ဓမ္မလမ်း
← သဂါထာဝဂ္ဂသံယုတ္တပါဠိ

သဂါထာဝဂ္ဂသံယုတ္တပါဠိ

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၀၇

အထ ခေါ သော ဘိက္ခု တာယ ဒေဝတာယ သံဝေဇိတော သံဝေဂမာပါဒီတိ။

ဝနသံယုတ္တံ သမတ္တံ။

တဿုဒ္ဒါနံ –

ဝိဝေကံ ဥပဋ္ဌာနဉ္စ, ကဿပဂေါတ္တေန သမ္ဗဟုလာ၊

အာနန္ဒော အနုရုဒ္ဓေါ စ, နာဂဒတ္တဉ္စ ကုလဃရဏီ။

ဝဇ္ဇိပုတ္တော စ ဝေသာလီ, သဇ္ဈာယေန အယောနိသော၊

မဇ္ဈနှိကာလမှိ ပါကတိန္ဒြိယ, ပဒုမပုပ္ဖေန စုဒ္ဒသ ဘဝေတိ။

စာ-၂၀၈

၁၀။ ယက္ခသံယုတ္တံ

၁။ ဣန္ဒကသုတ္တံ

၂၃၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဣန္ဒကူဋေ ပဗ္ဗတေ, ဣန္ဒကဿ ယက္ခဿ ဘဝနေ။ အထ ခေါ ဣန္ဒကော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ရူပံ န ဇီဝန္တိ ဝဒန္တိ ဗုဒ္ဓါ, ကထံ နွယံ ဝိန္ဒတိမံ သရီရံ၊

ကုတဿ အဋ္ဌီယကပိဏ္ဍမေတိ, ကထံ နွယံ သဇ္ဇတိ ဂဗ္ဘရသ္မိ’’န္တိ။

‘‘ပဌမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ၊

အဗ္ဗုဒါ ဇာယတေ ပေသိ, ပေသိ နိဗ္ဗတ္တတီ ဃနော၊

ဃနာ ပသာခါ ဇာယန္တိ, ကေသာ လောမာ နခါပိ စ။

‘‘ယဉ္စဿ ဘုဉ္ဇတီ မာတာ, အန္နံ ပါနဉ္စ ဘောဇနံ၊

တေန သော တတ္ထ ယာပေတိ, မာတုကုစ္ဆိဂတော နရော’’တိ။

၁၀-ယက္ခသံယုတ် ၁-ဣန္ဒကသုတ် ၂၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည် ဣန္ဒကူဋတောင် ဣန္ဒကဘီလူး၏ ဗိမာန်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဣန္ဒကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အသျှင်ဘုရား မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဆိုတော် မမူကုန်။ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”ဟု လျှောက်၏။ “ဘီလူး ရှေးဦးစွာ ကလလရေကြည် ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ် ဖြစ်၏၊ အမြှုပ်မှ သားတစ် ဖြစ်၏၊ သားတစ်မှ အခဲ ဖြစ်၏၊ အခဲမှ ခက်မငါးဖြာတို့ ဖြစ် ကုန်၏၊ ဆံ, အမွေး, ခြေသည်း, လက်သည်းတို့လည်း ဖြစ်ကုန်၏။ ဤသတ္တဝါ၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏။ အမိ၏ ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို (အမိစားသော) အစာဖြင့် ထိုအမိဝမ်း၌ မျှတ၏”ဟု (မိန့်တော်မူ၏)။

Linked Discourses 10.1 1. With Indaka With Indaka So I have heard. At one time the Buddha was staying near Rājagaha on Mount Indra’s Peak, the haunt of the native spirit Indaka. Then the native spirit Indaka went up to the Buddha, and addressed him in verse: “The Buddhas say that form is not the soul. Then how does this one obtain this body? From where do his bones and organs come? How does this one coalesce in the womb?” “First there’s the zygote; then there’s the blastocyst; from there arises the gastrula; which produces the embryonic mass. From that the limb buds appear, the head hair, body hair, and nails. And whatever the mother eats— the food and drink that she consumes— nourishes them there, the person in the mother’s womb.”

၂။ သက္ကနာမသုတ္တံ

၂၃၆။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ သက္ကနာမကော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘သဗ္ဗဂန္ထပ္ပဟီနဿ, ဝိပ္ပမုတ္တဿ တေ သတော၊

သမဏဿ န တံ သာဓု, ယဒညမနုသာသသီ’’တိ [ယဒညမနုသာသတီတိ (သီ။ သျာ။ ကံ။ ပီ။)]။

‘‘ယေန ကေနစိ ဝဏ္ဏေန, သံဝါသော သက္က ဇာယတိ၊

န တံ အရဟတိ သပ္ပညော, မနသာ အနုကမ္ပိတုံ။

‘‘မနသာ စေ ပသန္နေန, ယဒညမနုသာသတိ၊

န တေန ဟောတိ သံယုတ္တော, ယာနုကမ္ပာ [သာနုကမ္ပာ (သီ။ ပီ။)] အနုဒ္ဒယာ’’တိ။

၂-သက္ကနာမသုတ် ၂၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သက္ကမည်သော ဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အသျှင်ဘုရား အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’ကို ပယ်ပြီးဖြစ်၍ ဘဝသုံးပါးတို့ မှ လွတ်တော်မူပြီး ဖြစ်ပါလျက် ရဟန်းဖြစ်သော အသျှင်ဘုရားအား သူတစ်ပါးကို ပြောဟော ဆုံးမနေခြင်းသည် မကောင်းပါ”ဟု လျှောက်၏။ သက္ကဘီလူး တစ်စုံတစ်ရာ အကြောင်းကြောင့် အကြင်သူနှင့် အတူတကွ နေခြင်း သည် ဖြစ်ပေါ်လာ၏၊ ထိုသူ့ကို ကောင်းသော ပညာရှိသည် စိတ်ဖြင့် စောင့်ရှောက်ခြင်းငှါ မထိုက်။ ကြည်လင်သော စိတ်ဖြင့် သူတစ်ပါးကို အကယ်၍ သွန်သင် ဆုံးမငြားအံ့၊ ထိုသို့ သွန်သင် ဆုံးမခြင်းကြောင့် အတူတကွ စပ်ယှဥ်မှု မဖြစ်နိုင်၊ အကြောင်းသော်ကား အစဥ်စောင့်ရှောက်ခြင်း အစဥ်သနားခြင်း ရှိနေသောကြောင့်တည်း”ဟု (မိန့်တော်မူ၏)။

Linked Discourses 10.2 1. With Indaka Sakka In Name Only At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. Then a spirit who was Sakka in name only went up to the Buddha, and addressed him in verse: “You’ve given up all ties, and are fully freed. It’s not a good idea for you, ascetic, to be instructing others.” “No matter how you explain why people gather together, Sakka, it’s unworthy for a wise person not to think of the other with sympathy. If you instruct others with a mind clear and confident, your compassion and empathy don’t create attachments.”

၃။ သူစိလောမသုတ္တံ

၂၃၇။ ဧကံ သမယံ ဘဂဝါ ဂယာယံ ဝိဟရတိ ဋင်္ကိတမဉ္စေ သူစိလောမဿ ယက္ခဿ ဘဝနေ။ တေန ခေါ ပန သမယေန ခရော စ ယက္ခော သူစိလောမော စ ယက္ခော ဘဂဝတော အဝိဒူရေ အတိက္ကမန္တိ။ အထ ခေါ ခရော ယက္ခော သူစိလောမံ ယက္ခံ ဧတဒဝေါစ – ‘‘ဧသော သမဏော’’တိ! ‘‘နေသော သမဏော, သမဏကော ဧသော’’။ ‘‘ယာဝ ဇာနာမိ ယဒိ ဝါ သော သမဏော ယဒိ ဝါ ပန သော သမဏကော’’တိ။

အထ ခေါ သူစိလောမော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော ကာယံ ဥပနာမေသိ။ အထ ခေါ ဘဂဝါ ကာယံ အပနာမေသိ။ အထ ခေါ သူစိလောမော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဘာယသိ မံ သမဏာ’’တိ? ‘‘န ခွါဟံ တံ, အာဝုသော, ဘာယာမိ၊ အပိ စ တေ သမ္ဖဿော ပါပကော’’တိ။ ‘‘ပဉှံ တံ, သမဏ ပုစ္ဆိဿာမိ။ သစေ မေ န ဗျာကရိဿသိ, စိတ္တံ ဝါ တေ ခိပိဿာမိ, ဟဒယံ ဝါ တေ ဖာလေဿာမိ, ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ [ပါရံ ဂင်္ဂါယ (က။)] ခိပိဿာမီ’’တိ။ ‘‘န ခွါဟံ တံ, အာဝုသော, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ, ယော မေ စိတ္တံ ဝါ ခိပေယျ ဟဒယံ ဝါ ဖာလေယျ ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပေယျ၊ အပိ စ တွံ, အာဝုသော, ပုစ္ဆ ယဒါ ကင်္ခသီ’’တိ။ အထ ခေါ သူစိလောမော ယက္ခော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ – ( ) [(အထ ခေါ သူစိလောမော ယက္ခော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။) (သီ။)]

‘‘ရာဂေါ စ ဒေါသော စ ကုတောနိဒါနာ,

အရတီ ရတီ လောမဟံသော ကုတောဇာ၊

ကုတော သမုဋ္ဌာယ မနောဝိတက္ကာ,

ကုမာရကာ ဓင်္ကမိဝေါဿဇန္တီ’’တိ။

‘‘ရာဂေါ စ ဒေါသော စ ဣတောနိဒါနာ,

အရတီ ရတီ လောမဟံသော ဣတောဇာ၊

ဣတော သမုဋ္ဌာယ မနောဝိတက္ကာ,

ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။

‘‘သ္နေဟဇာ အတ္တသမ္ဘူတာ, နိဂြောဓဿေဝ ခန္ဓဇာ၊

ပုထူ ဝိသတ္တာ ကာမေသု, မာလုဝါဝ ဝိတတာ [ဝိတ္ထတာ (သျာ။ ကံ။)] ဝနေ။

‘‘ယေ နံ ပဇာနန္တိ ယတောနိဒါနံ,

တေ နံ ဝိနောဒေန္တိ သုဏောဟိ ယက္ခ၊

တေ ဒုတ္တရံ ဩဃမိမံ တရန္တိ,

အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယာ’’တိ။

၃-သူစိလောမသုတ် ၂၃၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ သူစိလောမဘီလူး၏ ဗိမာန်ညောင်စောင်းရှည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ခရလောမဘီလူး သူစိလောမဘီလူးတို့သည် မြတ်စွာဘုရား၏ အနီး၌ သွားကုန်၏၊ ထိုအခါ ခရလောမဘီလူးသည် သူစိလောမဘီလူးအား “ဤသူသည့်ရဟန်းတည်း”ဟု ဆို၏၊ “ဤသူကား ရဟန်း မဟုတ်၊ ရဟန်းတုတည်း။ ထိုသူသည် ရဟန်းလော ရဟန်းတုလော သိရအံ့”ဟု (သူစိလောမဘီလူးက ပြောဆို၏)။ ထို့နောက် သူစိလောမဘီလူးသည် ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ကိုယ်တော်သို့ ကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်ကို ဖယ်ဆုတ်တော်မူ၏၊ ထိုအခါ သူစိ လောမဘီလူးသည် မြတ်စွာဘုရားအား “ရဟန်း (သင်သည်) ငါ့ကို ကြောက်သလော”ဟု ဆို၏၊ “ဘီလူး ငါဘုရားသည် သင့်ကို မကြောက်၊ စင်စစ်သော်ကား သင်၏ အတွေ့သည် ကြမ်းတမ်းယုတ်မာ၏”ဟု (မိန့်တော်မူ၏)။ “ရဟန်း သင့်အား ပြဿနာမေးအံ့၊ ငါ့အား အကယ်၍ မဖြေနိုင်အံ့၊ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးကိုသော်လည်း ခွဲအံ့၊ ခြေတို့၌ ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့သော်လည်း ပစ်လိုက်အံ့”ဟု (ဆို၏)၊ ဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ၏ စိတ်ကိုမူလည်း ပျံ့လွင့်စေနိုင်သော နှလုံးကိုမူလည်း ခွဲစေနိုင်သော ခြေတို့၌မူလည်း ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်နိုင်သော သူကို ငါ မမြင်၊ ဘီလူး သို့သော်လည်း သင်သည် အကယ်၍ အလိုရှိအံ့၊ မေးလော့”ဟု (မိန့်တော်မူ၏)။ “ရဟန်း တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း အဘယ်လျှင် အကြောင်းရင်း ရှိကုန်သနည်း။ မမွေ့လျော်မှုသည်လည်းကောင်း၊ မွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေးညင်း ထမှုသည်လည်းကောင်း အဘယ်မှ ဖြစ်သနည်း။ ‘သူငယ်တို့သည် ကျီးကို ဖမ်း၍ ကြိုးဖြင့် ချည်ကာ လွှတ်ကုန်သကဲ့သို့’ မနောဝိတက်တို့သည် အဘယ်မှ ဖြစ်သောကြောင့် အဘယ်ကို စွန့်လွှတ်ကုန်သနည်း”ဟု (မေး၏)။ “ဘီလူး တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း ဤအတ္တဘောလျှင် အကြောင်းရင်း ရှိကုန်၏။ မမွေ့လျော်မှုသည်လည်းကောင်း၊ မွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေးညင်း ထမှုသည်လည်းကောင်း ဤအတ္တဘောမှ ဖြစ်ကုန်၏။ သူငယ်တို့သည် ကျီးကို ဖမ်း၍ ကြိုးဖြင့် ချည်ကာ လွှတ်ကုန်သကဲ့သို့ ထို့အတူ မနောဝိတက်တို့သည် ဤအတ္တဘောမှ ဖြစ် သောကြောင့် (စိတ်ကို) စွန့်လွှတ်ကုန်၏။ အတ္တဘော၌ ဖြစ်သော တရားတို့သည် ‘ပညောင်ပင်၏ မြစ်ပျဥ်းကဲ့သို့’ တဏှာမှ ဖြစ်ကုန်၏၊ ‘တော၌ ဖြစ်သော မာလောနွယ်သည် (မိမိနွယ်သော သစ်ပင်ကို) ထက် ဝန်းကျင် ရစ်ပတ်ပိတ်ဆို့သကဲ့သို့’ များစွာသောကိလေသာတို့သည် ကာမဂုဏ်တို့၌ များစွာ ငြိတွယ်ကုန်၏။ ဘီလူး နားထောင်လော့။ အကြင်သူတို့သည် အတ္တဘောကို သိကုန်၏၊ ယင်း အတ္တဘောလျှင် အကြောင်းရှိသော တဏှာကိုလည်း သိကုန်၏။ ထိုသူတို့သည် အတ္တဘော၏ အကြောင်းဖြစ်သော ထိုတဏှာကို ပယ်ကုန်၏၊ တစ်ဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ မကူးမြောက်သေးသော ကူးခပ်နိုင်ခဲသော ဤဩဃကို ကူးမြောက် ကုန်၏”ဟု (မိန့်တော်မူ၏)။

Linked Discourses 10.3 1. With Indaka With Spiky At one time the Buddha was staying near Gayā on the cut-stone ledge in the haunt of Spiky the native spirit. Now at that time the native spirits Shaggy and Spiky were passing by not far from the Buddha. So Shaggy said to Spiky, “That’s an ascetic.” “That’s no ascetic, he’s a faker! I’ll soon find out whether he’s an ascetic or a faker.” Then Spiky went up to the Buddha and leaned up against his body, but the Buddha pulled away. Then Spiky said to the Buddha, “Are you afraid, ascetic?” “No, respectable sir, I’m not afraid. But your touch is nasty.” “I will ask you a question, ascetic. If you don’t answer me, I’ll drive you insane, or explode your heart, or grab you by the feet and throw you to the far shore of the Ganges!” “I don’t see anyone in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans who could do that to me. But anyway, ask what you wish.” “Where do greed and hate come from? From where spring discontent, desire, and terror? Where do the mind’s thoughts originate, like a crow let loose by boys.” “Greed and hate come from here; from here spring discontent, desire, and terror; here’s where the mind’s thoughts originate, like a crow let loose by boys. Born of affection, originating in oneself, like prop roots sprouting from a banyan; the many kinds of attachment to sensual pleasures are like camel’s foot creeper <j>creeping through the woods. Those who understand where they come from dispel them—listen up, spirit! They cross this flood so hard to cross, not crossed before, so as to not be reborn.”

၄။ မဏိဘဒ္ဒသုတ္တံ

၂၃၈။ ဧကံ သမယံ ဘဂဝါ မဂဓေသု ဝိဟရတိ မဏိမာလိကေ စေတိယေ မဏိဘဒ္ဒဿ ယက္ခဿ ဘဝနေ။ အထ ခေါ မဏိဘဒ္ဒေါ ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘သတီမတော သဒါ ဘဒ္ဒံ, သတိမာ သုခမေဓတိ၊

သတီမတော သုဝေ သေယျော, ဝေရာ စ ပရိမုစ္စတီ’’တိ။

‘‘သတီမတော သဒါ ဘဒ္ဒံ, သတိမာ သုခမေဓတိ၊

သတီမတော သုဝေ သေယျော, ဝေရာ န ပရိမုစ္စတိ။

‘‘ယဿ သဗ္ဗမဟောရတ္တံ [ရတ္တိံ (သျာ။ ကံ။ က။)], အဟိံသာယ ရတော မနော၊

မေတ္တံ သော သဗ္ဗဘူတေသု, ဝေရံ တဿ န ကေနစီ’’တိ။

၄-မဏိဘဒ္ဒသုတ် ၂၃၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မဏိဘဒ္ဒဘီလူး၏ ဗိမာန်ဖြစ်သော မဏိ မာလိကနတ်ကွန်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဏိဘဒ္ဒဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်း ကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏- “သတိရှိသော သူအား အခါခပ်သိမ်း ကောင်းမြတ်၏၊ သတိရှိသော သူသည် ချမ်းသာကို ရ၏၊ သတိရှိသောသူအား အမြဲသာလျှင် မြတ်၏၊ ရန်မှလည်း လွတ်၏”ဟု လျှောက်၏။ “သတိရှိသော သူအား အခါခပ်သိမ်း ကောင်းမြတ်၏၊ သတိရှိသော သူသည် ချမ်းသာကို ရ၏၊ သတိရှိသော သူအား အမြဲသာလျှင် မြတ်၏၊ ရန်မှကား မလွတ် သေး။ အကြင် (ရဟန္တာ) ပုဂ္ဂိုလ်အား အလုံးစုံသော နေ့ညဥ့်ပတ်လုံး မညဥ်းဆဲခြင်း၌ မွေ့လျော်သော စိတ်ရှိကာ အလုံးစုံသော သတ္တဝါတို့၌ မေတ္တာအစုရှိသည် ဖြစ်၍ (နေ၏၊) ထိုပုဂ္ဂိုလ်အား တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်နှင့်မျှ ခိုက်ရန် မရှိ”ဟု (မိန့်တော်မူ၏)။

Linked Discourses 10.4 1. With Indaka With Maṇibhadda At one time the Buddha was staying in the land of the Magadhans at the Maṇimālika Shrine, the haunt of the native spirit Maṇibhadda. Then the native spirit Maṇibhadda went up to the Buddha, and spoke this verse in the Buddha’s presence: “It’s always auspicious for the mindful; the mindful prosper in happiness. Each new day is better for the mindful, and they are freed from enmity.” “It’s always auspicious for the mindful; the mindful prosper in happiness. Each new day is better for the mindful, but they’re not freed from enmity. But someone whose mind delights in harmlessness, all day and all night, with love for all living creatures— they have no enmity for anyone.”

၅။ သာနုသုတ္တံ

၂၃၉။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရိဿာ ဥပါသိကာယ သာနု နာမ ပုတ္တော ယက္ခေန ဂဟိတော ဟောတိ။ အထ ခေါ သာ ဥပါသိကာ ပရိဒေဝမာနာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊

ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ။

‘‘ဥပေါသထံ ဥပဝသန္တိ, ဗြဟ္မစရိယံ စရန္တိ ယေ၊

န တေဟိ ယက္ခာ ကီဠန္တိ, ဣတိ မေ အရဟတံ သုတံ၊

သာ ဒါနိ အဇ္ဇ ပဿာမိ, ယက္ခာ ကီဠန္တိ သာနုနာ’’တိ။

‘‘စာတုဒ္ဒသိံ ပဉ္စဒသိံ, ယာ စ ပက္ခဿ အဋ္ဌမီ၊

ပါဋိဟာရိယပက္ခဉ္စ, အဋ္ဌင်္ဂသုသမာဂတံ၊

ဥပေါသထံ ဥပဝသန္တိ, ဗြဟ္မစရိယံ စရန္တိ ယေ။

‘‘န တေဟိ ယက္ခာ ကီဠန္တိ, သာဟု တေ အရဟတံ သုတံ၊

သာနုံ ပဗုဒ္ဓံ ဝဇ္ဇာသိ, ယက္ခာနံ ဝစနံ ဣဒံ၊

မာကာသိ ပါပကံ ကမ္မံ, အာဝိ ဝါ ယဒိ ဝါ ရဟော။

‘‘သစေ စ [သစေဝ (သျာ။ ကံ။ ပီ။ က။), ယဉ္စေဝ (သီ။)] ပါပကံ ကမ္မံ, ကရိဿသိ ကရောသိ ဝါ၊

န တေ ဒုက္ခာ ပမုတျတ္ထိ, ဥပ္ပစ္စာပိ ပလာယတော’’တိ။

‘‘မတံ ဝါ အမ္မ ရောဒန္တိ, ယော ဝါ ဇီဝံ န ဒိဿတိ၊

ဇီဝန္တံ အမ္မ ပဿန္တီ, ကသ္မာ မံ အမ္မ ရောဒသီ’’တိ။

‘‘မတံ ဝါ ပုတ္တ ရောဒန္တိ, ယော ဝါ ဇီဝံ န ဒိဿတိ၊

ယော စ ကာမေ စဇိတွာန, ပုနရာဂစ္ဆတေ ဣဓ၊

တံ ဝါပိ ပုတ္တ ရောဒန္တိ, ပုန ဇီဝံ မတော ဟိ သော။

‘‘ကုက္ကုဠာ ဥဗ္ဘတော တာတ, ကုက္ကုဠံ [ကုက္ကုဠေ (သီ။)] ပတိတုမိစ္ဆသိ၊

နရကာ ဥဗ္ဘတော တာတ, နရကံ ပတိတုမိစ္ဆသိ။

‘‘အဘိဓာဝထ ဘဒ္ဒန္တေ, ကဿ ဥဇ္ဈာပယာမသေ၊

အာဒိတ္တာ နီဟတံ [နိဗ္ဘတံ (သျာ။ ကံ။ က။), နိဘတံ (ပီ။ က။)] ဘဏ္ဍံ, ပုန ဍယှိတုမိစ္ဆသီ’’တိ။

၅-သာနုသုတ် ၂၃၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တစ်ယောက်သော ဥပါသိကာမ၏ သာနုမည် သော သား (သာမဏေ) ကို ဘီလူးသည် ဖမ်းစားအပ်၏၊ ထိုအခါ ထိုဥပါသိကာမသည် ငိုကြွေးလျက် ဤ ဂါထာတို့ကို ရွတ်ဆို မြည်တမ်း၏- “အကြင်သူတို့သည် တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ် ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ လဆန်းပက္ခ, လဆုတ်ပက္ခ၏ ရှစ်ရက် မြောက်သော နေ့၌လည်းကောင်း၊ ပါဋိဟာရိယပက္ခ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ကောင်းစွာ ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကုန်၏၊ မြတ်သော အကျင့်ကို ကျင့် ကုန်၏။ ထိုသီလနှင့် ပြည့်စုံသော လူတို့ကို ဘီလူးတို့သည် မပင်ပန်းစေကုန်ဟု ရဟန္တာတို့၏ စကားကို ကြားဖူး၏၊ ယခုအခါ ဘီလူးတို့သည် သာနုမည်သော ငါ့သား သာမဏေအား ပင်ပန်းစေသည်ကို ယနေ့ ငါ တွေ့မြင်ရ၏”ဟု (မြည်တမ်း၏)။ ဥပါသိကာမ အကြင်သူတို့သည် တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ လဆန်းပက္ခ, လဆုတ် ပက္ခ၏ ရှစ် ရက်မြောက်သော နေ့၌လည်းကောင်း၊ ပါဋိဟာရိယပက္ခ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ကောင်းစွာ ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကုန်၏၊ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ ထိုသူတို့ကို ဘီလူးတို့သည် မပင်ပန်းစေကုန်ဟု ရဟန္တာတို့ထံမှ ကြားဖူးသော သင့် စကားသည် ကောင်းပါပေ၏၊ နိုးကြားသတိရလာသော သာနု (သာမဏေ) အား ပြောကြားလိုက်ပါလော့။ “သင်သည် မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မကောင်းသော အမှုကို မပြုလင့်။ သင်သည် မကောင်းသော အမှုကို အကယ်၍ ပြုလိမ့်ငြားအံ့၊ (အကယ်၍ မူလည်း) ပြုနေငြားအံ့၊ ကောင်းကင်သို့ ပျံတက်၍ ပြေးသော်လည်း သင့်အား ဆင်းရဲမှ မလွတ်နိုင်”ဟု ဘီလူးတို့၏ ဤစကားကို ပြောကြားလိုက်ပါလော့ဟု (ဘီလူးက ပူးကပ်ပြောဆို၏)။ “မိခင် လောက၌ သေသော သူကိုလည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အသက် ရှင်လျက် ပျောက်ဆုံးနေသူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ မိခင် အသက်ရှင်သော ငါ့ကို မြင်ရလျက် အဘယ်ကြောင့် ငိုကြွေးဘိသနည်း”ဟု (သာနု သာမဏေက ဆို၏)။ “ချစ်သား လောက၌ သေသော သူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အသက်ရှင်လျက် ပျောက်ဆုံးနေသူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အကြင်သူသည် ဝတ္ထုကာမဂုဏ်တို့ကို စွန့်ပြီး ဖြစ်လျက် တစ်ဖန် ဤ လူ့ဘောင်သို့ ပြန်လည် လူထွက်လာ၏၊ ထိုသူကိုလည်း (ရည်မှန်း၍) ငိုကြွေးကုန်၏။ ဤစကား မှန်၏၊ တစ်ဖန် ထိုလူ့ဘောင်သို့ ပြန်လည် လူထွက်လာသော သူသည် အသက်ရှင်သော်လည်း သူသေနှင့် တူ၏။ ချစ်သား (အိမ်ရာ တည်ထောင်ခြင်းဟူသော) ပြာပူမှ တက်ပြီး၍ ပြာပူသို့ ဆင်းခြင်းငှါ အလိုရှိဘိ၏။ ချစ်သား ချောက်မှ တက်ပြီးဖြစ်လျက် ချောက်သို့ ကျခြင်းငှါ အလိုရှိဘိ၏။ သားမောင်တို့သည် ပြေးသွားပါကုန်လော့၊ ချစ်သားအား ကောင်းခြင်းသည် ဖြစ် စေသတည်း၊ (ဘီလူး ဖမ်းစား၍ ဤသို့သော ဖောက်ပြန်မှုကို) အဘယ်သူအား အပြစ်စကား ပြောကြားတိုင်တည်ရကုန်အံ့နည်း၊သင်သည် မီးလောင်အိမ်မှ ထုတ် အပ်သော ဘဏ္ဍာကို တစ်ဖန် လောင်မြိုက်ခြင်းငှါ အလိုရှိဘိတကား”ဟု (အမိသည် ရွတ်ဆို၏)။

Linked Discourses 10.5 1. With Indaka With Sānu At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time a certain lay woman had a son named Sānu who had been seized by a native spirit. And as that lay woman wept, on that occasion she recited these verses: “I have heard this from the perfected ones. The native spirits will not mess with anyone who leads the spiritual life by observing the sabbath complete in all eight factors on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnight of special displays. But now today I see native spirits messing with Sānu.” “What you heard from the perfected ones is right. The native spirits will not mess with anyone who leads the spiritual life by observing the sabbath complete in all eight factors on the fourteenth and the fifteenth days, and the eighth day of the fortnight, as well as on the fortnight of special displays. When Sānu regains consciousness tell him this saying of the native spirits: Don’t do bad deeds either openly or in secret. If you should do a bad deed, or you’re doing one now, you won’t be freed from suffering, though you fly away and flee.” “Mum, they cry for the dead, or for one who’s alive but missing. I’m alive and you can see me, so mum, why do you weep for me?” “Son, they cry for the dead, or for one who’s alive but missing. But someone who has given up sensual pleasures only to come back here again: they cry for them as well, for though still alive they’re really dead. My dear, you’ve been rescued from hot coals, and you want to plunge right back in them! My dear, you’ve been rescued from the abyss, and you want to plunge right back there! Hurry up, good luck to you! To whom should we complain? A valuable saved from a fire, you want to burn again!”

၆။ ပိယင်္ကရသုတ္တံ

၂၄၀။ ဧကံ သမယံ အာယသ္မာ အနုရုဒ္ဓေါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ အနုရုဒ္ဓေါ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ ဓမ္မပဒါနိ ဘာသတိ။ အထ ခေါ ပိယင်္ကရမာတာ ယက္ခိနီ ပုတ္တကံ ဧဝံ တောသေသိ –

‘‘မာ သဒ္ဒံ ကရိ ပိယင်္ကရ, ဘိက္ခု ဓမ္မပဒါနိ ဘာသတိ၊

အပိ [အပိ (သီ။)] စ ဓမ္မပဒံ ဝိဇာနိယ, ပဋိပဇ္ဇေမ ဟိတာယ နော သိယာ။

‘‘ပါဏေသု စ သံယမာမသေ, သမ္ပဇာနမုသာ န ဘဏာမသေ၊

သိက္ခေမ သုသီလျမတ္တနော [သုသီလမတ္တနော (သီ။ က။)], အပိ မုစ္စေမ ပိသာစယောနိယာ’’တိ။

၆-ပိယင်္ကရသုတ် ၂၄၀။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ညဥ့်၏ မိုးသောက်ယံအချိန်၌ စောစောထ၍ ဓမ္မအစုတို့ကို ရွတ်ဆို၏၊ ထိုအခါ ပိယင်္ကရမာတာဘီလူးမသည် သားငယ်ကို ဤသို့ နှစ်သိမ့် စေ၏- “ပိယင်္ကရ အသံ မပြုလင့်၊ ရဟန်း သည် ဓမ္မအစုတို့ ကို ရွတ် ဆိုနေ၏၊ ငါတို့ သည် တရား အစုကို သိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ၊ ငါတို့အား စီးပွားခြင်းငှါ ဖြစ် တန်ရာ၏။ သတ္တဝါတို့၌လည်း စောင့်စည်းကြရကုန်အံ့၊ သိလျက် မမှန်စကားကိုလည်း မဆို ကြရကုန်အံ့၊ မိမိ၏ ကောင်းသော အကျင့်သီလကိုလည်း ကျင့်သုံးကြရကုန်အံ့၊ မြေဖုတ်ဘီလူးဘဝမှလည်း လွတ်ကြကောင်းတန်ရာ၏”ဟု (နှစ်သိမ့်စေ၏)။

Linked Discourses 10.6 1. With Indaka With Piyaṅkara At one time Venerable Sāriputta was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Anuruddha rose at the crack of dawn and recited passages of the teaching. Then the native spirit Piyaṅkara’s Mother soothed her little child, saying: “Don’t make a sound, Piyaṅkara! A mendicant recites passages of the teaching. When we understand a passage, we can practice for our welfare. Let us restrain ourselves from harming living creatures, and speak no lying words. We should train ourselves well in ethics, and hopefully we’ll be freed from the goblin realm.”

