ၏၊ ဤသိုု့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သား ဖြစ်လိမ့်မည်ဟု ထင်မိပါ၏၊ အနာထပိဏ်သူဋ္ဌေးသည် အသျှင်သာရိပုတ္တရာ၌ အလွန် ကြည်ညို၏”ဟု လျှောက်၏၊ အာနန္ဒာ ကောင်းစွ ကောင်းစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့်ရောက်ထိုက်သော အရာမှန်သမျှသို့ သင် ရောက်ပေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်တည်းဟု (မိန့်တော်မူ၏)။ နှစ်ခုမြောက် အနာထပိဏ္ဍိကဝဂ် ပြီး၏။
Linked Discourses 2.20 2. With Anāthapiṇḍika With Anāthapiṇḍika Standing to one side, the godling Anāthapiṇḍika recited these verses in the Buddha’s presence: “This is indeed that Jeta’s Grove, frequented by the Saṅgha of seers, where the King of Dhamma stayed: it brings me joy! Deeds, knowledge, and principle; ethical conduct, an excellent livelihood; by these are mortals purified, not by clan or wealth. That’s why an astute person, seeing what’s good for themselves, would examine the teaching rationally, that’s how they become purified in that. Sāriputta is full of wisdom, ethics, and peace. Even a mendicant who has crossed over might at best equal him.” That is what the godling Anāthapiṇḍika said. Then he bowed and respectfully circled the Buddha, keeping him on his right, before vanishing right there. Then, when the night had passed, the Buddha addressed the mendicants: “Mendicants, tonight, a certain glorious godling, lighting up the entire Jeta’s Grove, came to me, bowed, stood to one side, and recited these verses in my presence.” The Buddha then repeated the verses in full. When he said this, Venerable Ānanda said to the Buddha, “Sir, that godling must surely have been Anāthapiṇḍika. For the householder Anāthapiṇḍika was devoted to Venerable Sāriputta.” “Good, good, Ānanda. You’ve reached the logical conclusion, as far as logic goes. For that was indeed the godling Anāthapiṇḍika.”
၃။ နာနာတိတ္ထိယဝဂ္ဂေါ
၁။ သိဝသုတ္တံ
၁၀၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ သိဝေါ ဒေဝပုတ္တော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သိဝေါ ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, သေယျော ဟောတိ န ပါပိယော။
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, ပညာ လဗ္ဘတိ နာညတော။
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, သောကမဇ္ဈေ န သောစတိ။
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, ဉာတိမဇ္ဈေ ဝိရောစတိ။
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, သတ္တာ တိဋ္ဌန္တိ သာတတ’’န္တိ။
အထ ခေါ ဘဂဝါ သိဝံ ဒေဝပုတ္တံ ဂါထာယ ပစ္စဘာသိ –
‘‘သဗ္ဘိရေဝ သမာသေထ, သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊
သတံ သဒ္ဓမ္မမညာယ, သဗ္ဗဒုက္ခာ ပမုစ္စတီ’’တိ။
၃-နာနာတိတ္ထိယဝဂ် ၁-သိဝသုတ် ၁၀၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ သိဝ့နတ်သားသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ - “သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိဘဝ) သို့ ရောက်ကုန်၏။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏”ဟု (လျှောက်၏)။ ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏ - “သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏”ဟု (မိန့်တော်မူ၏)။
Linked Discourses 2.21 3. Various Sectarians With Shiva So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then, late at night, the glorious godling Shiva, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and recited these verses in the Buddha’s presence: “Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, things get better, not worse. Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, wisdom is gained—but not from anyone else. Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, you grieve not among the grieving. Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, you dazzle among your relatives. Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, sentient beings go to a good place. Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, sentient beings live happily.” Then the Buddha replied to Shiva in verse: “Associate only with the virtuous! Try to get close to the virtuous! Understanding the true teaching of the good, you’re released from all suffering.”
၂။ ခေမသုတ္တံ
၁၀၃။ ဧကမန္တံ ဌိတော ခေါ ခေမော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –
‘‘စရန္တိ ဗာလာ ဒုမ္မေဓာ, အမိတ္တေနေဝ အတ္တနာ၊
ကရောန္တာ ပါပကံ ကမ္မံ, ယံ ဟောတိ ကဋုကပ္ဖလံ။
‘‘န တံ ကမ္မံ ကတံ သာဓု, ယံ ကတွာ အနုတပ္ပတိ၊
ယဿ အဿုမုခေါ ရောဒံ, ဝိပါကံ ပဋိသေဝတိ။
‘‘တဉ္စ ကမ္မံ ကတံ သာဓု, ယံ ကတွာ နာနုတပ္ပတိ၊
ယဿ ပတီတော သုမနော, ဝိပါကံ ပဋိသေဝတိ။
‘‘ပဋိကစ္စေဝ [ပဋိဂစ္စေဝ (သီ။)] တံ ကယိရာ, ယံ ဇညာ ဟိတမတ္တနော၊
န သာကဋိကစိန္တာယ, မန္တာ ဓီရော ပရက္ကမေ။
‘‘ယထာ သာကဋိကော မဋ္ဌံ [ပန္ထံ (သီ။), ပသတ္ထံ (သျာ။ ကံ။)], သမံ ဟိတွာ မဟာပထံ၊
ဝိသမံ မဂ္ဂမာရုယှ, အက္ခစ္ဆိန္နောဝ ဈာယတိ။
‘‘ဧဝံ ဓမ္မာ အပက္ကမ္မ, အဓမ္မမနုဝတ္တိယ၊
မန္ဒော မစ္စုမုခံ ပတ္တော, အက္ခစ္ဆိန္နောဝ ဈာယတီ’’တိ။
၂-ခေမသုတ် ၁၀၃။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ခေမနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ - “ပညာမဲ့ကုန်သော သူမိုက်တို့သည် ခါးစပ်သော အကျိုးရှိသည်ဖြစ်၍ ယုတ်ညံ့ သော အမှုကို ပြုကုန်လျက် မိမိသည်ပင် (မိမိ၏) ရန်သူအဖြစ်ဖြင့် ကျင်လည်ရ ကုန်၏။ နောင်တတစ်ဖန် ပူပန်ရသော မျက်ရည်ယိုသော မျက်နှာရှိသည်ဖြစ်၍ ငိုယိုလျက် ခံစားရသည့် အကျိုးမရှိသော အမှုကို ပြုခြင်းသည် မကောင်း။ နောင်တတစ်ဖန် မပူပန်ရသော နှစ်သက် , ဝမ်းမြောက်သည်ဖြစ်၍ ခံစားရသည့် အကျိူးရှိသော အမှုကို ပြုခြင်းသည် ကောင်း၏။ သူတော်ကောင်းဖြစ်သော ပညာရှိသည် မိမိ၏ အစီးအပွားကို သိငြားအံ့၊ ထို အစီးအပွားကို ရှေးဦးစွာပင် ပြုရာ၏၊ ‘ဝင်ရိုးကျိုးသော လှည်းသမား၏ အကြံ ကဲ့သို့’ အားမထုတ်ရာ။ ‘လှည်းသမားသည် ပြေပြစ်ညီညွတ်သော လမ်းမကြီးကို စွန့်၍ မညီညွတ်သော လမ်းခရီးသို့ တက်သောကြောင့် လှည်းဝင်ရိုး ကျိုးသည်ဖြစ်၍ ကြံမှိုင်ရသကဲ့သို့’ ထို့အတူ ပညာနုံ့သော သူသည် တရားမှ ဖဲ၍ မတရားသို့ အစဥ်လိုက်သော ကြောင့် သေမင်း၏ ခံတွင်းဝသို့ ရောက်သည်ရှိသော် ‘လှည်းဝင်ရိုးကျိုးသော လှည်း သမားကဲ့သို့’ ကြံမှိုင်ရ၏”ဟု (လျှောက်၏)။
Linked Discourses 2.22 3. Various Sectarians With Khema Standing to one side, the godling Khema recited these verses in the Buddha’s presence: “Fools and simpletons behave like their own worst enemies, doing wicked deeds that ripen as bitter fruit. It’s not good to do a deed that plagues you later on, for which you weep and wail, as its effect stays with you. It is good to do a deed that doesn’t plague you later on, that gladdens and cheers, as its effect stays with you.” “As a precaution, you should do what you know is for your own welfare. A thinker, an attentive one would not proceed thinking like the cart driver. Suppose a cart driver leaves the highway, so even and well compacted. They enter upon a rough road, and fret as soon as their axle is broken. So too, a dullard leaves the good to follow what’s against the good. Fallen in the jaws of death, they fret like one whose axle is broken.”
၃။ သေရီသုတ္တံ
၁၀၄။ ဧကမန္တံ ဌိတော ခေါ သေရီ ဒေဝပုတ္တော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘အန္နမေဝါဘိနန္ဒန္တိ, ဥဘယေ ဒေဝမာနုသာ၊
အထ ကော နာမ သော ယက္ခော, ယံ အန္နံ နာဘိနန္ဒတီ’’တိ။
‘‘ယေ နံ ဒဒန္တိ သဒ္ဓါယ, ဝိပ္ပသန္နေန စေတသာ၊
တမေဝ အန္နံ ဘဇတိ, အသ္မိံ လောကေ ပရမှိ စ။
‘‘တသ္မာ ဝိနေယျ မစ္ဆေရံ, ဒဇ္ဇာ ဒါနံ မလာဘိဘူ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝသုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ –
‘‘ယေ နံ ဒဒန္တိ သဒ္ဓါယ, ဝိပ္ပသန္နေန စေတသာ၊
တမေဝ အန္နံ ဘဇတိ, အသ္မိံ လောကေ ပရမှိ စ။
‘‘တသ္မာ ဝိနေယျ မစ္ဆေရံ, ဒဇ္ဇာ ဒါနံ မလာဘိဘူ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
‘‘ဘူတပုဗ္ဗာဟံ, ဘန္တေ, သိရီ [သေရီ (သီ။ သျာ။ ကံ။ ပီ။)] နာမ ရာဇာ အဟောသိံ ဒါယကော ဒါနပတိ ဒါနဿ ဝဏ္ဏဝါဒီ။ တဿ မယှံ, ဘန္တေ, စတူသု ဒွါရေသု ဒါနံ ဒီယိတ္ထ သမဏ-ဗြာဟ္မဏ-ကပဏဒ္ဓိက-ဝနိဗ္ဗကယာစကာနံ။ အထ ခေါ မံ, ဘန္တေ, ဣတ္ထာဂါရံ ဥပသင်္ကမိတွာ ဧတဒဝေါစ [ဣတ္ထာဂါရာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ (က။)] – ‘ဒေဝဿ ခေါ [ဒေဝဿေဝ ခေါ (က။ သီ။)] ဒါနံ ဒီယတိ၊ အမှာကံ ဒါနံ န ဒီယတိ။ သာဓု မယမ္ပိ ဒေဝံ နိဿာယ ဒါနာနိ ဒဒေယျာမ, ပုညာနိ ကရေယျာမာ’တိ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဟံ ခေါသ္မိ ဒါယကော ဒါနပတိ ဒါနဿ ဝဏ္ဏဝါဒီ။ ဒါနံ ဒဿာမာတိ ဝဒန္တေ ကိန္တိ ဝဒေယျ’န္တိ? သော ခွါဟံ, ဘန္တေ, ပဌမံ ဒွါရံ ဣတ္ထာဂါရဿ အဒါသိံ။ တတ္ထ ဣတ္ထာဂါရဿ ဒါနံ ဒီယိတ္ထ၊ မမ ဒါနံ ပဋိက္ကမိ။
‘‘အထ ခေါ မံ, ဘန္တေ, ခတ္တိယာ အနုယန္တာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘ဒေဝဿ ခေါ ဒါနံ ဒီယတိ၊ ဣတ္ထာဂါရဿ ဒါနံ ဒီယတိ၊ အမှာကံ ဒါနံ န ဒီယတိ။ သာဓု မယမ္ပိ ဒေဝံ နိဿာယ ဒါနာနိ ဒဒေယျာမ, ပုညာနိ ကရေယျာမာ’တိ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဟံ ခေါသ္မိ ဒါယကော ဒါနပတိ ဒါနဿ ဝဏ္ဏဝါဒီ။ ဒါနံ ဒဿာမာတိ ဝဒန္တေ ကိန္တိ ဝဒေယျ’န္တိ? သော ခွါဟံ, ဘန္တေ, ဒုတိယံ ဒွါရံ ခတ္တိယာနံ အနုယန္တာနံ အဒါသိံ။ တတ္ထ ခတ္တိယာနံ အနုယန္တာနံ ဒါနံ ဒီယိတ္ထ, မမ ဒါနံ ပဋိက္ကမိ။
‘‘အထ ခေါ မံ, ဘန္တေ, ဗလကာယော ဥပသင်္ကမိတွာ ဧတဒဝေါစ – ‘ဒေဝဿ ခေါ ဒါနံ ဒီယတိ၊ ဣတ္ထာဂါရဿ ဒါနံ ဒီယတိ၊ ခတ္တိယာနံ အနုယန္တာနံ ဒါနံ ဒီယတိ၊ အမှာကံ ဒါနံ န ဒီယတိ။ သာဓု မယမ္ပိ ဒေဝံ နိဿာယ ဒါနာနိ ဒဒေယျာမ, ပုညာနိ ကရေယျာမာ’တိ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဟံ ခေါသ္မိ ဒါယကော ဒါနပတိ ဒါနဿ ဝဏ္ဏဝါဒီ။ ဒါနံ ဒဿာမာတိ ဝဒန္တေ ကိန္တိ ဝဒေယျ’န္တိ? သော ခွါဟံ ဘန္တေ, တတိယံ ဒွါရံ ဗလကာယဿ အဒါသိံ။ တတ္ထ ဗလကာယဿ ဒါနံ ဒီယိတ္ထ, မမ ဒါနံ ပဋိက္ကမိ။
‘‘အထ ခေါ မံ, ဘန္တေ, ဗြာဟ္မဏဂဟပတိကာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘ဒေဝဿ ခေါ ဒါနံ ဒီယတိ၊ ဣတ္ထာဂါရဿ ဒါနံ ဒီယတိ၊ ခတ္တိယာနံ အနုယန္တာနံ ဒါနံ ဒီယတိ၊ ဗလကာယဿ ဒါနံ ဒီယတိ၊ အမှာကံ ဒါနံ န ဒီယတိ။ သာဓု မယမ္ပိ ဒေဝံ နိဿာယ ဒါနာနိ ဒဒေယျာမ, ပုညာနိ ကရေယျာမာ’တိ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အဟံ ခေါသ္မိ ဒါယကော ဒါနပတိ ဒါနဿ ဝဏ္ဏဝါဒီ။ ဒါနံ ဒဿာမာတိ ဝဒန္တေ ကိန္တိ ဝဒေယျ’န္တိ? သော ခွါဟံ, ဘန္တေ, စတုတ္ထံ ဒွါရံ ဗြာဟ္မဏဂဟပတိကာနံ အဒါသိံ။ တတ္ထ ဗြာဟ္မဏဂဟပတိကာနံ ဒါနံ ဒီယိတ္ထ, မမ ဒါနံ ပဋိက္ကမိ။
‘‘အထ ခေါ မံ, ဘန္တေ, ပုရိသာ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘န ခေါ ဒါနိ ဒေဝဿ ကောစိ ဒါနံ ဒီယတီ’တိ။ ဧဝံ ဝုတ္တာဟံ, ဘန္တေ, တေ ပုရိသေ ဧတဒဝေါစံ – ‘တေန ဟိ, ဘဏေ, ယော ဗာဟိရေသု ဇနပဒေသု အာယော သဉ္ဇာယတိ တတော ဥပဍ္ဎံ အန္တေပုရေ ပဝေသေထ, ဥပဍ္ဎံ တတ္ထေဝ ဒါနံ ဒေထ သမဏ-ဗြာဟ္မဏ-ကပဏဒ္ဓိက-ဝနိဗ္ဗက-ယာစကာန’န္တိ။ သော ခွါဟံ, ဘန္တေ, ဧဝံ ဒီဃရတ္တံ ကတာနံ ပုညာနံ ဧဝံ ဒီဃရတ္တံ ကတာနံ ကုသလာနံ ဓမ္မာနံ ပရိယန္တံ နာဓိဂစ္ဆာမိ – ဧတ္တကံ ပုညန္တိ ဝါ ဧတ္တကော ပုညဝိပါကောတိ ဝါ ဧတ္တကံ သဂ္ဂေ ဌာတဗ္ဗန္တိ ဝါတိ။ အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝသုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ –
‘‘ယေ နံ ဒဒန္တိ သဒ္ဓါယ, ဝိပ္ပသန္နေန စေတသာ၊
တမေဝ အန္နံ ဘဇတိ, အသ္မိံ လောကေ ပရမှိ စ။
‘‘တသ္မာ ဝိနေယျ မစ္ဆေရံ, ဒဇ္ဇာ ဒါနံ မလာဘိဘူ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
၃-သေရီသုတ် ၁၀၄။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သေရီနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ - “နတ်လူနှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့တောင့်တ စမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့ နည်း”ဟု (လျှောက်၏)။ အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထိုနတ်လူတို့ တောင့် တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူအပ်သော ထမင်း သည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဥ်လိုက်၏။ ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ - “အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ အပ်သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဥ်လိုက်၏။ ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။ အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် သေရီအမည်ရှိသောမင်း ဖြစ်ဖူး၏၊ ပေးလှူ လေ့ရှိ၏၊ အလှူရှင်ပါတည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိပါ၏၊ အသျှင်ဘုရား ထိုကျွန်ုပ်သည် မြို့တံခါး လေးမျက်နှာတို့၌ သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်ကို မောင်းမအပေါင်းသည် ချဥ်းကပ်၍ ဤစကားကို လျှောက်ကုန်၏- “အရှင်မင်းမြတ်သည်သာလျှင် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထို အကျွန်ုပ်၏ စိတ်၌ ဤအကြံသည် ဖြစ်ပါ၏- “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ သို့ဖြစ်လျက် ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ပဌမတံခါးကို မောင်းမ အပေါင်းအား ပေးရ၏၊ ထိုတံခါး၌ မောင်းမအပေါင်းသည် အလှူကို ပေးလှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။ အသျှင်ဘုရား ထိုအခါ၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အကျွန်ုပ်သို့ ချဥ်းကပ်ကုန်၍ ဤ စကားကို ဆိုကုန်၏- “အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက် ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရာ့းထိုအကျွန်ုပ်သည် ဒုတိယတံခါးကို နောက်လိုက် လက်အောက်ခံမင်းတို့အား ပေးရ၏၊ ထိုတံခါး၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။ အသျှင်ဘုရား ထိုအခါ ဗိုလ်ပါအပေါင်းသည် အကျွန်ုပ်သို့ ချဥ်းကပ်ကုန်၍ ဤသို့ ဆို၏- “အရှင်မင်း မြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက် အောက်ခံမင်းတို့သည် အလှူကို ပေးလှူရကုန်၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန် ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူ ကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း၊ အသျှင်ဘုရား စင်စစ် ထိုအကျွန်ုပ် သည် တတိယတံခါးကို ဗိုလ်ပါအပေါင်းအား ပေးရ၏၊ ထိုတံခါး၌ ဗိုလ်ပါအပေါင်းတို့သည် အလှူကို ပေး လှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။ အသျှင်ဘုရား ထိုအခါ၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အကျွန်ုပ်သို့ ချဥ်းကပ်ကုန်၍ ဤစကားကို ဆိုကုန်၏- “အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူရ၏၊ ဗိုလ်ပါအပေါင်းသည် အလှူကို ပေးလှူ ရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ် ကို အမှီပြု၍ အလှူကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင် ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် စတုတ္ထတံခါးကို ပုဏ္ဏားနှင့် သူကြွယ်တို့အား ပေးရ၏၊ ထိုတံခါး၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။ အသျှင်ဘုရား ထိုအခါ၌ မင်းချင်းယောကျာ်းတို့သည် အကျွန်ုပ်သို့ ချဥ်းကပ်ကုန်၍ “ယခုအခါ၌ အရှင်မင်းမြတ်သည် တစ်စုံတစ်ခုသော အလှူကို မပေးလှူရတော့ပါ”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုမင်းချင်းယောကျာ်းတို့အား ဤစကားကို ဆိုပါ၏၊ “အမောင်တို့ သို့ဖြစ် လျှင် အပဖြစ်ကုန်သော နယ်ပယ်တို့၌ အကြင်အခွန်အတုတ် (အတိုးအပွားဥစ္စာ) သည် ကောင်းစွာ ဖြစ်၏၊ ထိုအခွန်အတုတ် (အတိုးအပွားဥစ္စာ) မှ ထက်ဝက်ကို နန်းတော်တွင်းသို့ သွင်းကုန်လော့၊ ထက်ဝက်ကို ထို အရပ်၌သာလျှင် သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူကုန်လော့” (ဟု ဆိုပါ၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ဤသို့ ရှည်မြင့်စွာသော အနှစ် ရှစ်သောင်းကာလပတ်လုံး ပြုအပ်ကုန်သော ကောင်းမှု၊ ဤသို့ ရှည်မြင့်စွာသော အနှစ်ရှစ်သောင်းကာလ ပတ်လုံး ပြုအပ်ကုန်သော ကုသိုလ်တရားတို့၏ အပိုင်းအခြားကို “ကောင်းမှုသည် ဤမျှ အတိုင်းအရှည် ရှိ၏”ဟူ၍လည်းကောင်း၊ “ကောင်းမှု၏ အကျိုးသည် ဤမျှ အတိုင်းအရှည် ရှိ၏”ဟူ၍လည်းကောင်း၊ “နတ်ပြည်၌ ဤမျှလောက် တည်ရာရှိ၏”ဟူ၍လည်းကောင်း မသိနိုင်ပါ၊ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ - “အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ထိုပေးလှူသူတို့သို့ အစဥ်လိုက်၏။ ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်းတည်းဟူသော) အညစ် အကြေးကို နှိမ်နင်းလျက့်အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။
Linked Discourses 2.23 3. Various Sectarians With Serī Standing to one side, the godling Serī addressed the Buddha in verse: “Both gods and humans enjoy their food. So what’s the name of the spirit who doesn’t like food?” “Those who give with faith and a clear and confident heart, partake of food in this world and the next. So you should dispel stinginess, overcoming that stain, and give a gift. The good deeds of sentient beings support them in the next world.” “It’s incredible, sir, it’s amazing, how well said this was by the Buddha.” He repeated the Buddha’s verses, and said: “Once upon a time, sir, I was a king named Serī, a giver, a donor, who praised giving. I gave gifts at the four gates to ascetics and brahmins, to paupers, vagrants, supplicants, and beggars. Then the ladies of my harem approached me and said, ‘Your Majesty gives gifts, but we don’t. Your Majesty, please support us to give gifts and make merit.’ Then it occurred to me, ‘I’m a giver, a donor, who praises giving. When they say, “We would give gifts”, what am I to say?’ And so I gave the first gate to the ladies of my harem. There they gave gifts, while my own giving dwindled. Then my aristocrat vassals approached me and said, ‘Your Majesty gives gifts, the ladies of your harem give gifts, but we don’t. Your Majesty, please support us to give gifts and make merit.’ Then it occurred to me, ‘I’m a giver, a donor, who praises giving. When they say, “We would give gifts”, what am I to say?’ And so I gave the second gate to my aristocrat vassals. There they gave gifts, while my own giving dwindled. Then my troops approached me and said, ‘Your Majesty gives gifts, the ladies of your harem give gifts, your aristocrat vassals give gifts, but we don’t. Your Majesty, please support us to give gifts and make merit.’ Then it occurred to me, ‘I’m a giver, a donor, who praises giving. When they say, “We would give gifts”, what am I to say?’ And so I gave the third gate to my troops. There they gave gifts, while my own giving dwindled. Then my brahmins and householders approached me and said, ‘Your Majesty gives gifts, the ladies of your harem give gifts, your aristocrat vassals give gifts, your troops give gifts, but we don’t. Your Majesty, please support us to give gifts and make merit.’ Then it occurred to me, ‘I’m a giver, a donor, who praises giving. When they say, “We would give gifts”, what am I to say?’ And so I gave the fourth gate to my brahmins and householders. There they gave gifts, while my own giving dwindled. Then my men approached me and said, ‘Now Your Majesty is not giving gifts anywhere!’ When they said this, I said to those men, ‘Well then, lads, deposit half the revenue generated in the outer districts in the royal compound. Give the other half as charity to ascetics and brahmins, to paupers, vagrants, supplicants, and beggars in those districts.’ Sir, for a long time I made so much merit and did so many skillful deeds. I never reached any limit so as to say ‘there’s this much merit’ or ‘there’s this much result of merit’ or ‘for so long I’ll remain in heaven’. It’s incredible, sir, it’s amazing, how well said this was by the Buddha. ‘Those who give with faith and a clear and confident heart, partake of food in this world and the next. So you should dispel stinginess, overcoming that stain, and give a gift. The good deeds of sentient beings support them in the next world.’”
၄။ ဃဋီကာရသုတ္တံ
၁၀၅။ ဧကမန္တံ ဌိတော ခေါ ဃဋီကာရော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘အဝိဟံ ဥပပန္နာသေ, ဝိမုတ္တာ သတ္တ ဘိက္ခဝေါ၊
ရာဂဒေါသပရိက္ခီဏာ, တိဏ္ဏာ လောကေ ဝိသတ္တိက’’န္တိ။
‘‘ကေ စ တေ အတရုံ ပင်္ကံ, မစ္စုဓေယျံ သုဒုတ္တရံ၊
ကေ ဟိတွာ မာနုသံ ဒေဟံ, ဒိဗ္ဗယောဂံ ဥပစ္စဂု’’န္တိ။
‘‘ဥပကော ပလဂဏ္ဍော [ဖလဂဏ္ဍော (က။)] စ, ပုက္ကုသာတိ စ တေ တယော၊
ဘဒ္ဒိယော ခဏ္ဍဒေဝေါ စ, ဗာဟုရဂ္ဂိ စ သင်္ဂိယော [ဗာဟုဒန္တီ စ ပိင်္ဂိယော (သီ။ သျာ။)]၊
တေ ဟိတွာ မာနုသံ ဒေဟံ, ဒိဗ္ဗယောဂံ ဥပစ္စဂု’’န္တိ။
‘‘ကုသလီ ဘာသသီ တေသံ, မာရပါသပ္ပဟာယိနံ၊
ကဿ တေ ဓမ္မမညာယ, အစ္ဆိဒုံ ဘဝဗန္ဓန’’န္တိ။
‘‘န အညတြ ဘဂဝတာ, နာညတြ တဝ သာသနာ၊
ယဿ တေ ဓမ္မမညာယ, အစ္ဆိဒုံ ဘဝဗန္ဓနံ။
‘‘ယတ္ထ နာမဉ္စ ရူပဉ္စ, အသေသံ ဥပရုဇ္ဈတိ၊
တံ တေ ဓမ္မံ ဣဓညာယ, အစ္ဆိဒုံ ဘဝဗန္ဓန’’န္တိ။
‘‘ဂမ္ဘီရံ ဘာသသီ ဝါစံ, ဒုဗ္ဗိဇာနံ သုဒုဗ္ဗုဓံ၊
ကဿ တွံ ဓမ္မမညာယ, ဝါစံ ဘာသသိ ဤဒိသ’’န္တိ။
‘‘ကုမ္ဘကာရော ပုရေ အာသိံ, ဝေကဠိင်္ဂေ ဃဋီကရော၊
မာတာပေတ္တိဘရော အာသိံ, ကဿပဿ ဥပါသကော။
‘‘ဝိရတော မေထုနာ ဓမ္မာ, ဗြဟ္မစာရီ နိရာမိသော၊
အဟုဝါ တေ သဂါမေယျော, အဟုဝါ တေ ပုရေ သခါ။
‘‘သောဟမေတေ ပဇာနာမိ, ဝိမုတ္တေ သတ္တ ဘိက္ခဝေါ၊
ရာဂဒေါသပရိက္ခီဏေ, တိဏ္ဏေ လောကေ ဝိသတ္တိက’’န္တိ။
‘‘ဧဝမေတံ တဒါ အာသိ, ယထာ ဘာသသိ ဘဂ္ဂဝ၊
ကုမ္ဘကာရော ပုရေ အာသိ, ဝေကဠိင်္ဂေ ဃဋီကရော။
‘‘မာတာပေတ္တိဘရော အာသိ, ကဿပဿ ဥပါသကော၊
ဝိရတော မေထုနာ ဓမ္မာ, ဗြဟ္မစာရီ နိရာမိသော၊
အဟုဝါ မေ သဂါမေယျော, အဟုဝါ မေ ပုရေ သခါ’’တိ။
‘‘ဧဝမေတံ ပုရာဏာနံ, သဟာယာနံ အဟု သင်္ဂမော၊
ဥဘိန္နံ ဘာဝိတတ္တာနံ, သရီရန္တိမဓာရိန’’န္တိ။
၄-ဃဋိကာရသုတ် ၁၀၅။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဃဋီကာရနတ်သားသည် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏ “အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း ‘ရာဂ’ , အမျက်ထွက်ခြင်း ‘ဒေါသ’ ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့နည်း၊ အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာ ဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဥ်) ကို လွန်မြောက် ကုန်သနည်း”ဟု (လျှောက်၏)။ ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့၏လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဥ်) ကို လွန် မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။ မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။ ထိုသူတို့သည် မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကာ ထိုမြတ်စွာဘုရားကို ကြဥ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဥ်ထား၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်နိုင်သည် မဟုတ်ကုန်။ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝ အနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။ နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။ အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိ်အဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ဖူး၏။ မေထုန်အကျင့်မှ ရှောင်ကြဥ်ခဲ့ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။ ထိုအကျွန်ုပ်သည် တပ်မက်မှု ‘ရာဂ’, အမျက်ထွက်မှု ‘ဒေါသ’ ကုန်ပြီးသော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ထိုရဟန်း ခုနစ်ယောက်တို့ကို သိပါ၏ဟု (လျှောက်၏)။ အိုးထိန်းသည် အကြင်အခြင်းအရာအားဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ ဖူး၏။ မေထုန်အကျင့်မှ ရှောင်ကြဥ်ခဲ့၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့ပါ၏၊ ငါနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ငါ၏ အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။ ရှေးက အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော ပွားများအပ်သော စိတ်ရှိကုန်သော အဆုံးစွန်သော ကိုယ်ကို့ဆောင်ကုန်သော နှစ်ယောက်ကုန်သော ဤသူတို့၏ ဤသို့ သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။
Linked Discourses 2.24 3. Various Sectarians With Ghaṭīkāra Standing to one side, the godling Ghaṭīkāra spoke this verse in the Buddha’s presence: “Seven mendicants reborn in Aviha have been freed. With the complete ending of greed and hate, they’ve crossed over clinging to the world.” “Who are those who’ve crossed the bog, Death’s dominion so hard to pass? Who, after leaving behind the human body, have risen above celestial yokes?” “Upaka and Palagaṇḍa, and Pukkusāti, these three; Bhaddiya and Bhaddadeva, and Bāhudantī and Piṅgiya. They, after leaving behind the human body, have risen above celestial yokes.” “You speak well of them, who have let go the snares of Māra. Whose teaching did they understand to cut the bonds of rebirth?” “None other than the Blessed One! None other than your instruction! It was your teaching that they understood to cut the bonds of rebirth. Where name and form cease with no residue left behind; understanding this teaching, they cut the bonds of rebirth.” “The words you say are deep, hard to understand, so very hard to wake up to. Whose teaching did you understand to be able to say such things?” “In the past I was a potter in Vebhaliṅga named Ghaṭīkāra. I took care of my parents as a lay follower of Buddha Kassapa. I refrained from sexual intercourse, I was chaste, spiritual. We lived in the same village; in the past I was your comrade. I am the one who understands that these seven mendicants have been freed. With the complete ending of greed and hate, they’ve crossed over clinging to the world.” “That’s exactly how it was, just as you say, Bhaggava. In the past you were a potter in Vebhaliṅga named Ghaṭīkāra. You took care of your parents as a lay follower of Buddha Kassapa. You refrained from sexual intercourse, you were chaste, spiritual. We lived in the same village; in the past you were my comrade.” “That’s how it was when those friends of old met again. Both of them are evolved, and bear their final body.”
၅။ ဇန္တုသုတ္တံ
၁၀၆။ ဧဝံ မေ သုတံ – ဧကံ သမယံ သမ္ဗဟုလာ ဘိက္ခူ, ကောသလေသု ဝိဟရန္တိ ဟိမဝန္တပဿေ အရညကုဋိကာယ ဥဒ္ဓတာ ဥန္နဠာ စပလာ မုခရာ ဝိကိဏ္ဏဝါစာ မုဋ္ဌဿတိနော အသမ္ပဇာနာ အသမာဟိတာ ဝိဗ္ဘန္တစိတ္တာ ပါကတိန္ဒြိယာ။
အထ ခေါ ဇန္တု ဒေဝပုတ္တော တဒဟုပေါသထေ ပန္နရသေ ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဂါထာဟိ အဇ္ဈဘာသိ –
‘‘သုခဇီဝိနော ပုရေ အာသုံ, ဘိက္ခူ ဂေါတမသာဝကာ၊
အနိစ္ဆာ ပိဏ္ဍမေသနာ [ပိဏ္ဍမေသာနာ (?)], အနိစ္ဆာ သယနာသနံ၊
လောကေ အနိစ္စတံ ဉတွာ, ဒုက္ခဿန္တံ အကံသု တေ။
‘‘ဒုပ္ပေါသံ ကတွာ အတ္တာနံ, ဂါမေ ဂါမဏိကာ ဝိယ၊
ဘုတွာ ဘုတွာ နိပဇ္ဇန္တိ, ပရာဂါရေသု မုစ္ဆိတာ။
‘‘သံဃဿ အဉ္ဇလိံ ကတွာ, ဣဓေကစ္စေ ဝဒါမဟံ [ဝန္ဒာမဟံ (က။)]၊
အပဝိဒ္ဓါ အနာထာ တေ, ယထာ ပေတာ တထေဝ တေ [တထေဝ စ (သီ။)]။
‘‘ယေ ခေါ ပမတ္တာ ဝိဟရန္တိ, တေ မေ သန္ဓာယ ဘာသိတံ၊
ယေ အပ္ပမတ္တာ ဝိဟရန္တိ, နမော တေသံ ကရောမဟ’’န္တိ။
၅-ဇန္တုသုတ် ၁၀၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း ဟိမဝန္တာတောင်နံပါး တောကျောင်း၌ ပျံ့လွင့်သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှား ကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် စည်းကမ်းမဲ့ (မစောင့်စည်း) ပြောဆိုကုန်သည် သတိ လွတ်ကုန်သည် ပညာအဆင်အခြင်ဉာဏ် မရှိကုန်သည် မတည်ကြည်ကုန်သည် ပျံ့လွင့်သော စိတ်ရှိကုန်သည် ဣန္ဒြေ ကင်းမဲ့ကုန်သည် ဖြစ်၍ နေကြကုန်၏။ ထိုအခါ ဇန္တုနတ်သားသည် တစ်ဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ ထိုရဟန်းများ ရှိရာသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို ဂါထာတို့ဖြင့် လျှောက်၏ - “ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည်ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထို ရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် ‘ရွာ၌ ရွာသူကြီးတို့ကဲ့သို့’ မိမိ ကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူကာ လွန်စွာ စားကုန်လျက် သူတစ်ပါး အိမ်ရာတို့၌ မိန်းမောကုန်သည်ဖြစ်၍ အိပ်ကုန်၏၊ အကျွန်ုပ်သည် သံဃာတော်အား လက်အုပ်ချီလျက် လျှောက်ကြားလိုပါ၏၊ ‘သူသေကောင်တို့ကို စွန့်အပ်ကုန်သကဲ့သို့’ ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။ အကြင်ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ်သည် ဆိုအပ်ပါ၏၊ အကြင်ရဟန်းတို့သည် မမေ့မလျော့ကုန် သည်ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးခြင်းကို ပြုပါ၏”ဟု (လျှောက်၏)။
Linked Discourses 2.25 3. Various Sectarians With Jantu So I have heard. At one time several mendicants were staying in the Kosalan lands, in a wilderness hut on the slopes of the Himalayas. They were haughty, insolent, fickle, scurrilous, loose-tongued, unmindful, lacking situational awareness and immersion, with straying minds and undisciplined faculties. Then on the fifteenth day sabbath the godling Jantu went up to those mendicants and addressed them in verse: “The mendicants used to live happily, as disciples of Gotama. Desireless they sought alms; desireless they used their lodgings. Knowing that the world was impermanent they made an end of suffering. But now they’ve made themselves hard to look after, like chiefs in a village. They eat and eat and then lie down, passed out in the homes of others. Having raised my cupped palms to the Saṅgha, I speak here only about certain people. They’re dregs, with no protector, just like those who have passed away. I’m speaking about those who live negligently. To those who live diligently I pay homage.”
၆။ ရောဟိတဿသုတ္တံ
၁၀၇။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ ဌိတော ခေါ ရောဟိတဿော ဒေဝပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယတ္ထ နု ခေါ, ဘန္တေ, န ဇာယတိ န ဇီယတိ န မီယတိ [န ဇိယျတိ န မိယျတိ (သျာ။ ကံ။ က။)] န စဝတိ န ဥပပဇ္ဇတိ, သက္ကာ နု ခေါ သော, ဘန္တေ, ဂမနေန လောကဿ အန္တော ဉာတုံ ဝါ ဒဋ္ဌုံ ဝါ ပါပုဏိတုံ ဝါ’’တိ? ‘‘ယတ္ထ ခေါ, အာဝုသော, န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ, နာဟံ တံ ဂမနေန လောကဿ အန္တံ ဉာတေယျံ ဒဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမီ’’တိ။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝသုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ – ‘ယတ္ထ ခေါ, အာဝုသော, န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ, နာဟံ တံ ဂမနေန လောကဿ အန္တံ ဉာတေယျံ ဒဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမီ’တိ။
‘‘ဘူတပုဗ္ဗာဟံ, ဘန္တေ, ရောဟိတဿော နာမ ဣသိ အဟောသိံ ဘောဇပုတ္တော ဣဒ္ဓိမာ ဝေဟာသင်္ဂမော။ တဿ မယှံ, ဘန္တေ, ဧဝရူပေါ ဇဝေါ အဟောသိ၊ သေယျထာပိ နာမ ဒဠှဓမ္မာ [ဒဠှဓမ္မော (သဗ္ဗတ္ထ) ဋီကာ စ မောဂ္ဂလ္လာနဗျာကရဏံ စ ဩလောကေတဗ္ဗံ] ဓနုဂ္ဂဟော သုသိက္ခိတော ကတဟတ္ထော ကတယောဂ္ဂေါ ကတူပါသနော လဟုကေန အသနေန အပ္ပကသိရေနေဝ တိရိယံ တာလစ္ဆာယံ အတိပါတေယျ။ တဿ မယှံ, ဘန္တေ, ဧဝရူပေါ ပဒဝီတိဟာရော အဟောသိ၊ သေယျထာပိ နာမ ပုရတ္ထိမာ သမုဒ္ဒါ ပစ္ဆိမော သမုဒ္ဒေါ။ တဿ မယှံ, ဘန္တေ, ဧဝရူပံ ဣစ္ဆာဂတံ ဥပ္ပဇ္ဇိ – ‘အဟံ ဂမနေန လောကဿ အန္တံ ပါပုဏိဿာမီ’တိ။ သော ခွါဟံ, ဘန္တေ, ဧဝရူပေန ဇဝေန သမန္နာဂတော ဧဝရူပေန စ ပဒဝီတိဟာရေန အညတြေဝ အသိတ-ပီတ-ခါယိတ-သာယိတာ အညတြ ဥစ္စာရ-ပဿာဝကမ္မာ အညတြ နိဒ္ဒါကိလမထပဋိဝိနောဒနာ ဝဿသတာယုကော ဝဿသတဇီဝီ ဝဿသတံ ဂန္တွာ အပ္ပတွာဝ လောကဿ အန္တံ အန္တရာဝ ကာလင်္ကတော။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝသုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ – ‘ယတ္ထ ခေါ, အာဝုသော, န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ, နာဟံ တံ ဂမနေန လောကဿ အန္တံ ဉာတေယျံ ဒဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမီ’’’တိ။
‘‘န ခေါ ပနာဟံ, အာဝုသော, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။ အပိ စ ခွါဟံ, အာဝုသော, ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒန္တိ။
‘‘ဂမနေန န ပတ္တဗ္ဗော, လောကဿန္တော ကုဒါစနံ၊
န စ အပ္ပတွာ လောကန္တံ, ဒုက္ခာ အတ္ထိ ပမောစနံ။
‘‘တသ္မာ ဟဝေ လောကဝိဒူ သုမေဓော,
လောကန္တဂူ ဝုသိတဗြဟ္မစရိယော၊
လောကဿ အန္တံ သမိတာဝိ ဉတွာ,
နာသီသတိ လောကမိမံ ပရဉ္စာ’’တိ။
၆-ရောဟိတဿသုတ် ၁၀၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ရောဟိတဿနတ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့ရ၊ တစ်ဖန် မဖြစ်ရ။ အသျှင်ဘုရား ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိခြင်းငှါလည်းကောင်း၊ မြင်ခြင်းငှါလည်းကောင်း၊ ရောက်ခြင်းငှါလည်းကောင်း တတ်ကောင်းပါသလော”ဟု လျှောက်၏။ ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ။ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ သွားခြင်းဖြင့် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ် မြင်အပ် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူ”ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်ကား အကျွန်ုပ်သည် မုဆိုး၏ သားဖြစ်သော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတဿမည်သော ရသေ့ ဖြစ်ခဲ့ဖူးပါ၏၊ အသျှင်ဘုရား ထို့အကျွန်ုပ်၏ လျင်မြန်ပုံမှာ ဤသို့ သဘောရှိခဲ့ပါ၏- လေးအတတ်ကို သင်ကြားပြီး၍ လေးမြားအတတ်၌ လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင် သော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ပေါ့ပါးသော မြားဖြင့် ခဲခဲယဥ်းယဥ်း မဟုတ်ဘဲ ဖီလာ ကန့်လန့် ထန်းပင်ရိပ်ကို လွန်စေနိုင်သကဲ့သို့ ထို့အတူ (တစ်ခုသော စကြာဝဠာကို လွန်စေနိုင်၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့ သဘောရှိသော ခြေလှမ်းသည် ဖြစ်ခဲ့ပါ၏- အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာသည် ဝေးကွာသကဲ့သို့ ထို့အတူ ဝေးကွာသော ခြေလှမ်း ဖြစ်ခဲ့ပါသည်။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “ငါသည် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်အံ့”ဟု ဤသို့ သဘောရှိသော အလို ဖြစ်ခဲ့၏။ အသျှင်ဘုရား စင်စစ် ဤသို့ သဘောရှိသော လျင်မြန်ခြင်းနှင့်လည်းကောင်း၊ ဤသို့ သဘောရှိ သော ခြေလှမ်းနှင့်လည်းကောင်း ပြည့်စုံသော ထိုအကျွန်ုပ်သည် စားခြင်း၊ သောက်ခြင်း၊ ခဲခြင်း၊ လျက်ခြင်း အချိန်ကို ဖယ်ထား၍ ကျင်ကြီးကျင်ငယ် စွန့်မှုကို ဖယ်ထား၍ အိပ်စက်မှု အပန်းဖြေနားနေမှုကို ဖယ်ထား ပြီးလျှင် အနှစ်တစ်ရာ အသက်ကြွင်းရှိသော အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် အနှစ်တစ်ရာ ပတ်လုံး သွား၍ လောက၏ အဆုံးသို့ မရောက်ဘဲ အကြား၌သာလျှင် သေရပါသည်။ အသျှင်ဘုရား အံ့ဖွယ် ရှိပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “အချင်းနတ်သား အကြင်လောက၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ ဟူ၍ ငါဘုရားသည် ဟောတော်မမူ”ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။ အချင်းရောဟိတဿနတ်သား လောက၏ အဆုံး နိဗ္ဗာန်ကို မရောက်ဘဲ ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါ ဟောတော်မမူ၊ အချင်းနတ်သား စင်စစ်အားဖြင့် သညာလည်းရှှိ, စိတ်လည်းရှိသော တစ်လံမျှ လောက်သော ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ) ကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်း (သမုဒယ သစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ နိဗ္ဗာန် (နိရောဓသစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ) ကိုလည်းကောင်း ငါ ပညတ်တော်မူ၏။ လောက၏ အဆုံး (နိဗ္ဗာန်) သို့ ခြေဖြင့် သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက် နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဆင်းရဲမှ လွတ်မြောက်ခြင်း မည် သည်လည်း မရှိ။ ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော လောက၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်ပြီးသော ကျင့်သုံးပြီးသော အကျင့်မြတ်ရှိသော မကောင်းမှုမှ ငြိမ်းပြီးသော ပညာရှိသည် လောက၏ အဆုံးကို သိ၍ ဤ (ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ချေဟု (မိန့်တော်မူ၏)။
Linked Discourses 2.26 3. Various Sectarians With Rohitassa At Sāvatthī. Standing to one side, the godling Rohitassa said to the Buddha: “Sir, is it possible to know or see or reach the end of the world by traveling to a place where there’s no being born, growing old, dying, passing away, or being reborn?” “Reverend, I say it’s not possible to know or see or reach the end of the world by traveling to a place where there’s no being born, growing old, dying, passing away, or being reborn.” “It’s incredible, sir, it’s amazing, how well said this was by the Buddha. Once upon a time, I was a seer named Rohitassa, son of the benefactors. I was a sky-walker with psychic powers. I was as fast as a light arrow easily shot across the shadow of a palm tree by a well-trained expert archer with a strong bow. My stride was such that it could span from the eastern ocean to the western ocean. This wish came to me: ‘I will reach the end of the world by traveling.’ Having such speed and stride, I traveled for my whole lifespan of a hundred years—pausing only to eat and drink, go to the toilet, and sleep to dispel weariness—and I passed away along the way, never reaching the end of the world. It’s incredible, sir, it’s amazing, how well said this was by the Buddha. ‘Reverend, I say it’s not possible to know or see or reach the end of the world by traveling to a place where there’s no being born, growing old, dying, passing away, or being reborn.’” “But Reverend, I also say there’s no making an end of suffering without reaching the end of the world. For it is in this fathom-long carcass with its perception and mind that I describe the world, its origin, its cessation, and the practice that leads to its cessation. The end of the world can never be reached by traveling. But without reaching the end of the world, there’s no release from suffering. So an intelligent person, understanding the world, has completed the spiritual journey <j>and gone to the end of the world. Assuaged, knowing the end of the world, they do not hope for this world or the next.”
၇။ နန္ဒသုတ္တံ
၁၀၈။ ဧကမန္တံ ဌိတော ခေါ နန္ဒော ဒေဝပုတ္တော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော,
ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ၊
ဧတံ ဘယံ မရဏေ ပေက္ခမာနော,
ပုညာနိ ကယိရာထ သုခါဝဟာနီ’’တိ။
‘‘အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော,
ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ၊
ဧတံ ဘယံ မရဏေ ပေက္ခမာနော,
လောကာမိသံ ပဇဟေ သန္တိပေက္ခော’’တိ။
၇-နန္ဒသုတ် ၁၀၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ - “အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဥ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္စျိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဥ်အတိုင်း စွန့် ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။ အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဥ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္စျိမ့ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဥ်အတိုင်း စွန့် ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ လောကအာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (မိန့်တော်မူ၏)။
Linked Discourses 2.27 3. Various Sectarians With Nanda Standing to one side, the godling Nanda spoke this verse in the Buddha’s presence: “Time flies, nights pass by, the stages of life leave us one by one. Seeing this peril in death, do good deeds that bring you joy.” “Time flies, nights pass by, the stages of life leave us one by one. Seeing this peril in death, a seeker of peace would drop the world’s bait.”
၈။ နန္ဒိဝိသာလသုတ္တံ
၁၀၉။ ဧကမန္တံ ဌိတော ခေါ နန္ဒိဝိသာလော ဒေဝပုတ္တော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘စတုစက္ကံ နဝဒွါရံ, ပုဏ္ဏံ လောဘေန သံယုတံ၊
ပင်္ကဇာတံ မဟာဝီရ, ကထံ ယာတြာ ဘဝိဿတီ’’တိ။
‘‘ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ, ဣစ္ဆာလောဘဉ္စ ပါပကံ၊
သမူလံ တဏှမဗ္ဗုယှ, ဧဝံ ယာတြာ ဘဝိဿတီ’’တိ။
၈-နန္ဒိဝိသာလသုတ် ၁၀၉။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒိဝိသာလနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ - “ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်) လေးပါးဟူသော စက်လေးပါးလည်းရှိသော ကိုးပါးသော အပေါက် (ဒွါရ)လည်းရှိသော (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု ‘လောဘ’နှင့် စပ်ယှဥ်သော (အမိဝမ်းတိုက်ဟူသော) ညွန်ပျောင်း၌ ဖြစ်သော ကိုယ်သည် အဘယ်သို့လျှင် ထွက်မြောက်မှု ဖြစ်လတ္တံ့နည်း”ဟု (လျှောက်၏)။ ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ ကိလေသာဟူသော လွန်ကြိုးကိုလည်းကောင်း၊ လိုချင်မှု ‘ဣစ္ဆာ’ကိုလည်းကောင်း၊ ယုတ်ညံ့သော ‘လောဘ’ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု ‘တဏှာ’ကို အမြစ်နှင့်တကွ နုတ်သည်ရှိသော် ဤသို့ ထွက်မြောက်သည် ဖြစ်နိုင်လတ္တံ့ဟု (မိန့်တော်မူ၏)။
Linked Discourses 2.28 3. Various Sectarians With Nandivisāla Standing to one side, the godling Nandivisāla addressed the Buddha in verse: “Four are its wheels, and nine its doors; it’s stuffed full, bound with greed, and born from a bog. Great hero, how will I keep going?” “Having cut the strap and harness— wicked desire and greed— and having plucked out craving, root and all: that’s how you will keep going.”
၉။ သုသိမသုတ္တံ
၁၁၀။ သာဝတ္ထိနိဒါနံ။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ အာနန္ဒံ ဘဂဝါ ဧတဒဝေါစ – ‘‘တုယှမ္ပိ နော, အာနန္ဒ, သာရိပုတ္တော ရုစ္စတီ’’တိ?
‘‘ကဿ ဟိ နာမ, ဘန္တေ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ အာယသ္မာ သာရိပုတ္တော န ရုစ္စေယျ? ပဏ္ဍိတော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ မဟာပညော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ပုထုပညော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ဟာသပညော [ဟာသုပညော (သီ။)], ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ဇဝနပညော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ တိက္ခပညော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ နိဗ္ဗေဓိကပညော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ အပ္ပိစ္ဆော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ သန္တုဋ္ဌော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ပဝိဝိတ္တော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ အသံသဋ္ဌော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ အာရဒ္ဓဝီရိယော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ဝတ္တာ, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ဝစနက္ခမော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ စောဒကော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ပါပဂရဟီ, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ကဿ ဟိ နာမ, ဘန္တေ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ အာယသ္မာ သာရိပုတ္တော န ရုစ္စေယျာ’’တိ?
‘‘ဧဝမေတံ, အာနန္ဒ, ဧဝမေတံ, အာနန္ဒ! ကဿ ဟိ နာမ, အာနန္ဒ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ သာရိပုတ္တော န ရုစ္စေယျ? ပဏ္ဍိတော, အာနန္ဒ, သာရိပုတ္တော။ မဟာပညော, အာနန္ဒ, သာရိပုတ္တော။ ပုထုပညော, အာနန္ဒ, သာရိပုတ္တော။ ဟာသပညော, အာနန္ဒ, သာရိပုတ္တော။ ဇဝနပညော, အာနန္ဒ, သာရိပုတ္တော။ တိက္ခပညော, အာနန္ဒ, သာရိပုတ္တော။ နိဗ္ဗေဓိကပညော, အာနန္ဒ, သာရိပုတ္တော။ အပ္ပိစ္ဆော, အာနန္ဒ, သာရိပုတ္တော။ သန္တုဋ္ဌော, အာနန္ဒ, သာရိပုတ္တော။ ပဝိဝိတ္တော, အာနန္ဒ, သာရိပုတ္တော။ အသံသဋ္ဌော, အာနန္ဒ, သာရိပုတ္တော။ အာရဒ္ဓဝီရိယော, အာနန္ဒ, သာရိပုတ္တော။ ဝတ္တာ, အာနန္ဒ, သာရိပုတ္တော။ ဝစနက္ခမော, အာနန္ဒ, သာရိပုတ္တော။ စောဒကော, အာနန္ဒ, သာရိပုတ္တော။ ပါပဂရဟီ, အာနန္ဒ, သာရိပုတ္တော။ ကဿ ဟိ နာမ, အာနန္ဒ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ သာရိပုတ္တော န ရုစ္စေယျာ’’တိ?
အထ ခေါ သုသိမော [သုသီမော (သီ။)] ဒေဝပုတ္တော အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ မဟတိယာ ဒေဝပုတ္တပရိသာယ ပရိဝုတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သုသိမော ဒေဝပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧဝမေတံ, ဘဂဝါ, ဧဝမေတံ, သုဂတ။ ကဿ ဟိ နာမ, ဘန္တေ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ အာယသ္မာ သာရိပုတ္တော န ရုစ္စေယျ? ပဏ္ဍိတော, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ မဟာပညော, ဘန္တေ, ပုထုပညော, ဘန္တေ, ဟာသပညော, ဘန္တေ, ဇဝနပညော, ဘန္တေ, တိက္ခပညော, ဘန္တေ, နိဗ္ဗေဓိကပညော, ဘန္တေ, အပ္ပိစ္ဆော, ဘန္တေ, သန္တုဋ္ဌော, ဘန္တေ, ပဝိဝိတ္တော, ဘန္တေ, အသံသဋ္ဌော, ဘန္တေ, အာရဒ္ဓဝီရိယော, ဘန္တေ, ဝတ္တာ, ဘန္တေ, ဝစနက္ခမော, ဘန္တေ, စောဒကော, ဘန္တေ, ပါပဂရဟီ, ဘန္တေ, အာယသ္မာ သာရိပုတ္တော။ ကဿ ဟိ နာမ, ဘန္တေ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ အာယသ္မာ သာရိပုတ္တော န ရုစ္စေယျ?
‘‘အဟမ္ပိ ဟိ, ဘန္တေ, ယညဒေဝ ဒေဝပုတ္တပရိသံ ဥပသင်္ကမိံ, ဧတဒေဝ ဗဟုလံ သဒ္ဒံ သုဏာမိ – ‘ပဏ္ဍိတော အာယသ္မာ သာရိပုတ္တော၊ မဟာပညော အာယသ္မာ, ပုထုပညော အာယသ္မာ, ဟာသပညော အာယသ္မာ, ဇဝနပညော အာယသ္မာ, တိက္ခပညော အာယသ္မာ, နိဗ္ဗေဓိကပညော အာယသ္မာ, အပ္ပိစ္ဆော အာယသ္မာ, သန္တုဋ္ဌော အာယသ္မာ, ပဝိဝိတ္တော အာယသ္မာ, အသံသဋ္ဌော အာယသ္မာ, အာရဒ္ဓဝီရိယော အာယသ္မာ, ဝတ္တာ အာယသ္မာ, ဝစနက္ခမော အာယသ္မာ, စောဒကော အာယသ္မာ, ပါပဂရဟီ အာယသ္မာ သာရိပုတ္တော’တိ။ ကဿ ဟိ နာမ, ဘန္တေ, အဗာလဿ အဒုဋ္ဌဿ အမူဠှဿ အဝိပလ္လတ္ထစိတ္တဿ အာယသ္မာ သာရိပုတ္တော န ရုစ္စေယျာ’’တိ?
အထ ခေါ သုသိမဿ ဒေဝပုတ္တဿ ဒေဝပုတ္တပရိသာ အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ။
‘‘သေယျထာပိ နာမ မဏိ ဝေဠုရိယော သုဘော ဇာတိမာ အဋ္ဌံသော သုပရိကမ္မကတော ပဏ္ဍုကမ္ဗလေ နိက္ခိတ္တော ဘာသတေ စ တပတေ စ ဝိရောစတိ စ၊ ဧဝမေဝံ သုသိမဿ ဒေဝပုတ္တဿ ဒေဝပုတ္တပရိသာ အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ။
‘‘သေယျထာပိ နာမ နိက္ခံ ဇမ္ဗောနဒံ ဒက္ခကမ္မာရပုတ္တဥက္ကာမုခသုကုသလသမ္ပဟဋ္ဌံ ပဏ္ဍုကမ္ဗလေ နိက္ခိတ္တံ ဘာသတေ စ တပတေ စ ဝိရောစတိ စ၊ ဧဝမေဝံ သုသိမဿ ဒေဝပုတ္တဿ ဒေဝပုတ္တပရိသာ အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ။
‘‘သေယျထာပိ နာမ သရဒသမယေ ဝိဒ္ဓေ ဝိဂတဝလာဟကေ ဒေဝေ ရတ္တိယာ ပစ္စူသသမယံ ဩသဓိတာရကာ ဘာသတေ စ တပတေ စ ဝိရောစတိ စ၊ ဧဝမေဝံ သုသိမဿ ဒေဝပုတ္တဿ ဒေဝပုတ္တပရိသာ အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ။
‘‘သေယျထာပိ နာမ သရဒသမယေ ဝိဒ္ဓေ ဝိဂတဝလာဟကေ ဒေဝေ အာဒိစ္စော နဘံ အဗ္ဘုဿက္ကမာနော [အဗ္ဘုဿုက္ကမာနော (သီ။ သျာ။ ကံ။ ပီ။), အဗ္ဘုဂ္ဂမမာနော (ဒီ။ နိ။ ၂။၂၅၈)] သဗ္ဗံ အာကာသဂတံ တမဂတံ အဘိဝိဟစ္စ ဘာသတေ စ တပတေ စ ဝိရောစတိ စ၊ ဧဝမေဝံ သုသိမဿ ဒေဝပုတ္တဿ ဒေဝပုတ္တပရိသာ အာယသ္မတော သာရိပုတ္တဿ ဝဏ္ဏေ ဘညမာနေ အတ္တမနာ ပမုဒိတာ ပီတိသောမနဿဇာတာ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ။
အထ ခေါ သုသိမော ဒေဝပုတ္တော အာယသ္မန္တံ သာရိပုတ္တံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ပဏ္ဍိတောတိ သမညာတော, သာရိပုတ္တော အကောဓနော၊
အပ္ပိစ္ဆော သောရတော ဒန္တော, သတ္ထုဝဏ္ဏာဘတော ဣသီ’’တိ။
အထ ခေါ ဘဂဝါ အာယသ္မန္တံ သာရိပုတ္တံ အာရဗ္ဘ သုသိမံ ဒေဝပုတ္တံ ဂါထာယ ပစ္စဘာသိ –
‘‘ပဏ္ဍိတောတိ သမညာတော, သာရိပုတ္တော အကောဓနော၊
အပ္ပိစ္ဆော သောရတော ဒန္တော, ကာလံ ကင်္ခတိ သုဒန္တော’’ [ကာလံ ကင်္ခတိ ဘတကော သုဒန္တော (သီ။), ကာလံ ကင်္ခတိ ဘာဝိတော သုဒန္တော (သျာ။ ကံ။), ကာလံ ကင်္ခတိ ဘတိကော သုဒန္တော (ပီ။)] တိ။
၉-သုသိမသုတ် ၁၁၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာ အား “အာနန္ဒာ သင်သည်လည်း သာရိပုတြာကို နှစ်သက်သလော”ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်း၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကြီးသော ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် လျင်မြန်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ထက်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာ သည် (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် အလိုနည်းပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရောင့်ရဲလွယ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် (လူတို့နှင့်) ရောနှောခြင်းတို့မှ ကင်းပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ထက်သန်သော လုံ့လရှိပါ၏၊ အသျှင် ဘုရား အသျှင်သာရိပုတြာသည် ဆိုဆုံးမတတ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် စကားကို သည်းခံတတ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပြစ်တင်ဆုံးမတတ်ပါ၏၊ အသျှင်ဘုရား အသျှင် သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ် သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်းဟု (လျှောက်၏)။ အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ မမိုက်သော မပြစ်မှားတတ်သော မတွေဝေတတ်သော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် သာရိပုတြာကို မနှစ်သက်ဘဲ ရှိအံ့နည်း၊ အာနန္ဒာ သာရိပုတြာသည် ပညာလည်း ရှိ၏၊ အာနန္ဒာ့သာရိပုတြာသည် ကြီးသော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် လျင်မြန်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ထက်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် အလိုနည်း၏၊ အာနန္ဒာ သာရိပုတြာသည် ရောင့်ရဲလွယ်၏၊ အာနန္ဒာ သာရိပုတြာသည် နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် (လူတို့နှင့်) ရောနှောခြင်းတို့မှ ကင်း၏၊ အာနန္ဒာ သာရိပုတြာသည် ထက်သန်သော လုံ့လရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ဆိုဆုံးမတတ်၏၊ အာနန္ဒာ သာရိပုတြာသည် စကားကို သည်းခံ တတ်၏၊ အာနန္ဒာ သာရိပုတြာသည် ပြစ်တင်ဆုံးမတတ်၏၊ အာနန္ဒာ သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိ၏၊ အာနန္ဒာ မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် သာရိပုတြာကို မနှစ်သက်ဘဲ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။ ထိုအခါ သုသိမနတ်သားသည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုအပ်သည်ရှိသော် များစွာ သော နတ်သားပရိသတ် ခြံရံလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ် သက်ဘဲ ရှိပါအံ့နည်း၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် ကြီးသော ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် လျင်မြန်သော ပညာလည်း ရှိပါ၏၊ ထက်သော ပညာလည်း ရှိ၏၊ (ကိလေသာကို) ဖောက် ထွင်းနိုင်သော ပညာလည်း ရှိပါ၏၊ အလိုနည်းပါ၏၊ ရောင့်ရဲလွယ်ပါ၏၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိပါ၏၊ လူတို့နှင့် ရောနှောခြင်းတို့မှ ကင်းပါ၏၊ ထက်သန်သော လုံ့လရှိပါ၏၊ ဆိုဆုံးမတတ်ပါ၏၊ စကားကို သည်းခံတတ်ပါ၏၊ ပြစ်တင်ဆုံးမတတ်ပါ၏၊ အသျှင်သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား အကျွန်ုပ်သည် ချဥ်းကပ်ရာရာ နတ်ပရိသတ်၌ များစွာသော ထိုချီးမွမ်းသော အသံကို သာလျှင် ကြားရပါ၏ - ‘အသျှင်သာရိပုတြာသည် ပညာရှိ၏၊ ကြီးသော ပညာလည်း ရှိ၏၊ ကျယ်ပြန့်သော ပညာလည်း ရှိ၏၊ ရွှင်သော ပညာလည်း ရှိ၏၊ လျင်မြန်သော ပညာလည်း ရှိ၏၊ ထက်သော ပညာလည်း ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိ၏၊ အလိ်ုနည်း၏၊ ရောင့်ရဲလွယ်၏၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိ၏၊ လူတို့နှင့် ရောနှောခြင်းမှ ကင်း၏၊ ထက်သန်သော လုံ့လရှိ၏၊ ဆို ဆုံးမတတ်၏၊ စကားကို သည်းခံတတ်၏၊ ပြစ်တင်ဆုံးမတတ်၏၊ အသျှင်သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိ၏”ဟု (ကြားရပါ၏)။ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့ နည်း”ဟု (လျှောက်၏)။ ထိုအခါ သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည် ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင့်းအရောင်တို့ကို ထင်ရှားဖြစ်စေ၏၊ ဥပမာသော်ကား တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးသော ကမ္ဗလာနီ၌ ထားအပ်သော ကျောက်မျက်ရတနာသည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမ နတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှား ဖြစ်စေ၏။ ဥပမာတစ်မျိုးသော်ကား လိမ္မာသော ရွှေပန်းတိမ်သည်သားသည် ဖိုဝ၌ ကောင်းစွာ ကြည်စေပြီး အပြေအပြစ် ပြုပြီးသော ကမ္ဗလာနီ၌ ထားအပ်သော တစ်နိက္ခရှိသော ဇမ္ဗူရဇ်ရွှေသည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမ နတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှား ဖြစ်စေ၏။ ဥပမာတစ်မျိုးသော်ကား တန်ဆောင်မုန်းလအခါ တိမ်တိုက် ကင်းစင်သည်ဖြစ်၍ ထုတ်ချင်းပေါက်သော ကောင်းကင်၌ ညဥ့်၏ မိုးသောက်ယံအခါဝယ် သောက်ရှူးကြယ်သည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက် သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှားဖြစ်စေ၏။ ဥပမာတစ်မျိုးသော်ကား တန်ဆောင်မုန်းလအခါ တိမ်တိုက် ကင်းစင်သည်ဖြစ်၍ ထုတ်ချင်းပေါက်သော ကောင်းကင်၌ နေမင်းသည် ကောင်းကင်သို့ တက်သည်ရှိသော် အလုံးစုံသော ကောင်းကင်၌ ဖြစ်သော အမိုက်တိုက်ကို ပယ်၍ ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ် သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှားဖြစ်စေ၏။ ထိုအခါ သုသိမနတ်သားသည် အသျှင်သာရိပုတြာကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- “ပညာရှိဟူ၍ သမုတ်အပ်သော၊ အမျက် မရှိသော၊ အလိုနည်းသော၊ ရဲရင့်သော၊ ယဥ်ကျေးပြီးသော၊ ရဟန္တာဖြစ်သော သာရိပုတြာသည် မြတ်စွာဘုရားမှ ရအပ် သော ချီးမွမ်းခြင်း ရှိ၏”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို အကြောင်းပြု၍ သုသိမနတ်သားကို ဂါထာဖြင့် တစ်ဖန် မိန့်ဆိုတော်မူပြန်၏ - “ပညာရှိဟူ၍ သမုတ်အပ်သော၊ အမျက် မရှိသော၊ အလိုနည်းသော၊ ရဲရင့်သော၊ ယဥ်ကျေးပြီးသော၊ ရဟန္တာဖြစ်သော သာရိပုတြာသည် ကောင်းစွာ ယဥ်ကျေးသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုချိန်ကို တောင့်တ၏”ဟု (မိန့်တော်မူ၏)။
Linked Discourses 2.29 3. Various Sectarians With Susīma At Sāvatthī. Then Venerable Ānanda went up to the Buddha, bowed, and sat down to one side. The Buddha said to him, “Ānanda, do you endorse Sāriputta?” “Sir, who on earth would not endorse Venerable Sāriputta unless they’re a fool, a hater, delusional, or mentally deranged? Venerable Sāriputta is astute, he has great wisdom, widespread wisdom, laughing wisdom, swift wisdom, sharp wisdom, and penetrating wisdom. He has few wishes, he’s content, secluded, aloof, and energetic. He is a preacher, and he accepts advice; he accuses and criticizes wickedness. Who on earth would not endorse Venerable Sāriputta unless they’re a fool, a hater, delusional, or mentally deranged?” “That’s so true, Ānanda! That’s so true! Who on earth would not endorse Venerable Sāriputta unless they’re a fool, a hater, delusional, or mentally deranged?” And the Buddha repeated all of Ānanda’s terms of praise. While this praise of Sāriputta was being spoken, the godling Susīma approached the Buddha, escorted by a large assembly of godlings. He bowed, stood to one side, and said to him: “That’s so true, Blessed One! That’s so true, Holy One! Who on earth would not endorse Venerable Sāriputta unless they’re a fool, a hater, delusional, or mentally deranged?” And he too repeated all the terms of praise of Sāriputta, adding, “For I too, sir, whenever I go to an assembly of godlings, frequently hear the same terms of praise.” While this praise of Sāriputta was being spoken, the godlings of Susīma’s assembly—uplifted and overjoyed, full of rapture and happiness—displayed a rainbow of bright colors. Suppose there was a beryl gem that was naturally lustrous, eight-faceted, well-worked. When placed on a cream rug it would sine and glow and dazzle. In the same way, the godlings of Susīma’s assembly displayed a rainbow of bright colors. Suppose there was a pendant of Black Plum River gold, fashioned by a deft smith, well wrought in the forge. When placed on a cream rug it would shine and glow and dazzle. In the same way, the godlings of Susīma’s assembly displayed a rainbow of bright colors. Suppose that in the autumn the heavens were clear and cloudless. At the crack of dawn, the morning star shines and glows and dazzles. In the same way, the godlings of Susīma’s assembly displayed a rainbow of bright colors. Suppose that in the autumn the heavens were clear and cloudless. As the sun is rising to the firmament, having dispelled all the darkness of space, shines and glows and dazzles. In the same way, the godlings of Susīma’s assembly displayed a rainbow of bright colors. Then the godling Susīma spoke this verse about Venerable Sāriputta in the Buddha’s presence: “He’s considered astute, Sāriputta, free of anger. Few in wishes, gentle, tamed, the seer shines in the Teacher’s praise!” Then the Buddha replied to Susīma with this verse about Venerable Sāriputta: “He’s considered astute, Sāriputta, free of anger. Few in wishes, gentle, tamed; developed and well-tamed, he awaits his time.”
