သဠာယတနဝဂ္ဂသံယုတ္တပါဠိ
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၄၁၉။ အထ ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ, ဘော ဂေါတမ, အတ္ထတ္တာ’’တိ? ဧဝံ ဝုတ္တေ, ဘဂဝါ တုဏှီ အဟောသိ။ ‘‘ကိံ ပန, ဘော ဂေါတမ, နတ္ထတ္တာ’’တိ? ဒုတိယမ္ပိ ခေါ ဘဂဝါ တုဏှီ အဟောသိ။ အထ ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ဥဋ္ဌာယာသနာ ပက္ကာမိ။
အထ ခေါ အာယသ္မာ အာနန္ဒော အစိရပက္ကန္တေ ဝစ္ဆဂေါတ္တေ ပရိဗ္ဗာဇကေ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ, ဘန္တေ, ဘဂဝါ ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ပဉှံ ပုဋ္ဌော န ဗျာကာသီ’’တိ? ‘‘အဟဉ္စာနန္ဒ, ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ‘အတ္ထတ္တာ’တိ ပုဋ္ဌော သမာနော ‘အတ္ထတ္တာ’တိ ဗျာကရေယျံ, ယေ တေ, အာနန္ဒ, သမဏဗြာဟ္မဏာ သဿတဝါဒါ တေသမေတံ သဒ္ဓိံ [တေသမေတံ လဒ္ဓိ (သီ။)] အဘဝိဿ။ အဟဉ္စာနန္ဒ, ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ‘နတ္ထတ္တာ’တိ ပုဋ္ဌော သမာနော ‘နတ္ထတ္တာ’တိ ဗျာကရေယျံ, ယေ တေ, အာနန္ဒ, သမဏဗြာဟ္မဏာ ဥစ္ဆေဒဝါဒါ တေသမေတံ သဒ္ဓိံ အဘဝိဿ။ အဟဉ္စာနန္ဒ, ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ‘အတ္ထတ္တာ’တိ ပုဋ္ဌော သမာနော ‘အတ္ထတ္တာ’တိ ဗျာကရေယျံ, အပိ နု မေ တံ, အာနန္ဒ, အနုလောမံ အဘဝိဿ ဉာဏဿ ဥပ္ပါဒါယ – ‘သဗ္ဗေ ဓမ္မာ အနတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အဟဉ္စာနန္ဒ, ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ‘နတ္ထတ္တာ’တိ ပုဋ္ဌော သမာနော ‘နတ္ထတ္တာ’တိ ဗျာကရေယျံ, သမ္မူဠှဿ, အာနန္ဒ, ဝစ္ဆဂေါတ္တဿ ပရိဗ္ဗာဇကဿ ဘိယျော သမ္မောဟာယ အဘဝိဿ – ‘အဟုဝါ မေ နူန ပုဗ္ဗေ အတ္တာ, သော ဧတရဟိ နတ္ထီ’’’တိ။ ဒသမံ။
၁၀-အာနန္ဒသုတ် ၄၁၉။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-“အသျှင်ဂေါတမ အတ္တဟူ၍ ရှိပါသလော”ဟု ပြောဆို၏၊ ဤသို့ ပြောလျှင် မြတ်စွာဘုရားသည်ဆိတ်ဆိတ် နေတော်မူ၏၊ “အသျှင်ဂေါတမ အတ္တဟူ၍ မရှိသလော”ဟု ပြောဆို၏၊ ဒုတိယအကြိမ်လည်းမြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထလျက်ဖဲသွားလေ၏၊ ထို့နောက် အသျှင်အာနန္ဒာသည် ဝစ္ဆဂေါတ္တ ဖဲသွား၍ မကြာမီမြတ်စွာဘုရားအား-“ အသျှင်ဘုရား ဝစ္ဆဂေါတ္တပရိဗိုဇ် ပြဿနာ မေးအပ်ပါလျက် အဘယ်ကြောင့်မြတ်စွာဘုရား ဖြေတော်မမူပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ ရှိသလော”ဟုဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တ ဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ထိုအဖြေသည်သဿတဝါဒအယူရှိကြသော သမဏဗြာဟ္မဏနှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာထိုအဖြေသည် ဥစ္ဆေဒဝါဒအယူရှိကြသော သမဏဗြာဟ္မဏ တို့နှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည်“အတ္တဟူ၍ ရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည် ဖြစ်၍ “အတ္တဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ဤအဖြေသည် “ခပ်သိမ်းသော တရားတို့သည် အနတ္တတို့တည်း”ဟု အသိညာဏ်ဖြစ်ပေါ်ခြင်းငှါ လျော်နိုင်ရာသလော။ မလျော်နိုင်ပါ အသျှင်ဘုရား။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာတွေဝေနေသော ဝစ္ဆဂေါတ္တပရိဗိုဇ်အား “ငါ့အား ရှေးက အတ္တဟူ၍ ရှိခဲ့လေယောင် တကား၊ ထိုအတ္တသည်ယခု မရှိတော့”ဟု အလွန်တွေဝေခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ ဒသမသုတ်။
Linked Discourses 44.10 1. The Undeclared Points With Ānanda Then the wanderer Vacchagotta went up to the Buddha and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side and said to the Buddha: “Worthy Gotama, does the self survive?” But when he said this, the Buddha kept silent. “Then does the self not survive?” But for a second time the Buddha kept silent. Then the wanderer Vacchagotta rose from his seat and left. And then, not long after Vacchagotta had left, Venerable Ānanda said to the Buddha: “Sir, why didn’t you answer Vacchagotta’s question?” “Ānanda, when Vacchagotta asked me whether the self survives, if I had answered that ‘the self survives’ I would have been siding with the ascetics and brahmins who are eternalists. When Vacchagotta asked me whether the self does not survive, if I had answered that ‘the self does not survive’ I would have been siding with the ascetics and brahmins who are annihilationists. When Vacchagotta asked me whether the self survives, if I had answered that ‘the self survives’, would that have facilitated the arising of the knowledge that all things are not-self?” “No, sir.” “When Vacchagotta asked me whether the self does not survive, if I had answered that ‘the self does not survive’, Vacchagotta—who is already confused—would have got even more confused, thinking: ‘It seems that the self that I once had no longer survives.’”