စာ-၂၁၂

၇။ ပုနဗ္ဗသုသုတ္တံ

၂၄၁။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ နိဗ္ဗာနပဋိသံယုတ္တာယ ဓမ္မိယာ ကထာယ သန္ဒဿေတိ သမာဒပေတိ သမုတ္တေဇေတိ သမ္ပဟံသေတိ။ တေ စ ဘိက္ခူ အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ဩဟိတသောတာ ဓမ္မံ သုဏန္တိ။ အထ ခေါ ပုနဗ္ဗသုမာတာ ယက္ခိနီ ပုတ္တကေ ဧဝံ တောသေသိ –

‘‘တုဏှီ ဥတ္တရိကေ ဟောဟိ, တုဏှီ ဟောဟိ ပုနဗ္ဗသု၊

ယာဝါဟံ ဗုဒ္ဓသေဋ္ဌဿ, ဓမ္မံ သောဿာမိ သတ္ထုနော။

‘‘နိဗ္ဗာနံ ဘဂဝါ အာဟ, သဗ္ဗဂန္ထပ္ပမောစနံ၊

အတိဝေလာ စ မေ ဟောတိ, အသ္မိံ ဓမ္မေ ပိယာယနာ။

‘‘ပိယော လောကေ သကော ပုတ္တော, ပိယော လောကေ သကော ပတိ၊

တတော ပိယတရာ မယှံ, အဿ ဓမ္မဿ မဂ္ဂနာ။

‘‘န ဟိ ပုတ္တော ပတိ ဝါပိ, ပိယော ဒုက္ခာ ပမောစယေ၊

ယထာ သဒ္ဓမ္မဿဝနံ, ဒုက္ခာ မောစေတိ ပါဏိနံ။

‘‘လောကေ ဒုက္ခပရေတသ္မိံ, ဇရာမရဏသံယုတေ၊

ဇရာမရဏမောက္ခာယ, ယံ ဓမ္မံ အဘိသမ္ဗုဓံ၊

တံ ဓမ္မံ သောတုမိစ္ဆာမိ, တုဏှီ ဟောဟိ ပုနဗ္ဗသူ’’တိ။

‘‘အမ္မာ န ဗျာဟရိဿာမိ, တုဏှီဘူတာယမုတ္တရာ၊

ဓမ္မမေဝ နိသာမေဟိ, သဒ္ဓမ္မဿဝနံ သုခံ၊

သဒ္ဓမ္မဿ အနညာယ, အမ္မာ ဒုက္ခံ စရာမသေ။

‘‘ဧသ ဒေဝမနုဿာနံ, သမ္မူဠှာနံ ပဘင်္ကရော၊

ဗုဒ္ဓေါ အန္တိမသာရီရော, ဓမ္မံ ဒေသေတိ စက္ခုမာ’’တိ။

‘‘သာဓု ခေါ ပဏ္ဍိတော နာမ, ပုတ္တော ဇာတော ဥရေသယော၊

ပုတ္တော မေ ဗုဒ္ဓသေဋ္ဌဿ, ဓမ္မံ သုဒ္ဓံ ပိယာယတိ။

‘‘ပုနဗ္ဗသု သုခီ ဟောဟိ, အဇ္ဇာဟမှိ သမုဂ္ဂတာ၊

ဒိဋ္ဌာနိ အရိယသစ္စာနိ, ဥတ္တရာပိ သုဏာတု မေ’’တိ။

၇-ပုနဗ္ဗသုသုတ် ၂၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရား ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းကုန်လျက် စိတ်ဖြင့် အလုံးစုံ တရားစကားကို ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်၍ တရားနာကုန်၏၊ ထိုအခါ၌ ပုနဗ္ဗသုမာတာ ဘီလူးမသည် သားငယ်ကို ဤသို့ နှစ်သိမ့်စေ၏- “ချစ်သမီး ဥတ္တရိကာ ငါသည် နတ်လူတို့ကို ဆုံးမတော်မူတတ်သော ဘုရား မြတ်၏ တရားကို နာနေသမျှအတွင်း ဆိတ်ဆိတ် နေပါလော့၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ်နေ ပါလော့။ မြတ်စွာဘုရားသည် အလုံးစုံသော အထုံးအဖွဲ့ (ဂန္ထ) မှ လွတ်မြောက်စေသော နိဗ္ဗာန်နှင့် စပ်သော တရားစကားကို ဟောတော်မူ၏၊ ဤတရားတော်၌ မြတ်နိုးခြင်း သည် ငါ့အား ကြာမြင့်မှသာလျှင် ဖြစ်ရာ၏။ လောက၌ မိမိ၏ သားသမီးကို ချစ်အပ်၏၊ လောက၌ မိမိ၏ ခင်ပွန်းကို ချစ် အပ်၏၊ ငါ့အား သားသမီး, ခင်ပွန်းလင်ကို ချစ်သည်ထက် ဤတရားကို တောင့်တ ရှာမှီးမှုကို ပိုလွန်၍ ချစ်မြတ်နိုးပါ၏။ သူတော်ကောင်းတို့၏ တရားကို နာကြားခြင်းသည် သတ္တဝါတို့အား ဆင်းရဲမှလွတ်စေသကဲ့သို့ ချစ်ခင်အပ်သော သားသမီးသည်လည်းကောင်း၊ ခင်ပွန်းလင်သည်လည်းကောင်း ဆင်းရဲမှ မလွတ်စေနိုင်။ ဆင်းရဲဖြင့် နှိပ်စက်အပ်သော အိုခြင်း, သေခြင်းနှင့် စပ်သော လောက၌ အိုခြင်း, သေခြင်းမှ လွတ်ခြင်းငှါ (မြတ်စွာဘုရား) ထိုးထွင်း၍ သိတော်မူသော တရားကို နာခြင်းငှါ ငါသည် အလိုရှိပါ၏၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ် နေပါလော့”ဟု နှစ် သိမ့်စေ၏။ “မိခင် ငါသည် စကားမပြော ဆိတ်ဆိတ် နေအံ့၊ ဤဥတ္တရာသည်လည်း ဆိတ်ဆိတ် နေပါ၏၊ တရားကိုသာလျှင် နှလုံးသွင်းပါလော့၊ သူတော်ကောင်းတို့၏ တရားကို နာကြားရခြင်းသည် ချမ်းသာပါ၏။ မိခင် သူတော်ကောင်းတို့၏ တရားကို မသိသောကြောင့် ဆင်းရဲငြိုငြင်စွာ လှည့် လည်နေရကုန်၏၊ ပြင်းစွာ တွေဝေကုန်သော နတ်လူတို့အား အရောင်ကို ပြုတတ် သော၊ အဆုံးစွန်သော ကိုယ်တော်နှင့်လည်း ယှဥ်တော်မူသော၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဤမြတ်စွာဘုရားသည့်တရားကို ဟောတော်မူ၏”ဟု (ဆို၏)။ “ရင်၌ဖြစ်သော သားသည် ပညာရှိဖြစ်၍ ကောင်း၏၊ ငါ့သားသည် ဘုရားမြတ်၏ စင်ကြယ်စွာသော တရားကို ချစ်မြတ်နိုး၏။ ချစ်သား ပုနဗ္ဗသု ယခု ငါသည် ဝဋ်မှ ထွက်မြောက်ပြီ၊ သင်ချစ်သားသည်လည်း ချမ်းသာခြင်းရှိသည် ဖြစ်လော့၊ အရိယာသစ္စာတို့ကို (ငါတို့ သားသမီးတစ်စုတို့ သည်) မြင်အပ်ကုန်ပြီ၊ ငါ၏ ဥတ္တရာမည်သော ချစ်သမီးသည်လည်း (တရားကို) နာပါလော့”ဟု (နှစ်သိမ့်စေ၏)။

Linked Discourses 10.7 1. With Indaka With Punabbasu At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time the Buddha was educating, encouraging, firing up, and inspiring the mendicants with a Dhamma talk about extinguishment. And those mendicants were paying attention, applying the mind, concentrating wholeheartedly, and actively listening. Then the native spirit Punabbasu’s Mother soothed her little children, saying: “Hush, little Uttarā! Hush, Punabbasu! For I want to listen to the teaching of the Teacher, the supreme Buddha. Extinguishment, the Blessed One said, is the release from all ties. I have a lasting love for this teaching. In this world, your own child is dear; in this world, your own husband is dear; but even greater than that is my love for this teaching’s quest. For neither son nor husband, dear as they are, can free you from suffering; as listening to the true teaching frees living creatures from suffering. In this world mired in suffering, fettered by old age and death, I want to listen to the teaching through which the Buddha awakened, which frees you from old age and death. So hush, Punabbasu!” “Mom, I’m not speaking, and Uttarā is silent, too. Focus just on the teaching, for it’s nice to listen to the true teaching. And it’s because we haven’t understood the teaching that we live in suffering, Mom. He is a beacon for those who are lost among gods and humans. The Buddha, bearing his final body, the Clear-eyed One teaches Dhamma.” “It’s good that my child’s so astute, this child I bore and suckled! My child loves the pure teaching of the supreme Buddha. Punabbasu, may you be happy! Today, I rise. Hear me too, Uttarā: I have seen the noble truths!”

စာ-၂၁၃

၈။ သုဒတ္တသုတ္တံ

၂၄၂။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ သီတဝနေ။ တေန ခေါ ပန သမယေန အနာထပိဏ္ဍိကော ဂဟပတိ ရာဇဂဟံ အနုပ္ပတ္တော ဟောတိ ကေနစိဒေဝ ကရဏီယေန။ အဿောသိ ခေါ အနာထပိဏ္ဍိကော ဂဟပတိ – ‘‘ဗုဒ္ဓေါ ကိရ လောကေ ဥပ္ပန္နော’’တိ။ တာဝဒေဝ စ ပန ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိတုကာမော ဟောတိ။ အထဿ အနာထပိဏ္ဍိကဿ ဂဟပတိဿ ဧတဒဟောသိ – ‘‘အကာလော ခေါ အဇ္ဇ ဘဂဝန္တံ ဒဿနာယ ဥပသင်္ကမိတုံ။ သွေ ဒါနာဟံ ကာလေန ဘဂဝန္တံ ဒဿနာယ ဂမိဿာမီ’’တိ ဗုဒ္ဓဂတာယ သတိယာ နိပဇ္ဇိ။ ရတ္တိယာ သုဒံ တိက္ခတ္တုံ ဝုဋ္ဌာသိ ပဘာတန္တိ မညမာနော။ အထ ခေါ အနာထပိဏ္ဍိကော ဂဟပတိ ယေန သိဝထိကဒွါရံ [သီဝထိကဒွါရံ (သီ။ သျာ။ ကံ။ ပီ။)] တေနုပသင်္ကမိ။ အမနုဿာ ဒွါရံ ဝိဝရိံသု။ အထ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ နဂရမှာ နိက္ခမန္တဿ အာလောကော အန္တရဓာယိ, အန္ဓကာရော ပါတုရဟောသိ, ဘယံ ဆမ္ဘိတတ္တံ လောမဟံသော ဥဒပါဒိ, တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ အထ ခေါ သိဝကော [သီဝကော (သီ။ ပီ။)] ယက္ခော အန္တရဟိတော သဒ္ဒမနုဿာဝေသိ –

‘‘သတံ ဟတ္ထီ သတံ အဿာ, သတံ အဿတရီရထာ၊

သတံ ကညာသဟဿာနိ, အာမုက္ကမဏိကုဏ္ဍလာ၊

ဧကဿ ပဒဝီတိဟာရဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။

‘‘အဘိက္ကမ ဂဟပတိ, အဘိက္ကမ ဂဟပတိ၊

အဘိက္ကမနံ တေ သေယျော, နော ပဋိက္ကမန’’န္တိ။

အထ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ အန္ဓကာရော အန္တရဓာယိ, အာလောကော ပါတုရဟောသိ, ယံ အဟောသိ ဘယံ ဆမ္ဘိတတ္တံ လောမဟံသော, သော ပဋိပ္ပဿမ္ဘိ။ ဒုတိယမ္ပိ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ အာလောကော အန္တရဓာယိ, အန္ဓကာရော ပါတုရဟောသိ, ဘယံ ဆမ္ဘိတတ္တံ လောမဟံသော ဥဒပါဒိ, တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ ဒုတိယမ္ပိ ခေါ သိဝကော ယက္ခော အန္တရဟိတော သဒ္ဒမနုဿာဝေသိ –

၈-သုဒတ္တသုတ် ၂၄၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်သာလျှင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာ၏၊ အနာထပိဏ်သူဌေးသည် “လောက၌ ဘုရားပွင့်တော်မူလာသတတ်”ဟု ကြားသည်သာလျှင် တည်း၊ ထိုကြားသော ခဏ၌ပင်လျှင် မြတ်စွာဘုရားကို ဖူးမြင်ရန် ဆည်းကပ်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ အနာထပိဏ်သူဌေးအား “ယခု မြတ်စွာဘုရားကို ဖူးမြင်ရန် ဆည်းကပ်ခြင်းငှါ အခါ မဟုတ်သေး၊ ငါသည် နက်ဖြန် နံနက်အခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် သွားအံ့”ဟု အကြံ ဖြစ်၏၊ ဤသို့ ကြံပြီး၍ ဘုရား၌ ရောက်သော သတိဖြင့် အိပ်လတ်သော် ညဥ့်အခါ၌ မိုးသောက်ပြီဟု မှတ်ထင်သည် ဖြစ်၍ သုံးကြိမ်တိုင် ထ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် သင်းချိုင်းတံခါး ဆီသို့ ချဥ်းကပ်လေလျှင် ဘီလူးတို့သည် တံခါး ကို ဖွင့်ကုန်၏၊ ထို့နောက် အနာထပိဏ်သူဌေးအား မြို့မှ ထွက်စဥ် အရောင်အလင်း ကွယ်၍ အမိုက်မှောင် ထင်ရှားဖြစ်၏၊ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ထင်ရှားဖြစ်၏။ ထို အရပ်မှလည်း တစ်ဖန် ပြန်ဆုတ်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ သုသာန်စောင့်နတ်သည် မိမိကိုယ်ကို ကွယ်စေ လျက် အသံကို ကြားစေ၏- “သူဌေး ဆင်တစ်သိန်းတို့သည်လည်းကောင်း၊ မြင်းတစ်သိန်းတို့သည်လည်းကောင်း၊ အဿတိုရ်မြင်းကသော ရထားတစ်သိန်းတို့သည်လည်းကောင်း၊ ပတ္တမြား နားတောင်း ဝတ်ကုန်သော သတို့သမီးကညာ တစ်သိန်းတို့သည်လည်းကောင်း (မြတ်စွာဘုရားထံ ဖူးမြင်ရန် သွားသော သူ၏) ဘဝါးတစ်လှမ်း၏ တစ်ဆယ့် ခြောက်စိတ်စိတ် တစ်စိတ်လောက်မျှ တန်ဖိုး မရှိကုန်။ သူဌေး ရှေ့သို့ တက်လော့၊ သူဌေး ရှေ့သို့ တက်လော့၊ သင့်အား ရှေ့သို့ တက်ခြင်းသည် မြတ်၏ နောက်သို့ ဆုတ်ခြင်းသည် မမြတ်”ဟု (အသံကို ကြား စေ၏)။ ထိုအခါ အနာထပိဏ်သူဌေးအား အမိုက်မှောင်သည် ကွယ်၍ အရောင်အလင်း ထင်ရှားဖြစ်၏၊ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ငြိမ်းလေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း။ပ။ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ငြိမ်းလေ၏။ ထို့နောက် အနာထပိဏ်သူဌေးသည် ထိုယင်းတိုက်တော မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဥ့်၏ မိုးသောက်အချိန်ဝယ် စောစော ထ၍ လွင်တီးခေါင်၌ စင်္ကြံကြွ တော်မူစဥ် လာနေသော အနာထပိဏ်သူဌေးကို အဝေးမှပင် မြင်လေလျှင် စင်္ကြံမှ ဆင်းသက်၍ ခင်းထား သော နေရာ၌ ထိုင်တော်မူပြီးသော် အနာထပိဏ်သူဌေးအား “သုဒတ္တ ဤနေရာသို့ လာခဲ့လော့”ဟု မိန့် တော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် “မြတ်စွာဘုရားသည် ငါ့ကို သုဒတ္တဟူသော ငယ်နာမည်ဖြင့် ခေါ်တော်မူ၏”ဟု ဝမ်းမြောက်သည် တက်ကြွသော စိတ်ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်ဖြင့် ပျပ်ဝပ်၍ “အသျှင်ဘုရား အသို့ပါနည်း၊ ချမ်းသာစွာ အိပ်ရပါ၏လော”ဟု လျှောက်၏။ “သုဒတ္တ အကြင်သူသည် ကာမဂုဏ်တို့၌ မလိမ်းကျံ၊ ဥပဓိ မရှိသည် ဖြစ်၍ ငြိမ်းအေးခြင်းသို့ ရောက်၏၊ ထိုသူသည် မကောင်းမှုမှ အပပြုပြီးသူ , ကိလေသာ ငြိမ်းအေးပြီးသူ ဖြစ်၍ အခါခပ်သိမ်း ချမ်းသာစွာ အိပ်ရ၏။ ထိုသူသည် အလုံးစုံကုန်သော တပ်စွန်းတတ်သော ‘တဏှာ’တို့ကို ဖြတ်ပြီးလျှင် စိတ်နှလုံး၌ ပူပန်ခြင်းကို ဖျောက်လျက် စိတ်ဖြင့် ငြိမ်းချမ်းခြင်းသို့ ရောက်ကာ ငြိမ် သက်သည် ဖြစ်၍ ချမ်းသာစွာ အိပ်ရ၏”ဟု (မိန့်တော်မူ၏)။

Linked Discourses 10.8 1. With Indaka With Sudatta At one time the Buddha was staying near Rājagaha in the Cool Grove. Now at that time the householder Anāthapiṇḍika had arrived at Rājagaha on some business. He heard a rumor that a Buddha had arisen in the world. Right away he wanted to go and see the Buddha, but he thought, “It’s too late to go and see the Buddha today. I’ll go and see him tomorrow.” He went to bed thinking of the Buddha. During the night he got up three times thinking it was sunup. Then he approached the Sivaka Gate, and non-human beings opened it for him. But as he was leaving the city, light vanished and darkness appeared to him. He felt fear, terror, and goosebumps, and wanted to turn back. Then the invisible spirit Sivaka called out: “A hundred elephants, a hundred horses, a hundred mule-drawn chariots, a hundred thousand maidens bedecked with jeweled earrings: these are not worth a sixteenth part of a single forward stride! Forward, householder! Forward, householder! Going forward is better for you, not turning back!” Then darkness vanished and light appeared to Anāthapiṇḍika. His fear, terror, and goosebumps settled down. But for a second time, light vanished and darkness appeared to him. … For a second time the invisible spirit Sivaka called out … “… Going forward is better for you, not turning back!” Then darkness vanished and light appeared to Anāthapiṇḍika. His fear, terror, and goosebumps settled down. But for a third time, light vanished and darkness appeared to him. … For a third time the invisible spirit Sivaka called out … “… Going forward is better for you, not turning back!” Then darkness vanished and light appeared to Anāthapiṇḍika. His fear, terror, and goosebumps settled down. Then the householder Anāthapiṇḍika went to the Cool Grove and approached the Buddha. Now at that time the Buddha had risen at the crack of dawn and was walking mindfully in the open. He saw Anāthapiṇḍika coming off in the distance. So he stepped down from the walking path, sat down on the seat spread out, and said to Anāthapiṇḍika, “Come, Sudatta.” Then Anāthapiṇḍika thought, “The Buddha calls me by name!” Smiling and elated, he bowed with his head to the Buddha’s feet and said to him, “Sir, I trust the Buddha slept well?” “A brahmin who is fully quenched always sleeps at ease. Sensual pleasures slip off them, they’re cooled, free of attachments. Since they’ve cut off all clinging, and removed the stress from the heart, the peaceful sleep at ease, having found peace of mind.”

စာ-၂၁၄

‘‘သတံ ဟတ္ထီ သတံ အဿာ…ပေ…

ကလံ နာဂ္ဃန္တိ သောဠသိံ။

‘‘အဘိက္ကမ ဂဟပတိ, အဘိက္ကမ ဂဟပတိ၊

အဘိက္ကမနံ တေ သေယျော, နော ပဋိက္ကမန’’န္တိ။

အထ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ အန္ဓကာရော အန္တရဓာယိ, အာလောကော ပါတုရဟောသိ, ယံ အဟောသိ ဘယံ ဆမ္ဘိတတ္တံ လောမဟံသော, သော ပဋိပ္ပဿမ္ဘိ။ တတိယမ္ပိ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ အာလောကော အန္တရဓာယိ, အန္ဓကာရော ပါတုရဟောသိ, ဘယံ ဆမ္ဘိတတ္တံ လောမဟံသော ဥဒပါဒိ, တတောဝ ပုန နိဝတ္တိတုကာမော အဟောသိ။ တတိယမ္ပိ ခေါ သိဝကော ယက္ခော အန္တရဟိတော သဒ္ဒမနုဿာဝေသိ –

‘‘သတံ ဟတ္ထီ သတံ အဿာ…ပေ…

ကလံ နာဂ္ဃန္တိ သောဠသိံ။

‘‘အဘိက္ကမ ဂဟပတိ, အဘိက္ကမ ဂဟပတိ၊

အဘိက္ကမနံ တေ သေယျော, နော ပဋိက္ကမန’’န္တိ။

အထ ခေါ အနာထပိဏ္ဍိကဿ ဂဟပတိဿ အန္ဓကာရော အန္တရဓာယိ, အာလောကော ပါတုရဟောသိ, ယံ အဟောသိ ဘယံ ဆမ္ဘိတတ္တံ လောမဟံသော, သော ပဋိပ္ပဿမ္ဘိ။ အထ ခေါ အနာထပိဏ္ဍိကော ဂဟပတိ ယေန သီတဝနံ ယေန ဘဂဝါ တေနုပသင်္ကမိ။

တေန ခေါ ပန သမယေန ဘဂဝါ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ အဗ္ဘောကာသေ စင်္ကမတိ။ အဒ္ဒသာ ခေါ ဘဂဝါ အနာထပိဏ္ဍိကံ ဂဟပတိံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန စင်္ကမာ ဩရောဟိတွာ ပညတ္တေ အာသနေ နိသီဒိ။ နိသဇ္ဇ ခေါ ဘဂဝါ အနာထပိဏ္ဍိကံ ဂဟပတိံ ဧတဒဝေါစ – ‘‘ဧဟိ သုဒတ္တာ’’တိ။ အထ ခေါ အနာထပိဏ္ဍိကော ဂဟပတိ, နာမေန မံ ဘဂဝါ အာလပတီတိ, ဟဋ္ဌော ဥဒဂ္ဂေါ တတ္ထေဝ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကစ္စိ, ဘန္တေ, ဘဂဝါ သုခမသယိတ္ထာ’’တိ?

‘‘သဗ္ဗဒါ ဝေ သုခံ သေတိ, ဗြာဟ္မဏော ပရိနိဗ္ဗုတော၊

ယော န လိမ္ပတိ ကာမေသု, သီတိဘူတော နိရူပဓိ။

‘‘သဗ္ဗာ အာသတ္တိယော ဆေတွာ, ဝိနေယျ ဟဒယေ ဒရံ၊

ဥပသန္တော သုခံ သေတိ, သန္တိံ ပပ္ပုယျ စေတသာ’’တိ [စေတသောတိ (သီ။)]။

စာ-၂၁၅

၉။ ပဌမသုက္ကာသုတ္တံ

၂၄၃။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန သုက္ကာ ဘိက္ခုနီ မဟတိယာ ပရိသာယ ပရိဝုတာ ဓမ္မံ ဒေသေတိ။ အထ ခေါ သုက္ကာယ ဘိက္ခုနိယာ အဘိပ္ပသန္နော ယက္ခော ရာဇဂဟေ ရထိကာယ ရထိကံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘ကိံ မေ ကတာ ရာဇဂဟေ မနုဿာ, မဓုပီတာဝ သေယရေ၊

ယေ သုက္ကံ န ပယိရုပါသန္တိ, ဒေသေန္တိံ အမတံ ပဒံ။

‘‘တဉ္စ ပန အပ္ပဋိဝါနီယံ, အသေစနကမောဇဝံ၊

ပိဝန္တိ မညေ သပ္ပညာ, ဝလာဟကမိဝ ပန္ထဂူ’’တိ [ဝလာဟကမိဝဒ္ဓဂူတိ (သီ။)]။

၉-ပဌမသုက္ကာသုတ် ၂၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သုက္ကာဘိက္ခုနီမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ထိုအခါ သုက္ကာဘိက္ခုနီမ၌ အလွန်ကြည်ညိုသော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဥ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ် ဆို၏- “အကြင် လူတို့ သည် သေခြင်း ကင်း သော နိဗ္ဗာန် တရား ကို ဟောနေသော သုက္ကာ ဘိက္ခုနီ မသို့ မဆည်းကပ်ကုန်၊ ဤလူတို့သည် ရာဇဂြိုဟ်ပြည်၌ အရက်ချိုကို သောက်ကုန်သကဲ့သို့ အဘယ်အမှုကို ပြုကြကုန်သည် ဖြစ်၍ အိပ်နေကြလေကုန် သလော။ တိမ်တိုက်မှ ထွက်ကျလာသော ရေကို ခရီးသွားတို့ သောက်ကုန်သကဲ့သို့ တန်ပြီဟု မပယ်မြစ်ထိုက်သော၊ တစ်စုံတစ်ခုဖြင့် မသွန်းလောင်းအပ်သော၊ ချိုမြိန် ရသာ အဆီဩဇာရှိသော ထိုတရားကိုလည်း ပညာရှိတို့သာ သောက်ကြကုန်ယောင် တကား”ဟု (ရွတ်ဆို၏)။

Linked Discourses 10.9 1. With Indaka With the Nun Sukkā (1st) At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now, at that time the nun Sukkā was teaching Dhamma, surrounded by a large assembly. Then a native spirit was so devoted to Sukkā that he went from street to street and from square to square, and on that occasion recited these verses: “What’s up with these people in Rājagaha? They sleep like they’ve been drinking mead! They don’t attend on Sukkā as she’s teaching the state free of death. But the wise— it’s as if they drink it up, so irresistible, delectable, and nutritious, like travelers enjoying a cool cloud.”

၁၀။ ဒုတိယသုက္ကာသုတ္တံ

၂၄၄။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အညတရော ဥပါသကော သုက္ကာယ ဘိက္ခုနိယာ ဘောဇနံ အဒါသိ။ အထ ခေါ သုက္ကာယ ဘိက္ခုနိယာ အဘိပ္ပသန္နော ယက္ခော ရာဇဂဟေ ရထိကာယ ရထိကံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘ပုညံ ဝတ ပသဝိ ဗဟုံ, သပ္ပညော ဝတာယံ ဥပါသကော၊

ယော သုက္ကာယ အဒါသိ ဘောဇနံ, သဗ္ဗဂန္ထေဟိ ဝိပ္ပမုတ္တိယာ’’တိ [ဝိပ္ပမုတ္တာယာတိ (သျာ။ ကံ။)]။

၁၀-ဒုတိယသုက္ကာသုတ် ၂၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဥပါသကာတစ်ဦးသည် သုက္ကာဘိက္ခုနီမအား စားဖွယ်ကို လှူ၏၊ ထိုအခါ သုက္ကာဘိက္ခုနီမ၌ အလွန်ကြည်ညိုသော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမ တစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဥ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏- “အကြင်ဥပါသကာသည် သုက္ကာဘိက္ခုနီမအား အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’တို့မှ ကင်းလွတ်ခြင်းငှါ စားဖွယ်ကို ပေးလှူ၏၊ ဤဥပါသကာသည် များစွာသော ကောင်းမှုကို ပွားစေ၏တကား၊ ပညာရှိပေစွတကား”ဟု (ရွတ်ဆို၏)။

Linked Discourses 10.10 1. With Indaka With the Nun Sukkā (2nd) At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time a certain lay follower gave food to the nun Sukkā. Then a native spirit was so devoted to Sukkā that he went from street to street and from square to square, and on that occasion recited these verses: “O! He has made so much merit! That lay follower is so very wise. He just gave food to Sukkā, who is released from all ties.”

၁၁။ စီရာသုတ္တံ

၂၄၅။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အညတရော ဥပါသကော စီရာယ [စိရာယ (က။)] ဘိက္ခုနိယာ စီဝရံ အဒါသိ။ အထ ခေါ စီရာယ ဘိက္ခုနိယာ အဘိပ္ပသန္နော ယက္ခော ရာဇဂဟေ ရထိကာယ ရထိကံ သိင်္ဃာဋကေန သိင်္ဃာဋကံ ဥပသင်္ကမိတွာ တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘ပုညံ ဝတ ပသဝိ ဗဟုံ, သပ္ပညော ဝတာယံ ဥပါသကော၊

ယော စီရာယ အဒါသိ စီဝရံ, သဗ္ဗယောဂေဟိ ဝိပ္ပမုတ္တိယာ’’တိ [ဝိပ္ပမုတ္တာယာတိ (သျာ။ ကံ။)]။

၁၁-စီရာသုတ် ၂၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဥပါသကာ တစ်ဦးသည် စီရာဘိက္ခုနီမအား သင်္ကန်းကို လှူ၏၊ ထိုအခါ စီရာဘိက္ခုနီမ၌ အလွန်ကြည်ညို သော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဥ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏- “အကြင်ဥပါသကာသည် စီရာဘိက္ခုနီမအား အလုံးစုံသော ယောဂတရားတို့မှ ကင်းလွတ်ခြင်းငှါ သင်္ကန်းကို ပေးလှူ၏၊ ဤဥပါသကာသည် များသော ကောင်းမှုကို ပွားစေ၏တကား၊ပညာရှိပေစွတကား”ဟု (ရွတ်ဆို၏)။

Linked Discourses 10.11 1. With Indaka With the Nun Cīrā So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time a certain lay follower gave a robe to the nun Cīrā. Then a native spirit was so devoted to Cīrā that he went from street to street and from square to square, and on that occasion recited these verses: “O! He has made so much merit! That lay-follower is so very wise. He gave a robe to Cīrā, who is released from all yokes.”

