ဓမ္မလမ်း
← အပဒါနပါဠိ (ပ)

အပဒါနပါဠိ (ပ)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၃၄၃

‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၂၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၄။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပိလက္ခဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပိလက္ခဖလဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိလက္ခဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပိလက္ခဖလဒါယကတ္ထေရအပဒါန ပြီး၏။

၅။ ဖာရုသဖလဒါယကတ္ထေရအပဒါနံ

၂၆။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊

ရထိယံ ပဋိပဇ္ဇန္တံ, ဖာရုသဖလမဒါသဟံ။

၅-ဖာရုသဖလဒါယကတ္ထေရအပဒါန ၂၆။ ငါသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသည်ဖြစ်၍ ပေးလှူဖွယ် ပစ္စည်း ဝတ္ထုတို့ကို ခံတော်မူထိုက်သော ခရီးလမ်းမ၌ ကြွသွားတော်မူသော မြတ်စွာဘုရားအား ဖက် သက်သီးကို ပေလှူခဲ့၏။

၂၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလမဒဒိံ အဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ဖက်သက်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရ၏။

၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၉။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဖာရုသဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဖာရုသဖလဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဖာရုသဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဖာရုသဖလဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၃၄၄

၆။ ဝလ္လိဖလဒါယကတ္ထေရအပဒါနံ

၃၁။ ‘‘သဗ္ဗေ ဇနာ သမာဂမ္မ, အဂမိံသု ဝနံ တဒါ၊

ဖလမနွေသမာနာ တေ, အလဘိံသု ဖလံ တဒါ။

၆-ဝလ္လိဖလဒါယကတ္ထေရအပဒါန ၃၁။ ထိုအခါ လူခပ်သိမ်းတို့သည် အညီအညွတ် စည်းဝေးကုန်၍ တောသို့ သွားကြကုန်၏၊ ထိုအခါ သစ်သီးကို ရှာကြကုန်သော ထိုသူတို့သည် သစ်သီးကို ရကြကုန်၏။

၃၂။ ‘‘တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ၊

ပသန္နစိတ္တော သုမနော, ဝလ္လိဖလမဒါသဟံ။

၃၂။ ငါသည် ထိုတောအရပ်၌ အလိုလို ဖြစ်တော်မူသော, ရန်သူတို့သည် မအောင်အပ် သော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နွယ်သီးကို ပေးလှူခဲ့၏။

၃၃။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ နွယ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၃၄။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲ နေရ၏။

၃၅။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၃၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝလ္လိဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝလ္လိဖလဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝလ္လိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဝလ္လိဖလဒါယကတ္ထေရအပဒါန ပြီး၏။

၇။ ကဒလိဖလဒါယကတ္ထေရအပဒါနံ

၃၇။ ‘‘ကဏိကာရံဝ ဇလိတံ, ပုဏ္ဏမာယေဝ [ပုဏ္ဏမာသေဝ (သီ။ က။)] စန္ဒိမံ၊

ဇလန္တံ ဒီပရုက္ခံဝ, အဒ္ဒသံ လောကနာယကံ။

၇-ကဒလိဖလဒါယကတ္ထေရအပဒါန ၃၇။ ငါသည် ထွန်းလင်းတောက်ပသော မဟာလှေကားပန်းသဖွယ်, လပြည့်ဝန်းသဖွယ် ဖြစ်၍ အလျှံတောက်သော ဆီမီးတိုင်သဖွယ်လည်းဖြစ်သော လူတို့၏ ရှေ့သွား မြတ်စွာဘုရား ကို ဖူးမြင်ရ၏။

၃၈။ ‘‘ကဒလိဖလံ ပဂ္ဂယှ, အဒါသိံ သတ္ထုနော အဟံ၊

ပသန္နစိတ္တော သုမနော, ဝန္ဒိတွာန အပက္ကမိံ။

၃၈။ ငါသည် ငှက်ပျောသီးကို ယူ၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏၊ ကြည်လင် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရှိခိုးပြီးလျှင် ဖဲသွားခဲ့၏။

၃၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၃၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငှက်ပျောသီးကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ငှက်ပျောသီးကို လှူရခြင်း၏ အကျိုးပေတည်း။

၄၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရ၏။

၄၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၄၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကဒလိဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကဒလိဖလဒါယကတ္ထေရဿာပဒါနံ သတ္တမံ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဒလိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ကဒလိဖလဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၃၄၅

၈။ ပနသဖလဒါယကတ္ထေရအပဒါနံ

၄၃။ ‘‘အဇ္ဇုနော နာမ သမ္ဗုဒ္ဓေါ, ဟိမဝန္တေ ဝသီ တဒါ၊

စရဏေန စ သမ္ပန္နော, သမာဓိကုသလော မုနိ။

၈-ပနသဖလဒါယကတ္ထေရအပဒါန ၄၃။ ထိုအခါ၌ အဇ္ဇုနအမည်ရှိသော ပစ္စေကဗုဒ္ဓါသည် ဟိမဝန္တာတောင်၌ နေတော်မူ၏၊ ထိုပစ္စေကဗုဒ္ဓါသည် အကျင့် ‘စရဏ’ နှင့်လည်း ပြည့်စုံတော်မူ၏၊ သမာဓိ၌လည်း လိမ္မာတော် မူ၏။

၄၄။ ‘‘ကုမ္ဘမတ္တံ ဂဟေတွာန, ပနသံ ဇီဝဇီဝကံ [ဒေဝဂန္ဓိကံ (၄၁ ဝဂ္ဂေ, ၅ အပဒါနေ)]၊

ဆတ္တပဏ္ဏေ ဌပေတွာန, အဒါသိံ သတ္ထုနော အဟံ။

၄၄။ ငါသည် အသက်ရှင်စေတတ်သော, အိုးမျှလောက်ရှိသော ပိန္နဲသီးကို ယူ၍ စရည်းပင် ၌ တင်ထားပြီးလျှင် ပစ္စေကဗုဒ္ဓါအား ပေးလှူခဲ့၏။

၄၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၄၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပိန္နဲသီးကို လှူခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား သစ်သီး လှူရခြင်း၏ အကျိုးပေတည်း။

၄၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၄၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၄၇။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပနသဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပနသဖလဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပနသဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ််ခုမြောက် ပနသဖလဒါယကတ္ထေရအပဒါန ပြီး၏။

၉။ သောဏကောဋိဝီသတ္ထေရအပဒါနံ

၄၉။ ‘‘ဝိပဿိနော ပါဝစနေ, ဧကံ လေဏံ မယာ ကတံ၊

စာတုဒ္ဒိသဿ သံဃဿ, ဗန္ဓုမာရာဇဓာနိယာ။

၉-သောဏကောဋိဝီသတ္ထေရအပဒါန ၄၉။ ငါသည် ဝိပဿီမြတ်စွာဘုရားသာသနာတော်တွင် အရပ်လေးမျက်နှာ၌ နေသော သံဃာတော်အား (ရည်မှန်း၍) ဗန္ဓုမတီမင်းနေပြည်တော်၌ လိုဏ်ဂူတစ်ခုကို ပြုလုပ်ခဲ့၏။

၅၀။ ‘‘ဒုဿေဟိ ဘူမိံ လေဏဿ, သန္ထရိတွာ ပရိစ္စဇိံ၊

ဥဒဂ္ဂစိတ္တော သုမနော, အကာသိံ ပဏိဓိံ တဒါ။

၅၀။ လိုဏ်ဂူမြေ (အခင်း) ကို ပုဆိုး (အဝတ်) တို့ဖြင့် ခင်း၍ စွန့်လွှတ်လှူဒါန်းခဲ့၏၊ ထိုအခါ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဆုတောင်းမှုကို ပြုခဲ့၏။

၅၁။ ‘‘အာရာဓယေယျံ သမ္ဗုဒ္ဓံ, ပဗ္ဗဇ္ဇဉ္စ လဘေယျဟံ၊

အနုတ္တရဉ္စ နိဗ္ဗာနံ, ဖုသေယျံ သန္တိမုတ္တမံ။

၅၁။ အကျွန်ုပ်သည် မြတ်စွာဘုရားကို နှစ်သိမ့်အားရစေနိုင်ရပါလို၏၊ ရဟန်းအဖြစ်ကိုလည်း ရလိုပါ၏၊ အတုမရှိ ငြိမ်သက် မြင့်မြတ်သော နိဗ္ဗာန်သို့လည်း ရောက်ရပါလို၏ (ဟု ဆုတောင်းခဲ့၏)။

၅၂။ ‘‘တေနေဝ သုက္ကမူလေန, ကပ္ပေ [ကပ္ပံ (သီ။), ကပ္ပ (က။)] နဝုတိ သံသရိံ၊

ဒေဝဘူတော မနုဿော စ, ကတပုညော ဝိရောစဟံ။

၅၂။ ထိုဖြူစင်သော ကုသိုလ်အကြောင်းရင်းကြောင့်သာလျှင် ကမ္ဘာကိုးဆယ်ပတ်လုံး ကျင် လည်ခဲ့ရ၏၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော ငါသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ် သော်လည်းကောင်း တင့်တယ်၏။

၅၃။ ‘‘တတော ကမ္မာဝသေသေန, ဣဓ ပစ္ဆိမကေ ဘဝေ၊

စမ္ပာယံ အဂ္ဂသေဋ္ဌိဿ, ဇာတောမှိ ဧကပုတ္တကော။

၅၃။ ထိုမှ ကြွင်းကျန်သောကံကြောင့် ဤနောက်ဆုံးဘဝ၌ စမ္ပာပြည်ဝယ် အမြတ်ဆုံး သူဌေးကြီး၏ တစ်ယောက်တည်းသော သား ဖြစ်လာပေ၏။

စာ-၃၄၆

၅၄။ ‘‘ဇာတမတ္တဿ မေ သုတွာ, ပိတု ဆန္ဒော အယံ အဟု၊

ဒဒါမဟံ ကုမာရဿ, ဝီသကောဋီ အနူနကာ။

၅၄။ အဖသူဌေးအား ငါ မွေးဖွားကြောင်းကို ကြားသဖြင့် သတို့သားအား ကုဋေနှစ်ဆယ် အောက် မယုတ်လျော့သော ဥစ္စာကို ငါ ပေးအံ့ဟု ဤသို့သော စိတ်အလိုဆန္ဒသည် ဖြစ်ပေါ်ခဲ့၏။

၅၅။ ‘‘စတုရင်္ဂုလာ စ မေ လောမာ, ဇာတာ ပါဒတလေ ဥဘော၊

သုခုမာ မုဒုသမ္ဖဿာ, တူလာပိစုသမာ သုဘာ။

၅၅။ ငါ၏ နှစ်ဖက်သော ခြေဖဝါးအပြင်၌ ပေါက်ကုန်သော အမွေးတို့သည် လက်လေး သစ် ရှိကုန်၏၊ သိမ်မွေ့ကုန်၏၊ နူးညံ့သော အတွေ့ရှိကုန်၏၊ လဲဝါဂွမ်းစုနှင့် တူကုန်၏၊ တင့် တယ်လှပကုန်၏။

၅၆။ ‘‘အတီတာ နဝုတိ ကပ္ပါ, အယံ ဧကော စ ဥတ္တရိ၊

နာဘိဇာနာမိ နိက္ခိတ္တေ, ပါဒေ ဘူမျာ အသန္ထတေ။

၅၆။ လွန်ပြီးသော ကမ္ဘာကိုးဆယ်တို့လည်းကောင်း၊ ထို့ထက် အလွန်ဖြစ်သော ဤကမ္ဘာ တစ်ခုလည်းကောင်း (ဤကိုးဆယ့်တစ်ကမ္ဘာအတွင်း၌) ငါသည် အခင်းမရှိသော မြေပေါ်၌ ခြေချဖူးသည်ကို မသိစဖူးပေ။

၅၇။ ‘‘အာရာဓိတော မေ သမ္ဗုဒ္ဓေါ, ပဗ္ဗဇိံ အနဂါရိယံ၊

အရဟတ္တဉ္စ မေ ပတ္တံ, သီတိဘူတောမှိ နိဗ္ဗုတော။

၅၇။ ငါသည် မြတ်စွာဘုရားကို နှစ်သိမ့်အားရစေခဲ့ပြီ၊ ငါသည် ရဟန်းဘောင်သို့ ဝင်ရောက်ရပြီ၊ ငါသည့်အရဟတ္တဖိုလ်ကိုလည်း ရပြီ၊ ငါသည် ကိလေသာငြိမ်းလျက် အေးမြ သူ ဖြစ်ပေ၏။

၅၈။ ‘‘အဂ္ဂေါ အာရဒ္ဓဝီရိယာနံ, နိဒ္ဒိဋ္ဌော သဗ္ဗဒဿိနာ၊

ခီဏာသဝေါမှိ အရဟာ, ဆဠဘိညော မဟိဒ္ဓိကော။

၅၈။ မြတ်စွာဘုရားသည် အားထုတ်အပ်သော ဝီရိယရှိသောသူတို့ထက် အမြတ်ဆုံးဟူ၍ ညွှန်ပြတော်မူ၏၊ ငါသည် အဘိညာဥ်ခြောက်ပါးကို ရသော, တန်ခိုးကြီးမားသော, အာသဝေါ ကုန်ပြီးသော ရဟန္တာဖြစ်၏။

၅၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, လေဏဒါနဿိဒံ ဖလံ။

၅၉။ ဤဘဒ္ဒကမ္ဘာမှ ကိုဆယ့်တစ်ကမ္ဘာထက်၌ လိုဏ်ဂူအလှူကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လိုဏ်ဂူကို လှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၆၀။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၆၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၆၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စစ်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၆၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၆၃။ ‘‘ထေရော ကောဋိဝီသော [ကောဋိဝိသော (သျာ။ က။), ကောဠိဝိသော (အညဋ္ဌာနေသု)] သောဏော, ဘိက္ခုသံဃဿ အဂ္ဂတော၊

ပဉှံ ပုဋ္ဌော ဝိယာကာသိ, အနောတတ္တေ မဟာသရေ’’တိ။

ဣတ္ထံ သုဒံ အာယသ္မာ သောဏော ကောဋိဝီသော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သောဏကောဋိဝီသတ္ထေရဿာပဒါနံ နဝမံ။

၆၃။ ကောဋိဝီသအမျိုး၌ ဖြစ်သော သောဏမထေရ်သည် အနောတတ္တအိုင်ကြီး၌ ပြဿနာ ကို မေးလျှောက်အပ်သည် ဖြစ်၍ ရဟန်းအပေါင်း၏ ရှေ့မှောက်၌ ပြဿနာကို ဖြေတော်မူ၏။ ဤသို့လျှင် အသျှင်သောဏကောဋိဝီသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သောဏကောဋိဝီသတ္ထေရအပဒါန ပြီး၏။

၁၀။ ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါနံ

၆၄။ ‘‘အနောတတ္တသရာသန္နေ, ရမဏီယေ သိလာတလေ၊

နာနာရတနပဇ္ဇောတေ, နာနာဂန္ဓဝနန္တရေ။

၁၀-ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန ၆၄-၆၅။ ရဟန်းအပေါင်းများစွာ ခြံရံအပ်သော မြတ်စွာဘုရားသည် ရတနာအမျိုးမျိုး တို့ဖြင့် တောက်ပသော ပန်းရနံ့အမျိုးမျိုးတို့ဖြင့် သင်းကြိုင်သော တောအတွင်းဝယ် အနော တတ်အိုင်အနီးရှိ မွေ့လျော်ဖွယ်ကောင်းသော ထိုကျောက်ဖျာအပြင်၌ ထိုင်နေတော်မူလျက် မိမိ (ကိုယ်တော်မြတ်)၏ ရှေးကံတို့ကို ဟောကြားတော်မူ၏။

၆၅။ ‘‘မဟတာ ဘိက္ခုသံဃေန, ပရေတော [ဥပေတော (ဥဒါနဋ္ဌကထာယံ ၄ ဝဂ္ဂေ, ၈ သုတ္တေ)] လောကနာယကော၊

အာသီနော ဗျာကရီ တတ္ထ, ပုဗ္ဗကမ္မာနိ အတ္တနော။

စာ-၃၄၇

၆၆။ [သုဏာထ ဘိက္ခဝေ မယှံ, ယံ ကမ္မံ ပကတံ မယာ၊ ဧကံ အရညိကံ ဘိက္ခုံ, ဒိသွာ ဒိန္နံ ပိလောတိကံ၊ ပတ္ထိတံ ပဌမံ ဗုဒ္ဓံ, ဗုဒ္ဓတ္တာယ မယာ တဒါ၊ ပိလောတိယဿ ကမ္မဿ, ဗုဒ္ဓတ္တေပိ ဝိပစ္စတိ၊ ဂေါပါလကော ပုရေ အာသိံ, ဂါဝိံ ပါဇေတိ ဂေါစရံ၊ ပိဝန္တိံ ဥဒကံ အာဝိလံ, ဂါဝိံ ဒိသွာ နိဝါရယိံ၊ တေန ကမ္မဝိပါကေန, ဣဓ ပစ္ဆိမကေ ဘဝေ၊ ဝိပါသိတော ယဒိစ္ဆကံ, န ဟိ ပါတုံ လဘာမဟံ (သျာ။)]‘‘သုဏာထ ဘိက္ခဝေါ မယှံ, ယံ ကမ္မံ ပကတံ မယာ၊

ပိလောတိကဿ ကမ္မဿ, ဗုဒ္ဓတ္တေပိ ဝိပစ္စတိ [သုဏာထ ဘိက္ခဝေ မယှံ, ယံ ကမ္မံ ပကတံ မယာ၊ ဧကံ အရညိကံ ဘိက္ခုံ, ဒိသွာ ဒိန္နံ ပိလောတိကံ၊ ပတ္ထိတံ ပဌမံ ဗုဒ္ဓံ, ဗုဒ္ဓတ္တာယ မယာ တဒါ၊ ပိလောတိယဿ ကမ္မဿ, ဗုဒ္ဓတ္တေပိ ဝိပစ္စတိ၊ ဂေါပါလကော ပုရေ အာသိံ, ဂါဝိံ ပါဇေတိ ဂေါစရံ၊ ပိဝန္တိံ ဥဒကံ အာဝိလံ, ဂါဝိံ ဒိသွာ နိဝါရယိံ၊ တေန ကမ္မဝိပါကေန, ဣဓ ပစ္ဆိမကေ ဘဝေ၊ ဝိပါသိတော ယဒိစ္ဆကံ, န ဟိ ပါတုံ လဘာမဟံ (သျာ။)]။

၆၆။ ရဟန်းတို့ သင်တို့သည် ငါ၏ တရားစကားကို နာယူကြကုန်လော့၊ ငါပြုခဲ့သော ရှေးကံဟောင်း၏ (အကျိုးဆက်သည်) ဘုရားအဖြစ်၌လည်း အကျိုးပေးလျက် ရှိ၏။ (၁)

[၁]

၆၇။ ‘‘မုနာဠိ နာမဟံ ဓုတ္တော, ပုဗ္ဗေ အညာသု ဇာတိသု [အညာယ ဇာတိယာ (ဥဒါန အဋ္ဌ။)]၊

ပစ္စေကဗုဒ္ဓံ သုရဘိံ [သရဘုံ (သီ။)], အဗ္ဘာစိက္ခိံ အဒူသကံ။

၆၇။ ငါသည် ရှေးအခါက တစ်ပါးသော ဘဝတို့၌ မုနာဠိမည်သော သေသောက်ကြူး သမားဖြစ်စဥ် မပြစ်မှားထိုက်သော သုရဘိအရှင်ပစ္စေကဗုဒ္ဓါကို စွပ်စွဲမိခဲ့၏။

၆၈။ ‘‘တေန ကမ္မဝိပါကေန, နိရယေ သံသရိံ စိရံ၊

ဗဟူဝဿသဟဿာနိ, ဒုက္ခံ ဝေဒေသိ ဝေဒနံ။

၆၈။ ထိုစွပ်စွဲခဲ့သော ကံ၏ အကျိုးကြောင့် ငါသည် ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏၊ ထောင်ပေါင်းများစွာသော နှစ်တို့ပတ်လုံး ဆင်းရဲဝေဒနာကို ခံစားခဲ့ရပေ၏။

၆၉။ ‘‘တေန ကမ္မာဝသေသေန, ဣဓ ပစ္ဆိမကေ ဘဝေ၊

အဗ္ဘက္ခာနံ မယာ လဒ္ဓံ, သုန္ဒရိကာယ ကာရဏာ။

၆၉။ ငါသည် ထိုကံအကြွင်းဖြင့် ဤနောက်ဆုံးဘဝ၌လည်း သုန္ဒရီပရိဗိုဇ်မဟူသော အကြောင်းကြောင့် စွပ်စွဲခြင်းကို ခံရပေ၏။ (၂)

[၂]

၇၀။ ‘‘သဗ္ဗာဘိဘုဿ ဗုဒ္ဓဿ, နန္ဒော နာမာသိ သာဝကော၊

တံ အဗ္ဘက္ခာယ နိရယေ, စိရံ သံသရိတံ မယာ။

၇၀။ သဗ္ဗာဘိဘူအမည်တော်ရှိသော မြတ်စွာဘုရားအား နန္ဒမည်သော တပည့်သည် ရှိ၏၊ ငါသည် ထိုနန္ဒမည်သော ရဟန်းကို စွပ်စွဲမိခြင်းကြောင့် ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏။

၇၁။ ‘‘ဒသဝဿသဟဿာနိ, နိရယေ သံသရိံ စိရံ၊

မနုဿဘာဝံ လဒ္ဓါဟံ, အဗ္ဘက္ခာနံ ဗဟုံ လဘိံ။

၇၁။ အနှစ်တစ်သောင်းတို့ပတ်လုံး ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏၊ ငါသည် လူ့ဘဝကို ရသည်ရှိသော့်စွပ်စွဲမှုကို များစွာ ခံခဲ့ရပြန်၏။

၇၂။ ‘‘တေန ကမ္မာဝသေသေန, စိဉ္စမာနဝိကာ မမံ၊

အဗ္ဘာစိက္ခိ အဘူတေန, ဇနကာယဿ အဂ္ဂတော။

၇၂။ ထိုကံအကြွင်းကြောင့် စိဉ္စမာဏဝိကာပရိဗိုဇ်မသည် လူအပေါင်း၏ရှေ့၌ မဟုတ်မမှန် စကားဖြင့် ငါ့ကို စွပ်စွဲလေ၏။ (၃)

[၃]

၇၃။ ‘‘ဗြာဟ္မဏော သုတဝါ အာသိံ, အဟံ သက္ကတပူဇိတော၊

မဟာဝနေ ပဉ္စသတေ, မန္တေ ဝါစေမိ မာဏဝေ။

၇၃။ ငါသည် အကြားအမြင် များသည်ဖြစ်၍ ရိုသေအပ် ပူဇော်အပ်သော ဗြာဟ္မဏလုလင် ဖြစ်ခဲ့၏၊ မဟာဝုန်တော၌ လုလင်ငါးရာတို့အား ဗေဒင်တို့ကို ပို့ချလျက် ရှိ၏။