၁၀။ နာနာတိတ္ထိယသာဝကသုတ္တံ
၁၁၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ သမ္ဗဟုလာ နာနာတိတ္ထိယသာဝကာ ဒေဝပုတ္တာ အသမော စ သဟလိ [သဟလီ (သီ။ သျာ။ ကံ။ ပီ။)] စ နီကော [နိင်္ကော (သီ။ ပီ။), နိကော (သျာ။ ကံ။)] စ အာကောဋကော စ ဝေဂဗ္ဘရိ စ [ဝေဋမ္ဗရီ စ (သီ။ သျာ။ ကံ။ ပီ။)] မာဏဝဂါမိယော စ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဝေဠုဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတော ခေါ အသမော ဒေဝပုတ္တော ပူရဏံ ကဿပံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ဣဓ ဆိန္ဒိတမာရိတေ, ဟတဇာနီသု ကဿပေါ၊
န ပါပံ သမနုပဿတိ, ပုညံ ဝါ ပန အတ္တနော၊
သ ဝေ ဝိဿာသမာစိက္ခိ, သတ္ထာ အရဟတိ မာနန’’န္တိ။
အထ ခေါ သဟလိ ဒေဝပုတ္တော မက္ခလိံ ဂေါသာလံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘တပေါဇိဂုစ္ဆာယ သုသံဝုတတ္တော,
ဝါစံ ပဟာယ ကလဟံ ဇနေန၊
သမောသဝဇ္ဇာ ဝိရတော သစ္စဝါဒီ,
န ဟိ နူန တာဒိသံ ကရောတိ [န ဟ နုန တာဒီ ပကရောတိ (သီ။ သျာ။ ကံ။)] ပါပ’’န္တိ။
အထ ခေါ နီကော ဒေဝပုတ္တော နိဂဏ္ဌံ နာဋပုတ္တံ [နာထပုတ္တံ (သီ။)] အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ဇေဂုစ္ဆီ နိပကော ဘိက္ခု, စာတုယာမသုသံဝုတော၊
ဒိဋ္ဌံ သုတဉ္စ အာစိက္ခံ, န ဟိ နူန ကိဗ္ဗိသီ သိယာ’’တိ။
အထ ခေါ အာကောဋကော ဒေဝပုတ္တော နာနာတိတ္ထိယေ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘ပကုဓကော ကာတိယာနော နိဂဏ္ဌော,
ယေ စာပိမေ မက္ခလိပူရဏာသေ၊
ဂဏဿ သတ္ထာရော သာမညပ္ပတ္တာ,
န ဟိ နူန တေ သပ္ပုရိသေဟိ ဒူရေ’’တိ။
အထ ခေါ ဝေဂဗ္ဘရိ ဒေဝပုတ္တော အာကောဋကံ ဒေဝပုတ္တံ ဂါထာယ ပစ္စဘာသိ –
‘‘သဟာစရိတေန [သဟာရဝေနာပိ (က။ သီ။), သဂါရဝေနာပိ (ပီ။)] ဆဝေါ သိဂါလော [သိင်္ဂါလော (က။)],
န ကောတ္ထုကော သီဟသမော ကဒါစိ၊
နဂ္ဂေါ မုသာဝါဒီ ဂဏဿ သတ္ထာ,
သင်္ကဿရာစာရော န သတံ သရိက္ခော’’တိ။
အထ ခေါ မာရော ပါပိမာ ဗေဂဗ္ဘရိံ ဒေဝပုတ္တံ အနွာဝိသိတွာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘တပေါဇိဂုစ္ဆာယ အာယုတ္တာ, ပါလယံ ပဝိဝေကိယံ၊
ရူပေ စ ယေ နိဝိဋ္ဌာသေ, ဒေဝလောကာဘိနန္ဒိနော၊
တေ ဝေ သမ္မာနုသာသန္တိ, ပရလောကာယ မာတိယာ’’တိ။
အထ ခေါ ဘဂဝါ, ‘မာရော အယံ ပါပိမာ’ ဣတိ ဝိဒိတွာ, မာရံ ပါပိမန္တံ ဂါထာယ ပစ္စဘာသိ –
‘‘ယေ ကေစိ ရူပါ ဣဓ ဝါ ဟုရံ ဝါ,
ယေ စန္တလိက္ခသ္မိံ ပဘာသဝဏ္ဏာ၊
သဗ္ဗေဝ တေ တေ နမုစိပ္ပသတ္ထာ,
အာမိသံဝ မစ္ဆာနံ ဝဓာယ ခိတ္တာ’’တိ။
အထ ခေါ မာဏဝဂါမိယော ဒေဝပုတ္တော ဘဂဝန္တံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –
‘‘ဝိပုလော ရာဇဂဟီယာနံ, ဂိရိသေဋ္ဌော ပဝုစ္စတိ၊
သေတော ဟိမဝတံ သေဋ္ဌော, အာဒိစ္စော အဃဂါမိနံ။
‘‘သမုဒ္ဒေါ ဥဒဓိနံ သေဋ္ဌော, နက္ခတ္တာနဉ္စ စန္ဒိမာ [နက္ခတ္တာနံဝ စန္ဒိမာ (က။)]၊
သဒေဝကဿ လောကဿ, ဗုဒ္ဓေါ အဂ္ဂေါ ပဝုစ္စတီ’’တိ။
နာနာတိတ္ထိယဝဂ္ဂေါ တတိယော။
တဿုဒ္ဒါနံ –
သိဝေါ ခေမော စ သေရီ စ, ဃဋီ ဇန္တု စ ရောဟိတော၊
နန္ဒော နန္ဒိဝိသာလော စ, သုသိမော နာနာတိတ္ထိယေန တေ ဒသာတိ။
ဒေဝပုတ္တသံယုတ္တံ သမတ္တံ။
၁၀-နာနာတိတ္တိယသာဝကသုတ် ၁၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသမ , သဟလိ , နီက , အာကောဋက , ဝေဂဗ္ဘရိ , မာဏဝဂါမိယဟူသော များစွာကုန်သော အထူးထူး သော တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော နတ်သားတို့သည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကြကုန်ပြီးသော် အသမ နတ်သားသည် ပူရဏကဿပကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- “ဤလောက၌ အကြင် (ပူရဏ) ကဿပသည် ဖြတ် အပ် သတ် အပ် သည် ၌လည်းကောင်း၊ ပုတ် ခတ်ခြင်း ဥစ္စာဆုံးရှုံးခြင်းတို့၌လည်းကောင်း မကောင်းမှုကို အဖန် တလဲလဲ မရှုတတ်၊ မိမိ၏ ကောင်းမှုကိုလည်း အဖန်တလဲလဲ မရှုတတ်၊ ထိုဆရာ ဖြစ်သော ကဿပသည် (ဤသို့) သတ္တဝါတို့၏ တည်ရာကို ပြောကြား၏၊ စင်စစ် ဤကဿပကို မြတ်နိုးပူဇော် ထိုက်၏”ဟု (လျှောက်၏)။ ထို့နောက် သဟလိနတ်သားသည် မက္ခလိဂေါသာလကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏- “အကြင်အသျှင်သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်နှင့် မကောင်းမှုကို စက်ဆုပ်ခြင်းဖြင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိ၏၊ လူနှင့် ငြင်းခုန်သော စကားကို ပယ်၍ တွေတွေဝေဝေ သိခြင်းမှ ကင်း၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ ထို အသျှင်သည် စင်စစ် ထိုသို့သဘောရှိသော မကောင်းမှုကို မပြု”ဟု (လျှောက်၏)။ ထို့နောက် နီကနတ်သားသည် နိဂဏ္ဌနာဋပုတ္တကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- “မကောင်းမှုကို စက်ဆုပ်သော ရင့်ကျက်သော ပညာရှိသော နိဂဏ္ဌရဟန်းသည် လေးပါးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏။ မြင်အပ်သည်ကိုလည်းကောင်း၊ ကြားအပ်သည်ကိုလည်းကောင်း ပြောကြားတတ်၏။ စင်စစ် ငါတို့ဆရာ နိဂဏ္ဌသည် မကောင်းမှုကို ပြုတတ်သည် မဖြစ်ရာ”ဟု (လျှောက်၏)။ ထို့နောက် အာကောဋကနတ်သားသည် အထူးထူးသော တိတ္ထိတို့ကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို (လျှောက်၏)။ “ပကုဓကစ္စာယန , နိဂဏ္ဌ (နာဋပုတ္တ) , မက္ခလိဂေါသာလနှင့် ပူရဏ (ကဿပ) ဟူကုန်သော အကြင်ဂိုဏ်းဆရာကြီးတို့သည် ရဟန်းအဖြစ်၌ အထွတ်အထိပ်သို့ ရောက်ကြကုန်၏၊ ထိုဂိုဏ်းဆရာကြီးတို့သည် စင်စစ် သူတော်ကောင်းတို့မှ မဝေး ကြကုန်”ဟု (လျှောက်၏)။ ထိုအခါ ဝေဂဗ္ဘရိနတ်သားသည် အာကောဋကနတ်သားကို ဂါထာဖြင့် တစ်ဖန် ရွတ်ဆို၏- “ယုတ်မာသော မြေခွေးကြီးသည် ခြင်္သေ့နှင့် အတူ သွားကာမျှဖြင့် တစ်ရံတစ်ဆစ် မျှ ခြင်္သေ့နှင့် မတူနိုင်။ ဂိုဏ်းဆရာဖြစ်သော ထိုတိတ္ထိဟူသမျှသည် အချည်းနှီး တည်း၊ မမှန်သော စကားကို ဆိုလေ့ရှိ၏၊ ရွံရှာဖွယ် အကျင့်ရှိ၏၊ သူတော်ကောင်းတို့နှင့် မတူနိုင်”ဟု (ရွတ်ဆို၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဝေဂဗ္ဘရိနတ်သားကို ပူးဝင်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- “အကြင်ဆရာတို့သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်၊ မကောင်းမှုကို စက်ဆုပ်ခြင်းနှင့် မပြတ် ယှဥ်ကုန်၏၊ ဆိတ်ငြိမ်ခြင်းသို့ ကပ်သော အကျင့်ကို စောင့်ရှောက် သည်ဖြစ်၍ အဆင်း၌လည်း သက်ဝင်ကုန်၏၊ နတ်ပြည်ကိုလည်း တောင့်တကုန်၏၊ ထိုဆရာတို့သည် စင်စစ် တမလွန်လောကအကျိုးငှါ သူတစ်ပါးတို့အား ကောင်းစွာ ဆုံးမကုန်၏”ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဤဂါထာဖြင့် ပြန်လည် မိန့်ဆိုတော်မူ၏။ “ဤလူ့ပြည့်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင့်းအကြင်အမှတ်မရှိသော အဆင်းတို့သည် ထွန်းလင်းသော အဆင်းရှိကုန်၏။ မာရ်နတ် သင် ချီးမွမ်းအပ်သော အလုံးစုံသာလျှင် ဖြစ်ကုန်သော ထိုအဆင်းတို့ကို ‘ငါးတို့ကို သတ်ယူခြင်းငှါ ငါးမျှားချိတ်၌ တပ်သော (ငါးစာ) အာမိသကို ပစ်ချသကဲ့ သို့’ သတ္တဝါအပေါင်းအား သတ်ခြင်းငှါ ပစ်ချအပ်ကုန်၏”ဟု (မိန့်ဆိုတော်မူ၏)။ ထိုအခါ မာဏဝဂါမိယနတ်သားသည် မြတ်စွာဘုရားကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏- “ရာဇဂြိုဟ်ပြည်ကို ဝိုင်းရံထားသော တောင်တို့တွင် ဝေပုလ္လတောင်ကို တောင် မြတ်ဟု ဆိုအပ်၏၊ ဟိမဝန္တာတောင်တို့တွင် ကေလာသတောင်သည် မြတ်၏၊ ကောင်းကင်၌ သွားကုန်သော အရာဝတ္ထုတို့တွင် နေမင်းသည် မြတ်၏။ ရေ၏ တည်ရာတို့တွင် သမုဒ္ဒရာသည် မြတ်၏၊ နက္ခတ်တို့တွင် လသည်သာလျှင် မြတ်၏၊ နတ်နှင့်တကွသော လောကတွင် မြတ်စွာဘုရားကို အမြတ်ဟူ၍ ဆိုအပ်၏”ဟု (လျှောက်၏)။ သုံးခုမြောက် နာနာတိတ္ထိယဝဂ် ပြီး၏။ ဒေဝပုတ္တသံယုတ် ပြီး၏။
Linked Discourses 2.30 3. Various Sectarians The Disciples of Various Monastics of Other Religions So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then, late at night, several glorious godlings lit up the entire Bamboo Grove. They were Asama, Sahalī, Niṅka, Ākoṭaka, Veṭambarī, and Māṇavagāmiya, and all of them were disciples of various monastics of other religions. They went up to the Buddha, bowed, and stood to one side. Standing to one side, the godling Asama spoke this verse about Pūraṇa Kassapa in the Buddha’s presence: “In injuring and killing here, in beating and extortion, Kassapa saw no evil, nor any merit for oneself. What he taught should truly be trusted, he’s worthy of esteem as Teacher.” Then the godling Sahalī spoke this verse about the bamboo-staffed ascetic Gosāla in the Buddha’s presence: “Through fervent mortification in disgust of sin he became well restrained. He gave up quarreling with people. Refraining from false speech, he spoke the truth. Surely such a man does no wrong!” Then the godling Niṅka spoke this verse about the Jain ascetic of the Ñātika clan in the Buddha’s presence: “Disgusted at sin, an alert mendicant, well restrained in the fourfold constraint; explaining what is seen and heard: surely he can be no sinner!” Then the godling Ākoṭaka spoke this verse about various sectarian teachers in the Buddha’s presence: “Pakudhaka Kātiyāna and the Jain ascetic, as well as this bamboo-staffed ascetic and Pūraṇa: Teachers of communities, attained ascetics, surely they weren’t far from truly good men!” Then the godling Veṭambarī replied to the godling Ākoṭaka in verse: “Though the wretched jackal howls along, it never equals the lion. A nude liar with suspicious conduct, though they teach a community, is not like the good.” Then Māra the Wicked took possession of the godling Veṭambarī and spoke this verse in the Buddha’s presence: “Those dedicated to mortification in disgust of sin, safeguarding their seclusion, entrenched in form, they rejoice in the heavenly realm. Indeed, those mortals give correct instructions regarding the next world.” Then the Buddha, knowing that this was Māra the Wicked, replied to him in verse: “Whatever forms there are in this life or the next, and those of shining beauty in the sky, all of these you praise, Namuci, like bait tossed out for catching fish.” Then the godling Māṇavagāmiya spoke this verse about the Buddha in his presence: “Of all the mountains of Rājagaha, Vepulla’s said to be the best. Seta is the best of the Himalayan peaks, and the sun, of travelers in space. The ocean is the best of seas, and the moon, of lights that shine at night. But in all the world with its gods, the Buddha is declared foremost.” The Linked Discourses on Godlings are complete.
၃။ ကောသလသံယုတ္တံ
၁။ ပဌမဝဂ္ဂေါ
၁။ ဒဟရသုတ္တံ
၁၁၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘဝမ္ပိ နော ဂေါတမော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပဋိဇာနာတီ’’တိ? ‘‘ယဉှိ တံ, မဟာရာဇ, သမ္မာ ဝဒမာနော ဝဒေယျ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ, မမေဝ [မမံ (သဗ္ဗတ္ထ)] တံ သမ္မာ ဝဒမာနော ဝဒေယျ။ အဟဉှိ, မဟာရာဇ, အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’’တိ။
‘‘ယေပိ တေ, ဘော ဂေါတမ, သမဏဗြာဟ္မဏာ သံဃိနော ဂဏိနော ဂဏာစရိယာ ဉာတာ ယသဿိနော တိတ္ထကရာ သာဓုသမ္မတာ ဗဟုဇနဿ, သေယျထိဒံ – ပူရဏော ကဿပေါ, မက္ခလိ ဂေါသာလော, နိဂဏ္ဌော နာဋပုတ္တော, သဉ္စယော ဗေလဋ္ဌပုတ္တော, ပကုဓော ကစ္စာယနော, အဇိတော ကေသကမ္ဗလော၊ တေပိ မယာ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပဋိဇာနာထာ’တိ ပုဋ္ဌာ သမာနာ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ န ပဋိဇာနန္တိ။ ကိံ ပန ဘဝံ ဂေါတမော ဒဟရော စေဝ ဇာတိယာ နဝေါ စ ပဗ္ဗဇ္ဇာယာ’’တိ?
‘‘စတ္တာရော ခေါ မေ, မဟာရာဇ, ဒဟရာတိ န ဥညာတဗ္ဗာ, ဒဟရာတိ န ပရိဘောတဗ္ဗာ။ ကတမေ စတ္တာရော? ခတ္တိယော ခေါ, မဟာရာဇ, ဒဟရောတိ န ဥညာတဗ္ဗော, ဒဟရောတိ န ပရိဘောတဗ္ဗော။ ဥရဂေါ ခေါ, မဟာရာဇ, ဒဟရောတိ န ဥညာတဗ္ဗော, ဒဟရောတိ န ပရိဘောတဗ္ဗော။ အဂ္ဂိ ခေါ, မဟာရာဇ, ဒဟရောတိ န ဥညာတဗ္ဗော, ဒဟရောတိ န ပရိဘောတဗ္ဗော။ ဘိက္ခု, ခေါ, မဟာရာဇ, ဒဟရောတိ န ဥညာတဗ္ဗော, ဒဟရောတိ န ပရိဘောတဗ္ဗော။ ဣမေ ခေါ, မဟာရာဇ, စတ္တာရော ဒဟရာတိ န ဥညာတဗ္ဗာ, ဒဟရာတိ န ပရိဘောတဗ္ဗာ’’တိ။
ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ခတ္တိယံ ဇာတိသမ္ပန္နံ, အဘိဇာတံ ယသဿိနံ၊
ဒဟရောတိ နာဝဇာနေယျ, န နံ ပရိဘဝေ နရော။
‘‘ဌာနဉှိ သော မနုဇိန္ဒော, ရဇ္ဇံ လဒ္ဓါန ခတ္တိယော၊
သော ကုဒ္ဓေါ ရာဇဒဏ္ဍေန, တသ္မိံ ပက္ကမတေ ဘုသံ၊
တသ္မာ တံ ပရိဝဇ္ဇေယျ, ရက္ခံ ဇီဝိတမတ္တနော။
‘‘ဂါမေ ဝါ ယဒိ ဝါ ရညေ, ယတ္ထ ပဿေ ဘုဇင်္ဂမံ၊
ဒဟရောတိ နာဝဇာနေယျ, န နံ ပရိဘဝေ နရော။
‘‘ဥစ္စာဝစေဟိ ဝဏ္ဏေဟိ, ဥရဂေါ စရတိ တေဇသီ [တေဇသာ (သီ။ က။), တေဇသိ (ပီ။ က။)]၊
သော အာသဇ္ဇ ဍံသေ ဗာလံ, နရံ နာရိဉ္စ ဧကဒါ၊
တသ္မာ တံ ပရိဝဇ္ဇေယျ, ရက္ခံ ဇီဝိတမတ္တနော။
‘‘ပဟူတဘက္ခံ ဇာလိနံ, ပါဝကံ ကဏှဝတ္တနိံ၊
ဒဟရောတိ နာဝဇာနေယျ, န နံ ပရိဘဝေ နရော။
‘‘လဒ္ဓါ ဟိ သော ဥပါဒါနံ, မဟာ ဟုတွာန ပါဝကော၊
သော အာသဇ္ဇ ဍဟေ [ဒဟေ] ဗာလံ, နရံ နာရိဉ္စ ဧကဒါ၊
တသ္မာ တံ ပရိဝဇ္ဇေယျ, ရက္ခံ ဇီဝိတမတ္တနော။
‘‘ဝနံ ယဒဂ္ဂိ ဍဟတိ [ဒဟတိ (က။)], ပါဝကော ကဏှဝတ္တနီ၊
ဇာယန္တိ တတ္ထ ပါရောဟာ, အဟောရတ္တာနမစ္စယေ။
‘‘ယဉ္စ ခေါ သီလသမ္ပန္နော, ဘိက္ခု ဍဟတိ တေဇသာ၊
န တဿ ပုတ္တာ ပသဝေါ, ဒါယာဒါ ဝိန္ဒရေ ဓနံ၊
အနပစ္စာ အဒါယာဒါ, တာလာဝတ္ထူ ဘဝန္တိ တေ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ဘုဇင်္ဂမံ ပါဝကဉ္စ, ခတ္တိယဉ္စ ယသဿိနံ၊
ဘိက္ခုဉ္စ သီလသမ္ပန္နံ, သမ္မဒေဝ သမာစရေ’’တိ။
ဧဝံ ဝုတ္တေ, ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘန္တေ, အဘိက္ကန္တံ, ဘန္တေ! သေယျထာပိ ဘန္တေ, နိက္ကုဇ္ဇိတံ [နိကုဇ္ဇိတံ (?)] ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ၊ ဧဝမေဝံ ဘဂဝတာ အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘန္တေ, ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ, ဘန္တေ, ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။
၃-ကောသလသံယုတ် ၁-ပဌမဝဂ် ၁-ဒဟရသုတ် ၁၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင် ပြီးသော် “အသျှင်ဂေါတမသည်လည်း ‘အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏’ဟူ၍ ဝန်ခံ သလော”ဟု မြတ်စွာဘုရားအား လျှောက်၏၊ မင်းကြီး “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏”ဟူသော စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး မှန်၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကြင်သမဏဗြာဟ္မဏတို့သည်လည်း သံဃာနှင့် ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့် ပြည့်စုံ ကုန်၏၊ ဂိုဏ်းဆရာဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ များသော အခြံအရံ ရှိကုန်၏၊ အယူဝါဒကို တီထွင်ကုန်၏၊ လူအများက သူတော်ကောင်းဟု သမုတ်အပ်ကုန်၏။ ဤသမဏဗြာဟ္မဏတို့သည် အဘယ်သူတို့နည်း၊ ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ ဗေလဋ္ဌ၏ သား သိဉ္စည်း၊ ပကုဓကစ္စာယန၊ လူတို့၏ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဆောင်သော အဇိတတို့တည်း။ ထိုသမဏဗြာဟ္မဏတို့သော်မှလည်း ငါသည် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ဝန်ခံကုန်သလော”ဟု မေးအပ်ကုန် သည်ရှိသော် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏”ဟု ဝန်မခံကုန်၊ အသျှင်ဂေါတမသည် ဇာတ်အနွယ်အားဖြင့် ငယ်လည်း ငယ်၏၊ ရဟန်းပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ဝန်ခံသနည်းဟု (လျှောက်၏)။ မင်းကြီး ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- (၁) မင်းကြီး မင်းသားကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။ (၂) မင်းကြီး မြွေကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။ (၃) မင်းကြီး မီးကို ‘သေးငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။ (၄) မင်းကြီး ရဟန်းကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။ မင်းကြီး ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး လူနတ်တို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - မင်းြ ကီး လူသည် ဇာတ်အမျိုးနှင့် ပြည့်စုံသော ဇာတ်သုံးမျိုးကို လွန်၍ ဖြစ်သော များသော အခြံအရံရှိသော မင်းသားကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။ အကြောင်းမူကား လူတို့ထက်မြတ်သော ထိုမင်းသားသည် မင်းအဖြစ်ကို ရသည် ရှိသော် အမျက်ထွက်သည် ဖြစ်၍ ရာဇဒဏ်ဖြင့် ထိုသူအား ပြင်းစွာ လုံ့လပြုတတ်၏၊ ထို့ကြောင့် မိမိ၏ အသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဥ်ရာ၏။ လူသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြင်အရပ်၌ မြွေကို မြင် ရာ၏၊ ထိုအရပ်၌ ထိုမြွေကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။ တန်ခိုးရှိသော မြွေသည် အထူးထူးအပြားပြားသော အဆင်းသဏ္ဌာန်တို့ဖြင့် လှည့်လည်တတ်၏၊ ထိုမြွေသည် တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်၍ မလိမ္မာသော လူယောကျာ်းကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း ကိုက်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဥ်ရာ၏။ မင်းကြီး လူသည် များသော လောင်စာရှိသော အလျှံရှိသော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော ထိုမီးကို ‘သေးငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။ ထိုမီးသည် လောင်စာကို ရသော် ကြီးမားသည်ဖြစ်၍ တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်လာသော မလိမ္မာသော လူယောကျာ်းကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း လောင်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဥ်ရာ၏။ လောင်သည်၏ အစွမ်းအားဖြင့် သုတ်သင်တတ်သော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော မီးသည် အကြင်တောကို လောင်၏၊ ထိုတော၌ မြက် သစ်ပင် စသည်တို့သည် နေ့ညဥ့်များစွာ လွန်ကုန်သော်မှသာ ပေါက်ရောက်နိုင်ကုန်၏။ မင်းကြီး သီလနှင့် ပြည့်စုံသော ရဟန်းသည် (သီလတည်းဟူသော) တန်ခိုးဖြင့် အကြင် (မထေမဲ့မြင် ပြုအပ်သော) သူကို လောင်တတ်၏။ ထိုသူအား သားသမီးတို့ သည်လည်းကောင်း၊ အခြေလေးချောင်းရှိ ကျွဲနွားစသော သားကောင်တို့သည်လည်းကောင်း မဖြစ်ထွန်းကုန်။ အမွေခံတို့သည်လည်း အမွေဥစ္စာကို မရကုန်၊ ထိုသူတို့ သည် သားသမီး မရှိကုန်သည် အမွေခံ မရှိကုန်သည် ဖြစ်၍ ထန်းပင်ငုတ်နှင့် တူ ကုန်၏။ ထို့ကြောင့်သာလျှင် မိမိ၏အကျိုးစီးပွားကို ကောင်းစွာ သိမြင်သော ပညာရှိသော ပုဂ္ဂိုလ်သည် မြွေကိုလည်းကောင်း၊ မီးကိုလည်းကောင်း၊ များသော အခြံအရံရှိသော မင်းကိုလည်းကောင်း၊ သီလနှင့် ပြည့်စုံသော ရဟန်းကိုလည်းကောင်း ကောင်းစွာ သာလျှင် ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား တရားတော် သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိ သကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင် ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင့်းဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။
Linked Discourses 3.1 1. Shackles Young So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then King Pasenadi of Kosala went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha, “Does the worthy Gotama claim to have awakened to the supreme perfect awakening?” “If anyone should rightly be said to have awakened to the supreme perfect awakening, it’s me. For, Great King, I have awakened to the supreme perfect awakening.” “Well, there are those ascetics and brahmins who lead an order and a community, and tutor a community. They’re well-known and famous religious founders, deemed holy by many people. That is, Pūraṇa Kassapa, the bamboo-staffed ascetic Gosāla, the Jain ascetic of the Ñātika clan, Sañjaya Belaṭṭhiputta, Pakudha Kaccāyana, and Ajita of the hair blanket. I also asked them whether they claimed to have awakened to the supreme perfect awakening, but they made no such claim. So why do you, given that you’re so young in age and newly gone forth?” “Great king, these four things should not be looked down upon or disparaged because they are young. What four? An aristocrat, a serpent, a fire, and a mendicant. These four things should not be looked down upon or disparaged because they are young.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “A man should not despise an aristocrat of impeccable lineage, high-born and famous, just because they’re young. For it’s possible that that lord of mankind, as aristocrat, will gain the throne. And in his anger he’ll execute a royal punishment, and have you violently beaten. Hence you should avoid him for the sake of your own life. Whether in village or wilderness, wherever a serpent is seen, a man should not look down on it or despise it for its youth. With its rainbow of colors, the serpent of fiery breath glides along. It lashes out and bites the fool, both men and women alike. Hence you should avoid it for the sake of your own life. A fire devours a vast amount, a conflagration with a blackened trail. A man should not look down on it just because it’s young. For once it gets fuel it’ll become a big conflagration. It’ll lash out and burn the fool, both men and women alike. Hence you should avoid it for the sake of your own life. When a forest is burned by fire, a conflagration with a blackened trail, the shoots will spring up there again, with the passing of the days and nights. But if a mendicant endowed with ethics burns you with their power, you’ll have no children or livestock, nor will your heirs find wealth. Childless and heirless you become, like a palm-tree stump. That’s why an astute person, seeing what’s good for themselves, would always treat these properly: a serpent, a conflagration, a famous aristocrat, and a mendicant endowed with ethics.” When this was said, King Pasenadi of Kosala said to the Buddha, “Excellent, sir! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the Buddha has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the Buddha remember me as a lay follower who has gone for refuge for life.”
၂။ ပုရိသသုတ္တံ
၁၁၃။ သာဝတ္ထိနိဒါနံ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကတိ နု ခေါ, ဘန္တေ, ပုရိသဿ ဓမ္မာ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယာ’’တိ?
‘‘တယော ခေါ, မဟာရာဇ, ပုရိသဿ ဓမ္မာ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ကတမေ တယော? လောဘော ခေါ, မဟာရာဇ, ပုရိသဿ ဓမ္မော အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ဒေါသော ခေါ, မဟာရာဇ, ပုရိသဿ ဓမ္မော အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ မောဟော ခေါ, မဟာရာဇ, ပုရိသဿ ဓမ္မော အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ဣမေ ခေါ, မဟာရာဇ, တယော ပုရိသဿ ဓမ္မာ အဇ္ဈတ္တံ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘လောဘော ဒေါသော စ မောဟော စ, ပုရိသံ ပါပစေတသံ၊
ဟိံသန္တိ အတ္တသမ္ဘူတာ, တစသာရံဝ သမ္ဖလ’’န္တိ [သပ္ဖလန္တိ (သျာ။ ကံ။)]။
၂-ပုရိသသုတ် ၁၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် (သတ္တဝါ၏) ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါလည်းကောင်း ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။ မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ- (၁) မင်းကြီး လိုချင်မှု ‘လောဘ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။ (၂) မင်းကြီး အမျက်ထွက်မှု ‘ဒေါသ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။ (၃) မင်းကြီး တွေဝေမှု ‘မောဟ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။ မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီး အပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ အခွံလျှင် အနှစ်ရှိသော (ဝါးပင် , ကျူပင်စသော) အပင်ကို မိမိ အသီးသည် ညှဥ်းဆဲဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဥ်းဆဲဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.2 1. Shackles A Person At Sāvatthī. Then King Pasenadi of Kosala went up to the Buddha, bowed, sat down to one side, and said to him, “Sir, how many things arise inside a person for their harm, suffering, and discomfort?” “Great king, three things arise inside a person for their harm, suffering, and discomfort. What three? Greed, hate, and delusion. These three things arise inside a person for their harm, suffering, and discomfort.” That is what the Buddha said. … “When greed, hate, and delusion, originate inside oneself, they harm a person of wicked heart, as a bamboo is destroyed by its own fruit.”
၃။ ဇရာမရဏသုတ္တံ
၁၁၄။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ, ဘန္တေ, ဇာတဿ အညတြ ဇရာမရဏာ’’တိ? ‘‘နတ္ထိ ခေါ, မဟာရာဇ, ဇာတဿ အညတြ ဇရာမရဏာ။ ယေပိ တေ, မဟာရာဇ, ခတ္တိယမဟာသာလာ အဍ္ဎာ မဟဒ္ဓနာ မဟာဘောဂါ ပဟူတဇာတရူပရဇတာ ပဟူတဝိတ္တူပကရဏာ ပဟူတဓနဓညာ, တေသမ္ပိ ဇာတာနံ နတ္ထိ အညတြ ဇရာမရဏာ။ ယေပိ တေ, မဟာရာဇ, ဗြာဟ္မဏမဟာသာလာ…ပေ… ဂဟပတိမဟာသာလာ အဍ္ဎာ မဟဒ္ဓနာ မဟာဘောဂါ ပဟူတဇာတရူပရဇတာ ပဟူတဝိတ္တူပကရဏာ ပဟူတဓနဓညာ, တေသမ္ပိ ဇာတာနံ နတ္ထိ အညတြ ဇရာမရဏာ။ ယေပိ တေ, မဟာရာဇ, ဘိက္ခူ အရဟန္တော ခီဏာသဝါ ဝုသိတဝန္တော ကတကရဏီယာ ဩဟိတဘာရာ အနုပ္ပတ္တသဒတ္ထာ ပရိက္ခီဏဘဝသံယောဇနာ သမ္မဒညာဝိမုတ္တာ, တေသံ ပါယံ ကာယော ဘေဒနဓမ္မော နိက္ခေပနဓမ္မော’’တိ။ ဣဒမဝေါစ…ပေ…
‘‘ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ,
အထော သရီရမ္ပိ ဇရံ ဥပေတိ၊
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ,
သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တီ’’တိ။
၃-ဇရာမရဏသုတ် ၁၁၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် ရှိပါသလောဟု (လျှောက်၏)၊ မင်းကြီး ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ၊ မင်းကြီး ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန် သော အကြင်ခတ္တိယမဟာသာလမင်းမျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုမင်းတို့အား သော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ အကြင်ဗြာဟ္မဏမဟာသာလပုဏ္ဏားမျိုးတို့သည် ရှိကုန်၏။ပ။ ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိ ကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော အကြင့်ဂဟပတိမဟာသာလသူကြွယ်မျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုသူကြွယ်တို့အားသော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ မင်းကြီး ကိလေသာတို့မှ ဝေးကုန်ပြီးသော အာသဝ ကုန်ပြီးကုန်သော ကျင့်သုံးပြီးသော (မဂ်) အကျင့်ရှိ ကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စလည်းရှိကုန်သော ချအပ်ပြီးသော ခန္ဓာဝန်ရှိကုန်သော အစဥ်ရောက်ပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) ရှိကုန်သော ကုန်ပြီး သော ဘဝသံယောဇဥ်ရှိကုန်သော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ကုန်ပြီးသော အကြင်ရဟန္တာဖြစ် ကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန္တာဖြစ်ကုန်သော ရဟန်းတို့အားသော်မှလည်း ဤခန္ဓာကိုယ် သည် ပျက်ခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ ရွှေငွေအစရှိသည်ဖြင့် ကောင်းစွာ ဆန်းကြယ်ကုန်သော မင်း၏ ရထားတို့သည် စင်စစ် ဆွေးမြေ့တတ်ကုန်၏၊ ထိုမှတစ်ပါး ခန္ဓာကိုယ်သည်လည်း ဆွေးမြေ့ခြင်းသို့ ရောက်၏၊ သူတော်ကောင်းတို့၏ (နိဗ္ဗာန်) တရားသည်ကား ဆွေးမြေ့ခြင်းသို့ မရောက်နိုင်၊ သူတော်ကောင်းတို့သည် စင်စစ် သူတော်ကောင်းတို့နှင့်တကွ ပြော ကြားကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.3 1. Shackles Old Age and Death At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Sir, for someone who has been reborn, is there any exemption from old age and death?” “Great king, for someone who has been reborn, there’s no exemption from old age and death. Even for well-to-do aristocrats, brahmins, or householders—rich, affluent, and wealthy, with lots of gold and silver, lots of property and assets, and lots of money and grain—when they’re born, there’s no exemption from old age and death. Even for mendicants who are perfected—who have ended the defilements, completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and are rightly freed through enlightenment—their bodies are liable to break up and be laid to rest.” That is what the Buddha said. … “Fancy chariots of kings wear out, and even this body gets old. But the truth of the good never gets old— so the good proclaim to the good.”
၄။ ပိယသုတ္တံ
၁၁၅။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ကေသံ နု ခေါ ပိယော အတ္တာ, ကေသံ အပ္ပိယော အတ္တာ’တိ? တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘ယေ စ ခေါ ကေစိ ကာယေန ဒုစ္စရိတံ စရန္တိ, ဝါစာယ ဒုစ္စရိတံ စရန္တိ, မနသာ ဒုစ္စရိတံ စရန္တိ၊ တေသံ အပ္ပိယော အတ္တာ’။ ကိဉ္စာပိ တေ ဧဝံ ဝဒေယျုံ – ‘ပိယော နော အတ္တာ’တိ, အထ ခေါ တေသံ အပ္ပိယော အတ္တာ။ တံ ကိဿ ဟေတု? ယဉှိ အပ္ပိယော အပ္ပိယဿ ကရေယျ, တံ တေ အတ္တနာဝ အတ္တနော ကရောန္တိ၊ တသ္မာ တေသံ အပ္ပိယော အတ္တာ။ ယေ စ ခေါ ကေစိ ကာယေန သုစရိတံ စရန္တိ, ဝါစာယ သုစရိတံ စရန္တိ, မနသာ သုစရိတံ စရန္တိ၊ တေသံ ပိယော အတ္တာ။ ကိဉ္စာပိ တေ ဧဝံ ဝဒေယျုံ – ‘အပ္ပိယော နော အတ္တာ’တိ၊ အထ ခေါ တေသံ ပိယော အတ္တာ။ တံ ကိဿ ဟေတု? ယဉှိ ပိယော ပိယဿ ကရေယျ, တံ တေ အတ္တနာဝ အတ္တနော ကရောန္တိ၊ တသ္မာ တေသံ ပိယော အတ္တာ’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! ယေ ဟိ ကေစိ, မဟာရာဇ, ကာယေန ဒုစ္စရိတံ စရန္တိ, ဝါစာယ ဒုစ္စရိတံ စရန္တိ, မနသာ ဒုစ္စရိတံ စရန္တိ၊ တေသံ အပ္ပိယော အတ္တာ။ ကိဉ္စာပိ တေ ဧဝံ ဝဒေယျုံ – ‘ပိယော နော အတ္တာ’တိ, အထ ခေါ တေသံ အပ္ပိယော အတ္တာ။ တံ ကိဿ ဟေတု? ယဉှိ, မဟာရာဇ, အပ္ပိယော အပ္ပိယဿ ကရေယျ, တံ တေ အတ္တနာဝ အတ္တနော ကရောန္တိ၊ တသ္မာ တေသံ အပ္ပိယော အတ္တာ။ ယေ စ ခေါ ကေစိ, မဟာရာဇ, ကာယေန သုစရိတံ စရန္တိ, ဝါစာယ သုစရိတံ စရန္တိ, မနသာ သုစရိတံ စရန္တိ၊ တေသံ ပိယော အတ္တာ။ ကိဉ္စာပိ တေ ဧဝံ ဝဒေယျုံ – ‘အပ္ပိယော နော အတ္တာ’တိ၊ အထ ခေါ တေသံ ပိယော အတ္တာ။ တံ ကိဿ ဟေတု? ယဉှိ မဟာရာဇ, ပိယော ပိယဿ ကရေယျ, တံ တေ အတ္တနာဝ အတ္တနော ကရောန္တိ၊ တသ္မာ တေသံ ပိယော အတ္တာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘အတ္တာနဉ္စေ ပိယံ ဇညာ, န နံ ပါပေန သံယုဇေ၊
န ဟိ တံ သုလဘံ ဟောတိ, သုခံ ဒုက္ကဋကာရိနာ။
‘‘အန္တကေနာဓိပန္နဿ, ဇဟတော မာနုသံ ဘဝံ၊
ကိဉှိ တဿ သကံ ဟောတိ, ကိဉ္စ အာဒါယ ဂစ္ဆတိ၊
ကိဉ္စဿ အနုဂံ ဟောတိ, ဆာယာဝ အနပါယိနီ [အနုပါယိနီ (သျာ။ ကံ။ က။)]။
‘‘ဥဘော ပုညဉ္စ ပါပဉ္စ, ယံ မစ္စော ကုရုတေ ဣဓ၊
တဉှိ တဿ သကံ ဟောတိ, တဉ္စ [တံဝ (?)] အာဒါယ ဂစ္ဆတိ၊
တဉ္စဿ [တံဝဿ (?)] အနုဂံ ဟောတိ, ဆာယာဝ အနပါယိနီ။
‘‘တသ္မာ ကရေယျ ကလျာဏံ, နိစယံ သမ္ပရာယိကံ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
၄-ပိယသုတ် ၁၁၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်း နေ သော အကျွန်ုပ်အား “အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်သနည်း”ဟု စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထို အကျွန်ုပ်အား ထိုအကြံသည် ဖြစ်ပြန်ပါ၏- “အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယ ဒုစရိုက်’သုံးပါးကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’လေးပါးကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’သုံးပါးကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မမည်၊ ‘ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။ အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ‘ငါတို့သည် မိမိကိုယ်ကို မချစ်အပ်’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြု လုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို ချစ်အပ်သည် မည်၏”ဟု (အကြံ ဖြစ်ပါ၏ဟု လျှောက်၏)။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်း သောအကျင့် ‘ဝစီဒုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ထိုသူတို့သည် ‘ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို့မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။ မင်းကြီး အကြင်သူတို့ကား ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ထိုသူတို့သည် ‘ငါတို့သည် မိမိကိုယ်ကို မချစ်အပ်’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ မိမိကိုယ်ကို ချစ်အပ်၏ဟူ၍ အကယ်၍ သိငြားအံ့၊ ထိုမိမိကိုယ်ကို မကောင်းမှုနှင့် မယှဥ်စေရာ။ မှန်၏၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည် ထိုချမ်းသာကို ရလွယ် သည် မဖြစ်။ မှန်၏၊ သေမင်း နှိပ်စက်အပ်သည်ဖြစ်၍ လူ၌ ဖြစ်သော ဘဝကို စွန့်ရသော သူအား အဘယ်သည်လျှင် ထိုသူ၏ ဥစ္စာဖြစ်သနည်း၊ အဘယ်ကိုလျှင် ယူ၍ သွားရ သနည်း။ ထိုသူအား ‘အရိပ်သည် အစဥ်လိုက်သကဲ့သို့’ အဘယ်သည်လျှင် အစဥ် လိုက်သနည်း။ ဤလောက၌ သတ္တဝါသည် နှစ်ပါးကုန်သော အကြင် ကောင်းမှုကိုလည်းကောင်း၊ အကြင်မကောင်းမှုကိုလည်းကောင်း ပြု၏။ ထိုကောင်းမှု မကောင်းမှုသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုဥစ္စာကိုသာလျှင် ယူ၍ သွား၏။ အရိပ်သည် အစဥ်လိုက် သကဲ့သို့ ထိုကောင်းမှု မကောင်းမှု နှစ်ပါးသည်သာလျှင် အစဥ်လိုက်၏။ ထို့ကြောင့် တမလွန်၌ အကျိုးရှိသော ဆည်းပူးအပ်သော ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.4 1. Shackles Loved At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Just now, sir, as I was in private retreat this thought came to mind. ‘Who are those who love themselves? And who are those who don’t love themselves?’ Then it occurred to me: ‘Those who do bad things by way of body, speech, and mind don’t love themselves. Even though they may say: “I love myself”, they don’t really. Why is that? It’s because they treat themselves like an enemy. That’s why they don’t love themselves. Those who do good things by way of body, speech, and mind do love themselves. Even though they may say: “I don’t love myself”, they do really. Why is that? It’s because they treat themselves like a loved one. That’s why they do love themselves.’” “That’s so true, Great King! That’s so true!” said the Buddha. And he repeated the king’s statement, adding: “If you knew your self as beloved, you’d not yoke yourself to wickedness. For happiness is not easy to find by someone who does bad deeds. When you’re seized by the terminator as you give up your human life, what can you call your own? What do you take when you go? What goes with you, like a shadow that never leaves? Both the good and the bad that a mortal does in this life is what they can call their own. That’s what they take when they go. That’s what goes with them, like a shadow that never leaves. That’s why you should do good, investing in the future life. The good deeds of sentient beings support them in the next world.”
၅။ အတ္တရက္ခိတသုတ္တံ
၁၁၆။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ကေသံ နု ခေါ ရက္ခိတော အတ္တာ, ကေသံ အရက္ခိတော အတ္တာ’တိ? တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘ယေ ခေါ ကေစိ ကာယေန ဒုစ္စရိတံ စရန္တိ, ဝါစာယ ဒုစ္စရိတံ စရန္တိ, မနသာ ဒုစ္စရိတံ စရန္တိ၊ တေသံ အရက္ခိတော အတ္တာ။ ကိဉ္စာပိ တေ ဟတ္ထိကာယော ဝါ ရက္ခေယျ, အဿကာယော ဝါ ရက္ခေယျ, ရထကာယော ဝါ ရက္ခေယျ, ပတ္တိကာယော ဝါ ရက္ခေယျ၊ အထ ခေါ တေသံ အရက္ခိတော အတ္တာ။ တံ ကိဿ ဟေတု? ဗာဟိရာ ဟေသာ ရက္ခာ, နေသာ ရက္ခာ အဇ္ဈတ္တိကာ၊ တသ္မာ တေသံ အရက္ခိတော အတ္တာ။ ယေ စ ခေါ ကေစိ ကာယေန သုစရိတံ စရန္တိ, ဝါစာယ သုစရိတံ စရန္တိ, မနသာ သုစရိတံ စရန္တိ၊ တေသံ ရက္ခိတော အတ္တာ။ ကိဉ္စာပိ တေ နေဝ ဟတ္ထိကာယော ရက္ခေယျ, န အဿကာယော ရက္ခေယျ, န ရထကာယော ရက္ခေယျ, န ပတ္တိကာယော ရက္ခေယျ၊ အထ ခေါ တေသံ ရက္ခိတော အတ္တာ။ တံ ကိဿ ဟေတု? အဇ္ဈတ္တိကာ ဟေသာ ရက္ခာ, နေသာ ရက္ခာ ဗာဟိရာ၊ တသ္မာ တေသံ ရက္ခိတော အတ္တာ’’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! ယေ ဟိ ကေစိ, မဟာရာဇ, ကာယေန ဒုစ္စရိတံ စရန္တိ…ပေ… တေသံ အရက္ခိတော အတ္တာ။ တံ ကိဿ ဟေတု? ဗာဟိရာ ဟေသာ, မဟာရာဇ, ရက္ခာ, နေသာ ရက္ခာ အဇ္ဈတ္တိကာ၊ တသ္မာ တေသံ အရက္ခိတော အတ္တာ။ ယေ စ ခေါ ကေစိ, မဟာရာဇ, ကာယေန သုစရိတံ စရန္တိ, ဝါစာယ သုစရိတံ စရန္တိ, မနသာ သုစရိတံ စရန္တိ၊ တေသံ ရက္ခိတော အတ္တာ။ ကိဉ္စာပိ တေ နေဝ ဟတ္ထိကာယော ရက္ခေယျ, န အဿကာယော ရက္ခေယျ, န ရထကာယော ရက္ခေယျ, န ပတ္တိကာယော ရက္ခေယျ၊ အထ ခေါ တေသံ ရက္ခိတော အတ္တာ။ တံ ကိဿ ဟေတု? အဇ္ဈတ္တိကာ ဟေသာ, မဟာရာဇ, ရက္ခာ, နေသာ ရက္ခာ ဗာဟိရာ၊ တသ္မာ တေသံ ရက္ခိတော အတ္တာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘ကာယေန သံဝရော သာဓု, သာဓု ဝါစာယ သံဝရော၊
မနသာ သံဝရော သာဓု, သာဓု သဗ္ဗတ္ထ သံဝရော၊
သဗ္ဗတ္ထ သံဝုတော လဇ္ဇီ, ရက္ခိတောတိ ပဝုစ္စတီ’’တိ။
၅-အတ္တရက္ခိတသုတ် ၁၁၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက် တည်း နေသော အကျွန်ုပ်အား “အဘယ်သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မစောင့်ရှောက်အပ်သည် မည်သနည်း”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့သော အကြံသည် ဖြစ်ပြန်ပါ၏- “အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် ‘ဝစီ ဒုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသူတို့ကို ဆင်အပေါင်းသည်လည်း အကယ်၍ စောင့်ရှောက် ငြားအံ့၊ မြင်းအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် စောင့် ရှောက်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့့်ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထို သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏”ဟု (အကြံ ဖြစ်ပြန်ပါ၏ဟု လျှောက်၏)။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏။ မင်းကြီး အချို့ကုန်သော အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ ကို ကျင့်ကုန်၏။ပ။ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤ အစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ် ကို စောင့်ရှောက်အပ်သည် မမည်။ မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်း သည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထား အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြား အံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်းအစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပအစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းသော ရှက်ခြင်းရှိသော သူကို မိမိ ကိုယ်ကို စောင့်ရှောက်သော သူဟူ၍ သိအပ်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.5 1. Shackles Self-Protected At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Just now, sir, as I was in private retreat this thought came to mind. ‘Who are those who protect themselves? And who are those who don’t protect themselves?’ Then it occurred to me: ‘Those who do bad things by way of body, speech, and mind don’t protect themselves. Even if they’re protected by a company of elephants, cavalry, chariots, or infantry, they still don’t protect themselves. Why is that? Because such protection is exterior, not interior. That’s why they don’t protect themselves. Those who do good things by way of body, speech, and mind do protect themselves. Even if they’re not protected by a company of elephants, cavalry, chariots, or infantry, they still protect themselves. Why is that? Because such protection is interior, not exterior. That’s why they do protect themselves.’” “That’s so true, Great King! That’s so true!” said the Buddha. And he repeated the king’s statement, adding: “Restraint of the body is good; restraint of speech is good; restraint of mind is good; everywhere, restraint is good. A sincere person, restrained everywhere, is said to be ‘protected’.”
၆။ အပ္ပကသုတ္တံ
၁၁၇။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘အပ္ပကာ တေ သတ္တာ လောကသ္မိံ ယေ ဥဠာရေ ဥဠာရေ ဘောဂေ လဘိတွာ န စေဝ မဇ္ဇန္တိ, န စ ပမဇ္ဇန္တိ, န စ ကာမေသု ဂေဓံ အာပဇ္ဇန္တိ, န စ သတ္တေသု ဝိပ္ပဋိပဇ္ဇန္တိ။ အထ ခေါ ဧတေဝ ဗဟုတရာ သတ္တာ လောကသ္မိံ ယေ ဥဠာရေ ဥဠာရေ ဘောဂေ လဘိတွာ မဇ္ဇန္တိ စေဝ ပမဇ္ဇန္တိ, စ ကာမေသု စ ဂေဓံ အာပဇ္ဇန္တိ, သတ္တေသု စ ဝိပ္ပဋိပဇ္ဇန္တီ’’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! အပ္ပကာ တေ, မဟာရာဇ, သတ္တာ လောကသ္မိံ, ယေ ဥဠာရေ ဥဠာရေ ဘောဂေ လဘိတွာ န စေဝ မဇ္ဇန္တိ, န စ ပမဇ္ဇန္တိ, န စ ကာမေသု ဂေဓံ အာပဇ္ဇန္တိ, န စ သတ္တေသု ဝိပ္ပဋိပဇ္ဇန္တိ။ အထ ခေါ ဧတေဝ ဗဟုတရာ သတ္တာ လောကသ္မိံ, ယေ ဥဠာရေ ဥဠာရေ ဘောဂေ လဘိတွာ မဇ္ဇန္တိ စေဝ ပမဇ္ဇန္တိ စ ကာမေသု စ ဂေဓံ အာပဇ္ဇန္တိ, သတ္တေသု စ ဝိပ္ပဋိပဇ္ဇန္တီ’’တိ။ ဣဒမဝေါစ…ပေ…
‘‘သာရတ္တာ ကာမဘောဂေသု, ဂိဒ္ဓါ ကာမေသု မုစ္ဆိတာ၊
အတိသာရံ န ဗုဇ္ဈန္တိ, မိဂါ ကူဋံဝ ဩဍ္ဍိတံ၊
ပစ္ဆာသံ ကဋုကံ ဟောတိ, ဝိပါကော ဟိဿ ပါပကော’’တိ။
၆-အပ္ပကသုတ် ၁၁၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း နေသော အကျွန်ုပ်အား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏ - “အကြင်သတ္တဝါတို့သည် မြတ်ကုန် များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ် ၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည်သာလျှင် လောက၌ အလွန်များကုန်၏”ဟု ဤသို့သော အကြံ ဖြစ်ပေါ်ပါ၏ဟု (လျှောက်၏)။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သတ္တဝါတို့သည် မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ် ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ဤသတ္တဝါတို့သည်သာလျှင် လောက ၌ အလွန်များကုန်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ အကြင်သူတို့သည် ကာမဂုဏ်စည်းစိမ်တို့၌ အလွန်တပ်မက်ကုန်သည် ကာမဂုဏ်တို့၌ မက်မောကုန်သည် တွေဝေမိန်းမောကုန်သည် ဖြစ်၍ ‘သားသမင်တို့သည် ထောင်ထားသော ထောင်ချောက်ကျော့ကွင်းကို မသိကုန်သကဲ့သို့’ မိမိ လွန်ကျူးမှုကို မသိကုန်၊ ထိုသူတို့အား နောင်အခါ၌ ခါးစပ်သော အကျိုးဖြစ်၏။ မှန်၏၊ ထိုသူတို့အား ယုတ်ညံ့သော အကျိုးသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.6 1. Shackles Few At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Just now, sir, as I was in private retreat this thought came to mind: ‘Few are the sentient beings in the world who, when they obtain luxury possessions, don’t grow indulgent and negligent, giving in to greed for sensual pleasures, and doing the wrong thing by others. There are many more who, when they obtain luxury possessions, do grow indulgent and negligent, giving in to greed for sensual pleasures, and doing the wrong thing by others.’” “That’s so true, Great King! That’s so true!” said the Buddha. And he repeated the king’s statement, adding: “Full of desire for possessions and pleasures, greedy, infatuated by sensual pleasures; they don’t notice that they’ve gone too far, like deer ensnared in a trap set out. It’ll be bitter later on; for the result will be bad for them.”
၇။ အဍ္ဍကရဏသုတ္တံ
၁၁၈။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓာဟံ, ဘန္တေ, အဍ္ဍကရဏေ [အတ္ထကရဏေ (သီ။ သျာ။ ကံ။ ပီ။)] နိသိန္နော ပဿာမိ ခတ္တိယမဟာသာလေပိ ဗြာဟ္မဏမဟာသာလေပိ ဂဟပတိမဟာသာလေပိ အဍ္ဎေ မဟဒ္ဓနေ မဟာဘောဂေ ပဟူတဇာတရူပရဇတေ ပဟူတဝိတ္တူပကရဏေ ပဟူတဓနဓညေ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ သမ္ပဇာနမုသာ ဘာသန္တေ။ တဿ မယှံ, ဘန္တေ, ဧတဒဟောသိ – ‘အလံ ဒါနိ မေ အဍ္ဍကရဏေန, ဘဒြမုခေါ ဒါနိ အဍ္ဍကရဏေန ပညာယိဿတီ’’’တိ။
‘‘(ဧဝမေတံ, မဟာရာဇ, ဧဝမေတံ မဟာရာဇ!) [( ) သီ။ ပီ။ ပေါတ္ထကေသု နတ္ထိ] ယေပိ တေ, မဟာရာဇ, ခတ္တိယမဟာသာလာ ဗြာဟ္မဏမဟာသာလာ ဂဟပတိမဟာသာလာ အဍ္ဎာ မဟဒ္ဓနာ မဟာဘောဂါ ပဟူတဇာတရူပရဇတာ ပဟူတဝိတ္တူပကရဏာ ပဟူတဓနဓညာ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ သမ္ပဇာနမုသာ ဘာသန္တိ၊ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘သာရတ္တာ ကာမဘောဂေသု, ဂိဒ္ဓါ ကာမေသု မုစ္ဆိတာ၊
အတိသာရံ န ဗုဇ္ဈန္တိ, မစ္ဆာ ခိပ္ပံဝ ဩဍ္ဍိတံ၊
ပစ္ဆာသံ ကဋုကံ ဟောတိ, ဝိပါကော ဟိဿ ပါပကော’’တိ။
၇-အဍ္ဍ္ပကရဏသုတ် ၁၁၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား တရားဆုံးဖြတ်ရာ ဤအရပ်၌ နေသော အကျွန်ုပ် သည် ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန် သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော ကာမဟူသော အကြောင်းရင်းကြောင့် ကာမဟူသော အထောက်အပံ့ကြောင့် ကာမဟူသော အကြောင်းခံကြောင့် သိလျက် မမှန်သော စကားကို ဆိုကုန်သော ခတ္တိယမဟာသာလ မင်းမျိုးတို့ကိုလည်းကောင်း၊ ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့ကိုလည်းကောင်း၊ ဂဟပတိမဟာသာလ သူကြွယ်မျိုးတို့ကိုလည်းကောင်း တွေ့မြင်ရပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ‘ငါသည် ယခုအခါ၌ တရားဆုံးဖြတ်သဖြင့် အကျိုးမရှိ၊ ကောင်းသော မျက်နှာရှိသော ဝိဋဋူပသည် ယခုအခါ၌ တရားဆုံးဖြတ်ခြင်းဖြင့် ထင်ရှားလတ္တံ့’ဟု အကြံ ဖြစ်ပါသည်”ဟု လျှောက်၏။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန်သော များ သောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော အကြင်ခတ္တိယမဟာသာလ မင်းမျိုးတို့သည်လည်းကောင်း၊ အကြင်ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ အကြင် ဂဟပတိမဟာသာလ သူကြွယ်မျိုးတို့သည်လည်းကောင်း ကာမဂုဏ်ဟူသော အကြောင်းရင်းကြောင့် ကာမ ဂုဏ်ဟူသော အထောက်အပံ့ကြောင့် ကာမဂုဏ်ဟူသော အကြောင်းခံကြောင့် သိလျက် ချွတ်ယွင်းသော စကားကို ဆိုကုန်၏၊ ထိုသူတို့အား ထိုမမှန်သော စကားသည် ရှည်စွာသော ညဥ့်တို့ပတ်လုံး အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်လတ္တံ့၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ အကြင်သူတို့သည် ကာမဂုဏ်စည်းစိမ်တို့၌ အလွန်တပ်မက်ကုန်သည် ကာမဂုဏ်တို့၌ မက်မောကုန်သည် တွေဝေမိန်းမောကုန်သည်ဖြစ်၍ ‘ငါးတို့သည် ထောင်ထား သော မြှုံးကို မသိကုန်သကဲ့သို့’ မိမိလွန်ကျူးမှုကို မသိကုန်၊ ထိုသူတို့အား ခါးစပ် သော အကျိုးဖြစ်၏။ မှန်၏၊ ထိုသူတို့အား ယုတ်ညံ့သော အကျိုးသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.7 1. Shackles Judgment At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Sir, when I’m sitting in court I see well-to-do aristocrats, brahmins, and householders—rich, affluent, and wealthy, with lots of gold and silver, lots of property and assets, and lots of money and grain. But they tell deliberate lies for the sake of sensual pleasures. Then it occurred to me: ‘Enough with passing judgment today. Now my dearest will be known by the judgments he makes.’” “That’s so true, Great King! That’s so true! Those who are well-to-do aristocrats, brahmins, and householders tell deliberate lies for the sake of sensual pleasures. That is for their lasting harm and suffering.” That is what the Buddha said. … “Full of desire for possessions and pleasures, greedy, infatuated by sensual pleasures; they don’t notice that they’ve gone too far, like fish swiftly snared. It’ll be bitter later on; for the result will be bad for them.”
