ဓမ္မလမ်း
← ပါစိတ္တိယပါဠိ

ပါစိတ္တိယပါဠိ မူလပါဠိတော်

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၄၀

‘‘ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၁၂။ တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော မာတုလော သေနာယ ဂိလာနော ဟောတိ။ သော တဿ ဘိက္ခုနော သန္တိကေ ဒူတံ ပါဟေသိ – ‘‘အဟဉှိ သေနာယ ဂိလာနော။ အာဂစ္ဆတု ဘဒန္တော။ ဣစ္ဆာမိ ဘဒန္တဿ အာဂတ’’န္တိ။ အထ ခေါ တဿ ဘိက္ခုနော ဧတဒဟောသိ – ‘‘ဘဂဝတာ သိက္ခာပဒံ ပညတ္တံ – ‘န ဥယျုတ္တံ သေနံ ဒဿနာယ ဂန္တဗ္ဗ’န္တိ။ အယဉ္စ မေ မာတုလော သေနာယ ဂိလာနော။ ကထံ နု ခေါ မယာ ပဋိပဇ္ဇိတဗ္ဗ’’န္တိ? ဘဂဝတော ဧတမတ္ထံ အာရောစေသိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, တထာရူပပ္ပစ္စယာ သေနာယ ဂန္တုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၃၁၂။ ထိုအခါ ရဟန်းတစ်ပါး၏ ဦးရီးသည် စစ်တပ်ထဲ၌ နာဖျားနေ၏။ ထိုသူက “အကျွန်ုပ်သည် စစ်တပ်ထဲ၌ နာဖျားနေပါ၍ ကြွခဲ့ပါလော့၊ အသျှင်၏ ကြွလာခြင်းကို အလိုရှိပါ၏”ဟု ထိုရဟန်းထံသို့ တမန်ကို စေလွှတ်၏။ ထိုအခါ တိုရဟန်းအား “မြတ်စွာဘုရားသည် ‘ချီတက်သော စစ်တပ်ကို ကြည့် ရှုခြင်းငှါ မသွားအပ်’ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ဤငါ၏ ဦးရီးသည်လည်း စစ်တပ်ထဲ၌ နာဖျား နေ၏။ ငါသည် အဘယ်သို့ ပြုကျင့်ရပါမည်နည်း”ဟု အကြံဖြစ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို - “ရဟန်းတို့ ထိုသို့သဘော ရှိသော (သွားသင့်သော) အကြောင်း ရှိခဲ့သော် စစ်တပ်သို့ သွားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards a certain monk had a sick uncle in the army. The uncle sent a message to that monk: “I’m with the army and I’m sick. Please come, venerable. I want you to come.” Knowing that the Buddha had laid down a rule against going to see an army, that monk thought, “I have a sick uncle in the army. What should I do now?” And he told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow you to go to the army when there’s a suitable reason. And so, monks, this training rule should be recited like this: Final ruling

၃၁၃။ ‘‘ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ, အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယ’’န္တိ။

၉၇။ ၄၈- (ခ) ၃၁၃။ “အကြင်ရဟန်းသည် ထိုသို့သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဥ်၍ ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk goes to see an army, except if there is a suitable reason, he commits an offense entailing confession.’” Definitions

၃၁၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဥယျုတ္တာ နာမ သေနာ ဂါမတော နိက္ခမိတွာ နိဝိဋ္ဌာ ဝါ ဟောတိ ပယာတာ ဝါ။

သေနာ နာမ ဟတ္ထီ အဿာ ရထာ ပတ္တီ။ ဒွါဒသပုရိသော ဟတ္ထီ, တိပုရိသော အဿော, စတုပုရိသော ရထော, စတ္တာရော ပုရိသာ သရဟတ္ထာ ပတ္တိ။ ဒဿနာယ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော ပဿတိ, အာပတ္တိ ပါစိတ္တိယဿ။ ဒဿနူပစာရံ ဝိဇဟိတွာ ပုနပ္ပုနံ ပဿတိ, အာပတ္တိ ပါစိတ္တိယဿ။

အညတြ တထာရူပပ္ပစ္စယာတိ ဌပေတွာ တထာရူပပ္ပစ္စယံ။

၈-ဥယျုတ္တသေနာသိက္ခာပုဒ် အဖွင့် ၃၁၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ချီတက် မည်သည် စစ်တပ်သည် မြို့ပြပြည်ရွာမှ ထွက်၍ ဝင်လည်း ဝင်၏၊ သွားလည်း သွား၏။ စစ်တပ် မည်သည် ဆင် မြင်း ရထား ခြေသည်သူရဲတို့တည်း။ ယောကျာ်းတစ်ကျိပ်နှစ်ယောက် ရှိသော ဆင်သည် ဆင်မည်၏၊ ယောကျာ်းသုံးယောက်ရှိသော မြင်းသည် မြင်းမည်၏၊ ယောကျာ်း လေးယောက်ရှိသော ရထားသည် ရထားမည်၏၊ မြားလက်၌ စွဲသော ယောကျာ်းလေးယောက်တို့သည် ခြေသည်သူရဲ မည်၏။ ကြည့်ရှုခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အကြင် မြင်လောက်သော အရပ်၌ ရပ်လျက် ကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။ မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဥ်၍ဟူသည် ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဥ်ထား၍။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. An army: it has left the inhabited area and is either encamped or marching. An army: elephants, horses, chariots, infantry. An elephant has twelve men; a horse has three men; a chariot has four men; an infantry unit has four men with arrows in hand. If he is on his way to see it, he commits an offense of wrong conduct. Wherever he stands to see it, he commits an offense entailing confession. Every time he goes beyond the range of sight and then sees it again, he commits an offense entailing confession. Except if there is a suitable reason: unless there is a suitable reason. Permutations

၃၁၅။ ဥယျုတ္တေ ဥယျုတ္တသညီ ဒဿနာယ ဂစ္ဆတိ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။ ဥယျုတ္တေ ဝေမတိကော ဒဿနာယ ဂစ္ဆတိ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။ ဥယျုတ္တေ အနုယျုတ္တသညီ ဒဿနာယ ဂစ္ဆတိ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။

ဧကမေကံ ဒဿနာယ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော ပဿတိ, အာပတ္တိ ဒုက္ကဋဿ။ ဒဿနူပစာရံ ဝိဇဟိတွာ ပုနပ္ပုနံ ပဿတိ, အာပတ္တိ ဒုက္ကဋဿ။ အနုယျုတ္တေ ဥယျုတ္တသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုယျုတ္တေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုယျုတ္တေ အနုယျုတ္တသညီ, အနာပတ္တိ။

၃၁၅။ ချီတက်ရာ၌ ချီတက်၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘော ရှိသော အကြောင်းကို ကြဥ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ ချီတက်ရာ၌ ယုံမှားရှိသည်ဖြစ်၍ ထိုသို့ သဘောရှိသော အကြောင်းကို ကြဥ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ ချီတက်ရာ၌ မချီတက်ဟု အမှတ်ရှိ သည်ဖြစ်၍ ထိုသို့ သဘောရှိသော အကြောင်းကို ကြဥ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ တစ်ခုသော စစ်အင်္ဂါကို ကြည့်ခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အကြင် မြင်လောက်သော အရပ်၌ ရပ်လျက် ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲ ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မချီတက်ရာ၌ ချီတက်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မချီတက်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မချီတက်ရာ၌ မချီတက်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is an army, and he perceives it as such, and he goes to see it, except if there is a suitable reason, he commits an offense entailing confession. If it is an army, but he is unsure of it, and he goes to see it, except if there is a suitable reason, he commits an offense entailing confession. If it is an army, but he does not perceive it as such, and he goes to see it, except if there is a suitable reason, he commits an offense entailing confession. If he is on his way to see one division of a fourfold army, he commits an offense of wrong conduct. Wherever he stands to see it, he commits an offense of wrong conduct. Every time he goes beyond the range of sight and then sees it again, he commits an offense of wrong conduct. If it is not an army, but he perceives it as such, he commits an offense of wrong conduct. If it is not an army, but he is unsure of it, he commits an offense of wrong conduct. If it is not an army, and he does not perceive it as such, there is no offense. Non-offenses

၃၁၆။ အနာပတ္တိ အာရာမေ ဌိတော ပဿတိ, ဘိက္ခုဿ ဌိတောကာသံ ဝါ နိသိန္နောကာသံ ဝါ နိပန္နောကာသံ ဝါ အာဂစ္ဆတိ, ပဋိပထံ ဂစ္ဆန္တော ပဿတိ, တထာရူပပ္ပစ္စယာ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဥယျုတ္တသေနာသိက္ခာပဒံ နိဋ္ဌိတံ အဋ္ဌမံ။

၃၁၆။ အရံ၌ ရပ်တည်လျက် ကြည့်အံ့၊ ရဟန်း၏ ရပ်သော နေရာသို့သော်လည်းကောင်း၊ ထိုင် သောနေရာသို့သော်လည်းကောင်း၊ အိပ်သောနေရာသို့သော်လည်းကောင်း လာအံ့၊ ခရီးရင်ဆိုင်သွားစဥ် မြင်အံ့၊ ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကြောင့် သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့။ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမ ဥယျုတ္တသေနာသိက္ခာပုဒ် ပြီး၏။

There is no offense: if he sees it while standing in a monastery; if the army comes to where the monk is standing, sitting, or lying down; if he sees it while walking in the opposite direction; if he has a suitable reason; if there is an emergency; if he is insane; if he is the first offender. The training rule on going to see a mobilized army, the eighth, is finished.

၉။ သေနာဝါသသိက္ခာပဒံ

၃၁၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သတိ ကရဏီယေ သေနံ ဂန္တွာ အတိရေကတိရတ္တံ သေနာယ ဝသန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ သေနာယ ဝသိဿန္တိ! အမှာကမ္ပိ အလာဘာ, အမှာကမ္ပိ ဒုလ္လဒ္ဓံ, ယေ မယံ အာဇီဝဿ ဟေတု ပုတ္တဒါရဿ ကာရဏာ သေနာယ ပဋိဝသာမာ’’တိ။ အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အတိရေကတိရတ္တံ သေနာယ ဝသိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, အတိရေကတိရတ္တံ သေနာယ ဝသထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, အတိရေကတိရတ္တံ သေနာယ ဝသိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅-အစေလကဝဂ် ၉- သေနာဝါသသိက္ခာပုဒ် ၃၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြုဖွယ်ကိစ္စရှိ၍ စစ်တပ်ထဲသို့ သွားပြီးလျှင် သုံးညဥ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်၏။ လူတို့သည် အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း၊ အကြင် ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်းကြောင့် စစ်တပ်ထဲ၌ နေရကုန်၏။ ထိုငါတို့အားလည်း လူ့အဖြစ်ကို အရ တော်သည် မဟုတ်၊ ထိုငါတို့သည် လူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သုံးညဥ့်ထက် အလွန် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သုံးညဥ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ အဘယ့်ကြောင့် သင်တို့သည် သုံးညဥ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on naked ascetics Staying more than three days with an army Origin story On one occasion when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six went to the army on some business, and they stayed there for more than three nights. People complained and criticized them, “How can the Sakyan monastics stay with the army? It’s our misfortune that we must stay with the army for the sake of our livelihoods and because of our wives and children.” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How could the monks from the group of six stay with the army for more than three nights?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၃၁၈။ ‘‘သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ, ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိံ ဝသေယျ, ပါစိတ္တိယ’’န္တိ။

၉၈။ ၄၉-၃၁၈။ “ထိုရဟန်းအား စစ်တပ်သို့ သွားခြင်းငှါ အကြောင်းတစ်စုံတစ်ရာ ရှိငြားအံ့၊ ထိုရဟန်းသည် နှစ်ညဥ့်သုံးညဥ့်တို့ပတ်လုံး စစ်တပ်၌ နေအပ်၏၊ ထိုနှစ်ညဥ့် သုံးညဥ့်ထက် အလွန်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” (ဤသို့ပြကြကုန်လော့ဟု မိန့်တော် မူ၏)။

‘If that monk has a reason for going to the army, he may stay with the army for two or three nights. If he stays longer than that, he commits an offense entailing confession.’” Definitions

၃၁၉။ သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယာတိ သိယာ ပစ္စယော သိယာ ကရဏီယံ။

ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗန္တိ ဒွေတိဿော ရတ္တိယော ဝသိတဗ္ဗံ။

တတော စေ ဥတ္တရိ ဝသေယျာတိ စတုတ္ထေ ဒိဝသေ အတ္ထင်္ဂတေ သူရိယေ သေနာယ ဝသတိ, အာပတ္တိ ပါစိတ္တိယဿ။

၉-သေနာဝါသ သိက္ခာပုဒ်အဖွင့် ၃၁၉။ ထိုရဟန်းအား စစ်တပ်သို့သွားခြင်းငှါ အကြောင်းတစ်စုံတစ်ရာ ရှိငြားအံ့ဟူသည် အကြောင်းသည် ရှိငြားအံ့၊ ပြုဖွယ်ကိစ္စသည် ရှိငြားအံ့။ ထိုရဟန်းသည် နှစ်ညဥ့် သုံးညဥ့်တို့ပတ်လုံး စစ်တပ်၌ နေအပ်၏ဟူသည် နှစ်ညဥ့် သုံးညဥ့်တို့ ပတ်လုံး နေနိုင်၏။ ထိုနှစ်ညဥ့် သုံးညဥ့်ထက်အလွန် နေငြားအံ့ဟူသည် လေးရက်မြောက်သော နေ့၌ နေဝင်သည့် တိုင်အောင် စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။

If that monk has a reason for going to the army: if he has a reason, if he has something to do. He may stay with the army for two or three nights: he may stay for two or for three nights. If he stays longer than that: if he is staying with the army at sunset on the fourth day, he commits an offense entailing confession. Permutations

၃၂၀။ အတိရေကတိရတ္တေ အတိရေကသညီ သေနာယ ဝသတိ, အာပတ္တိ ပါစိတ္တိယဿ။ အတိရေကတိရတ္တေ ဝေမတိကော သေနာယ ဝသတိ, အာပတ္တိ ပါစိတ္တိယဿ။ အတိရေကတိရတ္တေ ဦနကသညီ သေနာယ ဝသတိ, အာပတ္တိ ပါစိတ္တိယဿ။

ဦနကတိရတ္တေ အတိရေကသညီ, အာပတ္တိ ဒုက္ကဋဿ။ ဦနကတိရတ္တေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ဦနကတိရတ္တေ ဦနကသညီ, အနာပတ္တိ။

၃၂၀။ သုံးညဥ့်လွန်ရာ၌ သုံးညဥ့်လွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။ သုံးညဥ့်လွန်ရာ၌ ယုံမှားရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။ သုံးညဥ့်လွန်ရာ၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။ သုံးညဥ့်အောက် ယုတ်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သုံးညဥ့်အောက် ယုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သုံးညဥ့်အောက် ယုတ်ရာ၌ ယုတ်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is more than three nights, and he perceives it as more, and he is staying with the army, he commits an offense entailing confession. If it is more than three nights, but he is unsure of it, and he is staying with the army, he commits an offense entailing confession. If it is more than three nights, but he perceives it as less, and he is staying with the army, he commits an offense entailing confession. If it is less than three nights, but he perceives it as more, he commits an offense of wrong conduct. If it is less than three nights, but he is unsure of it, he commits an offense of wrong conduct. If it is less than three nights, and he perceives it as less, there is no offense. Non-offenses

၃၂၁။ အနာပတ္တိ ဒွေတိဿော ရတ္တိယော ဝသတိ, ဦနကဒွေတိဿော ရတ္တိယော ဝသတိ, ဒွေ ရတ္တိယော ဝသိတွာ တတိယာယ ရတ္တိယာ ပုရာရုဏာ နိက္ခမိတွာ ပုန ဝသတိ, ဂိလာနော ဝသတိ, ဂိလာနဿ ကရဏီယေန ဝသတိ, သေနာ ဝါ ပဋိသေနာယ ရုဒ္ဓါ ဟောတိ, ကေနစိ ပလိဗုဒ္ဓေါ ဟောတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သေနာဝါသသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။

၃၂၁။ နှစ်ညဥ့် သုံးညဥ့်တို့ပတ်လုံး နေအံ့၊ နှစ်ညဥ့် သုံးညဥ့်အောက်ယုတ်လျော့၍ နေအံ့၊ နှစ်ညဥ့် နေပြီး၍ တတိယညဥ့်၌ အရုဏ်မတက်မီ ထွက်၍ တစ်ဖန် နေအံ့၊ နာဖျား၍ နေအံ့၊ သူနာ၏ ပြုဖွယ် ကိစ္စကြောင့် နေအံ့၊ မိမိနေသော စစ်တပ်ကိုမူလည်း အခြားသော စစ်တပ်က ဝိုင်းထားအံ့၊ တစ်စုံ တစ်ရာသော ဘေးရန်သည် နှောင့်ယှက်အံ့၊ ဘေးရန်ရှိသောကြောင့် နေအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမ သေနာဝါသသိက္ခာပုဒ် ပြီး၏။

There is no offense: if he stays for two or three nights; if he stays for less than two or three nights; if he stays for two nights, then leaves before dawn on the third night, and then stays again; if he stays because he is sick; if he stays because he has to take care of someone who is sick; if the army is obstructed by an enemy army; if he is obstructed from leaving; if there is an emergency; if he is insane; if he is the first offender. The training rule on staying more than three days with an army, the ninth, is finished.

၁၀။ ဥယျောဓိကသိက္ခာပဒံ

၃၂၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဒိရတ္တတိရတ္တံ သေနာယ ဝသမာနာ ဥယျောဓိကမ္ပိ ဗလဂ္ဂမ္ပိ သေနာဗျူဟမ္ပိ အနီကဒဿနမ္ပိ ဂစ္ဆန္တိ။ အညတရောပိ ဆဗ္ဗဂ္ဂိယော ဘိက္ခု ဥယျောဓိကံ ဂန္တွာ ကဏ္ဍေန ပဋိဝိဒ္ဓေါ ဟောတိ။ မနုဿာ တံ ဘိက္ခုံ ဥပ္ပဏ္ဍေသုံ – ‘‘ကစ္စိ, ဘန္တေ, သုယုဒ္ဓံ အဟောသိ, ကတိ တေ လက္ခာနိ လဒ္ဓါနီ’’တိ? သော ဘိက္ခု တေဟိ မနုဿေဟိ ဥပ္ပဏ္ဍီယမာနော မင်္ကု အဟောသိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ ဥယျောဓိကံ ဒဿနာယ အာဂစ္ဆိဿန္တိ! အမှာကမ္ပိ အလာဘာ, အမှာကမ္ပိ ဒုလ္လဒ္ဓံ, ယေ မယံ အာဇီဝဿ ဟေတု ပုတ္တဒါရဿ ကာရဏာ ဥယျောဓိကံ အာဂစ္ဆာမာ’’တိ။ အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥယျောဓိကံ ဒဿနာယ ဂစ္ဆိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဥယျောဓိကံ ဒဿနာယ ဂစ္ဆထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဥယျောဓိကံ ဒဿနာယ ဂစ္ဆိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅-အစေလကဝဂ် ၁၀-ဥယျောဓိကသိက္ခာပုဒ် ၃၂၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နှစ်ညဥ့် သုံးညဥ့်ပတ်လုံး စစ်တပ်၌ နေကုန်လျက် စစ်ထိုးပွဲသို့လည်းကောင်း၊ စစ်သည်စစ်ဆေးပွဲသို့လည်းကောင်း၊ စစ်ဆင်ပွဲသို့ လည်းကောင်း၊ စစ်အင်ကျင်းပွဲသို့လည်းကောင်း သွားကုန်၏။ ဆဗ္ဗဂ္ဂီရဟန်းတစ်ပါးသည်လည်း စစ်ထိုးပွဲ သို့ သွားသောကြောင့် မြားမှန်၏။ လူတို့သည် ထိုရဟန်းကို “အသျှင်ဘုရား အဘယ်သို့ပါနည်း ကောင်းစွာ စစ်ထိုးရပါ၏လော၊ အသျှင်သည် အဘယ်မျှသော အဖိုးအခတို့ကို ရပါသနည်း”ဟု ပြက်ရယ်ပြုကုန်၏။ ထိုရဟန်းသည် ထိုလူတို့က ပြက်ရယ်ပြုသောကြောင့် နှလုံးမသာ ဖြစ်၏၊ လူတို့သည် “အဘယ့်ကြောင့် သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ လာကုန်ဘိသ နည်း၊ အကြင်ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်း ကြောင့် စစ်ထိုးပွဲသို့ လာရကုန်၏၊ ထိုငါတို့အားလည်း လူ့အဖြစ်ကို အရတော်သည်မဟုတ်၊ ထိုငါတို့သည် ဤလူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်ထိုးပွဲကို ကြည့် ရှုခြင်းငှါ သွားကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ သွားကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ်ကြောင့် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on naked ascetics Seeing an army in action Origin story On one occasion when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were staying with the army for two or three nights. They went to see battles, troop reviews, the massing of the army, and troop inspections. One of the monks who went to a battle was struck by an arrow. People teased him, “We hope you had a good battle, venerable. How many targets did you hit?” And because they teased him, he felt humiliated. People complained and criticized those monks, “How can the Sakyan monastics go to see a battle? It’s our misfortune that we must go to battles for the sake of our livelihoods and because of our wives and children.” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How could the monks from the group of six go to see a battle?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၄၃

၃၂၃။ ‘‘ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနော ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယ’’န္တိ။

၉၉။ ၅၀-၃၂၃။ “နှစ်ညဥ့် သုံးညဥ့်ပတ်လုံး စစ်တပ်၌ နေသော ရဟန်းသည် စစ်ထိုးပွဲသို့့လည်းကောင်း၊ စစ်သည်စစ်ဆေးပွဲသို့လည်းကောင်း၊ စစ်ဆင်ပွဲသို့ လည်းကောင်း၊ စစ်အင်ကျင်းပွဲသို့ လည်းကောင်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤုသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk who is staying with an army for two or three nights goes to a battle, a troop review, a massing of the army, or a troop inspection, he commits an offense entailing confession.’” Definitions

၃၂၄။ ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနောတိ ဒွေတိဿော ရတ္တိယော ဝသမာနော။

ဥယျောဓိကံ နာမ ယတ္ထ သမ္ပဟာရော ဒိဿတိ။

ဗလဂ္ဂံ နာမ ဧတ္တကာ ဟတ္ထီ, ဧတ္တကာ အဿာ, ဧတ္တကာ ရထာ, ဧတ္တကာ ပတ္တီ။

သေနာဗျူဟံ နာမ ဣတော ဟတ္ထီ ဟောန္တု, ဣတော အဿာ ဟောန္တု, ဣတော ရထာ ဟောန္တု, ဣတော ပတ္တိကာ ဟောန္တု။

အနီကံ နာမ ဟတ္ထာနီကံ, အဿာနီကံ, ရထာနီကံ, ပတ္တာနီကံ။ တယော ဟတ္ထီ ပစ္ဆိမံ ဟတ္ထာနီကံ, တယော အဿာ ပစ္ဆိမံ အဿာနီကံ, တယော ရထာ ပစ္ဆိမံ ရထာနီကံ, စတ္တာရော ပုရိသာ သရဟတ္ထာ ပတ္တီ ပစ္ဆိမံ ပတ္တာနီကံ။ ဒဿနာယ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော ပဿတိ, အာပတ္တိ ပါစိတ္တိယဿ။ ဒဿနူပစာရံ ဝိဇဟိတွာ ပုနပ္ပုနံ ပဿတိ, အာပတ္တိ ပါစိတ္တိယဿ။

ဧကမေကံ ဒဿနာယ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော ပဿတိ, အာပတ္တိ ဒုက္ကဋဿ။ ဒဿနူပစာရံ ဝိဇဟိတွာ ပုနပ္ပုနံ ပဿတိ, အာပတ္တိ ဒုက္ကဋဿ။

၁၀-ဥယျောဓိကသိက္ခာပုဒ် အဖွင့် ၃၂၄။ နှစ်ညဥ့်သုံး ညဥ့်ပတ်လုံး စစ်တပ်၌ နေသော ရဟန်းဟူသည် နှစ်ညဥ့် သုံးညဥ့်တို့ ပတ်လုံး နေသော ရဟန်းတည်း။ စစ်ထိုးပွဲ မည်သည် ထိုးပစ် တိုက်ခိုက်ရာ အရပ်တည်း။ စစ်သည်စစ်ဆေးပွဲ မည်သည် ဆင်တို့သည် ဤမျှ ရှိကုန်၏၊ မြင်းတို့သည် ဤမျှ ရှိကုန်၏၊ ရထားတို့သည် ဤမျှ ရှိကုန်၏၊ ခြေသည်သူရဲတို့သည် ဤမျှ ရှိကုန်၏ဟု ရေတွက်ခြင်းတည်း။ စစ်ဆင်ပွဲ မည်သည် ဤအရပ်မှ ဆင်တို့နေစေကုန်၊ ဤအရပ်မှ မြင်းတို့နေစေကုန်၊ ဤအရပ်မှ ရထားတို့ နေစေကုန်၊ ဤအရပ်မှ ခြေသည်သူရဲတို့ နေစေကုန်ဟု ခင်းကျင်းစီစဥ်ခြင်းတည်း။ စစ်အင်္ဂါ မည်သည် ဆင်အပေါင်း မြင်းအပေါင်း ရထားအပေါင်း ခြေသည်သူရဲအပေါင်းတည်း။ သုံးစီးသော ဆင်တို့သည် အယုတ်ဆုံး ဆင်တပ် မည်၏၊ သုံးစီးသော မြင်းတို့သည် အယုတ်ဆုံး မြင်းတပ် မည်၏၊ သုံးစီးသော ရထားတို့သည် အယုတ်ဆုံး ရထားတပ် မည်၏၊ မြားလက်စွဲသော ယောကျာ်းလေးယောက်တို့သည် အယုတ်ဆုံး ခြေလျင်တပ် မည်၏။ ကြည့်ရှုခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်မြင်လောက်သော အရပ်၌ ရပ်၍ ကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏၊ မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။ တစ်ခုတစ်ခုသော စစ်အင်္ဂါကို ကြည့်ခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်မြင်လောက်သော အရပ်၌ ရပ်၍ ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If a monk who is staying with an army for two or three nights: he is staying for two or for three nights. A battle: wherever fighting is seen. A troop review: so many elephants, so many horses, so many chariots, so much infantry. A massing of the army: the elephants should set out from here; the horses should set out from here; the chariots should set out from here; the infantry should set out from here. A troop: an elephant troop, a horse troop, a chariot troop, an infantry troop. The smallest troop of elephants is three elephants; the smallest troop of horses is three horses; the smallest troop of chariots is three chariots; the smallest troop of infantry is four men with arrows in hand. If he is on his way to see it, he commits an offense of wrong conduct. Wherever he stands to see it, he commits an offense entailing confession. Every time he goes beyond the range of sight and then sees it again, he commits an offense entailing confession. Permutations If he is on his way to see one division of a fourfold army, he commits an offense of wrong conduct. Wherever he stands to see it, he commits an offense of wrong conduct. Every time he goes beyond the range of sight and then sees it again, he commits an offense of wrong conduct. Non-offenses

စာ-၁၄၄

၃၂၅။ အနာပတ္တိ အာရာမေ ဌိတော ပဿတိ, ဘိက္ခုဿ ဌိတောကာသံ ဝါ နိသိန္နောကာသံ ဝါ နိပန္နောကာသံ ဝါ အာဂန္တွာ သမ္ပဟာရော ဒိဿတိ, ပဋိပထံ ဂစ္ဆန္တော ပဿတိ, သတိ ကရဏီယေ ဂန္တွာ ပဿတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဥယျောဓိကသိက္ခာပဒံ နိဋ္ဌိတံ ဒသမံ။

အစေလကဝဂ္ဂေါ ပဉ္စမော။

တဿုဒ္ဒါနံ –

ပူဝံ ကထောပနန္ဒဿ, တယံပဋ္ဌာကမေဝ စ၊

မဟာနာမော ပသေနဒိ, သေနာဝိဒ္ဓေါ ဣမေ ဒသာတိ [အစေလကံ ဥယျောဇဉ္စ, သဘောဇနံ ဒုဝေ ရဟော၊ သဘတ္တကဉ္စ ဘေသဇ္ဇံ, ဥယျုတ္တံ သေနုယျောဓိကံ]။

၃၂၅။ အရံ၌ ရပ်တည်လျက် ကြည့်အံ့၊ ရဟန်း၏ ရပ်သော နေရာသို့သော်လည်းကောင်း၊ ထိုင်သောနေရာသို့သော်လည်းကောင်း၊ အိပ်သောနေရာသို့လည်းကောင်း လာရောက်၍ စစ်ထိုးသည်ကို ကြည့်အံ့၊ ခရီးရင်ဆိုင်သွားစဥ် တွေ့မြင်အံ့၊ ပြုဖွယ်ကိစ္စ ရှိ၍ သွားရာ တွေ့မြင်အံ့၊ ဘေးရန်ရှိသောအခါ တို့၌ တွေ့မြင်အံ့၊ အာပတ် မသင့်။ ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမ ဥယျောဓိကသိက္ခာပုဒ် ပြီး၏။ ပဉ္စမ အစေလကဝဂ် ပြီး၏။ ထိုအစေလကဝဂ်၏ အကျဥ်းချုပ် မုန့်ပေးသောသိက္ခာပုဒ်၊ ဥပနန္ဒ၏စကားနှင့်စပ်ဆိုင်သော သိက္ခာပုဒ်၊ သုံးပါးသော သိက္ခာပုဒ်၊ အလုပ်အကျွေးနှင့်စပ်သော သိက္ခာပုဒ်၊ မဟာနာမသိက္ခာပုဒ်၊ ပသေနဒီ သိက္ခာပုဒ်၊ စစ်တပ်၌ နေသော သိက္ခာပုဒ်၊ မြားမှန်သော သိက္ခာပုဒ်၊ ဤဆယ်ပါးတို့ တည်း။ ဤကား အကျဥ်းချုပ်တည်း။

There is no offense: if he sees it while standing in a monastery; if the army comes to where the monk is standing, sitting, or lying down, and he then sees fighting; if he sees it while walking in the opposite direction; if he goes because there is something to be done, and he then sees it; if there is an emergency; if he is insane; if he is the first offender. The training rule on seeing an army in action, the tenth, is finished. The fifth subchapter on naked ascetics is finished. This is the summary: “Cookie, talking, three on Upananda, And indeed supporting; Mahānāma, Pasenadi, Army, and struck: those are the ten.”

၆။ သုရာပါနဝဂ္ဂေါ

၁။ သုရာပါနသိက္ခာပဒံ

၃၂၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ စေတိယေသု စာရိကံ စရမာနော ယေန ဘဒ္ဒဝတိကာ တေန ပါယာသိ။ အဒ္ဒသံသု ခေါ ဂေါပါလကာ ပသုပါလကာ ကဿကာ ပထာဝိနော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘မာ ခေါ, ဘန္တေ, ဘဂဝါ အမ္ဗတိတ္ထံ အဂမာသိ။ အမ္ဗတိတ္ထေ, ဘန္တေ, ဇဋိလဿ အဿမေ နာဂေါ ပဋိဝသတိ ဣဒ္ဓိမာ အာသိဝိသော [အာသီဝိသော (သီ။ သျာ။)] ဃောရဝိသော။ သော ဘဂဝန္တံ မာ ဝိဟေဌေသီ’’တိ။ ဧဝံ ဝုတ္တေ ဘဂဝါ တုဏှီ အဟောသိ။ ဒုတိယမ္ပိ ခေါ…ပေ… တတိယမ္ပိ ခေါ ဂေါပါလကာ ပသုပါလကာ ကဿကာ ပထာဝိနော ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘မာ ခေါ, ဘန္တေ, ဘဂဝါ အမ္ဗတိတ္ထံ အဂမာသိ။ အမ္ဗတိတ္ထေ, ဘန္တေ, ဇဋိလဿ အဿမေ နာဂေါ ပဋိဝသတိ ဣဒ္ဓိမာ အာသိဝိသော ဃောရဝိသော။ သော ဘဂဝန္တံ မာ ဝိဟေဌေသီ’’တိ။ တတိယမ္ပိ ခေါ ဘဂဝါ တုဏှီ အဟောသိ။

အထ ခေါ ဘဂဝါ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဘဒ္ဒဝတိကာ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ဘဒ္ဒဝတိကာယံ ဝိဟရတိ။ အထ ခေါ အာယသ္မာ သာဂတော ယေန အမ္ဗတိတ္ထဿ [အမ္ဗတိတ္ထကဿ (သီ။), အမ္ဗတိတ္ထံ (သျာ။)] ဇဋိလဿ အဿမော တေနုပ- သင်္ကမိ၊ ဥပသင်္ကမိတွာ အဂျာဂါရံ ပဝိသိတွာ တိဏသန္ထာရကံ ပညပေတွာ နိသီဒိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ အဒ္ဒသာ ခေါ သော နာဂေါ အာယသ္မန္တံ သာဂတံ ပဝိဋ္ဌံ။ ဒိသွာန ဒုမ္မနော [ဒုက္ခီ ဒုမ္မနော (သီ။ သျာ။)] ပဓူပါယိ [ပဓူပါသိ (သျာ။ က။)]။ အာယသ္မာပိ သာဂတော ပဓူပါယိ [ပဓူပါသိ (သျာ။ က။)]။ အထ ခေါ သော နာဂေါ မက္ခံ အသဟမာနော ပဇ္ဇလိ။ အာယသ္မာပိ သာဂတော တေဇောဓာတုံ သမာပဇ္ဇိတွာ ပဇ္ဇလိ။ အထ ခေါ အာယသ္မာ သာဂတော တဿ နာဂဿ တေဇသာ တေဇံ ပရိယာဒိယိတွာ ယေန ဘဒ္ဒဝတိကာ တေနုပသင်္ကမိ။ အထ ခေါ ဘဂဝါ ဘဒ္ဒဝတိကာယံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ကောသမ္ဗီ တေန စာရိကံ ပက္ကာမိ။ အဿောသုံ ခေါ ကောသမ္ဗိကာ ဥပါသကာ – ‘‘အယျော ကိရ သာဂတော အမ္ဗတိတ္ထိကေန နာဂေန သဒ္ဓိံ သင်္ဂါမေသီ’’တိ။

အထ ခေါ ဘဂဝါ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ကောသမ္ဗီ တဒဝသရိ။ အထ ခေါ ကောသမ္ဗိကာ ဥပါသကာ ဘဂဝတော ပစ္စုဂ္ဂမနံ ကရိတွာ ယေနာယသ္မာ သာဂတော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အာယသ္မန္တံ သာဂတံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ ကောသမ္ဗိကာ ဥပါသကာ အာယသ္မန္တံ သာဂတံ ဧတဒဝေါစုံ – ‘‘ကိံ, ဘန္တေ, အယျာနံ ဒုလ္လဘဉ္စ မနာပဉ္စ, ကိံ ပဋိယာဒေမာ’’တိ? ဧဝံ ဝုတ္တေ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကောသမ္ဗိကေ ဥပါသကေ ဧတဒဝေါစုံ – ‘‘အတ္ထာဝုသော, ကာပေါတိကာ နာမ ပသန္နာ ဘိက္ခူနံ ဒုလ္လဘာ စ မနာပါ စ, တံ ပဋိယာဒေထာ’’တိ။ အထ ခေါ ကောသမ္ဗိကာ ဥပါသကာ ဃရေ ဃရေ ကာပေါတိကံ ပသန္နံ ပဋိယာဒေတွာ အာယသ္မန္တံ သာဂတံ ပိဏ္ဍာယ ပဝိဋ္ဌံ ဒိသွာန အာယသ္မန္တံ သာဂတံ ဧတဒဝေါစုံ – ‘‘ပိဝတု, ဘန္တေ, အယျော သာဂတော ကာပေါတိကံ ပသန္နံ, ပိဝတု, ဘန္တေ, အယျော သာဂတော ကာပေါတိကံ ပသန္န’’န္တိ။ အထ ခေါ အာယသ္မာ သာဂတော ဃရေ ဃရေ ကာပေါတိကံ ပသန္နံ ပိဝိတွာ နဂရမှာ နိက္ခမန္တော နဂရဒွါရေ ပရိပတိ။

အထ ခေါ ဘဂဝါ သမ္ဗဟုလေဟိ ဘိက္ခူဟိ သဒ္ဓိံ နဂရမှာ နိက္ခမန္တော အဒ္ဒသ အာယသ္မန္တံ သာဂတံ နဂရဒွါရေ ပရိပတန္တံ။ ဒိသွာန ဘိက္ခူ အာမန္တေသိ – ‘‘ဂဏှထ, ဘိက္ခဝေ, သာဂတ’’န္တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပဋိဿုဏိတွာ အာယသ္မန္တံ သာဂတံ အာရာမံ နေတွာ ယေန ဘဂဝါ တေန သီသံ ကတွာ နိပါတေသုံ။ အထ ခေါ အာယသ္မာ သာဂတော ပရိဝတ္တိတွာ ယေန ဘဂဝါ တေန ပါဒေ ကရိတွာ သေယျံ ကပ္ပေသိ။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ – ‘‘နနု, ဘိက္ခဝေ, ပုဗ္ဗေ သာဂတော တထာဂတေ သဂါရဝေါ အဟောသိ သပ္ပတိဿော’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘အပိ နု ခေါ, ဘိက္ခဝေ, သာဂတော ဧတရဟိ တထာဂတေ သဂါရဝေါ သပ္ပတိဿော’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘နနု, ဘိက္ခဝေ, သာဂတော အမ္ဗတိတ္ထိကေန နာဂေန [ဍေဍ္ဍုဘေနာပိ (သီ။ သျာ။)] သဒ္ဓိံ သင်္ဂါမေသီ’’တိ? ‘‘ဧဝံ, ဘန္တေ’’။ ‘‘အပိ နု ခေါ, ဘိက္ခဝေ, သာဂတော ဧတရဟိ ပဟောတိ နာဂေန သဒ္ဓိံ သင်္ဂါမေတု’’န္တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အပိ နု ခေါ, ဘိက္ခဝေ, တံ ပါတဗ္ဗံ ယံ ပိဝိတွာ ဝိသညီ အဿာ’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။ ‘‘အနနုစ္ဆဝိကံ, ဘိက္ခဝေ, သာဂတဿ အနနုလောမိကံ အပ္ပတိရူပံ အဿာမဏကံ အကပ္ပိယံ အကရဏီယံ။ ကထဉှိ နာမ, ဘိက္ခဝေ, သာဂတော မဇ္ဇံ ပိဝိဿတိ! နေတံ, ဘိက္ခဝေ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၁-သုရာပါနသိက္ခာပုဒ် ၃၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် စေတီယတိုင်း၌ ဒေသစာရီ လှည့်လည်သည် ရှိသော် ဘဒ္ဒဝတိကာရွာသို့ ရောက်တော်မူ၏။ နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်သမား ခရီးသွား သော သူတို့သည် အဝေးကပင်လျှင် မြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်၍ “အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော်မမူပါလင့်၊ သရက်ပင်ဆိပ်ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဥ်း ဆဲပါစေလင့်”ဟု လျှောက်ကုန်၏၊ ဤသို့ လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော် မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန် သမား ခရီးသွားသော သူတို့သည် မြတ်စွာဘုရားကို “အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော်မမူ ပါလင့်၊ အသျှင်ဘုရား သရက်ပင်ဆိပ် ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဥ်းဆဲပါစေလင့်”ဟု လျှောက်ကုန်၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အစဥ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် ဘဒ္ဒဝတိကာရွာသို့ ဆိုက်ရောက်တော်မူ၍ ထိုဘဒ္ဒဝတိကာရွာ၌ပင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာဂတသည် သရက်ပင်ဆိပ်ရသေ့ ကျောင်းသင်္ခမ်းသို့ ချဥ်းကပ်လျက် မီးတင်း ကုတ်သို့ ဝင်၍ မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေနေကာ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေ၍ ထိုင်၏။ ထိုအခါ နဂါးသည် အသျှင်သာဂတ ဝင်လာသည်ကို မြင်၍ နှလုံးမသာယာသဖြင့် အခိုးလွှတ်၏၊ အသျှင်သာဂတသည်လည်း အခိုးလွှတ်၏၊ ထိုအခါ နဂါးသည် အမျက်ဒေါသကို သည်းမခံနိုင်၍ အလျှံ လွှတ်၏၊ အသျှင်သာဂတသည်လည်း တေဇောကသိုဏ်းကို ဝင်စား၍ အလျှံလွှတ်၏၊ ထိုအခါ အသျှင် သာဂတသည် နဂါး၏ တန်ခိုးကို (မိမိ၏) တန်ခိုးဖြင့် ကုန်စေ၍ ဘဒ္ဒဝတိကာရွာသို့ ချဥ်းကပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတိကာရွာ၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ လှည့်လည်ကြွသွားတော်မူ၏။ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် “သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ အသျှင်သာဂတသည် စစ်ထိုးသတက်”ဟု ကြားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အစဥ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည် ရှိသော် ကောသမ္ဗီ ပြည်သို့ ရောက်တော်မူ၏၊ ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် မြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ အသျှင်သာဂတထံသို့ ချဥ်းကပ်ပြီးနောက် အသျှင်သာဂတကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် “အသျှင်ဘုရား အသျှင်ဘုရားတို့အား အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ အဘယ်ဝတ္ထုပစ္စည်းကို စီရင်ရပါကုန်အံ့နည်း”ဟု လျှောက်ကုန်၏။ ဤသို့ လျှောက်သည် ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကောသမ္ဗီပြည်သား ဥပါသကာတို့ကို “ဒါယကာတို့ ကာပေါတိက အမည်ရှိသော ‘ခိုခြေအဆင်းနှင့်တူသည့် နီသော အဆင်းရှိသော’ ကြည်လင် သော သေအရက်သည် ရဟန်းတို့အား ရလည်း ရခဲ၏၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏၊ ထိုသေအရက်ကို စီရင်ကုန်လော့”ဟု ပြောဆိုကုန်၏။ ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီရင်ပြီးလျှင် ဆွမ်းခံဝင်လာသော အသျှင်သာဂတကို မြင်၍ “အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်တော်မူပါလော့၊ အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကိုု သောက်တော် မူပါလော့”ဟု အသျှင်သာဂတကို လျှောက်ကုန်၏၊ ထိုအခါ အသျှင်သာဂတသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည် ရှိသော် မြို့တံခါး ဝ၌ လဲကျ ‘တိမ်းလဲ’ လေ၏။ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ မြို့မှ ထွက်ကြွလာသည် ရှိသော် မြို့တံခါးဝ၌ လဲနေသော အသျှင်သာဂတကို မြင်၍ ရဟန်းတို့ကို “ရဟန်းတို့ သာဂတကို ယူဆောင်ခဲ့ကုန့်လော့”ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် “ကောင်းပါပြီ အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ဝန်ခံပြီးကြလျှင် အသျှင်သာဂတကို ကျောင်းအရံသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ခေါင်းပြုလျက် အိပ်စေကုန်၏။ ထိုအခါ အသျှင်သာဂတသည် ပြန်လှန်၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်ကို ခြေရင်းပြုလျက် အိပ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ရှေးအခါ၌ သာဂတသည် ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင်းရှိသည် မဟုတ်ပါလော”ဟု မေးတော်မူ၏။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း ရှိသည် မှန်ပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သာဂတသည် ယခုအခါ ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင် ရှိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း မရှိတော့ပါဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သာဂတသည် သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ စစ်ထိုးသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ စစ်ထိုးသည် မှန်ပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ယခုအခါ သာဂတ သည် နဂါးနှင့်အတူ စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦးမည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်တော့ပါဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အကြင်သေအရက်ကိုု သောက်၍ (မူးယစ်သောကြောင့်) အမှတ်သညာ ကင်းရာ၏ ‘မိန်းမော တွေဝေရာ၏’၊ ထိုသေအရက်ကို သောက်သင့်ပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသောက်သင့်ပါဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သာဂတအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ရဟန်းတို့ အဘယ်ကြောင့် သာဂတသည် သေအရက်ကို သောက်ဘိသနည်း။ ရဟန်း တို့ ဤ (သာဂတပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Drinking alcohol Origin story On one occasion when the Buddha was wandering in the country of Ceti on his way to Bhaddavatikā, he was seen by a number of cowherds, shepherds, farmers, and travelers. They said to him, “Sir, don’t go to Ambatittha. There’s a highly venomous dragon with supernormal powers there, in the hermitage of a dreadlocked ascetic. Don’t let it harm you.” The Buddha was silent. They repeated their request a second and a third time, and the Buddha remained silent. The Buddha then continued on to Bhaddavatikā, and he stayed there. Just then Venerable Sāgata went to the hermitage of that dreadlocked ascetic and entered his fire hut. After preparing a spread of grass, he sat down, crossed his legs, straightened his body, and established mindfulness in front of him. Seeing that Sāgata had entered the fire hut, the dragon was upset and emitted smoke. Sāgata, too, emitted smoke. The dragon was not able to contain his rage and emitted flames. Sāgata entered the fire element and he, too, emitted flames. Then, after conquering fire with fire, Sāgata went to Bhaddavatikā. After staying at Bhaddavatikā for as long as he liked, the Buddha set out wandering toward Kosambī. When he arrived, the lay followers there received him. But the lay followers at Kosambī had heard about Sāgata fighting the Ambatittha dragon. And so after receiving the Buddha, they went to see Sāgata. They bowed, stood to one side, and said, “Venerable, what can we prepare for you that’s delicious but hard to get?” The monks from the group of six replied, “There’s a delicious liquor called Kāpotikā, which is hard for the monks to get. Prepare that.” And the lay followers prepared Kāpotikā in house after house. Then, when they saw that Sāgata had entered the town for alms, they said to him, “Drink, venerable, drink the Kāpotikā liquor.” Sāgata drank that liquor in house after house, and as he was leaving town, he collapsed at the town gate. Just then the Buddha, together with a number of monks, was also leaving town, and he saw Sāgata at the town gate. He said, “Monks, pick up Sāgata.” Saying, “Yes, sir,” they led him to the monastery, where they put him down with his head toward the Buddha. But Sāgata turned around, pointing his feet toward the Buddha. The Buddha said, “Previously, monks, wasn’t Sāgata respectful and deferential toward me?” “Yes.” “But is he now?” “Certainly not.” “Just recently, didn’t Sāgata fight the Ambatittha dragon?” “Yes.” “Would he now be able to fight a dragon?” “Certainly not.” “So, monks, should one drink that which makes one senseless?” “Certainly not, sir.” “It’s not suitable, monks, it’s not proper for Sāgata, it’s not worthy of a monastic, it’s not allowable, it’s not to be done. How could Sāgata drink alcoholic drinks? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၄၆

၃၂၇။ ‘‘သုရာမေရယပါနေ ပါစိတ္တိယ’’န္တိ။

၁၀၀။ ၅၁-၃၂၇။ “သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk drinks this or that kind of alcoholic drink, he commits an offense entailing confession.’” Definitions

၃၂၈။ သုရာ နာမ ပိဋ္ဌသုရာ ပူဝသုရာ ဩဒနသုရာ ကိဏ္ဏပက္ခိတ္တာ သမ္ဘာရသံယုတ္တာ။

မေရယော နာမ ပုပ္ဖါသဝေါ ဖလာသဝေါ မဓွာသဝေါ ဂုဠာသဝေါ သမ္ဘာရသံယုတ္တော။

ပိဝေယျာတိ အန္တမသော ကုသဂ္ဂေနပိ ပိဝတိ, အာပတ္တိ ပါစိတ္တိယဿ။

မဇ္ဇေ မဇ္ဇသညီ ပိဝတိ, အာပတ္တိ ပါစိတ္တိယဿ။ မဇ္ဇေ ဝေမတိကော ပိဝတိ, အာပတ္တိ ပါစိတ္တိယဿ။ မဇ္ဇေ အမဇ္ဇသညီ ပိဝတိ, အာပတ္တိ ပါစိတ္တိယဿ။

အမဇ္ဇေ မဇ္ဇသညီ, အာပတ္တိ ဒုက္ကဋဿ။ အမဇ္ဇေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အမဇ္ဇေ အမဇ္ဇသညီ, အနာပတ္တိ။

၁-သုရာပါနသိက္ခာပုဒ် အဖွင့် ၃၂၈။ သေ မည်သည် မုန့်ညက်ဖြင့်ပြုသောသေ မုန့်ဖြင့်ပြုသောသေ ထမင်းဖြင့်ပြုသောသေ တဆေး ခပ်၍ ပြုသောသေ အထူးထူးသော အရာဝတ္ထုတို့နှင့်ယှဥ်စေ၍ ပြုသော သေတည်း။ အရက် မည်သည် အပွင့်ဖြင့်ပြုသောအရက် အသီးဖြင့်ပြုသောအရက် ပျားရည်ဖြင့်ပြုသောအရက် ထန်းလျက် တင်လဲဖြင့်ပြုသောအရက် အထူးထူးသော အရာဝတ္ထုတို့နှင့်ယှဥ်စေ၍ ပြုသော အရက်တည်း။ သောက်ငြားအံ့ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ်သင့်၏၊ သေအရက်၌ ယုံမှားရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက် မဟုတ်ဟု အမှတ်ရှိ သည် ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်မဟုတ်သည်၌ သေအရက်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ် သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက်မဟုတ်သည်၌ သေအရက်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

This kind of alcoholic drink: alcoholic drinks made from flour, alcoholic drinks made from cookies, alcoholics drink made from rice, those with yeast added, those made from a combination of ingredients. That kind of alcoholic drink: alcoholic drinks made from flowers, alcoholic drinks made from fruit, alcoholic drinks made from honey, alcoholic drinks made from sugar, those made from a combination of ingredients. Drinks: if he drinks even what fits on the tip of a blade of grass, he commits an offense entailing confession. Permutations If it is an alcoholic drink, and he perceives it as such, and he drinks it, he commits an offense entailing confession. If it is an alcoholic drink, but he is unsure of it, and he drinks it, he commits an offense entailing confession. If it is an alcoholic drink, but he perceives it as non-alcoholic, and he drinks it, he commits an offense entailing confession. If it is a non-alcoholic drink, but he perceives it as alcoholic, he commits an offense of wrong conduct. If it is a non-alcoholic drink, but he is unsure of it, he commits an offense of wrong conduct. If it is a non-alcoholic drink, and he perceives it as such, there is no offense. Non-offenses

၃၂၉။ အနာပတ္တိ အမဇ္ဇဉ္စ ဟောတိ မဇ္ဇဝဏ္ဏံ မဇ္ဇဂန္ဓံ မဇ္ဇရသံ တံ ပိဝတိ, သူပသမ္ပာကေ, မံသသမ္ပာကေ, တေလသမ္ပာကေ, အာမလကဖာဏိတေ, အမဇ္ဇံ အရိဋ္ဌံ ပိဝတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သုရာပါနသိက္ခာပဒံ နိဋ္ဌိတံ ပဌမံ။

၃၂၉။ သေအရက်မဟုတ်ဘဲ သေအရက်၏ အဆင်း သေအရက်၏ အနံ့ သေအရက်၏ အရသာ ရှိသော အဖျော်ကို သောက်အံ့၊ ဟင်းချက်ရာ၌လည်းကောင်း၊ စမဲဟင်းလျာချက်ရာ၌လည်းကောင်း၊ ဆီချက့်ရာ၌လည်းကောင်း၊ သျှိသျှား (ဖန်ခါး) တင်လဲ၌လည်းကောင်း (အနံ့ကောင်းစိမ့်သောငှါ သေအရက် အနည်းငယ် ထည့်ချက်၍ စားအံ့)၊ သေအရက်မဟုတ်သော အရိဋ္ဌမည်သော (ဆေးနက်ရေ) အဖျော်ကို သောက်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမ သုရာပါနသိက္ခာပုဒ် ပြီး၏။

There is no offense: if he drinks a non-alcoholic drink that has the color, smell, or taste of an alcoholic drink; if it is cooked in a bean curry; if it is cooked with meat; if it is cooked with oil; if it is in syrup from emblic myrobalan; if he drinks a drink that is normally alcoholic, but which is actually without alcohol; if he is insane; if he is the first offender. The training rule on drinking alcohol, the first, is finished.

စာ-၁၄၇

၂။ အင်္ဂုလိပတောဒကသိက္ခာပဒံ

၃၃၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သတ္တရသဝဂ္ဂိယံ ဘိက္ခုံ အင်္ဂုလိပတောဒကေန ဟာသေသုံ။ သော ဘိက္ခု ဥတ္တန္တော အနဿာသကော ကာလမကာသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခုံ အင်္ဂုလိပတောဒကေန ဟာသေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခုံ အင်္ဂုလိပတောဒကေန ဟာသေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခုံ အင်္ဂုလိပတောဒကေန ဟာသေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၂-အင်္ဂုလိပတောဒကသိက္ခာပုဒ် ၃၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီဂိုဏ်းသား ရဟန်းကို လက်ချောင်းထိုးသဖြင့် ‘ကလိထိုးသဖြင့်’ ရယ်ရွှင်စေကုန်၏၊ ထိုရဟန်းသည် ပင်ပန်းသည်ဖြစ်၍ ထွက်သက် ဝင်သက် ပြတ်သောကြောင့် သေလေ၏၊ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် ‘ကလိထိုးသဖြင့်’ ရယ်ရွှင်စေကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် ‘ကလိထိုးသဖြင့်’ ရယ်ရွှင်စေကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို လက်ချောင်းထိုးသဖြင့် ‘ကလိထိုးသဖြင့်’ ရယ်ရွှင် စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Tickling Origin story On one occasion when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six tickled one of the monks from the group of seventeen to make him laugh. Not being able to catch his breath, he died. The monks of few desires complained and criticized them, “How could the monks from the group of six tickle a monk to make him laugh?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၃၃၁။ ‘‘အင်္ဂုလိပတောဒကေ ပါစိတ္တိယ’’န္တိ။

၁၀၁။ ၅၂-၃၃၁။ “လက်ချောင်းထိုး ‘ကလိထိုး’ ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk tickles someone, he commits an offense entailing confession.’” Definitions

၃၃၂။ အင်္ဂုလိပတောဒကော နာမ [အင်္ဂုလိပတောဒကော နာမ အင်္ဂုလိယာပိ တုဒန္တိ (သျာ။)] ဥပသမ္ပန္နော ဥပသမ္ပန္နံ ဟသာဓိပ္ပါယော [ဟဿာဓိပ္ပါယော (သီ။ သျာ။)] ကာယေန ကာယံ အာမသတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ အင်္ဂုလိပတောဒကေန ဟာသေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော အင်္ဂုလိပတောဒကေန ဟာသေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ အင်္ဂုလိပတောဒကေန ဟာသေတိ, အာပတ္တိ ပါစိတ္တိယဿ။

ကာယေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ ကာယပဋိဗဒ္ဓေန ကာယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ ကာယပဋိဗဒ္ဓေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန ကာယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန နိဿဂ္ဂိယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။

၂-အင်္ဂုလိပတောဒကသိက္ခာပုဒ် အဖွင့် ၃၃၂။ လက်ချောင်းထိုး မည်သည် ရဟန်းသည် ရဟန်းကို ရယ်ရွှင်စေလိုသည် ဖြစ်၍ မိမိကိုယ်ဖြင့် သူတစ်ပါးကိုယ်ကို သုံးသပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ လက် ချောင်းထိုးသဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ လက်ချောင်းထိုးသဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်း မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ လက်ချောင်းထိုး သဖြင့် ရွှင်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ စွန့်လွှတ်အပ်သော ဝတ္ထု ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ် အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊

Tickles someone: if one who is fully ordained makes physical contact with another who is fully ordained, body to body, with the aim of making him laugh, he commits an offense entailing confession. Permutations If the other person is fully ordained, and he perceives him as such, and he tickles him to make him laugh, he commits an offense entailing confession. If the other person is fully ordained, but he is unsure of it, and he tickles him to make him laugh, he commits an offense entailing confession. If the other person is fully ordained, but he does not perceive him as such, and he tickles him to make him laugh, he commits an offense entailing confession. If, with his own body, he makes physical contact with something connected to the other monk’s body, he commits an offense of wrong conduct. If, with something connected to his own body, he makes physical contact with the other monk’s body, he commits an offense of wrong conduct. If, with something connected to his own body, he makes physical contact with something connected to the other monk’s body, he commits an offense of wrong conduct. If, by releasing something, he makes physical contact with the other monk’s body, he commits an offense of wrong conduct. If, by releasing something, he makes physical contact with something connected to the other monk’s body, he commits an offense of wrong conduct. If, by releasing something, he makes physical contact with something released by the other monk, he commits an offense of wrong conduct.

၃၃၃။ အနုပသမ္ပန္နံ ကာယေန ကာယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ ကာယေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ ကာယပဋိဗဒ္ဓေန ကာယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ ကာယပဋိဗဒ္ဓေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန ကာယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန ကာယပဋိဗဒ္ဓံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ နိဿဂ္ဂိယေန နိဿဂ္ဂိယံ အာမသတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၃၃၃။ ရဟန်းမဟုတ်သူကိုု ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကိုယ်ဖြင့် ကိုယ်နှင့် စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊

If, with his own body, he makes physical contact with the body of someone who is not fully ordained, he commits an offense of wrong conduct. If, with his own body, he makes physical contact with something connected to the body of someone who is not fully ordained, he commits an offense of wrong conduct. If, with something connected to his own body, he makes physical contact with the body of someone who is not fully ordained, he commits an offense of wrong conduct. If, with something connected to his own body, he makes physical contact with something connected to the body of someone who is not fully ordained, he commits an offense of wrong conduct. If, by releasing something, he makes physical contact with the body of someone who is not fully ordained, he commits an offense of wrong conduct. If, by releasing something, he makes physical contact with something connected to the body of someone who is not fully ordained, he commits an offense of wrong conduct. If, by releasing something, he makes physical contact with something released by someone who is not fully ordained, he commits an offense of wrong conduct. If the other person is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the other person is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the other person is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

စာ-၁၄၈

၃၃၄။ အနာပတ္တိ န ဟသာဓိပ္ပါယော, သတိ ကရဏီယေ အာမသတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အင်္ဂုလိပတောဒကသိက္ခာပဒံ နိဋ္ဌိတံ ဒုတိယံ။

၃၃၄။ ရယ်ရွှင်စေလိုသော သဘောမရှိဘဲ သုံးသပ်အံ့၊ အကြောင်း ရှိ၍ သုံးသပ်အံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။ ဒုတိယ အင်္ဂုလိပတောဒကသိက္ခာပုဒ် ပြီး၏။

There is no offense: if he is not aiming to make him laugh; if he makes physical contact with him when there is a need; if he is insane; if he is the first offender. The training rule on tickling, the second, is finished.

၃။ ဟသဓမ္မသိက္ခာပဒံ

၃၃၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သတ္တရသဝဂ္ဂိယာ ဘိက္ခူ အစိရဝတိယာ နဒိယာ ဥဒကေ ကီဠန္တိ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော မလ္လိကာယ ဒေဝိယာ သဒ္ဓိံ ဥပရိပါသာဒဝရဂတော ဟောတိ။ အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော သတ္တရသဝဂ္ဂိယေ ဘိက္ခူ အစိရဝတိယာ နဒိယာ ဥဒကေ ကီဠန္တေ။ ဒိသွာန မလ္လိကံ ဒေဝိံ ဧတဒဝေါစ – ‘‘ဧတေ တေ, မလ္လိကေ, အရဟန္တော ဥဒကေ ကီဠန္တီ’’တိ။ ‘‘နိဿံသယံ ခေါ, မဟာရာဇ, ဘဂဝတာ သိက္ခာပဒံ အပညတ္တံ။ တေ ဝါ ဘိက္ခူ အပ္ပကတညုနော’’တိ။ အထ ခေါ ရညော ပသေနဒိဿ ကောသလဿ ဧတဒဟောသိ – ‘‘ကေန နု ခေါ အဟံ ဥပါယေန ဘဂဝတော စ န အာရောစေယျံ, ဘဂဝါ စ ဇာနေယျ ဣမေ ဘိက္ခူ ဥဒကေ ကီဠိတာ’’တိ? အထ ခေါ ရာဇာ ပသေနဒိ ကောသလော သတ္တရသဝဂ္ဂိယေ ဘိက္ခူ ပက္ကောသာပေတွာ မဟန္တံ ဂုဠပိဏ္ဍံ အဒါသိ – ‘‘ဣမံ, ဘန္တေ, ဂုဠပိဏ္ဍံ ဘဂဝတော ဒေထာ’’တိ။ သတ္တရသဝဂ္ဂိယာ ဘိက္ခူ တံ ဂုဠပိဏ္ဍံ အာဒါယ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝန္တံ ဧတဒဝေါစုံ – ‘‘ဣမံ, ဘန္တေ, ဂုဠပိဏ္ဍံ ရာဇာ ပသေနဒိ ကောသလော ဘဂဝတော ဒေတီ’’တိ။ ‘‘ကဟံ ပန တုမှေ, ဘိက္ခဝေ, ရာဇာ အဒ္ဒသာ’’တိ။ ‘‘အစိရဝတိယာ နဒိယာ, ဘဂဝါ, ဥဒကေ ကီဠန္တေ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဥဒကေ ကီဠိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၃-ဟသဓမ္မသိက္ခာပုဒ် ၃၃၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ စံနေ၏၊ ပသေနဒီကောသလမင်းကြီးသည် အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားနေကုန်သော သတ္တရသဝဂ္ဂီရဟန်းတို့ကို မြင်၍ မလ္လိကာမိဖုရားကို “မလ္လိကာ သင်၏ ဤရဟန္တာတို့သည် ရေ၌ (မြူးထူးပျော်ပါး) ကစား၍ နေကုန်၏”ဟု ပြောဆို၏။ မင်းကြီး စင်စစ် မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို မပညတ်ရသေး၍သော်လည်း ဖြစ်ရာ၏။ ထိုရဟန်းတို့က (သိက္ခာပုဒ်တော်ကို) မသိသေး၍သော်လည်း ဖြစ်ကုန်ရာ၏ဟု (ပြောဆို၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးအား “ငါကလည်း မြတ်စွာဘုရားအား (တိုက်ရိုက်) မလျှောက် ထားဘဲ မြတ်စွာဘုရားကလည်း ဤရဟန်းတို့သည် ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်၏ဟု အဘယ် နည်းဖြင့် သိတော်မူရာအံ့နည်း”ဟူ၍ အကြံဖြစ်၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ပင့်စေပြီးလျှင် ကြီးစွာသော တင်လဲခဲကို လှူ၍ “အသျှင်ဘုရားတို့ ဤတင်လဲခဲကို မြတ်စွာဘုရားအား လှူပါကုန်လော့”ဟု (လျှောက်၏)။ သတ္တရသဝဂ္ဂီရဟန်းတို့သည် တင်လဲခဲကို ယူ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် “အသျှင် ဘုရား ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဤတင်လဲခဲကို လှူလိုက်ပါ၏”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ပသေနဒီကောသလမင်းကြီးသည် အဘယ်အရပ်မှာ သင်တို့ကို မြင်သနည်းဟု (မေးတော်မူရာ) အသျှင်ဘုရား အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားနေကြစဥ် မြင်ပါ၏ဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Playing in water Origin story On one occasion when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of seventeen were playing in the water of the river Aciravatī. Just then, while King Pasenadi of Kosala was up in his finest stilt house with Queen Mallikā, he saw the monks from the group of seventeen playing in the river. He said to Queen Mallikā, “Mallikā, these perfected ones are playing in the water.” “Great king, no doubt the Buddha hasn’t laid down a rule. Either that, or these monks are ignorant.” King Pasenadi thought, “How can the Buddha find out about these monks playing in the water without me telling him?” Having sent for those monks, King Pasenadi gave them a large lump of sugar, saying, “Sirs, please give this lump of sugar to the Buddha.” The monks took the lump of sugar, went to the Buddha, and said, “Sir, this lump of sugar is a gift from King Pasenadi.” “But, monks, where did you see the king?” “From the river Aciravatī, while playing in the water.” The Buddha rebuked them … “Foolish men, how can you play in water? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၄၉

၃၃၆။ ‘‘ဥဒကေ ဟသဓမ္မေ [ဟဿဓမ္မေ (သီ။ သျာ။)] ပါစိတ္တိယ’’န္တိ။

၁၀၂။ ၅၃-၃၃၆။ “ရေ၌ မြူးထူးပျော်ပါး ကစားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk plays in water, he commits an offense entailing confession.’” Definitions

၃၃၇။ ဥဒကေ ဟသဓမ္မော နာမ ဥပရိဂေါပ္ဖကေ ဥဒကေ ဟသာဓိပ္ပါယော နိမုဇ္ဇတိ ဝါ ဥမ္မုဇ္ဇတိ ဝါ ပလဝတိ ဝါ, အာပတ္တိ ပါစိတ္တိယဿ။

၃-ဟသဓမ္မသိက္ခာပုဒ် အဖွင့် ၃၃၇။ ရေ၌ မြူးထူးပျော်ပါးကစားခြင်း မည်သည် ဖမျက်၏ အထက် (နက်သော) ရေ၌ မြူးထူးပျော်ပါးကစားလိုသည် ဖြစ်၍ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ကူးသွားမူလည်း ကူးသွားအံ့၊ ပါစိတ်အာပတ် သင့်၏။

Plays in water: if, aiming to have fun, he immerses himself or emerges on the surface or swims in water that is more than ankle deep, he commits an offense entailing confession. Permutations

၃၃၈။ ဥဒကေ ဟသဓမ္မေ ဟသဓမ္မသညီ, အာပတ္တိ ပါစိတ္တိယဿ။ ဥဒကေ ဟသဓမ္မေ ဝေမတိကော, အာပတ္တိ ပါစိတ္တိယဿ။ ဥဒကေ ဟသဓမ္မေ အဟသဓမ္မသညီ, အာပတ္တိ ပါစိတ္တိယဿ။

ဟေဋ္ဌာဂေါပ္ဖကေ ဥဒကေ ကီဠတိ, အာပတ္တိ ဒုက္ကဋဿ။ ဥဒကေ နာဝါယ ကီဠတိ, အာပတ္တိ ဒုက္ကဋဿ။ ဟတ္ထေန ဝါ ပါဒေန ဝါ ကဋ္ဌေန ဝါ ကဌလာယ ဝါ ဥဒကံ ပဟရတိ, အာပတ္တိ ဒုက္ကဋဿ။ ဘာဇနဂတံ ဥဒကံ ဝါ ကဉ္ဇိကံ ဝါ ခီရံ ဝါ တက္ကံ ဝါ ရဇနံ ဝါ ပဿာဝံ ဝါ စိက္ခလ္လံ ဝါ ကီဠတိ, အာပတ္တိ ဒုက္ကဋဿ။

ဥဒကေ အဟသဓမ္မေ ဟသဓမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ ဥဒကေ အဟသဓမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ဥဒကေ အဟသဓမ္မေ အဟသဓမ္မသညီ, အနာပတ္တိ။

၃၃၈။ ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ မြူးထူးပျော်ပါး ကစား၏ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။ ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ ယုံမှားရှိအံ့၊ ပါစိတ်အာပတ် သင့်၏။ ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ မြူးထူးပျော်ပါး မကစားဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။ ဖမျက်အောက် (တိမ်သော) ရေ၌ မြူးထူးပျော်ပါး ကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရေ၌ လှေဖြင့် ကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း၊ သစ်သားဖြင့် သော်လည်းကောင်း၊ အိုးခြမ်းဖြင့်သော်လည်းကောင်း ရေကို ပုတ်ခတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အိုးခွက်၌ ရှိသော ရေကိုသော်လည်းကောင်း၊ ဆန်ပုံးရည်ကိုသော်လည်းကောင်း၊ နို့ရည်ကိုသော် လည်းကောင်း၊ ရက်တက်ရည်ကိုသော်လည်းကောင်း၊ ဆိုးရည်ကိုသော်လည်းကောင်း၊ ကျင်ငယ်ကိုသော် လည်းကောင်း၊ ရွှံ့ရည်ကိုသော်လည်းကောင်း မြူးထူးပျော်ပါးကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ မြူးထူးပျော်ပါး ကစား၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ မြူးထူးပျော်ပါး မကစားဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If he is playing in water, and he perceives that he is, he commits an offense entailing confession. If he is playing in water, but he is unsure of it, he commits an offense entailing confession. If he is playing in water, but he does not perceive that he is, he commits an offense entailing confession. If he is playing in water less than ankle deep, he commits an offense of wrong conduct. If he is playing in a boat in water, he commits an offense of wrong conduct. If he strikes the water with his hand, with his foot, with a stick, or with a stone, he commits an offense of wrong conduct. If he plays with water in a vessel, or with congee, milk, buttermilk, dye, urine, or mud in a vessel, he commits an offense of wrong conduct. If he is not playing in water, but he perceives that he is, he commits an offense of wrong conduct. If he is not playing in water, but he is unsure of it, he commits an offense of wrong conduct. If he is not playing in water, and he does not perceive that he is, there is no offense. Non-offenses

၃၃၉။ အနာပတ္တိ န ဟသာဓိပ္ပါယော, သတိ ကရဏီယေ ဥဒကံ ဩတရိတွာ နိမုဇ္ဇတိ ဝါ ဥမ္မုဇ္ဇတိ ဝါ ပလဝတိ ဝါ, ပါရံ ဂစ္ဆန္တော နိမုဇ္ဇတိ ဝါ ဥမ္မုဇ္ဇတိ ဝါ ပလဝတိ ဝါ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဟသဓမ္မသိက္ခာပဒံ နိဋ္ဌိတံ တတိယံ။

၃၃၉။ မြူးထူးပျော်ပါး မကစားလိုသော သဘောဖြင့်သော်လည်းကောင်း၊ အကြောင်းကိစ္စ ရှိခဲ့သော် လည်းကောင်း ရေသို့သက်ဆင်း၍ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ကူးသွားမူလည်း ကူးသွားအံ့၊ အာပတ် မသင့်။ တစ်ဖက်ကမ်းသို့ သွားလိုသောကြောင့် ငုပ်သော်လည်းကောင်း၊ ပေါ်သော်လည်းကောင်း၊ ကူးသွားသော်လည်းကောင်း အာပတ်မသင့်၊ ဘေးရန်တို့ကြောင့် အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။ တတိယ ဟသဓမ္မသိက္ခာပုဒ် ပြီး၏။

There is no offense: if he is not aiming to have fun; if, when there is something to be done, he enters the water and then immerses himself or emerges on the surface or swims; if, while crossing a body of water, he immerses himself or emerges on the surface or swims; if there is an emergency; if he is insane; if he is the first offender. The training rule on playing in water, the third, is finished.

၄။ အနာဒရိယသိက္ခာပဒံ

၃၄၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဆန္နော အနာစာရံ အာစရတိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘မာဝုသော ဆန္န, ဧဝရူပံ အကာသိ။ နေတံ ကပ္ပတီ’’တိ။ သော အနာဒရိယံ ပဋိစ္စ ကရောတိယေဝ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ ဆန္နော အနာဒရိယံ ကရိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဆန္န, အနာဒရိယံ ကရောသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, အနာဒရိယံ ကရိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၄-အနာဒရိယသိက္ခာပုဒ် ၃၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်း သုံးနေတော်မူသောအခါ အသျှင်ဆန္နသည် မကျင့်အပ်သော အကျင့်ကို ပြုကျင့်၏၊ ရဟန်းတို့သည် “ငါ့သျှင်ဆန္န္ဒ ဤသို့သဘောရှိသော အမှုကို မပြုပါလင့်၊ ဤအမှုသည် ရဟန်းတို့အား မအပ်”ဟု ပြောဆိုကုန်၏။ ထိုအသျှင်ဆန္နသည် မရိုသေခြင်းကို စွဲ၍ ပြုကျင့်မြဲ ပြုကျင့်သည်သာလျှင်တည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် အသျှင်ဆန္နသည် မရိုသေခြင်းကို ပြုဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ဆန္န သင်သည် မရိုသေခြင်းကို ပြု၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် မရိုသေခြင်းကို ပြုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Disrespect Origin story At one time when the Buddha was staying at Kosambī in Ghosita’s Monastery, Venerable Channa was misbehaving. The monks would tell him, “Channa, don’t do that; it’s not allowable,” and he just did it again out of disrespect. The monks of few desires complained and criticized him, “How can Venerable Channa act disrespectfully?” … “Is it true, Channa, that you do this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၅၀

၃၄၁။ ‘‘အနာဒရိယေ ပါစိတ္တိယ’’န္တိ။

၁၀၃။ ၅၄-၃၄၁။ “မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk is disrespectful, he commits an offense entailing confession.’” Definitions

၃၄၂။ အနာဒရိယံ နာမ ဒွေ အနာဒရိယာနိ – ပုဂ္ဂလာနာဒရိယဉ္စ ဓမ္မာနာဒရိယဉ္စ။

ပုဂ္ဂလာနာဒရိယံ နာမ ဥပသမ္ပန္နေန ပညတ္တေန ဝုစ္စမာနော – ‘‘အယံ ဥက္ခိတ္တကော ဝါ ဝမ္ဘိတော ဝါ ဂရဟိတော ဝါ, ဣမဿ ဝစနံ အကတံ ဘဝိဿတီ’’တိ အနာဒရိယံ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။

ဓမ္မာနာဒရိယံ နာမ ဥပသမ္ပန္နေန ပညတ္တေန ဝုစ္စမာနော ‘‘ကထာယံ နဿေယျ ဝါ ဝိနဿေယျ ဝါ အန္တရဓာယေယျ ဝါ’’, တံ ဝါ န သိက္ခိတုကာမော အနာဒရိယံ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။

၄-အနာဒရိယသိက္ခာပုဒ် အဖွင့် ၃၄၂။ မရိုသေခြင်း မည်သည် ပုဂ္ဂိုလ်၌ မရိုသေခြင်း၊ တရားတော်၌ မရိုသေခြင်းဟူ၍ မရိုသေခြင်း နှစ်မျိုး ရှိ၏။ ပုဂ္ဂိုလ်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် (အပြောခံရသော ရဟန်းက) “ဤ (ပြောဆိုလာသူ) ရဟန်းသည် နှင်ထုတ်အပ်သူတည်း၊ ရှုတ်ချအပ်သူ တည်း၊ ကဲ့ရဲ့အပ်သူတည်း၊ ဤ (ပြောဆိုလာသူ) ရဟန်း၏ စကားကို လိုက်နာသင့်သည် မဟုတ်”ဟု မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ တရားတော်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် ဤတရားသည် အဘယ်သို့လျှင် ပျောက်မူလည်း ပျောက်ရာအံ့နည်း ပျက်စီးမူလည်း ပျက်စီးရာအံ့နည်း ကွယ်မူလည်း ကွယ်ရာအံ့နည်းဟုသော်လည်းကောင်း၊ ထိုပညတ်တော်ကို မကျင့်လို၍ သော်လည်းကောင်း မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။

Disrespectful: there are two kinds of disrespect: disrespect for the person and disrespect for the rule. Disrespect for the person: if, when corrected by one who is fully ordained about a rule that has been laid down, he thinks, “They’ve been ejected,” “They’ve been reproved,” or “They’ve been blamed,” and then, “I won’t do what they say,” and he acts disrespectfully, then he commits an offense entailing confession. Disrespect for the rule: if, when corrected by one who is fully ordained about a rule that has been laid down, he thinks, “What can be done so that this rule is lost?” “What can be done so that it perishes?” or “What can be done so that it disappears?” or he does not want to train in that rule, and he acts disrespectfully, then he commits an offense entailing confession. Permutations

၃၄၃။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ အနာဒရိယံ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော အနာဒရိယံ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ အနာဒရိယံ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။

အပညတ္တေန ဝုစ္စမာနော – ‘‘ဣဒံ န သလ္လေခါယ န ဓုတတ္ထာယ န ပါသာဒိကတာယ န အပစယာယ န ဝီရိယာရမ္ဘာယ သံဝတ္တတီ’’တိ အနာဒရိယံ ကရောတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေန ပညတ္တေန ဝါ အပညတ္တေန ဝါ ဝုစ္စမာနော – ‘‘ဣဒံ န သလ္လေခါယ န ဓုတတ္ထာယ န ပါသာဒိကတာယ န အပစယာယ န ဝီရိယာရမ္ဘာယ သံဝတ္တတီ’’တိ အနာဒရိယံ ကရောတိ, အာပတ္တိ ဒုက္ကဋဿ။

အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၃၄၃။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ပညတ်တော် မဟုတ်သော စကားဖြင့် ပြောဆိုလာသည် ရှိသော် “ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်”ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သောသူသည် ပညတ်တော်ဖြင့်သော်လည်းကောင်း၊ ပညတ်တော်မဟုတ်သော စကား ဖြင့်သော်လည်းကောင်း ပြောဆိုလာသည် ရှိသော် “ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်”ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သောသူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းမဟုတ်သောသူ၌ ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If the other person is fully ordained, and he perceives them as such, and he acts disrespectfully, he commits an offense entailing confession. If the other person is fully ordained, but he is unsure of it, and he acts disrespectfully, he commits an offense entailing confession. If the other person is fully ordained, but he does not perceive them as such, and he acts disrespectfully, he commits an offense entailing confession. If, when corrected about something that has not been laid down, he thinks, “This isn’t conducive to self-effacement,” “This isn’t conducive to ascetic practices,” “This isn’t conducive to being inspiring,” “This isn’t conducive to a reduction in things,” or “This isn’t conducive to being energetic,” and he acts disrespectfully, he commits an offense of wrong conduct. If, when corrected by one who is not fully ordained, whether or not it has been laid down, he thinks, “This isn’t conducive to self-effacement,” “This isn’t conducive to ascetic practices,” “This isn’t conducive to being inspiring,” “This isn’t conducive to a reduction in things,” or “This isn’t conducive to being energetic,” and he acts disrespectfully, he commits an offense of wrong conduct. If the other person is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the other person is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the other person is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၃၄၄။ အနာပတ္တိ – ‘‘ဧဝံ အမှာကံ အာစရိယာနံ ဥဂ္ဂဟော ပရိပုစ္ဆာ’’တိ ဘဏတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အနာဒရိယသိက္ခာပဒံ နိဋ္ဌိတံ စတုတ္ထံ။

၃၄၄။ “ငါတို့ ဆရာများ၏ ပါဠိသင်ခြင်းသည် ဤသို့ ဖြစ်၏၊ အဋ္ဌကထာသင်ခြင်းသည် ဤသို့ ဖြစ်၏”ဟု ဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထ အနာဒရိယသိက္ခာပုဒ် ပြီး၏။

There is no offense: if he says, “This is how we were taught and tested by our teachers;” if he is insane; if he is the first offender. The training rule on disrespect, the fourth, is finished.

စာ-၁၅၁

၅။ ဘိံသာပနသိက္ခာပဒံ

၃၄၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သတ္တရသဝဂ္ဂိယေ ဘိက္ခူ ဘိံသာပေန္တိ။ တေ ဘိံသာပီယမာနာ ရောဒန္တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကိဿ တုမှေ, အာဝုသော, ရောဒထာ’’တိ? ‘‘ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အမှေ ဘိံသာပေန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခုံ ဘိံသာပေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခုံ ဘိံသာပေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခုံ ဘိံသာပေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၅-ဘိံသာပနသိက္ခာပုဒ် ၃၄၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ခြောက်လှန့်ကုန်၏၊ ခြောက်လှန့်ခံရသော ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကုန်၏။ ရဟန်းတို့သည် “ငါသျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကုန်သနည်း”ဟု မေးကုန်၏၊ ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် ငါတို့ကို ခြောက်လှန့်ကုန်၏ဟု (ဆိုကုန်၏)။ အလိုနည်းသော ရဟန်းတို့ သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို ခြောက်လှန့်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ရဟန်းကို ခြောက်လှန့်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ်မေးမြန်း တော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို ခြောက်လှန့်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Scaring a monk Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were scaring the monks from the group of seventeen. They cried. Other monks asked them why, and they told them. The monks of few desires complained and criticized them, “How can the monks from the group of six scare other monks?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၃၄၆။ ‘‘ယော ပန ဘိက္ခု ဘိက္ခုံ ဘိံသာပေယျ, ပါစိတ္တိယ’’န္တိ။

၁၀၄။ ၅၅-၃၄၆။ “အကြင်ရဟန်းသည် ရဟန်းကို ခြောက်လှန့်ငြားအံ့၊ (ထိုရဟန်းအား)၊ ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk scares a monk, he commits an offense entailing confession.’” Definitions

၃၄၇။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုန္တိ အညံ ဘိက္ခုံ။

ဘိံသာပေယျာတိ ဥပသမ္ပန္နော ဥပသမ္ပန္နံ ဘိံသာပေတုကာမော ရူပံ ဝါ သဒ္ဒံ ဝါ ဂန္ဓံ ဝါ ရသံ ဝါ ဖောဋ္ဌဗ္ဗံ ဝါ ဥပသံဟရတိ။ ဘာယေယျ ဝါ သော န ဝါ ဘာယေယျ, အာပတ္တိ ပါစိတ္တိယဿ။ စောရကန္တာရံ ဝါ ဝါဠကန္တာရံ ဝါ ပိသာစကန္တာရံ ဝါ အာစိက္ခတိ။ ဘာယေယျ ဝါ သော န ဝါ ဘာယေယျ, အာပတ္တိ ပါစိတ္တိယဿ။

၅-ဘိံသာပနသိက္ခာပုဒ် အဖွင့် ၃၄၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းကိုဟူသည် အခြားသော ရဟန်းကို။ ခြောက်လှန့်ငြားအံ့ဟူသည် ရဟန်းသည် အခြားရဟန်းကို ခြောက်လှန့်လိုသည်ဖြစ်၍ အဆင်းကို သော်လည်းကောင်း၊ အသံကိုသော်လည်းကောင်း၊ အနံ့ကိုုသော်လည်းကောင်း၊ အရသာကိုသော်လည်း ကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီးသို့ ဆောင်အံ့၊ ထိုရဟန်းသည် ကြောက်သည်မူလည်းဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ပါစိတ်အာပတ် သင့်၏။ ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော်လည်းကောင်း၊ မြေဖုတ် ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊ ထိုရဟန်းသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: …The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk: another monk. Scares: if one who is fully ordained, wishing to scare another who is fully ordained, arranges a sight, a sound, a smell, a taste, or a physical contact, then whether the other monk is scared or not, he commits an offense entailing confession. If he tells him about a wilderness inhabited by criminals, predatory animals, or demons, then whether the other monk is scared or not, he commits an offense entailing confession. Permutations

၃၄၈။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ဘိံသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ဘိံသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ‘ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ဘိံသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အနုပသမ္ပန္နံ ဘိံသာပေတုကာမော ရူပံ ဝါ သဒ္ဒံ ဝါ ဂန္ဓံ ဝါ ရသံ ဝါ ဖောဋ္ဌဗ္ဗံ ဝါ ဥပသံဟရတိ။ ဘာယေယျ ဝါ သော န ဝါ ဘာယေယျ, အာပတ္တိ ဒုက္ကဋဿ။ စောရကန္တာရံ ဝါ ဝါဠကန္တာရံ ဝါ ပိသာစကန္တာရံ ဝါ အာစိက္ခတိ။ ဘာယေယျ ဝါ သော န ဝါ ဘာယေယျ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၃၄၈။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိ သည်ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူကို ခြောက်လှန့်လိုသည်ဖြစ်၍ အဆင်းကိုသော်လည်းကောင်း၊ အသံကိုသော်လည်း ကောင်း၊ အနံ့ကိုုသော်လည်းကောင်း၊ အရသာကိုသော်လည်းကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီးသို့ ဆောင်အံ့၊ ထိုသူသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ဒုက္ကဋ် အာပတ် သင့်၏။ ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော်လည်းကောင်း၊ မြေဖုတ် ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊ ထိုသူသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူကို ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူကို ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If the other person is fully ordained, and he perceives him as such, and he scares him, he commits an offense entailing confession. If the other person is fully ordained, but he is unsure of it, and he scares him, he commits an offense entailing confession. If the other person is fully ordained, but he does not perceive him as such, and he scares him, he commits an offense entailing confession. If, wishing to scare someone who is not fully ordained, he arranges a sight, a sound, a smell, a taste, or a physical contact, then whether the other person is scared or not, he commits an offense of wrong conduct. If he tells him about a wilderness inhabited by criminals, predatory animals, or demons, then whether the other person is scared or not, he commits an offense of wrong conduct. If the other person is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the other person is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the other person is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

စာ-၁၅၂

၃၄၉။ အနာပတ္တိ န ဘိံသာပေတုကာမော ရူပံ ဝါ သဒ္ဒံ ဝါ ဂန္ဓံ ဝါ ရသံ ဝါ ဖောဋ္ဌဗ္ဗံ ဝါ ဥပသံဟရတိ, စောရကန္တာရံ ဝါ ဝါဠကန္တာရံ ဝါ ပိသာစကန္တာရံ ဝါ အာစိက္ခတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဘိံသာပနသိက္ခာပဒံ နိဋ္ဌိတံ ပဉ္စမံ။

၃၄၉။ ခြောက်လှန့်လိုသော သဘောမရှိဘဲ အဆင်းကိုသော်လည်းကောင်း၊ အသံကိုသော်လည်း ကောင်း၊ အနံ့ကိုုသော်လည်းကောင်း၊ အရသာကိုသော်လည်းကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီး သို့ ဆောင်အံ့၊ အာပတ် မသင့်၊ ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော် လည်းကောင်း၊ မြေဖုတ်ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမ ဘိံသာပနသိက္ခာပုဒ် ပြီး၏။

There is no offense: if he arranges a sight, a sound, a smell, a taste, or a physical contact, or he tells about a wilderness inhabited by criminals, predatory animals, or demons, but not because he wishes to scare anyone; if he is insane; if he is the first offender. The training rule on scaring a monk, the fifth, is finished.