စာ-၃၄၈

၇၄။ ‘‘တတ္ထာဂတော [တမာဂတော (က။)] ဣသိ ဘီမော, ပဉ္စာဘိညော မဟိဒ္ဓိကော၊

တံ စာဟံ အာဂတံ ဒိသွာ, အဗ္ဘာစိက္ခိံ အဒူသကံ။

၇၄။ တန်ခိုးကြီးမားသော ကြောက်မက်ဖွယ်ဖြစ်သော အဘိညာဥ်ရ ရသေ့သည် ထိုတောသို့ ရောက်လာ၏၊ ငါသည် ရောက်လာသော ထိုရသေ့ကို မြင်၍ မပြစ်မှားထိုက်ဘဲလျက် စွပ်စွဲခဲ့၏။

၇၅။ ‘‘တတောဟံ အဝစံ သိဿေ, ကာမဘောဂီ အယံ ဣသိ၊

မယှမ္ပိ ဘာသမာနဿ, အနုမောဒိံသု မာဏဝါ။

၇၅။ ထိုအခါ ငါသည် တပည့် (လုလင်) တို့ကို ဤရသေ့ကား ကာမဂုဏ်ချမ်းသာကို ခံစား လေ့ရှိသူတည်းဟု ပြောဆိုခဲ့၏။ ငါပြောကြားသည်ကိုလည်း တပည့်လုလင်တို့သည် ဝမ်းသာ အားရကြကုန်၏။

၇၆။ ‘‘တတော မာဏဝကာ သဗ္ဗေ, ဘိက္ခမာနံ ကုလေ ကုလေ၊

မဟာဇနဿ အာဟံသု, ကာမဘောဂီ အယံ ဣသိ။

၇၆။ ထို့နောက် လုလင်အားလုံးတို့သည် အိမ်တိုင်းအိမ်တိုင်း၌ ဆွမ်းခံသော ရသေ့ကို ဤရသေ့သည် ကာမဂုဏ်ချမ်းသာကို ခံစားလေ့ရှိသူတည်းဟု လူများအပေါင်းအား ပြောဆိုကြ ကုန်၏။

၇၇။ ‘‘တေန ကမ္မဝိပါကေန, ပဉ္စ ဘိက္ခုသတာ ဣမေ၊

အဗ္ဘက္ခာနံ လဘုံ သဗ္ဗေ, သုန္ဒရိကာယ ကာရဏာ။

၇၇။ ထိုကံ၏ အကျိုးကြောင့် အားလုံးသော ဤရဟန်းငါးရာတို့သည် သုန္ဒရီပရိဗိုဇ်မဟူ သော အကြောင်းကြောင့် စွပ်စွဲခြင်းကို ခံကြရကုန်၏၊ (၄)

[၄]

၇၈။ ‘‘ဝေမာတုဘာတရံ ပုဗ္ဗေ, ဓနဟေတု ဟနိံ အဟံ၊

ပက္ခိပိံ ဂိရိဒုဂ္ဂသ္မိံ, သိလာယ စ အပိံသယိံ။

၇၈။ ငါသည် ရှေးအခါက ဥစ္စာဟူသော အကြောင်းကြောင့် အမိဝမ်းကွဲသော ညီကို သတ်ခဲ့ဖူး၏၊ (သတ်ပြီး၍) တောင်ချောက်ကြား၌ ပစ်ချခဲ့၏၊ ကျောက်တုံးဖြင့်လည်း ဖိကြိတ် ခဲ့၏။

၇၉။ ‘‘တေန ကမ္မဝိပါကေန, ဒေဝဒတ္တော သိလံ ခိပိ၊

အင်္ဂုဋ္ဌံ ပိံသယီ ပါဒေ, မမ ပါသာဏသက္ခရာ။

၇၉။ ထိုကံ၏ အကျိုးကြောင့် ဒေဝဒတ်သည် ကျောက်ကို ပစ်ချ၏၊ (ထိုအခါ) ငါ၏ ခြေ၌ ကျောက်စရစ်လွှာသည် ခြေမတော်ကို ကြိတ်ချေ၏။ (၅)

[၅]

၈၀။ ‘‘ပုရေဟံ ဒါရကော ဟုတွာ, ကီဠမာနော မဟာပထေ၊

ပစ္စေကဗုဒ္ဓံ ဒိသွာန, မဂ္ဂေ သကလိကံ [သက္ခလိကံ (က။)] ခိပိံ [ဒဟိံ (သျာ။)]။

၈၀။ ရှေးအခါက ငါသည် ကလေးသူငယ်ဖြစ်၍ လမ်းခရီးမ၌ ကစားစဥ် လမ်း၌ ပစ္စေက ဗုဒ္ဓါကို မြင်၍ ကျောက်ခဲဖြင့် ပစ်ခတ်ခဲ့၏။

၈၁။ ‘‘တေန ကမ္မဝိပါကေန, ဣဓ ပစ္ဆိမကေ ဘဝေ၊

ဝဓတ္ထံ မံ ဒေဝဒတ္တော, အဘိမာရေ ပယောဇယိ။

၈၁။ ထိုကံ၏ အကျိုးကြောင့် ဤနောက်ဆုံးဘဝ၌ ဒေဝဒတ်သည် ငါ့ကို သတ်ရန် လေးသမားတို့ကို စေလွှတ်ခဲ့၏။ (၆)

[၆]

၈၂။ ‘‘ဟတ္ထာရောဟော ပုရေ အာသိံ, ပစ္စေကမုနိမုတ္တမံ၊

ပိဏ္ဍာယ ဝိစရန္တံ တံ, အာသာဒေသိံ ဂဇေနဟံ။

၈၂။ ရှေးအခါက (ငါသည် ) ဆင်ဦးစီး ဖြစ်ခဲ့၏၊ ငါသည် ဆွမ်းခံကြွလာတော်မူသော ထို ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဆင်ဖြင့် တိုက်ဝှေ့ခဲ့၏။

၈၃။ ‘‘တေန ကမ္မဝိပါကေန, ဘန္တော [ဒန္တော (က။)] နာဠာဂိရီ ဂဇော၊

ဂိရိဗ္ဗဇေ ပုရဝရေ, ဒါရုဏော သမုပါဂမိ [မံ ဥပါဂမိ (သီ။)]။

၈၃။ ထိုကံ၏ အကျိုးကြောင့် ရာဇဂြိုဟ်ပြည်မြတ်၌ နာဠာဂိရိဆင်သည် တုန်လှုပ်လျက် (ယဥ်ကျေးပြီး ဖြစ်ပါလျက်) ကြမ်းကြုတ်စွာ (ငါ့ထံသို့) ချဥ်းကပ်လေ၏။ (၇)

စာ-၃၄၉

[၇]

၈၄။ ‘‘ရာဇာဟံ ပတ္ထိဝေါ [ပတ္တိကော (သျာ။ က။), ခတ္တိယော (ဥဒါန အဋ္ဌ။)] အာသိံ, သတ္တိယာ ပုရိသံ ဟနိံ၊

တေန ကမ္မဝိပါကေန, နိရယေ ပစ္စိသံ ဘုသံ။

၈၄။ ငါသည် ပတ္ထိဝမင်း ဖြစ်ခဲ့၏၊ (ထိုအခါ) လှံဖြင့် ယောကျာ်းကို သတ်ခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငရဲ၌ ပြင်းထန်စွာ ကျက်ခဲ့ရ၏။ ၈၅၊ ထိုကံ၏ အကြွင်းကြောင့် ယခုအခါ၌ ကျောက်လွှာသည် ငါ၏ ခြေ၌ အရေအားလုံးကို ဖြတ် တောက်လေ၏၊ အကြောင်းကံသည် မပျောက်မပျက်သည်သာလျှင်တည်း။ (၈)

၈၅။ ‘‘ကမ္မုနော တဿ သေသေန, ဣဒါနိ သကလံ မမ၊

ပါဒေ ဆဝိံ ပကပ္ပေသိ [ပကောပေသိ (သီ။)], န ဟိ ကမ္မံ ဝိနဿတိ။

[၈]

၈၆။ ‘‘အဟံ ကေဝဋ္ဋဂါမသ္မိံ, အဟုံ ကေဝဋ္ဋဒါရကော၊

မစ္ဆကေ ဃာတိတေ ဒိသွာ, ဇနယိံ သောမနဿကံ [သောမနဿဟံ (ဥဒါန အဋ္ဌ။)]။

၈၆။ ငါသည် တံငါရွာ၌ တံငါသည်၏ သားသူငယ် ဖြစ်ခဲ့၏၊ ငါးများစွာ သတ်နေသည် တို့ကို မြင်၍ ဝမ်းမြောက်မှုကို ဖြစ်စေခဲ့၏။

၈၇။ ‘‘တေန ကမ္မဝိပါကေန, သီသဒုက္ခံ အဟူ မမ၊

သဗ္ဗေ သက္ကာ စ ဟညိံသု, ယဒါ ဟနိ ဝိဋဋူဘော [ဝိဋဋုဘော (သျာ။ က။)]။

၈၇။ ထိုကံ၏ အကျိုးကြောင့် ငါ့အား ခေါင်းခဲသော ဝေဒနာသည် ဖြစ်၏၊ ဝိဋဋူဘမင်း သတ်သော အခါ၌ သာကီဝင်မင်းအားလုံးတို့သည်လည်း အသတ်ခံရကုန်၏။ (၉)

[၉]

၈၈။ ‘‘ဖုဿဿာဟံ ပါဝစနေ, သာဝကေ ပရိဘာသယိံ၊

ယဝံ ခါဒထ ဘုဉ္ဇထ, မာ စ ဘုဉ္ဇထ သာလယော။

၈၈။ ငါသည် ဖုဿမြတ်စွာဘုရား၏ သာသနာတော်၌ (ဘုရား၏) တပည့်သာဝကတို့ကို မုယော (ဂျုံ) ကို ခဲကြ, စားကြကုန်လော့၊ သလေးတို့ကို မစားကြကုန်လင့်ဟု ဆဲရေးမိခဲ့၏။

၈၉။ ‘‘တေန ကမ္မဝိပါကေန, တေမာသံ ခါဒိတံ ယဝံ၊

နိမန္တိတော ဗြာဟ္မဏေန, ဝေရဉ္ဇာယံ ဝသိံ တဒါ။

၈၉။ ထိုကံ၏ အကျိုးကြောင့် ဝေရဉ္ဇာပုဏ္ဏား ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝေရဉ္ဇာပြည်၌ နေသော အခါဝယ် ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကို စားခဲ့ရ၏။ (၁၀)

[၁၀]

၉၀။ ‘‘နိဗ္ဗုဒ္ဓေ ဝတ္တမာနမှိ, မလ္လပုတ္တံ နိဟေဌယိံ [နိသေဓယိံ (သျာ။ က။)]၊

တေန ကမ္မဝိပါကေန, ပိဋ္ဌိဒုက္ခံ အဟူ မမ။

၉၀။ လက်ပန်းလုံးခြင်း ဖြစ်လတ်သော် (လက်ဝှေ့သတ်သော အခါ) လက်ပန်းသည်သားကို ညှဥ်းဆဲခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါ့အား ကျော၌ ဆင်းရဲဝေဒနာသည် ဖြစ်ခဲ့၏။ (၁၁)

[၁၁]

၉၁။ ‘‘တိကိစ္ဆကော အဟံ အာသိံ, သေဋ္ဌိပုတ္တံ ဝိရေစယိံ၊

တေန ကမ္မဝိပါကေန, ဟောတိ ပက္ခန္ဒိကာ မမ။

၉၁။ ငါသည် ဆေးသမား ဖြစ်ခဲ့၏၊ (ထိုအခါ) သူဌေးသားကို ဝမ်းလျှောစေခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါ့အား ဝမ်းလျှောခြင်းသည် ဖြစ်၏။ (၁၂)

[၁၂]

၉၂။ ‘‘အဝစာဟံ ဇောတိပါလော, သုဂတံ ကဿပံ တဒါ၊

ကုတော နု ဗောဓိ မုဏ္ဍဿ, ဗောဓိ ပရမဒုလ္လဘာ။

၉၂။ ငါသည် ဇောတိပါလလုလင် ဖြစ်သော အခါ ကဿပမြတ်စွာဘုရားကို ဦးပြည်း ရဟန်းအား သဗ္ဗညုတဉာဏ်ကို အဘယ်မှာ ရအံ့နည်း၊ သဗ္ဗညုတဉာဏ်သည် လွန်စွာ ရခဲ၏ဟု ပြောဆိုမိ၏။

စာ-၃၅၀

၉၃။ ‘‘တေန ကမ္မဝိပါကေန, အစရိံ ဒုက္ကရံ ဗဟုံ၊

ဆဗ္ဗဿာနုရုဝေဠာယံ, တတော ဗောဓိမပါပုဏိံ။

၉၃။ ထိုကံ၏ အကျိုးကြောင့် ဥရုဝေလတော၌ ခြောက်နှစ်တို့ပတ်လုံး (ဒုက္ကရစရိယာ အကျင့်ကို) ခဲယဥ်းစွာ ကျင့်ပြီးနောက်မှသာလျှင် သဗ္ဗညုတဉာဏ်သို့ ရောက်ခဲ့ရ၏။

၉၄။ ‘‘နာဟံ ဧတေန မဂ္ဂေန, ပါပုဏိံ ဗောဓိမုတ္တမံ၊

ကုမ္မဂ္ဂေန ဂဝေသိဿံ, ပုဗ္ဗကမ္မေန ဝါရိတော။

၉၄။ ငါသည် ထိုပြုနိုင်ခဲသော အကျင့်လမ်းစဥ်ဖြင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ မရောက်ခဲ့ပေ၊ ရှေးအကုသိုလ်ကံသည် တားမြစ်အပ်သည်ဖြစ်၍ မှားယွင်းသော အကျင့်ဖြင့် (သဗ္ဗညုတဉာဏ်ကို) ရှာဖွေခဲ့ရ၏။

၉၅။ ‘‘ပုညပါပပရိက္ခီဏော, သဗ္ဗသန္တာပဝဇ္ဇိတော၊

အသောကော အနုပါယာသော, နိဗ္ဗာယိဿမနာသဝေါ။

၉၅။ ငါ့အား ကောင်းမှုကံ, မကောင်းမှုကံ ကုန်ဆုံးပေ၏၊ ပူပန်ခြင်း အလုံးစုံမှ ကင်းရှင်းပေ၏၊ စိုးရိမ်ခြင်း မရှိ၊ ပင်ပန်းခြင်း မရှိတော့ပေ၊ အာသဝေါ မရှိဘဲ ငြိမ်းအေးခဲ့ပေပြီ။

၉၆။ ‘‘ဧဝံ ဇိနော ဝိယာကာသိ, ဘိက္ခုသံဃဿ အဂ္ဂတော၊

သဗ္ဗာဘိညာဗလပ္ပတ္တော, အနောတတ္တေ မဟာသရေ’’တိ။

ဣတ္ထံ သုဒံ ဘဂဝါ အတ္တနော ပုဗ္ဗစရိတံ ကမ္မပိလောတိကံ နာမ ဗုဒ္ဓါပဒါနဓမ္မပရိယာယံ အဘာသိတ္ထာတိ။

ပုဗ္ဗကမ္မပိလောတိကံ နာမ ဗုဒ္ဓါပဒါနံ ဒသမံ။

အဝဋဖလဝဂ္ဂေါ ဧကူနစတ္တာလီသမော။

တဿုဒ္ဒါနံ –

အဝဋံ လဗုဇဉ္စေဝ, ဥဒုမ္ဗရပိလက္ခု စ၊

ဖာရု ဝလ္လီ စ ကဒလီ, ပနသော ကောဋိဝီသကော။

ပုဗ္ဗကမ္မပိလောတိ စ, အပဒါနံ မဟေသိနော၊

ဂါထာယော ဧကနဝုတိ, ဂဏိတာယော ဝိဘာဝိဘိ။

စုဒ္ဒသမံ ဘာဏဝါရံ။

၉၆။ ဤသို့လျှင် ခပ်သိမ်းသော အဘိညာဥ်အားအစွမ်းသို့ ရောက်တော်မူသော မြတ်စွာဘုရားသည် အနောတတ်အိုင်၌ ရဟန်းအပေါင်း၏ ရှေ့ဝယ် ဟောကြားတော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် မိမိ၏ ရှေးက ကျင့်ကြံခဲ့သဖြင့် ကမ္မပိလောတိက (ကံဟောင်း) မည်သော ဗုဒ္ဓအပဒါနတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ။ ဆယ်ခုမြောက် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန ပြီး၏။ သုံးဆယ့်ကိုးခုမြောက် အဝဋဖလဝဂ် ပြီး၏။ တစ်ဆယ့်လေးခုမြောက် ဘာဏဝါရ ပြီး၏။ ၄၀-ပိလိန္ဒ္ဒဝစ္ဆဝဂ် ၁-ပိလိန္ဒဝစ္ဆတ္ထေရအပဒါန ပထမ

စာ-၃၅၁

၄၀။ ပိလိန္ဒဝစ္ဆဝဂ္ဂေါ

၁။ ပိလိန္ဒဝစ္ဆတ္ထေရအပဒါနံ

၁။ ‘‘နဂရေ ဟံသဝတိယာ, အာသိံ ဒေါဝါရိကော အဟံ၊

အက္ခောဘံ အမိတံ ဘောဂံ, ဃရေ သန္နိစိတံ မမ။

၁။ ငါသည် ဟံသာဝတီမြို့၌ တံခါးမှူး ဖြစ်ခဲ့၏၊ (ထိုအခါ) ရန်သူမျိုးငါးပါး မလှုပ်ရှား စေနိုင်သော မနှိုင်းရှည့်နိုင်သော စည်းစိမ်ဥစ္စာကို ငါ၏ အိမ်၌ စုဆောင်းထား၏။

၂။ ‘‘ရဟောဂတော နိသီဒိတွာ, ပဟံသိတွာန မာနသံ [သမ္ပဟံသိတွ မာနသံ (သီ။)]၊

နိသဇ္ဇ ပါသာဒဝရေ, ဧဝံ စိန္တေသဟံ တဒါ။

(စိန္တနာကာရော)

၂။ ဆိတ်ကွယ်ရာအရပ်သို့ ချဥ်းကပ်လျက် ထိုင်ပြီးလျှင် စိတ်ကို ရွှင်လန်းစေပြီးလျှင် ငါသည် ထိုအခါ၌ မြတ်သော ပြာသာဒ်ထက်၌ ထိုင်၍ ဤသို့ ကြံစည်စဥ်းစား၏။ (စိန္တနာကာရ) ကြံစည်စဥ်းစားပုံ

၃။ ‘‘‘ဗဟူ မေဓိဂတာ ဘောဂါ, ဖီတံ အန္တေပုရံ မမ၊

ရာဇာပိ [ရာဇိသိ (က။)] သန္နိမန္တေသိ, အာနန္ဒော ပထဝိဿရော။

၃။ ငါသည် စည်းစိမ်ဥစ္စာများစွာတို့ကို ရအပ်ကုန်၏၊ ငါ၏ အိမ်တွင်းသည် စည်ပင်ကြီး ပွါးလျက်ရှိ၏၊ မြေကို အစိုးရသော အာနန္ဒာမင်းမြတ်သည်လည်း (အလိုရှိမူ ယူဟု ငါ့အား) ဖိတ်မန်ထား၏။

၄။ ‘‘‘အယဉ္စ ဗုဒ္ဓေါ ဥပ္ပန္နော, အဓိစ္စုပ္ပတ္တိကော မုနိ၊

သံဝိဇ္ဇန္တိ စ မေ ဘောဂါ, ဒါနံ ဒဿာမိ သတ္ထုနော။

၄။ ဤမြတ်စွာဘုရားသည်လည်း ပွင့်တော်မူလျက် ရှိ၏၊ မြတ်စွာဘုရားမည်သည် အကြောင်းအားလျော်စွာ တစ်ရံတစ်ခါသာ ပွင့်တော်မူ၏၊ ငါ့အား စည်းစိမ်ဥစ္စာတို့သည်လည်း ရှိကုန်၏၊ ငါသည် မြတ်စွာဘုရားအား အလှူကို ပေးလှူရတော့အံ့။

၅။ ‘‘‘ပဒုမေန ရာဇပုတ္တေန, ဒိန္နံ ဒါနဝရံ ဇိနေ၊

ဟတ္ထိနာဂေ စ ပလ္လင်္ကေ, အပဿေနဉ္စနပ္ပကံ။

၅။ ပဒုမမင်းသားသည် မြတ်စွာဘုရားအား ဆင်ပြောင်တို့ကိုလည်းကောင်း၊ ပလ္လင်တို့ကိုလည်းကောင်း၊ များပြားသော တံကဲပျဥ်ကိုလည်းကောင်း (ဤသို့) မြတ်သော အလှူကို ပေးလှူ၏။

၆။ ‘‘‘အဟမ္ပိ ဒါနံ ဒဿာမိ, သံဃေ ဂဏဝရုတ္တမေ၊

အဒိန္နပုဗ္ဗမညေသံ, ဘဝိဿံ အာဒိကမ္မိကော။

၆။ ငါသည် လည်း အလွန်မြတ်သော ဂိုဏ်းသံဃာအား အလှူကို ပေးလှူအံ့၊ သူတစ်ပါး တို့သည် မလှူဖူးသော အလှူကို ပေးလှူခြင်းကြောင့် အလှူဦးလှူသောသူ ဖြစ်အံ့ (ဟု ဤ သို့ ကြံစည်စဥ်းစားလေ၏)။

၇။ ‘‘‘စိန္တေတွာဟံ ဗဟုဝိဓံ, ယာဂေ ယဿ သုခံဖလံ၊

ပရိက္ခာရဒါနမဒ္ဒက္ခိံ, မမ သင်္ကပ္ပပူရဏံ။

၇။ ကြံစည်စဥ်းစားပြီးနောက် ချမ်းသာသော အကျိုးကို ဖြစ်စေနိုင်သော အလှူဒါနအမျိုး မျိုးတွင် ငါ့အကြံကို ပြည့်ဝစေနိုင်သော ပရိက္ခရာအလှူကို ငါ တွေ့မြင်၏။

၈။ ‘‘‘ပရိက္ခာရာနိ ဒဿာမိ, သံဃေ ဂဏဝရုတ္တမေ၊

အဒိန္နပုဗ္ဗမညေသံ, ဘဝိဿံ အာဒိကမ္မိကော’။

(ဒါနဝတ္ထုသမ္ပာဒနံ)