၁၂။ အာဠဝကသုတ္တံ

၂၄၆။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ အာဠဝကဿ ယက္ခဿ ဘဝနေ။ အထ ခေါ အာဠဝကော ယက္ခော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ နိက္ခမိ။ ‘‘ပဝိသ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ ပါဝိသိ။ ဒုတိယမ္ပိ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ နိက္ခမိ။ ‘‘ပဝိသ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ ပါဝိသိ။ တတိယမ္ပိ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ နိက္ခမိ။ ‘‘ပဝိသ, သမဏာ’’တိ။ ‘‘သာဓာဝုသော’’တိ ဘဂဝါ ပါဝိသိ။ စတုတ္ထမ္ပိ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဧတဒဝေါစ – ‘‘နိက္ခမ, သမဏာ’’တိ။ ‘‘န ခွါဟံ တံ, အာဝုသော, နိက္ခမိဿာမိ။ ယံ တေ ကရဏီယံ တံ ကရောဟီ’’တိ။ ‘‘ပဉှံ တံ, သမဏ, ပုစ္ဆိဿာမိ။ သစေ မေ န ဗျာကရိဿသိ, စိတ္တံ ဝါ တေ ခိပိဿာမိ, ဟဒယံ ဝါ တေ ဖာလေဿာမိ, ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပိဿာမီ’’တိ။ ‘‘န ခွါဟံ တံ, အာဝုသော, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ, ယေ မေ စိတ္တံ ဝါ ခိပေယျ ဟဒယံ ဝါ ဖာလေယျ, ပါဒေသု ဝါ ဂဟေတွာ ပါရဂင်္ဂါယ ခိပေယျ။ အပိ စ တွံ, အာဝုသော, ပုစ္ဆ ယဒါ ကင်္ခသီ’’တိ [(အထ ခေါ အာဠဝကော ယက္ခော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။) (သီ။)]။

‘‘ကိံသူဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ, ကိံသု သုစိဏ္ဏံ သုခမာဝဟာတိ၊

ကိံသု ဟဝေ သာဒုတရံ ရသာနံ, ကထံဇီဝိံ ဇီဝိတမာဟု သေဋ္ဌ’’န္တိ။

‘‘သဒ္ဓီဓ ဝိတ္တံ ပုရိဿ သေဋ္ဌံ, ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ၊

သစ္စံ ဟဝေ သာဒုတရံ ရသာနံ, ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌ’’န္တိ။

‘‘ကထံသု တရတိ ဩဃံ, ကထံသု တရတိ အဏ္ဏဝံ၊

ကထံသု ဒုက္ခမစ္စေတိ, ကထံသု ပရိသုဇ္ဈတီ’’တိ။

‘‘သဒ္ဓါယ တရတိ ဩဃံ, အပ္ပမာဒေန အဏ္ဏဝံ၊

ဝီရိယေန ဒုက္ခမစ္စေတိ, ပညာယ ပရိသုဇ္ဈတီ’’တိ။

‘‘ကထံသု လဘတေ ပညံ, ကထံသု ဝိန္ဒတေ ဓနံ၊

ကထံသု ကိတ္တိံ ပပ္ပေါတိ, ကထံ မိတ္တာနိ ဂန္ထတိ၊

အသ္မာ လောကာ ပရံ လောကံ, ကထံ ပေစ္စ န သောစတီ’’တိ။

‘‘သဒ္ဒဟာနော အရဟတံ, ဓမ္မံ နိဗ္ဗာနပတ္တိယာ၊

သုဿူသံ [သုဿူသာ (သီ။ ပီ။)] လဘတေ ပညံ, အပ္ပမတ္တော ဝိစက္ခဏော။

‘‘ပတိရူပကာရီ ဓုရဝါ, ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ၊

သစ္စေန ကိတ္တိံ ပပ္ပေါတိ, ဒဒံ မိတ္တာနိ ဂန္ထတိ၊

အသ္မာ လောကာ ပရံ လောကံ, ဧဝံ ပေစ္စ န သောစတိ။

‘‘ယဿေတေ စတုရော ဓမ္မာ, သဒ္ဓဿ ဃရမေသိနော၊

သစ္စံ ဒမ္မော ဓိတိ စာဂေါ, သ ဝေ ပေစ္စ န သောစတိ။

‘‘ဣင်္ဃ အညေပိ ပုစ္ဆဿု, ပုထူ သမဏဗြာဟ္မဏေ၊

ယဒိ သစ္စာ ဒမ္မာ စာဂါ, ခန္တျာ ဘိယျောဓ ဝိဇ္ဇတီ’’တိ။

‘‘ကထံ နု ဒါနိ ပုစ္ဆေယျံ, ပုထူ သမဏဗြာဟ္မဏေ၊

ယောဟံ [သောဟံ (သီ။), သွာဟံ (က။)] အဇ္ဇ ပဇာနာမိ, ယော အတ္ထော သမ္ပရာယိကော။

‘‘အတ္ထာယ ဝတ မေ ဗုဒ္ဓေါ, ဝါသာယာဠဝိမာဂမာ [မာဂတော (ပီ။ က။)]၊

ယောဟံ [သောဟံ (သီ။)] အဇ္ဇ ပဇာနာမိ, ယတ္ထ ဒိန္နံ မဟပ္ဖလံ။

‘‘သော အဟံ ဝိစရိဿာမိ, ဂါမာ ဂါမံ ပုရာ ပုရံ၊

နမဿမာနော သမ္ဗုဒ္ဓံ, ဓမ္မဿ စ သုဓမ္မတ’’န္တိ။

ယက္ခသံယုတ္တံ သမတ္တံ။

တဿုဒ္ဒါနံ –

ဣန္ဒကော သက္က သူစိ စ, မဏိဘဒ္ဒေါ စ သာနု စ၊

ပိယင်္ကရ ပုနဗ္ဗသု သုဒတ္တော စ, ဒွေ သုက္ကာ စီရအာဠဝီတိ ဒွါဒသ။

၁၂-အာဠဝကသုတ် ၂၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠဝကဘီလူး၏ ဗိမာန်၌ နေတော်မူ၏၊ ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ် လျက် မြတ်စွာဘုရားအား “ရဟန်း ထွက်လော့”ဟု ဤစကားကို ဆို၏၊ “ဘီလူး ကောင်းပြီ”ဟု မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ “ရဟန်း ဝင်လော့”ဟု ဆို၏၊ “ဘီလူး ကောင်းပြီ”ဟု မြတ်စွာဘုရားသည် ဝင်တော်မူ၏၊ ဤနည်းအတိုင်း သုံးကြိမ်တိုင်တိုင် “ထွက်လော့ ဝင်လော့”ဟု အာဠဝကဘီလူးက ဆို၏၊ မြတ်စွာဘုရားသည် သုံးကြိမ်တိုင်တိုင် “ထွက်ချည် ဝင်ချည်” ပြုတော်မူ၏၊ လေးကြိမ်မြောက်ကား အာဠဝက ဘီလူးသည် မြတ်စွာဘုရားအား “ရဟန်း ထွက်လော့”ဟု ဤစကားကို ဆို၏၊ “ဘီလူး ငါသည် မထွက် တော့အံ့၊ သင့်အား ပြုဖွယ်ကိစ္စ ရှိအံ့၊ ပြုဖွယ်ကိစ္စကိုသာ ပြုလော့”ဟု မိန့်တော်မူ၏၊ ရဟန်း သင့်အား ပြဿနာကို မေးအံ့၊ ငါ့အား အကယ်၍ မဖြေနိုင်ခဲ့အံ့၊ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးကိုသော်လည်း ခွဲအံ့၊ ခြေတို့၌ ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့သော်လည်း ပစ်လိုက်အံ့ဟု (ဆို၏)၊ “ဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါဘုရား၏ စိတ်ကိုမူလည်း ပျံ့လွင့်စေနိုင်သော နှလုံးကိုမူလည်း ခွဲစေနိုင်သော ခြေတို့၌မူလည်း ကိုင်၍ ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ပစ်နိုင်သော သူကို စင်စစ် ငါ မမြင်၊ ဘီလူး သို့သော်လည်း သင် အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ မေးလော့”ဟု (မိန့်တော်မူ၏)။ “ဤလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကား အဘယ်နည်း၊ ကောင်းစွာ လေ့ကျက်အပ်သော အဘယ်တရားသည် ချမ်းသာကို ရွက်ဆောင်တတ်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် စင်စစ် အကောင်းမြတ်ဆုံးသော အရသာဖြစ် သနည်း၊ အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်သနည်း”ဟု (မေး၏)။ “ဘီလူး ဤလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကား ယုံကြည်မှု ‘သဒ္ဓါ’တရား တည်း၊ ကောင်းစွာ လေ့ကျက်အပ်သော (ဆယ်ပါးသော ကုသိုလ်ကမ္မပထ) တရား သည် ချမ်းသာကို ရွက်ဆောင်တတ်၏၊ အရသာတို့တွင် (နိဗ္ဗာန်ဟူသော) ပရမတ္ထ သစ္စာနှင့် ဝစီသစ္စာသည် စင်စစ် အကောင်းမြတ်ဆုံးသော အရသာတည်း၊ ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်၏”ဟု (ဖြေတော်မူ၏)။ “အဘယ်မည်သော တရားဖြင့် သံသရာအလျဥ် ‘ဩဃ’ကို ကူးမြောက်သနည်း၊ အဘယ်မည်သော တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်သနည်း၊ အဘယ် မည်သော တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်သနည်း၊ အဘယ်မည်သော တရားဖြင့် စင်ကြယ်သနည်း”ဟု (မေး၏)။ “ဘီလူး ယုံကြည်မှု ‘သဒ္ဓါ’တရားဖြင့် သံသရာအလျဥ်ကို ကူးမြောက်၏၊ မမေ့ မလျော့မှု ‘အပ္ပမာဒ’တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်၏၊ အားထုတ်မှု ‘ဝီရိယ’ဖြင့် ဆင်းရဲကို လွန်မြောက်၏၊ ပညာဖြင့် စင်ကြယ်၏”ဟု (ဖြေတော်မူ၏)။ “အဘယ်သို့သော သူသည် ပညာကို ရသနည်း၊ အဘယ်သို့သော သူသည် ဥစ္စာကို ရသနည်း၊ အဘယ်တရားဖြင့် ကျော်စောခြင်းသို့ ရောက်သနည်း၊ အဘယ် သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း၊ အဘယ်သူသည် ဤလောကမှ တမလွန် လောကသို့ ရောက်၍ မစိုးရိမ်ရသနည်း”ဟု (မေး၏)။ “ဘီလူး မမေ့လျော့သော ပညာရှိသော သူသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ရဟန္တာပုဂ္ဂိုလ်တို့၏ တရားကို ယုံကြည်စွာ နာသည်ဖြစ်၍ ပညာကို ရ၏၊ သင့်လျော် လျောက်ပတ်သော အမှုကို ပြုလေ့ရှိသော (ဝီရိယဟူသော) ဝန်ရှိသော ထကြွလုံ့လ ရှိသော သူသည် ဥစ္စာကို ရ၏၊ မှန်သော စကားဖြင့် ကျော်စောခြင်းသို့ ရောက်၏၊ ပေးကမ်းသော သူသည် အဆွေခင်ပွန်းတို့ကို ရ၏၊ ဤဆိုလတ္တံ့သော အကြောင်း ကြောင့် ဤလောကမှ တမလွန်လောကသို့ ရောက်၍ မစိုးရိမ်ရ။ ယုံကြည်မှု ‘သဒ္ဓါ’တရားရှိသော အိမ်ထောင်မှုကို ရှာမှီးလေ့ရှိသော အကြင်သူအား မှန်ကန်မှု ‘သစ္စာ’၊ ပညာရကြောင်း ‘ဒမ္မ’၊ အားထုတ်မှု ‘ဓိတိ’၊ စွန့်ကြဲမှု ‘စာဂ’ ဤ တရားလေးပါးတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုသူသည် စင်စစ် တမလွန်ဘဝသို့ ရောက်၍ မစိုးရိမ်ရ။ ဘီလူး ဤလောက၌ မှန်ကန်မှု ‘သစ္စာ’ ထက်လည်းကောင်း၊ ပညာရကြောင်း ‘ဒမ္မ’ ထက်လည်းကောင်း၊ စွန့်ကြဲမှု ‘စာဂ’ထက်လည်းကောင်း၊ အားထုတ်မှု ‘ဓိတိ’ထက်လည်းကောင်း လွန်ကဲသောတရားသည် အကယ်၍ ရှိသည် ဖြစ်အံ့။ ငါ တိုက်တွန်း၏၊ အခြားသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးလေဦးလော့”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား တမလွန်ဘဝ၌ ဖြစ်သော အကြောင်းတရားကို အကျွန်ုပ်သည် ယနေ့ သိရပါ၏၊ ယခုအခါ၌ အဘယ်အကြောင်းကြောင့် များစွာသော သမဏ ဗြာဟ္မဏတို့ကို မေးရပါတော့အံ့နည်း။ မြတ်စွာဘုရားသည် အကျွန်ုပ်၏အကျိုးငှါသာ အာဠဝီမြို့တော်သို့ သီတင်းသုံးရန် ကြွလာတော်မူပေစွတကား၊ အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ကြီးသော အကျိုး ရှိ၏၊ (ထိုအလှူခံပုဂ္ဂိုလ်ကို) ယနေ့ အကျွန်ုပ် သိရပါ၏။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးလျက်လည်းကောင်း၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို (ချီးမွမ်းလျက်လည်းကောင်း) တစ်ရွာမှ တစ်ရွာ တစ်ပြည်မှ တစ်ပြည်သို့ လှည့်လည်ပါအံ့”ဟု (လျှောက်၏)။ ယက္ခသံယုတ် ပြီး၏။

Linked Discourses 10.12 1. With Indaka With Āḷavaka So I have heard. At one time the Buddha was staying near Āḷavī in the haunt of the native spirit Āḷavaka. Then the native spirit Āḷavaka went up to the Buddha, and said to him: “Get out, ascetic!” Saying, “All right, respectable sir,” the Buddha went out. “Get in, ascetic!” Saying, “All right, respectable sir,” the Buddha went in. And for a second time the native spirit Āḷavaka said to the Buddha, “Get out, ascetic!” Saying, “All right, respectable sir,” the Buddha went out. “Get in, ascetic!” Saying, “All right, respectable sir,” the Buddha went in. And for a third time the native spirit Āḷavaka said to the Buddha, “Get out, ascetic!” Saying, “All right, respectable sir,” the Buddha went out. “Get in, ascetic!” Saying, “All right, respectable sir,” the Buddha went in. And for a fourth time the native spirit Āḷavaka said to the Buddha, “Get out, ascetic!” “No, respectable sir, I won’t get out. Do what you must.” “I will ask you a question, ascetic. If you don’t answer me, I’ll drive you insane, or explode your heart, or grab you by the feet and throw you to the far shore of the Ganges!” “I don’t see anyone in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans who could do that to me. But anyway, ask what you wish.” “What’s a person’s best wealth? What brings happiness when practiced well? What’s the sweetest taste of all? The one they say has the best life: how do they live?” “Faith here is a person’s best wealth. The teaching brings happiness when practiced well. Truth is the sweetest taste of all. The one they say has the best life lives by wisdom.” “How do you cross the flood? How do you cross the deluge? How do you get over suffering? How do you get purified?” “By faith you cross the flood, and by diligence the deluge. By energy you get past suffering, and you’re purified by wisdom.” “How do you get wisdom? How do you earn wealth? How do you get a good reputation? How do you hold on to friends? How do the departed not grieve when passing from this world to the next?” “One who is diligent and discerning gains wisdom by wanting to learn, having faith in the perfected ones, and the teaching for becoming extinguished. Being responsible, acting appropriately, and working hard you earn wealth. Truthfulness wins you a good reputation. You hold on to friends by giving. That’s how the departed do not grieve when passing from this world to the next. A faithful householder of discernment who possesses these four qualities does not grieve after passing away: truth, principle, steadfastness, and generosity. Go ahead, ask others as well, there are many ascetics and brahmins. See whether anything better is found than truth, principle, generosity, and patience.” “Why now would I question the many ascetics and brahmins? Today I understand what’s good for lives to come. It was truly for my benefit that the Buddha came to stay at Āḷavī. Today I understand where a gift is very fruitful. I myself will journey village to village, town to town, paying homage to the Buddha, and the clear rightness of the teaching!” The Linked Discourses with Native Spirits are complete.

စာ-၂၁၈

၁၁။ သက္ကသံယုတ္တံ

၁။ ပဌမဝဂ္ဂေါ

၁။ သုဝီရသုတ္တံ

၂၄၇။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, အသုရာ ဒေဝေ အဘိယံသု။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဝီရံ ဒေဝပုတ္တံ အာမန္တေသိ – ‘ဧတေ, တာတ သုဝီရ, အသုရာ ဒေဝေ အဘိယန္တိ။ ဂစ္ဆ, တာတ သုဝီရ, အသုရေ ပစ္စုယျာဟီ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, သုဝီရော ဒေဝပုတ္တော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ ပမာဒံ အာပါဒေသိ [အာဟရေသိ (ကတ္ထစိ) နဝင်္ဂုတ္တရေ သီဟနာဒသုတ္တေပိ]။ ဒုတိယမ္ပိ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဝီရံ ဒေဝပုတ္တံ အာမန္တေသိ – ‘ဧတေ, တာတ သုဝီရ, အသုရာ ဒေဝေ အဘိယန္တိ။ ဂစ္ဆ, တာတ သုဝီရ, အသုရေ ပစ္စုယျာဟီ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, သုဝီရော ဒေဝပုတ္တော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ ဒုတိယမ္ပိ ပမာဒံ အာပါဒေသိ။ တတိယမ္ပိ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဝီရံ ဒေဝပုတ္တံ အာမန္တေသိ – ‘ဧတေ, တာတ သုဝီရ, အသုရာ ဒေဝေ အဘိယန္တိ။ ဂစ္ဆ, တာတ သုဝီရ, အသုရေ ပစ္စုယျာဟီ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, သုဝီရော ဒေဝပုတ္တော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ တတိယမ္ပိ ပမာဒံ အာပါဒေသိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဝီရံ ဒေဝပုတ္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘အနုဋ္ဌဟံ အဝါယာမံ, သုခံ ယတြာဓိဂစ္ဆတိ၊

သုဝီရ တတ္ထ ဂစ္ဆာဟိ, မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘အလသွဿ [အလသ’ဿ (သီ။ ပီ။), အလသွာယံ (သျာ။ ကံ။)] အနုဋ္ဌာတာ, န စ ကိစ္စာနိ ကာရယေ၊

သဗ္ဗကာမသမိဒ္ဓဿ, တံ မေ သက္က ဝရံ ဒိသာ’’တိ။

‘‘ယတ္ထာလသော အနုဋ္ဌာတာ, အစ္စန္တံ သုခမေဓတိ၊

သုဝီရ တတ္ထ ဂစ္ဆာဟိ, မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘အကမ္မုနာ [အကမ္မနာ (သီ။ ပီ။)] ဒေဝသေဋ္ဌ, သက္က ဝိန္ဒေမု ယံ သုခံ၊

အသောကံ အနုပါယာသံ, တံ မေ သက္က ဝရံ ဒိသာ’’တိ။

‘‘သစေ အတ္ထိ အကမ္မေန, ကောစိ ကွစိ န ဇီဝတိ၊

နိဗ္ဗာနဿ ဟိ သော မဂ္ဂေါ, သုဝီရ တတ္ထ ဂစ္ဆာဟိ၊

မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘သော ဟိ နာမ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သကံ ပုညဖလံ ဥပဇီဝမာနော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေန္တော ဥဋ္ဌာနဝီရိယဿ ဝဏ္ဏဝါဒီ ဘဝိဿတိ။ ဣဓ ခေါ တံ, ဘိက္ခဝေ, သောဘေထ, ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ ဥဋ္ဌဟေယျာထ ဃဋေယျာထ ဝါယမေယျာထ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ, အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’’တိ။

၁၁-သက္ကသံယုတ် ၁-ပဌမဝဂ် ၁-သုဝီရသုတ် ၂၄၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား အသုရာတို့သည် နတ်ပြည်သို့ ချီတက်လာကုန်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် သုဝီရနတ်သားအား “အမောင်သုဝီရ ထိုအသုရာတို့သည် နတ်တို့ကို တိုက်ခိုက်ရန် ချီတက်လာကုန်၏၊ အမောင်သုဝီရ သွားပါချေ၊ အသုရာတို့ကို တိုက်ခိုက်ရန် ကြိုတင် ချီတက်လော့”ဟု သိစေ၏၊ သုဝီရနတ်သားသည် “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု သိကြားမင်းအား ဝန်ခံပြီးမှ သုဝီရနတ်သားသည် သုံးကြိမ်တိုင်အောင် မေ့လျော့ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် သုဝီရနတ်သားကို ဂါထာဖြင့် ရွတ်ဆို၏ - “သုဝီရ အကြင်အရပ်၌ ထကြွမှု မရှိဘဲ အားမထုတ်ရဘဲ ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ်သို့သာလျှင် ပို့ပါလော့”ဟု ရွတ် ဆို၏။ “(အကြင်အရပ်၌ နေသော သူသည်) ပျင်းရိလျက် ထကြွလုံ့လမရှိသူ ဖြစ်ရာ၏၊ အမှုကိစ္စတို့ကိုလည်း မပြုလုပ်ရရာ၊ အလိုရှိသမျှ အားလုံးနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ သိကြားမင်း အကျွန်ုပ်အား ထိုမြတ်သော အရပ်ကို ညွှန်ကြားပါလော့”ဟု (သုဝီရ နတ်သားသည်) ဤသို့ ပြောဆို၏။ “သုဝီရ အကြင်အရပ်၌ နေသော သူသည် ပျင်းရိလျက် ထကြွလုံ့လ မရှိဘဲ စင်စစ် ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ် သို့ပင် ပို့ပါလော့”ဟု ဆို၏။ “နတ်တို့ထက် မြတ်သော သိကြားမင်း အကြင်အရပ်၌ အမှုကိစ္စ မပြုလုပ်ရဘဲ ငါတို့သည် ချမ်းသာကို ရကုန်ရာ၏၊ စိုးရိမ်မှု ပင်ပန်းမှု မရှိသော ထိုမြတ်သော အရပ်ကို အကျွန်ုပ်အား ညွှန်ကြားပါလော့”ဟု (သုဝီရနတ်သားသည်) ဤသို့ ရွတ် ဆို၏။ “သုဝီရ မည်သည့် အလုပ်ကိုမျှ မပြုလုပ်ရဘဲ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော အရပ်၌ အသက် မမွေးနိုင်၊ အကယ်၍ ထိုအရပ်မျိုး ရှိသည်ဟု ဆိုလျှင်ကား ထိုအရပ်သည် နိဗ္ဗာန်၏ လမ်းခရီးပင်တည်း၊ သုဝီရ ထို့ကြောင့် ထို အရပ်သို့ သင် သွားလော့၊ (ငါ့ကိုလည်း ထိုအရပ်သို့ပင်လျှင် ပို့ပါလော့)”ဟု ဤသို့ ရွတ်ဆို၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိကောင်းမှု၏ အကျိုးကို မှီ၍ အသက် မွေးကာ တာဝတိံသာဘုံ၌ ဖြစ်ကုန်သော နတ်တို့ကို အစိုးရသော အကြီးအမှူးဖြစ်သော မင်းပင် ဖြစ်လျက် ထကြွလုံ့လရှိသော သူ၏ ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊ ရဟန်းတို့ သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား ဝီရိယကို တင့်တယ်စေကုန် လော့၊ မရောက်သေးသော တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရသေး သော တရားကို မျက်မှောက်ပြုရန် သင်တို့ အားထုတ်ကုန်လော့၊ စေ့ဆော်ကုန်လော့၊ လုံ့လပြုကုန်လော့ဟု (မိန့်တော်မူ၏)။

Linked Discourses 11.1 Chapter One With Suvīra So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, the titans marched against the gods. Then Sakka, lord of gods, addressed the godling Suvīra, ‘Dear Suvīra, the titans march against the gods! Go, and march against the titans!’ ‘Yes, lord,’ replied Suvīra. But he fell into negligence. For a second time Sakka addressed Suvīra, ‘Dear Suvīra, the titans march against the gods! Go, and march against the titans!’ ‘Yes, lord,’ replied Suvīra. But for a second time he fell into negligence. For a third time Sakka addressed Suvīra, ‘Dear Suvīra, the titans march against the gods! Go, and march against the titans!’ ‘Yes, lord,’ replied Suvīra. But for a third time he fell into negligence. Then Sakka addressed the godling Suvīra in verse: ‘Suvīra, go to that place where you can achieve happiness without working for it or trying hard— and take me with you!’ ‘That a lazy man who does no work, and doesn’t do his duty, can fulfill all his desires: Sakka, render me this boon!’ ‘Suvīra, go to that place where a lazy man who does no work prospers in unending happiness— and take me with you!’ ‘O Sakka, first among gods, that we might find the happiness that’s sorrowless, unstressed: Sakka, render me this boon!’ ‘If there exists anywhere a place where one can live happily without working, that surely would be extinguishment’s path! Go there, Suvīra, and take me with you!’ Since, mendicants, even that Sakka, lord of gods—while living off of the fruit of his good deeds, and ruling as sovereign lord over these gods of the thirty-three—will speak in praise of initiative and energy, you can excel at this, for you who have gone forth in such a well explained teaching and training can try hard, strive, and make an effort to attain the unattained, achieve the unachieved, and realize the unrealized.”

၂။ သုသီမသုတ္တံ

၂၄၈။ သာဝတ္ထိယံ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, အသုရာ ဒေဝေ အဘိယံသု။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုသီမံ [သုသိမံ (သျာ။ ကံ။ က။)] ဒေဝပုတ္တံ အာမန္တေသိ – ‘ဧတေ, တာတ သုသီမ, အသုရာ ဒေဝေ အဘိယန္တိ။ ဂစ္ဆ, တာတ သုသီမ, အသုရေ ပစ္စုယျာဟီ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, သုသီမော ဒေဝပုတ္တော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ ပမာဒံ အာပါဒေသိ။ ဒုတိယမ္ပိ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုသီမံ ဒေဝပုတ္တံ အာမန္တေသိ…ပေ… ဒုတိယမ္ပိ ပမာဒံ အာပါဒေသိ။ တတိယမ္ပိ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုသီမံ ဒေဝပုတ္တံ အာမန္တေသိ…ပေ… တတိယမ္ပိ ပမာဒံ အာပါဒေသိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုသီမံ ဒေဝပုတ္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘အနုဋ္ဌဟံ အဝါယာမံ, သုခံ ယတြာဓိဂစ္ဆတိ၊

သုသီမ တတ္ထ ဂစ္ဆာဟိ, မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘အလသွဿ အနုဋ္ဌာတာ, န စ ကိစ္စာနိ ကာရယေ၊

သဗ္ဗကာမသမိဒ္ဓဿ, တံ မေ သက္က ဝရံ ဒိသာ’’တိ။

‘‘ယတ္ထာလသော အနုဋ္ဌာတာ, အစ္စန္တံ သုခမေဓတိ၊

သုသီမ တတ္ထ ဂစ္ဆာဟိ, မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘အကမ္မုနာ ဒေဝသေဋ္ဌ, သက္က ဝိန္ဒေမု ယံ သုခံ၊

အသောကံ အနုပါယာသံ, တံ မေ သက္က ဝရံ ဒိသာ’’တိ။

‘‘သစေ အတ္ထိ အကမ္မေန, ကောစိ ကွစိ န ဇီဝတိ၊

နိဗ္ဗာနဿ ဟိ သော မဂ္ဂေါ, သုသီမ တတ္ထ ဂစ္ဆာဟိ၊

မဉ္စ တတ္ထေဝ ပါပယာ’’တိ။

‘‘သော ဟိ နာမ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သကံ ပုညဖလံ ဥပဇီဝမာနော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေန္တော ဥဋ္ဌာနဝီရိယဿ ဝဏ္ဏဝါဒီ ဘဝိဿတိ။ ဣဓ ခေါ တံ, ဘိက္ခဝေ, သောဘေထ, ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ ဥဋ္ဌဟေယျာထ ဃဋေယျာထ ဝါယမေယျာထ အပ္ပတ္တဿ ပတ္တိယာ, အနဓိဂတဿ အဓိဂမာယ, အသစ္ဆိကတဿ သစ္ဆိကိရိယာယာ’’တိ။

၂-သုသီမသုတ် ၂၄၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား အသုရာတို့သည် နတ်ပြည်သို့ ချီတက်လာကုန်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် သုသီမနတ်သားအား “အမောင်သုသီမ ထိုအသုရာတို့သည် နတ်တို့ကို တိုက်ခိုက်ရန် ချီတက်လာကုန်၏၊ အမောင်သုသီမ သွားပါချေ၊ အသုရာတို့ကို တိုက်ခိုက်ရန် ကြိုတင် ချီတက်လော့”ဟု သိစေ၏၊ သုသီမနတ်သားသည် “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု သိကြားမင်းအား ဝန်ခံပြီးမှ မေ့လျော့ခြင်းသို့ ရောက်၏၊ သုံးကြိမ်တိုင်အောင် သိကြားမင်း ပြောဆိုသည်ကို ဝန်ခံပြီးမှ သုသိမ နတ်သားသည် သုံးကြိမ်တိုင်အောင် မေ့လျော့ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြား မင်းသည် သုသီမနတ်သားကို ဂါထာဖြင့် ရွတ်ဆို၏ - “သုသီမ အကြင်အရပ်၌ ထကြွမှု မရှိဘဲ အားမထုတ်ရဘဲ ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ်သို့သာလျှင် ပို့ပါလော့”ဟု ရွတ် ဆို၏။ “အကြင်အရပ်၌ နေသူသည် ပျင်းရိလျက် ထကြွလုံ့လမရှိသူ ဖြစ်ရာ၏၊ အမှုကိစ္စတို့ကိုလည်း မပြုလုပ်ရရာ၊ အလိုရှိသမျှ အားလုံးနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ သိကြားမင်း အကျွန်ုပ်အား ထိုမြတ်သော အရပ်ကို ညွှန်ကြားပါလော့”ဟု (သုသီမ နတ်သားသည်) ဤသို့ ပြောဆို၏။ “သုသီမ အကြင်အရပ်၌ နေသော သူသည် ပျင်းရိလျက် ထကြွလုံ့လ မရှိဘဲ စင်စစ် ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ် သို့ပင် ပို့ပါလော့”ဟု ဆို၏။ “နတ်တို့ထက် မြတ်သော သိကြားမင်း အကြင်အရပ်၌ အမှုကိစ္စ မပြုလုပ်ရဘဲ ငါတို့သည် ချမ်းသာကို ရကုန်ရာ၏၊ စိုးရိမ်မှု ပင်ပန်းမှု မရှိသော ထိုမြတ်သော အရပ်ကို အကျွန်ုပ်အား ညွှန်ကြားပါလော့”ဟု (သုသီမနတ်သားသည်) ဤသို့ ရွတ် ဆို၏။ “သုသီမ မည်သည့် အလုပ်ကိုမျှ မပြုလုပ်ရဘဲ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော အရပ်၌ အသက်မမွေးနိုင်၊ အကယ်၍ ထိုအရပ်မျိုး ရှိသည်ဟု ဆို လျှင်ကား ထိုအရပ်သည် နိဗ္ဗာန်၏ လမ်းခရီးပင်တည်း၊ သုသီမ ထို့ကြောင့် ထို အရပ်သို့ သင် သွားလော့၊ (ငါ့ကိုလည်း ထိုအရပ်သို့ပင်လျှင် ပို့ပါလော့)”ဟု (သိကြားမင်းသည်) ဤသို့ ရွတ်ဆို၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိကောင်းမှု၏ အကျိုးကို မှီ၍ အသက် မွေးကာ တာဝတိံသာဘုံ၌ ဖြစ်ကုန်သော နတ်တို့ကို အစိုးရသော အကြီးအမှူးဖြစ်သော မင်းပင် ဖြစ်လျက် ထကြွလုံ့လရှိသော သူ၏ ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊ ရဟန်းတို့ သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား ဝီရိယကို တင့်တယ်စေကုန် လော့၊ မရောက်သေးသော တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရသေး သော တရားကို မျက်မှောက်ပြုရန် သင်တို့ အားထုတ်ကုန်လော့၊ စေ့ဆော်ကုန်လော့၊ လုံ့လပြုကုန်လော့ဟု (မိန့်တော်မူ၏)။

Linked Discourses 11.2 Chapter One With Susīma At Sāvatthī. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, the titans marched against the gods. Then Sakka, lord of gods, addressed the godling Susīma, ‘Dear Susīma, the titans march against the gods! Go, and march against the titans!’ ‘Yes, lord,’ replied Susīma. But he fell into negligence. For a second time … For a third time … Then Sakka addressed the godling Susīma in verse: ‘Susīma, go to that place where you can achieve happiness without working for it or trying hard— and take me with you!’ ‘That a lazy man who does no work, and doesn’t do his duty, should fulfill all his desires: Sakka, render me this boon!’ ‘Susīma, go to that place where a lazy man who does no work prospers in unending happiness— and take me with you!’ ‘O Sakka, first among gods, that we might find the happiness that’s sorrowless, unstressed: Sakka, render me this boon!’ ‘If there exists anywhere a place where one can live happily without working, that surely would be extinguishment’s path! Susīma, go to that place and take me with you!’ Since, mendicants, even that Sakka, lord of gods—while living off of the fruit of his good deeds, and ruling as sovereign lord over these gods of the thirty-three—will speak in praise of initiative and energy, you can excel at this, for you who have gone forth in such a well explained teaching and training can try hard, strive, and make an effort to attain the unattained, achieve the unachieved, and realize the unrealized.”