၆။ ဇောတိကသိက္ခာပဒံ

၃၅၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဘဂ္ဂေသု ဝိဟရတိ သုံသုမာရဂိရေ [သုံသုမာရဂိရေ (သီ။ သျာ။) သံသုမာရဂိရေ (က။)] ဘေသကဠာဝနေ မိဂဒါယေ။ တေန ခေါ ပန သမယေန ဘိက္ခူ ဟေမန္တိကေ ကာလေ အညတရံ မဟန္တံ သုသိရကဋ္ဌံ ဇောတိံ သမာဒဟိတွာ ဝိသိဗ္ဗေသုံ။ တသ္မိဉ္စ သုသိရေ ကဏှသပ္ပေါ အဂ္ဂိနာ သန္တတ္တော နိက္ခမိတွာ ဘိက္ခူ ပရိပါတေသိ။ ဘိက္ခူ တဟံ တဟံ ဥပဓာဝိံသု။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခူ ဇောတိံ သမာဒဟိတွာ ဝိသိဗ္ဗေဿန္တီ’’တိ…ပေ… သစ္စံ ကိရ, ဘိက္ခဝေ, ဘိက္ခူ ဇောတိံ သမာဒဟိတွာ ဝိသိဗ္ဗေန္တီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တေ, ဘိက္ခဝေ, မောဃပုရိသာ ဇောတိံ သမာဒဟိတွာ ဝိသိဗ္ဗေဿန္တိ! နေတံ, ဘိက္ခဝေ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟေယျ ဝါ သမာဒဟာပေယျ ဝါ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၆-သုရာပါနဝဂ် ၆-ဇောတိကသိက္ခာပုဒ် ၃၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့ သမင်စသော သားကောင်တို့ကို ဘေးမဲ့ပေးရာ ပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့သည် ဆောင်းတွင်း ၌ ကြီးမားသော အခေါင်းရှိသော သစ်တုံးတစ်ခုကို မီးမွှေး၍ လှုံကုန်၏။ ထိုသစ်ခေါင်း၌ မြွေဟောက်သည် မီးပူသောကြောင့် အပြင်သို့ ထွက်၍ ရဟန်းတို့ကို လိုက်၏။ ရဟန်းတို့သည် ထိုထိုအရပ်တို့သို့ ပြေးကြကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းတို့သည် မီးမွှေး၍ လှုံကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ ရဟန်းတို့သည် မီးမွှေး၍ လှုံကုန်၏ဟူသည် မှန်သလော”ဟု စိစစ်မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောကျာ်းတို့သည် အဘယ့်ကြောင့် မီးမွှေး၍ လှုံကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ထိုရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “အကြင်ရဟန်းသည် မီးလှုံလို၍ မီးကိုု မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူ လည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြ ကုန်လော့)ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Lighting a fire Origin story First substory At one time the Buddha was staying in the Bhagga country at Susumāragira in the Bhesakaḷā Grove, the deer park. At that time, during winter, the monks were warming themselves after setting fire to a hollow log. Heated by the fire, a black snake came out of the log and attacked the monks. The monks ran here and there. The monks of few desires complained and criticized them, “How could those monks light a fire to warm themselves?” … “Is it true, monks, that monks did this?” “It’s true, sir.” The Buddha rebuked them … “How could those foolish men do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: First preliminary ruling ‘If a monk lights a fire to warm himself, or has one lit, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Second substory

၃၅၁။ တေန ခေါ ပန သမယေန ဘိက္ခူ ဂိလာနာ ဟောန္တိ။ ဂိလာနပုစ္ဆကာ ဘိက္ခူ ဂိလာနေ ဘိက္ခူ ဧတဒဝေါစုံ – ‘‘ကစ္စာဝုသော, ခမနီယံ, ကစ္စိ ယာပနီယ’’န္တိ? ‘‘ပုဗ္ဗေ မယံ, အာဝုသော, ဇောတိံ သမာဒဟိတွာ ဝိသိဗ္ဗေမ၊ တေန နော ဖာသု ဟောတိ။ ဣဒါနိ ပန ‘‘ဘဂဝတာ ပဋိက္ခိတ္တ’’န္တိ ကုက္ကုစ္စာ- ယန္တာ န ဝိသိဗ္ဗေမ, တေန နော န ဖာသု ဟောတီ’’တိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ဂိလာနေန ဘိက္ခုနာ ဇောတိံ သမာဒဟိတွာ ဝါ သမာဒဟာပေတွာ ဝါ ဝိသိဗ္ဗေတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု အဂိလာနော ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟေယျ ဝါ သမာဒဟာပေယျ ဝါ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၅၁။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊ သူနာမေးသော ရဟန်းတို့သည် နာဖျားသော ရဟန်းတို့ကို “ငါ့သျှင်တို့ ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော”ဟု မေးကုန်၏။ ငါ့သျှင်တို့ ငါတို့သည် ရှေးက မီးမွှေး၍ လှုံကုန်၏၊ ထိုမီးလှုံခြင်းဖြင့် ငါတို့အား ချမ်းသာကုန်၏၊ ယခုမူကား “မြတ်စွာဘုရားသည် ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မီးမလှုံရကုန်၊ ထို့ကြောင့် ငါတို့အား ချမ်းသာမှု မဖြစ်ဟု ဆိုကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ “ရဟန်းတို့ နာဖျားသော ရဟန်းသည် မီးကို မွှေး၍သော်လည်းကောင်း၊ မွှေးစေ၍သော်လည်း ကောင်း လှုံစိမ့်သောငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ခ) “အကြင်ရဟန်းသည် မနာမဖျားဘဲ မီးလှုံလို၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

At one time a number of monks were sick. The monks who were looking after them asked, “I hope you’re bearing up? I hope you’re getting better?” “Previously we lit a fire to warm ourselves, and then we were comfortable. But now that the Buddha has prohibited this, we don’t warm ourselves because we’re afraid of wrongdoing. Because of that we’re not comfortable.” They told the Buddha. Soon afterwards he gave a teaching and addressed the monks: “Monks, I allow a sick monk to light a fire to warm himself, or to have one lit. And so, monks, this training rule should be recited like this: Second preliminary ruling ‘If a monk who is not sick lights a fire to warm himself, or has one lit, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Third substory

၃၅၂။ တေန ခေါ ပန သမယေန ဘိက္ခူ ပဒီပေပိ ဇောတိကေပိ ဇန္တာဃရေပိ ကုက္ကုစ္စာယန္တိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, တထာရူပပ္ပစ္စယာ ဇောတိံ သမာဒဟိတုံ သမာဒဟာပေတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၃၅၂။ ထိုအခါ ရဟန်းတို့သည် ဆီမီးထွန်းရာ၌လည်းကောင်း၊ (သပိတ်ဖုတ်ရန်စသည်အလို့ငှါ) မီးမွှေးရာ၌လည်းကောင်း၊ မီးဇရုံးအိမ်၌လည်းကောင်း မအပ်ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ “ရဟန်းတို့ ထိုသို့ သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကြောင့် မီးကို မွှေးခြင်းငှါ လည်းကောင်း၊ မွှေးစေခြင်းငှါလည်းကောင်း ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards the monks did not light lamps, small fires, or saunas because they were afraid of wrongdoing. They told the Buddha … “Monks, I allow you to light a fire, or to have one lit, if there’s a suitable reason. And so, monks, this training rule should be recited like this: Final ruling

၃၅၃။ ‘‘ယော ပန ဘိက္ခု အဂိလာနော ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟေယျ ဝါ သမာဒဟာပေယျ ဝါ, အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယ’’န္တိ။

၁၀၅။ ၅၆- (ဂ) ၃၅၃။ “အကြင်ရဟန်းသည် မနာမဖျားဘဲ မီးလှုံလို၍ ထိုသို့ သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကို ကြဥ့်၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။

‘If a monk who is not sick lights a fire to warm himself, or has one lit, except if there is a suitable reason, he commits an offense entailing confession.’” Definitions

၃၅၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

အဂိလာနော နာမ ယဿ ဝိနာ အဂ္ဂိနာ ဖာသု ဟောတိ။

ဂိလာနော နာမ ယဿ ဝိနာ အဂ္ဂိနာ န ဖာသု ဟောတိ။

ဝိသိဗ္ဗနာပေက္ခောတိ တပ္ပိတုကာမော။

ဇောတိ နာမ အဂ္ဂိ ဝုစ္စတိ။

သမာဒဟေယျာတိ သယံ သမာဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။

သမာဒဟာပေယျာတိ အညံ အာဏာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ သကိံ အာဏတ္တော ဗဟုကမ္ပိ သမာဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။

အညတြ တထာ ရူပပ္ပစ္စယာတိ ဌပေတွာ တထာရူပပ္ပစ္စယံ။

၆-ဇောတိကသိက္ခာပုဒ် အဖွင့် ၃၅၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ မနာမဖျားသူ မည်သည် မီးနှင့်ကင်း၍ ချမ်းသာသော ပုဂ္ဂိုလ်တည်း။ နာဖျားသူ မည်သည် မီးနှင့်ကင်း၍ မချမ်းသာသော ပုဂ္ဂိုလ်တည်း။ လှုံလို၍ဟူသည် ပူနွေးစေလို၍။ မီး မည်သည် မီးကိုပင် ဆိုအပ်၏။ မွှေးငြားအံ့ဟူသည် ကိုယ်တိုင်မွှေးအံ့၊ ပါစိတ်အာပတ် သင့်၏။ မွှေးစေငြားအံ့ဟူသည် အခြားသူကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏။ တစ်ကြိမ်သာ စေခိုင်းပါ လျက် အကြိမ်များစွာ မွှေးအံ့၊ ပါစိတ်အာပတ် သင့်၏။ ထိုသို့သဘောရှိသော အကြောင်းကို ကြဥ်၍ဟူသည် ထိုသို့သဘောရှိသော (ဆီမီးညှိထွန်းခြင်း စသော) အကြောင်းကို ဖယ်ထား၍။

A: whoever … Monk: …The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Who is not sick: who is comfortable without a fire. Who is sick: who is not comfortable without a fire. To warm himself: wanting to heat himself. A fire: flames are what is meant. Lights: if he lights it himself, he commits an offense entailing confession. Has one lit: if he asks another, he commits an offense entailing confession. If he only asks once, then even if the other lights many fires, he commits one offense entailing confession. Except if there is a suitable reason: unless there is a suitable reason. Permutations

၃၅၅။ အဂိလာနော အဂိလာနသညီ ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟတိ ဝါ သမာဒဟာပေတိ ဝါ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။ အဂိလာနော ဝေမတိကော ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟတိ ဝါ သမာဒဟာပေတိ ဝါ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။ အဂိလာနော ဂိလာနသညီ ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟတိ ဝါ သမာဒဟာပေတိ ဝါ, အညတြ တထာရူပပ္ပစ္စယာ, အာပတ္တိ ပါစိတ္တိယဿ။

ပဋိလာတံ ဥက္ခိပတိ, အာပတ္တိ ဒုက္ကဋဿ။ ဂိလာနော အဂိလာနသညီ, အာပတ္တိ ဒုက္ကဋဿ။ ဂိလာနော ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ဂိလာနော ဂိလာနသညီ, အနာပတ္တိ။

၃၅၅။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကို ဖယ်ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော အကြောင်းကို ဖယ် ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော အကြောင်းကို ဖယ်ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မီးစကို ချီမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နာဖျားသည်ကို မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နာဖျားသည်ကို ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နာဖျားသည်ကို နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If he is not sick, and he does not perceive himself as sick, and he lights a fire to warm himself, or has one lit, except if there is a suitable reason, he commits an offense entailing confession. If he is not sick, but he is unsure of it, and he lights a fire to warm himself, or has one lit, except if there is a suitable reason, he commits an offense entailing confession. If he is not sick, but he perceives himself as sick, and he lights a fire to warm himself, or has one lit, except if there is a suitable reason, he commits an offense entailing confession. If he puts back a burning piece of wood that has fallen off, he commits an offense of wrong conduct. If he is sick, but he does not perceive himself as sick, he commits an offense of wrong conduct. If he is sick, but he is unsure of it, he commits an offense of wrong conduct. If he is sick, and he perceives himself as sick, there is no offense. Non-offenses

၃၅၆။ အနာပတ္တိ ဂိလာနဿ, အညေန ကတံ ဝိသိဗ္ဗေတိ, ဝီတစ္စိတင်္ဂါရံ ဝိသိဗ္ဗေတိ, ပဒီပေ ဇောတိကေ ဇန္တာဃရေ တထာရူပပ္ပစ္စယာ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဇောတိကသိက္ခာပဒံ နိဋ္ဌိတံ ဆဋ္ဌံ။

၃၅၆။ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ သူတစ်ပါး ပြုလုပ်ပေးအပ်သော မီးကို လှုံအံ့၊ အလျှံကင်းသော မီးကျီးခဲကို လှုံအံ့၊ အာပတ်မသင့်။ ဆီမီးထွန်းရာ၌လည်းကောင်း၊ (သပိတ်ဖုတ်ရန် စသည်အလို့ငှါ) မီးမွှေးရာ၌လည်းကောင်း၊ မီးဇရုံးအိမ်၌လည်းကောင်း ထိုသို့သဘောရှိသော အကြောင်း ကြောင့်လည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း မီးမွှေးအံ့ မီးမွှေးစေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။ ဆဋ္ဌ ဇောတိကသိက္ခာပုဒ် ပြီး၏။

There is no offense: if he is sick; if he warms himself over a fire lit by another; if he warms himself over flameless coals; if he lights a lamp, a small fire, or a sauna, when there is a suitable reason; if there is an emergency; if he is insane; if he is the first offender. The training rule on lighting a fire, the sixth, is finished.

၇။ နဟာနသိက္ခာပဒံ

၃၅၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ဘိက္ခူ တပေါဒေ နဟာယန္တိ။ တေန ခေါ ပန သမယေန [အထ ခေါ (သီ။ သျာ။)] ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော ‘‘သီသံ နဟာယိဿာမီ’’တိ တပေါဒံ ဂန္တွာ – ‘‘ယာဝါယျာ နဟာယန္တီ’’တိ ဧကမန္တံ ပဋိမာနေသိ။ ဘိက္ခူ ယာဝ သမန္ဓကာရာ နဟာယိံသု။ အထ ခေါ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော ဝိကာလေ သီသံ နဟာယိတွာ, နဂရဒွါရေ ထကိတေ ဗဟိနဂရေ ဝသိတွာ, ကာလဿေဝ အသမ္ဘိန္နေန ဝိလေပနေန ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ရာဇာနံ မာဂဓံ သေနိယံ ဗိမ္ဗိသာရံ ဘဂဝါ ဧတဒဝေါစ – ‘‘ကိဿ တွံ, မဟာရာဇ, ကာလဿေဝ အာဂတော အသမ္ဘိန္နေန ဝိလေပနေနာ’’တိ? အထ ခေါ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော ဘဂဝတော ဧတမတ္ထံ အာရောစေသိ။ အထ ခေါ ဘဂဝါ ရာဇာနံ မာဂဓံ သေနိယံ ဗိမ္ဗိသာရံ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ ဘိက္ခူ ပဋိပုစ္ဆိ – ‘‘သစ္စံ ကိရ, ဘိက္ခဝေ, ဘိက္ခူ ရာဇာနမ္ပိ ပဿိတွာ န မတ္တံ ဇာနိတွာ နဟာယန္တီ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တေ, ဘိက္ခဝေ, မောဃပုရိသာ ရာဇာနမ္ပိ ပဿိတွာ န မတ္တံ ဇာနိတွာ နဟာယိဿန္တိ! နေတံ, ဘိက္ခဝေ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၆-သုရာပါနဝဂ် ၇-နှာနသိက္ခာပုဒ် ၃၅၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့သည် တပေါဒါမြစ်၌ ရေချိုးကြကုန်၏။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် “ဦးခေါင်းနှင့်တကွ ရေချိုးအံ့ ‘ခေါင်းဆေးမင်္ဂလာပြုအံ့”’ဟု တပေါဒါမြစ်သို့ သွား၍ “အသျှင်တို့သည် ရေချိုး၍ မပြီးကုန်သေး”ဟု တစ်ခုသော အရပ်၌ ငံ့လင့်၍ နေ၏၊ ရဟန်းတို့သည် မိုးချုပ်သည်တိုင်အောင် ရေချိုးနေကုန်၏။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အခါမဲ့ ‘မိုးချုပ်မှ’ ဦးခေါင်းနှင့်တကွ ရေချိုး ‘ခေါင်းဆေးမင်္ဂလာ’ ပြုပြီးလျှင် မြို့တံခါး ပိတ်ထားနှင့်သောကြောင့် မြို့၏ အပ၌ နေ၍ လိမ်းကျံ့ထားသော နံ့သာပျောင်း မပျက်သေးဘဲ နံနက်စောစော၌ပင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေစဥ် မြတ်စွာဘုရားသည်- “မင်းကြီး သင်သည် အဘယ့်ကြောင့် လိမ်းကျံထားသော နံ့သာပျောင်း မပျက်သေးဘဲလျက် နံနက် စောစော၌ပင် လာသနည်း”ဟု မိန့်တော်မူ၏။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးအား (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့ကို- “ရဟန်းတို့ မင်းကို မြင်လျက်လည်း အတိုင်းအရှည်ကို မသိဘဲ ရဟန်းများ ရေချိုးကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောကျာ်းတို့သည် အဘယ့်ကြောင့် မင်းကို မြင်လျက်လည်း အတိုင်းအရှည်ကို မသိဘဲ ရေချိုးကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ထိုရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “အကြင်ရဟန်းသည် လခွဲ ‘တစ်ဆယ့်ငါးရက်’အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Bathing too often Origin story First substory At one time when the Buddha was staying at Rājagaha in the Bamboo Grove, the monks were bathing in the hot springs. Just then King Seniya Bimbisāra of Magadha went to the hot springs, intending to wash his hair. He waited respectfully for the monks to finish, but they kept on bathing until dark. Only then was King Bimbisāra able to wash his hair. And because the town gates had been shut, he had to spend the night outside the city. In the morning, with his make-up still on, he went to the Buddha, bowed, and sat down. The Buddha said to him, “Great king, why have you come so early in the morning, with your make-up still on?” The king told him what had happened. The Buddha then instructed, inspired, and gladdened him with a teaching, after which the king got up from his seat, bowed down, circumambulated the Buddha with his right side toward him, and left. Soon afterwards the Buddha had the Sangha gathered and questioned the monks: “Is it true, monks, that monks bathed without moderation, even after seeing the king?” “It’s true, sir.” The Buddha rebuked them … “How could those foolish men act in this way? This will affect people’s confidence …” … “And, monks, this training rule should be recited like this: First preliminary ruling ‘If a monk bathes at intervals of less than a half-month, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Second substory

၃၅၈။ တေန ခေါ ပန သမယေန ဘိက္ခူ ဥဏှသမယေ ပရိဠာဟသမယေ ကုက္ကုစ္စာယန္တာ န နဟာယန္တိ, သေဒဂတေန ဂတ္တေန သယန္တိ။ စီဝရမ္ပိ သေနာသနမ္ပိ ဒုဿတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ဥဏှသမယေ ပရိဠာဟသမယေ ဩရေနဒ္ဓမာသံ နဟာယိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော။ ဒိယဍ္ဎော မာသော သေသော ဂိမှာနန္တိ [ဂိမှာနံ (ဣတိပိ)] ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော ပရိဠာဟသမယော – အယံ တတ္ထ သမယော’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၅၈။ ထိုအခါ ရဟန်းတို့သည် ပူသောအခါ အိုက်သောအခါ၌ မအပ်ဟု တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ ရှိသည်ဖြစ်၍ ရေမချိုးကုန်၊ ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်သောကြောင့် သင်္ကန်းနှင့် အိပ်ရာ နေရာတို့သည် ပျက်စီးကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ “ရဟန်းတို့ ပူသောအခါ အိုက်သော အခါဝယ် လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးစိမ့်သောငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ခ) “အကြင်ရဟန်းသည် အချိန်အခါကို ကြဥ်၍ လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ၊၁ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊၂ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards, because they were afraid of wrongdoing, the monks did not bathe when it was hot or when they had a fever, and they went to sleep covered in sweat. As a consequence, their robes and beds got dirty. They told the Buddha. Soon afterwards he gave a teaching and addressed the monks: “Monks, if it’s hot or you have a fever, I allow you to bathe at intervals of less than a half-month. And so, monks, this training rule should be recited like this: Second preliminary ruling ‘If a monk bathes at intervals of less than a half-month, except on an appropriate occasion, he commits an offense entailing confession. This is the appropriate occasion: it is the two-and-a-half-month period of summer and the fever season, comprising the last one-and-a-half months of summer and the first month of the rainy season.’” In this way the Buddha laid down this training rule for the monks. Third substory

၃၅၉။ တေန ခေါ ပန သမယေန ဘိက္ခူ ဂိလာနာ ဟောန္တိ။ ဂိလာနပုစ္ဆကာ ဘိက္ခူ ဂိလာနေ ဘိက္ခူ ဧတဒဝေါစုံ – ‘‘ကစ္စာဝုသော, ခမနီယံ, ကစ္စိ ယာပနီယ’’န္တိ? ‘‘ပုဗ္ဗေ မယံ, အာဝုသော, ဩရေနဒ္ဓမာသံ နဟာယာမ, တေန နော ဖာသု ဟောတိ၊ ဣဒါနိ ပန ‘‘ဘဂဝတာ ပဋိက္ခိတ္တ’’န္တိ ကုက္ကုစ္စာယန္တာ န နဟာယာမ, တေန နော န ဖာသု ဟောတီ’’တိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ဂိလာနေန ဘိက္ခုနာ ဩရေနဒ္ဓမာသံ နဟာယိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော။ ဒိယဍ္ဎော မာသော သေသော ဂိမှာနန္တိ [ဂိမှာနံ (ဣတိပိ)] ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော, ပရိဠာဟသမယော, ဂိလာနသမယော – အယံ တတ္ထ သမယော’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၅၉။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊ သူနာမေးသော ရဟန်းတို့သည် နာဖျားသော ရဟန်းတို့ကို “ငါ့သျှင်တို့ ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော”ဟု မေးကုန်၏။ ငါ့သျှင်တို့ ငါတို့သည် ရှေးအခါက လခွဲအတွင်း၌ ရေချိုးရကုန်၏။ ထို့ကြောင့် ငါတို့အား ချမ်းသာ၏၊ ယခုအခါ၌ကား “မြတ်စွာဘုရားသည် ရေချိုးခြင်းကို တားမြစ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ ရေမချိုးကြကုန်၊ ထို့ကြောင့် ငါတို့အား မချမ်းသာပါဟု ပြောဆိုကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ “ရဟန်းတို့ နာဖျားသော ရဟန်းအား လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ဂ) “အကြင်ရဟန်းသည် အချိန်အခါကို ကြဥ်၍ လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသော အခါ, အိုက်သောအခါ, နာဖျားသော အခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards some monks were sick. The monks who were looking after them asked, “I hope you’re bearing up? I hope you’re getting better?” “Previously we bathed at intervals of less than a half-month, and then we were comfortable. But now that the Buddha has prohibited this, we don’t bathe because we’re afraid of wrongdoing. Because of that we’re not comfortable.” They told the Buddha. … “Monks, I allow a sick monk to bathe at intervals of less than a half-month. And so, monks, this training rule should be recited like this: Third preliminary ruling ‘If a monk bathes at intervals of less than a half-month, except on an appropriate occasion, he commits an offense entailing confession. These are the appropriate occasions: it is the two-and-a-half-month period of summer and the fever season, comprising the last one-and-a-half months of summer and the first month of the rainy season; he is sick.’” In this way the Buddha laid down this training rule for the monks. Fourth substory

၃၆၀။ တေန ခေါ ပန သမယေန ဘိက္ခူ နဝကမ္မံ ကတွာ ကုက္ကုစ္စာယန္တာ န နဟာယန္တိ။ တေ သေဒဂတေန ဂတ္တေန သယန္တိ။ စီဝရမ္ပိ သေနာသနမ္ပိ ဒုဿတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ကမ္မသမယေ ဩရေနဒ္ဓမာသံ နဟာယိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော။ ဒိယဍ္ဎော မာသော သေသော ဂိမှာနန္တိ ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော, ပရိဠာဟသမယော, ဂိလာနသမယော, ကမ္မသမယော – အယံ တတ္ထ သမယော’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၆၀။ ထိုအခါ ရဟန်းတို့သည် အလုပ်သစ်ကို ပြုလုပ်ပြီးနောက် မအပ်ဟု တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။ ထိုရဟန်းတို့သည် ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်ကြသောကြောင့် သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ “ရဟန်းတို့ အလုပ်လုပ်သောအခါ လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြု တော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ဃ) “အကြင်ရဟန်းသည် လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ အချိန်အခါကို ကြဥ်၍ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသော အခါ, အလုပ်လုပ်သောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards the monks were doing building work, but because they were afraid of wrongdoing they did not bathe. As a consequence, they went to sleep covered in sweat, and their robes and beds got dirty. They told the Buddha. … “Monks, I allow you to bathe at intervals of less than a half-month when you’re working. And so, monks, this training rule should be recited like this: Fourth preliminary ruling ‘If a monk bathes at intervals of less than a half-month, except on an appropriate occasion, he commits an offense entailing confession. These are the appropriate occasions: it is the two-and-a-half-month period of summer and the fever season, comprising the last one-and-a-half months of summer and the first month of the rainy season; he is sick; he is working.’” In this way the Buddha laid down this training rule for the monks. Fifth substory

၃၆၁။ တေန ခေါ ပန သမယေန ဘိက္ခူ အဒ္ဓါနံ ဂန္တွာ ကုက္ကုစ္စာယန္တာ န နဟာယန္တိ။ တေ သေဒဂတေန ဂတ္တေန သယန္တိ။ စီဝရမ္ပိ သေနာသနမ္ပိ ဒုဿတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, အဒ္ဓါနဂမနသမယေ ဩရေနဒ္ဓမာသံ နဟာယိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော။ ဒိယဍ္ဎော မာသော သေသော ဂိမှာနန္တိ ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော, ပရိဠာဟသမယော, ဂိလာနသမယော, ကမ္မသမယော, အဒ္ဓါနဂမနသမယော – အယံ တတ္ထ သမယော’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၃၆၁။ ထိုအခါ ရဟန်းတို့သည် ခရီ်းရှည်သွားပြီးနောက် မအပ်ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။ ထိုရဟန်းတို့သည် ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်ကြသောကြောင့် သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ “ရဟန်းတို့ ခရီးရှည်သွားသော အခါဝယ် လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (င) “အကြင်ရဟန်းသည် အချိန်အခါကို ကြဥ်၍ လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ ထိုနှစ်လခွဲ တည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသော အခါ, အလုပ်လုပ်သောအခါ, ခရီးရှည် သွားသောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards the monks were traveling, but because they were afraid of wrongdoing they did not bathe. As a consequence, they went to sleep covered in sweat, and their robes and beds got dirty. They told the Buddha. … “Monks, I allow you to bathe at intervals of less than a half-month when you’re traveling. And so, monks, this training rule should be recited like this: Fifth preliminary ruling ‘If a monk bathes at intervals of less than a half-month, except on an appropriate occasion, he commits an offense entailing confession. These are the appropriate occasions: it is the two-and-a-half-month period of summer and the fever season, comprising the last one-and-a-half months of summer and the first month of the rainy season; he is sick; he is working; he is traveling.’” In this way the Buddha laid down this training rule for the monks. Sixth substory

၃၆၂။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ အဇ္ဈောကာသေ စီဝရကမ္မံ ကရောန္တာ သရဇေန ဝါတေန ဩကိဏ္ဏာ ဟောန္တိ။ ဒေဝေါ စ ထောကံ ထောကံ ဖုသာယတိ။ ဘိက္ခူ ကုက္ကုစ္စာယန္တာ န နဟာယန္တိ, ကိလိန္နေန ဂတ္တေန သယန္တိ။ စီဝရမ္ပိ သေနာသနမ္ပိ ဒုဿတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ဝါတဝုဋ္ဌိသမယေ ဩရေနဒ္ဓမာသံ နဟာယိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၃၆၂။ ထိုအခါ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ သင်္ကန်းချုပ်ကုန်သည် ရှိသော် မြူနှင့်တကွ သော လေဖြင့် ပြွမ်းကုန်၏။ မိုးသည်လည်း အနည်းငယ် အနည်းငယ် စွတ်၏။ ရဟန်းတို့သည် မအပ်ဟု တွေးတောမှု သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။ စွတ်စိုသော ကိုယ်ဖြင့် အိပ်ကြသောကြောင့် သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ “ရဟန်းတို့ လေပြင်းထ၍ မိုးကျသော အခါဝယ် လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ရေချိုး ခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards a number of monks were making robes out in the open, when they were hit by dusty winds and fine rain. But because they were afraid of wrongdoing, they did not bathe afterwards, and they went to sleep while still wet. As a consequence, their robes and beds got dirty. They told the Buddha. … “Monks, if there is wind and rain, I allow you to bathe at intervals of less than a half-month. And so, monks, this training rule should be recited like this: Final ruling

စာ-၁၅၇

၃၆၃။ ‘‘ယော ပန ဘိက္ခု ဩရေနဒ္ဓမာသံ နဟာယေယျ, အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော။ ဒိယဍ္ဎော မာသော သေသော ဂိမှာနန္တိ ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော, ပရိဠာဟသမယော, ဂိလာနသမယော, ကမ္မသမယော, အဒ္ဓါနဂမနသမယော, ဝါတဝုဋ္ဌိသမယော – အယံ တတ္ထ သမယော’’တိ။

၁၀၆။ ၅၇- (စ) ၃၆၃။ “အကြင်ရဟန်းသည် အချိန်အခါကို ကြဥ်၍ လခွဲ ‘တစ်ဆယ့်ငါးရက်’ အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာသော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသောအခါ, အလုပ်လုပ်သော အခါ, ခရီးရှည်သွားသောအခါ, လေပြင်းထ၍ မိုးကျသောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန် အခါတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk bathes at intervals of less than a half-month, except on an appropriate occasion, he commits an offense entailing confession. These are the appropriate occasions: it is the two-and-a-half-month period of summer and the fever season, comprising the last one-and-a-half months of summer and the first month of the rainy season; he is sick; he is working; he is traveling; there is wind and rain.’” Definitions

၃၆၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဩရေနဒ္ဓမာသန္တိ ဦနကဒ္ဓမာသံ။

နဟာယေယျာတိ စုဏ္ဏေန ဝါ မတ္တိကာယ ဝါ နဟာယတိ, ပယောဂေ ပယောဂေ ဒုက္ကဋံ။ နဟာနပရိယောသာနေ, အာပတ္တိ ပါစိတ္တိယဿ။

အညတြ သမယာတိ ဌပေတွာ သမယံ။

ဥဏှသမယော နာမ ဒိယဍ္ဎော မာသော သေသော ဂိမှာနံ။ ပရိဠာဟသမယော နာမ ဝဿာနဿ ပဌမော မာသော ‘‘ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော ပရိဠာဟသမယော’’တိ နဟာယိတဗ္ဗံ။

ဂိလာနသမယော နာမ ယဿ ဝိနာ နဟာနေန န ဖာသု ဟောတိ။ ဂိလာနသမယောတိ နဟာယိတဗ္ဗံ။

ကမ္မသမယော နာမ အန္တမသော ပရိဝေဏမ္ပိ သမ္မဋ္ဌံ ဟောတိ။ ‘‘ကမ္မသမယော’’တိ နဟာယိတဗ္ဗံ။

အဒ္ဓါနဂမနသမယော နာမ ‘‘အဒ္ဓယောဇနံ ဂစ္ဆိဿာမီ’’တိ နဟာယိတဗ္ဗံ, ဂစ္ဆန္တေန နဟာယိတဗ္ဗံ, ဂတေန နဟာယိတဗ္ဗံ။

ဝါတဝုဋ္ဌိသမယော နာမ ဘိက္ခူ သရဇေန ဝါတေန ဩကိဏ္ဏာ ဟောန္တိ, ဒွေ ဝါ တီဏိ ဝါ ဥဒကဖုသိတာနိ ကာယေ ပတိတာနိ ဟောန္တိ။ ‘‘ဝါတဝုဋ္ဌိသမယော’’တိ နဟာယိတဗ္ဗံ။

၇-နှာနသိက္ခာပုဒ် အဖွင့် ၃၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ လခွဲအတွင်း၌ဟူသည် လဝက်အောက် ယုတ်လျော့သည်၌။ ရေချိုးငြားအံ့ဟူသည် ကသယ်မှုန့်ဖြင့်လည်းကောင်း၊ မြေညက်ဖြင့်လည်းကောင်း ရေချိုးအံ့၊ လုံ့လ ပြုတိုင်း လုံ့လပြုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။ အချိန်အခါကို ကြဥ်၍ဟူသည် အချိန်အခါကို ဖယ်ထား၍။ ပူသောအခါ မည်သည် နွေလတို့၏ ကြွင်းသော တစ်လခွဲတည်း။ အိုက်သောအခါ မည်သည် မိုးဥတု၏ ရှေးဦးစွာ တစ်လတည်း၊ ထိုနှစ်လခွဲတို့သည် “ပူသောအခါ, အိုက်သောအခါ မည်၏”ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။ နာဖျားသောအခါ မည်သည် အကြင်ရဟန်းအား ရေချိုးခြင်းနှင့် ကင်း၍ ချမ်းသာမှု မဖြစ်အံ့၊ “နာဖျားသောအခါ”ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။ အလုပ်လုပ်သောအခါ မည်သည် အယုတ်သဖြင့် ပရိဝုဏ်ကိုသော်လည်း တံမြက်လှည်းအံ့၊ “အလုပ် လုပ်သောအခါ”ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။ ခရီးရှည်သွားသောအခါ မည်သည် ယူဇနာဝက် ခရီးသွားအံ့ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏၊ သွားဆဲ သွားပြီးသော ရဟန်းသည် ရေချိုးအပ်၏။ လေပြင်းထ၍ မိုးကျသောအခါ မည်သည် ရဟန်းတို့သည် မြူနှင့်တကွသော လေဖြင့် ပြွမ်းကုန်အံ့ နှစ်ခုသုံးခုသော မိုးရေပေါက်တို့သည် ကိုယ်၌ ကျကုန်အံ့၊ “လေပြင်းထ၍ မိုးကျသောအခါ”ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. At intervals of less than a half-month: after less than a half-month. Bathes: if he bathes with bath powder or soap, then for every effort there is an act of wrong conduct. When the bath is finished, he commits an offense entailing confession. Except on an appropriate occasion: unless it is an appropriate occasion. Summer: the last month-and-a-half of summer. The fever season: the first month of the rainy season. During the two-and-a-half-month period of summer and the fever season, he may bathe. He is sick: he is not comfortable without bathing. If he is sick, he may bathe. He is working: even if he just sweeps the yard of a building. If he is working, he may bathe. He is traveling: if he intends to travel six kilometers, he may bathe; while traveling, he may bathe; after he has traveled, he may bathe. There is wind and rain: monks are hit by dusty winds, and two or three drops of rain fall on their bodies. If there is wind and rain, they may bathe. Permutations

၃၆၅။ ဦနကဒ္ဓမာသေ ဦနကသညီ, အညတြ သမယာ, နဟာယတိ, အာပတ္တိ ပါစိတ္တိယဿ။ ဦနကဒ္ဓမာသေ ဝေမတိကော, အညတြ သမယာ, နဟာယတိ, အာပတ္တိ ပါစိတ္တိယဿ။ ဦနကဒ္ဓမာသေ အတိရေကသညီ, အညတြ သမယာ, နဟာယတိ, အာပတ္တိ ပါစိတ္တိယဿ။

အတိရေကဒ္ဓမာသေ ဦနကသညီ, အာပတ္တိ ဒုက္ကဋဿ။ အတိရေကဒ္ဓမာသေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အတိရေကဒ္ဓမာသေ အတိရေကသညီ, အနာပတ္တိ။

၃၆၅။ လဝက်အောက် ယုတ်လျော့သည်၌ လဝက်အောက် ယုတ်လျော့၏ဟု အမှတ်ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။ လဝက်အောက် ယုတ်လျော့သည်၌ ယုံမှား ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။ လဝက်အောက် ယုတ်လျော့ သည်၌ လွန်၏ဟု အမှတ်ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။ လဝက်ထက် ပိုလွန်သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ လဝက်ထက် ပိုလွန်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ လဝက်ထက် ပိုလွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is an interval of less than a half-month, and he perceives it as less, and he bathes, except on an appropriate occasion, he commits an offense entailing confession. If it is an interval of less than a half-month, but he is unsure of it, and he bathes, except on an appropriate occasion, he commits an offense entailing confession. If it is an interval of less than a half-month, but he perceives it as more, and he bathes, except on an appropriate occasion, he commits an offense entailing confession. If it is an interval of more than a half-month, but he perceives it as less, he commits an offense of wrong conduct. If it is an interval of more than a half-month, but he is unsure of it, he commits an offense of wrong conduct. If it is an interval of more than a half-month, and he perceives it as more, there is no offense. Non-offenses

၃၆၆။ အနာပတ္တိ သမယေ, အဒ္ဓမာသံ နဟာယတိ, အတိရေကဒ္ဓမာသံ နဟာယတိ, ပါရံ ဂစ္ဆန္တော နဟာယတိ, သဗ္ဗပစ္စန္တိမေသု ဇနပဒေသု, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

နဟာနသိက္ခာပဒံ နိဋ္ဌိတံ သတ္တမံ။

၃၆၆။ အချိန်အခါ၌ ရေချိုးအံ့၊ လဝက်၌ ရေချိုးအံ့၊ လဝက်လွန်မှ ရေချိုးအံ့၊ မြစ်ကမ်းတစ်ဖက်သို့ သွားသောကြောင့် ရေချိုးအံ့၊ အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ ရေချိုးအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် ရေချိုးအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်းအာပတ် မသင့်။ သတ္တမ နှာနသိက္ခာပုဒ် ပြီး၏။ ၁။ တစ်လခွဲ = ကဆုန်လကွယ်နေ့မှ ဝါဆိုလပြည့်နေ့အထိ။ ၂။ တစ်လ = ဝါဆိုလပြည့်ကျော်တစ်ရက်မှ ဝါခေါင်လပြည့်နေ့အထိ။

There is no offense: if it is an appropriate occasion; if he bathes at intervals of a half-month; if he bathes at intervals of more than a half-month; if he bathes while crossing a body of water; if he is outside the central Ganges plain; if there is an emergency; if he is insane; if he is the first offender. The training rule on bathing too often, the seventh is finished.

၈။ ဒုဗ္ဗဏ္ဏကရဏသိက္ခာပဒံ

၃၆၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ စ ပရိဗ္ဗာဇကာ စ သာကေတာ သာဝတ္ထိံ အဒ္ဓါနမဂ္ဂပ္ပဋိပန္နာ ဟောန္တိ။ အန္တရာမဂ္ဂေ စောရာ နိက္ခမိတွာ တေ အစ္ဆိန္ဒိံသု။ သာဝတ္ထိယာ ရာဇဘဋာ နိက္ခမိတွာ တေ စောရေ သဘဏ္ဍေ ဂဟေတွာ ဘိက္ခူနံ သန္တိကေ ဒူတံ ပါဟေသုံ – ‘‘အာဂစ္ဆန္တု, ဘဒန္တာ, သကံ သကံ စီဝရံ သဉ္ဇာနိတွာ ဂဏှန္တူ’’တိ။ ဘိက္ခူ န သဉ္ဇာနန္တိ။ တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘဒန္တာ အတ္တနော အတ္တနော စီဝရံ န သဉ္ဇာနိဿန္တီ’’တိ! အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ အထ ခေါ တေ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ ဘိက္ခူနံ တဒနုစ္ဆဝိကံ တဒနုလောမိကံ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘တေန ဟိ, ဘိက္ခဝေ, ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ ဒသ အတ္ထဝသေ ပဋိစ္စ – သံဃသုဋ္ဌုတာယ, သံဃဖာသုတာယ…ပေ… သဒ္ဓမ္မဋ္ဌိတိယာ, ဝိနယာနုဂ္ဂဟာယ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ – နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယ’’န္တိ။

၆-သုရာပါနဝဂ် ၈-ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် ၃၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ များစွာကုန်သော ရဟန်းတို့သည်လည်းကောင်း၊ ပရိဗိုဇ်တို့သည်လည်းကောင်း သာကေတမြို့မှ သာဝတ္ထိပြည်သို့ ခရီးရှည် သွားကြကုန်၏။ ခရီးအကြား၌ ခိုးသူတို့သည် ထွက်၍ ထိုရဟန်းနှင့် ပရိဗိုဇ်တို့ကို လုယက်ကုန်၏။ သာဝတ္ထိပြည်မှ မင်းမှုထမ်းတို့သည် ထွက်လာ၍ ထိုခိုးသူတို့ကို ပစ္စည်းနှင့်တကွ ဖမ်းယူပြီးလျှင် ရဟန်းတို့အထံသို့ “အသျှင်တို့သည် ကြွလာ ကုန်လော့၊ မိမိ မိမိတို့၏ သင်္ကန်းကို မှတ်သား၍ (မမှားအောင် ရွေးချယ်၍) ယူကြကုန်လော့”ဟု တမန် ကို စေလွှတ်လိုက်ကုန်၏။ ရဟန်းတို့သည်ကား (ရွေးချယ်ဖို့ရန်) ကောင်းစွာ မမှတ်မိကုန်။ ထိုသူတို့သည် “အဘယ့်ကြောင့် အသျှင်တို့သည် မိမိ မိမိတို့၏ သင်္ကန်းတို့ကို မသိကုန်ကြ ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့အား ထိုအမှုနှင့် လျောက်ပတ်သော ထိုအမှုနှင့်လျော်သော တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို - “ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာစေရန်။ပ။ သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန် ဝိနည်း ‘စည်းမျဥ်းဥပဒေ’ ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော် မူမည်”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Not making stains on a new robe Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, a number of monks and wanderers were robbed while traveling from Sāketa to Sāvatthī. The king’s men set out from Sāvatthī and caught the thieves and their loot. They then sent a message to the monks: “Venerables, please come and pick out your own robes.” But the monks did not recognize them. The people complained and criticized them, “How can they not recognize their own robes?” The monks heard the complaints of those people, and they told the Buddha. He had the Sangha gathered, gave a teaching on what is right and proper, and then addressed the monks: “Well then, monks, I will lay down a training rule for the following ten reasons: for the well-being of the Sangha, for the comfort of the Sangha, for the restraint of bad people, for the ease of good monks, for the restraint of the corruptions relating to the present life, for the restraint of the corruptions relating to future lives, to give rise to confidence in those without it, to increase the confidence of those who have it, for the longevity of the true Teaching, and for supporting the training. And, monks, this training rule should be recited like this: Final ruling

စာ-၁၅၉

၃၆၉။ နဝံ နာမ အကတကပ္ပံ ဝုစ္စတိ။

စီဝရံ နာမ ဆန္နံ စီဝရာနံ အညတရံ စီဝရံ။

တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗန္တိ အန္တမသော ကုသဂ္ဂေနပိ အာဒါတဗ္ဗံ။

နီလံ နာမ ဒွေ နီလာနိ – ကံသနီလံ, ပလာသနီလံ။

ကဒ္ဒမော နာမ ဩဒကော ဝုစ္စတိ။

ကာဠသာမံ နာမ ယံကိဉ္စိ ကာဠသာမကံ [ကာဠကံ (သီ။ သျာ။)]။

အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏန္တိ အန္တမသော ကုသဂ္ဂေနပိ အနာဒိယိတွာ တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

၈-ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် အဖွင့် ၃၆၉။ အသစ်ဟူသည် ကပ္ပဗိန္ဒု မထိုးရသေးသော သင်္ကန်းကို ဆို၏။ သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း။ အဆင်းပျက်အောင် ပြုခြင်း သုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို ယူအပ်၏ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားမျှဖြင့်သော်လည်း (အဆင်းပျက်အောင် ပြုခြင်းကို) ယူအပ်၏။ ညိုသောအဆင်း မည်သည် ကြေးညိုအဆင်း သစ်ရွက်ညိုအဆင်းဟူ၍ ညိုသော အဆင်း နှစ်မျိုး ရှိ၏။ ညွန်အဆင်း မည်သည် ရေနှင့်ရောသော ညွန်ကို ဆို၏။ မည်းနက်သော အဆင်း မည်သည် အမှတ်မရှိ တစ်စုံတစ်ခု အမည်းအရွှေရောသော အဆင်းတည်း။ အကယ်၍ ရဟန်းသည် အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို မယူမူ၍ဟူသည် အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက် အောင်ပြုခြင်းကို အယုတ်သဖြင့် သမန်းမြက်ဖျားမျှဖြင့်သော်လည်း (အဆင်းပျက်အောင်ပြုခြင်းကို) မယူမူ၍ သင်္ကန်းအသစ်ကို ဝတ်ရုံသုံးဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

New: a mark has not been made is what is meant. A robe: one of the six kinds of robes. He should apply one of three kinds of stains: even if he just applies what fits on the tip of a blade of grass. Blue-green: there are two kinds of blue-green: the color of copper sulfate and the color of leaves. Mud-color: watery is what is meant. Dark brown: whatever is dark brownish. If a monk … without applying any of the three kinds of stains: if he uses a new robe without first applying one of the three kinds of stains, even just the amount on the tip of a blade of grass, he commits an offense entailing confession. Permutations

၃၇၀။ အနာဒိန္နေ အနာဒိန္နသညီ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ အနာဒိန္နေ ဝေမတိကော ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ အနာဒိန္နေ အာဒိန္နသညီ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

အာဒိန္နေ အနာဒိန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အာဒိန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အာဒိန္နေ အာဒိန္နသညီ, အနာပတ္တိ။

၃၇၀။ မယူအပ်သေးသည်၌ မယူအပ်သေး ‘ကပ္ပဗိန္ဒု မထိုးအပ်သေးသည်၌ မထိုးအပ်သေး’ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ မယူအပ်သေးသည်၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ မယူအပ်သေးသည်၌ ယူအပ်ပြီးဟု အမှတ်ရှိသည် ဖြစ်၍ သုံးဆောင် အံ့၊ ပါစိတ်အာပတ် သင့်၏။ ယူအပ်ပြီးသည်၌ မယူအပ်သေး ‘ကပ္ပဗိန္ဒု ထိုးအပ်ပြီးသည်၌ မထိုးအပ်သေး’ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ယူအပ်ပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ယူအပ်ပြီးသည်၌ ယူအပ်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it has not been applied, and he perceives that it has not, and he uses the robe, he commits an offense entailing confession. If it has not been applied, but he is unsure of it, and he uses the robe, he commits an offense entailing confession. If it has not been applied, but he perceives that it has, and he uses the robe, he commits an offense entailing confession. If it has been applied, but he perceives that it has not, he commits an offense of wrong conduct. If it has been applied, but he is unsure of it, he commits an offense of wrong conduct. If it has been applied, and he perceives that it has, there is no offense. Non-offenses

၃၇၁။ အနာပတ္တိအာဒိယိတွာ ပရိဘုဉ္ဇတိ, ကပ္ပေါ နဋ္ဌော ဟောတိ, ကပ္ပကတောကာသော ဇိဏ္ဏော ဟောတိ, ကပ္ပကတေန အကပ္ပကတံ သံသိဗ္ဗိတံ ဟောတိ, အဂ္ဂဠေ အနုဝါတေ ပရိဘဏ္ဍေ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုဗ္ဗဏ္ဏကရဏသိက္ခာပဒံ နိဋ္ဌိတံ အဋ္ဌမံ။

၃၇၁။ ယူပြီး၍ ‘ကပ္ပဗိန္ဒုထိုး၍’ သုံးဆောင်အံ့၊ ကပ္ပဗိန္ဒုသည် ပျက်အံ့၊ ကပ္ပဗိန္ဒုထိုးရာ အရပ်သည် ဆွေးမြေ့အံ့၊ ကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းနှင့် ကပ္ပဗိန္ဒုမထိုးသေးသော သင်္ကန်းကို စပ်၍ ချုပ်အံ့၊ အပေါ်လွှာ၌လည်းကောင်း၊ အလျားအနားပတ်၌လည်းကောင်း၊ အနံအနားပတ်၌လည်းကောင်း ကပ္ပဗိန္ဒု ထိုးအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် ပြီး၏။ ၁။ အပ်စပ်အောင်ပြုသော အမှတ်အသား အပြောက်။

There is no offense: if he applies the stain and then uses it; if the mark has disappeared; if the area where the mark was applied is worn; if what had been marked is sewn together with what has not been marked; if it is a patch; if it is a lengthwise border; if it is a crosswise border; if he is insane; if he is the first offender. The training rule on not making stains on a new robe, the eighth, is finished.

၉။ ဝိကပ္ပနသိက္ခာပဒံ

၃၇၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဥပနန္ဒော သကျပုတ္တော ဘာတုနော သဒ္ဓိဝိဟာရိကဿ ဘိက္ခုနော သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ [အပစ္စုဒ္ဓါရကံ (သီ။ သျာ။)] ပရိဘုဉ္ဇတိ။ အထ ခေါ သော ဘိက္ခု ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ – ‘‘အယံ, အာဝုသော, အာယသ္မာ ဥပနန္ဒော သကျပုတ္တော မယှံ စီဝရံ သာမံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇတီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ ဥပနန္ဒော သကျပုတ္တော ဘိက္ခုဿ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဥပနန္ဒ, ဘိက္ခုဿ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, ဘိက္ခုဿ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၉-ဝိကပ္ပနသိက္ခာပုဒ် ၃၇၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အစ်ကို၏ အတူနေတပည့်ဖြစ်သော ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ‘မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုလုပ်ပြီး၍’ပစ္စုဒ္ဓိုရ် ‘တစ်ဖန်ဆောက်နှင်းခြင်း’ မပြုဘဲ သုံးဆောင်၏။ ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား- “ငါ့သျှင်တို့ ဤသာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အကျွန်ုပ်အား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်၏”ဟု ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ရဟန်း အား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ဥပနန္ဒ သင်သည် ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းသင်သည် အဘယ့်ကြောင့် ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ် မပြုဘဲ သုံးဆောင်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Using assigned property that has not been relinquished Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, Venerable Upananda the Sakyan assigned the ownership of a robe to a monk who was his brother’s student. He then used that robe without that monk having relinquished it. That monk told the monks, “Venerable Upananda is using a robe that he had assigned to me, even though I haven’t relinquished it.” The monks of few desires complained and criticized Upananda, “How could Venerable Upananda use a robe he had assigned to a monk, without that monk first relinquishing it?” … “Is it true, Upananda, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၆၀

၃၇၃။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ [အပစ္စုဒ္ဓါရကံ (သီ။ သျာ။)] ပရိဘုဉ္ဇေယျ, ပါစိတ္တိယ’’န္တိ။

၁၀၈။ ၅၉-၃၇၃။ “အကြင်ရဟန်းသည် ရဟန်းအားလည်းကောင်း၊ ရဟန်း မိန်းမအားလည်းကောင်း၊ သိက္ခမာန်အားလည်းကောင်း၊ သာမဏေအား လည်းကောင်း၊ သာမဏေမအားလည်းကောင်း သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ‘မိမိဥစ္စာ အဖြစ်မှ ကင်းအောင် ပြုလုပ်ပြီး၍’ ပစ္စုဒ္ဓိုရ်မပြုဘဲ ‘တစ်ဖန် ဆောက်နှင်းခြင်း’ မပြုဘဲ သုံးဆောင်အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk himself assigns the ownership of a robe to a monk, a nun, a trainee nun, a novice monk, or a novice nun, and he then uses it without the other first relinquishing it, he commits an offense entailing confession.’” Definitions

၃၇၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

ဘိက္ခုနီ နာမ ဥဘတောသံဃေ ဥပသမ္ပန္နာ။

သိက္ခမာနာ နာမ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခာ။

သာမဏေရော နာမ ဒသသိက္ခာပဒိကော။

သာမဏေရီ နာမ ဒသသိက္ခာပဒိကာ။

သာမန္တိ သယံ ဝိကပ္ပေတွာ။

စီဝရံ နာမ ဆန္နံ စီဝရာနံ အညတရံ စီဝရံ ဝိကပ္ပနုပဂံ ပစ္ဆိမံ။

ဝိကပ္ပနာ နာမ ဒွေ ဝိကပ္ပနာ – သမ္မုခါဝိကပ္ပနာ စ ပရမ္မုခါဝိကပ္ပနာ စ။

သမ္မုခါဝိကပ္ပနာ နာမ ‘‘ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ ဣတ္ထန္နာမဿ ဝါ’’တိ။

ပရမ္မုခါဝိကပ္ပနာ နာမ ‘‘ဣမံ စီဝရံ ဝိကပ္ပနတ္ထာယ တုယှံ ဒမ္မီ’’တိ။ တေန ဝတ္တဗ္ဗော – ‘‘ကော တေ မိတ္တော ဝါ သန္ဒိဋ္ဌော ဝါ’’တိ? ‘‘ဣတ္ထန္နာမော စ ဣတ္ထန္နာမော စာ’’တိ။ တေန ဝတ္တဗ္ဗော – ‘‘အဟံ တေသံ ဒမ္မိ, တေသံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ဝါ ကရောဟီ’’တိ။

အပ္ပစ္စုဒ္ဓါရဏံ နာမ တဿ ဝါ အဒိန္နံ, တဿ ဝါ အဝိဿသန္တော ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

၉- ဝိကပ္ပနသိက္ခာပုဒ် အဖွင့် ၃၇၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းအားဟူသည် တစ်ပါးသော ရဟန်းအား။ ရဟန်းမိန်းမ မည်သည် (ရဟန်းယောကျာ်း ရဟန်းမိန်းမဟူသော) နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။ သိက္ခမာန် မည်သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ပြီးသော မိန်းမတည်း။ သာမဏေ မည်သည် သိက္ခာပုဒ်ဆယ်ပါး ရှိသောသူတည်း။ သာမဏေမ မည်သည် သိက္ခာပုဒ်ဆယ်ပါးရှိသော သူမတည်း။ ကိုယ်တိုင်ဟူသည် ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍။ သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံး ဝိကပ္ပနာလောက်သော တစ်ထည် ထည်သော သင်္ကန်းတည်း။ ဝိကပ္ပနာ မည်သည် မျက်မှောက် ဝိကပ္ပနာ၊ မျက်ကွယ် ဝိကပ္ပနာ ပြုခြင်းဟူ၍ ဝိကပ္ပနာနှစ်မျိုး ရှိ၏။ မျက်မှောက် ဝိကပ္ပနာပြုခြင်း မည်သည် ဤသင်္ကန်းကို သင့်အား ဝိကပ္ပနာပြု၏၊ သို့မဟုတ် ဤမည်သော ရဟန်းအား ဝိကပ္ပနာပြု၏ဟု ပြုခြင်းတည်း။ မျက်ကွယ် ဝိကပ္ပနာပြုခြင်း မည်သည် ဤသင်္ကန်းကို ဝိကပ္ပနာပြုခြင်းငှါ သင့်အား ပေးပါ၏၊ဟု ဆိုရမည်။ ထို (သင်္ကန်းလက်ခံသူ) ရဟန်းက “သင်၏ အကျွမ်းဝင်သော မိတ်ဆွေ၊ သို့မဟုတ် မြင်ဖူးကာ မျှသော မိတ်ဆွေသည် အဘယ်သူနည်း”ဟု မေးရမည်။ ဤမည် ဤမည်သော ရဟန်းသည် (အကျွန်ုပ်၏) အကျွမ်းဝင်သော မိတ်ဆွေ၊ သို့မဟုတ် မြင်ဖူး ကာမျှသော မိတ်ဆွေတည်းဟု ဆိုရမည်။ ထို (သင်္ကန်းလက်ခံသူ) ရဟန်းက “အကျွန်ုပ်သည် ထို (သင်ပြောသော) ရဟန်းတို့အား ပေးပါ၏ဟု (ဆို၍ တစ်ဖန်) ထိုသူတို့၏ ဥစ္စာကို သုံးဆောင်မူလည်း သုံးဆောင်လော့၊ စွန့်မူလည်း စွန့်လော့၊ အကြောင်းအားလျော်စွာ ပြုမူလည်း ပြုလော့”ဟု ဆိုရမည်။ ပစ္စုဒ္ဓိုရ်မပြုခြင်း မည်သည် ထိုရဟန်းအားလည်း မပေး၊ ထိုရဟန်းနှင့်လည်း အကျွမ်းမဝင်ဘဲ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. To a monk: to another monk. A nun: she has been given the full ordination by both Sanghas. A trainee nun: one training for two years in the six rules. A novice monk: a male training in the ten training rules. A novice nun: a female training in the ten training rules. Himself: having himself done the assignment. A robe: one of the six kinds of robe-cloth, but not smaller than what can be assigned to another. Assigns the ownership of: there are two kinds of assignment: assignment in the presence of and assignment in the absence of. Assignment in the presence of: one should say, “I assign this robe-cloth to you,” or “I assign this robe-cloth to so-and-so.” Assignment in the absence of: one should say, “I give this robe-cloth to you for the purpose of assigning it.” The other should ask, “Who is your friend or companion?” One should reply, “So-and-so and so-and-so.” The other should say, “I give it to them. Please use their property, give it away, or do as you like with it.” Without it first being relinquished: if it is not given to him or he uses it without taking it on trust, he commits an offense entailing confession. Permutations

၃၇၅။ အပ္ပစ္စုဒ္ဓါရဏေ အပ္ပစ္စုဒ္ဓါရဏသညီ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ အပ္ပစ္စုဒ္ဓါရဏေ ဝေမတိကော ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ အပ္ပစ္စုဒ္ဓါရဏေ အပ္ပစ္စုဒ္ဓါရဏသညီ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

အဓိဋ္ဌေတိ ဝါ ဝိဿဇ္ဇေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ ပစ္စုဒ္ဓါရဏေ အပ္ပစ္စုဒ္ဓါရဏသညီ, အာပတ္တိ ဒုက္ကဋဿ။ ပစ္စုဒ္ဓါရဏေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ပစ္စုဒ္ဓါရဏေ ပစ္စုဒ္ဓါရဏသညီ, အနာပတ္တိ။

၃၇၅။ ပစ္စဒ္ဓိုရ်မပြုရာ၌ ပစ္စုဒ္ဓိုရ်မပြုဟု အမှတ်ရှိသည် ဖြစ်၍ သုံးဆောင်အံ့၊ ပါစိ်တ်အာပတ် သင့်၏။ ပစ္စုဒ္ဓိုရ်မပြုရာ၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏၊ ပစ္စုဒ္ဓိုရ်မပြုရာ၌ ပစ္စုဒ္ဓိုရ်ပြု၏ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏၊ အဓိဋ္ဌာန်တင်သော်လည်းကောင်း၊ စွန့်သော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ပစ္စုဒ္ဓိုရ်ပြုပြီး သည်၌ ပစ္စုဒ္ဓိုရ်မပြုဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ပစ္စုဒ္ဓိုရ်ပြု၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it has not been relinquished, and he perceives that it has not, and he uses it, he commits an offense entailing confession. If it has not been relinquished, but he is unsure of it, and he uses it, he commits an offense entailing confession. If it has not been relinquished, but he perceives that it has, and he uses it, he commits an offense entailing confession. If he determines it or gives it away, he commits an offense of wrong conduct. If it has been relinquished, but he perceives that it has not, he commits an offense of wrong conduct. If it has been relinquished, but he is unsure of it, he commits an offense of wrong conduct. If it has been relinquished, and he perceives that it has, there is no offense. Non-offenses

၃၇၆။ အနာပတ္တိ သော ဝါ ဒေတိ, တဿ ဝါ ဝိဿသန္တော ပရိဘုဉ္ဇတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဝိကပ္ပနသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။

၃၇၆။ ထို (သင်္ကန်းလက်ခံသော ဝိနည်းဓိုရ်) ရဟန်းကသော်လည်း ပေးအံ့၊ ထိုရဟန်းနှင့်သော်လည်း အကျွမ်းဝင်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမ ဝိကပ္ပနသိက္ခာပုဒ် ပြီး၏။ ၁။ ဆယ်ပါးဆိုသော်လည်း လိင် ဒဏ် သေခိယစသည်လာသော ကျင့်ဝတ်များစွာ ရှိသေး၏။

There is no offense: if the other person gives it or he uses it after taking the other person’s property on trust; if he is insane; if he is the first offender. The training rule on using assigned property that has not been relinquished, the ninth, is finished.

၁၀။ စီဝရအပနိဓာနသိက္ခာပဒံ

၃၇၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သတ္တရသဝဂ္ဂိယာ ဘိက္ခူ အသန္နိဟိတပရိက္ခာရာ ဟောန္တိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ ပတ္တမ္ပိ စီဝရမ္ပိ အပနိဓေန္တိ။ သတ္တရသဝဂ္ဂိယာ ဘိက္ခူ ဆဗ္ဗဂ္ဂိယေ ဘိက္ခူ ဧတဒဝေါစုံ – ‘‘ဒေထာဝုသော, အမှာကံ ပတ္တမ္ပိ စီဝရမ္ပီ’’တိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဟသန္တိ, တေ ရောဒန္တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကိဿ တုမှေ, အာဝုသော, ရောဒထာ’’တိ? ‘‘ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အမှာကံ ပတ္တမ္ပိ စီဝရမ္ပိ အပနိဓေန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခူနံ ပတ္တမ္ပိ စီဝရမ္ပိ အပနိဓေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခူနံ ပတ္တမ္ပိ စီဝရမ္ပိ အပနိဓေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခူနံ ပတ္တမ္ပိ စီဝရမ္ပိ အပနိဓေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၆-သုရာပါနဝဂ် ၁၀-စီဝရအပနိဓာနသိက္ခာပုဒ် ၃၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့သည် သင်္ကန်းစသော ပရိက္ခရာ ‘အသုံးအဆောင်’ တို့ကို မသိမ်းဆည်းကုန်။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့၏ သပိတ် သင်္ကန်းတို့ကို ဝှက်ထားကုန်၏။ သတ္တရသဝဂ္ဂီရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို “ငါ့သျှင်တို့ အကျွန်ုပ်တို့၏ သပိတ်သင်္ကန်းတို့ကို ပေးကုန်လော့”ဟု ဆိုကုန်၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရယ်ကုန်၏၊ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကုန်၏၊ ရဟန်းတို့သည် “ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကုန်ဘိသနည်း”ဟု မေးကုန်၏။ ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အကျွန်ုပ်တို့၏ သပိတ်သင်္ကန်းတို့ကို ဝှက်ထားကုန်၏ဟု ဖြေဆိုကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့၏ သပိတ် သင်္ကန်းတို့ကို ဝှက်ထားကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ရဟန်းတို့၏ သပိတ်သင်္ကန်းကို ဝှက်ထားကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းတို့၏ သပိတ်သင်္ကန်းတို့ကို ဝှက်ထားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း”။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on drinking alcohol Hiding a robe Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. On one occasion when the monks from the group of seventeen had not put away their requisites, the monks from the group of six hid their bowls and robes. The monks from the group of seventeen said to them, “Give us our bowls and robes.” The monks from the group of six laughed, but the monks from the group of seventeen cried. The monks asked them, “Why are you crying?” “’Cause the monks from the group of six have hidden our bowls and robes.” The monks of few desires complained and criticized them, “How could the monks from the group of six hide the bowls and robes of other monks?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၆၂

၃၇၈။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ, အန္တမသော ဟသာပေက္ခောပိ, ပါစိတ္တိယ’’န္တိ။

၁၀၉။ ၆၀-၃၇၈။ “အကြင်ရဟန်းသည် ရဟန်း၏ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ နိသီဒိုင်အခင်းကိုသော်လည်းကောင်း၊ အပ်ကျည် ‘အပ်ဘူး’ကိုသော်လည်းကောင်း၊ ခါးပန်းကြိုးကိုသော်လည်းကောင်း ဝှက်မူလည်း ဝှက်ထားငြားအံ့၊ ဝှက်ထားစေ မူလည်း ဝှက်ထားစေငြားအံ့၊ အယုတ်သဖြင့် ရယ်မြူး လိုသည်ဖြစ်၍လည်း ဝှက်ထားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk hides a monk’s bowl, robe, sitting mat, needle case, or belt, or he has it hidden, even just for a laugh, he commits an offense entailing confession.’” Definitions

၃၇၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

ပတ္တော နာမ ဒွေ ပတ္တာ – အယောပတ္တော, မတ္တိကာပတ္တော။

စီဝရံ နာမ ဆန္နံ စီဝရာနံ အညတရံ စီဝရံ, ဝိကပ္ပနုပဂံ ပစ္ဆိမံ။

နိသီဒနံ နာမ သဒသံ ဝုစ္စတိ။

သူစိဃရံ နာမ သသူစိကံ ဝါ အသူစိကံ ဝါ။

ကာယဗန္ဓနံ နာမ ဒွေ ကာယဗန္ဓနာနိ – ပဋ္ဋိကာ, သူကရန္တကံ။

အပနိဓေယျ ဝါတိ သယံ အပနိဓေတိ, အာပတ္တိ ပါစိတ္တိယဿ။

အပနိဓာပေယျ ဝါတိ အညံ အာဏာပေသိ, အာပတ္တိ ပါစိတ္တိယဿ။ အပနိဓာပေယျ ဝါ တိ အယျံ အာဏာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ သကိံ အာဏတ္တော ဗဟုကမ္ပိ အပနိဓေတိ, အာပတ္တိ ပါစိတ္တိယဿ။

အန္တမသော ဟသာပေက္ခောပီတိ ကီဠာဓိပ္ပါယော။

၁၀-စီဝရအပနိဓာနသိက္ခာပုဒ် အဖွင့် ၃၇၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်သည်။ ရဟန်း၏ဟူသည် တစ်ပါးသော ရဟန်း၏။ သပိတ် မည်သည် သံသပိတ်၊ မြေသပိတ်ဟူ၍ သပိတ်နှစ်မျိုးရှိ၏။ သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံး ဝိကပ္ပနာလောက်သော တစ်ထည် ထည်သော သင်္ကန်းတည်း။ နိသီဒိုင်အခင်း မည်သည် အမြိတ်အဆာရှိသော အခင်းကို ဆို၏။ အပ်ကျည် မည်သည် အပ်ရှိသော အပ်ကျည်၊ အပ် မရှိသော အပ်ကျည်တည်း။ ခါးပန်းကြိုး မည်သည် ပုဆိုးဖြင့် ပြုအပ်သော ခါးပန်းကြိုးပြား၊ ဝက်အူခါးပန်းကြိုးလုံးဟူ၍ ခါးပန်းကြိုး နှစ်မျိုးရှိ၏။ ဝှက်ထားငြားအံ့ဟူသည် ကိုယ်တိုင် ဝှက်ထားငြားအံ့၊ ပါစိတ်အာပတ် သင့်၏၊ ဝှက်ထားစေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏၊ တစ်ကြိမ်သာ စေခိုင်းပါလျက် အကြိမ်များစွာ ဝှက်ထားအံ့၊ ပါစိတ်အာပတ် သင့်၏။ အယုတ်သဖြင့် ရယ်မြူးလိုသည် ဖြစ်၍လည်းဟူသည် မြူးတူးပျော်ပါး ကစားလို၍။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk’s: another monk’s. Bowl: there are two kinds of bowls: iron bowls and ceramic bowls. Robe: one of the six kinds of robe-cloth, but not smaller than what can be assigned to another. Sitting mat: one with a border is what is meant. Needle case: with or without needles. Belt: there are two kinds of belts: those made from strips of cloth and those made from pigs’ intestines. Hides: if he hides it himself, he commits an offense entailing confession. Has hidden: if he asks another, he commits an offense entailing confession. If he only asks once, then even if the other hides many things, he commits one offense entailing confession. Even just for a laugh: aiming to have fun. Permutations

၃၈၀။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေတိ ဝါ အပနိဓာပေတိ ဝါ, အန္တမသော ဟသာပေက္ခောပိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော…ပေ… ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေတိ ဝါ အပနိဓာပေတိ ဝါ, အန္တမသော ဟသာပေက္ခောပိ, အာပတ္တိ ပါစိတ္တိယဿ။

အညံ ပရိက္ခာရံ အပနိဓေတိ ဝါ အပနိဓာပေတိ ဝါ, အန္တမသော ဟသာပေက္ခောပိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နဿ ပတ္တံ ဝါ စီဝရံ ဝါ အညံ ဝါ ပရိက္ခာရံ အပနိဓေတိ ဝါ အပနိဓာပေတိ ဝါ, အန္တမသော ဟသာပေက္ခောပိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၃၈၀။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ သပိတ်သင်္ကန်း နိသီဒိုင်အခင်း အပ်ကျည် ခါးပန်းကြိုး (တစ်ခုခု) ကို အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားသည် ဖြစ်၍။ပ။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သပိတ်သင်္ကန်း နိသီဒိုင်အခင်း အပ်ကျည် ခါးပန်းကြိုး (တစ်ခုခု) ကို ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ အခြားသော ပရိက္ခရာ ‘အသုံးအဆောင်’ကို အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက် ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၏ သပိတ်ကိုဖြစ်စေ၊ သင်္ကန်းကိုဖြစ်စေ၊ အခြားပရိက္ခရာကိုဖြစ်စေ အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If the other monk is fully ordained, and he perceives him as such, and he hides his bowl or robe or sitting mat or needle case or belt, or he has it hidden, even just for a laugh, he commits an offense entailing confession. If the other monk is fully ordained, but he is unsure of it, and he hides his bowl or robe or sitting mat or needle case or belt, or he has it hidden, even just for a laugh, he commits an offense entailing confession. If the other monk is fully ordained, but he does not perceive him as such, and he hides his bowl or robe or sitting mat or needle case or belt, or he has it hidden, even just for a laugh, he commits an offense entailing confession. If he hides another requisite, or he has it hidden, even just for a laugh, he commits an offense of wrong conduct. If he hides the bowl or robe or other requisite of someone who is not fully ordained, or he has it hidden, even just for a laugh, he commits an offense of wrong conduct. If the other person is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the other person is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the other person is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၃၈၁။ အနာပတ္တိ နဟသာဓိပ္ပါယော, ဒုန္နိက္ခိတ္တံ ပဋိသာမေတိ, ‘‘ဓမ္မိံ ကထံ ကတွာ ဒဿာမီ’’တိ ပဋိသာမေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စီဝရအပနိဓာနသိက္ခာပဒံ နိဋ္ဌိတံ ဒသမံ။

သုရာပါနဝဂ္ဂေါ ဆဋ္ဌော။

တဿုဒ္ဒါနံ –

သုရာ အင်္ဂုလိ ဟာသော စ [တောယဉ္စ (ဣတိပိ)], အနာဒရိယဉ္စ ဘိံသနံ၊

ဇောတိနဟာနဒုဗ္ဗဏ္ဏံ, သာမံ အပနိဓေန စာတိ။

၃၈၁။ ရယ်မြူးလိုသော သဘောမရှိဘဲ သိမ်းဆည်းထားအံ့၊ မကောင်းသဖြင့် ထားသည်ကို သိမ်းဆည်းထားအံ့၊ “တရားဟောပြီးမှ ပေးအံ့”ဟု နှလုံးပိုက်၍ သိမ်းဆည်းထားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမ စီဝရအပနိဓာနသိက္ခာပုဒ် ပြီး၏။ ဆဋ္ဌ သုရာပါနဝဂ် ပြီး၏။ ထိုသုရာပါနဝဂ်၏ အကျဥ်းချုပ် သုရာပါနသိက္ခာပုဒ်၊ အင်္ဂုလိပတောဒကသိက္ခာပုဒ်၊ ဥဒကဟသဓမ္မသိက္ခာပုဒ်၊ အနာ ဒရိယသိက္ခာပုဒ်၊ ဘိံသာပနသိက္ခာပုဒ်၊ ဇောတိသမာဒဟနသိက္ခာပုဒ်၊ နှာနသိက္ခာပုဒ်၊ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ်၊ အပနိဓာနသိက္ခာပုဒ်နှင့် ကိုယ်တိုင်ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ် မပြုဘဲ သုံးဆောင်သော သိက္ခာပုဒ်။ ဤကား အကျဥ်းချုပ်တည်း။

There is no offense: if he is not aiming to have fun; if he puts away what has been improperly put away; if he puts something away with the thought, “After giving a teaching, I’ll give it back;” if he is insane; if he is the first offender. The training rule on hiding a robe, the tenth, is finished. The sixth subchapter on drinking alcohol is finished. This is the summary: “Alcohol, finger, and laughter, And disrespect, scaring; Fire, bathing, stain, Himself, and with hiding.”

၇။ သပ္ပါဏကဝဂ္ဂေါ

၁။ သဉ္စိစ္စသိက္ခာပဒံ

၃၈၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဥဒါယီ ဣဿာသော ဟောတိ, ကာကာ စဿ အမနာပါ ဟောန္တိ။ သော ကာကေ ဝိဇ္ဈိတွာ ဝိဇ္ဈိတွာ သီသံ ဆိန္ဒိတွာ သူလေ ပဋိပါဋိယာ ဌပေသိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကေနိမေ, အာဝုသော, ကာကာ ဇီဝိတာ ဝေါရောပိတာ’’တိ? ‘‘မယာ, အာဝုသော။ အမနာပါ မေ ကာကာ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ ဥဒါယီ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဥဒါယိ, သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၁-သဥ္စိစ္စသိက္ခာပုဒ် ၃၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ လေးသမားဖြစ်ခဲ့ဖူးသော အသျှင်ဥဒါယီသည် ကျီးတို့ကို မနှစ်သက်သောကြောင့် ပစ်၍ ပစ်၍ ခေါင်းကို ဖြတ်ပြီးလျှင် တံစို့၌ အစဥ်အတိုင်း ထိုးသီ၍ ထား၏။ ရဟန်းတို့သည် “ငါ့သျှင် ဤကျီးတို့ကို အဘယ်သူသည် သတ်ဖြတ်သနည်း”ဟု မေးကုန်၏။ ငါ့သျှင်တို့ ငါသတ်သည်၊ ဤကျီးတို့ကို ငါမနှစ်သက်ဟု ဆို၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် အသျှင်ဥဒါယီသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ဥဒါယီ သင်သည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်၏ဟူသည် မှန်သလော”ဟု စိစစ်မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Intentionally killing a living being Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time Venerable Udāyī was skilled in archery. And because he disliked crows, he shot them. He cut off their heads and then set them out in a row impaled on stakes. The monks asked him, “Who killed these crows?” “I did. I don’t like crows.” The monks of few desires complained and criticized him, “How can Venerable Udāyī intentionally kill living beings?” … “Is it true, Udāyī, that you do this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၆၄

၃၈၃။ ‘‘ယော ပန ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေယျ, ပါစိတ္တိယ’’န္တိ။

၁၁၀။ ၆၁-၃၈၃။ “အကြင်ရဟန်းသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk intentionally kills a living being, he commits an offense entailing confession.’” Definitions

၃၈၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

သဉ္စိစ္စာတိ ဇာနန္တော သဉ္ဇာနန္တော စေစ္စ အဘိဝိတရိတွာ ဝီတိက္ကမော။

ပါဏော နာမ တိရစ္ဆာနဂတပါဏော ဝုစ္စတိ။

ဇီဝိတာ ဝေါရောပေယျာတိ ဇီဝိတိန္ဒြိယံ ဥပစ္ဆိန္ဒတိ ဥပရောဓေတိ သန္တတိံ ဝိကောပေတိ, အာပတ္တိ ပါစိတ္တိယဿ။

၁-သဉ္စိစ္စသိက္ခာပုဒ် အဖွင့် ၃၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သေစေလိုသော စေတနာရှိသည်ဖြစ်၍ဟူသည် သိလျက် ကောင်းစွာ သိလျက် စေ့ဆော်၍ လွှမ်းမိုး ၍ လွန်ကျူးခြင်းတည်း။ သတ္တဝါ မည်သည် တိရစ္ဆာန်ဖြစ်သော သတ္တဝါကို ဆို၏။ သတ်ဖြတ်ငြားအံ့ဟူသည် ဇီဝိတိန္ဒြေ ‘အသက်’ကို ဖြတ်အံ့၊ ကင်းစေအံ့၊ အစဥ်ကို ပျက်စေအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Intentionally: knowing, perceiving, having intended, having decided, he transgresses. A living being: an animal is what is meant. Kills: if he cuts off and makes an end of the life faculty, if he destroys its continuity, he commits an offense entailing confession. Permutations

၃၈၅။ ပါဏေ ပါဏသညီ ဇီဝိတာ ဝေါရောပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပါဏေ ဝေမတိကော ဇီဝိတာ ဝေါရောပေတိ, အာပတ္တိ ဒုက္ကဋဿ။ ပါဏေ အပ္ပါဏသညီ ဇီဝိတာ ဝေါရောပေတိ, အနာပတ္တိ။ အပ္ပါဏေ ပါဏသညီ, အာပတ္တိ ဒုက္ကဋဿ။ အပ္ပါဏေ ဝေမိတကော, အာပတ္တိ ဒုက္ကဋဿ။ အပ္ပါဏေ အပ္ပါဏသညီ, အနာပတ္တိ။

၃၈၅။ သတ္တဝါ၌ သတ္တဝါဟု အမှတ်ရှိသည် ဖြစ်၍ သတ်ဖြတ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ သတ္တဝါ၌ ယုံမှားရှိသည်ဖြစ်၍ သတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သတ္တဝါ၌ သတ္တဝါမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ သတ္တဝါမဟုတ်သည်၌ သတ္တဝါဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သတ္တဝါမဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သတ္တဝါမဟုတ်သည်၌ သတ္တဝါ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ်မသင့်။

If it is a living being, and he perceives it as such, and he kills it, he commits an offense entailing confession. If it is a living being, but he is unsure of it, and he kills it, he commits an offense of wrong conduct. If it is a living being, but he does not perceive it as such, and he kills it, there is no offense. If it is not a living being, but he perceives it as such, he commits an offense of wrong conduct. If it is not a living being, but he is unsure of it, he commits an offense of wrong conduct. If it is not a living being, and he does not perceive it as such, there is no offense. Non-offenses

၃၈၆။ အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, နမရဏာဓိပ္ပါယဿ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သဉ္စိစ္စသိက္ခာပဒံ နိဋ္ဌိတံ ပဌမံ။

၃၈၆။ သေစေလိုသော စေတနာမရှိသော ရဟန်း၊ သတိမထားမိသော ရဟန်း၊ မသိသော ရဟန်း၊ သေစေလိုသော သဘောမရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ ပဌမ သဉ္စိစ္စသိက္ခာပုဒ် ပြီး၏။

There is no offense: if it is unintentional; if he is not mindful; if he does not know; if he is not aiming at death; if he is insane; if he is the first offender. The training rule on intentionally killing a living being, the first, is finished.

၂။ သပ္ပါဏကသိက္ခာပဒံ

၃၈၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၂-သပ္ပါဏကသိက္ခာပုဒ် ၃၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် သိလျက် ပိုးရှိသော ရေကို အဘယ့်ကြောင့် သုံးဆောင်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Using water with living beings in it Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were using water that they knew contained living beings. The monks of few desires complained and criticized them, “How can the monks from the group of six use water that they know contains living beings?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၆၅

၃၈၈။ ‘‘ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယ’’န္တိ။

၁၁၁။ ၆၂-၃၈၈။ “အကြင်ရဟန်းသည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ငြား အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk uses water that he knows contains living beings, he commits an offense entailing confession.’” Definitions

၃၈၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ။ ‘‘သပ္ပါဏက’’န္တိ ဇာနန္တော, ‘‘ပရိဘောဂေန မရိဿန္တီ’’တိ ဇာနန္တော ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

၂-သပ္ပါဏကသိက္ခာပုဒ် အဖွင့် ၃၈၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသော သူတို့သော်လည်း ထိုရဟန်းအား ပြော ကြားကုန်၏။ ပိုးရှိ၏ဟု သိလျက် သုံးဆောင်ခြင်းကြောင့် သေကုန်လတ္တံ့ဟု သိလျက် သုံးဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him. If he uses it, knowing that it contains living beings and knowing that they will die if the water is used, he commits an offense entailing confession. Permutations

၃၉၀။ သပ္ပါဏကေ သပ္ပါဏကသညီ ပရိဘုဉ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ သပ္ပါဏကေ ဝေမတိကော ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။ သပ္ပါဏကေ အပ္ပါဏကသညီ ပရိဘုဉ္ဇတိ, အနာပတ္တိ။ အပ္ပါဏကေ သပ္ပါဏကသညီ, အာပတ္တိ ဒုက္ကဋဿ။ အပ္ပါဏကေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အပ္ပါဏကေ အပ္ပါဏကသညီ, အနာပတ္တိ။

၃၉၀။ ပိုးရှိသော ရေကို ပိုးရှိ၏ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ ပိုးရှိသော ရေ၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပိုးရှိသော ရေ၌ ပိုးမရှိဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ပိုးမရှိသော ရေ၌ ပိုးရှိ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပိုးမရှိသော ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပိုးမရှိသော ရေ၌ ပိုးမရှိဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it contains living beings, and he perceives it as such, and he uses it, he commits an offense entailing confession. If it contains living beings, but he is unsure of it, and he uses it, he commits an offense of wrong conduct. If it contains living beings, but he does not perceive it as such, and he uses it, there is no offense. If it does not contain living beings, but he perceives it as such, he commits an offense of wrong conduct. If it does not contain living beings, but he is unsure of it, he commits an offense of wrong conduct. If it does not contain living beings, and he does not perceive it as such, there is no offense. Non-offenses

၃၉၁။ အနာပတ္တိ ‘‘သပ္ပါဏက’’န္တိ အဇာနန္တော, ‘‘အပ္ပါဏက’’န္တိ ဇာနန္တော, ‘‘ပရိဘောဂေန န မရိဿန္တီ’’တိ ဇာနန္တော ပရိဘုဉ္ဇတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သပ္ပါဏကသိက္ခာပဒံ နိဋ္ဌိတံ ဒုတိယံ။

၃၉၁။ ပိုးရှိ၏ဟု မသိ၍သော်လည်းကောင်း၊ ပိုးမရှိဟု သိ၍သော်လည်းကောင်း၊ သုံးဆောင်ခြင်း ကြောင့့်် သေလိမ့်မည်မဟုတ်ဟု သိ၍သော်လည်းကောင်း သုံးဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယ သပ္ပါဏကသိက္ခာပုဒ် ပြီး၏။

There is no offense: if he does not know that it contains living beings; if he knows that it does not contain living beings; if he uses it knowing that they will not die; if he is insane; if he is the first offender. The training rule on using water with living beings in it, the second, is finished.

၃။ ဥက္ကောဋနသိက္ခာပဒံ

၃၉၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေန္တိ – ‘‘အကတံ ကမ္မံ ဒုက္ကဋံ ကမ္မံ ပုန ကာတဗ္ဗံ ကမ္မံ အနိဟတံ ဒုန္နိဟတံ ပုန နိဟနိတဗ္ဗ’’န္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကော- ဋေဿန္တီ’’တိ …ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေထာ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၃-ဥက္ကောဋနသိက္ခာပုဒ် ၃၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ “ကံကို မပြုရသေး၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန်ပြန်၍ ပြုထိုက်၏၊ မငြိမ်းစေရသေး၊ မကောင်းသဖြင့် ငြိမ်းထားသော ကံတည်း၊ တစ်ဖန်ပြန်၍ ငြိမ်းစေထိုက်၏”ဟု လှုံ့ဆော်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် တရားအား လျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ အဘယ့်ကြောင့် သင်တို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Reopening a settled legal issue Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were reopening a legal issue that they knew had been legitimately settled, saying, “The legal procedure hasn’t been done;” “It’s been done badly;” “It should be done again;” “It hasn’t been settled;” “It’s been badly settled;” “It should be settled again.” The monks of few desires complained and criticized them, “How can the monks from the group of six reopen a legal issue that they know has been legitimately settled?” … “Is it true, monks, that you’re doing this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၆၆

၃၉၃။ ‘‘ယော ပန ဘိက္ခု ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ, ပါစိတ္တိယ’’န္တိ။

၁၁၂။ ၆၂-၃၉၃။ “အကြင်ရဟန်းသည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk reopens a legal issue that he knows has been legitimately settled, he commits an offense entailing confession.’” Definitions

၃၉၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

ယထာဓမ္မံ နာမ ဓမ္မေန ဝိနယေန သတ္ထုသာသနေန ကတံ, ဧတံ ယထာဓမ္မံ နာမ။

အဓိကရဏံ နာမ စတ္တာရိ အဓိကရဏာနိ – ဝိဝါဒါဓိကရဏံ, အနုဝါဒါဓိကရဏံ, အာပတ္တာဓိကရဏံ, ကိစ္စာဓိကရဏံ။

ပုနကမ္မာယ ဥက္ကောဋေယျာတိ ‘‘အကတံ ကမ္မံ ဒုက္ကဋံ ကမ္မံ ပုနကာတဗ္ဗံ ကမ္မံ အနိဟတံ ဒုန္နိဟတံ ပုန နိဟနိတဗ္ဗံ’’တိ ဥက္ကောဋေတိ, အာပတ္တိ ပါစိတ္တိယဿ။

၂-ဥက္ကောဋနသိက္ခာပုဒ် အဖွင့် ၃၉၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်းကမူလည်း ပြောကြား၏။ တရားအားလျော်စွာ မည်သည်ဟုတ်မှန်သော တရားသဘောဖြင့်, ဝိနည်းဖြင့်, မြတ်စွာဘုရား၏ အဆုံးအမတော် (ဉတ်ကမ္မဝါစာ) ဖြင့် ပြုလုပ်ထား၏၊ ဤသို့ ပြုလုပ်ခြင်းသည် တရားအားလျော်သည် မည်၏။ အဓိကရုဏ်း မည်သည် ငြင်းခုံမှု ‘ဝိဝါဒ’အဓိကရုဏ်း၊ စွပ်စွဲမှု ‘အနုဝါဒ’အဓိကရုဏ်း၊ အာပတ် ခုနစ်ဖုံဟူသော ‘အာပတ္တိ’အဓိကရုဏ်း၊ ကံပြုမှု ‘ကိစ္စ’အဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးမျိုး ရှိ၏။ တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ငြားအံ့ဟူသည် “ကံကို မပြုရသေး၊ မကောင်းသဖြင့် ပြုထား သော ကံတည်း၊ ကံကို တစ်ဖန် ပြန်၍ ပြုထိုက်၏၊ မငြိမ်းစေရသေး၊ မကောင်းသဖြင့် ငြိမ်းစေထားသော ကံတည်း၊ တစ်ဖန် ပြန်၍ ငြိမ်းစေထိုက်၏”ဟု လှုံ့ဆော်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him or the Sangha has told him. Legitimately: done according to the Teaching, according to the Monastic Law, according to the Teacher’s instruction—this is called “legitimately”. A legal issue: there are four kinds of legal issues: legal issues arising from disputes, legal issues arising from accusations, legal issues arising from offenses, legal issues arising from business. Reopens: if he reopens it, saying, “The legal procedure hasn’t been done;” “It’s been done badly;” “It should be done again;” “It hasn’t been settled;” “It’s been badly settled;” “It should be settled again,” he commits an offense entailing confession. Permutations

၃၉၅။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ ဥက္ကောဋေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော ဥက္ကောဋေတိ, အာပတ္တိ ဒုက္ကဋဿ။ ဓမ္မကမ္မေ အဓမ္မကမ္မသညီ ဥက္ကောဋေတိ, အနာပတ္တိ။ အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အနာပတ္တိ။

၃၉၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ အာပတ် မသင့်။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a legitimate legal procedure, and he perceives it as such, and he reopens it, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he reopens it, he commits an offense of wrong conduct. If it is a legitimate legal procedure, but he perceives it as illegitimate, and he reopens it, there is no offense. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, there is no offense. Non-offenses

၃၉၆။ အနာပတ္တိ ‘‘အဓမ္မေန ဝါ ဝဂ္ဂေန ဝါ န ကမ္မာရဟဿ ဝါ ကမ္မံ ကတ’’န္တိ ဇာနန္တော ဥက္ကောဋေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဥက္ကောဋနသိက္ခာပဒံ နိဋ္ဌိတံ တတိယံ။

၃၉၆။ “မဟုတ်မမှန်သော သဘောဖြင့်သော်လည်းကောင်း၊ ဝဂ် ‘တစ်သိမ်တည်း၌ တစ်စုစီ’ ဖြစ်သဖြင့့်သော်လည်းကောင်း၊ ကံမထိုက်သော ရဟန်းအားသော်လည်းကောင်း ကံပြု၏”ဟု သိ၍ လှုံ့ဆော်ငြားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယ ဥက္ကောဋနသိက္ခာပုဒ် ပြီး၏။

There is no offense: if he reopens it because he knows that the legal procedure was illegitimate, done by an incomplete assembly, or done against one who did not deserve it; if he is insane; if he is the first offender. The training rule on reopening a settled legal issue, the third, is finished.