၈။ မလ္လိကာသုတ္တံ
၁၁၉။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော မလ္လိကာယ ဒေဝိယာ သဒ္ဓိံ ဥပရိပါသာဒဝရဂတော ဟောတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော မလ္လိကံ ဒေဝိံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ တေ, မလ္လိကေ, ကောစညော အတ္တနာ ပိယတရော’’တိ? ‘‘နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။ တုယှံ ပန, မဟာရာဇ, အတ္ထညော ကောစိ အတ္တနာ ပိယတရော’’တိ? ‘‘မယှမ္ပိ ခေါ, မလ္လိကေ, နတ္ထညော ကောစိ အတ္တနာ ပိယတရော’’တိ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော ပါသာဒါ ဩရောဟိတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓာဟံ, ဘန္တေ, မလ္လိကာယ ဒေဝိယာ သဒ္ဓိံ ဥပရိပါသာဒဝရဂတော မလ္လိကံ ဒေဝိံ ဧတဒဝေါစံ – ‘အတ္ထိ နု ခေါ တေ, မလ္လိကေ, ကောစညော အတ္တနာ ပိယတရော’တိ? ဧဝံ ဝုတ္တေ, ဘန္တေ, မလ္လိကာ ဒေဝီ မံ ဧတဒဝေါစ – ‘နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။ တုယှံ ပန, မဟာရာဇ, အတ္ထညော ကောစိ အတ္တနာ ပိယတရော’တိ? ဧဝံ ဝုတ္တာဟံ, ဘန္တေ, မလ္လိကံ ဒေဝိံ ဧတဒဝေါစံ – ‘မယှမ္ပိ ခေါ, မလ္လိကေ, နတ္ထညော ကောစိ အတ္တနာ ပိယတရော’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ,
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ၊
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ,
တသ္မာ န ဟိံသေ ပရမတ္တကာမော’’တိ။
၈-မလ္လိကာသုတ် ၁၁၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ နေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ သင့်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် ရှိသလော”ဟု ဤစကားကို ပြောဆို၏၊ မင်းကြီး အကျွန်ုပ်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် မရှိပါ၊ မင်းကြီး သင့်အားမူ မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် ရှိပါသေးသ လောဟု (မေးမြန်း၏)၊ မလ္လိကာ ငါ့အားလည်း မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူ မရှိဟု (ပြောဆို၏)။ ထို့နောက် ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အကျွန်ုပ်သည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ ထိုင်နေ လျက် မလ္လိကာမိဖုရားအား ‘မလ္လိကာ သင့်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက် သော သူသည် ရှိသလော’ဟု ဤစကားကို ဆိုပါ၏၊ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် မလ္လိကာမိဖုရား သည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏- ‘မင်းကြီး အကျွန်ုပ်အား မိမိထက် ပို၍ ချစ်အပ်သော အခြား တစ်စုံတစ်ယောက်သော သူသည် မရှိပါ၊ မင်းကြီး သင့်အားမူ မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံ တစ်ယောက်သော သူသည် ရှိပါသေးသလော’၊ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် မလ္လိကာမိဖုရားအား ‘မလ္လိကာ ငါ့အားလည်း မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူ မရှိ’ဟု ဆိုပါ၏”ဟု လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအချိန် ၌ ဤဂါထာကို ရွတ်ဆိုတော်မူ၏- “အလုံးစုံသော အရပ်မျက်နှာတို့ကို စိတ်ဖြင့် အစဥ်လှည့်လည် ရှာဖွေ (သွားလာ) သော်လည်း တစ်စုံတစ်ခုသော အရပ်၌ မိမိထက် ပို၍ ချစ်အပ်သော သူကို မရနိုင်၊ ဤအတူပင် များစွာကုန်သော အခြားသူတို့သည်လည်း မိမိကိုယ်ကိုသာ ချစ်အပ်၏၊ ထို့ကြောင့် အကျိုးစီးပွားကို အလိုရှိသော သူသည် သူတစ်ပါးကို မညှဥ်းဆဲရာ”ဟု (မိန့်တော်မူ၏)။
Linked Discourses 3.8 1. Shackles With Queen Mallikā At Sāvatthī. Now at that time King Pasenadi of Kosala was upstairs in the royal longhouse together with Queen Mallikā. Then the king said to the queen, “Mallikā, is there anyone more dear to you than yourself?” “No, Great King, there isn’t. But is there anyone more dear to you than yourself?” “For me also, Mallikā, there’s no one.” Then King Pasenadi of Kosala came downstairs from the stilt longhouse, went to the Buddha, bowed, sat down to one side, and told him what had happened. Then, understanding this matter, on that occasion the Buddha spoke this verse: “Having explored every quarter with the mind, one finds no one dearer than oneself. Likewise for others, each holds themselves dear; so one who desires self-knowledge <j>would harm no other.”
၉။ ယညသုတ္တံ
၁၂၀။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ရညော ပသေနဒိဿ ကောသလဿ မဟာယညော ပစ္စုပဋ္ဌိတော ဟောတိ, ပဉ္စ စ ဥသဘသတာနိ ပဉ္စ စ ဝစ္ဆတရသတာနိ ပဉ္စ စ ဝစ္ဆတရိသတာနိ ပဉ္စ စ အဇသတာနိ ပဉ္စ စ ဥရဗ္ဘသတာနိ ထူဏူပနီတာနိ ဟောန္တိ ယညတ္ထာယ။ ယေပိဿ တေ ဟောန္တိ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ ဝါ, တေပိ ဒဏ္ဍတဇ္ဇိတာ ဘယတဇ္ဇိတာ အဿုမုခါ ရုဒမာနာ ပရိကမ္မာနိ ကရောန္တိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, ရညော ပသေနဒိဿ ကောသလဿ မဟာယညော ပစ္စုပဋ္ဌိတော ဟောတိ, ပဉ္စ စ ဥသဘသတာနိ ပဉ္စ စ ဝစ္ဆတရသတာနိ ပဉ္စ စ ဝစ္ဆတရိသတာနိ ပဉ္စ စ အဇသတာနိ ပဉ္စ စ ဥရဗ္ဘသတာနိ ထူဏူပနီတာနိ ဟောန္တိ ယညတ္ထာယ။ ယေပိဿ တေ ဟောန္တိ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ ဝါ, တေပိ ဒဏ္ဍတဇ္ဇိတာ ဘယတဇ္ဇိတာ အဿုမုခါ ရုဒမာနာ ပရိကမ္မာနိ ကရောန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –
‘‘အဿမေဓံ ပုရိသမေဓံ, သမ္မာပါသံ ဝါဇပေယျံ နိရဂ္ဂဠှံ၊
မဟာယညာ မဟာရမ္ဘာ [ဝါဇပေယျုံ၊ နိရဂ္ဂဠံ မဟာရမ္ဘာ (က။)], န တေ ဟောန္တိ မဟပ္ဖလာ။
‘‘အဇေဠကာ စ ဂါဝေါ စ, ဝိဝိဓာ ယတ္ထ ဟညရေ၊
န တံ သမ္မဂ္ဂတာ ယညံ, ဥပယန္တိ မဟေသိနော။
‘‘ယေ စ ယညာ နိရာရမ္ဘာ, ယဇန္တိ အနုကုလံ သဒါ၊
အဇေဠကာ စ ဂါဝေါ စ, ဝိဝိဓာ နေတ္ထ ဟညရေ၊
ဧတံ သမ္မဂ္ဂတာ ယညံ, ဥပယန္တိ မဟေသိနော။
‘‘ဧတံ ယဇေထ မေဓာဝီ, ဧသော ယညော မဟပ္ဖလော၊
ဧတဉှိ ယဇမာနဿ, သေယျော ဟောတိ န ပါပိယော၊
ယညော စ ဝိပုလော ဟောတိ, ပသီဒန္တိ စ ဒေဝတာ’’တိ။
၉-ယညသုတ် ၁၂၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် ကြီးစွာသော ယဇ်ပူဇော်ပသခြင်းကို ရှေးရှုစီရင်အပ်၏။ ဥသဘ ငါးရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ငါးရာတို့ကိုလည်းကောင်း၊ နွားမငယ် ငါးရာတို့ကိုလည်းကောင်း၊ ဆိတ်ငါးရာတို့ကိုလည်းကောင်း၊ သိုးငါးရာတို့ကိုလည်းကောင်း ယဇ် (ပူဇော်ပသခြင်း) အလို့ငှါ ယဇ်တိုင်၌ ဖွဲ့ချည်ဆောင်ထားအပ်ကုန်၏။ ထိုမင်း၏ ကျွန်ယောကျာ်း ကျွန်မိန်းမ အစေအပါး အလုပ်သမားတို့သည်လည်း ဒဏ်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဘေးဖြင့် ခြိမ်းခြောက်အပ် ကုန်သည် ဖြစ်၍ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်လျက် ငိုကြွေးကြကာ ယဇ်အမှုတို့ကို ပြုကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းခံပြီး သည့် နောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့ကုန်ပြီးသော် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ - “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် ကြီးစွာသော ယဇ်ပူဇော်ပသခြင်းကို ရှေးရှုစီရင်အပ်ပါ၏။ ဥသဘ ငါးရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ငါးရာတို့ကိုလည်းကောင်း၊ နွားမငယ် ငါးရာတို့ကိုလည်းကောင်း၊ ဆိတ်ငါးရာတို့ကိုလည်းကောင်း၊ သိုးငါးရာတို့ကိုလည်းကောင်း ယဇ် (ပူဇော်ပသခြင်း) အလို့ငှါ ယဇ် တိုင်၌ ဖွဲ့ချည်ဆောင်ထားအပ်ပါကုန်၏။ ထိုမင်း၏ ကျွန်ယောကျာ်း ကျွန်မိန်းမ အစေအပါး အလုပ်သမားတို့သည် ဒဏ်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဘေးဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဖြစ်၍ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်လျက် ငိုကြွေးကြကာ ယဇ်အမှုတို့ကို ပြုပါကုန်၏”ဟု (လျှောက်ကြကုန်၏)၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏- “အဿမေဓယဇ်၊ ပုရိသမေဓယဇ်၊ သမ္မာပါသယဇ်၊ ဝါဇပေယျ ယဇ်၊ နိရဂ္ဂ လယဇ် ဟူသော များ သော ပြုဖွယ်ရှိကုန်သော ထိုယဇ်ကြီးတို့သည် အကျိုး မကြီးကုန်။ ထိုယဇ်ကြီးတို့၌ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း သတ်ရကုန်၏။ ညီညွတ်ခြင်းသို့ ရောက်ကုန်သော အမြတ် (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ထို ယဇ်သို့ မချဥ်းကပ်ကုန်။ အကြင်ယဇ်တို့သည်ကား (သူတစ်ပါးတို့ကို) သတ်ဖြတ်ညှဥ်းဆဲမှု မရှိကုန်၊ အခါ ခပ်သိမ်း မျိုးရိုးစဥ်ဆက် အလှူကို ပူဇော်ကုန်၏၊ ဤသို့ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း မသတ်ဖြတ်ရကုန်။ ညီညွတ်ခြင်းသို့ ရောက်ကုန်သော အမြတ် (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ထိုယဇ်သို့ ချဥ်းကပ်ကုန်၏။ ပညာရှိပုဂ္ဂိုလ်သည် ထိုယဇ်ကို ပူဇော်ရာ၏၊ ထိုယဇ်သည် ကြီးမြတ်သော အကျိုး ရှိ၏၊ ထိုယဇ်ကို ပူဇော်သူအား မြင့်မြတ်သည်သာ ဖြစ်၏၊ ယုတ်ညံ့မှု မဖြစ်၊ ယဇ် သည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏”ဟု (မိန့်တော်မူ၏)။
Linked Discourses 3.9 1. Shackles Sacrifice At Sāvatthī. Now at that time a grand sacrifice had been set up for King Pasenadi of Kosala. Bulls, bullocks, heifers, goats and rams—five hundred of each—had been led to the pillar for the sacrifice. His bondservants, servants, and workers did their jobs under threat of punishment and danger, weeping with tearful faces. Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha recited these verses: “Horse sacrifice, human sacrifice, the ‘casting of the yoke-pin’, <j>the ‘royal soma drinking’, and the ‘unimpeded’— these grand, violent sacrifices yield no great fruit. The great sages of right comportment don’t attend sacrifices where goats, sheep, and cattle and various creatures are killed. But the great sages of right comportment do attend those sacrifices that are non-violent and propitious, where goats, sheep, and cattle, and various creatures are not killed. An intelligent person should sacrifice like this, for this sacrifice is very fruitful. For a sponsor of sacrifices like this, things get better, not worse. Such a sacrifice is truly abundant, and even the deities are pleased.”
၁၀။ ဗန္ဓနသုတ္တံ
၁၂၁။ တေန ခေါ ပန သမယေန ရညာ ပသေနဒိနာ ကောသလေန မဟာဇနကာယော ဗန္ဓာပိတော ဟောတိ, အပ္ပေကစ္စေ ရဇ္ဇူဟိ အပ္ပေကစ္စေ အန္ဒူဟိ အပ္ပေကစ္စေ သင်္ခလိကာဟိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, ရညာ ပသေနဒိနာ ကောသလေန မဟာဇနကာယော ဗန္ဓာပိတော, အပ္ပေကစ္စေ ရဇ္ဇူဟိ အပ္ပေကစ္စေ အန္ဒူဟိ အပ္ပေကစ္စေ သင်္ခလိကာဟီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –
‘‘န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ,
ယဒါယသံ ဒါရုဇံ ပဗ္ဗဇဉ္စ၊
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု,
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
‘‘ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ,
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ၊
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ,
အနပေက္ခိနော ကာမသုခံ ပဟာယာ’’တိ။
ပဌမော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
ဒဟရော ပုရိသော ဇရာ, ပိယံ အတ္တာနရက္ခိတော၊
အပ္ပကာ အဍ္ဍကရဏံ, မလ္လိကာ ယညဗန္ဓနန္တိ။
၁၀-ဗန္ဓနသုတ် ၁၂၁။ ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့ သော သူတို့ကို ကြိုးတို့ဖြင့် , အချို့သော သူတို့ကို လက်ထိပ်တို့ဖြင့် , အချို့သော သူတို့ကို သံခြေကျဥ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဥ်းကပ် ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏- “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သော သူတို့ကို ကြိုးတို့ဖြင့် , အချို့သော သူတို့ကို လက်ထိပ်တို့ဖြင့် , အချို့သော သူတို့ကို သံခြေ ကျဥ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏”ဟု (လျှောက်ကုန်၏)။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏- “သံဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ သစ်သားဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နား တောင်းတို့၌လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း အလွန်အမင်း တပ်နှစ်သက်သည်ဖြစ်၍ အကြင်ငဲ့ကွက်ခြင်းသည် ရှိ၏။ အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ (ပညာရှိတို့ သည်) ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍ ကာမဂုဏ်ချမ်းသာကို ပယ်လျက် ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏”ဟု (ရွတ်ဆိုတော်မူ၏)။ ပဌမဝဂ်ပြီး၏။
Linked Discourses 3.10 1. Shackles Shackles Now at that time a large group of people had been put in shackles by King Pasenadi of Kosala—some in ropes, some in manacles, some in chains. Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what was happening. Then, understanding this matter, on that occasion the Buddha recited these verses: “The attentive say that shackle is not strong that’s made of iron, wood, or knots. But obsession with jeweled earrings, concern for your partners and children: this, say the attentive, is a strong shackle dragging the indulgent down, hard to escape. Having cut this one too they go forth, unconcerned, having given up sensual pleasures.”
၂။ ဒုတိယဝဂ္ဂေါ
၁။ သတ္တဇဋိလသုတ္တံ
၁၂၂။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ တေန ခေါ ပန သမယေန ဘဂဝါ သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ဗဟိဒွါရကောဋ္ဌကေ နိသိန္နော ဟောတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။
တေန ခေါ ပန သမယေန သတ္တ စ ဇဋိလာ သတ္တ စ နိဂဏ္ဌာ သတ္တ စ အစေလကာ သတ္တ စ ဧကသာဋကာ သတ္တ စ ပရိဗ္ဗာဇကာ ပရူဠှကစ္ဆနခလောမာ ခါရိဝိဝိဓမာဒါယ [ခါရိဝိဓံ အာဒါယ (ပီ။) ဒီ။ နိ။ ၁။၂၈၀ တဒဋ္ဌကထာပိ ဩလောကေတဗ္ဗာ] ဘဂဝတော အဝိဒူရေ အတိက္ကမန္တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဒက္ခိဏဇာဏုမဏ္ဍလံ ပထဝိယံ နိဟန္တွာ ယေန တေ သတ္တ စ ဇဋိလာ သတ္တ စ နိဂဏ္ဌာ သတ္တ စ အစေလကာ သတ္တ စ ဧကသာဋကာ သတ္တ စ ပရိဗ္ဗာဇကာ တေနဉ္ဇလိံ ပဏာမေတွာ တိက္ခတ္တုံ နာမံ သာဝေသိ – ‘‘ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော…ပေ… ရာဇာဟံ, ဘန္တေ, ပသေနဒိ ကောသလော’’တိ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော အစိရပက္ကန္တေသု တေသု သတ္တသု စ ဇဋိလေသု သတ္တသု စ နိဂဏ္ဌေသု သတ္တသု စ အစေလကေသု သတ္တသု စ ဧကသာဋကေသု သတ္တသု စ ပရိဗ္ဗာဇကေသု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယေ တေ, ဘန္တေ, လောကေ အရဟန္တော ဝါ အရဟတ္တမဂ္ဂံ ဝါ သမာပန္နာ ဧတေ တေသံ အညတရာ’’တိ။
‘‘ဒုဇ္ဇာနံ ခေါ ဧတံ, မဟာရာဇ, တယာ ဂိဟိနာ ကာမဘောဂိနာ ပုတ္တသမ္ဗာဓသယနံ အဇ္ဈာဝသန္တေန ကာသိကစန္ဒနံ ပစ္စနုဘောန္တေန မာလာဂန္ဓဝိလေပနံ ဓာရယန္တေန ဇာတရူပရဇတံ သာဒိယန္တေန – ‘ဣမေ ဝါ အရဟန္တော, ဣမေ ဝါ အရဟတ္တမဂ္ဂံ သမာပန္နာ’’’တိ။
‘‘သံဝါသေန ခေါ, မဟာရာဇ, သီလံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ သံဝေါဟာရေန ခေါ, မဟာရာဇ, သောစေယျံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ အာပဒါသု ခေါ, မဟာရာဇ, ထာမော ဝေဒိတဗ္ဗော။ သော စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ သာကစ္ဆာယ, ခေါ, မဟာရာဇ, ပညာ ဝေဒိတဗ္ဗာ။ သာ စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေနာ’’တိ။
‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ ဘန္တေ! ယာဝ သုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ – ‘ဒုဇ္ဇာနံ ခေါ ဧတံ, မဟာရာဇ, တယာ ဂိဟိနာ ကာမဘောဂိနာ ပုတ္တသမ္ဗာဓသယနံ အဇ္ဈာဝသန္တေန ကာသိကစန္ဒနံ ပစ္စနုဘောန္တေန မာလာဂန္ဓဝိလေပနံ ဓာရယန္တေန ဇာတရူပရဇတံ သာဒိယန္တေန – ဣမေ ဝါ အရဟန္တော, ဣမေ ဝါ အရဟတ္တမဂ္ဂံ သမာပန္နာ’တိ။ သံဝါသေန ခေါ, မဟာရာဇ, သီလံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ သံဝေါဟာရေန ခေါ မဟာရာဇ, သောစေယျံ ဝေဒိတဗ္ဗံ။ တဉ္စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ အာပဒါသု ခေါ, မဟာရာဇ, ထာမော ဝေဒိတဗ္ဗော။ သော စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေန။ သာကစ္ဆာယ ခေါ, မဟာရာဇ, ပညာ ဝေဒိတဗ္ဗာ။ သာ စ ခေါ ဒီဃေန အဒ္ဓုနာ, န ဣတ္တရံ၊ မနသိကရောတာ, နော အမနသိကရောတာ၊ ပညဝတာ, နော ဒုပ္ပညေနာ’’တိ။
‘‘ဧတေ, ဘန္တေ, မမ ပုရိသာ စရာ ဩစရကာ ဇနပဒံ ဩစရိတွာ အာဂစ္ဆန္တိ။ တေဟိ ပဌမံ ဩစိဏ္ဏံ အဟံ ပစ္ဆာ ဩသာပယိဿာမိ [ဩယာယိဿာမိ (သီ။), ဩဟယိဿာမိ (သျာ။ ကံ။)]။ ဣဒါနိ တေ, ဘန္တေ, တံ ရဇောဇလ္လံ ပဝါဟေတွာ သုနှာတာ သုဝိလိတ္တာ ကပ္ပိတကေသမဿူ ဩဒါတဝတ္ထာ [ဩဒါတဝတ္ထဝသနာ (သီ။)] ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတာ သမင်္ဂီဘူတာ ပရိစာရေဿန္တီ’’တိ။
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –
‘‘န ဝဏ္ဏရူပေန နရော သုဇာနော,
န ဝိဿသေ ဣတ္တရဒဿနေန၊
သုသညတာနဉှိ ဝိယဉ္ဇနေန,
အသညတာ လောကမိမံ စရန္တိ။
‘‘ပတိရူပကော မတ္တိကာကုဏ္ဍလောဝ,
လောဟဍ္ဎမာသောဝ သုဝဏ္ဏဆန္နော၊
စရန္တိ လောကေ [ဧကေ (သီ။ ပီ။)] ပရိဝါရဆန္နာ,
အန္တော အသုဒ္ဓါ ဗဟိ သောဘမာနာ’’တိ။
၂-ဒုတိယဝဂ် ၁-သတ္တဇဋိလသုတ် ၁၂၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိအရာ၌ တည်သော ဝိသာခါ ဆောက်လုပ်သည့် ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်း အချိန် တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ တံခါးမုခ်အပြင်၌ ထိုင်နေတော်မူ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေစဥ် ရှည်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်း ရှည်သော အမွေးရှိကုန် သော ဆံကျစ်ထုံး ရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ်ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ်ခုနစ်ယောက်တို့သည် အထူးထူးအပြားပြားသော ရသေ့အသုံးအဆောင်တို့ကို ယူကုန်၍ မြတ်စွာဘုရား၏ မနီးမဝေး၌ လွန်၍ သွားကြကုန်၏။ ထိုအခါ ပသေနဒီကောသလမင်းသည် နေရာမှ ထကာ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် ထိုဆံကျစ်ထုံးရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ် ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ် ခုနစ်ယောက်တို့ ရှိရာသို့ လက်အုပ်ကို ညွတ်၍- “အသျှင်ဘုရားတို့ အကျွန်ုပ်သည် ပသေနဒီကောသလမင်း ပါတည်း။ပ။ အသျှင်ဘုရားတို့ အကျွန်ုပ်သည် ပသေနဒီကောသလမင်းပါတည်း”ဟု သုံးကြိမ် အမည်ကို ပြောကြား၏။ ထို့နောက် ပသေနဒီကောသလမင်းသည် ထိုဆံကျစ်ထုံးရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ် ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ်ခုနစ် ယောက်တို့ ဖဲသွား၍ မကြာမြင့်မီ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခု သော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား- “အရှင်ဘုရား လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရဟတ္တမဂ်ကို ရကုန်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုရသေ့တက္ကတွန်း ပရိဗိုဇ်တို့သည် ထိုရဟန္တာ အရဟတ္တမဂ် ရသူတို့တွင် တစ်ယောက်အပါအဝင် ဖြစ်ကုန်၏”ဟု လျှောက်၏။ မင်ကြီး ကာမဂုဏ်ကို ခံစားလေ့ရှိသော သားသမီးတို့ဖြင့် ကျဥ်းမြောင်းသော နေရာ၌ နေသော ကာသိတိုင်းထွက် စန္ဒကူးကို သုံးဆောင်သော ပန်း နံံ့သာ နံ့သာပျောင်းကို ဆောင်လေ့ရှိသော ရွှေငွေကို သာယာသော လူဖြစ်သော သင်သည် “ဤပုဂ္ဂိုလ်တို့သည် ရဟန္တာ ဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်တို့သည် အရဟတ္တမဂ်သို့ ရောက်ကုန်၏”ဟူသော အကြောင်းကို သိနိုင်ခဲသည်သာတည်း။ မင်းကြီး သီလကို အတူတကွ နေသဖြင့် သိနိုင်၏၊ ထိုသိနိုင်ခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး စင်ကြယ်သော အဖြစ်ကို နှီးနှောပြောဆိုသဖြင့် သိနိုင်၏၊ ထိုသိနိုင်ခြင်းသည်လည်း ကာလ ကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး ဘေးရန်ရှိသော အခါတို့၌ ဉာဏ်စွမ်းကို သိနိုင်၏၊ ထိုဉာဏ်စွမ်းကိုလည်း ကာလကြာမြင့်မှ့သာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး ပညာကို ဆွေးနွေးသဖြင့်သာ သိနိုင်၏၊ ထိုဆွေးနွေးခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသောသူ သည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “မင်းကြီး ကာမဂုဏ်ကို ခံစားလေ့ရှိသော သားသမီးတို့ဖြင့် ကျဥ်းမြောင်းသော နေရာ၌ နေသော ကာသိတိုင်းထွက် စန္ဒကူးကို သုံးဆောင်သော ပန်း နံ့သာ နံ့သာပျောင်းကို ဆောင်လေ့ရှိသော ရွှေငွေကို သာယာသော လူဖြစ်သော သင်မင်းကြီးသည် ‘ဤပုဂ္ဂိုလ်တို့သည် ရဟန္တာ ဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်တို့သည် အရဟတ္တမဂ်သို့ ရောက်ကုန်၏’ ဟူသော ဤအကြောင်းကို သိနိုင်ခဲသည်သာတည်း။ မင်းကြီး သီလကို အတူတကွ နေသဖြင့် သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး စင်ကြယ်သည်၏ အဖြစ်ကို နှီးနှောပြောဆိုသဖြင့် သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလ ကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး ဘေးရန်ရှိသော အခါတို့၌ ဉာဏ်စွမ်းကို သိနိုင်၏၊ ထိုဉာဏ်စွမ်းကိုလည်း ကာလကြာမြင့်မှ သာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။ မင်းကြီး ပညာကို ဆွေးနွေးသဖြင့်သာ သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိ နိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်”ဟု မိန့်ဆိုအပ်သော ဤစကား သည် အလွန်ကောင်းစွာ ဆိုအပ်သော စကား ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်၏ မင်းချင်းယောကျာ်းဖြစ်ကုန်သော လျှို့ဝှက်လှည့်လည်ကုန်သော ထိုသူလျှိုတို့သည် ဇနပုဒ်ကို စူးစမ်း၍ လာကုန်၏၊ ထိုသူလျှိုတို့သည် ရှေးဦးစွာ စုံစမ်းအပ်ပြီးသည်ကို အကျွန်ုပ် သည် နောက်မှ ဆုံးဖြတ်ပြီးစီးစေပါ၏၊ အသျှင်ဘုရား ယခုအခါ၌ ထိုမင်းချင်းတို့သည် ထိုမြူအညစ် အကြေးကို မျှောကုန်၍ ကောင်းစွာ ရေချိုးကုန်သည် ကောင်းစွာ လိမ်းကျံအပ်ကုန်သည် ပြုပြင်ပြီးသော ဆံမုတ်ဆိတ်ရှိကုန်သည် ဖြစ်၍ ဖြူစင်သော အဝတ်ကို ဝတ်ဆင်ကုန်လျက် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံကြသည် ဖြစ်၍ မွေ့လျော်ကုန်လတ္တံ့ဟု (လျှောက်လေ၏)၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏- “အဆင်းသဏ္ဌာန်ဖြင့် လူကို သိလွယ်သည် မဟုတ်၊ အခိုက်အတန့် မြင်ကာမျှဖြင့် အကျွမ်းမဝင်ရာ။ မှန်၏၊ (ကိုယ်နှုတ်နှလုံး) မစောင့်စည်းသော သူတို့သည် ကောင်းစွာ (ကိုယ်နှုတ်နှလုံး) ကို စောင့်စည်းသော သူတို့၏ အသုံးအဆောင်ဖြင့် ဤလောကကို လှည့်လည်ကုန်၏။ အတွင်း၌ မစင်ကြယ်ကုန်သော သူတို့သည် အတုဖြစ်သော မြေနားတောင်း ကဲ့သို့လည်းကောင်း၊ ကြေးပဲဝက်မျှထိုက်သော ရွှေရည်ပွတ်နားတောင်းကဲ့သို့လည်းကောင်း ဖြစ်၍ အပ၌ တင့်တယ်ကုန်သည်ဖြစ်၍ အခြံအရံဖြင့် ဖုံးလွှမ်းကုန်သည် ဖြစ်၍ ဤလောက၌ လှည့်လည်ကုန်၏”ဟု (ရွတ်ဆိုတော်မူ၏)။
Linked Discourses 3.11 2. Childless Seven Matted-Hair Ascetics At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery. Then in the late afternoon, the Buddha came out of retreat and sat outside the gate. Then King Pasenadi of Kosala went up to the Buddha, bowed, and sat down to one side. Now at that time seven matted-hair ascetics, seven Jain ascetics, seven naked ascetics, seven one-cloth ascetics, and seven wanderers passed by not far from the Buddha. Their armpits and bodies were hairy, and their nails were long; and they carried their pack with shoulder-poles. Then King Pasenadi got up from his seat, arranged his robe over one shoulder, knelt on his right knee, raised his joined palms toward those various ascetics, and pronounced his name three times: “Sirs, I am Pasenadi, king of Kosala! … I am Pasenadi, king of Kosala!” Then, not long after those ascetics had left, King Pasenadi went up to the Buddha, bowed, sat down to one side, and said to him, “Sir, these are among those in the world who are perfected or who are on the path to perfection!” “Great king, as a layman enjoying sensual pleasures, living at home with your children, using sandalwood imported from Kāsi, wearing garlands, fragrance, and makeup, and accepting gold and currency, it’s hard for you to know who is perfected or on the path to perfection. You can get to know a person’s ethics by living with them. But only after a long time, not casually; only when attentive, not when inattentive; and only by the wise, not the witless. You can get to know a person’s purity by dealing with them. … You can get to know a person’s resilience in times of trouble. … You can get to know a person’s wisdom by discussion. But only after a long time, not casually; only when attentive, not when inattentive; and only by the wise, not the witless.” “It’s incredible, sir, it’s amazing, how well said this was by the Buddha. … Sir, these are my spies, my undercover agents returning after spying on the country. I shall later make use of what they first spied out. Now—when they have rinsed off the dust and dirt, and are nicely bathed and anointed, with hair and beard dressed, and dressed in white—they will amuse themselves, supplied and provided with the five kinds of sensual stimulation.” Then, understanding this matter, on that occasion the Buddha recited these verses: “It’s not easy to know a man by his appearance. You shouldn’t trust them at first sight. For undisciplined men live in this world disguised as the disciplined. Like a fake earring made of clay, like a copper halfpenny covered with gold, they live hidden in the world, corrupt inside but beautiful outside.”
၂။ ပဉ္စရာဇသုတ္တံ
၁၂၃။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ပဉ္စန္နံ ရာဇူနံ ပသေနဒိပမုခါနံ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတာနံ သမင်္ဂီဘူတာနံ ပရိစာရယမာနာနံ အယမန္တရာကထာ ဥဒပါဒိ – ‘‘ကိံ နု ခေါ ကာမာနံ အဂ္ဂ’’န္တိ? တတြေကစ္စေ [တတြေကေ (သီ။ ပီ။)] ဧဝမာဟံသု – ‘‘ရူပါ ကာမာနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘သဒ္ဒါ ကာမာနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ဂန္ဓာ ကာမာနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ရသာ ကာမာနံ အဂ္ဂ’’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘‘ဖောဋ္ဌဗ္ဗာ ကာမာနံ အဂ္ဂ’’န္တိ။ ယတော ခေါ တေ ရာဇာနော နာသက္ခိံသု အညမညံ သညာပေတုံ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော တေ ရာဇာနော ဧတဒဝေါစ – ‘‘အာယာမ, မာရိသာ, ယေန ဘဂဝါ တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတမတ္ထံ ပဋိပုစ္ဆိဿာမ။ ယထာ နော ဘဂဝါ ဗျာကရိဿတိ တထာ နံ ဓာရေဿာမာ’’တိ [ဓာရေယျာမာတိ (သီ။ သျာ။ ကံ။ ပီ။)]။ ‘‘ဧဝံ, မာရိသာ’’တိ ခေါ တေ ရာဇာနော ရညော ပသေနဒိဿ ကောသလဿ ပစ္စဿောသုံ။
အထ ခေါ တေ ပဉ္စ ရာဇာနော ပသေနဒိပမုခါ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ, ဘန္တေ, အမှာကံ ပဉ္စန္နံ ရာဇူနံ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတာနံ သမင်္ဂီဘူတာနံ ပရိစာရယမာနာနံ အယမန္တရာကထာ ဥဒပါဒိ – ‘ကိံ နု ခေါ ကာမာနံ အဂ္ဂ’န္တိ? ဧကစ္စေ ဧဝမာဟံသု – ‘ရူပါ ကာမာနံ အဂ္ဂ’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘သဒ္ဒါ ကာမာနံ အဂ္ဂ’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘ဂန္ဓာ ကာမာနံ အဂ္ဂ’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘ရသာ ကာမာနံ အဂ္ဂ’န္တိ။ ဧကစ္စေ ဧဝမာဟံသု – ‘ဖောဋ္ဌဗ္ဗာ ကာမာနံ အဂ္ဂ’န္တိ။ ကိံ နု ခေါ, ဘန္တေ, ကာမာနံ အဂ္ဂ’’န္တိ?
‘‘မနာပပရိယန္တံ ခွါဟံ, မဟာရာဇ, ပဉ္စသု ကာမဂုဏေသု အဂ္ဂန္တိ ဝဒါမိ။ တေဝ [တေ စ (သီ။ ပီ။ က။), ယေ စ (သျာ။ ကံ။)], မဟာရာဇ, ရူပါ ဧကစ္စဿ မနာပါ ဟောန္တိ, တေဝ [တေ စ (သီ။ ပီ။ က။)] ရူပါ ဧကစ္စဿ အမနာပါ ဟောန္တိ။ ယေဟိ စ ယော ရူပေဟိ အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ, သော တေဟိ ရူပေဟိ အညံ ရူပံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န ပတ္ထေတိ။ တေ တဿ ရူပါ ပရမာ ဟောန္တိ။ တေ တဿ ရူပါ အနုတ္တရာ ဟောန္တိ။
‘‘တေဝ, မဟာရာဇ, သဒ္ဒါ ဧကစ္စဿ မနာပါ ဟောန္တိ, တေဝ သဒ္ဒါ ဧကစ္စဿ အမနာပါ ဟောန္တိ။ ယေဟိ စ ယော သဒ္ဒေဟိ အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ, သော တေဟိ သဒ္ဒေဟိ အညံ သဒ္ဒံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န ပတ္ထေတိ။ တေ တဿ သဒ္ဒါ ပရမာ ဟောန္တိ။ တေ တဿ သဒ္ဒါ အနုတ္တရာ ဟောန္တိ။
‘‘တေဝ, မဟာရာဇ, ဂန္ဓာ ဧကစ္စဿ မနာပါ ဟောန္တိ, တေဝ ဂန္ဓာ ဧကစ္စဿ အမနာပါ ဟောန္တိ။ ယေဟိ စ ယော ဂန္ဓေဟိ အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ, သော တေဟိ ဂန္ဓေဟိ အညံ ဂန္ဓံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န ပတ္ထေတိ။ တေ တဿ ဂန္ဓာ ပရမာ ဟောန္တိ။ တေ တဿ ဂန္ဓာ အနုတ္တရာ ဟောန္တိ။
‘‘တေဝ, မဟာရာဇ, ရသာ ဧကစ္စဿ မနာပါ ဟောန္တိ, တေဝ ရသာ ဧကစ္စဿ အမနာပါ ဟောန္တိ။ ယေဟိ စ ယော ရသေဟိ အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ, သော တေဟိ ရသေဟိ အညံ ရသံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န ပတ္ထေတိ။ တေ တဿ ရသာ ပရမာ ဟောန္တိ။ တေ တဿ ရသာ အနုတ္တရာ ဟောန္တိ။
‘‘တေဝ, မဟာရာဇ, ဖောဋ္ဌဗ္ဗာ ဧကစ္စဿ မနာပါ ဟောန္တိ, တေဝ ဖောဋ္ဌဗ္ဗာ ဧကစ္စဿ အမနာပါ ဟောန္တိ။ ယေဟိ စ ယော ဖောဋ္ဌဗ္ဗေဟိ အတ္တမနော ဟောတိ ပရိပုဏ္ဏသင်္ကပ္ပေါ, သော တေဟိ ဖောဋ္ဌဗ္ဗေဟိ အညံ ဖောဋ္ဌဗ္ဗံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ န ပတ္ထေတိ။ တေ တဿ ဖောဋ္ဌဗ္ဗာ ပရမာ ဟောန္တိ။ တေ တဿ ဖောဋ္ဌဗ္ဗာ အနုတ္တရာ ဟောန္တီ’’တိ။
တေန ခေါ ပန သမယေန စန္ဒနင်္ဂလိကော ဥပါသကော တဿံ ပရိသာယံ နိသိန္နော ဟောတိ။ အထ ခေါ စန္ဒနင်္ဂလိကော ဥပါသကော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ ဘဂဝါ, ပဋိဘာတိ မံ သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ စန္ဒနင်္ဂလိကာ’’တိ ဘဂဝါ အဝေါစ။
အထ ခေါ စန္ဒနင်္ဂလိကော ဥပါသကော ဘဂဝတော သမ္မုခါ တဒနုရူပါယ ဂါထာယ အဘိတ္ထဝိ –
‘‘ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ,
ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ၊
အင်္ဂီရသံ ပဿ ဝိရောစမာနံ,
တပန္တမာဒိစ္စမိဝန္တလိက္ခေ’’တိ။
အထ ခေါ တေ ပဉ္စ ရာဇာနော စန္ဒနင်္ဂလိကံ ဥပါသကံ ပဉ္စဟိ ဥတ္တရာသင်္ဂေဟိ အစ္ဆာဒေသုံ။ အထ ခေါ စန္ဒနင်္ဂလိကော ဥပါသကော တေဟိ ပဉ္စဟိ ဥတ္တရာသင်္ဂေဟိ ဘဂဝန္တံ အစ္ဆာဒေသီတိ။
၂-ပဥ္စရာဇသုတ် ၁၂၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော် ကုန်သော ပသေနဒီအမှူးရှိကုန်သော ငါးယောက်ကုန်သော မင်းတို့အား- “ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း”ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်၏၊ ထိုမင်းတို့တွင် အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ မင်းတို့သည် အချင်းချင်း သိစေခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ ပသေနဒီကောသလမင်းသည် ထိုမင်းတို့အား ဤစကားကို ဆို၏- “အချင်းတို့ လာ သွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ မြတ်စွာဘုရားအား ထိုအကြောင်းကို မေးလျှောက်ကြ ကုန်စို့၊ ငါတို့သည် မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကုန်အံ့” (ဟု ဆို၏)၊ “အကြည်တော် ကောင်းပါပြီ”ဟု ထိုမင်းတို့သည် ပသေနဒီကောသလမင်းကြီး၏ စကားကို ဝန်ခံကြကုန်၏။ ထို့နောက် ပသေနဒီအမှူးရှိကုန်သော ထိုမင်းငါးဦးတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် ပသေနဒီကောသလမင်းလည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန် သည်ဖြစ်၍ မွေ့လျော်ကုန်သော အကျွန်ုပ်တို့ မင်းငါးယောက်တို့အား ‘ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း’ဟူသော အကြားစကားသည် ထင်ရှားဖြစ်ပါ၏၊ “အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ် ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏။ အသျှင်ဘုရား ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း”ဟု (လျှောက်၏)။ “မင်းကြီး ကာမဂုဏ်ငါးပါးတို့၌ နှစ်သက်ခြင်းလျှင် အထွတ်အထိပ်ရှိသော ကာမဂုဏ်ကို စင်စစ် မြတ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏၊ ထိုရူပါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရူပါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံ သော အကြံရှိ၏၊ ထိုသူသည် ဤရူပါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူး သဖြင့် မြတ်သည်လည်းဖြစ်သော ရူပါရုံကို မတောင့်တ၊ ထိုသူအား ထိုရူပါရုံတို့သည် မြတ်ကုန်၏၊ ထို သူအား ထိုရူပါရုံတို့သည် အတူ မရှိကုန်။ မင်းကြီး ထိုသဒ္ဒါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်သဒ္ဒါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုသဒ္ဒါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော သဒ္ဒါရုံကို မတောင့်တ၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် အတူ မရှိကုန်။ မင်းကြီး ထိုဂန္ဓာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဂန္ဓာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုဂန္ဓာရုံမှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ့်သော ဂန္ဓာရုံကို မတောင့်တ၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် အတူ မရှိကုန်။ မင်းကြီး ထိုရသာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရသာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုရသာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ရသာရုံကို မတောင့်တ၊ ထိုသူအား ထိုရသာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရသာရုံတို့ သည် အတူ မရှိကုန်။ မင်းကြီး ထိုဖောဋ္ဌဗ္ဗာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဖောဋ္ဌဗ္ဗာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဖောဋ္ဌဗ္ဗာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို မတောင့်တ၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏၊ ထို သူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် အတူ မရှိကုန်ဟု (မိန့်တော်မူ၏)။ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားအား လက်အုပ်ချီကာ ဤ စကားကို လျှောက်၏- “ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသော အကြောင်းသည်) ထင်လာပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသော အကြောင်းသည်) ထင်လာပါ၏”ဟု (လျှောက်၏)။ စန္ဒနင်္ဂလိက သင့်အား ထိုတစ်ခုသော အကြောင်း သည် ထင်စေလော့ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထိုအား လျောက်ပတ်သော ဂါထာဖြင့် ချီးကျူး၏- “ကောင်း သော အနံ့ ရှိသော , နံနက် အခါ၌ ပွင့် သော , မကင်း သော အနံ့ ရှိသော , ကောကနဒအမည်ရှိသော ပဒုမ္မာကြာကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ထွန်း တောက်ပသော နေမင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လော့”ဟု (ချီးကျူး၏)။ ထိုအခါ၌ ထိုမင်းငါးယောက်တို့သည် စန္ဒနင်္ဂလိကဥပါသကာအား ငါးထည်သော စုလျားပုဆိုးတို့ကို ပေးကုန်၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် ငါးထည်သော စုလျားပုဆိုးတို့ကို မြတ်စွာဘုရားအား လှူ၏။
Linked Discourses 3.12 2. Childless Five Kings At Sāvatthī. Now at that time five kings headed by Pasenadi were amusing themselves, supplied and provided with the five kinds of sensual stimulation, and this discussion came up among them: “What’s the best of sensual pleasures?” Some of them said, “Sights are the best of sensual pleasures!” Others said, “Sounds are best!” Others said, “Smells are best!” Others said, “Tastes are best!” Others said, “Touches are best!” Since those kings were unable to persuade each other, King Pasenadi said to them, “Come, good fellows, let’s go to the Buddha and ask him about this. As he answers, so we’ll remember it.” “Yes, good fellows,” replied those kings. Then those five kings headed by Pasenadi went to the Buddha, bowed, and sat down to one side. King Pasenadi reported their conversation to the Buddha, and said, “Sir, what’s the best of sensual pleasures?” “Great king, which kind of sensual stimulation is best is defined by which is most agreeable, I say. The very same sights that are agreeable to some are disagreeable to others. When you’re happy with certain sights, as you’ve got all you wished for, you don’t want any other sight that’s better or finer. For you, those sights are perfect and supreme. The very same sounds … smells … tastes … touches that are agreeable to some are disagreeable to others. When you’re happy with certain touches, as you’ve got all you wished for, you don’t want any other touch that’s better or finer. For you, those touches are perfect and supreme.” Now at that time the lay follower Candanaṅgalika was sitting in that assembly. Then he rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then the lay follower Candanaṅgalika extolled the Buddha in his presence with an appropriate verse: “Like a fragrant pink lotus that blooms at daybreak, its fragrance unfaded— see Aṅgīrasa dazzle, bright as the sun in the sky!” Then those five kings clothed Candanaṅgalika with five upper robes. And Candanaṅgalika in turn endowed the Buddha with those robes.
၃။ ဒေါဏပါကသုတ္တံ
၁၂၄။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော ဒေါဏပါကကုရံ [ဒေါဏပါကသုဒံ (သီ။), ဒေါဏပါကံ သုဒံ (ပီ။)] ဘုဉ္ဇတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘုတ္တာဝီ မဟဿာသီ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။
အထ ခေါ ဘဂဝါ ရာဇာနံ ပသေနဒိံ ကောသလံ ဘုတ္တာဝိံ မဟဿာသိံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘မနုဇဿ သဒါ သတီမတော,
မတ္တံ ဇာနတော လဒ္ဓဘောဇနေ၊
တနုကဿ [တနု တဿ (သီ။ ပီ။)] ဘဝန္တိ ဝေဒနာ,
သဏိကံ ဇီရတိ အာယုပါလယ’’န္တိ။
တေန ခေါ ပန သမယေန သုဒဿနော မာဏဝေါ ရညော ပသေနဒိဿ ကောသလဿ ပိဋ္ဌိတော ဌိတော ဟောတိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော သုဒဿနံ မာဏဝံ အာမန္တေသိ – ‘‘ဧဟိ တွံ, တာတ သုဒဿန, ဘဂဝတော သန္တိကေ ဣမံ ဂါထံ ပရိယာပုဏိတွာ မမ ဘတ္တာဘိဟာရေ (ဘတ္တာဘိဟာရေ) [( ) သီ။ သျာ။ ကံ။ ပီ။ ပေါတ္ထကေသု နတ္ထိ] ဘာသ။ အဟဉ္စ တေ ဒေဝသိကံ ကဟာပဏသတံ (ကဟာပဏသတံ) [( ) သီ။ သျာ။ ကံ။ ပေါတ္ထကေသု နတ္ထိ] နိစ္စံ ဘိက္ခံ ပဝတ္တယိဿာမီ’’တိ။ ‘‘ဧဝံ ဒေဝါ’’တိ ခေါ သုဒဿနော မာဏဝေါ ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ ပရိယာပုဏိတွာ ရညော ပသေနဒိဿ ကောသလဿ ဘတ္တာဘိဟာရေ သုဒံ ဘာသတိ –
‘‘မနုဇဿ သဒါ သတီမတော,
မတ္တံ ဇာနတော လဒ္ဓဘောဇနေ၊
တနုကဿ ဘဝန္တိ ဝေဒနာ,
သဏိကံ ဇီရတိ အာယုပါလယ’’န္တိ။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော အနုပုဗ္ဗေန နာဠိကောဒနပရမတာယ [နာဠိကောဒနမတ္တာယ (က။)] သဏ္ဌာသိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အပရေန သမယေန သုသလ္လိခိတဂတ္တော ပါဏိနာ ဂတ္တာနိ အနုမဇ္ဇန္တော တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ – ‘‘ဥဘယေန ဝတ မံ သော ဘဂဝါ အတ္ထေန အနုကမ္ပိ – ဒိဋ္ဌဓမ္မိကေန စေဝ အတ္ထေန သမ္ပရာယိကေန စာ’’တိ။
၃-ဒေါဏပါကသုတ် ၁၂၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် တစ်စိတ်ချက် ထမင်းကို စား၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် ထမင်းစားပြီးသော် မအီမသာ ပင်ပန်းလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထမင်းစားပြီး၍ မအီမသာ ပင်ပန်းနေသော ပသေနဒီကောသလမင်းကို သိ၍ ထိုအချိန်၌ ဤဂါထာကို ရွတ်တော်မူ၏- “အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော , ရအပ်သော စားသုံးဖွယ်၌ အတိုင်း အရှည်ကို သိသော ထိုသူအား ဝေဒနာတို့သည် နည်းပါးကုန်၏၊ (သုံးဆောင်အပ် သော အာဟာရသည်လည်း) အသက်ကို စောင့်သည်ဖြစ်၍ နူးညံ့စွာ ကြေညက်၏”ဟု ရွတ်ဆို၏။ ထိုအခါ၌ သုဒဿနလုလင်သည် ပသေနဒီကောသလမင်းကြီး၏ နောက်၌ တည်ရှိနေ၏၊ ထိုအခါ့ပသေနဒီကောသလမင်းသည် သုဒဿနလုလင်အား “အချင်းသုဒဿန သင်သည် လာခဲ့လော့၊ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို သင်ယူ၍ ငါ ထမင်းစားတိုင်း ထမင်းစားတိုင်းသော အခါ၌ ရွတ်ဆို လော့၊ ငါသည်လည်း သင့်အား နေ့တိုင်း အသပြာတစ်ရာ အသပြာတစ်ရာ ရိက္ခာကို အမြဲပေးအံ့”ဟု မိန့်တော်မူ၏၊ သုဒဿနလုလင်သည် “မင်းမြတ် ကောင်းပါပြီ”ဟု ပသေနဒီကောသလမင်းကြီးအား ဝန်ခံ၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို သင်ယူပြီးလျှင် ပသေနဒီကောသလမင်းကြီး ထမင်းစားသော အခါ၌- “အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော , ရအပ်သော စားသုံးဖွယ်တို့၌ အတိုင်း အရှည်ကို သိသော ထိုသူအား ဝေဒနာတို့သည် နည်းပါးကုန်၏၊ (သုံးဆောင်အပ် သော အာဟာရသည်လည်း) အသက်ကို စောင့်သည်ဖြစ်၍ နူးညံ့စွာ ကြေညက်၏”ဟု ရွတ်ဆို၏။ ထိုအခါ၌ ပသေနဒီကောသလမင်းသည် အစဥ်သဖြင့် တကွမ်းစားချက်ထမင်း အတိုင်းအရှည်၌ တည်၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် နောက်ကာလ၌ ကောင်းစွာ လျော့ပါးသော ကိုယ်ရှိသည်ဖြစ်၍ ကိုယ်တို့ကို လက်ဖြင့် အဖန်တလဲလဲ သုံးသပ်လျက် ထိုအချိန်၌ “မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ဖြစ်သော အကျိုးဖြင့်လည်းကောင်း၊ တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်လည်းကောင်း နှစ်ပါးစုံသော အကျိုးဖြင့် အကျွန်ုပ်ကို အစဥ်သနား စောင့်ရှောက်တော်မူ၏”ဟု ဥဒါနစကား ကျူးရင့်မြွက်ဆို၏။
Linked Discourses 3.13 2. Childless A Bucketful of Rice At Sāvatthī. Now at that time King Pasenadi of Kosala used to eat boiled rice by the bucketful. Then after eating King Pasenadi of Kosala went up to the Buddha, huffing and puffing. He bowed and sat down to one side. Then, knowing that King Pasenadi was huffing and puffing after eating, on that occasion the Buddha spoke this verse: “When a man is always mindful, knowing moderation in eating, his discomfort fades, and he ages slowly, taking care of his life.” Now at that time the student Sudassana was standing behind the king. Then King Pasenadi addressed him, “Please, dear Sudassana, memorize this verse in the Buddha’s presence and recite it to me whenever I am served a meal. I’ll set up a regular daily allowance of a hundred dollars for you.” “Yes, Your Majesty,” replied Sudassana. He memorized that verse in the Buddha’s presence, and then whenever the king was served a meal he would repeat it: “When a man is always mindful, knowing moderation in eating, his discomfort fades, and he ages slowly, taking care of his life.” Then the king gradually got used to having at most a cup of rice. After some time King Pasenadi’s body slimmed right down. Stroking his limbs with his hands, at that time he expressed this heartfelt sentiment: “In both ways the Buddha has sympathy for me: in the good of this life and the good of lives to come.”
၄။ ပဌမသင်္ဂါမသုတ္တံ
၁၂၅။ သာဝတ္ထိနိဒါနံ။ အထ ခေါ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ ပသေနဒိံ ကောသလံ အဗ္ဘုယျာသိ ယေန ကာသိ။ အဿောသိ ခေါ ရာဇာ ပသေနဒိ ကောသလော – ‘‘ရာဇာ ကိရ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ မမံ အဗ္ဘုယျာတော ယေန ကာသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပစ္စုယျာသိ ယေန ကာသိ။ အထ ခေါ ရာဇာ စ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာ စ ပသေနဒိ ကောသလော သင်္ဂါမေသုံ။ တသ္မိံ ခေါ ပန သင်္ဂါမေ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာနံ ပသေနဒိံ ကောသလံ ပရာဇေသိ။ ပရာဇိတော စ ရာဇာ ပသေနဒိ ကောသလော သကမေဝ [သင်္ဂါမာ (က။)] ရာဇဓာနိံ သာဝတ္ထိံ ပစ္စုယျာသိ [ပါယာသိ (သီ။ ပီ။)]။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ ပသေနဒိံ ကောသလံ အဗ္ဘုယျာသိ ယေန ကာသိ။ အဿောသိ ခေါ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော – ‘ရာဇာ ကိရ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ မမံ အဗ္ဘုယျာတော ယေန ကာသီ’တိ။ အထ ခေါ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပစ္စုယျာသိ ယေန ကာသိ။ အထ ခေါ, ဘန္တေ, ရာဇာ စ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာ စ ပသေနဒိ ကောသလော သင်္ဂါမေသုံ။ တသ္မိံ ခေါ ပန, ဘန္တေ, သင်္ဂါမေ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာနံ ပသေနဒိံ ကောသလံ ပရာဇေသိ။ ပရာဇိတော စ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော သကမေဝ ရာဇဓာနိံ သာဝတ္ထိံ ပစ္စုယျာသီ’’တိ။
‘‘ရာဇာ, ဘိက္ခဝေ, မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ပါပမိတ္တော ပါပသဟာယော ပါပသမ္ပဝင်္ကော၊ ရာဇာ စ ခေါ, ဘိက္ခဝေ, ပသေနဒိ ကောသလော ကလျာဏမိတ္တော ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ အဇ္ဇေဝ [အဇ္ဇတဉ္စ (သီ။ ပီ။), အဇ္ဇေဝံ (သျာ။ ကံ။)], ဘိက္ခဝေ, ရာဇာ ပသေနဒိ ကောသလော ဣမံ ရတ္တိံ ဒုက္ခံ သေတိ ပရာဇိတော’’တိ။ ဣဒမဝေါစ…ပေ…
‘‘ဇယံ ဝေရံ ပသဝတိ, ဒုက္ခံ သေတိ ပရာဇိတော၊
ဥပသန္တော သုခံ သေတိ, ဟိတွာ ဇယပရာဇယ’’န္တိ။
၄-ပဌမ သင်္ဂါမသုတ် ၁၂၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက် လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက် ရန်) ကာသိရွာသို့ ကြိုတင်ချီတက်၏၊ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြကုန်၏။ ထိုစစ်မြေပြင်၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းသည် ပသေနဒီ ကောသလမင်းကို အောင်နိုင်၏၊ စစ်ရှုံးသော ပသေနဒီကောသလမင်းသည် စစ်မြေပြင်မှ မိမိ နေပြည်တော် ဖြစ်သော သာဝတ္ထိပြည်သို့ ပြန်ဆုတ်လာ၏။ ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီး သည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကုန် လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏- အသျှင်ဘုရား မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ အသျှင်ဘုရား ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာ သို့ ချီတက်လာသတတ်” ဤသို့ ကြားလေ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါ လေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင့်းကို (ခုခံတိုက်ခိုက်ရန်) ကာသိရွာသို့ ကြိုတင်ချီတက်ပါ၏၊ အသျှင်ဘုရား ထိုအခါ မာဂဓတိုင်းကို အစိုးရ သော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်း သည်လည်းကောင်း စစ်တိုက်ကြကုန်၏။ အသျှင်ဘုရား ထိုစစ်မြေပြင်၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် ပသေနဒီကောသလမင်းကို အောင်နိုင်ပါ၏၊ အသျှင်ဘုရား စစ်ရှုံးသော ပသေနဒီကောသလမင်းသည် စစ်မြေပြင်မှ နေပြည်တော်ဖြစ်သော သာဝတ္ထိ ပြည်သို့ ဆုတ်လာပါ၏ဟု လျှောက်ကုန်၏။ ရဟန်းတို့ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် ယုတ်မာသော အဆွေခင်ပွန်းရှိ၏၊ ယုတ်မာသော အပေါင်းအဖော်ရှိ၏၊ ယုတ်မာသော သူတို့၌ ကိုင်းညွတ် သော စိတ်ရှိ၏၊ ရဟန်းတို့ ပသေနဒီကောသလမင်းသည်ကား ကောင်းသော အဆွေခင်ပွန်းရှိ၏၊ ကောင်း သော အပေါင်းအဖော်ရှိ၏၊ ကောင်းသော သူတို့၌ ကိုင်းညွတ်သော စိတ်ရှိ၏၊ ရဟန်းတို့ ယနေ့သာလျှင် ပသေနဒီကောသလမင်းသည် စစ်ရှုံးသည် ဖြစ်၍ ဤညဥ့်ပတ်လုံး ဆင်းရဲစွာ နေရလတ္တံ့။ မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူ၏။ပ။ အောင်နိုင်သော သူသည် ရန်ကို ပွားစေ၏၊ ရှုံးသော သူသည် ဆင်းရဲစွာ နေရ၏၊ အောင်နိုင်ခြင်း , ရှုံးခြင်းကို စွန့်၍ ငြိမ်သက်စွာ နေသော သူသည်သာ ချမ်းသာစွာ နေရလတ္တံ့ဟု (မိန့်တော်မူ၏)။
Linked Discourses 3.14 2. Childless Battle (1st) At Sāvatthī. Then King Ajātasattu of Magadha, son of the princess of Videha, mobilized an army of four divisions and marched to Kāsi to attack King Pasenadi of Kosala. When King Pasenadi heard of this, he mobilized an army of four divisions and marched to Kāsi to defend it against Ajātasattu. Then the two kings met in battle. And in that battle Ajātasattu defeated Pasenadi, who withdrew to his own capital at Sāvatthī. Then several mendicants robed up in the morning and, taking their bowls and robes, entered Sāvatthī for alms. Then, after the meal, when they returned from almsround, they went up to the Buddha, bowed, sat down to one side, and told him what had happened. Then the Buddha said: “Mendicants, King Ajātasattu has bad friends, companions, and associates. But King Pasenadi has good friends, companions, and associates. Yet on this day King Pasenadi will have a bad night’s sleep as one defeated.” That is what the Buddha said. … “Victory breeds enmity; the defeated sleep badly. The peaceful sleep at ease, having left victory and defeat behind.”
