သဠာယတနဝဂ္ဂသံယုတ္တပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
သံယုတ္တနိကာယော
သဠာယတနဝဂ္ဂသံယုတ္တပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ သဠာယတနသံယုတ္တံ
၁။ အနိစ္စဝဂ္ဂေါ
၁။ အဇ္ဈတ္တာနိစ္စသုတ္တံ
၁။ ဧဝံ မေ သုတံ။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ။ ‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ –
‘‘စက္ခုံ, ဘိက္ခဝေ, အနိစ္စံ။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သောတံ အနိစ္စံ။ ယဒနိစ္စံ…ပေ… ဃာနံ အနိစ္စံ။ ယဒနိစ္စံ…ပေ… ဇိဝှါ အနိစ္စာ။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ကာယော အနိစ္စော။ ယဒနိစ္စံ…ပေ… မနော အနိစ္စော။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, သောတသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဃာနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဇိဝှါယပိ နိဗ္ဗိန္ဒတိ, ကာယသ္မိမ္ပိ နိဗ္ဗိန္ဒတိ, မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ပဌမံ။
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည်မြတ်စွာ ဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ မျက်စိသည် မမြဲ၊ မမြဲသော မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် ‘အတ္တ’မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါမဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ နားသည် မမြဲ၊ မမြဲသော နားသည်။ပ။ နှာခေါင်းသည် မမြဲ၊ မမြဲသော နှာခေါင်းသည်။ပ။ လျှာသည် မမြဲ၊ မမြဲသော လျှာသည် ဆင်းရဲ၏၊ ဆင်းရဲသော လျှာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ်‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ကိုယ်သည် မမြဲ၊ မမြဲသောကိုယ်သည်။ပ။ စိတ်သည် မမြဲ၊ မမြဲသော စိတ်သည် ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ်‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါမဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ် ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းသောကြောင့် (ကိလေသာမှ) လွတ် မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.1 1. Impermanence The Interior as Impermanent So I have heard. At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. There the Buddha addressed the mendicants, “Mendicants!” “Venerable sir,” they replied. The Buddha said this: “Mendicants, the eye is impermanent. What’s impermanent is suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ The ear is impermanent. … The nose is impermanent. … The tongue is impermanent. … The body is impermanent. … The mind is impermanent. What’s impermanent is suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၂။ အဇ္ဈတ္တဒုက္ခသုတ္တံ
၂။ ‘‘စက္ခုံ, ဘိက္ခဝေ, ဒုက္ခံ။ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သောတံ ဒုက္ခံ…ပေ… ဃာနံ ဒုက္ခံ… ဇိဝှါ ဒုက္ခာ… ကာယော ဒုက္ခော… မနော ဒုက္ခော။ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ’’တိ။ ဒုတိယံ။
၂-အဇ္ဈတ္တဒုက္ခသုတ် ၂။ ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ဆင်းရဲ၏။ပ။ နှာခေါင်းသည် ဆင်းရဲ၏။ပ။ လျှာသည် ဆင်းရဲ၏။ပ။ကိုယ်သည် ဆင်းရဲ၏။ပ။ စိတ်သည်ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု့ ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့် တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.2 1. Impermanence The Interior as Suffering “Mendicants, the eye is suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ The ear, nose, tongue, body, and mind are suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ Seeing this … They understand: ‘… there is nothing further for this place.’”
၃။ အဇ္ဈတ္တာနတ္တသုတ္တံ
၃။ ‘‘စက္ခုံ, ဘိက္ခဝေ, အနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သောတံ အနတ္တာ…ပေ… ဃာနံ အနတ္တာ… ဇိဝှါ အနတ္တာ… ကာယော အနတ္တာ… မနော အနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ’’တိ။ တတိယံ။
၃-အဇ္ဈတ္တာနတ္တသုတ် ၃။ ရဟန်းတို့ မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ် ”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ လျှာသည်ကိုယ် ‘အတ္တ ’ မဟုတ်။ပ။ကိုယ်သည်ကိုယ် ‘အတ္တ’မဟုတ်။ပ။ စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ စိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ်‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.3 1. Impermanence The Interior as Not-Self “Mendicants, the eye is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ The ear, nose, tongue, body, and mind are not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ Seeing this … They understand: ‘… there is nothing further for this place.’”
၄။ ဗာဟိရာနိစ္စသုတ္တံ
၄။ ‘‘ရူပါ, ဘိက္ခဝေ, အနိစ္စာ။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနိစ္စာ။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော ရူပေသုပိ နိဗ္ဗိန္ဒတိ, သဒ္ဒေသုပိ နိဗ္ဗိန္ဒတိ, ဂန္ဓေသုပိ နိဗ္ဗိန္ဒတိ, ရသေသုပိ နိဗ္ဗိန္ဒတိ, ဖောဋ္ဌဗ္ဗေသုပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ စတုတ္ထံ။
၄-ဗာဟိရာနိစ္စသုတ် ၄။ ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသောအဆင်းသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော အဆင်းကို “ ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသောသဘောတရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော သဘောတရားကို “ ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ်‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.4 1. Impermanence The Exterior as Impermanent “Mendicants, sights are impermanent. What’s impermanent is suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ Sounds, smells, tastes, touches, and ideas are impermanent. What’s impermanent is suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ Seeing this, a learned noble disciple grows disillusioned with sights, sounds, smells, tastes, touches, and ideas. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၅။ ဗာဟိရဒုက္ခသုတ္တံ
၅။ ‘‘ရူပါ, ဘိက္ခဝေ, ဒုက္ခာ။ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ ဒုက္ခာ။ ယံ ဒုက္ခံ တဒနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ’’တိ။ ပဉ္စမံ။
၅-ဗာဟိရဒုက္ခသုတ် ၅။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော အဆင်းကို “ ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော (မဂ်) ပညာဖြင့့်ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ဆင်းရဲကုန်၏၊ ဆင်းရဲသော သဘောတရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော သဘော တရားကို “ ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။ ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.5 1. Impermanence The Exterior as Suffering “Mendicants, sights are suffering. What’s suffering is not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ …”
၆။ ဗာဟိရာနတ္တသုတ္တံ
၆။ ‘‘ရူပါ, ဘိက္ခဝေ, အနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနတ္တာ။ ယဒနတ္တာ တံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧဝံ ပဿံ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ’’တိ။ ဆဋ္ဌံ။
၆-ဗာဟိရာနတ္တသုတ် ၆။ ရဟန်းတို့ အဆင်းတို့သည်ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ကိုယ် ‘အတ္တ’ မဟုတ်သော အဆင်းကို“ ဤအဆင်းသည် ငါ့ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော သဘောတရားကို “ ဤသဘောတရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။ ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.6 1. Impermanence The Exterior as Not-Self “Mendicants, sights are not-self. And what’s not-self should be truly seen with right understanding like this: ‘This is not mine, I am not this, this is not my self.’ …”
၇။ အဇ္ဈတ္တာနိစ္စာတီတာနာဂတသုတ္တံ
၇။ ‘‘စက္ခုံ, ဘိက္ခဝေ, အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ စက္ခုသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ စက္ခုံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ စက္ခုဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ သောတံ အနိစ္စံ… ဃာနံ အနိစ္စံ… ဇိဝှါ အနိစ္စာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာယ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတာယ ဇိဝှါယ အနပေက္ခော ဟောတိ၊ အနာဂတံ ဇိဝှံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာယ ဇိဝှါယ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ကာယော အနိစ္စော…ပေ… မနော အနိစ္စော အတီတာနာဂတော၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ မနသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ မနံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ မနဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ။ သတ္တမံ။
၇-အဇ္ဈတ္တာနိစ္စာတီတာနာဂတသုတ် ၇။ ရဟန်းးတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် မမြဲ၊ ပစ္စုပ္ပန်မျက်စိ၏ မမြဲမှု၌ ကားအဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောမျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည် မမြဲ။ နှာခေါင်းသည်မမြဲ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် မမြဲ၊ ပစ္စုပ္ပန်လျှာ၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သောလျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါစွဲမက်မှု ကင်း ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် မမြဲ။ပ။ အတိတ် အနာဂတ်ဖြစ်သောစိတ်သည် မမြဲ၊ ပစ္စုပ္ပန် စိတ်၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.7 1. Impermanence The Interior as Impermanent in the Three Times “Mendicants, the eye of the past and future is impermanent, let alone the present. Seeing this, a learned noble disciple is not concerned with the eye of the past, they don’t look forward to enjoying the eye in the future, and they practice for disillusionment, dispassion, and cessation regarding the eye in the present. The ear … nose … tongue … body … mind of the past and future is impermanent, let alone the present. Seeing this, a learned noble disciple doesn’t worry about the mind of the past, they don’t look forward to enjoying the mind in the future, and they practice for disillusionment, dispassion, and cessation regarding the mind in the present.”
၈။ အဇ္ဈတ္တဒုက္ခာတီတာနာဂတသုတ္တံ
၈။ ‘‘စက္ခုံ, ဘိက္ခဝေ, ဒုက္ခံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ စက္ခုသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ စက္ခုံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ စက္ခုဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ သောတံ ဒုက္ခံ…ပေ… ဃာနံ ဒုက္ခံ…ပေ… ဇိဝှါ ဒုက္ခာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာယ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတာယ ဇိဝှါယ အနပေက္ခော ဟောတိ၊ အနာဂတံ ဇိဝှံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာယ ဇိဝှါယ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ကာယော ဒုက္ခော…ပေ… မနော ဒုက္ခော အတီတာနာဂတော၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ မနသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ မနံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ မနဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ။ အဋ္ဌမံ။
၈-အဇ္ဈတ္တဒုက္ခာတီတာနာဂတသုတ် ၈။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်မျက်စိ၏ ဆင်းရဲမှု၌ ကာ့းအဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်။ပ။ နှာခေါင်းသည်။ပ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်လျှာ၏ ဆင်းရဲမှု၌ ကားအဘယ် ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ် ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောလျှာကို ငြီး ငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် ဆင်းရဲ၏။ ပ၊ အတိတ်အနာဂတ်ဖြစ်သော စိတ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်စိတ်၏ ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ် ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.8 1. Impermanence The Interior as Suffering in the Three Times “Mendicants, the eye of the past and future is suffering, let alone the present. Seeing this, a learned noble disciple is not concerned with the eye of the past, they don’t look forward to enjoying the eye in the future, and they practice for disillusionment, dispassion, and cessation regarding the eye in the present. …”
၉။ အဇ္ဈတ္တာနတ္တာတီတာနာဂတသုတ္တံ
၉။ ‘‘စက္ခုံ, ဘိက္ခဝေ, အနတ္တာ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ စက္ခုသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ စက္ခုံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ စက္ခုဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ သောတံ အနတ္တာ…ပေ… ဃာနံ အနတ္တာ…ပေ… ဇိဝှါ အနတ္တာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာယ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတာယ ဇိဝှါယ အနပေက္ခော ဟောတိ၊ အနာဂတံ ဇိဝှံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာယ ဇိဝှါယ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ကာယော အနတ္တာ…ပေ… မနော အနတ္တာ အတီတာနာဂတော၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတသ္မိံ မနသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ မနံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ မနဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ။ နဝမံ။
၉-အဇ္ဈတ္တာနတ္တာတီတာနာဂတသုတ် ၉။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်မျက်စိ၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော မျက်စိ၌လည်း ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သောမျက်စိကိုလည်း မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော လျှာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်လျှာ၏ကိုယ် ‘အတ္တ’မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ အတိတ် အနာဂတ် ဖြစ်သော စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ ပစ္စုပ္ပန်စိတ်၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.9 1. Impermanence The Interior as Not-Self in the Three Times “Mendicants, the eye of the past and future is not-self, let alone the present. Seeing this, a learned noble disciple is not concerned with the eye of the past, they don’t look forward to enjoying the eye in the future, and they practice for disillusionment, dispassion, and cessation regarding the eye in the present. …”
၁၀။ ဗာဟိရာနိစ္စာတီတာနာဂတသုတ္တံ
၁၀။ ‘‘ရူပါ, ဘိက္ခဝေ, အနိစ္စာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာနံ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတေသု ရူပေသု အနပေက္ခော ဟောတိ၊ အနာဂတေ ရူပေ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာနံ ရူပါနံ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနိစ္စာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာနံ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတေသု ဓမ္မေသု အနပေက္ခော ဟောတိ၊ အနာဂတေ ဓမ္မေ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာနံ ဓမ္မာနံ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ။ ဒသမံ။
၁၀-ဗာဟိရာနိစ္စာတီတာနာဂတသုတ် ၁၀။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်သဘောတရားတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော သဘောတရား တို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရားတို့ကိုငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Linked Discourses 35.10 1. Impermanence The Exterior as Impermanent in the Three Times “Mendicants, sights of the past and future are impermanent, let alone the present. …”
၁၁။ ဗာဟိရဒုက္ခာတီတာနာဂတသုတ္တံ
၁၁။ ‘‘ရူပါ, ဘိက္ခဝေ, ဒုက္ခာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာနံ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတေသု ရူပေသု အနပေက္ခော ဟောတိ၊ အနာဂတေ ရူပေ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာနံ ရူပါနံ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ…ပေ။ …။ ဧကာဒသမံ။
၁၁-ဗာဟိရဒုက္ခာတီတာနာဂတသုတ် ၁၁။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် ဆင်းရဲကုန်၏၊ ပစ္စုပ္ပန်အဆင်း တို့၏ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်း တို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ပ။ ဧကာဒသမသုတ်။
Linked Discourses 35.11 1. Impermanence The Exterior as Suffering in the Three Times “Mendicants, sights of the past and future are suffering, let alone the present. …”
၁၂။ ဗာဟိရာနတ္တာတီတာနာဂတသုတ္တံ
၁၂။ ‘‘ရူပါ, ဘိက္ခဝေ, အနတ္တာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာနံ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတေသု ရူပေသု အနပေက္ခော ဟောတိ၊ အနာဂတေ ရူပေ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာနံ ရူပါနံ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနတ္တာ အတီတာနာဂတာ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နာနံ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော အတီတေသု ဓမ္မေသု အနပေက္ခော ဟောတိ၊ အနာဂတေ ဓမ္မေ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နာနံ ဓမ္မာနံ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတီ’’တိ။ ဒွါဒသမံ။
အနိစ္စဝဂ္ဂေါ ပဌမော။
တဿုဒ္ဒါနံ –
အနိစ္စံ ဒုက္ခံ အနတ္တာ စ, တယော အဇ္ဈတ္တဗာဟိရာ၊
ယဒနိစ္စေန တယော ဝုတ္တာ, တေ တေ အဇ္ဈတ္တဗာဟိရာတိ။
၁၂-ဗာဟိရာနတ္တာတီတာနာဂတသုတ် ၁၂။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည်ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်ကုန်သော အဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကိုငြီးငွေ့ခြင်းငှါ စွဲ မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့ အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည်ကိုယ်‘အတ္တ’ မဟုတ်ကုန်၊ ပစ္စုပ္ပန် သဘောတရားတို့၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သောသဘောတရားတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရား တို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ ဒွါဒသမသုတ်။ ရှေးဦးစွာသော အနိစ္စဝဂ် ပြီး၏။
Linked Discourses 35.12 1. Impermanence The Exterior as Not-Self in the Three Times “Mendicants, sights of the past and future are not-self, let alone the present. …”
၂။ ယမကဝဂ္ဂေါ
၁။ ပဌမပုဗ္ဗေသမ္ဗောဓသုတ္တံ
၁၃။ သာဝတ္ထိနိဒါနံ။ ‘‘ပုဗ္ဗေဝ မေ, ဘိက္ခဝေ, သမ္ဗောဓာ အနဘိသမ္ဗုဒ္ဓဿ ဗောဓိသတ္တဿေဝ သတော ဧတဒဟောသိ – ‘ကော နု ခေါ စက္ခုဿ အဿာဒေါ, ကော အာဒီနဝေါ, ကိံ နိဿရဏံ? ကော သောတဿ…ပေ… ကော ဃာနဿ… ကော ဇိဝှါယ… ကော ကာယဿ… ကော မနဿ အဿာဒေါ, ကော အာဒီနဝေါ, ကိံ နိဿရဏ’န္တိ? တဿ မယှံ, ဘိက္ခဝေ, ဧတဒဟောသိ – ‘ယံ ခေါ စက္ခုံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ, အယံ စက္ခုဿ အဿာဒေါ။ ယံ စက္ခုံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အယံ စက္ခုဿ အာဒီနဝေါ။ ယော စက္ခုသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ, ဣဒံ စက္ခုဿ နိဿရဏံ။ ယံ သောတံ…ပေ… ယံ ဃာနံ…ပေ… ယံ ဇိဝှံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ, အယံ ဇိဝှါယ အဿာဒေါ။ ယံ [ယာ (သီ။ သျာ။ ကံ။ ပီ။)] ဇိဝှါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ, အယံ ဇိဝှါယ အာဒီနဝေါ။ ယော ဇိဝှါယ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ, ဣဒံ ဇိဝှါယ နိဿရဏံ။ ယံ ကာယံ…ပေ… ယံ မနံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ, အယံ မနဿ အဿာဒေါ။ ယံ [ယော (သီ။ သျာ။ ကံ။ က။)] မနော အနိစ္စော ဒုက္ခော ဝိပရိဏာမဓမ္မော, အယံ မနဿ အာဒီနဝေါ။ ယော မနသ္မိံ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ, ဣဒံ မနဿ နိဿရဏ’’’န္တိ။
‘‘ယာဝကီဝဉ္စာဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ အဇ္ဈတ္တိကာနံ အာယတနာနံ ဧဝံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညာသိံ, နေဝ တာဝါဟံ, ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ [သဗ္ဗတ္ထာပိ ဧဝမေဝ ဣတိသဒ္ဒေန သဟ ဒိဿတိ] ပစ္စညာသိံ။ ယတော စ ခွါဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ အဇ္ဈတ္တိကာနံ အာယတနာနံ ဧဝံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ အဗ္ဘညာသိံ, အထာဟံ, ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ ပစ္စညာသိံ။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ – ‘အကုပ္ပါ မေ ဝိမုတ္တိ [စေတောဝိမုတ္တိ (သီ။ ပီ။ က။) ဧဝမုပရိပိ], အယမန္တိမာ ဇာတိ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ’’’တိ။ ပဌမံ။
၂-ယမကဝဂ် ၁-ပဌမ ပုဗ္ဗေသမ္ဗောဓသုတ် ၁၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဥ် ငါ့အား ဤသို့ အကြံ ဖြစ်၏ - “အဘယ်သည် မျက်စိ၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် နား၏။ အဘယ်သည် နှာခေါင်း၏။ အဘယ်သည် လျှာ၏။ အဘယ်သည်ကိုယ်၏။ အဘယ်သည် စိတ်၏သာယာဖွယ် ဖြစ်သ နည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း”ဟု အကြံ ဖြစ်၏။ ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏ -မျက်စိကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် မျက်စိ၏ သာယာဖွယ်တည်း၊ မျက်စိ၏ မမြဲခြင်း ဆင်းရဲခြင်းဖောက်ပြန်ခြင်းသဘောသည် မျက်စိ၏ အပြစ်တည်း၊ မျက်စိ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင့်းပယ်ခြင်းသည် မျက်စိ၏ ထွက်မြောက်ရာတည်း။ နားကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ နှာခေါင်းကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ လျှာကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် လျှာ၏သာယာဖွယ်တည်း၊ လျှာ၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် လျှာ၏ အပြစ်တည်း၊ လျှာ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် လျှာ၏ ထွက်မြောက်ရာတည်း။ကိုယ်ကိုစွဲ၍ ဖြစ်ပေါ်လာသော။ပ။ စိတ်ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် စိတ်၏သာယာဖွယ်တည်း၊ စိတ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် စိတ်၏ အပြစ်တည်း၊ စိတ်၌ လိုချင်စွဲမက်မှု‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် စိတ်၏ ထွက်မြောက်ရာတည်း။ ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။ ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာ တှို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.13 2. Pairs Before My Awakening (Interior) At Sāvatthī. “Mendicants, before my awakening—when I was still unawakened but intent on awakening—I thought: ‘What’s the gratification, the drawback, and the escape when it comes to the eye … ear … nose … tongue … body … and mind?’ Then it occurred to me: ‘The pleasure and happiness that arise from the eye: this is its gratification. That the eye is impermanent, suffering, and perishable: this is its drawback. Removing and giving up desire and greed for the eye: this is its escape. The pleasure and happiness that arise from the ear … nose … tongue … body … mind: this is its gratification. That the mind is impermanent, suffering, and perishable: this is its drawback. Removing and giving up desire and greed for the mind: this is its escape.’ As long as I didn’t truly understand these six interior sense fields’ gratification, drawback, and escape in this way for what they are, I didn’t announce my supreme perfect awakening in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans. But when I did truly understand these six interior sense fields’ gratification, drawback, and escape in this way for what they are, I announced my supreme perfect awakening in this world with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans. Knowledge and vision arose in me: ‘My freedom is unshakable; this is my last rebirth; now there’ll be no more future lives.’”
၂။ ဒုတိယပုဗ္ဗေသမ္ဗောဓသုတ္တံ
၁၄။ ‘‘ပုဗ္ဗေဝ မေ, ဘိက္ခဝေ, သမ္ဗောဓာ အနဘိသမ္ဗုဒ္ဓဿ ဗောဓိသတ္တဿေဝ သတော ဧတဒဟောသိ – ‘ကော နု ခေါ ရူပါနံ အဿာဒေါ, ကော အာဒီနဝေါ, ကိံ နိဿရဏံ? ကော သဒ္ဒါနံ…ပေ… ကော ဂန္ဓာနံ… ကော ရသာနံ… ကော ဖောဋ္ဌဗ္ဗာနံ… ကော ဓမ္မာနံ အဿာဒေါ, ကော အာဒီနဝေါ, ကိံ နိဿရဏ’န္တိ? တဿ မယှံ, ဘိက္ခဝေ, ဧတဒဟောသိ – ‘ယံ ခေါ ရူပေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ, အယံ ရူပါနံ အဿာဒေါ။ ယံ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ, အယံ ရူပါနံ အာဒီနဝေါ။ ယော ရူပေသု ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ, ဣဒံ ရူပါနံ နိဿရဏံ။ ယံ သဒ္ဒေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ယံ ဓမ္မေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ, အယံ ဓမ္မာနံ အဿာဒေါ။ ယံ ဓမ္မာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ, အယံ ဓမ္မာနံ အာဒီနဝေါ။ ယော ဓမ္မေသု ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ, ဣဒံ ဓမ္မာနံ နိဿရဏ’’’န္တိ။
‘‘ယာဝကီဝဉ္စာဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ ဗာဟိရာနံ အာယတနာနံ ဧဝံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညာသိံ, နေဝ တာဝါဟံ, ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ ပစ္စညာသိံ။ ယတော စ ခွါဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ ဗာဟိရာနံ အာယတနာနံ ဧဝံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ အဗ္ဘညာသိံ, အထာဟံ, ဘိက္ခဝေ, သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ ပစ္စညာသိံ။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ – ‘အကုပ္ပါ မေ ဝိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ’’’တိ။ ဒုတိယံ။
၂-ဒုတိယ ပုဗ္ဗေသမ္မောဓ သုတ် ၁၄။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဥ် ငါ့အား ဤသို့အကြံ ဖြစ်၏-“အဘယ်သည် အဆင်းတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် အသံတို့၏။ အဘယ်သည် အနံ့တို့၏။ အဘယ်သည် အရသာတို့၏။ အဘယ်သည် အတွေ့အထိတို့၏။ အဘယ်သည် သဘောတရားတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း”ဟု အကြံ ဖြစ်၏။ ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပေါ်ပြန်၏- အဆင်းတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် အဆင်းတို့၏ သာယာဖွယ်တည်း၊ အဆင်းတို့၏ မမြဲခြင်းဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် အဆင်းတို့၏ အပြစ်တည်း။ အဆင်းတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် အဆင်းတို့၏ ထွက်မြောက်ရာတည်း။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် သဘောတရားတို့၏ သာယာဖွယ်တည်း၊ သဘောတရားတို့၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် သဘောတရားတို့၏ အပြစ်တည်း။ သဘောတရားတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကိုဖျောက် ခြင်း ပယ်ခြင်းသည် သဘောတရားတို့၏ ထွက်မြောက်ရာတည်း။ ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’ တို့၏ ဤသို့့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။ ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝ တည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.14 2. Pairs Before My Awakening (Exterior) “Mendicants, before my awakening—when I was still unawakened but intent on awakening—I thought: ‘What’s the gratification, the drawback, and the escape when it comes to sights … sounds … smells … tastes … touches … and ideas?’ …”
၃။ ပဌမအဿာဒပရိယေသနသုတ္တံ
၁၅။ ‘‘စက္ခုဿာဟံ, ဘိက္ခဝေ, အဿာဒပရိယေသနံ အစရိံ။ ယော စက္ခုဿ အဿာဒေါ တဒဇ္ဈဂမံ။ ယာဝတာ စက္ခုဿ အဿာဒေါ ပညာယ မေ သော သုဒိဋ္ဌော။ စက္ခုဿာဟံ, ဘိက္ခဝေ, အာဒီနဝပရိယေသနံ အစရိံ။ ယော စက္ခုဿ အာဒီနဝေါ တဒဇ္ဈဂမံ။ ယာဝတာ စက္ခုဿ အာဒီနဝေါ ပညာယ မေ သော သုဒိဋ္ဌော။ စက္ခုဿာဟံ, ဘိက္ခဝေ, နိဿရဏပရိယေသနံ အစရိံ။ ယံ စက္ခုဿ နိဿရဏံ တဒဇ္ဈဂမံ။ ယာဝတာ စက္ခုဿ နိဿရဏံ, ပညာယ မေ တံ သုဒိဋ္ဌံ။ သောတဿာဟံ, ဘိက္ခဝေ… ဃာနဿာဟံ, ဘိက္ခဝေ… ဇိဝှါယာဟံ ဘိက္ခဝေ, အဿာဒပရိယေသနံ အစရိံ။ ယော ဇိဝှါယ အဿာဒေါ တဒဇ္ဈဂမံ။ ယာဝတာ ဇိဝှါယ အဿာဒေါ ပညာယ မေ သော သုဒိဋ္ဌော။ ဇိဝှါယာဟံ, ဘိက္ခဝေ, အာဒီနဝပရိယေသနံ အစရိံ။ ယော ဇိဝှါယ အာဒီနဝေါ တဒဇ္ဈဂမံ။ ယာဝတာ ဇိဝှါယ အာဒီနဝေါ ပညာယ မေ သော သုဒိဋ္ဌော။ ဇိဝှါယာဟံ, ဘိက္ခဝေ, နိဿရဏပရိယေသနံ အစရိံ။ ယံ ဇိဝှါယ နိဿရဏံ တဒဇ္ဈဂမံ။ ယာဝတာ ဇိဝှါယ နိဿရဏံ, ပညာယ မေ တံ သုဒိဋ္ဌံ။ မနဿာဟံ, ဘိက္ခဝေ, အဿာဒပရိယေသနံ အစရိံ။ ယော မနဿ အဿာဒေါ တဒဇ္ဈဂမံ။ ယာဝတာ မနဿ အဿာဒေါ ပညာယ မေ သော သုဒိဋ္ဌော။ မနဿာဟံ, ဘိက္ခဝေ, အာဒီနဝပရိယေသနံ အစရိံ။ ယော မနဿ အာဒီနဝေါ တဒဇ္ဈဂမံ။ ယာဝတာ မနဿ အာဒီနဝေါ ပညာယ မေ သော သုဒိဋ္ဌော။ မနဿာဟံ, ဘိက္ခဝေ, နိဿရဏပရိယေသနံ အစရိံ။ ယံ မနဿ နိဿရဏံ တဒဇ္ဈဂမံ။ ယာဝတာ မနဿ နိဿရဏံ, ပညာယ မေ တံ သုဒိဋ္ဌံ။
‘‘ယာဝကီဝဉ္စာဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ အဇ္ဈတ္တိကာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညာသိံ…ပေ… ပစ္စညာသိံ။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ – ‘အကုပ္ပါ မေ ဝိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ’’’တိ။ တတိယံ။
၃-ပဌမ အဿာဒပရိယေသနသုတ် ၁၅။ ရဟန်းတို့ ငါဘုရားသည် မျက်စိ၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏သာယာဖွယ်ကို သိခဲ့ပြီ၊ မျက်စိ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ငါသည် မျက်စိ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ အပြစ်ကို သိခဲ့ပြီ၊ မျက်စိ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် မျက်စိ၏ ထွက်မြောက်ရာကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ မျက်စိ၏ ထွက်မြောက်ရာရှိသမျှကိုပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် နား၏။ နှာခေါင်း၏။ လျှာ၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ သာယာဖွယ်ကို သိခဲ့ပြီ၊ လျှာ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် လျှာ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏အပြစ်ကို သိခဲ့ပြီ၊ လျှာ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည်လျှာ၏ ထွက်မြောက် ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ လျှာ၏ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ပ။ကိုယ်၏။ပ။ ရဟန်းတို့ ငါသည် စိတ်၏သာယာဖွယ်ကို ရှာမှီး လျက် လှည့်လည်ဖူးပြီ၊ စိတ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ စိတ်၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ အပြစ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ အပြစ်ကို သိခဲ့ပြီ၊ စိတ်၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ ထွက်မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ စိတ်၏ ထွက်မြောက် ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကားနောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေ နေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.15 2. Pairs In Search of Gratification (Interior) “Mendicants, I went in search of the eye’s gratification, and I found it. I’ve seen clearly with wisdom the full extent of the eye’s gratification. I went in search of the eye’s drawback, and I found it. I’ve seen clearly with wisdom the full extent of the eye’s drawback. I went in search of escape from the eye, and I found it. I’ve seen clearly with wisdom the full extent of escape from the eye. I went in search of the ear’s … nose’s … tongue’s … body’s … mind’s gratification, and I found it. I’ve seen clearly with wisdom the full extent of the mind’s gratification. I went in search of the mind’s drawback, and I found it. I’ve seen clearly with wisdom the full extent of the mind’s drawback. I went in search of escape from the mind, and I found it. I’ve seen clearly with wisdom the full extent of escape from the mind. As long as I didn’t truly understand these six interior sense fields’ gratification, drawback, and escape for what they are, I didn’t announce my supreme perfect awakening … But when I did truly understand … Knowledge and vision arose in me: ‘My freedom is unshakable; this is my last rebirth; now there’ll be no more future lives.’”
၄။ ဒုတိယအဿာဒပရိယေသနသုတ္တံ
၁၆။ ‘‘ရူပါနာဟံ, ဘိက္ခဝေ, အဿာဒပရိယေသနံ အစရိံ။ ယော ရူပါနံ အဿာဒေါ တဒဇ္ဈဂမံ။ ယာဝတာ ရူပါနံ အဿာဒေါ ပညာယ မေ သော သုဒိဋ္ဌော။ ရူပါနာဟံ, ဘိက္ခဝေ, အာဒီနဝပရိယေသနံ အစရိံ။ ယော ရူပါနံ အာဒီနဝေါ တဒဇ္ဈဂမံ။ ယာဝတာ ရူပါနံ အာဒီနဝေါ ပညာယ မေ သော သုဒိဋ္ဌော။ ရူပါနာဟံ, ဘိက္ခဝေ, နိဿရဏပရိယေသနံ အစရိံ။ ယံ ရူပါနံ နိဿရဏံ တဒဇ္ဈဂမံ။ ယာဝတာ ရူပါနံ နိဿရဏံ, ပညာယ မေ တံ သုဒိဋ္ဌံ။ သဒ္ဒါနာဟံ, ဘိက္ခဝေ… ဂန္ဓာနာဟံ, ဘိက္ခဝေ… ရသာနာဟံ, ဘိက္ခဝေ… ဖောဋ္ဌဗ္ဗာနာဟံ, ဘိက္ခဝေ… ဓမ္မာနာဟံ, ဘိက္ခဝေ, အဿာဒပရိယေသနံ အစရိံ။ ယော ဓမ္မာနံ အဿာဒေါ တဒဇ္ဈဂမံ။ ယာဝတာ ဓမ္မာနံ အဿာဒေါ ပညာယ မေ သော သုဒိဋ္ဌော။ ဓမ္မာနာဟံ, ဘိက္ခဝေ, အာဒီနဝပရိယေသနံ အစရိံ။ ယော ဓမ္မာနံ အာဒီနဝေါ တဒဇ္ဈဂမံ။ ယာဝတာ ဓမ္မာနံ အာဒီနဝေါ ပညာယ မေ သော သုဒိဋ္ဌော။ ဓမ္မာနာဟံ, ဘိက္ခဝေ, နိဿရဏပရိယေသနံ အစရိံ။ ယံ ဓမ္မာနံ နိဿရဏံ တဒဇ္ဈဂမံ။ ယာဝတာ ဓမ္မာနံ နိဿရဏံ, ပညာယ မေ တံ သုဒိဋ္ဌံ။ ‘‘ယာဝကီဝဉ္စာဟံ, ဘိက္ခဝေ, ဣမေသံ ဆန္နံ ဗာဟိရာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညာသိံ…ပေ… ပစ္စညာသိံ။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ – ‘အကုပ္ပါ မေ ဝိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ’’’တိ။ စတုတ္ထံ။
၄- ဒုတိယ အဿာဒပရိယေသနသုတ် ၁၆။ ရဟန်းတို့ ငါသည် အဆင်းတို့၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏သာယာဖွယ်ကို သိခဲ့ပြီ၊ အဆင်းတို့၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ အပြစ်ကို သိခဲ့ပြီ၊ အဆင်း တို့၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ထွက် မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ အဆင်းတို့၏ထွက် မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ သာယာဖွယ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ အပြစ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ထွက်မြောက်ရာကို ရှာမှီးလျက် လှည့် လည်ဖူးပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက် ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကား နောက်ဆုံးဖြစ်သောဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.16 2. Pairs In Search of Gratification (Exterior) “Mendicants, I went in search of the gratification of sights, and I found it. …”
၅။ ပဌမနောစေအဿာဒသုတ္တံ
၁၇။ ‘‘နော စေဒံ, ဘိက္ခဝေ, စက္ခုဿ အဿာဒေါ အဘဝိဿ, နယိဒံ သတ္တာ စက္ခုသ္မိံ သာရဇ္ဇေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ စက္ခုဿ အဿာဒေါ တသ္မာ သတ္တာ စက္ခုသ္မိံ သာရဇ္ဇန္တိ။ နော စေဒံ, ဘိက္ခဝေ, စက္ခုဿ အာဒီနဝေါ အဘဝိဿ, နယိဒံ သတ္တာ စက္ခုသ္မိံ နိဗ္ဗိန္ဒေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ စက္ခုဿ အာဒီနဝေါ တသ္မာ သတ္တာ စက္ခုသ္မိံ နိဗ္ဗိန္ဒန္တိ။ နော စေဒံ, ဘိက္ခဝေ, စက္ခုဿ နိဿရဏံ အဘဝိဿ, နယိဒံ သတ္တာ စက္ခုသ္မာ နိဿရေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ စက္ခုဿ နိဿရဏံ တသ္မာ သတ္တာ စက္ခုသ္မာ နိဿရန္တိ။ နော စေဒံ, ဘိက္ခဝေ, သောတဿ အဿာဒေါ အဘဝိဿ… နော စေဒံ, ဘိက္ခဝေ, ဃာနဿ အဿာဒေါ အဘဝိဿ… နော စေဒံ, ဘိက္ခဝေ, ဇိဝှါယ အဿာဒေါ အဘဝိဿ, နယိဒံ သတ္တာ ဇိဝှါယ သာရဇ္ဇေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဇိဝှါယ အဿာဒေါ, တသ္မာ သတ္တာ ဇိဝှါယ သာရဇ္ဇန္တိ။ နော စေဒံ, ဘိက္ခဝေ, ဇိဝှါယ အာဒီနဝေါ အဘဝိဿ, နယိဒံ သတ္တာ ဇိဝှါယ နိဗ္ဗိန္ဒေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဇိဝှါယ အာဒီနဝေါ, တသ္မာ သတ္တာ ဇိဝှါယ နိဗ္ဗိန္ဒန္တိ။ နော စေဒံ, ဘိက္ခဝေ, ဇိဝှါယ နိဿရဏံ အဘဝိဿ, နယိဒံ သတ္တာ ဇိဝှါယ နိဿရေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဇိဝှါယ နိဿရဏံ, တသ္မာ သတ္တာ ဇိဝှါယ နိဿရန္တိ။ နော စေဒံ, ဘိက္ခဝေ, ကာယဿ အဿာဒေါ အဘဝိဿ… နော စေဒံ, ဘိက္ခဝေ, မနဿ အဿာဒေါ အဘဝိဿ, နယိဒံ သတ္တာ မနသ္မိံ သာရဇ္ဇေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ မနဿ အဿာဒေါ, တသ္မာ သတ္တာ မနသ္မိံ သာရဇ္ဇန္တိ။ နော စေဒံ, ဘိက္ခဝေ, မနဿ အာဒီနဝေါ အဘဝိဿ, နယိဒံ သတ္တာ မနသ္မိံ နိဗ္ဗိန္ဒေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ မနဿ အာဒီနဝေါ, တသ္မာ သတ္တာ မနသ္မိံ နိဗ္ဗိန္ဒန္တိ။ နော စေဒံ, ဘိက္ခဝေ, မနဿ နိဿရဏံ အဘဝိဿ, နယိဒံ သတ္တာ မနသ္မာ နိဿရေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ မနဿ နိဿရဏံ, တသ္မာ သတ္တာ မနသ္မာ နိဿရန္တိ။ ‘‘ယာဝကီဝဉ္စ, ဘိက္ခဝေ, သတ္တာ ဣမေသံ ဆန္နံ အဇ္ဈတ္တိကာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညံသု, နေဝ တာဝ, ဘိက္ခဝေ, သတ္တာ သဒေဝကာ လောကာ သမာရကာ သဗြဟ္မကာ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ နိဿဋာ ဝိသညုတ္တာ ဝိပ္ပမုတ္တာ ဝိမရိယာဒီကတေန [ဝိပရိယာဒိကတေန (သီ။ ပီ။), ဝိပရိယာဒိကတေန (သျာ။ ကံ။ က။)] စေတသာ ဝိဟရိံသု။ ယတော စ ခေါ, ဘိက္ခဝေ, သတ္တာ ဣမေသံ ဆန္နံ အဇ္ဈတ္တိကာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ အဗ္ဘညံသု, အထ, ဘိက္ခဝေ, သတ္တာ သဒေဝကာ လောကာ သမာရကာ သဗြဟ္မကာ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ နိဿဋာ ဝိသညုတ္တာ ဝိပ္ပမုတ္တာ ဝိမရိယာဒီကတေန စေတသာ ဝိဟရန္တီ’’တိ။ ပဉ္စမံ။
၅-ပဌမ နောစေအဿာဒသုတ် ၁၇။ ရဟန်းတို့ အကယ်၍ မျက်စိ၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ မျက်စိ၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ မျက်စိ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိမှမထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် မျက်စိမှ ထွက်မြောက်နိုင် ကုန်၏။ ရဟန်းတို့ အကယ်၍ နား၏ သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ နှာခေါင်း၏ သာယာ ဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ လျှာ၏ သာယာဖွယ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မစွဲလမ်း ကုန်ရာ၊ ရဟန်းတို့ လျှာ၏ သာယာဖွယ်ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ အပြစ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ လျှာ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် လျှာ၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူသတ္တဝါတို့သည် လျှာမှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ လျှာ၏ ထွက်မြောက်ရာရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာမှ ထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ အကယ်၍ ကိုယ်၏သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ စိတ်၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါ တို့သည် စိတ်၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ စိတ်၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ စိတ်၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်၌ မငြီး ငွေ့ကုန်ရာ၊ ရဟန်းတို့ စိတ်၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့အကယ်၍ စိတ်၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ စိတ်၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်မှ ထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’ တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့် မနေကြရကုန်။ ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’ တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.17 2. Pairs If There Were No Gratification (Interior) “Mendicants, if there were no gratification in the eye, sentient beings wouldn’t be aroused by it. But since there is gratification in the eye, sentient beings are aroused by it. If the eye had no drawback, sentient beings wouldn’t grow disillusioned with it. But since the eye has a drawback, sentient beings do grow disillusioned with it. If there were no escape from the eye, sentient beings wouldn’t escape from it. But since there is an escape from the eye, sentient beings do escape from it. If there were no gratification in the ear … nose … tongue … body … mind, sentient beings wouldn’t be aroused by it. But since there is gratification in the mind, sentient beings are aroused by it. If the mind had no drawback, sentient beings wouldn’t grow disillusioned with it. But since the mind has a drawback, sentient beings do grow disillusioned with it. If there were no escape from the mind, sentient beings wouldn’t escape from it. But since there is an escape from the mind, sentient beings do escape from it. As long as sentient beings don’t truly understand these six interior sense fields’ gratification, drawback, and escape for what they are, they haven’t escaped from this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—and they don’t live detached, liberated, with mind free of boundaries. But when sentient beings truly understand these six interior sense fields’ gratification, drawback, and escape for what they are, they’ve escaped from this world—with its gods, Māras, and divinities, this population with its ascetics and brahmins, its gods and humans—and they live detached, liberated, with mind free of boundaries.”
၆။ ဒုတိယနောစေအဿာဒသုတ္တံ
၁၈။ ‘‘နော စေဒံ, ဘိက္ခဝေ, ရူပါနံ အဿာဒေါ အဘဝိဿ, နယိဒံ သတ္တာ ရူပေသု သာရဇ္ဇေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ရူပါနံ အဿာဒေါ, တသ္မာ သတ္တာ ရူပေသု သာရဇ္ဇန္တိ။ နော စေဒံ, ဘိက္ခဝေ, ရူပါနံ အာဒီနဝေါ အဘဝိဿ, နယိဒံ သတ္တာ ရူပေသု နိဗ္ဗိန္ဒေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ရူပါနံ အာဒီနဝေါ, တသ္မာ သတ္တာ ရူပေသု နိဗ္ဗိန္ဒန္တိ။ နော စေဒံ, ဘိက္ခဝေ, ရူပါနံ နိဿရဏံ အဘဝိဿ, နယိဒံ သတ္တာ ရူပေဟိ နိဿရေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ရူပါနံ နိဿရဏံ, တသ္မာ သတ္တာ ရူပေဟိ နိဿရန္တိ။ နော စေဒံ, ဘိက္ခဝေ, သဒ္ဒါနံ… ဂန္ဓာနံ… ရသာနံ… ဖောဋ္ဌဗ္ဗာနံ… ဓမ္မာနံ အဿာဒေါ အဘဝိဿ, နယိဒံ သတ္တာ ဓမ္မေသု သာရဇ္ဇေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဓမ္မာနံ အဿာဒေါ, တသ္မာ သတ္တာ ဓမ္မေသု သာရဇ္ဇန္တိ။ နော စေဒံ, ဘိက္ခဝေ, ဓမ္မာနံ အာဒီနဝေါ အဘဝိဿ, နယိဒံ သတ္တာ ဓမ္မေသု နိဗ္ဗိန္ဒေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဓမ္မာနံ အာဒီနဝေါ, တသ္မာ သတ္တာ ဓမ္မေသု နိဗ္ဗိန္ဒန္တိ။ နော စေဒံ, ဘိက္ခဝေ, ဓမ္မာနံ နိဿရဏံ အဘဝိဿ, နယိဒံ သတ္တာ ဓမ္မေဟိ နိဿရေယျုံ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, အတ္ထိ ဓမ္မာနံ နိဿရဏံ, တသ္မာ သတ္တာ ဓမ္မေဟိ နိဿရန္တိ။
‘‘ယာဝကီဝဉ္စ, ဘိက္ခဝေ, သတ္တာ ဣမေသံ ဆန္နံ ဗာဟိရာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ နာဗ္ဘညံသု, နေဝ တာဝ, ဘိက္ခဝေ, သတ္တာ သဒေဝကာ လောကာ သမာရကာ သဗြဟ္မကာ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ နိဿဋာ ဝိသညုတ္တာ ဝိပ္ပမုတ္တာ ဝိမရိယာဒီကတေန စေတသာ ဝိဟရိံသု။ ယတော စ ခေါ, ဘိက္ခဝေ, သတ္တာ ဣမေသံ ဆန္နံ ဗာဟိရာနံ အာယတနာနံ အဿာဒဉ္စ အဿာဒတော, အာဒီနဝဉ္စ အာဒီနဝတော, နိဿရဏဉ္စ နိဿရဏတော ယထာဘူတံ အဗ္ဘညံသု, အထ, ဘိက္ခဝေ, သတ္တာ သဒေဝကာ လောကာ သမာရကာ သဗြဟ္မကာ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ နိဿဋာ ဝိသညုတ္တာ ဝိပ္ပမုတ္တာ ဝိမရိယာဒီကတေန စေတသာ ဝိဟရန္တီ’’တိ။ ဆဋ္ဌံ။
၆-ဒုတိယ နောစေအဿာဒသုတ် ၁၈။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၌ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည်အဆင်း တို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်အဆင်းတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် အဆင်းတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ ထွက်မြောက်ရာမရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့ မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါ တို့သည် အဆင်းတို့မှ ထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ အကယ်၍ အသံတို့၏။ အနံ့တို့၏။ အရသာ တို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏သာယာဖွယ်သည် မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘော တရားတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်သဘောတရားတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ သဘောတရားတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် သဘောတရားတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘောတရားတို့မှ မထွက်မြောက်နိုင် ကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့မှထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှကျွတ်လွတ် ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်မနေကြရကုန်။ ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.18 2. Pairs If There Were No Gratification (Exterior) “Mendicants, if there were no gratification in sights, sentient beings wouldn’t be aroused by them. …”
၇။ ပဌမာဘိနန္ဒသုတ္တံ
၁၉။ ‘‘ယော, ဘိက္ခဝေ, စက္ခုံ အဘိနန္ဒတိ, ဒုက္ခံ သော အဘိနန္ဒတိ။ ယော ဒုက္ခံ အဘိနန္ဒတိ, အပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော သောတံ…ပေ… ယော ဃာနံ…ပေ… ယော ဇိဝှံ အဘိနန္ဒတိ, ဒုက္ခံ သော အဘိနန္ဒတိ။ ယော ဒုက္ခံ အဘိနန္ဒတိ, အပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော ကာယံ…ပေ… ယော မနံ အဘိနန္ဒတိ, ဒုက္ခံ သော အဘိနန္ဒတိ။ ယော ဒုက္ခံ အဘိနန္ဒတိ, အပရိမုတ္တော သော ဒုက္ခသ္မာ’’တိ ဝဒါမိ။
‘‘ယော စ ခေါ, ဘိက္ခဝေ, စက္ခုံ နာဘိနန္ဒတိ, ဒုက္ခံ သော နာဘိနန္ဒတိ။ ယော ဒုက္ခံ နာဘိနန္ဒတိ, ပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော သောတံ…ပေ… ယော ဃာနံ…ပေ… ယော ဇိဝှံ နာဘိနန္ဒတိ, ဒုက္ခံ သော နာဘိနန္ဒတိ။ ယော ဒုက္ခံ နာဘိနန္ဒတိ, ပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော ကာယံ…ပေ… ယော မနံ နာဘိနန္ဒတိ, ဒုက္ခံ သော နာဘိနန္ဒတိ။ ယော ဒုက္ခံ နာဘိနန္ဒတိ, ပရိမုတ္တော သော ဒုက္ခသ္မာ’’တိ ဝဒါမိ။ သတ္တမံ။
၇-ပဌမာဘိနန္ဒသုတ် ၁၉။ ရဟန်းတို့ အကြင်သူသည် မျက်စိကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကိုနှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ ရဟန်းတို့ အကြင်သူသည်ကား မျက်စိကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည်ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကိုမနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.19 2. Pairs Taking Pleasure (Interior) “Mendicants, if you take pleasure in the eye, you take pleasure in suffering. If you take pleasure in suffering, you’re not free from suffering, I say. If you take pleasure in the ear … nose … tongue … body … mind, you take pleasure in suffering. If you take pleasure in suffering, you’re not free from suffering, I say. If you don’t take pleasure in the eye, you don’t take pleasure in suffering. If you don’t take pleasure in suffering, you’re free from suffering, I say. If you don’t take pleasure in the ear … nose … tongue … body … mind, you don’t take pleasure in suffering. If you don’t take pleasure in suffering, you’re free from suffering, I say.”
၈။ ဒုတိယာဘိနန္ဒသုတ္တံ
၂၀။ ‘‘ယော, ဘိက္ခဝေ, ရူပေ အဘိနန္ဒတိ, ဒုက္ခံ သော အဘိနန္ဒတိ။ ယော ဒုက္ခံ အဘိနန္ဒတိ, အပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော သဒ္ဒေ…ပေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ အဘိနန္ဒတိ, ဒုက္ခံ သော အဘိနန္ဒတိ။ ယော ဒုက္ခံ အဘိနန္ဒတိ, အပရိမုတ္တော သော ဒုက္ခသ္မာ’’တိ ဝဒါမိ။
‘‘ယော စ ခေါ, ဘိက္ခဝေ, ရူပေ နာဘိနန္ဒတိ, ဒုက္ခံ သော နာဘိနန္ဒတိ။ ယော ဒုက္ခံ နာဘိနန္ဒတိ, ပရိမုတ္တော သော ဒုက္ခသ္မာတိ ဝဒါမိ။ ယော သဒ္ဒေ…ပေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ နာဘိနန္ဒတိ, ဒုက္ခံ သော နာဘိနန္ဒတိ။ ယော ဒုက္ခံ နာဘိနန္ဒတိ, ပရိမုတ္တော သော ဒုက္ခသ္မာ’’တိ ဝဒါမိ။ အဋ္ဌမံ။
၈-ဒုတိယာဘိနန္ဒသုတ် ၂၀။ ရဟန်းတို့ အကြင်သူသည် အဆင်းတို့ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ အကြင်သူသည်အသံတို့ကို။ပ။ အနံ့တို့ကို။ အရသာတို့ကို။ အထိအတွေ့တို့ကို။ သဘောတရားတို့ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ ရဟန်းတို့ အကြင်သူသည်ကား အဆင်းတို့ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ အကြင်သူသည် အသံတို့ကို။ပ။ အနံ့တို့ကို။ အရသာတို့ကို။ အထိအတွေ့တို့ကို။ သဘောတရားတို့ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ့်ကင်းနိုင်၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.20 2. Pairs Taking Pleasure (Exterior) “Mendicants, if you take pleasure in sights, you take pleasure in suffering. If you take pleasure in suffering, you’re not free from suffering, I say. …”
၉။ ပဌမဒုက္ခုပ္ပါဒသုတ္တံ
၂၁။ ‘‘ယော, ဘိက္ခဝေ, စက္ခုဿ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ, ဒုက္ခဿေသော ဥပ္ပါဒေါ, ရောဂါနံ ဌိတိ, ဇရာမရဏဿ ပါတုဘာဝေါ။ ယော သောတဿ…ပေ… ယော ဃာနဿ… ယော ဇိဝှါယ… ယော ကာယဿ… ယော မနဿ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ, ဒုက္ခဿေသော ဥပ္ပါဒေါ, ရောဂါနံ ဌိတိ, ဇရာမရဏဿ ပါတုဘာဝေါ။
‘‘ယော စ ခေါ, ဘိက္ခဝေ, စက္ခုဿ နိရောဓော ဝူပသမော အတ္ထင်္ဂမော, ဒုက္ခဿေသော နိရောဓော, ရောဂါနံ ဝူပသမော, ဇရာမရဏဿ အတ္ထင်္ဂမော။ ယော သောတဿ… ယော ဃာနဿ… ယော ဇိဝှါယ… ယော ကာယဿ… ယော မနဿ နိရောဓော ဝူပသမော အတ္ထင်္ဂမော, ဒုက္ခဿေသော နိရောဓော, ရောဂါနံ ဝူပသမော, ဇရာမရဏဿ အတ္ထင်္ဂမော’’တိ။ နဝမံ။
၉-ပဌမ ဒုက္ခုပ္ပါဒသုတ် ၂၁။ ရဟန်းတို့ မျက်စိ၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။ကိုယ်၏။ စိတ်၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ ရဟန်းတို့ မျက်စိ၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ နား၏။ပ။ နှာခေါင်း၏။ လျှာ၏။ ကိုယ်၏။ စိတ်၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.21 2. Pairs The Arising of Suffering (Interior) “Mendicants, the arising, continuation, and manifestation and regeneration of the eye is the arising of suffering, the continuation of diseases, and the manifestation of old age and death. The arising, continuation, and manifestation and regeneration of the ear … nose … tongue … body … and mind is the arising of suffering, the continuation of diseases, and the manifestation of old age and death. The cessation, settling, and disappearance of the eye is the cessation of suffering, the settling of diseases, and the disappearance of old age and death. The cessation, settling, and disappearance of the ear, nose, tongue, body, and mind is the cessation of suffering, the settling of diseases, and the disappearance of old age and death.”
၁၀။ ဒုတိယဒုက္ခုပ္ပါဒသုတ္တံ
၂၂။ ‘‘ယော, ဘိက္ခဝေ, ရူပါနံ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ, ဒုက္ခဿေသော ဥပ္ပါဒေါ, ရောဂါနံ ဌိတိ, ဇရာမရဏဿ ပါတုဘာဝေါ။ ယော သဒ္ဒါနံ…ပေ… ယော ဂန္ဓာနံ… ယော ရသာနံ… ယော ဖောဋ္ဌဗ္ဗာနံ… ယော ဓမ္မာနံ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ, ဒုက္ခဿေသော ဥပ္ပါဒေါ, ရောဂါနံ ဌိတိ, ဇရာမရဏဿ ပါတုဘာဝေါ။
‘‘ယော စ ခေါ, ဘိက္ခဝေ, ရူပါနံ နိရောဓော ဝူပသမော အတ္ထင်္ဂမော, ဒုက္ခဿေသော နိရောဓော, ရောဂါနံ ဝူပသမော, ဇရာမရဏဿ အတ္ထင်္ဂမော။ ယော သဒ္ဒါနံ…ပေ… ယော ဂန္ဓာနံ… ယော ရသာနံ… ယော ဖောဋ္ဌဗ္ဗာနံ… ယော ဓမ္မာနံ နိရောဓော ဝူပသမော အတ္ထင်္ဂမော, ဒုက္ခဿေသော နိရောဓော, ရောဂါနံ ဝူပသမော, ဇရာမရဏဿ အတ္ထင်္ဂမော’’တိ။ ဒသမံ။
ယမကဝဂ္ဂေါ ဒုတိယော။
တဿုဒ္ဒါနံ –
သမ္ဗောဓေန ဒုဝေ ဝုတ္တာ, အဿာဒေန အပရေ ဒုဝေ၊
နော စေတေန ဒုဝေ ဝုတ္တာ, အဘိနန္ဒေန အပရေ ဒုဝေ၊
ဥပ္ပါဒေန ဒုဝေ ဝုတ္တာ, ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၀-ဒုတိယ ဒုက္ခုပ္ပါဒသုတ် ၂၂။ ရဟန်းတို့ အဆင်းတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ပေါ်မှု တည်မှု အသစ်ဖြစ်မှု ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ ဖြစ်မှုပင်တည်း၊ ရောဂါတို့၏ တည်တံ့မှုပင်တည်း၊ အိုခြင်းသေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ ရဟန်းတို့ အဆင်းတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါ တို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်း။ အသံတို့၏။ပ။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှုပင်တည်း၊ ရောဂါတို့၏ငြိမ်းမှုပင်တည်း၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုပင်တည်းဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ နှစ်ခုမြောက် ယမကဝဂ် ပြီး၏။
Linked Discourses 35.22 2. Pairs The Arising of Suffering (Exterior) “Mendicants, the arising, continuation, and manifestation and regeneration of sights is the arising of suffering, the continuation of diseases, and the manifestation of old age and death. The arising, continuation, and manifestation and regeneration of sounds, smells, tastes, touches, and ideas is the arising of suffering, the continuation of diseases, and the manifestation of old age and death. The cessation, settling, and disappearance of sights, sounds, smells, tastes, touches, and ideas is the cessation of suffering, the settling of diseases, and the disappearance of old age and death.”
၃။ သဗ္ဗဝဂ္ဂေါ
၁။ သဗ္ဗသုတ္တံ
၂၃။ သာဝတ္ထိနိဒါနံ။ ‘‘သဗ္ဗံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ? စက္ခုဉ္စေဝ ရူပါ စ, သောတဉ္စ [သောတဉ္စေဝ (?) ဧဝမိတရယုဂလေသုပိ] သဒ္ဒါ စ, ဃာနဉ္စ ဂန္ဓာ စ, ဇိဝှါ စ ရသာ စ, ကာယော စ ဖောဋ္ဌဗ္ဗာ စ, မနော စ ဓမ္မာ စ – ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, သဗ္ဗံ။ ယော, ဘိက္ခဝေ, ဧဝံ ဝဒေယျ – ‘အဟမေတံ သဗ္ဗံ ပစ္စက္ခာယ အညံ သဗ္ဗံ ပညာပေဿာမီ’တိ, တဿ ဝါစာဝတ္ထုကမေဝဿ [ဝါစာဝတ္ထုရေဝဿ (သီ။ ပီ။), ဝါစာဝတ္ထုဒေဝဿ (သျာ။ ကံ။)]၊ ပုဋ္ဌော စ န သမ္ပာယေယျ, ဥတ္တရိဉ္စ ဝိဃာတံ အာပဇ္ဇေယျ။ တံ ကိဿ ဟေတု? ယထာ တံ, ဘိက္ခဝေ, အဝိသယသ္မိ’’န္တိ။ ပဌမံ။
၃-သဗ္ဗဝဂ် ၁-သဗ္ဗသုတ် ၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အလုံးစုံကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့်အသံ တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်ကို အလုံးစုံဟု ဆိုအပ်၏။ ရဟန်းတို့ “ငါသည် ဤအလုံးစုံကို ပယ်စွန့်၍ တစ်ပါးသော အလုံးစုံကို ပညတ်မည်”ဟု တစ်ဦးတစ်ယာက်က ဆိုခဲ့ပါလျှင် ထိုသူ၏ စကားသည် အပြောမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော်ကား အပြည့်အစုံ မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့လည်း ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရာ မဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.23 3. All All At Sāvatthī. “Mendicants, I will teach you the all. Listen … And what is the all? It’s just the eye and sights, the ear and sounds, the nose and smells, the tongue and tastes, the body and touches, and the mind and ideas. This is called the all. Mendicants, suppose someone was to say: ‘I’ll deny this all and describe another all.’ They’d have no grounds for that claim, they’d be stumped by questions, and, in addition, they’d get frustrated. Why is that? Because they’re out of their element.”
၂။ ပဟာနသုတ္တံ
၂၄။ ‘‘သဗ္ဗပ္ပဟာနာယ [သဗ္ဗံ ပဟာနာယ (သျာ။ ကံ။ က။)] ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, သဗ္ဗပ္ပဟာနာယ ဓမ္မော? စက္ခုံ, ဘိက္ခဝေ, ပဟာတဗ္ဗံ, ရူပါ ပဟာတဗ္ဗာ, စက္ခုဝိညာဏံ ပဟာတဗ္ဗံ, စက္ခုသမ္ဖဿော ပဟာတဗ္ဗော, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပဟာတဗ္ဗံ…ပေ… ယမ္ပိဒံ သောတသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပဟာတဗ္ဗံ… ယမ္ပိဒံ ဃာနသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပဟာတဗ္ဗံ။ ဇိဝှါ ပဟာတဗ္ဗာ, ရသာ ပဟာတဗ္ဗာ, ဇိဝှါဝိညာဏံ ပဟာတဗ္ဗံ, ဇိဝှါသမ္ဖဿော ပဟာတဗ္ဗော, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပဟာတဗ္ဗံ။ ကာယော ပဟာတဗ္ဗော… မနော ပဟာတဗ္ဗော, ဓမ္မာ ပဟာတဗ္ဗာ, မနောဝိညာဏံ ပဟာတဗ္ဗံ, မနောသမ္ဖဿော ပဟာတဗ္ဗော, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပဟာတဗ္ဗံ။ အယံ ခေါ, ဘိက္ခဝေ, သဗ္ဗပ္ပဟာနာယ ဓမ္မော’’တိ။ ဒုတိယံ။
၂-ပဟာနသုတ် ၂၄။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ ဟောမည့် တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိကို ပယ်ရမည်၊ အဆင်းတို့ကို ပယ်ရမည်၊ စက္ခုဝိညာဏ်ကို ပယ်ရမည်၊ စက္ခုသမ္ဖဿကို ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို ပယ်ရမည်၊ အရသာတို့ကို ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ကိုယ်ကို ပယ်ရမည်၊ စိတ်ကို ပယ်ရမည်၊ သဘောတရားတို့ကို ပယ်ရမည်၊ မနောဝိညာဏ်ကို ပယ်ရမည်၊ မနောသမ္ဖဿကို ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံကို ပယ်ခြင်းငှါ ဟောပြအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.24 3. All Giving Up “Mendicants, I will teach you the principle for giving up the all. Listen … And what is the principle for giving up the all? The eye should be given up. Sights should be given up. Eye consciousness should be given up. Eye contact should be given up. The painful, pleasant, or neutral feeling that arises dependent on eye contact should also be given up. The ear … nose … tongue … body … mind should be given up. Ideas should be given up. Mind consciousness should be given up. Mind contact should be given up. The painful, pleasant, or neutral feeling that arises dependent on mind contact should be given up. This is the principle for giving up the all.”
၃။ အဘိညာပရိညာပဟာနသုတ္တံ
၂၅။ ‘‘သဗ္ဗံ အဘိညာ ပရိညာ ပဟာနာယ ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, သဗ္ဗံ အဘိညာ ပရိညာ ပဟာနာယ ဓမ္မော? စက္ခုံ, ဘိက္ခဝေ, အဘိညာ ပရိညာ ပဟာတဗ္ဗံ, ရူပါ အဘိညာ ပရိညာ ပဟာတဗ္ဗာ, စက္ခုဝိညာဏံ အဘိညာ ပရိညာ ပဟာတဗ္ဗံ, စက္ခုသမ္ဖဿော အဘိညာ ပရိညာ ပဟာတဗ္ဗော, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိညာ ပရိညာ ပဟာတဗ္ဗံ…ပေ… ဇိဝှါ အဘိညာ ပရိညာ ပဟာတဗ္ဗာ, ရသာ အဘိညာ ပရိညာ ပဟာတဗ္ဗာ, ဇိဝှါဝိညာဏံ အဘိညာ ပရိညာ ပဟာတဗ္ဗံ, ဇိဝှါသမ္ဖဿော အဘိညာ ပရိညာ ပဟာတဗ္ဗော, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိညာ ပရိညာ ပဟာတဗ္ဗံ။ ကာယော အဘိညာ ပရိညာ ပဟာတဗ္ဗော… မနော အဘိညာ ပရိညာ ပဟာတဗ္ဗော, ဓမ္မာ အဘိညာ ပရိညာ ပဟာတဗ္ဗာ, မနောဝိညာဏံ အဘိညာ ပရိညာ ပဟာတဗ္ဗံ, မနောသမ္ဖဿော အဘိညာ ပရိညာ ပဟာတဗ္ဗော, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိညာ ပရိညာ ပဟာတဗ္ဗံ။ အယံ ခေါ, ဘိက္ခဝေ, သဗ္ဗံ အဘိညာ ပရိညာ ပဟာနာယ ဓမ္မော’’တိ။ တတိယံ။
၃-အဘိညာပရိညာပဟာနသုတ် ၂၅။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ သင်တို့အား တရားကို ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါဟောမည့် တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အဆင်းတို့ကို အထူးသိ၍ ပိုင်းခြား သိ၍ ပယ်ရမည်၊ စက္ခုဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ အရသာကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ကိုယ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ စိတ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ သဘောတရားတို့ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောဝိညာဏ်ကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ရမည်။ ရဟန်းတို့ ဤသည်လျှင် အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်းငှါ ဟောပြအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.25 3. All Giving Up By Direct Knowledge and Complete Understanding “Mendicants, I will teach you the principle for giving up the all by direct knowledge and complete understanding. Listen … And what is the principle for giving up the all by direct knowledge and complete understanding? The eye should be given up by direct knowledge and complete understanding. Sights should be given up by direct knowledge and complete understanding. Eye consciousness should be given up by direct knowledge and complete understanding. Eye contact should be given up by direct knowledge and complete understanding. The painful, pleasant, or neutral feeling that arises dependent on eye contact should be given up by direct knowledge and complete understanding. The ear … nose … tongue … body … mind should be given up by direct knowledge and complete understanding. Ideas should be given up by direct knowledge and complete understanding. Mind consciousness should be given up by direct knowledge and complete understanding. Mind contact should be given up by direct knowledge and complete understanding. The painful, pleasant, or neutral feeling that arises dependent on mind contact should be given up by direct knowledge and complete understanding. This is the principle for giving up the all by direct knowledge and complete understanding.”
၄။ ပဌမအပရိဇာနနသုတ္တံ
၂၆။ ‘‘သဗ္ဗံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ကိဉ္စ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ? စက္ခုံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ရူပေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ စက္ခုဝိညာဏံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ စက္ခုသမ္ဖဿံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ…ပေ… ဇိဝှံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ရသေ…ပေ… ဇိဝှါဝိညာဏံ…ပေ… ဇိဝှါသမ္ဖဿံ…ပေ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ကာယံ…ပေ… မနံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ဓမ္မေ…ပေ… မနောဝိညာဏံ…ပေ… မနောသမ္ဖဿံ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ဣဒံ ခေါ, ဘိက္ခဝေ, သဗ္ဗံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။
‘‘သဗ္ဗဉ္စ ခေါ, ဘိက္ခဝေ, အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ? စက္ခုံ, ဘိက္ခဝေ, အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ရူပေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ စက္ခုဝိညာဏံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ စက္ခုသမ္ဖဿံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ…ပေ… ဇိဝှံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ရသေ…ပေ… ဇိဝှါဝိညာဏံ…ပေ… ဇိဝှါသမ္ဖဿံ…ပေ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ကာယံ…ပေ… မနံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ဓမ္မေ…ပေ… မနောဝိညာဏံ…ပေ… မနောသမ္ဖဿံ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ဣဒံ ခေါ, ဘိက္ခဝေ, သဗ္ဗံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ’’တိ။ စတုတ္ထံ။
၄-ပဌမ အပရိဇာနနသုတ် ၂၆။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ အဆင်းတို့ကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါ့နိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုဝိညာဏ်ကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုသမ္ဖဿကိုအထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ပ။ လျှာကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်။ကိုယ်ကို။ပ။ စိတ်ကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ သဘောတရားတို့ကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနောသမ္ဖဿဟူသော အ ကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြားး၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ အဆင်းတို့ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုဝိညာဏ်ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူး သိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ကိုယ်ကို။ပ။ စိတ်ကို အထူးသိလျှင်ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင် လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ သဘောတရားကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.26 3. All Without Completely Understanding (1st) “Mendicants, without directly knowing and completely understanding the all, without dispassion for it and giving it up, you can’t end suffering. And what is the all, without directly knowing and completely understanding which, without dispassion for it and giving it up, you can’t end suffering? Without directly knowing and completely understanding the eye, without dispassion for it and giving it up, you can’t end suffering. Without directly knowing and completely understanding sights … eye consciousness … eye contact … painful, pleasant, or neutral feeling that arises dependent on eye contact, without dispassion for it and giving it up, you can’t end suffering. Without directly knowing and completely understanding the ear … the nose … the tongue … the body … the mind, without dispassion for it and giving it up, you can’t end suffering. Without directly knowing and completely understanding ideas … mind consciousness … mind contact … painful, pleasant, or neutral feeling that arises dependent on mind contact, without dispassion for it and giving it up, you can’t end suffering. This is the all, without directly knowing and completely understanding which, without dispassion for it and giving it up, you can’t end suffering. By directly knowing and completely understanding the all, having dispassion for it and giving it up, you can end suffering. And what is the all, directly knowing and completely understanding which, having dispassion for it and giving it up, you can end suffering? By directly knowing and completely understanding the eye … the ear … the nose … the tongue … the body … the mind, having dispassion for it and giving it up, you can end suffering. By directly knowing and completely understanding ideas … mind consciousness … mind contact … painful, pleasant, or neutral feeling that arises dependent on mind contact, having dispassion for it and giving it up, you can end suffering. This is the all, directly knowing and completely understanding which, having dispassion for it and giving it up, you can end suffering.”
၅။ ဒုတိယအပရိဇာနနသုတ္တံ
၂၇။ ‘‘သဗ္ဗံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ? ယဉ္စ, ဘိက္ခဝေ, စက္ခု, ယေ စ ရူပါ, ယဉ္စ စက္ခုဝိညာဏံ, ယေ စ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ…ပေ… ယာ စ ဇိဝှါ, ယေ စ ရသာ, ယဉ္စ ဇိဝှါဝိညာဏံ, ယေ စ ဇိဝှါဝိညာဏဝိညာတဗ္ဗာ ဓမ္မာ၊ ယော စ ကာယော, ယေ စ ဖောဋ္ဌဗ္ဗာ, ယဉ္စ ကာယဝိညာဏံ, ယေ စ ကာယဝိညာဏဝိညာတဗ္ဗာ ဓမ္မာ၊ ယော စ မနော, ယေ စ ဓမ္မာ, ယဉ္စ မနောဝိညာဏံ, ယေ စ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ – ဣဒံ ခေါ, ဘိက္ခဝေ, သဗ္ဗံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။
‘‘သဗ္ဗံ, ဘိက္ခဝေ, အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ? ယဉ္စ, ဘိက္ခဝေ, စက္ခု, ယေ စ ရူပါ, ယဉ္စ စက္ခုဝိညာဏံ, ယေ စ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ…ပေ… ယာ စ ဇိဝှါ, ယေ စ ရသာ, ယဉ္စ ဇိဝှါဝိညာဏံ, ယေ စ ဇိဝှါဝိညာဏဝိညာတဗ္ဗာ ဓမ္မာ၊ ယော စ ကာယော, ယေ စ ဖောဋ္ဌဗ္ဗာ, ယဉ္စ ကာယဝိညာဏံ, ယေ စ ကာယဝိညာဏဝိညာတဗ္ဗာ ဓမ္မာ၊ ယော စ မနော, ယေ စ ဓမ္မာ, ယဉ္စ မနောဝိညာဏံ, ယေ စ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ – ဣဒံ ခေါ, ဘိက္ခဝေ, သဗ္ဗံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ’’တိ။ ပဉ္စမံ။
၅-ဒုတိယ အပရိဇာနနသုတ် ၂၇။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိ သေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်းတည်း။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိလည်းကောင်း၊ အဆင်းတို့လည်းကောင်း၊ စက္ခုဝိညာဏ်လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ပ။ လျှာလည်းကောင်း၊ အရသာတို့လည်းကောင်း၊ ဇိဝှါဝိညာဏ်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ကိုယ်လည်းကောင်း၊ အတွေ့အထိတို့လည်းကောင်း၊ ကာယဝိညာဏ်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့လည်းကောင်း။ စိတ်လည်းကောင်း၊ သဘောတရားတို့လည်းကောင်း၊ မနောဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.27 3. All Without Completely Understanding (2nd) “Mendicants, without directly knowing and completely understanding the all, without dispassion for it and giving it up, you can’t end suffering. And what is the all, without directly knowing and completely understanding which, without dispassion for it and giving it up, you can’t end suffering? The eye, sights, eye consciousness, and things knowable by eye consciousness. The ear … nose … tongue … body … The mind, ideas, mind consciousness, and things knowable by mind consciousness. This is the all, without directly knowing and completely understanding which, without dispassion for it and giving it up, you can’t end suffering. By directly knowing and completely understanding the all, having dispassion for it and giving it up, you can end suffering. And what is the all, directly knowing and completely understanding which, having dispassion for it and giving it up, you can end suffering? The eye, sights, eye consciousness, and things knowable by eye consciousness. The ear … nose … tongue … body … The mind, ideas, mind consciousness, and things knowable by mind consciousness. This is the all, directly knowing and completely understanding which, having dispassion for it and giving it up, you can end suffering.”
၆။ အာဒိတ္တသုတ္တံ
၂၈။ ဧကံ သမယံ ဘဂဝါ ဂယာယံ ဝိဟရတိ ဂယာသီသေ သဒ္ဓိံ ဘိက္ခုသဟဿေန။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘သဗ္ဗံ, ဘိက္ခဝေ, အာဒိတ္တံ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အာဒိတ္တံ? စက္ခု [စက္ခုံ (သီ။ သျာ။ ကံ။ ပီ။)], ဘိက္ခဝေ, အာဒိတ္တံ, ရူပါ အာဒိတ္တာ, စက္ခုဝိညာဏံ အာဒိတ္တံ, စက္ခုသမ္ဖဿော အာဒိတ္တော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အာဒိတ္တံ။ ကေန အာဒိတ္တံ? ‘ရာဂဂ္ဂိနာ, ဒေါသဂ္ဂိနာ, မောဟဂ္ဂိနာ အာဒိတ္တံ, ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အာဒိတ္တ’န္တိ ဝဒါမိ…ပေ… ဇိဝှါ အာဒိတ္တာ, ရသာ အာဒိတ္တာ, ဇိဝှါဝိညာဏံ အာဒိတ္တံ, ဇိဝှါသမ္ဖဿော အာဒိတ္တော။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အာဒိတ္တံ။ ကေန အာဒိတ္တံ? ‘ရာဂဂ္ဂိနာ, ဒေါသဂ္ဂိနာ, မောဟဂ္ဂိနာ အာဒိတ္တံ, ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အာဒိတ္တ’န္တိ ဝဒါမိ…ပေ… မနော အာဒိတ္တော, ဓမ္မာ အာဒိတ္တာ, မနောဝိညာဏံ အာဒိတ္တံ, မနောသမ္ဖဿော အာဒိတ္တော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အာဒိတ္တံ။ ကေန အာဒိတ္တံ? ‘ရာဂဂ္ဂိနာ, ဒေါသဂ္ဂိနာ, မောဟဂ္ဂိနာ အာဒိတ္တံ, ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အာဒိတ္တ’န္တိ ဝဒါမိ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ …ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ တဿ ဘိက္ခုသဟဿဿ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။ ဆဋ္ဌံ။
၆-အာဒိတ္တသုတ် ၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ၏ အနီး ဂယာသီသအရပ်၌ တစ်ထောင်သောရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အလုံးစုံသည် ပြောင်ပြောင်တောက်လောင်၏။ ရဟန်းတို့ အဘယ်မည်သောအလုံးစုံသည် ပြောင်ပြောင်တောက်လောင်သနည်း။ မျက်စိသည် ပြောင်ပြောင်တောက်လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ စက္ခုဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခုသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင် ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက် ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု‘ပရိဒေဝ’ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။ လျှာသည် ပြောင်ပြောင်တောက်လောင်၏၊ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ ဇိဝှါ့ဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင် တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက်ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အိုမှု ‘ဇရာ’ သေမှု‘မရဏ’ စိုးရိမ်မှု‘သောက’ ငိုကြွေးမှု‘ပရိဒေဝ’ကိုယ်ဆင်းရဲမှု‘ဒုက္ခ’ စိတ်ဆင်းရဲမှု‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။ စိတ်သည် ပြောင်ပြောင်တောက်လောင်၏၊ သဘောတရားတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မနောဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက်ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု‘ဇာတိ’ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့် ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ (ငြီးငွေ့သည်ရှိသော်) မစွဲမက်၊ မစွဲမက်ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ် မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ခံယူကြလေကုန်၏။ ဤစကားပြေသက်သက်ဒေသနာကို ဟောဆဲကာလမှာပင် ထိုရဟန်းတစ်ထောင်တို့၏ စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခု သော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကြလေကုန်ပြီဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.28 3. All Burning At one time the Buddha was staying near Gayā on Gayā Head together with a thousand mendicants. There the Buddha addressed the mendicants: “Mendicants, all is burning. And what is the all that is burning? The eye is burning. Sights are burning. Eye consciousness is burning. Eye contact is burning. The painful, pleasant, or neutral feeling that arises dependent on eye contact is also burning. Burning with what? Burning with the fires of greed, hate, and delusion. Burning with rebirth, old age, and death, with sorrow, lamentation, pain, sadness, and distress. The ear … nose … tongue … body … The mind is burning. Ideas are burning. Mind consciousness is burning. Mind contact is burning. The painful, pleasant, or neutral feeling that arises dependent on mind contact is also burning. Burning with what? Burning with the fires of greed, hate, and delusion. Burning with rebirth, old age, and death, with sorrow, lamentation, pain, sadness, and distress, I say. Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind … painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” That is what the Buddha said. Satisfied, the mendicants approved what the Buddha said. And while this discourse was being spoken, the minds of the thousand mendicants were freed from defilements by not grasping.
၇။ အဒ္ဓဘူတသုတ္တံ
၂၉။ ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘သဗ္ဗံ, ဘိက္ခဝေ, အဒ္ဓဘူတံ [အန္ဓဘူတံ (သီ။ သျာ။ ကံ။)]။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အဒ္ဓဘူတံ? စက္ခု, ဘိက္ခဝေ, အဒ္ဓဘူတံ, ရူပါ အဒ္ဓဘူတာ, စက္ခုဝိညာဏံ အဒ္ဓဘူတံ, စက္ခုသမ္ဖဿော အဒ္ဓဘူတော, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဒ္ဓဘူတံ။ ကေန အဒ္ဓဘူတံ? ‘ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အဒ္ဓဘူတ’န္တိ ဝဒါမိ…ပေ… ဇိဝှါ အဒ္ဓဘူတာ, ရသာ အဒ္ဓဘူတာ, ဇိဝှါဝိညာဏံ အဒ္ဓဘူတံ, ဇိဝှါသမ္ဖဿော အဒ္ဓဘူတော, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဒ္ဓဘူတံ။ ကေန အဒ္ဓဘူတံ? ‘ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အဒ္ဓဘူတ’န္တိ ဝဒါမိ။ ကာယော အဒ္ဓဘူတော…ပေ… မနော အဒ္ဓဘူတော, ဓမ္မာ အဒ္ဓဘူတာ, မနောဝိညာဏံ အဒ္ဓဘူတံ, မနောသမ္ဖဿော အဒ္ဓဘူတော, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အဒ္ဓဘူတံ။ ကေန အဒ္ဓဘူတံ? ‘ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ အဒ္ဓဘူတ’န္တိ ဝဒါမိ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ, ဝိရာဂါ ဝိမုစ္စတိ, ဝိမုတ္တသ္မိံ ‘ဝိမုတ္တ’မိတိ ဉာဏံ ဟောတိ, ‘ခီဏာ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ သတ္တမံ။
၇-အဒ္ဓဘူတသုတ် ၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရ၏။ ရဟန်းတို့ အဘယ်အလုံးစုံသည် အနှိပ်စက်ခံရသနည်း။ ရဟန်းတို့ မျက်စိသည် အနှိပ်စက်ခံရ၏၊ အဆင်းတို့သည် အနှိပ်စက်ခံရကုန်၏၊ စက္ခုဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။ပ။ လျှာသည် အနှိပ်စက်ခံရ၏၊ အရသာတို့သည် အနှိပ်စက်ခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အနှိပ်စက်ခံ ရ၏၊ ဇိဝှါသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှုအိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟုငါ ဆို၏။ကိုယ်သည် အနှိပ်စက်ခံရ၏။ပ။ စိတ်သည် အနှိပ်စက်ခံရ၏၊ သဘောတရားတို့သည် အနှိပ်စက်ခံရကုန်၏၊ မနောဝိညာဏ်သည်အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿသည် အနှိပ်စက်ခံရ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အနှိပ်စက်ခံရ၏။ အဘယ်တရားက နှိပ်စက်အပ်သနည်း။ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့က နှိပ်စက်အပ်၏ဟု ငါ ဆို၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ် သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိ တော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.29 3. All Overcome So I have heard. At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. There the Buddha addressed the mendicants: “Mendicants, all is overcome. And what is the all that is overcome? The eye is overcome. Sights are overcome. Eye consciousness is overcome. Eye contact is overcome. The painful, pleasant, or neutral feeling that arises dependent on eye contact is also overcome. Overcome by what? Overcome by the fires of greed, hate, and delusion. Overcome by rebirth, old age, and death, by sorrow, lamentation, pain, sadness, and distress, I say. The ear … nose … tongue … body … mind is overcome. Ideas are overcome. Mind consciousness is overcome. Mind contact is overcome. The painful, pleasant, or neutral feeling that arises dependent on mind contact is also overcome. Overcome by what? Overcome by greed, hate, and delusion. Overcome by rebirth, old age, and death, by sorrow, lamentation, pain, sadness, and distress, I say. Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind … painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၈။ သမုဂ္ဃါတသာရုပ္ပသုတ္တံ
၃၀။ ‘‘သဗ္ဗမညိတသမုဂ္ဃါတသာရုပ္ပံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီတိ။ ကတမာ စ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသာရုပ္ပါ ပဋိပဒါ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုံ န မညတိ, စက္ခုသ္မိံ န မညတိ, စက္ခုတော န မညတိ, စက္ခုံ မေတိ န မညတိ။ ရူပေ န မညတိ, ရူပေသု န မညတိ, ရူပတော န မညတိ, ရူပါ မေတိ န မညတိ။ စက္ခုဝိညာဏံ န မညတိ, စက္ခုဝိညာဏသ္မိံ န မညတိ, စက္ခုဝိညာဏတော န မညတိ, စက္ခုဝိညာဏံ မေတိ န မညတိ။ စက္ခုသမ္ဖဿံ န မညတိ, စက္ခုသမ္ဖဿသ္မိံ န မညတိ, စက္ခုသမ္ဖဿတော န မညတိ, စက္ခုသမ္ဖဿော မေတိ န မညတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ…ပေ… ဇိဝှံ န မညတိ, ဇိဝှါယ န မညတိ, ဇိဝှါတော န မညတိ, ဇိဝှါ မေတိ န မညတိ။ ရသေ န မညတိ, ရသေသု န မညတိ, ရသတော န မညတိ, ရသာ မေတိ န မညတိ။ ဇိဝှါဝိညာဏံ န မညတိ, ဇိဝှါဝိညာဏသ္မိံ န မညတိ, ဇိဝှါဝိညာဏတော န မညတိ, ဇိဝှါဝိညာဏံ မေတိ န မညတိ။ ဇိဝှါသမ္ဖဿံ န မညတိ, ဇိဝှါသမ္ဖဿသ္မိံ န မညတိ, ဇိဝှါသမ္ဖဿတော န မညတိ, ဇိဝှါသမ္ဖဿော မေတိ န မညတိ။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ…ပေ… မနံ န မညတိ, မနသ္မိံ န မညတိ, မနတော န မညတိ, မနော မေတိ န မညတိ။ ဓမ္မေ န မညတိ, ဓမ္မေသု န မညတိ, ဓမ္မတော န မညတိ, ဓမ္မာ မေတိ န မညတိ။ မနောဝိညာဏံ န မညတိ, မနောဝိညာဏသ္မိံ န မညတိ, မနောဝိညာဏတော န မညတိ, မနောဝိညာဏံ မေတိ န မညတိ။ မနောသမ္ဖဿံ န မညတိ, မနောသမ္ဖဿသ္မိံ န မညတိ, မနောသမ္ဖဿတော န မညတိ, မနောသမ္ဖဿော မေတိ န မညတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ။ သဗ္ဗံ န မညတိ, သဗ္ဗသ္မိံ န မညတိ, သဗ္ဗတော န မညတိ, သဗ္ဗံ မေတိ န မညတိ။ သော ဧဝံ အမညမာနော န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ အနုပါဒိယံ န ပရိတဿတိ။ အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယံ ခေါ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသာရုပ္ပါ ပဋိပဒါ’’တိ။ အဋ္ဌမံ။
၈-သမု ဂ္ဓါတသာရုပ္ပသုတ် ၃၀။ ရဟန်းတို့ သင်တို့အား အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ကို ဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော ထိုအကျင့်သည် အဘယ်နည်း။ ရဟန်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား၊ အဆင်းတို့၌ အထင်မမှား၊ အဆင်းတို့မှ အထင်မမှား၊ ငါ၏ အဆင်းတို့ဟု အထင်မမှား။ စက္ခုဝိညာဏ်ကို အထင်မမှား၊ စက္ခုဝိညာဏ်၌ အထင်မမှား၊ စက္ခုဝိညာဏ်မှ အထင်မမှား၊ ငါ၏ စက္ခုဝိညာဏ်ဟု အထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား၊ စက္ခုသမ္ဖဿ၌ အထင်မမှား၊ စက္ခုသမ္ဖဿမှ အထင်မမှား၊ ငါ၏စက္ခုသမ္ဖဿဟု အထင် မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင် မမှား။ပ။ လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား၊ အရသာတို့၌ အထင်မမှား၊ အရသာတို့မှ အထင်မမှား၊ ငါ၏ အရသာတို့ဟုအထင်မမှား။ ဇိဝှါဝိညာဏ်ကို အထင်မမှား၊ ဇိဝှါဝိညာဏ်၌ အထင်မမှား၊ ဇိဝှါဝိညာဏ်မှ အထင်မမှား၊ ငါ၏ ဇိဝှါဝိညာဏ်ဟု အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား၊ ဇိဝှါသမ္ဖဿ၌ အထင်မမှား၊ ဇိဝှါသမ္ဖဿ မှ အထင်မမှား၊ ငါ၏ ဇိဝှါသမ္ဖဿဟု အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟု အထင်မမှား။ပ။ စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။ သဘောတရားတို့ကို အထင်မမှား၊ သဘောတရားတို့၌ အထင်မမှား၊ သဘောတရားတို့မှ အထင်မမှား၊ ငါ၏ သဘောတရားတို့ဟု အထင်မမှား။ မနောဝိညာဏ်ကို အထင်မမှား၊ မနောဝိညာဏ်၌ အထင်မမှား၊ မနောဝိညာဏ်မှ အထင်မမှား၊ ငါ၏ မနောဝိညာဏ်ဟု အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား၊ မနောသမ္ဖဿ၌ အထင်မမှား၊ မနောသမ္ဖဿမှ အထင်မမှား၊ ငါ၏ မနောသမ္ဖဿဟု အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုအထင်မမှား။ အလုံးစုံကို အထင်မမှား၊ အလုံးစုံ၌ အထင်မမှား၊ အလုံးစုံမှ အထင်မမှား၊ ငါ၏အလုံးစုံးဟု အထင်မမှား။ ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် သင့်လျော်သော အကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.30 3. All The Practice Fit for Uprooting “Mendicants, I will teach you the practice fit for uprooting all conceiving. Listen and apply your mind well, I will speak. … And what is the practice fit for uprooting all conceiving? It’s when a mendicant does not conceive anything to be the eye, does not conceive it in the eye, does not conceive it as the eye, and does not conceive that ‘the eye is mine.’ They don’t conceive anything to be sights, they don’t conceive it in sights, they don’t conceive it as sights, and they don’t conceive that ‘sights are mine.’ They don’t conceive eye consciousness … eye contact … They don’t conceive anything to be the pleasant, painful, or neutral feeling that arises dependent on eye contact. They don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ They don’t conceive anything to be the ear … nose … tongue … body … mind … They don’t conceive anything to be the pleasant, painful, or neutral feeling that arises dependent on mind contact. They don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ They don’t conceive anything to be all, they don’t conceive it in all, they don’t conceive it as all, and they don’t conceive that ‘all is mine.’ Not conceiving, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the practice fit for uprooting all conceiving.”