စာ-၁၆၇

၄။ ဒုဋ္ဌုလ္လသိက္ခာပဒံ

၃၉၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဥပနန္ဒော သကျပုတ္တော သဉ္စေတနိကံ သုက္ကဝိဿဋ္ဌိံ အာပတ္တိံ အာပဇ္ဇိတွာ ဘာတုနော သဒ္ဓိဝိဟာရိကဿ ဘိက္ခုနော အာရောစေသိ – ‘‘အဟံ, အာဝုသော, သဉ္စေတနိကံ သုက္ကဝိဿဋ္ဌိံ အာပတ္တိံ အာပန္နော။ မာ ကဿစိ အာရောစေဟီ’’တိ။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု သဉ္စေတနိကံ သုက္ကဝိဿဋ္ဌိံ အာပတ္တိံ အာပဇ္ဇိတွာ သံဃံ တဿာ အာပတ္တိယာ ပရိဝါသံ ယာစိ။ တဿ သံဃော တဿာ အာပတ္တိယာ ပရိဝါသံ အဒါသိ။ သော ပရိဝသန္တော တံ ဘိက္ခုံ ပဿိတွာ ဧတဒဝေါစ – ‘‘အဟံ, အာဝုသော, သဉ္စေတနိကံ သုက္ကဝိဿဋ္ဌိံ အာပတ္တိံ အာပဇ္ဇိတွာ သံဃံ တဿာ အာပတ္တိယာ ပရိဝါသံ ယာစိံ, တဿ မေ သံဃော တဿာ အာပတ္တိယာ ပရိဝါသံ အဒါသိ, သောဟံ ပရိဝသာမိ, ဝေဒိယာမဟံ [ဝေဒယာမဟံ (သျာ။)], အာဝုသော, ဝေဒိယတီ’’တိ မံ အာယသ္မာ ဓာရေတူ’’တိ။

‘‘ကိံ နု ခေါ, အာဝုသော, ယော အညောပိ ဣမံ အာပတ္တိံ အာပဇ္ဇတိ သောပိ ဧဝံ ကရောတီ’’တိ? ‘‘ဧဝမာဝုသော’’တိ။ ‘‘အယံ, အာဝုသော, အာယသ္မာ ဥပနန္ဒော သကျပုတ္တော သဉ္စေတနိကံ သုက္ကဝိဿဋ္ဌိံ အာပတ္တိံ အာပဇ္ဇိတွာ [အာပဇ္ဇိ (?)] သော မေ အာရောစေတိ မာ ကဿစိ အာရောစေဟီ’’တိ။ ‘‘ကိံ ပန တွံ, အာဝုသော, ပဋိစ္ဆာဒေသီ’’တိ? ‘‘ဧဝမာဝုသော’’တိ။ အထ ခေါ သော ဘိက္ခု ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေသီတိ။ ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၄-ဒုဋ္ဌုလ္လသိက္ခာပုဒ် ၃၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် စေတနာ ထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်သောကြောင့် အစ်ကို၏ အတူနေတပည့်ဖြစ် သော ရဟန်းအား “ငါ့သျှင် ငါသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်၏။ တစ်စုံတစ်ယောက်သော ရဟန်းအား မပြောပါလင့်”ဟု ပြောကြား၏။ ထိုအခါ ရဟန်းတစ်ပါးသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ်အာပတ် သင့်သောကြောင့် သံဃာတော်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို တောင်း၏၊ သံဃာတော် သည် ထိုရဟန်းအား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို ပေး၏၊ ထိုရဟန်းသည် ပရိဝါသ်နေသည် ရှိသော် ထိုရဟန်းကို တွေ့မြင်၍ “ငါ့သျှင် အကျွန်ုပ်သည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာ ဒိသိသ်အာပတ် သင့်သောကြောင့် သံဃာတော်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို တောင်း၏၊ သံဃာတော်သည် ထိုအကျွန်ုပ်အား ထိုအာပတ်နှင့် သက်ဆိုင်သော ပရိဝါသ်ကို ပေး၏၊ ထိုငါသည်လည်း ပရိဝါသ်နေ၏၊ ငါ့သျှင် အကျွန်ုပ်သည် ပရိဝါသ်ကို ကြားပါ၏၊ အကျွန်ုပ်ကို ပရိဝါသ်ကြားသောသူဟူ၍ အသျှင်သည် မှတ်တော်မူပါလော့”ဟု ဆို၏။ ငါ့သျှင် အသို့ပါနည်း အကြင် အခြားသော ပုဂ္ဂိုလ်သည်လည်း ဤသံဃာဒိသိသ်အာပတ် သင့်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ဤသို့ပင် ပြုရသလောဟု မေး၏၊ “ငါ့သျှင် ဤသို့ပင် ပြုရ၏”ဟု ပြောဆို၏၊ ငါ့သျှင် သာကီဝင်မင်းသား ဤအသျှင်ဥပနန္ဒသည် စေတနာထင်ရှားရှိသော သုက်လွှတ်ခြင်း သံဃာဒိသိသ် အာပတ်သင့်သောကြောင့် ထိုအသျှင်ဥပနန္ဒသည် အကျွန်ုပ်အား “တစ်စုံတစ်ယောက်သော သူကိုမျှ မပြောပါလင့်”ဟု ပြောကြား၏ဟူ၍ ဆို၏။ “ငါ့သျှင် အသို့နည်း၊ သင်သည် ဖုံးလွှမ်းထားလေသလော”ဟု မေး၏၊ ငါ့သျှင် ဖုံးလွှမ်းထားသည် မှန်၏ဟု ဆို၏၊ ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို သိလျက် ဖုံးလွှမ်းဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို သိလျက် ဖုံးလွှမ်းထား၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို အဘယ့်ကြောင့် ဖုံးလွှမ်းဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Concealing a grave offense Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, Venerable Upananda the Sakyan had committed an offense of intentional emission of semen. He told his brother’s student about this, adding, “Don’t tell anyone.” Soon afterwards another monk also committed an offense of intentional emission of semen. He asked the Sangha for probation, which he got. While he was on probation, he saw Upananda’s brother’s student and said to him, “I’ve committed an offense of intentional emission of semen. I asked the Sangha for probation, which I got. I’m now undergoing probation. Please remember me as such.” “Do others who have committed this offense need to do the same?” “Yes.” “Venerable Upananda committed this offense and told me not to tell anyone.” “So did you conceal it?” “Yes.” That monk then told other monks. The monks of few desires complained and criticized him, “How could a monk knowingly conceal a monk’s grave offense?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၃၉၈။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ, ပါစိတ္တိယ’’န္တိ။

၁၁၁။ ၆၄-၃၉၈။ “အကြင်ရဟန်းသည် သိလျက် ရဟန်း၏ ရုန့်ရင်းသော သံဃာဒိသိသ် အာပတ်ကို ဖုံးလွှမ်းငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk knowingly conceals a monk’s grave offense, he commits an offense entailing confession.’” Definitions

စာ-၁၆၈

၃၉၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

ဒုဋ္ဌုလ္လာ နာမ အာပတ္တိ စတ္တာရိ စ ပါရာဇိကာနိ တေရသ စ သံဃာဒိသေသာ။

ပဋိစ္ဆာဒေယျာတိ ‘‘ဣမံ ဇာနိတွာ စောဒေဿန္တိ, သာရေဿန္တိ ခုံသေဿန္တိ, ဝမ္ဘေဿန္တိ, မင်္ကုံ ကရိဿန္တိ နာရောစေဿာမီ’’တိ ဓုရံ နိက္ခိတ္တမတ္တေ, အာပတ္တိ ပါစိတ္တိယဿ။

၄-ဒုဋ္ဌုလ္လသိက္ခာပုဒ် အဖွင့် ၃၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်း၏ဟူသည် တစ်ပါးသော ရဟန်း၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်းကမူလည်း ပြောကြား၏။ ရုန့်ရင်းသော အာပတ် မည်သည် ပါရာဇိကအာပတ် လေးပါး၊ သံဃာဒိသိသ်အာပတ် တစ်ဆယ့် သုံးပါးတို့တည်း။ ဖုံးလွှမ်းငြားအံ့ဟူသည် “ဤရဟန်းကို (သူတစ်ပါးတို့က) သိလျှင် စောဒနာကုန်လတ္တံ့၊ အောက်မေ့စေ ကုန်လတ္တံ့၊ ဆဲရေးကုန်လတ္တံ့၊ ရှုတ်ချကုန်လတ္တံ့၊ မျက်နှာမလှ ဖြစ်စေကုန်လတ္တံ့၊ (ငါ) မပြောကြားတော့အံ့”ဟု ဝန်ချကာမျှနှင့် ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk’s: another monk’s. Knowingly: he knows by himself or others have told him or the offender has told him. Grave offense: the four offenses entailing expulsion and the thirteen entailing suspension. Conceals: thinking, “If they find out about this, they’ll accuse him, remind him, scold him, censure him, humiliate him; I won’t tell,” then by the mere fact of abandoning his duty, he commits an offense entailing confession. Permutations

၄၀၀။ ဒုဋ္ဌုလ္လာယ အာပတ္တိယာ ဒုဋ္ဌုလ္လာပတ္တိသညီ ပဋိစ္ဆာဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဒုဋ္ဌုလ္လာယ အာပတ္တိယာ ဝေမတိကော ပဋိစ္ဆာဒေတိ, အာပတ္တိ ဒုက္ကဋဿ။ ဒုဋ္ဌုလ္လာယ အာပတ္တိယာ အဒုဋ္ဌုလ္လာပတ္တိသညီ ပဋိစ္ဆာဒေတိ, အာပတ္တိ ဒုက္ကဋဿ။ အဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နဿ ဒုဋ္ဌုလ္လံ ဝါ အဒုဋ္ဌုလ္လံ ဝါ အဇ္ဈာစာရံ ပဋိစ္ဆာဒေတိ, အာပတ္တိ ဒုက္ကဋဿ။ အဒုဋ္ဌုလ္လာယ အာပတ္တိယာ ဒုဋ္ဌုလ္လာပတ္တိသညီ, အာပတ္တိ ဒုက္ကဋဿ။ အဒုဋ္ဌုလ္လာယ အာပတ္တိယာ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဒုဋ္ဌုလ္လာယ အာပတ္တိယာ အဒုဋ္ဌုလ္လာပတ္တိသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၀၀။ ရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ပါစိတ်အာပတ် သင့်၏။ ရုန့်ရင်းသော အာပတ်၌ ယုံမှားရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၏ ရုန့်ရင်း သည်လည်း ဖြစ်သော မရုန့်ရင်းသည်လည်းဖြစ်သော လွန်ကျူး၍ ကျင့်ခြင်းကို ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မရုန့်ရင်း သော အာပတ်၌ ယုံမှားရှိအံ၊ ဒုက္ကဋ်အာပတ် သင့်၏။ မရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If it is a grave offense, and he perceives it as such, and he conceals it, he commits an offense entailing confession. If it is a grave offense, but he is unsure of it, and he conceals it, he commits an offense of wrong conduct. If it is a grave offense, but he perceives it as minor, and he conceals it, he commits an offense of wrong conduct. If he conceals a minor offense, he commits an offense of wrong conduct. If he conceals the grave or minor misconduct of one who is not fully ordained, he commits an offense of wrong conduct. If it is a minor offense, but he perceives it as grave, he commits an offense of wrong conduct. If it is a minor offense, but he is unsure of it, he commits an offense of wrong conduct. If it is a minor offense, and he perceives it as such, he commits an offense of wrong conduct. Non-offenses

၄၀၁။ အနာပတ္တိ – ‘‘သံဃဿ ဘဏ္ဍနံ ဝါ ကလဟော ဝါ ဝိဂ္ဂဟော ဝါ ဝိဝါဒေါ ဝါ ဘဝိဿတီ’’တိ နာရောစေတိ, ‘‘သံဃဘေဒေါ ဝါ သံဃရာဇိ ဝါ ဘဝိဿတီ’’တိ နာရောစေတိ, ‘‘အယံ ကက္ခဠော ဖရုသော ဇီဝိတန္တရာယံ ဝါ ဗြဟ္မစရိယန္တရာယံ ဝါ ကရိဿတီ’’တိ နာရောစေတိ, အညေ ပတိရူပေ ဘိက္ခူ အပဿန္တော နာရောစေတိ, နဆာဒေတုကာမော နာရောစေတိ, ‘‘ပညာယိဿတိ သကေန ကမ္မေနာ’’တိ နာရောစေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုဋ္ဌုလ္လသိက္ခာပဒံ နိဋ္ဌိတံ စတုတ္ထံ။

၄၀၁။ “သံဃာတော်၏ ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း ဆန့်ကျင်သော စကားကို ယူခြင်း ဆန့်ကျင် သော စကားကို ဆိုခြင်းသည် ဖြစ်လတ္တံ့”ဟု အောက်မေ့၍ မပြောကြားအံ့၊ အာပတ် မသင့်။ “သံဃာ၏ ကွဲပြားခြင်းသော်လည်းကောင်း၊ သံဃာ၏ အရေး ‘အက်ကြောင်း’ သော်လည်းကောင်း ဖြစ်လတ္တံ့”ဟု နှလုံးပိုက်၍ မပြောကြားအံ့၊ “ဤရဟန်းသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်၏ အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့ဟု” (နှလုံးသွင်း၍) မပြောကြားအံ့၊ လျောက်ပတ်သော အခြားရဟန်းတို့ကို မမြင်သောကြောင့် မပြောကြားအံ့၊ ဖုံးလွှမ်းရန် အလိုမရှိဘဲ မပြောကြားအံ့၊ “မိမိအမှုဖြင့် ထင်ရှားလတ္တံ့”ဟု (အောက်မေ့၍) မပြောကြားအံ့။ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထ ဒုဋ္ဌုလ္လသိက္ခာပုဒ် ပြီး၏။

There is no offense: if he does not tell because he thinks there will be quarrels or disputes in the Sangha; if he does not tell because he thinks there will be a fracture or schism in the Sangha; if he does not tell because he thinks the person he is telling about is cruel and harsh and that he might become a threat to life or to the monastic life; if he does not tell because he does not see any suitable monks; if he does not tell, but not because he wants to conceal; if he does not tell because he thinks the other person will be known through his own actions; if he is insane; if he is the first offender. The training rule on concealing a grave offense, the fourth, is finished.

စာ-၁၆၉

၅။ ဦနဝီသတိဝဿသိက္ခာပဒံ

၄၀၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ [ဣဒံ ဝတ္ထု မဟာဝ။ ၉၉] တေန ခေါ ပန သမယေန ရာဇဂဟေ သတ္တရသဝဂ္ဂိယာ ဒါရကာ သဟာယကာ ဟောန္တိ။ ဥပါလိဒါရကော တေသံ ပါမောက္ခော ဟောတိ။ အထ ခေါ ဥပါလိဿ မာတာပိတူနံ ဧတဒဟောသိ – ‘‘ကေန နု ခေါ ဥပါယေန ဥပါလိ အမှာကံ အစ္စယေန သုခဉ္စ ဇီဝေယျ န စ ကိလမေယျာ’’တိ? အထ ခေါ ဥပါလိဿ မာတာပိတူနံ ဧတဒဟောသိ – ‘‘သစေ ခေါ ဥပါလိ လေခံ သိက္ခေယျ, ဧဝံ ခေါ ဥပါလိ အမှာကံ အစ္စယေန သုခဉ္စ ဇီဝေယျ, န စ ကိလမေယျာ’’တိ။ အထ ခေါ ဥပါလိဿ မာတာပိတူနံ ဧတဒဟောသိ – ‘‘သစေ ခေါ ဥပါလိ လေခံ သိက္ခိဿတိ, အင်္ဂုလိယော ဒုက္ခာ ဘဝိဿန္တိ။ သစေ ခေါ ဥပါလိ ဂဏနံ သိက္ခေယျ, ဧဝံ ခေါ ဥပါလိ အမှာကံ အစ္စယေန သုခဉ္စ ဇီဝေယျ န စ ကိလမေယျာ’’တိ။ အထ ခေါ ဥပါလိဿ မာတာပိတူနံ ဧတဒဟောသိ – ‘‘သစေ ခေါ ဥပါလိ ဂဏနံ သိက္ခိဿတိ, ဥရဿ ဒုက္ခော ဘဝိဿတိ။ သစေ ခေါ ဥပါလိ ရူပံ သိက္ခေယျ, ဧဝံ ခေါ ဥပါလိ အမှာကံ အစ္စယေန သုခဉ္စ ဇီဝေယျ န စ ကိလမေယျာ’’တိ။ အထ ခေါ ဥပါလိဿ မာတာပိတူနံ ဧတဒဟောသိ – ‘‘သစေ ခေါ ဥပါလိ ရူပံ သိက္ခိဿတိ, အက္ခီနိ ဒုက္ခာ ဘဝိဿန္တိ။ ဣမေ ခေါ သမဏာ သကျပုတ္တိယာ သုခသီလာ သုခသမာစာရာ သုဘောဇနာနိ ဘုဉ္ဇိတွာ နိဝါတေသု သယနေသု သယန္တိ။ သစေ ခေါ ဥပါလိ သမဏေသု သကျပုတ္တိယေသု ပဗ္ဗဇေယျ, ဧဝံ ခေါ ဥပါလိ အမှာကံ အစ္စယေန သုခဉ္စ ဇီဝေယျ, န စ ကိလမေယျာ’’တိ။

အဿောသိ ခေါ ဥပါလိဒါရကော မာတာပိတူနံ ဣမံ ကထာသလ္လာပံ။ အထ ခေါ ဥပါလိဒါရကော ယေန တေ ဒါရကာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဒါရကေ ဧတဒဝေါစ – ‘‘ဧထ မယံ, အယျာ, သမဏေသု သကျပုတ္တိယေသု ပဗ္ဗဇိဿာမာ’’တိ။ ‘‘သစေ ခေါ တွံ, အယျ, ပဗ္ဗဇိဿသိ, ဧဝံ မယမ္ပိ ပဗ္ဗဇိဿာမာ’’တိ။ အထ ခေါ တေ ဒါရကာ ဧကမေကဿ မာတာပိတရော ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘‘အနုဇာနာထ မံ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ အထ ခေါ တေသံ ဒါရကာနံ မာတာပိတရော – ‘‘သဗ္ဗေပိမေ ဒါရကာ သမာနစ္ဆန္ဒာ ကလျာဏာဓိပ္ပါယာ’’တိ အနုဇာနိံသု။ တေ ဘိက္ခူ ဥပသင်္ကမိတွာ ပဗ္ဗဇ္ဇံ ယာစိံသု။ တေ ဘိက္ခူ ပဗ္ဗာဇေသုံ ဥပသမ္ပာဒေသုံ။ တေ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ ရောဒန္တိ – ‘‘ယာဂုံ ဒေထ, ဘတ္တံ ဒေထ, ခါဒနီယံ ဒေထာ’’တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘အာဂမေထ, အာဝုသော, ယာဝ ရတ္တိ ဝိဘာယတိ။ သစေ ယာဂု ဘဝိဿတိ, ပိဝိဿထ။ သစေ ဘတ္တံ ဘဝိဿတိ, ဘုဉ္ဇိဿထ။ သစေ ခါဒနီယံ ဘဝိဿတိ, ခါဒိဿထ။ နော စေ ဘဝိဿတိ ယာဂု ဝါ ဘတ္တံ ဝါ ခါဒနီယံ ဝါ, ပိဏ္ဍာယ စရိတွာ ဘုဉ္ဇိဿထာ’’တိ။ ဧဝမ္ပိ ခေါ တေ ဘိက္ခူ ဘိက္ခူဟိ ဝုစ္စမာနာ ရောဒန္တိယေဝ – ‘‘ယာဂုံ ဒေထ, ဘတ္တံ ဒေထ, ခါဒနီယံ ဒေထာ’’တိ။ သေနာသနံ ဦဟဒန္တိပိ ဥမ္မိဟန္တိပိ။

အဿောသိ ခေါ ဘဂဝါ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌာယ ဒါရကသဒ္ဒံ။ သုတွာန အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ကိံ နု ခေါ သော, အာနန္ဒ, ဒါရကသဒ္ဒေါ’’တိ? အထ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ဧတမတ္ထံ အာရောစေသိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ ဘိက္ခူ ပဋိပုစ္ဆိ – ‘‘သစ္စံ ကိရ, ဘိက္ခဝေ, ဘိက္ခူ ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေန္တီ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တေ, ဘိက္ခဝေ, မောဃပုရိသာ ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေဿန္တိ! ဦနကဝီသတိဝဿော, ဘိက္ခဝေ, ပုဂ္ဂလော အက္ခမော ဟောတိ သီတဿ ဥဏှဿ ဇိဃစ္ဆာယ ပိပါသာယ ဍံသမကသဝါတာတပသရီသပသမ္ဖဿာနံ ဒုရုတ္တာနံ ဒုရာဂတာနံ ဝစနပထာနံ ဥပ္ပန္နာနံ သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ တိဗ္ဗာနံ ခရာနံ ကဋုကာနံ အသာတာနံ အမနာပါနံ ပါဏဟရာနံ အနဓိဝါသကဇာတိကော ဟောတိ။ ဝီသတိဝဿောဝ ခေါ, ဘိက္ခဝေ, ပုဂ္ဂလော ခမော ဟောတိ သီတဿ ဥဏှဿ…ပေ… ပါဏဟရာနံ အဓိဝါသကဇာတိကော ဟောတိ။ နေတံ, ဘိက္ခဝေ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၅-ဦနဝီသတိဝဿသိက္ခာပုဒ် ၄၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရာဇဂြိုဟ်ပြည်၌ (ဆယ့်ခုနစ်ယောက်အစု ရှိသောကြောင့်) သတ္တရသဝဂ္ဂီအမည်ရှိသော သူငယ်တို့သည် အပေါင်းအသင်း မိတ်ဆွေ ဖြစ်ကုန်၏။ ထို သူငယ်တို့တွင် ဥပါလိအမည်ရှိသော သူငယ်သည် အကြီးအမှူးဖြစ်၏။ ထိုအခါ ဥပါလိသူငယ်၏ အမိအဖတို့အား-- “ဥပါလိသည် ငါတို့ သေလွန်သောအခါ၌ အဘယ်သို့သော အကြောင်းဖြင့် ချမ်းသာစွာ အသက်ရှည်၍မပင်မပန်းဘဲလည်း ရှိရာအံ့နည်း”ဟု အကြံဖြစ်၏။ ထို့နောက် ဥပါလိ၏ အမိအဖတို့အား-- “ဥပါလိသည် စာရေးအတတ်ကို သင်သည် ရှိသော် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ”ဟု အကြံဖြစ်၏။ ထို့နောက် ဥပါလိ၏ အမိအဖတို့အား-- “ဥပါလိသည် စာရေးအတတ်ကို သင်ငြားအံ့ လက်ချောင်းတို့သည် နာကျင်ကုန်လတ္တံ့၊ ဥပါလိသည် ဂဏန်းအတတ်ကို သင်မှသာလျှင် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည် ရာ၏၊ ပင်လည်း မပင်ပန်းရာ”ဟု အကြံဖြစ်ပြန်၏။ ထို့နောက် ဥပါလိ၏ အမိအဖတို့အား-- “ဥပါလိသည် ဂဏန်းအတတ်ကို သင်ငြားအံ့ ရင်ပတ်အောင့် (ဆင်းရဲ) ရာ၏၊ ဥပါလိသည် ငွေစာရင်းအတတ်ကို သင်မှသာလျှင် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ”ဟု အကြံဖြစ်ပြန်၏။ ထို့နောက် ဥပါလိ၏ အမိအဖတို့အား-- “ဥပါလိသည် ငွေစာရင်းအတတ်ကို သင်သည် ရှိသော် မျက်စိကျိန်းစပ်ရာ၏၊ ဤသာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာသော အလေ့ရှိကုန်၏၊ ချမ်းသာ သော အကျင့်ရှိကုန်၏၊ ကောင်းသော စားဖွယ်တို့ကို စား၍ လေမိုးလုံသော အိပ်ရာနေရာတို့၌ သာလျှင် အိပ်ရကုန်၏၊ ဥပါလိသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်း တို့၏ အထံ၌ ရဟန်းပြုမှသာလျှင် ငါတို့ သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ”ဟု အကြံဖြစ်ပြန်၏။ ဥပါလိသူငယ်သည် အမိအဖတို့၏ ကြံစည် ပြောဆိုခြင်းကို ကြားလေ၏။ ထိုအခါ ဥပါလိသူငယ်သည် အပေါင်းအဖော်သူငယ်တို့ထံသို့ ချဥ်းကပ်၍ ထိုသူငယ်တို့ကို “အချင်းတို့ လာကုန်လော့ ငါတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့၏ အထံ၌ ရဟန်းပြုကြကုန်အံ့”ဟု ဆို၏၊ အမောင် သင်ရဟန်းပြုလျှင် အကျွန်ုပ်တို့လည်း ရဟန်းပြုပါကုန်အံ့ဟု ပြောဆိုကုန်၏။ ထိုအခါ ထိုသူငယ်တို့သည် အမိအဖအသီးသီးတို့ထံသို့ ချဥ်းကပ်၍ “လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်းငှါ အကျွန်ုပ်တို့ကို ခွင့်လွှတ်ပါကုန်လော့”ဟု ပြောဆိုကုန်၏။ ထိုအခါ ထိုသူငယ်တို့၏ အမိအဖတို့သည် “ဤသူငယ်အားလုံးတို့သည် တူမျှသော ဆန္ဒရှိကုန်၏၊ ကောင်းသော အလိုရှိကုန်၏”ဟု ခွင့်ပြုကုန်၏။ ထိုသူငယ်တို့သည် ရဟန်းတို့ထံသို့ ချဥ်းကပ်၍ ရှင်အဖြစ်ကို တောင်းကုန်၏၊ ရဟန်းတို့သည် ထိုသူငယ်တို့ကို ရှင်လည်း ပြုပေးကုန်၏၊ ရဟန်းလည်း ခံပေးကုန်၏။ ထိုသူငယ်တို့သည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ “ယာဂုကို ပေးကုန်လော့၊ ထမင်းကို ပေးကုန်လော့၊ ခဲဖွယ်ကို ပေးကုန်လော့”ဟု ငိုကုန်၏။ ရဟန်းတို့သည် “ငါ့သျှင်တို့ မိုးလင်းရုံမျှ ငံ့လင့်ကုန်ဦးလော့၊ အကယ်၍ ယာဂုရှိပါမူ သောက်ရကုန်လတ္တံ့၊ အကယ်၍ ဆွမ်းရှိပါမူ စားရကုန်လတ္တံ့၊ အကယ်၍ ခဲဖွယ်ရှိပါမူ ခဲရကုန်လတ္တံ့၊ အကယ်၍ ယာဂု ထမင်း ခဲဖွယ်မရှိမူ ဆွမ်းခံ၍ စားရကုန် လတ္တံ့”ဟု ပြောဆိုကုန်၏။ ထိုသူငယ်ရဟန်းတို့သည် ရဟန်းတို့က ဤသို့ပြောဆိုသော်လည်း “ယာဂုကို ပေးကုန်လော့၊ ထမင်းကို ပေးကုန်လော့၊ ခဲဖွယ်ကို ပေးကုန်လော့”ဟု ဆို၍ ငိုကြွေးမြဲ ငိုကြွေးကြကုန်သည်သာလျှင်တည်း၊ အိပ်ရာနေရာတို့သည် ကျင်ကြီးလည်း လူးကုန်၏၊ ကျင်ငယ်လည်း လူးကုန်၏၊ မြတ်စွာဘုရားသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထတော်မူသော် သူငယ်တို့၏ ငိုကြွေးသံကို ကြားတော်မူ၍ “အာနန္ဒာ ထိုသူငယ်တို့ ငိုသံသည် အဘယ့်ကြောင့်နည်း”ဟု အသျှင်အာနန္ဒာကို မေး တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့ ရဟန်းတို့သည် သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ရဟန်းခံပေးကုန်၏ဟူသည် မှန်သလော”ဟု စိစစ်မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောကျာ်းတို့သည် အဘယ့်ကြောင့် သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးကုန်ဘိသနည်း။ ရဟန်းတို့ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်၊ မကောင်းသဖြင့် ဆိုအပ် မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊ ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘော မရှိသည်သာလျှင်တည်း။ ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်သော ပုဂ္ဂိုလ်သည်သာလျှင် အချမ်းအပူစသော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်ခြင်းသဘော ရှိ၏။ ရဟန်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Ordaining a person under twenty Origin story At one time the Buddha was staying at Rājagaha in the Bamboo Grove, the squirrel sanctuary. At that time in Rājagaha there was a group of seventeen boys who were friends, with Upāli as their leader. Upāli’s parents considered, “How can we make sure that Upāli is able to live happily without exhausting himself after we’ve passed away? He could become a clerk, but then his fingers will hurt. Or he could become an accountant, but then his chest will hurt. Or he could become a banker, but then his eyes will hurt. But these Sakyan monastics have pleasant habits and a happy life. They eat nice food and sleep in beds sheltered from the wind. If Upāli goes forth with them, he’ll be able to live happily without exhausting himself after we’ve passed away.” Upāli overheard this conversation between his parents. He then went to the other boys and said, “Come, let’s go forth with the Sakyan monastics.” “If you go forth, so will we.” The boys went each to his own parents and said, “Please allow me to go forth into homelessness.” Since the parents knew that the boys all had the same desire and good intention, they gave their approval. The boys then went to the monks and asked for the going forth. And the monks gave them the going forth and the full ordination. Soon afterwards they got up early in the morning and cried, “Give us congee, give us a meal, give us fresh food.” The monks said, “Wait until it gets light. If any of that becomes available then, you can have it. If not, you’ll eat after walking for alms.” But they carried on as before. And they defecated and urinated on the furniture. After rising early in the morning, the Buddha heard the sound of those boys. He asked Venerable Ānanda, who told him what was happening. Soon afterwards the Buddha had the Sangha gathered and questioned the monks: “Is it true, monks, that the monks give the full ordination to people they know are less than twenty years old?” “It’s true, sir.” The Buddha rebuked them … “How can those foolish men do this? A person who is less than twenty years old is unable to endure cold and heat; hunger and thirst; horseflies, mosquitoes, wind, and the burning sun; creeping animals and insects; and rude and unwelcome speech. And they are unable to bear up with bodily feelings that are painful, severe, sharp, and destructive of life. But a person who’s twenty is able to endure these things. This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၀၃။ ‘‘ယော ပန ဘိက္ခု ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေယျ, သော စ ပုဂ္ဂလော အနုပသမ္ပန္နော, တေ စ ဘိက္ခူ ဂါရယှာ, ဣဒံ တသ္မိံ ပါစိတ္တိယ’’န္တိ။

၁၁၄။ ၆၅-၄၀၃။ အကြင်ရဟန်းသည် သိလျက်နှင့် အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးငြားအံ့၊ ထို (အသက်နှစ်ဆယ်မပြည့်သေးသော) ပုဂ္ဂိုလ်သည် လည်း ရဟန်းမဖြစ်၊ ထိုပဉ္စင်းခံပေးသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ထိုက်ကုန်၏ (ဒုက္ကဋ်အာပတ်သင့်ကုန်၏)၊ ထိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းအား ဤပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။

‘If a monk gives the full ordination to a person he knows is less than twenty years old, he commits an offense entailing confession. Moreover, that person has not received the full ordination and those monks are blameworthy.’” Definitions

၄၀၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

ဦနဝီသတိဝဿော နာမ အပ္ပတ္တဝီသတိဝဿော။

‘‘ဥပသမ္ပာဒေဿာမီ’’တိ ဂဏံ ဝါ အာစရိယံ ဝါ ပတ္တံ ဝါ စီဝရံ ဝါ ပရိယေသတိ, သီမံ ဝါ သမ္မန္နတိ [သမ္မနတိ (က။)], အာပတ္တိ ဒုက္ကဋဿ။ ဉတ္တိယာ ဒုက္ကဋံ။ ဒွီဟိ ကမ္မဝါစာဟိ ဒုက္ကဋာ။ ကမ္မဝါစာပရိယောသာနေ ဥပဇ္ဈာယဿ အာပတ္တိ ပါစိတ္တိယဿ။ ဂဏဿ စ အာစရိယဿ စ အာပတ္တိ ဒုက္ကဋဿ။

၅-ဦနဝီသတိဝဿသိက္ခာပုဒ် အဖွင့် ၄၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်း (လောင်း) ကမူလည်း ပြောကြား၏။ အသက်နှစ်ဆယ် မပြည့်သေး မည်သည် အသက်နှစ်ဆယ်သို့ မရောက်သေးသော သူတည်း။ ပဉ္စင်းခံအံ့ဟူ၍ ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာကိုသော်လည်းကောင်း၊ သပိတ်ကိုသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုလည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဉတ်ဖြင့် ဒုက္ကဋ်အာပတ် သင့်၏၊ ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ဒုက္ကဋ်အာပတ်တို့ သင့်ကုန်၏။ ကမ္မဝါစာအဆုံး၌ ဥပဇ္ဈာယ်ဆရာအား ပါစိတ်အာပတ် သင့်၏။ ဂိုဏ်းအားလည်းကောင်း၊ ကမ္မဝါစာဆရာအားလည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him or the candidate has told him. Less than twenty years old: who has not reached twenty years. If, intending to give the full ordination, he searches for a group, a teacher, a bowl, or a robe, or he establishes a monastery zone, he commits an offense of wrong conduct. After the motion, he commits an offense of wrong conduct. After each of the first two announcements, he commits an offense of wrong conduct. When the last announcement is finished, the preceptor commits an offense entailing confession, while the group and the teacher commit an offense of wrong conduct. Permutations

၄၀၅။ ဦနဝီသတိဝဿေ ဦနဝီသတိဝဿသညီ ဥပသမ္ပာဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဦနဝီသတိဝဿေ ဝေမတိကော ဥပသမ္ပာဒေတိ, အာပတ္တိ ဒုက္ကဋဿ။ ဦနဝီသတိဝဿေ ပရိပုဏ္ဏဝီသတိဝဿသညီ ဥပသမ္ပာဒေတိ, အနာပတ္တိ။ ပရိပုဏ္ဏဝီသတိဝဿေ ဦနဝီသတိဝဿသညီ, အာပတ္တိ ဒုက္ကဋဿ။ ပရိပုဏ္ဏဝီသတိဝဿေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ပရိပုဏ္ဏဝီသတိဝဿေ ပရိပုဏ္ဏဝီသတိဝဿသညီ, အနာပတ္တိ။

၄၀၅။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ အသက်နှစ်ဆယ်မပြည့်သေးဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့၊ ပါစိတ်အာပတ် သင့်၏။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ ယုံမှားရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ အသက်နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ အာပတ့်မသင့်။ အသက်နှစ်ဆယ်ပြည့်သည်၌ အသက်နှစ်ဆယ်မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အသက်နှစ်ဆယ်ပြည့်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အသက်နှစ်ဆယ်ပြည့်သည်၌ အသက် နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If the other person is less than twenty years old, and he perceives them as less, and he gives them the full ordination, he commits an offense entailing confession. If the other person is less than twenty years old, but he is unsure of it, and he gives them the full ordination, he commits an offense of wrong conduct. If the other person is less than twenty years old, but he perceives them as more, and he gives them the full ordination, there is no offense. If the other person is more than twenty years old, but he perceives them as less, he commits an offense of wrong conduct. If the other person is more than twenty years old, but he is unsure of it, he commits an offense of wrong conduct. If the other person is more than twenty years old, and he perceives them as more, there is no offense. Non-offenses

၄၀၆။ အနာပတ္တိ ဦနဝီသတိဝဿံ ပရိပုဏ္ဏဝီသတိဝဿသညီ ဥပသမ္ပာဒေတိ, ပရိပုဏ္ဏဝီသတိဝဿံ ပရိပုဏ္ဏဝီသတိဝဿသညီ ဥပသမ္ပာဒေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဦနဝီသတိဝဿသိက္ခာပဒံ နိဋ္ဌိတံ ပဉ္စမံ။

၄၀၆။ အသက်နှစ်ဆယ် မပြည့်သော သူကို အသက်နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ အသက်နှစ်ဆယ်ပြည့်သော သူကို အသက်နှစ်ဆယ်ပြည့်သော သူဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်း ခံအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမ ဦနဝီသတိဝဿသိက္ခာပုဒ် ပြီး၏။

There is no offense: if he gives the full ordination to someone less than twenty years old, but he perceives them as more than twenty; if he gives the full ordination to someone more than twenty years old, and he perceives them as more than twenty; if he is insane; if he is the first offender. The training rule on ordaining a person under twenty, the fifth, is finished.

၆။ ထေယျသတ္ထသိက္ခာပဒံ

၄၀၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရော သတ္ထော ရာဇဂဟာ ပဋိယာလောကံ ဂန္တုကာမော ဟောတိ။ အညတရော ဘိက္ခု တေ မနုဿေ ဧတဒဝေါစ – ‘‘အဟမ္ပာယသ္မန္တေဟိ သဒ္ဓိံ ဂမိဿာမီ’’တိ။ ‘‘မယံ ခေါ, ဘန္တေ, သုင်္ကံ ပရိဟရိဿာမာ’’တိ။ ‘‘ပဇာနာထာဝုသော’’တိ။ အဿောသုံ ခေါ ကမ္မိယာ [ကမ္မိကာ (သီ။ သျာ။)] – ‘‘သတ္ထော ကိရ သုင်္ကံ ပရိဟရိဿတီ’’တိ။ တေ မဂ္ဂေ ပရိယုဋ္ဌိံသု။ အထ ခေါ တေ ကမ္မိကာ တံ သတ္ထံ ဂဟေတွာ အစ္ဆိန္ဒိတွာ တံ ဘိက္ခုံ ဧတဒဝေါစုံ – ‘‘ကိဿ တွံ, ဘန္တေ, ဇာနံ ထေယျသတ္ထေန သဒ္ဓိံ ဂစ္ဆသီ’’တိ? ပလိဗုန္ဓေတွာ မုဉ္စိံသု။ အထ ခေါ သော ဘိက္ခု သာဝတ္ထိံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၆-ထေယျသတ္တသိက္ခာပုဒ် ၄၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ လှည်းကုန်သည် တစ်ဦးသည် ရာဇဂြိုဟ်ပြည်မှ အနောက်မျက်နှာ အရပ်သို့ (ကုန်ရောင်း) သွားလို၏။ ရဟန်းတစ်ပါးသည် ထိုလူတို့ကို “ငါသည်လည်း ဒါယကာတို့နှင့်အတူ သွားလို၏”ဟု ဆို၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည်ကား ကင်းကို ရှောင်လွှဲ ကုန်အံ့ဟု ဆိုသောအခါ ဒါယကာတို့ သိကုန်လော့ (နားလည်ကြပါကုန်လော့)ဟု (ပြောဆို၏)။ ကင်းစောင့်တို့သည် “ကုန်သည်သည် ကင်းခွန်ကို ရှောင်လွှဲလတ္တံ့”ဟု ကြားကုန်၏။ ထိုကင်း စောင့်တို့သည် ခရီး၌ အစောင့်အရှောက် ထားကုန်၏။ ထိုအခါ ထိုကင်းစောင့်တို့သည် ကုန်သည်ကို ဖမ်းယူ လုယက်၍ ထိုရဟန်းအား-- “အသျှင်ဘုရား အသျှင်ဘုရားသည် သိလျက် အဘယ့်ကြောင့် ထိုခိုးသူကုန်သည်နှင့်အတူ သွားသ နည်း”ဟု နှောင့်ယှက်၍ လွှတ်လိုက်ကုန်၏။ ထိုအခါ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကိို ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် သိလျက် ခိုးသူကုန်သည်နှင့် အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွား၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိ သော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Traveling with thieves Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, a certain group of travelers was about to go south from Rājagaha. A monk said to those people, “Let me travel with you.” “But we’re smuggling goods.” “That’s your business.” The customs officers heard about that group of travelers. They then blocked the road, caught the group, confiscated the goods, and asked that monk, “Venerable, why are you knowingly traveling with a group of thieves?” And they detained him. After being released, that monk went to Sāvatthī, where he told the monks what had happened. The monks of few desires complained and criticized him, “How could a monk knowingly travel by arrangement with a group of thieves?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၇၂

၄၀၈။ ‘‘ယော ပန ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ, အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယ’’န္တိ။

၁၁၅။ ၆၆-၄၀၈။ အကြင်ရဟန်းသည် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါး သို့သော်လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk knowingly travels by arrangement with a group of thieves, even just to the next inhabited area, he commits an offense entailing confession.’” Definitions

၄၀၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

ထေယျသတ္ထော နာမ စောရာ ကတကမ္မာ ဝါ ဟောန္တိ အကတကမ္မာ ဝါ, ရာဇာနံ ဝါ ထေယျံ ဂစ္ဆန္တိ သုင်္ကံ ဝါ ပရိဟရန္တိ။

သဒ္ဓိန္တိ ဧကတော။

သံဝိဓာယာတိ – ‘‘ဂစ္ဆာမာဝုသော, ဂစ္ဆာမ ဘန္တေ၊ ဂစ္ဆာမ ဘန္တေ, ဂစ္ဆာမာဝုသော, အဇ္ဇ ဝါ ဟိယျော ဝါ ပရေ ဝါ ဂစ္ဆာမာ’’တိ သံဝိဒဟတိ, အာပတ္တိ ဒုက္ကဋဿ။

အန္တမသော ဂါမန္တရမ္ပီတိ ကုက္ကုဋသမ္ပာတေ ဂါမေ ဂါမန္တရေ ဂါမန္တရေ အာပတ္တိ ပါစိတ္တိယဿ။ အဂါမကေ အရညေ အဒ္ဓယောဇနေ အဒ္ဓယောဇနေ အာပတ္တိ ပါစိတ္တိယဿ။

၆-ထေယျသတ္ထသိက္ခာပုဒ် အဖွင့် ၄၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသော သူတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုကုန်သည်ကမူလည်း ပြောကြား၏။ ခိုးသူကုန်သည် မည်သည် ခိုးမှုကို ပြုပြီး, မပြုရသေးသော ခိုးသူတို့သည် မင်းကို (မင်း၏ ဥစ္စာကို) သော်လည်း ခိုး၍ သွားကုန်၏၊ ကင်းခွန်ကိုသော်လည်း ရှောင်လွှဲကုန်၏။ အတူဟူသည် အတူတကွတည်း။ တိုင်ပင်၍ဟူသည် “ဒါယကာ သွားကုန်အံ့၊ အသျှင်ဘုရား သွားပါကုန်အံ့။ အသျှင်ဘုရား သွားကုန်အံ့၊ ဒါယကာ သွားကုန်အံ့။ ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်ခါသော် လည်းကောင်း သွားကုန်အံ့”ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်းဟူသည် ကြက်ပျံတစ်ကျဖြစ်သော ရွာ၌ ရွာအကြား တိုင်း ရွာအကြားတိုင်း ပါစိတ်အာပတ် သင့်၏။ ရွာမရှိသော တောခရီးဖြစ်မူကား ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Knowingly: he knows by himself or others have told him or the group of travelers has told him. A group of thieves: thieves who have done their deed or thieves who have not. They are stealing from the king or smuggling. With: together. By arrangement: if he makes an arrangement like this: the monk says, “Let’s go,” and they reply, “Yes, let’s go, venerable;” or they say, “Let’s go, venerable,” and the monk replies, “Yes, let’s go;” or the monk says, “Let’s go today,” “Let’s go tomorrow,” or “Let’s go the day after tomorrow,” then he commits an offense of wrong conduct. Even just to the next inhabited area: when the inhabited areas are a chicken’s flight apart, then for every next inhabited area he commits an offense entailing confession. When it is an uninhabited area, a wilderness, then for every six kilometers he commits an offense entailing confession. Permutations

၄၁၀။ ထေယျသတ္ထေ ထေယျသတ္ထသညီ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ပါစိတ္တိယဿ။ ထေယျသတ္ထေ ဝေမတိကော သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ဒုက္ကဋဿ။ ထေယျသတ္ထေ အထေယျသတ္ထသညီ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အနာပတ္တိ။ ဘိက္ခု သံဝိဒဟတိ, မနုဿာ န သံဝိဒဟန္တိ, အာပတ္တိ ဒုက္ကဋဿ။ အထေယျသတ္ထေ ထေယျသတ္ထသညီ, အာပတ္တိ ဒုက္ကဋဿ။ အထေယျသတ္ထေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အထေယျသတ္ထေ အထေယျသတ္ထသညီ အနာပတ္တိ။

၄၁၀။ ခိုးသူကုန်သည်ကို ခိုးသူကုန်သည်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ ခိုးသူကုန်သည်၌ ယုံမှားရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူကုန်သည်ကို ခိုးသူကုန်သည်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ အာပတ် မသင့်။ ရဟန်းသည် တိုင်ပင်၏ လူတို့သည် မတိုင်ပင်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူကုန်သည် မဟုတ်သော သူ၌ ခိုးသူကုန်သည်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူကုန်သည် မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခိုးသူကုန်သည် မဟုတ်သော သူ၌ ခိုးသူကုန်သည်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a group of traveling thieves, and he perceives it as such, and he travels by arrangement with them, even just to the next inhabited area, he commits an offense entailing confession. If it is a group of traveling thieves, but he is unsure of it, and he travels by arrangement with them, even just to the next inhabited area, he commits an offense of wrong conduct. If it is a group of traveling thieves, but he does not perceive it as such, and he travels by arrangement with them, even just to the next inhabited area, there is no offense. If the monk makes an arrangement, but the group does not express its agreement, he commits an offense of wrong conduct. If it is not a group of traveling thieves, but he perceives it as such, he commits an offense of wrong conduct. If it is not a group of traveling thieves, but he is unsure of it, he commits an offense of wrong conduct. If it is not a group of traveling thieves, and he does not perceive it as such, there is no offense. Non-offenses

စာ-၁၇၃

၄၁၁။ အနာပတ္တိ အသံဝိဒဟိတွာ ဂစ္ဆတိ, မနုဿာ သံဝိဒဟန္တိ ဘိက္ခု န သံဝိဒဟတိ, ဝိသင်္ကေတေန ဂစ္ဆတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ထေယျသတ္ထသိက္ခာပဒံ နိဋ္ဌိတံ ဆဋ္ဌံ။

၄၁၁။ မတိုင်ပင်မူ၍ သွားကုန်အံ့၊ လူတို့သည် တိုင်ပင်၍ ရဟန်းတို့သည် မတိုင်ပင်အံ့၊ အချိန်း အချက် လွှဲ၍ သွားကုန်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌ ထေယျသတ္ထသိက္ခာပုဒ် ပြီး၏။

There is no offense: if he goes, but not by arrangement; if the group has made an arrangement, but he has not expressed his agreement; if he goes, but not according to the arrangement; if there is an emergency; if he is insane; if he is the first offender. The training rule on traveling with thieves, the sixth, is finished.

၇။ သံဝိဓာနသိက္ခာပဒံ

၄၁၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု ကောသလေသု ဇနပဒေ သာဝတ္ထိံ ဂစ္ဆန္တော အညတရေန ဂါမဒွါရေန အတိက္ကမတိ။ အညတရာ ဣတ္ထီ သာမိကေန သဟ ဘဏ္ဍိတွာ ဂါမတော နိက္ခမိတွာ တံ ဘိက္ခုံ ပဿိတွာ ဧတဒဝေါစ – ‘‘ကဟံ, ဘန္တေ, အယျော ဂမိဿတီ’’တိ? ‘‘သာဝတ္ထိံ ခေါ အဟံ, ဘဂိနိ, ဂမိဿာမီ’’တိ။ ‘‘အဟံ အယျေန သဒ္ဓိံ ဂမိဿာမီ’’တိ။ ‘‘ဧယျာသိ, ဘဂိနီ’’တိ။ အထ ခေါ တဿာ ဣတ္ထိယာ သာမိကော ဂါမတော နိက္ခမိတွာ မနုဿေ ပုစ္ဆိ – ‘‘အပါယျော [အပယျာ (သီ။ သျာ။)] ဧဝရူပိံ ဣတ္ထိံ ပဿေယျာထာ’’တိ? ‘‘ဧသာယျော, ပဗ္ဗဇိတေန သဟ ဂစ္ဆတီ’’တိ။ အထ ခေါ သော ပုရိသော အနုဗန္ဓိတွာ တံ ဘိက္ခုံ ဂဟေတွာ အာကောဋေတွာ မုဉ္စိ။ အထ ခေါ သော ဘိက္ခု အညတရသ္မိံ ရုက္ခမူလေ ပဓူပေန္တော နိသီဒိ။ အထ ခေါ သာ ဣတ္ထီ တံ ပုရိသံ ဧတဒဝေါစ – ‘‘နာယျော သော ဘိက္ခု မံ နိပ္ပါတေသိ၊ အပိစ, အဟမေဝ တေန ဘိက္ခုနာ သဒ္ဓိံ ဂစ္ဆာမိ၊ အကာရကော သော ဘိက္ခု၊ ဂစ္ဆ, နံ ခမာပေဟီ’’တိ။ အထ ခေါ သော ပုရိသော တံ ဘိက္ခုံ ခမာပေသိ။ အထ ခေါ သော ဘိက္ခု သာဝတ္ထိံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ, ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၇-သံဝိဓာနသိက္ခာပုဒ် ၄၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည်ရှိသော် မထင်ရှားသော ရွာတံခါးကို လွန်သွားလေ၏။ မိန်းမတစ်ယောက်သည်လည်း လင်နှင့် ခိုက်ရန်ဖြစ်၍ ရွာမှ ထွက်လာရာ ထိုရဟန်းကို မြင်၍ “အသျှင်ဘုရား အသျှင်သည် အဘယ်အရပ်သို့ သွားမည်နည်း”ဟု လျှောက်၏။ “နှမ ငါသည် သာဝတ္ထိပြည်သို့ သွားအံ့”ဟု ဆိုသည် ရှိသော် အကျွန်ုပ်သည် အသျှင်နှင့်အတူ လိုက်လိုပါ၏ဟု (လျှောက်၏)။ “နှမ (လိုက်ခဲ့) သွားမည်”ဟု (ပြောဆို၍ သွားလေ၏)။ ထိုအခါ ထိုမိန်းမ၏ လင်သည် ရွာမှ ထွက်၍ လူတို့ကို “အမောင်တို့ ဤသို့သဘောရှိသော မိန်းမကို့မြင်ကြပါသလော”ဟု မေး၏။ အမောင် ဤမိန်းမသည် ရဟန်းနှင့်အတူ သွား၏ဟု (ဆိုကုန်၏)။ ထိုယောကျာ်းသည် အစဥ်လိုက်၍ ထိုရဟန်းကို ဖမ်းပြီးလျှင် ထောင်းထု၍ လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းသည် တစ်ခုသော သစ်ပင်ရင်း၌ ကြံမှိုင်လျက် ထိုင်နေ၏။ ထိုအခါ ထိုမိန်းမသည် ထိုယောကျာ်း ကို “အမောင် ထိုရဟန်းသည် အကျွန်ုပ်ကို ခေါ်၍ မသွားပေ၊ စင်စစ်မူကား ငါသာလျှင် ထိုရဟန်းနှင့်အတူ သွား၏၊ ထိုရဟန်းအား အပြစ်မရှိပေ၊ သွားချေ၊ ထိုရဟန်းကို ဝန်ချတောင်းပန်ချေလော့”ဟု ပြောဆို လေ၏။ ထိုအခါ ထိုယောကျာ်းသည် ထိုရဟန်းကို ဝန်ချတောင်းပန်၏ ‘သည်းခံစေ၏’။ ထိုအခါ ထိုရဟန်းသည် သာဝထ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွား၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤ သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Traveling with a woman Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, a monk who was traveling through the Kosalan country on his way to Sāvatthī walked through the gateway of a certain village. A woman who had had an argument with her husband walked through the same gateway. When she saw that monk, she asked him, “Venerable, where are you going?” “I’m going to Sāvatthī.” “May I go with you?” “Sure.” Soon afterwards that woman’s husband also left that village. He asked around, “Have you seen such-and-such a woman?” “She’s walking along with a monastic.” He then followed after them, caught that monk, and gave him a beating. The monk sat down fuming at the foot of a tree. And the woman said to her husband, “This monk didn’t make me go; I was the one who went with him. He’s innocent. Go and ask his forgiveness.” And he did so. That monk then went to Sāvatthī where he told the monks what had happened. The monks of few desires complained and criticized him, “How could a monk travel by arrangement with a woman?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၇၄

၄၁၃။ ‘‘ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ, အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယ’’န္တိ။

၁၁၆။ ၆၇-၄၁၃။ “အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့ အယုတ်သဖြင့် ရွာတစ်ပါးသို့ သော်လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk travels by arrangement with a woman, even just to the next inhabited area, he commits an offense entailing confession.’” Definitions

၄၁၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

မာတုဂါမော နာမ မနုဿိတ္ထီ, န ယက္ခီ န ပေတီ န တိရစ္ဆာနဂတာ ဝိညူ ပဋိဗလာ သုဘာသိတဒုဗ္ဘာသိတံ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လံ အာဇာနိတုံ။

သဒ္ဓိန္တိ ဧကတော။

သံဝိဓာယာတိ – ‘‘ဂစ္ဆာမ ဘဂိနိ, ဂစ္ဆာမာယျ, ဂစ္ဆာမာယျ, ဂစ္ဆာမ ဘဂိနိ, အဇ္ဇ ဝါ ဟိယျော ဝါ ပရေ ဝါ ဂစ္ဆာမာ’’တိ သံဝိဒဟတိ, အာပတ္တိ ဒုက္ကဋဿ။

အန္တမသော ဂါမန္တရမ္ပီတိ ကုက္ကုဋသမ္ပာတေ ဂါမေ ဂါမန္တရေ ဂါမန္တရေ အာပတ္တိ ပါစိတ္တိယဿ။ အဂါမကေ အရညေ အဒ္ဓယောဇနေ အဒ္ဓယောဇနေ အာပတ္တိ ပါစိတ္တိယဿ။

၇-သံဝိဓာနသိက္ခာပုဒ် အဖွင့် ၄၁၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏၊ မာတုဂါမ မည်သည် ဘီလူးမ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်းစွာ ဆိုသောစကား မကောင်းသဖြင့် ဆိုသောစကားကိုလည်းကောင်း၊ ရုန့်ရင်းသောစကား မရုန့်ရင်းသော စကားကိုလည်းကောင်း သိခြင်းငှါ စွမ်းနိုင်သော လူမိန်းမတည်း။ အတူဟူသည် အတူတကွတည်း။ တိုင်ပင်၍ဟူသည် “နှမ သွားကုန်အံ့၊ အသျှင်ဘုရား သွားပါကုန်အံ့။ အသျှင်ဘုရား သွားကုန်အံ့၊ နှမ သွားကုန်အံ့။ ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်ခါသော်လည်းကောင်း သွားကုန်အံ့”ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်းဟူသည် ကြက်ပျံတစ်ကျဖြစ်သော ရွာ၌ ရွာအကြား တိုင်း ရွာအကြားတိုင်း ပါစိတ်အာပတ် သင့်၏။ ရွာမရှိသော တောလမ်းခရီးဖြစ်မူကား ယူဇနာခွဲတိုင်း ယူဇနာ ခွဲတိုင်း ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A woman: a human female, not a female spirit, not a female ghost, not a female animal. She understands and is capable of discerning good and bad speech, what is decent and what is indecent. With: together. By arrangement: if he makes an arrangement like this: he says, “Let’s go,” and she replies, “Yes, let’s go, venerable;” or she says, “Let’s go, venerable,” and he replies, “Yes, let’s go;” or he says, “Let’s go today,” “Let’s go tomorrow,” or “Let’s go the day after tomorrow,” then he commits an offense of wrong conduct. Even just to the next inhabited area: when the inhabited areas are a chicken’s flight apart, then for every next inhabited area he commits an offense entailing confession. When it is an uninhabited area, a wilderness, then for every six kilometers he commits an offense entailing confession. Permutations

၄၁၅။ မာတုဂါမေ မာတုဂါမသညီ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ပါစိတ္တိယဿ။ မာတုဂါမေ ဝေမတိကော သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ပါစိတ္တိယဿ။ မာတုဂါမေ အမာတုဂါမသညီ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ပါစိတ္တိယဿ။

ဘိက္ခု သံဝိဒဟတိ မာတုဂါမော န သံဝိဒဟတိ, အာပတ္တိ ဒုက္ကဋဿ။ ယက္ခိယာ ဝါ ပေတိယာ ပဏ္ဍကေန ဝါ တိရစ္ဆာနဂတမနုဿဝိဂ္ဂဟိတ္ထိယာ ဝါ သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇတိ, အန္တမသော ဂါမန္တရမ္ပိ, အာပတ္တိ ဒုက္ကဋဿ။ အမာတုဂါမေ မာတုဂါမသညီ, အာပတ္တိ ဒုက္ကဋဿ။ အမာတုဂါမေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အမာတုဂါမေ အမာတုဂါမသညီ, အနာပတ္တိ။

၄၁၅။ မာတုဂါမ၌ မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည် သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည် သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းသည် တိုင်ပင်၏၊ မာတုဂါမသည် မတိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘီလူးမနှင့်သော် လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ လူယောင်ဆောင်သော တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူတိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သည်၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သည်၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a woman, and he perceives her as such, and he travels by arrangement with her, even just to the next inhabited area, he commits an offense entailing confession. If it is a woman, but he is unsure of it, and he travels by arrangement with her, even just to the next inhabited area, he commits an offense entailing confession. If it is a woman, but he does not perceive her as such, and he travels by arrangement with her, even just to the next inhabited area, he commits an offense entailing confession. If the monk makes an arrangement, but the woman does not express her agreement, he commits an offense of wrong conduct. If he travels by arrangement with a female spirit, with a female ghost, with a <i lang='pi' translate='no'>paṇḍaka</i>, with a female animal in the form of a woman, even just to the next inhabited area, he commits an offense of wrong conduct. If it is not a woman, but he perceives them as such, he commits an offense of wrong conduct. If it is not a woman, but he is unsure of it, he commits an offense of wrong conduct. If it is not a woman, and he does not perceive them as such, there is no offense. Non-offenses

စာ-၁၇၅

၄၁၆။ အနာပတ္တိ အသံဝိဒဟိတွာ ဂစ္ဆတိ, မာတုဂါမော သံဝိဒဟတိ ဘိက္ခု န သံဝိဒဟတိ, ဝိသင်္ကေတေန ဂစ္ဆတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သံဝိဓာနသိက္ခာပဒံ နိဋ္ဌိတံ သတ္တမံ။

၄၁၆။ မတိုင်ပင်ဘဲ သွားအံ့၊ မာတုဂါမသည် တိုင်ပင်၍ ရဟန်းက မတိုင်ပင်အံ့၊ အချိန်းအချက် လွဲသဖြင့် သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမ သံဝိဓာနသိက္ခာပုဒ် ပြီး၏။

There is no offense: if he goes, but not by arrangement; if the woman has made an arrangement, but he has not expressed his agreement; if he goes, but not according to the arrangement; if there is an emergency; if he is insane; if he is the first offender. The training rule on traveling with a woman, the seventh, is finished.

၈။ အရိဋ္ဌသိက္ခာပဒံ

၄၁၇။ [ဣဒံ ဝတ္ထု စူဠဝ။ ၆၅၊ မ။ နိ။ ၁။၂၃၄] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အရိဋ္ဌဿ နာမ ဘိက္ခုနော ဂဒ္ဓဗာဓိပုဗ္ဗဿ [ဂန္ဓဗာဓိပုဗ္ဗဿ (သျာ။ က။)] ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ။ အဿောသုံ ခေါ သမ္ဗဟုလာ ဘိက္ခူ – ‘‘အရိဋ္ဌဿ ကိရ နာမ ဘိက္ခုနော ဂဒ္ဓဗာဓိပုဗ္ဗဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။ အထ ခေါ တေ ဘိက္ခူ ယေန အရိဋ္ဌော ဘိက္ခု ဂဒ္ဓဗာဓိပုဗ္ဗော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အရိဋ္ဌံ ဘိက္ခုံ ဂဒ္ဓဗာဓိပုဗ္ဗံ ဧတဒဝေါစုံ – ‘‘သစ္စံ ကိရ တေ, အာဝုသော အရိဋ္ဌ, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ? ‘‘ဧဝံဗျာခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။

‘‘မာ, အာဝုသော အရိဋ္ဌ, ဧဝံ အဝစ။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ [အဗ္ဘာစိက္ခနံ (ဣတိပိ)]။ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေနာဝုသော အရိဋ္ဌ, အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယ။ အပ္ပဿာဒါ ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ အဋ္ဌိကင်္ကလူပမာ ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ မံသပေသူပမာ ကာမာ ဝုတ္တာ ဘဂဝတာ…ပေ… တိဏုက္ကူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… အင်္ဂါရကာသူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… သုပိနကူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… ယာစိတကူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… ရုက္ခဖလူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… အသိသူနူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… သတ္တိသူလူပမာ ကာမာ ဝုတ္တာ ဘဂဝတာ… သပ္ပသိရူပမာ ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော’’တိ။

ဧဝမ္ပိ ခေါ အရိဋ္ဌော ဘိက္ခု ဂဒ္ဓဗာဓိပုဗ္ဗော တေဟိ ဘိက္ခူဟိ ဝုစ္စမာနော တထေဝ တံ ပါပကံ ဒိဋ္ဌိဂတံ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘‘ဧဝံဗျာခေါ အဟံ, အာဝုသော, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။ ယတော စ ခေါ တေ ဘိက္ခူ နာသက္ခိံသု အရိဋ္ဌံ ဘိက္ခုံ ဂဒ္ဓဗာဓိပုဗ္ဗံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုံ, အထ ခေါ တေ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ အရိဋ္ဌံ ဘိက္ခုံ ဂဒ္ဓဗာဓိပုဗ္ဗံ ပဋိပုစ္ဆိ – ‘‘သစ္စံ ကိရ တေ, အရိဋ္ဌ, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ? ‘‘ဧဝံဗျာခေါ အဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။

ကဿ နု ခေါ နာမ တွံ, မောဃပုရိသ, မယာ ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာသိ? နနု မယာ, မောဃပုရိသ, အနေကပရိယာယေန အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယ။ အပ္ပဿာဒါ ကာမာ ဝုတ္တာ မယာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ အဋ္ဌိကင်္ကလူပမာ ကာမာ ဝုတ္တာ မယာ…ပေ… မံသပေသူပမာ ကာမာ ဝုတ္တာ မယာ… တိဏုက္ကူပမာ ကာမာ ဝုတ္တာ မယာ… အင်္ဂါရကာသူပမာ ကာမာ ဝုတ္တာ မယာ… သုပိနကူပမာ ကာမာ ဝုတ္တာ မယာ… ယာစိတကူပမာ ကာမာ ဝုတ္တာ မယာ… ရုက္ခဖလူပမာ ကာမာ ဝုတ္တာ မယာ… အသိသူနူပမာ ကာမာ ဝုတ္တာ မယာ… သတ္တိသူလူပမာ ကာမာ ဝုတ္တာ မယာ… သပ္ပသိရူပမာ ကာမာ ဝုတ္တာ မယာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ အထ စ ပန တွံ, မောဃပုရိသ, အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခသိ, အတ္တာနဉ္စ ခဏသိ, ဗဟုဉ္စ အပုညံ ပသဝသိ။ တဉှိ တေ, မောဃပုရိသ, ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ…။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၈-အရိဋ္ဌသိက္ခာပုဒ် ၄၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား “(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရား တို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်”ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။ များစွာသော ရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟော ထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်”ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူ၍ ကြားကုန်၏။ ထိုအခါ၌ ထိုရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းထံသို့ ချဥ်းကပ်ပြီးလျှင် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား- “ငါ့သျှင်အရိဋ္ဌ သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိိုုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော အယူရှိ၏ဟူသည် မှန်သလော”ဟု မေးကြကုန်၏။ ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာ ဘုရားဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (ဆို၏)။ ငါ့သျှင်အရိဋ္ဌ ဤသို့ မဆိုပါလင့်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာ ဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ။ ငါ့သျှင်အရိဋ္ဌ များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို့ပြုတတ်ကုန်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။ မြတ်စွာဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်း များကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ကာမဂုဏ် တို့ကို အသားမကပ်သော အရိုးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်း များကုန်၏၊ ဤကာမ ဂုဏ်တို့၌ အပြစ်များ၏ဟူ၍ ဟောတော်မူ၏။ သားတစ်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မြက်မီးရှူးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မီးကျီးတွင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အိပ်မက်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အငှါးပစ္စည်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အသီးရှိသော အပင်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ စဥ်းတီတုံးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ လှံတံကျင်နှင့် တူကုန်၏ဟူ၍လည်း ကောင်း၊ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ကာမဂုဏ် တို့ကို ဆင်းရဲများကုန်၏၊ ၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော် မူ၏ဟု (ပြောဆိုကုန်၏)။ လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် ဤသို့ ထိုရဟန်းတို့က ပြောဆိုပါသော်လည်း “ငါ့သျှင်တို့ ကြားသည်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာ ဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါ”ဟု ထိုရှေးအတူသာလျှင် ထိုယုတ်မာသော မိစ္ဆာအယူကို အစွမ်းကုန် မှားသောအားဖြင့် သုံးသပ်ကာ စွဲစွဲမြဲမြဲ ပြောဆို၏။ ထိုရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား ယုတ်မာသော ထိုမိစ္ဆာ အယူမှ လွတ်စေခြင်းငှါ မတတ်နိုင်ကြသောအခါ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား- “အရိဋ္ဌ သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ အသျှင်ဘုရား ကြားတော်မူသည့်အတိုင်း မှန်ပါ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ငါသည် အဘယ်သူအား ဤသို့ တရားဟောတော်မူ သည်ကို သင်သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ငါသည် များစွာသောအကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ ဟောတော်မူသည် မဟုတ်ပါလော၊ ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။ ငါဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။ ငါဘုရားသည် ကာမဂုဏ်တို့ကို အသားမကပ် သော အရိုးနှင့် တူကုန်၏ဟူ၍လည်းကောင်း။ပ။ သားတစ်နှင့် တူကုန်၏ဟူ၍လည်းကောင်း မြက်မီးရှူးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မီးကျီးတွင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အိပ်မက်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အငှါးပစ္စည်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အသီးရှိသော အပင်နှင့် တူကုန်၏ဟူ၍ လည်းကောင်း၊ စဥ်းတီတုံးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ လှံတံကျင်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ ငါဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟော တော်မူသည် မဟုတ်ပါလော။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ထိုသို့ ငါဟောထားပါလျက် သင်သည် မိမိ၏ မကောင်းသော စွဲယူခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ်တရားကိုလည်း များစွာ ပွါးစေဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင့်အား ထိုယုတ်မာသော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Not giving up a bad view Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monk Ariṭṭha, the ex-vulture-hunter, had the following bad and erroneous view: “As I understand the Teaching of the Buddha, the things he calls obstacles are unable to obstruct one who indulges in them.” A number of monks heard that Ariṭṭha had that view. They went to him and asked, “Is it true, Ariṭṭha, that you have such a view?” “Yes, indeed. As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” “No, Ariṭṭha, don’t misrepresent the Buddha, for it’s not good to misrepresent him. The Buddha would never say such a thing. The Buddha has given many discourses about the obstacles being obstructive and how they obstruct one who indulges in them. The Buddha has said that the enjoyment provided by worldly pleasures is small, whereas the suffering and trouble with them are huge, and so their drawbacks are greater. The Buddha has said that worldly pleasures are similar to a skeleton … similar to a piece of meat … similar to a grass torch … similar to a pit of coals … similar to a dream … similar to borrowed goods … similar to fruits on a tree … similar to a knife and chopping block … similar to swords and stakes … similar to a snake’s head; the suffering and trouble with them are huge, and so their drawbacks are greater.” But even though the monks corrected Ariṭṭha like this, he stubbornly held on to that bad and erroneous view, and continued to insist on it. Since they were unable to make him give up that view, they went to the Buddha and told him what had happened. Soon afterwards the Buddha had the Sangha gathered and questioned Ariṭṭha: “Is it true, Ariṭṭha, that you have such a view?” “Yes indeed, sir.” “Foolish man, who do you think I have taught like this? Haven’t I given many discourses about the obstacles being obstructive and how they obstruct one who indulges in them? I have said that the enjoyment provided by worldly pleasures is small, whereas the suffering and trouble with them are huge, and so their drawbacks are greater. I have said that worldly pleasures are similar to a skeleton … similar to a piece of meat … similar to a grass torch … similar to a pit of coals … similar to a dream … similar to borrowed goods … similar to fruits on a tree … similar to a knife and chopping block … similar to swords and stakes … similar to a snake’s head; the suffering and trouble with them are huge, and so their drawbacks are greater. And yet, foolish man, by misunderstanding you have misrepresented me, hurt yourself, and made much demerit. This will be for your long-lasting harm and suffering. This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၇၇

၄၁၈။ ‘‘ယော ပန ဘိက္ခု ဧဝံ ဝဒေယျ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’တိ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော – ‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော, အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’တိ။ ဧဝဉ္စ [ဧဝဉ္စ ပန (က။)] သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ။ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယ’’န္တိ။

၁၁၇။ ၆၈-၄၁၈။ “အကြင်ရဟန်းသည် ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ပြောဆိုငြားအံ့၊ ထိုရဟန်းကို အခြားသော ရဟန်းတို့က ‘အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုတရားတို့ကို မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း’ဟု ဆိုဆုံးမရာ၏၊ ဤသို့လျှင် ထိုရဟန်းကို ရဟန်းတို့က ဆိုဆုံးမပါလျက် ထိုရှေးအတူသာလျှင် ဆက်လက် ယူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် သုံးကြိမ်မြောက်အောင် ထိုအယူကို စွန့်စိမ့်သောငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်၊ သုံးကြိမ်မြောက်အောင် ဉတ် ကမ္မဝါဖြင့် ဆိုဆုံးမသဖြင့် ထိုမိစ္ဆာအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk says, “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them,” then the monks should correct him like this: “No, venerable, don’t misrepresent the Buddha, for it’s not good to misrepresent the Buddha. The Buddha would never say such a thing. In many discourses the Buddha has declared the obstacles to be obstructive and how they obstruct one who indulges in them.” If that monk continues as before, the monks should press him up to three times to make him give up that view. If he then gives it up, all is well. If he does not, he commits an offense entailing confession.’” Definitions

၄၁၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဧဝံ ဝဒေယျာတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ။

သော ဘိက္ခူတိ ယော သော ဧဝံဝါဒီ ဘိက္ခု။

ဘိက္ခူဟီတိ အညေဟိ ဘိက္ခူဟိ။ ယေ ပဿန္တိ ယေ သုဏန္တိ တေဟိ ဝတ္တဗ္ဗော – ‘‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’’တိ။ ဒုတိယမ္ပိ ဝတ္တဗ္ဗော။ တတိယမ္ပိ ဝတ္တဗ္ဗော။ သစေ ပဋိနိဿဇ္ဇတိ, ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။ သုတွာ န ဝဒန္တိ, အာပတ္တိ ဒုက္ကဋဿ။ သော ဘိက္ခု သံဃမဇ္ဈမ္ပိ အာကဍ္ဎိတွာ ဝတ္တဗ္ဗော – ‘‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’’တိ။ ဒုတိယမ္ပိ ဝတ္တဗ္ဗော။ တတိယမ္ပိ ဝတ္တဗ္ဗော။ သစေ ပဋိနိဿဇ္ဇတိ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။ သော ဘိက္ခု သမနုဘာသိတဗ္ဗော။ ဧဝဉ္စ ပန, ဘိက္ခဝေ, သမနုဘာသိတဗ္ဗော။ ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော –

၈-အရိဋ္ဌသိက္ခာပုဒ် အဖွင့် ၄၁၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ဟု ပြောဆိုငြားအံ့ဟူသည် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု (ပြောဆိုငြားအံ့)။ ထိုရဟန်းကိုဟူသည် ဤသို့ ပြောဆိုလေ့ရှိသော ရဟန်းကို။ ရဟန်းတို့သည်ဟူသည် အခြားသော ရဟန်းတို့တည်း၊ မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် “အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်း သည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်း ဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယ်ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရား သည် ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည် သာလျှင်တည်း”ဟု ပြောဆို ဆုံးမရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆို ဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆို ဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြားပါလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုရဟန်းကို သံဃာ၏အလယ်သို့လည်း ဆွဲငင်၍ “အသျှင်သည် ဤသို့မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုတရား တို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း”ဟု ပြောဆို ဆုံးမ ရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်၊ ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာတော်ကို သိစေရမည်။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Says: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” Him: the monk who speaks in that way. The monks: other monks who see it or hear about it. They should correct him, “No, venerable, don’t misrepresent the Buddha, for it’s not good to misrepresent the Buddha. The Buddha would never say such a thing. In many discourses the Buddha has declared the obstacles to be obstructive and how they obstruct one who indulges in them.” And they should correct him a second and a third time. If he gives up that view, all is well. If he does not, he commits an offense of wrong conduct. If those who hear about it do not say anything, they commit an offense of wrong conduct. That monk, even if he has to be pulled into the Sangha, should be corrected like this: “No, venerable, don’t misrepresent the Buddha, for it’s not good to misrepresent the Buddha. The Buddha would never say such a thing. In many discourses the Buddha has declared the obstacles to be obstructive and how they obstruct one who indulges in them.” And they should correct him a second and a third time. If he gives up that view, all is well. If he does not, he commits an offense of wrong conduct. He should then be pressed. “And, monks, he should be pressed like this. A competent and capable monk should inform the Sangha:

စာ-၁၇၈

၄၂၀။ ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ဣတ္ထန္နာမဿ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’တိ။ သော တံ ဒိဋ္ဌိံ န ပဋိနိဿဇ္ဇတိ။ ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော ဣတ္ထန္နာမံ ဘိက္ခုံ သမနုဘာသေယျ – တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ။ ဧသာ ဉတ္တိ။

‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ဣတ္ထန္နာမဿ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’တိ။ သော တံ ဒိဋ္ဌိံ န ပဋိနိဿဇ္ဇတိ။ သံဃော ဣတ္ထန္နာမံ ဘိက္ခုံ သမနုဘာသတိ တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ။ ယဿာယသ္မတော ခမတိ ဣတ္ထန္နာမဿ ဘိက္ခုနော သမနုဘာသနာ, တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။

‘‘ဒုတိယမ္ပိ ဧတမတ္ထံ ဝဒါမိ…ပေ… တတိယမ္ပိ ဧတမတ္ထံ ဝဒါမိ – ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ဣတ္ထန္နာမဿ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’တိ။ သော တံ ဒိဋ္ဌိံ န ပဋိနိဿဇ္ဇတိ။ သံဃော ဣတ္ထန္နာမံ ဘိက္ခုံ သမနုဘာသတိ တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ။ ယဿာယသ္မတော ခမတိ ဣတ္ထန္နာမဿ ဘိက္ခုနော သမနုဘာသနာ, တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။

‘‘သမနုဘဋ္ဌော သံဃေန ဣတ္ထန္နာမော ဘိက္ခု, တဿာ ဒိဋ္ဌိယာ ပဋိနိဿဂ္ဂါယ။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီ’’တိ။

ဉတ္တိယာ ဒုက္ကဋံ။ ဒွီဟိ ကမ္မဝါစာဟိ ဒုက္ကဋာ။ ကမ္မဝါစာပရိယောသာနေ အာပတ္တိ ပါစိတ္တိယဿ။

၄၂၀။ “အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့။ ဤမည် သော ရဟန်းအား ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။ ထိုရဟန်းသည် ထိုအယူကို မစွန့်၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရာ၏၊ ဤကား သိစေခြင်းတည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ရဟန်းအား ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။ ထိုရဟန်းသည် ထိုအယူကို မစွန့်၊ သံဃာသည် ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်းရှိ၏၊ ထိုအသျှင် သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ု်ပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ရဟန်းအား ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏၊ ထိုရဟန်း သည် ထိုအယူကို မစွန့်၊ သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊ ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိအံ့၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ့ဆိုဆုံးမအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်”ဟု (သိစေရမည်)။ ဉတ်ဖြင့် ဒုက္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ ကမ္မဝါစာအဆုံး၌ ပါစိတ်အာပတ် သင့်၏။

‘Please, venerables, I ask the Sangha to listen. Monk so-and-so has the following bad and erroneous view: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” He is not giving up that view. If the Sangha is ready, it should press monk so-and-so to make him give it up. This is the motion. Please, venerables, I ask the Sangha to listen. Monk so-and-so has the following bad and erroneous view: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” He is not giving up that view. The Sangha presses monk so-and-so to make him give up that view. Any monk who approves of pressing monk so-and-so to make him give up that view should remain silent. Any monk who doesn’t approve should speak up. For the second time … For the third time I speak on this matter: Please, venerables, I ask the Sangha to listen. Monk so-and-so has the following bad and erroneous view: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” He is not giving up that view. The Sangha presses monk so-and-so to make him give up that view. Any monk who approves of pressing monk so-and-so to make him give up that view should remain silent. Any monk who doesn’t approve should speak up. The Sangha has pressed monk so-and-so to make him give up that view. The Sangha approves and is therefore silent. I will remember it thus.’” After the motion, he commits an offense of wrong conduct. After each of the first two announcements, he commits an offense of wrong conduct. When the last announcement is finished, he commits an offense entailing confession. Permutations

၄၂၁။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ န ပဋိနိဿဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော န ပဋိနိဿဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ ဓမ္မကမ္မေ အဓမ္မကမ္မသညီ န ပဋိနိဿဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။

အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၂၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If it is a legitimate legal procedure, and he perceives it as such, and he does not give up his view, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he does not give up his view, he commits an offense entailing confession. If it is a legitimate legal procedure, but he perceives it as illegitimate, and he does not give up his view, he commits an offense entailing confession. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, he commits an offense of wrong conduct. Non-offenses

၄၂၂။ အနာပတ္တိ အသမနုဘာသန္တဿ, ပဋိနိဿဇ္ဇန္တဿ, ဥမ္မတ္တကဿာတိ။

အရိဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ အဋ္ဌမံ။

၄၂၂။ ဉတ်ကမ္မဝါစာဖြင့် မဆို မဆုံးမအပ်သော ရဟန်း၊ အယူကို စွန့်သော ရဟန်း၊ ရူးသော ရဟန်း၊ (အစလက်ဦး လွန်ကျူးသော ရဟန်းတို့) အားလည်း အာပတ် မသင့်။ အဋ္ဌမ အရိဋ္ဌသိက္ခာပုဒ် ပြီး၏။

There is no offense: if he has not been pressed; if he gives it up; if he is insane; if he is the first offender. The training rule on not giving up a bad view, the eighth, is finished.