၅။ ဒုတိယသင်္ဂါမသုတ္တံ
၁၂၆။ [ဧတ္ထ ‘‘အထ ခေါ ရာဇာ ပသေနဒိ ကောသလော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ အဗ္ဘုယျာသီ’’တိ အာဒိနာ ပါဌေန ဘဝိတဗ္ဗံ။ အဋ္ဌကထာယံ ဟိ ‘‘အဗ္ဘုယျာသီတိ ပရာဇယေ ဂရဟပ္ပတ္တော…ပေ… ဝုတ္တဇယကာရဏံ သုတွာ အဘိဥယျာသီ’’တိ ဝုတ္တံ] အထ ခေါ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ ပသေနဒိံ ကောသလံ အဗ္ဘုယျာသိ ယေန ကာသိ။ အဿောသိ ခေါ ရာဇာ ပသေနဒိ ကောသလော – ‘‘ရာဇာ ကိရ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ မမံ အဗ္ဘုယျာတော ယေန ကာသီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပစ္စုယျာသိ ယေန ကာသိ။ အထ ခေါ ရာဇာ စ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာ စ ပသေနဒိ ကောသလော သင်္ဂါမေသုံ။ တသ္မိံ ခေါ ပန သင်္ဂါမေ ရာဇာ ပသေနဒိ ကောသလော ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပရာဇေသိ, ဇီဝဂ္ဂါဟဉ္စ နံ အဂ္ဂဟေသိ။ အထ ခေါ ရညော ပသေနဒိဿ ကောသလဿ ဧတဒဟောသိ – ‘‘ကိဉ္စာပိ ခေါ မျာယံ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော အဒုဗ္ဘန္တဿ ဒုဗ္ဘတိ, အထ စ ပန မေ ဘာဂိနေယျော ဟောတိ။ ယံနူနာဟံ ရညော မာဂဓဿ အဇာတသတ္တုနော ဝေဒေဟိပုတ္တဿ သဗ္ဗံ ဟတ္ထိကာယံ ပရိယာဒိယိတွာ သဗ္ဗံ အဿကာယံ ပရိယာဒိယိတွာ သဗ္ဗံ ရထကာယံ ပရိယာဒိယိတွာ သဗ္ဗံ ပတ္တိကာယံ ပရိယာဒိယိတွာ ဇီဝန္တမေဝ နံ ဩသဇ္ဇေယျ’’န္တိ [ဩဿဇ္ဇေယျန္တိ (သီ။ သျာ။ ကံ။ ပီ။)]။
အထ ခေါ ရာဇာ ပသေနဒိ ကောသလော ရညော မာဂဓဿ အဇာတသတ္တုနော ဝေဒေဟိပုတ္တဿ သဗ္ဗံ ဟတ္ထိကာယံ ပရိယာဒိယိတွာ သဗ္ဗံ အဿကာယံ ပရိယာဒိယိတွာ သဗ္ဗံ ရထကာယံ ပရိယာဒိယိတွာ သဗ္ဗံ ပတ္တိကာယံ ပရိယာဒိယိတွာ ဇီဝန္တမေဝ နံ ဩသဇ္ဇိ [ဩဿဇိ (သီ။), ဩဿဇ္ဇိ (သျာ။ ကံ။ ပီ။)]။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပဝိသိံသု။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ဣဓ, ဘန္တေ, ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ ပသေနဒိံ ကောသလံ အဗ္ဘုယျာသိ ယေန ကာသိ။ အဿောသိ ခေါ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော – ‘ရာဇာ ကိရ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ မမံ အဗ္ဘုယျာတော ယေန ကာသီ’တိ။ အထ ခေါ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော စတုရင်္ဂိနိံ သေနံ သန္နယှိတွာ ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပစ္စုယျာသိ ယေန ကာသိ။ အထ ခေါ, ဘန္တေ, ရာဇာ စ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ရာဇာ စ ပသေနဒိ ကောသလော သင်္ဂါမေသုံ။ တသ္မိံ ခေါ ပန, ဘန္တေ, သင်္ဂါမေ ရာဇာ ပသေနဒိ ကောသလော ရာဇာနံ မာဂဓံ အဇာတသတ္တုံ ဝေဒေဟိပုတ္တံ ပရာဇေသိ, ဇီဝဂ္ဂါဟဉ္စ နံ အဂ္ဂဟေသိ။ အထ ခေါ, ဘန္တေ, ရညော ပသေနဒိဿ ကောသလဿ ဧတဒဟောသိ – ‘ကိဉ္စာပိ ခေါ မျာယံ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော အဒုဗ္ဘန္တဿ ဒုဗ္ဘတိ, အထ စ ပန မေ ဘာဂိနေယျော ဟောတိ။ ယံနူနာဟံ ရညော မာဂဓဿ အဇာတသတ္တုနော ဝေဒေဟိပုတ္တဿ သဗ္ဗံ ဟတ္ထိကာယံ ပရိယာဒိယိတွာ သဗ္ဗံ အဿကာယံ သဗ္ဗံ ရထကာယံ သဗ္ဗံ ပတ္တိကာယံ ပရိယာဒိယိတွာ ဇီဝန္တမေဝ နံ ဩသဇ္ဇေယျ’’’န္တိ။
‘‘အထ ခေါ, ဘန္တေ, ရာဇာ ပသေနဒိ ကောသလော ရညော မာဂဓဿ အဇာတသတ္တုနော ဝေဒေဟိပုတ္တဿ သဗ္ဗံ ဟတ္ထိကာယံ ပရိယာဒိယိတွာ သဗ္ဗံ အဿကာယံ ပရိယာဒိယိတွာ သဗ္ဗံ ရထကာယံ ပရိယာဒိယိတွာ သဗ္ဗံ ပတ္တိကာယံ ပရိယာဒိယိတွာ ဇီဝန္တမေဝ နံ ဩသဇ္ဇီ’’တိ။ အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –
‘‘ဝိလုမ္ပတေဝ ပုရိသော, ယာဝဿ ဥပကပ္ပတိ၊
ယဒါ စညေ ဝိလုမ္ပန္တိ, သော ဝိလုတ္တော ဝိလုပ္ပတိ [ဝိလုမ္ပတိ (သီ။ ပီ။ က။)]။
‘‘ဌာနဉှိ မညတိ ဗာလော, ယာဝ ပါပံ န ပစ္စတိ၊
ယဒါ စ ပစ္စတိ ပါပံ, အထ ဒုက္ခံ နိဂစ္ဆတိ။
‘‘ဟန္တာ လဘတိ [လဘတိ ဟန္တာ (သီ။ သျာ။ ကံ။)] ဟန္တာရံ, ဇေတာရံ လဘတေ ဇယံ၊
အက္ကောသကော စ အက္ကောသံ, ရောသေတာရဉ္စ ရောသကော၊
အထ ကမ္မဝိဝဋ္ဋေန, သော ဝိလုတ္တော ဝိလုပ္ပတီ’’တိ။
၅-ဒုတိယ သင်္ဂါမသုတ် ၁၂၆။ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း သည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက် လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက် ရန်) ကာသိရွာသို့ ကြိုတင်ချီတက်၏၊ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြကုန်၏။ ထိုစစ်မြေပြင်၌ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းကို အောင်နိုင်၏၊ ထိုအဇာတသတ်မင်းကို အရှင်ဖမ်းမိ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းအား ဤအကြံသည် ဖြစ်၏- “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော ဤအဇာတသတ်မင်းသည် မပြစ်မှားအပ်သော ငါ့အား ပြစ်မှားကား ပြစ်မှား၏၊ ထိုသို့ ပြစ်မှားသော်လည်း (ထိုအဇာတသတ်မင်းသည်) ငါ၏ တူဖြစ်၏၊ ငါသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထားတပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်း ကို လွှတ်ရမူကား ကောင်းလေစွ”ဟု (အကြံ ဖြစ်၏)၊ ထိုအခါ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်အပေါင်း, အလုံးစုံ သောမြင်းအပေါင်း, အလုံးစုံသောရထားအပေါင်း, အလုံးစုံသောခြေသည်သူရဲအပေါင်းကို သိမ်းယူ၍ အသက် ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်းကို လွှတ်၏။ ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို့ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီး သည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုး ကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏- အသျှင်ဘုရား မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်တို့ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ အသျှင်ဘုရား ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိ ရွာသို့ ချီတက်လာသတတ်”ဟု ကြားပါ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်းသည်လည်း အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက်ရန်) ကာသိရွာသို့ ကြိုတင် ချီတက်ပါ၏၊ အသျှင်ဘုရား ထိုအခါ၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြပါကုန်၏။ အသျှင်ဘုရား ထိုစစ်မြေပြင်၌ ပသေနဒီ ကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို အောင်နိုင်ပါ၏၊ ထိုအဇာတသတ်မင်းကို အရှင်ဖမ်းမိပါ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်း အား ဤသို့သော အကြံသည် ဖြစ်ပါ၏ - “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် မပြစ်မှားအပ်သော ငါ့အား ပြစ်မှားကား ပြစ်မှား၏၊ ထိုသို့ ပြစ်မှားသော်လည်း (ထိုအဇာတသတ်မင်းသည်) ငါ၏ တူဖြစ်၏၊ ငါသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထားတပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်း ကို လွှတ်ရမူကား ကောင်းလေစွ”ဟု (အကြံ ဖြစ်ပါ၏)။ အသျှင်ဘုရား ထိုအခါ၌ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထား တပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာ တသတ်မင်းကို လွှတ်ပါ၏ဟု (လျှောက်ကုန်၏)။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအခါ၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏- ယောကျာ်းသည် အကြင်မျှလောက် (သူတစ်ပါးအား) လုယက်ဖျက်ဆီး၏၊ ထို သူအား ထိုမျှလောက်ပင် လုယက်ဖျက်ဆီးခြင်းကို ခံရသည်သာလျှင်တည်း။ အကြင် အခါ၌ ထိုသူ့ကို တစ်ပါးသော သူတို့သည် လုယက်ဖျက်ဆီးကုန်၏၊ ထိုအခါ လုယက် ဖျက်ဆီးခံရသော ထိုသူသည် ပြန်လည် လုယက်ဖျက်ဆီးတတ်၏။ အကြင်မျှလောက် ကာလပတ်လုံး မကောင်းမှုသည် အကျိုးမပေး သေး၊ ထိုမျှလောက် ကာလပတ်လုံး သူမိုက်သည် သင့်လျော် သော အကြောင်းဟူ၍သာလျှင် မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်း မှုသည် အကျိုးပေး၏၊ ထိုအခါ သူမိုက်သည် ဆင်းရဲသို့ ရောက်၏။ သူတစ်ပါးကို သတ်ဖြတ် ညှဥ်းဆဲတတ်သော သူသည် မိမိအား သူတစ်ပါး သတ်ဖြတ် ညှဥ်းဆဲခြင်းကို ခံရ၏၊ သူတစ်ပါးကို အောင်နိုင်သော သူသည် မိမိအား သူတစ်ပါး အနိုင်ခံရ၏၊ သူတစ်ပါးကို ဆဲရေးတတ်သော သူသည်လည်း မိမိအား သူတစ်ပါး ဆဲရေးခြင်း ခံရ၏၊ သူတစ်ပါးကို ချုတ်ချယ်တတ်သော သူသည် မိမိ အား သူတစ်ပါး ချုတ်ချယ်ခြင်း ခံရ၏၊ စင်စစ် အကျိုးပေး (ဝိပါက်) လည်သဖြင့် လုယက်ဖျက်ဆီးတတ်သော ထိုယောကျာ်းသည် တစ်ဖန် လုယက်ခြင်းကို ခံရ၏ဟု (ရွတ်ဆိုတော်မူ၏)။
Linked Discourses 3.15 2. Childless Battle (2nd) Then King Ajātasattu of Magadha, son of the princess of Videha, mobilized an army of four divisions and marched to Kāsi to attack King Pasenadi of Kosala. When King Pasenadi heard of this, he mobilized an army of four divisions and marched to Kāsi to defend it against Ajātasattu. Then the two kings met in battle. And in that battle Pasenadi defeated Ajātasattu and captured him alive. Then King Pasenadi thought, “Even though I’ve never betrayed this King Ajātasattu, he betrayed me. Still, he is my nephew. Now that I’ve vanquished all of Ajātasattu’s elephant troops, cavalry, chariots, and infantry, why don’t I let him loose with just his life?” And that’s what he did. Then several mendicants … told the Buddha what had happened. Then, understanding this matter, on that occasion the Buddha recited these verses: “A man goes on plundering as long as it serves his ends. But as soon as others plunder him, the plunderer is plundered. For the fool thinks they’re on solid ground, so long as their wickedness has not ripened. But as soon as that wickedness ripens, they fall into suffering. A killer creates a killer; a conqueror creates a conqueror; an abuser creates abuse, and a bully creates a bully. And so as deeds unfold the plunderer is plundered.”
၆။ မလ္လိကာသုတ္တံ
၁၂၇။ သာဝတ္ထိနိဒါနံ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ အထ ခေါ အညတရော ပုရိသော ယေန ရာဇာ ပသေနဒိ ကောသလော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ရညော ပသေနဒိဿ ကောသလဿ ဥပကဏ္ဏကေ အာရောစေသိ – ‘‘မလ္လိကာ, ဒေဝ, ဒေဝီ ဓီတရံ ဝိဇာတာ’’တိ။ ဧဝံ ဝုတ္တေ, ရာဇာ ပသေနဒိ ကောသလော အနတ္တမနော အဟောသိ။
အထ ခေါ ဘဂဝါ ရာဇာနံ ပသေနဒိံ ကောသလံ အနတ္တမနတံ ဝိဒိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –
‘‘ဣတ္ထီပိ ဟိ ဧကစ္စိယာ, သေယျာ ပေါသ ဇနာဓိပ၊
မေဓာဝိနီ သီလဝတီ, သဿုဒေဝါ ပတိဗ္ဗတာ။
‘‘တဿာ ယော ဇာယတိ ပေါသော, သူရော ဟောတိ ဒိသမ္ပတိ၊
တာဒိသာ သုဘဂိယာ [သုဘရိယာပုတ္တော (က။)] ပုတ္တော, ရဇ္ဇမ္ပိ အနုသာသတီ’’တိ။
၆-မလ္လိကာသုတ် ၁၂၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ၌ တစ်ယောက်သော ယောကျာ်းသည် ပသေနဒီကောသလမင်းထံသို့ ချဥ်းကပ်၍ ပသေနဒီကောသလမင်းကြီး၏ နားရင်းသို့ ကပ်၍ အရှင်မင်းကြီး “မလ္လိကာမိဖုရားသည် သမီးတော်ကို ဖွားမြင်ပါ၏”ဟု ကြားလျှောက်၏၊ ဤသို့ ကြားလျှောက်သည် ရှိသော် ပသေနဒီကောသလမင်းသည် နှလုံးမသာယာ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်း နှလုံးမသာယာသည်၏ အဖြစ်ကို သိ၍ ထို အချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏- လူတို့ကို အစိုးရသောမင်း (သမီးတော်ကို) ကျွေးမွေးသုတ်သင်လော့၊ ပညာရှိ သော , အကျင့်သီလရှိသော , ယောက္ခမကို နတ်ကဲ့သို့ ရိုသေသော , လင်ကို လုပ်ကျွေးသော , အချို့သော မိန်းမသည်လည်း မြတ်၏။ အရပ်မျက်နှာတို့၏ အရှင်ဖြစ်သောမင်း ထိုမိန်မအား အကြင်သားယောကျာ်းကို မွေးဖွား၏၊ ထိုသို့ သဘောရှိသော မိန်မကောင်း၏ သားသည် ရဲရင့်၏၊ တိုင်းပြည် ကိုလည်း (အုပ်ချုပ်) ဆုံးမနိုင်၏ဟု (ရွတ်ဆိုတော်မူ၏)။
Linked Discourses 3.16 2. Childless A Daughter At Sāvatthī. Then King Pasenadi of Kosala went up to the Buddha, bowed, and sat down to one side. Then a man went up to the king and whispered in his ear, “Your Majesty, Queen Mallikā has given birth to a daughter.” When this was said, King Pasenadi was disappointed. Then, knowing that King Pasenadi was disappointed, on that occasion the Buddha recited these verses: “Well, some women are better than men, O ruler of the people. Wise and virtuous, a devoted wife whose mother-in-law is her queen. And when she has a son, he becomes a hero, O lord of the land. The son of such a blessed lady may even rule the realm.”
၇။ အပ္ပမာဒသုတ္တံ
၁၂၈။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ, ဘန္တေ, ဧကော ဓမ္မော ယော ဥဘော အတ္ထေ သမဓိဂ္ဂယှ တိဋ္ဌတိ – ဒိဋ္ဌဓမ္မိကဉ္စေဝ အတ္ထံ သမ္ပရာယိကဉ္စာ’’တိ?
‘‘အတ္ထိ ခေါ, မဟာရာဇ, ဧကော ဓမ္မော ယော ဥဘော အတ္ထေ သမဓိဂ္ဂယှ တိဋ္ဌတိ – ဒိဋ္ဌဓမ္မိကဉ္စေဝ အတ္ထံ သမ္ပရာယိကဉ္စာ’’တိ။
‘‘ကတမော ပန, ဘန္တေ, ဧကော ဓမ္မော, ယော ဥဘော အတ္ထေ သမဓိဂ္ဂယှ တိဋ္ဌတိ – ဒိဋ္ဌဓမ္မိကဉ္စေဝ အတ္ထံ သမ္ပရာယိကဉ္စာ’’တိ?
‘‘အပ္ပမာဒေါ ခေါ, မဟာရာဇ, ဧကော ဓမ္မော, ယော ဥဘော အတ္ထေ သမဓိဂ္ဂယှ တိဋ္ဌတိ – ဒိဋ္ဌဓမ္မိကဉ္စေဝ အတ္ထံ သမ္ပရာယိကဉ္စာတိ။ သေယျထာပိ, မဟာရာဇ, ယာနိ ကာနိစိ ဇင်္ဂလာနံ [ဇင်္ဂမာနံ (သီ။ ပီ။)] ပါဏာနံ ပဒဇာတာနိ, သဗ္ဗာနိ တာနိ ဟတ္ထိပဒေ သမောဓာနံ ဂစ္ဆန္တိ, ဟတ္ထိပဒံ တေသံ အဂ္ဂမက္ခာယတိ – ယဒိဒံ မဟန္တတ္တေန၊ ဧဝမေဝ ခေါ, မဟာရာဇ, အပ္ပမာဒေါ ဧကော ဓမ္မော, ယော ဥဘော အတ္ထေ သမဓိဂ္ဂယှ တိဋ္ဌတိ – ဒိဋ္ဌဓမ္မိကဉ္စေဝ အတ္ထံ သမ္ပရာယိကဉ္စာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘အာယုံ အရောဂိယံ ဝဏ္ဏံ, သဂ္ဂံ ဥစ္စာကုလီနတံ၊
ရတိယော ပတ္ထယန္တေန, ဥဠာရာ အပရာပရာ။
‘‘အပ္ပမာဒံ ပသံသန္တိ, ပုညကိရိယာသု ပဏ္ဍိတာ၊
အပ္ပမတ္တော ဥဘော အတ္ထေ, အဓိဂ္ဂဏှာတိ ပဏ္ဍိတော။
‘‘ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော, ယော စတ္ထော သမ္ပရာယိကော၊
အတ္ထာဘိသမယာ ဓီရော, ပဏ္ဍိတောတိ ပဝုစ္စတီ’’တိ။
၇-အပ္ပမာဒသုတ် ၁၂၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော”ဟု ဤစကားကို လျှောက်၏၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင် တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်းဟု (ဤသို့ လျှောက်၏)၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။ မင်းကြီး ဥပမာသော်ကား ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ဟူ၍ ပြောကြားအပ်သကဲ့သို့ မင်းကြီး ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစား ရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့မလျော့မှု “အပ္ပမာဒတရား”ပင်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ အသက်ရှည်ခြင်းကိုလည်းကောင်း၊ ရောဂါ မရှိခြင်းကိုလည်းကောင်း၊ အဆင်းလှခြင်းကိုလည်းကောင်း၊ နတ်ပြည်ကိုလည်းကောင်း၊ အမျိုးမြတ်ခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းတို့ကိုလည်းကောင်း အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။ ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.17 2. Childless Diligence At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Sir, is there one thing that secures benefits for both this life and lives to come?” “There is, Great King.” “So what is that one thing?” “Diligence, Great King, is one thing that secures benefits for both this life and lives to come. The footprints of all creatures that walk can fit inside an elephant’s footprint. So an elephant’s footprint is said to be the biggest of them all. In the same way, diligence is one thing that secures benefits for both this life and lives to come.” That is what the Buddha said. … “For one who desires high delights again and again— long life, beauty, and health, heaven, and an eminent family— the astute praise diligence in making merit. Being diligent, an astute person secures both benefits: the benefit in this life, and in lives to come. An attentive one, comprehending the meaning, is said to be astute.”
၈။ ကလျာဏမိတ္တသုတ္တံ
၁၂၉။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော, သော စ ခေါ ကလျာဏမိတ္တဿ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ, နော ပါပမိတ္တဿ နော ပါပသဟာယဿ နော ပါပသမ္ပဝင်္ကဿာ’’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! သွာက္ခာတော, မဟာရာဇ, မယာ ဓမ္မော။ သော စ ခေါ ကလျာဏမိတ္တဿ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ, နော ပါပမိတ္တဿ နော ပါပသဟာယဿ နော ပါပသမ္ပဝင်္ကဿာတိ။
‘‘ဧကမိဒါဟံ, မဟာရာဇ, သမယံ သက္ကေသု ဝိဟရာမိ နဂရကံ နာမ သကျာနံ နိဂမော။ အထ ခေါ, မဟာရာဇ, အာနန္ဒော ဘိက္ခု ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ, မဟာရာဇ, အာနန္ဒော ဘိက္ခု မံ ဧတဒဝေါစ – ‘ဥပဍ္ဎမိဒံ, ဘန္တေ, ဗြဟ္မစရိယဿ – ယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာ ကလျာဏသမ္ပဝင်္ကတာ’’’တိ။
‘‘ဧဝံ ဝုတ္တာဟံ, မဟာရာဇ, အာနန္ဒံ ဘိက္ခုံ ဧတဒဝေါစံ – ‘မာ ဟေဝံ, အာနန္ဒ, မာ ဟေဝံ, အာနန္ဒ! သကလမေဝ ဟိဒံ, အာနန္ဒ, ဗြဟ္မစရိယံ – ယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာ ကလျာဏသမ္ပဝင်္ကတာ။ ကလျာဏမိတ္တဿေတံ, အာနန္ဒ, ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝေဿတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဗဟုလီကရိဿတိ’’’။
‘‘ကထဉ္စ, အာနန္ဒ, ဘိက္ခု ကလျာဏမိတ္တော ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝေတိ, အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဗဟုလီကရောတိ? ဣဓာနန္ဒ, ဘိက္ခု သမ္မာဒိဋ္ဌိံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ, သမ္မာသင်္ကပ္ပံ ဘာဝေတိ…ပေ… သမ္မာဝါစံ ဘာဝေတိ…ပေ… သမ္မာကမ္မန္တံ ဘာဝေတိ…ပေ… သမ္မာအာဇီဝံ ဘာဝေတိ…ပေ… သမ္မာဝါယာမံ ဘာဝေတိ…ပေ… သမ္မာသတိံ ဘာဝေတိ…ပေ… သမ္မာသမာဓိံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ။ ဧဝံ ခေါ, အာနန္ဒ, ဘိက္ခု ကလျာဏမိတ္တော ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝေတိ, အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဗဟုလီကရောတိ။ တဒမိနာပေတံ, အာနန္ဒ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ သကလမေဝိဒံ ဗြဟ္မစရိယံ – ယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာ ကလျာဏသမ္ပဝင်္ကတာ’’တိ။
‘‘မမဉှိ, အာနန္ဒ, ကလျာဏမိတ္တံ အာဂမ္မ ဇာတိဓမ္မာ သတ္တာ ဇာတိယာ ပရိမုစ္စန္တိ, ဇရာဓမ္မာ သတ္တာ ဇရာယ ပရိမုစ္စန္တိ, ဗျာဓိဓမ္မာ သတ္တာ ဗျာဓိတော ပရိမုစ္စန္တိ, မရဏဓမ္မာ သတ္တာ မရဏေန ပရိမုစ္စန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ သတ္တာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသေဟိ ပရိမုစ္စန္တိ။ ဣမိနာ ခေါ ဧတံ, အာနန္ဒ, ပရိယာယေန ဝေဒိတဗ္ဗံ ယထာ သကလမေဝိဒံ ဗြဟ္မစရိယံ – ယဒိဒံ ကလျာဏမိတ္တတာ ကလျာဏသဟာယတာ ကလျာဏသမ္ပဝင်္ကတာ’’တိ။
‘‘တသ္မာတိဟ တေ, မဟာရာဇ, ဧဝံ သိက္ခိတဗ္ဗံ – ‘ကလျာဏမိတ္တော ဘဝိဿာမိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော’တိ။ ဧဝဉှိ တေ, မဟာရာဇ, သိက္ခိတဗ္ဗံ။
‘‘ကလျာဏမိတ္တဿ တေ, မဟာရာဇ, ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ အယံ ဧကော ဓမ္မော ဥပနိဿာယ ဝိဟာတဗ္ဗော – အပ္ပမာဒေါ ကုသလေသု ဓမ္မေသု။
‘‘အပ္ပမတ္တဿ တေ, မဟာရာဇ, ဝိဟရတော အပ္ပမာဒံ ဥပနိဿာယ, ဣတ္ထာဂါရဿ အနုယန္တဿ ဧဝံ ဘဝိဿတိ – ‘ရာဇာ ခေါ အပ္ပမတ္တော ဝိဟရတိ, အပ္ပမာဒံ ဥပနိဿာယ။ ဟန္ဒ, မယမ္ပိ အပ္ပမတ္တာ ဝိဟရာမ, အပ္ပမာဒံ ဥပနိဿာယာ’’’တိ။
‘‘အပ္ပမတ္တဿ တေ, မဟာရာဇ, ဝိဟရတော အပ္ပမာဒံ ဥပနိဿာယ, ခတ္တိယာနမ္ပိ အနုယန္တာနံ ဧဝံ ဘဝိဿတိ – ‘ရာဇာ ခေါ အပ္ပမတ္တော ဝိဟရတိ အပ္ပမာဒံ ဥပနိဿာယ။ ဟန္ဒ, မယမ္ပိ အပ္ပမတ္တာ ဝိဟရာမ, အပ္ပမာဒံ ဥပနိဿာယာ’’’တိ။
‘‘အပ္ပမတ္တဿ တေ, မဟာရာဇ, ဝိဟရတော အပ္ပမာဒံ ဥပနိဿာယ, ဗလကာယဿပိ ဧဝံ ဘဝိဿတိ – ‘ရာဇာ ခေါ အပ္ပမတ္တော ဝိဟရတိ အပ္ပမာဒံ ဥပနိဿာယ။ ဟန္ဒ, မယမ္ပိ အပ္ပမတ္တာ ဝိဟရာမ, အပ္ပမာဒံ ဥပနိဿာယာ’’’တိ။
‘‘အပ္ပမတ္တဿ တေ, မဟာရာဇ, ဝိဟရတော အပ္ပမာဒံ ဥပနိဿာယ, နေဂမဇာနပဒဿပိ ဧဝံ ဘဝိဿတိ – ‘ရာဇာ ခေါ အပ္ပမတ္တော ဝိဟရတိ, အပ္ပမာဒံ ဥပနိဿာယ။ ဟန္ဒ, မယမ္ပိ အပ္ပမတ္တာ ဝိဟရာမ, အပ္ပမာဒံ ဥပနိဿာယာ’’’တိ?
‘‘အပ္ပမတ္တဿ တေ, မဟာရာဇ, ဝိဟရတော အပ္ပမာဒံ ဥပနိဿာယ, အတ္တာပိ ဂုတ္တော ရက္ခိတော ဘဝိဿတိ – ဣတ္ထာဂါရမ္ပိ ဂုတ္တံ ရက္ခိတံ ဘဝိဿတိ, ကောသကောဋ္ဌာဂါရမ္ပိ ဂုတ္တံ ရက္ခိတံ ဘဝိဿတီ’’တိ။ ဣဒမဝေါစ…ပေ…
‘‘ဘောဂေ ပတ္ထယမာနေန, ဥဠာရေ အပရာပရေ၊
အပ္ပမာဒံ ပသံသန္တိ, ပုညကိရိယာသု ပဏ္ဍိတာ။
‘‘အပ္ပမတ္တော ဥဘော အတ္ထေ, အဓိဂ္ဂဏှာတိ ပဏ္ဍိတော၊
ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော, ယော စတ္ထော သမ္ပရာယိကော၊
အတ္ထာဘိသမယာ ဓီရော, ပဏ္ဍိတောတိ ပဝုစ္စတီ’’တိ။
၈-ကလျာဏမိတ္တသုတ် ၁၂၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်သည်ဖြစ်၍ တစ်ယောက်တည်း နေသော အကျွန်ုပ်အား ဤသို့ စိတ်အကြံသည် ထင်ရှားဖြစ်ပါ၏၊ ‘မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ ဟောတော်မူအပ်သော ထိုတရားသည်လည်းကောင်းသော အဆွေခင်ပွန်းရှိသော သူအားသာ ဖြစ်၏၊ ကောင်းသော အပေါင်းအဖော်ရှိသော သူအားသာ ဖြစ်၏၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်းရှိသော သူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော သူတို့၌ ညွတ်သော စိတ်ရှိသော သူအား မဖြစ်’ဟု အကြံ ဖြစ်၏”ဟု လျှောက်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ငါဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ ဟောတော်မူအပ်သော ထိုတရား သည်လည်းကောင်းသော အဆွေခင်ပွန်းရှိသော သူအားသာ ဖြစ်၏၊ ကောင်းသော အပေါင်းအဖော်ရှိသော သူအားသာ ဖြစ်၏၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအားသာ ဖြစ်၏။ မကောင်းသော အဆွေခင်ပွန်းရှိသော သူအား မဖြစ်၊ မကောင်းသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော သူတို့၌ ညွတ်သော စိတ်ရှိသော သူအား မဖြစ်။ မင်းကြီး အခါတစ်ပါး၌ ငါဘုရားသည် သက္ကတိုင်း သာကီဝင်တို့၏ နဂရကမည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ မင်းကြီး ထိုအခါ အာနန္ဒာရဟန်းသည် ငါဘုရားထံသို့ ချဥ်းကပ်၍ ငါဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ငါဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော် ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်၏) ထက်ဝက်ကို ပြီးစေ နိုင်ပါ၏”ဟု လျှောက်၏။ မင်းကြီး ဤသို့ လျှောက်သည်ရှိသော် ငါဘုရားသည် အာနန္ဒာရဟန်းအား ဤစကားကို မိန့်တော်မူ၏- “အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်း ရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏။ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအား မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားလတ္တံ့၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိမ်ဖန်များစွာ ပြုလတ္တံ့ဟူသော ဤအကျိုးကို မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ အာနန္ဒာ အဘယ်သို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်းအဖော်ရှိသော၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားသနည်း၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိမ်ဖန်များစွာ ပြုသနည်း။ အာနန္ဒာ ဤ သာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုမှီသော ရာဂကင်းခြင်းကိုမှီသော ချုပ်ခြင်းကိုမှီသော ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွား၏၊ မှန်ကန်သောအကြံ့ ‘သမ္မာသင်္ကပ္ပ’ကို ပွား၏၊ မှန်ကန်သောစကား ‘သမ္မာဝါစာ’ကို ပွား၏၊ မှန်ကန်သောအမှု ‘သမ္မာကမ္မန္တ’ကို ပွား၏၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ကို ပွား၏၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ကို ပွား၏၊ မှန်ကန်သောအောက်မေ့မှု ‘သမ္မာသတိ’ကို ပွား၏။ ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုမှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာ သမာဓိ’ကို ပွား၏။ အာနန္ဒာ ဤသို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်း အဖော်ရှိသော၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားများ၏၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိန်ဖန်များစွာ ပြု၏။ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။ အာနန္ဒာ မှန်၏၊ အဆွေခင်ပွန်းကောင်းဖြစ်သော ငါဘုရားကို အကြောင်းပြု၍ ပဋိသန္ဓေနေခြင်း သဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်ကုန်၏၊ အိုခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် အိုခြင်းမှ လွတ်ကုန်၏၊ နာခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် နာခြင်းမှ လွတ်ကုန်၏၊ သေခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် သေခြင်းမှ လွတ်ကုန်၏၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်ကုန်၏။ အာနန္ဒာ ကောင်းသော အဆွေ ခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ် သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏ဟူသော ထို စကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။ မင်းကြီး ထိုသို့ အလုံးစုံသော မြတ်သော မဂ်အကျင့်ကိုလည်းကောင်းသော အဆွေခင်ပွန်းကို မှီ၍ ရသည်၏ အဖြစ်ကြောင့် သင်သည် ဤသို့ ကျင့်ရမည် - “ငါသည် ကောင်းသော အဆွေခင်ပွန်းရှိသူ၊ ကောင်းသော အပေါင်းအဖော်ရှိသူ၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူဖြစ်အံ့”ဟု ကျင့်ရ မည်။ မင်းကြီး သင်သည် ဤသို့လျှင် ကျင့်ရမည်။ မင်းကြီး ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်းအဖော်ရှိသော၊ သူတော် ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သင်သည် ကုသိုလ်တရားတို့၌ မမေ့မလျော့မှုဟူသော ဤ တစ်ခုသော အပ္ပမာဒတရားကို မှီ၍ နေအပ်၏။ မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်မင်းကြီး၏ နောက်လိုက် မောင်းမ အပေါင်းအား ဤအကြံသည် ဖြစ်လတ္တံ့- “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။ မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ နောက်လိုက် မင်းတို့အားလည်း ဤအကြံသည် ဖြစ်လတ္တံ့- “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။ မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ ဗိုလ်ပါအပေါင်းအားလည်း ဤ အကြံသည် ဖြစ်လတ္တံ့- “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။ မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ နိဂုံးဇနပုဒ်၌ နေသူအားလည်း ဤအကြံသည် ဖြစ်လတ္တံ့- “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။ မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ ကိုယ်သည်လည်း လုံခြုံစေအပ် သည် စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့၊ မောင်းမအပေါင်းသည်လည်း လုံခြုံစေအပ်သည် စောင့်ရှောက်အပ် သည် ဖြစ်လတ္တံ့၊ ဘဏ္ဍာတိုက် ကျီကြသည်လည်း လုံခြုံစေအပ်သည် စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့”ဟု မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ပ။ အဆင့်ဆင့် မြတ်ကုန်သော စည်းစိမ်တို့ကို တောင့်တသော သူသည် (မမေ့ မလျော့) ပြုအပ်၏၊ ကုသိုလ်ပြုရာ (ပုညကိရိယာ) ဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ပညာရှိသူတို့သည် ချီးမွမ်းကုန်၏။ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏။ မျက်မှောက် ဘဝ၌ ခံစားရသောအကျိုး , တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုး နှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.18 2. Childless Good Friends At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Just now, sir, as I was in private retreat this thought came to mind. ‘The teaching is well explained by the Buddha. But it’s for someone with good friends, companions, and associates, not for someone with bad friends, companions, and associates.’” “That’s so true, Great King! That’s so true!” said the Buddha. And he repeated the king’s statement, adding: “Great king, this one time I was staying in the land of the Sakyans where they have a town named Townsville. Then the mendicant Ānanda came to me, bowed, sat down to one side, and said: ‘Sir, good friends, companions, and associates are half the spiritual life.’ When he had spoken, I said to him: ‘Not so, Ānanda! Not so, Ānanda! Good friends, companions, and associates are the whole of the spiritual life. A mendicant with good friends, companions, and associates can expect to develop and cultivate the noble eightfold path. And how does a mendicant with good friends develop and cultivate the noble eightfold path? It’s when a mendicant develops right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion, which rely on seclusion, fading away, and cessation, and ripen as letting go. That’s how a mendicant with good friends develops and cultivates the noble eightfold path. And here’s another way to understand how good friends are the whole of the spiritual life. For, by relying on me as a good friend, sentient beings who are liable to rebirth, old age, and death, to sorrow, lamentation, pain, sadness, and distress are freed from all these things. This is another way to understand how good friends are the whole of the spiritual life.’ So, Great King, you should train like this: ‘I will have good friends, companions, and associates.’ That’s how you should train. When you have good friends, companions, and associates, you should live supported by one thing: diligence in skillful qualities. When you’re diligent, supported by diligence, your ladies of the harem, aristocrat vassals, troops, and people of town and country will think: ‘The king lives diligently, supported by diligence. We’d better live diligently, supported by diligence!’ When you’re diligent, supported by diligence, then not only you yourself, but your ladies of the harem, and your treasury and storehouses will be guarded and protected.” That is what the Buddha said. … “For one who desires high wealth again and again, the astute praise diligence in making merit. Being diligent, an astute person secures both benefits: the benefit in this life, and in lives to come. Attentive, comprehending the meaning, they are said to be astute.”
၉။ ပဌမအပုတ္တကသုတ္တံ
၁၃၀။ သာဝတ္ထိနိဒါနံ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဒိဝါ ဒိဝဿ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ ပသေနဒိံ ကောသလံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ, ကုတော နု တွံ, မဟာရာဇ, အာဂစ္ဆသိ ဒိဝါ ဒိဝဿာ’’တိ?
‘‘ဣဓ, ဘန္တေ, သာဝတ္ထိယံ သေဋ္ဌိ ဂဟပတိ ကာလင်္ကတော။ တမဟံ အပုတ္တကံ သာပတေယျံ ရာဇန္တေပုရံ အတိဟရိတွာ အာဂစ္ဆာမိ။ အသီတိ, ဘန္တေ, သတသဟဿာနိ ဟိရညဿေဝ, ကော ပန ဝါဒေါ ရူပိယဿ! တဿ ခေါ ပန, ဘန္တေ, သေဋ္ဌိဿ ဂဟပတိဿ ဧဝရူပေါ ဘတ္တဘောဂေါ အဟောသိ – ကဏာဇကံ ဘုဉ္ဇတိ ဗိလင်္ဂဒုတိယံ။ ဧဝရူပေါ ဝတ္ထဘောဂေါ အဟောသိ – သာဏံ ဓာရေတိ တိပက္ခဝသနံ။ ဧဝရူပေါ ယာနဘောဂေါ အဟောသိ – ဇဇ္ဇရရထကေန ယာတိ ပဏ္ဏဆတ္တကေန ဓာရိယမာနေနာ’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! အသပ္ပုရိသော ခေါ, မဟာရာဇ, ဥဠာရေ ဘောဂေ လဘိတွာ နေဝတ္တာနံ သုခေတိ ပီဏေတိ, န မာတာပိတရော သုခေတိ ပီဏေတိ, န ပုတ္တဒါရံ သုခေတိ ပီဏေတိ, န ဒါသကမ္မကရပေါရိသေ သုခေတိ ပီဏေတိ, န မိတ္တာမစ္စေ သုခေတိ ပီဏေတိ, န သမဏဗြာဟ္မဏေသု ဥဒ္ဓဂ္ဂိကံ ဒက္ခိဏံ ပတိဋ္ဌာပေတိ သောဝဂ္ဂိကံ သုခဝိပါကံ သဂ္ဂသံဝတ္တနိကံ။ တဿ တေ ဘောဂေ ဧဝံ သမ္မာ အပရိဘုဉ္ဇိယမာနေ [အပရိဘုဉ္ဇမာနော (သဗ္ဗတ္ထ)] ရာဇာနော ဝါ ဟရန္တိ စောရာ ဝါ ဟရန္တိ အဂ္ဂိ ဝါ ဍဟတိ ဥဒကံ ဝါ ဝဟတိ အပ္ပိယာ ဝါ ဒါယာဒါ ဟရန္တိ။ ဧဝံသ တေ [ဧဝံ သန္တေ (သီ။ ပီ။)], မဟာရာဇ, ဘောဂါ သမ္မာ အပရိဘုဉ္ဇိယမာနာ ပရိက္ခယံ ဂစ္ဆန္တိ, နော ပရိဘောဂံ။
‘‘သေယျထာပိ, မဟာရာဇ, အမနုဿဋ္ဌာနေ ပေါက္ခရဏီ အစ္ဆောဒကာ သီတောဒကာ သာတောဒကာ သေတောဒကာ သုပတိတ္ထာ ရမဏီယာ။ တံ ဇနော နေဝ ဟရေယျ န ပိဝေယျ န နဟာယေယျ န ယထာပစ္စယံ ဝါ ကရေယျ။ ဧဝဉှိ တံ, မဟာရာဇ, ဥဒကံ သမ္မာ အပရိဘုဉ္ဇိယမာနံ [အပရိဘုဉ္ဇမာနံ (သျာ။ ကံ။)] ပရိက္ခယံ ဂစ္ဆေယျ, နော ပရိဘောဂံ။ ဧဝမေဝ ခေါ, မဟာရာဇ, အသပ္ပုရိသော ဥဠာရေ ဘောဂေ လဘိတွာ နေဝတ္တာနံ သုခေတိ ပီဏေတိ, န မာတာပိတရော သုခေတိ ပီဏေတိ, န ပုတ္တဒါရံ သုခေတိ ပီဏေတိ, န ဒါသကမ္မကရပေါရိသေ သုခေတိ ပီဏေတိ, န မိတ္တာမစ္စေ သုခေတိ ပီဏေတိ, န သမဏဗြာဟ္မဏေသု ဥဒ္ဓဂ္ဂိကံ ဒက္ခိဏံ ပတိဋ္ဌာပေတိ သောဝဂ္ဂိကံ သုခဝိပါကံ သဂ္ဂသံဝတ္တနိကံ။ တဿ တေ ဘောဂေ ဧဝံ သမ္မာ အပရိဘုဉ္ဇိယမာနေ ရာဇာနော ဝါ ဟရန္တိ စောရာ ဝါ ဟရန္တိ အဂ္ဂိ ဝါ ဍဟတိ ဥဒကံ ဝါ ဝဟတိ အပ္ပိယာ ဝါ ဒါယာဒါ ဟရန္တိ။ ဧဝံသ တေ [ဧဝံ သန္တေ (သီ။ ပီ။)], မဟာရာဇ, ဘောဂါ သမ္မာ အပရိဘုဉ္ဇိယမာနာ ပရိက္ခယံ ဂစ္ဆန္တိ, နော ပရိဘောဂံ။
‘‘သပ္ပုရိသော စ ခေါ, မဟာရာဇ, ဥဠာရေ ဘောဂေ လဘိတွာ အတ္တာနံ သုခေတိ ပီဏေတိ, မာတာပိတရော သုခေတိ ပီဏေတိ, ပုတ္တဒါရံ သုခေတိ ပီဏေတိ, ဒါသကမ္မကရပေါရိသေ သုခေတိ ပီဏေတိ, မိတ္တာမစ္စေ သုခေတိ ပီဏေတိ, သမဏဗြာဟ္မဏေသု ဥဒ္ဓဂ္ဂိကံ ဒက္ခိဏံ ပတိဋ္ဌာပေတိ သောဝဂ္ဂိကံ သုခဝိပါကံ သဂ္ဂသံဝတ္တနိကံ။ တဿ တေ ဘောဂေ ဧဝံ သမ္မာ ပရိဘုဉ္ဇိယမာနေ နေဝ ရာဇာနော ဟရန္တိ, န စောရာ ဟရန္တိ, န အဂ္ဂိ ဍဟတိ, န ဥဒကံ ဝဟတိ, န အပ္ပိယာ ဒါယာဒါ ဟရန္တိ။ ဧဝံသ တေ, မဟာရာဇ, ဘောဂါ သမ္မာ ပရိဘုဉ္ဇိယမာနာ ပရိဘောဂံ ဂစ္ဆန္တိ, နော ပရိက္ခယံ။
‘‘သေယျထာပိ, မဟာရာဇ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ ပေါက္ခရဏီ အစ္ဆောဒကာ သီတောဒကာ သာတောဒကာ သေတောဒကာ သုပတိတ္ထာ ရမဏီယာ။ တဉ္စ ဥဒကံ ဇနော ဟရေယျပိ ပိဝေယျပိ နဟာယေယျပိ ယထာပစ္စယမ္ပိ ကရေယျ။ ဧဝဉှိ တံ, မဟာရာဇ, ဥဒကံ သမ္မာ ပရိဘုဉ္ဇိယမာနံ ပရိဘောဂံ ဂစ္ဆေယျ, နော ပရိက္ခယံ။ ဧဝမေဝ ခေါ, မဟာရာဇ, သပ္ပုရိသော ဥဠာရေ ဘောဂေ လဘိတွာ အတ္တာနံ သုခေတိ ပီဏေတိ, မာတာပိတရော သုခေတိ ပီဏေတိ, ပုတ္တဒါရံ သုခေတိ ပီဏေတိ, ဒါသကမ္မကရပေါရိသေ သုခေတိ ပီဏေတိ, မိတ္တာမစ္စေ သုခေတိ ပီဏေတိ, သမဏဗြာဟ္မဏေသု ဥဒ္ဓဂ္ဂိကံ ဒက္ခိဏံ ပတိဋ္ဌာပေတိ သောဝဂ္ဂိကံ သုခဝိပါကံ သဂ္ဂသံဝတ္တနိကံ။ တဿ တေ ဘောဂေ ဧဝံ သမ္မာ ပရိဘုဉ္ဇိယမာနေ နေဝ ရာဇာနော ဟရန္တိ, န စောရာ ဟရန္တိ, န အဂ္ဂိ ဍဟတိ, န ဥဒကံ ဝဟတိ, န အပ္ပိယာ ဒါယာဒါ ဟရန္တိ။ ဧဝံသ တေ, မဟာရာဇ, ဘောဂါ သမ္မာ ပရိဘုဉ္ဇိယမာနာ ပရိဘောဂံ ဂစ္ဆန္တိ, နော ပရိက္ခယ’’န္တိ။
‘‘အမနုဿဋ္ဌာနေ ဥဒကံဝ သီတံ,
တဒပေယျမာနံ ပရိသောသမေတိ၊
ဧဝံ ဓနံ ကာပုရိသော လဘိတွာ,
နေဝတ္တနာ ဘုဉ္ဇတိ နော ဒဒါတိ။
ဓီရော စ ဝိညူ အဓိဂမ္မ ဘောဂေ,
သော ဘုဉ္ဇတိ ကိစ္စကရော စ ဟောတိ၊
သော ဉာတိသံဃံ နိသဘော ဘရိတွာ,
အနိန္ဒိတော သဂ္ဂမုပေတိ ဌာန’’န္တိ။
၉-ပဌမ အပုတ္တကသုတ် ၁၃၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပသေနဒီကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရား ထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားသည် “မင်းကြီး သင်သည် ယခု နေမွန်းတည့် အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု ဤစကားကို မိန့်တော်မူ၏။ အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေခဲ့၏၊ (အမွေခံ) သား မရှိသော ထိုသူဌေး ကြီး၏ ဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊ အသျှင်ဘုရား ရွှေချည်းပင် ရှစ် သန်းရှိပါ၏၊ ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။ အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - သုံးလွှာ စပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။ ယာဥ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - သစ်ရွက်ထီးကို ဆောင်းလျက် ဆွေးမြေ့ သော ရထားငယ်ဖြင့် သွားပါ၏ဟု လျှောက်၏။ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး သူတော်မဟုတ်သော သူယုတ်သည် များမြတ်ကုန်သော စည်းစိမ်တို့ကို ရ၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အမိအဖတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ သားမယားကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ ကျွန်အလုပ်သမားတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ မိတ်ဆွေခင်ပွန်းတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အထက်နတ်ဘုံ၌ မြတ်သောအကျိုးကို ဖြစ်စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသော အကျိုးနှင့် ပြည့်စုံသော၊ မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ မဖြစ်စေ။ ထိုသူ၏ ဤသို့ ကောင်းစွာ မသုံးဆောင်အပ်ကုန်သော ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သည်မူလည်း ဆောင်ကုန်၏၊ ခိုးသူတို့သည်မူလည်း ဆောင်ကုန်၏၊ မီးသည်မူလည်း လောင်ကုန်၏၊ ရေ၌မူလည်း မျော၏၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း ဆောင်ကုန်၏။ မင်းကြီး ဤသို့ ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ မသုံးဆောင်အပ်ကုန်သည် ဖြစ်၍ ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ သုံးဆောင်ခြင်းသို့ မရောက်ကုန်။ မင်းကြီ ဥပမာသော်ကား လူမရှိသော အရပ်၌ ကြည်လင်သောရေရှိသော, ချမ်းအေးသောရေရှိသော, ချိုမြိန်သောရေရှိသော, ဖြူသောရေရှိသော, ကောင်းသောရေဆိပ်ရှိသော, နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ရေကန်သည် ရှိ၏။ ထိုရေကို လူအပေါင်းသည် မဆောင်ယူရာ၊ မသောက်ရာ၊ မချိုးရာ၊ အလိုရှိတိုင်း မပြုရာ။ မင်းကြီး ဤသို့ မပြုသော်လည်း ထိုရေသည် ကောင်းစွာ မသုံးဆောင်ဘဲလျက် ကုန်ခန်းခြင်း သို့ ရောက်ရာ၏၊ သုံးဆောင်ခြင်းသို့ မရောက်ရာ။ မင်းကြီး ဤအတူသာလျှင် သူတော်မဟုတ်သော သူယုတ်သည် များမြတ်ကုန်သော စည်းစိမ်တို့ကို ရ၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အမိအဖတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ သားမယားကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ ကျွန်အလုပ်သမားတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ မိတ်ဆွေခင်ပွန်းတို့ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ။ အထက်နတ်ဘုံ၌ မြတ်သောအကျိုးကို ဖြစ်စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသော အကျိုးနှင့် ပြည့်စုံသော၊ မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ မဖြစ်စေ။ ထိုသူ၏ ဤသို့ ကောင်းစွာ မသုံးဆောင်အပ်ကုန်သော ထို စည်းစိမ်ဥစ္စာတို့ကို မင်းတို့သည်မူလည်း ဆောင်ကုန်၏၊ ခိုးသူတို့သည်မူလည်း ဆောင်ကုန်၏၊ မီးသည်မူလည်း လောင်၏၊ ရေ၌မူလည်း မျော၏၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း ဆောင်ကုန်၏။ မင်းကြီး ဤသို့ ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ မသုံးဆောင်အပ်ကုန်သည် ဖြစ်၍ ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ သုံးဆောင်ခြင်းသို့ မရောက်ကုန်။ မင်းကြီး စင်စစ် သူတော်ကောင်းဖြစ်သော သူသည် များမြတ်ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရ၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အမိအဖတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ သားမယားကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ ကျွန်အလုပ်သမားတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အထက်နတ်ဘုံ၌ မြတ်သောအကျိုးကို ဖြစ်စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသော အကျိုးနှင့် ပြည့်စုံသော၊ မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ ဖြစ်စေ၏။ ထိုသူ၏ ကောင်းစွာ သုံးဆောင်အပ်ကုန်သော ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သည်မူလည်း မဆောင်ကုန်၊ ခိုးသူတို့သည်မူလည်း မဆောင်ကုန်၊ မီးသည်မူလည်း မလောင်၊ ရေ၌မူလည်း မမျော၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း မဆောင်ကုန်။ မင်းကြီး ဤသို့ ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ သုံးဆောင်အပ်ကုန်သည် ဖြစ်၍ သုံးဆောင်ခြင်းသို့ ရောက် ကုန်၏၊ ကုန်ခန်းခြင်းသို့ မရောက်ကုန်။ မင်းကြီး ဥပမာသော်ကား ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေး၌ ကြည်လင်သော ရေရှိသော, ချမ်းအေးသောရေရှိသော, ချိုမြိန်သောရေရှိသော, ဖြူသောရေရှိသော, ကောင်းသောရေဆိပ် ရှိသော, နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ရေကန်သည် ရှိ၏။ ထိုရေကို လူအပေါင်းသည် ဆောင်လည်း ဆောင်ရာ၏၊ သောက်လည်း သောက်ရာ၏၊ ချိုးလည်း ချိုးရာ၏၊ အလိုရှိတိုင်း ပြုလည်း ပြုရာ၏၊ မင်းကြီး ဤသို့လျှင် ထိုရေသည် ကောင်းစွာ သုံးဆောင်အပ်သည် ဖြစ်၍ သုံးဆောင်ခြင်းသို့ ရောက်ရာ၏၊ ကုန်ခန်းခြင်းသို့ မရောက်ရာ။ မင်းကြီး ဤအတူသာလျှင် သူတော်ကောင်းသည် များမြတ်ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရ၍ မိမိ ကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အမိအဖတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ သားမယားကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ ကျွန်အလုပ်သမားတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ အထက်နတ်ဘုံ၌ မြတ်သောအကျိုးကို ဖြစ်စေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ ချမ်းသာသော အကျိုးနှင့် ပြည့်စုံသော၊ မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ ဖြစ်စေ၏။ ထိုသူ၏ ကောင်းစွာ သုံးဆောင်အပ်ကုန်သော ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သည်မူလည်း မဆောင်ကုန်၊ ခိုးသူတို့သည်မူလည်း မဆောင်ကုန်၊ မီးသည်မူလည်း မလောင်၊ ရေ၌မူလည်း မမျော၊ မချစ်မနှစ်လိုအပ်ကုန်သော အမွေခံတို့သည်မူလည်း မဆောင်ကုန်။ မင်းကြီး ဤသို့ ထိုသူ၏ ထိုစည်းစိမ်ဥစ္စာတို့သည် ကောင်းစွာ သုံးဆောင်အပ်ကုန်သည် ဖြစ်၍ သုံးဆောင်ခြင်းသို့ ရောက် ကုန်၏၊ ကုန်ခန်းခြင်းသို့ မရောက်ကုန်။ လူမရှိရာ အရပ်၌ အေးမြသော ရေသည် မသောက်အပ်သည်ဖြစ်၍ ခြောက်ခန်းခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ ယုတ်မာသော ယောကျာ်းသည် ဥစ္စာကို ရ၍ မိမိသည်မူလည်း မသုံးဆောင်၊ သူတစ်ပါးကိုမူလည်း မပေး၊ (ထိုဥစ္စာသည် အလိုလို ကုန်ခန်းခြင်းသို့ ရောက်၏)။ သိကြားလိမ္မာသော ပညာရှိသည် စည်းစိမ်ဥစ္စာတို့ကို ရ၍ သုံးဆောင်ခံစား၏၊ ကိစ္စကိုလည်း ပြု၏၊ ထိုပညာရှိသည် ဆွေမျိုးအပေါင်းအား ချီးမြှောက်ထောက်ပံ့ခြင်း ကို ပြုလျက် မကဲ့ရဲ့အပ်သည်ဖြစ်၍ ကောင်းမှုကို ပြုသော သူတို့၏ တည်ရာ ဖြစ် သော နတ်ပြည်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.19 2. Childless Childless (1st) At Sāvatthī. Then King Pasenadi of Kosala went up to the Buddha in the middle of the day, bowed, and sat down to one side. The Buddha said to him, “So, Great King, where are you coming from in the middle of the day?” “Sir, here in Sāvatthī a financier householder has passed away. Since he died childless, I have come after transferring his fortune to the royal compound. There was eight million in gold coin, not to mention the silver coin. And yet that financier ate meals of sour gruel with false black pepper. He wore clothes consisting of three patches of sunn hemp. He traveled around in a vehicle that was a dilapidated little cart, holding a leaf as parasol.” “That’s so true, Great King! That’s so true! When an untrue person has acquired notable wealth they don’t make themselves happy and pleased. Nor do they make their mother and father, partners and children, bondservants, workers, and staff, and friends and colleagues happy and pleased. And they don’t establish an uplifting religious donation for ascetics and brahmins that’s conducive to heaven, ripens in happiness, and leads to heaven. Because they haven’t made proper use of that wealth, rulers or bandits take it, or fire consumes it, or flood sweeps it away, or unloved heirs take it. Since that wealth is not properly utilized, it’s wasted, not used. Suppose there was a lotus pond in an uninhabited region with clear, sweet, cool water, clean, with smooth banks, delightful. But people don’t collect it or drink it or bathe in it or use it for any purpose. Since that water is not properly utilized, it’s wasted, not used. In the same way, when an untrue person has acquired notable wealth … it’s wasted, not used. When a true person has acquired notable wealth they make themselves happy and pleased. And they make their mother and father, partners and children, bondservants, workers, and staff, and friends and colleagues happy and pleased. And they establish an uplifting religious donation for ascetics and brahmins that’s conducive to heaven, ripens in happiness, and leads to heaven. Because they make proper use of that wealth, rulers or bandits don’t take it, fire doesn’t consume it, flood doesn’t sweep it away, and unloved heirs don’t take it. Since that wealth is properly utilized, it’s used, not wasted. Suppose there was a lotus pond not far from a town or village with clear, sweet, cool water, clean, with smooth banks, delightful. And people collected it and drank it and bathed in it and used it for their own purpose. Since that water is properly utilized, it’s used, not wasted. In the same way, when a true person has acquired notable wealth … it’s used, not wasted. As cool water in an uninhabited region evaporates when not drunk; so too when a reprobate acquires wealth, they neither use it themselves nor give it away. When the attentive and sensible acquire wealth, they use it, being dutiful. That boss, having supported the family unit, blameless, goes to a heavenly place.”
၁၀။ ဒုတိယအပုတ္တကသုတ္တံ
၁၃၁။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဒိဝါ ဒိဝဿ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ ပသေနဒိံ ကောသလံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ, ကုတော နု တွံ, မဟာရာဇ, အာဂစ္ဆသိ ဒိဝါ ဒိဝဿာ’’တိ?
‘‘ဣဓ, ဘန္တေ, သာဝတ္ထိယံ သေဋ္ဌိ ဂဟပတိ ကာလင်္ကတော။ တမဟံ အပုတ္တကံ သာပတေယျံ ရာဇန္တေပုရံ အတိဟရိတွာ အာဂစ္ဆာမိ။ သတံ, ဘန္တေ, သတသဟဿာနိ ဟိရညဿေဝ, ကော ပန ဝါဒေါ ရူပိယဿ! တဿ ခေါ ပန, ဘန္တေ, သေဋ္ဌိဿ ဂဟပတိဿ ဧဝရူပေါ ဘတ္တဘောဂေါ အဟောသိ – ကဏာဇကံ ဘုဉ္ဇတိ ဗိလင်္ဂဒုတိယံ။ ဧဝရူပေါ ဝတ္ထဘောဂေါ အဟောသိ – သာဏံ ဓာရေတိ တိပက္ခဝသနံ။ ဧဝရူပေါ ယာနဘောဂေါ အဟောသိ – ဇဇ္ဇရရထကေန ယာတိ ပဏ္ဏဆတ္တကေန ဓာရိယမာနေနာ’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! ဘူတပုဗ္ဗံ သော, မဟာရာဇ, သေဋ္ဌိ ဂဟပတိ တဂ္ဂရသိခိံ နာမ ပစ္စေကသမ္ဗုဒ္ဓံ ပိဏ္ဍပါတေန ပဋိပါဒေသိ။ ‘ဒေထ သမဏဿ ပိဏ္ဍ’န္တိ ဝတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ ဒတွာ စ ပန ပစ္ဆာ ဝိပ္ပဋိသာရီ အဟောသိ – ‘ဝရမေတံ ပိဏ္ဍပါတံ ဒါသာ ဝါ ကမ္မကရာ ဝါ ဘုဉ္ဇေယျု’န္တိ။ ဘာတု စ ပန ဧကပုတ္တကံ သာပတေယျဿ ကာရဏာ ဇီဝိတာ ဝေါရောပေသိ။
‘‘ယံ ခေါ သော, မဟာရာဇ, သေဋ္ဌိ ဂဟပတိ တဂ္ဂရသိခိံ ပစ္စေကသမ္ဗုဒ္ဓံ ပိဏ္ဍပါတေန ပဋိပါဒေသိ, တဿ ကမ္မဿ ဝိပါကေန သတ္တက္ခတ္တုံ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိ။ တဿေဝ ကမ္မဿ ဝိပါကာဝသေသေန ဣမိဿာယေဝ သာဝတ္ထိယာ သတ္တက္ခတ္တုံ သေဋ္ဌိတ္တံ ကာရေသိ။ ယံ ခေါ သော, မဟာရာဇ, သေဋ္ဌိ ဂဟပတိ ဒတွာ ပစ္ဆာ ဝိပ္ပဋိသာရီ အဟောသိ – ‘ဝရမေတံ ပိဏ္ဍပါတံ ဒါသာ ဝါ ကမ္မကရာ ဝါ ဘုဉ္ဇေယျု’န္တိ, တဿ ကမ္မဿ ဝိပါကေန နာဿုဠာရာယ ဘတ္တဘောဂါယ စိတ္တံ နမတိ, နာဿုဠာရာယ ဝတ္ထဘောဂါယ စိတ္တံ နမတိ, နာဿုဠာရာယ ယာနဘောဂါယ စိတ္တံ နမတိ, နာဿုဠာရာနံ ပဉ္စန္နံ ကာမဂုဏာနံ ဘောဂါယ စိတ္တံ နမတိ။ ယံ ခေါ သော, မဟာရာဇ, သေဋ္ဌိ ဂဟပတိ ဘာတု စ ပန ဧကပုတ္တကံ သာပတေယျဿ ကာရဏာ ဇီဝိတာ ဝေါရောပေသိ, တဿ ကမ္မဿ ဝိပါကေန ဗဟူနိ ဝဿာနိ ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ ဗဟူနိ ဝဿသတသဟဿာနိ နိရယေ ပစ္စိတ္ထ။ တဿေဝ ကမ္မဿ ဝိပါကာဝသေသေန ဣဒံ သတ္တမံ အပုတ္တကံ သာပတေယျံ ရာဇကောသံ ပဝေသေတိ။ တဿ ခေါ, မဟာရာဇ, သေဋ္ဌိဿ ဂဟပတိဿ ပုရာဏဉ္စ ပုညံ ပရိက္ခီဏံ, နဝဉ္စ ပုညံ အနုပစိတံ။ အဇ္ဇ ပန, မဟာရာဇ, သေဋ္ဌိ ဂဟပတိ မဟာရောရုဝေ နိရယေ ပစ္စတီ’’တိ။ ‘‘ဧဝံ, ဘန္တေ, သေဋ္ဌိ ဂဟပတိ မဟာရောရုဝံ နိရယံ ဥပပန္နော’’တိ။ ‘‘ဧဝံ, မဟာရာဇ, သေဋ္ဌိ ဂဟပတိ မဟာရောရုဝံ နိရယံ ဥပပန္နော’’တိ။ ဣဒမဝေါစ…ပေ…။
‘‘ဓညံ ဓနံ ရဇတံ ဇာတရူပံ, ပရိဂ္ဂဟံ ဝါပိ ယဒတ္ထိ ကိဉ္စိ၊
ဒါသာ ကမ္မကရာ ပေဿာ, ယေ စဿ အနုဇီဝိနော။
‘‘သဗ္ဗံ နာဒါယ ဂန္တဗ္ဗံ, သဗ္ဗံ နိက္ခိပ္ပဂါမိနံ [နိက္ခီပဂါမိနံ (သျာ။ ကံ။ က။)]၊
ယဉ္စ ကရောတိ ကာယေန, ဝါစာယ ဥဒ စေတသာ။
‘‘တဉှိ တဿ သကံ ဟောတိ, တဉ္စ အာဒါယ ဂစ္ဆတိ၊
တဉ္စဿ အနုဂံ ဟောတိ, ဆာယာဝ အနပါယိနီ။
‘‘တသ္မာ ကရေယျ ကလျာဏံ, နိစယံ သမ္ပရာယိကံ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
ဒုတိယော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
ဇဋိလာ ပဉ္စ ရာဇာနော, ဒေါဏပါကကုရေန စ၊
သင်္ဂါမေန ဒွေ ဝုတ္တာနိ, မလ္လိကာ [ဓီတရာ (ဗဟူသု)] ဒွေ အပ္ပမာဒေန စ၊
အပုတ္တကေန ဒွေ ဝုတ္တာ, ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၀-ဒုတိယ အပုတ္တကသုတ် ၁၃၁။ ထိုအခါ ပသေနဒီကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီ ကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု ဤစကားကို မိန့်တော်မူ၏။ အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေပါ၏၊ (အမွေခံ) သား မရှိသော ထိုဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊ အသျှင်ဘုရား ရွှေချည်းပင် သိန်းတစ်ရာ ရှိပါ၏၊ ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။ အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - သုံးလွှာ စပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။ ယာဥ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ - သစ်ရွက်ထီးကို ဆောင်းလျက် ဆွေးမြေ့သော ရထားငယ်ဖြင့် သွားပါ၏ဟု (လျှောက်၏)။ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ရှေး၌ ဖြစ်ဖူးသည်ကား ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူစေ၏၊ “ရဟန်းအား ဆွမ်းလှူကြကုန်လော့”ဟု ဆိုပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ပေးလှူပြီး နောက်၌ကား “ထိုဆွမ်းကို ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်သမားတို့သည်လည်းကောင်း စားရကုန်မူ ကား မြတ်သေး၏”ဟု နှလုံးမသာခြင်း ဖြစ်ခဲ့၏၊ အစ်ကို၏ တစ်ယောက်တည်းသော သားကိုလည်း ဥစ္စာ ဟူသောအကြောင်းကြောင့် အသက်ကို သတ်ခဲ့၏။ မင်းကြီး ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်း၏၊ ထိုကံ၏ အကျိုးကြောင့် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ခုနစ်ကြိမ် ရောက်ရ၏၊ ထိုကံ၏ အကျိုး ကြွင်းဖြင့်သာလျှင် ဤသာဝတ္ထိပြည်၌ပင်လျှင် ခုနစ်ကြိမ် သူဌေးဖြစ်၏။ မင်းကြီး ထိုသူဌေးကြီးသည် ပေးလှူ ပြီးနောက် “ထိုဆွမ်းကို ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်သမားတို့သည်လည်းကောင်း စား ရကုန်မူကား မြတ်သေး၏”ဟု နှလုံးမသာခြင်း ဖြစ်၏၊ ထိုကံ၏ အကျိုးကြောင့် မွန်မြတ်သော ထမင်းကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ယာဥ် ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်။ မင်းကြီး ထိုသူဌေးကြီးသည် အစ်ကို၏ တစ်ယောက်တည်းသော သားကို ဥစ္စာဟူသော အကြောင်းကြောင့် အသက်ကို သတ်၏၊ ထိုကံ၏ အကျိုးကြောင့် များစွာသော နှစ်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်အရာတို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်အထောင်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ် အသိန်းတို့ပတ်လုံးလည်းကောင်း ငရဲ၌ ကျက်ဖူး၏။ ထိုကံ၏ အကျိုးကြွင်းဖြင့်သာလျှင် (အမွေခံ) သား မရှိသော ဤဥစ္စာကို ခုနစ်ကြိမ်တိုင်တိုင် မင်း၏ ဘဏ်တိုက်သို့ သွင်းစေ၏။ မင်းကြီး စင်စစ်ကား ထိုသူဌေးကြီးအား အဟောင်းဖြစ်သော ကုသိုလ်ကံသည်လည်း ကုန်ပြီ၊ အသစ်ဖြစ်သော ကုသိုလ်ကံကိုလည်း မဆည်းပူးအပ်၊ မင်းကြီး ယနေ့ကား သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သူဌေးကြီးသည် မဟာရောရုဝငရဲသို့ ရောက်၏ဟူသည် ဤအတိုင်း မှန်ပါသလောဟု (လျှောက်၏)။ မင်းကြီး ဤအတိုင်း မှန်၏၊ သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ အကြင်စပါးသည်လည်းကောင်း၊ ဥစ္စာသည်လည်းကောင်း၊ ငွေသည်လည်းကောင်း၊ ရွှေသည်လည်းကောင်း၊ သိမ်းဆည်းအပ်သော တစ်စုံတစ်ရာသော အရာဝတ္ထုသည်လည်းကောင်း ရှိ၏။ ထိုသူအား မှီ၍ အသက်မွေးကုန်သော အကြင်ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်တို့သည်လည်းကောင်း၊ အခိုင်းအစေတို့သည်လည်းကောင်း ရှိကုန်၏။ အလုံးစုံသော ဥစ္စာကျေးကျွန်ကို ယူ၍ မသွားနိုင်၊ အလုံးစုံကို စွန့်၍ သွားရ၏။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့်လည်းကောင်း အကြင်ကံကို ပြု၏။ ထိုကံသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုကံကိုလျှင် ယူ၍ သွား ရ၏၊ အရိပ်သည် ကိုယ်သို့ အစဥ်လိုက်သကဲ့သို့ ထိုကံသည်ပင် ထိုသူအား အစဥ်လိုက်၏။ ထိုကြောင့် တမလွန်၌ ဖြစ်သောအကျိုးကို ဆည်းပူးသော သူသည် ကုသိုလ် ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယဝဂ်ပြီး၏။
Linked Discourses 3.20 2. Childless Childless (2nd) Then King Pasenadi of Kosala went up to the Buddha in the middle of the day … The Buddha said to him, “So, Great King, where are you coming from in the middle of the day?” “Sir, here in Sāvatthī a financier householder has passed away. Since he died childless, I have come after transferring his fortune to the royal compound. There was ten million in gold coin, not to mention the silver coin. And yet that financier ate meals of sour gruel with false black pepper. He wore clothes consisting of three patches of sunn hemp. He traveled around in a vehicle that was a dilapidated little cart, holding a leaf as parasol.” “That’s so true, Great King! That’s so true! Once upon a time, great king, that financier householder provided almsfood on behalf of an independent Buddha named Tagarasikhī. He instructed: ‘Give alms to that ascetic,’ before getting up from his seat and leaving. But after giving he regretted it: ‘It would have been better to feed the bondservants or workers with that almsfood.’ What’s more, he murdered his brother’s only child for the sake of his fortune. Because that financier provided Tagarasikhī with almsfood, as a result of that deed he was reborn seven times in a good place, a heavenly realm. And as a residual result of that same deed he held the position of financier seven times right here in Sāvatthī. But because that financier regretted giving alms, as a result of that deed his mind didn’t tend to enjoy nice food, clothes, vehicles, or the five refined kinds of sensual stimulation. And because that financier murdered his brother’s only child for the sake of his fortune, as a result of that deed he burned in hell for many years, for many hundreds, many thousands, many hundreds of thousands of years. And as a residual result of that same deed, he is childless for the seventh time, his fortune ending up in the royal treasury. Now the old merit of that financier has been used up, and he hasn’t accumulated new merit. Today, Great King, that financier burns in the Great Hell of Screams.” “Really, sir, that financier has been reborn in the Great Hell of Screams?” “Yes he has, Great King.” That is what the Buddha said. … “Grain, money, silver, and gold, or whatever other possessions there are; bondservants, workers, servants, and those dependent for their livelihood: you must go on without taking these; all of them are left behind. But the deeds you do by body, speech, and mind— that’s what you can call your own. That’s what you take when you go. That’s what goes with you, like a shadow that never leaves. That’s why you should do good, investing in the future life. The good deeds of sentient beings support them in the next world.”