၃။ ဓဇဂ္ဂသုတ္တံ

၂၄၉။ သာဝတ္ထိယံ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ –

‘သစေ, မာရိသာ, ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမဉှိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ’။

‘နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ, အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ’။

‘နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ, အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ’။

‘နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ, အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတီ’’’တိ။

‘‘တံ ခေါ ပန, ဘိက္ခဝေ, သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ, ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ, ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ, ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယေထာပိ နောပိ ပဟီယေထ [နော ပဟီယေထ (က။)]။

‘‘တံ ကိဿ ဟေတု? သက္ကော ဟိ, ဘိက္ခဝေ, ဒေဝါနမိန္ဒော အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။

‘‘အဟဉ္စ ခေါ, ဘိက္ခဝေ, ဧဝံ ဝဒါမိ – ‘သစေ တုမှာကံ, ဘိက္ခဝေ, အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, မမေဝ တသ္မိံ သမယေ အနုဿရေယျာထ – ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ’တိ။ မမဉှိ ဝေါ, ဘိက္ခဝေ, အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ။

‘‘နော စေ မံ အနုဿရေယျာထ, အထ ဓမ္မံ အနုဿရေယျာထ – ‘သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။ ဓမ္မဉှိ ဝေါ, ဘိက္ခဝေ, အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ။

‘‘နော စေ ဓမ္မံ အနုဿရေယျာထ, အထ သံဃံ အနုဿရေယျာထ – ‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော, အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’တိ။ သံဃဉှိ ဝေါ, ဘိက္ခဝေ, အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ, သော ပဟီယိဿတိ။

‘‘တံ ကိဿ ဟေတု? တထာဂတော ဟိ, ဘိက္ခဝေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော အဘီရု အစ္ဆမ္ဘီ အနုတြာသီ အပလာယီ’’တိ။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –

‘‘အရညေ ရုက္ခမူလေ ဝါ, သုညာဂါရေဝ ဘိက္ခဝေါ၊

အနုဿရေထ [အနုဿရေယျာထ (က။) ပဒသိဒ္ဓိ ပန စိန္တေတဗ္ဗာ] သမ္ဗုဒ္ဓံ, ဘယံ တုမှာက နော သိယာ။

‘‘နော စေ ဗုဒ္ဓံ သရေယျာထ, လောကဇေဋ္ဌံ နရာသဘံ၊

အထ ဓမ္မံ သရေယျာထ, နိယျာနိကံ သုဒေသိတံ။

‘‘နော စေ ဓမ္မံ သရေယျာထ, နိယျာနိကံ သုဒေသိတံ၊

အထ သံဃံ သရေယျာထ, ပုညက္ခေတ္တံ အနုတ္တရံ။

‘‘ဧဝံ ဗုဒ္ဓံ သရန္တာနံ, ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊

ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ, လောမဟံသော န ဟေဿတီ’’တိ။

၃-ဓဇဂ္ဂသုတ် ၂၄၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်သည် ပြင်ဆင်ခြင်းပြု စုရုံးမိပြီ၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ခေါ်၍ မိန့်ဆို၏- အချင်းတို့ စစ်မြေပြင်သို့ သွားကုန်သော နတ်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်း ဖြစ်ခဲ့မူ ထိုအခါ၌ ငါ၏ အလံတော်ကိုသာလျှင် ကြည့်ကြကုန်လော့။ အကြောင်းမူကား ငါ၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း သည် ပျောက်ကင်းလိမ့်မည်။ ငါ၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန် လော့။ အကြောင်းမူကား ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ ပဇာပတိနတ်မင်း၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ဝရုဏနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်လော့။ အကြောင်းမူကား ဝရုဏနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ ဝရုဏနတ်မင်း၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်လော့။ အကြောင်းမူကား ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်ဟု (မိန့်ဆို၏)။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ဝရုဏနတ်မင်း၏ အလံ တော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းသည် မူလည်း ရှိရာ၏၊ မပျောက်ကင်းသည်မူလည်း ရှိရာ၏။ ယင်းသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တပ်မက်မှု ‘ရာဂ’ မကင်းသေး၊အမျက်ထွက်မှု ‘ဒေါသ’ မကင်းသေး၊ တွေဝေမှု ‘မောဟ’ မကင်းသေးရကား ကြောက်တတ်သူ၊ ကိုယ်ခက်တရော်ရှိတတ်သူ၊ ထိတ် လန့်တတ်သူ၊ ပြေးတတ်သူ ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ ငါသည်လည်း ဤသို့ ဆိုအံ့ - “ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ် ငြိမ်ရာ၌ဖြစ်စေ နေကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် အကယ်၍ ဖြစ်ခဲ့မူ ထိုအခါ ငါ့ကိုသာလျှင် “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆို တော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ် တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ ငါ့ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက် ကင်းလိမ့်မည်။ ငါ့ကို အကယ်၍ မအောင့်မေ့မိမူ တရားတော်ကို “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါ မလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော် ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ တရားတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ တရားတော်ကို အကယ်၍ မအောင့်မေ့မိမူ သံဃာတော်ကို “မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့် မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံ အားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော် သည် (အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ခံရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော် လှူဒါန်းသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ သံဃာတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည့်တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ ကင်းရကား မကြောက်သူ၊ မတုန်လှုပ်သူ၊ မထိတ်လန့်သူ၊ မပြေးတတ်သူ ဖြစ်သော ကြောင့်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤစကားကို မိန့်တော်မူပြန်၏- “ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ဖြစ်စေ သင်တို့သည် မြတ်စွာဘုရားကို အောက်မေ့ကြကုန်လော့။ ထိုသို့ အောက်မေ့နိုင်ခဲ့မူ သင်တို့အား ကြောက်ခြင်းသည် မဖြစ်ရာ။ လောက၏ အကြီးဖြစ်သော၊ လူတို့ထက် မြတ်သော မြတ်စွာဘုရားကို အကယ်၍ မအောက်မေ့မိကုန်မူ ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ် သော တရားတော်ကို အောက်မေ့ကြကုန်လော့။ ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ်သော တရားတော်ကို အကယ်၍ မအောက်မေ့မိကုန်မူ ကောင်းမှု၏ စိုက်ပျိုးရာ အတုမဲ့ လယ်မြေဖြစ်သော သံဃာတော်ကို အောက်မေ့ကြကုန်လော့။ ရဟန်းတို့ ဤသို့ ဘုရား တရား သံဃာတော်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း မဖြစ်လတ္တံ့”ဟု (မိန့်တော်မူ၏)။

Linked Discourses 11.3 Chapter One The Banner’s Crest At Sāvatthī. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, a battle was fought between the gods and the titans. Then Sakka, lord of gods, addressed the gods of the thirty-three: ‘Good fellows, when the gods are fighting, if you get scared or terrified, just look up at my banner’s crest. Then your fear and terror will go away. If you can’t see my banner’s crest, then look up at the banner’s crest of the Progenitor, king of gods. Then your fear and terror will go away. If you can’t see his banner’s crest, then look up at the banner’s crest of Varuṇa, king of gods. Then your fear and terror will go away. If you can’t see his banner’s crest, then look up at the banner’s crest of Īsāna, king of gods. Then your fear and terror will go away.’ However, when they look up at those banner’s crests their fear and terror might go away or it might not. Why is that? Because Sakka is not free of greed, hate, and delusion. He is fearful, scared, nervous, quick to flee. But, mendicants, I say this: If you’ve gone to a wilderness, or to the root of a tree, or to an empty hut and you get scared or terrified, just recollect me: ‘That Blessed One is perfected, a fully awakened Buddha, accomplished in knowledge and conduct, holy, knower of the world, supreme guide for those fit for training, teacher of gods and humans, awakened, blessed.’ Then your fear and terror will go away. If you can’t recollect me, then recollect the teaching: ‘The teaching is well explained by the Buddha—apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.’ Then your fear and terror will go away. If you can’t recollect the teaching, then recollect the Saṅgha: ‘The Saṅgha of the Buddha’s disciples is practicing the way that’s good, direct, systematic, and proper. It consists of the four pairs, the eight individual persons. This is the Saṅgha of the Buddha’s disciples that is worthy of offerings dedicated to the gods, worthy of hospitality, worthy of a religious donation, worthy of greeting with cupped palms, and is the supreme field of merit for the world.’ Then your fear and terror will go away. Why is that? Because the Realized One is free of greed, hate, and delusion. He is fearless, brave, bold, and stands his ground.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “In the wilderness, at a tree’s root, or an empty hut, O mendicants, recollect the Buddha, and no fear will come to you. If you can’t recollect the Buddha— the eldest in the world, the captain of men— then recollect the teaching, emancipating, well taught. If you can’t recollect the teaching— emancipating, well taught— then recollect the Saṅgha, the supreme field of merit. Thus recollecting the Buddha, the teaching, and the Saṅgha, mendicants, fear and terror and goosebumps will be no more.”

၄။ ဝေပစိတ္တိသုတ္တံ

၂၅၀။ သာဝတ္ထိနိဒါနံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော အသုရေ အာမန္တေသိ – ‘သစေ, မာရိသာ, ဒေဝါနံ အသုရသင်္ဂါမေ သမုပဗျူဠှေ အသုရာ ဇိနေယျုံ ဒေဝါ ပရာဇိနေယျုံ [ပရာဇေယျုံ (သီ။ ပီ။)], ယေန နံ သက္ကံ ဒေဝါနမိန္ဒံ ကဏ္ဌပဉ္စမေဟိ ဗန္ဓနေဟိ ဗန္ဓိတွာ မမ သန္တိကေ အာနေယျာထ အသုရပုရ’န္တိ။ သက္ကောပိ ခေါ, ဘိက္ခဝေ, ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ – ‘သစေ, မာရိသာ, ဒေဝါနံ အသုရသင်္ဂါမေ သမုပဗျူဠှေ ဒေဝါ ဇိနေယျုံ အသုရာ ပရာဇိနေယျုံ, ယေန နံ ဝေပစိတ္တိံ အသုရိန္ဒံ ကဏ္ဌပဉ္စမေဟိ ဗန္ဓနေဟိ ဗန္ဓိတွာ မမ သန္တိကေ အာနေယျာထ သုဓမ္မသဘ’’’န္တိ။ တသ္မိံ ခေါ ပန, ဘိက္ခဝေ, သင်္ဂါမေ ဒေဝါ ဇိနိံသု, အသုရာ ပရာဇိနိံသု [ပရာဇိံသု (သီ။ ပီ။)]။ အထ ခေါ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ ဝေပစိတ္တိံ အသုရိန္ဒံ ကဏ္ဌပဉ္စမေဟိ ဗန္ဓနေဟိ ဗန္ဓိတွာ သက္ကဿ ဒေဝါနမိန္ဒဿ သန္တိကေ အာနေသုံ သုဓမ္မသဘံ။ တတြ သုဒံ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော ကဏ္ဌပဉ္စမေဟိ ဗန္ဓနေဟိ ဗဒ္ဓေါ သက္ကံ ဒေဝါနမိန္ဒံ သုဓမ္မသဘံ ပဝိသန္တဉ္စ နိက္ခမန္တဉ္စ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသတိ ပရိဘာသတိ။ အထ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကံ ဒေဝါနမိန္ဒံ ဂါထာဟိ အဇ္ဈဘာသိ –

‘‘ဘယာ နု မဃဝါ သက္က, ဒုဗ္ဗလျာ နော တိတိက္ခသိ၊

သုဏန္တော ဖရုသံ ဝါစံ, သမ္မုခါ ဝေပစိတ္တိနော’’တိ။

‘‘နာဟံ ဘယာ န ဒုဗ္ဗလျာ, ခမာမိ ဝေပစိတ္တိနော၊

ကထဉှိ မာဒိသော ဝိညူ, ဗာလေန ပဋိသံယုဇေ’’တိ။

‘‘ဘိယျော ဗာလာ ပဘိဇ္ဇေယျုံ, နော စဿ ပဋိသေဓကော၊

တသ္မာ ဘုသေန ဒဏ္ဍေန, ဓီရော ဗာလံ နိသေဓယေ’’တိ။

‘‘ဧတဒေဝ အဟံ မညေ, ဗာလဿ ပဋိသေဓနံ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတီ’’တိ။

‘‘ဧတဒေဝ တိတိက္ခာယ, ဝဇ္ဇံ ပဿာမိ ဝါသဝ၊

ယဒါ နံ မညတိ ဗာလော, ဘယာ မျာယံ တိတိက္ခတိ၊

အဇ္ဈာရုဟတိ ဒုမ္မေဓော, ဂေါဝ ဘိယျော ပလာယိန’’န္တိ။

‘‘ကာမံ မညတု ဝါ မာ ဝါ, ဘယာ မျာယံ တိတိက္ခတိ၊

သဒတ္ထပရမာ အတ္ထာ, ခန္တျာ ဘိယျော န ဝိဇ္ဇတိ။

‘‘ယော ဟဝေ ဗလဝါ သန္တော, ဒုဗ္ဗလဿ တိတိက္ခတိ၊

တမာဟု ပရမံ ခန္တိံ, နိစ္စံ ခမတိ ဒုဗ္ဗလော။

‘‘အဗလံ တံ ဗလံ အာဟု, ယဿ ဗာလဗလံ ဗလံ၊

ဗလဿ ဓမ္မဂုတ္တဿ, ပဋိဝတ္တာ န ဝိဇ္ဇတိ။

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊

ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

‘‘ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊

ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’တိ။

‘‘သော ဟိ နာမ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သကံ ပုညဖလံ ဥပဇီဝမာနော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေန္တော ခန္တိသောရစ္စဿ ဝဏ္ဏဝါဒီ ဘဝိဿတိ။ ဣဓ ခေါ တံ, ဘိက္ခဝေ, သောဘေထ ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ ခမာ စ ဘဝေယျာထ သောရတာ စာ’’တိ။

၄-ဝေပစိတ္တိသုတ် ၂၅၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိအသုရိန်သည် အသုရာတို့ကို မိန့်ဆို၏- “အချင်းတို့ နတ်နှင့် အသုရာစစ်ပွဲသည် ရင်ဆိုင်မိသည် ရှိသော် အသုရာတို့ အောင်နိုင်၍ နတ်တို့ ရှုံးခဲ့ကုန်မူ နတ်တို့အရှင် သိကြားမင်းကို လည်ပင်းလျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ အသုရာနတ်ပြည် ငါ့ထံသို့ ဆောင်ခဲ့ကြကုန်လော့”ဟု (ဆို၏)၊ ရဟန်းတို့ စင်စစ် နတ်တို့အရှင် သိကြားမင်းသည်လည်း တာဝတိံသာ နတ်တို့ကို မိန့်ဆို၏၊ “အချင်းတို့ နတ်နှင့် အသုရာစစ်ပွဲသည် ရင်ဆိုင်မိသည်ရှိသော် နတ်တို့ အောင်နိုင်၍ အသုရာတို့ ရှုံးခဲ့ကုန်မူ ထိုဝေပစိတ္တိအသုရိန်ကို လည်ပင်းလျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ သုဓမ္မာသဘင် ငါ့ထံသို့ ဆောင်ခဲ့ကြကုန်လော့”ဟု (ဆို၏)။ ရဟန်းတို့ ထိုစစ်ပွဲ၌ နတ်တို့ အောင်နိုင်ကုန်၍ အသုရာတို့ ရှုံးကုန်၏၊ ရဟန်းတို့ ထိုအခါ တာဝတိံသာနတ်တို့သည် ဝေပစိတ္တိအသုရိန်ကို လည်ပင်းလျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ သုဓမ္မာသဘင် နတ်တို့အရှင် သိကြားမင်း၏ အထံသို့ ဆောင်လာကုန်၏၊ ရဟန်းတို့ ထိုအခါ လည်ပင်း လျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ထားသော ဝေပစိတ္တိအသုရိန်သည် သုဓမ္မာသဘင်သို့ ဝင်ကာထွက်ကာ နေသော နတ်တို့အရှင် သိကြားမင်းကို သူယုတ်မာတို့၏ ဥစ္စာဖြစ်ကုန်သော ကြမ်းတမ်း ကုန်သော စကားတို့ဖြင့် ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ရဟန်းတို့ ထိုအခါ သိကြားမင်း၏ အကူအညီဖြစ်သည့် မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာတို့ဖြင့် ပြောဆို၏။ “မဃဝမည်သော သိကြားမင်း ဝေပစိတ္တိအသုရိန်၏ ကြမ်းတမ်းသော စကားကို ကိုယ်တိုင် ကြားရပါလျက် ကြောက်သောကြောင့် သည်းခံသလော၊ ခွန်အားနည်းခြင်း ကြောင့် သည်းခံသလော”ဟု (ပြောဆို၏)။ “အမောင်မာတလိ ငါသည် ဝေပစိတ္တိအသုရိန်အား ကြောက်ခြင်းကြောင့် သည်းခံ သည် မဟုတ်၊ ခွန်အားနည်းခြင်းကြောင့် သည်းခံသည် မဟုတ်။ ထိုစကား မှန်၏၊ အဘယ်သို့သော အကြောင်းကြောင့့်ငါကဲ့သို့သော ပညာရှိသည် သူမိုက်နှင့် ဖက်ပြိုင် ရာအံ့နည်း”ဟု ဤသို့ ပြောဆို၏။ “သိကြားမင်း ထိုသူမိုက်အား အကယ်၍ မတားမြစ်သည် ဖြစ်ပါမူ သူမိုက်တို့ သည် လွန်စွာ ချွတ်ယွင်းပျက်စီးကုန်ရာ၏၊ ထို့ကြောင့် ပညာရှိသည် ပြင်းစွာသော ဒဏ်ဖြင့်သာ သူမိုက်ကို နှိပ်ကွပ်တားမြစ်ရာ၏”ဟု (ပြောဆို၏)။ “အမောင်မာတလိ အကြင်ပညာရှိသည် သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ဤသို့ ငြိမ်းအေးခြင်းကိုသာလျှင် သူမိုက်အား တားမြစ်ခြင်းဟူ၍ ငါ မှတ်ယူ၏”ဟု ပြောဆို၏။ “သိကြားမင်း သည်းခံခြင်း၌ အပြစ်ကိုသာလျှင် အကျွန်ုပ် မြင်ပါ၏၊ မိုက်သော သူသည် ထိုသည်းခံသူကို ‘ဤသူသည် ငါ့အား ကြောက်ခြင်းကြောင့် သည်းခံ၏’ဟု အကြင်အခါ မှတ်ထင်အောက်မေ့၏၊ ထိုအခါ ပြေးသောနွားကို နွားအပေါင်းသည် လွန်စွာ လွှမ်းမိုးသကဲ့သို့ ထို့အတူ ပညာမဲ့သော သူသည် အလွန်လွှမ်းမိုး၏”ဟု (ပြောဆို၏)။ “အမောင်မာတလိ ‘ဤသူသည် ငါ့အား ကြောက်ခြင်းကြောင့် သည်းခံ၏’ဟု အကယ်၍ မှတ်ထင်အောက်မေ့သည်မူလည်းဖြစ်စေ၊ မမှတ်ထင် မအောက်မေ့သည်မူလည်းဖြစ်စေ အကျိုးတို့သည် မိမိအကျိုးလျှင် အမွန်အမြတ်ရှိကုန်၏၊ သည်းခံခြင်း ထက် လွန်ကဲသော တရားကား မရှိ။ အကြင်သူသည် စင်စစ် ခွန်အားရှိသူ ဖြစ်လျက် ခွန်အားနည်းသူအား သည်းခံ၏၊ ထိုသူ၏ သည်းခံခြင်းကိုသာ မြတ်သော သည်းခံခြင်းဟု ဆို ကုန်၏။ (မှန်၏)၊ ခွန်အားနည်းသူသည်ကား အမြဲ သည်းခံနေရ၏။ အကြင်သူ၌ လူမိုက်အားဟူသော အားသည် ရှိ၏၊ ထိုလူမိုက်၏ အားကို အားအစစ် မဟုတ်ဟု ဆိုကုန်၏၊ အကြင်သူသည် အားရှိလျက် တရားစောင့်သော သူအား တုံ့ပြန်ပြောဆိုမှု မရှိ၊ (ထိုသူ၏ အားကိုသာလျှင် အားအစစ်ဟု ဆိုကုန်၏)။ အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူအား သာလျှင် ထိုအမျက်ထွက်မှုကြောင့် အလွန်ယုတ်မာ၏၊ အမျက်ထွက်သူကို ပြန်၍ အမျက်မထွက် သူသည် အောင်နိုင်ခဲသော စစ်ပွဲကို အောင်၏။ အကြင်သူသည် သူတစ်ပါး အမျက်ထွက်သည်ကို သိပြီး၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသို့ ငြိမ်းအေးသူသည် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုး စီးပွားကို ကျင့်သည် မည်၏။ အကြင်သူတို့သည် သူတော်ကောင်းတရား၌ မလိမ္မာကုန်၊ ထိုသူတို့သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ပြီးစေသူကို သူမိုက်”ဟူ၍ အောက်မေ့ မှတ်ထင်ကုန်၏။ “ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိ ကောင်းမှု၏ အကျိုးကို မှီ၍ အသက်မွေးကာ တာဝတိံသာဘုံ၌ ဖြစ်သော နတ်တို့ကို အစိုးရသော အကြီးအမှူး ဖြစ်သော မင်းပင် ဖြစ်လျက် သည်းခံခြင်းတရား၌ မွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊ ရဟန်းတို့ သင်တို့ သည် ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား သည်းခံနိုင်ကုန် , တရား၌ မွေ့လျော်နိုင်ကုန်သည် ဖြစ်ကုန်လော့၊ တင့်တယ်စေကုန်လော့”ဟု (မိန့်တော်မူ၏)။ ၁။ လက်နှစ်ဖက် ခြေနှစ်ဖက်နှင့် လည်ပင်းကို တုပ်နှောင်ခြင်း

Linked Discourses 11.4 Chapter One With Vepacitti At Sāvatthī. “Once upon a time, mendicants, a battle was fought between the gods and the titans. Then Vepacitti, lord of titans, addressed the titans, ‘My good fellows, if the titans defeat the gods in this battle, bind Sakka, the lord of gods, by his limbs and neck and bring him to my presence in the citadel of the titans.’ Meanwhile, Sakka, lord of gods, addressed the gods of the thirty-three, ‘My good fellows, if the gods defeat the titans in this battle, bind Vepacitti by his limbs and neck and bring him to my presence in the Hall of Clear Right of the gods.’ In that battle the gods won and the titans lost. So the gods of the thirty-three bound Vepacitti by his limbs and neck and brought him to Sakka’s presence in the Hall of Clear Right of the gods. And as Sakka was entering and leaving the hall, Vepacitti abused and insulted him with rude, harsh words. So Mātali the chariot handler addressed Sakka in verse: ‘O Maghavā, O Sakka, is it from fear or from weakness that you endure such harsh words in the presence of Vepacitti?’ ‘It’s not out of fear or weakness that I’m patient with Vepacitti. For how can a sensible person like me get in a fight with a fool?’ ‘Fools would vent even more if there’s no one to put a stop to them. So an attentive one should stop a fool with forceful punishment.’ ‘I think that this is the only way to put a stop to a fool, when you know that the other is upset, be mindful and stay calm.’ ‘In this mere endurance, Vāsava, I see a flaw. When a fool thinks, “He endures me out of fear,” the simpleton will go after you even harder, like a cow chasing someone who runs away.’ ‘Let him think this if he wishes, or not— “He endures me out of fear.” For the highest goal, one’s own, naught better than patience is found. When a strong person endures a weakling, they call that the ultimate patience, for a weakling must always be patient. The strength of folly is really just weakness, they say. But no one can challenge a person who’s strong, guarded by the teaching. When you get angry at an angry person you just make things worse for yourself. When you don’t get angry at an angry person you win a battle hard to win. When you know that the other is angry, you act for the good of both yourself and the other if you’re mindful and stay calm. People inexpert in the teaching consider one who heals both oneself and the other to be a fool.’ Since, mendicants, even that Sakka, lord of gods—while living off of the fruit of his good deeds, and ruling as sovereign lord over these gods of the thirty-three—will speak in praise of patience and gentleness, you can excel at this, for you who have gone forth in such a well explained teaching and training can develop patience and gentleness.”

၅။ သုဘာသိတဇယသုတ္တံ

၂၅၁။ သာဝတ္ထိနိဒါနံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘ဟောတု, ဒေဝါနမိန္ဒ, သုဘာသိတေန ဇယော’တိ။ ‘ဟောတု, ဝေပစိတ္တိ, သုဘာသိတေန ဇယော’တိ။ အထ ခေါ, ဘိက္ခဝေ, ဒေဝါ စ အသုရာ စ ပါရိသဇ္ဇေ ဌပေသုံ – ‘ဣမေ နော သုဘာသိတဒုဗ္ဘာသိတံ အာဇာနိဿန္တီ’တိ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိံ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘ဘဏ, ဒေဝါနမိန္ဒ, ဂါထ’န္တိ။ ဧဝံ ဝုတ္တေ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေပစိတ္တိ အသုရိန္ဒံ ဧတဒဝေါစ – ‘တုမှေ ခွေတ္ထ, ဝေပစိတ္တိ, ပုဗ္ဗဒေဝါ။ ဘဏ, ဝေပစိတ္တိ, ဂါထ’န္တိ။ ဧဝံ ဝုတ္တေ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော ဣမံ ဂါထံ အဘာသိ –

‘‘ဘိယျော ဗာလာ ပဘိဇ္ဇေယျုံ, နော စဿ ပဋိသေဓကော၊

တသ္မာ ဘုသေန ဒဏ္ဍေန, ဓီရော ဗာလံ နိသေဓယေ’’တိ။

‘‘ဘာသိတာယ ခေါ ပန, ဘိက္ခဝေ, ဝေပစိတ္တိနာ အသုရိန္ဒေန ဂါထာယ အသုရာ အနုမောဒိံသု, ဒေဝါ တုဏှီ အဟေသုံ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘ဘဏ, ဒေဝါနမိန္ဒ, ဂါထ’န္တိ။ ဧဝံ ဝုတ္တေ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဣမံ ဂါထံ အဘာသိ –

‘‘ဧတဒေဝ အဟံ မညေ, ဗာလဿ ပဋိသေဓနံ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတီ’’တိ။

‘‘ဘာသိတာယ ခေါ ပန, ဘိက္ခဝေ, သက္ကေန ဒေဝါနမိန္ဒေန ဂါထာယ, ဒေဝါ အနုမောဒိံသု, အသုရာ တုဏှီ အဟေသုံ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေပစိတ္တိံ အသုရိန္ဒံ ဧတဒဝေါစ – ‘ဘဏ, ဝေပစိတ္တိ, ဂါထ’န္တိ။ ဧဝံ ဝုတ္တေ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော ဣမံ ဂါထံ အဘာသိ –

‘‘ဧတဒေဝ တိတိက္ခာယ, ဝဇ္ဇံ ပဿာမိ ဝါသဝ၊

ယဒါ နံ မညတိ ဗာလော, ဘယာ မျာယံ တိတိက္ခတိ၊

အဇ္ဈာရုဟတိ ဒုမ္မေဓော, ဂေါဝ ဘိယျော ပလာယိန’’န္တိ။

‘‘ဘာသိတာယ ခေါ ပန, ဘိက္ခဝေ, ဝေပစိတ္တိနာ အသုရိန္ဒေန ဂါထာယ အသုရာ အနုမောဒိံသု, ဒေဝါ တုဏှီ အဟေသုံ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘ဘဏ, ဒေဝါနမိန္ဒ, ဂါထ’န္တိ။ ဧဝံ ဝုတ္တေ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဣမာ ဂါထာယော အဘာသိ –

‘‘ကာမံ မညတု ဝါ မာ ဝါ, ဘယာ မျာယံ တိတိက္ခတိ၊

သဒတ္ထပရမာ အတ္ထာ, ခန္တျာ ဘိယျော န ဝိဇ္ဇတိ။

‘‘ယော ဟဝေ ဗလဝါ သန္တော, ဒုဗ္ဗလဿ တိတိက္ခတိ၊

တမာဟု ပရမံ ခန္တိံ, နိစ္စံ ခမတိ ဒုဗ္ဗလော။

‘‘အဗလံ တံ ဗလံ အာဟု, ယဿ ဗာလဗလံ ဗလံ၊

ဗလဿ ဓမ္မဂုတ္တဿ, ပဋိဝတ္တာ န ဝိဇ္ဇတိ။

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊

ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

‘‘ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊

ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’တိ။

‘‘ဘာသိတာသု ခေါ ပန, ဘိက္ခဝေ, သက္ကေန ဒေဝါနမိန္ဒေန ဂါထာသု, ဒေဝါ အနုမောဒိံသု, အသုရာ တုဏှီ အဟေသုံ။ အထ ခေါ, ဘိက္ခဝေ, ဒေဝါနဉ္စ အသုရာနဉ္စ ပါရိသဇ္ဇာ ဧတဒဝေါစုံ – ‘ဘာသိတာ ခေါ ဝေပစိတ္တိနာ အသုရိန္ဒေန ဂါထာယော။ တာ စ ခေါ သဒဏ္ဍာဝစရာ သသတ္ထာဝစရာ, ဣတိ ဘဏ္ဍနံ ဣတိ ဝိဂ္ဂဟော ဣတိ ကလဟော။ ဘာသိတာ ခေါ [ဘာသိတာ ခေါ ပန (သီ။)] သက္ကေန ဒေဝါနမိန္ဒေန ဂါထာယော။ တာ စ ခေါ အဒဏ္ဍာဝစရာ အသတ္ထာဝစရာ, ဣတိ အဘဏ္ဍနံ ဣတိ အဝိဂ္ဂဟော ဣတိ အကလဟော။ သက္ကဿ ဒေဝါနမိန္ဒဿ သုဘာသိတေန ဇယော’တိ။ ဣတိ ခေါ, ဘိက္ခဝေ သက္ကဿ ဒေဝါနမိန္ဒဿ သုဘာသိတေန ဇယော အဟောသီ’’တိ။

