အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
‘‘နဂရေ ဗန္ဓုမတိယာ, အဟောသိံ ပရကမ္မိကော၊
ပရကမ္မာယနေ ယုတ္တော, ပရဘတ္တံ အပဿိတော။
၇၅။ ‘‘ရဟောဂတော နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, အဓိကာရော စ နတ္ထိ မေ။
၇၅။ ထိုအခါ၌ ငါသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် ထိုင်ပြီးလျှင် လောက၌ ဘုရား ပွင့်တော်မူ၏၊ ငါ့အား ကုသိုလ်ကောင်းမှုလည်း မရှိချေ။
၇၆။ ‘‘ကာလော မေ ဂတိံ [ကာလော ဂတိံ မေ (သီ။ သျာ။)] သောဓေတုံ, ခဏော မေ ပဋိပါဒိတော၊
ဒုက္ခော နိရယသမ္ဖဿော, အပုညာနဉှိ ပါဏိနံ။
၇၆။ ငါ့အား ဘဝဂတိကို သုတ်သင်ရှင်းလင်းရန် အချိန်တန်ပြီ၊ ငါသည် နဝမခဏကို ပြီး စေအပ်၏၊ ကောင်းမှုမရှိသော သတ္တဝါတို့အား ငရဲနှင့် တွေ့ရခြင်းသည် ဆင်းရဲလှပေ၏ဟု ဤသို့ ကြံစည်ခဲ့၏။
၇၇။ ‘‘ဧဝါဟံ စိန္တယိတွာန, ကမ္မသာမိံ ဥပါဂမိံ၊
ဧကာဟံ ကမ္မံ ယာစိတွာ, ဝိပိနံ ပါဝိသိံ အဟံ။
၇၇။ ငါသည် ဤသို့ ကြံစည်ပြီးလျှင် အလုပ်ရှင်ထံသို့ ချဥ်းကပ်၏၊ တစ်ရက်မျှ အမှုကို (တစ်ရက်ခွင့်) တောင်းပန်ပြီး၍ ငါသည် တောသို့ ဝင်ခဲ့၏။
၇၈။ ‘‘တိဏကဋ္ဌဉ္စ ဝလ္လိဉ္စ, အာဟရိတွာနဟံ တဒါ၊
တိဒဏ္ဍကေ ဌပေတွာန, အကံ တိဏကုဋိံ အဟံ။
၇၈။ ထိုအခါ၌ ငါသည် မြက်ထင်းကိုလည်းကောင်း၊ နွယ်ကိုလည်းကောင်း ဆောင်၍ တိုင်သုံးလုံးတို့ကို စိုက်ထားပြီးလျှင် မြက်မိုးကျောင်းကို ဆောက်လုပ်ခဲ့၏။
၇၉။ ‘‘သံဃဿတ္ထာယ ကုဋိကံ, နိယျာဒေတွာန [နိယျာတေတွာန (သီ။)] တံ အဟံ၊
တဒဟေယေဝ အာဂန္တွာ, ကမ္မသာမိံ ဥပါဂမိံ။
၇၉။ ငါသည် သံဃာတော်၏ အကျိုးငှါ ထိုကျောင်းငယ်ကိုအပ်နှင်းလှူဒါန်းပြီးလျှင် ထို နေ့၌ပင်လျှင် ပြန်လာ၍ အလုပ်ရှင်ထံသို့ ချဥ်းကပ်ခဲ့၏။
၈၀။ ‘‘တေန ကမ္မေန သုကတေန, တာဝတိံသမဂစ္ဆဟံ၊
တတ္ထ မေ သုကတံ ဗျမှံ, ကုဋိကာယ သုနိမ္မိတံ [တိဏကုဋိကာယ နိမ္မိတံ (သီ။)]။
၈၀။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏၊ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို (လူ့ဘဝက လှူခဲ့သော) ကျောင်းငယ်ဖြင့် ကောင်းစွာ ဖန်ဆင်းအပ်၏။
၈၁။ ‘‘သဟဿကဏ္ဍံ သတဘေဏ္ဍု, ဓဇာလု ဟရိတာမယံ၊
သတသဟဿနိယျူဟာ, ဗျမှေ ပါတုဘဝိံသု မေ။
၈၁။ မြားကျတစ်ထောင်ရှိ၏၊ ဘုံဆင့်တစ်ရာရို၏၊ များသော တံခွန် (အလံ) ရှိ၏၊ ရွှေဖြင့် ပြီး၏။ တစ်သိန်းသော နန်းဦးပြာသာဒ်ဆောင်တို့သည် ငါ၏ ဗိမာန်၌ ထင်ရှားဖြစ်ပေါ်ကုန်၏။
၈၂။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
မမ သင်္ကပ္ပမညာယ, ပါသာဒေါ ဥပတိဋ္ဌတိ။
၈၂။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ ငါ၏ စိတ်အကြံကို သိ၍ ပြာသာဒ်သည် တည်လာ၏။
၈၃။ ‘‘ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ, လောမဟံသော န ဝိဇ္ဇတိ၊
တာသံ မမ န ဇာနာမိ, တိဏကုဋိကာယိဒံ [တိဏကုဋိယိဒံ (က။)] ဖလံ။
၈၃။ ကြောက်ခြင်းသည်လည်းကောင်း၊ ကိုယ်ခက်တရော်ရှိခြင်းသည်လည်းကောင်း၊ ကြက် သီးမွေးညင်းထခြင်းသည်လည်းကောင်း (ငါ့အား) မရှိချေ။ (ငါသည် ) မိမိ၏ ထိတ်လန့်ခြင်းကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၈၄။ ‘‘သီဟဗျဂ္ဃါ စ ဒီပီ စ, အစ္ဆကောကတရစ္ဆကာ [တရစ္ဆယော (သျာ။ က။)]၊
သဗ္ဗေ မံ ပရိဝဇ္ဇေန္တိ, တိဏကုဋိကာယိဒံ ဖလံ။
၈၄။ ခြင်္သေ့, ကျားတို့သည်လည်းကောင်း၊ သစ်တို့သည်လည်းကောင်း၊ ဝံ, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း ဤအလုံးစုံသော သားရဲတို့သည် ငါ့ကို ရှောင်ကွင်းကုန်၏။ ဤသို့ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။ ၈၅၊ မြွေ, ကင်း, သန်းတို့သည်လည်းကောင်း၊ ဘုတ်, ပြိတ္တာတို့သည်လည်းကောင်း၊ နဂါး, ကုမ္ဘဏ်, ရက္ခိုသ်တို့သည်လည်းကောင်း၊ ထိုသတ္တဝါတို့သည်လည်း ငါ့ကို ရှောင်ကွင်း ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၈၅။ ‘‘သရီသပါ [သိရိံသပါ (သီ။ သျာ။), သရိံသပါ (က။)] စ ဘူတာ စ, အဟီ ကုမ္ဘဏ္ဍရက္ခသာ၊
တေပိ မံ ပရိဝဇ္ဇေန္တိ, တိဏကုဋိကာယိဒံ ဖလံ။
၈၆။ ‘‘န ပါပသုပိနဿာပိ, သရာမိ ဒဿနံ မမ၊
ဥပဋ္ဌိတာ သတိ မယှံ, တိဏကုဋိကာယိဒံ ဖလံ။
၈၆။ ငါသည် ငါ၏ မကောင်းသော အိပ်မက်မြင်မက်ခြင်းကို အမှတ်မရချေ၊ ငါ့အား သတိ သည် ထင်လာ၏။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၈၇။ ‘‘တာယေဝ တိဏကုဋိကာယ, အနုဘောတွာန သမ္ပဒါ၊
ဂေါတမဿ ဘဂဝတော, ဓမ္မံ သစ္ဆိကရိံ အဟံ။
၈၇။ ငါသည် ထိုမြက်မိုးကျောင်းကို လှူရခြင်းကြောင့်သာလျှင် စည်းစိမ်ချမ်းသာတို့ကို ခံစားရပြီးနောက် ဂေါတမမြတ်စွာဘုရား၏ တရားတော်ကို မျက်မှောက်ပြုရ၏။
၈၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တိဏကုဋိကာယိဒံ ဖလံ။
၈၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၈၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဏကုဋိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဏကုဋိဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၈၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် တိဏကုဋိဒါယကတ္ထေရအပဒါန ပြီး၏။
၈။ ဥတ္တရေယျဒါယကတ္ထေရအပဒါနံ
၉၀။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ ဗြာဟ္မဏော တဒါ၊
အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ။
၈-ဥတ္တရေယျဒါယကတ္ထေရအပဒါန ၉၀။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဗေဒင်ကို သရဇ္ဈာယ်သော, ဗေဒင်ကို ဆောင်သော, ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားဖြစ်ခဲ့၏။
၉၁။ ‘‘ပုရက္ခတော သသိဿေဟိ, ဇာတိမာ စ သုသိက္ခိတော၊
တောယာဘိသေစနတ္ထာယ, နဂရာ နိက္ခမိံ တဒါ။
၉၁။ ထိုအခါ ဇာတ်နှင့် ပြည့်စုံသော, ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိသော ငါသည် တပည့်အပေါင်းခြံရံလျက် ရေသွန်းအံ့သောငှါ မြို့မှ ထွက်ခဲ့၏။
၉၂။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ခီဏာသဝသဟဿေဟိ, ပါဝိသီ နဂရံ ဇိနော။
၉၂။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော, မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့်တကွ မြို့သို့ ဝင်တော်မူ၏။
၉၃။ ‘‘သုစာရုရူပံ ဒိသွာန, အာနေဉ္ဇကာရိတံ ဝိယ၊
ပရိဝုတံ အရဟန္တေဟိ, ဒိသွာ စိတ္တံ ပသာဒယိံ။
၉၃။ ‘အလွန်တင့်တယ်သော အဆင်းရှိသော, မတုန်မလှုပ် ငြိမ်သက်အောင် ဆုံးမပြီးသော ဆင်ကို မြင်၍ စိတ်ကို ကြည်လင်စေသကဲ့သို့’ ငါသည် ရဟန္တာတို့ဖြင့် ခြံရံအပ်သော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် စိတ်ကို ကြည်လင်စေခဲ့၏။
၉၄။ ‘‘သိရသ္မိံ အဉ္ဇလိံ ကတွာ, နမဿိတွာန သုဗ္ဗတံ၊
ပသန္နစိတ္တော သုမနော, ဥတ္တရီယမဒါသဟံ။
၉၄။ ငါသည် ဦးခေါင်း၌ လက်အုပ်ချီလျက် ကောင်းသော အကျင့်ရှိတော်မူသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ အပေါ်ရုံအဝတ်ကို ပေးလှူခဲ့၏။
၉၅။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, သာဋကံ ဥက္ခိပိံ အဟံ၊
ယာဝတာ ဗုဒ္ဓပရိသာ, တာဝ ဆာဒေသိ သာဋကော။
၉၅။ ငါသည် လက်နှစ်ဖက်တို့ဖြင့် ယူ၍ အဝတ်ကို ပစ်မြှောက်လှူဒါန်းခဲ့၏၊ ထိုအခါ အဝတ်သည် ဘုရားပရိသတ်ရှိသလောက် ဖုံးလွှမ်းလေ၏။
၉၆။ ‘‘ပိဏ္ဍစာရံ စရန္တဿ, မဟာဘိက္ခုဂဏာဒိနော၊
ဆဒံ ကရောန္တော အဋ္ဌာသိ, ဟာသယန္တော မမံ တဒါ။
၉၆။ ထိုအခါ (ပစ်မြှောက်လိုက်သော အဝတ်သည်) များစွာသော ရဟန်းအပေါင်းကို ခေါ်ဆောင်လျက် ဆွမ်းခံလှည့်လည်တော်မူသော မြတ်စွာဘုရား၏ (အပေါ်၌) အမိုးပြုကာ ငါ့အား ရွှင်လန်းစေလျက် တည်နေလေ၏။
၉၇။ ‘‘ဃရတော နိက္ခမန္တဿ, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
ဝီထိယံဝ ဌိတော သတ္ထာ, အကာ မေ [အကာသိ (သျာ။)] အနုမောဒနံ။
၉၇။ အလိုလို ပွင့်တော်မူ၍ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် လမ်း ၌သာ ရပ်တော်မူလျက် အိမ်မှ ထွက်သော ငါ့အား အနုမောဒနာ ပြုတော်မူ၏။
၉၈။ ‘‘ပသန္နစိတ္တော သုမနော, ယော မေ အဒါသိ သာဋကံ၊
တမဟံ ကိတ္တယိဿာမိ, သုဏောထ မမ ဘာသတော။
၉၈။ အကြင်သူသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ငါဘုရားအား အဝတ်ကို ပေးလှူခဲ့၏၊ ထိုသူကို ငါဘုရား ဗျာဒိတ်စကား မြွက်ကြားတော်မူအံ့၊ မြွက်ကြား မည့် ငါဘုရား၏ စကားကို နာကြကုန်လော့-
၉၉။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။
၉၉။ ထိုသူသည် ကမ္ဘာသုံးသောင်းတို့ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်ငါးဆယ် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့။
၁၀၀။ ‘‘‘ဒေဝလောကေ ဝသန္တဿ, ပုညကမ္မသမင်္ဂိနော၊
သမန္တာ ယောဇနသတံ, ဒုဿစ္ဆန္နံ ဘဝိဿတိ။
၁၀၀။ နတ်ပြည်၌ နေသော, ဘုန်းကံနှင့် ပြည့်စုံသောသူအား ထက်ဝန်းကျင်မှ ယူဇနာ တစ်ရာတိုင် အဝတ်အမိုးသည် ဖြစ်လတ္တံ့။
၁၀၁။ ‘‘‘ဆတ္တိံသက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၀၁။ စကြာမင်းလည်း သုံးဆယ့်ခြောက်ကြိမ် ဖြစ်လတ္တံ့၊ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၁၀၂။ ‘‘‘ဘဝေ သံသရမာနဿ, ပုညကမ္မသမင်္ဂိနော၊
မနသာ ပတ္ထိတံ သဗ္ဗံ, နိဗ္ဗတ္တိဿတိ တာဝဒေ။
၁၀၂။ ဘဝကြီး, ငယ်၌ ကျင်လည်ရသော ဘုန်းကံနှင့် ပြည့်စုံသူအား အလုံးစုံ စိတ်ဖြင့် တောင့်တအပ်သော အရာဝတ္ထုသည် တောင့်တဆဲခဏ၌ ဖြစ်ပေါ်လတ္တံ့။
၁၀၃။ ‘‘‘ကောသေယျကမ္ဗလိယာနိ [ကောသေယျကမ္ဗလီယာနိ (သီ။)], ခေါမကပ္ပါသိကာနိ စ၊
မဟဂ္ဃါနိ စ ဒုဿာနိ, ပဋိလစ္ဆတိယံ နရော။
၁၀၃။ ဤသူသည် ပိုးပုဆိုး, ကမ္ဗလာ (သားမွေး) ပုဆိုးတို့ကိုလည်းကောင်း၊ ခေါမတိုင်းဖြစ်ပုဆိုး, ဝါချည်ပုဆိုးတို့ကိုလည်းကောင်း၊ အဖိုးများစွာ ထိုက်တန်ကုန်သော ပုဆိုးတို့ကိုလည်းကောင်း ဝတ်ဆင်ရလတ္တံ့။
၁၀၄။ ‘‘‘မနသာ ပတ္ထိတံ သဗ္ဗံ, ပဋိလစ္ဆတိယံ နရော၊
ဧကဒုဿဿ ဝိပါကံ, အနုဘောဿတိ သဗ္ဗဒါ။
၁၀၄။ ဤသူသည် စိတ်ဖြင့် တောင့်တအပ်သော အရာဝတ္ထုအားလုံးကို ရလတ္တံ့၊ ပုဆိုး တစ်ထည် လှူဒါန်းရခြင်း၏ အကျိုးကို အခါခပ်သိမ်း ခံစားရလတ္တံ့။
၁၀၅။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, သုက္ကမူလေန စောဒိတော၊
ဂေါတမဿ ဘဂဝတော, ဓမ္မံ သစ္ဆိကရိဿတိ’။
၁၀၅။ ထိုသူသည် နောက်၌ ရဟန်းပြုပြီးလျှင် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ အရဟတ္တဖိုလ်တရားကို မျက်မှောက်ပြုရလတ္တံ့ (ဟု မြွက်ကြားတော်မူ၏)။
၁၀၆။ ‘‘အဟော မေ သုကတံ ကမ္မံ, သဗ္ဗညုဿ မဟေသိနော၊
ဧကာဟံ သာဋကံ ဒတွာ, ပတ္တောမှိ အမတံ ပဒံ။
၁၀၆။ ငါ၏ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံသည် အံ့ဩဖွယ်ရှိပါပေစွ၊ ငါသည် ခပ် သိမ်းသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားအား ပုဆိုးတစ်ထည်ကို ပေးလှူခဲ့ သောကြောင့် အမြိုက်နိဗ္ဗာန်သို့ ရောက်ရပေ၏။
၁၀၇။ ‘‘မဏ္ဍပေ ရုက္ခမူလေ ဝါ, ဝသတော သုညကေ ဃရေ၊
ဓာရေတိ ဒုဿဆဒနံ, သမန္တာ ဗျာမတော မမ။
၁၀၇။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်အနီး၌လည်းကောင်း၊ ဆိတ်ငြိမ်ရာ အိမ်၌လည်း ကောင်း နေသော ငါ့အား ပတ်ဝန်းကျင် တစ်လံမျှသော အရပ်၌ ပုဆိုးအမိုးသည် ဆောင်းမိုး၏။
၁၀၈။ ‘‘အဝိညတ္တံ နိဝါသေမိ [အဝိညတ္တာနိ သေဝါမိ (?)], စီဝရံ ပစ္စယဉ္စဟံ၊
လာဘီ [လာဘိမှိ (သျာ။)] အန္နဿ ပါနဿ, ဥတ္တရေယျဿိဒံ ဖလံ။
၁၀၈။ ငါသည် သင်္ကန်းကိုလည်းကောင်း၊ ကြွင်းသော ပစ္စည်းကိုလည်းကောင်း မတောင်း မခံဘဲ ဝတ်ရုံသုံးဆောင်ရ၏။ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း ရ၏။ ဤသို့ ဖြစ်ရခြင်းသည် အပေါ်ရုံပုဆိုးအဝတ် လှူရခြင်း၏ အကျိုးပေတည်း။
၁၀၉။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝတ္ထဒါနဿိဒံ ဖလံ။
၁၀၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောင်းမှုကို ပြုခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးအဝတ် လှူရခြင်း၏ အကျိုးပေတည်း။