၈။ ငါသည် အလွန်မြတ်သော ဂိုဏ်းသံဃာအား ပရိက္ခရာတို့ကို လှူဒါန်းအံ့၊ သူတစ်ပါး တို့သည် မလှူဖူးသော အလှူကို လှူခြင်းကြောင့် အလှူဦးလှူသောသူ ဖြစ်တော့အံ့။ (ဒါနဝတ္ထုသမ္ပာဒန) လှူဖွယ်ဝတ္ထုကို စီစဥ်ခြင်း

၉။ ‘‘နဠကာရေ ဥပါဂမ္မ, ဆတ္တံ ကာရေသိ တာဝဒေ၊

ဆတ္တသတသဟဿာနိ, ဧကတော သန္နိပါတယိံ။

၉။ ထိုအခါ နှီးသမားတို့ထံ ချဥ်းကပ်၍ ထီးကို ပြုလုပ်စေ၏၊ ထီးတစ်သိန်းတို့ကို တပေါင်းတည်း စုပေါင်းထားစေ၏။

၁၀။ ‘‘ဒုဿသတသဟဿာနိ, ဧကတော သန္နိပါတယိံ၊

ပတ္တသတသဟဿာနိ, ဧကတော သန္နိပါတယိံ။

၁၀။ ပုဆိုးတစ်သိန်းတို့ကို တပေါင်းတည်း စုပေါင်းထားစေ၏၊ သပိတ်တစ်သိန်းတို့ကို တစ်ပေါင်းတည်း စုပေါင်းထားစေ၏။

စာ-၃၅၂

၁၁။ ‘‘ဝါသိယော သတ္ထကေ စာပိ, သူစိယော နခဆေဒနေ၊

ဟေဋ္ဌာဆတ္တေ ဌပါပေသိံ, ကာရေတွာ တဒနုစ္ဆဝေ။

၁၁။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ပဲခွပ်၊ ဓားငယ်၊အပ်၊ လက်သည်းလှီးဓားတို့ကို ပြုလုပ်စေ၍ ထီးအောက်၌ ထားစေ၏။

၁၂။ ‘‘ဝိဓူပနေ တာလဝဏ္ဋေ, မောရဟတ္ထေ စ စာမရေ၊

ပရိဿာဝနေ တေလဓာရေ [တေလဓရေ (သီ။)], ကာရယိံ တဒနုစ္ဆဝေ။

၁၂။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ထန်းရွက်ယပ်၊ ဥဒေါင်း မြီးယပ်၊ စာမရီသားမြီးယပ်၊ ရေစစ်၊ ဆီကျည်တို့ကိုလည်း ပြုလုပ်စေ၏။

၁၃။ ‘‘သူစိဃရေ အံသဗဒ္ဓေ, အထောပိ ကာယဗန္ဓနေ၊

အာဓာရကေ စ သုကတေ, ကာရယိံ တဒနုစ္ဆဝေ။

၁၃။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သောအပ်ကျည်၊ အံသကိုဋ်၊ ခါးပန်းကြိုးနှင့် ကောင်းစွာ ပြုလုပ်ထားသော သပိတ်ခြေတို့ကိုလည်း ပြုလုပ်စေပြန်၏။

၁၄။ ‘‘ပရိဘောဂဘာဇနေ စ, အထောပိ လောဟထာလကေ၊

ဘေသဇ္ဇေ ပူရယိတွာန, ဟေဋ္ဌာဆတ္တေ ဌပေသဟံ။

၁၄။ ငါသည် အသုံးအဆောင်ခွက်နှင့် ကြေးခွက်တို့ကိုလည်း ဆေးပစ္စည်းတို့ဖြင့် ပြည့်စေ ၍ ထီးအောက်၌ ထားစေ၏။

၁၅။ ‘‘ဝစံ ဥသီရံ လဋ္ဌိမဓုံ, ပိပ္ဖလီ မရိစာနိ စ၊

ဟရီတကိံ သိင်္ဂီဝေရံ, သဗ္ဗံ ပူရေသိ ဘာဇနေ။

၁၅။ အကျော်၊ ပန်းရင်း၊ နွယ်ချို၊ ပိတ်ချင်း၊ ငရုတ်သီး၊ သဖန်ခါးသီး၊ ချင်းတို့ကိုလည်း ခွက်၌ အလုံးစုံ ပြည့်စေ၏။

၁၆။ ‘‘ဥပါဟနာ ပါဒုကာယော, အထော ဥဒကပုဉ္ဆနေ၊

ကတ္တရဒဏ္ဍေ သုကတေ, ကာရယိံ တဒနုစ္ဆဝေ။

၁၆။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ဖိနပ်၊ ခြေနင်း၊ ရေသုတ် အဝတ်နှင့် ကောင်းစွာ ပြုလုပ်အပ်သော တောင်ဝှေးတို့ကိုလည်း ပြုလုပ်စေ၏။

၁၇။ ‘‘ဩသဓဉ္ဇနနာဠီ စ [ဩသဓံ အဉ္ဇနာပိစ (သျာ။)], သလာကာ ဓမ္မကုတ္တရာ၊

ကုဉ္စိကာ ပဉ္စဝဏ္ဏေဟိ, သိဗ္ဗိတေ ကုဉ္စိကာဃရေ။

၁၇။ ဆေးမျက်စဥ်း, မျက်စဥ်းကျည်, မျက်စဥ်းတံ, ဓမကရိုဏ်, သံကောက်တို့ကိုလည်း ကောင်း၊ အရောင်ငါးမျိုးတို့ဖြင့် ချုပ်အပ်ကုန်သော သံကောက်အိမ်တို့ကိုလည်းကောင်း၊ -

၁၈။ ‘‘အာယောဂေ ဓူမနေတ္တေ စ, အထောပိ ဒီပဓာရကေ၊

တုမ္ဗကေ စ ကရဏ္ဍေ စ, ကာရယိံ တဒနုစ္ဆဝေ။

၁၈။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော အာယောဂပတ်၊ အခိုးတံ (ဆေးတံ)၊ ဆီမီးတိုင်၊ ဗူးကြုတ် (အစ်) တို့ကိုလည်းကောင်း ပြုလုပ်စေ၏။

၁၉။ ‘‘သဏ္ဍာသေ ပိပ္ဖလေ စေဝ, အထောပိ မလဟာရကေ၊

ဘေသဇ္ဇထဝိကေ စေဝ, ကာရယိံ တဒနုစ္ဆဝေ။

၁၉။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော မွေးညှပ်၊ သင်တုန်း၊ နဖာကလော်၊ ဆေးအိတ်တို့ကိုလည်း ပြုလုပ်စေ၏။

၂၀။ ‘‘အာသန္ဒိယော ပီဌကေ စ, ပလ္လင်္ကေ စတုရောမယေ၊

တဒနုစ္ဆဝေ ကာရယိတွာ, ဟေဋ္ဌာဆတ္တေ ဌပေသဟံ။

၂၀။ ငါသည် ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ညောင်စောင်း၊ အင်းပျဥ်၊ (မသာရက၊ ဗုန္ဒိကာဗဒ္ဓ၊ အာဟစ္စပါဒက၊ ကုဠီရပါဒကအားဖြင့်) ပလ္လင်လေးမျိုးတို့ ကိုလည်း ပြုလုပ်စေပြီး၍ ထီးအောက်၌ ထားစေ၏။

၂၁။ ‘‘ဥဏ္ဏာဘိသီ တူလဘိသီ, အထောပိ ပီဌိကာဘိသီ [ပီဌကာဘိသီ (သျာ။ က။)]၊

ဗိမ္ဗောဟနေ [ဗိဗ္ဗောဟနေ (သျာ။ က။)] စ သုကတေ, ကာရယိံ တဒနုစ္ဆဝေ။

၂၁။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော သားမွေးအစာသွတ်သော ဘုံလျှို၊ လဲအစာသွတ်သော ဘုံလျှို၊ အင်းပျဥ်၌ ခင်းအပ်သော ဘုံလျှိုနှင့် ကောင်းစွာ ပြုလုပ်အပ်သော ခေါင်းအုံးတို့ကိုလည်း ပြုလုပ်စေ၏။

၂၂။ ‘‘ကုရုဝိန္ဒေ မဓုသိတ္ထေ, တေလံ ဟတ္ထပ္ပတာပကံ၊

သိပါဋိဖလကေ သုစီ, မဉ္စံ အတ္ထရဏေန စ။

၂၂။ သင်တုန်းဓားသွေးကျောက်၊ သစ်မည်စည်မှုန့်၊ ဆီမီးမယ်ဖြူ (မီးဖို) နှင့် စင်ကြယ် ကုန်သော “သိပါဋိ” မည်သော ပျဥ်ချပ်အခင်းနှင့်တကွအပ်သော ညောင်စောင်း၊ -

၂၃။ ‘‘သေနာသနေ ပါဒပုဉ္ဆေ, သယနာသနဒဏ္ဍကေ၊

ဒန္တပေါဏေ စ အာဋလီ [ကထလိံ (သျာ။)], သီသာလေပနဂန္ဓကေ။

၂၃။ ကျောင်း, ခြေသုတ်ဖုံ, အိပ်ရာနေရာနှင့် တန်းဝါးတို့ကိုလည်းကောင်း၊ ဒန်ပူ, အထပ် ထပ်သော ဖိနပ်, ခေါင်းလိမ်းနံ့သာတို့ကိုလည်းကောင်း၊ -

စာ-၃၅၃

၂၄။ ‘‘အရဏီ ဖလပီဌေ [ပလာလပီဌေ (သီ။)] စ, ပတ္တပိဓာနထာလကေ၊

ဥဒကဿ ကဋစ္ဆူ စ, စုဏ္ဏကံ ရဇနမ္ဗဏံ [ရဇနမ္မဏံ (သီ။)]။

၂၄။ ပွတ်ခုံ, ပွတ်ကျည်, ခြေထောက်မပါသော ပျဥ်ချပ် (အင်းပျဥ်), သပိတ်ဖုံး, ဆွမ်း စားခွက်, ရေခပ်မှုတ်, ရေချိုးကသယ်မှုန့် (ဆပ်ပြာ), ဆိုးရေ ဆိုးစရာ စကျင်းကိုလည်း ကောင်း၊ -

၂၅။ ‘‘သမ္မဇ္ဇနံ [သမ္မုဉ္ဇနံ (သျာ။), သမ္မဇ္ဇနိံ, သမ္မုဉ္ဇနိံ (?)] ဥဒပတ္တံ, တထာ ဝဿိကသာဋိကံ၊

နိသီဒနံ ကဏ္ဍုစ္ဆာဒိ, အထ အန္တရဝါသကံ။

၂၅။ တံမြက်စည်း, ရေခွက်, မိုးရေခံသင်္ကန်း, နိသီဒိုင်, အမာလွှမ်းသင်္ကန်းနှင့် သင်းပိုင် ကိုလည်းကောင်း၊ -

၂၆။ ‘‘ဥတ္တရာသင်္ဂသံဃာဋီ, နတ္ထုကံ မုခသောဓနံ၊

ဗိဠင်္ဂလောဏံ ပဟူတဉ္စ [လောဏဘူတဉ္စ (က။)], မဓုဉ္စ ဒဓိပါနကံ။

၂၆။ ကိုယ်ဝတ်, ဒုကုဋ်, နှာနှတ်တံ, သွားပွတ်တံ, လျှာခြစ်တံ, အိပ်မွေ့သီး, ဆားနှင့် များစွာသော ပျား, နို့ဓမ်းအဖျော်ကိုလည်းကောင်း၊ -

၂၇။ ‘‘ဓူပံ [ဓူမံ (က။)] သိတ္ထံ ပိလောတိဉ္စ, မုခပုဉ္ဆနသုတ္တကံ၊

ဒါတဗ္ဗံ နာမ ယံ အတ္ထိ, ယဉ္စ ကပ္ပတိ သတ္ထုနော။

၂၇။ အခိုးတိုင် (အမွှေးတိုင်), ဖယောင်းတိုင်, ပုဆိုးကြမ်း, မျက်နှာသုတ်ပုဝါနှင့်အပ်ချည် ကိုလည်းကောင်း (ပြုစေခဲ့၏)။ အကြင်လှူဖွယ်ဝတ္ထုသည် ရှိ၏၊ အကြင်လှူဖွယ်ဝတ္ထုသည်လည်း မြတ်စွာဘုရားအားအပ်၏။

၂၈။ ‘‘သဗ္ဗမေတံ သမာနေတွာ, အာနန္ဒံ ဥပသင်္ကမိံ၊

ဥပသင်္ကမ္မ ရာဇာနံ, ဇနေတာရံ မဟေသိနော [မဟေသိနံ (သီ။), မဟာယသံ (သျာ။), မဟိဿရံ (က။)]၊

သိရသာ အဘိဝါဒေတွာ, ဣဒံ ဝစနမဗြဝိံ။

(ဒါနောကာသယာစနာ)

၂၈။ ဤလှူဖွယ်ဝတ္ထု အလုံးစုံကို ယူဆောင်၍ အာနန္ဒာမင်းထံသို့ ချဥ်းကပ်၏၊ ချမ်းသာ ကို ဖြစ်စေတတ်သော မြေကို အစိုးရသော အာနန္ဒာမင်းသို့ ချဥ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးပြီး လျှင် ဤစကားကို တင်လျှောက်၏။ - (ဒါနောကာသယာစနာ) လှူဒါန်းခွင့် တောင်းခြင်း

၂၉။ ‘‘‘ဧကတော ဇာတသံဝဒ္ဓါ, ဥဘိန္နံ ဧကတော မနံ [ယသော (သျာ။), မနော (?)]၊

သာဓာရဏာ သုခဒုက္ခေ, ဥဘော စ အနုဝတ္တကာ။

၂၉။ အရှင်မင်းမြတ် အကျွန်ုပ်တို့သည် အတူတကွ မွေးဖွား၍ အတူတကွ ကြီးပွါးလျက် ရှိကြပါကုန်၏၊ နှစ်ယောက်သော အကျွန်ုပ်တို့အား တူမျှသော စိတ်ရှိပါ၏၊ (အေးအတူ ပူအမျှ) ချမ်းသာ, ဆင်းရဲ၌ ဆက်ဆံလျက် ရှိကြကုန်၏၊ နှစ်ယောက်သော အကျွန်ုပ်တို့သည်လည်း တစ်ယောက်သည် (တစ်ယောက်အလိုသို့) လိုက်ကြပါကုန်၏။

၃၀။ ‘‘‘အတ္ထိ စေတသိကံ ဒုက္ခံ, တဝါဓေယျံ အရိန္ဒမ၊

ယဒိ သက္ကောသိ တံ ဒုက္ခံ, ဝိနောဒေယျာသိ ခတ္တိယ။

၃၀။ ရန်သူကို ဆုံးမတော်မူတတ်သော အရှင်မင်းမြတ် အရှင်မင်းမြတ်နှင့် စပ်သော စိတ် ဆင်းရဲမှုကို အကယ်၍ စွမ်းနိုင်ပါမူ ပယ်ဖျောက်တော်မူပါလော့ (ဟု တံခါးမှူးက တင်လျှောက်၏)။

၃၁။ ‘‘‘တဝ ဒုက္ခံ မမ ဒုက္ခံ, ဥဘိန္နံ ဧကတော မနော [မနံ (သီ။ သျာ။)]၊

နိဋ္ဌိတန္တိ ဝိဇာနာဟိ, မမာဓေယျံ သစေ တုဝံ။

၃၁။ (အဆွေတံခါးမှူး) သင်၏ ဆင်းရဲသည် ငါ၏ ဆင်းရဲပင်တည်း၊ ငါတို့နှစ်ယောက်တို့ အား တူညီသော စိတ်ရှိ၏၊ သင်သည် ငါ၏ ဆင်းရဲနှင့် အကယ်၍ စပ်ငြားအံ့၊ ဆင်းရဲ ကုန်ဆုံးပြီဟု သိလေလော့ (ဟု အာနန္ဒာမင်းက ဆို၏)။

၃၂။ ‘‘‘ဇာနာဟိ ခေါ မဟာရာဇ, ဒုက္ခံ မေ ဒုဗ္ဗိနောဒယံ၊

ပဟု သမာနော ဂဇ္ဇသု, ဧကံ တေ ဒုစ္စဇံ ဝရံ။

၃၂။ အရှင်မင်းမြတ် အကျွန်ုပ်၏ ဆင်းရဲကို စင်စစ် ပယ်ဖျောက်နိုင်ခဲ၏ဟု သိတော်မူပါ၊ အရှင်မင်းမြတ်သည် စွမ်းဆောင်နိုင်ခဲ့ပါမူ ကြုံးဝါးတော်မူပါ၊ အရှင်မင်းမြတ်အား စွန့်နိုင်ခဲသော တစ်ခုသော ဆုလာဘ်သည် ရှိပါလတ္တံ့ (ဟု တံခါးမှူးက လျှောက်ဆို၏)။

၃၃။ ‘‘‘ယာဝတာ ဝိဇိတေ အတ္ထိ, ယာဝတာ မမ ဇီဝိတံ၊

ဧတေဟိ ယဒိ တေ အတ္ထော, ဒဿာမိ အဝိကမ္ပိတော။

၃၃။ (အဆွေတံခါးမှူး) ငါ၏ နိုင်ငံ၌ သက်ရှိသက်မဲ့ ဥစ္စာပစ္စည်းသည်လည်းကောင်း၊ တိုင်းနိုင်ငံသည်လည်းကောင်း ရှိ၏။ ထိုဥစ္စာပစ္စည်း, တိုင်းနိုင်ငံတို့ဖြင့် သင်အလိုရှိပါမူ တုန် လှုပ်ခြင်း မရှိဘဲ ငါ ပေးအံ့ (ဟု မင်းကြီးက ဆို၏)။

၃၄။ ‘‘‘ဂဇ္ဇိတံ ခေါ တယာ ဒေဝ, မိစ္ဆာ တံ ဗဟု ဂဇ္ဇိတံ၊

ဇာနိဿာမိ တုဝံ အဇ္ဇ, သဗ္ဗဓမ္မေ [သစ္စဓမ္မေ (?)] ပတိဋ္ဌိတံ။

၃၄။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ကြုံးဝါးတော်မူခဲ့ပါပေ၏၊ များစွာ ကြုံးဝါးအပ် သော ထိုစကားသည် မှားယွင်းလေမည်လော၊ ယနေ့ အရှင်မင်းမြတ်ကို တရားအားလုံး၌ တည်သည်ကို သိရပါအံ့ (ဟု တံခါးမှူးက လျှောက်ဆို၏)။

စာ-၃၅၄

၃၅။ ‘‘‘အတိဗာဠှံ နိပီဠေသိ, ဒဒမာနဿ မေ သတော၊

ကိံ တေ မေ ပီဠိတေနတ္ထော, ပတ္ထိတံ တေ ကထေဟိ မေ။

၃၅။ (အဆွေတံခါးမှူး) ငါသည် ပေးမည် ဖြစ်ပါလျက် သင်သည် အလွန်ပြင်းစွာ နှိပ်စက် ဘိ၏၊ ငါ့အား နှိပ်စက်သဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ သင် တောင့်တအပ်သော ဆုကို ငါ့အား ပြောဆိုလော့ (ဟု မင်းကြီးက ဆို၏)။

၃၆။ ‘‘‘ဣစ္ဆာမဟံ မဟာရာဇ, ဗုဒ္ဓသေဋ္ဌံ အနုတ္တရံ၊

ဘောဇယိဿာမိ သမ္ဗုဒ္ဓံ, ဝဇ္ဇံ [ဝဉ္စုံ (?)] မေ မာဟု ဇီဝိတံ။

၃၆။ အရှင်မင်းမြတ် အကျွန်ုပ်သည် အတုမရှိ မြတ်သော မြတ်စွာဘုရားကို အလိုရှိပါ၏၊ မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပါအံ့၊ အကျွန်ုပ်၏ အသက်သည် အပြစ်မဖြစ်ပါစေလင့် (ဟု တံခါးမှူးက လျှောက်ထား၏)။

၃၇။ ‘‘‘အညံ တေဟံ ဝရံ ဒမ္မိ, မာ ယာစိတ္ထော တထာဂတံ [အယာစိတော တထာဂတော (သျာ။ က။)]၊

အဒေယျော ကဿစိ ဗုဒ္ဓေါ, မဏိ ဇောတိရသော ယထာ။

၃၇။ (အဆွေတံခါးမှူး) ငါသည် သင့်အား ဘုရားမှ တစ်ပါးသော ဆုကို ပေး၏၊ ဘုရား ကို မတောင်းအပ်ချေ၊ ‘ဇောတိရသပတ္တမြားကဲ့သို့’ ဘုရားကို တစ်စုံတစ်ယောက်သောသူအား မပေးထိုက်ချေ (ဟု မင်းကြီးက ဆို၏)။

၃၈။ ‘‘‘နနု တေ ဂဇ္ဇိတံ ဒေဝ, ယာဝ ဇီဝိတမတ္တနော [ဝိဇိတမတ္ထိတံ (က။), ဇီဝိတမတ္ထိကံ (သျာ။)]၊

ဇီဝိတံ [ဝိဇိတံ (က။)] ဒဒမာနေန, ယုတ္တံ ဒါတုံ တထာဂတံ။

၃၈။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ကြုံးဝါးတော်မူခဲ့ဖူးသည် မဟုတ်ပါလော၊ သက်ရှိပစ္စည်းနှင့် မိမိအသက်ကို ပေးတော်မူနိုင်သော အရှင်မင်းမြတ်သည် မြတ်စွာဘုရားကို ပေးသင့်သည်ပင် မဟုတ်ပါလော (ဟု တံခါးမှူးက လျှောက်ထား၏)။

၃၉။ ‘‘‘ဌပနီယော မဟာဝီရော, အဒေယျော ကဿစိ ဇိနော၊

န မေ ပဋိဿုတော ဗုဒ္ဓေါ, ဝရဿု အမိတံ ဓနံ။

၃၉။ (အဆွေတံခါးမှူး) မြတ်စွာဘုရားကို ချန်လှပ်၍ ထားအပ်၏၊ မြတ်စွာဘုရားကို တစ်စုံတစ်ယောက်သောသူအား မပေးအပ်, မပေးနိုင်ပါ၊ ငါသည် ဘုရားကို (ပေးမည်ဟု) ဝန်မခံပါ၊ မနှိုင်းရှည့်အပ်သော ဥစ္စာကို တောင်းဆိုလော့ (ဟု မင်းကြီးက ဆို၏)။

၄၀။ ‘‘‘ဝိနိစ္ဆယံ ပါပုဏာမ, ပုစ္ဆိဿာမ ဝိနိစ္ဆယေ၊

ယထာသဏ္ဌံ [ယထာသန္တံ (သီ။)] ကထေဿန္တိ, ပဋိပုစ္ဆာမ တံ တထာ။

၄၀။ အရှင်မင်းမြတ် အကျွန်ုပ်တို့သည် တရားရုံးသို့ သွားကြကုန်အံ့၊ တရားသူကြီးတို့ကို မေးကြကုန်အံ့၊ တရားဥပဒေ တည်ရှိတိုင်း ဆုံးဖြတ်ကုန်လတ္တံ့၊ ထိုတရားဥပဒေ တည်ရှိသော အခြင်းအရာအားဖြင့် ထိုအကြောင်းအရာကို မေးမြန်းကြပါကုန်အံ့။