၅-သုဘာသိတဇယသုတ် ၂၅၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်းအာ့း “နတ်တို့အရှင် သိကြားမင်း ကောင်းစွာ ဆိုအပ်သောစကားဖြင့် အောင်ခြင်းသည် ဖြစ်လော့”ဟု ဆို၏၊ ဝေပစိတ္တိ “ကောင်း စွာ ဆိုအပ်သော စကားဖြင့် အောင်ခြင်းသည် ဖြစ်လော့”ဟု သိကြားမင်းက ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့သည်လည်းကောင်း၊ အသုရာတို့သည်လည်းကောင်း အလုပ်အကျွေးနတ်တို့ကို “ဤနတ်တို့သည် ငါတို့၏ ကောင်းစွာ ဆိုအပ်သော စကားကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်သော စကားကိုလည်းကောင်း သိနိုင်ကုန်လိမ့်မည်”ဟု သက်သေထားကြကုန်၏၊ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်းအား “နတ်တို့အရှင် သိကြားမင်း ဂါထာကို ဆိုလော့”ဟု ပြော၏၊ ရဟန်းတို့ ဤသို့ပြောသည်ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်ကို “ဤတာဝတိံသာနတ်ပြည်၌ သင်တို့သည်သာလျှင် ရှေးဦးနတ် ဖြစ်ကုန်၏၊ ဝေပစိတ္တိအသုရိန် ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆို၏- “သိကြားမင်း ထိုသူမိုက်အား အကယ်၍ မတားမြစ်သည် ဖြစ်ပါမူ သူမိုက်တို့ သည် လွန်စွာ ချွတ်ယွင်းပျက်စီးကုန်ရာ၏၊ ထို့ကြောင့် ပညာရှိသည် ပြင်းစွာသော ဒဏ်ဖြင့်သာ သူမိုက်ကို နှိပ်ကွပ်တားမြစ်ရာ၏”ဟု (ရွတ်ဆို၏)။ ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် အသုရာတို့ ဝမ်းမြောက်ကုန်၏၊ နတ်တို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်း အား “သိကြားမင်း ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏- “ဝေပစိတ္တိအသုရိန် အကြင်ပညာရှိသည် သူတစ်ပါး အမျက်ထွက်သည်ကို သိပြီး၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသူ၏ ဤသို့ ငြိမ်းအေးခြင်းကိုသာလျှင် သူမိုက်အား တားမြစ်နိုင်၏ဟု ငါ အောက်မေ့၏”ဟု (ရွတ်ဆို၏)။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် နတ်တို့ ဝမ်းမြောက် ကုန်၏၊ အသုရာတို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်အား “ဝေပစိတ္တိ ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆို၏- “သိကြားမင်း အကြင်အခါ မိုက်သော သူသည် ထိုသည်းခံသောသူကို ‘ဤသူကား ငါ့အား ကြောက်သောကြောင့် သည်းခံ၏’ဟု အောက်မေ့မှတ်ထင်၏၊ ထိုအခါ ပြေး သော နွားကို နွားအပေါင်းသည် လွန်စွာလွှမ်းမိုးသကဲ့သို့ ထို့အတူ ပညာမဲ့သူသည် အလွန်လွှမ်းမိုး၏ဟု သည်းခံခြင်း၌ ဤအပြစ်ကိုသာလျှင် ငါ မြင်၏”ဟု (ရွတ်ဆို၏)။ ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် အသုရာတို့ ဝမ်းမြောက်ကုန်၏၊ နတ်တို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြား မင်းအား “သိကြားမင်း ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည် ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာတို့ကို ရွတ်ဆို၏- “ဝေပစိတ္တိအသုရိန် ဤသူကား ငါ့အား ကြောက်သောကြောင့် သည်းခံ၏ဟု အကယ်၍ မှတ်ထင် အောက်မေ့သည်မူလည်းဖြစ်စေ၊ မမှတ်ထင် မအောက်မေ့သည်မူလည်းဖြစ်စေ အကျိုးတို့သည် မိမိအကျိုးလျှင် အမွန်အမြတ်ရှိကုန်၏၊ သည်းခံခြင်း ထက် လွန်ကဲသော တရားကား မရှိ။ အကြင်သူသည် စင်စစ် ခွန်အားရှိသူ ဖြစ်လျက် ခွန်အားနည်းသူအား သည်းခံ၏၊ ထိုသူ၏ သည်းခံခြင်းကိုသာ မြတ်သော သည်းခံခြင်းဟု ဆိုကုန်၏၊ ခွန်အားနည်းသူ သည်ကား အမြဲ သည်းခံနေရ၏။ အကြင်သူ၌ လူမိုက်၏ အားဟူသော အားသည် ရှိ၏၊ ထိုလူမိုက်၏ အားကို အားအစစ် မဟုတ်ဟု ပညာရှိတို့ ဆိုကုန်၏၊ အကြင်သူသည် အားရှိလျက် တရား စောင့်သော သူအား တုံ့ပြန်ပြောဆိုမှု မရှိ၊ (ထိုသူ၏ အားကိုသာလျှင် အားအစစ်ဟု ဆိုကုန်၏)။ အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူအားသာလျှင် ထိုအမျက်ထွက်မှုကြောင့် အလွန် ယုတ်မာ၏၊ အမျက်ထွက်သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော စစ်ပွဲကို အောင်နိုင်၏။ အကြင်သူသည် သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသူသည် မိမိသူတစ်ပါးနှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။ အကြင်သူတို့သည် တရား၌ မလိမ္မာကုန်၊ ထိုသူတို့သည် မိမိသူတစ်ပါး နှစ်ဦး သားတို့၏ အကျိုးကို ပြီးစေသူကို သူမိုက်ဟူ၍ အောက်မေ့မှတ်ထင်ကုန်၏”ဟု ရွတ်ဆို၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာတို့ကို ရွတ်ဆိုသည်ရှိသော် နတ်တို့ ဝမ်း မြောက်ကုန်၏၊ အသုရာတို့ ဆိတ်ဆိတ် ဖြစ်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့၏လည်းကောင်း၊ အသုရာတို့၏လည်းကောင်း အလုပ်အကျွေး (ပရိသတ်)တို့သည် ဤစကားကို ဆိုကုန်၏- “ဝေပစိတ္တိအသုရိန် ရွတ်ဆို သော ဂါထာတို့သည် ဒဏ်နှင့်တကွ ဖြစ်ကုန်၏၊ လက်နက်နှင့်တကွ ဖြစ်ကုန်၏၊ ဤသို့ ငြင်းခုံခြင်းရှိ၏၊ ဤသို့ ခိုက်ရန်ရှိ၏၊ လက်ရောက်ကျူးလွန်ခြင်း ရှိ၏၊ နတ်တို့အရှင် သိကြားမင်း ရွတ်ဆိုသော ဂါထာတို့ သည်ကား ဒဏ်နှင့်တကွ မဖြစ်ကုန်၊ လက်နက်နှင့်တကွ မဖြစ်ကုန်၊ ဤသို့ ငြင်းခုံခြင်း မရှိ၊ ဤသို့ ခိုက်ရန် မရှိ၊ ဤသို့ လက်ရောက်ကျူးလွန်ခြင်း မရှိ၊ နတ်တို့အရှင် သိကြားမင်းသည် ကောင်းစွာ ဆိုအပ်သော ကြောင့် အောင်နိုင်၏ဟု ဆိုကုန်၏၊ ရဟန်းတို့ ဤသို့လျှင် နတ်တို့အရှင် သိကြားမင်းအား ကောင်းစွာ ဆိုအပ်သော စကားကြောင့် အောင်နိုင်ခြင်း ဖြစ်ဖူးပြီ”ဟု (မိန့်တော်မူ၏)။

Linked Discourses 11.5 Chapter One Victory by Good Speech At Sāvatthī. “Once upon a time, mendicants, a battle was fought between the gods and the titans. Then Vepacitti, lord of titans, said to Sakka, lord of gods, ‘Lord of gods, let there be victory by fine words!’ ‘Vepacitti, let there be victory by fine words!’ Then the gods and the titans appointed a panel of judges, saying, ‘These will understand our good and bad statements.’ Then Vepacitti, lord of titans, said to Sakka, lord of gods, ‘Lord of gods, recite a verse!’ When he said this, Sakka said to him, ‘Vepacitti, you are the elder gods here. Recite a verse.’ So Vepacitti spoke this verse: ‘Fools would vent even more if there’s no one to put a stop to them. So an intelligent person should stop a fool with forceful punishment.’ The titans applauded Vepacitti’s verse, while the gods kept silent. Then Vepacitti said to Sakka, ‘Lord of gods, recite a verse!’ So Sakka spoke this verse: ‘I think that this is the only way to put a stop to a fool, when you know that the other is upset, be mindful and stay calm.’ The gods applauded Sakka’s verse, while the titans kept silent. Then Sakka said to Vepacitti, ‘Vepacitti, recite a verse!’ So Vepacitti spoke this verse: ‘In this mere endurance, Vāsava, I see a flaw. When a fool thinks, “He endures me out of fear,” the simpleton will go after you even harder, like a cow chasing someone who runs away.’ The titans applauded Vepacitti’s verse, while the gods kept silent. Then Vepacitti said to Sakka, ‘Lord of gods, recite a verse!’ So Sakka spoke this verse: ‘Let him think this if he wishes, or not— “He endures me out of fear.” For the highest goal, one’s own, naught better than patience is found. When a strong person endures a weakling, they call that the ultimate patience, for a weakling must always be patient. The strength of folly is really just weakness, they say. But no one can challenge a person who’s strong, guarded by the teaching. When you get angry at an angry person you just make things worse for yourself. When you don’t get angry at an angry person you win a battle hard to win. When you know that the other is angry, you act for the good of both yourself and the other if you’re mindful and stay calm. People inexpert in the teaching consider one who heals both oneself and the other to be a fool.’ The gods applauded Sakka’s verses, while the titans kept silent. Then the panel of judges consisting of both gods and titans said this, ‘The verses spoken by Vepacitti evoke punishment and violence. That’s how you get fights, arguments, and quarrels. The verses spoken by Sakka don’t evoke punishment and violence. That’s how you stay free of fights, arguments, and quarrels. Sakka, lord of gods, wins victory by fine words!’ And that’s how Sakka came to win victory by fine words.”

စာ-၂၂၆

၆။ ကုလာဝကသုတ္တံ

၂၅၂။ သာဝတ္ထိယံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ တသ္မိံ ခေါ ပန, ဘိက္ခဝေ, သင်္ဂါမေ အသုရာ ဇိနိံသု, ဒေဝါ ပရာဇိနိံသု။ ပရာဇိတာ စ ခေါ, ဘိက္ခဝေ, ဒေဝါ အပါယံသွေဝ ဥတ္တရေနမုခါ, အဘိယံသွေဝ နေ အသုရာ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော မာတလိ သင်္ဂါဟကံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကုလာဝကာ မာတလိ သိမ္ဗလိသ္မိံ,

ဤသာမုခေန ပရိဝဇ္ဇယဿု၊

ကာမံ စဇာမ အသုရေသု ပါဏံ,

မာယိမေ ဒိဇာ ဝိကုလာဝကာ [ဝိကုလာဝါ (သျာ။ ကံ။ က။)] အဟေသု’’န္တိ။

‘‘‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ သဟဿယုတ္တံ အာဇညရထံ ပစ္စုဒါဝတ္တေသိ။ အထ ခေါ, ဘိက္ခဝေ, အသုရာနံ ဧတဒဟောသိ – ‘ပစ္စုဒါဝတ္တော ခေါ ဒါနိ သက္ကဿ ဒေဝါနမိန္ဒဿ သဟဿယုတ္တော အာဇညရထော။ ဒုတိယမ္ပိ ခေါ ဒေဝါ အသုရေဟိ သင်္ဂါမေဿန္တီတိ ဘီတာ အသုရပုရမေဝ ပါဝိသိံသု။ ဣတိ ခေါ, ဘိက္ခဝေ, သက္ကဿ ဒေဝါနမိန္ဒဿ ဓမ္မေန ဇယော အဟောသီ’’’တိ။

၆-ကုလာဝကသုတ် ၂၅၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုစစ်ပွဲ၌ အသုရာတို့ အောင်၍ နတ်တို့ ရှုံးကုန်၏၊ ရဟန်းတို့ နတ်တို့သည် ရှုံးကုန်သည် ဖြစ်၍သာလျှင် မြောက်အရပ်သို့ လှည့်၍ ပြေးကုန်ရကား အသုရာတို့သည် ထိုနတ်တို့ကို ရှေးရှု လိုက်ကုန်သည်သာလျှင်တည်း၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အကူအညီ ဖြစ်သည့် မာတလိနတ်သားအား ဂါထာဖြင့် ရွတ်ဆို၏- “မာတလိ လက်ပံတော၌ (ဂဠုန်ငှက်တို့၏) အသိုက်တို့ ရှိကုန်၏၊ ထိုအသိုက်တို့ကို ရထားဦးမှ ရှောင်လွှဲပါလော့၊ ငါတို့သည် အသုရာတို့၌ အသက်ကို စွန့်ကြရ စေကာမူ ဤ (ဂဠုန်) ငှက်တို့သည် အသိုက်မှ ကင်းကုန်သည် မဖြစ်စေကုန်လင့်”ဟု (ရွတ်ဆို၏)။ “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု အကူအညီဖြစ်သည့် မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို တစ်ဖန် ပြန်လှည့်စေ၏၊ ရဟန်းတို့ ထိုရထားဦး ပြန်လှည့်သောအခါ၌ အသုရာတို့အား ဤသို့သော အကြံသည် ဖြစ်၏ - “ယခုအခါ နတ်တို့အရှင် သိကြားမင်း၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားသည် တစ်ဖန် ပြန်လှည့်လာ၏၊ နှစ်ကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကြကုန်လိမ့်မည်”ဟု ကြောက်ကုန်သည် ဖြစ်၍ အသုရာပြည်သို့သာလျှင် ပြေးဝင်ကြကုန်၏၊ ရဟန်းတို့ ဤသို့လျှင် နတ်တို့အရှင် သိကြားမင်းအား တရား သဖြင့် အောင်ခြင်းသည် ဖြစ်ခဲ့ဖူး၏ဟု (မိန့်တော်မူ၏)။

Linked Discourses 11.6 Chapter One Bird Nests At Sāvatthī. “Once upon a time, mendicants, a battle was fought between the gods and the titans. In that battle the titans won and the gods lost. Defeated, the gods fled north with the titans in pursuit. Then Sakka, lord of gods, addressed his chariot handler Mātali in verse: ‘Mātali, don’t ram the bird nests in the Red Silk-Cotton Woods with your draft-pole. I’d rather give up our lives to the titans than deprive these birds of their nests.’ ‘Yes, lord,’ replied Mātali. And he turned the chariot back around, with its team of a thousand thoroughbreds. Then the titans thought, ‘Now Sakka’s chariot has turned back. The titans will have to fight the gods a second time!’ Terrified, they retreated right away to the citadel of the titans. And that’s how Sakka came to win victory by principle.”

၇။ နဒုဗ္ဘိယသုတ္တံ

၂၅၃။ သာဝတ္ထိယံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကဿ ဒေဝါနမိန္ဒဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ယောပိ မေ အဿ သုပစ္စတ္ထိကော တဿပါဟံ န ဒုဗ္ဘေယျ’န္တိ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကဿ ဒေဝါနမိန္ဒဿ စေတသာ စေတောပရိဝိတက္ကမညာယ ယေန သက္ကော ဒေဝါနမိန္ဒော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေပစိတ္တိံ အသုရိန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဝေပစိတ္တိံ အသုရိန္ဒံ ဧတဒဝေါစ – ‘တိဋ္ဌ, ဝေပစိတ္တိ, ဂဟိတောသီ’’’တိ။

‘‘ယဒေဝ တေ, မာရိသ, ပုဗ္ဗေ စိတ္တံ, တဒေဝ တွံ မာ ပဇဟာသီ’’တိ [တဒေဝ တွံ မာရိသ ပဟာသီတိ (သီ။ သျာ။ ကံ။)]။

‘‘သပဿု စ မေ, ဝေပစိတ္တိ, အဒုဗ္ဘာယာ’’တိ [အဒြုဗ္ဘာယ (က။)]။

‘‘ယံ မုသာ ဘဏတော ပါပံ, ယံ ပါပံ အရိယူပဝါဒိနော၊

မိတ္တဒ္ဒုနော စ ယံ ပါပံ, ယံ ပါပံ အကတညုနော၊

တမေဝ ပါပံ ဖုသတု [ဖုသတိ (သီ။ ပီ။)], ယော တေ ဒုဗ္ဘေ သုဇမ္ပတီ’’တိ။

၇-န ဒုဗ္ဘိယသုတ် ၂၅၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ် ယောက်တည်း ကိန်းအောင်းနေသော နတ်တို့အရှင် သိကြားမင်းအား “အကြင်သူသည် ငါ၏ ရန်သူ ဖြစ် ငြားအံ့၊ ထိုသူအားလည်း ငါ မပြစ်မှားတော့အံ့”ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန် သည် နတ်တို့အရှင် သိကြားမင်း၏ စိတ်အကြံကို မိမိ၏ စိတ်ဖြင့် သိ၍ နတ်တို့အရှင် သိကြားမင်းထံသို့ ချဥ်းကပ်လေ၏၊ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် လာနေသော ဝေပစိတ္တိအသုရိန်ကို အဝေးမှပင် မြင်သောကြောင့် ဝေပစိတ္တိအသုရိန်အား “ဝေပစိတ္တိ ရပ်လော့၊ ငါသည် သင့်ကို ဖမ်းအပ်ပြီ”ဟု ဆို၏။ “အချင်း သိကြားနတ်မင်း သင့်အား ရှေး၌ ရန်ငြိုးဖွဲ့သော စိတ်သည် ရှိခဲ့၏၊ ထိုစိတ်ကို သင် မစွန့်သေး”ဟု ဆို၏၊ “ဝေပစိတ္တိ ငါ၌ မပြစ်မှားစိမ့်သောငှါ ကျိန်စာ ဆိုပါလော့”ဟု (သိကြားမင်းက) ဆို၏။ “သိကြားမင်း အကြင်သူသည် သင့်အား ပြစ်မှားအံ့၊ ချွတ်ယွင်းသော စကားကို ပြောဆိုသူ၏ မကောင်းမှုမျိုးသည်လည်းကောင်း၊ အရိယာကို စွပ်စွဲသော သူ၏ မကောင်းမှုမျိုးသည်လည်းကောင်း၊ အဆွေခင်ပွန်းကို ပြစ်မှားသောသူ၏ မကောင်းမှု မျိုးသည်လည်းကောင်း၊ သူ့ကျေးဇူးကို မသိတတ်သော သူ၏ မကောင်းမှုမျိုးသည်လည်းကောင်း ထိုသူအား တွေ့စေသတည်း”ဟု ဤသို့ ကျိန်စာဆို၏။

Linked Discourses 11.7 Chapter One Not Betray At Sāvatthī. “Once upon a time, mendicants, as Sakka, lord of gods, was in private retreat this thought came to his mind, ‘I should never betray even a sworn enemy.’ And then Vepacitti, lord of titans, knowing Sakka’s train of thought, approached him. Sakka saw Vepacitti coming off in the distance, and said to him, ‘Stop, Vepacitti, you’re caught!’ ‘Good fellow, don’t give up the idea you just had!’ ‘Swear, Vepacitti, that you won’t betray me.’ ‘Whatever bad things happen to a liar, or to someone who slanders the noble ones, or to someone who betrays a friend, or to someone who’s ungrateful, the same bad things impact anyone who betrays you, Sujā’s husband.’”

၈။ ဝေရောစနအသုရိန္ဒသုတ္တံ

၂၅၄။ သာဝတ္ထိယံ ဇေတဝနေ။ တေန ခေါ ပန သမယေန ဘဂဝါ ဒိဝါဝိဟာရဂတော ဟောတိ ပဋိသလ္လီနော။ အထ ခေါ သက္ကော စ ဒေဝါနမိန္ဒော ဝေရောစနော စ အသုရိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပစ္စေကံ ဒွါရဗာဟံ နိဿာယ အဋ္ဌံသု။ အထ ခေါ ဝေရောစနော အသုရိန္ဒော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘ဝါယမေထေဝ ပုရိသော, ယာဝ အတ္ထဿ နိပ္ဖဒါ၊

နိပ္ဖန္နသောဘနော [သောဘိနော (သီ။), သောဘဏော (ပီ။ က။)] အတ္ထော [အတ္ထာ (သီ။)], ဝေရောစနဝစော ဣဒ’’န္တိ။

‘‘ဝါယမေထေဝ ပုရိသော, ယာဝ အတ္ထဿ နိပ္ဖဒါ၊

နိပ္ဖန္နသောဘနော အတ္ထော [နိပ္ဖန္နသောဘိနော အတ္ထာ (သီ။ သျာ။ ကံ။)], ခန္တျာ ဘိယျော န ဝိဇ္ဇတီ’’တိ။

‘‘သဗ္ဗေ သတ္တာ အတ္ထဇာတာ, တတ္ထ တတ္ထ ယထာရဟံ၊

သံယောဂပရမာ တွေဝ, သမ္ဘောဂါ သဗ္ဗပါဏိနံ၊

နိပ္ဖန္နသောဘနော အတ္ထော, ဝေရောစနဝစော ဣဒ’’န္တိ။

‘‘သဗ္ဗေ သတ္တာ အတ္ထဇာတာ, တတ္ထ တတ္ထ ယထာရဟံ၊

သံယောဂပရမာ တွေဝ, သမ္ဘောဂါ သဗ္ဗပါဏိနံ၊

နိပ္ဖန္နသောဘနော အတ္ထော, ခန္တျာ ဘိယျော န ဝိဇ္ဇတီ’’တိ။

၈-ဝေရောစနအသုရိန္ဒသုတ် ၂၅၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နေ့သန့်စင်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ ဝေရောစနအသုရိန်သည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်ပြီးလျှင် အသီးသီး တံခါးပေါင်ကို မှီ၍ ရပ်တည်ကြကုန်၏၊ ထိုအခါ ဝေရောစနအသုရိန်သည် မြတ်စွာဘုရား၏ အထံ၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏- “ယောကျာ်းသည် အကျိုးကိစ္စ ပြီးသည်တိုင်အောင် အားထုတ်အပ်သည်သာလျှင် တည်း၊ အကျိုးကိစ္စသည် ပြီးမြောက်မှသာလျှင် တင့်တယ်၏၊ ဤစကားသည် ဝေရောစနအသုရိန်၏ စကားတည်း”ဟု (လျှောက်ဆို၏)။ ယောကျာ်းသည် အကျိုးကိစ္စ ပြီးသည်တိုင်အောင် အားထုတ်အပ်သည်သာလျှင် တည်း၊ အကျိုးကိစ္စသည် ပြီးမြောက်မှသာလျှင် တင့်တယ်၏၊ သည်းခံခြင်းထက် လွန်ကဲသော တရားကား မရှိ၊ ဤစကားသည် သိကြားမင်း၏ စကားတည်း။ အလုံးစုံသော သတ္တဝါတို့သည် ထိုထိုအရပ်၌ ထိုက်သည်အားလျော်စွာ အကျိုး ကိစ္စ ဖြစ်ကုန်၏၊ အလုံးစုံသော သတ္တဝါတို့အား သုံးဆောင်ဖွယ် ဝတ္ထုတို့သည် ကောင်းစွာ စီရင်ရခြင်းလျှင် အမွန်အမြတ်ရှိကုန်၏၊ အကျိုးကိစ္စသည် ပြီးမြောက်မှ သာလျှင် တင့်တယ်၏၊ ဤစကားသည် ဝေရောစနအသုရိန်၏ စကားတည်း။ အလုံးစုံသော သတ္တဝါတို့သည် ထိုထိုအရပ်၌ ထိုက်သည်အားလျော်စွာ အကျိုး ကိစ္စ ဖြစ်ကုန်၏၊ အလုံးစုံသော သတ္တဝါတို့အား သုံးဆောင်ဖွယ် ဝတ္ထုတို့သည် ကောင်းစွာ စီရင်ရခြင်းလျှင် အမွန်အမြတ်ရှိကုန်၏၊ အကျိုးကိစ္စသည် ပြီးမြောက်မှ သာလျှင် တင့်တယ်၏၊ သည်းခံခြင်းထက် လွန်ကဲသော တရားကား မရှိ၊ ဤစကား သည် သိကြားမင်း၏ စကားတည်း။

Linked Discourses 11.8 Chapter One Verocana, Lord of Titans Near Sāvatthī in Jeta’s Grove. Now at that time the Buddha had gone into retreat for the day’s meditation. Then Sakka, lord of gods, and Verocana, lord of titans, approached the Buddha and stationed themselves one by each door-post. Then Verocana spoke this verse in the Buddha’s presence: “A man should make an effort until his goal is accomplished. A goal is splendid when accomplished— this is the word of Verocana!” “A man should make an effort until his goal is accomplished. For the goal that’s splendid when accomplished, naught better than patience is found.” “All beings are in need, as they deserve in each case. But even so, harnessed work is the highest thing of value for all living creatures. A goal is splendid when accomplished— this is the word of Verocana!” “All beings are in need, as they deserve in each case. But rather than harnessed work being the highest thing of value for all living creatures, for the goal that’s splendid when accomplished, naught better than patience is found.”

စာ-၂၂၈

၉။ အရညာယတနဣသိသုတ္တံ

၂၅၅။ သာဝတ္ထိယံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သမ္ဗဟုလာ ဣသယော သီလဝန္တော ကလျာဏဓမ္မာ အရညာယတနေ ပဏ္ဏကုဋီသု သမ္မန္တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော စ ဒေဝါနမိန္ဒော ဝေပစိတ္တိ စ အသုရိန္ဒော ယေန တေ ဣသယော သီလဝန္တော ကလျာဏဓမ္မာ တေနုပသင်္ကမိံသု။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော ပဋလိယော [အဋလိယော (သီ။ သျာ။ ကံ။ ပီ။), အာဋလိယော (က။) မ။ နိ။ ၂။၄၁၀] ဥပါဟနာ အာရောဟိတွာ ခဂ္ဂံ ဩလဂ္ဂေတွာ ဆတ္တေန ဓာရိယမာနေန အဂ္ဂဒွါရေန အဿမံ ပဝိသိတွာ တေ ဣသယော သီလဝန္တေ ကလျာဏဓမ္မေ အပဗျာမတော ကရိတွာ အတိက္ကမိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ပဋလိယော ဥပါဟနာ ဩရောဟိတွာ ခဂ္ဂံ အညေသံ ဒတွာ ဆတ္တံ အပနာမေတွာ ဒွါရေနေဝ အဿမံ ပဝိသိတွာ တေ ဣသယော သီလဝန္တေ ကလျာဏဓမ္မေ အနုဝါတံ ပဉ္ဇလိကော နမဿမာနော အဋ္ဌာသိ’’။ အထ ခေါ, ဘိက္ခဝေ, တေ ဣသယော သီလဝန္တော ကလျာဏဓမ္မာ သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိံသု –

‘‘ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ,

ကာယာ စုတော ဂစ္ဆတိ မာလုတေန၊

ဣတော ပဋိက္ကမ္မ သဟဿနေတ္တ,

ဂန္ဓော ဣသီနံ အသုစိ ဒေဝရာဇာ’’တိ။

‘‘ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ,

ကာယာ စုတော ဂစ္ဆတု [ဂစ္ဆတိ (သီ။ သျာ။ ကံ။)] မာလုတေန,

သုစိတြပုပ္ဖံ သိရသ္မိံဝ မာလံ၊

ဂန္ဓံ ဧတံ ပဋိကင်္ခါမ ဘန္တေ,

န ဟေတ္ထ ဒေဝါ ပဋိကူလသညိနော’’တိ။

၉-အရညာယတနဣသိသုတ် ၂၅၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား သီလရှိကုန် ကောင်းသောသဘောရှိကုန် သော များစွာသော ရသေ့တို့သည် တောအရပ် သစ်ရွက်မိုးကုဋိတို့၌ ငြိမ်းချမ်းစွာ နေကုန်၏၊ ရဟန်းတို့့ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ ဝေပစိတ္တိအသုရိန်သည်လည်းကောင်း သီလရှိကုန် ကောင်းသော သဘောရှိကုန်သော များစွာသော ထိုရသေ့တို့သို့ ချဥ်းကပ်ကြကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် အထပ်များသော ဖိနပ်တို့ကို စီး၍ သန်လျက်ကို လွယ်ကာ ထီးကို ဆောင်းလျက် တံခါးဦးဖြင့်သာ သင်္ခမ်းကျောင်းသို့ ဝင်၍ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ကို မကိုင်းမညွတ် ပြုလျက် သွား၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အထပ်များသော ဖိနပ်တို့ကို ချွတ်၍ သန်လျက်ကို သူတစ်ပါးတို့အား ပေး၍ ထီးကို ပိတ်ကာ တံခါးဦးဖြင့်သာလျှင် သင်္ခမ်း ကျောင်းသို့ ဝင်၍ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ကို လေအောက်မှ လက်အုပ် ချီလျက် ရှိခိုး၍ ရပ်၏၊ ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ သည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆိုကုန်၏- “မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်း ရှည်မြင့်စွာ ဆောက်တည် အပ်သော အကျင့်ရှိကုန်သော ရသေ့တို့၏ အနံ့သည် ကိုယ်မှ လေကြောင့် လွင့်၍ သွား၏၊ ဤအရပ်မှ ဖဲလေလော့၊ သိကြားမင်း ရသေ့တို့၏ အနံ့သည် မစင်ကြယ်”ဟု (ရွတ်ဆိုကုန်၏)။ “အသျှင်ဘုရားတို့ ရှည်မြင့်စွာ ဆောက်တည်အပ်သော အကျင့်ရှိကုန်သော ရသေ့တို့၏ အနံ့သည် ကိုယ်မှ လေကြောင့် လွင့်၍ သွားပါစေ၊ ‘အလွန်ဆန်းကြယ်သော အပွင့်ရှိသော အနံ့နှင့် ပြည့်စုံသောပန်းကို ဦးခေါင်း၌ (ပန်ဆင်ရန်) အလိုရှိသကဲ့သို့’ ဤအသျှင်ဘုရားတို့၏ အနံ့ကို အလိုရှိပါကုန်၏။ ထိုစကား မှန်ပါ၏၊ ဤ (သီလ ရှိကုန်သော သူတို့၏) အနံ့၌ နတ်တို့သည် စက်ဆုပ်ဖွယ် မထင်မှတ်ပါကုန်”ဟု (လျှောက်၏)။

Linked Discourses 11.9 Chapter One Seers in the Wilderness At Sāvatthī. “Once upon a time, mendicants, several seers who were ethical, of good character, settled in leaf huts in a wilderness region. Then Sakka, lord of gods, and Vepacitti, lord of titans, went to those seers. Vepacitti put on his lined sandals, strapped on his sword, and, carrying a sunshade, entered the hermitage through the main gate. He walked right past those seers, keeping them at arm’s length. Sakka took off his lined sandals, gave his sword to others, and, putting down his sunshade, entered the hermitage through the same gate. He stood downwind of those seers, revering them with cupped palms. Then those seers addressed Sakka in verse: ‘When seers have been long initiated, the odor of their bodies goes with the gale. You’d better leave, O thousand-eyed! The odor of the seers is unclean, king of gods.’ ‘When seers have been long initiated, let the odor of their bodies go with the gale. We yearn for this odor, sirs, like a colorful crown of flowers. The gods don’t see it as repulsive.’”