၉။ ဥက္ခိတ္တသမ္ဘောဂသိက္ခာပဒံ

၄၂၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ တထာဝါဒိနာ အရိဋ္ဌေန ဘိက္ခုနာ [ဘိက္ခုနာ ဂဒ္ဓဗာဓိပုဗ္ဗေန (?)] အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇန္တိပိ သံဝသန္တိပိ သဟာပိ သေယျံ ကပ္ပေန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ တထာဝါဒိနာ အရိဋ္ဌေန ဘိက္ခုနာ [ဘိက္ခုနာ ဂဒ္ဓဗာဓိပုဗ္ဗေန (?)] အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇိဿန္တိပိ သံဝသိဿန္တိပိ သဟာပိ သေယျံ ကပ္ပေဿန္တီတိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဇာနံ တထာဝါဒိနာ အရိဋ္ဌေန ဘိက္ခုနာ [ဘိက္ခုနာ ဂဒ္ဓဗာဓိပုဗ္ဗေန (?)] အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇထာပိ သံဝသထာပိ သဟာပိ သေယျံ ကပ္ပေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဇာနံ တထာဝါဒိနာ အရိဋ္ဌေန ဘိက္ခုနာ [ဘိက္ခုနာ ဂဒ္ဓဗာဓိပုဗ္ဗနေ (?)] အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇိဿထာပိ သံဝသိဿထာပိ သဟာပိ သေယျံ ကပ္ပေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၉-ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် ၄၂၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ မိစ္ဆာအယူ ရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသေးသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း နေကုန်၏၊ အတူလည်း အိပ်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ မိစ္ဆာ အယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း နေကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သိလျက် ထိုသို့ မိစ္ဆာအယူ ရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း နေကုန်၏၊ အတူလည်း အိပ်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် သိလျက် အဘယ့်ကြောင့် ထိုသို့ မိစ္ဆာအယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော အရိဋ္ဌရဟန်းနှင့် အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း နေကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Living with an ejected monk Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six lived with the monk Ariṭṭha, and they did formal meetings and shared a sleeping place with him. Yet they knew that he was saying such things, that he had not made amends according to the rule, and that he had not given up that view. The monks of few desires complained and criticized them, “How can the monks from the group of six live, do formal meetings, and share a sleeping place with the monk Ariṭṭha, even though they know that he’s saying such things, that he hasn’t made amends according to the rule, and that he hasn’t given up that view?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၈၀

၄၂၄။ ‘‘ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ သံဝသေယျ ဝါ သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယ’’န္တိ။

၁၁၈။ ၆၉-၄၂၄။ “အကြင်ရဟန်းသည် သိလျက် ထိုသို့ မိစ္ဆာအယူရှိခြင်း ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော ရဟန်းနှင့် အတူလည်း သုံးဆောင်ငြားအံ့၊ အတူလည်း နေငြားအံ့၊ အတူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk lives, does formal meetings, or shares a sleeping place with a monk who he knows is saying such things, who has not made amends according to the rule, and who has not given up that view, he commits an offense entailing confession.’” Definitions

၄၂၅။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

တထာဝါဒိနာတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ ဧဝံ ဝါဒိနာ။

အကဋာနုဓမ္မော နာမ ဥက္ခိတ္တော အနောသာရိတော။

တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိန္တိ ဧတံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ။

သမ္ဘုဉ္ဇေယျ ဝါတိ သမ္ဘောဂေါ နာမ ဒွေ သမ္ဘောဂါ – အာမိသသမ္ဘောဂေါ စ ဓမ္မသမ္ဘောဂေါ စ။ အာမိသသမ္ဘောဂေါ နာမ အာမိသံ ဒေတိ ဝါ ပဋိဂ္ဂဏှာတိ ဝါ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မသမ္ဘောဂေါ နာမ ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, ပဒေန ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, ပဒေ ပဒေ အာပတ္တိ ပါစိတ္တိယဿ။ အက္ခရာယ ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, အက္ခရက္ခရာယ အာပတ္တိ ပါစိတ္တိယဿ။

သံဝသေယျ ဝါတိ ဥက္ခိတ္တကေန သဒ္ဓိံ ဥပေါသထံ ဝါ ပဝါရဏံ ဝါ သံဃကမ္မံ ဝါ ကရောတိ, အာပတ္တိ ပါစိတ္တိယဿ။

သဟ ဝါ သေယျံ ကပ္ပေယျာတိ ဧကစ္ဆန္နေ ဥက္ခိတ္တကေ နိပန္နေ ဘိက္ခု နိပဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ ဘိက္ခု နိပန္နေ ဥက္ခိတ္တကော နိပဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥဘော ဝါ နိပဇ္ဇန္တိ, အာပတ္တိ ပါစိတ္တိယဿ။ ဥဋ္ဌဟိတွာ ပုနပ္ပုနံ နိပဇ္ဇန္တိ, အာပတ္တိ ပါစိတ္တိယဿ။

၉-ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် အဖွင့် ၄၂၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုရဟန်းကမူလည်း ပြောကြား၏။ ထိုသို့ မိစ္ဆာအယူရှိခြင်းဟူသည် “(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရား တို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်”ဟု မိစ္ဆာအယူရှိခြင်း တည်း။ ဝိနည်းတရားနှင့်အညီ မပြုရသေးခြင်း မည်သည် ထုတ်ပယ် နှင်ထုတ်ထားခြင်း, မထည့်သွင်း ခြင်းတည်း။ ထိုမိစ္ဆာအယူကို စွန့်ခြင်းမရှိသော ရဟန်းနှင့်အတူဟူသည် ဤမှားသောအယူကို မစွန့်သော ရဟန်းနှင့်အတူ။ အတူသုံးဆောင်ငြားအံ့ဟူရာ၌ အတူသုံးဆောင်ခြင်း မည်သည် ပစ္စည်းအတူ သုံးဆောင်ခြင်း ‘အာမိသသမ္ဘောဂ’၊ တရားအတူ သုံးဆောင်ခြင်း ‘ဓမ္မသမ္ဘောဂ’ဟူ၍ သုံးဆောင်ခြင်း နှစ်မျိုးရှိ၏။ ပစ္စည်းသုံးအတူဆောင်ခြင်း ‘အာမိသသမ္ဘောဂ’ မည်သည် ဆွမ်းစသော အာမိသကို ပေးမူလည်း ပေးအံ့၊ ယူမူလည်း ယူအံ့၊ ပါစိတ်အာပတ် သင့်၏။ တရားအတူသုံးဆောင်ခြင်း ‘ဓမ္မသမ္ဘောဂ’ မည်သည် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ ပုဒ်ဖြင့် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာဖြင့် သင်မူလည်း သင်အံ့ သင်စေမူလည်း သင်စေအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။ အတူလည်း နေငြားအံ့ဟူသည် နှင်ထုတ်ထားသော ရဟန်းနှင့်အတူ ဥပုသ်ကိုသော်လည်းကောင်း၊ ပဝါရဏာကိုသော်လည်းကောင်း၊ သံဃကံကိုသော်လည်းကောင်း ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ အတူလည်း အိပ်ငြားအံ့ဟူသည် အမိုးတစ်ခုတည်းရှိသော ကျောင်း၌ နှင်ထုတ်ထားသော ရဟန်း အိပ်သည် ရှိသော် (အခြား) ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ (အခြား) ရဟန်း အိပ်သည် ရှိသော် နှင်ထုတ်ထားသော ရဟန်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်ယောက်လုံးပင် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထ၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him or the offender has told him. Who is saying such things: one who says this: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” Who has not made amends according to the rule: who has been ejected and not readmitted. With a monk who has not given up that view: with a monk who has not given up this view. Lives with: there are two types of living together: material living together and spiritual living together. Material living together: if he gives or receives material things, he commits an offense entailing confession. Spiritual living together: he recites or has the other recite. If he recites or has the other recite by the line, then for every line he commits an offense entailing confession. If he recites or has the other recite by the syllable, then for every syllable he commits an offense entailing confession. Does formal meetings with: if he does the observance-day ceremony, the invitation ceremony, or a legal procedure with one who has been ejected, he commits an offense entailing confession. Shares a sleeping place with: under the same ceiling: if the monk lies down when the one who has been ejected is already lying down, he commits an offense entailing confession; if the monk is already lying down when the one who has been ejected lies down, he commits an offense entailing confession; if they both lie down together, he commits an offense entailing confession; every time they get up and then lie down again, he commits an offense entailing confession. Permutations

၄၂၆။ ဥက္ခိတ္တကေ ဥက္ခိတ္တကသညီ သမ္ဘုဉ္ဇတိ ဝါ သံဝသတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥက္ခိတ္တကေ ဝေမတိကော သမ္ဘုဉ္ဇတိ ဝါ သံဝသတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အာပတ္တိ ဒုက္ကဋဿ။ ဥက္ခိတ္တကေ အနုက္ခိတ္တကသညီ သမ္ဘုဉ္ဇတိ ဝါ သံဝသတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အနာပတ္တိ။ အနုက္ခိတ္တကေ ဥက္ခိတ္တကသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုက္ခိတ္တကေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုက္ခိတ္တကေ အနုက္ခိတ္တကသညီ, အနာပတ္တိ။

၄၂၆။ နှင်ထုတ်ထားသော ရဟန်း၌ နှင်ထုတ်ထားသော ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ နှင်ထုတ်ထားသော ရဟန်း၌ ယုံမှားသည် ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နှင်ထုတ်ထားသော ရဟန်း၌ နှင်ထုတ်ထားသော ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အတူလည်း သုံးဆောင်အံ့၊ အတူလည်း နေအံ့၊ အတူလည်း အိပ်အံ့၊ အာပတ် မသင့်။ နှင်ထုတ်ထားသော ရဟန်း မဟုတ်ရာ၌ နှင်ထုတ်ထားသော ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နှင်ထုတ်ထားသော ရဟန်း မဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နှင်ထုတ်ထားသော ရဟန်းမဟုတ်ရာ၌ နှင်ထုတ်ထားသော ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If the other monk has been ejected, and he perceives him as such, and he lives or does formal meetings or shares a sleeping place with him, he commits an offense entailing confession. If the other monk has been ejected, but he is unsure of it, and he lives or does formal meetings or shares a sleeping place with him, he commits an offense of wrong conduct. If the other monk has been ejected, but he does not perceive him as such, and he lives or does formal meetings or shares a sleeping place with him, there is no offense. If the other monk has not been ejected, but he perceives him as such, he commits an offense of wrong conduct. If the other monk has not been ejected, but he is unsure of it, he commits an offense of wrong conduct. If the other monk has not been ejected, and he does not perceive him as such, there is no offense. Non-offenses

စာ-၁၈၁

၄၂၇။ အနာပတ္တိ အနုက္ခိတ္တောတိ ဇာနာတိ, ဥက္ခိတ္တော ဩသာရိတောတိ ဇာနာတိ, ဥက္ခိတ္တော တံ ဒိဋ္ဌိံ ပဋိနိဿဋ္ဌောတိ ဇာနာတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဥက္ခိတ္တသမ္ဘောဂသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။

၄၂၇။ နှင်ထုတ်ထားသော ရဟန်း မဟုတ်ဟု သိအံ့၊ နှင်ထုတ်ထားသော ရဟန်းကို သံဃာဘောင် သို့ သွင်းပြီဟု သိအံ့၊ ထိုအယူကို စွန့်ပြီဟု သိအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် ပြီး၏။

There is no offense: if he knows that he has not been ejected; if he knows that he has been readmitted after being ejected; if he knows that he has given up that view; if he is insane; if he is the first offender. The training rule on living with an ejected monk, the ninth, is finished.

၁၀။ ကဏ္ဋကသိက္ခာပဒံ

၄၂၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ကဏ္ဋကဿ [ကဏ္ဍကဿ (သျာ။ က။)] နာမ သမဏုဒ္ဒေသဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ။ အဿောသုံ ခေါ သမ္ဗဟုလာ ဘိက္ခူ ကဏ္ဋကဿ နာမ ကိရ သမဏုဒ္ဒေသဿ ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ။ အထ ခေါ တေ ဘိက္ခူ ယေန ကဏ္ဋကော သမဏုဒ္ဒေသော တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ကဏ္ဋကံ သမဏုဒ္ဒေသံ ဧတဒဝေါစုံ – ‘‘သစ္စံ ကိရ တေ, အာဝုသော ကဏ္ဋက, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေ’မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ? ‘‘ဧဝံဗျာခေါ အဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။

မာ, အာဝုသော ကဏ္ဋက, ဧဝံ အဝစ။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ။ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေန, အာဝုသော ကဏ္ဋက, အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယ။ အပ္ပဿာဒါ ကာမာ ဝုတ္တာ ဘဂဝတာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော…ပေ… ဧဝမ္ပိ ခေါ ကဏ္ဋကော သမဏုဒ္ဒေသော တေဟိ ဘိက္ခူဟိ ဝုစ္စမာနော တထေဝ တံ ပါပကံ ဒိဋ္ဌိဂတံ ထာမသာ ပရာမာသာ အဘိနိဝိဿ ဝေါဟရတိ – ‘‘ဧဝံဗျာခေါ အဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။

ယတော စ ခေါ တေ ဘိက္ခူ နာသက္ခိံသု ကဏ္ဋကံ သမဏုဒ္ဒေသံ ဧတသ္မာ ပါပကာ ဒိဋ္ဌိဂတာ ဝိဝေစေတုံ, အထ ခေါ တေ ဘိက္ခူ ယေန ဘဂဝါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ ကဏ္ဋကံ သမဏုဒ္ဒေသံ ပဋိပုစ္ဆိ – ‘‘သစ္စံ ကိရ တေ, ကဏ္ဋက, ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ? ‘‘ဧဝံဗျာခေါ အဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ – ‘ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’’တိ။

‘‘ကဿ နု ခေါ နာမ တွံ, မောဃပုရိသ, မယာ ဧဝံ ဓမ္မံ ဒေသိတံ အာဇာနာသိ? နနု မယာ, မောဃပုရိသ, အနေကပရိယာယေန အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယ? အပ္ပဿာဒါ ကာမာ ဝုတ္တာ မယာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ အဋ္ဌိကင်္ကလူပမာ ကာမာ ဝုတ္တာ မယာ…ပေ… သပ္ပသိရူပမာ ကာမာ ဝုတ္တာ မယာ ဗဟုဒုက္ခာ ဗဟုပါယာသာ, အာဒီနဝေါ ဧတ္ထ ဘိယျော။ အထ စ ပန တွံ, မောဃပုရိသ, အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခသိ အတ္တာနဉ္စ ခဏသိ ဗဟုဉ္စ အပုညံ ပသဝသိ။ တဉှိ တေ, မောဃပုရိသ, ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ပသန္နာနဉ္စ ဧကစ္စာနံ အညထတ္တာယာ’’တိ။ ဝိဂရဟိတွာ…ပေ… ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘တေန ဟိ, ဘိက္ခဝေ, သံဃော ကဏ္ဋကံ သမဏုဒ္ဒေသံ နာသေတု။ ဧဝဉ္စ ပန, ဘိက္ခဝေ, နာသေတဗ္ဗော – အဇ္ဇတဂ္ဂေ တေ, အာဝုသော ကဏ္ဋက, န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော။ ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ သာပိ တေ နတ္ထိ။ စရ ပိရေ ဝိနဿာ’’တိ။ အထ ခေါ သံဃော ကဏ္ဋကံ သမဏုဒ္ဒေသံ နာသေသိ။

တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ တထာနာသိတံ ကဏ္ဋကံ သမဏုဒ္ဒေသံ ဥပလာပေန္တိပိ ဥပဋ္ဌာပေန္တိပိ သမ္ဘုဉ္ဇန္တိပိ သဟာပိ သေယျံ ကပ္ပေန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ တထာနာသိတံ ကဏ္ဋကံ သမဏုဒ္ဒေသံ ဥပလာပေဿန္တိပိ ဥပဋ္ဌာပေဿန္တိပိ သမ္ဘုဉ္ဇိဿန္တိပိ သဟာပိ သေယျံ ကပ္ပေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဇာနံ တထာနာသိတံ ကဏ္ဋကံ သမဏုဒ္ဒေသံ ဥပလာပေထာပိ ဥပဋ္ဌာပေထာပိ သမ္ဘုဉ္ဇထာပိ သဟာပိ သေယျံ ကပ္ပေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဇာနံ တထာနာသိတံ ကဏ္ဋကံ သမဏုဒ္ဒေသံ ဥပလာပေဿထာပိ ဥပဋ္ဌာပေဿထာပိ သမ္ဘုဉ္ဇိဿထာပိ သဟာပိ သေယျံ ကပ္ပေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၇-သပ္ပါဏကဝဂ် ၁၀-ကဏ္ဍကသိက္ခာပုဒ် ၄၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ကဏ္ဍကမည်သော သာမဏေအား “(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့် အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်”ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။ များစွာသော ရဟန်းတို့သည် “ကဏ္ဍကမည်သော သာမဏေအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏”ဟူ၍ ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် ကဏ္ဍကမည်သော သာမဏေထံသို့ ချဥ်းကပ်၍ ကဏ္ဍကမည်သော သာမဏေကို “ငါ့သျှင်ကဏ္ဍက သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုစေခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော”ဟု မေးကြကုန်၏။ အသျှင်ဘုရားတို့ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း အကျွန်ုပ် သိပါ၏၊ ထိုတရား တို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။ ငါ့သျှင်ကဏ္ဍက ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ။ ငါ့သျှင်ကဏ္ဍက များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာတည်း၊ ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရားသည် ဟောတော်မူ၏။ပ။ ဤသို့လျှင် ကဏ္ဍကသာမဏေသည် ထိုရဟန်းတို့က ပြောဆို ဆုံးမပါလျက်- “အသျှင်ဘုရားတို့ကြားသည့်အတိုင်း မှန်ပါသည်။ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း အကျွန်ုပ် သိပါ၏၊ ထိုတရား တို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု ထိုရှေးအတူသာလျှင် ထိုယုတ်မာသော မိစ္ဆာအယူကို အစွမ်းကုန် မှားသောအားဖြင့် သုံးသပ်ကာ စွဲစွဲမြဲမြဲ ပြောဆို၏။ ထိုရဟန်းတို့သည် ကဏ္ဍကသာမဏေကို ထိုယုတ်မာသော မိစ္ဆာအယူမှ လွတ်စေခြင်းငှါ မတတ်နိုင် ကြသောအခါ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာ ဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ကဏ္ဍကသာမဏေကို- “ကဏ္ဍက သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ ကြားတော်မူသည့်အတိုင်း မှန်ပါသည် အသျှင်ဘုရား၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း တပည့်တော် သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ငါသည် အဘယ်သူအား ဤသို့ တရားဟောတော် မူသည်ကို သင် သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ငါသည် များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ ဟော တော်မူသည် မဟုတ်ပါလော၊ ထိုတရားတို့သည် မှီဝဲသောသူအား အန္တရာယ်ပြုခြင်းငှါ စွမ်းနိုင်သည် သာတည်းဟု (ဟောတော်မူသည် မဟုတ်လော)။ ငါသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။ ငါသည် ကာမဂုဏ်တို့ကို အသားမကပ်သော အရိုးနှင့် တူကုန်၏။ပ။ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ ငါသည် ကာမဂုဏ် တို့ကို သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောထားသည် မဟုတ်လော။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ထိုသို့ ဟောထားပါလျက် သင်သည် မိမိ၏ မကောင်း သော စွဲယူခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ် တရားတို့ကိုလည်း များစွာ ပွါးများစေဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင့်အား ထိုယုတ်မာသော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကြည်ညိုပြီးသော အချို့သူတို့အားလည်း အကြည်အညို ပျက်စေခြင်းငှါလည်းကောင်း ဖြစ်၏ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားပြီးလျှင် ရဟန်းတို့ကို- “ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်သည် ကဏ္ဍကမည်သော သာမဏေကို ဖျက်ဆီးလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့ ဖျက်ဆီးရမည်။ “ငါ့သျှင်ကဏ္ဍက သင်သည် ယနေ့မှ စ၍ ထိုမြတ်စွာဘုရားကို ဆရာဟူ၍လည်း မညွှန်ကြားနှင့် တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းတို့နှင့် အတူ နှစ်ညဥ့် သုံးညဥ့်ပတ်လုံး အတူ အိပ်ခြင်းကိုလည်း ရကုန်၏၊ ထိုအတူအိပ်ခြင်းသည်လည်း သင့်အား မရှိတော့ပြီ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့”ဟု (ဆို၍ ဖျက်ဆီးရမည်)။ ထိုအခါ၌ သံဃာသည် ကဏ္ဍကသာမဏေကို ဖျက်ဆီး၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်၏၊ လုပ်ကျွေးလည်း လုပ်ကျွေးစေကုန်၏၊ အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း အိပ်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်ဘိသနည်း လုပ်ကျွေး လည်း လုပ်ကျွေးစေကုန်ဘိသနည်း အတူလည်း သုံးဆောင်ကြကုန်ဘိသနည်း အတူလည်း အိပ်ကြကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို့ဖြားယောင်းလည်း ဖြားယောင်းကုန်၏၊ လုပ်ကျွေးလည်း လုပ်ကျွေးစေကုန်၏၊ အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း အိပ်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်ဘိသနည်း၊ လုပ်ကျွေး လည်း လုပ်ကျွေးစေကုန်ဘိသနည်း၊ အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on containing living beings Supporting a novice monk with a bad view Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the novice monastic Kaṇṭaka had the following bad and erroneous view: “As I understand the Teaching of the Buddha, the things he calls obstacles are unable to obstruct one who indulges in them.” A number of monks heard that the novice monastic Kaṇṭaka had that view. They went to see him and asked, “Is it true, Kaṇṭaka, that you have such a view?” “Yes, indeed. As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” “No, Kaṇṭaka, don’t misrepresent the Buddha, for it’s not good to misrepresent him. The Buddha would never say such a thing. The Buddha has given many discourses about the obstacles being obstructive and how they obstruct one who indulges in them. The Buddha has said that the enjoyment provided by worldly pleasures is small, whereas the suffering and trouble with them are huge, and so their drawbacks are greater. …” But even though the monks corrected Kaṇṭaka like this, he stubbornly held on to that bad and erroneous view, and he continued to insist on it. Since those monks were unable to make him give up that view, they went to the Buddha and told him what had happened. Soon afterwards the Buddha had the Sangha gathered and questioned the Kaṇṭaka: “Is it true, Kaṇṭaka, that you have such a view?” “Yes indeed, venerable sir.” “Foolish man, who do you think I have taught like this? Haven’t I given many discourses about the obstacles being obstructive and how they obstruct one who indulges in them? I have said that the enjoyment provided by worldly pleasures is small, whereas the suffering and trouble with them are huge, and so their drawbacks are greater. I have said that worldly pleasures are similar to a skeleton … similar to a snake’s head; the suffering and trouble with them are huge, and so their drawbacks are greater. And yet, foolish man, by misunderstanding you have misrepresented me, hurt yourself, and made much demerit. This will be for your long-lasting harm and suffering. This will affect people’s confidence, and cause some to lose it.” Having rebuked him … the Buddha gave a teaching and addressed the monks: “Well then, monks, the Sangha should expel the novice monastic Kaṇṭaka. And this is how he should be expelled: ‘From today, Kaṇṭaka, you may not refer to the Buddha as your teacher. And, unlike other novices, you can no longer share a sleeping place with the monks for two or three nights. Go! Away with you!’” The Sangha then expelled Kaṇṭaka. Soon afterwards the monks from the group of six befriended Kaṇṭaka, and they were attended on by him, lived with him, and shared a sleeping place with him. Yet they knew that he had been expelled. The monks of few desires complained and criticized those monks, “How can the monks from the group of six befriend Kaṇṭaka, and be attended on by him, live with him, and share a sleeping place with him, even though they know that he has been expelled?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၂၉။ ‘‘သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ – ‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ တေ ပဋိသေဝတော နာလံ အန္တရာယာယာ’တိ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော – ‘မာဝုသော သမဏုဒ္ဒေသ, ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေနာဝုသော သမဏုဒ္ဒေသ, အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’တိ။ ဧဝဉ္စ [ဧဝဉ္စ ပန (က။)] သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော – ‘အဇ္ဇတဂ္ဂေ တေ, အာဝုသော သမဏုဒ္ဒေသ, န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော။ ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ သာပိ တေ နတ္ထိ။ စရ ပိရေ ဝိနဿာ’တိ။ ယော ပန ဘိက္ခု ဇာနံ တထာနာသိတံ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ ဥပဋ္ဌာပေယျ ဝါ သမ္ဘုဉ္ဇေယျ ဝါ သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယ’’န္တိ။

၁၁၉။ ၇၀-၄၂၉။ “သာမဏေသည်လည်း အကယ်၍ ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ် ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန် မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ဆိုငြားအံ့။ ထိုသာမဏေကို ရဟန်းတို့သည် ‘ငါ့သျှင်သာမဏေ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်း ချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော် မမူရာ၊ ငါ့သျှင်သာမဏေ များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာ ဘုရားသည် ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း’ဟူ၍ ပြောဆို ဆုံးမရာ၏၊ ဤသို့လျှင် ထိုသာမဏေ သည် ရဟန်းတို့က ဆုံးမပါလျက် ရှေးအတူသာလျှင် ဆက်လက်ယူငြားအံ့၊ ထိုသာမဏေကို ရဟန်းတို့သည် ‘ငါ့သျှင် သာမဏေ ယနေ့မှ အစပြု၍ သင်သည် မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်းနှင့်တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းနှင့်အတူ နှစ်ညဥ့် သုံးညဥ့်ပတ်လုံး အတူ အိပ်ခြင်းကို ရကြကုန်၏၊ ထိုအတူ အိပ်ခြင်းသည်လည်း သင့်အား မရှိတော့ချေ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့’ဟု ပြောဆိုရာ၏။ အကြင် ရဟန်းသည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော သာမဏေကို ဖြားယောင်းမူလည်း ဖြားယောင်းငြားအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေငြားအံ့၊ အတူမူလည်း သုံးဆောင်ငြားအံ့၊ အတူမူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘Also if a novice monastic says, “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them,” then the monks should correct him like this: “No, don’t misrepresent the Buddha, for it’s not good to misrepresent the Buddha. The Buddha would never say such a thing. In many discourses the Buddha has declared the obstacles to be obstructive and how they obstruct one who indulges in them.” If that novice monastic continues as before, he should be told: “From today on you may not refer to the Buddha as your teacher. And, unlike other novices, you can no longer share a sleeping place with the monks for two or three nights. Go! Away with you!” If a monk befriends that novice monastic, or he is attended on by him, lives with him, or shares a sleeping place with him, even though he knows that he has been expelled in this way, he commits an offense entailing confession.’” Definitions

၄၃၀။ သမဏုဒ္ဒေသော နာမ သာမဏေရော ဝုစ္စတိ။

ဧဝံ ဝဒေယျာတိ – ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ။

သော သမဏုဒ္ဒေသောတိ ယော သော ဧဝံဝါဒီ သမဏုဒ္ဒေသော။

ဘိက္ခူဟီတိ အညေဟိ ဘိက္ခူဟိ, ယေ ပဿန္တိ ယေ သုဏန္တိ တေဟိ ဝတ္တဗ္ဗော – ‘‘မာ, အာဝုသော သမဏုဒ္ဒေသ, ဧဝံ အဝစ။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ။ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အနေကပရိယာယေနာဝုသော သမဏုဒ္ဒေသ, အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ။ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’’တိ။ ဒုတိယမ္ပိ ဝတ္တဗ္ဗော… တတိယမ္ပိ ဝတ္တဗ္ဗော…ပေ… သစေ ပဋိနိဿဇ္ဇတိ ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇတိ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော – ‘‘အဇ္ဇတဂ္ဂေ တေ, အာဝုသော သမဏုဒ္ဒေသ, န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော။ ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ သာပိ တေ နတ္ထိ။ စရ ပိရေ ဝိနဿာ’’တိ။

ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

တထာနာသိတန္တိ ဧဝံ နာသိတံ။

သမဏုဒ္ဒေသော နာမ သာမဏေရော ဝုစ္စတိ။

ဥပလာပေယျ ဝါတိ တဿ ပတ္တံ ဝါ စီဝရံ ဝါ ဥဒ္ဒေသံ ဝါ ပရိပုစ္ဆံ ဝါ ဒဿာမီတိ ဥပလာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

ဥပဋ္ဌာပေယျ ဝါတိ တဿ စုဏ္ဏံ ဝါ မတ္တိကံ ဝါ ဒန္တကဋ္ဌံ ဝါ မုခေါဒကံ ဝါ သာဒိယတိ, အာပတ္တိ ပါစိတ္တိယဿ။

သမ္ဘုဉ္ဇေယျ ဝါတိ သမ္ဘောဂေါ နာမ ဒွေ သမ္ဘောဂါ – အာမိသသမ္ဘောဂေါ စ ဓမ္မသမ္ဘောဂေါ စ။ အာမိသသမ္ဘောဂေါ နာမ အာမိသံ ဒေတိ ဝါ ပဋိဂ္ဂဏှာတိ ဝါ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မသမ္ဘောဂေါ နာမ ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, ပဒေန ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, ပဒေ ပဒေ အာပတ္တိ ပါစိတ္တိယဿ။ အက္ခရာယ ဥဒ္ဒိသတိ ဝါ ဥဒ္ဒိသာပေတိ ဝါ, အက္ခရက္ခရာယ အာပတ္တိ ပါစိတ္တိယဿ။

သဟ ဝါ သေယျံ ကပ္ပေယျာတိ ဧကစ္ဆန္နေ နာသိတကေ သမဏုဒ္ဒေသေ နိပန္နေ ဘိက္ခု နိပဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ ဘိက္ခု နိပန္နေ နာသိတကော သမဏုဒ္ဒေသော နိပဇ္ဇတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥဘော ဝါ နိပဇ္ဇန္တိ, အာပတ္တိ ပါစိတ္တိယဿ။ ဥဋ္ဌဟိတွာ ပုနပ္ပုနံ နိပဇ္ဇန္တိ, အာပတ္တိ ပါစိတ္တိယဿ။

၁၀-ကဏ္ဍကသိက္ခာပုဒ် အဖွင့် ၄၃၀။ သာမဏေ မည်သည် ရှင်သာမဏေကိုပင် ဆို၏။ ဟု ဆိုငြားအံ့ဟူသည် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ဆိုငြားအံ့။ ထိုသာမဏေသည်ဟူသည် ဤသို့ ပြောဆိုလေ့ရှိသော သာမဏေတည်း။ ရဟန်းတို့သည်ဟူသည် အခြားသော ရဟန်းတို့သည်။ မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် “ငါ့သျှင်သာမဏေ ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့့ဟောတော်မမူရာ၊ ငါ့သျှင်သာမဏေ မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ ဟောထားတော်မူ၏၊ ထိုတရားတို့ကို မှီဝဲသော ရဟန်းအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း”ဟု ဆုံးမရာ၏။ နှစ်ကြိမ်မြောက်လည်း ပြောဆို ဆုံးမရာ၏။ သုံးကြိမ်မြောက်လည်း ပြောဆို ဆုံးမရာ၏။ပ။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏။ အကယ်၍ အယူကို မစွန့်အံ့၊ ထိုသာမဏေကို ရဟန်းတို့သည် “ငါ့သျှင်သာမဏေ သင့်အား ယနေ့မှ အစပြု၍ မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်း နှင့်တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းတို့နှင့် အတူ နှစ်ညဥ့် သုံးညဥ့်ပတ်လုံး အတူတကွ အိပ်ခြင်းကို ရကုန်၏၊ ထို့အတူ အိပ်ခြင်းသည်လည်း သင့်၌ မရှိတော့ပြီ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့”ဟု ပြောဆိုရာ၏။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုသူ (သာမဏေ) ကသော်လည်း ပြောကြား၏။ ထိုသို့ ဖျက်ဆီးထားပြီးသော သာမဏေဟူသည် ဤသို့ ဖျက်ဆီးထားပြီးသော သာမဏေတည်း။ သာမဏေ မည်သည် ရှင်သာမဏေ (ကိုရင်) ကိုပင် ဆို၏။ ဖြားယောင်းမူလည်း ဖြားယောင်းငြားအံ့ဟူသည် ထိုသာမဏေအား သပိတ်ကိုသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ ပါဠိသင်ခြင်းကိုသော်လည်းကောင်း၊ အဋ္ဌကထာသင်ခြင်းကို သော်လည်းကောင်း ပေးမည်ဟု ဖြားယောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။ လုပ်ကျွေးမူလည်း လုပ်ကျွေးစေငြားအံ့ဟူသည် ထိုသာမဏေ၏ ကသယ်မှုန့်ကိုသော် လည်းကောင်း၊ မြေညက်ကိုသော်လည်းကောင်း၊ ဒန်ပူကိုသော်လည်းကောင်း၊ မျက်နှာသစ်ရေကိုသော် လည်းကောင်း သာယာအံ့၊ ပါစိတ်အာပတ် သင့်၏။ အတူမူလည်း သုံးဆောင်ငြားအံ့ဟူရာ၌ အတူသုံးဆောင်ခြင်း မည်သည် ပစ္စည်းအတူ သုံးဆောင် ခြင်း ‘အာမိသသမ္ဘောဂ’၊ တရားအတူ သုံးဆောင်ခြင်း ‘ဓမ္မသမ္ဘောဂ’ဟူ၍ နှစ်ပါး ရှိ၏။ ပစ္စည်းအတူ သုံးဆောင်ခြင်း ‘အာမိသသမ္ဘောဂ’ မည်သည် ဆွမ်းစသော အာမိသကို ပေးမူလည်း ပေးအံ့ ယူမူလည်း ယူအံ့၊ ပါစိတ်အာပတ် သင့်၏။ တရားအတူ သုံးဆောင်ခြင်း ‘ဓမ္မသမ္ဘောဂ’ မည်သည် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ပုဒ်အားဖြင့် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာအားဖြင့် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။ အတူမူလည်း အိပ်ငြားအံ့ဟူသည် တစ်မိုးတစ်ရံတည်းသော ကျောင်း၌ ဖျက်ဆီးထားပြီးသော သာမဏေအိပ်သည် ရှိသော် ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းအိပ်သည် ရှိသော် ဖျက်ဆီးထားပြီးသော သာမဏေသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်ယောက်လုံး အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထပြီး၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။

A novice monastic: a novice monk is what is meant. Says: “As I understand the Buddha’s Teaching, the things he calls obstacles are unable to obstruct one who indulges in them.” Him: the novice monastic who speaks in that way. The monks: other monks who see it or hear about it. They should correct him, “No, don’t misrepresent the Buddha, for it’s not good to misrepresent the Buddha. The Buddha would never say such a thing. In many discourses the Buddha has declared the obstacles to be obstructive and how they obstruct one who indulges in them.” And they should correct him a second time … And they should correct him a third time … If he gives up that view, all is well. If he does not, he should be told: “From today on you may not refer to the Buddha as your teacher. And, unlike other novices, you can no longer share a sleeping place with the monks for two or three nights. Go! Away with you!” A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him or the offending novice monastic has told him. Expelled in this way: expelled like this. Novice monastic: novice monk is what is meant. Befriends: if he befriends him, saying, “I’ll give him a bowl,” “I’ll give him a robe,” “I’ll recite to him,” or “I’ll test him,” he commits an offense entailing confession. Is attended on by: if he accepts bath powder, soap, a tooth cleaner, or water for rinsing the mouth from him, he commits an offense entailing confession. Lives with: there are two types of living together: material living together and spiritual living together. Material living together: if he gives or receives material things, he commits an offense entailing confession. Spiritual living together: he recites or has the other recite. If he recites or has the other recite by the line, then for every line he commits an offense entailing confession. If he recites or has the other recite by the syllable, then for every syllable he commits an offense entailing confession. Shares a sleeping place with: under the same ceiling: if the monk lies down when the expelled novice monastic is already lying down, he commits an offense entailing confession; if the monk is already lying down when the expelled novice monastic lies down, he commits an offense entailing confession; if they both lie down together, he commits an offense entailing confession; every time they get up and then lie down again, he commits an offense entailing confession. Permutations

၄၃၁။ နာသိတကေ နာသိတကသညီ ဥပလာပေတိ ဝါ ဥပဋ္ဌာပေတိ ဝါ သမ္ဘုဉ္ဇတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အာပတ္တိ ပါစိတ္တိယဿ။ နာသိတကေ ဝေမတိကော ဥပလာပေတိ ဝါ ဥပဋ္ဌာပေတိ ဝါ သမ္ဘုဉ္ဇတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အာပတ္တိ ဒုက္ကဋဿ။ နာသိတကေ အနာသိတကသညီ ဥပလာပေတိ ဝါ ဥပဋ္ဌာပေတိ ဝါ သမ္ဘုဉ္ဇတိ ဝါ သဟ ဝါ သေယျံ ကပ္ပေတိ, အနာပတ္တိ။ အနာသိတကေ နာသိတကသညီ, အာပတ္တိ ဒုက္ကဋဿ။ အနာသိတကေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနာသိတကေ အနာသိတကသညီ, အနာပတ္တိ။

၄၃၁။ ဖျက်ဆီးထားပြီးသော သာမဏေ၌ ဖျက်ဆီးထားပြီးသော သာမဏေဟု အမှတ်ရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ဖျက်ဆီးထားပြီးသော သာမဏေ၌ ယုံမှားရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဖျက်ဆီးထားပြီးသော သာမဏေ၌ ဖျက်ဆီးထားပြီးသော သာမဏေမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ အာပတ် မသင့်။ ဖျက်ဆီးမထားသော သာမဏေ၌ ဖျက်ဆီးထားသော သာမဏေဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဖျက်ဆီးမထားသော သာမဏေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဖျက်ဆီးမထားသော သာမဏေ၌ ဖျက်ဆီးမထားသော သာမဏေဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If the novice monastic has been expelled, and he perceives him as such, and he befriends him or is attended on by him or lives with him or shares a sleeping place with him, he commits an offense entailing confession. If the novice monastic has been expelled, but he is unsure of it, and he befriends him or is attended on by him or lives with him or shares a sleeping place with him, he commits an offense of wrong conduct. If the novice monastic has been expelled, but he does not perceive him as such, and he befriends him or is attended on by him or lives with him or shares a sleeping place with him, there is no offense. If the novice monastic has not been expelled, but he perceives him such, he commits an offense of wrong conduct. If the novice monastic has not been expelled, but he is unsure of it, he commits an offense of wrong conduct. If the novice monastic has not been expelled, and he does not perceive him as such, there is no offense. Non-offenses

၄၃၂။ အနာပတ္တိ အနာသိတကောတိ ဇာနာတိ, တံ ဒိဋ္ဌိံ ပဋိနိဿဋ္ဌောတိ ဇာနာတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ကဏ္ဋကသိက္ခာပဒံ နိဋ္ဌိတံ ဒသမံ။

သပ္ပါဏကဝဂ္ဂေါ သတ္တမော။

တဿုဒ္ဒါနံ –

သဉ္စိစ္စဝဓသပ္ပါဏံ, ဥက္ကောဋံ ဒုဋ္ဌုလ္လဆာဒနံ၊

ဦနဝီသတိ သတ္ထဉ္စ, သံဝိဓာနံ အရိဋ္ဌကံ၊

ဥက္ခိတ္တံ ကဏ္ဋကဉ္စေဝ, ဒသ သိက္ခာပဒါ ဣမေတိ။

၄၃၂။ ဖျက်ဆီးမထားသော သာမဏေဟု သိအံ့၊ ထိုမိစ္ဆာအယူကို စွန့်ပြီဟု သိအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမ ကဏ္ဍကသိက္ခာပုဒ် ပြီး၏။ သတ္တမ သပ္ပါဏကဝဂ် ပြီး၏။ ထိုသပ္ပါဏကဝဂ်၏ အကျဥ်းချုပ် စေတနာရှိသည်ဖြစ်၍ တိရစ္ဆာန်သတ္တဝါကို သတ်သော သိက္ခာပုဒ်၊ သပ္ပါဏက သိက္ခာပုဒ်၊ ဥက္ကောဋနသိက္ခာပုဒ်၊ ရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းသော သိက္ခာပုဒ်၊ အသက်နှစ်ဆယ်မပြည့်မီ ရဟန်းခံသော သိက္ခာပုဒ်၊ ထေယျသတ္ထသိက္ခာပုဒ်၊ မာတုဂါမ သံဝိဓာနသိက္ခာပုဒ်၊ အရိဋ္ဌသိက္ခာပုဒ်၊ ဥက္ခိတ္တသိက္ခာပုဒ်၊ ကဏ္ဍကသိက္ခာပုဒ်၊ ဤဆယ်ပါး တို့တည်း။ ဤကား အကျဥ်းချုပ်တည်း။

There is no offense: if he knows that he has not been expelled; if he knows that he has given up that view; if he is insane; if he is the first offender. The training rule on supporting a novice monk with a bad view, the tenth, is finished. The seventh subchapter on containing living beings is finished. This is the summary: “Intentionally killing, containing living beings, Reopening, concealing what is grave; Less than twenty, and group of travelers, Arrangement, on Ariṭṭha; Ejected, and Kaṇṭaka: These ten training rules.”

၈။ သဟဓမ္မိကဝဂ္ဂေါ

၁။ သဟဓမ္မိကသိက္ခာပဒံ

၄၃၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဆန္နော အနာစာရံ အာစရတိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘မာဝုသော ဆန္န, ဧဝရူပံ အကာသိ။ နေတံ ကပ္ပတီ’’တိ။ သော ဧဝံ ဝဒေတိ – ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ ဆန္နော ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝက္ခတိ – န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဆန္န, ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝဒေသိ – ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝက္ခသိ – ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’’တိ။ နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၁-သဟဓမ္မိကသိက္ခာပုဒ် ၄၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဆန္နသည် မကျင့်ထိုက်သော အကျင့်ကို ကျင့်၏၊ ရဟန်းတို့သည် “ငါ့သျှင်ဆန္န ဤသို့သဘော ရှိသော အမှုကို မပြုပါလင့် ဤအမှုသည် မအပ်”ဟု ပြောဆိုကုန်၏။ ထိုဆန္နသည် “ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်”ဟု ပြောဆို၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် အသျှင်ဆန္နသည် ရဟန်းတို့က သိက္ခာပုဒ် တော်နှင့် လျော်ညီစွာ ဆိုဆုံးမသည်ရှိသော် ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်ဟူ၍ ဆိုဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ဆန္န သင်သည် ရဟန်းတို့က သိက္ခာပုဒ်တော်နှင့် လျော်ညီစွာ ဆုံးမသည် ရှိသော် ‘ငါ့သျှင်တို့ ကျွမ်းကျင် လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤ သိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်’ဟု ပြောဆို၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းသင်သည် အဘယ့်ကြောင့် ရဟန်းတို့က သိက္ခာပုဒ်တော်နှင့် လျော်ညီစွာ ဆိုဆုံးမသည် ရှိသော် “ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်”ဟု ပြောဆိုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Not accepting legitimate correction Origin story At one time when the Buddha was staying at Kosambī in Ghosita’s Monastery, Venerable Channa was misbehaving. The monks told him, “Don’t do that, Channa, it’s not allowable,” and he would reply, “I won’t practice this training rule until I’ve questioned a monk who is an expert on the Monastic Law.” The monks of few desires complained and criticized him, “How could Venerable Channa say this when legitimately corrected by the monks?” … “Is it true, Channa, that you said this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you say this when legitimately corrected by the monks? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၈၆

၄၃၄။ ‘‘ယော ပန ဘိက္ခု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝဒေယျ – ‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’တိ, ပါစိတ္တိယံ။ သိက္ခမာနေန, ဘိက္ခဝေ, ဘိက္ခုနာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဉှိတဗ္ဗံ။ အယံ တတ္ထ သာမီစီ’’တိ။

၁၂၀။ ၇၁-၄၃၄။ “အကြင်ရဟန်းသည် ရဟန်းတို့က တရားနှင့်လျော်ညီစွာ ပြောဆိုဆုံးမသည် ရှိသော် ‘ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်’ဟု ပြောဆိုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ရဟန်းတို့ ကျင့်လိုသော ရဟန်းသည် သိအောင် ပြုရမည်၊ အဖန်တလဲလဲ မေးမြန်းရမည်၊ အဖန်တလဲလဲ စုံစမ်းဆင်ခြင်ရမည်၊ ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်လိုရာ၌ ကျင့်ဝတ်တည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk, when legitimately corrected by the monks, says, “I won’t practice this training rule until I’ve questioned a monk who is an expert on the Monastic Law,” he commits an offense entailing confession. A monk who is training should understand, should question, should enquire. This is the proper procedure.’” Definitions

၄၃၅။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခူဟီတိ အညေဟိ ဘိက္ခူဟိ။

သဟဓမ္မိကံ နာမ ယံ ဘဂဝတာ ပညတ္တံ သိက္ခာပဒံ ဧတံ သဟဓမ္မိကံ နာမ။ တေန ဝုစ္စမာနော ဧဝံ ဝဒေတိ [ဝဒေယျ (က။)] – ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ’’တိ [ဣမာနိ ပဒါနိ သျာ။ ပေါတ္ထကေ န ဒိဿန္တိ]။ ပဏ္ဍိတံ ဗျတ္တံ [ဣမာနိ ပဒါနိ သျာ။ ပေါတ္ထကေ န ဒိဿန္တိ] မေဓာဝိံ ဗဟုဿုတံ ဓမ္မကထိကံ ပရိပုစ္ဆာမီတိ ဘဏတိ, အာပတ္တိ ပါစိတ္တိယဿ။

၁-သဟဓမ္မိကသိက္ခာပုဒ် အဖွင့် ၄၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းတို့ကဟူသည် အခြားသော ရဟန်းတို့သည်။ တရားနှင့်လျော်ညီစွာ မည်သည် မြတ်စွာဘုရားပညတ်တော်မူသော သိက္ခာပုဒ်တော်သည် တရားနှင့် လျော်သည် မည်၏။ ထိုသိက္ခာပုဒ်တော်ဖြင့် ဆိုဆုံးမသည်ရှိသော် ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်ဟူသည် ဝိနည်းသိက္ခာပုဒ်၌ ကျွမ်းကျင်ထက်မြက်သော၊ အကြားအမြင်များသော၊ တရားစကားကို ပြောဆိုတတ် သော ပညာရှိရဟန်းကို မေးဦးအံ့ဟု ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. By the monks: by other monks. Legitimately: the training rules laid down by the Buddha—this is called “legitimately”. When corrected in regard to this, he says, “I won’t practice this training rule until I’ve questioned a monk who’s an expert on the Monastic Law.” If he says, “I’ll question one who’s wise,” “I’ll question one who’s competent,” “I’ll question one who’s intelligent,” “I’ll question one who’s learned,” “I’ll question an expounder of the Teaching,” he commits an offense entailing confession. Permutations

စာ-၁၈၇

၄၃၆။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ဧဝံ ဝဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ဧဝံ ဝဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ဧဝံ ဝဒေတိ, အာပတ္တိ ပါစိတ္တိယဿ။

အပညတ္တေန ဝုစ္စမာနော – ‘‘ဣဒံ န သလ္လေခါယ န ဓုတတ္ထာယ န ပါသာဒိကတာယ န အပစယာယ န ဝီရိယာရမ္ဘာယ သံဝတ္တတီ’’တိ ဧဝံ ဝဒေတိ, ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပဏ္ဍိတံ မေဓာဝိံ ဗဟုဿုတံ ဓမ္မကထိကံ ပရိပုစ္ဆာမီ’’တိ ဘဏတိ, အာပတ္တိ ဒုက္ကဋဿ။

အနုပသမ္ပန္နေန ပညတ္တေန ဝါ အပညတ္တေန ဝါ ဝုစ္စမာနော – ‘‘ဣဒံ န သလ္လေခါယ န ဓုတတ္ထာယ န ပါသာဒိကတာယ န အပစယာယ န ဝီရိယာရမ္ဘာယ သံဝတ္တတီ’’တိ ဧဝံ ဝဒေတိ, ‘‘န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပဏ္ဍိတံ မေဓာဝိံ ဗဟုဿုတံ ဓမ္မကထိကံ ပရိပုစ္ဆာမီ’’တိ ဘဏတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

သိက္ခမာနေနာတိ သိက္ခိတုကာမေန။

အညာတဗ္ဗန္တိ ဇာနိတဗ္ဗံ။

ပရိပုစ္ဆိတဗ္ဗန္တိ ‘‘ဣဒံ, ဘန္တေ, ကထံ၊ ဣမဿ ဝါ ကွတ္ထော’’တိ?

ပရိပဉှိတဗ္ဗန္တိ စိန္တေတဗ္ဗံ တုလယိတဗ္ဗံ။

အယံ တတ္ထ သာမီစီတိ အယံ တတ္ထ အနုဓမ္မတာ။

၄၃၆။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။ ပညတ်တော်မဟုတ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမသည်ရှိသော် “ဤသိက္ခာပုဒ်သည် ကိလေသာကို မခေါင်းပါးစေနိုင်၊ ကိလေသာကို မခါတွက်စေနိုင်၊ ကြည်ညိုဖွယ်ကို မဆောင်စေနိုင်၊ ကိလေသာကို မပယ် စေနိုင်၊ လုံ့လထုတ်ခြင်းငှါ မဖြစ်နိုင်”ဟု ပြောဆို၏၊ “ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်၊ ကျွမ်းကျင် ထက်မြက်သော အကြားအမြင်များသော တရားစကားကို ပြောဆိုတတ်သော ပညာရှိရဟန်းကို မေးဦးအံ့”ဟု ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူသည် ပညတ်တော်ဟုတ်, မဟုတ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမသည်ရှိသော် “ဤသိက္ခာပုဒ်သည် ကိလေသာကို မခေါင်းပါးစေနိုင်၊ ကိလေသာကို မခါတွက်စေနိုင်၊ ကြည်ညိုဖွယ်ကို မဆောင်စေနိုင်၊ ကိလေသာကို မပယ်စေနိုင်၊ လုံ့လထုတ်ခြင်းငှါ မဖြစ်နိုင်”ဟု ပြောဆို၏၊ “ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤ သိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်၊ ဝိနည်းသိက္ခာပုဒ်၌ ကျွမ်းကျင်ထက်မြက်သော အကြားအမြင်များသော တရားစကားကို ပြောဆိုတတ်သော ပညာရှိရဟန်းကို မေးဦးအံ့”ဟု ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကျင့်လိုသောဟူသည် ကျင့်ခြင်းငှါ အလိုရှိသော သူတည်း။ သိအောင် ပြုရမည်ဟူသည် သိရမည်။ အဖန်တလဲလဲ မေးမြန်းရမည်ဟူသည် အသျှင်ဘုရား ဤသိက္ခာပုဒ်သည် အဘယ်အခြင်းအရာဖြင့် ပြီးသနည်း၊ ဤသိက္ခာပုဒ်၏ အနက်ကား အဘယ်ပါနည်းဟု မေးမြန်းရမည်။ အဖန်တလဲလဲ စုံစမ်း ဆင်ခြင်ရမည်ဟူသည် ကြံစည်ရမည် နှိုင်းချိန်ရမည်။ ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်လိုရာ၌ ကျင့်ဝတ်တည်းဟူသည် ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်တော်ကို ကျင့်လိုရာ၌ တရားနှင့်လျော်သော အကျင့်တည်း။

If the one who corrects him is fully ordained, and he perceives him as such, and he says such a thing, he commits an offense entailing confession. If the one who corrects him is fully ordained, but he is unsure of it, and he says such a thing, he commits an offense entailing confession. If the one who corrects him is fully ordained, but he does not perceive him as such, and he says such a thing, he commits an offense entailing confession. If he is corrected about something that has not been laid down: “This isn’t conducive to self-effacement,” “This isn’t conducive to ascetic practices,” “This isn’t conducive to being inspiring,” “This isn’t conducive to a reduction in things,” “This isn’t conducive to being energetic,” and he says, “I won’t practice this training rule until I’ve questioned a monk who’s competent,” “… until I’ve questioned a monk who’s an expert on the Monastic Law,” “… until I’ve questioned a monk who’s wise,” “… until I’ve questioned a monk who’s intelligent,” “… until I’ve questioned a monk who’s learned,” “… until I’ve questioned a monk who’s an expounder of the Teaching,” he commits an offense of wrong conduct. If he is corrected by one who is not fully ordained about something that has or has not been laid down: “This isn’t conducive to self-effacement,” “This isn’t conducive to ascetic practices,” “This isn’t conducive to being inspiring,” “This isn’t conducive to a reduction in things,” “This isn’t conducive to being energetic,” and he says, “I won’t practice this training rule until I’ve questioned a monk who’s competent,” “… until I’ve questioned a monk who’s an expert on the Monastic Law,” “… until I’ve questioned a monk who’s wise,” “… until I’ve questioned a monk who’s intelligent,” “… until I’ve questioned a monk who’s learned,” “… until I’ve questioned a monk who’s an expounder of the Teaching,” he commits an offense of wrong conduct. If the one who corrects him is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the one who corrects him is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the one who corrects him is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. More Definitions Who is training: who wants to train. Should understand: should find out. Should question: should ask, “Venerable, how is this? What’s the meaning of this?” Should enquire: should reflect, should weigh up. This is the proper procedure: this is the right method. Non-offenses

၄၃၇။ အနာပတ္တိ ‘‘ဇာနိဿာမိ သိက္ခိဿာမီ’’တိ ဘဏတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သဟဓမ္မိကသိက္ခာပဒံ နိဋ္ဌိတံ ပဌမံ။

၄၃၇။ “သိအံ့ ကျင့်အံ့”ဟု ပြောဆိုအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမ သဟဓမ္မိကသိက္ခာပုဒ် ပြီး၏။

There is no offense: if he says, “I’ll find out and I’ll train;” if he is insane; if he is the first offender. The training rule on not accepting legitimate correction, the first, is finished.

၂။ ဝိလေခနသိက္ခာပဒံ

၄၃၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ [ဣဒံ ဝတ္ထု စူဠဝ။ ၃၂၀] တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူနံ အနေကပရိယာယေန ဝိနယကထံ ကထေတိ, ဝိနယဿ ဝဏ္ဏံ ဘာသတိ, ဝိနယပရိယတ္တိယာ ဝဏ္ဏံ ဘာသတိ, အာဒိဿ အာဒိဿ အာယသ္မတော ဥပါလိဿ ဝဏ္ဏံ ဘာသတိ။ ဘိက္ခူနံ ဧတဒဟောသိ [ဘိက္ခူ ဘဂဝါ (သျာ။ က။)] – ‘‘ဘဂဝါ ခေါ အနေကပရိယာယေန ဝိနယကထံ ကထေတိ, ဝိနယဿ ဝဏ္ဏံ ဘာသတိ, ဝိနယပရိယတ္တိယာ ဝဏ္ဏံ ဘာသတိ, အာဒိဿ အာဒိဿ အာယသ္မတော ဥပါလိဿ ဝဏ္ဏံ ဘာသတိ။ ဟန္ဒ မယံ, အာဝုသော, အာယသ္မတော ဥပါလိဿ သန္တိကေ ဝိနယံ ပရိယာပုဏာမာ’’တိ, တေ စ ဗဟူ ဘိက္ခူ ထေရာ စ နဝါ စ မဇ္ဈိမာ စ အာယသ္မတော ဥပါလိဿ သန္တိကေ ဝိနယံ ပရိယာပုဏန္တိ။

အထ ခေါ ဆဗ္ဗဂ္ဂိယာနံ ဘိက္ခူနံ ဧတဒဟောသိ – ‘‘ဧတရဟိ ခေါ, အာဝုသော, ဗဟူ ဘိက္ခူ ထေရာ စ နဝါ စ မဇ္ဈိမာ စ အာယသ္မတော ဥပါလိဿ သန္တိကေ ဝိနယံ ပရိယာပုဏန္တိ။ သစေ ဣမေ ဝိနယေ ပကတညုနော ဘဝိဿန္တိ အမှေ ယေနိစ္ဆကံ ယဒိစ္ဆကံ ယာဝဒိစ္ဆကံ အာကဍ္ဎိဿန္တိ ပရိကဍ္ဎိဿန္တိ။ ဟန္ဒ မယံ, အာဝုသော, ဝိနယံ ဝိဝဏ္ဏေမာ’’တိ။ အထ ခေါ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခူ ဥပသင်္ကမိတွာ ဧဝံ ဝဒန္တိ – ‘‘ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ’’တိ! ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဝိနယံ ဝိဝဏ္ဏေဿန္တီတိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဝိနယံ ဝိဝဏ္ဏေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဝိနယံ ဝိဝဏ္ဏေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၂-ဝိလေခနသိက္ခာပုဒ် ၄၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား များစွာသော အကြောင်းဖြင့် ဝိနည်း နှင့်စပ်သော စကားကို ဟောတော်မူ၏။ ဝိနည်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ဝိနည်းသင်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသျှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို ပြောဆို တော်မူ၏။ ရဟန်းတို့သည် “မြတ်စွာဘုရားကား များစွာသော အကြောင်းဖြင့် ဝိနည်းနှင့်စပ်သော စကားကို ဟောတော်မူ၏၊ ဝိနည်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ဝိနည်းသင်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟော တော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသျှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို ပြောဆိုတော်မူ၏။ “ငါ့သျှင်တို့ ယခုအခါ အကျွန်ုပ်တို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းတရားတော်ကို သင်ကြ ကုန်အံ့”ဟု ပြောဆို၍ မထေရ်ကြီး မထေရ်လတ် မထေရ်ငယ်ဖြစ်ကြသော များစွာသော ရဟန်းတို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းတရားတော်ကို သင်ကုန်၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား- “ငါ့သျှင်တို့ ယခုအခါ မထေရ်ကြီး မထေရ်လတ် မထေရ်ငယ် ဖြစ်ကြသော များစွာသော ရဟန်းတို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းကို သင်ကုန်၏၊ ဤရဟန်းတို့သည် ဝိနည်း၌ လိမ္မာသည် ရှိသော် ငါတို့ကို သူတို့အလိုကျ သူတို့အလိုရှိသောအခါ သူတို့အလိုရှိတိုင်း တိုက်ရိုက် ဆွဲဆောင်ကုန်လတ္တံ့၊ သွယ်ဝိုက်၍ ဆွဲဆောင်ကုန်လတ္တံ့၊ ငါ့သျှင်တို့ ငါတို့သည် ယခုအခါ၌ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချကုန်အံ့”ဟု အကြံ ဖြစ်၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အထံသို့ ချဥ်းကပ်၍ “ငယ်ကုန် အလွန်ငယ်ကုန်သော ဤ သိက္ခာပုဒ်တို့ကို ပြဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အတိုင်းထက်အလွန် တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏”ဟု ဆိုကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချ ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်း တော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ဝိနည်းကို ကဲ့ရဲ့ရှုတ်ချကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Disparaging the training rules Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the Buddha gave many talks about the Monastic Law, spoke in praise of the Monastic Law and of learning the Monastic Law, and repeatedly praised Venerable Upāli. When the monks heard this, they thought, “Well then, let’s learn the Monastic Law from Venerable Upāli.” And many monks, both senior and junior, as well as those of middle standing, learned the Monastic Law from Upāli. The monks from the group of six considered this and thought, “If these monks become well-versed in the Monastic Law, they’ll boss us around as they like. So let’s disparage the Monastic Law.” They went to the other monks and said, “What’s the point of reciting these minor training rules, when they just lead to anxiety, oppression, and annoyance?” The monks of few desires complained and criticized them, “How can the monks from the group of six disparage the Monastic Law?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၃၉။ ‘‘ယော ပန ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ – ‘ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ’တိ, သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယ’’န္တိ။

၁၂၁။ ၇၂-၄၃၉။ “အကြင်ရဟန်းသည် ပါတိမောက် ‘ရဟန်းတို့၏ သိက္ခာပုဒ်’ ကို ပြဆိုသည်ရှိသော် ‘ငယ်ကုန် အလွန်ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ကို ပြဆိုခြင်း ကြောင့် အဘယ်အကျိုးရှိအံ့နည်း၊ အတိုင်းထက်အလွန် တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏”ဟု ပြောဆိုငြားအံ့၊ သိက္ခာ ပုဒ်တော်ကို ကဲ့ရဲ့ခြင်းကြောင့် (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘When the Monastic Code is being recited, if a monk says, “What’s the point of reciting these minor training rules, when they just lead to anxiety, oppression, and annoyance?” then in disparaging the training rules, he commits an offense entailing confession.’” Definitions

၄၄၀။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ပါတိမောက္ခေ ဥဒ္ဒိဿမာနေတိ ဥဒ္ဒိသန္တေ ဝါ ဥဒ္ဒိသာပေန္တေ ဝါ သဇ္ဈာယံ ဝါ ကရောန္တေ။

ဧဝံ ဝဒေယျာတိ – ‘‘ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီတိ။ ‘‘ယေ ဣမံ ပရိယာပုဏန္တိ တေသံ ကုက္ကုစ္စံ ဟောတိ, ဝိဟေသာ ဟောတိ, ဝိလေခါ ဟောတိ, ယေ ဣမံ န ပရိယာပုဏန္တိ တေသံ ကုက္ကုစ္စံ န ဟောတိ ဝိဟေသာ န ဟောတိ ဝိလေခါ န ဟောတိ။ အနုဒ္ဒိဋ္ဌံ ဣဒံ ဝရံ, အနုဂ္ဂဟိတံ ဣဒံ ဝရံ, အပရိယာပုဋံ ဣဒံ ဝရံ, အဓာရိတံ ဣဒံ ဝရံ, ဝိနယော ဝါ အန္တရဓာယတု, ဣမေ ဝါ ဘိက္ခူ အပကတညုနော ဟောန္တူ’’တိ ဥပသမ္ပန္နဿ ဝိနယံ ဝိဝဏ္ဏေတိ, အာပတ္တိ ပါစိတ္တိယဿ။

၂-ဝိလေခနသိက္ခာပုဒ် အဖွင့် ၄၄၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ပါတိမောက်ကို ပြဆိုသည်ရှိသော်ဟူသည် ပြသော်လည်းကောင်း၊ ပြစေသော်လည်းကောင်း၊ သရဇ္ဈာယ်သော်လည်းကောင်းတည်း။ ဟု ပြောဆိုငြားအံ့ဟူသည် ငယ်ကုန် အလွန်ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ကို ပြဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ အတိုင်းထက်အလွန် တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏ဟု (ပြောဆိုငြားအံ့)။ “ပါတိမောက်ကို သင်ကုန်သော ရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်၏၊ စိတ်နှလုံး ပင်ပန်းခြင်း ဖြစ်၏၊ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေခြင်း ဖြစ်၏၊ ပါတိမောက်ကို မသင်ကုန်သော ရဟန်းတို့အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ မဖြစ်၊ စိတ်နှလုံးပင်ပန်းခြင်း မဖြစ်၊ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေခြင်း မဖြစ်။ ဤသိက္ခာပုဒ်ကို မပြခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မယူခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မသင်ခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မဆောင်ခြင်းသည် မြတ်၏၊ ဝိနည်းတရားသည် လည်း ကွယ်ပျောက်စေသတည်း၊ ဤ ရဟန်းတို့သည် ဝိနည်း၌ မလိမ္မာစေကုန်သတည်း”ဟု ရဟန်း၏ အထံ၌ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. When the Monastic Code is being recited: when reciting it, when having it recited, or when practicing it. Says: “What’s the point of reciting these minor training rules, when they just lead to anxiety, oppression, and annoyance?” If he disparages the Monastic Law to one who is fully ordained, saying, “Those who learn this will be anxious,” “They will feel oppressed,” “They will be annoyed;” “Those who don’t learn this won’t be anxious,” “They won’t feel oppressed,” “They won’t be annoyed;” “It’s better left unrecited,” “It’s better left unlearned,” “It’s better left unstudied,” “It’s better left unmastered;” “May the Monastic Law disappear, or may these monks remain ignorant,” then he commits an offense entailing confession. Permutations

၄၄၁။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ဝိနယံ ဝိဝဏ္ဏေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ဝိနယံ ဝိဝဏ္ဏေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ဝိနယံ ဝိဝဏ္ဏေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညံ ဓမ္မံ ဝိဝဏ္ဏေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နဿ ဝိနယံ ဝါ အညံ ဝါ ဓမ္မံ ဝိဝဏ္ဏေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၄၁။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ (ဝိနည်းမှ) တစ်ပါးသော တရားကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၏ (အထံ၌) ဝိနည်းကိုလည်းကောင်း၊ အခြားသော တရားကိုလည်းကောင်း ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he disparages the Monastic Law to one who is fully ordained, and he perceives them as fully ordained, he commits an offense entailing confession. If he disparages the Monastic Law to one who is fully ordained, but he is unsure of it, he commits an offense entailing confession. If he disparages the Monastic Law to one who is fully ordained, but he does not perceive them as fully ordained, he commits an offense entailing confession. If he disparages some other rule, he commits an offense of wrong conduct. If he disparages the Monastic Law or some other rule to one who is not fully ordained, he commits an offense of wrong conduct. If it is to one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is to one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is to one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၄၄၂။ အနာပတ္တိ န ဝိဝဏ္ဏေတုကာမော, ‘‘ဣင်္ဃ တွံ သုတ္တန္တေ ဝါ ဂါထာယော ဝါ အဘိဓမ္မံ ဝါ ပရိယာပုဏဿု, ပစ္ဆာ ဝိနယံ ပရိယာပုဏိဿသီ’’တိ ဘဏတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဝိလေခနသိက္ခာပဒံ နိဋ္ဌိတံ ဒုတိယံ။

၄၄၂။ “တိုက်တွန်းပါ၏ သင်သည် သုတ္တန်တို့ကိုသော်လည်းကောင်း၊ ဂါထာတို့ကိုသော်လည်းကောင်း၊ အဘိဓမ္မ္မာကိုသော်လည်းကောင်း သင်ဦးလော့၊ နောက်မှ ဝိနည်းတရားကို သင်ရအံ့”ဟု မကဲ့ရဲ့လိုဘဲ ပြောဆိုအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယ ဝိလေခနသိက္ခာပုဒ် ပြီး၏။

There is no offense: if, not desiring to disparage, he says, “Listen, learn discourses or verses or philosophy, and later you can learn the Monastic Law;” if he is insane; if he is the first offender. The training rule on disparaging the training rules, the second, is finished.

၃။ မောဟနသိက္ခာပဒံ

၄၄၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အနာစာရံ အာစရိတွာ ‘‘အညာဏကေန အာပန္နာတိ ဇာနန္တူ’’တိ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒန္တိ – ‘‘ဣဒါနေဝ ခေါ မယံ ဇာနာမ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝက္ခန္တိ – ဣဒါနေဝ ခေါ မယံ ဇာနာမ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေထ – ‘‘ဣဒါနေဝ ခေါ မယံ ဇာနာမ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝက္ခထ – ‘‘ဣဒါနေဝ ခေါ မယံ ဇာနာမ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၃-မောဟနသိက္ခာပုဒ် ၄၄၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကျင့်ထိုက်သော အကျင့်ကို ကျင့်ပြီးလျှင် “မသိခြင်းကြောင့် အာပတ် သင့်ကုန်၏”ဟု သိစေလို၍ ပါတိမောက်ပြသည်ရှိသော် “ငါတို့ သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံး ဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်းသို့ ရောက်သတတ်”ဟု ဆိုကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပါတိမောက်ကို ပြသည် ရှိသော် ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်းသို့ ရောက်သတတ်ဟူ၍ ဆိုကြ ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ပါတိမောက်ကို ပြသည်ရှိသော် ‘ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်းသို့ ရောက်သတတ်’ဟူ၍ ဆိုကြကုန်၏ဟူသည် မှန်သလော”ဟု စိစစ်မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ အဘယ့်ကြောင့် သင်တို့သည် ပါတိမောက်ကို ပြသည်ရှိသော် ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်းသို့ ရောက်သတတ်ဟူ၍ ဆိုကုန်ဘိသနည်း”။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Deception Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were misbehaving. They said to each other, “Let’s make the other monks think that we committed these offenses because we didn’t know the rules.” Then, during the recitation of the Monastic Code, they said, “Just now did we find out that this rule too is included in the Monastic Code and comes up for recitation every half-month.” The monks of few desires complained and criticized them, “How could the monks from the group of six say this during the recitation of the Monastic Code?” … “Is it true, monks, that you said this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you say this during the recitation of the Monastic Code? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၉၀

၄၄၄။ ‘‘ယော ပန ဘိက္ခု အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ – ‘ဣဒါနေဝ ခေါ အဟံ ဇာနာမိ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’တိ။ တဉ္စေ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ, ကော ပန ဝါဒေါ ဘိယျော [ဘိယျောတိ (သျာ။)], န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ, ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော, ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော – ‘တဿ တေ, အာဝုသော, အလာဘာ, တဿ တေ ဒုလ္လဒ္ဓံ, ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ န သာဓုကံ အဋ္ဌိံ ကတွာ [အဋ္ဌိကတွာ (သျာ။ က။)] မနသိ ကရောသီ’တိ။ ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယ’’န္တိ။

၁၂၂။ ၇၃-၄၄၄။ “အကြင်ရဟန်းသည် လခွဲတိုင်း လခွဲတိုင်း ပါတိမောက် ပြသည်ရှိသော် ‘ငါသည် ယခုမှသာလျှင် သိ၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်း သို့ ရောက်သတတ်’ဟု ဆိုငြားအံ့၊ ဤရဟန်းသည် နှစ်ကြိမ် သုံးကြိမ် ပါတိမောက် ပြရာ၌ နေဖူး၏ဟူ၍ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့က သိငြားအံ့၊ ထို့ထက်အလွန် နေဖူးသည်ကိုကား ဆိုဖွယ်ရာမရှိ၊ ထိုရဟန်းအား မသိယောင်ဆောင် သဖြင့် အာပတ်မှ မလွတ်နိုင်၊ ထိုမသိယောင်ဆောင်ခြင်းကြောင့် သင့်သော အာပတ် ကိုလည်း တရားအားလျော်စွာ ဆုံးဖြတ်ရမည်၊ ထို့ထက် အလွန်လည်း ထိုရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ (ဉတ္တိဒုတိယကံဖြင့်) တင်ရမည်၊ ‘ငါ့သျှင် အကြင် သင်သည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊ ထိုသင့်အား ရဟန်း၏အဖြစ်ကို အရမတော်၊ ထိုသင်သည် ရဟန်းဘဝကို မကောင်းသဖြင့် ရအပ်၏’ဟု (ကဲ့ရဲ့၍ မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရမည်)၊ မိုက်မဲတွေဝေသော အဖြစ်သို့ တင်ပြီးသည် ရှိသော် ထိုမသိယောင်ဆောင်သော ရဟန်း၌ ဤပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။

‘During the half-monthly recitation of the Monastic Code, a monk might say, “Just now did I find out that this rule too has come down in the Monastic Code, is included in the Monastic Code, and comes up for recitation every half-month.” If other monks know that that monk has previously sat through at least two or three recitations of the Monastic Code, then that monk is not let off because of ignorance, and he is to be dealt with according to the rule. Further, he should be charged with deception: “It’s a loss for you that you don’t pay proper attention during the recitation of the Monastic Code.” And for the act of deception, he commits an offense entailing confession.’” Definitions

၄၄၅။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

အနွဒ္ဓမာသန္တိ အနုပေါသထိကံ။

ပါတိမောက္ခေ ဥဒ္ဒိဿမာနေတိ ဥဒ္ဒိသန္တေ။

ဧဝံ ဝဒေယျာတိ အနာစာရံ အာစရိတွာ – ‘‘အညာဏကေန အာပန္နောတိ ဇာနန္တူ’’တိ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေတိ – ‘‘ဣဒါနေဝ ခေါ အဟံ ဇာနာမိ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ, အာပတ္တိ ဒုက္ကဋဿ။

တဉ္စေ မောဟေတုကာမံ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ, ကော ပန ဝါဒေါ ဘိယျော, န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ, ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော, တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော, ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော။ ဧဝဉ္စ ပန, ဘိက္ခဝေ, အာရောပေတဗ္ဗော။ ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော –

၃-မောဟနသိက္ခာပုဒ် အဖွင့် ၄၄၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ လခွဲတိုင်း လခွဲတိုင်းဟူသည် (လပြည့် လကွယ်) ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း။ ပါတိမောက်ကို ပြသည်ရှိသော်ဟူသည် ပြနေစဥ်။ ဟု ဆိုငြားအံ့ဟူသည် မကျင့်ထိုက်သော အကျင့်ကို ကျင့်ပြီးလျှင် “မသိခြင်းကြောင့် အာပတ် သင့်၏”ဟု သိစေလို၍ ပါတိမောက်ပြရာ၌ “ငါသည် ယခုမှသာလျှင် သိ၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဥ်းပြခြင်းသို့ ရောက်သတတ်”ဟု ဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဤရဟန်းကား နှစ်ကြိမ် သုံးကြိမ် ပါတိမောက်ပြရာ၌ နေဖူး၏ဟု ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့က သိငြားအံ့၊ ထို့ထက်အလွန် နေဖူးရာ၌ကား ဆိုဖွယ်ရာမရှိ၊ ထိုရဟန်းအား မသိယောင် ဆောင်ခြင်းဖြင့် အာပတ်မှ မလွတ်နိုင်၊ ထိုမသိယောင်ဆောင်ခြင်းကြောင့် သင့်သော အာပတ်ကိုလည်း တရားအားလျော်စွာ ဆုံးဖြတ်ရမည်၊ ထို့ထက်အလွန်လည်း ထိုရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရမည်၊ ရဟန်းတို့ ဤသို့လျှင် (မိုက်မဲတွေဝေသော အဖြစ်သို့) တင်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Half-monthly: on every observance day. During the recitation of the Monastic Code: during the reciting. Might say: after misbehaving, he thinks, “Let them think that I committed these offenses because I didn’t know the rules.” If, during the recitation of the Monastic Code, he then says, “Just now did I find out that this rule too has come down in the Monastic Code, is included in the Monastic Code, and comes up for recitation every half-month,” then he commits an offense of wrong conduct. If other monks know that the monk who wants to deceive has previously sat through at least two or three recitations of the Monastic Code, then that monk is not let off because of ignorance, and he is to be dealt with according to the rule. Further, he should be charged with deception. “And, monks, he is to be charged like this. A competent and capable monk should inform the Sangha:

၄၄၆။ ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ အယံ ဣတ္ထန္နာမော ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ န သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောတိ။ ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော ဣတ္ထန္နာမဿ ဘိက္ခုနော မောဟံ အာရောပေယျ။ ဧသာ ဉတ္တိ။

‘‘သုဏာတု မေ, ဘန္တေ, သံဃော။ အယံ ဣတ္ထန္နာမော ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ န သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောတိ။ သံဃော ဣတ္ထန္နာမဿ ဘိက္ခုနော မောဟံ အာရောပေတိ။ ယဿာယသ္မတော ခမတိ ဣတ္ထန္နာမဿ ဘိက္ခုနော မောဟဿ အာရောပနာ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။

‘‘အာရောပိတော သံဃေန ဣတ္ထန္နာမဿ ဘိက္ခုနော မောဟော။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီ’’တိ။

အနာရောပိတေ မောဟေ မောဟေတိ, အာပတ္တိ ဒုက္ကဋဿ။ အာရောပိတေ မောဟေ မောဟေတိ, အာပတ္တိ ပါစိတ္တိယဿ။

၄၄၆။ “အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ရဟန်းသည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရာ၏၊ ဤကား သိစေခြင်းတည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော ရဟန်းသည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊ သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်၏၊ ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်”ဟု (သိစေရမည်)။ မိုက်မဲတွေဝေခြင်းသို့ မတင်မီ မိုက်ယောင်မူအံ့ ‘မသိယောင်ဆောင်အံ့’၊ ဒုက္ကဋ်အာပတ် သင့်၏။ မိုက်မဲတွေဝေခြင်းသို့ တင်ပြီးမှ မိုက်ယောင်မူအံ့ ‘မသိယောင်ဆောင်အံ့’၊ ပါစိတ်အာပတ် သင့်၏။

‘Please, venerables, I ask the Sangha to listen. Monk so-and-so did not pay proper attention during the recitation of the Monastic Code. If the Sangha is ready, it should charge monk so-and-so with deception. This is the motion. Please, venerables, I ask the Sangha to listen. Monk so-and-so did not pay proper attention during the recitation of the Monastic Code. The Sangha charges monk so-and-so with deception. Any monk who approves of charging monk so-and-so with deception should remain silent. Any monk who doesn’t approve should speak up. The Sangha has charged monk so-and-so with deception. The Sangha approves and is therefore silent. I will remember it thus.’” If he deceives, but he has not been charged with deception, he commits an offense of wrong conduct. If he deceives, and he has been charged with deception, he commits an offense entailing confession. Permutations

၄၄၇။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ အဓမ္မကမ္မသညီ မောဟေတိ, အာပတ္တိ ပါစိတ္တိယဿ။

အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၄၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

If it is a legitimate legal procedure, and he perceives it as legitimate, and he deceives, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he deceives, he commits an offense entailing confession. If it is a legitimate legal procedure, but he perceives it as illegitimate, and he deceives, he commits an offense entailing confession. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, he commits an offense of wrong conduct. Non-offenses

၄၄၈။ အနာပတ္တိ န ဝိတ္ထာရေန သုတံ ဟောတိ, ဦနကဒွတ္တိက္ခတ္တုံ ဝိတ္ထာရေန သုတံ ဟောတိ, န မောဟေတုကာမဿ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

မောဟနသိက္ခာပဒံ နိဋ္ဌိတံ တတိယံ။

၄၄၈။ အကျယ်အားဖြင့် မကြားနာဖူးမူ အာပတ် မသင့်၊ နှစ်ကြိမ် သုံးကြိမ်အောက် ယုတ်လျော့၍ အကျယ်အားဖြင့် ကြားနာဖူးမူ အာပတ် မသင့်။ မိုက်ယောင်မူခြင်းကို အလိုမရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယ မောဟနသိက္ခာပုဒ် ပြီး၏။

There is no offense: if he has not heard it in full; if he has heard it fewer than two or three times in full; if he does not want to deceive; if he is insane; if he is the first offender. The training rule on deception, the third, is finished.

စာ-၁၉၂

၄။ ပဟာရသိက္ခာပဒံ

၄၄၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ ပဟာရံ ဒေန္တိ။ တေ ရောဒန္တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကိဿ တုမှေ, အာဝုသော, ရောဒထာ’’တိ? ‘‘ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ အမှာကံ ပဟာရံ ဒေန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ ဘိက္ခူနံ ပဟာရံ ဒဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ကုပိတာ အနတ္တမနာ ဘိက္ခူနံ ပဟာရံ ဒေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ကုပိတာ အနတ္တမနာ ဘိက္ခူနံ ပဟာရံ ဒဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၄-ပဟာရသိက္ခာပုဒ် ၄၄၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံး မသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား ပုတ်ခတ်ကုန်၏၊ ထိုရဟန်းတို့သည် ငိုကြွေးကုန်၏။ ရဟန်းတို့သည် “ငါ့သျှင်တို့ အဘယ့်ကြောင့် သင်တို့သည် ငိုကြွေးကြကုန်ဘိသနည်း”ဟု မေးကုန်၏။ ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ငါတို့အား ပုတ်ခတ်ကုန်၏ဟု (ပြောဆိုကုန်၏)။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့အား ပုတ်ခတ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့အား ပုတ်ခတ်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ရဟန်းတို့ အား ပုတ်ခတ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Hitting in anger Origin story At one time the when Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six hit the monks from the group of seventeen in anger. They cried. Other monks asked them why, and they told them what had happened. The monks of few desires complained and criticized them, “How could the monks from the group of six hit other monks in anger?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၅၀။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ, ပါစိတ္တိယ’’န္တိ။

၁၂၃။ ၇၄-၄၅၀။ “အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည် ဖြစ်၍ နှလုံး မသာသည် ဖြစ်၍ ပုတ်ခတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk hits a monk in anger, he commits an offense entailing confession.’” Definitions

၄၅၁။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

ကုပိတော အနတ္တမနောတိ အနဘိရဒ္ဓေါ အာဟတစိတ္တော ခိလဇာတော။

ပဟာရံ ဒဒေယျာတိ ကာယေန ဝါ ကာယပဋိဗဒ္ဓေန ဝါ နိဿဂ္ဂိယေန ဝါ အန္တမသော ဥပ္ပလပတ္တေနပိ ပဟာရံ ဒေတိ, အာပတ္တိ ပါစိတ္တိယဿ။

၄-ပဟာရသိက္ခာပုဒ် အဖွင့် ၄၅၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းအားဟူသည် အခြားသော ရဟန်းအား။ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ဟူသည် မမွေ့လျော်သည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည် ဖြစ်၍ ငြောင့်ကဲ့သို့ ဖြစ်သော စိတ်ရှိသည်ဖြစ်၍။ ပုတ်ခတ်ငြားအံ့ဟူသည် ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်သော်လည်း ကောင်း၊ လွှတ်အပ်သော ဝတ္ထုဖြင့်သော်လည်းကောင်း အယုတ်သဖြင့် ကြာရွက်ဖြင့်လည်း ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk: another monk. In anger: discontent, having hatred, hostile. Hits: if he hits with his body, with anything connected to his body, or with anything released, even if just with a water-lily leaf, he commits an offense entailing confession. Permutations

၄၅၂။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ကုပိတော အနတ္တမနော ပဟာရံ ဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ကုပိတော အနတ္တမနော ပဟာရံ ဒေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ကုပိတော အနတ္တမနော ပဟာရံ ဒေတိ, အာပတ္တိ ပါစိတ္တိယဿ။

အနုပသမ္ပန္နဿ ကုပိတော အနတ္တမနော ပဟာရံ ဒေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၅၂။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာ သည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အမျက် ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူအား အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ် ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If it is one who is fully ordained, and he perceives him as such, and he hits him in anger, he commits an offense entailing confession. If it is one who is fully ordained, but he is unsure of it, and he hits him in anger, he commits an offense entailing confession. If it is one who is fully ordained, but he does not perceive him as such, and he hits him in anger, he commits an offense entailing confession. If he hits one who is not fully ordained in anger, he commits an offense of wrong conduct. If it is one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

စာ-၁၉၃

၄၅၃။ အနာပတ္တိ ကေနစိ ဝိဟေဌီယမာနော မောက္ခာဓိပ္ပါယော ပဟာရံ ဒေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဟာရသိက္ခာပဒံ နိဋ္ဌိတံ စတုတ္ထံ။

၄၅၃။ တစ်စုံတစ်ယောက်သော သူက ညှဥ်းဆဲသောကြောင့် လွတ်စေလိုသော သဘောရှိသည်ဖြစ်၍ ပုတ်ခတ်ငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထ ပဟာရသိက္ခာပုဒ် ပြီး၏။

There is no offense: if he hits in self-defense; if he is insane; if he is the first offender. The training rule on hitting in anger, the fourth, is finished.

၅။ တလသတ္တိကသိက္ခာပဒံ

၄၅၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ တလသတ္တိကံ ဥဂ္ဂိရန္တိ။ တေ ပဟာရသမုစ္စိတာ ရောဒန္တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကိဿ တုမှေ, အာဝုသော, ရောဒထာ’’တိ? ‘‘ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ အမှာကံ တလသတ္တိကံ ဥဂ္ဂိရန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကုပိတာ အနတ္တမနာ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ တလသတ္တိကံ ဥဂ္ဂိရိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ကုပိတာ အနတ္တမနာ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ တလသတ္တိကံ ဥဂ္ဂိရထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ကုပိတာ အနတ္တမနာ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ တလသတ္တိကံ ဥဂ္ဂိရိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၅-တလသတ္တိက သိက္ခာပုဒ် ၄၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံး မသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏။ ထိုရဟန်းတို့သည် ပုတ်ခတ်ခြင်း ခံရဖန်များသောကြောင့် ငိုကြွေးကုန်၏။ ရဟန်းတို့သည် “ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်သနည်း”ဟု မေးကုန်၏။ ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ငါတို့အား လက်ဝါး ဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏ဟု (ပြောဆိုကုန်၏)။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ရဟန်းတို့ သင်တို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီ ရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Raising a hand in anger Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six raised their hands in anger against the monks from the group of seventeen. Expecting to be hit, they cried. Other monks asked them why, and they told them what had happened. The monks of few desires complained and criticized them, “How could the monks from the group of six do this?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၅၅။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရေယျ, ပါစိတ္တိယ’’န္တိ။

၁၂၄။ ၇၅-၄၅၅။ “အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည် ဖြစ်၍ နှလုံး မသာသည် ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk raises a hand in anger against a monk, he commits an offense entailing confession.’” Definitions

၄၅၆။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

ကုပိတော အနတ္တမနောတိ အနဘိရဒ္ဓေါ အာဟတစိတ္တော ခိလဇာတော။

တလသတ္တိကံ ဥဂ္ဂိရေယျာတိ ကာယံ ဝါ ကာယပဋိဗဒ္ဓံ ဝါ အန္တမသော ဥပ္ပလပတ္တမ္ပိ ဥစ္စာရေတိ, အာပတ္တိ ပါစိတ္တိယဿ။

၅-တလသတ္တိကသိက္ခာပုဒ် အဖွင့် ၄၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းအားဟူသည် အခြားသော ရဟန်းအား။ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ဟူသည် မမွေ့လျော်သည်ဖြစ်၍ ထိခိုက်သော စိတ်ရှိ့သည်ဖြစ်၍ ငြောင့်ကဲ့သို့ ဖြစ်သော စိတ်ရှိသည်ဖြစ်၍။ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့ဟူသည် ကိုယ်ကိုသော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုကိုသော်လည်းကောင်း အယုတ်အားဖြင့် ကြာရွက်ကိုသော်လည်း မြှောက်အံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Against a monk: against another monk. In anger: discontent, having hatred, hostile. Raises a hand: if he raises any part of his body or anything connected to his body, even if just a water-lily leaf, he commits an offense entailing confession. Permutations

၄၅၇။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရတိ, အာပတ္တိ ပါစိတ္တိယဿ။

အနုပသမ္ပန္နဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၅၇။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူအား အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။

If it is one who is fully ordained, and he perceives him as such, and he raises a hand against him in anger, he commits an offense entailing confession. If it is one who is fully ordained, but he is unsure of it, and he raises a hand against him in anger, he commits an offense entailing confession. If it is one who is fully ordained, but he does not perceive him as such, and he raises a hand against him in anger, he commits an offense entailing confession. If he raises a hand in anger against one who is not fully ordained, he commits an offense of wrong conduct. If it is one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၄၅၈။ အနာပတ္တိ ကေနစိ ဝိဟေဌီယမာနော မောက္ခာဓိပ္ပါယော တလသတ္တိကံ ဥဂ္ဂိရတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

တလသတ္တိကသိက္ခာပဒံ နိဋ္ဌိတံ ပဉ္စမံ။

၄၅၈။ တစ်စုံတစ်ယောက်သော သူသည် ညှဥ်းဆဲသောကြောင့် လွတ်စေလိုသော သဘောရှိသည် ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမ တလသတ္တိကသိက္ခာပုဒ် ပြီး၏။

There is no offense: if he raises his hand in self-defense; if he is insane; if he is the first offender. The training rule on raising a hand in anger, the fifth, is finished.

၆။ အမူလကသိက္ခာပဒံ

၄၅၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၆-အမူလကသိက္ခာပုဒ် ၄၅၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် (အခြားသော) ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်း မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Making a groundless accusation Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six groundlessly charged a monk with an offense entailing suspension. The monks of few desires complained and criticized them, “How could the monks from the group of six do this?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၆၀။ ‘‘ယော ပန ဘိက္ခု ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ, ပါစိတ္တိယ’’န္တိ။

၁၂၅။ ၇၆-၄၆၀။ “အကြင်ရဟန်းသည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲငြားအံ့ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk groundlessly charges a monk with an offense entailing suspension, he commits an offense entailing confession.’” Definitions

စာ-၁၉၅

၄၆၁။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုန္တိ အညံ ဘိက္ခုံ။

အမူလကံ နာမ အဒိဋ္ဌံ အဿုတံ အပရိသင်္ကိတံ။

သံဃာဒိသေသေနာတိ တေရသန္နံ အညတရေန။

အနုဒ္ဓံသေယျာတိ စောဒေတိ ဝါ စောဒါပေတိ ဝါ, အာပတ္တိ ပါစိတ္တိယဿ။

၆-အမူလကသိက္ခာပုဒ် အဖွင့် ၄၆၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းကိုဟူသည် အခြားသော ရဟန်းကို။ အကြောင်းရင်းမရှိဘဲ မည်သည် မြင်လည်း မမြင်၊ ကြားလည်း မကြား၊ ရွံရှာလည်း မရွံရှာ။ သံဃာဒိသိသ်အာပတ်ဖြင့်ဟူသည် သံဃာဒိသိသ်အာပတ် တစ်ဆယ့်သုံးပါးတို့တွင် တစ်ပါးပါးသော အာပတ်ဖြင့်။ စွပ်စွဲငြားအံ့ဟူသည် စောဒနာမူလည်း စောဒနာအံ့ စောဒနာစေမူလည်း စောဒနာစေအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk: another monk. Groundless: not seen, not heard, not suspected. An offense entailing suspension: one of the thirteen. Charges: if he accuses him or has him accused, he commits an offense entailing confession. Permutations

၄၆၂။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေတိ, အာပတ္တိ ပါစိတ္တိယဿ။

အာစာရဝိပတ္တိယာ ဝါ ဒိဋ္ဌိဝိပတ္တိယာ ဝါ အနုဒ္ဓံသေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နံ အနုဒ္ဓံသေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၆၂။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ် အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အကြောင်း ရင်း မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။ အကျင့်၏ ပျက်စီးခြင်းဖြင့်လည်းကောင်း၊ အယူ၏ ပျက်စီးခြင်းဖြင့်လည်းကောင်း စွပ်စွဲအံ့၊ ဒုက္က္ကဋ် အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူကို စွပ်စွဲအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။

If it is one who is fully ordained, and he perceives him as such, and he groundlessly charges him with an offense entailing suspension, he commits an offense entailing confession. If it is one who is fully ordained, but he is unsure of it, and he groundlessly charges him with an offense entailing suspension, he commits an offense entailing confession. If it is one who is fully ordained, but he does not perceive him as such, and he groundlessly charges him with an offense entailing suspension, he commits an offense entailing confession. If he charges someone with failure in conduct or failure in view, he commits an offense of wrong conduct. If he charges one who is not fully ordained, he commits an offense of wrong conduct. If it is one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၄၆၃။ အနာပတ္တိ တထာသညီ စောဒေတိ, ဝါ စောဒါပေတိ ဝါ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အမူလကသိက္ခာပဒံ နိဋ္ဌိတံ ဆဋ္ဌံ။

၄၆၃။ ထိုသို့ သံဃာဒိသိသ်အာပတ် သင့်၏ဟု အမှတ်ရှိသည်ဖြစ်၍ စောဒနာမူလည်း စောဒနာအံ့၊ စောဒနာစေမူလည်း စောဒနာစေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌ အမူလကသိက္ခာပုဒ် ပြီး၏။

There is no offense: if he accuses someone, or has someone accused, according to what he has perceived; if he is insane; if he is the first offender. The training rule on making a groundless accusation, the sixth, is finished.