၄၁။ ‘‘‘ရညော ဟတ္ထေ ဂဟေတွာန, အဂမာသိံ ဝိနိစ္ဆယံ၊

ပုရတော အက္ခဒဿာနံ, ဣဒံ ဝစနမဗြဝိံ။

၄၁။ ငါသည် မင်း၏ လက်တို့ကို ဆွဲ၍ တရားရုံးသို့ သွားခဲ့၏၊ တရားသူကြီးတို့၏ ရှေ့၌ ဤစကားကို ပြောဆိုခဲ့၏-

၄၂။ ‘‘‘သုဏန္တု မေ အက္ခဒဿာ, ရာဇာ ဝရမဒါသိ မေ၊

န ကိဉ္စိ ဌပယိတွာန, ဇီဝိတမ္ပိ [ဝိဇိတံပိ (က။)] ပဝါရယိ။

၄၂။ တရားသူကြီးမင်းတို့သည် အကျွန်ုပ်၏ စကားကို နားထောင်ကြပါကုန်လော့၊ မင်း သည် အကျွန်ုပ်အား ဆုကို ပေးခဲ့ပါ၏၊ (အဘယ်သို့သော ဆုကို ပေးခဲ့ပါသနည်း)၊ တစ်စုံ တစ်ခုကို ချန်မထားမူ၍ အသက်ကိုသော်လည်း ဖိတ်မန်ခဲ့ပါ၏၊ (ဤဆုကို ပေးခဲ့ပါ၏)။

၄၃။ ‘‘‘တဿ မေ ဝရဒိန္နဿ, ဗုဒ္ဓသေဋ္ဌံ ဝရိံ အဟံ၊

သုဒိန္နော ဟောတိ မေ ဗုဒ္ဓေါ, ဆိန္ဒထ သံသယံ မမ။

၄၃။ ထိုအကျွန်ုပ်အား ဆုကို ပေးသည်ရှိသော် အကျွန်ုပ်သည် မြတ်စွာဘုရားကို တောင်း ဆိုပါ၏၊ မြတ်စွာဘုရားကို အကျွန်ုပ်အား ပေးအပ်ပါ၏၊ (ပေးရာရောက်ပါ၏)၊ ဤသို့ အကျွန်ုပ်၏ ယုံမှားမှုကို ဆုံးဖြတ်ကြပါကုန်လော့ (ဟု တံခါးမှူးက ပြောဆို၏)။

၄၄။ ‘‘‘သောဿာမ တဝ ဝစနံ, ဘူမိပါလဿ ရာဇိနော၊

ဥဘိန္နံ ဝစနံ သုတွာ, ဆိန္ဒိဿာမေတ္ထ သံသယံ။

၄၄။ (အဆွေတံခါးမှူး) သင်၏ စကားကိုလည်းကောင်း၊ ရေမြေကို စောင့်သော မင်း၏ စကားကိုလည်းကောင်း ကြားနာကုန်အံ့။ ဤအရာ၌ နှစ်ယောက်လုံးတို့၏ စကားကို ကြားနာရ သော် ယုံမှားမှုကို ငါတို့ ဆုံးဖြတ်ပါမည် (ဟု ပြောဆို၏)။

၄၅။ ‘‘‘သဗ္ဗံ ဒေဝ တယာ ဒိန္နံ, ဣမဿ သဗ္ဗဂါဟိကံ [သဗ္ဗဂါဟိတံ (သျာ။ က။)]၊

န ကိဉ္စိ ဌပယိတွာန, ဇီဝိတမ္ပိ ပဝါရယိ။

၄၅။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ဤတံခါးမှူးအား အကြွင်းမဲ့ယူစေနိုင်သော အလုံးစုံသော အရာဝတ္ထုကို ပေးတော်မူအပ်ပါသလော၊ တစ်စုံတစ်ရာကို ခြွင်းချန် မထားဘဲ အသက်ကိုသော်လည်း ဖိတ်ခဲ့ပါသလောဟု မေးကြကုန်၏။

၄၆။ ‘‘‘ကိစ္ဆပ္ပတ္တောဝ ဟုတွာန, ယာစီ ဝရမနုတ္တရံ [ယာဝဇီဝမနုတ္တရံ (သျာ။ က။)]၊

ဣမံ သုဒုက္ခိတံ ဉတွာ, အဒါသိံ သဗ္ဗဂါဟိကံ။

၄၆။ (တရားသူကြီးတို့) ငြိုငြင်ပင်ပန်းခြင်းသို့ ရောက်သည်ဖြစ်၍ အသက်သေလုမတတ် လွန်ကဲလှ စွာသော ဤဆင်းရဲမှုကို သိရခြင်းကြောင့် အကြွင်းမဲ့ယူစေနိုင်သော ဆုကို ပေးခဲ့မိပါ၏ (ဟု မင်းကြီးက ထွက်ဆို၏)။

စာ-၃၅၅

၄၇။ ‘‘‘ပရာဇယော တုဝံ [တဝံ (သီ။)] ဒေဝ, အဿ ဒေယျော တထာဂတော၊

ဥဘိန္နံ သံသယော ဆိန္နော, ယထာသဏ္ဌမှိ [ယထာသန္တမှိ (သီ။)] တိဋ္ဌထ။

၄၇။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ရှုံးချေပြီ၊ ထိုတံခါးမှူးအား မြတ်စွာဘုရားကို ပေးထိုက်ပေ၏၊ နှစ်ယောက်သော သင်တို့၏ ယုံမှားမှုကို အကျွန်ုပ်တို့ ဆုံးဖြတ်ပြီးပါပြီ၊ တရားဥပဒေ တည်ရှိသည့်အတိုင်း တည်ကြပါကုန် (ဟု ဆုံးဖြတ်ကြကုန်၏)။

၄၈။ ‘‘‘ရာဇာ တတ္ထေဝ ဌတွာန, အက္ခဒဿေတဒဗြဝိ၊

သမ္မာ မယှမ္ပိ ဒေယျာထ, ပုန ဗုဒ္ဓံ လဘာမဟံ။

၄၈။ မင်းသည် ထိုတရားရုံး၌ပင် ရပ်တည်၍ တရားသူကြီးတို့ ငါ့အားလည်း ပေးကြ ကုန်လော့၊ ငါသည် မြတ်စွာဘုရားကို တစ်ဖန် ရလိုပါ၏ဟု တရားသူကြီးတို့အား ဤစကား ကို ပြောဆို၏။

၄၉။ ‘‘‘ပူရေတွာ တဝ သင်္ကပ္ပံ, ဘောဇယိတွာ တထာဂတံ၊

ပုန ဒေယျာသိ [ဒေယျာထ (က။)] သမ္ဗုဒ္ဓံ, အာနန္ဒဿ ယသဿိနော’။

(နိမန္တနကထာ)

၄၉။ (အဆွေတံခါးမှူး) သင်၏ စိတ်အကြံကို ပြည့်စေ၍ မြတ်စွာဘုရားကို ဆွမ်းကျွေးပြီး လျှင် အခြံအရံများသော အာနန္ဒာမင်းအား မြတ်စွာဘုရားကို တစ်ဖန် ပေးလော့ (ဟု ဆုံးဖြတ် ကြကုန်၏)။ (နိမန္တနကထာ) ပင့်ဖိတ်လျှောက်ထားခြင်း

၅၀။ ‘‘အက္ခဒဿေဘိဝါဒေတွာ, အာနန္ဒဉ္စာပိ ခတ္တိယံ၊

တုဋ္ဌော ပမုဒိတော ဟုတွာ, သမ္ဗုဒ္ဓမုပသင်္ကမိံ။

၅၀။ ငါသည် တရားသူကြီးတို့ကိုလည်းကောင်း၊ အာနန္ဒာမင်းမြတ်ကိုလည်းကောင်း ရှိခိုး ပြီးလျှင် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ခဲ့၏။

၅၁။ ‘‘ဥပသင်္ကမ္မ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ၊

သိရသာ အဘိဝါဒေတွာ, ဣဒံ ဝစနမဗြဝိံ။

၅၁။ ဩဃမှ ကူးမြောက်သည်ဖြစ်၍ အာသဝကင်းတော်မူသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏။ -

၅၂။ ‘ဝသီသတသဟဿေဟိ, အဓိဝါသေဟိ စက္ခုမ၊

ဟာသယန္တော မမ စိတ္တံ, နိဝေသနမုပေဟိ မေ’။

၅၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား (အရှင်ဘုရားသည်) ရဟန္တာတစ်သိန်းတို့ နှင့်တကွ (တပည့်တော်၏ လျှောက်ထားချက်ကို) လက်ခံတော်မူပါ၊ တပည့်တော်၏ စိတ်ကို ရွှင်ပြစေလျက် တပည့်တော်၏ အိမ်သို့ ကြွတော်မူပါဟု လျှောက်ထား၏။

၅၃။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမ သင်္ကပ္ပမညာယ, အဓိဝါသေသိ စက္ခုမာ။

၅၃။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ လက်ခံတော်မူ၏။

၅၄။ ‘‘အဓိဝါသနမညာယ, အဘိဝါဒိယ သတ္ထုနော၊

ဟဋ္ဌော ဥဒဂ္ဂစိတ္တောဟံ, နိဝေသနမုပါဂမိံ။

(ဒါနပဋိယာဒနံ)

၅၄။ ငါသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိမြင်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် ရွှင်ပျတက်ကြွသော စိတ်ရှိသည်ဖြစ်၍ အိမ်သို့ ချဥ်းကပ်၏။ (ဒါနပဋိယာဒန) လှူဖွယ်ဝတ္ထုစီရင်ခြင်း

၅၅။ ‘‘မိတ္တာမစ္စေ သမာနေတွာ, ဣဒံ ဝစနမဗြဝိံ၊

‘သုဒုလ္လဘော မယာ လဒ္ဓေါ, မဏိ ဇောတိရသော ယထာ။

၅၅။ ငါသည် အဆွေခင်ပွန်းတို့ကို ဖိတ်ခေါ်စုပေါင်း၍ ဤစကားကို ပြောဆို၏၊ ငါသည် ‘ဇောတိရသပတ္တမြားကဲ့သို့’ လွန်စွာ ရခဲလှသော မြတ်စွာဘုရားကို ရခဲ့ပေ၏။

၅၆။ ‘‘‘ကေန တံ ပူဇယိဿာမ, အပ္ပမေယျော အနူပမော၊

အတုလော အသမော ဓီရော, ဇိနော အပ္ပဋိပုဂ္ဂလော။

၅၆-၅၇။ မြတ်စွာဘုရားသည် မနှိုင်းရှည့်အပ်သည်ဖြစ်၍ နှိုင်းခိုင်းဖွယ် ဥပမာမရှိသော အတုမရှိသည်ဖြစ်၍ အတုမဲ့ဖြစ်တော်မူသော မြဲမြံခိုင်ခံ့သည်ဖြစ်၍ ပြိုင်ဘက်မရှိသော ထို့ပြင် အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော နှစ်ယောက်မြောက် ရှိတော်မမူသော လူတို့ထက် မြတ်တော်မူသော ပုဂ္ဂိုလ်ဖြစ်ပါပေ၏၊ ငါတို့သည် ထိုမြတ်စွာဘုရားကို အဘယ် ဝတ္ထုဖြင့် ပူဇော်ရပါကုန်အံ့နည်း၊ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သော (အလွန် အကဲ ပြုအပ်သော) ကောင်းမှုကိုလည်း ပြုနိုင်ခဲ့ပေ၏။

၅၇။ ‘‘‘တထာသမသမော စေဝ, အဒုတိယော နရာသဘော၊

ဒုက္ကရံ အဓိကာရဉှိ, ဗုဒ္ဓါနုစ္ဆဝိကံ မယာ။

၅၈။ ‘‘‘နာနာပုပ္ဖေ သမာနေတွာ, ကရောမ ပုပ္ဖမဏ္ဍပံ၊

ဗုဒ္ဓါနုစ္ဆဝိကံ ဧတံ, သဗ္ဗပူဇာ ဘဝိဿတိ’။

၅၈။ ပန်းအမျိုးမျိုးတို့ကို စုဆောင်း၍ ပန်းမဏ္ဍပ်ကို ပြုကုန်အံ့၊ ဤမဏ္ဍပ်သည် ဘုရား အား လျောက်ပတ်၍ လူအားလုံးတို့၏ ပူဇော်မှုသည် ဖြစ်လတ္တံ့။

စာ-၃၅၆

၅၉။ ‘‘ဥပ္ပလံ ပဒုမံ ဝါပိ, ဝဿိကံ အဓိမုတ္တကံ [အတိမုတ္တကံ (?)]၊

စမ္ပကံ [စန္ဒနံ (က။)] နာဂပုပ္ဖဉ္စ, မဏ္ဍပံ ကာရယိံ အဟံ။

၅၉။ ငါသည် ဥပ္ပလကြာ၊ ပဒုမ္မာကြာ၊ မုလေးပန်း၊ စံကားပန်း၊ ကံ့ကော်ပန်းတို့ကို (စုပေါင်း၍) ပန်းမဏ္ဍပ်ကို ပြုစေခဲ့၏။

၆၀။ ‘‘သတာသနသဟဿာနိ, ဆတ္တစ္ဆာယာယ ပညပိံ၊

ပစ္ဆိမံ အာသနံ မယှံ, အဓိကံ သတမဂ္ဃတိ။

၆၀။ နေရာတစ်သိန်းတို့ကို ထီးရိပ်၌ ခင်းထား၏၊ ငါ၏ အညံ့ဆုံးနေရာသည် တစ်ရာ ကျော် အဖိုးထိုက်တန်၏။

၆၁။ ‘‘သတာသနသဟဿာနိ, ဆတ္တစ္ဆာယာယ ပညပိံ၊

ပဋိယာဒေတွာ အန္နပါနံ, ကာလံ အာရောစယိံ အဟံ။

၆၁။ ငါသည် ထီးရိပ်၌ နေရာတစ်သိန်းတို့ကို ခင်းထားလျက် ဆွမ်းအဖျော်ကို စီရင်ပြီး နောက် ဆွမ်းစားချိန်ကို ကြားလျှောက်၏။

၆၂။ ‘‘အာရောစိတမှိ ကာလမှိ, ပဒုမုတ္တရော မဟာမုနိ၊

ဝသီသတသဟဿေဟိ, နိဝေသနမုပေသိ မေ။

၆၂။ ဆွမ်းစားချိန်ကို လျှောက်သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်သိန်း တို့နှင့်တကွ ငါ၏ အိမ်သို့ ကြွတော်မူ၏။

၆၃။ ‘‘ဓာရေန္တံ ဥပရိစ္ဆတ္တံ [ဓာရေန္တမုပရိစ္ဆတ္တေ (သီ။)], သုဖုလ္လပုပ္ဖမဏ္ဍပေ၊

ဝသီသတသဟဿေဟိ, နိသီဒိ ပုရိသုတ္တမော။

၆၃။ မြတ်စွာဘုရားသည် အထက်၌ ဆောင်းမိုးအပ်သော ထီးရှိသော ပန်းပွင့်တို့ဖြင့် ကောင်းစွာ ချယ်လှယ်အပ်သော ပန်းမဏ္ဍပ်၌ ရဟန္တာတစ်သိန်းတို့နှင့်တကွ နေတော်မူ၏။

၆၄။ ‘‘‘ဆတ္တသတသဟဿာနိ, သတသဟဿမာသနံ၊

ကပ္ပိယံ အနဝဇ္ဇဉ္စ, ပဋိဂဏှာဟိ စက္ခုမ’။

၆၄။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအပ်လည်းအပ်၍ အပြစ်လည်း မရှိသော ထီးတစ်သိန်းတို့ကိုလည်းကောင်း၊ နေရာတစ်သိန်းတို့ကိုလည်းကောင်း အလှူခံတော် မူပါ။

၆၅။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမံ တာရေတုကာမော သော, သမ္ပဋိစ္ဆိ မဟာမုနိ။

(ဒါနကထာ)

၆၅။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူ ထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့ကို ချီမြှောက်ကယ်တင်တော်မူလိုသည်ဖြစ်၍ အလှူခံတော်မူ၏။ (ဒါနကထာ) လှူဒါန်းခြင်းနှင့် သက်ဆိုင်သော စကား

၆၆။ ‘‘ဘိက္ခုနော ဧကမေကဿ, ပစ္စေကံ ပတ္တမဒါသဟံ၊

ဇဟိံသု သုမ္ဘကံ [ပုဗ္ဗကံ (သီ။), သမ္ဘတံ (သျာ။), မတ္တိကံ (?)] ပတ္တံ, လောဟပတ္တံ အဓာရယုံ။

၆၆။ ငါသည် ရဟန်း တစ်ပါးတစ်ပါးအား သပိတ် တစ်လုံးစီ ပေးလှူ၏၊ (ထိုရဟန်းတို့သည်) မြေသပိတ်ကို စွန့်ကြကုန်၏၊ သံသပိတ်ကို ဆောင်ကုန်၏။

၆၇။ ‘‘သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, နိသီဒိ ပုပ္ဖမဏ္ဍပေ၊

ဗောဓယန္တော ဗဟူ သတ္တေ, ဓမ္မစက္ကံ ပဝတ္တယိ။

၆၇။ မြတ်စွာဘုရားသည် ခုနစ်ရက်သော နေ့ညဥ့်ပတ်လုံး ပန်းမဏ္ဍပ်၌ နေတော်မူ၏၊ များစွာသော သတ္တဝါတို့ကို သစ္စာလေးပါးတရားကို သိစေလျက် ဓမ္မစကြာတရားကို ဟော တော်မူ၏။

၆၈။ ‘‘ဓမ္မစက္ကံ ပဝတ္တေန္တော, ဟေဋ္ဌတော ပုပ္ဖမဏ္ဍပေ၊

စုလ္လာသီတိသဟဿာနံ, ဓမ္မာဘိသမယော အဟု။

၆၈။ ပန်းမဏ္ဍပ်အောက်၌ ဓမ္မစကြာတရားကို ဟောတော်မူသည်ရှိသော် သတ္တဝါပေါင်းရှစ် သောင်းလေးထောင်တို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်လေ၏။

၆၉။ ‘‘သတ္တမေ ဒိဝသေ ပတ္တေ, ပဒုမုတ္တရော မဟာမုနိ၊

ဆတ္တစ္ဆာယာယမာသီနော, ဣမာ ဂါထာ အဘာသထ။

(ဗျာကရဏံ)

၆၉။ ခုနစ်ရက်မြောက် ရောက်သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ထီးရိပ်၌ နေ တော်မူလျက် ဤဂါထာတို့ကို ဟောတော်မူ၏ - (ဗျာကရဏ) ဟောကြားတော်မူခြင်း

၇၀။ ‘‘‘အနူနကံ ဒါနဝရံ, ယော မေ ပါဒါသိ မာဏဝေါ၊

တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။

၇၀။ အကြင်လုလင်သည် မယုတ်လျော့သောအလှူမြတ်ကို ငါဘုရားအား ပေးလှူ၏၊ ထိုလုလင်ကို ငါဘုရား ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ ငါ ပြောကြားမည့်စကားကို နာကြကုန် လော့၊ -

စာ-၃၅၇

၇၁။ ‘‘‘ဟတ္ထီ အဿာ ရထာ ပတ္တီ, သေနာ စ စတုရင်္ဂိနီ၊

ပရိဝါရေဿန္တိမံ [တံ (သျာ။)] နိစ္စံ, သဗ္ဗဒါနဿိဒံ ဖလံ။

၇၁။ အင်္ဂါလေးပါးရှိသော ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်တို့သည်လည်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရ ခြင်း၏ အကျိုးပေတည်း။

၇၂။ ‘‘‘ဟတ္ထိယာနံ အဿယာနံ, သိဝိကာ သန္ဒမာနိကာ၊

ဥပဋ္ဌိဿန္တိမံ နိစ္စံ, သဗ္ဗဒါနဿိဒံ ဖလံ။

၇၂။ ဆင်ယာဥ်၊ မြင်းယာဥ်၊ ထမ်းစင်၊ သံလျှင်းတို့သည်လည်း ဤသူ့ကို အမြဲ ခြံရံကုန် လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၃။ ‘‘‘သဋ္ဌိ ရထသဟဿာနိ, သဗ္ဗာလင်္ကာရဘူသိတာ၊

ပရိဝါရေဿန္တိမံ နိစ္စံ, သဗ္ဗဒါနဿိဒံ ဖလံ။

၇၃။ အဆင်တန်ဆာ အားလုံးတို့ဖြင့် တန်ဆာဆင်အပ်သော ယာဥ်ရထား ခြောက်သောင်း တို့လည်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထု ကို လှူရခြင်း၏ အကျိုးပေတည်း။

၇၄။ ‘‘‘သဋ္ဌိ တူရိယသဟဿာနိ, ဘေရိယော သမလင်္ကတာ၊

ဝဇ္ဇယိဿန္တိမံ နိစ္စံ, သဗ္ဗဒါနဿိဒံ ဖလံ။

၇၄။ တူရိယာ ခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်ကုန် သော စည်ကြီးတို့သည်လည်းကောင်း ဤသူ့ကို အမြဲ ဖျော်ဖြေတီးမှုတ်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၅။ ‘‘‘ဆဠာသီတိသဟဿာနိ, နာရိယော သမလင်္ကတာ၊

ဝိစိတ္တဝတ္ထာဘရဏာ, အာမုက္ကမဏိကုဏ္ဍလာ [အာမုတ္တမဏိကုဏ္ဍလာ (သီ။ သျာ။)]။

၇၅။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်ကုန်သော, ပုလဲသွယ်, ပတ္တမြားနားတောင်းကို ပန်ဆင်ကုန်သော, -

၇၆။ ‘‘‘အဠာရပမှာ ဟသုလာ, သုသညာ တနုမဇ္ဈိမာ၊

ပရိဝါရေဿန္တိမံ နိစ္စံ, သဗ္ဗဒါနဿိဒံ ဖလံ။

၇၆။ ကော့တက်သော မျက်တောင်ရှိကုန်သော, ပြုံးရွှင်စွာ ပြောဆိုတတ်ကုန်သော, ကောင်းသော အမှတ်သညာရှိကုန်သော, သေးသွယ်သော ခါးရှိကုန်သော နှစ်သောင်းခြောက် ထောင်ကုန်သော သတို့သမီးတို့သည် ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၇။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊

သဟဿက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။

၇၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင်တိုင် တိုင် နတ်တို့ကို အစိုးရသော သိကြားမင်းအဖြစ် ပြုရလတ္တံ့။

၇၈။ ‘‘‘သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ၊

ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။

၇၈။ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်ရလတ္တံ့၊ ပြန့်ပြောများပြား သော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၇၉။ ‘‘‘ဒေဝလောကေ ဝသန္တဿ, ပုညကမ္မသမင်္ဂိနော၊