၃။ တတိယဝဂ္ဂေါ
၁။ ပုဂ္ဂလသုတ္တံ
၁၃၂။ သာဝတ္ထိနိဒါနံ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ ပသေနဒိံ ကောသလံ ဘဂဝါ ဧတဒဝေါစ – ‘‘စတ္တာရောမေ, မဟာရာဇ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော? တမောတမပရာယနော, တမောဇောတိပရာယနော, ဇောတိတမပရာယနော, ဇောတိဇောတိပရာယနော’’။
‘‘ကထဉ္စ, မဟာရာဇ ပုဂ္ဂလော တမောတမပရာယနော ဟောတိ? ဣဓ, မဟာရာဇ, ဧကစ္စော ပုဂ္ဂလော နီစေ ကုလေ ပစ္စာဇာတော ဟောတိ, စဏ္ဍာလကုလေ ဝါ ဝေနကုလေ [ဝေဏကုလေ (သီ။ သျာ။ ကံ။ ပီ။)] ဝါ နေသာဒကုလေ ဝါ ရထကာရကုလေ ဝါ ပုက္ကုသကုလေ ဝါ ဒလိဒ္ဒေ အပ္ပန္နပါနဘောဇနေ ကသိရဝုတ္တိကေ, ယတ္ထ ကသိရေန ဃာသစ္ဆာဒေါ လဗ္ဘတိ။ သော စ ဟောတိ ဒုဗ္ဗဏ္ဏော ဒုဒ္ဒသိကော ဩကောဋိမကော ဗဝှါဗာဓော [ဗဟွာဗာဓော (က။)] ကာဏော ဝါ ကုဏီ ဝါ ခဉ္ဇော ဝါ ပက္ခဟတော ဝါ, န လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ, ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
‘‘သေယျထာပိ, မဟာရာဇ, ပုရိသော အန္ဓကာရာ ဝါ အန္ဓကာရံ ဂစ္ဆေယျ, တမာ ဝါ တမံ ဂစ္ဆေယျ, လောဟိတမလာ ဝါ လောဟိတမလံ ဂစ္ဆေယျ။ တထူပမာဟံ, မဟာရာဇ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ဧဝံ ခေါ, မဟာရာဇ, ပုဂ္ဂလော တမောတမပရာယနော ဟောတိ။
‘‘ကထဉ္စ, မဟာရာဇ, ပုဂ္ဂလော တမောဇောတိပရာယနော ဟောတိ? ဣဓ, မဟာရာဇ, ဧကစ္စော ပုဂ္ဂလော နီစေ ကုလေ ပစ္စာဇာတော ဟောတိ, စဏ္ဍာလကုလေ ဝါ ဝေနကုလေ ဝါ နေသာဒကုလေ ဝါ ရထကာရကုလေ ဝါ ပုက္ကုသကုလေ ဝါ ဒလိဒ္ဒေ အပ္ပန္နပါနဘောဇနေ ကသိရဝုတ္တိကေ, ယတ္ထ ကသိရေန ဃာသစ္ဆာဒေါ လဗ္ဘတိ။ သော စ ခေါ ဟောတိ ဒုဗ္ဗဏ္ဏော ဒုဒ္ဒသိကော ဩကောဋိမကော ဗဝှါဗာဓော, ကာဏော ဝါ ကုဏီ ဝါ ခဉ္ဇော ဝါ ပက္ခဟတော ဝါ, န လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော ကာယေန သုစရိတံ စရတိ, ဝါစာယ သုစရိတံ စရတိ, မနသာ သုစရိတံ စရတိ။ သော ကာယေန သုစရိတံ စရိတွာ ဝါစာယ သုစရိတံ စရိတွာ မနသာ သုစရိတံ စရိတွာ, ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
‘‘သေယျထာပိ, မဟာရာဇ, ပုရိသော ပထဝိယာ ဝါ ပလ္လင်္ကံ အာရောဟေယျ, ပလ္လင်္ကာ ဝါ အဿပိဋ္ဌိံ အာရောဟေယျ, အဿပိဋ္ဌိယာ ဝါ ဟတ္ထိက္ခန္ဓံ အာရောဟေယျ, ဟတ္ထိက္ခန္ဓာ ဝါ ပါသာဒံ အာရောဟေယျ။ တထူပမာဟံ, မဟာရာဇ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ဧဝံ ခေါ, မဟာရာဇ, ပုဂ္ဂလော တမောဇောတိပရာယနော ဟောတိ။
‘‘ကထဉ္စ, မဟာရာဇ, ပုဂ္ဂလော ဇောတိတမပရာယနော ဟောတိ? ဣဓ, မဟာရာဇ, ဧကစ္စော ပုဂ္ဂလော ဥစ္စေ ကုလေ ပစ္စာဇာတော ဟောတိ, ခတ္တိယမဟာသာလကုလေ ဝါ ဗြာဟ္မဏမဟာသာလကုလေ ဝါ ဂဟပတိမဟာသာလကုလေ ဝါ, အဍ္ဎေ မဟဒ္ဓနေ မဟာဘောဂေ ပဟူတဇာတရူပရဇတေ ပဟူတဝိတ္တူပကရဏေ ပဟူတဓနဓညေ။ သော စ ဟောတိ အဘိရူပေါ ဒဿနီယော ပါသာဒိကော, ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော, လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော ကာယေန ဒုစ္စရိတံ စရတိ, ဝါစာယ ဒုစ္စရိတံ စရတိ, မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ, ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
‘‘သေယျထာပိ, မဟာရာဇ, ပုရိသော ပါသာဒါ ဝါ ဟတ္ထိက္ခန္ဓံ ဩရောဟေယျ, ဟတ္ထိက္ခန္ဓာ ဝါ အဿပိဋ္ဌိံ ဩရောဟေယျ, အဿပိဋ္ဌိယာ ဝါ ပလ္လင်္ကံ ဩရောဟေယျ, ပလ္လင်္ကာ ဝါ ပထဝိံ ဩရောဟေယျ, ပထဝိယာ ဝါ အန္ဓကာရံ ပဝိသေယျ။ တထူပမာဟံ, မဟာရာဇ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ဧဝံ ခေါ, မဟာရာဇ, ပုဂ္ဂလော ဇောတိတမပရာယနော ဟောတိ။
‘‘ကထဉ္စ, မဟာရာဇ, ပုဂ္ဂလော ဇောတိဇောတိပရာယနော ဟောတိ? ဣဓ, မဟာရာဇ, ဧကစ္စော ပုဂ္ဂလော ဥစ္စေ ကုလေ ပစ္စာဇာတော ဟောတိ, ခတ္တိယမဟာသာလကုလေ ဝါ ဗြာဟ္မဏမဟာသာလကုလေ ဝါ ဂဟပတိမဟာသာလကုလေ ဝါ, အဍ္ဎေ မဟဒ္ဓနေ မဟာဘောဂေ ပဟူတဇာတရူပရဇတေ ပဟူတဝိတ္တူပကရဏေ ပဟူတဓနဓညေ။ သော စ ဟောတိ အဘိရူပေါ ဒဿနီယော ပါသာဒိကော, ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော, လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော ကာယေန သုစရိတံ စရတိ, ဝါစာယ သုစရိတံ စရတိ, မနသာ သုစရိတံ စရတိ။ သော ကာယေန သုစရိတံ စရိတွာ ဝါစာယ သုစရိတံ စရိတွာ မနသာ သုစရိတံ စရိတွာ, ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
‘‘သေယျထာပိ, မဟာရာဇ, ပုရိသော ပလ္လင်္ကာ ဝါ ပလ္လင်္ကံ သင်္ကမေယျ, အဿပိဋ္ဌိယာ ဝါ အဿပိဋ္ဌိံ သင်္ကမေယျ, ဟတ္ထိက္ခန္ဓာ ဝါ ဟတ္ထိက္ခန္ဓံ သင်္ကမေယျ, ပါသာဒါ ဝါ ပါသာဒံ သင်္ကမေယျ။ တထူပမာဟံ, မဟာရာဇ, ဣမံ ပုဂ္ဂလံ ဝဒါမိ။ ဧဝံ ခေါ, မဟာရာဇ, ပုဂ္ဂလော ဇောတိဇောတိပရာယနော ဟောတိ။ ဣမေ ခေါ, မဟာရာဇ, စတ္တာရော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ’’န္တိ။ ဣဒမဝေါစ…ပေ…
‘‘ဒလိဒ္ဒေါ ပုရိသော ရာဇ, အဿဒ္ဓေါ ဟောတိ မစ္ဆရီ၊
ကဒရိယော ပါပသင်္ကပ္ပေါ, မိစ္ဆာဒိဋ္ဌိ အနာဒရော။
‘‘သမဏေ ဗြာဟ္မဏေ ဝါပိ, အညေ ဝါပိ ဝနိဗ္ဗကေ၊
အက္ကောသတိ ပရိဘာသတိ, နတ္ထိကော ဟောတိ ရောသကော။
‘‘ဒဒမာနံ နိဝါရေတိ, ယာစမာနာန ဘောဇနံ၊
တာဒိသော ပုရိသော ရာဇ, မီယမာနော ဇနာဓိပ၊
ဥပေတိ နိရယံ ဃောရံ, တမောတမပရာယနော။
‘‘ဒလိဒ္ဒေါ ပုရိသော ရာဇ, သဒ္ဓေါ ဟောတိ အမစ္ဆရီ၊
ဒဒါတိ သေဋ္ဌသင်္ကပ္ပေါ, အဗျဂ္ဂမနသော နရော။
‘‘သမဏေ ဗြာဟ္မဏေ ဝါပိ, အညေ ဝါပိ ဝနိဗ္ဗကေ၊
ဥဋ္ဌာယ အဘိဝါဒေတိ, သမစရိယာယ သိက္ခတိ။
‘‘ဒဒမာနံ န ဝါရေတိ [န နိဝါရေတိ (သီ။)], ယာစမာနာန ဘောဇနံ၊
တာဒိသော ပုရိသော ရာဇ, မီယမာနော ဇနာဓိပ၊
ဥပေတိ တိဒိဝံ ဌာနံ, တမောဇောတိပရာယနော။
‘‘အဍ္ဎော စေ [အဍ္ဎော ဝေ (ပီ။ က။)] ပုရိသော ရာဇ, အဿဒ္ဓေါ ဟောတိ မစ္ဆရီ၊
ကဒရိယော ပါပသင်္ကပ္ပေါ, မိစ္ဆာဒိဋ္ဌိ အနာဒရော။
‘‘သမဏေ ဗြာဟ္မဏေ ဝါပိ, အညေ ဝါပိ ဝနိဗ္ဗကေ၊
အက္ကောသတိ ပရိဘာသတိ, နတ္ထိကော ဟောတိ ရောသကော။
‘‘ဒဒမာနံ နိဝါရေတိ, ယာစမာနာန ဘောဇနံ၊
တာဒိသော ပုရိသော ရာဇ, မီယမာနော ဇနာဓိပ၊
ဥပေတိ နိရယံ ဃောရံ, ဇောတိတမပရာယနော။
‘‘အဍ္ဎော စေ ပုရိသော ရာဇ, သဒ္ဓေါ ဟောတိ အမစ္ဆရီ၊
ဒဒါတိ သေဋ္ဌသင်္ကပ္ပေါ, အဗျဂ္ဂမနသော နရော။
‘‘သမဏေ ဗြာဟ္မဏေ ဝါပိ, အညေ ဝါပိ ဝနိဗ္ဗကေ၊
ဥဋ္ဌာယ အဘိဝါဒေတိ, သမစရိယာယ သိက္ခတိ။
‘‘ဒဒမာနံ န ဝါရေတိ, ယာစမာနာန ဘောဇနံ၊
တာဒိသော ပုရိသော ရာဇ, မီယမာနော ဇနာဓိပ၊
ဥပေတိ တိဒိဝံ ဌာနံ, ဇောတိဇောတိပရာယနော’’တိ။
၃-တတိယဝဂ် ၁-ပုဂ္ဂလသုတ် ၁၃၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- “မင်းကြီး လောက၌ ဤသို့သော ပုဂ္ဂိုလ်လေးယောက်တို့သည် ထင်ရှားရှိကုန်၏။ အဘယ် လေးယောက်တို့နည်းဟူမူ- (၁) အမှောင်မှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်။ (၂) အမှောင်မှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ်။ (၃) အလင်းမှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်။ (၄) အလင်းမှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် ဤလေးယောက်တို့တည်း။ မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲ၍ ထမင်း အဖျော် စားဖွယ် နည်းလျက် ခဲယဥ်းငြိုငြင်စွာ အသက်မွေးရသော ဒွန်းစဏ္ဍာအမျိုး၌ဖြစ်စေ၊ နှီးသမားအမျိုး၌ဖြစ်စေ၊ တံငါမုဆိုးအမျိုး၌ဖြစ်စေ၊ သားရေ လုပ်သမားအမျိုး၌ဖြစ်စေ၊ ပန်းမှိုက်သွန်အမျိုး၌ဖြစ်စေ ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းအမျိုး၌ ဆင်းရဲငြိုငြင်သဖြင့် အစားအဝတ်ကို ရ၏၊ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏။ ကန်းသည် ဖြစ်၍လည်းကောင်း၊ ကောက်သည်ဖြစ်၍လည်းကောင်း၊ ခွင်သည်ဖြစ်၍လည်းကောင်း၊ ခြေဆွံ့သည်ဖြစ်၍လည်းကောင်း အနာများ၏။ ထမင်း အဖျော် အဝတ် ပုဆိုး ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို မရနိုင်။ ထိုသူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်း သော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်း သော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏။ မင်းကြီး ယောကျာ်းသည် အမိုက်တိုက်မှ လာ၍ အမိုက်တိုက်သို့ သွားရာသကဲ့သို့လည်းကောင်း၊အမှောင်မှ လာ၍ အမှောင်သို့ သွားရာသကဲ့သို့လည်းကောင်း၊ အညစ်အကြေးရှိရာမှ လာ၍ အညစ်အကြေး ရှိရာသို့ သွားရာသကဲ့သို့လည်းကောင်း ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသူ ဖြစ်၏။ မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲ၍ ထမင်း အဖျော် စားဖွယ် နည်းလျက် ခဲယဥ်းငြိုငြင်စွာ အသက်မွေးရသော ဒွန်းစဏ္ဍာအမျိုး၌ဖြစ်စေ၊ နှီးသမားအမျိုး၌ဖြစ်စေ၊ တံငါမုဆိုးအမျိုး၌ဖြစ်စေ၊ သားရေ လုပ်သမားအမျိုး၌ဖြစ်စေ၊ ပန်းမှိုက်သွန်အမျိုး၌ဖြစ်စေ ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းအမျိုး၌ ဆင်းရဲငြိုငြင်သဖြင့် အစားအဝတ်ကို ရ၏၊ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏။ ကန်းသည် ဖြစ်၍လည်းကောင်း၊ ကောက်သည်ဖြစ်၍လည်းကောင်း၊ ခွင်သည်ဖြစ်၍လည်းကောင်း၊ ခြေဆွံ့သည်ဖြစ်၍လည်းကောင်း အနာများ၏။ ထမင်း အဖျော် အဝတ်ပုဆိုး ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်း မရနိုင်။ ထိုသူသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်း သော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်သောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ မင်းကြီး ယောကျာ်းသည် မြေမှလည်း ပလ္လင်သို့ တက်ရာသကဲ့သို့လည်းကောင်း၊ ပလ္လင်မှလည်း မြင်းကျောက်ကုန်းသို့ တက်ရာသကဲ့သို့လည်းကောင်း၊ မြင်းကျောက်ကုန်းမှလည်း ဆင်ကျောက်ကုန်းသို့ တက်ရာသကဲ့သို့လည်းကောင်း၊ ဆင်ကျောက်ကုန်းမှလည်း ပြာသာဒ်သို့ တက်ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသူ ဖြစ်၏။ မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင်သို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝ၍ များသောဥစ္စာ, များသောအသုံးအဆောင်, များသောရွှေငွေ, များသောနှစ်သက်ဖွယ် အဆောက်အဦ , များသောဥစ္စာစပါးရှိသော ခတ္တိယမဟာသာလအမျိုး၌ဖြစ်စေ၊ ဗြာဟ္မဏမဟာသာလအမျိုး၌ဖြစ်စေ၊ ဂဟပတိမဟာသာလအမျိုး၌ဖြစ်စေ မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်လင်၏၊ မြတ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ပုဆိုး ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ရ၏။ ထိုသူ သည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်သော ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသဖြင့် လားရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်၏။ မင်းကြီး ယောကျာ်းသည် ပြာသာဒ်မှမူလည်း ဆင်ကျောက်ကုန်းသို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ ဆင်ကျောက်ကုန်းမှမူလည်း မြင်းကျောက်ကုန်းသို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ မြင်း ကျောက်ကုန်းမှမူလည်း ပလ္လင်သို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ ပလ္လင်မှမူလည်း မြေသို့ သက်ဆင်း ရာသကဲ့သို့လည်းကောင်း၊ မြေမှမူလည်း အမိုက်တိုက်သို့ ဝင်ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ် ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင်သို့ သွားသူ ဖြစ်၏။ မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝ၍ များသောဥစ္စာ, များသောအသုံးအဆောင်, များသောရွှေငွေ, များသောနှစ်သက်ဖွယ် အဆောက်အဦ, များသောဥစ္စာစပါးရှိသော ခတ္တိယမဟာသာလအမျိုး၌ဖြစ်စေ၊ဗြာဟ္မဏမဟာသာလအမျိုး၌ဖြစ်စေ၊ ဂဟပတိမဟာသာလအမျိုး၌ဖြစ်စေ မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်လင်၏၊ မြတ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ပုဆိုး ယာဥ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ရ၏။ ထိုသူ သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်သော ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။ မင်းကြီး ယောကျာ်းသည် ပလ္လင်တစ်ခုမှမူလည်း ပလ္လင်တစ်ခုသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ မြင်းကျောက်ကုန်းမှမူလည်း မြင်းကျောက်ကုန်းသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ ဆင် ကျောက်ကုန်းမှမူလည်း ဆင်ကျောက်ကုန်းသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ ပြာသာဒ်မှမူလည်း ပြာသာဒ်သို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသူ ဖြစ်၏။ မင်းကြီး လောက၌ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် ထင်ရှားရှိကုန်၏”ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏။ပ။ မင်းကြီး ပုဂ္ဂိုလ်သည် ဆင်းရဲ၏၊ သဒ္ဓါတရား မရှိ၊ ဝန်တို၏၊ စေးနှဲ၏၊ ယုတ်ညံ့သော အကြံရှိ၏၊ မကောင်းသော အယူရှိ၏၊ ရိုသေခြင်း မရှိ။ သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သူတို့ကိုလည်းကောင်း ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ အလိုမရှိ၊ ချုတ်ချယ် တတ်၏။ အစာကို တောင်းကုန်သော သူတို့အား ပေးသည်ကို တားမြစ်တတ်၏။ လူတို့ကို အစိုးရသော မင်းကြီး - ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကြမ်း တမ်းလှစွာသော ငရဲသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ် မည်၏။ (၁) မင်းကြီး ပုဂ္ဂိုလ်သည် ဆင်းရဲ၏၊ သဒ္ဓါတရားရှိ၏၊ ဝန်တိုခြင်း မရှိ၊ ပေးလှူ တတ်၏၊ မြတ်သော အကြံကို ကြံတတ်၏၊ တည်ကြည်သော စိတ်ရှိ၏။ သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း နေရာမှ ထ၍ ရိုသေစွာ ရှိခိုး၏၊ ညီမျှသော အကျင့်ကို ကျင့်၏။ အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို မတားမြစ်။ လူတို့ကို အစိုးရသော မင်းကြီး-ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကောင်း သော လားရာဖြစ်သော နတ်ပြည်ဌာနသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် မည်၏။ (၂) မင်းကြီး ပုဂ္ဂိုလ်သည် ကြွယ်ဝ၏၊ သဒ္ဓါတရား မရှိ၊ ဝန်တို၏၊ စေးနှဲ၏၊ ယုတ်ညံ့သော အကြံရှိ၏၊ မှားသော မကောင်းသော အယူရှိ၏၊ ရိုသေခြင်း မရှိ။ သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ အလို မရှိ၊ ချုတ်ချယ်တတ်၏။ အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို တားမြစ်တတ်၏။ လူတို့ကို အစိုးရသော မင်းကြီး -ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကြမ်းတမ်းလှစွာသော ငရဲသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင် သို့ သွားသော ပုဂ္ဂိုလ် မည်၏။ (၃) မင်းကြီး ပုဂ္ဂိုလ်သည် ကြွယ်ဝ၏၊ သဒ္ဓါတရား ရှိ၏၊ ဝန်တိုခြင်း မရှိ၊ ပေးလှူ တတ်၏၊ မြတ်သော အကြံကို ကြံတတ်၏၊ တည်ကြည်သော စိတ်ရှိ၏။ သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း နေရာမှ ထ၍ ရိုသေစွာ ရှိခိုးတတ်၏၊ ညီမျှ သော အကျင့်ကို ကျင့်၏။ အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို မတားမြစ်တတ်။ လူတို့ကို အစိုးရသော မင်းကြီး- ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကောင်းသော လားရာ နတ်ပြည်ဌာနသို့ ရောက်ရ၏၊ ထိုပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် မည်၏ဟု (မိန့်တော်မူ၏)။ (၄)
Linked Discourses 3.21 3. Kosala Individuals At Sāvatthī. Then King Pasenadi of Kosala went up to the Buddha, bowed, and sat down to one side. The Buddha said to him: “Great king, these four individuals are found in the world. What four? The dark bound for darkness, the dark bound for light, the light bound for darkness, and the light bound for light. And how is an individual dark and bound for darkness? It’s when an individual is reborn in a low family—a family of corpse-workers, bamboo-workers, hunters, chariot-makers, or scavengers—poor, with little to eat or drink, where life is tough, and food and shelter are hard to find. And they’re ugly, unsightly, deformed, sickly—one-eyed, crippled, lame, or half-paralyzed. They don’t get to have food, drink, clothes, and vehicles; garlands, fragrance, and makeup; or bed, house, and lighting. And they do bad things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. This individual is like someone who goes from darkness to darkness, from blackness to blackness, from bloodstain to bloodstain. That’s how an individual is dark and bound for darkness. And how is an individual dark and bound for light? It’s when an individual is reborn in a low family—a family of corpse-workers, bamboo-workers, hunters, chariot-makers, or scavengers—poor, with little to eat or drink, where life is tough, and food and shelter are hard to find. And they’re ugly, unsightly, deformed, sickly—one-eyed, crippled, lame, or half-paralyzed. They don’t get to have food, drink, clothes, and vehicles; garlands, fragrance, and makeup; or bed, house, and lighting. But they do good things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a good place, a heavenly realm. This individual is like someone who ascends from the ground to a couch; from a couch to horseback; from horseback to an elephant; and from an elephant to a stilt longhouse. That’s how an individual is dark and bound for light. And how is an individual light and bound for darkness? It’s when an individual is reborn in an eminent family—a well-to-do family of aristocrats, brahmins, or householders—rich, affluent, and wealthy, with lots of gold and silver, lots of property and assets, and lots of money and grain. And they’re attractive, good-looking, lovely, of surpassing beauty. They get to have food, drink, clothes, and vehicles; garlands, fragrance, and makeup; and bed, house, and lighting. But they do bad things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a place of loss, a bad place, the underworld, hell. This individual is like someone who descends from a stilt longhouse to an elephant; from an elephant to horseback; from horseback to a couch; and from a couch to the ground; and from the ground they enter darkness. That’s how an individual is light and bound for darkness. And how is an individual light and bound for light? It’s when an individual is reborn in an eminent family—a well-to-do family of aristocrats, brahmins, or householders—rich, affluent, and wealthy, with lots of gold and silver, lots of property and assets, and lots of money and grain. And they’re attractive, good-looking, lovely, of surpassing beauty. They get to have food, drink, clothes, and vehicles; garlands, fragrance, and makeup; and bed, house, and lighting. And they do good things by way of body, speech, and mind. When their body breaks up, after death, they’re reborn in a good place, a heavenly realm. This individual is like someone who shifts from one couch to another; from the back of one horse to another; from one elephant to another; or from one stilt longhouse to another. That’s how an individual is light and bound for light. These are the four individuals found in the world.” That is what the Buddha said. … “O King, some people are poor, faithless and stingy. Miserly, with bad intentions, they lack regard, they have wrong view. They abuse and insult ascetics and brahmins and other supplicants. They’re nihilists and bullies, who prevent others from giving food to beggars. O King, ruler of the people: when such people die they fall into the terrible hell— from darkness they’re bound for darkness. O King, some people are poor, but faithful and not stingy. They give with best of intentions, that peaceful-hearted person. They rise for and bow to ascetics and brahmins and other supplicants. Training in moral conduct, they don’t prevent others from giving food to beggars. O King, ruler of the people: when such people die they go to the Third Heaven— from darkness they’re bound for light. O King, some people are rich, but faithless and stingy. Miserly, with bad intentions, they lack regard, they have wrong view. They abuse and insult ascetics and brahmins and other supplicants They’re nihilists and bullies, who prevent others from giving food to beggars. O King, ruler of the people: when such people die they fall into the terrible hell— from light they’re bound for darkness. O King, some people are rich, faithful and not stingy. They give with best of intentions, that peaceful-hearted person. They rise for and bow to ascetics and brahmins and other supplicants. Training in moral conduct, they don’t prevent others from giving food to beggars. O King, ruler of the people: when such people die they go to the Third Heaven— from light they’re bound for light.”
၂။ အယျိကာသုတ္တံ
၁၃၃။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ ပသေနဒိံ ကောသလံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ, ကုတော နု တွံ, မဟာရာဇ, အာဂစ္ဆသိ ဒိဝါဒိဝဿာ’’တိ?
‘‘အယျိကာ မေ, ဘန္တေ, ကာလင်္ကတာ ဇိဏ္ဏာ ဝုဍ္ဎာ မဟလ္လိကာ အဒ္ဓဂတာ ဝယောအနုပ္ပတ္တာ ဝီသဝဿသတိကာ ဇာတိယာ။ အယျိကာ ခေါ ပန မေ, ဘန္တေ, ပိယာ ဟောတိ မနာပါ။ ဟတ္ထိရတနေန စေပါဟံ, ဘန္တေ, လဘေယျံ ‘မာ မေ အယျိကာ ကာလမကာသီ’တိ, ဟတ္ထိရတနမ္ပာဟံ ဒဒေယျံ – ‘မာ မေ အယျိကာ ကာလမကာသီ’တိ။ အဿရတနေန စေပါဟံ, ဘန္တေ, လဘေယျံ ‘မာ မေ အယျိကာ ကာလမကာသီ’တိ, အဿရတနမ္ပာဟံ ဒဒေယျံ – ‘မာ မေ အယျိကာ ကာလမကာသီ’တိ။ ဂါမဝရေန စေပါဟံ ဘန္တေ, လဘေယျံ ‘မာ မေ အယျိကာ ကာလမကာသီ’တိ, ဂါမဝရမ္ပာဟံ ဒဒေယျံ – ‘မာ မေ အယျိကာ ကာလမကာသီ’တိ။ ဇနပဒပဒေသေန [ဇနပဒေန (သီ။ သျာ။ ပီ။)] စေပါဟံ, ဘန္တေ, လဘေယျံ ‘မာ မေ အယျိကာ ကာလမကာသီ’တိ, ဇနပဒပဒေသမ္ပာဟံ ဒဒေယျံ – ‘မာ မေ အယျိကာ ကာလမကာသီ’တိ။ ‘သဗ္ဗေ သတ္တာ, မဟာရာဇ, မရဏဓမ္မာ မရဏပရိယောသာနာ မရဏံ အနတီတာ’တိ။ ‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝသုဘာသိတမိဒံ, ဘန္တေ, ဘဂဝတာ – သဗ္ဗေ သတ္တာ မရဏဓမ္မာ မရဏပရိယောသာနာ မရဏံ အနတီတာ’’’တိ။
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! သဗ္ဗေ သတ္တာ မရဏဓမ္မာ မရဏပရိယောသာနာ မရဏံ အနတီတာ။ သေယျထာပိ, မဟာရာဇ, ယာနိ ကာနိစိ ကုမ္ဘကာရဘာဇနာနိ အာမကာနိ စေဝ ပက္ကာနိ စ သဗ္ဗာနိ တာနိ ဘေဒနဓမ္မာနိ ဘေဒနပရိယောသာနာနိ ဘေဒနံ အနတီတာနိ၊ ဧဝမေဝ ခေါ, မဟာရာဇ, သဗ္ဗေ သတ္တာ မရဏဓမ္မာ မရဏပရိယောသာနာ မရဏံ အနတီတာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘သဗ္ဗေ သတ္တာ မရိဿန္တိ, မရဏန္တဉှိ ဇီဝိတံ၊
ယထာကမ္မံ ဂမိဿန္တိ, ပုညပါပဖလူပဂါ၊
နိရယံ ပါပကမ္မန္တာ, ပုညကမ္မာ စ သုဂ္ဂတိံ။
‘‘တသ္မာ ကရေယျ ကလျာဏံ, နိစယံ သမ္ပရာယိကံ၊
ပုညာနိ ပရလောကသ္မိံ, ပတိဋ္ဌာ ဟောန္တိ ပါဏိန’’န္တိ။
၂-အယျိကာသုတ် ၁၃၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အိုသော ကြီးသော ရင့်သော ရှေးမှီသော အဆုံးအရွယ်သို့ ရောက်သော အသက် တစ်ရာ့နှစ်ဆယ်ရှိသော အကျွန်ုပ်၏ အဖွားသည် သေပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် အဖွားကို ချစ်ခင် မြတ်နိုးပါ၏၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဆင်ရတနာကို ပေး၍ လဲလှယ် ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဆင်ရတနာကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု မြင်းရတနာကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု မြင်းရတနာကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ရွာမြတ်ကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ရွာမြတ်ကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဇနပုဒ်နယ်ပယ် ကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဇနပုဒ်နယ်ပယ်ကိုလည်း ပေးပါအံ့ဟု လျှောက်၏။ မင်းကြီး အလုံးစုံသော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန်နိုင်ကုန်ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အံ့ဖွယ်ရှိပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ် ပါ၏၊ အသျှင်ဘုရား “အလုံးစုံကုန်သော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံး ရှိကုန်၏၊ သေခြင်းကို မလွန်နိုင်ကုန်”ဟု မြတ်စွာဘုရား မိန့်တော်မူသော ဤစကားသည် အလွန်လျှင် ကောင်းစွာ ဆိုအပ်သော စကားဖြစ်ပါသည်ဟု လျှောက်၏။ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ အလုံးစုံ ကုန်သော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန် နိုင်ကုန်၊ မင်းကြီး မဖုတ်ရသေး အစိမ်းသက်သက်လည်းဖြစ်ကုန်သော ဖုတ်ပြီး အကျက်လည်းဖြစ်ကုန်သော အိုးထိန်းသည်တို့၏ အိုးခွက်ဟူသမျှ အားလုံးတို့သည် ကွဲခြင်းသဘောရှိကုန်သကဲ့သို့ ကွဲခြင်းလျှင် အဆုံး ရှိသကဲ့သို့ ကွဲခြင်းကို မလွန်နိုင်ကုန်သကဲ့သို့ မင်းကြီး ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန်ဆန်နိုင်ကုန်ဟု မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူလေ၏။ပ။ သတ္တဝါအားလုံးတို့သည် သေကုန်လတ္တံ့။ ထိုစကား မှန်၏၊ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏၊ သတ္တဝါအားလုံးတို့သည် ကောင်းကျိုး မကောင်းကျိုးကို ရကုန်၍ မိမိတို့ ကံအားလျော်စွာ လားရကုန်လတ္တံ့၊ မကောင်းမှုကို ပြုသော သူတို့ သည် ငရဲသို့ လားကုန်လတ္တံ့၊ ကောင်းမှုကို ပြုသော သူတို့သည် နတ်ပြည်သို့ လားကုန်လတ္တံ့။ ထို့ကြောင့် တမလွန်အကျိုးကို ဆည်းပူးသော သူသည် ကုသိုလ်ကောင်းမှုကို ပြု ရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.22 3. Kosala Grandmother At Sāvatthī. King Pasenadi of Kosala sat to one side, and the Buddha said to him, “So, Great King, where are you coming from in the middle of the day?” “Sir, my grandmother has passed away. She was old, elderly and senior. She was advanced in years and had reached the final stage of life; she was a hundred and twenty years old. But I loved my grandmother; she was dear to me. If by giving away the elephant-treasure I could get my grandmother back, I’d do it. If by giving away the horse-treasure I could get my grandmother back, I’d do it. If by giving away a prize village I could get my grandmother back, I’d do it. If by giving away the whole country I could get my grandmother back, I’d do it.” “Great king, all sentient beings are liable to die. Death is their end; they’re not exempt from death.” “It’s incredible, sir, it’s amazing, how well said this was by the Buddha: ‘All sentient beings are liable to die. Death is their end; they’re not exempt from death.’” “That’s so true, Great King! That’s so true! All sentient beings are liable to die. Death is their end; they’re not exempt from death. It’s like the vessels made by potters. Whatever kind they are, whether baked or unbaked, all of them are liable to break apart. Breaking is their end; they’re not exempt from breakage. In the same way, all sentient beings are liable to die. Death is their end; they’re not exempt from death.” That is what the Buddha said. … “All beings will die, for life ends in death. They pass on according to their deeds, reaping the fruits of good and bad. Those who do bad go to hell, and if you do good you go to heaven. That’s why you should do good, investing in the future life. The good deeds of sentient beings support them in the next world.”
၃။ လောကသုတ္တံ
၁၃၄။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကတိ နု ခေါ, ဘန္တေ, လောကဿ ဓမ္မာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယာ’’တိ? ‘‘တယော ခေါ, မဟာရာဇ, လောကဿ ဓမ္မာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ကတမေ တယော? လောဘော ခေါ, မဟာရာဇ, လောကဿ ဓမ္မော, ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ဒေါသော ခေါ, မဟာရာဇ, လောကဿ ဓမ္မော, ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ မောဟော ခေါ, မဟာရာဇ, လောကဿ ဓမ္မော, ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယ။ ဣမေ ခေါ, မဟာရာဇ, တယော လောကဿ ဓမ္မာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ အဟိတာယ ဒုက္ခာယ အဖာသုဝိဟာရာယာ’’တိ။ ဣဒမဝေါစ…ပေ…
‘‘လောဘော ဒေါသော စ မောဟော စ, ပုရိသံ ပါပစေတသံ၊
ဟိံသန္တိ အတ္တသမ္ဘူတာ, တစသာရံဝ သမ္ဖလ’’န္တိ။
၃-လောကသုတ် ၁၃၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ပါကုန်သနည်း”ဟု လျှောက်၏၊ မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ- (၁) မင်းကြီး လိုချင်မှု ‘လောဘ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏၊ (၂) မင်းကြီး အမျက်ထွက်မှု ‘ဒေါသ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏၊ (၃) မင်းကြီး တွေဝေမှု ‘မောဟ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏။ မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ လိုချင်မှု ‘လောဘ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း၊ တွေဝေမှု ‘မောဟ’သည်လည်းကောင်း ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် ‘အခွံလျှင် အနှစ်ရှိသော (ဝါးကျူစသော) အပင်ကို မိမိအသီးသည် ညှဥ်းဆဲဖျက်ဆီးသကဲ့သို့’ မကောင်းသော စိတ်ရှိသော ယောကျာ်းကို ဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။
Linked Discourses 3.23 3. Kosala The World At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Sir, how many things arise in the world for its harm, suffering, and discomfort?” “Great king, three things arise in the world for its harm, suffering, and discomfort. What three? Greed, hate, and delusion. These three things arise in the world for its harm, suffering, and discomfort.” That is what the Buddha said. … “When greed, hate, and delusion, originate inside oneself, they harm a person of wicked heart, as a bamboo is destroyed by its own fruit.”
၄။ ဣဿတ္တသုတ္တံ
၁၃၅။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကတ္ထ နု ခေါ, ဘန္တေ, ဒါနံ ဒါတဗ္ဗ’’န္တိ? ‘‘ယတ္ထ ခေါ, မဟာရာဇ, စိတ္တံ ပသီဒတီ’’တိ။ ‘‘ကတ္ထ ပန, ဘန္တေ, ဒိန္နံ မဟပ္ဖလ’’န္တိ? ‘‘အညံ ခေါ ဧတံ, မဟာရာဇ, ကတ္ထ ဒါနံ ဒါတဗ္ဗံ, အညံ ပနေတံ ကတ္ထ ဒိန္နံ မဟပ္ဖလန္တိ? သီလဝတော ခေါ, မဟာရာဇ, ဒိန္နံ မဟပ္ဖလံ, နော တထာ ဒုဿီလေ။ တေန ဟိ, မဟာရာဇ, တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ။ ယထာ, တေ ခမေယျ, တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ, မဟာရာဇ, ဣဓ တျဿ ယုဒ္ဓံ ပစ္စုပဋ္ဌိတံ သင်္ဂါမော သမုပဗျူဠှော [သမူပဗ္ဗူဠှော (သီ။), သမုပဗ္ဗုဠှော (ပီ။)]။ အထ အာဂစ္ဆေယျ ခတ္တိယကုမာရော အသိက္ခိတော အကတဟတ္ထော အကတယောဂ္ဂေါ အကတူပါသနော ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီ။ ဘရေယျာသိ တံ ပုရိသံ, အတ္ထော စ တေ တာဒိသေန ပုရိသေနာ’’တိ? ‘‘နာဟံ, ဘန္တေ, ဘရေယျံ တံ ပုရိသံ, န စ မေ အတ္ထော တာဒိသေန ပုရိသေနာ’’တိ။ ‘‘အထ အာဂစ္ဆေယျ ဗြာဟ္မဏကုမာရော အသိက္ခိတော…ပေ… အထ အာဂစ္ဆေယျ ဝေဿကုမာရော အသိက္ခိတော…ပေ… အထ အာဂစ္ဆေယျ သုဒ္ဒကုမာရော အသိက္ခိတော…ပေ… န စ မေ အတ္ထော တာဒိသေန ပုရိသေနာ’’တိ။
‘‘တံ ကိံ မညသိ, မဟာရာဇ, ဣဓ တျဿ ယုဒ္ဓံ ပစ္စုပဋ္ဌိတံ သင်္ဂါမော သမုပဗျူဠှော။ အထ အာဂစ္ဆေယျ ခတ္တိယကုမာရော သုသိက္ခိတော ကတဟတ္ထော ကတယောဂ္ဂေါ ကတူပါသနော အဘီရု အစ္ဆမ္ဘီ အနုတြာသီ အပလာယီ။ ဘရေယျာသိ တံ ပုရိသံ, အတ္ထော စ တေ တာဒိသေန ပုရိသေနာ’’တိ? ‘‘ဘရေယျာဟံ, ဘန္တေ, တံ ပုရိသံ, အတ္ထော စ မေ တာဒိသေန ပုရိသေနာ’’တိ။ ‘‘အထ အာဂစ္ဆေယျ ဗြာဟ္မဏကုမာရော…ပေ… အထ အာဂစ္ဆေယျ ဝေဿကုမာရော…ပေ… အထ အာဂစ္ဆေယျ သုဒ္ဒကုမာရော သုသိက္ခိတော ကတဟတ္ထော ကတယောဂ္ဂေါ ကတူပါသနော အဘီရု အစ္ဆမ္ဘီ အနုတြာသီ အပလာယီ။ ဘရေယျာသိ တံ ပုရိသံ, အတ္ထော စ တေ တာဒိသေန ပုရိသေနာ’’တိ? ‘‘ဘရေယျာဟံ, ဘန္တေ, တံ ပုရိသံ, အတ္ထော စ မေ တာဒိသေန ပုရိသေနာ’’တိ။
‘‘ဧဝမေဝ ခေါ, မဟာရာဇ, ယသ္မာ ကသ္မာ စေပိ [ယသ္မာ စေပိ (သီ။ သျာ။ ကံ။ က။)] ကုလာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ, သော စ ဟောတိ ပဉ္စင်္ဂဝိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော, တသ္မိံ ဒိန္နံ မဟပ္ဖလံ ဟောတိ။ ကတမာနိ ပဉ္စင်္ဂါနိ ပဟီနာနိ ဟောန္တိ? ကာမစ္ဆန္ဒော ပဟီနော ဟောတိ, ဗျာပါဒေါ ပဟီနော ဟောတိ, ထိနမိဒ္ဓံ ပဟီနံ ဟောတိ, ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ, ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။ ဣမာနိ ပဉ္စင်္ဂါနိ ပဟီနာနိ ဟောန္တိ။ ကတမေဟိ ပဉ္စဟင်္ဂေဟိ သမန္နာဂတော ဟောတိ? အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ။ ဣမေဟိ ပဉ္စဟင်္ဂေဟိ သမန္နာဂတော ဟောတိ။ ဣတိ ပဉ္စင်္ဂဝိပ္ပဟီနေ ပဉ္စင်္ဂသမန္နာဂတေ ဒိန္နံ မဟပ္ဖလ’’န္တိ။ ဣဒမဝေါစ ဘဂဝါ…ပေ… သတ္ထာ –
‘‘ဣဿတ္တံ [ဣဿတ္ထံ (သီ။ သျာ။ ကံ။)] ဗလဝီရိယဉ္စ [ဗလဝိရိယဉ္စ (သီ။ သျာ။ ကံ။ ပီ။)], ယသ္မိံ ဝိဇ္ဇေထ မာဏဝေ၊
တံ ယုဒ္ဓတ္ထော ဘရေ ရာဇာ, နာသူရံ ဇာတိပစ္စယာ။
‘‘တထေဝ ခန္တိသောရစ္စံ, ဓမ္မာ ယသ္မိံ ပတိဋ္ဌိတာ၊
အရိယဝုတ္တိံ မေဓာဝိံ, ဟီနဇစ္စမ္ပိ ပူဇယေ။
‘‘ကာရယေ အဿမေ ရမ္မေ, ဝါသယေတ္ထ ဗဟုဿုတေ၊
ပပဉ္စ ဝိဝနေ ကယိရာ, ဒုဂ္ဂေ သင်္ကမနာနိ စ။
‘‘အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ၊
ဒဒေယျ ဥဇုဘူတေသု, ဝိပ္ပသန္နေန စေတသာ။
‘‘ယထာ ဟိ မေဃော ထနယံ, ဝိဇ္ဇုမာလီ သတက္ကကု၊
ထလံ နိန္နဉ္စ ပူရေတိ, အဘိဝဿံ ဝသုန္ဓရံ။
‘‘တထေဝ သဒ္ဓေါ သုတဝါ, အဘိသင်္ခစ္စ ဘောဇနံ၊
ဝနိဗ္ဗကေ တပ္ပယတိ, အန္နပါနေန ပဏ္ဍိတော။
‘‘အာမောဒမာနော ပကိရေတိ, ဒေထ ဒေထာတိ ဘာသတိ၊
တံ ဟိဿ ဂဇ္ဇိတံ ဟောတိ, ဒေဝဿေဝ ပဝဿတော၊
သာ ပုညဓာရာ ဝိပုလာ, ဒါတာရံ အဘိဝဿတီ’’တိ။
၄-ဣဿတ္တသုတ် ၁၃၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား- “အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း”ဟု လျှောက်၏၊ မင်းကြီး အကြင်ပုဂ္ဂိုလ်၌ စိတ်သည် ကြည်ညို၏၊ ထိုပုဂ္ဂိုလ်အား ပေးလှူအပ်၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူခြင်းသည် အကျိုးကြီးပါသနည်းဟု လျှောက်၏၊ မင်းကြီး အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း ဤအမေးသည် တစ်မျိုးသာတည်း။ ထို့ပြင် အဘယ်ပုဂ္ဂိုလ်၌ ပေးလှူခြင်းသည် အကျိုးကြီးပါသနည်း ဤအမေးသည် တစ်မျိုးသာတည်း။ မင်းကြီး စင်စစ် သီလရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုးကြီး၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုး မကြီး။ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင်မင်းကြီးကိုပင်လျှင် တစ်ဖန် မေးဦးအံ့၊ ထိုအမေးကို သင် နှစ်သက်သလို ဖြေကြားလော့။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤ အရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏၊ ထိုသို့ ထင်လတ်သော် လေးအတတ်ကို မသင်ရသေး၍ လေးမြားအတတ်၌ လက်ကျင့် မရသေးသော (လေးအတတ်၌) မလေ့လာဖူးသေးသော ပြု လုပ်ထားသော စက်ဝန်း၌ မြားကို မကျစေနိုင်သော ကြောက်တတ်သော တုန်လှုပ်တတ်သော ထိတ်လန့် တတ်သော ပြေးတတ်သော မင်းသားသည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့် အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မမွေးမြူ၊ အကျွန်ုပ်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလို မရှိပါ။ ထို့ပြင် လေး အတတ်ကို မသင်ရသေးသော ပုဏ္ဏားလုလင်သည် လာရာ၏။ပ။ ထို့ပြင် လေးအတတ်ကို မသင်ရသေး သော ကုန်သည်လုလင်သည် လာရာ၏။ပ။ ထို့ပြင် လေးအတတ်ကို မသင်ရသေးသော သူဆင်းရဲလုလင် သည် လာရာ၏။ပ။ အကျွန်ုပ်သည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလို မရှိပါဟု လျှောက်၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤအရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏။ ထိုသို့ ထင်လတ်သော် လေးအတတ်ကို သင်ပြီး၍ လေးမြားအတတ်၌ လက်ကျင့် ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ်သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ်သော မပြေးတတ်သော မင်းသားသည် လာ ရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိ မည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလိုပါ၏၊ အကျွန်ုပ်သည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိပါ၏။ ထို့ပြင် ပုဏ္ဏားလုလင်သည် လာရာ၏။ပ။ ထို့ပြင် ကုန်သည် လုလင်သည် လာရာ၏။ပ။ ထို့ပြင် လေးအတတ်ကို သင်ပြီး၍ (လေးမြားအတတ်၌) လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ် သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ်သော မပြေးတတ်သော သူဆင်းရဲလုလင်သည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို သင်သည် မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လော၊ အသျှင်ဘုရား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလို၏၊ အကျွန်ုပ်အား ထိုသို့သဘောရှိ သော ပုဂ္ဂိုလ်ကို အလိုရှိပါ၏ဟု (လျှောက်၏)။ မင်းကြီး ဤအတူသာလျှင် မည်သည့်အမျိုးမှမဆို ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုအံ့၊ ထိုရဟန်းသည်လည်း အင်္ဂါငါးပါးကို ပယ်ပြီးသည်ဖြစ်၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသည် ဖြစ် အံ့၊ ထိုပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီး၏။ အဘယ်အင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်သနည်း - (၁) ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ’ကို ပယ်အပ်၏။ (၂) ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကို ပယ်အပ်၏။ (၃) လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို ပယ်အပ်၏။ (၄) ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ကို ပယ်အပ်၏။ (၅) မခွဲဝေနိုင်မှု ‘ဝိစိကိစ္ဆာ’ကို ပယ်အပ်၏။ ဤအင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်၏။ အဘယ်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသနည်း - (၁) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ (၂) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ (၃) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ (၄) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ (၅) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်သော ဉာဏ်အမြင် ဝိမုတ္တိဉာဏ ဒဿနဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံ၏။ ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီး၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူ သည် အကျိုးကြီး၏ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ လူနတ်တို့၏ ဆရာဖြစ်တော်မူ သော မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်တော်မူ၏။ပ။ “အကြင်လုလင်၌ လေးအတတ်သည်လည်းကောင်း၊ ခွန်အားလုံ့လသည်လည်းကောင်း ရှိ၏။ မင်းသည် ထိုလုလင်ကိုသာ စစ်ထိုးရာ၌ အလိုရှိသည်ဖြစ်၍ မွေးမြူ ရာ၏၊ ရဲရင့်ခြင်း မရှိသော သူကို အမျိုးဟူသော အကြောင်းကြောင့် မမွေးမြူရာ။ ထို့အတူသာလျှင် အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်းသည်လည်းကောင်း၊ ရဲရင့်သည်၏ အဖြစ့် (အရဟတ္တဖိုလ်) သည်လည်းကောင်း တရားနှစ်ပါးတို့သည် တည်ကုန်၏။ အရိယာတို့၏ အသက်မွေးခြင်းဖြင့် အသက်မွေးသော ပညာရှိသူကို အမျိုးပင် ယုတ်သော်လည်း ပူဇော်ရာ၏။ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော ကျောင်းသင်္ခမ်းတို့ကို ပြုလုပ်ရာ၏၊ ဤကျောင်း၌ အကြားအမြင်များသူတို့ကို နေစေရာ၏၊ တောအရပ်၌ ရေအိုးစင်တို့ကိုလည်း ပြု လုပ်ရာ၏၊ မညီညွတ်သော အရပ်၌ တံတားလမ်းတို့ကိုလည်း ပြုလုပ်ရာ၏။ ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့အား ကြည်လင်သော စိတ်ဖြင့် ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်သင်္ကန်း ကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူရာ၏။ လျှပ်စစ်နွယ်ရှိသော အရာသော တိမ်ထွတ်ရှိသော မိုးသည် ထစ်ချုန်း၍ မြေကြီး ကို စိုစွတ်စေလျက် ကြည်းကုန်းကိုလည်းကောင်း၊ နိမ့်ရာအရပ်ကိုလည်းကောင်း ပြည့်စေသကဲ့သို့- ထို့အတူပင်လျှင် သဒ္ဓါတရားရှိသော အကြားအမြင်များသော ပညာရှိသည် စား သုံးဖွယ်ကို စီရင်၍ တောင်းစားတတ်သူတို့ကို ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏။ အလွန်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပေးကမ်းစွန့်ကြဲ၏၊ “လှူကြပါကုန် လှူကြပါကုန်”ဟု ပြောဆို၏၊ ရွာသော မိုး၏ ထစ်ချုန်းသံကဲ့သို ထိုသို့ ဆိုခြင်း သည်သာလျှင် ထိုပညာရှိ၏ ထစ်ချုန်းသံမည်၏၊ ပြန့်ပြောသော ထိုကောင်းမှုအယဥ် သည် ပေးလှူတတ် သူကို စိုစွတ်စေ၏”ဟု မိန့်တော်မူ၏။
Linked Discourses 3.24 3. Kosala Archery At Sāvatthī. Seated to one side, King Pasenadi said to the Buddha, “Sir, where should a gift be given?” “Wherever your heart feels inspired, Great King.” “But sir, where is a gift very fruitful?” “Where a gift should be given is one thing, Great King, but where a gift is very fruitful is another. A gift is very fruitful when it’s given to an ethical person, not so much to an unethical person. Well then, Great King, I’ll ask you about this in return, and you can answer as you like. What do you think, Great King? Suppose you were at war, ready to fight a battle. Then along comes an aristocrat youth who is untrained, inexpert, unfit, inexperienced. And he’s fearful, scared, nervous, quick to flee. Would you employ such a man? Would he be of any use to you?” “No, sir, I would have no use for such a man.” “What about a brahmin youth, a peasant youth, or a menial youth who was similar?” “No, sir, I would have no use for such a man.” “What do you think, Great King? Suppose you were at war, ready to fight a battle. Then along comes an aristocrat youth who is trained, expert, fit, experienced. And he’s fearless, brave, bold, standing his ground. Would you employ such a man? Would he be of any use to you?” “Yes, sir, I would have a use for such a man.” “What about a brahmin youth, a peasant youth, or a menial youth who was similar? Would you employ such a man? Would he be of any use to you?” “Yes, sir, I would have a use for such a man.” “In the same way, a gift to anyone who has given up five factors and possesses five factors is very fruitful, no matter what family they’ve gone forth from. What are the five factors they’ve given up? Sensual desire, ill will, dullness and drowsiness, restlessness and remorse, and doubt. These are the five factors they’ve given up. What are the five factors they possess? The entire spectrum of an adept’s ethics, immersion, wisdom, freedom, and knowledge and vision of freedom. These are the five factors they possess. I say that a gift to anyone who has given up these five factors and possesses these five factors is very fruitful.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Any youth skilled at archery, powerful and vigorous, would be employed by a king going to war— one is not a coward by reason of birth. Just so, whoever is settled in the qualities of patience and gentleness, an intelligent person with noble conduct, should be venerated even if they’re low born. You should build lovely hermitages and settle learned people in them. You should set up water supplies in barren regions and passages in places hard to travel. Food, drink, edibles, clothes, and lodgings should be given to the upright ones, with a clear and confident heart. The thundering rain cloud, its hundred peaks wreathed in lightning, pours down over the rich earth, soaking the uplands and valleys. So too an astute person, faithful and learned, should prepare a meal to satisfy supplicants with food and drink. Rejoicing, they strew gifts about, saying, ‘Give! Give!’ For that is their thunder, like rain sent from the heavens. That stream of merit so abundant showers down on the giver.”
၅။ ပဗ္ဗတူပမသုတ္တံ
၁၃၆။ သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ ပသေနဒိံ ကောသလံ ဘဂဝါ ဧတဒဝေါစ – ‘‘ဟန္ဒ, ကုတော နု တွံ, မဟာရာဇ, အာဂစ္ဆသိ ဒိဝါ ဒိဝဿာ’’တိ? ‘‘ယာနိ တာနိ, ဘန္တေ, ရညံ ခတ္တိယာနံ မုဒ္ဓါဝသိတ္တာနံ ဣဿရိယမဒမတ္တာနံ ကာမဂေဓပရိယုဋ္ဌိတာနံ ဇနပဒတ္ထာဝရိယပ္ပတ္တာနံ မဟန္တံ ပထဝိမဏ္ဍလံ အဘိဝိဇိယ အဇ္ဈာဝသန္တာနံ ရာဇကရဏီယာနိ ဘဝန္တိ, တေသု ခွါဟံ, ဧတရဟိ ဥဿုက္ကမာပန္နော’’တိ။
‘‘တံ ကိံ မညသိ, မဟာရာဇ, ဣဓ တေ ပုရိသော အာဂစ္ဆေယျ ပုရတ္ထိမာယ ဒိသာယ သဒ္ဓါယိကော ပစ္စယိကော။ သော တံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ – ‘ယဂ္ဃေ, မဟာရာဇ, ဇာနေယျာသိ, အဟံ အာဂစ္ဆာမိ ပုရတ္ထိမာယ ဒိသာယ။ တတ္ထဒ္ဒသံ မဟန္တံ ပဗ္ဗတံ အဗ္ဘသမံ သဗ္ဗေ ပါဏေ နိပ္ပေါထေန္တော အာဂစ္ဆတိ။ ယံ တေ, မဟာရာဇ, ကရဏီယံ, တံ ကရောဟီ’တိ။ အထ ဒုတိယော ပုရိသော အာဂစ္ဆေယျ ပစ္ဆိမာယ ဒိသာယ…ပေ… အထ တတိယော ပုရိသော အာဂစ္ဆေယျ ဥတ္တရာယ ဒိသာယ…ပေ… အထ စတုတ္ထော ပုရိသော အာဂစ္ဆေယျ ဒက္ခိဏာယ ဒိသာယ သဒ္ဓါယိကော ပစ္စယိကော။ သော တံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ – ‘ယဂ္ဃေ မဟာရာဇ, ဇာနေယျာသိ, အဟံ အာဂစ္ဆာမိ ဒက္ခိဏာယ ဒိသာယ။ တတ္ထဒ္ဒသံ မဟန္တံ ပဗ္ဗတံ အဗ္ဘသမံ သဗ္ဗေ ပါဏေ နိပ္ပေါထေန္တော အာဂစ္ဆတိ။ ယံ တေ, မဟာရာဇ, ကရဏီယံ တံ ကရောဟီ’တိ။ ဧဝရူပေ တေ, မဟာရာဇ, မဟတိ မဟဗ္ဘယေ သမုပ္ပန္နေ ဒါရုဏေ မနုဿက္ခယေ [မနုဿကာယေ (က။)] ဒုလ္လဘေ မနုဿတ္တေ ကိမဿ ကရဏီယ’’န္တိ?
‘‘ဧဝရူပေ မေ, ဘန္တေ, မဟတိ မဟဗ္ဘယေ သမုပ္ပန္နေ ဒါရုဏေ မနုဿက္ခယေ ဒုလ္လဘေ မနုဿတ္တေ ကိမဿ ကရဏီယံ အညတြ ဓမ္မစရိယာယ အညတြ သမစရိယာယ အညတြ ကုသလကိရိယာယ အညတြ ပုညကိရိယာယာ’’တိ?
‘‘အာရောစေမိ ခေါ တေ, မဟာရာဇ, ပဋိဝေဒေမိ ခေါ တေ, မဟာရာဇ, အဓိဝတ္တတိ ခေါ တံ, မဟာရာဇ, ဇရာမရဏံ။ အဓိဝတ္တမာနေ စေ တေ, မဟာရာဇ, ဇရာမရဏေ ကိမဿ ကရဏီယ’’န္တိ? ‘‘အဓိဝတ္တမာနေ စ မေ, ဘန္တေ, ဇရာမရဏေ ကိမဿ ကရဏီယံ အညတြ ဓမ္မစရိယာယ သမစရိယာယ ကုသလကိရိယာယ ပုညကိရိယာယ? ယာနိ တာနိ, ဘန္တေ, ရညံ ခတ္တိယာနံ မုဒ္ဓါဝသိတ္တာနံ ဣဿရိယမဒမတ္တာနံ ကာမဂေဓပရိယုဋ္ဌိတာနံ ဇနပဒတ္ထာဝရိယပ္ပတ္တာနံ မဟန္တံ ပထဝိမဏ္ဍလံ အဘိဝိဇိယ အဇ္ဈာဝသန္တာနံ ဟတ္ထိယုဒ္ဓါနိ ဘဝန္တိ၊ တေသမ္ပိ, ဘန္တေ, ဟတ္ထိယုဒ္ဓါနံ နတ္ထိ ဂတိ နတ္ထိ ဝိသယော အဓိဝတ္တမာနေ ဇရာမရဏေ။ ယာနိပိ တာနိ, ဘန္တေ, ရညံ ခတ္တိယာနံ မုဒ္ဓါဝသိတ္တာနံ…ပေ… အဇ္ဈာဝသန္တာနံ အဿယုဒ္ဓါနိ ဘဝန္တိ…ပေ… ရထယုဒ္ဓါနိ ဘဝန္တိ …ပေ… ပတ္တိယုဒ္ဓါနိ ဘဝန္တိ၊ တေသမ္ပိ, ဘန္တေ, ပတ္တိယုဒ္ဓါနံ နတ္ထိ ဂတိ နတ္ထိ ဝိသယော အဓိဝတ္တမာနေ ဇရာမရဏေ။ သန္တိ ခေါ ပန, ဘန္တေ, ဣမသ္မိံ ရာဇကုလေ မန္တိနော မဟာမတ္တာ, ယေ ပဟောန္တိ [ယေသံ ဟောန္တိ (က။)] အာဂတေ ပစ္စတ္ထိကေ မန္တေဟိ ဘေဒယိတုံ။ တေသမ္ပိ, ဘန္တေ, မန္တယုဒ္ဓါနံ နတ္ထိ ဂတိ နတ္ထိ ဝိသယော အဓိဝတ္တမာနေ ဇရာမရဏေ။ သံဝိဇ္ဇတိ ခေါ ပန, ဘန္တေ, ဣမသ္မိံ ရာဇကုလေ ပဟူတံ ဟိရညသုဝဏ္ဏံ ဘူမိဂတဉ္စေဝ ဝေဟာသဋ္ဌဉ္စ, ယေန မယံ ပဟောမ အာဂတေ ပစ္စတ္ထိကေ ဓနေန ဥပလာပေတုံ။ တေသမ္ပိ, ဘန္တေ, ဓနယုဒ္ဓါနံ နတ္ထိ ဂတိ နတ္ထိ ဝိသယော အဓိဝတ္တမာနေ ဇရာမရဏေ။ အဓိဝတ္တမာနေ စ မေ, ဘန္တေ, ဇရာမရဏေ ကိမဿ ကရဏီယံ အညတြ ဓမ္မစရိယာယ သမစရိယာယ ကုသလကိရိယာယ ပုညကိရိယာယာ’’တိ?