၇။ သဉ္စိစ္စသိက္ခာပဒံ

၄၆၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သတ္တရသဝဂ္ဂိယာနံ ဘိက္ခူနံ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟန္တိ – ‘‘ဘဂဝတာ, အာဝုသော, သိက္ခာပဒံ ပညတ္တံ – ‘န ဦနဝီသတိဝဿော ပုဂ္ဂလော ဥပသမ္ပာဒေတဗ္ဗော’တိ။ တုမှေ စ ဦနဝီသတိဝဿာ ဥပသမ္ပန္နာ။ ကစ္စိ နော တုမှေ အနုပသမ္ပန္နာ’’တိ? တေ ရောဒန္တိ။ ဘိက္ခူ ဧဝမာဟံသု – ‘‘ကိဿ တုမှေ, အာဝုသော, ရောဒထာ’’တိ? ‘‘ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အမှာကံ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခူနံ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခူနံ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခူနံ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟိဿထ! နေတံ, မောဃပုရိသာ အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၇-သဥ္စိစ္စသိက္ခာပုဒ် ၄၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့အား - “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ‘အသက်နှစ်ဆယ်မပြည့်သော သူကို ပဥွင်းမခံရ’ဟု သိက္ခာပုဒ်ကို ပညတ်ထားတော်မူ၏၊ သင်တို့သည်လည်း အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံကုန်၏၊ သင်တို့သည် သာမဏေတို့လော”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေကုန်၏။ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကြွေးကုန်၏။ ရဟန်းတို့သည် “ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်ဘိသနည်”ဟု မေးကုန်၏ ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် ငါတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေကုန်၏ဟု (ပြောဆိုကုန်၏)။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အား စေတနာ ရှိသည် ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေကုန်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ရဟန်းတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းတို့အား စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Intentionally making a monk anxious Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six intentionally made the monks from the group of seventeen anxious. They said, “The Buddha has laid down a rule that a person who is less than twenty years old shouldn’t be given the full ordination. And you were less than twenty when you got the full ordination. Could it be that you’re not fully ordained?” They cried. Other monks asked them why, and they said, “The monks from the group of six intentionally make us anxious.” The monks of few desires complained and criticized them, “How can the monks from the group of six do this?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၁၉၆

၄၆၅။ ‘‘ယော ပန ဘိက္ခု ဘိက္ခုဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ [ဥပ္ပါဒေယျ (ဣတိပိ)] – ‘ဣတိဿ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယ’’န္တိ။

၁၂၆။ ၇၇-၄၆၅။ “အကြင်ရဟန်းသည် ရဟန်းအား ‘ဤသို့ ပြောဆိုလျှင် တစ်ခဏမျှလည်း မချမ်းသာခြင်းဖြစ်လတ္တံ့’ဟု ထိုမချမ်းသာခြင်းတည်းဟူသော အကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်းတစ်ပါးမရှိဘဲ စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk intentionally makes a monk anxious, thinking, “In this way he will be ill at ease at least for a moment,” and he does so only for this reason and no other, he commits an offense entailing confession.’” Definitions

၄၆၆။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခုဿာတိ အညဿ ဘိက္ခုဿ။

သဉ္စိစ္စာတိ ဇာနန္တော သဉ္ဇာနန္တော စေစ္စ အဘိဝိတရိတွာ ဝီတိက္ကမော။

ကုက္ကုစ္စံ ဥပဒဟေယျာတိ ‘‘ဦနဝီသတိဝဿော မညေ တွံ ဥပသမ္ပန္နော, ဝိကာလေ မညေ တယာ ဘုတ္တံ, မဇ္ဇံ မညေ တယာ ပီတံ, မာတုဂါမေန သဒ္ဓိံ ရဟော မညေ တယာ နိသိန္န’’န္တိ ကုက္ကုစ္စံ ဥပဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။

ဧတဒေဝ ပစ္စယံ ကရိတွာ, အနညန္တိ န အညော ကောစိ ပစ္စယော ဟောတိ ကုက္ကုစ္စံ ဥပဒဟိတုံ။

၇-သဥ္စိစ္စသိက္ခာပုဒ် အဖွင့် ၄၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းအားဟူသည် အခြားသော ရဟန်းအား။ စေတနာရှိသည်ဖြစ်၍ဟူသည် သိလျက် အသေအချာသိလျက် စေ့ဆော်လျက် လွှမ်းမိုး၍ လွန်ကျုး ခြင်းတည်း။ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေငြားအံ့ဟူသည် “သင်သည် အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံလေယောင်တကား၊ သင်သည် နေလွဲသောအခါ၌ စားလေယောင်တကား၊ သင်သည် သေအရက်ကို သောက်လေယောင်တကား၊ သင်သည် မိန်းမနှင့်အတူ ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေယောင် တကား”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ထိုမချမ်းသာခြင်းတည်းဟူသော အကြောင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်း တစ်ပါး မရှိဘဲဟူသည် တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်စေခြင်းငှါ တစ်စုံတစ်ခုသော အခြား အကြောင်းသည် မရှိ။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A monk: another monk. Intentionally: knowing, perceiving, having intended, having decided, he transgresses. Makes anxious: if he makes him anxious, saying, “It would seem that you were less than twenty years old when you were given the full ordination,” “It would seem that you have eaten at the wrong time,” “It would seem that you have drunk alcohol,” “It would seem that you have been sitting in private with a woman,” he commits an offense entailing confession. He does so only for this reason and no other: there is no other reason for making him anxious. Permutations

၄၆၇။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟတိ, အာပတ္တိ ပါစိတ္တိယဿ။

အနုပသမ္ပန္နဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၆၇။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူအား စေတနာရှိသည်ဖြစ်၍ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ် ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။

If it is one who is fully ordained, and he perceives him as such, and he intentionally makes him anxious, he commits an offense entailing confession. If it is one who is fully ordained, but he is unsure of it, and he intentionally makes him anxious, he commits an offense entailing confession. If it is one who is fully ordained, but he does not perceive him as such, and he intentionally makes him anxious, he commits an offense entailing confession. If he intentionally makes one who is not fully ordained anxious, he commits an offense of wrong conduct. If it is one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

စာ-၁၉၇

၄၆၈။ အနာပတ္တိ န ကုက္ကုစ္စံ ဥပဒဟိတုကာမော ‘‘ဦနဝီသတိဝဿော မညေ တွံ ဥပသမ္ပန္နော, ဝိကာလေ မညေ တယာ ဘုတ္တံ, မဇ္ဇံ မညေ တယာ ပီတံ, မာတုဂါမေန သဒ္ဓိံ ရဟော မညေ တယာ နိသိန္နံ, ဣင်္ဃ ဇာနာဟိ, မာ တေ ပစ္ဆာ ကုက္ကုစ္စံ အဟောသီ’’တိ ဘဏတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သဉ္စိစ္စသိက္ခာပဒံ နိဋ္ဌိတံ သတ္တမံ။

၄၆၈။ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ကို ဖြစ်စေခြင်းငှါ အလိုမရှိမူ၍ “သင်သည် အသက်နှစ်ဆယ် မပြည့်ဘဲ ပဉ္စင်းခံလေယောင်တကား၊ သင်သည် နေလွဲသောအခါ၌ စားလေယောင်တကား၊ သင်သည် သေအရက်ကို သောက်လေယောင်တကား၊ သင်သည် မိန်းမနှင့်အတူ ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေယောင် တကား၊ တိုက်တွန်း၏ သိလော့၊ သင့်အား နောက်မှ တွေးတောမှု ‘သံသယကုက္ကုစ္စ’ သည် မဖြစ်ပါ စေလင့်”ဟု ပြောဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။ သတ္တမ သဉ္စိစ္စသိက္ခာပုဒ် ပြီး၏။

There is no offense: if, not wanting to make him anxious, he says, “It would seem that you were less than twenty years old when you were given the full ordination,” “It would seem that you have eaten at the wrong time,” “It would seem that you have drunk alcohol,” “It would seem that you have been sitting in private with a woman,” and then, “Find out about it, so that you don’t get anxious later;” if he is insane; if he is the first offender. The training rule on intentionally making a monk anxious, the seventh, is finished.

၈။ ဥပဿုတိသိက္ခာပဒံ

၄၆၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပေသလေဟိ ဘိက္ခူဟိ သဒ္ဓိံ ဘဏ္ဍန္တိ။ ပေသလာ ဘိက္ခူ ဧဝံ ဝဒန္တိ – ‘‘အလဇ္ဇိနော ဣမေ, အာဝုသော, ဆဗ္ဗဂ္ဂိယာ ဘိက္ခူ။ န သက္ကာ ဣမေဟိ သဟ ဘဏ္ဍိတု’’န္တိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဧဝံ ဝဒန္တိ – ‘‘ကိဿ တုမှေ, အာဝုသော, အမှေ အလဇ္ဇိဝါဒေန ပါပေထာ’’တိ? ‘‘ကဟံ ပန တုမှေ, အာဝုသော, အဿုတ္ထာ’’တိ? ‘‘မယံ အာယသ္မန္တာနံ ဥပဿုတိံ [ဥပဿုတိ (?)] တိဋ္ဌမှာ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ [ဥပဿုတိ (?)] တိဋ္ဌိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ [ဥပဿုတိ (?)] တိဋ္ဌထာတိ? ‘‘သစ္စ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ [ဥပဿုတိ (?)] တိဋ္ဌိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၈-ဥပဿုတိသိက္ခာပုဒ် ၄၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ခိုက်ရန်ဖြစ်ကုန်၏။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် “ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အရှက်မရှိကုန်၊ ဤရဟန်းတို့နှင့် အတူ ခိုက်ရန်ဖြစ်ခြင်းငှါ မသင့်”ဟု ပြောဆိုကုန်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငါတို့ကို အရှက်မရှိ”ဟု ဆိုကုန်ဘိသနည်းဟူ၍ ပြောဆိုကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် အဘယ်သို့သော အခြင်းအရာဖြင့် ကြားကုန်သနည်းဟု (ဆိုသည်ရှိသော်) ငါတို့သည် အသျှင်တို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ဟု (ပြောဆိုကုန်၏)။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Eavesdropping Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were arguing with the good monks. The good monks said, “These monks from the group of six are shameless; it’s not possible to argue with them.” And the monks from the group of six said, “Why are you slandering us by calling us shameless?” “How did you know?” “We were eavesdropping on you.” The monks of few desires complained and criticized them, “How could the monks from the group of six eavesdrop on monks they are arguing and disputing with?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၇၀။ ‘‘ယော ပန ဘိက္ခု ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ တိဋ္ဌေယျ – ‘ယံ ဣမေ ဘဏိဿန္တိ တံ သောဿာမီ’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယ’’န္တိ။

၁၂၇။ ၇၈-၄၇၀။ “အကြင်ရဟန်းသည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ ‘ဤရဟန်းတို့ ပြောဆိုလတ္တံ့သော စကားကို နားထောင်အံ့’ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ရပ်တည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk eavesdrops on monks who are arguing and disputing, thinking, “I’ll hear what they say,” and he does so only for this reason and no other, he commits an offense entailing confession.’” Definitions

၄၇၁။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဘိက္ခူနန္တိ အညေသံ ဘိက္ခူနံ။

ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနန္တိ အဓိကရဏဇာတာနံ။

ဥပဿုတိံ တိဋ္ဌေယျာတိ ‘‘ဣမေသံ သုတွာ စောဒေဿာမိ သာရေဿာမိ ပဋိစောဒေဿာမိ ပဋိသာရေဿာမိ မင်္ကူ ကရိဿာမီ’’တိ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော သုဏာတိ, အာပတ္တိ ပါစိတ္တိယဿ။ ပစ္ဆတော ဂစ္ဆန္တော တုရိတော ဂစ္ဆတိ သောဿာမီတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော သုဏာတိ, အာပတ္တိ ပါစိတ္တိယဿ။ ပုရတော ဂစ္ဆန္တော ဩဟိယျတိ သောဿာမီတိ, အာပတ္တိ ဒုက္ကဋဿ။ ယတ္ထ ဌိတော သုဏာတိ, အာပတ္တိ ပါစိတ္တိယဿ။ ဘိက္ခုဿ ဌိတောကာသံ ဝါ နိသိန္နောကာသံ ဝါ နိပန္နောကာသံ ဝါ အာဂန္တွာ မန္တေန္တံ ဥက္ကာသိတဗ္ဗံ, ဝိဇာနာပေတဗ္ဗံ, နော စေ ဥက္ကာသေယျ ဝါ ဝိဇာနာပေယျ ဝါ, အာပတ္တိ ပါစိတ္တိယဿ။

ဧတဒေဝ ပစ္စယံ ကရိတွာ အနညန္တိ န အညော ကောစိ ပစ္စယော ဟောတိ ဥပဿုတိံ တိဋ္ဌိတုံ။

၈-ဥပဿုတိသိက္ခာပုဒ် အဖွင့် ၄၇၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရဟန်းတို့၏ဟူသည် အခြားသော ရဟန်းတို့၏။ ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သောဟူသည် အဓိကရုဏ်း ဖြစ်ကုန်သော။ စကားသံကို ကြားလောက်ရာအနီးအရပ်၌ ရပ်တည်ငြားအံ့ဟူသည် “ဤရဟန်းတို့၏ (စကားကို) ကြား၍ စောဒနာအံ့ အောက်မေ့စေအံ့ တစ်ဖန် ပြန်၍ စောဒနာအံ့ တစ်ဖန်ပြန်၍ အောက်မေ့စေအံ့ မျက်နှာမလှအောင် ပြုအံ့”ဟု သွားအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်တည်လျက့်နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နောက်မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ လျင်လျင်မြန်မြန် သွားအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်လျက် နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရှေ့မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ ချန်နေရစ်အံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်တည်၍ နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၏ တည်ရာအရပ်သို့လည်းကောင်း၊ နေရာ အရပ်သို့လည်းကောင်း၊ အိပ်ရာအရပ်သို့လည်းကောင်း လာ၍ တိုင်ပင်သည်ရှိသော် ချောင်းဟန့်ရမည်၊ သိစေရမည်၊ အကယ်၍မူလည်း ချောင်းမဟန့်ငြားအံ့ အကယ်၍မူလည်း မသိစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲဟူသည် စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေခြင်းငှါ တစ်စုံတစ်ခုသော အခြားအကြောင်းသည် မရှိ။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. On monks: on other monks. Who are arguing and disputing: who are engaged in a legal issue. Eavesdrops: if he is on his way to eavesdrop, thinking, “After hearing what they say, I’ll accuse them,” “… I’ll remind them,” “… I’ll counter accuse them,” “… I’ll counter remind them,” “… I’ll humiliate them,” he commits an offense of wrong conduct. Wherever he stands to listen, he commits an offense entailing confession. If he is walking behind someone, and he speeds up with the intention to eavesdrop, he commits an offense of wrong conduct. Wherever he stands to listen, he commits an offense entailing confession. If he is walking in front of someone, and he slows down with the intention to eavesdrop, he commits an offense of wrong conduct. Wherever he stands to listen, he commits an offense entailing confession. If he goes to where a monk who is speaking privately is standing, sitting, or lying down, he should clear his throat or make his presence known. If he does not clear his throat or make his presence known, he commits an offense entailing confession. He does so only for this reason and no other: there is no other reason for eavesdropping. Permutations

၄၇၂။ ဥပသမ္ပန္နေ ဥပသမ္ပန္နသညီ ဥပဿုတိံ တိဋ္ဌတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ ဝေမတိကော ဥပဿုတိံ တိဋ္ဌတိ, အာပတ္တိ ပါစိတ္တိယဿ။ ဥပသမ္ပန္နေ အနုပသမ္ပန္နသညီ ဥပဿုတိံ တိဋ္ဌတိ, အာပတ္တိ ပါစိတ္တိယဿ။

အနုပသမ္ပန္နဿ ဥပဿုတိံ တိဋ္ဌတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နေ အနုပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။

၄၇၂။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၏ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။

If it is one who is fully ordained, and he perceives him as such, and he eavesdrops on him, he commits an offense entailing confession. If it is one who is fully ordained, but he is unsure of it, and he eavesdrops on him, he commits an offense entailing confession. If it is one who is fully ordained, but he does not perceive him as such, and he eavesdrops on him, he commits an offense entailing confession. If he eavesdrops on one who is not fully ordained, he commits an offense of wrong conduct. If it is one who is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If it is one who is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If it is one who is not fully ordained, and he does not perceive them as such, he commits an offense of wrong conduct. Non-offenses

၄၇၃။ အနာပတ္တိ – ‘‘ဣမေသံ သုတွာ ဩရမိဿာမိ ဝိရမိဿာမိ ဝူပသမိဿာမိ [ဝူပသမေဿာမိ (သီ။)] အတ္တာနံ ပရိမောစေဿာမီ’’တိ ဂစ္ဆတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဥပဿုတိသိက္ခာပဒံ နိဋ္ဌိတံ အဋ္ဌမံ။

၄၇၃။ “ဤရဟန်းတို့၏ စကားကို ကြား၍ ရှောင်ကြဥ်အံ့ အထူးရှောင်ကြဥ်အံ့ ငြိမ်းစေအံ့ မိမိကိုယ် ကို လွတ်စေအံ့”ဟု နှလုံးသွင်း၍ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမ ဥပဿုတိသိက္ခာပုဒ် ပြီး၏။

There is no offense: if he goes, thinking, “After hearing what they say, I’ll hold back,” “… I’ll abstain,” “… I’ll resolve it,” “… I’ll free myself;” if he is insane; if he is the first offender. The training rule on eavesdropping, the eighth, is finished.

စာ-၁၉၉

၉။ ကမ္မပဋိဗာဟနသိက္ခာပဒံ

၄၇၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အနာစာရံ အာစရိတွာ ဧကမေကဿ ကမ္မေ ကယိရမာနေ ပဋိက္ကောသန္တိ။ တေန ခေါ ပန သမယေန သံဃော သန္နိပတိတော ဟောတိ ကေနစိဒေဝ ကရဏီယေန။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ စီဝရကမ္မံ ကရောန္တာ ဧကဿ ဆန္ဒံ အဒံသု။ အထ ခေါ သံဃော – ‘‘အယံ, အာဝုသော, ဆဗ္ဗဂ္ဂိယော ဘိက္ခု ဧကကော အာဂတော, ဟန္ဒဿ မယံ ကမ္မံ ကရောမာ’’တိ တဿ ကမ္မံ အကာသိ။ အထ ခေါ သော ဘိက္ခု ယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တေနုပသင်္ကမိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တံ ဘိက္ခုံ ဧတဒဝေါစုံ – ‘‘ကိံ, အာဝုသော, သံဃော အကာသီ’’တိ? ‘‘သံဃော မေ, အာဝုသော, ကမ္မံ အကာသီ’’တိ။ ‘‘န မယံ, အာဝုသော, ဧတဒတ္ထာယ ဆန္ဒံ အဒမှာ – ‘‘တုယှံ ကမ္မံ ကရိဿတီ’’တိ။ သစေ စ မယံ ဇာနေယျာမ ‘‘တုယှံ ကမ္မံ ကရိဿတီ’’တိ, န မယံ ဆန္ဒံ ဒဒေယျာမာ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ [ခိယျဓမ္မံ (ဣတိပိ)] အာပဇ္ဇိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ [ခိယျဓမ္မံ (ဣတိပိ)] အာပဇ္ဇထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ [ခိယျဓမ္မံ (ဣတိပိ)] အာပဇ္ဇိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၉-ကမ္မပဋိဗာဟနသိက္ခာပုဒ် ၄၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကျင့်ထိုက်သော အကျင့်ကို ကျင့်၍ ကံပြုခံရသည်ရှိသော် အချင်းချင်းအတွက် တားမြစ်ကြကုန်၏။ ထိုအခါ သံဃာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် စည်းဝေး၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်နေဆဲ ဖြစ်၍ ရဟန်းတစ်ပါးအား ဆန္ဒ ‘အလိုတူမှု’ ပေးလိုက်ကြကုန်၏။ ထိုအခါ သံဃာသည် “ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းသည် တစ်ပါးတည်းလာ၏၊ ယခုအခါ ငါတို့သည် ထိုရဟန်းအား ကံကို ပြုကြကုန်အံ့”ဟု ဆို၍ ထိုရဟန်းအား ကံပြု၏။ ထိုအခါ ထိုရဟန်းသည် ဆဗ္ဗဂ္ဂီရဟန်းတို့ထံသို့ ချဥ်းကပ်၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုရဟန်းကို “ငါ့သျှင် သံဃာသည် အဘယ်ကို ပြုလုပ်သနည်း”ဟု မေးကုန်၏၊ ငါ့သျှင်တို့ သံဃာသည် အကျွန်ုပ်အား ကံပြု၏ဟု (ပြောဆို၏)၊ ငါ့သျှင် ငါတို့သည် “သင့်အား ကံပြုလတ္တံ့”ဟု (နှလုံးသွင်း၍) ထိုကံပြုခြင်း အကျိုးငှါ ဆန္ဒပေးသည် မဟုတ်ကုန်၊ ငါတို့သည် “သင့်အား ကံပြုလတ္တံ့”ဟု အကယ်၍ သိကုန်အံ့၊ ဆန္ဒ မပေးကုန်ရာဟု ပြောဆိုကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်ဘိသနည်”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် တရားနှင့်လျော်သော ကံကို ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချ ခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Criticizing a legitimate legal procedure Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were misbehaving, but when a legal procedure was being done against any one of them, they would object. On one occasion the Sangha had gathered on some business. The monks from the group of six were busy making robes and so they gave their consent to one among them. When the monks saw that only one monk from the group of six had come, they did a legal procedure against him. When he returned to the monks from the group of six, they asked him, “What did the Sangha do?” “It did a legal procedure against me.” “We didn’t give our consent for that. If we had known that a procedure would be done against you, we wouldn’t have given our consent.” The monks of few desires complained and criticized them, “How could the monks from the group of six give their consent to legitimate legal procedures and then criticize them afterwards?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၇၅။ ‘‘ယော ပန ဘိက္ခု ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယ’’န္တိ။

၁၂၈။ ၇၉-၄၇၅။ “အကြင်ရဟန်းသည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒ ပေးပြီးနောက် ကဲ့ရဲ့ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk gives his consent to legitimate legal procedures, and then criticizes them afterwards, he commits an offense entailing confession.’” Definitions

၄၇၆။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဓမ္မိကံ နာမ ကမ္မံ အပလောကနကမ္မံ ဉတ္တိကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန ကတံ, ဧတံ ဓမ္မိကံ နာမ ကမ္မံ။ ဆန္ဒံ ဒတွာ ခိယျတိ အာပတ္တိ ပါစိတ္တိယဿ။

၉-ကမ္မပဋိဗာဟနသိက္ခာပုဒ် အဖွင့် ၄၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ တရားနှင့်လျော်သော ကံ မည်သည်ဟုတ်မှန်သောသဘောဖြင့်, ဝိနည်းဖြင့်, မြတ်စွာဘုရား အဆုံး အမဖြင့် ပြုအပ်သော အပလောကနကံ၊ ဉတ္တိကံ၊ ဉတ္တိဒုတိယကံ၊ ဉတ္တိစတုတ္ထကံသည် တရားနှင့် လျော်သော ကံ မည်၏။ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A legitimate legal procedure: a legal procedure consisting of getting permission, a legal procedure consisting of one motion, a legal procedure consisting of one motion and one announcement, a legal procedure consisting of one motion and three announcements; done according to the Teaching, according to the Monastic Law, according to the Teacher’s instruction. This is called a “legitimate legal procedure”. If he gives his consent, and then criticizes the procedure, he commits an offense entailing confession. Permutations

စာ-၂၀၀

၄၇၇။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ ဆန္ဒံ ဒတွာ ခိယျတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော ဆန္ဒံ ဒတွာ ခိယျတိ, အာပတ္တိ ဒုက္ကဋဿ။ ဓမ္မကမ္မေ အဓမ္မကမ္မသညီ ဆန္ဒံ ဒတွာ ခိယျတိ, အနာပတ္တိ။ အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အနာပတ္တိ။

၄၇၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a legitimate legal procedure, and he perceives it as such, and he criticizes it after giving his consent, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he criticizes it after giving his consent, he commits an offense of wrong conduct. If it is a legitimate legal procedure, but he perceives it as illegitimate, and he criticizes it after giving his consent, there is no offense. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, there is no offense. Non-offenses

၄၇၈။ အနာပတ္တိ – ‘‘အဓမ္မေန ဝါ ဝဂ္ဂေန ဝါ န ကမ္မာရဟဿ ဝါ ကမ္မံ ကတ’’န္တိ ဇာနန္တော ခိယျတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ကမ္မပဋိဗာဟနသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။

၄၇၈။ “မဟုတ်မမှန်သဖြင့်လည်းကောင်း၊ ဝဂ် ‘တစ်သိမ်တည်း၌ တစ်စုစီ’ ဖြစ်သဖြင့်လည်းကောင်း၊ ကံမထိုက်သော ရဟန်းအားလည်းကောင်း ကံပြုသည်”ဟု သိသောကြောင့် ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမ ကမ္မပဋိဗာဟနသိက္ခာပုဒ် ပြီး၏။

There is no offense: if he criticizes it because he knows that the legal procedure was illegitimate, done by an incomplete assembly, or done against one who did not deserve it; if he is insane; if he is the first offender. The training rule on criticizing a legitimate legal procedure, the ninth, is finished.

၁၀။ ဆန္ဒံအဒတွာဂမနသိက္ခာပဒံ

၄၇၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သံဃော သန္နိပတိတော ဟောတိ ကေနစိဒေဝ ကရဏီယေန။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ စီဝရကမ္မံ ကရောန္တာ ဧကဿ ဆန္ဒံ အဒံသု။ အထ ခေါ သံဃော ‘‘ယဿတ္ထာယ သန္နိပတိတော တံ ကမ္မံ ကရိဿာမီ’’တိ ဉတ္တိံ ဌပေသိ။ အထ ခေါ သော ဘိက္ခု – ‘‘ဧဝမေဝိမေ ဧကမေကဿ ကမ္မံ ကရောန္တိ, ကဿ တုမှေ ကမ္မံ ကရိဿထာ’’တိ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၁၀-ဆန္ဒံအဒတွာဂမနသိက္ခာပုဒ် ၄၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သံဃာသည် ကိစ္စတစ်စုံတစ်ခုဖြင့် စည်းဝေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်နေဆဲဖြစ်၍ ရဟန်းတစ်ပါးအား ဆန္ဒ ‘အလိုတူမှု’ ပေးလိုက်ကုန်၏။ ထိုအခါ သံဃာသည် “အကြင်ကံ၏ အကျိုးငှါ စည်းဝေး၏၊ ထိုကံကို ပြုအံ့”ဟု ဉတ်ကို ထား၏။ ထိုအခါ ထိုဆဗ္ဗဂ္ဂီရဟန်းသည် “ဤသို့လျှင် ဤရဟန်းတို့သည် တစ်ပါးတစ်ပါးသော ရဟန်းအား ကံကို ပြုကုန်၏၊ သင်တို့သည် အဘယ်ရဟန်းအား ကံကို ပြုကုန်ဘိသနည်း”ဟု ဆို၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဥ် ဆန္ဒကို မပေးမူ၍ နေရာမှ ထ၍ ဖဲသွားဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဥ် ဆန္ဒကို မပေးမူ၍ နေရာမှ ထ၍ ဖဲသွား၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဥ် ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Leaving without giving consent Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the Sangha had gathered on some business. The monks from the group of six were busy making robes and so they gave their consent to one among them. When the Sangha was ready to do the legal procedure for which it had gathered, it put forward a motion. That monk from the group of six thought, “This is just how they do legal procedures against us one by one, but against who will you do this one?” and without giving his consent, he got up from his seat and left. The monks of few desires complained and criticized him, “When the Sangha is in the middle of a discussion, how could that monk get up from his seat and leave without giving his consent?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၄၈၀။ ‘‘ယော ပန ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ, ပါစိတ္တိယ’’န္တိ။

၁၂၉။ ၈၀-၄၈၀။ “အကြင်ရဟန်းသည် သံဃာ၌ အဆုံးအဖြတ်စကားသည် ဖြစ်လတ်သော် ဆန္ဒု မပေးမူ၍ နေရာမှ ထကာ ဖဲသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘When the Sangha is in the middle of a discussion, if a monk gets up from his seat and leaves without first giving his consent, he commits an offense entailing confession.’” Definitions

စာ-၂၀၁

၄၈၁။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

သံဃေ ဝိနိစ္ဆယကထာ နာမ ဝတ္ထု ဝါ အာရောစိတံ ဟောတိ အဝိနိစ္ဆိတံ, ဉတ္တိ ဝါ ဌပိတာ ဟောတိ, ကမ္မဝါစာ ဝါ ဝိပ္ပကတာ ဟောတိ။

ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျာတိ – ‘‘ကထံ ဣဒံ ကမ္မံ ကုပ္ပံ အဿ ဝဂ္ဂံ အဿ န ကရေယျာ’’တိ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။ ပရိသာယ ဟတ္ထပါသံ ဝိဇဟန္တဿ အာပတ္တိ ဒုက္ကဋဿ။ ဝိဇဟိတေ အာပတ္တိ ပါစိတ္တိယဿ။

၁၀-ဆန္ဒံ အဒတွာ ဂမနသိက္ခာပုဒ် အဖွင့် ၄၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သံဃာ၌ အဆုံးအဖြတ်စကား မည်သည် ဝတ္ထုကိုလည်း ပြောကြား၏၊ မဆုံးဖြတ်သေး။ ဉတ်ကိုလည်း ထား၏၊ ကမ္မဝါစာသည်လည်း မပြီးဆုံးသေး။ ဆန္ဒမပေးမူ၍ နေရာမှ ထကာ ဖဲသွားငြားအံ့ဟူသည် “အဘယ်သို့လျှင် ဤကံသည် ပျက်ရာသနည်း၊ အစုကွဲဖြစ်ရာသနည်း၊ မပြုပါအံ့နည်း”ဟု (နှလုံးသွင်း၍) သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပရိသတ်၏ ဟတ္တပါသ်ကို စွန့်စဥ် ဒုက္ကဋ်အာပတ် သင့်၏။ စွန့်ပြီးသော် ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. When the Sangha is in the middle of a discussion: when the topic has been announced but the discussion has not yet been concluded, or when the motion has been put forward, or when the announcement is still under way. Gets up from his seat and leaves without first giving his consent: if he leaves, thinking, “How may this legal procedure be disturbed?” or “How may this legal procedure be done by an incomplete assembly?” or “How may this legal procedure not be done?” then he commits an offense of wrong conduct. If he is in the process of going beyond arm’s reach of the gathering, he commits an offense of wrong conduct. When he has gone beyond arm’s reach, he commits an offense entailing confession. Permutations

၄၈၂။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမတိ, အာပတ္တိ ဒုက္ကဋဿ။ ဓမ္မကမ္မေ အဓမ္မကမ္မသညီ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမတိ, အနာပတ္တိ။ အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အနာပတ္တိ။

၄၈၂။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ အာပတ် မသင့်။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a legitimate legal procedure, and he perceives it as such, and he gets up from his seat and leaves without first giving his consent, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he gets up from his seat and leaves without first giving his consent, he commits an offense of wrong conduct. If it is a legitimate legal procedure, but he perceives it as illegitimate, and he gets up from his seat and leaves without first giving his consent, there is no offense. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, there is no offense. Non-offenses

၄၈၃။ အနာပတ္တိ – ‘‘သံဃဿ ဘဏ္ဍနံ ဝါ ကလဟော ဝါ ဝိဂ္ဂဟော ဝါ ဝိဝါဒေါ ဝါ ဘဝိဿတီ’’တိ ဂစ္ဆတိ, ‘‘သံဃဘေဒေါ ဝါ သံဃရာဇိ ဝါ ဘဝိဿတီ’’တိ ဂစ္ဆတိ, ‘‘အဓမ္မေန ဝါ ဝဂ္ဂေန ဝါ န ကမ္မာရဟဿ ဝါ ကမ္မံ ကရိဿတီ’’တိ ဂစ္ဆတိ, ဂိလာနော ဂစ္ဆတိ, ဂိလာနဿ ကရဏီယေန ဂစ္ဆတိ, ဥစ္စာရေန ဝါ ပဿာဝေန ဝါ ပီဠိတော ဂစ္ဆတိ, ‘‘န ကမ္မံ ကောပေတုကာမော ပုန ပစ္စာဂမိဿာမီ’’တိ ဂစ္ဆတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆန္ဒံ အဒတွာ ဂမနသိက္ခာပဒံ နိဋ္ဌိတံ ဒသမံ။

၄၈၃။ “သံဃာအား ခိုက်ရန်ဖြစ်ခြင်းသော်လည်းကောင်း၊ ငြင်းခုံခြင်းသော်လည်းကောင်း၊ ဆန့်ကျင် သော အယူကို ယူခြင်းသော်လည်းကောင်း၊ ဆန့်ကျင်သော စကားကို ဆိုခြင်းသော်လည်းကောင်း ဖြစ်လတ္တံ”ဟု (နှလုံးသွင်း၍) သွားအံ့၊ “သံဃာ၏ ကွဲပြားခြင်းသော်လည်းကောင်း၊ သံဃာ၏ အရေးသော် လည်းကောင်း ဖြစ်လတ္တံ့”ဟု (နှလုံးသွင်း၍) ဖဲသွားအံ့၊ “မတရားသဖြင့်သော်လည်းကောင်း၊ အစုကွဲ၍ သော်လည်းကောင်း ကံပြုလတ္တံ့”ဟု (နှလုံးသွင်း၍) သွားအံ့၊ ဖျားနာ၍ သွားအံ့၊ ဖျားနာသော ရဟန်း၏ ပြုဖွယ်ကိစ္စကြောင့် သွားအံ့၊ ကျင်ကြီး ကျင်ငယ် နှိပ်စက်သောကြောင့် သွားအံ့၊ “ကံမပျက်စေလိုဘဲ တစ်ဖန် ပြန်လာအံ့”ဟု (နှလုံးသွင်း၍) သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမ ဆန္ဒံအဒတွာဂမနသိက္ခာပုဒ် ပြီး၏။

There is no offense: if he leaves because he thinks there will be quarrels or disputes in the Sangha; if he leaves because he thinks there will be a fracture or schism in the Sangha; if he leaves because he thinks the legal procedure will be illegitimate, done by an incomplete assembly, or done against one who does not deserve it; if he leaves because he is sick; if he leaves because he has to take care of someone who is sick; if he leaves because he needs to relieve himself; if he leaves with the intention to return, and not because he wants to invalidate the legal procedure; if he is insane; if he is the first offender. The training rule on leaving without giving consent, the tenth, is finished.

၁၁။ ဒုဗ္ဗလသိက္ခာပဒံ

၄၈၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော သံဃဿ သေနာသနဉ္စ ပညပေတိ ဘတ္တာနိ စ ဥဒ္ဒိသတိ။ သော စာယသ္မာ ဒုဗ္ဗလစီဝရော ဟောတိ။ တေန ခေါ ပန သမယေန သံဃဿ ဧကံ စီဝရံ ဥပ္ပန္နံ ဟောတိ။ အထ ခေါ သံဃော တံ စီဝရံ အာယသ္မတော ဒဗ္ဗဿ မလ္လပုတ္တဿ အဒါသိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ, ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၁၁-ဒုဗ္ဗလသိက္ခာပုဒ် ၄၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ့ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ဆွမ်းတို့ကိုလည်း ညွှန်း၏။ ထိုအသျှင်ဒဗ္ဗသည်ကား ညစ်နွမ်းသော သင်္ကန်းရှိ၏။ ထိုအခါ သံဃာအား သင်္ကန်းတစ်ထည် ဖြစ်ပေါ်၏။ ထိုအခါ သံဃာသည် ထိုသင်္ကန်းကို မလ္လမင်း၏သား အသျှင်ဒဗ္ဗအား ပေးလှူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “အကြင် အကြင် ချစ်ကျွမ်းဝင်သူအား ရဟန်းတို့သည် သံဃိကဖြစ်သော လာဘ်ကို ညွှတ်စေကုန်ဘိ၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချခြင်း သဘောသို့ ရောက်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချ ခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Criticizing a robe distribution Origin story At one time when the Buddha was staying at Rājagaha in the Bamboo Grove, Venerable Dabba the Mallian, who was the assigner of dwellings and the designator of meals, had a robe that was worn out. Just then the Sangha had obtained a robe, which it gave to Dabba. The monks from the group of six complained and criticized it, “The monks are diverting the Sangha’s material support according to friendship.” The monks of few desires complained and criticized them, “How could the monks from the group of six give out a robe as part of a unanimous Sangha and then criticize it afterwards?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၀၂

၄၈၅။ ‘‘ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ ‘ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ’တိ, ပါစိတ္တိယ’’န္တိ။

၁၃၀။ ၈၁-၄၈၅။ “အကြင်ရဟန်းသည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ‘ရဟန်းတို့သည် ချစ်ကျွမ်းဝင်သည်အားလျော်စွာ သံဃိကဖြစ်သော လာဘ်ကို ညွှတ်စေကုန်၏’ဟု နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk gives out a robe as part of a unanimous Sangha and then criticizes it afterwards, saying, “The monks are diverting the Sangha’s material support according to friendship,” he commits an offense entailing confession.’” Definitions

၄၈၆။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

သမဂ္ဂေါ နာမ သံဃော သမာနသံဝါသကော သမာနသီမာယံ ဌိတော။

စီဝရံ နာမ ဆန္နံ စီဝရာနံ အညတရံ စီဝရံ ဝိကပ္ပနုပဂံ ပစ္ဆိမံ။

ဒတွာတိ သယံ ဒတွာ။

ယထာသန္ထုတံ နာမ ယထာမိတ္တတာ ယထာသန္ဒိဋ္ဌတာ ယထာသမ္ဘတ္တတာ ယထာသမာနုပဇ္ဈာယကတာ ယထာသမာနာစရိယကတာ။

သံဃိကံ နာမ သံဃဿ ဒိန္နံ ဟောတိ ပရိစ္စတ္တံ။

လာဘော နာမ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရာ, အန္တမသော စုဏ္ဏပိဏ္ဍောပိ, ဒန္တကဋ္ဌမ္ပိ, ဒသိကသုတ္တမ္ပိ။

ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျာတိ ဥပသမ္ပန္နဿ သံဃေန သမ္မတဿ သေနာသနပညာပကဿ ဝါ ဘတ္တုဒ္ဒေသကဿ ဝါ ယာဂုဘာဇကဿ ဝါ ဖလဘာဇကဿ ဝါ ခဇ္ဇဘာဇကဿ ဝါ အပ္ပမတ္တကဝိဿဇ္ဇကဿ ဝါ စီဝရံ ဒိန္နေ ခိယျတိ, အာပတ္တိ ပါစိတ္တိယဿ။

၁၁-ဒုဗ္ဗလသိက္ခာပုဒ် အဖွင့် ၄၈၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ညီညွတ်သောသံဃာ မည်သည် တူသော ပေါင်းဖော်ခြင်းရှိသော, သိမ်တစ်ခုတည်း၌ တည်သော သံဃာတည်း။ သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော တစ်ထည်ထည်သော သင်္ကန်းတည်း။ ပေးပြီးနောက်ဟူသည် ကိုယ်တိုင် ပေးပြီး၍။ ချစ်ကျွမ်းဝင်သည်အားလျော်စွာ မည်သည် အဆွေခင်ပွန်း၏အဖြစ်၊ မြင်ဖူးကာမျှသော အဆွေ ခင်ပွန်း၏အဖြစ်၊ သုံးဆောင်စားသောက်ဖက်ဖြစ်သော အဆွေခင်ပွန်း၏အဖြစ်နှင့်တကွ ဥပဇ္ဈာယ်တူသော သူ၏အဖြစ်၊ ဆရာတူသော သူ၏ အဖြစ်တည်း။ သံဃိကဖြစ်သော မည်သည် သံဃာအား လှူအပ် စွန့်အပ်သော ဝတ္ထုတည်း။ လာဘ် မည်သည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်တို့တည်း၊ အယုတ်အားဖြင့် အမှုန့်ခဲ ‘ဆပ်ပြာခဲ’ သည်လည်းကောင်း၊ ဒန်ပူသည်လည်းကောင်း၊ မြိတ်ဆာချည်မျှင်သည်လည်းကောင်း (လာဘ် မည်၏)။ နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့ဟူသည် သံဃာသည် သမုတ်အပ်သော နေရာခင်းသော ရဟန်းအားသော်လည်းကောင်း၊ ဆွမ်းညွှန်းသော ရဟန်းအားသော်လည်းကောင်း၊ ယာဂု ဝေငှသော ရဟန်းအားသော်လည်းကောင်း၊ သစ်သီးဝေငှသော ရဟန်းအားသော်လည်းကောင်း၊ ခဲဖွယ် ဝေငှသော ရဟန်းအားသော်လည်းကောင်း၊ အနည်းငယ်မျှကို စွန့် ‘ဝေငှ’သော ရဟန်းအားသော်လည်းကောင်း သင်္ကန်း ကို ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A unanimous Sangha: belonging to the same Buddhist sect and staying within the same monastery zone. A robe: one of the six kinds of robe-cloth, but not smaller than what can be assigned to another. Gives out: gives out himself. According to friendship: according to friendship, according to companionship, according to who one is devoted to, according to being a co-student, according to being a co-pupil. The Sangha’s: given to the Sangha, given up to the Sangha. Material support: robes, almsfood, a dwelling, and medicinal supplies; even a bit of bath powder, a tooth cleaner, or a piece of string. Criticizes it afterwards: when robe-cloth has been given to someone who is fully ordained and who is the assigner of dwellings or the designator of meals or the distributor of congee or the distributor of fruit or the distributor of fresh foods or the distributor of minor requisites, and he has been appointed by the Sangha as such, then if a monk criticizes the giving, he commits an offense entailing confession. Permutations

၄၈၇။ ဓမ္မကမ္မေ ဓမ္မကမ္မသညီ စီဝရံ ဒိန္နေ ခိယျတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ ဝေမတိကော စီဝရံ ဒိန္နေ ခိယျတိ, အာပတ္တိ ပါစိတ္တိယဿ။ ဓမ္မကမ္မေ အဓမ္မကမ္မသညီ စီဝရံ ဒိန္နေ ခိယျတိ, အာပတ္တိ ပါစိတ္တိယဿ။

အညံ ပရိက္ခာရံ ဒိန္နေ ခိယျတိ, အာပတ္တိ ဒုက္ကဋဿ။ ဥပသမ္ပန္နဿ သံဃေန အသမ္မတဿ သေနာသနပညာပကဿ ဝါ ဘတ္တုဒ္ဒေသကဿ ဝါ ယာဂုဘာဇကဿ ဝါ ဖလဘာဇကဿ ဝါ ခဇ္ဇဘာဇကဿ ဝါ အပ္ပမတ္တကဝိဿဇ္ဇကဿ ဝါ စီဝရံ ဝါ အညံ ဝါ ပရိက္ခာရံ ဒိန္နေ ခိယျတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နဿ သံဃေန သမ္မတဿ ဝါ အသမ္မတဿ ဝါ သေနာသနပညာပကဿ ဝါ ဘတ္တုဒ္ဒေသကဿ ဝါ ယာဂုဘာဇကဿ ဝါ ဖလဘာဇကဿ ဝါ ခဇ္ဇဘာဇကဿ ဝါ အပ္ပမတ္တကဝိဿဇ္ဇကဿ ဝါ စီဝရံ ဝါ အညံ ဝါ ပရိက္ခာရံ ဒိန္နေ ခိယျတိ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဓမ္မကမ္မသညီ, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အဓမ္မကမ္မေ အဓမ္မကမ္မသညီ, အနာပတ္တိ။

၄၈၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။ တစ်ပါးသော ပရိက္ခရာကို ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နေရာခင်း ဆွမ်းညွှန်း ယာဂုဝေ သစ်သီးဝေ ခဲဖွယ်ဝေ အနည်းငယ်မျှကို စွန့်သော၊ သံဃာသည် မသမုတ်အပ်သော ရဟန်းအား သင်္ကန်းကိုသော်လည်းကောင်း၊ အခြားသော ပရိက္ခရာကိုသော်လည်း ကောင်း ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နေရာခင်း ဆွမ်းညွှန်း ယာဂုဝေ သစ်သီးဝေ ခဲဖွယ်ဝေ အနည်းငယ်မျှကို စွန့်သော၊ သံဃာသည် သမုတ်အပ်သော ရဟန်းမဟုတ်သူအားသော်လည်းကောင်း၊ မသမုတ်အပ်သော ရဟန်းမဟုတ်သူအားသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ အခြားပရိက္ခရာကိုသော်လည်းကောင်း ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is a legitimate legal procedure, and he perceives it as such, and he criticizes the giving of robe-cloth, he commits an offense entailing confession. If it is a legitimate legal procedure, but he is unsure of it, and he criticizes the giving of robe-cloth, he commits an offense entailing confession. If it is a legitimate legal procedure, but he perceives it as illegitimate, and he criticizes the giving of robe-cloth, he commits an offense entailing confession. If he criticizes the giving of another requisite, he commits an offense of wrong conduct. When robe-cloth or another requisite has been given to someone who is fully ordained and who is the assigner of dwellings or the designator of meals or the distributor of congee or the distributor of fruit or the distributor of fresh foods or the distributor of minor requisites, but he has not been appointed by the Sangha as such, then if a monk criticizes the giving, he commits an offense of wrong conduct. When robe-cloth or another requisite has been given to someone who is not fully ordained and who is the assigner of dwellings or the designator of meals or the distributor of congee or the distributor of fruit or the distributor of fresh foods or the distributor of minor requisites, whether he has been appointed by the Sangha as such or not, then if a monk criticizes the giving, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he perceives it as legitimate, he commits an offense of wrong conduct. If it is an illegitimate legal procedure, but he is unsure of it, he commits an offense of wrong conduct. If it is an illegitimate legal procedure, and he perceives it as such, there is no offense. Non-offenses

၄၈၈။ အနာပတ္တိ – ပကတိယာ ဆန္ဒာ ဒေါသာ မောဟာ ဘယာ ကရောန္တံ ‘‘ကွတ္ထော တဿ ဒိန္နေန လဒ္ဓါပိ ဝိနိပါတေဿတိ န သမ္မာ ဥပနေဿတီ’’တိ ခိယျတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုဗ္ဗလသိက္ခာပဒံ နိဋ္ဌိတံ ဧကာဒသမံ။

၄၈၈။ ပကတိသဘောအားဖြင့် ချစ်ခြင်းကြောင့် မုန်းခြင်းကြောင့် တွေဝေခြင်းကြောင့် ကြောက်ခြင်း ကြောင့် ပြုသည်ကို “ထိုရဟန်းအား ပေးလှူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရသော်လည်း ဖျက်ဆီး လတ္တံ့၊ ကောင်းစွာ မဆောင်လတ္တံ့”ဟု ရှုတ်ချအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဧကာဒသမ ဒုဗ္ဗလသိက္ခာပုဒ် ပြီး၏။

There is no offense: if he criticizes one who regularly acts out of favoritism, ill will, confusion, or fear, saying, “What’s the point of giving it to him—he’ll ruin it or use it inappropriately;” if he is insane; if he is the first offender. The training rule on criticizing a robe distribution, the eleventh, is finished.

၁၂။ ပရိဏာမနသိက္ခာပဒံ

၄၈၉။ [ဣဒံ ဝတ္ထု ပါရာ။ ၆၅၇] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သာဝတ္ထိယံ အညတရဿ ပူဂဿ သံဃဿ သစီဝရဘတ္တံ ပဋိယတ္တံ ဟောတိ – ‘‘ဘောဇေတွာ စီဝရေန အစ္ဆာဒေဿာမာ’’တိ။ အထ ခေါ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ယေန သော ပူဂေါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ တံ ပူဂံ ဧတဒဝေါစုံ – ‘‘ဒေထာဝုသော, ဣမာနိ စီဝရာနိ ဣမေသံ ဘိက္ခူန’’န္တိ။ ‘‘န မယံ, ဘန္တေ, ဒဿာမ။ အမှာကံ သံဃဿ အနုဝဿံ သစီဝရဘိက္ခာ ပညတ္တာ’’တိ။ ‘‘ဗဟူ, အာဝုသော, သံဃဿ ဒါယကာ, ဗဟူ သံဃဿ ဘတ္တာ [ဘဒ္ဒါ (က။)]။ ဣမေ တုမှေ နိဿာယ တုမှေ သမ္ပဿန္တာ ဣဓ ဝိဟရန္တိ။ တုမှေ စေ ဣမေသံ န ဒဿထ, အထ ကော စရဟိ ဣမေသံ ဒဿတိ? ဒေထာဝုသော, ဣမာနိ စီဝရာနိ ဣမေသံ ဘိက္ခူန’’န္တိ။ အထ ခေါ သော ပူဂေါ ဆဗ္ဗဂ္ဂိယေဟိ ဘိက္ခူဟိ နိပ္ပီဠိယမာနော ယထာပဋိယတ္တံ စီဝရံ ဆဗ္ဗဂ္ဂိယာနံ ဘိက္ခူနံ ဒတွာ သံဃံ ဘတ္တေန ပရိဝိသိ။ ယေ တေ ဘိက္ခူ ဇာနန္တိ သံဃဿ သစီဝရဘတ္တံ ပဋိယတ္တံ ‘‘န စ ဇာနန္တိ ဆဗ္ဗဂ္ဂိယာနံ ဘိက္ခူနံ ဒိန္န’’န္တိ တေ ဧဝမာဟံသု – ‘‘ဩဏောဇေထာဝုသော, သံဃဿ စီဝရ’’န္တိ။ ‘‘နတ္ထိ, ဘန္တေ။ ယထာပဋိယတ္တံ စီဝရံ အယျာ ဆဗ္ဗဂ္ဂိယာ အယျာနံ ဆဗ္ဗဂ္ဂိယာနံ ပရိဏာမေသု’’န္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၈-သဟဓမ္မိကဝဂ် ၁၂-ပရိဏာမနသိက္ခာပုဒ် ၄၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာဝတ္ထိပြည်၌ မထင်ရှားသော အသင်းတစ်ခုသည် သံဃာအား - “ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကို လှူအံ့”ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်ထား၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသို့ ချဥ်းကပ်ပြီးလျှင် ထိုအသင်းကို “ဒါယကာတို့ ဤသင်္ကန်းတို့ကို ဤရဟန်းတို့အား ပေးလှူကုန်လော့”ဟု ဆိုကုန်၏။ အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် မပေးမလှူနိုင်ကြပါ၊ အကျွန်ုပ်တို့သည် သံဃာအား နှစ်စဥ် နှစ်တိုင်း သင်္ကန်းနှင့်တကွ ဆွမ်းကို ဝတ်တည်ကြပါသည်ဟု (လျှောက်ကြကုန်၏)။ ဒါယကာတို့ သံဃာအား အလှူရှင်တို့သည် ပေါများပါကုန်၏၊ သံဃာအား လှူအပ်သော ဆွမ်းတို့ သည် ပေါများပါကုန်၏၊ ဤရဟန်းတို့သည်ကား သင်တို့ကိုသာ အမှီပြု၍ သင်တို့ကို မျှော်မြင်ကုန်၍ ဤအရပ်၌ နေကြပါသည်၊ ဤရဟန်းတို့အား သင်တို့သည် အကယ်၍ မလှူကုန်အံ့၊ ထိုသို့မလှူကုန်သည် ရှိသော် ဤရဟန်းတို့အား အဘယ်သူသည် လှူတော့အံ့နည်း၊ ဒါယကာတို့ ဤရဟန်းတို့အား ဤသင်္ကန်း တို့ကို ပေးလှူကုန်လော့ဟု (ပြောဆိုကုန်၏)။ ထိုအခါ ထိုအသင်းသည် ဆဗ္ဗဂ္ဂီရဟန်းတို့က အတင်းအကြပ်ပြောဆိုအပ်သဖြင့် စီရင်တိုင်းသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား ပေးလှူပြီးနောက် သံဃာတော်ကို ဆွမ်းဖြင့် လုပ်ကျွေး၏။ အကြင်ရဟန်းတို့သည် “သံဃာအား သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်သည်ဟု သိကုန်၏၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား လှူအပ်ပြီ”ဟုကား မသိကုန်၊ ထိုရဟန်းတို့သည် “ဒါယကာတို့ သံဃာအား သင်္ကန်းကို လှူကုန်လော့”ဟု ဆိုကုန်၏။ “အသျှင်ဘုရားတို့ မရှိတော့ပါ၊ စီရင်တိုင်းသော သင်္ကန်းကို အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့သည် အသျှင် ဆဗ္ဗဂ္ဂီရဟန်းတို့အား ညွတ်စေကြပါသည်”ဟု (လျှောက်ကြကုန်၏)။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကြကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on legitimate correction Diverting gains intended for the Sangha Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, an association had prepared a meal together with robe-cloth for the Sangha. They said, “After giving the food, we’ll offer the robe-cloth.” But the monks from the group of six went to that association and said, “Please give the robe-cloth to these monks.” “Venerables, we can’t do that. We’ve prepared our annual alms-offering together with robe-cloth for the Sangha.” “The Sangha has many donors and supporters. But since these monks are staying here, they are looking to you for support. If you don’t give to them, who will? So give them the robe-cloth.” Being pressured by the monks from the group of six, that association gave the prepared robe-cloth to those monks and served the food to the Sangha. The monks who knew that a meal together with robe-cloth had been prepared for the Sangha, but not that the robe-cloth had been given to those monks from the group of six, said, “You may dedicate the robe-cloth.” “There isn’t any. The robe-cloth we had prepared was diverted by the monks from the group of six.” The monks of few desires complained and criticized those monks, “How could the monks from the group of six divert to an individual things they knew were intended for the Sangha?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၀၄

၄၉၀။ ‘‘ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ, ပါစိတ္တိယ’’န္တိ။

၁၃၁။ ၈၂-၄၉၀။ “အကြင်ရဟန်းသည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိက လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk diverts to an individual material support that he knows was intended for the Sangha, he commits an offense entailing confession.’” Definitions

၄၉၁။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ဇာနာတိ နာမ သာမံ ဝါ ဇာနာတိ, အညေ ဝါ တဿ အာရောစေန္တိ, သော ဝါ အာရောစေတိ။

သံဃိကံ နာမ သံဃဿ ဒိန္နံ ဟောတိ ပရိစ္စတ္တံ။

လာဘော နာမ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရာ, အန္တမသော စုဏ္ဏပိဏ္ဍောပိ, ဒန္တကဋ္ဌမ္ပိ, ဒသိကသုတ္တမ္ပိ။

ပရိဏတံ နာမ ‘‘ဒဿာမ ကရိဿာမာ’’တိ ဝါစာ ဘိန္နာ ဟောတိ, တံ ပုဂ္ဂလဿ ပရိဏာမေတိ, အာပတ္တိ ပါစိတ္တိယဿ။

၁၂-ပရိဏာမနသိက္ခာပုဒ် အဖွင့် ၄၉၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသူတို့ကသော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုအသင်းကသော်လည်း ပြောကြား၏။ သံဃိက မည်သည် သံဃာအား လှူအပ် စွန့်အပ်သော ဝတ္ထုတည်း။ လာဘ် မည်သည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း တို့တည်း၊ အယုတ်သဖြင့် အမှုန့်ခဲ ‘ဆပ်ပြာခဲ’ သည်လည်းကောင်း၊ ဒန်ပူသည်လည်းကောင်း၊ မြိတ်ဆာ ချည်မျှင်သည်လည်းကောင်း (လာဘ် မည်၏)။ ညွတ်ပြီး မည်သည် “ပေးလှူကုန်အံ့၊ ပြုကုန်အံ့”ဟု နှုတ်မြွက်၏၊ ထိုအလှူဝတ္ထုကို ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. He knows: he knows by himself or others have told him or the donor has told him. For the Sangha: given to the Sangha, given up to the Sangha. Material support: robe-cloth, almsfood, a dwelling, and medicinal supplies; even a bit of bath powder, a tooth cleaner, or a piece of string. Intended: if they have said, “We’ll give,” “We’ll prepare,” and he diverts it to an individual, he commits an offense entailing confession. Permutations

၄၉၂။ ပရိဏတေ ပရိဏတသညီ ပုဂ္ဂလဿ ပရိဏာမေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရိဏတေ ဝေမတိကော ပုဂ္ဂလဿ ပရိဏာမေတိ, အာပတ္တိ ဒုက္ကဋဿ။ ပရိဏတေ အပရိဏတသညီ ပုဂ္ဂလဿ ပရိဏာမေတိ, အနာပတ္တိ။ သံဃဿ ပရိဏတံ အညသံဃဿ ဝါ စေတိယဿ ဝါ ပရိဏာမေတိ, အာပတ္တိ ဒုက္ကဋဿ။ စေတိယဿ ပရိဏတံ အညစေတိယဿ ဝါ သံဃဿ ဝါ ပုဂ္ဂလဿ ဝါ ပရိဏာမေတိ, အာပတ္တိ ဒုက္ကဋဿ။ ပုဂ္ဂလဿ ပရိဏတံ အညပုဂ္ဂလဿ ဝါ သံဃဿ ဝါ စေတိယဿ ဝါ ပရိဏာမေတိ, အာပတ္တိ ဒုက္ကဋဿ။ အပရိဏတေ ပရိဏတသညီ, အာပတ္တိ ဒုက္ကဋဿ။ အပရိဏတေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အပရိဏတေ အပရိဏတသညီ, အနာပတ္တိ။

၄၉၂။ ညွတ်ပြီးသော အလှူဝတ္ထု၌ ညွတ်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ညွတ်ပြီးသော အလှူဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ညွတ်ပြီးသော အလှူဝတ္ထု၌ မညွတ်သေးဟု အမှတ်ရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ အာပတ် မသင့်။ သံဃာသို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားသံဃာအားလည်းကောင်း၊ စေတီအားလည်းကောင်းညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတီသို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားစေတီအားလည်းကောင်း၊ သံဃာအားလည်းကောင်း၊ ပုဂ္ဂိုလ်အားလည်းကောင်း ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂိုလ်သို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားပုဂ္ဂိုလ်အားလည်းကောင်း၊ သံဃာအားလည်းကောင်း၊ စေတီအားလည်းကောင်း ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မညွတ်သေးသည်၌ ညွတ်ပြီးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မညွတ်သေးသည်၌ ယုံမှား ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မညွတ်သေးသည်၌ မညွတ်သေးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it was intended for the Sangha and he perceives it as such, and he diverts it to an individual, he commits an offense entailing confession. If it was intended for the Sangha, but he is unsure of it, and he diverts it to an individual, he commits an offense of wrong conduct. If it was intended for the Sangha, but he does not perceive it as such, and he diverts it to an individual, there is no offense. If it was intended for one Sangha and he diverts it to another Sangha or to a shrine, he commits an offense of wrong conduct. If it was intended for one shrine and he diverts it to another shrine or to a sangha or to an individual, he commits an offense of wrong conduct. If it was intended for an individual and he diverts it to another individual or to a sangha or to a shrine, he commits an offense of wrong conduct. If it was not intended for the Sangha, but he perceives it as such, he commits an offense of wrong conduct. If it was not intended for the Sangha, but he is unsure of it, he commits an offense of wrong conduct. If it was not intended for the Sangha and he does not perceive it as such, there is no offense. Non-offenses

စာ-၂၀၅

၄၉၃။ အနာပတ္တိ – ‘‘ကတ္ထ ဒေမာ’’တိ ပုစ္ဆီယမာနော – ‘‘ယတ္ထ တုမှာကံ ဒေယျဓမ္မော ပရိဘောဂံ ဝါ လဘေယျ ပဋိသင်္ခါရံ ဝါ လဘေယျ စိရဋ္ဌိတိကော ဝါ အဿ ယတ္ထ ဝါ ပန တုမှာကံ စိတ္တံ ပသီဒတိ တတ္ထ ဒေထာ’’တိ ဘဏတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပရိဏာမနသိက္ခာပဒံ နိဋ္ဌိတံ ဒွါဒသမံ။

သဟဓမ္မိကဝဂ္ဂေါ အဋ္ဌမော။

တဿုဒ္ဒါနံ –

သဟဓမ္မ-ဝိဝဏ္ဏဉ္စ, မောဟာပနံ ပဟာရကံ၊

တလသတ္တိ အမူလဉ္စ, သဉ္စိစ္စ စ ဥပဿုတိ၊

ပဋိဗာဟနဆန္ဒဉ္စ, ဒဗ္ဗဉ္စ ပရိဏာမနန္တိ။

၄၉၃။ “အဘယ်အရပ်၌ လှူရပါကုန်အံ့နည်း”ဟု မေးသည် ရှိသော် “အကြင်အရပ်၌ သင်တို့ လှူသော ဝတ္ထုသည် သုံးဆောင်ခြင်းကိုလည်း ရရာ၏၊ ပြုပြင်စီရင်ခြင်းကိုလည်း ရရာ၏၊ ကြာမြင့်စွာ လည်း တည်တံ့ရာ၏၊ သို့မဟုတ် အကြင်အရပ်၌ သင်တို့၏ စိတ်သည် ကြည်လင်ကုန်၏၊ ထိုအရပ်၌ လှူကုန်လော့”ဟု ပြောဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ ဒွါဒသမ ပရိဏာမနသိက္ခာပုဒ် ပြီး၏။ အဋ္ဌမ သဟဓမ္မိကဝဂ် ပြီး၏။ ထိုသဟဓမ္မိကဝဂ်၏ အကျဥ်းချုပ် သဟဓမ္မိကသိက္ခာပုဒ်၊ ဝိနယဝိဝဏ္ဏနသိက္ခာပုဒ်၊ မောဟာရောပနသိက္ခာပုဒ်၊ ပဟာရ ဒိန္နသိက္ခာပုဒ်၊ တလသတ္တိ (ဥဂ္ဂိရဏ) သိက္ခာပုဒ်၊ အမူလကသံဃာဒိသေသသိက္ခာပုဒ်၊ သဉ္စိစ္စဥပဒဟနသိက္ခာပုဒ်၊ ဥပဿုတိတိဋ္ဌနသိက္ခာပုဒ်၊ ပဋိဗာဟနကမ္မသိက္ခာပုဒ်၊ ဆန္ဒ အဒါနသိက္ခာပုဒ်၊ ဒဗ္ဗသိက္ခာပုဒ်၊ သံဃိကလာဘပရိဏာမနသိက္ခာပုဒ်။ ဤကားအကျဥ်းချုပ်တည်း။

There is no offense: if being asked, “Where may we give?” he says, “Give where your gift will be useful,” “… where it goes toward repairs,” “… where it will last for a long time,” “… where you feel inspired;” if he is insane; if he is the first offender. The training rule on diverting gains intended for the Sangha, the twelfth, is finished. The eighth subchapter on legitimate correction is finished. This is the summary: “Legitimately, and disparaging, Deception, hitting; Raising a hand, and groundless, And intentionally, eavesdropping; Obstructing, and consent, And Dabba, diverting.”

၉။ ရတနဝဂ္ဂေါ

၁။ အန္တေပုရသိက္ခာပဒံ

၄၉၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော ဥယျာနပါလံ အာဏာပေသိ – ‘‘ဂစ္ဆ, ဘဏေ, ဥယျာနံ သောဓေဟိ။ ဥယျာနံ ဂမိဿာမာ’’တိ။ ‘‘ဧဝံ, ဒေဝါ’’တိ ခေါ သော ဥယျာနပါလော ရညော ပသေနဒိဿ ကောသလဿ ပဋိဿုတွာ ဥယျာနံ သောဓေန္တော အဒ္ဒသ ဘဂဝန္တံ အညတရသ္မိံ ရုက္ခမူလေ နိသိန္နံ။ ဒိသွာန ယေန ရာဇာ ပသေနဒိ ကောသလော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစ – ‘‘သုဒ္ဓံ, ဒေဝ, ဥယျာနံ။ အပိစ, ဘဂဝါ တတ္ထ နိသိန္နော’’တိ။ ‘‘ဟောတု, ဘဏေ! မယံ ဘဂဝန္တံ ပယိရုပါသိဿာမာ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဥယျာနံ ဂန္တွာ ယေန ဘဂဝါ တေနုပသင်္ကမိ။ တေန ခေါ ပန သမယေန အညတရော ဥပါသကော ဘဂဝန္တံ ပယိရုပါသန္တော နိသိန္နော ဟောတိ။ အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော တံ ဥပါသကံ ဘဂဝန္တံ ပယိရုပါသန္တံ နိသိန္နံ။ ဒိသွာန ဘီတော အဋ္ဌာသိ။ အထ ခေါ ရညော ပသေနဒိဿ ကောသလဿ ဧတဒဟောသိ – ‘‘နာရဟတာယံ ပုရိသော ပါပေါ ဟောတုံ, ယထာ ဘဂဝန္တံ ပယိရုပါသတီ’’တိ။ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ အထ ခေါ သော ဥပါသကော ဘဂဝတော ဂါရဝေန ရာဇာနံ ပသေနဒိံ ကောသလံ နေဝ အဘိဝါဒေသိ န ပစ္စုဋ္ဌာသိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော အနတ္တမနော အဟောသိ – ‘‘ကထဉှိ နာမာယံ ပုရိသော မယိ အာဂတေ နေဝ အဘိဝါဒေဿတိ န ပစ္စုဋ္ဌေဿတီ’’တိ! အထ ခေါ ဘဂဝါ ရာဇာနံ ပသေနဒိံ ကောသလံ အနတ္တမနံ ဝိဒိတွာ ရာဇာနံ ပသေနဒိံ ကောသလံ ဧတဒဝေါစ – ‘‘ဧသော ခေါ, မဟာရာဇ, ဥပါသကော ဗဟုဿုတော အာဂတာဂမော ကာမေသု ဝီတရာဂေါ’’တိ။ အထ ခေါ ရညော ပသေနဒိဿ ကောသလဿ ဧတဒဟောသိ – ‘‘နာရဟတာယံ ဥပါသကော ဩရကော ဟောတုံ, ဘဂဝါပိ ဣမဿ ဝဏ္ဏံ ဘာသတီ’’တိ။ တံ ဥပါသကံ ဧတဒဝေါစ – ‘‘ဝဒေယျာသိ, ဥပါသက, ယေန အတ္ထော’’တိ။ ‘‘သုဋ္ဌု, ဒေဝါ’’တိ။ အထ ခေါ ဘဂဝါ ရာဇာနံ ပသေနဒိံ ကောသလံ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။

၉-ရတနဝဂ် ၁-အန္တေပုရသိက္ခာပုဒ် ၄၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ပသေနဒီကောသလမင်းကြီးသည် “အချင်း သွားချေ၊ ဥယျာဥ်ကို သုတ်သင် ရှင်းလင်းလေလော့၊ ဥယျာဥ်သို့ သွားကြအံ့”ဟု ဥယျာဥ်စောင့်ကို စေခိုင်း၏။ “ကောင်းပါပြီ အသျှင်မင်းကြီး”ဟု ထိုဥယျာဥ်စောင့်သည် ပသေနဒီကောသလမင်းကြီးအား ဝန်ခံပြီး လျှင် ဥယျာဥ်ကို သုတ်သင်သည်ရှိသော် တစ်ခုသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာ ဘုရားကို တွေ့မြင်သောကြောင့် ပသေနဒီကောသလမင်းကြီးထံသို့ ချဥ်းကပ်ပြီးလျှင် “အသျှင်မင်းကြီး ဥယျာဥ်သည်ကား သန့်ရှင်းစင်ကြယ်ပါပြီ၊ သို့ရာတွင် မြတ်စွာဘုရားသည် ထိုဥယျာဥ်၌ နေတော်မူပါ၏”ဟု လျှောက်၏။ အချင်း ရှိပါစေ၊ ငါတို့သည် မြတ်စွာဘုရားကို ဆည်းကပ်ကုန်အံ့ဟု (ပြောဆို၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ဥယျာဥ်သို့ သွား၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏။ ထိုစဥ်အခါ ဥပါသကာတစ်ယောက်သည် မြတ်စွာဘုရားကို ဆည်းကပ်၍ နေ၏၊ ပသေနဒီကောသလ မင်းကြီးသည် မြတ်စွာဘုရားကို ဆည်းကပ်၍နေသော ထိုဥပါသကာကို မြင်၍ ကြောက်ရွံ့သဖြင့် ရပ်နေ၏။ ထို့နောက် ပသေနဒီကောသလမင်းကြီးအား “ဤယောကျာ်းသည် မြတ်စွာဘုရားကို ဆည်းကပ်၍ နေသူတစ်ယောက်ဖြစ်ရကား ယုတ်ညံ့သူ မဖြစ်တန်ရာ”ဟု အကြံဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီး လျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။ ထိုအခါ ထိုဥပါသကာသည် မြတ်စွာဘုရားကို ရိုသေသောအားဖြင့် ပသေနဒီကောသလမင်းကြီးကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆိုဘဲ ရှိရကား ပသေနဒီကောသလမင်းကြီးအား “ဤယောကျာ်းသည် ငါလာသောအခါ၌ အဘယ့်ကြောင့် ရှိမခိုးလေဘိသနည်း၊ ခရီးဦးလည်း မကြိုဆိုဘိသနည်း”ဟု နှလုံးမသာ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီး နှလုံးမသာသည်ကို သိတော်မူ၍ “မင်းကြီး ဤဥပါသကာသည် အကြားအမြင်လည်း များ၏၊ အာဂုံ (ပါဠိ) နှုတ်၌ လာပြီးသူလည်း ဖြစ်၏၊ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းလည်း ကင်း၏”ဟု ပသေနဒီကောသလမင်းကြီးအား မိန့်တော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးအား “ဤဥပါသကာသည် ယုတ်ညံ့သူ မဖြစ်တန်ရာ မြတ်စွာ ဘုရားသည်လည်း ဤဥပါသကာ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူ၏”ဟု အကြံဖြစ်၍ ထိုဥပါသကာကို “ဥပါသကာ သင် အလိုရှိရာကို ပြောကြားလော့”ဟု ဆို၏။ ကောင်းလှပါပြီ အသျှင်မင်းကြီး၏ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် ပသေနဒီကောသလမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါ သွားလေ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Entering a royal compound unannounced Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, King Pasenadi of Kosala told his park-keeper, “Go and clean up the park; I’ll be going there.” “Yes, sir.” While cleaning the park, he saw the Buddha seated at the foot of a tree. He then went to King Pasenadi and said, “The park is clean, sir, but the Buddha is sitting there.” “Marvelous! I’ll visit him.” The king went to the park and approached the Buddha, but just then a lay follower was seated there. When the king saw him, he became fearful and stopped. But he considered, “This man isn’t likely to be bad, since he’s visiting the Buddha,” and so he approached the Buddha, bowed, and sat down. But when that lay follower, because of his respect for the Buddha, neither bowed down to the king nor stood up for him, the king became annoyed. The Buddha realized what was happening and said to the king, “Great king, this lay follower is learned, a master of the tradition, and he’s free from sensual desire.” The king thought, “This lay follower doesn’t deserve to be in an inferior position, since even the Buddha praises him.” And he said to that lay follower, “Please say what you want.” “Thank you, sir.” The Buddha then instructed, inspired, and gladdened King Pasenadi with a teaching, after which the king got up from his seat, bowed down, circumambulated the Buddha with his right side toward him, and left.

စာ-၂၀၆

၄၉၅။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော ဥပရိပါသာဒဝရဂတော ဟောတိ။ အဒ္ဒသာ ခေါ ရာဇာ ပသေနဒိ ကောသလော တံ ဥပါသကံ ရထိကာယ [ရထိယာယ (ဣတိပိ)] ဆတ္တပါဏိံ ဂစ္ဆန္တံ။ ဒိသွာန ပက္ကောသာပေတွာ ဧတဒဝေါစ – ‘‘တွံ ကိရ, ဥပါသက, ဗဟုဿုတော အာဂတာဂမော။ သာဓု, ဥပါသက, အမှာကံ ဣတ္ထာဂါရံ ဓမ္မံ ဝါစေဟီ’’တိ။ ‘‘ယမဟံ [ယမ္ပာဟံ (သီ။)], ဒေဝ, ဇာနာမိ အယျာနံ ဝါဟသာ, အယျာဝ ဒေဝဿ ဣတ္ထာဂါရံ ဓမ္မံ ဝါစေဿန္တီ’’တိ။ အထ ခေါ ရာဇာ ပသေနဒိ ကောသလော – ‘‘သစ္စံ ခေါ ဥပါသကော အာဟာ’’တိ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ပသေနဒိ ကောသလော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သာဓု, ဘန္တေ, ဘဂဝါ ဧကံ ဘိက္ခုံ အာဏာပေတု ယော အမှာကံ ဣတ္ထာဂါရံ ဓမ္မံ ဝါစေဿတီ’’တိ။ အထ ခေါ ဘဂဝါ ရာဇာနံ ပသေနဒိံ ကောသလံ ဓမ္မိယာ ကထာယ သန္ဒဿေသိ…ပေ… ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘တေနဟာနန္ဒ, ရညော ဣတ္ထာဂါရံ ဓမ္မံ ဝါစေဟီ’’တိ။ ‘‘ဧဝံ, ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပဋိဿုတွာ ကာလေန ကာလံ ပဝိသိတွာ ရညော ဣတ္ထာဂါရံ ဓမ္မံ ဝါစေတိ။ အထ ခေါ အာယသ္မာ အာနန္ဒော ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ရညော ပသေနဒိဿ ကောသလဿ နိဝေသနံ တေနုပသင်္ကမိ။

၄၉၅။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်သော ပြာသာဒ်ထက်၌ စံနေစဥ် လမ်းခရီး၌ ထီးကိုင်စွဲလျက် သွားနေသော ထိုဥပါသကာကို မြင်၍ ခေါ်စေပြီးလျှင် “ဥပါသကာ သင်သည် အကြား အမြင်များစွာ ရှိသတတ်၊ အာဂုံ (ပါဠိ) နှုတ်၌ လာပြီးသူ ဖြစ်သတတ်၊ ဥပါသကာ တောင်းပန်ပါ၏၊ ငါတို့၏ မောင်းမအပေါင်းအား တရားတော်ကို ပို့ချ သင်ပြပါလော့”ဟု ဆို၏။ အသျှင်မင်းကြီး အကျွန်ုပ် သည် အသျှင်ကောင်းတို့၏ အကြောင်းကြောင့် တရားတော်ကို သိပါ၏၊ ထိုတရားတော်ကို အသျှင်ကောင်း တို့သည်သာလျှင် အသျှင်မင်းကြီး၏ မောင်းမအပေါင်းကို သင်ပြ ပို့ချစေကုန်လတ္တံ့ဟု (ပြောဆို၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် “ဥပါသကာသည်ကား အမှန်ကို ပြောဆိုပေ၏”ဟု (နှလုံးသွင်း၍) မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကာ “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ မောင်းမအပေါင်းတို့အား တရား တော်ကို သင်ပြပို့ချနိုင်မည့် ရဟန်းတစ်ပါးကို စေလွှတ်တော်မူပါ”ဟု မြတ်စွာဘုရားအား လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးကို တရားစကားဖြင့် (အကျိုးစီးပွါး) ကို သိမြင်စေ၏။ပ။ ပသေနဒီကောသလမင်းကြီးသည်။ပ။ အရိုအသေပြုကာ ဖဲခွါသွား၏။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ တိုက်တွန်း၏၊ မင်းကြီး၏ မောင်းမ မိဿံအပေါင်းအား တရားတော်ကို သင်ပြပို့ချချေလော့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံလျက် အခါကာလအားလျော်စွာ နန်းတော်တွင်းသို့ ဝင်၍ မင်းကြီး၏ မောင်းမမိဿံအပေါင်းအား တရားတော်ကို သင်ပြပို့ချလေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ပသေနဒီကောသလမင်းကြီး၏ နန်းတော်သို့ ချဥ်းကပ်၏။

Soon afterwards King Pasenadi was up in his finest stilt house, when he saw that lay follower walking along the street, holding a sunshade. He summoned him and said, “You are a learned Buddhist, a master of the tradition. Please teach my harem.” “Whatever I know, sir, I know because of the monks. They should teach the harem.” Knowing that the lay follower was right, the king went to the Buddha, bowed, sat down, and said, “Sir, please ask a monk to teach my harem.” The Buddha then instructed, inspired, and gladdened King Pasenadi with a teaching, after which the king got up from his seat, paid his respects as before, and left. Soon afterwards, the Buddha said to Venerable Ānanda, “Well then, Ānanda, teach the king’s harem.” “Yes, sir.” And from time to time he would enter the harem and teach. Then, after robing up in the morning, Ānanda took his bowl and robe and went to King Pasenadi’s house.