ဒေဝလောကပရိယန္တံ, ရတနဆတ္တံ ဓရိဿတိ။

၇၉။ ဘုန်းကံနှင့် ပြည့်စုံသောသူအား နတ်ပြည်၌ နေသည်ရှိသော် နတ်ပြည်လျှင် အဆုံး ရှိသော ရတနာထီးကို ဆောင်းရလတ္တံ့။

၈၀။ ‘‘‘ဣစ္ဆိဿတိ ယဒါ ဆာယံ [ယဒါ ဝါယံ (သျာ။ က။)], ဆဒနံ ဒုဿပုပ္ဖဇံ၊

ဣမဿ စိတ္တမညာယ, နိဗဒ္ဓံ ဆာဒယိဿတိ။

၈၀။ အကြင်အခါ၌ ဤသူသည် အဝတ်ပန်းကြောင့် ဖြစ်သော အရိပ်အမိုးကို အလိုရှိအံ့၊ ထိုအခါ ဤသူ၏ စိတ်အလိုကို သိ၍ (အရိပ်ပန်းမိုးသည်) အမြဲ ဆောင်းမိုးထားလတ္တံ့။

၈၁။ ‘‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊

ပုညကမ္မေန သံယုတ္တော, ဗြဟ္မဗန္ဓု ဘဝိဿတိ။

၈၁။ နတ်ပြည်မှ စုတေပြီးလျှင် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ဘုန်းကံနှင့် ယှဥ်သော (ပြည့်စုံသော) ဗြာဟ္မဏမျိုး ဖြစ်လတ္တံ့။

၈၂။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန [နာမေန (သဗ္ဗတ္ထ) ဧဝမုပရိပိ၊ အဋ္ဌထာယံ ပန ပုဗ္ဗေ ဂေါတ္တေနာတိပဒံ ဝဏ္ဏိတံ], သတ္ထာ လောကေ ဘဝိဿတိ။

၈၂။ (ဤကမ္ဘာမှ နောက်) ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကအမျိုး၌ ဖြစ်သော အနွယ် အားဖြင့် ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၈၃။ ‘‘‘သဗ္ဗမေတံ အဘိညာယ, ဂေါတမော သကျပုင်္ဂဝေါ၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဧတဒဂ္ဂေ ဌပေဿတိ။

၈၃။ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားသည် ဤတရား အလုံးစုံကို သိမြင်တော်မူ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ဤသူ့ကို ဧတဒဂ် အရာ၌ ထားတော်မူလတ္တံ့။

စာ-၃၅၈

၈၄။ ‘‘‘ပိလိန္ဒဝစ္ဆနာမေန [ပိလိန္ဒိဝစ္ဆနာမေန (သီ။)], ဟေဿတိ သတ္ထုသာဝကော၊

ဒေဝါနံ အသုရာနဉ္စ, ဂန္ဓဗ္ဗာနဉ္စ သက္ကတော။

၈၄။ နတ်, အသုရာ, ဂန္ဓဗ္ဗနတ်တို့သည် ကောင်းစွာ (ပူဇော်မှုကို) ပြုအပ်သော ပိလိန္ဒဝစ္ဆ အမည်ဖြင့် ထင်ရှားသော ဘုရားတပည့်သား ဖြစ်လတ္တံ့။

၈၅။ ‘‘‘ဘိက္ခူနံ ဘိက္ခုနီနဉ္စ, ဂိဟီနဉ္စ တထေဝ သော၊

ပိယော ဟုတွာန သဗ္ဗေသံ, ဝိဟရိဿတိနာသဝေါ’။

(ဒါနာနိသံသကထာ)

၈၅။ ထို့အတူသာလျှင် ထိုပိလိန္ဒဝစ္ဆသည် အလုံးစုံသော ရဟန်းယောကျာ်း, ရဟန်းမိန်းမ၊ လူ ဒါယကာ, ဒါယိကာမတို့ ချစ်ခင်မြတ်နိုးအပ်သည်ဖြစ်၍ အာသဝေါ ကင်းလျက် နေရလတ္တံ့။ (ဒါနာနိသံသကထာ) ဒါန၏ အကျိုးဆက်ကို ဖော်ပြခြင်း

၈၆။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊

သုမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယီ မမ [ဈာပယိဿတိ (သီ။ က။), ဈာပယိံ အဟံ (သျာ။)]။

၈၆။ ကမ္ဘာတစ်သိန်းထက်၌ ပြုခဲ့သော ကုသိုလ်ကံသည် ဤအဆုံးဘဝ၌ ငါ့အား အကျိုး တရားကို ဖော်ပြ၏၊ ‘ (ညှို့မှ) ကောင်းစွာ လွှတ်သော မြားအဟုန်ကဲ့သို့’ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၏။

၈၇။ ‘‘အဟော မေ သုကတံ ကမ္မံ, ပုညက္ခေတ္တေ အနုတ္တရေ၊

ယတ္ထ ကာရံ ကရိတွာန, ပတ္တောမှိ အစလံ ပဒံ။

၈၇။ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် သောဘုရားအမှူးရှိသော သံဃာ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ကံသည် အံ့ဖွယ်ရှိပါပေစွ၊ အကြင်ဘုရားအမှူးရှိသော သံဃာ၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၈၈။ ‘‘အနူနကံ ဒါနဝရံ, အဒါသိ ယော [သော (က။)] ဟိ မာဏဝေါ၊

အာဒိပုဗ္ဗင်္ဂမော အာသိ, တဿ ဒါနဿိဒံ ဖလံ။

(၁။ ဆတ္တာနိသံသော)

၈၈။ အကြင်လုလင်သည် မယုတ်လျော့သော အလှူမြတ်ကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ထိုသူသည် အလှူပထမခေါင်းဆောင် ဖြစ်ခဲ့၏။ ဤသို့ ဖြစ်ရခြင်းသည် ထိုအလှူ၏ အကျိုး ပေတည်း။ (၁-ဆတ္တာနိသံသ) ထီးလှူဒါန်းခြင်း၏ အကျိုး

၈၉။ ‘‘ဆတ္တေ စ သုဂတေ ဒတွာ [ဆတ္တေ သုဂတေ ဒတွာန (သီ။ သျာ။)], သံဃေ ဂဏဝရုတ္တမေ၊

အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၈၉။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း ထီးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏။

၉၀။ ‘‘သီတံ ဥဏှံ န ဇာနာမိ, ရဇောဇလ္လံ န လိမ္ပတိ၊

အနုပဒ္ဒဝေါ အနီတိ စ, ဟောမိ အပစိတော သဒါ။

၉၀။ ငါသည် အအေးအပူကို မသိရပေ၊ (ငါ့အား) မြူအညစ်အကြေးသည် မလိမ်းကျံ မကပ်ငြိပေ၊ ငါသည် ဘေးရန်ဆင်းရဲ မရှိဘဲ အခါခပ်သိမ်း အပူဇော်ခံရသူ ဖြစ်ပေ၏။

၉၁။ ‘‘သုခုမစ္ဆဝိကော ဟောမိ, ဝိသဒံ ဟောတိ မာနသံ၊

ဆတ္တသတသဟဿာနိ, ဘဝေ သံသရတော မမ။

၉၁-၉၂။ ငါသည် သိမ်မွေ့နူးညံ့သော အရေအဆင်းရှိသူ ဖြစ်၏၊ (ငါ၏) စိတ်သည် သန့်ရှင်းပေ၏၊ သံသရာဘဝ၌ ကျင်လည်ရသော ငါ့အား အလုံးစုံတန်ဆာနှင့် ယှဥ်စပ်ကုန် သော ထီးတစ်သိန်းတို့သည် ထိုကံ၏ အစွမ်းကြောင့် ဤဘဝကို ကြဥ်ထား၍ ငါ၏ ဦးထိပ်၌ ဆောင်မိုးလျက် ရှိကုန်၏။

၉၂။ ‘‘သဗ္ဗာလင်္ကာရယုတ္တာနိ, တဿ ကမ္မဿ ဝါဟသာ၊

ဣမံ ဇာတိံ ဌပေတွာန, မတ္ထကေ ဓာရယန္တိ မေ။

၉၃။ ‘‘ကသ္မာ [တသ္မာ (သျာ။ က။)] ဣမာယ ဇာတိယာ, နတ္ထိ မေ ဆတ္တဓာရဏာ၊

မမ သဗ္ဗံ ကတံ ကမ္မံ, ဝိမုတ္တိဆတ္တပတ္တိယာ။

(၂။ ဒုဿာနိသံသော)

၉၃။ အဘယ့်ကြောင့် ဤဘဝ၌ ငါ့အား ထီးဆောင်းခြင်းတို့သည် မရှိကုန်သနည်း၊ ငါ ပြုခဲ့သော ကံအလုံးစုံသည် အရဟတ္တဖိုလ်ထီးကို ရခြင်းငှါ ဖြစ်ပေ၏။ (၂-ဒုဿာနိသံသ) အဝတ်ပုဆိုးလှူဒါန်းခြင်း၏ အကျိုး

၉၄။ ‘‘ဒုဿာနိ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၉၄။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ပုဆိုးအဝတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏။

စာ-၃၅၉

၉၅။ ‘‘သုဝဏ္ဏဝဏ္ဏော ဝိရဇော, သပ္ပဘာသော ပတာပဝါ၊

သိနိဒ္ဓံ ဟောတိ မေ ဂတ္တံ, ဘဝေ သံသရတော မမ။

၉၅။ ငါသည် ရွှေအဆင်းနှင့် တူသော အဆင်းရှိပေ၏၊ မြူအညစ်အကြေး ကင်းပေ၏၊ ပြိုးပြိုးပြက်ပြက့်အရောင်ထွက်ပေ၏၊ တန်ခိုးကြီးမားပေ၏၊ ငါ၏ ကိုယ်သည် ပြေပြစ်ပေ၏၊ သံသရာ၌ ကျင်လည်ရသော ငါ့အား -

၉၆။ ‘‘ဒုဿသတသဟဿာနိ, သေတာ ပီတာ စ လောဟိတာ၊

ဓာရေန္တိ မတ္ထကေ မယှံ, ဒုဿဒါနဿိဒံ ဖလံ။

၉၆။ အဖြူ, အဝါ, အနီ အဝတ်ပုဆိုး တစ်သိန်းတို့သည် ငါ၏ ဦးထိပ်၌ ဆောင်မိုးလျက် ရှိကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးအဝတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၉၇။ ‘‘ကောသေယျကမ္ဗလိယာနိ, ခေါမကပ္ပါသိကာနိ စ၊

သဗ္ဗတ္ထ ပဋိလဘာမိ, တေသံ နိဿန္ဒတော အဟံ။

(၃။ ပတ္တာနိသံသော)

၉၇။ ငါသည် ဘဝအားလုံး၌ ထိုပုဆိုးတို့၏ အကျိုးကြောင့် ပိုးပုဆိုး, သကလတ် (ကမ္ဗလာ) ပုဆိုးတို့ကိုလည်းကောင်း၊ ခေါမချည်ပုဆိုး, ဝါချည်ပုဆိုးတို့ကိုလည်းကောင်း ရပေ၏။ (၃-ပတ္တာနိသံသ) သပိတ်လှူခြင်း၏ အကျိုး

၉၈။ ‘‘ပတ္တေ သုဂတေ ဒတွာန, သံဃေ ဂဏဝရုတ္တမေ၊

ဒသာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၉၈။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း သပိတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆယ်ပါးတို့ကို ခံစားရပေ၏။

၉၉။ ‘‘သုဝဏ္ဏထာလေ မဏိထာလေ, ရဇတေပိ စ ထာလကေ၊

လောဟိတင်္ဂမယေ ထာလေ, ပရိဘုဉ္ဇာမိ သဗ္ဗဒါ။

၉၉။ ငါသည် ရွှေခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားခွက်တို့ကိုလည်းကောင်း၊ ငွေခွက်တို့ ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ခွက်တို့ကိုလည်းကောင်း အခါခပ်သိမ်း သုံး ဆောင်ရပေ၏။

၁၀၀။ ‘‘အနုပဒ္ဒဝေါ အနီတိ စ, ဟောမိ အပစိတော သဒါ၊

လာဘီ အန္နဿ ပါနဿ, ဝတ္ထဿ သယနဿ စ။

၁၀၀။ ငါသည် ဘေးရန်ဆင်းရဲ မရှိဘဲ အခါခပ်သိမ်း (လူနတ်တို့) ပူဇော်ခံရသူ ဖြစ်ပေ၏၊ ထမင်း, အဖျော်, အဝတ်, အိပ်ရာနေရာတို့ကို များစွာ ရခြင်းရှိသူ ဖြစ်ပေ၏။

၁၀၁။ ‘‘န ဝိနဿန္တိ မေ ဘောဂါ, ဌိတစိတ္တော ဘဝါမဟံ၊

ဓမ္မကာမော သဒါ ဟောမိ, အပ္ပက္လေသော အနာသဝေါ။

၁၀၁။ ငါ၏ စည်းစိမ်တို့သည် မပျောက်ပျက်ကုန်၊ ငါသည် တည်တံ့သော စိတ်ရှိသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း တရားကို လိုလားသူဖြစ်၍ အဆုံးဘဝ၌ ကိလေသာနည်းပါးသူ, အာသဝေါမရှိသူ ဖြစ်ပေ၏။

၁၀၂။ ‘‘ဒေဝလောကေ မနုဿေ ဝါ, အနုဗန္ဓာ ဣမေ ဂုဏာ၊

ဆာယာ ယထာပိ ရုက္ခဿ, သဗ္ဗတ္ထ န ဇဟန္တိ မံ။

(၄။ ဝါသိအာနိသံသော)

၁၀၂။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ဤဂုဏ်ကျေးဇူးတို့သည် ‘သစ်ပင်၏ အရိပ်ကဲ့သို့’ (ငါ့ကို) အစဥ်လိုက်ကုန်၏။ ဘဝအားလုံး၌ ငါ့ကို မစွန့်ကုန်။ (၄-ဝါသိအာနိသံသ) ပဲခွပ်လှူဒါန်းခြင်း၏ အကျိုး

၁၀၃။ ‘‘စိတ္တဗန္ဓနသမ္ဗဒ္ဓါ [စိတ္တဗန္ဓနသမ္ပန္နာ (က။)], သုကတာ ဝါသိယော ဗဟူ၊

ဒတွာန ဗုဒ္ဓသေဋ္ဌဿ, သံဃဿ စ တထေဝဟံ။

၁၀၃။ ငါသည် ကောင်းစွာ ပြုလုပ်အပ်ကုန်သော, ဆန်းကြယ်သော အခွေးအဖွဲ့တပ်အပ် ကုန်သော, များစွာသော ပဲခွပ်တို့ကို ဘုရားမြတ်အားလည်းကောင်း၊ ထိုမှတစ်ပါးသော သံဃာအားလည်းကောင်း ပေးလှူခဲ့ရသောကြောင့် -

၁၀၄။ ‘‘အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ၊

သူရော ဟောမဝိသာရီ စ, ဝေသာရဇ္ဇေသု ပါရမီ။

၁၀၄။ ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏၊ ငါသည် ရဲရင့်၏၊ ရွံရှာခြင်း ကင်း၏၊ ဝေသာရဇ္ဇဉာဏ်တို့၌ အပြီးအဆုံးသို့ ရောက်၏။

၁၀၅။ ‘‘ဓိတိဝီရိယဝါ ဟောမိ, ပဂ္ဂဟီတမနော သဒါ၊

ကိလေသစ္ဆေဒနံ ဉာဏံ, သုခုမံ အတုလံ သုစိံ၊

သဗ္ဗတ္ထ ပဋိလဘာမိ, တဿ နိဿန္ဒတော အဟံ။

(၅။ သတ္ထကာနိသံသော)

၁၀၅။ တည်ကြည်၏၊ လုံ့လရှိ၏၊ အခါခပ်သိမ်း ချီးမြှောက်အပ်သော စိတ်ရှိ၏၊ ထိုပဲခွပ် အလှူ၏ အကျိုးဆက်ကြောင့် ကိလေသာကို ဖြတ်တတ်သော သိမ်မွေ့သော ဉာဏ်ကိုလည်း ကောင်း၊ အတုမရှိသော စင်ကြယ်ခြင်းကိုလည်းကောင်း ငါ့အား ဘဝအားလုံး၌ ရရှိပေ၏။ (၅-သတ္ထကာနိသံသ) ဓားငယ်လှူဒါန်းခြင်း၏ အကျိုး

၁၀၆။ ‘‘အကက္ကသေ အဖရုသေ, သုဓောတေ သတ္ထကေ ဗဟူ၊

ပသန္နစိတ္တော ဒတွာန, ဗုဒ္ဓေ သံဃေ တထေဝ စ။

၁၀၆။ ငါသည် မကြမ်းတမ်း မရုန့်ရင်းကုန်သော ကောင်းစွာ ဆေးအပ်ကုန်သော ဓားငယ် များစွာတို့ကို ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားအားလည်းကောင်း၊ ထိုမှ တစ်ပါး သံဃာအားလည်းကောင်း ပေးလှူခဲ့ရသောကြောင့် -

၁၀၇။ ‘‘ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ၊

ကလျာဏမိတ္တံ [ကလျာဏစိတ္တံ (သီ။)] ဝီရိယံ, ခန္တိဉ္စ မေတ္တသတ္ထကံ။

၁၀၇။ ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏၊ မိတ်ဆွေခင်ပွန်းကောင်းကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း၊ မေတ္တာတည်းဟူသော လက်နက်ကိုလည်းကောင်း-

၁၀၈။ ‘‘တဏှာသလ္လဿ ဆိန္နတ္တာ, ပညာသတ္ထံ အနုတ္တရံ၊

ဝဇိရေန သမံ ဉာဏံ, တေသံ နိဿန္ဒတော လဘေ။

(၆။ သူစိအာနိသံသော)

၁၀၈။ တဏှာတည်းဟူသော ငြောင့်ကို ဖြတ်တတ်သောကြောင့် အတုမရှိသော ပညာ လက်နက်ကိုလည်းကောင်း၊ ဝရဇိန်နှင့် တူသော ဉာဏ်ကိုလည်းကောင်း ထိုဓားငယ်ကို လှူဒါန်းရခြင်း၏ အကျိုးဆက်ကြောင့် ရရှိပေ၏။ (၆-သူစိအာနိသံသ)အပ်လှူဒါန်းခြင်း၏ အကျိုး

၁၀၉။ ‘‘သူစိယော သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၀၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်းအပ်တို့ကို ပေးလှူခဲ့သောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၁၀။ ‘‘န သံသယော ကင်္ခစ္ဆေဒေါ, အဘိရူပေါ စ ဘောဂဝါ၊

တိက္ခပညော သဒါ ဟောမိ, သံသရန္တော ဘဝါဘဝေ။

၁၁၀။ ငါသည် ဘဝကြီး, ငယ်၌ ကျင်လည်ရသည်ရှိသော် အခါခပ်သိမ်း တွေးတောမှု မရှိသူ၊ ယုံမှားခြင်းကို ဖြတ်နိုင်သူ၊ အလွန်အဆင်းလှသူ၊ စည်းစိမ်ရှိသူ၊ ထက်မြက်သော ပညာရှိသူ ဖြစ်ပေ၏။

၁၁၁။ ‘‘ဂမ္ဘီရံ နိပုဏံ ဌာနံ, အတ္ထံ ဉာဏေန ပဿယိံ၊

ဝဇိရဂ္ဂသမံ ဉာဏံ, ဟောတိ မေ တမဃာတနံ။

(၇။ နခစ္ဆေဒနာနိသံသော)

၁၁၁။ ငါသည် နက်နဲသိမ်မွေ့သော အကြောင်းအရာကို ဉာဏ်ဖြင့် မြင်ပေ၏၊ ဝရဇိန် အဖျားနှင့် တူသော မောဟအမိုက်ကို ပယ်သတ်တတ်သော ဉာဏ်သည် ငါ့အား ဖြစ်ပေ၏။ (၇-နခစ္ဆေဒနာနိသံသ) လက်သည်းလှီးဓားလှူဒါန်းခြင်း၏ အကျိုး

၁၁၂။ ‘‘နခစ္ဆေဒနေ သုဂတေ, ဒတွာ သံဃေ ဂဏုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၁၂။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း လက်သည်းလှီးဓားတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၁၃။ ‘‘ဒါသိဒါသေ [ဒါသိဒါသ (က။)] ဂဝဿေ စ, ဘတကေ နာဋကေ [အာရက္ခကေ (သီ။)] ဗဟူ၊

နှာပိတေ ဘတ္တကေ သူဒေ, သဗ္ဗတ္ထေဝ လဘာမဟံ။

(၈။ ဝိဓူပနတာလဝဏ္ဋာနိသံသော)

၁၁၃။ ငါသည် ကျွန်မိန်းမ, ကျွန်ယောကျာ်းတို့ကိုလည်းကောင်း၊ နွား, မြင်းတို့ကိုလည်း ကောင်း၊ အလုပ်သမားတို့ကိုလည်းကောင်း၊ ကချေသည် များစွာတို့ကိုလည်းကောင်း၊ ဆတ္တာ သည်တို့ကိုလည်းကောင်း၊ ထမင်းချက်သမား, စားဖိုသည်တို့ကိုလည်းကောင်း ဘဝအားလုံ၌ ပင် ရရှိပေ၏။ (၈-ဝိဓူပနတာလဝဏ္ဋာနိသံသ) ယပ်လှူဒါန်းခြင်း၏ အကျိုး

၁၁၄။ ‘‘ဝိဓူပနေ သုဂတေ ဒတွာ, တာလဝဏ္ဋေ စ သောဘဏေ၊

အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၁၄။ ငါသည် မြတ်စွာဘုရားအား တင့်တယ်လှပသော ထန်းရွက်ယပ်တို့ကိုလည်း ပေး လှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ရှစ်ပါးတို့ကို ခံစား ရပေ၏။

၁၁၅။ ‘‘သီတံ ဥဏှံ န ဇာနာမိ, ပရိဠာဟော န ဝိဇ္ဇတိ၊

ဒရထံ နာဘိဇာနာမိ, စိတ္တသန္တာပနံ မမ။

၁၁၅။ ငါသည် အအေး, အပူကို မသိရပေ၊ ငါ့အား ပူအိုက်ခြင်းသည် မရှိပေ၊ ငါသည် (ကိုယ်၏) ပူပန်ခြင်းကို မသိရပေ၊ ငါ့အား စိတ်ပူပန်ခြင်းသည် မရှိပေ။

စာ-၃၆၁

၁၁၆။ ‘‘ရာဂဂ္ဂိ ဒေါသမောဟဂ္ဂိ, မာနဂ္ဂိ ဒိဋ္ဌိအဂ္ဂိ စ၊

သဗ္ဗဂ္ဂီ နိဗ္ဗုတာ မယှံ, တဿ နိဿန္ဒတော မမ။

(၉။ မောရဟတ္ထ-စာမရံ)