၁၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥတ္တရေယျဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥတ္တရေယျဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၁၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥတ္တရေယျဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဥတ္တရေယျဒါယကတ္ထေရအပဒါန ပြီး၏။
၉။ ဓမ္မသဝနိယတ္ထေရအပဒါနံ
၁၁၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
စတုသစ္စံ ပကာသေန္တော, သန္တာရေသိ ဗဟုံ ဇနံ။
၉-ဓမ္မသဝနိယတ္ထေရအပဒါန ၁၁၁။ ခပ်သိမ်းသော တရားတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရ မည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို ဖော်ပြတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူ၏။
၁၁၂။ ‘‘အဟံ တေန သမယေန, ဇဋိလော ဥဂ္ဂတာပနော၊
ဓုနန္တော ဝါကစီရာနိ, ဂစ္ဆာမိ အမ္ဗရေ တဒါ။
၁၁၂။ ထိုအခါ၌ ငါသည် ထက်မြက်သော အကျင့်ရှိသော ဆံကျစ်ရသေ့ဖြစ်လျက် ရှိ၏၊ ထိုအခါ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌ သွားနေ၏။
၁၁၃။ ‘‘ဗုဒ္ဓသေဋ္ဌဿ ဥပရိ, ဂန္တုံ န ဝိသဟာမဟံ၊
ပက္ခီဝ သေလမာသဇ္ဇ [သေလမာပဇ္ဇ (သျာ။)], ဂမနံ န လဘာမဟံ။
၁၁၃။ ငါသည် ဘုရားမြတ်၏ အထက်၌ သွားခြင်းငှါ မဝံ့ပေ၊ ငှက်တို့သည် ကျောက် တောင်သို့ ရောက်လျှင် သွားခြင်းကို မရသကဲ့သို့ ထို့အတူ ငါသည် သွားခြင်းကို မရပေ။
၁၁၄။ ‘‘န မေ ဣဒံ ဘူတပုဗ္ဗံ, ဣရိယဿ ဝိကောပနံ၊
ဒကေ ယထာ ဥမ္မုဇ္ဇိတွာ, ဧဝံ ဂစ္ဆာမိ အမ္ဗရေ။
၁၁၄။ ဣရိယာပုထ်၏ ဤသို့ ပျက်စီးခြင်းသည် ငါ့အား ရှေး၌ မဖြစဖူးပေ၊ ရေ၌ ပေါ်၍ သွားသကဲ့သို့ ထို့အတူ ကောင်းကင်၌ ပေါ်၍ သွား၏။
၁၁၅။ ‘‘ဥဠာရဘူတော မနုဇော, ဟေဋ္ဌာသီနော [ဟေဋ္ဌာပိ နော (က။)] ဘဝိဿတိ၊
ဟန္ဒ မေနံ ဂဝေသိဿံ, အပိ အတ္ထံ လဘေယျဟံ။
၁၁၅။ မြတ်သော လူပုဂ္ဂိုလ်သည် ငါတို့၏ အောက်၌ (မုချ) ရှိသည် ဖြစ်လတ္တံ့၊ ယခု ငါသည် ထိုပုဂ္ဂိုလ်မြတ်ကို ရှာမှီးတော့အံ့၊ ငါသည် အကျိုးထူးကို ရသော်လည်း ရတန်ရာ၏။
၁၁၆။ ‘‘ဩရောဟန္တော အန္တလိက္ခာ, သဒ္ဒမဿောသိ သတ္ထုနော၊
အနိစ္စတံ ကထေန္တဿ, တမဟံ ဥဂ္ဂဟိံ တဒါ။
၁၁၆။ ကောင်းကင်မှ သက်ဆင်းသည်ရှိသော် မမြဲသော တရားကို ဟောကြားလျက်ရှိသော မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရ၏၊ ထိုအခါ၌ ငါသည် ထိုတရားတော်ကို သင်ယူခဲ့၏။
၁၁၇။ ‘‘အနိစ္စသညမုဂ္ဂယှ, အဂမာသိံ မမဿမံ၊
ယာဝတာယုံ ဝသိတွာန, တတ္ထ ကာလင်္ကတော အဟံ။
၁၁၇။ ငါသည် မမြဲသောအမှတ် ‘အနိစ္စသညာ’ ကို သင်ယူပြီးလျှင် ငါ၏ သင်္ခမ်းကျောင်းသို့ သွားခဲ့၏၊ ငါသည် အသက်ထက်ဆုံး နေပြီး၍ ထိုသင်္ခမ်းကျောင်း၌ ကွယ်လွန်ခဲ့၏။
၁၁၈။ ‘‘စရိမေ ဝတ္တမာနမှိ, တံ ဓမ္မသဝနံ [ဓမ္မသဝဏံ (သီ။)] သရိံ၊
တေန ကမ္မေန သုကတေန, တာဝတိံသမဂစ္ဆဟံ။
၁၁၈။ စုတိစိတ် ဖြစ်ခါနီးသောအခါ ထိုတရားနာခြင်းကို အမှတ်ရပေ၏၊ ကောင်းစွာ ပြုအပ်ခဲ့သော ထိုကံကြောင့် ငါသည် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။
၁၁၉။ ‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိံ အဟံ၊
ဧကပညာသက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၁၁၉။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၏၊ ငါးဆယ့်တစ်ကြိမ် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏။
၁၂၀။ ‘‘ဧကသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၂၀။ ငါသည် လည်း စကြဝတေးမင်း ခုနစ်ဆယ့်တစ်ကြိမ် ဖြစ်ခဲ့ဖူး၏၊ ပြန့်ပြောများပြား သော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၁၂၁။ ‘‘ပိတုဂေဟေ နိသီဒိတွာ, သမဏော ဘာဝိတိန္ဒြိယော၊
ဂါထာယ ပရိဒီပေန္တော, အနိစ္စတမုဒါဟရိ [အနိစ္စဝတ္ထုဒါဟရိ (သျာ။ က။)]။
၁၂၁။ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်းသည် အဖအိမ်၌ နေ၍ ဂါထာဖြင့် ဖော်ပြလျက် အမြဲမရှိသော အဖြစ်ကို ဟောတော်မူ၏။
၁၂၂။ ‘‘အနုဿရာမိ တံ သညံ, သံသရန္တော ဘဝါဘဝေ၊
န ကောဋိံ ပဋိဝိဇ္ဈာမိ [န ကောစိ ပဋိဝဇ္ဇာမိ (က။)], နိဗ္ဗာနံ အစ္စုတံ ပဒံ [အယံ ဂါထာ ဥပရိ ၄၃ ဝဂ္ဂေ သတ္တမာပဒါနေ ပုရိမဂါထာယ ပုရေတရံ ဒိဿတိ]။
၁၂၂။ ငါသည် ဘဝကြီး, ငယ်၌ ကျင်လည်ရစဥ် ထိုမမြဲသော အမှတ်ကိုသာလျှင် အောက် မေ့၏၊ အဆုံးဘဝ၌ကား စုတေခြင်း မရှိသော အရိယာတို့သည် ရောက်အပ်သော နိဗ္ဗာန်ဟူသော အထွတ်အထိပ်ကို ထိုးထွင်း၍ မသိ။
၁၂၃။ ‘‘အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ။
၁၂၃။ သင်္ခါရတရားတို့သည် စင်စစ် အမြဲမရှိကုန်၊ ဖြစ်ခြင်း, ပျက်ခြင်း သဘောရှိကုန်၏၊ ဖြစ်ပြီး၍ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏။
၁၂၄။ ‘‘သဟ ဂါထံ သုဏိတွာန, ပုဗ္ဗကမ္မံ အနုဿရိံ၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
၁၂၄။ ဂါထာကို ကြားနာရသည်နှင့် တစ်ပြိုင်နက် ရှေးပြုခဲ့သော ကံကို အမှတ်ရခဲ့၏၊ တစ်ထိုင်တည်းဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၁၂၅။ ‘‘ဇာတိယာ သတ္တဝဿောဟံ, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယိ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ။
၁၂၅။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိလျက် အရဟတ္တဖိုလ်သို့ ရောက်၏၊ စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် (ငါ့) ဂုဏ်ကို သိတော်မူ၍ ရဟန်းပြုပေး တော်မူ၏။
၁၂၆။ ‘‘ဒါရကောဝ အဟံ သန္တော, ကရဏီယံ သမာပယိံ၊
ကိံ မေ ကရဏီယံ အဇ္ဇ, သကျပုတ္တဿ သာသနေ။
၁၂၆။ ငါသည် သူငယ် ဖြစ်ပါလျက် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့၏၊ ယနေ့ ငါ့အား မြတ်စွာဘုရား သာသနာတော်၌ ပြုဖွယ်ကိစ္စသည် အဘယ်မှာ ရှိတော့အံ့နည်း။
၁၂၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သဒ္ဓမ္မသဝနေ ဖလံ။
၁၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှု ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သူတော်ကောင်းတရား ကို ကြားနာရခြင်း၏ အကျိုးပေတည်း။
၁၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဓမ္မသဝနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဓမ္မသဝနိယတ္ထေရဿာပဒါနံ နဝမံ။
၁၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓမ္မသဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဓမ္မသဝနိယတ္ထေရအပဒါန ပြီး၏။
၁၀။ ဥက္ခိတ္တပဒုမိယတ္ထေရအပဒါနံ
၁၂၉။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ မာလိကော တဒါ၊
ဩဂါဟေတွာ ပဒုမသရံ, သတပတ္တံ ဩစိနာမဟံ။
၁၀-ဥက္ခိတ္တပဒုမိယတ္ထေရအပဒါန ၁၂၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပန်းသည် ဖြစ်ခဲ့၏၊ ပဒုမ္မာကြာအိုင်သို့ သက် ဆင်းပြီးလျှင် ငါသည် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာကို ဆွတ်ခူး၏။
၁၃၀။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
သဟ သတသဟဿေဟိ [သတသဟဿသိဿေဟိ (က။)], သန္တစိတ္တေဟိ တာဒိဘိ။
၁၃၀-၁၃၁။ ခပ်သိမ်းသော တရားတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ယောကျာ်းမြတ် ဖြစ်တော်မူသော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငြိမ်သက်သော စိတ်ရှိကုန် သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ကိလေသာမှ စင်ကြယ်ကုန်သော အဘိညာဥ်ခြောက်ပါး ရှိကုန်သော ရဟန္တာတစ်သိန်းတို့နှင့်တကွ ငါ၏ ကြီးပွါးမှုကို ရှာမှီးတော်မူလိုသည် ဖြစ်၍ ကြွလာတော်မူ၏။
၁၃၁။ ‘‘ခီဏာသဝေဟိ သုဒ္ဓေဟိ, ဆဠဘိညေဟိ ဈာယိဘိ [သော တဒါ (သီ။), သော သဟ (က။)]၊
မမ ဝုဒ္ဓိံ သမနွေသံ, အာဂစ္ဆိ မမ သန္တိကံ [မမ သန္တိကေ (သီ။), ပုရိသုတ္တမော (သျာ။ က။)]။
၁၃၂။ ‘‘ဒိသွာနဟံ ဒေဝဒေဝံ, သယမ္ဘုံ လောကနာယကံ၊
ဝဏ္ဋေ ဆေတွာ သတပတ္တံ, ဥက္ခိပိမမ္ဗရေ တဒါ။
၁၃၂။ ထိုအခါ ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော အလိုလိုဖြစ်တော်မူသော မြတ်စွာဘုရားကို မြင်သဖြင့် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာပန်းကို အညှာ၌ ဖြတ်၍ ကောင်းကင်၌ ပစ်မြှောက်ပူဇော်ခဲ့၏။
၁၃၃။ ‘‘ယဒိ ဗုဒ္ဓေါ တုဝံ ဝီရ, လောကဇေဋ္ဌော နရာသဘော၊
သယံ ဂန္တွာ သတပတ္တာ, မတ္ထကေ ဓာရယန္တု တေ။
၁၃၃။ ရဲရင့်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်သော ဘုရားစင်စစ် အကယ်၍ ဖြစ်ခဲ့ပါမူ ပဒုမ္မာကြာတို့သည် အလိုလိုသွား ကုန်၍ အရှင်ဘုရား၏ ဦးထိပ်၌ ဆောင်းမိုးပါစေကုန်သတည်း။
၁၃၄။ ‘‘အဓိဋ္ဌဟိ မဟာဝီရော, လောကဇေဋ္ဌော နရာသဘော၊
ဗုဒ္ဓဿ အာနုဘာဝေန, မတ္ထကေ ဓာရယိံသု တေ။
၁၃၄။ လုံ့လကြီးမားတော်မူ၍ လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား သည် အဓိဋ္ဌာန် (ဆောက်တည်) တော်မူ၏၊ မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် ထို ကြာပန်းတို့သည် ဦးထိပ်၌ ဆောင်းမိုးလျက် ရှိ၏။
၁၃၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၃၅။ ငါသည် ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၌ ဖြစ်သော ကိုယ်ခန္ဓာကို စွန့်၍ တာဝတိံသာဘုံ သို့ ရောက်၏။
၁၃၆။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, သတပတ္တန္တိ ဝုစ္စတိ၊
သဋ္ဌိယောဇနမုဗ္ဗိဒ္ဓံ, တိံသယောဇနဝိတ္ထတံ။
၁၃၆။ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို “သတပတ္တ”ဟု ဆိုအပ်၏၊ ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။
၁၃၇။ ‘‘သဟဿက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
ပဉ္စသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၁၃၇။ ငါသည် သိကြားမင်း အကြိမ်တစ်ထောင် ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ၏၊ စကြဝတေးမင်းလည်း ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင် ဖြစ်၏။
၁၃၈။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
အနုဘောမိ သကံ ကမ္မံ, ပုဗ္ဗေ သုကတမတ္တနော။
၁၃၈။ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်၊ ရှေးက့ကိုယ်တိုင် ကောင်းစွာ ပြုအပ်သော မိမိကုသိုလ်ကံ၏ အကျိုးကို ခံစား ရ၏။
၁၃၉။ ‘‘တေနေဝေကပဒုမေန, အနုဘောတွာန သမ္ပဒါ၊
ဂေါတမဿ ဘဂဝတော, ဓမ္မံ သစ္ဆိကရိံ အဟံ။
၁၃၉။ ထိုပဒုမ္မာကြာ တစ်ပွင့်ကြောင့်သာလျှင် စည်းစိမ်တို့ကို ခံစားပြီးနောက် ငါသည် ဂေါတမမြတ်စွာဘုရား၏ အရဟတ္တဖိုလ်တရားကို မျက်မှောက်ပြုရ၏။
၁၄၀။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၁၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်၏၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝေါ မရှိဘဲ နေရ၏။
၁၄၁။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကပဒုမဿိဒံ ဖလံ။
၁၄၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာတစ်ပွင့်လှူရခြင်း၏ အကျိုးပေတည်း။
၁၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥက္ခိတ္တပဒုမိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥက္ခိတ္တပဒုမိယတ္ထေရဿာပဒါနံ ဒသမံ။
ဂန္ဓောဒကဝဂ္ဂေါ စတုတိံသတိမော။
တဿုဒ္ဒါနံ –
ဂန္ဓဓူပေါ ဥဒကဉ္စ, ပုန္နာဂ ဧကဒုဿကာ၊
ဖုသိတော စ ပဘင်္ကရော, ကုဋိဒေါ ဥတ္တရီယကော။
သဝနီ ဧကပဒုမီ, ဂါထာယော သဗ္ဗပိဏ္ဍိတာ၊
ဧကံ ဂါထာသတဉ္စေဝ, စတုတာလီသမေဝ စ။
၁၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥက္ခိတ္တပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဥက္ခိတ္တပဒုမိယတ္ထေရအပဒါန ပြီး၏။ သုံးဆယ့်လေးခုမြောက် ဂန္ဓောဒကဝဂ် ပြီး၏။
၃၅။ ဧကပဒုမိယဝဂ္ဂေါ
၁။ ဧကပဒုမိယတ္ထေရအပဒါနံ
၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဘဝါဘဝေ ဝိဘာဝေန္တော, တာရေသိ ဇနတံ ဗဟုံ။
၃၅-ဧကပဒုမိယဝဂ် ၁-ဧကပဒုမိယတ္ထေရအပဒါန ၁။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဘဝကြီး, ငယ်တို့ကို ထင်စွာပြလျက် များစွာသော လူအပေါင်းကို (သံသရာမှ) ကယ်တင်တော်မူ၏။
၂။ ‘‘ဟံသရာဇာ တဒါ ဟောမိ, ဒိဇာနံ ပဝရော အဟံ၊
ဇာတဿရံ သမောဂယှ, ကီဠာမိ ဟံသကီဠိတံ။
