ဓမ္မလမ်း
← သဂါထာဝဂ္ဂသံယုတ္တပါဠိ

သဂါထာဝဂ္ဂသံယုတ္တပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၃၁

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ကိသာဂေါတမီ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၄။ ဝိဇယာသုတ္တံ

၁၆၅။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဝိဇယာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ…ပေ… အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ဝိဇယာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ယေန ဝိဇယာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဝိဇယံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –

‘‘ဒဟရာ တွံ ရူပဝတီ, အဟဉ္စ ဒဟရော သုသု၊

ပဉ္စင်္ဂိကေန တုရိယေန, ဧဟယျေဘိရမာမသေ’’တိ [ဧဟိ အယျေ ရမာမသေတိ (သီ။)]။

အထ ခေါ ဝိဇယာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ ဝိဇယာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ ဝိဇယာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –

‘‘ရူပါ သဒ္ဒါ ရသာ ဂန္ဓာ, ဖောဋ္ဌဗ္ဗာ စ မနောရမာ၊

နိယျာတယာမိ တုယှေဝ, မာရ နာဟံ တေနတ္ထိကာ။

‘‘ဣမိနာ ပူတိကာယေန, ဘိန္ဒနေန ပဘင်္ဂုနာ၊

အဋ္ဋီယာမိ ဟရာယာမိ, ကာမတဏှာ သမူဟတာ။

‘‘ယေ စ ရူပူပဂါ သတ္တာ, ယေ စ အရူပဋ္ဌာယိနော [အာရုပ္ပဋ္ဌာယိနော (သီ။ ပီ။)]၊

ယာ စ သန္တာ သမာပတ္တိ, သဗ္ဗတ္ထ ဝိဟတော တမော’’တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဝိဇယာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၄-ဝိဇယာသုတ် ၁၆၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဝိဇယာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် ဝိဇယာ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဝိဇယာဘိက္ခုနီမထံသို့ ချဥ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “(အရှင်မ) သင်သည် ငယ်သေး၏၊ အဆင်းလှ၏၊ ငါသည်လည်း ငယ်သေး၏၊ ပျိုမြစ်၏၊ အရှင်မ လာပါလှည့်၊ အင်္ဂါငါးပါးရှိသော တူရိယာဖြင့် ငါတို့ မွေ့လျော် ပျော်ပါးပါကုန်အံ့”ဟု ရွတ်ဆို၏။ ထိုအခါ၌ ဝိဇယာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ထိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစား၍ “ဤသူကား ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေ လို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံဖြစ်၏၊ ထိုအခါ၌ ဝိဇယာဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏- “မာရ်နတ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော အဆင်း ‘ရူပါရုံ’၊ အသံ ‘သဒ္ဒါရုံ’၊ အနံ့ ‘ဂန္ဓာရုံ’၊ အရသာ ‘ရသာရုံ’၊ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’တို့ကို သင့်အားသာလျှင် အပ် နှင်းပါ၏၊ ငါမူကား ထိုအာရုံငါးပါးဖြင့် အလိုမရှိ။ ကွဲဲပျက်ခြင်းသဘောရှိသော မှုန့်မှုန့်ညက်ညက် ကြေပျက်ခြင်းသဘောရှိသော ဤ အကောင်ပုပ်ဖြင့် ငါ ငြီးငွေ့၏၊ ငါ ရှက်၏၊ ကာမဂုဏ်၌ တပ်မက်မှု ‘တဏှာ’ ကို ငါ နုတ်အပ်ပြီးပြီ။ ရူပဘုံသို့ ရောက်သော သတ္တဝါ, အရူပဘုံ၌ တည်သော သတ္တဝါ, ငြိမ်သက်သော သမာပတ်ဟူသော အရာဌာနအားလုံးတို့၌ အဝိဇ္ဇာအမိုက်ကို ငါ ပယ်ဖျောက်အပ်ပြီ”ဟု ပြန်ပြော၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဝိဇယာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.4 1. Nuns With Vijayā At Sāvatthī. Then the nun Vijayā robed up in the morning … and sat at the root of a tree for the day’s meditation. Then Māra the Wicked, wanting to make the nun Vijayā feel fear, terror, and goosebumps, wanting to make her fall away from immersion, went up to her and addressed her in verse: “You’re so young and beautiful, and I’m a youth in my prime. Come, my lady, let us enjoy the music of a five-piece band.” Then the nun Vijayā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Vijayā, knowing that this was Māra the Wicked, replied to him in verse: “Sights, sounds, tastes, smells, and touches so delightful. I hand them right back to you, Māra, for I have no use for them. This body is rotting, decaying and frail. I’m horrified and repelled by it, and I’ve eradicated sensual craving. There are beings in the realm of luminous form, and others stuck in the formless. I’ve destroyed the darkness regarding all such peaceful attainments.” Then Māra the Wicked, thinking, “The nun Vijayā knows me!” miserable and sad, vanished right there.

၅။ ဥပ္ပလဝဏ္ဏာသုတ္တံ

၁၆၆။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ…ပေ… အညတရသ္မိံ သုပုပ္ဖိတသာလရုက္ခမူလေ အဋ္ဌာသိ။ အထ ခေါ မာရော ပါပိမာ ဥပ္ပလဝဏ္ဏာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ယေန ဥပ္ပလဝဏ္ဏာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဥပ္ပလဝဏ္ဏံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –

‘‘သုပုပ္ဖိတဂ္ဂံ ဥပဂမ္မ ဘိက္ခုနိ,

ဧကာ တုဝံ တိဋ္ဌသိ သာလမူလေ၊

န စတ္ထိ တေ ဒုတိယာ ဝဏ္ဏဓာတု,

ဗာလေ န တွံ ဘာယသိ ဓုတ္တကာန’’န္တိ။

အထ ခေါ ဥပ္ပလဝဏ္ဏာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ ဥပ္ပလဝဏ္ဏာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –

‘‘သတံ သဟဿာနိပိ ဓုတ္တကာနံ,

ဣဓာဂတာ တာဒိသကာ ဘဝေယျုံ၊

လောမံ န ဣဉ္ဇာမိ န သန္တသာမိ,

န မာရ ဘာယာမိ တမေကိကာပိ။

‘‘ဧသာ အန္တရဓာယာမိ, ကုစ္ဆိံ ဝါ ပဝိသာမိ တေ၊

ပခုမန္တရိကာယမ္ပိ, တိဋ္ဌန္တိံ မံ န ဒက္ခသိ။

‘‘စိတ္တသ္မိံ ဝသီဘူတာမှိ, ဣဒ္ဓိပါဒါ သုဘာဝိတာ၊

သဗ္ဗဗန္ဓနမုတ္တာမှိ, န တံ ဘာယာမိ အာဝုသော’’တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၅-ဥပ္ပလဝဏ္ဏာသုတ် ၁၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဥပ္ပလဝဏ်ဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ အဖျားမှ စ၍ ကောင်းစွာ ပင်လုံးကျွတ် ပွင့်သော တစ်ခုသော အင်ကြင်းပင်ရင်း၌ ရပ်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥပ္ပလဝဏ်ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဥပ္ပလဝဏ် ဘိက္ခုနီမထံသို့ ချဥ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏- “ရဟန်းမ သင်သည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်သို့ ချဥ်းကပ်၍ အင်ကြင်းပင်ရင်း၌ တစ်ယောက်တည်း ရပ်တည်ဘိ၏၊ သင်၏ အဆင်းဓာတ်နှင့် တူသော နှစ်ခုမြောက်သော အဆင်းဓာတ်သည် မရှိ၊ အမိုက်မ သင်သည် လူဆိုးတို့ကို မကြောက်သလော”ဟု ရွတ်ဆို၏။ ထိုအခါ၌ ဥပ္ပလဝဏ်ဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည်ကား အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစား၏၊ “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏- “မာရ်နတ် သင့်ကဲဲ့သို့ သဘောရှိသော သေသောက်ကြူး ရာထောင်တို့သည် ဤအရပ်သို့ လာစေကာမူ ငါသည် မွေးညင်းတစ်ချောင်းမျှ မတုန်လှုပ်၊ မထိတ်လန့်၊ တစ်ယောက်တည်းပင် ဖြစ်သော်လည်း သင့်ကို ငါ မကြောက်။ ဤသို့ သဘောရှိသော ငါသည် ကွယ်ပျောက်အံ့၊ သင်၏ ဝမ်းတွင်းသို့မူလည်း ဝင်အံ့၊ သင်၏ မျက်မှောင်ကြား၌ တည်သော ငါ့ကိုမူလည်း သင် မမြင်ရလတ္တံ့၊ ငါသည် စိတ်၌ အလေ့အလာပြုပြီးဖြစ်၍ ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ ပွားပြီး ဖြစ်၏၊ အလုံးစုံသော အနှောင်အဖွဲဲ့မှ လွတ်ကင်းပြီး ဖြစ်၏၊ အချင်းမာရ်နတ် သင့်ကို ငါ မကြောက်”ဟု ပြန်ပြော၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဥပ္ပလဝဏ်ဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.5 1. Nuns With Uppalavaṇṇā At Sāvatthī. Then the nun Uppalavaṇṇā robed up in the morning … and stood at the root of a sal tree in full flower. Then Māra the Wicked, wanting to make the nun Uppalavaṇṇā feel fear, terror, and goosebumps, wanting to make her fall away from immersion, went up to her and addressed her in verse: “You’ve come to this sal tree all crowned with flowers, and stand at its root all alone, O nun. Your beauty is second to none— silly girl, aren’t you afraid of rascals?” Then the nun Uppalavaṇṇā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Uppalavaṇṇā, knowing that this was Māra the Wicked, replied to him in verse: “Even if 100,000 rascals like you were to come here, I’d stir not a hair nor panic. I’m not scared of you, Māra, even alone. I’ll vanish, or I’ll enter your belly; I could stand between your eyebrows and you still wouldn’t see me. I’m the master of my own mind, I’ve developed the bases of psychic power well. I’m free from all bonds, and I’m not afraid of you, sir!” Then Māra the Wicked, thinking, “The nun Uppalavaṇṇā knows me!” miserable and sad, vanished right there.

၆။ စာလာသုတ္တံ

၁၆၇။ သာဝတ္ထိနိဒါနံ။ အထ ခေါ စာလာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ…ပေ… အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ယေန စာလာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ စာလံ ဘိက္ခုနိံ ဧတဒဝေါစ – ‘‘ကိံ နု တွံ, ဘိက္ခုနိ, န ရောစေသီ’’တိ? ‘‘ဇာတိံ ခွါဟံ, အာဝုသော, န ရောစေမီ’’တိ။

‘‘ကိံ နု ဇာတိံ န ရောစေသိ, ဇာတော ကာမာနိ ဘုဉ္ဇတိ၊

ကော နု တံ ဣဒမာဒပယိ, ဇာတိံ မာ ရောစ [မာ ရောစေသိ (သီ။ ပီ။)] ဘိက္ခုနီ’’တိ။

‘‘ဇာတဿ မရဏံ ဟောတိ, ဇာတော ဒုက္ခာနိ ဖုဿတိ [ပဿတိ (သီ။ ပီ။)]၊

ဗန္ဓံ ဝဓံ ပရိက္လေသံ, တသ္မာ ဇာတိံ န ရောစယေ။

‘‘ဗုဒ္ဓေါ ဓမ္မမဒေသေသိ, ဇာတိယာ သမတိက္ကမံ၊

သဗ္ဗဒုက္ခပ္ပဟာနာယ, သော မံ သစ္စေ နိဝေသယိ။

‘‘ယေ စ ရူပူပဂါ သတ္တာ, ယေ စ အရူပဋ္ဌာယိနော၊

နိရောဓံ အပ္ပဇာနန္တာ, အာဂန္တာရော ပုနဗ္ဘဝ’’န္တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ စာလာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၆-စာလာသုတ် ၁၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် စာလာ ဘိက္ခုနီမထံသို့ ချဥ်းကပ်ပြီးလျှင် “ရဟန်းမ သင်သည် အဘယ်ကို မနှစ်သက်သနည်း”ဟု ပြောဆို၏၊ “အချင်းမာရ်နတ် ငါသည် ပဋိသန္ဓေနေခြင်းကို မနှစ်သက်”ဟု ပြောဆို၏။ “ရဟန်းမ အဘယ့်ကြောင့် သင်သည် ပဋိသန္ဓေ နေခြင်းကို မနှစ်သက်သနည်း၊ ပဋိသန္ဓေ နေသူသည် ကာမဂုဏ်တို့ကို ခံစားရ၏၊ ပဋိသန္ဓေ နေခြင်းကို မနှစ်သက် လင့်ဟူသော ဤအယူကို အဘယ်သူက ယူစေသနည်း”ဟု ပြောဆို၏။ (မာရ်နတ်ယုတ်) ပဋိသန္ဓေ နေသူအား သေခြင်း ဖြစ်၏၊ ပဋိသန္ဓေ နေသူသည် နှောင်ဖွဲဲ့ခြင်း, သတ်ခြင်း, အထူးထူးအပြားပြားသော ဘေးရန်ဟူသော ဆင်းရဲဲတို့ကို တွေ့ထိရ၏၊ ထို့ကြောင့် ပဋိသန္ဓေ နေခြင်းကို ငါ မနှစ်သက်။ ပဋိသန္ဓေ နေခြင်းမှ လွန်မြောက်ကြောင်းတရားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဆင်းရဲဲကို ပယ်ခြင်းငှါ ငါ့ကို ပရမတ္ထသစ္စာ၌ သက်ဝင်စေတော်မူ၏။ ရူပဘုံသို့ ရောက်သော အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အရူပဘုံ၌ တည် ကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် ဒုက္ခချုပ်ရာ (နိဗ္ဗာန်) ကို မသိကုန်သောကြောင့် တစ်ဖန် ဘဝသစ်သို့ လာရကုန်၏ဟု (ပြန်ပြော၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “စာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.6 1. Nuns With Cālā At Sāvatthī. Then the nun Cālā robed up in the morning … and sat at the root of a tree for the day’s meditation. Then Māra the Wicked went up to Cālā and said to her, “Nun, what don’t you approve of?” “I don’t approve of rebirth, sir.” “Why don’t you approve of rebirth? When you’re born, you get to enjoy sensual pleasures. Who put this idea in your head: ‘Nun, don’t approve of rebirth’?” “Death comes to those who are born, when you’re born you undergo sufferings— killing, caging, misery— that’s why you shouldn’t approve of rebirth. The Buddha taught me the Dhamma for transcending rebirth, for giving up all suffering; he settled me in the truth. There are beings in the realm of luminous form, and others stuck in the formless. Not understanding cessation, they return in future lives.” Then Māra the Wicked, thinking, “The nun Cālā knows me!” miserable and sad, vanished right there.

၇။ ဥပစာလာသုတ္တံ

၁၆၈။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဥပစာလာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ…ပေ… အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ယေန ဥပစာလာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဥပစာလံ ဘိက္ခုနိံ ဧတဒဝေါစ – ‘‘ကတ္ထ နု တွံ, ဘိက္ခုနိ, ဥပ္ပဇ္ဇိတုကာမာ’’တိ? ‘‘န ခွါဟံ, အာဝုသော, ကတ္ထစိ ဥပ္ပဇ္ဇိတုကာမာ’’တိ။

‘‘တာဝတိံသာ စ ယာမာ စ, တုသိတာ စာပိ ဒေဝတာ၊

နိမ္မာနရတိနော ဒေဝါ, ယေ ဒေဝါ ဝသဝတ္တိနော၊

တတ္ထ စိတ္တံ ပဏိဓေဟိ, ရတိံ ပစ္စနုဘောဿသီ’’တိ။

‘‘တာဝတိံသာ စ ယာမာ စ, တုသိတာ စာပိ ဒေဝတာ၊

နိမ္မာနရတိနော ဒေဝါ, ယေ ဒေဝါ ဝသဝတ္တိနော၊

ကာမဗန္ဓနဗဒ္ဓါ တေ, ဧန္တိ မာရဝသံ ပုန။

‘‘သဗ္ဗော အာဒီပိတော [သဗ္ဗောဝ အာဒိတ္တော (သျာ။ ကံ။)] လောကော, သဗ္ဗော လောကော ပဓူပိတော၊

သဗ္ဗော ပဇ္ဇလိတော [ပဇ္ဇလိတော (သဗ္ဗတ္ထ)] လောကော, သဗ္ဗော လောကော ပကမ္ပိတော။

‘‘အကမ္ပိတံ အပဇ္ဇလိတံ [အစလိတံ (သီ။ သျာ။ ကံ။ ပီ။)], အပုထုဇ္ဇနသေဝိတံ၊

အဂတိ ယတ္ထ မာရဿ, တတ္ထ မေ နိရတော မနော’’တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဥပစာလာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၇-ဥပစာလာသုတ် ၁၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဥပစာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥပစာလာ ဘိက္ခုနီမထံသို့ ချဥ်းကပ်ပြီးလျှင် ဥပစာလာဘိက္ခုနီမအား “ရဟန်းမ သင်သည် အဘယ်ဘုံ၌ ဖြစ်ခြင်းငှါ အလိုရှိပါသနည်း”ဟု ပြောဆို၏၊ အချင်းမာရ်နတ် ငါသည် “တစ်စုံတစ်ခုသောဘုံ၌ ဖြစ်ခြင်းငှါ အလိုမရှိ”ဟု ဆို၏။ “အကြင်သို့သော တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတီနတ်တို့သည်လည်းကောင်း၊ ဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုနတ်တို့၏ နေရာဘုံ၌ သင်၏ စိတ်ကို ညွတ်စေလော့၊ ထိုနတ်ဘုံတို့၌ မွေ့လျော်ခြင်းကို ခံစားရလတ္တံ့ဟု (ဆို၏)။ အကြင်သို့သော တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတီနတ်တို့သည်လည်းကောင်း၊ ဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ် အနှောင်အဖွဲဲ့ဖြင့် နှောင်ဖွဲဲ့ခံရကုန်လျက် တစ်ဖန် မာရ်နတ်၏ အလိုနိုင်ငံသို့ ရောက် ကုန်၏။ အလုံးစုံသော လောကသည် ရဲဲရဲဲပြောင်ပြောင် တောက်လောင်နေ၏၊ အလုံးစုံ သော လောကသည့်အခိုးတလူလူ ထနေ၏၊ အလုံးစုံသော လောကသည် မီးတောက်မီးလျှံ ထွက်နေ၏၊ အလုံးစုံသော လောကသည် တုန်လှုပ်နေ၏။ အကြင်အရပ်၌ မတုန်လှုပ်၊ အလျှံ မထွက်၊ အရိယာတို့ မှီဝဲဲအပ်၏၊ မာရ်၏ လားရာ မဟုတ်၊ ထို (နိဗ္ဗာန်) အရပ်၌ ငါ၏ စိတ်သည် မွေ့လျော်၏”ဟု ဆို၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဥပစာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.7 1. Nuns With Upacālā At Sāvatthī. Then the nun Upacālā robed up in the morning … and sat at the root of a tree for the day’s meditation. Then Māra the Wicked went up to Upacālā and said to her, “Nun, where do you want to be reborn?” “I don’t want to be reborn anywhere, sir.” “There are the gods of the thirty-three, <j>and those of Yama; also the Joyful Deities, the gods who love to create, and the gods who control what is created by others. Set your heart on such places, and you’ll undergo delight.” “The gods of the thirty-three, <j>and those of Yama; also the Joyful Deities, the gods who love to create, and the gods who control what is created by others— they’re bound with the bonds of sensuality; they fall under your sway again. All the world is on fire, all the world is smoldering, all the world is ablaze, all the world is rocking. My mind adores that place where Māra cannot go; it’s not shaking or burning, and not frequented by ordinary people.” Then Māra the Wicked, thinking, “The nun Upacālā knows me!” miserable and sad, vanished right there.

စာ-၁၃၅

၈။ သီသုပစာလာသုတ္တံ

၁၆၉။ သာဝတ္ထိနိဒါနံ။ အထ ခေါ သီသုပစာလာ [သီသူပစာလာ (သီ။)] ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ …ပေ… အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ယေန သီသုပစာလာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ သီသုပစာလံ ဘိက္ခုနိံ ဧတဒဝေါစ – ‘‘ကဿ နု တွံ, ဘိက္ခုနိ, ပါသဏ္ဍံ ရောစေသီ’’တိ? ‘‘န ခွါဟံ, အာဝုသော, ကဿစိ ပါသဏ္ဍံ ရောစေမီ’’တိ။

‘‘ကံ နု ဥဒ္ဒိဿ မုဏ္ဍာသိ, သမဏီ ဝိယ ဒိဿသိ၊

န စ ရောစေသိ ပါသဏ္ဍံ, ကိမိဝ စရသိ မောမူဟာ’’တိ။

‘‘ဣတော ဗဟိဒ္ဓါ ပါသဏ္ဍာ, ဒိဋ္ဌီသု ပသီဒန္တိ တေ၊

န တေသံ ဓမ္မံ ရောစေမိ, တေ ဓမ္မဿ အကောဝိဒါ။

‘‘အတ္ထိ သကျကုလေ ဇာတော, ဗုဒ္ဓေါ အပ္ပဋိပုဂ္ဂလော၊

သဗ္ဗာဘိဘူ မာရနုဒေါ, သဗ္ဗတ္ထမပရာဇိတော။

‘‘သဗ္ဗတ္ထ မုတ္တော အသိတော, သဗ္ဗံ ပဿတိ စက္ခုမာ၊

သဗ္ဗကမ္မက္ခယံ ပတ္တော, ဝိမုတ္တော ဥပဓိသင်္ခယေ၊

သော မယှံ ဘဂဝါ သတ္ထာ, တဿ ရောစေမိ သာသန’’န္တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ သီသုပစာလာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၈-သီသုပစာလာသုတ် ၁၆၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သီသုပစာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သီသုပစာလာဘိက္ခုနီမထံသို့ ချဥ်းကပ်ပြီးလျှင် သီသုပစာလာဘိက္ခုနီမအား “ရဟန်းမ သင်သည် အဘယ် သူ၏ ပါသဏ္ဍအယူဝါဒကို နှစ်သက်သနည်း”ဟု ဆို၏၊ အချင်းမာရ်နတ် ငါသည် “တစ်စုံတစ်ယောက်သော သူ၏ ပါသဏ္ဍအယူဝါဒကို မနှစ်သက်”ဟု ဆို၏။ “သင့်ကို ရဟန်းမနှင့် တူစွာ တွေ့မြင်ရ၏၊ သင်သည် အဘယ်ပုဂ္ဂိုလ်ကို ရည် မှတ်၍ ဦးပြည်းသနည်း၊ အယူကို အကယ်၍ မနှစ်သက်အံ့၊ အဘယ့်ကြောင့် ယောင်ယောင်ဝါးဝါး ကျင့်ဘိသနည်းဟု ဆို၏။ မာရ်နတ် ဤသာသနာတော်မှ အပ၌သာလျှင် ပါသဏ္ဍ (အယူ)တို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မိစ္ဆာအယူ၌ နစ်မြုပ်ကုန်၏၊ ထိုသူတို့၏ တရားကို ငါ မနှစ်သက်၊ ထိုသူတို့သည် (သစ္စာလေးပါး) တရား၌ မလိမ္မာကုန်။ သာကီဝင်မင်းမျိုး၌ဖြစ်သော၊ ပြိုင်ဘက်ကင်းသော၊ အလုံးစုံ (ခန္ဓာစသည်)တို့ကို လွှမ်းမိုး၍ တည်သော၊ မစ္စုမာရ်စသည်တို့ကို နုတ်ပြီးသော၊ အလုံးစုံသော အရာ ဌာနတို့၌ (သူတစ်ပါးတို့) မအောင်နိုင်သော၊ အလုံးစုံ (ခန္ဓာစသည်)တို့၌ လွတ် မြောက်တော်မူသော၊ အလုံးစုံသော တဏှာဒိဋ္ဌိတို့သည် မမှီအပ်သော၊ စက္ခုငါးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော တရားကို မြင်တော်မူ၏။ အလုံးစုံ ကံတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်တော်မူ၏၊ ဥပဓိ ကုန်ရာ (နိဗ္ဗာန်) ၌ (အာရုံပြုသောအားဖြင့် ကိလေသာမှ) လွတ်တော်မူ၏၊ ထိုမြတ်စွာဘုရား သည် ငါ၏ ဆရာတည်း၊ ထိုဆရာ၏ အဆုံးအမကို ငါသည် နှစ်သက်၏ဟု ပြော ပြန်၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သီသုပစာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.8 1. Nuns With Sīsupacālā At Sāvatthī. Then the nun Sīsupacālā robed up in the morning … and sat at the root of a tree for the day’s meditation. Then Māra the Wicked went up to Sīsupacālā and said to her, “Nun, whose creed do you approve of?” “I don’t approve anyone’s creed, sir.” “In whose name did you shave your head? You look like an ascetic, but you don’t approve any creed. Why do you wander as if lost?” “Followers of other creeds are confident in their views. But I don’t approve their teaching, for they’re no experts in the Dhamma. But there is one born in the Sakyan clan, the unrivaled Buddha, vanquisher of all, dispeller of Māra, everywhere undefeated, everywhere freed, and unattached, the Clear-eyed One sees all. He has attained the end of all deeds, freed with the ending of attachments. That Blessed One is my Teacher, and I approve his instruction.” Then Māra the Wicked, thinking, “The nun Sīsupacālā knows me!” miserable and sad, vanished right there.

၉။ သေလာသုတ္တံ

၁၇၀။ သာဝတ္ထိနိဒါနံ။ အထ ခေါ သေလာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ…ပေ… အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ သေလာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော…ပေ… သေလံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကေနိဒံ ပကတံ ဗိမ္ဗံ, ကွနု [ကွန္နု (သီ။ ပီ။), ကွစိ (သျာ။ ကံ။ က။)] ဗိမ္ဗဿ ကာရကော၊

ကွနု ဗိမ္ဗံ သမုပ္ပန္နံ, ကွနု ဗိမ္ဗံ နိရုဇ္ဈတီ’’တိ။

အထ ခေါ သေလာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ သေလာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ သေလာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –

‘‘နယိဒံ အတ္တကတံ [နယိဒံ ပကတံ (သျာ။ ကံ။)] ဗိမ္ဗံ, နယိဒံ ပရကတံ [နယိဒံ ပကတံ (သျာ။ ကံ။)] အဃံ၊

ဟေတုံ ပဋိစ္စ သမ္ဘူတံ, ဟေတုဘင်္ဂါ နိရုဇ္ဈတိ။

‘‘ယထာ အညတရံ ဗီဇံ, ခေတ္တေ ဝုတ္တံ ဝိရူဟတိ၊

ပထဝီရသဉ္စာဂမ္မ, သိနေဟဉ္စ တဒူဘယံ။

‘‘ဧဝံ ခန္ဓာ စ ဓာတုယော, ဆ စ အာယတနာ ဣမေ၊

ဟေတုံ ပဋိစ္စ သမ္ဘူတာ, ဟေတုဘင်္ဂါ နိရုဇ္ဈရေ’’တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ သေလာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

၉-သေလာသုတ် ၁၇၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သေလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သေလာ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း။ပ။ သေလာဘိက္ခုနီမကို ဂါထာဖြင့် ရွတ်ဆို၏။ “ဤရုပ်ပုံ (အတ္တဘော) ကို အဘယ်သူ ဖြစ်စေအပ်သနည်း၊ ဤရုပ်ပုံ (အတ္တဘော) ကို ပြုတတ်သူကား အဘယ်သူနည်း၊ အဘယ့်ကြောင့် ဤရုပ်ပုံ (အတ္တဘော) သည် ဖြစ်ပေါ်လာသနည်း၊ အဘယ့်ကြောင့် ဤရုပ်ပုံ (အတ္တဘော) သည် ချုပ်သနည်း”ဟု (ရွတ်ဆို၏)။ ထိုအခါ၌ သေလာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ သေလာဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏- “ဤအတ္တဘောကို မိမိကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ ဤအတ္တဘောသည် အကြောင်း ကို စွဲဲ၍ ဖြစ်၏၊ အကြောင်း ပျက်ခြင်းကြောင့် ချုပ်၏၊ လယ်၌ စိုက်ပျိုးအပ်သော တစ်စုံတစ်ခုသော မျိုးစေ့သည် မြေဩဇာနှင့် အစေး ယင်းနှစ်ပါးကို စွဲဲ၍ ပေါက်သကဲဲ့သို့- ဤအတူ ခန္ဓာတို့လည်းကောင်း၊ ဓာတ်ခြောက်ပါးတို့လည်းကောင်း၊ အာယတန ခြောက်ပါးတို့လည်းကောင်း ဤတရားတို့သည် အကြောင်းကို စွဲဲ၍ ဖြစ်ကုန်၏။ အကြောင်းပျက်ခြင်းကြောင့် ချုပ်ကုန်၏”ဟု (ပြန်ပြော၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သေလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 5.9 1. Nuns With Selā At Sāvatthī. Then the nun Selā robed up in the morning … and sat at the root of a tree for the day’s meditation. Then Māra the Wicked, wanting to make the nun Selā feel fear, terror, and goosebumps … addressed her in verse: “Who created this puppet? Where is its maker? Where has the puppet arisen? And where does it cease?” Then the nun Selā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Selā, knowing that this was Māra the Wicked, replied to him in verse: “This puppet isn’t self-made, nor is this gloom made by another. It comes to be because of a cause, and ceases when the cause breaks up. It’s like a seed that’s sown in a field; it grows relying on both the soil’s nutrients as well as moisture. In the same way the aggregates and elements and these six sense fields come to be because of a cause, and cease when the cause breaks up.” Then Māra the Wicked, thinking, “The nun Selā knows me!” miserable and sad, vanished right there.

၁၀။ ဝဇိရာသုတ္တံ

၁၇၁။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဝဇိရာ ဘိက္ခုနီ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ ယေန အန္ဓဝနံ တေနုပသင်္ကမိ ဒိဝါဝိဟာရာယ။ အန္ဓဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ဒိဝါဝိဟာရံ နိသီဒိ။ အထ ခေါ မာရော ပါပိမာ ဝဇိရာယ ဘိက္ခုနိယာ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ယေန ဝဇိရာ ဘိက္ခုနီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဝဇိရံ ဘိက္ခုနိံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကေနာယံ ပကတော သတ္တော, ကုဝံ သတ္တဿ ကာရကော၊

ကုဝံ သတ္တော သမုပ္ပန္နော, ကုဝံ သတ္တော နိရုဇ္ဈတီ’’တိ။

အထ ခေါ ဝဇိရာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘ကော နု ခွါယံ မနုဿော ဝါ အမနုဿော ဝါ ဂါထံ ဘာသတီ’’တိ? အထ ခေါ ဝဇိရာယ ဘိက္ခုနိယာ ဧတဒဟောသိ – ‘‘မာရော ခေါ အယံ ပါပိမာ မမ ဘယံ ဆမ္ဘိတတ္တံ လောမဟံသံ ဥပ္ပါဒေတုကာမော သမာဓိမှာ စာဝေတုကာမော ဂါထံ ဘာသတီ’’တိ။ အထ ခေါ ဝဇိရာ ဘိက္ခုနီ ‘‘မာရော အယံ ပါပိမာ’’ ဣတိ ဝိဒိတွာ, မာရံ ပါပိမန္တံ ဂါထာဟိ ပစ္စဘာသိ –

‘‘ကိံ နု သတ္တောတိ ပစ္စေသိ, မာရ ဒိဋ္ဌိဂတံ နု တေ၊

သုဒ္ဓသင်္ခါရပုဉ္ဇောယံ, နယိဓ သတ္တုပလဗ္ဘတိ။

‘‘ယထာ ဟိ အင်္ဂသမ္ဘာရာ, ဟောတိ သဒ္ဒေါ ရထော ဣတိ၊

ဧဝံ ခန္ဓေသု သန္တေသု, ဟောတိ သတ္တောတိ သမ္မုတိ [သမ္မတိ (သျာ။ ကံ။)]။

‘‘ဒုက္ခမေဝ ဟိ သမ္ဘောတိ, ဒုက္ခံ တိဋ္ဌတိ ဝေတိ စ၊

နာညတြ ဒုက္ခာ သမ္ဘောတိ, နာညံ ဒုက္ခာ နိရုဇ္ဈတီ’’တိ။

အထ ခေါ မာရော ပါပိမာ ‘‘ဇာနာတိ မံ ဝဇိရာ ဘိက္ခုနီ’’တိ ဒုက္ခီ ဒုမ္မနော တတ္ထေဝန္တရဓာယီတိ။

ဘိက္ခုနီသံယုတ္တံ သမတ္တံ။

တဿုဒ္ဒါနံ –

အာဠဝိကာ စ သောမာ စ, ဂေါတမီ ဝိဇယာ သဟ၊

ဥပ္ပလဝဏ္ဏာ စ စာလာ, ဥပစာလာ သီသုပစာလာ စ၊

သေလာ ဝဇိရာယ တေ ဒသာတိ။

၁၀-ဝဇိရာသုတ် ၁၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဝဇိရာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲဲခဲဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဥ်းကပ်၍ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဝဇိရာဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဝဇိရာဘိက္ခုနီမထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို၏ - “အဘယ်သူသည် ဤသတ္တဝါကို ဖြစ်စေသနည်း၊ သတ္တဝါကို ပြုတတ်သူကား အဘယ်သူနည်း၊ အဘယ့်ကြောင့် ဤသတ္တဝါ ဖြစ်ပေါ်လာသနည်း၊ အဘယ့်ကြောင့် သတ္တဝါ ချုပ်သနည်း”ဟု ရွတ်ဆို၏။ ထိုအခါ၌ ဝဇိရာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဥ်းစားပြီးလျှင် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏ဟု အကြံ ဖြစ်၏၊ ထိုအခါ ဝဇိရာဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏- “မာရ်နတ် သင်သည် အဘယ်ကို သတ္တဝါဟူ၍ ယုံကြည်ဘိသနည်း၊ သင့်အား မကောင်းသော အမြင်သည် အစဥ်လိုက်၏၊ ဤသတ္တဝါဟူသည် သင်္ခါရအစု သက် သက်သာတည်း၊ ဤသင်္ခါရအစု၌ သဘောအားဖြင့် သတ္တဝါဟူသည်ကို မရအပ်။ လှည်းသန်, ဝင်ရိုးစသော အင်္ဂါအစိတ်အပိုင်းတို့ ပေါင်းစုမိသောကြောင့် ‘ရထား’ ဟူ၍ ခေါ်ဝေါ်ပြောဆိုသော အသံ (သဒ္ဒါဝေါဟာရ) သည် ဖြစ်သကဲဲ့သို့ ထို့အတူ ခန္ဓာငါးပါးတို့ ထင်ရှားကုန်လတ်သော် ‘သတ္တဝါ’ဟူ၍ သမုတ်ခြင်း ဖြစ်၏။ ထိုစကား မှန်၏၊ (ခန္ဓာငါးပါးဟူသော) ဒုက္ခသည်သာလျှင် ဖြစ်၏၊ ဒုက္ခသည် တည်လည်း တည်၏၊ ပျက်လည်း ပျက်၏၊ (ခန္ဓာငါးပါးဟူသော) ဒုက္ခကို ဖယ်ထား ၍ ခန္ဓာငါးပါးဟူသော ဒုက္ခမှတစ်ပါး အခြားသော တရားသည် မဖြစ်၊ ဒုက္ခကို ဖယ်ထား၍ ခန္ဓာငါးပါးဟူသော ဒုက္ခမှတစ်ပါး အခြားသော တရားသည် မချုပ်”ဟု ပြန်ပြော၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဝဇိရာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ဘိက္ခုနီ သံယုတ်ပြီး၏။

Linked Discourses 5.10 1. Nuns With Vajirā At Sāvatthī. Then the nun Vajirā robed up in the morning and, taking her bowl and robe, entered Sāvatthī for alms. She wandered for alms in Sāvatthī. After the meal, on her return from almsround, she went to the Dark Forest for the day’s meditation, plunged deep into it, and sat at the root of a tree to meditate. Then Māra the Wicked, wanting to make the nun Vajirā feel fear, terror, and goosebumps, wanting to make her fall away from immersion, went up to her and addressed her in verse: “Who created this sentient being? Where is its maker? Where has the being arisen? And where does it cease?” Then the nun Vajirā thought, “Who’s speaking this verse, a human or a non-human?” Then she thought, “This is Māra the Wicked, wanting to make me feel fear, terror, and goosebumps, wanting to make me fall away from immersion!” Then Vajirā, knowing that this was Māra the Wicked, replied to him in verse: “Why do you believe there’s such a thing as a <j>‘sentient being’? Māra, is this your theory? This is just a pile of conditions, you won’t find a sentient being here. When the parts are assembled we use the word ‘chariot’. So too, when the aggregates are present ‘sentient being’ is the convention we use. But it’s only suffering that comes to be, lasts a while, then expires. Naught but suffering comes to be, naught but suffering ceases.” Then Māra the Wicked, thinking, “The nun Vajirā knows me!” miserable and sad, vanished right there. The Linked Discourses on Nuns are complete.

စာ-၁၃၈

၆။ ဗြဟ္မသံယုတ္တံ

၁။ ပဌမဝဂ္ဂေါ

၁။ ဗြဟ္မာယာစနသုတ္တံ

၁၇၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော။ အာလယရာမာ ခေါ ပနာယံ ပဇာ အာလယရတာ အာလယသမ္မုဒိတာ။ အာလယရာမာယ ခေါ ပန ပဇာယ အာလယရတာယ အာလယသမ္မုဒိတာယ ဒုဒ္ဒသံ ဣဒံ ဌာနံ ယဒိဒံ ဣဒပ္ပစ္စယတာပဋိစ္စသမုပ္ပါဒေါ။ ဣဒမ္ပိ ခေါ ဌာနံ ဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ အဟဉ္စေဝ ခေါ ပန ဓမ္မံ ဒေသေယျံ၊ ပရေ စ မေ န အာဇာနေယျုံ၊ သော မမဿ ကိလမထော, သာ မမဿ ဝိဟေသာ’’တိ။ အပိဿု ဘဂဝန္တံ ဣမာ အနစ္ဆရိယာ ဂါထာယော ပဋိဘံသု ပုဗ္ဗေ အဿုတပုဗ္ဗာ –

‘‘ကိစ္ဆေန မေ အဓိဂတံ, ဟလံ ဒါနိ ပကာသိတုံ၊

ရာဂဒေါသပရေတေဟိ, နာယံ ဓမ္မော သုသမ္ဗုဓော။

‘‘ပဋိသောတဂါမိံ နိပုဏံ, ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ၊

ရာဂရတ္တာ န ဒက္ခန္တိ, တမောခန္ဓေန အာဝုဋာ’’တိ [တမောက္ခန္ဓေန အာဝုတာတိ (သီ။ သျာ။ ကံ။ ပီ။)]။

ဣတိဟ ဘဂဝတော ပဋိသဉ္စိက္ခတော အပ္ပေါဿုက္ကတာယ စိတ္တံ နမတိ, နော ဓမ္မဒေသနာယ။

အထ ခေါ ဗြဟ္မုနော သဟမ္ပတိဿ ဘဂဝတော စေတသာ စေတောပရိဝိတက္ကမညာယ ဧတဒဟောသိ – ‘‘နဿတိ ဝတ ဘော လောကော, ဝိနဿတိ ဝတ ဘော လောကော, ယတြ ဟိ နာမ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ အပ္ပေါဿုက္ကတာယ စိတ္တံ နမတိ [နမိဿတိ (?)], နော ဓမ္မဒေသနာယာ’’တိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ [သမ္မိဉ္ဇိတံ (သီ။ သျာ။ ကံ။ ပီ။)] ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဗြဟ္မလောကေ အန္တရဟိတော ဘဂဝတော ပုရတော ပါတုရဟောသိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဒက္ခိဏဇာဏုမဏ္ဍလံ ပထဝိယံ နိဟန္တွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဒေသေတု, ဘန္တေ, ဘဂဝါ ဓမ္မံ, ဒေသေတု သုဂတော ဓမ္မံ။ သန္တိ သတ္တာ အပ္ပရဇက္ခဇာတိကာ, အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ။ ဘဝိဿန္တိ ဓမ္မဿ အညာတာရော’’တိ။ ဣဒမဝေါစ ဗြဟ္မာ သဟမ္ပတိ, ဣဒံ ဝတွာ အထာပရံ ဧတဒဝေါစ –

‘‘ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ,

ဓမ္မော အသုဒ္ဓေါ သမလေဟိ စိန္တိတော၊

အပါပုရေတံ [အဝါပုရေတံ (သီ။)] အမတဿ ဒွါရံ,

သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ။

‘‘သေလေ ယထာ ပဗ္ဗတမုဒ္ဓနိဋ္ဌိတော,

ယထာပိ ပဿေ ဇနတံ သမန္တတော၊

တထူပမံ ဓမ္မမယံ သုမေဓ,

ပါသာဒမာရုယှ သမန္တစက္ခု၊

သောကာဝတိဏ္ဏံ [သောကာဝကိဏ္ဏံ (သီ။)] ဇနတမပေတသောကော,

အဝေက္ခဿု ဇာတိဇရာဘိဘူတံ။

‘‘ဥဋ္ဌေဟိ ဝီရ ဝိဇိတသင်္ဂါမ,

သတ္ထဝါဟ အနဏ [အဏဏ (ရူပသိဒ္ဓိဋီကာ)] ဝိစရ လောကေ၊

ဒေသဿု [ဒေသေတု (သျာ။ ကံ။ ပီ။ က။)] ဘဂဝါ ဓမ္မံ,

အညာတာရော ဘဝိဿန္တီ’’တိ။

အထ ခေါ ဘဂဝါ ဗြဟ္မုနော စ အဇ္ဈေသနံ ဝိဒိတွာ သတ္တေသု စ ကာရုညတံ ပဋိစ္စ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေသိ။ အဒ္ဒသာ ခေါ ဘဂဝါ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေန္တော သတ္တေ အပ္ပရဇက္ခေ မဟာရဇက္ခေ တိက္ခိန္ဒြိယေ မုဒိန္ဒြိယေ သွာကာရေ ဒွါကာရေ သုဝိညာပယေ ဒုဝိညာပယေ, အပ္ပေကစ္စေ ပရလောကဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ, အပ္ပေကစ္စေ န ပရလောကဝဇ္ဇဘယဒဿာဝိနေ [ဒဿာဝိနော (သီ။ သျာ။ ကံ။ ပီ။)] ဝိဟရန္တေ။ သေယျထာပိ နာမ ဥပ္ပလိနိယံ ဝါ ပဒုမိနိယံ ဝါ ပုဏ္ဍရီကိနိယံ ဝါ အပ္ပေကစ္စာနိ ဥပ္ပလာနိ ဝါ ပဒုမာနိ ဝါ ပုဏ္ဍရီကာနိ ဝါ ဥဒကေ ဇာတာနိ ဥဒကေ သံဝဍ္ဎာနိ ဥဒကာနုဂ္ဂတာနိ အန္တော နိမုဂ္ဂပေါသီနိ, အပ္ပေကစ္စာနိ ဥပ္ပလာနိ ဝါ ပဒုမာနိ ဝါ ပုဏ္ဍရီကာနိ ဝါ ဥဒကေ ဇာတာနိ ဥဒကေ သံဝဍ္ဎာနိ သမောဒကံ ဌိတာနိ, အပ္ပေကစ္စာနိ ဥပ္ပလာနိ ဝါ ပဒုမာနိ ဝါ ပုဏ္ဍရီကာနိ ဝါ ဥဒကေ ဇာတာနိ ဥဒကေ သံဝဍ္ဎာနိ ဥဒကာ အစ္စုဂ္ဂမ္မ ဌိတာနိ [တိဋ္ဌန္တိ (သီ။ သျာ။ ကံ။ ပီ။)] အနုပလိတ္တာနိ ဥဒကေန၊ ဧဝမေဝ ဘဂဝါ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေန္တော အဒ္ဒသ သတ္တေ အပ္ပရဇက္ခေ မဟာရဇက္ခေ တိက္ခိန္ဒြိယေ မုဒိန္ဒြိယေ သွာကာရေ ဒွါကာရေ သုဝိညာပယေ ဒုဝိညာပယေ, အပ္ပေကစ္စေ ပရလောကဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ, အပ္ပေကစ္စေ န ပရလောကဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ။ ဒိသွာန ဗြဟ္မာနံ သဟမ္ပတိံ ဂါထာယ ပစ္စဘာသိ –

‘‘အပါရုတာ တေသံ အမတဿ ဒွါရာ,

ယေ သောတဝန္တော ပမုဉ္စန္တု သဒ္ဓံ၊

ဝိဟိံသသညီ ပဂုဏံ န ဘာသိံ,

ဓမ္မံ ပဏီတံ မနုဇေသု ဗြဟ္မေ’’တိ။

အထ ခေါ ဗြဟ္မာ သဟမ္ပတိ ‘‘ကတာဝကာသော ခေါမှိ ဘဂဝတာ ဓမ္မဒေသနာယာ’’တိ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီတိ။

၆-ဗြဟ္မသံယုတ် ၁-ပဌမဝဂ် ၁-ဗြဟ္မာယာစနသုတ် ၁၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှေးဦးစွာဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ကွယ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဥ် မြတ်စွာဘုရားအား ဤသို့ စိတ်အကြံ ဖြစ်တော်မူ၏- “ငါ သိထားသော ဤတရားကား နက်နဲဲ၏၊ မြင်နိုင်ခဲဲ၏၊ သိနိုင်ခဲဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏၊ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကြကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်နေကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲဲ၏၊ ပြု ပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲဲ၏၊ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏ တရားကို မသိနားမလည်နိုင်ရာ၊ သို့ဖြစ်လျှင် ထို (တရားဟောမှု) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကို (ငါ) ညှဥ်းဆဲဲရုံသာ ဖြစ်ရာ၏”ဟု (စိတ်အကြံ ဖြစ်တော်မူ၏)။ ထို့အပြင် အလွန်အံ့ဩဖွယ် ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲဲ မြတ်စွာဘုရား၏ စိတ်တော်၌ ထင်လာပြန် ကုန်၏- “ငါသည် ခဲဲယဥ်းစွာ ကျင့်သဖြင့် သိထားသော တရားကို ယခုအခါ ဟောပြခြင်း ငှါ မသင့်လျော်ချေ၊ ရာဂ , ဒေါသ နှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။ အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်းလျက် ရာဂစွဲဲကပ်နေသော သူတို့သည် သိမ်မွေ့နက်နဲဲ ၍ အဏုမြူသဖွယ် မြင်နိုင်ခဲဲသော (သံသရာ) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ”ဟု (စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏)။ ဤသို့ ဆင်ခြင်တော်မူစဥ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော် မမူ သေးဘဲဲ ကြောင့်ကြမဲဲ့နေရန် ညွတ်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ သဟမ္ပတိဗြဟ္မာအား ဤသို့ အကြံ ဖြစ်ပေါ်လာ၏- “အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော် မမူသေးဘဲဲ ကြောင့်ကြမဲဲ့ နေရန် ညွတ်တော်မူတုံဘိ၏”ဟု (အကြံ ဖြစ်ပေါ်လာ၏)။ ထို့နောက် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးထားသကဲဲ့သို့လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။ ထိုအခါ ထိုသဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင် ၍ လကျာ်ဒူးကို မြေ၌ ထောက်လျက် မြတ်စွာဘုရားသို့လက်အုပ်ချီပြီးလျှင် “မြတ်စွာဘုရား ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည့်တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု လျှောက်၏၊ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီး နောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏- “ရှေးအခါက မဂဓတိုင်း၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ သည် ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲဲ့ပါ သည်၊ အမြိုက်နိဗ္ဗာန်တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေးကင်းတော်မူ သော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။ ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောကျာ်းသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှု သကဲဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ အနှိပ်စက်ခံနေရသဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါ အပေါင်းကို ကြည့်ရှုတော်မူပါလော့။ ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ယာဥ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်း ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်ပြန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူ၏၊ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ၊ ဣန္ဒြေနုသေးသောသူ၊၂ ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲဲသူ၊ တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလျက်နေလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု မရှုဘဲဲ နေ လေ့ရှိသူ အချို့ကို မြင်တော်မူ၏။ ဥပမာသော်ကား ဥပ္ပလကြာ၃တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာ တော၌လည်းကောင်း အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏။ အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။ အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။ ဤအတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်သူ၊ ဣန္ဒြေနုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲဲသူ၊ တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု မရှုဘဲဲ နေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့် သဟမ္ပတိဗြဟ္မာအား ဂါထာဖြင့် မိန့်တော်မူ၏- “ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည် ဖြစ်၍ လူတို့အား မဟောခဲဲ့ပြီ၊ (မဟောဘဲဲနေရန် အကြံ ဖြစ်ခဲဲ့ပြီ)၊ (ပညာ) တည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန် လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ”ဟု (မိန့်တော်မူ၏)။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် “မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ”ဟု (သိသဖြင့်) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။ ၁။ (က) သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။ (ခ) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့်အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ် ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟုခေါ်သည်။ ၂။ အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေ န ပရလောကဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ ပုဒ်များမပါ။ ၃။ ဥပ္ပလ=ကြာဖြူ ကြာနီ ကြာညို။

Linked Discourses 6.1 1. The Appeal The Appeal of the Divinity So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the goatherd’s banyan tree on the bank of the Nerañjarā River. Then as he was in private retreat this thought came to his mind, “This principle I have discovered is deep, hard to see, hard to understand, peaceful, sublime, beyond the scope of logic, subtle, comprehensible to the astute. But people like clinging, they love it and enjoy it. It’s hard for them to see this topic; that is, specific conditionality, dependent origination. It’s also hard for them to see this topic; that is, the stilling of all activities, the letting go of all attachments, the ending of craving, fading away, cessation, extinguishment. And if I were to teach this principle, others might not understand me, which would be wearying and troublesome for me.” And then these verses, which were neither supernaturally inspired, nor learned before in the past, occurred to the Buddha: “I’ve struggled hard to realize this, there’s no need to reveal it now! Those mired in greed and hate can’t really understand this teaching. It goes against the stream, subtle, deep, obscure, and very fine. Those besotted by greed cannot see, for they’re cloaked in a mass of darkness.” And as the Buddha reflected like this, his mind inclined to remaining passive, not to teaching the Dhamma. Then, knowing the Buddha’s train of thought, it occurred to the divinity Sahampati, “Oh lord! The world will be lost, the world will perish! For the mind of the Realized One, the perfected one, the fully awakened Buddha, inclines to remaining passive, not to teaching the Dhamma.” Then, as easily as a strong person would extend or contract their arm, he vanished from the realm of divinity and reappeared in front of the Buddha. He arranged his robe over one shoulder, knelt on his right knee, raised his joined palms toward the Buddha, and said: “Sir, let the Blessed One teach the Dhamma! Let the Holy One teach the Dhamma! There are beings with little dust in their eyes. They’re in decline because they haven’t heard the teaching. There will be those who understand the teaching!” That is what the divinity Sahampati said. Then he went on to say: “Among the Magadhans there appeared in the past an impure teaching thought up by the stained. Fling open the door to freedom from death! Let them hear the teaching <j>the immaculate one discovered. Standing high on a rocky mountain, you can see the people all around. In just the same way, All-seer, so intelligent, having ascended the Temple of Truth, rid of sorrow, look upon the people swamped with sorrow, <j>overcome by rebirth and old age. Rise, hero! Victor in battle, caravan leader, wander the world free of debt. Let the Blessed One teach the Dhamma! There will be those who understand!” Then the Buddha, understanding the Divinity’s invitation, surveyed the world with the eye of a Buddha, out of his compassion for sentient beings. And the Buddha saw sentient beings with little dust in their eyes, and some with much dust in their eyes; with keen faculties and with weak faculties, with good qualities and with bad qualities, easy to teach and hard to teach. And some of them lived seeing the danger in the fault to do with the next world, while others did not. It’s like a pool with blue water lilies, or pink or white lotuses. Some of them sprout and grow in the water without rising above it, thriving underwater. Some of them sprout and grow in the water reaching the water’s surface. And some of them sprout and grow in the water but rise up above the water and stand with no water clinging to them. In the same way, the Buddha saw sentient beings with little dust in their eyes, and some with much dust in their eyes; with keen faculties and with weak faculties, with good qualities and with bad qualities, easy to teach and hard to teach. And some of them lived seeing the danger in the fault to do with the next world, while others did not. When he had seen this he replied in verse to the divinity Sahampati: “Flung open are the doors to freedom from death! Let those with ears to hear commit to faith. Thinking it would be troublesome, Divinity, <j>I did not teach the sophisticated, sublime Dhamma among mankind.” Then the divinity Sahampati, knowing that his request for the Buddha to teach the Dhamma had been granted, bowed and respectfully circled the Buddha, keeping him on his right, before vanishing right there.

၂။ ဂါရဝသုတ္တံ

၁၇၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ အဇပါလနိဂြောဓမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ဒုက္ခံ ခေါ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော, ကံ နု ခွါဟံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ [ဂရုကတွာ (သီ။ သျာ။ ကံ။ ပီ။)] ဥပနိဿာယ ဝိဟရေယျ’’န္တိ။

အထ ခေါ ဘဂဝတော ဧတဒဟောသိ – ‘‘အပရိပုဏ္ဏဿ ခေါ သီလက္ခန္ဓဿ ပါရိပူရိယာ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ န ခေါ ပနာဟံ ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အတ္တနာ သီလသမ္ပန္နတရံ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, ယမဟံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။

‘‘အပရိပုဏ္ဏဿ ခေါ သမာဓိက္ခန္ဓဿ ပါရိပူရိယာ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ န ခေါ ပနာဟံ ပဿာမိ သဒေဝကေ လောကေ…ပေ… အတ္တနာ သမာဓိသမ္ပန္နတရံ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, ယမဟံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။

‘‘အပရိပုဏ္ဏဿ ပညာက္ခန္ဓဿ ပါရိပူရိယာ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ န ခေါ ပနာဟံ ပဿာမိ သဒေဝကေ…ပေ… အတ္တနာ ပညာသမ္ပန္နတရံ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, ယမဟံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။

‘‘အပရိပုဏ္ဏဿ ခေါ ဝိမုတ္တိက္ခန္ဓဿ ပါရိပူရိယာ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ န ခေါ ပနာဟံ ပဿာမိ သဒေဝကေ…ပေ… အတ္တနာ ဝိမုတ္တိသမ္ပန္နတရံ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, ယမဟံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။

‘‘အပရိပုဏ္ဏဿ ခေါ ဝိမုတ္တိဉာဏဒဿနက္ခန္ဓဿ ပါရိပူရိယာ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ န ခေါ ပနာဟံ ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အတ္တနာ ဝိမုတ္တိဉာဏဒဿနသမ္ပန္နတရံ အညံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ, ယမဟံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ။ ယံနူနာဟံ ယွာယံ ဓမ္မော မယာ အဘိသမ္ဗုဒ္ဓေါ တမေဝ ဓမ္မံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျ’’န္တိ။

အထ ခေါ ဗြဟ္မာ သဟမ္ပတိ ဘဂဝတော စေတသာ စေတောပရိဝိတက္ကမညာယ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဗြဟ္မလောကေ အန္တရဟိတော ဘဂဝတော ပုရတော ပါတုရဟောသိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧဝမေတံ, ဘဂဝါ, ဧဝမေတံ, သုဂတ! ယေပိ တေ, ဘန္တေ, အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ, တေပိ ဘဂဝန္တော ဓမ္မညေဝ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရိံသု၊ ယေပိ တေ, ဘန္တေ, ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ တေပိ ဘဂဝန္တော ဓမ္မညေဝ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရိဿန္တိ။ ဘဂဝါပိ, ဘန္တေ, ဧတရဟိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဓမ္မညေဝ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရတူ’’တိ။ ဣဒမဝေါစ ဗြဟ္မာ သဟမ္ပတိ, ဣဒံ ဝတွာ အထာပရံ ဧတဒဝေါစ –

‘‘ယေ စ အတီတာ သမ္ဗုဒ္ဓါ, ယေ စ ဗုဒ္ဓါ အနာဂတာ၊

ယော စေတရဟိ သမ္ဗုဒ္ဓေါ, ဗဟူနံ [ဗဟုန္နံ (သီ။ သျာ။ ကံ။ ပီ။)] သောကနာသနော။

‘‘သဗ္ဗေ သဒ္ဓမ္မဂရုနော, ဝိဟံသု [ဝိဟရိံသု (သီ။ သျာ။ ကံ။ ပီ။)] ဝိဟရန္တိ စ၊

တထာပိ ဝိဟရိဿန္တိ, ဧသာ ဗုဒ္ဓါန ဓမ္မတာ။

‘‘တသ္မာ ဟိ အတ္တကာမေန [အတ္ထကာမေန (သီ။ ပီ။ က။)], မဟတ္တမဘိကင်္ခတာ၊

သဒ္ဓမ္မော ဂရုကာတဗ္ဗော, သရံ ဗုဒ္ဓါန သာသန’’န္တိ။

၂-ဂါရဝသုတ် ၁၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှေးဦးစွာဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရား အား ဤသို့ စိတ်အကြံသည် ထင်ရှားဖြစ်၏- “ရိုသေရာ မှီခိုရာ မရှိဘဲဲ နေရခြင်းသည် ဆင်းရဲဲ၏၊ ငါသည် အဘယ်သို့သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရပါအံ့နည်း”ဟု အကြံ ဖြစ်၏။ ထို့နောက် မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်ပြန်၏- “ငါသည် မပြည့်စုံသေးသော သီလအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် သီလနှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြား သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။ မပြည့်စုံသေးသော သမာဓိအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် သမာဓိနှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ငါ မမြင်။ မပြည့်စုံသေးသော ပညာအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ပညာနှင့် ပြည့် စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ငါ မမြင်။ မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်အစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲဲပြု လျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြား သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။ မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ကို သိမြင်တတ်သည့် ပစ္စဝေက္ခဏာ ဉာဏ်ကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် ကို သိမြင်တတ်သည့် ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။ ငါသည် အကြင်လောကုတ္တရာတရားကို ထိုးထွင်း၍ သိ၏၊ ငါသည် ထိုတရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲဲပြုလျက် နေရမူကား ကောင်းလေစွ”ဟု ဤသို့သော အကြံသည် ဖြစ်၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဗြဟ္မ္မာ့ဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားဖြစ်၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - “ဘုန်းကြီးတော်မူသော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်လှပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်လှပါ၏၊ အသျှင်ဘုရား လွန် လေပြီးသော အတိတ်အခါတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော အကြင်မြတ်စွာဘုရားတို့သည်လည်း ပွင့်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူကြကုန်၏။ အသျှင်ဘုရား လာလတ္တံ့သော အနာဂတ်အခါတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော အကြင် မြတ်စွာဘုရားတို့သည်လည်း ပွင့်တော်မူကုန်လတ္တံ့၊ ထိုမြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူကုန်လတ္တံ့။ အသျှင်ဘုရား ယခုပစ္စုပ္ပန်အခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူပါ လော့”ဟု ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးလျှင် ထိုမှ တစ်ပါးသော ဤစကားကို လျှောက်ပြန်၏ - “အတိတ်၌ ပွင့်တော်မူပြီးသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ အနာဂတ်၌ ပွင့်တော်မူလတ္တံ့သော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ များစွာသော သတ္တဝါတို့၏ ပူဆွေးခြင်းကို ဖျောက်တတ်သော ယခုပစ္စုပ္ပန်၌ ပွင့်ဆဲမြတ်စွာဘုရားသည်လည်းကောင်း ရှိ၏။ အလုံးစုံသော မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားကို အလေးအမြတ် ပြုကုန်သည်ဖြစ်၍ နေတော်မူကုန်ပြီ၊ နေတော်မူကုန်ဆဲ၊ နေတော်မူကုန်လတ္တံ့၊ ဤသို့ နေခြင်းသည်ကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။ ထို့ကြောင့်သာလျှင် အကျိုးစီးပွားကို အလိုရှိသော သူသည် ကြီးမြတ်သည်၏ အဖြစ်ကို တောင့်တသည်ဖြစ်၍ မြတ်စွာဘုရားတို့၏ အဆုံးမတော်ကို အောက်မေ့ လျက် သူတော်ကောင်းတရားကို အလေးပြုအပ်သတည်း”ဟု လျှောက်ပြန်၏။

Linked Discourses 6.2 1. The Appeal Respect So I have heard. At one time, when he was first awakened, the Buddha was staying in Uruvelā at the root of the goatherd’s banyan tree on the bank of the Nerañjarā River. Then as he was in private retreat this thought came to his mind, “One without respect and reverence lives in suffering. What ascetic or brahmin should I honor and respect and rely on?” Then it occurred to him: “I’d honor and respect and rely on another ascetic or brahmin so as to complete the entire spectrum of ethics, if it were incomplete. But I don’t see any other ascetic or brahmin in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who is more accomplished than myself in ethics, who I should honor and respect and rely on. I’d honor and respect and rely on another ascetic or brahmin so as to complete the entire spectrum of immersion, if it were incomplete. But I don’t see any other ascetic or brahmin … who is more accomplished than myself in immersion … I’d honor and respect and rely on another ascetic or brahmin so as to complete the entire spectrum of wisdom, if it were incomplete. But I don’t see any other ascetic or brahmin … who is more accomplished than myself in wisdom … I’d honor and respect and rely on another ascetic or brahmin so as to complete the entire spectrum of freedom, if it were incomplete. But I don’t see any other ascetic or brahmin … who is more accomplished than myself in freedom … I’d honor and respect and rely on another ascetic or brahmin so as to complete the entire spectrum of the knowledge and vision of freedom, if it were incomplete. But I don’t see any other ascetic or brahmin in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who is more accomplished than myself in the knowledge and vision of freedom, who I should honor and respect and rely on. Why don’t I honor and respect and rely on the same Dhamma to which I was awakened?” Then the divinity Sahampati knew the Buddha’s train of thought. As easily as a strong person would extend or contract their arm, he vanished from the realm of divinity and reappeared in front of the Buddha. He arranged his robe over one shoulder, raised his cupped palms toward the Buddha, and said: “That’s so true, Blessed One! That’s so true, Holy One! All the perfected ones, the fully awakened Buddhas who lived in the past honored and respected and relied on this same teaching. All the perfected ones, the fully awakened Buddhas who will live in the future will honor and respect and rely on this same teaching. May the Blessed One, who is the perfected one, the fully awakened Buddha at present, also honor and respect and rely on this same teaching.” That is what the divinity Sahampati said. Then he went on to say: “All Buddhas in the past, the Buddhas of the future, and the Buddha at present— destroyer of the sorrows of many— respecting the true teaching they did live, they do live, and they also will live. This is the nature of the Buddhas. Therefore someone who desires self-knowledge, and aspires to greatness themselves, should respect the true teaching, remembering the instructions of the Buddhas.”