၉။ ပဌမသမုဂ္ဃါတသပ္ပါယသုတ္တံ
၃၁။ ‘‘သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမာ စ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယာ ပဋိပဒါ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုံ န မညတိ, စက္ခုသ္မိံ န မညတိ, စက္ခုတော န မညတိ, စက္ခုံ မေတိ န မညတိ။ ရူပေ န မညတိ…ပေ… စက္ခုဝိညာဏံ န မညတိ, စက္ခုသမ္ဖဿံ န မညတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝါဘိနန္ဒတိ…ပေ… ဇိဝှံ န မညတိ, ဇိဝှါယ န မညတိ, ဇိဝှါတော န မညတိ, ဇိဝှါ မေတိ န မညတိ။ ရသေ န မညတိ…ပေ… ဇိဝှါဝိညာဏံ န မညတိ, ဇိဝှါသမ္ဖဿံ န မညတိ။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝါဘိနန္ဒတိ…ပေ… မနံ န မညတိ, မနသ္မိံ န မညတိ, မနတော န မညတိ, မနော မေတိ န မညတိ။ ဓမ္မေ န မညတိ…ပေ… မနောဝိညာဏံ န မညတိ, မနောသမ္ဖဿံ န မညတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝါဘိနန္ဒတိ။ ယာဝတာ, ဘိက္ခဝေ, ခန္ဓဓာတုအာယတနံ တမ္ပိ န မညတိ, တသ္မိမ္ပိ န မညတိ, တတောပိ န မညတိ, တံ မေတိ န မညတိ။ သော ဧဝံ အမညမာနော န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ အနုပါဒိယံ န ပရိတဿတိ။ အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယံ ခေါ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယာ ပဋိပဒါ’’တိ။ နဝမံ။
၉-ပဌမ သမု ဂ္ဓါတသပ္ပါယသုတ် ၃၁။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကို အထင်မမှား၊ မျက်စိ၌ အထင်မမှား၊ မျက်စိမှအထင်မမှား၊ ငါ၏ မျက်စိဟု အထင်မမှား။ အဆင်းတို့ကို အထင်မမှား။ပ။ စက္ခုဝိညာဏ်ကိုအထင်မမှား။ စက္ခုသမ္ဖဿကို အထင်မမှား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်းအထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။ ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။ လျှာကို အထင်မမှား၊ လျှာ၌ အထင်မမှား၊ လျှာမှ အထင်မမှား၊ ငါ၏ လျှာဟု အထင်မမှား။ အရသာတို့ကို အထင်မမှား။ပ။ ဇိဝှါဝိညာဏ်ကို အထင်မမှား။ ဇိဝှါသမ္ဖဿကို အထင်မမှား။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။ ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ပ။ စိတ်ကို အထင်မမှား၊ စိတ်၌ အထင်မမှား၊ စိတ်မှ အထင်မမှား၊ ငါ၏ စိတ်ဟု အထင်မမှား။ သဘောတရားတို့ကို အထင်မမှား။ပ။ မနောဝိညာဏ်ကို အထင်မမှား။ မနောသမ္ဖဿကို အထင်မမှား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထင်မမှား၊ ထိုခံစားမှု၌လည်း အထင်မမှား၊ ထိုခံစားမှုမှလည်း အထင်မမှား၊ ငါ၏ ခံစားမှုဟုလည်း အထင်မမှား။ ရဟန်းတို့ အကြင်သဘောကို အထင်မှား၏၊ အကြင်သဘော၌ အထင်မှား၏၊ အကြင်သဘောမှအထင်မှား၏၊ အကြင်သဘောသည် ငါဟု အထင်မှား၏၊ ထိုသဘောတရားသည် ထိုအထင်မှားမှုမှတစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်၍ ဘဝတို့၌ ကပ်ငြိတတ်သောသတ္တဝါအပေါင်းသည် ဘဝကိုသာ နှစ်သက်တတ်၏။ ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှား၊ ထိုခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှား၊ ငါ၏ ခန္ဓာ ဓာတ် အာယတနဟုလည်း အထင်မမှား။ ထိုရဟန်းသည် ဤသို့ အထင်မမှားသည် ဖြစ်၍ လောက၌ အဘယ်အရာကိုမျှမစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် မျက်မှောက်ဘဝ၌ ပင် ကိလေသာမှ ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ)) အလိုငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.31 3. All The Practice Conducive to Uprooting (1st) “Mendicants, I will teach you the practice that’s conducive to uprooting all conceiving. Listen … And what is the practice that’s conducive to uprooting all conceiving? It’s when a mendicant does not conceive anything to be the eye, does not conceive it in the eye, does not conceive it as the eye, and does not conceive that ‘the eye is mine.’ They don’t conceive anything to be sights … eye consciousness … eye contact. And they don’t conceive anything to be the pleasant, painful, or neutral feeling that arises dependent on eye contact. They don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ For whatever you conceive it to be, whatever you conceive it in, whatever you conceive it as, and whatever you conceive to be ‘mine’: that becomes something else. The world is attached to being, taking pleasure only in being, yet it becomes something else. They don’t conceive anything to be the ear … nose … tongue … body … mind … They don’t conceive anything to be the pleasant, painful, or neutral feeling that arises dependent on mind contact. They don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ For whatever you conceive it to be, whatever you conceive it in, whatever you conceive it as, and whatever you conceive to be ‘mine’: that becomes something else. The world is attached to being, taking pleasure only in being, yet it becomes something else. As far as the aggregates, elements, and sense fields extend, they don’t conceive anything to be that, they don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ Not conceiving, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the practice that’s conducive to uprooting all conceiving.”
၁၀။ ဒုတိယသမုဂ္ဃါတသပ္ပါယသုတ္တံ
၃၂။ ‘‘သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမာ စ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယာ ပဋိပဒါ?
‘‘တံ ကိံ မညထ, ဘိက္ခဝေ, စက္ခုံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ ဘန္တေ’’။
‘‘ရူပါ…ပေ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ ဘန္တေ’’…ပေ…။
‘‘ရသာ… ဇိဝှါဝိညာဏံ… ဇိဝှါသမ္ဖဿော…ပေ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ… ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါတိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… ဇိဝှါယပိ နိဗ္ဗိန္ဒတိ, ရသေသုပိ…ပေ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယံ ခေါ သာ, ဘိက္ခဝေ, သဗ္ဗမညိတသမုဂ္ဃါတသပ္ပါယာ ပဋိပဒါ’’တိ။ ဒသမံ။
သဗ္ဗဝဂ္ဂေါ တတိယော။
တဿုဒ္ဒါနံ –
သဗ္ဗဉ္စ ဒွေပိ ပဟာနာ, ပရိဇာနာပရေ ဒုဝေ၊
အာဒိတ္တံ အဒ္ဓဘူတဉ္စ, သာရုပ္ပါ ဒွေ စ သပ္ပါယာ၊
ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၀-ဒုတိယ သမု ဂ္ဓါတသပ္ပါယသုတ် ၃၂။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော အကျင့်ကို သင်တို့အားဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘော ရှိသော ခံစားမှုကို “ ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ့ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ခံစားမှုကို “ ဤခံစားမှုသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤခံစားမှုသည် ငါ ဖြစ်၏၊ ဤခံစားမှုသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ အထင်မှားမှုအားလုံးကို ပယ်ခွါရန် ကျေးဇူးများသော ထိုအကျင့်ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ သုံးခုမြောက် သဗ္ဗဝဂ် ပြီး၏။
Linked Discourses 35.32 3. All The Practice Conducive to Uprooting (2nd) “Mendicants, I will teach you the practice that’s conducive to uprooting all conceiving. Listen … And what is the practice that’s conducive to uprooting all conceiving? What do you think, mendicants? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are sights … eye consciousness … eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” … “Is the ear … nose … tongue … body … mind … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … They grow disillusioned with the mind, ideas, mind consciousness, and mind contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the practice that’s conducive to uprooting all conceiving.”
၄။ ဇာတိဓမ္မဝဂ္ဂေါ
၁-၁၀။ ဇာတိဓမ္မာဒိသုတ္တဒသကံ
၃၃။ သာဝတ္ထိနိဒါနံ။ တတြ ခေါ…ပေ… ‘‘သဗ္ဗံ, ဘိက္ခဝေ, ဇာတိဓမ္မံ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ ဇာတိဓမ္မံ? စက္ခု, ဘိက္ခဝေ, ဇာတိဓမ္မံ။ ရူပါ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော ဇာတိဓမ္မော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဇာတိဓမ္မံ…ပေ… ဇိဝှါ… ရသာ… ဇိဝှါဝိညာဏံ… ဇိဝှါသမ္ဖဿော… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဇာတိဓမ္မံ။ ကာယော…ပေ။။။ မနော ဇာတိဓမ္မော, ဓမ္မာ ဇာတိဓမ္မာ, မနောဝိညာဏံ ဇာတိဓမ္မံ, မနောသမ္ဖဿော ဇာတိဓမ္မော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဇာတိဓမ္မံ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ… စက္ခုဝိညာဏေပိ… စက္ခုသမ္ဖဿေပိ…ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ’’တိ။ ပဌမံ။
၄-ဇာတိဓမ္မဝဂ် ၁-၁၀-ဇာတိဓမ္မစသောဆယ်သုတ် ၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ ရဟန်းတို့အဘယ်သို့လျှင် အလုံးစုံသည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိသနည်း။ မျက်စိသည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏၊ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ပ။ လျှာသည်။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါ သမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ပ။ကိုယ်သည်။ပ။ စိတ်သည်ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ပ။ သဘောတရားတို့သည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိကုန်၏၊ မနောဝိညာဏ်သည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏၊ မနောသမ္ဖဿသည် ဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းဖြစ်ခြင်း‘ဇာတိ’သဘောရှိ၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်
Linked Discourses 35.33–42 4. Liable to Be Reborn Ten on Liable to Be Reborn, Etc. At Sāvatthī. “Mendicants, all is liable to be reborn. And what is the all that is liable to be reborn? The eye, sights, eye consciousness, and eye contact are liable to be reborn. And the pleasant, painful, or neutral feeling that arises dependent on eye contact is also liable to be reborn. The ear … nose … tongue … body … The mind, ideas, mind consciousness, and mind contact are liable to be reborn. And the pleasant, painful, or neutral feeling that arises dependent on mind contact is also liable to be reborn. Seeing this a learned noble disciple grows disillusioned … They understand: ‘… there is nothing further for this place.’”
၃၄။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဇရာဓမ္မံ…ပေ… သံခိတ္တံ။ ဒုတိယံ။
၃၄။ ရဟန်းတို့ အလုံးစုံသည် အိုခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to grow old. …”
၃၅။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဗျာဓိဓမ္မံ…ပေ…။ တတိယံ။
၃၅။ ရဟန်းတို့ အလုံးစုံသည် နာခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to fall sick. …”
၃၆။ ‘‘သဗ္ဗံ, ဘိက္ခဝေ, မရဏဓမ္မံ…ပေ…။ စတုတ္ထံ။
၃၆။ ရဟန်းတို့ အလုံးစုံသည် သေခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to die. …”
၃၇။ ‘‘သဗ္ဗံ, ဘိက္ခဝေ, သောကဓမ္မံ…ပေ…။ ပဉ္စမံ။
၃၇။ ရဟန်းတို့ အလုံးစုံသည် စိုးရိမ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to sorrow. …”
၃၈။ ‘‘သဗ္ဗံ, ဘိက္ခဝေ, သံကိလေသိကဓမ္မံ…ပေ…။ ဆဋ္ဌံ။
၃၈။ ရဟန်းတို့ အလုံးစုံသည် ညစ်ညူးခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to corruption. …”
၃၉။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ခယဓမ္မံ…ပေ…။ သတ္တမံ။
၃၉။ ရဟန်းတို့ အလုံးစုံသည် ကုန်ခန်းခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to end. …”
၄၀။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဝယဓမ္မံ…ပေ…။ အဋ္ဌမံ။
၄၀။ ရဟန်းတို့ အလုံးစုံသည် ပျက်စီးခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to fall. …”
၄၁။ ‘‘သဗ္ဗံ, ဘိက္ခဝေ, သမုဒယဓမ္မံ…ပေ…။ နဝမံ။
၄၁။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ပေါ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
“Mendicants, all is liable to originate. …”
၄၂။ ‘‘သဗ္ဗံ, ဘိက္ခဝေ, နိရောဓဓမ္မံ…ပေ…။ ဒသမံ။
ဇာတိဓမ္မဝဂ္ဂေါ စတုတ္ထော။
တဿုဒ္ဒါနံ –
ဇာတိဇရာဗျာဓိမရဏံ, သောကော စ သံကိလေသိကံ၊
ခယဝယသမုဒယံ, နိရောဓဓမ္မေန တေ ဒသာတိ။
၄၂။ ရဟန်းတို့ အလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ] ဒသမသုတ်။ လေးခုမြောက် ဇာတိဓမ္မဝဂ် ပြီး၏။
“Mendicants, all is liable to cease. …”
၅။ သဗ္ဗအနိစ္စဝဂ္ဂေါ
၁-၉။ အနိစ္စာဒိသုတ္တနဝကံ
၄၃။ သာဝတ္ထိနိဒါနံ။ တတြ ခေါ…ပေ… ‘‘သဗ္ဗံ, ဘိက္ခဝေ, အနိစ္စံ။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ အနိစ္စံ? စက္ခု, ဘိက္ခဝေ, အနိစ္စံ, ရူပါ အနိစ္စာ, စက္ခုဝိညာဏံ အနိစ္စံ, စက္ခုသမ္ဖဿော အနိစ္စော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ…ပေ… ဇိဝှါ အနိစ္စာ, ရသာ အနိစ္စာ, ဇိဝှါဝိညာဏံ အနိစ္စံ, ဇိဝှါသမ္ဖဿော အနိစ္စော။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။ ကာယော အနိစ္စော…ပေ… မနော အနိစ္စော, ဓမ္မာ အနိစ္စာ, မနောဝိညာဏံ အနိစ္စံ, မနောသမ္ဖဿော အနိစ္စော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ပဌမံ။
၅-သဗ္ဗအနိစ္စဝဂ် ၁-၉-အနိစ္စစသောကိုးသုတ် ၄၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် မမြဲ။ ရဟန်းတို့ အဘယ်အလုံးစုံသည်မမြဲသနည်း။ ရဟန်းတို့ မျက်စိသည် မမြဲ၊ အဆင်းတို့သည် မမြဲကုန်၊ စက္ခုဝိညာဏ်စိတ်သည် မမြဲ၊ စက္ခုသမ္ဖဿသည် မမြဲ၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။ပ။ လျှာသည် မမြဲ၊ အရသာတို့သည် မမြဲကုန်၊ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဇိဝှါသမ္ဖဿသည် မမြဲ၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ၊ကိုယ်သည် မမြဲ။ပ။ စိတ်သည် မမြဲ၊ သဘောတရားတို့သည်လည်း မမြဲကုန်၊ မနောဝိညာဏ်သည် မမြဲ၊ မနောသမ္ဖဿသည် မမြဲ၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ ”ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.43–51 5. All is Impermanent Nine on Impermanence, Etc. At Sāvatthī. “Mendicants, all is impermanent. And what is the all that is impermanent? The eye, sights, eye consciousness, and eye contact are impermanent. And the pleasant, painful, or neutral feeling that arises dependent on eye contact is also impermanent. The ear … nose … tongue … body … The mind, ideas, mind consciousness, and mind contact are impermanent. The painful, pleasant, or neutral feeling that arises dependent on mind contact is also impermanent. Seeing this, a learned noble disciple grows disillusioned … They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၄၄။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဒုက္ခံ…ပေ…။ ဒုတိယံ။
၄၄။ ရဟန်းတို့ အလုံးစုံသည် ဆင်းရဲ၏။ပ။ ဒုတိယသုတ်။
“Mendicants, all is suffering. …”
၄၅။ ‘‘သဗ္ဗံ, ဘိက္ခဝေ, အနတ္တာ…ပေ…။ တတိယံ။
၄၅။ ရဟန်းတို့ အလုံးစုံသည်ကိုယ်“အတ္တ” မဟုတ်။ပ။ တတိယသုတ်။
“Mendicants, all is not-self. …”
၄၆။ ‘‘သဗ္ဗံ, ဘိက္ခဝေ, အဘိညေယျံ…ပေ…။ စတုတ္ထံ။
၄၆။ ရဟန်းတို့အလုံးစုံသည်သိအပ်သော တရားတည်း။ပ။ စတုတ္ထသုတ်။
“Mendicants, all is to be directly known. …”
၄၇။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ပရိညေယျံ…ပေ…။ ပဉ္စမံ။
၄၇။ ရဟန်းတို့ အလုံးစုံသည် ပိုင်ခြား၍ သိအပ်သော တရားတည်း။ပ။ ပဉ္စမသုတ်။
“Mendicants, all is to be completely understood. …”
၄၈။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ပဟာတဗ္ဗံ…ပေ…။ ဆဋ္ဌံ။
၄၈။ ရဟန်းတို့ အလုံးစုံသည် ပယ်အပ်သော တရားတည်း။ပ။ ဆဋ္ဌသုတ်။
“Mendicants, all is to be given up. …”
၄၉။ ‘‘သဗ္ဗံ, ဘိက္ခဝေ, သစ္ဆိကာတဗ္ဗံ…ပေ…။ သတ္တမံ။
၄၉။ ရဟန်းတို့ အလုံးစုံသည် မျက်မှောက်ပြုအပ်သော တရားတည်း။ပ။ သတ္တမသုတ်။
“Mendicants, all is to be realized. …”
၅၀။ ‘‘သဗ္ဗံ, ဘိက္ခဝေ, အဘိညာပရိညေယျံ…ပေ…။ အဋ္ဌမံ။
၅၀။ ရဟန်းတို့ အလုံးစုံသည် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတည်း။ပ။ အဋ္ဌမသုတ်၊
“Mendicants, all is to be directly known and completely understood. …”
၅၁။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဥပဒ္ဒုတံ…ပေ…။ နဝမံ။
၅၁။ ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရသော တရားတည်း။ပ။ နဝမသုတ်။
“Mendicants, all is harried. …”
၁၀။ ဥပဿဋ္ဌသုတ္တံ
၅၂။ ‘‘သဗ္ဗံ, ဘိက္ခဝေ, ဥပဿဋ္ဌံ [ဥပသဋ္ဌံ (က။)]။ ကိဉ္စ, ဘိက္ခဝေ, သဗ္ဗံ ဥပဿဋ္ဌံ? စက္ခု, ဘိက္ခဝေ, ဥပဿဋ္ဌံ, ရူပါ ဥပဿဋ္ဌာ, စက္ခုဝိညာဏံ ဥပဿဋ္ဌံ, စက္ခုသမ္ဖဿော ဥပဿဋ္ဌော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဥပဿဋ္ဌံ…ပေ… ဇိဝှါ ဥပဿဋ္ဌာ, ရသာ ဥပဿဋ္ဌာ, ဇိဝှါဝိညာဏံ ဥပဿဋ္ဌံ, ဇိဝှါသမ္ဖဿော ဥပဿဋ္ဌော။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဥပဿဋ္ဌံ။ ကာယော ဥပဿဋ္ဌော… မနော ဥပဿဋ္ဌော, ဓမ္မာ ဥပဿဋ္ဌာ, မနောဝိညာဏံ ဥပဿဋ္ဌံ, မနောသမ္ဖဿော ဥပဿဋ္ဌော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဥပဿဋ္ဌံ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဒသမံ။
သဗ္ဗအနိစ္စဝဂ္ဂေါ ပဉ္စမော။
တဿုဒ္ဒါနံ –
အနိစ္စံ ဒုက္ခံ အနတ္တာ, အဘိညေယျံ ပရိညေယျံ၊
ပဟာတဗ္ဗံ သစ္ဆိကာတဗ္ဗံ, အဘိညေယျပရိညေယျံ [အဘိညေယျံ ပရိညေယျံ (သီ။ သျာ။ ကံ။), အဘိညာတံ ပရိညေယျံ (ပီ။ က။)]၊
ဥပဒ္ဒုတံ ဥပဿဋ္ဌံ, ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
သဠာယတနဝဂ္ဂေ ပဌမပဏ္ဏာသကော သမတ္တော။
တဿ ဝဂ္ဂုဒ္ဒါနံ –
အနိစ္စဝဂ္ဂံ ယမကံ, သဗ္ဗံ ဝဂ္ဂံ ဇာတိဓမ္မံ၊
အနိစ္စဝဂ္ဂေန ပညာသံ, ပဉ္စမော တေန ပဝုစ္စတီတိ။
၁၀-ဥပဿဋ္ဌသုတ် ၅၂။ ရဟန်းတို့ အလုံးစုံသည် အညှဥ်းဆဲခံရသော တရားတည်း။ ရဟန်းတို့ အဘယ်အလုံးစုံသည်အညှဥ်းဆဲခံရသနည်း။ ရဟန်းတို့ မျက်စိသည် အညှဥ်းဆဲခံရ၏၊ အဆင်းတို့သည် အညှဥ်းဆဲခံရကုန်၏၊ စက္ခုဝိညာဏ်သည်အညှဥ်းဆဲခံရ၏၊ စက္ခုသမ္ဖဿသည် အညှဥ်းဆဲခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဥ်းဆဲခံရ၏။ပ။ လျှာသည်အညှဥ်းဆဲခံရ၏၊ အရသာ တို့သည် အညှဥ်းဆဲခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အညှဥ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿသည် အညှဥ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဥ်း ဆဲခံရ၏။ကိုယ်သည် အညှဥ်းဆဲခံရ၏။ပ။ စိတ်သည်အညှဥ်းဆဲခံရ၏၊ သဘောတရားတို့သည် အညှဥ်းဆဲ ခံရကုန်၏၊ မနောဝိညာဏ်သည် အညှဥ်းဆဲခံရ၏၊ မနောသမ္ဖဿသည် အညှဥ်းဆဲခံရ၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဥ်းဆဲခံရ၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ငါးခုမြောက် သဗ္ဗအနိစ္စဝဂ် ပြီး၏။ (၆) ၁-အဝိဇ္ဇာဝဂ် ၁-အဝိဇ္ဇာပဟာနသုတ်
Linked Discourses 35.52 5. All is Impermanent Contaminated “Mendicants, all is contaminated. And what is the all that is contaminated? The eye, sights, eye consciousness, and eye contact are contaminated. And the pleasant, painful, or neutral feeling that arises dependent on eye contact is also contaminated. The ear … nose … tongue … body … The mind, ideas, mind consciousness, and mind contact are contaminated. And the pleasant, painful, or neutral feeling that arises dependent on mind contact is also contaminated. Seeing this, a learned noble disciple grows disillusioned … They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၆။ အဝိဇ္ဇာဝဂ္ဂေါ
၁။ အဝိဇ္ဇာပဟာနသုတ္တံ
၅၃။ သာဝတ္ထိနိဒါနံ။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော ကထံ ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘စက္ခုံ ခေါ, ဘိက္ခု, အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ရူပေ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ သောတံ… ဃာနံ… ဇိဝှံ… ကာယံ… မနံ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။ ပဌမံ။
၅၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ မြတ်စွာဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်ပါသနည်း၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်ပါသနည်း”ဟု (လျှောက်၏)။ ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု‘ဝိဇ္ဇာ’ပေါ်ပေါက်နိုင်၏။ အဆင်းတို့ကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ အား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ပေါ်ပေါက်နိုင်၏။ သဘောတရားတို့ကို။ မနော ဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက် နိုင်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.53 6. Ignorance Giving Up Ignorance At Sāvatthī. Then a mendicant went up to the Buddha, bowed, sat down to one side, and said to him: “Sir, how does one know and see so as to give up ignorance and give rise to knowledge?” “Mendicant, knowing and seeing the eye, sights, eye consciousness, and eye contact as impermanent, ignorance is given up and knowledge arises. And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on eye contact as impermanent, ignorance is given up and knowledge arises. Knowing and seeing the ear … nose … tongue … body … Knowing and seeing the mind, ideas, mind consciousness, and mind contact as impermanent, ignorance is given up and knowledge arises. And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on mind contact as impermanent, ignorance is given up and knowledge arises. That’s how to know and see so as to give up ignorance and give rise to knowledge.”
၂။ သံယောဇနပဟာနသုတ္တံ
၅၄။ ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော, ကထံ ပဿတော, သံယောဇနာ ပဟီယန္တီ’’တိ? ‘‘စက္ခုံ ခေါ, ဘိက္ခု, အနိစ္စတော ဇာနတော ပဿတော သံယောဇနာ ပဟီယန္တိ။ ရူပေ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော သံယောဇနာ ပဟီယန္တိ။ သောတံ… ဃာနံ… ဇိဝှံ… ကာယံ… မနံ… ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော သံယောဇနာ ပဟီယန္တိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော သံယောဇနာ ပဟီယန္တီ’’တိ။ ဒုတိယံ။
၂-သံယောဇနပဟာနသုတ် ၅၄။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့ပျောက်ကင်းနိုင်ကြပါသနည်း။ ရဟန်း မျက်စိကို မမြဲဟု သိသူ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင်ကုန်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဥ် ‘အနှောင်အဖွဲ့’ တရား တို့ ပျောက်ကင်းနိုင်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရာတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင် ကုန်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.54 6. Ignorance Giving Up Fetters “Sir, how does one know and see so that the fetters are given up?” “Mendicant, knowing and seeing the eye as impermanent, the fetters are given up …”
၃။ သံယောဇနသမုဂ္ဃါတသုတ္တံ
၅၅။ ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော, ကထံ ပဿတော သံယောဇနာ သမုဂ္ဃါတံ ဂစ္ဆန္တီ’’တိ? ‘‘စက္ခုံ ခေါ, ဘိက္ခု, အနတ္တတော ဇာနတော ပဿတော သံယောဇနာ သမုဂ္ဃါတံ ဂစ္ဆန္တိ။ ရူပေ အနတ္တတော… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တတော ဇာနတော ပဿတော သံယောဇနာ သမုဂ္ဃါတံ ဂစ္ဆန္တိ။ သောတံ… ဃာနံ… ဇိဝှံ… ကာယံ… မနံ… ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တတော ဇာနတော ပဿတော သံယောဇနာ သမုဂ္ဃါတံ ဂစ္ဆန္တိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော သံယောဇနာ သမုဂ္ဃါတံ ဂစ္ဆန္တီ’’တိ။ တတိယံ။
၃-သံယောဇနသမုဂ္ဓါတသုတ် ၅၅။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်သနည်း။ ရဟန်း မျက်စိကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ အဆင်းတို့ကိုကိုယ် ‘အတ္တ’ မဟုတ်ဟု။ စက္ခုဝိညာဏ်ကို။ စက္ခု သမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုကိုယ်‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား သံယောဇဥ်‘အနှောင်အဖွဲ့’တရားတို့သည်ပယ်ခွါခြင်းသို့ ရောက် ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအားသံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါ ခြင်းသို့ ရောက်ကုန်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဥ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.55 6. Ignorance Uprooting the Fetters “Sir, how does one know and see so that the fetters are uprooted?” “Mendicant, knowing and seeing the eye as not-self, the fetters are uprooted …”
၄။ အာသဝပဟာနသုတ္တံ
၅၆။ ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော, ကထံ ပဿတော အာသဝါ ပဟီယန္တီ’’တိ…ပေ…။ စတုတ္ထံ။
၄-အာသဝပဟာနသုတ် ၅၆။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အာသဝေါတရားတို့ ပျောက်ကင်းပါကုန်သနည်း။ပ။ စတုတ္ထသုတ်။
Linked Discourses 35.56 6. Ignorance Giving Up Defilements “Sir, how does one know and see so that the defilements are given up?” …
၅။ အာသဝသမုဂ္ဃါတသုတ္တံ
၅၇။ ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော, ကထံ ပဿတော အာသဝါ သမုဂ္ဃါတံ ဂစ္ဆန္တီ’’တိ…ပေ…။ ပဉ္စမံ။
၅-အာသဝသမုဂ္ဓါတသုတ် ၅၇။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အာသဝေါတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ပါကုန်သနည်း။ပ။ ပဉ္စမသုတ်။
Linked Discourses 35.57 6. Ignorance Uprooting Defilements “Sir, how does one know and see so that the defilements are uprooted?” …
၆။ အနုသယပဟာနသုတ္တံ
၅၈။ ‘‘ကထံ နု ခေါ…ပေ… အနုသယာ ပဟီယန္တီ’’တိ…ပေ…။ ဆဋ္ဌံ။
၆-အနုသယပဟာနသုတ် ၅၈။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား အနုသယတရားတို့ ပျောက်ကင်းပါကုန်သနည်း။ပ။ ဆဋ္ဌသုတ်။
Linked Discourses 35.58 6. Ignorance Giving Up Tendencies “Sir, how does one know and see so that the underlying tendencies are given up?” …
၇။ အနုသယသမုဂ္ဃါတသုတ္တံ
၅၉။ ‘‘ကထံ နု ခေါ…ပေ… အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တီ’’တိ? ‘‘စက္ခုံ ခေါ, ဘိက္ခု, အနတ္တတော ဇာနတော ပဿတော အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တိ…ပေ… သောတံ… ဃာနံ… ဇိဝှံ… ကာယံ… မနံ… ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တတော ဇာနတော ပဿတော အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော အနုသယာ သမုဂ္ဃါတံ ဂစ္ဆန္တီ’’တိ။ သတ္တမံ။
၇-အနုသယသမုဂ္ဓါတသုတ် ၅၉။ အဘယ်သို့။ပ။ အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ပါကုန်သနည်း။ ရဟန်း မျက်စိကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုကိုယ်‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား အနုသယတရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏ဟု့ (မိန့်တော် မူ၏)။ သတ္တမသုတ်။
Linked Discourses 35.59 6. Ignorance Uprooting Tendencies “Sir, how does one know and see so that the underlying tendencies are uprooted?” …
၈။ သဗ္ဗုပါဒါနပရိညာသုတ္တံ
၆၀။ ‘‘သဗ္ဗုပါဒါနပရိညာယ ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိညာယ ဓမ္မော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမောက္ခာ [ဝိမောက္ခံ (က။), ဝိမောက္ခ (သျာ။ ကံ။)] ‘ပရိညာတံ မေ ဥပါဒါန’န္တိ ပဇာနာတိ။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ… ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ… ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမောက္ခာ ‘ပရိညာတံ မေ ဥပါဒါန’န္တိ ပဇာနာတိ။ အယံ ခေါ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိညာယ ဓမ္မော’’တိ။ အဋ္ဌမံ။
၈-သဗ္ဗုပါဒါနပရိညာသုတ် ၆၀။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ခံစားမှု၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်း ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည်စွဲလမ်းမှု ‘ဥပါဒါန်’ကို ပိုင်းခြား၍ သိအပ်ပြီး ”ဟု ပိုင်းခြား၍ သိ၏။ နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍ ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ကိုယ်ကိုလည်းကောင်း၊ အတွေ့ အထိတို့ကိုလည်းကောင်း စွဲ၍ ။ စိတ်ကိုလည်းကောင်း သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနော ဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့်တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည် စွဲလမ်းမှု ‘ဥပါဒါန်’ကို ပိုင်းခြား၍ သိအပ်ပြီ ”ဟု ပိုင်းခြား၍ သိ၏၊ ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.60 6. Ignorance The Complete Understanding of All Grasping “Mendicants, I will teach you the principle for the complete understanding of all grasping. Listen … And what is the principle for the complete understanding of all grasping? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, eye contact, and feeling. Being disillusioned, desire fades away. When desire fades away they’re freed. When they are liberated, they understand: ‘I have completely understood grasping.’ Ear consciousness arises dependent on the ear and sounds. … Nose consciousness arises dependent on the nose and smells. … Tongue consciousness arises dependent on the tongue and tastes. … Body consciousness arises dependent on the body and touches. … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Seeing this, a learned noble disciple grows disillusioned with the mind, ideas, mind consciousness, mind contact, and feeling. Being disillusioned, desire fades away. When desire fades away they’re freed. When they are liberated, they understand: ‘I have completely understood grasping.’ This is the principle for the complete understanding of all grasping.”
၉။ ပဌမသဗ္ဗုပါဒါနပရိယာဒါနသုတ္တံ
၆၁။ ‘‘သဗ္ဗုပါဒါနပရိယာဒါနာယ ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိယာဒါနာယ ဓမ္မော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမောက္ခာ ‘ပရိယာဒိန္နံ [သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ ဒန္တဇ-နကာရေနေဝ] မေ ဥပါဒါန’န္တိ ပဇာနာတိ…ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ။ ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမောက္ခာ ‘ပရိယာဒိန္နံ မေ ဥပါဒါန’န္တိ ပဇာနာတိ။ အယံ ခေါ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိယာဒါနာယ ဓမ္မော’’တိ။ နဝမံ။
၉-ပဌမ သဗ္ဗုပါဒါနပရိယာဒါနသုတ် ၆၁။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ငါ ဟောမည့်တရားဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည် စွဲလမ်းမှု့‘ဥပါဒါန်’ကို ကုန်ခန်းစေအပ်ပြီ”ဟု ပိုင်းခြား၍ သိ၏။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရားမနော ဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်း ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်းငြီးငွေ့၏၊ မနော သမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်း ကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည်စွဲလမ်းမှု‘ဥပါဒါန်’ကို ကုန်ခန်းစေအပ်ပြီ ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု ‘ဥပါဒါန် ’ အားလုံးကို ကုန်ခန်းစေရန် ငါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.61 6. Ignorance The Depletion of All Fuel for Grasping (1st) “Mendicants, I will teach you the principle for depleting all fuel for grasping. Listen … And what is the principle for depleting all fuel for grasping? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, eye contact, and feeling. Being disillusioned, desire fades away. When desire fades away they’re freed. When they are liberated, they understand: ‘I have completely depleted fuel for grasping.’ Ear … nose … tongue … body … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Seeing this, a learned noble disciple grows disillusioned with the mind, ideas, mind consciousness, mind contact, and feeling. Being disillusioned, desire fades away. When desire fades away they’re freed. When they are liberated, they understand: ‘I have completely depleted fuel for grasping.’ This is the principle for depleting all fuel for grasping.”
၁၀။ ဒုတိယသဗ္ဗုပါဒါနပရိယာဒါနသုတ္တံ
၆၂။ ‘‘သဗ္ဗုပါဒါနပရိယာဒါနာယ ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိယာဒါနာယ ဓမ္မော’’?
‘‘တံ ကိံ မညထ, ဘိက္ခဝေ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ရူပါ…ပေ… စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ…။
‘‘စက္ခုသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ…။
‘‘သောတံ… ဃာနံ… ဇိဝှါ… ကာယော… မနော… ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ, တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… ဇိဝှါယပိ နိဗ္ဗိန္ဒတိ, ရသေသုပိ နိဗ္ဗိန္ဒတိ, ဇိဝှါဝိညာဏေပိ နိဗ္ဗိန္ဒတိ, ဇိဝှါသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ အယံ ခေါ, ဘိက္ခဝေ, သဗ္ဗုပါဒါနပရိယာဒါနာယ ဓမ္မော’’တိ။ ဒသမံ။
အဝိဇ္ဇာဝဂ္ဂေါ ဆဋ္ဌော။
တဿုဒ္ဒါနံ –
အဝိဇ္ဇာ သံယောဇနာ ဒွေ, အာသဝေန ဒုဝေ ဝုတ္တာ၊
အနုသယာ အပရေ ဒွေ, ပရိညာ ဒွေ ပရိယာဒိန္နံ၊
ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၀-ဒုတိယ သဗ္ဗုပါဒါနပရိယာဒါနသုတ် ၆၂။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည်ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ ဇိဝှါဝိညာဏ်၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘော တရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ ဤသည်လျှင်စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ဟောအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ရှေးဦးစွာသော အဝိဇ္ဇာဝဂ် ပြီး၏။ (၇) ၂-မိဂဇာလဝဂ် ၁-ပဌမ မိဂဇာလသုတ်
Linked Discourses 35.62 6. Ignorance The Depletion of All Fuel for Grasping (2nd) “Mendicants, I will teach you the principle for depleting all fuel for grasping. Listen … And what is the principle for depleting all fuel for grasping? What do you think, mendicants? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Sights … eye consciousness … eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact: is that permanent or impermanent?” “Impermanent, sir.” … “Ear … nose … tongue … body … mind … ideas … mind consciousness … mind contact … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … They grow disillusioned with the mind, ideas, mind consciousness, and mind contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is the principle for depleting all fuel for grasping.”
၇။ မိဂဇာလဝဂ္ဂေါ
၁။ ပဌမမိဂဇာလသုတ္တံ
၆၃။ သာဝတ္ထိနိဒါနံ။ အထ ခေါ အာယသ္မာ မိဂဇာလော ယေန ဘဂဝါ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မိဂဇာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘ဧကဝိဟာရီ, ဧကဝိဟာရီ’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဧကဝိဟာရီ ဟောတိ, ကိတ္တာဝတာ စ ပန သဒုတိယဝိဟာရီ ဟောတီ’’တိ?
‘‘သန္တိ ခေါ, မိဂဇာလ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ [နန္ဒိ (သီ။ သျာ။ ကံ။ ပီ။)]။ နန္ဒိယာ သတိ သာရာဂေါ ဟောတိ၊ သာရာဂေ သတိ သံယောဂေါ ဟောတိ။ နန္ဒိသံယောဇနသံယုတ္တော ခေါ, မိဂဇာလ, ဘိက္ခု သဒုတိယဝိဟာရီတိ ဝုစ္စတိ။ သန္တိ…ပေ… သန္တိ ခေါ, မိဂဇာလ, ဇိဝှါဝိညေယျာ ရသာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ နန္ဒိယာ သတိ သာရာဂေါ ဟောတိ၊ သာရာဂေ သတိ သံယောဂေါ ဟောတိ။ နန္ဒိသံယောဇနသံယုတ္တော ခေါ, မိဂဇာလ, ဘိက္ခု သဒုတိယဝိဟာရီတိ ဝုစ္စတိ။ ဧဝံဝိဟာရီ စ, မိဂဇာလ, ဘိက္ခု ကိဉ္စာပိ အရညဝနပတ္ထာနိ ပန္တာနိ သေနာသနာနိ ပဋိသေဝတိ အပ္ပသဒ္ဒါနိ အပ္ပနိဂ္ဃေါသာနိ ဝိဇနဝါတာနိ မနုဿရာဟဿေယျကာနိ [မနုဿရာဟသေယျကာနိ (သီ။ သျာ။ ကံ။ ပီ။)] ပဋိသလ္လာနသာရုပ္ပါနိ၊ အထ ခေါ သဒုတိယဝိဟာရီတိ ဝုစ္စတိ။ တံ ကိဿ ဟေတု? တဏှာ ဟိဿ ဒုတိယာ, သာဿ အပ္ပဟီနာ။ တသ္မာ သဒုတိယဝိဟာရီ’’တိ ဝုစ္စတိ။
‘‘သန္တိ စ ခေါ, မိဂဇာလ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ နန္ဒိယာ အသတိ သာရာဂေါ န ဟောတိ၊ သာရာဂေ အသတိ သံယောဂေါ န ဟောတိ။ နန္ဒိသံယောဇနဝိသံယုတ္တော ခေါ, မိဂဇာလ, ဘိက္ခု ဧကဝိဟာရီတိ ဝုစ္စတိ…ပေ… သန္တိ စ ခေါ, မိဂဇာလ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ စ ခေါ, မိဂဇာလ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ နန္ဒိယာ အသတိ သာရာဂေါ န ဟောတိ၊ သာရာဂေ အသတိ သံယောဂေါ န ဟောတိ။ နန္ဒိသံယောဇနဝိပ္ပယုတ္တော ခေါ, မိဂဇာလ, ဘိက္ခု ဧကဝိဟာရီတိ ဝုစ္စတိ။ ဧဝံဝိဟာရီ စ, မိဂဇာလ, ဘိက္ခု ကိဉ္စာပိ ဂါမန္တေ ဝိဟရတိ အာကိဏ္ဏော ဘိက္ခူဟိ ဘိက္ခုနီဟိ ဥပါသကေဟိ ဥပါသိကာဟိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ။ အထ ခေါ ဧကဝိဟာရီတိ ဝုစ္စတိ။ တံ ကိဿ ဟေတု? တဏှာ ဟိဿ ဒုတိယာ, သာဿ ပဟီနာ။ တသ္မာ ဧကဝိဟာရီတိ ဝုစ္စတီ’’တိ။ ပဌမံ။
၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်လျက်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရားတစ်ယောက် တည်း နေသူ တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏၊ အဘယ်သို့ နေခြင်းဖြင့်တစ်ယောက်တည်း နေသူ ဖြစ်နိုင်ပါသနည်း၊ အဘယ်သို့ နေခြင်းဖြင့်ကား အဖော်နှင့် အတူနေသူဖြစ်ပါသနည်းဟု (လျှောက်၏)။ မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဥ် ‘နှောင်ဖွဲ့’မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု သံယောဇဥ်ကြိုး အချည်ခံရသော ရဟန်းကို “အဖေါ်နှင့် အတူနေသူ”ဟုဆို အပ်၏။ပ။ မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သောစွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသော် ပြင်းစွာစွဲမက်မှု ဖြစ်၏၊ ပြင်းစွာစွဲမက်မှု ရှိသော် စပ်ယှဥ် ‘နှောင်ဖွဲ့’ မှု ဖြစ်၏၊ မိဂဇာလနှစ်သက်မှု သံယောဇဥ်ကြိုး အချည်ခံရသော ရဟန်းကို “အဖော်နှင့် အတူနေသူ”ဟု ဆိုအပ်၏။ မိဂဇာလ ဤသို့ နေသော ရဟန်းသည် လူသံမရှိကုန်သော ကျယ်လောင်သော အသံမရှိကုန်သောလူနံ့မရှိကုန်သော လူတို့ လျို့ဝှက်မှုကို ပြုရန်ထိုက်ကုန်သော ကိန်းအောင်းခြင်းငှါ လျောက်ပတ်ကုန်သောအလွန်ဝေးကုန်သော တော, တောအုပ်ဖြစ်ကုန်သော ကျောင်းတို့ကို အကယ်၍ မှီဝဲနေစေကာမူ ထိုရဟန်းကို “အဖော်နှင့် အတူနေသူ”ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည်ထို ရဟန်း၏ အဖော်မည်၏။ ထိုအဖော်တဏှာကို ထိုရဟန်းသည် မပယ်အပ်သေး၊ ထို့ကြောင့်“အဖော်နှင့် အတူနေသူ”ဟု ဆိုအပ်၏။ မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိိုုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှုသည် ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာတပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာတပ်မက်မှု မရှိသော် စပ်ယှဥ် ‘နှောင်ဖွဲ့’မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှု သံယောဇဥ်ကြိုး အချည်မခံရသောရဟန်းကို “တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏။ပ။ မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို မနှစ်သက် မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု့ချုပ်ငြိမ်း၏၊ နှစ်သက်မှု မရှိသော် ပြင်းစွာ တပ်မက်မှု မဖြစ်နိုင်၊ ပြင်းစွာ တပ်မက်မှု မရှိသော် စပ်ယှဥ်‘နှောင်ဖွဲ့’မှု မဖြစ်၊ မိဂဇာလ နှစ်သက်မှုသံယောဇဥ်ကြိုး အချည်မခံရသော ရဟန်းကို“တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏။ မိဂဇာလ ဤသို့ နေသော ရဟန်းသည် ရဟန်းယောကျာ်း, ရဟန်းမိန်းမ, ဥပါသကာယောကျာ်း,ဥပါသိကာမိန်းမ, မင်း, မင်းအမတ်ကြီး, တိတ္ထိ, တိတ္ထိတပည့်တို့နှင့် ရောကာ ရွာနီးကျောင်း၌ အကယ်၍ နေစေကာမူ “တစ်ယောက်တည်း နေသူ”ဟုပင် ဆိုအပ်၏။ ထိုသို့ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ တဏှာသည် ထိုရဟန်း၏ အဖော်မည်၏၊ ထိုအဖော်တဏှာကို ထိုရဟန်းသည် ပယ်အပ်၏၊ ထို့ကြောင့်“တစ်ယောက်တည်း နေသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.63 7. With Migajāla With Migajāla (1st) At Sāvatthī. Then Venerable Migajāla went up to the Buddha … and said to him: “Sir, they speak of one who lives alone. How is one who lives alone defined? And how is living with a partner defined?” “Migajāla, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. When there’s relishing there’s lust. When there’s lust there is yoking. A mendicant who is fettered by relishing is said to live with a partner. There are sounds … smells … tastes … touches … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. When there’s relishing there’s lust. When there’s lust there is yoking. A mendicant who is fettered by relishing is said to live with a partner. A mendicant who lives like this is said to live with a partner, even if they frequent remote lodgings in the wilderness and the forest that are quiet and still, far from the madding crowd, remote from human settlements, and fit for retreat. Why is that? For craving is their partner, and they haven’t given it up. That’s why they’re said to live with a partner. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When there’s no relishing there’s no lust. When there’s no lust there’s no yoking. A mendicant who is not fettered by relishing is said to live alone. There are sounds … smells … tastes … touches … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When there’s no relishing there’s no lust. When there’s no lust there’s no yoking. A mendicant who is not fettered by relishing is said to live alone. A mendicant who lives like this is said to live alone, even if they live within a village crowded by monks, nuns, laymen, and laywomen; by rulers and their chief ministers, and monastics of other religions and their disciples. Why is that? For craving is their partner, and they have given it up. That’s why they’re said to live alone.”
၂။ ဒုတိယမိဂဇာလသုတ္တံ
၆၄။ အထ ခေါ အာယသ္မာ မိဂဇာလော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မိဂဇာလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘သန္တိ ခေါ, မိဂဇာလ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ နန္ဒိသမုဒယာ ဒုက္ခသမုဒယော, မိဂဇာလာတိ ဝဒါမိ…ပေ… သန္တိ စ ခေါ, မိဂဇာလ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ စ ခေါ, မိဂဇာလ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ နန္ဒိသမုဒယာ ဒုက္ခသမုဒယော, မိဂဇာလာတိ ဝဒါမိ။
‘‘သန္တိ စ ခေါ, မိဂဇာလ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ နန္ဒိနိရောဓာ ဒုက္ခနိရောဓော, မိဂဇာလာတိ ဝဒါမိ…ပေ… သန္တိ စ ခေါ, မိဂဇာလ, ဇိဝှါဝိညေယျာ ရသာ ဣဋ္ဌာ ကန္တာ…ပေ… သန္တိ စ ခေါ, မိဂဇာလ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နန္ဒီ နိရုဇ္ဈတိ။ နန္ဒိနိရောဓာ ဒုက္ခနိရောဓော, မိဂဇာလာတိ ဝဒါမီ’’တိ။
အထ ခေါ အာယသ္မာ မိဂဇာလော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ အာယသ္မာ မိဂဇာလော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရတော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ မိဂဇာလော အရဟတံ အဟောသီတိ။ ဒုတိယံ။
၂-ဒုတိယ မိဂဇာလသုတ် ၆၄။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား တောင်းပန်ပါ၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကျဥ်းအားဖြင့် တရားတော်ကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာ ဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်းဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့ မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ”ဟု (လျှောက်၏)။ မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုအဆင်းကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအားနှစ်သက်မှု ဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။ပ။ မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန်နှစ်သက်အံ့၊ အလွန်ပြောဆိုအံ့၊ လွှမ်းမိုး၍ တည်အံ့၊ ထိုသဘောတရားကို အလွန်နှစ်သက် အလွန်ပြောဆို လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှုဖြစ်၏၊ မိဂဇာလ နှစ်သက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ဆင်းရဲဲ ဖြစ်ပေါ်၏ဟု ငါ ဆို၏။ မိဂဇာလ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုအဆင်းကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သောထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲဲ ချုပ်ငြိမ်း၏ဟုငါ ဆို၏။ပ။ မိဂဇာလ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ မိဂဇာလ အလိုရှိအပ် ကုန်နှစ်သက်အပ်ကုန်သော စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အကယ်၍ အလွန် မနှစ်သက်အံ့၊ အလွန် မပြောဆိုအံ့၊ လွှမ်းမိုး၍ မတည်အံ့၊ ထိုသဘောတရားကို အလွန်မနှစ်သက် အလွန်မပြောဆို လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု ချုပ်ငြိမ်း၏၊ မိဂဇာလ နှစ်သက်မှု ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲဲ ချုပ်ငြိမ်း၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်မိဂဇာလသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက် အသျှင်မိဂဇာလသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည်ရှိသော် မကြာမီပင် လူ့ဘောင်မှရဟန်းဘောင် သို့ ဝင်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမဲ့ ဖြစ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ရောက် လျက် နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိလေ၏၊ အသျှင်မိဂဇာလသည် ရဟန္တာ တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။ ဒုတိယသုတ်။
Linked Discourses 35.64 7. With Migajāla With Migajāla (2nd) Then Venerable Migajāla went up to the Buddha … and said to him: “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Migajāla, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keep clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say.” And then Venerable Migajāla approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving. Then Migajāla, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Migajāla became one of the perfected.
၃။ ပဌမသမိဒ္ဓိမာရပဉှာသုတ္တံ
၆၅။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ အာယသ္မာ သမိဒ္ဓိ ယေန ဘဂဝါ…ပေ… ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘မာရော, မာရော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, မာရော ဝါ အဿ မာရပညတ္တိ ဝါ’’တိ?
‘‘ယတ္ထ ခေါ, သမိဒ္ဓိ, အတ္ထိ စက္ခု, အတ္ထိ ရူပါ, အတ္ထိ စက္ခုဝိညာဏံ, အတ္ထိ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ အတ္ထိ သောတံ, အတ္ထိ သဒ္ဒါ, အတ္ထိ သောတဝိညာဏံ, အတ္ထိ သောတဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ အတ္ထိ ဃာနံ, အတ္ထိ ဂန္ဓာ, အတ္ထိ ဃာနဝိညာဏံ, အတ္ထိ ဃာနဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ အတ္ထိ ဇိဝှါ, အတ္ထိ ရသာ, အတ္ထိ ဇိဝှါဝိညာဏံ, အတ္ထိ ဇိဝှါဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ အတ္ထိ ကာယော, အတ္ထိ ဖောဋ္ဌဗ္ဗာ, အတ္ထိ ကာယဝိညာဏံ, အတ္ထိ ကာယဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ အတ္ထိ မနော, အတ္ထိ ဓမ္မာ, အတ္ထိ မနောဝိညာဏံ, အတ္ထိ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။
‘‘ယတ္ထ စ ခေါ, သမိဒ္ဓိ, နတ္ထိ စက္ခု, နတ္ထိ ရူပါ, နတ္ထိ စက္ခုဝိညာဏံ, နတ္ထိ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, နတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ နတ္ထိ သောတံ…ပေ… နတ္ထိ ဃာနံ…ပေ… နတ္ထိ ဇိဝှါ, နတ္ထိ ရသာ, နတ္ထိ ဇိဝှါဝိညာဏံ, နတ္ထိ ဇိဝှါဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, နတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ။ နတ္ထိ ကာယော…ပေ…။ နတ္ထိ မနော, နတ္ထိ ဓမ္မာ, နတ္ထိ မနောဝိညာဏံ, နတ္ထိ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, နတ္ထိ တတ္ထ မာရော ဝါ မာရပညတ္တိ ဝါ’’တိ။ တတိယံ။
၃-ပဌမ သမိဒ္ဓိမာရပဥှာသုတ် ၆၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရားထံသို့။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား “မာရ် မာရ်”ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရားအဘယ် မျှလောက်ဖြင့် မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းဖြစ်ပါသ နည်းဟု ( ဤစကားကို လျှောက်၏)။ သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နား ရှိရာအသံတို့ ရှိရာ သောတဝိညာဏ်ရှိရာ သောတဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ နှာခေါင်းရှိရာ အနံ့တို့ ရှိရာ ဃာနဝိညာဏ်ရှိရာ ဃာနဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ အရသာတို့ ရှိရာ ဇိဝှါဝိညာဏ်ရှိရာ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ကိုယ်ရှိရာ အတွေ့အထိတို့ ရှိရာကာယဝိညာဏ်ရှိရာ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ် အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနော ဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။ သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်းမရှိ။ နား မရှိရာ။ပ။ နှာခေါင်း မရှိရာ။ပ။ လျှာ မရှိရာ။ပ။ အရသာတို့ မရှိရာ။ ဇိဝှါဝိညာဏ် မရှိရာ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိနိုင်။ကိုယ် မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ မရှိရာ အရပ်၌ မာရ်သည်လည်းကောင်း၊ မာရ်ဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.65 7. With Migajāla Samiddhi’s Question About Māra At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then Venerable Samiddhi went up to the Buddha … and said to him: “Sir, they speak of this thing called ‘Māra’. How do we define Māra or what is known as Māra?” “Samiddhi, where there is the eye, sights, eye consciousness, and things knowable by eye consciousness, there is Māra or what is known as Māra. Where there is the ear, sounds, ear consciousness, and things knowable by ear consciousness, there is Māra or what is known as Māra. Where there is the nose, smells, nose consciousness, and things knowable by nose consciousness, there is Māra or what is known as Māra. Where there is the tongue, tastes, tongue consciousness, and things knowable by tongue consciousness, there is Māra or what is known as Māra. Where there is the body, touches, body consciousness, and things knowable by body consciousness, there is Māra or what is known as Māra. Where there is the mind, ideas, mind consciousness, and things knowable by mind consciousness, there is Māra or what is known as Māra. Where there is no eye, no sights, no eye consciousness, and no things knowable by eye consciousness, there is no Māra or what is known as Māra. Where there is no ear … no nose … no tongue … no body … Where there is no mind, no ideas, no mind consciousness, and no things knowable by mind consciousness, there is no Māra or what is known as Māra.”
၄။ သမိဒ္ဓိသတ္တပဉှာသုတ္တံ
၆၆။ ‘‘‘သတ္တော, သတ္တော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, သတ္တော ဝါ အဿ သတ္တပညတ္တိ ဝါ’’တိ…ပေ…။ စတုတ္ထံ။
၄-သမိဒ္ဓိသတ္တပဥှာသုတ် ၆၆။ အသျှင်ဘုရား “သတ္တဝါ သတ္တဝါ” ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့်သတ္တဝါသည်လည်းကောင်း၊ သတ္တဝါဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ပ။ စတုတ္ထသုတ်။
Linked Discourses 35.66 7. With Migajāla Samiddhi’s Question About a Sentient Being “Sir, they speak of this thing called a ‘sentient being’. How do we define a sentient being or what is known as a sentient being?” …
၅။ သမိဒ္ဓိဒုက္ခပဉှာသုတ္တံ
၆၇။ ‘‘‘ဒုက္ခံ, ဒုက္ခ’န္တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဒုက္ခံ ဝါ အဿ ဒုက္ခပညတ္တိ ဝါ’’တိ…ပေ…။ ပဉ္စမံ။
၅-သမိဒ္ဓိဒုက္ခပဥှာသုတ် ၆၇။ အသျှင်ဘုရား “ဒုက္ခ ဒုက္ခ” ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ဒုက္ခသည်လည်းကောင်း၊ ဒုက္ခဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ပ။ ပဉ္စမသုတ်။
Linked Discourses 35.67 7. With Migajāla Samiddhi’s Question About Suffering “Sir, they speak of this thing called ‘suffering’. How do we define suffering or what is known as suffering?” …
၆။ သမိဒ္ဓိလောကပဉှာသုတ္တံ
၆၈။ ‘‘‘လောကော, လောကော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, လောကော ဝါ အဿ လောကပညတ္တိ ဝါ’’တိ? ယတ္ထ ခေါ, သမိဒ္ဓိ, အတ္ထိ စက္ခု, အတ္ထိ ရူပါ, အတ္ထိ စက္ခုဝိညာဏံ, အတ္ထိ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ လောကော ဝါ လောကပညတ္တိ ဝါတိ…ပေ… အတ္ထိ ဇိဝှါ…ပေ… အတ္ထိ မနော, အတ္ထိ ဓမ္မာ, အတ္ထိ မနောဝိညာဏံ, အတ္ထိ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, အတ္ထိ တတ္ထ လောကော ဝါ လောကပညတ္တိ ဝါ။
‘‘ယတ္ထ စ ခေါ, သမိဒ္ဓိ, နတ္ထိ စက္ခု, နတ္ထိ ရူပါ, နတ္ထိ စက္ခုဝိညာဏံ, နတ္ထိ စက္ခုဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, နတ္ထိ တတ္ထ လောကော ဝါ လောကပညတ္တိ ဝါ…ပေ… နတ္ထိ ဇိဝှါ…ပေ… နတ္ထိ မနော, နတ္ထိ ဓမ္မာ, နတ္ထိ မနောဝိညာဏံ, နတ္ထိ မနောဝိညာဏဝိညာတဗ္ဗာ ဓမ္မာ, နတ္ထိ တတ္ထ လောကော ဝါ လောကပညတ္တိ ဝါ’’တိ။ ဆဋ္ဌံ။
၆-သမိဒ္ဓိလောကပဥှာသုတ် ၆၈။ အသျှင်ဘုရား “လောက လောက” ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့်လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသောအခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ။ပ။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနောဝိညာဏ် ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။ သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိ။ပ။ လျှာ မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့ မရှိရာ အရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.68 7. With Migajāla Samiddhi’s Question About the World “Sir, they speak of this thing called ‘the world’. How do we define the world or what is known as the world?” “Samiddhi, where there is the eye, sights, eye consciousness, and things knowable by eye consciousness, there is the world or what is known as the world. Where there is the ear … nose … tongue … body … Where there is the mind, ideas, mind consciousness, and things knowable by mind consciousness, there is the world or what is known as the world. Where there is no eye, no sights, no eye consciousness, and no things knowable by eye consciousness, there is no world or what is known as the world. Where there is no ear … nose … tongue … body … Where there is no mind, no ideas, no mind consciousness, and no things knowable by mind consciousness, there is no world or what is known as the world.”
၇။ ဥပသေနအာသီဝိသသုတ္တံ
၆၉။ ဧကံ သမယံ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ ဥပသေနော ရာဇဂဟေ ဝိဟရန္တိ သီတဝနေ သပ္ပသောဏ္ဍိကပဗ္ဘာရေ။ တေန ခေါ ပန သမယေန အာယသ္မတော ဥပသေနဿ ကာယေ အာသီဝိသော ပတိတော ဟောတိ။ အထ ခေါ အာယသ္မာ ဥပသေနော ဘိက္ခူ အာမန္တေသိ – ‘‘ဧထ မေ, အာဝုသော, ဣမံ ကာယံ မဉ္စကံ အာရောပေတွာ ဗဟိဒ္ဓါ နီဟရထ။ ပုရာယံ ကာယော ဣဓေဝ ဝိကိရတိ၊ သေယျထာပိ ဘုသမုဋ္ဌီ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ ဥပသေနံ ဧတဒဝေါစ – ‘‘န ခေါ ပန မယံ ပဿာမ အာယသ္မတော ဥပသေနဿ ကာယဿ ဝါ အညထတ္တံ ဣန္ဒြိယာနံ ဝါ ဝိပရိဏာမံ။ အထ စ ပနာယသ္မာ ဥပသေနော ဧဝမာဟ – ‘ဧထ မေ, အာဝုသော, ဣမံ ကာယံ မဉ္စကံ အာရောပေတွာ ဗဟိဒ္ဓါ နီဟရထ။ ပုရာယံ ကာယော ဣဓေဝ ဝိကိရတိ၊ သေယျထာပိ ဘုသမုဋ္ဌီ’’’တိ။ ‘‘ယဿ နူန, အာဝုသော သာရိပုတ္တ, ဧဝမဿ – ‘အဟံ စက္ခူတိ ဝါ မမ စက္ခူတိ ဝါ…ပေ… အဟံ ဇိဝှါတိ ဝါ မမ ဇိဝှါတိ ဝါ… အဟံ မနောတိ ဝါ မမ မနောတိ ဝါ’။ တဿ, အာဝုသော သာရိပုတ္တ, သိယာ ကာယဿ ဝါ အညထတ္တံ ဣန္ဒြိယာနံ ဝါ ဝိပရိဏာမော။ မယှဉ္စ ခေါ, အာဝုသော သာရိပုတ္တ, န ဧဝံ ဟောတိ – ‘အဟံ စက္ခူတိ ဝါ မမ စက္ခူတိ ဝါ…ပေ… အဟံ ဇိဝှါတိ ဝါ မမ ဇိဝှါတိ ဝါ…ပေ… အဟံ မနောတိ ဝါ မမ မနောတိ ဝါ’။ တဿ မယှဉ္စ ခေါ, အာဝုသော သာရိပုတ္တ, ကိံ ကာယဿ ဝါ အညထတ္တံ ဘဝိဿတိ, ဣန္ဒြိယာနံ ဝါ ဝိပရိဏာမော’’တိ!
‘‘တထာ ဟိ ပနာယသ္မတော ဥပသေနဿ ဒီဃရတ္တံ အဟင်္ကာရမမင်္ကာရမာနာနုသယော သုသမူဟတော။ တသ္မာ အာယသ္မတော ဥပသေနဿ န ဧဝံ ဟောတိ – ‘အဟံ စက္ခူတိ ဝါ မမ စက္ခူတိ ဝါ…ပေ… အဟံ ဇိဝှါတိ ဝါ မမ ဇိဝှါတိ ဝါ…ပေ… အဟံ မနောတိ ဝါ မမ မနောတိ ဝါ’’’တိ။ အထ ခေါ တေ ဘိက္ခူ အာယသ္မတော ဥပသေနဿ ကာယံ မဉ္စကံ အာရောပေတွာ ဗဟိဒ္ဓါ နီဟရိံသု။ အထ ခေါ အာယသ္မတော ဥပသေနဿ ကာယော တတ္ထေဝ ဝိကိရိ၊ သေယျထာပိ ဘုသမုဋ္ဌီတိ။ သတ္တမံ။
၇-ဥပသေနအာသီဝိသသုတ် ၆၉။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်ဥပသေနတို့သည် ရာဇဂြိုဟ်ပြည် ယင်းတိုက် တော့သပ္ပသောဏ္ဍိကလိုဏ်ဂူ၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်ဥပသေန၏ကိုယ်ပေါ်၌ မြွေဆိုး (တစ်ကောင်) ကျလာ၏၊ ထိုအခါ အသျှင်ဥပသေနသည် ရဟန်းတို့ကို “ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်”ဟု မိန့်ဆို၏။ ဤသို့ မိန့်ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ဥပသေနအား ဤစကားကို မိန့်ဆို၏-“အသျှင်ဥပသေနကိုယ်၏ ဖောက်ပြန်ခြင်း ဣန္ဒြေတို့ ဖောက်ပြန်ခြင်းကို ငါတို့ မတွေ့မြင်ကြရကုန်၊ ထိုသို့ ဖြစ်ပါလျက် အသျှင်ဥပသေနသည် ‘ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ဖရိုဖရဲ ကျဲမသွားမီ ငါ၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်”ဟု ဤသို့ ပြောဆိုနေဘိ၏။ ငါ့သျှင်သာရိပုတြာ အမှန်အားဖြင့် “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” ဤကဲ့သို့ ထင်မြင်နေသူအားသာကိုယ်ဖောက်ပြန်ခြင်း၊ ဣန္ဒြေဖောက်ပြန်ခြင်း ဖြစ်ရာ၏။ ငါ့သျှင်သာရိပုတြာ “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” ငါ့အား ဤကဲ့သို့ ထင်မြင်မှုမျိုး မရှိ။ ငါ့သျှင်သာရိပုတြာ ထိုထင်မြင်မှုမျိုး မရှိသော ငါ့အား ကိုယ်ဖောက်ပြန်ခြင်းသည်လည်းကောင်း၊ ဣန္ဒြေတို့ဖောက် ပြန်ခြင်းသည်လည်းကောင်း အဘယ်မှာ ဖြစ်နိုင်မည်နည်းဟု (မိန့်တော်မူ၏)။ ထိုသို့ မဖြစ်နိုင်သောကြောင့်သာလျှင် အသျှင်ဥပသေနသည် အချိန်ကြာမြင့်စွာကပင် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ငါဟု ထောင်လွှားမှု ‘မာနာနုသယ’ကို ကောင်းစွာ နုတ်ပယ်ပြီး ဖြစ်၏။ ထို့ကြောင့် “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏ မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည် စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” အသျှင်ဥပသေနအား ဤကဲ့သို့ ထင်မြင်မှုမျိုး မဖြစ်နိုင်ဟု (အသျှင်သာရိပုတြာ) မိန့်ဆို၏။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဥပသေန၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင်အပြင်သို့ ထုတ်ကြကုန်၏။ ထိုအခါ အသျှင်ဥပသေန၏ကိုယ်သည် ထိုနေရာ၌ ပင် ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲကျဲသွားလေ၏။ သတ္တမသုတ်။
Linked Discourses 35.69 7. With Migajāla Upasena and the Viper At one time the venerables Sāriputta and Upasena were staying near Rājagaha in the Cool Grove, under the Cobra’s Hood Grotto. Now at that time a viper fell on Upasena’s body. He addressed the mendicants, “Come, reverends, lift this body onto a cot and carry it outside before it’s scattered right here like a handful of hay.” When he said this, Sāriputta said to him, “But we don’t see any impairment in your body or deterioration of your faculties. Yet you say: ‘Come, reverends, lift this body onto a cot and carry it outside before it’s scattered right here like a handful of hay.’” “Reverend Sāriputta, there may be an impairment in body or deterioration of faculties for someone who thinks: ‘I am the eye’ or ‘the eye is mine.’ Or ‘I am the ear … nose … tongue … body …’ Or ‘I am the mind’ or ‘the mind is mine.’ But I don’t think like that. So why would there be an impairment in my body or deterioration of my faculties?” “That must be because Venerable Upasena has long ago totally eradicated I-making, mine-making, and the underlying tendency to conceit. That’s why it doesn’t occur to you: ‘I am the eye’ or ‘the eye is mine.’ Or ‘I am the ear … nose … tongue … body …’ Or ‘I am the mind’ or ‘the mind is mine.’” Then those mendicants lifted Upasena’s body onto a cot and carried it outside. And his body was scattered right there like a handful of hay.
၈။ ဥပဝါဏသန္ဒိဋ္ဌိကသုတ္တံ
၇၀။ အထ ခေါ အာယသ္မာ ဥပဝါဏော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဥပဝါဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သန္ဒိဋ္ဌိကော ဓမ္မော, သန္ဒိဋ္ဌိကော ဓမ္မော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ, အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ?
‘‘ဣဓ ပန, ဥပဝါဏ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ရူပပ္ပဋိသံဝေဒီ စ ဟောတိ ရူပရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ရူပေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ရူပေသု ရာဂေါ’တိ ပဇာနာတိ။ ယံ တံ, ဥပဝါဏ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ရူပပ္ပဋိသံဝေဒီ စ ဟောတိ ရူပရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ရူပေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ရူပေသု ရာဂေါ’တိ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဥပဝါဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ…ပေ…။
‘‘ပုန စပရံ, ဥပဝါဏ, ဘိက္ခု ဇိဝှါယ ရသံ သာယိတွာ ရသပ္ပဋိသံဝေဒီ စ ဟောတိ ရသရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ရသေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ရသေသု ရာဂေါ’တိ ပဇာနာတိ။ ယံ တံ, ဥပဝါဏ, ဘိက္ခု ဇိဝှါယ ရသံ သာယိတွာ ရသပ္ပဋိသံဝေဒီ စ ဟောတိ ရသရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ရသေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ရသေသု ရာဂေါ’တိ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဥပဝါဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ…ပေ…။
‘‘ပုန စပရံ, ဥပဝါဏ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ ဓမ္မပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ဓမ္မေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ဓမ္မေသု ရာဂေါ’တိ ပဇာနာတိ။ ယံ တံ, ဥပဝါဏ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ ဓမ္မပ္ပဋိသံဝေဒီ စ ဟောတိ ဓမ္မရာဂပ္ပဋိသံဝေဒီ စ။ သန္တဉ္စ အဇ္ဈတ္တံ ဓမ္မေသု ရာဂံ ‘အတ္ထိ မေ အဇ္ဈတ္တံ ဓမ္မေသု ရာဂေါ’တိ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဥပဝါဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ…ပေ… ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ…ပေ…။
‘‘ဣဓ ပန, ဥပဝါဏ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ရူပပ္ပဋိသံဝေဒီ စ ဟောတိ, နော စ ရူပရာဂပ္ပဋိသံဝေဒီ။ အသန္တဉ္စ အဇ္ဈတ္တံ ရူပေသု ရာဂံ ‘နတ္ထိ မေ အဇ္ဈတ္တံ ရူပေသု ရာဂေါ’တိ ပဇာနာတိ။ ယံ တံ, ဥပဝါဏ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ရူပပ္ပဋိသံဝေဒီဟိ ခေါ ဟောတိ, နော စ ရူပရာဂပ္ပဋိသံဝေဒီ။ အသန္တဉ္စ အဇ္ဈတ္တံ ရူပေသု ရာဂံ ‘နတ္ထိ မေ အဇ္ဈတ္တံ ရူပေသု ရာဂေါ’တိ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဥပဝါဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ, အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ…ပေ…။
‘‘ပုန စပရံ, ဥပဝါဏ, ဘိက္ခု ဇိဝှါယ ရသံ သာယိတွာ ရသပ္ပဋိသံဝေဒီဟိ ခေါ ဟောတိ, နော စ ရသရာဂပ္ပဋိသံဝေဒီ။ အသန္တဉ္စ အဇ္ဈတ္တံ ရသေသု ရာဂံ ‘နတ္ထိ မေ အဇ္ဈတ္တံ ရသေသု ရာဂေါ’တိ ပဇာနာတိ…ပေ…။
‘‘ပုန စပရံ, ဥပဝါဏ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ ဓမ္မပ္ပဋိသံဝေဒီဟိ ခေါ ဟောတိ, နော စ ဓမ္မရာဂပ္ပဋိသံဝေဒီ။ အသန္တဉ္စ အဇ္ဈတ္တံ ဓမ္မေသု ရာဂံ ‘နတ္ထိ မေ အဇ္ဈတ္တံ ဓမ္မေသု ရာဂေါ’တိ ပဇာနာတိ။ ယံ တံ, ဥပဝါဏ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ ဓမ္မပ္ပဋိသံဝေဒီဟိ ခေါ ဟောတိ, နော စ ဓမ္မရာဂပ္ပဋိသံဝေဒီ။ အသန္တဉ္စ အဇ္ဈတ္တံ ဓမ္မေသု ရာဂံ ‘နတ္ထိ မေ အဇ္ဈတ္တံ ဓမ္မေသု ရာဂေါ’တိ ပဇာနာတိ။ ဧဝမ္ပိ ခေါ, ဥပဝါဏ, သန္ဒိဋ္ဌိကော ဓမ္မော ဟောတိ, အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’’တိ။ အဋ္ဌမံ။
၈-ဥပဝါဏသန္ဒိဋ္ဌိကသုတ် ၇၀။ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား “ကိုယ်တိုင်သိမြင်နိုင်သောတရားကိုယ်တိုင် သိမြင်နိုင်သောတရား”ဟု ဆိုအပ်၏၊ အသျှင်ဘုရားအဘယ်မျှလောက်ဖြင့်ကိုယ်တိုင် သိမြင်နိုင် သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်ပါသနည်းဟု (လျှောက်၏)။ ဥပဝါဏ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်းဖြစ်၏၊ အဆင်း၌ စွဲမက်သည်ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်း ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကို့“ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင်သိ မြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။ ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်းဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်း ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။ ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကိုသိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏၊ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သောအခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထား ထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏။ပ။ ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်း တို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏၊ ဥပဝါဏယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင် သော တရား ဖြစ်၏။ပ။ ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူကား ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အရသာ တို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏။ပ။ ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု့‘ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏ဟု (မိန့် တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.70 7. With Migajāla Upavāṇa on What is Apparent in the Present Life Then Venerable Upavāṇa went up to the Buddha … and said to him: “Sir, they speak of ‘a teaching apparent in the present life’. In what way is the teaching apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves?” “Upavāṇa, take a mendicant who sees a sight with their eyes. They experience both the sight and the desire for the sight. There is desire for sights in them, and they understand that. Since this is so, this is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. Next, take a mendicant who hears … smells … tastes … touches … Next, take a mendicant who knows an idea with their mind. They experience both the idea and the desire for the idea. There is desire for ideas in them, and they understand that. Since this is so, this is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. Take a mendicant who sees a sight with their eyes. They experience the sight but no desire for the sight. There is no desire for sights in them, and they understand that. Since this is so, this is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves. Next, take a mendicant who hears … smells … tastes … touches … Next, take a mendicant who knows an idea with their mind. They experience the idea but no desire for the idea. There is no desire for ideas in them, and they understand that. Since this is so, this is how the teaching is apparent in the present life, immediately effective, inviting inspection, relevant, so that sensible people can know it for themselves.”
၉။ ပဌမဆဖဿာယတနသုတ္တံ
၇၁။ ‘‘ယော ဟိ ကောစိ, ဘိက္ခဝေ, ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ။ အဝုသိတံ တေန ဗြဟ္မစရိယံ, အာရကာ သော ဣမသ္မာ ဓမ္မဝိနယာ’’တိ။
ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧတ္ထာဟံ, ဘန္တေ, အနဿသံ [အနဿသိံ (သီ။), အနဿာသံ (သျာ။ ကံ။), အနဿာသိံ (ပီ။)]။ အဟဉှိ, ဘန္တေ, ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာမီ’’တိ။
‘‘တံ ကိံ မညသိ, ဘိက္ခု, စက္ခုံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, စက္ခု ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧသေဝန္တော ဒုက္ခဿ…ပေ… ဇိဝှံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, ဇိဝှါ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧသေဝန္တော ဒုက္ခဿ…ပေ… မနံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, မနော ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧသေဝန္တော ဒုက္ခဿာ’’တိ။ နဝမံ။
၉-ပဌမ ဆဖဿာယတနသုတ် ၇၁။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုမသိသော ရဟန်းသည် မြတ်သောအကျင့်ကို မကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -“အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏ တည်ရာခြောက် မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ ”ဟု လျှောက်၏။ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာမဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် လျှာကိုလည်း “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.71 7. With Migajāla Six Fields of Contact (1st) “Mendicants, anyone who doesn’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape has not completed the spiritual journey and is far from this teaching and training.” When he said this, one of the mendicants said to the Buddha, “Here, sir, I’m discouraged. For I don’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape.” “What do you think, mendicant? Do you regard the eye like this: ‘This is mine, I am this, this is my self’?” “No, sir.” “Good, mendicant! And regarding the eye, you will truly see clearly with right wisdom that: ‘This is not mine, I am not this, this is not my self.’ Just this is the end of suffering. Do you regard the ear … nose … tongue … body … Do you regard the mind like this: ‘This is mine, I am this, this is my self’?” “No, sir.” “Good, mendicant! And regarding the mind, you will truly see clearly with right wisdom that: ‘This is not mine, I am not this, this is not my self.’ Just this is the end of suffering.”
၁၀။ ဒုတိယဆဖဿာယတနသုတ္တံ
၇၂။ ‘‘ယော ဟိ ကောစိ, ဘိက္ခဝေ, ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ။ အဝုသိတံ တေန ဗြဟ္မစရိယံ, အာရကာ သော ဣမသ္မာ ဓမ္မဝိနယာ’’တိ။
ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧတ္ထာဟံ, ဘန္တေ, အနဿသံ ပနဿသံ။ အဟဉှိ, ဘန္တေ, ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာမီ’’တိ။
‘‘တံ ကိံ မညသိ, ဘိက္ခု, စက္ခုံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, စက္ခု ‘နေတံ မမ, နေသောဟမသ္မိ န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧဝံ တေ ဧတံ ပဌမံ ဖဿာယတနံ ပဟီနံ ဘဝိဿတိ အာယတိံ အပုနဗ္ဘဝါယ…ပေ…။
‘‘ဇိဝှံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, ဇိဝှါ ‘နေတံ မမ, နေသောဟမသ္မိ န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧဝံ တေ ဧတံ စတုတ္ထံ ဖဿာယတနံ ပဟီနံ ဘဝိဿတိ အာယတိံ အပုနဗ္ဘဝါယ…ပေ…။
‘‘မနံ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘ဧဝံ, ဘန္တေ’’။
‘‘သာဓု, ဘိက္ခု, ဧတ္ထ စ တေ, ဘိက္ခု, မနော ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ ဘဝိဿတိ။ ဧဝံ တေ ဧတံ ဆဋ္ဌံ ဖဿာယတနံ ပဟီနံ ဘဝိဿတိ အာယတိံ အပုနဗ္ဘဝါယာ’’တိ။ ဒသမံ။
၁၀-ဒုတိယ ဆဖဿာယတနသုတ် ၇၂။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ‘သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -“အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ”ဟု လျှောက်၏။ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသလော။ ရှုပါသည်အသျှင် ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို“ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ရှေးဦးစွာသော တွေ့ထိမှု၏ တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန်ပယ်ပြီး ဖြစ်လတ္တံ့။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာခြောက်မျိုးတို့တွင် လျှာကိုလည်း “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤလေးခုမြောက်ဖြစ်သော တွေ့ထိမှု၏တည်ရာကို နောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုသလော။ ရှုပါသည် အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤသို့ မြင်သော် သင်သည် ဤခြောက်ခုမြောက်ဖြစ်သော တွေ့ထိမှု၏ တည်ရာကိုနောင်အခါ၌ ထပ်၍ မဖြစ်ရန် ပယ်ပြီး ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Linked Discourses 35.72 7. With Migajāla Six Fields of Contact (2nd) “Mendicants, anyone who doesn’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape has not completed the spiritual journey and is far from this teaching and training.” When he said this, one of the mendicants said to the Buddha, “Here, sir, I’m discouraged, really discouraged. For I don’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape.” “What do you think, mendicant? Do you regard the eye like this: ‘This is not mine, I am not this, this is not my self’?” “Yes, sir.” “Good, mendicant! And regarding the eye, you will truly see clearly with right wisdom that: ‘This is not mine, I am not this, this is not my self.’ In this way you will give up the first field of contact, so that there are no more future lives. Do you regard the ear … nose … tongue … body … Do you regard the mind like this: ‘This is not mine, I am not this, this is not my self’?” “Yes, sir.” “Good, mendicant! And regarding the mind, you will truly see clearly with right wisdom that: ‘This is not mine, I am not this, this is not my self.’ In this way you will give up the sixth field of contact, so that there are no more future lives.”