၁၀။ သမုဒ္ဒကသုတ္တံ

၂၅၆။ သာဝတ္ထိယံ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သမ္ဗဟုလာ ဣသယော သီလဝန္တော ကလျာဏဓမ္မာ သမုဒ္ဒတီရေ ပဏ္ဏကုဋီသု သမ္မန္တိ။ တေန ခေါ ပန သမယေန ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ, ဘိက္ခဝေ, တေသံ ဣသီနံ သီလဝန္တာနံ ကလျာဏဓမ္မာနံ ဧတဒဟောသိ – ‘ဓမ္မိကာ ခေါ ဒေဝါ, အဓမ္မိကာ အသုရာ။ သိယာပိ နော အသုရတော ဘယံ။ ယံနူန မယံ သမ္ဗရံ အသုရိန္ဒံ ဥပသင်္ကမိတွာ အဘယဒက္ခိဏံ ယာစေယျာမာ’’’တိ။ ‘‘အထ ခေါ, ဘိက္ခဝေ, တေ ဣသယော သီလဝန္တော ကလျာဏဓမ္မာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – သမုဒ္ဒတီရေ ပဏ္ဏကုဋီသု အန္တရဟိတာ သမ္ဗရဿ အသုရိန္ဒဿ သမ္မုခေ ပါတုရဟေသုံ။ အထ ခေါ, ဘိက္ခဝေ, တေ ဣသယော သီလဝန္တော ကလျာဏဓမ္မာ သမ္ဗရံ အသုရိန္ဒံ ဂါထာယ အဇ္ဈဘာသိံသု –

‘‘ဣသယော သမ္ဗရံ ပတ္တာ, ယာစန္တိ အဘယဒက္ခိဏံ၊

ကာမံကရော ဟိ တေ ဒါတုံ, ဘယဿ အဘယဿ ဝါ’’တိ။

‘‘ဣသီနံ အဘယံ နတ္ထိ, ဒုဋ္ဌာနံ သက္ကသေဝိနံ၊

အဘယံ ယာစမာနာနံ, ဘယမေဝ ဒဒါမိ ဝေါ’’တိ။

‘‘အဘယံ ယာစမာနာနံ, ဘယမေဝ ဒဒါသိ နော၊

ပဋိဂ္ဂဏှာမ တေ ဧတံ, အက္ခယံ ဟောတု တေ ဘယံ။

‘‘ယာဒိသံ ဝပတေ ဗီဇံ, တာဒိသံ ဟရတေ ဖလံ၊

ကလျာဏကာရီ ကလျာဏံ, ပါပကာရီ စ ပါပကံ၊

ပဝုတ္တံ တာတ တေ ဗီဇံ, ဖလံ ပစ္စနုဘောဿသီ’’တိ။

‘‘အထ ခေါ, ဘိက္ခဝေ, တေ ဣသယော သီလဝန္တော ကလျာဏဓမ္မာ သမ္ဗရံ အသုရိန္ဒံ အဘိသပိတွာ – သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ, ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ ဧဝမေဝ – သမ္ဗရဿ အသုရိန္ဒဿ သမ္မုခေ အန္တရဟိတာ သမုဒ္ဒတီရေ ပဏ္ဏကုဋီသု ပါတုရဟေသုံ။ အထ ခေါ, ဘိက္ခဝေ, သမ္ဗရော အသုရိန္ဒော တေဟိ ဣသီဟိ သီလဝန္တေဟိ ကလျာဏဓမ္မေဟိ အဘိသပိတော ရတ္တိယာ သုဒံ တိက္ခတ္တုံ ဥဗ္ဗိဇ္ဇီ’’တိ။

ပဌမော ဝဂ္ဂေါ။

တဿုဒ္ဒါနံ –

သုဝီရံ သုသီမဉ္စေဝ, ဓဇဂ္ဂံ ဝေပစိတ္တိနော၊

သုဘာသိတံ ဇယဉ္စေဝ, ကုလာဝကံ နဒုဗ္ဘိယံ၊

ဝေရောစန အသုရိန္ဒော, ဣသယော အရညကဉ္စေဝ၊

ဣသယော စ သမုဒ္ဒကာတိ။

၁၀-သမုဒ္ဒကသုတ် ၂၅၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား သီလရှိကုန် ကောင်းသော သဘောရှိ ကုန်သော များစွာသော ရသေ့တို့သည် သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုးကုဋိကျောင်းတို့၌ ငြိမ်းချမ်းစွာ နေကုန်၏၊ ထိုအခါ နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်ခဲ့ဖူးပြီ၊ ရဟန်းတို့ ထိုအခါ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့အား ဤသို့သော အကြံ ဖြစ်၏ - “နတ်တို့သည် တရားကို စောင့်ကုန်၏၊ အသုရာတို့သည် တရားကို မစောင့်ကုန်၊ ငါတို့အား အသုရာအပေါင်းမှ ဘေးဖြစ်ရာသည် သာလျှင်တည်း၊ ငါတို့သည် သမ္ဗရအသုရိန်သို့ ချဥ်းကပ်ကုန်၍ ဘေးမဲ့အလှူကို တောင်းပန်ရကုန်မူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထို ရသေ့တို့သည် အားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုး ကုဋိကျောင်းတို့မှ ကွယ်ခဲ့ကုန်သည် ဖြစ်၍ သမ္ဗရအသုရိန်၏ မျက်မှောက်၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့သည် သမ္ဗရအသုရိန်ကို ဂါထာဖြင့် ရွတ်ဆိုကုန်၏- “သမ္ဗရအသုရိန် ထံသို့ ရောက် ကုန် သော ရသေ့တို့ သည် ဘေး မဲ့ အလှူကို တောင်း ပန် ကုန်၏။ သင်သည် ဘေးကိုလည်းကောင်း၊ ဘေးမဲ့ကိုလည်းကောင်း ပေးရန် အလိုရှိတိုင်း ပြုနိုင်ပါ၏”ဟု (ရွတ်ဆိုကုန်၏)။ “သိကြားမင်း ဆည်းကပ်ကုန်သော (ငါတို့နှင့်) ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရသေ့တို့အား ဘေးမဲ့အလှူသည် မရှိ၊ ဘေးမဲ့အလှူကို တောင်းကုန်သော သင်တို့ အား ဘေးအလှူကိုသာလျှင် ငါ ပေးအံ့”ဟု (ဆို၏)။ ဘေးမဲ့အလှူကို တောင်းကုန်သော ငါတို့အား ဘေးအလှူကိုသာလျှင် သင်သည် ပေးလှူ၏၊ သင်၏ထိုအလှူကို ငါတို့ ခံယူကုန်၏၊ သင့်အား ဘေးသည် မကုန်နိုင် စေသတည်း။ အကြင်သို့ သဘောရှိသော မျိုးစေ့ကို စိုက်ပျိုး၏၊ ထိုမျိုးစေ့နှင့် တူသော အသီးကို ဆောင်၏၊ ကောင်းမှုကို ပြုလေ့ရှိသူသည် ကောင်း ကျိုးကို ခံစားရ၏၊ မကောင်းမှုကို ပြုလေ့ရှိသူသည် မကောင်းကျိုးကို ခံစားရ၏၊ အမောင် သင်သည် မျိုးစေ့ကို စိုက်ပျိုးအပ်ပြီ၊ အသီးကို သုံးဆောင်ရ လတ္တံ့ဟု ရသေ့တို့သည် ရွတ်ဆို ကုန်၏။ ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ရသေ့တို့သည် သမ္ဗရအသုရိန်ကို ကျိန်ဆဲကုန်၍ အားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် သမ္ဗရအသုရိန်၏ မျက်မှောက်၌ ကွယ်ခဲ့ကုန်သည်ဖြစ်၍ သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုးကုဋိကျောင်းတို့၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ သမ္ဗရအသုရိန်သည် သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ ကျိန်ဆဲအပ်သည် ဖြစ်၍ ညဥ့်၌ သုံးကြိမ် ထိတ်လန့်၏ဟု (မိန့်တော်မူ၏)။ ပဌမဝဂ် ပြီး၏။

Linked Discourses 11.10 Chapter One Seers by the Ocean At Sāvatthī. “Once upon a time, mendicants, several seers who were ethical, of good character, settled in leaf huts on the ocean shore. Now at that time a battle was fought between the gods and the titans. Then the seers thought, ‘The gods are principled, the titans are unprincipled. We may be at risk from the titans. Why don’t we approach Sambara, lord of titans, and beg him for a pledge of safety?’ Then, as easily as a strong person would extend or contract their arm, those seers vanished from those leaf huts on the ocean shore and reappeared in Sambara’s presence. Then those seers addressed Sambara in verse: ‘The seers have come to Sambara to beg for a pledge of safety. For you can give them what you wish, whether danger or safety.’ ‘There is no safety for seers, the hated associates of Sakka! Though you beg me for your safety, I’ll only give you fear!’ ‘Though we beg you for our safety, you give us only fear. This is what we get from you: may endless peril come to you! Whatever kind of seed you sow, that is the fruit you reap. A doer of good gets good, a doer of bad gets bad. You, my dear, have sown your own seed, now you’ll experience the fruit.’ Then those seers, having cursed Sambara, as easily as a strong person would extend or contract their arm, vanished from Sambara’s presence and reappeared in those leaf huts on the ocean shore. But after being cursed by the seers, Sambara woke in alarm three times that night.”

စာ-၂၃၀

၂။ ဒုတိယဝဂ္ဂေါ

၁။ ဝတပဒသုတ္တံ

၂၅၇။ သာဝတ္ထိယံ။ ‘‘သက္ကဿ, ဘိက္ခဝေ, ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ သတ္တ ဝတပဒါနိ [ဝတ္တပဒါနိ (က။)] သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ။ ကတမာနိ သတ္တ ဝတပဒါနိ? ယာဝဇီဝံ မာတာပေတ္တိဘရော အဿံ, ယာဝဇီဝံ ကုလေ ဇေဋ္ဌာပစာယီ အဿံ, ယာဝဇီဝံ သဏှဝါစော အဿံ, ယာဝဇီဝံ အပိသုဏဝါစော အဿံ, ယာဝဇီဝံ ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသေယျံ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော, ယာဝဇီဝံ သစ္စဝါစော အဿံ, ယာဝဇီဝံ အက္ကောဓနော အဿံ – သစေပိ မေ ကောဓော ဥပ္ပဇ္ဇေယျ, ခိပ္ပမေဝ နံ ပဋိဝိနေယျ’’န္တိ။ ‘‘သက္ကဿ, ဘိက္ခဝေ, ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ ဣမာနိ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ’’တိ။

‘‘မာတာပေတ္တိဘရံ ဇန္တုံ, ကုလေ ဇေဋ္ဌာပစာယိနံ၊

သဏှံ သခိလသမ္ဘာသံ, ပေသုဏေယျပ္ပဟာယိနံ။

‘‘မစ္ဆေရဝိနယေ ယုတ္တံ, သစ္စံ ကောဓာဘိဘုံ နရံ၊

တံ ဝေ ဒေဝါ တာဝတိံသာ, အာဟု သပ္ပုရိသော ဣတီ’’တိ။

၂-ဒုတိယဝဂ် ၁-ဝတပဒသုတ် ၂၅၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နတ်တို့ အရှင်သိကြားမင်းသည် ရှေးလူဖြစ်စဥ်က ခုနစ်ပါးကုန် သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏အဖြစ် ကို ရ၏၊ ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်း- (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်ပါအံ့၊ (၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်ပါအံ့၊ (၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊ (၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်ပါအံ့၊ (၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက် ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါ ထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊ (၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊ (၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ” ဖြစ်ပါအံ့၊ ဤသည်တို့တည်း။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်က ခုနစ်ပါးကုန်သော ဤကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရပြီဟု ဟော တော်မူ၏။ အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟု ဆိုကုန်၏ဟု (ဟောတော်မူ၏)။

Linked Discourses 11.11 Chapter Two Vows At Sāvatthī. “Mendicants, in a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. What seven? As long as I live, may I support my parents. As long as I live, may I honor the elders in the family. As long as I live, may I speak gently. As long as I live, may I not backbite. As long as I live, may I live at home with heart rid of the stain of stinginess, freely generous, open-handed, loving to let go, committed to charity, loving to give and to share. As long as I live, may I speak the truth. As long as I live, may I be free of anger, or should anger arise, may I quickly get rid of it. In a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. A child who respects their parents, and honors the elders in the family, whose speech is gentle and courteous, and has given up backbiting; who’s committed to getting rid of stinginess, is truthful, and has mastered anger: the gods of the thirty-three declare them to be a true person.”

၂။ သက္ကနာမသုတ္တံ

၂၅၈။ သာဝတ္ထိယံ ဇေတဝနေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ ဧတဒဝေါစ – ‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော မဃော နာမ မာဏဝေါ အဟောသိ, တသ္မာ မဃဝါတိ ဝုစ္စတိ။

‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော ပုရေ [ပုရေ ပုရေ (သီ။ ပီ။)] ဒါနံ အဒါသိ, တသ္မာ ပုရိန္ဒဒေါတိ ဝုစ္စတိ။

‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော သက္ကစ္စံ ဒါနံ အဒါသိ, တသ္မာ သက္ကောတိ ဝုစ္စတိ။

‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော အာဝသထံ အဒါသိ, တသ္မာ ဝါသဝေါတိ ဝုစ္စတိ။

‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော သဟဿမ္ပိ အတ္ထာနံ မုဟုတ္တေန စိန္တေတိ, တသ္မာ သဟဿက္ခောတိ ဝုစ္စတိ။

‘‘သက္ကဿ, ဘိက္ခဝေ, ဒေဝါနမိန္ဒဿ သုဇာ နာမ အသုရကညာ ပဇာပတိ, တသ္မာ သုဇမ္ပတီတိ ဝုစ္စတိ။

‘‘သက္ကော, ဘိက္ခဝေ, ဒေဝါနမိန္ဒော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, တသ္မာ ဒေဝါနမိန္ဒောတိ ဝုစ္စတိ။

‘‘သက္ကဿ, ဘိက္ခဝေ ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ။ ကတမာနိ သတ္တ ဝတပဒါနိ? ယာဝဇီဝံ မာတာပေတ္တိဘရော အဿံ, ယာဝဇီဝံ ကုလေ ဇေဋ္ဌာပစာယီ အဿံ, ယာဝဇီဝံ သဏှဝါစော အဿံ, ယာဝဇီဝံ အပိသုဏဝါစော အဿံ, ယာဝဇီဝံ ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသေယျံ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော, ယာဝဇီဝံ သစ္စဝါစော အဿံ, ယာဝဇီဝံ အက္ကောဓနော အဿံ – သစေပိ မေ ကောဓော ဥပ္ပဇ္ဇေယျ, ခိပ္ပမေဝ နံ ပဋိဝိနေယျ’’န္တိ။ ‘‘သက္ကဿ, ဘိက္ခဝေ, ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ ဣမာနိ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ’’တိ။

‘‘မာတာပေတ္တိဘရံ ဇန္တုံ, ကုလေ ဇေဋ္ဌာပစာယိနံ၊

သဏှံ သခိလသမ္ဘာသံ, ပေသုဏေယျပ္ပဟာယိနံ။

‘‘မစ္ဆေရဝိနယေ ယုတ္တံ, သစ္စံ ကောဓာဘိဘုံ နရံ၊

တံ ဝေ ဒေဝါ တာဝတိံသာ, အာဟု သပ္ပုရိသော ဣတီ’’တိ။

၂-သက္ကနာမသုတ် ၂၅၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏ - ၁။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက မဃမည်သော လုလင် ဖြစ်၏၊ ထို့ကြောင့် ထိုသိကြားကို “မဃဝ”ဟူ၍ ဆိုအပ်၏။ ၂။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ရှေးဦးစွာ အလှူကို ပေး လှူ၏၊ ထို့ကြောင့် “ပုရိန္ဒဒ”ဟူ၍ ဆိုအပ်၏။ ၃။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ရိုသေစွာ ပေးလှူ၏၊ ထို့ ကြောင့် “သက္က”ဟူ၍ ဆိုအပ်၏။ ၄။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက တည်းခိုရာဇရပ်ကို ပေးလှူ ဖူး၏၊ ထို့ကြောင့် “ဝါသဝ”ဟူ၍ ဆိုအပ်၏။ ၅။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တစ်ထောင်သော အကြောင်းအရာကိုလည်း တစ် မုဟုတ်ခြင်းဖြင့် ကြံနိုင်၏၊ ထို့ကြောင့် “သဟဿက္ခ”ဟူ၍ ဆိုအပ်၏။ ၆။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းအား အသုရာ၏သမီး သုဇာမည်သော မယားရှိ၏၊ ထို့ ကြောင့် “သုဇမ္ပတိ”ဟူ၍ ဆိုအပ်၏။ ၇။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရသည်၏ အဖြစ် အကြီးအမှူး၏ အဖြစ်ဟူသော မင်းအဖြစ်ကို ပြုစေ၏၊ ထို့ကြောင့် “ဒေဝါနမိန္ဒ”ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရ၏၊ ခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်းဟူမူကား- (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်အံ့။ (၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်အံ့။ (၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။ (၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်အံ့။ (၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက်ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍ နေသူ ဖြစ်အံ့။ (၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။ (၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ ဖြစ်အံ့”။ ဤခုနစ်ပါးတို့တည်း။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်က ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်း သည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏အဖြစ်ကို ရ၏ဟု မိန့်တော်မူ၏။ အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟူ၍ ဆိုကုန်၏ဟု (မိန့်တော်မူ၏)။

Linked Discourses 11.12 Chapter Two Sakka’s Names Near Sāvatthī in Jeta’s Grove. There the Buddha said to the mendicants: “Mendicants, in a former life, when Sakka was a human being, he was a student named Magha. That’s why he’s called Maghavā, the Bounteous. In a former life, when Sakka was a human being, he was first to give gifts. That’s why he’s called Purindada, the Firstgiver. In a former life, when Sakka was a human being, he gave gifts ably. That’s why he’s called Sakka, the Able. In a former life, when Sakka was a human being, he gave the gift of a guest house. That’s why he’s called Vāsava, the Houser. Sakka thinks of a thousand needs in an hour. That’s why he’s called Sahassakkha, the Thousand-Eyed. Sakka’s wife is the titan maiden named Sujā. That’s why he’s called Sujampati, Sujā’s Husband. Sakka rules as sovereign lord over the gods of the thirty-three. That’s why he’s called Devānaminda, the Lord of Gods. In a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. What seven? As long as I live, may I support my parents. As long as I live, may I honor the elders in the family. As long as I live, may I speak gently. As long as I live, may I not backbite. As long as I live, may I live at home with heart rid of the stain of stinginess, freely generous, open-handed, loving to let go, committed to charity, loving to give and to share. As long as I live, may I speak the truth. As long as I live, may I be free of anger, or should anger arise, may I quickly get rid of it. In a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. A child who respects their parents, and honors the elders in the family, whose speech is gentle and courteous, and has given up backbiting; who’s committed to getting rid of stinginess, is truthful, and has mastered anger: the gods of the thirty-three declare them to be a true person.”

၃။ မဟာလိသုတ္တံ

၂၅၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ အထ ခေါ မဟာလိ လိစ္ဆဝီ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ မဟာလိ လိစ္ဆဝီ ဘဂဝန္တံ ဧတဒဝေါစ ‘‘ဒိဋ္ဌော

ခေါ, ဘန္တေ, ဘဂဝတာ သက္ကော ဒေဝါနမိန္ဒော’’တိ?

‘‘ဒိဋ္ဌော ခေါ မေ, မဟာလိ, သက္ကော ဒေဝါနမိန္ဒော’’တိ။

‘‘သော ဟိ နူန, ဘန္တေ, သက္ကပတိရူပကော ဘဝိဿတိ။ ဒုဒ္ဒသော ဟိ, ဘန္တေ, သက္ကော ဒေဝါနမိန္ဒော’’တိ။

‘‘သက္ကဉ္စ ခွါဟံ, မဟာလိ, ပဇာနာမိ သက္ကကရဏေ စ ဓမ္မေ, ယေသံ ဓမ္မာနံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ, တဉ္စ ပဇာနာမိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော မဃော နာမ မာဏဝေါ အဟောသိ, တသ္မာ မဃဝါတိ ဝုစ္စတိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော သက္ကစ္စံ ဒါနံ အဒါသိ, တသ္မာ သက္ကောတိ ဝုစ္စတိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော ပုရေ ဒါနံ အဒါသိ, တသ္မာ ပုရိန္ဒဒေါတိ ဝုစ္စတိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော ပုဗ္ဗေ မနုဿဘူတော သမာနော အာဝသထံ အဒါသိ, တသ္မာ ဝါသဝေါတိ ဝုစ္စတိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော သဟဿမ္ပိ အတ္ထာနံ မုဟုတ္တေန စိန္တေတိ, တသ္မာ သဟဿက္ခောတိ ဝုစ္စတိ။

‘‘သက္ကဿ, မဟာလိ, ဒေဝါနမိန္ဒဿ သုဇာ နာမ အသုရကညာ ပဇာပတိ, တသ္မာ သုဇမ္ပတီတိ ဝုစ္စတိ။

‘‘သက္ကော, မဟာလိ, ဒေဝါနမိန္ဒော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ, တသ္မာ ဒေဝါနမိန္ဒောတိ ဝုစ္စတိ။

‘‘သက္ကဿ, မဟာလိ, ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ။ ကတမာနိ သတ္တ ဝတပဒါနိ? ယာဝဇီဝံ မာတာပေတ္တိဘရော အဿံ, ယာဝဇီဝံ ကုလေ ဇေဋ္ဌာပစာယီ အဿံ, ယာဝဇီဝံ သဏှဝါစော အဿံ, ယာဝဇီဝံ အပိသုဏဝါစော အဿံ, ယာဝဇီဝံ ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသေယျံ မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော, ယာဝဇီဝံ သစ္စဝါစော အဿံ, ယာဝဇီဝံ အက္ကောဓနော အဿံ – သစေပိ မေ ကောဓော ဥပ္ပဇေယျ, ခိပ္ပမေဝ နံ ပဋိဝိနေယျ’’န္တိ။ ‘‘သက္ကဿ, မဟာလိ, ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ ဣမာနိ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ, ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ’’တိ။

‘‘မာတာပေတ္တိဘရံ ဇန္တုံ, ကုလေ ဇေဋ္ဌာပစာယိနံ၊

သဏှံ သခိလသမ္ဘာသံ, ပေသုဏေယျပ္ပဟာယိနံ။

‘‘မစ္ဆေရဝိနယေ ယုတ္တံ, သစ္စံ ကောဓာဘိဘုံ နရံ၊

တံ ဝေ ဒေဝါ တာဝတိံသာ, အာဟု သပ္ပုရိသော ဣတီ’’တိ။

၃-မဟာလိသုတ် ၂၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဟာလိလိစ္ဆဝီမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည် နတ်တို့အရှင် သိကြားမင်းကို မြင်ဖူးပါသလော”ဟု လျှောက်၏၊ မဟာလိ ငါဘုရားသည် နတ်တို့အရှင် သိကြားမင်းကို မြင်ဖူးသည်သာလျှင်တည်းဟု မိန့်ဆို၏၊ အသျှင်ဘုရား ထိုအရှင်သိကြားသည် သိကြားတု အယောင်ဆောင် ဖြစ်ပါလိမ့်မည်။ အသျှင်ဘုရား ထိုစကားမှန်၏၊ နတ်တို့အရှင် သိကြားမင်းကို တွေ့မြင်နိုင်ခဲ၏ဟု လျှောက်၏၊ မဟာလိ ငါဘုရားသည် သိကြား၏အဖြစ်ကိုလည်း သိ၏၊ သိကြားအဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်း သိ၏၊ ယင်းတရားတို့ကို သိကြားသည် ကောင်းစွာ ဆောက်တည်ခြင်းကြောင့် သိကြား၏ အဖြစ်ကို ရ၏၊ ထိုတရားကိုလည်း ငါ သိ၏။ ၁။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက မဃမည်သော လုလင် ဖြစ်ဖူးပြီ၊ ထို့ကြောင့် “မဃဝ”ဟူ၍ ဆိုအပ်၏။ ၂။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ရိုသေစွာ ပေးလှူ၏၊ ထို့ ကြောင့် “သက္က”ဟူ၍ ဆိုအပ်၏။ ၃။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ရှေးဦးစွာ အလှူကို ပေးလှူ ၏၊ ထို့ကြောင့် “ပုရိန္ဒဒ”ဟူ၍ ဆိုအပ်၏။ ၄။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက တည်းခိုရာဇရပ်ကို ပေးလှူဖူး၏၊ ထို့ကြောင့် “ဝါသဝ”ဟူ၍ ဆိုအပ်၏။ ၅။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် တစ်ထောင်သော အကြောင်းအရာတို့ကို တစ်မုဟုတ် ခြင်းဖြင့် ကြံနိုင်၏၊ ထို့ကြောင့် “သဟဿက္ခ”ဟူ၍ ဆိုအပ်၏။ ၆။ မဟာလိ နတ်တို့အရှင် သိကြားမင်းအား အသုရာ၏သမီး သုဇာမည်သော မယားရှိ၏၊ ထို့ ကြောင့် “သုဇမ္ပတိ” ဟူ၍ ဆိုအပ်၏။ ၇။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရသည်၏အဖြစ် အကြီး အမှူး၏အဖြစ်ဟူသော မင်းအဖြစ်ကို ပြုစေ၏၊ ထို့ကြောင့် “ဒေဝါနမိန္ဒ” ဟူ၍ ဆိုအပ်၏။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားသည် ကောင်းစွာ ဆောက်တည်အပ်သည်၏အဖြစ်ကြောင့် သိကြား၏အဖြစ်ကို ရ၏၊ ခုနစ်ပါးကုန် သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်းဟူမူကား- (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်အံ့။ (၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်အံ့။ (၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။ (၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်အံ့။ (၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက် ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါ ထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍ နေသူ ဖြစ်အံ့။ (၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။ (၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ့ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ ဖြစ်အံ့”။ ဤခုနစ်ပါးတို့တည်း။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဥ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြား သည် ကောင်းစွာ ဆောက်တည်အပ်သည်၏အဖြစ်ကြောင့် သိကြား၏အဖြစ်ကို ရ၏ဟု မိန့်တော်မူ၏။ အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟူ၍ ဆိုကုန်၏ဟု (မိန့်တော်မူ၏)။

Linked Discourses 11.13 Chapter Two With Mahāli So I have heard. At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Then Mahāli the Licchavi went up to the Buddha, bowed, sat down to one side, and said to him, “Sir, have you seen Sakka, lord of gods?” “I have, Mahāli.” “But surely, sir, you must have seen someone who looked like Sakka. For Sakka is hard to see.” “Mahāli, I understand Sakka. And I understand the things that he undertook and committed to, which enabled him to achieve the status of Sakka. In a former life, when Sakka was a human being, he was a student named Magha. That’s why he’s called Maghavā, the Bounteous. In a former life, when Sakka was a human being, he gave gifts ably. That’s why he’s called Sakka, the Able. In a former life, when Sakka was a human being, he was first to give gifts. That’s why he’s called Purindada, the Firstgiver. In a former life, when Sakka was a human being, he gave the gift of a guest house. That’s why he’s called Vāsava, the Houser. Sakka thinks of a thousand needs in an hour. That’s why he’s called Sahassakkha, the Thousand-Eyed. Sakka’s wife is the titan maiden named Sujā. That’s why he’s called Sujampati, Sujā’s Husband. Sakka rules as sovereign lord over the gods of the thirty-three. That’s why he’s called Devānaminda, the Lord of Gods. In a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. What seven? As long as I live, may I support my parents. As long as I live, may I honor the elders in the family. As long as I live, may I speak gently. As long as I live, may I not backbite. As long as I live, may I live at home with heart rid of the stain of stinginess, freely generous, open-handed, loving to let go, committed to charity, loving to give and to share. As long as I live, may I speak the truth. As long as I live, may I be free of anger, or should anger arise, may I quickly get rid of it. In a former life, when Sakka was a human being, he undertook seven vows. And it was because of undertaking these that he achieved the status of Sakka. A child who respects their parents, and honors the elders in the family, whose speech is gentle and courteous, and has given up backbiting; who’s committed to getting rid of stinginess, is truthful, and has mastered anger: the gods of the thirty-three declare them to be a true person.”