စာ-၂၀၇

၄၉၆။ တေန ခေါ ပန သမယေန ရာဇာ ပသေနဒိ ကောသလော မလ္လိကာယ ဒေဝိယာ သဒ္ဓိံ သယနဂတော ဟောတိ။ အဒ္ဒသာ ခေါ မလ္လိကာ ဒေဝီ အာယသ္မန္တံ အာနန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန သဟသာ ဝုဋ္ဌာသိ၊ ပီတကမဋ္ဌံ ဒုဿံ ပဘဿိတ္ထ။ အထ ခေါ အာယသ္မာ အာနန္ဒော တတောဝ ပဋိနိဝတ္တိတွာ အာရာမံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ အာနန္ဒော ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ရညော အန္တေပုရံ ပဝိသိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, အာနန္ဒ, ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ရညော အန္တေပုရံ ပဝိသသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, အာနန္ဒ, ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ရညော အန္တေပုရံ ပဝိသိဿသိ! နေတံ, အာနန္ဒ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဝိဂရဟိတွာ…ပေ… ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ –

၄၉၆။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးနှင့်အတူ အိပ်ရာတိုက်ခန်း၌ စံနေ၏၊ မလ္လိကာမိဖုရားကြီးသည် အဝေးကပင်လျှင် အသျှင်အာနန္ဒာ လာနေသည်ကို မြင်၍ အဆော တလျင် ထ၏၊ ဝါဝင်းချောမွေ့သော အဝတ်သည် လျှောကျ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ထိုအရပ်မှ သာလျှင် ပြန်လှည့်ကာ အရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် အသျှင်အာနန္ဒာသည် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “အာနန္ဒာ သင်သည် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အာနန္ဒာ သင်သည် အဘယ့်ကြောင့် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ နန်းတော်တွင်းသို့ ဝင်ဘိသနည်း။ အာနန္ဒာ ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။ နန်းတော်ဝင်ခြင်း အပြစ် ၁၀-ပါး

On that occasion the king was in bed with Queen Mallikā. The queen saw Ānanda coming and she quickly got up, but her burnished golden dressing gown fell off. Ānanda turned around right there and returned to the monastery. And he told the monks what had happened. The monks of few desires complained and criticized him, “How could Venerable Ānanda enter the royal compound without first being announced?” … “Is it true, Ānanda, that you did this?” “It’s true, sir.” The Buddha rebuked him … “Ānanda, how could you do this? This will affect people’s confidence …” … Having rebuked him … the Buddha gave a teaching and addressed the monks:

၄၉၇။ [အ။ နိ။ ၁၀။၄၅] ‘‘ဒသယိမေ, ဘိက္ခဝေ, အာဒီနဝါ ရာဇန္တေပုရပ္ပဝေသနေ။ ကတမေ ဒသ? ဣဓ, ဘိက္ခဝေ, ရာဇာ မဟေသိယာ သဒ္ဓိံ နိသိန္နော ဟောတိ, တတ္ထ ဘိက္ခု ပဝိသတိ။ မဟေသီ ဝါ ဘိက္ခုံ ဒိသွာ သိတံ ပါတုကရောတိ။ ဘိက္ခု ဝါ မဟေသိံ ဒိသွာ သိတံ ပါတုကရောတိ။ တတ္ထ ရညော ဧဝံ ဟောတိ – ‘‘အဒ္ဓါ ဣမေသံ ကတံ ဝါ ကရိဿန္တိ ဝါ’’တိ။ အယံ, ဘိက္ခဝေ, ပဌမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရာဇာ ဗဟုကိစ္စော ဗဟုကရဏီယော။ အညတရံ ဣတ္ထိံ ဂန္တွာ နဿရတိ။ သာ တေန ဂဗ္ဘံ ဂဏှိ။ တတ္ထ ရညော ဧဝံ ဟောတိ – ‘‘န ခေါ ဣဓ အညော ကောစိ ပဝိသတိ အညတြ ပဗ္ဗဇိတေန။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, ဒုတိယော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရညော အန္တေပုရေ အညတရံ ရတနံ နဿတိ။ တတ္ထ ရညော ဧဝံ ဟောတိ – ‘‘န ခေါ ဣဓ အညော ကောစိ ပဝိသတိ အညတြ ပဗ္ဗဇိတေန။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, တတိယော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရညော အန္တေပုရေ အဗ္ဘန္တရာ ဂုယှမန္တာ ဗဟိဒ္ဓါ သမ္ဘေဒံ ဂစ္ဆန္တိ။ တတ္ထ ရညော ဧဝံ ဟောတိ – ‘‘န ခေါ ဣဓ အညော ကောစိ ပဝိသတိ အညတြ ပဗ္ဗဇိတေန။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, စတုတ္ထော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရညော အန္တေပုရေ ပုတ္တော ဝါ ပိတရံ ပတ္ထေတိ ပိတာ ဝါ ပုတ္တံ ပတ္ထေတိ။ တေသံ ဧဝံ ဟောတိ – ‘‘န ခေါ ဣဓ အညော ကောစိ ပဝိသတိ အညတြ ပဗ္ဗဇိတေန။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, ပဉ္စမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရာဇာ နီစဋ္ဌာနိယံ ဥစ္စေ ဌာနေ ဌပေတိ။ ယေသံ တံ အမနာပံ တေသံ ဧဝံ ဟောတိ – ‘‘ရာဇာ ခေါ ပဗ္ဗဇိတေန သံသဋ္ဌော။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, ဆဋ္ဌော အာဒီနဝေါ, ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရာဇာ ဥစ္စဋ္ဌာနိယံ နီစေ ဌာနေ ဌပေတိ။ ယေသံ တံ အမနာပံ တေသံ ဧဝံ ဟောတိ – ‘‘ရာဇာ ခေါ ပဗ္ဗဇိတေန သံသဋ္ဌော။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, သတ္တမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရာဇာ အကာလေ သေနံ ဥယျောဇေတိ။ ယေသံ တံ အမနာပံ တေသံ ဧဝံ ဟောတိ – ‘‘ရာဇာ ခေါ ပဗ္ဗဇိတေန သံသဋ္ဌော။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, အဋ္ဌမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရာဇာ ကာလေ သေနံ ဥယျောဇေတွာ အန္တရာမဂ္ဂတော နိဝတ္တာပေတိ။ ယေသံ တံ အမနာပံ တေသံ ဧဝံ ဟောတိ – ‘‘‘ရာဇာ ခေါ ပဗ္ဗဇိတေန သံသဋ္ဌော။ သိယာ နု ခေါ ပဗ္ဗဇိတဿ ကမ္မ’’န္တိ။ အယံ, ဘိက္ခဝေ, နဝမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။

‘‘ပုန စပရံ, ဘိက္ခဝေ, ရညော ရာဇန္တေပုရံ ဟတ္ထိသမ္မဒ္ဒံ အဿသမ္မဒ္ဒံ ရထသမ္မဒ္ဒံ ရဇ္ဇနီယာနိ [ရဇ္ဇနီယာနိ (က။)] ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗာနိ, ယာနိ န ပဗ္ဗဇိတဿ သာရုပ္ပါနိ။ အယံ, ဘိက္ခဝေ, ဒသမော အာဒီနဝေါ ရာဇန္တေပုရပ္ပဝေသနေ။ ဣမေ ခေါ, ဘိက္ခဝေ, ဒသ အာဒီနဝါ ရာဇန္တေပုရပ္ပဝေသနေ’’တိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အနေကပရိယာယေန ဝိဂရဟိတွာ ဒုဗ္ဘရတာယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၄၉၇။ ရဟန်းတို့ နန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်ပါးတို့တည်း၊ အဘယ် ဆယ်ပါး တို့နည်းဟူမူ- (၁) ရဟန်းတို့ မင်းနှင့်မိဖုရား အတူနေရာသို့ ရဟန်းဝင်သောအခါ မိဖုရားကသော်လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား “ဤရဟန်းနှင့် မိဖုရားတို့သည် လွန်ကျူးပြီးသော် လည်းကောင်း၊ လွန်ကျူးလတ္တံ့သော်လည်းကောင်း မချွတ်ဖြစ်ရာ၏”ဟု အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။ (၂) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းမည်သည်ကား များသော ကိစ္စ ရှိ၏၊ များသော ပြုဖွယ် ရှိ၏၊ မိန်းမ ‘မိဖုရားငယ်’ တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်းကြောင့် ကိုယ်ဝန်စွဲယူရာ၌ “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။ (၃) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာပျောက် သောအခါ “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေ သလော”ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ တတိယအပြစ်တည်း။ (၄) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ လျို့ဝှက်ထားသော တိုင်ပင်ချက် နန်းတွင်းရေးသည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။ (၅) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။ (၆) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် နိမ့်သော ရာထူး ရှိသူကို မြင့်သော ရာထူး၌ ထားသောအခါ “မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထို (ရာထူး ပြောင်းလွှဲခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။ (၇) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် မြင့်သော ရာထူး ရှိသူ ‘ရာထူးကြီးသူ’ ကို နိမ့်သော ရာထူး၌ ထားသောအခါ “မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေ သလော”ဟု ထို (ရာထူးပြောင်းလွှဲခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။ (၈) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ်လိုက် သောအခါ “မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထို (အခါမဲ့ စစ်တပ်လွှတ်ခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။ (၉) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် လွှတ်သင့်သောအခါ၌ စစ်တပ်ကို လွှတ်လိုက် ပြီးနောက် ခရီးအကြားမှ တစ်ဖန် ပြန်လာစေသောအခါ “မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထို (စစ်ပြန်ခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။ (၁၀) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဥ်းမြောင်း ကြပ်တည်း၏၊ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက်ပတ်ကုန်၊ ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဒသမအပြစ်တည်း။ ရဟန်းတို့ နန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်ပါးတို့တည်းဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

“Monks, there are these ten dangers of entering a royal compound. What ten? It may be that a monk enters where the king is sitting with his queen. The queen smiles when she sees the monk or the monk smiles when he sees the queen. The king thinks, ‘Surely they’ve done it, or they’re going to.’ Again, because the king is very busy, he does not remember having slept with a certain woman, yet she becomes pregnant because of that. The king thinks, ‘Only the monk enters here. Is he responsible for this?’ Again, a gem disappears from the royal compound. The king thinks, ‘Only the monk enters here. Is he responsible for this?’ Again, secret discussions in the royal compound are spread outside. The king thinks, ‘Only the monk enters here. Is he responsible for this?’ Again, in the royal compound a father longs for his son, or a son longs for his father. They think, ‘Only the monk enters here. Is he responsible for this?’ Again, the king promotes someone. Those who dislike this think, ‘The king is close to the monk. Is he responsible for this?’ Again, the king demotes someone. Those who dislike this think, ‘The king is close to the monk. Is he responsible for this?’ Again, the king sends out the army at an inappropriate time. Those who dislike this think, ‘The king is close to the monk. Is he responsible for this?’ Again, after sending out the army at an appropriate time, the king orders it to turn back while still en route. Those who dislike this think, ‘The king is close to the monk. Is he responsible for this?’ Again, a royal compound is crowded with elephants, horses, and chariots, as well as enticing sights, sounds, smells, tastes, and tangibles that are not suitable for a monk. Monks, these are the ten dangers of entering a royal compound.” Then, after rebuking Ānanda in many ways, the Buddha spoke in dispraise of being difficult to support … “And, monks, this training rule should be recited like this: Final ruling

စာ-၂၀၉

၄၉၈။ ‘‘ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ [မုဒ္ဓါဘိသိတ္တဿ (သျာ။)] အနိက္ခန္တရာဇကေ အနိဂ္ဂတရတနကေ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ဣန္ဒခီလံ အတိက္ကာမေယျ, ပါစိတ္တိယ’’န္တိ။

၁၃၂။ ၈၃-၄၉၈။ “အကြင်ရဟန်းသည် ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းမျိုးဖြစ်သော မင်း၏ မင်းနှင့်မိဖုရားရတနာ မထွက်သေးသော အိပ်ရာ တိုက်ခန်း၌ (မိမိလာကြောင်းကို) ရှေးက တင်ကြို၍ အသိမပေးဘဲ တံခါးခုံကို လွန်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk, without first being announced, crosses the threshold to the bedroom of a consecrated aristocrat king, when both the king and the queen are present, he commits an offense entailing confession.’” Definitions

၄၉၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ခတ္တိယော နာမ ဥဘတော သုဇာတော ဟောတိ, မာတိတော စ ပိတိတော စ သံသုဒ္ဓဂဟဏိကော, ယာဝ သတ္တမာ ပိတာမဟယုဂါ အက္ခိတ္တော အနုပကုဋ္ဌော ဇာတိဝါဒေန။

မုဒ္ဓါဝသိတ္တော နာမ ခတ္တိယာဘိသေကေန အဘိသိတ္တော ဟောတိ။

အနိက္ခန္တရာဇကေတိ ရာဇာ သယနိဃရာ အနိက္ခန္တော ဟောတိ။

အနိဂ္ဂတရတနကေတိ မဟေသီ သယနိဃရာ အနိက္ခန္တာ ဟောတိ, ဥဘော ဝါ အနိက္ခန္တာ ဟောန္တိ။

ပုဗ္ဗေ အပ္ပဋိသံဝိဒိတောတိ ပုဗ္ဗေ အနာမန္တေတွာ။

ဣန္ဒခီလော နာမ သယနိဃရဿ ဥမ္မာရော ဝုစ္စတိ။

သယနိဃရံ နာမ ယတ္ထ ကတ္ထစိ ရညော သယနံ ပညတ္တံ ဟောတိ, အန္တမသော သာဏိပါကာရပရိက္ခိတ္တမ္ပိ။

ဣန္ဒခီလံ အတိက္ကာမေယျာတိ ပဌမံ ပါဒံ ဥမ္မာရံ အတိက္ကာမေတိ, အာပတ္တိ ဒုက္ကဋဿ။ ဒုတိယံ ပါဒံ အတိက္ကာမေတိ, အာပတ္တိ ပါစိတ္တိယဿ။

၁-အန္တေပုရသိက္ခာပုဒ် အဖွင့် ၄၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ မင်းမျိုး မည်သည် အမိဘက် အဖဘက် နှစ်ဖက်လုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုးဘေး ခုနစ်ဆက် တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံခဲ့ရ, အကဲ့ရဲ့မခံခဲ့ရသောသူတည်း။ ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မည်သည် မင်း၏ အဘိသိက်ဖြင့် ဦးထိပ်၌ သွန်းအပ်ပြီး ဖြစ်၏။ မင်းမထွက်သေးဟူသည် မင်းသည် အိပ်ရာ တိုက်ခန်းမှ မထွက်သေးသည်ပင် ဖြစ်၏။ မိဖုရားရတနာ မထွက်သေးဟူသည် မိဖုရားသည် အိပ်ရာ တိုက်ခန်းမှ မထွက်သေးသည်ပင် ဖြစ်၏၊ နှစ်ယောက်လုံးတို့သော်လည်း မထွက်ကြသေးကုန်။ (မိမိလာကြောင်းကို) ရှေးက တင်ကြို၍ အသိမပေးဘဲဟူသည် ရှေးဦးစွာ မပန်ကြားမူ၍ ‘အကြောင်းမကြားမူ၍’။ တံခါးခုံ မည်သည် အိပ်ရာ တိုက်ခန်း၏ တံခါးခုံကို ဆို၏။ အိပ်ရာတိုက်ခန်း မည်သည် တစ်စုံတစ်ခုသော နေရာ၌ မင်း၏ အိပ်ရာကို ခင်းထား၏၊ အယုတ် သဖြင့် တင်းတိမ် ‘ကန့်လန့်ကာ’ ကို ကာရံထားသော နေရာသည်လည်း အိပ်ရာတိုက်ခန်း မည်၏။ တံခါးခုံကို လွန်စေငြားအံ့ဟူသည် ပဌမခြေလှမ်းကို တံခါးခုံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဒုတိယခြေလှမ်းကို လွန်စေအံံ့၊ ပါစိတ်အာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Aristocrat: well-born on both his mother’s side and his father’s side, pure in descent, irreproachable and impeccable with respect to birth going back eight generations of male ancestors. Consecrated: consecrated with the aristocratic consecration. The king is present: the king has not left the bedroom. The queen is present: the queen has not left the bedroom. Or both have not left. Without first being announced: without first having informed. The threshold: the threshold to the bedroom is what is meant. The bedroom: wherever a king’s bed is prepared, even if just enclosed by a cloth screen. Crosses the threshold to the bedroom: if he crosses the threshold with the first foot, he commits an offense of wrong conduct. If he crosses with the second foot, he commits an offense entailing confession. Permutations

၅၀၀။ အပ္ပဋိသံဝိဒိတေ အပ္ပဋိသံဝိဒိတသညီ ဣန္ဒခီလံ အတိက္ကာမေတိ, အာပတ္တိ ပါစိတ္တိယဿ။ အပ္ပဋိသံဝိဒိတေ ဝေမတိကော ဣန္ဒခီလံ အတိက္ကာမေတိ, အာပတ္တိ ပါစိတ္တိယဿ။ အပ္ပဋိသံဝိဒိတေ ပဋိသံဝိဒိတသညီ ဣန္ဒခီလံ အတိက္ကာမေတိ, အာပတ္တိ ပါစိတ္တိယဿ။

ပဋိသံဝိဒိတေ အပ္ပဋိသံဝိဒိတသညီ, အာပတ္တိ ဒုက္ကဋဿ။ ပဋိသံဝိဒိတေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ပဋိသံဝိဒိတေ ပဋိသံဝိဒိတသညီ, အနာပတ္တိ။

၅၀၀။ (မိမိလာကြောင်းကို) အသိမပေးသည်၌ အသိမပေးဟု အမှတ်ရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ အသိမပေးသည်၌ ယုံမှားရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ အသိမပေးသည်၌ အသိပေးပြီးဟု အမှတ်ရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။ အသိပေးပြီးသည်၌ အသိမပေးသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အသိပေးပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အသိပေးပြီးသည်၌ အသိပေးပြီးပြီဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If he has not been announced, and he perceives that he has not, and he crosses the threshold to the bedroom, he commits an offense entailing confession. If he has not been announced, but he is unsure of it, and he crosses the threshold to the bedroom, he commits an offense entailing confession. If he has not been announced, but he perceives that he has, and he crosses the threshold to the bedroom, he commits an offense entailing confession. If he has been announced, but he perceives that he has not, he commits an offense of wrong conduct. If he has been announced, but he is unsure of it, he commits an offense of wrong conduct. If he has been announced, and he perceives that he has, there is no offense. Non-offenses

စာ-၂၁၀

၅၀၁။ အနာပတ္တိ ပဋိသံဝိဒိတေ, န ခတ္တိယော ဟောတိ, န ခတ္တိယာဘိသေကေန အဘိသိတ္တော ဟောတိ, ရာဇာ သယနိဃရာ နိက္ခန္တော ဟောတိ, မဟေသီ သယနိဃရာ နိက္ခန္တာ ဟောတိ, ဥဘော ဝါ နိက္ခန္တာ ဟောန္တိ, န သယနိဃရေ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အန္တေပုရသိက္ခာပဒံ နိဋ္ဌိတံ ပဌမံ။

၅၀၁။ အသိပေးပြီးသည် ရှိသော် အာပတ် မသင့်၊ မင်းမျိုး မဟုတ်အံ့၊ မင်း၏ အဘိသိက်ဖြင့် မသွန်းလောင်းအပ်သေးသူ ဖြစ်အံ့၊ မင်းသည် အိပ်ရာတိုက်ခန်းမှ ထွက်အံ့၊ မိဖုရားသည် အိပ်ရာ တိုက်ခန်းမှ ထွက်အံ့၊ မင်းမိဖုရား နှစ်ပါးလုံးတို့သော်လည်း အိပ်ရာတိုက်ခန်းမှ ထွက်ကုန်အံ့၊ အိပ်ရာ တိုက်ခန်း၌ မဟုတ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။ ပဌမ အန္တေပုရသိက္ခာပုဒ် ပြီး၏။

There is no offense: if he has been announced; if it is not an aristocrat king; if the king has not been consecrated with the aristocratic consecration; if the king has left the bedroom; if the queen has left the bedroom; if they both have left; if it is not a bedroom; if he is insane; if he is the first offender. The training rule on entering a royal compound unannounced, the first, is finished.

၂။ ရတနသိက္ခာပဒံ

၅၀၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု အစိရဝတိယာ နဒိယာ နဟာယတိ။ အညတရောပိ ဗြာဟ္မဏော ပဉ္စသတာနံ ထဝိကံ ထလေ နိက္ခိပိတွာ အစိရဝတိယာ နဒိယာ နဟာယန္တော ဝိဿရိတွာ အဂမာသိ။ အထ ခေါ သော ဘိက္ခု – ‘‘တဿာယံ ဗြာဟ္မဏဿ ထဝိကာ, မာ ဣဓ နဿီ’’တိ အဂ္ဂဟေသိ။ အထ ခေါ သော ဗြာဟ္မဏော သရိတွာ တုရိတော အာဓာဝိတွာ တံ ဘိက္ခုံ ဧတဒဝေါစ – ‘‘အပိ မေ, ဘော, ထဝိကံ ပဿေယျာသီ’’တိ? ‘‘ဟန္ဒ, ဗြာဟ္မဏာ’’တိ အဒါသိ။ အထ ခေါ တဿ ဗြာဟ္မဏဿ ဧတဒဟောသိ – ‘‘ကေန နု ခေါ အဟံ ဥပါယေန ဣမဿ ဘိက္ခုနော ပုဏ္ဏပတ္တံ န ဒဒေယျ’’န္တိ! ‘‘န မေ, ဘော, ပဉ္စသတာနိ, သဟဿံ မေ’’တိ ပလိဗုန္ဓေတွာ မုဉ္စိ။ အထ ခေါ သော ဘိက္ခု အာရာမံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု ရတနံ ဥဂ္ဂဟေဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, ရတနံ ဥဂ္ဂဟေသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, ရတနံ ဥဂ္ဂဟေဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၉-ရတနဝဂ် ၂-ရတနသိက္ခာပုဒ် ၅၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတစ်ပါးသည် အစိရဝတီမြစ်၌ ရေချိုး၏။ ပုဏ္ဏားတစ်ယောက်သည်လည်း (အသပြာ) ငါးရာအိတ်ကို ကုန်းပေါ်၌ ချထား၍ အစိရဝတီမြစ်၌ ရေချိုးပြီး သော် မေ့လျော့ကာ ဖဲသွား၏။ ထိုအခါ ထိုရဟန်းသည် “ဤပုဏ္ဏား၏ ဥစ္စာအိတ်သည် ဤနေရာ၌ မပျောက်ပါစေလင့်”ဟု နှလုံး သွင်း၍ ယူထားလေ၏။ ထိုအခါ ထိုပုဏ္ဏားသည် သတိရ၍ အဆောတလျင် ပြေးလာပြီးလျှင် ထိုရဟန်းကို “ရဟန်း အကျွန်ုပ်၏ အိတ်ကို မြင်ပါသလော”ဟု မေး၏။ “ပုဏ္ဏား ယူလော့”ဟု ဆို၍ ပေးလိုက်၏။ ထိုအခါ ထိုပုဏ္ဏားသည် “ငါသည် အဘယ်သို့သော အကြောင်းဖြင့် ဤရဟန်းအား ဆုလာဘ်မပေးဘဲ နေရအံ့နည်း”ဟု ကြံ၍ “ရဟန်း အကျွန်ုပ်၏ ဥစ္စာသည် ငါးရာမဟုတ်၊ အကျွန်ုပ်၏ ဥစ္စာသည် တစ်ထောင်ပါတည်း”ဟု ဆိုကာ နှောင့်ယှက်၍ လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းသည် ကျောင်းအရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် ရတနာကို ကောက်ယူထားဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် ရတနာကို ကောက်ယူထား၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်း တော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် ရတနာကို ကောက်ယူထားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “အကြင်ရဟန်းသည် ရတနာကိုလည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကို လည်းကောင်း ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Picking up precious things Origin story First substory At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, a monk was bathing in the river Aciravatī, when a brahmin, too, came there to bathe. He deposited a bag with five hundred coins on the ground, bathed, forgot about the bag, and left. The monk thought, “This is the bag belonging to that brahmin; it wouldn’t be nice if it got lost,” and he picked it up. Soon the brahmin remembered. He hurried back and asked that monk, “Sir, did you see my bag?” Saying, “I did indeed,” he gave it to him. The brahmin thought, “How can I avoid giving a reward to this monk?” And he said, “I didn’t have five hundred coins, I had a thousand!” And he seized hold of that monk. After being released, that monk went to the monastery and told the monks what had happened. The monks of few desires complained and criticized him, “How could a monk pick up precious things?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: First preliminary ruling ‘If a monk picks up something precious or something regarded as precious, or he has it picked up, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Second substory

၅၀၃။ တေန ခေါ ပန သမယေန သာဝတ္ထိယာ ဥဿဝေါ ဟောတိ။ မနုဿာ အလင်္ကတပ္ပဋိယတ္တာ ဥယျာနံ ဂစ္ဆန္တိ။ ဝိသာခါပိ မိဂါရမာတာ အလင်္ကတပ္ပဋိယတ္တာ ‘‘ဥယျာနံ ဂမိဿာမီ’’တိ ဂါမတော နိက္ခမိတွာ – ‘‘ကျာဟံ ကရိဿာမိ ဥယျာနံ ဂန္တွာ, ယံနူနာဟံ ဘဂဝန္တံ ပယိရုပါသေယျ’’န္တိ အာဘရဏံ ဩမုဉ္စိတွာ ဥတ္တရာသင်္ဂေန ဘဏ္ဍိကံ ဗန္ဓိတွာ ဒါသိယာ အဒါသိ – ‘‘ဟန္ဒ, ဇေ, ဣမံ ဘဏ္ဍိကံ ဂဏှာဟီ’’တိ။ အထ ခေါ ဝိသာခါ မိဂါရမာတာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဝိသာခံ မိဂါရမာတရံ ဘဂဝါ ဓမ္မိယာ ကထာယ သန္ဒဿေသိ သမာဒပေသိ သမုတ္တေဇေသိ သမ္ပဟံသေသိ။ အထ ခေါ ဝိသာခါ မိဂါရမာတာ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတာ သမာဒပိတာ သမုတ္တေဇိတာ သမ္ပဟံသိတာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။ အထ ခေါ သာ ဒါသီ တံ ဘဏ္ဍိကံ ဝိဿရိတွာ အဂမာသိ။ ဘိက္ခူ ပဿိတွာ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ ‘‘တေန ဟိ, ဘိက္ခဝေ, ဥဂ္ဂဟေတွာ နိက္ခိပထာ’’တိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, ရတနံ ဝါ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတုံ – ‘‘ယဿ ဘဝိဿတိ သော ဟရိဿတီ’’တိ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ, အညတြ အဇ္ဈာရာမာ, ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၅၀၃။ ထိုအခါ သာဝတ္ထိပြည်၌ ပွဲသဘင် ဖြစ်၏၊ လူတို့သည် တန်ဆာဆင်ကုန်လျက် ဥယျာဥ်သို့ သွားကုန်၏၊ မိဂါရမာတာမည်သော ဝိသာခါသည်လည်း တန်ဆာဆင်၍ “ဥယျာဥ်သို့ သွားအံ့”ဟု ရွာမှ ထွက်သည် ရှိသော် “ငါသည် ဥယျာဥ်သို့ သွား၍ အသို့ပြုရအံ့နည်း၊ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ရပါမူကား ကောင်းလိမ့်မည်”ဟု ကြံ၍ (မဟလ္လတာ) တန်ဆာကို ချွတ်၍ အပေါ်ရုံဖြင့် အထုပ် ထုပ်၍ ကျွန်မအား “ဟယ် ကျွန်မ ဤတန်ဆာထုပ်ကို ယခု ယူခဲ့လော့”ဟု ဆို၍ ပေးလိုက်၏။ ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်ပြီးသော မိဂါရမာတာ မည်သော ဝိသာခါကို မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ၍ (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် မိဂါရမာတာမည်သော ဝိသာခါ သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွား၏။ ထိုအခါ ကျွန်မသည် ဥစ္စာထုပ်ကို သတိမေ့လျော့၍ ဖဲသွား၏။ ရဟန်းတို့ မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ “ရဟန်းတို့ သို့ဖြစ်လျှင် ကောက်ယူ၍ သိမ်းထားကုန်လော့”ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ ကျောင်းအရံတွင်း၌ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း ‘ဥစ္စာရှင်သည် ယူလတ္တံ့’ဟု နှလုံးပိုက်၍ သိမ်းထားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ခ) “အကြင်ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကို သော်လည်းကောင်း ကျောင်းအရံတွင်းကို ဖယ်ထား၍ ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards there was a celebration in Sāvatthī. People were going to the park all dressed up, as did Visākhā Migāramātā. As she was leaving her village, she thought, “What will I do when I get to the park? Why don’t I pay a visit to the Buddha!” She then removed all her ornaments, bound them in a bundle with her upper robe, and gave it to her slave girl, saying, “Listen, look after this bundle.” Visākhā then went to the Buddha, bowed, and sat down. And the Buddha instructed, inspired, and gladdened her with a teaching, after which she got up from her seat, bowed down, circumambulated him with her right side toward him, and left. And the slave girl left too, forgetting the bundle. The monks saw it and told the Buddha. “Well then, monks, pick it up and put it aside.” Soon afterwards the Buddha gave a teaching and addressed the monks: “Within a monastery, monks, you should pick up precious things or what’s regarded as precious, or have it picked up, and then put it aside with the thought, ‘Whoever owns it will come and get it.’ And so, monks, this training rule should be recited like this: Second preliminary ruling ‘If a monk picks up something precious or something regarded as precious, or he has it picked up, except within a monastery, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Third substory

၅၀၄။ တေန ခေါ ပန သမယေန ကာသီသု ဇနပဒေ အနာထပိဏ္ဍိကဿ ဂဟပတိဿ ကမ္မန္တဂါမော ဟောတိ။ တေန စ ဂဟပတိနာ အန္တေဝါသီ အာဏတ္တော ဟောတိ – ‘‘သစေ ဘဒန္တာ အာဂစ္ဆန္တိ ဘတ္တံ ကရေယျာသီ’’တိ။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ ကာသီသု ဇနပဒေ စာရိကံ စရမာနာ ယေန အနာထပိဏ္ဍိကဿ ဂဟပတိဿ ကမ္မန္တဂါမော တေနုပသင်္ကမိံသု။ အဒ္ဒသာ ခေါ သော ပုရိသော တေ ဘိက္ခူ ဒူရတောဝ အာဂစ္ဆန္တေ။ ဒိသွာန ယေန တေ ဘိက္ခူ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ တေ ဘိက္ခူ အဘိဝါဒေတွာ ဧတဒဝေါစ – ‘‘အဓိဝါသေန္တု, ဘန္တေ, အယျာ သွာတနာယ ဂဟပတိနော ဘတ္တ’’န္တိ။ အဓိဝါသေသုံ ခေါ တေ ဘိက္ခူ တုဏှီဘာဝေန။ အထ ခေါ သော ပုရိသော တဿာ ရတ္တိယာ အစ္စယေန ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ကာလံ အာရောစာပေတွာ အင်္ဂုလိမုဒ္ဒိကံ ဩမုဉ္စိတွာ တေ ဘိက္ခူ ဘတ္တေန ပရိဝိသိတွာ – ‘‘အယျာ ဘုဉ္ဇိတွာ ဂစ္ဆန္တု, အဟမ္ပိ ကမ္မန္တံ ဂမိဿာမီ’’တိ အင်္ဂုလိမုဒ္ဒိကံ ဝိဿရိတွာ အဂမာသိ။ ဘိက္ခူ ပဿိတွာ – ‘‘သစေ မယံ ဂမိဿာမ နဿိဿတာယံ အင်္ဂုလိမုဒ္ဒိကာ’’တိ တတ္ထေဝ အစ္ဆိံသု။ အထ ခေါ သော ပုရိသော ကမ္မန္တာ အာဂစ္ဆန္တော တေ ဘိက္ခူ ပဿိတွာ ဧတဒဝေါစ – ‘‘ကိဿ, ဘန္တေ, အယျာ ဣဓေဝ အစ္ဆန္တီ’’တိ? အထ ခေါ တေ ဘိက္ခူ တဿ ပုရိသဿ ဧတမတ္ထံ အာရောစေတွာ သာဝတ္ထိံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသုံ။ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, ရတနံ ဝါ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတုံ – ယဿ ဘဝိဿတိ သော ဟရိဿတီ’’တိ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၀၄။ ထိုအခါ ကာသိတိုင်း ဇနပုဒ်တို့၌ အနာထပိဏ်သူဌေး၏ အလုပ်သမားရွာ ရှိ၏၊ ထိုသူဌေး သည် “အကယ်၍ အသျှင်ကောင်းတို့ လာကုန်အံ့၊ ဆွမ်းလုပ်ကျွေးလော့”ဟု တပည့်ကို စေခိုင်း၏။ ထိုအခါ များစွာသော ရဟန်းတို့သည် ကာသိတိုင်း ဇနပုဒ်တို့၌ ဒေသစာရီလှည့်လည်သောအခါ အနာထပိဏ် သူဌေး၏ အလုပ်သမားရွာသို့ ချဥ်းကပ်ကုန်၏၊ ထိုယောကျာ်းသည် အဝေးမှ ကြွလာကုန်သော ထိုရဟန်း တို့ကို မြင်၍ ထိုရဟန်းတို့အထံသို့ ချဥ်းကပ်ပြီးလျှင် ရှိခိုးလျက် “အသျှင်ဘုရားတို့ အသျှင်တို့သည် နက်ဖြန်အလို့ငှါ သူဌေး၏ ဆွမ်းကို ခံယူတော်မူပါကုန်လော့”ဟု လျှောက်၏။ ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံကုန်၏။ ထိုအခါ ထိုယောကျာ်းသည် ထိုညဥ့်လွန်သောအခါ၌ မွန်မြတ်သော ခဲဖွယ်ဘောဇဥ်တို့ကို စီရင်စေပြီးနောက် အချိန်ကာလကို ကြားလျှောက်စေ၍ လက်စွပ်ကို ချွတ်ကာ ထိုရဟန်းတို့အား ဆွမ်းလုပ်ကျွေးပြီးလျှင် “အသျှင်ကောင်းတို့သည် ဆွမ်းစားပြီးသော် ကြွတော်မူပါကုန်၊ အကျွန်ုပ်သည်လည်း အလုပ်ခွင်သို့ သွားပါအံ့”ဟု လျှောက်ကာ လက်စွပ်ကို မေ့လျော့၍ ဖဲခွါသွား၏။ ရဟန်းတို့ မြင်လေလျှင် “ဤလက်စွပ်သည် ငါတို့သွားလျှင် ပျောက်လတ္တံ့”ဟု နှလုံးသွင်း၍ ထိုအရပ်၌သာလျှင် နေကုန်၏။ ထိုအခါ ထိုယောကျာ်းသည် အလုပ်ခွင်မှ ပြန်လာသောအခါ ထိုရဟန်း တို့ကို မြင်၍ “အသျှင်ဘုရားတို့ အသျှင်တို့သည် အဘယ့်ကြောင့် ဤအရပ်၌ နေကုန်ဘိသနည်း”ဟု လျှောက်လေသော် ရဟန်းတို့သည် ထိုယောကျာ်းအား ဤအကြောင်းကို ပြောကြားပြီးနောက် သာဝတ္ထိပြည် သို့ သွား၍ ရဟန်းတို့အားလည်း ဤအကြောင်းကိုပင် ပြောကြားကုန်၏။ ရဟန်းတို့သည်လည်း မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ ကို- “ရဟန်းတို့ ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံတွင်း၌ဖြစ်စေ တည်းခိုရာ အိမ်တွင်း၌ဖြစ်စေ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော် လည်းကောင်း ‘ဥစ္စာရှင်သည် ဆောင်ယူလတ္တံ့’ဟု နှလုံးသွင်း၍ သိမ်းထားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

At that time the householder Anāthapiṇḍika had a whole village working for him in the country of Kāsi, and he had told an apprentice there that if the monks arrive he should make them a meal. Soon afterwards a number of monks were wandering in the country of Kāsi, when they came to that village. When that man saw them coming, he approached them, bowed, and said, “Venerables, please accept a meal from Anāthapiṇḍika tomorrow.” The monks accepted by remaining silent. The following morning, after having various kinds of fine foods prepared, he had the monks informed that it was time for the meal. He removed a ring from his finger and then offered the food to the monks, saying, “Venerables, please leave after you’ve eaten. I have to go to work.” And he left, forgetting his ring. The monks saw it and said, “If we just go, this ring will be lost,” and so they stayed right there. When that man returned from work, he saw the monks and said to them, “Why are you still here?” And the monks told him what had happened. Those monks then went to Sāvatthī where they told the monks, who in turn told the Buddha. After giving a teaching, the Buddha addressed the monks: “Within a monastery, monks, or inside a lodging, you should pick up precious things or what’s regarded as precious, or have it picked up, and then put it aside with the thought, ‘Whoever owns it will come and get it.’ And so, monks, this training rule should be recited like this: Final ruling

စာ-၂၁၂

၅၀၅။ ‘‘ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ, အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ, ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ – ‘ယဿ ဘဝိဿတိ သော ဟရိဿတီ’တိ။ အယံ တတ္ထ သာမီစီ’’တိ။

၁၃၃။ ၈၄ (ဂ) ၅၀၅။ “အကြင်ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာ ဌာနအတွင်းမှတစ်ပါး (အခြားနေရာတို့၌) ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေ ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏၊ ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော် လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော် လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း ‘ဥစ္စာရှင်သည် ဆောင်ယူ လတ္တံ့’ဟု နှလုံးသွင်း၍ သိမ်းထားရမည်၊ ဤကား ထိုဥစ္စာကို မေ့ကျန်ရာ၌ ပြုရာသော ဝတ်တည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk picks up something precious or something regarded as precious, or he has it picked up, except within a monastery or inside a lodging, he commits an offense entailing confession. If he picks up something precious or something regarded as precious, or he has it picked up, within a monastery or inside a lodging, he should put it aside with the thought, “Whoever owns it will come and get it.” This is the proper procedure.’” Definitions

၅၀၆။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

ရတနံ နာမ မုတ္တာ မဏိ ဝေဠုရိယော သင်္ခေါ သိလာ ပဝါလံ ရဇတံ ဇာတရူပံ လောဟိတင်္ကော [လောဟိတကော (?)] မသာရဂလ္လံ။

ရတနသမ္မတံ နာမ ယံ မနုဿာနံ ဥပဘောဂပရိဘောဂံ, ဧတံ ရတနသမ္မတံ နာမ။

အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါတိ ဌပေတွာ အဇ္ဈာရာမံ အဇ္ဈာဝသထံ။

အဇ္ဈာရာမော နာမ ပရိက္ခိတ္တဿ အာရာမဿ အန္တော အာရာမော, အပရိက္ခိတ္တဿ ဥပစာရော။

အဇ္ဈာဝသထော နာမ ပရိက္ခိတ္တဿ အာဝသထဿ အန္တော အာဝသထော, အပရိက္ခိတ္တဿ ဥပစာရော။

ဥဂ္ဂဏှေယျာတိ သယံ ဂဏှာတိ, အာပတ္တိ ပါစိတ္တိယဿ။

ဥဂ္ဂဏှာပေယျာတိ အညံ ဂါဟာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗန္တိ ရူပေန ဝါ နိမိတ္တေန ဝါ သညာဏံ ကတွာ နိက္ခိပိတွာ အာစိက္ခိတဗ္ဗံ – ‘‘ယဿ ဘဏ္ဍံ နဋ္ဌံ သော အာဂစ္ဆတူ’’တိ။ သစေ တတ္ထ အာဂစ္ဆတိ သော ဝတ္တဗ္ဗော – ‘‘အာဝုသော, ကီဒိသံ တေ ဘဏ္ဍ’’န္တိ? သစေ ရူပေန ဝါ နိမိတ္တေန ဝါ သမ္ပာဒေတိ ဒါတဗ္ဗံ, နော စေ သမ္ပာဒေတိ ‘‘ဝိစိနာဟိ အာဝုသော’’တိ ဝတ္တဗ္ဗော။ တမှာ အာဝါသာ ပက္ကမန္တေန ယေ တတ္ထ ဟောန္တိ ဘိက္ခူ ပတိရူပါ, တေသံ ဟတ္ထေ နိက္ခိပိတွာ ပက္ကမိတဗ္ဗံ။ နော စေ ဟောန္တိ ဘိက္ခူ ပတိရူပါ, ယေ တတ္ထ ဟောန္တိ ဂဟပတိကာ ပတိရူပါ, တေသံ ဟတ္ထေ နိက္ခိပိတွာ ပက္ကမိတဗ္ဗံ။

အယံ တတ္ထ သာမီစီတိ အယံ တတ္ထ အနုဓမ္မတာ။

၂-ရတနသိက္ခာပုဒ် အဖွင့် ၅၀၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ရတနာ မည်သည် ပုလဲ မြ ကျောက်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်တည်း။ ရတနာဟု သမုတ်အပ်သောဝတ္ထု မည်သည် လူတို့၏ အတွင်းအသုံးအဆောင် အပအသုံးအဆောင် တည်း၊ ဤကား ရတနာဟု သမုတ်အပ်သော ဝတ္ထုမည်၏။ အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်းမှ တစ်ပါးဟူသည် အရံတွင်းကို တည်းခိုရာ အိမ်တွင်းကို ချန်ထား၍။ အရံတွင်း မည်သည် အရံအတားရှိလျှင် ကျောင်း၏ အရံတွင်းတည်း၊ အရံမရှိလျှင် (ကျောင်း၏) ဥပစာတည်း။ တည်းခိုရာဌာနအတွင်း မည်သည် အရံရှိလျှင် တည်းခိုရာအိမ်၏ အရံတွင်းတည်း၊ အရံအတားမ ရှိလျှင် (တည်းခိုရာအိမ်၏) ဥပစာတည်း။ ကောက်ယူငြားအံ့ဟူသည် ကိုယ်တိုင် ကောက်ယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ကောက်ယူစေငြားအံ့ဟူသည် အခြားသူကို ကောက်ယူစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော် လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း သိမ်းထားရမည်ဟူသည် အဆင်းဖြင့်သော် လည်းကောင်း၊ အမှတ်အသားဖြင့်သော်လည်း ကောင်း အမှတ်ပြု၍ သိမ်းထားပြီးလျှင် “ဥစ္စာပျောက်သော သူသည် လာစေသတည်း”ဟု ပြောကြားရ မည်။ ထိုအရပ်သို့ အကယ်၍ လာအံ့၊ ထိုသူကို “ဒါယကာ သင်၏ ဥစ္စာသည် အဘယ်သို့ သဘော ရှိသနည်း”ဟု မေးမြန်းရမည်။ အဆင်းနှင့်သော်လည်းကောင်း၊ အမှတ်အသားနှင့်သော်လည်းကောင်း အကယ်၍ ညီညွတ်ပြည့်စုံအံ့၊ ပေးရမည်။ အကယ်၍ မညီညွတ် မပြည့်စုံအံ့၊ “ဒါယကာ ရှာပါဦးလော့”ဟု ပြောဆိုရမည်။ ထိုကျောင်းမှ ဖဲသွားလိုသော ရဟန်းသည် ထိုကျောင်း၌ သင့်လျော်သော ရဟန်းတို့၏ လက်၌ ထား၍ ဖဲသွားရမည်။ သင့်လျော်သော ရဟန်းတို့ အကယ်၍ မရှိမူ ထိုကျောင်း၌ သင့်လျော်သော လူတို့၏ လက်၌ ထား၍ ဖဲသွားရမည်။ ဤကား ထိုဥစ္စာကို မေ့ကျန်ရစ်ရာ၌ ပြုရာသော ဝတ်တည်းဟူသည် ဤသို့ သိမ်းထားခြင်းသည် ထိုဥစ္စာကို မေ့ကျန်ရစ်ရာ၌ တရားနှင့်လျော်သော အကျင့်တည်း။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Something precious: a pearl, a gem, a beryl, mother-of-pearl, quartz, a coral, silver, gold, a ruby, a cat’s eye. Something regarded as precious: whatever people regard as valuable or useful—this is called “regarded as precious”. Except within a monastery or inside a lodging: apart from within a monastery or inside a lodging. Within a monastery: if the monastery is enclosed, then within the enclosure. If the monastery is unenclosed, then in the vicinity. Inside a lodging: if the lodging is enclosed, then within the enclosure. If the lodging is unenclosed, then in the vicinity. Picks up: if he takes hold of it himself, he commits an offense entailing confession. Has picked up: if he gets someone else to take hold of it, he commits an offense entailing confession. If he picks up something precious or something regarded as precious, or he has it picked up, within a monastery or inside a lodging, he should put it aside: after taking note of its appearance or distinguishing marks, he should put it aside, and then make an announcement: “Whoever has lost anything should come.” If anyone comes, they should be told, “Please describe it.” If they rightly describe its appearance or distinguishing marks, it should be given to them. If they do not, they should be told, “Keep looking.” If that monk is leaving that monastery, he should first place that item into the hands of suitable monks there. If there are no suitable monks, he should place it into the hands of suitable householders there. This is the proper procedure: this is the right method. Non-offenses

၅၀၇။ အနာပတ္တိ ရတနံ ဝါ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပတိ – ‘‘ယဿ ဘဝိဿတိ သော ဟရိဿတီ’’တိ, ရတနသမ္မတံ ဝိဿာသံ ဂဏှာတိ, တာဝကာလိကံ ဂဏှာတိ, ပံသုကူလသညိဿ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ရတနသိက္ခာပဒံ နိဋ္ဌိတံ ဒုတိယံ။

၅၀၇။ ရတနာ (ဆယ်ပါး) ကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်း ကောင်း၊ အရံတွင်းနှင့်တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော်လည်း ကောင်း “ဥစ္စာရှင်သည် လာ၍ ဆောင်ယူလတ္တံ့”ဟု (နှလုံးသွင်း၍) သိမ်းထားအံ့၊ အာပတ် မသင့်။ ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကို အကျွမ်းဝင်၍ ကောက်ယူထားအံ့၊ အာပတ် မသင့်၊ ခေတ္တခဏယူထားအံ့၊ အာပတ် မသင့်။ ပံ့သကူဟု အမှတ်ရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယ ရတနသိက္ခာပုဒ် ပြီး၏။

There is no offense: if he picks up something precious or something regarded as precious, or he has it picked up, within a monastery or inside a lodging, and then puts it aside with the thought, “Whoever owns it will come and get it;” if he takes something regarded as precious on trust or he borrows it or he perceives it as discarded; if he is insane; if he is the first offender. The training rule on picking up precious things, the second, is finished.

၃။ ဝိကာလဂါမပ္ပဝိသနသိက္ခာပဒံ

၅၀၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဝိကာလေ ဂါမံ ပဝိသိတွာ သဘာယံ နိသီဒိတွာ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေန္တိ, သေယျထိဒံ – [ဣမာ တိရစ္ဆာနကထာယော ဒီ။ ၁။၁၇၊ မ။ နိ။ ၂။၂၂၃၊ သံ။ နိ။၊ အ။ နိ။ ၁၀။၆၉] ရာဇကထံ စောရကထံ မဟာမတ္တကထံ သေနာကထံ ဘယကထံ ယုဒ္ဓကထံ အန္နကထံ ပါနကထံ ဝတ္ထကထံ သယနကထံ မာလာကထံ ဂန္ဓကထံ ဉာတိကထံ ယာနကထံ ဂါမကထံ နိဂမကထံ နဂရကထံ ဇနပဒကထံ ဣတ္ထိကထံ [ဣတ္ထိကထံ ပုရိသကထံ (က။) မဇ္ဈိမပဏ္ဏာသဋ္ဌကထာ ၁၅၆ ပိဋ္ဌေ ဩလောကေတဗ္ဗာ] သူရကထံ ဝိသိခါကထံ ကုမ္ဘဋ္ဌာနကထံ ပုဗ္ဗပေတကထံ နာနတ္တကထံ လောကက္ခာယိကံ သမုဒ္ဒက္ခာယိကံ ဣတိဘဝါဘဝကထံ ဣတိ ဝါ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ ဝိကာလေ ဂါမံ ပဝိသိတွာ သဘာယံ နိသီဒိတွာ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေဿန္တိ, သေယျထိဒံ – ရာဇကထံ စောရကထံ…ပေ… ဣတိဘဝါဘဝကထံ ဣတိ ဝါ, သေယျထာပိ ဂိဟီ ကာမဘောဂိနော’’တိ!

အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဝိကာလေ ဂါမံ ပဝိသိတွာ သဘာယံ နိသီဒိတွာ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေဿန္တိ, သေယျထိဒံ – ရာဇကထံ စောရကထံ…ပေ… ဣတိဘဝါဘဝကထံ ဣတိ ဝါ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဝိကာလေ ဂါမံ ပဝိသိတွာ သဘာယံ နိသီဒိတွာ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေထ, သေယျထိဒံ – ရာဇကထံ စောရကထံ…ပေ… ဣတိဘဝါဘဝကထံ ဣတိ ဝါတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဝိကာလေ ဂါမံ ပဝိသိတွာ သဘာယံ နိသီဒိတွာ အနေကဝိဟိတံ တိရစ္ဆာနကထံ ကထေဿထ, သေယျထိဒံ – ရာဇကထံ စောရကထံ…ပေ… ဣတိဘဝါဘဝကထံ ဣတိ ဝါ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု ဝိကာလေ ဂါမံ ပဝိသေယျ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၉-ရတနဝဂ် ၃-ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် ၅၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေလွဲသောအခါ ရွာသို့ဝင်၍ ပွဲသဘင်၌ ထိုင်နေပြီးလျှင် မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော စကားအမျိုးမျိုးကို ပြောဆိုကုန်၏။ ဤသည်ကား အဘယ်နည်း- မင်းနှင့် စပ်သောစကား၊ ခိုးသူနှင့် စပ်သောစကား၊ မှူးမတ်နှင့် စပ်သောစကား၊ စစ်သည်နှင့် စပ်သောစကား၊ ကြောက်ဖွယ်ဘေးနှင့် စပ်သောစကား၊ စစ်နှင့် စပ်သောစကား၊ အစားနှင့် စပ်သောစကား၊ အသောက်နှင့် စပ်သောစကား၊ အဝတ်နှင့် စပ်သောစကား၊ နေရာနှင့် စပ်သောစကား၊ ပန်းနှင့် စပ်သော စကား၊ နံ့သာနှင့် စပ်သောစကား၊ ဆွေမျိုးနှင့် စပ်သောစကား၊ ယာဥ်နှင့် စပ်သောစကား၊ ရွာနှင့် စပ်သောစကား၊ နိဂုံးနှင့် စပ်သောစကား၊ မြို့နှင့် စပ်သောစကား၊ နယ်နှင့် စပ်သောစကား၊ မိန်းမနှင့် စပ်သောစကား၊ ယောကျာ်းနှင့် စပ်သောစကား၊ သူရဲကောင်းနှင့် စပ်သောစကား၊ ခရီးဆုံနှင့် စပ်သော စကား၊ ရေခပ်ဆိပ်နှင့် စပ်သောစကား၊ သေလွန်သူနှင့် စပ်သောစကား၊ အထွေထွေနှင့် စပ်သောစကား၊ လောက (အကြောင်း) နှင့် စပ်သောစကား၊ သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သောစကား၊ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကားတို့တည်း။ လူတို့သည် “အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် နေလွဲသောအခါ ရွာသို့ဝင်၍ ပွဲသဘင်၌ ထိုင်နေပြီးလျှင် ကာမဂုဏ်ခံစားသော လူတို့ကဲ့သို့ မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထွေရာလေးပါး စကားအမျိုးမျိုးကို ပြောဆိုကုန်ဘိသနည်း၊ ဤသည်ကား အဘယ်နည်းဟူမူ မင်းနှင့် စပ်သောစကား၊ ခိုးသူနှင့် စပ်သောစကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည့်ထိုလူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြသည်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေလွဲသောအခါ ရွာသို့ ဝင်၍ ပွဲသဘင်၌ ထိုင်ပြီးလျှင် မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထွေရာလေးပါး စကားအမျိုးမျိုးကို ပြောဆိုကုန် ဘိသနည်း၊ ဤသည်ကား အဘယ်နည်းဟူမူ မင်းနှင့် စပ်သောစကား၊ ခိုးသူနှင့် စပ်သောစကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကားတို့တည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် နေလွဲသောအခါ၌ ရွာသို့ ဝင်၍ ပွဲသဘင်၌ ထိုင်ပြီးလျှင် မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထွေရာလေးပါး စကားအမျိုးမျိုးကို ပြောဆိုကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် နေလွဲသောအခါ ရွာသို့ ဝင်၍ ပွဲသဘင်၌ ထိုင်နေပြီးလျှင် မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထွေရာလေးပါး စကားအမျိုးမျိုးကို ပြောဆိုကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “အကြင်ရဟန်းသည် နေလွဲသောအခါ၌ ရွာသို့ ဝင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Entering an inhabited area at the wrong time Origin story First substory At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six entered the village at the wrong time, sat down in the public meeting hall, and talked about all sorts of worldly things: about kings, gangsters, and officials; about armies, dangers, and battles; about food, drink, clothes, and beds; about garlands and perfumes; about relatives, vehicles, villages, towns, and countries; about women and heroes; gossip; about the departed; about various trivialities; about the world and the sea; about the various kinds of existence. People complained and criticized them, “How can the Sakyan monastics enter the village at the wrong time, sit down in the public meeting hall, and talk about such worldly things? They’re just like householders who indulge in worldly pleasures!” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How can the monks from the group of six do this?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: First preliminary ruling ‘If a monk enters an inhabited area at the wrong time, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Second substory

၅၀၉။ တေန ခေါ ပန သမယေန သမ္ဗဟုလာ ဘိက္ခူ ကောသလေသု ဇနပဒေ သာဝတ္ထိံ ဂစ္ဆန္တာ သာယံ အညတရံ ဂါမံ ဥပဂစ္ဆိံသု။ မနုဿာ တေ ဘိက္ခူ ပဿိတွာ ဧတဒဝေါစုံ – ‘‘ပဝိသထ, ဘန္တေ’’တိ။ အထ ခေါ တေ ဘိက္ခူ – ‘‘ဘဂဝတာ ပဋိက္ခိတ္တံ ဝိကာလေ ဂါမံ ပဝိသိတု’’န္တိ ကုက္ကုစ္စာယန္တာ န ပဝိသိံသု။ စောရာ တေ ဘိက္ခူ အစ္ဆိန္ဒိံသု။ အထ ခေါ တေ ဘိက္ခူ သာဝတ္ထိံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသုံ။ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, အာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၅၀၉။ ထိုအခါ များစွာသော ရဟန်းတို့သည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည် ရှိသော် ညချမ်းအခါ ရွာတစ်ရွာသို့ ရောက်ကုန်၏။ လူတို့သည် ထိုရဟန်းတို့ကို မြင်၍ “အသျှင်ဘုရားတို့ ရွာသို့ ဝင်တော်မူကုန်လော့”ဟု လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် “မြတ်စွာ ဘုရားသည် နေလွဲသောအခါ ရွာသို့ ဝင်ခြင်းကို တားမြစ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မဝင်ကုန်၊ ခိုးသူတို့သည် ထိုရဟန်းတို့ကို လုယက်ကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြားကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ နေလွဲသော အခါ ပန်ကြား၍ ရွာတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ခ) “အကြင်ရဟန်းသည် နေလွဲသောအခါ မပန်ကြားမူ၍ ရွာတွင်းသို့ ဝင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards a number of monks were walking through the Kosalan country on their way to Sāvatthī, when one evening they came to a certain village. People saw them and said, “Venerables, please enter the village.” But knowing that entering a village at the wrong time had been prohibited by the Buddha and being afraid of wrongdoing, they declined. And so thieves robbed them. They then went to Sāvatthī and told the monks what had happened, who in turn told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow you to enter an inhabited area at the wrong time after informing someone. And so, monks, this training rule should be recited like this: Second preliminary ruling ‘If a monk, without informing anyone, enters an inhabited area at the wrong time, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Third substory

၅၁၀။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု ကောသလေသု ဇနပဒေ သာဝတ္ထိံ ဂစ္ဆန္တော သာယံ အညတရံ ဂါမံ ဥပဂစ္ဆိ။ မနုဿာ တံ ဘိက္ခုံ ပဿိတွာ ဧတဒဝေါစုံ – ‘‘ပဝိသထ, ဘန္တေ’’တိ။ အထ ခေါ သော ဘိက္ခု – ‘‘ဘဂဝတာ ပဋိက္ခိတ္တံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသိတု’’န္တိ ကုက္ကုစ္စာယန္တော န ပါဝိသိ။ စောရာ တံ ဘိက္ခုံ အစ္ဆိန္ဒိံသု။ အထ ခေါ သော ဘိက္ခု သာဝတ္ထိံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, သန္တံ ဘိက္ခုံ အာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ, ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၅၁၀။ ထိုအခါ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည်ရှိသော် ညချမ်းအခါ ရွာတစ်ရွာသို့ ရောက်လေ၏။ လူတို့သည် ထိုရဟန်းကို မြင်၍ “အသျှင်ဘုရား ရွာတွင်းသို့ ဝင်တော်မူပါလော့”ဟု လျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းသည် “မြတ်စွာဘုရားသည် နေလွဲသောအခါ မပန်ကြားဘဲ ရွာတွင်းသို့ ဝင်ခြင်းကို တားမြစ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ ရှိသည် ဖြစ်၍ မဝင်ဘဲနေ၏။ ခိုးသူတို့သည် ထိုရဟန်းကို လုယက် ယူကုန်၏။ ထိုအခါ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည့်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ နေလွဲသောအခါ၌ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ရွာတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ဂ) “အကြင်ရဟန်းသည် နေလွဲသောအခါ၌ ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ ရွာတွင်းသို့ ဝင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards a monk was walking through the Kosalan country on his way to Sāvatthī, when one evening he came to a certain village. People saw him and said, “Venerable, please enter the village.” But knowing that entering a village at the wrong time without informing anyone had been prohibited by the Buddha and being afraid of wrongdoing, he declined. And so thieves robbed him. He then went to Sāvatthī and told the monks what had happened, who in turn told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow you to enter an inhabited area at the wrong time after informing an available monk. And so, monks, this training rule should be recited like this: Third preliminary ruling ‘If a monk, when a monk is available, enters an inhabited area at the wrong time without informing him, he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Fourth substory

၅၁၁။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု အဟိနာ ဒဋ္ဌော ဟောတိ။ အညတရော ဘိက္ခု ‘‘အဂ္ဂိံ အာဟရိဿာမီ’’တိ ဂါမံ ဂစ္ဆတိ။ အထ ခေါ သော ဘိက္ခု – ‘‘ဘဂဝတာ ပဋိက္ခိတ္တံ သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသိတု’’န္တိ ကုက္ကုစ္စာယန္တော န ပါဝိသိ…ပေ… ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, တထာရူပေ အစ္စာယိကေ ကရဏီယေ သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၁၁။ ထိုအခါ ရဟန်းတစ်ပါးကို မြွေကိုက်၏၊ အခြားရဟန်းတစ်ပါးသည် “မီးကို ဆောင်ယူအံ့”ဟု ရွာသို့ သွား၏။ ထိုအခါ ထိုရဟန်းသည် “မြတ်စွာဘုရားသည် နေလွဲသောအခါ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်ခြင်းကို ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မဝင်ဘဲ နေ၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ ထိုသို့သဘောရှိသော အဆောတလျင် ပြုဖွယ်ကိစ္စ ရှိမူ နေလွဲသောအခါ၌ ထင်ရှား ရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ဝင်ခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards a monk was bitten by a snake. Another monk went to the village to get fire. He then remembered that the Buddha has prohibited entering a village at the wrong time without informing an available monk. And being afraid of wrongdoing, he did not enter. They told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow you to enter an inhabited area at the wrong time without informing an available monk if there is some appropriate urgent business. And so, monks, this training rule should be recited like this: Final ruling

၅၁၂။ ‘‘ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ, အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, ပါစိတ္တိယ’’န္တိ။

၁၃၄။ ၈၅- (ဃ) ၅၁၂။ “အကြင် ရဟန်းသည် ထိုသို့သဘောရှိသော အဆောတလျင် ပြုဖွယ်ကိစ္စကို ကြဥ်၍ နေလွဲသောအခါ၌ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk, when another monk is available, enters an inhabited area at the wrong time without informing him, except if there is some appropriate urgent business, he commits an offense entailing confession.’” Definitions

၅၁၃။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

သန္တော နာမ ဘိက္ခု သက္ကာ ဟောတိ အာပုစ္ဆာ ပဝိသိတုံ။

အသန္တော နာမ ဘိက္ခု န သက္ကာ ဟောတိ အာပုစ္ဆာ ပဝိသိတုံ။

ဝိကာလော နာမ မဇ္ဈနှိကေ ဝီတိဝတ္တေ ယာဝ အရုဏုဂ္ဂမနာ။

ဂါမံ ပဝိသေယျာတိ ပရိက္ခိတ္တဿ ဂါမဿ ပရိက္ခေပံ အတိက္ကမန္တဿ အာပတ္တိ ပါစိတ္တိယဿ။ အပရိက္ခိတ္တဿ ဂါမဿ ဥပစာရံ ဩက္ကမန္တဿ အာပတ္တိ ပါစိတ္တိယဿ။

အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာတိ ဌပေတွာ တထာရူပံ အစ္စာယိကံ ကရဏီယံ။

၃-ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် အဖွင့် ၅၁၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ထင်ရှားရှိသော ရဟန်း မည်သည် ဝင်ခြင်းငှါ ပန်ကြားထိုက်သော ရဟန်းတည်း။ ထင်ရှားမရှိသော ရဟန်း မည်သည် ဝင်ခြင်းငှါ မပန်ကြားထိုက်သော ရဟန်းတည်း။ နေလွဲသောအခါ မည်သည် မွန်းလွဲပြီးသည်မှ နံနက်အရုဏ်တက်တိုင်အောင် အခါတည်း။ ရွာတွင်းသို့ ဝင်ငြားအံ့ဟူသည် အရံအတားရှိသော ရွာ၏ အရံအတားကိုလွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။ အရံအတားမရှိသော ရွာ၏ ဥပစာသို့ သက်ရောက်သော ရဟန်းအား ပါစိတ်အာပတ် သင့် ၏။ ထိုသို့သဘော ရှိသော အဆောတလျင် ပြုဖွယ်ကိစ္စကို ကြဥ်၍ဟူသည် ထိုသို့သဘော ရှိသော အဆောတလျင် ပြုခြင်းကိစ္စကို ဖယ်ထား၍။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. An available monk: he is able to inform him and then enter. No available monk: he is not able to inform anyone and then enter. At the wrong time: when the middle of the day has passed, until dawn. Enters an inhabited area: if he crosses the boundary of an enclosed inhabited area, he commits an offense entailing confession. If he enters the vicinity of an unenclosed inhabited area, he commits an offense entailing confession. Except if there is some appropriate urgent business: unless there is some appropriate urgent business. Permutations

၅၁၄။ ဝိကာလေ ဝိကာလသညီ သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဂါမံ ပဝိသတိ, အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, အာပတ္တိ ပါစိတ္တိယဿ။ ဝိကာလေ ဝေမတိကော သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဂါမံ ပဝိသတိ, အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, အာပတ္တိ ပါစိတ္တိယဿ။ ဝိကာလေ ကာလသညီ သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဂါမံ ပဝိသတိ, အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, အာပတ္တိ ပါစိတ္တိယဿ။

ကာလေ ဝိကာလသညီ, အာပတ္တိ ဒုက္ကဋဿ။ ကာလေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ကာလေ ကာလသညီ, အနာပတ္တိ။

၅၁၄။ နေလွဲသောအခါ၌ နေလွဲသောအခါဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘောရှိသော အဆော တလျင် ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။ နေလွဲသောအခါ၌ ယုံမှားရှိသည်ဖြစ်၍ အဆောတလျင် ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှား ရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။ နေလွဲသော အခါ၌ နံနက် အခါဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘောရှိသော အဆောတလျင်ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။ နံနက်အခါ၌ နေလွဲသောအခါဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နံနက်အခါ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ နံနက်အခါ၌ နံနက်အခါဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If it is the wrong time, and he perceives it as such, and he enters an inhabited area without informing an available monk, except if there is some appropriate urgent business, he commits an offense entailing confession. If it is the wrong time, but he is unsure of it, and he enters an inhabited area without informing an available monk, except if there is some appropriate urgent business, he commits an offense entailing confession. If it is the wrong time, but he perceives it as the right time, and he enters an inhabited area without informing an available monk, except if there is some appropriate urgent business, he commits an offense entailing confession. If it is the right time, but he perceives it as the wrong time, he commits an offense of wrong conduct. If it is the right time, but he is unsure of it, he commits an offense of wrong conduct. If it is the right time, and he perceives it as such, there is no offense. Non-offenses

၅၁၅။ အနာပတ္တိ တထာရူပေ အစ္စာယိကေ ကရဏီယေ, သန္တံ ဘိက္ခုံ အာပုစ္ဆာ ပဝိသတိ, အသန္တံ ဘိက္ခုံ အနာပုစ္ဆာ ပဝိသတိ, အန္တရာရာမံ ဂစ္ဆတိ, ဘိက္ခုနုပဿယံ ဂစ္ဆတိ, တိတ္ထိယသေယျံ ဂစ္ဆတိ, ပဋိက္ကမနံ ဂစ္ဆတိ, ဂါမေန မဂ္ဂေါ ဟောတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဝိကာလဂါမပ္ပဝိသနသိက္ခာပဒံ နိဋ္ဌိတံ တတိယံ။

၅၁၅။ ထိုသို့သဘောရှိသော အဆောတလျင် ပြုအပ်သော အကြောင်းကိစ္စ ရှိခဲ့သော် ရွာတွင်းသို့ ဝင်အံ့၊ အာပတ် မသင့်၊ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်အံ့၊ ထင်ရှားမရှိ၍ ရဟန်းကို မပန်ကြားဘဲ ဝင်အံ့၊ ရွာအကြားသို့ သွားအံ့၊ ရဟန်းမိန်းမ ကျောင်းသို့ သွားအံ့၊ တိတ္ထိတို့နေရာသို့ သွားအံ့၊ တစ်ဖန် ပြန်လာအံ့၊ ရွာ လယ် (ဖြင့်သွားရသော) လမ်းခရီးဖြစ်အံ့၊ ဘေးရန်တို့ကြောင့် (ရွာသို့ ဝင်အံ့)၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယ ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် ပြီး၏။

There is no offense: if there is some appropriate urgent business; if he enters after informing an available monk; if he enters without informing anyone when there is no available monk; if he is going between monasteries; if he is going to the nunnery; if he is going to the dwelling place of the monastics of another religion; if he is returning to the monastery; if the road goes via an inhabited area; if there is an emergency; if he is insane; if he is the first offender. The training rule on entering an inhabited area at the wrong time, the third, is finished.

၄။ သူစိဃရသိက္ခာပဒံ

၅၁၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ နိဂြောဓာရာမေ။ တေန ခေါ ပန သမယေန အညတရေန ဒန္တကာရေန ဘိက္ခူ ပဝါရိတာ ဟောန္တိ – ‘‘ယေသံ အယျာနံ သူစိဃရေန အတ္ထော အဟံ သူစိဃရေနာ’’တိ။ တေန ခေါ ပန သမယေန ဘိက္ခူ ဗဟူ သူစိဃရေ ဝိညာပေန္တိ။ ယေသံ ခုဒ္ဒကာ သူစိဃရာ တေ မဟန္တေ သူစိဃရေ ဝိညာပေန္တိ။ ယေသံ မဟန္တာ သူစိဃရာ တေ ခုဒ္ဒကေ သူစိဃရေ ဝိညာပေန္တိ။ အထ ခေါ သော ဒန္တကာရော ဘိက္ခူနံ ဗဟူ သူစိဃရေ ကရောန္တော န သက္ကောတိ အညံ ဝိက္ကာယိကံ ဘဏ္ဍံ ကာတုံ, အတ္တနာပိ န ယာပေတိ, ပုတ္တဒါရောပိဿ ကိလမတိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ န မတ္တံ ဇာနိတွာ ဗဟူ သူစိဃရေ ဝိညာပေဿန္တိ! အယံ ဣမေသံ ဗဟူ သူစိဃရေ ကရောန္တော န သက္ကောတိ အညံ ဝိက္ကာယိကံ ဘဏ္ဍံ ကာတုံ, အတ္တနာပိ န ယာပေတိ, ပုတ္တဒါရောပိဿ ကိလမတီ’’တိ။ အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခူ န မတ္တံ ဇာနိတွာ ဗဟူ သူစိဃရေ ဝိညာပေဿန္တီ’’တိ…ပေ… သစ္စံ ကိရ, ဘိက္ခဝေ, ဘိက္ခူ န မတ္တံ ဇာနိတွာ ဗဟူ သူစိဃရေ ဝိညာပေန္တီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တေ, ဘိက္ခဝေ, မောဃပုရိသာ န မတ္တံ ဇာနိတွာ ဗဟူ သူစိဃရေ ဝိညာပေဿန္တိ! နေတံ, ဘိက္ခဝေ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၄-သူစိဃရသိက္ခာပုဒ် ၅၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆင်စွယ်ပန်းပုသမားတစ်ယောက်သည် “အပ်ကျည် ‘အပ်ဘူး’ ကို အလိုရှိ သော အသျှင်တို့အား အကျွန်ုပ်သည် အပ်ကျည် ‘အပ်ဘူး’ ဖြင့် ဖိတ်ကြားပါ၏”ဟု ရဟန်းတို့ကို ဖိတ်ကြား ထား၏။ ထိုအခါ ရဟန်းတို့သည် များစွာသော အပ်ကျည်တို့ကို တောင်းကုန်၏၊ အပ်ကျည်အငယ်ရှိသော ရဟန်းတို့သည် အပ်ကျည်အကြီးတို့ကို တောင်းကုန်၏၊ အပ်ကျည်အကြီးရှိသော ရဟန်းတို့သည် အပ်ကျည်အငယ်တို့ကို တောင်းကုန်၏။ ထိုအခါ ထိုဆင်စွယ်ပန်းပုသမားသည် ရဟန်းတို့၏ အကျိုးငှါ အပ်ကျည်များစွာတို့ကို ပြုလုပ်နေရသောကြောင့် အခြားအရောင်းအဝယ်ဆိုင်ရာ ဘဏ္ဍာကို ပြုလုပ်ခြင်းငှါ မတတ်နိုင်လေ၊ မိမိကိုယ်တိုင်လည်း မမျှတ၊ ထိုသူ၏ သားမယားတို့သည်လည်း ပင်ပန်းကြကုန်၏။ လူတို့သည် “အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အတိုင်းအရှည်ကို မသိကြဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း၊ ဤဆင်စွယ်ပန်းပု သမားသည် ဤရဟန်းတို့၏ အကျိုးငှါ များစွာသော အပ်ကျည်တို့ကို ပြုလုပ်နေရ၍ အခြားအရောင်း အဝယ်ဆိုင်ရာ ဘဏ္ဍာကို ပြုလုပ်ခြင်းငှါ မတတ်နိုင်လေ၊ မိမိကိုယ်တိုင်လည်း မမျှတ၊ ထိုသူ၏ သားမယား တို့သည်လည်း ပင်ပန်းကြကုန်၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် လူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြသည်သာ တည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းတို့သည် အတိုင်းအရှည်ကို မသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆို ကြကုန်၏။ပ။ “ရဟန်းတို့ ရဟန်းတို့သည် အတိုင်းအရှည်ကို မသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကြကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်းတို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ကိုမသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an inappropriate needle case Origin story At one time the Buddha was staying in the Sakyan country in the Banyan Tree Monastery at Kapilavatthu. At that time an ivory-worker had invited the monks who needed needle cases to ask for one. And the monks asked for many needle cases. Those who had small needle cases asked for large ones, and those who had large needle cases asked for small ones. The ivory-worker was so busy making needle cases for the monks that he was unable to make goods for sale. He could not make a living for himself, and his wives and children suffered. People complained and criticized them, “How can the Sakyan monastics not have any sense of moderation and ask for many needle cases? This ivory-worker is so busy making needle cases for them that he’s unable to make goods for sale. He can’t make a living for himself, and his wives and children are suffering.” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How can those monks not have a sense of moderation and ask for many needle cases?” … “Is it true, monks, that there are monks who do this?” “It’s true, sir.” The Buddha rebuked them … “How can those foolish men do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၁၇

၅၁၇။ ‘‘ယော ပန ဘိက္ခု အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ ဘေဒနကံ, ပါစိတ္တိယ’’န္တိ။

၁၃၅။ ၈၆-၅၁၇။ “အကြင်ရဟန်းသည် အရိုး အစွယ် ဦးချိုတို့ဖြင့်ပြီးသော အပ်ကျည်ကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ခွဲပစ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk has a needle case made from bone, ivory, or horn, it is to be destroyed, and he commits an offense entailing confession.’” Definitions

၅၁၈။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

အဋ္ဌိ နာမ ယံ ကိဉ္စိ အဋ္ဌိ။

ဒန္တော နာမ ဟတ္ထိဒန္တော ဝုစ္စတိ။

ဝိသာဏံ နာမ ယံ ကိဉ္စိ ဝိသာဏံ။

ကာရာပေယျာတိ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဘိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၄-သူစိဃရသိက္ခာပုဒ် အဖွင့် ၅၁၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ အရိုး မည်သည် အမှတ်မရှိ တစုံတစ်ခုသော အရိုးတည်း။ အစွယ် မည်သည် ဆင်၏ အစွယ်ကို ဆိုအပ်၏။ ဦးချို မည်သည် အမှတ်မရှိ တစ်စုံတစ်ခုသော ဦးချိုတည်း။ ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (အပ်ကျည်ကို) ခွဲဖျက်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Bone: any kind of bone. Ivory: elephant tooth is what is meant. Horn: any kind of horn. Has made: if he makes one or has one made, then for the effort there is an act of wrong conduct. When he gets it, it is to be destroyed, and he is then to confess an offense entailing confession. Permutations

၅၁၉။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ [ပရိယောသာဝါပေတိ (က။)], အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ [ပရိယောသာဝါပေတိ (က။)], အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၁၉။ မိမိကိုယ်တိုင် ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို မိမိကိုယ်တိုင်ပင် ပြုလုပ်၍ ပြီးဆုံး စေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိကိုယ်တိုင် ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးတို့ကို ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို မိမိကိုယ်တိုင် ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးတို့ကိုပင် ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါး ပြုလုပ်သော အပ်ကျည်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၂၀။ အနာပတ္တိ ဂဏ္ဌိကာယ [ဂဏ္ဍိကာယ (သျာ။)], အရဏိကေ, ဝိဓေ [ဝီဌေ (သီ။), ဝီထေ (သျာ။)], အဉ္ဇနိယာ, အဉ္ဇနိသလာကာယ, ဝါသိဇဋေ, ဥဒကပုဉ္ဆနိယာ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သူစိဃရသိက္ခာပဒံ နိဋ္ဌိတံ စတုတ္ထံ။

၅၂၀။ အနားပတ်သီး မီးပွတ်လေး ခါးပန်းသီး မျက်စဥ်းကျည် မျက်စဥ်းတံ ပဲခွပ်ရိုး ရေသုတ်တို့၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထ သူစိဃရသိက္ခာပုဒ် ပြီး၏။

There is no offense: if it is a toggle; if it is a fire kindler; if it is a buckle; if it is an ointment box; if it is an ointment stick; if it is a machete handle; if it is a water wiper; if he is insane; if he is the first offender. The training rule on making an inappropriate needle case, the fourth, is finished.

၅။ မဉ္စပီဌသိက္ခာပဒံ

၅၂၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ ဥပနန္ဒော သကျပုတ္တော ဥစ္စေ မဉ္စေ သယတိ။ အထ ခေါ ဘဂဝါ သမ္ဗဟုလေဟိ ဘိက္ခူဟိ သဒ္ဓိံ သေနာသနစာရိကံ အာဟိဏ္ဍန္တော ယေနာယသ္မတော ဥပနန္ဒဿ သကျပုတ္တဿ ဝိဟာရော တေနုပသင်္ကမိ။ အဒ္ဒသာ ခေါ အာယသ္မာ ဥပနန္ဒော သကျပုတ္တော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘အာဂစ္ဆတု မေ, ဘန္တေ, ဘဂဝါ သယနံ ပဿတူ’’တိ။ အထ ခေါ ဘဂဝါ တတောဝ ပဋိနိဝတ္တိတွာ ဘိက္ခူ အာမန္တေသိ – ‘‘အာသယတော, ဘိက္ခဝေ, မောဃပုရိသော ဝေဒိတဗ္ဗော’’တိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ ဥပနန္ဒံ သကျပုတ္တံ အနေကပရိယာယေန ဝိဂရဟိတွာ ဒုဗ္ဘရတာယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၅-မဥ္စပီဌသိက္ခာပုဒ် ၅၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မြင့်သော ညောင်စောင်း၌ အိပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်းများစွာတို့နှင့်အတူ ကျောင်းစဥ် ဒေသစာရီ လှည့်လည်သည် ရှိသော် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ကျောင်းသို့ ချဥ်းကပ်တော်မူ၏။ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင်လျှင် မြင်၍ “အသျှင်ဘုရား ကြွလာတော်မူပါ၊ အကျွန်ုပ်၏ အိပ်ရာကို ကြည့်တော်မူပါ”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုအရပ်ကပင်လျှင် ပြန်လှည့်တော်မူ၍ “ရဟန်းတို့ နေထိုင်ပုံ (အမူအရာ) အားဖြင့် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းဟု သိထိုက်၏”ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာ ဘုရားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော်မူ ပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an inappropriate bed or bench Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, Venerable Upananda the Sakyan was sleeping on a high bed. On one occasion, as the Buddha and a number of monks were walking about the dwellings, they came to Upananda’s dwelling. Upananda saw the Buddha coming and said to him, “Sir, please come and see my bed.” The Buddha turned around on the spot and addressed the monks: “A fool, monks, can be recognized by his sleeping place.” After rebuking Upananda in many ways, the Buddha spoke in dispraise of being difficult to support … “And, monks, this training rule should be recited like this: Final ruling

၅၂၂။ ‘‘နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန, အညတြ ဟေဋ္ဌိမာယ အဋနိယာ၊ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယ’’န္တိ။

၁၃၆။ ၈၇-၅၂၂။ “ညောင်စောင်းသစ်ကိုသော်လည်းကောင်း၊ အင်းပျဥ်သစ်ကိုသော် လည်းကောင်း ပြုလုပ်လိုသော ရဟန်းသည် အပေါင် ‘ဘောင်’ အောက်စွန်းကို ကြဥ်၍ မြတ်စွာဘုရား လက်သစ်တော်ဖြင့် ရှစ်သစ်အခြေရှိသော ညောင်စောင်း အင်းပျဥ်ကို ပြုလုပ်စေရမည်၊ ထိုလက် ရှစ်သစ်အခြေထက် လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk is having a new bed or bench made, it is to have legs eight standard fingerbreadths long below the lowest frame. If the legs exceed that, they are to be cut down, and he commits an offense entailing confession.’” Definitions

၅၂၃။ နဝံ နာမ ကရဏံ ဥပါဒါယ ဝုစ္စတိ။

မဉ္စော နာမ စတ္တာရော မဉ္စာ – မသာရကော, ဗုန္ဒိကာဗဒ္ဓေါ, ကုဠီရပါဒကော, အာဟစ္စပါဒကော။

ပီဌံ နာမ စတ္တာရိ ပီဌာနိ – မသာရကံ, ဗုန္ဒိကာဗဒ္ဓံ, ကုဠီရပါဒကံ, အာဟစ္စပါဒကံ။

ကာရယမာနေနာတိ ကရောန္တော ဝါ ကာရာပေန္တော ဝါ။

အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန, အညတြ ဟေဋ္ဌိမာယ အဋနိယာတိ ဌပေတွာ ဟေဋ္ဌိမံ အဋနိံ၊ တံ အတိက္ကာမေတွာ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ, ပဋိလာဘေန ဆိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၅-မဉ္စပီဌသိက္ခာပုဒ် အဖွင့် ၅၂၃။ အသစ် မည်သည် ပြုလုပ်ခြင်းကို စွဲ၍ ဆို၏။ ညောင်စောင်း မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော ညောင် စောင်း၊ ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေစွပ်သော ညောင်စောင်းဟူ၍ ညောင် စောင်း လေးမျိုးရှိ၏။ အင်းပျဥ် ‘ခုံရှည်’ မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဥ်၊ ထုပ်လျောက်ဖွဲ့သော အင်းပျဥ်၊ ကောက်သော အခြေရှိသော အင်းပျဥ်၊ အပေါင်၌ အခြေစွပ်သော အင်းပျဥ်ဟူ၍ အင်းပျဥ် လေးမျိုးရှိ၏။ ပြုလုပ်လိုသောရဟန်းဟူသည် ပြုသောရဟန်းသော်လည်းကောင်း၊ ပြုစေသောရဟန်းသော်လည်း ကောင်း။ အပေါင် ‘ဘောင်’ အောက်စွန်းကို ကြဥ်၍ မြတ်စွာဘုရား လက်သစ်တော်ဖြင့် ရှစ်သစ် အရှည် ရှိသော ညောင်စောင်း အင်းပျဥ်ကို ပြုလုပ်စေရမည်ဟူသည် အပေါင်အောက်ဆုံးစွန်းကို ဖယ်ထား၍။ ထိုလက် ရှစ်သစ်အခြေထက် လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်ငြားအံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေ ငြားအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ညောင်စောင်း အင်းပျဥ်ကို) ဖြတ်တောက်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။

New: newly made is what is meant. A bed: there are four kinds of beds: one with legs and frame, called <i lang='pi' translate='no'>masāraka</i>; one with legs and frame, called <i lang='pi' translate='no'>bundikābaddha</i>; one with crooked legs; one with detachable legs. A bench: there are four kinds of benches: one with legs and frame, called <i lang='pi' translate='no'>masāraka</i>; one with legs and frame, called <i lang='pi' translate='no'>bundikābaddha</i>; one with crooked legs; one with detachable legs. Is having made: making it himself or having it made. It is to have legs eight standard fingerbreadths long below the lowest frame: apart from the lowest frame. If he makes one, or has one made, that exceeds that, then for the effort there is an act of wrong conduct. When he gets it, the legs are to be cut down, and he is then to confess an offense entailing confession. Permutations

၅၂၄။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၂၄။ ကိုယ်တိုင်ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဥ်ကို ကိုယ်တိုင်ပင် ပြုလုပ် ပြီးဆုံး စေအံ့၊ ပါစိတ်အာပတ် သင့်၏။ ကိုယ်တိုင်ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဥ်ကို သူတစ်ပါး တို့ကို ပြုလုပ် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဥ်ကို ကိုယ်တိုင် ပြုလုပ်ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဥ်ကို သူတစ်ပါးတို့ကိုပင် ပြုလုပ်ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါး ပြုလုပ်ထားသော ညောင်စောင်း အင်းပျဥ်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၂၅။ အနာပတ္တိ ပမာဏိကံ ကရောတိ, ဦနကံ ကရောတိ, အညေန ကတံ ပမာဏာတိက္ကန္တံ ပဋိလဘိတွာ ဆိန္ဒိတွာ ပရိဘုဉ္ဇတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

မဉ္စပီဌသိက္ခာပဒံ နိဋ္ဌိတံ ပဉ္စမံ။

၅၂၅။ အတိုင်းအရှည်ပမာဏနှင့်ယှဥ်သော ညောင်စောင်း အင်းပျဥ်ကို ပြုလုပ်အံ့၊ အတိုင်းအရှည် အောက် ယုတ်လျော့သော ညောင်စောင်း အင်းပျဥ်ကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်သော အတိုင်းအရှည် ထက် ပိုလွန်သော ညောင်စောင်း အင်းပျဥ်ကို ရသောအခါ ဖြတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမ မဉ္စပီဌသိက္ခာပုဒ် ပြီး၏။

There is no offense: if he makes it the right height; if he makes it lower than the right height; if he gets one made by another that exceeds the right height and then cuts the legs down before using it; if he is insane; if he is the first offender. The training rule on making an inappropriate bed or bench, the fifth, is finished.

၆။ တူလောနဒ္ဓသိက္ခာပဒံ

၅၂၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဉ္စမ္ပိ ပီဌမ္ပိ တူလောနဒ္ဓံ ကာရာပေန္တိ။ မနုဿာ ဝိဟာရစာရိကံ အာဟိဏ္ဍန္တာ ပဿိတွာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ မဉ္စမ္ပိ ပီဌမ္ပိ တူလောနဒ္ဓံ ကာရာပေဿန္တိ, သေယျထာပိ ဂိဟီ ကာမဘောဂိ- နော’’တိ! အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဉ္စမ္ပိ ပီဌမ္ပိ တူလောနဒ္ဓံ ကာရာပေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, မဉ္စမ္ပိ ပီဌမ္ပိ တူလောနဒ္ဓံ ကာရာပေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, မဉ္စမ္ပိ ပီဌမ္ပိ တူလောနဒ္ဓံ ကာရာပေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၆-တူလောနဒ္ဓသိက္ခာပုဒ် ၅၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဥ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်ကာ ပြုလုပ်စေကုန်၏။ ကျောင်းစဥ် လှည့်လည်သော လူတို့သည် မြင်သဖြင့် “သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမဂုဏ်ခံစားသော လူတို့ကဲ့သို့ အဘယ့်ကြောင့် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဥ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည့်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညောင်စောင်းကို လည်းကောင်း၊ အင်းပျဥ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဥ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ယှက်၍ ပြုလုပ်စေကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဥ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an upholstered bed or bench Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six had beds and benches made upholstered with cotton down. When people walking about the dwellings saw this, they complained and criticized those monks, “How can the Sakyan monastics have beds and benches made upholstered with cotton down? They’re just like householders who indulge in worldly pleasures!” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How could the monks from the group of six do this?” … “Is it true, monks, that you did this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၂၀

၅၂၇။ ‘‘ယော ပန ဘိက္ခု မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ, ဥဒ္ဒါလနကံ ပါစိတ္တိယ’’န္တိ။

၁၃၇။ ၈၈-၅၂၇။ “အကြင်ရဟန်းသည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဥ်ကို လည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) လဲကိုထုတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk has a bed or a bench made upholstered with cotton down, it is to be stripped, and he commits an offense entailing confession.’” Definitions

၅၂၈။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

မဉ္စော နာမ စတ္တာရော မဉ္စာ – မသာရကော, ဗုန္ဒိကာဗဒ္ဓေါ, ကုဠီရပါဒကော, အာဟစ္စပါဒကော။

ပီဌံ နာမ စတ္တာရိ ပီဌာနိ – မသာရကံ, ဗုန္ဒိကာဗဒ္ဓံ, ကုဠီရပါဒကံ, အာဟစ္စပါဒကံ။

တူလံ နာမ တီဏိ တူလာနိ – ရုက္ခတူလံ, လတာတူလံ, ပေါဋကိတူလံ။

ကာရာပေယျာတိ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဥဒ္ဒါလေတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၆-တူလောနဒ္ဓသိက္ခာပုဒ် အဖွင့် ၅၂၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ညောင်းစောင်း မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော ညောင်စောင်း၊ ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေစွပ်သော ညောင်စောင်းဟူ၍ ညောင်စောင်း လေးမျိုး ရှိ၏။ အင်းပျဥ် မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဥ်၊ ထုပ်လျောက်ဖွဲ့သော အင်းပျဥ်၊ ကောက်သော အခြေရှိသော အင်းပျဥ်၊ အပေါင်၌ အခြေစွပ်သော အင်းပျဥ်ဟူ၍ အင်းပျဥ်လေးမျိုး ရှိ၏။ လဲ မည်သည် သစ်ပင်လဲ၊ နွယ်လဲ၊ ဖောင်းခါးမြက်လဲဟူ၍ လဲသုံးမျိုး ရှိ၏။ ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (လဲကို) ထုတ်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. A bed: there are four kinds of beds: one with legs and frame, called <i lang='pi' translate='no'>masāraka</i>; one with legs and frame, called <i lang='pi' translate='no'>bundikābaddha</i>; one with crooked legs; one with detachable legs. A bench: there are four kinds of benches: one with legs and frame, called <i lang='pi' translate='no'>masāraka</i>; one with legs and frame, called <i lang='pi' translate='no'>bundikābaddha</i>; one with crooked legs; one with detachable legs. Cotton down: there are three kinds of cotton down: cotton down from trees, cotton down from creepers, cotton down from grass. Has made: if he makes one or has one made, then for the effort there is an act of wrong conduct. When he gets it, it is to be stripped, and he is then to confess an offense entailing confession. Permutations

၅၂၉။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၂၉။ မိမိပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဥ်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဥ်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဥ်ကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဥ်ကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးအကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်သော ညောင်စောင်း အင်းပျဥ်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၃၀။ အနာပတ္တိ အာယောဂေ, ကာယဗန္ဓနေ, အံသဗဒ္ဓကေ, ပတ္တထဝိကာယ, ပရိဿာဝနေ, ဗိဗ္ဗောဟနံ ကရောတိ, အညေန ကတံ ပဋိလဘိတွာ ဥဒ္ဒါလေတွာ ပရိဘုဉ္ဇတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

တူလောနဒ္ဓသိက္ခာပဒံ နိဋ္ဌိတံ ဆဋ္ဌံ။

၅၃၀။ အာယောဂပတ်၌လည်းကောင်း၊ ခါးပန်း၌လည်းကောင်း၊ အံသကိုဋ်၌လည်းကောင်း၊ သပိတ်အိတ်၌လည်းကောင်း၊ ရေစစ်၌လည်းကောင်း အာပတ် မသင့်၊ ခေါင်းအုံးကို ပြုလုပ်အံ့၊ သူတစ်ပါးတို့ ပြုလုပ်သော ညောင်စောင်း အင်းပျဥ်ကို ရသဖြင့် လဲကို ထုတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌ တူလောနဒ္ဓသိက္ခာပုဒ် ပြီး၏။

There is no offense: if it is for a back-and-knee strap; if it is for a belt; if it is for a shoulder strap; if it is for a bowl bag; if it is for a water filter; if he is making a pillow; if he gets one made by another and then strips it before using it; if he is insane; if he is the first offender. The training rule on making an upholstered bed or bench, the sixth, is finished.

စာ-၂၂၁

၇။ နိသီဒနသိက္ခာပဒံ

၅၃၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝတာ ဘိက္ခူနံ နိသီဒနံ အနုညာတံ ဟောတိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ – ‘‘ဘဂဝတာ နိသီဒနံ အနုညာတ’’န္တိ အပ္ပမာဏိကာနိ နိသီဒနာနိ ဓာရေန္တိ။ မဉ္စဿပိ ပီဌဿပိ ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အပ္ပမာဏိကာနိ နိသီဒနာနိ ဓာရေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, အပ္ပမာဏိကာနိ နိသီဒနာနိ ဓာရေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, အပ္ပမာဏိကာနိ နိသီဒနာနိ ဓာရေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ။ တတြိဒံ ပမာဏံ – ဒီဃသော ဒွေ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒိယဍ္ဎံ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယ’’န္တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၉-ရတနဝဂ် ၇-နိသီဒနသိက္ခာပုဒ် ၅၃၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား နိသီဒိုင်ကို ခွင့်ပြု တော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “နိသီဒိုင်ကို မြတ်စွာဘုရား ခွင့်ပြုအပ်ပြီ”ဟု အတိုင်းအရှည်ပမာဏ မရှိသော နိသီဒိုင်တို့ကို ဆောင်ကြကုန်၏၊ ညောင်စောင်း အင်းပျဥ်တို့၏ရှေ့မှသော်လည်းကောင်း၊ နောက်မှ သော်လည်းကောင်း တွဲရရွဲ ဆွဲကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိဘဲ နိသီဒိုင်ကို ဆောင်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိကုန်သော နိသီဒိုင်တို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏ မရှိသော နိသီဒိုင်တို့ကို ဆောင်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “နိသီဒိုင်ကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည်ပမာဏနှင့်ယှဥ်သော နိသီဒိုင်ကို ပြုလုပ်ရမည်၊ ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရား အထွာတော်ဖြင့် အလျားနှစ်ထွာ၊ အနံ တစ်ထွာခွဲတည်း။ ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an oversize sitting mat Origin story First substory At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, he allowed sitting mats for the monks. Knowing this, the monks from the group of six used sitting mats that were inappropriate in size. The sitting mats hung down from beds and benches, both in front and behind. The monks of few desires complained and criticized those monks, “How can the monks from the group of six use such sitting mats?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Preliminary ruling ‘If a monk is having a sitting mat made, it is to be made the right size. This is the right size: two standard handspans long and one-and-a-half wide. If it exceeds that, it is to be cut down, and he commits an offense entailing confession.’” In this way the Buddha laid down this training rule for the monks. Second substory

၅၃၂။ တေန ခေါ ပန သမယေန အာယသ္မာ ဥဒါယီ မဟာကာယော ဟောတိ။ သော ဘဂဝတော ပုရတော နိသီဒနံ ပညပေတွာ သမန္တတော သမဉ္ဆမာနော နိသီဒတိ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ ဥဒါယိံ ဧတဒဝေါစ – ‘‘ကိဿ တွံ, ဥဒါယိ, နိသီဒနံ သမန္တတော သမဉ္ဆသိ၊ သေယျထာပိ ပုရာဏာသိကောဋ္ဌော’’တိ? ‘‘တထာ ဟိ ပန, ဘန္တေ, ဘဂဝတာ ဘိက္ခူနံ အတိခုဒ္ဒကံ နိသီဒနံ အနုညာတ’’န္တိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, နိသီဒနဿ ဒသံ ဝိဒတ္ထိံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၃၂။ ထိုအခါ၌ အသျှင်ဥဒါယီသည် ကြီးသော ကိုယ်ကာယ ရှိ၏။ ထိုဥဒါယီသည် မြတ်စွာဘုရား၏ ရှေ့မှ နိသီဒိုင်ကို ခင်း၍ ထက်ဝန်းကျင်မှ ဆွဲဖြန့်လျက် ထိုင်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင် ဥဒါယီကို “ဥဒါယီ သင်သည် အဘယ့်ကြောင့် နိသီဒိုင်ကို ထက်ဝန်းကျင်မှ ဆွဲဖြန့်ဘိသနည်း၊ ရှေးဟောင်း သားရေသမားကဲ့သို့တည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် အလွန်ငယ်သော နိသီဒိုင်ကို ခွင့်ပြုထားတော်မူသောကြောင့် ပါတည်းဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ နိသီဒိုင်၌ တစ်ထွာရှိသော အဆာအမြိတ်ကို ခွင့်ပြုတော် မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

At that time there was a big monk called Venerable Udāyī. After putting out his sitting mat in front of the Buddha, he stretched it on all sides before sitting down. The Buddha asked him, “Udāyī, why are you stretching the sitting mat on all sides, as if an old hide?” “Because, sir, the sitting mat you’ve allowed for the monks is too small.” Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow a border of one handspan for the sitting mat. And so, monks, this training rule should be recited like this: Final ruling

၅၃၃။ ‘‘နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ။ တတြိဒံ ပမာဏံ – ဒီဃသော ဒွေ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒိယဍ္ဎံ။ ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယ’’န္တိ။

၁၃၈။ ၈၉- (ခ) ၅၃၃။ “နိသီဒိုင်ကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏ နှင့်ယှဥ်သော နိသီဒိုင်ကို ပြုလုပ်ရမည်၊ ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာ ဘုရားအထွာတော်ဖြင့် အလျား နှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အဆာအမြိတ်ကား တစ်ထွာတည်း။ ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk is having a sitting mat made, it should be made the right size. This is the right size: two standard handspans long and one-and-a-half wide, and a border of one handspan. If it exceeds that, it is to be cut down, and he commits an offense entailing confession.’” Definitions

၅၃၄။ နိသီဒနံ နာမ သဒသံ ဝုစ္စတိ။

ကာရယမာနေနာတိ ကရောန္တော ဝါ ကာရာပေန္တော ဝါ ပမာဏိကံ ကာရေတဗ္ဗံ။ တတြိဒံ ပမာဏံ – ဒီဃသော ဒွေ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒိယဍ္ဎံ။ ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမေတွာ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဆိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၇-နိသီဒနသိက္ခာပုဒ် အဖွင့် ၅၃၄။ နိသီဒိုင် မည်သည် အဆာအမြိတ်ရှိသော နိသီဒိုင်အခင်းကို ဆိုအပ်၏။ ပြုလုပ်လိုသော ရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း အတိုင်းအရှည် ပမာဏနှင့်ယှဥ်သော နိသီဒိုင်ကို ပြုလုပ်အပ်၏။ ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည်ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားမှ နှစ်ထွာတို့တည်း၊ အနံကား တစ်ထွာခွဲတည်း၊ အဆာအမြိတ်ကား တစ်ထွာတည်း၊ ထိိုုအတိုင်း အရှည် ပမာဏကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ပမာဏထက်လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။

A sitting mat: one with a border is what is meant. Is having made: making it himself or having it made, it should be made the right size. This is the right size: two standard handspans long and one-and-a-half wide, and a border of one handspan. If he makes one, or has one made, that exceeds that, then for the effort there is an act of wrong conduct. When he gets it, it is to be cut down, and he is then to confess an offense entailing confession. Permutations

၅၃၅။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၃၅။ မိမိပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါး ပြုလုပ်သော နိသီဒိုင်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၃၆။ အနာပတ္တိ ပမာဏိကံ ကရောတိ, ဦနကံ ကရောတိ, အညေန ကတံ ပမာဏာတိက္ကန္တံ ပဋိလဘိတွာ ဆိန္ဒိတွာ ပရိဘုဉ္ဇတိ, ဝိတာနံ ဝါ ဘူမတ္ထရဏံ ဝါ သာဏိပါကာရံ ဝါ ဘိသိံ ဝါ ဗိဗ္ဗောဟနံ ဝါ ကရောတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

နိသီဒနသိက္ခာပဒံ နိဋ္ဌိတံ သတ္တမံ။

၅၃၆။ အတိုင်းအရှည်ပမာဏနှင့် ယှဥ်သော နိသီဒိုင်ကို ပြုလုပ်အံ့၊ အတိုင်းအရှည်ပမာဏအောက် ယုတ်လျော့သော နိသီဒိုင်ကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်ထားသော ပမာဏထက် ပိုလွန်သော နိသီဒိုင်ကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်း တိမ်အကာကိုလည်းကောင်း၊ ဘုံလျို ‘ဖုံ’ကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမ နိသီဒနသိက္ခာပုဒ် ပြီး၏။

There is no offense: if he makes it the right size; if he makes it smaller than the right size; if he gets one made by another that exceeds the right size and then cuts it down before using it; if he makes a canopy, a floor cover, a cloth screen, a mattress, or a pillow; if he is insane; if he is the first offender. The training rule on making an oversize sitting mat, the seventh, is finished.