၂။ ထိုအခါ ငါသည် ငှက်အပေါင်းတို့ထက် မြတ်သော ဟင်္သာမင်း ဖြစ်၏၊ ဇာတဿရ အိုင်သို့ ကောင်းစွာ သက်ဆင်းလျက် ဟင်္သာငှက်တို့ ကစားနည်းမျိုးကို ကစားလျက် ရှိ၏။
၃။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဇာတဿရဿ ဥပရိ, အာဂစ္ဆိ တာဝဒေ ဇိနော။
၃။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုခဏ၌ ဇာတဿရအိုင်၏ အထက်သို့ ကြွလာတော်မူ၏။
၄။ ‘‘ဒိသွာနဟံ ဒေဝဒေဝံ, သယမ္ဘုံ လောကနာယကံ၊
ဝဏ္ဋေ ဆေတွာန ပဒုမံ, သတပတ္တံ မနောရမံ။
၄။ ငါသည် လောက၌ ရှေ့သွားဖြစ်၍ နတ်ထက်နတ် ဖြစ်တော်မူသော (ပဒုမုတ္တရ) မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် စိတ်နှလုံးမွေ့လျော်ဖွယ်ရှိသော ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာပန်းကို အညှာ၌ ဖြတ်၍ -
၅။ ‘‘မုခတုဏ္ဍေန ပဂ္ဂယှ, ပသန္နော လောကနာယကေ [ဝိပ္ပသန္နေန စေတသာ (သျာ။)]၊
ဥက္ခိပိတွာန ဂဂဏေ [ဥက္ခိပိတွာ နလာဋေန (က။)], ဗုဒ္ဓသေဋ္ဌံ အပူဇယိံ။
၅။ ခံတွင်းနှုတ်သီးဖြင့် ကိုက်ချီပြီးလျှင် မြတ်စွာဘုရား၌ ကြည်ညိုသည်ဖြစ်၍ ကောင်း ကင်၌ မြှောက်ချီလျက် မြတ်စွာဘုရားကို ပူဇော်ခဲ့၏။
၆။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
အန္တလိက္ခေ ဌိတော သတ္ထာ, အကာ မေ အနုမောဒနံ။
၆။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်လျက် ငါ့အား ပန်းအနုမောဒနာ ပြုတော်မူ၏။
၇။ ‘‘‘ဣမိနာ ဧကပဒုမေန, စေတနာပဏိဓီဟိ စ၊
ကပ္ပါနံ သတသဟဿံ, ဝိနိပါတံ န ဂစ္ဆသိ’။
၇။ ဤပဒုမ္မာကြာပန်းတစ်ပွင့်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှု တို့ကြောင့်လည်းကောင်း သင်သည် ကမ္ဘာတစ်သိန်းပတ်လုံး ပျက်စီးကျရာ အပါယ်သို့ မလား ရလတ္တံ့။
၈။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊
မမ ကမ္မံ ပကိတ္တေတွာ, အဂမာ ယေန ပတ္ထိတံ။
၈။ ဤစကားကို မိန့်တော်မူပြီးနောက် ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကံကို ချီးကျူး၍ အလိုရှိရာ အရပ်သို့ ကြွသွားတော်မူ၏။
၉။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား (ကြာပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကပဒုမိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကပဒုမိယတ္ထေရဿာပဒါနံ ပဌမံ။
၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဧကပဒုမိယတ္ထေရအပဒါန ပြီး၏။
၂။ တီဏုပ္ပလမာလိယတ္ထေရအပဒါနံ
၁၁။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ဝါနရော တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, နိသိန္နံ ပဗ္ဗတန္တရေ။
၂-တီဏုပ္ပလမာလိယတ္ထေရအပဒါန ၁၁။ ထိုအခါ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်း၌ မျောက်ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်း တော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံး ထိုင်နေတော်မူစဥ် ဖူးမြင်ခဲ့ရ၏။
၁၂။ ‘‘ဩဘာသေန္တံ ဒိသာ သဗ္ဗာ, သာလရာဇံဝ ဖုလ္လိတံ၊
လက္ခဏဗျဉ္ဇနူပေတံ, ဒိသွာ အတ္တမနော အဟုံ။
၁၂။ အရပ်အားလုံးတို့ကို ထွန်းလင်းတောက်ပစေနိုင်သည်ဖြစ်၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသဖွယ် လက္ခဏာတော်ကြီးငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့၏။
၁၃။ ‘‘ဥဒဂ္ဂစိတ္တော သုမနော, ပီတိယာ ဟဋ္ဌမာနသော၊
တီဏိ ဥပ္ပလပုပ္ဖါနိ, မတ္ထကေ အဘိရောပယိံ။
၁၃။ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ပီတိဖြင့် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ကြာပန်းသုံးပွင့်ကို ဦးထိပ်၌ တင်လှူပူဇော်ခဲ့၏။
၁၄။ ‘‘ပုပ္ဖါနိ အဘိရောပေတွာ, ဝိပဿိဿ မဟေသိနော၊
သဂါရဝေါ ဘဝိတွာန [ဂမိတွာန (သီ။), နမိတွာန (က။)], ပက္ကာမိံ ဥတ္တရာမုခေါ။
၁၄။ ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ကို လှူဒါန်းပူဇော်ပြီးနောက် ရိုသေခြင်းနှင့် တကွ ဖြစ်၍ မြောက်အရပ်သို့ ရှေးရှုဖဲသွား၏၊
၁၅။ ‘‘ဂစ္ဆန္တော ပဋိကုဋိကော, ဝိပ္ပသန္နေန စေတသာ၊
သေလန္တရေ ပတိတွာန [ပပတိတွာ (သျာ။ က။)], ပါပုဏိံ ဇီဝိတက္ခယံ။
၁၅။ အလွန်ကြည်လင်သော စိတ်ဖြင့် နောက်သို့ ပြန်ဆုတ်လျက် သွားသည်ရှိသော် တောင်ကြား၌ ကျ၍ အသက်ကုန်ခြင်းသို့ ရောက်ခဲ့၏။
၁၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ [ပုရိမံ ဇာတိံ (?) ဥပရိ ၃၈ ဝဂ္ဂေ တတိယာပဒါနေ ဧဝမေဝ ဒိဿတိ], တာဝတိံသမဂစ္ဆဟံ။
၁၆။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုကြောင့်လည်းကောင်း ရှေးဘ၀၁ကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။
၁၇။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ အကာရယိံ၊
သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၁၇။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။
၁၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြာပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တီဏုပ္ပလမာလိယော [တိဥပ္ပလမာလိယော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တီဏုပ္ပလမာလိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တီဏုပ္ပလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် တီဏုပ္ပလမာလိယတ္ထေရအပဒါန ပြီး၏။ ၁။ ပါဠိ၌ မာနုသံ ဒေဟံဟု ရှိသော်လည်း ဤအပဒါနနှင့် တူသော ဥမာဝဂ် တတိယအပဒါနတွင် ပုရိမံ ဇာတိံဟု ရှိသဖြင့်လည်းကောင်း၊ မျောက်ဘဝဖြစ်သဖြင့်လည်းကောင်း ပုရိမံ ဇာတိံကို ယူ၍ ရှေးဘဝဟု ပြန်သည်။
၃။ ဓဇဒါယကတ္ထေရအပဒါနံ
၂၀။ ‘‘တိဿော နာမ အဟု သတ္ထာ, လောကဇေဋ္ဌော နရာသဘော၊
တယောပဓိက္ခယေ [တဿောပဓိက္ခယေ (သီ။)] ဒိသွာ, ဓဇံ အာရောပိတံ မယာ။
၃-ဓဇဒါယကတ္ထေရအပဒါန ၂၀။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော တိဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ (ထိုမြတ်စွာဘုရား၌) ဥပဓိသုံးပါးတို့ ကုန်ခန်းခြင်းတို့ကို သိမြင်၍ ငါသည် တံခွန်ကို တင်လှူပူဇော်ခဲ့၏။
၂၁။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၁။ ကောင်းစွာ ပြုလုပ်အပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ၌ ဖြစ်သောကိုယ်ကို စွန့်၍ တာဝတိံသာ နတ်ပြည်သို့ ရောက်၏။
၂၂။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ အကာရယိံ၊
သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၂၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။
၂၃။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
အနုဘောမိ သကံ ကမ္မံ, ပုဗ္ဗေ သုကတမတ္တနော။
၂၃။ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်၊ ရှေးက မိမိကိုယ်တိုင် ကောင်းစွာ ပြုအပ်သော မိမိ ကောင်းမှုကံအကျိုးကို ခံစား ရ၏။
၂၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓဇဒါနဿိဒံ ဖလံ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်လှူရခြင်း၏ အကျိုးပေတည်း။
၂၅။ ‘‘ဣစ္ဆမာနော စဟံ အဇ္ဇ, သကာနနံ သပဗ္ဗတံ၊
ခေါမဒုဿေန ဆာဒေယျံ, တဒါ မယှံ ကတေ ဖလံ။
၂၅။ ငါသည် ယနေ့ အလိုရှိပါမူ ဟိမဝန္တာတောနှင့်တကွ စကြဝဠာတောင်နှင့်တကွသော အရပ်ကို ခေါမတိုင်းဖြစ် ပုဆိုးဖြင့် ဖုံးလွှမ်းနိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ထိုအခါ၌ ငါပြုအပ်သော ကောင်းမှုကံ၏ အကျိုးပေတည်း။
၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဓဇဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဓဇဒါယကတ္ထေရဿာပဒါနံ တတိယံ။
၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဓဇဒါယကတ္ထေရအပဒါန ပြီး၏။
၄။ တိကိင်္ကဏိပူဇကတ္ထေရအပဒါနံ
၂၇။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဘူတဂဏော နာမ ပဗ္ဗတော၊
တတ္ထဒ္ဒသံ ပံသုကူလံ, ဒုမဂ္ဂမှိ ဝိလဂ္ဂိတံ။
၄-တိကိင်္ကဏိပူဇကတ္ထေရအပဒါန ၂၇။ ဟိမဝန္တာတောင်၏ အနီး၌ ဘူတဂဏမည်သော တောင်သည် ရှိ၏၊ ထိုတောင်ဝယ် သစ်ပင်ဖျား၌ ဆွဲထားကပ်ငြိသော ပံ့သကူသင်္ကန်းကို တွေ့မြင်ရ၏။
၂၈။ ‘‘တီဏိ ကိင်္ကဏိပုပ္ဖါနိ, ဩစိနိတွာနဟံ တဒါ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပံသုကူလံ အပူဇယိံ။
၂၈။ ထိုအခါ၌ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ဆွတ်ခူးပြီးလျှင် ရွှင်လန်းသည် ဖြစ်၍ ရွှင်ပျသော စိတ်ဖြင့် ပံ့သကူသင်္ကန်းကို ပူဇော်ခဲ့၏။
၂၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တိဏ္ဏံ ပုပ္ဖါနိဒံ ဖလံ။
၂၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းသုံးပွင့်တို့ကို လှူရ ခြင်း၏ အကျိုးပေတည်း။
၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိကိင်္ကဏိပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိကိင်္ကဏိပူဇကတ္ထေရဿာပဒါနံ စတုတ္ထံ။
၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိကိင်္ကဏိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် တိကိင်္ကဏိပူဇကတ္ထေရအပဒါန ပြီး၏။
၅။ နဠာဂါရိကတ္ထေရအပဒါနံ
၃၁။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဟာရိတော နာမ ပဗ္ဗတော၊
သယမ္ဘူ နာရဒေါ နာမ, ရုက္ခမူလေ ဝသီ တဒါ။
၅-နဠာဂါရိကတ္ထေရအပဒါန ၃၁။ ဟိမဝန္တာတောင်၏ အနီး၌ ဟာရိတမည်သော တောင်သည် ရှိ၏၊ ထိုအခါ နာရဒမည်သော မြတ်စွာဘုရားသည် (ထိုတောင်ဝယ်) သစ်ပင်ရင်း၌ ထိုင်နေတော်မူ၏။
၃၂။ ‘‘နဠာဂါရံ ကရိတွာန, တိဏေန ဆာဒယိံ အဟံ၊
စင်္ကမံ သောဓယိတွာန, သယမ္ဘုဿ အဒါသဟံ။
၃၂။ ငါသည် ကျူဖြင့် ပြီးသော ကျောင်းကို ဆောက်လုပ်ပြီးလျှင် မြက်ဖြင့် မိုးခဲ့၏၊ ငါသည် စင်္ကြံကို သုတ်သင်၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၃၃။ ‘‘စတုဒ္ဒသသု ကပ္ပေသု, ဒေဝလောကေ ရမိံ အဟံ၊
စတုသတ္တတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇံ အကာရယိံ။
၃၃။ ငါသည် တစ်ဆယ့်လေးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ခုနစ်ဆယ့်လေး ကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။
၃၄။ ‘‘စတုသတ္တတိ [သတ္တသတ္တတိ (သီ။)] က္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၃၄။ ငါသည် ခုနစ်ဆယ့်လေးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြော သော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၃၅။ ‘‘ဥဗ္ဗိဒ္ဓံ ဘဝနံ မယှံ, ဣန္ဒလဋ္ဌီဝ ဥဂ္ဂတံ၊
သဟဿထမ္ဘံ အတုလံ, ဝိမာနံ သပဘဿရံ။
၃၅။ မြင့်သော ငါ၏ ဗိမာန်သည် ‘သက်တင်ရေးကဲ့သို့’ စွင့်စွင့် တက်၏၊ (ငါ၏) ဗိမာန် သည် တိုင်ပေါင်းတစ်ထောင် ရှိသည်ဖြစ်၍ အတုမရှိ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင် ရှိ၏။
၃၆။ ‘‘ဒွေ သမ္ပတ္တီ အနုဘောတွာ, သုက္ကမူလေန စောဒိတော၊
ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိံ အဟံ။
၃၆။ ငါသည် စည်းစိမ်နှစ်မျိုးကို ခံစားပြီးနောက် ဖြူစင်သော ကုသိုလ်အကြောင်း ရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်း ပြုခဲ့၏။
၃၇။ ‘‘ပဓာနပဟိတတ္တောမှိ, ဥပသန္တော နိရူပဓိ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၃၇။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်မှု၌ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ ငြိမ်းအေး လျက် ကိလေသာဥပဓိ မရှိသူ ဖြစ်၏၊ ‘ဆင်ပြောင်သည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့ သို့’ အာသဝေါ ကင်းလျက် နေရ၏။
၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နဠာဂါရိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နဠာဂါရိကတ္ထေရဿာပဒါနံ ပဉ္စမံ။
၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နဠာဂါရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် နဠာဂါရိကတ္ထေရအပဒါန ပြီး၏။
၆။ စမ္ပကပုပ္ဖိယတ္ထေရအပဒါနံ