၁၁၆။ ငါ၏ ထိုယပ်အလှူ၏ အကျိုးဆက်ကြောင့် ရာဂမီး, ဒေါသမီး, မောဟမီး, မာနမီး, ဒိဋ္ဌိမီးဟူသော မီးအားလုံးသည် ငါ့အား ငြိမ်းပေ၏။ (၉-မောရဟတ္ထ စာမရ) ဥဒေါင်းမြီးယပ်, သားမြီးယပ်လှူဒါန်းခြင်း၏ အကျိုး

၁၁၇။ ‘‘မောရဟတ္ထေ စာမရိယော, ဒတွာ သံဃေ ဂဏုတ္တမေ၊

ဥပသန္တကိလေသောဟံ, ဝိဟရာမိ အနင်္ဂဏော။

(၁၀။ ပရိဿာဝန-ဓမ္မကရံ)

၁၁၇။ အမြတ်ဆုံး ဂိုဏ်းသံဃာအား ဥဒေါင်းမြီးယပ်, သားမြီးယပ်တို့ကို ပေးလှူခဲ့ရ သောကြောင့် ငါသည် ကိလေသာငြိမ်းလျက် ကိလေသာမရှိဘဲ နေရ၏။ (၁၀-ပရိဿာဝန ဓမ္မကရဏ) ရေစစ်, ဓမကရိုဏ်လှူဒါန်းခြင်း၏ အကျိုး

၁၁၈။ ‘‘ပရိဿာဝနေ သုဂတေ, ဒတွာ ဓမ္မကရုတ္တမေ [ဒတွာ သုကတေ ဓမ္မကုတ္တရေ (သျာ။ က။)]၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၁၈။ မြတ်စွာဘုရားအား ရေစစ်တို့ကိုုလည်းကောင်း၊ မြတ်သော ဓမကရိုဏ်တို့ကိုလည်းကောင်း ပေးလှုခဲ့့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၁၉။ ‘‘သဗ္ဗေသံ သမတိက္ကမ္မ, ဒိဗ္ဗံ အာယုံ လဘာမဟံ၊

အပ္ပသယှော သဒါ ဟောမိ, စောရပစ္စတ္ထိကေဟိ ဝါ။

၁၁၉။ ငါသည် ခပ်သိမ်းသော နတ်တို့ထက် ပိုလွန်၍ နတ်၌ဖြစ်သော အသက်ကို ရ၏၊ ငါသည် ခိုးသူ, ရန်သူတို့ အခါခပ်သိမ်း မနှိပ်စက်နိုင်သူ ဖြစ်ပေ၏။

၁၂၀။ ‘‘သတ္ထေန ဝါ ဝိသေန ဝါ, ဝိဟေသမ္ပိ န ကုဗ္ဗတေ၊

အန္တရာမရဏံ နတ္ထိ, တေသံ နိဿန္ဒတော မမ။

(၁၁။ တေလဓာရာနိသံသော)

၁၂၀။ လက်နက်ဖြင့်လည်းကောင်း၊ အဆိပ်ဖြင့်လည်းကောင်း ငါ့အား ညှဥ်းဆဲခြင်း ကိုလည်း မပြုနိုင်ချေ၊ ထိုရေစစ်တို့ကို လှူရခြင်း၏ အကျိုးကြောင့် (ငါ့အား သက်တမ်း) အတွင်း၌ သေဆုံးခြင်း မရှိပေ။ (၁၁-တေလဓာရာနိသံသ) ဆီကျည်လှူဒါန်းခြင်း၏ အကျိုး

၁၂၁။ ‘‘တေလဓာရေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၂၁။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆီကျည်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၂၂။ ‘‘သုစာရုရူပေါ သုဘဒ္ဒေါ [သုဂဒေါ (သီ။), သုဝါစော (?)], သုသမုဂ္ဂတမာနသော၊

အဝိက္ခိတ္တမနော ဟောမိ, သဗ္ဗာရက္ခေဟိ ရက္ခိတော။

(၁၂။ သူစိဃရာနိသံသော)

၁၂၂။ ငါသည် အလွန်အဆင်းလှသူ၊ အလွန်ကောင်းသူ၊ အလွန်တက်ကြွသော စိတ်ရှိသူ၊ ပျံ့လွင့်သောစိတ် မရှိသူ၊ အတွင်းအပြင် အလုံးစုံ အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ် သူ ဖြစ်ပေ၏။ (၁၂-သူစိဃရာနိသံသ)အပ်ကျည်လှူဒါန်းခြင်း၏ အကျိုး

၁၂၃။ ‘‘သူစိဃရေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၂၃။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်းအပ်ကျည်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၂၄။ ‘‘စေတောသုခံ ကာယသုခံ, ဣရိယာပထဇံ သုခံ၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၁၃။ အံသဗဒ္ဓါနိသံသော)

၁၂၄။ ငါသည် ထိုအပ်ကျည်ကို လှူရခြင်း၏ အကျိုးဆက်ကြောင့် စိတ်ချမ်းသာခြင်းကိုလည်းကောင်း၊ ကိုယ်ချမ်းသာခြင်းကိုလည်းကောင်း၊ ဣရိယာပုထ်ကြောင့် ဖြစ်သော ချမ်းသာ ခြင်းကိုလည်းကောင်း ဤအကျိုးတို့ကို ရပေ၏။ (၁၃-အံသဗဒ္ဓါနိသံသ) အံသကိုက်လှူဒါန်းခြင်း၏ အကျိုး

၁၂၅။ ‘‘အံသဗဒ္ဓေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၂၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အံသကိုက်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

စာ-၃၆၂

၁၂၆။ ‘‘သဒ္ဓမ္မေ ဂါဓံ [စေတောဉာဏံ စ (သီ။)] ဝိန္ဒာမိ, သရာမိ ဒုတိယံ ဘဝံ၊

သဗ္ဗတ္ထ သုစ္ဆဝီ ဟောမိ, တဿ နိဿန္ဒတော အဟံ။

(၁၄။ ကာယဗန္ဓနာနိသံသော)

၁၂၆။ ငါသည် ထိုအံသကိုက်အလှူ၏ အကျိုးဆက်ကြောင့် သူတော်ကောင်းတရား၌ ထောက်ရာ တည်ရာကို ရပေ၏၊ ဒုတိယဘဝကို အောက်မေ့နိုင်၏၊ ဘဝအားလုံး၌ ကောင်း မွန်သော အရေအဆင်းရှိသူ ဖြစ်ပေ၏။ (၁၄-ကာယဗန္ဓနာနိသံသ) ခါးပန်း၊ ကိးလှူဒါန်းခြင်း၏ အကျိုး

၁၂၇။ ‘‘ကာယဗန္ဓေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဆာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၂၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံး ဂိုဏ်းသံဃာအားလည်းကောင်း၊ ခါးပန်းကြိုးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ခြောက်ပါးတို့ကို ခံစားပေ၏။

၁၂၈။ ‘‘သမာဓီသု န ကမ္ပာမိ, ဝသီ ဟောမိ သမာဓိသု၊

အဘေဇ္ဇပရိသော ဟောမိ, အာဒေယျဝစနော သဒါ။

၁၂၈။ ငါသည် ပထမဈာန်စသော သမာဓိတို့၌ မတုန်လှုပ်ပေ၊ ပထမဈာန်စသော သမာဓိ တို့၌ အလေ့အကျင့်ရှိပြီးသူ ဖြစ်ပေ၏၊ မပြိုမကွဲသော ပရိသတ်ရှိသူ၊ အခါခပ်သိမ်း နာယူ ထိုက်သော စကားရှိသူ ဖြစ်ပေ၏။

၁၂၉။ ‘‘ဥပဋ္ဌိတသတိ ဟောမိ, တာသော မယှံ န ဝိဇ္ဇတိ၊

ဒေဝလောကေ မနုဿေ ဝါ, အနုဗန္ဓာ ဣမေ ဂုဏာ။

(၁၅။ အာဓာရကာနိသံသော)

၁၂၉။ ငါသည် ထင်သော သတိရှိသူ ဖြစ်ပေ၏၊ ငါ့အား ထိတ်လန့်ခြင်း မရှိပေ။ နတ် ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ဤအကျိုးတို့သည် ငါ့အား အစဥ်တစိုက် လိုက် ကုန်၏။ (၁၅-အာဓာရကာနိသံသ) သပိတ်ခြေလှူဒါန်းခြင်း၏ အကျိုး

၁၃၀။ ‘‘အာဓာရကေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စဝဏ္ဏေဟိ ဒါယာဒေါ [ပဉ္စဝဏ္ဏေ ဘယာဘာဝေါ (သျာ။)], အစလော ဟောမိ ကေနစိ။

၁၃၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သပိတ်ခြေတို့ကို ပေးလှူခဲ့ရသောကြောင့် အကြောင်းငါးပါးတို့ဖြင့် အမွေခံရသူ ဖြစ်၏၊ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်း မရှိသူ ဖြစ်ပေ၏။

၁၃၁။ ‘‘ယေ ကေစိ မေ သုတာ ဓမ္မာ, သတိဉာဏပ္ပဗောဓနာ၊

ဓတာ [ဌိတာ (က။)] မေ န ဝိနဿန္တိ, ဘဝန္တိ သုဝိနိစ္ဆိတာ။

(၁၆။ ဘာဇနာနိသံသော)

၁၃၁။ ငါ နာကြားအပ်သော ခပ်သိမ်းသော တရားတို့သည် သတိနှင့် ဉာဏ်ကို ပွင့်လင်း စေလျက် ငါ၏ နှုတ်၌ ဆောင်ထားပြီး ဖြစ်သည့်အတိုင်း မပျောက်ပျက်ကုန်၊ ကောင်းစွာ ဆုံးဖြတ်ပြီး ဖြစ်ကုန်၏။ (၁၆-ဘာဇနာနိသံသ) အိုးလှူဒါန်းခြင်း၏ အကျိုး

၁၃၂။ ‘‘ဘာဇနေ ပရိဘောဂေ စ, ဒတွာ ဗုဒ္ဓေ ဂဏုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၃၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း၊ အိုးခွက်အသုံးအဆောင်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် သုံးပါးတို့ကို ခံစားရပေ၏။

၁၃၃။ ‘‘သောဏ္ဏမယေ မဏိမယေ, အထောပိ ဖလိကာမယေ၊

လောဟိတင်္ဂမယေ စေဝ, လဘာမိ ဘာဇနေ အဟံ။

၁၃၃။ ငါသည် ရွှေအိုးတို့ကိုလည်းကောင်း၊ ပတ္တမြားအိုးတို့ကိုလည်းကောင်း၊ ဖန်အိုးတို့ ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ဖြင့်ပြီးသော အိုးတို့ကိုလည်းကောင်း ရရှိပေ၏။

၁၃၄။ ‘‘ဘရိယာ ဒါသဒါသီ [သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ] စ, ဟတ္ထိဿရထပတ္တိကေ၊

ဣတ္ထီ ပတိဗ္ဗတာ စေဝ, ပရိဘောဂါနိ သဗ္ဗဒါ။

၁၃၄။ မယားတို့ကိုလည်းကောင်း၊ ကျွန်ယောကျာ်း, ကျွန်မိန်းမတို့ကိုလည်းကောင်း၊ ဆင်, မြင်း, ရထား, ခြေသည်သူရဲတို့ကိုလည်းကောင်း၊ လင်၏ အလိုကို လိုက်တတ်သော မိန်းမတို့ကိုလည်းကောင်း၊ အသုံးအဆောင်ပစ္စည်းတို့ကိုလည်းကောင်း အခါခပ်သိမ်း ရရှိပေ၏။

၁၃၅။ ‘‘ဝိဇ္ဇာ မန္တပဒေ စေဝ, ဝိဝိဓေ အာဂမေ ဗဟူ၊

သဗ္ဗံ သိပ္ပံ နိသာမေမိ, ပရိဘောဂါနိ သဗ္ဗဒါ။

(၁၇။ ထာလကာနိသံသော)

၁၃၅။ အမျိုးမျိုးသော အတတ်ပညာ, ဗေဒင်, မန္တန်ပုဒ်တို့ကိုလည်းကောင်း၊ အထူးထူး အပြားပြား များစွာသော ကျမ်းဂန်တို့ကိုလည်းကောင်း၊ အတတ်အလုံးစုံကိုလည်းကောင်း သင်ယူနိုင်၏။ အခါခပ်သိမ်း အသုံးအဆောင်တို့ကိို ရရှိပေ၏။ (၁၇-ထာလကာနိသံသ) ခွက်လှူဒါန်းခြင်း၏ အကျိုး

၁၃၆။ ‘‘ထာလကေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၃၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခွက်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်သုံးပါးတို့ကို ခံစားရပေ၏။

စာ-၃၆၃

၁၃၇။ ‘‘သောဏ္ဏမယေ မဏိမယေ, အထောပိ ဖလိကာမယေ၊

လောဟိတင်္ဂမယေ စေဝ, လဘာမိ ထာလကေ အဟံ။

၁၃၇။ ငါသည် ရွှေခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားခွက်တို့ကိုလည်းကောင်း၊ ထို့ပြင် ဖန်ခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ဖြင့် ပြီးသော ခွက်တို့ကိုလည်း ကောင်း ရရှိပေ၏။

၁၃၈။ ‘‘အသတ္ထကေ [အသတ္ထကေ (သီ။), အဿဋ္ဌကေ (သျာ။)] ဖလမယေ, အထော ပေါက္ခရပတ္တကေ၊

မဓုပါနကသင်္ခေ စ, လဘာမိ ထာလကေ အဟံ။

၁၃၈။ ငါသည် ညောင်ဗုဒ္ဓဟေရွက်နှင့် တူသော ခွက်တို့ကိုလည်းကောင်း၊ အသီးဖြင့် ပြုလုပ်အပ်သော ခွက်တို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ကြာရွက်နှင့် တူသော ခွက်တို့ကိုလည်းကောင်း၊ ပျားရည်သောက်စရာ ခရုသင်းတို့ကိုလည်းကောင်း ရရှိပေ၏။

၁၃၉။ ‘‘ဝတ္တေ ဂုဏေ ပဋိပတ္တိ, အာစာရကိရိယာသု စ၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၁၈။ ဘေသဇ္ဇာနိသံသော)

၁၃၉။ ငါသည် ထိုဆွမ်းစားခွက်အလှူ၏ အကျိုးဆက်ကြောင့် ဝတ်ကြီး ဝတ်ငယ်၌ ဖြည့် ကျင့်ခြင်းကိုလည်းကောင်း၊ အလေ့အကျင့် အမူအရာစသည်တို့၌ ဖြည့်ကျင့်ခြင်းကိုလည်းကောင်း ဤအကျိုးတို့ကို ရရှိပေ၏။ (၁၈-ဘေသဇ္ဇာနိသံသ) ဆေးလှူဒါန်းခြင်း၏ အကျိုး

၁၄၀။ ‘‘ဘေသဇ္ဇံ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဒသာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၄၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆေးကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၁၄၁။ ‘‘အာယုဝါ ဗလဝါ ဓီရော, ဝဏ္ဏဝါ ယသဝါ သုခီ၊

အနုပဒ္ဒဝေါ အနီတိ စ, ဟောမိ အပစိတော သဒါ၊

န မေ ပိယဝိယောဂတ္ထိ, တဿ နိဿန္ဒတော မမ။

(၁၉။ ဥပါဟနာနိသံသော)

၁၄၁။ ငါသည် ထိုဆေးအလှူ၏ အကျိုးဆက်ကြောင့် အသက်ရှည်၏၊ ခွန်အား ကြီးမား၏၊ ပညာရှိ၏၊ အဆင်းလှ၏၊ အခြံအရံများ၏၊ ချမ်းသာကြီး၏၊ ဘေးရန်မရှိ၊ ဆင်းရဲမရှိ၊ အခါခပ်သိမ်း (သူတစ်ပါးတို့) ပူဇော်အပ်၏၊ ငါ့အား ချစ်သောသူတို့နှင့် ကွေကွင်းခြင်း မရှိပေ။ (၁၉-ဥပါဟနာနိသံသ) ဖိနပ်လှူဒါန်းခြင်း၏ အကျိုး

၁၄၂။ ‘‘ဥပါဟနေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၄၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဖိနပ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၄၃။ ‘‘ဟတ္ထိယာနံ အဿယာနံ, သိဝိကာ သန္ဒမာနိကာ၊

သဋ္ဌိသတသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ။

၁၄၃။ ဆင်ယာဥ် မြင်းယာဥ် ထမ်းစင် သံလျှင်း ခြောက်သန်းတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။

၁၄၄။ ‘‘မဏိမယာ တမ္ဗမယာ [ကမ္ဗလိကာ (သီ။ က။)], သောဏ္ဏရဇတပါဒုကာ၊

နိဗ္ဗတ္တန္တိ ပဒုဒ္ဓါရေ, ဘဝေ သံသရတော မမ။

၁၄၄။ ပတ္တမြားစီကုန်သော (ကမ္ဗလာဖြင့်) ကြေးနီဖြင့် ချုပ်လုပ်သော ရွှေခြေနင်း ငွေခြေနင်း တို့သည် ဘဝသံသရာ၌ ကျင်လည်သော ငါ့အား ခြေလှမ်းတိုင်း ဖြစ်ကုန်၏။

၁၄၅။ ‘‘နိယာမံ သတိ ဓာဝန္တိ [နိယမံ ပဋိဓာဝန္တီ (သီ။), နိယာမံ ပဋိဓာဝန္တိ (သျာ။)], အာဂုအာစာရသောဓနံ [အာစာရဂုဏသောဓနံ (သီ။ သျာ။)]၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၂၀။ ပါဒုကာနိသံသော)

၁၄၅။ မကောင်းသော အကျင့်တို့ကို သုတ်သင်တတ်သော အရိယာမဂ်သို့ သတိတို့သည် ပြေးသွားကုန်၏၊ ငါသည် ထိုဖိနပ်အလှူ၏ အကျိုးဆက်ကြောင့် ဤအကျိုးတို့ကို ရရှိပေ၏။ (၂၀-ပါဒုကာနိသံသ) ခြေနင်းလှူဒါန်းခြင်း၏ အကျိုး

၁၄၆။ ‘‘ပါဒုကေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဣဒ္ဓိပါဒုကမာရုယှ, ဝိဟရာမိ ယဒိစ္ဆကံ။

(၂၁။ ဥဒကပုဉ္ဆနာနိသံသော)

၁၄၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခြေနင်းတို့ကို ပေးလှူခဲ့ရသောကြောင့် တန်ခိုးခြေနင်းကို တက်စီး၍ အလိုရှိတိုင်း နေရပေ၏။ (၂၁-ဥဒကပုဉ္ဆနာနိသံသ) ရေသုတ်ပုဆိုးလှူဒါန်းခြင်း၏ အကျိုး

၁၄၇။ ‘‘ဥဒကပုစ္ဆနစောဠေ, ဒတွာ ဗုဒ္ဓေ ဂဏုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၄၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ရေသုတ်ပုဆိုး (အဝတ်) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၄၈။ ‘‘သုဝဏ္ဏဝဏ္ဏော ဝိရဇော, သပ္ပဘာသော ပတာပဝါ၊

သိနိဒ္ဓံ ဟောတိ မေ ဂတ္တံ, ရဇောဇလ္လံ န လိမ္ပတိ၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၂၂။ ကတ္တရဒဏ္ဍာနိသံသော)

၁၄၈။ ငါသည် ထိုရေသုတ်ပုဆိုးကို လှူရခြင်း၏ အကျိုးဆက်ကြောင့် ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏၊ မြူအညစ်အကြေး ကင်း၏၊ ပြိုးပြိုးပြက် အရောင်ထွက်၏၊ တန်ခိုး ကြီးမား၏၊ ငါ၏ ကိုယ်သည် ပြေပြစ်၏၊ မြူအညစ်အကြေးသည် မလိမ်းကျံ မကပ်ငြိပေ။ ငါသည် ဤအကျိုးတို့ကို ရရှိပေ၏။ (၂၂-ကတ္တရဒဏ္ဍာနိသံသ) တောင်ဝှေးလှူဒါန်းခြင်း၏ အကျိုး

၁၄၉။ ‘‘ကတ္တရဒဏ္ဍေ သုဂတေ, ဒတွာ သံဃေ ဂဏုတ္တမေ၊

ဆာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၄၉။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း တောင်ဝှေးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၅၀။ ‘‘ပုတ္တာ မယှံ ဗဟူ ဟောန္တိ, တာသော မယှံ န ဝိဇ္ဇတိ၊

အပ္ပသယှော သဒါ ဟောမိ, သဗ္ဗာရက္ခေဟိ ရက္ခိတော၊

ခလိတမ္ပိ [ခလိတံ မံ (သီ။ က။)] န ဇာနာမိ, အဘန္တံ မာနသံ မမ။

(၂၃။ ဩသဓဉ္ဇနာနိသံသော)

၁၅၀။ ငါ့အား သားသမီး များပြားကုန်၏၊ ငါ့အား ထိတ်လန့်ခြင်း မရှိ၊ အခါခပ်သိမ်း အလုံးစုံ အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍ သူတစ်ပါးတို့ အနှိပ်စက် မခံရသူ ဖြစ်၏၊ ချွတ်ယွင်းသည်ကိုလည်း မသိရပေ၊ ငါ၏ စိတ်သည် တုန်လှုပ်ခြင်း မရှိပေ။ (၂၃-ဩသဓဉ္ဇနာနိသံသ) မျက်စဥ်းဆေးလှူဒါန်းခြင်း၏ အကျိုး

၁၅၁။ ‘‘ဩသဓံ အဉ္ဇနံ ဒတွာ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၅၁။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း မျက်စဥ်းဆေးကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ရှစ်ပါးတို့ကို ခံစားရပေ၏။

၁၅၂။ ‘‘ဝိသာလနယနော ဟောမိ, သေတပီတော စ လောဟိတော၊

အနာဝိလပသန္နက္ခော, သဗ္ဗရောဂဝိဝဇ္ဇိတော။

၁၅၂။ ငါသည် ကျယ်သော မျက်စိရှိသူ ဖြစ်ပေ၏၊ (မျက်စိ၌) ဖြူသင့်ရာ ဖြူ၍ ဝါသင့်ရာ ဝါ နီသင့်ရာနီကုန်၏၊ ရောဂါခပ်သိမ်းမှ ကင်းစင်သည်ဖြစ်၍ အလွန်ကြည်လင်သော မျက်စိရှိသူ ဖြစ်ပေ၏။

၁၅၃။ ‘‘လဘာမိ ဒိဗ္ဗနယနံ, ပညာစက္ခုံ အနုတ္တရံ၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၂၄။ ကုဉ္စိကာနိသံသော)