‘‘ဧဝမေတံ, မဟာရာဇ, ဧဝမေတံ, မဟာရာဇ! အဓိဝတ္တမာနေ ဇရာမရဏေ ကိမဿ ကရဏီယံ အညတြ ဓမ္မစရိယာယ သမစရိယာယ ကုသလကိရိယာယ ပုညကိရိယာယာ’’တိ? ဣဒမဝေါစ ဘဂဝါ…ပေ… သတ္ထာ –
‘‘ယထာပိ သေလာ ဝိပုလာ, နဘံ အာဟစ္စ ပဗ္ဗတာ၊
သမန္တာနုပရိယာယေယျုံ, နိပ္ပေါထေန္တော စတုဒ္ဒိသာ။
‘‘ဧဝံ ဇရာ စ မစ္စု စ, အဓိဝတ္တန္တိ ပါဏိနေ [ပါဏိနော (သီ။ သျာ။ ကံ။ ပီ။)]၊
ခတ္တိယေ ဗြာဟ္မဏေ ဝေဿေ, သုဒ္ဒေ စဏ္ဍာလပုက္ကုသေ၊
န ကိဉ္စိ [န ကဉ္စိ (?)] ပရိဝဇ္ဇေတိ, သဗ္ဗမေဝါဘိမဒ္ဒတိ။
‘‘န တတ္ထ ဟတ္ထီနံ ဘူမိ, န ရထာနံ န ပတ္တိယာ၊
န စာပိ မန္တယုဒ္ဓေန, သက္ကာ ဇေတုံ ဓနေန ဝါ။
‘‘တသ္မာ ဟိ ပဏ္ဍိတော ပေါသော, သမ္ပဿံ အတ္ထမတ္တနော၊
ဗုဒ္ဓေ ဓမ္မေ စ သံဃေ စ, ဓီရော သဒ္ဓံ နိဝေသယေ။
‘‘ယော ဓမ္မံ စရိ [ဓမ္မစာရီ (သီ။ သျာ။ ကံ။ ပီ။)] ကာယေန, ဝါစာယ ဥဒ စေတသာ၊
ဣဓေဝ နံ ပသံသန္တိ, ပေစ္စ သဂ္ဂေ ပမောဒတီ’’တိ။
တတိယော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
ပုဂ္ဂလော အယျိကာ လောကော, ဣဿတ္တံ [ဣဿတ္ထံ (သီ။ သျာ။ ကံ။)] ပဗ္ဗတူပမာ၊
ဒေသိတံ ဗုဒ္ဓသေဋ္ဌေန, ဣမံ ကောသလပဉ္စကန္တိ။
ကောသလသံယုတ္တံ သမတ္တံ။
၅-ပဗ္ဗတူပမသုတ် ၁၃၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ထိုင်နေသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု မိန့်တော်မူ၏၊ အသျှင် ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော အစိုးရခြင်းမာန်ဖြင့် ယစ်ကုန် သော ကာမဂုဏ်တို့၌ တပ်မက်ခြင်းသည် နှိပ်စက်အပ်ကုန်သော ဇနပုဒ်၌ မြဲမြံစွာ တည်သည်၏ အဖြစ်သို့ ရောက်ကုန်သော ကြီးသော မြေအဝှန်းကို အောင်၍ အုပ်စိုးလျက် နေကုန်သော မင်းတို့အား မင်းရေး မင်းရာ ပြုဖွယ်ကိစ္စတို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုကိစ္စတို့၌ ယခုအခါ ကြောင့်ကြခြင်းသို့ ရောက်၏ဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယုံကြည်အပ်သော စကားရှိသော လူယုံတော် ဖြစ်သော မင်းချင်းယောကျာ်းသည် အရှေ့အရပ်မှ လာရာ၏၊ ထိုယောကျာ်းသည် သင်မင်းကြီးထံသို့ ချဥ်း ကပ်၍ ဤသို့ ဆိုရာ၏- “မင်းကြီး သိတော်မူလော့၊ အကျွန်ုပ်သည် အရှေ့အရပ်မှ လာခဲ့၏၊ ထိုအရှေ့ အရပ်၌ ကြီးစွာသော တိမ်တိုက်နှင့် တူသော တောင်ကို မြင်ခဲ့ပါ၏၊ (ထိုတောင်သည်) အလုံးစုံသော သတ္တဝါတို့ကို ကြိတ်လျက် လာ၏၊ မင်းကြီး သင်မင်းကြီးအား ပြုဖွယ်ကိစ္စသည် ရှိ၏၊ ထိုပြုဖွယ်ကိစ္စကို ပြုလော့”ဟု ဤသို့ ဆိုရာ၏၊ ထို့ပြင် ဒုတိယမင်းချင်းယောကျာ်းသည် အနောက်အရပ်မှ လာရာ၏။ပ။ ထို့ပြင် တတိယမင်းချင်းယောကျာ်းသည် မြောက်အရပ်မှ လာရာ၏။ ထို့ပြင် ယုံကြည်အပ်သော စကားရှိ သော လူယုံတော်ဖြစ်သော စတုတ္ထမင်းချင်းယောကျာ်းသည် တောင်အရပ်မှ လာရာ၏။ ထိုယောကျာ်းသည် သင်မင်းကြီးထံသို့ ချဥ်းကပ်၍ ဤသို့ ဆိုရာ၏ - “မင်းကြီး သိတော်မူပါလော့၊ အကျွန်ုပ်သည် တောင် အရပ်မှ လာခဲ့၏၊ ထိုတောင်အရပ်၌ ကြီးစွာသော တိမ်တိုက်နှင့် တူသော တောင်ကို မြင်ခဲ့ပါ၏၊ (ထိုတောင် သည်) အလုံးစုံသော သတ္တဝါတို့ကို ကြိတ်လျက်လာ၏၊ မင်းကြီး သင်မင်းကြီးအား ပြုဖွယ်ကိစ္စသည် ရှိ၏၊ ထိုပြုဖွယ်ကိစ္စကို ပြုလော့”ဟု ဆိုရာ၏၊ မင်းကြီး လူအဖြစ်သည် ရခဲပါလျက် ဤသို့ သဘောရှိသော လူကုန်လောက်အောင် ပြင်းထန်ကြမ်းကြုတ်သော ဘေးကြီးဖြစ်လာခဲ့သော် သင့်အဘယ်သို့ ပြုလုပ်မည် နည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား လူအဖြစ်သည် ရခဲပါလျက် ဤသို့ သဘောရှိသော လူကုန်လောက်အောင် ပြင်းထန် ကြမ်းကြုတ်သော ဘေးကြီးဖြစ်လာခဲ့သော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်း မှတစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းကြီး သင့်အား ပြောကြားအံ့၊ မင်းကြီး သင့်အား သိစေအံ့၊ မင်းကြီး သင့်အား စင်စစ် အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်သာလျှင်တည်း၊ မင်းကြီး သင့်အား အိုခြင်း သေခြင်းသည် လွှမ်းမိုး သည်ရှိသော် အဘယ်သို့ ပြုလုပ်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်အား အိုခြင်း သေခြင်းသည် လွှမ်းမိုးသည် ရှိသော်ကား တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ်ရာ ရှိပါအံ့နည်း။ အရှင်ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော အစိုးရခြင်းမာန်ဖြင့် ယစ်ကုန်သော ကာမဂုဏ်တို့၌ တပ်ခြင်းသည် နှိပ်စက်အပ်ကုန်သော ဇနပုဒ်၌ မြဲမြံစွာ တည်သည်၏အဖြစ် သို့ ရောက်ကုန်သော ကြီးသော မြေအဝှန်းကို အောင်၍ အုပ်စိုးနေကုန်သော မင်းတို့အား ဆင်တို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏၊ အသျှင်ဘုရား ဆင်တို့ဖြင့် စစ်ထိုးကုန်သော ထိုသူတို့အားလည်း အိုခြင်း သေခြင်းတရားတို့သည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။ အသျှင်ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော။ပ။ အုပ်စိုးနေ ကုန်သော မင်းတို့အား မြင်းတို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏။ပ။ ရထားတို့ဖြင့် စစ်ထိုးခြင်းတို့ သည် ဖြစ်ကုန်၏။ပ။ ခြေသည်တို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏၊ အသျှင်ဘုရား ခြေသည်တို့ဖြင့် စစ်ထိုးကုန်သော ထိုသူတအားလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။ အသျှင်ဘုရား စင်စစ်အားဖြင့် ဤမင်းမျိုး၌ အတိုင်ပင်ခံ အမတ်ကြီးတို့သည် ရှိကုန်၏၊ ယင်းအမတ် ကြီးတို့သည် လာကုန်သော ရန်သူတို့ကို တိုင်ပင်ခြင်းတို့ဖြင့် ကွဲပြားစိမ့်သောငှါ စွမ်းနိုင်ကုန်၏၊ အသျှင် ဘုရား တိုင်ပင်ခြင်းဖြင့် စစ်ထိုးကုန်သော ထိုသူတို့အားသော်မှလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုး သည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။ အသျှင်ဘုရား ဤမင်းမျိုး၌ မြေ၌ မြှုပ်ထားအပ်သည်လည်းဖြစ်သော ဟင်းလင်းပြင်တို့၌ ဆွဲထား အပ်သည်လည်းဖြစ်သော များစွာသော ရွှေငွေသည် ရှိ၏၊ ယင်းရွှေငွေဖြင့် အကျွန်ုပ်တို့သည် လာကုန်သော ရန်သူတို့ကို ဖြားယောင်းခြင်းငှါ စွမ်းနိုင်ကုန်၏၊ အသျှင်ဘုရား ဥစ္စာဖြင့် စစ်ထိုးကုန်သော ထိုမင်းတို့အား သော်မှလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။ အသျှင်ဘုရား အကျွန်ုပ်အား အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှုပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်း၊ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ပ။ လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်တော်မူ၏- “ပြန့်ကျယ်ကုန်သော ကျောက်တောင်တို့သည် ကောင်းကင်ကို ထိ၍ ထက်ဝန်း ကျင် အရပ်လေးမျက်နှာမှ သတ္တဝါတို့ကို ကြိတ်ချေကုန်လျက် အစဥ်လိမ့်၍ လာကုန် သကဲ့သို့။ ထို့အတူ အိုခြင်းတရားသည်လည်းကောင်း၊ သေခြင်းတရားသည်လည်းကောင်း၊ သတ္တဝါတို့ကို့လွှမ်းမိုးနှိပ်စက်ကုန်၏။ မင်းတို့ကိုလည်းကောင်း၊ ပုဏ္ဏားတို့ကိုလည်းကောင်း၊ ကုန်သည်တို့ကိုလည်းကောင်း၊ သူဆင်းရဲတို့ကိုလည်းကောင်း၊ ဒွန်းစဏ္ဍာ ပန်းမှိုက်သွန်တို့ကိုလည်းကောင်း (လွှမ်းမိုးနှိပ်စက်ကုန်၏)၊ တစ်စုံတစ်ယောယ်ကိုမျှ မရှောင် အလုံးစုံသော သူတို့ကိုပင်လျှင် လွှမ်းမိုးခြေမှုန်း၏။ ထိုအရာ၌ ဆင်တို့၏ အရာမဟုတ်၊ ရထားတို့၏ အရာမဟုတ်၊ ခြေသည်တို့၏ အရာမဟုတ်။ အတိုင်ပင်ဖြစ်သော စစ်ထိုးခြင်းဖြင့်လည်းကောင်း၊ ရွှေငွေဥစ္စာ ပေး သဖြင့်လည်းကောင်း အောင်ခြင်းငှါ မတတ်ကောင်း။ ထို့ကြောင့်လျှင် မိမိ၏ အကျိုးကို ကောင်းစွာ မြင်သော၊ ပညာရှိသော၊ မြဲမြံ တည်ကြည်သော ပုဂ္ဂိုလ်သည် ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ယုံကြည်ခြင်းကို တည်စေရာ၏။ အကြင်သူသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့်လည်းကောင်း တရားကို ကျင့်၏။ ထိုသူကို ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝ၌ နတ်ပြည်၌ မွေ့လျော်ရ၏”ဟု (မိန့်တော်မူ၏)။ တတိယဝဂ် ပြီး၏။ ကောသလသံယုတ် ပြီး၏။
Linked Discourses 3.25 3. Kosala The Simile of the Mountain At Sāvatthī. King Pasenadi of Kosala sat to one side, and the Buddha said to him, “So, Great King, where are you coming from in the middle of the day?” “Sir, there are anointed aristocratic kings who are infatuated with authority, and obsessed with greed for sensual pleasures. They have attained stability in the country, occupying a vast conquered territory. Today I have been busy fulfilling the duties of such kings.” “What do you think, Great King? Suppose a trustworthy and dependable man were to come from the east. He’d approach you and say: ‘Please, Great King, you should know this. I come from the east. There I saw a big mountain that reached the clouds. And it was coming this way, crushing all creatures. So then, Great King, do what you must!’ Then a second trustworthy and dependable man were to come from the west … a third from the north … and a fourth from the south. He’d approach you and say: ‘Please, Great King, you should know this. I come from the south. There I saw a big mountain that reached the clouds. And it was coming this way, crushing all creatures. So then, Great King, do what you must!’ Should such a dire threat arise—a grim loss of human life, when human birth is so rare—what would you do?” “Sir, what could I do but practice the teachings, practice morality, doing skillful and good actions?” “I tell you, Great King, I announce to you: old age and death are advancing upon you. Since old age and death are advancing upon you, what would you do?” “Sir, what can I do but practice the teachings, practice morality, doing skillful and good actions? Sir, there are anointed aristocratic kings who are infatuated with authority, and obsessed with greed for sensual pleasures. They have attained stability in the country, occupying a vast conquered territory. Such kings engage in battles of elephants, cavalry, chariots, or infantry. But there is no place, no domain for such battles when old age and death are advancing. In this royal court there are ministers of wise counsel who are capable of dividing an approaching enemy by wise counsel. But there is no place, no domain for such diplomatic battles when old age and death are advancing. In this royal court there is abundant gold, both coined and uncoined, stored above and below ground. Using this wealth we can bribe an approaching enemy. But there is no place, no domain for such monetary battles when old age and death are advancing. When old age and death are advancing, what can I do but practice the teachings, practice morality, doing skillful and good actions?” “That’s so true, Great King! That’s so true! When old age and death are advancing, what can you do but practice the teachings, practice morality, doing skillful and good actions?” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Suppose there were vast mountains of solid rock pressing against the sky drawing in from all sides and crushing the four quarters. So too old age and death advance upon all living creatures— aristocrats, brahmins, peasants, menials, corpse-workers, and scavengers. They spare nothing. They crush all beneath them. There’s nowhere for elephants to take a stand, nor chariots nor infantry. They can’t be defeated by diplomatic battles or by wealth. That’s why an astute person, seeing what’s good for themselves, being wise, would place faith in the Buddha, the teaching, and the Saṅgha. Whoever lives by the teaching in body, speech, and mind, is praised in this life and departs to rejoice in heaven.” The Linked Discourses with the Kosalan are complete.
၄။ မာရသံယုတ္တံ
၁။ ပဌမဝဂ္ဂေါ
၁။ တပေါကမ္မသုတ္တံ
၁၃၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘မုတ္တော ဝတမှိ တာယ ဒုက္ကရကာရိကာယ။ သာဓု မုတ္တော ဝတမှိ တာယ အနတ္ထသံဟိတာယ ဒုက္ကရကာရိကာယ။ သာဓု ဝတမှိ မုတ္တော ဗောဓိံ သမဇ္ဈဂ’’န္တိ [သာဓု ဌိတော သတော ဗောဓိံ သမဇ္ဈေဂန္တိ (သီ။ ပီ။), သာဓု ဝတမှိ သတ္တော ဗောဓိသမဇ္ဈဂူတိ (သျာ။ ကံ။)]။
အထ ခေါ မာရော ပါပိမာ ဘဂဝတော စေတသာ စေတောပရိဝိတက္ကမညာယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘တပေါကမ္မာ အပက္ကမ္မ, ယေန န သုဇ္ဈန္တိ မာဏဝါ၊
အသုဒ္ဓေါ မညသိ သုဒ္ဓေါ, သုဒ္ဓိမဂ္ဂါ အပရဒ္ဓေါ’’ [သုဒ္ဓိမဂ္ဂမပရဒ္ဓေါ (သီ။ သျာ။ ကံ။ ပီ။)] တိ။
အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘အနတ္ထသံဟိတံ ဉတွာ, ယံ ကိဉ္စိ အမရံ တပံ [အပရံ တပံ (က။)]၊
သဗ္ဗံ နတ္ထာဝဟံ ဟောတိ, ဖိယာရိတ္တံဝ ဓမ္မနိ [ဝမ္မနိ (သီ။), ဓမ္မနိံ (ပီ။), ဇမ္မနိံ (က။) ဧတ္ထာယံ ဓမ္မသဒ္ဒေါ သက္ကတေ ဓနွနံ-သဒ္ဒေန သဒိသော မရုဝါစကောတိ ဝေဒိတဗ္ဗော, ယထာ ဒဠှဓမ္မာတိပဒံ]။
‘‘သီလံ သမာဓိ ပညဉ္စ, မဂ္ဂံ ဗောဓာယ ဘာဝယံ၊
ပတ္တောသ္မိ ပရမံ သုဒ္ဓိံ, နိဟတော တွမသိ အန္တကာ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ, ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၄-မာရသံယုတ် ၁-ပဌမဝဂ်၊ ၁-တပေါကမ္မသုတ် ၁၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူစဥ် မြတ်စွာဘုရားအား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်၏- “ထိုပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းမှ ငါသည် လွတ်မြောက် ပြီတကား၊ အကျိုးမဲ့နှင့် စပ်သော ထိုပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းမှ လွတ်မြောက်ခြင်းသည် ကောင်းစွ တကား၊ ကိလေသာတို့မှ လွတ်မြောက်၍ သဗ္ဗညုတဉာဏ်ကို ကောင်းစွာရခြင်း ဖြစ်သည်ကား ကောင်းစွ တကား”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “သတ္တဝါတို့သည် ခေါင်းပါးသော အကျင့်မှ ဖဲကုန်သောကြောင့် မစင်ကြယ်ကြ ကုန်၊ သင်သည် မစင်ကြယ်ဘဲလျက် စင်ကြယ်၏ဟူ၍ မှတ်ထင်ဘိ၏၊ စင်ကြယ်သော ခရီးမှ လွဲချော်လေစွတကား”ဟု ရွတ်ဆို၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်သားကို ဂါထာတို့ဖြင့် မိန့်ဆိုတော်မူ၏- “ကြည်းကုန်းထက်၌ လှော်တက်သည် အချည်းနှီး ဖြစ်သကဲ့သို့ အလုံးစုံသော အတ္တကိလမထ အကျင့်မျိုးသည် အကျိုးမဲ့ကို ဆောင်ရွက်တတ်၏၊ ဤသို့ သိ၍ အကျိုးမဲ့နှင့် စပ်သော မသေခြင်းငှါ ကျင့်အပ်သော အလုံးစုံသော အတ္တကိလမထ အကျင့်ကို ငါ စွန့်ပြီ။ အရိယာမဂ်ကို သိခြင်းငှါ သီလ, သမာဓိ, ပညာကို ပွားများသည်ဖြစ်၍ လွန်စွာ စင်ကြယ်သော အရဟတ္တဖိုလ်သို့ ရောက်၏၊ ဟယ့့့် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည်ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.1 1. Lifespan Mortification So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the goatherd’s banyan tree on the bank of the Nerañjarā River. Then as he was in private retreat this thought came to his mind, “I am truly freed from that grueling work! Thank goodness I’m freed from that pointless grueling work. Thank goodness I’m freed and have attained awakening.” And then Māra the Wicked, knowing the Buddha’s train of thought, went up to him and addressed him in verse: “You’ve left the practice of mortification by which sons of men purify themselves. You’re impure, but think yourself pure; you’ve strayed from the path of purity.” Then the Buddha, knowing that this was Māra the Wicked, replied to him in verse: “I realized that it’s pointless; all that endless mortification is as futile as oars and rudder on dry land. Ethics, immersion, and wisdom: by developing this path to awakening I attained ultimate purity. You’re beaten, terminator!” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၂။ ဟတ္ထိရာဇဝဏ္ဏသုတ္တံ
၁၃၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ မာရော ပါပိမာ ဘဂဝတော ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော မဟန္တံ ဟတ္ထိရာဇဝဏ္ဏံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ တေနုပသင်္ကမိ။ သေယျထာပိ နာမ မဟာအရိဋ္ဌကော မဏိ, ဧဝမဿ သီသံ ဟောတိ။ သေယျထာပိ နာမ သုဒ္ဓံ ရူပိယံ, ဧဝမဿ ဒန္တာ ဟောန္တိ။ သေယျထာပိ နာမ မဟတီ နင်္ဂလီသာ [နင်္ဂလသီသာ (ပီ။ က။)], ဧဝမဿ သောဏ္ဍော ဟောတိ။ အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘သံသရံ ဒီဃမဒ္ဓါနံ, ဝဏ္ဏံ ကတွာ သုဘာသုဘံ၊
အလံ တေ တေန ပါပိမ, နိဟတော တွမသိ အန္တကာ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၂-ဟတ္တိရာဇဝဏ္ဏသုတ် ၁၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အချိန် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ ကြီးစွာသော ဆင်မင်း အသွင်ကို ဖန်ဆင်းလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏၊ ထိုဆင်၏ ဦးခေါင်းသည် ‘မည်းနက်သော ကျောက်တုံးကြီးကဲ့သို့’ ဖြစ်၏၊ ထိုဆင်၏ အစွယ်တို့သည် ‘ငွေစင်ကဲ့သို့’ ဖြစ်ကုန်၏၊ ထိုဆင်၏ နှာမောင်း သည် ‘ထွန်တုံးကြီးကဲ့သို့’ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် မိန့်တော်မူ၏- “ယုတ်မာသော မာရ်နတ် ကောင်းသောအဆင်း မကောင်းသောအဆင်းကို သင် ပြုလုပ်ခဲ့၍ ရှည်စွာသော သံသရာခရီးသို့ လာခဲ့ရ၏၊ မာရ်နတ် ထိုသို့ ပြုခြင်းဖြင့် သင့်အား အကျိုးမရှိ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ”ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.2 1. Lifespan In the Form of an Elephant King So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the goatherd’s banyan tree on the bank of the Nerañjarā River. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then Māra the Wicked, wanting to make the Buddha feel fear, terror, and goosebumps, manifested in the form of a big elephant king and approached him. Its head was like a big block of soapstone. Its tusks were like pure silver. Its trunk was like a long plough pole. Then the Buddha, knowing that this was Māra the Wicked, addressed him in verse: “Transmigrating for such a long time, you’ve made forms beautiful and ugly. Enough of this, Wicked One! You’re beaten, terminator!” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၃။ သုဘသုတ္တံ
၁၃၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ မာရော ပါပိမာ, ဘဂဝတော ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော, ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော အဝိဒူရေ ဥစ္စာဝစာ ဝဏ္ဏနိဘာ ဥပဒံသေတိ, သုဘာ စေဝ အသုဘာ စ။ အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘သံသရံ ဒီဃမဒ္ဓါနံ, ဝဏ္ဏံ ကတွာ သုဘာသုဘံ၊
အလံ တေ တေန ပါပိမ, နိဟတော တွမသိ အန္တက။
‘‘ယေ စ ကာယေန ဝါစာယ, မနသာ စ သုသံဝုတာ၊
န တေ မာရဝသာနုဂါ, န တေ မာရဿ ဗဒ္ဓဂူ’’ [ဗဒ္ဓဘူ (က။), ပစ္စဂူ (သီ။ သျာ။ ကံ။ ပီ။)] တိ။
အထ ခေါ မာရော…ပေ… တတ္ထေဝန္တရဓာယီတိ။
၃-သုဘသုတ် ၁၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ မြတ်စွာဘုရားထံသို့ ချဥ်း ကပ်လျက် မြတ်စွာဘုရား၏ မနီးမဝေးဝယ် အမြတ် အယုတ် တင့်တယ် မတင့်တယ်ဖြစ်ကုန်သော အဆင်း အရောင်တို့ကို ပြ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် မိန့်တော်မူ၏- “ယုတ်မာသော မာရ်နတ် ကောင်းသောအဆင်း မကောင်းသောအဆင်းကို သင် ပြုလုပ်ခဲ့၍ ရှည်စွာသော သံသရာခရီးသို့ လာခဲ့ရ၏၊ မာရ်နတ် ထိုသို့ ပြုခြင်းဖြင့် သင့်အား အကျိုး မရှိ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ။ မာရ်နတ် အကြင်သူတို့သည် ကိုယ်နှုတ်စိတ်တို့ဖြင့် ကောင်းစွာ စောင့်စည်းကုန်၏၊ ထိုသူတို့သည် မာရ်နတ်အလိုသို့ မလိုက်ကုန်၊ ထိုသူတို့သည် မာရ်နတ်နှင့် စပ် သူတို့ မဖြစ်ကုန်”ဟု (မိန့်တော်မူ၏)။ ထိုအခါ မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.3 1. Lifespan Beautiful So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the goatherd’s banyan tree on the bank of the Nerañjarā River. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then Māra the Wicked, wanting to make the Buddha feel fear, terror, and goosebumps, approached him, and while not far away, displayed a rainbow of bright colors, both beautiful and ugly. Then the Buddha, knowing that this was Māra the Wicked, replied to him in verse: “Transmigrating for such a long time, you’ve made forms beautiful and ugly. Enough of this, Wicked One! You’re beaten, terminator. Those who are well restrained in body, speech, and mind don’t fall under Māra’s sway, nor are they your footmen.” Then Māra … vanished right there.
၄။ ပဌမမာရပါသသုတ္တံ
၁၄၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘မယှံ ခေါ, ဘိက္ခဝေ, ယောနိသော မနသိကာရာ ယောနိသော သမ္မပ္ပဓာနာ အနုတ္တရာ ဝိမုတ္တိ အနုပ္ပတ္တာ, အနုတ္တရာ ဝိမုတ္တိ သစ္ဆိကတာ။ တုမှေပိ, ဘိက္ခဝေ, ယောနိသော မနသိကာရာ ယောနိသော သမ္မပ္ပဓာနာ အနုတ္တရံ ဝိမုတ္တိံ အနုပါပုဏာထ, အနုတ္တရံ ဝိမုတ္တိံ သစ္ဆိကရောထာ’’တိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ဗဒ္ဓေါသိ မာရပါသေန, ယေ ဒိဗ္ဗာ ယေ စ မာနုသာ၊
မာရဗန္ဓနဗဒ္ဓေါသိ, န မေ သမဏ မောက္ခသီ’’တိ။
‘‘မုတ္တာဟံ [မုတ္တောဟံ (သီ။ သျာ။ ကံ။ ပီ။)] မာရပါသေန, ယေ ဒိဗ္ဗာ ယေ စ မာနုသာ၊
မာရဗန္ဓနမုတ္တောမှိ, နိဟတော တွမသိ အန္တကာ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၄-ပဌမ မာရပါသသုတ် ၁၄၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီ ပြည် ဣသိပတနမိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ငါဘုရားသည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် သင့်လျော်သောအားဖြင့် ကောင်းစွာ လုံ့လပြုခြင်းကြောင့် လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) သို့ အစဥ်ရောက် တော်မူအပ်၏၊ လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) ကို မျက်မှောက်ပြုတော်မူအပ်၏၊ ရဟန်းတို့ သင်တို့သည်လည်း သင့်လျော်သောအားဖြင့် နှလုံးသွင်း၍ သင့်လျော်သောအားဖြင့် ကောင်းစွာ လုံ့လပြုကုန်၍ လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) သို့ ရောက်ကုန်လော့၊ လွန်မြတ် သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) ကို မျက်မှောက်ပြုကြကုန်လော့ဟု မိန့်ဆိုတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ရွတ်ဆို၏- “နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန် သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုမာရ်နတ်တည်းဟူသော ကျော့ကွင်းဖြင့် သင့်ကို နှောင်ဖွဲ့အပ်၏၊ မာရ်တည်းဟူသော အနှောင်အဖွဲ့၌ သင် မိနေ၏၊ ရဟန်း သင်သည် ငါ့နိုင်ငံမှ မလွတ်ရလတ္တံ့”ဟု ရွတ်ဆို၏။ ဟယ် မာရ်နတ်ယုတ် နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုမာရ်တည်းဟူသော ကျော့ကွင်းမှ လွတ်မြောက်ပြီ၊ မာရ်မင်းအနှောင်အဖွဲ့မှ ငါ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.4 1. Lifespan Māra’s Snares (1st) So I have heard. At one time the Buddha was staying near Varanasi in the deer park at Isipatana. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I have attained and realized supreme freedom through rational application of mind and rational right effort. You too should attain and realize supreme freedom through rational application of mind and rational right effort.” Then Māra the Wicked went up to the Buddha and addressed him in verse: “You’re bound by Māra’s snares, both human and heavenly. You’re bound by Māra’s bonds: you won’t escape me, ascetic!” “I’m freed from Māra’s snares, both human and heavenly. I’m freed from Māra’s bonds. You’re beaten, terminator!” Then Māra … vanished right there.
၅။ ဒုတိယမာရပါသသုတ္တံ
၁၄၁။ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘မုတ္တာဟံ, ဘိက္ခဝေ, သဗ္ဗပါသေဟိ ယေ ဒိဗ္ဗာ ယေ စ မာနုသာ။ တုမှေပိ, ဘိက္ခဝေ, မုတ္တာ သဗ္ဗပါသေဟိ ယေ ဒိဗ္ဗာ ယေ စ မာနုသာ။ စရထ, ဘိက္ခဝေ, စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ မာ ဧကေန ဒွေ အဂမိတ္ထ။ ဒေသေထ, ဘိက္ခဝေ, ဓမ္မံ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေထ။ သန္တိ သတ္တာ အပ္ပရဇက္ခဇာတိကာ, အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ။ ဘဝိဿန္တိ ဓမ္မဿ အညာတာရော။ အဟမ္ပိ, ဘိက္ခဝေ, ယေန ဥရုဝေလာ သေနာနိဂမော တေနုပသင်္ကမိဿာမိ ဓမ္မဒေသနာယာ’’တိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ဗဒ္ဓေါသိ သဗ္ဗပါသေဟိ, ယေ ဒိဗ္ဗာ ယေ စ မာနုသာ၊
မဟာဗန္ဓနဗဒ္ဓေါသိ, န မေ သမဏ မောက္ခသီ’’တိ။
‘‘မုတ္တာဟံ သဗ္ဗပါသေဟိ, ယေ ဒိဗ္ဗာ ယေ စ မာနုသာ၊
မဟာဗန္ဓနမုတ္တောမှိ, နိဟတော တွမသိ အန္တကာ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၅-ဒုတိယ မာရပါသသုတ် ၁၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့်တော်မူ၏၊ “အသျှင် ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏- ရဟန်းတို့ ငါဘုရားသည် နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်းအားလုံးတို့မှ လွတ်ပြီ၊ ရဟန်းတို့ သင်တို့သည်လည်း နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်းအားလုံးတို့မှ လွတ်ကြ ကုန်ပြီ၊ ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက် ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းအလို့ငှါ ဒေသစာရီ လှည့်လည်ကြကုန် လော့၊ ခရီးလမ်း တစ်ကြောင်းဖြင့် ရဟန်းနှစ်ပါး မသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကြကုန်လော့၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ မကြားနာရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်ကြကုန်၏၊ တရားတော်ကို သိလွယ်ကုန်သော သူတို့သည် ရှိကုန်လတ္တံ့၊ ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလတော, သေနာနိဂုံးသို့ တရားဟောရန် ချဥ်းကပ်တော်မူအံ့ဟု့ (မိန့်တော်မူ၏)၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန် သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုကျော့ကွင်းတို့ဖြင့် သင့်ကို နှောင်ဖွဲ့အပ်၏၊ ကြီးစွာသော မာရ်မင်းအနှောင်အဖွဲ့၌ သင် မိနေ၏၊ ရဟန်း သင်သည် ငါ့နိုင်ငံမှ မလွတ်ရလတ္တံ့”ဟု ရွတ်ဆို၏။ ဟယ် မာရ်နတ်ယုတ် နတ်၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ငါဘုရားသည် ထိုကျော့ကွင်းအားလုံးတို့မှ လွတ်မြောက်ပြီ၊ ကြီးစွာသော မာရ်မင်း အနှောင်အဖွဲ့မှ ငါ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။
Linked Discourses 4.5 1. Lifespan Māra’s Snares (2nd) At one time the Buddha was staying near Varanasi in the deer park at Isipatana. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, I am freed from all snares, both human and heavenly. You are also freed from all snares, both human and heavenly. Wander forth, mendicants, for the welfare and happiness of the people, out of sympathy for the world, for the benefit, welfare, and happiness of gods and humans. Let not two go by one road. Teach the Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And reveal a spiritual practice that’s entirely full and pure. There are beings with little dust in their eyes. They’re in decline because they haven’t heard the teaching. There will be those who understand the teaching! I will travel to the town of Senā in Uruvelā in order to teach the Dhamma.” Then Māra the Wicked went up to the Buddha and addressed him in verse: “You’re bound by all snares, both human and heavenly. You’re bound by the great bond: you won’t escape me, ascetic!” “I’m freed from all snares, both human and heavenly. I’m freed from the great bonds; You’re beaten, terminator!” Then Māra … vanished right there.
၆။ သပ္ပသုတ္တံ
၁၄၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။
အထ ခေါ မာရော ပါပိမာ ဘဂဝတော ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော မဟန္တံ သပ္ပရာဇဝဏ္ဏံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ တေနုပသင်္ကမိ။ သေယျထာပိ နာမ မဟတီ ဧကရုက္ခိကာ နာဝါ, ဧဝမဿ ကာယော ဟောတိ။ သေယျထာပိ နာမ မဟန္တံ သောဏ္ဍိကာကိဠဉ္ဇံ, ဧဝမဿ ဖဏော ဟောတိ။ သေယျထာပိ နာမ မဟတီ ကောသလိကာ ကံသပါတိ, ဧဝမဿ အက္ခီနိ ဘဝန္တိ။ သေယျထာပိ နာမ ဒေဝေ ဂဠဂဠာယန္တေ ဝိဇ္ဇုလ္လတာ နိစ္ဆရန္တိ, ဧဝမဿ မုခတော ဇိဝှါ နိစ္ဆရတိ။ သေယျထာပိ နာမ ကမ္မာရဂဂ္ဂရိယာ ဓမမာနာယ သဒ္ဒေါ ဟောတိ, ဧဝမဿ အဿာသပဿာသာနံ သဒ္ဒေါ ဟောတိ။
အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘ယော သုညဂေဟာနိ သေဝတိ,
သေယျော သော မုနိ အတ္တသညတော၊
ဝေါဿဇ္ဇ စရေယျ တတ္ထ သော,
ပတိရူပဉှိ တထာဝိဓဿ တံ။
‘‘စရကာ ဗဟူ ဘေရဝါ ဗဟူ,
အထော ဍံသသရီသပါ [ဍံသ သိရိံသပါ (သီ။ သျာ။ ကံ။ ပီ။)] ဗဟူ၊
လောမမ္ပိ န တတ္ထ ဣဉ္ဇယေ,
သုညာဂါရဂတော မဟာမုနိ။
‘‘နဘံ ဖလေယျ ပထဝီ စလေယျ,
သဗ္ဗေပိ ပါဏာ ဥဒ သန္တသေယျုံ၊
သလ္လမ္ပိ စေ ဥရသိ ပကပ္ပယေယျုံ,
ဥပဓီသု တာဏံ န ကရောန္တိ ဗုဒ္ဓါ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၆-သပ္ပသုတ် ၁၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တိုကို အစာပေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အချိန် လွင်တီးခေါင်၌ ထိုင်နေ၏၊ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖြန်း၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ကြောက်ခြင်း၊ ထိန့် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ ကြီးစွာသော မြွေမင်း၏ အသွင်ကို ဖန်ဆင်းလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏။ ထိုမြွေမင်း၏ ကိုယ်သည် ‘ကြီးစွာသော လုံးထွင်းလှေကဲ့သို့’ ဖြစ်၏၊ ထိုမြွေမင်း၏ ပါးပျဥ်းသည် ‘အရက်ချက်သမားတို့၏ ကြီးစွာသော မုန့်ညက်လှန်းဖျာကဲ့သို့’ ဖြစ်၏၊ ထိုမြွေ မင်း၏ မျက်စိတို့သည် ‘ကောသလမင်း၏ ကြေးခွက်ကြီးကဲ့သို့’ ဖြစ်၏၊ ထိုမြွေမင်း၏ လျှာတို့သည် မိုး ထစ်ချုန်းသောအခါ လျှပ်စစ် ပြက်သကဲ့သို့ ဖြစ်၏၊ ထိုမြွေမင်း၏ ထွက်သက်ဝင်သက် ရှူရှိုက်သံသည် ‘ပန်းပဲဖိုမှ လေမှုတ်သော (ဖိုထိုးသံ) ကဲ့သို့’ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် မိန့်တော်မူ၏- “မိမိကိုယ်ကို စောင့်စည်းလျက် ကိန်းအောင်းရန် ဆိတ်ငြိမ်သော ကျောင်းသင်္ခမ်းတို့ကို မှီဝဲသော မြတ်စွာဘုရားသည် ထိုခန္ဓာကိုယ်အတ္တဘော၌ (တပ်မက်ခြင်းကို) စွန့်၍ ကျင့်၏၊ ထိုသို့သဘောရှိသော မြတ်စွာဘုရား၏ ထိုစွန့်၍ ကျင့်ခြင်းသဘော သည် လျောက်ပတ်သည်သာလျှင်တည်း။ များစွာသော အခြေလေးချောင်းရှိ သတ္တဝါတို့လည်းကောင်း၊ များစွာသော (သက်ရှိသက်မဲ့) ဘေးရန်တို့လည်းကောင်း၊ ထို့ပြင် များစွာသော ခြင်မြွေတို့လည်းကောင်း (ရှိကုန်၏)။ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်းသို့ ကပ်သော မြတ်စွာဘုရားသည် ထိုဘေးရန်ရှိရာ အရပ်တို့၌ မွေးညင်းမျှလည်း မတုန်လှုပ်။ ကောင်းကင် အမြွာမြွာ ကွဲစေကာမူ မြေကြီး တုန်လှုပ်စေကာမူ ထို့ပြင် သတ္တဝါ အားလုံးတို့ ထိတ်လန့်ကြောက်ရွံ့စေကာမူ ရင်ဝ၌ လှံကို ထိုးစိုက်စေကာမူ ဘုရား ရှင်တို့သည် ကိုယ်ခန္ဓာတို့၌ ခိုကိုးရာ မပြုကုန်”ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.6 1. Lifespan A Cobra So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then Māra the Wicked, wanting to make the Buddha feel fear, terror, and goosebumps, manifested in the form of a big cobra king and approached him. Its body was like a big canoe carved from a single tree. Its hood was like a large brewer’s sieve. Its eyes were like big bronze cups from Kosala. Its tongue flickered from its mouth like lightning flashes in a thunderstorm. The sound of its breathing was like the puffing of a blacksmith’s bellows. Then the Buddha, knowing that this was Māra the Wicked, replied to him in verse: “One who frequents empty buildings for lodging—that sage is self-restrained. It’s appropriate for that sort to live there after relinquishing. Though there are lots of creepy crawlies, and lots of flies and reptiles, they wouldn’t stir a hair of a great sage in that empty hut. Though the firmament may split <j>and the earth may quake, and all creatures be stricken with fear; and even if an arrow’s aimed at their breast, the Buddhas take no shelter in attachments.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၇။ သုပတိသုတ္တံ
၁၄၃။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ ဘဂဝါ ဗဟုဒေဝရတ္တိံ အဗ္ဘောကာသေ စင်္ကမိတွာ ရတ္တိယာ ပစ္စူသသမယံ ပါဒေ ပက္ခာလေတွာ ဝိဟာရံ ပဝိသိတွာ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေသိ ပါဒေ ပါဒံ အစ္စာဓာယ သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိ ကရိတွာ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ကိံ သောပ္ပသိ ကိံ နု သောပ္ပသိ,
ကိမိဒံ သောပ္ပသိ ဒုဗ္ဘဂေါ [ဒုဗ္ဘတော (သျာ။ ကံ။), ဒုဗ္ဘယော (ပီ။)] ဝိယ၊
သုညမဂါရန္တိ သောပ္ပသိ,
ကိမိဒံ သောပ္ပသိ သူရိယေ ဥဂ္ဂတေ’’တိ။
‘‘ယဿ ဇာလိနီ ဝိသတ္တိကာ,
တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ၊
သဗ္ဗူပဓိပရိက္ခယာ ဗုဒ္ဓေါ,
သောပ္ပတိ ကိံ တဝေတ္ထ မာရာ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၇-သုပတိသုတ် ၁၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာပေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ညဥ့် ပတ်လုံး လွင်တီးခေါင်၌ စင်္ကြံ ကြွတော်မူလျက် ညဥ့်မိုးသောက်အချိန်၌ ခြေဆေးတော်မူ၍ ကျောင်းသို့ ဝင်တော်မူပြီးလျှင် (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဥ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ ရှိသည် ဖြစ်လျက် ထအံ့ဟူသော အမှတ်ကို နှလုံးသွင်းကာ လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “သင် အဘယ်သို့ အိပ်သနည်း၊ အဘယ့်ကြောင့် အိပ်သနည်း၊ အသို့နည်း ဤ အိပ်ခြင်းသည် မိန်းမောသော သူကဲ့သို့ အိပ်ခြင်းလော၊ ဆိတ်ငြိမ်သော အိမ်ကို ရ၏ဟု အိပ်သလော၊ ဤအိပ်ခြင်းသည် နေထွက်သည့်တိုင်အောင် အိပ်ခြင်းလော”ဟု ရွတ်ဆို၏။ တစ်စုံတစ်ရာသော ဘဝသို့ ဆောင်ခြင်းငှါ အကြင်မြတ်စွာဘုရားအား ကွန်ရက် သဖွယ်ဖြစ်သော ငြိကပ်တတ်သော တပ်မက်မှု ‘တဏှာ’သည် မရှိ၊ ထိုမြတ်စွာဘုရား သည် အလုံးစုံသော တည်ရာ (ဥပဓိ)တို့ ကုန်ခြင်းကြောင့် အိပ်၏၊ မာရ်နတ် ဤ အရာ၌ သင့်အား (ငြူစူခြင်းသည်) အဘယ်အကျိုးရှိအံ့နည်းဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။
Linked Discourses 4.7 1. Lifespan Sleeping At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. He spent much of the night walking mindfully in the open. At the crack of dawn he washed his feet and entered his dwelling. He laid down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up. Then Māra the Wicked went up to the Buddha and addressed him in verse: “What, you’re asleep? <j>Really, you’re asleep? You sleep like a loser—<j>what’s up with that? You sleep, thinking that the hut is empty. You sleep when the sun has come up—<j>what’s up with that?” “For them there is no craving— the weaver, the clinger—<j>to track them anywhere. With the ending of all attachments <j>the awakened Buddha sleeps. What’s that got to do with you, Māra?” Then Māra … vanished right there.
၈။ နန္ဒတိသုတ္တံ
၁၄၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –
‘‘နန္ဒတိ ပုတ္တေဟိ ပုတ္တိမာ, ဂေါမာ ဂေါဘိ တထေဝ နန္ဒတိ၊
ဥပဓီဟိ နရဿ နန္ဒနာ, န ဟိ သော နန္ဒတိ ယော နိရူပဓီ’’တိ။
‘‘သောစတိ ပုတ္တေဟိ ပုတ္တိမာ, ဂေါမာ ဂေါဘိ တထေဝ သောစတိ၊
ဥပဓီဟိ နရဿ သောစနာ, န ဟိ သော သောစတိ ယော နိရူပဓီ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၈-နန္ဒတိသုတ် ၁၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီး၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏- “သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွားများစွာ ရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ ‘ဥပဓိ’တို့ဖြင့် နှစ်သက်ရ၏၊ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ ‘ဥပဓိ’ မရှိ၊ ထိုသူသည် မနှစ်သက်ရသည်သာတည်း”ဟု ရွတ်ဆို၏။ သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားများစွာ ရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ ‘ဥပဓိ’တို့ဖြင့် စိုးရိမ်ရ၏၊ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ ‘ဥပဓိ’ မရှိ၊ ထိုသူသည် မစိုးရိမ်ရသည်သာတည်းဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ် ၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.8 1. Lifespan Delighting So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Māra the Wicked went up to the Buddha and spoke this verse in the Buddha’s presence: “Children bring you delight! Cattle also bring you delight! For attachments are a man’s delight; without attachments there’s no delight.” “Your children bring you sorrow. Your cattle also bring you sorrow. For attachments are a man’s sorrow; without attachments there are no sorrows.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၉။ ပဌမအာယုသုတ္တံ
၁၄၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘အပ္ပမိဒံ, ဘိက္ခဝေ, မနုဿာနံ အာယု။ ဂမနီယော သမ္ပရာယော, ကတ္တဗ္ဗံ ကုသလံ, စရိတဗ္ဗံ ဗြဟ္မစရိယံ။ နတ္ထိ ဇာတဿ အမရဏံ။ ယော, ဘိက္ခဝေ, စိရံ ဇီဝတိ, သော ဝဿသတံ အပ္ပံ ဝါ ဘိယျော’’တိ။
အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ဒီဃမာယု မနုဿာနံ, န နံ ဟီဠေ သုပေါရိသော၊
စရေယျ ခီရမတ္တောဝ, နတ္ထိ မစ္စုဿ အာဂမော’’တိ။
‘‘အပ္ပမာယု မနုဿာနံ, ဟီဠေယျ နံ သုပေါရိသော၊
စရေယျာဒိတ္တသီသောဝ, နတ္ထိ မစ္စုဿ နာဂမော’’တိ။
အထ ခေါ မာရော…ပေ… တတ္ထေဝန္တရဓာယီတိ။
၉-ပဌမ အာယုသုတ် ၁၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာပေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- “ရဟန်းတို့ လူတို့၏ ဤအသက်သည် နည်း၏၊ တမလွန်ဘဝသို့ သွားရ၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေခြင်းရှိသော သူအား မသေခြင်း မည်သည် မရှိ၊ ရဟန်းတို့ ကြာမြင့်စွာ အသက်ရှင်သော သူသည် အနှစ်တစ်ရာဖြစ်စေ၊ အနှစ်တစ်ရာထက် အနည်းငယ် လွန်၍ ဖြစ်စေ အသက်ရှင်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “လူတို့၏ အသက်သည် ရှည်၏၊ ထိုအသက်ကို သူတော်ကောင်းသည် မကဲ့ရဲ့ရာ၊ ‘နို့ရည်ဖြင့် ယစ်သော သူငယ်ကဲ့သို့’ ကျင့်ရာ၏၊ သေမင်း၏ လာခြင်းသည် မရှိ”ဟု ရွတ်ဆို၏။ လူတို့၏ အသက်သည် နည်း၏၊ ထိုအသက်ကို သူတော်ကောင်းသည် ကဲ့ရဲ့ရာ၏၊ ‘ဦးခေါင်း၌ မီးလောင်သော ယောကျာ်းကဲ့သို့’ ကျင့်ရာ၏၊ သေမင်း၏ မရောက် မလာရာ အရပ်သည် မရှိနိုင်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.9 1. Lifespan Lifespan (1st) So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, the lifespan of humans is short. We are headed for lives to come. So we must do what is skillful, we must practice the spiritual life. No one born is immortal. A long life is a hundred years or a little more.” Then Māra the Wicked went up to the Buddha and addressed him in verse: “The life of humans is long! A true person wouldn’t scorn it. Live like a suckling babe, for Death has not come for you.” “The life of humans is short, and a true person scorns it. They should live as though their head was on fire, for Death comes for everyone.” Then Māra … vanished right there.
၁၀။ ဒုတိယအာယုသုတ္တံ
၁၄၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တတြ ခေါ ဘဂဝါ…ပေ… ဧတဒဝေါစ –
‘‘အပ္ပမိဒံ, ဘိက္ခဝေ, မနုဿာနံ အာယု။ ဂမနီယော သမ္ပရာယော, ကတ္တဗ္ဗံ ကုသလံ, စရိတဗ္ဗံ ဗြဟ္မစရိယံ။ နတ္ထိ ဇာတဿ အမရဏံ။ ယော, ဘိက္ခဝေ, စိရံ ဇီဝတိ, သော ဝဿသတံ အပ္ပံ ဝါ ဘိယျော’’တိ။
အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘နာစ္စယန္တိ အဟောရတ္တာ, ဇီဝိတံ နူပရုဇ္ဈတိ၊
အာယု အနုပရိယာယတိ, မစ္စာနံ နေမီဝ ရထကုဗ္ဗရ’’န္တိ။
‘‘အစ္စယန္တိ အဟောရတ္တာ, ဇီဝိတံ ဥပရုဇ္ဈတိ၊
အာယု ခီယတိ မစ္စာနံ, ကုန္နဒီနံဝ ဩဒက’’န္တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
ပဌမော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
တပေါကမ္မဉ္စ နာဂေါ စ, သုဘံ ပါသေန တေ ဒုဝေ၊
သပ္ပေါ သုပတိ နန္ဒနံ, အာယုနာ အပရေ ဒုဝေတိ။
၁၀-ဒုတိယ အာယုသုတ် ၁၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်။ပ။ ဤစကားကို မိန့်တော်မူ၏။ “ရဟန်းတို့ ဤအသက်သည် နည်း၏၊ တမလွန်ဘဝသို့ သွားရ၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ် သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေခြင်းရှိသော သူအား မသေခြင်းမည်သည် မရှိ၊ ရဟန်းတို့ ကြာမြင့်စွာ အသက်ရှင်သောသူသည် အနှစ်တစ်ရာဖြစ်စေ၊ အနှစ်တစ်ရာထက် အနည်းငယ် လွန်၍ ဖြစ်စေ အသက်ရှင်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- ရထားလှည်းဘီး၏ အကွပ်သည် ရထားပုံတောင်းသို့ အစဥ်လိုက်သကဲ့သို့ သတ္တဝါတို့၏ အသက်သည် (သတ္တဝါသို့) အစဥ်လိုက်၏၊ နေ့ညဥ့်တို့သည် မလွန် နိုင်ကုန်၊ အသက်သည် မချုပ်”ဟု ရွတ်ဆို၏။ မြစ်ငယ်တို့၏ ရေအလျဥ်သည် ကုန်သကဲ့သို့ သတ္တဝါတို့၏ အသက်သည် ကုန်၏၊ နေ့ညဥ့်တို့သည် လွန်ကုန်၏၊ အသက်သည် ချုပ်၏ဟု မိန့်ဆိုတော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ပဌမဝဂ် ပြီး၏။
Linked Discourses 4.10 1. Lifespan Lifespan (2nd) So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. There the Buddha … said: “Mendicants, the lifespan of humans is short. We are headed for lives to come. We must do what is skillful, we must practice the spiritual life. No one born is immortal. A long life is a hundred years or a little more.” Then Māra the Wicked went up to the Buddha and addressed him in verse: “The days and nights don’t rush by, and life isn’t cut short. The life of mortals keeps rolling on, like a chariot’s rim around the hub.” “The days and nights rush by, and then life is cut short. The life of mortals wastes away, like the water in tiny streams.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၂။ ဒုတိယဝဂ္ဂေါ
၁။ ပါသာဏသုတ္တံ
၁၄၇။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ မာရော ပါပိမာ ဘဂဝတော ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော အဝိဒူရေ မဟန္တေ ပါသာဏေ ပဒါလေသိ။
အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘သစေပိ ကေဝလံ သဗ္ဗံ, ဂိဇ္ဈကူဋံ စလေဿသိ [ဂဠေယျသိ (သျာ။ ကံ။), စလေယျာသိ (က။)]၊
နေဝ သမ္မာဝိမုတ္တာနံ, ဗုဒ္ဓါနံ အတ္ထိ ဣဉ္ဇိတ’’န္တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၂-ဒုတိယဝဂ် ၁-ပါသာဏသုတ် ၁၄၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္စျကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ မြတ်စွာဘုရားထံသို့ ချဥ့်းကပ်လျက် မြတ်စွာဘုရား၏ မနီးမဝေး၌ ကျောက်တုံးကြီးတို့ကို ပစ်ခွဲ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို၏။ (မာရ်နတ်) သင်သည် ဂိဇ္စျကုဋ်တောင် တစ်ခုလုံးကိုလည်း အကယ်၍ လှုပ်စေဦး တော့၊ ကိလေသာမှ ကောင်းစွာ လွတ်ကုန်ပြီးသော ဘုရားသျှင်တို့အား တုန်လှုပ်ခြင်း မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.11 2. Rule Boulders At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then Māra the Wicked, wanting to make the Buddha feel fear, terror, and goosebumps, approached him, and crushed some large boulders close by him. Then the Buddha, knowing that this was Māra the Wicked, addressed him in verse: “Even if you shake this entire Vulture’s Peak, the rightly released, the awakened, are unshaken.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၂။ ကိန္နုသီဟသုတ္တံ
၁၄၈။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။
အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။ ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ ဝိစက္ခုကမ္မာယာ’’တိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ကိန္နု သီဟောဝ နဒသိ, ပရိသာယံ ဝိသာရဒေါ၊
ပဋိမလ္လော ဟိ တေ အတ္ထိ, ဝိဇိတာဝီ နု မညသီ’’တိ။
‘‘နဒန္တိ ဝေ မဟာဝီရာ, ပရိသာသု ဝိသာရဒါ၊
တထာဂတာ ဗလပ္ပတ္တာ, တိဏ္ဏာ လောကေ ဝိသတ္တိက’’န္တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၂-ကိန္နုသီဟသုတ် ၁၄၈။ အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဥ်းကပ်ရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “သင်သည် အဘယ့်ကြောင့် ပရိသတ်၌ ရဲရင့်သည် ဖြစ်၍ ခြင်္သေ့မင်းကဲ့သို့ ကြုံးဝါးဘိသနည်း။ သင့်အား ပြိုင်ဘက်လက်ဝှေ့သတ်သူသည် ရှိသလော၊ အောင်ပြီး နိုင်ပြီးသူဟူ၍ သင် အောက်မေ့လေသလော”ဟု (ရွတ်ဆို၏)။ ကြီးသော လုံ့လရှိကုန်သော ဘုရားသျှင်တို့သည် ပရိသတ်တို့၌ စင်စစ် ရဲရင့် ကုန်သည် ဖြစ်၍ ကြုံးဝါးကုန်၏၊ လောက၌ ကပ်ငြိမှု (တဏှာ) ကို လွန်မြောက်ပြီး သော မြတ်စွာဘုရားတို့သည် အား (ဆယ်ပါး) နှင့် ပြည့်စုံကုန်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ် ၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.12 2. Rule Lion At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now, at that time the Buddha was teaching Dhamma, surrounded by a large assembly. Then Māra thought, “The ascetic Gotama is teaching Dhamma, surrounded by a large assembly. Why don’t I go and pull the wool over their eyes?” Then Māra the Wicked went up to the Buddha and addressed him in verse: “Why now do you roar like a lion? You’re so self-assured in the assembly! For there is someone who’ll wrestle with you, so why do you imagine you’re the victor?” “The great heroes they roar, self-assured in the assemblies. The Realized One, attained to power, has crossed over clinging to the world.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၃။ သကလိကသုတ္တံ
၁၄၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ မဒ္ဒကုစ္ဆိသ္မိံ မိဂဒါယေ။ တေန ခေါ ပန သမယေန ဘဂဝတော ပါဒေါ သကလိကာယ ခတော ဟောတိ, ဘုသာ သုဒံ ဘဂဝတော ဝေဒနာ ဝတ္တန္တိ သာရီရိကာ ဒုက္ခာ တိဗ္ဗာ ခရာ ကဋုကာ အသာတာ အမနာပါ။ တာ သုဒံ ဘဂဝါ သတော သမ္ပဇာနော အဓိဝါသေတိ အဝိဟညမာနော။ အထ ခေါ ဘဂဝါ စတုဂ္ဂုဏံ သံဃာဋိံ ပညပေတွာ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေသိ ပါဒေ ပါဒံ အစ္စာဓာယ သတော သမ္ပဇာနော။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော,
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ၊
ဧကော ဝိဝိတ္တေ သယနာသနမှိ,
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ဝါ’’တိ။
‘‘န မန္ဒိယာ သယာမိ နာပိ ကာဝေယျမတ္တော,
အတ္ထံ သမေစ္စာဟမပေတသောကော၊
ဧကော ဝိဝိတ္တေ သယနာသနမှိ,
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။
‘‘ယေသမ္ပိ သလ္လံ ဥရသိ ပဝိဋ္ဌံ,
မုဟုံ မုဟုံ ဟဒယံ ဝေဓမာနံ၊
တေပီဓ သောပ္ပံ လဘရေ သသလ္လာ,
တသ္မာ အဟံ န သုပေ ဝီတသလ္လော။
‘‘ဇဂ္ဂံ န သင်္ကေ နပိ ဘေမိ သောတ္တုံ,
ရတ္တိန္ဒိဝါ နာနုတပန္တိ မာမံ၊
ဟာနိံ န ပဿာမိ ကုဟိဉ္စိ လောကေ,
တသ္မာ သုပေ သဗ္ဗဘူတာနုကမ္ပီ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၃-သကလိကသုတ် ၁၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် မဒ္ဒကုစ္ဆိမည်သော သမင်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ ခြေတော်သည် ကျောက်ခဲဖြင့် ထိခိုက်မိ၏၊ မြတ်စွာဘုရားအား ဆင်းရဲကုန်သော ခက်ထန်ကြမ်းတမ်းကုန် စပ်ရှားကုန်သော မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ ဖြစ်သော ပြင်းပြသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို သတိသမ္ပဇဥ်နှင့် ပြည့်စုံသည် ဖြစ်၍ မပင်မပန်း သည်းခံတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်တော်ကို လေးထပ်ခင်း၍ (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဥ်းငယ် လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ ရှိသည် ဖြစ်လျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “သင်သည် မိန်းမောတွေဝေသဖြင့် အိပ်သလော၊ သို့မဟုတ် ရွတ်ဆိုဖွယ် ကြံ စည်မှုဖြင့် ယစ်သည် ဖြစ်၍ အိပ်သလော၊ သင့်အား များစွာသော အကျိုးတို့သည် မရှိကုန်သလော၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာ၌ တစ်ယောက်တည်း အိပ်ခြင်းသို့ ရှေးရှုလျက် အဘယ့်ကြောင့် အိပ်ဘိသနည်း”ဟု (ရွတ်ဆို၏)။ ငါသည် မိန်းမောတွေဝေသဖြင့် အိပ်သည် မဟုတ်၊ ရွတ်ဆိုဖွယ် ကြံစည်မှုဖြင့် ယစ်သည် ဖြစ်၍ အိပ်သည် မဟုတ်၊ ငါသည် အကျိုးသို့ ကောင်းစွာ ရောက်ပြီး ဖြစ်၍ စိုးရိမ်ကြောင့်ကြ မရှိဘဲ ဆိတ်ငြိမ်သော အိပ်ရာနေရာ၌ အလုံးစုံသောသတ္တဝါတို့အား အစဥ်သနားခြင်း ရှိလျက် တစ်ယောက်တည်း အိပ်၏။ ဤလောက၌ အကြင်သူတို့၏ ရင်ဝယ် မြားစူးဝင်သောကြောင့် နှလုံးသား တလှပ် လှပ် တုန်လှုပ်နေ၏၊ ထိုသူတို့သော်မှလည်း မြားတန်းလန်း ရှိသည် ဖြစ်လျက်ပင် အိပ်ခြင်းကို ရတုံဘိသေး၏၊ မြားစူးဝင်ခြင်း ကင်းနေသော ငါကား အဘယ့်ကြောင့် မအိပ်ဘဲ ရှိမည်နည်း။ ငါသည် ဘေးရန်ရှိသော ခရီးဆိုး၌သော်လည်း တွေးတောယုံမှားမှု မရှိ၊ ဘေးရန် ရှိသော ခရီးဆိုး၌ အိပ်ခြင်ငှါလည်း ငါ မကြောက်၊ ညဥ့်နေ့တို့သည် ငါ့ကို မပူပန် စေကုန်၊ လောက၌ တစ်စုံတစ်ရာ ဆုတ်ယုတ်ခြင်းကို မမြင်၊ ထို့ကြောင့် အလုံးစုံ သော သတ္တဝါတို့အား အစဥ်သနားခြင်း ရှိသည် ဖြစ်၍ အိပ်၏ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.13 2. Rule A Splinter So I have heard. At one time the Buddha was staying near Rājagaha in the Maddakucchi deer park. Now at that time the Buddha’s foot had been cut by a wooden splinter. The Buddha was stricken by harrowing pains; physical feelings that were painful, sharp, severe, acute, unpleasant, and disagreeable. But he endured unbothered, with mindfulness and situational awareness. And then he spread out his outer robe folded in four and laid down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware. Then Māra the Wicked went up to the Buddha and addressed him in verse: “Are you feeble that you lie down? <j>Or are you drunk on poetry? Are your goals not amply satisfied? Alone in a secluded lodging, why this sleeping, sleepyhead?” “I’m not feeble that I lie down, <j>nor am I drunk on poetry. Having reached the goal, I’m rid of sorrow. Alone in a secluded lodging, I lie down full of sympathy for all living creatures. Even those with a dart stuck in the breast, piercing the heart moment by moment, are able to get some sleep. So why not I, whose dart is drawn out? I don’t lie awake tense, nor do I fear to sleep. The days and nights don’t disturb me, as I see no decline for myself in the world. That’s why I lie down full of sympathy for all living creatures.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၄။ ပတိရူပသုတ္တံ
၁၅၀။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ ဧကသာလာယံ ဗြာဟ္မဏဂါမေ။ တေန ခေါ ပန သမယေန ဘဂဝါ မဟတိယာ ဂိဟိပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။
အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော မဟတိယာ ဂိဟိပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။ ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ ဝိစက္ခုကမ္မာယာ’’တိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘နေတံ တဝ ပတိရူပံ, ယဒညမနုသာသသိ၊
အနုရောဓဝိရောဓေသု, မာ သဇ္ဇိတ္ထော တဒါစရ’’န္တိ။
‘‘ဟိတာနုကမ္ပီ သမ္ဗုဒ္ဓေါ, ယဒညမနုသာသတိ၊
အနုရောဓဝိရောဓေဟိ, ဝိပ္ပမုတ္တော တထာဂတော’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၄-ပတိရူပသုတ် ၁၅၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း ပုဏ္ဏားရွာ ဇရပ်တစ်ဆောင်၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် လူပရိသတ်များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် လူပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် (လူပရိသတ်တို့၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဥ်းကပ်ရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ ယုတ်မာသော မာနတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “သင်သည် သူတစ်ပါးအား ဆိုဆုံးမဘိ၏၊ သူတစ်ပါးအား ဆိုဆုံးမခြင်းသည် သင့်အား မလျောက်ပတ်၊ ထိုတရားဟောမှုကို ပြုကျင့်သော သင်သည် လိုက်လျောခြင်း ‘ရာဂ’ ဆန့်ကျင်ခြင်း ‘ဒေါသ’တို့၌ မကပ်ငြိစေလင့်”ဟု (ရွတ်ဆို၏)။ မြတ်စွာဘုရားသည် ဝေနေယျတို့၏ အစီးအပွားကို လိုလားသည်ဖြစ်၍ သူတစ် ပါးတို့အား ဆုံးမတော်မူ၏၊ မြတ်စွာဘုရားသည် လိုက်လျောခြင်း ‘ရာဂ’ ဆန့်ကျင်ခြင်း ‘ဒေါသ’တို့မှ လွတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.14 2. Rule Appropriate At one time the Buddha was staying in the land of the Kosalans near the brahmin village of Ekasālā. Now, at that time the Buddha was teaching Dhamma, surrounded by a large assembly of laypeople. Then Māra thought, “The ascetic Gotama is teaching Dhamma, surrounded by a large assembly of laypeople. Why don’t I go and pull the wool over their eyes?” Then Māra the Wicked went up to the Buddha and addressed him in verse: “It’s not appropriate for you to instruct others. As you engage in this, don’t get caught up in favoring and opposing.” “The Buddha instructs others out of compassion for their welfare. The Realized One is liberated from favoring and opposing.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၅။ မာနသသုတ္တံ
၁၅၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘အန္တလိက္ခစရော ပါသော, ယွာယံ စရတိ မာနသော၊
တေန တံ ဗာဓယိဿာမိ, န မေ သမဏ မောက္ခသီ’’တိ။
‘‘ရူပါ သဒ္ဒါ ရသာ ဂန္ဓာ, ဖောဋ္ဌဗ္ဗာ စ မနောရမာ၊
ဧတ္ထ မေ ဝိဂတော ဆန္ဒော, နိဟတော တွမသိ အန္တကာ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၅-မာနသသုတ် ၁၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “စိတ်နှင့် ယှဥ်သော အကြင်ရာဂတည်းဟူသော ကျော့ကွင်းသည် ကောင်းကင်၌ သွားသူကိုလည်း ဖွဲ့လျက် လှည့်လည်၏၊ ထိုကျော့ကွင်းဖြင့် သင့်ကို ဖမ်းအံ့၊ ရဟန်း သင်သည် ငါ၏ (ကျော့ကွင်းမှ) လွတ်လိမ့်မည် မဟုတ်”ဟု (ရွတ်ဆို၏)။ စိတ်ကို မွေ့လျော်စေတတ်ကုန်သော အဆင်း ‘ရူပါရုံ’တို့သည်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’တို့သည်လည်းကောင်း၊ အရသာ ‘ရသာရုံ’တို့သည်လည်းကောင်း၊ အနံ့ ‘ဂန္ဓာရုံ’တို့သည်လည်းကောင်း၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည်လည်းကောင်း ရှိကုန်၏။ ဤအာရုံငါးပါးတို့၌ ငါ့အား အလိုဆန္ဒသည် ကင်း၏၊ ဟယ်မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.15 2. Rule A Mental Snare So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Māra the Wicked went up to the Buddha and addressed him in verse: “There’s a mental snare wandering in midair. I’ll bind you with it— you won’t escape me, ascetic!” “Sights, sounds, tastes, smells, and touches so delightful: desire for these is gone from me. You’re beaten, terminator!” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၆။ ပတ္တသုတ္တံ
၁၅၂။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ ဥပါဒါယ ဘိက္ခူနံ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ [သမာဒါပေတိ (?)] သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ [အဋ္ဌိကတွာ (သီ။ သျာ။ ကံ။ ပီ။)] မနသိ ကတွာ သဗ္ဗစေတသာ [သဗ္ဗစေတသော (သီ။ သျာ။ ကံ။ ပီ။), သဗ္ဗံ စေတသာ (က။)] သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ ဥပါဒါယ ဘိက္ခူနံ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ ဝိစက္ခုကမ္မာယာ’’တိ။
တေန ခေါ ပန သမယေန သမ္ဗဟုလာ ပတ္တာ အဗ္ဘောကာသေ နိက္ခိတ္တာ ဟောန္တိ။ အထ ခေါ မာရော ပါပိမာ ဗလီဗဒ္ဒဝဏ္ဏံ အဘိနိမ္မိနိတွာ ယေန တေ ပတ္တာ တေနုပသင်္ကမိ။ အထ ခေါ အညတရော ဘိက္ခု အညတရံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ဘိက္ခု, ဘိက္ခု, ဧသော ဗလီဗဒ္ဒေါ ပတ္တေ ဘိန္ဒေယျာ’’တိ။ ဧဝံ ဝုတ္တေ ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘န သော, ဘိက္ခု, ဗလီဗဒ္ဒေါ။ မာရော ဧသော ပါပိမာ တုမှာကံ ဝိစက္ခုကမ္မာယ အာဂတော’’တိ။ အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ရူပံ ဝေဒယိတံ သညာ, ဝိညာဏံ ယဉ္စ သင်္ခတံ၊
နေသောဟမသ္မိ နေတံ မေ, ဧဝံ တတ္ထ ဝိရဇ္ဇတိ။
‘‘ဧဝံ ဝိရတ္တံ ခေမတ္တံ, သဗ္ဗသံယောဇနာတိဂံ၊
အနွေသံ သဗ္ဗဋ္ဌာနေသု, မာရသေနာပိ နာဇ္ဈဂါ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၆-ပတ္တသုတ် ၁၅၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အကျိုးရှိသည်ကို ပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်လျက် တရားနာကုန်၏။ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အကြောင်း ပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အကျိုးရှိသည်ကို ပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်လျက် တရားနာကုန်၏၊ ထိုငါသည် ရဟန်း (ပရိသတ်)၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဥ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ထိုအခါ များစွာကုန်သော သပိတ်တို့ကို လွင်တီးခေါင်၌ ထားကုန်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် နွားလားအသွင်ကို ဖန်ဆင်း၍ ထိုသပိတ်ရှိရာသို့ ချဥ်းကပ်လေ၏၊ ထိုအခါ ရဟန်းတစ်ပါး သည် ရဟန်းတစ်ပါးအား “ရဟန်း ဤနွားလားသည် သပိတ်တို့ကို ခွဲရာ၏”ဟု ဆိုသည်ရှိသော် မြတ်စွာဘုရားသည် ထိုရဟန်းအား ဤစကားကို မိန့်တော်မူ၏- “ရဟန်း ထိုသည်ကား နွားလား မဟုတ်၊ ထို နွားသည် ယုတ်မာသော မာရ်နတ်တည်း၊ သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏”ဟု မိန့်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူသည် ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် မိန့်ဆိုတော်မူ၏- အကြင် ရူပက္ခန္ဓာသည်လည်းကောင်း၊ အကြင် ဝေဒနာက္ခန္ဓာသည်လည်းကောင်း၊ အကြင် သညာက္ခန္ဓာသည်လည်းကောင်း၊ အကြင် ဝိညာဏက္ခန္ဓာသည်လည်းကောင်း၊ အကြင် သင်္ခါရက္ခန္ဓာသည်လည်းကောင်း ရှိ၏။ ဤခန္ဓာငါးပါးသည် ငါ မဟုတ်၊ ဤ ခန္ဓာငါးပါးသည် ငါ၏ ဥစ္စာ မဟုတ်ဟု ရှုသည် ဖြစ်၍ ထိုခန္ဓာငါးပါး၌ တပ်ခြင်း ကင်း၏။ ဤသို့ တပ်ခြင်းကင်းသည်ဖြစ်၍ အလုံးစုံသော သံယောဇဥ်ကို လွန်သည်ဖြစ်၍ ဘေးမရှိသော အတ္တဘောကို အလုံးစုံသော အရပ်တို့၌ ရှာသော်လည်း မာရ်စစ်သည် သည် မမြင်နိုင်”ဟု မိန့်တော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.16 2. Rule The Alms Bowls At Sāvatthī. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk on the topic of the five grasping aggregates. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then Māra thought, “This ascetic Gotama is educating, encouraging, firing up, and inspiring the mendicants with a Dhamma talk on the topic of the five grasping aggregates. And the mendicants are paying attention, applying the mind, concentrating wholeheartedly, and actively listening. Why don’t I go and pull the wool over their eyes?” At that time several alms bowls were placed in the open air. Then Māra the Wicked manifested in the form of an ox and approached those bowls. One of the mendicants said to another, “Mendicant, mendicant, that ox will break the bowls.” When this was said, the Buddha said to that mendicant, “Mendicant, that’s no ox. That’s Māra the Wicked come to pull the wool over your eyes!” Then the Buddha, knowing that this was Māra the Wicked, addressed him in verse: “Form, what is felt, and perception, consciousness, and what is chosen: ‘I am not this’ and ‘this is not mine’; that’s how they become free of desire for them. When you’re detached, secure, all fetters transcended, though Māra and his army chase everywhere they never find you.” Then Māra … vanished right there.