၃။ ဗြဟ္မဒေဝသုတ္တံ

၁၇၄။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရိဿာ ဗြာဟ္မဏိယာ ဗြဟ္မဒေဝေါ နာမ ပုတ္တော ဘဂဝတော သန္တိကေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ။

အထ ခေါ အာယသ္မာ ဗြဟ္မဒေဝေါ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ, တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဗြဟ္မဒေဝေါ အရဟတံ အဟောသိ။

အထ ခေါ အာယသ္မာ ဗြဟ္မဒေဝေါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ သပဒါနံ ပိဏ္ဍာယ စရမာနော ယေန သကမာတု နိဝေသနံ တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြာဟ္မဏီ ဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ။ အထ ခေါ ဗြဟ္မုနော သဟမ္ပတိဿ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြာဟ္မဏီ ဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ။ ယံနူနာဟံ တံ ဥပသင်္ကမိတွာ သံဝေဇေယျ’’န္တိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဗြဟ္မလောကေ အန္တရဟိတော အာယသ္မတော ဗြဟ္မဒေဝဿ မာတု နိဝေသနေ ပါတုရဟောသိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ ဝေဟာသံ ဌိတော အာယသ္မတော ဗြဟ္မဒေဝဿ မာတရံ ဗြာဟ္မဏိံ ဂါထာယ အဇ္ဈဘာသိ –

‘‘ဒူရေ ဣတော ဗြာဟ္မဏိ ဗြဟ္မလောကော,

ယဿာဟုတိံ ပဂ္ဂဏှာသိ နိစ္စံ၊

နေတာဒိသော ဗြာဟ္မဏိ ဗြဟ္မဘက္ခော,

ကိံ ဇပ္ပသိ ဗြဟ္မပထံ အဇာနံ [အဇာနန္တီ (သီ။ ပီ။ က။)]။

‘‘ဧသော ဟိ တေ ဗြာဟ္မဏိ ဗြဟ္မဒေဝေါ,

နိရူပဓိကော အတိဒေဝပတ္တော၊

အကိဉ္စနော ဘိက္ခု အနညပေါသီ,

ယော တေ သော [တေ သော (သီ။ ပီ။), ယော တေ သ (?)] ပိဏ္ဍာယ ဃရံ ပဝိဋ္ဌော။

‘‘အာဟုနေယျော ဝေဒဂု ဘာဝိတတ္တော,

နရာနံ ဒေဝါနဉ္စ ဒက္ခိဏေယျော၊

ဗာဟိတွာ ပါပါနိ အနူပလိတ္တော,

ဃာသေသနံ ဣရိယတိ သီတိဘူတော။

‘‘န တဿ ပစ္ဆာ န ပုရတ္ထမတ္ထိ,

သန္တော ဝိဓူမော အနိဃော နိရာသော၊

နိက္ခိတ္တဒဏ္ဍော တသထာဝရေသု,

သော တျာဟုတိံ ဘုဉ္ဇတု အဂ္ဂပိဏ္ဍံ။

‘‘ဝိသေနိဘူတော ဥပသန္တစိတ္တော,

နာဂေါဝ ဒန္တော စရတိ အနေဇော၊

ဘိက္ခု သုသီလော သုဝိမုတ္တစိတ္တော,

သော တျာဟုတိံ ဘုဉ္ဇတု အဂ္ဂပိဏ္ဍံ။

‘‘တသ္မိံ ပသန္နာ အဝိကမ္ပမာနာ,

ပတိဋ္ဌပေဟိ ဒက္ခိဏံ ဒက္ခိဏေယျေ၊

ကရောဟိ ပုညံ သုခမာယတိကံ,

ဒိသွာ မုနိံ ဗြာဟ္မဏိ ဩဃတိဏ္ဏ’’န္တိ။

‘‘တသ္မိံ ပသန္နာ အဝိကမ္ပမာနာ,

ပတိဋ္ဌပေသိ ဒက္ခိဏံ ဒက္ခိဏေယျေ၊

အကာသိ ပုညံ သုခမာယတိကံ,

ဒိသွာ မုနိံ ဗြာဟ္မဏီ ဩဃတိဏ္ဏ’’န္တိ။

၃-ဗြဟ္မဒေဝသုတ် ၁၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တစ်ယောက် သော ပုဏ္ဏေးမ၏ ဗြဟ္မဒေဝမည်သော သားသည် မြတ်စွာဘုရား၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏။ ထိုအခါ အသျှင်ဗြဟ္မဒေဝသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် မကြာမီပင် အရဟတ္တဖိုလ် အကျိုးငှါ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) သော အမျိုးသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဗြဟ္မဒေဝသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထိုအခါ အသျှင်ဗြဟ္မဒေဝသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူ ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ အိမ်စဥ်အတိုင်း ဆွမ်းခံလှည့်လည်သည်ရှိသော် မိမိ၏ အမိအိမ်သို့ ချဥ်းကပ်၏၊ ထိုအခါ အသျှင်ဗြဟ္မဒေဝ၏ အမိ ပုဏ္ဏေးမသည် ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသ၏ ( ‘ပူဇော်ပသ၏’၊) ထိုအခါ သဟမ္ပတိဗြဟ္မာကြီးအား ဤသို့သော အကြံ ဖြစ်၏ - “အသျှင်ဗြဟ္မဒေဝ၏ အမိဖြစ်သော ဤပုဏ္ဏေးမသည် ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသနေ၏ ( ‘ပူဇော်ပသနေ၏’၊) ငါသည် ထိုပုဏ္ဏေးမသို့ ချဥ်းကပ်၍ ထိတ်လန့်စေရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် သဟမ္ပတိဗြဟ္မာသည် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့် သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဗြဟ္မာ့ပြည် မှ ကွယ်ခဲ့၍ အသျှင်ဗြဟ္မဒေဝ၏ အမိအိမ်၌ ထင်ရှားဖြစ်၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ကောင်းကင်၌ ရပ်လျက် အသျှင်ဗြဟ္မဒေဝ၏ အမိဖြစ်သော ပုဏ္ဏေးမကို ဂါထာဖြင့် ရွတ်ဆိုပြောကြား၏ - “ပုဏ္ဏေးမ အကြင်ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသ၏ ( ‘ပူဇော် ပသ၏’၊) ထိုဗြဟ္မာ၏ ဗြဟ္မာ့ပြည်သည် ဤလူ့ပြည်မှ ဝေးလှ၏၊ ပုဏ္ဏေးမ ဤသို့ သဘောရှိသော ပသဖွယ်သည် ဗြဟ္မာ၏ အစာမဟုတ်၊ ဗြဟ္မာတို့၏ ဖြစ်ကြောင်းကို မသိဘဲ အဘယ့်ကြောင့် ယောင်ယမ်း မြည်တမ်းဘိသနည်း။ ပုဏ္ဏေးမ သင့်သားဖြစ်သော ထိုဗြဟ္မဒေဝထေရ်သည်သာလျှင် (ကိလေသာ) ဥပဓိ ကင်း၏၊ နတ်ဗြဟ္မာတို့ထက် လွန်သော နတ်ဗြဟ္မာ၏ အဖြစ်သို့ ရောက်၏၊ ကြောင့် ကြခြင်း မရှိသော သူတစ်ပါးတို့ကို မမွေးမြူတတ်သည့် ရဟန်းတည်း၊ ထိုဗြဟ္မဒေဝ သည် ဆွမ်းအလို့ငှါ သင်၏ အိမ်သို့ ဝင်၏။ ဆောင်ယူလာသော အလှူကို ခံထိုက်၏၊ မဂ်ပညာဖြင့် ဆင်းရဲ၏ အဆုံးသို့ ရောက်၏၊ မိမိကိုယ်ကို ပွားများလေ့လာပြီး ဖြစ်၏၊ လူနတ်တို့၏ မြတ်သောအလှူကို ခံထိုက်၏၊ မကောင်းမှုတို့ကို အပပြုသောကြောင့် (တဏှာစသည်တို့ဖြင့်) မလိမ်း ကျံ၊ အေးချမ်းသာယာစွာ ဖြစ်လျက် အစာ ရှာမှီး၏။ ထိုဗြဟ္မဒေဝရဟန်းအား နောက်အဖို့ ရှေ့အဖို့ မရှိ၊ ငြိမ်သက်၏၊ အမျက်တည်း ဟူသော အခိုးကင်း၏၊ ဆင်းရဲမရှိ၊ ကပ်ငြိခြင်းမရှိ၊ ထိတ်လန့်တတ်သူနှင့် ကြံ့ခိုင်, ရဲရင့်သူတို့၌ တုတ်လက်နက်ကို ပယ်ချထားပြီး ဖြစ်၏၊ ထိုဗြဟ္မဒေဝသည် သင်၏ ပသဖွယ်ဆွမ်းဦး, ဆွမ်းမြတ်ကို ဘုဥ်းပေးပါစေလော့။ ကိလေသာစစ်သည် ကင်းသည်သာဖြစ်သော ငြိမ်းအေးပြီးသော စိတ်ရှိသော ဗြဟ္မဒေဝရဟန်းသည် တဏှာကင်းသည် ဖြစ်၍ ‘ယဥ်ကျေးသော ဆင်ပြောင်ကဲ့သို့’ သွားလာ၏၊ ကောင်းသော သီလရှိသော (ကိလေသာတို့မှ) ကောင်းစွာ လွတ်မြောက် သည့် အရဟတ္တဖိုလ်စိတ်ရှိသော ထိုဗြဟ္မဒေဝရဟန်းသည် သင်၏ ပသဖွယ်ဖြစ်သော ဆွမ်းဦး, ဆွမ်းမြတ်ကို ဘုဥ်းပေးပါစေလော့။ မြတ်သော အလှူကို ခံထိုက်သော ထိုဗြဟ္မဒေဝရဟန်း၌ ကြည်ညိုကာ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်သော အလှူကို တည်ပါစေလော့၊ ပုဏ္ဏေးမ ဩဃလေးပါးမှ ကူးမြောက်ပြီးသော ဗြဟ္မဒေဝရဟန်းကို ဖူးမြင်၍ နောက်အခါ၌ ချမ်းသာသော အကျိုးကို ဆောင်တတ်သော ကောင်းမှုကို ပြုပါလော့”ဟု (ရွတ်ဆို၏)။ ပုဏ္ဏေးမသည် မြတ်သော အလှူခံထိုက်သော ထိုဗြဟ္မဒေဝရဟန်း၌ ကြည်ညိုကာ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်သော အလှူကို တည်စေပြီ၊ ဩဃလေးပါးမှ ကူးမြောက် ပြီးသော ဗြဟ္မဒေဝရဟန်းကို ဖူးမြင်၍ နောက်အခါ၌ ချမ်းသာသော အကျိုးကို ဆောင်တတ်သော ကောင်းမှုကို ပြုပြီ။

Linked Discourses 6.3 1. The Appeal With Brahmadeva So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a certain brahmin lady had a son named Brahmadeva, who had gone forth from the lay life to homelessness in the presence of the Buddha. Then Venerable Brahmadeva, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Brahmadeva became one of the perfected. Then Brahmadeva robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. Wandering indiscriminately for almsfood in Sāvatthī, he approached his own mother’s home. Now at that time Brahmadeva’s mother, the brahmin lady, was presenting a regular oblation to the Divinity. Then the divinity Sahampati thought, “This Venerable Brahmadeva’s mother, the brahmin lady, offers up a regular oblation to the Divinity. Why don’t I go and stir up a sense of urgency in her?” Then, as easily as a strong person would extend or contract their arm, he vanished from the realm of divinity and reappeared in the home of Brahmadeva’s mother. Then the divinity Sahampati, while standing in the air, addressed Brahmadeva’s mother in verse: “Far from here is the realm of divinity, madam, to which you present a regular oblation. But the Divinity doesn’t eat that kind of food. Why pray, <j>when you don’t know the path to divinity? This Brahmadeva, madam, free of attachments, has surpassed the gods. Owning nothing, providing for no other, <j>a mendicant has entered your house for alms. He’s worthy of offerings dedicated to the gods, <j>a knowledge master, evolved. He’s worthy of a religious donation <j>from gods and men. Having banished all evils, he’s unsullied. Cool at heart, he wanders searching for food. He has no before and after, peaceful, unclouded, untroubled, <j>with no need for hope, he has laid down the rod <j>for all creatures firm and frail. So let him enjoy your offering of alms for the highest. With peaceful mind, he has left the crowd, he wanders like a tamed elephant, unperturbed. He’s a mendicant fair in ethics, with heart well freed. So let him enjoy your offering <j>of alms for the highest. With unwavering confidence in him, present your religious donation <j>to one who is worthy of it. Now that you’ve seen the sage who has crossed over, <j>madam, make merit for the sake of future happiness!” With unwavering confidence in him, she presented her religious donation <j>to one who is worthy of it. After seeing the sage who had crossed over, <j>the brahmin lady made merit for the sake of future happiness.

၄။ ဗကဗြဟ္မသုတ္တံ

၁၇၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဗကဿ ဗြဟ္မုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘‘ဣဒံ နိစ္စံ, ဣဒံ ဓုဝံ, ဣဒံ သဿတံ, ဣဒံ ကေဝလံ, ဣဒံ အစဝနဓမ္မံ, ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ, ဣတော စ ပနညံ ဥတ္တရိံ [ဥတ္တရိံ (သီ။ သျာ။ ကံ။ ပီ။)] နိဿရဏံ နတ္ထီ’’တိ။

အထ ခေါ ဘဂဝါ ဗကဿ ဗြဟ္မုနော စေတသာ စေတောပရိဝိတက္ကမညာယ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဇေတဝနေ အန္တရဟိတော တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အဒ္ဒသာ ခေါ ဗကော ဗြဟ္မာ ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧဟိ ခေါ မာရိသ, သွာဂတံ တေ, မာရိသ! စိရဿံ ခေါ မာရိသ! ဣမံ ပရိယာယမကာသိ ယဒိဒံ ဣဓာဂမနာယ။ ဣဒဉှိ, မာရိသ, နိစ္စံ, ဣဒံ ဓုဝံ, ဣဒံ သဿတံ, ဣဒံ ကေဝလံ, ဣဒံ အစဝနဓမ္မံ, ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ။ ဣတော စ ပနညံ ဥတ္တရိ နိဿရဏံ နတ္ထီ’’တိ။

ဧဝံ ဝုတ္တေ, ဘဂဝါ ဗကံ ဗြဟ္မာနံ ဧတဒဝေါစ – ‘‘အဝိဇ္ဇာဂတော ဝတ, ဘော, ဗကော ဗြဟ္မာ၊ အဝိဇ္ဇာဂတော ဝတ, ဘော, ဗကော ဗြဟ္မာ။ ယတြ ဟိ နာမ အနိစ္စံယေဝ သမာနံ နိစ္စန္တိ ဝက္ခတိ, အဓုဝံယေဝ သမာနံ ဓုဝန္တိ ဝက္ခတိ, အသဿတံယေဝ သမာနံ သဿတန္တိ ဝက္ခတိ, အကေဝလံယေဝ သမာနံ ကေဝလန္တိ ဝက္ခတိ, စဝနဓမ္မံယေဝ သမာနံ အစဝနဓမ္မန္တိ ဝက္ခတိ။ ယတ္ထ စ ပန ဇာယတိ စ ဇီယတိ စ မီယတိ စ စဝတိ စ ဥပပဇ္ဇတိ စ, တဉ္စ တထာ ဝက္ခတိ – ‘ဣဒဉှိ န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ’။ သန္တဉ္စ ပနညံ ဥတ္တရိ နိဿရဏံ, ‘နတ္ထညံ ဥတ္တရိ နိဿရဏ’န္တိ ဝက္ခတီ’’တိ။

‘‘ဒွါသတ္တတိ ဂေါတမ ပုညကမ္မာ,

ဝသဝတ္တိနော ဇာတိဇရံ အတီတာ၊

အယမန္တိမာ ဝေဒဂူ ဗြဟ္မုပပတ္တိ,

အသ္မာဘိဇပ္ပန္တိ ဇနာ အနေကာ’’တိ။

‘‘အပ္ပဉှိ ဧတံ န ဟိ ဒီဃမာယု,

ယံ တွံ ဗက မညသိ ဒီဃမာယုံ၊

သတံ သဟဿာနံ [သဟဿာန (သျာ။ ကံ။)] နိရဗ္ဗုဒါနံ,

အာယုံ ပဇာနာမိ တဝါဟံ ဗြဟ္မေ’’တိ။

‘‘အနန္တဒဿီ ဘဂဝါဟမသ္မိ,

ဇာတိဇရံ သောကမုပါတိဝတ္တော၊

ကိံ မေ ပုရာဏံ ဝတသီလဝတ္တံ,

အာစိက္ခ မေ တံ ယမဟံ ဝိဇညာ’’တိ။

‘‘ယံ တွံ အပါယေသိ ဗဟူ မနုဿေ,

ပိပါသိတေ ဃမ္မနိ သမ္ပရေတေ၊

တံ တေ ပုရာဏံ ဝတသီလဝတ္တံ,

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

‘‘ယံ ဧဏိကူလသ္မိံ ဇနံ ဂဟီတံ,

အမောစယီ ဂယှကံ နီယမာနံ၊

တံ တေ ပုရာဏံ ဝတသီလဝတ္တံ,

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

‘‘ဂင်္ဂါယ သောတသ္မိံ ဂဟီတနာဝံ,

လုဒ္ဒေန နာဂေန မနုဿကမျာ၊

ပမောစယိတ္ထ ဗလသာ ပသယှ,

တံ တေ ပုရာဏံ ဝတသီလဝတ္တံ,

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

‘‘ကပ္ပေါ စ တေ ဗဒ္ဓစရော အဟောသိံ,

သမ္ဗုဒ္ဓိမန္တံ [သမ္ဗုဒ္ဓိဝန္တံ (ဗဟူသု)] ဝတိနံ အမညိ၊

တံ တေ ပုရာဏံ ဝတသီလဝတ္တံ,

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမီ’’တိ။

‘‘အဒ္ဓါ ပဇာနာသိ မမေတမာယုံ,

အညေပိ [အညမ္ပိ (သီ။ ပီ။)] ဇာနာသိ တထာ ဟိ ဗုဒ္ဓေါ၊

တထာ ဟိ တျာယံ ဇလိတာနုဘာဝေါ,

ဩဘာသယံ တိဋ္ဌတိ ဗြဟ္မလောက’’န္တိ။

၄-ဗကဗြဟ္မာသုတ် ၁၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ ဗကဗြဟ္မာ အား ဤသို့ သဘောရှိသော ယုတ်ညံ့သော (သဿတဒိဋ္ဌိ) အယူ ဖြစ်၏ - “ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ ပြည်သည်) ကား မြဲ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ခိုင်ခံ့၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား အခါခပ်သိမ်း ရှိ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မပြတ်မစဲ တစ်ဆက်တည်း တည်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ရွေ့လျောခြင်းသဘောမရှိ။ မှန်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်းမရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိ၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ”ဟု (အယူဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေး သကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်၏၊ ဗကဗြဟ္မာသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်၍ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏- “အချင်း လာပါလော့၊ အချင်း သင်၏ လာခြင်းသည် ကောင်းသော လာခြင်းတည်း၊ အချင်း စင်စစ် ဤဗြဟ္မာ့ပြည်သို့ လာရန် အလှည့်အကြိမ်ကို ကြာမြင့်မှ ပြုဘိ၏၊ အချင်း ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မြဲ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ခိုင်ခံ့၏၊ ဤ (ကိုယ်နှင့်တကွ သော ဗြဟ္မာ့ပြည်သည်) ကား အခါခပ်သိမ်း ရှိ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မပြတ် မစဲ တစ်ဆက်တည်း တည်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ရွေ့လျောခြင်းသဘောမရှိ။ မှန်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်းမရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိ၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ”ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဗကဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏ - “အချင်းတို့့ဗကဗြဟ္မာသည် အဝိဇ္ဇာမှောင် ဖုံးလေပြီတကား၊ အချင်းတို့ ဗကဗြဟ္မာသည် အဝိဇ္ဇာမှောင် ဖုံးလေပြီတကား၊ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟူ၍ ဆိုဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟူ၍ ဆိုဘိ၏၊ အခါခပ်သိမ်း ထင်ရှားမရှိသည်သာလျှင် ဖြစ်လျက် ‘အခါခပ်သိမ်း ထင်ရှားရှိ၏’ဟူ၍ ဆိုဘိ၏၊ မပြတ်မစဲ တစ်ဆက်တည်း မတည်ဘဲလျက် ‘မပြတ်မစဲ တစ်ဆက်တည်း တည်၏’ဟု ဆိုဘိ၏၊ ရွေ့လျောတတ်သော သဘောရှိသည်သာလျှင် ဖြစ်လျက် ‘မရွေ့လျောတတ်သော သဘောရှိ၏’ဟူ၍ ဆိုဘိ၏၊ အကြင်ကိုယ်နှင့် တကွသော ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေနေခြင်းလည်း ရှိ၏၊ အိုခြင်းလည်း ရှိ၏၊ သေခြင်းလည်း ရှိ၏၊ ရွေ့လျောခြင်းလည်း ရှိ၏၊ တစ်ဖန်ဖြစ်ခြင်းလည်း ရှိ၏။ ထိုသို့သဘောရှိသော ထိုဗြဟ္မာ့ပြည်သည် ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်း မရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိဟု ဆိုဘိ၏။ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ ရှိပါလျက် အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ၊ ဤသို့ ဆိုဘိ၏”ဟု မိန့်တော်မူ၏။ “အသျှင်ဂေါတမ ခုနစ်ကျိပ်နှစ်ယောက်ကုန်သော အကျွန်ုပ်တို့သည် ကောင်းမှုကံ ကြောင့် ဖြစ်လာကုန်၏၊ (သူတစ်ပါးတို့ကို) မိမိ အလိုသို့ လိုက်စေနိုင်ကုန်၏၊ ပဋိသန္ဓေနေခြင်း, အိုခြင်းကို လွန်ကုန်ပြီ၊ ဤဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းသည် အဆုံးစွန် သော ဉာဏ်တို့ဖြင့် ဖြစ်ပေါ်လာသော ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းတည်း၊ များစွာကုန် သော လူတို့သည် ကျွန်ုပ်တို့ကို တောင့်တမြတ်နိုးကုန်၏”ဟု (လျှောက်၏)။ “ဗကဗြဟ္မာ သင်၏ နိရဗ္ဗုဒတစ်သိန်း အရေအတွက်ရှိကုန်သော အကြင်အသက် ကို ရှည်သော အသက်ဟူ၍ သင်အောက်မေ့ဘိ၏၊ ထိုအသက်သည် နည်းသည်သာ လျှင်တည်း၊ ရှည်သောအသက် မဟုတ်၊ ဗကဗြဟ္မာ သင်၏ အသက်ကို ငါသိ၏”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား အသျှင်ဘုရားတို့သည် ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း၊ ပူဆွေးခြင်းကိုလည်းကောင်း လွန်မြောက်ပြီးဖြစ်၍ ငါသည် အဆုံးမရှိ မြင်သူ ဖြစ်၏ဟု ဆိုတော်မူကုန်၏။ အကျွန်ုပ်၏ ရှေးဟောင်း အကျင့်သီလသည် အဘယ်သို့ ပါနည်း၊ ထိုအကြောင်းအရာကို သိနိုင်လောက်အောင် အကျွန်ုပ်အား ပြောကြားတော်မူပါလော့”ဟု (လျှောက်၏)။ ဗကဗြဟ္မာ နွေလ၌ အပူဖြင့် နှိပ်စက်ခံရကုန်သော ရေမွတ်သိပ်ကုန်သော များစွာ ကုန်သော လူတို့ကို သင်သည် ရေတိုက်ခဲ့ဖူးပြီ၊ ရေတိုက်ခဲ့ခြင်းဟူသော ထိုအကျင့် သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော် ရာမှ နိုးသော သူကဲ့သို့’ အစဥ်အောက်မေ့နိုင်၏။ ဂင်္ဂါမြစ်ကမ်း၌ ဖမ်းယူခံရသော သုံ့ပန်းအပေါင်းကို သင် လွတ်စေခဲ့ဖူးပြီ၊ ထို လွတ်စေခဲ့ခြင်းဟူသော အကျင့်သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသောသူကဲ့သို့’ အစဥ်အောက်မေ့နိုင်၏။ ကြမ်းကြုတ်သော နဂါးသည် လူတို့ကို အလိုရှိသောကြောင့် ဂင်္ဂါမြစ်၏ ရေ အလျဥ်၌ ဖမ်းယူအပ်သော လှေကို အဘိညာဥ်အားအစွမ်းဖြင့် လွှမ်းမိုးနှိမ်နှင်း၍ သင် လွတ်စေခဲ့ဖူးပြီ၊ ထိုလွတ်စေခဲ့ခြင်းဟူသော အကျင့်သည် သင်၏ ရှေးဟောင်း အကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသော သူကဲ့သို့’ အစဥ်အောက်မေ့နိုင်၏။ “ငါသည် သင်၏ ကပ္ပအမည်ရှိသော တပည့် ဖြစ်ခဲ့ဖူးပြီ၊ ဤအသျှင်ကား ကောင်းသော ပညာရှိ၏၊ အကျင့်နှင့် ပြည့်စုံ၏ဟု သိခဲ့၏၊ ထိုအကျင့်သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသော သူကဲ့သို့’ အစဥ်အောက်မေ့နိုင်၏”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား အကျွန်ုပ်၏ ထိုအသက်ကို အမှန်စင်စစ် သိတော်မူပေ၏၊ တစ်ပါး သော အကြောင်းတို့ကိုလည်း သိတော်မူ၏၊ ထို့ကြောင့်သာလျှင် ဗုဒ္ဓမည်တော်မူ ပါပေ၏၊ ထိုသို့့ဗုဒ္ဓမည်သည်၏ အဖြစ်ကြောင့်သာလျှင် အသျှင်ဘုရား၏ တောက်ပ တော်မူသော ဤအာနုဘော်သည် ဗြဟ္မာ့ပြည်ကို ထွန်းလင်းစေလျက် တည်ပါ၏”ဟု (လျှောက်၏)။

Linked Discourses 6.4 1. The Appeal With Baka the Divinity So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Baka the Divinity had the following harmful misconception: “This is permanent, this is everlasting, this is eternal, this is whole, this is not liable to pass away. For this is where there’s no being born, growing old, dying, passing away, or being reborn. And there’s no other escape beyond this.” Then the Buddha knew Baka the Divinity’s train of thought. As easily as a strong person would extend or contract their arm, he vanished from Jeta’s Grove and reappeared in that realm of divinity. Baka the Divinity saw the Buddha coming off in the distance and said to him, “Come, good fellow! Welcome, good fellow! It’s been a long time since you took the opportunity to come here. For this is permanent, this is everlasting, this is eternal, this is whole, this is not liable to pass away. For this is where there’s no being born, growing old, dying, passing away, or being reborn. And there’s no other escape beyond this.” When he had spoken, the Buddha said to him, “Alas, Baka the Divinity is lost in ignorance! Alas, Baka the Divinity is lost in ignorance! Because what is actually impermanent, not lasting, transient, incomplete, and liable to pass away, he says is permanent, everlasting, eternal, whole, and not liable to pass away. And where there is being born, growing old, dying, passing away, and being reborn, he says that there’s no being born, growing old, dying, passing away, or being reborn. And although there is another escape beyond this, he says that there’s no other escape beyond this.” “Gotama, we seventy-two merit-makers <j>are now wielders of power, having passed beyond rebirth and old age. This is our last rebirth as the Divinity, <j>O knowledge master. And now many people pray to us.” “But, Baka, the lifespan here is short, not long, though you think it’s long. A hundred thousand times a hundred million years— I understand your lifespan, Divinity.” “I am the blessed one of infinite vision, who has gone beyond rebirth and old age and sorrow. What was my past practice of precept and observance? Explain to me so that I may understand.” “You gave drink to many humans who were oppressed by thirst and heat. That’s your past practice of precept and observance. I recollect it like one who has wakened from sleep. When people at Deer River Bank were seized, you released the captives as they were led away. That’s your past practice of precept and observance. I recollect it like one who has wakened from sleep. When a boat on the Ganges River was seized by a fierce dragon desiring human flesh, you freed it wielding mighty force. That’s your past practice of precept and observance. I recollect it like one who has wakened from sleep. I used to be your footman named Kappa. You thought he was intelligent and loyal. That’s your past practice <j>of precept and observance. I recollect it like one who has wakened from sleep.” “You certainly understand this lifespan of mine. And others, too, you know; <j>that’s why you’re the Buddha. And that’s why your blazing glory lights up even the realm of divinity.”

၅။ အညတရဗြဟ္မသုတ္တံ

၁၇၆။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန အညတရဿ ဗြဟ္မုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘‘နတ္ထိ သော သမဏော ဝါ ဗြာဟ္မဏော ဝါ ယော ဣဓ အာဂစ္ဆေယျာ’’တိ။ အထ ခေါ ဘဂဝါ တဿ ဗြဟ္မုနော စေတသာ စေတောပရိဝိတက္ကမညာယ – သေယျထာပိ နာမ ဗလဝါ ပုရိသော…ပေ… တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အထ ခေါ ဘဂဝါ တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသီဒိ တေဇောဓာတုံ သမာပဇ္ဇိတွာ။

အထ ခေါ အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဧတဒဟောသိ – ‘‘ကဟံ နု ခေါ ဘဂဝါ ဧတရဟိ ဝိဟရတီ’’တိ? အဒ္ဒသာ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော [မဟာမောဂ္ဂလာနော (က။)] ဘဂဝန္တံ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသိန္နံ တေဇောဓာတုံ သမာပန္နံ။ ဒိသွာန – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – ဇေတဝနေ အန္တရဟိတော တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ပုရတ္ထိမံ ဒိသံ နိဿာယ [ဥပနိဿာယ (သီ။)] တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသီဒိ တေဇောဓာတုံ သမာပဇ္ဇိတွာ နီစတရံ ဘဂဝတော။

အထ ခေါ အာယသ္မတော မဟာကဿပဿ ဧတဒဟောသိ – ‘‘ကဟံ နု ခေါ ဘဂဝါ ဧတရဟိ ဝိဟရတီ’’တိ? အဒ္ဒသာ ခေါ အာယသ္မာ မဟာကဿပေါ ဘဂဝန္တံ ဒိဗ္ဗေန စက္ခုနာ…ပေ… ဒိသွာန – သေယျထာပိ နာမ ဗလဝါ ပုရိသော…ပေ… ဧဝမေဝ – ဇေတဝနေ အန္တရဟိတော တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အထ ခေါ အာယသ္မာ မဟာကဿပေါ ဒက္ခိဏံ ဒိသံ နိဿာယ တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသီဒိ တေဇောဓာတုံ သမာပဇ္ဇိတွာ နီစတရံ ဘဂဝတော။

အထ ခေါ အာယသ္မတော မဟာကပ္ပိနဿ ဧတဒဟောသိ – ‘‘ကဟံ နု ခေါ ဘဂဝါ ဧတရဟိ ဝိဟရတီ’’တိ? အဒ္ဒသာ ခေါ အာယသ္မာ မဟာကပ္ပိနော ဘဂဝန္တံ ဒိဗ္ဗေန စက္ခုနာ…ပေ… တေဇောဓာတုံ သမာပန္နံ။ ဒိသွာန – သေယျထာပိ နာမ ဗလဝါ ပုရိသော…ပေ… ဧဝမေဝ – ဇေတဝနေ အန္တရဟိတော တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အထ ခေါ အာယသ္မာ မဟာကပ္ပိနော ပစ္ဆိမံ ဒိသံ နိဿာယ တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသီဒိ တေဇောဓာတုံ သမာပဇ္ဇိတွာ နီစတရံ ဘဂဝတော။

အထ ခေါ အာယသ္မတော အနုရုဒ္ဓဿ ဧတဒဟောသိ – ‘‘ကဟံ နု ခေါ ဘဂဝါ ဧတရဟိ ဝိဟရတီ’’တိ? အဒ္ဒသာ ခေါ အာယသ္မာ အနုရုဒ္ဓေါ…ပေ… တေဇောဓာတုံ သမာပန္နံ။ ဒိသွာန – သေယျထာပိ နာမ ဗလဝါ ပုရိသော…ပေ… တသ္မိံ ဗြဟ္မလောကေ ပါတုရဟောသိ။ အထ ခေါ အာယသ္မာ အနုရုဒ္ဓေါ ဥတ္တရံ ဒိသံ နိဿာယ တဿ ဗြဟ္မုနော ဥပရိ ဝေဟာသံ ပလ္လင်္ကေန နိသီဒိ တေဇောဓာတုံ သမာပဇ္ဇိတွာ နီစတရံ ဘဂဝတော။

အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ဗြဟ္မာနံ ဂါထာယ အဇ္ဈဘာသိ –

‘‘အဇ္ဇာပိ တေ အာဝုသော သာ ဒိဋ္ဌိ, ယာ တေ ဒိဋ္ဌိ ပုရေ အဟု၊

ပဿသိ ဝီတိဝတ္တန္တံ, ဗြဟ္မလောကေ ပဘဿရ’’န္တိ။

‘‘န မေ မာရိသ သာ ဒိဋ္ဌိ, ယာ မေ ဒိဋ္ဌိ ပုရေ အဟု၊

ပဿာမိ ဝီတိဝတ္တန္တံ, ဗြဟ္မလောကေ ပဘဿရံ၊

သွာဟံ အဇ္ဇ ကထံ ဝဇ္ဇံ, အဟံ နိစ္စောမှိ သဿတော’’တိ။

အထ ခေါ ဘဂဝါ တံ ဗြဟ္မာနံ သံဝေဇေတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – တသ္မိံ ဗြဟ္မလောကေ အန္တရဟိတော ဇေတဝနေ ပါတုရဟောသိ။ အထ ခေါ သော ဗြဟ္မာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အာမန္တေသိ – ‘‘ဧဟိ တွံ, မာရိသ, ယေနာယသ္မာ မဟာမောဂ္ဂလ္လာနော တေနုပသင်္ကမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဧဝံ ဝဒေဟိ – ‘အတ္ထိ နု ခေါ, မာရိသ မောဂ္ဂလ္လာန, အညေပိ တဿ ဘဂဝတော သာဝကာ ဧဝံမဟိဒ္ဓိကာ ဧဝံမဟာနုဘာဝါ၊ သေယျထာပိ ဘဝံ မောဂ္ဂလ္လာနော ကဿပေါ ကပ္ပိနော အနုရုဒ္ဓေါ’’’တိ? ‘‘ဧဝံ, မာရိသာ’’တိ ခေါ သော ဗြဟ္မပါရိသဇ္ဇော တဿ ဗြဟ္မုနော ပဋိဿုတွာ ယေနာယသ္မာ မဟာမောဂ္ဂလ္လာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ, မာရိသ မောဂ္ဂလ္လာန, အညေပိ တဿ ဘဂဝတော သာဝကာ ဧဝံမဟိဒ္ဓိကာ ဧဝံမဟာနုဘာဝါ၊ သေယျထာပိ ဘဝံ မောဂ္ဂလ္လာနော ကဿပေါ ကပ္ပိနော အနုရုဒ္ဓေါ’’တိ? အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော တံ ဗြဟ္မပါရိသဇ္ဇံ ဂါထာယ အဇ္ဈဘာသိ –

‘‘တေဝိဇ္ဇာ ဣဒ္ဓိပတ္တာ စ, စေတောပရိယာယကောဝိဒါ၊

ခီဏာသဝါ အရဟန္တော, ဗဟူ ဗုဒ္ဓဿ သာဝကာ’’တိ။

အထ ခေါ သော ဗြဟ္မပါရိသဇ္ဇော အာယသ္မတော မဟာမောဂ္ဂလ္လာနဿ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ယေန သော ဗြဟ္မာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဗြဟ္မာနံ ဧတဒဝေါစ – ‘‘အာယသ္မာ မာရိသ, မဟာမောဂ္ဂလ္လာနော ဧဝမာဟ –

‘‘တေဝိဇ္ဇာ ဣဒ္ဓိပတ္တာ စ, စေတောပရိယာယကောဝိဒါ၊

ခီဏာသဝါ အရဟန္တော, ဗဟူ ဗုဒ္ဓဿ သာဝကာ’’တိ။

ဣဒမဝေါစ သော ဗြဟ္မပါရိသဇ္ဇော။ အတ္တမနော စ သော ဗြဟ္မာ တဿ ဗြဟ္မပါရိသဇ္ဇဿ ဘာသိတံ အဘိနန္ဒီတိ။

၅-အညတရဗြဟ္မသုတ် ၁၇၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ တစ်ယောက်သော ဗြဟ္မာအား “ဤဗြဟ္မာ့ပြည်သို့ လာနိုင်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း မရှိ”ဟု ယူသော ဤသို့ သဘောရှိသော ယုတ်ညံ့ သော မိစ္ဆာအယူ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုဗြဟ္မာ၏ အကြံကို မိမိစိတ်ဖြင့် သိတော်မူ၍ ခွန်အားရှိသော ယောကျာ်းသည်။ပ။ ထိုထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်အား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ အသျှင်မဟာမောဂ္ဂလာန်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အားရှိသော ယောကျာ်းသည် ကွေးသောလက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သောလက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလာန်သည် အရှေ့အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏ အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာကဿပအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ “အသျှင်မဟာကဿပသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စား၍ နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အား ရှိသော ယောကျာ်းသည်။ပ။ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်မဟာကဿပသည် တောင်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်း ကို ဝင်စား၍ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာကပ္ပိနအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ အသျှင်မဟာကပ္ပိနသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ် ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်မဟာကပ္ပိနသည် အနောက်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသနည်း”ဟု အကြံ ဖြစ်၏၊ အသျှင်အနုရုဒ္ဓါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင် လေလျှင် ခွန်အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်အနုရုဒ္ဓါသည့်မြောက်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ထိုဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆိုပြောကြား၏ - “အချင်းဗြဟ္မာ သင့်အား ရှေးဘဝ၌ အကြင် (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ခဲ့ပြီ၊ ယခု ဘဝ၌လည်း သင့်အား ထို (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ပြန်၏၊ သင်သည် ဗြဟ္မာ့ဘုံ၌ အရောင်အားလုံးကို လွန်သော မြတ်စွာဘုရား၏ အရောင်ကို မြင်၏လော”ဟု ဆို၏။ “အချင်း အကျွန်ုပ်အား ရှေးဘဝ၌ အကြင် (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ဖူး၏၊ ယခု ထိုအယူသည် အကျွန်ုပ်အား မဖြစ်တော့ပြီ၊ အကျွန်ုပ်သည် ဗြဟ္မာ့ဘုံ၌ အရောင် အားလုံးကို လွန်သော မြတ်စွာဘုရား၏ အရောင်ကို မြင်ပါ၏၊ ထိုအကျွန်ုပ်သည် ‘ယခုအခါ၌ ငါသည် အမြဲဖြစ်၏၊ ငါသည် အမြဲတည်သည် ဖြစ်၏’ဟု အဘယ့်ကြောင့် ပြောဆိုအံ့နည်း”ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ထိုဗြဟ္မာကို ထိတ်လန့်စေပြီးသော် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ထိုဗြဟ္မာ့ပြည်မှ ကွယ်ခဲ့၍ ဇေတဝန်ကျောင်း၌ ထင်ရှားဖြစ်တော်မူ၏။ ထိုအခါ၌ ထိုဗြဟ္မာ သည် အလုပ်အကျွေး ဗြဟ္မာတစ်ယောက်ကို ခေါ်၍ “အချင်း လာလော့၊ သင်သည် အသျှင်မဟာမောဂ္ဂလာန် ထံသို့ ချဥ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်အား ဤသို့ လျှောက်ဆိုလော့၊ ‘အသျှင်- အသျှင်မဟာမောဂ္ဂ လာန်ကဲ့သို့လည်းကောင်း၊ အသျှင်မဟာကဿပကဲ့သို့လည်းကောင်း၊ အသျှင်မဟာကပ္ပိနကဲ့သို့လည်းကောင်း၊ အသျှင်အနုရုဒ္ဓါကဲ့သို့လည်းကောင်း ထို့အတူ ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိကုန်သော ထိုမြတ်စွာဘုရား၏ အခြားတပည့်တို့သည် ရှိကုန်သေးသလော’၊ ဤသို့ လျှောက်လော့”ဟု (မိန့်ဆို၏။)၊ “အသျှင် ကောင်းပါပြီ”ဟု ထိုအလုပ်အကျွေးဗြဟ္မာသည် ထိုဗြဟ္မာ၏ (စကားကို) ဝန်ခံ၍ အသျှင်မဟာမောဂ္ဂလာန် ထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်အား ဤစကားကို လျှောက်၏၊ “အသျှင်- အသျှင်မဟာ မောဂ္ဂလာန်ကဲ့သို့လည်းကောင်း၊ အသျှင်မဟာကဿပကဲ့သို့လည်းကောင်း၊ အသျှင်မဟာကပ္ပိနကဲ့သို့လည်းကောင်း၊ အသျှင်အနုရုဒ္ဓါကဲ့သို့လည်းကောင်း ထို့အတူ ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိကုန်သော ထိုမြတ်စွာဘုရား၏ အခြား တပည့်တို့သည် ရှိကုန်သေးသလော”ဟု (လျှောက်၏)။ ထိုအခါ အသျှင်မဟာ မောဂ္ဂလာန်သည် ထိုအလုပ်အကျွေးဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆိုပြောပြ၏ - အသိဉာဏ် ‘ဝိဇ္ဇာ’ သုံးပါးနှင့် ပြည့်စုံကုန်သော , ဣဒ္ဓိဝိဓဉာဏ်သို့ ရောက်ကုန်ပြီး သော , သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိခြင်း၌ လိမ္မာကုန်သော , အာသဝ ကုန်ပြီးကုန်သော , ရဟန္တာဖြစ်ကုန်သော မြတ်စွာဘုရား၏ တပည့်တို့သည် များကုန်၏”ဟု (ရွတ်ဆို ပြောပြ၏)။ ထိုအခါ၌ ထိုအလုပ်အကျွေးဗြဟ္မာသည် အသျှင်မဟာမောဂ္ဂလာန် မိန့်တော်မူသော စကားကို အလွန် နှစ်သက်ဝမ်းမြောက်၍ ထိုမဟာဗြဟ္မာထံသို့ ချဥ်းကပ်ပြီးလျှင် ထိုဗြဟ္မာအား ဤစကားကို ဆို၏၊ အသျှင် -အသျှင်မဟာမောဂ္ဂလာန်သည် ဤသို့ ဆိုပါ၏ - အသိဉာဏ် ‘ဝိဇ္ဇာ’သုံးပါးနှင့် ပြည့်စုံကုန်သော, ဣဒ္ဓိဝိဓဉာဏ်သို့ ရောက်ကုန်ပြီး သော , သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိခြင်း၌ လိမ္မာကုန်သော , အာသဝ ကုန်ပြီးသော , ရဟန္တာဖြစ်ကုန်သော မြတ်စွာဘုရား၏ တပည့်တို့သည် များကုန်၏၊ ဤသို့ ဆိုပါ၏”ဟု ပြန်ပြော၏။ ထိုအလုပ်အကျွေးဗြဟ္မာသည် ဤစကားကို ဆို၏၊ ထိုမဟာဗြဟ္မာသည်လည်း ထိုအလုပ်အကျွေး ဗြဟ္မာ ဆိုအပ်သော စကားကို နှစ်လိုသည် ဖြစ်၍ အလွန်ဝမ်းမြောက်၏။

Linked Discourses 6.5 1. The Appeal A Certain Divinity At Sāvatthī. Now at that time a certain divinity had the following harmful misconception: “No ascetic or brahmin can come here!” Then the Buddha knew that divinity’s train of thought. As easily as a strong person would extend or contract their arm, he vanished from Jeta’s Grove and reappeared in that realm of divinity. Then the Buddha sat cross-legged in the air above that divinity, having entered upon the fire element. Then Venerable Mahāmoggallāna thought, “Where is the Buddha staying at present?” With clairvoyance that is purified and superhuman, he saw the Buddha seated cross-legged in the air above that divinity, having entered upon the fire element. Then, as easily as a strong person would extend or contract their arm, he vanished from Jeta’s Grove and reappeared in that realm of divinity. Then Mahāmoggallāna—positioning himself in the east, below the Buddha—sat cross-legged in the air above that divinity, having entered upon the fire element. Then Venerable Mahākassapa … positioned himself in the south … Venerable Mahākappina … positioned himself in the west … Venerable Anuruddha … positioned himself in the north, below the Buddha, sitting cross-legged in the air above that divinity, having entered upon the fire element. Then Mahāmoggallāna addressed that divinity in verse: “Reverend, do you still have the same view that you had in the past? Or do you see the radiance surpassing the realm of divinity?” “Good fellow, I don’t have that view that I had in the past. I see the radiance surpassing the realm of divinity. So how could I say today that I am permanent and eternal?” Having inspired a sense of awe in the Divinity, as easily as a strong person would extend or contract their arm, the Buddha vanished from the realm of divinity and reappeared in Jeta’s Grove. Then that divinity addressed a member of his retinue, “Please, good fellow, go up to Venerable Mahāmoggallāna and say to him: ‘Moggallāna my good fellow, are there any other disciples of the Buddha who have power and might comparable to the worthies Moggallāna, Kassapa, Kappina, and Anuruddha?’” “Yes, good fellow,” replied that retinue member. He went to Moggallāna and asked as instructed. Then Mahāmoggallāna addressed that member of the retinue of Divinity in verse: “There are many disciples of the Buddha who have the three knowledges, and have attained psychic power, <j>expert in encompassing minds, they’re perfected ones with defilements ended.” Then that member of the retinue of Divinity, having approved and agreed with what Mahāmoggallāna said, went to that divinity and said to him, “Good fellow, Venerable Mahāmoggallāna said this: ‘There are many disciples of the Buddha who have the three knowledges, and have attained psychic power, <j>expert in encompassing minds, they’re perfected ones with defilements ended.’” That is what that member of the retinue of Divinity said. Satisfied, that divinity approved what the member of his retinue said.

၆။ ဗြဟ္မလောကသုတ္တံ

၁၇၇။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ဒိဝါဝိဟာရဂတော ဟောတိ ပဋိသလ္လီနော။ အထ ခေါ သုဗြဟ္မာ စ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသော စ ပစ္စေကဗြဟ္မာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပစ္စေကံ ဒွါရဗာဟံ [ပစ္စေကဒွါရဗာဟံ (ပီ။ က။)] ဥပနိဿာယ အဋ္ဌံသု။ အထ ခေါ သုဗြဟ္မာ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသံ ပစ္စေကဗြဟ္မာနံ ဧတဒဝေါစ – ‘‘အကာလော ခေါ တာဝ, မာရိသ, ဘဂဝန္တံ ပယိရုပါသိတုံ၊ ဒိဝါဝိဟာရဂတော ဘဂဝါ ပဋိသလ္လီနော စ။ အသုကော စ ဗြဟ္မလောကော ဣဒ္ဓေါ စေဝ ဖီတော စ, ဗြဟ္မာ စ တတြ ပမာဒဝိဟာရံ ဝိဟရတိ။ အာယာမ, မာရိသ, ယေန သော ဗြဟ္မလောကော တေနုပသင်္ကမိဿာမ၊ ဥပသင်္ကမိတွာ တံ ဗြဟ္မာနံ သံဝေဇေယျာမာ’’တိ။ ‘‘ဧဝံ, မာရိသာ’’တိ ခေါ သုဒ္ဓါဝါသော ပစ္စေကဗြဟ္မာ သုဗြဟ္မုနော ပစ္စေကဗြဟ္မုနော ပစ္စဿောသိ။

အထ ခေါ သုဗြဟ္မာ စ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသော စ ပစ္စေကဗြဟ္မာ – သေယျထာပိ နာမ ဗလဝါ ပုရိသော…ပေ… ဧဝမေဝ – ဘဂဝတော ပုရတော အန္တရဟိတာ တသ္မိံ ဗြဟ္မလောကေ ပါတုရဟေသုံ။ အဒ္ဒသာ ခေါ သော ဗြဟ္မာ တေ ဗြဟ္မာနော ဒူရတောဝ အာဂစ္ဆန္တေ။ ဒိသွာန တေ ဗြဟ္မာနော ဧတဒဝေါစ – ‘‘ဟန္ဒ ကုတော နု တုမှေ, မာရိသာ, အာဂစ္ဆထာ’’တိ? ‘‘အာဂတာ ခေါ မယံ, မာရိသ, အမှ တဿ ဘဂဝတော သန္တိကာ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဂစ္ဆေယျာသိ ပန တွံ, မာရိသ, တဿ ဘဂဝတော ဥပဋ္ဌာနံ အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ?

ဧဝံ ဝုတ္တော [ဧဝံ ဝုတ္တေ (သီ။ သျာ။ ကံ။)] ခေါ သော ဗြဟ္မာ တံ ဝစနံ အနဓိဝါသေန္တော သဟဿက္ခတ္တုံ အတ္တာနံ အဘိနိမ္မိနိတွာ သုဗြဟ္မာနံ ပစ္စေကဗြဟ္မာနံ ဧတဒဝေါစ – ‘‘ပဿသိ မေ နော တွံ, မာရိသ, ဧဝရူပံ ဣဒ္ဓါနုဘာဝ’’န္တိ? ‘‘ပဿာမိ ခေါ တျာဟံ, မာရိသ, ဧဝရူပံ ဣဒ္ဓါနုဘာဝ’’န္တိ။ ‘‘သော ခွါဟံ, မာရိသ, ဧဝံမဟိဒ္ဓိကော ဧဝံမဟာနုဘာဝေါ ကဿ အညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ ဥပဋ္ဌာနံ ဂမိဿာမီ’’တိ?

အထ ခေါ သုဗြဟ္မာ ပစ္စေကဗြဟ္မာ ဒွိသဟဿက္ခတ္တုံ အတ္တာနံ အဘိနိမ္မိနိတွာ တံ ဗြဟ္မာနံ ဧတဒဝေါစ – ‘‘ပဿသိ မေ နော တွံ, မာရိသ, ဧဝရူပံ ဣဒ္ဓါနုဘာဝ’’န္တိ? ‘‘ပဿာမိ ခေါ တျာဟံ, မာရိသ, ဧဝရူပံ ဣဒ္ဓါနုဘာဝ’’န္တိ။ ‘‘တယာ စ ခေါ, မာရိသ, မယာ စ သွေဝ ဘဂဝါ မဟိဒ္ဓိကတရော စေဝ မဟာနုဘာဝတရော စ။ ဂစ္ဆေယျာသိ တွံ, မာရိသ, တဿ ဘဂဝတော ဥပဋ္ဌာနံ အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ? အထ ခေါ သော ဗြဟ္မာ သုဗြဟ္မာနံ ပစ္စေကဗြဟ္မာနံ ဂါထာယ အဇ္ဈဘာသိ –

‘‘တယော သုပဏ္ဏာ စတုရော စ ဟံသာ,

ဗျဂ္ဃီနိသာ ပဉ္စသတာ စ ဈာယိနော၊

တယိဒံ ဝိမာနံ ဇလတေ စ [ဇလတေဝ (ပီ။ က။)] ဗြဟ္မေ,

ဩဘာသယံ ဥတ္တရဿံ ဒိသာယ’’န္တိ။

‘‘ကိဉ္စာပိ တေ တံ ဇလတေ ဝိမာနံ,

ဩဘာသယံ ဥတ္တရဿံ ဒိသာယံ၊

ရူပေ ရဏံ ဒိသွာ သဒါ ပဝေဓိတံ,

တသ္မာ န ရူပေ ရမတီ သုမေဓော’’တိ။

အထ ခေါ သုဗြဟ္မာ စ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသော စ ပစ္စေကဗြဟ္မာ တံ ဗြဟ္မာနံ သံဝေဇေတွာ တတ္ထေဝန္တရဓာယိံသု။ အဂမာသိ စ ခေါ သော ဗြဟ္မာ အပရေန သမယေန ဘဂဝတော ဥပဋ္ဌာနံ အရဟတော သမ္မာသမ္ဗုဒ္ဓဿာတိ။

၆-ဗြဟ္မာလောကသုတ် ၁၇၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့ သန့်စင်နေတော်မူ၏၊ ထိုအခါ သုဗြဟ္မာအမည်ရှိသော ပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသမည်သော ပစ္စေကဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ အသီးသီး ဂန္ဓကုဋိတိုက် တံခါးပေါင် ကို မှီ၍ ရပ်တည်ကုန်၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် သုဒ္ဓါဝါသပစ္စေကဗြဟ္မာအား ဤစကားကို ဆို၏ - “အချင်း မြတ်စွာဘုရားကို ဆည်းကပ်ရန် အခါ မဟုတ်သေး၊ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့သန့်စင်နေတော်မူသေး၏၊ ဤမည်သော ဗြဟ္မာ့ပြည်သည် ပြည့်လည်း ပြည့် စုံ၏၊ ဖွံ့လည်း ဖွံ့ဖြိုး၏၊ ထိုဗြဟ္မာ့ပြည်၌ ဗြဟ္မာသည်ကား မေ့လျော့၍ နေလျက် ရှိ၏၊ အချင်း သွားကြ ကုန်စို့၊ ထိုဗြဟ္မာ့ထံသို့ ချဥ်းကပ်ကုန်ပြီးလျှင် ထိုဗြဟ္မာကို ထိတ်လန့်စေကုန်အံ့”ဟု ဆို၏၊ “အချင်း ကောင်းပါပြီ”ဟု သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည် သုဗြဟ္မာပစ္စေကဗြဟ္မာအား ဝန်ခံ၏။ ထိုအခါ၌ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း ခွန် အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် မြတ်စွာဘုရား၏ ရှေ့မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်ကုန်၏။ ထိုဗြဟ္မာသည် လာကုန်သော ထိုဗြဟ္မာတို့ကို အဝေးကပင် မြင်ပြီးနောက် ထိုဗြဟ္မာတို့အား “အချင်းတို့ ယခု သင်တို့သည် အဘယ်အရပ်မှ လာခဲ့ကုန်သနည်း”ဟု ဆို၏၊ အချင်း ငါတို့ သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူပြီးသော ထိုမြတ်စွာဘုရား၏ အထံမှ လာခဲ့ကုန်၏၊ အချင်း သင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံ သော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူပြီးသော မြတ်စွာဘုရားအား ဆည်းကပ်ခံစားရန် သွားပါ လော့ဟု ဆိုကုန်၏။ ဤသို့ ဆိုကုန်သည်ရှိသော် ထိုဗြဟ္မာသည် ထိုစကားကို သည်းမခံနိုင်သည်ဖြစ်၍ အကြိမ်တစ်ထောင် မိမိကိုယ်ကို ဖန်ဆင်းလျက် သုဗြဟ္မာပစ္စေကဗြဟ္မာအား “အချင်း သင်သည် ဤသို့သဘောရှိသော တန်ခိုး အာနုဘော်ကို မြင်၏လော”ဟု ဆို၏၊ အချင်း ငါသည် သင်၏ ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်ပါ၏ဟု ဆို၏၊ ငါသည် ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိသူ ဖြစ်ပါလျက် အဘယ်မည်သော အခြား သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ဆည်းကပ်ခစားရန် သွားရအံ့နည်းဟု ဆို၏။ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် အကြိမ်နှစ်ထောင် မိမိိကိုုယ်ကို ဖန်ဆင်း၍ ထိုဗြဟ္မာအား “အချင်း သင်သည် ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်၏လော”ဟု ဆို၏၊ အချင်း ငါသည် သင်၏ ဤသို့ သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်ပါ၏ဟု ပြန်ပြော၏၊ အချင်း စင်စစ် သင့်ထက်လည်းကောင်း၊ ငါ့ထက်လည်းကောင်း ထိုမြတ်စွာဘုရားသည်သာလျှင် အထူးသဖြင့် တန်ခိုးအာနုဘော် ကြီး တော်မူ၏၊ အချင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ တော်မူသော ထိုမြတ်စွာဘုရားအား ဆည်းကပ်ခစားရန် သွားပါလော့ဟု ဆို၏၊ ထိုအခါ ထိုဗြဟ္မာသည် သုဗြဟ္မာပစ္စေကဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆို ပြောပြ၏ - “ပစ္စေကဗြဟ္မာ ဈာန်ဝင်စားသော ငါ၏ ဂဠုန်ရုပ် သုံးရာတို့သည်လည်းကောင်း၊ ဟင်္သာရုပ် လေးရာတို့သည်လည်းကောင်း၊ ကျားနှင့် တူသော အရုပ်ငါးရာတို့သည်လည်းကောင်း၊ ထိုဗိမာန်သည်လည်းကောင်း (သင်တို့ နေရာမှ) မြောက်အရပ်၌ ထွန်းလင်းလျက် တောက်ပသည်သာလျှင်တည်း”ဟု (ရွတ်ဆို ပြောပြ၏)။ ဗြဟ္မာ သင်၏ ထိုဗိမာန်သည် မြောက်အရပ်၌ ထွန်းလင်းလျက် အကယ်၍ကား တောက်ပ၏၊ ထိုသို့ပင်တောက်ပသော်လည်း ရုပ်၌ ဖြစ်ခြင်း, ရင့်ရော်ခြင်း, ပျက်ခြင်း ဟူသော အပြစ်ကိုလည်းကောင်း၊ အခါခပ်သိမ်း ရုပ်၏ တုန်လှုပ် ဖေါက်ပြန်ခြင်းကိုလည်းကောင်း မြင်သောကြောင့် ကောင်းသော ပညာရှိသည် ရုပ်၌ မမွေ့လျော်ဟု ရွတ်ဆို၏။ ထိုအခါ၌ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း ထို ဗြဟ္မာကို ထိတ်လန့်စေပြီး ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်ကုန်၏၊ ထိုဗြဟ္မာသည် နောက်အခါ၌ ပူဇော် အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား အား ဆည်းကပ်ရန် သွားရောက်သည်သာလျှင်တည်း။

Linked Discourses 6.6 1. The Appeal The Negligent Divinity At Sāvatthī. Now at that time the Buddha had gone into retreat for the day’s meditation. Then the independent divinities Subrahmā and Suddhāvāsa went to the Buddha and stationed themselves one by each door-post. But Subrahmā said to Suddhāvāsa, “Good fellow, it’s the wrong time to pay homage to the Buddha. He has gone into retreat for the day’s meditation. But such-and-such realm of divinity is successful and prosperous, while the divinity living there is negligent. Come, let’s go to that realm of divinity and inspire awe in that divinity!” “Yes, good fellow,” replied Suddhāvāsa. Then, as easily as a strong person would extend or contract their arm, they vanished from in front of the Buddha and appeared in that realm of divinity. That divinity saw those divinities coming off in the distance and said to them, “Well now, good fellows, where have you come from?” “Good fellow, we’ve come from the presence of the Blessed One, the perfected one, the fully awakened Buddha. Shouldn’t you go to attend on that Blessed One?” When they had spoken, that divinity refused to accept their advice. He multiplied himself a thousand times and said to Subrahmā, “Good fellow, can’t you see that I have such psychic power?” “I see that, good fellow.” “Since I have such psychic power and might, what other ascetic or brahmin should I go to and attend upon?” Then Subrahmā multiplied himself two thousand times and said to that divinity, “Good fellow, can’t you see that I have such psychic power?” “I see that, good fellow.” “That Buddha has even more psychic power and might than you or me. Shouldn’t you go to attend on that Blessed One?” Then that divinity addressed Subrahmā in verse: “There are three hundreds of phoenixes, <j>four of swans, and five of tigerhawks. <j>To he who practiced absorption belongs this palace; it shines, Divinity, lighting up the northern quarter!” “So what if your palace shines, lighting up the northern quarter? A clever person, seeing the strife in form, its chronic trembling, takes no pleasure in it.” Then after inspiring awe in that divinity, the independent divinities Subrahmā and Suddhāvāsa vanished right there. And after some time that divinity went to attend on the Buddha.

၇။ ကောကာလိကသုတ္တံ

၁၇၈။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ဒိဝါဝိဟာရဂတော ဟောတိ ပဋိသလ္လီနော။ အထ ခေါ သုဗြဟ္မာ စ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသော စ ပစ္စေကဗြဟ္မာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပစ္စေကံ ဒွါရဗာဟံ နိဿာယ အဋ္ဌံသု။ အထ ခေါ သုဗြဟ္မာ ပစ္စေကဗြဟ္မာ ကောကာလိကံ ဘိက္ခုံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘အပ္ပမေယျံ ပမိနန္တော, ကောဓ ဝိဒွါ ဝိကပ္ပယေ၊

အပ္ပမေယျံ ပမာယိနံ, နိဝုတံ တံ မညေ ပုထုဇ္ဇန’’န္တိ။

၇-ကောကာလိကသုတ် ၁၇၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့ သန့်စင်နေတော်မူ၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ အသီးအသီး ဂန္ဓကုဋိတိုက် တံခါးပေါင်ကို မှီ၍ ရပ်တည် ကုန်၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် ကောကာလိကရဟန်းကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ - “(ကောကာလိကသည်) မနှိုင်း ယှဥ် အပ် သော ပုဂ္ဂိုလ် ကို နှိုင်း ယှဥ် ဘိ၏၊ ဤအရာ ၌ အဘယ် ပညာရှိသည် ကြံဆနိုင်အံ့နည်း၊ မနှိုင်းယှဥ်အပ်သော ပုဂ္ဂိုလ်အား နှိုင်းယှဥ် သော ထိုသူ့ကို ဉာဏ်အမြင် မှောက်မှားသော ပုထုဇဥ်ဟူ၍ ထင်မှတ်ပါကုန်၏”ဟု လျှောက်၏။

Linked Discourses 6.7 1. The Appeal About Kokālika At Sāvatthī. Now at that time the Buddha had gone into retreat for the day’s meditation. Then the independent divinities Subrahmā and Suddhāvāsa went to the Buddha and stationed themselves one by each door-post. Then Subrahmā spoke this verse about the mendicant Kokālika in the Buddha’s presence: “What wise person here would judge the immeasurable by measuring them? I think anyone who’d do such a thing is an ordinary person, shrouded.”