၃၉။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဇာပလော [စာပလော (သီ။), ဆာပလော (သျာ။)] နာမ ပဗ္ဗတော၊
ဗုဒ္ဓေါ သုဒဿနော နာမ, ဝိဟာသိ ပဗ္ဗတန္တရေ။
၆-စမ္ပကပုပ္ဖိယတ္ထေရအပဒါန ၃၉။ ဟိမဝန္တာတောင်၏ အနီး၌ ဇာပလမည်သော တောင်သည် ရှိ၏၊ ထိုတောင်ကြား၌ သုဒဿနမည်သော ပစ္စေကဗုဒ္ဓါသည် သီတင်းသုံးတော်မူ၏။
၄၀။ ‘‘ပုပ္ဖံ ဟေမဝန္တံ [ဟေမဝတံ (သီ။), ဟေမဝဏ္ဏံ (သျာ။)] ဂယှ, ဂစ္ဆံ ဝေဟာယသေနဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။
၄၀။ ငါသည် ပန်းကို ယူ၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့ သွားစဥ် ကိလေသာမြူ ကင်းတော်မူသော အာသဝေါ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။
၄၁။ ‘‘သတ္တ စမ္ပကပုပ္ဖါနိ, သီသေ ကတွာနဟံ တဒါ၊
ဗုဒ္ဓဿ အဘိရောပေသိံ, သယမ္ဘုဿ မဟေသိနော။
၄၁။ ထိုအခါ ငါသည် စံကားပန်း ခုနစ်ပွင့်တို့ကို ဦးခေါင်း၌ ထား၍ အလိုလိို ဖြစ်တော် မူ၍ မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူသော ပစ္စေကဗုဒ္ဓါအား တင်လှူ ပူဇော်ခဲ့၏။
၄၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။
၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စမ္ပကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
စမ္ပကပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် စမ္ပကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၇။ ပဒုမပူဇကတ္ထေရအပဒါနံ
၄၄။ ‘‘ဟိမဝန္တဿာဝိဒူရေ, ရောမသော နာမ ပဗ္ဗတော၊
ဗုဒ္ဓေါပိ သမ္ဘဝေါ နာမ, အဗ္ဘောကာသေ ဝသီ တဒါ။
၇-ပဒုမပူဇကတ္ထေရအပဒါန ၄၄။ ဟိမဝန္တာတောင်၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုအခါ၌ သမ္ဘဝမည်သော ပစ္စေကဗုဒ္ဓါသည်လည်း လွင်တီးခေါင် (ဟင်းလင်းအပြင်) ၌ သီတင်းသုံးတော် မူ၏။
၄၅။ ‘‘ဘဝနာ နိက္ခမိတွာန, ပဒုမံ ဓာရယိံ အဟံ၊
ဧကာဟံ ဓာရယိတွာန, ပုန ဘဝနုပါဂမိံ။
၄၅။ ငါသည် ဗိမာန်မှ ထွက်၍ ပဒုမ္မာကြာကို (ပစ္စေကဗုဒ္ဓါအား) ဆောင်းမိုး၏၊ တစ်ရက် ပတ်လုံး ဆောင်းမိုး၍ တစ်ဖန် ဗိမာန်သို့ ချဥ်းကပ်၏။
၄၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။
၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဒုမပူဇကတ္ထေရဿာပဒါနံ သတ္တမံ။
တေရသမံ ဘာဏဝါရံ။
၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ပဒုမပူဇကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်သုံးခုမြောက် ဘာဏဝါရ ပြီး၏။
၈။ တိဏမုဋ္ဌိဒါယကတ္ထေရအပဒါနံ
၄၈။ ‘‘ဟိမဝန္တဿာဝိဒူရေ, လမ္ဗကော နာမ ပဗ္ဗတော၊
ဥပတိဿော နာမ သမ္ဗုဒ္ဓေါ, အဗ္ဘောကာသမှိ စင်္ကမိ။
၈-တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန ၄၈။ ဟိမဝန္တာတောင်၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ ဥပတိဿမည်သော ပစ္စေကဗုဒ္ဓါသည် (ထိုတောင်ဝယ်) လွင်တီးခေါင် (လွင်ပြင်) ၌ စင်္ကြံကြွတော်မူ၏။
၄၉။ ‘‘မိဂလုဒ္ဒေါ တဒါ အာသိံ, အရညေ ကာနနေ အဟံ၊
ဒိသွာန တံ ဒေဝဒေဝံ, သယမ္ဘုံ အပရာဇိတံ။
၄၉။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ နတ် ထက်နတ်ဖြစ်၍ ရန်သူတို့သည် မအောင်အပ်သော ထိုပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ -
၅၀။ ‘‘ဝိပ္ပသန္နေန စိတ္တေန, တဒါ တဿ မဟေသိနော၊
နိသီဒနတ္ထံ ဗုဒ္ဓဿ, တိဏမုဋ္ဌိမဒါသဟံ။
၅၀။ ငါသည် အထူးကြည်လင်သော စိတ်ဖြင့် မြတ်သော သီလစသော ကျေးဇူးကို ရှာမှီး တော်မူလေ့ရှိသော ထိုပစ္စေကဗုဒ္ဓါဘုရားအား ထိုင်နေတော်မူရန် အလို့ငှါ မြက်ဆုပ်ကို ပေးလှူ ခဲ့၏။
၅၁။ ‘‘ဒတွာန ဒေဝဒေဝဿ, ဘိယျော စိတ္တံ ပသာဒယိံ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ပက္ကာမိံ ဥတ္တရာမုခေါ။
၅၁။ နတ်ထက်နတ် ဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါဘုရားအား ပေးလှူရခြင်းကြောင့် စိတ် ကို လွန်စွာ ကြည်လင်စေခဲ့၏၊ ပစ္စေကဗုဒ္ဓါဘုရားကို ရိုသေစွာ ရှိခိုး၍ မြောက်အရပ်သို့ ရှေးရှု ဖဲသွားခဲ့၏။
၅၂။ ‘‘အစိရံ ဂတမတ္တံ မံ, မိဂရာဇာ အပေါထယိ [အဟေဌယိ (သီ။ သျာ။)]၊
သီဟေန ပေါထိတော [ပါတိတော (သီ။ သျာ။)] သန္တော, တတ္ထ ကာလင်္ကတော အဟံ။
၅၂။ ဖဲသွား၍ မကြာမီပင် ခြင်္သေ့သည် ငါ့ကို ပုတ်ခတ်လေ၏၊ ငါသည် ခြင်္သေ့ ပုတ်ခတ်အပ်သည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်လွန်၏။
၅၃။ ‘‘အာသန္နေ မေ ကတံ ကမ္မံ, ဗုဒ္ဓသေဋ္ဌေ အနာသဝေ၊
သုမုတ္တော သရဝေဂေါဝ, ဒေဝလောကံ အဂဉ္ဆဟံ။
၅၃။ အာသဝေါ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါဘုရားမြတ်၌ သေခါနီးအခါတွင် ငါ ပြုအပ် သော ကံသည် ‘လေးမှ ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါသည် နတ်ပြည်သို့ ရောက်ရ၏။
၅၄။ ‘‘ယူပေါ တတ္ထ သုဘော အာသိ, ပုညကမ္မာဘိနိမ္မိတော၊
သဟဿကဏ္ဍော သတဘေဏ္ဍု, ဓဇာလု ဟရိတာမယော။
၅၄။ နတ်ပြည်၌ ကုသိုလ်ကောင်းမှုက ဖန်ဆင်းထားသော ပြာသာဒ်သည် တင့်တယ်လှပေ၏၊ မြားကျတစ်ထောင် ရှိ၏၊ ဘုံဆင့်တစ်ရာ ရှိ၏၊ များပြားသော တံခွန်ရှိ၏၊ ရွှေဖြင့် ပြီး၏။
၅၅။ ‘‘ပဘာ နိဒ္ဓါဝတေ တဿ, သတရံသီဝ ဥဂ္ဂတော၊
အာကိဏ္ဏော ဒေဝကညာဟိ, အာမောဒိံ ကာမကာမဟံ။
၅၅။ ‘တက်သစ်သော နေမင်းကဲ့သို့’ ထိုပြာသာဒ်၏ အရောင်သည် ပြေးထွက်လျက် ရှိ၏၊ ငါသည် နတ်သမီးတို့နှင့် ရောပြွမ်းလျက် အလိုရှိအပ်သော ကာမတို့ကို အလိုရှိတိုင်း ရရှိသည် ဖြစ်၍ မွေ့လျော်ရပေ၏။
၅၆။ ‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
အာဂန္တွာန မနုဿတ္တံ, ပတ္တောမှိ အာသဝက္ခယံ။
၅၆။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ လူ့ဘဝသို့ လာပြီးလျှင် အာသဝတရား ကုန်ခန်းခြင်းသို့ ရောက်ရပေ၏။
၅၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, နိသီဒနမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တိဏမုဋ္ဌိယိဒံ ဖလံ။
၅၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် ထိုင်စရာ မြက်အခင်းကို လှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်ဆုပ် လှူရခြင်း၏ အကျိုးပေတည်း။
၅၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဏမုဋ္ဌိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဏမုဋ္ဌိဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၅၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန ပြီး၏။
၉။ တိန္ဒုကဖလဒါယကတ္ထေရအပဒါနံ
၅၉။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။
၉-တိန္ဒုကဖလဒါယကတ္ထေရအပဒါန ၅၉။ ငါသည် ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက် ကိလေသာမြူ ကင်းတော်မူ သော ဩဃမှ့လွန်မြောက်သည်ဖြစ်၍ အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ ထိုင်နေတော်မူစဥ် ဖူးမြင်ရ၏။
၆၀။ ‘‘တိန္ဒုကံ သဖလံ ဒိသွာ, ဘိန္ဒိတွာန သကောသကံ [သကောဋကံ (သီ။), သကောဋိကံ (သျာ။)]၊
ပသန္နစိတ္တော သုမနော, သယမ္ဘုဿ မဒါသဟံ [ဝေဿဘုဿ အဒါသဟံ (သီ။)]။
၆၀။ ငါသည် အသီးရှိသော တည်ပင်ကို မြင်သဖြင့် အခိုင်နှင့် တကွ ချိုးပြီးလျှင် ကြည် လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၆၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၆၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တည်သီးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တည်သီးလှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၆၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိန္ဒုကဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိန္ဒုကဖလဒါယကတ္ထေရဿာပဒါနံ နဝမံ။
၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိန္ဒုကဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် တိန္ဒုကဖလဒါယကတ္ထေရအပဒါန ပြီး၏။
၁၀။ ဧကဉ္ဇလိယတ္ထေရအပဒါနံ
၆၃။ ‘‘ရောမသော [ရေဝတော (သီ။)] နာမ သမ္ဗုဒ္ဓေါ, နဒီကူလေ ဝသီ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ပီတရံသိံဝ ဘာဏုမံ။
၁၀-ဧကဥ္ဇလိယတ္ထေရအပဒါန ၆၃။ ရောမသအမည်ရှိတော်မူသော ပစ္စေကဗုဒ္ဓါသည် မြစ်ကမ်း၌ နေတော်မူ၏၊ ထိုအခါ ငါသည် ကိလေသာမြူ ကင်းတော်မူသော ‘နေမင်းကဲ့သို့’ ဝါဝင်းသော ရောင်ခြည်ရှိတော်မူ သော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။
၆၄။ ‘‘ဥက္ကာမုခပဟဋ္ဌံဝ, ခဒိရင်္ဂါရသန္နိဘံ၊
ဩသဓိံဝ ဝိရောစန္တံ, ဧကဉ္ဇလိမကာသဟံ။
၆၄။ ‘ဖိုဝ၌ လှော်ပြီး, ဦးပြီးသော ရွှေကဲ့သို့’ ဖြစ်၍ ရှားမီးနှင့် တူတော်မူသော ‘သောက် ရှူးကြယ်ကဲ့သို့’ တင့်တယ်တောက်ပတော်မူသော ပစ္စေကဗုဒ္ဓါကို ငါသည် လက်အုပ်တစ်ကြိမ် ချီခြင်းကို ပြုခဲ့၏။
၆၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ အဉ္ဇလိမကာသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အဉ္ဇလိယာ ဣဒံ ဖလံ။
၆၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် လက်အုပ်ချီမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လက်အုပ်ချီ ခြင်း၏ အကျိုးပေတည်း။
၆၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဉ္ဇလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကဉ္ဇလိယတ္ထေရဿာပဒါနံ ဒသမံ။
ဧကပဒုမိယဝဂ္ဂေါ ပဉ္စတိံသတိမော။
တဿုဒ္ဒါနံ –
ပဒုမီ ဥပ္ပလမာလီ, ဓဇော ကိင်္ကဏိကံ နဠံ [ကိင်္ကဏိကော နဠော (သီ။)]၊
စမ္ပကော ပဒုမော မုဋ္ဌိ, တိန္ဒုကေကဉ္ဇလီ တထာ၊
ဆ စ သဋ္ဌိ စ ဂါထာယော, ဂဏိတာယော ဝိဘာဝိဘိ။
၆၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဉ္ဇလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဧကဉ္ဇလိယတ္ထေရအပဒါန ပြီး၏။ သုံးဆယ့်ငါးခုမြောက် ဧကပဒုမိယဝဂ် ပြီး၏။
၃၆။ သဒ္ဒသညကဝဂ္ဂေါ
၁။ သဒ္ဒသညကတ္ထေရအပဒါနံ
၁။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊
တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ဒေဝသံဃပုရက္ခတံ။
၃၆-သဒ္ဒသညကဝဂ် ၁-သဒ္ဒသညကတ္ထေရအပဒါန ၁။ ရှေးအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုတော၌ နတ်အပေါင်း ခြံရံအပ်သော -
၂။ ‘‘စတုသစ္စံ ပကာသေန္တံ, ဥဒ္ဓရန္တံ မဟာဇနံ၊
အဿောသိံ မဓုရံ ဝါစံ, ကရဝီကရုဒေါပမံ [ရုတောပမံ (?)]။
၂။ သစ္စာလေးပါးကို ဖော်ပြတော်မူလျက် လူအပေါင်းကို (သံသရာမှ) ကယ်တင်တော်မူ သော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ကရဝိက်ငှက်၏ အသံနှင့်တူသော သာယာချိုမြိန်သော တရားစကားကိုလည်း ကြားနာရ၏။
၃။ ‘‘ဗြဟ္မသရဿ မုနိနော, သိခိနော လောကဗန္ဓုနော၊
ဃောသေ စိတ္တံ ပသာဒေတွာ, ပတ္တောမှိ အာသဝက္ခယံ။
၃။ ဗြဟ္မာမင်း၏ အသံနှင့် တူသော အသံရှိတော်မူသော လောက၏ အဆွေဖြစ်တော် မူသော သိခီ မြတ်စွာဘုရား၏ အသံတော်၌ စိတ်ကို ကြည်လင်စေ၍ ယခုဘဝ၌ ငါသည် အာသဝေါတရား ကုန်ခြင်းသို့့ရောက်ပေ၏။
၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပသာဒဿ ဣဒံ ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တရားနာမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရားကို) ကြည်ညိုရ ခြင်း၏ အကျိုးပေတည်း။
၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဒ္ဒသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဒ္ဒသညကတ္ထေရဿာပဒါနံ ပဌမံ။
၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သဒ္ဒသညကတ္ထေရအပဒါန ပြီး၏။
၂။ ယဝကလာပိယတ္ထေရအပဒါနံ
၆။ ‘‘နဂရေ အရုဏဝတိယာ, အာသိံ ယဝသိကော တဒါ၊
ပန္ထေ ဒိသွာန သမ္ဗုဒ္ဓံ, ယဝကလာပံ သန္ထရိံ [ယဝကလာပမဝတ္ထရိံ (သီ။)]။
၂-ယဝကလာပိယတ္ထေရအပဒါန ၆။ ထိုအခါ၌ (ငါသည် ) အရုဏဝတီမြို့၌ မုယောခင်းစောင့် ဖြစ်ခဲ့၏၊ လမ်းခရီး၌ မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မုယောစည်းကို ခင်းထား၏။
၇။ ‘‘အနုကမ္ပကော ကာရုဏိကော, သိခီ လောကဂ္ဂနာယကော၊
မမ သင်္ကပ္ပမညာယ, နိသီဒိ ယဝသန္ထရေ။