၁၁။ တတိယဆဖဿာယတနသုတ္တံ
၇၃။ ‘‘ယော ဟိ ကောစိ, ဘိက္ခဝေ, ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ။ အဝုသိတံ တေန ဗြဟ္မစရိယံ, အာရကာ သော ဣမသ္မာ ဓမ္မဝိနယာ’’တိ။
ဧဝံ ဝုတ္တေ, အညတရော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧတ္ထာဟံ, ဘန္တေ, အနဿသံ ပနဿသံ။ အဟဉှိ, ဘန္တေ, ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာမီ’’တိ။
‘‘တံ ကိံ မညသိ, ဘိက္ခု, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘သောတံ… ဃာနံ… ဇိဝှါ… ကာယော… မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခု, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, သောတသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဃာနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဇိဝှါယပိ နိဗ္ဗိန္ဒတိ, ကာယသ္မိမ္ပိ နိဗ္ဗိန္ဒတိ, မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဧကာဒသမံ။
မိဂဇာလဝဂ္ဂေါ သတ္တမော။
တဿုဒ္ဒါနံ –
မိဂဇာလေန ဒွေ ဝုတ္တာ, စတ္တာရော စ သမိဒ္ဓိနာ၊
ဥပသေနော ဥပဝါဏော, ဆဖဿာယတနိကာ တယောတိ။
၁၁-တတိယ ဆဖဿာယတနသုတ် ၇၃။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုရဟန်းသည် မြတ်သော အကျင့်ကိုမကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -“အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အလွန်ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ ”ဟု့လျှောက်၏။ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ်‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင် ဘုရား။ ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။ နှစ်ခုမြောက် မိဂဇာလဝဂ် ပြီး၏။ (၈) ၃-ဂိလာနဝဂ် ၁-ပဌမ ဂိလာနသုတ်
Linked Discourses 35.73 7. With Migajāla Six Fields of Contact (3rd) “Mendicants, anyone who doesn’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape has not completed the spiritual journey and is far from this teaching and training.” When he said this, one of the mendicants said to the Buddha, “Here, sir, I’m discouraged, really discouraged. For I don’t truly understand the six fields of contact’s origin, disappearance, gratification, drawback, and escape.” “What do you think, mendicant? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၈။ ဂိလာနဝဂ္ဂေါ
၁။ ပဌမဂိလာနသုတ္တံ
၇၄။ သာဝတ္ထိနိဒါနံ။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘အမုကသ္မိံ, ဘန္တေ, ဝိဟာရေ အညတရော ဘိက္ခု နဝေါ အပ္ပညာတော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သာဓု, ဘန္တေ, ဘဂဝါ ယေန သော ဘိက္ခု တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။
အထ ခေါ ဘဂဝါ နဝဝါဒဉ္စ သုတွာ ဂိလာနဝါဒဉ္စ, ‘‘အပ္ပညာတော ဘိက္ခူ’’တိ ဣတိ ဝိဒိတွာ ယေန သော ဘိက္ခု တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သော ဘိက္ခု ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန မဉ္စကေ သမဓောသိ [သမဉ္စောသိ (သီ။), သမတေသိ (သျာ။ ကံ။), သမဉ္စောပိ (ပီ။)]။ အထ ခေါ ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘အလံ, ဘိက္ခု, မာ တွံ မဉ္စကေ သမဓောသိ။ သန္တိမာနိ အာသနာနိ ပညတ္တာနိ, တတ္ထာဟံ နိသီဒိဿာမီ’’တိ။ နိသီဒိ ဘဂဝါ ပညတ္တေ အာသနေ။ နိသဇ္ဇ ခေါ ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, ဘိက္ခု, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ နော အဘိက္ကမန္တိ, ပဋိက္ကမောသာနံ ပညာယတိ နော အဘိက္ကမော’’တိ?
‘‘န မေ, ဘန္တေ, ခမနီယံ, န ယာပနီယံ, ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တိ, အဘိက္ကမောသာနံ ပညာယတိ နော ပဋိက္ကမော’’တိ။
‘‘ကစ္စိ တေ, ဘိက္ခု, န ကိဉ္စိ ကုက္ကုစ္စံ, န ကောစိ ဝိပ္ပဋိသာရော’’တိ?
‘‘တဂ္ဃ မေ, ဘန္တေ, အနပ္ပကံ ကုက္ကုစ္စံ, အနပ္ပကော ဝိပ္ပဋိသာရော’’တိ။
‘‘ကစ္စိ ပန တံ [တွံ (သီ။), တေ (သျာ။ ကံ။ က။)], ဘိက္ခု, အတ္တာ သီလတော ဥပဝဒတီ’’တိ?
‘‘န ခေါ မံ, ဘန္တေ, အတ္တာ သီလတော ဥပဝဒတီ’’တိ [နော ဟေတံ ဘန္တေ (ပီ။ က။)]။
‘‘နော စေ ကိရ တေ, ဘိက္ခု, အတ္တာ သီလတော ဥပဝဒတိ, အထ ကိဉ္စ [အထ ကိသ္မိဉ္စ (သီ။), အထ ဘိက္ခု ကိသ္မိဉ္စ (သျာ။ ကံ။ ပီ။ က။)] တေ ကုက္ကုစ္စံ ကော စ ဝိပ္ပဋိသာရော’’တိ?
‘‘န ခွါဟံ, ဘန္တေ, သီလဝိသုဒ္ဓတ္ထံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမီ’’တိ။
‘‘နော စေ ကိရ တွံ, ဘိက္ခု, သီလဝိသုဒ္ဓတ္ထံ မယာ ဓမ္မံ ဒေသိတံ အာဇာနာသိ, အထ ကိမတ္ထံ စရဟိ တွံ, ဘိက္ခု, မယာ ဓမ္မံ ဒေသိတံ အာဇာနာသီ’’တိ?
‘‘ရာဂဝိရာဂတ္ထံ ခွါဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမီ’’တိ။
‘‘သာဓု သာဓု, ဘိက္ခု! သာဓု ခေါ တွံ, ဘိက္ခု, ရာဂဝိရာဂတ္ထံ မယာ ဓမ္မံ ဒေသိတံ အာဇာနာသိ။ ရာဂဝိရာဂတ္ထော ဟိ, ဘိက္ခု, မယာ ဓမ္မော ဒေသိတော။ တံ ကိံ မညသိ ဘိက္ခု, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ…ပေ… သောတံ… ဃာနံ… ဇိဝှါ… ကာယော… မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခု, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, သောတသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော သော ဘိက္ခု ဘဂဝတော ဘာသိတံ အဘိနန္ဒိ။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ တဿ ဘိက္ခုနော ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓဓမ္မ’’န္တိ။ ပဌမံ။
၇၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “မြတ်စွာဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက် လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထို ရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏”ဟုလျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် “သူနာရဟန်းသည် မထင်ရှားသော ရဟန်း”ဟု သိတော်မူ၍ ထိုရဟန်းထံသို့ကြွတော်မူ၏။ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင်စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “ရဟန်းမသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ခင်းထားပြီးသောနေရာ၌ ထိုင်နေတော်မူ၏။ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည် ထိုသူနာရဟန်းအား “ရဟန်းသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်အား မခံ့ကျန်းပါ၊ မမျှတပါ၊ တပည့်တော်အား ပြင်းထန်သော ဆင်းရဲ့ဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။ ရဟန်း သင့်အား တစ်စုံတစ်ခုသော စိုးရိမ်မှု နှလုံးမသာမှုသည် ရှိသလော။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်အား စိုးရိမ်မှု နှလုံးမသာမှုသည် မနည်းလှပါ။ ရဟန်း သင့်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏လော။ အသျှင်ဘုရား တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏။ ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကား အဘယ်နည်း။ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါမြတ်စွာ ဘုရားသည် တရားကို ဟော၏ဟု တပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူ အဘယ်အကျိုးငှါ ငါဘုရားသည် တရားတော်ကိုဟော၏ဟု သင် သိ သနည်း။ အသျှင်ဘုရား တပ်မက်မှု‘ရာဂ’ ကင်းခြင်းအကျိုးငှါ မြတ်စွာဘုရားသည်တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏ဟု (လျှောက်၏)။ ရဟန်း ကောင်းပေစွ ကောင်းပေေစွ၊ ရဟန်း တပ်မက်မှု‘ရာဂ’ ကင်းခြင်းအကျိုးငှါ ငါဘုရားသည်တရားကို ဟောထားသည်ကို သင် ကောင်းစွာ သိ၏၊ ရဟန်း ငါဘုရားသည် တပ်မက်မှု‘ရာဂ’ ကင်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏၊ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤစိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ်‘အတ္တ’တည်း”ဟု ရှုခြင်း ငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ။ ဤစုဏ္ဏိယစကားပြေကို ဟောပြသည်ရှိသော် ထိုသူနာရဟန်း အား“ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏ ”ဟု ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်၏။ ပဌမသုတ်။
Linked Discourses 35.74 8. Sick Sick (1st) At Sāvatthī. Then a mendicant went up to the Buddha, and said to him, “Sir, in such-and-such monastery there’s a mendicant who is junior and not well-known. He’s sick, suffering, gravely ill. Please go to him out of sympathy.” When the Buddha heard that the mendicant was junior and ill, understanding that he was not well-known, he went to him. That mendicant saw the Buddha coming off in the distance and stirred in his cot. The Buddha said to that monk, “It’s all right, mendicant, don’t get up. There are some seats spread out, I will sit there.” He sat down on the seat spread out and said to the mendicant, “I hope you’re keeping well, mendicant, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “Sir, I’m not keeping well, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading.” “I hope you don’t have any remorse or regret?” “Indeed, sir, I have no little remorse and regret.” “I hope you have no reason to blame yourself when it comes to ethical conduct?” “No sir, I have no reason to blame myself when it comes to ethical conduct.” “In that case, mendicant, why do you have remorse and regret?” “Because I understand that the Buddha has not taught the Dhamma merely for the sake of ethical purity.” “If that is so, what then do you understand to be the purpose of teaching the Dhamma?” “I understand that the Buddha has taught the Dhamma for the purpose of the fading away of greed.” “Good, good, mendicant! It’s good that you understand that I’ve taught the Dhamma for the purpose of the fading away of greed. For that is indeed the purpose. What do you think, mendicant? Is the eye permanent or impermanent?” “Impermanent, sir.” … “Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended … there is nothing further for this place.’” That is what the Buddha said. Satisfied, that mendicant approved what the Buddha said. And while this discourse was being spoken, the stainless, immaculate vision of the Dhamma arose in that mendicant: “Everything that is liable to arise is liable to cease.”
၂။ ဒုတိယဂိလာနသုတ္တံ
၇၅။ အထ ခေါ အညတရော ဘိက္ခု…ပေ… ဘဂဝန္တံ ဧတဒဝေါစ – ‘‘အမုကသ္မိံ, ဘန္တေ, ဝိဟာရေ အညတရော ဘိက္ခု နဝေါ အပ္ပညာတော အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ သာဓု, ဘန္တေ, ဘဂဝါ ယေန သော ဘိက္ခု တေနုပသင်္ကမတု အနုကမ္ပံ ဥပါဒါယာ’’တိ။
အထ ခေါ ဘဂဝါ နဝဝါဒဉ္စ သုတွာ ဂိလာနဝါဒဉ္စ, ‘‘အပ္ပညာတော ဘိက္ခူ’’တိ ဣတိ ဝိဒိတွာ ယေန သော ဘိက္ခု တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ သော ဘိက္ခု ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန မဉ္စကေ သမဓောသိ။ အထ ခေါ ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘အလံ, ဘိက္ခု, မာ တွံ မဉ္စကေ သမဓောသိ။ သန္တိမာနိ အာသနာနိ ပညတ္တာနိ, တတ္ထာဟံ နိသီဒိဿာမီ’’တိ။ နိသီဒိ ဘဂဝါ ပညတ္တေ အာသနေ။ နိသဇ္ဇ ခေါ ဘဂဝါ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, ဘိက္ခု, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ နော အဘိက္ကမန္တိ, ပဋိက္ကမောသာနံ ပညာယတိ နော အဘိက္ကမော’’တိ?
‘‘န မေ, ဘန္တေ, ခမနီယံ, န ယာပနီယံ…ပေ… န ခေါ မံ [မေ (သဗ္ဗတ္ထ)], ဘန္တေ, အတ္တာ သီလတော ဥပဝဒတီ’’တိ။
‘‘နော စေ ကိရ တေ, ဘိက္ခု, အတ္တာ သီလတော ဥပဝဒတိ, အထ ကိဉ္စ တေ ကုက္ကုစ္စံ ကော စ ဝိပ္ပဋိသာရော’’တိ?
‘‘န ခွါဟံ, ဘန္တေ, သီလဝိသုဒ္ဓတ္ထံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမီ’’တိ။
‘‘နော စေ ကိရ တွံ, ဘိက္ခု, သီလဝိသုဒ္ဓတ္ထံ မယာ ဓမ္မံ ဒေသိတံ အာဇာနာသိ, အထ ကိမတ္ထံ စရဟိ တွံ, ဘိက္ခု, မယာ ဓမ္မံ ဒေသိတံ အာဇာနာသီ’’တိ?
‘‘အနုပါဒါပရိနိဗ္ဗာနတ္ထံ ခွါဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမီ’’တိ။
‘‘သာဓု သာဓု, ဘိက္ခု! သာဓု ခေါ တွံ, ဘိက္ခု, အနုပါဒါပရိနိဗ္ဗာနတ္ထံ မယာ ဓမ္မံ ဒေသိတံ အာဇာနာသိ။ အနုပါဒါပရိနိဗ္ဗာနတ္ထော ဟိ, ဘိက္ခု, မယာ ဓမ္မော ဒေသိတော။
‘‘တံ ကိံ မညသိ, ဘိက္ခု, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ…ပေ… သောတံ… ဃာနံ… ဇိဝှါ… ကာယော… မနော… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခု, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ… မနောဝိညာဏေပိ… မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော သော ဘိက္ခု ဘဂဝတော ဘာသိတံ အဘိနန္ဒိ။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ တဿ ဘိက္ခုဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စီတိ [ဝိမုစ္စတီတိ (သဗ္ဗတ္ထ)]။ ဒုတိယံ။
၂-ဒုတိယ ဂိလာနသုတ် ၇၅။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား ဤမည်သောကျောင်း၌ မထင်ရှားသော ရဟန်းငယ်တစ်ပါးသည် အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါ၏ ”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အငယ်ဟူသော စကားကိုလည်းကောင်း၊ သူနာဟူသော စကားကိုလည်းကောင်း ကြားရသဖြင့် “သူနာရဟန်းသည် မထင်ရှားသော ရဟန်း”ဟု သိတော်မူ၍ ထိုရဟန်းထံသို့ ကြွတော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ရ၍ ညောင် စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြု၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအာ့း“ရဟန်း မသင့်၊ သင်သည် ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့”ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည်ခင်းထားပြီးသော နေရာ၌ ထိုင်နေ တော်မူ၏၊ ထိုင်နေတော်မူပြီးနောက် မြတ်စွာဘုရားသည်ထိုသူနာရဟန်းအား “ရဟန်း သင့်အား ခံ့ကျန်း ပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည်ဆုတ်ယုတ်ကုန်ပါ၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏ လေော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟုထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်အားမခံ့ကျန်းပါ၊ မမျှတပါ။ပ။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင်မစွပ်စွဲနိုင်ဘဲ ရှိပါ၏။ ရဟန်း သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိခဲ့မူ သင်၏ စိုးရိမ်မှု နှလုံးမသာမှုကားအဘယ်နည်း၊ အသျှင်ဘုရား သီလစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟုတပည့်တော် မသိပါ။ ရဟန်း သီလစင်ကြယ်ခြင်းအကျိုးငှါ ငါဘုရားသည် တရားကို ဟော၏ဟု မသိခဲ့မူအဘယ်အကျိုးငှါ ငါသည် တရားဟော၏ဟု သင် သိသနည်း။ အသျှင်ဘုရား စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းငှါ မြတ်စွာဘုရားသည် တရားတော်ကို ဟော၏ဟု တပည့်တော် သိပါ၏၊ ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးငှါ ငါဘုရားသည် တရားကိုဟော၏ဟု သင် ကောင်းစွာ သိပေ၏၊ ရဟန်း ငါဘုရားသည် စွဲလမ်းမှု မရှိသည် ဖြစ်၍ ချုပ်ငြိမ်းခြင်းအကျိုးရှိသော တရားတော်ကို ဟောအပ်၏။ ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဤဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ရဟန်း ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီိ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုသူနာရဟန်းသည် မြတ်စွာဘုရား၏ စကား တော်ကိုအလွန်နှစ်သက်ဝမ်းမြောက်လေပြီ၊ ဤစုဏ္ဏိယစကားပြေတရားကို ဟောပြသည်ရှိသော် ထိုသူနာ ရဟန်း၏စိတ်သည် စွဲလမ်းမှု မရှိမူ၍ အာသဝေါတရားတို့မှ လွတ်၏။ ဒုတိယသုတ်။
Linked Discourses 35.75 8. Sick Sick (2nd) Then a mendicant went up to the Buddha … and asked him, “Sir, in such-and-such monastery there’s a mendicant who is junior and not well-known. He’s sick, suffering, gravely ill. Please go to him out of sympathy.” When the Buddha heard that the mendicant was junior and ill, understanding that he was not well-known, he went to him. That mendicant saw the Buddha coming off in the distance and stirred in his cot. Then the Buddha said to that monk, “It’s all right, mendicant, don’t get up. There are some seats spread out, I will sit there.” He sat down on the seat spread out and said to the mendicant, “I hope you’re keeping well, mendicant, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “Sir, I’m not keeping well, I’m not getting by. … I have no reason to blame myself when it comes to ethical conduct.” “In that case, mendicant, why do you have remorse and regret?” “Because I understand that the Buddha has not taught the Dhamma merely for the sake of ethical purity.” “If that is so, what then do you understand to be the goal of teaching the Dhamma?” “I understand that the Buddha has taught the Dhamma for the goal of complete extinguishment without grasping fuel.” “Good, good, mendicant! It’s good that you understand that I’ve taught the Dhamma for the goal of complete extinguishment with no fuel for grasping. For that is indeed the goal. What do you think, mendicant? Is the eye permanent or impermanent?” “Impermanent, sir.” … “Is the ear … nose … tongue … body … mind … mind consciousness … mind contact … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye … ear … nose … tongue … body … mind … mind consciousness … mind contact … They grow disillusioned with the painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” That is what the Buddha said. Satisfied, that mendicant approved what the Buddha said. And while this discourse was being spoken, the mind of that mendicant was freed from defilements by not grasping.
၃။ ရာဓအနိစ္စသုတ္တံ
၇၆။ အထ ခေါ အာယသ္မာ ရာဓော…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ရာဓော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။ ‘‘ယံ ခေါ, ရာဓ, အနိစ္စံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကိဉ္စ, ရာဓ, အနိစ္စံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော? စက္ခု အနိစ္စံ, ရူပါ အနိစ္စာ, စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… ဇိဝှါ… ကာယော… မနော အနိစ္စော။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယံ ခေါ, ရာဓ, အနိစ္စံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ တတိယံ။
၃-ရာဓအနိစ္စသုတ် ၇၆။ ထိုအခါ အသျှင်ရာဓသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော့်အား အကျဥ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ အထံမှ ယင်းတရားကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏”ဟု လျှောက်၏။ ရာဓ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓထိုတရား၌ လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်ဟူသော မမြဲသော တရားကား အဘယ်နည်း။ ရာဓ မျက်စိသည်မမြဲ၊ အဆင်းတို့သည် မမြဲကုန်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿ ဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသောဝေဒနာ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ၊ ထိုမမြဲသော ခံစားမှု ‘ဝေဒနာ’၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓ အကြင်တရားကား မမြဲ၊ ထိုမမြဲသော တရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကိုပယ်ရမည်ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.76 8. Sick With Rādha on Impermanence Then Venerable Rādha went up to the Buddha … and said to him, “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Rādha, you should give up desire for what is impermanent. And what is impermanent? The eye, sights, eye consciousness, and eye contact are impermanent. And the pleasant, painful, or neutral feeling that arises dependent on eye contact is also impermanent. You should give up desire for it. The ear … nose … tongue … body … The mind, ideas, mind consciousness, and mind contact are impermanent. And the pleasant, painful, or neutral feeling that arises dependent on mind contact is also impermanent. You should give up desire for it. You should give up desire for what is impermanent.”
၄။ ရာဓဒုက္ခသုတ္တံ
၇၇။ ‘‘ယံ ခေါ, ရာဓ, ဒုက္ခံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကိဉ္စ, ရာဓ, ဒုက္ခံ? စက္ခု ခေါ, ရာဓ, ဒုက္ခံ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရူပါ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော… ယမ္ပိဒံ စက္ခုသမ္ဖဿ…ပေ… အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… မနော ဒုက္ခော… ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယံ ခေါ, ရာဓ, ဒုက္ခံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ စတုတ္ထံ။
၄-ရာဓဒုက္ခသုတ် ၇၇။ ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်ဟူသော ဆင်းရဲသော တရားကားအဘယ်နည်း။ ရာဓ မျက်စိသည် ဆင်းရဲ၏၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု‘ဝေဒနာ’၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ပ။ ရာဓ စိတ်သည်ဆင်းရဲ၏၊ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲ၏၊ ထိုခံစားမှု‘ဝေဒနာ’၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.77 8. Sick With Rādha on Suffering “Rādha, you should give up desire for what is suffering. …”
၅။ ရာဓအနတ္တသုတ္တံ
၇၈။ ‘‘ယော ခေါ, ရာဓ, အနတ္တာ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကော စ, ရာဓ, အနတ္တာ? စက္ခု ခေါ, ရာဓ, အနတ္တာ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရူပါ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ…ပေ… မနော အနတ္တာ… ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တာ။ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယော ခေါ, ရာဓ, အနတ္တာ တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ ပဉ္စမံ။
၅-ရာဓ အနတ္တသုတ် ၇၈။ ရာဓ အကြင်တရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုကိုယ် ‘အတ္တ’ မဟုတ်သော တရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်ဟူသောကိုယ် ‘အတ္တ’ မဟုတ်သော တရားကား အဘယ်နည်း။ ရာဓ မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုခံစားမှု ‘ဝေဒနာ’၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ရာဓ အကြင်တရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုကိုယ် ‘အတ္တ’ မဟုတ်သော တရား၌ သင်သည်လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.78 8. Sick With Rādha on Not-Self “Rādha, you should give up desire for what is not-self. …”
၆။ ပဌမအဝိဇ္ဇာပဟာနသုတ္တံ
၇၉။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ, ဘန္တေ, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘အတ္ထိ ခေါ, ဘိက္ခု, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။
‘‘ကတမော ပန, ဘန္တေ, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘အဝိဇ္ဇာ ခေါ, ဘိက္ခု, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။
‘‘ကထံ ပန, ဘန္တေ, ဇာနတော, ကထံ ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘စက္ခုံ ခေါ, ဘိက္ခု, အနိစ္စတော ဇာနတော ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ရူပေ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ, စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ…ပေ… မနံ အနိစ္စတော ဇာနတော ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။ ဆဋ္ဌံ။
၆-ပဌမ အဝိဇ္ဇာပဟာနသုတ် ၇၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-“အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားကား ရှိပါသလော”ဟု ဤစကားကို လျှောက်၏။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။ အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်ပါနည်း။ ရဟန်းအကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်ပါသနည်း။ ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု‘အဝိဇ္ဇာ’ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကို မမြဲဟူ၍ သိသူမြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ပ။ စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.79 8. Sick Giving Up Ignorance (1st) Then a mendicant went up to the Buddha … and said to him: “Sir, is there one thing such that by giving it up a mendicant gives up ignorance and gives rise to knowledge?” “There is, mendicant.” “But what is that one thing?” “Ignorance is one thing such that by giving it up a mendicant gives up ignorance and gives rise to knowledge.” “But how does a mendicant know and see so as to give up ignorance and give rise to knowledge?” “When a mendicant knows and sees the eye, sights, eye consciousness, and eye contact as impermanent, ignorance is given up and knowledge arises. And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on eye contact as impermanent, ignorance is given up and knowledge arises. … Knowing and seeing the mind, ideas, mind consciousness, and mind contact as impermanent, ignorance is given up and knowledge arises. And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on mind contact as impermanent, ignorance is given up and knowledge arises. That’s how a mendicant knows and sees so as to give up ignorance and give rise to knowledge.”
၇။ ဒုတိယအဝိဇ္ဇာပဟာနသုတ္တံ
၈၀။ အထ ခေါ အညတရော ဘိက္ခု…ပေ… ဧတဒဝေါစ – ‘‘အတ္ထိ နု ခေါ, ဘန္တေ, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘အတ္ထိ ခေါ, ဘိက္ခု, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။
‘‘ကတမော ပန, ဘန္တေ, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘အဝိဇ္ဇာ ခေါ, ဘိက္ခု, ဧကော ဓမ္မော ယဿ ပဟာနာ ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။
‘‘ကထံ ပန, ဘန္တေ, ဇာနတော, ကထံ ပဿတော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ?
‘‘ဣဓ, ဘိက္ခု, ဘိက္ခုနော သုတံ ဟောတိ – ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ ဧဝဉ္စေတံ, ဘိက္ခု, ဘိက္ခုနော သုတံ ဟောတိ – ‘သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ’တိ။ သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ, သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ, သဗ္ဗံ ဓမ္မံ ပရိညာယ သဗ္ဗနိမိတ္တာနိ အညတော ပဿတိ, စက္ခုံ အညတော ပဿတိ, ရူပေ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အညတော ပဿတိ…ပေ… မနံ အညတော ပဿတိ, ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အညတော ပဿတိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော ဘိက္ခုနော အဝိဇ္ဇာ ပဟီယတိ, ဝိဇ္ဇာ ဥပ္ပဇ္ဇတီ’’တိ။ သတ္တမံ။
၇-ဒုတိယ အဝိဇ္ဇာပဟာနသုတ် ၈၀။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏-“အသျှင်ဘုရား အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် ရှိပါသလော”။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။ အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်နည်း။ ရဟန်း အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်ပါသနည်း။ ရဟန်း ဤသာသနာတော်၌ ရဟန်းအား “တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့် ”ဟုကြားဖူး၏။ ရဟန်း ရဟန်းအား “တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့်”ဟူသော ဤစကားကို ကြားဖူးခဲ့မူ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိသော်တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြား၍ သိသော် နိမိတ်အားလုံးတို့ကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ မျက်စိကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ပ။ စိတ်ကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.80 8. Sick Giving Up Ignorance (2nd) Then a mendicant went up to the Buddha … and asked him, “Sir, is there one thing such that by giving it up a mendicant gives up ignorance and gives rise to knowledge?” “There is, mendicant.” “But what is that one thing?” “Ignorance is one thing such that by giving it up a mendicant gives up ignorance and gives rise to knowledge.” “But how does a mendicant know and see so as to give up ignorance and give rise to knowledge?” “Take a mendicant who has heard: ‘Nothing is worth insisting on.’ When a mendicant has heard that nothing is worth insisting on, they directly know all things. Directly knowing all things, they completely understand all things. Completely understanding all things, they see all signs as other. They see the eye, sights, eye consciousness, and eye contact as other. And they also see the pleasant, painful, or neutral feeling that arises dependent on eye contact as other. … They see the mind, ideas, mind consciousness, and mind contact as other. And they also see the pleasant, painful, or neutral feeling that arises dependent on mind contact as other. That’s how a mendicant knows and sees so as to give up ignorance and give rise to knowledge.”
၈။ သမ္ဗဟုလဘိက္ခုသုတ္တံ
၈၁။ အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု…ပေ… ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣဓ နော, ဘန္တေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ အမှေ ဧဝံ ပုစ္ဆန္တိ – ‘ကိမတ္ထိယံ, အာဝုသော, သမဏေ ဂေါတမေ ဗြဟ္မစရိယံ ဝုဿတီ’တိ? ဧဝံ ပုဋ္ဌာ မယံ, ဘန္တေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရောမ – ‘ဒုက္ခဿ ခေါ, အာဝုသော, ပရိညတ္ထံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတီ’တိ။ ကစ္စိ မယံ, ဘန္တေ, ဧဝံ ပုဋ္ဌာ ဧဝံ ဗျာကရမာနာ ဝုတ္တဝါဒိနော စေဝ ဘဂဝတော ဟောမ, န စ ဘဂဝန္တံ အဘူတေန အဗ္ဘာစိက္ခာမ, ဓမ္မဿ စာနုဓမ္မံ ဗျာကရောမ, န စ ကောစိ သဟဓမ္မိကော ဝါဒါနုဝါဒေါ ဂါရယှံ ဌာနံ အာဂစ္ဆတီ’’တိ?
‘‘တဂ္ဃ တုမှေ, ဘိက္ခဝေ, ဧဝံ ပုဋ္ဌာ ဧဝံ ဗျာကရမာနာ ဝုတ္တဝါဒိနော စေဝ မေ ဟောထ, န စ မံ အဘူတေန အဗ္ဘာစိက္ခထ, ဓမ္မဿ စာနုဓမ္မံ ဗျာကရောထ, န စ ကောစိ သဟဓမ္မိကော ဝါဒါနုဝါဒေါ ဂါရယှံ ဌာနံ အာဂစ္ဆတိ။ ဒုက္ခဿ ဟိ, ဘိက္ခဝေ, ပရိညတ္ထံ မယိ ဗြဟ္မစရိယံ ဝုဿတိ။ သစေ ပန ဝေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကတမံ ပန တံ, အာဝုသော, ဒုက္ခံ, ယဿ ပရိညာယ သမဏေ ဂေါတမေ ဗြဟ္မစရိယံ ဝုဿတီ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘စက္ခု ခေါ, အာဝုသော, ဒုက္ခံ, တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ ရူပါ…ပေ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ။ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ…ပေ… မနော ဒုက္ခော…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ။ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ ဣဒံ ခေါ တံ, အာဝုသော, ဒုက္ခံ, တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတီ’တိ။ ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထာ’’တိ။ အဋ္ဌမံ။
၈-သမ္ဗဟုလဘိက္ခုသုတ် ၈၁။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏- “အသျှင်ဘုရား သာသနာ့ပြင်ပအယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် တပည့်တော်တို့အား ငါ့သျှင်တို့ ရဟန်း ဂေါတမအထံ၌ အဘယ်အကျိုးရှိသော အကျင့်မြတ်ကို ကျင့်သုံးသနည်းဟု မေးမြန်းကြပါကုန်၏။ အသျှင် ဘုရား ဤသို့အမေးခံကြရသော တပည့်တော်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အားငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ ”ဟုဖြေဆိုကြပါကုန်၏။ အသျှင်ဘုရား ဤသို့ အမေးခံကြရသော တပည့်တော်တို့သည် ဤသို့ဖြေဆိုကြသော် မြတ်စွာဘုရား၏ ဤစကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ (မြတ်စွာဘုရား ဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုမိကြပါကုန်၏လော၊ အကြောင်းနှင့် တကွ မြတ်စွာဘုရားပြောကြားသော စကားနှင့် (တပည့်တော်တို့) တစ်ဆင့် ပြောကြားသော စကားသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပါ၏လောဟု (လျှောက်ကုန်၏)။ ရဟန်းတို့ စင်စစ် ဤသို့ အမေးခံကြရသော သင်တို့သည် ဤသို့ ဖြေဆိုကြသော် ငါဘုရား၏စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ကုန်၏၊ ငါဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲရှိကြ ပေကုန်၏၊ (ငါဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုကြပေကုန်၏၊ အကြောင်းနှင့် တကွ (ငါဘုရား) ပြောကြားထားသော စကားနှင့် (သင်တို့) တစ်ဆင့် ပြောကြားသောစကားသည် တစ်စုံ တစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပေ၏။ ရဟန်းတို့ (သင်တို့သည်) ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ငါဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ ရဟန်းတို့ အကယ်၍ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် သင်တို့အား“ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ ရဟန်းဂေါတမအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏ဟုသင်တို့ ပြောသော ထိုဆင်းရဲကား အဘယ်နည်း ”ဟု ဤသို့ မေးမြန်းကြကုန်မူ ရဟန်းတို့ ဤသို့အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား ဤသို့ဖြေဆိုကုန်ရာ၏ - ငါ့သျှင်တို့ မျက်စိသည် ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာ့ဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ အဆင်းတို့သည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကိုပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ စိတ်သည် ဆင်းရဲတည်း။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏။ ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏ဟု (ငါတို့ ပြောအပ်သော) ထိုဆင်းရဲကား ဤသည်ပင်တည်း။ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသောပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.81 8. Sick Several Mendicants Then several mendicants went up to the Buddha … and asked him, “Sir, sometimes wanderers of other religions ask us: ‘Reverends, what’s the goal of leading the spiritual life under the ascetic Gotama?’ We answer them like this: ‘The goal of leading the spiritual life under the Buddha is to completely understand suffering.’ Answering this way, we trust that we repeat what the Buddha has said, and don’t misrepresent him with an untruth. We trust our explanation is in line with the teaching, and that there are no legitimate grounds for rebuttal or criticism.” “Indeed, in answering this way you repeat what I’ve said, and don’t misrepresent me with an untruth. Your explanation is in line with the teaching, and there are no legitimate grounds for rebuttal or criticism. For the goal of leading the spiritual life under me is to completely understand suffering. If wanderers of other religions were to ask you: ‘Reverends, what is that suffering?’ You should answer them: ‘Reverends, the eye is suffering. The goal of leading the spiritual life under the Buddha is to completely understand this. Sights … Eye consciousness … Eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact is also suffering. The goal of leading the spiritual life under the Buddha is to completely understand this. Ear … Nose … Tongue … Body … Mind … The pleasant, painful, or neutral feeling that arises dependent on mind contact is also suffering. The goal of leading the spiritual life under the Buddha is to completely understand this. This is that suffering. The goal of leading the spiritual life under the Buddha is to completely understand this.’ When questioned by wanderers of other religions, that’s how you should answer them.”
၉။ လောကပဉှာသုတ္တံ
၈၂။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ –
‘‘‘လောကော, လောကော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, လောကောတိ ဝုစ္စတီ’’တိ? ‘‘‘လုဇ္ဇတီ’တိ ခေါ, ဘိက္ခု, တသ္မာ လောကောတိ ဝုစ္စတိ။ ကိဉ္စ လုဇ္ဇတိ? စက္ခု ခေါ, ဘိက္ခု, လုဇ္ဇတိ။ ရူပါ လုဇ္ဇန္တိ, စက္ခုဝိညာဏံ လုဇ္ဇတိ, စက္ခုသမ္ဖဿော လုဇ္ဇတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ လုဇ္ဇတိ…ပေ… ဇိဝှါ လုဇ္ဇတိ…ပေ… မနော လုဇ္ဇတိ, ဓမ္မာ လုဇ္ဇန္တိ, မနောဝိညာဏံ လုဇ္ဇတိ, မနောသမ္ဖဿော လုဇ္ဇတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ လုဇ္ဇတိ။ လုဇ္ဇတီတိ ခေါ, ဘိက္ခု, တသ္မာ လောကောတိ ဝုစ္စတီ’’တိ။ နဝမံ။
၉-လောကပဥှာသုတ် ၈၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား “လောက လောက”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းကြောင့် “လောက”ဟု ဆိုအပ်ပါသနည်း။ ရဟန်းပျက်စီးတတ် သောကြောင့် “လောက”ဟု ဆိုအပ်၏။ အဘယ်သည် ပျက်စီးတတ်သနည်း၊ ရဟန်း မျက်စိသည် ပျက်စီးတတ်၏၊ အဆင်းတို့သည် ပျက်စီးတတ်ကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။ပ။ လျှာသည် ပျက်စီးတတ်၏။ပ။ စိတ်သည် ပျက်စီးတတ်၏၊ သဘောတရားတို့သည်ပျက်စီးတတ်ကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်၏၊ မနောသမ္ဖဿသည် ပျက်စီးတတ်၏၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ပျက်စီးတတ်၏။ ရဟန်း ထိုသို့ ပျက်စီးတတ်သောကြောင့် “လောက”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.82 8. Sick A Question On the World Then a mendicant went up to the Buddha … and said to him: “Sir, they speak of this thing called ‘the world’. How is the world defined?” “It wears away, mendicant, that’s why it’s called ‘the world’. And what is wearing away? The eye is wearing away. Sights … eye consciousness … eye contact is wearing away. The painful, pleasant, or neutral feeling that arises dependent on eye contact is also wearing away. The ear … nose … tongue … body …. The mind … ideas … mind consciousness … mind contact is wearing away. The painful, pleasant, or neutral feeling that arises dependent on mind contact is also wearing away. It wears away, mendicant, that’s why it’s called ‘the world’.”
၁၀။ ဖဂ္ဂုနပဉှာသုတ္တံ
၈၃။ အထ ခေါ အာယသ္မာ ဖဂ္ဂုနော…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဖဂ္ဂုနော ဘဂဝန္တံ ဧတဒဝေါစ –
‘‘အတ္ထိ နု ခေါ, ဘန္တေ, တံ စက္ခု, ယေန စက္ခုနာ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျ…ပေ… အတ္ထိ နု ခေါ, ဘန္တေ, သာ ဇိဝှါ, ယာယ ဇိဝှါယ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျ…ပေ… အတ္ထိ နု ခေါ သော, ဘန္တေ, မနော, ယေန မနေန အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျာ’’တိ?
‘‘နတ္ထိ ခေါ တံ, ဖဂ္ဂုန, စက္ခု, ယေန စက္ခုနာ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျ …ပေ… နတ္ထိ ခေါ သာ, ဖဂ္ဂုန, ဇိဝှါ, ယာယ ဇိဝှါယ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျ…ပေ… နတ္ထိ ခေါ သော, ဖဂ္ဂုန, မနော, ယေန မနေန အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝဋ္ဋေ ပညာပယမာနော ပညာပေယျာ’’တိ။ ဒသမံ။
ဂိလာနဝဂ္ဂေါ အဋ္ဌမော။
တဿုဒ္ဒါနံ –
ဂိလာနေန ဒုဝေ ဝုတ္တာ, ရာဓေန အပရေ တယော၊
အဝိဇ္ဇာယ စ ဒွေ ဝုတ္တာ, ဘိက္ခု လောကော စ ဖဂ္ဂုနောတိ။
၁၀-ဖဂ္ဂုနပဥှာသုတ် ၈၃။ ထိုအခါ အသျှင်ဖဂ္ဂုနသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အချဲဲ့‘ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကိုဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့်ပညတ်ရာ၏၊ ထိုမျက်စိသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲဲ့‘ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သောသံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကိုလွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသောသူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် ရှိပါသလော။ပ။ အသျှင်ဘုရား အချဲဲ့‘ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သောဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့် ပညတ်ရာ၏၊ ထိုစိတ်သည် ရှိပါသလောဟု လျှောက်၏။ ဖဂ္ဂုန အချဲဲ့ ‘ပပဉ္စ’ တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သောလွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်မျက်စိဖြင့် ပညတ်ရာ၏၊ ထိုမျက်စိသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ ‘ပပဉ္စ’ တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဝဋ်ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်လျှာဖြင့် ပညတ်ရာ၏၊ ထိုလျှာသည် မရှိ။ပ။ ဖဂ္ဂုန အချဲ့ ‘ပပဉ္စ’တရားတို့ကို ဖြတ်ပြီးကုန်သော သံသရာခရီးလမ်းကို ဖြတ်ပြီးကုန်သော ဝဋ်တရားတို့ကို ကုန်ခန်းစေပြီးကုန်သော ဆင်းရဲအားလုံးကို လွန်ပြီးကုန်သော ပရိနိဗ္ဗာန်စံလွန်ပြီးကုန်သော လွန်လေပြီးကုန်သော မြတ်စွာဘုရားတို့ကို ပညတ်လိုသော သူသည် အကြင်စိတ်ဖြင့်ပညတ်ရာ၏၊ ထိုစိတ်သည် မရှိဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ သုံးခုမြောက် ဂိလာနဝဂ် ပြီး၏။ (၉) ၄-ဆန္နဝဂ် ၁-ပလောကဓမ္မသုတ်
Linked Discourses 35.83 8. Sick Phagguna’s Question And then Venerable Phagguna went up to the Buddha … and said to him: “Sir, suppose someone were to describe the Buddhas of the past who have become fully quenched, cut off proliferation, cut off the course, finished off the cycle, and passed beyond all suffering. Does the eye exist by which they could be described? Does the ear … nose … tongue … body exist …? Does the mind exist by which they could be described?” “Phagguna, suppose someone were to describe the Buddhas of the past who have become fully quenched, cut off proliferation, cut off the course, finished off the cycle, and passed beyond all suffering. The eye does not exist by which they could be described. The ear … nose … tongue … body does not exist …. The mind does not exist by which they could be described.”
၉။ ဆန္နဝဂ္ဂေါ
၁။ ပလောကဓမ္မသုတ္တံ
၈၄။ သာဝတ္ထိနိဒါနံ။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ –
‘‘‘လောကော, လောကော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, လောကောတိ ဝုစ္စတီ’’တိ? ‘‘ယံ ခေါ, အာနန္ဒ, ပလောကဓမ္မံ, အယံ ဝုစ္စတိ အရိယဿ ဝိနယေ လောကော။ ကိဉ္စ, အာနန္ဒ, ပလောကဓမ္မံ? စက္ခု ခေါ, အာနန္ဒ, ပလောကဓမ္မံ, ရူပါ ပလောကဓမ္မာ, စက္ခုဝိညာဏံ ပလောကဓမ္မံ, စက္ခုသမ္ဖဿော ပလောကဓမ္မော, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ…ပေ… တမ္ပိ ပလောကဓမ္မံ…ပေ… ဇိဝှါ ပလောကဓမ္မာ, ရသာ ပလောကဓမ္မာ, ဇိဝှါဝိညာဏံ ပလောကဓမ္မံ, ဇိဝှါသမ္ဖဿော ပလောကဓမ္မော, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ…ပေ… တမ္ပိ ပလောကဓမ္မံ…ပေ… မနော ပလောကဓမ္မော, ဓမ္မာ ပလောကဓမ္မာ, မနောဝိညာဏံ ပလောကဓမ္မံ, မနောသမ္ဖဿော ပလောကဓမ္မော, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ပလောကဓမ္မံ။ ယံ ခေါ, အာနန္ဒ, ပလောကဓမ္မံ, အယံ ဝုစ္စတိ အရိယဿ ဝိနယေ လောကော’’တိ။ ပဌမံ။
၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား “လောကလောက”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “လောက”ဟုဆိုအပ်ပါသ နည်း။ အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏။ အာနန္ဒာ ပျက်စီးတတ်သော သဘောရှိသော တရားသည် အဘယ်နည်း။ အာနန္ဒာ မျက်စိသည်ပျက်စီးတတ်သော သဘောရှိ၏၊ အဆင်းတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။ လျှာသည် ပျက်စီးတတ်သော သဘောရှိ၏၊ အရသာတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ ဇိဝှါဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါ သမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။ စိတ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ သဘောတရားတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ မနောသမ္ဖဿသည်ပျက်စီးတတ်သော သဘောရှိ၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.84 9. With Channa Liable to Wear Out At Sāvatthī. Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him: “Sir, they speak of this thing called ‘the world’. How is the world defined?” “Ānanda, that which is liable to wear out is called the world in the training of the Noble One. And what is liable to wear out? The eye is liable to wear out. Sights … eye consciousness … eye contact is liable to wear out. The painful, pleasant, or neutral feeling that arises dependent on eye contact is also liable to wear out. The ear … nose … tongue … body …. The mind … ideas … mind consciousness … mind contact is liable to wear out. The painful, pleasant, or neutral feeling that arises dependent on mind contact is also liable to wear out. That which is liable to wear out is called the world in the training of the Noble One.”
၂။ သုညတလောကသုတ္တံ
၈၅။ အထ ခေါ အာယသ္မာ အာနန္ဒော…ပေ… ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သုညော လောကော, သုညော လောကော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, သုညော လောကောတိ ဝုစ္စတီ’’တိ? ‘‘ယသ္မာ စ ခေါ, အာနန္ဒ, သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ တသ္မာ သုညော လောကောတိ ဝုစ္စတိ။ ကိဉ္စ, အာနန္ဒ, သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ? စက္ခု ခေါ, အာနန္ဒ, သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ။ ရူပါ သုညာ အတ္တေန ဝါ အတ္တနိယေန ဝါ, စက္ခုဝိညာဏံ သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ, စက္ခုသမ္ဖဿော သုညော အတ္တေန ဝါ အတ္တနိယေန ဝါ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ။ ယသ္မာ စ ခေါ, အာနန္ဒ, သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ, တသ္မာ သုညော လောကောတိ ဝုစ္စတီ’’တိ။ ဒုတိယံ။
၂-သုညတလောကသုတ် ၈၅။ ထိုအခါ အသျှင်အာနန္ဒာသည်။ပ။ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင် ဘုရာ့း“လောကသည် (ဆိတ်) သုဥ်း၏၊ လောကသည် (ဆိတ်) သုဥ်း၏ ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်မျှလောက်သော အကြောင်းဖြင့် “လောကသည် (ဆိတ်) သုဥ်း၏ ”ဟု ဆိုအပ်ပါသနည်း။ အာနန္ဒာငါမှလည်းကောင်း ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်းသောကြောင့် “လောကသည် (ဆိတ်) သုဥ်း၏”ဟု ဆိုအပ်၏။ အာနန္ဒာ အဘယ်အရာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်းသနည်း။ အာနန္ဒာမျက်စိသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်း၏။ အဆင်းတို့သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်းကုန်၏။ စက္ခုဝိညာဏ်သည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်း၏။ စက္ခုသမ္ဖဿသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်း၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်း၏။ အာနန္ဒာ ငါမှလည်းကောင်း၊ ငါ့ဥစ္စာမှလည်းကောင်း (ဆိတ်) သုဥ်းသောကြောင့် “လောကသည် (ဆိတ်) သုဥ်း၏ ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။ ၁။ အတ္တမှလည်းကောင်း၊ ၂။ (အတ္တ၏ ဥစ္စာ) အတ္တနိယမှလည်းကောင်း။
Linked Discourses 35.85 9. With Channa The World is Empty And then Venerable Ānanda … said to the Buddha: “Sir, they say that ‘the world is empty’. What does the saying ‘the world is empty’ refer to?” “Ānanda, they say that ‘the world is empty’ because it’s empty of self or what belongs to self. And what is empty of self or what belongs to self? The eye, sights, eye consciousness, and eye contact are empty of self or what belongs to self. … The pleasant, painful, or neutral feeling that arises dependent on mind contact is also empty of self or what belongs to self. They say that ‘the world is empty’ because it’s empty of self or what belongs to self.”
၃။ သံခိတ္တဓမ္မသုတ္တံ
၈၆။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘တံ ကိံ မညသိ, အာနန္ဒ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘စက္ခုဝိညာဏံ…ပေ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါဝိညာဏံ… ဇိဝှါသမ္ဖဿော…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘ဧဝံ ပဿံ, အာနန္ဒ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ တတိယံ။
၃-သံခိတ္တဓမ္မသုတ် ၈၆။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဥ်းအားဖြင့်တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကိုနာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လရှိလျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ”ဟု လျှောက်၏။ အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါ အသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစား မှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ အရသာသည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အာနန္ဒာ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာ မှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟုသိ၏ဟု (မိန့် တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.86 9. With Channa A Teaching In Brief Seated to one side, Venerable Ānanda said to the Buddha: “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “What do you think, Ānanda? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are sights … eye consciousness … eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” … “Is the ear … nose … tongue … body … mind … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind … painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၄။ ဆန္နသုတ္တံ
၈၇။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော အာယသ္မာ စ ဆန္နော ဂိဇ္ဈကူဋေ ပဗ္ဗတေ ဝိဟရန္တိ။ တေန ခေါ ပန သမယေန ယေန အာယသ္မာ ဆန္နော အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ အာယသ္မာ သာရိပုတ္တော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ မဟာစုန္ဒော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ မဟာစုန္ဒံ ဧတဒဝေါစ – ‘‘အာယာမာဝုသော စုန္ဒ, ယေနာယသ္မာ ဆန္နော တေနုပသင်္ကမိဿာမ ဂိလာနပုစ္ဆကာ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ အာယသ္မာ မဟာစုန္ဒော အာယသ္မတော သာရိပုတ္တဿ ပစ္စဿောသိ။
အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော ယေနာယသ္မာ ဆန္နော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိံသု။ နိသဇ္ဇ ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ ဆန္နံ ဧတဒဝေါစ – ‘‘ကစ္စိ တေ, အာဝုသော ဆန္န, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ နော အဘိက္ကမန္တိ, ပဋိက္ကမောသာနံ ပညာယတိ နော အဘိက္ကမော’’တိ?
‘‘န မေ, အာဝုသော သာရိပုတ္တ, ခမနီယံ န ယာပနီယံ, ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တိ, အဘိက္ကမောသာနံ ပညာယတိ နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော, ဗလဝါ ပုရိသော တိဏှေန သိခရေန [ခဂ္ဂေန (က။)] မုဒ္ဓနိ [မုဒ္ဓါနံ (သီ။ သျာ။ ကံ။ ပီ။)] အဘိမတ္ထေယျ [အဘိမန္ထေယျ (သီ။)]၊ ဧဝမေဝ ခေါ, အာဝုသော, အဓိမတ္တာ ဝါတာ မုဒ္ဓနိ [မုဒ္ဓါနံ (သီ။ သျာ။ ကံ။ ပီ။)] ဦဟနန္တိ [ဥပဟနန္တိ (သီ။ သျာ။ ကံ။ ပီ။ က။), ဥဟနန္တိ (က။)]။ န မေ, အာဝုသော, ခမနီယံ, န ယာပနီယံ…ပေ… နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော, ဗလဝါ ပုရိသော ဒဠှေန ဝရတ္တက္ခဏ္ဍေန သီသေ သီသဝေဌံ ဒဒေယျ၊ ဧဝမေဝ ခေါ, အာဝုသော, အဓိမတ္တာ သီသေ သီသဝေဒနာ။ န မေ, အာဝုသော, ခမနီယံ, န ယာပနီယံ…ပေ… နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ တိဏှေန ဂေါဝိကန္တနေန ကုစ္ဆိံ ပရိကန္တေယျ၊ ဧဝမေဝ ခေါ အဓိမတ္တာ ဝါတာ ကုစ္ဆိံ ပရိကန္တန္တိ။ န မေ, အာဝုသော, ခမနီယံ, န ယာပနီယံ…ပေ… နော ပဋိက္ကမော။ သေယျထာပိ, အာဝုသော, ဒွေ ဗလဝန္တော ပုရိသာ ဒုဗ္ဗလတရံ ပုရိသံ နာနာဗာဟာသု ဂဟေတွာ အင်္ဂါရကာသုယာ သန္တာပေယျုံ သမ္ပရိတာပေယျုံ၊ ဧဝမေဝ ခေါ, အာဝုသော, အဓိမတ္တော ကာယသ္မိံ ဍာဟော။ န မေ, အာဝုသော, ခမနီယံ, န ယာပနီယံ, ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တိ, အဘိက္ကမောသာနံ ပညာယတိ နော ပဋိက္ကမော။ သတ္ထံ, အာဝုသော သာရိပုတ္တ, အာဟရိဿာမိ, နာဝကင်္ခါမိ [နာပိ ကင်္ခါမိ (က။)] ဇီဝိတ’’န္တိ။
‘‘မာ အာယသ္မာ ဆန္နော သတ္ထံ အာဟရေသိ။ ယာပေတာယသ္မာ ဆန္နော, ယာပေန္တံ မယံ အာယသ္မန္တံ ဆန္နံ ဣစ္ဆာမ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ သပ္ပါယာနိ ဘောဇနာနိ, အဟံ အာယသ္မတော ဆန္နဿ သပ္ပါယာနိ ဘောဇနာနိ ပရိယေသိဿာမိ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ သပ္ပါယာနိ ဘေသဇ္ဇာနိ, အဟံ အာယသ္မတော ဆန္နဿ သပ္ပါယာနိ ဘေသဇ္ဇာနိ ပရိယေသိဿာမိ။ သစေ အာယသ္မတော ဆန္နဿ နတ္ထိ ပတိရူပါ ဥပဋ္ဌာကာ, အဟံ အာယသ္မန္တံ ဆန္နံ ဥပဋ္ဌဟိဿာမိ။ မာ အာယသ္မာ ဆန္နော သတ္ထံ အာဟရေသိ။ ယာပေတာယသ္မာ ဆန္နော, ယာပေန္တံ မယံ အာယသ္မန္တံ ဆန္နံ ဣစ္ဆာမာ’’တိ။
‘‘န မေ, အာဝုသော သာရိပုတ္တ, နတ္ထိ သပ္ပါယာနိ ဘောဇနာနိ၊ အတ္ထိ မေ သပ္ပါယာနိ ဘောဇနာနိ။ နပိ မေ နတ္ထိ သပ္ပါယာနိ ဘေသဇ္ဇာနိ၊ အတ္ထိ မေ သပ္ပါယာနိ ဘေသဇ္ဇာနိ။ နပိ မေ နတ္ထိ ပတိရူပါ ဥပဋ္ဌာကာ၊ အတ္ထိ မေ ပတိရူပါ ဥပဋ္ဌာကာ။ အပိ စ မေ, အာဝုသော, သတ္ထာ ပရိစိဏ္ဏော ဒီဃရတ္တံ မနာပေနေဝ, နော အမနာပေန။ ဧတဉှိ, အာဝုသော, သာဝကဿ ပတိရူပံ ယံ သတ္ထာရံ ပရိစရေယျ မနာပေနေဝ, နော အမနာပေန။ ‘အနုပဝဇ္ဇံ [တံ အနုပဝဇ္ဇံ (ဗဟူသု)] ဆန္နော ဘိက္ခု သတ္ထံ အာဟရိဿတီ’တိ – ဧဝမေတံ, အာဝုသော သာရိပုတ္တ, ဓာရေဟီ’’တိ။
‘‘ပုစ္ဆေယျာမ မယံ အာယသ္မန္တံ ဆန္နံ ကဉ္စိဒေဝ [ကိဉ္စိဒေဝ (သျာ။ ကံ။ ပီ။ က။)] ဒေသံ, သစေ အာယသ္မာ ဆန္နော ဩကာသံ ကရောတိ ပဉှဿ ဝေယျာကရဏာယာ’’တိ။ ‘‘ပုစ္ဆာဝုသော သာရိပုတ္တ, သုတွာ ဝေဒိဿာမာ’’တိ။
‘‘စက္ခုံ, အာဝုသော ဆန္န, စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသိ…ပေ… ဇိဝှံ, အာဝုသော ဆန္န, ဇိဝှါဝိညာဏံ ဇိဝှါဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသိ…ပေ… မနံ, အာဝုသော ဆန္န, မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘စက္ခုံ, အာဝုသော သာရိပုတ္တ, စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ…ပေ… ဇိဝှံ, အာဝုသော သာရိပုတ္တ, ဇိဝှါဝိညာဏံ ဇိဝှါဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ…ပေ… မနံ, အာဝုသော သာရိပုတ္တ, မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမီ’’တိ။
‘‘စက္ခုသ္မိံ, အာဝုသော ဆန္န, စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု ကိံ ဒိသွာ ကိံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသိ… ဇိဝှါယ, အာဝုသော ဆန္န, ဇိဝှါဝိညာဏေ ဇိဝှါဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု ကိံ ဒိသွာ ကိံ အဘိညာယ ဇိဝှံ ဇိဝှါဝိညာဏံ ဇိဝှါဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသိ… မနသ္မိံ, အာဝုသော ဆန္န, မနောဝိညာဏေ မနောဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု ကိံ ဒိသွာ ကိံ အဘိညာယ မနံ မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿသီ’’တိ?
‘‘စက္ခုသ္မိံ, အာဝုသော သာရိပုတ္တ, စက္ခုဝိညာဏေ စက္ခုဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ စက္ခုံ စက္ခုဝိညာဏံ စက္ခုဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ…ပေ… ဇိဝှါယ, အာဝုသော သာရိပုတ္တ, ဇိဝှါဝိညာဏေ ဇိဝှါဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ ဇိဝှံ ဇိဝှါဝိညာဏံ ဇိဝှါဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမိ…ပေ… မနသ္မိံ, အာဝုသော သာရိပုတ္တ, မနောဝိညာဏေ မနောဝိညာဏဝိညာတဗ္ဗေသု ဓမ္မေသု နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ မနံ မနောဝိညာဏံ မနောဝိညာဏဝိညာတဗ္ဗေ ဓမ္မေ ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ သမနုပဿာမီ’’တိ။
ဧဝံ ဝုတ္တေ, အာယသ္မာ မဟာစုန္ဒော အာယသ္မန္တံ ဆန္နံ ဧတဒဝေါစ – ‘‘တသ္မာတိဟ, အာဝုသော ဆန္န, ဣဒမ္ပိ တဿ ဘဂဝတော သာသနံ နိစ္စကပ္ပံ သာဓုကံ မနသိ ကာတဗ္ဗံ – ‘နိဿိတဿ စလိတံ, အနိဿိတဿ စလိတံ နတ္ထိ။ စလိတေ အသတိ ပဿဒ္ဓိ ဟောတိ။ ပဿဒ္ဓိယာ သတိ နတိ န ဟောတိ။ နတိယာ အသတိ အာဂတိဂတိ န ဟောတိ။ အာဂတိဂတိယာ အသတိ စုတူပပါတော န ဟောတိ။ စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာ’’’တိ။
အထ ခေါ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာစုန္ဒော အာယသ္မန္တံ ဆန္နံ ဣမိနာ ဩဝါဒေန ဩဝဒိတွာ ဥဋ္ဌာယာသနာ ပက္ကမိံသု။ အထ ခေါ အာယသ္မာ ဆန္နော အစိရပက္ကန္တေသု တေသု အာယသ္မန္တေသု သတ္ထံ အာဟရေသိ။
အထ ခေါ အာယသ္မာ သာရိပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အာယသ္မတာ, ဘန္တေ, ဆန္နေန သတ္ထံ အာဟရိတံ။ တဿ ကာ ဂတိ ကော အဘိသမ္ပရာယော’’တိ? ‘‘နနု တေ, သာရိပုတ္တ, ဆန္နေန ဘိက္ခုနာ သမ္မုခါယေဝ အနုပဝဇ္ဇတာ ဗျာကတာ’’တိ? ‘‘အတ္ထိ, ဘန္တေ, ပုဗ္ဗဝိဇ္ဇနံ [ပုဗ္ဗဝိစိရံ (သီ။), ပုဗ္ဗဝိဇ္ဈနံ (ပီ။), ပုဗ္ဗဇိရံ (မ။ နိ။ ၃။၃၉၄] နာမ ဝဇ္ဇိဂါမော။ တတ္ထာယသ္မတော ဆန္နဿ မိတ္တကုလာနိ သုဟဇ္ဇကုလာနိ ဥပဝဇ္ဇကုလာနီ’’တိ။ ‘‘ဟောန္တိ ဟေတေ, သာရိပုတ္တ, ဆန္နဿ ဘိက္ခုနော မိတ္တကုလာနိ သုဟဇ္ဇကုလာနိ ဥပဝဇ္ဇကုလာနိ။ န ခေါ ပနာဟံ, သာရိပုတ္တ, ဧတ္တာဝတာ သဥပဝဇ္ဇောတိ ဝဒါမိ။ ယော ခေါ, သာရိပုတ္တ, တဉ္စ ကာယံ နိက္ခိပတိ, အညဉ္စ ကာယံ ဥပါဒိယတိ, တမဟံ သဥပဝဇ္ဇောတိ ဝဒါမိ။ တံ ဆန္နဿ ဘိက္ခုနော နတ္ထိ။ ‘အနုပဝဇ္ဇံ ဆန္နေန ဘိက္ခုနာ သတ္ထံ အာဟရိတ’န္တိ – ဧဝမေတံ, သာရိပုတ္တ, ဓာရေဟီ’’တိ။ စတုတ္ထံ။
၄-ဆန္နသုတ် ၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့်အသျှင်ဆန္န တို့သည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေကြကုန်၏။ ထိုအခါ အသျှင်ဆန္နသည်အနာရောဂါ နှိပ်စက် ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါအသျှင်သာရိပုတြာသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်မဟာစုန္ဒထံသို့ချဥ်းကပ်ပြီးသော် “ငါ့သျှင်စုန္ဒ လာ, သွားကြစို့၊ အသျှင်ဆန္နထံသို့ သူနာမေးရန် ချဥ်းကပ်ကြကုန်အံ့”ဟုအသျှင်မဟာစုန္ဒ အား ဤစကားကို ဆို၏။ “ကောင်းပါပြီ ငါ့သျှင်”ဟု အသျှင်မဟာစုန္ဒသည်အသျှင်သာရိပုတြာအား ဝန်ခံ လေ၏။ ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နထံသို့ ချဥ်းကပ်ကြကုန်၍ ခင်းထားပြီးသော နေရာတို့၌ ထိုင်နေကြပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္နအား “ငါ့သျှင်ဆန္နသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော ”ဟု မိန့်တော်မူ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည်တို့ပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟုမထင်ပါ။ ငါ့သျှင် အားကောင်းသော ယောကျာ်းသည် ထက်လှစွာသော သန်လျက်ဦးဖြင့် ဦးထိပ်၌ ထိုးသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဦးထိပ်၌ ထိုးကုန်၏။ ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောကျာ်းသည် ခိုင်မြဲသော သားရေကြိုးပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ရာသကဲ့သို့ ဤအတူ ဦးခေါင်း၌ လွန် ကဲသော ဝေဒနာ ဖြစ်နေပါကုန်၏။ ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် ကျွမ်းကျင်သောနွားသတ်သမားဖြစ်စေ၊ နွားသတ်သမား၏ တပည့်ဖြစ်စေ ထက်လှစွာသော သားလှီးဓားဦးဖြင့် ဝမ်းပိုက်ကိုထိုးဖောက်ဆွဲငင်ရာသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဝမ်းပိုက်ကို ထိုးဖောက်ဆွဲငင်ပါကုန်၏။ ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းကို လက်မောင်းတစ်ဖက်စီတို့၌ ဆွဲကိုင်ပြီးလျှင့်မီးကျီတွင်း၌ ကင်ကုန်သကဲ့သို့ ဤအတူ ခန္ဓာကိုယ်၌ အလွန်ပူ လောင်နေပါ၏။ ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဓားဖြင့် (အသက်ကို) ဆောင်တော့အံ့၊ အသက်ရှင်မှုကို အလိုမရှိတော့ပါဟု လျှောက်၏။ အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင်ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကို အကျွန်ုပ်တို့ လိုလားပါကုန်၏၊ အသျှင်ဆန္နအား လျောက်ပတ်သော ဘောဇဥ်များမရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက် လျောက်ပတ်သော ဘောဇဥ်များကို ရှာပေးပါအံ့၊ အသျှင်ဆန္န အား လျောက်ပတ်သော ဆေးတို့ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက်လျောက်ပတ်သော ဆေး တို့ကို ရှာပေးပါအံ့၊ အကယ်၍ အသျှင်ဆန္နအား သင့်လျော်သောအလုပ်အကျွေးများ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နကို လုပ်ကျွေးပါအံ့။ အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင် ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကိုအကျွန်ုပ်တို့ လိုလားပါကုန်၏ဟု ဆို၏။ ငါ့သျှင်သာရိပုတြာ ငါ့အား လျောက်ပတ်သော ဘောဇဥ်များ မရှိကုန်သည် မဟုတ်၊ လျောက်ပတ် သောဘောဇဥ်များ ရှိပါကုန်၏၊ ငါ့အား လျောက်ပတ်သော ဆေးတို့လည်း မရှိကုန်သည် မဟုတ်၊ လျောက်ပတ်သော ဆေးတို့ ရှိပါကုန်၏၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးတို့လည်း မရှိကုန်သည်မဟုတ်၊ သင့်လျော်သော အလုပ်အကျွေးတို့ ရှိပါကုန်၏၊ စင်စစ်အားဖြင့် ငါသည် မြတ်စွာဘုရားကိုအချိန် ကြာမြင့်စွာ နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေးခဲ့ပြီ၊ မနှစ်လိုဖွယ်သော အမူအရာဖြင့်မလုပ်ကျွေးပါ။ ငါ့သျှင် မြတ်စွာဘုရားကို နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေး၍ မနှစ်လိုဖွယ်သောအမူအရာဖြင့် မလုပ်ကျွေးခြင်းသည် တပည့်ဖြစ်သူအား သင့်လျော်၏၊ (ပဋိသန္ဓေနေမှုသို့) ချဥ်းကပ်ထိုက်သူ မဟုတ်သော ဆန္နရဟန်းသည် ဓားဖြင့် (အသက်ကို) ဆောင်လတ္တံ့ဟု ဤအတိုင်းမှတ်လေလော့ဟု လျှောက်၏။ အသျှင်ဆန္နသည် ပြဿနာကို ဖြေရန် အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်တို့သည် အသျှင်ဆန္နအားအနည်းငယ်မျှ မေးလိုပါကုန်၏ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရသည်ရှိသော် (ဖြေနိုင်မဖြေနိုင်) သိရပါလိမ့်မည်ဟု လျှောက်၏။ ငါ့သျှင်ဆန္န မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ပ။ ငါ့သျှင်ဆန္န လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟုရှုသလော။ပ။ ငါ့သျှင်ဆန္န စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို“ ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလောဟု (မေး၏)။ ငါ့သျှင်သာရိပုတြာ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤ ကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ့ဥစ္စာမဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာစိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။ ငါ့သျှင်ဆန္န မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကာ့းငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ စိတ်ကို မနော ဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို“ ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်းဟု (မေး၏)။ ငါ့သျှင်သာရိပုတြာ မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။ ဤသို့ ပြောဆိုသည်ရှိသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္နအား ဤစကားကို ပြောဆို၏-“ငါ့သျှင်ဆန္န ထိုသို့ဖြစ်သောကြောင့်ပင် (တဏှာ မာန ဒိဋ္ဌိတို့) အမှီခံရသူအား တုန်လှုပ်၏။ အမှီ မခံရသူအား တုန်လှုပ်မှု မရှိ။ တုန်လှုပ်မှု မရှိသော် ငြိမ်းအေးမှု ဖြစ်၏၊ ငြိမ်းအေးမှု ဖြစ်သော် (တဏှာ) ညွတ်မှုမဖြစ်နိုင်၊ (တဏှာ) ညွတ်မှု မရှိသော် လာမှု သွားမှု မရှိ၊ လာမှု သွားမှု မရှိသော် သေမှု ပဋိသန္ဓေနေမှုမရှိ၊ သေမှု ပဋိသန္ဓေနေမှု မရှိသော် ဤဘဝ၌ မဖြစ်၊ တမလွန်ဘဝ၌ မဖြစ်၊ နှစ်ဘဝလုံး၌ မဖြစ်၊ ဤမဖြစ်မှုသည်ပင် ဆင်းရဲဒုက္ခ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟူသော ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်းအမြဲကောင်းစွာ နှလုံးသွင်းအပ်၏”ဟု မိန့်ဆို၏။ ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နအား ဤဩဝါဒစကားဖြင့် ဆုံးမ၍ နေရာမှ ထကာ ဖဲသွားကုန်၏။ ထို့နောက် အသျှင်ဆန္နသည် ထိုအသျှင်တို့ ဖဲသွား၍ မကြာမီ ဓားဖြင့် (အသက်ကို) ဆောင်လေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) ဆောင် အပ်၏၊ အသျှင်ဆန္န၏ လားရာကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟုလျှောက်ထား၏။ သာရိပုတြာ ဆန္နရဟန်းသည် ပဋိသန္ဓေနေမှုသို့ မချဥ်းကပ်ထိုက်သည်၏ အဖြစ်ကိုမျက်မှောက်၌ ပင် သင့်အား ပြောကြားခဲ့သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားပုဗ္ဗဝိဇ္ဇနမည်သော ဝဇ္ဇိရွာ ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္နအား မိတ်ဆွေဒါယကာ ချစ်ခင်အပ်သော ဒါယကာချဥ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်၏ဟု (လျှောက်၏)။ သာရိပုတြာ ဆန္နအား မိတ်ဆွေဒါယကာချစ်ခင်အပ်သော ဒါယကာ ချဥ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်သည်သာတည်း။ သာရိပုတြာ ဤမျှလောက်ဖြင့် “ပဋိသန္ဓေနေမှုသို့ ချဥ်းကပ်ထိုက်သူ”ဟု ငါ မဆို၊ သာရိပုတြာအကြင်သူသည်ကိုယ်ကိုလည်း ပစ်ချလိုက်၏၊ တစ်ပါးသောကိုယ်ကိုလည်း စွဲယူ၏၊ ထိုသူကို “ပဋိသန္ဓေနေမှုသို့ ချဥ်းကပ်ထိုက်သူ”ဟု ငါ ဆို၏၊ ပဋိသန္ဓေသို့ ချဥ်းကပ်မှုသည် ဆန္နရဟန်းအား မရှိ၊ သာရိပုတြာဆန္နရဟန်းသည် ပဋိသန္ဓေသို့ ချဥ်းကပ်ခြင်း မရှိဘဲ (အသက်ကို) ဆောင်လေပြီဟု မှတ်လေလော့ဟု (မိန့့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.87 9. With Channa With Channa At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Now at that time the venerables Sāriputta, Mahācunda, and Channa were staying on the Vulture’s Peak Mountain. Now at that time Venerable Channa was sick, suffering, gravely ill. Then in the late afternoon, Venerable Sāriputta came out of retreat, went to Venerable Mahācunda and said to him, “Come, Reverend Cunda, let’s go to see Venerable Channa and ask about his illness.” “Yes, reverend,” replied Mahācunda. And then Sāriputta and Mahācunda went to see Channa and sat down on the seats spread out. Sāriputta said to Channa: “I hope you’re keeping well, Reverend Channa, I hope you’re all right. I hope your pain is fading, not growing; that its fading is evident, not its growing.” “Reverend Sāriputta, I’m not keeping well, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. The winds piercing my head are so severe, it feels like a strong man drilling into my head with a sharp point. The pain in my head is so severe, it feels like a strong man tightening a strong leather strap around my head. The winds slicing my belly are so severe, like a deft butcher or their apprentice were slicing open a cow’s belly with a sharp meat cleaver. The burning in my body is so severe, it feels like two strong men grabbing a weaker man by the arms to burn and scorch him on a pit of glowing coals. I’m not keeping well, I’m not getting by. My pain is terrible and growing, not fading; its growing is evident, not its fading. Reverend Sāriputta, I shall commit suicide. I don’t wish to live.” “Please don’t commit suicide! Venerable Channa, keep going! We want you to keep going. If you don’t have any suitable food, we’ll find it for you. If you don’t have suitable medicine, we’ll find it for you. If you don’t have a capable carer, we’ll find one for you. Please don’t commit suicide! Venerable Channa, keep going! We want you to keep going.” “Reverend Sāriputta, it’s not that I don’t have suitable food; I do have suitable food. It’s not that I don’t have suitable medicine; I do have suitable medicine. It’s not that I don’t have a capable carer; I do have a capable carer. Moreover, for a long time now I have served the Teacher with love, not without love. For it is proper for a disciple to serve the Teacher with love, not without love. You should remember this: ‘The mendicant Channa will commit suicide blamelessly.’” “I’d like to ask Venerable Channa about a certain point, if you’d take the time to answer.” “Ask, Reverend Sāriputta. When I’ve heard it I’ll know.” “Reverend Channa, do you regard the eye, eye consciousness, and things knowable by eye consciousness in this way: ‘This is mine, I am this, this is my self’? Do you regard the ear … nose … tongue … body … mind, mind consciousness, and things knowable by mind consciousness in this way: ‘This is mine, I am this, this is my self’?” “Reverend Sāriputta, I regard the eye, eye consciousness, and things knowable by eye consciousness in this way: ‘This is not mine, I am not this, this is not my self.’ I regard the ear … nose … tongue … body … mind, mind consciousness, and things knowable by mind consciousness in this way: ‘This is not mine, I am not this, this is not my self’.” “Reverend Channa, what have you seen, what have you directly known in these things that you regard them in this way: ‘This is not mine, I am not this, this is not my self’?” “Reverend Sāriputta, after seeing cessation, after directly knowing cessation in these things I regard them in this way: ‘This is not mine, I am not this, this is not my self’.” When he said this, Venerable Mahācunda said to Venerable Channa, “So, Reverend Channa, you should regularly apply your mind well to this instruction of the Buddha: ‘For the dependent there is quivering. For the independent there’s no quivering. When there’s no quivering, there is tranquility. When there is tranquility, there’s no inclination. When there’s no inclination, there’s no coming and going. When there’s no coming and going, there’s no passing away and reappearing. When there’s no passing away and reappearing, there’s no this life or the next or between the two. Just this is the end of suffering.’” And when the venerables Sāriputta and Mahācunda had given Venerable Channa this advice they rose from their seats and left. Not long after those venerables had left, Venerable Channa committed suicide. Then Sāriputta went up to the Buddha, bowed, sat down to one side, and said to him, “Sir, Venerable Channa has committed suicide. Where has he been reborn in his next life?” “Sāriputta, didn’t the mendicant Channa declare his blamelessness to you personally?” “Sir, there is a Vajjian village named Pubbajira. There Channa had families who were friendly, intimate, and hospitable.” “The mendicant Channa did indeed have such families. But, Sāriputta, this is not enough for me to call someone ‘blameworthy’. When someone lays down this body and takes up another body, I call them ‘blameworthy’. But the mendicant Channa did no such thing. You should remember this: ‘The mendicant Channa committed suicide blamelessly.’”
၅။ ပုဏ္ဏသုတ္တံ
၈၈။ အထ [သာဝတ္ထိနိဒါနံ။ အထ (?) မ။ နိ။ ၃။၃၉၅ ပဿိတဗ္ဗံ] ခေါ အာယသ္မာ ပုဏ္ဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ပုဏ္ဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘သန္တိ ခေါ, ပုဏ္ဏ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ‘နန္ဒိသမုဒယာ ဒုက္ခသမုဒယော, ပုဏ္ဏာ’တိ ဝဒါမိ…ပေ… သန္တိ ခေါ, ပုဏ္ဏ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ပုဏ္ဏ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ‘နန္ဒိသမုဒယာ ဒုက္ခသမုဒယော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘သန္တိ ခေါ, ပုဏ္ဏ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နိရုဇ္ဈတိ နန္ဒီ။ ‘နန္ဒိနိရောဓာ ဒုက္ခနိရောဓော, ပုဏ္ဏာ’တိ ဝဒါမိ…ပေ… သန္တိ ခေါ, ပုဏ္ဏ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော နိရုဇ္ဈတိ နန္ဒီ။ ‘နန္ဒိနိရောဓာ ဒုက္ခနိရောဓော, ပုဏ္ဏာ’တိ ဝဒါမိ။
‘‘ဣမိနာ တွံ [ဣမိနာ စ တွံ], ပုဏ္ဏ, မယာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော ကတမသ္မိံ [ကတရသ္မိံ (မ။ နိ။ ၃။၃၉၅)] ဇနပဒေ ဝိဟရိဿသီ’’တိ? ‘‘အတ္ထိ, ဘန္တေ, သုနာပရန္တော နာမ ဇနပဒေါ, တတ္ထာဟံ ဝိဟရိဿာမီ’’တိ။
‘‘စဏ္ဍာ ခေါ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ၊ ဖရုသာ ခေါ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ။ သစေ တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတြ တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ [မံ (သဗ္ဗတ္ထ)] နယိမေ ပါဏိနာ ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ [ဧဝမ္မေတ္ထ (?)], ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတြ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ [ဧဝမ္မေတ္ထ (?)] နယိမေ လေဍ္ဍုနာ ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတြ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ ဒဏ္ဍေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတြ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ သတ္ထေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတြ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မံ နယိမေ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သစေ ပန တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတြ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတီ’’တိ?
‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတြ မေ ဧဝံ ဘဝိဿတိ – ‘သန္တိ ခေါ တဿ ဘဂဝတော သာဝကာ ကာယေန စ ဇီဝိတေန စ အဋ္ဋီယမာနာ ဟရာယမာနာ ဇိဂုစ္ဆမာနာ သတ္ထဟာရကံ ပရိယေသန္တိ, တံ မေ ဣဒံ အပရိယိဋ္ဌညေဝ သတ္ထဟာရကံ လဒ္ဓ’န္တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။
‘‘သာဓု သာဓု, ပုဏ္ဏ! သက္ခိဿသိ ခေါ တွံ, ပုဏ္ဏ, ဣမိနာ ဒမူပသမေန သမန္နာဂတော သုနာပရန္တသ္မိံ ဇနပဒေ ဝတ္ထုံ။ ယဿ ဒါနိ တွံ, ပုဏ္ဏ, ကာလံ မညသီ’’တိ။
အထ ခေါ အာယသ္မာ ပုဏ္ဏော ဘဂဝတော ဝစနံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ သေနာသနံ သံသာမေတွာ ပတ္တစီဝရမာဒါယ ယေန သုနာပရန္တော ဇနပဒေါ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန သုနာပရန္တော ဇနပဒေါ တဒဝသရိ။ တတြ သုဒံ အာယသ္မာ ပုဏ္ဏော သုနာပရန္တသ္မိံ ဇနပဒေ ဝိဟရတိ။ အထ ခေါ အာယသ္မာ ပုဏ္ဏော တေနေဝန္တရဝဿေန ပဉ္စမတ္တာနိ ဥပါသကသတာနိ ပဋိဝေဒေသိ [ပဋိပါဒေသိ (သီ။ ပီ။), ပဋိဒေသေသိ (သျာ။ ကံ။)]။ တေနေဝန္တရဝဿေန ပဉ္စမတ္တာနိ ဥပါသိကာသတာနိ ပဋိဝေဒေသိ။ တေနေဝန္တရဝဿေန တိဿော ဝိဇ္ဇာ သစ္ဆာကာသိ။ တေနေဝန္တရဝဿေန ပရိနိဗ္ဗာယိ။
အထ ခေါ သမ္ဗဟုလာ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု…ပေ… ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ယော သော, ဘန္တေ, ပုဏ္ဏော နာမ ကုလပုတ္တော ဘဂဝတာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော, သော ကာလင်္ကတော။ တဿ ကာ ဂတိ ကော အဘိသမ္ပရာယော’’တိ?