၄။ ဒလိဒ္ဒသုတ္တံ

၂၆၀။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, အညတရော ပုရိသော ဣမသ္မိံယေဝ ရာဇဂဟေ မနုဿဒလိဒ္ဒေါ [မနုဿဒဠိဒ္ဒေါ (သီ။ သျာ။ ကံ။)] အဟောသိ မနုဿကပဏော မနုဿဝရာကော။ သော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ သမာဒိယိ, သီလံ သမာဒိယိ, သုတံ သမာဒိယိ, စာဂံ သမာဒိယိ, ပညံ သမာဒိယိ။ သော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ သမာဒိယိတွာ သီလံ သမာဒိယိတွာ သုတံ သမာဒိယိတွာ စာဂံ သမာဒိယိတွာ ပညံ သမာဒိယိတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိ ဒေဝါနံ တာဝတိံသာနံ သဟဗျတံ။ သော အညေ ဒေဝေ အတိရောစတိ ဝဏ္ဏေန စေဝ ယသသာ စ။ တတြ သုဒံ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘အစ္ဆရိယံ ဝတ ဘော, အဗ္ဘုတံ ဝတ ဘော! အယဉှိ ဒေဝပုတ္တော ပုဗ္ဗေ မနုဿဘူတော သမာနော မနုဿဒလိဒ္ဒေါ အဟောသိ မနုဿကပဏော မနုဿဝရာကော၊ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နော ဒေဝါနံ တာဝတိံသာနံ သဟဗျတံ။ သော အညေ ဒေဝေ အတိရောစတိ ဝဏ္ဏေန စေဝ ယသသာ စာ’’’တိ။

‘‘အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ – ‘မာ ခေါ တုမှေ, မာရိသာ, ဧတဿ ဒေဝပုတ္တဿ ဥဇ္ဈာယိတ္ထ။ ဧသော ခေါ, မာရိသာ, ဒေဝပုတ္တော ပုဗ္ဗေ မနုဿဘူတော သမာနော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ သမာဒိယိ, သီလံ သမာဒိယိ, သုတံ သမာဒိယိ, စာဂံ သမာဒိယိ, ပညံ သမာဒိယိ။ သော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ သမာဒိယိတွာ သီလံ သမာဒိယိတွာ သုတံ သမာဒိယိတွာ စာဂံ သမာဒိယိတွာ ပညံ သမာဒိယိတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နော ဒေဝါနံ တာဝတိံသာနံ သဟဗျတံ။ သော အညေ ဒေဝေ အတိရောစတိ ဝဏ္ဏေန စေဝ ယသသာ စာ’’’တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘ယဿ သဒ္ဓါ တထာဂတေ, အစလာ သုပ္ပတိဋ္ဌိတာ၊

သီလဉ္စ ယဿ ကလျာဏံ, အရိယကန္တံ ပသံသိတံ။

‘‘သံဃေ ပသာဒေါ ယဿတ္ထိ, ဥဇုဘူတဉ္စ ဒဿနံ၊

အဒလိဒ္ဒေါတိ တံ အာဟု, အမောဃံ တဿ ဇီဝိတံ။

‘‘တသ္မာ သဒ္ဓဉ္စ သီလဉ္စ, ပသာဒံ ဓမ္မဒဿနံ၊

အနုယုဉ္ဇေထ မေဓာဝီ, သရံ ဗုဒ္ဓါန သာသန’’န္တိ။

၄-ဒလိဒ္ဒသုတ် ၂၆၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား” ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ယောကျာ်းတစ်ယောက်သည် ဤရာဇဂြိုဟ်မြို့၌သာလျှင် လူ ဆင်းရဲ လူသနားဖွယ် လူအောက်တန်းစား ဖြစ်ခဲ့၏၊ ထိုယောကျာ်းသည် မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ ယုံကြည်မှု ‘သဒ္ဓါတရား’ကို ဆောက်တည်၏၊ သီလကို ဆောက် တည်၏၊ အကြားအမြင် ‘သုတ’ကို ဆောက်တည်၏၊ စွန့်ကြဲခြင်း ‘စာဂ’ကို ဆောက်တည်၏၊ ပညာကို ဆောက် တည်၏၊ ထိုယောကျာ်းသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ရကား ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ထိုနတ်သည် တစ်ပါးသော နတ်တို့ကို အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း လွန်၍ တင့်တယ်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ တာဝတိံသာနတ်တို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏၊ “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ ထိုစကား မှန်၏၊ ဤ နတ်သားသည် ရှေးလူဖြစ်စဥ်အခါက လူဆင်းရဲ လူသနားဖွယ် လူအောက်တန်းစား ဖြစ်ခဲ့၏၊ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာ နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုနတ်သားသည် တစ်ပါးသော နတ်တို့ကို အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း လွန်၍ တင့်တယ်ဘိ၏”ဟု ကဲ့ရဲ့ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ခေါ်၍ မိန့်ဆို၏ - “အချင်းတို့ သင်တို့သည် ထိုနတ်သားအား မကဲ့ရဲ့ကုန်လင့်၊ အချင်းတို့ ဤနတ်သားသည် ရှေးလူဖြစ်စဥ် အခါက မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ခဲ့၏၊ ထိုသူသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာ တော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ခဲ့သောကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုနတ်သားသည် တစ်ပါးသော နတ်တို့ကို အဆင်းဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း လွန်၍ တင့်တယ်၏”ဟု မိန့်ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ပြောဆိုဆုံးမလိုသည် ဖြစ်၍ ထိုအချိန်၌ ဤဂါထာတို့ကို့ရွတ် ဆို၏- “အချ င်း နတ်တို့ အကြင် သူအား မြတ် စွာဘုရား ၌ ယုံကြည် မှု သဒ္ဓါတရား သည် မတုန် လှုပ်၊ ကောင်း စွာ တည်၏။ အကြင်ပုဂ္ဂိုလ်အား အရိယာတို့သည် နှစ်သက် အပ် ချီးမွမ်းအပ်သော ကောင်းသော သီလလည်း ရှိ၏။ အကြင်ပုဂ္ဂိုလ်အား သံဃာ၌ ကြည်ညိုမှု ရှိ၏၊ ဖြောင့်မတ်သော အမြင်လည်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို သူဆင်းရဲ မဟုတ်ဟူ၍ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းသည် အချည်းနှီး မဟုတ်။ ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမ (သာသနာ) ကို အောက်မေ့သော ပညာရှိ သည် သဒ္ဓါကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုမှုကိုလည်းကောင်း၊ တရားသိမြင်မှုကိုလည်းကောင်း အဖန်ဖန် အားထုတ်ရာ၏”ဟု (ရွတ်ဆို၏)။

Linked Discourses 11.14 Chapter Two Poor At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Once upon a time, mendicants, there was a poor person, destitute and pitiful. They took up faith, ethics, learning, generosity, and wisdom in the teaching and training proclaimed by the Realized One. After undertaking these things, when their body broke up, after death, they were reborn in a good place, a heavenly realm, in the company of the gods of the thirty-three. There they outshone the other gods in beauty and glory. But the gods of the thirty-three complained, grumbled, and objected, ‘Oh lord, how incredible, how amazing! For when this godling was a human being in their past life they were poor, destitute, and pitiful. And when their body broke up, after death, they were reborn in a good place, a heavenly realm, in the company of the gods of the thirty-three. Here they outshine the other gods in beauty and glory.’ Then Sakka, lord of gods, addressed the gods of the thirty-three, ‘Good fellows, don’t complain about this godling. When this godling was a human being in their past life they took up faith, ethics, learning, generosity, and wisdom in the teaching and training proclaimed by the Realized One. After undertaking these things, when their body broke up, after death, they’ve been reborn in a good place, a heavenly realm, in the company of the gods of the thirty-three. Here they outshine the other gods in beauty and glory.’ Then Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘Whoever has faith in the Realized One, unwavering and well grounded; whose ethical conduct is good, praised and loved by the noble ones; who has confidence in the Saṅgha, and correct view: they’re said to be prosperous, their life is not in vain. So let the wise devote themselves to faith, ethical behaviour, confidence, and insight into the teaching, remembering the instructions of the Buddhas.’”

၅။ ရာမဏေယျကသုတ္တံ

၂၆၁။ သာဝတ္ထိယံ ဇေတဝနေ။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ, ဘန္တေ, ဘူမိရာမဏေယျက’’န္တိ?

‘‘အာရာမစေတျာ ဝနစေတျာ, ပေါက္ခရညော သုနိမ္မိတာ၊

မနုဿရာမဏေယျဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။

‘‘ဂါမေ ဝါ ယဒိ ဝါရညေ, နိန္နေ ဝါ ယဒိ ဝါ ထလေ၊

ယတ္ထ အရဟန္တော ဝိဟရန္တိ, တံ ဘူမိရာမဏေယျက’’န္တိ။

၅-ရာမဏေယျကသုတ် ၂၆၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့သော အရပ်သည် မွေ့လျော်ဖွယ် ရှိပါသနည်း”ဟု ဤစကားကို လျှောက်၏- “(သိကြားမင်း) ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော အရိုအသေပြုရာ အရံ, ခြံ, ဥယျာဥ်တို့သည်လည်းကောင်း၊ အရိုအသေပြုရာ သစ်တောတို့သည်လည်းကောင်း၊ ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော ရေကန်တို့သည်လည်းကောင်း လူတို့နှစ်သက် ဖွယ်ရာ မြေအရပ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်။ ရွာဖြစ်စေ, တောဖြစ်စေ, ချိုင့်ဝှမ်းရာ အရပ်ဖြစ်စေ, ကြည်းကုန်းဖြစ်စေ အကြင် အရပ်၌ ရဟန္တာတို့ နေကုန်၏၊ ထိုရဟန္တာတို့ နေရာ မြေအရပ်သည် မွေ့လျော်ဖွယ် အရပ်မည်၏”ဟု (မိန့်တော်မူ၏)။

Linked Discourses 11.15 Chapter Two Delightful Near Sāvatthī in Jeta’s Grove. And then Sakka, lord of gods, went up to the Buddha, bowed, stood to one side, and said to him, “Sir, what is a delightful place?” “Shrines in parks and forests, well-made lotus ponds, are not worth a sixteenth part of a delightful human being. Whether in village or wilderness, in a valley or the uplands, wherever the perfected ones live is a delightful place.”

၆။ ယဇမာနသုတ္တံ

၂၆၂။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ယဇမာနာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ၊

ကရောတံ ဩပဓိကံ ပုညံ, ကတ္ထ ဒိန္နံ မဟပ္ဖလ’’န္တိ။

‘‘စတ္တာရော စ ပဋိပန္နာ, စတ္တာရော စ ဖလေ ဌိတာ၊

ဧသ သံဃော ဥဇုဘူတော, ပညာသီလသမာဟိတော။

‘‘ယဇမာနာနံ မနုဿာနံ, ပုညပေက္ခာန ပါဏိနံ၊

ကရောတံ ဩပဓိကံ ပုညံ, သံဃေ ဒိန္နံ မဟပ္ဖလ’’န္တိ။

၆-ယဇမာနသုတ် ၂၆၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး လျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထားလေ၏- “အသျှင်ဘုရား ပူဇော်ကုန်သော လူတို့၏လည်းကောင်း၊ ကောင်းမှုကို အလိုရှိ သည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အဘယ်ပုဂ္ဂိုလ်၌ လှူသည်ရှိသော် အကျိုးကြီးပါသနည်း”ဟု လျှောက်၏။ “ကျင့်ဆဲဖြစ်ကုန်သော (မဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း၊ ဖိုလ်၌ တည်ကုန်သော (ဖလဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း ဤရှစ် ယောက်သော (အရိယာ) သံဃာသည် ဖြောင့်မတ်စွာ ဖြစ်၏၊ ပညာ,သီလ,သမာဓိနှင့် ပြည့်စုံ၏။ ပူဇော်ကုန်သော လူတို့၏လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြု လုပ်ကုန်သော သတ္တဝါတို့၏လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် (အရိယာ) သံဃာ၌ လှူသည်ရှိသော် အကျိုးကြီး၏”ဟု (မိန့်တော်မူ၏)။

Linked Discourses 11.16 Chapter Two Sponsoring Sacrifice At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. And then Sakka, lord of gods, went up to the Buddha, bowed, stood to one side, and addressed him in verse: “For humans, those merit-seeking creatures, who sponsor sacrifices, making worldly merit, where is a gift very fruitful?” “Four practicing the path, and four established in the fruit. This is the upright Saṅgha, with wisdom, ethics, and immersion. For humans, those merit-seeking creatures, who sponsor sacrifices, making worldly merit, what is given to the Saṅgha is very fruitful.”

၇။ ဗုဒ္ဓဝန္ဒနာသုတ္တံ

၂၆၃။ သာဝတ္ထိယံ ဇေတဝနေ။ တေန ခေါ ပန သမယေန ဘဂဝါ ဒိဝါဝိဟာရဂတော ဟောတိ ပဋိသလ္လီနော။ အထ ခေါ သက္ကော စ ဒေဝါနမိန္ဒော ဗြဟ္မာ စ သဟမ္ပတိ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပစ္စေကံ ဒွါရဗာဟံ နိဿာယ အဋ္ဌံသု။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ –

‘‘ဥဋ္ဌေဟိ ဝီရ ဝိဇိတသင်္ဂါမ,

ပန္နဘာရ အနဏ ဝိစရ လောကေ၊

စိတ္တဉ္စ တေ သုဝိမုတ္တံ,

စန္ဒော ယထာ ပန္နရသာယ ရတ္တိ’’န္တိ။

‘‘န ခေါ, ဒေဝါနမိန္ဒ, တထာဂတာ ဧဝံ ဝန္ဒိတဗ္ဗာ။ ဧဝဉ္စ ခေါ, ဒေဝါနမိန္ဒ, တထာဂတာ ဝန္ဒိတဗ္ဗာ –

‘‘ဥဋ္ဌေဟိ ဝီရ ဝိဇိတသင်္ဂါမ,

သတ္ထဝါဟ အနဏ ဝိစရ လောကေ၊

ဒေသဿု ဘဂဝါ ဓမ္မံ,

အညာတာရော ဘဝိဿန္တီ’’တိ။

၇-ဗုဒ္ဓဝန္ဒနာသုတ် ၂၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နေ့သန့်စင်ရာ အရပ်သို့ ကပ်သည် ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူ၏၊ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ သဟမ္ပတိ့ဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ အသီးသီး တံခါးပေါင်ကို မှီလျက် ရပ်တည် ကုန်၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏- “လုံ့လရှိတော်မူသော မြတ်စွာဘုရား ထတော်မူပါလော့။ အောင်အပ်ပြီးသော မာရ်စစ်သည်ရှိတော်မူသော, ချအပ်သော ခန္ဓာဝန်ရှိတော်မူသော, ကိလေသာကြွေးမြီ ကင်းတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ‘တစ်ဆယ့် ငါးရက် လပြည့်နေ့ ညဥ့်အခါ၌ လပြည့်ဝန်းကဲ့သို့’ အသျှင်ဘုရား၏ စိတ်သည်ကား (ရာဂစသော အညစ်အကြေးမှ) ကောင်းစွာ ကင်းလွတ်တော်မူပါ၏”ဟု ရွတ်ဆို၏။ သိကြားမင်း မြတ်စွာဘုရားတို့ကို ဤသို့ ရှိမခိုးအပ်ကုန်၊ သိကြားမင်း မြတ်စွာဘုရားတို့ကို ဤသို့ သာလျှင် ရှိခိုးအပ်ကုန်၏။ “လုံ့လရှိတော်မူသော, အောင်အပ်ပြီးသော မာရ်စစ်သည်ရှိတော်မူသော, ယာဥ်မှူး သဖွယ်ဖြစ်တော်မူသော, ကိလေသာကြွေးမြီ ကင်းတော်မူသော မြတ်စွာဘုရား ထ တော်မူပါလော့၊ လောက၌ လှည့်လည်တော်မူပါလော၊ မြတ်စွာဘုရား (ရှင်တော် ဘုရားသည်) တရားကို ဟောတော်မူပါလော့။ သိလွယ်သော သတ္တဝါတို့သည် ရှိပါ ကုန်လတ္တံ့”ဟု ရှိခိုးအပ်ကုန်၏ဟု သဟမ္ပတိဗြဟ္မာ (ရွတ်ဆို၏)။

Linked Discourses 11.17 Chapter Two Homage to the Buddha Near Sāvatthī in Jeta’s Grove. Now at that time the Buddha had gone into retreat for the day’s meditation. Then Sakka, lord of gods, and the divinity Sahampati approached the Buddha and stationed themselves one by each door-post. Then Sakka spoke this verse in the Buddha’s presence: “Rise, hero! Victor in battle, with burden put down, wander the world free of debt. Your mind is fully liberated, like the moon on the fifteenth night.” “Lord of gods, that’s not how to pay homage to the Realized Ones. This is how it should be done: ‘Rise, hero! Victor in battle, caravan leader, wander the world free of debt. Let the Blessed One teach the Dhamma! There will be those who understand!’”

၈။ ဂဟဋ္ဌဝန္ဒနာသုတ္တံ

၂၆၄။ သာဝတ္ထိယံ။ တတြ…ပေ… ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော မာတလိံ သင်္ဂါဟကံ အာမန္တေသိ – ‘ယောဇေဟိ, သမ္မ မာတလိ, သဟဿယုတ္တံ အာဇညရထံ။ ဥယျာနဘူမိံ ဂစ္ဆာမ သုဘူမိံ ဒဿနာယာ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ သဟဿယုတ္တံ အာဇညရထံ ယောဇေတွာ သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဝေဒေသိ – ‘ယုတ္တော ခေါ တေ, မာရိသ, သဟဿယုတ္တော အာဇညရထော။ ယဿ ဒါနိ ကာလံ မညသီ’’’တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေဇယန္တပါသာဒါ ဩရောဟန္တော အဉ္ဇလိံ ကတွာ [ပဉ္ဇလိကော (ပီ။), ပဉ္ဇလိံ ကတွာ (က။)] သုဒံ ပုထုဒ္ဒိသာ နမဿတိ။ အထ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘တံ နမဿန္တိ တေဝိဇ္ဇာ, သဗ္ဗေ ဘုမ္မာ စ ခတ္တိယာ၊

စတ္တာရော စ မဟာရာဇာ, တိဒသာ စ ယသဿိနော၊

အထ ကော နာမ သော ယက္ခော, ယံ တွံ သက္က နမဿသီ’’တိ။

‘‘မံ နမဿန္တိ တေဝိဇ္ဇာ, သဗ္ဗေ ဘုမ္မာ စ ခတ္တိယာ၊

စတ္တာရော စ မဟာရာဇာ, တိဒသာ စ ယသဿိနော။

‘‘အဟဉ္စ သီလသမ္ပန္နေ, စိရရတ္တသမာဟိတေ၊

သမ္မာပဗ္ဗဇိတေ ဝန္ဒေ, ဗြဟ္မစရိယပရာယနေ။

‘‘ယေ ဂဟဋ္ဌာ ပုညကရာ, သီလဝန္တော ဥပါသကာ၊

ဓမ္မေန ဒါရံ ပေါသေန္တိ, တေ နမဿာမိ မာတလီ’’တိ။

‘‘သေဋ္ဌာ ဟိ ကိရ လောကသ္မိံ, ယေ တွံ သက္က နမဿသိ၊

အဟမ္ပိ တေ နမဿာမိ, ယေ နမဿသိ ဝါသဝါ’’တိ။

‘‘ဣဒံ ဝတွာန မဃဝါ, ဒေဝရာဇာ သုဇမ္ပတိ၊

ပုထုဒ္ဒိသာ နမဿိတွာ, ပမုခေါ ရထမာရုဟီ’’တိ။

၈-ဂဟဋ္ဌ္ဓဝန္ဒနာသုတ် ၂၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤတရာစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာအရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဥ် မြေသို့ သွားကုန်အံ့”ဟု ဆို၏၊ “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား လျှောက်၏- “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ သွားရန်အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်း သက်သည် ရှိသော် လက်အုပ်ချီ၍ အရပ်လေးမျက်နှာတို့ကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ၌ အကူအညီဖြစ် သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ် ဆို၏- “သိကြား မင်း ဗေဒင် သုံး ပုံတတ် သူ ဗြာဟ္မဏတို့ သည်လည်းကောင်း၊ မြေ၌ နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီး လေး ယောက်တို့သည်လည်းကောင်း၊ များသော အခြံအရံရှိသော တာဝတိံသာနတ်တို့ သည်လည်းကောင်း အရှင်သိကြားမင်းကို ရှိခိုးကုန်၏။ သိကြားမင်း ထိုသို့ ဖြစ်ပါ လျက် အရှင်သိကြားမင်း ရှိခိုးသော နတ်မင်းကြီးသည်ကား အဘယ်မည်သော နတ်မင်းပါနည်း”ဟု (ရွတ်ဆို၏)။ “မာတလိ ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည်လည်းကောင်း၊ မြေ၌ နေသူ အားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီး လေး ယောက်တို့သည်လည်းကောင်း၊ များသော အခြံအရံရှိကုန်သော တာဝတိံသာနတ်တို့သည်လည်းကောင်း ငါ့ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလနှင့် ပြည့်စုံကုန်သော၊ ရှည်စွာသော ညဥ့်တို့ပတ်လုံး တည် ကြည်ခြင်းရှိကုန်သော၊ မြတ်သောအကျင့်လျှင် လဲလျောင်းရာရှိကုန်သော ရဟန်းတော်တို့ကို ကောင်းစွာ ရှိခိုး၏။ မာတလိ အကြင်သူတို့သည် အိမ်၌ တည်ကုန်၍ ကောင်းမှုကို ပြုကုန်၏၊ သီလရှိ ကုန်၏၊ ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ တရားနှင့် အညီ သားမယားကို မွေးမြူကုန်၏၊ ထိုသူတို့ကို (ငါသည်) ရှိခိုး၏”ဟု (မိန့်ဆို၏)။ “သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း (အရှင်သိကြားမင်းသည်) အကြင်သူတို့ ကို ရှိခိုး၏၊ ထိုအရှင်သိကြားမင်း ရှိခိုးသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု ပြောဆို၏။ “မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ အရပ်လေးမျက်နှာတို့ကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏”။

Linked Discourses 11.18 Chapter Two Homage of Householders At Sāvatthī. “Once upon a time, mendicants, Sakka, lord of gods, addressed his chariot handler Mātali, ‘My dear Mātali, harness the chariot with its team of a thousand thoroughbreds. We will go to a park and see the scenery.’ ‘Yes, lord,’ replied Mātali. He harnessed the chariot and informed Sakka, ‘Good fellow, the chariot with its team of a thousand thoroughbreds has been harnessed. Please go at your convenience.’ Then Sakka descended from the Palace of Victory, raised his cupped palms, and revered the various quarters. So Mātali the chariot handler addressed Sakka in verse: ‘Those proficient in the three Vedas worship you, as do all the aristocrats on earth, the four great kings, and the glorious host of Thirty. So what’s the name of the spirit that you worship, Sakka?’ ‘Those proficient in the three Vedas worship me, as do all the aristocrats on earth, the four great kings, and the glorious host of Thirty. But I revere those accomplished in ethics, who have long trained in immersion, who have rightly gone forth for the culmination of spiritual life. I also worship those householders, the ethical lay followers who make merit, Mātali, providing for a partner in a principled manner.’ ‘Those who you worship seem to be the best in the world, Sakka. I too will worship those who you worship, Sakka.’ After saying this, Maghavā the chief, king of gods, Sujā’s husband, having worshiped the various quarters climbed into his chariot.”

၉။ သတ္ထာရဝန္ဒနာသုတ္တံ

၂၆၅။ သာဝတ္ထိယံ ဇေတဝနေ။ ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော မာတလိံ သင်္ဂါဟကံ အာမန္တေသိ – ‘ယောဇေဟိ, သမ္မ မာတလိ, သဟဿယုတ္တံ အာဇညရထံ, ဥယျာနဘူမိံ ဂစ္ဆာမ သုဘူမိံ ဒဿနာယာ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ သဟဿယုတ္တံ အာဇညရထံ ယောဇေတွာ သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဝေဒေသိ – ‘ယုတ္တော ခေါ တေ, မာရိသ, သဟဿယုတ္တော အာဇညရထော။ ယဿ ဒါနိ ကာလံ မညသီ’’’တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေဇယန္တပါသာဒါ ဩရောဟန္တော အဉ္ဇလိံ ကတွာ သုဒံ ဘဂဝန္တံ နမဿတိ။ အထ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘ယဉှိ ဒေဝါ မနုဿာ စ, တံ နမဿန္တိ ဝါသဝ၊

အထ ကော နာမ သော ယက္ခော, ယံ တွံ သက္က နမဿသီ’’တိ။

‘‘ယော ဣဓ သမ္မာသမ္ဗုဒ္ဓေါ, အသ္မိံ လောကေ သဒေဝကေ၊

အနောမနာမံ သတ္ထာရံ, တံ နမဿာမိ မာတလိ။

‘‘ယေသံ ရာဂေါ စ ဒေါသော စ, အဝိဇ္ဇာ စ ဝိရာဇိတာ၊

ခီဏာသဝါ အရဟန္တော, တေ နမဿာမိ မာတလိ။

‘‘ယေ ရာဂဒေါသဝိနယာ, အဝိဇ္ဇာသမတိက္ကမာ၊

သေက္ခာ အပစယာရာမာ, အပ္ပမတ္တာနုသိက္ခရေ၊

တေ နမဿာမိ မာတလီ’’တိ။

‘‘သေဋ္ဌာ ဟိ ကိရ လောကသ္မိံ, ယေ တွံ သက္က နမဿသိ၊

အဟမ္ပိ တေ နမဿာမိ, ယေ နမဿသိ ဝါသဝါ’’တိ။

‘‘ဣဒံ ဝတွာန မဃဝါ, ဒေဝရာဇာ သုဇမ္ပတိ၊

ဘဂဝန္တံ နမဿိတွာ, ပမုခေါ ရထမာရုဟီ’’တိ။

၉-သတ္ထာရဝန္ဒနာသုတ် ၂၆၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူ အညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာ အရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဥ်မြေသို့ သွားကုန်အံ့”ဟု မိန့်ဆို၏၊ ရဟန်းတို့ အကူအညီဖြစ်သော မာတလိနတ်သားသည် “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု နတ်တို့အရှင် သိကြား မင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ကြားလျှောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်း သည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည်ရှိသော် လက်အုပ်ချီ၍ မြတ်စွာဘုရားကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ၌ အကူအညီဖြစ်သော မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏- “သိကြားမင်း နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ထိုအရှင် သိကြားမင်းကို ရှိခိုးကြကုန်၏။ ထိုသို့ ရှိခိုးကုန်လျက် သိကြားမင်း ရှိခိုးသော နတ် သည်ကား အဘယ်မည်သော နတ်မင်းပါနည်း”ဟု (ရွတ်ဆို၏)။ “မာတလိ နတ်နှင့် တကွသော ဤလောက၌ ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြင်မြတ်စွာဘုရားသည် ရှိတော်မူ၏၊ မယုတ် (ပြည့်စုံ) သော အမည်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ရှိခိုး၏။ မာတလိ အကြင်ပုဂ္ဂိုလ်တို့အား တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ မသိမှု ‘အဝိဇ္ဇာ’သည် ငြိတွယ်ခြင်း ကင်းကုန်၏၊ ကုန်ပြီးသော အာသဝရှိကုန်၏၊ မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ထိုရဟန္တာပုဂ္ဂိုလ်တို့ကို ငါသည် ရှိခိုးပါ၏။ မာတလိ အကြင်ကျင့်ဆဲဖြစ်သူ ‘သေက္ခ’တို့သည် ရာဂ,ဒေါသကို ပယ်ဖျောက်ကုန်၏၊ အဝိဇ္ဇာကို လွန်မြောက်ကုန်၏၊ (ဝဋ်ဆင်းရဲကို, ဖျက်ဆီးခြင်း၌ မွေ့လျော်ကုန် သည် ဖြစ်၍ မမေ့မလျော့ လျော်စွာ ကျင့်ဆဲ ဖြစ်ကုန်၏၊ ထိုကျင့်ဆဲ ဖြစ်သူ ‘သေက္ခ’ပုဂ္ဂိုလ် ခုနစ်ယောက်တို့ကို ငါသည် ရှိခိုး၏”ဟု (မိန့်ဆို၏)။ “သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း အကြင်သူတို့ကို အရှင်သိကြားမင်းသည် ရှိခိုး၏၊ ထိုသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု (ရွတ်ဆို၏)။ မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရထား ထက်သို့ တက်စီးလေ၏။

Linked Discourses 11.19 Chapter Two Homage of the Teacher Near Sāvatthī in Jeta’s Grove. “Once upon a time, mendicants, Sakka, lord of gods, addressed his chariot handler Mātali, ‘My dear Mātali, harness the chariot with its team of a thousand thoroughbreds. We will go to a park and see the scenery.’ ‘Yes, lord,’ replied Mātali. He harnessed the chariot and informed Sakka, ‘Good fellow, the chariot with its team of a thousand thoroughbreds has been harnessed. Please go at your convenience.’ Then Sakka descended from the Palace of Victory, raised his cupped palms, and revered the Buddha. So Mātali the chariot handler addressed Sakka in verse: ‘Gods and men worship you, Vāsava. So what’s the name of the spirit that you worship, Sakka?’ ‘It’s the fully awakened Buddha, the Teacher of peerless name in this world with its gods— that’s who I worship, Mātali. Those in whom greed, hate, and ignorance have faded away; the perfected ones with defilements ended— they’re who I worship, Mātali. The trainees who enjoy reducing suffering, diligently pursuing the training for getting rid of greed and hate, and going past ignorance— they’re who I worship, Mātali.’ ‘Those who you worship seem to be the best in the world, Sakka. I too will worship those who you worship, Sakka.’ After saying this, Maghavā the chief, king of gods, Sujā’s husband, having worshiped the Buddha, climbed into his chariot.”