၇။ သနားခြင်း ‘ကရုဏာ’ ရှိသည် ဖြစ်၍ အစဥ်စောင့်ရှောက်တော်မူသော လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ မုယောအခင်း၌ ထိုင်နေတော်မူ၏။
၈။ ‘‘ဒိသွာ နိသိန္နံ ဝိမလံ, မဟာဈာယိံ ဝိနာယကံ၊
ပါမောဇ္ဇံ ဇနယိတွာန, တတ္ထ ကာလင်္ကတော အဟံ။
၈။ အညစ်အကြေး ကင်းစင်တော်မူသော မြတ်သောဈာန်ကို ဝင်စားလေ့ရှိတော်မူသော မြတ်စွာဘုရားကို (မုယောစည်းအခင်း၌) ထိုင်နေတော်မူသည်ကို ဖူးမြင်ရ၍ နှစ်သက်ဝမ်း မြောက်ခြင်း ဖြစ်စေပြီးနောက် ငါသည် ထိုအရပ်၌ပင် ကွယ်လွန်ခဲ့၏။
၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ယဝတ္ထရေ ဣဒံ ဖလံ။
၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မုယောစည်းကို ခင်း၍ လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုယော စည်းခင်း လှူရခြင်း၏ အကျိုးပေတည်း။
၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ယဝကလာပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယဝကလာပိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ယဝကလာပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ယဝကလာပိယတ္ထေရအပဒါန ပြီး၏။
၃။ ကိံသုကပူဇကတ္ထေရအပဒါနံ
၁၁။ ‘‘ကိံသုကံ ပုပ္ဖိတံ ဒိသွာ, ပဂ္ဂဟေတွာန အဉ္ဇလိံ၊
ဗုဒ္ဓံ သရိတွာ သိဒ္ဓတ္ထံ, အာကာသေ အဘိပူဇယိံ။
၃-ကိံသုကပူဇကတ္ထေရအပဒါန ၁၁။ ပွင့်နေသော ပေါက်ပန်းပင်ကို မြင်သဖြင့် သိဒ္ဓတ္ထမြတ်စွာဘုရားကို အောက်မေ့လျက် လက်အုပ်ချီပြီးလျှင် ကောင်းကင်၌ ပူဇော်ခဲ့၏။
၁၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပေါက်ပွင့်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကိံသုကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကိံသုကပူဇကတ္ထေရဿာပဒါနံ တတိယံ။
၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိံသုကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကိံသုကပူဇကတ္ထေရအပဒါန ပြီး၏။
၄။ သကောသကကောရဏ္ဍဒါယကတ္ထေရအပဒါနံ
၁၄။ ‘‘အက္ကန္တဉ္စ ပဒံ ဒိသွာ, သိခိနော လောကဗန္ဓုနော၊
ဧကံသံ အဇိနံ ကတွာ, ပဒသေဋ္ဌံ အဝန္ဒဟံ။
၄-သကောသကကောရဏ္ဍဒါယကတ္ထေရအပဒါန ၁၄။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ နင်းကြွတော်မူ သော ခြေတော်ရာကို တွေ့မြင်သဖြင့် သစ်နက်ရေကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်ပြီးလျှင် ခြေတော်ရာမြတ်ကို ရှိခိုးခဲ့၏။
၁၅။ ‘‘ကောရဏ္ဍံ ပုပ္ဖိတံ ဒိသွာ, ပါဒပံ ဓရဏီရုဟံ၊
သကောသကံ [သကောဋကံ (သီ။ သျာ။)] ဂဟေတွာန, ပဒစက္ကံ အပူဇယိံ။
၁၅။ မြေ၌ ပေါက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်သဖြင့် အခိုင်နှင့်တကွ ယူ၍ ခြေတော်ရာကို ပူဇော်ခဲ့၏။
၁၆။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဒပူဇာယိဒံ ဖလံ။
၁၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော်ရာကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သကောသက [သကောဋက (သီ။ သျာ။)] ကောရဏ္ဍဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သကောသကကောရဏ္ဍဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သကောသကကောရဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် သကောသကကောရဏ္ဍဒါယကတ္ထေရအပဒါန ပြီး၏။
၅။ ဒဏ္ဍဒါယကတ္ထေရအပဒါနံ
၁၈။ ‘‘ကာနနံ ဝနမောဂယှ, ဝေဠုံ ဆေတွာနဟံ တဒါ၊
အာလမ္ဗနံ ကရိတွာန, သံဃဿ အဒဒံ အဟံ။
၅-ဒဏ္ဍဒါယကတ္ထေရအပဒါန ၁၈။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာ ဖြစ်သော တောသို့ ဝင်၍ ဝါးကို ဖြတ်ပြီး လျှင် တောင်ဝှေးပြုလုပ်လျက် သံဃာအား လှူဒါန်းခဲ့၏။
၁၉။ ‘‘တေန စိတ္တပ္ပသာဒေန, သုဗ္ဗတေ အဘိဝါဒိယ၊
အာလမ္ဗနမ္ပိ ဒတွာန, ပက္ကာမိံ ဥတ္တရာမုခေါ။
၁၉။ ထိုစိတ်၏ ကြည်လင်ခြင်းဖြင့် ကောင်းသော အကျင့်ရှိသော သံဃာတော်၌ ရှိခိုး၍ တောင်ဝှေးကိုလည်း လှူဒါန်းပြီးလျှင် မြောက်အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။
၂၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒဏ္ဍမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒဏ္ဍဒါနဿိဒံ ဖလံ။
၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ တောင်ဝှေးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တောင်ဝှေးလှူရ ခြင်း၏ အကျိုးပေတည်း။
၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဒဏ္ဍဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဒဏ္ဍဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဒဏ္ဍဒါယကတ္ထေရအပဒါန ပြီး၏။
၆။ အမ္ဗယာဂုဒါယကတ္ထေရအပဒါနံ
၂၂။ ‘‘သတရံသီ နာမ သမ္ဗုဒ္ဓေါ, သယမ္ဘူ အပရာဇိတော၊
ဝုဋ္ဌဟိတွာ သမာဓိမှာ, ဘိက္ခာယ မမုပါဂမိ။
၆-အမ္ဗယာဂုဒါယကတ္ထေရအပဒါန ၂၂။ အလိုလိုဖြစ်တော်မူ၍ ရန်သူတို့သည် မအောင်အပ်သော သတရံသီမည်တော်မူသော ပစ္စေကဗုဒ္ဓါသည် သမာပတ်မှ ထ၍ ဆွမ်းအလို့ငှါ ငါ၏ (အိမ်သို့) ကြွတော်မူ၏။
၂၃။ ‘‘ပစ္စေကဗုဒ္ဓံ ဒိသွာန, အမ္ဗယာဂုံ အဒါသဟံ၊
ဝိပ္ပသန္နမနံ တဿ, ဝိပ္ပသန္နေန စေတသာ။
၂၃။ ငါသည် အထူးသဖြင့် ကြည်လင်သော စိတ်ရှိတော်မူသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ ထိုပစ္စေကဗုဒ္ဓါအား အထူးကြည်လင်သော စိတ်ဖြင့် သရက်သီးယာဂုကို လှူဒါန်းခဲ့၏။
၂၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အမ္ဗယာဂုယိဒံ ဖလံ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ယာဂုလှူဒါန်းမှု ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီးယာဂုကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗယာဂုဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အမ္ဗယာဂုဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗယာဂုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် အမ္ဗယာဂုဒါယကတ္ထေရအပဒါန ပြီး၏။
၇။ သုပုဋကပူဇကတ္ထေရအပဒါနံ
၂၆။ ‘‘ဒိဝါဝိဟာရာ နိက္ခန္တော, ဝိပဿီ လောကနာယကော၊
ဘိက္ခာယ ဝိစရန္တော သော, မမ သန္တိကုပါဂမိ။
၇-သုပုဋကပူဇကတ္ထေရအပဒါန ၂၆။ လောက၏ ရှေ့သွားဖြစ်တော်မူသော ထိုဝိပဿီမြတ်စွာဘုရားသည် နေ့သန့်ရာမှ ထွက်တော်မူလျက် ဆွမ်းခံလှည့်လည်တော်မူသည်ရှိသော် ငါ၏ အထံသို့ ကြွတော်မူလာ၏။
၂၇။ ‘‘တတော ပတီတော သုမနော, ဗုဒ္ဓသေဋ္ဌဿ တာဒိနော၊
လောဏသုပုဋကံ ဒတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ။
၂၇။ ထိုအခါ ငါသည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားအား ဆားထုပ်ကို ပေးလှူခဲ့သဖြင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။
၂၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုဋကမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုဋကဿ ဣဒံ ဖလံ။
၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ဆားထုပ်ကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆားထုပ် လှူရခြင်း၏ အကျိုးပေတည်း။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုပုဋကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုပုဋကပူဇကတ္ထေရဿာပဒါနံ သတ္တမံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုပုဋကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် သုပုဋကပူဇကတ္ထေရအပဒါန ပြီး၏။
၈။ မဉ္စဒါယကတ္ထေရအပဒါနံ
၃၀။ ‘‘ဝိပဿိနော ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ဧကံ မဉ္စံ မယာ ဒိန္နံ, ပသန္နေန သပါဏိနာ။
၈-မဥ္စဒါယကတ္ထေရအပဒါန ၃၀။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ညောင်စောင်းတစ်ခုကို လှူဒါန်းခဲ့၏။
၃၁။ ‘‘ဟတ္ထိယာနံ အဿယာနံ, ဒိဗ္ဗယာနံ သမဇ္ဈဂံ၊
တေန မဉ္စကဒါနေန, ပတ္တောမှိ အာသဝက္ခယံ။
၃၁။ ငါသည် ထိုညောင်စောင်းအလှူကြောင့် ဆင်ယာဥ်ကိုလည်းကောင်း၊ မြင်းယာဥ်ကိုလည်းကောင်း၊ နတ်၌ ဖြစ်သော ယာဥ်ကိုလည်းကောင်း ရခဲ့၏။ အာသဝေါ ကုန်ခြင်းသို့လည်း ရောက်ပေ၏။
၃၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ မဉ္စမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဉ္စဒါနဿိဒံ ဖလံ။
၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ညောင်စောင်းကို လှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင်စောင်းလှူရ ခြင်း၏ အကျိုးပေတည်း။
၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဉ္စဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဉ္စဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် မဉ္စဒါယကတ္ထေရအပဒါန ပြီး၏။
၉။ သရဏဂမနိယတ္ထေရအပဒါနံ
၃၄။ ‘‘အာရုဟိမှ တဒါ နာဝံ, ဘိက္ခု စာဇီဝကော စဟံ၊
နာဝါယ ဘိဇ္ဇမာနာယ, ဘိက္ခု မေ သရဏံ အဒါ။
၉-သရဏဂမနိယတ္ထေရအပဒါန ၃၄။ ထိုအခါ၌ ရဟန်းတော်သည်လည်းကောင်း၊ တက္ကတွန်း (အာဇီဝက) သည်လည်းကောင်း၊ ငါသည် လည်းကောင်း လှေကို စီးကုန်၏။ လှေပျက်သည်ရှိသော် ရဟန်းသည် ငါ့အား သရဏဂုံကို ပေး၏။
၃၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယဉ္စ မေ သရဏံ အဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သရဏာဂမနေ ဖလံ။
၃၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ (ရဟန်းသည်) ငါ့အား သရဏဂုံကို ပေးခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရဏဂုံ ဆောက်တည်ရခြင်း၏ အကျိုးပေတည်း။
၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သရဏဂမနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သရဏဂမနိယတ္ထေရဿာပဒါနံ နဝမံ။
၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သရဏဂမနိယတ္ထေရအပဒါန ပြီး၏။
၁၀။ ပိဏ္ဍပါတိကတ္ထေရအပဒါနံ
၃၇။ ‘‘တိဿော နာမာသိ သမ္ဗုဒ္ဓေါ, ဝိဟာသိ ဝိပိနေ တဒါ၊
တုသိတာ ဟိ ဣဓာဂန္တွာ, ပိဏ္ဍပါတံ အဒါသဟံ။
၁၀-ပိဏ္ဍပါတိကတ္ထေရအပဒါန ၃၇။ တိဿအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ တော၌ သီတင်းသုံး တော်မူ၏၊ ထိုအခါ ငါသည် တုသိတာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ဆွမ်းကို လှူဒါန်းခဲ့၏။
၃၈။ ‘‘သမ္ဗုဒ္ဓမဘိဝါဒေတွာ, တိဿံ နာမ မဟာယသံ၊
သကံ စိတ္တံ ပသာဒေတွာ, တုသိတံ အဂမာသဟံ။
၃၈။ များသော အခြံအရံရှိတော်မူသော တိဿမည်သော မြတ်စွာဘုရားကို ရှိခိုးခဲ့၍ မိမိ စိတ်ကို ကြည်လင်စေပြီးလျှင် ငါသည် တုသိတာနတ်ပြည်သို့ သွားခဲ့၏။
၃၉။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။
၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဆွမ်းအလှူကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပိဏ္ဍပါတိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပိဏ္ဍပါတိကတ္ထေရဿာပဒါနံ ဒသမံ။
သဒ္ဒသညကဝဂ္ဂေါ ဆတ္တိံသတိမော။
တဿုဒ္ဒါနံ –
သဒ္ဒသညီ ယဝသိကော, ကိံသုကောရဏ္ဍပုပ္ဖိယော၊
အာလမ္ဗနော အမ္ဗယာဂု, သုပုဋီ မဉ္စဒါယကော၊
သရဏံ ပိဏ္ဍပါတော စ, ဂါထာ တာလီသမေဝ စ။
၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိဏ္ဍပါတိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပိဏ္ဍပါတိကတ္ထေရအပဒါန ပြီး၏။ သုံးဆယ့်ခြောက်ခုမြောက် သဒ္ဒသညကဝဂ် ပြီး၏။
၃၇။ မန္ဒာရဝပုပ္ဖိယဝဂ္ဂေါ
၁။ မန္ဒာရဝပုပ္ဖိယတ္ထေရအပဒါနံ
၁။ ‘‘တာဝတိံသာ ဣဓာဂန္တွာ, မင်္ဂလော နာမ မာဏဝေါ၊
မန္ဒာရဝံ ဂဟေတွာန, ဝိပဿိဿ မဟေသိနော။
၃၇-မန္ဒာရဝပုပ္ဖိယဝဂ် ၁-မန္ဒာရဝပုပ္ဖိယတ္ထေရအပဒါန ၁-၂။ ငါသည် မင်္ဂလမည်သော လုလင်ဖြစ်စဥ် တာဝတိံသာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ မန္ဒာရဝနတ်ပန်း (ထင်ရှားပန်း) ကို ယူပြီးလျှင် သမာပတ်ဖြင့် နေတော်မူသော ဝိပဿီ မြတ်စွာဘုရား၏ ဦးထိပ်၌ ဆောင်းမိုးခဲ့၏၊ ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပြီး၍ နတ်ပြည်သို့ တစ်ဖန် ပြန်လာခဲ့၏။
၂။ ‘‘သမာဓိနာ နိသိန္နဿ, မတ္ထကေ ဓာရယိံ အဟံ၊