‘‘ပဏ္ဍိတော, ဘိက္ခဝေ, ပုဏ္ဏော ကုလပုတ္တော [ကုလပုတ္တော အဟောသိ (သဗ္ဗတ္ထ)], ပစ္စပါဒိ [သစ္စဝါဒီ (သျာ။ ကံ။ က။)] ဓမ္မဿာနုဓမ္မံ, န စ မံ ဓမ္မာဓိကရဏံ ဝိဟေသေသိ [ဝိဟေဌေသိ (သီ။ သျာ။ ကံ။)]။ ပရိနိဗ္ဗုတော, ဘိက္ခဝေ, ပုဏ္ဏော ကုလပုတ္တော’’တိ။ ပဉ္စမံ။
၅-ပုဏ္ဏသုတ် ၈၈။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားထံမှ တပည့်တော်အား အကျဥ်းအားဖြင့် တရားကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ ”ဟု လျှောက်၏။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု‘တဏှာ’သည် ဖြစ်၏၊ နှစ်သက်မှု ‘တဏှာ’ ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု (ငါဘုရား) ဟော၏။ပ။ ပုဏ္ဏ လျှာဖြင့်သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်ကုန်သော ချစ်ခင် ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သောစိတ်ဖြင့် သိအပ်သော သဘော တရားတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုသဘောတရားတို့ကို ရဟန်းသည်အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန်နှစ်သက်သောစွဲလမ်းသော လွှမ်းမိုး၍ တည်သော ထို ရဟန်းအား နှစ်သက်မှု‘တဏှာ’သည် ဖြစ်၏၊ နှစ်သက်မှု‘တဏှာ’ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဟော၏။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု‘တဏှာ’ ချုပ်ငြိမ်း၏၊ နှစ်သက်မှု‘တဏှာ’ ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဟော၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ်စိတ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သောစွဲမက်အပ်ကုန် သော စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ပုဏ္ဏထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုသဘောတရားကို အလွန်မနှစ်သက်သော မစွဲ လမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအားနှစ်သက်မှု‘တဏှာ’ ချုပ်ငြိမ်း၏၊ နှစ်သက်မှု‘တဏှာ’ ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါဟော၏။ ပုဏ္ဏ ဤအကျဥ်းဖြစ်သော အဆုံးအမဖြင့် ငါဘုရား ဆုံးမအပ်ပြီးသော သင်သည် အဘယ်ဇနပုဒ်၌ နေမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား သုနာပရန္တမည်သော ဇနပုဒ်သည် ရှိပါ၏၊ ထိုဇနပုဒ်၌ တပည့်တော် နေပါမည်ဟု (လျှောက်၏)။ ပုဏ္ဏ သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကြမ်းတမ်းကုန်၏၊ ခက်ထန်ကုန်၏။ ပုဏ္ဏသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် သင့်ကို ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် လက်ဖြင့် ပုတ်ခတ်မှုကို မပေးကြကုန်သေး”။ ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သင့်အား သုနာပရ န္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည်ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ခဲဖြင့် မပစ်ခတ်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူတပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့-“ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် တုတ်ဖြင့် မရိုက်နှက်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့-“ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ဓားဖြင့် မခုတ်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူူတပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှ မချကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို့ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှချကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့်အသက်မှ ချကြကုန်မူူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- “ခန္ဓာကိုယ်မှလည်းကောင်းအသက်မှလည်းကောင်း ငြီးငွေ့ကုန်သည် ရှက်နိုးကုန်သည် စက်ဆုပ်ကုန်သည် ဖြစ်၍ အသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ရှာကြကုန်သော ထိုမြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ရှိကုန်၏။ ထိုအသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ငါသည် မရှာဖွေဘဲသာလျှင် ရအပ်၏”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။ ပုဏ္ဏ ကောင်းပေစွ၊ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံမှု အအေးဓာတ်နှင့် ပြည့်စုံသည်ရှိ သော်သုနာပရန္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ သင်သည် ယခု သွားရန် အချိန်ကို သိ၏၊ သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုလျက် အိပ်ရာနေရာကို သိုမှီသိမ်းဆည်းပြီးနောက်သပိတ်သင်္ကန်းကို ယူဆောင်၍ သုနာပရန္တဇနပုဒ်သို့ ဒေသစာရီ ကြွချီခဲ့၏၊ အစဥ်အတိုင်း ဒေသစာရီလှည့်လည်သည်ရှိသော် သုနာပရန္တဇနပုဒ်သို့ ဆိုက်ရောက်၏၊ ထိုသုနာပရန္တဇနပုဒ်၌ အသျှင်ပုဏ္ဏသည် (သီတင်းသုံး) နေတော်မူ၏။ ထို့နောက် အသျှင်ပုဏ္ဏသည် ထိုဝါတွင်း၌ ပင်လျှင် ဥပါသကာ ငါးရာတို့အားသရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏၊ ထိုဝါတွင်း၌ ပင်လျှင် ဥပါသိကာမ ငါးရာတို့အား သရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏။ ထိုဝါတွင်း၌ ပင်လျှင် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၏၊ ထိုဝါတွင်း ၌ ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကုန်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်- “အသျှင်ဘုရား ပုဏ္ဏမည်သော အမျိုးသားကို မြတ်စွာဘုရားသည် အကျဥ်းဖြစ်သောအဆုံးအမဖြင့် ဆုံးမတော်မူအပ်၏၊ ထိုပုဏ္ဏသည် သေဆုံးပါပြီ။ ထိုပုဏ္ဏ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည် ပညာရှိ၏၊ အမှန်ကို ဆိုလေ့ရှိ၏၊ တရားတော်အား လျော်သော အကျင့်ကိုလည်း ကျင့်လေ့ရှိ၏၊ တရားဟူသော အကြောင်းကြောင့်လည်း ငါဘုရားကို မပင်ပန်းစေခဲ့။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည်ပရိနိဗ္ဗာန်ပြုလေ ပြီဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.88 9. With Channa With Puṇṇa And then Venerable Puṇṇa went up to the Buddha, bowed, sat down to one side, and said to him: “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Puṇṇa, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sounds … smells … tastes … touches … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, this gives rise to relishing. Relishing is the origin of suffering, I say. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say. … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, relishing ceases. When relishing ceases, suffering ceases, I say. Puṇṇa, now that I’ve given you this brief advice, what country will you live in?” “Sir, there’s a country named Sunāparanta; I will live there.” “The people of Sunāparanta are wild and rough, Puṇṇa. If they abuse and insult you, what will you think of them?” “If they abuse and insult me, I will think: ‘These people of Sunāparanta are gracious, truly gracious, since they don’t hit me with their fists.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do hit you with their fists, what will you think of them then?” “If they hit me with their fists, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t throw stones at me.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do throw stones at you, what will you think of them then?” “If they throw stones at me, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t beat me with a club.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do beat you with a club, what will you think of them then?” “If they beat me with a club, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t stab me with a knife.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do stab you with a knife, what will you think of them then?” “If they stab me with a knife, I’ll think: ‘These people of Sunāparanta are gracious, truly gracious, since they don’t take my life with a sharp knife.’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “But if they do take your life with a sharp knife, what will you think of them then?” “If they take my life with a sharp knife, I’ll think: ‘There are disciples of the Buddha who looked for a suicide weapon because they were horrified, repelled, and disgusted with the body and with life. And I have found this without looking!’ That’s what I’ll think, Blessed One. That’s what I’ll think, Holy One.” “Good, good Puṇṇa! Having such self-control and peacefulness, you will be quite capable of living in Sunāparanta. Now, Puṇṇa, go at your convenience.” And then Puṇṇa welcomed and agreed with the Buddha’s words. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right. Then he set his lodgings in order and, taking his bowl and robe, set out for Sunāparanta. Traveling stage by stage, he arrived at Sunāparanta, and stayed there. Within that rainy season he confirmed around five hundred male and five hundred female lay followers. And within that same rainy season he realized the three knowledges. And within that same rainy season he became fully extinguished. Then several mendicants went up to the Buddha … and asked him, “Sir, the gentleman named Puṇṇa, who was advised in brief by the Buddha, has passed away. Where has he been reborn in his next life?” “Mendicants, Puṇṇa was astute. He practiced in line with the teaching, and did not trouble me about the teachings. Puṇṇa has become completely quenched.”
၆။ ဗာဟိယသုတ္တံ
၈၉။ အထ ခေါ အာယသ္မာ ဗာဟိယော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဗာဟိယော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘တံ ကိံ မညသိ, ဗာဟိယ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ… စက္ခုဝိညာဏံ…ပေ… စက္ခုသမ္ဖဿော…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဗာဟိယ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
အထ ခေါ အာယသ္မာ ဗာဟိယော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ အာယသ္မာ ဗာဟိယော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ ဗာဟိယော အရဟတံ အဟောသီတိ။ ဆဋ္ဌံ။
၆-ဗာဟိယသုတ် ၈၉။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-“အသျှင်ဘုရား မြတ်စွာဘုရားသည်တပည့်တော်အား အကျဥ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ ”ဟု လျှောက်၏။ ဗာဟိယ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါအသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော၊ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင် ဘုရား။ ဗာဟိယ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို အရိုအသေ ပြုလျက် ဖဲသွားလေ၏။ ထို့နောက် အသျှင်ဗာဟိယသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်အပ်သောစိတ်ရှိလျက် နေသော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ ”ဟု သိ၏၊ အသျှင်ဗာဟိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။ ဆဋ္ဌသုတ်။
Linked Discourses 35.89 9. With Channa With Bāhiya Then Venerable Bāhiya went up to the Buddha, bowed, sat down to one side, and said to him: “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “What do you think, Bāhiya? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are sights … eye consciousness … eye contact … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind … painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” And then Venerable Bāhiya approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving. Then Bāhiya, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Bāhiya became one of the perfected.
၇။ ပဌမဧဇာသုတ္တံ
၉၀။ ‘‘ဧဇာ, ဘိက္ခဝေ, ရောဂေါ, ဧဇာ ဂဏ္ဍော, ဧဇာ သလ္လံ။ တသ္မာတိဟ, ဘိက္ခဝေ, တထာဂတော အနေဇော ဝိဟရတိ ဝီတသလ္လော။ တသ္မာတိဟ, ဘိက္ခဝေ, ဘိက္ခု စေပိ အာကင်္ခေယျ ‘အနေဇော ဝိဟရေယျံ [ဝိဟရေယျ (သီ။ ပီ။ က။)] ဝီတသလ္လော’တိ, စက္ခုံ န မညေယျ, စက္ခုသ္မိံ န မညေယျ, စက္ခုတော န မညေယျ, စက္ခု မေတိ န မညေယျ၊ ရူပေ န မညေယျ, ရူပေသု န မညေယျ, ရူပတော န မညေယျ, ရူပါ မေတိ န မညေယျ၊ စက္ခုဝိညာဏံ န မညေယျ, စက္ခုဝိညာဏသ္မိံ န မညေယျ, စက္ခုဝိညာဏတော န မညေယျ, စက္ခုဝိညာဏံ မေတိ န မညေယျ၊ စက္ခုသမ္ဖဿံ န မညေယျ, စက္ခုသမ္ဖဿသ္မိံ န မညေယျ, စက္ခုသမ္ဖဿတော န မညေယျ, စက္ခုသမ္ဖဿော မေတိ န မညေယျ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။
‘‘သောတံ န မညေယျ…ပေ… ဃာနံ န မညေယျ…ပေ… ဇိဝှံ န မညေယျ, ဇိဝှါယ န မညေယျ, ဇိဝှါတော န မညေယျ, ဇိဝှါ မေတိ န မညေယျ၊ ရသေ န မညေယျ…ပေ… ဇိဝှါဝိညာဏံ န မညေယျ…ပေ… ဇိဝှါသမ္ဖဿံ န မညေယျ…ပေ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။
‘‘ကာယံ န မညေယျ…ပေ… မနံ န မညေယျ, မနသ္မိံ န မညေယျ, မနတော န မညေယျ, မနော မေတိ န မညေယျ၊ ဓမ္မေ န မညေယျ…ပေ… မနော ဝိညာဏံ…ပေ… မနောသမ္ဖဿံ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ၊ သဗ္ဗံ န မညေယျ, သဗ္ဗသ္မိံ န မညေယျ, သဗ္ဗတော န မညေယျ, သဗ္ဗံ မေတိ န မညေယျ။
‘‘သော ဧဝံ အမညမာနော န ကိဉ္စိပိ လောကေ ဥပါဒိယတိ။ အနုပါဒိယံ န ပရိတဿတိ။ အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ သတ္တမံ။
၇-ပဌမ ဧဇာသုတ် ၉၀။ ရဟန်းတို့ တဏှာသည်ကား ရောဂါတည်း၊ တဏှာသည် အိုင်းအမာတည်း၊ တဏှာသည်ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း “တဏှာ မရှိသည်ဖြစ်၍ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ” မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ၊ အဆင်းတို့၌ အထင်မမှားရာ၊ အဆင်းတို့မှ အထင်မမှားရာ၊ အဆင်းတို့ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုဝိညာဏ်ကိုအထင်မမှားရာ၊ စက္ခုဝိညာဏ်၌ အထင်မမှားရာ၊ စက္ခုဝိညာဏ်မှ အထင်မမှားရာ၊ စက္ခုဝိညာဏ်ကိုငါ့ဥစ္စာဟု အထင်မမှား ရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ၊ စက္ခုသမ္ဖဿ၌ အထင်မမှားရာ၊ စက္ခုသမ္ဖဿမှ အထင်မမှားရာ၊ စက္ခုသမ္ဖဿကို ငါ့ဥစ္စာဟု အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထို ဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။ နားကို အထင်မမှားရာ။ နှာခေါင်းကို အထင်မမှားရာ။ လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ပ။ ဇိဝှါဝိသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်းအထင် မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ကိုယ်ကို အထင်မမှားရာ။ စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟု အထင်မမှားရာ။ သဘောတရားတို့ကို အထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ အလုံးစုံကို အထင်မမှားရာ၊ အလုံးစုံ၌ အထင်မမှားရာ၊ အလုံးစုံမှ အထင်မမှားရာ၊ အလုံးစုံကို ငါ့ဥစ္စာဟု အထင်မမှားရာ။ ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ ”ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.90 9. With Channa Turbulence (1st) “Mendicants, turbulence is a disease, a boil, a dart. That’s why the Realized One lives unperturbed, with dart drawn out. Now, a mendicant might wish: ‘May I live unperturbed, with dart drawn out.’ So let them not conceive anything to be the eye, let them not conceive it in the eye, let them not conceive it as the eye, let them not conceive that ‘the eye is mine.’ Let them not conceive sights … eye consciousness … eye contact … Let them not conceive anything to be the pleasant, painful, or neutral feeling that arises dependent on eye contact. Let them not conceive it in that, let them not conceive it as that, and let them not conceive that ‘that is mine.’ Let them not conceive anything to be the ear … nose … tongue … body … mind … ideas … mind consciousness … mind contact … Let them not conceive anything to be the pleasant, painful, or neutral feeling that arises dependent on mind contact. Let them not conceive it in that, let them not conceive it as that, and let them not conceive that ‘that is mine.’ Let them not conceive anything to be all, let them not conceive it in all, let them not conceive it as all, let them not conceive that ‘all is mine’. Not conceiving, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၈။ ဒုတိယဧဇာသုတ္တံ
၉၁။ ‘‘ဧဇာ, ဘိက္ခဝေ, ရောဂေါ, ဧဇာ ဂဏ္ဍော, ဧဇာ သလ္လံ။ တသ္မာတိဟ, ဘိက္ခဝေ, တထာဂတော အနေဇော ဝိဟရတိ ဝီတသလ္လော။ တသ္မာတိဟ, ဘိက္ခဝေ, ဘိက္ခု စေပိ အာကင်္ခေယျ ‘အနေဇော ဝိဟရေယျံ ဝီတသလ္လော’တိ, စက္ခုံ န မညေယျ, စက္ခုသ္မိံ န မညေယျ, စက္ခုတော န မညေယျ, စက္ခု မေတိ န မညေယျ၊ ရူပေ န မညေယျ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿံ… ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝ အဘိနန္ဒတိ…ပေ…။
‘‘ဇိဝှံ န မညေယျ, ဇိဝှါယ န မညေယျ, ဇိဝှါတော န မညေယျ, ဇိဝှါ မေတိ န မညေယျ၊ ရသေ န မညေယျ… ဇိဝှါဝိညာဏံ… ဇိဝှါသမ္ဖဿံ… ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝ အဘိနန္ဒတိ…ပေ…။
‘‘မနံ န မညေယျ, မနသ္မိံ န မညေယျ, မနတော န မညေယျ, မနော မေတိ န မညေယျ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။ ယဉှိ, ဘိက္ခဝေ, မညတိ, ယသ္မိံ မညတိ, ယတော မညတိ, ယံ မေတိ မညတိ, တတော တံ ဟောတိ အညထာ။ အညထာဘာဝီ ဘဝသတ္တော လောကော ဘဝမေဝ အဘိနန္ဒတိ။
‘‘ယာဝတာ, ဘိက္ခဝေ, ခန္ဓဓာတုအာယတနာ တမ္ပိ န မညေယျ, တသ္မိမ္ပိ န မညေယျ, တတောပိ န မညေယျ, တံ မေတိ န မညေယျ။ သော ဧဝံ အမညမာနော န ကိဉ္စိ လောကေ ဥပါဒိယတိ။ အနုပါဒိယံ န ပရိတဿတိ။ အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ အဋ္ဌမံ။
၈-ဒုတိယ ဧဇာသုတ် ၉၁။ ရဟန်းတို့ တဏှာသည် ရောဂါတည်း၊ တဏှာသည် အိုင်အမာတည်း၊ တဏှာသည် ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် “တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း “တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ” မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ။ စက္ခုဝိညာဏ်ကို အထင်မမှားရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ရဟန်းတို့ အကြင်မျက်စိစသည်ကို အထင်မှား၏၊ အကြင်မျက်စိစသည်၌ အထင်မှား၏၊ အကြင်မျက်စိစသည်မှ အထင်မှား၏၊ အကြင်မျက်စိစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောမျက်စိစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။ လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟုအထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်းအထင်မမှားရာ၊ ထို ဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ရဟန်းတို့ အကြင်လျှာစသည်ကို အထင်မှား၏၊ အကြင်လျှာစသည်၌ အထင်မှား၏၊ အကြင်လျှာစသည်မှ အထင်မှား၏၊ အကြင်လျှာစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောလျှာစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့်ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။ စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟုအထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။ ရဟန်းတို့ အကြင်စိတ်စသည်ကို အထင်မှား၏၊ အကြင်စိတ်စသည်၌ အထင်မှား၏၊ အကြင်စိတ်စသည်မှ အထင်မှား၏၊ အကြင်စိတ်စသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှား ခံရသော စိတ်စသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည်ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ ”ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.91 9. With Channa Turbulence (2nd) “Mendicants, turbulence is a disease, a boil, a dart. That’s why the Realized One lives unperturbed, with dart drawn out. Now, a mendicant might wish: ‘May I live unperturbed, with dart drawn out.’ So let them not conceive anything to be the eye, let them not conceive it in the eye, let them not conceive it as the eye, let them not conceive that ‘the eye is mine.’ Let them not conceive sights … eye consciousness … eye contact … Let them not conceive anything to be the pleasant, painful, or neutral feeling that arises dependent on eye contact. Let them not conceive it in that, let them not conceive it as that, and let them not conceive that ‘that is mine.’ For whatever you conceive it to be, whatever you conceive it in, whatever you conceive it as, and whatever you conceive to be ‘mine’: that becomes something else. The world is attached to being, taking pleasure only in being, yet it becomes something else. Let them not conceive anything to be the ear … nose … tongue … body … Let them not conceive anything to be the mind … mind consciousness … mind contact … Let them not conceive anything to be the pleasant, painful, or neutral feeling that arises dependent on mind contact. Let them not conceive it in that, let them not conceive it as that, and let them not conceive that ‘that is mine.’ For whatever you conceive it to be, whatever you conceive it in, whatever you conceive it as, and whatever you conceive to be ‘mine’: that becomes something else. The world is attached to being, taking pleasure only in being, yet it becomes something else. As far as the aggregates, elements, and sense fields extend, they don’t conceive anything to be that, they don’t conceive it in that, they don’t conceive it as that, and they don’t conceive that ‘that is mine.’ Not conceiving, they don’t grasp at anything in the world. Not grasping, they’re not anxious. Not being anxious, they personally become extinguished. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၉။ ပဌမဒွယသုတ္တံ
၉၂။ ‘‘ဒွယံ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ။ တံ သုဏာထ။ ကိဉ္စ, ဘိက္ခဝေ, ဒွယံ? စက္ခုဉ္စေဝ ရူပါ စ, သောတဉ္စေဝ သဒ္ဒါ စ, ဃာနဉ္စေဝ ဂန္ဓာ စ, ဇိဝှါ စေဝ ရသာ စ, ကာယော စေဝ ဖောဋ္ဌဗ္ဗာ စ, မနော စေဝ ဓမ္မာ စ – ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒွယံ။
‘‘ယော, ဘိက္ခဝေ, ဧဝံ ဝဒေယျ – ‘အဟမေတံ ဒွယံ ပစ္စက္ခာယ အညံ ဒွယံ ပညပေဿာမီ’တိ, တဿ ဝါစာဝတ္ထုကမေဝဿ။ ပုဋ္ဌော စ န သမ္ပာယေယျ။ ဥတ္တရိဉ္စ ဝိဃာတံ အာပဇ္ဇေယျ။ တံ ကိဿ ဟေတု? ယထာ တံ, ဘိက္ခဝေ, အဝိသယသ္မိ’’န္တိ။ နဝမံ။
၉-ပဌမ ဒွယသုတ် ၉၂။ ရဟန်းတို့ သင်တို့အား နှစ်ခုနှစ်ခုသော အစုတရားကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့် အသံတို့လည်းကောင်း၊ နှာခေါင်းနှင့် အနံ့တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤဆိုအပ်ပြီးသည်ကို နှစ်ခုနှစ်ခုသော အစုတရားဟု ဆိုအပ်၏။ ရဟန်းတို့ “ ဤနှစ်ခုနှစ်ခုသော အစုတရားကို ဖယ်ထား၍ အခြားသော နှစ်ခုနှစ်ခုသော အစု တရားကိုငါ ပညတ်မည်”ဟု တစ်ဦးတစ်ယောက်သော သူသည် ဤသို့ ဆိုခဲ့ပါမူ ထိုသူ၏ ထိုစကားသည်စကားမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော် မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့ ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ အရာမဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.92 9. With Channa A Duality (1st) “Mendicants, I will teach you a duality. Listen … And what is a duality? It’s just the eye and sights, the ear and sounds, the nose and smells, the tongue and tastes, the body and touches, and the mind and ideas. This is called a duality. Mendicants, suppose someone was to say: ‘I’ll deny this duality and describe another duality.’ They’d have no grounds for that claim, they’d be stumped by questions, and, in addition, they’d get frustrated. Why is that? Because they’re out of their element.”
၁၀။ ဒုတိယဒွယသုတ္တံ
၉၃။ ‘‘ဒွယံ, ဘိက္ခဝေ, ပဋိစ္စ ဝိညာဏံ သမ္ဘောတိ။ ကထဉ္စ, ဘိက္ခဝေ, ဒွယံ ပဋိစ္စ ဝိညာဏံ သမ္ဘောတိ? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ စက္ခု အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ ရူပါ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ ဣတ္ထေတံ ဒွယံ စလဉ္စေဝ ဗျထဉ္စ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ စက္ခုဝိညာဏံ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ ယောပိ ဟေတု ယောပိ ပစ္စယော စက္ခုဝိညာဏဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နံ စက္ခုဝိညာဏံ ကုတော နိစ္စံ ဘဝိဿတိ! ယာ ခေါ, ဘိက္ခဝေ, ဣမေသံ တိဏ္ဏံ ဓမ္မာနံ သင်္ဂတိ သန္နိပါတော သမဝါယော, အယံ ဝုစ္စတိ စက္ခုသမ္ဖဿော။ စက္ခုသမ္ဖဿောပိ အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ ယောပိ ဟေတု ယောပိ ပစ္စယော စက္ခုသမ္ဖဿဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နော စက္ခုသမ္ဖဿော ကုတော နိစ္စော ဘဝိဿတိ! ဖုဋ္ဌော, ဘိက္ခဝေ, ဝေဒေတိ, ဖုဋ္ဌော စေတေတိ, ဖုဋ္ဌော သဉ္ဇာနာတိ။ ဣတ္ထေတေပိ ဓမ္မာ စလာ စေဝ ဗျထာ စ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ သောတံ…ပေ…။
‘‘ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ။ ဇိဝှါ အနိစ္စာ ဝိပရိဏာမီ အညထာဘာဝီ [ဝိပရိဏာမိနီ အညထာဘာဝိနီ (?)]။ ရသာ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ ဣတ္ထေတံ ဒွယံ စလဉ္စေဝ ဗျထဉ္စ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ ဇိဝှါဝိညာဏံ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ ယောပိ ဟေတု ယောပိ ပစ္စယော ဇိဝှါဝိညာဏဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နံ ဇိဝှါဝိညာဏံ, ကုတော နိစ္စံ ဘဝိဿတိ! ယာ ခေါ, ဘိက္ခဝေ, ဣမေသံ တိဏ္ဏံ ဓမ္မာနံ သင်္ဂတိ သန္နိပါတော သမဝါယော, အယံ ဝုစ္စတိ ဇိဝှါသမ္ဖဿော။ ဇိဝှါသမ္ဖဿောပိ အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ ယောပိ ဟေတု ယောပိ ပစ္စယော ဇိဝှါသမ္ဖဿဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နော ဇိဝှါသမ္ဖဿော, ကုတော နိစ္စော ဘဝိဿတိ! ဖုဋ္ဌော, ဘိက္ခဝေ, ဝေဒေတိ, ဖုဋ္ဌော စေတေတိ, ဖုဋ္ဌော သဉ္ဇာနာတိ။ ဣတ္ထေတေပိ ဓမ္မာ စလာ စေဝ ဗျထာ စ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ ကာယံ…ပေ…။
‘‘မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ မနော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ ဓမ္မာ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ ဣတ္ထေတံ ဒွယံ စလဉ္စေဝ ဗျထဉ္စ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ မနောဝိညာဏံ အနိစ္စံ ဝိပရိဏာမိ အညထာဘာဝိ။ ယောပိ ဟေတု ယောပိ ပစ္စယော မနောဝိညာဏဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နံ မနောဝိညာဏံ, ကုတော နိစ္စံ ဘဝိဿတိ! ယာ ခေါ, ဘိက္ခဝေ, ဣမေသံ တိဏ္ဏံ ဓမ္မာနံ သင်္ဂတိ သန္နိပါတော သမဝါယော, အယံ ဝုစ္စတိ မနောသမ္ဖဿော။ မနောသမ္ဖဿောပိ အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ ယောပိ ဟေတု ယောပိ ပစ္စယော မနောသမ္ဖဿဿ ဥပ္ပါဒါယ, သောပိ ဟေတု သောပိ ပစ္စယော အနိစ္စော ဝိပရိဏာမီ အညထာဘာဝီ။ အနိစ္စံ ခေါ ပန, ဘိက္ခဝေ, ပစ္စယံ ပဋိစ္စ ဥပ္ပန္နော မနောသမ္ဖဿော, ကုတော နိစ္စော ဘဝိဿတိ! ဖုဋ္ဌော, ဘိက္ခဝေ, ဝေဒေတိ, ဖုဋ္ဌော စေတေတိ, ဖုဋ္ဌော သဉ္ဇာနာတိ။ ဣတ္ထေတေပိ ဓမ္မာ စလာ စေဝ ဗျထာ စ အနိစ္စာ ဝိပရိဏာမိနော အညထာဘာဝိနော။ ဧဝံ ခေါ, ဘိက္ခဝေ, ဒွယံ ပဋိစ္စ ဝိညာဏံ သမ္ဘောတီ’’တိ။ ဒသမံ။
ဆန္နဝဂ္ဂေါ နဝမော။
တဿုဒ္ဒါနံ –
ပလောကသုညာ သံခိတ္တံ, ဆန္နော ပုဏ္ဏော စ ဗာဟိယော၊
ဧဇေန စ ဒုဝေ ဝုတ္တာ, ဒွယေဟိ အပရေ ဒုဝေတိ။
၁၀-ဒုတိယ ဒွယသုတ် ၉၃။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင်နှစ်ခုနှစ်ခုသော အစုတရားကို စွဲ၍ ဝိညာဏ်ဖြစ်သနည်း။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်၏။ မျက်စိသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ အဆင်းတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ့ကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (မျက်စိ အဆင်းစက္ခုဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို စက္ခုသမ္ဖဿဟု ဆိုအပ်၏။ စက္ခုသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ စက္ခုသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော စက္ခုသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။ လျှာနှင့် အရသာတို့ကို စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ လျှာသည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ်၏။ အရသာတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်းပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (လျှာ အရသာ ဇိဝှါဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ် ဖြစ်မှုကို ဇိဝှါသမ္ဖဿဟု ဆိုအပ်၏။ ဇိဝှါသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏၊ ဇိဝှါသမ္ဖဿ ဖြစ်ပေါ်လာရန်အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့မမြဲသော အကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော ဇိဝှါသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏၊ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏၊ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ပ။ စိတ်နှင့် သဘောတရားတို့ကို စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ စိတ်သည် မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ သဘောတရားတို့သည် မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်လေ့ရှိကုန်၏။ ဤသို့သဘောရှိသော တရားနှစ်ခုအစုသည် တုန်လှုပ်လည်း တုန်လှုပ်တတ်၏၊ ပျက်စီးလည်း ပျက်စီးတတ်၏၊ မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ်သည်မမြဲ၊ ဖောက်ပြန်လေ့ ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောဝိညာဏ် ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသောအကြောင်းကို စွဲ၍ ဖြစ်ပေါ်လာသော မနောဝိညာဏ်သည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ (စိတ် သဘောတရား မနောဝိညာဏ်) ဤသုံးပါးတို့၏ ပေါင်းဆုံ စုဝေး အညီအညွတ်ဖြစ်မှုကို မနော သမ္ဖဿဟု ဆိုအပ်၏။ မနောသမ္ဖဿသည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိ၏။ မနောသမ္ဖဿ ဖြစ်ပေါ်လာရန် အကြောင်းအထောက်အပံ့သည်လည်း မမြဲ၊ ဖောက်ပြန်လေ့ရှိ၏၊ တစ်မျိုး တစ်ဖုံ ဖြစ်လေ့ရှိ၏။ ရဟန်းတို့ မမြဲသော အကြောင်းကို စွဲ၍ဖြစ်ပေါ်လာသော မနောသမ္ဖဿသည်ကား အဘယ်မှာ မြဲနိုင်လိမ့်မည်နည်း။ ရဟန်းတို့ တွေ့ထိမှုရှိသော သူသည် ခံစား၏၊ တွေ့ထိမှုရှိသော သူသည် စေ့ဆော်၏၊ တွေ့ထိမှုရှိသော သူသည် မှတ်သား၏။ ဤသို့သဘောရှိသော တရားတို့သည် တုန်လှုပ်လည်း တုန်လှုပ်တတ်ကုန်၏။ ပျက်စီးလည်း ပျက်စီးတတ်ကုန်၏၊ မမြဲကုန်၊ ဖောက်ပြန်လေ့ရှိကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်လေ့ရှိကုန်၏။ ရဟန်းတို့ ဤသို့ နှစ်ခုနှစ်ခုသော အစုကို စွဲ၍ ဝိညာဏ် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ လေးခုမြောက် ဆန္နဝဂ် ပြီး၏။ (၁၀) ၅-သဠဝဂ် ၁-အဒန္တအဂုတ္တသုတ်
Linked Discourses 35.93 9. With Channa A Duality (2nd) “Mendicants, consciousness originates dependent on a duality. And what is that duality? Eye consciousness arises dependent on the eye and sights. The eye is impermanent, decaying, and perishing. Sights are impermanent, decaying, and perishing. So this duality is tottering and toppling; it’s impermanent, decaying, and perishing. Eye consciousness is impermanent, decaying, and perishing. And the causes and reasons that give rise to eye consciousness are also impermanent, decaying, and perishing. But since eye consciousness has arisen dependent on conditions that are impermanent, how could it be permanent? The meeting, coming together, and joining together of these three things is called eye contact. Eye contact is also impermanent, decaying, and perishing. And the causes and reasons that give rise to eye contact are also impermanent, decaying, and perishing. But since eye contact has arisen dependent on conditions that are impermanent, how could it be permanent? Contacted one feels; contacted one intends; contacted one perceives. So these things too are tottering and toppling; they’re impermanent, decaying, and perishing. Ear consciousness … Nose consciousness … Tongue consciousness … Body consciousness … Mind consciousness arises dependent on the mind and ideas. The mind is impermanent, decaying, and perishing. Ideas are impermanent, decaying, and perishing. So this duality is tottering and toppling; it’s impermanent, decaying, and perishing. Mind consciousness is impermanent, decaying, and perishing. And the causes and reasons that give rise to mind consciousness are also impermanent, decaying, and perishing. But since mind consciousness has arisen dependent on conditions that are impermanent, how could it be permanent? The meeting, coming together, and joining together of these three things is called mind contact. Mind contact is also impermanent, decaying, and perishing. And the causes and reasons that give rise to mind contact are also impermanent, decaying, and perishing. But since mind contact has arisen dependent on conditions that are impermanent, how could it be permanent? Contacted one feels; contacted one intends; contacted one perceives. So these things too are tottering and toppling; they’re impermanent, decaying, and perishing. This is how consciousness originates dependent on a duality.”
၁။ အဒန္တအဂုတ္တသုတ္တံ
၁၀။ သဠဝဂ္ဂေါ
၉၄။ သာဝတ္ထိနိဒါနံ။ ‘‘ဆယိမေ, ဘိက္ခဝေ, ဖဿာယတနာ အဒန္တာ အဂုတ္တာ အရက္ခိတာ အသံဝုတာ ဒုက္ခာဓိဝါဟာ ဟောန္တိ။ ကတမေ ဆ? စက္ခု, ဘိက္ခဝေ, ဖဿာယတနံ အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ ဒုက္ခာဓိဝါဟံ ဟောတိ…ပေ… ဇိဝှါ, ဘိက္ခဝေ, ဖဿာယတနံ အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ ဒုက္ခာဓိဝါဟံ ဟောတိ…ပေ… မနော, ဘိက္ခဝေ, ဖဿာယတနံ အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ ဒုက္ခာဓိဝါဟံ ဟောတိ။ ဣမေ ခေါ, ဘိက္ခဝေ, ဆ ဖဿာယတနာ အဒန္တာ အဂုတ္တာ အရက္ခိတာ အသံဝုတာ ဒုက္ခာဓိဝါဟာ ဟောန္တိ’’။
‘‘ဆယိမေ, ဘိက္ခဝေ, ဖဿာယတနာ သုဒန္တာ သုဂုတ္တာ သုရက္ခိတာ သုသံဝုတာ သုခါဓိဝါဟာ ဟောန္တိ။ ကတမေ ဆ? စက္ခု, ဘိက္ခဝေ, ဖဿာယတနံ သုဒန္တံ သုဂုတ္တံ သုရက္ခိတံ သုသံဝုတံ သုခါဓိဝါဟံ ဟောတိ…ပေ… ဇိဝှါ, ဘိက္ခဝေ, ဖဿာယတနံ သုဒန္တံ သုဂုတ္တံ သုရက္ခိတံ သုသံဝုတံ သုခါဓိဝါဟံ ဟောတိ…ပေ… မနော, ဘိက္ခဝေ, ဖဿာယတနံ သုဒန္တံ သုဂုတ္တံ သုရက္ခိတံ သုသံဝုတံ သုခါဓိဝါဟံ ဟောတိ။ ဣမေ ခေါ, ဘိက္ခဝေ, ဆ ဖဿာယတနာ သုဒန္တာ သုဂုတ္တာ သုရက္ခိတာ သုသံဝုတာ သုခါဓိဝါဟာ ဟောန္တီ’’တိ။ ဣဒမဝေါစ ဘဂဝါ…ပေ… ဧတဒဝေါစ သတ္ထာ –
‘‘သဠေဝ [ဆဠေဝ (က။)] ဖဿာယတနာနိ ဘိက္ခဝေါ,
အသံဝုတော ယတ္ထ ဒုက္ခံ နိဂစ္ဆတိ၊
တေသဉ္စ ယေ သံဝရဏံ အဝေဒိသုံ,
သဒ္ဓါဒုတိယာ ဝိဟရန္တာနဝဿုတာ။
‘‘ဒိသွာန ရူပါနိ မနောရမာနိ,
အထောပိ ဒိသွာန အမနောရမာနိ၊
မနောရမေ ရာဂပထံ ဝိနောဒယေ,
န စာပ္ပိယံ မေတိ မနံ ပဒေါသယေ။
‘‘သဒ္ဒဉ္စ သုတွာ ဒုဘယံ ပိယာပ္ပိယံ,
ပိယမှိ သဒ္ဒေ န သမုစ္ဆိတော သိယာ၊
အထောပ္ပိယေ ဒေါသဂတံ ဝိနောဒယေ,
န စာပ္ပိယံ မေတိ မနံ ပဒေါသယေ။
‘‘ဂန္ဓဉ္စ ဃတွာ သုရဘိံ မနောရမံ,
အထောပိ ဃတွာ အသုစိံ အကန္တိယံ၊
အကန္တိယသ္မိံ ပဋိဃံ ဝိနောဒယေ,
ဆန္ဒာနုနီတော န စ ကန္တိယေ သိယာ။
‘‘ရသဉ္စ ဘောတွာန အသာဒိတဉ္စ သာဒုံ,
အထောပိ ဘောတွာန အသာဒုမေကဒါ၊
သာဒုံ ရသံ နာဇ္ဈောသာယ ဘုဉ္ဇေ,
ဝိရောဓမာသာဒုသု နောပဒံသယေ။
‘‘ဖဿေန ဖုဋ္ဌော န သုခေန မဇ္ဇေ [မဇ္ဈေ (သျာ။ ကံ။ ပီ။)],
ဒုက္ခေန ဖုဋ္ဌောပိ န သမ္ပဝေဓေ၊
ဖဿဒွယံ သုခဒုက္ခေ ဥပေက္ခေ,
အနာနုရုဒ္ဓေါ အဝိရုဒ္ဓ ကေနစိ။
‘‘ပပဉ္စသညာ ဣတရီတရာ နရာ,
ပပဉ္စယန္တာ ဥပယန္တိ သညိနော၊
မနောမယံ ဂေဟသိတဉ္စ သဗ္ဗံ,
ပနုဇ္ဇ နေက္ခမ္မသိတံ ဣရီယတိ။
‘‘ဧဝံ မနော ဆဿု ယဒါ သုဘာဝိတော,
ဖုဋ္ဌဿ စိတ္တံ န ဝိကမ္ပတေ ကွစိ၊
တေ ရာဂဒေါသေ အဘိဘုယျ ဘိက္ခဝေါ,
ဘဝတ္ထ [ဘဝထ (သီ။ သျာ။ ကံ။)] ဇာတိမရဏဿ ပါရဂါ’’တိ။ ပဌမံ၊
၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို မဆုံးမအပ်မလုံခြုံစေအပ် မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။ ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေ အပ်မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန် သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ ရဟန်းတို့ ဤတွေ့ထိမှု၏တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။ ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို ကောင်းစွာ ဆုံးမအပ်ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသောချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာပိတ်ဆို့အပ် ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန ’ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာစောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ ဤတွေ့ထိ မှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏။ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏- “ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ တို့ကား ခြောက်မျိုးတို့ တည်း။ ယင်းတရားခြောက်မျိုးတို့၌ မစောင့်စည်းသော သူသည် ဆင်းရဲသို့ ရောက် ရ၏၊ အကြင်သူတို့သည်ထိုတရားခြောက်မျိုးတို့၏ စောင့်ရှောက်မှုကို ရကုန်၏၊ သဒ္ဓါတည်းဟူသော အဖော်ရှိကုန်သောထိုသူတို့သည် (ကိလေသာမိုး) မစိုစွတ်ကုန်သည် ဖြစ်၍ နေရကုန်၏။ နှလုံးမွေ့လျော်ဖွယ်သော အဆင်းတို့ကို မြင်ရသော်လည်းကောင်း၊ သို့မဟုတ် နှလုံးမွေ့လျော်ဖွယ်မရှိသော အဆင်းတို့ကို မြင်ရသော်လည်းကောင်း နှလုံးမွေ့ လျော်ဖွယ်သော အဆင်း၌ စွဲမက်မှု ‘တဏှာ’ လမ်းကြောင်းကို ပယ်ဖျောက်ရာ၏၊ (နှလုံးမွေ့လျော်ဖွယ် မရှိသော အဆင်း၌ ) ငါသည်မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။ နှစ်သက်ဖွယ် မနှစ်သက်ဖွယ် နှစ်ပါးစုံဖြစ်သော အသံကို ကြားသော် နှစ်သက် ဖွယ်ဖြစ်သော အသံ၌ အလွန်တပ်မက်ခြင်း မဖြစ်ရာ၊ သို့မဟုတ် မနှစ်သက်ဖွယ် ဖြစ်သော အသံ၌ အမျက်ထွက်ခြင်းသို့ရောက်မှုကို ပယ်ဖျောက်ရာ၏၊ ငါသည် မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။ နှလုံးမွေ့လျော်ဖွယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း၊ သို့မဟုတ် မနှစ် သက်ဖွယ်မစင်ကြယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း မနှစ်သက်ဖွယ် သော အနံ့၌ အမျက်ထွက်မှုကိုပယ်ဖျောက်ရာ၏၊ နှစ်သက်ဖွယ်သော အနံ့၌လည်း အလို ‘ဆန္ဒ’နောက်သို့ လိုက်သည် မဖြစ်ရာ။ သာယာဖွယ်ရှိသော ကောင်းသော အရသာကို စားရသော်လည်းကောင်း၊ သို့မဟုတ် တစ်ခါတစ်ရံမကောင်းသော အရသာကို စားရသော်လည်းကောင်း ကောင်းသော အရသာကို လွန်သော အာသာဖြင့်မစားရာ၊ ဆန့်ကျင်ဖက်ဖြစ်သော မကောင်းသော အရသာကို (စားရာ၌ ) စိတ်ကို မပျက်စီးစေရာ။ ချမ်းသာသော အတွေ့အထိဖြင့် တွေ့ထိသော်လည်း မမေ့လျော့ရာ၊ ဆင်းရဲသော အတွေ့ဖြင့်တွေ့ထိသော်လည်း မတုန်လှုပ်ရာ၊ ချမ်းသာဆင်းရဲဖြစ်သော အတွေ့ နှစ်မျိုးကို လျစ်လျူရှုရာ၏၊ တစ်စုံတစ်ခုနှင့်မျှ မလိုက်လျောရာ၊ မဆန့်ကျင်ရာ။ သညာရှိကုန်သော ယုတ်ညံ့သော သူတို့သည် သံသရာချဲ့တတ်သော သညာရှိ ကုန်သည် ဖြစ်၍ သံသရာကို ချဲ့ကုန်လျက် ဝဋ်ဆင်းရဲသို့ ကပ်ရောက်ရကုန်၏။ သညာရှိသော သူသည် စိတ်ဖြင့် ပြီးသောကာမဂုဏ်၌ မှီသော အကြံအစည် အားလုံးကို ပယ်နုတ်၍ ကာမဂုဏ်မှ ထွက်မြောက်မှု၌ မှီသောအကြံအစည်ကို ဖြစ်စေ၏။ ဤကဲ့သို့ စိတ်ကို အာရုံခြောက်ပါးတို့၌ ပွါးများပြီးသော အခါ တစ်စုံတစ်ခုသော အာရုံ၌ တွေ့ထိအပ်သော သူ၏ စိတ်သည် မတုန်လှုပ်။ ရဟန်းတို့ ထိုသူတို့သည် ရာဂဒေါသတို့ကိုလွှမ်းမိုးဖိနှိပ်ကုန်၍ ပဋိသန္ဓေနေခြင်း သေခြင်း၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ကြရကုန်၏ ”။ ပဌမသုတ်။
Linked Discourses 35.94 10. The Sixes Untamed, Unguarded At Sāvatthī. “Mendicants, these six fields of contact bring suffering when they’re untamed, unguarded, unprotected, and unrestrained. What six? The field of eye contact brings suffering when it’s untamed, unguarded, unprotected, and unrestrained. The field of ear contact … nose contact … tongue contact … body contact … The field of mind contact brings suffering when it’s untamed, unguarded, unprotected, and unrestrained. These six fields of contact bring suffering when they’re untamed, unguarded, unprotected, and unrestrained. These six fields of contact bring happiness when they’re well tamed, well guarded, well protected, and well restrained. What six? The field of eye contact brings happiness when it’s well tamed, well guarded, well protected, and well restrained. The field of ear contact … nose contact … tongue contact … body contact … The field of mind contact brings happiness when it’s well tamed, well guarded, well protected, and well restrained. These six fields of contact bring happiness when they’re well tamed, well guarded, well protected, and well restrained.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Mendicants, it’s just the six fields of contact that lead the unrestrained to suffering. Those who understand how to restrain them live with faith as partner, not festering. When you’ve seen pleasant sights and unpleasant ones, too, dispel all manner of desire for the pleasant, without hating what you don’t like. When you’ve heard sounds both liked and disliked, don’t fall under the thrall of sounds you like, dispel hate for the unliked, and don’t hurt your mind <j>by thinking of what you don’t like. When you’ve smelled a pleasant, fragrant scent, and one that’s foul and unpleasant, dispel aversion for the unpleasant, while not yielding to desire for the pleasant. When you’ve enjoyed a sweet, delicious taste, and sometimes those that are bitter, don’t be attached to enjoying sweet tastes, and don’t despise the bitter. Don’t be intoxicated by a pleasant touch, and don’t tremble at a painful touch. Look with equanimity at the duality <j>of pleasant and painful contacts, without favoring or opposing anything. People generally let their perceptions proliferate; perceiving and proliferating, they are attracted. Casting aside all mental constructions <j>of the domestic life, wander intent on renunciation. When the mind is well developed like this <j>regarding the six, it doesn’t waver at contacts at all. Mendicants, those who have mastered greed and hate go beyond birth and death.”
၂။ မာလုကျပုတ္တသုတ္တံ
၉၅။ အထ ခေါ အာယသ္မာ မာလုကျပုတ္တော [မာလုင်္ကျပုတ္တော (သီ။)] ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မာလုကျပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘ဧတ္ထ ဒါနိ, မာလုကျပုတ္တ, ကိံ ဒဟရေ ဘိက္ခူ ဝက္ခာမ! ယတြ ဟိ နာမ တွံ, ဘိက္ခု, ဇိဏ္ဏော ဝုဒ္ဓေါ မဟလ္လကော အဒ္ဓဂတော ဝယောအနုပ္ပတ္တော သံခိတ္တေန ဩဝါဒံ ယာစသီ’’တိ။
‘‘ကိဉ္စာပါဟံ, ဘန္တေ, ဇိဏ္ဏော ဝုဒ္ဓေါ မဟလ္လကော အဒ္ဓဂတော ဝယောအနုပ္ပတ္တော။ ဒေသေတု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ, ဒေသေတု သုဂတော သံခိတ္တေန ဓမ္မံ, အပ္ပေဝ နာမာဟံ ဘဂဝတော ဘာသိတဿ အတ္ထံ အာဇာနေယျံ။ အပ္ပေဝ နာမာဟံ ဘဂဝတော ဘာသိတဿ ဒါယာဒေါ အဿ’’န္တိ။
‘‘တံ ကိံ မညသိ, မာလုကျပုတ္တ, ယေ တေ စက္ခုဝိညေယျာ ရူပါ အဒိဋ္ဌာ အဒိဋ္ဌပုဗ္ဗာ, န စ ပဿသိ, န စ တေ ဟောတိ ပဿေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ယေ တေ သောတဝိညေယျာ သဒ္ဒါ အဿုတာ အဿုတပုဗ္ဗာ, န စ သုဏာသိ, န စ တေ ဟောတိ သုဏေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ယေ တေ ဃာနဝိညေယျာ ဂန္ဓာ အဃာယိတာ အဃာယိတပုဗ္ဗာ, န စ ဃာယသိ, န စ တေ ဟောတိ ဃာယေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ယေ တေ ဇိဝှါဝိညေယျာ ရသာ အသာယိတာ အသာယိတပုဗ္ဗာ, န စ သာယသိ, န စ တေ ဟောတိ သာယေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ယေ တေ ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ အသမ္ဖုဋ္ဌာ အသမ္ဖုဋ္ဌပုဗ္ဗာ, န စ ဖုသသိ, န စ တေ ဟောတိ ဖုသေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ယေ တေ မနောဝိညေယျာ ဓမ္မာ အဝိညာတာ အဝိညာတပုဗ္ဗာ, န စ ဝိဇာနာသိ, န စ တေ ဟောတိ ဝိဇာနေယျန္တိ? အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧတ္ထ စ တေ, မာလုကျပုတ္တ, ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ, သုတေ သုတမတ္တံ ဘဝိဿတိ, မုတေ မုတမတ္တံ ဘဝိဿတိ, ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။ ယတော ခေါ တေ, မာလုကျပုတ္တ, ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ, သုတေ သုတမတ္တံ ဘဝိဿတိ, မုတေ မုတမတ္တံ ဘဝိဿတိ, ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ, မာလုကျပုတ္တ, န တေန။ ယတော တွံ, မာလုကျပုတ္တ, န တေန၊ တတော တွံ, မာလုကျပုတ္တ, န တတ္ထ။ ယတော တွံ, မာလုကျပုတ္တ, န တတ္ထ၊ တတော တွံ, မာလုကျပုတ္တ, နေဝိဓ, န ဟုရံ, န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာ’’တိ။
‘‘ဣမဿ ခွါဟံ, ဘန္တေ, ဘဂဝတာ သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ –
‘‘ရူပံ ဒိသွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ [အဇ္ဈောသာယ (သီ။)] တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ရူပသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘သဒ္ဒံ သုတွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ သဒ္ဒသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘ဂန္ဓံ ဃတွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ဂန္ဓသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘ရသံ ဘောတွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ရသသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘ဖဿံ ဖုဿ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ဖဿသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘ဓမ္မံ ဉတွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ဓမ္မသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ ရူပေသု, ရူပံ ဒိသွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ ပဿတော ရူပံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ သဒ္ဒေသု, သဒ္ဒံ သုတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ သုဏတော သဒ္ဒံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ ဂန္ဓေသု, ဂန္ဓံ ဃတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ ဃာယတော ဂန္ဓံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ ရသေသု, ရသံ ဘောတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ သာယတော ရသံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ ဖဿေသု, ဖဿံ ဖုဿ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ ဖုသတော ဖဿံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတိ။
‘‘န သော ရဇ္ဇတိ ဓမ္မေသု, ဓမ္မံ ဉတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ ဇာနတော ဓမ္မံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတီ’’တိ။
‘‘ဣမဿ ခွါဟံ, ဘန္တေ, ဘဂဝတာ သံခိတ္တေန ဘာသိတဿ ဧဝံ ဝိတ္ထာရေန အတ္ထံ အာဇာနာမီ’’တိ။ ‘‘သာဓု သာဓု, မာလုကျပုတ္တ! သာဓု ခေါ တွံ, မာလုကျပုတ္တ, မယာ သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ အာဇာနာသိ –
‘‘ရူပံ ဒိသွာ သတိ မုဋ္ဌာ, ပိယံ နိမိတ္တံ မနသိ ကရောတော၊
သာရတ္တစိတ္တော ဝေဒေတိ, တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
‘‘တဿ ဝဍ္ဎန္တိ ဝေဒနာ, အနေကာ ရူပသမ္ဘဝါ၊
အဘိဇ္ဈာ စ ဝိဟေသာ စ, စိတ္တမဿူပဟညတိ၊
ဧဝံ အာစိနတော ဒုက္ခံ, အာရာ နိဗ္ဗာနမုစ္စတိ။…ပေ…။
‘‘န သော ရဇ္ဇတိ ဓမ္မေသု, ဓမ္မံ ဉတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ, တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
‘‘ယထာဿ ဝိဇာနတော ဓမ္မံ, သေဝတော စာပိ ဝေဒနံ၊
ခီယတိ နောပစီယတိ, ဧဝံ သော စရတီ သတော၊
ဧဝံ အပစိနတော ဒုက္ခံ, သန္တိကေ နိဗ္ဗာနမုစ္စတီ’’တိ။
‘‘ဣမဿ ခေါ, မာလုကျပုတ္တ, မယာ သံခိတ္တေန ဘာသိတဿ ဧဝံ ဝိတ္ထာရေန အတ္ထော ဒဋ္ဌဗ္ဗော’’တိ။
အထ ခေါ အာယသ္မာ မာလုကျပုတ္တော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ အာယသ္မာ မာလုကျပုတ္တော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။ အညတရော စ ပနာယသ္မာ မာလုကျပုတ္တော အရဟတံ အဟောသီတိ။ ဒုတိယံ။
၂-မာလုကျပုတ္တသုတ် ၉၅။ ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဥ်းအားဖြင့် တရားကို ဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်သော စိတ်ရှိလျက် နေလိုပါ၏ ”ဟု လျှောက်၏။ “ရဟန်း သင်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည် နောက်ဆုံးအရွယ်သို့ရောက်နေပြီးသည် ဖြစ်ပါလျက် အကျဥ်းအားဖြင့် အဆုံးအမကို တောင်းဘိ၏၊ မာလုကျပုတ္တ ဤသို့အဆုံး အမ တောင်းရာ ယခုအခါ၌ ရဟန်းငယ်များကို အဘယ်သို့ ဆိုရပါအံ့နည်း ”ဟု မိန့်တော်မူ၏။ အသျှင် ဘုရား တပည့်တော်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည်နောက်ဆုံးအရွယ်သို့ ရောက်နေပြီးသည်ကား မှန်ပါ၏၊ သို့ပါသော်လည်း တပည့်တော်အားဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရားသည် အကျဥ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် အကျဥ်းအားဖြင့် တရားကိုဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အနက်အဓိပ္ပါယ်ကိုသိကောင်းတန်ရာပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အမွေခံဖြစ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။ မာလုကျပုတ္တ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် မမြင်အပ်ကုန်သော မမြင်ဖူးကုန်သော မြင်ဆဲ မဟုတ်ကုန်သော မြင်ရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (စက္ခုဝိညာဏ်ဖြင့်) သိအပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ သင်သည် မကြားနာအပ်ကုန်သော မကြားနာဖူးကုန်သော ကြားနာဆဲ မဟုတ်ကုန်သော ကြားနာရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (သောတဝိညာဏ်ဖြင့်) သိအပ်ကုန်သော အသံတို့သည် ရှိကုန်၏။ ထိုအသံတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ သင်သည် မနမ်းရှူအပ်ကုန်သော မနမ်းရှူဖူးကုန်သော နမ်းရှူဆဲ မဟုတ်ကုန်သော နမ်းရှူရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဃာနဝိညာဏ်ဖြင့်) သိအပ်ကုန်သော အနံ့တို့သည် ရှိကုန်၏။ ထိုအနံ့တို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ သင်သည် မလျက်အပ်ကုန်သော မလျက်ဖူးကုန်သော လျက်ဆဲ မဟုတ်ကုန်သော လျက်ရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဇိဝှါဝိညာဏ်ဖြင့်) သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ သင်သည် မတွေ့ထိအပ်ကုန်သော မတွေ့ထိဖူးကုန်သော တွေ့ထိဆဲ မဟုတ်ကုန်သော တွေ့ထိရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ကာယဝိညာဏ်ဖြင့်) သိအပ်ကုန်သော အတွေ့အထိတို့သည် ရှိကုန်၏။ ထိုအတွေ့အထိတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ သင်သည် မသိအပ်ကုန်သော မသိအပ်ဖူးကုန်သော သိဆဲ မဟုတ်ကုန်သော သိရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (မနောဝိညာဏ်ဖြင့်) သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။ မာလုကျပုတ္တ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အားမြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အား မြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှ ဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။ မာလုကျပုတ္တ ထိုအခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည်ထိုအာရုံခြောက်ပါးတို့၌ မတည် လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထိုအာရုံခြောက်ပါးတို့၌ မတည်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည် ဤပစ္စုပ္ပန်ဘဝ၌လည်း မဖြစ်လတ္တံ့၊ တမလွန်ဘဝ၌လည့်းမဖြစ်လတ္တံ့၊ နှစ်ဘဝလုံး၌လည်း မဖြစ်လတ္တံ့၊ ဤ (ပစ္စပ္ပန်တမလွန် နှစ်တန်သော ဘဝ၌ ) မဖြစ်မှုသည်ပင်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဥ်းအားဖြင့် ဟောအပ်သော ဤတရားစကား၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် သိနားလည်ပါ၏ - ၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။ ထိုသူအား အဆင်းအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၂။ အသံကို ကြားသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအသံအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။ ထိုသူအား အသံအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၃။ အနံ့ကို နမ်းရှူသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအနံ့အာရုံကိုလည်း လွှမ်းမိုး၍ တည်၏။ ထိုသူအား အနံ့အာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၄။ အရသာကို စားသောက်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအရသာ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။ ထိုသူအား အရသာအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၅။ အတွေ့အထိကို တွေ့ထိရသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအတွေ့ အထိ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။ ထိုသူအား အတွေ့အထိအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်း ကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၆။ သဘောတရားကို သိသော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုသဘော တရားကိုလည့်းလွှမ်းမိုး၍ တည်၏။ ထိုသူအား သဘောတရားကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ ၁။ ထိုသူသည် အဆင်းကို မြင်လတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အဆင်းတို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုအဆင်းကို လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် အဆင်းကို ရှုသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်း အရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီး သော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။ ၂။ ထိုသူသည် အသံကို ကြားလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အသံ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအသံကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် အသံကို နားထောင်သော်လည်းကောင်း၊ ဝေဒနာကို မှီဝဲသော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။ ၃။ ထိုသူသည် အနံ့ကို နမ်းရှူလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အနံ့ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအနံ့ကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် အနံ့ကို နမ်းရှူသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။ ၄။ ထိုသူသည် အရသာကို စားသောက်ရသော် ထင်သော သတိရှိသည် ဖြစ်၍ အရသာတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အရသာကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် အရသာကို စားသောက်သော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။ ၅။ ထိုသူသည် အတွေ့အထိကို တွေ့ထိရသော် ထင်သော သတိရှိသည် ဖြစ်၍ အတွေ့အထိတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အတွေ့အထိကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် အတွေ့အထိကို တွေ့ထိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။ ၆။ ထိုသူသည် သဘောတရားကို သိရသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဥ်းအားဖြင့် ဟောအပ်သော ဤစကားတော်၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် နားလည်ပါ၏ဟု လျှောက်၏၊ မာလုကျပုတ္တ ကောင်းပေစွ၊ကောင်းပေစွ၊ မာလုကျပုတ္တ သင်သည် ငါဘုရား အကျဥ်းအားဖြင့် ဟောကြားအပ်သော စကားတော်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ကောင်းစွာ သိပေ၏- ၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းကိုလည်း လွှမ်းမိုး၍ တည်၏။ ထိုသူအား အဆင်းကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါး ကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ် ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဥ်းဆဲအပ်၏၊ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ပ။ ၆။ ထိုသူသည် သဘောတရားကို သိသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။ အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။ မာလုကျပုတ္တ ငါဘုရား အကျဥ်းအားဖြင့် ဟောကြားအပ်သော ဤစကားတော်၏ အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်အပ်၏ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။ ထို့နောက်အသျှင်မာလုကျပုတ္တသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်သော စိတ်ရှိလျက် နေလတ်သော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်မာလုကျပုတ္တသည်လည်း ရဟန္တာတို့တွင်တစ်ပါးအပါအဝင် ဖြစ်လေ၏။ ဒုတိယသုတ်။
Linked Discourses 35.95 10. The Sixes Māluṅkyaputta Then Venerable Māluṅkyaputta went up to the Buddha … and asked him, “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Well now, Māluṅkyaputta, what are we to say to the young monks, when even an old man like you, elderly and senior, advanced in years, having reached the final stage of life, asks for brief advice?” “Sir, even though I’m an old man, elderly and senior, may the Buddha please teach me Dhamma in brief! May the Holy One please teach me in brief! Hopefully I can understand the meaning of what the Buddha says. Hopefully I can be an heir of the Buddha’s teaching!” “What do you think, Māluṅkyaputta? Do you have any desire or greed or fondness for sights known by the eye that are unseen, unseen before, and which you neither see nor think might be seen?” “No, sir.” “Do you have any desire or greed or affection for sounds known by the ear … smells known by the nose … tastes known by the tongue … touches known by the body … ideas known by the mind that are unknown, unknown before, and which you neither know nor think might be known?” “No, sir.” “In that case, when it comes to things that ought be seen, heard, thought, and known: in the seen will be merely the seen; in the heard will be merely the heard; in the thought will be merely the thought; in the known will be merely the known. When this is the case, you won’t be ‘by that’. When you’re not ‘by that’, you won’t be ‘in that’. When you’re not ‘in that’, you won’t be in this life or the next or in between the two. Just this is the end of suffering.” “This is how I understand the detailed meaning of the Buddha’s brief statement: ‘When you see a sight, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from sights. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. When you hear a sound, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from sounds. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. When you smell an odor, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from smells. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. When you enjoy a taste, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from tastes. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. When you sense a touch, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from touches. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. When you know an idea, mindfulness is lost as you focus on a pleasant feature. Experiencing it with a mind full of desire, you keep clinging to it. Many feelings grow arising from ideas. The mind is damaged by covetousness and cruelty. Heaping up suffering like this, you’re said to be far from extinguishment. There’s no desire for sights when you see a sight with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you see a sight and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment. There’s no desire for sounds when you hear a sound with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you hear a sound and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment. There’s no desire for odors when you smell an odor with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you smell an odor and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment. There’s no desire for tastes when you enjoy a taste with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you savor a taste and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment. There’s no desire for touches when you sense a touch with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you sense a touch and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment. There’s no desire for ideas when you know an idea with mindfulness. Experiencing it with a mind free of desire, you don’t keep clinging to it. Even as you know an idea and get familiar with how it feels, you wear away, you don’t heap up: that’s how to live mindfully. Eroding suffering like this, you’re said to be in the presence of extinguishment.’ That’s how I understand the detailed meaning of the Buddha’s brief statement.” “Good, good, Māluṅkyaputta! It’s good that you understand the detailed meaning of what I’ve said in brief like this.” And he repeated the verses in full. “This is how to see the detailed meaning of what I said in brief.” And then Venerable Māluṅkyaputta approved and agreed with what the Buddha said. He got up from his seat, bowed and respectfully circled the Buddha, keeping him on his right, before leaving. Then Māluṅkyaputta, living alone, withdrawn, diligent, keen, and resolute, soon realized the supreme culmination of the spiritual path in this very life. He lived having achieved with his own insight the goal for which gentlemen rightly go forth from the lay life to homelessness. He understood: “Rebirth is ended; the spiritual journey has been completed; what had to be done has been done; there is nothing further for this place.” And Venerable Māluṅkyaputta became one of the perfected.
၃။ ပရိဟာနဓမ္မသုတ္တံ
၉၆။ ‘‘ပရိဟာနဓမ္မဉ္စ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ အပရိဟာနဓမ္မဉ္စ ဆ စ အဘိဘာယတနာနိ။ တံ သုဏာထ။ ကထဉ္စ, ဘိက္ခဝေ, ပရိဟာနဓမ္မော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ သရသင်္ကပ္ပါ [အကုသလာ ဓမ္မာ သရသင်္ကပ္ပါ (သျာ။ ကံ။ ပီ။ က။) ဥပရိ အာသီဝိသဝဂ္ဂေ သတ္တမသုတ္တေ ပန ‘‘အာကုသလာ သရသင်္ကပ္ပါ’’ တွေဝ သဗ္ဗတ္ထ ဒိဿတိ] သံယောဇနိယာ။ တဉ္စေ ဘိက္ခု အဓိဝါသေတိ နပ္ပဇဟတိ န ဝိနောဒေတိ န ဗျန္တီကရောတိ [ဗျန္တိကရောတိ (ပီ။) ဗျန္တိံ ကရောတိ (က။)] န အနဘာဝံ ဂမေတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ ပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော ဇိဝှါယ ရသံ သာယိတွာ ဥပ္ပဇ္ဇန္တိ…ပေ… ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ သရသင်္ကပ္ပါ သံယောဇနိယာ။ တဉ္စေ ဘိက္ခု အဓိဝါသေတိ နပ္ပဇဟတိ န ဝိနောဒေတိ န ဗျန္တီကရောတိ န အနဘာဝံ ဂမေတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ ပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပရိဟာနဓမ္မော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, အပရိဟာနဓမ္မော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ သရသင်္ကပ္ပါ သံယောဇနိယာ။ တဉ္စေ ဘိက္ခု နာဓိဝါသေတိ ပဇဟတိ ဝိနောဒေတိ ဗျန္တီကရောတိ အနဘာဝံ ဂမေတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘န ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ အပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော ဇိဝှါယ ရသံ သာယိတွာ ဥပ္ပဇ္ဇန္တိ…ပေ… ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ သရသင်္ကပ္ပါ သံယောဇနိယာ။ တဉ္စေ ဘိက္ခု နာဓိဝါသေတိ ပဇဟတိ ဝိနောဒေတိ ဗျန္တီကရောတိ အနဘာဝံ ဂမေတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘န ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ အပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, အပရိဟာနဓမ္မော ဟောတိ။
‘‘ကတမာနိ စ, ဘိက္ခဝေ, ဆ အဘိဘာယတနာနိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ နုပ္ပဇ္ဇန္တိ ပါပကာ အကုသလာ သရသင်္ကပ္ပါ သံယောဇနိယာ။ ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘အဘိဘူတမေတံ အာယတနံ’။ အဘိဘာယတနဉှေတံ ဝုတ္တံ ဘဂဝတာတိ…ပေ… ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ နုပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘အဘိဘူတမေတံ အာယတနံ’။ အဘိဘာယတနဉှေတံ ဝုတ္တံ ဘဂဝတာတိ။ ဣမာနိ ဝုစ္စန္တိ, ဘိက္ခဝေ, ဆ အဘိဘာယတနာနီ’’တိ။ တတိယံ။
၃-ပရိဟာနဓမ္မသုတ် ၉၆။ ရဟန်းတို့ သင်တို့အား ယုတ်လျော့မှုသဘောကိုလည်းကောင်း၊ မယုတ်လျော့မှုသဘောကိုလည်းကောင်း၊ လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားတို့ကိုနာကြ ကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် ယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားကိုရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင် မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟောတော်မူသောကြောင့် တည်း”ဟု သိသင့်သိထိုက်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားတို့ကို ရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင်ယုတ်လျော့မှုသဘော ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည်လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည် လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှမယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် မယုတ်လျော့မှုသဘော ဖြစ်၏။ ရဟန်းတို့ လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန်နှောင်ဖွဲ့ကြောင်း ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် မဖြစ်ပေါ်လာကုန်။ ရဟန်းတို့ ဤသို့ မဖြစ် ပေါ်မှုကို ရဟန်းသည် “ ဤအကြောင်းတရားကို လွှမ်းမိုးအပ်၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်ပေါ် မှုကို လွှမ်းမိုးကြောင်းတရားဟု မြတ်စွာဘုရားဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား “ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် မဖြစ်ပေါ်လာကုန်။ ရဟန်းတို့ ဤသို့ မဖြစ်ပေါ်မှုကို ရဟန်းသည် “ ဤအကြောင်းတရားကို လွှမ်းမိုးအပ်၏၊ အကြောင်းသော်ကား ဤသို့ မဖြစ်ပေါ်မှုကို လွှမ်းမိုးကြောင်းတရားဟု မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤတရားတို့ကို လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.96 10. The Sixes Liable to Decline “Mendicants, I will teach you who is liable to decline, who is not liable to decline, and the six fields of mastery. Listen … And how is someone liable to decline? When a mendicant sees a sight with their eyes, bad, unskillful phenomena arise: memories and thoughts that tighten the fetters. Suppose that mendicant tolerates them and doesn’t give them up, dispel them, eliminate them, and obliterate them. They should understand: ‘My skillful qualities are declining. For this is what the Buddha calls decline.’ Furthermore, when a mendicant hears a sound … smells an odor … tastes a flavor … encounters a touch … knows an idea with their mind, bad, unskillful phenomena arise: memories and thoughts that tighten the fetters. If that mendicant tolerates them and doesn’t give them up, dispel them, eliminate them, and obliterate them, they should understand: ‘My skillful qualities are declining. For this is what the Buddha calls decline.’ That’s how someone is liable to decline. And how is someone not liable to decline? When a mendicant sees a sight with their eyes, bad, unskillful phenomena arise: memories and thoughts that tighten the fetters. Suppose that mendicant doesn’t tolerate them but gives them up, dispels them, eliminates them, and obliterates them. They should understand: ‘My skillful qualities are not declining. For this is what the Buddha calls non-decline.’ Furthermore, when a mendicant hears a sound … smells an odor … tastes a flavor … encounters a touch … knows an idea with their mind, bad, unskillful phenomena arise: memories and thoughts that tighten the fetters. Suppose that mendicant doesn’t tolerate them but gives them up, dispels them, eliminates them, and obliterates them. They should understand: ‘My skillful qualities are not declining. For this is what the Buddha calls non-decline.’ That’s how someone is not liable to decline. And what are the six fields of mastery? When a mendicant sees a sight with their eyes, bad, unskillful phenomena don’t arise: memories and thoughts that tighten the fetters. They should understand: ‘This sense field has been mastered. For this is what the Buddha calls a field of mastery.’ … Furthermore, when a mendicant knows an idea with their mind, bad, unskillful phenomena don’t arise: memories and thoughts that tighten the fetters. They should understand: ‘This sense field has been mastered. For this is what the Buddha calls a field of mastery.’ These are the six fields of mastery.”
၄။ ပမာဒဝိဟာရီသုတ္တံ
၉၇။ ‘‘ပမာဒဝိဟာရိဉ္စ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ အပ္ပမာဒဝိဟာရိဉ္စ။ တံ သုဏာထ။ ကထဉ္စ, ဘိက္ခဝေ, ပမာဒဝိဟာရီ ဟောတိ? စက္ခုန္ဒြိယံ အသံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ ဗျာသိဉ္စတိ [ဗျာသိစ္စတိ (သီ။ သျာ။ ကံ။)]။ စက္ခုဝိညေယျေသု ရူပေသု တဿ ဗျာသိတ္တစိတ္တဿ ပါမောဇ္ဇံ န ဟောတိ။ ပါမောဇ္ဇေ အသတိ ပီတိ န ဟောတိ။ ပီတိယာ အသတိ ပဿဒ္ဓိ န ဟောတိ။ ပဿဒ္ဓိယာ အသတိ ဒုက္ခံ ဟောတိ။ ဒုက္ခိနော စိတ္တံ န သမာဓိယတိ။ အသမာဟိတေ စိတ္တေ ဓမ္မာ န ပါတုဘဝန္တိ။ ဓမ္မာနံ အပါတုဘာဝါ ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ…ပေ… ဇိဝှိန္ဒြိယံ အသံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ ဗျာသိဉ္စတိ ဇိဝှါဝိညေယျေသု ရသေသု, တဿ ဗျာသိတ္တစိတ္တဿ…ပေ… ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ…ပေ… မနိန္ဒြိယံ အသံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ ဗျာသိဉ္စတိ မနောဝိညေယျေသု ဓမ္မေသု, တဿ ဗျာသိတ္တစိတ္တဿ ပါမောဇ္ဇံ န ဟောတိ။ ပါမောဇ္ဇေ အသတိ ပီတိ န ဟောတိ။ ပီတိယာ အသတိ ပဿဒ္ဓိ န ဟောတိ။ ပဿဒ္ဓိယာ အသတိ ဒုက္ခံ ဟောတိ။ ဒုက္ခိနော စိတ္တံ န သမာဓိယတိ။ အသမာဟိတေ စိတ္တေ ဓမ္မာ န ပါတုဘဝန္တိ။ ဓမ္မာနံ အပါတုဘာဝါ ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ပမာဒဝိဟာရီ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, အပ္ပမာဒဝိဟာရီ ဟောတိ? စက္ခုန္ဒြိယံ သံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ န ဗျာသိဉ္စတိ စက္ခုဝိညေယျေသု ရူပေသု, တဿ အဗျာသိတ္တစိတ္တဿ ပါမောဇ္ဇံ ဇာယတိ။ ပမုဒိတဿ ပီတိ ဇာယတိ။ ပီတိမနဿ ကာယော ပဿမ္ဘတိ။ ပဿဒ္ဓကာယော သုခံ ဝိဟရတိ။ သုခိနော စိတ္တံ သမာဓိယတိ။ သမာဟိတေ စိတ္တေ ဓမ္မာ ပါတုဘဝန္တိ။ ဓမ္မာနံ ပါတုဘာဝါ အပ္ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ…ပေ… ဇိဝှိန္ဒြိယံ သံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ န ဗျာသိဉ္စတိ…ပေ… အပ္ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ။ မနိန္ဒြိယံ သံဝုတဿ, ဘိက္ခဝေ, ဝိဟရတော စိတ္တံ န ဗျာသိဉ္စတိ, မနောဝိညေယျေသု ဓမ္မေသု, တဿ အဗျာသိတ္တစိတ္တဿ ပါမောဇ္ဇံ ဇာယတိ။ ပမုဒိတဿ ပီတိ ဇာယတိ။ ပီတိမနဿ ကာယော ပဿမ္ဘတိ။ ပဿဒ္ဓကာယော သုခံ ဝိဟရတိ။ သုခိနော စိတ္တံ သမာဓိယတိ။ သမာဟိတေ စိတ္တေ ဓမ္မာ ပါတုဘဝန္တိ။ ဓမ္မာနံ ပါတုဘာဝါ အပ္ပမာဒဝိဟာရီ တွေဝ သင်္ခံ ဂစ္ဆတိ။ ဧဝံ ခေါ, ဘိက္ခဝေ, အပ္ပမာဒဝိဟာရီ ဟောတီ’’တိ။ စတုတ္ထံ။
၄-ပမာဒဝိဟာရီသုတ် ၉၇။ ရဟန်းတို့ မေ့မေ့လျော့လျော့ နေတတ်သူကိုလည်းကောင်း၊ မမေ့မလျော့ နေတတ်သူကိုလည့်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် မေ့မေ့လျော့လျော့ နေတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ စက္ခုန္ဒြေကိုမပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စိုစွတ်လျက်၁ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု မဖြစ်နိုင်၊ ဝမ်းမြောက်မှု မရှိသော်နှစ်သက်မှု မဖြစ်နိုင်၊ နှစ်သက်မှု မရှိသော် ငြိမ်းချမ်းမှု မဖြစ်နိုင်၊ ငြိမ်းချမ်းမှု မရှိသော် ဆင်းရဲ၏၊ ဆင်းရဲသော သူ၏ စိတ်သည် မတည်ငြိမ်၊ စိတ် မတည်ငြိမ်သော် တရားတို့သည် ထင်စွာမဖြစ်ပေါ်နိုင်ကြ ကုန်၊ တရားတို့ ထင်စွာ မဖြစ်ပေါ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာရေတွက်ခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ ဇိဝှိန္ဒြေကို မပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ စိုစွတ်လျက် ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား။ပ။ မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ မနိန္ဒြေကို မပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စိုစွတ်လျက် ဖြစ်၏၊ ထိုစိုစွတ်လျက် ဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု မဖြစ်နိုင်၊ ဝမ်းမြာက်မှု မရှိသော် နှစ်သက်မှု မဖြစ်နိုင်၊ နှစ်သက်မှု မရှိသော် ငြိမ်းချမ်းမှု မဖြစ်နိုင်၊ ငြိမ်းချမ်းမှု မရှိသော် ဆင်းရဲ၏၊ ဆင်းရဲသော သူ၏စိတ်သည် မတည်ငြိမ်၊ စိတ် မတည်ငြိမ်သော် တရားတို့သည် ထင်စွာ မဖြစ်ပေါ်နိုင်ကုန်၊ တရားတို့ထင်စွာ မဖြစ်ပေါ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် မေ့မေ့လျော့လျော့ နေတတ်သူ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မမေ့မလျော့ နေတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ စက္ခုန္ဒြေကို ပိတ်ဆို့သည်ဖြစ်၍ နေသော သူ၏ စိတ်သည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စိုစွတ် လျက် မဖြစ်၊ ထိုစိုစွတ်လျက် မဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု ဖြစ်၏၊ ဝမ်းမြောက်မှုရှိသော သူ အားနှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှု ရှိသောသူ၏ကိုယ်သည် ငြိမ်းချမ်း၏၊ကိုယ်ငြိမ်းချမ်းသော သူသည်ချမ်းသာစွာ နေရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ စိတ် တည်ငြိမ်သော် တရားတို့သည်ထင်စွာဖြစ်ပေါ်ကုန်၏၊ တရားတို့ ထင်စွာဖြစ်ပေါ်ခြင်းကြောင့် မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ ဇိဝှိန္ဒြေကို ပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ စိုစွတ်လျက် မဖြစ်။ပ။ မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ရောက်၏။ ရဟန်းတို့ မနိန္ဒြေကို ပိတ်ဆို့သည် ဖြစ်၍ နေသော သူ၏ စိတ်သည် မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စိုစွတ်လျက် မဖြစ်၊ ထိုစိုစွတ်လျက် မဖြစ်သော စိတ်ရှိသူအား ဝမ်းမြောက်မှု ဖြစ်၏၊ ဝမ်းမြောက်မှုရှိသော သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်မှုရှိသော သူ၏ကိုယ်သည် ငြိမ်းချမ်း၏၊ကိုယ်ငြိမ်းချမ်းသော သူသည် ချမ်းသာစွာ နေရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ စိတ် တည်ငြိမ်သော် တရားတို့သည် ထင်စွာဖြစ်ပေါ်ကုန်၏၊ တရားတို့ ထင်စွာဖြစ်ပေါ်ခြင်းကြောင့် မမေ့မလျော့ နေတတ်သူဟူ၍ သာ ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် မမေ့မလျော့နေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။ ၁။ (ကိလေသာဖြင့်) စိုစွတ်လျက်
Linked Discourses 35.97 10. The Sixes One Who Lives Negligently “Mendicants, I will teach you who lives negligently and who lives diligently. Listen … And how does someone live negligently? When you live with the eye faculty unrestrained, your mind becomes polluted when it comes to sights known by the eye. When the mind is polluted, there’s no joy. When there’s no joy, there’s no rapture. When there’s no rapture, there’s no tranquility. When there’s no tranquility, there’s suffering. When one is suffering, the mind does not become immersed in samādhi. When the mind is not immersed in samādhi, principles do not become clear. Because principles have not become clear, you’re reckoned to live negligently. When you live with the ear … nose … tongue … body … mind faculty unrestrained, your mind becomes polluted when it comes to ideas known by the mind. When the mind is polluted, there’s no joy. When there’s no joy, there’s no rapture. When there’s no rapture, there’s no tranquility. When there’s no tranquility, there’s suffering. When one is suffering, the mind does not become immersed in samādhi. When the mind is not immersed in samādhi, principles do not become clear. Because principles have not become clear, you’re reckoned to live negligently. That’s how someone lives negligently. And how does someone live diligently? When you live with the eye faculty restrained, your mind doesn’t become polluted when it comes to sights known by the eye. When the mind isn’t polluted, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed in samādhi. When the mind is immersed in samādhi, principles become clear. Because principles have become clear, you’re reckoned to live diligently. When you live with the ear … nose … tongue … body … mind faculty restrained, your mind doesn’t become polluted when it comes to ideas known by the mind. When the mind isn’t polluted, joy springs up. Being joyful, rapture springs up. When the mind is full of rapture, the body becomes tranquil. When the body is tranquil, one feels bliss. And when blissful, the mind becomes immersed in samādhi. When the mind is immersed in samādhi, principles become clear. Because principles have become clear, you’re reckoned to live diligently. That’s how someone lives diligently.”
၅။ သံဝရသုတ္တံ
၉၈။ ‘‘သံဝရဉ္စ ဝေါ, ဘိက္ခဝေ, ဒေသေဿာမိ, အသံဝရဉ္စ။ တံ သုဏာထ။ ကထဉ္စ, ဘိက္ခဝေ, အသံဝရော ဟောတိ? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ ပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ…ပေ… သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ ပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, အသံဝရော ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, သံဝရော ဟောတိ? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, ဝေဒိတဗ္ဗမေတံ, ဘိက္ခဝေ, ဘိက္ခုနာ – ‘န ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ အပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ …ပေ… သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, ဝေဒိတဗ္ဗမေတံ ဘိက္ခုနာ – ‘န ပရိဟာယာမိ ကုသလေဟိ ဓမ္မေဟိ’။ အပရိဟာနဉှေတံ ဝုတ္တံ ဘဂဝတာတိ။ ဧဝံ ခေါ, ဘိက္ခဝေ, သံဝရော ဟောတီ’’တိ။ ပဉ္စမံ။
၅-သံဝရသုတ် ၉၈။ ရဟန်းတို့ စောင့်စည်းမှုကိုလည်းကောင်း၊ မစောင့်စည်းမှုကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် မစောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ် ကုန်စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟော တော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သောစွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကိုရဟန်းသည် “ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် မစောင့်စည်းမှု ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် စောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ် ကုန်စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားတို့ကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်နေမှုကို ရဟန်းသည် “ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်နေမှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့် သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် စောင့်စည်းမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.98 10. The Sixes Restraint “Mendicants, I will teach you who is restrained and who is unrestrained. Listen … And how is someone unrestrained? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, they should understand: ‘My skillful qualities are declining. For this is what the Buddha calls decline.’ There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, they should understand: ‘My skillful qualities are declining. For this is what the Buddha calls decline.’ This is how someone is unrestrained. And how is someone restrained? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they should understand: ‘My skillful qualities are not declining. For this is what the Buddha calls non-decline.’ There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they should understand: ‘My skillful qualities are not declining. For this is what the Buddha calls non-decline.’ This is how someone is restrained.”
၆။ သမာဓိသုတ္တံ
၉၉။ ‘‘သမာဓိံ, ဘိက္ခဝေ, ဘာဝေထ။ သမာဟိတော, ဘိက္ခဝေ, ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ? ‘စက္ခု အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘ရူပါ အနိစ္စာ’တိ ယထာဘူတံ ပဇာနာတိ၊ ‘စက္ခုဝိညာဏံ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘စက္ခုသမ္ဖဿော အနိစ္စော’တိ ယထာဘူတံ ပဇာနာတိ။ ‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘မနော အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ။ ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ‘ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ, ဘိက္ခဝေ, ဘာဝေထ။ သမာဟိတော, ဘိက္ခဝေ, ဘိက္ခု ယထာဘူတံ ပဇာနာတီ’’တိ။ ဆဋ္ဌံ။
၆-သမာဓိသုတ် ၉၉။ ရဟန်းတို့ စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွါးများကြကုန်လော့၊ ရဟန်းတို့ စိတ်တည်ကြည် သောရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိနိုင်၏။ အဘယ်သို့လျှင်ဟုတ်တိုင်းမှန်စွာ သိနိုင်သနည်း။ “မျက်စိသည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “အဆင်းတို့သည် မမြဲကုန်”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “စက္ခုဝိညာဏ်သည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “စက္ခုသမ္ဖဿသည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် “ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ”ဟုဟုတ်တိုင့်းမှန်စွာ သိနိုင်၏။ပ။ “စိတ်သည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏။ ရဟန်းတို့ စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွါးများကြကုန်လော့၊ ရဟန်းတို့ စိတ်တည်ကြည်သောရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိနိုင်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.99 10. The Sixes Immersion “Mendicants, develop immersion. A mendicant who has immersion truly understands. What do they truly understand? They truly understand that the eye is impermanent. They truly understand that sights … eye consciousness … eye contact … the pleasant, painful, or neutral feeling that arises dependent on eye contact is impermanent. … They truly understand that the mind is impermanent. They truly understand that ideas … mind consciousness … mind contact … the pleasant, painful, or neutral feeling that arises dependent on mind contact is impermanent. Mendicants, develop immersion. A mendicant who has immersion truly understands.”