၈။ ကတမောဒကတိဿသုတ္တံ

၁၇၉။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ဒိဝါဝိဟာရဂတော ဟောတိ ပဋိသလ္လီနော။ အထ ခေါ သုဗြဟ္မာ စ ပစ္စေကဗြဟ္မာ သုဒ္ဓါဝါသော စ ပစ္စေကဗြဟ္မာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပစ္စေကံ ဒွါရဗာဟံ နိဿာယ အဋ္ဌံသု။ အထ ခေါ သုဒ္ဓါဝါသော ပစ္စေကဗြဟ္မာ ကတမောဒကတိဿကံ [ကတမောရကတိဿကံ (သီ။ သျာ။ ကံ။)] ဘိက္ခုံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘အပ္ပမေယျံ ပမိနန္တော, ကောဓ ဝိဒွါ ဝိကပ္ပယေ၊

အပ္ပမေယျံ ပမာယိနံ, နိဝုတံ တံ မညေ အကိဿဝ’’န္တိ။

၈-ကတမောဒကတိဿသုတ် ၁၇၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့ သန့်စင်နေတော်မူ၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ အသီးအသီး ဂန္ဓကုဋိတိုက် တံခါးပေါင်ကို မှီ၍ ရပ်တည်ကုန်၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် ကတမောဒကတိဿကရဟန်းကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ - “(ကတမောဒကတိဿကသည်) မနှိုင်း ယှဥ် အပ် သော ပုဂ္ဂိုလ် ကို နှိုင်း ယှဥ် ဘိ၏၊ ဤအရာ၌ အဘယ်ပညာရှိသည် ကြံဆနိုင်အံ့နည်း၊ မနှိုင်းယှဥ်အပ်သော ပုဂ္ဂိုလ်အား နှိုင်းယှဥ်သော ထိုသူ့ကို ဉာဏ်အမြင်မှောက်မှားသော ပညာမဲ့သူဟူ၍ ထင်မှတ်ပါ ကုန်၏”ဟု လျှောက်၏။

Linked Discourses 6.8 1. The Appeal About Katamorakatissaka At Sāvatthī. Now at that time the Buddha had gone into retreat for the day’s meditation. Then the independent divinities Subrahmā and Suddhāvāsa went to the Buddha and stationed themselves one by each door-post. Then Suddhāvāsa spoke this verse about the mendicant Katamorakatissaka in the Buddha’s presence: “What wise person here would judge the immeasurable by measuring them? I think anyone who’d do such a thing is an ignoramus, shrouded.”

၉။ တုရူဗြဟ္မသုတ္တံ

၁၈၀။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ကောကာလိကော ဘိက္ခု အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ တုရူ [တုဒု (သီ။ သျာ။ ကံ။ ပီ။)] ပစ္စေကဗြဟ္မာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ကောကာလိကော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဝေဟာသံ ဌိတော ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ပသာဒေဟိ, ကောကာလိက, သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ။ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။ ‘‘ကောသိ တွံ, အာဝုသော’’တိ? ‘‘အဟံ တုရူ ပစ္စေကဗြဟ္မာ’’တိ။ ‘‘နနု တွံ, အာဝုသော, ဘဂဝတာ အနာဂါမီ ဗျာကတော, အထ ကိဉ္စရဟိ ဣဓာဂတော? ပဿ, ယာဝဉ္စ တေ ဣဒံ အပရဒ္ဓ’’န္တိ။

‘‘ပုရိသဿ ဟိ ဇာတဿ, ကုဌာရီ [ဒုဓာရီ (သျာ။ ကံ။ က။)] ဇာယတေ မုခေ၊

ယာယ ဆိန္ဒတိ အတ္တာနံ, ဗာလော ဒုဗ္ဘာသိတံ ဘဏံ။

‘‘ယော နိန္ဒိယံ ပသံသတိ,

တံ ဝါ နိန္ဒတိ ယော ပသံသိယော၊

ဝိစိနာတိ မုခေန သော ကလိံ,

ကလိနာ တေန သုခံ န ဝိန္ဒတိ။

‘‘အပ္ပမတ္တကော အယံ ကလိ,

ယော အက္ခေသု ဓနပရာဇယော၊

သဗ္ဗဿာပိ သဟာပိ အတ္တနာ,

အယမေဝ မဟန္တတရော ကလိ၊

ယော သုဂတေသု မနံ ပဒေါသယေ။

‘‘သတံ သဟဿာနံ နိရဗ္ဗုဒါနံ,

ဆတ္တိံသတိ ပဉ္စ စ အဗ္ဗုဒါနိ၊

ယမရိယဂရဟီ [ယမရိယေ ဂရဟီ (သျာ။ ကံ။), ယမရိယံ ဂရဟံ (က။)] နိရယံ ဥပေတိ,

ဝါစံ မနဉ္စ ပဏိဓာယ ပါပက’’န္တိ။

၉-တုရူဗြဟ္မသုတ် ၁၈၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ ကောကာလိကရဟန်းသည် အဖူးပေါက်သော အနာရှိရကား ပြင်းစွာ မကျန်းမာ၍ ဆင်းရဲခြင်းသို့ ရောက်၏၊ ပစ္စေကဗြဟ္မာသည် ညဥ့်ဦးယံ လွန်ပြီးသော် (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ကောကာ လိကရဟန်းထံသို့ ချဥ်းကပ်၍ ကောင်းကင်၌ ရပ်လျက် “ကောကာလိက သာရိပုတ္တရာ , မောဂ္ဂလာန်တို့ သည် သီလကို ချစ်ကုန်၏၊ သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့”ဟု ပြောဆို၏၊ အချင်း သင်သည်ကား အဘယ်သူ ဖြစ်သနည်းဟု ဆို၏၊ ငါသည် တုရူပစ္စေကဗြဟ္မာတည်းဟု ပြန်ပြော၏၊ အချင်းဗြဟ္မာ သင့်ကို မြတ်စွာဘုရားသည် အနာဂါမ်ဟူ၍ မိန့်ကြားတော်မူသည်မဟုတ်လော၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း၊ သင်၏ ဤမျှ အပြစ်ကို ရှုလော့ဟု ဆို၏၊ (ထို့နောက် တုရူ ဗြဟ္မာသည် ကောကာလိကရဟန်းအား ဂါထာဖြင့့်ရွတ်ဆို၏) - “ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားသည် ဖြစ်၏၊ သူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်းဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင် သူသည် ကဲ့ရဲသင့်သူကို ချီးမွမ်း၏၊ အကြင် သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူး သည် မည်၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။ ကြွေအန်လောင်းရာတို့၌ မိမိကိုယ်နှင့် တကွ အလုံးစုံသော စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းဟူသော အပြစ်သည် အနည်းငယ်မျှ (မပြောပလောက်သော) အပြစ်သာတည်း၊ ကောင်းမြတ်သော တရား (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော ပုဂ္ဂိုလ်တို့၌ စိတ် ပြစ်မှားသော ဤအပြစ်သည်သာ ကြီးလေးသော အပြစ်မည်၏။ ယုတ်ညံ့သော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့သော သူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲသို့ ရောက်ရ၏ဟု ရွတ်ဆို၏။

Linked Discourses 6.9 1. The Appeal With the Divinity Tudu At Sāvatthī. Now at that time the mendicant Kokālika was sick, suffering, gravely ill. Then, late at night, the glorious independent divinity Tudu, lighting up the entire Jeta’s Grove, went up to the mendicant Kokālika, and standing in the air he said to him, “Kokālika, have confidence in Sāriputta and Moggallāna, they’re good monks.” “Who are you, reverend?” “I am Tudu the independent divinity.” “Didn’t the Buddha declare you a non-returner? So what then are you doing back here? See how far you have strayed!” “A person is born with an axe in their mouth. A fool cuts themselves with it when they say bad words. When you praise someone worthy of criticism, or criticize someone worthy of praise, you choose a losing hand with your own mouth: you’ll never find happiness that way. A losing hand at dice is a trivial thing, if all you lose is your money and all you own, even yourself. What’s a really terrible hand is to hate the holy ones. For a hundred thousand times a hundred million, times five hundred and thirty-six times <j>a thousand times ten million years a slanderer of noble ones goes to hell, having aimed bad words and thoughts at them.”

စာ-၁၅၂

၁၀။ ကောကာလိကသုတ္တံ

၁၈၁။ သာဝတ္ထိနိဒါနံ။ အထ ခေါ ကောကာလိကော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ကောကာလိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပါပိစ္ဆာ, ဘန္တေ, သာရိပုတ္တမောဂ္ဂလ္လာနာ ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ’’တိ။ ဧဝံ ဝုတ္တေ, ဘဂဝါ ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘မာ ဟေဝံ, ကောကာလိက, အဝစ၊ မာ ဟေဝံ, ကောကာလိက, အဝစ။ ပသာဒေဟိ, ကောကာလိက, သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ။ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။ ဒုတိယမ္ပိ ခေါ ကောကာလိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ မေ, ဘန္တေ, ဘဂဝါ သဒ္ဓါယိကော ပစ္စယိကော၊ အထ ခေါ ပါပိစ္ဆာဝ ဘန္တေ, သာရိပုတ္တမောဂ္ဂလ္လာနာ ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ’’တိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘မာ ဟေဝံ, ကောကာလိက, အဝစ၊ မာ ဟေဝံ, ကောကာလိက, အဝစ။ ပသာဒေဟိ, ကောကာလိက, သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ။ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။ တတိယမ္ပိ ခေါ ကောကာလိကော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိဉ္စာပိ…ပေ… ဣစ္ဆာနံ ဝသံ ဂတာ’’တိ။ တတိယမ္ပိ ခေါ ဘဂဝါ ကောကာလိကံ ဘိက္ခုံ ဧတဒဝေါစ – ‘‘မာ ဟေဝံ…ပေ… ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာ’’တိ။

အထ ခေါ ကောကာလိကော ဘိက္ခု ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အစိရပက္ကန္တဿ စ ကောကာလိကဿ ဘိက္ခုနော သာသပမတ္တီဟိ ပီဠကာဟိ [ပိဠကာဟိ (သီ။ ပီ။)] သဗ္ဗော ကာယော ဖုဋော အဟောသိ။ သာသပမတ္တိယော ဟုတွာ မုဂ္ဂမတ္တိယော အဟေသုံ, မုဂ္ဂမတ္တိယော ဟုတွာ ကလာယမတ္တိယော အဟေသုံ, ကလာယမတ္တိယော ဟုတွာ ကောလဋ္ဌိမတ္တိယော အဟေသုံ, ကောလဋ္ဌိမတ္တိယော ဟုတွာ ကောလမတ္တိယော အဟေသုံ, ကောလမတ္တိယော ဟုတွာ အာမလကမတ္တိယော အဟေသုံ, အာမလကမတ္တိယော ဟုတွာ ဗေလုဝသလာဋုကမတ္တိယော အဟေသုံ, ဗေလုဝသလာဋုကမတ္တိယော ဟုတွာ ဗိလ္လမတ္တိယော အဟေသုံ, ဗိလ္လမတ္တိယော ဟုတွာ ပဘိဇ္ဇိံသု။ ပုဗ္ဗဉ္စ လောဟိတဉ္စ ပဂ္ဃရိံသု။ အထ ခေါ ကောကာလိကော ဘိက္ခု တေနေဝ အာဗာဓေန ကာလမကာသိ။ ကာလင်္ကတော စ ကောကာလိကော ဘိက္ခု ပဒုမံ နိရယံ ဥပပဇ္ဇိ သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ။

အထ ခေါ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဗြဟ္မာ သဟမ္ပတိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကောကာလိကော, ဘန္တေ, ဘိက္ခု ကာလင်္ကတော။ ကာလင်္ကတော စ, ဘန္တေ, ကောကာလိကော ဘိက္ခု ပဒုမံ နိရယံ ဥပပန္နော သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ’’တိ။ ဣဒမဝေါစ ဗြဟ္မာ သဟမ္ပတိ, ဣဒံ ဝတွာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီတိ။

အထ ခေါ ဘဂဝါ တဿာ ရတ္တိယာ အစ္စယေန ဘိက္ခူ အာမန္တေသိ – ‘‘ဣမံ, ဘိက္ခဝေ, ရတ္တိံ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေနာဟံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ, ဘိက္ခဝေ, ဗြဟ္မာ သဟမ္ပတိ မံ ဧတဒဝေါစ – ‘ကောကာလိကော, ဘန္တေ, ဘိက္ခု ကာလင်္ကတော။ ကာလင်္ကတော စ, ဘန္တေ, ကောကာလိကော ဘိက္ခု ပဒုမံ နိရယံ ဥပပန္နော သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ’တိ။ ဣဒမဝေါစ, ဘိက္ခဝေ, ဗြဟ္မာ သဟမ္ပတိ, ဣဒံ ဝတွာ မံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီ’’တိ။

ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကီဝဒီဃံ နု ခေါ, ဘန္တေ, ပဒုမေ နိရယေ အာယုပ္ပမာဏ’’န္တိ? ‘‘ဒီဃံ ခေါ, ဘိက္ခု, ပဒုမေ နိရယေ အာယုပ္ပမာဏံ။ တံ န သုကရံ သင်္ခါတုံ – ဧတ္တကာနိ ဝဿာနိ ဣတိ ဝါ, ဧတ္တကာနိ ဝဿသတာနိ ဣတိ ဝါ, ဧတ္တကာနိ ဝဿသဟဿာနိ ဣတိ ဝါ, ဧတ္တကာနိ ဝဿသတသဟဿာနိ ဣတိ ဝါ’’တိ။ ‘‘သက္ကာ ပန, ဘန္တေ, ဥပမံ ကာတု’’န္တိ? ‘‘သက္ကာ, ဘိက္ခူ’’တိ ဘဂဝါ အဝေါစ –

‘‘သေယျထာပိ, ဘိက္ခု ဝီသတိခါရိကော ကောသလကော တိလဝါဟော။ တတော ပုရိသော ဝဿသတဿ ဝဿသတဿ အစ္စယေန ဧကမေကံ တိလံ ဥဒ္ဓရေယျ၊ ခိပ္ပတရံ ခေါ သော, ဘိက္ခု, ဝီသတိခါရိကော ကောသလကော တိလဝါဟော ဣမိနာ ဥပက္ကမေန ပရိက္ခယံ ပရိယာဒါနံ ဂစ္ဆေယျ, န တွေဝ ဧကော အဗ္ဗုဒေါ နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဗ္ဗုဒါ နိရယာ, ဧဝမေကော နိရဗ္ဗုဒနိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ နိရဗ္ဗုဒါ နိရယာ, ဧဝမေကော အဗဗော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဗဗာ နိရယာ, ဧဝမေကော အဋဋော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဋဋာ နိရယာ, ဧဝမေကော အဟဟော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ အဟဟာ နိရယာ, ဧဝမေကော ကုမုဒေါ နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ကုမုဒါ နိရယာ, ဧဝမေကော သောဂန္ဓိကော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ သောဂန္ဓိကာ နိရယာ, ဧဝမေကော ဥပ္ပလနိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ဥပ္ပလာ နိရယာ, ဧဝမေကော ပုဏ္ဍရိကော နိရယော။ သေယျထာပိ, ဘိက္ခု, ဝီသတိ ပုဏ္ဍရိကာ နိရယာ, ဧဝမေကော ပဒုမော နိရယော။ ပဒုမေ ပန, ဘိက္ခု, နိရယေ ကောကာလိကော ဘိက္ခု ဥပပန္နော သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ အာဃာတေတွာ’’တိ။ ဣဒမဝေါစ ဘဂဝါ, ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

‘‘ပုရိသဿ ဟိ ဇာတဿ,

ကုဌာရီ ဇာယတေ မုခေ၊

ယာယ ဆိန္ဒတိ အတ္တာနံ,

ဗာလော ဒုဗ္ဘာသိတံ ဘဏံ။

‘‘ယော နိန္ဒိယံ ပသံသတိ,

တံ ဝါ နိန္ဒတိ ယော ပသံသိယော၊

ဝိစိနာတိ မုခေန သော ကလိံ,

ကလိနာ တေန သုခံ န ဝိန္ဒတိ။

‘‘အပ္ပမတ္တကော အယံ ကလိ,

ယော အက္ခေသု ဓနပရာဇယော၊

သဗ္ဗဿာပိ သဟာပိ အတ္တနာ,

အယမေဝ မဟန္တရော ကလိ၊

ယော သုဂတေသု မနံ ပဒေါသယေ။

‘‘သတံ သဟဿာနံ နိရဗ္ဗုဒါနံ,

ဆတ္တိံသတိ ပဉ္စ စ အဗ္ဗုဒါနိ၊

ယမရိယဂရဟီ နိရယံ ဥပေတိ,

ဝါစံ မနဉ္စ ပဏိဓာယ ပါပက’’န္တိ။

ပဌမော ဝဂ္ဂေါ။

၁၀-ကောကာလိကသုတ် ၁၈၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် အလိုဆိုး ရှိကုန်၏၊ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏”ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် ကောကာလိကအမည်ရှိသော ရဟန်းအား ဤစကားကို မိန့်တော်မူ၏ - “ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတ္တရာ , မောဂ္ဂလာန်တို့၌ စိတ်ကို ကြည် လင်စေလော့”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် အလိုဆိုး ရှိကုန်၏၊ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏”ဟု လျှောက်၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား ဤစကားကို မိန့်တော်မူ၏၊ “ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့”ဟု မိန့်တော်မူ၏၊ သုံးကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရား အား။ပ။ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏ဟု လျှောက်၏၊ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား။ပ။ သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏ဟု မိန့်တော်မူ၏။ ထိုအခါ ကောကာလိကရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏၊ ဖဲသွား၍ မကြာမြင့်မီပင် ကောကာလိကရဟန်းအား မုန်ညင်းစေ့မျှလောက်ရှိကုန်သော အဖုတို့သည် တစ်ကိုယ်လုံး နှံ့၍ ဖြစ်ပေါ်ကုန်၏၊ မုန်ညင်းစေ့ပမာဏမှ ပဲနောက်စေ့မျှလောက်၊ ပဲနောက်စေ့ ပမာဏမှ ကုလားပဲမျှလောက်၊ ကုလားပဲပမာဏမှ ဆီးစေ့မျှလောက်၊ ဆီးစေ့ပမာဏမှ ဆီးသီးမျှလောက်၊ ဆီးသီးပမာဏမှ သျှိသျှားသီးမျှလောက်၊ သျှိသျှားသီးပမာဏမှ ဥသျှစ်သီးနုမျှလောက်၊ ဥသျှစ်သီးနုပမာဏ မှ ဥသျှစ်သီးကြီးမျှလောက် ဖြစ်ကုန်၏။ ဥသျှစ်သီးကြီးမျှလောက်ဖြစ်၍ ပေါက်ကွဲကုန်ပြီးလျှင် ပြည်သွေးတို့ ယိုစီးကုန်၏၊ ထိုအခါ ကောကာလိကရဟန်းသည် ထိုအနာကြောင့်သာလျှင် သေလေ၏၊ သေပြီးသော ကောကာလိကရဟန်းသည် သာရိပုတ္တရာ, အမောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ် သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ကောကာလိကရဟန်းသည် သေပါပြီ၊ အသျှင်ဘုရား သေပြီးသော ကောကာ လိကရဟန်းသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏”ဟု လျှောက်၏၊ ဤစကားကို လျှောက်ပြီးနောက် သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရို အသေပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုညဥ့်လွန်သော အခါ ရဟန်းတို့ကို မိန့်တော်မူ၏ - “ရဟန်းတို့ ဤညဥ့်၌ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါဘုရားထံသို့ ချဥ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် ငါ့အား ဤစကားကို လျှောက်၏ - ‘အသျှင်ဘုရား ကောကာ လိကရဟန်းသည် သေပါပြီ၊ အသျှင်ဘုရား သေပြီးသော ကောကာလိကရဟန်းသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏’ဟု လျှောက်၏။ ရဟန်းတို့ သဟမ္ပတိ ဗြဟ္မာသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီး၍ ငါဘုရားကို ရှိခိုး၍ အရိုအသေပြုပြီး လျှင် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ပဒုမငရဲ၌ အသက်အတိုင်းအရှည်သည် အဘယ်မျှ ရှည်ပါသနည်း”ဟု လျှောက်၏၊ ရဟန်း ပဒုမငရဲ၌ အသက်အတိုင်း အရှည်သည် ရှည်လျားလှ၏၊ ထိုပဒုမငရဲ၏ အသက်အတိုင်းအရှည်ကို ဤမျှကုန်သော နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အရာတို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အထောင်တို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အသိန်းတို့ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကူဟု (မိန့်တော်မူ၏)၊ အသျှင် ဘုရား ဥပမာပြုရန် တတ်ကောင်းပါသလောဟု လျှောက်၏၊ “ရဟန်း တတ်ကောင်း၏”ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။ ရဟန်း ကောသလတိုင်းဖြစ်တို့ နှစ်ဆယ်ဝင်သော နှမ်းလှည်းတစ်စီးသည် ရှိရာ၏၊ ယောကျာ်းတစ်ယောက်သည် ထိုနှမ်းလှည်းမှ အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ တစ်စေ့ တစ်စေ့သော နှမ်းကို ထုတ်ပစ်ရာ၏၊ ရဟန်း ကောသလတိုင်းဖြစ်တို့နှစ်ဆယ်ဝင်သော ထိုနှမ်းလှည်းသည် ဤလုံ့လဖြင့် လျင် မြန်စွာသာလျှင် ကုန်ခန်းခြင်းသို့ ရောက်ရာ၏၊ တစ်ခုသော အဗ္ဗုဒငရဲသည် ကုန်ခန်းခြင်းသို့ မရောက်ရာ။ ရဟန်း အဗ္ဗုဒငရဲ နှစ်ဆယ်သည် နိရဗ္ဗုဒငရဲ တစ်ခုဖြစ်၏၊ ရဟန်း နိရဗ္ဗုဒငရဲ နှစ်ဆယ်သည် အဗဗငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဗဗငရဲ နှစ်ဆယ်သည် အဋဋငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဋဋငရဲ နှစ်ဆယ်သည် အဟဟငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဟဟငရဲ နှစ်ဆယ်သည် ကုမုဒငရဲ တစ်ခုဖြစ်၏၊ ရဟန်း ကုမုဒငရဲ နှစ်ဆယ်သည် သောဂန္ဓိကငရဲ တစ်ခုဖြစ်၏၊ ရဟန်း သောဂန္ဓိကငရဲ နှစ်ဆယ်သည် ဥပ္ပလငရဲ တစ်ခုဖြစ်၏၊ ရဟန်း ဥပ္ပလငရဲ နှစ်ဆယ်သည် ပုဏ္ဍရိကငရဲ တစ်ခုဖြစ်၏၊ ရဟန်း ပုဏ္ဍရိကငရဲ နှစ်ဆယ်သည် ပဒုမငရဲ တစ်ခုဖြစ်၏။ ရဟန်း ကောကာလိကရဟန်းသည် သာရိပုတ္တရာ , မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမ ငရဲ၌ ဖြစ်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည် ထိုမှနောက်၌ ဤစကား တော်ကို မိန့်တော်မူပြန်၏ - “ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားသည် ဖြစ်၏၊ လူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ပြောဆို ကာ ယင်းဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင်သူသည် ကဲ့ရဲထိုက်သောသူကို ချီးမွမ်း၏၊ ချီးမွမ်းထိုက်သောသူကို ကဲ့ရဲ၏၊ ထိုသူမိုက်သည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထိုသူမိုက်သည် ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။ ကြွေအန်လောင်းရာတို့၌ မိမိကိုယ်နှင့် တကွ အလုံးစုံသော စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းသည် အနည်းငယ်မျှ (မပြောပလောက်သော) အပြစ်သာတည်း၊ ကောင်းမြတ် သော တရား (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော သူတို့၌ စိတ်ပြစ်မှားသော ဤ အပြစ်သာလျှင် ကြီးလေးသော အပြစ်မည်၏။ ယုတ်မာသော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့သော သူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲသို့ ရောက်ရ၏”ဟု (မိန့်တော်မူ၏)။ ပဌမဝဂ် ပြီး၏။ ၁။ တစ်တို့မှာ လေးတင်းရှိသည်။

Linked Discourses 6.10 1. The Appeal With Kokālika At Sāvatthī. Then the mendicant Kokālika went up to the Buddha, bowed, sat down to one side, and said to him, “Sir, Sāriputta and Moggallāna have corrupt wishes. They’ve fallen under the sway of corrupt wishes.” When this was said, the Buddha said to Kokālika, “Don’t say that, Kokālika! Don’t say that, Kokālika! Have confidence in Sāriputta and Moggallāna, they’re good monks.” For a second time Kokālika said to the Buddha, “Despite my faith and trust in the Buddha, Sāriputta and Moggallāna have corrupt wishes. They’ve fallen under the sway of corrupt wishes.” For a second time, the Buddha said to Kokālika, “Don’t say that, Kokālika! Don’t say that, Kokālika! Have confidence in Sāriputta and Moggallāna, they’re good monks.” For a third time Kokālika said to the Buddha, “Despite my faith and trust in the Buddha, Sāriputta and Moggallāna have corrupt wishes. They’ve fallen under the sway of corrupt wishes.” For a third time, the Buddha said to Kokālika, “Don’t say that, Kokālika! Don’t say that, Kokālika! Have confidence in Sāriputta and Moggallāna, they’re good monks.” Then Kokālika rose from his seat, bowed, and respectfully circled the Buddha, keeping him on his right, before leaving. Not long after he left his body erupted with boils the size of mustard seeds. The boils grew to the size of mung beans, then chickpeas, then jujube seeds, then jujubes, then myrobalans, then unripe wood-apples, then ripe wood-apples. Finally they burst open, and pus and blood oozed out. Then the mendicant Kokālika died of that illness. He was reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna. Then, late at night, the glorious divinity Sahampati, lighting up the entire Jeta’s Grove, went up to the Buddha, bowed, stood to one side, and said to him, “Sir, the mendicant Kokālika has passed away. He was reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna.” That is what the divinity Sahampati said. Then he bowed and respectfully circled the Buddha, keeping him on his right, before vanishing right there. Then, when the night had passed, the Buddha told the mendicants all that had happened. When he said this, one of the mendicants said to the Buddha, “Sir, how long is the lifespan in the Pink Lotus hell?” “It’s long, mendicant. It’s not easy to calculate how many years, how many hundreds or thousands or hundreds of thousands of years it lasts.” “But sir, is it possible to give a simile?” “It’s possible,” said the Buddha. “Suppose there was a Kosalan load of twenty packs of sesame seed. And at the end of every hundred years someone would remove a single seed from it. By this means the Kosalan load of twenty packs of sesame seed would run out faster than a single lifetime in the Abbuda hell. Now, twenty lifetimes in the Abbuda hell equal one lifetime in the Nirabbuda hell. Twenty lifetimes in the Nirabbuda hell equal one lifetime in the Ababa hell. Twenty lifetimes in the Ababa hell equal one lifetime in the Aṭaṭa hell. Twenty lifetimes in the Aṭaṭa hell equal one lifetime in the Ahaha hell. Twenty lifetimes in the Ahaha hell equal one lifetime in the Yellow Lotus hell. Twenty lifetimes in the Yellow Lotus hell equal one lifetime in the Fragrant Water Lily hell. Twenty lifetimes in the Fragrant Water Lily hell equal one lifetime in the Blue Water Lily hell. Twenty lifetimes in the Blue Water Lily hell equal one lifetime in the White Lotus hell. Twenty lifetimes in the White Lotus hell equal one lifetime in the Pink Lotus hell. The mendicant Kokālika has been reborn in the Pink Lotus hell because of his resentment for Sāriputta and Moggallāna.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “A person is born with an axe in their mouth. A fool cuts themselves with it when they say bad words. When you praise someone worthy of criticism, or criticize someone worthy of praise, you choose a losing hand with your own mouth: you’ll never find happiness that way. A losing hand at dice is a trivial thing, if all you lose is your money and all you own, even yourself. What’s a really terrible hand is to hate the holy ones. For a hundred thousand times a hundred million, times five hundred and thirty-six times <j>a thousand times ten million years a slanderer of noble ones goes to hell, having aimed bad words and thoughts at them.”

စာ-၁၅၅

တဿုဒ္ဒါနံ

အာယာစနံ ဂါရဝေါ ဗြဟ္မဒေဝေါ,

ဗကော စ ဗြဟ္မာ အပရာ စ ဒိဋ္ဌိ၊

ပမာဒကောကာလိကတိဿကော စ,

တုရူ စ ဗြဟ္မာ အပရော စ ကောကာလိကောတိ။

၂။ ဒုတိယဝဂ္ဂေါ

၁။ သနင်္ကုမာရသုတ္တံ

၁၈၂။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ သပ္ပိနီတီရေ။ အထ ခေါ ဗြဟ္မာ သနင်္ကုမာရော အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ သပ္ပိနီတီရံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဗြဟ္မာ သနင်္ကုမာရော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ, ယေ ဂေါတ္တပဋိသာရိနော၊

ဝိဇ္ဇာစရဏသမ္ပန္နော, သော သေဋ္ဌော ဒေဝမာနုသေ’’တိ။

ဣဒမဝေါစ ဗြဟ္မာ သနင်္ကုမာရော။ သမနုညော သတ္ထာ အဟောသိ။ အထ ခေါ ဗြဟ္မာ သနင်္ကုမာရော ‘‘သမနုညော မေ သတ္ထာ’’တိ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ တတ္ထေဝန္တရဓာယီတိ။

၂-ဒုတိယဝဂ် ၁-သနင်္ကုမာရသုတ် ၁၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် သပ္ပိနီမြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ သပ္ပိနီမြစ်ကမ်း တစ်ဝန်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ - “လူများအပေါင်း၌ အမျိုးအနွယ်ကို စိစစ်လေ့ရှိသော သူတို့တွင် မင်းမျိုးသည် မြတ်၏၊ နတ်လူအပေါင်းတို့တွင် အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’နှင့် ပြည့်စုံသော သူသည် မြတ်၏”ဟု (လျှောက်၏)။ သနင်္ကုမာရဗြဟ္မာသည် ဤဂါထာကို ရွတ်ဆို လျှောက်ထားသည်ရှိသော် မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏၊ ထိုအခါ သနင်္ကုမာရဗြဟ္မာသည် “ငါ့စကား ကို မြတ်စွာဘုရား နှစ်သက် (လက်ခံ) တော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

Linked Discourses 6.11 Chapter Two With Sanaṅkumāra So I have heard. At one time the Buddha was staying near Rājagaha, on the bank of the Serpentine River. Then, late at night, the glorious divinity Sanaṅkumāra, lighting up the entire Serpentine riverbank, went up to the Buddha, bowed, stood to one side, and spoke this verse in the Buddha’s presence: “The aristocrat is best among people who take clan as the standard. But one accomplished in knowledge and conduct is best among gods and humans.” That is what the divinity Sanaṅkumāra said, and the Teacher concurred. Then the divinity Sanaṅkumāra, knowing that the Teacher concurred, bowed and respectfully circled the Buddha, keeping him on his right, before vanishing right there.

၂။ ဒေဝဒတ္တသုတ္တံ

၁၈၃။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ အစိရပက္ကန္တေ ဒေဝဒတ္တေ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ ဂိဇ္ဈကူဋံ ပဗ္ဗတံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဗြဟ္မာ သဟမ္ပတိ ဒေဝဒတ္တံ အာရဗ္ဘ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘ဖလံ ဝေ ကဒလိံ ဟန္တိ, ဖလံ ဝေဠုံ ဖလံ နဠံ၊

သက္ကာရော ကာပုရိသံ ဟန္တိ, ဂဗ္ဘော အဿတရိံ ယထာ’’တိ။

၂-ဒေဝဒတ္တသုတ် ၁၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -အခါတစ်ပါး၌ ဒေဝဒတ် (ဝေဠုဝန်ကျောင်းတော်မှ ဂယာသီသသို့) ထွက်ခွာသွား၍ မကြာမြင့်မီ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္စျကုဋ်တောင်၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္စျကုဋ်တောင်အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး ၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ - “ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့လည်းကောင်း၊ ဝါးပင်ကို ဝါးသီးသည် ဖျက်ဆီးသကဲ့သို့လည်းကောင်း၊ ကျူပင်ကို ကျုသီးသည် ဖျက်ဆီး သကဲ့သို့လည်းကောင်း၊ ကိုယ်ဝန်သည် အဿတိုရ်မြင်းမကို သတ်ဖြတ်ဖျက်ဆီးသကဲ့ သို့လည်းကောင်း ပူဇော်သက္ကာရသည် သူယုတ်ကို ဖျက်ဆီး၏”ဟု (လျှောက်၏)။

Linked Discourses 6.12 Chapter Two About Devadatta So I have heard. At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain, not long after Devadatta had left. Then, late at night, the glorious divinity Sahampati, lighting up the entire Vulture’s Peak, went up to the Buddha, bowed, stood to one side, and spoke this verse in the Buddha’s presence: “The banana plant is destroyed by its own fruit, as are the bamboo and the reed. Honor destroys a reprobate, as pregnancy destroys a mule.”

၃။ အန္ဓကဝိန္ဒသုတ္တံ

၁၈၄။ ဧကံ သမယံ ဘဂဝါ မာဂဓေသု ဝိဟရတိ အန္ဓကဝိန္ဒေ။ တေန ခေါ ပန သမယေန ဘဂဝါ ရတ္တန္ဓကာရတိမိသာယံ အဗ္ဘောကာသေ နိသိန္နော ဟောတိ, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ ဗြဟ္မာ သဟမ္ပတိ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏော ကေဝလကပ္ပံ အန္ဓကဝိန္ဒံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ဗြဟ္မာ သဟမ္ပတိ ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –

‘‘သေဝေထ ပန္တာနိ သေနာသနာနိ,

စရေယျ သံယောဇနဝိပ္ပမောက္ခာ၊

သစေ ရတိံ နာဓိဂစ္ဆေယျ တတ္ထ,

သံဃေ ဝသေ ရက္ခိတတ္တော သတီမာ။

‘‘ကုလာကုလံ ပိဏ္ဍိကာယ စရန္တော,

ဣန္ဒြိယဂုတ္တော နိပကော သတီမာ၊

သေဝေထ ပန္တာနိ သေနာသနာနိ,

ဘယာ ပမုတ္တော အဘယေ ဝိမုတ္တော။

‘‘ယတ္ထ ဘေရဝါ သရီသပါ [သိရိံ သပါ (သီ။ သျာ။ ကံ။ ပီ။)],

ဝိဇ္ဇု သဉ္စရတိ ထနယတိ ဒေဝေါ၊

အန္ဓကာရတိမိသာယ ရတ္တိယာ,

နိသီဒိ တတ္ထ ဘိက္ခု ဝိဂတလောမဟံသော။

‘‘ဣဒဉှိ ဇာတု မေ ဒိဋ္ဌံ, နယိဒံ ဣတိဟီတိဟံ၊

ဧကသ္မိံ ဗြဟ္မစရိယသ္မိံ, သဟဿံ မစ္စုဟာယိနံ။

‘‘ဘိယျော [ဘီယော (သီ။ သျာ။ ကံ။ ပီ။)] ပဉ္စသတာ သေက္ခာ, ဒသာ စ ဒသဓာ ဒသ၊

သဗ္ဗေ သောတသမာပန္နာ, အတိရစ္ဆာနဂါမိနော။

‘‘အထာယံ [အတ္ထာယံ-ဣတိပိ ဒီ။ နိ။ ၂။၂၉၀] ဣတရာ ပဇာ, ပုညဘာဂါတိ မေ မနော၊

သင်္ခါတုံ နောပိ သက္ကောမိ, မုသာဝါဒဿ ဩတ္တပ’’န္တိ [ဩတ္တပေတိ (သီ။ သျာ။ ကံ။ ပီ။), ဩတ္တပ္ပေတိ (က။)]။

၃-အန္ဓကဝိန္ဒသုတ် ၁၈၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း အန္ဓကဝိန္ဒရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ လွင်တီးခေါင်၌ နေတော်မူသည် ဖြစ်၍ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အန္ဓကဝိန္ဒတစ်ရွာလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏ - “ရဟန်းသည် အစွန်အဖျားကျသော ကျောင်း အိပ်ရာ နေရာတို့ကို မှီဝဲရာ၏၊ သံယောဇဥ် ဆယ်ပါးမှ လွတ်ရန်အလို့ငှါ ကျင့်ရာ၏၊ ထိုကျောင်း အိပ်ရာ နေရာ၌ မွေ့လျော်ခြင်းကို အကယ်၍ မရသည် ဖြစ်အံ့၊ စောင့်ရှောက်သော ကိုယ်စိတ်ရှိသည် ဖြစ်၍ သတိနှင့် ပြည့်စုံလျက် သံဃာ့ဘောင်၌ နေရာ၏။ ဣန္ဒြေကို စောင့်ရှောက်ကာ ရင့်ကျက်သော ပညာ , သတိနှင့် ပြည့်စုံသည်ဖြစ်၍ အိမ်တိုင်း အိမ်တိုင်းသို့ ဆွမ်းခံလှည့်လည်သော ရဟန်းသည် ဝဋ်ဆင်းရဲဘေးမှ လွတ်လိုသော စိတ်ရှိသည်ဖြစ်၍ ဘေးကင်းရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းလျက် အစွန် အဖျားကျသော ကျောင်းတို့ကို မှီဝဲရာ၏။ အကြင်အရပ်၌ (ခြင်္သေ့, သစ်ကျား, သစ်ငုတ်စသော) ကြောက်မက်ဖွယ် ဘေးရန်တို့သည်လည်းကောင်း၊ မြွေတို့သည်လည်းကောင်း ရှိကုန်၏။ အလွန်မှောင်မိုက်သော ညဥ့်၌ လျှပ်စစ်ပြက်၏၊ မိုးထစ်ချုန်း၏၊ ထိုအရပ်၌ ရဟန်းသည် ကြက်သီးမွေးညင်း ထခြင်း ကင်းသည် ဖြစ်၍ နေ၏။ ဤစကားကို အကျွန်ုပ်သည် တစ်ဆင့်ကြားဖြင့် စိတ်ကူး၍ ပြောသည် မဟုတ်၊ သေခြင်းသဘောကို စွန့်ပြီးဖြစ်သော ရဟန္တာ တစ်ထောင့်ငါးရာကျော် , အပါယ်သို့ လားမည် မဟုတ်သော သောတာပန်သေက္ခပုဂ္ဂိုလ် တစ်ရာ့တစ်ဆယ် အားလုံးတို့ သည် တစ်ခုသော တရားဒေသနာပွဲ၌ပင် ရှိနေသည်ကို စင်စစ် အကျွန်ုပ်ကိုယ်တိုင် မြင်ရပါ၏။ ဤမှတစ်ပါးသော ဤသတ္တဝါအပေါင်းကား ဝိဝဋ္ဋနိဿိတ ကုသိုလ်ကောင်းမှုအဖို့ ရှိ၏ဟု အကျွန်ုပ်၏ စိတ်ဖြင့် ရေတွက်ခြင်းငှါ မတတ်နိုင်ပါ၊ (အကြောင်းသော်ကား) မုသာဝါဒမှ ကြောက်သောကြောင့်ပါတည်း”ဟု လျှောက်၏။

Linked Discourses 6.13 Chapter Two At Andhakavinda At one time the Buddha was staying in the land of the Magadhans at Andhakavinda. Now at that time the Buddha was meditating in the open during the dark of night, while a gentle rain drizzled down. Then, late at night, the glorious divinity Sahampati, lighting up the entirety of Andhakavinda, went up to the Buddha, bowed, stood to one side, and recited these verses in the Buddha’s presence: “One should frequent secluded lodgings, and practice to be released from fetters. If you don’t find enjoyment there, live in the Saṅgha, self-protected and mindful. Walking for alms from family to family, with senses guarded, alert and mindful. One should frequent secluded lodgings, free of fear, freed in the fearless. Where dreadful reptiles slither, where the lightning flashes and the heavens thunder in the dark of the night; there meditates a mendicant, free of goosebumps. For this is ever seen by me, it isn’t just the testament of hearsay. Within a single spiritual dispensation there are a thousand conquerors of Death. And of trainees, more than five hundred, and ten times ten tens, are all stream-enterers, freed from rebirth in the animal realm. And as for the rest of folk who I think have shared in merit— I couldn’t even number them, for fear of speaking falsely.”

၄။ အရုဏဝတီသုတ္တံ

၁၈၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ…ပေ… တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ရာဇာ အဟောသိ အရုဏဝါ နာမ။ ရညော ခေါ ပန, ဘိက္ခဝေ, အရုဏဝတော အရုဏဝတီ နာမ ရာဇဓာနီ အဟောသိ။ အရုဏဝတိံ ခေါ ပန, ဘိက္ခဝေ, ရာဇဓာနိံ [အရုဏဝတိယံ ခေါ ပန ဘိက္ခဝေ ရာဇဓာနိယံ (ပီ။ က။)] သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဥပနိဿာယ ဝိဟာသိ။ သိခိဿ ခေါ ပန, ဘိက္ခဝေ, ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အဘိဘူသမ္ဘဝံ နာမ သာဝကယုဂံ အဟောသိ အဂ္ဂံ ဘဒ္ဒယုဂံ။ အထ ခေါ, ဘိက္ခဝေ, သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အဘိဘုံ ဘိက္ခုံ အာမန္တေသိ – ‘အာယာမ, ဗြာဟ္မဏ, ယေန အညတရော ဗြဟ္မလောကော တေနုပသင်္ကမိဿာမ, ယာဝ ဘတ္တဿ ကာလော ဘဝိဿတီ’တိ။ ‘ဧဝံ, ဘန္တေ’တိ ခေါ ဘိက္ခဝေ, အဘိဘူ ဘိက္ခု သိခိဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ပစ္စဿောသိ။ အထ ခေါ, ဘိက္ခဝေ, သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အဘိဘူ စ ဘိက္ခု – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – အရုဏဝတိယာ ရာဇဓာနိယာ အန္တရဟိတာ တသ္မိံ ဗြဟ္မလောကေ ပါတုရဟေသုံ။

‘‘အထ ခေါ, ဘိက္ခဝေ, သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အဘိဘုံ ဘိက္ခုံ အာမန္တေသိ – ‘ပဋိဘာတု, ဗြာဟ္မဏ, တံ ဗြဟ္မုနော စ ဗြဟ္မပရိသာယ စ ဗြဟ္မပါရိသဇ္ဇာနဉ္စ ဓမ္မီ ကထာ’တိ။ ‘ဧဝံ, ဘန္တေ’တိ ခေါ, ဘိက္ခဝေ, အဘိဘူ ဘိက္ခု သိခိဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ပဋိဿုတွာ, ဗြဟ္မာနဉ္စ ဗြဟ္မပရိသဉ္စ ဗြဟ္မပါရိသဇ္ဇေ စ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ တတြ သုဒံ, ဘိက္ခဝေ, ဗြဟ္မာ စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ ဥဇ္ဈာယန္တိ ခိယျန္တိ [ခီယန္တိ (သီ။ သျာ။ ကံ။ ပီ။)] ဝိပါစေန္တိ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ ဘော, ကထဉှိ နာမ သတ္ထရိ သမ္မုခီဘူတေ သာဝကော ဓမ္မံ ဒေသေဿတီ’’’တိ!

‘‘အထ ခေါ, ဘိက္ခဝေ, သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အဘိဘုံ ဘိက္ခုံ အာမန္တေသိ – ‘ဥဇ္ဈာယန္တိ ခေါ တေ, ဗြာဟ္မဏ, ဗြဟ္မာ စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ – အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, ကထဉှိ နာမ သတ္ထရိ သမ္မုခီဘူတေ သာဝကော ဓမ္မံ ဒေသေဿတီတိ! တေန ဟိ တွံ ဗြာဟ္မဏ, ဘိယျောသောမတ္တာယ ဗြဟ္မာနဉ္စ ဗြဟ္မပရိသဉ္စ ဗြဟ္မပါရိသဇ္ဇေ စ သံဝေဇေဟီ’တိ။ ‘ဧဝံ, ဘန္တေ’တိ ခေါ, ဘိက္ခဝေ, အဘိဘူ ဘိက္ခု သိခိဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ပဋိဿုတွာ ဒိဿမာနေနပိ ကာယေန ဓမ္မံ ဒေသေသိ, အဒိဿမာနေနပိ ကာယေန ဓမ္မံ ဒေသေသိ, ဒိဿမာနေနပိ ဟေဋ္ဌိမေန ဥပဍ္ဎကာယေန အဒိဿမာနေန ဥပရိမေန ဥပဍ္ဎကာယေန ဓမ္မံ ဒေသေသိ, ဒိဿမာနေနပိ ဥပရိမေန ဥပဍ္ဎကာယေန အဒိဿမာနေန ဟေဋ္ဌိမေန ဥပဍ္ဎကာယေန ဓမ္မံ ဒေသေသိ။ တတြ သုဒံ, ဘိက္ခဝေ, ဗြဟ္မာ စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ အစ္ဆရိယဗ္ဘုတစိတ္တဇာတာ အဟေသုံ – ‘အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော, သမဏဿ မဟိဒ္ဓိကတာ မဟာနုဘာဝတာ’’’တိ!

‘‘အထ ခေါ အဘိဘူ ဘိက္ခု သိခိံ ဘဂဝန္တံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ ဧတဒဝေါစ – ‘အဘိဇာနာမိ ခွါဟံ, ဘန္တေ, ဘိက္ခုသံဃဿ မဇ္ဈေ ဧဝရူပိံ ဝါစံ ဘာသိတာ – ပဟောမိ ခွါဟံ အာဝုသော, ဗြဟ္မလောကေ ဌိတော သဟဿိလောကဓာတုံ [သဟဿီလောကဓာတုံ (သီ။ သျာ။ ကံ။ ပီ။)] သရေန ဝိညာပေတု’န္တိ။ ‘ဧတဿ, ဗြာဟ္မဏ, ကာလော, ဧတဿ, ဗြာဟ္မဏ, ကာလော၊ ယံ တွံ, ဗြာဟ္မဏ, ဗြဟ္မလောကေ ဌိတော သဟဿိလောကဓာတုံ သရေန ဝိညာပေယျာသီ’တိ။ ‘ဧဝံ, ဘန္တေ’တိ ခေါ, ဘိက္ခဝေ, အဘိဘူ ဘိက္ခု သိခိဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ပဋိဿုတွာ ဗြဟ္မလောကေ ဌိတော ဣမာ ဂါထာယော အဘာသိ –

‘‘အာရမ္ဘထ [အာရဗ္ဘထ (သဗ္ဗတ္ထ)] နိက္ကမထ [နိက္ခမထ (သီ။ ပီ။)], ယုဉ္ဇထ ဗုဒ္ဓသာသနေ၊

ဓုနာထ မစ္စုနော သေနံ, နဠာဂါရံဝ ကုဉ္ဇရော။

‘‘ယော ဣမသ္မိံ ဓမ္မဝိနယေ, အပ္ပမတ္တော ဝိဟဿတိ၊

ပဟာယ ဇာတိသံသာရံ, ဒုက္ခဿန္တံ ကရိဿတီ’’တိ။

‘‘အထ ခေါ, ဘိက္ခဝေ, သိခီ စ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အဘိဘူ စ ဘိက္ခု ဗြဟ္မာနဉ္စ ဗြဟ္မပရိသဉ္စ ဗြဟ္မပါရိသဇ္ဇေ စ သံဝေဇေတွာ – သေယျထာပိ နာမ…ပေ… တသ္မိံ ဗြဟ္မလောကေ အန္တရဟိတာ အရုဏဝတိယာ ရာဇဓာနိယာ ပါတုရဟေသုံ။ အထ ခေါ, ဘိက္ခဝေ, သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘိက္ခူ အာမန္တေသိ – ‘အဿုတ္ထ နော, တုမှေ, ဘိက္ခဝေ, အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿာ’တိ? ‘အဿုမှ ခေါ မယံ, ဘန္တေ, အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿာ’တိ။ ‘ယထာ ကထံ ပန တုမှေ, ဘိက္ခဝေ, အဿုတ္ထ အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿာ’’’တိ? ဧဝံ ခေါ မယံ, ဘန္တေ, အဿုမှ အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿ –

‘‘အာရမ္ဘထ နိက္ကမထ, ယုဉ္ဇထ ဗုဒ္ဓသာသနေ၊

ဓုနာထ မစ္စုနော သေနံ, နဠာဂါရံဝ ကုဉ္ဇရော။

‘‘ယော ဣမသ္မိံ ဓမ္မဝိနယေ, အပ္ပမတ္တော ဝိဟဿတိ၊

ပဟာယ ဇာတိသံသာရံ, ဒုက္ခဿန္တံ ကရိဿတီ’’တိ။

‘‘‘ဧဝံ ခေါ မယံ, ဘန္တေ, အဿုမှ အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿာ’တိ။ ‘သာဓု သာဓု, ဘိက္ခဝေ၊ သာဓု ခေါ တုမှေ, ဘိက္ခဝေ! အဿုတ္ထ အဘိဘုဿ ဘိက္ခုနော ဗြဟ္မလောကေ ဌိတဿ ဂါထာယော ဘာသမာနဿာ’’’တိ။

ဣဒမဝေါစ ဘဂဝါ, အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

၄-အရုဏဝတီသုတ် ၁၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ် တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရှေးက ဖြစ်ဖူးသည်ကား အရုဏဝါမည်သောမင်း ဖြစ်ဖူးလေပြီ၊ ရဟန်းတို့ အရုဏဝါ မင်း၏ အရုဏဝတီမည်သော မင်းနေပြည်သည် ဖြစ်ဖူးပြီ၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အရုဏဝတီ မင်းနေပြည်ကို မှီ၍ (သီတင်းသုံး) နေတော်မူဖူးပြီ၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား အဘိဘူ, သမ္ဘဝအမည်ရှိ သော ကောင်းမြတ်သော သာဝကအစုံ ဖြစ်၏၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုသိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းအား “မကောင်းမှုကို အပပြုပြီးသော ရဟန်း သွားကြစို့၊ တစ်ခုသော ဗြဟ္မာ့ဘုံသို့ ဆွမ်းစားချိန်တိုင်အောင် ချဥ်းကပ်ကြကုန်စို့”ဟု မိန့်တော်မူ၏၊ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ အဘိဘူရဟန်းသည်လည်းကောင်း ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်တန်း သကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အရုဏ ဝတီ မင်းနေပြည်တော်မှ ကွယ်ခဲ့ကုန်၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းကို မိန့်တော်မူ၏ - “မကောင်းမှုကို အပပြု ပြီးသော ရဟန်း ဗြဟ္မာအားလည်းကောင်း၊ ဗြဟ္မာပရိသတ်အားလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ အားလည်းကောင်း တရားဟောခြင်းသည် သင်၏ ဉာဏ်၌ ထင်စေလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ဗြဟ္မာတို့ကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ကိုလည်းကောင်း (တရားစကားဖြင့်) အကျိုးစီးပွားကို ပြလျက် (တရားကို) ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။ ရဟန်းတို့ ထိုအခါ၌ ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာပရိသတ်သည်လည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့သည်လည်းကောင်း “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အဘယ့် ကြောင့်လျှင် တပည့်သာဝကသည် ဆရာဖြစ်သော မြတ်စွာဘုရား၏ မျက်မှောက်၌ တရားဟောဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင် ပြောဆိုကုန်၏။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းကို မိန့်တော်မူ၏ - “မကောင်းမှုကို အပပြု ပြီးသော ရဟန်း ဗြဟ္မာအားလည်းကောင်း၊ ဗြဟ္မာပရိသတ်အားလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ အားလည်းကောင်း “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အဘယ့်ကြောင့် လျှင် တပည့်သာဝကသည် ဆရာဖြစ်သော မြတ်စွာဘုရား၏ မျက်မှောက်၌ တရားဟောဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း ထိုသို့ကဲ့ရဲ့ကုန်မူကား သင်သည် အတိုင်းထက်အလွန် ဗြဟ္မာကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ကိုလည်းကောင်း ထိတ် လန့်စေလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ထင်ရှားမြင်ရသော ကိုယ်ဖြင့်လည်း တရားကို ဟော၏၊ ထင်ရှား မမြင်ရသော ကိုယ်ဖြင့်လည်း တရားကို ဟော၏၊ ထင်ရှားမြင်ရသော အောက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း၊ ထင်ရှား မမြင်ရသော အထက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း တရားကို ဟော၏။ ထင်ရှားမြင်ရ သော အထက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း၊ ထင်ရှား မမြင်ရသော အောက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း တရားကို ဟော၏။ ရဟန်းတို့ ထိုအခါ ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာပရိသတ်သည်လည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာသည်လည်းကောင်း “အချင်းတို့ ရဟန်း၏ ကြီးသော တန်ခိုးရှိသည်၏အဖြစ် ကြီးသော အာနုဘော် ရှိသည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား”ဟု အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ့ဖြစ်သော စိတ်သဘောတို့သည် ဖြစ်ကုန်၏။ ထိုအခါ၌ အဘိဘူရဟန်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည် ‘ငါ့သျှင်တို့ ငါသည် ဗြဟ္မာပြည်၌ ရပ်တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် သိစေခြင်းငှါ စွမ်းနိုင်ပါ၏’ဟု ရဟန်း အပေါင်း၏ အလယ်၌ ဤသို့ သဘောရှိသော စကားကို လျှောက်ဖူးသည်ကို သိပါသည်”ဟု လျှောက်၏၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ဗြဟ္မာ့ပြည်၌ ရပ်တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် သိစေရန် အချိန်တန်ပြီ၊ သိစေရန် အခါတန်ပြီဟု မိန့်တော်မူ၏၊ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ဗြဟ္မာ့ပြည်၌ ရပ်တည်လျက် ဤဂါထာတို့ကို ရွတ်ဆို၏ - “မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြကုန်လော့၊ ထွက်မြောက်ကြောင်း လုံ့လကို ပြုကုန်လော့၊ ဘာဝနာနှင့် ယှဥ်သော လုံ့လကို ကြိုးပမ်းကြကုန်လော့၊ ‘ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့’ သေမင်း၏ စစ်သည်ကို ချေ ဖျက်ကြကုန်လော့။ အကြင်သူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မမေ့မလျော့သည် ဖြစ်၍ နေ လတ္တံ့၊ ထိုသူသည် ပဋိသန္ဓေနေခြင်းဟု ဆိုအပ်သော သံသရာကို ပယ်၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့”ဟု ရွတ်ဆို၏။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ အဘိဘူရဟန်းသည်လည်းကောင်း ဗြဟ္မာကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေးဗြဟ္မာတို့ကိုလည်းကောင်း ထိတ်လန့်စေပြီး ၍။ပ။ ထိုဗြဟ္မာပြည်မှ ကွယ်ခဲ့ကုန်၍ အရုဏဝတီမင်းနေပြည်တော်၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဥ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို သင်တို့ ကြားကြကုန်၏လောဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ဗြဟ္မာ့ ပြည်၌ တည်ရှိနေစဥ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို အကျွန်ုပ်တို့ ကြားပါကုန်၏”ဟု လျှောက် ကုန်၏၊ ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဥ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို သင်တို့ အဘယ်သို့လျှင် ကြားကုန်သနည်းဟု (မေးတော်မူ၏)၊ အသျှင်ဘုရား ဗြဟ္မာ့ပြည်၌ တည်ရှိနေစဥ် ဟော သော အဘိဘူရဟန်း၏ ဂါထာတို့ကို အကျွန်ုပ်တို့သည် ဤသို့ ကြားပါကုန်၏ - “မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြကုန်လော့၊ ထွက်မြောက်ကြောင်း လုံ့လကို ပြုကြကုန်လော့၊ ဘာဝနာနှင့် ယှဥ်သော လုံ့လကို ကြိုးပမ်းကြကုန်လော့၊ ‘ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့’ သေမင်း၏ စစ်သည်ကို ချေ ဖျက်ကြကုန်လော့။ အကြင်သူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မမေ့မလျော့သည်ဖြစ်၍ နေလတ္တံ့၊ ထိုသူသည် ပဋိသန္ဓေနေခြင်းဟု ဆိုအပ်သော သံသရာကို ပယ်စွန့်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့”ဟု ကြားရပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ဗြဟ္မာ့ပြည်၌ တည်ရှိနေစဥ် ဟောသော အဘိဘူရဟန်း၏ ဂါတာ တိုု့ကို ဤအတိုင်း ကြားရပါကုန်၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ကောင်းပေစွ ကောင်းပေစွ၊ ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဥ် ဟောသော အဘိဘူရဟန်း၏ ဂါထာတိုု့ကို သင်တို့ ကြားကုန်သည်ကား ကောင်းသည်သာလျှင်တည်း။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်သက်ဝမ်းမြောက်ကြကုန်ပြီ။

Linked Discourses 6.14 Chapter Two About Aruṇavatī So I have heard. At one time the Buddha was staying near Sāvatthī. There he addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, there was a king named Aruṇavā. He had a capital named Aruṇavatī. Sikhī the Blessed One, the perfected one, the fully awakened Buddha lived supported by Aruṇavatī. Sikhī had a fine pair of chief disciples named Abhibhū and Sambhava. Then the Buddha Sikhī addressed the mendicant Abhibhū, ‘Come, brahmin, let’s go to one of the realms of divinity until it’s time for our meal.’ ‘Yes, sir,’ replied Abhibhū. Then, as easily as a strong person would extend or contract their arm, they vanished from Aruṇavatī and appeared in that realm of divinity. Then the Buddha Sikhī addressed the mendicant Abhibhū, ‘Brahmin, teach the Dhamma as you feel inspired for that divinity, his assembly, and the members of his retinue.’ ‘Yes, sir,’ replied Abhibhū. Then he educated, encouraged, fired up, and inspired them with a Dhamma talk. But the Divinity, his assembly, and his retinue complained, grumbled, and objected, ‘Oh lord, how incredible, how amazing! How on earth can a disciple teach Dhamma in the presence of the Teacher?’ Then the Buddha Sikhī addressed the mendicant Abhibhū, ‘Brahmin, the Divinity, his assembly, and his retinue are complaining that a disciple teaches Dhamma in the presence of the Teacher. Well then, brahmin, stir them up even more!’ ‘Yes, sir,’ replied Abhibhū. Then he taught Dhamma with his body visible; with his body invisible; with the lower half visible and the upper half invisible; and with the upper half visible and the lower half invisible. And the Divinity, his assembly, and his retinue, their minds full of wonder and amazement, thought, ‘Oh lord, how incredible, how amazing! The ascetic has such psychic power and might!’ Then Abhibhū said to the Buddha Sikhī, ‘Sir, I recall having said this in the middle of the Saṅgha: “Standing in the realm of divinity, I can make my voice heard throughout the thousandfold galaxy.”’ ‘Now is the time, brahmin! Now is the time, brahmin! Standing in the realm of divinity, make your voice heard throughout the thousandfold galaxy.’ ‘Yes, sir,’ replied Abhibhū. Standing in the realm of divinity, he spoke this verse: ‘Rouse yourselves! Try harder! Devote yourselves to the teachings of the Buddha! Crush the army of Death, as an elephant a hut of reeds. Whoever shall meditate diligently in this teaching and training, giving up transmigration through rebirths, will make an end of suffering.’ Having inspired that divinity, his assembly, and his retinue with a sense of awe, as easily as a strong person would extend or contract their arm, Sikhī and Abhibhū vanished from that realm of divinity and appeared in Aruṇavatī. Then the Buddha Sikhī addressed the mendicants, ‘Mendicants, did you hear the mendicant Abhibhū speaking a verse while standing in a realm of divinity?’ ‘We did, sir.’ ‘But what exactly did you hear?’ ‘This is what we heard, sir: “Rouse yourselves! Try harder! Devote yourselves to the teachings of the Buddha! Crush the army of Death, as an elephant a hut of reeds. Whoever shall meditate diligently in this teaching and training, giving up transmigration through rebirths, will make an end of suffering.” That’s what we heard, sir.’ ‘Good, good, mendicants! It’s good that you heard the mendicant Abhibhū speaking this verse while standing in a realm of divinity.’” That is what the Buddha said. Satisfied, the mendicants approved what the Buddha said.