၇။ ဆဖဿာယတနသုတ္တံ
၁၅၃။ ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ တေန ခေါ ပန သမယေန ဘဂဝါ ဆန္နံ ဖဿာယတနာနံ ဥပါဒါယ ဘိက္ခူနံ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော ဆန္နံ ဖဿာယတနာနံ ဥပါဒါယ ဘိက္ခူနံ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သပ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ ဝိစက္ခုကမ္မာယာ’’တိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော အဝိဒူရေ မဟန္တံ ဘယဘေရဝံ သဒ္ဒမကာသိ, အပိဿုဒံ ပထဝီ မညေ ဥန္ဒြီယတိ [ဥဒြီယတိ (သီ။ သျာ။ ကံ။ ပီ) ဥ + ဒရ + ယ + တိ = ဥဒြီယတိ]။ အထ ခေါ အညတရော ဘိက္ခု အညတရံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ဘိက္ခု, ဘိက္ခု, ဧသာ ပထဝီ မညေ ဥန္ဒြီယတီ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘နေသာ ဘိက္ခု ပထဝီ ဥန္ဒြီယတိ။ မာရော ဧသော ပါပိမာ တုမှာကံ ဝိစက္ခုကမ္မာယ အာဂတော’’တိ။ အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ရူပါ သဒ္ဒါ ရသာ ဂန္ဓာ, ဖဿာ ဓမ္မာ စ ကေဝလာ၊
ဧတံ လောကာမိသံ ဃောရံ, ဧတ္ထ လောကော ဝိမုစ္ဆိတော။
‘‘ဧတဉ္စ သမတိက္ကမ္မ, သတော ဗုဒ္ဓဿ သာဝကော၊
မာရဓေယျံ အတိက္ကမ္မ, အာဒိစ္စောဝ ဝိရောစတီ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၇-ဆဖဿာယတနသုတ် ၁၅၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီိပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တွေ့ထိမှုခြောက်ပါးတို့၏ စုဝေးရာ ‘ဖဿာယတန’တို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်ကုန်လျက် တရားနာကုန်၏။ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် တွေ့ထိမှုခြောက်ပါးတို့၏ စုဝေးရာ ‘ဖဿာယတန’တို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်ကုန်လျက် တရားနာကုန်၏၊ ငါသည် (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမ ထံသို့ ချဥ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ မနီးမဝေး၌ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီးကို ပြု၏။ ထိုအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား “ရဟန်း ရဟန်း ဤမြေ ပြိုသကဲ့သို့ ထင်ရ၏”ဟု ဆို၏၊ ဤသို့ ဆိုသော် မြတ်စွာဘုရားသည် ထိုရဟန်းအား ဤစကားကို မိန့်တော်မူ၏- “ရဟန်း ဤ သည်ကား မြေပြိုသည် မဟုတ်၊ ဤသည်ကား ယုတ်မာသော မာရ်နတ်သည် သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏”ဟု ဆို၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆိုတော်မူ၏- “အလုံးစုံကုန်သော အဆင်း ‘ရူပါရုံ’တို့သည်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’တို့သည်လည်းကောင်း၊ အနံ့ ‘ဂန္ဓာရုံ’တို့သည်လည်းကောင်း၊ အရသာ ‘ရသာရုံ’တို့သည်လည်းကောင်း၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည်လည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့သည်လည်းကောင်း ရှိကုန်၏။ ဤအာရုံခြောက်ပါးသည် လောက၏ သုံးဆောင်ဖွယ် ‘အာမိသ’ မည်၏၊ ကြမ်းတမ်းလှ၏၊ ဤအာရုံခြောက်ပါးတို့၌ လူအပေါင်းသည် နစ်မြုပ်၏။ သတိနှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သည် ဤအာရုံခြောက်ပါးကိုလည်းကောင်းစွာ လွန်မြောက်၍ မာရ်၏ တည်ရာ (တေဘူမိကဝဋ်) ကို လွန်လျက် နေမင်း ကဲ့သို့ တင့်တယ်၏”ဟု မိန့်ဆိုတော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.17 2. Rule The Six Fields of Contact At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk on the topic of the six fields of contact. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then Māra thought, “This ascetic Gotama is educating, encouraging, firing up, and inspiring the mendicants with a Dhamma talk on the topic of the six fields of contact. And those mendicants are paying attention, applying the mind, concentrating wholeheartedly, and actively listening. Why don’t I go and pull the wool over their eyes?” Then Māra the Wicked went up to the Buddha and made a terrifyingly loud noise close by him. It seemed as if the earth were shattering, so that one of the mendicants said to another, “Mendicant, mendicant, it seems like the earth is shattering!” When this was said, the Buddha said to that mendicant, “Mendicant, that’s not the earth shattering. That’s Māra the Wicked come to pull the wool over your eyes!” Then the Buddha, knowing that this was Māra the Wicked, addressed him in verse: “Sights, sounds, tastes, smells, touches, and ideas, the lot of them— this is the terrible bait that the world’s infatuated by. But a mindful disciple of the Buddha has transcended all that. Having slipped free of Māra’s dominion, they dazzle like the sun.” Then Māra … vanished right there.
၈။ ပိဏ္ဍသုတ္တံ
၁၅၄။ ဧကံ သမယံ ဘဂဝါ မဂဓေသု ဝိဟရတိ ပဉ္စသာလာယံ ဗြာဟ္မဏဂါမေ။ တေန ခေါ ပန သမယေန ပဉ္စသာလာယံ ဗြာဟ္မဏဂါမေ ကုမာရိကာနံ ပါဟုနကာနိ ဘဝန္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ပဉ္စသာလံ ဗြာဟ္မဏဂါမံ ပိဏ္ဍာယ ပါဝိသိ။ တေန ခေါ ပန သမယေန ပဉ္စသာလေယျကာ ဗြာဟ္မဏဂဟပတိကာ မာရေန ပါပိမတာ အနွာဝိဋ္ဌာ ဘဝန္တိ – မာ သမဏော ဂေါတမော ပိဏ္ဍမလတ္ထာတိ။
အထ ခေါ ဘဂဝါ ယထာဓောတေန ပတ္တေန ပဉ္စသာလံ ဗြာဟ္မဏဂါမံ ပိဏ္ဍာယ ပါဝိသိ တထာဓောတေန [ယထာဓောတေန (?)] ပတ္တေန ပဋိက္ကမိ။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အပိ တွံ, သမဏ, ပိဏ္ဍမလတ္ထာ’’တိ? ‘‘တထာ နု တွံ, ပါပိမ, အကာသိ ယထာဟံ ပိဏ္ဍံ န လဘေယျ’’န္တိ။ ‘‘တေန ဟိ, ဘန္တေ, ဘဂဝါ ဒုတိယမ္ပိ ပဉ္စသာလံ ဗြာဟ္မဏဂါမံ ပိဏ္ဍာယ ပဝိသတု။ တထာဟံ ကရိဿာမိ ယထာ ဘဂဝါ ပိဏ္ဍံ လစ္ဆတီ’’တိ။
‘‘အပုညံ ပသဝိ မာရော, အာသဇ္ဇ နံ တထာဂတံ၊
ကိံ နု မညသိ ပါပိမ, န မေ ပါပံ ဝိပစ္စတိ။
‘‘သုသုခံ ဝတ ဇီဝါမ, ယေသံ နော နတ္ထိ ကိဉ္စနံ၊
ပီတိဘက္ခာ ဘဝိဿာမ, ဒေဝါ အာဘဿရာ ယထာ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၈-ပိဏ္ဍသုတ် ၁၅၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း ပဉ္စသာလာမည်သောပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဉ္စသာလာမည်သော ပုဏ္ဏားရွာ၌ သတို့သမီးတို့၏ လက်ဆောင်ပေးပွဲတို့သည် ဖြစ် ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူ ပြီးလျှင် ပဉ္စသာလာမည်သော ပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ “ရဟန်းဂေါတမ ဆွမ်း မရစေ လင့်”ဟု ပဉ္စသာလာမည်သော ပုဏ္ဏားရွာ၌ နေကုန်သော ပုဏ္ဏားနှင့် အမျိုးသားတို့ကို့ယုတ်မာသော မာရ်နတ်သည် ပူးဝင်၏။ ထိုအခါ မြတ်စွာဘုရားသည် ဆေးပြီးသော သပိတ်ဖြင့် ပဉ္စသာလာပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူ၍ ယင်းဆေးပြီးတိုင်းသော သပိတ်ဖြင့်ပင် ပြန်ကြွတော်မူခဲ့ရ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား “ရဟန်း သင်သည် ဆွမ်းရပါ၏လော”ဟု ဤစကားကို ဆို၏၊ မာရ်နတ်ယုတ် ငါ ဆွမ်း မရနိုင်ရာသော အခြင်းအရာဖြင့် သင် ပြုသည် မဟုတ်လောဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား သို့ဖြစ်လျှင် မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း ပဉ္စသာလာပုဏ္ဏားရွာသို့ ဆွမ်းခံဝင် တော်မူလော့၊ မြတ်စွာဘုရားသည် ဆွမ်းကို ရလတ္တံ့သောအခြင်းအရာဖြင့် အကျွန်ုပ် ပြုအံ့ဟု (လျှောက်၏)။ “မာရ်နတ်သည် မြတ်စွာဘုရားကို ထိပါးချုပ်ချယ်၍ မကောင်းမှုကို ပွားစေ၏၊ မာရ်နတ်ယုတ် အသို့နည်း ‘ငါ့အား မကောင်းမှုသည် အကျိုးမပေး’ဟု (သင်) ထင်မှတ်လေသလော။ အကြင်ငါတို့အား ရာဂစသော ကြောင့်ကြခြင်း မရှိသည်သာလျှင်တည်း၊ ထိုငါတို့ သည် စင်စစ် ချမ်းသာစွာ အသက်ရှင်ကုန်၏၊ အာဘဿရာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့ကဲ့သို့ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်သည် ဖြစ်ကုန်အံ့”ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.18 2. Rule Alms Food At one time the Buddha was staying in the land of the Magadhans near the brahmin village of Pañcasālā. Now at that time in Pañcasālā the young maidens were occupied with guests. Then the Buddha robed up in the morning and, taking his bowl and robe, entered Pañcasālā for alms. Now at that time Māra had possessed the brahmins and householders of Pañcasālā, so that they thought, “Don’t let the ascetic Gotama get any alms!” Then the Buddha left the village with his bowl as clean-washed as it was when he entered for alms. Then Māra the Wicked went up to the Buddha and said to him, “Well, ascetic, did you get any alms?” “Wicked One, did you make sure I didn’t get any alms?” “Well then, sir, let the Buddha enter Pañcasālā a second time for alms. I’ll make sure you get alms.” “Māra has produced wickedness in attacking the Realized One. Wicked One, do you imagine that your wickedness won’t bear fruit? Let us live so very happily, we who have nothing. We shall feed on rapture, like the gods of sublime luminosity.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၉။ ကဿကသုတ္တံ
၁၅၅။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူနံ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။
အထ ခေါ မာရဿ ပါပိမတော ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော ဘိက္ခူနံ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ…ပေ… ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ ဝိစက္ခုကမ္မာယာ’’တိ။ အထ ခေါ မာရော ပါပိမာ ကဿကဝဏ္ဏံ အဘိနိမ္မိနိတွာ မဟန္တံ နင်္ဂလံ ခန္ဓေ ကရိတွာ ဒီဃပါစနယဋ္ဌိံ ဂဟေတွာ ဟဋဟဋကေသော သာဏသာဋိနိဝတ္ထော ကဒ္ဒမမက္ခိတေဟိ ပါဒေဟိ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အပိ, သမဏ, ဗလီဗဒ္ဒေ အဒ္ဒသာ’’တိ? ‘‘ကိံ ပန, ပါပိမ, တေ ဗလီဗဒ္ဒေဟီ’’တိ? ‘‘မမေဝ, သမဏ, စက္ခု, မမ ရူပါ, မမ စက္ခုသမ္ဖဿဝိညာဏာယတနံ။ ကုဟိံ မေ, သမဏ, ဂန္တွာ မောက္ခသိ? မမေဝ, သမဏ, သောတံ, မမ သဒ္ဒါ…ပေ… မမေဝ, သမဏ, ဃာနံ, မမ ဂန္ဓာ၊ မမေဝ, သမဏ, ဇိဝှါ, မမ ရသာ၊ မမေဝ, သမဏ, ကာယော, မမ ဖောဋ္ဌဗ္ဗာ၊ မမေဝ, သမဏ, မနော, မမ ဓမ္မာ, မမ မနောသမ္ဖဿဝိညာဏာယတနံ။ ကုဟိံ မေ, သမဏ, ဂန္တွာ မောက္ခသီ’’တိ?
‘‘တဝေဝ, ပါပိမ, စက္ခု, တဝ ရူပါ, တဝ စက္ခုသမ္ဖဿဝိညာဏာယတနံ။ ယတ္ထ စ ခေါ, ပါပိမ, နတ္ထိ စက္ခု, နတ္ထိ ရူပါ, နတ္ထိ စက္ခုသမ္ဖဿဝိညာဏာယတနံ, အဂတိ တဝ တတ္ထ, ပါပိမ။ တဝေဝ, ပါပိမ, သောတံ, တဝ သဒ္ဒါ, တဝ သောတသမ္ဖဿဝိညာဏာယတနံ။ ယတ္ထ စ ခေါ, ပါပိမ, နတ္ထိ သောတံ, နတ္ထိ သဒ္ဒါ, နတ္ထိ သောတသမ္ဖဿဝိညာဏာယတနံ, အဂတိ တဝ တတ္ထ, ပါပိမ။ တဝေဝ, ပါပိမ, ဃာနံ, တဝ ဂန္ဓာ, တဝ ဃာနသမ္ဖဿဝိညာဏာယတနံ။ ယတ္ထ စ ခေါ, ပါပိမ, နတ္ထိ ဃာနံ, နတ္ထိ ဂန္ဓာ, နတ္ထိ ဃာနသမ္ဖဿဝိညာဏာယတနံ, အဂတိ တဝ တတ္ထ, ပါပိမ။ တဝေဝ, ပါပိမ, ဇိဝှါ, တဝ ရသာ, တဝ ဇိဝှါသမ္ဖဿဝိညာဏာယတနံ…ပေ… တဝေဝ, ပါပိမ, ကာယော, တဝ ဖောဋ္ဌဗ္ဗာ, တဝ ကာယသမ္ဖဿဝိညာဏာယတနံ…ပေ… တဝေဝ, ပါပိမ, မနော, တဝ ဓမ္မာ, တဝ မနောသမ္ဖဿဝိညာဏာယတနံ။ ယတ္ထ စ ခေါ, ပါပိမ, နတ္ထိ မနော, နတ္ထိ ဓမ္မာ, နတ္ထိ မနောသမ္ဖဿဝိညာဏာယတနံ, အဂတိ တဝ တတ္ထ, ပါပိမာ’’တိ။
‘‘ယံ ဝဒန္တိ မမ ယိဒန္တိ, ယေ ဝဒန္တိ မမန္တိ စ၊
ဧတ္ထ စေ တေ မနော အတ္ထိ, န မေ သမဏ မောက္ခသီ’’တိ။
‘‘ယံ ဝဒန္တိ န တံ မယှံ, ယေ ဝဒန္တိ န တေ အဟံ၊
ဧဝံ ပါပိမ ဇာနာဟိ, န မေ မဂ္ဂမ္ပိ ဒက္ခသီ’’တိ။
အထ ခေါ မာရော ပါပိမာ…ပေ… တတ္ထေဝန္တရဓာယီတိ။
၉-ကဿကသုတ် ၁၅၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရား စကားဖြင့် ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက် ကုန်လျက် တရားနာကုန်၏။ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့်။ပ။ ငါသည် ရဟန်း (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဥ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် လယ်သမားအသွင် ဖန်ဆင်း၍ ကြီးစွာသော ထွန်တုံးကို ပခုံး၌ ထမ်းလျက် နှင်တံရှည်ကို ကိုင်ကာ ဖရိုဖရဲ ကျသော ဆံပင် ရှိသည် ဖြစ်၍ ပိုက်ဆံလျှော် ပုဆိုးကို ဝတ်လျက် ညွန်အလိမ်းလိမ်း ကပ်ကုန်သော ခြေတို့ဖြင့် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား “ရဟန်း နွားတို့ကို မြင်လိုက်ပါ၏လော”ဟု ဤစကားကို လျှောက်၏၊ မာရ်နတ်ယုတ် သင့်အား နွားတို့ဖြင့် အဘယ် အကျိုးရှိအံ့နည်းဟု မိန့်တော်မူ၏။ ရဟန်း ငါ့အားသာလျှင် မျက်စိသည် ရှိ၏၊ ငါ့အား ရူပါရုံတို့သည် ရှိကုန်၏၊ ငါ့အား မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာ ‘စက္ခုသမ္ဖဿဝိညာဏာယတန’သည် ရှိ၏၊ ရဟန်း သင်သည် အဘယ်အရပ်သို့ သွား၍ ငါ၏ နယ်ပယ်မှ လွတ်အံ့နည်း။ ရဟန်း ငါ့အားသာလျှင် နားသည် ရှိ၏၊ ငါ့အား သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ရဟန်း ငါ့အားသာလျှင် နှာခေါင်းသည် ရှိ၏၊ ငါ့အား ဂန္ဓာရုံတို့သည် ရှိကုန်၏၊ ရဟန်း ငါ့အားသာလျှင် လျှာသည် ရှိ၏၊ ငါ့အား ရသာရုံတို့သည် ရှိကုန်၏။ ရဟန်း ငါ့အား သာလျှင် ကိုယ်သည် ရှိ၏၊ ငါ့အား ဖောဋ္ဌဗ္ဗာရုံတို့သည် ရှိကုန်၏၊ ရဟန်း ငါ့အားသာလျှင် စိတ်သည် ရှိ၏၊ ငါ့အား ဓမ္မာရုံတို့သည် ရှိကုန်၏၊ ငါ့အား စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာ ‘မနောသမ္ဖဿဝိညာဏာယတန’ သည် ရှိ၏၊ ရဟန်း သင်သည် အဘယ်အရပ်သို့ သွား၍ ငါ၏ (နယ်ပယ်မှ) လွတ်အံ့နည်းဟု (လျှောက်၏)။ မာရ်နတ်ယုတ် မျက်စိသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ရူပါရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ မျက်စိသည် မရှိ၊ ရူပါရုံတို့သည် မရှိကုန်၊ မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် နားသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ သဒ္ဒါရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါ စေကုန်၊ နားဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ နားသည် မရှိ၊ သဒ္ဒါရုံတို့သည် မရှိကုန်၊ နားဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် နှာခေါင်းသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဂန္ဓာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ နှာခေါင်းဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါ စေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ နှာခေါင်းသည် မရှိ၊ ဂန္ဓာရုံတို့သည် မရှိကုန်၊ နှာခေါင်းဖြင့် တွေ့ထိ အပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် လျှာသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ရသာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ လျှာဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ပ။ မာရ်နတ်ယုတ် ကိုယ်သည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ ကိုယ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ပ။ မာရ်နတ်ယုတ် စိတ်သည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဓမ္မာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ မာရ်နတ်ယုတ် အကြင်အရပ်၌ စိတ်သည် မရှိ၊ ဓမ္မာရုံတို့သည် မရှိကုန်၊ စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိဟု မိန့်တော်မူ၏။ ရဟန်း အကြင်ပုဂ္ဂိုလ်တို့သည် အကြင်ဥစ္စာကို ‘ဤဥစ္စာသည် ငါ၏ ဥစ္စာတည်း’ဟု ဆိုကုန်၏၊ ‘ငါ၏ သိမ်းဆည်းသော ဥစ္စာတည်း’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ဤ ပြောဆိုသော အရာတို့၌ သင်၏ စိတ်သည် အကယ်၍ ရှိသည် ဖြစ်အံ့၊ သင်သည် ငါ၏ (နယ်ပယ်မှ) လွတ်လိမ့်မည် မဟုတ်ဟု (လျှောက်၏)။ မာရ်နတ်ယုတ် အကြင်သူတို့သည် အကြင်ရွှေငွေစသော ဥစ္စာကို ‘ငါ၏ ဥစ္စာ’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ထိုဥစ္စာမျိုးသည် ငါ့အား မရှိ။ အကြင်သူတို့သည် ဤသို့ ပြောဆိုကုန်၏၊ ထိုသို့ ပြောဆိုသူတို့သည် ငါ မဟုတ်။ ငါ၏ သွားရာ ခရီးကိုလည်း သင် မမြင်နိုင်၊ မာရ်နတ်ယုတ် ဤသို့ သိလော့ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.19 2. Rule A Farmer At Sāvatthī. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then Māra thought, “The ascetic Gotama is giving a Dhamma talk about extinguishment … and the mendicants are listening well. Why don’t I go and pull the wool over their eyes?” Then Māra the Wicked manifested in the form of a farmer carrying a large plough on his shoulder. He held a long goad, his hair was messy, he was clad in sunn hemp, and his feet were muddy. He went up to the Buddha and said to him, “So, ascetic, did you happen to see any oxen?” “But what have you to do with oxen, Wicked One?” “Mine alone, ascetic, is the eye, mine are sights, mine is the field of eye contact consciousness. Where can you escape me, ascetic? Mine alone is the ear … nose … tongue … body … mind, mine are ideas, mine is the field of mind contact consciousness. Where can you escape me, ascetic?” “Yours alone, Wicked One, is the eye, yours are sights, yours is the field of eye contact consciousness. Where there is no eye, no sights, no eye contact consciousness—you have no place there, Wicked One! Yours alone is the ear … nose … tongue … body … mind, yours are ideas, yours is the field of mind contact consciousness. Where there is no mind, no ideas, no mind contact consciousness—you have no place there, Wicked One!” “The things they call ‘mine’, and those who say ‘it’s mine’: if your mind remains there, you won’t escape me, ascetic!” “The things they speak of aren’t mine; I’m not someone who speaks like that. So know this, Wicked One: you won’t even see the path I take.” Then Māra … vanished right there.
၁၀။ ရဇ္ဇသုတ္တံ
၁၅၆။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ ဟိမဝန္တပဒေသေ [ဟိမဝန္တပဿေ (သီ။)] အရညကုဋိကာယံ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘သက္ကာ နု ခေါ ရဇ္ဇံ ကာရေတုံ အဟနံ အဃာတယံ အဇိနံ အဇာပယံ အသောစံ အသောစာပယံ ဓမ္မေနာ’’တိ?
အထ ခေါ မာရော ပါပိမာ ဘဂဝတော စေတသာ စေတောပရိဝိတက္ကမညာယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကာရေတု, ဘန္တေ, ဘဂဝါ ရဇ္ဇံ, ကာရေတု, သုဂတော, ရဇ္ဇံ အဟနံ အဃာတယံ အဇိနံ အဇာပယံ အသောစံ အသောစာပယံ ဓမ္မေနာ’’တိ။ ‘‘ကိံ ပန မေ တွံ, ပါပိမ, ပဿသိ ယံ မံ တွံ ဧဝံ ဝဒေသိ – ‘ကာရေတု, ဘန္တေ, ဘဂဝါ ရဇ္ဇံ, ကာရေတု သုဂတော, ရဇ္ဇံ အဟနံ အဃာတယံ အဇိနံ အဇာပယံ အသောစံ အသောစာပယံ ဓမ္မေနာ’’’တိ? ‘‘ဘဂဝတာ ခေါ, ဘန္တေ, စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ယာနီကတာ ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အာကင်္ခမာနော စ, ဘန္တေ, ဘဂဝါ ဟိမဝန္တံ ပဗ္ဗတရာဇံ သုဝဏ္ဏံ တွေဝ အဓိမုစ္စေယျ သုဝဏ္ဏဉ္စ ပနဿာ’’တိ [သုဝဏ္ဏပဗ္ဗတဿာတိ (သီ။ သျာ။ ကံ။), သုဝဏ္ဏဉ္စ ပဗ္ဗတဿာတိ (ပီ။)]။
‘‘ပဗ္ဗတဿ သုဝဏ္ဏဿ, ဇာတရူပဿ ကေဝလော၊
ဒွိတ္တာဝ နာလမေကဿ, ဣတိ ဝိဒွါ သမဉ္စရေ။
‘‘ယော ဒုက္ခမဒ္ဒက္ခိ ယတောနိဒါနံ,
ကာမေသု သော ဇန္တု ကထံ နမေယျ၊
ဥပဓိံ ဝိဒိတွာ သင်္ဂေါတိ လောကေ,
တဿေဝ ဇန္တု ဝိနယာယ သိက္ခေ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဘဂဝါ, ဇာနာတိ မံ သုဂတော’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
ဒုတိယော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
ပါသာဏော သီဟော သကလိကံ [သက္ခလိကံ (က။)], ပတိရူပဉ္စ မာနသံ၊
ပတ္တံ အာယတနံ ပိဏ္ဍံ, ကဿကံ ရဇ္ဇေန တေ ဒသာတိ။
၁၀-ရဇ္ဇသုတ် ၁၅၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဟိမဝန္တာအရပ် တောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား “ကိုယ်တိုင်လည်း မသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြုရန် တတ်နိုင်အံ့လော”ဟု ဤသို့သော စိတ်အကြံ ဖြစ်၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ၏ စိတ်ဖြင့် သိ၍ မြတ်စွာဘုရားအား ချဥ်းကပ်လျက် မြတ်စွာဘုရားအား- “အသျှင်ဘုရား မြတ်စွာဘုရားသည် ကိုယ်တိုင်လည့်းမသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါး ကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြု တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် မင်းပြုတော်မူပါလော့”ဟု ဆို၏၊ မာရ်နတ်ယုတ် သင်သည် ငါ့ကို “အသျှင်ဘုရား မြတ်စွာဘုရားသည် ကိုယ်တိုင်လည်း မသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြုတော်မူပါ လော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် မင်းပြုတော်မူပါလော့”ဟူသော ယင်းစကားကို ဆို၏၊ သင်သည် ငါ့အား အဘယ်ကို မြင်၍ ဆိုသနည်းဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများအပ်ကုန်၏၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်၏၊ ယာဥ်ကဲ့သို့ ပြုအပ်ကုန်၏၊ တည်ရာကဲ့သို့ ပြုအပ်ကုန်၏၊ အစဥ်တည်ကုန်၏၊ ဆည်းပူးအပ်ကုန်၏၊ ကောင်းစွာ အား ထုတ်အပ်ကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အလိုရှိတော်မူလတ်သော် ဟိမဝန္တာတောင်မင်းကို ရွှေဟု နှလုံးသွင်းလျှင် ရွှေဖြစ်ရာ၏၊ ဤသို့ မြင်ပါ၏ဟု လျှောက်၏။ တောင်တစ်တောင်လုံးသည် ကောင်းသော အဆင်းရှိသော ရွှေတောင် ဖြစ်နိုင်ရာ၏။ (တစ်ခုသော တောင်ကား ရှိစေဦးတော့) နှစ်ဆကြီးသော ရွှေတောင်ကြီးသော်လည်း တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်အား (အလိုပြည့်အောင်) မစွမ်းနိုင်ရာဟု သိ၍ လျော်စွာ ကျင့်ရာ၏။ အကြင်သတ္တဝါသည် အကြင် (ကာမဂုဏ်) အကြောင်းကြောင့် ဆင်းရဲကို မြင်၏၊ ထိုသတ္တဝါသည် ကာမဂုဏ်တို့၌ အဘယ့်ကြောင့် ညွတ်ရအံ့နည်း၊ လောက၌ ဥပဓိကို ငြိတွယ်တတ်သော တရားဟု သိ၍ ထိုဥပဓိကို ပယ်ဖျောက်ခြင်းငှါသာလျှင် ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ဒုတိယဝဂ်ပြီး၏။
Linked Discourses 4.20 2. Rule Ruling At one time the Buddha was staying in the land of the Kosalans, in a wilderness hut on the slopes of the Himalayas. Then as he was in private retreat this thought came to his mind, “I wonder if it’s possible to rule legitimately, without killing or having someone kill for you; without conquering or having someone conquer for you; without sorrowing or causing sorrow?” And then Māra the Wicked, knowing the Buddha’s train of thought, went up to him and said, “Rule, Blessed One! Rule, Holy One! Rule legitimately, without killing or having someone kill for you; without conquering or having someone conquer for you; without sorrowing or causing sorrow!” “But what do you see, Wicked One, that you say this to me?” “The Blessed One, sir, has developed and cultivated the four bases for psychic power, made them a vehicle and a basis, kept them up, consolidated them, and properly implemented them. If he wished, the Blessed One need only determine that the Himalaya, king of mountains, was gold, and it would turn into gold.” “Take a golden mountain, entirely of native gold, and double it— it’s still not enough for one! Knowing this, live a moral life. When a personage has seen where suffering comes from how could they incline toward sensual pleasures? Realizing that attachment is a chain in the world, a personage would train to remove it.” Then Māra the Wicked, thinking, “The Buddha knows me! The Holy One knows me!” miserable and sad, vanished right there.
၃။ တတိယဝဂ္ဂေါ
၁။ သမ္ဗဟုလသုတ္တံ
၁၅၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ သိလာဝတိယံ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ ဘဂဝတော အဝိဒူရေ အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရန္တိ။ အထ ခေါ မာရော ပါပိမာ ဗြာဟ္မဏဝဏ္ဏံ အဘိနိမ္မိနိတွာ မဟန္တေန ဇဋဏ္ဍုဝေန အဇိနက္ခိပနိဝတ္ထော ဇိဏ္ဏော ဂေါပါနသိဝင်္ကော ဃုရုဃုရုပဿာသီ ဥဒုမ္ဗရဒဏ္ဍံ ဂဟေတွာ ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဧတဒဝေါစ – ‘‘ဒဟရာ ဘဝန္တော ပဗ္ဗဇိတာ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိက္ကီဠိတာဝိနော ကာမေသု။ ဘုဉ္ဇန္တု ဘဝန္တော မာနုသကေ ကာမေ။ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထာ’’တိ။ ‘‘န ခေါ မယံ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝါမ။ ကာလိကဉ္စ ခေါ မယံ, ဗြာဟ္မဏ, ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ။ ကာလိကာ ဟိ, ဗြာဟ္မဏ, ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ သန္ဒိဋ္ဌိကော အယံ ဓမ္မော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ။ ဧဝံ ဝုတ္တေ, မာရော ပါပိမာ သီသံ ဩကမ္ပေတွာ ဇိဝှံ နိလ္လာလေတွာ တိဝိသာခံ နလာဋေ နလာဋိကံ ဝုဋ္ဌာပေတွာ ဒဏ္ဍမောလုဗ္ဘ ပက္ကာမိ။
အထ ခေါ တေ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ မယံ, ဘန္တေ, ဘဂဝတော အဝိဒူရေ အပ္ပမတ္တာ အာတာပိနော ပဟိတတ္တာ ဝိဟရာမ။ အထ ခေါ, ဘန္တေ, အညတရော ဗြာဟ္မဏော မဟန္တေန ဇဋဏ္ဍုဝေန အဇိနက္ခိပနိဝတ္ထော ဇိဏ္ဏော ဂေါပါနသိဝင်္ကော ဃုရုဃုရုပဿာသီ ဥဒုမ္ဗရဒဏ္ဍံ ဂဟေတွာ ယေန မယံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အမှေ ဧတဒဝေါစ – ‘ဒဟရာ ဘဝန္တော ပဗ္ဗဇိတာ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိက္ကီဠိတာဝိနော ကာမေသု။ ဘုဉ္ဇန္တု ဘဝန္တော မာနုသကေ ကာမေ။ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထာ’တိ။ ဧဝံ ဝုတ္တေ, မယံ, ဘန္တေ, တံ ဗြာဟ္မဏံ ဧတဒဝေါစုမှ – ‘န ခေါ မယံ, ဗြာဟ္မဏ, သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝါမ။ ကာလိကဉ္စ ခေါ မယံ, ဗြာဟ္မဏ, ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ။ ကာလိကာ ဟိ, ဗြာဟ္မဏ, ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ သန္ဒိဋ္ဌိကော အယံ ဓမ္မော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။ ဧဝံ ဝုတ္တေ, ဘန္တေ, သော ဗြာဟ္မဏော သီသံ ဩကမ္ပေတွာ ဇိဝှံ နိလ္လာလေတွာ တိဝိသာခံ နလာဋေ နလာဋိကံ ဝုဋ္ဌာပေတွာ ဒဏ္ဍမောလုဗ္ဘ ပက္ကန္တော’’တိ။
‘‘နေသော, ဘိက္ခဝေ, ဗြာဟ္မဏော။ မာရော ဧသော ပါပိမာ တုမှာကံ ဝိစက္ခုကမ္မာယ အာဂတော’’တိ။ အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –
‘‘ယော ဒုက္ခမဒ္ဒက္ခိ ယတောနိဒါနံ,
ကာမေသု သော ဇန္တု ကထံ နမေယျ၊
ဥပဓိံ ဝိဒိတွာ သင်္ဂေါတိ လောကေ,
တဿေဝ ဇန္တု ဝိနယာယ သိက္ခေ’’တိ။
၃-တတိယဝဂ် ၁-သမ္ဗဟုလသုတ် ၁၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကျောက်တံတိုင်းအကာအရံရှိသော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ မနီးမဝေး၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ် သော စိတ်ရှိကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ပုဏ္ဏားအသွင်ကို ဖန်ဆင်းကာ ကြီးမားစွာ ဆံကျစ်ထုံးလျက် သစ်နက်ရေ ဝတ်ရုံပြီးလျှင် အိုမင်းရကား အိမ်အခြင်ကဲ့သို့ ကိုင်းသည်, ဃုရု ဃုရုဟု ရှူသော ဝင်သက်ရှိသည်ဖြစ်၍ ရေသဖန်းသားတောင်ဝှေးကို ကိုင်ပြီးလျှင် ထို ရဟန်းများထံသို့ ချဥ်းကပ်လျက် ထိုရဟန်းတို့အား ဤစကားကို ဆို၏- “အသျှင်တို့ သင်တို့ ရဟန်းပြု ကုန်သည်ကား ငယ်ကုန်သေး၏၊ ပျိုနုကုန်သေး၏၊ မည်းနက်သော ဆံပင်ရှိကုန်သေး၏၊ ပဌမအရွယ်အားဖြင့် အရွယ်ကောင်းနှင့် ပြည့်စုံကုန်သေး၏၊ ကာမဂုဏ်တို့၌ ကစားမြူးထူးလေ့ မပျောက်ကုန်သေး၊ အသျှင်တို့သည် လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားကြကုန်ဦးလော့၊ မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ မလိုက်ကြကုန်လင့်”ဟု ဆို၏။ ပုဏ္ဏား ငါတို့သည် မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို လိုက် ကြသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို စွန့်၍ မျက်မှောက်၌ (အရိယာမဂ်) အကျိုးသို့ လိုက်ကုန်၏။ မှန်၏၊ ပုဏ္ဏား နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်းရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤအရိယာမဂ်တရားသည်ကား ကိုယ်တိုင် မြင်နိုင်သော တရားဖြစ်၏၊ အခါ မလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု ဆိုသည် ရှိသော် ယုတ်မာသော မာရ်နတ်သည် ဦးခေါင်းကို ညိတ်၍ လျှာထုတ်လျက် နဖူး၌ အရေးသုံးကြောင်း ထစေပြီးလျှင် တောင်ဝှေးထောက်၍ ဖဲ သွား၏။ ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ - “အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန် သို့ စေလွှတ်သော စိတ်ရှိကုန်သည် ဖြစ်၍ နေပါကုန်၏၊ အသျှင်ဘုရား ထိုအခါ ပုဏ္ဏားတစ်ယောက်သည် ကြီးမားစွာ ဆံကျစ်ထုံးလျက် သစ်နက်ရေကို ဝတ်ရုံပြီးလျှင် အိုမင်းရကား အိမ်အခြင်ကဲ့သို့ ကိုင်းသည်, ဃုရု ဃုရုဟု ရှူသော ဝင်သက်ရှိသည်ဖြစ်၍ ရေသဖန်းသားတောင်ဝှေးကို ကိုင်ပြီးလျှင် အကျွန်ုပ်တို့ထံသို့ ချဥ်းကပ်လျက် အကျွန်ုပ်တို့အား ဤစကားကို ဆိုပါ၏၊ ‘အသျှင်တို့ သင်တို့ ရဟန်းပြုကုန်သည်ကား ငယ်ကုန်သေး၏၊ ပျိုနုကုန်သေး၏၊ မည်းနက်သောဆံပင် ရှိကုန်သေး၏၊ ပဌမအရွယ်အားဖြင့် အရွယ် ကောင်းနှင့် ပြည့်စုံကုန်သေး၏၊ ကာမဂုဏ်တို့၌ ကစားမြူးထူးလေ့ မပျောက်ကုန်သေး၊ အသျှင်တို့သည် လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားကြကုန်ဦးလော့၊ မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ မလိုက်ကြကုန်လင့်’ဟု ဆိုပါသည်။ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွုန်ုပ်တို့သည် ထိုပုဏ္ဏားအား ဤစကားကို ဆိုကြပါ ကုန်၏ - ‘ပုဏ္ဏား ငါတို့သည် မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ လိုက် ကြသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို စွန့်ကုန်၍ မျက်မှောက် ဖြစ်သော အရိယာမဂ်အကျိုးသို့ လိုက်ကုန်၏။ ပုဏ္ဏား မှန်၏၊ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်းရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (အရိယာမဂ်) တရားသည်ကား ကိုယ်တိုင် မြင်နိုင်သော တရား ဖြစ်၏၊ အခါမလင့် အကျိုးပေးတတ်၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိတို့ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်သည် ဖြစ်၏’ဟု ဆိုကြပါ ကုန်၏။ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုပုဏ္ဏားသည် ဦးခေါင်းကို ညိတ်၍ လျှာထုတ်လျက် နဖူး၌ အရေးသုံးကြောင်း ထစေပြီးလျှင် တောင်ဝှေးထောက်၍ ဖဲသွားပါသည်”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ဤသူသည်ကား ပုဏ္ဏား မဟုတ်၊ ဤသူကား ယုတ်မာသော မာရ်နတ်တည်း၊ သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏ဟု မိန့်တော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်အခါ၌ ဤဂါထာကို ရွတ်ဆိုတော်မူ၏- “အကြင်သတ္တဝါသည် အကြင် (ကာမဂုဏ်) ငါးပါး အကြောင်းကြောင့် ဆင်းရဲကို မြင်၏၊ ထိုသတ္တဝါသည် ကာမဂုဏ်တို့၌ အဘယ့်ကြောင့် ညွတ်ရအံ့နည်း၊ လောက၌ ဥပဓိကို ငြိတွယ်တတ်သော တရားဟု သိ၍ ထိုဥပဓိကို ပယ်ဖျောက်ခြင်းငှါသာလျှင် ကျင့်ရာ၏”ဟု (ရွတ်ဆိုတော်မူ၏)။
Linked Discourses 4.21 3. Māra Several So I have heard. At one time the Buddha was staying in the land of the Sakyans near Silāvatī. Now at that time several mendicants were meditating not far from the Buddha, diligent, keen, and resolute. Then Māra the Wicked manifested in the form of a brahmin with a large matted dreadlock, wearing an antelope hide. He was old, bent double, wheezing, and held a staff made of cluster fig tree wood. He went up to those mendicants and said, “You’ve gone forth while young, reverends. With pristine black hair, you’re blessed with youth, in the prime of life, and you’ve never flirted with sensual pleasures. Enjoy human sensual pleasures. Don’t give up what is apparent in the present to chase after what takes effect over time.” “Brahmin, that’s not what we’re doing. We’re giving up what takes effect over time to chase after what is apparent in the present. For the Buddha says that sensual pleasures take effect over time; they give much suffering and distress, and they are all the more full of drawbacks. But this teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.” When they had spoken, Māra the Wicked shook his head, waggled his tongue, raised his eyebrows until his brow puckered in three furrows, and left leaning on his staff. Then those mendicants went up to the Buddha, bowed, sat down to one side, and told him what had happened. The Buddha said, “Mendicants, that was no brahmin. That was Māra the Wicked who came to pull the wool over your eyes!” Then, understanding this matter, on that occasion the Buddha spoke this verse: “When a personage has seen where suffering comes from how could they incline toward sensual pleasures? Realizing that attachment is a chain in the world, a personage would train to remove it.”
၂။ သမိဒ္ဓိသုတ္တံ
၁၅၈။ ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ သိလာဝတိယံ။ တေန ခေါ ပန သမယေန အာယသ္မာ သမိဒ္ဓိ ဘဂဝတော အဝိဒူရေ အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရတိ။ အထ ခေါ အာယသ္မတော သမိဒ္ဓိဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယဿ မေ သတ္ထာ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယွာဟံ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတော။ လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယဿ မေ သဗြဟ္မစာရိနော သီလဝန္တော ကလျာဏဓမ္မာ’’တိ။ အထ ခေါ မာရော ပါပိမာ အာယသ္မတော သမိဒ္ဓိဿ စေတသာ စေတောပရိဝိတက္ကမညာယ ယေနာယသ္မာ သမိဒ္ဓိ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတော သမိဒ္ဓိဿ အဝိဒူရေ မဟန္တံ ဘယဘေရဝံ သဒ္ဒမကာသိ, အပိဿုဒံ ပထဝီ မညေ ဥန္ဒြီယတိ။
အထ ခေါ အာယသ္မာ သမိဒ္ဓိ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော အာယသ္မာ သမိဒ္ဓိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓာဟံ, ဘန္တေ, ဘဂဝတော အဝိဒူရေ အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရာမိ။ တဿ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယဿ မေ သတ္ထာ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယွာဟံ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတော။ လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ, ယဿ မေ သဗြဟ္မစာရိနော သီလဝန္တော ကလျာဏဓမ္မာ’တိ။ တဿ မယှံ, ဘန္တေ, အဝိဒူရေ မဟာဘယဘေရဝသဒ္ဒေါ အဟောသိ, အပိဿုဒံ ပထဝီ မညေ ဥန္ဒြီယတီ’’တိ။
‘‘နေသာ, သမိဒ္ဓိ, ပထဝီ ဥန္ဒြီယတိ။ မာရော ဧသော ပါပိမာ တုယှံ ဝိစက္ခုကမ္မာယ အာဂတော။ ဂစ္ဆ တွံ, သမိဒ္ဓိ, တတ္ထေဝ အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရာဟီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ သမိဒ္ဓိ ဘဂဝတော ပဋိဿုတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ ဒုတိယမ္ပိ ခေါ အာယသ္မာ သမိဒ္ဓိ တတ္ထေဝ အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟာသိ။ ဒုတိယမ္ပိ ခေါ အာယသ္မတော သမိဒ္ဓိဿ ရဟောဂတဿ ပဋိသလ္လီနဿ…ပေ… ဒုတိယမ္ပိ ခေါ မာရော ပါပိမာ အာယသ္မတော သမိဒ္ဓိဿ စေတသာ စေတောပရိဝိတက္ကမညာယ…ပေ… အပိဿုဒံ ပထဝီ မညေ ဥန္ဒြီယတိ။ အထ ခေါ အာယသ္မာ သမိဒ္ဓိ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘သဒ္ဓါယာဟံ ပဗ္ဗဇိတော, အဂါရသ္မာ အနဂါရိယံ၊
သတိ ပညာ စ မေ ဗုဒ္ဓါ, စိတ္တဉ္စ သုသမာဟိတံ၊
ကာမံ ကရဿု ရူပါနိ, နေဝ မံ ဗျာဓယိဿသီ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ သမိဒ္ဓိ ဘိက္ခူ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၂-သမိဒ္ဓိသုတ် ၁၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကျောက်တံတိုင်းအကာအရံရှိသော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရား၏ မနီးမဝေး၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုအခါ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသော အရှင်သမိဒ္ဓိအား- “အကြင်ငါ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ၏၊ ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရအပ်ပေစွတကား။ ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော်၌ ရဟန်းပြုရသော ငါ့အား အရတော်လေစွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား။ ငါ၏ သီတင်းသုံးဖော်တို့သည် သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ငါ့အား အရတော်လေစွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား”ဟု စိတ်အကြံ ဖြစ်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် အရှင်သမိဒ္ဓိ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ အရှင်သမိဒ္ဓိ ထံသို့ ချဥ်းကပ်လျက် အရှင်သမိဒ္ဓိ၏ မနီးမဝေး၌ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီးကို ပြု၏။ ထိုအခါ၌ အရှင်သမိဒ္ဓိသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည် ဖြစ်၍ နေပါ၏၊ အသျှင်ဘုရား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အကျွန်ုပ်အား- ‘အကြင်ငါ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ပူဇော်အထူး ကို ခံတော်မူထိုက်၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ၏၊ ငါ့အား အရတော်စွ တကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား၊၊ ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာ တော်၌ ရဟန်းပြုရသော ငါ့အား အရတော်စွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား။ ငါ၏ သီတင်းသုံးဖော်တို့သည် သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ငါ့အား အရတော်စွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား’ဟု စိတ်အကြံ ဖြစ်ပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အနီး၌ မြေပြို သကဲ့သို့ ကြောက်မက်ဖွယ်ရှိသော အသံကြီးသည် ဖြစ်ပါသည်”ဟု လျှောက်၏။ သမိဒ္ဓိ ဤသည်ကား မြေပြိုသည် မဟုတ်၊ ဤသည်ကား ယုတ်မာသော မာရ်နတ်တည်း၊ သင်၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏၊ သမိဒ္ဓိ သင်သည် သွားလေ၊ ထိုအရပ်၌ပင်လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလော့ဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အရှင်သမိဒ္ဓိသည် မြတ်စွာဘုရားအား ဝန်ခံ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏၊ နှစ်ကြိမ်မြောက်လည်း အရှင်သမိဒ္ဓိသည် ထိုအရပ်၌ ပင်လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍နေ၏၊ နှစ်ကြိမ်မြောက်လည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သည် ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းနေသော အရှင်သမိဒ္ဓိအား။ပ။ နှစ်ကြိမ်မြောက်လည်း ယုတ်မာသော မာရ်နတ်သည် အရှင်သမိဒ္ဓိ၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍။ပ။ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီး ဖြစ်၏၊ ထိုအခါ အရှင်သမိဒ္ဓိသည် ယုတ်မာ သော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို၏- “ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ သဒ္ဓါတရားဖြင့် ဝင်ရောက် (ရဟန်းပြု)၏။ ငါသည် သတိကိုလည်းကောင်း၊ ပညာကိုလည်းကောင်း သိအပ်၏။ စိတ်ကိုလည်းကောင်းစွာ ဆောက်တည်အပ်၏၊ (ကြောက်မက်ဖွယ်သော) ရုပ်အဆင်းတို့ကို အလိုရှိတိုင်း ပြုလော့၊ ငါ့ကို တုန်လှုပ်စေနိုင်လိမ့်မည် မဟုတ်”ဟု ရွတ်ဆို၏။ ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် “သမိဒ္ဓိရဟန်းသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.22 3. Māra With Samiddhi At one time the Buddha was staying in the land of the Sakyans near Silāvatī. Now at that time Venerable Samiddhi was meditating not far from the Buddha, diligent, keen, and resolute. Then as Venerable Samiddhi was in private retreat this thought came to his mind, “I’m so fortunate, so very fortunate, to have a teacher who is a perfected one, a fully awakened Buddha! I’m so fortunate, so very fortunate, to have gone forth in a teaching and training so well explained! I’m so fortunate, so very fortunate, to have spiritual companions who are ethical and of good character.” And then Māra the Wicked, knowing Samiddhi’s train of thought, went up to him and made a terrifyingly loud noise close by him. It seemed as if the earth was shattering. Then Samiddhi went up to the Buddha, bowed, sat down to one side, and told him what had happened. The Buddha said, “Samiddhi, that’s not the earth shattering. That’s Māra the Wicked come to pull the wool over your eyes! Go back to that same place, Samiddhi, and meditate, diligent, keen, and resolute.” “Yes, sir,” replied Samiddhi. He rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. And for a second time Samiddhi was meditating in that same place, diligent, ardent, and resolute. And for a second time he had the same thought … and Māra made an earth-shattering noise. Then Samiddhi addressed Māra the Wicked in verse: “I went forth out of faith from the lay life to homelessness. My mindfulness and wisdom are mature, my mind is serene in immersion. Make whatever illusions you want, it won’t bother me.” Then Māra the Wicked, thinking, “The mendicant Samiddhi knows me!” miserable and sad, vanished right there.