၇။ ပဋိသလ္လာနသုတ္တံ
၁၀၀။ ‘‘ပဋိသလ္လာနေ [ပဋိသလ္လာနံ (သီ။ ပီ။ က။), ပဋိသလ္လီနာ (သျာ။ ကံ။)], ဘိက္ခဝေ, ယောဂမာပဇ္ဇထ။ ပဋိသလ္လီနော, ဘိက္ခဝေ, ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ? ‘စက္ခု အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘ရူပါ အနိစ္စာ’တိ ယထာဘူတံ ပဇာနာတိ၊ ‘စက္ခုဝိညာဏံ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘စက္ခုသမ္ဖဿော အနိစ္စော’တိ ယထာဘူတံ ပဇာနာတိ။ ‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ…ပေ… ‘ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စ’န္တိ ယထာဘူတံ ပဇာနာတိ။ ပဋိသလ္လာနေ, ဘိက္ခဝေ, ယောဂမာပဇ္ဇထ။ ပဋိသလ္လီနော, ဘိက္ခဝေ, ဘိက္ခု ယထာဘူတံ ပဇာနာတီ’’တိ။ သတ္တမံ။
၇-ပဋိသလ္လာနသုတ် ၁၀၀။ ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ အားထုတ်မှုသို့ ရောက်ကြကုန်လော့၊ ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းသော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိနိုင်၏။ အဘယ်သို့လျှင်ဟုတ်တိုင်း မှန်စွာ သိနိုင်သနည်း။ “မျက်စိသည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “အဆင်းတို့သည် မမြဲကုန်”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “စက္ခုဝိညာဏ်သည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏၊ “စက္ခုသမ္ဖဿသည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏။ပ။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် “ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မမြဲ”ဟုဟုတ်တိုင်းမှန်စွာ သိနိုင်၏။ ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ အားထုတ်မှုသို့ ရောက်ကြကုန်လော့။ ရဟန်းတို့တစ်ယောက်တည်း ကိန်းအောင်းသော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိနိုင်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.100 10. The Sixes Retreat “Mendicants, meditate in retreat. A mendicant in retreat truly understands. What do they truly understand? They truly understand that the eye is impermanent. They truly understand that sights … eye consciousness … eye contact … the pleasant, painful, or neutral feeling that arises dependent on mind contact is impermanent. Mendicants, meditate in retreat. A mendicant in retreat truly understands.”
၈။ ပဌမနတုမှာကံသုတ္တံ
၁၀၁။ ‘‘ယံ [ယမ္ပိ (ပီ။ က။)], ဘိက္ခဝေ, န တုမှာကံ, တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ကိဉ္စ, ဘိက္ခဝေ, န တုမှာကံ? စက္ခု, ဘိက္ခဝေ, န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ရူပါ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ စက္ခုဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ စက္ခုသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ သောတံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ သဒ္ဒါ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ သောတဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ သောတသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိဒံ သောတသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ဃာနံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ဂန္ဓာ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ ဃာနဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ဃာနသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိဒံ ဃာနသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။
ဇိဝှါ န တုမှာကံ။ တံ ပဇဟထ။ သာ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ။ ရသာ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ ဇိဝှါဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ဇိဝှါသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ …ပေ…။
မနော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတိ။ ဓမ္မာ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ မနောဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ မနောသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။
‘‘သေယျထာပိ, ဘိက္ခဝေ, ယံ ဣမသ္မိံ ဇေတဝနေ တိဏကဋ္ဌသာခါပလာသံ တံ ဇနော ဟရေယျ ဝါ ဍဟေယျ ဝါ ယထာပစ္စယံ ဝါ ကရေယျ, အပိ နု တုမှာကံ ဧဝမဿ – ‘အမှေ ဇနော ဟရတိ ဝါ ဍဟတိ ဝါ ယထာပစ္စယံ ဝါ ကရောတီ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘တံ ကိဿ ဟေတု’’?
‘‘န ဟိ နော ဧတံ, ဘန္တေ, အတ္တာ ဝါ အတ္တနိယံ ဝါ’’တိ။
‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, စက္ခု န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ရူပါ န တုမှာကံ… စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတီ’’တိ။ အဋ္ဌမံ။
၈-ပဌမ န တုမှာကသုတ် ၁၀၁။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်သနည်း။ ရဟန်းတို့ မျက်စိသည် သင်တို့၏ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါး ခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်ကြကုန်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ စက္ခုဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုစက္ခုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ စက္ခုသမ္ဖဿသည်သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုစက္ခုသမ္ဖဿကို ပယ်သည်ရှိသော်သင် တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကိုပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ လျှာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်သည်ရှိသော်သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အရသာတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအရသာတို့ကို ပယ်ကြကုန်လော့၊ ထိုအရသာတို့ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဇိဝှါဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဇိဝှါဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါသမ္ဖဿသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဇိဝှါသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုဇိဝှါသမ္ဖဿကို ပယ်သည့်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကို ပယ်သည်ရှိသော်သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်သည်ရှိသော် သင်တို့အားစီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ မနောဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမနောဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုမနောဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့။ မနောသမ္ဖဿသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမနောသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုမနောသမ္ဖဿကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ အကြင်မြက် ထင်း သစ်ခက် သစ်ရွက်သည် ရှိ၏၊ ထို မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူသွားသော်လည်းကောင်း၊ မီးရှို့သော်လည်းကောင်း၊ အလိုရှိတိုင်း ပြုသော်လည်းကောင်း “ငါတို့ကို လူအပေါင်းသည် ယူသွား၏ဟူ၍ သော်လည်းကောင်း၊ မီးရှို့၏ဟူ၍ သော်လည်းကောင်း၊ အလိုရှိတိုင်း ပြု၏ဟူ၍လည်းကောင်း” သင်တို့အား ဤသို့စိတ်အကြံ ဖြစ်ရာသလော။ မဖြစ်ရာပါ အသျှင်ဘုရား။ ထိုမဖြစ်မှုသည် အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဤ (မြက်စသော) အရာသည် တပည့်တော်တို့၏ကိုယ်သော်လည်းကောင်း၊ကိုယ်ပိုင်ဥစ္စာသော်လည်းကောင်း မဟုတ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူ မျက်စိသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.101 10. The Sixes It’s Not Yours (1st) “Mendicants, give up what’s not yours. Giving it up will be for your welfare and happiness. And what isn’t yours? The eye isn’t yours: give it up. Giving it up will be for your welfare and happiness. Sights … Eye consciousness … Eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact isn’t yours: give it up. Giving it up will be for your welfare and happiness. The ear … nose … tongue … body … The mind isn’t yours: give it up. Giving it up will be for your welfare and happiness. Ideas … Mind consciousness … Mind contact … The pleasant, painful, or neutral feeling that arises dependent on mind contact isn’t yours: give it up. Giving it up will be for your welfare and happiness. Suppose a person was to carry off the grass, sticks, branches, and leaves in this Jeta’s Grove, or burn them, or do what they want with them. Would you think: ‘This person is carrying us off, burning us, or doing what they want with us’?” “No, sir. Why is that? Because to us that’s neither self nor belonging to self.” “In the same way, the eye isn’t yours: give it up. Giving it up will be for your welfare and happiness. … The pleasant, painful, or neutral feeling that arises dependent on mind contact isn’t yours: give it up. Giving it up will be for your welfare and happiness.”
၉။ ဒုတိယနတုမှာကံသုတ္တံ
၁၀၂။ ‘‘ယံ, ဘိက္ခဝေ, န တုမှာကံ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ကိဉ္စ, ဘိက္ခဝေ, န တုမှာကံ? စက္ခု, ဘိက္ခဝေ, န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ရူပါ န တုမှာကံ။ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ စက္ခုဝိညာဏံ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ စက္ခုသမ္ဖဿော န တုမှာကံ။ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ န တုမှာကံ။ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ယမ္ပိ, ဘိက္ခဝေ, န တုမှာကံ, တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတီ’’တိ။ နဝမံ။
၉-ဒုတိယ န တုမှာကသုတ် ၁၀၂။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုသင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်သနည်း၊ ရဟန်းတို့ မျက်စိသည် သင် တို့၏ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါး ခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ စက္ခုဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုစက္ခုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စက္ခုသမ္ဖဿသည်သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုစက္ခုသမ္ဖဿကို ပယ်သည်ရှိသော် သင့်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုသင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.102 10. The Sixes It’s Not Yours (2nd) “Mendicants, give up what’s not yours. Giving it up will be for your welfare and happiness. And what isn’t yours? The eye isn’t yours: give it up. Giving it up will be for your welfare and happiness. Sights … Eye consciousness … Eye contact … The pleasant, painful, or neutral feeling that arises dependent on mind contact isn’t yours: give it up. Giving it up will be for your welfare and happiness. Give up what’s not yours. Giving it up will be for your welfare and happiness.”
၁၀။ ဥဒကသုတ္တံ
၁၀၃။ ‘‘ဥဒကော [ဥဒ္ဒကော (သီ။ ပီ။)] သုဒံ, ဘိက္ခဝေ, ရာမပုတ္တော ဧဝံ ဝါစံ ဘာသတိ – ‘ဣဒံ ဇာတု ဝေဒဂူ, ဣဒံ ဇာတု သဗ္ဗဇီ [သဗ္ဗဇိ (ပီ။)], ဣဒံ ဇာတု အပလိခတံ ဂဏ္ဍမူလံ ပလိခဏိ’န္တိ။ တံ ခေါ ပနေတံ, ဘိက္ခဝေ, ဥဒကော ရာမပုတ္တော အဝေဒဂူယေဝ သမာနော ‘ဝေဒဂူသ္မီ’တိ ဘာသတိ, အသဗ္ဗဇီယေဝ သမာနော ‘သဗ္ဗဇီသ္မီ’တိ ဘာသတိ, အပလိခတံယေဝ ဂဏ္ဍမူလံ ပလိခတံ မေ ‘ဂဏ္ဍမူလ’န္တိ ဘာသတိ။ ဣဓ ခေါ တံ, ဘိက္ခဝေ, ဘိက္ခု သမ္မာ ဝဒမာနော ဝဒေယျ – ‘ဣဒံ ဇာတု ဝေဒဂူ, ဣဒံ ဇာတု သဗ္ဗဇီ, ဣဒံ ဇာတု အပလိခတံ ဂဏ္ဍမူလံ ပလိခဏိ’’’န္တိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဝေဒဂူ ဟောတိ? ယတော ခေါ, ဘိက္ခဝေ, ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု ဝေဒဂူ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု သဗ္ဗဇီ ဟောတိ? ယတော ခေါ, ဘိက္ခဝေ, ဘိက္ခု ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ အနုပါဒါဝိမုတ္တော ဟောတိ၊ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သဗ္ဗဇီ ဟောတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခုနော အပလိခတံ ဂဏ္ဍမူလံ ပလိခတံ ဟောတိ? ဂဏ္ဍောတိ ခေါ, ဘိက္ခဝေ, ဣမဿေတံ စာတုမဟာဘူတိကဿ ကာယဿ အဓိဝစနံ မာတာပေတ္တိကသမ္ဘဝဿ ဩဒနကုမ္မာသူပစယဿ အနိစ္စုစ္ဆာဒနပရိမဒ္ဒနဘေဒနဝိဒ္ဓံသနဓမ္မဿ။ ဂဏ္ဍမူလန္တိ ခေါ, ဘိက္ခဝေ, တဏှာယေတံ အဓိဝစနံ။ ယတော ခေါ, ဘိက္ခဝေ, ဘိက္ခုနော တဏှာ ပဟီနာ ဟောတိ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝင်္ကတာ အာယတိံ အနုပ္ပါဒဓမ္မာ၊ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခုနော အပလိခတံ ဂဏ္ဍမူလံ ပလိခတံ ဟောတိ။
‘‘ဥဒကော သုဒံ, ဘိက္ခဝေ, ရာမပုတ္တော ဧဝံ ဝါစံ ဘာသတိ – ‘ဣဒံ ဇာတု ဝေဒဂူ, ဣဒံ ဇာတု သဗ္ဗဇီ, ဣဒံ ဇာတု အပလိခတံ ဂဏ္ဍမူလံ ပလိခဏိ’န္တိ။ တံ ခေါ ပနေတံ, ဘိက္ခဝေ, ဥဒကော ရာမပုတ္တော အဝေဒဂူယေဝ သမာနော ‘ဝေဒဂူသ္မီ’တိ ဘာသတိ, အသဗ္ဗဇီယေဝ သမာနော ‘သဗ္ဗဇီသ္မီ’တိ ဘာသတိ၊ အပလိခတံယေဝ ဂဏ္ဍမူလံ ‘ပလိခတံ မေ ဂဏ္ဍမူလ’န္တိ ဘာသတိ။ ဣဓ ခေါ တံ, ဘိက္ခဝေ, ဘိက္ခု သမ္မာ ဝဒမာနော ဝဒေယျ – ‘ဣဒံ ဇာတု ဝေဒဂူ, ဣဒံ ဇာတု သဗ္ဗဇီ, ဣဒံ ဇာတု အပလိခတံ ဂဏ္ဍမူလံ ပလိခဏိ’’’န္တိ။ ဒသမံ။
သဠဝဂ္ဂေါ ဒသမော။
တဿုဒ္ဒါနံ –
ဒွေ သံဂယှာ ပရိဟာနံ, ပမာဒဝိဟာရီ စ သံဝရော၊
သမာဓိ ပဋိသလ္လာနံ, ဒွေ နတုမှာကေန ဥဒ္ဒကောတိ။
သဠာယတနဝဂ္ဂေ ဒုတိယပဏ္ဏာသကော သမတ္တော။
တဿ ဝဂ္ဂုဒ္ဒါနံ –
အဝိဇ္ဇာ မိဂဇာလဉ္စ, ဂိလာနံ ဆန္နံ စတုတ္ထကံ၊
သဠဝဂ္ဂေန ပညာသံ, ဒုတိယော ပဏ္ဏာသကော အယန္တိ။
ပဌမသတကံ။
၁၀-ဥဒကသုတ် ၁၀၃။ ရဟန်းတို့ ရာမ၏သား ဥဒကသည် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ် ဆင်းရဲကိုစင်စစ် အောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟု ဤသို့သောစကားကို ပြောဆို၏။ ရဟန်းတို့ ရာမ၏သား ဥဒကသည် ပညာရှိ မဟုတ်သူသာ ဖြစ်လျက်“ငါပညာရှိ”ဟု ပြောဆို၏၊ အလုံးစုံသော ဝဋ်ဆင်းရဲကို မအောင်သေးသူသာ ဖြစ်လျက် “အောင်ပြီးသူ”ဟုပြောဆို၏၊ ဆင်းရဲအမြစ်ကို စင်စစ် မတူးအပ်သေးပါဘဲလျက် “ငါသည် ဆင်းရဲအမြစ်ကို တူးပြီးသူ”ဟုပြောဆို၏။ ရဟန်းတို့ စင်စစ်သော်ကား ဤသာသနာတော်၌ ရှိသော ရဟန်းကသာလျှင် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကို စင်စစ် အောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟူသော ထိုစကားကို ပြောဆိုလိုသော် ကောင်းစွာ ပြောဆိုနိုင်ရာ၏။ ရဟန်းတို့ အဘယ်သို့လျှင် ပညာရှိဖြစ်သနည်း။ ရဟန်းတို့ ရဟန်းသည် တွေ့ထိမှုတည်ရာခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ပညာရှိ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ ဖြစ်သနည်း။ ရဟန်းတို့ရဟန်းသည် တွေ့ထိမှုတည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိသောကြောင့် အဘယ်အရာကိုမျှ မစွဲလမ်းတော့ဘဲ ကိလေသာမှ လွတ်မြောက်၏။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မတူးအပ်သေးသော ဆင်းရဲအမြစ်ကို တူးပြီးသူ ဖြစ် သနည်း။ ရဟန်းတို့ “ဝဋ်ဆင်းရဲ” ဟူသော ဤအမည်ကား မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်သော မိဘတို့သုက်သွေးကို မှီ၍ ဖြစ်သော ထမင်း မုယောမုံ့တို့ကြောင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘောရှိသော ဤခန္ဓာကိုယ်၏ အမည်တည်း။ ရဟန်းတို့ “ဆင်းရဲအမြစ်”ဟူသော ဤအမည်ကား တပ်မက်မှု ‘တဏှာ’၏ အမည်တည်း။ ရဟန်းတို့ ရဟန်းအား တပ်မက်မှု‘တဏှာ’ကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် မဖြစ်ပေါ်အောင် ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မတူးအပ်သေးသော ဆင်းရဲအမြစ်ကို တူးပြီးသူ ဖြစ်၏။ ရဟန်းတို့ ရာမ၏သား ဥဒကသည် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကိုအောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း ”ဟု ဤသို့သောစကားကို ပြောဆို၏။ ရဟန်းတို့ ရာမ၏သား ဥဒကသည် ပညာရှိ မဟုတ်သူသာ ဖြစ်လျက် “ငါပညာရှိ”ဟု ပြောဆို၏၊ အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ မဟုတ်ပါဘဲလျက် “အောင်ပြီးသူ”ဟု့ပြောဆို၏၊ ဆင်းရဲအမြစ်ကို စင်စစ် မတူးအပ်သေးပါဘဲလျက် “ငါသည် ဆင်းရဲအမြစ်ကို စင်စစ်တူးပြီးသူ”ဟု ပြော ဆို၏။ ရဟန်းတို့ စင်စစ်သော်ကား ဤသာသနာတော်၌ ရှိသော ရဟန်းကသာလျှင်“ငါသည် ပညာရှိ အစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူတည်း၊ မတူးအပ်သေးသောဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟူသော ထိုစကားကို ပြောဆိုလိုသော် ကောင်းစွာပြောဆိုနိုင်ရာ၏ဟု (မိန့်တော် မူ၏)။ ဒသမသုတ်။ ငါးခုမြောက် သဠဝဂ် ပြီး၏။ (၁၁) ၁-ယောဂက္ခေမိဝဂ် ၁-ယောဂက္ခေမိသုတ်
Linked Discourses 35.103 10. The Sixes About Uddaka “Mendicants, Uddaka son of Rāma used to say: ‘Hereupon, ever the knowledge master! Hereupon, ever the conqueror of all! Hereupon, ever the undug boil’s root was dug out by me!’ Even though Uddaka son of Rāma was no knowledge master, he said ‘I’m a knowledge master.’ Though he was no conqueror of all, he said ‘I’m conqueror of all.’ And though the boil’s root was not dug out, he said ‘I’ve dug out the boil’s root.’ A mendicant might rightly say here: ‘Hereupon, ever the knowledge master! Hereupon, ever the conqueror of all! Hereupon, ever the undug boil’s root is dug out!’ And how is someone a knowledge master? It’s when a mendicant truly understands the six fields of contact’s origin, disappearance, gratification, drawback, and escape. That’s how a mendicant is a knowledge master. And how is a mendicant a conqueror of all? It’s when a mendicant comes to be freed by not grasping after truly understanding the six fields of contact’s origin, disappearance, gratification, drawback, and escape. That’s how a mendicant is a conqueror of all. And how has a mendicant dug out the undug boil’s root? ‘Boil’ is a term for this body made up of the four principal states, produced by mother and father, built up from rice and porridge, liable to impermanence, to wearing away and erosion, to breaking up and destruction. ‘Boil’s root’ is a term for craving. It’s when a mendicant has given up craving, cut it off at the root, made it like a palm stump, obliterated it, so it’s unable to arise in the future. That’s how a mendicant has dug out the undug boil’s root. Uddaka son of Rāma used to say: ‘Hereupon, ever the knowledge master! Hereupon, ever the conqueror of all! Hereupon, ever the undug boil’s root is dug out!’ Even though Uddaka son of Rāma was no knowledge master, he said ‘I’m a knowledge master.’ Though he was no conqueror of all, he said ‘I’m conqueror of all.’ And though the boil’s root was not dug out, he said ‘I’ve dug out the boil’s root.’ A mendicant might rightly say here: ‘Hereupon, ever the knowledge master! Hereupon, ever the conqueror of all! Hereupon, ever the undug boil’s root is dug out!’”
၁၁။ ယောဂက္ခေမိဝဂ္ဂေါ
၁။ ယောဂက္ခေမိသုတ္တံ
၁၀၄။ သာဝတ္ထိနိဒါနံ။ ‘‘ယောဂက္ခေမိပရိယာယံ ဝေါ, ဘိက္ခဝေ, ဓမ္မပရိယာယံ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, ယောဂက္ခေမိပရိယာယော ဓမ္မပရိယာယော? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တေ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝင်္ကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ တေသဉ္စ ပဟာနာယ အက္ခာသိ ယောဂံ, တသ္မာ တထာဂတော ‘ယောဂက္ခေမီ’တိ ဝုစ္စတိ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တေ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝင်္ကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ တေသဉ္စ ပဟာနာယ အက္ခာသိ ယောဂံ, တသ္မာ တထာဂတော ‘ယောဂက္ခေမီ’တိ ဝုစ္စတိ။ အယံ ခေါ, ဘိက္ခဝေ, ယောဂက္ခေမိပရိယာယော ဓမ္မပရိယာယော’’တိ။ ပဌမံ။
၁၀၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ယောဂကို ကုန်စေသော သူ၏ အကြောင်းဖြစ်သော တရားကိုသင်တို့အား ဟောပြအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ယောဂကို ကုန်စေနိုင်သူ၏ အကြောင်းဖြစ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်၊ ထိုအဆင်းတို့ကို ပယ်ခြင်းငှါ အားထုတ်မှုကို ဟောကြားတော်မူ၏၊ ထို့ကြောင့်“မြတ်စွာ ဘုရားကို ယောဂကုန်ပြီးသူ”ဟု ဆိုအပ်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောင်တစ်ဖန် မဖြစ်အောင်ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်၊ ထိုသဘောတရားတို့ကို ပယ်ခြင်းငှါ အားထုတ်မှုကိုဟောကြားတော်မူ၏၊ ထို့ကြောင့် “မြတ်စွာဘုရားကို ယောဂကုန်ပြီးသူ”ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည် လျှင် ယောဂကို ကုန်စေနိုင်သူ၏ အကြောင်းဖြစ်သော တရားတည်းဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.104 11. Sanctuary from the Yoke Sanctuary from the Yoke At Sāvatthī. “Mendicants, I will teach you an exposition of the teaching, an explanation of one who has found sanctuary from the yoke. Listen … And what is an exposition of the teaching, an explanation of one who has found sanctuary from the yoke? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. The Realized One has given these up, cut them off at the root, made them like a palm stump, and obliterated them, so they are unable to arise in the future. He teaches yoking oneself to meditation for giving them up. That’s why the Realized One is called one who has found sanctuary from the yoke. … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. The Realized One has given these up, cut them off at the root, made them like a palm stump, and obliterated them, so they are unable to arise in the future. He teaches yoking oneself to meditation for giving them up. That’s why the Realized One is called one who has found sanctuary from the yoke. This is an exposition of the teaching, an explanation of one who has found sanctuary from the yoke.”
၂။ ဥပါဒါယသုတ္တံ
၁၀၅။ ‘‘ကိသ္မိံ နု ခေါ, ဘိက္ခဝေ, သတိ ကိံ ဥပါဒါယ ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခံ ဒုက္ခ’’န္တိ?
‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ…ပေ…။
‘‘စက္ခုသ္မိံ ခေါ, ဘိက္ခဝေ, သတိ စက္ခုံ ဥပါဒါယ ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခံ ဒုက္ခံ…ပေ… မနသ္မိံ သတိ မနံ ဥပါဒါယ ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခံ ဒုက္ခံ။ တံ ကိံ မညထ, ဘိက္ခဝေ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အပိ နု တံ အနုပါဒါယ ဥပ္ပဇ္ဇေယျ အဇ္ဈတ္တံ သုခံ ဒုက္ခ’’န္တိ?
‘‘နော ဟေတံ ဘန္တေ’’…ပေ…။
‘‘ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အပိ နု တံ အနုပါဒါယ ဥပ္ပဇ္ဇေယျ အဇ္ဈတ္တံ သုခံ ဒုက္ခ’’န္တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အပိ နု တံ အနုပါဒါယ ဥပ္ပဇ္ဇေယျ အဇ္ဈတ္တံ သုခံ ဒုက္ခ’’န္တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဒုတိယံ။
၂-ဥပါဒါယသုတ် ၁၀၅။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို စွဲလမ်း၍ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင်အမွန်အစရှိပါကုန်၏။ ရဟန်းတို့ မျက်စိရှိလျှင် မျက်စိကို စွဲလမ်း၍ ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲဖြစ်ပေါ်လာ၏။ပ။ စိတ်ရှိလျှင် စိတ်ကို စွဲလမ်း၍ ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို မစွဲလမ်းလျှင်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော လျှာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော လျှာကို မစွဲလမ်းလျှင့်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ် နိုင်ရာပါ အသျှင်ဘုရား။ပ။ စိတ်သည် မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကိုမစွဲလမ်းလျှင်ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါအသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.105 11. Sanctuary from the Yoke Because of Grasping “Mendicants, when what exists, because of grasping what, do pleasure and pain arise in oneself?” “Our teachings are rooted in the Buddha. …” “Mendicants, when there’s an eye, because of grasping the eye, pleasure and pain arise in oneself. … When there’s a mind, because of grasping the mind, pleasure and pain arise in oneself. What do you think, mendicants? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But by not grasping what’s impermanent, suffering, and perishable, would pleasure and pain arise in oneself?” “No, sir.” … “Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But by not grasping what’s impermanent, suffering, and perishable, would pleasure and pain arise in oneself?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၃။ ဒုက္ခသမုဒယသုတ္တံ
၁၀၆။ ‘‘ဒုက္ခဿ, ဘိက္ခဝေ, သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, ဒုက္ခဿ သမုဒယော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ အယံ ဒုက္ခဿ သမုဒယော…ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ အယံ ဒုက္ခဿ သမုဒယော…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ အယံ ခေါ, ဘိက္ခဝေ, ဒုက္ခဿ သမုဒယော။
‘‘ကတမော စ, ဘိက္ခဝေ, ဒုက္ခဿ အတ္ထင်္ဂမော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ အယံ ဒုက္ခဿ အတ္ထင်္ဂမော…ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ အယံ ခေါ, ဘိက္ခဝေ, ဒုက္ခဿ အတ္ထင်္ဂမော’’တိ။ တတိယံ။
၃-ဒုက္ခသမုဒယသုတ် ၁၀၆။ ရဟန်းတို့ ဆင်းရဲ၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဆင်းရဲ၏ ဖြစ်ခြင်းကား အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ ဖြစ်ကြောင်းတည်း။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ (လျှာ ရသာရုံဇိဝှါဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူ သောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ ဖြစ်ကြောင်းပေတည်း။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု‘ဝေဒနာ’ ဟူသော အကြောင်းကြောင့်တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ဖြစ်ကြောင်းပေတည်း။ ရဟန်းတို့ ဆင်းရဲ၏ ချုပ်ခြင်းကား အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု‘တဏှာ’ ဖြစ်ပေါ်လာ၏။ ထိုတပ်မက်မှု ‘တဏှာ’၏ သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန် ’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤသည်ကာ့းဆင်းရဲ၏ ချုပ်ခြင်းတည်း။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤသည်ကားဆင်းရဲ၏ ချုပ်ခြင်းတည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.106 11. Sanctuary from the Yoke The Origin of Suffering “Mendicants, I will teach you the origin and disappearance of suffering. Listen … And what, mendicants, is the origin of suffering? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. This is the origin of suffering … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. This is the origin of suffering. And what is the disappearance of suffering? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases with no residue left behind, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. This is the disappearance of suffering. … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases with no residue left behind, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. This is the disappearance of suffering.”
၄။ လောကသမုဒယသုတ္တံ
၁၀၇။ ‘‘လောကဿ, ဘိက္ခဝေ, သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေဿာမိ။ တံ သုဏာထ။ ကတမော စ, ဘိက္ခဝေ, လောကဿ သမုဒယော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ အယံ ခေါ, ဘိက္ခဝေ, လောကဿ သမုဒယော …ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ အယံ ခေါ, ဘိက္ခဝေ, လောကဿ သမုဒယော။
‘‘ကတမော စ, ဘိက္ခဝေ, လောကဿ အတ္ထင်္ဂမော? စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ အယံ ခေါ, ဘိက္ခဝေ, လောကဿ အတ္ထင်္ဂမော…ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ…ပေ… ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ အယံ ခေါ, ဘိက္ခဝေ, လောကဿ အတ္ထင်္ဂမော’’တိ။ စတုတ္ထံ။
၄-လောကသမုဒယသုတ် ၁၀၇။ ရဟန်းတို့ လောက၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောပြပေ အံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ လောက၏ ဖြစ်ပေါ်ခြင်းကား အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု‘ဝေဒနာ’ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏၊ တပ်မက်မှု‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန် ’ ဖြစ်၏၊ စွဲလမ်းမှု‘ ဥပါဒါန် ’ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ဤသည်ကား လောက၏ ဖြစ်ပေါ်ခြင်းတည်း။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့်တပ်မက် မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေ နေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ် မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ ဖြစ်ပေါ်လာကုန်၏။ ရဟန်းတို့ ဤသည်ကား လောက၏ဖြစ်ပေါ်ခြင်းတည်း။ ရဟန်းတို့ လောက၏ ချုပ်ခြင်းဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။ ထိုတပ်မက်မှု ‘တဏှာ’၏ သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု‘မရဏ’၊ စိုးရိမ်မှု‘သောက’၊ ငိုကြွေးမှု‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ ချုပ်ကုန်၏။ ဤသို့လျှင်အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤသည်ကား လောက၏ချုပ်ခြင်းတည်း။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏၊ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏။ ထိုတပ်မက်မှု‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့်။ပ။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည်ဖြစ်၏။ ရဟန်းတို့ ဤသည်ကား လောက၏ ချုပ်ခြင်းတည်းဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.107 11. Sanctuary from the Yoke The Origin of the World “Mendicants, I will teach you the origin and disappearance of the world. Listen … And what, mendicants, is the origin of the world? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. This is the origin of the world. … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. This is the origin of the world. And what is the disappearance of the world? Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases no residue left behind, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. This is the disappearance of the world. … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases no residue left behind, grasping ceases. When grasping ceases … That is how this entire mass of suffering ceases. This is the disappearance of the world.”
၅။ သေယျောဟမသ္မိသုတ္တံ
၁၀၈။ ‘‘ကိသ္မိံ နု ခေါ, ဘိက္ခဝေ, သတိ ကိံ ဥပါဒါယ ကိံ အဘိနိဝိဿ သေယျောဟမသ္မီတိ ဝါ ဟောတိ, သဒိသောဟမသ္မီတိ ဝါ ဟောတိ, ဟီနောဟမသ္မီတိ ဝါ ဟောတီ’’တိ?
‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ။
‘‘စက္ခုသ္မိံ ခေါ, ဘိက္ခဝေ, သတိ စက္ခုံ ဥပါဒါယ စက္ခုံ အဘိနိဝိဿ သေယျောဟမသ္မီတိ ဝါ ဟောတိ, သဒိသောဟမသ္မီတိ ဝါ ဟောတိ, ဟီနောဟမသ္မီတိ ဝါ ဟောတိ…ပေ… ဇိဝှါယ သတိ…ပေ… မနသ္မိံ သတိ မနံ ဥပါဒါယ မနံ အဘိနိဝိဿ သေယျောဟမသ္မီတိ ဝါ ဟောတိ, သဒိသောဟမသ္မီတိ ဝါ ဟောတိ, ဟီနောဟမသ္မီတိ ဝါ ဟောတိ။ တံ ကိံ မညထ, ဘိက္ခဝေ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အပိ နု တံ အနုပါဒါယ သေယျောဟမသ္မီတိ ဝါ အဿ, သဒိသောဟမသ္မီတိ ဝါ အဿ, ဟီနောဟမသ္မီတိ ဝါ အဿာ’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ… ဇိဝှါ… ကာယော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, အပိ နု တံ အနုပါဒါယ သေယျောဟမသ္မီတိ ဝါ အဿ, သဒိသောဟမသ္မီတိ ဝါ အဿ, ဟီနောဟမသ္မီတိ ဝါ အဿာ’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ပဉ္စမံ။
၅-သေယျာဟမသ္မိသုတ် ၁၀၈။ ရဟန်းတို့ အဘယ်တရားရှိနေလျှင် အဘယ်တရားကို စွဲလမ်း၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာလျှင် အမွန်အစရှိပါကုန်၏။ ရဟန်းတို့ မျက်စိရှိလျှင် မျက်စိကို အကြောင်းပြု၍ မျက်စိကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ”ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ”ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်၏။ပ။ လျှာရှိလျှင်။ပ။ စိတ်ရှိလျှင် စိတ်ကို အကြောင်းပြု၍ စိတ်ကို အမှားနှလုံးသွင်း၍ “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ” ဟူ၍လည်းကောင်း ဖြစ်၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို မစွဲလမ်းခဲ့လျှင် “ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါ ယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်ရာသလော။ မဖြစ် ရာပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါဘုရား။ပ။ စိတ်သည်မြဲသလော၊ မမြဲ သလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင် ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကို မစွဲလမ်းခဲ့လျှင်“ငါ မြင့်မြတ်သူ” ဟူ၍လည်းကောင်း၊ “ငါ တန်းတူသူ” ဟူ၍လည်းကောင်း၊ “ငါယုတ်ညံ့သူ”ဟူ၍လည်းကောင်း ဖြစ်ရာသ လော။ မဖြစ်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ ”ဟု အသိဉာဏ်ဖြစ် ပေါ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ့ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.108 11. Sanctuary from the Yoke I’m Better “Mendicants, when what exists, because of grasping what and insisting on what, do people think ‘I’m better’ or ‘I’m equal’ or ‘I’m worse’?” “Our teachings are rooted in the Buddha. …” “When there’s an eye, because of grasping the eye and insisting on the eye, people think ‘I’m better’ or ‘I’m equal’ or ‘I’m worse’. … When there’s a mind, because of grasping the mind and insisting on the mind, people think ‘I’m better’ or ‘I’m equal’ or ‘I’m worse’. What do you think, mendicants? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But by not grasping what’s impermanent, suffering, and perishable, would people think ‘I’m better’ or ‘I’m equal’ or ‘I’m worse’?” “No, sir.” … “Is the mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But by not grasping what’s impermanent, suffering, and perishable, would people think ‘I’m better’ or ‘I’m equal’ or ‘I’m worse’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၆။ သံယောဇနိယသုတ္တံ
၁၀၉။ ‘‘သံယောဇနိယေ စ, ဘိက္ခဝေ, ဓမ္မေ ဒေသေဿာမိ သံယောဇနဉ္စ။ တံ သုဏာထ။ ကတမေ စ, ဘိက္ခဝေ, သံယောဇနိယာ ဓမ္မာ, ကတမဉ္စ သံယောဇနံ? စက္ခုံ, ဘိက္ခဝေ, သံယောဇနိယော ဓမ္မော။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ သံယောဇနံ…ပေ… ဇိဝှါ သံယောဇနိယော ဓမ္မော…ပေ… မနော သံယောဇနိယော ဓမ္မော။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ သံယောဇနံ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, သံယောဇနိယာ ဓမ္မာ, ဣဒံ သံယောဇန’’န္တိ။ ဆဋ္ဌံ။
၆-သံယောဇနိယသုတ် ၁၀၉။ ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဥ်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူသည် အဘယ်တို့နည်း၊ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဥ်’တရားကား အဘယ်နည်း။ ရဟန်းတို့ မျက်စိသည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း၊ ထိုမျက်စိ၌ လိုချင်စွဲမက်မှုသည် ထိုမျက်စိ၌ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဥ် ’ မည်၏။ပ။ လျှာသည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း။ပ။ စိတ်သည်နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း၊ ထိုစိတ်၌ လိုချင်စွဲမက်မှုသည် ထိုစိတ်၌ အနှောင်အဖွဲ့ (သံယောဇန) ‘သံယော ဇဥ်’ မည်၏။ ရဟန်းတို့ ဤတရားတို့ကို နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူ၍ ဤတရားကို အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဥ်’ တရားဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.109 11. Sanctuary from the Yoke Things That Tighten Fetters “Mendicants, I will teach you the things that tighten the fetters, and the fetter. Listen … What are the things that tighten the fetters? And what is the fetter? The eye is something that tightens the fetters. The desire and greed for it is the fetter. The ear … nose … tongue … body … mind is something that tightens the fetters. The desire and greed for it is the fetter. These are called the things that tighten the fetters, and this is the fetter.”
၇။ ဥပါဒါနိယသုတ္တံ
၁၁၀။ ‘‘ဥပါဒါနိယေ စ, ဘိက္ခဝေ, ဓမ္မေ ဒေသေဿာမိ ဥပါဒါနဉ္စ။ တံ သုဏာထ။ ကတမေ စ, ဘိက္ခဝေ, ဥပါဒါနိယာ ဓမ္မာ, ကတမဉ္စ ဥပါဒါနံ? စက္ခုံ, ဘိက္ခဝေ, ဥပါဒါနိယော ဓမ္မော။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ ဥပါဒါနံ…ပေ… ဇိဝှါ ဥပါဒါနိယော ဓမ္မော…ပေ… မနော ဥပါဒါနိယော ဓမ္မော။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ ဥပါဒါနံ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, ဥပါဒါနိယာ ဓမ္မာ, ဣဒံ ဥပါဒါန’’န္တိ။ သတ္တမံ။
၇-ဥပါဒါနိယသုတ် ၁၁၀။ ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ကိုလည်းကောင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ကား အဘယ်တို့နည်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကားအဘယ်နည်း။ ရဟန်းတို့ မျက်စိသည် စွဲလမ်းအပ်သော တရားတည်း။ ထိုမျက်စိ၌ လိုချင်စွဲမက်မှုသည်ထိုမျက်စိ၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏။ပ။ လျှာသည် စွဲလမ်းအပ်သော တရားတည်း။ပ။ စိတ်သည်စွဲလမ်းအပ်သော တရားတည်း။ ထိုစိတ်၌ လိုချင်စွဲမက်မှုသည် ထိုစိတ်၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏။ ရဟန်းတို့ ဤတရားတို့ကို စွဲလမ်းအပ်သော တရားတို့ဟူ၍ ဤတရားကို စွဲလမ်းမှု ‘ဥပါဒါန်’တရားဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.110 11. Sanctuary from the Yoke Things That Fuel Grasping “Mendicants, I will teach you the things that fuel grasping, and the grasping. Listen … What are the things that fuel grasping? And what is the grasping? The eye is something that fuels grasping. The desire and greed for it is the grasping. The ear … nose … tongue … body … mind is something that fuels grasping. The desire and greed for it is the grasping. These are called the things that fuel grasping, and this is the grasping.”
၈။ အဇ္ဈတ္တိကာယတနပရိဇာနနသုတ္တံ
၁၁၁။ ‘‘စက္ခုံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ သောတံ… ဃာနံ… ဇိဝှံ… ကာယံ… မနံ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ စက္ခုဉ္စ ခေါ, ဘိက္ခဝေ, အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ…ပေ… ဇိဝှံ… ကာယံ… မနံ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ’’တိ။ အဋ္ဌမံ။
၈-အဇ္ဈတ္တိကာယတနပရိဇာနနသုတ် ၁၁၁။ ရဟန်းတို့ မျက်စိကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ မျက်စိကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်း ငှါထိုက်၏။ပ။ လျှာကို။ကိုယ်ကို။ စိတ်ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.111 11. Sanctuary from the Yoke Complete Understanding of the Interior “Mendicants, without directly knowing and completely understanding the eye, without dispassion for it and giving it up, you can’t end suffering. Without directly knowing and completely understanding the ear … nose … tongue … body … mind, without dispassion for it and giving it up, you can’t end suffering. By directly knowing and completely understanding the eye, having dispassion for it and giving it up, you can end suffering. By directly knowing and completely understanding the ear … nose … tongue … body … mind, having dispassion for it and giving it up, you can end suffering.”
၉။ ဗာဟိရာယတနပရိဇာနနသုတ္တံ
၁၁၂။ ‘‘ရူပေ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ သဒ္ဒေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ရူပေ စ ခေါ, ဘိက္ခဝေ, အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ သဒ္ဒေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ’’တိ။ နဝမံ။
၉-ဗာဟိရာယတနပရိဇာနနသုတ် ၁၁၂။ ရဟန်းတို့ အဆင်းတို့ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင် လျှင့်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်။ ရဟန်းတို့ အဆင်းတို့ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကိုအထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.112 11. Sanctuary from the Yoke Complete Understanding of the Exterior “Mendicants, without directly knowing and completely understanding sights … sounds … smells … tastes … touches … ideas, without dispassion for them and giving them up, you can’t end suffering. By directly knowing and completely understanding sights … sounds … smells … tastes … touches … ideas, having dispassion for them and giving them up, you can end suffering.”
၁၀။ ဥပဿုတိသုတ္တံ
၁၁၃။ ဧကံ သမယံ ဘဂဝါ နာတိကေ [ဉာတိကေ (သီ။ သျာ။ ကံ။)] ဝိဟရတိ ဂိဉ္ဇကာဝသထေ။ အထ ခေါ ဘဂဝါ ရဟောဂတော ပဋိသလ္လီနော ဣမံ ဓမ္မပရိယာယံ အဘာသိ – ‘‘စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ’’။
‘‘စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ…ပေ… ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ…ပေ… မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ…ပေ… ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီ’’တိ။
တေန ခေါ ပန သမယေန အညတရော ဘိက္ခု ဘဂဝတော ဥပဿုတိ [ဥပဿုတိံ (သီ။ က။)] ဌိတော ဟောတိ။ အဒ္ဒသာ ခေါ ဘဂဝါ တံ ဘိက္ခုံ ဥပဿုတိ ဌိတံ။ ဒိသွာန တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘အဿောသိ နော တွံ, ဘိက္ခု, ဣမံ ဓမ္မပရိယာယ’’န္တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘ဥဂ္ဂဏှာဟိ တွံ, ဘိက္ခု, ဣမံ ဓမ္မပရိယာယံ။ ပရိယာပုဏာဟိ တွံ, ဘိက္ခု, ဣမံ ဓမ္မပရိယာယံ။ ဓာရေဟိ တွံ, ဘိက္ခု, ဣမံ ဓမ္မပရိယာယံ။ အတ္ထသံဟိတောယံ, ဘိက္ခု, ဓမ္မပရိယာယော အာဒိဗြဟ္မစရိယကော’’တိ။ ဒသမံ။
ယောဂက္ခေမိဝဂ္ဂေါ ဧကာဒသမော။
တဿုဒ္ဒါနံ –
ယောဂက္ခေမိ ဥပါဒါယ, ဒုက္ခံ လောကော စ သေယျော စ၊
သံယောဇနံ ဥပါဒါနံ, ဒွေ ပရိဇာနံ ဥပဿုတီတိ။
၁၀-ဥပဿုတိသုတ် ၁၁၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် ဤတရားကို ရွတ်ဆိုတော်မူ၏- “မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိအဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသောကြောင်းကြောင့် ခံစားမှု‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု‘တဏှာ’ ဖြစ်ပေါ်လာ၏၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါ ယာသ’ တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုသည်ဖြစ်ပေါ်၏။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့်ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ဖြစ်ပေါ်လာ၏၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန် ’ ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန် ’ ဟူသော အကြောင်း ကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ် ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုသည်ဖြစ်ပေါ်၏။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိအဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ တပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု‘မရဏ’၊ စိုးရိမ်မှု‘သောက’၊ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ တပ် မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့်။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ ”ဟု ရွတ်ဆို၏။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ အသံတော်ကို ကြားနိုင်လောက်ရာ၌ ရပ်လျက်ရှိ၏၊ မြတ်စွာဘုရားသည် အသံကြားလောက်ရာ၌ ရပ်နေသော ထိုရဟန်းကို မြင်တော်မူ၍ ထိုရဟန်းအား“ရဟန်း သင်သည် ဤတရားဒေသနာကို ကြားလိုက်ရ၏လော ”ဟု (မိန့်တော်မူ၏)။ ကြားလိုက်ရပါ၏အသျှင်ဘုရား။ ရဟန်း သင်သည် ဤတရားဒေသနာကို သင်ယူလေလော့။ ရဟန်း သင်သည် ဤတရားဒေသနာကို အထပ်ထပ် လေ့လာလော့၊ ရဟန်း သင်သည် ဤတရားဒေသနာကို ဆောင်လေလော့၊ ရဟန်း ဤတရားဒေသနာကား အကျိုးစီးပွားနှင့်စ ပ်လျက် အကျင့်မြတ်၏ အဦးအစ ဖြစ်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ရှေးဦးစွာသော ယောဂက္ခေမိဝဂ် ပြီး၏။ (၁၂) ၂-လောကကာမဂုဏဝဂ် ၁-ပဌမ မာရပါသသုတ်
Linked Discourses 35.113 11. Sanctuary from the Yoke Listening In At one time the Buddha was staying at Ñātika in the brick house. Then while the Buddha was in private retreat he spoke this exposition of the teaching: “Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. Ear … nose … tongue … body … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. Craving is a requirement for grasping. Grasping is a requirement for continued existence. Continued existence is a requirement for rebirth. Rebirth is a requirement for old age and death, sorrow, lamentation, pain, sadness, and distress to come to be. That is how this entire mass of suffering originates. Eye consciousness arises dependent on the eye and sights. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases no residue left behind, grasping ceases. When grasping ceases, continued existence ceases. When continued existence ceases, rebirth ceases. When rebirth ceases, old age and death, sorrow, lamentation, pain, sadness, and distress cease. That is how this entire mass of suffering ceases. Ear … nose … tongue … body … Mind consciousness arises dependent on the mind and ideas. The meeting of the three is contact. Contact is a requirement for feeling. Feeling is a requirement for craving. When that craving fades away and ceases no residue left behind, grasping ceases. When grasping ceases … That is how this entire mass of suffering ceases.” Now at that time a certain monk was standing listening in on the Buddha. The Buddha saw him and said, “Monk, did you hear that exposition of the teaching?” “Yes, sir.” “Learn that exposition of the teaching, memorize it, and remember it. That exposition of the teaching is beneficial and relevant to the fundamentals of the spiritual life.”
၁၂။ လောကကာမဂုဏဝဂ္ဂေါ
၁။ ပဌမမာရပါသသုတ္တံ
၁၁၄။ ‘‘သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ, ဘိက္ခု, အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု အာဝါသဂတော မာရဿ, မာရဿ ဝသံ ဂတော [ဝသဂတော (သီ။ အဋ္ဌ။ သျာ။ အဋ္ဌ။)], ပဋိမုက္ကဿ မာရပါသော။ ဗဒ္ဓေါ သော မာရဗန္ဓနေန ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု အာဝါသဂတော မာရဿ, မာရဿ ဝသံ ဂတော, ပဋိမုက္ကဿ မာရပါသော။ ဗဒ္ဓေါ သော မာရဗန္ဓနေန…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု အာဝါသဂတော မာရဿ, မာရဿ ဝသံ ဂတော, ပဋိမုက္ကဿ မာရပါသော။ ဗဒ္ဓေါ သော မာရဗန္ဓနေန ယထာကာမကရဏီယော ပါပိမတော။
‘‘သန္တိ စ ခေါ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု နာဝါသဂတော မာရဿ, န မာရဿ ဝသံ ဂတော, ဥမ္မုက္ကဿ မာရပါသော။ မုတ္တော သော မာရဗန္ဓနေန န ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု နာဝါသဂတော မာရဿ, န မာရဿ ဝသံ ဂတော, ဥမ္မုက္ကဿ မာရပါသော။ မုတ္တော သော မာရဗန္ဓနေန န ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု နာဝါသဂတော မာရဿ, န မာရဿ ဝသံ ဂတော, ဥမ္မုက္ကဿ မာရပါသော။ မုတ္တော သော မာရဗန္ဓနေန န ယထာကာမကရဏီယော ပါပိမတော’’တိ။ ပဌမံ။
၁၁၄။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့်နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိ့ကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.114 12. The World and the Kinds of Sensual Stimulation Māra’s Snare (1st) “Mendicants, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, they’re called a mendicant trapped in Māra’s lair, fallen under Māra’s sway, and caught in Māra’s snare. They’re bound by Māra’s bonds, and the Wicked One can do with them what he wants. There are sounds … smells … tastes … touches … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keep clinging to them, they’re called a mendicant trapped in Māra’s lair, fallen under Māra’s sway, and caught in Māra’s snare. They’re bound by Māra, and the Wicked One can do with them what he wants. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they’re called a mendicant not trapped in Māra’s lair, not fallen under Māra’s sway, and released from Māra’s snare. They’re free from Māra’s bonds, and the Wicked One cannot do with them what he wants. There are sounds … smells … tastes … touches … There are ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they’re called a mendicant not trapped in Māra’s lair, not fallen under Māra’s sway, and released from Māra’s snare. They’re free from Māra’s bonds, and the Wicked One cannot do with them what he wants.”
၂။ ဒုတိယမာရပါသသုတ္တံ
၁၁၅။ ‘‘သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု ဗဒ္ဓေါ စက္ခုဝိညေယျေသု ရူပေသု, အာဝါသဂတော မာရဿ, မာရဿ ဝသံ ဂတော, ပဋိမုက္ကဿ မာရပါသော။ ဗဒ္ဓေါ သော မာရဗန္ဓနေန ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု ဗဒ္ဓေါ မနောဝိညေယျေသု ဓမ္မေသု, အာဝါသဂတော မာရဿ, မာရဿ ဝသံ ဂတော, ပဋိမုက္ကဿ မာရပါသော။ ဗဒ္ဓေါ သော မာရဗန္ဓနေန ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ စ ခေါ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု မုတ္တော စက္ခုဝိညေယျေဟိ ရူပေဟိ, နာဝါသဂတော မာရဿ, န မာရဿ ဝသံ ဂတော, ဥမ္မုက္ကဿ မာရပါသော။ မုတ္တော သော မာရဗန္ဓနေန န ယထာကာမကရဏီယော ပါပိမတော…ပေ…။
‘‘သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ဘိက္ခု မုတ္တော မနောဝိညေယျေဟိ ဓမ္မေဟိ, နာဝါသဂတော မာရဿ, န မာရဿ ဝသံ ဂတော, ဥမ္မုက္ကဿ မာရပါသော။ မုတ္တော သော မာရဗန္ဓနေန န ယထာကာမကရဏီယော ပါပိမတော’’တိ။ ဒုတိယံ။
၂-ဒုတိယ မာရပါသသုတ် ၁၁၅။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ အနှောင်အဖွဲ့ခံရသူ၊ မာရ်၏နေရာအိမ်သို့ ရောက်နေရသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရပြီ၊ ယုတ်မာသောမာရ်၏ အလိုရှိတိုင်း အပြုခံနေရပြီ။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော တရားတို့၌ အနှောင်အဖွဲ့ခံရသူ၊ မာရ်၏ နေရာအိမ်သို့ရောက်နေရသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟုဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံရပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်းအပြုခံနေရပြီ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ့ရဟန်းတို့ ဤရဟန်းကို စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့မှ လွတ်မြောက်သူ၊ မာရ်၏နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက် မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသောမာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့မှ လွတ်မြောက်သူ၊ မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထား ပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသောမာရ်၏ အလို ရှိတိုင်း အပြု မခံရတော့ပြီဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.115 12. The World and the Kinds of Sensual Stimulation Māra’s Snare (2nd) “Mendicants, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, they’re called a mendicant who is bound in sights known by the eye. They’re trapped in Māra’s lair, fallen under Māra’s sway, and caught in Māra’s snare. They’re bound by Māra’s bonds, and the Wicked One can do with them what he wants. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, they’re called a mendicant who is bound in ideas known by the mind. They’re trapped in Māra’s lair, fallen under Māra’s sway, and caught in Māra’s snare. They’re bound by Māra’s bonds, and the Wicked One can do with them what he wants. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they’re called a mendicant who is freed from sights known by the eye. They’re not trapped in Māra’s lair, not fallen under Māra’s sway, and released from Māra’s snare. They’re free from Māra’s bonds, and the Wicked One cannot do with them what he wants. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, they’re called a mendicant who is freed from ideas known by the mind. They’re not trapped in Māra’s lair, not fallen under Māra’s sway, and released from Māra’s snare. They’re free from Māra’s bonds, and the Wicked One cannot do with them what he wants.”
၃။ လောကန္တဂမနသုတ္တံ
၁၁၆။ ‘‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ [ဒိဋ္ဌေယျံ (သျာ။ ကံ။ က။)], ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’’တိ။ ဣဒံ ဝတွာ ဘဂဝါ ဥဋ္ဌာယာသနာ ဝိဟာရံ ပါဝိသိ။ အထ ခေါ တေသံ ဘိက္ခူနံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’’တိ?
အထ ခေါ တေသံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’’တိ။
အထ ခေါ တေ ဘိက္ခူ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မတာ အာနန္ဒေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစုံ –
‘‘ဣဒံ ခေါ နော, အာဝုသော အာနန္ဒ, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ။ တေသံ နော, အာဝုသော, အမှာကံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီတိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’တိ? တေသံ နော, အာဝုသော, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ, အာဝုသော, အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ။ ဝိဘဇတာယသ္မာ အာနန္ဒော’’တိ။
‘‘သေယျထာပိ, အာဝုသော, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော အတိက္ကမ္မေဝ, မူလံ အတိက္ကမ္မေဝ, ခန္ဓံ သာခါပလာသေ သာရံ ပရိယေသိတဗ္ဗံ မညေယျ၊ ဧဝံ သမ္ပဒမိဒံ အာယသ္မန္တာနံ သတ္ထရိ သမ္မုခီဘူတေ တံ ဘဂဝန္တံ အတိသိတွာ အမှေ ဧတမတ္ထံ ပဋိပုစ္ဆိတဗ္ဗံ မညထ [မညေထ (ပီ။ က။)]။ သော ဟာဝုသော, ဘဂဝါ ဇာနံ ဇာနာတိ, ပဿံ ပဿတိ – စက္ခုဘူတော, ဉာဏဘူတော, ဓမ္မဘူတော, ဗြဟ္မဘူတော, ဝတ္တာ, ပဝတ္တာ, အတ္ထဿ နိန္နေတာ, အမတဿ ဒါတာ, ဓမ္မဿာမီ, တထာဂတော။ သော စေဝ ပနေတဿ ကာလော အဟောသိ ယံ ဘဂဝန္တံယေဝ ဧတမတ္ထံ ပဋိပုစ္ဆေယျာထ။ ယထာ ဝေါ ဘဂဝါ ဗျာကရေယျ တထာ ဝေါ ဓာရေယျာထာ’’တိ။
‘‘အဒ္ဓါဝုသော အာနန္ဒ, ဘဂဝါ ဇာနံ ဇာနာတိ, ပဿံ ပဿတိ – စက္ခုဘူတော, ဉာဏဘူတော, ဓမ္မဘူတော, ဗြဟ္မဘူတော, ဝတ္တာ, ပဝတ္တာ, အတ္ထဿ နိန္နေတာ, အမတဿ ဒါတာ, ဓမ္မဿာမီ, တထာဂတော။ သော စေဝ ပနေတဿ ကာလော အဟောသိ ယံ ဘဂဝန္တံယေဝ ဧတမတ္ထံ ပဋိပုစ္ဆေယျာမ။ ယထာ နော ဘဂဝါ ဗျာကရေယျ တထာ နံ ဓာရေယျာမ။ အပိ စာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ဝိဘဇတာယသ္မာ အာနန္ဒော အဂရုံ ကရိတွာ’’တိ။
‘‘တေနဟာဝုသော, သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ –
‘‘ယံ ခေါ ဝေါ, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ, ဣမဿ ခွါဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။ ယေန ခေါ, အာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ – အယံ ဝုစ္စတိ အရိယဿ ဝိနယေ လောကော။ ကေန စာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ? စက္ခုနာ ခေါ, အာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ။ သောတေန ခေါ, အာဝုသော… ဃာနေန ခေါ, အာဝုသော… ဇိဝှါယ ခေါ, အာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ။ ကာယေန ခေါ, အာဝုသော… မနေန ခေါ, အာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ။ ယေန ခေါ, အာဝုသော, လောကသ္မိံ လောကသညီ ဟောတိ လောကမာနီ – အယံ ဝုစ္စတိ အရိယဿ ဝိနယေ လောကော။ ယံ ခေါ ဝေါ, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ, ဣမဿ ခွါဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဧဝံ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။ အာကင်္ခမာနာ စ ပန တုမှေ အာယသ္မန္တော ဘဂဝန္တံယေဝ ဥပသင်္ကမိတွာ ဧတမတ္ထံ ပဋိပုစ္ဆေယျာထ။ ယထာ ဝေါ ဘဂဝါ ဗျာကရောတိ တထာ နံ ဓာရေယျာထာ’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပဋိဿုတွာ ဥဋ္ဌာယာသနာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ယံ ခေါ နော, ဘန္တေ, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ။ တေသံ နော, ဘန္တေ, အမှာကံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – နာဟံ, ဘိက္ခဝေ, ဂမနေန လောကဿ အန္တံ ဉာတေယျံ, ဒဋ္ဌေယျံ, ပတ္တေယျန္တိ ဝဒါမိ။ န စ ပနာဟံ, ဘိက္ခဝေ, အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမီ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာတိ? တေသံ နော, ဘန္တေ, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ။ အထ ခေါ မယံ, ဘန္တေ, ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိမှ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆိမှ။ တေသံ နော, ဘန္တေ, အာယသ္မတာ အာနန္ဒေန ဣမေဟိ အာကာရေဟိ ဣမေဟိ ပဒေဟိ ဣမေဟိ ဗျဉ္ဇနေဟိ အတ္ထော ဝိဘတ္တော’’တိ။
‘‘ပဏ္ဍိတော, ဘိက္ခဝေ, အာနန္ဒော၊ မဟာပညော, ဘိက္ခဝေ, အာနန္ဒော! မံ စေပိ တုမှေ, ဘိက္ခဝေ, ဧတမတ္ထံ ပဋိပုစ္ဆေယျာထ, အဟမ္ပိ တံ ဧဝမေဝံ ဗျာကရေယျံ ယထာ တံ အာနန္ဒေန ဗျာကတံ။ ဧသော စေဝေတဿ အတ္ထော, ဧဝဉ္စ နံ ဓာရေယျာထာ’’တိ။ တတိယံ။
၃-လောကန္တဂမနသုတ် ၁၁၆။ ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းတော်သို့ ဝင်တော် မူ၏။ ထို့နောက် မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ထိုရဟန်းတို့အား- “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ‘ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို’ဟု ဤအကျဥ်းအားဖြင့် ညွှန်ပြချက်ကို ငါတို့အား ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက် အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူခဲ့၏၊ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်၏။ ထို့နောက် ထိုရဟန်းတို့အား “ ဤအသျှင်အာနန္ဒာကား မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကုန်၍ အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ထို့နောက် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို ဆိုကြကုန်၏- ငါ့သျှင်အာနန္ဒာ ငါတို့အား မြတ်စွာဘုရားသည်“ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါမဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို”ဟု ဤအကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ ငါ့သျှင် အာနန္ဒာ မြတ်စွာဘုရား ကြွသွား၍မကြာမြင့်မီ ငါတို့အား ဤသို့ အကြံ ဖြစ်ပါ၏- “မြတ်စွာဘုရားသည် ‘ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင် အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို’ဟု ဤအကျဥ်းအားဖြင့် ညွှန်ပြချက်ကို ငါတို့အား ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံဖြစ်ပါ၏။ ငါ့သျှင်အာနန္ဒာ ထိုငါတို့အား ဤသို့ အကြံ ဖြစ်ပေါ်ခဲ့ပြန်ပါ၏-“ငါ့သျှင်တို့ ဤအသျှင်အာနန္ဒာကား မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကိုအကျယ် အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်၍ အသျှင်အာနန္ဒာ အား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ပေါ်ခဲ့ပါ၏။ အသျှင်အာနန္ဒာသည် ဝေဖန်ဟောကြားတော်မူပါဟု ဆိုကြကုန်၏။ ငါ့သျှင်တို့ ယောကျာ်းသည် အနှစ်ကို အလိုရှိသည်ဖြစ်၍ အနှစ်ကို ရှာလေ့ရှိသည်ဖြစ်၍ အနှစ်ရှာရန်သွားသည်ရှိသော် အနှစ်ရှိသည်ဖြစ်၍ တည်နေသော သစ်ပင်ကြီး၏ အမြစ်ကို ကျော်လွန်၍ သာလျှင်ပင်စည်ကို ကျော်လွန်၍ သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် အသျှင်တို့၏ မျက်မှောက်၌ ရှိသည်ဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော်လွန်၍ အကျွန်ုပ်တို့အား ဤအနက်အဓိပ္ပါယ်ကို မေးသင့်သည်ဟု မှတ်ထင်ကြကုန်ဘိ၏။ ငါ့သျှင်တို့ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်လုံးသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်တုံးဉာဏ်ခဲ ဖြစ်တော်မူ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူ၏၊ ဗြဟ္မာဖြစ်တော်မူ၏၊ ဟောပြတော်မူတတ်၏၊ တရားကို ဖြစ်စေတော်မူတတ်၏၊ အကျိုးစီးပွားကို ထုတ်ဆောင်တော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူ၏၊ ယခုအခါသည်ကား မြတ်စွာဘုရားအားသာလျှင် ဤအနက်အဓိပ္ပါယ်ကိုမေးမြန်း ကြရန် အခါ ဖြစ်ခဲ့၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း သင်တို့မှတ်ကြကုန်လော့ဟု ဤ စကားကို ဆို၏။ ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူပါ၏၊ မြင်သင့်သည်ကို မြင်တော်မူပါ၏၊ မျက်လုံးသဖွယ် ဖြစ်တော်မူပါ၏၊ ဉာဏ်တုံးဉာဏ်ခဲ ဖြစ်တော်မူပါ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူပါ၏၊ ဗြဟ္မာ ဖြစ်တော်မူပါ၏၊ ဟောပြတော်မူတတ်ပါ၏၊ တရားကို ဖြစ်စေတော်မူတတ်ပါ၏၊ အကျိုး စီးပွားကိုထုတ်ဆောင်တော်မူတတ်ပါ၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်ပါ၏၊ တရားရှင် ဖြစ်တော်မူပါ ပေ၏၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူပါ၏၊ ယခုအခါသည်ကား မြတ်စွာဘုရားအားသာလျှင် ဤအနက်အဓိပ္ပါယ်ကို မေးမြန်းကြရန် အခါ ဖြစ်ခဲ့ပါ၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်းငါတို့ မှတ်ကြပါကုန်အံ့။ သို့သော်လည်း အသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းတော်မူအပ်ပါ၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်ပါ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ အသျှင်အာနန္ဒာသည် ဝန်မလေးမူ၍ ဝေဖန် ဟောကြားတော်မူပါလော့ဟု ပြောဆိုကုန်၏။ ငါ့ရှင်တို့့သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပြအံ့ဟု မိန့်ဆို၏။ “ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြကုန်၏။ အသျှင်အာနန္ဒာသည် ဤ စကားကို မိန့်ဆို၏- ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကိုသိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို ”ဟု အကျဥ်းအားဖြင့် ညွှန်ပြချက်ကိုညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူခဲ့၏။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်ဘဲ အကျဥ်းအားဖြင့်ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏- ငါ့သျှင်တို့ သတ္တလောက၌ အကြင်အရာကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ဤအရာကို မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏၊ ငါ့သျှင်တို့ သတ္တလောက၌ အဘယ်အရာ ကြောင့် လောကဟု အမှတ်ရှိသနည်း၊ လောကဟု အထင်ရှိသနည်း။ ငါ့သျှင်တို့သတ္တလောက၌ မျက်စိ ကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ငါ့သျှင်တို့ နားကြောင့်။ ငါ့သျှင်တို့ နှာခေါင်း ကြောင့်။ ငါ့သျှင်တို့ လျှာကြောင့်။ ငါ့သျှင်တို့ကိုယ်ကြောင့်။ ငါ့သျှင်တို့သတ္တလောက၌ စိတ်ကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏။ ငါ့သျှင်တို့ လောက၌ အကြင်အရာကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ဤအရာကို မြတ်စွာဘုရား၏အဆုံးအမ၌ လောကဟု ဆိုအပ်၏။ ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကိုသိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်းဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို ”ဟု အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး လျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်ခဲ့၏။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်ဘဲ အကျဥ်းအားဖြင့်ညွှန် ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိရပါ၏၊ အသျှင်တို့သည် အလိုရှိကြပါမူ မြတ်စွာဘုရားသို့သာ ချဥ်းကပ်ကြပြီးလျှင် ဤအနက်အဓိပ္ပါယ်ကိုမေးလျှောက်ကြပါ ကုန်၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ်ကိုမှတ်သားကြပါကုန်ဟု မိန့်ဆို၏။ “ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝန်ခံကြပြီးလျှင်နေရာ မှထကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုးကြကုန်၍ တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကြကုန်၏- “အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်တို့အား ‘ ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့်လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါ မဆို။ ရဟန်းတို့ လောက၏အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို ’ဟု အကျဥ်းအားဖြင့်ညွှန်ပြချက်ကို ညွှန် ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှထကာ ကျောင်းတော် သို့ ဝင်ခဲ့ပါ၏။ အသျှင်ဘုရား တပည့်တော်တို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံ ဖြစ်ပါ၏- “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည်‘ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါမဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ့မဆို’ဟု အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြ တော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကိုဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ မြတ်စွာဘုရားသည်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်ပေါ်ခဲ့ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်တို့အား ဤသို့ အကြံ ဖြစ်ပြန်ပါ၏- “ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားလည်း ချီးမွမ်းအပ်ပါ၏၊ ပညာရှိသီတင်းသုံးဖော်တို့လည်း မြှောက်စားအပ်ပါ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤအကျဥ်းညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကိုမေးကြရမူ ကောင်း လေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်အသျှင်အာနန္ဒာထံသို့ ချဥ်း ကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကိုမေးမြန်းကြပါကုန်၏၊ အသျှင်ဘုရား တပည့် တော်တို့အား အသျှင်အာနန္ဒာသည် ဤအကြောင်းအခြင်းအရာတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အနက် အဓိပ္ပါယ်ကိုဝေဖန်ပြအပ်ပါ၏ ”ဟု ဤစကားကို လျှောက်ထားကြကုန်၏။ ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေ၏၊ ရဟန်းတို့ အာနန္ဒာသည် ပညာကြီးပေ၏၊ ရဟန်းတို့သင်တို့သည် ငါဘုရားကိုလည်း ဤအနက်အဓိပ္ပါယ်ကို မေးလျှောက်ခဲ့မူ ငါဘုရားသည်လည်း အာနန္ဒာဖြေဆိုသည့်အတိုင်းသာလျှင် ထိုအနက်အဓိပ္ပါယ်ကို ဖြေဆိုရာ၏။ ဤသည်ပင် ထိုအကျဥ်းညွှန်ပြချက်၏အနက်အဓိပ္ပါယ်တည်း၊ ဤသို့သာ ထိုအနက်အဓိပ္ပါယ်ကို မှတ်ကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.116 12. The World and the Kinds of Sensual Stimulation Traveling to the End of the World “Mendicants, I say it’s not possible to know or see or reach the end of the world by traveling. But I also say there’s no making an end of suffering without reaching the end of the world.” When he had spoken, the Blessed One rose from his seat and entered his dwelling. Soon after the Buddha left, those mendicants considered, “The Buddha gave this brief summary recital, then entered his dwelling without explaining the meaning in detail. … Who can explain in detail the meaning of this brief summary recital given by the Buddha?” Then those mendicants thought, “This Venerable Ānanda is praised by the Buddha and esteemed by his sensible spiritual companions. He is capable of explaining in detail the meaning of this brief summary recital given by the Buddha. Let’s go to him, and ask him about this matter.” Then those mendicants went to Ānanda and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side. They told him what had happened, and said, “May Venerable Ānanda please explain this.” “Reverends, suppose there was a person in need of heartwood. And while wandering in search of heartwood he’d come across a large tree standing with heartwood. But he’d pass over the roots and trunk, imagining that the heartwood should be sought in the branches and leaves. Such is the consequence for the venerables. Though you were face to face with the Buddha, you bypassed him, imagining that you should ask me about this matter. For he is the Buddha, the one who knows and sees. He is vision, he is knowledge, he is the manifestation of principle, he is the manifestation of divinity. He is the preacher, the proclaimer, the elucidator of meaning, the bestower of freedom from death, the lord of truth, the Realized One. That was the time to approach the Buddha and ask about this matter. You should have remembered it in line with the Buddha’s answer.” “Certainly he is the Buddha, the one who knows and sees. He is vision, he is knowledge, he is the manifestation of principle, he is the manifestation of divinity. He is the preacher, the proclaimer, the elucidator of meaning, the bestower of freedom from death, the lord of truth, the Realized One. That was the time to approach the Buddha and ask about this matter. We should have remembered it in line with the Buddha’s answer. Still, Venerable Ānanda is praised by the Buddha and esteemed by his sensible spiritual companions. You are capable of explaining in detail the meaning of this brief summary recital given by the Buddha. Please explain this, if it’s no trouble.” “Then listen and apply your mind well, I will speak.” “Yes, reverend,” they replied. Ānanda said this: “Reverends, the Buddha gave this brief summary recital, then entered his dwelling without explaining the meaning in detail: ‘Mendicants, I say it’s not possible to know or see or reach the end of the world by traveling. But I also say there’s no making an end of suffering without reaching the end of the world.’ This is how I understand the detailed meaning of this summary recital. Whatever in the world through which you perceive the world and conceive the world is called the world in the training of the Noble One. And through what in the world do you perceive the world and conceive the world? Through the eye in the world you perceive the world and conceive the world. Through the ear … nose … tongue … body … mind in the world you perceive the world and conceive the world. Whatever in the world through which you perceive the world and conceive the world is called the world in the training of the Noble One. Reverends, the Buddha gave this brief summary, then entered his dwelling without explaining the meaning in detail: ‘Mendicants, I say it’s not possible to know or see or reach the end of the world by traveling. But I also say there’s no making an end of suffering without reaching the end of the world.’ That is how I understand the detailed meaning of this summary. If you wish, you may go to the Buddha and ask him about this. You should remember it in line with the Buddha’s answer.” “Yes, reverend,” replied those mendicants. Then they rose from their seats and went to the Buddha, bowed, sat down to one side, and told him what had happened. Then they said, “And Ānanda explained the meaning to us in this manner, with these words and phrases.” “Mendicants, Ānanda is astute, he has great wisdom. If you came to me and asked this question, I would answer it in exactly the same way as Ānanda. That is what it means, and that’s how you should remember it.”
၄။ ကာမဂုဏသုတ္တံ
၁၁၇။ ‘‘ပုဗ္ဗေဝ မေ, ဘိက္ခဝေ, သမ္ဗောဓာ အနဘိသမ္ဗုဒ္ဓဿ ဗောဓိသတ္တဿေဝ သတော ဧတဒဟောသိ – ‘ယေမေ ပဉ္စ ကာမဂုဏာ စေတသော သမ္ဖုဋ္ဌပုဗ္ဗာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ, တတြ မေ စိတ္တံ ဗဟုလံ ဂစ္ဆမာနံ ဂစ္ဆေယျ ပစ္စုပ္ပန္နေသု ဝါ အပ္ပံ ဝါ အနာဂတေသု’။ တဿ မယှံ, ဘိက္ခဝေ, ဧတဒဟောသိ – ‘ယေမေ ပဉ္စ ကာမဂုဏာ စေတသော သမ္ဖုဋ္ဌပုဗ္ဗာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ, တတြ မေ အတ္တရူပေန အပ္ပမာဒေါ သတိ စေတသော အာရက္ခော ကရဏီယော’။ တသ္မာတိဟ, ဘိက္ခဝေ, တုမှာကမ္ပိ ယေ တေ ပဉ္စ ကာမဂုဏာ စေတသော သမ္ဖုဋ္ဌပုဗ္ဗာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ, တတြ ဝေါ စိတ္တံ ဗဟုလံ ဂစ္ဆမာနံ ဂစ္ဆေယျ ပစ္စုပ္ပန္နေသု ဝါ အပ္ပံ ဝါ အနာဂတေသု။ တသ္မာတိဟ, ဘိက္ခဝေ, တုမှာကမ္ပိ ယေ တေ ပဉ္စ ကာမဂုဏာ စေတသော သမ္ဖုဋ္ဌပုဗ္ဗာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ, တတြ ဝေါ အတ္တရူပေဟိ အပ္ပမာဒေါ သတိ စေတသော အာရက္ခော ကရဏီယော။ တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ ဇိဝှါ စ နိရုဇ္ဈတိ, ရသသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’’တိ။ ဣဒံ ဝတွာ ဘဂဝါ ဥဋ္ဌာယာသနာ ဝိဟာရံ ပါဝိသိ။
အထ ခေါ တေသံ ဘိက္ခူနံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ ဇိဝှါ စ နိရုဇ္ဈတိ, ရသသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’’တိ။
အထ ခေါ တေသံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘အယံ ခေါ အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’’တိ။
အထ ခေါ တေ ဘိက္ခူ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မတာ အာနန္ဒေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစုံ –
‘‘ဣဒံ ခေါ နော, အာဝုသော အာနန္ဒ, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ ဇိဝှါ စ နိရုဇ္ဈတိ, ရသသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ တေသံ နော, အာဝုသော, အမှာကံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ ဇိဝှါ စ နိရုဇ္ဈတိ, ရသသညာ စ နိရုဇ္ဈတိ သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာတိ? တေသံ နော, အာဝုသော, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ။ ဝိဘဇတာယသ္မာ အာနန္ဒော’’တိ။
‘‘သေယျထာပိ, အာဝုသော, ပုရိသော သာရတ္ထိကော သာရဂဝေသီ သာရပရိယေသနံ စရမာနော မဟတော ရုက္ခဿ…ပေ… ဝိဘဇတာယသ္မာ အာနန္ဒော အဂရုံ ကရိတွာတိ။
‘‘တေနဟာဝုသော, သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ –
‘‘ယံ ခေါ ဝေါ, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ ဣမဿ ခွါဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။ သဠာယတနနိရောဓံ နော ဧတံ, အာဝုသော, ဘဂဝတာ သန္ဓာယ ဘာသိတံ – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ, ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ အယံ ခေါ, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ ဣမဿ ခွါဟံ, အာဝုသော, ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဧဝံ ဝိတ္ထာရေန အတ္ထံ အာဇာနာမိ။ အာကင်္ခမာနာ စ ပန တုမှေ အာယသ္မန္တော ဘဂဝန္တံယေဝ ဥပသင်္ကမထ၊ ဥပသင်္ကမိတွာ ဧတမတ္ထံ ပုစ္ဆေယျာထ။ ယထာ ဝေါ ဘဂဝါ ဗျာကရောတိ တထာ နံ ဓာရေယျာထာ’’တိ။
‘‘ဧဝမာဝုသော’’တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပဋိဿုတွာ ဥဋ္ဌာယာသနာ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ ဘဂဝန္တံ ဧတဒဝေါစုံ –
‘‘ယံ ခေါ နော, ဘန္တေ, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – ‘တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ ဇိဝှါ စ နိရုဇ္ဈတိ, ရသသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ, တေသံ နော, ဘန္တေ, အမှာကံ အစိရပက္ကန္တဿ ဘဂဝတော ဧတဒဟောသိ – ‘ဣဒံ ခေါ နော, အာဝုသော, ဘဂဝါ သံခိတ္တေန ဥဒ္ဒေသံ ဥဒ္ဒိသိတွာ ဝိတ္ထာရေန အတ္ထံ အဝိဘဇိတွာ ဥဋ္ဌာယာသနာ ဝိဟာရံ ပဝိဋ္ဌော – တသ္မာတိဟ, ဘိက္ခဝေ, သေ အာယတနေ ဝေဒိတဗ္ဗေ ယတ္ထ စက္ခု စ နိရုဇ္ဈတိ, ရူပသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ…ပေ… ယတ္ထ မနော စ နိရုဇ္ဈတိ, ဓမ္မသညာ စ နိရုဇ္ဈတိ, သေ အာယတနေ ဝေဒိတဗ္ဗေ’တိ။ ‘ကော နု ခေါ ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇေယျာ’တိ? တေသံ နော, ဘန္တေ, အမှာကံ ဧတဒဟောသိ – ‘အယံ ခေါ အာယသ္မာ အာနန္ဒော သတ္ထု စေဝ သံဝဏ္ဏိတော, သမ္ဘာဝိတော စ ဝိညူနံ သဗြဟ္မစာရီနံ။ ပဟောတိ စာယသ္မာ အာနန္ဒော ဣမဿ ဘဂဝတာ သံခိတ္တေန ဥဒ္ဒေသဿ ဥဒ္ဒိဋ္ဌဿ ဝိတ္ထာရေန အတ္ထံ အဝိဘတ္တဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇိတုံ။ ယံနူန မယံ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆေယျာမာ’တိ။ အထ ခေါ မယံ, ဘန္တေ, ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိမှ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ အာနန္ဒံ ဧတမတ္ထံ ပဋိပုစ္ဆိမှ။ တေသံ နော, ဘန္တေ, အာယသ္မတာ အာနန္ဒေန ဣမေဟိ အာကာရေဟိ, ဣမေဟိ ပဒေဟိ, ဣမေဟိ ဗျဉ္ဇနေဟိ အတ္ထော ဝိဘတ္တော’’တိ။
‘‘ပဏ္ဍိတော, ဘိက္ခဝေ, အာနန္ဒော၊ မဟာပညော, ဘိက္ခဝေ, အာနန္ဒော! မံ စေပိ တုမှေ, ဘိက္ခဝေ, ဧတမတ္ထံ ပဋိပုစ္ဆေယျာထ, အဟမ္ပိ တံ ဧဝမေဝံ ဗျာကရေယျံ ယထာ တံ အာနန္ဒေန ဗျာကတံ။ ဧသော စေဝေတဿ အတ္ထော။ ဧဝဉ္စ နံ ဓာရေယျာထာ’’တိ။ စတုတ္ထံ။
၄-ကာမဂုဏသုတ် ၁၁၇။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားလောင်းဖြစ်စဥ် ငါ့အား ဤသို့အကြံ ဖြစ်၏- “ငါ၏ စိတ်ဖြင့် ကောင်းစွာ တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန် ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ အကြိမ်များစွာ အတိတ်ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ပစ္စုပ္ပန်ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ အကြိမ်အနည်းငယ်သာ အနာဂတ်ကာမဂုဏ်တို့၌လည်းကောင်း ငါ၏ စိတ်သည် သွားရောက်လိုသော် သွားရောက်ရာ၏”။ ရဟန်းတို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်၏- “ငါ၏ စိတ်ဖြင့် ကောင်းစွာ တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန်ဖောက်ပြန်ပြီးဖြစ် ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ထိုကာမဂုဏ်တို့၌ ငါသည်ကိုယ်ကျိုးကိုယ်စီးပွားကို လိုလားသော သဘောဖြင့် မမေ့လျော့မှု သတိထားမှုဟူသော စိတ်၏အစောင့်အရှောက်ကို ပြုအပ်၏ ”ဟု အကြံ ဖြစ်၏။ ရဟန်းတို့ ထို့ကြောင့် သင်တို့အားလည်း စိတ်ဖြင့် တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန်ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ အကြိမ်များစွာ ထိုအတိတ်ကာမဂုဏ်တို့၌လည်းကောင်း၊ ပစ္စုပ္ပန်ကာမဂုဏ်တို့၌လည်းကောင်း၊ အကြိမ်အနည်းငယ် အနာဂတ်ကာမဂုဏ်တို့၌လည်းကောင်း သင်တို့၏ စိတ်သည် သွားရောက်လိုသော် သွားရောက်ရာ၏။ ရဟန်းတို့ ထို့ကြောင့်သင်တို့သည်လည်း စိတ်ဖြင့် ထွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန် ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ထိုကာမဂုဏ်ငါးပါးတို့၌ သင်တို့သည်ကိုယ်ကျိုးကိုယ်စီးပွားကို လိုလားသော သဘောတို့ဖြင့် မမေ့လျော့မှု သတိထားမှုဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုရမည်။ ရဟန်းတို့ ထို့ကြောင့် ထိုအကြောင်းကို သိအပ်၏။ ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည့်းချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏ဟု ဤစကားကို မိန့်တော်မူပြီးလျှင်မြတ်စွာဘုရားသည် နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူလေ၏။ ထို့နောက် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏- “ငါ့သျှင်တို့ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ ’ဟု ဤအကျဥ်းအား ဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင် အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့်ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူ၏။ မြတ်စွာဘုရားသည်အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် မဝေ ဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူသည် ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်၏။ ထို့နောက် ထိုရဟန်းတို့အား ဤသို့ အကြံ ဖြစ်ပြန်၏-“ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည်မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည်အသျှင်အာနန္ဒာ ထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား အနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်၏။ ထို့နောက် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို ဆိုကုန်၏- ငါ့သျှင်အာနန္ဒာ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်းချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ဖြစ်သောကြောင့်ထိုအကြောင်းကို သိအပ်၏”ဟု ဤ အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူခဲ့ပါ၏။ ငါ့သျှင် ငါတို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံ ဖြစ်၏- “ငါ့သျှင်တို့ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ ’ ဟူ၍ အကျဥ်းအားဖြင့့်ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူ၏။ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲအကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု အကြံ ဖြစ်ပါ၏။ ငါ့သျှင်အာနန္ဒာ ထိုငါတို့အား ဤသို့ အကြံ ဖြစ်ပြန်၏- “ငါ့သျှင်တို့ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံး ဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။ အသျှင်အာနန္ဒာသည် ဝေဖန်ဟောပြတော်မူပါဟု ဤစကားကိုဆိုကြ ကုန်၏။ ငါ့သျှင်တို့ ယောကျာ်းသည် အနှစ်ကို အလိုရှိသည်ဖြစ်၍ အနှစ်ကို ရှာလေ့ရှိသည်ဖြစ်၍ အနှစ်ရှာရန်သွားသည်ရှိသော် အနှစ်ရှိသည်ဖြစ်၍ တည်သော သစ်ပင်ကြီး၏ အမြစ်ကို ကျော်လွန်၍ သာလျှင်ပင်စည်ကို ကျော်လွန်၍ သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်သကဲ့သို့ ဤအတူ။ပ။ အသျှင်အာနန္ဒာသည် ဝန်မလေးမူ၍ ဝေဖန်ဟောပြတော်မူပါလော့ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့သို့ဖြစ်လျှင် နားထောင် ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပြအံ့ဟု (မိန့်ဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြကုန်၏၊ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏- “ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏”ဟု အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူ၏။ ငါ့သျှင်တို့ မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲအကျဥ်း အားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အကျွုန်ုပ်သိပါ၏။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် တည်ရာအကြောင်း ခြောက်ပါး ‘သဠာယတန’ တို့ ချုပ်ရာ နိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘော တရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထို အကြောင်းကို သိအပ်၏ဟူသော ဤစကားကို ဟောတော်မူအပ်၏။ ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင် အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထို အကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ ”ဟု အကျဥ်းအားဖြင့် ညွှန်ပြ ချက်ကိုညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူ၏၊ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို ဤသို့့အကျယ်အားဖြင့် အကျွုန်ုပ် သိပါ၏။ အသျှင်တို့သည် အလိုရှိကြပါမူ မြတ်စွာဘုရားထံသို့သာ ချဥ်းကပ်ကြပြီးလျှင် ဤအနက်အဓိပ္ပါယ်ကို မေးလျှောက်ကြပါကုန်၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ်ကို မှတ်သားကြပါကုန်ဟု အသျှင်အာနန္ဒာသည် မိန့်ဆို၏။ “ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ ”ဟု ထိုရဟန်းတို့သည် အရှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြပြီး လျှင်နေရာမှ ထကာ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏- အသျှင်ဘုရားးမြတ်စွာ ဘုရားသည် တပည့်တော်တို့အား “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ပ။ အကြင် အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထို အကြောင်းကို သိအပ်၏။ ထိုသို့ဖြစ်သောကြောင့်ထိုအကြောင်းကို သိအပ်၏”ဟု အကျဥ်းအားဖြင့် ညွှန်ပြ ချက်ကို ညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့်အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူပါ၏။ အသျှင်ဘုရား တပည့်တော်တို့အား မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံဖြစ်ပါ၏- “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်းချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏’ဟု အကျဥ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှထကာကျောင်းတော်သို့ ဝင်တော်မူပါ၏။ မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲအကျဥ်း အားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အဘယ်သူဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်တို့အား ဤသို့ အကြံ ဖြစ်ပါ၏- “ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဥ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်ကြကုန်၍ အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြပါကုန်၏၊ အသျှင်ဘုရား ထိုတပည့်တော်တို့အား အသျှင်အာနန္ဒာသည် ဤအခြင်းအရာတို့ဖြင့် ဤပုဒ်တို့ဖြင့့် ဤသဒ္ဒါတို့ဖြင့့် အနက်အဓိပ္ပါယ်ကို ဝေဖန်ပြပါ၏ဟု ဤစကားကို လျှောက်ကြကုန်၏။ ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေ၏၊ ရဟန်းတို့ အာနန္ဒာသည် ပညာကြီးပေ၏၊ ရဟန်းတို့သင်တို့သည် ငါဘုရားအား ဤအနက်အဓိပ္ပါယ်ကို မေးကြကုန်မူ ငါဘုရားသည်လည်း အာနန္ဒာ ဖြေကြားသကဲ့သို့ ထိုအနက်အဓိပ္ပါယ်ကို ဖြေဆိုရာ၏၊ ဤသည်ပင် ညွှန်ပြချက်၏ အနက်အဓိပ္ပါယ်တည်း၊ ထိုအနက်အဓိပ္ပါယ်ကို မှတ်ကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.117 12. The World and the Kinds of Sensual Stimulation The Kinds of Sensual Stimulation “Mendicants, before my awakening—when I was still unawakened but intent on awakening—I thought: ‘My mind might often stray toward the five kinds of sensual stimulation that I formerly experienced—which have passed, ceased, and perished—or to those in the present, or in the future a little.’ Then it occurred to me: ‘In my own way I should practice diligence, mindfulness, and protecting the mind regarding the five kinds of sensual stimulation that I formerly experienced—which have passed, ceased, and perished.’ So, mendicants, your minds might also often stray toward the five kinds of sensual stimulation that you formerly experienced—which have passed, ceased, and perished—or to those in the present, or in the future a little. So in your own way you should practice diligence, mindfulness, and protecting the mind regarding the five kinds of sensual stimulation that you formerly experienced—which have passed, ceased, and perished. So you should understand that dimension where the eye ceases and perception of sights fades away. You should understand that dimension where the ear … nose … tongue … body … mind ceases and perception of ideas fades away.” When he had spoken, the Blessed One rose from his seat and entered his dwelling. Soon after the Buddha left, those mendicants considered, “The Buddha gave this brief summary, then entered his dwelling without explaining the meaning in detail. … Who can explain in detail the meaning of this brief summary given by the Buddha?” Then those mendicants thought, “This Venerable Ānanda is praised by the Buddha and esteemed by his sensible spiritual companions. He is capable of explaining in detail the meaning of this brief summary given by the Buddha. Let’s go to him, and ask him about this matter.” Then those mendicants went to Ānanda, and exchanged greetings with him. When the greetings and polite conversation were over, they sat down to one side. They told him what had happened, and said, “May Venerable Ānanda please explain this.” “Reverends, suppose there was a person in need of heartwood. …” “Please explain this, if it’s no trouble.” “Then listen and apply your mind well, I will speak.” “Yes, reverend,” they replied. Ānanda said this: “Reverends, the Buddha gave this brief summary, then entered his dwelling without explaining the meaning in detail: ‘So you should understand that dimension where the eye ceases and perception of sights fades away. You should understand that dimension where the ear … nose … tongue … body … mind ceases and perception of ideas fades away.’ And this is how I understand the detailed meaning of this summary. The Buddha was referring to the cessation of the six sense fields when he said: ‘So you should understand that dimension where the eye ceases and perception of sights fades away. You should understand that dimension where the ear … nose … tongue … body … mind ceases and perception of ideas fades away.’ The Buddha gave this brief summary, then entered his dwelling without explaining the meaning in detail. And this is how I understand the detailed meaning of this summary. If you wish, you may go to the Buddha and ask him about this. You should remember it in line with the Buddha’s answer.” “Yes, reverend,” replied those mendicants. Then they rose from their seats and went to the Buddha, bowed, sat down to one side, and told him what had happened. Then they said, “And Ānanda explained the meaning to us in this manner, with these words and phrases.” “Mendicants, Ānanda is astute, he has great wisdom. If you came to me and asked this question, I would answer it in exactly the same way as Ānanda. That is what it means, and that’s how you should remember it.”