၅။ ပရိနိဗ္ဗာနသုတ္တံ

၁၈၆။ ဧကံ သမယံ ဘဂဝါ ကုသိနာရာယံ ဝိဟရတိ ဥပဝတ္တနေ မလ္လာနံ သာလဝနေ အန္တရေန ယမကသာလာနံ ပရိနိဗ္ဗာနသမယေ။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဟန္ဒ ဒါနိ, ဘိက္ခဝေ, အာမန္တယာမိ ဝေါ – ‘ဝယဓမ္မာ သင်္ခါရာ, အပ္ပမာဒေန သမ္ပာဒေထာ’တိ။ အယံ တထာဂတဿ ပစ္ဆိမာ ဝါစာ’’။

အထ ခေါ ဘဂဝါ ပဌမံ ဈာနံ [ပဌမဇ္ဈာနံ (သျာ။ ကံ။) ဧဝံ ဒုတိယံ ဈာနံ ဣစ္စာဒီသုပိ] သမာပဇ္ဇိ။ ပဌမာ ဈာနာ [ပဌမဇ္ဈာနာ (သျာ။ ကံ။) ဧဝံ ဒုတိယာ ဈာနာ ဣစ္စာဒီသုပိ] ဝုဋ္ဌဟိတွာ ဒုတိယံ ဈာနံ သမာပဇ္ဇိ။ ဒုတိယာ ဈာနာ ဝုဋ္ဌဟိတွာ တတိယံ ဈာနံ သမာပဇ္ဇိ။ တတိယာ ဈာနာ ဝုဋ္ဌဟိတွာ စတုတ္ထံ ဈာနံ သမာပဇ္ဇိ။ စတုတ္ထာ ဈာနာ ဝုဋ္ဌဟိတွာ အာကာသာနဉ္စာယတနံ သမာပဇ္ဇိ။ အာကာသာနဉ္စာယတနာ ဝုဋ္ဌဟိတွာ ဝိညာဏဉ္စာယတနံ သမာပဇ္ဇိ။ ဝိညာဏဉ္စာယတနာ ဝုဋ္ဌဟိတွာ အာကိဉ္စညာယတနံ သမာပဇ္ဇိ။ အာကိဉ္စညာယတနာ ဝုဋ္ဌဟိတွာ နေဝသညာနာသညာယတနံ သမာပဇ္ဇိ။ နေဝသညာနာသညာယတနာ ဝုဋ္ဌဟိတွာ သညာဝေဒယိတနိရောဓံ သမာပဇ္ဇိ။

သညာဝေဒယိတနိရောဓာ ဝုဋ္ဌဟိတွာ နေဝသညာနာသညာယတနံ သမာပဇ္ဇိ။ နေဝသညာနာသညာယတနာ ဝုဋ္ဌဟိတွာ အာကိဉ္စညာယတနံ သမာပဇ္ဇိ။ အာကိဉ္စညာယတနာ ဝုဋ္ဌဟိတွာ ဝိညာဏဉ္စာယတနံ သမာပဇ္ဇိ။ ဝိညာဏဉ္စာယတနာ ဝုဋ္ဌဟိတွာ အာကာသာနဉ္စာယတနံ သမာပဇ္ဇိ။ အာကာသာနဉ္စာယတနာ ဝုဋ္ဌဟိတွာ စတုတ္ထံ ဈာနံ သမာပဇ္ဇိ။ စတုတ္ထာ ဈာနာ ဝုဋ္ဌဟိတွာ တတိယံ ဈာနံ သမာပဇ္ဇိ။ တတိယာ ဈာနာ ဝုဋ္ဌဟိတွာ ဒုတိယံ ဈာနံ သမာပဇ္ဇိ။ ဒုတိယာ ဈာနာ ဝုဋ္ဌဟိတွာ ပဌမံ ဈာနံ သမာပဇ္ဇိ။ ပဌမာ ဈာနာ ဝုဋ္ဌဟိတွာ ဒုတိယံ ဈာနံ သမာပဇ္ဇိ။ ဒုတိယာ ဈာနာ ဝုဋ္ဌဟိတွာ တတိယံ ဈာနံ သမာပဇ္ဇိ။ တတိယာ ဈာနာ ဝုဋ္ဌဟိတွာ စတုတ္ထံ ဈာနံ သမာပဇ္ဇိ။ စတုတ္ထာ ဈာနာ ဝုဋ္ဌဟိတွာ သမနန္တရံ ဘဂဝါ ပရိနိဗ္ဗာယိ။ ပရိနိဗ္ဗုတေ ဘဂဝတိ သဟ ပရိနိဗ္ဗာနာ ဗြဟ္မာ သဟမ္ပတိ ဣမံ ဂါထံ အဘာသိ –

‘‘သဗ္ဗေဝ နိက္ခိပိဿန္တိ, ဘူတာ လောကေ သမုဿယံ၊

ယတ္ထ ဧတာဒိသော သတ္ထာ, လောကေ အပ္ပဋိပုဂ္ဂလော၊

တထာဂတော ဗလပ္ပတ္တော, သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော’’တိ။

ပရိနိဗ္ဗုတေ ဘဂဝတိ သဟ ပရိနိဗ္ဗာနာ သက္ကော ဒေဝါနမိန္ဒော ဣမံ ဂါထံ အဘာသိ –

‘‘အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ’’တိ။

ပရိနိဗ္ဗုတေ ဘဂဝတိ သဟ ပရိနိဗ္ဗာနာ အာယသ္မာ အာနန္ဒော ဣမံ ဂါထံ အဘာသိ –

‘‘တဒါသိ ယံ ဘိံသနကံ, တဒါသိ လောမဟံသနံ၊

သဗ္ဗာကာရဝရူပေတေ, သမ္ဗုဒ္ဓေ ပရိနိဗ္ဗုတေ’’တိ။

ပရိနိဗ္ဗုတေ ဘဂဝတိ သဟ ပရိနိဗ္ဗာနာ အာယသ္မာ အနုရုဒ္ဓေါ ဣမာ ဂါထာယော အဘာသိ –

‘‘နာဟု အဿာသပဿာသော, ဌိတစိတ္တဿ တာဒိနော၊

အနေဇော သန္တိမာရဗ္ဘ, စက္ခုမာ ပရိနိဗ္ဗုတော [ယံ ကာလမကရီ မုနိ (မဟာပရိနိဗ္ဗာနသုတ္တေ)]။

‘‘အသလ္လီနေန စိတ္တေန, ဝေဒနံ အဇ္ဈဝါသယိ၊

ပဇ္ဇောတဿေဝ နိဗ္ဗာနံ, ဝိမောက္ခော စေတသော အဟူ’’တိ။

ဒုတိယော ဝဂ္ဂေါ။

တဿုဒ္ဒါနံ –

ဗြဟ္မာသနံ ဒေဝဒတ္တော, အန္ဓကဝိန္ဒော အရုဏဝတီ၊

ပရိနိဗ္ဗာနေန စ ဒေသိတံ, ဣဒံ ဗြဟ္မပဉ္စကန္တိ။

ဗြဟ္မသံယုတ္တံ သမတ္တံ။ [ဣတော ပရံ မရမ္မပေါတ္ထကေသု ဧဝမ္ပိ ဒိဿတိ –§ဗြဟ္မာယာစနံ အဂါရဝဉ္စ, ဗြဟ္မဒေဝေါ ဗကော စ ဗြဟ္မာ။§အညတရော စ ဗြဟ္မာကောကာလိကဉ္စ, တိဿကဉ္စ တုရူ စ။§ဗြဟ္မာ ကောကာလိကဘိက္ခု, သနင်္ကုမာရေန ဒေဝဒတ္တံ။§အန္ဓကဝိန္ဒံ အရုဏဝတိ, ပရိနိဗ္ဗာနေန ပန္နရသာတိ။]

၅-ပရိနိဗ္ဗာနသုတ် ၁၈၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုခါးနီးအချိန် ကုသိနာရုံပြည် အကွေ့ မလ္လာမင်းတို့ အင်ကြင်းဥယျာဥ်တော အင်ကြင်းပင်ပျိုတို့၏ အကြား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ သင်တို့အား ယခု (ငါ) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်အပ်သော ‘သင်္ခါရ’တရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏၊ မမေ့မလျော့သော ‘သတိတရား’ဖြင့် ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့”ဟု မိန့်တော်မူ၏။ ဤကား မြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်း တော်ပေတည်း။ ထို့နောက် မြတ်စွာဘုရားသည် ပဌမဈာန်ကို ဝင်စားတော်မူ၏၊ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယ ဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတန ဈာန်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန် မှ ထတော်မူ၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏။ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာ ယတနဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏။ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန် ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထ တော်မူပြီးသည်၏ အခြားမဲ့၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြု တော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် သဟမ္ပတိဗြဟ္မာသည် ဤဂါထာကို ရွတ်ဆို၏- “အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဤသို့သော ဆရာသခင် အတုမဲ့ ဘုရားရှင်သော်လည်း အကြင် လောက၌ ပရိနိဗ္ဗာန်ပြုတော်မူရချေသေး၏၊ ထိုလောကထဲ၌ အားလုံးရှိသမျှ သတ္ထဝါတို့သည် ရုပ်နာမ်အစု အတ္တဘောကို စွန့်ပစ်ကြရကုန်မည်ချည်းသာတည်း”ဟု ရွတ် ဆို၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည် ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် နတ်တို့ အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏- “ပြုပြင်အပ်သော သင်္ခါရတရားတို့သည် ဖြစ်ခြင်း , ပျက်ခြင်းသဘောရှိကုန်သည် ဖြစ်၍ မမြဲလေကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို သင်္ခါရတရားတို့၏ ငြိမ်းခြင်းသည်သာလျှင် ချမ်းသာပေလိမ့်တကား”ဟု (ရွတ်ဆို၏)။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အာနန္ဒာ သည် ဤဂါထာကို ရွတ်ဆို၏- “မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ လတ်သော် ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား၊ ကြက်သီးမွေးညင်း ထစေတတ်သော (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား”ဟု (ရွတ်ဆို၏)။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အနုရုဒ္ဓါ သည် ဤဂါထာတို့ကို ရွတ်ဆို၏- “တဏှာကင်းတော်မူသော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား သည် ငြိမ်းအေးသော နိဗ္ဗာန်သို့ (ကြွရန်) ရည်စူး၍ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ် ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက် ရှုတော်မူ နိုင်သော မြတ်စွာဘုရား၏ ထွက်လေဝင်လေ မရှိတော့ပြီတကား။ (မြတ်စွာဘုရားသည်) ညှိုးငယ်ခြင်း မရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူလေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် ‘ဆီမီးလျှံ ငြိမ်းသကဲ့သို့ပင်’ (ချုပ် ငြိမ်း) လွတ်မြောက်တော်မူလေပြီးတကား”ဟု ရွတ်ဆို၏။ ဒုတိယဝဂ် ပြီး၏။ ဗြဟ္မသံယုတ် ပြီး၏။

Linked Discourses 6.15 Chapter Two Full Extinguishment At one time the Buddha was staying between a pair of sal trees in the sal forest of the Mallas at Upavattana near Kusinārā at the time of his full extinguishment. Then the Buddha said to the mendicants: “Come now, mendicants, I say to you all: ‘Conditions fall apart. Persist with diligence.’” These were the Realized One’s last words. Then the Buddha entered the first absorption. Emerging from that, he entered the second absorption. Emerging from that, he successively entered into and emerged from the third absorption, the fourth absorption, the dimension of infinite space, the dimension of infinite consciousness, the dimension of nothingness, and the dimension of neither perception nor non-perception. Then he entered the cessation of perception and feeling. Then he emerged from the cessation of perception and feeling and entered the dimension of neither perception nor non-perception. Emerging from that, he successively entered into and emerged from the dimension of nothingness, the dimension of infinite consciousness, the dimension of infinite space, the fourth absorption, the third absorption, the second absorption, and the first absorption. Emerging from that, he successively entered into and emerged from the second absorption and the third absorption. Then he entered the fourth absorption. Emerging from that the Buddha immediately became fully extinguished. When the Buddha was fully quenched, along with the full extinguishment, the divinity Sahampati spoke this verse: “All creatures in this world must lay down this bag of bones. For even a Teacher such as this, unrivaled in the world, the Realized One, attained to power, the Buddha was fully quenched.” When the Buddha was fully quenched, Sakka, lord of gods, spoke this verse: “Oh! Conditions are impermanent, their nature is to rise and fall; having arisen, they cease; their settling is such bliss.” When the Buddha was fully quenched, Venerable Ānanda spoke this verse: “Then there was terror! Then they had goosebumps! When the Buddha, endowed with all fine qualities, was fully quenched.” When the Buddha was fully quenched, Venerable Anuruddha spoke this verse: “There was no more breathing for the unaffected one of steady heart. Imperturbable, committed to peace, the Clear-eyed One was fully quenched. He put up with painful feelings without flinching. The liberation of his heart was like the extinguishing of a lamp.” The Linked Discourses on the Divinity are complete.

စာ-၁၆၂

၇။ ဗြာဟ္မဏသံယုတ္တံ

၁။ အရဟန္တဝဂ္ဂေါ

၁။ ဓနဉ္ဇာနီသုတ္တံ

၁၈၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အညတရဿ ဘာရဒွါဇဂေါတ္တဿ ဗြာဟ္မဏဿ ဓနဉ္ဇာနီ [ဓာနဉ္ဇာနီ (ပီ။ သီ။ အဋ္ဌ။)] နာမ ဗြာဟ္မဏီ အဘိပ္ပသန္နာ ဟောတိ ဗုဒ္ဓေ စ ဓမ္မေ စ သံဃေ စ။ အထ ခေါ ဓနဉ္ဇာနီ ဗြာဟ္မဏီ ဘာရဒွါဇဂေါတ္တဿ ဗြာဟ္မဏဿ ဘတ္တံ ဥပသံဟရန္တီ ဥပက္ခလိတွာ တိက္ခတ္တုံ ဥဒါနံ ဥဒါနေသိ –

‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာ’’တိ။

ဧဝံ ဝုတ္တေ, ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဓနဉ္ဇာနိံ ဗြာဟ္မဏိံ ဧတဒဝေါစ – ‘‘ဧဝမေဝံ ပနာယံ ဝသလီ ယသ္မိံ ဝါ တသ္မိံ ဝါ တဿ မုဏ္ဍကဿ သမဏဿ ဝဏ္ဏံ ဘာသတိ။ ဣဒါနိ တျာဟံ, ဝသလိ, တဿ သတ္ထုနော ဝါဒံ အာရောပေဿာမီ’’တိ။ ‘‘န ခွါဟံ တံ, ဗြာဟ္မဏ, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ, ယော တဿ ဘဂဝတော ဝါဒံ အာရောပေယျ အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အပိ စ တွံ, ဗြာဟ္မဏ, ဂစ္ဆ, ဂန္တွာ ဝိဇာနိဿသီ’’တိ [ဂန္တွာပိ ဇာနိဿသီတိ (သျာ။ ကံ။)]။

အထ ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ကုပိတော အနတ္တမနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကိံသု ဆေတွာ သုခံ သေတိ, ကိံသု ဆေတွာ န သောစတိ၊

ကိဿဿု ဧကဓမ္မဿ, ဝဓံ ရောစေသိ ဂေါတမာ’’တိ။

‘‘ကောဓံ ဆေတွာ သုခံ သေတိ, ကောဓံ ဆေတွာ န သောစတိ၊

ကောဓဿ ဝိသမူလဿ, မဓုရဂ္ဂဿ ဗြာဟ္မဏ၊

ဝဓံ အရိယာ ပသံသန္တိ, တဉှိ ဆေတွာ န သောစတီ’’တိ။

ဧဝံ ဝုတ္တေ, ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘန္တေ, ဘဂဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ လဘေယျာဟံ ဘောတော ဂေါတမဿ သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။

အလတ္ထ ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။ အစိရူပသမ္ပန္နော ခေါ ပနာယသ္မာ ဘာရဒွါဇော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီတိ။

၇-ဗြာဟ္မဏသံယုတ် ၁-အရဟန္တဝဂ် ၁-ဓနဥ္စာနီသုတ် ၁၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစားကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်၏ ဓနဉ္ဇာနီမည်သော ပုဏ္ဏေးမသည် ဘုရား၌လည်းကောင်း၊ တရားတော်၌လည်းကောင်း၊ သံဃာတော်၌လည်းကောင်း အလွန်ကြည်ညို၏။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမ သည် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားအား ထမင်းကို ဆောင်ယူပေးသည်ရှိသော် ချွတ်ချော်ခြင်းကြောင့် “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ဥဒါနကျူးရင့်၏။ ဤသို့ ဥဒါနကျူးရင့်သည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ဓနဉ္ဇာနီပုဏ္ဏေးမအား- “ဤသူယုတ်မသည် ဤသို့သာလျှင် အရာရာ၌ ထိုဦးပြည်းရဟန်း၏ ဂုဏ်ကျေးဇူးကို ဆိုခဲ့၏၊ သူယုတ်မ ယခုအခါ သင်၏ ဆရာဖြစ်သော ထိုဘုရားအား ငါသည် အယူဝါဒကို တင်အံ့”ဟု ဆို၏၊ “ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတိုု့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား အယူဝါဒကို တင်နိုင်သောသူကို စင်စစ် အကျွန်ုပ် မမြင်၊ သို့သော်လည်း ပုဏ္ဏား သင် သွားပါလော့၊ သွားလျှင် သင် သိရပါလိမ့်မည်”ဟု ပြောဆို၏။ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရား အား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏- “ဂေါတမ အဘယ်ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရသနည်း၊ အဘယ်ကို ဖြတ်တောက်သော် မစိုးရိမ်ရသနည်း၊ အဘယ်မည်သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်ပါသနည်း”ဟု့ (လျှောက်၏)။ ပုဏ္ဏား အမျက် ‘ဒေါသ’ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက် ‘ဒေါသ’ကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက် ‘ဒေါသ’အား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက် ‘ဒေါသ’ကိုပင်လျှင် ဖြတ်တောက်သည်ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထား သော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အကျွန်ုပ်သည် အသျှင် ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရသည် သာတည်း၊ ပဉ္စင်းဖြစ်၍ မကြာမြင့်သေေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သိုု့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက် မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါ အဝင် ဖြစ်လေသတည်း။

Linked Discourses 7.1 1. The Perfected Ones With Dhanañjānī So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time the wife of a certain brahmin of the Bhāradvāja clan, a brahmin lady named Dhanañjānī, was devoted to the Buddha, the teaching, and the Saṅgha. Once, while she was bringing her husband his meal, she tripped and expressed this heartfelt sentiment three times: “Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha! Homage to him, the blessed one, the perfected one, the fully awakened Buddha!” When she said this, the brahmin said to Dhanañjānī: “That’d be right. For the slightest thing this lowlife woman praises that shaven ascetic. Right now, lowlife woman, I’m going to refute your teacher’s doctrine!” “Brahmin, I don’t see anyone in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who can refute the doctrine of the Blessed One, the perfected one, the fully awakened Buddha. But anyway, you should go. When you’ve gone you’ll understand.” Then the brahmin of the Bhāradvāja clan, angry and upset, went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and addressed the Buddha in verse: “When what is slain do you sleep at ease? When what is slain is there no sorrow? What is the one thing whose killing you approve?” “When anger’s slain you sleep at ease. When anger’s slain there is no sorrow. Anger has a poisonous root and a sweet tip, O brahmin. The noble ones praise its killing, for when it’s slain there is no sorrow.” When he said this, the brahmin said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. May I receive the going forth, the ordination in the worthy Gotama’s presence?” And the brahmin received the going forth, the ordination in the Buddha’s presence. Not long after his ordination, Venerable Bhāradvāja, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Bhāradvāja became one of the perfected.

၂။ အက္ကောသသုတ္တံ

၁၈၈။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အဿောသိ ခေါ အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော – ‘‘ဘာရဒွါဇဂေါတ္တော ကိရ ဗြာဟ္မဏော သမဏဿ ဂေါတမဿ သန္တိကေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော’’တိ ကုပိတော အနတ္တမနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသတိ ပရိဘာသတိ။

ဧဝံ ဝုတ္တေ, ဘဂဝါ အက္ကောသကဘာရဒွါဇံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, အပိ နု ခေါ တေ အာဂစ္ဆန္တိ မိတ္တာမစ္စာ ဉာတိသာလောဟိတာ အတိထိယော [အတိထယော (?)]’’တိ? ‘‘အပ္ပေကဒါ မေ, ဘော ဂေါတမ, အာဂစ္ဆန္တိ မိတ္တာမစ္စာ ဉာတိသာလောဟိတာ အတိထိယော’’တိ။ ‘‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, အပိ နု တေသံ အနုပ္ပဒေသိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သာယနီယံ ဝါ’’’တိ? ‘‘‘အပ္ပေကဒါ နေသာဟံ, ဘော ဂေါတမ, အနုပ္ပဒေမိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သာယနီယံ ဝါ’’’တိ။ ‘‘‘သစေ ခေါ ပန တေ, ဗြာဟ္မဏ, နပ္ပဋိဂ္ဂဏှန္တိ, ကဿ တံ ဟောတီ’’’တိ? ‘‘‘သစေ တေ, ဘော ဂေါတမ, နပ္ပဋိဂ္ဂဏှန္တိ, အမှာကမေဝ တံ ဟောတီ’’’တိ။ ‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ယံ တွံ အမှေ အနက္ကောသန္တေ အက္ကောသသိ, အရောသေန္တေ ရောသေသိ, အဘဏ္ဍန္တေ ဘဏ္ဍသိ, တံ တေ မယံ နပ္ပဋိဂ္ဂဏှာမ။ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ၊ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ’’။

‘‘ယော ခေါ, ဗြာဟ္မဏ, အက္ကောသန္တံ ပစ္စက္ကောသတိ, ရောသေန္တံ ပဋိရောသေတိ, ဘဏ္ဍန္တံ ပဋိဘဏ္ဍတိ, အယံ ဝုစ္စတိ, ဗြာဟ္မဏ, သမ္ဘုဉ္ဇတိ ဝီတိဟရတီတိ။ တေ မယံ တယာ နေဝ သမ္ဘုဉ္ဇာမ န ဝီတိဟရာမ။ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ၊ တဝေဝေတံ, ဗြာဟ္မဏ, ဟောတီ’’တိ။ ‘‘ဘဝန္တံ ခေါ ဂေါတမံ သရာဇိကာ ပရိသာ ဧဝံ ဇာနာတိ – ‘အရဟံ သမဏော ဂေါတမော’တိ။ အထ စ ပန ဘဝံ ဂေါတမော ကုဇ္ဈတီ’’တိ။

‘‘အက္ကောဓဿ ကုတော ကောဓော, ဒန္တဿ သမဇီဝိနော၊

သမ္မဒညာ ဝိမုတ္တဿ, ဥပသန္တဿ တာဒိနော။

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊

ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

‘‘ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊

ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’တိ။

ဧဝံ ဝုတ္တေ, အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ လဘေယျာဟံ, ဘန္တေ, ဘောတော ဂေါတမဿ သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။

အလတ္ထ ခေါ အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။ အစိရူပသမ္ပန္နော ခေါ ပနာယသ္မာ အက္ကောသကဘာရဒွါဇော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီတိ။

၂-အက္ကောသသုတ် ၁၈၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသတတ်”ဟု အက္ကောသက ဘာရဒွါဇပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်း ကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရား ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။ ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် အက္ကောသကဘာရဒွါဇပုဏ္ဏားကို “ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်၏ ဧည့်သည်ဖြစ်သည့် အဆွေခင်ပွန်း, ဆွေမျိုး သားချင်းတို့သည် လာကုန်၏လော”ဟု မိန့်တော်မူ၏၊ အသျှင်ဂေါတမ တစ်ရံတစ်ခါ အကျွန်ုပ်၏ ဧည့်သည် ဖြစ်သော အဆွေခင်ပွန်း , ဆွေမျိုးသားချင်းတို့သည် လာပါကုန်၏ဟု (လျှောက်၏)။ “ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ထိုအဆွေခင်ပွန်း, ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း၊ လျက်ဖွယ်ကိုလည်းကောင်း ပေးသည့်မဟုတ်လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ တစ်ရံတစ်ခါ အကျွန်ုပ်သည် အဆွေခင်ပွန်း, ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း၊ လျက်ဖွယ်ကိုလည်းကောင်း ပေးပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသူတို့သည် အကယ်၍ မခံယူကုန်သည်ဖြင့်အံ့၊ ထိုဥစ္စာသည် အဘယ်သူအား ရောက်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုသူတို့သည် အကယ်၍ မခံယူကုန်သည် ဖြစ်အံ့၊ ထိုဥစ္စာသည် အကျွန်ုပ်တို့ အားသာလျှင် ရောက်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကြင်အကြောင်းကြောင့် သင်သည် မဆဲရေးထိုက်ကုန်သော ငါတို့ကို ဆဲရေး၏၊ မချုပ်ချယ်ထိုက်ကုန်သော ငါတို့ကို ချုပ်ချယ်၏၊ မချောက်ချား ထိုက်ကုန်သော ငါတို့ကို ချောက်ချား၏၊ သင်၏ ထိုဆဲရေးခြင်းစသည်တို့ကို ငါတို့ မခံယူကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာ လျှင် ရောက်၏။ ပုဏ္ဏား စင်စစ် အကြင်သူသည် ဆဲရေးတတ်သောသူကို ပြန်၍ ဆဲရေး၏၊ ချုပ်ချယ်တတ်သောသူကို ပြန်၍ ချုပ်ချယ်၏၊ ချောက်ချားတတ်သောသူကို ပြန်၍ ချောက်ချား၏၊ ပုဏ္ဏား ဤသူကို အတူခံစားသည် ပြုတုံ့ပြုသည် မည်၏ဟု ဆိုအပ်၏။ ထိုငါတို့သည် သင်နှင့် အတူ ခံစားဖက် မဟုတ်ကုန်၊ ပြုတုံ့ မပြုကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်း စသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်း စသည်သည် သင့်အားသာလျှင် ရောက်၏ဟု (မိန့်တော်မူ၏)။ မင်းနှင့် တကွသော ပရိတ်သတ်သည် အသျှင်ဂေါတမကို “ရဟန်းဂေါတမသည် ပူဇော်အထူးကို ခံယူတော်မူထိုက်၏”ဟု သိ၏၊ ယင်းသို့ သိလျက် အသျှင်ဂေါတမ သည် အမျက်ထွက်ဘိ၏ဟု ဆို၏။ “ပုဏ္ဏား ယဥ်ကျေးသော တရားနှင့်အညီ အသက်မွေးလေ့ရှိသော သစ္စာလေးပါး တရားကို ကောင်းစွာ သိ၍ ကိလေသာမှ လွတ်သော စိတ်ရှိသော ငြိမ်သက်သော စိတ်ရှိသော တာဒိဂုဏ်နှင့် ပြည့်စုံသော အမျက်မထွက်သော ပုဂ္ဂိုလ်အား အမျက် ထွက်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူ သည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက်သူကို ပြန်၍ အမျက်မထွက်သူသည် အောင်နိုင် ခဲသော ရန်စစ်သည်ကို အောင်နိုင်သည် မည်၏။ အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည်ရှိသော် သတိနှင့်ပြည့်စုံ သည်ဖြစ်၍ အမျက်ကို ငြိမ်းအေးစေ၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။ အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတိုု့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစား သူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် အက္ကောသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ အက္ကောသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏၊ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင်အက္ကောသကဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ် ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ (ရဟန်းဘောင်) သို့ ဝင်ရောက် (ရဟန်း) ပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါအဝင် ဖြစ်လေသတည်း။

Linked Discourses 7.2 1. The Perfected Ones With Bhāradvāja the Rude At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. The brahmin Bhāradvāja the Rude heard a rumor that a brahmin of the Bhāradvāja clan had gone forth from the lay life to homelessness in the presence of the ascetic Gotama. Angry and displeased he went to the Buddha and abused and insulted him with rude, harsh words. When he had spoken, the Buddha said to him: “What do you think, brahmin? Do friends and colleagues, relatives and kin, and guests still come to visit you?” “Sometimes they do, worthy Gotama.” “Do you then serve them with fresh and cooked foods and savories?” “Sometimes I do.” “But if they don’t accept it, brahmin, who does it belong to?” “In that case it still belongs to me.” “In the same way, brahmin, when you abuse, harass, and attack us who do not abuse, harass, and attack, we don’t accept it. It still belongs to you, brahmin, it still belongs to you! Someone who, when abused, harassed, and attacked, abuses, harasses, and attacks in return is said to eat the food and have a reaction to it. But we neither eat your food nor do we have a reaction to it. It still belongs to you, brahmin, it still belongs to you!” “The king and his retinue believe of the worthy Gotama, ‘the ascetic Gotama is a perfected one’. And yet he still gets angry.” “Whence anger for one free of anger, tamed, living justly, freed by right knowledge, peaceful and unaffected? When you get angry at an angry person you just make things worse for yourself. When you don’t get angry at an angry person you win a battle hard to win. When you know that the other is angry, you act for the good of both yourself and the other if you’re mindful and stay calm. People inexpert in the teaching consider one who heals both oneself and the other to be a fool.” When he had spoken, Bhāradvāja the Rude said to the Buddha, “Excellent, worthy Gotama! … I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. Sir, may I receive the going forth, the ordination in the worthy Gotama’s presence?” And the brahmin Bhāradvāja the Rude received the going forth, the ordination in the Buddha’s presence. Not long after his ordination, Venerable Bhāradvāja the Rude, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Bhāradvāja became one of the perfected.

စာ-၁၆၅

၃။ အသုရိန္ဒကသုတ္တံ

၁၈၉။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အဿောသိ ခေါ အသုရိန္ဒကဘာရဒွါဇော ဗြာဟ္မဏော – ‘‘ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ကိရ သမဏဿ ဂေါတမဿ သန္တိကေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော’’တိ ကုပိတော အနတ္တမနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသတိ ပရိဘာသတိ။ ဧဝံ ဝုတ္တေ, ဘဂဝါ တုဏှီ အဟောသိ။ အထ ခေါ အသုရိန္ဒကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဇိတောသိ, သမဏ, ဇိတောသိ, သမဏာ’’တိ။

‘‘ဇယံ ဝေ မညတိ ဗာလော, ဝါစာယ ဖရုသံ ဘဏံ၊

ဇယဉ္စေဝဿ တံ ဟောတိ, ယာ တိတိက္ခာ ဝိဇာနတော။

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊

ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

‘‘ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊

ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’တိ။

ဧဝံ ဝုတ္တေ, အသုရိန္ဒကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၃-အသုရိန္ဒကသုတ် ၁၈၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) သတတ်”ဟု အသုရိန္ဒက ဘာရဒွါဇပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်း ကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရား ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။ ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထိုအခါ၌ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “ရဟန်း အောင်ပြီ၊ ရဟန်း အောင်ပြီ”ဟု ဆို၏- “ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် (သူတစ်ပါးကို) အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှု သည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။ အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင် သည် မည်၏။ အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။ အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတိုု့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစား သူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.3 1. The Perfected Ones With Bhāradvāja the Fiend At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. The brahmin Bhāradvāja the Fiend heard a rumor to the effect that a brahmin of the Bhāradvāja clan had gone forth from the lay life to homelessness in the presence of the ascetic Gotama. Angry and displeased he went to the Buddha and abused and insulted him with rude, harsh words. But when he said this, the Buddha kept silent. Then Bhāradvāja the Fiend said to the Buddha, “You’re beaten, ascetic, you’re beaten!” “‘Ha! I won!’ thinks the fool, when speaking with harsh words. The victory for one who understands is that very endurance. When you get angry at an angry person you just make things worse for yourself. When you don’t get angry at an angry person you win a battle hard to win. When you know that the other is angry, you act for the good of both yourself and the other if you’re mindful and stay calm. People inexpert in Dhamma consider one who heals both oneself and the other to be a fool.” When he had spoken, Bhāradvāja the Fiend said to the Buddha, “Excellent, worthy Gotama! …” … And Venerable Bhāradvāja became one of the perfected.

စာ-၁၆၆

၄။ ဗိလင်္ဂိကသုတ္တံ

၁၉၀။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အဿောသိ ခေါ ဗိလင်္ဂိကဘာရဒွါဇော ဗြာဟ္မဏော – ‘‘ဘာရဒွါဇဂေါတ္တော ကိရ ဗြာဟ္မဏော သမဏဿ ဂေါတမဿ သန္တိကေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော’’တိ ကုပိတော အနတ္တမနော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တုဏှီဘူတော ဧကမန္တံ အဋ္ဌာသိ။ အထ ခေါ ဘဂဝါ ဗိလင်္ဂိကဿ ဘာရဒွါဇဿ ဗြာဟ္မဏဿ စေတသာ စေတောပရိဝိတက္ကမညာယ ဗိလင်္ဂိကံ ဘာရဒွါဇံ ဗြာဟ္မဏံ ဂါထာယ အဇ္ဈဘာသိ –

‘‘ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ,

သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ၊

တမေဝ ဗာလံ ပစ္စေတိ ပါပံ,

သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော’’တိ။

ဧဝံ ဝုတ္တေ, ဝိလင်္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၄-ဗိလင်္ဂိကသုတ် ၁၉၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမအထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသတတ်”ဟု ဗိလင်္ဂိကဘာရဒွါဇ ပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်တည်၏၊ မြတ်စွာဘုရားသည် ဗိလင်္ဂိကဘာရဒွါဇပုဏ္ဏား၏ စိတ်အကြံကို သိတော်မူ၍ ဗိလင်္ဂိကဘာရဒွါဇပုဏ္ဏားကို ဂါထာဖြင့် မိန့်တော်မူ၏ - “အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာ မရှိသော ရဟန္တာပုဂ္ဂိုလ်အာ့းပြစ်မှား၏၊ (ထိုသူ၏) မကောင်းမှုသည် ‘လေညာသို့ လွင့်အပ် သော သိမ့်မွေ့သော မြူကဲ့သို့’ ထိုသူမိုက်ထံသို့သာလျင် ပြန်ရောက်ရာ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ဗိလင်္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ်၏။ အသျှင်ဘာရဒွါဇ သည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.4 1. The Perfected Ones With Bhāradvāja the Bitter At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. The brahmin Bhāradvāja the Bitter heard a rumor that a brahmin of the Bhāradvāja clan had gone forth from the lay life to homelessness in the presence of the ascetic Gotama. Angry and displeased he went to the Buddha and stood silently to one side. Then the Buddha, knowing Bhāradvāja the Bitter’s train of thought, addressed him in verse: “Whoever wrongs a man who has done no wrong, a pure man who has not a blemish, the evil backfires on the fool, like fine dust thrown upwind.” When he said this, the brahmin Bhāradvāja the Bitter said to the Buddha, “Excellent, worthy Gotama! …” … And Venerable Bhāradvāja became one of the perfected.

၅။ အဟိံသကသုတ္တံ

၁၉၁။ သာဝတ္ထိနိဒါနံ။ အထ ခေါ အဟိံသကဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အဟိံသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဟိံသကာဟံ, ဘော ဂေါတမ, အဟိံသကာဟံ, ဘော ဂေါတမာ’’တိ။

‘‘ယထာ နာမံ တထာ စဿ, သိယာ ခေါ တွံ အဟိံသကော၊

ယော စ ကာယေန ဝါစာယ, မနသာ စ န ဟိံသတိ၊

သ ဝေ အဟိံသကော ဟောတိ, ယော ပရံ န ဝိဟိံသတီ’’တိ။

ဧဝံ ဝုတ္တေ, အဟိံသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ အဟိံသကဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၅-အဟိံသကသုတ် ၁၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အဟိံသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ် သည် အဟိံသကပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း”ဟု လျှောက်၏- “အကြင်သူသည် ကိုယ်, နှုတ်, စိတ်ဖြင့် သူတစ်ပါးကို မသတ်ဖြတ် မညှဥ်းဆဲ၊ ထို သူသည် အဟိံသက ဖြစ်၏။ သင်သည် အဟိံသက ဖြစ်ခဲ့မူ အမည်အားလျော်စွာ မညှင်းဆဲသူ ဖြစ်ပါလေလော့။ မှန်၏၊ အကြင်သူသည် သူတစ်ပါးကို မသတ်ဖြတ် မညှင်းဆဲ၊ ထိုသူသည်သာလျှင် အဟိံသက အမှန်ဖြစ်၏”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် အဟိံသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ်၏။ အသျှင်အဟိံသက ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.5 1. The Perfected Ones Harmless At Sāvatthī. Then the brahmin Bhāradvāja the Harmless went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said, “I am Harmless, worthy Gotama, I am Harmless!” “If you were really like your name, then you’d be Harmless. But a truly harmless person does no harm by way of body, speech, or mind; they don’t harm anyone else.” When he had spoken, the brahmin Bhāradvāja the Harmless said to the Buddha, “Excellent, worthy Gotama! …” … And Venerable Bhāradvāja the Harmless became one of the perfected.

စာ-၁၆၇

၆။ ဇဋာသုတ္တံ

၁၉၂။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဇဋာဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဇဋာဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘အန္တောဇဋာ ဗဟိဇဋာ, ဇဋာယ ဇဋိတာ ပဇာ၊

တံ တံ ဂေါတမ ပုစ္ဆာမိ, ကော ဣမံ ဝိဇဋယေ ဇဋ’’န္တိ။

‘‘သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ၊

အာတာပီ နိပကော ဘိက္ခု, သော ဣမံ ဝိဇဋယေ ဇဋံ။

‘‘ယေသံ ရာဂေါ စ ဒေါသော စ, အဝိဇ္ဇာ စ ဝိရာဇိတာ၊

ခီဏာသဝါ အရဟန္တော, တေသံ ဝိဇဋိတာ ဇဋာ။

‘‘ယတ္ထ နာမဉ္စ ရူပဉ္စ, အသေသံ ဥပရုဇ္ဈတိ၊

ပဋိဃံ ရူပသညာ စ, ဧတ္ထေသာ ဆိဇ္ဇတေ ဇဋာ’’တိ။

ဧဝံ ဝုတ္တေ, ဇဋာဘာရဒွါဇော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၆-ဇဋာသုတ် ၁၉၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဇဋာဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏ - “ကိုယ်တွင်းသန္တာန်တွင် ဖွဲ့ယှက်တတ်သောတဏှာ၊ ကိုယ်ပသန္တာန်၌ ဖွဲ့ယှက်တတ် သောတဏှာ ယင်း (ကိုယ်တွင်း, ကိုယ်ပ၌ဖြစ်သော) ဖွဲ့ယှက်တတ်သော တဏှာသည် သတ္တဝါအပေါင်းကို ဖွဲ့ယှက်အပ်ပါ၏။ ဂေါတမမြတ်စွာဘုရား အရှင်ဘုရားအား ထို အကြောင်းကို မေးလျှောက်ပါ၏၊ ဤဖွဲ့ယှက်တတ်သော တဏှာကို အဘယ်သူသည် ဖြေရှင်းနိုင်ပါအံ့နည်း”ဟု (လျှောက်၏)။ ပဋိသန္ဓေပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိသော (သံသရာဘေးကို) ရှုလေ့ရှိသည့် ပုဂ္ဂိုလ်သည် သီလ၌ တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျက် ဤဖွဲ့ယှက်တတ် သော တဏှာကို ဖြေရှင်းနိုင်၏။ အကြင်ပုဂ္ဂိုလ်အား တပ်စွန်းမှု ‘ရာဂ’၊ အမျက်ထွက်မူ ‘ဒေါသ’၊ မသိမှု ‘အဝိဇ္ဇာ’တို့သည် ကင်းပြတ်ကုန်၏၊ အာသဝကုန်ပြီး ဖြစ်၍ ရဟန္တာဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းအပ်ပြီ။ အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ ထိပါးမှုဟူသော အမှတ် ‘ပဋိဃသညာ’သည်လည်းကောင်း၊ ရုပ်၌ ဖြစ်သော အမှတ် ‘ရူပသညာ’သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤနိဗ္ဗာန်၌ ဖွဲ့ယှက်တတ်သော တဏှာသည် ကင်းပြတ်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ဇဋာဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.6 1. The Perfected Ones With Bhāradvāja of the Matted Hair At Sāvatthī. Then the brahmin Bhāradvāja of the Matted Hair went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and addressed the Buddha in verse: “Tangled within, tangled without: these people are tangled in tangles. I ask you this, Gotama: who can untangle this tangle?” “A wise person grounded in ethics, developing the mind and wisdom, a keen and alert mendicant— they can untangle this tangle. Those in whom greed, hate, and ignorance have faded away; the perfected ones with defilements ended— they have untangled the tangle. Where name and form cease with no residue left behind; as well as impingement and perception of form: it’s here this tangle is cut.” When he had spoken, Bhāradvāja of the Matted Hair said to the Buddha, “Excellent, worthy Gotama! …” … And Venerable Bhāradvāja became one of the perfected.

၇။ သုဒ္ဓိကသုတ္တံ

၁၉၃။ သာဝတ္ထိနိဒါနံ။ အထ ခေါ သုဒ္ဓိကဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သုဒ္ဓိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဇ္ဈဘာသိ –

‘‘န ဗြာဟ္မဏော [နာဗြာဟ္မဏော (?)] သုဇ္ဈတိ ကောစိ, လောကေ သီလဝါပိ တပေါကရံ၊

ဝိဇ္ဇာစရဏသမ္ပန္နော, သော သုဇ္ဈတိ န အညာ ဣတရာ ပဇာ’’တိ။

‘‘ဗဟုမ္ပိ ပလပံ ဇပ္ပံ, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊

အန္တောကသမ္ဗု သင်္ကိလိဋ္ဌော, ကုဟနံ ဥပနိဿိတော။

‘‘ခတ္တိယော ဗြာဟ္မဏော ဝေဿော, သုဒ္ဒေါ စဏ္ဍာလပုက္ကုသော၊

အာရဒ္ဓဝီရိယော ပဟိတတ္တော, နိစ္စံ ဒဠှပရက္ကမော၊

ပပ္ပေါတိ ပရမံ သုဒ္ဓိံ, ဧဝံ ဇာနာဟိ ဗြာဟ္မဏာ’’တိ။

ဧဝံ ဝုတ္တေ, သုဒ္ဓိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၇-သုဒ္ဓိကသုတ် ၁၉၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤ ဂါထာကို ရွတ်ဆိုလျှောက်ထား၏ - “လောက၌ မည်သည့် ဗြာဟ္မဏမျိုးမဆို ပြင်းထန်သော အကျင့်ကို ကျင့်လျက် သီလရှိပါသော်လည်း စင်ကြယ်သည် မဟုတ်၊ ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’, အမျိုး၏ အကျင့် ‘စရဏ’နှင့် ပြည့်စုံ၍ (အမျိုးသန့်သော) ဗြာဟ္မဏသည်သာ စင်ကြယ်၏၊ ဝိဇ္ဇာ စရဏကို မသိသော ဤမှတစ်ပါး အခြားသတ္တဝါသည် မစင်ကြယ်”ဟု လျှောက်၏။ ပုဏ္ဏား စင်ကြယ်၏ဟူသော စကားကို များစွာဆိုပါသော်လည်း ‘ယောက်သွားပုပ် ကဲ့သို့’ ကိလေသာအတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန်ဆောင်မှုကို မှီသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။ မင်းဖြစ်စေ , ပုဏ္ဏားဖြစ်စေ , ကုန်သည်ဖြစ်စေ , သူဆင်းရဲဖြစ်စေ , ဒွန်းစဏ္ဍား ပန်းမှိုက်သွန်ပင်ဖြစ်စေ ထက်သန်သော ဝီရိယရှိ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ မြဲမြံသော အားထုတ်မှု ရှိသူသည်သာ မြင့်မြတ်သော စင်ကြယ်ခြင်းသို့ ရောက်နိုင်၏၊ ပုဏ္ဏား ဤသို့ သိလော့ဟု မိန့်တော်၏။ ဤသို့ မိန့်တော်မူသည် ရှိသော် သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.7 1. The Perfected Ones With Bhāradvāja the Pure At Sāvatthī. Then the brahmin Bhāradvāja the Pure went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and spoke this verse in his presence: “No brahmin in the world is ever purified even though he’s ethical and mortifies himself. But one accomplished in knowledge and conduct is purified, not these other commoners.” “Even one who mutters many prayers is no brahmin by birth if they’re filthy and corrupt within, supporting themselves by fawning. Regardless of whether you’re an aristocrat, a brahmin, peasant, menial, <j>or a corpse-worker or scavenger— if you’re energetic and resolute, always staunchly vigorous, you’ll attain ultimate purity. Know that for a fact, brahmin.” When he had spoken, the brahmin Bhāradvāja the Pure said to the Buddha, “Excellent, worthy Gotama …” … And Venerable Bhāradvāja became one of the perfected.

၈။ အဂ္ဂိကသုတ္တံ

၁၉၄။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ သပ္ပိနာ ပါယသော သန္နိဟိတော ဟောတိ – ‘‘အဂ္ဂိံ ဇုဟိဿာမိ, အဂ္ဂိဟုတ္တံ ပရိစရိဿာမီ’’တိ။

အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။ ရာဇဂဟေ သပဒါနံ ပိဏ္ဍာယ စရမာနော ယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌာသိ။ အဒ္ဒသာ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ပိဏ္ဍာယ ဌိတံ။ ဒိသွာန ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘တီဟိ ဝိဇ္ဇာဟိ သမ္ပန္နော, ဇာတိမာ သုတဝါ ဗဟူ၊

ဝိဇ္ဇာစရဏသမ္ပန္နော, သောမံ ဘုဉ္ဇေယျ ပါယသ’’န္တိ။

‘‘ဗဟုမ္ပိ ပလပံ ဇပ္ပံ, န ဇစ္စာ ဟောတိ ဗြာဟ္မဏော၊

အန္တောကသမ္ဗု သံကိလိဋ္ဌော, ကုဟနာပရိဝါရိတော။

‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒီ, သဂ္ဂါပါယဉ္စ ပဿတိ၊

အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ။

‘‘ဧတာဟိ တီဟိ ဝိဇ္ဇာဟိ, တေဝိဇ္ဇော ဟောတိ ဗြာဟ္မဏော၊

ဝိဇ္ဇာစရဏသမ္ပန္နော, သောမံ ဘုဉ္ဇေယျ ပါယသ’’န္တိ။

‘‘ဘုဉ္ဇတု ဘဝံ ဂေါတမော။ ဗြာဟ္မဏော ဘဝ’’န္တိ။

‘‘ဂါထာဘိဂီတံ မေ အဘောဇနေယျံ,

သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော၊

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ,

ဓမ္မေ သတိ ဗြာဟ္မဏ ဝုတ္တိရေသာ။

‘‘အညေန စ ကေဝလိနံ မဟေသိံ,

ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ၊

အန္နေန ပါနေန ဥပဋ္ဌဟဿု,

ခေတ္တဉှိ တံ ပုညပေက္ခဿ ဟောတီ’’တိ။

ဧဝံ ဝုတ္တေ, အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အညတရော စ ပနာယသ္မာ အဂ္ဂိကဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၈-အဂ္ဂိကသုတ် ၁၉၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် “မီးကို ပူဇော် အံ့၊ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေးအံ့”ဟု ထောပတ်နှင့် နို့ဃနာကို ရောစပ်စီရင်အပ်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ရာဇဂြိုဟ်ပြည်၌ အိမ်စဥ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူသော မြတ်စွာဘုရားသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်၍ တစ်ခုသော နေရာ၌ ရပ်တော်မူ၏၊ အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တည်နေသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏ - “(အသျှင်ဂေါတမ) ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’တို့နှင့် ပြည့်စုံ၍ အမျိုးသန့်သော များသော အကြားအမြင်နှင့်လည်း ပြည့်စုံလျက် ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’ အမျိုး၏ အကျင့် ‘စရဏ’နှင့် ပြည့်စုံသော ထိုသူသည် ဤနို့ဃနာဆွမ်းကို သုံးဆောင်ထိုက်ရာ၏”ဟု လျှောက်၏။ ပုဏ္ဏား ဇာတိ, သုတ, ဝိဇ္ဇာ, စရဏဟူသော စကားကို များစွာ ဆိုသော်လည်း ‘ယောက်သွားပုပ်ကဲ့သို့’ ကိလေသာ အတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန် ဆောင်မှုတို့ဖြင့် ခြံရံသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။ “အကြင်ရဟန်းသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဥ်ကို သိ၏၊ နတ်ပြည်ကိုလည်းကောင်း,အပါယ်ကိုလည်းကောင်း မြင်၏။ ထိုမှတစ်ပါး ဇာတိ၏ကုန်ရာ (အရဟတ္တ ဖိုလ်) သို့ ရောက်၏၊ ထိုရဟန်းသည်သာ ထူးသောဉာဏ်ဖြင့် သိ၍ ဘဝ၏ အဆုံးသို့ ရောက်၏။ ဤသုံးပါးသော အသိဉာဏ် ‘ဝိဇ္ဇာ’တို့ဖြင့် ဝိဇ္ဇာသုံးပါးရှိသူသည် ဗြာဟ္မဏမည်၏၊ ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော ထိုဗြာဟ္မဏသည် ဤနို့ဃနာဆွမ်းကို စားထိုက်၏”ဟု (မိန့်တော်မူ၏)။ “အသျှင်သည် ဗြာဟ္မဏ မည်တော်မူပါပေ၏၊ အသျှင်ဂေါတမသည် ဘုဥ်းပေးတော်မူပါလော့”ဟု လျှောက်၏ - “ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါဘုရား မသုံးဆောင်၊ (ပုဏ္ဏား အကျိုးအကြောင်းကို) သိမြင်ကုန်သော သူတော်ကောင်းတို့အား ဤသုံး ဆောင်ခြင်းသည် တရားသဘောသို့ မသက်ဝင်၊ ဘုရားသျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏။ ပုဏ္ဏား ဤသည်လျှင် သူတော်ကောင်း တရား၌ တည်ကုန်သော ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း။ ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော နောင်တပူပန်မှု ငြိမ်းပြီးသော အလုံးစုံ ကိစ္စ ပြီးပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဂါထာဖြင့် သီဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးလော့။ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမူကို အလိုရှိသော သူ၏ လယ်မြေကောင်းသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ”ဟု လျှောက်၏။ပ။ အသျှင်အဂ္ဂိကဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.8 1. The Perfected Ones With Bhāradvāja the Fire-Worshiper At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time ghee and milk-rice had been set out for the brahmin Bhāradvāja the Fire-Worshiper, who thought, “I will serve the sacred flame! I will perform the fire sacrifice!” Then the Buddha robed up in the morning and, taking his bowl and robe, entered Rājagaha for alms. Wandering indiscriminately for almsfood in Rājagaha, he approached Bhāradvāja the Fire-Worshiper’s home and stood to one side. Bhāradvāja the Fire-Worshiper saw him standing for alms and addressed him in verse: “One who’s accomplished in the three knowledges, of good birth and ample learning, accomplished in knowledge and conduct may enjoy this milk-rice.” “Even one who mutters many prayers is no brahmin by birth if they’re filthy and corrupt within, with a following gained by fawning. One who knows their past lives, sees heaven and places of loss, and has attained the ending of rebirth, is a sage of perfect insight. Because of these three knowledges a brahmin is a master of the three knowledges. Accomplished in knowledge and conduct, they may enjoy this milk-rice.” “May the worthy Gotama eat! The worthy one is a brahmin.” “Food enchanted by a verse isn’t fit for me to eat. That’s not the principle of those who see, brahmin. The Buddhas cast aside things enchanted with verses. Since there is such a principle, brahmin, <j>that’s how they live. Serve with other food and drink the consummate one, the great seer, with defilements ended and remorse stilled. For he is the field for the seeker of merit.” When he had spoken, the brahmin Bhāradvāja the Fire-Worshiper said to the Buddha, “Excellent, worthy Gotama! …” … And Venerable Bhāradvāja the Fire-Worshiper became one of the perfected.

၉။ သုန္ဒရိကသုတ္တံ

၁၉၅။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ သုန္ဒရိကာယ နဒိယာ တီရေ။ တေန ခေါ ပန သမယေန သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော သုန္ဒရိကာယ နဒိယာ တီရေ အဂ္ဂိံ ဇုဟတိ, အဂ္ဂိဟုတ္တံ ပရိစရတိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော အဂ္ဂိံ ဇုဟိတွာ အဂ္ဂိဟုတ္တံ ပရိစရိတွာ ဥဋ္ဌာယာသနာ သမန္တာ စတုဒ္ဒိသာ အနုဝိလောကေသိ – ‘‘ကော နု ခေါ ဣမံ ဟဗျသေသံ ဘုဉ္ဇေယျာ’’တိ? အဒ္ဒသာ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ အညတရသ္မိံ ရုက္ခမူလေ သသီသံ ပါရုတံ နိသိန္နံ။ ဒိသွာန ဝါမေန ဟတ္ထေန ဟဗျသေသံ ဂဟေတွာ ဒက္ခိဏေန ဟတ္ထေန ကမဏ္ဍလုံ ဂဟေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ။ အထ ခေါ ဘဂဝါ သုန္ဒရိကဘာရဒွါဇဿ ဗြာဟ္မဏဿ ပဒသဒ္ဒေန သီသံ ဝိဝရိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ‘မုဏ္ဍော အယံ ဘဝံ, မုဏ္ဍကော အယံ ဘဝ’န္တိ တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ အထ ခေါ သုန္ဒရိကဘာရဒွါဇဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘မုဏ္ဍာပိ ဟိ ဣဓေကစ္စေ ဗြာဟ္မဏာ ဘဝန္တိ၊ ယံနူနာဟံ တံ ဥပသင်္ကမိတွာ ဇာတိံ ပုစ္ဆေယျ’န္တိ။

အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘ကိံဇစ္စော ဘဝ’န္တိ?

‘‘မာ ဇာတိံ ပုစ္ဆ စရဏဉ္စ ပုစ္ဆ,

ကဋ္ဌာ ဟဝေ ဇာယတိ ဇာတဝေဒေါ၊

နီစာကုလီနောပိ မုနိ ဓိတိမာ,

အာဇာနီယော ဟောတိ ဟိရီနိသေဓော။

‘‘သစ္စေန ဒန္တော ဒမသာ ဥပေတော,

ဝေဒန္တဂူ ဝုသိတဗြဟ္မစရိယော၊

ယညောပနီတော တမုပဝှယေထ,

ကာလေန သော ဇုဟတိ ဒက္ခိဏေယျေ’’တိ။

‘‘အဒ္ဓါ သုယိဋ္ဌံ သုဟုတံ မမ ယိဒံ,

ယံ တာဒိသံ ဝေဒဂုမဒ္ဒသာမိ၊

တုမှာဒိသာနဉှိ အဒဿနေန,

အညော ဇနော ဘုဉ္ဇတိ ဟဗျသေသ’’န္တိ။

‘‘ဘုဉ္ဇတု ဘဝံ ဂေါတမော။ ဗြာဟ္မဏော ဘဝ’’န္တိ။

‘‘ဂါထာဘိဂီတံ မေ အဘောဇနေယျံ,

သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော၊

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ,

ဓမ္မေ သတိ ဗြာဟ္မဏ ဝုတ္တိရေသာ။

‘‘အညေန စ ကေဝလိနံ မဟေသိံ,

ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ၊

အန္နေန ပါနေန ဥပဋ္ဌဟဿု,

ခေတ္တဉှိ တံ ပုညပေက္ခဿ ဟောတီ’’တိ။

‘‘အထ ကဿ စာဟံ, ဘော ဂေါတမ, ဣမံ ဟဗျသေသံ ဒမ္မီ’’တိ? ‘‘န ခွါဟံ, ဗြာဟ္မဏ, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ယဿေသော ဟဗျသေသော ဘုတ္တော သမ္မာ ပရိဏာမံ ဂစ္ဆေယျ အညတြ, ဗြာဟ္မဏ, တထာဂတဿ ဝါ တထာဂတသာဝကဿ ဝါ။ တေန ဟိ တွံ, ဗြာဟ္မဏ, တံ ဟဗျသေသံ အပ္ပဟရိတေ ဝါ ဆဍ္ဍေဟိ အပ္ပါဏကေ ဝါ ဥဒကေ ဩပိလာပေဟီ’’တိ။

အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော တံ ဟဗျသေသံ အပ္ပါဏကေ ဥဒကေ ဩပိလာပေသိ။ အထ ခေါ သော ဟဗျသေသော ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ။ သေယျထာပိ နာမ ဖာလော [လောဟော (က။)] ဒိဝသံသန္တတ္တော [ဒိဝသသန္တတ္တော (သီ။ သျာ။ ကံ။ ပီ။)] ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ၊ ဧဝမေဝ သော ဟဗျသေသော ဥဒကေ ပက္ခိတ္တော စိစ္စိဋာယတိ စိဋိစိဋာယတိ သန္ဓူပါယတိ သမ္ပဓူပါယတိ။

အထ ခေါ သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော သံဝိဂ္ဂေါ လောမဟဋ္ဌဇာတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတံ ခေါ သုန္ဒရိကဘာရဒွါဇံ ဗြာဟ္မဏံ ဘဂဝါ ဂါထာဟိ အဇ္ဈဘာသိ –

‘‘မာ ဗြာဟ္မဏ ဒါရု သမာဒဟာနော,

သုဒ္ဓိံ အမညိ ဗဟိဒ္ဓါ ဟိ ဧတံ၊

န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ,

ယော ဗာဟိရေန ပရိသုဒ္ဓိမိစ္ဆေ။

၉-သုန္ဒရိကသုတ် ၁၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း သုန္ဒရိကမြစ်၏ ကမ်းနား၌ (သီတင်း သုံး) နေတော်မူ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မီးကို ပူဇော်၏၊ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေး၏၊ ထိုအခါ၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မီးကို ပူဇော်ပြီး၍ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေးပြီး၍ နေရာမှ ထ လျက် “အဘယ်သူသည် ဤမီးပူဇော်ကြွင်း (ဃနာထမင်း) ကို စားရာအံ့နည်း”ဟု ထက်ဝန်းကျင် အရပ် လေးမျက်နှာကို လှည့်၍ ကြည့်၏။ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် တစ်ခုသော သစ်ပင်ရင်း၌ ခေါင်းမြီး ခြုံလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် လက်ဝဲလက်ဖြင့် မီးပူဇော်ကြွင်း (ဃနာ ထမင်း) ကို ယူ၍ လက်ယာလက်ဖြင့် ရေကရားကို ယူလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏၊ ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏား၏ ခြေသံကြောင့် ဦးခေါင်းကို ဖွင့်တော်မူ၏၊ ထိုအခါ သုန္ဒရိက ဘာရဒွါဇပုဏ္ဏားသည် “ဤအသျှင်သည် ဦးပြည်းပါတကား၊ ဤအသျှင်သည် ဦးပြည်းပါတကား”ဟု ထို အရပ်မှ ပြန်ဆုတ်လို၏၊ ထို့နောက် သုန္ဒရိကဘာရဒွါဇပုဏ္ဏားအား “ဤလောက၌ ဦးပြည်းကုန်သော ဗြာဟ္မဏအချို့တို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ဦးပြည်းဖြစ်သော သူကို ကပ်၍ ဇာတ်ကို မေးရမူ ကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသိုု့ ချဥ်းကပ်၍ မြတ်စွာဘုရားအား “အသျှင် သည် အဘယ်ဇာတ်ရှိပါသနည်း”ဟူ၍ ဤစကားကို လျှောက်၏ - “ပုဏ္ဏား ဇာတ်ကို မမေးသင့်၊ အကျင့် (စရဏ) ကိုသာ မေးလော့၊ မီးသည် ထင်းမှ ဖြစ်၏၊ အမျိုးပင်ယုတ်သော်လည်း ရဟန်းသည် တည်ကြည်ခြင်း ရှိ၏၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်၏၊ အရှက်ဖြင့် (မကောင်းမှုတို့ကို) တားမြစ်တတ်၏။ မှန်ကန်မှု ‘သစ္စာ’ဖြင့် ယဥ်ကျေး၏၊ ဣန္ဒြေကို ဆုံမခြင်းနှင့် ပြည့်စုံ၏၊ ဉာဏ်တို့၏ အဆုံးသို့ ရောက်၏၊ အကျင့်မြတ်ကို ကျင့်သုံးပြီး ဖြစ်၏၊ ဆောင်အပ်ပြီးသော ပူဇော်မှု ယဇ်လည်း ရှိ၏၊ ထိုရဟန်းကို လျောက်ပတ်သော အခါ၌ ပင့်ခေါ်ရာ၏၊ ထို ပင့်ခေါ်တတ်သူသည် မြတ်သော အလှူခံတို့ကို ပူဇော်သည် မည်၏”ဟု မိန့်တော်မူ၏။ အကြင်ပူဇော်ခြင်းဟူသော အကြောင်းကြောင့် ထိုသို့သဘောရှိသော ဉာဏ်တို့၏ အဆုံးသို့ ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဖူးမြင်ရပါ၏၊ ထို့ကြောင့် မချွတ် ဤ ပူဇော်ခြင်းသည် အကျွန်ုပ်အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်လတ္တံ၊ ကောင်းစွာ လုပ် ကျွေးခြင်း ဖြစ်လတ္တံ။ မှန်၏၊ အသျှင်ဘုရားတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့ကို မဖူးမြော် ရသောကြောင့် မီးပူဇော်ကြွင်း (ဃနာထမင်း) ကို တစ်ပါးသော သူသည် စား၏ဟု (လျှောက်၏)။ အသျှင်ဂေါတမသည် ဗြာဟ္မဏ ဖြစ်ပါပေ၏ အသျှင်သည် ဘုဥ်းပေးတော်မူပါလော့ဟု လျှောက်၏။ “ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါဘုရား မသုံး ဆောင်၊ ပုဏ္ဏား (အကျိုးအကြေင်းကို) သိမြင်ကုန်သော သူတော်ကောင်းတို့အား ဤသုံး ဆောင်ခြင်းသည် တရားသဘောသို့ မသက်ဝင်၊ ဘုရား သျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရသော ဆွမ်းကို ပယ်ကုန်၏၊ ဤသည်လျှင် သူတော်ကောင်းတရား၌ တည်ကုန်သော ဘုရားသျှင်တို့၏ အသက် မွေးခြင်းတည်း။ ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော နောင်တပူပန်မှု ငြိမ်းပြီးသော အလုံးစုံ ကိစ္စ ပြီးပြီးသော ထိုရဟန္တာပုဂ္ဂိုလ်ကို ဂါထာဖြင့် သီဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးလော့။ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမူကို အလိုရှိသော သူ၏ လယ်မြေကောင်းသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ သို့ဖြစ်လျှင် အကျွန်ုပ်သည် ဤမီးပူဇော်ကြွင်း (ဃနာထမင်း) ကို အဘယ်သူအား ပေးအံ့နည်းဟု (လျှောက်၏)၊ “ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါဘုရားကိုလည်းကောင်း၊ ငါဘုရား၏ တပည့် သာဝကကိုလည်းကောင်း ဖယ်ထား၍ မီးပူဇော်ကြွင်း (ဃနာထမင်း) ကို စားသည်ရှိသော် ကောင်းစွာ ကျေ ညက်ခြင်းသို့ ရောက်ရာသော သူကို ငါ မမြင်။ သို့ဖြစ်သောကြောင့် သင်သည် ထိုမီးပူဇော်ကြွင်း (ဃနာ ထမင်း) ကို စိမ်းသော မြက်သစ်ပင် မရှိရာ၌မူလည်း စွန့်လော့၊ ပိုးမရှိသော ရေ၌မူလည်း မျှောလော့”ဟု မိန့်ဆိုု၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) ကို ပိုးမရှိသော ရေ၌ မျှော၏၊ ထိုအခါ ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) သည် ရေ၌ မျှောအပ်သည် ရှိသော် စိတ်စိတ် စိတ်စိတ် မြည်၏၊ ထက်ဝန်းကျင် အခိုးထ၏၊ ထက်ဝန်းကျင် ပြင်းစွာ အခိုးထ၏၊ တစ်နေ့လုံးပူသော သံတွေခဲကို ရေ၌ ထည့် သည်ရှိသော် စိတ်စိတ် စိတ်စိတ် မြည်သကဲ့သို့ ထက်ဝန်းကျင် အခိုးထသကဲ့သို့ ထက်ဝန်းကျင် ပြင်းစွာ အခိုးထသကဲ့သို့တို့အတူ ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) သည် ရေ၌ ထည့်သည်ရှိသော် စိတ်စိတ် စိတ်စိတ် မြည်၍ အခိုးထ၏၊ ထက်ဝန်းကျင် အခိုးထ၏၊ ထက်ဝန်းကျင် ပြင်းစွာ အခိုးထ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်း ထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် တစ်ခုသော နေရာ၌ ရပ်တည်နေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်နေသော သုန္ဒရိကဘာရဒွါဇပုဏ္ဏားကို မြတ်စွာဘုရားသည် ဂါထာတို့ဖြင့် ရွတ်ဆို ဟောကြား၏- “ပုဏ္ဏား ထင်းကို မီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ဟု မအောက် မေ့လင့်။ အဘယ်ကြောင့်နည်း၊ ထိုထင်းကို မီးရှို့ခြင်းသည် အပ၌သာ ဖြစ်၏။ ထိုစကားသည် မှန်၏၊ အကြင်သူသည် အပ၌ ဖြစ်သော မီးရှို့ခြင်းဖြင့် စင်ကြယ်ခြင်းကို အလိုရှိ၏၊ ထိုသူကို ထိုမီးရှို့ခြင်းကြောင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆို ကုန်။ ပုဏ္ဏား ငါသည် ထင်းကို မီးရှို့ခြင်းကို ပယ်၍ ကိုယ်တွင်းသန္တာန်၌သာလျှင် ဉာဏ်မီးကို တောက်ပစေ၏၊ မပြတ်တောက်ပသော (ဉာဏ်) မီးရှိသော အမြဲမပြတ် တည်ကြည်သောစိတ်ရှိသော ရဟန္တာဖြစ်သော ငါသည် မြတ်သောအကျင့်ကို ကျင့်၏။ ပုဏ္ဏား သင်၏ ထောင်လွှားခြင်း ‘မာန’သည် ထမ်းပိုးဝန်သဖွယ် ဖြစ်၏၊ အမျက် ‘ဒေါသ’သည် မီးခိုးသဖွယ် ဖြစ်၏၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းသည် ပြာသဖွယ် ဖြစ်၏၊ ပုဏ္ဏား (ငါ၏) လျှာသည် (တရားတည်းဟူသော ယဇ်ကို ပူဇော်ခြင်းငှါ) ယဇ်ယောက်မသဖွယ် ဖြစ်၏၊ (သတ္တဝါတို့၏) နှလုံးသည် (တရားတည်းဟူသော) ယဇ်၏ မီးတောက်ရာ ဌာနသဖွယ် ဖြစ်၏၊ သတ္တဝါအပေါင်း၏ ကောင်းစွာ ယဥ် ကျေးသော စိတ်သည် မီးသဖွယ် ဖြစ်၏။ ပုဏ္ဏား (အဋ္ဌင်္ဂိကမဂ်) တရားသည် ထုံးအိုင်သဖွယ် ဖြစ်၏၊ သီလဟူသော ရေချိုးဆိပ် ရှိ၏၊ မနောက်ကျု၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့အား ချီးမွမ်းအပ်၏၊ အကြင်ထုံးအိုင်၌ စင်စစ် ဉာဏ်၏အဆုံးသို့ ရောက်ကြသူ (ရဟန္တာ ပုဂ္ဂိုလ်တို့သည်) ရေချိုးကုန်၏၊ ထိုထုံးအိုင်၌ မစွတ်သော ကိုယ်ရှိကုန်သည် ဖြစ်၍ သာလျှင် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးကုန်၏။ ပုဏ္ဏား မှန်ကန်သောစကား , တရား ‘ဓမ္မ’ , စောင့်စည်းမှုဟူသော ဤဗြဟ္မစရိယ သည် မဇ္စျိမပဋိပဒါကို မှီသည်ဖြစ်၍ မြတ်သောအဖြစ်သို့ ရောက်စေတတ်၏၊ ထိုသင် သည် ဖြောင့်မတ်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်းကို ပြုလော့၊ ထိုသူကို တရားအနှစ် ရှိ၏ဟူ၍ ငါ ဟော၏”ဟု (ရွတ်ဆိုု ဟောကြား၏)။ ဤသို့ ဟောတော်မူသည်ရှိသော် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

Linked Discourses 7.9 1. The Perfected Ones With Bhāradvāja of Sundarikā At one time the Buddha was staying in the Kosalan lands on the bank of the Sundarikā River. Now at that time the brahmin Bhāradvāja of Sundarikā was serving the sacred flame and performing the fire sacrifice on the bank of the Sundarikā. Then he rose from his seat and surveyed the four quarters, wondering, “Now who might eat the leftovers of this oblation?” He saw the Buddha meditating at the root of a certain tree with his robe pulled over his head. Taking the leftovers of the oblation in his left hand and a pitcher in the right he approached the Buddha. When he heard Bhāradvāja of Sundarikā’s footsteps the Buddha uncovered his head. Bhāradvāja of Sundarikā thought, “This man is shaven, he is shaven!” And he wanted to turn back. But he thought, “Even some brahmins are shaven. Why don’t I go to him and ask about his birth?” Then the brahmin Bhāradvāja of Sundarikā went up to the Buddha, and said to him, “Sir, what are you by birth?” “Don’t ask about birth, ask about conduct; for the fire of Jātaveda is born from sticks. A steadfast sage, even though from a low class family, is a thoroughbred checked by conscience. Tamed by truth, fulfilled by taming, a complete knowledge master <j>who has completed the spiritual journey— that’s who a sacrificer should woo, and offer a timely oblation <j>to one worthy of a religious donation.” “My sacrificial offering <j>must have been well performed, since I have met such a knowledge master! It’s because I’d never met anyone like you that others ate the leftover oblation. May the worthy Gotama eat! The worthy one is a brahmin.” “Food enchanted by a verse isn’t fit for me to eat. That’s not the principle of those who see, brahmin. The Buddhas cast aside things enchanted with verses. Since there is such a principle, brahmin, <j>that’s how they live. Serve with other food and drink the consummate one, the great seer, with defilements ended and remorse stilled. For he is the field for the seeker of merit.” “Then, Worthy Gotama, to whom should I give the leftovers of this oblation?” “Brahmin, I don’t see anyone in this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—who can properly digest these leftovers, except the Realized One or one of his disciples. Well then, brahmin, throw out those leftovers where there is little that grows, or drop them into water that has no living creatures.” So Bhāradvāja of Sundarikā dropped the leftover oblation in water that had no living creatures. And when those leftovers were placed in the water, they sizzled and hissed, steaming and fuming. Suppose there was an iron cauldron that had been heated all day. If you placed it in the water, it would sizzle and hiss, steaming and fuming. In the same way, when those leftovers were placed in the water, they sizzled and hissed, steaming and fuming. Then the brahmin Bhāradvāja of Sundarikā, shocked and awestruck, went up to the Buddha, and stood to one side. The Buddha addressed him in verse: “When you’re kindling the wood, brahmin, don’t imagine this is purity, for it’s just external. For those who are skilled say this is no way to purity, when one seeks purity in externals. I’ve given up kindling firewood, brahmin, now I light only the inner flame. Always blazing, always serene, I am a perfected one leading the spiritual life. Conceit, brahmin, is the burden of your pack, anger your smoke, and lies your ashes. The tongue is the ladle, the heart the fireplace; a well-tamed self is a person’s light. The teaching is a lake, brahmin, <j>into which ethics are the stairs, unclouded, praised by the fine to the good. There the knowledge masters go to bathe, and cross to the far shore with dry limbs. Truth, principle, restraint, the spiritual life, attaining divinity based on the middle, brahmin— pay homage to the upright ones. I declare that man one who follows the teaching.” When he had spoken, the brahmin Bhāradvāja of Sundarikā said to the Buddha, “Excellent, worthy Gotama …” … And Venerable Bhāradvāja became one of the perfected.