၁၅၃။ ငါသည် နတ်မျက်စိနှင့် တူသော မျက်စိကိုလည်းကောင်း၊ အတုမရှိသော ပညာ မျက်စိကိုလည်းကောင်း ရ၏။ ထိုမျက်စဥ်းအလှူ၏ အကျိုးဆက်ကြောင့် ဤဂုဏ်ကျေးဇူးတို့ကို ရရှိပေ၏။ (၂၄-ကုဉ္စိကာနိသံသ) သံကောက်လှူဒါန်းခြင်း၏ အကျိုး

၁၅၄။ ‘‘ကုဉ္စိကေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဓမ္မဒွါရဝိဝရဏံ, လဘာမိ ဉာဏကုဉ္စိကံ။

(၂၅။ ကုဉ္စိကာဃရာနိသံသော)

၁၅၄။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သံကောက် (သော့) တို့ကို ပေးလှူခဲ့ရသောကြောင့် နိဗ္ဗာန်တံခါးကို ပွင့်စေနိုင်သော ဉာဏ်တည်းဟူသော သံကောက် (သော့) ကို ရရှိပေ၏။ (၂၅-ကုဉ္စိကာဃရာနိသံသ) သံကောက်အိမ်လှူဒါန်းခြင်း၏ အကျိုး

၁၅၅။ ‘‘ကုဉ္စိကာနံ ဃရေ ဒတွာ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

ဒွါနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ၊

အပ္ပကောဓော အနာယာသော, သံသရန္တော ဘဝေ အဟံ။

(၂၆။ အာယောဂါနိသံသော)

၁၅၅။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း သံကောက်အိမ် (သော့ခလောက်) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် နှစ်ပါးတို့ကို ရ၏၊ ငါသည် ဘဝသံသရာ၌ ကျင်လည်သည်ရှိသော် အမျက်နည်းပါးသူ, ပင်ပန်းခြင်း မရှိသူ ဖြစ်ရ၏။ (၂၆-အာယောဂါနိသံသ) အာယောဂပတ်လှူဒါန်းခြင်း၏ အကျိုး

၁၅၆။ ‘‘အာယောဂေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၅၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အာယောဂပတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၅၇။ ‘‘သမာဓီသု န ကမ္ပာမိ, ဝသီ ဟောမိ သမာဓိသု၊

အဘေဇ္ဇပရိသော ဟောမိ, အာဒေယျဝစနော သဒါ၊

ဇာယတိ ဘောဂသမ္ပတ္တိ, ဘဝေ သံသရတော မမ။

(၂၇။ ဓူမနေတ္တာနိသံသော)

၁၅၇။ ငါသည် ပထမဈာန်စသော သမာဓိတို့၌ မတုန်လှုပ်ပေ၊ သမာဓိတို့၌ အလေ့ အကျင့်ရှိသူ ဖြစ်ပေ၏၊ မပြိုကွဲသော ပရိသတ်ရှိသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း နာယူထိုက်သော စကားရှိသူ ဖြစ်ပေ၏၊ သံသရာဘဝ၌ ကျင်လည်ရသော ငါ့အား စည်းစိမ်၏ ပြည့်စုံခြင်းသည် ဖြစ်ရ၏။ (၂၇-ဓူမနေတ္တာနိသံသ) အခိုးတံလှူဒါန်းခြင်း၏ အကျိုး

၁၅၈။ ‘‘ဓူမနေတ္တေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၅၈။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အခိုးတံ (ဆေးတံ) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၅၉။ ‘‘သတိ မေ ဥဇုကာ ဟောတိ, သုသမ္ဗန္ဓာ စ နှာရဝေါ၊

လဘာမိ ဒိဗ္ဗနယနံ [ဒိဗ္ဗသယနံ (သျာ။)], တဿ နိဿန္ဒတော အဟံ။

(၂၈။ ဒီပဓာရာနိသံသော)

၁၅၉။ ငါသည် ထိုအခိုးတံအလှူ၏ အကျိုးဆက်ကြောင့် ငါ၏ သတိသည် ဖြောင့်မတ်၏၊ အကြောတို့သည် ကောင်းစွာ ဆက်စပ်လျက် ရှိကုန်၏၊ နတ်မျက်စိနှင့် တူသော မျက်စိကို ရ၏။ (၂၈-ဒီပဓာရာနိသံသ) ဆီမီးတိုင်လှူဒါန်းခြင်း၏ အကျိုး

၁၆၀။ ‘‘ဒီပဓာရေ [ဒီပဋ္ဌာနေ (သီ။), ဒီပဒါနေ (သျာ။), ဒီပဋ္ဌာပေ (က။)] ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

တီဏာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၆၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆီမီးတိုင်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၆၁။ ‘‘ဇာတိမာ အင်္ဂသမ္ပန္နော, ပညဝါ ဗုဒ္ဓသမ္မတော [ဗုဒ္ဓိသမ္မတော (သီ။ က။)]၊

ဣမေ ဂုဏေ ပဋိလဘေ, တဿ နိဿန္ဒတော အဟံ။

(၂၉။ တုမ္ဗက-ကရဏ္ဍော)

၁၆၁။ ငါသည် အမျိုးမြတ်သူ၊ ကိုယ်အင်္ဂါနှင့် ပြည့်စုံသူ၊ သိနားလည်သူဟု သမုတ်အပ် သော ပညာရှိသူ ဖြစ်၏။ ထိုဆီမီးတိုင်အလှူ၏ အကျိုးဆက်ကြောင့် ဤအကျိုးတို့ကို ရ၏။ (၂၉-တုမ္ဗကကရဏ္ဍ) ဗူးနှင့် ကြုတ်လှူဒါန်းခြင်း၏ အကျိုး

၁၆၂။ ‘‘တုမ္ဗကေ စ ကရဏ္ဍေ စ, ဒတွာ ဗုဒ္ဓေ ဂဏုတ္တမေ၊

ဒသာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၆၂။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း ဗူးနှင့် ကြုတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရ၏။

၁၆၃။ ‘‘သုဂုတ္တော [သဒါဂုတ္တော (သီ။ သျာ။) သံဂုတ္တော (က။)] သုခသမင်္ဂီ, မဟာယသော တထာဂတိ၊

ဝိပတ္တိဝိဂတော [ဝိဘတ္တိဂတ္တော (သျာ။)] သုခုမာလော, သဗ္ဗီတိပရိဝဇ္ဇိတော။

၁၆၃။ ကောင်းစွာ လုံခြုံ၏၊ ချမ်းသာနှင့် ပြည့်စုံ၏၊ များသော အခြံအရံ ရှိ၏၊ ထို့ပြင် ဂတိဝိပတ္တိမှ ကင်း၏၊ နူးညံ့သိမ်မွေ့၏၊ ဆင်းရဲအားလုံးမှ ကင်း၏။

၁၆၄။ ‘‘ဝိပုလေ စ ဂုဏေ လာဘီ, သမာဝ စလနာ မမ၊

သုဝိဝဇ္ဇိတဥဗ္ဗေဂေါ, တုမ္ဗကေ စ ကရဏ္ဍကေ။

၁၆၄-၁၆၅။ ကြီးကျယ်ပြန့်ပြောသော ဂုဏ်တို့ကို ရရှိ၏၊ ငါ၏ ခြေတို့သည် ညီညွတ် ကုန်၏၊ ထိတ်လန့်ခြင်း ကင်း၏၊ (ရွှေ, ငွေ, မြ, ဖန်) အဆင်းလေးမျိုးရှိသော ဗူးနှင့် ကြုတ်တို့ကို ရ၏၊ ဆင်ရတနာ, မြင်းရတနာတို့ကိုလည်း ရ၏၊ ငါ၏ ထိုရတနာတို့သည် မပျောက်ပျက်ကုန်။ ဤသို့ ဖြစ်ရခြင်းသည် ဗူးလှူရခြင်း၏ အကျိုးပေတည်း။ (၃၀-မလဟရဏာနိသံသ) လက်သုတ်ပုဝါလှူဒါန်းခြင်း၏ အကျိုး

၁၆၅။ ‘‘လဘာမိ စတုရော ဝဏ္ဏေ, ဟတ္ထိဿရတနာနိ စ၊

တာနိ မေ န ဝိနဿန္တိ, တုမ္ဗဒါနေ ဣဒံ ဖလံ။

(၃၀။ မလဟရဏာနိသံသော)

၁၆၆။ ‘‘မလဟရဏိယော [အဉ္ဇနနာဠိယော (သီ။), ဟတ္ထလိလင်္ဂကေ (သျာ။ ပီ။), ဟတ္ထလိလင်္ဂတေ (က။)] ဒတွာ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၆၆။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း လက်သုတ်ပုဝါတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ငါးပါးတို့ကို ခံစားရ၏။

၁၆၇။ ‘‘သဗ္ဗလက္ခဏသမ္ပန္နော, အာယုပညာသမာဟိတော၊

သဗ္ဗာယာသဝိနိမုတ္တော, ကာယော မေ ဟောတိ သဗ္ဗဒါ။

(၃၁။ ပိပ္ဖလာနိသံသော)

၁၆၇။ ငါသည် လက္ခဏာအားလုံးနှင့် ပြည့်စုံ၏၊ အသက်, ပညာဉာဏ်, သမာဓိတို့နှင့် ပြည့်စုံ၏၊ ငါ၏ ကိုယ်သည် အခါခပ်သိမ်း ပင်ပန်းခြင်းအားလုံးမှ လွတ်ကင်း၏။ (၃၁-ပိပ္ဖလာနိသံသ) သင်တုန်းလှူဒါန်းခြင်း၏ အကျိုး

၁၆၈။ ‘‘တဏုဓာရေ သုနိသိတေ, သံဃေ ဒတွာန ပိပ္ဖလေ၊

ကိလေသကန္တနံ ဉာဏံ, လဘာမိ အတုလံ သုစိံ။

(၃၂။ ဘဏ္ဍာသာနိသံသော)

၁၆၈။ ငါသည် ကောင်းစွာ သွေးအပ်ကုန်သော အသွားပါသည့် သင်တုန်းတို့ကို သံဃာ အား ပေးလှူခဲ့ရသောကြောင့် သန့်ရှင်းစင်ကြယ်သော ကိလေသာကို ဖြတ်တောက်တတ်သော အတုမဲ့ ဉာဏ်ကို ရ၏။ (၃၂-သဏ္ဍာသာနိသံသ) မွေးညှပ်လှူဒါန်းခြင်း၏ အကျိုး

၁၆၉။ ‘‘သဏ္ဍာသေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ကိလေသဘဉ္ဇနံ [ကိလေသလုဉ္စနံ (သီ။ သျာ။ ပီ။)] ဉာဏံ, လဘာမိ အတုလံ သုစိံ။

(၃၃။ နတ္ထုကာနိသံသော)

၁၆၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း မွေးညှပ်တို့ကို ပေးလှူခဲ့ရသောကြောင့် ကိလေသာကို ချိုးဖျက်တတ်သော သန့်ရှင်း စင်ကြယ်သော အတုမဲ့ ဉာဏ်ကို ရ၏။ (၃၃-နတ္ထုကာနိသံသ) နှာနှတ်တံလှူဒါန်းခြင်း၏ အကျိုး

၁၇၀။ ‘‘နတ္ထုကေ [ထဝိကေ (?) ဘေသဇ္ဇထဝိကေတိ ဟိ ပုဗ္ဗေ ဝုတ္တံ] သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

အဋ္ဌာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၇၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း နှာနှတ်တံတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ရှစ်ပါးတို့ကို ခံစားရပေ၏။

၁၇၁။ ‘‘သဒ္ဓံ သီလံ ဟိရိဉ္စာပိ, အထ ဩတ္တပ္ပိယံ ဂုဏံ၊

သုတံ စာဂဉ္စ ခန္တိဉ္စ, ပညံ မေ အဋ္ဌမံ ဂုဏံ။

(၃၄။ ပီဌကာနိသံသော)

၁၇၁။ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပဟု ဆိုအပ်ကုန်သော ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ သုတ, စာဂ, ခန္တီနှင့် ရှစ်ခုမြောက် ပညာဂုဏ်ကိုလည်းကောင်း (ဤအကျိုးတို့ကို ခံစားရပေ၏)။ (၃၄-ပီဌကာနိသံသ) အင်းပျဥ်လှူဒါန်းခြင်း၏ အကျိုး

၁၇၂။ ‘‘ပီဌကေ သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၇၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အင်းပျဥ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၇၃။ ‘‘ဥစ္စေ ကုလေ ပဇာယာမိ, မဟာဘောဂေါ ဘဝါမဟံ၊

သဗ္ဗေ မံ အပစာယန္တိ, ကိတ္တိ အဗ္ဘုဂ္ဂတာ မမ။

၁၇၃။ ငါသည် မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏၊ ငါသည် ဥစ္စာ များစွာရှိသူ ဖြစ်၏၊ ငါ့ကို ခပ်သိမ်းသူတို့ ပူဇော်ကုန်၏၊ ငါ၏ ကျော်စောသတင်းသည် ပျံ့နှံ့လျက် ရှိ၏။

၁၇၄။ ‘‘ကပ္ပသတသဟဿာနိ, ပလ္လင်္ကာ စတုရဿကာ၊

ပရိဝါရေန္တိ မံ နိစ္စံ, သံဝိဘာဂရတော အဟံ။

(၃၅။ ဘိသိအာနိသံသော)

၁၇၄။ ကမ္ဘာတစ်သိန်းတို့ပတ်လုံး လေးထောင့်ရှိသော ပလ္လင်တို့သည် ငါ့ကို အမြဲခြံရံလျက် ရှိကုန်၏၊ ငါသည် ခွဲခြမ်းဝေဖန်မှု၌ မွေ့လျော်သူ ဖြစ်ပေ၏။ (၃၅-ဘိသိအာနိသံသ) ဘုံလျှိုလှူဒါန်းခြင်း၏ အကျိုး

၁၇၅။ ‘‘ဘိသိယော သုဂတေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဆာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၇၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဘုံလျှိုတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၇၆။ ‘‘သမသုဂတ္တောပစိတော, မုဒုကော စာရုဒဿနော၊

လဘာမိ ဉာဏပရိဝါရံ, ဘိသိဒါနဿိဒံ ဖလံ။

၁၇၆။ ပြေပြစ်ညီညွတ်သော ကိုယ်ရှိ၏၊ ပူဇော်ခံရ၏၊ နူးညံ့၏၊ ရှုချင်စဖွယ် တင့်တယ် လှပ၏၊ အခြံအရံနှင့် တကွသော ဉာဏ်ကို ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံလျှိုလှူရခြင်း၏ အကျိုးပေတည်း။

၁၇၇။ ‘‘တူလိကာ ဝိကတိကာယော, ကဋ္ဋိဿာ [ကဋ္ဌိဿာ (သီ။), ကုဋ္ဋကာ (က။)] စိတ္တကာ ဗဟူ၊

ဝရပေါတ္ထကေ ကမ္ဗလေ စ, လဘာမိ ဝိဝိဓေ အဟံ။

၁၇၇။ လဲသွတ်သော ဘုံလျှိုတို့ကိုလည်းကောင်း၊ ခြင်္သေ့ရုပ်, ကျားရုပ်တို့ဖြင့် အထူးပြုအပ်သော အခင်းတို့ကိုလည်းကောင်း၊ ကချေသည် တစ်ကျိပ်ခြောက်ယောက်တို့ ကနိုင်လောက် သော အခင်းတို့ကိုလည်းကောင်း၊ အကွက်တို့ဖြင့် ဆန်းကြယ်စွာ ပြုလုပ်အပ်သော အခင်းတို့ ကိုလည်းကောင်း၊ ကောင်းမွန်သော အဝတ်များစွာတို့ကိုလည်းကောင်း၊ ကမ္ဗလာ (သကလတ်) အမျိုးမျိုးတို့ကိုလည်းကောင်း ငါသည် ရ၏။

၁၇၈။ ‘‘ပါဝါရိကေ စ မုဒုကေ, မုဒုကာဇိနဝေဏိယော၊

လဘာမိ ဝိဝိဓတ္ထာရေ [ဝိဝိဓဋ္ဌာနေ (သျာ။ က။)], ဘိသိဒါနဿိဒံ ဖလံ။

၁၇၈။ နူးညံ့သော အပေါ်ရုံတို့ကိုလည်းကောင်း၊ နူးညံ့သော သစ်နက်ရေတို့ကိုလည်း ကောင်း၊ အမျိုးမျိုးသော နေရာအခင်းတို့ကိုလည်းကောင်း ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံ လျှိုလှူရခြင်း၏ အကျိုးပေတည်း။

၁၇၉။ ‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ ဝိညုတံ၊

အတုစ္ဆော ဈာနမဉ္စောမှိ, ဘိသိဒါနဿိဒံ ဖလံ။

(၃၆။ ဗိဗ္ဗောဟနာနိသံသော)

၁၇၉။ အကြင်အခါမှ (စ၍) မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) သိကြား လိမ္မာခြင်းသို့ ရောက်၏၊ ထိုအခါမှ စ၍ အချည်းနှီးဖြစ်သူ မဟုတ်ဘဲ ဈာန်တည်းဟူသော ညောင်စောင်းရှိသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံလျှိုလှူရခြင်း၏ အကျိုးပေတည်း။ (၃၆-ဗိဗ္ဗောဟနာနိသံသ) ခေါင်းအုံးလှူဒါန်းခြင်း၏ အကျိုး

၁၈၀။ ‘‘ဗိဗ္ဗောဟနေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဆာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၈၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း၊ ခေါင်းအုံးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၈၁။ ‘‘ဥဏ္ဏိကေ ပဒုမကေ စ, အထော လောဟိတစန္ဒနေ၊

ဗိဗ္ဗောဟနေ ဥပါဓေမိ, ဥတ္တမင်္ဂံ သဒါ မမ။

၁၈၁။ ငါသည် သားမွေးအဆာသွတ်သော ခေါင်းအုံး၌လည်းကောင်း၊ ပဒုမ္မာဝတ်ဆံအဆာ သွတ်သော ခေါင်းအုံး၌လည်းကောင်း၊ ထိုမှတစ်ပါး စန္ဒကူးအဆာသွတ်သော ခေါင်းအုံး၌လည်း ကောင်း ငါ၏ ဦးခေါင်းသည် အခါခပ်သိမ်း အုံးရပေ၏။

၁၈၂။ ‘‘အဋ္ဌင်္ဂိကေ မဂ္ဂဝရေ, သာမညေ စတုရော ဖလေ၊

တေသု ဉာဏံ ဥပ္ပါဒေတွာ [ဥပနေတွာ (သီ။)], ဝိဟရေ နိစ္စကာလိကံ။

၁၈၂။ အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ်၌လည်းကောင်း၊ ရဟန်းပြုခြင်းအကျင့်ဖြစ်သော ဖိုလ်လေးပါး၌လည်းကောင်း ထိုမဂ်ဖိုလ်တို့၌ အသိဉာဏ်ကို ဖြစ်စေ၍ နေရ၏။

၁၈၃။ ‘‘ဒါနေ ဒမေ သံယမေ စ, အပ္ပမညာသု ရူပိသု၊

တေသု ဉာဏံ ဥပ္ပါဒေတွာ [ဥပနေတွာ (သီ။)], ဝိဟရေ သဗ္ဗကာလိကံ။

၁၈၃။ ပေးကမ်းခြင်း၌လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်း၌လည်းကောင်း၊ ကိုယ်, နှုတ်, နှလုံးကို စောင့်စည်းခြင်း၌လည်းကောင်း၊ အပ္ပမညာတရားတို့၌လည်းကောင်း၊ ရူပဈာန်တို့၌လည်းကောင်း ငါသည် ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အခါခပ်သိမ်း နေရ၏။

၁၈၄။ ‘‘ဝတ္တေ ဂုဏေ ပဋိပတ္တိ, အာစာရကိရိယာသု စ၊

တေသု ဉာဏံ ဥပ္ပါဒေတွာ [ဉာဏံ ဥပဒဟိတွာန (သီ။)], ဝိဟရေ သဗ္ဗဒါ အဟံ။

၁၈၄။ ဝတ်အကျင့်၌လည်းကောင်း၊ သီလစသော ဂုဏ်၌လည်းကောင်း၊ အကျင့်အလေ့, အကျင့် အမူအရာတို့၌လည်းကောင်း ငါသည် ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အခါခပ် သိမ်း နေရ၏။

၁၈၅။ ‘‘စင်္ကမေ ဝါ ပဓာနေ ဝါ, ဝီရိယေ ဗောဓိပက္ခိယေ၊

တေသု ဉာဏံ ဥပ္ပါဒေတွာ, ဝိဟရာမိ ယဒိစ္ဆကံ။

၁၈၅။ စကြံသွားခြင်း၌လည်းကောင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌လည်းကောင်း၊ ဝီရိယ၌လည်းကောင်း၊ ဗောဓိပက္ခိယတရား၌လည်းကောင်း ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အလိုရှိတိုင်း နေရ၏။

စာ-၃၆၈

၁၈၆။ ‘‘သီလံ သမာဓိ ပညာ စ, ဝိမုတ္တိ စ အနုတ္တရာ၊

တေသု ဉာဏံ ဥပ္ပါဒေတွာ [ဉာဏံ ဥပဒဟိတွာန (သီ။)], ဝိဟရာမိ သုခံ အဟံ။

(၃၇။ ဖလပီဌာနိသံသော)

၁၈၆။ ငါသည် သီလ၊ သမာဓိ၊ ပညာ၊ အမြတ်ဆုံး ဝိမုတ္တိ (အရဟတ္တဖိုလ်) တို့နှင့် အသိဉာဏ်ကို ဖြစ်စေ၍ ချမ်းသာစွာ နေရ၏။ (၃၇-ဖလပီဌာနိသံသ) ပျဥ်ချပ်လှူဒါန်းခြင်း၏ အကျိုး

၁၈၇။ ‘‘ဖလပီဌေ [ပလာလပီဋ္ဌေ (သီ။)] ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဒွါနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၈၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ပျဥ်ချပ် အင်းပျဥ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်နှစ်ပါးတို့ကို ခံစားရပေ၏။

၁၈၈။ ‘‘သောဏ္ဏမယေ မဏိမယေ, ဒန္တသာရမယေ ဗဟူ၊

ပလ္လင်္ကသေဋ္ဌေ ဝိန္ဒာမိ, ဖလပီဌဿိဒံ ဖလံ။

(၃၈။ ပါဒပီဌာနိသံသော)

၁၈၈။ ရွှေပလ္လင်, ပတ္တမြားပလ္လင်, များစွာသော ဆင်စွယ်, စန္ဒကူးနှစ်ပလ္လင် ဤပလ္လင်မြတ် တို့ကို ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ပျဥ်ချပ် အင်းပျဥ်လှူရခြင်း၏ အကျိုးပေတည်း။ (၃၈-ပါဒပီဌာနိသံသ) ခြေဆေးအင်းပျဥ်လှူဒါန်းခြင်း၏ အကျိုး

၁၈၉။ ‘‘ပါဒပီဌေ ဇိနေ ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ဒွါနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ၊