၅။ သက္ကပဉှသုတ္တံ
၁၁၈။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ သက္ကော ဒေဝါနမိန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ သက္ကော ဒေဝါနမိန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ?
‘‘သန္တိ ခေါ, ဒေဝါနမိန္ဒ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဒေဝါနမိန္ဒ, ဘိက္ခု နော ပရိနိဗ္ဗာယတိ…ပေ…။
‘‘သန္တိ ခေါ, ဒေဝါနမိန္ဒ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဒေဝါနမိန္ဒ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဒေဝါနမိန္ဒ, ဘိက္ခု နော ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဒေဝါနမိန္ဒ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ။
‘‘သန္တိ စ ခေါ, ဒေဝါနမိန္ဒ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ, န တဒုပါဒါနံ။ အနုပါဒါနော, ဒေဝါနမိန္ဒ, ဘိက္ခု ပရိနိဗ္ဗာယတိ…ပေ…။
‘‘သန္တိ ခေါ, ဒေဝါနမိန္ဒ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဒေဝါနမိန္ဒ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ န တဒုပါဒါနံ။ အနုပါဒါနော, ဒေဝါနမိန္ဒ, ဘိက္ခု ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဒေဝါနမိန္ဒ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ။ ပဉ္စမံ။
၅-သက္ကပဥှသုတ် ၁၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည်မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟုမေးလျှောက်၏။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ နတ်တို့အရှင် သိကြားမင်းစွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှ မငြိမ်းအေးနိုင်။ပ။ နတ်တို့အရှင် သိကြားမင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ နတ်တို့အရှင်သိကြားမင်း စွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှ မငြိမ်းအေးနိုင်။ နတ်တို့အရှင် သိကြားမင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှမငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်၊ နတ်တို့အရှင်သိကြားမင်း စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ပ။ နတ်တို့အရှင် သိကြားမင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူလွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်၊ နတ်တို့အရှင် သိကြားမင်း စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ နတ်တို့အရှင် သိကြားမင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိလေသာမှ ငြိမ်းအေးနိုင် သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.118 12. The World and the Kinds of Sensual Stimulation The Question of Sakka At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. And then Sakka, lord of gods, went up to the Buddha, bowed, stood to one side, and said to him: “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, what is the reason why some sentient beings are fully extinguished in this very life?” “Lord of gods, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. That’s the cause, that’s the reason why some sentient beings are not fully extinguished in this very life. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. That’s the cause, that’s the reason why some sentient beings are fully extinguished in this very life.”
၆။ ပဉ္စသိခသုတ္တံ
၁၁၉။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ အထ ခေါ ပဉ္စသိခေါ ဂန္ဓဗ္ဗဒေဝပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတော ခေါ ပဉ္စသိခေါ ဂန္ဓဗ္ဗဒေဝပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ? ‘‘သန္တိ ခေါ, ပဉ္စသိခ, စက္ခုဝိညေယျာ ရူပါ…ပေ… သန္တိ ခေါ, ပဉ္စသိခ, မနောဝိညေယျာ ဓမ္မာ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ပဉ္စသိခ, ဘိက္ခု နော ပရိနိဗ္ဗာယတိ။ အယံ ခေါ, ပဉ္စသိခ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ’’။
‘‘သန္တိ စ ခေါ, ပဉ္စသိခ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ…ပေ… သန္တိ ခေါ, ပဉ္စသိခ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ, န တဒုပါဒါနံ။ အနုပါဒါနော, ပဉ္စသိခ, ဘိက္ခု ပရိနိဗ္ဗာယတိ။ အယံ ခေါ, ပဉ္စသိခ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ။ ဆဋ္ဌံ။
၆-ပဥ္စသိခသုတ် ၁၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဉ္စသိခမည်သော ဂန္ဓဗ္ဗနတ်သားသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ပဉ္စသိခ စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ပ။ ပဉ္စသိခ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည်ရှိကုန်၏၊ ထိုသဘော တရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူထိုသဘောတရားကို အလွန် နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအားထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှု ဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ ပဉ္စသိခ စွဲလမ်းမှုရှိနေသော ရဟန်းသည် ကိလေသာမှ မငြိမ်း အေးနိုင်။ ပဉ္စသိခ ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ ပဉ္စသိခ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော စက္ခုဝိညာဏ်ဖြင့်မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ပ။ ပဉ္စသိခ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသောဝိညာဏ်သည် မဖြစ်၊ ပဉ္စသိခ စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ ပဉ္စသိခ ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင် သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.119 12. The World and the Kinds of Sensual Stimulation The Question of Pañcasikha At one time the Buddha was staying near Rājagaha, on the Vulture’s Peak Mountain. And then the centaur Pañcasikha went up to the Buddha, bowed, stood to one side, and said to him: “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” “Pañcasikha, there are sights known by the eye … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. That’s the cause, that’s the reason why some sentient beings are not fully extinguished in this very life. There are sights known by the eye … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. That’s the cause, that’s the reason why some sentient beings are fully extinguished in this very life.”
၇။ သာရိပုတ္တသဒ္ဓိဝိဟာရိကသုတ္တံ
၁၂၀။ ဧကံ သမယံ အာယသ္မာ သာရိပုတ္တော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရော ဘိက္ခု ယေနာယသ္မာ သာရိပုတ္တော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သာရိပုတ္တေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစ – ‘‘သဒ္ဓိဝိဟာရိကော, အာဝုသော သာရိပုတ္တ, ဘိက္ခု သိက္ခံ ပစ္စက္ခာယ ဟီနာယာဝတ္တော’’တိ။
‘‘ဧဝမေတံ, အာဝုသော, ဟောတိ ဣန္ဒြိယေသု အဂုတ္တဒွါရဿ, ဘောဇနေ အမတ္တညုနော, ဇာဂရိယံ အနနုယုတ္တဿ။ ‘သော ဝတာဝုသော, ဘိက္ခု ဣန္ဒြိယေသု အဂုတ္တဒွါရော ဘောဇနေ အမတ္တညူ ဇာဂရိယံ အနနုယုတ္တော ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ သန္တာနေဿတီ’တိ နေတံ ဌာနံ ဝိဇ္ဇတိ။ ‘သော ဝတာဝုသော, ဘိက္ခု ဣန္ဒြိယေသု ဂုတ္တဒွါရော, ဘောဇနေ မတ္တညူ, ဇာဂရိယံ အနုယုတ္တော ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ သန္တာနေဿတီ’တိ ဌာနမေတံ ဝိဇ္ဇတိ။
‘‘ကထဉ္စာဝုသော, ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ? ဣဓာဝုသော, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ စက္ခုန္ဒြိယံ, စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇတိ, ရက္ခတိ မနိန္ဒြိယံ, မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ဧဝံ ခေါ, အာဝုသော, ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ။
‘‘ကထဉ္စာဝုသော, ဘောဇနေ မတ္တညူ ဟောတိ? ဣဓာဝုသော, ဘိက္ခု ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟာရေတိ – ‘နေဝ ဒဝါယ, န မဒါယ, န မဏ္ဍနာယ, န ဝိဘူသနာယ, ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ, ဝိဟိံသူပရတိယာ, ဗြဟ္မစရိယာနုဂ္ဂဟာယ။ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ, နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ, ယာတြာ စ မေ ဘဝိဿတိ, အနဝဇ္ဇတာ စ ဖာသုဝိဟာရော စာ’တိ။ ဧဝံ ခေါ, အာဝုသော, ဘောဇနေ မတ္တညူ ဟောတိ။
‘‘ကထဉ္စာဝုသော, ဇာဂရိယံ အနုယုတ္တော ဟောတိ? ဣဓာဝုသော, ဘိက္ခု ဒိဝသံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ။ ရတ္တိယာ ပဌမံ ယာမံ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ။ ရတ္တိယာ မဇ္ဈိမံ ယာမံ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေတိ ပါဒေ ပါဒံ အစ္စာဓာယ သတော သမ္ပဇာနော, ဥဋ္ဌာနသညံ မနသိ ကရိတွာ။ ရတ္တိယာ ပစ္ဆိမံ ယာမံ ပစ္စုဋ္ဌာယ စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ။ ဧဝံ ခေါ, အာဝုသော, ဇာဂရိယံ အနုယုတ္တော ဟောတိ။ တသ္မာတိဟာဝုသော, ဧဝံ သိက္ခိတဗ္ဗံ – ‘ဣန္ဒြိယေသု ဂုတ္တဒွါရာ ဘဝိဿာမ, ဘောဇနေ မတ္တညုနော, ဇာဂရိယံ အနုယုတ္တာ’တိ။ ဧဝဉှိ ဝေါ, အာဝုသော, သိက္ခိတဗ္ဗ’’န္တိ။ သတ္တမံ။
၇-သာရိပုတ္တသဒ္ဓိဝိဟာရိကသုတ် ၁၂၀။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် အသျှင်သာရိပုတြာထံသို့ချဥ်း ကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏- “ငါ့သျှင်သာရိပုတြာ (သင်၏) အတူနေ တပည့်ရဟန်းသည် ကျင့်ဝတ်သိက္ခာကို ပယ်စွန့်၍ ယုတ်သော (လူ့) ဘောင်သို့ပြန်လည်လေ၏”ဟု ဆို၏။ ငါ့သျှင် ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို မသိဘဲ နိုးကြားမှု၌ အားမထုတ်သော သူအား ဤအတိုင်းပင် ဖြစ်တတ်၏။ ငါ့သျှင် ဣန္ဒြေတို့၌ မလုံခြုံသောတံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို မသိဘဲ နိုးကြားမှု၌ အားမထုတ်သော ထိုရဟန်းအားအသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို အားထုတ်နိုင်လတ္တံ့ဟူသော ဤအကြောင်းသည်မရှိ။ ငါ့သျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို သိလျက် နိုးကြားမှု၌ အားထုတ်သော ထိုရဟန်း အားသာ အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုအားထုတ်နိုင်လတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ငါ့သျှင် အဘယ်သို့လျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဍန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ။ (အကယ်၍ ) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်း ကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရား တို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) စက္ခုန္ဒြေကို စောင့် စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။ နားဖြင့် အသံ‘သဒ္ဒါရုံ’ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့‘ဂန္ဓာရုံ’ကို နမ်းရှူသော်။ လျှာဖြင့် အရသာ‘ရသာရုံ ’ကို လျက်သော်။ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရား‘ဓမ္မာရုံ’ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဍန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ (အကယ်၍ ) မနိန္ဒြေကိုမစောင့် စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုမစောင့်စည်းသူကို လိုက် ၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့် စည်း၏၊ မနိန္ဒြေကို စောင့်စည်းခြင်းသို့ ရောက်၏။ ငါ့သျှင် ဤသို့လျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်၏။ ငါ့သျှင် အဘယ်သို့လျှင် အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ပညာဖြင့် ဆင်ခြင်၍ အစားအစာကို မှီဝဲ၏၊ မြူးတူးရန်မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွားရန် ဆွမ်းကိို မှီဝဲသည် မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာအစားအစာကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်းမဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်း ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ အစားအစာကို မှီဝဲ၏၊ ငါ့သျှင် ဤသို့လျှင် အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိသူ ဖြစ်၏။ ငါ့သျှင် အဘယ်သို့လျှင် နိုးကြားမှု၌ အားထုတ်သူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကို သန့်ရှင်းစေ၏။ ညဥ့်၏ ပဌမယာမ်၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကိုသန့်ရှင်း စေ၏။ ညဥ့်၏ မဇ္ဈိမယာမ်၌ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဥ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဥ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်ကိုနှလုံးသွင်းလျက် လက်ယာ နံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏။ ညဥ့်၏ ပစ္ဆိမယာမ်၌ အိပ်ရာမှထပြီးသော် စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကို သန့်ရှင်းစေ၏။ ငါ့သျှင် ဤသို့လျှင် နိုးကြားမှု၌ အားထုတ်သူ ဖြစ်၏။ ငါ့သျှင် ထိုသို့ဖြစ်သောကြောင့် “ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်ကုန်အံ့၊ အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိကုန်အံ့၊ နိုးကြားမှု၌ အားထုတ်ကုန်အံ့”ဟု ဤသို့ ကျင့်အပ်၏။ ငါ့သျှင်သင်သည် ဤသို့သာ ကျင့်အပ်၏ဟု (မိန့်ဆို၏)။ သတ္တမသုတ်။
Linked Discourses 35.120 12. The World and the Kinds of Sensual Stimulation Sāriputta and the Protégé At one time Venerable Sāriputta was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then a certain mendicant went up to Venerable Sāriputta, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and said to him, “Reverend Sāriputta, a mendicant protégé of mine has resigned the training and returned to a lesser life.” “That’s how it is, reverend, when someone doesn’t guard the sense doors, eats too much, and is not committed to wakefulness. It is quite impossible for such a mendicant to maintain the full and pure spiritual life for the rest of their life. But it is quite possible for a mendicant to maintain the full and pure spiritual life for the rest of their life if they guard the sense doors, eat in moderation, and are committed to wakefulness. And how does someone guard the sense doors? When a mendicant sees a sight with the eyes, they don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of sight, and achieving its restraint. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, they don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, they practice restraint, protecting the faculty of mind, and achieving its restraint. That’s how someone guards the sense doors. And how does someone eat in moderation? It’s when a mendicant reflects rationally on the food that they eat: ‘Not for fun, indulgence, adornment, or decoration, but only to sustain this body, to avoid harm, and to support spiritual practice. In this way, I shall put an end to old discomfort and not give rise to new discomfort, and I will have the means to keep going, blamelessness, and a comfortable abiding.’ That’s how someone eats in moderation. And how is someone committed to wakefulness? It’s when a mendicant practices walking and sitting meditation by day, purifying their mind from obstacles. In the first watch of the night, they continue to practice walking and sitting meditation. In the middle watch, they lie down in the lion’s posture—on the right side, placing one foot on top of the other—mindful and aware, and focused on the time of getting up. In the last watch, they get up and continue to practice walking and sitting meditation, purifying their mind from obstacles. That’s how someone is committed to wakefulness. So you should train like this: ‘We will guard the sense doors, eat in moderation, and be committed to wakefulness.’ That’s how you should train.”
၈။ ရာဟုလောဝါဒသုတ္တံ
၁၂၁။ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဘဂဝတော ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ပရိပက္ကာ ခေါ ရာဟုလဿ ဝိမုတ္တိပရိပါစနိယာ ဓမ္မာ၊ ယံနူနာဟံ ရာဟုလံ ဥတ္တရိံ အာသဝါနံ ခယေ ဝိနေယျ’’န္တိ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော အာယသ္မန္တံ ရာဟုလံ အာမန္တေသိ – ‘‘ဂဏှာဟိ, ရာဟုလ, နိသီဒနံ။ ယေန အန္ဓဝနံ တေနုပသင်္ကမိဿာမ ဒိဝါဝိဟာရာယာ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ ရာဟုလော ဘဂဝတော ပဋိဿုတွာ နိသီဒနံ အာဒါယ ဘဂဝန္တံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓိ။
တေန ခေါ ပန သမယေန အနေကာနိ ဒေဝတာသဟဿာနိ ဘဂဝန္တံ အနုဗန္ဓာနိ ဟောန္တိ – ‘‘အဇ္ဇ ဘဂဝါ အာယသ္မန္တံ ရာဟုလံ ဥတ္တရိံ အာသဝါနံ ခယေ ဝိနေဿတီ’’တိ။ အထ ခေါ ဘဂဝါ အန္ဓဝနံ အဇ္ဈောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ပညတ္တေ အာသနေ နိသီဒိ။ အာယသ္မာပိ ခေါ ရာဟုလော ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ –
‘‘တံ ကိံ မညသိ, ရာဟုလ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
၈-ရာဟုလောဝါဒသုတ် ၁၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာအရပ်၌ တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအား- “ရာဟုလာအား (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)ကိုရင့်ကျက်စေနိုင်သော တရားတို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာကို ထို့ထက်အလွန် အာသဝေါတရား ကုန်ခြင်း၌ ဆုံးမရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည်နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ဆွမ်းအလို့ငှါ လှည့်လည် တော်မူ၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါတော်မူပြီးလျှင်အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင် အခင်းကို ယူလော့၊ အန္ဓဝန်တောအုပ်သို့ နေ့သန့်စင်ရန်ချဥ်းကပ်ကုန်အံ့”ဟု မိန့်တော်မူ၏။ “ကောင်း ပါပြီ အသျှင်ဘုရား”ဟု အသျှင်ရာဟုလာသည်မြတ်စွာဘုရားအား ပြန်လျှောက်၍ နိသီဒိုင်အခင်းကို ယူပြီး လျှင် မြတ်စွာဘုရားသို့ နောက်မှ နောက်မှထက်ကြပ်မကွာ လိုက်လေ၏။ ထိုအခါ အထောင်မက များစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကိုအထက်ဖြစ်သော အာသဝေါတရား ကုန်ခြင်း၌ ဆုံးမလတ္တံ့”ဟု မြတ်စွာဘုရားနောက်သို့ ထက်ကြပ်မကွာလိုက်ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားသည် အန္ဓဝန်တောအုပ်သို့ ဝင်တော်မူ၍ တစ်ခုသော သစ်ပင်ရင်းဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဟုလာအားမြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- “ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည်ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အဆင်းအာရုံတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ စက္ခုဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။ လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာ့သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။ စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကို“ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟုရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ သဘောတရားတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ပ။ မနောဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းအာရုံတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ ဇိဝှါဝိညာဏ်၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရား တို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်းငြီးငွေ့၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ‘တဏှာ’ကင်း၏။ စွဲမက်မှု ‘တဏှာ’ ကင်းခြင်း ကြောင့် ကိလေသာမှ လွတ်မြောက်၏။ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ ”ဟု အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ ”ဟု သိ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ အသျှင်ရာဟုလာသည် အလွန်နှစ်သက်ဝမ်းမြောက်လေ၏။ ဤတရားဒေသနာတော်ကို ဟောနေဆဲ အခါ၌ အသျှင်ရာဟုလာ၏ စိတ်သည် အဘယ်အရာကိုမျှမစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်၏၊ အထောင်မက များစွာသော နတ်တို့အားလည်း“ဖြစ် ခြင်းသဘောရှိသော အရာမှန်သမျှသည် ချုပ်ခြင်းသဘောရှိ၏ ”ဟု ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်)သည် ထင်ရှားဖြစ်လေ၏။ အဋ္ဌမသုတ်။
Linked Discourses 35.121 12. The World and the Kinds of Sensual Stimulation Advice to Rāhula At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Then as he was in private retreat this thought came to his mind, “The qualities that ripen in freedom have ripened in Rāhula. Why don’t I lead him further to the ending of defilements?” Then the Buddha robed up in the morning and, taking his bowl and robe, wandered for alms in Sāvatthī. After the meal, on his return from almsround, he addressed Venerable Rāhula, “Rāhula, get your sitting cloth. Let’s go to the Dark Forest for the day’s meditation.” “Yes, sir,” replied Rāhula. Taking his sitting cloth he followed behind the Buddha. Now at that time many thousands of deities followed the Buddha, thinking, “Today the Buddha will lead Rāhula further to the ending of defilements!” Then the Buddha plunged deep into the Dark Forest and sat at the root of a tree on the seat spread out. Rāhula bowed to the Buddha and sat down to one side. The Buddha said to him: “What do you think, Rāhula? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are sights … eye consciousness … eye contact permanent or impermanent?” “Impermanent, sir.” … “Anything included in feeling, perception, choices, and consciousness that arises dependent on eye contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Is the ear … nose … tongue … body … mind permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are ideas … mind consciousness … mind contact permanent or impermanent?” “Impermanent, sir.” … “Anything included in feeling, perception, choices, and consciousness that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with anything included in feeling, perception, choices, and consciousness that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … They grow disillusioned with the mind, ideas, mind consciousness, and mind contact. And they grow disillusioned with anything included in feeling, perception, choices, and consciousness that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’” That is what the Buddha said. Satisfied, Venerable Rāhula approved what the Buddha said. And while this discourse was being spoken, Rāhula’s mind was freed from defilements by not grasping. And the stainless, immaculate vision of the Dhamma arose in those thousands of deities: “Everything that is liable to arise is liable to cease.”
‘‘နော ဟေတံ, ဘန္တေ’’။ ( ) [(တံ ကိံ မညသိ) ဧဝမိတရေသုပိ (မ။ နိ။ ၃။၄၁၆-၄၁၇)]
‘‘ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ…။
‘‘စက္ခုသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ, သညာဂတံ, သင်္ခါရဂတံ, ဝိညာဏဂတံ, တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ…။
‘‘ဇိဝှါသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ, သညာဂတံ, သင်္ခါရဂတံ, ဝိညာဏဂတံ, တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’…ပေ…။
‘‘မနော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဓမ္မာ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘မနောဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’…ပေ…။
‘‘မနောသမ္ဖဿော နိစ္စော ဝါ အနိစ္စော ဝါ’’တိ?
‘‘အနိစ္စော, ဘန္တေ’’…ပေ…။
‘‘ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ, သညာဂတံ, သင်္ခါရဂတံ, ဝိညာဏဂတံ, တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ရာဟုလ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… ဇိဝှါယပိ နိဗ္ဗိန္ဒတိ, ရသေသုပိ နိဗ္ဗိန္ဒတိ, ဇိဝှါဝိညာဏေပိ နိဗ္ဗိန္ဒတိ, ဇိဝှါသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ…။
‘‘မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဓမ္မေသုပိ နိဗ္ဗိန္ဒတိ, မနောဝိညာဏေပိ နိဗ္ဗိန္ဒတိ, မနောသမ္ဖဿေပိ နိဗ္ဗိန္ဒတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။
ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ ရာဟုလော ဘဂဝတော ဘာသိတံ အဘိနန္ဒိ။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ရာဟုလဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိ။ အနေကာနဉ္စ ဒေဝတာသဟဿာနံ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓဓမ္မ’’န္တိ။ အဋ္ဌမံ။
၉။ သံယောဇနိယဓမ္မသုတ္တံ
၁၂၂။ ‘‘သံယောဇနိယေ စ, ဘိက္ခဝေ, ဓမ္မေ ဒေသေဿာမိ သံယောဇနဉ္စ။ တံ သုဏာထ။ ကတမေ စ, ဘိက္ခဝေ, သံယောဇနိယာ ဓမ္မာ, ကတမဉ္စ သံယောဇနံ? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, သံယောဇနိယာ ဓမ္မာ။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ သံယောဇနံ…ပေ… သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, သံယောဇနိယာ ဓမ္မာ။ ယော တတ္ထ ဆန္ဒရာဂေါ တံ တတ္ထ သံယောဇန’’န္တိ။ နဝမံ။
၉-သံယောဇနိယဓမ္မသုတ် ၁၂၂။ ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ကိုလည်းကောင်း၊ နှောင်ဖွဲ့မှု့ (သံယောဇန) ‘သံယောဇဥ် ’ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့နှောင် ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ကား အဘယ်တို့နည်း၊ နှောင်ဖွဲ့မှု (သံယောဇန) ‘သံယောဇဥ်’ တရားကား အဘယ်နည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်း ‘ရူပါရုံ’ တို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤအဆင်း ‘ရူပါရုံ’ တို့ကို နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုအဆင်း ‘ရူပါရုံ’ တို့၌ လိုချင်စွဲမက်မှုသည်ထိုအဆင်းတို့၌ နှောင်ဖွဲ့မှု (သံယောဇန) ‘သံယောဇဥ်’တရား မည်၏။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာ ‘ရသာရုံ’တို့သည် ရှိကုန်၏။ပ။ ရဟန်းတို့အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမ နှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စိတ်ဖြင့် သိအပ်ကုန်သောသဘောတရား ‘ဓမ္မာရုံ’ တို့သည် ရှိ ကုန်၏။ ရဟန်းတို့ ဤသဘောတရား ‘ ဓမ္မာရုံ’ တို့ကိုနှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုတရားတို့၌ လိုချင်စွဲမက်မှုသည်ထိုတရားတို့၌ နှောင်ဖွဲ့မှု (သံယောဇန) ‘သံယောဇဥ်’ တရား မည်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.122 12. The World and the Kinds of Sensual Stimulation Things That Tighten Fetters “Mendicants, I will teach you the things that tighten the fetters, and the fetter. Listen … What are the things that tighten the fetters? And what is the fetter? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. These are called the things that tighten the fetters. The desire and greed for them is the fetter. There are sounds … smells … tastes … touches … thoughts known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. These are called the things that tighten the fetters. The desire and greed for them is the fetter.”
၁၀။ ဥပါဒါနိယဓမ္မသုတ္တံ
၁၂၃။ ‘‘ဥပါဒါနိယေ စ, ဘိက္ခဝေ, ဓမ္မေ ဒေသေဿာမိ ဥပါဒါနဉ္စ။ တံ သုဏာထ။ ကတမေ စ, ဘိက္ခဝေ, ဥပါဒါနိယာ ဓမ္မာ, ကတမဉ္စ ဥပါဒါနံ? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, ဥပါဒါနိယာ ဓမ္မာ။ ယော တတ္ထ ဆန္ဒရာဂေါ, တံ တတ္ထ ဥပါဒါနံ…ပေ… သန္တိ, ဘိက္ခဝေ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ ဣမေ ဝုစ္စန္တိ, ဘိက္ခဝေ, ဥပါဒါနိယာ ဓမ္မာ။ ယော တတ္ထ ဆန္ဒရာဂေါ တံ တတ္ထ ဥပါဒါန’’န္တိ။ ဒသမံ။
လောကကာမဂုဏဝဂ္ဂေါ ဒွါဒသမော။
တဿုဒ္ဒါနံ –
မာရပါသေန ဒွေ ဝုတ္တာ, လောကကာမဂုဏေန စ၊
သက္ကော ပဉ္စသိခေါ စေဝ, သာရိပုတ္တော စ ရာဟုလော၊
သံယောဇနံ ဥပါဒါနံ, ဝဂ္ဂေါ တေန ပဝုစ္စတီတိ။
၁၀-ဥပါဒါနိယဓမ္မသုတ် ၁၂၃။ ရဟန်းတို့ စွဲလမ်းကြောင်းတရားတို့ကိုလည်းကောင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းကြောင်းတရားတို့ကား အဘယ်တို့နည်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကား အဘယ်နည်း။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်း ‘ရူပါရုံ’ တို့သည် ရှိကုန်၏။ ရဟန်းတို့ ဤအဆင်း ‘ရူပါရုံ’ တို့ကို စွဲလမ်းကြောင်းတရားတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုအဆင်း ‘ရူပါရုံ’ တို့၌ လိုချင်စွဲမက်မှုသည် ထိုအဆင်းတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရားမည်၏။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာ ‘ရသာရုံ’တို့သည် ရှိကုန်၏။ပ။ ရဟန်းတို့အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမ နှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရား ‘ဓမ္မာရုံ’ တို့သည် ရှိကုန်၏။ ရဟန်းတို့ ဤသဘောတရား ‘ဓမ္မာရုံ’ တို့ကိုစွဲလမ်းကြောင်းတရားတို့ဟူ၍ ဆိုအပ် ကုန်၏။ ထိုတရားတို့၌ လိုချင်စွဲမက်မှုသည် ထိုတရားတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏ဟု (မိန့်တော် မူ၏)။ ဒသမသုတ်။ နှစ်ခုမြောက် လောကကာမဂုဏဝဂ် ပြီး၏။ (၁၃) ၃-ဂဟပတိဝဂ် ၁-ဝေသာလီသုတ်
Linked Discourses 35.123 12. The World and the Kinds of Sensual Stimulation Things That Fuel Grasping “Mendicants, I will teach you the things that fuel grasping, and the grasping. Listen … What are the things that fuel grasping? And what is the grasping? There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. These are called the things that fuel grasping. The desire and greed for them is the grasping. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. These are called the things that fuel grasping. The desire and greed for them is the grasping.”
၁၃။ ဂဟပတိဝဂ္ဂေါ
၁။ ဝေသာလီသုတ္တံ
၁၂၄။ ဧကံ သမယံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယံ။ အထ ခေါ ဥဂ္ဂေါ ဂဟပတိ ဝေသာလိကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဥဂ္ဂေါ ဂဟပတိ ဝေသာလိကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ?
‘‘သန္တိ ခေါ, ဂဟပတိ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဂဟပတိ, ဘိက္ခု နော ပရိနိဗ္ဗာယတိ…ပေ… သန္တိ ခေါ, ဂဟပတိ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဂဟပတိ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဂဟပတိ, ဘိက္ခု နော ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဂဟပတိ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ။
‘‘သန္တိ စ ခေါ, ဂဟပတိ, စက္ခုဝိညေယျာ ရူပါ, ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ, န တဒုပါဒါနံ။ အနုပါဒါနော, ဂဟပတိ, ဘိက္ခု ပရိနိဗ္ဗာယတိ…ပေ… သန္တိ ခေါ, ဂဟပတိ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဂဟပတိ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ, တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော။ န တန္နိဿိတံ ဝိညာဏံ ဟောတိ, န တဒုပါဒါနံ။ အနုပါဒါနော, ဂဟပတိ, ဘိက္ခု ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဂဟပတိ, ဟေတု အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ။ ပဌမံ။
၁၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား အဘယ်နည်း”ဟု (လျှောက်၏)။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှု ရှိသော ရဟန်းသည်ကိလေသာမှ မငြိမ်းအေးနိုင်။ပ။ သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကိုအလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှမငြိမ်းအေးနိုင်။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုအဆင်းကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ပ။ သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည်ကိလေသာမှ ငြိမ်းအေးနိုင်၏။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.124 13. Householders At Vesālī At one time the Buddha was staying near Vesālī, at the Great Wood, in the hall with the peaked roof. Then the householder Ugga of Vesālī went up to the Buddha, sat down to one side, and said to him: “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” “Householder, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. That’s the cause, that’s the reason why some sentient beings are not fully extinguished in this very life. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. That’s the cause, that’s the reason why some sentient beings are fully extinguished in this very life.”
၂။ ဝဇ္ဇီသုတ္တံ
၁၂၅။ ဧကံ သမယံ ဘဂဝါ ဝဇ္ဇီသု ဝိဟရတိ ဟတ္ထိဂါမေ။ အထ ခေါ ဥဂ္ဂေါ ဂဟပတိ ဟတ္ထိဂါမကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဥဂ္ဂေါ ဂဟပတိ ဟတ္ထိဂါမကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ ဟေတု ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ? (ယထာ ပုရိမသုတ္တန္တံ, ဧဝံ ဝိတ္ထာရေတဗ္ဗံ)။ အယံ ခေါ, ဂဟပတိ, ဟေတု အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီတိ။ ဒုတိယံ။
၂-ဝဇ္ဇီသုတ် ၁၂၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိရွာ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား-“အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ့မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏ ]။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.125 13. Householders In the Land of the Vajjis At one time the Buddha was staying in the land of the Vajjis at Elephant Village. Then the householder Uggata of Elephant Village went up to the Buddha, sat down to one side, and said to him: “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” … (Tell in full as in the previous discourse.)
၃။ နာဠန္ဒသုတ္တံ
၁၂၆။ ဧကံ သမယံ ဘဂဝါ နာဠန္ဒာယံ ဝိဟရတိ ပါဝါရိကမ္ဗဝနေ။ အထ ခေါ, ဥပါလိ ဂဟပတိ, ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ, ဥပါလိ ဂဟပတိ, ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ? (ယထာ ပုရိမသုတ္တန္တံ, ဧဝံ ဝိတ္ထာရေတဗ္ဗံ)။ အယံ ခေါ, ဂဟပတိ, ဟေတု အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီတိ။ တတိယံ။
၃-နာဠန္ဒသုတ် ၁၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒရွာ ပါဝါရိကသူဌေး၏ သရက်ဥယျာဥ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပါလိသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား- “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့မျက် မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင် ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏]။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.126 13. Householders At Nāḷandā At one time the Buddha was staying near Nāḷandā in Pāvārika’s Mango Grove. Then the householder Upāli went up to the Buddha … and asked him, “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” … (Tell in full as in SN 35.124.)
၄။ ဘာရဒွါဇသုတ္တံ
၁၂၇။ ဧကံ သမယံ အာယသ္မာ ပိဏ္ဍောလဘာရဒွါဇော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ အထ ခေါ ရာဇာ ဥဒေနော ယေနာယသ္မာ ပိဏ္ဍောလဘာရဒွါဇော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ ပိဏ္ဍောလဘာရဒွါဇေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ဥဒေနော အာယသ္မန္တံ ပိဏ္ဍောလဘာရဒွါဇံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘော ဘာရဒွါဇ, ဟေတု ကော ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ [သုသု (သီ။ က။)] ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ, အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ? ‘‘ဝုတ္တံ ခေါ ဧတံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန – ‘ဧထ တုမှေ, ဘိက္ခဝေ, မာတုမတ္တီသု မာတုစိတ္တံ ဥပဋ္ဌပေထ, ဘဂိနိမတ္တီသု ဘဂိနိစိတ္တံ ဥပဋ္ဌပေထ, ဓီတုမတ္တီသု ဓီတုစိတ္တံ ဥပဋ္ဌပေထာ’တိ။ အယံ ခေါ, မဟာရာဇ, ဟေတု, အယံ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ, အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ။
‘‘လောလံ [လောဠံ (သျာ။ ကံ။)] ခေါ, ဘော ဘာရဒွါဇ, စိတ္တံ။ အပ္ပေကဒါ မာတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဘဂိနိမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဓီတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ။ အတ္ထိ နု ခေါ, ဘော ဘာရဒွါဇ, အညော စ ဟေတု, အညော စ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ…ပေ… အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ?
‘‘ဝုတ္တံ ခေါ ဧတံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန – ‘ဧထ တုမှေ, ဘိက္ခဝေ, ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခထ – အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော မံသံ နှာရု [နဟာရု (သီ။ သျာ။ ကံ။ ပီ။)] အဋ္ဌိ အဋ္ဌိမိဉ္ဇံ [အဋ္ဌိမိဉ္ဇာ (သီ။)] ဝက္ကံ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တ’န္တိ။ အယမ္ပိ ခေါ, မဟာရာဇ, ဟေတု, အယံ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ…ပေ… အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ။ ‘‘ယေ တေ, ဘော ဘာရဒွါဇ, ဘိက္ခူ ဘာဝိတကာယာ ဘာဝိတသီလာ ဘာဝိတစိတ္တာ ဘာဝိတပညာ, တေသံ တံ သုကရံ ဟောတိ။ ယေ စ ခေါ တေ, ဘော ဘာရဒွါဇ, ဘိက္ခူ အဘာဝိတကာယာ အဘာဝိတသီလာ အဘာဝိတစိတ္တာ အဘာဝိတပညာ, တေသံ တံ ဒုက္ကရံ ဟောတိ။ အပ္ပေကဒါ, ဘော ဘာရဒွါဇ, အသုဘတော မနသိ ကရိဿာမီတိ [မနသိ ကရိဿာမာတိ (သီ။ သျာ။ ကံ။ ပီ။)] သုဘတောဝ [သုဘတော ဝါ (သီ။), သုဘတော စ (သျာ။ ကံ။)] အာဂစ္ဆတိ။ အတ္ထိ နု ခေါ, ဘော ဘာရဒွါဇ, အညော စ ခေါ ဟေတု အညော စ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ…ပေ… အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ?
‘‘ဝုတ္တံ ခေါ ဧတံ, မဟာရာဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန – ‘ဧထ တုမှေ, ဘိက္ခဝေ, ဣန္ဒြိယေသု ဂုတ္တဒွါရာ ဝိဟရထ။ စက္ခုနာ ရူပံ ဒိသွာ မာ နိမိတ္တဂ္ဂါဟိနော အဟုဝတ္ထ, မာနုဗျဉ္ဇနဂ္ဂါဟိနော။ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇထ။ ရက္ခထ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇထ။ သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ မာ နိမိတ္တဂ္ဂါဟိနော အဟုဝတ္ထ, မာနုဗျဉ္ဇနဂ္ဂါဟိနော။ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ, တဿ သံဝရာယ ပဋိပဇ္ဇထ။ ရက္ခထ မနိန္ဒြိယံ၊ မနိန္ဒြိယေ သံဝရံ အာပဇ္ဇထာ’တိ။ အယမ္ပိ ခေါ, မဟာရာဇ, ဟေတု အယံ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ, အဒ္ဓါနဉ္စ အာပါဒေန္တီ’’တိ။
‘‘အစ္ဆရိယံ, ဘော ဘာရဒွါဇ၊ အဗ္ဘုတံ, ဘော ဘာရဒွါဇ! ယာဝ သုဘာသိတံ စိဒံ [ယာဝ သုဘာသိတမိဒံ (သီ။)], ဘော ဘာရဒွါဇ, တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန။ ဧသောဝ ခေါ, ဘော ဘာရဒွါဇ, ဟေတု, ဧသ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ, အဒ္ဓါနဉ္စ အာပါဒေန္တီတိ။ အဟမ္ပိ ခေါ, ဘော [အဟမ္ပိ ဘော (သီ။ ပီ။)] ဘာရဒွါဇ, ယသ္မိံ သမယေ အရက္ခိတေနေဝ ကာယေန, အရက္ခိတာယ ဝါစာယ, အရက္ခိတေန စိတ္တေန, အနုပဋ္ဌိတာယ သတိယာ, အသံဝုတေဟိ ဣန္ဒြိယေဟိ အန္တေပုရံ ပဝိသာမိ, အတိဝိယ မံ တသ္မိံ သမယေ လောဘဓမ္မာ ပရိသဟန္တိ။ ယသ္မိဉ္စ ခွါဟံ, ဘော ဘာရဒွါဇ, သမယေ ရက္ခိတေနေဝ ကာယေန, ရက္ခိတာယ ဝါစာယ, ရက္ခိတေန စိတ္တေန, ဥပဋ္ဌိတာယ သတိယာ, သံဝုတေဟိ ဣန္ဒြိယေဟိ အန္တေပုရံ ပဝိသာမိ, န မံ တထာ တသ္မိံ သမယေ လောဘဓမ္မာ ပရိသဟန္တိ။ အဘိက္ကန္တံ, ဘော ဘာရဒွါဇ၊ အဘိက္ကန္တံ, ဘော ဘာရဒွါဇ! သေယျထာပိ, ဘော ဘာရဒွါဇ, နိက္ကုဇ္ဇိတံ [နိကုဇ္ဇိတံ (ပီ။)] ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘောတာ ဘာရဒွါဇေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘော ဘာရဒွါဇ, တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ, ဓမ္မဉ္စ, ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဘာရဒွါဇော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ စတုတ္ထံ။
၄-ဘာရဒွါဇသုတ် ၁၂၇။ အခါတစ်ပါး၌ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥဒေနမင်းသည် အသျှင်ပိဏ္ဍောလဘာရဒွါဇထံသို့ ချဥ်းကပ်၍ အသျှင် ပိဏ္ဍောလဘာရဒွါဇနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်ပိဏ္ဍောလဘာရဒွါဇအား ဤစကားကို လျှောက်ထား၏- “အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့်ပြည့်စုံကုန်လျက် ပဌမ အရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက်အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဥ်အဆက်ကိုလည်း ပြီးစေကုန်သောအကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း”ဟု လျှောက်၏။ မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် အမိအရွယ်ရှိသူတို့၌ အမိဟူသော စိတ်ကို ထားကြကုန်လော့၊ နှမအရွယ်ရှိသူ တို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့၊ သမီးအရွယ်ရှိသူတို့၌ သမီးဟူသော စိတ်ကိုထားကြကုန်လော့”ဟူသော ဤစကားကို ဟောတော်မူ၏။ မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူး ကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဥ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်ဆို၏)။ အသျှင်ဘာရဒွါဇ စိတ်ဟူသည် လော်လည်ဖောက်ပြားတတ်၏၊ တစ်ခါတစ်ရံ အမိအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ နှမအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရာ့းတို့သည် ဖြစ်တတ်ကုန်၏၊ သမီးအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ်သော ရဟန်းတို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဥ်အဆက်ကိုလည်း ပြီးစေကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ခြေဖဝါးမှ အထက် ဆံဖျားမှ အောက်ဖြစ်သော အရေအပိုင်းအခြားရှိသော မစင်ကြယ်သော ဝတ္ထုအမျိုးမျိုးတို့ဖြင့် ပြည့်သော ဤခန္ဓာကိုယ်ကိုသာလျှင် ဆင်ခြင်ကြကုန်လော့။ ဤခန္ဓာကိုယ်၌ ဆံပင်,အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းချင်ဆီ, အညှို့၊ နှလုံး,အသည်း, အမြှေး, အဖျဥ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊သည်းခြေ, သလိပ်,ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်ဟူ၍ ရှိ၏၊ ဤသို့ရှုဆင်ခြင်ကြကုန် လော့” ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏။ မင်းမြတ် ပျိုမျစ်နုနယ်ရဟန်းငယ်တို့သည် မည်း နက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဥ်အဆက်ကိုလည်း ပြီးစေကုန်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ အသျှင်ဘာရဒွါဇ ပွါးအပ်ပြီးသော ခန္ဓာကိုယ်, ပွါးအပ်ပြီးသော ကိုယ်ကျင့်တရား, ပွါးအပ်ပြီးသော စိတ်,ပွါးအပ်ပြီးသော ပညာရှိကုန်သော ရဟန်းတို့အား ထိုအမှုသည် ပြုလွယ်ပါ၏။ အသျှင်ဘာရဒွါဇမပွားအပ်သေးသော ခန္ဓာကိုယ်, မပွားအပ်သေးသော ကိုယ်ကျင့်တရား, မပွားအပ်သေးသော စိတ်, မပွားအပ်သေးသော ပညာရှိကုန်သော ရဟန်းတို့အားကား ထိုအမှုသည် ခဲယဥ်း၏။ အသျှင်ဘာရဒွါဇ တစ်ရံတစ်ခါ အသုဘဟု နှလုံးသွင်းမည် ကြံသော်လည်း သုဘအားဖြင့်သာ ရောက်လာ၏။ အသျှင်ဘာရဒွါဇ ဤ ပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဥ်အဆက်ကိုလည်းပြီးစေ ကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည် ရှိပါသေးသလောဟု (လျှောက်၏)။ မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိလျက် နေကြကုန်လော့၊ စက္ခုဝိညာဏ်ဖြင့် အဆင်း‘ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါကျင့်ကြကုန် လော့၊ စက္ခုန္ဒြေကို စောင့်စည်းကြကုန်လော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်ကြကုန်လော့။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူသော်။ လျှာဖြင့်အရသာ ‘ရသာရုံ’ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ စိတ်ဖြင့်သဘော တရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ မနိန္ဒြေကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ‘ အဘိဇ္ဈာ ’နှလုံးမသာခြင်း ‘ ဒေါမနဿ ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ထိုမနိန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်ကြကုန်လော့၊ မနိန္ဒြေကို စောင့်စည်းကြကုန်လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြ ကုန်လော့”။ မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည့်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်း သော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့်ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန် ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာအကျင့်မြတ်ကို ကျင့်ကုန်၍ အစဥ်အဆက်ကိုလည်း ပြီးစေ ကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘာရဒွါဇ အံ့ဩဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ အသျှင်ဘာရဒွါဇ သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤစကားတော်ကို အလွန်ပင် ကောင်းစွာဟောတော်မူအပ်ပါပေ၏။ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သောဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက်ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုကျင့်ကုန်သော အစဥ်အဆက်ကိုလည်း ပြီးစေကုန် သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ အသျှင်ဘာရဒွါဇ တပည့်တော်သည်လည်း မစောင့်ထိန်းအပ်သော ကိုယ်ဖြင့် မစောင့်ထိန်းအပ်သောနှုတ်ဖြင့် မစောင့်ထိန်းအပ်သော စိတ်ဖြင့် မထင်စေအပ်သော သတိဖြင့် မစောင့်စည်းအပ်သော ဣန္ဒြေတို့ဖြင့် (နန်းတော်တွင်းသို့) ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည်အလွန်နှိပ်စက်ပါကုန်၏။ အသျှင်ဘာရဒွါဇ တပည့်တော်သည် စောင့်ထိန်းအပ်သော ကိုယ်ဖြင့်စောင့်ထိန်းအပ်သော နှုတ်ဖြင့် စောင့် ထိန်းအပ်သော စိတ်ဖြင့် ထင်စေအပ်သော သတိဖြင့်စောင့်စည်းအပ်သော ဣန္ဒြေတို့ဖြင့် (နန်းတော်တွင်း သို့) ဝင်သောအခါ တပည့်တော်ကိုတပ်မက်မှုတရားတို့သည် ထိုကဲ့သို့ မနှိပ်စက်ပါကုန်။ အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ။ အသျှင်ဘာရဒွါဇ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘာရဒွါဇသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူအပ်ပါ၏။ အသျှင်ဘာရဒွါဇ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ ရဟန်းသံဃာ ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘာရဒွါဇသည် အကျွန်ုပ်ကိုယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ စတုတ္ထသုတ်။
Linked Discourses 35.127 13. Householders With Bhāradvāja At one time Venerable Bhāradvāja the Alms-Gatherer was staying near Kosambī in Ghosita’s monastery. Then King Udena went up to Bhāradvāja the Alms-Gatherer and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and said to him: “Worthy Bhāradvāja, there are these young monks who are youthful, with pristine black hair, blessed with youth, in the prime of life; and they’ve never played around with sensual pleasures. What is the cause, what is the reason why they practice the full and pure spiritual life as long as they live, maintaining it for a long time?” “Great king, this has been stated by the Blessed One, who knows and sees, the perfected one, the fully awakened Buddha: ‘Please, monks, think of women your mother’s age as your mother. Think of women your sister’s age as your sister. And think of women your daughter’s age as your daughter.’ This is a cause, Great King, this is a reason why these young monks practice the full and pure spiritual life as long as they live, maintaining it for a long time.” “But worthy Bhāradvāja, the mind is wanton. Sometimes thoughts of desire come up even for women your mother’s age, your sister’s age, or your daughter’s age. Is there another cause, another reason why these young monks live the full and pure spiritual life for their entire life?” “Great king, this has been stated by the Blessed One, who knows and sees, the perfected one, the fully awakened Buddha: ‘Please, monks, examine your own body up from the soles of the feet and down from the tips of the hairs, wrapped in skin and full of many kinds of filth. In this body there is head hair, body hair, nails, teeth, skin, flesh, sinews, bones, bone marrow, kidneys, heart, liver, diaphragm, spleen, lungs, intestines, mesentery, undigested food, feces, bile, phlegm, pus, blood, sweat, fat, tears, grease, saliva, snot, synovial fluid, urine.’ This is also a cause, Great King, this is a reason why these young monks live the full and pure spiritual life for their entire life, maintaining it for a long time.” “This is easy to do for those mendicants who have developed their physical endurance, ethics, mind, and wisdom. But it’s hard to do for those mendicants who have not developed their physical endurance, ethics, mind, and wisdom. Sometimes I plan to focus on something as ugly, but only its beauty comes to mind. Is there another cause, another reason why these young monks live the full and pure spiritual life for their entire life?” “Great king, this has been stated by the Blessed One, who knows and sees, the perfected one, the fully awakened Buddha: ‘Please, monks, live with sense doors guarded. When you see a sight with your eyes, don’t get caught up in the features and details. If the faculty of sight were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, practice restraint, protect the faculty of sight, and achieve its restraint. When you hear a sound with your ears … When you smell an odor with your nose … When you taste a flavor with your tongue … When you feel a touch with your body … When you know an idea with your mind, don’t get caught up in the features and details. If the faculty of mind were left unrestrained, bad unskillful qualities of covetousness and displeasure would become overwhelming. For this reason, practice restraint, protect the faculty of mind, and achieve its restraint.’ This is also a cause, Great King, this is a reason why these young monks practice the full and pure spiritual life as long as they live, maintaining it for a long time.” “It’s incredible, worthy Bhāradvāja, it’s amazing! How well this was said by the Buddha! This is the real cause, this is the reason why these young monks practice the full and pure spiritual life as long as they live, maintaining it for a long time. For sometimes I too enter the harem with unprotected body, speech, mind, mindfulness, and sense faculties. At those times powerful thoughts of desire get the better of me. But sometimes I enter the harem with protected body, speech, mind, mindfulness, and sense faculties. At those times such thoughts of desire don’t get the better of me. Excellent, worthy Bhāradvāja! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the worthy Bhāradvāja has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Bhāradvāja remember me as a lay follower who has gone for refuge for life.”
၅။ သောဏသုတ္တံ
၁၂၈။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ အထ ခေါ သောဏော ဂဟပတိပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သောဏော ဂဟပတိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ? (ယထာ ပုရိမသုတ္တန္တံ, ဧဝံ ဝိတ္ထာရေတဗ္ဗံ)။ အယံ ခေါ, သောဏ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီတိ။ ပဉ္စမံ။
၅-သောဏသုတ် ၁၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူကြွယ်သား သောဏသည်မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “အသျှင်ဘုရား ဤလောက၌ အချို့သောသတ္တဝါတို့မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤ လောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက် အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏]။ သောဏ ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.128 13. Householders With Soṇa At one time the Buddha was staying near Rājagaha in the Bamboo Grove, the squirrels’ feeding ground. Then the householder Soṇa went up to the Buddha, bowed, sat down to one side, and said to him: “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” … (Tell in full as in SN 35.118.)
၆။ ဃောသိတသုတ္တံ
၁၂၉။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ အထ ခေါ ဃောသိတော ဂဟပတိ ယေနာယသ္မာ အာနန္ဒော တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ ဃောသိတော ဂဟပတိ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ – ‘‘‘ဓာတုနာနတ္တံ, ဓာတုနာနတ္တ’န္တိ, ဘန္တေ အာနန္ဒ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဓာတုနာနတ္တံ ဝုတ္တံ ဘဂဝတာ’’တိ? ‘‘သံဝိဇ္ဇတိ ခေါ, ဂဟပတိ, စက္ခုဓာတု, ရူပါ စ မနာပါ, စက္ခုဝိညာဏဉ္စ သုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, စက္ခုဓာတု, ရူပါ စ အမနာပါ, စက္ခုဝိညာဏဉ္စ ဒုက္ခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, စက္ခုဓာတု, ရူပါ စ မနာပါ ဥပေက္ခာဝေဒနိယာ, စက္ခုဝိညာဏဉ္စ အဒုက္ခမသုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ…ပေ… သံဝိဇ္ဇတိ ခေါ, ဂဟပတိ, ဇိဝှါဓာတု, ရသာ စ မနာပါ, ဇိဝှါဝိညာဏဉ္စ သုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, ဇိဝှါဓာတု, ရသာ စ အမနာပါ, ဇိဝှါဝိညာဏဉ္စ ဒုက္ခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, ဇိဝှါဓာတု, ရသာ စ ဥပေက္ခာဝေဒနိယာ, ဇိဝှါဝိညာဏဉ္စ အဒုက္ခမသုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ…ပေ… သံဝိဇ္ဇတိ ခေါ, ဂဟပတိ, မနောဓာတု, ဓမ္မာ စ မနာပါ, မနောဝိညာဏဉ္စ သုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, မနောဓာတု, ဓမ္မာ စ အမနာပါ, မနောဝိညာဏဉ္စ ဒုက္ခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ သံဝိဇ္ဇတိ ခေါ, ဂဟပတိ, မနောဓာတု, ဓမ္မာ စ ဥပေက္ခာဝေဒနိယာ, မနောဝိညာဏဉ္စ အဒုက္ခမသုခဝေဒနိယံ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ။ ဧတ္တာဝတာ ခေါ, ဂဟပတိ, ဓာတုနာနတ္တံ ဝုတ္တံ ဘဂဝတာ’’တိ။ ဆဋ္ဌံ။
၆-ဃောသိတသုတ် ၁၂၉။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဃောသိတသူကြွယ်သည် အသျှင်အာနန္ဒာထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်ထား၏-“အသျှင်အာနန္ဒာ ဓာတ်တို့၏ထူးခြား မှု, ဓာတ်တို့၏ ထူးခြားမှုဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ဓာတ်တို့၏ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားအပ်ပါသနည်း”ဟု (လျှောက်၏)။ သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော အဆင်းတို့သည်လည်း ရှိကုန်၏၊ စက္ခုဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု‘ဖဿ’ကို စွဲ၍ သုခ ဝေဒနာသည် ဖြစ်၏။ သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောအဆင်းတို့သည်လည်း ရှိကုန်၏၊ စက္ခုဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် စက္ခုဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်ကုန်သော အဆင်းတို့သည်လည်း ရှိကုန်၏။ စက္ခုဝိညာဏ်သည်လည်းရှိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏။ပ။ သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော အရသာတို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု‘ဖဿ’ကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောအရသာ တို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် ဇိဝှါဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော အရသာတို့သည်လည်း ရှိကုန်၏၊ ဇိဝှါဝိညာဏ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏။ပ။ သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော သဘောတရားတို့သည်လည်းရှိကုန်၏၊ မနောဝိညာဏ်သည်လည်း ရှိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု‘ဖဿ’ ကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ စိတ်နှလုံးကို မပွားစေတတ်သောသဘောတရားတို့သည်လည်း ရှိကုန်၏၊ မနောဝိညာဏ်သည်လည်း ရှိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု‘ဖဿ’ကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ သူကြွယ် မနောဓာတ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော သဘောတရားတို့သည်လည်းကောင်း၊ မနောဝိညာဏ်သည်လည်းကောင်း ရှိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု‘ဖဿ’ကို စွဲ၍ ဥပေက္ခာဝေဒနာသည်ဖြစ်၏။ သူကြွယ် ဤမျှလောက်ဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားတော်မူအပ်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.129 13. Householders With Ghosita At one time Venerable Ānanda was staying near Kosambī in Ghosita’s monastery. Then the householder Ghosita went up to Venerable Ānanda, and said to him: “Honorable Ānanda, they speak of ‘the diversity of elements’. In what way did the Buddha speak of the diversity of elements?” “Householder, the eye element is found, as are agreeable sights, and eye consciousness. Pleasant feeling arises dependent on a contact to be experienced as pleasant. The eye element is found, as are disagreeable sights, and eye consciousness. Painful feeling arises dependent on a contact to be experienced as painful. The eye element is found, as are sights that are a basis for equanimity, and eye consciousness. Neutral feeling arises dependent on a contact to be experienced as neutral. The ear … nose … tongue … body … mind element is found, as are agreeable ideas, and mind consciousness. Pleasant feeling arises dependent on a contact to be experienced as pleasant. The mind element is found, as are disagreeable ideas, and mind consciousness. Painful feeling arises dependent on a contact to be experienced as painful. The mind element is found, as are ideas that are a basis for equanimity, and mind consciousness. Neutral feeling arises dependent on a contact to be experienced as neutral. This is how the Buddha spoke of the diversity of elements.”
၇။ ဟာလိဒ္ဒိကာနိသုတ္တံ
၁၃၀။ ဧကံ သမယံ အာယသ္မာ မဟာကစ္စာနော အဝန္တီသု ဝိဟရတိ ကုရရဃရေ [ကုလဃရေ (သျာ။ က။)] ပပါတေ [ပဝတ္တေ (သီ။ ပီ။), သမ္ပဝတ္တေ (သျာ။ ကံ။ က။) ဧတ္ထေဝ အဋ္ဌမပိဋ္ဌေပိ] ပဗ္ဗတေ။ အထ ခေါ ဟာလိဒ္ဒိကာနိ [ဟာလိဒ္ဒကာနိ (သီ။ သျာ။ ကံ။)] ဂဟပတိ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ ဟာလိဒ္ဒိကာနိ ဂဟပတိ အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစ – ‘‘ဝုတ္တမိဒံ, ဘန္တေ, ဘဂဝတာ – ‘ဓာတုနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဖဿနာနတ္တံ၊ ဖဿနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝေဒနာနာနတ္တ’န္တိ။ ကထံ နု ခေါ, ဘန္တေ, ဓာတုနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဖဿနာနတ္တံ၊ ဖဿနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝေဒနာနာနတ္တ’’န္တိ? ‘‘ဣဓ, ဂဟပတိ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ‘မနာပံ ဣတ္ထေတ’န္တိ ပဇာနာတိ စက္ခုဝိညာဏံ သုခဝေဒနိယဉ္စ [သုခဝေဒနိယံ, သုခဝေဒနိယံ (သီ။ ပီ။), သုခဝေဒနိယဉ္စ, သုခဝေဒနိယံ (သျာ။ ကံ။ က။) ဧဝံ ‘‘ဒုက္ခဝေဒနိယဉ္စ အဒုက္ခမသုခဝေဒနိယဉ္စာ’’တိ ပဒေသုပိ။ အဋ္ဌကထာဋီကာ ဩလောကေတဗ္ဗာ]။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ စက္ခုနာ ခေါ ပနေဝ [ပနေဝံ (သျာ။ ကံ။ က။)] ရူပံ ဒိသွာ ‘အမနာပံ ဣတ္ထေတ’န္တိ ပဇာနာတိ စက္ခုဝိညာဏံ ဒုက္ခဝေဒနိယဉ္စ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ စက္ခုနာ ခေါ ပနေဝ ရူပံ ဒိသွာ ‘ဥပေက္ခာဋ္ဌာနိယံ [ဥပေက္ခာဝေဒနိယံ (က။)] ဣတ္ထေတ’န္တိ ပဇာနာတိ စက္ခုဝိညာဏံ အဒုက္ခမသုခဝေဒနိယဉ္စ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ။
‘‘ပုန စပရံ, ဂဟပတိ, ဘိက္ခု သောတေန သဒ္ဒံ သုတွာ…ပေ… ဃာနေန ဂန္ဓံ ဃာယိတွာ…ပေ… ဇိဝှါယ ရသံ သာယိတွာ…ပေ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ…ပေ… မနသာ ဓမ္မံ ဝိညာယ ‘မနာပံ ဣတ္ထေတ’န္တိ ပဇာနာတိ မနောဝိညာဏံ သုခဝေဒနိယဉ္စ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခါ ဝေဒနာ။ မနသာ ခေါ ပနေဝ ဓမ္မံ ဝိညာယ ‘အမနာပံ ဣတ္ထေတ’န္တိ ပဇာနာတိ မနောဝိညာဏံ ဒုက္ခဝေဒနိယဉ္စ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဒုက္ခာ ဝေဒနာ။ မနသာ ခေါ ပနေဝ ဓမ္မံ ဝိညာယ ‘ဥပေက္ခာဋ္ဌာနိယံ ဣတ္ထေတ’န္တိ ပဇာနာတိ မနောဝိညာဏံ အဒုက္ခမသုခဝေဒနိယဉ္စ။ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ အဒုက္ခမသုခါ ဝေဒနာ။ ဧဝံ ခေါ, ဂဟပတိ, ဓာတုနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဖဿနာနတ္တံ၊ ဖဿနာနတ္တံ ပဋိစ္စ ဥပ္ပဇ္ဇတိ ဝေဒနာနာနတ္တ’’န္တိ။ သတ္တမံ။
၇-ဟာလိဒ္ဒိကာနိသုတ် ၁၃၀။ အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုလဃရရွာ ပပါတတောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည် အသျှင်မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကစ္စည်းအား ဤစကားကို လျှောက်ထား၏- “အသျှင် ဘုရားမြတ်စွာဘုရားသည် ‘ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှု ဖြစ်ပေါ်၏၊ အတွေ့ အထိထူးခြားမှုကို စွဲ၍ ခံစားမှု‘ဝေဒနာ’ ထူးခြားမှု ဖြစ်ပေါ်၏ ’ဟူသော ဤစကားကို ဟောကြားတော်မူအပ်ပါ၏။ အသျှင်ဘုရား အဘယ်သို့လျှင် ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှုဖြစ်ပေါ် ပါသနည်း၊ အတွေ့အထိ ထူးခြားမှုကို စွဲ၍ ခံစားမှု‘ဝေဒနာ’ ထူးခြားမှု ဖြစ်ပေါ်ပါသနည်း”ဟုလျှောက်၏။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် စိတ်နှလုံးကို ပွားစေတတ်သော အဆင်းကို မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ မျက်စိဖြင့် စိတ်နှလုံးကိုမပွားစေတတ်သော အဆင်းကိုပင် မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ မျက်စိဖြင့် ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော အဆင်းကိုပင် မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ ဥပေက္ခာ၏အကြောင်းဖြစ်သော တွေ့ ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဥပေက္ခာဝေဒနာ ဖြစ်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကိုနမ်းရှူသော်။ပ။ လျှာဖြင့် အရသာကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ပ။ စိတ်ဖြင့် စိတ်နှလုံးကို ပွားစေတတ်သော သဘောတရားကို သိသော် ဤသဘောတရားသည် ဤသို့သဘောရှိ၏ဟု သိ၏။ မနောဝိညာဏ်ကိုလည်းကောင်း၊ သုခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု‘ဖဿ’ကိုလည်း ကောင်း စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ စိတ်ဖြင့် စိတ်နှလုံးကိုမပွားစေတတ်သော သဘောတရားကိုပင် သိသော် ဤသဘောတရားသည် ဤသို့သဘောရှိ၏ဟု သိ၏။ မနောဝိညာဏ်ကိုလည်းကောင်း၊ ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကိုလည်းကောင်းစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ စိတ်ဖြင့် ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော သဘောတရားကိုပင်သိသော် ဤသဘောတရားသည် ဤသို့ သဘောရှိ၏ဟု သိ၏။ မနောဝိညာဏ်ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဥပေက္ခာဝေဒနာသည်ဖြစ်၏။ သူကြွယ် ဤသို့လျှင် ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှု ဖြစ်၏၊ အတွေ့အထိထူးခြားမှုကို စွဲ၍ ခံစားမှု ‘ဝေဒနာ’ ထူးခြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.130 13. Householders With Hāliddikāni At one time Venerable Mahākaccāna was staying in the land of the Avantis near Kuraraghara on Steep Mountain. Then the householder Hāliddikāni went up to Venerable Mahākaccāna … and asked him, “Sir, this was said by the Buddha: ‘Diversity of elements gives rise to diversity of contacts, and diversity of contacts gives rise to diversity of feelings.’ How does diversity of elements give rise to diversity of contacts, and diversity of contacts gives rise to diversity of feelings?” “Householder, it’s when a mendicant sees a sight with their eyes and understands it to be agreeable. There is eye consciousness; and pleasant feeling arises dependent on a contact to be experienced as pleasant. Then they see a sight and understand it to be disagreeable. There is eye consciousness; and painful feeling arises dependent on a contact to be experienced as painful. Then they see a sight and understand it to be a basis for equanimity. There is eye consciousness; and neutral feeling arises dependent on a contact to be experienced as neutral. Furthermore, a mendicant hears a sound with their ears … smells an odor with their nose … tastes a flavor with their tongue … encounters a touch with their body … knows an idea with their mind and understands it to be agreeable. There is mind consciousness; and pleasant feeling arises dependent on a contact to be experienced as pleasant. Then they know an idea and understand it to be disagreeable. There is mind consciousness; and painful feeling arises dependent on a contact to be experienced as painful. Then they know an idea and understand it to be a basis for equanimity. Neutral feeling arises dependent on a contact to be experienced as neutral. That’s how diversity of elements gives rise to diversity of contacts, and diversity of contacts gives rise to diversity of feelings.”
၈။ နကုလပိတုသုတ္တံ
၁၃၁။ ဧကံ သမယံ ဘဂဝါ ဘဂ္ဂေသု ဝိဟရတိ သုသုမာရဂိရေ ဘေသကဠာဝနေ မိဂဒါယေ။ အထ ခေါ နကုလပိတာ ဂဟပတိ ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ နကုလပိတာ ဂဟပတိ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကော နု ခေါ, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ? ကော ပန, ဘန္တေ, ဟေတု, ကော ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ? ‘‘သန္တိ ခေါ, ဂဟပတိ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဂဟပတိ, ဘိက္ခု နော ပရိနိဗ္ဗာယတိ…ပေ… သန္တိ ခေါ, ဂဟပတိ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဂဟပတိ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော တန္နိဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ။ သဥပါဒါနော, ဂဟပတိ, ဘိက္ခု နော ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဂဟပတိ, ဟေတု အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ နော ပရိနိဗ္ဗာယန္တိ’’။
‘‘သန္တိ စ ခေါ, ဂဟပတိ, စက္ခုဝိညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခုနာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ အနဘိနန္ဒတော အနဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ, န တဒုပါဒါနံ။ အနုပါဒါနော, ဂဟပတိ, ဘိက္ခု ပရိနိဗ္ဗာယတိ…ပေ… သန္တိ ခေါ, ဂဟပတိ, ဇိဝှါဝိညေယျာ ရသာ…ပေ… သန္တိ ခေါ, ဂဟပတိ, မနောဝိညေယျာ ဓမ္မာ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ တဉ္စေ ဘိက္ခု နာဘိနန္ဒတိ နာဘိဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ။ တဿ တံ နာဘိနန္ဒတော နာဘိဝဒတော အနဇ္ဈောသာယ တိဋ္ဌတော န တန္နိဿိတံ ဝိညာဏံ ဟောတိ န တဒုပါဒါနံ။ အနုပါဒါနော, ဂဟပတိ, ဘိက္ခု ပရိနိဗ္ဗာယတိ။ အယံ ခေါ, ဂဟပတိ, ဟေတု, အယံ ပစ္စယော ယေန မိဓေကစ္စေ သတ္တာ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယန္တီ’’တိ။ အဋ္ဌမံ။
၈-နကုလပိတုသုတ် ၁၃၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေး ရာဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားထံသို့ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား- “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟုလျှောက်၏။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘော့ရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှုရှိသော ရဟန်းသည်ကိလေသာမှ မငြိမ်းအေးနိုင်။ပ။ သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကိုအလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှမငြိမ်းအေးနိုင်။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုအဆင်းကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ပ။ သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဥ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည်ကိလေသာမှ ငြိမ်းအေးနိုင်၏။ သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.131 13. Householders Nakula’s Father At one time the Buddha was staying in the land of the Bhaggas at Crocodile’s Bellow, in the deer park at Bhesakaḷā’s Wood. Then the householder Nakula’s father went up to the Buddha … and asked him, “What is the cause, sir, what is the reason why some sentient beings are not fully extinguished in this very life? What is the cause, sir, what is the reason why some sentient beings are fully extinguished in this very life?” “Householder, there are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant approves, welcomes, and keeps clinging to them, their consciousness has that as support and fuel for grasping. A mendicant with fuel for grasping does not become extinguished. That’s the cause, that’s the reason why some sentient beings are not fully extinguished in this very life. There are sights known by the eye, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. There are sounds … smells … tastes … touches … ideas known by the mind, which are likable, desirable, agreeable, pleasant, sensual, and arousing. If a mendicant doesn’t approve, welcome, and keep clinging to them, their consciousness doesn’t have that as support and fuel for grasping. A mendicant free of grasping becomes extinguished. That’s the cause, that’s the reason why some sentient beings are fully extinguished in this very life.”