‘‘ဟိတွာ အဟံ ဗြာဟ္မဏ ဒါရုဒါဟံ

အဇ္ဈတ္တမေဝုဇ္ဇလယာမိ [အဇ္ဈတ္တမေဝ ဇလယာမိ (သီ။ သျာ။ ကံ။ ပီ။)] ဇောတိံ၊

နိစ္စဂ္ဂိနီ နိစ္စသမာဟိတတ္တော,

အရဟံ အဟံ ဗြဟ္မစရိယံ စရာမိ။

‘‘မာနော ဟိ တေ ဗြာဟ္မဏ ခါရိဘာရော,

ကောဓော ဓုမော ဘသ္မနိ မောသဝဇ္ဇံ၊

ဇိဝှါ သုဇာ ဟဒယံ ဇောတိဌာနံ,

အတ္တာ သုဒန္တော ပုရိသဿ ဇောတိ။

‘‘ဓမ္မော ရဟဒေါ ဗြာဟ္မဏ သီလတိတ္ထော,

အနာဝိလော သဗ္ဘိ သတံ ပသတ္ထော၊

ယတ္ထ ဟဝေ ဝေဒဂုနော သိနာတာ,

အနလ္လဂတ္တာဝ [အနလ္လီနဂတ္တာဝ (သီ။ ပီ။ က။)] တရန္တိ ပါရံ။

‘‘သစ္စံ ဓမ္မော သံယမော ဗြဟ္မစရိယံ,

မဇ္ဈေ သိတာ ဗြာဟ္မဏ ဗြဟ္မပတ္တိ၊

သ တုဇ္ဇုဘူတေသု နမော ကရောဟိ,

တမဟံ နရံ ဓမ္မသာရီတိ ဗြူမီ’’တိ။

ဧဝံ ဝုတ္တေ, သုန္ဒရိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီ’’တိ။

၁၀။ ဗဟုဓီတရသုတ္တံ

၁၉၆။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန အညတရဿ ဘာရဒွါဇဂေါတ္တဿ ဗြာဟ္မဏဿ စတုဒ္ဒသ ဗလီဗဒ္ဒါ နဋ္ဌာ ဟောန္တိ။ အထ ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော တေ ဗလီဗဒ္ဒေ ဂဝေသန္တော ယေန သော ဝနသဏ္ဍော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အဒ္ဒသ ဘဂဝန္တံ တသ္မိံ ဝနသဏ္ဍေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ ဒိသွာန ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိ –

‘‘န ဟိ နူနိမဿ [နဟနူနိမဿ (သီ။ သျာ။ ကံ။)] သမဏဿ, ဗလီဗဒ္ဒါ စတုဒ္ဒသ၊

အဇ္ဇသဋ္ဌိံ န ဒိဿန္တိ, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, တိလာခေတ္တသ္မိ ပါပကာ၊

ဧကပဏ္ဏာ ဒုပဏ္ဏာ [ဒွိပဏ္ဏာ (သီ။ ပီ။)] စ, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, တုစ္ဆကောဋ္ဌသ္မိ မူသိကာ၊

ဥဿောဠှိကာယ နစ္စန္တိ, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, သန္ထာရော သတ္တမာသိကော၊

ဥပ္ပါဋကေဟိ သဉ္ဆန္နော, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, ဝိဓဝါ သတ္တ ဓီတရော၊

ဧကပုတ္တာ ဒုပုတ္တာ [ဒွိပုတ္တာ (သီ။ ပီ။)] စ, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, ပိင်္ဂလာ တိလကာဟတာ၊

သောတ္တံ ပါဒေန ဗောဓေတိ, တေနာယံ သမဏော သုခီ။

‘‘န ဟိ နူနိမဿ သမဏဿ, ပစ္စူသမှိ ဣဏာယိကာ၊

ဒေထ ဒေထာတိ စောဒေန္တိ, တေနာယံ သမဏော သုခီ’’တိ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, ဗလီဗဒ္ဒါ စတုဒ္ဒသ၊

အဇ္ဇသဋ္ဌိံ န ဒိဿန္တိ, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, တိလာခေတ္တသ္မိ ပါပကာ၊

ဧကပဏ္ဏာ ဒုပဏ္ဏာ စ, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, တုစ္ဆကောဋ္ဌသ္မိ မူသိကာ၊

ဥဿောဠှိကာယ နစ္စန္တိ, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, သန္ထာရော သတ္တမာသိကော၊

ဥပ္ပါဋကေဟိ သဉ္ဆန္နော, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, ဝိဓဝါ သတ္တ ဓီတရော၊

ဧကပုတ္တာ ဒုပုတ္တာ စ, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, ပိင်္ဂလာ တိလကာဟတာ၊

သောတ္တံ ပါဒေန ဗောဓေတိ, တေနာဟံ ဗြာဟ္မဏာ သုခီ။

‘‘န ဟိ မယှံ ဗြာဟ္မဏ, ပစ္စူသမှိ ဣဏာယိကာ၊

ဒေထ ဒေထာတိ စောဒေန္တိ, တေနာဟံ ဗြာဟ္မဏာ သုခီ’’တိ။

ဧဝံ ဝုတ္တေ, ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ လဘေယျာဟံ ဘောတော ဂေါတမဿ သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒ’’န္တိ။

အလတ္ထ ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, အလတ္ထ ဥပသမ္ပဒံ။ အစိရူပသမ္ပန္နော ပနာယသ္မာ ဘာရဒွါဇော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ, တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီတိ။

အရဟန္တဝဂ္ဂေါ ပဌမော။

တဿုဒ္ဒါနံ –

ဓနဉ္ဇာနီ စ အက္ကောသံ, အသုရိန္ဒံ ဗိလင်္ဂိကံ၊

အဟိံသကံ ဇဋာ စေဝ, သုဒ္ဓိကဉ္စေဝ အဂ္ဂိကာ၊

သုန္ဒရိကံ ဗဟုဓီတရေန စ တေ ဒသာတိ။

၁၀-ဗဟုဓီတရသုတ် ၁၉၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်အား ခိုင်းနွား တစ်ဆယ့်လေးကောင်တို့သည် ပျောက်ကုန်၏၊ ထိုအခါ၌ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုနွားတို့ကို ရှာသည်ရှိသော် ထိုတောအုပ် သို့ ချဥ်းကပ်ပြီးလျှင် တောအုပ်အတွင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်း သို့ ရှေးရှုသတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြေင့် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏- “ဤရဟန်းအား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်လေကုန်သလော၊ ထိုသို့ မပျောက်သောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။ ဤရဟန်းအား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။ ဤရဟန်းအား အချည်းနည်းသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်သလော၊ ထိုသို့ မမြူးထူးသောကြောင့် ဤရဟန်းအား ချမ်းသာစွာ နေရယောင် တကား။ ဤရဟန်းအား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်းလေသလော၊ ထိုသို့ မဖုံးလွှမ်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။ ဤရဟန်းအား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။ ဤရဟန်းအား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသူကို ခြေဖြင့် ကျောက်ကန်၍ မနှိုးလေသလော၊ ထိုသို့ မနှိုးသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။ ဤရဟန်းအား မိုးသောက်ထအခါ၌ မြီရှင်တို့သည် ‘ပေးကုန်လော့၊ ပေးကုန် လော့’ဟု မတောင်းကုန်လေသလော၊ ထိုသို့ မတောင်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား”ဟု ရွတ်ဆို လျှောက်ထား၏။ ပုဏ္ဏား ငါ့အား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား အချည်းနှီးသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်း၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား သားတစ်ယောက်,နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ် ယောက်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသည်ကို ခြေဖြင့် ကျောက်ကန်၍ မနှိုး၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။ ပုဏ္ဏား ငါ့အား မိုးသောက်ထအခါ၌ မြီရှင်တို့သည် ‘ပေးကုန်လော့၊ ပေးကုန် လော့’ဟု မတောင်းကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်၍ ထားအပ်သော ဝတ္ထုကို လှန်၍ ပြရာသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း၍ ထားသော ဝတ္ထုကို ဖွင့်လှစ်၍ ပြရာသကဲ့သို့လည်းကောင်း၊ ခရီးမှားသော သူအား လမ်းမှန်ကို ပြောကြားရာသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိ ကုန်သော သူတို့သည် ရူပါရုံတို့ကို မြင်ကုန်လတ္တံ့’ဟု အမိုက်မှောင်၌မူလည်း ဆီမီးတန်ဆောင်ကို ဆောင်ပြ ရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော် ကို ပြတော်မူ၏။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အကျွန်ုပ်သည် အသျှင် ဂေါတမ၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရသည် သာလျှင်တည်း၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာ သို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိကာ နေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ် သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ကိုယ်၏ အဖြစ်၌သာလျှင် ကိုုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။ ရှေးဦးစွာသော အရဟန္တဝဂ် ပြီး၏။

Linked Discourses 7.10 1. The Perfected Ones Many Daughters At one time the Buddha was staying in the land of the Kosalans in a certain forest grove. Now at that time one of the brahmins of the Bhāradvāja clan had lost fourteen oxen. While looking for them he went to that forest grove, where he saw the Buddha sitting down cross-legged, his body set straight, and mindfulness brought to the present. He went up to the Buddha, and recited these verses in the Buddha’s presence: “This ascetic mustn’t have fourteen oxen missing for the past six days: that’s why this ascetic is happy. This ascetic mustn’t have a field of sesame ruined, with just one or two leaves: that’s why this ascetic is happy. This ascetic mustn’t have rats in a vacant barn dancing merrily: that’s why this ascetic is happy. This ascetic mustn’t have carpets that for seven months have been infested with fleas: that’s why this ascetic is happy. This ascetic mustn’t have seven widowed daughters with one or two children each: that’s why this ascetic is happy. This ascetic mustn’t have a wife with sallow, blotchy skin to wake him with a kick: that’s why this ascetic is happy. This ascetic mustn’t have creditors knocking at dawn, demanding, ‘Pay up! Pay up!’: that’s why this ascetic is happy.” “You’re right, brahmin, I don’t have fourteen oxen missing for the past six days: that’s why I’m happy, brahmin. You’re right, brahmin, I don’t have a field of sesame ruined, with just one or two leaves: that’s why I’m happy, brahmin. You’re right, brahmin, I don’t have rats in a vacant barn dancing merrily: that’s why I’m happy, brahmin. You’re right, brahmin, I don’t have carpets that for seven months have been infested with fleas: that’s why I’m happy, brahmin. You’re right, brahmin, I don’t have seven widowed daughters with one or two children each: that’s why I’m happy, brahmin. You’re right, brahmin, I don’t have a wife with blotchy, pockmarked skin to wake me up with a kick: that’s why I’m happy, brahmin. You’re right, brahmin, I don’t have creditors knocking at dawn, warning, ‘Pay up! Pay up!’: that’s why I’m happy, brahmin.” When he had spoken, the brahmin said to the Buddha, “Excellent, worthy Gotama! Excellent! … As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. I go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. May I receive the going forth, the ordination in the worthy Gotama’s presence?” And the brahmin received the going forth, the ordination in the Buddha’s presence. Not long after his ordination, Venerable Bhāradvāja, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Bhāradvāja became one of the perfected.

၂။ ဥပါသကဝဂ္ဂေါ

၁။ ကသိဘာရဒွါဇသုတ္တံ

၁၉၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ မဂဓေသု ဝိဟရတိ ဒက္ခိဏာဂိရိသ္မိံ ဧကနာဠာယံ ဗြာဟ္မဏဂါမေ။ တေန ခေါ ပန သမယေန ကသိဘာရဒွါဇဿ [ကသိကဘာရဒွါဇဿ (က။)] ဗြာဟ္မဏဿ ပဉ္စမတ္တာနိ နင်္ဂလသတာနိ ပယုတ္တာနိ ဟောန္တိ ဝပ္ပကာလေ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ကသိဘာရဒွါဇဿ ဗြာဟ္မဏဿ ကမ္မန္တော တေနုပသင်္ကမိ။

တေန ခေါ ပန သမယေန ကသိဘာရဒွါဇဿ ဗြာဟ္မဏဿ ပရိဝေသနာ ဝတ္တတိ။ အထ ခေါ ဘဂဝါ ယေန ပရိဝေသနာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ အဋ္ဌာသိ။ အဒ္ဒသာ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ပိဏ္ဍာယ ဌိတံ။ ဒိသွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဟံ ခေါ, သမဏ, ကသာမိ စ ဝပါမိ စ, ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမိ။ တွမ္ပိ, သမဏ, ကသဿု စ ဝပဿု စ, ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇဿူ’’တိ။ ‘‘အဟမ္ပိ ခေါ, ဗြာဟ္မဏ, ကသာမိ စ ဝပါမိ စ, ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမီ’’တိ။ န ခေါ မယံ ပဿာမ ဘောတော ဂေါတမဿ ယုဂံ ဝါ နင်္ဂလံ ဝါ ဖာလံ ဝါ ပါစနံ ဝါ ဗလီဗဒ္ဒေ ဝါ, အထ စ ပန ဘဝံ ဂေါတမော ဧဝမာဟ – ‘‘အဟမ္ပိ ခေါ, ဗြာဟ္မဏ, ကသာမိ စ ဝပါမိ စ, ကသိတွာ စ ဝပိတွာ စ ဘုဉ္ဇာမီ’’တိ။ အထ ခေါ ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကဿကော ပဋိဇာနာသိ, န စ ပဿာမိ တေ ကသိံ၊

ကဿကော ပုစ္ဆိတော ဗြူဟိ, ကထံ ဇာနေမု တံ ကသိ’’န္တိ။

‘‘သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ, ပညာ မေ ယုဂနင်္ဂလံ၊

ဟိရီ ဤသာ မနော ယောတ္တံ, သတိ မေ ဖာလပါစနံ။

‘‘ကာယဂုတ္တော ဝစီဂုတ္တော, အာဟာရေ ဥဒရေ ယတော၊

သစ္စံ ကရောမိ နိဒ္ဒါနံ, သောရစ္စံ မေ ပမောစနံ။

‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊

ဂစ္ဆတိ အနိဝတ္တန္တံ, ယတ္ထ ဂန္တွာ န သောစတိ။

‘‘ဧဝမေသာ ကသီ ကဋ္ဌာ, သာ ဟောတိ အမတပ္ဖလာ၊

ဧတံ ကသိံ ကသိတွာန, သဗ္ဗဒုက္ခာ ပမုစ္စတီ’’တိ။

‘‘ဘုဉ္ဇတု ဘဝံ ဂေါတမော။ ကဿကော ဘဝံ။ ယဉှိ ဘဝံ ဂေါတမော အမတပ္ဖလမ္ပိ ကသိံ ကသတီ’’တိ [ဘာသတီတိ (က။)]။

‘‘ဂါထာဘိဂီတံ မေ အဘောဇနေယျံ,

သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော၊

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ,

ဓမ္မေ သတိ ဗြာဟ္မဏ ဝုတ္တိရေသာ။

‘‘အညေန စ ကေဝလိနံ မဟေသိံ,

ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ၊

အန္နေန ပါနေန ဥပဋ္ဌဟဿု,

ခေတ္တဉှိ တံ ပုညပေက္ခဿ ဟောတီ’’တိ။

ဧဝံ ဝုတ္တေ, ကသိဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၂-ဥပါသကဝဂ် ၁-ကသိဘာရဒွါဇသုတ် ၁၉၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း ဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားအား ပျိုးကြဲသော အခါ၌ ထွန်ငါးရာတို့ကို နွားတို့ဖြင့် ကအပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကသိဘာရဒွါဇပုဏ္ဏား၏ အလုပ်ခွင်သို့ ချဥ်း ကပ်တော်မူ၏။ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် (လုပ်သားတို့အား) ကျွေးမွေးဆဲ ဖြစ်၏၊ မြတ်စွာဘုရားသည် ထိုကျွေးမွေးရာအရပ်သို့ ချဥ်းကပ်တော်မူပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တော်မူ၏၊ ကသိဘာရဒွါဇအမည် ရှိသော ပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “ရဟန်း အကျွန်ုပ်သည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏။ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စားလော့”ဟု လျှောက်၏။ “ပုဏ္ဏား ငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏”ဟု မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် ရဟန်းဂေါတမ၏ ထမ်းပိုးကိုလည်းကောင်း၊ ထွန်တုံးကိုလည်းကောင်း၊ ထွန်သွားကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း၊ နွားလားတို့ကိုလည်းကောင်း မတွေ့မြင်ရပါကုန်။ သို့ဖြစ်လျက် အသျှင်ဂေါတမသည် “ပုဏ္ဏား ငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏”ဟု မိန့်ဆိုဘိ၏ဟု လျှောက်၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်၏- “သင်သည် လယ်ထွန်သူဟူ၍ ဝန်ခံ၏၊ သင်၏ လယ်ထွန်မှုကို အကျွန်ုပ် မမြင်ရ၊ အကျွန်ုပ် မေးအပ်သော လယ်ထွန်သော သင်သည် ဖြေကြားပါလော့၊ ထိုလယ် ထွန်မှုကို အဘယ်သို့လျှင် သိရကုန်အံ့နည်း”ဟု (လျှောက်၏)။ “ပုဏ္ဏား ငါ၏ ယုံကြည်မှု ‘သဒ္ဓါ’သည် မျိုးစေ့မည်၏၊ ငါ၏ ဣန္ဒြိယသံဝရသီလ သည် မိုးရေမည်၏၊ ငါ၏ ပညာသည် ထမ်းပိုး, ထွန်တုံးမည်၏၊ ငါ၏ ရှက်မှု ‘ဟိရီတရား’သည် ထွန်သံမည်၏၊ ငါ၏ စိတ်သည် ကြိုးမည်၏၊ ငါ၏ ဝိပဿနာနှင့် ယှဥ်သော သတိ, မဂ်နှင့် ယှဥ်သော အောက်မေ့မှု ‘သတိ’သည် ထွန်သွား , နှင်တံ မည်၏။ ကာယသုစရိုက်သုံးပါးဖြင့် လုံခြုံ၏၊ ဝစီသုစရိုက်လေးပါးဖြင့်လည်း လုံခြုံ၏၊ အာဟာရ (ရှာမှီးရာ) ၌လည်းကောင်း၊ ဝမ်းရေး (သုံးဆောင်ရာ) ၌လည်းကောင်း စောင့် ရှောက်၏။ ဝစီသစ္စာဖြင့် ရိတ်ဖြတ်ခြင်းကို ပြု၏၊ ကောင်းသော နိဗ္ဗာန်၌ မွေ့လျော် သည်၏အဖြစ်ဟု ဆိုအပ်သော အရဟတ္တဖိုလ်သည် ငါ၏ လွတ်မြောက်ခြင်း ဖြစ်၏။ ငါဘုရား၏ ဝီရိယသည် နိဗ္ဗာန်သို့ ရှေးရှုရုန်းသည် ဖြစ်၍ ဝန်ရုန်းနွား မည်၏၊ အကြင်နိဗ္ဗာန်အရပ်သို့ ရောက်သော် မစိုးရိမ်ရ၊ ထိုနိဗ္ဗာန်အရပ်သို့ မဆုတ်မနစ် ရုန်းသွား၏။ ပုဏ္ဏား ဤသို့လျှင် လယ်ထွန်ခြင်း ဖြစ်၏၊ ထိုလယ်ထွန်းခြင်းသည်ကား အမြိုက် နိဗ္ဗာန်အသီးရှိ၏၊ ဤသို့သော လယ်ထွန်ခြင်းကို ထွန်ပြီးသည်ရှိသော် အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်၏”ဟု မိန့်တော်မူ၏။ “အသျှင်ဂေါတမသည် အမြိုက်နိဗ္ဗာန်အသီးရှိသော လယ်ကို ထွန်သောကြောင့် လယ်ထွန်ယောကျာ့်းဖြစ်တော်မူပါပေ၏၊ အသျှင်ဂေါတမသည် ဘုဥ်းပေးတော်မူပါ လော့”ဟု (လျှောက်၏)။ “ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါ မသုံးဆောင်၊ ပုဏ္ဏား အကျိုးအကြောင်းကို သိမြင်ကုန်သော သူတို့အား ဤသုံးဆောင်ခြင်းသည် တရား သဘောသို့ မသက်ဝင်၊ ဘုရားရှင်တို့သည် ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏၊ ပုဏ္ဏား ဤသည်လျှင် သူတော်ကောင်း တရား၌ တည်ကုန်သော ဘုရား ရှင်တို့၏ အသက် မွေးခြင်းတည်း။ ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော၊ နောင်တပူပန်မှု ငြိမ်းပြီးသော၊ အလုံးစုံ ကိစ္စပြီးပြီးသော ရဟန္တာပုဂ္ဂိုလ်ကို (ဂါထာဖြင့်) ရွတ်ဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း , အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေး လော့၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမှုကို အလိုရှိသော သူ၏ လယ်မြေသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ ယနေ့မှ စ၍ ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်ယူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.11 2. Lay Followers With Bhāradvāja the Farmer So I have heard. At one time the Buddha was staying in the land of the Magadhans in the Southern Hills near the brahmin village of Ekanāḷa. Now at that time the brahmin Bhāradvāja the Farmer had harnessed around five hundred plows, it being the season for sowing. Then the Buddha robed up in the morning and, taking his bowl and robe, went to where Bhāradvāja the Farmer was working. Now at that time Bhāradvāja the Farmer was distributing food. Then the Buddha went to where the distribution was taking place and stood to one side. Bhāradvāja the Farmer saw him standing for alms and said to him, “I plough and sow, ascetic, and then I eat. You too should plough and sow, then you may eat.” “I too plough and sow, brahmin, and then I eat.” “I don’t see the worthy Gotama with a yoke or plow or plowshare or goad or oxen, yet he says: ‘I too plough and sow, brahmin, and then I eat.’” Then Bhāradvāja the Farmer addressed the Buddha in verse: “You claim to be a farmer, but I don’t see you farming. Tell me how you’re a farmer when asked: how am I to recognize your farming?” “Faith is my seed, fervor my rain, and wisdom is my yoke and plough. Conscience is my draft-pole, mind my strap, mindfulness my plowshare and goad. Guarded in body and speech, I restrict my intake of food. I use truth as my scythe, and gentleness is my release. Energy is my harnessed beast, transporting me to sanctuary from the yoke. Without turning back, it goes to where there is no sorrow. That’s how to do the farming that has freedom from death as its fruit. When you finish this farming you’re released from all suffering.” “May the worthy Gotama eat! The worthy one is a farmer. For the worthy Gotama does the farming that has freedom from death as its fruit.” “Food enchanted by a verse isn’t fit for me to eat. That’s not the principle of those who see, brahmin. The Buddhas cast aside things enchanted with verses. Since there is such a principle, brahmin, <j>that’s how they live. Serve with other food and drink the consummate one, the great seer, with defilements ended and remorse stilled. For he is the field for the seeker of merit.” When he had spoken, the brahmin Bhāradvāja the Farmer said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၂။ ဥဒယသုတ္တံ

၁၉၈။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဥဒယဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ။ အထ ခေါ ဥဒယော ဗြာဟ္မဏော ဘဂဝတော ပတ္တံ ဩဒနေန ပူရေသိ။ ဒုတိယမ္ပိ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဥဒယဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ…ပေ… တတိယမ္ပိ ခေါ ဥဒယော ဗြာဟ္မဏော ဘဂဝတော ပတ္တံ ဩဒနေန ပူရေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပကဋ္ဌကောယံ သမဏော ဂေါတမော ပုနပ္ပုနံ အာဂစ္ဆတီ’’တိ။

‘‘ပုနပ္ပုနဉ္စေဝ ဝပန္တိ ဗီဇံ, ပုနပ္ပုနံ ဝဿတိ ဒေဝရာဇာ၊

ပုနပ္ပုနံ ခေတ္တံ ကသန္တိ ကဿကာ, ပုနပ္ပုနံ ဓညမုပေတိ ရဋ္ဌံ။

‘‘ပုနပ္ပုနံ ယာစကာ ယာစယန္တိ, ပုနပ္ပုနံ ဒါနပတီ ဒဒန္တိ၊

ပုနပ္ပုနံ ဒါနပတီ ဒဒိတွာ, ပုနပ္ပုနံ သဂ္ဂမုပေန္တိ ဌာနံ။

‘‘ပုနပ္ပုနံ ခီရနိကာ ဒုဟန္တိ, ပုနပ္ပုနံ ဝစ္ဆော ဥပေတိ မာတရံ၊

ပုနပ္ပုနံ ကိလမတိ ဖန္ဒတိ စ, ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

‘‘ပုနပ္ပုနံ ဇာယတိ မီယတိ စ, ပုနပ္ပုနံ သိဝထိကံ [သီဝထိကံ (သီ။ သျာ။ ကံ။ ပီ။)] ဟရန္တိ၊

မဂ္ဂဉ္စ လဒ္ဓါ အပုနဗ္ဘဝါယ, န ပုနပ္ပုနံ ဇာယတိ ဘူရိပညော’’တိ [ပုနပ္ပုနံ ဇာယတိ ဘူရိပညောတိ (သျာ။ ကံ။ က။)]။

ဧဝံ ဝုတ္တေ, ဥဒယော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၂-ဥဒယသုတ် ၁၉၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်တော်မူ၏၊ ထိုအခါ ဥဒယပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်တော်မူ၏။ပ။ သုံးကြိမ်မြောက်လည်း ဥဒယပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၍ မြတ်စွာဘုရားအား “ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏”ဟု လျှောက်၏- “ပုဏ္ဏား မျိုးစေ့ကို အဖန်တလဲလဲပင် စိုက်ပျိုးကုန်၏၊ မိုးမင်းသည် အဖန် တလဲလဲ ရွာသွန်း၏၊ လယ်ထွန်ယောင်္ကျားတို့သည် အဖန်တလဲလဲ လယ်ထွန်ကုန်၏၊ တိုင်းနိုင်ငံသူသည် အဖန်တလဲလဲ စပါးအလို့ငှါ ကပ်ရောက်၏။ ဖုန်းတောင်းယာစကာတို့သည် အဖန်တလဲလဲ တောင်းကုန်၏၊ အလှူ ရှင်တို့သည် အဖန်တလဲလဲ ပေးလှူကုန်၏၊ အလှူရှင်တို့သည် အဖန် တလဲလဲ ပေးလှူ၍ အဖန်တလဲလဲ နတ်ပြည်ဌာနသို့ ရောက်ရကုန်၏။ နို့ညှစ်သမားတို့သည် အဖန်တလဲလဲ နို့ညှစ်ကုန်၏၊ နွားငယ်သည် အဖန်တလဲလဲ အမိနွားမသို့ ကပ်၏၊ အဖန်တလဲလဲ ပင်ပန်း၏၊ တုန်လှုပ်လည်း တုန်လှုပ်၏၊ ပညာနုံသော သူသည် အဖန်တလဲလဲ အမိဝမ်းသို့ ရောက်ရ၏။ အဖန်တလဲလဲ ပဋိသန္ဓေလည်း နေရ၏၊ သေလည်း သေရ၏၊ အဖန်တလဲလဲ သင်္ချိုင်းသို့ ဆောင်ကုန်၏၊ ပညာကြီးသူသည် အဖန်တလဲလဲ မဖြစ်ခြင်း၏ အကြောင်း နိဗ္ဗာန်ကို ရ၍ အဖန်တလဲလဲ ပဋိသန္ဓေ မနေရ”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ဥဒယပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.12 2. Lay Followers With Udaya At Sāvatthī. Then the Buddha robed up in the morning and, taking his bowl and robe, went to the home of the brahmin Udaya. Then Udaya filled the Buddha’s bowl with rice. The next day … Udaya again filled the Buddha’s bowl with rice. But when he had filled the Buddha’s bowl on the third day, he said to the Buddha, “This ascetic Gotama is such a drag! He keeps coming back again and again!” “Again and again, they sow the seed; again and again, the king of the heavens sends rain; again and again, farmers plough the field; again and again, grain is produced for the nation. Again and again, the beggars beg; again and again, the donors give. Again and again, when the donors have given, again and again, they take their place in heaven. Again and again, dairy farmers milk; again and again, a calf cleaves to its mother; again and again, oppressing and intimidating, that dullard returns to the womb again and again. Again and again, you’re reborn and die; again and again, you get carried to a charnel ground. But when they’ve gained the path <j>for no further rebirth, one of vast wisdom is not reborn again and again.” When he had spoken, the brahmin Udaya said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၃။ ဒေဝဟိတသုတ္တံ

၁၉၉။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ဘဂဝါ ဝါတေဟာဗာဓိကော ဟောတိ၊ အာယသ္မာ စ ဥပဝါဏော ဘဂဝတော ဥပဋ္ဌာကော ဟောတိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ ဥပဝါဏံ အာမန္တေသိ – ‘‘ဣင်္ဃ မေ တွံ, ဥပဝါဏ, ဥဏှောဒကံ ဇာနာဟီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ ဥပဝါဏော ဘဂဝတော ပဋိဿုတွာ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဒေဝဟိတဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တုဏှီဘူတော ဧကမန္တံ အဋ္ဌာသိ။ အဒ္ဒသာ ခေါ ဒေဝဟိတော ဗြာဟ္မဏော အာယသ္မန္တံ ဥပဝါဏံ တုဏှီဘူတံ ဧကမန္တံ ဌိတံ။ ဒိသွာန အာယသ္မန္တံ ဥပဝါဏံ ဂါထာယ အဇ္ဈဘာသိ –

‘‘တုဏှီဘူတော ဘဝံ တိဋ္ဌံ, မုဏ္ဍော သံဃာဋိပါရုတော၊

ကိံ ပတ္ထယာနော ကိံ ဧသံ, ကိံ နု ယာစိတုမာဂတော’’တိ။

‘‘အရဟံ သုဂတော လောကေ, ဝါတေဟာဗာဓိကော မုနိ၊

သစေ ဥဏှောဒကံ အတ္ထိ, မုနိနော ဒေဟိ ဗြာဟ္မဏ။

‘‘ပူဇိတော ပူဇနေယျာနံ, သက္ကရေယျာန သက္ကတော၊

အပစိတော အပစေယျာနံ [အပစိနေယျာနံ (သီ။ သျာ။ ကံ။) ဋီကာ ဩလောကေတဗ္ဗာ], တဿ ဣစ္ဆာမိ ဟာတဝေ’’တိ။

အထ ခေါ ဒေဝဟိတော ဗြာဟ္မဏော ဥဏှောဒကဿ ကာဇံ ပုရိသေန ဂါဟာပေတွာ ဖာဏိတဿ စ ပုဋံ အာယသ္မတော ဥပဝါဏဿ ပါဒါသိ။ အထ ခေါ အာယသ္မာ ဥပဝါဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဥဏှောဒကေန နှာပေတွာ [နဟာပေတွာ (သီ။ ပီ။)] ဥဏှောဒကေန ဖာဏိတံ အာလောလေတွာ ဘဂဝတော ပါဒါသိ။ အထ ခေါ ဘဂဝတော အာဗာဓော ပဋိပ္ပဿမ္ဘိ။

အထ ခေါ ဒေဝဟိတော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဒေဝဟိတော ဗြာဟ္မဏော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကတ္ထ ဒဇ္ဇာ ဒေယျဓမ္မံ, ကတ္ထ ဒိန္နံ မဟပ္ဖလံ၊

ကထဉှိ ယဇမာနဿ, ကထံ ဣဇ္ဈတိ ဒက္ခိဏာ’’တိ။

‘‘ပုဗ္ဗေနိဝါသံ ယော ဝေဒီ, သဂ္ဂါပါယဉ္စ ပဿတိ၊

အထော ဇာတိက္ခယံ ပတ္တော, အဘိညာဝေါသိတော မုနိ။

‘‘ဧတ္ထ ဒဇ္ဇာ ဒေယျဓမ္မံ, ဧတ္ထ ဒိန္နံ မဟပ္ဖလံ၊

ဧဝဉှိ ယဇမာနဿ, ဧဝံ ဣဇ္ဈတိ ဒက္ခိဏာ’’တိ။

ဧဝံ ဝုတ္တေ, ဒေဝဟိတော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၃-ဒေဝဟိတသုတ် ၁၉၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ မြတ်စွာဘုရားသည် လေနာစွဲကပ်တော်မူ၏။ အသျှင်ဥပဝါဏသည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥပဝါဏကို “ဥပဝါဏ ငါဘုရား တိုက်တွန်းတော်မူ၏၊ သင်သည် ငါ့အတွက် ရေနွေးကို သိလော့”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်ဥပဝါဏသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သင်္ကန်းးကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် ဒေဝဟိတပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်၍ ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်၏၊ ဒေဝဟိတပုဏ္ဏားသည် ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်သော အသျှင် ဥပဝါဏကို မြင်လေလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ဦးပြည်းသည် ဖြစ်၍ ဒုကုဋ်သင်္ကန်းကို ရုံလျက် ဆိတ်ဆိတ် ရပ်နေသော အသျှင်သည် အဘယ်ကို တောင့်တလျက် အဘယ်ကို ရှာမှီးလိုသည် ဖြစ်၍ အဘယ်ကို တောင်းခံခြင်းငှါ လာသနည်း”ဟု လျှောက်၏၊ “ပုဏ္ဏား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် လေနာ စွဲကပ်တော်မူ၏၊ ပုဏ္ဏား သင့်အား အကယ်၍ ရေနွေးရှိသည် ဖြစ်အံ့၊ မြတ်စွာဘုရားအား လှူလော့။ ပူဇော်ထိုက်ကုန်သော သူတို့၏ အပူဇော်ကို ခံရသော၊ အလေးအမြတ် ပြုထိုက် ကုန်သော သူတို့၏ အလေးအမြတ် ပြုခံရသော၊ အရိုအသေ ပြုထိုက်ကုန်သော သူတို့၏ အရိုအသေ ပြုခံရသော ထိုမြတ်စွာဘုရားအတွက် ထိုရေနွေးကို ဆောင်ရန် အလိုရှိ၏”ဟု (မိန့်ဆို၏)။ ထိုအခါ ဒေဝဟိတပုဏ္ဏားသည် ရေနွေးတစ်ထမ်းကို ယောကျာ်းအား ယူစေ၍ တင်လဲ (ထန်းလျက်ခဲ) တစ်ထုပ်ကိုလည်း အသျှင်ဥပဝါဏအား လှူ၏၊ ထိုအခါ၌ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်၍ မြတ်စွာဘုရားအား ရေနွေးဖြင့် ရေချိုးစေပြီးလျှင် ရေနွေးဖြင့် တင်လဲကို ဖျော်ကာ မြတ်စွာဘုရား အား ဆက်ကပ်၏၊ ထိုအခါ၌ မြတ်စွာဘုရား၏ လေနာသည် ငြိမ်းလေ၏။ ထိုအခါ ဒေဝဟိတပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်း မြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အဘယ်ပုဂ္ဂိုလ်၌ လှူဖွယ်ဝတ္ထုကို လှူရအံ့နည်း၊ အဘယ်ပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီးပါသနည်း၊ အဘယ်သို့လျှင် ပေးလှူပူဇော်သော သူအား အဘယ်သို့လျှင် အလှူသည် ပြည့်စုံသနည်း”ဟု လျှောက်၏။ “ပုဏ္ဏား အကြင်ရဟန်းသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဥ်ကို သိ၏၊ နတ် ပြည်ကိုလည်းကောင်း၊ အပါယ်ကိုလည်းကောင်း မြင်၏။ ထိုမှတစ်ပါး ဇာတိ၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ်ဖြင့် သိပြီး၍ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏။ ဤရဟန္တာပုဂ္ဂိုလ်၌ လှူဖွယ်ကို လှူရာ၏၊ ဤရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ဤသို့လျှင် ပေးလှူပူဇော်သော သူအား ဤသို့လျှင် အလှူသည် ပြည့်စုံ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ဒေဝဟိတပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.13 2. Lay Followers With Devahita At Sāvatthī. Now at that time the Buddha was afflicted by winds. Venerable Upavāṇa was his carer. Then the Buddha said to Upavāṇa, “Go on then, Upavāṇa, find some hot water for me.” “Yes, sir,” replied Upavāṇa. He robed up, and, taking his bowl and robe, went to the home of the brahmin Devahita, and stood silently to one side. Devahita saw him standing there and addressed him in verse: “Silent stands the worthy one, shaven, wrapped in his outer robe. What do you want? What are you looking for? What have you come here to ask for?” “The perfected one, the Holy One in the world, the sage is afflicted by winds. If there’s hot water, give it to the sage, brahmin. I wish to bring it to the one who is esteemed by the estimable, honored by the honorable, venerated by the venerable.” Then Devahita had a man fetch a carrying-pole with hot water. He also presented Upavāṇa with a jar of molasses. Then Venerable Upavāṇa went up to the Buddha and bathed him with the hot water. Then he stirred molasses into hot water and presented it to the Buddha. Then the Buddha’s illness died down. Then the brahmin Devahita went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and addressed the Buddha in verse: “Where should you give an available gift? Where is a gift very fruitful? How does one who is donating ensure the success of their religious donation?” “One who knows their past lives, sees heaven and places of loss, and has attained the ending of rebirth, is a sage of perfect insight. Here you should give an available gift; what’s given here is very fruitful. That’s how a sponsor of sacrifices ensures the success of their religious donation.” When he had spoken, the brahmin Devahita said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

စာ-၁၇၈

၄။ မဟာသာလသုတ္တံ

၂၀၀။ သာဝတ္ထိနိဒါနံ။ အထ ခေါ အညတရော ဗြာဟ္မဏမဟာသာလော လူခေါ လူခပါဝုရဏော [လူခပါပုရဏော (သီ။ သျာ။ ကံ။ ပီ။)] ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ ဗြာဟ္မဏမဟာသာလံ ဘဂဝါ ဧတဒဝေါစ – ‘‘ကိန္နု တွံ, ဗြာဟ္မဏ, လူခေါ လူခပါဝုရဏော’’တိ? ‘‘ဣဓ မေ, ဘော ဂေါတမ, စတ္တာရော ပုတ္တာ။ တေ မံ ဒါရေဟိ သံပုစ္ဆ ဃရာ နိက္ခာမေန္တီ’’တိ။ ‘‘တေန ဟိ တွံ, ဗြာဟ္မဏ, ဣမာ ဂါထာယော ပရိယာပုဏိတွာ သဘာယံ မဟာဇနကာယေ သန္နိပတိတေ ပုတ္တေသု စ သန္နိသိန္နေသု ဘာသဿု –

‘‘ယေဟိ ဇာတေဟိ နန္ဒိဿံ, ယေသဉ္စ ဘဝမိစ္ဆိသံ၊

တေ မံ ဒါရေဟိ သံပုစ္ဆ, သာဝ ဝါရေန္တိ သူကရံ။

‘‘အသန္တာ ကိရ မံ ဇမ္မာ, တာတ တာတာတိ ဘာသရေ၊

ရက္ခသာ ပုတ္တရူပေန, တေ ဇဟန္တိ ဝယောဂတံ။

‘‘အဿောဝ ဇိဏ္ဏော နိဗ္ဘောဂေါ, ခါဒနာ အပနီယတိ၊

ဗာလကာနံ ပိတာ ထေရော, ပရာဂါရေသု ဘိက္ခတိ။

‘‘ဒဏ္ဍောဝ ကိရ မေ သေယျော, ယဉ္စေ ပုတ္တာ အနဿဝါ၊

စဏ္ဍမ္ပိ ဂေါဏံ ဝါရေတိ, အထော စဏ္ဍမ္ပိ ကုက္ကုရံ။

‘‘အန္ဓကာရေ ပုရေ ဟောတိ, ဂမ္ဘီရေ ဂါဓမေဓတိ၊

ဒဏ္ဍဿ အာနုဘာဝေန, ခလိတွာ ပတိတိဋ္ဌတီ’’တိ။

အထ ခေါ သော ဗြာဟ္မဏမဟာသာလော ဘဂဝတော သန္တိကေ ဣမာ ဂါထာယော ပရိယာပုဏိတွာ သဘာယံ မဟာဇနကာယေ သန္နိပတိတေ ပုတ္တေသု စ သန္နိသိန္နေသု အဘာသိ –

‘‘ယေဟိ ဇာတေဟိ နန္ဒိဿံ, ယေသဉ္စ ဘဝမိစ္ဆိသံ၊

တေ မံ ဒါရေဟိ သံပုစ္ဆ, သာဝ ဝါရေန္တိ သူကရံ။

‘‘အသန္တာ ကိရ မံ ဇမ္မာ, တာတ တာတာတိ ဘာသရေ၊

ရက္ခသာ ပုတ္တရူပေန, တေ ဇဟန္တိ ဝယောဂတံ။

‘‘အဿောဝ ဇိဏ္ဏော နိဗ္ဘောဂေါ, ခါဒနာ အပနီယတိ၊

ဗာလကာနံ ပိတာ ထေရော, ပရာဂါရေသု ဘိက္ခတိ။

‘‘ဒဏ္ဍောဝ ကိရ မေ သေယျော, ယဉ္စေ ပုတ္တာ အနဿဝါ၊

စဏ္ဍမ္ပိ ဂေါဏံ ဝါရေတိ, အထော စဏ္ဍမ္ပိ ကုက္ကုရံ။

‘‘အန္ဓကာရေ ပုရေ ဟောတိ, ဂမ္ဘီရေ ဂါဓမေဓတိ၊

ဒဏ္ဍဿ အာနုဘာဝေန, ခလိတွာ ပတိတိဋ္ဌတီ’’တိ။

အထ ခေါ နံ ဗြာဟ္မဏမဟာသာလံ ပုတ္တာ ဃရံ နေတွာ နှာပေတွာ ပစ္စေကံ ဒုဿယုဂေန အစ္ဆာဒေသုံ။ အထ ခေါ သော ဗြာဟ္မဏမဟာသာလော ဧကံ ဒုဿယုဂံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဗြာဟ္မဏမဟာသာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘မယံ, ဘော ဂေါတမ, ဗြာဟ္မဏာ နာမ အာစရိယဿ အာစရိယဓနံ ပရိယေသာမ။ ပဋိဂ္ဂဏှတု မေ ဘဝံ ဂေါတမော အာစရိယဓန’’န္တိ။ ပဋိဂ္ဂဟေသိ ဘဂဝါ အနုကမ္ပံ ဥပါဒါယ။ အထ ခေါ သော ဗြာဟ္မဏမဟာသာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၄-မဟာသာလသုတ် ၂၀၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အိုမင်းသည်ဖြစ်၍ ဟောင်းနွမ်းသော အဝတ်အရုံရှိသော ဗြာဟ္မဏ မဟာသာလပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုဗြာဟ္မဏမဟာသာလပုဏ္ဏားအား မြတ်စွာဘုရား သည် “ပုဏ္ဏား သင်သည် အဘယ့်ကြောင့် အိုမင်းသည် ဖြစ်၍ ဟောင်းနွမ်းသော အဝတ်အရုံရှိသနည်း”ဟု မိန့်တော်မူ၏၊ အသျှင်ဂေါတမ ဤအရပ်၌ အကျွန်ုပ်အား သားလေးယောက် ရှိပါကုန်၏၊ ထိုသားတို့သည် မယားတို့နှင့် တိုင်ပင်၍ အကျွန်ုပ်ကို အိမ်မှ နှင်ထုတ်ပါကုန်၏ဟု (လျှောက်၏)၊ “ပုဏ္ဏား သို့ဖြစ်လျှင် သင် သည် ဤဂါထာတို့ကို သင်ယူ၍ လူအပေါင်း စုဝေးရာ အစည်းအဝေးသဘင်၌ သားတို့ အတူတကွ ထိုင် နေကုန်သည် ရှိသော် ရွတ်လော့”ဟု မိန့်ဆို၏- “အကြင်သားတို့ဖြင့် အကျွန်ုပ် နှစ်သက် , ဝမ်းမြောက်ခဲ့ရ၏၊ အကြင်သားတို့၏ ကြီးပွားခြင်းကိုလည်း အလိုရှိခဲ့၏၊ ‘ခွေးတို့သည် ဝက်ကို (ဟောင်၍) နှင်ထုတ် သကဲ့သို့’ ထိုသားတို့သည် မယားတို့နှင့် အတူ တိုင်ပင်ကာ ငါ့ကို (မြည်တမ်း ငေါက်အော်၍) နှင်ထုတ်ကုန်၏။ သူတော်မဟုတ် ယုတ်မာသော ရက္ခိုသ်တို့သည် သားတို့၏ အသွင်အပြင်ဖြင့် ငါ့ကို ‘ဖခင် ဖခင်’ဟု ခေါ်ကုန်၏၊ ထိုရက္ခိုသ်တို့သည် အရွယ်လွန်သော ငါ့ကို စွန့် ကုန်ယောင်တကား။ ‘အိုမင်းသည်ဖြစ်၍ အသုံး မပြုနိုင်သော မြင်းကို အစာ မကျွေးဘဲ ဖယ်ထားဘိ သကဲ့သို့’ သူမိုက်တို့၏ အဖအိုသည် သူတစ်ပါးအိမ်တို့၌ တောင်းစားရ၏။ ငါ၏ လက်စွဲတောင်ဝှေးသည်ကား မြတ်သေး၏၊ ငါ့အား မရိုသေ မတုပ်ဝပ်သော သားတို့သည် မမြတ်ကုန်၊ တောင်ဝှေးသည် ကြမ်းသော နွားကိုလည်း တားမြစ် နိုင်၏၊ ထို့ပြင် ကြမ်းသော ခွေးကိုလည်း တားမြစ်နိုင်၏။ တောင်ဝှေးသည် မှောင်ထဲ၌ ရှေ့သွား ဖြစ်နိုင်၏၊ နက်သော ရေ၌ ထောက်တည် ရာကို ရနိုင်၏၊ ချော်ကျသော်လည်း တောင်ဝှေး၏ အစွမ်းကြောင့် ရပ်တည်နိုင်ရ၏၊ ထို့ကြောင့် တောင်ဝှေးသည် သားတို့ထက် မြတ်သေး၏”ဟု ဤသို့ (ရွတ်ဆိုလော့ဟု မိန့်ဆို၏)။ ထိုအခါ ဗြာဟ္မဏမဟာသာလပုဏ္ဏားသည် မြတ်စွာဘုရားအထံ၌ ဤဂါထာတို့ကို သင်ယူ၍ လူ အပေါင်း စုဝေးရာ အစည်းအဝေးသဘင်၌ သားတို့ အတူတကွ ထိုင်နေကုန်သည် ရှိသော် ရွတ်ဆို၏- “အကြင်သားတို့ဖြင့် အကျွန်ုပ် နှစ်သက် , ဝမ်းမြောက်ခဲ့ရ၏၊ အကြင်သားတို့၏ ကြီးပွားခြင်းကိုလည်း အလိုရှိခဲ့၏၊ ‘ခွေးတို့သည် ဝက်ကို (ဟောင်၍) နှင်ထုတ် သကဲ့သို့’ ထိုသားတို့သည် မယားတို့နှင့် အတူ တိုင်ပင်ကာ ငါ့ကို (မြည်တမ်း ငေါက်အော်၍) နှင်ထုတ်ကုန်၏။ သူတော်မဟုတ် ယုတ်မာသော ရက္ခိုသ်တို့သည် သားတို့၏ အသွင်အပြင်ဖြင့် ငါ့ကို ‘ဖခင် ဖခင်’ဟု ခေါ်ကုန်၏၊ ထိုရက္ခိုသ်တို့သည် အရွယ်လွန်သော ငါ့ကို စွန့် ကုန်ယောင်တကား။ ‘အိုမင်းသည် ဖြစ်၍ အသုံး မပြုနိုင်သော မြင်းကို အစာ မကျွေးဘဲ ဖယ်ထား ဘိသကဲ့သို့’ သူမိုက်တို့၏ အဖအိုသည် သူတစ်ပါးအိမ်တို့၌ တောင်းစားရ၏။ ငါ၏ လက်စွဲတောင်ဝှေးသည်ကား မြတ်သေး၏၊ ငါ့အား မရိုသေ မတုပ်ဝပ်သော သားတို့သည် မမြတ်ကုန်၊ တောင်ဝှေးသည် ကြမ်းသော နွားကိုလည်း တားမြစ်နိုင်၏၊ ထို့ပြင် ကြမ်းသော ခွေးကိုလည်း တားမြစ်နိုင်၏။ တောင်ဝှေးသည် မှောင်ထဲ၌ ရှေ့သွား ဖြစ်နိုင်၏၊ နက်သော ရေ၌ ထောက်တည် ရာကို ရနိုင်၏၊ ချော်ကျသော်လည်း တောင်ဝှေး၏ အစွမ်းကြောင့် ရပ်တည်နိုင်ရ၏၊ ထို့ကြောင့် တောင်ဝှေးသည့်သားတို့ထက် မြတ်သေး၏”ဟု ဤသို့ ရွတ်ဆို၏။ ထိုအခါ၌ ဗြာဟ္မဏမဟာသာလပုဏ္ဏားကို သားတို့သည် အိမ်သို့ ခေါ်ဆောင်ကာ ရေချိုးစေ၍ အသီးသီး ပုဆိုးအစုံကို ပေးကုန်၏၊ ထိုအခါ၌ ဗြာဟ္မဏမဟာသာလပုဏ္ဏားသည် တစ်ခုသော ပုဆိုးအစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ်တို့ ပုဏ္ဏားတို့မည်သည်ကား ဆရာအတွက် ဆရာစားဥစ္စာ ကို ရှာရပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ဆရာစားဥစ္စာကို အလှူခံတော်မူပါ”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် သနားသမှုကို အကြောင်းပြု၍ အလှူခံတော်မူ၏၊ ထို့နောက် ထိုဗြာဟ္မဏမဟာသာလ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.14 2. Lay Followers A well-to-do brahmin At Sāvatthī. Then a certain well-to-do brahmin, shabby, wearing a shabby cloak, went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. The Buddha said to him, “Brahmin, why are you so shabby, wearing a shabby cloak?” “Worthy Gotama, I have four sons. At their wives’ bidding they expelled me from my house.” “Well then, brahmin, memorize these verses and recite them to your sons when you are all seated in the council hall with a large crowd. ‘I was overjoyed when they were born, and wished prosperity for them. But at their wives’ bidding they chased me out, like hounds after hogs. It turns out they’re wicked, those nasty men, though they called me their dear old Dad. They’re monsters in the shape of sons, throwing me out as I’ve grown old. Like an old, useless horse led away from its fodder, the elderly father of those kids begs for alms at others’ homes. Even my staff is better than those disobedient sons, for it wards off a wild bull, and even a wild dog. It goes before me in the dark; in deep waters it finds a footing. By the wonderful power of this staff, when I stumble, I stand firm again.’” Having memorized those verses in the Buddha’s presence, the brahmin recited them to his sons when they were all seated in the council hall with a large crowd. … Then the brahmin’s sons led him back home, bathed him, and each clothed him with a fine pair of garments. Then the brahmin, taking one pair of garments, went to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, we brahmins seek a fee for our tutor. May the worthy Gotama please accept my tutor’s fee!” So the Buddha accepted it out of sympathy. Then the well-to-do brahmin said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၅။ မာနတ္ထဒ္ဓသုတ္တံ

၂၀၁။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန မာနတ္ထဒ္ဓေါ နာမ ဗြာဟ္မဏော သာဝတ္ထိယံ ပဋိဝသတိ။ သော နေဝ မာတရံ အဘိဝါဒေတိ, န ပိတရံ အဘိဝါဒေတိ, န အာစရိယံ အဘိဝါဒေတိ, န ဇေဋ္ဌဘာတရံ အဘိဝါဒေတိ။ တေန ခေါ ပန သမယေန ဘဂဝါ မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။ အထ ခေါ မာနတ္ထဒ္ဓဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘အယံ ခေါ သမဏော ဂေါတမော မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေတိ။ ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ။ သစေ မံ သမဏော ဂေါတမော အာလပိဿတိ, အဟမ္ပိ တံ အာလပိဿာမိ။ နော စေ မံ သမဏော ဂေါတမော အာလပိဿတိ, အဟမ္ပိ နာလပိဿာမီ’’တိ။ အထ ခေါ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တုဏှီဘူတော ဧကမန္တံ အဋ္ဌာသိ။ အထ ခေါ ဘဂဝါ တံ နာလပိ။ အထ ခေါ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော – ‘နာယံ သမဏော ဂေါတမော ကိဉ္စိ ဇာနာတီ’တိ တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ အထ ခေါ ဘဂဝါ မာနတ္ထဒ္ဓဿ ဗြာဟ္မဏဿ စေတသာ စေတောပရိဝိတက္ကမညာယ မာနတ္ထဒ္ဓံ ဗြာဟ္မဏံ ဂါထာယ အဇ္ဈဘာသိ –

‘‘န မာနံ ဗြာဟ္မဏ သာဓု, အတ္ထိကဿီဓ ဗြာဟ္မဏ၊

ယေန အတ္ထေန အာဂစ္ဆိ, တမေဝမနုဗြူဟယေ’’တိ။

အထ ခေါ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော – ‘‘စိတ္တံ မေ သမဏော ဂေါတမော ဇာနာတီ’’တိ တတ္ထေဝ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန စ ပရိစုမ္ဗတိ ပါဏီဟိ စ ပရိသမ္ဗာဟတိ, နာမဉ္စ သာဝေတိ – ‘‘မာနတ္ထဒ္ဓါဟံ, ဘော ဂေါတမ, မာနတ္ထဒ္ဓါဟံ, ဘော ဂေါတမာ’’တိ။ အထ ခေါ သာ ပရိသာ အဗ္ဘုတစိတ္တဇာတာ [အဗ္ဘုတစိတ္တဇာတာ (သီ။ သျာ။ ကံ။ ပီ။), အစ္ဆရိယဗ္ဘုတစိတ္တဇာတာ (က။)] အဟောသိ – ‘အစ္ဆရိယံ ဝတ ဘော, အဗ္ဘုတံ ဝတ ဘော! အယဉှိ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော နေဝ မာတရံ အဘိဝါဒေတိ, န ပိတရံ အဘိဝါဒေတိ, န အာစရိယံ အဘိဝါဒေတိ, န ဇေဋ္ဌဘာတရံ အဘိဝါဒေတိ၊ အထ စ ပန သမဏေ ဂေါတမေ ဧဝရူပံ ပရမနိပစ္စကာရံ ကရောတီ’တိ။ အထ ခေါ ဘဂဝါ မာနတ္ထဒ္ဓံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘အလံ, ဗြာဟ္မဏ, ဥဋ္ဌေဟိ, သကေ အာသနေ နိသီဒ။ ယတော တေ မယိ စိတ္တံ ပသန္န’’န္တိ။ အထ ခေါ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော သကေ အာသနေ နိသီဒိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကေသု န မာနံ ကယိရာထ, ကေသု စဿ သဂါရဝေါ၊