သတ္တာဟံ ဓာရယိတွာန, ဒေဝလောကံ ပုနာဂမိံ။
၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။
၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မန္ဒာရဝပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မန္ဒာရဝပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။
၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မန္ဒာရဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော မန္ဒာရဝပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၂။ ကက္ကာရုပုပ္ဖိယတ္ထေရအပဒါနံ
၅။ ‘‘ယာမာ ဒေဝါ ဣဓာဂန္တွာ, ဂေါတမံ သိရိဝစ္ဆသံ၊
ကက္ကာရုမာလံ [ဂေါက္ခနုမာလံ (သီ။)] ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။
၂-ကက္ကာရုပုပ္ဖိယတ္ထေရအပဒါန ၅။ ငါသည် ယာမာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ အသရေ တည်နေရာဖြစ်သော ဂေါတမမည်သော ကက္ကာရုနတ်ပန်းကို ယူပြီးလျှင် မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့၏။
၆။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကက္ကာရုပုပ္ဖိယော [ဂေါက္ခနုပုပ္ဖိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကက္ကာရုပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။
၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကက္ကာရုပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ကက္ကာရုပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၃။ ဘိသမုဠာလဒါယကတ္ထေရအပဒါနံ
၈။ ‘‘ဖုဿော နာမာသိ သမ္ဗုဒ္ဓေါ, သဗ္ဗဓမ္မာန ပါရဂူ၊
ဝိဝေကကာမော သဗ္ဗညူ [သပ္ပညော (သီ။ သျာ။)], အာဂဉ္ဆိ မမ သန္တိကေ။
၃-ဘိသမုဠာလဒါယကတ္ထေရအပဒါန ၈။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။
၉။ ‘‘တသ္မိံ စိတ္တံ ပသာဒေတွာ, မဟာကာရုဏိကေ ဇိနေ၊
ဘိသမုဠာလံ ပဂ္ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၉။ ငါသည် ကြီးမားသော သနာခြင်း ‘မဟာကရုဏာ’ ရှိတော်မူသော ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေပြီးလျှင် ကြာစွယ်ကြာရင်းကို ယူ၍ ဘုရားမြတ်အား လှူဒါန်း၏။
၁၀။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဘိသမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိသဒါနဿိဒံ ဖလံ။
၁၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကြာစွယ်ကြာရင်းကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ် ကြာရင်းကို လှူရခြင်း၏ အကျိုးပေတည်း။
၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဘိသမုဠာလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဘိသမုဠာလဒါယကတ္ထေရဿာပဒါနံ တတိယံ။
၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘိသမုဠာလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဘိသမုဠာလဒါယကတ္ထေရအပဒါန ပြီး၏။
၄။ ကေသရပုပ္ဖိယတ္ထေရအပဒါနံ
၁၂။ ‘‘ဝိဇ္ဇာဓရော တဒါ အာသိံ, ဟိမဝန္တမှိ ပဗ္ဗတေ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, စင်္ကမန္တံ မဟာယသံ။
၄-ကေသရပုပ္ဖိယတ္ထေရအပဒါန ၁၂။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ ဝိဇ္ဇာဓိုရ် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော်မူ၍ များမြတ်သည့် အခြံအရံရှိတော်မူသော မြတ်စွာဘုရားကို စင်္ကြံကြွတော်မူစဥ် ဖူးမြင်ရ၏။
၁၃။ ‘‘တီဏိ ကေသရပုပ္ဖါနိ [ကေသရိပုပ္ဖါနိ (သီ။)], သီသေ ကတွာနဟံ တဒါ၊
ဥပသင်္ကမ္မ သမ္ဗုဒ္ဓံ, ဝေဿဘုံ အဘိပူဇယိံ။
၁၃။ ထိုအခါ ငါသည် ဆပ်သွားပန်း သုံးပွင့်တို့ကို ဦးခေါင်း၌ တင်ပြီးလျှင် ဝေဿဘူ မြတ်စွာဘုရားကို ချဥ်းကပ်၍ ပူဇော်ခဲ့၏။
၁၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကေသရပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကေသရပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကေသရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကေသရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၅။ အင်္ကောလပုပ္ဖိယတ္ထေရအပဒါနံ
၁၆။ ‘‘ပဒုမော နာမ သမ္ဗုဒ္ဓေါ, စိတ္တကူဋေ ဝသီ တဒါ၊
ဒိသွာန တံ အဟံ ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ [ဥပဂစ္ဆိဟံ (သီ။ သျာ။)]။
၅-အင်္ကောလပုပ္ဖိယတ္ထေရအပဒါန ၁၆။ ထိုအခါ၌ ပဒုမမည်သော မြတ်စွာဘုရားသည် စိတ္တကုဋ်တောင်၌ နေတော်မူ၏၊ ငါသည် အလိုလို ဖြစ်တော်မူ၍ ရန်သူတို့သည် မအောင်အပ်သော ထိုမြတ်စွာဘုရားကို ဖူးမြင် ရသည်ရှိသော်-
၁၇။ ‘‘အင်္ကောလံ ပုပ္ဖိတံ ဒိသွာ, ဩစိနိတွာနဟံ တဒါ၊
ဥပဂန္တွာန သမ္ဗုဒ္ဓံ, ပူဇယိံ ပဒုမံ ဇိနံ။
၁၇။ ပွင့်နေသော အင်္ကောလ (မှန်ကူ) ပင်ကို မြင်သဖြင့် ထိုအခါ ငါသည် (ပန်းကို) ဆွတ်ခူးပြီးလျှင် သစ္စာလေးပါးတရားကို သိမြင်တော်မူသော ပဒုမမြတ်စွာဘုရားထံ ချဥ်းကပ်၍ လှူဒါန်းပူဇော်ခဲ့၏။
၁၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။
၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အင်္ကောလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အင်္ကောလပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အင်္ကောလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် အင်္ကောလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၆။ ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါနံ
၂၀။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဂစ္ဆန္တံ အန္တရာပဏေ၊
ကဉ္စနဂ္ဃိယသင်္ကာသံ, ဗာတ္တိံသဝရလက္ခဏံ။
၆-ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ၂၀။ ရွှေတုရိုဏ်တိုင်နှင့် တူတော်မူသည်ဖြစ်၍ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာရှိတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိသော လူတို့၏ ရှေ့သွား မြတ်စွာဘုရားကို အိမ်ဈေး၌ ကြွသွားတော်မူစဥ် -
၂၁။ ‘‘နိသဇ္ဇ ပါသာဒဝရေ, အဒ္ဒသံ လောကနာယကံ၊
ကဒမ္ဗပုပ္ဖံ ပဂ္ဂယှ, ဝိပဿိံ အဘိပူဇယိံ။
၂၁။ မြတ်သော ပြာသာဒ်၌ ထိုင်နေ၍ ငါ ဖူးမြင်ရ၏၊ ဖူးမြင်ရသော ငါသည် ထိမ်ပန်းကို ယူ၍ ဝိပဿီမြတ်စွာဘုရားကို ပူဇော်ခဲ့၏။
၂၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကဒမ္ဗပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကဒမ္ဗပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဒမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၇။ ဥဒ္ဒါလကပုပ္ဖိယတ္ထေရအပဒါနံ
၂၄။ ‘‘အနောမော [သုဇာတော (သျာ။), အနုမော (က။)] နာမ သမ္ဗုဒ္ဓေါ, ဂင်္ဂါကူလေ ဝသီ တဒါ၊
ဥဒ္ဒါလကံ ဂဟေတွာန, ပူဇယိံ အပရာဇိတံ။
၇-ဥဒ္ဒါလကပုပ္ဖိယတ္ထေရအပဒါန ၂၄။ ထိုအခါ၌ အနောမမည်သော ပစ္စေကဗုဒ္ဓါသည် ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးတော်မူ၏၊ ငါသည် ငုရွှေပန်းကို ယူ၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏။
၂၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥဒ္ဒါလကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥဒ္ဒါလကပုပ္ဖိယတ္ထေရဿာပဒါနံ သတ္တမံ။
၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒ္ဒါလကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဥဒ္ဒါလကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၈။ ဧကစမ္ပကပုပ္ဖိယတ္ထေရအပဒါနံ
၂၇။ ‘‘ဥပသန္တော စ သမ္ဗုဒ္ဓေါ, ဝသတီ ပဗ္ဗတန္တရေ၊
ဧကစမ္ပကမာဒါယ, ဥပဂစ္ဆိံ နရုတ္တမံ။
၈-ဧကစမ္ပကပုပ္ဖိယတ္ထေရအပဒါန ၂၇။ ကိလေသာမှ ငြိမ်းအေးတော်မူပြီးသော ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် တောင်ကြား၌ နေတော်မူ၏၊ ထိုအခါ ငါသည် စံကားပန်းတစ်ပွင့်ကို ယူ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံသို့ ချဥ်း ကပ်ခဲ့၏။
၂၈။ ‘‘ပသန္နစိတ္တော သုမနော, ပစ္စေကမုနိမုတ္တမံ၊
ဥဘောဟတ္ထေဟိ ပဂ္ဂယှ, ပူဇယိံ အပရာဇိတံ။
၂၈။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ရန်သူတို့ မအောင်အပ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို လက်နှစ်ဖက်တို့ဖြင့် (စံကားပန်း) ယူ၍ ပူဇော်ခဲ့၏။
၂၉။ ‘‘ပဉ္စသဋ္ဌိမှိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၉။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ငါးကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကစမ္ပကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကစမ္ပကပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကစမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဧကစမ္ပကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၉။ တိမိရပုပ္ဖိယတ္ထေရအပဒါနံ
၃၁။ ‘‘စန္ဒဘာဂါနဒီတီရေ, အနုသောတံ ဝဇာမဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သာလရာဇံဝ ဖုလ္လိတံ။
၉-တိမိရပုပ္ဖိယတ္ထေရအပဒါန ၃၁။ ငါသည် စန္ဒဘာဂါမြစ်ကမ်း၌ ရေစုန်သို့ သွားလျက် ရှိ၏၊ (ထိုအခါ) ပင်လုံးကျွတ် ပွင့်သော အင်ကြင်းပင်မင်းသဖွယ်ဖြစ်သော, ကိလေသာမြူ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ရ၏။
၃၂။ ‘‘ပသန္နစိတ္တော သုမနော, ပစ္စေကမုနိမုတ္တမံ၊
ဂဟေတွာ တိမိရံ ပုပ္ဖံ, မတ္ထကေ ဩကိရိံ အဟံ။
၃၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကျည်းပန်းကို ယူ၍ ဦးထိပ်၌ ကြဲမြှောက်ပူဇော်ခဲ့၏။
၃၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကျည်းပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိမိရပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိမိရပုပ္ဖိယတ္ထေရဿာပဒါနံ နဝမံ။
၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိမိရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် တိမိရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၁၀။ သဠလပုပ္ဖိယတ္ထေရအပဒါနံ
၃၅။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရော တဒါ၊
တတ္ထဒ္ဒသံ ဒေဝဒေဝံ, စင်္ကမန္တံ နရာသဘံ။
၁၀-သဠလပုပ္ဖိယတ္ထေရအပဒါန ၃၅။ ထိုအခါ စန္ဒဘာဂါမြစ်ကမ်း၌ (ငါသည် ) ကိန္နရာ ဖြစ်ခဲ့၏၊ ငါသည် လူတို့ထက် မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ထိုမြစ်ကမ်း၌ စင်္ကြံကြွတော်မူစဥ် ဖူးမြင်ရ၏။
၃၆။ ‘‘ဩစိနိတွာန သဠလံ, ပုပ္ဖံ ဗုဒ္ဓဿဒါသဟံ၊
ဥပသိင်္ဃိ မဟာဝီရော, သဠလံ ဒေဝဂန္ဓိကံ။
၃၆။ ငါသည် ထင်ရှူးပန်းကို ဆွတ်ခူး၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်စွာဘုရား သည် နတ်ရနံ့လှိုင်သော ထင်းရှူးပန်းကို နမ်းရှူတော်မူ၏။
၃၇။ ‘‘ပဋိဂ္ဂဟေတွာ သမ္ဗုဒ္ဓေါ, ဝိပဿီ လောကနာယကော၊
ဥပသိင်္ဃိ မဟာဝီရော, ပေက္ခမာနဿ မေ သတော။
၃၇။ လူအပေါင်းကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော, ကြီးမားသော လုံ့လရှိတော်မူ သော ဝိပဿီမြတ်စွာဘုရားသည် အလှူခံတော်မူပြီး၍ ထိုအခါ၌ ငါသည် ကြည့်ရှုဖူးမြော်စဥ် (ပန်းကို) နမ်းရှူတော်မူ၏။
၃၈။ ‘‘ပသန္နစိတ္တော သုမနော, ဝန္ဒိတွာ ဒွိပဒုတ္တမံ၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, ပုန ပဗ္ဗတမာရုဟိံ။
၃၈။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် လက်အုပ်ချီလျက် တောင်သို့ တစ်ဖန် တက်ခဲ့၏။
၃၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဠလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဠလပုပ္ဖိယတ္ထေရဿာပဒါနံ ဒသမံ။
မန္ဒာရဝပုပ္ဖိယဝဂ္ဂေါ သတ္တတိံသတိမော။
တဿုဒ္ဒါနံ –
မန္ဒာရဝဉ္စ ကက္ကာရု, ဘိသကေသရပုပ္ဖိယော၊
အင်္ကောလကော ကဒမ္ဗီ စ, ဥဒ္ဒါလီ ဧကစမ္ပကော၊
တိမိရံ သဠလဉ္စေဝ, ဂါထာ တာလီသမေဝ စ။
၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဠလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သဠလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ သုံးဆယ့်ခုနစ်ခုမြောက် မန္ဒာရဝပုပ္ဖိယဝဂ် ပြီး၏။
၃၈။ ဗောဓိဝန္ဒနဝဂ္ဂေါ
၁။ ဗောဓိဝန္ဒကတ္ထေရအပဒါနံ
၁။ ‘‘ပါဋလိံ ဟရိတံ ဒိသွာ, ပါဒပံ ဓရဏီရုဟံ၊
ဧကံသံ အဉ္ဇလိံ ကတွာ, အဝန္ဒိံ ပါဋလိံ အဟံ။
၃၈-ဗောဓိဝန္ဒနဝဂ် ၁-ဗောဓိဝန္ဒကတ္ထေရအပဒါန ၁။ ငါသည် မြေ၌ ပေါက်သော စိမ်းစိုသော သခွတ်ဗောဓိပင်ကို မြင်သဖြင့် လက်ဝဲတစ် ဖက် ပခုံးထက်၌ ကိုယ်ရုံကို တင်၍ လက်အုပ်ချီပြီးလျှင် သခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။
၂။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, ဂရုံ ကတွာန မာနသံ၊
အန္တောသုဒ္ဓံ ဗဟိသုဒ္ဓံ, သုဝိမုတ္တမနာသဝံ။
၂။ ငါသည် လက်အုပ်ချီလျက် စိတ်ကို အလေးပြုပြီးလျှင် အတွင်း, အပ၌ စင်ကြယ်တော် မူသော ကိလေသာမှ ကောင်းစွာ လွတ်မြောက်သည်ဖြစ်၍ အာသဝ ကင်းတော်မူသော -
၃။ ‘‘ဝိပဿိံ လောကမဟိတံ, ကရုဏာဉာဏသာဂရံ၊
သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, အဝန္ဒိံ ပါဋလိံ အဟံ။
၃။ လောကသည် ပူဇော်အပ်တော်မူသော, မဟာသမုဒ္ဒရာနှင့် တူသော ကရုဏာဉာဏ် ရှိတော်မူသော ဝိပဿီမြတ်စွာဘုရားကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ ထို့အတူ ငါသည် သခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။
၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗောဓိမဘိဝန္ဒဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝန္ဒနာယ ဣဒံ ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဗောဓိပင်ကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဗောဓိပင်ကို) ရှိခိုးရ ခြင်း၏ အကျိုးပေတည်း။
၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဗောဓိဝန္ဒကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဗောဓိဝန္ဒကတ္ထေရဿာပဒါနံ ပဌမံ။
၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗောဓိဝန္ဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဗောဓိဝန္ဒကတ္ထေရအပဒါန ပြီး၏။
၂။ ပါဋလိပုပ္ဖိယတ္ထေရအပဒါနံ
၆။ ‘‘ဝိပဿီ နာမ ဘဂဝါ, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
ပုရက္ခတော သသိဿေဟိ, ပါဝိသိ ဗန္ဓုမံ ဇိနော။
၂-ပါဋလိပုပ္ဖိယတ္ထေရအပဒါန ၆။ အလိုလို ဖြစ်တော်မူသည် ဖြစ်၍ အမြတ်ဆုံး ဖြစ်တော်မူသော, မာရ်ငါးပါးကို အောင် တော်မူသော ဝိပဿီမြတ်စွာဘုရားသည် မိမိ တပည့်သာဝကတို့ဖြင့် ခြံရံလျက် ဗန္ဓုမတီပြည် သို့ ကြွဝင်တော်မူ၏။
၇။ ‘‘တီဏိ ပါဋလိပုပ္ဖါနိ, ဥစ္ဆင်္ဂေ ဌပိတာနိ မေ၊
သီသံ နှာယိတုကာမောဝ, နဒီတိတ္ထံ အဂစ္ဆဟံ။
၇။ ငါသည် သခွတ်ပန်း သုံးပွင့်တို့ကို ခါးပိုက်၌ ထားအပ်ကုန်၏၊ ငါသည် ဦးခေါင်းကို ရေဆေးလိုသည် ဖြစ်၍ သာလျှင် မြစ်ဆိပ်သို့ သွား၏။
၈။ ‘‘နိက္ခမ္မ ဗန္ဓုမတိယာ, အဒ္ဒသံ လောကနာယကံ၊
ဣန္ဒီဝရံဝ ဇလိတံ, အာဒိတ္တံဝ ဟုတာသနံ။
၈။ ဗန္ဓုမတီပြည်မှ ထွက်သည်ရှိသော် ‘သက်တန့်ကဲ့သို့’ ထွန်းတောက်ပတော်မူသော ‘မီး စာကဲ့သို့’ ရဲရဲဝင်းဝင်း ထွန်းလင်းတော်မူသော -
၉။ ‘‘ဗျဂ္ဃူသဘံဝ ပဝရံ, အဘိဇာတံဝ ကေသရိံ၊
ဂစ္ဆန္တံ သမဏာနဂ္ဂံ, ဘိက္ခုသံဃပုရက္ခတံ။
၉။ မြတ်သော ကျားမင်းဥသဘသဖွယ်လည်းဖြစ်သော, အမျိုးမြတ်သည့် ခြင်္သေ့မင်း သဖွယ်လည်း ဖြစ်သော, သမဏပုဂ္ဂိုလ်တို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရဟန်း အပေါင်း ခြံရံလျက် ကြွသွားတော်မူစဥ် ဖူးမြင်ရ၏။
၁၀။ ‘‘တသ္မိံ ပသန္နော [သမဏေ (က။)] သုဂတေ, ကိလေသမလဓောဝနေ၊
ဂဟေတွာ တီဏိ ပုပ္ဖါနိ, ဗုဒ္ဓသေဋ္ဌံ အပူဇယိံ။
၁၀။ ငါသည် ကိလေသာတို့ကို ငြိမ်းအေးစေတော်မူသော, ကိလေသာအညစ်အကြေးတို့ကို ဆေးလျှော်တော်မူပြီးသော ထိုမြတ်စွာဘုရား၌ ကြည်ညိုသည် ဖြစ်၍ ပန်းသုံးပွင့်တို့ကို ယူပြီး လျှင့်ဘုရားမြတ်ကို လှူဒါန်းပူဇော်ခဲ့၏။
၁၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပါဋလိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပါဋလိပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါဋလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပါဋလိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၃။ တီဏုပ္ပလမာလိယတ္ထေရအပဒါနံ
၁၃။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ဝါနရော တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, နိသိန္နံ ပဗ္ဗတန္တရေ။
၃-တီဏုပ္ပလမာလိယတ္ထေရအပဒါန ၁၃။ ထိုအခါ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်း၌ မျောက် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော် မူသော မြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံး ထိုင်နေတော်မူစဥ် ဖူးမြင်ရ၏။
၁၄။ ‘‘ဩဘာသေန္တံ ဒိသာ သဗ္ဗာ, သာလရာဇံဝ ဖုလ္လိတံ၊
လက္ခဏဗျဉ္ဇနူပေတံ, ဒိသွာနတ္တမနော အဟံ။
၁၄။ အရပ်အားလုံးတို့ကို ထွန်းလင်းတောက်ပစေနိုင်သည် ဖြစ်၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသဖွယ် လက္ခဏာတော်ကြီးငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် ငါသည် နှစ်သက်သော စိတ်သည် ဖြစ်၏။
၁၅။ ‘‘ဥဒဂ္ဂစိတ္တော သုမနော, ပီတိယာ ဟဋ္ဌမာနသော၊
တီဏိ ဥပ္ပလပုပ္ဖါနိ, မတ္ထကေ အဘိရောပယိံ။
၁၅။ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ပီတိဖြင့် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ကြာပန်းသုံးပွင့်တို့ကို ဦးထိပ်၌ တင်လှူပူဇော်ခဲ့၏။
၁၆။ ‘‘ပူဇယိတွာန ပုပ္ဖါနိ, ဖုဿဿာဟံ မဟေသိနော၊
သဂါရဝေါ ဘဝိတွာန, ပက္ကာမိံ ဥတ္တရာမုခေါ။
၁၆။ ငါသည် ဖုဿမြတ်စွာဘုရားအား ပန်းတို့ကို ပူဇော်ပြီးလျှင် ရိုသေခြင်းနှင့် တကွဖြစ် ၍ မြောက်အရပ်သို့ ရှေးရှု ဖဲသွားခဲ့၏။
၁၇။ ‘‘ဂစ္ဆန္တော ပဋိကုဋိကော, ဝိပ္ပသန္နေန စေတသာ၊
သေလန္တရေ ပတိတွာန, ပါပုဏိံ ဇီဝိတက္ခယံ။
၁၇။ အလွန်ကြည်လင်သော စိတ်ဖြင့် နောက်သို့ ဆုတ်လျက် သွားသည်ရှိသော် တောင် ကြား၌ ကျ၍ အသက်ကုန်ခြင်းသို့ ရောက်ခဲ့၏။
၁၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ ပုရိမံ ဇာတိံ, တာဝတိံသမဂစ္ဆဟံ။
၁၈။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုကြောင့်လည်းကောင်း ရှေးဘဝကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။
၁၉။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊
သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၁၉။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။
၂၀။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကြာပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တီဏုပ္ပလမာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တီဏုပ္ပလမာလိယတ္ထေရဿာပဒါနံ တတိယံ။
၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တီဏုပ္ပလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် တီဏုပ္ပလမာလိယတ္ထေရအပဒါန ပြီး၏။
၄။ ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါနံ
၂၂။ ‘‘ယဒါ နိဗ္ဗာယိ သမ္ဗုဒ္ဓေါ, မဟေသီ ပဒုမုတ္တရော၊
သမာဂမ္မ ဇနာ သဗ္ဗေ, သရီရံ နီဟရန္တိ တေ။
၄-ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန ၂၂။ မြတ်သောသီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးတော်မူပြီးသော ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသော အခါ၌ အလုံးစုံကုန်သော လူတို့သည် အညီအညွတ် စည်း ဝေးကြ၍အလောင်းတော်ကို ထုတ်ဆောင်ကုန်၏။
၂၃။ ‘‘နီဟရန္တေ သရီရမှိ, ဝဇ္ဇမာနာသု ဘေရိသု၊
ပသန္နစိတ္တော သုမနော, ပဋ္ဋိပုပ္ဖံ အပူဇယိံ။
၂၃။ အလောင်းတော်ကို ထုတ်ဆောင်စဥ် စည်တို့ကို တီးခတ်ကုန်သည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကြံပိုင်ပန်းကို ပူဇော်ခဲ့၏။
၂၄။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သရီရပူဇိတေ ဖလံ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလောင်းတော်အား ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၅။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေဘိသကဲ့သို့’ အာသဝ မရှိဘဲ နေရပေ၏။
၂၆။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ [ဗုဒ္ဓသေဋ္ဌဿ (သီ။)] သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စစ်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဋ္ဋိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဋ္ဋိပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဋ္ဋိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၅။ သတ္တပဏ္ဏိယတ္ထေရအပဒါနံ
၂၈။ ‘‘သုမနော နာမ သမ္ဗုဒ္ဓေါ, ဥပ္ပဇ္ဇိ လောကနာယကော၊
ပသန္နစိတ္တော သုမနော, သတ္တပဏ္ဏိမပူဇယိံ။
၅-သတ္တပဏ္ဏိယတ္ထေရအပဒါန ၂၈။ လူတို့၏ ရှေ့သွားဖြစ်သော သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ စရည်းပန်းကို ပေးလှူခဲ့၏။
၂၉။ ‘‘သတသဟဿိတော ကပ္ပေ, သတ္တပဏ္ဏိမပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သတ္တပဏ္ဏိပူဇာယိဒံ [သတ္တပဏ္ဏိဿိဒံ (သီ။)] ဖလံ။
၂၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ စရည်းပန်းကို လှူခဲ့သောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (မြတ်စွာဘုရားအား) စရည်း ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၃၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲ နေရ၏။
၃၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သတ္တပဏ္ဏိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သတ္တပဏ္ဏိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သတ္တပဏ္ဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သတ္တပဏ္ဏိယတ္ထေရအပဒါန ပြီး၏။
၆။ ဂန္ဓမုဋ္ဌိယတ္ထေရအပဒါနံ
၃၃။ [ဣဓ ဂါထာဒ္ဓံ ဦနံ ဝိယ ဒိဿတိ] ‘‘စိတကေ ကရီယမာနေ, နာနာဂန္ဓေ သမာဟတေ၊
ပသန္နစိတ္တော သုမနော, ဂန္ဓမုဋ္ဌိမပူဇယိံ။
၆-ဂန္ဓမုဋ္ဌိယတ္ထေရအပဒါန ၃၃။ (အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန်) ထင်းပုံကို ပြုလုပ်နေစဥ် နံ့သာအမျိုးမျိုးကို ဆောင်ယူအပ်သည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နံ့သာဆုပ် ကို ပူဇော်ခဲ့၏။
၃၄။ ‘‘သတသဟဿိတော ကပ္ပေ, စိတကံ ယံ အပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, စိတပူဇာယိဒံ ဖလံ။
၃၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ထင်းပုံကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၃၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
၃၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၃၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဂန္ဓမုဋ္ဌိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဂန္ဓမုဋ္ဌိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂန္ဓမုဋ္ဌိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဂန္ဓမုဋ္ဌိယတ္ထေရအပဒါန ပြီး၏။
၇။ စိတကပူဇကတ္ထေရအပဒါနံ
၃၈။ ‘‘ပရိနိဗ္ဗုတေ ဘဂဝတိ, ဇလဇုတ္တမနာမကေ၊
အာရောပိတမှိ စိတကေ, သာလပုပ္ဖမပူဇယိံ။
၇-စိတကပူဇကတ္ထေရအပဒါန ၃၈။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် အလောင်း တော်ကို နံ့သာထင်းပုံသို့ တင်သော အခါ၌ ငါသည် အင်ကြင်းပန်းကို ပူဇော်ခဲ့၏။
၃၉။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, စိတပူဇာယိဒံ ဖလံ။
၃၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလောင်းတော်ထင်းပုံကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