၈။ ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပဒံ

၅၃၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝတာ ဘိက္ခူနံ ကဏ္ဍုပ္ပဋိစ္ဆာဒိ အနုညာတာ ဟောတိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ – ‘‘ဘဂဝတာ ကဏ္ဍုပ္ပဋိစ္ဆာဒိ အနုညာတာ’’တိ အပ္ပမာဏိကာယော ကဏ္ဍုပ္ပဋိစ္ဆာဒိယော ဓာရေန္တိ၊ ပုရတောပိ ပစ္ဆတောပိ အာကဍ္ဎန္တာ အာဟိဏ္ဍန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အပ္ပမာဏိကာယော ကဏ္ဍုပ္ပဋိစ္ဆာဒိယော ဓာရေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, အပ္ပမာဏိကာယော ကဏ္ဍုပ္ပဋိစ္ဆာဒိယော ဓာရေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, အပ္ပမာဏိကာယော ကဏ္ဍုပ္ပဋိစ္ဆာဒိယော ဓာရေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၈-ကဏ္ဍုပ္ပဋိ စ္ဆာဒိ သိက္ခာပုဒ် ၅၃၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား အမာလွှမ်း ‘အနာဖုံးလွှမ်းသော’ သင်္ကန်းကို ခွင့်ပြုတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “အမာလွှမ်း သင်္ကန်းကို မြတ်စွာ ဘုရား ခွင့်ပြုအပ်ပြီ”ဟု အတိုင်းအရှည်ပမာဏ မရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်၏၊ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (တရွတ်တိုက်) ဆွဲငင်ကုန်လျက် လှည့်လည်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏမ ရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏမ ရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an oversize itch cloth Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, he allowed itch-covering cloths for the monks. Knowing this, the monks from the group of six wore itch covers that were inappropriate in size. As they were walking about, they were dragging them along, both in front and behind. The monks of few desires complained and criticized those monks, “How can the monks from the group of six wear such itch covers?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၂၃

၅၃၈။ ‘‘ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ။ တတြိဒံ ပမာဏံ – ဒီဃသော စတဿော ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယ’’န္တိ။

၁၃၉။ ၉၀-၅၃၈။ “အမာလွှမ်းသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏနှင့် ယှဥ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်၊ ထိုအမာလွှမ်းသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရား အထွာတော်ဖြင့် အလျား လေးထွာ၊ အနံ နှစ်ထွာတို့တည်း။ ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk is having an itch-covering cloth made, it should be made the right size. This is the right size: four standard handspans long and two wide. If it exceeds that, it is to be cut down, and he commits an offense entailing confession.’” Definitions

၅၃၉။ ကဏ္ဍုပ္ပဋိစ္ဆာဒိ နာမ ယဿ အဓောနာဘိ ဥဗ္ဘဇာဏုမဏ္ဍလံ ကဏ္ဍု ဝါ ပီဠကာ ဝါ အဿာဝေါ ဝါ ထုလ္လကစ္ဆု ဝါ အာဗာဓော, တဿ ပဋိစ္ဆာဒနတ္ထာယ။

ကာရယမာနေနာတိ ကရောန္တော ဝါ ကာရာပေန္တော ဝါ။ ပမာဏိကာ ကာရေတဗ္ဗာ။ တတြိဒံ ပမာဏံ – ဒီဃသော စတဿော ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေတွာ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဆိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၈-ကဏ္ဍုပ္ပဋိ စ္ဆာဒိသိက္ခာပုဒ် အဖွင့် ၅၃၉။ အမာလွှမ်းသင်္ကန်း မည်သည် အကြင်ရဟန်း၏ ချက်မှအောက် ပုဆစ်ဒူးဝန်းမှ အထက်၌ ရှိသော ဝဲနာ အိုင်းအနာ အရိယိုသောအနာ ဝဲကြီးနာတို့ကို ဖုံးလွှမ်းခြင်းငှါ ပြုလုပ်ထားသော သင်္ကန်း တည်း။ ပြုလုပ်လိုသောရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း အတိုင်းအရှည် ပမာဏနှင့်ယှဥ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်။ ထိုအမာလွှမ်းသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျားလေးထွာ၊ အနံနှစ်ထွာတို့ တည်း၊ ထိုအတိုင်းအရှည်ကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ပမာဏထက် လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။

An itch-covering cloth: it is for the purpose of covering an itch or a boil or a running sore or a carbuncle, below the navel and above the knees. Is having made: making it himself or having it made, it should be made the right size. This is the right size: four standard handspans long and two wide. If he makes one or has one made that exceeds that, then for the effort there is an act of wrong conduct. When he gets it, it is to be cut down, and he is then to confess an offense entailing confession. Permutations

၅၄၀။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၄၀။ မိမိပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို သူတစ်ပါး တို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးအကျိုးငှါ ပြုလုပ်သော်လည်းကောင်း၊ ပြုလုပ်စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါးပြုလုပ်ပြီးသော အမာလွှမ်းသင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၄၁။ အနာပတ္တိ ပမာဏိကံ ကရောတိ, ဦနကံ ကရောတိ, အညေန ကတံ ပမာဏာတိက္ကန္တံ ပဋိလဘိတွာ ဆိန္ဒိတွာ ပရိဘုဉ္ဇတိ, ဝိတာနံ ဝါ ဘူမတ္ထရဏံ ဝါ သာဏိပါကာရံ ဝါ ဘိသိံ ဝါ ဗိဗ္ဗောဟနံ ဝါ ကရောတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပဒံ နိဋ္ဌိတံ အဋ္ဌမံ။

၅၄၁။ အတိုင်းအရှည်ပမာဏနှင့် ယှဥ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်အံ့၊ အတိုင်းအရှည် ပမာဏအောက် ယုတ်လျော့သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်သော ပမာဏထက် ပိုလွန်သော အမာလွှမ်း သင်္ကန်းကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်းတိမ်အကာအရံကိုလည်းကောင်း၊ ဘုံလျိုကိုလည်းကောင်း၊ ခေါင်းအုံး ကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ အဋ္ဌမ ကဏ္ဍုပ္ပဋိ စ္ဆာဒိသိက္ခာပုဒ် ပြီး၏။

There is no offense: if he makes it the right size; if he makes it smaller than the right size; if he gets one made by another that exceeds the right size and then cuts it down before using it; if he makes a canopy, a floor cover, a cloth screen, a mattress, or a pillow; if he is insane; if he is the first offender. The training rule on making an oversize itch cloth, the eighth, is finished.

စာ-၂၂၄

၉။ ဝဿိကသာဋိကာသိက္ခာပဒံ

၅၄၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဘဂဝတာ ဘိက္ခူနံ ဝဿိကသာဋိကာ အနုညာတာ ဟောတိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ – ‘‘ဘဂဝတာ ဝဿိကသာဋိကာ အနုညာတာ’’တိ အပ္ပမာဏိကာယော ဝဿိကသာဋိကာယော ဓာရေန္တိ။ ပုရတောပိ ပစ္ဆတောပိ အာကဍ္ဎန္တာ အာဟိဏ္ဍန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အပ္ပမာဏိကာယော ဝဿိကသာဋိကာယော ဓာရေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, အပ္ပမာဏိကာယော ဝဿိကသာဋိကာယော ဓာရေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, အပ္ပမာဏိကာယော ဝဿိကသာဋိကာယော ဓာရေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၉-ဝဿိကသာဋိကသိက္ခာပုဒ် ၅၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား မိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “မိုးရေခံသင်္ကန်းကို မြတ်စွာဘုရား ခွင့်ပြုအပ်ပြီ”ဟု အတိုင်း အရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်၏၊ ရှေ့မှလည်းကောင်း၊ နောက်မှလည်း ကောင်း (တရွတ်တိုက်) ဆွဲငင်ကုန်လျက် လှည့်လည်ကုန်၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an oversize rainy-season robe Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, he allowed rainy-season robes for the monks. Knowing this, the monks from the group of six wore rainy-season robes that were inappropriate in size. As they were walking about, they were dragging them along, both in front and behind. The monks of few desires complained and criticized those monks, “How can the monks from the group of six wear such rainy-season robes?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၅၄၃။ ‘‘ဝဿိကသာဋိကံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ။ တတြိဒံ ပမာဏံ – ဒီဃသော ဆ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယ’’န္တိ။

၁၄၀။ ၉၁-၅၄၃။ “မိုးရေခံသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏနှင့် ယှဥ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်ရမည်၊ ထိုမိုးရေခံ သင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျား ခြောက်ထွာ၊ အနံ နှစ်ထွာခွဲတို့တည်း။ ထိုအတိုင်းအရှည် ပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk is having a rainy-season robe made, it should be made the right size. This is the right size: six standard handspans long and two-and-a-half wide. If it exceeds that, it is to be cut down, and he commits an offense entailing confession.’” Definitions

၅၄၄။ ဝဿိကသာဋိကာ နာမ ဝဿာနဿ စတုမာသတ္ထာယ။

ကာရယမာနေနာတိ ကရောန္တော ဝါ ကာရာပေန္တော ဝါ။ ပမာဏိကာ ကာရေတဗ္ဗာ။ တတြိဒံ ပမာဏံ – ဒီဃသော ဆ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမေတွာ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဆိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၉-ဝဿိကသာဋိကသိက္ခာပုဒ် အဖွင့် ၅၄၄။ မိုးရေခံသင်္ကန်း မည်သည် မိုးလေးလအကျိုးငှါ ပြုလုပ်ထားသော သင်္ကန်းတည်း။ ပြုလုပ်လိုသောရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း အတိုင်းအရှည် ပမာဏနှင့်ယှဥ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်ရမည်၊ ထိုမိုးရေခံသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်း အရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏အထွာတော်အားဖြင့် အလျား ခြောက်ထွာ၊ အနံ နှစ်ထွာခွဲတို့ တည်း။ ထိုအတိုင်းအရှည်ပမာဏကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ် စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ပမာဏထက် ပိုလွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။

A rainy-season robe: it is for use during the four months of the rainy season. Is having made: making it himself or having it made, it should be made to the right size. This is the right size: six standard handspans long and two and a half wide. If he makes one or has one made that exceeds that, then for the effort there is an act of wrong conduct. When he gets it, it is to be cut down, and he is then to confess an offense entailing confession. Permutations

၅၄၅။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၄၅။ မိမိပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို မိမိသည်ပင်လျှင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါးပြုလုပ်သော မိုးရေခံသင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

စာ-၂၂၅

၅၄၆။ အနာပတ္တိ ပမာဏိကံ ကရောတိ, ဦနကံ ကရောတိ, အညေန ကတံ ပမာဏာတိက္ကန္တံ ပဋိလဘိတွာ ဆိန္ဒိတွာ ပရိဘုဉ္ဇတိ, ဝိတာနံ ဝါ ဘူမတ္ထရဏံ ဝါ သာဏိပါကာရံ ဝါ ဘိသိံ ဝါ ဗိဗ္ဗောဟနံ ဝါ ကရောတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဝဿိကသာဋိကာသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။

၅၄၆။ အတိုင်းအရှည်ပမာဏနှင့် ယှဥ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်အံ့၊ အတိုင်းအရှည် ပမာဏ အောက် ယုတ်လျော့သော မိုးရေခံသင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်ထားသော အတိုင်းအရှည် ပမာဏထက် ပိုလွန်သော မိုးရေခံသင်္ကန်းက ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကို လည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်းတိမ်အကာအရံကိုလည်းကောင်း၊ ဘုံလျိုကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမ ဝဿိကသာဋိကသိက္ခာပုဒ် ပြီး၏။

There is no offense: if he makes it the right size; if he makes it smaller than the right size; if he gets one made by another that exceeds the right size and then cuts it down before using it; if he makes a canopy, a floor cover, a cloth screen, a mattress, or a pillow; if he is insane; if he is the first offender. The training rule on making an oversize rainy-season robe, the ninth, is finished.

၁၀။ နန္ဒသိက္ခာပဒံ

၅၄၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အာယသ္မာ နန္ဒော ဘဂဝတော မာတုစ္ဆာပုတ္တော အဘိရူပေါ ဟောတိ ဒဿနီယော ပါသာဒိကော စတုရင်္ဂုလောမကော ဘဂဝတာ [ဘဂဝတော (က။)]။ သော သုဂတစီဝရပ္ပမာဏံ စီဝရံ ဓာရေတိ။ အဒ္ဒသံသု ခေါ ထေရာ ဘိက္ခူ အာယသ္မန္တံ နန္ဒံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန – ‘‘ဘဂဝါ အာဂစ္ဆတီ’’တိ အာသနာ ဝုဋ္ဌဟန္တိ။ တေ ဥပဂတေ ဇာနိတွာ [ဥပဂတံ သဉ္ဇာနိတွာ (သျာ။), ဥပဂတေ သဉ္ဇာနိတွာ (သီ။)] ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ အာယသ္မာ နန္ဒော သုဂတစီဝရပ္ပမာဏံ စီဝရံ ဓာရေဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, နန္ဒ, သုဂတစီဝရပ္ပမာဏံ စီဝရံ ဓာရေသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, နန္ဒ, သုဂတစီဝရပ္ပမာဏံ စီဝရံ ဓာရေဿသိ! နေတံ, နန္ဒ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၉-ရတနဝဂ် ၁၀-နန္ဒသိက္ခာပုဒ် ၅၄၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မြတ်စွာဘုရား၏ မိထွေးတော်၏ သားဖြစ်သော အသျှင်နန္ဒသည် သာလွန်သော အဆင်း ရှိ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်စွာဘုရားအောက် လက်လေးသစ် ယုတ်လျော့၏၊ ထိုအသျှင်နန္ဒသည် မြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်၏။ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် အသျှင်နန္ဒ လာနေသည်ကို အဝေးကပင် မြင်၍ “မြတ်စွာဘုရားသည် ကြွလာတော်မူ၏”ဟု နေရာမှ ထကုန်၏။ ထိုမထေရ်ကြီးတို့သည် အနီးသို့ ရောက်လာသည် ရှိသော် သိကုန်၍ “အဘယ့်ကြောင့် အသျှင်နန္ဒသည် မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်ဘိနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “နန္ဒ သင်သည် မြတ်စွာဘုရား သင်္ကန်းတော်ပမာဏရှိသော သင်္ကန်းကို ဆောင်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ နန္ဒ သင်သည် အဘယ့်ကြောင့် မြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်ဘိသနည်း။ နန္ဒ ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing confession The subchapter on precious things Making an oversize robe Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time there was a handsome and graceful monk called Venerable Nanda, the Buddha’s cousin. He was seven centimeters shorter than the Buddha, but he wore a robe that was the same size as the Buddha’s. When the senior monks saw him coming, they thought it was the Buddha and got up from their seats. But when he came close, they realized who it was, and they complained and criticized him, “How can Venerable Nanda wear a robe the same size as the Buddha’s?” … “Is it true, Nanda, that you do this?” “It’s true, sir.” The Buddha rebuked him … “Nanda, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

၅၄၈။ ‘‘ယော ပန ဘိက္ခု သုဂတစီဝရပ္ပမာဏံ စီဝရံ ကာရာပေယျ အတိရေကံ ဝါ, ဆေဒနကံ ပါစိတ္တိယံ။ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ – ဒီဃသော နဝ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဆ ဝိဒတ္ထိယော။ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏ’’န္တိ။

၁၄၁။ ၉၂-၅၄၈။ “အကြင်ရဟန်းသည် မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏ ရှိသော သင်္ကန်းကိုလည်းကောင်း၊ ထိုထက်လွန်သော သင်္ကန်းကိုလည်းကောင်း ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏။ ထိုမြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းဟူရာ၌ ဤဆိုလတ္တံ့သည်ကား မြတ်စွာဘုရား သင်္ကန်းတော် ပမာဏတည်း၊ မြတ်စွာဘုရား၏အထွာတော်ဖြင့် အလျားမှ ကိုးထွာ၊ အနံမှ ခြောက်ထွာတို့တည်း။ ဤကား မြတ်စွာဘုရား သင်္ကန်းတော် ပမာဏတည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk has a robe made that is the standard robe size or larger, it is to be cut down, and he commits an offense entailing confession. This is the standard robe size: nine standard handspans long and six wide.’” Definitions

၅၄၉။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

သုဂတစီဝရပ္ပမာဏံ [သုဂတစီဝရံ (က။)] နာမ ဒီဃသော နဝ ဝိဒတ္ထိယော, သုဂတဝိဒတ္ထိယာ၊ တိရိယံ ဆ ဝိဒတ္ထိယော။

ကာရာပေယျာတိ ကရောတိ ဝါ ကာရာပေတိ ဝါ, ပယောဂေ ဒုက္ကဋံ။ ပဋိလာဘေန ဆိန္ဒိတွာ ပါစိတ္တိယံ ဒေသေတဗ္ဗံ။

၁၀-နန္ဒသိက္ခာပုဒ် အဖွင့် ၅၄၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏ မည်သည် မြတ်စွာဘုရားအထွာတော်ဖြင့် အလျား ကိုးထွာ၊ အနံ ခြောက်ထွာတို့တည်း။ ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ပမာဏထက်လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. The standard robe size: nine standard handspans long and six wide. Has made: if he makes one or has one made, then for the effort there is an act of wrong conduct. When he gets it, it is to be cut down, and he is then to confess an offense entailing confession. Permutations

၅၅၀။ အတ္တနာ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ အတ္တနာ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ အတ္တနာ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။ ပရေဟိ ဝိပ္ပကတံ ပရေဟိ ပရိယောသာပေတိ, အာပတ္တိ ပါစိတ္တိယဿ။

အညဿတ္ထာယ ကရောတိ ဝါ ကာရာပေတိ ဝါ, အာပတ္တိ ဒုက္ကဋဿ။ အညေန ကတံ ပဋိလဘိတွာ ပရိဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

၅၅၀။ မိမိပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ မိမိပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။ သူတစ်ပါးအကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သူတစ်ပါးပြုလုပ်ထားသော သင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

If he finishes what he began himself, he commits an offense entailing confession. If he has others finish what he began himself, he commits an offense entailing confession. If he finishes himself what was begun by others, he commits an offense entailing confession. If he has others finish what was begun by others, he commits an offense entailing confession. If he makes one or has one made for the benefit of someone else, he commits an offense of wrong conduct. If he gets one that was made by someone else and then uses it, he commits an offense of wrong conduct. Non-offenses

၅၅၁။ အနာပတ္တိ ဦနကံ ကရောတိ, အညေန ကတံ ပဋိလဘိတွာ ဆိန္ဒိတွာ ပရိဘုဉ္ဇတိ, ဝိတာနံ ဝါ ဘူမတ္ထရဏံ ဝါ သာဏိပါကာရံ ဝါ ဘိသိံ ဝါ ဗိဗ္ဗောဟနံ ဝါ ကရောတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

နန္ဒသိက္ခာပဒံ နိဋ္ဌိတံ ဒသမံ။

ရတနဝဂ္ဂေါ [ရာဇဝဂ္ဂေါ (သီ။)] နဝမော။

တဿုဒ္ဒါနံ –

ရညော စ ရတနံ သန္တံ, သူစိ မဉ္စဉ္စ တူလိကံ၊

နိသီဒနဉ္စ ကဏ္ဍုဉ္စ, ဝဿိကာ သုဂတေန စာတိ။

ဥဒ္ဒိဋ္ဌာ ခေါ, အာယသ္မန္တော, ဒွေနဝုတိ ပါစိတ္တိယာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? ဒုတိယမ္ပိ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? တတိယမ္ပိ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? ပရိသုဒ္ဓေတ္ထာယသ္မန္တော, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီတိ။

ခုဒ္ဒကံ သမတ္တံ။

ပါစိတ္တိယကဏ္ဍံ နိဋ္ဌိတံ။

၅၅၁။ မြတ်စွာဘုရား၏ သင်္ကန်းတော်အောက် ယုတ်လျော့သော သင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါး ပြုလုပ်ထားသော သင်္ကန်းကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေ အခင်းကိုလည်းကောင်း၊ တင်းတိမ် အကာအရံကိုလည်းကောင်း၊ ဘုံလျို ‘ဖုံ’ကိုလည်းကောင်း၊ ခေါင်းအုံး ကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်း တို့အားလည်း အာပတ် မသင့်။ ဒသမ နန္ဒသိက္ခာပုဒ် ပြီး၏။ ရတနဝဂ် ပြီး၏။ ထိုရတနဝဂ်၏ အကျဥ်းချုပ် မင်းနှင့်စပ်သောသိက္ခာပုဒ်၊ ရတနာကို ကောက်ယူသောသိက္ခာပုဒ်၊ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်သောသိက္ခာပုဒ်၊ အပ်ကျည် ‘အပ်ဗူး’သိက္ခာပုဒ်၊ ပမာဏ လွန်သော ညောင်စောင်းသိက္ခာပုဒ်၊ လဲသွတ်သောသိက္ခာပုဒ်၊ နိသီဒိုင်သိက္ခာပုဒ်၊ အမာလွှမ်းသိက္ခာပုဒ်၊ မိုးရေခံသင်္ကန်း သိက္ခာပုဒ်၊ မြတ်စွာဘုရား သင်္ကန်းတော် ပမာဏသိက္ခာပုဒ်၊ ဤကား အကျဥ်းချုပ်တည်း။ အသျှင်ဘုရားတို့ ကိုးဆယ့်နှစ်ပါးကုန်သော ပါစိတ်အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ပြီးပါကုန်ပြီ၊ ထိုပါစိတ်အာပတ်တို့၌ အသျှင်တို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက် လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်တို့သည် ဤကိုးဆယ့်နှစ်ပါးသော ပါစိတ်အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါစိတ်အာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။ ဘိက္ခုပါစိတ်အခန်း ပြီး၏။ ၆-ပါဋိဒေသနီအခန်း ၁-ပဌမပါဋိဒေသနီ သိက္ခာပုဒ် အသျှင်ဘုရားတို့ ဤပါဋိဒေသနီ ‘သီးခြားပြောကြားရသော’ အာပတ်လေးပါးတို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်အဖြစ်သို့ ရောက်ကုန်၏။

There is no offense: if he makes it smaller than the standard robe; if he gets one made by another that is too large and then cuts it down before using it; if he makes a canopy, a floor cover, a cloth screen, a mattress, or a pillow; if he is insane; if he is the first offender. The training rule on making an oversize robe, the tenth, is finished. The ninth subchapter on precious things is finished. This is the summary: “And a king’s, precious things, available, Needle, and bed, cotton down; And sitting mat, and itch, Rainy-season, and by the standard.” “Venerables, the ninety-two rules on confession have been recited. In regard to this I ask you, ‘Are you pure in this?’ A second time I ask, ‘Are you pure in this?’ A third time I ask, ‘Are you pure in this?’ You are pure in this and therefore silent. I will remember it thus.” The section on minor rules has been completed. The chapter on offenses entailing confession is finished.

စာ-၂၂၇

၆။ ပါဋိဒေသနီယကဏ္ဍံ

၁။ ပဌမပါဋိဒေသနီယသိက္ခာပဒံ

ဣမေ ခေါ ပနာယသ္မန္တော စတ္တာရော ပါဋိဒေသနီယာ

ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

၅၅၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန အညတရာ ဘိက္ခုနီ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပဋိက္ကမနကာလေ အညတရံ ဘိက္ခုံ ပဿိတွာ ဧတဒဝေါစ – ‘‘ဟန္ဒာယျ, ဘိက္ခံ ပဋိဂ္ဂဏှာ’’တိ။ ‘‘သုဋ္ဌု, ဘဂိနီ’’တိ သဗ္ဗေဝ အဂ္ဂဟေသိ။ သာ ဥပကဋ္ဌေ ကာလေ နာသက္ခိ ပိဏ္ဍာယ စရိတုံ, ဆိန္နဘတ္တာ အဟောသိ။ အထ ခေါ သာ ဘိက္ခုနီ ဒုတိယမ္ပိ ဒိဝသံ…ပေ… တတိယမ္ပိ ဒိဝသံ သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ ပဋိက္ကမနကာလေ တံ ဘိက္ခုံ ပဿိတွာ ဧတဒဝေါစ – ‘‘ဟန္ဒာယျ, ဘိက္ခံ ပဋိဂ္ဂဏှာ’’တိ။ ‘‘သုဋ္ဌု, ဘဂိနီ’’တိ သဗ္ဗေဝ အဂ္ဂဟေသိ။ သာ ဥပကဋ္ဌေ ကာလေ နာသက္ခိ ပိဏ္ဍာယ စရိတုံ, ဆိန္နဘတ္တာ အဟောသိ။ အထ ခေါ သာ ဘိက္ခုနီ စတုတ္ထေ ဒိဝသေ ရထိကာယ ပဝေဓေန္တီ ဂစ္ဆတိ။ သေဋ္ဌိ ဂဟပတိ ရထေန ပဋိပထံ အာဂစ္ဆန္တော တံ ဘိက္ခုနိံ ဧတဒဝေါစ – ‘‘အပေဟာယျေ’’တိ။ သာ ဝေါက္ကမန္တီ တတ္ထေဝ ပရိပတိ။ သေဋ္ဌိ ဂဟပတိ တံ ဘိက္ခုနိံ ခမာပေသိ – ‘‘ခမာဟာယျေ, မယာသိ ပါတိတာ’’တိ။ ‘‘နာဟံ, ဂဟပတိ, တယာ ပါတိတာ။ အပိစ, အဟမေဝ ဒုဗ္ဗလာ’’တိ။ ‘‘ကိဿ ပန တွံ, အယျေ, ဒုဗ္ဗလာ’’တိ? အထ ခေါ သာ ဘိက္ခုနီ သေဋ္ဌိဿ ဂဟပတိဿ ဧတမတ္ထံ အာရောစေသိ။ သေဋ္ဌိ ဂဟပတိ တံ ဘိက္ခုနိံ ဃရံ နေတွာ ဘောဇေတွာ ဥဇ္ဈာယတိ ခိယျတိ ဝိပါစေတိ – ‘‘ကထဉှိ နာမ ဘဒန္တာ ဘိက္ခုနိယာ ဟတ္ထတော အာမိသံ ပဋိဂ္ဂဟေဿန္တိ! ကိစ္ဆလာဘော မာတုဂါမော’’တိ!

အဿောသုံ ခေါ ဘိက္ခူ တဿ သေဋ္ဌိဿ ဂဟပတိဿ ဥဇ္ဈာယန္တဿ ခိယျန္တဿ ဝိပါစေန္တဿ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု ဘိက္ခုနိယာ ဟတ္ထတော အာမိသံ ပဋိဂ္ဂဟေဿတီ’’တိ …ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, ဘိက္ခုနိယာ ဟတ္ထတော အာမိသံ ပဋိဂ္ဂဟေသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ‘‘ဉာတိကာ တေ, ဘိက္ခု, အညာတိကာ’’တိ? ‘‘အညာတိကာ, ဘဂဝါ’’တိ။ ‘‘အညာတကော, မောဃပုရိသ, အညာတိကာယ န ဇာနာတိ ပတိရူပံ ဝါ အပ္ပတိရူပံ ဝါ သန္တံ ဝါ အသန္တံ ဝါ။ ကထဉှိ နာမ တွံ, မောဃပုရိသ, အညာတိကာယ ဘိက္ခုနိယာ ဟတ္ထတော အာမိသံ ပဋိဂ္ဂဟေဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၅၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းမိန်းမတစ်ဦးသည် သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့သောအခါ ရဟန်းတစ်ပါးကို မြင်လျှင် “အသျှင် ဆွမ်းကို ယခု ခံယူပါလော့”ဟု ပြောဆိုသဖြင့် “ကောင်းပြီ နှမ”ဟု ဆိုကာ ဆွမ်းကို အကုန်လုံး ခံယူလေ၏။ ထိုရဟန်း မိန်းမသည် မွန်းတည့်အချိန် နီးလတ်ရကား ဆွမ်းခံလှည့်လည်ခြင်းငှါ မတတ်နိုင်သဖြင့် ဆွမ်းပြတ်လေ၏။ ထိုအခါ ထိုရဟန်းမိန်းမသည် နှစ်ရက်မြောက်သော နေ့၌လည်း။ပ။ သုံးရက်မြောက်သော နေ့၌လည်း သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့သောအခါ ထိုရဟန်းကို မြင်လျှင် “အသျှင် ဆွမ်းကို ယခု ခံယူပါလော့”ဟု ပြောဆိုပြန်သဖြင့် “ကောင်းပြီ နှမ”ဟု ဆိုကာ ဆွမ်းကို အကုန်လုံး ခံယူပြန်လေ၏၊ ထိုရဟန်းမိန်းမသည် မွန်းတည့်အချိန် နီးလတ်ရကား ဆွမ်းခံလှည့်လည်ခြင်းငှါ မတတ်နိုင် သဖြင့် ဆွမ်းပြတ်လေ၏။ ထိုအခါ ထိုရဟန်းမိန်းမသည် လေးရက်မြောက်သော နေ့၌ (ခရီး) လမ်းမတွင် တုန်တုန်ရီရီ သွားနေ၏၊ အိမ့်ရှင်သူဌေးသည် ရထားဖြင့် ခရီးရင်ဆိုင်လာသည် ရှိသော် “အသျှင်မ ဖယ်ရှားပါလော့”ဟု ထိုရဟန်း မိန်းမအား ဆို၏။ ထိုရဟန်းမိန်းမသည် လမ်းဘေးသို့ သက်ဆင်းသည် ရှိသော် ခရီးလမ်းမ၌ပင်လျှင် တိမ်းလဲလေ၏။ အိမ့်ရှင်သူဌေးသည် ထိုရဟန်းမိန်းမအား “အသျှင်မ သည်းခံပါလော့၊ အကျွန်ုပ်သည် (အသျှင်မကို) တိမ်းလဲစေအပ်ပါပြီ ‘အကျွန်ုပ်ကြောင့် အသျှင်မ လဲကျပါသည်”’ဟု ဆို၏။ အိမ့်ရှင် သူဌေး သင်သည် ငါ့ကို တိမ်းလဲစေအပ်သည် မဟုတ်ပါ၊ စင်စစ်သော်ကား ငါသည်သာလျှင် အားနည်းသူ ဖြစ်ပါ၏ဟု ပြောဆိုသဖြင့် အသျှင်မ သင်သည် အဘယ့်ကြောင့် အားနည်းသူ ဖြစ်ရပါသနည်းဟု မေးလေ၏။ ထိုအခါ ရဟန်းမိန်းမသည် အိမ့်ရှင်သူဌေးအား ဤအကြောင်းကို ပြောကြားလေ၏။ အိမ့်ရှင်သူဌေးသည် ထိုရဟန်းမိန်းမကို အိမ်သို့ ပင့်ဆောင်၍ ဆွမ်းကျွေးပြီးလျှင် “အသျှင်ကောင်း တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူကုန်ဘိသနည်း၊ မိန်းမတို့ မည်သည်ကား ဆင်းရဲငြိုငြင်သော လာဘ် ရှိ၏”ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြပြောဆို၏။ ရဟန်းတို့သည် ထိုအိမ့်ရှင်သူဌေး၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော စကားကို ကြားကြသည် သာတည်း။ အလိုနည်းကုန်သော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်း သင်သည် ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူ၏ဟူသည် မှန်သ လော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ရဟန်း သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု (မေးတော်မူရာ) - ဆွေမျိုးမတော်စပ်ပါ မြတ်စွာဘုရားဟု (လျှောက်၏)။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဆွေမျိုးမတော်စပ်သော သူသည် ဆွေမျိုး မတော်စပ် သူ၌ သင့် မသင့်ကိုလည်းကောင်း၊ ရှိ မရှိကိုလည်းကောင်း မသိနိုင်၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ (ဆွမ်းစသော) အာမိသကို ခံယူဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing acknowledgment The training rule on receiving a nun’s food Venerables, these four rules on acknowledgment come up for recitation. Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, a certain nun was returning from almsround in Sāvatthī. She saw a monk and said to him, “Here, venerable, please take some almsfood.” Saying, “Alright, sister,” he took everything. But because the time for eating was coming to an end, she was not able to go for alms, and she missed her meal. The next day and the following day the same thing happened again. On the fourth day that nun was walking along a street, trembling. A wealthy merchant coming by carriage in the opposite direction saw her and shouted out, “Watch out, venerable!” As she stepped aside, she collapsed right there. The merchant asked her for forgiveness: “Forgive me, venerable, since you fell because of me.” “I didn’t fall because of you, but because I’m weak.” “But why are you so weak?” The nun told him what had happened. He then brought her to his house and gave her a meal. Afterwards he complained and criticized the monks, “How can the venerables receive food directly from a nun? It’s difficult for women to get material support.” The monks heard the complaints of that merchant, and the monks of few desires complained and criticized that monk, “How could a monk receive food directly from a nun?” … “Is it true, monk, that you did this?” “It’s true, sir.” “Is she a relative of yours?” “No, sir.” “Foolish man, a man and a woman who are unrelated don’t know what’s appropriate and inappropriate, what’s good and bad, in dealing with each other. And still you did this. This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၂၈

၅၅၃။ ‘‘ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’’တိ။

၁၄၂။ ၁-၅၅၃။ “အကြင်ရဟန်းသည် ရွာတွင်းသို့ ဝင်သော ဆွေမျိုး မတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကို သော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ်, မလျောက်ပတ် သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုပါဋိဒေသနီအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘If a monk receives fresh or cooked food directly from an unrelated nun who has entered an inhabited area, and then eats it, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” Definitions

၅၅၄။ ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

အညာတိကာ နာမ မာတိတော ဝါ။ ပိတိတော ဝါ ယာဝ သတ္တမာ ပိတာမဟယုဂါ အသမ္ဗဒ္ဓါ။

ဘိက္ခုနီ နာမ ဥဘတောသံဃေ ဥပသမ္ပန္နာ။

အန္တရဃရံ နာမ ရထိကာ ဗျူဟံ သိင်္ဃာဋကံ ဃရံ။

ခါဒနီယံ နာမ ပဉ္စ ဘောဇနာနိ – ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ ဌပေတွာ အဝသေသံ ခါဒနီယံ နာမ။

ဘောဇနီယံ နာမ ပဉ္စ ဘောဇနာနိ – ဩဒနော, ကုမ္မာသော, သတ္တု, မစ္ဆော, မံသံ။ ‘‘ခါဒိဿာမိ ဘုဉ္ဇိဿာမီ’’တိ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ပါဋိဒေသနီယဿ။

၁-ပဌမ ပါဋိဒေသနီသိက္ခာပုဒ် အဖွင့် ၅၅၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ဆွေမျိုးမတော်စပ်သော မည်သည် အမိဘက်မှလည်းကောင်း၊ အဖဘက်မှလည်းကောင်း အဘိုး အဘွား ခုနစ်ဆက်မြောက်တိုင်အောင် မတော်စပ်သောသူတည်း။ ရဟန်းမိန်းမ မည်သည် နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။ ရွာတွင်း မည်သည် ခရီးလမ်းမ ထုတ်ချင်းမထွင်းသောခရီး ခရီးဆုံအိမ်တည်း။ ခဲဖွယ် မည်သည် ဘောဇဥ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။ ဘောဇဥ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဥ်တို့တည်း။ “ခဲမည် စားမည်”ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။

A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Unrelated: anyone who is not a descendant of one’s male ancestors going back eight generations, either on the mother’s side or on the father’s side. A nun: she has been given the full ordination by both Sanghas. An inhabited area: a street, a cul-de-sac, an intersection, a house. Fresh food: apart from the five cooked foods, the post-midday tonics, the seven-day tonics, and the lifetime tonics, the rest is called “fresh food”. Cooked food: there are five kinds of cooked food: cooked grain, porridge, flour products, fish, and meat. If he receives the fresh or cooked food with the intention of eating it, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense entailing acknowledgment. Permutations

၅၅၅။ အညာတိကာယ အညာတိကသညီ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။ အညာတိကာယ ဝေမတိကော အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။ အညာတိကာယ ဉာတိကသညီ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။

ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ ဧကတောဥပသမ္ပန္နာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ – ‘‘ခါဒိဿာမိ ဘုဉ္ဇိဿာမီ’’တိ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ ဉာတိကာယ အညာတိကသညီ, အာပတ္တိ ဒုက္ကဋဿ။ ဉာတိကာယ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ဉာတိကာယ ဉာတိကသညီ, အနာပတ္တိ။

၅၅၅။ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်ဟု အမှတ်ရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိ လက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ဆွေမျိုးမတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးတော်၏ဟု အမှတ်ရှိသည်ဖြစ်၍ ရွာတွင်းသို့ ဝင်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို အာဟာရအကျိုးငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ တစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကို သော်လည်းကောင်း “ခဲမည် စားမည်”ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုး တော်သော ရဟန်းမိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ ဆွေမျိုး တော်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If she is unrelated and he perceives her as such, and he receives fresh or cooked food directly from her when she has entered an inhabited area, and then eats it, he commits an offense entailing acknowledgment. If she is unrelated, but he is unsure of it, and he receives fresh or cooked food directly from her when she has entered an inhabited area, and then eats it, he commits an offense entailing acknowledgment. If she is unrelated, but he perceives her as related, and he receives fresh or cooked food directly from her when she has entered an inhabited area, and then eats it, he commits an offense entailing acknowledgment. If he receives post-midday tonics, seven-day tonics, or lifetime tonics for the purpose of food, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense of wrong conduct. If he receives fresh or cooked food, with the intention of eating it, directly from a nun who is fully ordained only on one side, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense of wrong conduct. If she is related, but he perceives her as unrelated, he commits an offense of wrong conduct. If she is related, but he is unsure of it, he commits an offense of wrong conduct. If she is related, and he perceives her as such, there is no offense. Non-offenses

၅၅၆။ အနာပတ္တိ ဉာတိကာယ, ဒါပေတိ န ဒေတိ, ဥပနိက္ခိပိတွာ ဒေတိ အန္တရာရာမေ, ဘိက္ခုနုပဿယေ, တိတ္ထိယသေယျာယ, ပဋိက္ကမနေ, ဂါမတော နီဟရိတွာ ဒေတိ, ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ ‘‘သတိ ပစ္စယေ ပရိဘုဉ္ဇာ’’တိ ဒေတိ, သိက္ခမာနာယ, သာမဏေရိယာ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဌမပါဋိဒေသနီယသိက္ခာပဒံ နိဋ္ဌိတံ။

၅၅၆။ ဆွေမျိုးတော်သော ရဟန်းမိန်းမ၌ အာပတ် မသင့်၊ အပေးခိုင်းသော်လည်း မပေးအံ့၊ အနီး၌ ချထား၍ ပေးအံ့၊ အရံတွင်း, ရဟန်းမိန်းမတို့၏ကျောင်း, တိတ္ထိတို့နေရာ, ဆွမ်းစားဇရပ်၌ ပေးအံ့၊ ရွာမှ ထုတ်ဆောင်၍ ပေးအံ့၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို “အကြောင်းရှိသော် သုံးဆောင် လော့”ဟု ပေးအံ့၊ သိက္ခမာန်နှင့် သာမဏေမတို့၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။

There is no offense: if she is related; if she gets someone else to give it and does not give it herself; if she gives by placing it near; if it is inside a monastery; if it is at a nunnery; if it is at the dwelling place of the monastics of another religion; if it is on returning to the monastery; if she gives after carrying it out of the village; if she gives post-midday tonics, seven-day tonics, or lifetime tonics, saying, “Use these when there’s a reason;” if it is a trainee nun; if it is a novice nun; if he is insane; if he is the first offender. The first training rule on receiving a nun’s food is finished.

၂။ ဒုတိယပါဋိဒေသနီယသိက္ခာပဒံ

၅၅၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ဘိက္ခူ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခုနိယော ဆဗ္ဗဂ္ဂိယာနံ ဘိက္ခူနံ ဝေါသာသန္တိယော ဌိတာ ဟောန္တိ – ‘‘ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ’’တိ။ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ယာဝဒတ္ထံ ဘုဉ္ဇန္တိ။ အညေ ဘိက္ခူ န စိတ္တရူပံ ဘုဉ္ဇန္တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘိက္ခုနိယော ဝေါသာသန္တိယော န နိဝါရေဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ဘိက္ခုနိယော ဝေါသာသန္တိယော န နိဝါရေထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ …ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ဘိက္ခုနိယော ဝေါသာသန္တိယော န နိဝါရေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၂-ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ် ၅၅၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့သည် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့၏ အိမ်၌ ဆွမ်းစားကုန်၏၊ ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အတွက် “ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့”ဟု စီမံလျက် တည်နေကုန်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလိုရှိတိုင်း စားရကုန်၏၊ အခြားသော ရဟန်းတို့သည်ကား စိတ်တိုင်းကျ မစားရကုန်။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့ စီမံသည် တို့ကို မတားမြစ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ “ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့ စီမံသည်တို့ကို မတားမြစ်ကြကုန်ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမတို့ စီမံသည်တို့ကို မတားမြစ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing acknowledgment Letting a nun give directions to donors Origin story At one time the Buddha was staying at Rājagaha in the Bamboo Grove, the squirrel sanctuary. At that time, when families invited monks to meals, the nuns from the group of six were directing people toward the monks from the group of six, saying, “Give curry here; give rice there.” The monks from the group of six ate as much as they wanted, but not so the other monks. The monks of few desires complained and criticized them, “How could the monks from the group of six not restrain the nuns from giving directions?” … “Is it true, monks, that you didn’t do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how could you not do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling

စာ-၂၃၀

၅၅၈။ ‘‘ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ, တတြ စေ သာ [တတြ စေ (သျာ။)] ဘိက္ခုနီ ဝေါသာသမာနရူပါ ဌိတာ ဟောတိ – ‘ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ’တိ, တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ – ‘အပသက္က တာဝ, ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ’တိ။ ဧကဿ စေပိ [ဧကဿပိ စေ (သီ။ သျာ။)] ဘိက္ခုနော န ပဋိဘာသေယျ တံ ဘိက္ခုနိံ အပသာဒေတုံ – ‘အပသက္က တာဝ, ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ’တိ ပဋိဒေသေတဗ္ဗံ တေဟိ ဘိက္ခူဟိ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိမှာ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမာ’’’တိ။

၁၄၃။ ၂-၅၅၈။ “ရဟန်းတို့သည်သာလျှင် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့ အိမ်၌ ဆွမ်းစားကုန်၏၊ ထိုသို့စားရာ၌ ထိုရဟန်းမိန်းမသည် ‘ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့’ဟု စီမံသော သဘောရှိသည်ဖြစ်၍ တည် နေငြားအံ့၊ ထိုရဟန်းတို့သည် ထိုရဟန်းမိန်းမ ကို ‘နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဖယ်ရှား လေဦး’ဟု ပြစ်တင်မောင်းမဲရမည်၊ ‘နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဖယ်ရှားလေဦး’ဟု ထိုရဟန်းမိန်းမကို ပြစ်တင် မောင်းမဲခြင်းငှါ တစ်ပါးသော ရဟန်းကမျှလည်း မဆိုငြားအံ့၊ ထိုရဟန်းတို့သည် ‘ငါ့သျှင်တို့ ငါတို့သည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ကုန်ပြီ၊ ထိုပါဋိဒေသနီအာပတ်ကို ပြောကြားပါကုန်၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။

‘When monks eat by invitation to families, if a nun is there giving directions, saying, “Give bean curry here; give rice there,” then those monks should stop her: “Stop, sister, while the monks are eating.” If not even a single monk addresses that nun in this way to stop her, they must acknowledge it: “We have done a blameworthy and unsuitable thing which is to be acknowledged. We acknowledge it.”’” Definitions

၅၅၉။ ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တီတိ ကုလံ နာမ စတ္တာရိ ကုလာနိ – ခတ္တိယကုလံ, ဗြာဟ္မဏကုလံ, ဝေဿကုလံ, သုဒ္ဒကုလံ။

နိမန္တိတာ ဘုဉ္ဇန္တီတိ ပဉ္စန္နံ ဘောဇနာနံ အညတရေန ဘောဇနေန နိမန္တိတာ ဘုဉ္ဇန္တိ။

ဘိက္ခုနီ နာမ ဥဘတောသံဃေ ဥပသမ္ပန္နာ။

ဝေါသာသန္တီ နာမ ယထာမိတ္တတာ ယထာသန္ဒိဋ္ဌတာ ယထာသမ္ဘတ္တတာ ယထာသမာနုပဇ္ဈာယကတာ ယထာသမာနာစရိယကတာ – ‘‘ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ’’တိ။ ဧသာ ဝေါသာသန္တီ နာမ။

တေဟိ ဘိက္ခူဟီတိ ဘုဉ္ဇမာနေဟိ ဘိက္ခူဟိ။

သာ ဘိက္ခုနီတိ ယာ သာ ဝေါသာသန္တီ ဘိက္ခုနီ။

တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ – ‘‘အပသက္က တာဝ, ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ’’တိ။ ဧကဿ စေပိ [ဧကဿပိ စေ (သီ။ သျာ။)] ဘိက္ခုနော အနပသာဒိတော [အနပသာဒိတေ (သီ။ သျာ။)] – ‘‘ခါဒိဿာမိ ဘုဉ္ဇိဿာမီ’’တိ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ပါဋိဒေသနီယဿ။

၂-ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ် အဖွင့် ၅၅၉။ ရဟန်းတို့သည်သာလျှင် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့အိမ်၌ ဆွမ်းစားကုန်၏ဟူရာ၌ ဒါယကာမည်သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ ဒါယကာ လေးမျိုး ရှိ၏။ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဆွမ်းစားကုန်၏ဟူသည် ဘောဇဥ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဥ်ဖြင့် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ စားကုန်၏။ ရဟန်းမိန်းမ မည်သည် နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။ စီမံသော မည်သည် အဆွေခင်ပွန်းဖြစ်သည်အားလျော်စွာ ကောင်းစွာသိကျွမ်းသည်အားလျော်စွာ အတူ စားသောက်ဖော်ဖြစ်သည်အားလျော်စွာ ဥပဇ္ဈာယ်တူဖြစ်သည်အားလျော်စွာ ဆရာတူဖြစ်သည်အား လျော်စွာ “ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့”ဟု ပြောဆိုခြင်းသည်ပင် စီမံသည် မည်၏။ ထိုရဟန်းတို့သည်ဟူသည် ဆွမ်းစားဆဲ ရဟန်းတို့သည်။ ထိုရဟန်းမိန်းမကိုဟူသည် စီမံတတ်သော ရဟန်းမိန်းမကို။ ထိုရဟန်းတို့သည် ထိုရဟန်းမိန်းမကို “နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဆုတ်ခွါဖယ်ရှား လေဦး”ဟု ပြစ်တင်မောင်းမဲရမည်၊ ရဟန်းတစ်ပါးကမျှလည်း မမောင်းမဲမူ၍ “ခဲမည် စားမည်”ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။

When monks eat by invitation to families: a family: there are four kinds of families: the aristocratic family, the brahmin family, the merchant family, the worker family. Eat by invitation: eat any of the five cooked foods by invitation. A nun: she has been given the full ordination by both Sanghas. Giving directions: saying, “Give bean curry here; give rice there,” according to friendship, according to companionship, according to who one is devoted to, according to being a co-student, according to being a co-pupil—this is called “giving directions”. Those monks: the monks who are eating. Her: the nun who is giving directions. Those monks should stop her: ‘Stop, sister, while the monks are eating’: if she is not stopped by even one monk, and a monk then receives fresh or cooked food with the intention of eating it, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense entailing acknowledgment. Permutations

၅၆၀။ ဥပသမ္ပန္နာယ ဥပသမ္ပန္နသညီ ဝေါသာသန္တိယာ န နိဝါရေတိ, အာပတ္တိ ပါဋိဒေသနီယဿ။ ဥပသမ္ပန္နာယ ဝေမတိကော ဝေါသာသန္တိယာ န နိဝါရေတိ, အာပတ္တိ ပါဋိဒေသနီယဿ။ ဥပသမ္ပန္နာယ အနုပသမ္ပန္နသညီ ဝေါသာသန္တိယာ န နိဝါရေတိ, အာပတ္တိ ပါဋိဒေသနီယဿ။

ဧကတောဥပသမ္ပန္နာယ ဝေါသာသန္တိယာ န နိဝါရေတိ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နာယ ဥပသမ္ပန္နသညီ, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နာယ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အနုပသမ္ပန္နာယ အနုပသမ္ပန္နသညီ, အနာပတ္တိ။

၅၆၀။ ရဟန်းမိန်းမ၌ ရဟန်းမိန်းမဟု အမှတ်ရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသ နီအာပတ် သင့်၏။ ရဟန်းမိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ရဟန်းမိန်းမ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ တစ်ဖက် (ဘိက္ခုနီ) သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမ စီမံသည်ကို မတားမြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော မိန်းမ၌ ရဟန်းမိန်းမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော မိန်းမ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If she is fully ordained, and he perceives her as such, and he does not restrain her from giving directions, he commits an offense entailing acknowledgment. If she is fully ordained, but he is unsure of it, and he does not restrain her from giving directions, he commits an offense entailing acknowledgment. If she is fully ordained, but he does not perceive her as such, and he does not restrain her from giving directions, he commits an offense entailing acknowledgment. If he does not restrain a nun who is fully ordained only on one side from giving directions, he commits an offense of wrong conduct. If the person is not fully ordained, but he perceives them as such, he commits an offense of wrong conduct. If the person is not fully ordained, but he is unsure of it, he commits an offense of wrong conduct. If the person is not fully ordained, and he does not perceive them as such, there is no offense. Non-offenses

၅၆၁။ အနာပတ္တိ အတ္တနော ဘတ္တံ ဒါပေတိ န ဒေတိ, အညေသံ ဘတ္တံ ဒေတိ န ဒါပေတိ, ယံ န ဒိန္နံ တံ ဒါပေတိ, ယတ္ထ န ဒိန္နံ တတ္ထ ဒါပေတိ, သဗ္ဗေသံ သမကံ ဒါပေတိ, သိက္ခမာနာ ဝေါသာသတိ, သာမဏေရီ ဝေါသာသတိ, ပဉ္စ ဘောဇနာနိ ဌပေတွာ သဗ္ဗတ္ထ, အနာပတ္တိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုတိယပါဋိဒေသနီယသိက္ခာပဒံ နိဋ္ဌိတံ။

၅၆၁။ မိမိ၏ ဆွမ်းကို (သူတစ်ပါးကိုသာ) ပေးစေ၍ ကိုယ်တိုင်မပေးအံ့၊ သူတစ်ပါးတို့၏ ဆွမ်းကို ကိုယ်တိုင်သာ ပေး၍ သူတစ်ပါးကို မပေးစေအံ့၊ မပေးရသော ဝတ္ထုကို ပေးစေအံ့၊ မထည့်ပေးရသေးသော သပိတ်၌ ထည့်ပေးစေအံ့၊ အလုံးစုံသော ရဟန်းတို့အား အညီအမျှ ပေးစေအံ့၊ သိက္ခမာန် စီမံအံ့၊ သာမဏေမ စီမံအံ့၊ အာပတ် မသင့်၊ ဘောဇဥ်ငါးပါးမှတစ်ပါး အလုံးစုံသော အရာတို့၌ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။

There is no offense: if a nun does not give it herself, but gets someone else to give her own food; if a nun does not get someone else to give it, but she gives someone else’s food herself; if a nun gets someone else to give what has not yet been given; if a nun gets someone else to give to someone who has not yet received anything; if a nun gets someone else to give equally to all; if a trainee nun is giving directions; if a novice nun is giving directions; if it is anything apart from the five kinds of cooked food; if he is insane; if he is the first offender. The second training rule on letting a nun give directions to donors is finished.

၃။ တတိယပါဋိဒေသနီယသိက္ခာပဒံ

၅၆၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန သာဝတ္ထိယံ အညတရံ ကုလံ ဥဘတောပသန္နံ ဟောတိ။ သဒ္ဓါယ ဝဍ္ဎတိ, ဘောဂေန ဟာယတိ, ယံ တသ္မိံ ကုလေ ဥပ္ပဇ္ဇတိ ပုရေဘတ္တံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ တံ သဗ္ဗံ ဘိက္ခူနံ ဝိဿဇ္ဇေတွာ အပ္ပေကဒါ အနသိတာ အစ္ဆန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ န မတ္တံ ဇာနိတွာ ပဋိဂ္ဂဟေဿန္တိ! ဣမေ ဣမေသံ ဒတွာ အပ္ပေကဒါ အနသိတာ အစ္ဆန္တီ’’တိ!! အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ အထ ခေါ တေ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, ယံ ကုလံ သဒ္ဓါယ ဝဍ္ဎတိ, ဘောဂေန ဟာယတိ ဧဝရူပဿ ကုလဿ ဉတ္တိဒုတိယေန ကမ္မေန သေက္ခသမ္မုတိံ ဒါတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဒါတဗ္ဗာ။ ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော –

၃-တတိယ ပါဋိဒေသနီသိက္ခာပုဒ် ၅၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာဝတ္ထိပြည်တွင် တစ်ဦးသော အမျိုးသည် လင်ဘက် မယားဘက် နှစ်ဖက်လုံးမှပင် ကြည်ညို၏။ သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊ ထိုအမျိုး၌ နံနက်အခါ ဖြစ်ပေါ်သမျှသော ခဲဖွယ် ဘောဇဥ် အလုံးစုံကို ရဟန်းတို့အား စွန့်လှူသဖြင့် တစ်ရံတစ်ခါ မစားဘဲ နေရကုန်၏။ လူတို့သည် “အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ ခံယူကုန်ဘိသနည်း၊ ဤသူတို့သည် ဤရဟန်းတို့အား ပေးလှူရသောကြောင့် တစ်ရံတစ်ခါ မစားဘဲ နေရကုန်၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။ ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ အကြင်အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ် ယုတ်၏၊ ဤသို့ သဘောရှိသော အမျိုးအား ဉတ္တိဒုတိယကံဖြင့် သေက္ခသမ္မုတိ ‘သေက္ခဟု သမုတ်ခြင်း’ကို ပေးခြင်းငှါခွင့် ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့ ပေးရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည် ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing acknowledgment Receiving food from a designated family Origin story First substory At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time in Sāvatthī there was a family where both the husband and the wife had confidence. They were growing in faith, but declining in wealth. Whatever food they had in the morning, they gave to the monks. Sometimes they went without food. People complained and criticized the monks, “How can the Sakyan monastics not have a sense of moderation in receiving offerings? After giving to them, these people sometimes go without.” The monks heard the complaints of those people and they told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, if a family’s faith is growing, but its wealth is declining, you should designate it as ‘in training’, through a legal procedure consisting of one motion and one announcement. And the designation should be given like this. A competent and capable monk should inform the Sangha:

၅၆၃။ ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ဣတ္ထန္နာမံ ကုလံ သဒ္ဓါယ ဝဍ္ဎတိ, ဘောဂေန ဟာယတိ။ ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော ဣတ္ထန္နာမဿ ကုလဿ သေက္ခသမ္မုတိံ ဒဒေယျ။ ဧသာ ဉတ္တိ။

‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ဣတ္ထန္နာမံ ကုလံ သဒ္ဓါယ ဝဍ္ဎတိ, ဘောဂေန ဟာယတိ။ သံဃော ဣတ္ထန္နာမဿ ကုလဿ သေက္ခသမ္မုတိံ ဒေတိ။ ယဿာယသ္မတော ခမတိ ဣတ္ထန္နာမဿ ကုလဿ သေက္ခသမ္မုတိယာ ဒါနံ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။

‘‘ဒိန္နာ သံဃေန ဣတ္ထန္နာမဿ ကုလဿ သေက္ခသမ္မုတိ။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီ’’တိ။

ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမီ’’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၅၆၃။ “အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော အမျိုးအား သေက္ခ ‘အရိယာပုဂ္ဂိုလ်’ဟု သမုတ်ခြင်းကို ပေးရာ၏၊ ဤကား သိစေခြင်းတည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမည်သော အမျိုးသည် သဒ္ဓါတရားအားဖြင့် ပွါးများ၏၊ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်၏၊ သံဃာသည် ဤမည်သော အမျိုးအား သေက္ခဟု သမုတ်ခြင်းကို ပေး၏ ‘သေက္ခဟု သမုတ်’ ၏၊ ဤမည်သော အမျိုးအား သေက္ခသမ္မုတိပေးခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဤမည်သော အမျိုးအား သေက္ခသမ္မုတိကို ပေးအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်”ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

‘Please, venerables, I ask the Sangha to listen. Such-and-such a family is growing in faith, but declining in wealth. If the Sangha is ready, it should designate such-and-such a family as “in training”. This is the motion. Please, venerables, I ask the Sangha to listen. Such-and-such a family is growing in faith, but declining in wealth. The Sangha designates such-and-such a family as “in training”. Any monk who approves of designating such-and-such a family as “in training” should remain silent. Any monk who doesn’t approve should speak up. The Sangha has designated such-and-such a family as “in training”. The Sangha approves and is therefore silent. I will remember it thus.’ And, monks, this training rule should be recited like this: First preliminary ruling ‘There are families that are designated as “in training”. If a monk eats fresh or cooked food after personally receiving it from such a family, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” In this way the Buddha laid down this training rule for the monks. Second substory

၅၆၄။ တေန ခေါ ပန သမယေန သာဝတ္ထိယံ ဥဿဝေါ ဟောတိ။ မနုဿာ ဘိက္ခူ နိမန္တေတွာ ဘောဇေန္တိ။ တမ္ပိ ခေါ ကုလံ ဘိက္ခူ နိမန္တေသိ။ ဘိက္ခူ ကုက္ကုစ္စာယန္တာ နာဓိဝါသေန္တိ – ‘‘ပဋိက္ခိတ္တံ ဘဂဝတာ သေက္ခသမ္မတေသု ကုလေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတု’’န္တိ။ တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကိံ နု ခေါ နာမ အမှာကံ ဇီဝိတေန ယံ အယျာ အမှာကံ န ပဋိဂ္ဂဏှန္တီ’’တိ! အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ အထ ခေါ တေ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, နိမန္တိတေန သေက္ခသမ္မတေသု ကုလေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၅၆၄။ ထိုအခါ သာဝတ္ထိပြည်၌ ပွဲသဘင် ဖြစ်၏။ လူတို့သည် ရဟန်းတို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေးကုန်၏၊ ထိုအမျိုးသည်လည်း ရဟန်းတို့ကို ပင့်ဖိတ်လေ၏၊ ရဟန်းတို့သည် “သေက္ခဟု သမုတ်အပ်ပြီး သော အမျိုးတို့၌ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ရှိ သည်ဖြစ်၍ လက်မခံကုန်၊ ထိုအမျိုးတို့သည် “အသျှင်တို့သည် ငါတို့၏ လှူဖွယ်ဝတ္ထုကို မခံယူကုန်၊ ငါတို့အား အသက်ရှည်သဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြား ကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ သေက္ခဟု သမုတ်အပ်ကုန်သော အမျိုးတို့၌ ပင့်ဖိတ်သဖြင့် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ခ) “သေက္ခဟု သမုတ်အပ်ကုန်သော အကြင် အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ ရှေးအခါက မပင့်ဖိတ်ဘဲ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကို သော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက် ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Soon afterwards there was a celebration in Sāvatthī and people invited the monks for a meal. And so did the family that had been designated as in training. But knowing that the Buddha had prohibited eating fresh or cooked food after personally receiving it from such a family, and being afraid of wrongdoing, the monks did not accept. That family complained and criticized them, “What is it with us that they don’t receive from us?” The monks heard the complaints of those people and they told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, if you have been invited, I allow you to eat fresh or cooked food after personally receiving it from a family designated as in training. And so, monks, this training rule should be recited like this: Second preliminary ruling ‘There are families that are designated as “in training”. If a monk, without first being invited, eats fresh or cooked food after personally receiving it from such a family, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” In this way the Buddha laid down this training rule for the monks. Third substory

၅၆၅။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု တဿ ကုလဿ ကုလူပကော ဟောတိ။ အထ ခေါ သော ဘိက္ခု ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန တံ ကုလံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ တေန ခေါ ပန သမယေန သော ဘိက္ခု ဂိလာနော ဟောတိ။ အထ ခေါ တေ မနုဿာ တံ ဘိက္ခုံ ဧတဒဝေါစုံ – ‘‘ဘုဉ္ဇထ, ဘန္တေ’’တိ။ အထ ခေါ သော ဘိက္ခု – ‘‘ဘဂဝတာ ပဋိက္ခိတ္တံ အနိမန္တိတေန သေက္ခသမ္မတေသု ကုလေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတု’’န္တိ ကုက္ကုစ္စာယန္တော န ပဋိဂ္ဂဟေသိ၊ နာသက္ခိ ပိဏ္ဍာယ စရိတုံ၊ ဆိန္နဘတ္တော အဟောသိ။ အထ ခေါ သော ဘိက္ခု အာရာမံ ဂန္တွာ ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, ဂိလာနေန ဘိက္ခုနာ သေက္ခသမ္မတေသု ကုလေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၆၅။ ထိုအခါ ရဟန်းတစ်ပါးသည် ထိုအမျိုး၏အိမ်သို့ ကပ်ရောက်သော ဆရာဖြစ်၏။ ထိုအခါ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထိုအမျိုးသို့ ချဥ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါ၌ ထိုရဟန်းသည် နာဖျားနေ၏၊ ထိုအခါ လူတို့သည် “အသျှင်ဘုရား ဘုဥ်းပေးတော်မူပါလော့”ဟု ထိုရဟန်းအား လျှောက်ကုန်၏။ ထို့နောက် ရဟန်းသည် “သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ မပင့်ဖိတ်ဘဲ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မခံယူဘဲ နေ၏၊ ဆွမ်းခံသွားခြင်းငှါလည်း မတတ်နိုင်သောကြောင့် ဆွမ်းပြတ်လေ၏၊ ထိုအခါ ထိုရဟန်းသည် ကျောင်းအရံ သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ နာဖျားသော ရဟန်းသည် သေက္ခဟု သမုတ်ထားသော အမျိုးတို့၌ ခဲဖွယ်ဘောဇဥ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards a certain monk was associating with that family. One morning he robed up, took his bowl and robe, went to them, and sat down on the prepared seat. Just then that monk was sick, and so they invited him to eat. But knowing that the Buddha had prohibited an uninvited monk from eating fresh or cooked food after personally receiving it from such a family, and being afraid of wrongdoing, he did not accept. And being unable to walk for alms, he missed his meal. He then returned to the monastery and told the monks what had happened, who in turn told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow a sick monk to eat fresh or cooked food after personally receiving it from a family designated as in training. And so, monks, this training rule should be recited like this: Final ruling

၅၆၆။ ‘‘ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။

၁၄၄။ ၃- (ဂ) ၅၆၆။ “သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိကုန်သော သေက္ခဟု သမုတ်အပ် ပြီးသော အမျိုးတို့၌ ရှေးအခါက မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကို သော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်း ကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

‘There are families that are designated as “in training”. If a monk, without being sick and without first being invited, eats fresh or cooked food after personally receiving it from such a family, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” Definitions

၅၆၇။ ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနီတိ သေက္ခသမ္မတံ နာမ ကုလံ ယံ ကုလံ သဒ္ဓါယ ဝဍ္ဎတိ, ဘောဂေန ဟာယတိ။ ဧဝရူပဿ ကုလဿ ဉတ္တိဒုတိယေန ကမ္မေန သေက္ခသမ္မုတိ ဒိန္နာ ဟောတိ။

ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

တထာရူပေသု သေက္ခသမ္မတေသု ကုလေသူတိ ဧဝရူပေသု သေက္ခသမ္မတေသု ကုလေသု။

အနိမန္တိတော နာမ အဇ္ဇတနာယ ဝါ သွာတနာယ ဝါ အနိမန္တိတော, ဃရူပစာရံ ဩက္ကမန္တေ နိမန္တေတိ, ဧသော အနိမန္တိတော နာမ။

နိမန္တိတော နာမ အဇ္ဇတနာယ ဝါ သွာတနာယ ဝါ နိမန္တိတော, ဃရူပစာရံ အနောက္ကမန္တေ နိမန္တေတိ, ဧသော နိမန္တိတော နာမ။

အဂိလာနော နာမ သက္ကောတိ ပိဏ္ဍာယ စရိတုံ။

ဂိလာနော နာမ န သက္ကောတိ ပိဏ္ဍာယ စရိတုံ။

ခါဒနီယံ နာမ ပဉ္စ ဘောဇနာနိ – ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ ဌပေတွာ အဝသေသံ ခါဒနီယံ နာမ။

ဘောဇနီယံ နာမ ပဉ္စ ဘောဇနာနိ – ဩဒနော, ကုမ္မာသော, သတ္တု, မစ္ဆော, မံသံ။

အနိမန္တိတော အဂိလာနော ‘‘ခါဒိဿာမိ ဘုဉ္ဇိဿာမီ’’တိ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ပါဋိဒေသနီယဿ။

၃-တတိယ ပါဋိဒေသနီသိက္ခာပုဒ် အဖွင့် ၅၆၇။ သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏ဟူရာ၌ သေက္ခဟု သမုတ် အပ်ကုန်သော အမျိုး မည်သည် သဒ္ဓါတရားအားဖြင့် ပွါးများ၍ ပစ္စည်းဥစ္စာအားဖြင့်ကား ဆုတ်ယုတ်သော အမျိုးအား ဉတ္တိဒုတိယကံဖြင့် သေက္ခသမ္မုတိကို ပေးအပ်၏။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌ဟူသည် ဤသို့သဘော ရှိသော သေက္ခဟု သမုတ်အပ်ပြီးသော အမျိုးတို့၌။ မပင့်ဖိတ်ဘဲ မည်သည် ယနေ့အလို့ငှါသော်လည်းကောင်း၊ နက်ဖြန်အလို့ငှါသော်လည်းကောင်း မပင့်ဖိတ်ဘဲ အိမ်ဥပစာသို့ သက်ရောက်မှ ပင့်ဖိတ်၏၊ ဤသို့ ပင့်ဖိတ်ခြင်းသည် ပင့်ဖိတ်သည် မမည်။ ပင့်ဖိတ်ခြင်း မည်သည် ယနေ့အလို့ငှါသော်လည်းကောင်း၊ နက်ဖြန်အလို့ငှါသော်လည်းကောင်း ပင့်ဖိတ်ထား၏၊ အိမ်ဥပစာသို့ မသက်မရောက်မီ ပင့်ဖိတ်၏၊ ဤသို့ ပင့်ဖိတ်ခြင်းသည် ပင့်ဖိတ်သည် မည်၏။ မနာမဖျားမူ၍ မည်သည် ဆွမ်းခံလှည့်လည်ခြင်းငှါ စွမ်းနိုင်၏။ နာဖျားသော မည်သည် ဆွမ်းခံလှည့်လည်ခြင်းငှါ မစွမ်းနိုင်။ ခဲဖွယ် မည်သည် ဘောဇဥ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။ ဘောဇဥ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဥ်တို့ တည်း။ “မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲမည် စားမည်”ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။

There are families that are designated as “in training”: a family designated as in training: a family growing in faith but declining in wealth. Such a family is designated as “in training” through a legal procedure consisting of one motion and one announcement. A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. Such a family: that kind of family. Without being invited: without being invited for the same or the following day. If the invitation is made when he has entered the vicinity of the house, this is called “without being invited”. Invited: invited for the same or the following day. If the invitation is made when he has not entered the vicinity of the house, this is called “invited”. Without being sick: who is able to walk for alms. Sick: who is unable to walk for alms. Fresh food: apart from the five cooked foods, the post-midday tonics, the seven-day tonics, and the lifetime tonics, the rest is called “fresh food”. Cooked food: there are five kinds of cooked food: cooked grain, porridge, flour products, fish, and meat. If, without being sick and without being invited, he receives fresh or cooked food with the intention of eating it, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense entailing acknowledgment. Permutations

၅၆၈။ သေက္ခသမ္မတေ သေက္ခသမ္မတသညီ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ ဘောဇနီယံဝ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။ သေက္ခသမ္မတေ ဝေမတိကော…ပေ… သေက္ခသမ္မတေ အသေက္ခသမ္မတသညီ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။

ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ အသေက္ခသမ္မတေ သေက္ခသမ္မတသညီ, အာပတ္တိ ဒုက္ကဋဿ။ အသေက္ခသမ္မတေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ အသေက္ခသမ္မတေ အသေက္ခသမ္မတသညီ, အနာပတ္တိ။

၅၆၈။ သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ သေက္ခဟု သမုတ်အပ်ပြီဟု အမှတ်ရှိသည်ဖြစ်၍ မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ ယုံမှားရှိသည် ဖြစ်၍။ပ။ သေက္ခဟု သမုတ်အပ်ပြီးသော အမျိုး၌ သေက္ခဟု မသမုတ်ရသေးဟု အမှတ်ရှိသည်ဖြစ်၍ မပင့်ဖိတ်ဘဲ မနာမဖျားမူ၍ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ သေက္ခဟု သမုတ်ထားပြီဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေက္ခဟု မသမုတ်ရသေးသော အမျိုး၌ သေက္ခဟု မသမုတ်ရသေးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If a family is designated as in training, and he perceives it as such, and he, without being sick and without being invited, eats fresh or cooked food after personally receiving it from that family, he commits an offense entailing acknowledgment. If a family is designated as in training, but he is unsure of it, and he, without being sick and without being invited, eats fresh or cooked food after personally receiving it from that family, he commits an offense entailing acknowledgment. If a family is designated as in training, but he does not perceive it as such, and he, without being sick and without being invited, eats fresh or cooked food after personally receiving it from that family, he commits an offense entailing acknowledgment. If he receives post-midday tonics, seven-day tonics, or lifetime tonics for the purpose of food, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense of wrong conduct. If a family is not designated as in training, but he perceives it as such, he commits an offense of wrong conduct. If a family is not designated as in training, but he is unsure of it, he commits an offense of wrong conduct. If a family is not designated as in training, and he does not perceive it as such, there is no offense. Non-offenses

၅၆၉။ အနာပတ္တိ နိမန္တိတဿ, ဂိလာနဿ, နိမန္တိတဿ ဝါ ဂိလာနဿ ဝါ သေသကံ ဘုဉ္ဇတိ, အညေသံ ဘိက္ခာ တတ္ထ ပညတ္တာ ဟောတိ, ဃရတော နီဟရိတွာ ဒေန္တိ, နိစ္စဘတ္တေ, သလာကဘတ္တေ, ပက္ခိကေ, ဥပေါသထိကေ, ပါဋိပဒိကေ, ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ – ‘‘သတိ ပစ္စယေ ပရိဘုဉ္ဇာ’’တိ ဒေတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

တတိယပါဋိဒေသနီယသိက္ခာပဒံ နိဋ္ဌိတံ။

၅၆၉။ ပင့်ဖိတ်သော ရဟန်းအားလည်းကောင်း၊ နာဖျားသော ရဟန်းအားလည်းကောင်း အာပတ် မသင့်၊ ပင့်ဖိတ်သောရဟန်း နာဖျားသော ရဟန်းတို့၏ စားကြွင်းကို စားအံ့၊ အာပတ် မသင့်၊ အခြားသော အမျိုး၏ ထမင်းကို ထိုသေက္ခဟု သမုတ်ထားသော အမျိုးအိမ်၌ ခင်းကျင်းစီမံတည်ထားအံ့၊ အိမ်မှ ထုတ်ဆောင်၍ ပေးလှူကုန်အံ့၊ အာပတ် မသင့်။ အမြဲဆွမ်းလှူခြင်း၊ စာရေးတံချ၍ ဆွမ်းလှူခြင်း၊ ပက္ခိကဘတ် ‘လဆန်းပက္ခ လဆုတ် ပက္ခလှူသော ဆွမ်း’၊ ဥပေါသထိကဘတ် ‘ဥပုသ်နေ့လှူသောဆွမ်း’၊ ပါဋိပဒိကဘတ် ‘အထွက်တစ်ရက်နေ့လှူသောဆွမ်း’ တို့၌ အာပတ် မသင့်။ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို “အကြောင်းရှိခဲ့သော် စားပါလော့”ဟု ပေးလှူအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။

There is no offense: if he has been invited; if he is sick; if he eats the leftovers from one who has been invited or who is sick; if other people’s almsfood is prepared there; if they give after coming out from the house; if it is a regular meal invitation; if it is a meal for which lots are drawn; if it is a half-monthly meal; if it is on the observance day; if it is on the day after the observance day; if the family gives post-midday tonics, seven-day tonics, or lifetime tonics, saying, “Use these when there’s a reason;” if he is insane; if he is the first offender. The third training rule on receiving food from a designated family is finished.