ကျဿ အပစိတာ အဿု, ကျဿု သာဓု သုပူဇိတာ’’တိ။

‘‘မာတရိ ပိတရိ စာပိ, အထော ဇေဋ္ဌမှိ ဘာတရိ၊

အာစရိယေ စတုတ္ထမှိ,

တေသု န မာနံ ကယိရာထ၊

တေသု အဿ သဂါရဝေါ,

တျဿ အပစိတာ အဿု၊

တျဿု သာဓု သုပူဇိတာ။

‘‘အရဟန္တေ သီတီဘူတေ, ကတကိစ္စေ အနာသဝေ၊

နိဟစ္စ မာနံ အထဒ္ဓေါ, တေ နမဿေ အနုတ္တရေ’’တိ။

ဧဝံ ဝုတ္တေ, မာနတ္ထဒ္ဓေါ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၅-မာနတ္ထဒ္ဓသုတ် ၂၀၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ထိုပုဏ္ဏားသည် အမိကို ရှိမခိုး၊ အဖကို ရှိမခိုး၊ ဆရာကို ရှိမခိုး၊ အစ်ကိုကို ရှိမခိုး။ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားအား ဤအကြံသည် ဖြစ်၏- “ဤ ရဟန်းဂေါတမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချဥ်းကပ် ရမူ ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုသည် ဖြစ်အံ့၊ ငါသည်လည်း ထိုရဟန်းဂေါတမနှင့် အတူ စကားပြောဆိုအံ့၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့် အတူ စကား မပြော ဆိုသည် ဖြစ်အံ့၊ ငါသည်လည်း ထိုရဟန်း ဂေါတမနှင့် အတူ စကား မပြောဆိုအံ့”ဟု အကြံ ဖြစ်၏။ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်တည်နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုမာနတ္ထဒ္ဓပုဏ္ဏားကို စကား ပြောဆိုတော်မမူ၊ ထိုအခါ၌ မာနတ္ထဒ္ဓပုဏ္ဏားသည် “ဤရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိ”ဟု အကြံ ဖြစ်၍ ထိုအရပ်မှ သာလျှင် တစ်ဖန် ပြန်ဆုတ်လိုသော စိတ်ရှိ၏၊ ထိုအခါ မြတ်စွာဘုရားလည်း မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ် အကြံကို မိမိစိတ်ဖြင့် သိ၍ မာနတ္ထဒ္ဓပုဏ္ဏားကို ဂါထာဖြင့် ရွတ်ဆို၏- “ပုဏ္ဏား ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ ပုဏ္ဏား အကျိုးစီးပွားကို အလိုရှိသော သူအား အကြင်အကျိုးစီးပွားကြောင့် ငါ့ထံသို့ လာ၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာလျှင် ပွားစေရာ၏”ဟု ရွတ်ဆို၏။ ထိုအခါ၌ မာနတ္ထဒ္ဓပုဏ္ဏားသည် “ငါ၏ စိတ်ကို ရဟန်းဂေါတမ သိ၏”ဟု ထိုခဏ၌ပင်လျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် တိုက်၍ ခံတွင်းဖြင့် စုတ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင်ဂေါတမ အကျွန်ုပ်သည် မာနတ္ထဒ္ဓပုဏ္ဏားပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် မာနတ္ထဒ္ဓပုဏ္ဏား ပါတည်း”ဟု အမည်ကိုလည်း လျှောက်ကြား၏၊ ထိုအခါ၌ ထိုပရိသတ်သည် “အချင်းတို့ အံ့ဖွယ်ရှိစွ တကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ မှန်၏၊ အချင်းတို့ ဤမာနတ္ထဒ္ဓပုဏ္ဏားသည် အမိကို ရှိမခိုး၊ အဖကို ရှိမခိုး၊ ဆရာကို ရှိမခိုး၊ အစ်ကိုကို ရှိမခိုး၊ သို့ဖြစ်လျက် ရဟန်းဂေါတမ၌ ဤသို့ သဘောရှိသော လွန်ကဲသော အရိုအသေပြုခြင်းကို ပြုဘိ၏”ဟု ရှေးက မဖြစ်ဖူးသော နှစ်သက်ဝမ်းမြောက်မှု ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓပုဏ္ဏားအား “ပုဏ္ဏား ငါ့အပေါ်၌ သင်၏ စိတ်ကြည်ညိုခြင်း ဖြစ်ခဲ့ လေပြီ၊ သင့်တော်လောက်ပြီ၊ ထလော့၊ မိမိနေရာ၌ ထိုင်လော့”ဟု မိန့်တော်မူ၏၊ ထိုအခါ့မာနတ္ထဒ္ဓပုဏ္ဏား သည် မိမိနေရာ၌ ထိုင်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အသျှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ် ပုဂ္ဂိုလ်တို့၌ အလေးအမြတ် ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို အရိုအသေ ပြု အပ်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု ရွတ် ဆို၏။ “ပုဏ္ဏား အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ အစ်ကို၌လည်းကောင်း၊ ဆရာ၌လည်းကောင်း ထိုပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာ။ ထိုပုဂ္ဂိုလ်တို့၌ အလေး အမြတ် ပြုရာ၏၊ ထိုပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုအပ်ကုန်ရာ၏၊ ထိုပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်ရာ၏။ ပူဇော်အထူးကို ခံတော်မူထိုက်လျက် ငြိမ်းအေးကုန်သော၊ အာသဝ ကင်း၍ ပြု အပ်ပြီးသော ကိစ္စရှိကုန်သော၊ အတုမဲ့ ဖြစ်သည့် ထို (ရဟန္တာ) ပုဂ္ဂိုလ်တို့ကို မာန် နှိမ်ချလျက် မခက်ထန်သည် ဖြစ်၍ သင် ရှိခိုးရာ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် မာနတ္ထဒ္ဓပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.15 2. Lay Followers Stuck-Up At Sāvatthī. Now at that time a brahmin named Stuck-Up was residing in Sāvatthī. He didn’t bow to his mother or father, his tutor, or his oldest brother. Now, at that time the Buddha was teaching Dhamma, surrounded by a large assembly. Then Stuck-Up thought, “The ascetic Gotama is teaching Dhamma, surrounded by a large assembly. Why don’t I approach him? If he speaks to me, I’ll speak to him. But if he doesn’t speak, neither will I.” Then the brahmin Stuck-Up went up to the Buddha, and stood silently to one side. But the Buddha didn’t speak to him. Then Stuck-Up thought, “This ascetic Gotama knows nothing!” And he wanted to go back from there right away. Then the Buddha, knowing Stuck-Up’s train of thought, addressed him in verse: “It’s not good to foster conceit if you want what’s good for you, brahmin. You should foster the goal which brought you here.” Then Stuck-Up thought, “The ascetic Gotama knows my mind!” He bowed with his head to the Buddha’s feet, caressing them and covering them with kisses, and pronounced his name: “Worthy Gotama, I am Stuck-Up! I am Stuck-Up!” Then that assembly was stunned: “Oh lord, how incredible, how amazing! This brahmin Stuck-Up doesn’t bow to his mother or father, his tutor, or his oldest brother. Yet he shows such utmost deference to the ascetic Gotama!” Then the Buddha said to the brahmin Stuck-Up, “Enough, brahmin. Get up, and take your own seat. For your mind has confidence in me.” Then Stuck-Up took his seat and said to the Buddha: “Regarding whom should you not be conceited? Who should you respect? Who should you esteem? Who is it good to venerate properly?” “Your mother and father, and also your oldest brother, with tutor as fourth. Regarding these you should not be conceited. They are who you should respect. They are who you should esteem. And they’re who it’s good to venerate properly. And when with bent knee, not stiff with conceit, show supreme reverence for the perfected ones—cooled, their task complete, free of defilements.” When he had spoken, the brahmin Stuck-Up said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၆။ ပစ္စနီကသုတ္တံ

၂၀၂။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန ပစ္စနီကသာတော နာမ ဗြာဟ္မဏော သာဝတ္ထိယံ ပဋိဝသတိ။ အထ ခေါ ပစ္စနီကသာတဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ယံနူနာဟံ ယေန သမဏော ဂေါတမော တေနုပသင်္ကမေယျံ။ ယံ ယဒေဝ သမဏော ဂေါတမော ဘာသိဿတိ တံ တဒေဝဿာဟံ [တဒေဝ သာဟံ (က။)] ပစ္စနီကာဿ’’န္တိ [ပစ္စနီကဿန္တိ (ပီ။), ပစ္စနီကသာတန္တိ (က။)]။ တေန ခေါ ပန သမယေန ဘဂဝါ အဗ္ဘောကာသေ စင်္ကမတိ။ အထ ခေါ ပစ္စနီကသာတော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ စင်္ကမန္တံ ဧတဒဝေါစ – ‘ဘဏ သမဏဓမ္မ’န္တိ။

‘‘န ပစ္စနီကသာတေန, သုဝိဇာနံ သုဘာသိတံ၊

ဥပက္ကိလိဋ္ဌစိတ္တေန, သာရမ္ဘဗဟုလေန စ။

‘‘ယော စ ဝိနေယျ သာရမ္ဘံ, အပ္ပသာဒဉ္စ စေတသော၊

အာဃာတံ ပဋိနိဿဇ္ဇ, သ ဝေ [သစေ (သျာ။ ကံ။ က။)] ဇညာ သုဘာသိတ’’န္တိ။

ဧဝံ ဝုတ္တေ, ပစ္စနီကသာတော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၆-ပစ္စနီကသုတ် ၂၀၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပစ္စနီကသာတမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ထိုအခါ၌ ပစ္စနီကသာတပုဏ္ဏားအား “ငါသည် ရဟန်းဂေါတမထံသို့ ချဥ်းကပ်၍ ရဟန်းဂေါတမ ဆိုတိုင်း ဆိုတိုင်းသော စကားကို ဆန့်ကျင်ဘက် ပြုရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ၌ မြတ်စွာဘုရား သည် လွင်တီးခေါင်၌ စင်္ကြံ ကြွနေတော်မူ၏၊ ထိုအခါ ပစ္စနီကသာတပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ စင်္ကြံသွားနေသော မြတ်စွာဘုရားအား “အသျှင် ရဟန်းတရားကို ဟောလော့”ဟု ဤစကား ကို လျှောက်၏- “ဆန့်ကျင်ဘက် ပြုမှုကို သာယာသော စိတ်ဖြင့်လည်းကောင်း၊ ညစ်နွမ်းသော စိတ်ဖြင့်လည်းကောင်း၊ ခြုတ်ခြယ်မှုများသော စိတ်ဖြင့်လည်းကောင်း နားထောင်သူ သည် ကောင်းစွာ ဆိုအပ်သော စကားကို မသိနိုင်ရာ။ အကြင်သူသည် ခြုတ်ခြယ်လိုစိတ်ကိုလည်းကောင်း၊ စိတ်၏ မကြည်လင်ခြင်းကိုလည်းကောင်း ပယ်ဖျောက်၍ အမျက် ‘ဒေါသ’ကို စွန့်လျက် (ကြားနာ၏)၊ ထိုသူ သည်သာ ကောင်းစွာ ဆိုအပ်သော စကားကို စင်စစ် သိနိုင်ရာ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ပစ္စနီကသာတပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.16 2. Lay Followers The Contraphile At Sāvatthī. Now at that time a brahmin named Contraphile, who loved contradiction, was residing in Sāvatthī. Then Contraphile thought, “Why don’t I go to the ascetic Gotama and contradict everything he says?” At that time the Buddha was walking mindfully in the open air. Then the brahmin Contraphile went up to the Buddha, and said to him as he was walking, “Ascetic, preach the Dhamma.” “Fine words aren’t easy to understand by a lover of contradiction, whose mind is tainted and full of aggression. But when you’ve dispelled aggression, and your suspicious mind, and you’ve got rid of resentment, then you’ll understand fine words.” When he had spoken, the brahmin Contraphile said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၇။ နဝကမ္မိကသုတ္တံ

၂၀၃။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန နဝကမ္မိကဘာရဒွါဇော ဗြာဟ္မဏော တသ္မိံ ဝနသဏ္ဍေ ကမ္မန္တံ ကာရာပေတိ။ အဒ္ဒသာ ခေါ နဝကမ္မိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ အညတရသ္မိံ သာလရုက္ခမူလေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘အဟံ ခေါ ဣမသ္မိံ ဝနသဏ္ဍေ ကမ္မန္တံ ကာရာပေန္တော ရမာမိ။ အယံ သမဏော ဂေါတမော ကိံ ကာရာပေန္တော ရမတီ’’တိ? အထ ခေါ နဝကမ္မိကဘာရဒွါဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကေ နု ကမ္မန္တာ ကရီယန္တိ, ဘိက္ခု သာလဝနေ တဝ၊

ယဒေကကော အရညသ္မိံ, ရတိံ ဝိန္ဒတိ ဂေါတမော’’တိ။

‘‘န မေ ဝနသ္မိံ ကရဏီယမတ္ထိ,

ဥစ္ဆိန္နမူလံ မေ ဝနံ ဝိသူကံ၊

သွာဟံ ဝနေ နိဗ္ဗနထော ဝိသလ္လော,

ဧကော ရမေ အရတိံ ဝိပ္ပဟာယာ’’တိ။

ဧဝံ ဝုတ္တေ, နဝကမ္မိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၇-နဝကမ္မိကသုတ် ၂၀၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် ထိုတောအုပ်၌ အလုပ်ကိစ္စကို ပြုလုပ်စေ၏၊ နဝကမ္မိက ဘာရဒွါဇပုဏ္ဏားသည် တစ်ခုသော အင်ကြင်းပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လျှင် ထိုပုဏ္ဏားအား “ငါသည် ဤတောအုပ်၌ အလုပ်ကိစ္စကို ပြုလုပ်စေလျက် မွေ့လျော်၏၊ ဤရဟန်းဂေါတမသည် အဘယ် အမှုကို ပြုစေလျက် မွေ့လျော်သနည်း”ဟု အကြံ ဖြစ်၏၊ ထို့နောက် နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း သင် သည် အင် ကြင်း တော၌ အဘယ် မည် သော အမှုတို့ ကို ပြုအပ် ကုန် သနည်း၊ တော၌ တစ်ယောက်တည်း နေသော အသျှင်ဂေါတမသည် မွေ့လျော်မှုကို ရပါ၏လော”ဟု လျှောက်၏။ “ပုဏ္ဏား ငါ့အား တော၌ ပြုဖွယ်ကိစ္စ မရှိ၊ ငါသည် တောကိုလည်းကောင်း , ငြောင့်ကိုလည်းကောင်း အမြစ်ရင်းနှင့် တကွ ဖြတ်အပ်ပြီးပြီ။ ထိုငါသည် ကိလေသာ တော မရှိသည် ကိလေသာငြောင့်တံသင်း မရှိသည် ဖြစ်၍ မမွေ့လျော်ခြင်းကို ပယ်လျက် တော၌ တစ်ယောက်တည်း မွေ့လျော်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် နဝကမ္မိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.17 2. Lay Followers The Builder At one time the Buddha was staying in the land of the Kosalans in a certain forest grove. Now at that time the brahmin Bhāradvāja the Builder was having some building work done in that jungle thicket. He saw the Buddha sitting down cross-legged at the root of a certain sal tree, his body set straight, and mindfulness brought to the present. Seeing this, it occurred to him, “I enjoy having this building work done here in the jungle. I wonder what the ascetic Gotama enjoys having done?” Then Bhāradvāja the Builder went up to the Buddha and addressed him in verse: “What kind of works are done by you, a mendicant in the sal jungle? How do you find enjoyment alone in the wilderness, Gotama?” “There’s nothing I need do in the jungle; my jungle’s cut at the root, it’s withered away. Free of snarls and thorns in the jungle, I enjoy solitude, having given up discontent.” When he had spoken, the brahmin Bhāradvāja the Builder said to the Buddha, “Excellent, worthy Gotama … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၈။ ကဋ္ဌဟာရသုတ္တံ

၂၀၄။ ဧကံ သမယံ ဘဂဝါ ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန အညတရဿ ဘာရဒွါဇဂေါတ္တဿ ဗြာဟ္မဏဿ သမ္ဗဟုလာ အန္တေဝါသိကာ ကဋ္ဌဟာရကာ မာဏဝကာ ယေန ဝနသဏ္ဍော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အဒ္ဒသံသု ဘဂဝန္တံ တသ္မိံ ဝနသဏ္ဍေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ ဒိသွာန ယေန ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘာရဒွါဇဂေါတ္တံ ဗြာဟ္မဏံ ဧတဒဝေါစုံ – ‘‘ယဂ္ဃေ, ဘဝံ ဇာနေယျာသိ! အသုကသ္မိံ ဝနသဏ္ဍေ သမဏော နိသိန္နော ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ’’။ အထ ခေါ ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော တေဟိ မာဏဝကေဟိ သဒ္ဓိံ ယေန သော ဝနသဏ္ဍော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ ဘဂဝန္တံ တသ္မိံ ဝနသဏ္ဍေ နိသိန္နံ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ ဒိသွာန ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ဂမ္ဘီရရူပေ ဗဟုဘေရဝေ ဝနေ,

သုညံ အရညံ ဝိဇနံ ဝိဂါဟိယ၊

အနိဉ္ဇမာနေန ဌိတေန ဝဂ္ဂုနာ,

သုစာရုရူပံ ဝတ ဘိက္ခု ဈာယသိ။

‘‘န ယတ္ထ ဂီတံ နပိ ယတ္ထ ဝါဒိတံ,

ဧကော အရညေ ဝနဝဿိတော မုနိ၊

အစ္ဆေရရူပံ ပဋိဘာတိ မံ ဣဒံ,

ယဒေကကော ပီတိမနော ဝနေ ဝသေ။

‘‘မညာမဟံ လောကာဓိပတိသဟဗျတံ,

အာကင်္ခမာနော တိဒိဝံ အနုတ္တရံ၊

ကသ္မာ ဘဝံ ဝိဇနမရညမဿိတော,

တပေါ ဣဓ ကုဗ္ဗသိ ဗြဟ္မပတ္တိယာ’’တိ။

‘‘ယာ ကာစိ ကင်္ခါ အဘိနန္ဒနာ ဝါ,

အနေကဓာတူသု ပုထူ သဒါသိတာ၊

အညာဏမူလပ္ပဘဝါ ပဇပ္ပိတာ,

သဗ္ဗာ မယာ ဗျန္တိကတာ သမူလိကာ။

‘‘သွာဟံ အကင်္ခေါ အသိတော အနူပယော,

သဗ္ဗေသု ဓမ္မေသု ဝိသုဒ္ဓဒဿနော၊

ပပ္ပုယျ သမ္ဗောဓိမနုတ္တရံ သိဝံ,

ဈာယာမဟံ ဗြဟ္မ ရဟော ဝိသာရဒေါ’’တိ။

ဧဝံ ဝုတ္တေ, ဘာရဒွါဇဂေါတ္တော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၈-ကဋ္ဌဟာရသုတ် ၂၀၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်၏ များစွာကုန်သော တပည့်ဖြစ်ကုန်သော ထင်းခွေလုလင်တို့သည် တောအုပ်ရှိရာသို့ ချဥ်းကပ်ကြကုန်သည် ရှိသော် ထိုတောအုပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်လျှင် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားထံသို့ ချဥ်းကပ်၍ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားအား “အရှင်ပုဏ္ဏား သိတော်မူပါလော့၊ ဤမည်သော တောအုပ်၌ ရဟန်းသည် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေပါ၏”ဟု ပြောဆိုကြ ကုန်၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုလုလင်တို့နှင့် အတူ တောအုပ်သို့ ချဥ်းကပ် လေ၏၊ ထိုတောအုပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်လျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း သင် သည် နက် ရှိုင်း သော သဘောရှိ၍ ကြောက် ဖွယ် ဘေး ဘျ မ်း များ ပြား သော တောအုပ်ကြီးအတွင်းဝယ် ဆိတ်ငြိမ်၍ လူသူကင်းသော တောသို့ ဝင်ကာ မတုန်မလှုပ် တည်တံ့ပြေပြစ်သော ကိုယ်ဖြင့် ဈာန်ဝင်စား၏၊ (သင်ကား) အလွန် ကောင်းသော သဘောရှိစွတကား။ အကြင်တော၌ သီဆိုခြင်းလည်း မရှိ၊ တီးမှုတ်ခြင်းလည်း မရှိ၊ ရဟန်းသည် ထို တောအုပ်ကြီးအတွင်းဝယ် တစ်ယောက်တည်း တောကို မှီ၍ နေ၏၊ တစ်ပါးတည်း နှစ်သက်သော စိတ်ရှိသည် ဖြစ်၍ တော၌ နေတော်မူခြင်းဟူသော ဤအံ့ဩဖွယ် သဘောသည် အကျွန်ုပ်ဉာဏ်အား ရှေးရှု ထင်ပါ၏။ ‘အသျှင်သည် အတုမရှိသော ဗြဟ္မာ့ပြည်၌ လောက၏ အကြီးအမှူး ဗြဟ္မာ၏ အသင်းဝင်အဖြစ်ကို လိုလားတောင့်တသည်’ဟု အကျွန်ုပ် မှတ်ထင်ပါ၏၊ အဘယ့် ကြောင့် အသျှင်သည် လူသူကင်းသော တောကို မှီတော်မူပါသနည်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ခြင်းငှါ ဤတော၌ အကျင့်ကို ကျင့်တော်မူသလော”ဟု လျှောက်၏။ “ပုဏ္ဏား တပ်မက်မှု, အလွန်နှစ်သက်မှု, အထူးထူး အပြားပြားသော အာရုံတို့၌ အခါခပ်သိမ်း မှီနေသော များစွာသော ကိလေသာ, မသိခြင်းလျှင် အရင်းအမွန်ရှိ သော တဏှာဟူသော ဤတရားအားလုံးကို အမြစ်နှင့် တစ်ကွ ငါ ဖျက်ဆီးအပ်ပြီ။ ထိုငါဘုရားသည် အလိုမရှိဘဲ မမှီဘဲ အစဥ်မလိုက်ဘဲ အလုံးစုံသော တရားတို့၌ စင်ကြယ်သော အမြင်ရှိသည် ဖြစ်၍ အတု မရှိသော ချမ်းအေးသော အရဟတ္တမဂ် ဉာဏ်သို့ ရောက်ပြီး ဖြစ်ရကား ဆိတ်ငြိမ်သော တောကြီး၌ ရဲရဲရင့်ရင့် ဈာန်ဖြင့် နေ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင် ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.18 2. Lay Followers Collecting Firewood At one time the Buddha was staying in the land of the Kosalans in a certain forest grove. Then several students, pupils of one of the Bhāradvāja brahmins, approached a forest grove while collecting firewood. They saw the Buddha sitting down cross-legged at the root of a certain sal tree, his body set straight, and mindfulness brought to the present. Seeing this, they went up to Bhāradvāja and said to him, “Please sir, you should know this. In such-and-such forest grove the ascetic Gotama is sitting down cross-legged, his body set straight, and mindfulness brought to the present.” Then Bhāradvāja together with those young students went to that forest grove where he saw the Buddha sitting down cross-legged, his body set straight, and mindfulness brought to the present. He went up to the Buddha and addressed him in verse: “Deep in the jungle so full of terrors, you’ve plunged into the empty, desolate wilderness. Still, steady, and graceful: how beautifully you meditate, mendicant! Where there is no song or music, a lonely sage resorts to the wilderness. This strikes me as an amazing thing, that you dwell so joyfully alone in the jungle. I suppose you wish to be reborn in the company of the supreme world-sovereign <j>of the Third Heaven. Is that why you resort to the desolate wilderness, to practice fervor for attaining divinity?” “Any wishes and hopes that are always attached to the many and various realms— the prayers sprung from the root of unknowing— I’ve eliminated them all down to the root. So I’m wishless, unattached, uninvolved; amongst all things, my vision is clear. I’ve attained the state of grace, <j>the supreme awakening; I meditate alone, brahmin, and self-assured.” When he had spoken, Bhāradvāja said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၉။ မာတုပေါသကသုတ္တံ

၂၀၅။ သာဝတ္ထိနိဒါနံ။ အထ ခေါ မာတုပေါသကော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ မာတုပေါသကော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဟဉှိ, ဘော ဂေါတမ, ဓမ္မေန ဘိက္ခံ ပရိယေသာမိ, ဓမ္မေန ဘိက္ခံ ပရိယေသိတွာ မာတာပိတရော ပေါသေမိ။ ကစ္စာဟံ, ဘော ဂေါတမ, ဧဝံကာရီ ကိစ္စကာရီ ဟောမီ’’တိ? ‘‘တဂ္ဃ တွံ, ဗြာဟ္မဏ, ဧဝံကာရီ ကိစ္စကာရီ ဟောသိ။ ယော ခေါ, ဗြာဟ္မဏ, ဓမ္မေန ဘိက္ခံ ပရိယေသတိ, ဓမ္မေန ဘိက္ခံ ပရိယေသိတွာ မာတာပိတရော ပေါသေတိ, ဗဟုံ သော ပုညံ ပသဝတီ’’တိ။

‘‘ယော မာတရံ ပိတရံ ဝါ, မစ္စော ဓမ္မေန ပေါသတိ၊

တာယ နံ ပါရိစရိယာယ, မာတာပိတူသု ပဏ္ဍိတာ၊

ဣဓေဝ နံ ပသံသန္တိ, ပေစ္စ သဂ္ဂေ ပမောဒတီ’’တိ။

ဧဝံ ဝုတ္တေ, မာတုပေါသကော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၉-မာတုပေါသကသုတ် ၂၀၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အမိကို လုပ်ကျွေးသော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ အကျွန်ုပ်သည် တရားသဖြင့် ထမင်းကို ရှာမှီးပါ၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေးပါ၏။ အသျှင်ဂေါတမ အသို့နည်း၊ ဤသို့ ပြုလေ့ရှိသော အကျွန်ုပ်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပါသလော”ဟု လျှောက်၏၊ “ပုဏ္ဏား ဤသို့ ပြုလေ့ရှိသော သင်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပေ၏၊ ပုဏ္ဏား အကြင်သူသည် တရားသဖြင့် ထမင်းကို ရှာမှီး၏၊ တရား သဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေး၏၊ ထိုသူသည် များသော ကောင်းမှုတို့ကို ဖြစ်ပွား စေ၏”ဟု (မိန့်တော်မူ၏)။ “အကြင်သူသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ် ကျွေး၏။ အမိအဖတို့၌ လုပ်ကျွေးခြင်းကြောင့် ထိုလုပ်ကျွေးသော သူကို ပညာရှိတို့ သည် ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘ၀၀ယ် နတ်ပြည်၌ မွေ့လျော်ရ၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် မာတုပေါသကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.19 2. Lay Followers The Brahmin Who Provided for His Mother At Sāvatthī. Then a brahmin who provided for his mother went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha, “Worthy Gotama, I seek alms by legitimate means, which I use to provide for my mother and father. In doing so, am I doing my duty?” “Indeed, brahmin, in so doing you are doing your duty. Whoever seeks alms by legitimate means, and uses them to provide for their mother and father brims with much merit. A mortal provides for their mother and father by legitimate means; because they serve their parents like this, they’re praised in this life by the astute, and they depart to rejoice in heaven.” When he said this, the brahmin who provided for his mother said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၁၀။ ဘိက္ခကသုတ္တံ

၂၀၆။ သာဝတ္ထိနိဒါနံ။ အထ ခေါ ဘိက္ခကော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဘိက္ခကော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဟမ္ပိ ခေါ, ဘော ဂေါတမ, ဘိက္ခကော, ဘဝမ္ပိ ဘိက္ခကော, ဣဓ နော ကိံ နာနာကရဏ’’န္တိ?

‘‘န တေန ဘိက္ခကော ဟောတိ, ယာဝတာ ဘိက္ခတေ ပရေ၊

ဝိဿံ ဓမ္မံ သမာဒါယ, ဘိက္ခု ဟောတိ န တာဝတာ။

‘‘ယောဓ ပုညဉ္စ ပါပဉ္စ, ဗာဟိတွာ ဗြဟ္မစရိယံ၊

သင်္ခါယ လောကေ စရတိ, သ ဝေ ဘိက္ခူတိ ဝုစ္စတီ’’တိ။

ဧဝံ ဝုတ္တေ, ဘိက္ခကော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၁၀-ဘိက္ခကသုတ် ၂၀၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဘိက္ခကပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ်သည်လည်း တောင်းသူ ဖြစ်ပါ၏၊ အသျှင်သည်လည်း တောင်းသူ ဖြစ်ပါ၏၊ ဤသို့ တောင်း တတ်ခြင်း၌ အကျွန်ုပ်တို့၏ ထူးသော အကြောင်းသည် အဘယ်ပါနည်း”ဟု လျှောက်၏။ “ပုဏ္ဏား အနံ့မကောင်းသော အကုသိုလ်တရားကို ဆောက်တည်၍ သူတစ်ပါးတို့ကို တောင်းတတ်ကာမျှဖြင့် ‘ဘိက္ခက’ မမည်၊ တောင်းစားတတ်၍ ‘ဘိက္ခု’အမည် ခံသူ ရှိသမျှသည်လည်း တောင်းတတ်ကာမျှဖြင့် ‘ဘိက္ခု’မည်သည် မဟုတ်။ ဤလောက၌ အကြင်သူသည် ကောင်းမှုကိုလည်းကောင်း၊ မကောင်းမှုကိုလည်းကောင်း ပယ်၍ မြတ်သောအကျင့်ကို ပညာဖြင့် ဆင်ခြင်လျက် ကျင့်၏။ ထိုသူ့ကိုသာ စင်စစ် ‘ဘိက္ခု’ဟူ၍ ဆိုအပ်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည် ရှိသော် ဘိက္ခကအမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.20 2. Lay Followers An Almsman At Sāvatthī. Then a brahmin almsman went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha, “Worthy Gotama, both you and I are almsmen. What, then, is the difference between us?” “You don’t become an almsman just by begging alms from others. One who has undertaken domestic duties has not yet become a mendicant. But one living a spiritual life who has banished both merit and evil, and wanders having appraised the world, is said to be a mendicant.” When he had spoken, the brahmin almsman said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၁၁။ သင်္ဂါရဝသုတ္တံ

၂၀၇။ သာဝတ္ထိနိဒါနံ။ တေန ခေါ ပန သမယေန သင်္ဂါရဝေါ နာမ ဗြာဟ္မဏော သာဝတ္ထိယံ ပဋိဝသတိ ဥဒကသုဒ္ဓိကော, ဥဒကေန ပရိသုဒ္ဓိံ ပစ္စေတိ, သာယံ ပါတံ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရတိ။ အထ ခေါ အာယသ္မာ အာနန္ဒော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ, ဘန္တေ, သင်္ဂါရဝေါ နာမ ဗြာဟ္မဏော သာဝတ္ထိယံ ပဋိဝသတိ ဥဒကသုဒ္ဓိကော, ဥဒကေန သုဒ္ဓိံ ပစ္စေတိ, သာယံ ပါတံ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရတိ။ သာဓု, ဘန္တေ, ဘဂဝါ ယေန သင်္ဂါရဝဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။

အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန သင်္ဂါရဝဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ သင်္ဂါရဝေါ ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ သင်္ဂါရဝံ ဗြာဟ္မဏံ ဘဂဝါ ဧတဒဝေါစ – ‘‘သစ္စံ ကိရ တွံ, ဗြာဟ္မဏ, ဥဒကသုဒ္ဓိကော, ဥဒကေန သုဒ္ဓိံ ပစ္စေသိ, သာယံ ပါတံ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရသီ’’တိ? ‘‘ဧဝံ, ဘော ဂေါတမ’’။ ‘‘ကိံ ပန တွံ, ဗြာဟ္မဏ, အတ္ထဝသံ သမ္ပဿမာနော ဥဒကသုဒ္ဓိကော, ဥဒကသုဒ္ဓိံ ပစ္စေသိ, သာယံ ပါတံ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရသီ’’တိ? ‘‘ဣဓ မေ, ဘော ဂေါတမ [ဣဓ မေ ဘော ဂေါတမ အဟံ (ပီ။ က။)], ယံ ဒိဝါ ပါပကမ္မံ ကတံ ဟောတိ, တံ သာယံ နှာနေန [နဟာနေန (သီ။ သျာ။ ကံ။ ပီ။)] ပဝါဟေမိ, ယံ ရတ္တိံ ပါပကမ္မံ ကတံ ဟောတိ တံ ပါတံ နှာနေန ပဝါဟေမိ။ ဣမံ ခွါဟံ, ဘော ဂေါတမ, အတ္ထဝသံ သမ္ပဿမာနော ဥဒကသုဒ္ဓိကော, ဥဒကေန သုဒ္ဓိံ ပစ္စေမိ, သာယံ ပါတံ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရာမီ’’တိ။

‘‘ဓမ္မော ရဟဒေါ ဗြာဟ္မဏ သီလတိတ္ထော,

အနာဝိလော သဗ္ဘိ သတံ ပသတ္ထော၊

ယတ္ထ ဟဝေ ဝေဒဂုနော သိနာတာ,

အနလ္လဂတ္တာဝ [အနလ္လီနဂတ္တာဝ (က။)] တရန္တိ ပါရ’’န္တိ။

ဧဝံ ဝုတ္တေ, သင်္ဂါရဝေါ ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ…ပေ… ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

၁၁-သင်္ဂါရဝသုတ် ၂၀၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သင်္ဂါရဝမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက် အားထုတ်မှုကို အားထုတ်သည်ဖြစ်၍ နေ၏၊ ထိုအခါ၌ အသျှင်အာနန္ဒာသည် နံနက်အခါ သင်္ကန်းကို ပြင် ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့် လည်၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား သင်္ဂါရဝမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေပါ၏၊ ရေဖြင့် စင်ကြယ်၏ဟု အယူ ရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်ပါ၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက် အားထုတ်မှုကို အားထုတ်သည်ဖြစ်၍ နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားသမှု အကြောင်း ပြု၍ သင်္ဂါရဝပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်တော်မူပါလော့”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူ ပြီးလျှင် သင်္ဂါရဝပုဏ္ဏား၏ အိမ်သို့ ချဥ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သင်္ဂါရဝပုဏ္ဏားအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- “ပုဏ္ဏား သင်သည် ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည် ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ်သည် ဖြစ်၍ နေ၏ဟူသည် မှန် သလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤအတိုင်း မှန်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား သင်သည် အဘယ်အကျိုးထူးကို မြင်သည်ဖြစ်၍ ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်သနည်း၊ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ် လျက် နေသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် အကြင်မကောင်းမှုကို နေ့အခါ၌ ပြုမိအံ့၊ ထိုမကောင်းမှုကို ညဥ့်အခါ၌ ရေချိုးခြင်းဖြင့် မျှော၏။ ညဥ့်အခါ၌ အကြင်မကောင်းမှုကို ပြုမိအံ့၊ ထိုမကောင်းမှုကို နံနက်အခါ၌ ရေချိုးခြင်းဖြင့် မျှော၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် ဤအကျိုးထူးကို မြင်သောကြောင့် ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်ပါ၏၊ ယခု အခါ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ်သည် ဖြစ်၍ နေပါ၏ဟု လျှောက်၏- “ပုဏ္ဏား (အဋ္ဌင်္ဂိကမဂ်) တရားသည် ထုံးအိုင်သဖွယ် ဖြစ်၏၊ သီလဟူသော ရေချိုးဆိပ် ရှိ၏၊ မနောက်ကျု၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့အား ချီးမွမ်းအပ်၏၊ အကြင်ထုံးအိုင်၌ စင်စစ် ဉာဏ်၏ အဆုံးသို့ ရောက်ကြသူ (ရဟန္တာ ပုဂ္ဂိုလ်)တို့သည် ရေချိုးကုန်၏၊ ထိုထုံးအိုင်၌ မစွတ်သော ကိုယ်ရှိကုန်သည် ဖြစ်၍ သာလျှင် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးကုန်၏”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

Linked Discourses 7.21 2. Lay Followers With Saṅgārava At Sāvatthī. Now at that time there was a brahmin named Saṅgārava staying in Sāvatthī. He practiced purification by water, believing in purification by water. He lived committed to the practice of immersing himself in water at daybreak and dusk. Then Venerable Ānanda robed up in the morning and, taking his bowl and robe, entered Sāvatthī for alms. He wandered for alms in Sāvatthī. After the meal, on his return from almsround, he went to the Buddha, bowed, sat down to one side, and said to him, “Sir, there is a brahmin named Saṅgārava staying in Sāvatthī. He practices purification by water, believing in purification by water. He lives devoted to ritual bathing at daybreak and dusk. Please visit him at his home out of sympathy.” The Buddha consented with silence. Then the Buddha robed up in the morning and, taking his bowl and robe, went to the home of the brahmin Saṅgārava, and sat down on the seat spread out. Then the brahmin Saṅgārava went up to the Buddha, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. The Buddha said to him, “Is it really true, brahmin, that you practice purification by water, believing in purification by water; that you live committed to the practice of immersing yourself in water at daybreak and dusk?” “Yes, worthy Gotama.” “But brahmin, for what reason do you practice purification by water?” “It’s because, Worthy Gotama, whatever bad deeds I’ve done during the day I rinse off by bathing at dusk; and whatever bad deeds I’ve done during the night, I rinse off by bathing at dawn. That’s the reason why I practice purification by water.” “The teaching is a lake, brahmin, <j>into which ethics are the stairs, unclouded, praised by the fine to the good. There the knowledge masters go to bathe, and cross to the far shore with dry limbs.” When he had spoken, Saṅgārava said to the Buddha, “Excellent, worthy Gotama! Excellent! … From this day forth, may the worthy Gotama remember me as a lay follower who has gone for refuge for life.”

၁၂။ ခေါမဒုဿသုတ္တံ

၂၀၈။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ခေါမဒုဿံ နာမံ သကျာနံ နိဂမော။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ခေါမဒုဿံ နိဂမံ ပိဏ္ဍာယ ပါဝိသိ။ တေန ခေါ ပန သမယေန ခေါမဒုဿကာ ဗြာဟ္မဏဂဟပတိကာ သဘာယံ သန္နိပတိတာ ဟောန္တိ ကေနစိဒေဝ ကရဏီယေန, ဒေဝေါ စ ဧကမေကံ ဖုသာယတိ။ အထ ခေါ ဘဂဝါ ယေန သာ သဘာ တေနုပသင်္ကမိ။ အဒ္ဒသံသု ခေါမဒုဿကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဧတဒဝေါစုံ – ‘‘ကေ စ မုဏ္ဍကာ သမဏကာ, ကေ စ သဘာဓမ္မံ ဇာနိဿန္တီ’’တိ? အထ ခေါ ဘဂဝါ ခေါမဒုဿကေ ဗြာဟ္မဏဂဟပတိကေ ဂါထာယ အဇ္ဈဘာသိ –

‘‘နေသာ သဘာ ယတ္ထ န သန္တိ သန္တော,

သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ,

ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’တိ။

ဧဝံ ဝုတ္တေ, ခေါမဒုဿကာ ဗြာဟ္မဏဂဟပတိကာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ၊ သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ, ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧတေ မယံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကေ နော ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတေ သရဏံ ဂတေ’’တိ။

ဥပါသကဝဂ္ဂေါ ဒုတိယော။

တဿုဒ္ဒါနံ –

ကသိ ဥဒယော ဒေဝဟိတော, အညတရမဟာသာလံ၊

မာနထဒ္ဓံ ပစ္စနီကံ, နဝကမ္မိကကဋ္ဌဟာရံ၊

မာတုပေါသကံ ဘိက္ခကော, သင်္ဂါရဝေါ စ ခေါမဒုဿေန ဒွါဒသာတိ။

ဗြာဟ္မဏသံယုတ္တံ သမတ္တံ။

၁၂-ခေါမဒုဿသုတ် ၂၀၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ခေါမဒုဿမည်သော သာကီဝင်တို့၏ နိဂုံး၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင် ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ခေါမဒုဿနိဂုံးသို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ၌ ခေါမဒုဿ နိဂုံး၌ နေကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့သည် စည်းဝေးရာသဘင်၌ တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စကြောင့် စုဝေးကုန်၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ မြတ်စွာဘုရားသည် စည်းဝေး ရာသို့ ချဥ်းကပ်တော်မူ၏၊ ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်ကြကုန်လျှင် “ဦးပြည်း ရဟန်းယုတ်တို့သည်ကား အဘယ်တို့နည်း၊ အဘယ် ဦးပြည်းရဟန်းယုတ်တို့သည် အစည်းအဝေး၌ ကျင့်ဝတ်တရားကို သိနိုင်ကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို ဂါထာဖြင့် ရွတ်ဆို ဟော ကြား၏- “အကြင်အစည်းအဝေး၌ သူတော်ကောင်းတို့သည် မရှိကုန်၊ ဤအစည်းအဝေး သည် သဘင် မမည်။ အကြင်သူတို့သည် တရားကို မပြောဆိုတတ်ကုန်၊ ထိုသူတို့ သည် သူတော်ကောင်း မမည်ကုန်။ တပ်မက်မှု “ရာဂ”ကိုလည်းကောင်း၊ အမျက် ထွက်မှု ‘ဒေါသ’ကိုလည်းကောင်း၊ တွေဝေမှု ‘မောဟ’ကိုလည်းကောင်း ပယ်၍ တရား ကို ဟောပြောတတ်သူတို့သာ သူတော်ကောင်း ဖြစ်ကုန်၏”ဟု ဟောတော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရား အား ဤစကားကို လျှောက်ကြကုန်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွ တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ ဥပမာ သော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ် ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ဘိ သကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါ၏။ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော် ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာတို့ ဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်ကုန်၏)။ နှစ်ခုမြောက် ဥပါသကဝဂ် ပြီး၏။ ဗြာဟ္မဏသံယုတ် ပြီး၏။

Linked Discourses 7.22 2. Lay Followers At Khomadussa So I have heard. At one time the Buddha was staying in the land of the Sakyans, where they have a town named Khomadussa. Then the Buddha robed up in the morning and, taking his bowl and robe, entered Khomadussa for alms. Now at that time the brahmins and householders of Khomadussa were gathered in the council hall for some business, while a gentle rain drizzled down. Then the Buddha approached that council. The brahmins and householders saw the Buddha coming off in the distance, and said, “Who are these shavelings, these fake ascetics? Don’t they understand the council rules?” Then the Buddha addressed the brahmins and householders of Khomadussa in verse: “If good people are not present it is no true council; and those whose speak against principle <j>are not good people. Having given up greed, hate, and delusion, speakers of principle are good people.” When he had spoken, the brahmins and householders of Khomadussa said to the Buddha, “Excellent, worthy Gotama! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, worthy Gotama has made the teaching clear in many ways. We go for refuge to the worthy Gotama, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Gotama remember us as lay followers who have gone for refuge for life.” The Linked Discourses with Brahmins are complete.

စာ-၁၈၇

၈။ ဝင်္ဂီသသံယုတ္တံ

၁။ နိက္ခန္တသုတ္တံ

၂၀၉။ ဧဝံ မေ သုတံ – ဧကံ သမယံ အာယသ္မာ ဝင်္ဂီသော အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ အာယသ္မတာ နိဂြောဓကပ္ပေန ဥပဇ္ဈာယေန သဒ္ဓိံ။ တေန ခေါ ပန သမယေန အာယသ္မာ ဝင်္ဂီသော နဝကော ဟောတိ အစိရပဗ္ဗဇိတော ဩဟိယျကော ဝိဟာရပါလော။ အထ ခေါ သမ္ဗဟုလာ ဣတ္ထိယော သမလင်္ကရိတွာ ယေန အဂ္ဂါဠဝကော အာရာမော တေနုပသင်္ကမိံသု ဝိဟာရပေက္ခိကာယော။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ တာ ဣတ္ထိယော ဒိသွာ အနဘိရတိ ဥပ္ပဇ္ဇတိ, ရာဂေါ စိတ္တံ အနုဒ္ဓံသေတိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အလာဘာ ဝတ မေ, န ဝတ မေ လာဘာ၊ ဒုလ္လဒ္ဓံ ဝတ မေ, န ဝတ မေ သုလဒ္ဓံ၊ ယဿ မေ အနဘိရတိ ဥပ္ပန္နာ, ရာဂေါ စိတ္တံ အနုဒ္ဓံသေတိ, တံ ကုတေတ္ထ လဗ္ဘာ, ယံ မေ ပရော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေယျ။ ယံနူနာဟံ အတ္တနာဝ အတ္တနော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေယျ’’န္တိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အတ္တနာဝ အတ္တနော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘နိက္ခန္တံ ဝတ မံ သန္တံ, အဂါရသ္မာနဂါရိယံ၊

ဝိတက္ကာ ဥပဓာဝန္တိ, ပဂဗ္ဘာ ကဏှတော ဣမေ။

‘‘ဥဂ္ဂပုတ္တာ မဟိဿာသာ, သိက္ခိတာ ဒဠှဓမ္မိနော၊

သမန္တာ ပရိကိရေယျုံ, သဟဿံ အပလာယိနံ။

‘‘သစေပိ ဧတတော [ဧတ္တတော (သီ။ ပီ။ က။), ဧတ္တကာ (သျာ။ ကံ။)] ဘိယျော, အာဂမိဿန္တိ ဣတ္ထိယော၊

နေဝ မံ ဗျာဓယိဿန္တိ [ဗျာထယိဿန္တိ (?)], ဓမ္မေ သမှိ ပတိဋ္ဌိတံ။

‘‘သက္ခီ ဟိ မေ သုတံ ဧတံ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊

နိဗ္ဗာနဂမနံ မဂ္ဂံ, တတ္ထ မေ နိရတော မနော။

‘‘ဧဝဉ္စေ မံ ဝိဟရန္တံ, ပါပိမ ဥပဂစ္ဆသိ၊

တထာ မစ္စု ကရိဿာမိ, န မေ မဂ္ဂမ္ပိ ဒက္ခသီ’’တိ။

၈-ဝင်္ဂီသသံယုတ် ၁-နိက္ခန္တသုတ် ၂၀၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပမည်သော ဥပဇ္ဈာယ်ဆရာနှင့်အတူ နေ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ သည် ရဟန်းပြု၍ မကြာသေးသည် ဖြစ်ရကား ကျောင်းစောင့် နေရစ်ခဲ့ရသော ရဟန်းငယ် ဖြစ်၏၊ ထိုအခါ များစွာသော မိန်းမတို့သည် အထိုက်အလျောက်သော တန်ဆာဖြင့် ဆင်ယင်ကုန်၍ အဂ္ဂါဠဝစေတီကျောင်း သို့ ကျောင်းကြည့် လာကြကုန်၏၊ ထိုအခါ ဝင်္ဂီသသည် ထိုမိန်းမတို့ကို မြင်သောကြောင့် မမွေ့လျော်ခြင်း ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏ - “အကြင်ငါ့အား မမွေ့လျော်သည် ဖြစ်၍ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုငါ့အား အရ မတော်စွတကား၊ ငါ့အား ကောင်းစွာ ရခြင်း မဖြစ်လေစွတကား၊ ငါ့အား ရဟန်းအဖြစ်ကို မကောင်း သဖြင့် ရခြင်း ဖြစ်လေစွတကား၊ ငါ့အား ရဟန်းအဖြစ်ကို ကောင်းစွာ ရခြင်း မဖြစ်လေစွတကား၊ ဤရာဂ ဖြစ်ပေါ်လာရာ၌ ငါ့အား မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေနိုင်ရာသော တစ်ပါးသူကို အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ငါသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်း ကို ဖြစ်စေနိုင်ရမူကား ကောင်းလေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ကိုယ်တိုင် ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေပြီးသော် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏- “လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ငြိမ်သက်နေသော ငါ့ကို ကာမ ဝိတတ်တို့သည် ပြေးဝင်လာကုန်ပြီတကား။ ဤခက်ထန် , ကြမ်းကြုတ်မှုတို့သည် မည်းနက်သော မာရ်၏ အသင်းအပင်းမှ ပြေးဝင်လာကုန်ပြီတကား။ သင်ပြီးသော လေးအတတ်ရှိကုန်သော ခိုင်ခံ့သောလေးကို စွဲကိုင်ကုန်သော လေး သမားကြီး ဖြစ်ကုန်သော မပြေးတတ်ကုန်သော တစ်ထောင်မျှသော ထင်ရှားသော မင်းသားတို့သည် ထက်ဝန်းကျင်မှ ဝိုင်းအုံပစ်ကြကုန်၏။ ဤမျှ လေးသည်တော် တစ်ထောင်ထက် သာလွန်၍ (ရူပါရုံစသော မြားငါးစင်းတို့ကို တစ်ပြိုင်နက် ပစ်ခြင်းငှါ စွမ်းနိုင်ကုန်သော) မိန်းမတို့သည် အကယ်၍ လာ ကုန်အံ့၊ (ဤသို့ လာကုန်သော်လည်း) မိမိတရား၌ တည်နေသော ငါ့ကို တုန်လှုပ် စေခြင်းငှါ မစွမ်းနိုင်ကုန်လတ္တံ့။ ထိုစကား မှန်၏။ ငါသည် နိဗ္ဗာန်ကို ရကြောင်း ဝိပဿနာကို နေမင်း၏ အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား၏ (မျက်မှောက်တော်မှ) ဤသို့ ကြားနာဖူး၏၊ ထို နိဗ္ဗာန်ကို ရကြောင်း ဖြစ်သော ဝိပဿနာ၌ ငါ၏ စိတ်သည် မွေ့လျော်ခြင်း ရှိ၏။ ဟယ် ကိလေသာယုတ် ဤသို့ နေသော ငါ့ကို အကယ်၍ ကပ်လာငြားအံ့၊ ဤသို့ ကပ်လာသည်ရှိသော် ဟယ် သေစေတတ်သော ကိလေသာယုတ် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ငါ၏ သွားရာလမ်းကို သင် မမြင်ရလတ္တံ့၊ ထိုအခြင်းအရာဖြင့် ငါ ပြုလုပ်အံ့”ဟု (ရွတ်ဆို၏)။

Linked Discourses 8.1 1. With Vaṅgīsa Renounced So I have heard. At one time Venerable Vaṅgīsa was staying near Āḷavī, at Āḷavī’s premier shrine, together with his mentor, Venerable Nigrodhakappa. Now at that time Vaṅgīsa was junior, recently gone forth. He had been left behind to look after the dwelling. Then several women dressed in all their finery went to the monastery at Āḷavī’s premier shrine in order to inspect the dwelling. When Vaṅgīsa saw them he became dissatisfied, with lust infecting his mind. Then he thought, “It’s my loss, my misfortune, that I’ve become dissatisfied, with lust infecting my mind. How is it possible for someone else to dispel my discontent and give rise to satisfaction? Why don’t I do it myself?” Then, on the occasion of dispelling his own discontent and giving rise to satisfaction, he recited these verses: “Now that I’ve renounced the lay life for homelessness, I’m overrun by the rude thoughts of the Dark One. Even if a thousand warrior chiefs and great archers, well trained, with strong bows, were to completely surround me; I would never flee. And even if women come, many more than that, they won’t bother me, for I stand firm in the teaching. I heard with my own ears from the Buddha, Kinsman of the Sun, about the path going to extinguishment; that’s what delights my mind. Wicked One, if you come near me as I meditate like this, I’ll make sure that you, Death, won’t even see the path I take.”

စာ-၁၈၈

၂။ အရတိသုတ္တံ

၂၁၀။ ဧကံ သမယံ…ပေ… အာယသ္မာ ဝင်္ဂီသော အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ အာယသ္မတာ နိဂြောဓကပ္ပေန ဥပဇ္ဈာယေန သဒ္ဓိံ။ တေန ခေါ ပန သမယေန အာယသ္မာ နိဂြောဓကပ္ပေါ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ဝိဟာရံ ပဝိသတိ, သာယံ ဝါ နိက္ခမတိ အပရဇ္ဇု ဝါ ကာလေ။ တေန ခေါ ပန သမယေန အာယသ္မတော ဝင်္ဂီသဿ အနဘိရတိ ဥပ္ပန္နာ ဟောတိ, ရာဂေါ စိတ္တံ အနုဒ္ဓံသေတိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အလာဘာ ဝတ မေ, န ဝတ မေ လာဘာ၊ ဒုလ္လဒ္ဓံ ဝတ မေ, န ဝတ မေ သုလဒ္ဓံ၊ ယဿ မေ အနဘိရတိ ဥပ္ပန္နာ, ရာဂေါ စိတ္တံ အနုဒ္ဓံသေတိ၊ တံ ကုတေတ္ထ လဗ္ဘာ, ယံ မေ ပရော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေယျ။ ယံနူနာဟံ အတ္တနာဝ အတ္တနော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေယျ’’န္တိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အတ္တနာဝ အတ္တနော အနဘိရတိံ ဝိနောဒေတွာ အဘိရတိံ ဥပ္ပါဒေတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘အရတိဉ္စ ရတိဉ္စ ပဟာယ, သဗ္ဗသော ဂေဟသိတဉ္စ ဝိတက္ကံ၊

ဝနထံ န ကရေယျ ကုဟိဉ္စိ, နိဗ္ဗနထော အရတော သ ဟိ ဘိက္ခု [သ ဘိက္ခု (က။)]။

‘‘ယမိဓ ပထဝိဉ္စ ဝေဟာသံ, ရူပဂတဉ္စ ဇဂတောဂဓံ၊

ကိဉ္စိ ပရိဇီယတိ သဗ္ဗမနိစ္စံ, ဧဝံ သမေစ္စ စရန္တိ မုတတ္တာ။

‘‘ဥပဓီသု ဇနာ ဂဓိတာသေ [ဂထိတာသေ (သီ။)], ဒိဋ္ဌသုတေ ပဋိဃေ စ မုတေ စ၊

ဧတ္ထ ဝိနောဒယ ဆန္ဒမနေဇော, ယော ဧတ္ထ န လိမ္ပတိ တံ မုနိမာဟု။

‘‘အထ သဋ္ဌိနိဿိတာ သဝိတက္ကာ, ပုထူ ဇနတာယ အဓမ္မာ နိဝိဋ္ဌာ၊

န စ ဝဂ္ဂဂတဿ ကုဟိဉ္စိ, နော ပန ဒုဋ္ဌုလ္လဘာဏီ သ ဘိက္ခု။

‘‘ဒဗ္ဗော စိရရတ္တသမာဟိတော, အကုဟကော နိပကော အပိဟာလု၊

သန္တံ ပဒံ အဇ္ဈဂမာ မုနိ ပဋိစ္စ, ပရိနိဗ္ဗုတော ကင်္ခတိ ကာလ’’န္တိ။

၂-အရတီသုတ် ၂၁၀။ အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပ မည်သော ဥပဇ္ဈာယ်ဆရာနှင့် အတူနေ၏၊ ထိုအခါ အသျှင်နိဂြောဓကပ္ပသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာ မှ ဖဲခဲ့၍ ကျောင်းသို့ ဝင်၏။ ညချမ်း၌လည်းကောင်း၊ နောက်တစ်နေ့၌လည်းကောင်း ကျောင်းမှ ထွက်၏။ ထိုအခါ အသျှင်ဝင်္ဂီသအား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤသို့ အကြံ ဖြစ်၏ - “အကြင်ငါ့အား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုငါ့အား (လူ၏အဖြစ်ကို) အရမတော်စွတကား၊ ငါ့အား (လူ၏ အဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ရလေစွ တကား၊ ငါ့အား (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်း ဖြစ်လေစွတကား၊ ငါ့အား (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ရလေစွတကား၊ ဤရာဂဖြစ်ပေါ်လာ ရာ၌ ငါ့အား မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေနိုင်ရာသော တစ်ပါးသူကို အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ငါသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေ နိုင်ရမူကား ကောင်းလေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေပြီးသော် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏- အကြင် ပုဂ္ဂိုလ်သည် (သာသနာတော်၌) မမွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမ ဂုဏ် ငါးပါးတို့၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမဂုဏ် ငါးပါးဟု ဆိုအပ်သော အိမ်၌ မှီသော ကြံစည်ခြင်း ‘ဝိတက်’ ကိုလည်းကောင်း အချင်းခပ်သိမ်း ပယ်၍ တစ်စုံ တစ်ခုသော အာရုံ၌ ကိလေသာတောအုပ်ကြီးကို မပြုရာ။ ကိလေသာတည်းဟူသော တောအုပ်ကြီး မရှိသော တဏှာဟူသော မွေ့လျော်ခြင်းမှ ကင်းသော ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏၊ ဤလောကဝယ် မြေ၌ တည်သော အကြင်ရူပါရုံသည်လည်းကောင်း၊ ကောင်းကင်၌ တည်သော အကြင်ရူပါရုံသည်လည်းကောင်း၊ မြေအောက်၌ ဖြစ်သော အကြင်ရူပါရုံ သည်လည်းကောင်း ရှိ၏။ ထိုရူပါရုံအားလုံးသည် ဆွေးမြေ့သည် ဖြစ်၍ မမြဲ၊ အတ္တဘောကို သိသော (သူတော်ကောင်းတို့သည်) ဤသို့ ဉာဏ်ဖြင့် သက်ဝင်လျက် နေကြကုန်၏။ လူတို့သည် တည်ရာ ‘ဥပဓိ’တို့၌လည်းကောင်း မြင်အပ် ကြားအပ်သော အာရုံ၌လည်းကောင်း၊ နမ်းအပ် လျက်အပ်သော အာရုံ၌လည်းကောင်း၊ တွေ့ထိအပ်သော အာရုံ၌လည်းကောင်း မက်မောကုန်၏။ အကြင်ပုဂ္ဂိုလ်သည် ဤဥပဓိတို့၌ အလို ‘ဆန္ဒ’ကို ပယ်ဖျောက်၍ တဏှာ မရှိသူ ဖြစ်၏၊ ဤဥပဓိတို့၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မကပ်ငြိ၊ ထိုပုဂ္ဂိုလ်ကို မုနိ မည်၏ဟူ၍ ဆိုကုန်၏။ များစွာကုန်သော ကြံစည်မှု အဓမ္မဝိတက်ခြောက်ပါးတို့သည် အာရုံခြောက်ပါးကို မှီကုန်လျက် လူအပေါင်း၌ သက်ဝင်၍ တည်ကုန်၏၊ အကြင်ပုဂ္ဂိုလ်သည်ကား တစ်စုံ တစ်ရာ၌ ကိလေသာအသင်းအပင်းတို့ ဝင်ရောက်သူ မဖြစ်ရာ၊ ရုန့်ရင်းသောစကား ကို ဆိုသူ မဖြစ်ရာ၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏။ ပညာရှိသော၊ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ကြည်သော စိတ်ရှိသော၊ ဟန်ဆောင်မှု မရှိသော၊ ရင့်ကျက်သော ပညာရှိသော၊ တပ်မက်ခြင်း ‘တဏှာ’လည်း ကင်းသော ထိုရဟန်းသည် ငြိမ်းချမ်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရောက် ပြီ၊ ပရိနိဗ္ဗာန်ပြုရန် အခါကို ငံ့လင့်နေ၏”ဟု (ရွတ်ဆို၏)။

Linked Discourses 8.2 1. With Vaṅgīsa Dissatisfaction At one time Venerable Vaṅgīsa was staying near Āḷavī, at Āḷavī’s premier shrine, together with his mentor, Venerable Nigrodhakappa. Now at that time after Venerable Nigrodhakappa had finished his meal, on his return from almsround, he would enter his dwelling and not emerge for the rest of that day, or the next. And at that time Venerable Vaṅgīsa became dissatisfied, as lust infected his mind. Then he thought, “It’s my loss, my misfortune, that I’ve become dissatisfied, with lust infecting my mind. How is it possible for someone else to dispel my discontent and give rise to satisfaction? Why don’t I do it myself?” Then, on the occasion of dispelling his own discontent and giving rise to satisfaction, he recited these verses: “Giving up desire and discontent, along with all thoughts of domestic life, they wouldn’t get snarled in anything; unsnarled, undesiring: that’s a real mendicant. Whatever here is included in form— on earth, in the sky, or in planet’s deep— wears out, it is all impermanent: the self-examined live having comprehended this. People are bound to their attachments, to impingement of the seen and heard, <j>and to what is thought. Unstirred, dispel desire for these things; for one called ‘a sage’ does not cling to them. Trapped in the sixty wrong views, <j>full of their own opinions, ordinary people are fixed in wrong principles. But that mendicant wouldn’t join a sect, still less would they utter lewd speech. Proficient, long serene, free of deceit, alert, without envy, the sage has reached the state of peace; quenched, he awaits his time.”