၄၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စိတကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
စိတကပူဇကတ္ထေရဿာပဒါနံ သတ္တမံ။
၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် စိတကပူဇကတ္ထေရအပဒါန ပြီး၏။
၈။ သုမနတာလဝဏ္ဋိယတ္ထေရအပဒါနံ
၄၃။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, တာလဝဏ္ဋမဒါသဟံ၊
သုမနေဟိ ပဋိစ္ဆန္နံ, ဓာရယာမိ မဟာရဟံ။
၈-သုမနတာလဝဏ္ဋိယတ္ထေရအပဒါန ၄၃။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းသော ထန်းရွက် ယပ်ကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ငါသည် မြတ်သော လူတို့အားသာ ထိုက်သော ထန်း ရွက်ယပ်ကို ဆောင်ရပေ၏။
၄၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, တာလဝဏ္ဋမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တာလဝဏ္ဋဿိဒံ ဖလံ။
၄၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် ထန်းရွက်ယပ်ကို ပေလှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထန်း ရွက်ယပ်ကို လှူရခြင်း၏ အကျိုးပေတည်း။
၄၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
၄၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုမနတာလဝဏ္ဋိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုမနတာလဝဏ္ဋိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုမနတာလဝဏ္ဋိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သုမနတာလဝဏ္ဋိယတ္ထေရအပဒါန ပြီး၏။
၉။ သုမနဒါမိယတ္ထေရအပဒါနံ
၄၈။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, နှာတကဿ တပဿိနော၊
ကတွာန သုမနဒါမံ, ဓာရယိံ ပုရတော ဌိတော။
၉-သုမနဒါမိယတ္ထေရအပဒါန ၄၈။ ငါသည် ကိလေသာတို့ကို ဆေးလျှော်တော်မူပြီးသည် ဖြစ်၍ ကိလေသာတို့ကို ပူပန် စေတတ်သော အကျင့်ရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းဆိုင်းကို ပြုလုပ်၍ ရှေ့တော်၌ ရပ်တည်လျက် ဆောင်းမိုး၏။
၄၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါမံ ဓာရယိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သုမနဓာရဏေ ဖလံ။
၄၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းဆိုင်းကို ဆောင်းမိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုလေးပန်းဆိုင်းကို ဆောင်းမိုးရခြင်း၏ အကျိုးပေတည်း။
၅၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၅၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။
၅၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၅၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုမနဒါမိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုမနဒါမိယတ္ထေရဿာပဒါနံ နဝမံ။
၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုမနဒါမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သုမနဒါမိယတ္ထေရအပဒါန ပြီး၏။
၁၀။ ကာသုမာရိဖလဒါယကတ္ထေရအပဒါနံ
၅၃။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ။
၁၀-ကာသုမာရိဖလဒါယကတ္ထေရအပဒါန ၅၃။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော, လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော, ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို တောင်ကြား ၌ ထိုင်နေတော်မူစဥ် ဖူးမြင်ရ၏။
၅၄။ ‘‘ပသန္နစိတ္တော သုမနော, သိရေ ကတွာန အဉ္ဇလိံ၊
ကာသုမာရိဖလံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၅၄။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ကို ဦးခေါင်း၌ တင်မြှောက်ပြီးလျှင် သရက်ဖြူသီးကို ဘုရားမြတ်အား ပေးလှူခဲ့၏။
၅၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၅၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် သရက်ဖြူသီးကို ပေလှူခဲ့ရသော အခါမှ စ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်ဖြူ သီးကို လှူရခြင်း၏ အကျိုးပေတည်း။
၅၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၅၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
၅၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၅၇။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၅၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကာသုမာရိဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကာသုမာရိဖလဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ဗောဓိဝန္ဒနဝဂ္ဂေါ အဋ္ဌတိံသတိမော။
တဿုဒ္ဒါနံ –
ဗောဓိ ပါဋလိ ဥပ္ပလီ, ပဋ္ဋိ စ သတ္တပဏ္ဏိယော၊
ဂန္ဓမုဋ္ဌိ စ စိတကော, တာလံ သုမနဒါမကော၊
ကာသုမာရိဖလီ စေဝ, ဂါထာ ဧကူနသဋ္ဌိကာ။
၅၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကာသုမာရိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ကာသုမာရိဖလဒါယကတ္ထေရအပဒါန ပြီး၏။ သုံးဆယ့်ရှစ်ခုမြောက် ဗောဓိဝန္ဒနဝဂ် ပြီး၏။
၃၉။ အဝဋဖလဝဂ္ဂေါ
၁။ အဝဋဖလဒါယကတ္ထေရအပဒါနံ
၁။ ‘‘သတရံသိ နာမ ဘဂဝါ, သယမ္ဘူ အပရာဇိတော၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, ဂေါစရာယာဘိနိက္ခမိ။
၃၉-အဝဋဖလဝဂ် ၁-အဝဋဖလဒါယကတ္ထေရအပဒါန ၁။ အလိုလို ဖြစ်တော်မူသော, ရန်သူတို့သည် မအောင်အပ်သော, သစ္စာလေးပါးကို သိတော်မူသော, သတရံသီမည်သော ပစ္စေကဗုဒ္ဓါသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည်ဖြစ် ၍ (ဆိတ်ငြိမ်ရာအာရုံကို) ကျက်စားခြင်းငှါ ထွက်တော်မူ၏။
၂။ ‘‘ဖလဟတ္ထော အဟံ ဒိသွာ, ဥပဂစ္ဆိံ နရာသဘံ၊
ပသန္နစိတ္တော သုမနော, အဝဋံ [အဝဏ္ဋံ (သီ။), အမ္ဗဋံ (သျာ။)] အဒဒိံ ဖလံ။
၂။ ငါသည် မြတ်စွာဘုရားကို မြင်၍ သစ်သီးကို လက်က ကိုင်လျက် (ပစ္စေကဗုဒ္ဓါထံ) ချဥ်းကပ်ခဲ့၏၊ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အဝဋ (ထန်းသီး) အသီးကို ပေး လှူခဲ့၏။
၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အဝဋ (ထန်းသီး) အသီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။
၄။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကိုဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။
၅။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အဝဋဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အဝဋဖလဒါယကတ္ထေရဿာပဒါနံ ပဌမံ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဝဋဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော အဝဋဖလဒါယကတ္ထေရအပဒါန ပြီး၏။
၂။ လဗုဇဒါယကတ္ထေရအပဒါနံ
၇။ ‘‘နဂရေ ဗန္ဓုမတိယာ, အာသိံ အာရာမိကော တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။
၂-လဗုဇဒါယကတ္ထေရအပဒါန ၇။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အရံ (ခြံ) စောင့် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းစင် တော်မူသော မြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဥ် ဖူးမြင်ရ၏။
၈။ ‘‘လဗုဇဿ ဖလံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
အာကာသေ ဌိတကော သန္တော, ပဋိဂဏှိ မဟာယသော။
၈။ ငါသည် တောင်ပိန္နဲသီးကို ယူ၍ ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ များသော အခြံအရံရှိ တော်မူသော မြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်လျက် အလှူခံတော်မူ၏။
၉။ ‘‘ဝိတ္တိသဉ္ဇနနံ မယှံ, ဒိဋ္ဌဓမ္မသုခါဝဟံ၊
ဖလံ ဗုဒ္ဓဿ ဒတွာန, ဝိပ္ပသန္နေန စေတသာ။
၉။ ငါ၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မျက်မှောက်ချမ်းသာကို ဆောင်တတ်သော အသီးကို အထူးကြည်လင်သော စိတ်ဖြင့် ဘုရားအား ပေးလှူရခြင်းကြောင့်-
၁၀။ ‘‘အဓိဂစ္ဆိံ တဒါ ပီတိံ, ဝိပုလဉ္စ သုခုတ္တမံ၊
ဥပ္ပဇ္ဇတေဝ ရတနံ, နိဗ္ဗတ္တဿ တဟိံ တဟိံ။
၁၀။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’ ကို ရရှိခဲ့၏၊ ကြီးကျယ်ပြန့်ပြောသော ချမ်းသာမြတ်ကိုလည်း ရရှိခဲ့၏၊ ထိုထိုဘဝ၌ ဖြစ်သော ငါ့အား ရတနာသည် ဖြစ်ပေါ်သည်သာလျှင်တည်း။
၁၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။
၁၂။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
၁၃။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၃။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ လဗုဇဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
လဗုဇဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်လဗုဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် လဗုဇဒါယကတ္ထေရအပဒါန ပြီး၏။
၃။ ဥဒုမ္ဗရဖလဒါယကတ္ထေရအပဒါနံ
၁၅။ ‘‘ဝိနတာနဒိယာ တီရေ, ဝိဟာသိ ပုရိသုတ္တမော၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဧကဂ္ဂံ သုသမာဟိတံ။
၃-ဥဒုမ္ဗရဖလဒါယကတ္ထေရအပဒါန ၁၅။ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝိနတာမြစ်ကမ်း၌ နေတော် မူ၏၊ (ထိုအခါ) ငါသည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ လွန်စွာ တည်ကြည်တော်မူ သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၆။ ‘‘တသ္မိံ ပသန္နမာနသော, ကိလေသမလဓောဝနေ၊
ဥဒုမ္ဗရဖလံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၁၆။ ငါသည် ကိလေသာအညစ်အကြေးကို ဆေးလျှော်တော်မူပြီးသော ထိုမြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရေသဖန်းသီးကို ယူပြီးလျှင် ဘုရားမြတ်အား လှူဒါန်း ခဲ့၏။
၁၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။
၁၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၁၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။
၁၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၉။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥဒုမ္ဗရဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥဒုမ္ဗရဖလဒါယကတ္ထေရဿာပဒါနံ တတိယံ။
၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒုမ္ဗရဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဥဒုမ္ဗရဖလဒါယကတ္ထေရအပဒါန ပြီး၏။
၄။ ပိလက္ခဖလဒါယကတ္ထေရအပဒါနံ
၂၁။ ‘‘ဝနန္တရေ ဗုဒ္ဓံ ဒိသွာ, အတ္ထဒဿိံ မဟာယသံ၊
ပသန္နစိတ္တော သုမနော, ပိလက္ခဿာဒဒိံ ဖလံ [ပိလက္ခဿ ဖလံ အဒံ (သီ။), ပိလက္ခုဿ ဖလံ အဒံ (သျာ။)]။
၄-ပိလက္ခဖလဒါယကတ္ထေရအပဒါန ၂၁။ များသော အခြံအရံရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားကို တောအတွင်း၌ ဖူးမြင် ရသဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ညောင်ကြတ်သီးကို ပေးလှူခဲ့၏။ ၂၂၊ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ညောင်ကြတ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင် ကြတ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။
၂၂။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ဖလမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၂၃။
၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 35. Ekapadumiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#522
- Vipassana Research Institute. (n.d.). 36. Saddasaññakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#523
- Vipassana Research Institute. (n.d.). 37. Mandāravapupphiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#524
- Vipassana Research Institute. (n.d.). 38. Bodhivandanavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#525
- Vipassana Research Institute. (n.d.). 39. Avaṭaphalavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#526