၁၁။ သဘိယကစ္စာနသုတ္တံ
၄၂၀။ ဧကံ သမယံ အာယသ္မာ သဘိယော ကစ္စာနော ဉာတိကေ ဝိဟရတိ ဂိဉ္ဇကာဝသထေ။ အထ ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ယေနာယသ္မာ သဘိယော ကစ္စာနော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ အာယသ္မတာ သဘိယေန ကစ္စာနေန သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော အာယသ္မန္တံ သဘိယံ ကစ္စာနံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ ဘော, ကစ္စာန, ဟောတိ တထာဂတော ပရံ မရဏာ’’တိ? ‘‘အဗျာကတံ ခေါ ဧတံ, ဝစ္ဆ, ဘဂဝတာ – ‘ဟောတိ တထာဂတော ပရံ မရဏာ’’’တိ။ ‘‘ကိံ ပန, ဘော ကစ္စာန, န ဟောတိ တထာဂတော ပရံ မရဏာ’’တိ? ‘‘ဧတမ္ပိ ခေါ, ဝစ္ဆ, အဗျာကတံ ဘဂဝတာ – ‘န ဟောတိ တထာဂတော ပရံ မရဏာ’’’တိ။
‘‘ကိံ နု ခေါ, ဘော ကစ္စာန, ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ’’တိ? ‘‘အဗျာကတံ ခေါ ဧတံ, ဝစ္ဆ, ဘဂဝတာ – ‘ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ’’’တိ။ ‘‘ကိံ ပန, ဘော ကစ္စာန, နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ’’တိ? ‘‘ဧတမ္ပိ ခေါ, ဝစ္ဆ, အဗျာကတံ ဘဂဝတာ – ‘နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ’’’တိ။
‘‘‘ကိံ နု ခေါ, ဘော ကစ္စာန, ဟောတိ တထာဂတော ပရံ မရဏာ’တိ, ဣတိ ပုဋ္ဌော သမာနော – ‘အဗျာကတံ ခေါ ဧတံ, ဝစ္ဆ, ဘဂဝတာ – ဟောတိ တထာဂတော ပရံ မရဏာ’တိ ဝဒေသိ။ ‘ကိံ ပန, ဘော ကစ္စာန, န ဟောတိ တထာဂတော ပရံ မရဏာ’တိ, ဣတိ ပုဋ္ဌော သမာနော – ‘အဗျာကတံ ခေါ ဧတံ, ဝစ္ဆ, ဘဂဝတာ – န ဟောတိ တထာဂတော ပရံ မရဏာ’တိ ဝဒေသိ။ ‘ကိံ နု ခေါ, ဘော ကစ္စာန, ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ’တိ, ဣတိ ပုဋ္ဌော သမာနော – ‘အဗျာကတံ ခေါ ဧတံ, ဝစ္ဆ, ဘဂဝတာ – ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ’တိ ဝဒေသိ။ ‘ကိံ ပန, ဘော ကစ္စာန, နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ’တိ, ဣတိ ပုဋ္ဌော သမာနော – ‘ဧတမ္ပိ ခေါ, ဝစ္ဆ, အဗျာကတံ ဘဂဝတာ – နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ’တိ ဝဒေသိ။ ကော နု ခေါ, ဘော ကစ္စာန, ဟေတု, ကော ပစ္စယော, ယေနေတံ အဗျာကတံ သမဏေန ဂေါတမေနာ’’တိ? ‘‘ယော စ, ဝစ္ဆ, ဟေတု, ယော စ ပစ္စယော ပညာပနာယ ရူပီတိ ဝါ အရူပီတိ ဝါ သညီတိ ဝါ အသညီတိ ဝါ နေဝသညီနာသညီတိ ဝါ, သော စ ဟေတု, သော စ ပစ္စယော သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အပရိသေသံ နိရုဇ္ဈေယျ။ ကေန နံ ပညာပယမာနော ပညာပေယျ ရူပီတိ ဝါ အရူပီတိ ဝါ သညီတိ ဝါ အသညီတိ ဝါ နေဝသညီနာသညီတိ ဝါ’’တိ။ ‘‘ကီဝစိရံ ပဗ္ဗဇိတောသိ, ဘော ကစ္စာနာ’’တိ? ‘‘နစိရံ, အာဝုသော, တီဏိ ဝဿာနီ’’တိ။ ‘‘ယဿပ’ဿ, အာဝုသော, ဧတမေတ္တကေန ဧတ္တကမေဝ တံပ’ဿ ဗဟု, ကော ပန ဝါဒေါ ဧဝံ [ကော ပန ဝါဒေါ ဧဝ (သီ။ ပီ။)] အဘိက္ကန္တေ’’တိ! ဧကာဒသမံ။
အဗျာကတသံယုတ္တံ သမတ္တံ။
တဿုဒ္ဒါနံ –
ခေမာထေရီ အနုရာဓော, သာရိပုတ္တောတိ ကောဋ္ဌိကော၊
မောဂ္ဂလ္လာနော စ ဝစ္ဆော စ, ကုတူဟလသာလာနန္ဒော၊
သဘိယော ဧကာဒသမန္တိ၊
သဠာယတနဝဂ္ဂေါ စတုတ္ထော။
တဿုဒ္ဒါနံ –
သဠာယတနဝေဒနာ, မာတုဂါမော ဇမ္ဗုခါဒကော၊
သာမဏ္ဍကော မောဂ္ဂလ္လာနော, စိတ္တော ဂါမဏိ သင်္ခတံ၊
အဗျာကတန္တိ ဒသဓာတိ။
သဠာယတနဝဂ္ဂသံယုတ္တပါဠိ နိဋ္ဌိတာ။