၃။ ပေသလသုတ္တံ

၂၁၁။ ဧကံ သမယံ အာယသ္မာ ဝင်္ဂီသော အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ အာယသ္မတာ နိဂြောဓကပ္ပေန ဥပဇ္ဈာယေန သဒ္ဓိံ။ တေန ခေါ ပန သမယေန အာယသ္မာ ဝင်္ဂီသော အတ္တနော ပဋိဘာနေန အညေ ပေသလေ ဘိက္ခူ အတိမညတိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အလာဘာ ဝတ မေ, န ဝတ မေ လာဘာ၊ ဒုလ္လဒ္ဓံ ဝတ မေ, န ဝတ မေ သုလဒ္ဓံ၊ ယွာဟံ အတ္တနော ပဋိဘာနေန အညေ ပေသလေ ဘိက္ခူ အတိမညာမီ’’တိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အတ္တနာဝ အတ္တနော ဝိပ္ပဋိသာရံ ဥပ္ပါဒေတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘မာနံ ပဇဟဿု ဂေါတမ, မာနပထဉ္စ ပဇဟဿု၊

အသေသံ မာနပထသ္မိံ, သမုစ္ဆိတော ဝိပ္ပဋိသာရီဟုဝါ စိရရတ္တံ။

‘‘မက္ခေန မက္ခိတာ ပဇာ, မာနဟတာ နိရယံ ပပတန္တိ၊

သောစန္တိ ဇနာ စိရရတ္တံ, မာနဟတာ နိရယံ ဥပပန္နာ။

‘‘န ဟိ သောစတိ ဘိက္ခု ကဒါစိ, မဂ္ဂဇိနော သမ္မာပဋိပန္နော၊

ကိတ္တိဉ္စ သုခဉ္စ အနုဘောတိ, ဓမ္မဒသောတိ တမာဟု ပဟိတတ္တံ။

‘‘တသ္မာ အခိလောဓ ပဓာနဝါ, နီဝရဏာနိ ပဟာယ ဝိသုဒ္ဓေါ၊

မာနဉ္စ ပဟာယ အသေသံ, ဝိဇ္ဇာယန္တကရော သမိတာဝီ’’တိ။

၃-ပေသလသုတ် ၂၁၁။ အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပ မည်သော ဥပဇ္ဈာယ်ဆရာနှင့် အတူနေ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မိမိ၏ စာပေပဋိဘာန်,ဉာဏ်ပညာဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထေမဲ့မြင် ပြု၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား “ငါသည် မိမိ၏ စာပေပဋိဘာန်,ဉာဏ်ပညာဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထေမဲ့မြင် ပြုမိ၏၊ ငါ့အား (လူ၏ အဖြစ်ကို) အရမတော်စွတကား၊ ငါ့အား (လူ၏ အဖြစ်ကို) ရခြင်း မဖြစ်လေစွတကား၊ ငါ့အား (ရဟန်း၏ အဖြစ်ကို) မကောင်းသဖြင့် ရလေစွတကား၊ ငါ့အား (ရဟန်း၏ အဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်လေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါအသျှင်ဝင်္ဂီသသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ နှလုံး မသာယာခြင်းကို ဖြစ်စေရကား ထိုအချိန်၌ ဤ ဂါထာတို့ကို ရွတ်ဆို၏- “ဂေါတမနွယ်ဖြစ်သော ဟယ် ဝင်္ဂီသ မာနကို ပယ်ဘိလော့၊ မာန၏ သွားရာ ခရီးကိုလည်း အကြွင်းမဲ့ ပယ်လော့၊ မာန၏ သွားရာ ခရီး၌ တွေဝေသည် ဖြစ်၍ ရှည်စွာသော ကာလပတ်လုံး နှလုံးမသာမယာ ဖြစ်ရပြီ။ ကျေးဇူးကို ချေဖျက်ခြင်းဖြင့် ချေဖျက်ကုန်သော သတ္တဝါတို့သည် မာနနှိပ်စက်အပ် ကုန်သည် ဖြစ်၍ ငရဲသို့ ကျရကုန်၏၊ မာနနှိပ်စက်အပ်ကုန်သည် ဖြစ်၍ ငရဲ၌ ဖြစ်ရကုန်သော သတ္တဝါတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ရကုန်၏။ မဂ်ဖြင့် (ကိလေသာကို) အောင်ပြီးသော ကောင်းစွာ ကျင့်သော ရဟန်းသည် တစ်ရံတစ်ဆစ်မျှ မစိုးရိမ်ရ။ ကျော်စောခြင်းကိုလည်းကောင်း၊ ချမ်းသာခြင်းကိုလည်းကောင်း ခံစားရ၏။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသော ထိုပုဂ္ဂိုလ်ကို ‘တရားကို မြင်သူ’ဟု ဆိုအပ်၏။ ထို့ကြောင့် ဤသာသနာတော်၌ (ဒေါသတည်းဟူသော) ငြောင့်တံသင်း ကင်းသော ဝီရိယနှင့် ပြည့်စုံသော စင်ကြယ်သော ပုဂ္ဂိုလ်သည် အပိတ်အပင် ‘နီဝရဏ’တို့ကို ပယ်၍ မာနကိုလည်း အကြွင်းမဲ့ ပယ်ကာ ငြိမ်းပြီးဖြစ်ရကား အသိဉာဏ်မဂ်ဝိဇ္ဇာဖြင့် (ကိလေသာတို့၏) အဆုံးကို ပြု၏”ဟု ရွတ်ဆို၏။

Linked Discourses 8.3 1. With Vaṅgīsa Good-Hearted At one time Venerable Vaṅgīsa was staying near Āḷavī, at Āḷavī’s premier shrine, together with his mentor, Venerable Nigrodhakappa. Now at that time Venerable Vaṅgīsa looked down upon other good-hearted mendicants because of his own eloquence. Then he thought, “It’s my loss, my misfortune, that I look down on other good-hearted mendicants because of my own eloquence.” Then, on the occasion of arousing remorse in himself, he recited these verses: “Give up conceit, Gotama! Completely abandon the different kinds of conceit! Besotted with the different kinds of conceit, you’ve had regrets for a long time. Smeared by smears and slain by conceit, people fall into hell. When people slain by conceit are reborn in hell, they grieve for a long time. But a mendicant who practices rightly, a path-victor, never grieves. They enjoy happiness and a good reputation, and they rightly call him a ‘Seer of Truth’. So being not hard-hearted, but energetic, with hindrances given up, pure; and having completely given up conceit, the one who makes an end with knowledge is assuaged.”

၄။ အာနန္ဒသုတ္တံ

၂၁၂။ ဧကံ သမယံ အာယသ္မာ အာနန္ဒော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အာယသ္မာ အာနန္ဒော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ အာယသ္မတာ ဝင်္ဂီသေန ပစ္ဆာသမဏေန။ တေန ခေါ ပန သမယေန အာယသ္မတော ဝင်္ဂီသဿ အနဘိရတိ ဥပ္ပန္နာ ဟောတိ, ရာဂေါ စိတ္တံ အနုဒ္ဓံသေတိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အာယသ္မန္တံ အာနန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကာမရာဂေန ဍယှာမိ, စိတ္တံ မေ ပရိဍယှတိ၊

သာဓု နိဗ္ဗာပနံ ဗြူဟိ, အနုကမ္ပာယ ဂေါတမာ’’တိ။

‘‘သညာယ ဝိပရိယေသာ, စိတ္တံ တေ ပရိဍယှတိ၊

နိမိတ္တံ ပရိဝဇ္ဇေဟိ, သုဘံ ရာဂူပသံဟိတံ။

‘‘သင်္ခါရေ ပရတော ပဿ, ဒုက္ခတော မာ စ အတ္တတော၊

နိဗ္ဗာပေဟိ မဟာရာဂံ, မာ ဍယှိတ္ထော ပုနပ္ပုနံ။

‘‘အသုဘာယ စိတ္တံ ဘာဝေဟိ, ဧကဂ္ဂံ သုသမာဟိတံ၊

သတိ ကာယဂတာ တျတ္ထု, နိဗ္ဗိဒါဗဟုလော ဘ။

‘‘အနိမိတ္တဉ္စ ဘာဝေဟိ, မာနာနုသယမုဇ္ဇဟ၊

တတော မာနာဘိသမယာ, ဥပသန္တော စရိဿသီ’’တိ။

၄-အာနန္ဒသုတ် ၂၁၂။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ နောက်လိုက်ရဟန်းဖြစ်သော အသျှင်ဝင်္ဂီသနှင့် အတူ ဆွမ်းခံဝင်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား မမွေ့လျော်ခြင်း ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်အာနန္ဒာကို ဂါထာဖြင့် ရွတ်ဆိုလျှောက်၏- “ဂေါတမနွယ်ဖြစ်သော အသျှင်အာနန္ဒာ ကာမဂုဏ်၌ တပ်မက်မှု ‘ကာမရာဂ’မီး သည် အကျွန်ုပ်အား လောင်ပါ၏၊ အကျွန်ုပ်၏ စိတ်သည် ထက်ဝန်းကျင်မှ လောင် မြိုက်ခံရပါ၏၊ တောင်းပန်ပါ၏၊ အကျွန်ုပ်အား အစဥ်သနားသဖြင့် ရာဂငြိမ်း ကြောင်း တရားကို ဟောတော်မူပါလော့”ဟု ရွတ်ဆို၏။ “သညာ ဖောက်ပြန်ခြင်းကြောင့် သင်၏ စိတ်သည် ထက်ဝန်းကျင်မှ လောင်မြိုက် ခံနေရ၏၊ ‘တင့်တယ်၏’ ဟူသော ရာဂနှင့် စပ်သော အမှတ်နိမိတ်ကို နှလုံးမသွင်း ရှောင်ကွင်းပါလော့။ (ရုပ်နာမ်ဓမ္မ) သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် ရှုလော့၊ ဒုက္ခအားဖြင့် ရှုလော့၊ အတ္တအားဖြင့် မရှုလင့်၊ ပြင်းစွာတပ်မက်မှု ‘ရာဂ’ကို ငြိမ်းစေလော့၊ အဖန်တလဲလဲ မလောင်မြိုက်စေလင့်။ မတင့်မတယ် စက်ဆုပ်ရွံရှာဖွယ် အဖြစ်အားဖြင့် သင်၏ စိတ်ကို ဖြစ်ပွားစေလော့၊ တစ်ခုတည်းသော အာရုံရှိသော တည်ကြည်မှု ‘သမာဓိကို’ ပွားစေလော့၊ ကိုယ်အစု၌ ဖြစ်သော ကာယဂတာသတိကို သင့်သန္တာန်၌ ဖြစ်စေလော့၊ ရာဂ၌ ငြီးငွေ့မှုများသူ ဖြစ်ပါလေလော့။ နိစ္စစသော နိမိတ်ကင်းသည့် ဝိပဿနာကိုလည်း ပွားများလော့၊ ကိန်းအောင်းနေ သော ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်လော့။ ထိုထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ခြင်းကြောင့် (ရာဂစသည်မှ) ငြိမ်းသည်ဖြစ်၍ လှည့်လည်ရလတ္တံ့”ဟု (မိန့်ဆို၏)။

Linked Discourses 8.4 1. With Vaṅgīsa With Ānanda At one time Venerable Ānanda was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then Venerable Ānanda robed up in the morning and, taking his bowl and robe, entered Sāvatthī for alms with Venerable Vaṅgīsa as his second monk. And at that time Venerable Vaṅgīsa became dissatisfied, as lust infected his mind. Then he addressed Ānanda in verse: “I’ve got a burning desire for pleasure; My mind is on fire! Please, out of compassion, Gotama, tell me how to quench the flames.” “Your mind is on fire because of a perversion of perception. Turn away from the feature of things that’s attractive, provoking lust. See all conditioned phenomena as alien, as suffering and not-self. Extinguish the great fire of lust, don’t burn up again and again. With mind unified and serene, meditate on the ugly aspects of the body. With mindfulness immersed in the body, be full of disillusionment. Meditate on the signless, give up the underlying tendency to conceit; and when you comprehend conceit, you will live at peace.”

၅။ သုဘာသိတသုတ္တံ

၂၁၃။ သာဝတ္ထိနိဒါနံ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘စတူဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတာ ဝါစာ သုဘာသိတာ ဟောတိ, နော ဒုဗ္ဘာသိတာ၊ အနဝဇ္ဇာ စ အနနုဝဇ္ဇာ စ ဝိညူနံ။ ကတမေဟိ စတူဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု သုဘာသိတံယေဝ ဘာသတိ နော ဒုဗ္ဘာသိတံ, ဓမ္မံယေဝ ဘာသတိ နော အဓမ္မံ, ပိယံယေဝ ဘာသတိ နော အပ္ပိယံ, သစ္စံယေဝ ဘာသတိ နော အလိကံ။ ဣမေဟိ ခေါ, ဘိက္ခဝေ, စတူဟိ အင်္ဂေဟိ သမန္နာဂတာ ဝါစာ သုဘာသိတာ ဟောတိ, နော ဒုဗ္ဘာသိတာ, အနဝဇ္ဇာ စ အနနုဝဇ္ဇာ စ ဝိညူန’’န္တိ။ ဣဒမဝေါစ ဘဂဝါ, ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

‘‘သုဘာသိတံ ဥတ္တမမာဟု သန္တော,

ဓမ္မံ ဘဏေ နာဓမ္မံ တံ ဒုတိယံ၊

ပိယံ ဘဏေ နာပ္ပိယံ တံ တတိယံ,

သစ္စံ ဘဏေ နာလိကံ တံ စတုတ္ထ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ ဘဂဝါ, ပဋိဘာတိ မံ သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘တမေဝ ဝါစံ ဘာသေယျ, ယာယတ္တာနံ န တာပယေ၊

ပရေ စ န ဝိဟိံသေယျ, သာ ဝေ ဝါစာ သုဘာသိတာ။

‘‘ပိယဝါစံဝ ဘာသေယျ, ယာ ဝါစာ ပဋိနန္ဒိတာ၊

ယံ အနာဒါယ ပါပါနိ, ပရေသံ ဘာသတေ ပိယံ။

‘‘သစ္စံ ဝေ အမတာ ဝါစာ, ဧသ ဓမ္မော သနန္တနော၊

သစ္စေ အတ္ထေ စ ဓမ္မေ စ, အာဟု သန္တော ပတိဋ္ဌိတာ။

‘‘ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ, ခေမံ နိဗ္ဗာနပတ္တိယာ၊

ဒုက္ခဿန္တကိရိယာယ, သာ ဝေ ဝါစာနမုတ္တမာ’’တိ။

၅-သုဘာသိတသုတ် ၂၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ အင်္ဂါလေးပါးနှင့်ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကား မည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။ အပြစ်လည်း မရှိ၊ ပညာရှိတို့သည် မကဲ့ရဲ့အပ်။ အဘယ် လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် - (၁) ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို။ (၂) တရားနှင့် ညီသော စကားကိုသာလျှင် ဆို၏၊ တရားနှင့် မညီသော စကားကို မဆို။ (၃) ချစ်ခင်ဖွယ်သော စကားကိုသာလျှင် ဆို၏၊ မချစ်ခင်ဖွယ်သော စကားကို မဆို။ (၄) မှန်သော စကားကိုသာလျှင် ဆို၏၊ မမှန်သော စကားကို မဆို။ ရဟန်းတို့ ဤသို့ အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကား မည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။ အပြစ်လည်း မရှိ၊ ပညာရှိတို့သည် မကဲ့ရဲ့အပ်။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ထို့ပြင် ဤစကားကို မိန့်တော်မူ၏- “ကောင်းစွာ ဆိုအပ်သော စကားကို မြတ်၏ဟူ၍ သူတော်ကောင်းတို့သည် ဆို ကုန်ပြီ။ တရားနှင့် လျော်သော စကားကိုသာ ဆိုရာ၏၊ တရားနှင့် မလျော်သော စကားကို မဆိုရာ၊ ထိုစကားကို ဒုတိယအမြတ်ဆုံး စကားဟု ဆို၏။ ချစ်ခင်ဖွယ် စကားကိုသာ ဆိုရာ၏၊ ချစ်ခင်ဖွယ် မဟုတ်သော စကားကို မဆိုရာ၊ ထိုစကားကို တတိယအမြတ်ဆုံး စကားဟု ဆို၏။ မှန်သော စကားကိုသာ ဆိုရာ၏၊ မမှန်သော စကားကို မဆိုရာ၊ ထိုစကားကို စတုတ္ထအမြတ်ဆုံး စကားဟု ဆို၏”ဟု မိန့်တော်မူ၏။ ထိုအခါ၌ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကား ကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ သည် မြတ်စွာဘုရားကို မျက်မှောက်တော်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏- အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါးတို့ကိုလည်း မညှဥ်းဆဲ ရာ၊ စင်စစ် ထိုစကားကိုသာ ဆိုရာ၏၊ ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကား မည်၏။ ချစ်ဖွယ်သော စကားကိုသာလျှင် ဆိုရာ၏၊ အကြင်စကားသည် နှစ်လိုဖွယ် ဖြစ်၏၊ ထိုစကားကိုသာ ဆိုရာ၏၊ သူတစ်ပါးတို့အား ဆိုသည်ရှိသော် မနှစ်မြို့ဖွယ် ယုတ်မာ သော စကားတို့ကို မယူမူ၍ ချစ်ဖွယ်သော စကားကိုသာ ဆိုရာ၏၊ မှန်သော စကားတို့သည် စင်စစ် အမြိုက်သုဓာဘုတ်နှင့် တူကုန်၏၊ ဤမှန်သော စကားကို ပြောခြင်းသဘောသည် ရှေးရိုးစဥ်လာ ဖြစ်၏၊ သူတော်ကောင်းတို့သည် မှန်သော စကား၌လည်းကောင်း၊ အကျိုး၌လည်းကောင်း၊ အကြောင်း၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်ပြီ။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ ဘေး မရှိသော အကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည် စင်စစ် စကားတကာတို့ ထက် မြတ်၏”ဟု (ရွတ်ဆို ချီးကျူး၏)။

Linked Discourses 8.5 1. With Vaṅgīsa Well-Spoken Words At Sāvatthī. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, speech that has four factors is well spoken, not poorly spoken. It’s blameless and is not criticized by sensible people. What four? It’s when a mendicant speaks well, not poorly; their speech is principled, not unprincipled; they speak pleasantly, not unpleasantly; and they speak truthfully, not falsely. Speech with these four factors is well spoken, not poorly spoken. It’s blameless and is not criticized by sensible people.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Good people say well-spoken words are foremost; second, speech ought be principled, not unprincipled; third, speak pleasantly, not unpleasantly; and fourth, speak truthfully, not falsely.” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled the Buddha in his presence with fitting verses: “Speak only those words that do not hurt yourself nor harm others; such speech is truly well spoken. Speak only pleasing words, words gladly welcomed. Pleasing words are those that bring nothing bad to others. Truth itself is undying speech: this is an ancient teaching. Good people say the teaching and meaning are grounded in truth. The words spoken by the Buddha for finding the sanctuary, extinguishment, for making an end of suffering: this really is the best kind of speech.”

၆။ သာရိပုတ္တသုတ္တံ

၂၁၄။ ဧကံ သမယံ အာယသ္မာ သာရိပုတ္တော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော ဘိက္ခူ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ ပေါရိယာ ဝါစာယ ဝိဿဋ္ဌာယ အနေလဂလာယ [အနေဠဂလာယ (သီ။ က။), အနေလဂဠာယ (သျာ။ ကံ။ ပီ။)] အတ္ထဿ ဝိညာပနိယာ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မာ သာရိပုတ္တော ဘိက္ခူ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ ပေါရိယာ ဝါစာယ ဝိဿဋ္ဌာယ အနေလဂလာယ အတ္ထဿ ဝိညာပနိယာ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ ယံနူနာဟံ အာယသ္မန္တံ သာရိပုတ္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေနာယသ္မာ သာရိပုတ္တော တေနဉ္ဇလိံ ပဏာမေတွာ အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, အာဝုသော သာရိပုတ္တ, ပဋိဘာတိ မံ, အာဝုသော သာရိပုတ္တာ’’တိ။ ‘‘ပဋိဘာတု တံ, အာဝုသော ဝင်္ဂီသာ’’တိ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အာယသ္မန္တံ သာရိပုတ္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘ဂမ္ဘီရပညော မေဓာဝီ, မဂ္ဂါမဂ္ဂဿ ကောဝိဒေါ၊

သာရိပုတ္တော မဟာပညော, ဓမ္မံ ဒေသေတိ ဘိက္ခုနံ။

‘‘သံခိတ္တေနပိ ဒေသေတိ, ဝိတ္ထာရေနပိ ဘာသတိ၊

သာဠိကာယိဝ နိဂ္ဃေါသော, ပဋိဘာနံ ဥဒီရယိ [ဥဒီရိယိ (သျာ။ ကံ။) ဥဒီရိယတိ (သာမညဖလသုတ္တဋီကာနုရူပံ)]။

‘‘တဿ တံ ဒေသယန္တဿ, သုဏန္တိ မဓုရံ ဂိရံ၊

သရေန ရဇနီယေန, သဝနီယေန ဝဂ္ဂုနာ၊

ဥဒဂ္ဂစိတ္တာ မုဒိတာ, သောတံ ဩဓေန္တိ ဘိက္ခဝေါ’’တိ။

၆-သာရိပုတ္တသုတ် ၂၁၄။ အခါတစ်ပါး၌ အသျှင်သာရိပုတ္တရာသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတ္တရာသည် ရဟန်းတို့ကို အနက်ကို သိစေနိုင်သော သန့်ရှင်းသော မလုံးထွေးသော အပြည့်အစုံဖြစ်သော တရားစကားဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းလျက် အလုံးစုံကို့စိတ်ဖြင့် ကောင်းစွာ မှတ်ပြီးလျှင် နားထောင်ကုန်သည် ဖြစ်၍ တရားနာကုန်၏။ ထိုအခါ၌ အသျှင်ဝင်္ဂီသအား “ဤအသျှင်သာရိပုတ္တရာသည် ရဟန်းတို့ကို အနက်ကို သိစေနိုင်သော သန့်ရှင်းသော မလုံးထွေးသော အပြည့်အစုံ ဖြစ်သော တရားစကားဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းလျက် အလုံးစုံကို စိတ်ဖြင့် ကောင်းစွာ မှတ်ပြီးလျှင် နားထောင်ကုန်သည် ဖြစ်၍ တရားနာကုန်၏၊ ငါသည် အသျှင်သာရိပုတ္တရာ၏ မျက်မှောက်၌ သင့်လျော် ကုန်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို တင်လျက် အသျှင်သာရိပုတ္တရာ ရှိရာသို့ လက်အုပ်ချီ၍ “ငါ့သျှင်သာရိပုတ္တရာ အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ငါ့သျှင်သာရိပုတ္တရာ အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ငါ့သျှင်ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့ဟု မိန့်ဆို၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်သာရိပုတ္တရာ၏ မျက်မှောက်၌ သင့် လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏- “နက်နဲသော ပညာရှိတော်မူသော၊ အကျိုးအကြောင်းကို သိသော ပညာလည်း ရှိတော်မူသော၊ အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ လိမ္မာတော်မူပြီးသော၊ ကြီးမြတ်သော ပညာလည်း ရှိတော်မူသော သာရိပုတ္တရာသည် ရဟန်းတို့အား တရားကို ဟောတော်မူ၏။ သာရိပုတ္တရာသည် ‘သာလိကာမ၏ (သာယာ) ကြွေးကြော်သံကဲ့သို့’ သစ္စာလေးပါး တရားကို အကျဥ်းအားဖြင့်လည်း ဟောတော်မူ၏၊ အကျယ်အားဖြင့်လည်း ဟော တော်မူ၏၊ ပညာကို ထုတ်ဆောင်တော်မူပြီ။ ရဟန်းတို့သည် ထိုတရားကို ဟောသော အသျှင်သာရိပုတ္တရာ၏ သာယာသော အသံကို နာကြားရကုန်၏၊ တပ်မက်ဖွယ်ရှိသော နာပျော်ဖွယ်ရှိသော သာယာသော အသံကြောင့် တက်ကြွသော စိတ်ရှိကြကုန်သည် ဝမ်းမြောက်သော စိတ်ရှိကြကုန် သည် ဖြစ်၍ နားစိုက်ထောင်ကုန်၏”ဟု (ချီးကျူး၏)။

Linked Discourses 8.6 1. With Vaṅgīsa With Sāriputta At one time Venerable Sāriputta was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Sāriputta was educating, encouraging, firing up, and inspiring the mendicants in the assembly hall with a Dhamma talk. His words were polished, clear, articulate, and expressed the meaning. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then Venerable Vaṅgīsa thought, “This Venerable Sāriputta is educating the mendicants. … And those mendicants are paying attention, applying the mind, concentrating wholeheartedly, and actively listening. Why don’t I extoll him in his presence with fitting verses?” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward Sāriputta, and said, “I feel inspired to speak, Reverend Sāriputta! I feel inspired to speak, Reverend Sāriputta!” “Then speak as you feel inspired,” said Sāriputta. Then Vaṅgīsa extolled Sāriputta in his presence with fitting verses: “Deep in wisdom, intelligent, expert in the path and what is not the path; Sāriputta, so greatly wise, teaches Dhamma to the mendicants. He teaches in brief, or he speaks at length. His call, like a myna bird, overflows with eloquence. While he teaches the mendicants listen to his sweet voice, sounding attractive, clear and graceful. They listen joyfully, their hearts elated.”

၇။ ပဝါရဏာသုတ္တံ

၂၁၅။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ။ တေန ခေါ ပန သမယေန ဘဂဝါ တဒဟုပေါသထေ ပန္နရသေ ပဝါရဏာယ ဘိက္ခုသံဃပရိဝုတော အဗ္ဘောကာသေ နိသိန္နော ဟောတိ။ အထ ခေါ ဘဂဝါ တုဏှီဘူတံ ဘိက္ခုသံဃံ အနုဝိလောကေတွာ ဘိက္ခူ အာမန္တေသိ – ‘‘ဟန္ဒ ဒါနိ, ဘိက္ခဝေ, ပဝါရေမိ ဝေါ။ န စ မေ ကိဉ္စိ ဂရဟထ ကာယိကံ ဝါ ဝါစသိကံ ဝါ’’တိ။

ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘န ခေါ မယံ, ဘန္တေ, ဘဂဝတော ကိဉ္စိ ဂရဟာမ ကာယိကံ ဝါ ဝါစသိကံ ဝါ။ ဘဂဝါ ဟိ, ဘန္တေ, အနုပ္ပန္နဿ မဂ္ဂဿ ဥပ္ပါဒေတာ, အသဉ္ဇာတဿ မဂ္ဂဿ သဉ္ဇနေတာ, အနက္ခာတဿ မဂ္ဂဿ အက္ခာတာ, မဂ္ဂညူ မဂ္ဂဝိဒူ မဂ္ဂကောဝိဒေါ။ မဂ္ဂါနုဂါ စ, ဘန္တေ, ဧတရဟိ သာဝကာ ဝိဟရန္တိ ပစ္ဆာ သမန္နာဂတာ၊ အဟဉ္စ ခေါ, ဘန္တေ, ဘဂဝန္တံ ပဝါရေမိ။ န စ မေ ဘဂဝါ ကိဉ္စိ ဂရဟတိ ကာယိကံ ဝါ ဝါစသိကံ ဝါ’’တိ။

‘‘န ခွါဟံ တေ, သာရိပုတ္တ, ကိဉ္စိ ဂရဟာမိ ကာယိကံ ဝါ ဝါစသိကံ ဝါ။ ပဏ္ဍိတော တွံ, သာရိပုတ္တ, မဟာပညော တွံ, သာရိပုတ္တ, ပုထုပညော တွံ, သာရိပုတ္တ, ဟာသပညော တွံ, သာရိပုတ္တ, ဇဝနပညော တွံ, သာရိပုတ္တ, တိက္ခပညော တွံ, သာရိပုတ္တ, နိဗ္ဗေဓိကပညော တွံ, သာရိပုတ္တ။ သေယျထာပိ, သာရိပုတ္တ, ရညော စက္ကဝတ္တိဿ ဇေဋ္ဌပုတ္တော ပိတရာ ပဝတ္တိတံ စက္ကံ သမ္မဒေဝ အနုပ္ပဝတ္တေတိ၊ ဧဝမေဝ ခေါ တွံ, သာရိပုတ္တ, မယာ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ သမ္မဒေဝ အနုပ္ပဝတ္တေသီ’’တိ။

‘‘နော စေ ကိရ မေ, ဘန္တေ, ဘဂဝါ ကိဉ္စိ ဂရဟတိ ကာယိကံ ဝါ ဝါစသိကံ ဝါ။ ဣမေသံ ပန, ဘန္တေ, ဘဂဝါ ပဉ္စန္နံ ဘိက္ခုသတာနံ န ကိဉ္စိ ဂရဟတိ ကာယိကံ ဝါ ဝါစသိကံ ဝါ’’တိ။ ‘‘ဣမေသမ္ပိ ခွါဟံ, သာရိပုတ္တ, ပဉ္စန္နံ ဘိက္ခုသတာနံ န ကိဉ္စိ ဂရဟာမိ ကာယိကံ ဝါ ဝါစသိကံ ဝါ။ ဣမေသဉှိ, သာရိပုတ္တ, ပဉ္စန္နံ ဘိက္ခုသတာနံ သဋ္ဌိ ဘိက္ခူ တေဝိဇ္ဇာ, သဋ္ဌိ ဘိက္ခူ ဆဠဘိညာ, သဋ္ဌိ ဘိက္ခူ ဥဘတောဘာဂဝိမုတ္တာ, အထ ဣတရေ ပညာဝိမုတ္တာ’’တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ ဘဂဝါ, ပဋိဘာတိ မံ သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ, ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘အဇ္ဇ ပန္နရသေ ဝိသုဒ္ဓိယာ, ဘိက္ခူ ပဉ္စသတာ သမာဂတာ၊

သံယောဇနဗန္ဓနစ္ဆိဒါ, အနီဃာ ခီဏပုနဗ္ဘဝါ ဣသီ။

‘‘စက္ကဝတ္တီ ယထာ ရာဇာ, အမစ္စပရိဝါရိတော၊

သမန္တာ အနုပရိယေတိ, သာဂရန္တံ မဟိံ ဣမံ။

‘‘ဧဝံ ဝိဇိတသင်္ဂါမံ, သတ္ထဝါဟံ အနုတ္တရံ၊

သာဝကာ ပယိရုပါသန္တိ, တေဝိဇ္ဇာ မစ္စုဟာယိနော။

‘‘သဗ္ဗေ ဘဂဝတော ပုတ္တာ, ပလာပေတ္ထ န ဝိဇ္ဇတိ၊

တဏှာသလ္လဿ ဟန္တာရံ, ဝန္ဒေ အာဒိစ္စဗန္ဓုန’’န္တိ။

၇-ပဝါရဏာသုတ် ၂၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ အလုံးစုံ ရဟန္တာချည်းဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိသော များစွာသော ရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့၌ ပဝါရဏာပြုအံ့သောငှါ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးခေါင်၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို စောင့်ငဲ့ကြည့်ရှုတော်မူ၍ ရဟန်းတို့အား “ရဟန်းတို့ ယခု အခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏၊ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို သင်တို့ မကဲ့ရဲ့ဘဲ ရှိကြကုန်၏လော”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတ္တရာသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လိုပါကုန်။ အသျှင်ဘုရား မှန်ပါ၏၊ မြတ်စွာဘုရားသည် (သူတစ်ပါးတို့) မဖြစ်စေနိုင်သော မဂ်ကို ဖြစ်စေတော်မူပါ၏၊ မသိစေနိုင်သော မဂ်ကို သိစေတော်မူနိုင်ပါ၏၊ မဟောနိုင်သော မဂ်တရားကို ဟော တော်မူနိုင်ပါ၏၊ မဂ်ကို ထိုးထွင်းသိတော်မူပါ၏၊ မဂ်ကို သိမြင်တော်မူပါ၏၊ မဂ်၌ လိမ္မာတော်မူပါ၏။ အသျှင် ဘုရား (ရှေ့သွားဖြစ်သော မြတ်စွာဘုရား၏) နောက်လိုက်တပည့်တို့သည် မဂ်သို့ အစဥ်လိုက်ကုန်သည် မဂ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍သာလျှင် နေကြပါကုန်၏၊ အသျှင်ဘုရာ့းအကျွန်ုပ်သည်လည်း မြတ်စွာဘုရားကို ဖိတ်ကြားပါ၏၊ အကျွန်ုပ်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မြတ်စွာဘုရား သည် ကဲ့ရဲ့တော် မမူဘဲ ရှိပါ၏လော”ဟု လျှောက်၏။ သာရိပုတ္တရာ “ငါဘုရားသည် သင်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လို၊ သာရိပုတ္တရာ သင်သည် ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ကြီးသော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် မြေကြီးအထုနှင့် တူသော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ရွှင်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် လျင်မြန်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ထက်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ထိုးထွင်း နိုင်သော ပညာရှိ၏၊ သာရိပုတ္တရာ စကြဝတေးမင်း၏ သားကြီးသည် အဖလည်စေအပ်သော အာဏာစက်ကို သင့်သော အကြောင်းဖြင့်သာလျှင် အတုလိုက်၍ လည်စေသကဲ့သို့ သာရိပုတ္တရာ ဤအတူသာလျှင် သင် သည် ငါဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို သင့်သော အကြောင်းဖြင့်သာလျှင် အတု လိုက်၍ လည်စေ၏”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို အကယ်၍ မကဲ့ရဲ့လိုသည် ဖြစ်အံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤငါးရာသော ရဟန်းတို့၏ တစ်စုံ တစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို ကဲ့ရဲ့တော်မမူဘဲ ရှိပါ၏လော”ဟု လျှောက်၏။ “သာရိပုတ္တရာ ငါဘုရားသည် ဤငါးရာသော ရဟန်းတို့၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လို။ သာရိပုတ္တရာ မှန်၏၊ ဤငါးရာသော ရဟန်းတို့တွင် ခြောက်ကျိပ်ကုန်သော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်၏၊ ခြောက်ကျိပ်ကုန်သော ရဟန်းတို့သည် အဘိညာဥ်ခြောက်ပါးနှင့် ပြည့်စုံကုန်၏၊ ခြောက်ကျိပ် ကုန်သော ရဟန်းတို့သည် နှစ်ပါးသော အဖို့မှ လွတ်မြောက်သူ ‘ဥဘတောဘာဂဝိမုတ္တ’ ဖြစ်ကုန်၏၊ ဤမှ တစ်ပါးကုန်သော ရဟန်းတို့သည် ပညာဖြင့် လွတ်မြောက်သူ ‘ပညာဝိမုတ္တ’ ဖြစ်ကုန်၏”ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်လျက် မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏။ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူး၏- “သံယောဇဥ် အနှောင်အဖွဲ့တို့ကို ဖြတ်ကုန်သော ဆင်းရဲ မရှိကုန်သော ကုန်ပြီး သော ဘဝသစ်ရှိကုန်သော ရဟန္တာချည်း ဖြစ်ကုန်သော ငါးရာကုန်သော ရဟန်းတို့သည် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ဤနေ့၌ စင်ကြယ်စွာ ပဝါရဏာပြုခြင်း ငှါ အညီအညွတ် စည်းဝေးကုန်၏။ အမတ်အပေါင်း ဝန်းရံအပ်သော စကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤ မြေကြီးကို အစဥ်လှည့်လည်သကဲ့သို့ ထို့အတူ အောင်အပ်ပြီးသော (ရာဂ , ဒေါသ, မောဟဟု ဆိုအပ်သော) စစ်မြေပြင်ရှိသော, ယာဥ်မှူးသဖွယ်လည်း ဖြစ်သော, အတု မရှိသော မြတ်စွာဘုရားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော , မစ္စုမာရ်ကို ပယ်ကုန် ပြီးသော တပည့်တို့သည် ဆည်းကပ်ကြကုန်၏။ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား၏ သားတော်တို့တည်း၊ ဤ သားတော်တို့ အတွင်းဝယ် (သီလ မရှိသူ) အဖျင်း မရှိ၊ တဏှာဟူသော ငြောင့် တံသင်းကို ပယ်နုတ်တော်မူပြီးသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါ၏”ဟု (ချီးကျူး၏)။

Linked Discourses 8.7 1. With Vaṅgīsa The Invitation to Admonish At one time the Buddha was staying near Sāvatthī in the stilt longhouse of Migāra’s mother in the Eastern Monastery, together with a large Saṅgha of around five hundred monks, all of whom were perfected ones. Now, at that time it was the sabbath—the full moon on the fifteenth day—and the Buddha was sitting in the open surrounded by the Saṅgha of monks for the invitation to admonish. Then the Buddha looked around the Saṅgha of monks, who were silent. He addressed them: “Come now, monks, I invite you all: Is there anything I’ve done by way of body or speech that you would criticize?” When he had spoken, Venerable Sāriputta rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said: “There is nothing, sir, that you’ve done by way of body or speech that we would criticize. For the Blessed One gave rise to the unarisen path, gave birth to the unborn path, and explained the unexplained path. He is the knower of the path, the discoverer of the path, the expert on the path. And now the disciples live following the path; they acquire it later. And sir, I invite the Blessed One. Is there anything I’ve done by way of body or speech that you would criticize?” “There is nothing, Sāriputta, that you’ve done by way of body or speech that I would criticize. Sāriputta, you are astute. You have great wisdom, widespread wisdom, laughing wisdom, swift wisdom, sharp wisdom, penetrating wisdom. A wheel-turning monarch’s oldest son rightly keeps wielding the power set in motion by his father. In the same way, Sāriputta rightly keeps rolling the supreme Wheel of Dhamma that was rolled forth by me.” “Since it seems I have done nothing worthy of the Blessed One’s criticism, is there anything these five hundred monks have done by way of body or speech that you would criticize?” “There is nothing, Sāriputta, that these five hundred monks have done by way of body or speech that I would criticize. For of these five hundred monks, sixty have the three knowledges, sixty have the six direct knowledges, sixty are freed both ways, and the rest are freed by wisdom.” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled the Buddha in his presence with fitting verses: “Today, on the fifteenth day sabbath, five hundred monks have gathered together <j>to purify their precepts. These untroubled sages <j>have cut off their fetters and bonds, they will not be reborn again. Just as a wheel-turning monarch surrounded by ministers travels all around this land girt by sea. So disciples with the three knowledges, conquerors of death, revere the winner of the battle, the unsurpassed caravan leader. All are sons of the Blessed One— there is no rubbish here. I bow to the Kinsman of the Sun, destroyer of the dart of craving.”

၈။ ပရောသဟဿသုတ္တံ

၂၁၆။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ အဍ္ဎတေလသေဟိ ဘိက္ခုသတေဟိ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အယံ ခေါ ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ ယံနူနာဟံ ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ ဘဂဝါ, ပဋိဘာတိ မံ သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ, ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘ပရောသဟဿံ ဘိက္ခူနံ, သုဂတံ ပယိရုပါသတိ၊

ဒေသေန္တံ ဝိရဇံ ဓမ္မံ, နိဗ္ဗာနံ အကုတောဘယံ။

‘‘သုဏန္တိ ဓမ္မံ ဝိမလံ, သမ္မာသမ္ဗုဒ္ဓဒေသိတံ၊

သောဘတိ ဝတ သမ္ဗုဒ္ဓေါ, ဘိက္ခုသံဃပုရက္ခတော။

‘‘နာဂနာမောသိ ဘဂဝါ, ဣသီနံ ဣသိသတ္တမော၊

မဟာမေဃောဝ ဟုတွာန, သာဝကေ အဘိဝဿတိ။

‘‘ဒိဝါဝိဟာရာ နိက္ခမ္မ, သတ္ထုဒဿနကမျတာ [သတ္ထုဒဿနကာမတာ (သီ။ သျာ။ ကံ။)]၊

သာဝကော တေ မဟာဝီရ, ပါဒေ ဝန္ဒတိ ဝင်္ဂီသော’’တိ။

‘‘ကိံ နု တေ, ဝင်္ဂီသ, ဣမာ ဂါထာယော ပုဗ္ဗေ ပရိဝိတက္ကိတာ, ဥဒါဟု ဌာနသောဝ တံ ပဋိဘန္တီ’’တိ? ‘န ခေါ မေ, ဘန္တေ, ဣမာ ဂါထာယော ပုဗ္ဗေ ပရိဝိတက္ကိတာ, အထ ခေါ ဌာနသောဝ မံ ပဋိဘန္တီ’တိ။ ‘တေန ဟိ တံ, ဝင်္ဂီသ, ဘိယျောသောမတ္တာယ ပုဗ္ဗေ အပရိဝိတက္ကိတာ ဂါထာယော ပဋိဘန္တူ’တိ။ ‘ဧဝံ, ဘန္တေ’တိ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝတော ပဋိဿုတွာ ဘိယျောသောမတ္တာယ ဘဂဝန္တံ ပုဗ္ဗေ အပရိဝိတက္ကိတာဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘ဥမ္မဂ္ဂပထံ [ဥမ္မဂ္ဂသတံ (သျာ။ ကံ။ က။)] မာရဿ အဘိဘုယျ, စရတိ ပဘိဇ္ဇ ခိလာနိ၊

တံ ပဿထ ဗန္ဓပမုဉ္စကရံ, အသိတံ ဘာဂသော ပဝိဘဇံ။

‘‘ဩဃဿ နိတ္ထရဏတ္ထံ, အနေကဝိဟိတံ မဂ္ဂံ အက္ခာသိ၊

တသ္မိဉ္စေ အမတေ အက္ခာတေ, ဓမ္မဒ္ဒသာ ဌိတာ အသံဟီရာ။

‘‘ပဇ္ဇောတကရော အတိဝိဇ္ဈ [အတိဝိဇ္ဈ ဓမ္မံ (သီ။ သျာ။ ကံ။)], သဗ္ဗဋ္ဌိတီနံ အတိက္ကမမဒ္ဒသ၊

ဉတွာ စ သစ္ဆိကတွာ စ, အဂ္ဂံ သော ဒေသယိ ဒသဒ္ဓါနံ။

‘‘ဧဝံ သုဒေသိတေ ဓမ္မေ,

ကော ပမာဒေါ ဝိဇာနတံ ဓမ္မံ [ကော ပမာဒေါ ဝိဇာနတံ (သီ။ သျာ။ ကံ။)]၊

တသ္မာ ဟိ တဿ ဘဂဝတော သာသနေ၊

အပ္ပမတ္တော သဒါ နမဿမနုသိက္ခေ’’တိ။

၈-ပရောသဟဿသုတ် ၂၁၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ကုန်သော များစွာသော ရဟန်းသံဃာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သော တရားစကားဖြင့် (အကျိုး စီးပွားကို) ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းကုန်လျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်သည်ဖြစ်၍ တရား နာကုန်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤသို့သော အကြံ ဖြစ်၏- “ဤမြတ်စွာဘုရားသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်လျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်သည် ဖြစ်၍ တရားနာကုန်၏၊ ငါသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏။ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူး၏- “ကိလေသာမြူ ကင်းသော၊ တစ်ရံတစ်ဆစ်မျှ ဘေးမရှိသော၊ နိဗ္ဗာန်ဟု ဆိုအပ် သော တရားကို ဟောတော်မူတတ်သော မြတ်စွာဘုရားကို ရဟန်းတစ်ထောင်ကျော် သည် ဆည်းကပ်၏။ မြတ်စွာဘုရား ဟောတော်မူအပ်သော အညစ်အကြေး ကင်းသော တရားကို ရဟန်းတို့သည် နာကုန်၏၊ ရဟန်းအပေါင်းတို့ဖြင့် ခြံရံအပ်သော မြတ်စွာဘုရား သည် တင့်တယ်တော်မူပေစွတကား။ ဘုရားတို့တွင် ခုနစ်ဆူမြောက် ဘုရားဖြစ်တော်မူသော မြတ်စွာဘုရားသည် နာဂ အမည်ရှိတော်မူ၏၊ မိုးကြီးသဖွယ် ဖြစ်၍ တပည့်သားအပေါင်း၌ (တရားမိုးကို) ရွာ သွန်းတော်မူ၏။ ကြီးသော လုံလရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ တပည့် ဝင်္ဂီသ သည် မြတ်စွာဘုရားကို ဖူးမြင်လိုသောကြောင့် နေ့သန့်စင်ရာမှ ထွက်၍ အသျှင် ဘုရား၏ ခြေတော်တို့ကို ရှိခိုး၏”ဟု ချီးကျူး၏။ “ဝင်္ဂီသ အသို့နည်း သင့်အား ဤဂါထာကို ရှေးက ကြံထားအပ်ကုန်သလော၊ ထိုသို့မဟုတ် တစ် ခဏချင်းပင်လျှင် သင်၏ ဉာဏ်၌ ရှေးရှုထင်ကုန်သလော”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ဤဂါထာတို့ကို ရှေးက ကြံမထားပါ၊ စင်စစ်သော်ကား တစ်ခဏချင်းပင် အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ ဝင်္ဂီသ သို့ဖြစ်လျှင် ရှေးက ကြံမထားကုန်သော ဂါထာတို့သည် သင်၏ ဉာဏ်၌ ရှေးရှု ပိုလွန်၍ ထင်စေကုန်ဦးလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရားအား ဝန်ခံပြီး၍ မြတ်စွာဘုရားကို ရှေးက ကြံမထားဖူးကုန်သော ဂါထာတို့ဖြင့် အတိုင်းထက် အလွန် ချီးကျူးပြန်၏- “(အကြင်မြတ်စွာဘုရားသည်) မာရ်၏ လမ်းမှားကို လွှမ်းမိုးဖိနှိပ်ပြီးလျှင် ငြောင့်တို့ကို ချိုးဖြတ်၍ ကြွသွားတော်မူ၏၊ (ရာဂစသည်တို့သည်) မမှီအပ်သော အဖို့ အားဖြင့် တရားကို ခွဲခြားဝေဖန်၍ ဟောတော်မူတတ်သော အနှောင်အဖွဲ့မှ လွတ်ခြင်းကို ပြုတော်မူတတ်သော ထိုမြတ်စွာဘုရားကို ရှုကြကုန်လော့။ မြတ်စွာဘုရားသည် ဩဃလေးပါးမှ ကူးမြောက်ခြင်းအကျိုးငှါ (သတိပဋ္ဌာန် စသော) များသော အပြားရှိသော လမ်းစဥ်တရားကို ဟောကြားတော်မူ၏၊ အမြိုက် နိဗ္ဗူ ဆောင်ယူနိုင်ငြာ့းထိုလမ်းစဥ်တရားကိုလည်း ဟောကြားတော်မူအပ်သည် ရှိသော် တရားကို မြင်သော သူတို့သည် မရွေ့လျောသည် ဖြစ်၍ တည်ကုန်၏။ ထွန်းတောက်ပခြင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားသည် ထိုထွင်းသိတော်မူ၍ အလုံးစုံသော ဒိဋ္ဌိတို့၏ တည်ရာတို့ကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို မြင် တော်မူပြီ။ ထိုမြတ်စွာဘုရားသည် မြတ်သော တရားကို သိတေ်မူ၍လည်းကောင်း၊ မျက်မှောက်ပြုတော်မူ၍လည်းကောင်း ပဉ္စဝဂ္ဂီငါးဦးတို့အား (မြတ်သော တရားကို) ဟောကြားတော်မူပြီ။ ဤသို့ တရားတော်ကို ကောင်းစွာ ဟောသည်ရှိသော် တရားကို သိကုန်သော ပညာရှိတို့အား အဘယ်မှာ မေ့လျော့နိုင်အံ့နည်း၊ ထို့ကြောင့်သာလျှင် အကျွန်ုပ် သည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အခါခပ်သိမ်း မေ့လျော့ခြင်း ကင်းသည် ဖြစ်၍ ရှိခိုးလျက် ကျင့်ပါအံ့”ဟု (ချီးကျူး၏)။

Linked Discourses 8.8 1. With Vaṅgīsa Over a Thousand At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery, together with a large Saṅgha of 1,250 mendicants. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then Venerable Vaṅgīsa thought, “The Buddha is educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants are paying attention, applying the mind, concentrating wholeheartedly, and actively listening. Why don’t I extoll him in his presence with fitting verses?” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled the Buddha in his presence with fitting verses: “Over a thousand mendicants revere the Holy One as he teaches the immaculate Dhamma, extinguishment, fearing nothing from any quarter. They listen to the immaculate Dhamma taught by the fully awakened Buddha; the Buddha shines at the fore of the mendicant Saṅgha. Blessed One, your name is ‘Giant’, seventh of the seers. You are like a great cloud that rains on your disciples. I left my day’s meditation out of desire to see the Teacher. Great hero, your disciple Vaṅgīsa bows at your feet.” “Vaṅgīsa, had you previously composed these verses, or did they spring to mind in the moment?” “They sprang to mind in the moment, sir.” “Well then, Vaṅgīsa, speak some more spontaneously inspired verses.” “Yes, sir,” replied Vaṅgīsa. Then he extolled the Buddha with some more spontaneously inspired verses, not previously composed: “Having overcome Māra’s wrong path, you wander with hard-heartedness dissolved. See him, the liberator from bonds, dissecting the unattached section by section. You have explained in many ways the path to cross the flood. The Seers of Truth stand unfaltering in the freedom from death explained by you. As the bringer of light who has pierced the truth, you’ve seen what lies beyond all planes. When you saw and realized this for yourself, you taught it first to the group of five. When the Dhamma has been so well taught, how could those who know it be negligent? That’s why, being diligent, we should always train respectfully in the Buddha’s teaching.”

၉။ ကောဏ္ဍညသုတ္တံ

၂၁၇။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော [အညာကောဏ္ဍညော (သီ။ သျာ။ ကံ။)] သုစိရဿေဝ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန စ ပရိစုမ္ဗတိ, ပါဏီဟိ စ ပရိသမ္ဗာဟတိ, နာမဉ္စ သာဝေတိ – ‘‘ကောဏ္ဍညောဟံ, ဘဂဝါ, ကောဏ္ဍညောဟံ, သုဂတာ’’တိ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မာ အညာသိကောဏ္ဍညော သုစိရဿေဝ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန စ ပရိစုမ္ဗတိ, ပါဏီဟိ စ ပရိသမ္ဗာဟတိ, နာမဉ္စ သာဝေတိ – ‘ကောဏ္ဍညောဟံ, ဘဂဝါ, ကောဏ္ဍညောဟံ, သုဂတာ’တိ။ ယံနူနာဟံ အာယသ္မန္တံ အညာသိကောဏ္ဍညံ ဘဂဝတော သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, ဘဂဝါ, ပဋိဘာတိ မံ, သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ, ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အာယသ္မန္တံ အညာသိကောဏ္ဍညံ ဘဂဝတော သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘ဗုဒ္ဓါနုဗုဒ္ဓေါ သော ထေရော, ကောဏ္ဍညော တိဗ္ဗနိက္ကမော၊

လာဘီ သုခဝိဟာရာနံ, ဝိဝေကာနံ အဘိဏှသော။

‘‘ယံ သာဝကေန ပတ္တဗ္ဗံ, သတ္ထုသာသနကာရိနာ၊

သဗ္ဗဿ တံ အနုပ္ပတ္တံ, အပ္ပမတ္တဿ သိက္ခတော။

‘‘မဟာနုဘာဝေါ တေဝိဇ္ဇော, စေတောပရိယာယကောဝိဒေါ၊

ကောဏ္ဍညော ဗုဒ္ဓဒါယာဒေါ [ဗုဒ္ဓသာဝကော (ပီ။)], ပါဒေ ဝန္ဒတိ သတ္ထုနော’’တိ။

၉-ကောဏ္ဍညသုတ် ၂၁၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှည့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အညာသိကောဏ္ဍညသည် အလွန် ကြာမြင့်မှသာလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်စုံတို့၌ ဦးခေါင်းဖြင့် ပျပ်ဝပ် လျက် မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင် ဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း”ဟု အ မည်ကိုလည်း လျှောက်ကြား၏။ ထိုအခါ၌ အသျှင်ဝင်္ဂီသအား ဤသို့သော အကြံသည် ဖြစ်၏- “ဤအသျှင် အညာသိကောဏ္ဍညသည် အလွန်ကြာမြင့်မှသာလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်စုံတို့၌ ဦးခေါင်းဖြင့် ပျပ်ဝပ်လျက် မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင်ဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ကောဏ္ဍညပါတည်း”ဟု အမည်ကိုလည်း ကြား၏၊ ငါသည် အသျှင်အညာသိ ကောဏ္ဍညကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်း လေစွ”ဟု အကြံ ဖြစ်၏။ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်အညာသိကောဏ္ဍညကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏။- “ကောဏ္ဍညအမည်ရှိသော ထိုမထေရ်သည် မြတ်စွာဘုရားကို အတုလိုက်၍ သစ္စာလေးပါးတရားကို သိတော်မူ၏၊ ထက်သန်သော လုံလနှင့်လည်း ပြည့်စုံ၏၊ (ဈာန်သမာပတ်ကို) ရတော်မူ၏၊ ချမ်းသာစွာ နေလေ့ရှိကုန်သော သူတို့တွင် အမြဲ မပြတ် ချမ်းသာစွာ နေလေ့ရှိ၏၊ ဆိတ်ငြိမ်စွာ နေလေ့ရှိကုန်သော သူတို့တွင် အမြဲ မပြတ် ဆိတ်ငြိမ်စွာ နေလေ့ရှိ၏။ မြတ်စွာဘုရား ဆုံးမတော်မူတိုင်း ပြုကျင့်လေ့ရှိသော တပည့်သည် ရောက်အပ် သော အကြင်လောကုတ္တရာတရားသည် ရှိ၏၊ မမေ့မလျော့ ကျင့်ပြီးသော အသျှင် ကောဏ္ဍညသည် အလုံးစုံသော ထိုလောကုတ္တရာတရားသို့ အစဥ်ရောက်တော်မူ၏။ မြတ်စွာဘုရား၏ အမွေခံဖြစ်တော်မူသော၊ ကြီးသော အာနုဘော်ရှိသော၊ ဝိဇ္ဇာ သုံးပါးနှင့် ပြည့်စုံသော၊စေတောပရိယအဘိညာဥ်၌ လိမ္မာသော ကောဏ္ဍညသည် မြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုး၏”ဟု (ချီးကျူး၏)။

Linked Discourses 8.9 1. With Vaṅgīsa With Koṇḍañña At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then Venerable Koṇḍañña Who Understood approached the Buddha after a very long absence. He bowed with his head to the Buddha’s feet, caressing them and covering them with kisses, and pronounced his name: “I am Koṇḍañña, Blessed One! I am Koṇḍañña, Holy One!” Then Venerable Vaṅgīsa thought, “This Venerable Koṇḍañña Who Understood has approached the Buddha after a very long absence. He bowed with his head to the Buddha’s feet, caressing them and covering them with kisses, and pronounced his name: ‘I am Koṇḍañña, Blessed One! I am Koṇḍañña, Holy One!’ Why don’t I extoll him in the Buddha’s presence with fitting verses?” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled Koṇḍañña in the Buddha’s presence with fitting verses: “The senior monk awakened after the Buddha, Koṇḍañña, is keenly energetic. He regularly gains the blissful meditations of seclusion. Whatever can be attained by a disciple who does the Teacher’s bidding, he has attained it all, through diligently training himself. With great power and the three knowledges, expert in encompassing the minds of others, Koṇḍañña, the heir to the Buddha, bows at the Teacher’s feet.”

စာ-၁၉၆

၁၀။ မောဂ္ဂလ္လာနသုတ္တံ

၂၁၈။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဣသိဂိလိပဿေ ကာဠသိလာယံ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ။ တေသံ သုဒံ အာယသ္မာ မဟာမောဂ္ဂလ္လာနော စေတသာ စိတ္တံ သမန္နေသတိ [သမနွေသတိ (သျာ။ အဋ္ဌ။)] ဝိပ္ပမုတ္တံ နိရုပဓိံ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အယံ ခေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဣသိဂိလိပဿေ ကာဠသိလာယံ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ။ တေသံ သုဒံ အာယသ္မာ မဟာမောဂ္ဂလ္လာနော စေတသာ စိတ္တံ သမန္နေသတိ ဝိပ္ပမုတ္တံ နိရုပဓိံ။ ယံနူနာဟံ အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဘဂဝတော သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝေယျ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, ဘဂဝါ, ပဋိဘာတိ မံ, သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ, ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဘဂဝတော သမ္မုခါ သာရုပ္ပါဟိ ဂါထာဟိ အဘိတ္ထဝိ –

‘‘နဂဿ ပဿေ အာသီနံ, မုနိံ ဒုက္ခဿ ပါရဂုံ၊

သာဝကာ ပယိရုပါသန္တိ, တေဝိဇ္ဇာ မစ္စုဟာယိနော။

‘‘တေ စေတသာ အနုပရိယေတိ [အနုပရိယေသတိ (သီ။ သျာ။ ကံ။)], မောဂ္ဂလ္လာနော မဟိဒ္ဓိကော၊

စိတ္တံ နေသံ သမန္နေသံ [သမနွေသံ (သျာ။ အဋ္ဌ။)], ဝိပ္ပမုတ္တံ နိရူပဓိံ။

‘‘ဧဝံ သဗ္ဗင်္ဂသမ္ပန္နံ, မုနိံ ဒုက္ခဿ ပါရဂုံ၊

အနေကာကာရသမ္ပန္နံ, ပယိရုပါသန္တိ ဂေါတမ’’န္တိ။

၁၀-မောဂ္ဂလ္လာနသုတ် ၂၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ ရဟန္တာချည်းသာလျှင် ဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိကုန်သော များစွာသော ရဟန်း သံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ အသျှင်မဟာမောဂ္ဂလာန်သည် ထိုရဟန်းတို့၏ ‘ဥပဓိ’မရှိ သော ကိလေသာမှ လွတ်သော စိတ်ကို မိမိ၏ စိတ်ဖြင့် ကောင်းစွာ ဆင်ခြင်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏- “ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ ရဟန္တာချည်းသာလျှင် ဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိကုန်သော များစွာသော ရဟန်း သံဃာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ အသျှင်မောဂ္ဂလာန်သည် ထိုရဟန်းတို့၏ ‘ဥပဓိ’မရှိသော ကိလေသာမှ လွတ်သော စိတ်ကို မိမိ၏ စိတ်ဖြင့် ကောင်းစွာ ဆင်ခြင်၏၊ ငါသည် အသျှင်မဟာမောဂ္ဂလာန် ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရားအား “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်မဟာ မောဂ္ဂလာန်ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏။- “ဣသိဂိလိတောင်နံပါး၌ သီတင်းသုံးနေတော်မူသော ဝဋ်ဆင်းရဲ၏ ကမ်းတစ်ဖက် သို့ ရောက်တော်မူသော မြတ်စွာဘုရားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော မစ္စုမာရ် ကို ပယ်စွန့်ကုန်ပြီးသော ငါးရာသော တပည့်ရဟန္တာတို့သည် ဆည်းကပ်ကုန်၏။ ကြီးသော တန်ခိုးရှိတော်မူသော မောဂ္ဂလာန်သည် ထိုရဟန္တာတို့၏ ကိလေသာမှ လွတ်သော ဥပဓိ မရှိသော စိတ်ကို ဆင်ခြင်သည်ရှိသော် ထိုရဟန္တာတို့ကို မိမိ စိတ်ဖြင့် ပိုင်းခြား၍ သိ၏။ တပည့်အပေါင်းတို့သည် ဤသို့ အလုံးစုံဂုဏ်အင်္ဂါနှင့် ပြည့်စုံသော၊ ဝဋ်ဆင်းရဲ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော၊ များစွာသော အကြောင်းဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော၊ ဂေါတမအနွယ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဆည်းကပ် ကုန်၏”ဟု (ချီးကျူး၏)။

Linked Discourses 8.10 1. With Vaṅgīsa With Moggallāna At one time the Buddha was staying on the slopes of Isigili at the Black Rock, together with a large Saṅgha of five hundred mendicants, all of whom were perfected ones. Thereupon, with his mind, Venerable Mahāmoggallāna scrutinized whose mind was liberated and free of attachments. Then Venerable Vaṅgīsa thought, “The Buddha is staying on the slopes of Isigili … with five hundred perfected ones. Mahāmoggallāna is scrutinizing whose mind is liberated and free of attachments. Why don’t I extoll him in the Buddha’s presence with fitting verses?” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled Mahāmoggallāna in his presence with fitting verses: “As the sage, who has gone beyond suffering, sits upon the mountain slope, he is revered by disciples with the three knowledges, conquerors of death. Moggallāna, of great psychic power, encompasses with his mind, scrutinizing their minds, liberated, free of attachments. That is how those endowed <j>with many fine qualities revere Gotama, the sage gone beyond suffering, perfect in every respect.”

၁၁။ ဂဂ္ဂရာသုတ္တံ

၂၁၉။ ဧကံ သမယံ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သတ္တဟိ စ ဥပါသကသတေဟိ သတ္တဟိ စ ဥပါသိကာသတေဟိ အနေကေဟိ စ ဒေဝတာသဟဿေဟိ။ တျာဿုဒံ ဘဂဝါ အတိရောစတိ [အတိဝိရောစတိ (က။)] ဝဏ္ဏေန စေဝ ယသသာ စ။ အထ ခေါ အာယသ္မတော ဝင်္ဂီသဿ ဧတဒဟောသိ – ‘‘အယံ ခေါ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သတ္တဟိ စ ဥပါသကသတေဟိ သတ္တဟိ စ ဥပါသိကာသတေဟိ အနေကေဟိ စ ဒေဝတာသဟဿေဟိ။ တျာဿုဒံ ဘဂဝါ အတိရောစတိ ဝဏ္ဏေန စေဝ ယသသာ စ။ ယံနူနာဟံ ဘဂဝန္တံ သမ္မုခါ သာရုပ္ပါယ ဂါထာယ အဘိတ္ထဝေယျ’’န္တိ။

အထ ခေါ အာယသ္မာ ဝင်္ဂီသော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ပဋိဘာတိ မံ, ဘဂဝါ, ပဋိဘာတိ မံ, သုဂတာ’’တိ။ ‘‘ပဋိဘာတု တံ, ဝင်္ဂီသာ’’တိ ဘဂဝါ အဝေါစ။ အထ ခေါ အာယသ္မာ ဝင်္ဂီသော ဘဂဝန္တံ သမ္မုခါ သာရုပ္ပါယ ဂါထာယ အဘိတ္ထဝိ –

‘‘စန္ဒော ယထာ ဝိဂတဝလာဟကေ နဘေ,

ဝိရောစတိ ဝိဂတမလောဝ ဘာဏုမာ၊

ဧဝမ္ပိ အင်္ဂီရသ တွံ မဟာမုနိ,

အတိရောစသိ ယသသာ သဗ္ဗလောက’’န္တိ။

၁၁-ဂဂ္ဂရာသုတ် ၂၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ ငါးရာ အတိုင်း အရှည်ရှိသော များစွာသော ရဟန်းသံဃာတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသကာယောကျာ်းတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသိကာမတို့နှင့်လည်းကောင်း၊ အထောင်မက များကုန်သော နတ်တို့နှင့်လည်းကောင်း အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုရဟန်း,နတ်,လူတို့ထက် မြတ်စွာဘုရားသည် အဆင်း တော်ဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်တော်မူ၏။ ထိုအခါ၌ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏- “ဤမြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ ငါးရာအတိုင်းအရှည်ရှိသော များစွာသော ရဟန်းသံဃာတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသကာယောကျာ်းတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသိကာမတို့နှင့်လည်းကောင်း၊ အထောင်မက များစွာကုန်သော နတ်တို့နှင့်လည်းကောင်း အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုရဟန်း,နတ်,လူတို့ထက့်မြတ်စွာဘုရားသည် အဆင်းတော်ဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို မျက်မှောက်၌ သင့်လျော်သော ဂါထာဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို စမ္ပာယ်တင်၍ “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာဖြင့် ချီးကျူး၏။- “တိမ်တိုက်ကင်းသော ကောင်းကင်၌ လမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်း၊ အညစ်အကြေးကင်းသော နေမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူ မုနိအပေါင်းတို့ထက် မြတ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် အခြံအရံဖြင့် အလုံးစုံသော လောကကို လွန်၍ တင့်တယ်တော်မူ၏”ဟု (ချီးကျူး၏)။

Linked Discourses 8.11 1. With Vaṅgīsa At Gaggarā At one time the Buddha was staying near Campā on the banks of the Gaggarā Lotus Pond, together with a large Saṅgha of five hundred mendicants, seven hundred male and seven hundred female lay followers, and many thousands of deities. But the Buddha outshone them all in beauty and glory. Then Venerable Vaṅgīsa thought, “The Buddha is staying near Campā on the banks of the Gaggarā Lotus Pond, together with a large Saṅgha of five hundred mendicants, seven hundred male and seven hundred female lay followers, and many thousands of deities. And he outshines them all in beauty and glory. Why don’t I extoll him in his presence with fitting verses?” Then Venerable Vaṅgīsa rose from his seat, arranged his robe over one shoulder, raised his cupped palms toward the Buddha, and said, “I feel inspired to speak, Blessed One! I feel inspired to speak, Holy One!” “Then speak as you feel inspired,” said the Buddha. Then Vaṅgīsa extolled the Buddha in his presence with fitting verses: “Like the moon on a cloudless night, like the shining immaculate sun, so too Aṅgīrasa, O great sage, your glory outshines the entire world.”