၃။ ဂေါဓိကသုတ္တံ
၁၅၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ ဂေါဓိကော ဣသိဂိလိပဿေ ဝိဟရတိ ကာဠသိလာယံ။ အထ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော သာမယိကံ စေတောဝိမုတ္တိံ ဖုသိ။ အထ ခေါ အာယသ္မာ ဂေါဓိကော တမှာ သာမယိကာယ စေတောဝိမုတ္တိယာ ပရိဟာယိ။ ဒုတိယမ္ပိ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော သာမယိကံ စေတောဝိမုတ္တိံ ဖုသိ။ ဒုတိယမ္ပိ ခေါ အာယသ္မာ ဂေါဓိကော တမှာ သာမယိကာယ စေတောဝိမုတ္တိယာ ပရိဟာယိ။ တတိယမ္ပိ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော သာမယိကံ စေတောဝိမုတ္တိံ ဖုသိ။ တတိယမ္ပိ ခေါ အာယသ္မာ ဂေါဓိကော တမှာ…ပေ… ပရိဟာယိ။ စတုတ္ထမ္ပိ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော…ပေ… ဝိမုတ္တိံ ဖုသိ။ စတုတ္ထမ္ပိ ခေါ အာယသ္မာ ဂေါဓိကော တမှာ…ပေ… ပရိဟာယိ။ ပဉ္စမမ္ပိ ခေါ အာယသ္မာ ဂေါဓိကော…ပေ… စေတောဝိမုတ္တိံ ဖုသိ။ ပဉ္စမမ္ပိ ခေါ အာယသ္မာ…ပေ… ဝိမုတ္တိယာ ပရိဟာယိ။ ဆဋ္ဌမ္ပိ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော သာမယိကံ စေတောဝိမုတ္တိံ ဖုသိ။ ဆဋ္ဌမ္ပိ ခေါ အာယသ္မာ ဂေါဓိကော တမှာ သာမယိကာယ စေတောဝိမုတ္တိယာ ပရိဟာယိ။ သတ္တမမ္ပိ ခေါ အာယသ္မာ ဂေါဓိကော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော သာမယိကံ စေတောဝိမုတ္တိံ ဖုသိ။
အထ ခေါ အာယသ္မတော ဂေါဓိကဿ ဧတဒဟောသိ – ‘‘ယာဝ ဆဋ္ဌံ ခွါဟံ သာမယိကာယ စေတောဝိမုတ္တိယာ ပရိဟီနော။ ယံနူနာဟံ သတ္ထံ အာဟရေယျ’’န္တိ။ အထ ခေါ မာရော ပါပိမာ အာယသ္မတော ဂေါဓိကဿ စေတသာ စေတောပရိဝိတက္ကမညာယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာဟိ အဇ္ဈဘာသိ –
‘‘မဟာဝီရ မဟာပည, ဣဒ္ဓိယာ ယသသာ ဇလ၊
သဗ္ဗဝေရဘယာတီတ, ပါဒေ ဝန္ဒာမိ စက္ခုမ။
‘‘သာဝကော တေ မဟာဝီရ, မရဏံ မရဏာဘိဘူ၊
အာကင်္ခတိ စေတယတိ, တံ နိသေဓ ဇုတိန္ဓရ။
‘‘ကထဉှိ ဘဂဝါ တုယှံ, သာဝကော သာသနေ ရတော၊
အပ္ပတ္တမာနသော သေက္ခော, ကာလံ ကယိရာ ဇနေသုတာ’’တိ။
တေန ခေါ ပန သမယေန အာယသ္မတော ဂေါဓိကေန သတ္ထံ အာဟရိတံ ဟောတိ။ အထ ခေါ ဘဂဝါ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ဧဝဉှိ ဓီရာ ကုဗ္ဗန္တိ, နာဝကင်္ခန္တိ ဇီဝိတံ၊
သမူလံ တဏှမဗ္ဗုယှ, ဂေါဓိကော ပရိနိဗ္ဗုတော’’တိ။
အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘အာယာမ, ဘိက္ခဝေ, ယေန ဣသိဂိလိပဿံ ကာဠသိလာ တေနုပသင်္ကမိဿာမ ယတ္ထ ဂေါဓိကေန ကုလပုတ္တေန သတ္ထံ အာဟရိတ’’န္တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။
အထ ခေါ ဘဂဝါ သမ္ဗဟုလေဟိ ဘိက္ခူဟိ သဒ္ဓိံ ယေန ဣသိဂိလိပဿံ ကာဠသိလာ တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ ဘဂဝါ အာယသ္မန္တံ ဂေါဓိကံ ဒူရတောဝ မဉ္စကေ ဝိဝတ္တက္ခန္ဓံ သေမာနံ [သေယျမာနံ (သျာ။ ကံ။), သောပ္ပမာနံ (က။)]။ တေန ခေါ ပန သမယေန ဓူမာယိတတ္တံ တိမိရာယိတတ္တံ ဂစ္ဆတေဝ ပုရိမံ ဒိသံ, ဂစ္ဆတိ ပစ္ဆိမံ ဒိသံ, ဂစ္ဆတိ ဥတ္တရံ ဒိသံ, ဂစ္ဆတိ ဒက္ခိဏံ ဒိသံ, ဂစ္ဆတိ ဥဒ္ဓံ, ဂစ္ဆတိ အဓော, ဂစ္ဆတိ အနုဒိသံ။
အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ပဿထ နော တုမှေ, ဘိက္ခဝေ, ဧတံ ဓူမာယိတတ္တံ တိမိရာယိတတ္တံ ဂစ္ဆတေဝ ပုရိမံ ဒိသံ, ဂစ္ဆတိ ပစ္ဆိမံ ဒိသံ, ဂစ္ဆတိ ဥတ္တရံ ဒိသံ, ဂစ္ဆတိ ဒက္ခိဏံ ဒိသံ, ဂစ္ဆတိ ဥဒ္ဓံ, ဂစ္ဆတိ အဓော, ဂစ္ဆတိ အနုဒိသ’’န္တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဧသော ခေါ, ဘိက္ခဝေ, မာရော ပါပိမာ ဂေါဓိကဿ ကုလပုတ္တဿ ဝိညာဏံ သမနွေသတိ – ‘ကတ္ထ ဂေါဓိကဿ ကုလပုတ္တဿ ဝိညာဏံ ပတိဋ္ဌိတ’န္တိ? အပ္ပတိဋ္ဌိတေန စ, ဘိက္ခဝေ, ဝိညာဏေန ဂေါဓိကော ကုလပုတ္တော ပရိနိဗ္ဗုတော’’တိ။ အထ ခေါ မာရော ပါပိမာ ဗေလုဝပဏ္ဍုဝီဏံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ဥဒ္ဓံ အဓော စ တိရိယံ, ဒိသာ အနုဒိသာ သွဟံ၊
အနွေသံ နာဓိဂစ္ဆာမိ, ဂေါဓိကော သော ကုဟိံ ဂတော’’တိ။
‘‘ယော [သော (သီ။ ပီ။)] ဓီရော ဓိတိသမ္ပန္နော, ဈာယီ ဈာနရတော သဒါ၊
အဟောရတ္တံ အနုယုဉ္ဇံ, ဇီဝိတံ အနိကာမယံ။
‘‘ဇေတွာန မစ္စုနော [ဘေတွာ နမုစိနော (သီ။)] သေနံ, အနာဂန္တွာ ပုနဗ္ဘဝံ၊
သမူလံ တဏှမဗ္ဗုယှ, ဂေါဓိကော ပရိနိဗ္ဗုတော’’တိ။
‘‘တဿ သောကပရေတဿ, ဝီဏာ ကစ္ဆာ အဘဿထ၊
တတော သော ဒုမ္မနော ယက္ခော, တတ္ထေဝန္တရဓာယထာ’’တိ [တတ္ထေဝန္တရဓာယိထာတိ (သျာ။ ကံ။), တတ္ထေဝ အန္တရဓာယီတိ (က။)]။
၃-ဂေါဓိကသုတ် ၁၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဂေါဓိကသည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ နေ၏၊ ထိုအခါ၌ အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန် သမာပတ်ကို ရ၏၊ ထိုသို့ပင်ရသော်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီဈာန်သမာပတ်မှ လျှောကျ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏၊ နှစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီ ဈာန်သမာပတ်မှ လျှောကျ၏။ သုံးကြိမ်မြောက်လည်းကောင်း၊ လေးကြိမ်မြောက်လည်းကောင်း၊ ငါးကြိမ် မြောက်လည်းကောင်း ဤအတူ ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော လောကီဈာန်သမာပတ်မှ လျှော ကျ၏။ ခြောက်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏၊ ခြောက်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီ ဈာန်သမာပတ်မှ လျှောကျ၏၊ ခုနစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အား ထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏။ ထိုအခါ အသျှင်ဂေါဓိကအား ဤသို့သော အကြံသည် ဖြစ်၏ - “ငါသည် ခြောက်ကြိမ်မြောက်တိုင် အောင် ဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော လောကီဈာန်သမာပတ်မှ လျှောကျ၏၊ ငါသည် ဓားလက်နက်ကို ဆောင်၍ (သတ်သေရမူ) ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ မာရ်နတ်သည် အရှင်ဂေါဓိက၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ထား၏- “ကြီးသော လုံ့လရှိတော်မူသော၊ ကြီးသော ပညာရှိတော်မူသော၊ တန်ခိုးဖြင့်လည်းကောင်း, အခြံအရံ (အကျော်အစော)ဖြင့်လည်းကောင်း ထွန်းပတော်မူသော၊ အလုံးစုံသော ဘေးရန်တို့ကို လွန်တော်မူသော၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား (အသျှင်ဘုရား၏) ခြေတော်တို့ကို ရှိခိုးပါ၏။ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ တပည့် (ဂေါဓိက) သည် သေခြင်းဖြင့် နှိပ်စက်ခြင်းရှိသည် ဖြစ်၍ သေခြင်းကို တောင့်တ၏၊ စေ့ဆော် လုံ့လပြု၏၊ ဘုန်းတန်ခိုးကို ဆောင်တော်မူသော မြတ်စွာဘုရား ထိုဂေါဓိကကို တားမြစ်တော်မူပါလော့။ မြတ်စွာဘုရား လူ၌ ထင်ရှားကျော်စော၍ သာသနာတော်၌ မွေ့လျော်သော အသျှင်ဘုရား၏ တပည့်သာဝကသည် အရဟတ္တဖိုလ်သို့ မရောက်မူ၍ ကျင့်ဆဲ သေက္ခသာ ဖြစ်လျက် အဘယ့်ကြောင့် သေရအံ့နည်း”ဟု လျှောက်၏။ ထိုအခါ အသျှင်ဂေါဓိကသည် ဓားလက်နက်ကို ဆောင်၍ အသက်ကို သတ်၏၊ ထိုအခါ မြတ်စွာဘုရားသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆိုတော်မူ၏- “အမြစ်အရင်းနှင့် တကွသော တပ်မက်မှု ‘တဏှာ’ကို နုတ်ပယ်၍ ဂေါဓိကသည် ပရိနိဗ္ဗာန်ပြု၏၊ ပညာရှိတို့သည် ဤသို့လျှင် ပြုကုန်၏၊ မိမိအသက်ကို အလိုမရှိ ကြကုန်”ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ - “ရဟန်းတို့ ဂေါဓိက အမျိုးကောင်းသားသည် လက်နက်ကို ဆောင်၍ သေရာ ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏၊ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကြ ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာသို့ ချဥ်းကပ်တော်မူလတ်သော် အဝေးမှသာလျှင် ညောင်စောင်း၌ ဦးခေါင်းလည်သော ကိုယ်ခန္ဓာရှိလျက် လဲနေသော အသျှင်ဂေါဓိကကို မြင်တော်မူသည် သာလျှင်တည်း၊ ထိုအခါ အခိုးကဲ့သို့ အမိုက် မှောင်ကဲ့သို့ ထင်သော အရာသည် အရှေ့အရပ်သို့ သွား၏၊ အနောက်အရပ်သို့ သွား၏၊ မြောက်အရပ်သို့ သွား၏၊ တောင်အရပ်သို့ သွား၏၊ အထက်သို့ သွား၏၊ အောက်သို့ သွား၏၊ အထောင့်အရပ်သို့ သွား၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ - “ရဟန်းတို့ အခိုးကဲ့သို့ အမိုက်မှောင် ကဲ့သို့ ထင်၍ အရှေ့အရပ် အနောက်အရပ် မြောက်အရပ် တောင်အရပ် အထက်အရပ် အောက်အရပ် အထောင့်အရပ်သို့ သွားသော ထိုအရာကို မြင်ကြကုန်၏လော”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား မြင်ပါကုန်၏ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ဤအရာသည်ကား မာရ်နတ်တည်း၊ ဤမာရ်နတ်သည်- “အဘယ် အရပ်၌ ဂေါဓိကအမျိုးကောင်းသား၏ ပဋိသန္ဓေဝိညာဏ် တည်လေသနည်း”ဟု ဂေါဓိကအမျိုးကောင်းသား၏ ပဋိသန္ဓေဝိညာဏ်ကို ထက်ဝန်းကျင်မှ ရှာမှီး၏၊ ရဟန်းတို့ ပဋိသန္ဓေဝိညာဏ်ဖြင့် မတည်ခြင်းကြောင့် ဂေါဓိကအမျိုးကောင်းသားသည် ပရိနိဗ္ဗာန်ပြုလေပြီဟု မိန့်တော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥသျှစ်သီးမှည့်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသော စောင်းကို ယူ၍ မြတ်စွာဘုရားထံသို့ ချဥ်း ကပ်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “အထက်သို့လည်းကောင်း၊ အောက်သို့လည်းကောင်း၊ ဖီလာအရပ်သို့လည်းကောင်း၊ တူရူအရပ်သို့လည်းကောင်း၊ အထောင့်အရပ်သို့လည်းကောင်း ရှာမှီးသော ထိုအကျွန်ုပ်သည် ‘ထိုဂေါဓိက အဘယ်အရပ်သို့ သွားသည်’ဟု မတွေ့မြင်ရပါ”ဟု ရွတ်ဆို၏။ မြဲမြံသော ပညာရှိသော တည်ကြည်ခြင်းနှင့် ပြည့်စုံသော အကြင်ဂေါဓိကသည် နေ့ညဥ့်ပတ်လုံး အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဈာန်ဝင်စားလေ့ရှိ၏၊ အခါ ခပ်သိမ်း ဈာန်၌ မွေ့လျော်၏၊ မိမိ အသက်ရှည်ခြင်းကိုပင် အလိုမရှိ။ ထိုဂေါဓိကသည် သေမင်း၏ စစ်သည်ကို အောင်ပြီး၍ တစ်ဖန်ဘဝသစ်သို့ မပြန် လည်မူ၍ အဝိဇ္ဇာနှင့် တကွသော တပ်မက်မှု ‘တဏှာ’ကို နုတ်ပယ်လျက် ပရိနိဗ္ဗာန် ပြုလေပြီဟု (မိန့်တော်မူ၏)။ ပူဆွေးခြင်းဖြင့် နှိပ်စက်အပ်သော ထိုမာရ်နတ်၏ လက်ကတီးမှ စောင်းသည် လျှောကျလေ၏၊ ထို့နောက်မှ ထိုမာရ်နတ်သည် နှလုံးမသာသည် ဖြစ်၍ ထိုအရပ်၌ ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 4.23 3. Māra With Godhika So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time Venerable Godhika was staying on the slopes of Isigili at the Black Rock. Then Venerable Godhika, meditating diligent, keen, and resolute, experienced temporary freedom of heart. But then he fell away from that temporary freedom of heart. For a second … third … fourth … fifth … sixth time Godhika experienced temporary freedom of heart. But for a sixth time he fell away from it. For a seventh time Godhika, meditating diligent, keen, and resolute, experienced temporary freedom of heart. Then he thought, “I’ve fallen away from this temporary freedom of heart no less than six times. Why don’t I commit suicide?” And then Māra the Wicked, knowing Godhika’s train of thought, went up to the Buddha and addressed him in verse: “O great hero, O greatly wise! Shining with power and glory. You’ve gone beyond all enmities and fears, I bow to your feet, O Clear-eyed One! Great hero, master of death, your disciple longs for death, he’s planning for it. Stop him, O light-bringer! For Blessed One, renowned among men, your disciple who loves your teaching, a trainee who hasn’t achieved their heart’s desire— how can they kill themselves?” Now at that time Venerable Godhika had already committed suicide. Then the Buddha, knowing that this was Māra the Wicked, addressed him in verse: “This is how the attentive act, for they don’t long for life. Having plucked out craving, root and all, Godhika is quenched.” Then the Buddha said to the mendicants, “Come, mendicants, let’s go to the Black Rock on the slopes of Isigili where Godhika, who came from a good family, committed suicide.” “Yes, sir,” they replied. Then the Buddha together with several mendicants went to the Black Rock on the slopes of Isigili. The Buddha saw Godhika off in the distance on his cot, lying with aggregates cast off. Now at that time a cloud of black smoke was moving east, west, north, south, above, below, and in-between. Then the Buddha said to the mendicants, “Mendicants, do you see that cloud of black smoke moving east, west, north, south, above, below, and in-between?” “Yes, sir.” “That’s Māra the Wicked searching for Godhika’s consciousness, wondering: ‘Where is Godhika’s consciousness established?’ But since his consciousness is not established, Godhika is quenched.” Then Māra, carrying his arched harp made from the pale timber of wood-apple, went up to the Buddha and addressed him in verse: “Above, below, all round, in the four quarters and in-between, I’ve been searching without success: where has that Godhika got to?” “He was an attentive and steadfast sage, a meditator who loved absorption. By day and by night he applied himself, without concern for his life. He defeated the army of death, and won’t return for any future life. Having plucked out craving, root and all Godhika is quenched.” So stricken with sorrow that his harp dropped from his armpit, that spirit, downcast, vanished right there.
၄။ သတ္တဝဿာနုဗန္ဓသုတ္တံ
၁၆၀။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓေ။ တေန ခေါ ပန သမယေန မာရော ပါပိမာ သတ္တဝဿာနိ ဘဂဝန္တံ အနုဗန္ဓော ဟောတိ ဩတာရာပေက္ခော ဩတာရံ အလဘမာနော။ အထ ခေါ မာရော ပါပိမာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘သောကာဝတိဏ္ဏော နု ဝနမှိ ဈာယသိ,
ဝိတ္တံ နု ဇီနော ဥဒ ပတ္ထယာနော၊
အာဂုံ နု ဂါမသ္မိမကာသိ ကိဉ္စိ,
ကသ္မာ ဇနေန န ကရောသိ သက္ခိံ၊
သက္ခီ န သမ္ပဇ္ဇတိ ကေနစိ တေ’’တိ။
‘‘သောကဿ မူလံ ပလိခါယ သဗ္ဗံ,
အနာဂု ဈာယာမိ အသောစမာနော၊
ဆေတွာန သဗ္ဗံ ဘဝလောဘဇပ္ပံ,
အနာသဝေါ ဈာယာမိ ပမတ္တဗန္ဓူ’’တိ။
‘‘ယံ ဝဒန္တိ မမ ယိဒန္တိ, ယေ ဝဒန္တိ မမန္တိ စ၊
ဧတ္ထ စေ တေ မနော အတ္ထိ, န မေ သမဏ မောက္ခသီ’’တိ။
‘‘ယံ ဝဒန္တိ န တံ မယှံ, ယေ ဝဒန္တိ န တေ အဟံ၊
ဧဝံ ပါပိမ ဇာနာဟိ, န မေ မဂ္ဂမ္ပိ ဒက္ခသီ’’တိ။
‘‘သစေ မဂ္ဂံ အနုဗုဒ္ဓံ, ခေမံ အမတဂါမိနံ၊
အပေဟိ ဂစ္ဆ တွမေဝေကော, ကိမညမနုသာသသီ’’တိ။
‘‘အမစ္စုဓေယျံ ပုစ္ဆန္တိ, ယေ ဇနာ ပါရဂါမိနော၊
တေသာဟံ ပုဋ္ဌော အက္ခာမိ, ယံ သစ္စံ တံ နိရူပဓိ’’န္တိ။
‘‘သေယျထာပိ, ဘန္တေ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ ပေါက္ခရဏီ။ တတြဿ ကက္ကဋကော။ အထ ခေါ, ဘန္တေ, သမ္ဗဟုလာ ကုမာရကာ ဝါ ကုမာရိကာယော ဝါ တမှာ ဂါမာ ဝါ နိဂမာ ဝါ နိက္ခမိတွာ ယေန သာ ပေါက္ခရဏီ တေနုပသင်္ကမေယျုံ၊ ဥပသင်္ကမိတွာ တံ ကက္ကဋကံ ဥဒကာ ဥဒ္ဓရိတွာ ထလေ ပတိဋ္ဌပေယျုံ။ ယံ ယဒေဝ ဟိ သော, ဘန္တေ, ကက္ကဋကော အဠံ အဘိနိန္နာမေယျ တံ တဒေဝ တေ ကုမာရကာ ဝါ ကုမာရိကာယော ဝါ ကဋ္ဌေန ဝါ ကထလာယ ဝါ သဉ္ဆိန္ဒေယျုံ သမ္ဘဉ္ဇေယျုံ သမ္ပလိဘဉ္ဇေယျုံ။ ဧဝဉှိ သော, ဘန္တေ, ကက္ကဋကော သဗ္ဗေဟိ အဠေဟိ သဉ္ဆိန္နေဟိ သမ္ဘဂ္ဂေဟိ သမ္ပလိဘဂ္ဂေဟိ အဘဗ္ဗော တံ ပေါက္ခရဏိံ ဩတရိတုံ။ ဧဝမေဝ ခေါ, ဘန္တေ, ယာနိ ကာနိစိ ဝိသူကာယိကာနိ [ယာနိ ဝိသုကာယိကာနိ (သီ။ ပီ။ က။)] ဝိသေဝိတာနိ ဝိပ္ဖန္ဒိတာနိ, သဗ္ဗာနိ တာနိ [ကာနိစိ ကာနိစိ သဗ္ဗာနိ (သီ။ ပီ။ က။)] ဘဂဝတာ သဉ္ဆိန္နာနိ သမ္ဘဂ္ဂါနိ သမ္ပလိဘဂ္ဂါနိ။ အဘဗ္ဗော ဒါနာဟံ, ဘန္တေ, ပုန ဘဂဝန္တံ ဥပသင်္ကမိတုံ ယဒိဒံ ဩတာရာပေက္ခော’’တိ။ အထ ခေါ မာရော ပါပိမာ ဘဂဝတော သန္တိကေ ဣမာ နိဗ္ဗေဇနီယာ ဂါထာယော အဘာသိ –
‘‘မေဒဝဏ္ဏဉ္စ ပါသာဏံ, ဝါယသော အနုပရိယဂါ၊
အပေတ္ထ မုဒုံ ဝိန္ဒေမ, အပိ အဿာဒနာ သိယာ။
‘‘အလဒ္ဓါ တတ္ထ အဿာဒံ, ဝါယသေတ္တော အပက္ကမေ၊
ကာကောဝ သေလမာသဇ္ဇ, နိဗ္ဗိဇ္ဇာပေမ ဂေါတမာ’’တိ။
၄-သတ္တဝဿာနုဗန္ဓသုတ် ၁၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အခွင့်ကို စောင့်မျှော်နေ သော ယုတ်မာသော မာရ်နတ်သည် အခွင့်ကို မရသည် ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး မြတ်စွာဘုရားသို့ အစဥ်လိုက်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏- “သင်သည် ဥစ္စာပစ္စည်း ဆုံးရှုံးသောကြောင့် ပူဆွေးခြင်းသို့ သက်ဝင်သည်ဖြစ်၍ တော၌ ကြံမှိုင်နေသလော၊ ထိုသို့မဟုတ်မူ ဥစ္စာကို တောင့်တလျက် ကြံမှိုင်နေသ လော၊ ရွာ၌ တစ်စုံတစ်ရာ မကောင်းမှုကို ပြုမိသလော၊ အဘယ့်ကြောင့် လူ အပေါင်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းကို မပြုသနည်း၊ သင့်အား တစ်စုံတစ်ခုသော အကြောင်းကြောင့် အဆွေခင်ပွန်း မပြည့်စုံသလော”ဟု ရွတ်ဆို၏။ မာရ်နတ် ငါဘုရားသည် ပူဆွေးခြင်း၏ အလုံးစုံသော အမြစ်ကို တူး၍ အပြစ်မရှိ ပူဆွေးခြင်း မရှိဘဲ ဈာန်ဝင်စား၏၊ အလုံးစုံသော ဘဝ၌ လိုချင်မှု ‘လောဘ’ဟု ဆိုအပ်သော တဏှာကို ဖြတ်ပြီးလျှင် အာသဝေါ ကင်းသည်ဖြစ်၍ ဈာန်ဝင်စား၏ဟု (မိန့်တော်မူ၏)။ ရဟန်း အကြင်ပုဂ္ဂိုလ်တို့သည် အကြင်ဥစ္စာတို့ကို ‘ဤဥစ္စာသည် ငါ၏ ဥစ္စာ တည်း’ဟု ဆိုကုန်၏၊ ‘ငါ၏ သိမ်းဆည်းသော ဥစ္စာတည်း’ဟူ၍လည်း ဆိုကုန်၏၊ ထိုသူတို့၏ ပြောဆိုသော အရာတို့၌ သင်၏ စိတ်သည် အကယ်၍ ရှိသည် ဖြစ်အံ့၊ သင်သည် ငါ၏ (နယ်ပယ်မှ) မလွတ်လတ္တံ့ဟု (ရွတ်ဆို၏)။ မာရ်နတ် အကြင်သူတို့သည် အကြင်ရွှေငွေစသော ဥစ္စာတို့ကို ‘ငါ၏ ဥစ္စာ’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ထိုဥစ္စာမျိုးသည် ငါ့အား မရှိ။ အကြင်သူတို့သည် ဤသို့ ပြောဆိုကုန်၏၊ ထိုပြောဆိုသူတို့သည် ငါ မဟုတ်။ ငါ၏ သွားရာခရီးကိုလည်း သင် မမြင်နိုင်၊ မာရ်နတ်ယုတ် ဤသို့ သိလော့ဟု (မိန့်တော်မူ၏)။ နိဗ္ဗာန်သို့ သွားသောသူတို့၏ ဘေးမရှိသော ခရီးသို့ အစဥ်လိုက်သည် ဖြစ်ခဲ့အံ့၊ ဖဲလေလော့၊ သင်တစ်ယောက်တည်းသာ သွားလေလော့၊ အဘယ့်ကြောင့် သူတစ်ပါး ကို ဆုံးမလိုသနည်းဟု ဆိို၏။ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ သွားလိုကုန်သော အကြင်သူတို့သည် သေမင်း၏ တည်ရာ မဟုတ်သော (နိဗ္ဗာန်) ကို မေးကုန်၏၊ အကြင်နိဗ္ဗာန်သည် အမှန်ရှိ၏၊ ဥပဓိမရှိသော ထိုနိဗ္ဗာန်ကို အမေးခံရသော ငါသည် ထိုသူတို့အား ဟောကြား၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ဥပမာသော်ကား ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေး၌ ရေကန် ရှိ၏။ ထိုရေကန်၌ ပုစွန်ရှိရာ၏၊ အသျှင်ဘုရား ထိုအခါ၌ များစွာကုန်သော ယောကျာ်းပျိုတို့သည်လည်းကောင်း၊ မိန်းမပျိုတို့သည်လည်းကောင်း ထိုရွာမှလည်းကောင်း၊ ထိုနိဂုံးမှလည်းကောင်း ထွက်ကုန်၍ ထို ရေကန်သို့ ချဥ်းကပ်ကုန်ပြီးလျှင် ထိုပုစွန်ကို ရေမှ ထုတ်၍ ကြည်းကုန်း၌ ထားကုန်၏။ အသျှင်ဘုရား ထိုပုစွန်သည် လက်မကိုသာလျှင် အထက်သို့မူလည်း ထောင်ငြားအံ့၊ ထိုသို့ထောင်သော လက်မကိုသာလျှင် ထိုယောကျာ်းပျိုတို့သည်လည်းကောင်း၊ ထိုမိန်းမပျိုတို့သည်လည်းကောင်း သစ်သားဖြင့်လည်းကောင်း၊ ကျောက်စရစ်အိုးခြမ်းဖြင့်လည်းကောင်း ဖြတ်မူလည်း ဖြတ်ကုန်ရာ၏၊ ချိုးမူလည်း ချိုးကုန်ရာ၏၊ ဖဲ့မူလည်း ဖဲ့ကုန်ရာ၏။ အသျှင်ဘုရား ဤသို့ ပြုသည် ရှိသော် ထိုပုစွန်သည် ပြတ်ကုန်ပြီးသော ချိုးကုန်ပြီးသော ဖဲ့ကုန်ပြီးသော အလုံးစုံသော လက်မတို့ဖြင့် ထိုရေကန်သို့ သက်ဆင်းခြင်းငှါ မထိုက်။ အသျှင်ဘုရား ဤဥပမာအတူသာလျှင် ဆန့်ကျင်သဖြင့် မှီဝဲအပ်ကုန်သော တုန်လှုပ်စေအပ်ကုန်သော အလုံးစုံကုန်သော မာရ်၏ တံကျင်ဟူသမျှတို့ကို မြတ်စွာဘုရားသည် ဖြတ်အပ်ကုန်၏၊ ချိုးအပ်ကုန်၏၊ ဖဲ့အပ်ကုန်၏၊ အသျှင် ဘုရား အကျွန်ုပ်သည် ယခုအခါ၌ အခွင့်ကို စောင့်မျှော်လင့်လျက် တစ်ဖန် မြတ်စွာဘုရားကို ချဥ်းကပ်ခြင်း ငှါ မထိုက်သည်သာလျှင်တည်းဟု (လျှောက်၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ အထံ၌ ဤငြီးငွေ့ဖွယ် ဂါထာတို့ကို ရွတ်ဆို၏- “ကျီးသည် အဆီခဲနှင့် တူသော အဆင်းရှိသော ကျောက်ကို (မြင်၍ ငါသည်) ဤဝတ္ထု၌ နူးညံ့ခြင်းကို ရတန်ရာ၏၊ သာယာခြင်းသည် ဖြစ်တန်ရာ၏ဟု အစဥ် လိုက်၍ ချဥ်းကပ်ငြားအံ့။ ကျီးသည် ထိုကျောက်၌ သာယာခြင်းကို မရသည်ဖြစ်၍ ထိုကျောက်မှ ဖဲသွား၏။ ထို့အတူ ကျီးနှင့် တူသော အကျွန်ုပ်သည် ကျောက်နှင့် တူသော အသျှင်ဂေါတမသို့ ချဥ်းကပ်ပြီး၍ အသျှင်ဂေါတမထံမှ ဖဲသွားတော့အံ့”ဟု (ရွတ်ဆို၏)။
Linked Discourses 4.24 3. Māra Seven Years of Pursuit So I have heard. At one time the Buddha was staying in Uruvelā at the goatherd’s banyan tree on the bank of the Nerañjarā River. Now at that time Māra the Wicked had been pursuing the Buddha for seven years hoping to find a vulnerability without success. Then Māra the Wicked went up to the Buddha and addressed him in verse: “Are you swamped by sorrow <j>that you meditate in the forest? Have you lost a fortune, or do you long for one? Or perhaps you’ve committed <j>some crime in the village? Why don’t you get too close to people? And why does no one get close to you?” “I’ve dug out the root of sorrow completely. I practice absorption free of guilt or sorrow. I’ve cut off all greed and muttered prayer for future lives. Undefiled, I practice absorption, <j>O kinsman of the negligent!” “The things they call ‘mine’, and those who say ‘it’s mine’: if your mind remains there, you won’t escape me, ascetic!” “The things they speak of aren’t mine; I’m not someone who speaks like that. So know this, Wicked One: you won’t even see the path I take.” “If you’ve discovered the path that’s safe, and leads to freedom from death, go and walk that path alone— why teach it to anyone else?” “Those crossing to the far shore ask what’s beyond the domain of Death. When I’m asked, I explain to them the truth without attachments.” “Sir, suppose there was a lotus pond not far from a town or village, and a crab lived there. Then several boys or girls would leave the town or village and go to the pond, where they’d pull out the crab and put it on solid ground. Whenever that crab extended a claw, those boys or girls would snap, crack, and break it off with a stick or a stone. And when that crab’s claws had all been snapped, cracked, and broken off it wouldn’t be able to return down into that lotus pond. In the same way, sir, the Buddha has snapped, cracked, and broken off all my twists, ducks, and dodges. Now I’m not able to approach the Buddha again in hopes of finding a vulnerability.” Then Māra the Wicked recited these verses of disappointment in the Buddha’s presence: “A crow once circled a stone that looked like a lump of fat. ‘Perhaps I’ll find something tender,’ it thought, ‘perhaps there’s something tasty.’ But finding nothing tasty, the crow left that place. Like the crow that pecked the stone, I leave Gotama disappointed.”
၅။ မာရဓီတုသုတ္တံ
၁၆၁။ အထ ခေါ မာရော ပါပိမာ ဘဂဝတော သန္တိကေ ဣမာ နိဗ္ဗေဇနီယာ ဂါထာယော အဘာသိတွာ တမှာ ဌာနာ အပက္ကမ္မ ဘဂဝတော အဝိဒူရေ ပထဝိယံ ပလ္လင်္ကေန နိသီဒိ တုဏှီဘူတော မင်္ကုဘူတော ပတ္တက္ခန္ဓော အဓောမုခေါ ပဇ္ဈာယန္တော အပ္ပဋိဘာနော ကဋ္ဌေန ဘူမိံ ဝိလိခန္တော။ အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ယေန မာရော ပါပိမာ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ မာရံ ပါပိမန္တံ ဂါထာယ အဇ္ဈဘာသိံသု –
‘‘ကေနာသိ ဒုမ္မနော တာတ, ပုရိသံ ကံ နု သောစသိ၊
မယံ တံ ရာဂပါသေန, အာရညမိဝ ကုဉ္ဇရံ၊
ဗန္ဓိတွာ အာနယိဿာမ, ဝသဂေါ တေ ဘဝိဿတီ’’တိ။
‘‘အရဟံ သုဂတော လောကေ, န ရာဂေန သုဝါနယော၊
မာရဓေယျံ အတိက္ကန္တော, တသ္မာ သောစာမဟံ ဘုသ’’န္တိ။
အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ပါဒေ တေ, သမဏ, ပရိစာရေမာ’’တိ။ အထ ခေါ ဘဂဝါ န မနသာကာသိ, ယထာ တံ အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။
အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ဧကမန္တံ အပက္ကမ္မ ဧဝံ သမစိန္တေသုံ – ‘‘ဥစ္စာဝစာ ခေါ ပုရိသာနံ အဓိပ္ပါယာ။ ယံနူန မယံ ဧကသတံ ဧကသတံ ကုမာရိဝဏ္ဏသတံ အဘိနိမ္မိနေယျာမာ’’တိ။ အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ဧကသတံ ဧကသတံ ကုမာရိဝဏ္ဏသတံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ပါဒေ တေ, သမဏ, ပရိစာရေမာ’’တိ။ တမ္ပိ ဘဂဝါ န မနသာကာသိ, ယထာ တံ အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။
အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ဧကမန္တံ အပက္ကမ္မ ဧဝံ သမစိန္တေသုံ – ‘‘ဥစ္စာဝစာ ခေါ ပုရိသာနံ အဓိပ္ပါယာ။ ယံနူန မယံ ဧကသတံ ဧကသတံ အဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနေယျာမာ’’တိ။ အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ဧကသတံ ဧကသတံ အဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ပါဒေ တေ, သမဏ, ပရိစာရေမာ’’တိ။ တမ္ပိ ဘဂဝါ န မနသာကာသိ, ယထာ တံ အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။
အထ ခေါ တဏှာ စ…ပေ… ယံနူန မယံ ဧကသတံ ဧကသတံ သကိံ ဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနေယျာမာတိ။ အထ ခေါ တဏှာ စ…ပေ… သကိံ ဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ပါဒေ တေ, သမဏ, ပရိစာရေမာ’’တိ။ တမ္ပိ ဘဂဝါ န မနသာကာသိ, ယထာ တံ အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။
အထ ခေါ တဏှာ စ…ပေ… ယံနူန မယံ ဧကသတံ ဧကသတံ ဒုဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနေယျာမာတိ။ အထ ခေါ တဏှာ စ…ပေ… ဒုဝိဇာတဝဏ္ဏသတံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ…ပေ… ယထာ တံ အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။ အထ ခေါ တဏှာ စ…ပေ… မဇ္ဈိမိတ္ထိဝဏ္ဏသတံ အဘိနိမ္မိနေယျာမာတိ။ အထ ခေါ တဏှာ စ…ပေ… မဇ္ဈိမိတ္ထိဝဏ္ဏသတံ အဘိနိမ္မိနိတွာ…ပေ… အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။
အထ ခေါ တဏှာ စ…ပေ… မဟိတ္ထိဝဏ္ဏသတံ အဘိနိမ္မိနေယျာမာတိ။ အထ ခေါ တဏှာ စ…ပေ… မဟိတ္ထိဝဏ္ဏသတံ အဘိနိမ္မိနိတွာ ယေန ဘဂဝါ…ပေ… အနုတ္တရေ ဥပဓိသင်္ခယေ ဝိမုတ္တော။ အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ဧကမန္တံ အပက္ကမ္မ ဧတဒဝေါစုံ – သစ္စံ ကိရ နော ပိတာ အဝေါစ –
‘‘အရဟံ သုဂတော လောကေ, န ရာဂေန သုဝါနယော၊
မာရဓေယျံ အတိက္ကန္တော, တသ္မာ သောစာမဟံ ဘုသ’’န္တိ။
‘‘ယဉှိ မယံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ အဝီတရာဂံ ဣမိနာ ဥပက္ကမေန ဥပက္ကမေယျာမ ဟဒယံ ဝါဿ ဖလေယျ, ဥဏှံ လောဟိတံ ဝါ မုခတော ဥဂ္ဂစ္ဆေယျ, ဥမ္မာဒံ ဝါ ပါပုဏေယျ စိတ္တက္ခေပံ ဝါ။ သေယျထာ ဝါ ပန နဠော ဟရိတော လုတော ဥဿုဿတိ ဝိသုဿတိ မိလာယတိ၊ ဧဝမေဝ ဥဿုဿေယျ ဝိသုဿေယျ မိလာယေယျာ’’တိ။
အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ တဏှာ မာရဓီတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘သောကာဝတိဏ္ဏော နု ဝနမှိ ဈာယသိ,
ဝိတ္တံ နု ဇီနော ဥဒ ပတ္ထယာနော၊
အာဂုံ နု ဂါမသ္မိမကာသိ ကိဉ္စိ,
ကသ္မာ ဇနေန န ကရောသိ သက္ခိံ၊
သက္ခီ န သမ္ပဇ္ဇတိ ကေနစိ တေ’’တိ။
‘‘အတ္ထဿ ပတ္တိံ ဟဒယဿ သန္တိံ,
ဇေတွာန သေနံ ပိယသာတရူပံ၊
ဧကောဟံ [ဧကာဟံ (သျာ။ ကံ။ ပီ။ က။)] ဈာယံ သုခမနုဗောဓိံ,
တသ္မာ ဇနေန န ကရောမိ သက္ခိံ၊
သက္ခီ န သမ္ပဇ္ဇတိ ကေနစိ မေ’’တိ။
အထ ခေါ အရတိ [အရတိ စ (က။)] မာရဓီတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘ကထံ ဝိဟာရီဗဟုလောဓ ဘိက္ခု,
ပဉ္စောဃတိဏ္ဏော အတရီဓ ဆဋ္ဌံ၊
ကထံ ဈာယိံ [ကထံ ဈာယံ (သျာ။ ကံ။ ပီ။), ကထဇ္ဈာယံ (က။)] ဗဟုလံ ကာမသညာ,
ပရိဗာဟိရာ ဟောန္တိ အလဒ္ဓ ယော တ’’န္တိ။
‘‘ပဿဒ္ဓကာယော သုဝိမုတ္တစိတ္တော,
အသင်္ခရာနော သတိမာ အနောကော၊
အညာယ ဓမ္မံ အဝိတက္ကဈာယီ,
န ကုပ္ပတိ န သရတိ န ထိနော [န ကုပ္ပတီ နဿရတီ န ထီနော (သီ။)]။
‘‘ဧဝံဝိဟာရီဗဟုလောဓ ဘိက္ခု,
ပဉ္စောဃတိဏ္ဏော အတရီဓ ဆဋ္ဌံ၊
ဧဝံ ဈာယိံ ဗဟုလံ ကာမသညာ,
ပရိဗာဟိရာ ဟောန္တိ အလဒ္ဓ ယော တ’’န္တိ။
အထ ခေါ ရဂါ [ရဂါစ (က။)] မာရဓီတာ ဘဂဝတော သန္တိကေ ဂါထာယ အဇ္ဈဘာသိ –
‘‘အစ္ဆေဇ္ဇ တဏှံ ဂဏသံဃစာရီ,
အဒ္ဓါ စရိဿန္တိ [တရိဿန္တိ (သီ။)] ဗဟူ စ သဒ္ဓါ၊
ဗဟုံ ဝတာယံ ဇနတံ အနောကော,
အစ္ဆေဇ္ဇ နေဿတိ မစ္စုရာဇဿ ပါရ’’န္တိ။
‘‘နယန္တိ ဝေ မဟာဝီရာ, သဒ္ဓမ္မေန တထာဂတာ၊
ဓမ္မေန နယမာနာနံ, ကာ ဥသူယာ ဝိဇာနတ’’န္တိ။
အထ ခေါ တဏှာ စ အရတိ စ ရဂါ စ မာရဓီတရော ယေန မာရော ပါပိမာ တေနုပသင်္ကမိံသု။ အဒ္ဒသာ ခေါ မာရော ပါပိမာ တဏှဉ္စ အရတိဉ္စ ရဂဉ္စ မာရဓီတရော ဒူရတောဝ အာဂစ္ဆန္တိယော။ ဒိသွာန ဂါထာဟိ အဇ္ဈဘာသိ –
‘‘ဗာလာ ကုမုဒနာဠေဟိ, ပဗ္ဗတံ အဘိမတ္ထထ [အဘိမန္ထထ (သီ။)]၊
ဂိရိံ နခေန ခနထ, အယော ဒန္တေဟိ ခါဒထ။
‘‘သေလံဝ သိရသူဟစ္စ [သိရသိ ဦဟစ္စ (သီ။), သိရသိ ဩဟစ္စ (သျာ။ ကံ။)], ပါတာလေ ဂါဓမေသထ၊
ခါဏုံဝ ဥရသာသဇ္ဇ, နိဗ္ဗိဇ္ဇာပေထ ဂေါတမာ’’တိ။
‘‘ဒဒ္ဒလ္လမာနာ အာဂဉ္ဆုံ, တဏှာ စ အရတီ ရဂါ၊
တာ တတ္ထ ပနုဒီ သတ္ထာ, တူလံ ဘဋ္ဌံဝ မာလုတော’’တိ။
တတိယော ဝဂ္ဂေါ။
တဿုဒ္ဒါနံ –
သမ္ဗဟုလာ သမိဒ္ဓိ စ, ဂေါဓိကံ သတ္တဝဿာနိ၊
ဓီတရံ ဒေသိတံ ဗုဒ္ဓ, သေဋ္ဌေန ဣမံ မာရပဉ္စကန္တိ။
မာရသံယုတ္တံ သမတ္တံ။
၅-မာရဓီတုသုတ် ၁၆၁။ ထိုအခါ၌ မာရ်နတ်သည် မြတ်စွာဘုရား၏ အထံတော်၌ ဤငြီးငွေ့ဖွယ်ဂါထာတို့ကို ရွတ်ဆိုပြီး လျှင် ထိုအရပ်မှ ဖဲ၍ မြတ်စွာဘုရား၏ မနီးမဝေးမြေ၌ ထက်ဝယ် ဖွဲ့ခွေသဖြင့် ဆိတ်ဆိတ် နေလျက် မျက်နှာ မသာမယာ လည်ပင်း ငိုက်စိုက် မျက်နှာ အောက်ချသည် ဖြစ်၍ ကြံမှိုင်လျက် စကား မဆိုဘဲ သစ်သားဖြင့် မြေကြီးကို ရေးခြစ်လျက် ထိုင်နေ၏၊ ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးသုံးယောက်တို့သည် ယုတ်မာသော မာရ်နတ်ထံသို့ ချဥ်းကပ်၍ မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို ပြော ကြားကြကုန်၏- “ဖခင် အဘယ့်ကြောင့် နှလုံးမသာ ဖြစ်သနည်း၊ အဘယ်ပုဂ္ဂိုလ်ကို ကြံစည်ပါသ နည်း၊ အကျွန်ုပ်တို့သည် တောဆင်ကို ဆောင်သကဲ့သို့ ထိုပုဂ္ဂိုလ်ကို ရာဂကျော့ကွင်းဖြင့် နှောင်ဖွဲ့၍ ဆောင်ပါကုန်အံ့၊ သင်၏ အလိုသို့ လိုက်ရသည် ဖြစ်ပါလတ္တံ့”ဟု ပြောကြားကုန်၏။ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို ရာဂဖြင့် ဆောင်ရန် မလွယ်ကူ၊ မာရ်၏ တည်ရာကို လွန်၏၊ ထို့ကြောင့် ငါသည် ပြင်းစွာ ပူဆွေး၏”ဟု (ရွတ်ဆို၏)။ ထိုအခါ၌ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ် ကုန်၍ မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက် ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာ အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော နေရာသို့ ဖဲကုန်၍ ဤသို့ အညီအညွတ် ကြံကြကုန်၏- “ယောကျာ်းတို့၏ အလိုဆန္ဒသည် အထူးထူးအပြားပြား ရှိကုန်၏၊ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ မိန်းမပျိုသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရမူကား ကောင်း လေစွ”ဟု အကြံ ဖြစ်ကုန်၏၊ ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ မိန်းမပျိုသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဥ်း ကပ်ကုန်ပြီးလျှင် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာ, အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော နေရာသို့ ဖဲကုန်၍ ဤသို့ အညီအညွတ် ကြံကြကုန်၏- “စင်စစ် ယောကျာ်းတို့၏ အလို့တို့သည် အထူးထူးအပြားပြား ရှိ ကုန်၏၊ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ သားမဖွားသေးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွ”ဟု အကြံ ဖြစ်ကြကုန်၏၊ ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ သားမဖွားသေးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်လျက် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့ သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ် သော အတုမဲဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ တစ်ကြိမ် သားဖွားပြီးသော မိန်းမသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ တစ်ကြိမ်သားဖွားပြီးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်လျက် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တိုု့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီ တစ်ရာစီ သား နှစ်ယောက် မွေးဖွားသော မိန်းမသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု အကြံ ဖြစ် ကြကုန်၏၊ ထို့နောက် သားနှစ်ယောက် မွေးဖွားသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရား ထံသို့။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ မိန်းမလတ်သဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ မိန်းမလတ်သဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက် မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ မိန်းမကြီးသဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ မိန်းမကြီးသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။ ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော အရပ်သို့ ဖဲဲကုန်၍ ဤစကားကို ဆိုကုန်၏- လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားကို ရာဂဖြင့် ဆောင်ရန် မလွယ်ကူ၊ မာရ်၏ တည်ရာကို လွန်၏၊ ထို့ကြောင့် ‘ငါသည် ပြင်းစွာ ပူဆွေး၏’ဟု ငါတို့၏ အဖသည် မှန်သော စကားကို ဆို၏။ မှန်၏၊ ငါတို့သည် မကင်းသော ရာဂရှိသော အကြင်သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ဤကြိုးစားမှုဖြင့် ကြိုးစားကုန်ငြားအံ့၊ ထိုသမဏဗြာဟ္မဏ၏ နှလုံးသည်မူလည်း ကွဲဲရာ၏၊ ခံတွင်းမှ သွေးပူသည်မူလည်း အန်ရာ၏၊ ရူးသွပ်ခြင်းသို့မူလည်း ရောက်ရာ၏၊ စိတ်ပျံ့လွင့်ခြင်းသို့မူလည်း ရောက်ရာ၏၊ ရိတ်ထားသော စိမ်းသော ကျူသည် ခြောက်သွေ့ ညှိုးနွမ်းသကဲဲ့သို့ ဤအတူသာလျှင် ခြောက်သွေ့ ညှိုးနွမ်းရာ၏ဟု (ဆိုကုန်၏)။ ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်ကုန်၍ တစ်ခုသော နေရာ၌ ရပ်တည်ကုန်ပြီးသော် တဏှာမည်သော မာရ်နတ်၏ သမီးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏- “သင်သည် ဥစ္စာပစ္စည်း ဆုံးရှုံးသောကြောင့် ပူဆွေးခြင်းသို့ သက်ဝင်သည်ဖြစ်၍ တော၌ ကြံမှိုင်နေသလော၊ ထိုသို့မဟုတ်မူ ဥစ္စာကို တောင့်တလျက် ကြံမှိုင်နေသ လော၊ ရွာ၌ တစ်စုံတစ်ရာ မကောင်းမှုကို ပြုမိသလော၊ အဘယ့်ကြောင့် လူ အပေါင်းနှင့် အဆွေခင်ပွန်း ဖွဲဲ့ခြင်းကို မပြုသနည်း၊ သင့်အား တစ်စုံတစ်ခုသော အကြောင်းကြောင့် အဆွေခင်ပွန်း မပြည့်စုံသလော”ဟု ရွတ်ဆို၏။ ချစ်ခင်ဖွယ်, သာယာဖွယ်သဘောဟု ဆိုအပ်သော (ကိလေသာ) စစ်သည်ကို အောင် ပြီး၍ တစ်ယောက်တည်း ဈာန်ဝင်စားလေ့ရှိသော ငါသည် အကျိုးစီးပွားသို့ ရောက် သော စိတ်နှလုံး၏ ငြိမ်းချမ်းခြင်းရှိသော (အရဟတ္တဖိုလ်) ချမ်းသာကို သိတော်မူပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် အဆွေခင်ပွန်းဖွဲဲ့ခြင်းကို မပြု၊ ငါ့အား တစ်စုံတစ်ယောက် နှင့်မျှ အဆွေခင်ပွန်း မဖြစ်ဟု (မိန့်တော်မူ၏)။ ထို့နောက် အရတိမည်သော မာရ်နတ်၏ သမီးသည်လည်း မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အဘယ်မည်သော နေခြင်းဖြင့် များစွာနေသော ရဟန်းသည် ငါးဒွါရ၌ဖြစ်သော ဩဃကို ကူးမြောက်၍ ခြောက်ခုမြောက် မနောဒွါရ၌ဖြစ်သော ကိလေသာအလျဥ်ကို ကူးမြောက်ပြီး ဖြစ်သနည်း၊ အဘယ်မည်သော ဈာန်ဖြင့် များစွာ ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကာမသညာတို့သည် အခွင့် မရကုန်မူ၍ အပပြုကုန်သနည်း”ဟု ရွတ် ဆို၏။ ငြိမ်းပြီးသော ကိုယ်ရှိသော ကောင်းစွာ ကိလေသာမှ လွတ်သော စိတ်ရှိသော (ကံတို့သည်) မပြုပြင်အပ်သော သတိနှင့် ပြည့်စုံသော ကိလေသာ၏ တည်ရာ မဟုတ်သော ပုဂ္ဂိုလ်သည် သစ္စာလေးပါးတရားကို သိ၍ ကြံစည်မှု ‘ဝိတက်’ ကင်း သော စတုတ္ထဈာန်ဖြင့် နေလေ့ရှိ၏၊ အမျက် မထွက်၊ မအောက်မေ့၊ မထိုင်းမှိုင်း။ ဤသို့ နေခြင်းဖြင့် များစွာနေသော ရဟန်းသည် ငါးဒွါရ၌ ဖြစ်သော ဩဃကို ကူးမြောက်၍ ခြောက်ခုမြောက် မနောဒွါရ၌ ဖြစ်သော ကိလေသာအလျဥ်ကို ကူး မြောက်ပြီး ဖြစ်၏၊ ဤသို့ စတုတ္ထဈာန်ဖြင့် များစွာ ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကာမသညာတို့သည် အခွင့် မရကုန်မူ၍ အပပြုကုန်၏ဟု (မိန့်တော်မူ၏)။ ထို့နောက် ရဂါမည်သော မာရ်နတ်၏ သမီးသည်လည်း မြတ်စွာဘုရား၏ အထံ၌ ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “မြတ်စွာဘုရားသည် တဏှာကို ဖြတ်တောက်ပြီး၍ ဂိုဏ်းသံဃာ့အလယ်၌ ကျက် စားတော်မူနေပါပေ၏၊ များစွာကုန်သော သဒ္ဓါတရားရှိကုန်သော တပည့်တို့သည်လည်း မချွတ်ဧကန် ကျင့်ကြကုန်လတ္တံ့၊ တဏှာအိမ်မရှိသော ဤမြတ်စွာဘုရားသည် မျာစွားစွာသော သတ္တဝါအပေါင်းကို သေမင်း၏ လက်တွင်းမှ လုယက်၍ နိဗ္ဗာန် တစ်ဖက်ကမ်းသို့ ပို့ဆောင်လတ္တံ့”ဟု (ရွတ်ဆို၏)။ ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားတို့ဖြင့် စင်စစ် ဆောင်ကုန်၏၊ တရားဖြင့် ဆောင်ကုန်သော ပညာရှိတို့အား ငြူစူခြင်း သည် အဘယ်အကျိုးရှိအံ့နည်းဟု (မိန့်တော်မူ၏)။ ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မာရ်နတ်ထံသို့ ချဥ်းကပ်ကြ ကုန်၏။ ယုတ်မာသော မာရ်နတ်သည် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်သမီးတို့ လာသည်ကို အဝေးမှ မြင်သောကြောင့် ဂါထာတို့ဖြင့် ရွတ်ဆို၏- “မိုက်ကုန်သော သင်တို့သည် ကြာရိုးတို့ဖြင့် တောင်ကို ရိုက်ခတ်ကြကုန်၏၊ တောင်ကို လက်သည်းဖြင့် တူးဖဲဲ့ကြကုန်၏၊ သံကို သွားတို့ဖြင့် ခဲဲစားကြကုန်၏။ ဦးခေါင်းဖြင့် ကျောက်ကို ရွက်၍ ထောက်တည်ရာ မရှိသော ရေဝဲဲ၌ ထောက် တည်ရာကို ရှာဘိသကဲဲ့သို့လည်းကောင်း၊ ရင်၌ သစ်ငုတ် ဆောင့်မိသကဲဲ့သို့လည်းကောင်း ဖြစ်ကုန်၏။ ထို့ကြောင့် ရဟန်းဂေါတမမှ ငြီးငွေ့၍ ဖဲဲကြကုန်လော့”ဟု (ရွတ်ဆို၏)။ တဏှာ , အရတိ , ရဂါတို့သည် ထွန်းတောက်ပသည် ဖြစ်၍ လာကုန်၏၊ ထိုသို့ လာရာ၌ လေသည် လဲဲဝါဂွမ်းကို မှုတ်လွှင့်သကဲဲ့သို့ မြတ်စွာဘုရားသည် ထို မာရ်နတ်၏ သမီးသုံးယောက်တို့ကို မှုတ်လွှင့် နှင်ထုတ်လေ၏။ တတိယဝဂ်ပြီး၏။ မာရသံယုတ်ပြီး၏။
Linked Discourses 4.25 3. Māra Māra’s Daughters And then Māra the Wicked, after reciting these verses of disillusionment in the Buddha’s presence, left that place. He sat cross-legged on the ground not far from the Buddha, silent, dismayed, shoulders drooping, downcast, depressed, with nothing to say, scratching the ground with a stick. Then Māra’s daughters Craving, Malignancy, and Lust went up to Māra the Wicked, and addressed him in verse: “Why so downhearted, dad? What man are you upset about? We’ll catch him with the snare of lust, like an elephant in the wild. We’ll tie him up and bring him back— he’ll fall under your sway!” “In this world he is the perfected one, the Holy One. He’s not easily seduced by lust. He has slipped free of Māra’s dominion; that’s why I’m so upset.” Then Māra’s daughters Craving, Malignancy, and Lust went up to the Buddha, and said to him, “We serve at your feet, ascetic.” But the Buddha ignored them, since he was freed with the supreme ending of attachments. Then Craving, Malignancy, and Lust withdrew to one side to think up a plan. “Men have a diverse spectrum of tastes. Why don’t we each manifest in the form of a hundred young maidens?” So that’s what they did. Then they went up to the Buddha and said to him, “We serve at your feet, ascetic.” But the Buddha still ignored them, since he was freed with the supreme ending of attachments. Then Craving, Malignancy, and Lust withdrew to one side to think up a plan. “Men have a diverse spectrum of tastes. Why don’t we each manifest in the form of a hundred women who have never given birth?” So that’s what they did. Then they went up to the Buddha and said to him, “We serve at your feet, ascetic.” But the Buddha still ignored them, since he was freed with the supreme ending of attachments. Then Craving, Malignancy, and Lust … each manifested in the form of a hundred women who have given birth once … women who have given birth twice … middle-aged women … old women … But the Buddha still ignored them, since he was freed with the supreme ending of attachments. Then Craving, Malignancy, and Lust withdrew to one side and said, “What our father said is true: ‘In this world he is the perfected one, the Holy One. He’s not easily seduced by lust. He has slipped free of Māra’s dominion; that’s why I’m so upset.’ For if we had come on to any ascetic or brahmin like this who was not free of lust, his heart would explode, or he’d spew hot blood from his mouth, or he’d go mad or lose his mind. He’d dry up, wither away, and shrivel up like a green reed that was mowed down.” Then Māra’s daughters Craving, Malignancy, and Lust went up to the Buddha, and stood to one side. Māra’s daughter Craving addressed the Buddha in verse: “Are you swamped by sorrow <j>that you meditate in the forest? Have you lost a fortune, or do you long for one? Or perhaps you’ve committed <j>some crime in the village? Why don’t you get too close to people? And why does no one get close to you?” “I’ve reached the goal, peace of heart. Having conquered the army <j>of the likable and pleasant, alone, practicing absorption, I awakened to bliss. That’s why I don’t get too close to people, and no one gets too close to me.” Then Māra’s daughter Malignancy addressed the Buddha in verse: “How does a mendicant who has crossed five floods usually meditate here while crossing the sixth? How do they usually practice absorption <j>so that sensual perceptions are blocked out and don’t get hold of them?” “With tranquil body and mind well freed, without making choices, mindful, homeless; understanding the teaching, <j>they practice absorption without placing the mind; they’re not shaking or drifting or rigid. That’s how a mendicant who has crossed five floods usually meditates here while crossing the sixth. That’s how they usually practice absorption <j>so that sensual perceptions are blocked out and don’t get hold of them.” Then Māra’s daughter Lust addressed the Buddha in verse: “He lives with his community after cutting off craving, and many of the faithful will cross over for sure. Alas, this homeless one will snatch many men away, and lead them past the King of Death!” “The great heroes they lead by means of the true teaching. When the Realized Ones are leading by the teaching, how could anyone who knows be jealous?” Then Māra’s daughters Craving, Malignancy, and Lust went up to Māra the Wicked. Māra the Wicked saw them coming off in the distance, and addressed them in verse: “Fools! You drill into a mountain with lotus stalks! You dig up a hill with your nails! You chew iron with your teeth! You seek a footing in the abyss, as it were, while lifting a rock with your head! After attacking a stump with your breast, as it were, you leave Gotama disappointed.” They came dazzling— Craving, Malignancy, and Lust. But the Teacher brushed them off right there, like the gale, a fallen tuft. The Linked Discourses with Māra are complete.
၅။ ဘိက္ခုနီသံယုတ္တံ
၁။ အာဠဝိကာသုတ္တံ
၁၆၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာဠဝိကာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန အန္ဓဝနံ တေနုပသင်္ကမိ ဝိဝေကတ္ထိနီ။ အထ ခေါ မာရော ပါပိမာ အာဠဝိကာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော ဝိဝေကမှာ စာဝေတုကာမော ယေန အာဠဝိကာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာဠဝိကံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –
‘‘နတ္ထိ နိဿရဏံ လောကေ, ကိံ ဝိဝေကေန ကာဟသိ၊
ဘုဉ္ဇဿု ကာမရတိယော, မာဟု ပစ္ဆာနုတာပိနီ’’တိ။
အထ ခေါ အာဠဝိကာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ အာဠဝိကာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော ဝိဝေကမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ အာဠဝိကာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –
‘‘အတ္ထိ နိဿရဏံ လောကေ, ပညာယ မေ သုဖုဿိတံ [သုဖဿိတံ (သီ။ ပီ။)]၊
ပမတ္တဗန္ဓု ပါပိမ, န တွံ ဇာနာသိ တံ ပဒံ။
‘‘သတ္တိသူလူပမာ ကာမာ, ခန္ဓာသံ အဓိကုဋ္ဋနာ၊
ယံ တွံ ကာမရတိံ ဗြူသိ, အရတိ မယှ သာ အဟူ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ အာဠဝိကာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၅-ဘိက္ခုနီသံယုတ် ၁-အာဠဝိကာသုတ် ၁၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အာဠဝီမြို့သူ ဘိက္ခုနီမ သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံ ဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲဲခဲဲ့သည် ရှိသော် ဆိတ်ငြိမ်ခြင်းကို အလိုရှိသည်ဖြစ်၍ အန္ဓဝန်တောသို့ ချဥ်းကပ်လေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ် သည် အာဠဝီမြို့သူ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ ဆိတ်ငြိမ်စွာ နေခြင်းမှ ရွေ့လျောစေလို၍လည်းကောင်း အာဠဝီမြို့သူ ဘိက္ခုနီမထံသို့ ချဥ်း ကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “လောက၌ ထွက်မြောက်ရာ (နိဗ္ဗာန်) သည် မရှိ၊ သင်သည် ဆိတ်ငြိမ်ခြင်းဖြင့် အသို့ပြုလိမ့်မည်နည်း၊ ကာမဂုဏ်မွေ့လျော်မှုကို ခံစားဦးလော့၊ နောင်အခါမှ ပူပန်ခြင်း မဖြစ်စေလင့်”ဟု ရွတ်ဆို၏။ ထိုအခါ အာဠဝီမြို့သူ ဘိက္ခုနီမအား “ဤဂါထာကို ရွတ်ဆိုသော ထိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ ဆိတ်ငြိမ်စွာ နေခြင်းမှ ရွေ့လျောစေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏၊ ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ရွတ်ဆို၏- “မာရ်နတ်ယုတ် လောက၌ ထွက်မြောက်ရာ (နိဗ္ဗာန်) သည် ရှိ၏၊ ငါသည် ပညာဖြင့် ကောင်းစွာ တွေ့ထိရ၏၊ သင်သည်မူကား ထို (နိဗ္ဗာန်) ကို မသိ။ မာရ်နတ်ယုတ် ကာမဂုဏ်တို့သည် လှံသွားနှင့် တူကုန်၏၊ ထိုသူတို့၏ ခန္ဓာတို့ သည် စဥ်းတီတုံး ဖြစ်ကုန်၏၊ သင်သည် အကြင်ကာမဂုဏ်၌ မွေ့လျော်မှုကို ဆို ဘိ၏၊ ငါ့အား ထိုကာမဂုဏ်၌ မွေ့လျော်မှု မဖြစ်နိုင်တော့ပြီ”ဟု ရွတ်ဆို၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “အာဠဝီမြို့သူ ဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 5.1 1. Nuns With Āḷavikā So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then the nun Āḷavikā robed up in the morning and, taking her bowl and robe, entered Sāvatthī for alms. She wandered for alms in Sāvatthī. After the meal, on her return from almsround, she went to the Dark Forest seeking seclusion. Then Māra the Wicked, wanting to make the nun Āḷavikā feel fear, terror, and goosebumps, wanting to make her fall away from seclusion, went up to her and addressed her in verse: “There’s no escape in the world, so what will seclusion do for you? Enjoy erotic delights; don’t regret it later.” Then the nun Āḷavikā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from seclusion!” Then Āḷavikā, knowing that this was Māra the Wicked, replied to him in verse: “There is an escape in the world, and I’ve personally experienced it with wisdom. O Wicked One, kinsman of the negligent, you don’t know that state. Sensual pleasures are like swords and spears; the aggregates are their chopping block. What you call erotic delight is now no delight for me.” Then Māra the Wicked, thinking, “The nun Āḷavikā knows me!” miserable and sad, vanished right there.
၂။ သောမာသုတ္တံ
၁၆၃။ သာဝတ္ထိနိဒါနံ။ အထ ခေါ သောမာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန အန္ဓဝနံ တေနုပသင်္ကမိ ဒိဝါဝိဟာရာယ။ အန္ဓဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ သောမာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ယေန သောမာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သောမံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –
‘‘ယံ တံ ဣသီဟိ ပတ္တဗ္ဗံ, ဌာနံ ဒုရဘိသမ္ဘဝံ၊
န တံ ဒွင်္ဂုလပညာယ, သက္ကာ ပပ္ပေါတုမိတ္ထိယာ’’တိ။
အထ ခေါ သောမာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ သောမာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ သောမာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –
‘‘ဣတ္ထိဘာဝေါ ကိံ ကယိရာ, စိတ္တမှိ သုသမာဟိတေ၊
ဉာဏမှိ ဝတ္တမာနမှိ, သမ္မာ ဓမ္မံ ဝိပဿတော။
‘‘ယဿ နူန သိယာ ဧဝံ, ဣတ္ထာဟံ ပုရိသောတိ ဝါ၊
ကိဉ္စိ ဝါ ပန အညသ္မိ [အသ္မီတိ (သျာ။ ကံ။ ပီ။)], တံ မာရော ဝတ္တုမရဟတီ’’တိ။
အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ သောမာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။
၂-သောမာသုတ် ၁၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သောမာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည် ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲဲခဲဲ့၍ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဥ်းကပ်ပြီးလျှင် တစ်ခု သော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သောမာဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း သောမာဘိက္ခုနီမထံသို့ ချဥ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “ရောက်နိုင်ခဲဲသော အကြင်အရဟတ္တဖိုလ်သို့ သူတော်ကောင်းတို့သည် ရောက် အပ်၏၊ သင်သည် မိန်းမ၏ လက်နှစ်သစ်မျှသော ပညာဖြင့် ထိုအရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မတတ်နိုင်”ဟု ရွတ်ဆို၏။ ထိုအခါ သောမာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ သောမာဘိက္ခုနီမအား “ဤသူ သည်ကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့့်ပြန်ပြော၏- “ကောင်းစွာ တည်ကြည်သော စိတ်၌ ဖလသမာပတ်ဉာဏ် ဖြစ်သည်ရှိသော် တရားကို ကောင်းစွာ မြင်သောသူအား မိန်းမအဖြစ်သည် အဘယ် ပြုအံ့နည်း။ အကြင်သူအား ငါကား မိန်းမဟူ၍လည်းကောင်း၊ ငါကား ယောကျာ်းဟူ၍လည်းကောင်း၊ ငါကား တခြား တစ်စုံတစ်ခု ဖြစ်၏ဟူ၍လည်းကောင်း (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) ဤသို့ ဖြစ်ရာ၏။ ထိုသူကိုသာလျှင် မာရ်နတ်သည် ဆိုခြင်းငှါ ထိုက်၏”ဟု (ပြန်ပြော၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သောမာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 5.2 1. Nuns With Somā At Sāvatthī. Then the nun Somā robed up in the morning and, taking her bowl and robe, entered Sāvatthī for alms. She wandered for alms in Sāvatthī. After the meal, on her return from almsround, she went to the Dark Forest for the day’s meditation, plunged deep into it, and sat at the root of a tree to meditate. Then Māra the Wicked, wanting to make the nun Somā feel fear, terror, and goosebumps, wanting to make her fall away from immersion, went up to her and addressed her in verse: “That state’s very challenging; it’s for the sages to attain. With her two-inch wisdom, it’s not possible for a woman.” Then the nun Somā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Somā, knowing that this was Māra the Wicked, replied to him in verse: “What difference does womanhood make when the mind is serene, and knowledge is present as you rightly discern the Dhamma. Surely someone who might think: ‘I am woman’, or ‘I am man’, or ‘I am’ anything at all, is fit for Māra to address.” Then Māra the Wicked, thinking, “The nun Somā knows me!” miserable and sad, vanished right there.
၃။ ကိသာဂေါတမီသုတ္တံ
၁၆၄။ သာဝတ္ထိနိဒါနံ။ အထ ခေါ ကိသာဂေါတမီ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန အန္ဓဝနံ တေနုပသင်္ကမိ, ဒိဝါဝိဟာရာယ။ အန္ဓဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ကိသာဂေါတမိယာ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ယေန ကိသာဂေါတမီ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ကိသာဂေါတမိံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –
‘‘ကိံ နု တွံ မတပုတ္တာဝ, ဧကမာသိ ရုဒမ္မုခီ၊
ဝနမဇ္ဈဂတာ ဧကာ, ပုရိသံ နု ဂဝေသသီ’’တိ။
အထ ခေါ ကိသာဂေါတမိယာ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ ကိသာဂေါတမိယာ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။
အထ ခေါ ကိသာဂေါတမီ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –
‘‘အစ္စန္တံ မတပုတ္တာမှိ, ပုရိသာ ဧတဒန္တိကာ၊
န သောစာမိ န ရောဒါမိ, န တံ ဘာယာမိ အာဝုသော။
‘‘သဗ္ဗတ္ထ ဝိဟတာ နန္ဒီ, တမောက္ခန္ဓော ပဒါလိတော၊
ဇေတွာန မစ္စုနော [ဇေတွာ နမုစိနော (သီ။)] သေနံ, ဝိဟရာမိ အနာသဝါ’’တိ။
၃-ကိသာဂေါတမီသုတ် ၁၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံဝင်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲဲခဲဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဥ်းကပ်၍ အမှတ်မရှိ သော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ကိသာဂေါတမီဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ကိသာဂေါတမီဘိက္ခုနီမထံသို့ ချဥ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “အသျှင်မ သင်သည် သားသေသော သူကဲဲ့သို့ ငိုသော မျက်နှာရှိသည် ဖြစ်၍ အဘယ့်ကြောင့် တစ်ယောက်တည်း နေရသနည်း၊ တစ်ယောက်တည်း တောကြီး အလယ်သို့ ရောက်လာသည်ကား ယောကျာ်းကို ရှာသလော”ဟု ရွတ်ဆို၏။ ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစား၏၊ “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေ လို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ ကိသာဂေါတမီဘိက္ခုနီမသည် “ဤသူ ကား မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏- “အချင်းမာရ်နတ် ငါသည် သေခြင်းမှလည်း လွန်မြောက်ပြီ၊ ယောကျာ်းကို ရှာခြင်းမှလည်း ဤအတူ လွန်မြောက်ပြီ၊ ငါသည်မူကား မစိုးရိမ်၊ မငိုကြွေး၊ သင့်ကို မကြောက်။ အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်သက်မှု ကင်းပြီ၊ (အဝိဇ္ဇာတည်းဟူသော) အမိုက်တိုက်ကို ဖျက်ဆီးအပ်ပြီ၊ သေမင်း၏ စစ်သည်ကို အောင်ပြီး၍ အာသဝေါ ကင်းလျက် ငါ နေ၏”ဟု (ပြန်ပြော၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ကိသာဂေါတမီဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
Linked Discourses 5.3 1. Nuns With Kisāgotamī At Sāvatthī. Then the nun Kisāgotamī robed up in the morning and, taking her bowl and robe, entered Sāvatthī for alms. She wandered for alms in Sāvatthī. After the meal, on her return from almsround, she went to the Dark Forest for the day’s meditation, plunged deep into it, and sat at the root of a tree to meditate. Then Māra the Wicked, wanting to make the nun Kisāgotamī feel fear, terror, and goosebumps, wanting to make her fall away from immersion, went up to her and addressed her in verse: “Why do you sit alone and cry as if your children have died? You’ve come to the woods all alone— are you looking for a man?” Then the nun Kisāgotamī thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Kisāgotamī, knowing that this was Māra the Wicked, replied to him in verse: “I’ve got over the death of children, and I’m finished with men. I don’t grieve or lament, and I’m not afraid of you, sir! Relishing is banished in every respect, and the mass of darkness is shattered. I’ve defeated the army of death, and live without defilements.” Then Māra the Wicked, thinking, “The nun Kisāgotamī knows me!” miserable and sad, vanished right there.
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 3. Kosalasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#126
- Vipassana Research Institute. (n.d.). 4. Mārasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#127
- Vipassana Research Institute. (n.d.). 5. Bhikkhunīsaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#128