၉။ လောဟိစ္စသုတ္တံ
၁၃၂။ ဧကံ သမယံ အာယသ္မာ မဟာကစ္စာနော အဝန္တီသု ဝိဟရတိ မက္ကရကတေ [မက္ကရကဋေ (သီ။ သျာ။ ကံ။ ပီ။)] အရညကုဋိကာယံ။ အထ ခေါ လောဟိစ္စဿ ဗြာဟ္မဏဿ သမ္ဗဟုလာ အန္တေဝါသိကာ ကဋ္ဌဟာရကာ မာဏဝကာ ယေနာယသ္မတော မဟာကစ္စာနဿ အရညကုဋိကာ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ပရိတော ပရိတော ကုဋိကာယ အနုစင်္ကမန္တိ အနုဝိစရန္တိ ဥစ္စာသဒ္ဒါ မဟာသဒ္ဒါ ကာနိစိ ကာနိစိ သေလေယျကာနိ ကရောန္တိ [သေလိဿကာနိ ကရောန္တာ (သီ။)] – ‘‘ဣမေ ပန မုဏ္ဍကာ သမဏကာ ဣဗ္ဘာ ကဏှာ [ကိဏှာ (သီ။ ပီ။)] ဗန္ဓုပါဒါပစ္စာ, ဣမေသံ ဘရတကာနံ သက္ကတာ ဂရုကတာ မာနိတာ ပူဇိတာ အပစိတာ’’တိ။ အထ ခေါ အာယသ္မာ မဟာကစ္စာနော ဝိဟာရာ နိက္ခမိတွာ တေ မာဏဝကေ ဧတဒဝေါစ – ‘‘မာ မာဏဝကာ သဒ္ဒမကတ္ထ၊ ဓမ္မံ ဝေါ ဘာသိဿာမီ’’တိ။ ဧဝံ ဝုတ္တေ, တေ မာဏဝကာ တုဏှီ အဟေသုံ။ အထ ခေါ အာယသ္မာ မဟာကစ္စာနော တေ မာဏဝကေ ဂါထာဟိ အဇ္ဈဘာသိ –
‘‘သီလုတ္တမာ ပုဗ္ဗတရာ အဟေသုံ,
တေ ဗြာဟ္မဏာ ယေ ပုရာဏံ သရန္တိ၊
ဂုတ္တာနိ ဒွါရာနိ သုရက္ခိတာနိ,
အဟေသုံ တေသံ အဘိဘုယျ ကောဓံ။
‘‘ဓမ္မေ စ ဈာနေ စ ရတာ အဟေသုံ,
တေ ဗြာဟ္မဏာ ယေ ပုရာဏံ သရန္တိ၊
ဣမေ စ ဝေါက္ကမ္မ ဇပါမသေတိ,
ဂေါတ္တေန မတ္တာ ဝိသမံ စရန္တိ။
‘‘ကောဓာဘိဘူတာ ပုထုအတ္တဒဏ္ဍာ [ကောဓာဘိဘူတာသုပုထုတ္တဒဏ္ဍာ (သျာ။ ကံ။ က။)],
ဝိရဇ္ဇမာနာ သတဏှာတဏှေသု၊
အဂုတ္တဒွါရဿ ဘဝန္တိ မောဃာ,
သုပိနေဝ လဒ္ဓံ ပုရိသဿ ဝိတ္တံ။
‘‘အနာသကာ ထဏ္ဍိလသာယိကာ စ၊
ပါတော သိနာနဉ္စ တယော စ ဝေဒါ။
‘‘ခရာဇိနံ ဇဋာပင်္ကော, မန္တာ သီလဗ္ဗတံ တပေါ၊
ကုဟနာ ဝင်္ကဒဏ္ဍာ စ, ဥဒကာစမနာနိ စ။
‘‘ဝဏ္ဏာ ဧတေ ဗြာဟ္မဏာနံ, ကတာ ကိဉ္စိက္ခဘာဝနာ၊
စိတ္တဉ္စ သုသမာဟိတံ, ဝိပ္ပသန္နမနာဝိလံ၊
အခိလံ သဗ္ဗဘူတေသု, သော မဂ္ဂေါ ဗြဟ္မပတ္တိယာ’’တိ။
အထ ခေါ တေ မာဏဝကာ ကုပိတာ အနတ္တမနာ ယေန လောဟိစ္စော ဗြာဟ္မဏော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ လောဟိစ္စံ ဗြာဟ္မဏံ ဧတဒဝေါစုံ – ‘‘ယဂ္ဃေ! ဘဝံ ဇာနေယျ, သမဏော မဟာကစ္စာနော ဗြာဟ္မဏာနံ မန္တေ [မန္တံ (က။)] ဧကံသေန အပဝဒတိ, ပဋိက္ကောသတီ’’တိ? ဧဝံ ဝုတ္တေ, လောဟိစ္စော ဗြာဟ္မဏော ကုပိတော အဟောသိ အနတ္တမနော။ အထ ခေါ လောဟိစ္စဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘န ခေါ ပန မေတံ ပတိရူပံ ယောဟံ အညဒတ္ထု မာဏဝကာနံယေဝ သုတွာ သမဏံ မဟာကစ္စာနံ အက္ကောသေယျံ [အက္ကောသေယျံ ဝိရုဇ္ဈေယျံ (သျာ။ ကံ။ က။)] ပရိဘာသေယျံ။ ယံနူနာဟံ ဥပသင်္ကမိတွာ ပုစ္ဆေယျ’’န္တိ။
အထ ခေါ လောဟိစ္စော ဗြာဟ္မဏော တေဟိ မာဏဝကေဟိ သဒ္ဓိံ ယေနာယသ္မာ မဟာကစ္စာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ မဟာကစ္စာနေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ လောဟိစ္စော ဗြာဟ္မဏော အာယသ္မန္တံ မဟာကစ္စာနံ ဧတဒဝေါစ – ‘‘အာဂမံသု နု ခွိဓ, ဘော ကစ္စာန, အမှာကံ သမ္ဗဟုလာ အန္တေဝါသိကာ ကဋ္ဌဟာရကာ မာဏဝကာ’’တိ? ‘‘အာဂမံသု ခွိဓ တေ, ဗြာဟ္မဏ, သမ္ဗဟုလာ အန္တေဝါသိကာ ကဋ္ဌဟာရကာ မာဏဝကာ’’တိ။ ‘‘အဟု ပန ဘောတော ကစ္စာနဿ တေဟိ မာဏဝကေဟိ သဒ္ဓိံ ကောစိဒေဝ ကထာသလ္လာပေါ’’တိ? ‘‘အဟု ခေါ မေ, ဗြာဟ္မဏ, တေဟိ မာဏဝကေဟိ သဒ္ဓိံ ကောစိဒေဝ ကထာသလ္လာပေါ’’တိ။ ‘‘ယထာ ကထံ ပန ဘောတော ကစ္စာနဿ တေဟိ မာဏဝကေဟိ သဒ္ဓိံ အဟောသိ ကထာသလ္လာပေါ’’တိ? ‘‘ဧဝံ ခေါ မေ, ဗြာဟ္မဏ, တေဟိ မာဏဝကေဟိ သဒ္ဓိံ အဟောသိ ကထာသလ္လာပေါ –
‘‘သီလုတ္တမာ ပုဗ္ဗတရာ အဟေသုံ,
တေ ဗြာဟ္မဏာ ယေ ပုရာဏံ သရန္တိ၊…ပေ…၊
အခိလံ သဗ္ဗဘူတေသု,
သော မဂ္ဂေါ ဗြဟ္မပတ္တိယာ’’တိ။
‘‘ဧဝံ ခေါ မေ, ဗြာဟ္မဏ, တေဟိ မာဏဝကေဟိ သဒ္ဓိံ အဟောသိ ကထာသလ္လာပေါ’’တိ။
‘‘‘အဂုတ္တဒွါရော’တိ [အဂုတ္တဒွါရော အဂုတ္တဒွါရောတိ (က။)] ဘဝံ ကစ္စာနော အာဟ။ ကိတ္တာဝတာ နု ခေါ, ဘော ကစ္စာန, အဂုတ္တဒွါရော ဟောတီ’’တိ? ‘‘ဣဓ, ဗြာဟ္မဏ, ဧကစ္စော စက္ခုနာ ရူပံ ဒိသွာ ပိယရူပေ ရူပေ အဓိမုစ္စတိ, အပ္ပိယရူပေ ရူပေ ဗျာပဇ္ဇတိ, အနုပဋ္ဌိတကာယဿတိ [အနုပဋ္ဌိတာယ သတိယာ (သျာ။ ကံ။ ပီ။ က။) ဥပရိ အာသီဝိသဝဂ္ဂေ အဝဿုတသုတ္တေ ပန ‘‘အနုပဋ္ဌိတကာယဿတီ’’တွေဝ သဗ္ဗတ္ထ ဒိဿတိ] စ ဝိဟရတိ, ပရိတ္တစေတသော တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ ပိယရူပေ ဓမ္မေ အဓိမုစ္စတိ, အပ္ပိယရူပေ စ ဓမ္မေ ဗျာပဇ္ဇတိ, အနုပဋ္ဌိတကာယဿတိ စ ဝိဟရတိ, ပရိတ္တစေတသော တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ ဧဝံ ခေါ, ဗြာဟ္မဏ, အဂုတ္တဒွါရော ဟောတီ’’တိ။ ‘‘အစ္ဆရိယံ, ဘော ကစ္စာန၊ အဗ္ဘုတံ, ဘော ကစ္စာန! ယာဝဉ္စိဒံ ဘောတာ ကစ္စာနေန အဂုတ္တဒွါရောဝ သမာနော အဂုတ္တဒွါရောတိ အက္ခာတော။
‘‘‘ဂုတ္တဒွါရော’တိ ဘဝံ ကစ္စာနော အာဟ။ ကိတ္တာဝတာ နု ခေါ, ဘော ကစ္စာန, ဂုတ္တဒွါရော ဟောတီ’’တိ? ‘‘ဣဓ, ဗြာဟ္မဏ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ ပိယရူပေ ရူပေ နာဓိမုစ္စတိ, အပ္ပိယရူပေ ရူပေ န ဗျာပဇ္ဇတိ, ဥပဋ္ဌိတကာယဿတိ စ ဝိဟရတိ, အပ္ပမာဏစေတသော တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ ပဇာနာတိ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ သောတေန သဒ္ဒံ သုတွာ… ဃာနေန ဂန္ဓံ ဃာယိတွာ… ဇိဝှါယ ရသံ သာယိတွာ… ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ… မနသာ ဓမ္မံ ဝိညာယ ပိယရူပေ ဓမ္မေ နာဓိမုစ္စတိ, အပ္ပိယရူပေ ဓမ္မေ န ဗျာပဇ္ဇတိ, ဥပဋ္ဌိတကာယဿတိ စ ဝိဟရတိ, အပ္ပမာဏစေတသော တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ ပဇာနာတိ, ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ ဧဝံ ခေါ, ဗြာဟ္မဏ, ဂုတ္တဒွါရော ဟောတီ’’တိ။
‘‘အစ္ဆရိယံ, ဘော ကစ္စာန၊ အဗ္ဘုတံ, ဘော ကစ္စာန! ယာဝဉ္စိဒံ ဘောတာ ကစ္စာနေန ဂုတ္တဒွါရောဝ သမာနော ဂုတ္တဒွါရောတိ အက္ခာတော။ အဘိက္ကန္တံ, ဘော ကစ္စာန၊ အဘိက္ကန္တံ, ဘော ကစ္စာန! သေယျထာပိ, ဘော ကစ္စာန, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ ဘောတာ ကစ္စာနေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, ဘော ကစ္စာန, တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ, ဓမ္မဉ္စ, ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ကစ္စာနော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ ယထာ စ ဘဝံ ကစ္စာနော မက္ကရကတေ ဥပါသကကုလာနိ ဥပသင်္ကမတိ၊ ဧဝမေဝ လောဟိစ္စကုလံ ဥပသင်္ကမတု။ တတ္ထ ယေ မာဏဝကာ ဝါ မာဏဝိကာ ဝါ ဘဝန္တံ ကစ္စာနံ အဘိဝါဒေဿန္တိ ပစ္စုဋ္ဌိဿန္တိ အာသနံ ဝါ ဥဒကံ ဝါ ဒဿန္တိ, တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။ နဝမံ။
၉-လောဟိစ္စသုတ် ၁၃၂။ အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း မက္ကရကတမြို့ဝယ် တောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ လောဟိစ္စပုဏ္ဏား၏ များစွာကုန်သော ထင်းခွေသမား တပည့်လုလင်တို့သည် အသျှင်မဟာကစ္စည်း၏ တောကျောင်းသို့ ချဥ်းကပ်ကြကုန်၍ ကျောင်း၏ ပတ်ဝန်းကျင်၌ ခေါက်တုံ့ ခေါက်ပြန် စင်္ကြံလျှောက်ကြကုန်၏၊ လှည့်ပတ်ကြကုန်၏၊ အချို့အချို့သော သူတို့သည်ကျယ်လောင်ဆူညံ သော အသံရှိကြကုန်သည် ဖြစ်၍ အချင်းချင်း ခုန်ကျော်ပြေးလွှားသောကစားမျိုးတို့ကို ပြုလုပ်ကြကုန်၏၊ “ ဤသူတို့ကား ဦးပြည်းရဟန်းညံ့တို့ ဖြစ်ကုန်၏၊ ဇာတ်နိမ့်တို့့ဖြစ်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာ၏ ခြေဖမိုးမှ ပေါက်ဖွားကုန်၏။ ဤဇာတ်နိမ့်ရဟန်းညံ့တို့အား (လူတို့သည်) အရိုအသေပြုကြကုန်၏၊ အလေး ပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ တုပ်ဝပ်ကြကုန်၏ ”ဟု (ပြောဆိုကြကုန်၏)။ ထိုအခါ အသျှင်မဟာကစ္စည်းသည် ကျောင်းမှ ထွက်၍ ထိုလုလင်တို့ကို “လုလင်တို့ အသံ မပြုကြကုန်လင့်၊ ငါသည် သင်တို့အား တရားကို ဟောအံ့”ဟု ဤစကားကို ဆိုလေ၏။ ဤသို့ဆိုသော် ထိုလုလင်တို့သည် ဆိတ်ဆိတ် နေကုန်၏၊ ထိုအခါ အသျှင်မဟာကစ္စည်းသည် ထိုလုလင်တို့ကို ဂါထာတို့ဖြင့်ဟောပြလေ၏- “ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ရှေး၌ ဖြစ်ကုန်သော ပုဏ္ဏား တို့သည်သီလကိုသာလျှင် အမြတ်ထားကုန်၏၊ ထိုပုဏ္ဏားတို့သည် အမျက်ဒေါသကို ဖိနှိပ်၍ ပိတ်ဆို့အပ်သောတံခါးတို့ကို ကောင်းစွာ စောင့်ရှောက်ကြကုန်၏။ ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ပုဏ္ဏားတို့သည် ကုသိုလ် တရား၌လည်းကောင်း၊ ဈာန်တရား၌လည်းကောင်း မွေ့လျော်ပျော်ပိုက်ကြကုန်၏။ ဤ (ယခုကာလ) ပုဏ္ဏားတို့သည်ကား (ထိုတရားတို့မှ) ဖဲထွက်ကြကုန်ပြီးလျှင် (ငါတို့သည်) ဗေဒင်ကို ရွတ်တတ်ကုန်၏ဟုအမျိုးအနွယ်အားဖြင့် မာန်ယစ်ကြကုန်လျက် မညီမျှမသင့်တင့်သော အမှုကို ပြုကျင့်ကြကုန်၏၊ ဤပုဏ္ဏားတို့သည် အမျက်ဒေါသ နှိပ်စက်အပ်ကုန်သည် ဖြစ်၍ အထူးထူးအပြားပြားသော တုတ်တို့ကိုစွဲကိုင်ကုန် လျက် တဏှာရှိသူ တဏှာမဲ့သူတို့၌ ဆန့်ကျင်ကြကုန်၏။ (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါး မရှိသူအား “အိပ်မက်၌ ရသော ယောကျာ်း၏ ဥစ္စာတို့ကဲ့သို့”အလုံးစုံသော အကျင့်တို့သည် အချည်းနှီးသာ ဖြစ်ကုန်၏။ အစာ မစားခြင်းလည်းကောင်း၊ မြက်စိမ်းခင်းသော မြေ၌ အိပ်ခြင်းလည်းကောင်း၊ နံနက် စောစော ရေချိုးခြင်းလည်းကောင်း၊ ဗေဒင်သုံးပုံသင်ခြင်းလည်းကောင်း။ ကြမ်းထမ်းသော သစ်နက်ရေရှိခြင်းလည်းကောင်း၊ ဆံကျစ်ရှိခြင်းလည်းကောင်း၊ သွားချေးရှိခြင်းလည်းကောင်း၊ မန္တာန်ရွတ်ခြင်းလည်းကောင်း၊ နွား၏ အလေ့ နွား၏ အကျင့်ဖြစ်သောပုဏ္ဏားအကျင့်လည်းကောင်း၊ အပြစ်ကို ဖုံးကွယ်ခြင်းလည်းကောင်း၊ ကောက်ကွေးသော တုတ်ကိုကိုင်ခြင်းလည်းကောင်း၊ ရေဖြင့် မျက်နှာကို ဆေးခြင်းလည်းကောင်း ဤအကျင့်တို့သည် အာမိသဘဏ္ဍာတိုးပွားခြင်းငှါ ပြုအပ်သော ဘဏ္ဍာတို့၏ ဂုဏ်တို့တည်း။ (ရှေးဟောင်းပုဏ္ဏားတို့၏) စိတ်သည်ကား ကောင်းစွာ တည်ကြည်၏၊ အလွန် ကြည်လင်၏၊ နောက်ကျုခြင်း ကင်း၏၊ သတ္တဝါအားလုံးတို့၌ ဆူးငြောင့်ဟူ၍ မရှိ၊ (နူးညံ့၏)၊ ထိုအကျင့်သည်မြတ်သောဘုံသို့ ရောက်ခြင်းငှါ လမ်းကြောင်း ဖြစ်၏”ဟု ရွတ်ဆို၏။ ထိုအခါ ထိုလုလင်တို့သည် အမျက်ထွက်ကုန် နှလုံးမသာယာကုန်သည် ဖြစ်၍ လောဟိစ္စပုဏ္ဏား ထံသို့ချဥ်းကပ်လျက် “ဆရာကြီး သိတော်မူပါလော့၊ မဟာကစ္စည်းရဟန်းသည် ပုဏ္ဏားတို့၏ မန္တာန်ကိုတစ်ဖက်သတ် ကဲ့ရဲ့ပါ၏၊ ဆဲရေးတားမြစ်ပါ၏”ဟု ပြောဆိုကုန်၏။ ဤသို့ပြောဆိုကြသော်လောဟိစ္စပုဏ္ဏားသည် အမျက်ထွက်သော်လည်း နှလုံးမသာယာ ဖြစ်သော်လည်း “ငါသည် လုလင်တို့၏စကားကိုသာ ကြား၍ မဟာကစ္စည်းရဟန်းကို ဆဲရေးငြားအံ့၊ ဆန့်ကျင်ငြားအံ့၊ ရေရွတ်ငြားအံ့၊ စင်စစ်မသင့်လျော်၊ ငါသည် မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ မေးရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။ ထို့နောက် လောဟိစ္စပုဏ္ဏားသည် ထိုလုလင်တို့နှင့် အတူ အသျှင်မဟာကစ္စည်းထံသို့ ချဥ်းကပ်၍ အသျှင်မဟာကစ္စည်းနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်မဟာကစ္စည်းအား-“အသျှင်ကစ္စည်း အကျွန်ုပ်တို့၏ များစွာကုန်သောထင်းခွေသမား တပည့်လုလင်တို့သည် ဤအရပ်သို့ လာရောက်ကြပါကုန်သလော”ဟု ဤစကားကို ဆို၏။ ပုဏ္ဏား သင်၏ များစွာကုန်သော ထင်းခွေသမား တပည့်လုလင်တို့သည် ဤအရပ်သို့ရောက်လာကုန်၏ဟု မိန့်တော်မူ၏၊ အသျှင်ကစ္စည်းသည် ထိုလုလင်တို့နှင့် အတူ တစ်စုံတစ်ရာစကားပြောဆိုမှု ဖြစ်ပါသလော။ ပုဏ္ဏား ငါသည် ထိုလုလင်တို့နှင့် အတူ စကားပြောဆိုမှု ဖြစ်၏။ အသျှင်ကစ္စည်းသည် ထိုလုလင်တို့နှင့် အတူ အဘယ်သို့ စကားပြောဆိုမှု ဖြစ်ပါသနည်း၊ ပုဏ္ဏား ငါသည်ထိုလုလင်တို့နှင့် အတူ ဤသို့ စကား ပြောဆိုမှု ဖြစ်၏- ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ရှေး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည်သီလကိုသာလျှင် အမြတ်ထားကုန်၏။ပ။ သတ္တဝါအားလုံးတို့၌ ဆူးငြောင့်ဟူ၍ မရှိ၊ (နူးညံ့၏)၊ ထိုအကျင့်သည် မြတ်သော ဘုံသို့ ရောက်ခြင်းငှါ လမ်းကြောင်း ဖြစ်၏။ ပုဏ္ဏား ငါသည် ထိုလုလင်တို့နှင့် အတူ ဤသို့ စကားပြောဆိုမှု ဖြစ်၏ဟု (မိန့်ဆို၏)။ “ (ဣန္ဒြေတို့၌ ) မလုံခြုံသော တံခါးရှိသူ”ဟု အသျှင်ကစ္စည်း ဆို၏၊ အဘယ်မျှလောက်ဖြင့် မလုံခြုံသော တံခါးရှိသူ ဖြစ်ပါသနည်းဟု လျှောက်၏။ ပုဏ္ဏား ဤလောက၌ တစ်စုံတစ်ယောက်သော သူသည် မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်ထွက်၏၊ မထင်သော သတိရှိရကား ကျဥ်းမြောင်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်ပညာ ကိုဟုတ်တိုင်းမှန်စွာ မသိ။ နားဖြင့် အသံကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသော်။ လျှာဖြင့် အရသာကို လျက် သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘောရှိသောသဘောတရား၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်ထွက်၏၊ မထင်သောသတိရှိရကား ကျဥ်းမြောင်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီးဖြစ်ဆဲ ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်ပညာ ကိုဟုတ်တိုင်းမှန်စွာ မသိ။ ပုဏ္ဏား ဤသို့လျှင် (ဣန္ဒြေတို့၌ ) မလုံခြုံသောတံခါးရှိသူ ဖြစ်၏ဟု မိန့် တော်မူ၏။ အသျှင်ကစ္စည်း အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စည်း မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ကစ္စည်းသည်အမှန်အတိုင်း (ဣန္ဒြေတို့၌ ) မလုံခြုံသော တံခါးရှိသူကိုသာ မလုံခြုံသော တံခါးရှိသူဟု ဆိုအပ်ပါ၏။ အသျှင်ကစ္စည်းသည် “ (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ”ဟု ဆို၏၊ အသျှင်ကစ္စည်း အဘယ်မျှလောက်ဖြင့် (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ ဖြစ်ပါသနည်းဟု လျှောက်၏။ ပုဏ္ဏား ဤလောက၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသောအဆင်း၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်မထွက်၊ ထင်သော သတိရှိရကားကျယ်ဝန်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သောယုတ်ညံ့သော အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုဟုတ်တိုင်းမှန်စွာ သိ၏။ နားဖြင့် အသံကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသော်။ လျှာဖြင့် အရသာကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘော ရှိသောသဘောတရား၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်မထွက်၊ ထင်သောသတိရှိရကား ကျယ်ဝန်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ့ဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုဟုတ်တိုင်းမှန်စွာ သိ၏။ ပုဏ္ဏား ဤသို့လျှင် (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ကစ္စည်း အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စည်း မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ကစ္စည်းသည်အမှန်အတိုင်း (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူကိုသာ (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူဟု ဆိုအပ်ပါ၏။ အသျှင်ကစ္စည်း နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ကစ္စည်း နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ကစ္စည်းမှောက်ထားသောဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသောဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူ အသျှင်ကစ္စည်းသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူ၏။ အသျှင်ကစ္စည်း ထိုအကျွန်ုပ်သည် ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ကစ္စည်းသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။ အသျှင်ကစ္စည်းသည် မက္ကရကတမြို့ဝယ် ဥပါသကာအမျိုးတို့သို့ ချဥ်းကပ်သကဲ့သို့ ဤအတူလောဟိစ္စအမျိုးသို့လည်း ချဥ်းကပ်တော်မူပါ၊ ထိုအမျိုး၌ အကြင်လုလင်ပျို လုလင်ပျိုမတို့သည် အသျှင်ကစ္စည်းကို ရှိခိုးကြကုန်လတ္တံ့၊ ခရီးဦးကြိုဆိုကုန်လတ္တံ့။ နေရာကိုလည်းကောင်း၊ ရေကိုလည်းကောင်းပေးလှူကြကုန်လတ္တံ့။ ထိုလုလင်ပျို လုလင်ပျိုမတို့အား ထိုရှိခိုးခြင်းစသော အမှုသည် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။ နဝမသုတ်။
Linked Discourses 35.132 13. Householders With Lohicca At one time Venerable Mahākaccāna was staying in the land of the Avantis in a wilderness hut near Makkarakaṭa. Then several students, pupils of the brahmin Lohicca, approached Mahākaccāna’s wilderness hut while collecting firewood. They walked and wandered all around the hut, making a colossal racket and all kinds of jeers: “These shavelings, fake ascetics, primitives, black spawn from the feet of our kinsman, the Lord! They’re honored, respected, revered, venerated, and esteemed by so-called inheritors of Vedic culture.” Then Mahākaccāna left his dwelling and said to those young students, “Young students, stop being so noisy. I will speak to you on the teaching.” When this was said, the young students fell silent. Then Mahākaccāna recited these verses for them: “For the brahmins of old, ethics were the highest; they remembered the ancient legends. Their sense doors were guarded, well protected, and they had mastered anger. Those brahmins who remembered <j>the ancient legends enjoyed virtue and absorption. But these have lost their way. <j>Saying, ‘We must pray’, they live out of balance, judging by clan. Mastered by anger, they take up many arms, indifferent to those with craving and without. All is vain for someone <j>who doesn’t guard the sense doors, like the wealth a person finds in a dream. Fasting, sleeping on bare ground, bathing at daybreak, the three Vedas, rough hides, dreadlocks, and mud, hymns, precepts and observances, <j>and fervent austerities, fawning, bent staffs, and sipping water. These emblems of the brahmins are only used to generate profits. A mind that’s serene, clear and unclouded, kind to all creatures: that’s the path to attainment of divinity!” Then those young students, offended and upset, went to the brahmin Lohicca and said to him, “Please, master, you should know this. The ascetic Mahākaccāna condemns and rejects outright the hymns of the brahmins!” When they said this, Lohicca was offended and upset. Then he thought, “But it wouldn’t be appropriate for me to abuse or insult the ascetic Mahākaccāna solely because of what I’ve heard from these young students. Why don’t I go and ask him about it?” Then the brahmin Lohicca together with those young students went to Venerable Mahākaccāna and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to him, “Master Kaccāna, did several young pupils of mine come by here collecting firewood?” “They did, brahmin.” “But did you have some discussion with them?” “I did.” “But what kind of discussion did you have with them?” “This is the discussion I had with these young students.” And he repeated the verses in full. “Worthy Kaccāna spoke of someone who doesn’t guard the sense doors. How do you define someone who doesn’t guard the sense doors?” “Brahmin, take someone who sees a sight with their eyes. If it’s pleasant they hold on to it, but if it’s unpleasant they dislike it. They live with mindfulness of the body unestablished and their heart stunted. And they don’t truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, if it’s pleasant they hold on to it, but if it’s unpleasant they dislike it. They live with mindfulness of the body unestablished and their heart stunted. And they don’t truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. That’s how someone doesn’t guard the sense doors.” “It’s incredible, worthy Kaccāna, it’s amazing! How accurately you’ve explained someone whose sense doors are unguarded! You also spoke of someone who does guard the sense doors. How do you define someone who does guard the sense doors?” “Brahmin, take a mendicant who sees a sight with their eyes. If it’s pleasant they don’t hold on to it, and if it’s unpleasant they don’t dislike it. They live with mindfulness of the body established and a limitless heart. And they truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. When they hear a sound with their ears … When they smell an odor with their nose … When they taste a flavor with their tongue … When they feel a touch with their body … When they know an idea with their mind, if it’s pleasant they don’t hold on to it, and if it’s unpleasant they don’t dislike it. They live with mindfulness of the body established and a limitless heart. And they truly understand the freedom of heart and freedom by wisdom where those arisen bad, unskillful qualities cease without remainder. That’s how someone guards the sense doors.” “It’s incredible, worthy Kaccāna, it’s amazing! How accurately you’ve explained someone whose sense doors are guarded! Excellent, worthy Kaccāna! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, the worthy Kaccāna has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may the worthy Kaccāna remember me as a lay follower who has gone for refuge for life. Please come to my family just as you go to the families of the lay followers in Makkarakaṭa. The brahmin boys and girls there will bow to you, rise in your presence, and give you a seat and water. That will be for their lasting welfare and happiness.”
၁၀။ ဝေရဟစ္စာနိသုတ္တံ
၁၃၃။ ဧကံ သမယံ အာယသ္မာ ဥဒါယီ ကာမဏ္ဍာယံ ဝိဟရတိ တောဒေယျဿ ဗြာဟ္မဏဿ အမ္ဗဝနေ။ အထ ခေါ ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ အန္တေဝါသီ မာဏဝကော ယေနာယသ္မာ ဥဒါယီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ ဥဒါယိနာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ မာဏဝကံ အာယသ္မာ ဥဒါယီ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ သော မာဏဝကော အာယသ္မတာ ဥဒါယိနာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ယေန ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဝေရဟစ္စာနိဂေါတ္တံ ဗြာဟ္မဏိံ ဧတဒဝေါစ – ‘‘ယဂ္ဃေ, ဘောတိ, ဇာနေယျာသိ [ဘောတိ ဇာနေယျ (သီ။ ပီ။ က။), ဘောတီ ဇာနေယျ (သျာ။ ကံ။)]! သမဏော ဥဒါယီ ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ, သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတီ’’တိ။
‘‘တေန ဟိ တွံ, မာဏဝက, မမ ဝစနေန သမဏံ ဥဒါယိံ နိမန္တေဟိ သွာတနာယ ဘတ္တေနာ’’တိ။ ‘‘ဧဝံ ဘောတီ’’တိ ခေါ သော မာဏဝကော ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ ပဋိဿုတွာ ယေနာယသ္မာ ဥဒါယီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘အဓိဝါသေတု ကိရ, ဘဝံ, ဥဒါယိ, အမှာကံ အာစရိယဘရိယာယ ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ သွာတနာယ ဘတ္တ’’န္တိ။ အဓိဝါသေသိ ခေါ အာယသ္မာ ဥဒါယီ တုဏှီဘာဝေန။ အထ ခေါ အာယသ္မာ ဥဒါယီ တဿာ ရတ္တိယာ အစ္စယေန ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ အာယသ္မန္တံ ဥဒါယိံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ အာယသ္မန္တံ ဥဒါယိံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ ပါဒုကာ အာရောဟိတွာ ဥစ္စေ အာသနေ နိသီဒိတွာ သီသံ ဩဂုဏ္ဌိတွာ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘ဘဏ, သမဏ, ဓမ္မ’’န္တိ။ ‘‘ဘဝိဿတိ, ဘဂိနိ, သမယော’’တိ ဝတွာ ဥဋ္ဌာယာသနာ ပက္ကမိ [ပက္ကာမိ (သျာ။ ကံ။ ပီ။)]။
ဒုတိယမ္ပိ ခေါ သော မာဏဝကော ယေနာယသ္မာ ဥဒါယီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ ဥဒါယိနာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ တံ မာဏဝကံ အာယသ္မာ ဥဒါယီ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ ဒုတိယမ္ပိ ခေါ သော မာဏဝကော အာယသ္မတာ ဥဒါယိနာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ယေန ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဝေရဟစ္စာနိဂေါတ္တံ ဗြာဟ္မဏိံ ဧတဒဝေါစ – ‘‘ယဂ္ဃေ, ဘောတိ, ဇာနေယျာသိ! သမဏော ဥဒါယီ ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ, သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတီ’’တိ။
‘‘ဧဝမေဝံ ပန တွံ, မာဏဝက, သမဏဿ ဥဒါယိဿ ဝဏ္ဏံ ဘာသသိ။ သမဏော ပနုဒါယီ ‘ဘဏ, သမဏ, ဓမ္မ’န္တိ ဝုတ္တော သမာနော ‘ဘဝိဿတိ, ဘဂိနိ, သမယော’တိ ဝတွာ ဥဋ္ဌာယာသနာ ပက္ကန္တော’’တိ။ ‘‘တထာ ဟိ ပန တွံ, ဘောတိ, ပါဒုကာ အာရောဟိတွာ ဥစ္စေ အာသနေ နိသီဒိတွာ သီသံ ဩဂုဏ္ဌိတွာ ဧတဒဝေါစ – ‘ဘဏ, သမဏ, ဓမ္မ’န္တိ။ ဓမ္မဂရုနော ဟိ တေ ဘဝန္တော ဓမ္မဂါရဝါ’’တိ။ ‘‘တေန ဟိ တွံ, မာဏဝက, မမ ဝစနေန သမဏံ ဥဒါယိံ နိမန္တေဟိ သွာတနာယ ဘတ္တေနာ’’တိ။ ‘‘ဧဝံ, ဘောတီ’’တိ ခေါ သော မာဏဝကော ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ ပဋိဿုတွာ ယေနာယသ္မာ ဥဒါယီ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘အဓိဝါသေတု ကိရ ဘဝံ ဥဒါယီ အမှာကံ အာစရိယဘရိယာယ ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ သွာတနာယ ဘတ္တ’’န္တိ။ အဓိဝါသေသိ ခေါ အာယသ္မာ ဥဒါယီ တုဏှီဘာဝေန။
အထ ခေါ အာယသ္မာ ဥဒါယီ တဿာ ရတ္တိယာ အစ္စယေန ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဝေရဟစ္စာနိဂေါတ္တာယ ဗြာဟ္မဏိယာ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ အာယသ္မန္တံ ဥဒါယိံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေသိ သမ္ပဝါရေသိ။ အထ ခေါ ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ အာယသ္မန္တံ ဥဒါယိံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ ပါဒုကာ ဩရောဟိတွာ နီစေ အာသနေ နိသီဒိတွာ သီသံ ဝိဝရိတွာ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘ကိသ္မိံ နု ခေါ, ဘန္တေ, သတိ အရဟန္တော သုခဒုက္ခံ ပညပေန္တိ, ကိသ္မိံ အသတိ အရဟန္တော သုခဒုက္ခံ န ပညပေန္တီ’’တိ?
‘‘စက္ခုသ္မိံ ခေါ, ဘဂိနိ, သတိ အရဟန္တော သုခဒုက္ခံ ပညပေန္တိ, စက္ခုသ္မိံ အသတိ အရဟန္တော သုခဒုက္ခံ န ပညပေန္တိ…ပေ… ဇိဝှါယ သတိ အရဟန္တော သုခဒုက္ခံ ပညပေန္တိ, ဇိဝှါယ အသတိ အရဟန္တော သုခဒုက္ခံ န ပညပေန္တိ…ပေ…။ မနသ္မိံ သတိ အရဟန္တော သုခဒုက္ခံ ပညပေန္တိ, မနသ္မိံ အသတိ အရဟန္တော သုခဒုက္ခံ န ပညပေန္တီ’’တိ။
ဧဝံ ဝုတ္တေ, ဝေရဟစ္စာနိဂေါတ္တာ ဗြာဟ္မဏီ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ, ဘန္တေ၊ အဘိက္ကန္တံ, ဘန္တေ! သေယျထာပိ, ဘန္တေ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ, စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ၊ ဧဝမေဝံ အယျေန ဥဒါယိနာ အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ, အယျ ဥဒါယိ, တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ, ဓမ္မဉ္စ, ဘိက္ခုသံဃဉ္စ။ ဥပါသိကံ မံ အယျော ဥဒါယီ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။ ဒသမံ။
ဂဟပတိဝဂ္ဂေါ တေရသမော။
တဿုဒ္ဒါနံ –
ဝေသာလီ ဝဇ္ဇိ နာဠန္ဒာ, ဘာရဒွါဇ သောဏော စ ဃောသိတော၊
ဟာလိဒ္ဒိကော နကုလပိတာ, လောဟိစ္စော ဝေရဟစ္စာနီတိ။
၁၀-ဝေရဟစ္စာနိသုတ် ၁၃၃။ အခါတစ်ပါး၌ အသျှင်ဥဒါယီသည် ကာမဏ္ဍမြို့ဝယ် တောဒေယျပုဏ္ဏား၏ သရက်ဥယျာဥ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေရဟစ္စာနိအနွယ်ဖြစ်သော ပုဏ္ဏေးမ၏တပည့်လုလင်ငယ်သည် အသျှင်ဥဒါယီထံသို့ ချဥ်းကပ်၍ အသျှင်ဥဒါယီနှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်ထိုလုလင်ငယ်ကို အသျှင်ဥဒါယီသည် တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကိုဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ ထိုလုလင်ငယ်သည် အသျှင်ဥဒါယီက တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက်တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှ ထကာဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမထံသို့ ချဥ်းကပ်လျက် ဤစကားကို ပြောဆို၏- “အရှင်မ သိတော်မူပါလော့၊ ရဟန်းဥဒါယီသည် အစ၌ ကောင်းခြင်းရှိသော အလယ်၌ ကောင်းခြင်းရှိသော အဆုံး၌ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏”ဟု ဆို၏။ လုလင်ငယ် သို့ဖြစ်လျှင်သင်သည် ငါ၏ စကားဖြင့် ရဟန်းဥဒါယီကို နက်ဖြန်အလို့ငှါ ဆွမ်းဖြင့် ဖိတ်ချေလော့ဟု ဆို၏၊ “အရှင်မကောင်းပါပြီ”ဟု လုလင်ငယ်သည် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား ပြန်ကြားပြောဆိုပြီးလျှင် အသျှင်ဥဒါယီထံသို့ ချဥ်းကပ်၍ အသျှင်ဥဒါယီအား- “အသျှင်ဥဒါယီသည် အကျွန်ုပ်တို့၏ ဆရာကတော်ဖြစ်သောဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ နက်ဖြန်အလို့ငှါ ဖိတ်အပ်သော ဆွမ်းကို လက်ခံတော်မူပါ”ဟု (လျှောက့်ထား၏)။ အသျှင်ဥဒါယီသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။ ထို့နောက် အသျှင်ဥဒါယီသည် ထိုညဥ့်လွန်သဖြင့် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူလျက် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ အိမ်သို့ ချဥ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ အသျှင်ဥဒါယီသည် ဆွမ်းဘုဥ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ ဝေရဟစ္စာနိအနွယ်ဖြစ်သော ပုဏ္ဏေးမသည် ခြေနင်းစီးလျက် နေရာမြင့်၌ ထိုင်ကာ ဦးခေါင်းကို ခြုံပြီးလျှင် “အသျှင်ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဤစကားကို ပြောဆို၏။ “နှမ တရားဟောရန် အချိန်အခါသည် ဖြစ်လတ္တံ့”ဟု ဆို၍ နေရာမှ ထကာပြန်သွားလေ၏။ ဒုတိယအကြိမ်လည်း ထိုလုလင်ငယ်သည် အသျှင်ဥဒါယီထံသို့ ချဥ်းကပ်၍ အသျှင်ဥဒါယီနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် ထိုလုလင်ငယ်ကို အသျှင်ဥဒါယီသည် တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာပြလျက် တရားကို ဆောက်တည်စေကာ တရားကို ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ဒုတိယအကြိမ်လည်း ထိုလုလင်ငယ်သည် အသျှင်ဥဒါယီက တရားစကားဖြင့် အကျိုးစီးပွားကိုကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှ ထကာ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမထံသို့ ချဥ်းကပ်၍ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား“အရှင်မ သိတော်မူပါလော့၊ ရဟန်းဥဒါယီသည် အစ၌ ကောင်းခြင်းရှိသော အလယ်၌ ကောင်းခြင်းရှိသော အဆုံး၌ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏”ဟုပြောဆို၏။ လုလင်ငယ် သင်သည် ရဟန်းဥဒါယီ၏ ကျေးဇူးကို ဤသို့ ပြောဆို၏၊ ထိုရဟန်းဥဒါယီသည်ကား“ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဆိုသော် ‘နှမ တရားဟောရန် အချိန်အခါသည် ဖြစ်လတ္တံ့”ဟု ဆို၍ နေရာမှ ထကာ ပြန်သွားလေ၏ဟု ဆို၏။ အရှင်မ သင်သည် ခြေနင်းကို စီးလျက် နေရာမြင့်၌ ထိုင်ကာ ဦးခေါင်းခြုံပြီးလျှင် “ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဤသို့ ဆိုသောကြောင့်သာဖြစ်၏။ ထိုအသျှင်တို့သည် တရားကို လေးစားကုန်၏၊ တရားကို ရိုသေခြင်းရှိကုန်၏ဟု ဆို၏။ လုလင်ငယ် သို့ဖြစ်လျှင် သင်သည် ငါ၏ စကားဖြင့် ရဟန်းဥဒါယီကို နက်ဖြန်အလို့ငှါ ဆွမ်းဖြင့်ဖိတ်ချေဦးလော့ဟု ဆို၏၊ “အရှင်မ ကောင်းပါပြီ”ဟု ထိုလုလင်ငယ်သည် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား ပြောကြားပြီးလျှင် အသျှင်ဥဒါယီထံသို့ ချဥ်းကပ်၍ အသျှင်ဥဒါယီအား-“အသျှင်ဥဒါယီသည်အကျွန်ုပ် တို့၏ ဆရာကတော် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ နက်ဖြန်အလို့ငှါ ဖိတ်အပ်သော ဆွမ်းကိုလက်ခံ တော်မူပါလော့”ဟု လျှောက်ထား၏။ အသျှင်ဥဒါယီသည် ဆိတ်ဆိတ် နေခြင်းဖြင့်လက်ခံတော်မူ၏။ ထို့နောက် အသျှင်ဥဒါယီသည် ထိုညဥ့်လွန်သဖြင့် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူလျက် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ အိမ်သို့ ချဥ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီကို မွန်မြတ်သော ခဲဖွယ်ဘောဇဥ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ အသျှင်ဥဒါယီသည် ဆွမ်းဘုဥ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် ခြေနင်းကို ချွတ်လျက်နေရာနိမ့်၌ ထိုင်ကာ ဦးခေါင်းဖွင့်ပြီးလျှင် “အသျှင်ဘုရား ရဟန္တာတို့သည် အဘယ်တရားရှိသော်ချမ်းသာဆင်းရဲကို ပညတ်ပါကုန်သနည်း၊ အဘယ်တရား မရှိသော် ချမ်းသာဆင်းရဲကို့မပညတ်ပါကုန်သနည်း”ဟု လျှောက်၏။ နှမ မျက်စိရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ မျက်စိ မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်။ပ။ လျှာရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ လျှာ မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်။ပ။ စိတ်ရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ စိတ် မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်ဟု မိန့်ဆို၏။ ဤသို့ ဟောတော်မူသော် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီအား ဤစကားကိုလျှောက်ထား၏- “အသျှင်ဘုရား အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဘုရား မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူ အသျှင်ဥဒါယီသည်အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူပါပေ၏။ အသျှင်ဥဒါယီ ထိုတပည့်တော်မသည်ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်ပါ၏။ အသျှင်ဥဒါယီသည် တပည့်တော်မကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသိကာမ”ဟု အမှတ်ပြုတော်မူပါဟု လျှောက်၏။ ဒသမသုတ်။ သုံးခုမြောက် ဂဟပတိဝဂ် ပြီး၏။ (၁၄) ၄-ဒေဝဒဟဝဂ် ၁-ဒေဝဒဟသုတ်
Linked Discourses 35.133 13. Householders Verahaccāni At one time Venerable Udāyī was staying near Kāmaṇḍā in the brahmin Todeyya’s mango grove. Then a boy who was a pupil of the brahmin lady of the Verahaccāni clan went up to Udāyī and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side. Udāyī educated, encouraged, fired up, and inspired that young student with a Dhamma talk. Then that young student went to the brahmin lady of the Verahaccāni clan and said to her, “Please, madam, you should know this. The ascetic Udāyī teaches Dhamma that’s good in the beginning, good in the middle, and good in the end, meaningful and well-phrased. And he reveals a spiritual practice that’s entirely full and pure.” “Then, young student, invite him in my name for tomorrow’s meal.” “Yes, madam,” he replied. He went to Udāyī and said, “Would Worthy Udāyī please accept an offering of tomorrow’s meal from my tutor’s wife, the brahmin lady of the Verahaccāni clan?” Udāyī consented with silence. Then when the night had passed, Udāyī robed up in the morning and, taking his bowl and robe, went to the brahmin lady’s home, and sat down on the seat spread out. Then the brahmin lady served and satisfied Udāyī with her own hands with delicious fresh and cooked foods. When Udāyī had eaten and washed his hand and bowl, she put on a pair of slippers, sat on a high seat, covered her head, and said to him, “Ascetic, preach the Dhamma.” “There will be an occasion for that, sister,” he replied, then rose from his seat and left. For a second time that young student went to Venerable Udāyī … And for a second time that young student went to the brahmin lady of the Verahaccāni clan … She said to him, “You keep praising the ascetic Udāyī like this. But when I asked him to preach the Dhamma he just said that there would be an occasion for that, and then he got up and left.” “Madam, that’s because you put on a pair of slippers, sat on a high seat, and covered your head before inviting him to teach. For the good sirs respect the teaching.” “Then, young student, invite him in my name for tomorrow’s meal.” “Yes, madam,” he replied. … Then the brahmin lady served and satisfied Udāyī with her own hands with delicious fresh and cooked foods. When Udāyī had eaten and washed his hand and bowl, she took off her slippers, sat on a low seat, uncovered her head, and said to him, “Sir, when what exists do the perfected ones assert that there is pleasure and pain? When what doesn’t exist do the perfected ones not declare that there is pleasure and pain?” “Sister, when there’s an eye, the perfected ones assert that there is pleasure and pain. When there’s no eye, the perfected ones don’t declare that there is pleasure and pain. When there’s an ear … nose … tongue … body … mind, the perfected ones assert that there is pleasure and pain. When there’s no mind, the perfected ones don’t declare that there is pleasure and pain.” When he said this, the brahmin lady said to Udāyī, “Excellent, sir! Excellent! As if he were righting the overturned, or revealing the hidden, or pointing out the path to the lost, or lighting a lamp in the dark so people with clear eyes can see what’s there, Master Udāyī has made the teaching clear in many ways. I go for refuge to the Buddha, to the teaching, and to the mendicant Saṅgha. From this day forth, may Master Udāyī remember me as a lay follower who has gone for refuge for life.”
၁၄။ ဒေဝဒဟဝဂ္ဂေါ
၁။ ဒေဝဒဟသုတ္တံ
၁၃၄။ ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ဒေဝဒဟံ နာမ သကျာနံ နိဂမော။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘နာဟံ, ဘိက္ခဝေ, သဗ္ဗေသံယေဝ ဘိက္ခူနံ ဆသု ဖဿာယတနေသု အပ္ပမာဒေန ကရဏီယန္တိ ဝဒါမိ, န စ ပနာဟံ, ဘိက္ခဝေ, သဗ္ဗေသံယေဝ ဘိက္ခူနံ ဆသု ဖဿာယတနေသု နာပ္ပမာဒေန ကရဏီယန္တိ ဝဒါမိ။ ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အရဟန္တော ခီဏာသဝါ ဝုသိတဝန္တော ကတကရဏီယာ ဩဟိတဘာရာ အနုပ္ပတ္တသဒတ္ထာ ပရိက္ခီဏဘဝသံယောဇနာ သမ္မဒညာ ဝိမုတ္တာ, တေသာဟံ, ဘိက္ခဝေ, ဘိက္ခူနံ ဆသု ဖဿာယတနေသု နာပ္ပမာဒေန ကရဏီယန္တိ ဝဒါမိ။ တံ ကိဿ ဟေတု? ကတံ တေသံ အပ္ပမာဒေန, အဘဗ္ဗာ တေ ပမဇ္ဇိတုံ။ ယေ စ ခေါ တေ, ဘိက္ခဝေ, ဘိက္ခူ သေက္ခာ [သေခါ (သီ။ သျာ။ ကံ။ ပီ။ က။)] အပ္ပတ္တမာနသာ အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနာ ဝိဟရန္တိ, တေသာဟံ, ဘိက္ခဝေ, ဘိက္ခူနံ ဆသု ဖဿာယတနေသု အပ္ပမာဒေန ကရဏီယန္တိ ဝဒါမိ။ တံ ကိဿ ဟေတု? သန္တိ, ဘိက္ခဝေ, စက္ခုဝိညေယျာ ရူပါ မနောရမာပိ, အမနောရမာပိ။ တျာဿ ဖုဿ ဖုဿ စိတ္တံ န ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော အပရိယာဒါနာ အာရဒ္ဓံ ဟောတိ ဝီရိယံ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ [အပမ္မုဋ္ဌာ (သီ။), အပ္ပမုဋ္ဌာ (သျာ။ ကံ။)], ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂံ။ ဣမံ ခွါဟံ, ဘိက္ခဝေ, အပ္ပမာဒဖလံ သမ္ပဿမာနော တေသံ ဘိက္ခူနံ ဆသု ဖဿာယတနေသု အပ္ပမာဒေန ကရဏီယန္တိ ဝဒါမိ…ပေ… သန္တိ, ဘိက္ခဝေ, မနောဝိညေယျာ ဓမ္မာ မနောရမာပိ အမနောရမာပိ။ တျာဿ ဖုဿ ဖုဿ စိတ္တံ န ပရိယာဒါယ တိဋ္ဌန္တိ။ စေတသော အပရိယာဒါနာ အာရဒ္ဓံ ဟောတိ ဝီရိယံ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ, ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂံ။ ဣမံ ခွါဟံ, ဘိက္ခဝေ, အပ္ပမာဒဖလံ သမ္ပဿမာနော တေသံ ဘိက္ခူနံ ဆသု [ဆဿု (သီ။)] ဖဿာယတနေသု အပ္ပမာဒေန ကရဏီယန္တိ ဝဒါမီ’’တိ။ ပဌမံ။
၁၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ရဟန်းအားလုံးတို့သည်ပင် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟုငါ မဆို၊ ရဟန်းအားလုံးတို့သည်ပင် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့မပြုရဟုလည်း ငါ မဆို။ ရဟန်းတို့ ရဟန္တာဖြစ်ကုန်သော အာသဝေါကုန်ခန်းပြီးကုန်သော အကျင့်မြတ်ကို ကျင့်သုံးပြီးကုန် သောပြုဖွယ်အားလုံးကို ပြုပြီးကုန်သော သံသရာဝန်ကို ချပြီးကုန်သော ကိုယ်ကျိုးစီးပွားသို့ ရောက်ပြီးကုန်သော ကုန်ပြီးသော ဘဝနှောင်ကြိုးရှိကုန်သော (ကိလေသာမှ) ကောင်းစွာ လွတ်ပြီးကုန်သော ရဟန်းတို့သည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ မဆို။ ထိုသို့ မဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုရဟန်းတို့အား မမေ့မလျော့ခြင်းသည် အဘယ်မှာရှိအံ့နည်း၊ ထိုရဟန်းတို့သည် မေ့လျော့ခြင်းငှါ မထိုက်ကုန်။ ရဟန်းတို့ ကျင့်ဆဲဖြစ်ကုန်သော အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော အတုမရှိသော ယောဂ၏ကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် နေကုန်သော ရဟန်းတို့သည်ကား တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏။ ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်နှလုံးမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော စိတ်နှလုံးမမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းတို့သည် ထိုရဟန်း၏ စိတ်ကိုတွေ့၍ တွေ့၍ သိမ်းကျုံးဆွဲဲဆောင်ကာ မတည်နိုင်ကုန်၊ စိတ်ကို မသိမ်းကျုံး မဆွဲဲဆောင်နိုင်ခြင်းကြောင့့်မတွန့်တိုသော လုံ့လကို အားထုတ်အပ်၏၊ မေ့လျော့ခြင်း မရှိသော သတိသည် ထင်၏၊ ကိုယ်သည်ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာ တည်၏။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို မြင်သည် ဖြစ်၍ ထိုရဟန်းတို့အားသာ တွေ့ထိမှု၏ တည်ရာ‘ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏။ပ။ ရဟန်းတို့ နှလုံးမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော နှလုံးမမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားတို့သည် ထိုရဟန်း၏စိတ်ကို တွေ့၍ တွေ့၍ သိမ်းကျုံးဆွဲဆောင်ကာ မတည်နိုင်ကုန်၊ စိတ်ကို မသိမ်းကျုံး မဆွဲဆောင်နိုင်ခြင်းကြောင့် မတွန့်တိုသော လုံ့လကို အားထုတ်အပ်၏၊ မေ့လျော့ခြင်းမရှိသော သတိသည် ထင်၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာတည်၏။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို မြင်သည် ဖြစ်၍ ထိုရဟန်းတို့အားသာတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.134 14. At Devadaha At Devadaha At one time the Buddha was staying in the land of the Sakyans, near the Sakyan town named Devadaha. There the Buddha addressed the mendicants: “When it comes to the six fields of contact, mendicants, I don’t say that all mendicants have work to do with diligence, nor do I say that none of them have work to do with diligence. I say that, when it comes to the six fields of contact, mendicants don’t have work to do with diligence if they are perfected, with defilements ended, having completed the spiritual journey, done what had to be done, laid down the burden, achieved their heart’s goal, utterly ended the fetter of continued existence, and become rightly freed through enlightenment. Why is that? They’ve done their work with diligence, and are incapable of negligence. I say that, when it comes to the six fields of contact, mendicants do have work to do with diligence if they are trainees, who haven’t achieved their heart’s desire, but live aspiring to the supreme sanctuary from the yoke. Why is that? There are sights known by the eye that are pleasant and also those that are unpleasant. Though experiencing them again and again they don’t occupy the mind. Their energy is roused up and unflagging, their mindfulness is established and lucid, their body is tranquil and undisturbed, and their mind is immersed and unified in samādhi. Seeing this fruit of diligence, I say that those mendicants have work to do with diligence when it comes to the six fields of contact. … There are ideas known by the mind that are pleasant and also those that are unpleasant. Though experiencing them again and again they don’t occupy the mind. Their energy is roused up and unflagging, their mindfulness is established and lucid, their body is tranquil and undisturbed, and their mind is immersed and unified in samādhi. Seeing this fruit of diligence, I say that those mendicants have work to do with diligence when it comes to the six fields of contact.”
၂။ ခဏသုတ္တံ
၁၃၅။ ‘‘လာဘာ ဝေါ, ဘိက္ခဝေ, သုလဒ္ဓံ ဝေါ, ဘိက္ခဝေ, ခဏော ဝေါ ပဋိလဒ္ဓေါ ဗြဟ္မစရိယဝါသာယ။ ဒိဋ္ဌာ မယာ, ဘိက္ခဝေ, ဆဖဿာယတနိကာ နာမ နိရယာ။ တတ္ထ ယံ ကိဉ္စိ စက္ခုနာ ရူပံ ပဿတိ အနိဋ္ဌရူပံယေဝ ပဿတိ, နော ဣဋ္ဌရူပံ၊ အကန္တရူပံယေဝ ပဿတိ, နော ကန္တရူပံ၊ အမနာပရူပံယေဝ ပဿတိ, နော မနာပရူပံ။ ယံ ကိဉ္စိ သောတေန သဒ္ဒံ သုဏာတိ…ပေ… ယံ ကိဉ္စိ ဃာနေန ဂန္ဓံ ဃာယတိ…ပေ… ယံ ကိဉ္စိ ဇိဝှါယ ရသံ သာယတိ…ပေ… ယံ ကိဉ္စိ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတိ…ပေ… ယံ ကိဉ္စိ မနသာ ဓမ္မံ ဝိဇာနာတိ အနိဋ္ဌရူပံယေဝ ဝိဇာနာတိ, နော ဣဋ္ဌရူပံ၊ အကန္တရူပံယေဝ ဝိဇာနာတိ, နော ကန္တရူပံ၊ အမနာပရူပံယေဝ ဝိဇာနာတိ, နော မနာပရူပံ။ လာဘာ ဝေါ, ဘိက္ခဝေ, သုလဒ္ဓံ ဝေါ, ဘိက္ခဝေ, ခဏော ဝေါ ပဋိလဒ္ဓေါ ဗြဟ္မစရိယဝါသာယ။ ဒိဋ္ဌာ မယာ, ဘိက္ခဝေ, ဆဖဿာယတနိကာ နာမ သဂ္ဂါ။ တတ္ထ ယံ ကိဉ္စိ စက္ခုနာ ရူပံ ပဿတိ ဣဋ္ဌရူပံယေဝ ပဿတိ, နော အနိဋ္ဌရူပံ၊ ကန္တရူပံယေဝ ပဿတိ, နော အကန္တရူပံ၊ မနာပရူပံယေဝ ပဿတိ, နော အမနာပရူပံ…ပေ… ယံ ကိဉ္စိ ဇိဝှါယ ရသံ သာယတိ…ပေ… ယံ ကိဉ္စိ မနသာ ဓမ္မံ ဝိဇာနာတိ ဣဋ္ဌရူပံယေဝ ဝိဇာနာတိ, နော အနိဋ္ဌရူပံ၊ ကန္တရူပံယေဝ ဝိဇာနာတိ, နော အကန္တရူပံ၊ မနာပရူပံယေဝ ဝိဇာနာတိ, နော အမနာပရူပံ။ လာဘာ ဝေါ, ဘိက္ခဝေ, သုလဒ္ဓံ ဝေါ, ဘိက္ခဝေ, ခဏော ဝေါ ပဋိလဒ္ဓေါ ဗြဟ္မစရိယဝါသာယာ’’တိ။ ဒုတိယံ။
၂-ခဏသုတ် ၁၃၅။ ရဟန်းတို့ သင်တို့သည် အရတော်ကြကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးရှိသော ‘ဆဖဿာယတနိက’ ငရဲတို့ကိုငါဘုရား မြင်အပ်ကုန်၏၊ ထိုငရဲ၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သော် မလိုလားအပ်သော သဘောကိုသာ မြင်၏၊ လိုလားအပ်သော သဘောကို မမြင်။ မနှစ်သက်အပ်သော သဘောကိုသာ မြင်၏၊ နှစ်သက် အပ်သော သဘောကို မမြင်။ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကိုသာ မြင်၏၊ စိတ်နှလုံးကို ပွါးစေ တတ်သော သဘောကို မမြင်။ နားဖြင့် အသံအားလုံးကို နားထောင်သည်ရှိသော်။ပ။ နှာခေါင်းဖြင့် အနံ့အားလုံးကို နမ်းရှူသည်ရှိသော်။ လျှာဖြင့် အရသာအားလုံးကို လျက်သည်ရှိသော်။ ကိုယ်ဖြင့် အတွေ့အထိအားလုံးကိုတွေ့ထိသည်ရှိ သော်။ စိတ်ဖြင့် သဘောတရားအားလုံးကို သိသည်ရှိသော် မလိုလားအပ်သောသဘောကိုသာ သိ၏၊ လို လားအပ်သော သဘောကို မသိ။ မနှစ်သက်အပ်သော သဘောကိုသာ သိ၏၊ နှစ်သက်အပ်သော သဘောကို မသိ။ စိတ်နှလုံးကို မပွားစေတတ်သော သဘောကိုသာ သိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော သဘောကို မသိ။ ရဟန်းတို့ သင်တို့သည် အရတော်ကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏။ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးရှိသော ‘ဆဖဿာယတနိက’ နတ်ပြည်တို့ကို ငါဘုရား မြင်အပ်ကုန်၏၊ ထိုနတ်ပြည်တို့၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သည်ရှိသော်လိုလားအပ်သော သဘောကိုသာ မြင်၏၊ မလိုလားအပ်သော သဘောကို မမြင်။ နှစ်သက်အပ်သောသဘောကိုသာ မြင်၏၊ မနှစ်သက်အပ်သော သဘောကို မမြင်။ စိတ်နှလုံးကို ပွါးစေတတ်သော သဘောကိုသာ မြင်၏၊ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကို မမြင်။ပ။ လျှာဖြင့် အရသာအားလုံးကို လျက်သည်ရှိသော်။ပ။ စိတ်ဖြင့် သဘောတရားအားလုံးကို သိသည်ရှိ သော်လိုလားအပ်သော သဘောကိုသာ သိ၏၊ မလိုလားအပ်သော သဘောကို မသိ။ နှစ်သက်အပ်သောသဘောကိုသာ သိ၏၊ မနှစ်သက်အပ်သော သဘောကို မသိ။ စိတ်နှလုံးကို ပွါးစေတတ်သော သဘော့ကိုသာ သိ၏၊ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကို မသိ။ ရဟန်းတို့ သင်တို့သည် အရတော်ကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.135 14. At Devadaha Opportunity “You’re fortunate, mendicants, so very fortunate, to have the opportunity to lead the spiritual life. I’ve seen the hell named ‘Related to the Six Fields of Contact’. There, whatever sight you see with your eye is unlikable, not likable; undesirable, not desirable; unpleasant, not pleasant. Whatever sound you hear … Whatever odor you smell … Whatever flavor you taste … Whatever touch you feel … Whatever idea you know with your mind is unlikable, not likable; undesirable, not desirable; unpleasant, not pleasant. You’re fortunate, mendicants, so very fortunate, to have the opportunity to lead the spiritual life. I’ve seen the heaven called ‘Related to the Six Fields of Contact’. There, whatever sight you see with your eye is likable, not unlikable; desirable, not undesirable; pleasant, not unpleasant. Whatever sound … odor … flavor … touch … Whatever idea you know with your mind is likable, not unlikable; desirable, not undesirable; pleasant, not unpleasant. You’re fortunate, mendicants, so very fortunate, to have the opportunity to lead the spiritual life.”
၃။ ပဌမရူပါရာမသုတ္တံ
၁၃၆။ ‘‘ရူပါရာမာ, ဘိက္ခဝေ, ဒေဝမနုဿာ ရူပရတာ ရူပသမ္မုဒိတာ။ ရူပဝိပရိဏာမဝိရာဂနိရောဓာ ဒုက္ခာ, ဘိက္ခဝေ, ဒေဝမနုဿာ ဝိဟရန္တိ။ သဒ္ဒါရာမာ, ဘိက္ခဝေ, ဒေဝမနုဿာ သဒ္ဒရတာ သဒ္ဒသမ္မုဒိတာ။ သဒ္ဒဝိပရိဏာမဝိရာဂနိရောဓာ ဒုက္ခာ, ဘိက္ခဝေ, ဒေဝမနုဿာ ဝိဟရန္တိ။ ဂန္ဓာရာမာ… ရသာရာမာ… ဖောဋ္ဌဗ္ဗာရာမာ… ဓမ္မာရာမာ, ဘိက္ခဝေ, ဒေဝမနုဿာ ဓမ္မရတာ ဓမ္မသမ္မုဒိတာ။ ဓမ္မဝိပရိဏာမဝိရာဂနိရောဓာ ဒုက္ခာ, ဘိက္ခဝေ, ဒေဝမနုဿာ ဝိဟရန္တိ။ တထာဂတော စ ခေါ, ဘိက္ခဝေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ရူပါနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝံ စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ န ရူပါရာမော န ရူပရတော န ရူပသမ္မုဒိတော။ ရူပဝိပရိဏာမဝိရာဂနိရောဓာ သုခေါ, ဘိက္ခဝေ, တထာဂတော ဝိဟရတိ။ သဒ္ဒါနံ… ဂန္ဓာနံ… ရသာနံ… ဖောဋ္ဌဗ္ဗာနံ… ဓမ္မာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ န ဓမ္မာရာမော, န ဓမ္မရတော, န ဓမ္မသမ္မုဒိတော။ ဓမ္မဝိပရိဏာမဝိရာဂနိရောဓာ သုခေါ, ဘိက္ခဝေ, တထာဂတော ဝိဟရတိ’’။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ရူပါ သဒ္ဒါ ရသာ ဂန္ဓာ, ဖဿာ ဓမ္မာ စ ကေဝလာ၊
ဣဋ္ဌာ ကန္တာ မနာပါ စ, ယာဝတတ္ထီတိ ဝုစ္စတိ။
‘‘သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္ထ စေတေ နိရုဇ္ဈန္တိ, တံ တေသံ ဒုက္ခသမ္မတံ။
‘‘သုခံ [သုခန္တိ (သီ။)] ဒိဋ္ဌမရိယေဘိ, သက္ကာယဿ နိရောဓနံ၊
ပစ္စနီကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။
‘‘ယံ ပရေ သုခတော အာဟု, တဒရိယာ အာဟု ဒုက္ခတော၊
ယံ ပရေ ဒုက္ခတော အာဟု, တဒရိယာ သုခတော ဝိဒူ။
‘‘ပဿ ဓမ္မံ ဒုရာဇာနံ, သမ္မူဠှေတ္ထ အဝိဒ္ဒသု၊
နိဝုတာနံ တမော ဟောတိ, အန္ဓကာရော အပဿတံ။
‘‘သတဉ္စ ဝိဝဋံ ဟောတိ, အာလောကော ပဿတာမိ၊
သန္တိကေ န ဝိဇာနန္တိ, မဂ္ဂါ [မဂါ (သီ။)] ဓမ္မဿ အကောဝိဒါ။
‘‘ဘဝရာဂပရေတေဘိ, ဘဝရာဂါနုသာရီဘိ [ဘဝသောတာနုသာရိဘိ (သျာ။ ကံ။ ပီ။), ဘဝသောတာနုသာရိဟိ (သီ။)]၊
မာရဓေယျာနုပန္နေဟိ, နာယံ ဓမ္မော သုသမ္ဗုဓော။
‘‘ကော နု အညတြ မရိယေဘိ, ပဒံ သမ္ဗုဒ္ဓုမရဟတိ၊
ယံ ပဒံ သမ္မဒညာယ, ပရိနိဗ္ဗန္တိ အနာသဝါ’’တိ။ တတိယံ၊
၃-ပဌမ ရူပါရာမသုတ် ၁၃၆။ ရဟန်းတို့ နတ်လူတို့သည် အဆင်းလျှင် ပျော်မွေ့ရာရှိကုန်၏၊ အဆင်း၌ ပျော်ပိုက်ကုန်၏၊ အဆင်း၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်း ခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ ရဟန်းတို့ နတ်လူတို့သည် အသံလျှင်ပျော်မွေ့ရာရှိကုန်၏၊ အသံ၌ ပျော်ပိုက်ကုန်၏၊ အသံ၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည်အသံ၏ ဖောက်ပြန်ခြင်း ကင်း ပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ အနံ့လျှင်ပျော်မွေ့ရာရှိကုန်၏။ အရသာလျှင် ပျော်မွေ့ ရာရှိကုန်၏။ အတွေ့အထိလျှင် ပျော်မွေ့ရာရှိကုန်၏။ ရဟန်းတို့ နတ်လူတို့သည် သဘောတရားလျှင် ပျော်မွေ့ရာရှိကုန်၏၊ သဘောတရား၌ ပျော်ပိုက်ကုန်၏၊ သဘောတရား၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် သဘောတရား၏ ဖောက်ပြန်ခြင်းကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်ကား အဆင်းတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသောကြောင့် အဆင်းလျှင် ပျော်မွေ့ရာမရှိ၊ အဆင်း၌ ပျော်ပိုက်ခြင်းမရှိ၊ အဆင်း၌ ဝမ်းမြောက်ခြင်းမရှိ။ ရဟန်းတို့ မြတ်စွာဘုရားသည် အဆင်း၏ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏။ အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသောကြောင့် သဘောတရားလျှင် ပျော်မွေ့ရာမရှိ၊ သဘောတရား၌ ပျော်ပိုက်ခြင်းမရှိ၊ သဘောတရား၌ ဝမ်းမြောက်ခြင်းမရှိ။ ရဟန်းတို့ မြတ်စွာဘုရားသည်သဘောတရား တို့၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏ဟု (မိန့်တော်မူ၏)။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး နောက်လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏- အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော အကြင် မျှလောက်သော အဆင်းအသံ အနံ့ အရသာ အတွေ့အထိ သဘောတရား အားလုံးတို့သည် ရှိကုန်၏ဟု ဆိုအပ်၏။ ထိုအာရုံတို့ကို နတ်နှင့် တကွသော လူအပေါင်းသည် ချမ်းသာ‘သုခ’ဟု သမုတ် အပ်ကုန်၏။ ထိုအာရုံတို့ချုပ်ရာကို ထိုနတ်နှင့် တကွသော လူတို့သည် ဆင်းရဲ ‘ဒုက္ခ’ဟု သမုတ်အပ်၏။ အရိယာတို့သည် သက္ကာယချုပ်ခြင်းကို ချမ်းသာဟု မြင်အပ်၏၊ ချမ်းသာဟု မြင် သော ပညာရှိတို့၏ ဤမြင်မှုသည် တလောကလုံးနှင့် ဆန့်ကျင်၏။ သူတစ်ပါးတို့ ချမ်းသာဟု ဆိုအပ်သော အရာကို အရိယာတို့သည် ဆင်းရဲ၏ဟု ဆိုကုန်၏၊ သူတစ်ပါးတို့ဆင်းရဲဟု ဆိုအပ်သော အရာကို အရိယာတို့သည် ချမ်းသာဟု သိကုန်၏။ သိနိုင်ခဲသော တရားကို ရှုစမ်းပါလော့၊ ဤနိဗ္ဗာန်တရား၌ ပညာမဲ့သူတို့သည် တွေဝေကုန်၏၊ ကိလေသာပိတ်ဖုံးအပ်ကုန်သော သူတို့အား အမိုက်တိုက် ဖြစ်နေ၏၊ မမြင်နိုင်သူ ပညာမဲ့သူတို့အားအမိုက်မှောင် ဖြစ်နေ၏။ ပညာရှိကုန်သော သူတော်ကောင်းတို့အား နိဗ္ဗာန်သည် အလင်းရောင်ကဲ့သို့ ပွင့်နေ၏၊ သစ္စာလေးပါးတရား၌ မလိမ္မာကုန်သော သူတို့သည် နိဗ္ဗာန်တရားကို မသိနိုင်ကုန်။ ဘဝတို့၌ စွဲမက်သော တဏှာသည် နှိပ်စက်အပ်ကုန်သော ဘဝတို့၌ စွဲမက် သော တဏှာသို့အစဥ်လိုက်ကုန်သော မာရ်၏ နိုင်ငံသို့ ရောက်ကုန်သော သူတို့သည် ဤတရားကို အလွယ်တကူမသိနိုင်ကုန်။ အရိယာပုဂ္ဂိုလ်တို့ကို ချန်ထား၍ အဘယ်သူသည် နိဗ္ဗာန်ကို ကောင်းစွာ သိခြင်း ငှါ ထိုက်ပါအံ့နည်း၊ အရိယာတို့သည် ယင်းနိဗ္ဗာန်ကို ကောင်းစွာ သိ၍ အာသဝေါ ကင်းကုန်လျက် ပရိနိဗ္ဗာန်ပြုကုန်၏။ တတိယသုတ်။
Linked Discourses 35.136 14. At Devadaha Liking Sights (1st) “Mendicants, gods and humans like sights, they love them and enjoy them. But when sights perish, fade away, and cease, gods and humans live in suffering. Gods and humans like sounds … smells … tastes … touches … ideas, they love them and enjoy them. But when ideas perish, fade away, and cease, gods and humans live in suffering. The Realized One has truly understood the origin, disappearance, gratification, drawback, and escape of sights, so he doesn’t like, love, or enjoy them. When sights perish, fade away, and cease, the Realized One lives happily. The Realized One has truly understood the origin, disappearance, gratification, drawback, and escape of sounds … smells … tastes … touches … ideas, so he doesn’t like, love, or enjoy them. When ideas perish, fade away, and cease, the Realized One lives happily.” That is what the Buddha said. Then the Holy One, the Teacher, went on to say: “Sights, sounds, tastes, smells, touches and ideas, the lot of them— they’re likable, desirable, and pleasurable as long as you can say that they exist. For all the world with its gods, this is what they deem happiness. And where they cease is deemed as suffering for them. The noble ones have seen that happiness is the cessation of substantial reality. This insight by those who see contradicts the whole world. What others say is happiness the noble ones say is suffering. What others say is suffering the noble ones know as happiness. See, this teaching is hard to understand, it confuses the ignorant. There is darkness for the shrouded; blackness for those who don’t see. But the good are open; like light for those who see. Though close, they do not understand, the seekers inexpert in the teaching. They’re mired in desire for continued existence, flowing along the stream of lives, mired in Māra’s dominion: this teaching isn’t easy for them to understand. Who, apart from the noble ones, is qualified to understand this state? Having rightly understood this state, the undefiled are fully extinguished.”
၄။ ဒုတိယရူပါရာမသုတ္တံ
၁၃၇။ ‘‘ရူပါရာမာ, ဘိက္ခဝေ, ဒေဝမနုဿာ ရူပရတာ ရူပသမ္မုဒိတာ။ ရူပဝိပရိဏာမဝိရာဂနိရောဓာ ဒုက္ခာ, ဘိက္ခဝေ, ဒေဝမနုဿာ ဝိဟရန္တိ။ သဒ္ဒါရာမာ… ဂန္ဓာရာမာ… ရသာရာမာ … ဖောဋ္ဌဗ္ဗာရာမာ… ဓမ္မာရာမာ, ဘိက္ခဝေ, ဒေဝမနုဿာ ဓမ္မရတာ ဓမ္မသမ္မုဒိတာ။ ဓမ္မဝိပရိဏာမဝိရာဂနိရောဓာ ဒုက္ခာ, ဘိက္ခဝေ, ဒေဝမနုဿာ ဝိဟရန္တိ။ တထာဂတော စ, ဘိက္ခဝေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ ရူပါနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ န ရူပါရာမော န ရူပရတော န ရူပသမ္မုဒိတော။ ရူပဝိပရိဏာမဝိရာဂနိရောဓာ သုခေါ, ဘိက္ခဝေ, တထာဂတော ဝိဟရတိ။ သဒ္ဒါနံ… ဂန္ဓာနံ… ရသာနံ… ဖောဋ္ဌဗ္ဗာနံ… ဓမ္မာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ န ဓမ္မာရာမော န ဓမ္မရတော န ဓမ္မသမ္မုဒိတော။ ဓမ္မဝိပရိဏာမဝိရာဂနိရောဓာ သုခေါ, ဘိက္ခဝေ, တထာဂတော ဝိဟရတီ’’တိ။ စတုတ္ထံ။
၄-ဒုတိယ ရူပါရာမသုတ် ၁၃၇။ ရဟန်းတို့ နတ်လူတို့သည် အဆင်းလျှင် ပျော်မွေ့ရာရှိကုန်၏၊ အဆင်း၌ ပျော်ပိုက်ကုန်၏၊ အဆင်း၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ အသံလျှင် ပျော်မွေ့ရာရှိကုန်၏။ အနံ့လျှင် ပျော်မွေ့ရာရှိကုန်၏။ အရသာလျှင် ပျော်မွေ့ရာရှိကုန်၏။ အတွေ့အထိလျှင် ပျော်မွေ့ရာရှိကုန်၏။ ရဟန်းတို့ နတ်လူတို့သည်သဘောတရားလျှင် ပျော်မွေ့ရာရှိကုန်၏၊ သဘောတရား၌ ပျော်ပိုက်ကုန်၏၊ သဘောတရား၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် သဘောတရား၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့်ဆင်းရဲစွာ နေရကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည် အဆင်းတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိသောကြောင့် အဆင်းလျှင် ပျော်မွေ့ရာမရှိ၊ အဆင်း၌ မပျော်ပိုက်၊ အဆင်း၌ ဝမ်းမမြောက်။ ရဟန်းတို့ မြတ်စွာဘုရားသည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာနေရ၏။ အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်း၊ဟုတ်တိုင်းမှန်စွာ သိသောကြောင့် သဘောတရားလျှင် ပျော်မွေ့ရာမရှိ၊ သဘောတရား၌ မပျော်ပိုက်၊ သဘောတရား၌ ဝမ်းမမြောက်။ ရဟန်းတို့ မြတ်စွာဘုရားသည်သဘောတရား၏ ဖောက်ပြန် ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.137 14. At Devadaha Liking Sights (2nd) “Mendicants, gods and humans like sights, they love them and enjoy them. But when sights perish, fade away, and cease, gods and humans live in suffering. … The Realized One has truly understood the origin, disappearance, gratification, drawback, and escape of sights, so he doesn’t like, love, or enjoy them. When sights perish, fade away, and cease, the Realized One lives happily. …”
၅။ ပဌမနတုမှာကံသုတ္တံ
၁၃၈။ ‘‘ယံ, ဘိက္ခဝေ, န တုမှာကံ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ကိဉ္စ, ဘိက္ခဝေ, န တုမှာကံ? စက္ခု, ဘိက္ခဝေ, န တုမှာကံ၊ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ…ပေ… ဇိဝှါ န တုမှာကံ၊ တံ ပဇဟထ။ သာ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ…ပေ… မနော န တုမှာကံ၊ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတိ။ သေယျထာပိ, ဘိက္ခဝေ, ယံ ဣမသ္မိံ ဇေတဝနေ တိဏကဋ္ဌသာခါပလာသံ တံ ဇနော ဟရေယျ ဝါ ဍဟေယျ ဝါ ယထာပစ္စယံ ဝါ ကရေယျ, အပိ နု တုမှာကံ ဧဝမဿ – ‘အမှေ ဇနော ဟရတိ ဝါ ဍဟတိ ဝါ ယထာပစ္စယံ ဝါ ကရောတီ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘န ဟိ နော ဧတံ, ဘန္တေ, အတ္တာ ဝါ အတ္တနိယံ ဝါ’’တိ။ ‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, စက္ခု န တုမှာကံ၊ တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ…ပေ… ဇိဝှါ န တုမှာကံ၊ တံ ပဇဟထ။ သာ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿတိ…ပေ… မနော န တုမှာကံ၊ တံ ပဇဟထ။ သော ဝေါ ပဟီနော ဟိတာယ သုခါယ ဘဝိဿတီ’’တိ။ ပဉ္စမံ။
၅-ပဌမ န တုမှာကသုတ် ၁၃၈။ ရဟန်းတို့ အကြင်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုတရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိသည်သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ့်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ လျှာသည် သင်တို့၏ ဥစ္စာမဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်အပ်သည်ရှိသော်သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ဥစ္စာ မဟုတ်သော ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကို ပယ်အပ်သည်ရှိသော် သင်တို့အားစီးပွားခြင်း ငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူဆောင်သွားသော်လည်းကောင်း၊ မီးရှို့သော်လည်းကောင်း၊ အလိုရှိတိုင်း ပြုသော်လည်းကောင်း သင်တို့အား “ငါတို့ကို လူအပေါင်းသည် ယူဆောင်သွား၏ဟုသော်လည်းကောင်း၊ မီးရှို့၏ဟုသော်လည်းကောင်း၊ အလိုရှိတိုင်း ပြု၏ဟုသော်လည်းကောင်း” ဤသို့ ဖြစ်ရာသလော။ မဖြစ်ရာပါအသျှင် ဘုရား။ အဘယ်ကြောင့်ဆိုသော် အသျှင်ဘုရား ဤမြက်စသော အရာသည် တပည့်တော်တို့၏ကိုယ်သည်လည်းကောင်း၊ကိုယ်ပိုင်ဥစ္စာသည်လည်းကောင်း မဟုတ်သောကြောင့်ပါတည်း။ ရဟန်းတို့ ဤအတူ မျက်စိသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုမျက်စိကိုပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့။ပ။ လျှာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကိုပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.138 14. At Devadaha Not Yours (1st) “Mendicants, give up what’s not yours. Giving it up will be for your welfare and happiness. And what isn’t yours? The eye isn’t yours: give it up. Giving it up will be for your welfare and happiness. The ear … nose … tongue … body … mind isn’t yours: give it up. Giving it up will be for your welfare and happiness. Suppose a person was to carry off the grass, sticks, branches, and leaves in this Jeta’s Grove, or burn them, or do what they want with them. Would you think: ‘This person is carrying us off, burning us, or doing what they want with us’?” “No, sir. Why is that? Because to us that’s neither self nor belonging to self.” “In the same way, the eye isn’t yours: give it up. Giving it up will be for your welfare and happiness. The ear … nose … tongue … body … mind isn’t yours: give it up. Giving it up will be for your welfare and happiness.”
၆။ ဒုတိယနတုမှာကံသုတ္တံ
၁၃၉။ ‘‘ယံ, ဘိက္ခဝေ, န တုမှာကံ, တံ ပဇဟထ။ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ။ ကိဉ္စ, ဘိက္ခဝေ, န တုမှာကံ? ရူပါ, ဘိက္ခဝေ, န တုမှာကံ၊ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ န တုမှာကံ၊ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တိ။ သေယျထာပိ, ဘိက္ခဝေ, ယံ ဣမသ္မိံ ဇေတဝနေ…ပေ… ဧဝမေဝ ခေါ, ဘိက္ခဝေ, ရူပါ န တုမှာကံ၊ တေ ပဇဟထ။ တေ ဝေါ ပဟီနာ ဟိတာယ သုခါယ ဘဝိဿန္တီ’’တိ။ ဆဋ္ဌံ။
၆-ဒုတိယ န တုမှာကသုတ် ၁၃၉။ ရဟန်းတို့ အကြင်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုတရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ အဆင်းတို့သည်သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာမဟုတ်သော ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ မြက် ထင်း။ပ။ ရဟန်းတို့ ဤအတူသဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.139 14. At Devadaha Not Yours (2nd) “Mendicants, give up what’s not yours. Giving it up will be for your welfare and happiness. And what isn’t yours? Sights aren’t yours: give them up. Giving them up will be for your welfare and happiness. Sounds, smells, tastes, touches, and ideas aren’t yours: give them up. Giving them up will be for your welfare and happiness. Suppose a person was to carry off the grass, sticks, branches, and leaves in this Jeta’s Grove … In the same way, sights, sounds, smells, tastes, touches, and ideas aren’t yours: give them up. Giving them up will be for your welfare and happiness.”
၇။ အဇ္ဈတ္တာနိစ္စဟေတုသုတ္တံ
၁၄၀။ ‘‘စက္ခုံ, ဘိက္ခဝေ, အနိစ္စံ။ ယောပိ ဟေတု, ယောပိ ပစ္စယော စက္ခုဿ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ, ဘိက္ခဝေ, စက္ခု ကုတော နိစ္စံ ဘဝိဿတိ…ပေ… ဇိဝှါ အနိစ္စာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ဇိဝှါယ ဥပ္ပါဒါယ သောပိ အနိစ္စော။ အနိစ္စသမ္ဘူတာ, ဘိက္ခဝေ, ဇိဝှါ ကုတော နိစ္စာ ဘဝိဿတိ…ပေ… မနော အနိစ္စော။ ယောပိ, ဘိက္ခဝေ, ဟေတု ယောပိ ပစ္စယော မနဿ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတော, ဘိက္ခဝေ, မနော ကုတော နိစ္စော ဘဝိဿတိ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ…ပေ… ဇိဝှါယပိ နိဗ္ဗိန္ဒတိ…ပေ… နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ သတ္တမံ။
၇-အဇ္ဈတ္တ အနိစ္စဟေတုသုတ် ၁၄၀။ ရဟန်းတို့ မျက်စိသည် မမြဲ၊ မျက်စိ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ့်လာသော မျက်စိသည် အဘယ်မှာ မြဲလိမ့်မည်နည်း။ပ။ လျှာသည် မမြဲ၊ လျှာ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော လျှာသည် အဘယ်မှာ မြဲလိမ့်မည်နည်း။ပ။ စိတ်သည် မမြဲ၊ စိတ် ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသောအကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော စိတ်သည် အဘယ်မှာ မြဲလိမ့်မည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ”ဟု အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.140 14. At Devadaha Interior and Cause Are Impermanent “Mendicants, the eye is impermanent. The cause and reason that gives rise to the eye is also impermanent. Since the eye is produced by what is impermanent, how could it be permanent? The ear … nose … tongue … body … mind is impermanent. The cause and reason that gives rise to the mind is also impermanent. Since the mind is produced by what is impermanent, how could it be permanent? Seeing this, a learned noble disciple grows disillusioned with the eye, ear, nose, tongue, body, and mind. Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၈။ အဇ္ဈတ္တဒုက္ခဟေတုသုတ္တံ
၁၄၁။ ‘‘စက္ခုံ, ဘိက္ခဝေ, ဒုက္ခံ။ ယောပိ ဟေတု ယောပိ ပစ္စယော စက္ခုဿ ဥပ္ပါဒါယ, သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတံ, ဘိက္ခဝေ, စက္ခု ကုတော သုခံ ဘဝိဿတိ…ပေ… ဇိဝှါ ဒုက္ခာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ဇိဝှါယ ဥပ္ပါဒါယ, သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတာ, ဘိက္ခဝေ, ဇိဝှါ ကုတော သုခါ ဘဝိဿတိ…ပေ… မနော ဒုက္ခော။ ယောပိ ဟေတု ယောပိ ပစ္စယော မနဿ ဥပ္ပါဒါယ, သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတော, ဘိက္ခဝေ, မနော ကုတော သုခေါ ဘဝိဿတိ! ဧဝံ ပဿံ…ပေ… ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ အဋ္ဌမံ။
၈-အဇ္ဈတ္တ ဒုက္ခဟေတုသုတ် ၁၄၁။ ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ မျက်စိဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့်ဖြစ်ပေါ်လာသော မျက်စိသည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ပ။ လျှာသည် ဆင်းရဲ၏၊ လျှာဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောလျှာသည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ပ။ စိတ်သည် ဆင်းရဲ၏၊ စိတ်ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောစိတ်သည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိ တော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.141 14. At Devadaha Interior and Cause Are Suffering “Mendicants, the eye is suffering. The cause and reason that gives rise to the eye is also suffering. Since the eye is produced by what is suffering, how could it be happiness? The ear … nose … tongue … body … mind is suffering. The cause and reason that gives rise to the mind is also suffering. Since the mind is produced by what is suffering, how could it be happiness? Seeing this … They understand: ‘… there is nothing further for this place.’”
၉။ အဇ္ဈတ္တာနတ္တဟေတုသုတ္တံ
၁၄၂။ ‘‘စက္ခုံ, ဘိက္ခဝေ, အနတ္တာ။ ယောပိ ဟေတု, ယောပိ ပစ္စယော စက္ခုဿ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတံ, ဘိက္ခဝေ, စက္ခု ကုတော အတ္တာ ဘဝိဿတိ…ပေ… ဇိဝှါ အနတ္တာ။ ယောပိ ဟေတု ယောပိ ပစ္စယော ဇိဝှါယ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတာ, ဘိက္ခဝေ, ဇိဝှါ ကုတော အတ္တာ ဘဝိဿတိ…ပေ… မနော အနတ္တာ။ ယောပိ ဟေတု ယောပိ ပစ္စယော မနဿ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတော, ဘိက္ခဝေ, မနော ကုတော အတ္တာ ဘဝိဿတိ! ဧဝံ ပဿံ…ပေ… ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ နဝမံ။
၉-အဇ္ဈတ္တာနတ္တဟေတုသုတ် ၁၄၂။ ရဟန်းတို့ မျက်စိသည် အတ္တ မဟုတ်၊ မျက်စိဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သောအကြောင်းအထောက်အပံ့ ကြောင့် ဖြစ်ပေါ်လာသော မျက်စိသည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ပ။ လျှာသည် အတ္တ မဟုတ်၊ လျှာဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော လျှာသည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ပ။ စိတ်သည် အတ္တ မဟုတ်၊ စိတ်ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော စိတ်သည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.142 14. At Devadaha Interior and Cause Are Not-Self “Mendicants, the eye is not-self. The cause and reason that gives rise to the eye is also not-self. Since the eye is produced by what is not-self, how could it be self? The ear … nose … tongue … body … mind is not-self. The cause and reason that gives rise to the mind is also not-self. Since the mind is produced by what is not-self, how could it be self? Seeing this … They understand: ‘… there is nothing further for this place.’”
၁၀။ ဗာဟိရာနိစ္စဟေတုသုတ္တံ
၁၄၃။ ‘‘ရူပါ, ဘိက္ခဝေ, အနိစ္စာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ရူပါနံ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတာ, ဘိက္ခဝေ, ရူပါ ကုတော နိစ္စာ ဘဝိဿန္တိ! သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနိစ္စာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ဓမ္မာနံ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတာ, ဘိက္ခဝေ, ဓမ္မာ ကုတော နိစ္စာ ဘဝိဿန္တိ! ဧဝံ ပဿံ…ပေ… ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဒသမံ။
၁၀-ဗာဟိရာနိစ္စဟေတုသုတ် ၁၄၃။ ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ အဆင်းတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော အဆင်းတို့သည် အဘယ်မှာ မြဲကုန်လိမ့်မည်နည်း။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်မမြဲကုန်၊ သဘောတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောသဘောတရားတို့သည် အဘယ်မှာ မြဲကုန်လိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Linked Discourses 35.143 14. At Devadaha Exterior and Cause Are Impermanent “Mendicants, sights are impermanent. The cause and reason that gives rise to sights is also impermanent. Since sights are produced by what is impermanent, how could they be permanent? Sounds … Smells … Tastes … Touches … Ideas are impermanent. The cause and reason that gives rise to ideas is also impermanent. Since ideas are produced by what is impermanent, how could they be permanent? Seeing this … They understand: ‘… there is nothing further for this place.’”
၁၁။ ဗာဟိရဒုက္ခဟေတုသုတ္တံ
၁၄၄။ ‘‘ရူပါ, ဘိက္ခဝေ, ဒုက္ခာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ရူပါနံ ဥပ္ပါဒါယ, သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတာ, ဘိက္ခဝေ, ရူပါ ကုတော သုခါ ဘဝိဿန္တိ! သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ ဒုက္ခာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ဓမ္မာနံ ဥပ္ပါဒါယ, သောပိ ဒုက္ခော။ ဒုက္ခသမ္ဘူတာ, ဘိက္ခဝေ, ဓမ္မာ ကုတော သုခါ ဘဝိဿန္တိ! ဧဝံ ပဿံ…ပေ… ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဧကာဒသမံ။
၁၁-ဗာဟိရဒုက္ခဟေတုသုတ် ၁၄၄။ ရဟန်းတို့ အဆင်းတို့သည် ဆင်းရဲကုန်၏၊ အဆင်းတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ဆင်းရဲဲသော အကြောင်းအထောက် အပံ့ကြောင့် ဖြစ်ပေါ်လာသော အဆင်းတို့သည် အဘယ်မှာချမ်းသာကုန်လိမ့်မည်နည်း။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည်ဆင်းရဲကုန်၏၊ သဘောတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောသဘောတရားတို့သည် အဘယ်မှာ ချမ်းသာကုန်လိမ့်မည်နည်း၊ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။
Linked Discourses 35.144 14. At Devadaha Exterior and Cause Are Suffering “Mendicants, sights are suffering. The cause and reason that gives rise to sights is also suffering. Since sights are produced by what is suffering, how could they be happiness? Sounds … Smells … Tastes … Touches … Ideas are suffering. The cause and reason that gives rise to ideas is also suffering. Since ideas are produced by what is suffering, how could they be happiness? Seeing this … They understand: ‘… there is nothing further for this place.’”