၁၂။ ဝင်္ဂီသသုတ္တံ

၂၂၀။ ဧကံ သမယံ အာယသ္မာ ဝင်္ဂီသော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဝင်္ဂီသော အစိရအရဟတ္တပ္ပတ္တော ဟုတွာ [ဟောတိ (သီ။ သျာ။ ကံ။)] ဝိမုတ္တိသုခံ ပဋိသံဝေဒီ [ဝိမုတ္တိသုခပဋိသံဝေဒီ (သီ။ ပီ။)] တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘ကာဝေယျမတ္တာ ဝိစရိမှ ပုဗ္ဗေ, ဂါမာ ဂါမံ ပုရာ ပုရံ၊

အထဒ္ဒသာမ သမ္ဗုဒ္ဓံ, သဒ္ဓါ နော ဥပပဇ္ဇထ။

‘‘သော မေ ဓမ္မမဒေသေသိ, ခန္ဓာယတနဓာတုယော [ခန္ဓေ အာယတနာနိ ဓာတုယော (သျာ။ ကံ။ ပီ။ က။)]၊

တဿာဟံ ဓမ္မံ သုတွာန, ပဗ္ဗဇိံ အနဂါရိယံ။

‘‘ဗဟုန္နံ ဝတ အတ္ထာယ, ဗောဓိံ အဇ္ဈဂမာ မုနိ၊

ဘိက္ခူနံ ဘိက္ခုနီနဉ္စ, ယေ နိယာမဂတဒ္ဒသာ။

‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခုံ ဝိသောဓိတံ၊

တေဝိဇ္ဇော ဣဒ္ဓိပတ္တောမှိ, စေတောပရိယာယကောဝိဒေါ’’တိ။

ဝင်္ဂီသသံယုတ္တံ သမတ္တံ။

တဿုဒ္ဒါနံ –

နိက္ခန္တံ အရတိ စေဝ, ပေသလာ အတိမညနာ၊

အာနန္ဒေန သုဘာသိတာ, သာရိပုတ္တပဝါရဏာ၊

ပရောသဟဿံ ကောဏ္ဍညော, မောဂ္ဂလ္လာနေန ဂဂ္ဂရာ၊

ဝင်္ဂီသေန ဒွါဒသာတိ။

၁၂-ဝင်္ဂီသသုတ် ၂၂၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ရဟန်းဖြစ်၍ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်သည်ဖြစ်၍ အရဟတ္တဖိုလ်ချမ်းသာကို ခံစား၏၊ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ် ဆို၏- “(ငါတို့သည်) ရှေးအခါက တစ်ရွာမှ တစ်ရွာသို့ တစ်ပြည်မှ တစ်ပြည်သို့ ကဗျာဖွဲ့ခြင်းမျှ အတိုင်းအရှည်ရှိကုန်သည် ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုစဥ်အခါ မြတ်စွာဘုရားကို ငါတို့ ဖူးမြင်ကြရကုန်၏၊ ငါတို့အား ယုံကြည်မှု ဖြစ်ရကုန်၏။ ထိုမြတ်စွာဘုရားသည် ခန္ဓာ, အာယတန, ဓာတ်တို့ကို (ပြတော်မူလျက်) ငါ့အား တရားဟောတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို ကြားနာရ၍ လူ့ ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုခဲ့ရ၏၊ အကြင်သူတို့သည် အမြဲချဥ်းကပ်၍ ဖူးမြင်ရကုန်၏၊ များစွာကုန်သော ထိုရဟန်း ယောကျာ်း ရဟန်းမိန်းမတို့၏ အကျိုးငှါ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ကို ရတော်မူပေ၏တကား။ ငါ၏ မြတ်စွာဘုရား အထံတော်သို့ (လာခြင်းသည်) ငါ့အား ကောင်းသော လာခြင်း ဖြစ်ပေစွတကား၊ သုံးပါးကုန်သော ဝိဇ္ဇာတို့ကို အစဥ်ရောက်ရပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုလုပ်ရပေပြီ။ ငါသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဥ်ကို သိ၏၊ မြတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို သုတ်သင်အပ်ပြီးပြီ၊ (အသိဉာဏ်) ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်၍ (ဣဒ္ဓိဝိဓ) အဘိဉာဏ် ကို ရပြီ၊ သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိသော ဉာဏ်၌ လိမ္မာ၏”ဟု (ရွတ်ဆို၏)။ ဝင်္ဂီသသံယုတ် ပြီး၏။

Linked Discourses 8.12 1. With Vaṅgīsa With Vaṅgīsa At one time Venerable Vaṅgīsa was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Vaṅgīsa had recently attained perfection. While experiencing the bliss of freedom, on that occasion he recited these verses: “We used to wander, drunk on poetry, village to village, town to town. Then we saw the Buddha, and faith arose in us. He taught me Dhamma: the aggregates, sense fields, and elements. When I heard his teaching I went forth to homelessness. It was truly for the benefit of many that the sage achieved awakening— for the monks and for the nuns who see that they’ve reached certainty. It was so welcome for me to be in the presence of the Buddha. I’ve attained the three knowledges, and fulfilled the Buddha’s instructions. I know my past lives, my clairvoyance is purified, I am master of three knowledges, <j>attained in psychic power, expert in encompassing the minds of others.” The Linked Discourses with Vaṅgīsa are complete.

စာ-၁၉၉

၉။ ဝနသံယုတ္တံ

၁။ ဝိဝေကသုတ္တံ

၂၂၁။ ဧဝံ မေ သုတံ – ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု ဒိဝါဝိဟာရဂတော ပါပကေ အကုသလေ ဝိတက္ကေ ဝိတက္ကေတိ ဂေဟနိဿိတေ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ဝိဝေကကာမောသိ ဝနံ ပဝိဋ္ဌော,

အထ တေ မနော နိစ္ဆရတီ ဗဟိဒ္ဓါ၊

ဇနော ဇနသ္မိံ ဝိနယဿု ဆန္ဒံ,

တတော သုခီ ဟောဟိသိ ဝီတရာဂေါ။

‘‘အရတိံ ပဇဟာသိ သတော, ဘဝါသိ သတံ တံ သာရယာမသေ၊

ပါတာလရဇော ဟိ ဒုတ္တရော, မာ တံ ကာမရဇော အဝါဟရိ။

‘‘သကုဏော ယထာ ပံသုကုန္ထိတော [ပံသုကုဏ္ဌိတော (က။), ပံသုကုဏ္ဍိတော (သီ။ သျာ။ ကံ။ ပီ။)], ဝိဓုနံ ပါတယတိ သိတံ ရဇံ၊

ဧဝံ ဘိက္ခု ပဓာနဝါ သတိမာ, ဝိဓုနံ ပါတယတိ သိတံ ရဇ’’န္တိ။

အထ ခေါ သော ဘိက္ခု တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၉-ဝနသံယုတ် ၁-ဝိဝေကသုတ် ၂၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလ တိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထိုရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်သည်ရှိသော် တဏှာအိမ်ကို မှီ၍ဖြစ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့ကို ကြံ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေ သော နတ်သည် ထိုရဟန်းအား အစဥ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏- “(ရဟန်း) သင်သည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ကို တောင့်တသည် ဖြစ်၍ တောသို့ ဝင်၏၊ သို့ဖြစ်လျက် သင်၏ စိတ်သည် အပဖြစ်သော အာရုံတို့၌ ကျက်စားဘိ၏၊ လူသားဖြစ်သော သင်သည် (အခြား) လူသားဖြစ်သော သူ၌ အလို ‘ဆန္ဒ’ ကို ပယ် ဖျောက်လော့၊ ယင်းသို့ ပယ်ဖျောက်ခြင်းကြောင့် ရာဂကင်းသည်ဖြစ်၍ ချမ်းသာခြင်း ရှိသူ ဖြစ်ရလတ္တံ့။ သင်သည် မမွေ့လျော်မှုကို စွန့်ပါလော့၊ သတိရှိသူ ဖြစ်ပါလော့၊ သတိနှင့် ပြည့်စုံသော သင့်ကို ငါတို့ အောက်မေ့လိုပါကုန်၏။ ထိုစကား မှန်၏၊ တည်ရာ မရှိသော ဗလဝါမုခဝဲတည်းဟူသော ကိလေသာမြူကို လွန်နိုင်ခဲ၏၊ သင့်ကို ကာမမြူ သည် အပါယ်သို့ မဆောင်ပါစေလင့်။ မြေမှုန့်ကပ်သော ငှက်သည် ကပ်သောမြူကို ခါတွက်၍ ကျစေသကဲ့သို့ ထို့အတူ ရဟန်းသည် လုံလနှင့် ပြည့်စုံသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ ကပ်သော ကိလေသာမြူကို ခါတွက်လျက် ကျစေပါလော့”ဟု (ရွတ်ဆို လျှောက်ထား၏)။ ထိုနတ် ထိတ်လန့်စေအပ်သော ထိုရဟန်းသည် ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.1 1. In the Woods Seclusion So I have heard. At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. Now at that time that mendicant, during their day’s meditation, was thinking bad, unskillful thoughts to do with the domestic life. The deity haunting that forest had sympathy for that mendicant, and wanted what’s best for them. So they approached that mendicant wanting to stir them up, and addressed them in verse: “You entered the woods desiring seclusion, yet your mind strays to outward things. As a person, dispel the desire for people; then you’ll be happy, free of greed. Give up discontent; be mindful; let us remind you to be mindful. The dusty abyss is so hard to cross; don’t let sensual dust drag you down. Just as a bird strewn with dirt sheds that clingy dust with a shake; so too, an energetic, mindful mendicant sheds that clingy dust with a shake.” Impelled by that deity, that mendicant was struck with a sense of urgency.

၂။ ဥပဋ္ဌာနသုတ္တံ

၂၂၂။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု ဒိဝါဝိဟာရဂတော သုပတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ဥဋ္ဌေဟိ ဘိက္ခု ကိံ သေသိ, ကော အတ္ထော သုပိတေန [သုပိနေန (သီ။)] တေ၊

အာတုရဿ ဟိ ကာ နိဒ္ဒါ, သလ္လဝိဒ္ဓဿ ရုပ္ပတော။

‘‘ယာယ သဒ္ဓါယ ပဗ္ဗဇိတော [ယာယ သဒ္ဓါပဗ္ဗဇိတော (သီ။ သျာ။ ကံ။)], အဂါရသ္မာနဂါရိယံ၊

တမေဝ သဒ္ဓံ ဗြူဟေဟိ, မာ နိဒ္ဒါယ ဝသံ ဂမီ’’တိ။

‘‘အနိစ္စာ အဒ္ဓုဝါ ကာမာ, ယေသု မန္ဒောဝ မုစ္ဆိတော၊

ဗဒ္ဓေသု [ခန္ဓေသု (သီ။)] မုတ္တံ အသိတံ, ကသ္မာ ပဗ္ဗဇိတံ တပေ။

‘‘ဆန္ဒရာဂဿ ဝိနယာ, အဝိဇ္ဇာသမတိက္ကမာ၊

တံ ဉာဏံ ပရမောဒါနံ [ပရိယောဒါတံ (သီ။ ပီ။), ပရမောဒါတံ (သျာ။ ကံ။), ပရမဝေါဒါနံ (သီ။ အဋ္ဌ။)], ကသ္မာ ပဗ္ဗဇိတံ တပေ။

‘‘ဆေတွာ [ဘေတွာ (သီ။ သျာ။ ကံ။ ပီ။)] အဝိဇ္ဇံ ဝိဇ္ဇာယ, အာသဝါနံ ပရိက္ခယာ၊

အသောကံ အနုပါယာသံ, ကသ္မာ ပဗ္ဗဇိတံ တပေ။

‘‘အာရဒ္ဓဝီရိယံ ပဟိတတ္တံ, နိစ္စံ ဒဠှပရက္ကမံ၊

နိဗ္ဗာနံ အဘိကင်္ခန္တံ, ကသ္မာ ပဗ္ဗဇိတံ တပေ’’တိ။

၂-ဥပဋ္ဌာနသုတ် ၂၂၂။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်လျက် အိပ်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဥ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလို ရကား ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း ထလော့၊ အဘယ်ကြောင့် အိပ်ဘိသနည်း၊ သင့်အား အိပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ထိုစကား မှန်၏၊ ကိလေသာဟူသော နာကျင်ခြင်းရှိသော တဏှာမြား စူးဝင်အပ်သည် ဖြစ်၍ ထိခိုက်သော သင့်အား အိပ်ခြင်းသည် အဘယ် အကျိုးရှိအံ့နည်း။ အကြင်ယုံကြည်မှု ‘သဒ္ဓါတရား’ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ထိုယုံကြည်မှု ‘သဒ္ဓါတရား’ကိုသာလျှင် ပွားစေလော့၊ အိပ်ခြင်း၏ အလိုနိုင်ငံသို့ မလိုက် ပါလင့်”ဟု ရွတ်ဆို လျှောက်ထား၏။ “(နတ်သား) ကာမဂုဏ်တို့သည် အမြဲ မရှိကုန်၊ မတည်တံ့ကုန်၊ ယင်းကာမဂုဏ်တို့၌ ပညာနည်းသော သူသည်သာ ပြင်းစွာ တွေဝေ၏၊ အနှောင်အဖွဲ့တို့မှ လွတ် ပြီးသော (တဏှာဒိဋ္ဌိအမှီဖြင့်) မမှီသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ် ကြောင့် ပူပန်စေနိုင်အံ့နည်း။ (နတ်သား) ပြင်းစွာ တပ်မက်မှု ‘ဆန္ဒရာဂ’ကို ပယ်ခြင်းကြောင့် မသိမှု ‘အဝိဇ္ဇာ’ကို လွန်မြောက်ခြင်းကြောင့် လွန်စွာ စင်ကြယ်ခြင်းရှိသော စတုသစ္စာဉာဏ်နှင့် ပြည့်စုံ သော ထိုရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း။ (နတ်သား) မသိမှု ‘အဝိဇ္ဇာ’ကို အသိဉာဏ် ‘ဝိဇ္ဇာ’ဖြင့် ဖြတ်တောက်၍ အာသဝ တရားတို့၏ ကုန်ခြင်းကြောင့် ပူဆွေးမှု မရှိသော ပြင်းစွာ ပင်ပန်းမှု မရှိသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း။ (နတ်သား) ထက်သန်သော လုံ့လရှိသော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိ သော၊ မြဲမြံကြံ့ခိုင်သော လုံ့လရှိသော၊ နိဗ္ဗာန်ကို တောင့်တသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း”ဟု (မိန့်ဆို၏)။

Linked Discourses 9.2 1. In the Woods Application At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. Now at that time that mendicant went for the day’s meditation, but fell asleep. The deity haunting that forest had sympathy for that mendicant, and wanted what’s best for them. So they approached that mendicant wanting to stir them up, and addressed them in verse: “Get up, mendicant! Why lie down? What’s the point in sleeping? How can the afflicted slumber, inflicted by an arrow strike? You should amplify the faith that led you to go forth from the lay life to homelessness. Don’t fall under the sway of slumber.” “Sensual pleasures are impermanent and unstable, but dullards still fall for them. Among those who are bound, <j>they’re free and unattached: why bother a renunciate? By removing desire and greed, by going beyond ignorance, that knowledge has been perfectly cleansed: why bother a renunciate? By breaking ignorance with knowledge, by the ending of defilements, they’re sorrowless, unstressed: why bother a renunciate? Energetic, resolute, always staunchly vigorous, aspiring to extinguishment: why bother a renunciate?”

၃။ ကဿပဂေါတ္တသုတ္တံ

၂၂၃။ ဧကံ သမယံ အာယသ္မာ ကဿပဂေါတ္တော ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန အာယသ္မာ ကဿပဂေါတ္တော ဒိဝါဝိဟာရဂတော အညတရံ ဆေတံ ဩဝဒတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ အာယသ္မန္တံ ကဿပဂေါတ္တံ သံဝေဇေတုကာမာ ယေနာယသ္မာ ကဿပဂေါတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ကဿပဂေါတ္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ဂိရိဒုဂ္ဂစရံ ဆေတံ, အပ္ပပညံ အစေတသံ၊

အကာလေ ဩဝဒံ ဘိက္ခု, မန္ဒောဝ ပဋိဘာတိ မံ။

‘‘သုဏာတိ န ဝိဇာနာတိ, အာလောကေတိ န ပဿတိ၊

ဓမ္မသ္မိံ ဘညမာနသ္မိံ, အတ္ထံ ဗာလော န ဗုဇ္ဈတိ။

‘‘သစေပိ ဒသ ပဇ္ဇောတေ, ဓာရယိဿသိ ကဿပ၊

နေဝ ဒက္ခတိ ရူပါနိ, စက္ခု ဟိဿ န ဝိဇ္ဇတီ’’တိ။

အထ ခေါ အာယသ္မာ ကဿပဂေါတ္တော တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၃-ကဿပဂေါတ္တသုတ် ၂၂၃။ အခါတစ်ပါး၌ အသျှင်ကဿပဂေါတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်ကဿပဂေါတ္တသည် နေ့သန့်စင်ရာသို့ ကပ်၍ သားမုဆိုးတစ်ယောက်ကို ဆုံးမ၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်ကဿပဂေါတ္တအား ထိတ်လန့်စေလိုသည် ဖြစ်၍ ထို အသျှင်ကဿပဂေါတ္တထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို၏- “ရဟန်း တောင်ချောက်ကြား၌ သွားလာနေသော ပညာမဲ့၍ အကြောင်းအကျိုး သိနိုင်သည့် စိတ်မရှိသော မုဆိုးကို အခါ မဟုတ်သည်၌ ဆုံးမသော ရဟန်းသည် နှုံ့နှေးမိုက်မဲသူကဲ့သို့ အကျွန်ုပ် (ဉာဏ်၌) ထင်ပါ၏။ မုဆိုးမိုက်သည် နားထောင်၏၊ သိကား မသိ။ ကြည့်၏၊ မြင်ကား မမြင်။ တရားဟောသော်လည်း အနက်အဓိပ္ပာယ်ကို မသိနိုင်။ ကဿပ သင်သည် ဆယ်တိုင်သော မီးတို့ကို ညှိထွန်းစေကာမူ (ထိုသားမုဆိုး သည်) အဆင်းတို့ကို မမြင်ရလတ္တံ့၊ ထိုတောမုဆိုးအား (ပညာ) မျက်စိ မရှိသည် သာတည်း”ဟု ရွတ်ဆို၏။ ထိုအခါ၌ အသျှင်ကဿပဂေါတ္တသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.3 1. In the Woods With Kassapagotta At one time Venerable Kassapagotta was staying in the land of the Kosalans in a certain forest grove. Now at that time Venerable Kassapagotta, having withdrawn for his day’s meditation, tried to advise a nimrod. Then the deity haunting that forest approached Kassapagotta wanting to stir him up, and recited these verses: “A nimrod wandering the rugged hills is unintelligent, unthinking. It’s a waste of time to advise him, mendicant; he strikes me as a dullard. He listens without understanding, looks without seeing. Though the teaching is spoken, the fool doesn’t get it. Even if you lit ten lamps and brought them to him, Kassapa, he wouldn’t see anything, for he has no eyes to see.” Impelled by that deity, Venerable Kassapagotta was struck with a sense of urgency.

စာ-၂၀၁

၄။ သမ္ဗဟုလသုတ္တံ

၂၂၄။ ဧကံ သမယံ သမ္ဗဟုလာ ဘိက္ခူ ကောသလေသု ဝိဟရန္တိ အညတရသ္မိံ ဝနသဏ္ဍေ။ အထ ခေါ တေ ဘိက္ခူ ဝဿံဝုဋ္ဌာ [ဝဿံဝုတ္ထာ (သီ။ သျာ။ ကံ။ ပီ။)] တေမာသစ္စယေန စာရိကံ ပက္ကမိံသု။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တေ ဘိက္ခူ အပဿန္တီ ပရိဒေဝမာနာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘အရတိ ဝိယ မေဇ္ဇ ခါယတိ,

ဗဟုကေ ဒိသွာန ဝိဝိတ္တေ အာသနေ၊

တေ စိတ္တကထာ ဗဟုဿုတာ,

ကောမေ ဂေါတမသာဝကာ ဂတာ’’တိ။

ဧဝံ ဝုတ္တေ, အညတရာ ဒေဝတာ တံ ဒေဝတံ ဂါထာယ ပစ္စဘာသိ –

‘‘မာဂဓံ ဂတာ ကောသလံ ဂတာ, ဧကစ္စိယာ ပန ဝဇ္ဇိဘူမိယာ၊

မဂါ ဝိယ အသင်္ဂစာရိနော, အနိကေတာ ဝိဟရန္တိ ဘိက္ခဝေါ’’တိ။

၄-သမ္ဗဟုလသုတ် ၂၂၄။ အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေကုန်၏၊ ထိုအခါ ရဟန်းတို့သည် ဝါကျွတ်ကုန်ပြီးသော် သုံးလကို လွန်သဖြင့် ဒေသစာရီ ဖဲသွားကြကုန်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းတို့ကို မမြင်သည် ဖြစ်ရကား ငိုကြွေးလျက် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏- “များစွာကုန်သော ဆိတ်ငြိမ်သော နေရာတို့ကို မြင်ရသောကြောင့် ငါ့အား ယနေ့ မမွေ့လျော်သကဲ့သို့ ထင်၏၊ ထိုရဟန်းတို့သည် ဆန်းကြယ်သော တရား စကား ရှိကုန်၏၊ များစွာသော အကြားအမြင် ရှိကုန်၏၊ ဤဂေါတမဘုရား၏ တပည့် ဖြစ်ကုန်သော ထိုရဟန်းတို့သည် အဘယ်အရပ်သို့ သွားကုန်သနည်း”ဟု ရွတ်ဆို၏။ ဤသို့ ရွတ်ဆိုအပ်သည် ရှိသော် နတ်သားတစ်ယောက်သည် ထိုဆိုသော နတ်သားကို ဂါထာဖြင့် ပြန်ပြော၏- “အချို့သော ရဟန်းတို့သည်ကား မဂဓတိုင်းသို့ သွားကုန်၏၊ အချို့သော ရဟန်းတို့သည်ကား ကောသလတိုင်းသို့ သွားကုန်၏၊ အချို့သော ရဟန်းတို့သည်ကား ဝဇ္ဇီတိုင်းသို့ သွားကုန်၏၊ ကပ်ငြိခြင်း မရှိဘဲ သွားလေ့ရှိကုန်သော သားသမင်နှင့် တူကုန်သော ရဟန်းတို့သည် အိမ် မရှိကုန်သည် ဖြစ်၍ နေကြကုန်၏”ဟု (ပြန် ပြော၏)။

Linked Discourses 9.4 1. In the Woods Several Mendicants Set Out Wandering At one time several mendicants were staying in the land of the Kosalans in a certain forest grove. Then after completing the three months of the rainy season residence, those mendicants set out wandering. Not seeing those mendicants, the deity haunting that forest cried. And on that occasion they spoke this verse: “Dissatisfaction, <j>it seems to me today, seeing so many vacated seats. They were so learned, such brilliant speakers! Where have these disciples of Gotama gone?” When they had spoken, another deity replied with this verse: “They’ve gone to Magadha, they’ve gone to Kosala, and some are in the Vajjian lands. Like deer that wander free of ties, the mendicants live with no abode.”

၅။ အာနန္ဒသုတ္တံ

၂၂၅။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန အာယသ္မာ အာနန္ဒော အတိဝေလံ ဂိဟိသညတ္တိဗဟုလော ဝိဟရတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ အာယသ္မတော အာနန္ဒဿ အနုကမ္ပိကာ အတ္ထကာမာ အာယသ္မန္တံ အာနန္ဒံ သံဝေဇေတုကာမာ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘ရုက္ခမူလဂဟနံ ပသက္ကိယ, နိဗ္ဗာနံ ဟဒယသ္မိံ ဩပိယ၊

ဈာ ဂေါတမ မာ ပမာဒေါ [မာ စ ပမာဒေါ (သီ။ ပီ။)], ကိံ တေ ဗိဠိဗိဠိကာ ကရိဿတီ’’တိ။

အထ ခေါ အာယသ္မာ အာနန္ဒော တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၅-အာနန္ဒသုတ် ၂၂၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် လူတို့ကို သိစေခြင်းများသည် ဖြစ်၍ အချိန်လွန်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်အာနန္ဒာအား အစဥ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသော ကြောင့် အသျှင်အာနန္ဒာကို ထိတ်လန့်စေလိုရကား အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သစ်ပင်ရင်း တောချုံသို့ သက်ဝင်ကာ နိဗ္ဗာန်ကို စိတ်နှလုံး၌ ထည့်သွင်းထား၍ ဈာန်ဝင်စားပါလော့၊ မေ့လျော့ခြင်း မဖြစ် ပါစေလင့်၊ အသျှင်ဘုရားအား ဗလစ်ဗလစ်ပြောဆိုခြင်းသည် အဘယ်ပြုလတ္တံ့နည်း”ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.5 1. In the Woods With Ānanda At one time Venerable Ānanda was staying in the land of the Kosalans in a certain forest grove. Now at that time Ānanda was spending too much time persuading lay people. Then the deity haunting that forest had sympathy for Ānanda, wanting what’s best for him. So they approached him wanting to stir him up, and recited these verses: “You’ve left for the jungle, the root of a tree, having laid extinguishment in your heart. Meditate, Gotama, don’t be negligent! What use is this hullabaloo to you?” Impelled by that deity, Venerable Ānanda was struck with a sense of urgency.

၆။ အနုရုဒ္ဓသုတ္တံ

၂၂၆။ ဧကံ သမယံ အာယသ္မာ အနုရုဒ္ဓေါ ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ အထ ခေါ အညတရာ တာဝတိံသကာယိကာ ဒေဝတာ ဇာလိနီ နာမ အာယသ္မတော အနုရုဒ္ဓဿ ပုရာဏဒုတိယိကာ ယေနာယသ္မာ အနုရုဒ္ဓေါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အနုရုဒ္ဓံ ဂါထာယ အဇ္ဈဘာသိ –

‘‘တတ္ထ စိတ္တံ ပဏိဓေဟိ, ယတ္ထ တေ ဝုသိတံ ပုရေ၊

တာဝတိံသေသု ဒေဝေသု, သဗ္ဗကာမသမိဒ္ဓိသု၊

ပုရက္ခတော ပရိဝုတော, ဒေဝကညာဟိ သောဘသီ’’တိ။

‘‘ဒုဂ္ဂတာ ဒေဝကညာယော, သက္ကာယသ္မိံ ပတိဋ္ဌိတာ၊

တေ စာပိ ဒုဂ္ဂတာ သတ္တာ, ဒေဝကညာဟိ ပတ္ထိတာ’’တိ။

‘‘န တေ သုခံ ပဇာနန္တိ, ယေ န ပဿန္တိ နန္ဒနံ၊

အာဝါသံ နရဒေဝါနံ, တိဒသာနံ ယသဿိန’’န္တိ။

‘‘န တွံ ဗာလေ ဝိဇာနာသိ, ယထာ အရဟတံ ဝစော၊

အနိစ္စာ သဗ္ဗသင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ။

‘‘နတ္ထိ ဒါနိ ပုနာဝါသော, ဒေဝကာယသ္မိ ဇာလိနိ၊

ဝိက္ခီဏော ဇာတိသံသာရော, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ’’တိ။

၆-အနုရုဒ္ဓသုတ် ၂၂၆။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင် အနုရုဒ္ဓါ၏ ရှေးက မယားဖြစ်ဖူးသော တာဝတိံသာနတ်ပြည်၌ ဖြစ်သော ဇာလိနီမည်သော နတ်သမီး တစ်ယောက်သည် ထိုအသျှင်အနုရုဒ္ဓါထံသို့ ချဥ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အကြင်အရပ်၌ ရှေးအခါက သင် နေဖူး၏၊ ထိုအရပ်၌ စိတ်ကို တောင့်တလော့၊ အလုံးစုံသော ကာမဂုဏ်တို့နှင့် ပြည့်စုံသော တာဝတိံသာနတ်ပြည်တို့၌ နတ်သမီး အပေါင်းတို့ဖြင့် ဝိုင်းအုံ ခြံရံအပ်သည် ဖြစ်၍ တင့်တယ်ခဲ့ဖူး၏”ဟု လျှောက်၏။ “နတ်သမီးတို့သည်ကား သက္ကာယဒိဋ္ဌိ၌ တည်ကုန်သည် ဖြစ်၍ မကောင်းသော လားရာ ရှိကုန်၏၊ ထိုနတ်သမီးတို့သည်လည်း ဒုဂ္ဂတိဘုံသို့ ရောက်ကုန်သေး၏။ အကြင်တာဝတိံသာနတ်တို့ကို နတ်သမီးတို့ တောင့်တအပ်ကုန်၏၊ ထို (တာဝတိံသာ) သတ္တဝါတို့သည်လည်း ဒုဂ္ဂတိဘုံသို့ ရောက်ရကုန်သေး၏”ဟု မိန့်ဆို၏။ “အကြင်သူတို့သည် များစွာသော အခြံအရံရှိသော တာဝတိံသာနတ်ပြည်၌ နေ ကုန်သော နတ်သားတို့၏ နေရာဖြစ်သော နန္ဒဝန်ဥယျာဥ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်”ဟု (ဆို၏)။ “အမိုက်မ အကြင်အခြင်းအရာဖြင့် ရဟန္တာပုဂ္ဂိုလ်တို့၏ စကားသည် ရှိ၏၊ ထို စကားကို သင် မသိ၊ အလုံစုံသော သင်္ခါရတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ်, ပျက် တတ်သော သဘောရှိကုန်၏၊ ဖြစ်ကုန်ပြီး၍ ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်း ရာဖြစ်သော နိဗ္ဗာန်သည်သာ ချမ်းသာ၏။ (ဤသို့သော စကားကို သင် မသိ)။ ဇာလိနီနတ်သမီး နတ်ပြည်၌ ယခုအခါ (ငါ၏) တစ်ဖန် နေခြင်းသည် မရှိတော့ပြီ၊ ပဋိသန္ဓေနေခြင်း သံသရာသည် ကုန်ပြီးပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သည် မရှိတော့ပြီ”ဟု (ဆို၏)။

Linked Discourses 9.6 1. In the Woods With Anuruddha At one time Venerable Anuruddha was staying in the land of the Kosalans in a certain forest grove. Then a certain deity of the company of the thirty-three named Penelope had been Anuruddha’s partner in a former life. She went up to Anuruddha, and recited these verses: “Set your heart there, where you used to live: among the gods of the thirty-three, whose every desire is granted! At the fore of a retinue of divine maidens, you’ll shine!” “Divine maidens are in a sorry state, stuck in substantial reality. And those beings too are in a sorry state, who are attached to divine maidens.” “They don’t know pleasure who don’t see the Garden of Delight! It’s the abode of lordly gods, the glorious host of Thirty!” “Fool, don’t you understand the saying of the perfected ones: All conditions are impermanent, their nature is to rise and fall; having arisen, they cease; their settling is such bliss. O Penelope, weaver of the web— there are no more abodes for me in the heavenly host. Transmigration through births is finished, now there’ll be no more future lives.”

၇။ နာဂဒတ္တသုတ္တံ

၂၂၇။ ဧကံ သမယံ အာယသ္မာ နာဂဒတ္တော ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန အာယသ္မာ နာဂဒတ္တော အတိကာလေန ဂါမံ ပဝိသတိ, အတိဒိဝါ ပဋိက္ကမတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ အာယသ္မတော နာဂဒတ္တဿ အနုကမ္ပိကာ အတ္ထကာမာ အာယသ္မန္တံ နာဂဒတ္တံ သံဝေဇေတုကာမာ ယေနာယသ္မာ နာဂဒတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ နာဂဒတ္တံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ကာလေ ပဝိသ နာဂဒတ္တ, ဒိဝါ စ အာဂန္တွာ အတိဝေလစာရီ၊

သံသဋ္ဌော ဂဟဋ္ဌေဟိ, သမာနသုခဒုက္ခော။

‘‘ဘာယာမိ နာဂဒတ္တံ သုပ္ပဂဗ္ဘံ, ကုလေသု ဝိနိဗဒ္ဓံ၊

မာ ဟေဝ မစ္စုရညော ဗလဝတော, အန္တကဿ ဝသံ ဥပေသီ’’တိ [ဝသမေယျာတိ (သီ။ ပီ။), ဝသမေသီတိ (သျာ။ ကံ။)]။

အထ ခေါ အာယသ္မာ နာဂဒတ္တော တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၇-နာဂဒတ္တသုတ် ၂၂၇။ အခါတစ်ပါး၌ အသျှင်နာဂဒတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ အသျှင်နာဂဒတ္တသည် အလွန် စောလွန်းစွာ ရွာသို့ ဝင်၏၊ အလွန် နေမြင့်မှ ပြန်ခဲ့၏၊ ထိုအခါ ထိုတော အုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်နာဂဒတ္တအား အစဥ်သနားခြင်းရှိသည်ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် အသျှင်နာဂဒတ္တကို ထိတ်လန့်စေလိုရကား ထိုအသျှင်နာဂဒတ္တထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “နဂဒတ္တ နံနက်စောစော (ရွာသို့) ဝင်၏၊ နေမြင့်မှ ပြန်လာသည့်ပြင် အချိန်လွန် အကျင့်ကို ကျင့်လေ့ရှိကာ လူတို့နှင့် တူမျှသော ချမ်းသာဆင်းရဲရှိသည် ဖြစ်၍ လူတို့နှင့် ရောနှောဘိ၏။ ဒါယကာတို့၌ ဖွဲ့သော စိတ်ရှိသော လွန်စွာ ခက်ထန်သော နဂဒတ္တကို အကျွန်ုပ် ကြောက်လှပါ၏၊ (တစ်ခုသော ဘဝ၏) အဆုံးကို ပြုတတ်သော ခွန်အားကြီးသော သေမင်း၏ အလိုနိုင်ငံသို့ မလိုက်ပါလင့်”ဟု ရွတ်ဆို၏။ ထိုအခါ၌ အသျှင်နာဂဒတ္တသည် ထိုနတ် ထိတ်လန့်စေအပ်သည်ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.7 1. In the Woods With Nāgadatta At one time Venerable Nāgadatta was staying in the land of the Kosalans in a certain forest grove. Now at that time Venerable Nāgadatta had been entering the village too early and returning late in the day. Then the deity haunting that forest had sympathy for Nāgadatta, wanting what’s best for him. So they approached him wanting to stir him up, and recited these verses: “Entering the village too early, and returning too late in the day, Nāgadatta mixes with lay people, sharing their joys and sorrows. I’m afraid for Nāgadatta; he’s reckless, shackled to families. May he not come under the King of Death’s power, under the sway of the terminator!” Impelled by that deity, Venerable Nāgadatta was struck with a sense of urgency.

၈။ ကုလဃရဏီသုတ္တံ

၂၂၈။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု အညတရသ္မိံ ကုလေ အတိဝေလံ အဇ္ဈောဂါဠှပ္ပတ္တော ဝိဟရတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယာ တသ္မိံ ကုလေ ကုလဃရဏီ, တဿာ ဝဏ္ဏံ အဘိနိမ္မိနိတွာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာယ အဇ္ဈဘာသိ –

‘‘နဒီတီရေသု သဏ္ဌာနေ, သဘာသု ရထိယာသု စ၊

ဇနာ သင်္ဂမ္မ မန္တေန္တိ, မဉ္စ တဉ္စ [တွဉ္စ (က။)] ကိမန္တရ’’န္တိ။

‘‘ဗဟူဟိ သဒ္ဒါ ပစ္စူဟာ, ခမိတဗ္ဗာ တပဿိနာ၊

န တေန မင်္ကု ဟောတဗ္ဗံ, န ဟိ တေန ကိလိဿတိ။

‘‘ယော စ သဒ္ဒပရိတ္တာသီ, ဝနေ ဝါတမိဂေါ ယထာ၊

လဟုစိတ္တောတိ တံ အာဟု, နာဿ သမ္ပဇ္ဇတေ ဝတ’’န္တိ။

၈-ကုလဃရဏီသုတ် ၂၂၈။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထို ရဟန်းသည် အမျိုးတစ်ဦး၌ အလွန်ခင်မင် သက်ဝင်ခြင်းသို့ ရောက်သည် ဖြစ်၍ အချိန်ကြာမြင့်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ အုပ်စိုး၍ နေသော နတ်သည် ထိုရဟန်းအား အစဥ်သနားခြင်းရှိသည်ဖြစ်၍ အကျိုး စီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုအမျိုး၌ ရှိသော အိမ်ရှင်မ၏ အသွင်ကို ဖန်ဆင်း၍ ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း မြစ်ကမ်းနားတို့၌လည်းကောင်း၊ အပန်းဖြေနားနေရာ အရပ်၌လည်းကောင်း၊ ပွဲသဘင်တို့၌လည်းကောင်း၊ လမ်းမတို့၌လည်းကောင်း လူအပေါင်းတို့ သည် စုရုံးကြကုန်၍ အကျွန်ုပ်၏ အကြောင်းကိုလည်းကောင်း၊ သင်၏ အကြောင်း ကိုလည်းကောင်း တိုးတိုး ပြောဆိုတိုင်ပင်ကြကုန်၏။ အဘယ်ကဲ့သို့သော အကြောင်း မျိုး ဖြစ်ပါလိမ့်မည်နည်း”ဟု ဆို၏။ “အိမ်ရှင်မ လောက၌ ဆန့်ကျင်ဘက် ပြောဆိုသော အသံတို့သည် များပြားကုန် သည်သာတည်း၊ ခြိုးခြံစွာ ကျင့်လေ့ရှိသူသည် သည်းခံအပ်၏၊ ထိုအကြောင်းကြောင့် မျက်နှာမသာ မဖြစ်ရာ၊ ထိုသို့ ပြောခြင်းကြောင့် မညစ်နွမ်းလတ္တံ့။ အိမ်ရှင်မ အကြင်သူသည် ‘တော၌ ဝါတမိဂ မည်သော သားကောင်းကဲ့သို့’ စကားသံဖြင့် ထိတ်လန့်၏၊ ထိုသူကို ပေါ့သောစိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ (ပညာရှိတို့) ဆိုကုန်၏၊ ထိုပုဂ္ဂိုလ်အား အကျင့် မပြည့်စုံရာ”ဟု (မိန့်ဆို၏)။

Linked Discourses 9.8 1. In the Woods The Mistress of the House At one time one of the monks was staying in the land of the Kosalans in a certain forest grove. Now at that time that monk had become too closely involved in the affairs of a certain family. The deity haunting that forest had sympathy for that monk, wanting what’s best for him. So, wanting to stir him up, they manifested in the appearance of the mistress of that family, approached the monk, and addressed him in verse: “At river banks and guest houses, hotels and highways, people gather to gossip about what’s going on between you and me.” “There are many sounds echoing that a fervent ascetic must endure. They ought not be dismayed by that, for that’s not what defiles you. If you’re startled by every little sound, like a wind-deer in the wood, they’ll call you ‘flighty minded’; and your practice won’t succeed.”

၉။ ဝဇ္ဇိပုတ္တသုတ္တံ

၂၂၉။ ဧကံ သမယံ အညတရော ဝဇ္ဇိပုတ္တကော ဘိက္ခု ဝေသာလိယံ ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန ဝေသာလိယံ ဝဇ္ဇိပုတ္တကော သဗ္ဗရတ္တိစာရော ဟောတိ။ အထ ခေါ သော ဘိက္ခု ဝေသာလိယာ တူရိယ-တာဠိတ-ဝါဒိတ-နိဂ္ဃေါသသဒ္ဒံ သုတွာ ပရိဒေဝမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘ဧကကာ မယံ အရညေ ဝိဟရာမ,

အပဝိဒ္ဓံဝ [အပဝိဋ္ဌံဝ (သျာ။ ကံ။)] ဝနသ္မိံ ဒါရုကံ၊

ဧတာဒိသိကာယ ရတ္တိယာ,

ကော သု နာမမှေဟိ [နာမ အမှေဟိ (သီ။ ပီ။)] ပါပိယော’’တိ။

အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာယ အဇ္ဈဘာသိ –

‘‘ဧကကောဝ တွံ အရညေ ဝိဟရသိ, အပဝိဒ္ဓံဝ ဝနသ္မိံ ဒါရုကံ၊

တဿ တေ ဗဟုကာ ပိဟယန္တိ, နေရယိကာ ဝိယ သဂ္ဂဂါမိန’’န္တိ။

အထ ခေါ သော ဘိက္ခု တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၉-ဝဇ္ဇိပုတ္တသုတ် ၂၂၉။ အခါတစ်ပါး၌ ဝဇ္ဇိတိုင်းသား ရဟန်းတစ်ပါးသည် ဝေသာလီပြည် တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ဝေသာလီပြည် ဝဇ္ဇိတိုင်းသားအပေါင်းသည် (နက္ခတ်ပွဲသဘင်အလို့ငှါ) တစ်ညဥ့်လုံး တီးမှုတ် လှည့် လည်၏၊ ထိုအခါ ထိုရဟန်းသည် ဝေသာလီမြို့၌ တူရိယာတီးမှုတ်သံ ကြွေးကြော်သံကို ကြား၍ ငိုကြွေး လျက် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏- “ငါတို့သည် ‘တောအုပ်၌ အသုံးမဝင်သော သစ်သားဆွေးသကဲ့သို့’ တစ်ယောက် တည်း တော၌ နေရကုန်၏၊ ဤသို့သော ညဥ့်၌ ငါတို့အောက် အထူးသဖြင့် ယုတ် ညံ့သော အဘယ်မည်သောသူ ရှိပါအံ့နည်း”ဟု ရွတ်ဆို၏။ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဥ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဥ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း သင်သည် ‘တောအုပ်၌ အသုံးမဝင်သော သစ်သားဆွေးကဲ့သို့’ တစ် ယောက်တည်းသာလျှင် တော၌ နေ၏။ သို့ပင်ဖြစ်သော်လည်း ငရဲသူ သတ္တဝါတို့သည် နတ်ရွာသုဂတိသို့ ရောက်ရှိသူတို့ကို တောင့်တကုန်သကဲ့သို့ ထို့အတူ များစွာကုန် သော သူတို့သည် သင့်အား တောင့်တကုန်၏”ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.9 1. In the Woods A Vajji At one time a certain Vajjian mendicant was staying near Vesālī in a certain forest grove. Now at that time the Vajjis were holding an all-night event in Vesālī. Then that mendicant, complaining at the noise of musical instruments being beaten and played, on that occasion spoke this verse: “We dwell alone in the wilderness, like a log dumped in the forest. On a night like this, who’s worse off than me?” The deity haunting that forest had sympathy for that mendicant, and wanted what’s best for them. So they approached that mendicant wanting to stir them up, and addressed them in verse: “You dwell alone in the wilderness, like a log dumped in the forest. Lots of people are jealous of you, like beings in hell of those going to heaven.” Impelled by that deity, that mendicant was struck with a sense of urgency.

၁၀။ သဇ္ဈာယသုတ္တံ

၂၃၀။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု ယံ သုဒံ ပုဗ္ဗေ အတိဝေလံ သဇ္ဈာယဗဟုလော ဝိဟရတိ သော အပရေန သမယေန အပ္ပေါဿုက္ကော တုဏှီဘူတော သင်္ကသာယတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော ဓမ္မံ အသုဏန္တီ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကသ္မာ တုဝံ ဓမ္မပဒါနိ ဘိက္ခု, နာဓီယသိ ဘိက္ခူဟိ သံဝသန္တော၊

သုတွာန ဓမ္မံ လဘတိပ္ပသာဒံ, ဒိဋ္ဌေဝ ဓမ္မေ လဘတိပ္ပသံသ’’န္တိ။

‘‘အဟု ပုရေ ဓမ္မပဒေသု ဆန္ဒော, ယာဝ ဝိရာဂေန သမာဂမိမှ၊

ယတော ဝိရာဂေန သမာဂမိမှ, ယံ ကိဉ္စိ ဒိဋ္ဌံဝ သုတံ မုတံ ဝါ၊

အညာယ နိက္ခေပနမာဟု သန္တော’’တိ။

၁၀-သဇ္ဈာယသုတ် ၂၃၀။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထို ရဟန်းသည် ရှေးက သရဇျွာယ်ခြင်းများသည်ဖြစ်၍ အချိန်ကြာမြင့်စွာ နေခဲ့ပြီးမှ နောက်အခါ၌ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေလျက် ဖလသမာပတ်ချမ်းသာဖြင့် ကာလကို လွန်စေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်း၏ သရဇ္ဈာယ်သော တရားတော်ကို မကြားရသည် ဖြစ်၍ ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “ရဟန်း အဘယ့်ကြောင့် သင်သည် တရားတော်တို့ကို မသရဇ္ဈာယ်သနည်း၊ ရဟန်းတို့နှင့် ပေါင်းဖော်သော သူသည် တရားကို နာရသောကြောင့် မျက်မှောက် ဘဝ၌ ကြည်ညိုခြင်းကိုလည်း ရပါ၏၊ ချီးမွမ်းခြင်းကိုလည်း ခံရပါ၏”ဟု လျှောက်၏။ “ငါတို့သည် အရိယမဂ်သို့ မရောက်သေးမီ ရှေးအခါက တရားတော်တို့၌ ရွတ် ဖတ် သရဇျွာယ်ခြင်း ဆန္ဒဖြစ်ပေါ်ခဲ့ပြီ၊ အရိယမဂ်သို့ ရောက်ပြီးသော အခါ၌မူကား မြင်အပ် ကြားအပ် တွေ့ထိအပ်သော တရားအားလုံးကို သိ၍ စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏”ဟု (မိန့်ဆို၏)။

Linked Discourses 9.10 1. In the Woods Recitation At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. Now at that time that mendicant had previously been spending too much time rehearsing. But some time later they adhered to passivity and silence. Not hearing the teaching, the deity haunting that forest approached that mendicant, and addressed them in verse: “Mendicant, why don’t you recite <j>passages of the teaching, living together with other mendicants? Hearing the teaching, one garners confidence; and in this very life, one garners praise.” “I used to be zealous for <j>passages of the teaching, until I encountered dispassion. When I encountered dispassion, whatever was seen, heard, and thought, this, good people say, is the laying down <j>by complete understanding.”

၁၁။ အကုသလဝိတက္ကသုတ္တံ

၂၃၁။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု ဒိဝါဝိဟာရဂတော ပါပကေ အကုသလေ ဝိတက္ကေ ဝိတက္ကေတိ, သေယျထိဒံ – ကာမဝိတက္ကံ, ဗျာပါဒဝိတက္ကံ, ဝိဟိံသာဝိတက္ကံ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘အယောနိသော မနသိကာရာ, သော ဝိတက္ကေဟိ ခဇ္ဇသိ၊

အယောနိသော [အယောနိံ (ပီ။ က။)] ပဋိနိဿဇ္ဇ, ယောနိသော အနုစိန္တယ။

‘‘သတ္ထာရံ ဓမ္မမာရဗ္ဘ, သံဃံ သီလာနိ အတ္တနော၊

အဓိဂစ္ဆသိ ပါမောဇ္ဇံ, ပီတိသုခမသံသယံ၊

တတော ပါမောဇ္ဇဗဟုလော, ဒုက္ခဿန္တံ ကရိဿသီ’’တိ။

အထ ခေါ သော ဘိက္ခု တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

၁၁-အကုသလဝိတက္ကသုတ် ၂၃၁။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်သည်ရှိသော် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်တို့ကို ကြံစည်၏။ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဥ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို အလိုရှိသောကြောင့် ထိုရဟန်းကို ထိတ် လန့်စေလိုရကား ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏။ “မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ထိုသင့်ကို ဝိတက်တို့ ကိုက်ခဲ အပ်၏၊ မသင့်လျော်သော နှလုံးသွင်းခြင်းကို စွန့်လော့၊ သင့်လျော်သောအားဖြင့် အဖန်တလဲလဲ ကြံစည်လော့။ မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ မိမိ၏ သီလတို့ကိုလည်းကောင်း အာရုံပြု၍ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း ယုံမှား မရှိ မူ၍ ရလတ္တံ့။ ထို့နောက် များစွာ ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရလတ္တံ့”ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

Linked Discourses 9.11 1. In the Woods Unskillful Thoughts At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. Now at that time that mendicant, during their day’s meditation, was thinking bad, unskillful thoughts, that is, sensual, malicious, and cruel thoughts. The deity haunting that forest had sympathy for that mendicant, and wanted what’s best for them. So they approached that mendicant wanting to stir them up, and addressed them in verse: “Because of irrational application of mind, you’re consumed by your thoughts. When you’ve given up irrationality, make sure your thoughts are rational. Thinking about the Teacher, the teaching, the Saṅgha, and your own ethics, you’ll find gladness, and rapture and bliss as well, no doubt. And when you’re full of joy, you’ll make an end to suffering.” Impelled by that deity, that mendicant was struck with a sense of urgency.

၁၂။ မဇ္ဈနှိကသုတ္တံ

၂၃၂။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ အထ ခေါ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တဿ ဘိက္ခုနော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘ဌိတေ မဇ္ဈနှိကေ ကာလေ, သန္နိသီဝေသု [သန္နိသိန္နေသု (သျာ။ ကံ။ ပီ။)] ပက္ခိသု၊

သဏတေဝ ဗြဟာရညံ, တံ ဘယံ ပဋိဘာတိ မံ။

‘‘ဌိတေ မဇ္ဈနှိကေ ကာလေ, သန္နိသီဝေသု ပက္ခိသု၊

သဏတေဝ ဗြဟာရညံ, သာ ရတိ ပဋိဘာတိ မ’’န္တိ။

၁၂-မဇ္ဈနှိကသုတ် ၂၃၂။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ထိုရဟန်း၏ အထံ၌ ဤ ဂါထာကို ရွတ်ဆို လျှောက်ထား၏- “မွန်းတည့်ချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည်ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထို (အသံ) သည် ကြောက်မက်ဖွယ်ဟု အကျွန်ုပ်အား ရှေးရှုထင်လာ၏”ဟု (ရွတ်ဆို၏)။ “မွန်းတည့်ချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည် ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထို (အသံ) သည် မွေ့လျော်ဖွယ်ဟု ငါ့အား ရှေးရှုထင်လာ၏”ဟု (မိန့်ဆို၏)။

Linked Discourses 9.12 1. In the Woods Midday At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. The deity haunting that forest approached that mendicant and spoke this verse in their presence: “In the still of high noon, when the birds have settled down, the mighty forest itself resounds— that strikes me as so scary!” “In the still of high noon, when the birds have settled down, the mighty forest itself resounds— that strikes me as so delightful!”

၁၃။ ပါကတိန္ဒြိယသုတ္တံ

၂၃၃။ ဧကံ သမယံ သမ္ဗဟုလာ ဘိက္ခူ ကောသလေသု ဝိဟရန္တိ အညတရသ္မိံ ဝနသဏ္ဍေ ဥဒ္ဓတာ ဥန္နဠာ စပလာ မုခရာ ဝိကိဏ္ဏဝါစာ မုဋ္ဌဿတိနော အသမ္ပဇာနာ အသမာဟိတာ ဝိဗ္ဘန္တစိတ္တာ ပါကတိန္ဒြိယာ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တေသံ ဘိက္ခူနံ အနုကမ္ပိကာ အတ္ထကာမာ တေ ဘိက္ခူ သံဝေဇေတုကာမာ ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ ဂါထာဟိ အဇ္ဈဘာသိ –

‘‘သုခဇီဝိနော ပုရေ အာသုံ, ဘိက္ခူ ဂေါတမသာဝကာ၊

အနိစ္ဆာ ပိဏ္ဍမေသနာ, အနိစ္ဆာ သယနာသနံ၊

လောကေ အနိစ္စတံ ဉတွာ, ဒုက္ခဿန္တံ အကံသု တေ။

‘‘ဒုပ္ပေါသံ ကတွာ အတ္တာနံ, ဂါမေ ဂါမဏိကာ ဝိယ၊

ဘုတွာ ဘုတွာ နိပဇ္ဇန္တိ, ပရာဂါရေသု မုစ္ဆိတာ။

‘‘သံဃဿ အဉ္ဇလိံ ကတွာ, ဣဓေကစ္စေ ဝဒါမဟံ၊

အပဝိဒ္ဓါ [အပဝိဋ္ဌာ (သျာ။ ကံ။)] အနာထာ တေ, ယထာ ပေတာ တထေဝ တေ။

‘‘ယေ ခေါ ပမတ္တာ ဝိဟရန္တိ, တေ မေ သန္ဓာယ ဘာသိတံ၊

ယေ အပ္ပမတ္တာ ဝိဟရန္တိ, နမော တေသံ ကရောမဟ’’န္တိ။

အထ ခေါ တေ ဘိက္ခူ တာယ ဒေဝတာယ သံဝေဇိတာ သံဝေဂမာပါဒုန္တိ။

၁၃-ပါကတိန္ဒြိယသုတ် ၂၃၃။ အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း တောအုပ်တစ်ခု၌ ပျံ့လွင့် သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှားကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် ဖရိုဖရဲကြဲ့သော စကားရှိကုန်သည် သတိလွတ်ကုန်သည် အဆင်အခြင် မရှိကုန်သည် မတည်ကြည်ကုန်သည် တုန်လှုပ် သော စိတ်ရှိကုန်သည် ပေါ်လွင်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းတို့အား အစဥ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းတို့ကို ထိတ်လန့်စေလိုရကား ထိုရဟန်းတို့ထံသို့ ချဥ်းကပ်ပြီးလျှင် ရဟန်းတို့ကို ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏- “ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထို ရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် ‘ရွာ၌ ရွာသူကြီးတို့ကဲ့သို့’ မိမိ ကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူ၍ လွန်စွာ စားကုန်၍ သူတစ်ပါးအိမ်ရာတို့၌ မိန်းမောကုန်သည် ဖြစ်၍ အိပ်ကုန်၏။ သံဃာတော်အား လက်အုပ်ချီ၍ အကျွန်ုပ် လျှောက်ထားလိုပါ၏၊ သူသေကောင်တို့ကို စွန့်အပ်ကုန်သကဲ့သို့ ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။ အကြင်ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ် ဆိုပါ၏၊ အကြင်ရဟန်းတို့သည် မမေ့မလျော့ကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးပါ၏”ဟု (လျှောက်၏)။ ထိုအခါ ထိုရဟန်းတို့သည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။

Linked Discourses 9.13 1. In the Woods Undisciplined Faculties At one time several mendicants were staying in the Kosalan lands in a certain forest grove. They were haughty, insolent, fickle, scurrilous, loose-tongued, unmindful, lacking situational awareness and immersion, with straying minds and undisciplined faculties. The deity haunting that forest had sympathy for those mendicants, and wanted what’s best for them. So they approached those mendicants wanting to stir them up, and addressed them in verse: “The mendicants used to live happily, as disciples of Gotama. Desireless they sought alms; desireless they used their lodgings. Knowing that the world was impermanent they made an end of suffering. But now they’ve made themselves hard to look after, like chiefs in a village. They eat and eat and then lie down, unconscious in the homes of others. Having raised my cupped palms to the Saṅgha, I speak here only about certain people. They’re dregs, with no protector, just like those who have passed away. I’m speaking about those who live negligently. To those who live diligently I pay homage.” Impelled by that deity, those mendicants were struck with a sense of urgency.

၁၄။ ဂန္ဓတ္ထေနသုတ္တံ

၂၃၄။ ဧကံ သမယံ အညတရော ဘိက္ခု ကောသလေသု ဝိဟရတိ အညတရသ္မိံ ဝနသဏ္ဍေ။ တေန ခေါ ပန သမယေန သော ဘိက္ခု ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော ပေါက္ခရဏိံ ဩဂါဟေတွာ ပဒုမံ ဥပသိင်္ဃတိ။ အထ ခေါ ယာ တသ္မိံ ဝနသဏ္ဍေ အဓိဝတ္ထာ ဒေဝတာ တဿ ဘိက္ခုနော အနုကမ္ပိကာ အတ္ထကာမာ တံ ဘိက္ခုံ သံဝေဇေတုကာမာ ယေန သော ဘိက္ခု တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တံ ဘိက္ခုံ ဂါထာယ အဇ္ဈဘာသိ –

‘‘ယမေတံ ဝါရိဇံ ပုပ္ဖံ, အဒိန္နံ ဥပသိင်္ဃသိ၊

ဧကင်္ဂမေတံ ထေယျာနံ, ဂန္ဓတ္ထေနောသိ မာရိသာ’’တိ။

‘‘န ဟရာမိ န ဘဉ္ဇာမိ, အာရာ သိင်္ဃာမိ ဝါရိဇံ၊

အထ ကေန နု ဝဏ္ဏေန, ဂန္ဓတ္ထေနောတိ ဝုစ္စတိ။

‘‘ယွာယံ ဘိသာနိ ခနတိ, ပုဏ္ဍရီကာနိ ဘဉ္ဇတိ၊

ဧဝံ အာကိဏ္ဏကမ္မန္တော, ကသ္မာ ဧသော န ဝုစ္စတီ’’တိ။

‘‘အာကိဏ္ဏလုဒ္ဒေါ ပုရိသော, ဓာတိစေလံဝ မက္ခိတော၊

တသ္မိံ မေ ဝစနံ နတ္ထိ, တွဉ္စာရဟာမိ ဝတ္တဝေ။

‘‘အနင်္ဂဏဿ ပေါသဿ, နိစ္စံ သုစိဂဝေသိနော၊

ဝါလဂ္ဂမတ္တံ ပါပဿ, အဗ္ဘာမတ္တံဝ ခါယတီ’’တိ။

‘‘အဒ္ဓါ မံ ယက္ခ ဇာနာသိ, အထော မေ အနုကမ္ပသိ၊

ပုနပိ ယက္ခ ဝဇ္ဇာသိ, ယဒါ ပဿသိ ဧဒိသ’’န္တိ။

‘‘နေဝ တံ ဥပဇီဝါမ, နပိ တေ ဘတကာမှသေ၊

တွမေဝ ဘိက္ခု ဇာနေယျ, ယေန ဂစ္ဆေယျ သုဂ္ဂတိ’’န္တိ။

၁၄-ဂန္ဓတ္တေနသုတ် ၂၃၄။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် ဆွမ်စားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ရေကန်သို့ သက်ဆင်း၍ ပဒုမ္မာကြာကို နမ်း၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဥ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အချင်း သင်သည် အရှင် မပေးအပ်သော ကြာပန်းကို နမ်းဘိ၏၊ ထိုနမ်းခြင်း သည် ခိုးခြင်းတို့တွင် အင်္ဂါတစ်ပါးတည်း၊ အချင်း သင်သည် အနံ့သူခိုး ဖြစ်၏”ဟု လျှောက်၏။ “နတ်သား ငါသည် ပဒုမ္မာကြာကို ယူလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှ ကား နမ်းမိ၏၊ သို့ဖြစ်လျက် အဘယ်အကြောင်းကြောင့် ငါ့ကို အနံ့သူခိုးဟူ၍ ဆို အပ်သနည်း။ အကြင်သူသည် ကြာစွယ်တို့ကို တူး၏၊ ကြာဖြူပွင့်တို့ကို ချိုးဖဲ့ဖျက်ဆီး၏၊ မစင် ကြယ်သော အကျင့်ရှိသော ထိုသူကိုမူကား ကြာသူခိုးဟူ၍ အဘယ့်ကြောင့် မဆိုအပ် သနည်း”ဟု ပြန်ပြော၏။ “ယောကျာ်းသည် မကောင်းမှု အမျိုးမျိုးဖြင့် ပြွမ်း၍ နေ၏၊ ‘နို့ထိန်းသည် မိန်းမ၏ အဝတ်ကဲ့သို့’ အညစ်အကြေးတို့ဖြင့် အလိမ်းလိမ်း ကပ်နေ၏၊ ထိုသူ၌ ငါ့အား ဆိုဖွယ်စကား မရှိ၊ သင့်ကိုသာလျှင် ဆိုထိုက်၏။ ကိလေသာ မရှိသော အမြဲ စင်ကြယ်ခြင်းကို ရှာမှီးလေ့ရှိသော ယောကျာ်းအား သားမြီးဖျားမျှလောက်ရှိသော မကောင်းမှုသည် ‘တိမ်တိုက်ကဲ့သို့’ ထင်၏”ဟု (လျှောက်၏)။ “တောစောင့်နတ် စင်စစ် သင်သည် ငါ့ကို (စင်ကြယ်၏ဟု) သိပေ၏၊ သင်သည် ငါ့ကို အစဥ်သနားစောင့်ရှောက်ပေ၏။ အကြင်အခါ ဤသို့ သဘောရှိသော အမှုကို သင် မြင်၏၊ ထိုအခါ၌လည်း နောက်ထပ် ဆိုလှည့်ပါလော့”ဟု (ဆို၏)။ “ရဟန်း ငါတို့သည် သင့်ကို မှီ၍ အသက်မမွေးကုန်၊ သင်၏ အခစား မဟုတ် ကုန်။ အကြင်အမှုဖြင့် သုဂတိဘုံသို့ ရောက်ရာ၏၊ ထိုအမှုကို သင်သည်သာလျှင် သိလေလော့”ဟု (လျှောက်၏)။ ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။ ဝနသံယုတ် ပြီး၏။

Linked Discourses 9.14 1. In the Woods The Thief of Scent At one time one of the mendicants was staying in the land of the Kosalans in a certain forest grove. Now at that time, after the meal, on their return from almsround, that mendicant plunged into a lotus pond and sniffed a pink lotus. The deity haunting that forest had sympathy for that mendicant, and wanted what’s best for them. So they approached that mendicant wanting to stir them up, and addressed them in verse: “This water flower has not been given. When you sniff it, this is one factor of theft. Good fellow, you are a thief of scent!” “I do not take, nor do I break; I sniff the water flower from afar. So how do you explain why you call me a thief of scent? Why don’t you accuse someone who does such vandalizing as digging up the roots, or breaking off the flowers?” “I have nothing to say to a person who is a crude vandal, soiled like a used nappy. You’re the one who deserves to be spoken to. To the man who has not a blemish, who is always seeking purity, even a hair-tip of evil seems as big as a stormcloud.” “Indeed, O spirit, you understand me, and you empathize with me. Please speak to me again, whenever you see something like this.” “We are no dependent of yours, nor are we your servant. You yourself should know, mendicant, the way that leads to a good place.” Impelled by that deity, that mendicant was struck with a sense of urgency. The Linked Discourses in the Forest are complete.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 6. Brahmasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#129
  2. Vipassana Research Institute. (n.d.). 7. Brāhmaṇasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#130
  3. Vipassana Research Institute. (n.d.). 8. Vaṅgīsasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#131
  4. Vipassana Research Institute. (n.d.). 9. Vanasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#132