လဘာမိ ဗဟုကေ ယာနေ, ပါဒပီဌဿိဒံ ဖလံ။

၁၈၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခြေဆေးအင်ပျဥ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် နှစ်ပါးတို့ကို ခံစားရ၏၊ များစွာသော ယာဥ်တို့ကို ရ၏။ ဤသို့ ဖြစ်ရခြင်း သည် ခြေဆေးအင်းပျဥ် လှူရခြင်း၏ အကျိုးပေတည်း။

၁၉၀။ ‘‘ဒါသီ ဒါသာ စ ဘရိယာ, ယေ စညေ အနုဇီဝိနော၊

သမ္မာ ပရိစရန္တေ မံ, ပါဒပီဌဿိဒံ ဖလံ။

(၃၉။ တေလဗ္ဘဉ္ဇနာနိသံသော)

၁၉၀။ ကျွန်မိန်းမ, ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ မယားတို့သည်လည်းကောင်း၊ ထို့ပြင် (ငါ့ကို) မှီ၍ အသက်မွေးကုန်သော အကြင်အခြားသူတို့သည်လည်းကောင်း ငါ့ကို ကောင်းစွာ လုပ်ကျွေးကြကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ခြေဆေးအင်းပျဥ်လှူရခြင်း၏ အကျိုးပေတည်း။ (၃၉-တေလဗ္ဘဉ္ဇနာနိသံသ) ခြေနယ်ဆီလှူဒါန်းခြင်း၏ အကျိုး

၁၉၁။ ‘‘တေလအဗ္ဘဉ္ဇနေ [တေလာနဗ္ဘဉ္ဇနေ (သီ။)] ဒတွာ, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၉၁။ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား ခြေနယ်ဆီတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၂။ ‘‘အဗျာဓိတာ ရူပဝတာ, ခိပ္ပံ ဓမ္မနိသန္တိတာ၊

လာဘိတာ အန္နပါနဿ, အာယုပဉ္စမကံ မမ။

(၄၀။ သပ္ပိတေလာနိသံသော)

၁၉၂။ အနာရောဂါကင်းခြင်း၊ အဆင်းလှခြင်း၊ လျင်စွာ တရားကို စူးစမ်းနိုင်ခြင်း၊ ထမင်း, အဖျော်ကို ရလွယ်ခြင်း၊ ငါးခုမြောက်ဖြစ်သော ငါ၏ အသက်ရှည်ခြင်း (ဤအကျိုး တို့ကို ရရှိပေ၏)။ (၄၀-သပ္ပိတေလာနိသံသ) ထောပတ်ဆီလှူဒါန်းခြင်း၏ အကျိုး

၁၉၃။ ‘‘သပ္ပိတေလဉ္စ ဒတွာန, သံဃေ ဂဏဝရုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၉၃။ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား ထောပတ်ဆီကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၄။ ‘‘ထာမဝါ ရူပသမ္ပန္နော, ပဟဋ္ဌတနုဇော သဒါ၊

အဗျာဓိ ဝိသဒေါ ဟောမိ, သပ္ပိတေလဿိဒံ ဖလံ။

(၄၁။ မုခသောဓနကာနိသံသော)

၁၉၄။ ငါသည် အားကောင်းသူ၊ အဆင်းလှသူ၊ အခါခပ်သိမ်း ရွှင်လန်းသော အမွေးရှိသူ၊ အနာရောဂါကင်းသူ၊ သန့်ရှင်းသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ဆီလှူရခြင်း၏ အကျိုးပေတည်း။ (၄၁-မုခသောဓနကာနိသံသ) သွားတိုက်ဆေးလှူဒါန်းခြင်း၏ အကျိုး

၁၉၅။ ‘‘မုခသောဓနကံ ဒတွာ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

ပဉ္စာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၁၉၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခံတွင်းအထုံ (ခံတွင်းဆေးစရာ သွားတိုက်ဆေး) ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၆။ ‘‘ဝိသုဒ္ဓကဏ္ဌော မဓုရဿရော, ကာသသာသဝိဝဇ္ဇိတော၊

ဥပ္ပလဂန္ဓော မုခတော, ဥပဝါယတိ မေ သဒါ။

(၄၂။ ဒဓိအာနိသံသော)

၁၉၆။ စင်ကြယ်သန့်ရှင်းသော လည်ချောင်းရှိ၏၊ သာယာသော အသံရှိ၏၊ ချောင်းဆိုးနာ, ပန်းနာမှ ကင်း၏၊ အခါခပ်သိမ်း ငါ၏ ခံတွင်းမှ ကြာညိုရနံ့ ကြိုင်လှိုင်၏။ (၄၂-ဒဓိအာနိသံသ) နို့ဓမ်းလှူဒါန်းခြင်း၏ အကျိုး

၁၉၇။ ‘‘ဒဓိံ ဒတွာန သမ္ပန္နံ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

ဘုဉ္ဇာမိ အမတံ ဘတ္တံ [ဝိတ္တံ (သီ။ က။)], ဝရံ ကာယဂတာသတိံ။

(၄၃။ မဓုအာနိသံသော)

၁၉၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း (အဆင်း အနံ့ အရသာနှင့်) ပြည့်စုံသော နို့ဓမ်းကို ပေးလှူခဲ့ရသောကြောင့် ကာယဂတာသတိကိုလည်းကောင်း၊ မြတ်သော အာဟာရကိုလည်းကောင်း သုံးဆောင်ရပေ၏။ (၄၃-မဓုအာနိသံသ) ပျားရည်လှူဒါန်းခြင်း၏ အကျိုး

၁၉၈။ ‘‘ဝဏ္ဏဂန္ဓရသောပေတံ, မဓုံ ဒတွာ ဇိနေ ဂဏေ၊

အနူပမံ အတုလိယံ, ပိဝေ မုတ္တိရသံ အဟံ။

(၄၄။ရသာနိသံသော)

၁၉၈။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းသံဃာအားလည်းကောင်း အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော ပျားရည်ကို ပေးလှူခဲ့ရသောကြောင့် ငါသည် မနှိုင်းရှည့်နိုင်သော အတုမဲ့ဖြစ်သော ဝိမုတ္တိ ရသ (အရဟတ္တဖိုလ်အရည်) ကို သောက်ရပေ၏။ (၄၄-ရသာနိသံသ) အရသာလှူဒါန်းခြင်း၏ အကျိုး

၁၉၉။ ‘‘ယထာဘူတံ ရသံ ဒတွာ, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

စတုရော ဖလေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

(၄၅။ အန္နပါနာနိသံသော)

၁၉၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သဘာဝအား လျော်စွာ ဖြစ်သော အရသာကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော ဖိုလ်လေးပါးတို့ကို ခံစားရပေ၏။ (၄၅-အန္နပါနာနိသံသ) ထမင်းအဖျော်လှူဒါန်းခြင်း၏ အကျိုး

၂၀၀။ ‘‘အန္နံ ပါနဉ္စ ဒတွာန, ဗုဒ္ဓေ သံဃေ ဂဏုတ္တမေ၊

ဒသာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၂၀၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ထမင်း အဖျော်ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၂၀၁။ ‘‘အာယုဝါ ဗလဝါ ဓီရော, ဝဏ္ဏဝါ ယသဝါ သုခီ၊

လာဘီ အန္နဿ ပါနဿ, သူရော ပညာဏဝါ သဒါ၊

ဣမေ ဂုဏေ ပဋိလဘေ, သံသရန္တော ဘဝေ အဟံ။

(၄၆။ ဓူပါနိသံသော)

၂၀၁။ အသက်ရှည်သူ၊ ခွန်အားကြီးသူ၊ တည်ကြည်သူ၊ အဆင်းလှသူ၊ အခြံအရံများသူ၊ ချမ်းသာကြီးသူ၊ ထမင်း, အဖျော်ကို ရသူ၊ ရဲရင့်သူ၊ အခါခပ်သိမ်း ပညာရှိသူ ဖြစ်ရခြင်းဟု ဆိုအပ်သော ဤအကျိုးတို့ကို ဘဝသံသရာ၌ ကျင်လည်ရသော ငါသည် ရရှိ၏။ (၄၆-ဓူပါနိသံသ) အမွှေးတိုင်လှူဒါန်းခြင်း၏ အကျိုး

၂၀၂။ ‘‘ဓူပံ [ဓူမံ (သီ။ က။)] ဒတွာန သုဂတေ, သံဃေ ဂဏဝရုတ္တမေ၊

ဒသာနိသံသေ အနုဘောမိ, ကမ္မာနုစ္ဆဝိကေ မမ။

၂၀၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အခိုးအထုံကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၂၀၃။ ‘‘သုဂန္ဓဒေဟော ယသဝါ, သီဃပညော စ ကိတ္တိမာ၊

တိက္ခပညော ဘူရိပညော, ဟာသဂမ္ဘီရပညဝါ။

၂၀၃-၂၀၄။ ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် ကိုယ်အနံ့မွှေးသူ၊ အခြံအရံများသူ၊ လျင်သော ပညာရှိသူ၊ ကျော်စောခြင်းရှိသူ၊ ထက်သော ပညာရှိသူ၊ မြေကြီးအထုနှင့် တူသော ပညာရှိသူ၊ ရွှင်သော ပညာ, နက်နဲသော ပညာရှိသူ၊ ပြန့်ပြောသော ပညာရှိသူ၊ လျင်မြန် သော ပညာရှိသူ ဖြစ်၍ ထိုအခိုးအထုံ လှူရခြင်း၏ အစွမ်းကြောင့်သာလျှင် ယခုအခါ အေးမြ သော နိဗ္ဗာန်ချမ်းသာသို့ ရောက်ရပေ၏။ (၄၇-သာဓာရဏာနိသံသ) အလှူအားလုံးနှင့် ဆက်ဆံသော အကျိုး

စာ-၃၇၀

၂၀၄။ ‘‘ဝေပုလ္လဇဝနပညော, သံသရန္တော ဘဝါဘဝေ၊

တဿေဝ ဝါဟသာ ဒါနိ, ပတ္တော သန္တိသုခံ သိဝံ။

(သာဓာရဏာနိသံသော)

၂၀၅။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။

၂၀၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် နှောင်ကြိုးကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

၂၀၆။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ [ဗုဒ္ဓသေဋ္ဌဿ သန္တိကေ (?) ဧဝမုပရိပိ၊ ဧတဒေဝ ဟိ ဥပါလိတ္ထေရာပဒါနဋ္ဌကထာယံ ဝဏ္ဏိတံ]၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၂၀၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၀၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပိလိန္ဒဝစ္ဆော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပိလိန္ဒဝစ္ဆတ္ထေရဿာပဒါနံ ပဌမံ။

၂၀၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ပိလိန္ဒဝစ္ဆတ္ထေရအပဒါန ပြီး၏။

၂။ သေလတ္ထေရအပဒါနံ

၂၀၈။ ‘‘နဂရေ ဟံသဝတိယာ, ဝီထိသာမီ အဟောသဟံ၊

မမ ဉာတီ သမာနေတွာ, ဣဒံ ဝစနမဗြဝိံ။

၂-သေလတ္ထေရအပဒါန ၂၀၈။ ငါသည် ဟံသာဝတီမြို့၌ လမ်းပိုင်ရှင် ဖြစ်ခဲ့၏၊ (ထိုအခါ) ငါ၏ ဆွေမျိုးတို့ကို ခေါ်ဆောင်၍ဤစကားကို ပြောဆို၏ -

၂၀၉။ ‘‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ပုညက္ခေတ္တော အနုတ္တရော [ပုညက္ခေတ္တံ အနုတ္တရံ (သီ။)]၊

အာသိ သော [အာသီသော (သီ။), အာဓာရော (ပီ။)] သဗ္ဗလောကဿ, အာဟုတီနံ ပဋိဂ္ဂဟော။

၂၀၉။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော, အတုမဲ့ ဖြစ်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် လူခပ်သိမ်းတို့ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပုဂ္ဂိုလ် ဖြစ်တာ်မူပေ၏။

၂၁၀။ ‘‘‘ခတ္တိယာ နေဂမာ စေဝ, မဟာသာလာ စ ဗြာဟ္မဏာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၀။ မင်းတို့သည်လည်းကောင်း၊ နိဂုံးသူတို့သည်လည်းကောင်း၊ ဥစ္စာများပြားကုန်သော ဗြာဟ္မဏမျိုးတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိကုန် သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၁။ ‘‘‘ဟတ္ထာရောဟာ အနီကဋ္ဌာ, ရထိကာ ပတ္တိကာရကာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၁။ ဆင်စီးသူရဲတို့သည်လည်းကောင်း၊ မြင်းစီးသူရဲတို့သည်လည်းကောင်း၊ ရထားစီး သူရဲတို့သည်လည်းကောင်း၊ ခြေသည်သူရဲတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၂။ ‘‘‘ဥဂ္ဂါ စ ရာဇပုတ္တာ စ, ဝေသိယာနာ စ ဗြာဟ္မဏာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၂။ ထင်ရှားကျော်စောသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ မင်းသားတို့သည်လည်း ကောင်း၊ ကုန်သည်တို့သည်လည်းကောင်း၊ ဗြာဟ္မဏမျိုးတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

စာ-၃၇၁

၂၁၃။ ‘‘‘အာဠာရိကာ ကပ္ပကာ [အာဠာရိကာ စ သူဒါ (သျာ။)] စ, နှာပကာ မာလကာရကာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၃။ စားဖိုသည်တို့သည်လည်းကောင်း၊ ဆေတ္တာသည်တို့သည်လည်းကောင်း၊ ရေချိုး ပေးသမားတို့သည်လည်းကောင်း၊ ပန်းသည်တို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၄။ ‘‘‘ရဇကာ ပေသကာရာ စ, စမ္မကာရာ စ နှာပိတာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၄။ ခဝါသည်တို့သည်လည်းကောင်း၊ ရက်ကန်းသည်တို့သည်လည်းကောင်း၊ သားရေ နယ်သမားတို့သည်လည်းကောင်း၊ ရေချိုးပေးခံရသူတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြာက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြ ကုန်၏။

၂၁၅။ ‘‘‘ဥသုကာရာ ဘမကာရာ, စမ္မကာရာ စ တစ္ဆကာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၅။ မြားသမားတို့သည်လည်းကောင်း၊ ပွတ်သမားတို့သည်လည်းကောင်း၊ ဖိနပ်ချုပ် သမားတို့သည်လည်းကောင်း၊ တစည်းသမားတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၆။ ‘‘‘ကမ္မာရာ သောဏ္ဏကာရာ စ, တိပုလောဟကရာ တထာ၊

ပသန္နစိတ္တာ သုမနာ, ပူဂဓမ္မံ အကံသု တေ။

၂၁၆။ ပန်းပဲသမားတို့သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း၊ ထို မှတစ်ပါး သလွဲသမား (သံဖြူသမား) ကြေးသွန်းသမားတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြ ကုန်၏။

၂၁၇။ ‘‘‘ဘတကာ စေဋကာ စေဝ, ဒါသကမ္မကရာ ဗဟူ၊

ယထာသကေန ထာမေန, ပူဂဓမ္မံ အကံသု တေ။

၂၁၇။ သူခစားတို့သည်လည်းကောင်း၊ အစေအပါးခံသူတို့သည်လည်းကောင်း၊ များစွာ ကုန်သော ကျွန်အလုပ်သမားတို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၈။ ‘‘‘ဥဒဟာရာ ကဋ္ဌဟာရာ, ကဿကာ တိဏဟာရကာ၊

ယထာသကေန ထာမေန, ပူဂဓမ္မံ အကံသု တေ။

၂၁၈။ ရေထမ်းသမားတို့သည်လည်းကောင်း၊ ထင်းခွေသမားတို့သည်လည်းကောင်း၊ လယ်သမားတို့သည်လည်းကောင်း၊ မြက်ရိတ်သမားတို့သည်လည်းကောင်း ထိုသူတို့သည် မိမိ တို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၉။ ‘‘‘ပုပ္ဖိကာ မာလိကာ စေဝ, ပဏ္ဏိကာ ဖလဟာရကာ၊

ယထာသကေန ထာမေန, ပူဂဓမ္မံ အကံသု တေ။

၂၁၉။ ပန်းသည်တို့သည်လည်းကောင်း၊ ပန်းကုံးသမားတို့သည်လည်းကောင်း၊ ဟင်းရွက် သည်တို့သည်လည်းကောင်း၊ သစ်သီးကုန်သည်တို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၂၀။ ‘‘‘ဂဏိကာ ကုမ္ဘဒါသီ စ, ပူဝိကာ [သူပိကာ (က။)] မစ္ဆိကာပိ စ၊

ယထာသကေန ထာမေန, ပူဂဓမ္မံ အကံသု တေ။

၂၂၀။ ပြည့်တန်ဆာတို့သည်လည်းကောင်း၊ အိုးရွက်သော (ရေခပ်) ကျွန်မိန်းမတို့သည်လည်းကောင်း၊ မုန့်သည်တို့သည်လည်းကောင်း၊ ငါးသည်တို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၂၁။ ‘‘‘ဧထ သဗ္ဗေ သမာဂန္တွာ, ဂဏံ ဗန္ဓာမ ဧကတော၊

အဓိကာရံ ကရိဿာမ, ပုညက္ခေတ္တေ အနုတ္တရေ’။

၂၂၁။ အချင်းတို့ လာကြကုန်၊ အားလုံးသော ငါတို့သည် အညီအညွတ် စည်းဝေးကြ၍တစုတပေါင်းတည်း အသင်းဖွဲ့ကြကုန်အံ့၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုး ရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ရဟန်းသံဃာ၌ ကုသိုလ်ကောင်းမှုကို ပြုကြကုန်အံ့။

၂၂၂။ ‘‘တေ မေ သုတွာန ဝစနံ, ဂဏံ ဗန္ဓိံသု တာဝဒေ၊

ဥပဋ္ဌာနသာလံ သုကတံ, ဘိက္ခုသံဃဿ ကာရယုံ။

၂၂၂။ ထိုသူတို့သည် ငါ၏ စကားကို ကြားရကုန်၍ ထိုခဏ၌ အသင်းဖွဲ့ကြကုန်၏၊ ကောင်းစွာ ဆောက်လုပ်အပ်သော ဆွမ်းစားကျောင်း (စည်းဝေးရာ ဇရပ်) ကို ရဟန်းသံဃာ အကျိုးငှါ ပြုလုပ်ကြကုန်၏။

၂၂၃။ ‘‘နိဋ္ဌာပေတွာန တံ သာလံ, ဥဒဂ္ဂေါ တုဋ္ဌမာနသော၊

ပရေတော တေဟိ သဗ္ဗေဟိ, သမ္ဗုဒ္ဓမုပသင်္ကမိံ။

၂၂၃။ ငါသည် ထိုဆွမ်းစားကျောင်းဇရပ်ကို ပြီးစီးစေပြီး၍ တက်ကြွနှစ်သက်သော စိတ်ရှိ သည်ဖြစ်၍ ထိုလူအားလုံး ခြံရံလျက် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ခဲ့၏။

၂၂၄။ ‘‘ဥပသင်္ကမ္မ သမ္ဗုဒ္ဓံ, လောကနာထံ နရာသဘံ၊

ဝန္ဒိတွာ သတ္ထုနော ပါဒေ, ဣဒံ ဝစနမဗြဝိံ။

၂၂၄။ လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော, လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက် ထား၏။

၂၂၅။ ‘‘‘ဣမေ တီဏိ သတာ ဝီရ, ပုရိသာ ဧကတော ဂဏာ၊

ဥပဋ္ဌာနသာလံ သုကတံ, နိယျာဒေန္တိ [နိယျာတေန္တိ (သီ။)] တုဝံ [တဝံ (သီ။), တဝ (သျာ။)] မုနိ’။

၂၂၅။ လုံ့လကြီးမားတော်မူသော မြတ်စွာဘုရား ဤယောကျာ်းသုံးရာတို့သည် တစ်ပေါင်းတည်း အသင်းဖွဲ့ကုန်လျက် ကောင်းစွာ ဆောက်လုပ်အပ်သော ဆွမ်းစားကျောင်းဇရပ်ကို အရှင်ဘုရားအားအပ်နှင်းလှူဒါန်းပါကုန်၏။

စာ-၃၇၂

၂၂၆။ ‘‘ဘိက္ခုသံဃဿ ပုရတော, သမ္ပဋိစ္ဆတွ စက္ခုမာ၊

တိဏ္ဏံ သတာနံ ပုရတော, ဣမာ ဂါထာ အဘာသထ။

၂၂၆။ မြတ်စွာဘုရားသည် ရဟန်းသံဃာ၏ ရှေ့မှောက်၌ အလှူခံတော်မူပြီး၍ လူသုံးရာ တို့အား ရှေ့တော်မှောက်၌ ဤဂါထာတို့ကို ဟောတော်မူ၏။

၂၂၇။ ‘‘‘တိသတာပိ စ ဇေဋ္ဌော စ, အနုဝတ္တိံသု ဧကတော၊

သမ္ပတ္တိဉှိ [သမ္ပတ္တီဟိ (သျာ။ က။)] ကရိတွာန, သဗ္ဗေ အနုဘဝိဿထ။

၂၂၇။ လူသုံးရာတို့သည်လည်းကောင်း၊ အကြီးအမှူး (ခေါင်းဆောင်) သည်လည်းကောင်း တစ်ပေါင်းတည်း ဖြစ်ကြကုန်၏။ အားလုံးသောသူတို့သည် (တစ်ပေါင်းတည်း ဖြစ်၍) (ကောင်းမှုကို) ပြုကြခြင်းကြောင့် စည်းစိမ်တို့ကို ခံစားကြရကုန်လတ္တံ့။

၂၂၈။ ‘‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, သီတိဘာဝမနုတ္တရံ၊

အဇရံ အမတံ သန္တံ, နိဗ္ဗာနံ ဖဿယိဿထ’။

၂၂၈။ နောက်ဆုံးဘဝသို့ ရောက်သည်ရှိသော် အေးမြသော, အိုခြင်းသေခြင်း မရှိသည် ဖြစ်၍ ငြိမ်သက်သော အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့။

၂၂၉။ ‘‘ဧဝံ ဗုဒ္ဓေါ ဝိယာကာသိ, သဗ္ဗညူ သမဏုတ္တရော၊

ဗုဒ္ဓဿ ဝစနံ သုတွာ, သောမနဿံ ပဝေဒယိံ။

၂၂၉။ အလုံးစုံသော တရားတို့ကို သိတော်မူသော, ရဟန်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူ၏။ မြတ်စွာဘုရား၏ စကားတော်ကို ကြားနာ ရ၍ (ငါသည် ) ဝမ်းမြောက်ခြင်းကို ခံစားရပေ၏။

၂၃၀။ ‘‘တိံသ ကပ္ပသဟဿာနိ, ဒေဝလောကေ ရမိံ အဟံ၊

၂၃၀။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ အကြိမ်ငါးရာ တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 40. Pilindavacchavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#527