၁၂။ ဗာဟိရာနတ္တဟေတုသုတ္တံ
၁၄၅။ ‘‘ရူပါ, ဘိက္ခဝေ, အနတ္တာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ရူပါနံ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတာ, ဘိက္ခဝေ, ရူပါ ကုတော အတ္တာ ဘဝိဿန္တိ! သဒ္ဒါ… ဂန္ဓာ… ရသာ… ဖောဋ္ဌဗ္ဗာ… ဓမ္မာ အနတ္တာ။ ယောပိ ဟေတု, ယောပိ ပစ္စယော ဓမ္မာနံ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတာ, ဘိက္ခဝေ, ဓမ္မာ ကုတော အတ္တာ ဘဝိဿန္တိ! ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော ရူပေသုပိ နိဗ္ဗိန္ဒတိ, သဒ္ဒေသုပိ… ဂန္ဓေသုပိ… ရသေသုပိ… ဖောဋ္ဌဗ္ဗေသုပိ… ဓမ္မေသုပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ’’တိ။ ဒွါဒသမံ။
ဒေဝဒဟဝဂ္ဂေါ စုဒ္ဒသမော။
တဿုဒ္ဒါနံ –
ဒေဝဒဟော ခဏော ရူပါ, ဒွေ နတုမှာကမေဝ စ၊
ဟေတုနာပိ တယော ဝုတ္တာ, ဒုဝေ အဇ္ဈတ္တဗာဟိရာတိ။
၁၂-ဗာဟိရာနတ္တဟေတုသုတ် ၁၄၅။ ရဟန်းတို့ အဆင်းတို့သည် အတ္တ မဟုတ်ကုန်၊ အဆင်းတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သောအကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော အဆင်းတို့သည် အဘယ်မှာ အတ္တဖြစ်ကုန်လိမ့်မည်နည်း။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် အတ္တမဟုတ်ကုန်၊ သဘောတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော သဘောတရားတို့သည် အဘယ်မှာ အတ္တဖြစ်ကုန်လိမ့်မည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏။ အသံတို့၌လည်း။ အနံ့တို့၌လည်း။ အရသာတို့၌လည်း။ အတွေ့အထိတို့၌လည်း။ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေ နေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ ဒွါဒသမသုတ်၊ လေးခုမြောက် ဒေဝဒဟဝဂ် ပြီး၏။ (၁၅) ၅-နဝပုရာဏဝဂ် ၁-ကမ္မနိရောဓသုတ်
Linked Discourses 35.145 14. At Devadaha Exterior and Cause Are Not-Self “Mendicants, sights are not-self. The cause and reason that gives rise to sights is also not-self. Since sights are produced by what is not-self, how could they be self? Sounds … Smells … Tastes … Touches … Ideas are not-self. The cause and reason that gives rise to ideas is also not-self. Since ideas are produced by what is not-self, how could they be self? Seeing this … Being disillusioned, desire fades away. When desire fades away they’re freed. When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’”
၁၅။ နဝပုရာဏဝဂ္ဂေါ
၁။ ကမ္မနိရောဓသုတ္တံ
၁၄၆။ ‘‘နဝပုရာဏာနိ, ဘိက္ခဝေ, ကမ္မာနိ ဒေသေဿာမိ ကမ္မနိရောဓံ ကမ္မနိရောဓဂါမိနိဉ္စ ပဋိပဒံ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီတိ။ ကတမဉ္စ, ဘိက္ခဝေ, ပုရာဏကမ္မံ? စက္ခု, ဘိက္ခဝေ, ပုရာဏကမ္မံ အဘိသင်္ခတံ အဘိသဉ္စေတယိတံ ဝေဒနိယံ ဒဋ္ဌဗ္ဗံ…ပေ… ဇိဝှါ ပုရာဏကမ္မာ အဘိသင်္ခတာ အဘိသဉ္စေတယိတာ ဝေဒနိယာ ဒဋ္ဌဗ္ဗာ…ပေ… မနော ပုရာဏကမ္မော အဘိသင်္ခတော အဘိသဉ္စေတယိတော ဝေဒနိယော ဒဋ္ဌဗ္ဗော။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ပုရာဏကမ္မံ။ ကတမဉ္စ, ဘိက္ခဝေ, နဝကမ္မံ? ယံ ခေါ, ဘိက္ခဝေ, ဧတရဟိ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ, ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, နဝကမ္မံ။ ကတမော စ, ဘိက္ခဝေ, ကမ္မနိရောဓော? ယော ခေါ, ဘိက္ခဝေ, ကာယကမ္မဝစီကမ္မမနောကမ္မဿ နိရောဓာ ဝိမုတ္တိံ ဖုသတိ, အယံ ဝုစ္စတိ, ဘိက္ခဝေ, ကမ္မနိရောဓော။ ကတမာ စ, ဘိက္ခဝေ, ကမ္မနိရောဓဂါမိနီ ပဋိပဒါ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ – သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပေါ, သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါ, သမ္မာဝါယာမော, သမ္မာသတိ, သမ္မာသမာဓိ – အယံ ဝုစ္စတိ, ဘိက္ခဝေ, ကမ္မနိရောဓဂါမိနီ ပဋိပဒါ။ ဣတိ ခေါ, ဘိက္ခဝေ, ဒေသိတံ မယာ ပုရာဏကမ္မံ, ဒေသိတံ နဝကမ္မံ, ဒေသိတော ကမ္မနိရောဓော, ဒေသိတာ ကမ္မနိရောဓဂါမိနီ ပဋိပဒါ။ ယံ ခေါ, ဘိက္ခဝေ, သတ္ထာရာ ကရဏီယံ သာဝကာနံ ဟိတေသိနာ အနုကမ္ပကေန အနုကမ္ပံ ဥပါဒါယ, ကတံ ဝေါ တံ မယာ။ ဧတာနိ, ဘိက္ခဝေ, ရုက္ခမူလာနိ, ဧတာနိ သုညာဂါရာနိ။ ဈာယထ, ဘိက္ခဝေ, မာ ပမာဒတ္ထ၊ မာ ပစ္ဆာဝိပ္ပဋိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ’’တိ။ ပဌမံ။
၁၄၆။ ရဟန်းတို့ အသစ်, အဟောင်းဖြစ်သော ကံတို့ကိုလည်းကောင်း၊ ကံ၏ ချုပ်ရာကိုလည်း ကောင်း၊ ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ဟောပေအံ့။ ထိုတရားကို နာကြကုန် လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့။ ရဟန်းတို့ အဘယ်သည် ကံဟောင်းမည်သနည်း။ ရဟန်းတို့ မျက်စိသည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ပ။ လျှာသည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ပ။ စိတ်သည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ ရဟန်းတို့ ဤ (အလုံးစုံ)ကို ကံဟောင်းဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သည် ကံသစ်မည်သနည်း။ ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’ အခါ၌ အကြင် (တစ်စုံတစ်ရာ) အမှုကိုကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ပြု၏။ ရဟန်းတို့ကိုယ်နှုတ်စိတ်ဖြင့် ယခု ပြုအပ်သော ဤအမှုကို ကံသစ်ဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သည် ကံ၏ ချုပ်ရာမည်သနည်း။ ရဟန်းတို့ အကြင်နိဗ္ဗာန်သည် ကာယကံ ဝစီကံမနောကံ၏ ချုပ်ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်မှု အရဟတ္တဖိုလ်သို့ အာရုံ၏ အဖြစ်ဖြင့်ရောက်၏။ ရဟန်းတို့ ဤနိဗ္ဗာန်ကို ကံ၏ ချုပ်ရာဟု ဆိုအပ်၏၊ ရဟန်းတို့ အဘယ်သည် ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်သနည်း။ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ မြင်ခြင်း၊ မှန်ကန်စွာ ကြံခြင်း၊ မှန်ကန်စွာ ဆိုခြင်း၊ မှန်ကန်စွာ ပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ အောက်မေ့ခြင်း၊ မှန်ကန်စွာ တည်ကြည်ခြင်းတည်း။ ရဟန်းတို့ ဤမဂ်ကို ကံ၏ ချုပ်ရာသို့ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင် ငါသည် ကံဟောင်းကို ဟောအပ်ပြီ၊ ကံသစ်ကို ဟောအပ်ပြီ၊ ကံ၏ ချုပ်ရာကိုဟောအပ်ပြီ၊ ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ဟောအပ်ပြီ။ ရဟန်းတို့ တပည့်သာဝက တို့၏အစီးအပွားကို လိုလားသော သနားတတ်သော ဆရာဖြစ်သော ငါသည် သနားခြင်းကို စွဲ၍ သင်တို့အတွက် ပြုသင့်သည်ကို ပြုအပ်ပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကားဆိတ်ငြိမ်ရာ ကျောင်းတို့တည်း၊ ရဟန်းတို့ (ကိလေသာကို) ရှို့မြှိုက်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောင်အခါ နှလုံးမသာယာ မဖြစ်ကြကုန်လင့်၊ ဤသည်လျှင် သင်တို့အတွက်ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.146 15. The Old and the New The Cessation of Deeds “Mendicants, I will teach you old deeds, new deeds, the cessation of deeds, and the practice that leads to the cessation of deeds. Listen and apply your mind well, I will speak. … And what is old deeds? The eye is old deeds. It should be seen as produced by choices and intentions, as something to be felt. The ear … nose … tongue … body … mind is old deeds. It should be seen as produced by choices and intentions, as something to be felt. This is called old deeds. And what is new deeds? The deeds you currently perform by way of body, speech, and mind. These are called new deeds. And what is the cessation of deeds? When you experience freedom due to the cessation of deeds by body, speech, and mind. This is called the cessation of deeds. And what’s the practice that leads to the cessation of deeds? It is simply this noble eightfold path, that is: right view, right purpose, right speech, right action, right livelihood, right effort, right mindfulness, and right immersion. This is called the practice that leads to the cessation of deeds. So, mendicants, I’ve taught you old deeds, new deeds, the cessation of deeds, and the practice that leads to the cessation of deeds. Out of sympathy, I’ve done what a teacher should do who wants what’s best for their disciples. Here are these roots of trees, and here are these empty huts. Practice absorption, mendicants! Don’t be negligent! Don’t regret it later! This is my instruction to you.”
၂။ အနိစ္စနိဗ္ဗာနသပ္ပါယသုတ္တံ
၁၄၇။ ‘‘နိဗ္ဗာနသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ…ပေ… ကတမာ စ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုံ အနိစ္စန္တိ ပဿတိ, ရူပါ အနိစ္စာတိ ပဿတိ, စက္ခုဝိညာဏံ အနိစ္စန္တိ ပဿတိ, စက္ခုသမ္ဖဿော အနိစ္စောတိ ပဿတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ပဿတိ…ပေ… ဇိဝှါ အနိစ္စာတိ ပဿတိ, ရသာ အနိစ္စာတိ ပဿတိ, ဇိဝှါဝိညာဏံ အနိစ္စန္တိ ပဿတိ, ဇိဝှါသမ္ဖဿော အနိစ္စောတိ ပဿတိ, ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ပဿတိ…ပေ… မနော အနိစ္စောတိ ပဿတိ, ဓမ္မာ အနိစ္စာတိ ပဿတိ, မနောဝိညာဏံ အနိစ္စန္တိ ပဿတိ, မနောသမ္ဖဿော အနိစ္စောတိ ပဿတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ပဿတိ။ အယံ ခေါ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ’’တိ။ ဒုတိယံ။
၂-အနိစ္စနိဗ္ဗာနသပ္ပါယသုတ် ၁၄၇။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် မမြဲဟု ရှု၏၊ အဆင်းတို့သည် မမြဲကုန်ဟုရှု၏၊ စက္ခုဝိညာဏ်သည် မမြဲဟု ရှု၏၊ စက္ခုသမ္ဖဿသည် မမြဲဟု ရှု၏၊ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ပ။ လျှာသည် မမြဲဟု ရှု၏၊ အရသာတို့သည် မမြဲကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည် မမြဲဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် မမြဲဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ပ။ စိတ်သည် မမြဲဟု ရှု၏၊ သဘောတရားတို့သည် မမြဲကုန်ဟု ရှု၏၊ မနောဝိဉာဏ်သည် မမြဲဟု ရှု၏၊ မနောသမ္ဖဿသည် မမြဲဟု ရှု၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.147 15. The Old and the New The Impermanent as Conducive to Extinguishment “Mendicants, I will teach you a practice that’s conducive to extinguishment. Listen … And what is that practice that’s conducive to extinguishment? It’s when a mendicant sees that the eye, sights, eye consciousness, and eye contact are impermanent. And they see that the painful, pleasant, or neutral feeling that arises dependent on eye contact is also impermanent. They see that the ear … nose … tongue … body … mind, ideas, mind-consciousness, and mind contact are impermanent. And they see that the painful, pleasant, or neutral feeling that arises dependent on mind contact is also impermanent. This is that practice that’s conducive to extinguishment.”
၃။ ဒုက္ခနိဗ္ဗာနသပ္ပါယသုတ္တံ
၁၄၈။ ‘‘နိဗ္ဗာနသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ…ပေ… ကတမာ စ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ? ဣဓ, ဘိက္ခဝေ, စက္ခုံ ဒုက္ခန္တိ ပဿတိ, ရူပါ ဒုက္ခာတိ ပဿတိ, စက္ခုဝိညာဏံ ဒုက္ခန္တိ ပဿတိ, စက္ခုသမ္ဖဿော ဒုက္ခောတိ ပဿတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခန္တိ ပဿတိ…ပေ… ဇိဝှါ ဒုက္ခာတိ ပဿတိ…ပေ… မနော ဒုက္ခောတိ ပဿတိ, ဓမ္မာ ဒုက္ခာတိ ပဿတိ, မနောဝိညာဏံ ဒုက္ခန္တိ ပဿတိ, မနောသမ္ဖဿော ဒုက္ခောတိ ပဿတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခန္တိ ပဿတိ။ အယံ ခေါ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ’’တိ။ တတိယံ။
၃-ဒုက္ခနိဗ္ဗာနသပ္ပါယသုတ် ၁၄၈။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် ဆင်းရဲဟု ရှု၏၊ အဆင်းတို့သည် ဆင်းရဲကုန်ဟု ရှု၏၊ စက္ခုဝိညာဏ်သည် ဆင်းရဲဟု ရှု၏၊ စက္ခုသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟုရှု၏။ပ။ လျှာသည် ဆင်းရဲဟု ရှု၏၊ အရသာတို့သည် ဆင်းရဲဲကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည် ဆင်းရဲဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟု ရှု၏။ပ။ စိတ်သည် ဆင်းရဲဟု ရှု၏၊ သဘောတရားတို့သည် ဆင်းရဲကုန်ဟု ရှု၏၊ မနောဝိညာဏ်သည် ဆင်းရဲဟုရှု၏၊ မနောသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ် လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟု ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အားလျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.148 15. The Old and the New The Suffering as Conducive to Extinguishment “Mendicants, I will teach you a practice that’s conducive to extinguishment. Listen … And what is that practice that’s conducive to extinguishment? It’s when a mendicant sees that the eye, sights, eye consciousness, and eye contact are suffering. And they see that the painful, pleasant, or neutral feeling that arises dependent on eye contact is also suffering. They see that the ear … nose … tongue … body … mind, ideas, mind-consciousness, and mind contact are suffering. And they see that the painful, pleasant, or neutral feeling that arises dependent on mind contact is also suffering. This is that practice that’s conducive to extinguishment.”
၄။ အနတ္တနိဗ္ဗာနသပ္ပါယသုတ္တံ
၁၄၉။ ‘‘နိဗ္ဗာနသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ…ပေ… ကတမာ စ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုံ အနတ္တာတိ ပဿတိ, ရူပါ အနတ္တာတိ ပဿတိ, စက္ခုဝိညာဏံ အနတ္တာတိ ပဿတိ, စက္ခုသမ္ဖဿော အနတ္တာတိ ပဿတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တာတိ ပဿတိ…ပေ… မနော အနတ္တာတိ ပဿတိ, ဓမ္မာ အနတ္တာတိ ပဿတိ, မနောဝိညာဏံ အနတ္တာတိ ပဿတိ, မနောသမ္ဖဿော အနတ္တာတိ ပဿတိ, ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တာတိ ပဿတိ။ အယံ ခေါ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ’’တိ။ စတုတ္ထံ။
၄-အနတ္တနိဗ္ဗာနသပ္ပါယသုတ် ၁၄၉။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြ ကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် အတ္တ မဟုတ်ဟု ရှု၏၊ အဆင်းတို့သည် အတ္တမဟုတ်ကုန်ဟု ရှု၏၊ စက္ခုဝိညာဏ်သည် အတ္တ မဟုတ်ဟု ရှု၏၊ စက္ခုသမ္ဖဿသည် အတ္တ မဟုတ်ဟုရှု၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု ရှု၏။ပ။ လျှာသည် အတ္တ မဟုတ်ဟု ရှု၏၊ အရသာတို့သည် အတ္တ မဟုတ်ကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည်အတ္တ မဟုတ်ဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် အတ္တ မဟုတ်ဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု ရှု၏။ပ။ စိတ်သည် အတ္တ မဟုတ်ဟု ရှု၏၊ သဘောတရားတို့သည် အတ္တ မဟုတ်ကုန်ဟု ရှု၏၊ မနောဝိညာဏ်သည် အတ္တ မဟုတ်ဟု ရှု၏၊ မနောသမ္ဖဿသည် အတ္တ မဟုတ်ဟု ရှု၏၊ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု့ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.149 15. The Old and the New Not-Self as Conducive to Extinguishment “Mendicants, I will teach you a practice that’s conducive to extinguishment. Listen … And what is that practice that’s conducive to extinguishment? It’s when a mendicant sees that the eye, sights, eye consciousness, and eye contact are not-self. And they see that the painful, pleasant, or neutral feeling that arises dependent on eye contact is also not-self. They see that the ear … nose … tongue … body … mind, ideas, mind-consciousness, and mind contact are not-self. And they see that the painful, pleasant, or neutral feeling that arises dependent on mind contact is also not-self. This is that practice that’s conducive to extinguishment.”
၅။ နိဗ္ဗာနသပ္ပါယပဋိပဒါသုတ္တံ
၁၅၀။ ‘‘နိဗ္ဗာနသပ္ပါယံ ဝေါ, ဘိက္ခဝေ, ပဋိပဒံ ဒေသေဿာမိ။ တံ သုဏာထ…ပေ… ကတမာ စ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ? တံ ကိံ မညထ, ဘိက္ခဝေ, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ?
‘‘အနိစ္စာ, ဘန္တေ’’…ပေ…။
‘‘စက္ခုဝိညာဏံ… စက္ခုသမ္ဖဿော…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ?
‘‘အနိစ္စံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ?
‘‘ဒုက္ခံ, ဘန္တေ’’။
‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ?
‘‘နော ဟေတံ, ဘန္တေ’’။
‘‘ဧဝံ ပဿံ, ဘိက္ခဝေ, သုတဝါ အရိယသာဝကော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပေသုပိ နိဗ္ဗိန္ဒတိ, စက္ခုဝိညာဏေပိ နိဗ္ဗိန္ဒတိ, စက္ခုသမ္ဖဿေပိ နိဗ္ဗိန္ဒတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ …ပေ… နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။ အယံ ခေါ သာ, ဘိက္ခဝေ, နိဗ္ဗာနသပ္ပါယာ ပဋိပဒါ’’တိ။ ပဉ္စမံ။
၅-နိဗ္ဗာနသပ္ပါယပဋိပဒါသုတ် ၁၅၀။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါ အသျှင်ဘုရား။ မမြဲသော အဆင်းသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသောဝေဒနာကို “ ဤဝေဒနာသည် ငါ၏ ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။ ရဟန်းတို့ ဤသည်လျှင် နိဗ္ဗာန်အားလျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.150 15. The Old and the New A Practice Conducive to Extinguishment “Mendicants, I will teach you a practice that’s conducive to extinguishment. Listen … And what is that practice that’s conducive to extinguishment? What do you think, mendicants? Is the eye permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Are sights … eye consciousness … eye contact … The pleasant, painful, or neutral feeling that arises dependent on mind contact: is that permanent or impermanent?” “Impermanent, sir.” “But if it’s impermanent, is it suffering or happiness?” “Suffering, sir.” “But if it’s impermanent, suffering, and perishable, is it fit to be regarded thus: ‘This is mine, I am this, this is my self’?” “No, sir.” “Seeing this, a learned noble disciple grows disillusioned with the eye, sights, eye consciousness, and eye contact. And they grow disillusioned with the painful, pleasant, or neutral feeling that arises dependent on eye contact. They grow disillusioned with the ear … nose … tongue … body … mind … painful, pleasant, or neutral feeling that arises dependent on mind contact. Being disillusioned, desire fades away. When desire fades away they’re freed. … They understand: ‘… there is nothing further for this place.’ This is that practice that’s conducive to extinguishment.”
၆။ အန္တေဝါသိကသုတ္တံ
၁၅၁။ ‘‘အနန္တေဝါသိကမိဒံ, ဘိက္ခဝေ, ဗြဟ္မစရိယံ ဝုဿတိ အနာစရိယကံ။ သန္တေဝါသိကော, ဘိက္ခဝေ, ဘိက္ခု သာစရိယကော ဒုက္ခံ န ဖာသု [ဖာသုံ (သီ။ ပီ။)] ဝိဟရတိ။ အနန္တေဝါသိကော, ဘိက္ခဝေ, ဘိက္ခု အနာစရိယကော သုခံ ဖာသု ဝိဟရတိ။ ကထဉ္စ, ဘိက္ခု, သန္တေဝါသိကော သာစရိယကော ဒုက္ခံ န ဖာသု ဝိဟရတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ အန္တော ဝသန္တိ, အန္တဿ ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ သမုဒါစရန္တိ, သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သာစရိယကောတိ ဝုစ္စတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော ဇိဝှါယ ရသံ သာယိတွာ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ အန္တော ဝသန္တိ, အန္တဿ ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ သမုဒါစရန္တိ, သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သာစရိယကောတိ ဝုစ္စတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ အန္တော ဝသန္တိ, အန္တဿ ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ သမုဒါစရန္တိ, သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ သာစရိယကောတိ ဝုစ္စတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သန္တေဝါသိကော သာစရိယကော ဒုက္ခံ, န ဖာသု ဝိဟရတိ။
‘‘ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု အနန္တေဝါသိကော အနာစရိယကော သုခံ ဖာသု ဝိဟရတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ န ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ န အန္တော ဝသန္တိ, နာဿ အန္တော ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ န သမုဒါစရန္တိ, န သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနာစရိယကောတိ ဝုစ္စတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော ဇိဝှါယ ရသံ သာယိတွာ န ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ န အန္တော ဝသန္တိ, နာဿ အန္တော ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ န သမုဒါစရန္တိ, န သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနာစရိယကောတိ ဝုစ္စတိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခုနော မနသာ ဓမ္မံ ဝိညာယ န ဥပ္ပဇ္ဇန္တိ ပါပကာ အကုသလာ ဓမ္မာ သရသင်္ကပ္ပါ သံယောဇနိယာ။ တျာဿ န အန္တော ဝသန္တိ, နာဿ အန္တော ဝသန္တိ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနန္တေဝါသိကောတိ ဝုစ္စတိ။ တေ နံ န သမုဒါစရန္တိ, န သမုဒါစရန္တိ နံ ပါပကာ အကုသလာ ဓမ္မာတိ။ တသ္မာ အနာစရိယကောတိ ဝုစ္စတိ။ ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု အနန္တေဝါသိကော အနာစရိယကော သုခံ ဖာသု ဝိဟရတိ။ အနန္တေဝါသိကမိဒံ, ဘိက္ခဝေ, ဗြဟ္မစရိယံ ဝုဿတိ။ အနာစရိယကံ သန္တေဝါသိကော, ဘိက္ခဝေ, ဘိက္ခု သာစရိယကော ဒုက္ခံ, န ဖာသု ဝိဟရတိ။ အနန္တေဝါသိကော, ဘိက္ခဝေ, ဘိက္ခု အနာစရိယကော သုခံ ဖာသု ဝိဟရတီ’’တိ။ ဆဋ္ဌံ။
၆-အန္တေဝါသိကသုတ် ၁၅၁။ ရဟန်းတို့ အတွင်းနေတပည့် မရှိဘဲ ဆရာ မရှိဘဲ ဤအကျင့်မြတ်ကို ကျင့်သုံးနေအပ်၏၊ ရဟန်းတို့ အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏၊ ရဟန်းတို့အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏။ ရဟန်းတို့ အဘယ်သို့လျှင် အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲနေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။ အကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော် ပြေးသွားကြံစည့်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင်အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏။ ရဟန်းတို့ အဘယ်သို့လျှင် အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော်ပြေး သွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်မဖြစ်ကုန်၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်။ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟုဆိုအပ်၏။ ထိုအကုသိုလ်တရား တို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုး ကုန်သောကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မဖြစ်ကုန်၊ ထိုအကုသိုလ် တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်၏။ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟုဆိုအပ်၏။ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်သော ကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မဖြစ်ကုန်၊ ထိုအကုသိုလ် တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်။ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟု ဆိုအပ်၏။ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို မလွှမ်းမိုးကုန်သော ကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင်အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏။ ရဟန်းတို့ အတွင်းနေတပည့် မရှိဘဲ ဆရာ မရှိဘဲ ဤအကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ရဟန်းတို့အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏၊ ရဟန်းတို့ အတွင်းနေတပည့်မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.151 15. The Old and the New A Resident Pupil “Mendicants, this spiritual life is lived without a resident pupil and without a teaching master. A mendicant who lives with a resident pupil and a teaching master lives in suffering and discomfort. A mendicant who lives without a resident pupil and a teaching master lives in happiness and comfort. And how does a mendicant who lives with a resident pupil and a teaching master live in suffering and discomfort? When a mendicant sees a sight with their eyes, bad, unskillful phenomena arise: memories and thoughts that tighten the fetters. Those qualities reside within. Since they have bad unskillful qualities residing within, they’re said to have a resident pupil. Those qualities master them. Since they’re mastered by bad unskillful qualities, they’re said to have a teaching master. Furthermore, when a mendicant hears … smells … tastes … touches … knows an idea with their mind, bad, unskillful phenomena arise: memories and thoughts that tighten the fetters. Those qualities reside within. Since they have bad unskillful qualities residing within, they’re said to have a resident pupil. Those qualities master them. Since they’re mastered by bad unskillful qualities, they’re said to have a teaching master. That’s how a mendicant who lives with a resident pupil and a teaching master lives in suffering and discomfort. And how does a mendicant who lives without a resident pupil and a teaching master live in happiness and comfort? When a mendicant sees a sight with their eyes, bad, unskillful phenomena don’t arise: memories and thoughts that tighten the fetters. Those qualities don’t reside within. Since they don’t have bad unskillful qualities residing within, they’re said to not have a resident pupil. Those qualities don’t master them. Since they’re not mastered by bad unskillful qualities, they’re said to not have a teaching master. Furthermore, when a mendicant hears … smells … tastes … touches … knows an idea with their mind, bad, unskillful phenomena don’t arise: memories and thoughts that tighten the fetters. Those qualities don’t reside within. Since they don’t have bad unskillful qualities residing within, they’re said to not have a resident pupil. Those qualities don’t master them. Since they’re not mastered by bad unskillful qualities, they’re said to not have a teaching master. That’s how a mendicant who lives without a resident pupil and a teaching master lives in happiness and comfort. This spiritual life is lived without a resident pupil and without a teaching master. A mendicant who lives with a resident pupil and a teaching master lives in suffering and discomfort. A mendicant who lives without a resident pupil and a teaching master lives in happiness and comfort.”
၇။ ကိမတ္ထိယဗြဟ္မစရိယသုတ္တံ
၁၅၂။ ‘‘သစေ ဝေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကိမတ္ထိယံ, အာဝုသော, သမဏေ ဂေါတမေ ဗြဟ္မစရိယံ ဝုဿတီ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ – ‘ဒုက္ခဿ ခေါ, အာဝုသော, ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတီ’တိ။ သစေ ပန ဝေါ, ဘိက္ခဝေ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ပုစ္ဆေယျုံ – ‘ကတမံ ပနာဝုသော, ဒုက္ခံ, ယဿ ပရိညာယ သမဏေ ဂေါတမေ ဗြဟ္မစရိယံ ဝုဿတီ’တိ? ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထ –
‘‘စက္ခု ခေါ, အာဝုသော, ဒုက္ခံ၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ ရူပါ ဒုက္ခာ၊ တေသံ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ စက္ခုဝိညာဏံ ဒုက္ခံ၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ စက္ခုသမ္ဖဿော ဒုက္ခော၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ…ပေ… ဇိဝှါ ဒုက္ခာ… မနော ဒုက္ခော၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ၊ တဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ ဣဒံ ခေါ, အာဝုသော, ဒုက္ခံ၊ ယဿ ပရိညာယ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတီ’တိ။ ဧဝံ ပုဋ္ဌာ တုမှေ, ဘိက္ခဝေ, တေသံ အညတိတ္ထိယာနံ ပရိဗ္ဗာဇကာနံ ဧဝံ ဗျာကရေယျာထာ’’တိ။ သတ္တမံ။
၇-ကိမတ္ထိယဗြဟ္မစရိယသုတ် ၁၅၂။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်သနည်း”ဟု သင်တို့အား မေးကုန်မူရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏ ”ဟုသင်တို့ ဖြေကုန်ရာ၏။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့က “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ထိုဆင်းရဲကား အဘယ်နည်း”ဟု ဤသို့သင်တို့အား မေးကုန်မူ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိ ကြသည့်များစွာသော ပရိဗိုဇ်တို့အား သင်တို့သည် ဤသို့ ဖြေကုန်ရာ၏-ငါ့သျှင်တို့ မျက်စိသည် ဆင်းရဲတည်း၊ ထိုမျက်စိကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ အဆင်းတို့သည် ဆင်းရဲတို့တည်း၊ ထိုအဆင်းတို့ကို ပိုင်းခြား၍ သိခြင်းငှါမြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုဝိညာဏ်သည် ဆင်းရဲတည်း၊ ထိုစက္ခုဝိညာဏ်ကိုပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုသမ္ဖဿသည် ဆင်းရဲတည်း၊ ထိုစက္ခုသမ္ဖဿကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ပ။ လျှာသည် ဆင်းရဲတည်း။ပ။ စိတ်သည် ဆင်းရဲတည်း၊ ထိုစိတ်ကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ထိုဆင်းရဲကား ဤသည်ပင်တည်း။ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား သင်တို့သည် ဤသို့ ဖြေကုန်ရာ၏ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.152 15. The Old and the New What’s the Goal of the Spiritual Life? “Mendicants, if wanderers who follow another religion were to ask you: ‘Reverends, what’s the goal of leading the spiritual life under the ascetic Gotama?’ You should answer them: ‘The goal of leading the spiritual life under the Buddha is to completely understand suffering.’ If wanderers of other religions were to ask you: ‘Reverends, what is that suffering?’ You should answer them: ‘The eye is suffering. The goal of leading the spiritual life under the Buddha is to completely understand this. Sights … Eye consciousness … Eye contact … The pleasant, painful, or neutral feeling that arises dependent on eye contact is also suffering. The goal of leading the spiritual life under the Buddha is to completely understand this. The ear … nose … tongue … body … mind … The pleasant, painful, or neutral feeling that arises dependent on mind contact is also suffering. The goal of leading the spiritual life under the Buddha is to completely understand this. This is that suffering. The goal of leading the spiritual life under the Buddha is to completely understand this.’ When questioned by wanderers of other religions, that’s how you should answer them.”
၈။ အတ္ထိနုခေါပရိယာယသုတ္တံ
၁၅၃။ ‘‘အတ္ထိ နု ခေါ, ဘိက္ခဝေ, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ, အညတြ ရုစိယာ, အညတြ အနုဿဝါ, အညတြ အာကာရပရိဝိတက္ကာ, အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရေယျ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာမီ’’တိ [ပဇာနာတီတိ (သျာ။ ကံ။ ပီ။ က။)]? ‘‘ဘဂဝံမူလကာ နော, ဘန္တေ, ဓမ္မာ, ဘဂဝံနေတ္တိကာ ဘဂဝံပဋိသရဏာ။ သာဓု ဝတ, ဘန္တေ, ဘဂဝန္တံယေဝ ပဋိဘာတု ဧတဿ ဘာသိတဿ အတ္ထော။ ဘဂဝတော သုတွာ ဘိက္ခူ ဓာရေဿန္တီ’’တိ။ ‘‘တေန ဟိ, ဘိက္ခဝေ, သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ – ‘‘အတ္ထိ, ဘိက္ခဝေ, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ, အညတြ ရုစိယာ, အညတြ အနုဿဝါ, အညတြ အာကာရပရိဝိတက္ကာ, အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရေယျ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာမီ’’တိ။
‘‘ကတမော စ, ဘိက္ခဝေ, ပရိယာယော, ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ…ပေ… အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရောတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမီ’တိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ သန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, အတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ။ ယံ တံ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ သန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, အတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ။ အပိ နုမေ, ဘိက္ခဝေ, ဓမ္မာ သဒ္ဓါယ ဝါ ဝေဒိတဗ္ဗာ, ရုစိယာ ဝါ ဝေဒိတဗ္ဗာ, အနုဿဝေန ဝါ ဝေဒိတဗ္ဗာ, အာကာရပရိဝိတက္ကေန ဝါ ဝေဒိတဗ္ဗာ, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ ဝါ ဝေဒိတဗ္ဗာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘နနုမေ, ဘိက္ခဝေ, ဓမ္မာ ပညာယ ဒိသွာ ဝေဒိတဗ္ဗာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘အယံ ခေါ, ဘိက္ခဝေ, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ, အညတြ ရုစိယာ, အညတြ အနုဿဝါ, အညတြ အာကာရပရိဝိတက္ကာ, အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရောတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာမီ’’တိ…ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ဇိဝှါယ ရသံ သာယိတွာ သန္တံ ဝါ အဇ္ဈတ္တံ…ပေ… ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ။ ယံ တံ, ဘိက္ခဝေ, ဇိဝှါယ ရသံ သာယိတွာ သန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, အတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အပိ နုမေ, ဘိက္ခဝေ, ဓမ္မာ သဒ္ဓါယ ဝါ ဝေဒိတဗ္ဗာ, ရုစိယာ ဝါ ဝေဒိတဗ္ဗာ, အနုဿဝေန ဝါ ဝေဒိတဗ္ဗာ, အာကာရပရိဝိတက္ကေန ဝါ ဝေဒိတဗ္ဗာ, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ ဝါ ဝေဒိတဗ္ဗာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘နနုမေ, ဘိက္ခဝေ, ဓမ္မာ ပညာယ ဒိသွာ ဝေဒိတဗ္ဗာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘အယမ္ပိ ခေါ, ဘိက္ခဝေ, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ, အညတြ ရုစိယာ, အညတြ အနုဿဝါ, အညတြ အာကာရပရိဝိတက္ကာ, အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရောတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာမီ’’တိ [ပဇာနာတီတိ (သျာ။ ကံ။ ပီ။ က။)] …ပေ…။
‘‘ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ သန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, အတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ။ ယံ တံ, ဘိက္ခဝေ, ဘိက္ခု မနသာ ဓမ္မံ ဝိညာယ သန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, အတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ရာဂဒေါသမောဟံ, နတ္ထိ မေ အဇ္ဈတ္တံ ရာဂဒေါသမောဟောတိ ပဇာနာတိ၊ အပိ နုမေ, ဘိက္ခဝေ, ဓမ္မာ သဒ္ဓါယ ဝါ ဝေဒိတဗ္ဗာ, ရုစိယာ ဝါ ဝေဒိတဗ္ဗာ, အနုဿဝေန ဝါ ဝေဒိတဗ္ဗာ, အာကာရပရိဝိတက္ကေန ဝါ ဝေဒိတဗ္ဗာ, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ ဝါ ဝေဒိတဗ္ဗာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘နနုမေ, ဘိက္ခဝေ, ဓမ္မာ ပညာယ ဒိသွာ ဝေဒိတဗ္ဗာ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘အယမ္ပိ ခေါ, ဘိက္ခဝေ, ပရိယာယော ယံ ပရိယာယံ အာဂမ္မ ဘိက္ခု အညတြေဝ သဒ္ဓါယ, အညတြ ရုစိယာ, အညတြ အနုဿဝါ, အညတြ အာကာရပရိဝိတက္ကာ, အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အညံ ဗျာကရောတိ – ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာမီ’’တိ။ အဋ္ဌမံ။
၈-အတ္ထိနုခေါပရိယာယသုတ် ၁၅၃။ ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ နှစ်သက်စေမှုကို ဖယ်ထား၍ တစ်ဆင့်ကြားကို ဖယ်ထား၍ အကြောင်းအရာ ကြံဆမှုကို ဖယ်ထား၍ မှားသောအယူ၌ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကိုပြောကြား ရာသော အကြောင်းသည် ရှိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားတပည့်တော်တို့အား တရား တို့သည် မြတ်စွာဘုရားသာ အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားသာရှေ့ဆောင်ရှိပါကုန်၏၊ မြတ်စွာဘုရား သာကိုးကွယ်ရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုစကား၏ အနက်အဓိပ္ပါယ်သည် မြတ်စွာ ဘုရား၏ ဉာဏ်တော်၌ သာ ထင်ပါစေလော့၊ မြတ်စွာဘုရား၏အထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင် ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။ ရဟန်းတို့သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအားပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ နှစ်သက်စေမှုကိုဖယ်ထား၍ တဆင့်ကြားကို ဖယ်ထား၍ အကြောင်းအရာ ကြံဆမှုကို ဖယ်ထား၍ မှားသော အယူ၌ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကို ပြောကြားရာသောအကြောင်းသည် ရှိ၏။ ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ ။ပ။ မှားသော အယူ၌ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကို ပြောကြားရာသော အကြောင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် အတွင်းသန္တာန်၌ ထင်ရှားရှိသော တပ်မက်မှု အမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’ကိုလည်း ငါ၏ အတွင်းသန္တာန်၌ တပ်မက်မှု အမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’သည် ရှိ၏ဟု သိ၏။ အတွင်းသန္တာန်၌ ထင်ရှား မရှိသော တပ်မက်မှု အမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’ကိုလည်း ငါ၏အတွင်းသန္တာန်၌ တပ်မက်မှု အမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’သည် မရှိဟု သိ၏။ ရဟန်း တို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် အတွင်းသန္တာန်၌ ထင်ရှားရှိသော တပ်မက်မှုအမျက် ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’ကိုလည်း ငါ၏ အတွင်းသန္တာန်၌ တပ်မက်မှုအမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’သည် ရှိ၏ဟု သိ၏။ အတွင်းသန္တာန်၌ ထင်ရှားမရှိသော တပ်မက်မှု အမျက်ထွက်မှု တွေဝေမှု ‘ရာဂ ဒေါသ မောဟ’ကိုလည်း ငါ၏ အတွင်းသန္တာန်၌ ‘ရာဂ ဒေါသ မောဟ’သည် မရှိဟု သိ၏။ ရဟန်းတို့ ဤတရားတို့ကို ယုံကြည်စေမှုဖြင့်လည်းသိအပ်ကုန်သလော၊ နှစ်သက် စေမှုဖြင့်လည်း သိအပ်ကုန်သလော၊ တဆင့်ကြားဖြင့်လည်းသိအပ်ကုန်သလော၊ အကြောင်းအရာ ကြံဆမှု ဖြင့်လည်း သိအပ်ကုန်သလော၊ မှားသော အယူကိုနှစ်သက်မှုဖြင့်လည်း သိအပ်ကုန်သလော။ မဟုတ်ပါ အသျှင်ဘုရား။ ရဟန်းတို့ ဤတရားတို့ကို ပညာဖြင့်မြင်၍ သိအပ်ကုန်သည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။ ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ နှစ်သက်စေမှုကိုဖယ်ထား၍ တဆင့်ကြားကို ဖယ်ထား၍ အကြောင်းအရာ ကြံဆမှုကို ဖယ်ထား၍ မှားသော အယူ၌ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကို ပြောကြားရာသော ထိုအကြောင်းကား ဤသည်ပင်တည်း။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်သော် အတွင်းသန္တာန်၌ ထင်ရှားရှိသော။ပ။ ရာဂ ဒေါသ မောဟကို။ပ။ သိ၏။ အတွင်းသန္တာန်၌ ထင်ရှား မရှိသော ရာဂ ဒေါသမောဟကိုလည်း ငါ၏ အတွင်းသန္တာန်၌ ရာဂ ဒေါသ မောဟသည် မရှိဟု သိ၏။ ရဟန်းတို့ ရဟန်းသည်လျှာဖြင့် အရသာကို လျက်၍ အတွင်းသန္တာန်၌ ထင်ရှားရှိသော ရာဂ ဒေါသ မောဟကိုလည်း ငါ၏အတွင်းသန္တာန်၌ ရာဂ ဒေါသ မောဟသည် ရှိ၏ဟု သိ၏။ အတွင်းသန္တာန်၌ ထင်ရှား မရှိသော ရာဂဒေါသ မောဟကိုလည်း ငါ၏ အတွင်းသန္တာန်၌ ရာဂ ဒေါသ မောဟသည် မရှိဟု သိ၏။ ရဟန်းတို့ ဤတရားတို့ကို ယုံကြည်စေမှုဖြင့်လည်း သိအပ်ကုန်သလော၊ နှစ်သက်စေမှုဖြင့်လည်း သိအပ်ကုန်သလော၊ တဆင့်ကြားဖြင့်လည်း သိအပ်ကုန်သလော၊ အကြောင့်အရာ ကြံဆမှုဖြင့်လည်း သိအပ်ကုန်သလော၊ မှားသော အယူကို နှစ်သက်မှုဖြင့်လည်း သိအပ်ကုန်သလော။ မဟုတ်ပါ အသျှင်ဘုရား။ ရဟန်းတို့ ဤတရားတို့ကို ပညာဖြင့် မြင်၍ သိအပ်ကုန်သည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။ ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ နှစ်သက်စေမှုကိုဖယ်ထား၍ တဆင့်ကြားကို ဖယ်ထား၍ အကြောင်းအရာ ကြံဆမှုကို ဖယ်ထား၍ မှားသော အယူ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကို ပြောကြားရာသော ထိုအကြောင်းကား ဤသည်ပင်တည်း။ပ။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိသော် အတွင်းသန္တာန်၌ ထင်ရှားရှိသော ရာဂ ဒေါသ မောဟကိုလည်း ငါ၏ အတွင်းသန္တာန်၌ ရာဂ ဒေါသ မောဟသည် ရှိ၏ဟုသိ၏။ အတွင်းသန္တာန်၌ ထင်ရှား မရှိသော ရာဂ ဒေါသ မောဟကိုလည်း ငါ၏ အတွင်းသန္တာန်၌ ရာဂဒေါသ မောဟသည် မရှိဟု သိ၏။ ရဟန်းတို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိသော်အတွင်းသန္တာန်၌ ထင်ရှားရှိသော ရာဂ ဒေါသ မောဟကိုလည်း ငါ၏ အတွင်းသန္တာန်၌ ရာဂ ဒေါသမောဟသည် ရှိ၏ဟု သိ၏။ အတွင်းသန္တာန်၌ ထင်ရှား မရှိသော ရာဂ ဒေါသ မောဟကိုလည်း ငါ၏အတွင်းသန္တာန်၌ ရာဂ ဒေါသ မောဟသည် မရှိဟု သိ၏။ ရဟန်းတို့ ဤတရားတို့ကို ယုံကြည်စေမှုဖြင့်လည်း သိအပ်ကုန်သလော၊ နှစ်သက်စေမှုဖြင့်လည်း သိအပ်ကုန်သလော၊ တဆင့်ကြားဖြင့်လည်း သိအပ်ကုန်သလော၊ အကြောင်းအရာ ကြံဆမှုဖြင့်လည်း သိအပ်ကုန်သလော၊ မှားသော အယူကို နှစ်သက်မှုဖြင့်လည်း သိအပ်ကုန်သလော။ မဟုတ်ပါ အသျှင်ဘုရား။ ရဟန်းတို့ ဤတရားတို့ကို ပညာဖြင့် မြင်၍ သိအပ်ကုန်သည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။ ရဟန်းတို့ ရဟန်းသည် အကြင်အကြောင်းကို စွဲ၍ ယုံကြည်စေမှုကို ဖယ်ထား၍ နှစ်သက်စေမှုကိုဖယ်ထား၍ တဆင့်ကြားကို ဖယ်ထား၍ အကြောင်းအရာ ကြံဆမှုကို ဖယ်ထား၍ မှားသော အယူ၌ နှစ်သက်မှုကို ဖယ်ထား၍ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု အရဟတ္တဖိုလ်ကိုပြောကြား ရာသော ထိုအကြောင်းကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.153 15. The Old and the New Is There a Method? “Mendicants, is there a method—apart from faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation—that a mendicant can rely on to declare their enlightenment? That is: ‘I understand: “Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.”’” “Our teachings are rooted in the Buddha. He is our guide and our refuge. Sir, may the Buddha himself please clarify the meaning of this. The mendicants will listen and remember it.” “Well then, mendicants, listen and apply your mind well, I will speak.” “Yes, sir,” they replied. The Buddha said this: “There is a method—apart from faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation—that a mendicant can rely on to declare their enlightenment. That is: ‘I understand: “Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.”’ And what is that method? Take a mendicant who sees a sight with their eyes. When they have greed, hate, and delusion in them, they understand ‘I have greed, hate, and delusion in me.’ When they don’t have greed, hate, and delusion in them, they understand ‘I don’t have greed, hate, and delusion in me.’ Since this is so, are these things understood by faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation?” “No, sir.” “Aren’t they understood by seeing them with wisdom?” “Yes, sir.” “This is a method—apart from faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation—that a mendicant can rely on to declare their enlightenment. That is: ‘I understand: “Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.”’ Furthermore, a mendicant hears a sound … smells an odor … tastes a flavor … encounters a touch … knows an idea with their mind. When they have greed, hate, and delusion in them, they understand ‘I have greed, hate, and delusion in me.’ When they don’t have greed, hate, and delusion in them, they understand ‘I don’t have greed, hate, and delusion in me.’ Since this is so, are these things understood by faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation?” “No, sir.” “Aren’t they understood by seeing them with wisdom?” “Yes, sir.” “This too is a method—apart from faith, endorsement, oral transmission, reasoned train of thought, or acceptance of a view after deliberation—that a mendicant can rely on to declare their enlightenment. That is: ‘I understand: “Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.”’”
၉။ ဣန္ဒြိယသမ္ပန္နသုတ္တံ
၁၅၄။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘ဣန္ဒြိယသမ္ပန္နော, ဣန္ဒြိယသမ္ပန္နော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဣန္ဒြိယသမ္ပန္နော ဟောတီ’’တိ?
‘‘စက္ခုန္ဒြိယေ စေ, ဘိက္ခု, ဥဒယဗ္ဗယာနုပဿီ ဝိဟရန္တော စက္ခုန္ဒြိယေ နိဗ္ဗိန္ဒတိ…ပေ… ဇိဝှိန္ဒြိယေ စေ, ဘိက္ခု, ဥဒယဗ္ဗယာနုပဿီ ဝိဟရန္တော ဇိဝှိန္ဒြိယေ နိဗ္ဗိန္ဒတိ…ပေ… မနိန္ဒြိယေ စေ, ဘိက္ခု, ဥဒယဗ္ဗယာနုပဿီ ဝိဟရန္တော မနိန္ဒြိယေ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ…ပေ… ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ ဧတ္တာဝတာ ခေါ, ဘိက္ခု, ဣန္ဒြိယသမ္ပန္နော ဟောတီ’’တိ။ နဝမံ။
၉-ဣန္ဒြိယသမ္ပန္နသုတ် ၁၅၄။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ ထစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား “ဣန္ဒြေနှင့် ပြည့်စုံသူ ဣန္ဒြေနှင့် ပြည့်စုံသူ”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ဣန္ဒြေနှင့် ပြည့်စုံသူ ဖြစ်ပါသနည်းဟု ဤစကားကို လျှောက်၏။ ရဟန်းသည် စက္ခုန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှု၍ နေခဲ့မူ စက္ခုန္ဒြေ၌ ငြီးငွေ့၏။ပ။ ရဟန်းသည်ဇိဝှိန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှု၍ နေခဲ့မူ ဇိဝှိန္ဒြေ၌ ငြီးငွေ့၏။ပ။ ရဟန်းသည် မနိန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုလျက် နေခဲ့မူ မနိန္ဒြေ၌ ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏။ပ။ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ‘လွတ်မြောက်ပြီ’ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်းသည် ဤမျှသောအကြောင်းဖြင့် ဣန္ဒြေနှင့် ပြည့်စုံသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.154 15. The Old and the New Endowed With Faculties Then a mendicant went up to the Buddha … and asked him, “Sir, they speak of someone who is ‘accomplished in the faculties’. How is someone accomplished in the faculties defined?” “Mendicant, if someone meditates observing rise and fall in the eye faculty, they grow disillusioned with the eye faculty. If they meditate observing rise and fall in the ear faculty … nose faculty … tongue faculty … body faculty … mind faculty, they grow disillusioned with the mind faculty. Being disillusioned, desire fades away. … When they’re freed, they know they’re freed. They understand: ‘Rebirth is ended, the spiritual journey has been completed, what had to be done has been done, there is nothing further for this place.’ This is how someone who is accomplished in the faculties is defined.”
၁၀။ ဓမ္မကထိကပုစ္ဆသုတ္တံ
၁၅၅။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘ဓမ္မကထိကော, ဓမ္မကထိကော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, ဓမ္မကထိကော ဟောတီ’’တိ?
‘‘စက္ခုဿ စေ, ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ ဒေသေတိ, ‘ဓမ္မကထိကော ဘိက္ခူ’တိ အလံဝစနာယ။ စက္ခုဿ စေ, ဘိက္ခု, နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ, ‘ဓမ္မာနုဓမ္မပ္ပဋိပန္နော ဘိက္ခူ’တိ အလံဝစနာယ။ စက္ခုဿ စေ, ဘိက္ခု, နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ အနုပါဒါဝိမုတ္တော ဟောတိ, ‘ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဘိက္ခူ’တိ အလံဝစနာယ…ပေ… ဇိဝှါယ စေ, ဘိက္ခု, နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ ဒေသေတိ, ‘ဓမ္မကထိကော ဘိက္ခူ’တိ အလံဝစနာယ…ပေ… မနဿ စေ, ဘိက္ခု, နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ ဒေသေတိ, ‘ဓမ္မကထိကော ဘိက္ခူ’တိ အလံဝစနာယ။ မနဿ စေ, ဘိက္ခု, နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ, ‘ဓမ္မာနုဓမ္မပ္ပဋိပန္နော ဘိက္ခူ’တိ အလံဝစနာယ။ မနဿ စေ, ဘိက္ခု, နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ အနုပါဒါဝိမုတ္တော ဟောတိ, ‘ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဘိက္ခူ’တိ အလံဝစနာယာ’’တိ။ ဒသမံ။
နဝပုရာဏဝဂ္ဂေါ ပဉ္စဒသမော။
တဿုဒ္ဒါနံ –
ကမ္မံ စတ္တာရိ သပ္ပါယာ, အနန္တေဝါသိ ကိမတ္ထိယာ၊
အတ္ထိ နု ခေါ ပရိယာယော, ဣန္ဒြိယကထိကေန စာတိ။
သဠာယတနဝဂ္ဂေ တတိယပဏ္ဏာသကော သမတ္တော။
တဿ ဝဂ္ဂုဒ္ဒါနံ –
ယောဂက္ခေမိ စ လောကော စ, ဂဟပတိ ဒေဝဒဟေန စ၊
နဝပုရာဏေန ပဏ္ဏာသော, တတိယော တေန ဝုစ္စတီတိ။
၁၀-ဓမ္မကထိကပုစ္ဆသုတ် ၁၅၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား “ဓမ္မကထိကပုဂ္ဂိုလ် ဓမ္မကထိကပုဂ္ဂိုလ်”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ဓမ္မကထိကပုဂ္ဂိုလ် ဖြစ်ပါသနည်းဟု ဤစကားကိုလျှောက်၏။ ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားကို ဟောခဲ့မူ ဓမ္မကထိက ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်သည် ဖြစ်ခဲ့မူ တရားတော်အား လျော်သော အကျင့်ကို ကျင့်သော ရဟန်းဟု ဆိုခြင်းငှါထိုက်၏။ ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်သည် ဖြစ်ခဲ့မူ ယခုဘဝ၌ ပင် နိဗ္ဗာန်သို့ ရောက်သော ရဟန်းဟုဆိုခြင်းငှါ ထိုက်၏။ပ။ ရဟန်းသည် လျှာကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားကို ဟောခဲ့မူ ဓမ္မ ကထိကရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ပ။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ် ခြင်းငှါတရားကို ဟောခဲ့မူ ဓမ္မကထိက ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းငှါစွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်သည် ဖြစ်ခဲ့မူ တရားတော်အား လျော်သော အကျင့်ကို ကျင့်သောရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်သည် ဖြစ်ခဲ့မူ ယခုဘဝ၌ ပင် နိဗ္ဗာန်သို့ရောက်သော ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။ ငါးခုမြောက် နဝပုရာဏဝဂ် ပြီး၏။ (၁၆) ၁-နန္ဒိက္ခယဝဂ် ၁-အဇ္ဈတ္တနန္ဒိက္ခယသုတ်
Linked Discourses 35.155 15. The Old and the New A Dhamma Speaker Then a mendicant went up to the Buddha … and asked him, “Sir, they speak of a ‘Dhamma speaker’. How is a Dhamma speaker defined?” “If a mendicant teaches Dhamma for disillusionment, dispassion, and cessation regarding the eye, they’re qualified to be called ‘a mendicant who speaks on Dhamma’. If they practice for disillusionment, dispassion, and cessation regarding the eye, they’re qualified to be called ‘a mendicant who practices in line with the teaching’. If they’re freed by not grasping by disillusionment, dispassion, and cessation regarding the eye, they’re qualified to be called ‘a mendicant who has attained extinguishment in this very life’. If a mendicant teaches Dhamma for disillusionment with the ear … nose … tongue … body … mind, for its fading away and cessation, they’re qualified to be called ‘a mendicant who speaks on Dhamma’. If they practice for disillusionment, dispassion, and cessation regarding the mind, they’re qualified to be called ‘a mendicant who practices in line with the teaching’. If they’re freed by not grasping by disillusionment, dispassion, and cessation regarding the mind, they’re qualified to be called ‘a mendicant who has attained extinguishment in this very life’.”
၁၆။ နန္ဒိက္ခယဝဂ္ဂေါ
၁။ အဇ္ဈတ္တနန္ဒိက္ခယသုတ္တံ
၁၅၆။ ‘‘အနိစ္စံယေဝ, ဘိက္ခဝေ, ဘိက္ခု စက္ခုံ အနိစ္စန္တိ ပဿတိ, သာဿ [သာယံ (ပီ။ က။)] ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ…ပေ… အနိစ္စံယေဝ, ဘိက္ခဝေ, ဘိက္ခု ဇိဝှံ အနိစ္စန္တိ ပဿတိ, သာဿ ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ…ပေ… စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ…ပေ… အနိစ္စံယေဝ, ဘိက္ခဝေ, ဘိက္ခု မနံ အနိစ္စန္တိ ပဿတိ, သာဿ ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတီ’’တိ။ ပဌမံ။
၁၅၆။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော မျက်စိကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ထိုသို့ရှုခြင်းသည် မှန်ကန်စွာ မြင်ခြင်း‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏။ နှစ်သက်မှု စွဲမက်မှုကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ပ။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော လျှာကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည်မှန်ကန်စွာ မြင်ခြင်း‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်း ကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့်။ပ။ စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော စိတ်ကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည်မှန်ကန်စွာ မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်း ကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်း ကြောင့်စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ပဌမသုတ်။
Linked Discourses 35.156 16. The End of Relishing The Interior and the End of Relishing “Mendicants, the eye really is impermanent. A mendicant sees that it is impermanent: that’s their right view. Seeing rightly, they grow disillusioned. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed. The ear … nose … tongue … body … mind really is impermanent. A mendicant sees that it is impermanent: that’s their right view. Seeing rightly, they grow disillusioned. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed.”
၂။ ဗာဟိရနန္ဒိက္ခယသုတ္တံ
၁၅၇။ ‘‘အနိစ္စေယေဝ, ဘိက္ခဝေ, ဘိက္ခု ရူပေ အနိစ္စာတိ ပဿတိ, သာဿ ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ။ အနိစ္စေယေဝ, ဘိက္ခဝေ, ဘိက္ခု သဒ္ဒေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ အနိစ္စာတိ ပဿတိ, သာဿ ဟောတိ သမ္မာဒိဋ္ဌိ။ သမ္မာ ပဿံ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတီ’’တိ။ ဒုတိယံ။
၂-ဗာဟိရနန္ဒိက္ခယသုတ် ၁၅၇။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်ကုန်သော အဆင်းတို့ကို မမြဲကုန်ဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည် မှန်ကန်စွာ မြင်ခြင်း‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု့စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်ကုန်သော အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို မမြဲကုန်ဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည် မှန်ကန်စွာမြင်ခြင်း‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည်ကောင်းစွာ လွတ်မြောက်ပြီဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ ဒုတိယသုတ်။
Linked Discourses 35.157 16. The End of Relishing The Exterior and the End of Relishing “Mendicants, sights really are impermanent. A mendicant sees that they are impermanent: that’s their right view. Seeing rightly, they grow disillusioned. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed. Sounds … Smells … Tastes … Touches … Ideas really are impermanent. A mendicant sees that they are impermanent: that’s their right view. Seeing rightly, they grow disillusioned. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed.”
၃။ အဇ္ဈတ္တအနိစ္စနန္ဒိက္ခယသုတ္တံ
၁၅၈။ ‘‘စက္ခုံ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ၊ စက္ခာနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ။ စက္ခုံ, ဘိက္ခဝေ, ဘိက္ခု ယောနိသော မနသိကရောန္တော, စက္ခာနိစ္စတဉ္စ ယထာဘူတံ သမနုပဿန္တော စက္ခုသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ။ သောတံ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ… ဃာနံ… ဇိဝှံ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ၊ ဇိဝှါနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ။ ဇိဝှံ, ဘိက္ခဝေ, ဘိက္ခု ယောနိသော မနသိကရောန္တော, ဇိဝှါနိစ္စတဉ္စ ယထာဘူတံ သမနုပဿန္တော ဇိဝှါယပိ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ။ ကာယံ… မနံ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ၊ မနာနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ။ မနံ, ဘိက္ခဝေ, ဘိက္ခု ယောနိသော မနသိကရောန္တော, မနာနိစ္စတဉ္စ ယထာဘူတံ သမနုပဿန္တော မနသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတီ’’တိ။ တတိယံ။
၃-အဇ္ဈတ္တအနိစ္စနန္ဒိက္ခယသုတ် ၁၅၈။ ရဟန်းတို့ မျက်စိကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ မျက်စိ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် မျက်စိကို အသင့်အားဖြင့် နှလုံးသွင်းသော် မျက်စိ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုသော် မျက်စိ၌လည်း ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှုကုန် ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ ရဟန်းတို့ နားကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ ရဟန်းတို့ နှာခေါင်းကို။ လျှာကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ လျှာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် လျှာကို အသင့်အားဖြင့် နှလုံးသွင်းသော် လျှာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် လျှာ၌လည်း ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှုကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ ရဟန်းတို့ကိုယ်ကို။ပ။ စိတ်ကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ စိတ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် စိတ်ကို အသင့်အားဖြင့် နှလုံးသွင်းသော် စိတ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် စိတ်၌လည်း ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှုကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။
Linked Discourses 35.158 16. The End of Relishing Focus, the Interior, and the End of Relishing “Mendicants, rationally apply the mind to the eye. Truly see the impermanence of the eye. When a mendicant does this, they grow disillusioned with the eye. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed. Rationally apply the mind to the ear … nose … tongue … body … mind. Truly see the impermanence of the mind. When a mendicant does this, they grow disillusioned with the mind. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed.”
၄။ ဗာဟိရအနိစ္စနန္ဒိက္ခယသုတ္တံ
၁၅၉။ ‘‘ရူပေ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ၊ ရူပါနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ။ ရူပေ, ဘိက္ခဝေ, ဘိက္ခု ယောနိသော မနသိကရောန္တော, ရူပါနိစ္စတဉ္စ ယထာဘူတံ သမနုပဿန္တော ရူပေသုပိ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတိ။ သဒ္ဒေ… ဂန္ဓေ… ရသေ… ဖောဋ္ဌဗ္ဗေ… ဓမ္မေ, ဘိက္ခဝေ, ယောနိသော မနသိ ကရောထ၊ ဓမ္မာနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ။ ဓမ္မေ, ဘိက္ခဝေ, ဘိက္ခု ယောနိသော မနသိကရောန္တော, ဓမ္မာနိစ္စတဉ္စ ယထာဘူတံ သမနုပဿန္တော ဓမ္မေသုပိ နိဗ္ဗိန္ဒတိ။ နန္ဒိက္ခယာ ရာဂက္ခယော၊ ရာဂက္ခယာ နန္ဒိက္ခယော။ နန္ဒိရာဂက္ခယာ စိတ္တံ သုဝိမုတ္တန္တိ ဝုစ္စတီ’’တိ။ စတုတ္ထံ။
၄-ဗာဟိရအနိစ္စနန္ဒိက္ခယသုတ် ၁၅၉။ ရဟန်းတို့ အဆင်းတို့ကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ အဆင်းတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် အဆင်းတို့ကို အသင့်အားဖြင့်နှလုံးသွင်းသော် အဆင်းတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် အဆင်းတို့၌လည်းငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှုကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ ရဟန်းတို့ သဘောတရားတို့ကိုအသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ သဘောတရားတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် သဘောတရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းသော် သဘောတရားတို့၏ မမြဲမှုကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် သဘောတရားတို့၌လည်း ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု့စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ စတုတ္ထသုတ်။
Linked Discourses 35.159 16. The End of Relishing Focus, the Exterior, and the End of Relishing “Mendicants, rationally apply the mind to sights. Truly see the impermanence of sights. When a mendicant does this, they grow disillusioned with sights. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed. Rationally apply the mind to sounds … smells … tastes … touches … ideas. Truly see the impermanence of ideas. When a mendicant does this, they grow disillusioned with ideas. When relishing ends, greed ends. When greed ends, relishing ends. When relishing and greed end, the mind is said to be well freed.”
၅။ ဇီဝကမ္ဗဝနသမာဓိသုတ္တံ
၁၆၀။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဇီဝကမ္ဗဝနေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘ဘိက္ခဝေါ’’တိ…ပေ… ‘‘သမာဓိံ, ဘိက္ခဝေ, ဘာဝေထ။ သမာဟိတဿ, ဘိက္ခဝေ, ဘိက္ခုနော ယထာဘူတံ ဩက္ခာယတိ။ ကိဉ္စ ယထာဘူတံ ဩက္ခာယတိ? စက္ခုံ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ, ရူပါ အနိစ္စာတိ ယထာဘူတံ ဩက္ခာယတိ, စက္ခုဝိညာဏံ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ, စက္ခုသမ္ဖဿော အနိစ္စောတိ ယထာဘူတံ ဩက္ခာယတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ…ပေ… ဇိဝှါ အနိစ္စာတိ ယထာဘူတံ ဩက္ခာယတိ…ပေ… မနော အနိစ္စောတိ ယထာဘူတံ ဩက္ခာယတိ, ဓမ္မာ အနိစ္စာတိ ယထာဘူတံ ဩက္ခာယတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ။ သမာဓိံ, ဘိက္ခဝေ, ဘာဝေထ။ သမာဟိတဿ, ဘိက္ခဝေ, ဘိက္ခုနော ယထာဘူတံ ဩက္ခာယတီ’’တိ။ ပဉ္စမံ။
၅-ဇီဝကမ္ဗဝနသမာဓိသုတ် ၁၆၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဥ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ပ။ ရဟန်းတို့တည်ကြည်မှု ‘သမာဓိ’ကို ပွါးကြကုန်လော့၊ ရဟန်းတို့ တည်ကြည်သော ရဟန်းအားဟုတ်တိုင်းမှန်စွာထင်မြင်နိုင်၏။ အဘယ်သို့လျှင်ဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်သနည်း။ မျက်စိသည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ အဆင်းတို့သည် မမြဲကုန်ဟုဟုတ်တိုင်းမှန်စွာထင်မြင်နိုင်၏၊ စက္ခုဝိညာဏ်သည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ စက္ခုသမ္ဖဿသည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ပ။ လျှာသည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ပ။ စိတ်သည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ သဘောတရားတို့သည် မမြဲကုန်ဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ပ။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ကို ပွါးကုန်လော့။ ရဟန်းတို့ တည်ကြည်သောရဟန်းအားဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏ဟု (မိန့်တော်မူ၏)။ ပဉ္စမသုတ်။
Linked Discourses 35.160 16. The End of Relishing On Immersion at Jīvaka’s Mango Grove At one time the Buddha was staying near Rājagaha in Jīvaka’s Mango Grove. There the Buddha addressed the mendicants: “Mendicants, develop immersion. For a mendicant with immersion, things become truly clear. And what becomes truly clear? It becomes truly clear that the eye, sights, eye consciousness, and eye contact are impermanent. And it also becomes truly clear that the painful, pleasant, or neutral feeling that arises dependent on eye contact is impermanent. It becomes truly clear that the ear … nose … tongue … body … mind, ideas, mind consciousness, and mind contact are impermanent. And it also becomes truly clear that the painful, pleasant, or neutral feeling that arises dependent on mind contact is impermanent. Mendicants, develop immersion. For a mendicant with immersion, things become truly clear.”
၆။ ဇီဝကမ္ဗဝနပဋိသလ္လာနသုတ္တံ
၁၆၁။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဇီဝကမ္ဗဝနေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ…ပေ… ‘‘ပဋိသလ္လာနေ, ဘိက္ခဝေ, ယောဂမာပဇ္ဇထ။ ပဋိသလ္လီနဿ, ဘိက္ခဝေ, ဘိက္ခုနော ယထာဘူတံ ဩက္ခာယတိ။ ကိဉ္စ ယထာဘူတံ ဩက္ခာယတိ? စက္ခုံ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ, ရူပါ အနိစ္စာတိ ယထာဘူတံ ဩက္ခာယတိ, စက္ခုဝိညာဏံ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ, စက္ခုသမ္ဖဿော အနိစ္စောတိ ယထာဘူတံ ဩက္ခာယတိ, ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ…ပေ… မနော အနိစ္စောတိ ယထာဘူတံ ဩက္ခာယတိ, ဓမ္မာ… မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စန္တိ ယထာဘူတံ ဩက္ခာယတိ။ ပဋိသလ္လာနေ ဘိက္ခဝေ, ယောဂမာပဇ္ဇထ။ ပဋိသလ္လီနဿ, ဘိက္ခဝေ, ဘိက္ခုနော ယထာဘူတံ ဩက္ခာယတီ’’တိ။ ဆဋ္ဌံ။
၆-ဇီဝကမ္ဗဝနပဋိသလ္လာနသုတ် ၁၆၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဥ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ပ။ ရဟန်းတို့တစ်ပါးတည်း ကိန်းအောင်းမှု၌ အားထုတ်ခြင်းသို့ ရောက်ကြကုန်လော့၊ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းနေသော ရဟန်းအားဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ အဘယ်သို့လျှင်ဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်သနည်း။ မျက်စိသည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ အဆင်းတို့သည် မမြဲကုန်ဟုဟုတ်တိုင်းမှန်စွာထင်မြင်နိုင်၏၊ စက္ခုဝိညာဏ်သည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ စက္ခုသမ္ဖဿသည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ပ။ စိတ်သည် မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏၊ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခဒုက္ခဥပေက္ခာ ဝေဒနာသည်လည်း မမြဲဟုဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏။ ရဟန်းတို့ တစ်ပါးတည်းကိန်းအောင်းမှု၌ အားထုတ်ခြင်းသို့ ရောက်ကြကုန်လော့၊ ရဟန်းတို့ တစ်ပါးတည်း ကိန်းအောင်းနေသောရဟန်းအားဟုတ်တိုင်းမှန်စွာ ထင်မြင်နိုင်၏ဟု (မိန့်တော်မူ၏)။ ဆဋ္ဌသုတ်။
Linked Discourses 35.161 16. The End of Relishing On Retreat at Jīvaka’s Mango Grove At one time the Buddha was staying near Rājagaha in Jīvaka’s Mango Grove. There the Buddha addressed the mendicants: “Mendicants, meditate in retreat. For a mendicant who meditates in retreat, things become truly clear. And what becomes truly clear? It becomes truly clear that the eye, sights, eye consciousness, and eye contact are impermanent. And it also becomes truly clear that the painful, pleasant, or neutral feeling that arises dependent on eye contact is impermanent. … It becomes truly clear that the mind, ideas, mind consciousness, and mind contact are impermanent. And it also becomes truly clear that the painful, pleasant, or neutral feeling that arises dependent on mind contact is impermanent. Mendicants, meditate in retreat. For a mendicant who meditates in retreat, things become truly clear.”
၇။ ကောဋ္ဌိကအနိစ္စသုတ္တံ
၁၆၂။ အထ ခေါ အာယသ္မာ မဟာကောဋ္ဌိကော ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ကောဋ္ဌိကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ, ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု, ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျ’’န္တိ။
‘‘ယံ ခေါ, ကောဋ္ဌိက, အနိစ္စံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကိဉ္စ, ကောဋ္ဌိက, အနိစ္စံ? စက္ခု ခေါ, ကောဋ္ဌိက, အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရူပါ အနိစ္စာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုဝိညာဏံ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုသမ္ဖဿော အနိစ္စော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… ဇိဝှါ အနိစ္စာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရသာ အနိစ္စာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဇိဝှါဝိညာဏံ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဇိဝှါသမ္ဖဿော အနိစ္စော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… မနော အနိစ္စော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဓမ္မာ အနိစ္စာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ မနောဝိညာဏံ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ မနောသမ္ဖဿော အနိစ္စော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယံ ခေါ, ကောဋ္ဌိက, အနိစ္စံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ သတ္တမံ။
၇-ကောဋ္ဌိကအနိစ္စသုတ် ၁၆၂။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဥ်းအားဖြင့် တရားဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏”ဟု လျှောက်၏။ ကောဋ္ဌိက အကြင်တရားသည် မမြဲ၊ ထိုတရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိကမမြဲသော တရားဟူသည် အဘယ်နည်း။ ကောဋ္ဌိက မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိ၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည် မမြဲကုန်၊ ထိုမမြဲသော အဆင်းတို့၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် မမြဲ၊ ထိုမမြဲသော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကိုပယ်ရမည်။ စက္ခုသမ္ဖဿသည် မမြဲ၊ ထိုမမြဲသော စက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသော ဝေဒနာ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ပ။ လျှာသည် မမြဲ၊ ထိုမမြဲသော လျှာ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ အရသာတို့သည်မမြဲကုန်၊ ထိုမမြဲသော အရသာတို့၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါဝိညာဏ်သည် မမြဲ၊ ထိုမမြဲသော ဇိဝှါဝိညာဏ်၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါသမ္ဖဿသည် မမြဲ၊ ထိုမမြဲသောဇိဝှါသမ္ဖဿ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသော ဝေဒနာ၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ပ။ စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည်မမြဲကုန်၊ ထိုမမြဲသော သဘောတရားတို့၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည်မမြဲ၊ ထိုမမြဲသော မနောဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿသည် မမြဲ၊ ထိုမမြဲသော မနောသမ္ဖဿ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသောဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိက အကြင်တရားသည် မမြဲ၊ ထိုတရား၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။ သတ္တမသုတ်။
Linked Discourses 35.162 16. The End of Relishing With Koṭṭhita on Impermanence Then Venerable Mahākoṭṭhita went up to the Buddha … and asked him, “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Koṭṭhita, you should give up desire for what is impermanent. And what is impermanent? The eye, sights, eye consciousness, and eye contact are impermanent: you should give up desire for them. The pleasant, painful, or neutral feeling that arises dependent on eye contact is also impermanent: you should give up desire for it. The ear … nose … tongue … body …. The mind, ideas, mind consciousness, and mind contact are impermanent: you should give up desire for them. The pleasant, painful, or neutral feeling that arises dependent on mind contact is also impermanent: you should give up desire for it. Koṭṭhita, you should give up desire for what is impermanent.”
၈။ ကောဋ္ဌိကဒုက္ခသုတ္တံ
၁၆၃။ အထ ခေါ အာယသ္မာ မဟာကောဋ္ဌိကော…ပေ… ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု မေ, ဘန္တေ…ပေ… ဝိဟရေယျ’’န္တိ။ ‘‘ယံ ခေါ, ကောဋ္ဌိက, ဒုက္ခံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကိဉ္စ, ကောဋ္ဌိက, ဒုက္ခံ? စက္ခု ခေါ, ကောဋ္ဌိက, ဒုက္ခံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရူပါ ဒုက္ခာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုဝိညာဏံ ဒုက္ခံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုသမ္ဖဿော ဒုက္ခော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… ဇိဝှါ ဒုက္ခာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… မနော ဒုက္ခော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဓမ္မာ ဒုက္ခာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ မနောဝိညာဏံ ဒုက္ခံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ မနောသမ္ဖဿော ဒုက္ခော၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခံ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယံ ခေါ, ကောဋ္ဌိက, ဒုက္ခံ တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ အဋ္ဌမံ။
၈-ကောဋ္ဌိကဒုက္ခသုတ် ၁၆၃။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည်။ပ။ မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-“အသျှင်ဘုရား တောင်းပန်ပါ၏၊ ပ။ နေလိုပါ၏”ဟု လျှောက်၏။ ကောဋ္ဌိကအကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိက ဆင်းရဲသော တရားဟူသည် အဘယ်နည်း။ ကောဋ္ဌိက မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မျက်စိ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော အဆင်းတို့၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော စက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲ၏၊ ထိုဆင်းရဲသော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ လျှာသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော လျှာ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ပ။ စိတ်သည့်ဆင်းရဲ၏၊ ထိုဆင်းရဲသော စိတ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော သဘောတရားတို့၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မနောဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ မနောသမ္ဖဿသည် ဆင်းရဲဲ၏၊ ထိုဆင်းရဲဲသော မနောသမ္ဖဿ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဲ၏၊ ထိုဆင်းရဲဲသော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ ကောဋ္ဌိက အကြင်တရားကား ဆင်းရဲဲ၏၊ ထိုဆင်းရဲဲသော တရား၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။
Linked Discourses 35.163 16. The End of Relishing With Koṭṭhita on Suffering Then Venerable Mahākoṭṭhita … said to the Buddha: “Sir, may the Buddha please teach me Dhamma in brief. When I’ve heard it, I’ll live alone, withdrawn, diligent, keen, and resolute.” “Koṭṭhita, you should give up desire for what is suffering. And what is suffering? The eye, sights, eye consciousness, and eye contact are suffering: you should give up desire for them. The pleasant, painful, or neutral feeling that arises dependent on eye contact is also suffering; you should give up desire for it. The ear … nose … tongue … body …. The mind, ideas, mind consciousness, and mind contact are suffering: you should give up desire for them. The pleasant, painful, or neutral feeling that arises dependent on mind contact is also suffering: you should give up desire for it. Koṭṭhita, you should give up desire for what is suffering.”
၉။ ကောဋ္ဌိကအနတ္တသုတ္တံ
၁၆၄။ ဧကမန္တံ…ပေ… ဝိဟရေယျန္တိ။ ‘‘ယော ခေါ, ကောဋ္ဌိက, အနတ္တာ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ကော စ, ကောဋ္ဌိက, အနတ္တာ? စက္ခု ခေါ, ကောဋ္ဌိက, အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ရူပါ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုဝိညာဏံ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ စက္ခုသမ္ဖဿော အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော …ပေ… ဇိဝှါ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော…ပေ… မနော အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ဓမ္မာ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ မနောဝိညာဏံ… မနောသမ္ဖဿော… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တာ၊ တတြ တေ ဆန္ဒော ပဟာတဗ္ဗော။ ယော ခေါ, ကောဋ္ဌိက, အနတ္တာ, တတြ တေ ဆန္ဒော ပဟာတဗ္ဗော’’တိ။ နဝမံ။
၉-ကောဋ္ဌိကအနတ္တသုတ် ၁၆၄။ အခါတစ်ပါး၌ ။ပ။ နေလိုပါ၏ဟု လျှောက်၏။ ကောဋ္ဌိက အကြင်တရားကား အတ္တ မဟုတ်၊ ထိုအတ္တ မဟုတ်သော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ ကောဋ္ဌိက အတ္တမဟုတ်သောတရားဟူသည် အဘယ်နည်း။ ကောဋ္ဌိက မျက်စိသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော မျက်စိ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ အဆင်းတို့သည် အတ္တ မဟုတ်ကုန်၊ ထိုအတ္တမဟုတ်သော တရား၌ သင်သည်လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သောစက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာသည်လည်း အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သောဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။ လျှာသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော လျှာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။ စိတ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုအတ္တမဟုတ်သော စိတ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ သဘောတရားတို့သည် အတ္တ မဟုတ်ကုန်၊ ထိုအတ္တမဟုတ်သော သဘောတရားတို့၌ သင်သည် လိုချင်မှု‘ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ ကောဋ္ဌိက အကြင်တရားကားအတ္တ မဟုတ်၊ ထိုအတ္တ မဟုတ်သော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။ နဝမသုတ်။
Linked Discourses 35.164 16. The End of Relishing With Koṭṭhita on Not-Self “Koṭṭhita, you should give up desire for what is not-self. And what is not-self? The eye, sights, eye consciousness, and eye contact are not-self: you should give up desire for them. The pleasant, painful, or neutral feeling that arises dependent on eye contact is also not-self: You should give up desire for it. The ear … nose … tongue … body … The mind, ideas, mind consciousness, and mind contact … The pleasant, painful, or neutral feeling that arises dependent on mind contact is also not-self: you should give up desire for it. Koṭṭhita, you should give up desire for what is not-self.”
၁၀။ မိစ္ဆာဒိဋ္ဌိပဟာနသုတ္တံ
၁၆၅။ အထ ခေါ အညတရော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ…ပေ… ဧကမန္တံ နိသိန္နော သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော ကထံ ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတီ’’တိ?
‘‘စက္ခုံ ခေါ, ဘိက္ခု, အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ။ ရူပေ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ။ စက္ခုဝိညာဏံ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ။ စက္ခုသမ္ဖဿံ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတီ’’တိ။ ဒသမံ။
၁၀-မိစ္ဆာဒိဋ္ဌိပဟာနသုတ် ၁၆၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟု လျှောက်၏။ ရဟန်း မျက်စိကို မမြဲဲဟု သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ စက္ခုဝိညာဏ်ကို မမြဲဲဟုသိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို မမြဲဲဟု သိသူ မြင်သူအား မှားသောအယူ ပျောက်ကင်း၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာကိုလည်း မမြဲဲဟု သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ ရဟန်း ဤသို့့သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Linked Discourses 35.165 16. The End of Relishing Giving Up Wrong View Then a mendicant went up to the Buddha … and said to him: “Sir, how does one know and see so that wrong view is given up?” “Mendicant, knowing and seeing the eye, sights, eye consciousness, and eye contact as impermanent, wrong view is given up. … And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on mind contact as impermanent, wrong view is given up. This is how to know and see so that wrong view is given up.”
၁၁။ သက္ကာယဒိဋ္ဌိပဟာနသုတ္တံ
၁၆၆။ အထ ခေါ အညတရော ဘိက္ခု…ပေ… ဧတဒဝေါစ – ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော ကထံ ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတီ’’တိ? ‘‘စက္ခုံ ခေါ, ဘိက္ခု, ဒုက္ခတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ။ ရူပေ ဒုက္ခတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ။ စက္ခုဝိညာဏံ ဒုက္ခတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ။ စက္ခုသမ္ဖဿံ ဒုက္ခတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ…ပေ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ ဒုက္ခတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ။ ဧဝံ ခေါ, ဘိက္ခု, ဇာနတော ဧဝံ ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတီ’’တိ။ ဧကာဒသမံ။
၁၁-သက္ကာယဒိဋ္ဌိပဟာနသုတ် ၁၆၆။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏- “အသျှင်ဘုရား အဘယ်သို့ သိသူအဘယ်သို့ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟု လျှောက်၏။ ရဟန်း မျက်စိကို ဆင်းရဲဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ အဆင်းတို့ကို ဆင်းရဲဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုဝိညာဏ်ကို ဆင်းရဲဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို ဆင်းရဲဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်းဆင်းရဲဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။ ဧကာဒသမသုတ်။
Linked Discourses 35.166 16. The End of Relishing Giving Up Substantialist View Then a mendicant went up to the Buddha … and said to him: “Sir, how does one know and see so that substantialist view is given up?” “Mendicant, knowing and seeing the eye, sights, eye consciousness, and eye contact as suffering, substantialist view is given up. … And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on mind contact as suffering, substantialist view is given up. This is how to know and see so that substantialist view is given up.”
၁၂။ အတ္တာနုဒိဋ္ဌိပဟာနသုတ္တံ
၁၆၇။ အထ ခေါ အညတရော ဘိက္ခု…ပေ… ဧတဒဝေါစ – ‘‘ကထံ နု ခေါ, ဘန္တေ, ဇာနတော ကထံ ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတီ’’တိ? ‘‘စက္ခုံ ခေါ, ဘိက္ခု, အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ။ ရူပေ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ။ စက္ခုဝိညာဏံ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ။ စက္ခုသမ္ဖဿံ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ…ပေ… ဇိဝှံ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ…ပေ… မနံ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတိ။ ဓမ္မေ… မနောဝိညာဏံ… မနောသမ္ဖဿံ… ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနတ္တတော ဇာနတော ပဿတော အတ္တာနုဒိဋ္ဌိ ပဟီယတီ’’တိ။ ဒွါဒသမံ။
နန္ဒိက္ခယဝဂ္ဂေါ သောဠသမော။
တဿုဒ္ဒါနံ –
နန္ဒိက္ခယေန စတ္တာရော, ဇီဝကမ္ဗဝနေ ဒုဝေ၊
၁၂-အတ္တာနုဒိဋ္ဌိပဟာနသုတ် ၁၆၇။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏- “အသျှင်ဘုရား အဘယ်သို့ သိသူအဘယ်သို့ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟုလျှောက်၏။ ရဟန်း မျက်စိကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ အဆင်းတို့ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုဝိညာဏ်ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအားအတ္တ သို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို အတ္တ မဟုတ်ဟုသိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်းအတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ပ။ လျှာကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ပျောက်ကင်း၏။ပ။ စိတ်ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အတ္တမဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား အတ္တသို့ အစဥ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။ ဒွါဒသမသုတ်။ ရှေးဦးစွာသော နန္ဒိက္ခယဝဂ် ပြီး၏။ (၁၇) ၂-သဋ္ဌိပေယျာလဝဂ် ၁-အဇ္ဈတ္တအနိစ္စဆန္ဒသုတ်
Linked Discourses 35.167 16. The End of Relishing Giving Up Theory of Self Then a mendicant went up to the Buddha … and said to him: “Sir, how does one know and see so that theory of self is given up?” “Mendicant, knowing and seeing the eye, sights, eye consciousness, and eye contact as not-self, theory of self is given up. … And also knowing and seeing the pleasant, painful, or neutral feeling that arises dependent on mind contact as not-self, theory of self is given up.”
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 1. Saḷāyatanasaṃyuttaṃ (Suttapiṭaka, Saṃyuttanikāya, Saḷāyatanavaggo). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#161