စာ-၂၃၅

၄။ စတုတ္ထပါဋိဒေသနီယသိက္ခာပဒံ

၅၇၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ နိဂြောဓာရာမေ။ တေန ခေါ ပန သမယေန သာကိယဒါသကာ အဝရုဒ္ဓါ ဟောန္တိ။ သာကိယာနိယော ဣစ္ဆန္တိ အာရညကေသု သေနာသနေသု ဘတ္တံ ကာတုံ။ အဿောသုံ ခေါ သာကိယဒါသကာ – ‘‘သာကိယာနိယော ကိရ အာရညကေသု သေနာသနေသု ဘတ္တံ ကတ္တုကာမာ’’တိ။ တေ မဂ္ဂေ ပရိယုဋ္ဌိံသု။ သာကိယာနိယော ပဏီတံ ခါဒနီယံ ဘောဇနီယံ အာဒါယ အာရညကံ သေနာသနံ အဂမံသု။ သာကိယဒါသကာ နိက္ခမိတွာ သာကိယာနိယော အစ္ဆိန္ဒိံသု စ ဒူသေသုဉ္စ။ သာကိယာ နိက္ခမိတွာ တေ စောရေ သဘဏ္ဍေ [သဟ ဘဏ္ဍေန (က။)] ဂဟေတွာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘဒန္တာ အာရာမေ စောရေ ပဋိဝသန္တေ နာရောစေဿန္တီ’’တိ! အဿောသုံ ခေါ ဘိက္ခူ သာကိယာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ အထ ခေါ တေ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘တေန ဟိ, ဘိက္ခဝေ, ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ ဒသ အတ္ထဝသေ ပဋိစ္စ – သံဃသုဋ္ဌုတာယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု [သေနာသနေသု ဝိဟရန္တော (သီ။ သျာ။)] ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမီ’’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၄-စတုတ္ထ ပါဋိဒေသနီသိက္ခာပုဒ် ၅၇၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းတို့၏ ကျွန်တို့သည် (ခရီးလမ်းကို) ပိတ်ဆို့ထားကုန်၏။ သာကီဝင်မင်းသမီးတို့သည် တောကျောင်းတို့၌ ဆွမ်းလုပ်ကျွေးခြင်းငှါ အလိုရှိကုန်၏။ သာကီဝင် မင်းတို့၏ ကျွန်တို့သည် “သာကီဝင်မင်းသမီးတို့သည် တောကျောင်းတို့၌ ဆွမ်းကျွေးခြင်းငှါ အလိုရှိကုန် သတတ်”ဟု ကြား၍ လမ်းခရီး၌ ထကြွသောင်းကျန်းကုန်၏။ သာကီဝင်မင်းသမီးတို့သည် မွန်မြတ်သော ခဲဖွယ်ဘောဇဥ်တို့ကို ယူ၍ တောကျောင်းတို့သို့ သွားကုန်သည် ရှိသော် သာကီဝင်မင်းတို့၏ ကျွန်တို့သည် ထွက်လတ်၍ သာကီဝင်မင်းသမီးတို့ကို လုလည်း လုယက်ကုန်၏၊ ဖျက်လည်း ဖျက်ဆီးကုန်၏။ သာကီဝင် မင်းတို့သည် ထွက်၍ ထိုခိုးသူတို့ကို ခိုးရာပါပစ္စည်းနှင့်တကွ ဖမ်းယူပြီးလျှင် “အဘယ့်ကြောင့် အသျှင် ကောင်းတို့သည် ကျောင်းအရံ၌ ခိုးသူတို့ နေကြသည်ကို မပြောကြားကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် သာကီဝင်မင်းတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြ သည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို “ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်။ပ။ အကျိုးထူး ဆယ်ပါး တို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော အကြင် တောကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘော ရှိသော ကျောင်းတို့၌ ရှေးက မကြားမသိစေအပ်ဘဲ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဥ်ကို သော်လည်းကောင်း အရံ၏ အတွင်း၌ မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on offenses entailing acknowledgment Receiving food in a dangerous place Origin story First substory At one time when the Buddha was staying in the Sakyan country in the Banyan Tree Monastery at Kapilavatthu, the slaves of the Sakyans were rebelling. The Sakyan women wished to prepare a meal at the wilderness dwellings, but the slaves heard about this and besieged the path. When the Sakyan women took various kinds of fine foods and set out for a wilderness dwelling, the slaves emerged, and they robbed and raped those Sakyan women. Soon afterwards the Sakyan men came out, and they got hold of those criminals together with their loot. They then complained and criticized the monks, “How could they not inform us that there are criminals staying near the monastery?” The monks heard the complaints of the Sakyans and they told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Well then, monks, I will lay down a training rule for the following ten reasons: for the well-being of the Sangha, for the comfort of the Sangha, for the restraint of bad people, for the ease of good monks, for the restraint of the corruptions relating to the present life, for the restraint of the corruptions relating to future lives, to give rise to confidence in those without it, to increase the confidence of those who have it, for the longevity of the true Teaching, and for supporting the training. And, monks, this training rule should be recited like this: Preliminary ruling ‘There are wilderness dwellings that are considered risky and dangerous. If a monk, without first making an announcement about those dwellings, eats fresh or cooked food after personally receiving it inside that monastery, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” In this way the Buddha laid down this training rule for the monks. Second substory

၅၇၁။ တေန ခေါ ပန သမယေန အညတရော ဘိက္ခု အာရညကေသု သေနာသနေသု ဂိလာနော ဟောတိ။ မနုဿာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အာဒါယ အာရညကံ သေနာသနံ အဂမံသု။ အထ ခေါ တေ မနုဿာ တံ ဘိက္ခုံ ဧတဒဝေါစုံ – ‘‘ဘုဉ္ဇထ, ဘန္တေ’’တိ။ အထ ခေါ သော ဘိက္ခု – ‘‘ဘဂဝတာ ပဋိက္ခိတ္တံ အာရညကေသု သေနာသနေသု ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတု’’န္တိ ကုက္ကုစ္စာယန္တော န ပဋိဂ္ဂဟေသိ, နာသက္ခိ ပိဏ္ဍာယ စရိတုံ [ပဝိသိတုံ (က။)], ဆိန္နဘတ္တော အဟောသိ။ အထ ခေါ သော ဘိက္ခု ဘိက္ခူနံ ဧတမတ္ထံ အာရောစေသိ။ ဘိက္ခူ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘အနုဇာနာမိ, ဘိက္ခဝေ, ဂိလာနေန ဘိက္ခုနာ အာရညကေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒိတုံ ဘုဉ္ဇိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

၅၇၁။ ထိုအခါ၌ ရဟန်းတစ်ပါးသည် တောကျောင်းတို့၌ နာဖျား၏၊ လူတို့သည် ခဲဖွယ်ဘောဇဥ် တို့ကို ယူ၍ တောကျောင်းသို့ သွားပြီးလျှင် “အသျှင်ဘုရား ဘုဥ်းပေးတော်မူပါလော့”ဟု ထိုရဟန်းအားလျှောက်ကုန်၏။ ထိုအခါ ထိုရဟန်းသည် “တောကျောင်းတို့၌ ခဲဖွယ်ဘောဇဥ်တို့ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်းစားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မခံယူဘဲ နေ၏၊ ဆွမ်းခံဝင်ခြင်းငှါလည်း မတတ်နိုင်သဖြင့် ဆွမ်းပြတ်၏။ ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည် မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရား စကားကို ဟောတော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ တောကျောင်းတို့၌ နာဖျားသော ရဟန်းသည် ရှေးက မကြား မသိစေအပ်ဘဲ ခဲဖွယ်ဘောဇဥ်တို့ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြု တော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

Soon afterwards a monk in a wilderness dwelling was sick. People took fresh and cooked food and went to that wilderness dwelling, and they invited that monk to eat. But knowing that the Buddha had prohibited the eating of fresh or cooked food after personally receiving it at a wilderness dwelling, and being afraid of wrongdoing, he did not accept it. And being unable to walk for alms, he missed his meal. He then told the monks what had happened, and they in turn told the Buddha. Soon afterwards the Buddha gave a teaching and addressed the monks: “Monks, I allow a sick monk, without first making an announcement, to eat fresh or cooked food after personally receiving it at a wilderness dwelling. And so, monks, this training rule should be recited like this: Final ruling

စာ-၂၃၆

၅၇၂။ ‘‘ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ – ‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’’တိ။

၁၄၅။ ၄- (ခ) ၅၇၂။ “ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော အကြင်တောကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိသော ကျောင်းတို့၌ ရှေးက မကြားမသိစေအပ်ဘဲ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဥ်ကိုသော်လည်းကောင်း အရံ၏ အတွင်း၌ မိမိ လက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲငြားအံ့၊ စားမူ လည်း စားငြားအံ့၊ ထိုရဟန်းသည် ‘ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏’ဟု ပြောကြားရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။

‘There are wilderness dwellings that are considered risky and dangerous. If a monk who is not sick, without first making an announcement about those dwellings, eats fresh or cooked food after personally receiving it inside that monastery, he must acknowledge it: “I have done a blameworthy and unsuitable thing that is to be acknowledged. I acknowledge it.”’” Definitions

၅၇၃။ ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနီတိ အာရညကံ နာမ သေနာသနံ ပဉ္စဓနုသတိကံ ပစ္ဆိမံ။

သာသင်္ကံ နာမ အာရာမေ အာရာမူပစာရေ စောရာနံ နိဝိဋ္ဌောကာသော ဒိဿတိ, ဘုတ္တောကာသော ဒိဿတိ, ဌိတောကာသော ဒိဿတိ, နိသိန္နောကာသော ဒိဿတိ, နိပန္နောကာသော ဒိဿတိ။

သပ္ပဋိဘယံ နာမ အာရာမေ အာရာမူပစာရေ စောရေဟိ မနုဿာ ဟတာ ဒိဿန္တိ, ဝိလုတ္တာ ဒိဿန္တိ, အာကောဋိတာ ဒိဿန္တိ။

ယော ပနာတိ ယော ယာဒိသော…ပေ… ဘိက္ခူတိ…ပေ… အယံ ဣမသ္မိံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။

တထာရူပေသု သေနာသနေသူတိ ဧဝရူပေသု သေနာသနေသု။

အပ္ပဋိသံဝိဒိတံ နာမ ပဉ္စန္နံ ပဋိသံဝိဒိတံ, ဧတံ အပ္ပဋိသံဝိဒိတံ နာမ။ အာရာမံ အာရာမူပစာရံ ဌပေတွာ ပဋိသံဝိဒိတံ, ဧတံ [ဧတမ္ပိ (သီ။)] အပ္ပဋိသံဝိဒိတံ နာမ။

ပဋိသံဝိဒိတံ နာမ ယော ကောစိ ဣတ္ထီ ဝါ ပုရိသော ဝါ အာရာမံ အာရာမူပစာရံ အာဂန္တွာ အာရောစေတိ – ‘‘ဣတ္ထန္နာမဿ, ဘန္တေ, ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အာဟရိဿန္တီ’’တိ။ သစေ သာသင်္ကံ ဟောတိ, သာသင်္ကန္တိ အာစိက္ခိတဗ္ဗံ၊ သစေ သပ္ပဋိဘယံ ဟောတိ, သပ္ပဋိဘယန္တိ အာစိက္ခိတဗ္ဗံ၊ သစေ – ‘‘ဟောတု, ဘန္တေ, အာဟရိယိဿတီ’’တိ ဘဏတိ, စောရာ ဝတ္တဗ္ဗာ – ‘‘မနုဿာ ဣဓူပစရန္တိ အပသက္ကထာ’’တိ။ ယာဂုယာ ပဋိသံဝိဒိတေ တဿာ ပရိဝါရော အာဟရိယျတိ, ဧတံ ပဋိသံဝိဒိတံ နာမ။ ဘတ္တေန ပဋိသံဝိဒိတေ တဿ ပရိဝါရော အာဟရိယျတိ, ဧတံ ပဋိသံဝိဒိတံ နာမ။ ခါဒနီယေန ပဋိသံဝိဒိတေ တဿ ပရိဝါရော အာဟရိယျတိ, ဧတံ ပဋိသံဝိဒိတံ နာမ။ ကုလေန ပဋိသံဝိဒိတေ ယော တသ္မိံ ကုလေ မနုဿော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အာဟရတိ, ဧတံ ပဋိသံဝိဒိတံ နာမ။ ဂါမေန ပဋိသံဝိဒိတေ ယော တသ္မိံ ဂါမေ မနုဿော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အာဟရတိ, ဧတံ ပဋိသံဝိဒိတံ နာမ။ ပူဂေန ပဋိသံဝိဒိတေ ယော တသ္မိံ ပူဂေ မနုဿော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အာဟရတိ, ဧတံ ပဋိသံဝိဒိတံ နာမ။

ခါဒနီယံ နာမ ပဉ္စ ဘောဇနာနိ – ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ ဌပေတွာ အဝသေသံ ခါဒနီယံ နာမ။

ဘောဇနီယံ နာမ ပဉ္စ ဘောဇနာနိ – ဩဒနော, ကုမ္မာသော, သတ္တု, မစ္ဆော, မံသံ။

အဇ္ဈာရာမော နာမ ပရိက္ခိတ္တဿ အာရာမဿ အန္တောအာရာမော။ အပရိက္ခိတ္တဿ ဥပစာရော။

အဂိလာနော နာမ သက္ကောတိ ပိဏ္ဍာယ စရိတုံ [ဂန္တုံ (က။)]။

ဂိလာနော နာမ န သက္ကောတိ ပိဏ္ဍာယ စရိတုံ [ဂန္တုံ (က။)]။

အပ္ပဋိသံဝိဒိတံ အဂိလာနော ‘‘ခါဒိဿာမိ ဘုဉ္ဇိဿာမီ’’တိ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ပါဋိဒေသနီယဿ။

၄-စတုတ္ထ ပါဋိဒေသနီသိက္ခာပုဒ် အဖွင့် ၅၇၃။ အကြင်တောကျောင်းတို့သည် ရှိကုန်၏ဟူရာ၌ တောကျောင်း မည်သည် အယုတ်အားဖြင့် ကုပ်လုပ်လေးတာ အပြန်ငါးရာကွာသော ကျောင်းတည်း။ ကြောက်ရွံ့ဖွယ် ရှိသည် မည်သည် အရံ၌လည်းကောင်း၊ အရံ၏ ဥပစာ၌လည်းကောင်း ခိုးသူတို့ ဝင်ရာ အရပ်သည် ထင်ရှား၏၊ စားရာအရပ်သည် ထင်ရှား၏၊ တည်ရာအရပ်သည် ထင်ရှား၏၊ နေရာ အရပ်သည် ထင်ရှား၏၊ အိပ်ရာအရပ်သည် ထင်ရှား၏။ ဘေးဘျမ်းနှင့်တကွ ဖြစ်သော မည်သည် အရံ၌လည်းကောင်း၊ အရံ၏ဥပစာ၌လည်းကောင်း လူတို့ကို ခိုးသူတို့ သတ်ခြင်းတို့လည်း ထင်ရှားကုန်၏၊ လုယက်ခြင်းတို့လည်း ထင်ရှားကုန်၏၊ ရိုက်နှက်ခြင်း တို့လည်း ထင်ရှားကုန်၏။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို “ရဟန်း”ဟူ၍ အလိုရှိအပ်၏။ ထိုသို့သဘော ရှိသော ကျောင်းတို့၌ဟူသည် ဤသို့သဘောရှိသော ကျောင်းတို့၌။ မကြားမသိစေအပ်ဘဲ မည်သည် သီတင်းသုံးဖော် ငါးယောက်တို့အား ကြားသိစေအံ့၊ ဤသို့ သိစေခြင်းသည် မကြားမသိစေအပ်သည်ပင် မည်၏၊ အရံကိုလည်းကောင်း၊ အရံ၏ ဥပစာကိုလည်းကောင်း ဖယ်ထား၍ ကြားသိစေအံ့၊ ဤသို့သိစေခြင်းသည်လည်း မကြားမသိစေအပ်သည်ပင် မည်၏။ ကြားသိစေအပ်သော မည်သည် အမှတ်မရှိ တစ်စုံတစ်ယောက်သော မိန်းမယောကျာ်းသည် အရံသို့ လည်းကောင်း၊ အရံ၏ ဥပစာသို့လည်းကောင်း လာပြီးလျှင် “အသျှင်ဘုရား ခဲဖွယ်ဘောဇဥ်တို့ကို ဤမည် သော ရဟန်းအတွက် ယူဆောင်လာကြပါလိမ့်မည်”ဟု ပြောကြားအံ့၊ အကယ်၍ ကြောက်ရွံ့ဖွယ်ရှိမူ “ကြောက်ရွံ့ဖွယ် ရှိ၏”ဟု ပြောကြားရမည်၊ အကယ်၍ ဘေးရန်ရှိမူ “ဘေးရန်ရှိ၏”ဟု ပြောကြား ရမည်။ “အသျှင်ဘုရား ရှိပါစေ ယူဆောင်လာကြပါလိမ့်မည်”ဟု ဆိုအံ့၊ “လူတို့သည် ဤအနီးအနား၌ သွားလာနေကြသဖြင့် ရှောင်ဖယ်နေကုန်ဦးလော့”ဟု ခိုးသူတို့ကို ပြောဆိုထိုက်၏။ ယာဂုနှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုယာဂု၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင်ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။ ထမင်းနှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုထမင်း၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင် ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။ ခဲဖွယ်နှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုခဲဖွယ်၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင် ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။ အမျိုးနှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုအမျိုး၌ အကြင်သူသည် ခဲဖွယ်ဘောဇဥ်တို့ကို ဆောင်ယူ လာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏၊ ရွာနှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုရွာ၌ အကြင်သူသည် ခဲဖွယ်ဘောဇဥ်တို့ကို ဆောင်ယူလာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏၊ အသင်းအဖွဲ့နှင့်စပ်လျဥ်း၍ ကြားသိစေရာ၌ ထိုအသင်းအဖွဲ့၌ အကြင်သူသည် ခဲဖွယ်ဘောဇဥ်တို့ကို ဆောင်ယူလာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။ ခဲဖွယ် မည်သည် ဘောဇဥ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။ ဘောဇဥ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဥ်တို့ တည်း။ အရံတွင်း မည်သည် အကာအရံ ရှိသော ကျောင်း၏ အရံ၏ အတွင်းတည်း၊ အကာအရံမရှိသော ကျောင်း၏ ဥပစာတည်း။ မနာမဖျားဘဲ မည်သည် ဆွမ်းခံသွားခြင်းငှါ တတ်နိုင်၏။ နာဖျားသော မည်သည် ဆွမ်းခံသွားခြင်းငှါ မတတ်နိုင်။ မကြားမသိစေအပ်ဘဲ မနာမဖျားမူ၍ “ခဲမည် စားမည်”ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။

There are wilderness dwellings: a wilderness dwelling: if it is at least 800 meters away from any inhabited area. Risky: in the monastery, or in the vicinity of the monastery, criminals have been seen camping, eating, standing, sitting, or lying down. Dangerous: in the monastery, or in the vicinity of the monastery, criminals have been seen injuring, robbing, or beating people. A: whoever … Monk: … The monk who has been given the full ordination by a unanimous Sangha through a legal procedure consisting of one motion and three announcements that is irreversible and fit to stand—this sort of monk is meant in this case. About those dwellings: about such kinds of dwellings. Without making an announcement: if an announcement is made to any of one’s five co-monastics, this is called “without making an announcement”. If an announcement is made about anything apart from the monastery or its vicinity, this is called “without making an announcement”. Making an announcement: if a woman or a man comes to the monastery or the vicinity of the monastery and says, “Venerable, people will be bringing so-and-so’s fresh or cooked food,” then, if it is risky, this should be declared, and if it is dangerous, that should be declared. If the person says, “Never mind, it will be brought,” then the criminals are to be told, “People are coming here; go away.” When an announcement has been made in regard to congee, and accompanying food is brought, this is called “announced”. When an announcement has been made in regard to rice, and accompanying food is brought, this is called “announced”. When an announcement has been made in regard to fresh food, and accompanying food is brought, this is called “announced”. When an announcement has been made in regard to a particular family, then when any person from that family brings fresh or cooked food, this is called “announced”. When an announcement has been made in regard to a particular village, then when any person from that village brings fresh or cooked food, this is called “announced”. When an announcement has been made in regard to a particular association, then when any person from that association brings fresh or cooked food, this is called “announced”. Fresh food: apart from the five cooked foods, the post-midday tonics, the seven-day tonics, and the lifetime tonics, the rest is called “fresh food”. Cooked food: there are five kinds of cooked food: cooked grain, porridge, flour products, fish, and meat. Inside that monastery: if the monastery is enclosed, then within the enclosure. If the monastery is unenclosed, then in the vicinity. Who is not sick: who is able to walk for alms. Who is sick: who is unable to walk for alms. If, without making an announcement, one who is not sick receives fresh or cooked food with the intention of eating it, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense entailing acknowledgment. Permutations

၅၇၄။ အပ္ပဋိသံဝိဒိတေ အပ္ပဋိသံဝိဒိတသညီ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။ အပ္ပဋိသံဝိဒိတေ ဝေမတိကော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။ အပ္ပဋိသံဝိဒိတေ ပဋိသံဝိဒိတသညီ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒတိ ဝါ ဘုဉ္ဇတိ ဝါ, အာပတ္တိ ပါဋိဒေသနီယဿ။

ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ ပဋိသံဝိဒိတေ အပ္ပဋိသံဝိဒိတသညီ, အာပတ္တိ ဒုက္ကဋဿ။ ပဋိသံဝိဒိတေ ဝေမတိကော, အာပတ္တိ ဒုက္ကဋဿ။ ပဋိသံဝိဒိတေ ပဋိသံဝိဒိတသညီ, အနာပတ္တိ။

၅၇၄။ မကြားမသိစေရာ၌ မကြားမသိစေအပ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဥ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ မကြားမသိစေရာ၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဥ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာ မဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ မကြားမသိစေရာ၌ ကြားသိစေအပ်ပြီဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဥ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ကြားသိစေပြီးရာ၌ မကြားမသိစေရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြားသိစေပြီးရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြားသိစေပြီးရာ၌ ကြားသိစေအပ်ပြီဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။

If there has been no announcement, and he does not perceive that there has, and he, not being sick, eats fresh or cooked food after personally receiving it inside that monastery, then he commits an offense entailing acknowledgment. If there has been no announcement, but he is unsure of it, and he, not being sick, eats fresh or cooked food after personally receiving it inside that monastery, then he commits an offense entailing acknowledgment. If there has been no announcement, but he perceives that there has, and he, not being sick, eats fresh or cooked food after personally receiving it inside that monastery, then he commits an offense entailing acknowledgment. If he receives post-midday tonics, seven-day tonics, or lifetime tonics for the purpose of food, he commits an offense of wrong conduct. For every mouthful swallowed, he commits an offense of wrong conduct. If there has been an announcement, but he does not perceive that there has, he commits an offense of wrong conduct. If there has been an announcement, but he is unsure of it, he commits an offense of wrong conduct. If there has been an announcement, and he perceives that there has, there is no offense. Non-offenses

၅၇၅။ အနာပတ္တိ ပဋိသံဝိဒိတေ, ဂိလာနဿ, ပဋိသံဝိဒိတေ ဝါ ဂိလာနဿ ဝါ သေသကံ ဘုဉ္ဇတိ, ဗဟာရာမေ ပဋိဂ္ဂဟေတွာ အန္တောအာရာမေ ဘုဉ္ဇတိ, တတ္ထ ဇာတကံ မူလံ ဝါ တစံ ဝါ ပတ္တံ ဝါ ပုပ္ဖံ ဝါ ဖလံ ဝါ ဘုဉ္ဇတိ, ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ သတိ ပစ္စယေ ပရိဘုဉ္ဇတိ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စတုတ္ထပါဋိဒေသနီယသိက္ခာပဒံ နိဋ္ဌိတံ။

ဥဒ္ဒိဋ္ဌာ ခေါ, အာယသ္မန္တော, စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? ဒုတိယမ္ပိ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? တတိယမ္ပိ ပုစ္ဆာမိ – ‘‘ကစ္စိတ္ထ ပရိသုဒ္ဓါ’’? ပရိသုဒ္ဓေတ္ထာယသ္မန္တော, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီတိ။

ပါဋိဒေသနီယကဏ္ဍံ နိဋ္ဌိတံ။

၅၇၅။ ကြားသိစေရာ၌လည်းကောင်း၊ နာဖျားသော ရဟန်းအားလည်းကောင်း အာပတ် မသင့်၊ ကြားသိစေသောရဟန်း နာဖျားသော ရဟန်းတို့၏ စားကြွင်းကို စားအံ့၊ အရံပ၌ ခံယူခဲ့၍ အရံတွင်း၌ စားအံ့၊ ထိုအရံ၌ဖြစ်သော အမြစ် အခေါက် အရွက် အပွင့် အသီးတို့ကို စားအံ့၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အကြောင်းရှိခဲ့သော် စားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထ ပါဋိဒေသနီ သိက္ခာပုဒ် ပြီး၏။ အသျှင်တို့ လေးပါးကုန်သော ပါဋိဒေသနီအာပတ်တို့ကို အကျဥ်းအားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ။ ထိုအာပတ်တို့၌ အသျှင်တို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြ ပါကုန်၏လော၊ အသျှင်တို့သည် ဤပါဋိဒေသနီအာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏။ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါဋိဒေသနီအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ် ရပါသည်။ ပါဋိဒေသနီအခန်း ပြီး၏။ ၇-သေခိယအခန်း ၁- ပရိမဏ္ဍလဝဂ် ၁- ပဌမသိက္ခာပုဒ် အသျှင်တို့ သေခိယအမည် ရှိကုန်သော ‘သင်အပ် ကျင့်အပ် အားထုတ်အပ်ကုန်သော’ ဤ သိက္ခာပုဒ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည့် အဖြစ်သို့ ရောက်ကုန်၏။

There is no offense: if there has been an announcement; if he is sick; if he eats the leftovers from where there has been an announcement or from one who is sick; if he receives the food outside the monastery and then eats it inside; if he eats a root, bark, a leaf, a flower, or a fruit originating in that monastery; if, when there is a reason, he uses post-midday tonics, seven-day tonics, or lifetime tonics; if he is insane; if he is the first offender. The fourth training rule on receiving food in a dangerous place is finished. “Venerables, the four rules on acknowledgment have been recited. In regard to this I ask you, ‘Are you pure in this?’ A second time I ask, ‘Are you pure in this?’ A third time I ask, ‘Are you pure in this?’ You are pure in this and therefore silent. I will remember it thus.” The chapter on offenses entailing acknowledgment is finished.

စာ-၂၃၉

၇။ သေခိယကဏ္ဍံ

၁။ ပရိမဏ္ဍလဝဂ္ဂေါ

ဣမေ ခေါ ပနာယသ္မန္တော သေခိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

၅၇၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ နိဝါသေန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ နိဝါသေဿန္တိ, သေယျထာပိ ဂိဟီ ကာမဘောဂိနော’’တိ။ အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ နိဝါသေဿန္တီ’’တိ! အထ ခေါ တေ ဘိက္ခူ ဆဗ္ဗဂ္ဂိယေ ဘိက္ခူ အနေကပရိယာယေန ဝိဂရဟိတွာ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ ဆဗ္ဗဂ္ဂိယေ ဘိက္ခူ ပဋိပုစ္ဆိ – ‘‘သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ နိဝါသေထာ’’တိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ နိဝါသေဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ပရိမဏ္ဍလံ နိဝါသေတဗ္ဗံ နာဘိမဏ္ဍလံ ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန။ ယော အနာဒရိယံ ပဋိစ္စ ပုရတော ဝါ ပစ္ဆတော ဝါ ဩလမ္ဗေန္တော နိဝါသေတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၅၇၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှ လည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏။ လူတို့သည် “အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမစည်းစိမ်ကို ခံစားသော လူတို့ကဲ့သို့ ရှေ့မှလည်း ကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော လူတို့၏ စကားကို ကြားကြသည်သာ တည်း။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် ဝတ်ကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို - “ရဟန်းတို့ သင်တို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ ၁၄၆။ ၁- “ထက်ဝန်းကျင်မှ အဝန်းညီစွာ သင်းပိုင်ကို ဝတ်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ချက်အဝန်း ပုဆစ်ဒူးဝန်းတို့ကို ဖုံးလွှမ်း၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ဝတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း အားအာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not wearing the sarong evenly all around Venerables, these rules of training come up for recitation. Origin story At one time when the Buddha was staying at Sāvatthī in Anāthapiṇḍika’s Monastery, the monks from the group of six were wearing their sarongs hanging down in front and behind. People complained and criticized them, “How can the Sakyan monastics wear their sarongs hanging down in front and behind? They’re just like householders who indulge in worldly pleasures!” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How can the monks from the group of six wear their sarongs hanging down in front and behind?” After rebuking those monks in many ways, they told the Buddha. Soon afterwards the Buddha had the Sangha gathered and questioned the monks from the group of six: “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Final ruling ‘“I will wear my sarong evenly all around,” this is how you should train.’” One should wear one’s sarong evenly all around, covering the navel and the knees. If a monk, out of disrespect, wears his sarong hanging down in front or behind, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

စာ-၂၄၀

၅၇၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပုရတောပိ ပစ္ဆတောပိ ဩလမ္ဗေန္တာ ပါရုပန္တိ…ပေ…။

‘‘ပရိမဏ္ဍလံ ပါရုပိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ပရိမဏ္ဍလံ ပါရုပိတဗ္ဗံ ဥဘော ကဏ္ဏေ သမံ ကတွာ။ ယော အနာဒရိယံ ပဋိစ္စ ပုရတော ဝါ ပစ္ဆတော ဝါ ဩလမ္ဗေန္တော ပါရုပတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

ဒုတိယသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၂-ဒုတိယသိက္ခာပုဒ် ၅၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှ လည်းကောင်း တွဲရရွဲချလျက် ရုံကုန်၏။ပ။ ၁၄၇။ ၂- “ထက်ဝန်းကျင်မှ အဝန်းညီစွာ ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ရှေ့နောက် အစွန်းနှစ်ခုတို့ကို အညီအညွတ်ပြု၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ရုံအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ရုံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ ၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not wearing the upper robe evenly all around Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six wore their upper robes hanging down in front and behind. … Final ruling “‘I will wear my upper robe evenly all around,’ this is how you should train.” One should wear one’s upper robe evenly all around, making both corners even. If a monk, out of disrespect, wears his upper robe hanging down in front or behind, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The second training rule is finished.

၅၇၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကာယံ ဝိဝရိတွာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သုပ္ပဋိစ္ဆန္နေန အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ကာယံ ဝိဝရိတွာ အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

တတိယသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၃-တတိယသိက္ခာပုဒ် ၅၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ဖော်လျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၄၈။ ၃- “(လည် လက်ကောက်ဝတ်တို့ကို) ကောင်းစွာ ဖုံးလွှမ်းလျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ကောင်းစွာ ဖုံးလွှမ်းသည်ဖြစ်၍ ရွာတွင်း၌ သွားလာအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ဖော်လျက် ရွာတွင်း၌ သွားလာအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ ၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not being well-covered Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six did not cover their bodies while walking in inhabited areas. … Final ruling “‘I will be well-covered while walking in inhabited areas,’ this is how you should train.” One should be well-covered while walking in an inhabited area. If a monk, out of disrespect, does not cover his body while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The third training rule is finished.

၅၇၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကာယံ ဝိဝရိတွာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သုပ္ပဋိစ္ဆန္နေန အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ကာယံ ဝိဝရိတွာ အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စတုတ္ထသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၄-စတုတ္ထသိက္ခာပုဒ် ၅၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ဖော်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၄၉။ ၄- “(လည် လက်ကောက်ဝတ်တို့ကို) ကောင်းစွာ ဖုံးလွှမ်းလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ကောင်းစွာ ဖုံးလွှမ်းသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ဖော်လျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါကပ်သောရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’ အား အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not being well-covered Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six did not cover their bodies while sitting in inhabited areas. … Final ruling “‘I will be well-covered while sitting in inhabited areas,’ this is how you should train.” One should be well-covered while sitting in an inhabited area. If a monk, out of disrespect, does not cover his body while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The fourth training rule is finished.

စာ-၂၄၁

၅၈၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဟတ္ထမ္ပိ ပါဒမ္ပိ ကီဠာပေန္တာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သုသံဝုတေန အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဟတ္ထံ ဝါ ပါဒံ ဝါ ကီဠာပေန္တော အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဉ္စမသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၅-ပဥ္စမသိက္ခာပုဒ် ၅၈၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၅၀။ ၅- “ဣန္ဒြေကို ကောင်းစွာ စောင့်ရှောက်လျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Being unrestrained Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were playing with their hands and feet while walking in inhabited areas. … Final ruling “‘I will be well-restrained while walking in inhabited areas,’ this is how you should train.” One should be well-restrained while walking in an inhabited area. If a monk, out of disrespect, plays with his hands or feet while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he is insane; if he is the first offender. The fifth training rule is finished.

၅၈၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဟတ္ထမ္ပိ ပါဒမ္ပိ ကီဠာပေန္တာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘သုသံဝုတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သုသံဝုတေန အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဟတ္ထံ ဝါ ပါဒံ ဝါ ကီဠာပေန္တော အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ် ၅၈၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၅၁။ ၆- “ဣန္ဒြေကို ကောင်းစွာ စောင့်စည်းလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Being unrestrained Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were playing with their hands and feet while sitting in inhabited areas. … Final ruling “‘I will be well-restrained while sitting in inhabited areas,’ this is how you should train.” One should be well-restrained while sitting in an inhabited area. If a monk, out of disrespect, plays with his hands or feet while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he is insane; if he is the first offender. The sixth training rule is finished.

၅၈၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တဟံ တဟံ ဩလောကေန္တာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ဩက္ခိတ္တစက္ခုနာ အန္တရဃရေ ဂန္တဗ္ဗံ ယုဂမတ္တံ ပေက္ခန္တေန။ ယော အနာဒရိယံ ပဋိစ္စ တဟံ တဟံ ဩလောကေန္တော အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

သတ္တမသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၇-သတ္တမသိက္ခာပုဒ် ၅၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်ရှုကုန့်လျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၅၂။ ၇- “မျက်လွှာချလျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ မျက်လွှာချလျက် ထမ်းပိုးတစ်ပြန် ‘လေးတောင်ခန့်’ မျှကို ကြည့်သည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်လျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not lowering the eyes Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were looking here and there while walking in inhabited areas. … Final ruling “‘I will lower my eyes while walking in inhabited areas,’ this is how you should train.” One should lower one’s eyes while walking in an inhabited area, looking a plow’s length ahead. If a monk, out of disrespect, looks here and there while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The seventh training rule is finished.

စာ-၂၄၂

၅၈၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တဟံ တဟံ ဩလောကေန္တာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ဩက္ခိတ္တစက္ခုနာ အန္တရဃရေ နိသီဒိတဗ္ဗံ ယုဂမတ္တံ ပေက္ခန္တေန။ ယော အနာဒရိယံ ပဋိစ္စ တဟံ တဟံ ဩလောကေန္တော အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

အဋ္ဌမသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၈-အဋ္ဌမသိက္ခာပုဒ် ၅၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့် ရှုကုန်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၅၃။ ၈- “မျက်လွှာချလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ မျက်လွှာချလျက် ထမ်းပိုးတစ်ပြန် ‘လေးတောင်ခန့်’ မျှကို ကြည့်သည်ဖြစ်၍ ရွာတွင်း၌ နေထိုင် အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Not lowering the eyes Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were looking here and there while sitting in inhabited areas. … Final ruling “‘I will lower my eyes while sitting in inhabited areas,’ this is how you should train.” One should lower one’s eyes while sitting in an inhabited area, looking a plow’s length ahead. If a monk, out of disrespect, looks here and there while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The eighth training rule is finished.

၅၈၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥက္ခိတ္တကာယ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥက္ခိတ္တကာယ အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဧကတော ဝါ ဥဘတော ဝါ ဥက္ခိပိတွာ အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

နဝမသိက္ခာပဒံ နိဋ္ဌိတံ။

၁-ပရိမဏ္ဍလဝဂ် ၉-နဝမသိက္ခာပုဒ် ၅၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၅၄။ ၉- “သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မသွားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်မှဖြစ်စေ နှစ်ဖက်လုံးမှဖြစ်စေ၊ သင်္ကန်းကို မ၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Lifting the robes Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were lifting their robes while walking in inhabited areas. … Final ruling “‘I will not lift my robe while walking in inhabited areas,’ this is how you should train.” One should not lift one’s robe while walking in an inhabited area. If a monk, out of disrespect, lifts his robe on one or both sides while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The ninth training rule is finished.

၅၈၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဧကတော ဝါ ဥဘတော ဝါ ဥက္ခိပိတွာ အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒသမသိက္ခာပဒံ နိဋ္ဌိတံ။

ပရိမဏ္ဍလဝဂ္ဂေါ ပဌမော။

၁-ပရိမဏ္ဍလဝဂ် ၁၀-ဒသမသိက္ခာပုဒ် ၅၈၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၅၅။ ၁၀- “သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မနေထိုင်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်မှဖြစ်စေ နှစ်ဖက်လုံးမှဖြစ်စေ၊ သင်္ကန်းကို ပင့်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’ အား အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမသိက္ခာပုဒ် ပြီး၏။ ပဌမပရိမဏ္ဍလဝဂ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on evenly all around Lifting the robes Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were lifting their robes while sitting in inhabited areas. … Final ruling “‘I will not lift my robe while sitting in inhabited areas,’ this is how you should train.” One should not lift one’s robe while sitting in an inhabited area. If a monk, out of disrespect, lifts his robe on one or both sides while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The tenth training rule is finished. The first subchapter on evenly all around is finished.

၂။ ဥဇ္ဇဂ္ဃိကဝဂ္ဂေါ

၅၈၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဟာဟသိတံ ဟသန္တာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ မဟာဟသိတံ ဟသန္တော အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဟသနီယသ္မိံ ဝတ္ထုသ္မိံ မိဟိတမတ္တံ ကရောတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥဇ္ဇဂ္ဃိကဝဂ် ၁-ပဌမသိက္ခာပုဒ် ၅၈၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၅၆။ ၁၁ “ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ် မှုကို ပြုရ မည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မသွားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ပြင်းစွာ ရယ်မောဖွယ် အကြောင်းရှိခဲ့သော် ပြုံးရုံမျှ ပြုံးအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Laughing loudly Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were laughing loudly while walking in inhabited areas. … Final ruling “‘I will not laugh loudly while walking in inhabited areas,’ this is how you should train.” One should not laugh loudly while walking in an inhabited area. If a monk, out of disrespect, laughs loudly while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he merely smiles when something is funny; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

၅၈၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဟာဟသိတံ ဟသန္တာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ မဟာဟသိတံ ဟသန္တော အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဟသနီယသ္မိံ ဝတ္ထုသ္မိံ မိဟိတမတ္တံ ကရောတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုတိယသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥဇ္ဇဂ္ဃိကဝဂ် ၂-ဒုတိယသိက္ခာပုဒ် ၅၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၅၇။ ၁၂- “ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ မနေထိုင်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပြင်းစွာ ရယ်မောလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ပြင်းစွာ ရယ်မောဖွယ် အကြောင်းရှိခဲ့သော် ပြုံးရုံမျှပြုံးအံ့၊ အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Laughing loudly Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were laughing loudly while sitting in inhabited areas. … Final ruling “‘I will not laugh loudly while sitting in inhabited areas,’ this is how you should train.” One should not laugh loudly while sitting in an inhabited area. If a monk, out of disrespect, laughs loudly while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he merely smiles when something is funny; if there is an emergency; if he is insane; if he is the first offender. The second training rule is finished.

စာ-၂၄၄

၅၈၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥစ္စာသဒ္ဒံ မဟာသဒ္ဒံ ကရောန္တာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

အပ္ပသဒ္ဒေန အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဥစ္စာသဒ္ဒံ မဟာသဒ္ဒံ ကရောန္တော အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

တတိယသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၃-တတိယ သိက္ခာပုဒ် ၅၈၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း၌ သွားကုန်၏။ပ။ ၁၅၈။ ၁၃- “ငယ်သော ‘ဖြည်းညှင်းသော’ အသံ ရှိသည် ဖြစ်၍ ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ငယ်သော ‘ဖြည်းညှင်းသော’ အသံ ရှိသည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကိုပြုလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ တတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Being noisy Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were noisy while walking in inhabited areas. … Final ruling “‘I will not be noisy while walking in inhabited areas,’ this is how you should train.” One should not be noisy while walking in an inhabited area. If a monk, out of disrespect, is noisy while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The third training rule is finished.

၅၈၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥစ္စာသဒ္ဒံ မဟာသဒ္ဒံ ကရောန္တာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

အပ္ပသဒ္ဒေန အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဥစ္စာသဒ္ဒံ မဟာသဒ္ဒံ ကရောန္တော အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

စတုတ္ထသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၄-စတုတ္တသိက္ခာပုဒ် ၅၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စူးရှကျယ်လောင်သော အသံကို ပြုလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၅၉။ ၁၄- “ငယ်သော ‘ဖြည်းညှင်းသော’ အသံ ရှိသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ငယ်သော ‘ဖြည်းညှင်းသော’ အသံရှိသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စူးရှကျယ်လောင်သော အသံကိုပြုလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Being noisy Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were noisy while sitting in inhabited areas. … Final ruling “‘I will not be noisy while sitting in inhabited areas,’ this is how you should train.” One should not be noisy while sitting in an inhabited area. If a monk, out of disrespect, is noisy while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The fourth training rule is finished.

၅၉၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကာယပ္ပစာလကံ အန္တရဃရေ ဂစ္ဆန္တိ ကာယံ ဩလမ္ဗေန္တာ…ပေ…။

‘‘န ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ကာယပ္ပစာလကံ အန္တရဃရေ ဂန္တဗ္ဗံ။ ကာယံ ပဂ္ဂဟေတွာ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ကာယပ္ပစာလကံ အန္တရဃရေ ဂစ္ဆတိ ကာယံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ပဉ္စမသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၅-ပဥ္စမသိက္ခာပုဒ် ၅၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၆၀။ ၁၅- “ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်။ ကိုယ်ကို ထိန်းသိမ်း၍ ‘ဖြောင့်စွာထား၍’ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swaying the body Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swaying and leaning their bodies while walking in inhabited areas. … Final ruling “‘I will not sway my body while walking in inhabited areas,’ this is how you should train.” One should not sway one’s body while walking in an inhabited area; one should walk keeping one’s body straight. If a monk, out of disrespect, sways and leans his body while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The fifth training rule is finished.

စာ-၂၄၅

၅၉၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကာယပ္ပစာလကံ အန္တရဃရေ နိသီဒန္တိ, ကာယံ ဩလမ္ဗေန္တာ…ပေ…။

‘‘န ကာယပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ကာယပ္ပစာလကံ အန္တရဃရေ နိသီဒိတဗ္ဗံ။ ကာယံ ပဂ္ဂဟေတွာ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ကာယပ္ပစာလကံ အန္တရဃရေ နိသီဒတိ ကာယံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ် ၅၉၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၆၁။ ၁၆- “ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ကိုယ်ကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်။ ကိုယ်ကို ထိန်းသိမ်း၍ ‘ဖြောင့်စွာထား၍’ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသောရဟန်း’ အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swaying the body Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swaying and leaning their bodies while sitting in inhabited areas. … Final ruling “‘I will not sway my body while sitting in inhabited areas,’ this is how you should train.” One should not sway one’s body while sitting in an inhabited area; one should sit keeping one’s body straight. If a monk, out of disrespect, sways and leans his body while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The sixth training rule is finished.

၅၉၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဗာဟုပ္ပစာလကံ အန္တရဃရေ ဂစ္ဆန္တိ ဗာဟုံ ဩလမ္ဗေန္တာ…ပေ…။

‘‘န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂန္တဗ္ဗံ။ ဗာဟုံ ပဂ္ဂဟေတွာ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဗာဟုပ္ပစာလကံ အန္တရဃရေ ဂစ္ဆတိ ဗာဟုံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

သတ္တမသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၇-သတ္တမသိက္ခာပုဒ် ၅၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၆၂။ ၁၇- “လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်၊ လက်မောင်းကို ထိန်းသိမ်း၍ ‘မလှုပ် မရှက်ထား၍’ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swinging the arms Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swinging and dangling their arms while walking in inhabited areas. … Final ruling “‘I will not swing my arms while walking in inhabited areas,’ this is how you should train.” One should not swing one’s arms while walking in an inhabited area; one should walk keeping one’s arms steady. If a monk, out of disrespect, swings and dangles his arms while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The seventh training rule is finished.

၅၉၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒန္တိ ဗာဟုံ ဩလမ္ဗေန္တာ…ပေ…။

‘‘န ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒိတဗ္ဗံ။ ဗာဟုံ ပဂ္ဂဟေတွာ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒတိ ဗာဟုံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အဋ္ဌမသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၈-အဋ္ဌမသိက္ခာပုဒ် ၅၉၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၆၃။ ၁၈- “လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ လက်မောင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်၊ လက်မောင်းကို ထိန်းသိမ်း၍ ‘မလှုပ် မရှက်ထား၍’ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်မောင်းကို ဝှေ့ယမ်းကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသောရဟန်း’အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swinging the arms Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swinging and dangling their arms while sitting in inhabited areas. … Final ruling “‘I will not swing my arms while sitting in inhabited areas,’ this is how you should train.” One should not swing one’s arms while sitting in an inhabited area; one should sit keeping one’s arms steady. If a monk, out of disrespect, swings and dangles his arms while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The eighth training rule is finished.

၅၉၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သီသပ္ပစာလကံ အန္တရဃရေ ဂစ္ဆန္တိ သီသံ ဩလမ္ဗေန္တာ…ပေ…။

‘‘န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သီသပ္ပစာလကံ အန္တရဃရေ ဂန္တဗ္ဗံ။ သီသံ ပဂ္ဂဟေတွာ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သီသပ္ပစာလကံ အန္တရဃရေ ဂစ္ဆတိ သီသံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

နဝမသိက္ခာပဒံ နိဋ္ဌိတံ။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၉-နဝမသိက္ခာပုဒ် ၅၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၆၄။ ၁၉- “ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မသွားအပ်၊ ဦးခေါင်းကို ထိန်းသိမ်း၍ ‘မလှုပ်မရှက် ဖြောင့်စွာထား၍’ သွားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swaying the head Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swaying and tilting their heads while walking in inhabited areas. … Final ruling “‘I will not sway my head while walking in inhabited areas,’ this is how you should train.” One should not sway one’s head while walking in an inhabited area; one should walk keeping one’s head straight. If a monk, out of disrespect, sways and tilts his head while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The ninth training rule is finished.

၅၉၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သီသပ္ပစာလကံ အန္တရဃရေ နိသီဒန္တိ သီသံ ဩလမ္ဗေန္တာ…ပေ…။

‘‘န သီသပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သီသပ္ပစာလကံ အန္တရဃရေ နိသီဒိတဗ္ဗံ။ သီသံ ပဂ္ဂဟေတွာ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သီသပ္ပစာလကံ အန္တရဃရေ နိသီဒတိ သီသံ ဩလမ္ဗေန္တော, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒသမသိက္ခာပဒံ နိဋ္ဌိတံ။

ဥဇ္ဇဂ္ဃိကဝဂ္ဂေါ ဒုတိယော။

၂-ဥ ဇ္ဇ ဂ္ဃိကဝဂ် ၁၀-ဒသမသိက္ခာပုဒ် ၅၉၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၆၅။ ၂၀- “ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဦးခေါင်းကို လှုပ်၍ လှုပ်၍ ရွာတွင်း၌ မနေထိုင်အပ်၊ ဦးခေါင်းကို ထိန်းသိမ်း၍ ‘မလှုပ်မရှက် ဖြောင့်စွာထား၍’ နေထိုင်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဦးခေါင်းကို ယိမ်းယိုင်ကာ လှုပ်၍ လှုပ်၍ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသောရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’ အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမသိက္ခာပုဒ်ပြီး၏။ ဒုတိယ ဥဇ္ဇ ဂ္ဃိကဝဂ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on laughing loudly Swaying the head Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were swaying and tilting their heads while sitting in inhabited areas. … Final ruling “‘I will not sway my head while sitting in inhabited areas,’ this is how you should train.” One should not sway one’s head while sitting in an inhabited area; one should sit keeping one’s head straight. If a monk, out of disrespect, sways and tilts his head while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The tenth training rule is finished. The second subchapter on laughing loudly is finished.

စာ-၂၄၇

၃။ ခမ္ဘကတဝဂ္ဂေါ

၅၉၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ခမ္ဘကတာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ခမ္ဘကတေန အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဧကတော ဝါ ဥဘတော ဝါ ခမ္ဘံ ကတွာ အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘက တဝဂ် ၁-ပဌမသိက္ခာပုဒ် ၅၉၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခါးထောက်၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၆၆။ ၂၁- “ခါးထောက်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ခါးထောက်၍ ရွာတွင်း၌ မသွားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်ဖြင့် ဖြစ်စေ နှစ်ဖက်လုံးဖြင့် ဖြစ်စေ ခါးထောက်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Hands on hips Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six put their hands on their hips while walking in inhabited areas. … Final ruling “‘I will not put my hands on my hips while walking in inhabited areas,’ this is how you should train.” One should not put one’s hands on one’s hips while walking in an inhabited area. If a monk, out of disrespect, puts one or both hands on his hips while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

၅၉၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ခမ္ဘကတာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘န ခမ္ဘကတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ခမ္ဘကတေန အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဧကတော ဝါ ဥဘတော ဝါ ခမ္ဘံ ကတွာ အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒုတိယသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘ ကတဝဂ် ၂-ဒုတိယသိက္ခာပုဒ် ၅၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခါးထောက်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၆၇။ ၂၂- “ခါးထောက်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ခါးထောက်၍ ရွာတွင်း၌ မနေထိုင်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်ဖြင့် ဖြစ်စေ နှစ်ဖက်လုံးဖြင့် ဖြစ်စေ ခါးထောက်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသောရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’ အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Hands on hips Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six put their hands on their hips while sitting in inhabited areas. … Final ruling “‘I will not put my hands on my hips while sitting in inhabited areas,’ this is how you should train.” One should not put one’s hands on one’s hips while sitting in an inhabited area. If a monk, out of disrespect, puts one or both hands on his hips while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The second training rule is finished.

၅၉၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သသီသံ ပါရုပိတွာ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဩဂုဏ္ဌိတေန အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သသီသံ ပါရုပိတွာ အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

တတိယသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၃-တတိယသိက္ခာပုဒ် ၅၉၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၆၈။ ၂၃- “ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မသွားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံ၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Covering the head Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were covering their heads with their upper robes while walking in inhabited areas. … Final ruling “‘I will not cover my head while walking in inhabited areas,’ this is how you should train.” One should not cover one’s head while walking in an inhabited area. If a monk, out of disrespect, covers his head with his upper robe while walking in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The third training rule is finished.

စာ-၂၄၈

၅၉၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သသီသံ ပါရုပိတွာ အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘န ဩဂုဏ္ဌိတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဩဂုဏ္ဌိတေန အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သသီသံ ပါရုပိတွာ အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စတုတ္ထသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၄-စတုတ္တသိက္ခာပုဒ် ၅၉၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၆၉။ ၂၄- “ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ခေါင်းးမြီးခြုံ၍ ရွာတွင်း၌ မနေထိုင်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံ၍ ရွာတွင်း၌ နေထိုင်အံ့ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Covering the head Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were covering their heads with their robes while sitting in inhabited areas. … Final ruling “‘I will not cover my head while sitting in inhabited areas,’ this is how you should train.” One should not cover one’s head while sitting in an inhabited area. If a monk, out of disrespect, covers his head with his upper robe while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The fourth training rule is finished.

၆၀၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥက္ကုဋိကာယ အန္တရဃရေ ဂစ္ဆန္တိ…ပေ…။

‘‘န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥက္ကုဋိကာယ အန္တရဃရေ ဂန္တဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဥက္ကုဋိကာယ အန္တရဃရေ ဂစ္ဆတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ပဉ္စမသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၅-ပဥ္စမသိက္ခာပုဒ် ၆၀၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖဝါးစွန်းဖြင့် နင်း၍ ရွာတွင်း၌ သွားကုန်၏။ပ။ ၁၇၀။ ၂၅- “ဖဝါးစွန်းဖြင့် နင်း၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဖဝါးစွန်းဖြင့်နင်း၍ ရွာတွင်း၌ မသွားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဖဝါးစွန်းဖြင့် နင်း၍ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဉ္စမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Squatting on the heels Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were moving about while squatting on their heels in inhabited areas. … Final ruling “‘I will not move about while squatting on my heels in inhabited areas,’ this is how you should train.” One should not move about while squatting on one’s heels in an inhabited area. If a monk, out of disrespect, moves about while squatting on his heels in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The fifth training rule is finished.

၆၀၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပလ္လတ္ထိကာယ [ပလ္လတ္တိကာယ (က။)] အန္တရဃရေ နိသီဒန္တိ…ပေ…။

‘‘န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဟတ္ထပလ္လတ္ထိကာယ ဝါ ဒုဿပလ္လတ္ထိကာယ ဝါ အန္တရဃရေ နိသီဒတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဝါသူပဂတဿ, အာပဒါသု,

ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ် ၆၀၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။ ၁၇၁။ ၂၆- “အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ မနေထိုင်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ (ဒူးကို သိုင်းလျက် လက်ခြင်းယှက်သော) လက် အာယောဂပတ်ဖွဲ့သဖြင့်လည်းကောင်း၊ (မြင်းခေါင်း ကျောက်ဆစ် အဝတ်ရစ်သော) ပုဆိုးအာယောဂ ပတ်ဖွဲ့သဖြင့်လည်းကောင်း ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဥ်းကပ်သော ရဟန်း ‘ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း’ အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Clasping the knees Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were clasping their knees while sitting in inhabited areas. … Final ruling “‘I will not clasp my knees while sitting in inhabited areas,’ this is how you should train.” One should not clasp one’s knees while sitting in an inhabited area. If a monk, out of disrespect, clasps his knees with his hands or with a cloth while sitting in an inhabited area, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he has entered his dwelling; if there is an emergency; if he is insane; if he is the first offender. The sixth training rule is finished.

စာ-၂၄၉

၆၀၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အသက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဏှန္တိ ဆဍ္ဍေတုကာမာ ဝိယ…ပေ…။

‘‘သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သက္ကစ္စံ ပိဏ္ဍပါတော ပဋိဂ္ဂဟေတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ အသက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဏှာတိ ဆဍ္ဍေတုကာမော ဝိယ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

သတ္တမသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၇-သတ္တမသိက္ခာပုဒ် ၆၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စွန့်ပစ်လိုသကဲ့သို့ ဆွမ်းကို မရိုမသေခံယူကုန်၏။ပ။ ၁၇၂။ ၂၇- “ဆွမ်းကို ရိုသေစွာ ခံယူအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းကို ရိုသေစွာ ခံယူအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စွန့်ပစ်လိုသကဲ့သို့ ဆွမ်းကို မရိုမသေ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Not receiving respectfully Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were receiving almsfood contemptuously, as if wanting to throw it away. … Final ruling “‘I will receive almsfood respectfully,’ this is how you should train.” Almsfood is to be received respectfully. If a monk, out of disrespect, receives almsfood contemptuously, as if wanting to throw it away, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The seventh training rule is finished.

၆၀၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တဟံ တဟံ ဩလောကေန္တာ ပိဏ္ဍပါတံ ပဋိဂ္ဂဏှန္တိ, အာကိရန္တေပိ အတိက္ကန္တေပိ [အတိက္ကမန္တေပိ (သီ။)] န ဇာနန္တိ…ပေ…။

‘‘ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ပတ္တသညိနာ ပိဏ္ဍပါတော ပဋိဂ္ဂဟေတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ တဟံ တဟံ ဩလောကေန္တော ပိဏ္ဍပါတံ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

အဋ္ဌမသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၈-အဋ္ဌမသိက္ခာပုဒ် ၆၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို ခံယူသဖြင့် လောင်းသည်တို့ကိုလည်း မသိလိုက်ကုန်၊ လွန်စေသည် ‘ကန်တော့သည်’တို့ကိုလည်း မသိလိုက်ကုန်။ပ။ ၁၇၃။ ၂၈- “သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ သပိ်တ်၌ အမှတ်ထားသည် ဖြစ်၍သာလျှင် ဆွမ်းကို ခံယူအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို ခံယူအံ့ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Not receiving with attention on the almsbowl Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were receiving almsfood while looking here and there, and they did not know whether people were still giving or whether they had received too much. … Final ruling “‘I will receive almsfood with attention on the almsbowl,’ this is how you should train.” Almsfood is to be received with attention on the bowl. If a monk, out of disrespect, receives almsfood while looking here and there, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The eighth training rule is finished.

၆၀၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပိဏ္ဍပါတံ ပဋိဂ္ဂဏှန္တာ သူပညေဝ ဗဟုံ ပဋိဂ္ဂဏှန္တိ…ပေ…။

‘‘သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သူပေါ နာမ ဒွေ သူပါ – မုဂ္ဂသူပေါ, မာသသူပေါ။ ဟတ္ထဟာရိယော သမသူပကော ပိဏ္ဍပါတော ပဋိဂ္ဂဟေတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ သူပညေဝ ဗဟုံ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ရသရသေ, ဉာတကာနံ ပဝါရိတာနံ, အညဿတ္ထာယ, အတ္တနော ဓနေန, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

နဝမသိက္ခာပဒံ နိဋ္ဌိတံ။

၃-ခ မ္ဘကတဝဂ် ၉-နဝမသိက္ခာပုဒ် ၆၀၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံဝင်ရာတွင် ဟင်းလျာကို သာလျှင် များစွာ ခံယူကုန်၏။ပ။ ၁၇၄။ ၂၉- “ဟင်းနှင့်ညီမျှသော ဆွမ်းကိုခံယူအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဟင်း မည်သည် လက်ကော်ရ ပဲနောက်ဟင်း၊ လက်ကော်ရ ပဲကြီးဟင်းဟူသော ဟင်းနှစ်မျိုး တို့တည်း။ (ပဲနောက် ပဲကြီး) ဟင်းနှင့်ညီမျှသော ဆွမ်းကိုသာလျှင် ခံယူအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ အရသာရှိသော ငါး, အမဲစသော ဟင်းရည်၌ အာပတ် မသင့်။ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ဟင်းကို ခံယူသော ရဟန်း၊ သူတစ်ပါးအကျိုးငှါ ခံယူသော ရဟန်း၊ မိမိဥစ္စာဖြင့် ခံယူသော ရဟန်းအား အာပတ် မသင့်။ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Not receiving in the right proportions Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were receiving almsfood with large amounts of bean curry. … Final ruling “‘I will receive almsfood with the right proportion of bean curry,’ this is how you should train.” Definitions Bean curry: there are two kinds of bean curry, to be taken with the hand: mung-bean curry and black-gram curry. Almsfood is to be received with the right proportion of bean curry. If a monk, out of disrespect, receives much bean curry, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is any food apart from bean curry; if it is from relatives; if it is from those who have given an invitation; if it is for the benefit of someone else; if it is by means of his own property; if there is an emergency; if he is insane; if he is the first offender. The ninth training rule is finished.

စာ-၂၅၀

၆၀၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ထူပီကတံ ပိဏ္ဍပါတံ ပဋိဂ္ဂဏှန္တိ…ပေ…။

‘‘သမတိတ္တိကံ [သမတိတ္ထိကံ (က။)] ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သမတိတ္တိကော [သမတိတ္ထိကံ (က။)] ပိဏ္ဍပါတော ပဋိဂ္ဂဟေတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ ထူပီကတံ ပိဏ္ဍပါတံ ပဋိဂ္ဂဏှာတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒသမသိက္ခာပဒံ နိဋ္ဌိတံ။

ခမ္ဘကတဝဂ္ဂေါ တတိယော။

၃-ခ မ္ဘကတဝဂ် ၁၀-ဒသမသိက္ခာပုဒ် ၆၀၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို မောက်တက်လာအောင် ခံယူကုန်၏။ပ။ ၁၇၅။ ၃၀- “ဆွမ်းကို သပိတ်အတွင်း အနားရေးနှင့် ညီမျှရုံ ခံယူအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းကို သပိတ်အတွင်း အနားရေးနှင့့်် ညီမျှရုံ ခံယူအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို မောက်တက်လာအောင် ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမသိက္ခာပုဒ်ပြီး၏။ တတိယခမ္ဘကတဝဂ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on hands on hips Not receiving on an even level Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six received almsfood in a heap. … Final ruling “‘I will receive an even level of almsfood,’ this is how you should train.” Almsfood is to be received at an even level. If a monk, out of disrespect, receives almsfood in a heap, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if there is an emergency; if he is insane; if he is the first offender. The tenth training rule is finished. The third subchapter on hands on hips is finished.

၄။ သက္ကစ္စဝဂ္ဂေါ

၆၀၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အသက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇန္တိ အဘုဉ္ဇိတုကာမာ ဝိယ…ပေ…။

‘‘သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သက္ကစ္စံ ပိဏ္ဍပါတော ဘုဉ္ဇိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ အသက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အာပဒါသု, ဥမ္မတ္တကဿ,

အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၁-ပဌမသိက္ခာပုဒ် ၆၀၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို မစားလိုသကဲ့သို့ မရိုမသေ စားကုန်၏။ပ။ ၁၇၆။ ၃၁- “ဆွမ်းကို ရိုသေစွာ စားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းကို ရိုသေစွာ စားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို မရိုမသေ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Not eating respectfully Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were eating almsfood contemptuously, as if not wanting to eat it. … Final ruling “‘I will eat almsfood respectfully,’ this is how you should train.” Almsfood is to be eaten respectfully. If a monk, out of disrespect, eats almsfood contemptuously, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

၆၀၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တဟံ တဟံ ဩလောကေန္တာ ပိဏ္ဍပါတံ ဘုဉ္ဇန္တိ, အာကိရန္တေပိ အတိက္ကန္တေပိ န ဇာနန္တိ…ပေ…။

‘‘ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ပတ္တသညိနာ ပိဏ္ဍပါတော ဘုဉ္ဇိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ တဟံ တဟံ ဩလောကေန္တော ပိဏ္ဍပါတံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ဒုတိယသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၂-ဒုတိယသိက္ခာပုဒ် ၆၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်လျက် ဆွမ်းစားသဖြင့်လောင်းသည်တို့ကိုလည်း မသိလိုက်ကုန်၊ လွန်စေသည် ‘ကန်တော့သည်’ တို့ကိုလည်း မသိလိုက်ကုန်။ပ။ ၁၇၇။ ၃၂- “သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို စားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို စားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို စားအံ၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Not eating with attention on the almsbowl Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were eating almsfood while looking here and there, and they did not know whether people were still giving or whether they had received too much. … Final ruling “‘I will eat almsfood with attention on the almsbowl,’ this is how you should train.” Almsfood is to be eaten with attention on the bowl. If a monk, out of disrespect, eats almsfood while looking here and there, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The second training rule is finished.

၆၀၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ တဟံ တဟံ ဩမသိတွာ [ဩမဒ္ဒိတွာ (က။)] ပိဏ္ဍပါတံ ဘုဉ္ဇန္တိ…ပေ…။

‘‘သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သပဒါနံ ပိဏ္ဍပါတော ဘုဉ္ဇိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ တဟံ တဟံ ဩမသိတွာ [ဩမဒ္ဒိတွာ (က။)] ပိဏ္ဍပါတံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, အညေသံ ဒေန္တော ဩမသတိ, အညဿ ဘာဇနေ အာကိရန္တော ဩမသတိ, ဥတ္တရိဘင်္ဂေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

တတိယသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၃-တတိယသိက္ခာပုဒ် ၆၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်၌ သုံးသပ်၍ ‘ဟိုတစ်စ သည်တစ်စ ယူလျက်’ ဆွမ်းကို စားကုန်၏။ပ။ ၁၇၈။ ၃၃- “ဆွမ်းကို အစဥ်အတိုင်းစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းကို အစဥ်အတိုင်း စားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်၌ သုံးသပ်၍ ‘ဟိုတစ်စ သည်တစ်စ ယူလျက်’ ဆွမ်းကို စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်။ သူတစ်ပါးတို့အား ပေးလို၍ သုံးသပ်အံ့၊ သူတစ်ပါး၏ သပိတ်ခွက်၌ လောင်းထည့်လို၍ သုံးသပ်အံ့၊ အာပတ် မသင့်၊ လက်သုပ်ဟင်းလျာ၌လည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Not eating in order Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate almsfood picking here and there. … Final ruling “‘I will eat almsfood in order,’ this is how you should train.” Almsfood is to be eaten in order. If a monk, out of disrespect, eats almsfood picking here and there, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he picks things out to give to others; if he picks things out to put it into someone else’s vessel; if it is a non-bean curry; if there is an emergency; if he is insane; if he is the first offender. The third training rule is finished.

၆၀၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပိဏ္ဍပါတံ ဘုဉ္ဇန္တာ သူပညေဝ ဗဟုံ ဘုဉ္ဇန္တိ…ပေ…။

‘‘သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

သူပေါ နာမ ဒွေ သူပါ – မုဂ္ဂသူပေါ, မာသသူပေါ ဟတ္ထဟာရိယော။ သမသူပကော ပိဏ္ဍပါတော ဘုဉ္ဇိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ သူပညေဝ ဗဟုံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ရသရသေ, ဉာတကာနံ ပဝါရိတာနံ, အတ္တနော ဓနေန, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စတုတ္ထသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၄-စတုတ္တသိက္ခာပုဒ် ၆၀၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားကုန်သည် ရှိသော် ဟင်းကိုသာလျှင် များစွာ စားကုန်၏။ပ။ ၁၇၉။ ၃၄- “ဆွမ်းကို ဟင်းနှင့် ညီမျှရုံသာလျှင် စားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဟင်းမည်သည် လက်ကော်ရ ပဲနောက်ဟင်း၊ လက်ကော်ရ ပဲကြီးဟင်းဟူသော ဟင်းနှစ်မျိုး တို့တည်း၊ ဆွမ်းကို ဟင်းနှင့် ညီမျှရုံသာလျှင် စားအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ အရသာရှိသော ငါး အမဲစသော ဟင်းရည်၌ အာပတ် မသင့်။ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ဟင်းကို များစွာ စားအံ့၊ မိမိဥစ္စာဖြင့် ဟင်းကို များစွာ စားအံ့၊ ဘေးရန်တို့ကြောင့် စားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ စတုတ္ထသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Not eating in the right proportions Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were eating almsfood with large amounts of bean curry. … Final ruling “‘I will eat almsfood with the right proportion of bean curry,’ this is how you should train.” Definitions Bean curry: there are two kinds of bean curry, to be taken with the hand: mung-bean curry and black-gram curry. Almsfood is to be eaten with the right proportion of bean curry. If a monk, out of disrespect, eats much bean curry, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is any food apart from bean curry; if it is from relatives; if it is from those who have given an invitation; if it is by means of his own property; if there is an emergency; if he is insane; if he is the first offender. The fourth training rule is finished.

စာ-၂၅၂

၆၁၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇန္တိ…ပေ…။

‘‘န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတော ဘုဉ္ဇိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇတိ အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ပရိတ္တကေ သေသေ ဧကတော သံကဍ္ဎိတွာ ဩမဒ္ဒိတွာ ဘုဉ္ဇတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဉ္စမသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၅-ပဥ္စမသိက္ခာပုဒ် ၆၁၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ စားကုန်၏။ပ။ ၁၈၀။ ၃၅- “ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ စားကြွင်းအနည်းငယ်ကို တစ်ပေါင်းတည်းစုရုံးလျက် နှိပ်၍ စားအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ ပဉ္စမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Making food into a heap Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate their almsfood after making a heap. … Final ruling “‘I will not eat almsfood after making a heap,’ this is how you should train.” Almsfood is not to be eaten after making a heap. If a monk, out of disrespect, eats almsfood after making a heap, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if only a little food remains and he eats it after collecting it in one place; if there is an emergency; if he is insane; if he is the first offender. The fifth training rule is finished.

၆၁၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သူပမ္ပိ ဗျဉ္ဇနမ္ပိ ဩဒနေန ပဋိစ္ဆာဒေန္တိ ဘိယျောကမျတံ ဥပါဒါယ…ပေ…။

‘‘န သူပံ ဝါ ဗျဉ္ဇနံ ဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာ ကရဏီယာ’’တိ။

န သူပံ ဝါ ဗျဉ္ဇနံ ဝါ ဩဒနေန ပဋိစ္ဆာဒေတဗ္ဗံ ဘိယျောကမျတံ ဥပါဒါယ။ ယော အနာဒရိယံ ပဋိစ္စ သူပံ ဝါ ဗျဉ္ဇနံ ဝါ ဩဒနေန ပဋိစ္ဆာဒေတိ ဘိယျောကမျတံ ဥပါဒါယ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, သာမိကာ ပဋိစ္ဆာဒေတွာ ဒေန္တိ, န ဘိယျောကမျတံ ဥပါဒါယ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ် ၆၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် ဖုံးလွှမ်းကုန်၏။ပ။ ၁၈၁။ ၃၆- “ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် မဖုံးလွှမ်းအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။ ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့့်မဖုံးလွှမ်းအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကို လည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ပစ္စ္စည်းရှင်တို့သည် ဖုံးလွှမ်း၍ ပေးကုန်အံ့၊ များစွာ အလိုမရှိဘဲ ဖုံးလွှမ်းအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Covering with rice Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were covering their curries with rice because they wanted more. … Final ruling “‘I will not cover my curries with rice because I want more,’ this is how you should train.” One should not cover one’s curries with rice because one wants more. If a monk, out of disrespect, covers his curries with rice because he wants more, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if the owners cover it and then give; if it is not out of a desire for more; if there is an emergency; if he is insane; if he is the first offender. The sixth training rule is finished.

၆၁၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ သမဏာ သကျပုတ္တိယာ သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿန္တိ! ကဿ သမ္ပန္နံ န မနာပံ! ကဿ သာဒုံ န ရုစ္စတီ’’တိ! အဿောသုံ ခေါ ဘိက္ခူ တေသံ မနုဿာနံ ဥဇ္ဈာယန္တာနံ ခိယျန္တာနံ ဝိပါစေန္တာနံ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿန္တီ’’တိ…ပေ… သစ္စံ ကိရ တုမှေ, ဘိက္ခဝေ, သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇထာတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တုမှေ, မောဃပုရိသာ, သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿထ! နေတံ, မောဃပုရိသာ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘န သူပံ ဝါ ဩဒနံ ဝါ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတိ။

၄-သက္ကစ္စဝဂ် ၇-သတ္တမသိက္ခာပုဒ် ၆၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း၊ ထမင်း ကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်၏။ လူတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်ကောင်းမြတ်သော အရသာကို မနှစ်ခြိုက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် သာယာဖွယ် အရသာကို မနှစ်သက်ဘဲ ရှိအံ့နည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်း ကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ “ရဟန်းတို့ သင်တို့သည် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်၏ဟူသည်မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ သင်တို့သည် အဘယ့်ကြောင့် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (က) “ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Requesting rice and bean curry Origin story First substory At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate rice and bean curry that they had requested for themselves. People complained and criticized them, “How can the Sakyan monastics eat rice and bean curry that they have requested for themselves? Who doesn’t like nice food? Who doesn’t prefer tasty food?” The monks heard the complaints of those people, and the monks of few desires complained and criticized those monks, “How can the monks from the group of six do this?” … “Is it true, monks, that you do this?” “It’s true, sir.” The Buddha rebuked them … “Foolish men, how can you do this? This will affect people’s confidence …” … “And, monks, this training rule should be recited like this: Preliminary ruling ‘“I will not request bean curry or rice for myself and then eat it,” this is how you should train.’” In this way the Buddha laid down this training rule for the monks. Second substory

၆၁၃။ တေန ခေါ ပန သမယေန ဘိက္ခူ ဂိလာနာ ဟောန္တိ။ ဂိလာနပုစ္ဆကာ ဘိက္ခူ ဂိလာနေ ဘိက္ခူ ဧတဒဝေါစုံ – ‘‘ကစ္စာဝုသော, ခမနီယံ, ကစ္စိ ယာပနီယ’’န္တိ? ‘‘ပုဗ္ဗေ မယံ, အာဝုသော, သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇာမ, တေန နော ဖာသု ဟောတိ။ ဣဒါနိ ပန – ‘‘ဘဂဝတာ ပဋိက္ခိတ္တ’’န္တိ ကုက္ကုစ္စာယန္တာ န ဝိညာပေမ, တေန နော န ဖာသု ဟောတီ’’တိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ…ပေ… အနုဇာနာမိ, ဘိက္ခဝေ, ဂိလာနေန ဘိက္ခုနာ သူပမ္ပိ ဩဒနမ္ပိ အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘န သူပံ ဝါ ဩဒနံ ဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သူပံ ဝါ ဩဒနံ ဝါ အဂိလာနေန အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သူပံ ဝါ ဩဒနံ ဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဉာတကာနံ ပဝါရိတာနံ, အညဿတ္ထာယ, အတ္တနော ဓနေန, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သတ္တမသိက္ခာပဒံ နိဋ္ဌိတံ။

၆၁၃။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊ သူနာမေးသော ရဟန်းတို့သည် “ငါ့ရှင်တို့ ကျန်းမာကြပါ၏လော၊ မျှတကြပါ၏လော”ဟု နာဖျားသောရဟန်းတို့အား မေးကုန်၏၊ ငါ့ရှင်တို့ ငါတို့ သည် ရှေးအခါ၌ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကြရသဖြင့် ကျန်းမာကြပါ၏၊ သို့ရာတွင် ယခုအခါ၌ “မြတ်စွာဘုရားသည် မြစ်ပယ်တော်မူသောကြောင့် မအပ်”ဟု တွေးတောမှု ‘သံသယကုက္ကုစ္စ’ ရှိသည်ဖြစ်၍ မတောင်းကြရသဖြင့် မကျန်းမာကြပါဟု ဆိုကုန်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ “ရဟန်းတို့ နာဖျားသောရဟန်းအား ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအတွက် တောင်း၍ စားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ ၁၈၂။ ၃၇- (ခ) “ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ အကျိုးငှါ (ငါ) တောင်း၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားသော ရဟန်းသည် မိမိအကျိုးငှါ တောင်း၍ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်း ကောင်း မနာမဖျားဘဲ မိမိအကျိုးငှါ တောင်း၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ထမင်းဟင်းကို တောင်းစားသော ရဟန်း၊ သူတစ်ပါးအကျိုးငှါ တောင်းသော ရဟန်း၊ မိမိကပ္ပိယဥစ္စာဖြင့် လဲလှယ်၍ စားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် အာပတ် မသင့်။ ရူး သော ရဟန်း၊ အစလက်ဦး လွန်ကျုးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမသိက္ခာပုဒ်ပြီး၏။

Soon afterwards a number of monks were sick. The monks who were looking after them asked, “I hope you’re bearing up? I hope you’re getting better?” “Previously we ate rice and bean curry that we had requested for ourselves, and then we were comfortable. But now that the Buddha has prohibited this, we don’t ask because we’re afraid of wrongdoing. And because of that we’re not comfortable.” They told the Buddha. Soon afterwards he gave a teaching and addressed the monks: “Monks, I allow a sick monk to eat rice and bean curry that he has requested for himself. And so, monks, this training rule should be recited like this: Final ruling ‘“When not sick, I will not request bean curry or rice for myself and then eat it,” this is how you should train.’” When one is not sick, one should not request bean curry or rice for oneself and then eat it. If a monk who is not sick, out of disrespect, eats bean curry or rice that he has requested for himself, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is from relatives; if it is from those who have given an invitation; if it is for the benefit of someone else; if it is by means of his own property; if there is an emergency; if he is insane; if he is the first offender. The seventh training rule is finished.

စာ-၂၅၄

၆၁၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေန္တိ…ပေ…။

‘‘န ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဥဇ္ဈာနသညိနာ ပရေသံ ပတ္တော ဩလောကေတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ‘‘ဒဿာမီ’’တိ ဝါ ‘‘ဒါပေဿာမီ’’တိ ဝါ ဩလောကေတိ, န ဥဇ္ဈာနသညိဿ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အဋ္ဌမသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၈-အဋ္ဌမသိက္ခာပုဒ် ၆၁၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို ကြည့်ကုန်၏။ပ။ ၁၈၃။ ၃၈- “ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို (ငါ) မကြည့်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို မကြည့်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ပေးလှူအံ့ဟူ၍လည်းကောင်း၊ ပေးလှူစေအံ့ဟူ၍လည်းကောင်း ကြည့်ရှုအံ့၊ အာပတ် မသင့်။ ကဲ့ရဲ့ ပြစ်တင်ခြင်းကို အလိုမရှိသော ရဟန်းအား အာပတ်မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Finding fault Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were looking at the bowls of others finding fault. … Final ruling “‘I will not look at another’s almsbowl finding fault,’ this is how you should train.” One should not look at the bowl of another finding fault. If a monk, out of disrespect, looks at the bowl of another finding fault, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he looks with the intention of giving or having someone give; if he is not finding fault; if there is an emergency; if he is insane; if he is the first offender. The eighth training rule is finished.

၆၁၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဟန္တံ ကဗဠံ ကရောန္တိ…ပေ…။

‘‘နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

နာတိမဟန္တော ကဗဠော ကာတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ မဟန္တံ ကဗဠံ ကရောတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ခဇ္ဇကေ, ဖလာဖလေ, ဥတ္တရိဘင်္ဂေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

နဝမသိက္ခာပဒံ နိဋ္ဌိတံ။

၄-သက္ကစ္စဝဂ် ၉-နဝမသိက္ခာပုဒ် ၆၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကြီးစွာသော ဆွမ်းလုတ်ကို ပြုကုန်၏။ပ။ ၁၈၄။ ၃၉- “မကြီးလွန်းသော ဆွမ်းလုတ်ကို ပြုအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ မကြီးလွန်းသော ဆွမ်းလုတ်ကို ပြုအပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကြီးစွာသော ဆွမ်းလုတ်ကို ပြုအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား၊ အာပတ် မသင့်၊ ခဲဖွယ်၌လည်းကောင်း၊ သစ်သီးကြီးငယ်၌လည်းကောင်း၊ လက်သုပ် ဟင်းလျာ၌လည်းကောင်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Making an overlarge mouthful Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were eating, making large mouthfuls. … Final ruling “‘I will not make mouthfuls that are too large,’ this is how you should train.” One should not make mouthfuls that are too large. If a monk, out of disrespect, makes a large mouthful, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is fresh food; if it is any kind of fruit; if it is a non-bean curry; if there is an emergency; if he is insane; if he is the first offender. The ninth training rule is finished.

၆၁၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဒီဃံ အာလောပံ ကရောန္တိ…ပေ…။

‘‘ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

ပရိမဏ္ဍလော အာလောပေါ ကာတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ ဒီဃံ အာလောပံ ကရောတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ခဇ္ဇကေ, ဖလာဖလေ, ဥတ္တရိဘင်္ဂေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဒသမသိက္ခာပဒံ နိဋ္ဌိတံ။

သက္ကစ္စဝဂ္ဂေါ စတုတ္ထော။

၄-သက္ကစ္စဝဂ် ၁၀-ဒသမသိက္ခာပုဒ် ၆၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်သော ဆွမ်းလုတ်ကို ပြုကုန်၏။ပ။ ၁၈၅။ ၄၀- “ဆွမ်းလုတ်ကို ဝိုင်းဝန်းညီညွတ်စွာ ပြုအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းလုတ်ကို ဝိုင်းဝန်းညီညွတ်စွာ ပြုလုပ်အပ်၏။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှည်သော ဆွမ်းလုတ်ကို ပြုအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်ဟင်းလျာတို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။ ဒသမသိက္ခာပုဒ်ပြီး၏။ စတုတ္ထသက္ကစ္စဝဂ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on respectfully Not making rounded mouthfuls Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six were eating, making elongated mouthfuls. … Final ruling “‘I will make rounded mouthfuls,’ this is how you should train.” One should make rounded mouthfuls. If a monk, out of disrespect, makes an elongated mouthful, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is fresh food; if it is any kind of fruit; if it is a non-bean curry; if there is an emergency; if he is insane; if he is the first offender. The tenth training rule is finished. The fourth subchapter on respectfully is finished.

၅။ ကဗဠဝဂ္ဂေါ

၆၁၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရန္တိ…ပေ…။

‘‘န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၁-ပဌမသိက္ခာပုဒ် ၆၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်မရောက်မီ ခံတွင်းကို ဖွင့်ဟကုန်၏။ပ။ ၁၈၆။ ၄၁- “ဆွမ်းလုတ်မရောက်မီ ခံတွင်းကို မဖွင့်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းလုတ်မရောက်မီ ခံတွင်းကို မဖွင့်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်မရောက်မီ ခံတွင်းကို ဖွင့်ဟအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Opening the mouth Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six opened their mouths without bringing a mouthful to it. … Final ruling “‘I will not open my mouth without bringing a mouthful to it,’ this is how you should train.” One should not open one’s mouth without bringing a mouthful to it. If a monk, out of disrespect, opens his mouth without bringing a mouthful to it, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

၆၁၈။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဘုဉ္ဇမာနာ သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပန္တိ…ပေ…။

‘‘န ဘုဉ္ဇမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာကရဏီယာ’’တိ။

န ဘုဉ္ဇမာနေန သဗ္ဗော ဟတ္ထော မုခေ ပက္ခိပိတဗ္ဗော။ ယော အနာဒရိယံ ပဋိစ္စ ဘုဉ္ဇမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ဒုတိယသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၂-ဒုတိယသိက္ခာပုဒ် ၆၁၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသည်ရှိသော် လက် အားလုံးကို ခံတွင်း ‘ပါးစပ်’၌ ထည့်ကုန်၏။ပ။ ၁၈၇။ ၄၂- “ဆွမ်းစားသည်ရှိသော် လက်အားလုံးကို ခံတွင်း၌ မထည့်အံ့ ‘ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းစားသော ရဟန်းသည် လက်အားလုံးကို ခံတွင်း၌ မထည့်အပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းစားသည်ရှိသော် လက်အားလုံးကို ခံတွင်း၌ ထည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒုတိယသိက္ခာပုဒ်ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Putting whole hand in mouth Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six put their whole hand in their mouths while eating. … Final ruling “‘I will not put my whole hand in my mouth while eating,’ this is how you should train.” One should not put one’s whole hand in one’s mouth while eating. If a monk, out of disrespect, puts his whole hand in his mouth while eating, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The second training rule is finished.

၆၁၉။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သကဗဠေန မုခေန ဗျာဟရန္တိ…ပေ…။

‘‘န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သကဗဠေန မုခေန ဗျာဟရိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သကဗဠေန မုခေန ဗျာဟရတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

တတိယသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၃-တတိယသိက္ခာပုဒ် ၆၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်နှင့်တကွသော ခံတွင်း ဖြင့် စကားပြောဆိုကုန်၏။ပ။ ၁၈၈။ ၄၃- “ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားမဆိုအံ့ဟု ကျင့်ကြံ အားထုတ်မူကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားမပြောမဆိုအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်နှင့်တကွသော ခံတွင်းဖြင့် စကားပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ တတိယသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Speaking with food in mouth Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six spoke with food in their mouths. … Final ruling “‘I will not speak with food in my mouth,’ this is how you should train.” One should not speak with food in one’s mouth. If a monk, out of disrespect, speaks with food in his mouth, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The third training rule is finished.

၆၂၀။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ပိဏ္ဍုက္ခေပကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ပိဏ္ဍုက္ခေပကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ခဇ္ဇကေ, ဖလာဖလေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

စတုတ္ထသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၄-စတုတ္ထသိက္ခာပုဒ် ၆၂၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားကုန်၏။ပ။ ၁၈၉။ ၄၄- “ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လောဟု မိန့်တော်မူ၏)။ ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို မြှောက်ကာ မြှောက်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ်တို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ စတုတ္ထသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Eating from lifted mouthfuls Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate from lifted balls of food. … Final ruling “‘I will not eat from a lifted ball of food,’ this is how you should train.” One should not eat from a lifted ball of food. If a monk, out of disrespect, eats from a lifted ball of food, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is fresh food; if it is any kind of fruit; if there is an emergency; if he is insane; if he is the first offender. The fourth training rule is finished.

၆၂၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ခဇ္ဇကေ ဖလာဖလေ, ဥတ္တရိဘင်္ဂေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ပဉ္စမသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၅-ပဥ္စမသိက္ခာပုဒ် ၆၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ စားကုန်၏။ပ။ ၁၉၀။ ၄၅- “ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လောဟု မိန့်တော်မူ၏)။ ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုတ်ကို ကိုက်ဖြတ်ကာ ကိုက်ဖြတ်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်းး မသိသောရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်ဟင်းလျာတို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။ ပဉ္စမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Breaking up mouthfuls Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate breaking up mouthfuls. … Final ruling “‘I will not eat breaking up mouthfuls,’ this is how you should train.” One should not eat breaking up mouthfuls. If a monk, out of disrespect, eats breaking up mouthfuls, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is fresh food; if it is any kind of fruit; if it is a non-bean curry; if there is an emergency; if he is insane; if he is the first offender. The fifth training rule is finished.

၆၂၂။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ အဝဂဏ္ဍကာရကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န အဝဂဏ္ဍကာရကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဧကတော ဝါ ဥဘတော ဝါ ဂဏ္ဍံ ကတွာ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ဖလာဖလေ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

ဆဋ္ဌသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ် ၆၂၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် (မျောက်ကဲ့သို့) ပါးစောင်၌ ထား၍ စားကုန်၏။ပ။ ၁၉၁။ ၄၆- “(မျောက်ကဲ့သို့) ပါးစောင်၌ ထား၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှု ကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ (မြောက်ကဲ့သို့) ပါးစောင်၌ ထား၍ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ (မြောက်ကဲ့သို့) ပါးစောင်တစ်ဖက်၌ဖြစ်စေ ပါးစောင်နှစ်ဖက်လုံး၌ဖြစ်စေ ထားလျက် စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ သစ်သီးကြီးငယ်တို့၌လည်း အာပတ်မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဆဋ္ဌသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Stuffing the cheeks Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate stuffing their cheeks. … Final ruling “‘I will not eat stuffing my cheeks,’ this is how you should train.” One should not eat stuffing one’s cheeks. If a monk, out of disrespect, eats stuffing one or both cheeks, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if it is any kind of fruit; if there is an emergency; if he is insane; if he is the first offender. The sixth training rule is finished.

၆၂၃။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ကစဝရံ ဆဍ္ဍေန္တော ဟတ္ထံ နိဒ္ဓုနာတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

သတ္တမသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၇-သတ္တမသိက္ခာပုဒ် ၆၂၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ကို ခါလျက် ခါလျက် စားကုန်၏။ပ။ ၁၉၂။ ၄၇- “လက်ကို ခါလျက် ခါလျက် မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ လက်ကို ခါလျက် ခါလျက် မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ကို ခါလျက် ခါလျက် စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ အမှိုက်ကို စွန့်လို၍ လက်ကို ခါအံ့၊ ဘေးရန်တို့ကြောင့် လက်ကို ခါအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ သတ္တမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Shaking the hand Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate shaking their hands. … Final ruling “‘I will not eat shaking my hand,’ this is how you should train.” One should not eat shaking one’s hand. If a monk, out of disrespect, eats shaking his hand, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he shakes his hand to discard trash; if there is an emergency; if he is insane; if he is the first offender. The seventh training rule is finished.

၆၂၄။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ သိတ္ထာဝကာရကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သိတ္ထာဝကာရကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သိတ္ထာဝကာရကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ, အဿတိယာ, အဇာနန္တဿ, ဂိလာနဿ, ကစဝရံ ဆဍ္ဍေန္တော သိတ္ထံ ဆဍ္ဍယတိ, အာပဒါသု, ဥမ္မတ္တကဿ, အာဒိကမ္မိကဿာတိ။

အဋ္ဌမသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၈-အဋ္ဌမသိက္ခာပုဒ် ၆၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုံးကို ကြဲကာ ကြဲကာ စားကုန်၏။ပ။ ၁၉၃။ ၄၈- “ဆွမ်းလုံးကို ကြဲကာ ကြဲကာ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ဆွမ်းလုံးကို ကြဲကာ ကြဲကာ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးကို ကြဲကာ ကြဲကာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ အမှိုက်ကို စွန့်လို၍ ဆွမ်းလုံးကို ကြဲစွန့်မိအံ့၊ အာပတ် မသင့်။ ဘေးရန်တို့ ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ အဋ္ဌမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Scattering rice Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six scattered rice while eating. … Final ruling “‘I will not eat scattering rice,’ this is how you should train.” One should not scatter rice while eating. If a monk, out of disrespect, eats scattering rice, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if he discards rice while discarding trash; if there is an emergency; if he is insane; if he is the first offender. The eighth training rule is finished.

၆၂၅။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

နဝမသိက္ခာပဒံ နိဋ္ဌိတံ။

၅-ကဗဠဝဂ် ၉-နဝမသိက္ခာပုဒ် ၆၂၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လျှာကို ထုတ်ကာ ထုတ်ကာ စားကုန်၏။ပ။ ၁၉၄။ ၄၉- “လျှာကို ထုတ်ကာ ထုတ်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ လျှာကို ထုတ်ကာ ထုတ်ကာ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လျှာကို ထုတ်ကာ ထုတ်ကာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ နဝမသိက္ခာပုဒ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Sticking out the tongue Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six ate sticking out their tongues. … Final ruling “‘I will not eat sticking out my tongue,’ this is how you should train.” One should not eat sticking out one’s tongue. If a monk, out of disrespect, eats sticking out his tongue, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The ninth training rule is finished.

၆၂၆။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ စပုစပုကာရကံ ဘုဉ္ဇန္တိ…ပေ…။

‘‘န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န စပုစပုကာရကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ စပုစပုကာရကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ဒသမသိက္ခာပဒံ နိဋ္ဌိတံ။

ကဗဠဝဂ္ဂေါ ပဉ္စမော။

၅-ကဗဠဝဂ် ၁၀-ဒသမသိက္ခာပုဒ် ၆၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပျတ်ပျတ်အသံပြု၍ စားကုန်၏။ပ။ ၁၉၅။ ၅၀- “ပျတ်ပျတ်အသံပြု၍ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ပျတ်ပျတ်အသံကို ပြု၍ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ပျတ်ပျတ်အသံ ပြု၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ဒသမသိက္ခာပုဒ် ပြီး၏။ ပဉ္စမ ကဗဠဝဂ် ပြီး၏။

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on mouthfuls Chomping Origin story At one time the Buddha was staying at Sāvatthī in the Jeta Grove, Anāthapiṇḍika’s Monastery. At that time the monks from the group of six made chomping sounds while eating. … Final ruling “‘I will not make a chomping sound while eating,’ this is how you should train.” One should not make a chomping sound while eating. If a monk, out of disrespect, makes a chomping sound while eating, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The tenth training rule is finished. The fifth subchapter on mouthfuls is finished.

၆။ သုရုသုရုဝဂ္ဂေါ

၆၂၇။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တေန ခေါ ပန သမယေန အညတရေန ဗြာဟ္မဏေန သံဃဿ ပယောပါနံ ပဋိယတ္တံ ဟောတိ။ ဘိက္ခူ သုရုသုရုကာရကံ ခီရံ ပိဝန္တိ။ အညတရော နဋပုဗ္ဗကော ဘိက္ခု ဧဝမာဟ – ‘‘သဗ္ဗောယံ မညေ သံဃော သီတီကတော’’တိ။ ယေ တေ ဘိက္ခူ အပ္ပိစ္ဆာ…ပေ… တေ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – ‘‘ကထဉှိ နာမ ဘိက္ခု သံဃံ အာရဗ္ဘ ဒဝံ ကရိဿတီ’’တိ…ပေ… သစ္စံ ကိရ တွံ, ဘိက္ခု, သံဃံ အာရဗ္ဘ ဒဝံ အကာသီတိ? ‘‘သစ္စံ, ဘဂဝါ’’တိ။ ဝိဂရဟိ ဗုဒ္ဓေါ ဘဂဝါ…ပေ… ကထဉှိ နာမ တွံ, မောဃပုရိသ, သံဃံ အာရဗ္ဘ ဒဝံ ကရိဿသိ! နေတံ, မောဃပုရိသ, အပ္ပသန္နာနံ ဝါ ပသာဒါယ…ပေ… ဝိဂရဟိတွာ…ပေ… ဓမ္မိံ ကထံ ကတွာ ဘိက္ခူ အာမန္တေသိ – ‘‘န, ဘိက္ခဝေ, ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံ ဝါ အာရဗ္ဘ ဒဝေါ ကာတဗ္ဗော။ ယော ကရေယျ, အာပတ္တိ ဒုက္ကဋဿာ’’တိ။ အထ ခေါ ဘဂဝါ တံ ဘိက္ခုံ အနေကပရိယာယေန ဝိဂရဟိတွာ ဒုဗ္ဘရတာယ…ပေ… ဧဝဉ္စ ပန, ဘိက္ခဝေ, ဣမံ သိက္ခာပဒံ ဥဒ္ဒိသေယျာထ –

‘‘န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ’’တိ။

န သုရုသုရုကာရကံ ဘုဉ္ဇိတဗ္ဗံ။ ယော အနာဒရိယံ ပဋိစ္စ သုရုသုရုကာရကံ ဘုဉ္ဇတိ, အာပတ္တိ ဒုက္ကဋဿ။

အနာပတ္တိ အသဉ္စိစ္စ…ပေ… အာဒိကမ္မိကဿာတိ။

ပဌမသိက္ခာပဒံ နိဋ္ဌိတံ။

၆-သုရုသုရုဝဂ် ၁-ပဌမသိက္ခာပုဒ် ၆၂၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်း သုံးနေတော်မူသောအခါ ပုဏ္ဏားတစ်ယောက်သည် သံဃာအလို့ငှါ သောက်ဖွယ်နို့ရည် ‘နို့အေး’ကို စီရင် ထားလေ၏။ ရဟန်းတို့သည် ရှုတ်ရှုတ်အသံပြု၍ နို့အေးကို သောက်ကုန်၏၊ ကချေသည် ဖြစ်ဖူးသော ရဟန်းတစ်ပါးက “ဤသံဃာအားလုံးသည် အအေးဒဏ် ထိခိုက်နေယောင်တကား”ဟု ပြောဆို၏။ အလိုနည်းသော ရဟန်းတို့သည် “အဘယ့်ကြောင့် ရဟန်းသည် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြုဘိသနည်”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။ “ရဟန်း သင်သည် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြု၏ဟူသည် မှန်သလော”ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်သည် အဘယ့်ကြောင့် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီးလျှင် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို- “ရဟန်းတို့ ဘုရား တရား သံဃာနှင့် စပ်လျဥ်း၍ ရယ်ရွှင်ဖွယ်ကို မပြုအပ်၊ ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ ၁၉၆။ ၅၁- “ရှုတ်ရှုတ်အသံပြု၍ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ ရှုတ်ရှုတ်အသံပြု၍ မစားအပ်။ အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှုတ်ရှုတ်အသံပြု၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ ပဌမသိက္ခာပုဒ် ပြီး၏။ ၁။ သီတိကတောတိ သီတပီဠိတော (ဝိမတိဋီကာ)

Theravāda Collection on Monastic Law The Great Analysis The chapter on training The subchapter on slurping Slurping Origin story At one time when the Buddha was staying at Kosambī in Ghosita’s Monastery, a brahmin prepared a milk drink for the Sangha. The monks slurped while drinking the milk. A monk who was previously an entertainer made a joke of it, saying, “It’s as if the whole Sangha is cooled.” The monks of few desires complained and criticized him, “How could a monk joke about the Sangha?” … “Is it true, monk, that you did this?” “It’s true, sir.” The Buddha rebuked him … “Foolish man, how could you do this? This will affect people’s confidence …” After rebuking him … he gave a teaching and addressed the monks: “Monks, you should not joke about the Buddha, the Teaching, or the Sangha. If you do, you commit an offense of wrong conduct.” After rebuking that monk in many ways, the Buddha spoke in dispraise of being difficult to support … “And, monks, this training rule should be recited like this: Final ruling ‘“I will not slurp while eating,” this is how you should train.’” One should not slurp while eating. If a monk, out of disrespect, slurps while eating, he commits an offense of wrong conduct. Non-offenses There is no offense: if it is unintentional; if he is not mindful; if he does not know; if he is sick; if there is an emergency; if he is insane; if he is the first offender. The first training rule is finished.

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection
English
Bhikkhu Brahmali — SuttaCentral (CC0, public domain)

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 6. Pāṭidesanīyakaṇḍaṃ (Vinayapiṭaka, Pācittiyapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#11
  2. Vipassana Research Institute. (n.d.). 7. Sekhiyakaṇḍaṃ (Vinayapiṭaka, Pācittiyapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#12