၁၁-သဘိယကစ္စာနသုတ် ၄၂၀။ အခါတစ်ပါး၌ အသျှင်သဘိယကစ္စာနသည် ဉာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေလေ၏၊ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အသျှင်သဘိယကစ္စာနထံသို့ ချဥ်းကပ်ပြီးလျှင် အသျှင်သဘိယကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သဘိယကစ္စာနအား- အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ“သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”၊ အသျှင်ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ဤသို့ မေးလျှင် “ဝစ္ဆသတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု့ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ဤသို့မေးလျှင် ဝစ္ဆ“သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟုဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အသျှင်ကစ္စာန ဤစကားကို ရဟန်းဂေါတမမဟောခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးလျှောက်၏။ ဝစ္ဆ“ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ် မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာ မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်လျှင် ပညတ်နိုင်ရာ သော အကြောင်းအထောက်အပံ့သည်လုံးဝဥဿုံ အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့ပါလျှင် အဘယ်အကြောင်းဖြင့် ထိုသတ္တဝါကို ပညတ်လိုသော်“ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ်မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာမရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်ရာသလောဟု မိန့်ဆို၏။ အသျှင်ကစ္စာန ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း။ ငါ့သျှင် မကြာသေး၊ သုံးနှစ်မျှသာ ရှိသေး၏။ ငါ့သျှင် ဤမျှလောက်သော အချိန်ကလေးဖြင့် ဤမျှသော ဤတရားစကားသည် များပြားသည်သာ ဖြစ်ရာ၏၊ ဤထက် အလွန်ရှိသော တရားစကား၌ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (လျှောက်၏)။ ဧကာဒသမသုတ်။ အဗျာကတသံယုတ် ပြီး၏။ သဠာယတနဝဂ္ဂသံယုတ် ပြီး၏။
Linked Discourses 44.11 1. The Undeclared Points With Sabhiya Kaccāna At one time Venerable Sabhiya Kaccāna was staying at Ñātika in the brick house. Then the wanderer Vacchagotta went up to him, and exchanged greetings with him. When the greetings and polite conversation were over, he sat down to one side, and said to Sabhiya Kaccāna: “Worthy Kaccāna, does a realized one still exist after death?” “Vaccha, this has not been declared by the Buddha.” “Well then, does a realized one no longer exist after death?” “This too has not been declared by the Buddha.” “Well then, does a realized one both still exist and no longer exist after death?” “This has not been declared by the Buddha.” “Well then, does a realized one neither still exist nor no longer exist after death?” “This too has not been declared by the Buddha.” “Worthy Kaccāna, when asked these questions, you say that this has not been declared by the Buddha. What’s the cause, what’s the reason why this has not been declared by the Buddha?” “In order to describe him as ‘formed’ or ‘formless’ or ‘percipient’ or ‘non-percipient’ or ‘neither percipient nor non-percipient’, there must be some cause or reason for doing so. But if that cause and reason were to totally and utterly cease without remainder, how could you describe him in any such terms?” “Worthy Kaccāna, how long has it been since you went forth?” “Not long, reverend: three years.” “One who has learned this much in this time, reverend, has learned a lot, who can say what lies ahead!” The Linked Discourses on undeclared questions are complete. The Book of the Six Sense Fields is finished.