၁၀။ သံဃဝန္ဒနာသုတ္တံ

၂၆၆။ သာဝတ္ထိယံ ဇေတဝနေ။ တတြ ခေါ…ပေ… ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော မာတလိံ သင်္ဂါဟကံ အာမန္တေသိ – ‘ယောဇေဟိ, သမ္မ မာတလိ, သဟဿယုတ္တံ အာဇညရထံ, ဥယျာနဘူမိံ ဂစ္ဆာမ သုဘူမိံ ဒဿနာယာ’တိ။ ‘ဧဝံ ဘဒ္ဒန္တဝါ’တိ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဿုတွာ, သဟဿယုတ္တံ အာဇညရထံ ယောဇေတွာ သက္ကဿ ဒေဝါနမိန္ဒဿ ပဋိဝေဒေသိ – ‘ယုတ္တော ခေါ တေ, မာရိသ, သဟဿယုတ္တော အာဇညရထော, ယဿ ဒါနိ ကာလံ မညသီ’’’တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ဝေဇယန္တပါသာဒါ ဩရောဟန္တော အဉ္ဇလိံ ကတွာ သုဒံ ဘိက္ခုသံဃံ နမဿတိ။ အထ ခေါ, ဘိက္ခဝေ, မာတလိ သင်္ဂါဟကော သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘တဉှိ ဧတေ နမဿေယျုံ, ပူတိဒေဟသယာ နရာ၊

နိမုဂ္ဂါ ကုဏပမှေတေ, ခုပ္ပိပါသသမပ္ပိတာ။

‘‘ကိံ နု တေသံ ပိဟယသိ, အနာဂါရာန ဝါသဝ၊

အာစာရံ ဣသိနံ ဗြူဟိ, တံ သုဏောမ ဝစော တဝါ’’တိ။

‘‘ဧတံ တေသံ ပိဟယာမိ, အနာဂါရာန မာတလိ၊

ယမှာ ဂါမာ ပက္ကမန္တိ, အနပေက္ခာ ဝဇန္တိ တေ။

‘‘န တေသံ ကောဋ္ဌေ ဩပေန္တိ, န ကုမ္ဘိ [န ကုမ္ဘာ (သျာ။ ကံ။ ပီ။ က။)] န ကဠောပိယံ [ခဠောပိယံ (သီ။)]၊

ပရနိဋ္ဌိတမေသာနာ [ပရနိဋ္ဌိတမေသနာ (သျာ။ ကံ။ က။)], တေန ယာပေန္တိ သုဗ္ဗတာ။

‘‘သုမန္တမန္တိနော ဓီရာ, တုဏှီဘူတာ သမဉ္စရာ၊

ဒေဝါ ဝိရုဒ္ဓါ အသုရေဟိ, ပုထု မစ္စာ စ မာတလိ။

‘‘အဝိရုဒ္ဓါ ဝိရုဒ္ဓေသု, အတ္တဒဏ္ဍေသု နိဗ္ဗုတာ၊

သာဒါနေသု အနာဒါနာ, တေ နမဿာမိ မာတလီ’’တိ။

‘‘သေဋ္ဌာ ဟိ ကိရ လောကသ္မိံ, ယေ တွံ သက္က နမဿသိ၊

အဟမ္ပိ တေ နမဿာမိ, ယေ နမဿသိ ဝါသဝါ’’တိ။

‘‘ဣဒံ ဝတွာန မဃဝါ, ဒေဝရာဇာ သုဇမ္ပတိ၊

ဘိက္ခုသံဃံ နမဿိတွာ, ပမုခေါ ရထမာရုဟီ’’တိ။

ဒုတိယော ဝဂ္ဂေါ။

တဿုဒ္ဒါနံ –

ဒေဝါ ပန [ဝ တပဒေန (သီ။ သျာ။ ကံ။)] တယော ဝုတ္တာ, ဒလိဒ္ဒဉ္စ ရာမဏေယျကံ၊

ယဇမာနဉ္စ ဝန္ဒနာ, တယော သက္ကနမဿနာတိ။

၁၀-သံဃဝန္ဒနာသုတ် ၂၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည် မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာ အရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဥ်မြေသို့ သွားကုန်အံ့”ဟု ဆို၏၊ “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု အကူအညီဖြစ်သော မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ သွားရန် အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ကြားလျှောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည် ရှိသော် လက်အုပ်ချီ၍ ရဟန်းသံဃာကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ အကူအညီဖြစ်သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏- “သိကြားမင်း အကြင်လူတို့သည် ပုပ်သော အမိဝမ်း၌ ကိန်းကုန်၏၊ အမိဝမ်း တည်းဟူသော အပုပ်၌ နစ်မြုပ်ကုန်၏၊ မွတ်သိပ်ဆာလောင်ခြင်းနှင့် ပြည့်စုံကုန်၏။ ထိုလူတို့ကသာ အရှင်သိကြားမင်းကို ရှိခိုးကုန်ရာ၏။ အိမ်ရာ မထောင်သော ထိုသူတို့သည် အဘယ်အရာကို ချစ်ဘိသနည်း၊ ရသေ့ ရဟန်းတို့၏ အကျင့်ကို မိန့်ဆိုတော်မူပါလော့၊ အရှင်သိကြားမင်း၏ ထိုစကားကို နာပါကုန်အံ့”ဟု (ရွတ်ဆို၏)။ “မာတလိ ထိုရဟန်းတို့သည် အကြင်ရွာမှ ဖဲသွားကုန်၏၊ ငဲ့ကွက်ခြင်း မရှိသည် ဖြစ်၍ (ထိုရွာမှ) သွားကုန်၏၊ အိမ်ရာမထောင်ကုန်သော ထိုရဟန်းတို့၏ ဤအကျင့် ကို ချစ်၏။ ထိုရဟန်းတို့အား ကျီ၌ ဥစ္စာစပါးကို ထည့်သွင်း မထားကုန်။ အိုးတို့၌လည်းကောင်း၊ခြင်းတောင်းတို့၌လည်းကောင်း မသိုမှီးကုန်။ သူတစ်ပါးတို့ ချက်ပြုတ်၍ ပြီးသော ဆွမ်းကိုသာလျှင် ရှာမှီးကုန်၏၊ ကောင်းသော အကျင့်ရှိသော ရဟန်းတို့ သည် ရှာမှီးအပ်သော ထိုဆွမ်းတို့ဖြင့် မျှတကုန်၏။ ပညာရှိတို့သည် ကောင်းသောအတိုင်အပင်ဖြင့် တိုင်ပင်ခြင်း ရှိကုန်၏၊ ဆိတ်ဆိတ် နေခြင်းရှိကုန်သည်ဖြစ်၍ အညီအညွတ် ကျင့်ကြကုန်၏။ နတ်တို့အားမူကား အသုရာတို့နှင့် ဆန့်ကျင်ကြကုန်၏၊ များစွာသော သတ္တဝါတို့သည်လည်း (အချင်းချင်း) ဆန့်ကျင်ကြကုန်၏။ မာတလိ ဆန့်ကျင်ကုန်သော သူတို့အလယ်၌ ဆန့်ကျင်ခြင်း မရှိကုန်၊ လက်နက် ရှိကုန်သော သူတို့အလယ်၌ လက်နက်ကို စွန့်လွှတ်ပြီး ဖြစ်ကုန်၏၊ ဘဝယောနိ စသည်တို့ကို ယူခြင်းရှိကုန်သော သူတို့အလယ်၌ ဘဝယောနိ တစ်ခုခုကို ယူခြင်း မရှိကုန်၊ ထိုရဟန်းတို့ကို ငါသည် ရှိခိုး၏”ဟု မိန့်ဆို၏။ “သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း (အရှင်သိကြားမင်းသည်) အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု (ရွတ်ဆို၏)။ မဃလုလင်ဖြစ်ဖူးသော၊ သုဇာ၏ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြား မင်းသည် ဤစကားကို ဆိုပြီး၍ ရဟန်းသံဃာကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏။ ဒုတိယဝဂ် ပြီး၏။

Linked Discourses 11.20 Chapter Two Homage of the Saṅgha Near Sāvatthī in Jeta’s Grove. “Once upon a time, mendicants, Sakka, lord of gods, addressed his chariot handler Mātali, ‘My dear Mātali, harness the chariot with its team of a thousand thoroughbreds. We will go to a park and see the scenery.’ ‘Yes, lord,’ replied Mātali. He harnessed the chariot and informed Sakka, ‘Good fellow, the chariot with its team of a thousand thoroughbreds has been harnessed. Please go at your convenience.’ Then Sakka descended from the Palace of Victory, raised his cupped palms, and revered the mendicant Saṅgha. So Mātali the chariot handler addressed Sakka in verse: ‘It’s these who should worship you, namely the humans stuck in their putrid bodies, sunk in a carcass, stricken by hunger and thirst. Why then do you envy those who are homeless, Vāsava? Relate the seers’ way of life, let us hear what you say.’ ‘This is why I envy the homeless, Mātali. When they leave a village, they proceed without concern. They hoard no goods in storerooms, nor in pots or baskets. They seek food prepared by others, and, true to their vows, live on that. The attentive, whose words are full of wisdom, live peacefully and quietly. Gods fight with titans, and mortals fight each other, Mātali. Not fighting among those who fight, quenched among those who have taken up arms, not grasping among those who grasp: they’re who I worship, Mātali.’ ‘Those who you worship seem to be the best in the world, Sakka. I too will worship those who you worship, Vāsava.’ After saying this, Maghavā the chief, king of gods, Sujā’s husband, having worshiped the mendicant Saṅgha, climbed into his chariot.”

စာ-၂၃၉

၁။ ဆေတွာသုတ္တံ

၃။ တတိယဝဂ္ဂေါ

၂၆၇။ သာဝတ္ထိယံ ဇေတဝနေ။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –

‘‘ကိံသု ဆေတွာ သုခံ သေတိ, ကိံသု ဆေတွာ န သောစတိ၊

ကိဿဿု ဧကဓမ္မဿ, ဝဓံ ရောစေသိ ဂေါတမာ’’တိ။

‘‘ကောဓံ ဆေတွာ သုခံ သေတိ, ကောဓံ ဆေတွာ န သောစတိ၊

ကောဓဿ ဝိသမူလဿ, မဓုရဂ္ဂဿ ဝါသဝ၊

ဝဓံ အရိယာ ပသံသန္တိ, တဉှိ ဆေတွာ န သောစတီ’’တိ။

၃-တတိယဝဂ် ၁-ဆေတွာသုတ် ၂၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ် ပြီး၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏- “အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါသနည်း၊ အဘယ် အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း။ ဂေါတမအနွယ် ဖြစ်တော်မူသော မြတ်စွာဘုရား အဘယ်မည်သော တစ်ခုသော တရားကို ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်း”ဟု (လျှောက်၏)။ “သိကြားမင်း အမျက်ထွက်ခြင်း ‘ဒေါသ’ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်း အမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက် ‘ဒေါသ’အား ဖြတ်တောက်ခြင်း ကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက် ‘ဒေါသ’ကိုပင်လျှင် ဖြတ်တောက် သည် ရှိသော် မစိုးရိမ်ရ”ဟု (မိန့်တော်မူ၏)။

Linked Discourses 11.21 Chapter Three Slain Near Sāvatthī in Jeta’s Grove. And then Sakka, lord of gods, went up to the Buddha, bowed, stood to one side, and addressed him in verse: “When what is slain do you sleep at ease? When what is slain is there no sorrow? What is the one thing whose killing you approve?” “When anger’s slain you sleep at ease. When anger’s slain there is no sorrow. Anger has a poisonous root and a sweet tip, O Vāsava. The noble ones praise its killing, for when it’s slain there is no sorrow.”

၂။ ဒုဗ္ဗဏ္ဏိယသုတ္တံ

၂၆၈။ သာဝတ္ထိယံ ဇေတဝနေ။ တတြ ခေါ…ပေ… ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, အညတရော ယက္ခော ဒုဗ္ဗဏ္ဏော ဩကောဋိမကော သက္ကဿ ဒေဝါနမိန္ဒဿ အာသနေ နိသိန္နော အဟောသိ။ တတြ သုဒံ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘အစ္ဆရိယံ ဝတ ဘော, အဗ္ဘုတံ ဝတ, ဘော! အယံ ယက္ခော ဒုဗ္ဗဏ္ဏော ဩကောဋိမကော သက္ကဿ ဒေဝါနမိန္ဒဿ အာသနေ နိသိန္နော’’’တိ! ယထာ ယထာ ခေါ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ, တထာ တထာ သော ယက္ခော အဘိရူပတရော စေဝ ဟောတိ ဒဿနီယတရော စ ပါသာဒိကတရော စ။

‘‘အထ ခေါ, ဘိက္ခဝေ, ဒေဝါ တာဝတိံသာ ယေန သက္ကော ဒေဝါနမိန္ဒော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစုံ – ‘ဣဓ တေ, မာရိသ, အညတရော ယက္ခော ဒုဗ္ဗဏ္ဏော ဩကောဋိမကော သက္ကဿ ဒေဝါနမိန္ဒဿ အာသနေ နိသိန္နော။ တတြ သုဒံ, မာရိသ, ဒေဝါ တာဝတိံသာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – အစ္ဆရိယံ ဝတ, ဘော, အဗ္ဘုတံ ဝတ, ဘော! အယံ ယက္ခော ဒုဗ္ဗဏ္ဏော ဩကောဋိမကော သက္ကဿ ဒေဝါနမိန္ဒဿ အာသနေ နိသိန္နောတိ။ ယထာ ယထာ ခေါ, မာရိသ, ဒေဝါ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ, တထာ တထာ သော ယက္ခော အဘိရူပတရော စေဝ ဟောတိ ဒဿနီယတရော စ ပါသာဒိကတရော စာတိ။ သော ဟိ နူန, မာရိသ, ကောဓဘက္ခော ယက္ခော ဘဝိဿတီ’’’တိ။

‘‘အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ယေန သော ကောဓဘက္ခော ယက္ခော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဒက္ခိဏဇာဏုမဏ္ဍလံ ပထဝိယံ နိဟန္တွာ ယေန သော ကောဓဘက္ခော ယက္ခော တေနဉ္ဇလိံ ပဏာမေတွာ တိက္ခတ္တုံ နာမံ သာဝေတိ – ‘သက္ကောဟံ မာရိသ, ဒေဝါနမိန္ဒော, သက္ကောဟံ, မာရိသ, ဒေဝါနမိန္ဒော’တိ။ ယထာ ယထာ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော နာမံ သာဝေသိ, တထာ တထာ သော ယက္ခော ဒုဗ္ဗဏ္ဏတရော စေဝ အဟောသိ ဩကောဋိမကတရော စ။ ဒုဗ္ဗဏ္ဏတရော စေဝ ဟုတွာ ဩကောဋိမကတရော စ တတ္ထေဝန္တရဓာယီ’’တိ။ အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သကေ အာသနေ နိသီဒိတွာ ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမာ ဂါထာယော အဘာသိ –

‘‘န သူပဟတစိတ္တောမှိ, နာဝတ္တေန သုဝါနယော၊

န ဝေါ စိရာဟံ ကုဇ္ဈာမိ, ကောဓော မယိ နာဝတိဋ္ဌတိ။

‘‘ကုဒ္ဓါဟံ န ဖရုသံ ဗြူမိ, န စ ဓမ္မာနိ ကိတ္တယေ၊

သန္နိဂ္ဂဏှာမိ အတ္တာနံ, သမ္ပဿံ အတ္ထမတ္တနော’’တိ။

၂-ဒုဗ္ဗဏ္ဏိယသုတ် ၂၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤတရားစကားကို မိန့်တော်မူ၏ - ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား ရုပ်ဆင်းမလှ ပုကွသော နတ်သားတစ်ယောက်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေ၏၊ ရဟန်းတို့ ထိုအခါ၌ တာဝတိံသာနတ်တို့သည် “အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ရုပ်ဆင်းမလှ ပုကွသော ဤနတ်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေဘိ၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏။ ရဟန်းတို့ တာဝတိံသာနတ်တို့ ကဲ့ရဲ့တိုင်း ရှုတ်ချတိုင်း အပြစ်ပြောဆိုတိုင်း ထိုနတ်သားသည် ပို၍ အဆင်းလှ၏၊ ပို၍ ရှုချင်ဖွယ်ရှိ၏၊ ပို၍ ကြည်ညိုဖွယ်ရှိ၏။ ရဟန်းတို့ ထိုအခါ တာဝတိံသာနတ်တို့သည် နတ်တို့အရှင် သိကြားမင်းထံသို့ ချဥ်းကပ်ကုန်၍ သိကြားမင်းအား ဤစကားကို လျှောက်ကြကုန်၏- “အရှင်သိကြားမင်း ရုပ်ဆင်းမလှ ပုကွသော နတ်သား တစ်ယောက်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေ၏၊ အရှင်သိကြားမင်း ထိုသို့နေရာ၌ တာဝတိံသာနတ်တို့သည် ‘အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ရုပ်ဆင်း မလှ ပုကွသော ဤနတ်သားသည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေဘိ၏’ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏။ အရှင်သိကြားမင်း နတ်တို့ ကဲ့ရဲ့တိုင်း ရှုတ်ချတိုင်း အပြစ်ပြောဆို တိုင်း ထိုနတ်သားသည် ပို၍ အဆင်းလှ၏၊ ပို၍ ရှုချင်ဖွယ်ရှိ၏၊ ပို၍ ကြည်ညိုဖွယ်ရှိ၏”ဟု ဆိုကုန်၏။ အချင်းနတ်တို့ ထိုနတ်သည် ကောဓဘက္ခအမည်ရှိသော နတ်ဖြစ်လိမ့်မည် ထင်၏”ဟု ဆို၏။ ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ထိုကောဓဘက္ခနတ်သားထံသို့ ချဥ်းကပ်၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို စံပယ်တင်လျက် လက်ယာဒူးကို မြေ၌ ထောက်ကာ ထိုကောဓဘက္ခနတ်သား ထံသို့ လက်အုပ်ချီလျက် “အချင်း အကျွန်ုပ်သည် နတ်တို့အရှင် သိကြားမင်းတည်း၊ အချင်း အကျွန်ုပ်သည် နတ်တို့အရှင် သိကြားမင်းတည်း”ဟု သုံးကြိမ်တိုင် အမည်ကို ပြောကြား၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် အမည်ကို ပြောကြားတိုင်း ပြောကြားတိုင်း ထိုနတ်သည် ပို၍ အဆင်း မလှသည် ပို၍ အရုပ်ဆိုးသည် ပို၍ ပုကွသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏၊ ရဟန်းတို့ ထိုအခါ နတ်တို့ အရှင် သိကြားမင်းသည် မိမိနေရာ၌ ထိုင်၍ တာဝတိံသာနတ်တို့ကို ဆုံးမလိုရကား ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏- “ငါသည် ထိပါးလိုစိတ် မရှိ၊ အမျက်၏ အလိုသို့ လိုက်စေရန် မလွယ်ကူ၊ ငါသည် ကြာမြင့်စွာသော ကာလပတ်လုံး အမျက် မထွက်၊ ငါ၌ အမျက် ‘ဒေါသ’သည် မတည်။ ငါသည် အမျက် ‘ဒေါသ’ထွက်သောကြောင့် ကြမ်းတမ်းသော စကားကို မဆို၊ အကုသိုလ်တရားတို့ကို့မပြောကြားရာ၊ မိမိအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ မိမိကိုယ်ကို ကောင်းစွာ နှိမ်၏”ဟု (ရွတ်ဆို၏)။

Linked Discourses 11.22 Chapter Three Ugly Near Sāvatthī in Jeta’s Grove. “Once upon a time, mendicants, there was a native spirit who was ugly and deformed. He sat on the throne of Sakka, lord of gods. But the gods of the thirty-three complained, grumbled, and objected, ‘Oh lord, how incredible, how amazing! This ugly and deformed spirit is sitting on the throne of Sakka, the lord of gods.’ But the more the gods complained, the more attractive, good-looking, and lovely that spirit became. So the gods went up to Sakka and told him what had happened. He replied, ‘Surely, good fellow, that must be the anger-eating spirit!’ Then Sakka went up to that spirit, arranged his robe over one shoulder, knelt on his right knee, raised his joined palms toward the anger-eating spirit, and pronounced his name three times: ‘Good fellow, I am Sakka, lord of gods! Good fellow, I am Sakka, the lord of gods!’ But the more Sakka pronounced his name, the uglier and more deformed the spirit became, until eventually it vanished right there. Then Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘My mind isn’t easily upset; I’m not easily drawn into the maelstrom. I don’t get angry for long, anger doesn’t last in me. When I do get angry I don’t speak harshly, nor do I advertise my own virtues. I carefully restrain myself out of regard for my own welfare.’”

၃။ သမ္ဗရိမာယာသုတ္တံ

၂၆၉။ သာဝတ္ထိယံ…ပေ… ဘဂဝါ ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော အာဗာဓိကော အဟောသိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော ယေန ဝေပစိတ္တိ အသုရိန္ဒော တေနုပသင်္ကမိ ဂိလာနပုစ္ဆကော။ အဒ္ဒသာ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန သက္ကံ ဒေဝါနမိန္ဒံ ဧတဒဝေါစ – ‘တိကိစ္ဆ မံ ဒေဝါနမိန္ဒာ’တိ။ ‘ဝါစေဟိ မံ, ဝေပစိတ္တိ, သမ္ဗရိမာယ’န္တိ။ ‘န တာဝါဟံ ဝါစေမိ, ယာဝါဟံ, မာရိသ, အသုရေ ပဋိပုစ္ဆာမီ’’’တိ။ ‘‘အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော အသုရေ ပဋိပုစ္ဆိ – ‘ဝါစေမဟံ, မာရိသာ, သက္ကံ ဒေဝါနမိန္ဒံ သမ္ဗရိမာယ’န္တိ? ‘မာ ခေါ တွံ, မာရိသ, ဝါစေသိ သက္ကံ ဒေဝါနမိန္ဒံ သမ္ဗရိမာယ’’’န္တိ။ အထ ခေါ, ဘိက္ခဝေ, ဝေပစိတ္တိ အသုရိန္ဒော သက္ကံ ဒေဝါနမိန္ဒံ ဂါထာယ အဇ္ဈဘာသိ –

‘‘မာယာဝီ မဃဝါ သက္က, ဒေဝရာဇ သုဇမ္ပတိ၊

ဥပေတိ နိရယံ ဃောရံ, သမ္ဗရောဝ သတံ သမ’’န္တိ။

၃-သမ္ဗရိမာယာသုတ် ၂၆၉။ သာဝတ္ထိနိဒါန်း။ပ။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ - ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား ဝေပစိတ္တိအသုရိန်သည် ဆင်းရဲခြင်းသို့ ရောက်ကာ ပြင်းစွာ နာကျင်သည် ဖြစ်၍ အနာရောဂါ ရခဲ့လေ၏၊ ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်ထံသို့ သူနာမေးလို သည် ဖြစ်၍ ချဥ်းကပ်၏၊ ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်း လာသည်ကို အဝေးကပင်လျှင် မြင်၍ “သိကြားမင်း ငါ့ကို ဆေးကုပါလော့”ဟု ဤသို့ စကားကို ဆို၏၊ သမ္ဗရိအသုရာ၏ လှည့်စားမှုမာယာကို ငါ့အား သင်ဦးလော့ဟု (သိကြားမင်း) ဆို၏၊ အချင်းသိကြားမင်း အသုရာတို့ကို ငါ မေးမြန်းပြီးသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့ဟု ဆို၏၊ ရဟန်းတို့ ထိုအချိန်၌ ဝေပစိတ္တိအသုရိန်သည် အသုရာတို့ကို “အချင်းအသုရာတို့ ငါသည် နတ်တို့အရှင် သိကြားမင်းအား သမ္ဗရိအသုရာ၏ လှည့်စားမှု မာယာကို သင်ပေးရအံ့လော”ဟု မေး၏၊ အချင်း ဝေပစိတ္တိအသုရိန် သင်သည် နတ်တို့အရှင် သိကြားမင်း အား သမ္ဗရိအသုရာ၏ လှည့်စားမှုမာယာကို မသင်ပေးလင့်ဟု ဆိုကုန်၏။ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိ အသုရိန်သည် နတ်တို့အရှင် သိကြားမင်းအား ဂါထာဖြင့် ရွတ်ဆို ပြောကြား၏- “သဒ္ဓါစသား များသော ဥစ္စာရှိသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ နတ်တို့၏ မင်းဖြစ်သော သိကြားမင်း (သိကြားမင်းသည်) သမ္ဗရိမည်သော အသုရာ၏ မာယာ ကို တတ်သည်ရှိသော် ‘သမ္ဗရိအသုရာကဲ့သို့’ အနှစ်တစ်ရာပတ်လုံး ကြမ်းကြုတ် သော ငရဲသို့ ရောက်ရာ၏”ဟု (ရွတ်ဆို ပြောကြား၏)။

Linked Discourses 11.23 Chapter Three The Sambari Sorcery At Sāvatthī. The Buddha said this: “Once upon a time, mendicants, Vepacitti, lord of titans, was sick, suffering, gravely ill. So Sakka went to see him to ask after his illness. Vepacitti saw Sakka coming off in the distance, and said to him, ‘Heal me, lord of gods!’ ‘Teach me, Vepacitti, the Sambari sorcery.’ ‘I can’t do that, good fellow, until I have consulted with the titans.’ Then Vepacitti, lord of titans, asked the titans, ‘Good fellows, may I teach the Sambari sorcery to Sakka, lord of gods?’ ‘Do not, good fellow, teach the Sambari sorcery to Sakka!’ So Vepacitti addressed Sakka in verse: ‘O Maghavā, O Sakka, king of gods, Sujā’s husband: a sorceror like Sambara falls into the terrible hell for a full century.’”

၄။ အစ္စယသုတ္တံ

၂၇၀။ သာဝတ္ထိယံ…ပေ… အာရာမေ။ တေန ခေါ ပန သမယေန ဒွေ ဘိက္ခူ သမ္ပယောဇေသုံ။ တတြေကော ဘိက္ခု အစ္စသရာ။ အထ ခေါ သော ဘိက္ခု တဿ ဘိက္ခုနော သန္တိကေ အစ္စယံ အစ္စယတော ဒေသေတိ၊ သော ဘိက္ခု နပ္ပဋိဂ္ဂဏှာတိ။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ, ဘန္တေ, ဒွေ ဘိက္ခူ သမ္ပယောဇေသုံ, တတြေကော ဘိက္ခု အစ္စသရာ။ အထ ခေါ သော, ဘန္တေ, ဘိက္ခု တဿ ဘိက္ခုနော သန္တိကေ အစ္စယံ အစ္စယတော ဒေသေတိ, သော ဘိက္ခု နပ္ပဋိဂ္ဂဏှာတီ’’တိ။

‘‘ဒွေမေ, ဘိက္ခဝေ, ဗာလာ။ ယော စ အစ္စယံ အစ္စယတော န ပဿတိ, ယော စ အစ္စယံ ဒေသေန္တဿ ယထာဓမ္မံ နပ္ပဋိဂ္ဂဏှာ’’တိ – ဣမေ ခေါ, ဘိက္ခဝေ, ဒွေ ဗာလာ။ ‘‘ဒွေမေ, ဘိက္ခဝေ, ပဏ္ဍိတာ။ ယော စ အစ္စယံ အစ္စယတော ပဿတိ, ယော စ အစ္စယံ ဒေသေန္တဿ ယထာဓမ္မံ ပဋိဂ္ဂဏှာ’’တိ – ဣမေ ခေါ, ဘိက္ခဝေ, ဒွေ ပဏ္ဍိတာ။

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဓမ္မာယံ သဘာယံ ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘ကောဓော ဝေါ ဝသမာယာတု, မာ စ မိတ္တေဟိ ဝေါ ဇရာ၊

အဂရဟိယံ မာ ဂရဟိတ္ထ, မာ စ ဘာသိတ္ထ ပေသုဏံ၊

အထ ပါပဇနံ ကောဓော, ပဗ္ဗတောဝါဘိမဒ္ဒတီ’’တိ။

၄-အစ္စယသုတ် ၂၇၀။ သာဝတ္ထိနိဒါန်း။ပ။ ထိုအခါ ရဟန်းနှစ်ပါးတို့သည် ငြင်းခုံကြကုန်၏၊ ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါးသည် အလွန်အကျူး ပြောဆို၏၊ ထိုအခါ ထိုအလွန်အကျူး ပြောဆိုမိသော ရဟန်းသည် ထိုရဟန်း၏ အထံ၌ အပြစ်ကို အပြစ်အလျောက် ပြောကြား၏၊ ထိုရဟန်းသည် သည်းမခံ။ ထိုအခါ များစွာ ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ရဟန်းနှစ်ပါးသည် ငြင်းခုံကြကုန်၏၊ ထို ရဟန်းတို့တွင် ရဟန်းတစ်ပါးသည် အလွန်အကျူး ပြောဆိုပါ၏၊ အသျှင်ဘုရား ထိုအခါ ထိုအလွန်အကျူး ပြောဆိုမိသော ရဟန်းသည် ထိုရဟန်း၏ အထံ၌ အပြစ်ကို အပြစ်အလျောက် ပြောကြား၏၊ ထိုရဟန်းသည် သည်းမခံပါ”ဟု လျှောက်ကုန်၏။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အပြစ်အလျောက် အပြစ်ကို မမြင်သူ၊ အပြစ်ကို ပြောကြားသည်ရှိသော် တရားအလျောက် လက်မခံသူတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အပြစ်ကို အပြစ်အလျောက် မြင်သူ၊ အပြစ်ကို ပြောကြားသည် ရှိသော် တရားအလျောက် လက်ခံသူတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် သုဓမ္မာသဘင်၌ တာဝတိသာ နတ်တို့ကို ဆုံးမလိုသည် ဖြစ်၍ ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏- “အမျက် ‘ဒေါသ’သည် သင်နတ်တို့၏ အလိုသို့ မလိုက်ပါစေလင့်၊ သင်နတ်တို့ အား အဆွေခင်ပွန်းတို့ဖြင့် မိတ်မပျက်စေလင့်၊ မကဲ့ရဲ့ထိုက်သူကို မကဲ့ရဲ့ကြကုန် လင့်၊ ကုန်းတိုက်စကားကို မဆိုကြကုန်လင့်၊ ထိုသို့မဟုတ်ခဲ့သော် အမျက် ‘ဒေါသ’ သည် လူယုတ်ကို ‘တောင်ကဲ့သို့’ လွှမ်းမို့းနှိမ်နင်းနိုင်၏”ဟု (ရွတ်ဆို၏)။

Linked Discourses 11.24 Chapter Three Transgression At Sāvatthī. Now at that time two mendicants had clashed. One of them transgressed against the other. The transgressor confessed to the other mendicant, but they didn’t accept it. Then several mendicants went up to the Buddha, bowed, sat down to one side, and told him what had happened. “Mendicants, there are two fools. One who doesn’t recognize when they’ve made a mistake. And one who doesn’t properly accept the confession of someone who’s made a mistake. These are the two fools. There are two who are astute. One who recognizes when they’ve made a mistake. And one who properly accepts the confession of someone who’s made a mistake. These are the two who are astute. Once upon a time, mendicants, Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘Control your anger; don’t let friendships decay. Don’t blame the blameless, and don’t backbite. For anger crushes bad people like a mountain.’”

၅။ အက္ကောဓသုတ္တံ

၂၇၁။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ…ပေ… ဘဂဝါ ဧတဒဝေါစ – ‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သုဓမ္မာယံ သဘာယံ ဒေဝေ တာဝတိံသေ အနုနယမာနော တာယံ ဝေလာယံ ဣမံ ဂါထံ အဘာသိ –

‘‘မာ ဝေါ ကောဓော အဇ္ဈဘဝိ, မာ စ ကုဇ္ဈိတ္ထ ကုဇ္ဈတံ၊

အက္ကောဓော အဝိဟိံသာ စ, အရိယေသု စ ပဋိပဒါ [ဝသတီ သဒါ (သီ။ သျာ။ ကံ။ ပီ။)]၊

အထ ပါပဇနံ ကောဓော, ပဗ္ဗတောဝါဘိမဒ္ဒတီ’’တိ။

တတိယော ဝဂ္ဂေါ။

တဿုဒ္ဒါနံ –

ဆေတွာ ဒုဗ္ဗဏ္ဏိယမာယာ, အစ္စယေန အကောဓနော၊

ဒေသိတံ ဗုဒ္ဓသေဋ္ဌေန, ဣဒဉှိ သက္ကပဉ္စကန္တိ။

သက္ကသံယုတ္တံ သမတ္တံ။

သဂါထာဝဂ္ဂေါ ပဌမော။

တဿုဒ္ဒါနံ –

ဒေဝတာ ဒေဝပုတ္တော စ, ရာဇာ မာရော စ ဘိက္ခုနီ၊

ဗြဟ္မာ ဗြာဟ္မဏ ဝင်္ဂီသော, ဝနယက္ခေန ဝါသဝေါတိ။

သဂါထာဝဂ္ဂသံယုတ္တပါဠိ နိဋ္ဌိတာ။

၅-အက္ကောဓသုတ် ၂၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား။ပ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ “ရဟန်းတို့ ရှေးကဖြစ် ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် သုဓမ္မာသဘင်၌ တာဝတိံသာနတ်တို့ကို ဆုံးမလိုသည်ဖြစ်၍ ဤဂါထာကို ရွတ်ဆို၏- “အချင်းနတ်တို့ သင်တို့အား အမျက် ‘ဒေါသ’ သည် မလွှမ်းမိုးစေလင့်၊ အမျက် ထွက်သူတို့အား ပြန်၍ အမျက်မထွက်ကုန်လင့်။ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ မညှဥ်းဆဲခြင်းသည်လည်းကောင်း အရိယာတို့၏ အကျင့်တည်း။ ထိုသို့ မဟုတ်ခဲ့သော် အမျက် ‘ဒေါသ’ သည် လူယုတ်ကို ‘တောင်ကဲ့သို့’ လွှမ်းမိုး နှိမ်နင်းနိုင်၏”ဟု (ရွတ်ဆို၏)။ တတိယဝဂ် ပြီး၏။ သက္ကသံယုတ် ပြီး၏။ သဂါထာဝဂ္ဂသံယုတ် ပြီး၏။

Linked Discourses 11.25 Chapter Three Don’t Be Angry So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants: “Once upon a time, mendicants, Sakka, lord of gods, guiding the gods of the thirty-three, spoke this verse: ‘Don’t let anger be your master, don’t get angry at angry people. Kindness and harmlessness are always present in the noble ones. For anger crushes bad people like a mountain.’” The Linked Discourses with Sakka are complete. The Book With Verses is finished.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Sujato — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 10. Yakkhasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#133
  2. Vipassana Research Institute. (n.d.). 11. Sakkasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Sagāthāvaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#134